မျှော်လင့်ချက်များ စွန့်ပစ်ခြင်း
Vol. 9 Ch. 127
#ဘာသာပြန် = စနိုးဝှိုက်
သူမရဲ့ စကားလုံးတွေကြောင့် အိပ်စက်သူ သုံးယောက်ဟာ ဖြူဖျော့တဲ့ မျက်နှာတွေနဲ့ စိုက်ကြည့်နေခဲ့ကြပါတယ်..။ဆန်နီ ဟာ သူ့ နှလုံးသားကို တစ်ခုခုနဲ့ ထိုးဖောက်ကာ ချေမွခံရသလို ခံစားနေရပြီး..နာကျင်မူ ကို ခံစားနေခဲ့ရတယ်..။
'မ...မဖြစ်နိုင်တာ...'
ဒါက အမှန်မဖြစ်နိုင်ဘူး..။ဘယ်လိုလုပ်..ဘယ်လိုလုပ် ဒီအရာတွေ အကုန်လုံးက..ဘာအဓိပ္ပါယ်မှ မရှိရတာလဲ..။
ဘာလို့ သူ့ရဲ့ မျှော်လင့်ချက် တွေ ၊ အိပ်မက်တွေ နဲ့ လိုချင် ရမ္မက် တွေက စကားလုံးအနည်းငယ် နဲ့ ရိုက်ချိုးခံလိုက်ရတာလဲ..။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။
သူ့ရဲ့ ဘေးနားမှာတော့ ကတ်စီဟာ..အားနည်းတဲ့ အသံနဲ့ ပြောလိုက်တယ်..။
"အဲတာက ဘာကိုဆိုလိုတာလဲ..။ဒီမှာ ထွက်ပေါက်
မရှိဘူးဆိုတာက.."
အယ်ဖီ ပုခုံးကို တွန့်လိုက်တယ်..။
"အဲတာက အရမ်းကို ရိုးရှင်းပါတယ်..။မင်းတို့ကို ဒီစကားပြောတဲ့လူက ငါဖြစ်နေတဲ့ အတွက် စိတ်မကောင်းပါဘူး..။ဒါပေမဲ့ မင်းတို့ရဲ့ စိတ်ထဲမှာကတော့ သိထားပြီးပြီ မဟုတ်ဘူးလား..။မေ့ပျောက် ကုန်းမြေ ဆိုတာက..လူသားတွေ ရှင်သန်လို့ ရတဲ့ နေရာမဟုတ်ဘူးလေ..။ဒါကြောင့်ပဲ ..ငါတို့ အကယ်ဒမီ မှာတုန်းကဒီလို နေရာမျိုးကို တစ်ခါမှ မကြားခဲ့ဖူးတာမလား.."
ဆန်နီ ရဲ့ မျက်နှာပေါ်မှာတော့ ဒေါသထွက်မူတွေ ပေါ်လာခဲ့တယ်..။ဒါပေါ့..ဒါပေါ့..အဖြေက သူ့ရင်ထဲမှာ အမြဲတမ်းရှိနေပြီးသားပါ..။ဒီအရာကို မဆုပ်ကိုင်နိုင်လောက်အောင် ပဲ..သူက တုံးအပြီး ရူးမိုက်ခဲ့ပါတယ်..။
အိပ်မက်ကမ္ဘာကြီးက ကျယ်ပြန့်ပြီး ထူးဆန်းတယ်ဆိုပေမဲ့ သူ့ရဲ့ နေရာအများစုကို လူသားတွေက ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်..။သို့ပေမယ့် အချက်အလက် အနည်းငယ်လောက်သာ..ရှာဖွေနိုင်ခဲ့တာပါ..။တစ်ချို့နေရာတွေဆိုရင် လူသားတွေက အပြည့်အဝ ထိန်းချုပ်ထားပြီး ခံတပ်တွေ တည်ဆောက်က
န်ိုးထသူ ရာထောင် ချီပြီး ထားထားပေးခဲ့ပါတယ်..။
ဒါတောင်မှ သူ မေ့ပျောက်ကုန်းမြေကို စရောက်လာတော့ ဒီနေရာအကြောင်း ကို လုံးဝ မသိခဲ့ပါဘူး..။အဲ့အချိန်တုန်းက ဆိုရငိ သူက..သူ့ရဲ့ လေ့လာမူ အားနည်းခဲ့တာကိုတောင် အပြစ်တင်ခဲ့မိပါသေးတယ်..။
အမှန်တရားက..နစ်ဖီ နဲ့ ကတ်စီ တို့ လုပ်နိုင်တဲ့အရာကို သူ မလုပ်နိုင် ဖြစ်နေတာမဟုတ်ပါဘူး..။ဘာလို့ ဒီလို ပြိုင်ဘက်ကင်းနဲ့ နေရာကို ဘယ်သူမှ မသိဖြစ်နေရတာလဲ..။အခြေခံအကျဆုံး အဖြေကတော့..ဒီနေရာကနေ အသက်ရှင်လျက်ထွက်ပြီး..အစစ်အမှန် ကမ္ဘာမှာ ပြန်ပြောပြနိုင်တဲ့လူ တစ်ယောက်မှမရှိလို့ပါ..။
သူက ဘယ်လို အရူးမျိုးလဲ..။အကယ်ဒမီ မှာ ရက်သတ္တပတ် အနည်းငယ် ကောင်းကောင်းမွန်မွန် နေလိုက်ရတာနဲ့..ကမ္ဘာကြီးက သူ့လိုလူမျိုးတွေကို ဘယ်တော့မှ မျှမျှတတ မဆက်ဆံဘူးဆိုတာကို မေ့သွားတာ ဖြစ်နိုင်ပါတယ်..။အမှန်တရားက အမြဲတမ်း သူ အဆိုးဆုံးမျှော်လင့်ထားတာထက် ပိုဆိုးနေတဲ့အချိန်မှာ ဒီတစ်ခေါက်ကရော ဘာလိူ့ ကွာခြားနိုင်ဦးမှာလဲ .။
ကမ္ဘာကြီးက မင်းကို အဆုံးသတ်ဖို့ အခွင့်အရေးကို အမြဲတမ်း စောင့်နေတယ်..။
သူက ဘာလို့များ တစ်ခြားအရာတွေကို မျှော်လင့်နေသေးတာလဲ..။
ရင်းနှီးတဲ့ ခါးသက်မူ တစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်..။
အဲ့အချိနိမှာတော့ အယ်ဖီဟာ သိမ်မွေ့တဲ့ အသံနဲ့
"လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အင်အားကြီးတဲ့ အိပ်စက်သူ တစ်ချို့က ဒီရဲတိုက်ကြီးကို ရှာတွေ့ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ခဲ့ကြတယ်..။ဒါက ဒီနေရာမှာ ထွက်ပေါက်ဂိတ် ရှိနေလို့မဟုတ်ပဲ..သူတို့ကို လုံခြုံအောင် ထားပေးနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်နေလို့ပဲ..။လတ်တလော အချိန်အထိပေါ့..။အဲ့ကတည်းက ကံကောင်းတဲ့ လူတစ်ချို့က ဆောင်းယဥ်စွန်းတန်း အချိန်တွေမှာ..ဒီရဲတိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့ကြတယ်.."
နစ်ဖီ ကတော့ တိတ်ဆိတ်စွာ နားထောင်နေပြီး သူမရဲ့ ကျစ်နေအောင် ဆုပ်ထားတဲ့လက်သီးတွေက တော့ သူမရဲ့ ဒေါသတွေကို ဖော်ပြနေခဲ့ပါတယ်..။ကတ်စီကတော့ ဒီသတင်းကို သူတို့နှစ်ယောက်လုံးထက် ပိုမို ခက်ခဲစွာ နားထောင်နေခဲ့ရတယ်..။ဘာပဲဖြစ်ဖြစ် ဒီ ထောင်ခြောက်ထဲကို ခေါ်လာခဲ့တာက သူမ ရဲ့ အမြင် အာရုံပါ..။
သူမရဲ့ မျက်နှာက ဖြူဖျော့နေခဲ့ပြီး နာကျင်မူ အပြည့်နဲ့ မျက်လုံးကို ပိတ်ကာ တီးတိုး ရေရွတ်လိုက်တယ်..။
"ဒါပေမဲ့...ဒါက မမျှတဘူးလေ.."
အယ်ဖီဟာ သူမကို သနားစွာကြည့်လိုက်တယ်..။ယင်းနောက် သူမက ခါးသက်စွာ ပြုံးလိုက်ပြီး..
"ဘယ်အရာကများ အမြဲတမ်း မျှတနေလို့လဲ "
..ဒါပေါ့ သူမ ပြောတာ မှန်ပါတယ်..။တရားမျှတမူ ဆိုတာက လူသားတွေရဲ့ စိတ်ထဲမှာကလွဲပြီး အပြင်လောကမှာ မရှိပါဘူး..။ဆန်နီက ဒီသင်ခန်းစာကို အစောကြီးကတည်းက သိနေခဲ့တာပါ..။
အဲ့အချိန်မှာပဲ အယ်ဖီ ရဲ့ အပြုံးတွေဟာ ရုတ်တရက် ပြန်လည် အသက်ဝင်လာခဲ့တယ်..။
"ဒါပေမဲ့ ..ဒါက အရမ်းလည်း မဆိုးပါဘူး..။အနည်းဆုံးတော့ နင်တို့ ငါ့ကို တွေ့ခဲ့တယ်လေ..။နင်တို့က တကယ်ကို ကံကောင်းကြတာပဲ..။နင်တို့ အထဲကို အလျင်စလို မဝင်လို့ တော်သေးတယ်..မဟုတ်ရင် အခုချိန်သေနေလောက်ပြီ.."
နစ်ဖီ သူမကို ကြည့်ပြီး ပုံမှန်လေသံနဲ့ မေးလိုက်တယ်..။
"ဟုတ်လား..ဘာဖြစ်လို့လဲ.."
အယ်ဖီ သက်ပြင်းချလိုက်တယ်..။
"အနက်ရောင် မြို့တော်က..မေ့ပျောက်ကုန်းမြေမှာ အလုံခြုံဆုံးနေရာလည်း ဖြစ်သလို..သေဆုံးဖို့ များတဲ့ နေရာဆိုလည်း ဟုတ်တယ်..။ဒါက လုံခြုံတယ်ဆိုတာက ပင်လယ်သားရဲတွေက ရဲတိုက်ဆီရောက်ဖို့ မပြောနဲ့ ဒီအထဲကိုတောင် ကျော်ပြီး မလာနိုင်ကြလို့ပဲ..။ဒါပေမဲ့ ဝင်္ကပါ ထဲကထက် ပိုပြီး အန္တရာယ်များတယ် ဆိုတာက..ဒီမှာရှိနေတဲ့ သားရဲ အများစုက ကျရှုံးမူ အဆင့်တွေချည်းပဲ..."
ဆန်နီဟာ ခန္တာကိူယ်တစ်ခုလုံး အေးခဲသွားသလို ခံစားရပြီး..မျက်တောင်ခတ်လိုက်တယ်..။ကျရှုံးမူ အဆင့်....ကျရှုံးမူ အဆင့် သားရဲတွေက နိုးထမူ အဆင့်သားရဲတွေထက် ပိုပြီး သန်မာကြတယ် မဟုတ်ဘူးလား..။အသွင်ပြောင်းလူသားတွေအနေနဲ့ ဒီအဆင့်ဘသားရဲတွေကို တိုက်ခိုက်နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိပါဘူး..။နိုးထမူ အဆင့် သားရဲတစ်ကောင်ကတောင်သူတို့ ထိန်းချုပ်နိုင်တဲ့ အနေအထားထက် ပိုနေခဲ့ပါပြီ..။
ကြေးခွံသားရဲတွေထက် ပိုပြီး သန်မာတဲ့ သားရဲတွေဆိုတာက သူတို့ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်ပါတယ်..။အပျက်အစီးတွေထဲမှာ မရေမတွက် နိုင်တဲ့ အရိပ်တွေ လှုပ်နေတာကို ပြန်တွေးမိလိုက်ပြီး ဆန်နီ တုန်ရီသွားခဲ့တယ်..။
အရိပ်တစ်ခုစီ တိုင်းက ကျရှုံးမူ အဆင့်တွေလား..။ဒီကျိန်စာသင့် မြို့ကြီးထဲမှာ ဘယ်လိုလူက တစ်ရက်လောက်တောင် ရှင်သန်နိုင်မှာလဲ..။
အယ်ဖီ ပြုံးလိုက်ပြီး..
"ဒါပေမဲ့ နင်တို့က အောက်ကို မဆင်းခင်မှာ ငါ့ကို တွေ့ခဲ့ကြတယ်လေ..။မဟုတ်ရင် ကျရှုံးမူ အဆင့် သားရဲတွေက နင်တို့ကို စားသုံးပြီးနေလောက်ပြီ..။ကံကောင်းတယ် တကယ်ကံကောင်းတယ်...။ရဲတိုက်ကနေ အပြင်ကို အမဲလိုက်ထွက်တဲ့လူတွေ ဆိုတာ အရမ်းကို ရှားပါးတယ်..။ငါ့လိုမျိုး အတွေ့ကြုံရှိတဲ့ မုဆိုးကို တွေ့လိုက်တာက အနက်ရောင်မြို့ရဲ့ မျက်နှာအစစ်အမှန်ကို မြင်ရဖို့ နင်တို့ရှောင်လွှဲနိုင်လိုက်တာပဲ "
သူမ ခေါင်းခါယမ်းလိုက်တယ်..။
"ဒါက..တစ်ထောင်မှ တစ်ယောက် လား ၊ တစ်သောင်း တစ်သန်း..။ဘာပဲဖြစ်ဖြစ် ကံတရားက နင်တို့ဘက်မှာ ရှိနေပေးတာပဲ..။ကံကောင်းမူက အနည်းဆုံးတော့ နင်တို့ထဲက တစ်ယောက်ကို ချစ်ခင်နေလောက်တယ်..။ဒီတော့ ဂုဏ်ယူလိုက်တော့..။အသားနည်းနည်းလောက် စားချင်လား..။ငါ ဒီနေ့ အံ့ဩဖို့ကောင်းလောက်အောင် အမဲလိုက်နိုင်ခဲ့တယ်..။အရမ်းအံ့ဩဖို့ ကောင်းလို့..မျှဝေစားသောက်ဖို့ လည်း အေးဆေးပဲလေ..."
နစ်ဖီ ကတော့ အသားကင်ကို တစ်ချက်တောင် လှည့်မကြည့်ပဲ..ရှေ့ကိုတစ်လှမ်းတိုးကာ လေးနက်တဲ့ အသံနဲ့ မေးလိုက်ပါတယ်..။
"တကယ်လို့ ဒီမှာ ထွက်ပေါက် မရှိဘူးဆိုရင်..ဘာလို့ နင်တို့က ထွက်သွားဖို့ မကြိုးစားကြတာလဲ.."
အယ်ဖီ သူမကို မျက်တောင် အနည်းငယ် ခတ်ကာ ကြည့်လိုက်ပြီး ရိုးသားစွာပဲ စိတ်ရှုပ်ထွေးသွားခဲ့တယ်..။
"...ထွက်သွားရမှာလား..။ဘယ်ကို သွားရမှာလဲ..."
အသားက..စတင်ပြီး လောင်ကျွမ်းတော့မှာကြောင့် သူမက ရှေ့ကို တိုးပြီး အသားကင်တွေကို ဖယ်ရှားလိုက်တယ်..။ပြီးတာနဲ့ အသား အသစ်တွေနဲ့ အစားထိုးလိုက်ပါတယ်..။ယင်းနောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ကြည့်ကာ ပြောလိုက်တယ်..။
"နင်တို့က ဝင်္ကဘာထဲကနေ လာကြတာ ဆိုတော့ အခြေအနေတွေက ဘယ်လိုလဲ ဆိုတာ သိမှာပဲ..။အဲ့မှာက ဘာမှ မရှိတဲ့အပြင် နေရာတိုင်းမှာလည်း သောက်ကျိုးနဲ..သန္တာကျောက်တန်း တွေ ၊ ကျိန်စာသင့် ပင်လယ်ပြင် တွေချည်းပဲ..။နင့်အနေနဲ့ ခြေထောက်နဲ့ သွားလို့ မရသလို ရေကူးသွားလို့လည်း မရပြန်ဘူး..။ကောင်းကင်ပေါ်မှာ စက်ဆုပ်စရာ သတ္တဝါတွေ ရှိနေတတ်လို့ ..နင်လေပေါ်ပျံတတ်ရင်တောင် ပျံသွားလို့ မရပြန်ဘူး..။ဒါတောင် ထွက်သွားဖို့လား..။ဟုတယ် လူတွေ အများကြီးက ကြိုးစားခဲ့ကြတယ်..။အခုတော့ သူတို့အားလုံးသေကုန်ကြပြီ..။တကယ်တော့ အရင်ရဲတိုက်ပိုင်ရှင်ကလည်း အဲလိုနဲ့ သေဆုံးသွားခဲ့တာပဲ..."
ဆန်နီ အံကို ကြိတ်ထားခဲ့တယ်..။
"ဒီတော့ဘာလဲ..။နင်တို့က ရဲတိုက်ထဲမှာပဲ ပုန်းပြီး သေဖို့ စောင့်နေကြတာလား..."
လှပတဲ့ မိန်းမပျိုလေးဟာ ရယ်မောလိုက်တယ်..။
"ဒါပေါ့ ဒီလို ဘယ်ဟုတ်ပါ့မလဲ.."
သူမက တောက်ပနေတဲ့ မျက်လုံတွေနဲ့ ကြည့်ပြီး ထပ်ပြောလိုက်ပါတယ်..။
"ငါတို့ အများစုက ရဲတိုက်ထဲကိုတောင် မဝင်နိုင်ကြဘူးလေ..။အထဲမှာနေဖို့က ပိုင်ရှင်ကို အခွန် ဆောင်ရသေးတယ်လေ ..သိတယ်မလား..။ဒီတော့ ငါတို့က အပြင်ဘက်မှာပဲ သေဖို့ စောင့်နေကြရတာ..."