အနက်ရောင် မြို့တော်ထဲသွားလာခြင်း
Vol. 9 Ch. 131
#ဘာသာပြန် = စနိုးဝှိုက်
တစ်ချိန်က ကြီးကျယ်ခဲ့တဲ့ အနက်ရောင် မြို့တော်ရဲ့ အပျက်အစီး တွေက သူတို့ရဲ့ဘေးနားမှာ ဝန်းရံနေခဲ့တယ်..။အပေါ်မှာ အညိုရောငိ ကောင်းကင်ကြီးရှိနေပြီး..ဘေးပတ်ဝန်းကျင်ကတော့ အတော်လေးကို တိတ်ဆိတ်ငြိမ်သက်နေပါတယ်..။ဒါက သူတို့က အုတ်ဂူတွေ အလယ်မှာ လျောက်သွားနေကြသလိုပါပဲ..။
အနက်ရောင်မြို့တော်ရဲ့ အရိပ်ထဲမှာ မရေမတွက်နိုင်တဲ့ သားရဲတွေ ရှိနေတယ် ဆိုတာကို ဆန်နီ ကိုယ့်ဟာကို သတိပေးနေခဲ့ရတယ်..။တစ်ချက်မှာလိုက်တာနဲ့ သူတို့ရဲ့ အသက်ကို ပေးဆပ်လိုက်ရမှာပါ..။ဒီလို ရှေးဟောင်း အပျက်အဆီး တွေကြားထဲမှာတော့ ရွေးချယ်စရာ မရှိစွာပဲ သူတို့ရဲ့အသက်က သူတို့ဘယ်လောက်ထိ သတိထားလဲဆ်ိုတာမှာ မူတည်နေပါတယ်..။
ကံကောင်းချင်တော့..လမ်းပြဖြစ်သူက..ငယ်ရွယ်ပြီး ဆွဲဆောင်မူရှိတဲ့ အမျိုးသမီး ဖြစ်နေခဲ့တာပါ..။လက်ရှိအခြေအနေ အရဆိုရင်တော့..ဆန်နီဟာ..ပူးပေါင်းလုပ်ဆောင်ရတာကို သဘောကျနေခဲ့တယ်..။
ဒီ မြို့ပျက်ထဲမှာက..အတွေးတွေ များနေလို့လည်း မရပါဘူး..။သူတို့က ခြေတစ်လှမ်း လှမ်းပြီး တာနဲ့ နောက်တစ်လှမ်းကို ဆက်တိုက် လှမ်းနေဖို့ လိုအပ်ပါတယ်..။
တစ်ကြိမ်မှာ ခြေတစ်လှမ်း..။ဒါက သူတို့ အသက်ရှင်မယ့် ပုံစံပါပဲ..။
သက်ပြင်းတစ်ချက်ချလိုက်ရင်း..ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်ကာ ဆက်လျောက်နေခဲ့တယ်..။
အယ်ဖီ ပြောခဲ့သလိုပဲ..အပျက်အဆီးတွေ ကြားထဲမှာ သွားလာရတာက တကယ်ကို တုန်လှုပ် ခြောက်ခြားဖွယ်ပါပဲ..။မုဆိုး မိန်းကလေးကတော့ သူတို့ကို ရှုပ်ထွေးပြီး သူမ တစ်ယောက်တည်းသိတဲ့ လမ်းတေံကနေ ခေါ်ဆောင်သွားနေခဲ့ပါတယ်..။မကြာခနဆိုသလိုပဲ သူတို့က မမြင်ရတဲ့ အန္တရာယ် ဖြတ်သွားတဲ့အထိ ရပ်တန့်ကာ ပုန်းအောင်းနေရပါသေးတယ်..။
တစ်ခါတစ်လေမှာ သူတို့က ကောင်းကင်အောက်မှာ လမ်းလျောက်နေရပြီး..တစ်ခါတစ်လေမှာ အဆောက်အဦးတွေထဲကို ဝင်ကာ ..ကျောက်တုံးတွေ ကြားထဲ ပုန်းနေရပါတယ်..။တစ်ခြားအချိန်မှာတော့ အယ်ဖီက သူတိုကို အိမ်တွေကြားထဲကနေ ဦးဆောင် ခေါ်သွားနေခဲ့တယ်..။
တစ်ခါ နှစ်ခါလောက် သူတို့ အဆောက်အဦး ခေါင်မိုးတွေပေါ်တက်ပြီး လမ်းလျောက် ရတာတွေလည်း ရှိပါတယ်..။ခေါင်မိုးနှစ်ခုကြား လွတ်နေတဲ့ နေရာတွေမှာတော့ တစ်ယောက်ယောက်က တံတား ထိုးပေးထားခဲ့တယ်..။ဒီလို အခြေအနေမျိုးဆိုရင်တော့..နစ် ဒါမှမဟုတ် ဆန်နီက ကတ်စီကို တွဲပေးရပါတယ်..။
အချို့အဆောက်အဦး တွေရဲ့ အတွင်းပိုင်းပြင်ဆင်မူက အတော်လေးကို လှပတာကို ဆန်နီ သတိထားမိပါတယ်..။ဒါက သက်ရှိတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ် အထိ နေသွားခဲ့ကြသလိုပါပဲ..။အမှန်တော့..ဒါက နှစ်ထောင်ပေါင်းများစွာ ကြာနေခဲ့ပါပြီ..။ဒီကနေ တဆင့် ..ရှေးဟောင်းမြို့ထဲက လူတွေ ဘယ်လို ရှင်သန် ခဲ့ကြလဲ ဆိုတာကို သူ သိရှိနိုင်ပါတယ်..။
ဒါက ထူးဆန်းတဲ့ မြင်ကွင်းတွေပါပဲ..။
အယ်ဖီက ဒီ အပျက်အဆီးတွေနဲ့ ကောင်းကောင်းကြီး ရင်းနှီးကျွမ်းဝင်နေတယ် ဆိုတာကိုလည်း သူသိထားပါသေးတယ်..။သူတို့ သွားတဲ့ နေရာတိုင်းက အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာတွေချည်းပါပဲ..။
ဒါကြောင့်ပဲ သူ ဒီ မိန်းမငယ်လေးကို ထပ်မံပြီး လေးစားမိသွားခဲ့ပါတယ်..။သူမက အပျက်အဆီးတွေကြားထဲမှာ သွားလာနေရတာတောင် အန္တရာယ်ကင်းပြီး လွယ်ကူအောင် သွားလာနေနိုင်ခဲ့တာပါ..။
သို့ပေမယ့် ဒီအရာက အမှန်တရားနဲ့တော့ သိပ်ပြီး မဝေးကွာပေ..။အခုချိန်မှာ သူတို့ရဲ့ အသက်တွေကို အယ်ဖီ ရဲ့ အသိပညာ နဲ့ အချိန်ကို အသုံးချနိုင်မူတွေက ဆုပ်ကိုင်ထားခဲ့တာပါ..။သူတို့ လမ်းမှာတွေ့ခဲ့တဲ့ လတ်ဆတ်တဲ့ အလောင်းတွေကို ကြည့်ရင် အနက်ရောင်မြို့တော် ထဲက ဘဝက ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆ်ိုတာ သိနိုင်ပါတယ်..။
ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုး သားရဲတောငိ ဒီနေရာမှာ လုံခြုံမူ မရှိပါဘူး..။
ကျောက်တုံးနဲ့..လက်သည်းတွေနဲ့ ခြစ်မိနေတဲ့ အသံတွေ ၊ မြေကြီးကိုတောင် တုန်လှုပ်စေတဲ့ ခြေသံကြီးတွေကိုလည်း သူတို့ တစ်ကြိမ်ထက်မက ကြားနေကြရပါသေးတယ်..။ဒီလိုအချိန်ဆိုရင် အယ်ဖီက ကောင်းကင်ပေါ်က သွားတာပဲဖြစ်ဖြစ်..ပုန်းအောင်းဖို့ နေရာရှာတာပဲဖြစ်ဖြစ်လုပ်ပါတယ်..။
သူမကို ရှာတွေ့ခဲ့တာက တကယ်ကို ရှားပါးတဲ့ ကံကောင်းမူ တစ်ခုပါပဲ .။
သို့ပေမယ့် အချိန်တွေ ကုန်လာတာနဲ့ အမျှ ဆန်နီ ရဲ့ မျက်နှာက သုန်မုန်လာခဲ့တယ်..။ဘယ်လို အနာဂတ်ပဲ ရှေ့မှာ စောင့်နေ စောင့်နေ ..သူတို့က အစားအသောက် အတွက် အမဲလိုက်ရမယ် ဆ်ိုတာကတော့ သေချာနေတဲ့ အမှန်တရားပါပဲ..။ဒါက သူတို့လည်း အယ်ဖီ သိနေတာတွေကို သိရမယ်..နားလည်ထားရမယ် လို့ ဆိုလိုတာပါ..။ဒီအရာက အတော်ကို ခက်ခဲမယ့် အရာဆိုတာတော့ အသေအချာပါပဲ..။သူ ဒါကို လုပ်နိုင်ပါ့မလား ဆိုတာတောင် သေချာမပြောနိုင်ပေ..။
အနည်းဆုံးတော့ သူ ဒါကို တစ်ယောက်တည်း လုပ်စရာ မလိုအပ်ပါဘူး..။သူနဲ့အတူတူပဲ..ပြောင်းလဲနေတဲ့ ကြယ်ပွင့် နဲ့ ကတ်စီ ရှိနေပါသေးတယ်..။သူတို့ရဲ့ တည်ရှိမူက သူ့ကို စိတ်တည်ငြိမ်စေခဲ့တယ်..။
ဒီလို ငရဲလိုနေရာမှာ တစ်ယောက်တည်းနေဖို့ တော့ သူ တွေးတောင် မတွေးချင်ပေ..။လက်ရှိအခြေအနေ အရဆိုရင် သူ ကျိန်းသေပေါက် မသေရင်တောင် ၊ အနည်းဆုံးတော့ ရူးသွပ်သွားနိုင်ပါတယ်..။
'ဘာလို့ ဖြစ်မလာသေးတဲ့ အရာတွေကို တွေးနေတာလဲ '
ဆန်နီ ဟာ နစ်ဖီ နဲ့ ကတ်စီ တို့ကို တစ်ချက်ကြည့်ကာ..ပြုံးလိုက်ပြီး..အယ်ဖီကို အမြန်လိုက်မှီအောင် သွားလိုက်ပါတယ်..။
ဒီလိုတွေးကြည့်တော့..သူက မုဆိုးမိန်းကလေး သာပါသေးတယ်..။သူ့ရဲ့ဘေးနားမှာက ယုံကြည်ရတဲ့ အပေါင်းအပါ တွေ အတူတူ ရှိနေခဲ့တာပါ..။သူတို့သုယောက်က တစ်ယောက်ကိုတစ်ယောက် ပိုမို သန်မာလာစေပါတယ်..။
ထပ်ပြောရရင် သူ့ရဲ့ စွမ်းရည်ကလည်း..သူ့ရဲ့ ခွန်အားတွေကို တိုးမြှင့်ပေးနိုင်တာပါပဲ..။ဒါ့အပြင် မှတ်သားမူတွေရဲ့ စွမ်းရည်တွေကိုတောင် တိုးမြှင့်ပေးနိုင်ပါသေးတယ်..။သူ့ရဲ့ ပတ်ဝန်းကျင်ကို ထောက်လှမ်းနိုင်စွမ်းကတော့ ပြောနေစရာတောင် မလိုတော့ပေ..။
ဆယ်နီ သူ့အရိပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ အယ်ဖီကို ကူညီပေးချငိပေမယ့်..ဒါက ဘယ်လောက်အထိ လုံခြုံနိုင်မလဲ ဆိုတာကိုတော့ သူမသိပါဘူး..။တကယ်လို့ ဒီနေရာက သားရဲတွေက အတွေးတွေ ၊ ခံစားချက်တွေကို အာရုံခံနိုင်တယ် ဆိုရင် သူတို့ထဲက အချို့ကလည်း အရိပ်ရဲ့ အကြည့်တွေကို သိရှိနိုင်ကြမှာပါ..။သူ ကိုယ်ပိုင် စွမ်းရည်တွေ ထုတ်မသုံးခင်မှာ အခြေအနေတွေကို ပိုပြီးနားလည်အောင် လေ့လာထားဖို့ လိုအပ်ပါတယ်..။
ဒီအတွေးတွေက သူ့ကို အားတက်စေလာခဲ့တယ်..။
မကြာခင်မှာတော့ နေရောင်ခြည်က တဖြည်းဖြည်း ကျဆင်းလာပြီး ..သူတို့ကလည်း ရဲတိုက်ကြီးရှိတဲ့ တောင်ကုန်းရဲ့အောက်ခြေကို ရောက်လာကြပါပြီ..။
ဆန်နှ နှလုံးခုန်သံ မြန်စွာပဲ အပေါ်ကို မော့ကြည့်လိုက်တယ်..။သူ့စိတ်ထဲမှာတော့ စိတ်ပူပန် မူတွေ ရှိနေခဲ့ပါတယ်..။
ရှေ့ဆက်ဘာတွေဖြစ်လာမှာလဲ ဆိုတဲ့အပေါ် မူတည်ပြီး သူတို့ရဲ့ ကံတရား တွေက ထာဝရ ပြောင်းလဲတော့မှာပါ..။ဒါက ပိုကောင်းမွန်မှာလား..အဆိုးဆုံးဖြစ်လာမှာလား ဆိုတာပဲ ကွာခြားပါတယ်..။