အယ်ဖီ
Vol. 9 Ch. 126
#ဘာသာပြန် = စနိုးဝှိုက်
နစ်ဖီ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပြီးကာမှ ကတ်စီ ဘက်ကို လှည့်ပြီး ပြောလိုက်တယ်..။
"ငါတို့ နောက်ကနေလိုက်ခဲ့..."
သူတို့ သုံးယောက်လုံးဟာ ဝင်ပေါက်ကို ကပ်သွားခဲ့ပြီး..အနည်းငယ် မသေချာမူတွေဖြစ်နေခဲ့တယ်..။
သူတို့ ရဲ့ စိတ်ထဲမှာတော့ ဒီ မထင်ထားတဲ့ အခြေအနေမှာ..ဖြစ်နိုင်ချေ နှစ်မျိုးရှိနေခဲ့ပါတယ်..။
ပထမတစ်ချက်က ဒီ ထူးဆန်းတဲ့ မိန်းကလေးက..ဒီမှာနေတဲ့ နိုးထသူ တစ်ယောက်ဖြစ်နေတာပါ..။ဒီလိုဆိုရင်တော့ ပြသနာ တွေအားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ..။တကယ်လို့ အိပ်စက်သူ တွေသာ နိုးထသူ တစ်ယောက်နဲ့တွေ့မယ် ဆိုရင် သူတို့က ..အနီးဆုံး လူသားခံတပ်ကို လမ်းညွှန်ပေးပါလိမ့်မယ်..။
ဒါပေါ့ တစ်ခြား အရာတွေလည်း ဖြစ်လာနိုင်ပေမယ့် ဒီ ဂြိုလ်သားကုန်းမြေကြီးပေါ်မှာတော့ လူသားတွေက အချင်ချင်း အဖွဲ့ဖွဲ့ထားသင့်ပါတယ်..။ဒါက ကိုယ်ကျင့်တရား အရ သိရမယ့် အရာသာမကပဲ..သူတို့ရဲ့ အကောင်းဆုံး ရွေးချယ်မူ ဆိုလည်းဟုတ်ပါတယ်..။
ဒုတိယအချက်ကတော့..ဒီထူးဆန်းတဲ့ ပုဂ္ဂိုလ်က အိပ်မက်ဆိုး သားရဲတစ်ယောက် ဖြစ်နေတာပါ..။ဒီလိုဆိုရင်တော့ သူတို့မှာ တိုက်ခိုက်ဖို့ နည်းလမ်းတစ်ခုတည်းသာ ရှိပါတော့တယ်..။တစ်ဖက် ရန်သူရဲ့ အဆင့်အတန်း နဲ့ အမျိုးအစားကို မသိထားတာကြောင့် ရလာဒ်က ခန့်မှန်းဖို့ မလွယ်ကူပေ..။
သူတို့ စွန့်စားရုံသာ တတ်နိုင်မှာပါ..။
အသက်ကို ပြင်းပြင်းရူလိုက်ပြီး..ဆန်နီဟာ..နစ်ဖီနောက်ကနေ အမှောင်ထုထဲကို ဝင်သွားခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ..မွှေးကြိုင်လှတဲ့ အသားကင် ရနံ့က သူ့ရဲ့ နှာခေါငိးထဲကို ဝင်လာခဲ့ပါတယ်..။
.. .သူရဲ့ အစာအိမ်က မြည်လာခဲ့တယ်..။
' ဂွီ '
ဆန်နီ တောင် မတုန့်ပြန်နိုင်ခင်မှာပဲ အရိုးအပိုင်းအစ တစ်ခုက သူ့အနားကနေ ဖြတ်သန်းသွားပြီး နံရံကို ထိမှန်သွားခဲ့ပါတယ်..။ချက်ချင်းဆိုသလိုပဲ သူ သန်းခေါင်ယံ အမြုတေကို မြှောက်လိုက်ပြီး အသင့်အနေအထားပြင်ဆင်လိုက်တယ်..။
သို့ပေမယ့် ဒါက အနည်းငယ် နောက်ကျသွားခဲ့ပါတယ်..။ငယ်ရွယ်တဲ့ အမျိုးသမီးက သူတို့ရဲ့ တည်ရှိမူကို သိသွားခဲ့ပါပြီ..။
သူမ ရဲ့ ခေါင်းကို မော့လိုက်ပြီး သွားတွေ ပေါ်အောင် ပြုံးကာ ရေရွတ်လိုက်တယ်..။
"အရိပ်ထဲမှာ တစ်ယောက်ယောက် ပုန်းနေတာလား..။ဘာလို့ ဒီကို ထွက်လာပြီး မကစားတာလဲ "
သူမရဲ့ အသံက နက်ရှိုင်းပြီး ခြောက်ကပ်ကပ် ဖြစ်နေခဲ့ပါတယ်..။သို့ပေမယ့် ပိုပြီး အရေးကြီးတာက သူမက လူသား ဘာသာစကားကို ပြောနေခဲ့တာပါ..။
သူမက လူသားတစ်ယောက်လား...
ဖြစ်နိုင်ချေရှိတယ်...
တစ်ဖက်လူက အေးအေးဆေးဆေး ပုံစံ ရှိနေပေမယ့် သူမရဲ့ ကြွက်သားတွေက တောင့်တင်းနေတာကို
ဆန်နီ သတိထားမိပါတယ်..။ဒီ နိုးထသူက ကြိုက်တဲ့အချိန်မှာ ပြင်းထန်တဲ့ တိုက်ခိုက်မူကို ပြုလုပ်နိုင်တယ် ဆိုတာ သူ သံသယမရှိပါဘူး..။
ဒီတော့ သူမကို ရန်မစမိတာ ပိုကောင်းပါလိမ့်မယ်..။
နစ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမလိုပဲ သူလည်း ဓားကို သိမ်းလိုက်ပါတယ်..။ယင်းနောက် သူတို့ သုံးယောက် တွေဝေစွာပဲ..မီးပုံဘေးနားကို လျောက်သွားလိုက်တယ်..။
ငယ်ရွယ်တဲ့ အမျိုးသမီးတွေက..သူတို့ကို ကြည့်ပြီး အံ့ဩစွာ မျက်ခုံးပင့်တင်လိုက်ပါတယ်..။
"လူသားတွေလား..။အာ ..မထင်မှတ်ထားစရာပဲ "
ယင်းနောက် သူမ ပြုံးပြီး ခေါင်းခါယမ်းလိုက်တယ်..။
"အာ..ငါ့ရဲ့ ယဥ်ကျေးမူတွေ ဘယ်ရောက်ကုန်တာလဲ"
ပြီးတာနဲ့ သူ မတ်တတ်ထရပ်လိုက်တယ်..။သူမရဲ့ အဖြူရောင် ချပ်ဝတ်အင်္ကျီ အနည်းငယ် လှစ်ဟာ သွားတာနဲ့ ..သူမရဲ့ သန်မာတဲ့ ခန္တာကိုယ် အချိုးအစားကို တွေ့လိုက်မိပါတယ်..။
ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။
တစ်ဖက်လူက အရပ်ရှည်တယ် ဆိုတာကို သူသိထားပေမယ့် ဒီလောက် အထိ ရှည်လိမ့်မယ်လိူ့တော့ မထင်ထားခဲ့ပေ..။သူမက နစ်ဖီ ထက်တောင်ပိုရှည်ပြီး ဆန်နီ ထက် အတော်လေး ပိုမြင့်နေခဲ့နာပါ..။သူမရဲ့ သန်မာတဲ့ ခန္တာကိုယ် ၊ ကြွက်သားတွေ ၊ ချပ်ဝတ်တွေနဲ့ပါ ပေါင်းစပ်လိုက်ရင် ရှေးခေတ် နတ်ဘုရားမ တစ်ပါး နဲ့တောင် တူနေပါသေးတယ်..။
သူ့ခေါင်းကို မော့ထားပြီး..သူမရဲ့ မျက်လုံးတွေကို ဆုံအောင် ကြည့်ဖို့ဆိုတာက တစ်ကယ်ကို စိတ်အနှောက်ယှက် ဖြစ်စရာပါပဲ..။သို့ပေမယ့် ဆန်နီ ရွေးချယ်စရာ မရှိပေ..။တကယ်လို့ သူသာ ရှေ့ကို တည့်တည့်ကြီး နေမယ် ဆိုရင် သူ မြင်နေရတာက ..သူမရဲ့ ဖွံ့ထွားတဲ့....အာ....
အဲ့အချိန်မှာတော့ အမျိုးသမီးငယ်လေးဟာ သူမရဲ့ မျက်နှာကို သုတ်လိုက်ပြီး မီးပုံကို လက်ဟန်ပြလိုက်တယ်..။
"လာ..ထိုင်ကြပါဦး..."
ဒီလို ယဥ်ကျေးစွာ ဖိတ်ခေါ်တာတောင် သူတို့က တွေဝေနေပြပါသေးတယ်..။
သူမရဲ့ အံ့ဩမူတွေကို ထိန်းချုပ်ထားရင်း သိချင်စွာမေးလိုက်တယ်..။
"နင်...နင်က လူသားလား..."
တစ်ဖက် အမျိုးသမီး က သူမကို ကြောင်တောင်တောင် ပြန်ကြည့်လိုက်ပြီး အကြိမ်အနည်းငယ် မျက်တောက်ခတ်ကာ ပြောလိုက်တယ်..။
"ဘာဖြစ်နိုင်သေးလို့လဲ..။မြင်း တစ်ကောင်လား.."
ဒီလို ပြောပြီးတာနဲ့ သူမ ကျယ်လောင်စွာ ထရယ်လိုက်ပါတယ်..။သူမက သူမရဲ့ဟာသကို သဘောကျသွားတဲ့ ပုံပါပဲ..။နစ်ဖီ နဲ့ ဆန်နီတို့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။
အဲ့အချိန်မှာတော့ အမျိုးသမီးငယ် လေးဟာ အကြိမ်အနည်းငယ် ထပ်ရယ်မောလိုက်ပြီး သူမရဲ့ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ကြည့်လာခဲ့တယ်..။
"ဒါပေါ့ ငါက လူသားပဲ..။ဘာလို့ ဒီလို မေးနေကြတာလဲ..။ဘာပဲဖြစ်ဖြစ် ထိုင်ကြရအောင်..။နင်တို့ကို ငုံ့ကြည့်ရတာ ငါ့ရဲ့ လည်ပင်းတွေ ညောင်းလာပြီ..."
ဒီလို ပြောပြီးတာနဲ့ သူမက မီးပုံဘေးမှာ သက်သောင့်သက်သာ ဝင်ထိုင်လိုက်ပါတယ်..။နစ်ဖီ ၊ ဆန်နီ နဲ့ ကတ်စီ တို့ဟာ ကျောက်တုံးတစ်ခုမှာ ဝင်ထိုင်လိုက်ပြီး တစ်ဖက် မိန်းကလေးကို ဆာလောင်စွာ ကြည့်နေခဲ့တယ်..။
သူမက သူတို့ကို ကြည့်ကာ မျက်မှောင်ကျုတ်လိုက်ပြီး...
"နင်တို့ကို ဒီပတ်ဝန်းကျင်မှာ မမြင်ဖူးသလိုပဲ..။လူသစ်တွေလား..."
နစ်ဖီ ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်...ငါတို့က အခုမှ မြို့ကို ရောက်လာကြတာ..."
သူမက ပုံမှန်အတိုင်းပြောဆိုဖို့ ကြိုးစားနေခဲ့ရတယ်..။သူမက လူတွေနဲ့ ဆက်ဆံဖို့ အကြိမ်များစွာ ကြိုးစားခဲ့ရတာက အလဟသ ဖြစ်ပုံမရပါဘူး..။တကယ်လို့ ဆန်နီသာ နစ် ရဲ့ မူလ နေထိုင်ပုံကို မသိထားရင် ဒီလိုဖြစ်နေတာ သတိထားမိမှာမဟုတ်ပေ..။
အမျိုးသမီး ဟာ ပြုံးလိုက်ပြီး..
"ဒီလိုဆိုရင်...ခနနေဦး...။နင်တို့က ဝင်္ကပါထဲမှာ ၂ လ လောက် အသက်ရှင်သန် ခဲ့ကြတာလား..."
သူမ လူသစ်တွေကို လေးစားစွာကြည့်လိုက်ပါတယ်..။
"ဒါက တကယ် အံ့ဩစရာပဲ..။ဂုဏ်ယူပါတယ် "
နစ်ဖီ ခနလောက် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"ငါက နစ်ဖီ ပါ..။ပြီးတော့ ဒါက ငါ့ရဲ့ အပေါင်းအပါတွေ ကတ်စီ နဲ့ ဆန်းလပ််စ် ။ ငါတို့က ဆောင်းယဥ်စွန်းတန်း မှာ ဝင်ရောက်လာကြတဲ့ အိပ်စက်သူတွေပဲ..။
အမျိုးသမီး ငယ်လေးဟာ သူတို့ကို ရင်းနှီးစွာ ပြုံးပြလိုက်တယ်..။
"တွေ့ရတာ ဝမ်းသာ ပါတယ် ။ငါက အယ်ဖီ ပါ..။ကောင်းပြီ ငါ့ကို လူတွေ အဲလိုခေါ်ကြတာပဲ..။ငါလည်းပဲ အိပ်စက်သူတစ်ယောက်ပါ.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ဒီလှပတဲ့ မိန်းကလေးကလည်း နိုးထသူ မဟုတ်ပဲ သူတို့လို အိပ်စက်သူ တစ်ယောက်ပဲလား..။ထူးဆန်းစွာပဲ သူက သူမကို အကယ်ဒမီမှာတုန်းက မတွေ့ခဲ့ရပါဘူး..။
တိတ်ဆိတ်နေဖို့ စိတ်မရှည်တော့တာကြောင့်..သူ ဝင်မေးလိုက်တယ်..။
"မင်းက ရဲတိုက်ကလား..။အဲ့မှာ လူတွေနေကြတယ် မလား..."
အယ်ဖီ သူ့ကိုကြည့်လိုက်တယ်..။သူမ မျက်လုံးထဲမှာတော့ ထူးဆန်းတဲ့ ခံစားချက်တွေ ရှိနေခဲ့ပါတယ်..။
ဒါက..ဝမ်းနည်း သွားသလိုပါပဲ...။
"..ဟုတ်တယ် ..ရဲတိုက်ထဲမှာ တကယ်ပဲလူတွေ နေကြတယ်.."
နစ်ဖီ နဲ့ ဆန်နီဟာ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်..။ယင်းနောက် ပြောင်းလဲနေတဲ့ကြယ်ပွင့်က သိချင်စွာ မေးလိုက်ပါတယ်..။
"ငါတို့ကို အဲ့ကို ခေါ်သွားပေးလို့ ရမလား.."
အယ်ဖီ ပုခုံးတွန့်လိုက်ပြီး...
"သေချာတာပေါ့..ပြသနာ မရှိဘူး..။နင်တို့မှာ အမြုတေ တွေရှိကြလား.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။ဝိဥာဥ် အမြုတေက အခု ကိစ္စနဲ့ ဘာဆိုင်လို့လဲ..။သူတ်ို့က မြို့ရိုး အောက်ခြေနားမှာ ထူးဆန်းတဲ့ ကျောက်တုံးကို သတ်ပြီး အမြုတေ နှစ်ခု ရခဲ့ကြပါနယ်..။သူမက ဝန်ဆောင်ခ အတွက် တောင်းနေတာလား... ။
ဆန်နီ ဝိဥာဥ် အမြုတေကို ထုတ်လိုက်ပြီး အရပ်ရှည်ရှည် မိန်းကလေးကို ပြလိုက်တယ်..။
"ငါတို့မှာ နှစ်ခုရှိတယ်.."
အယ်ဖီ သက်ပြင်းချလိုက်တယ်..။
"နှစ်ခုတည်းလား..။ကောင်းပြီ..ဘာမှ မရှိတာထက် စာရင် တော်သေးတာပေါ့..။သိမ်းထားလိုက်..ခနနေ လိုအပ်လာလိမ့်မယ်.."
သူမ ရဲ့ စကားတွေကို နားမလည်တာကြောင့် ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ မသေချာစွာ မေးလိုက်တယ်..။
"ငါတို့က ခံတပ်ဆီကို သွားပြီး..ထွက်ပေါက်ကို ဖြစ်နိုင်သမျှ မြန်မြန် အသုံးပြုချင်ကြတာ..။အဲတာက ဘယ်လောက်ကြာနိုင်မလဲ "
အမျိုးသမီး ငယ်လေးဟာ သူတို့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးကာမှ ရုတ်တရက် စိတ်ဂယောင်ချောက်ခြား ဖြစ်စွာ ရယ်မောလာခဲ့ပါတယ်..။သူမ အတော်ကြာအောင် ရယ်မောပြီးကာမှ သူမရဲ့ မျက်လုံးထောင့်စွန်းကနေ မျက်ရည်တွေ ကျလာခဲ့တယ်..။
အိပ်စက်သူ သုံးယောက်ကတော့ သူမကို အံ့ဩစွာပဲ ကြည့်နေခဲ့ကြတယ်..။သူမ အပြုအမူတွေကို ဘယ်သူမှ နားမလည်ကြပါဘူး..။
'သူမက ရူးနေတာလား '
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး အခြေအနေကို အကဲ ခတ်နေခဲ့တယ်..။ဒီမိန်းကလေးက အနည်းငယ်တော့ ထူးခြားနေတာ အမှန်ပါပဲ..။
အယ်ဖီ ရဲ့ ရယ်မောနေမူဟာ ဖြည်းဖြည်းချင်းရပ်သွားခဲ့တယ်..။သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး ထူးဆန်းတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။
"အာ..စိတ်မကောင်းပါဘူး..။ငါ ကိုယ့်ကိုကို မထိန်းနိုင်ဖြစ်သွားခဲ့တယ်..။ကျေးဇူးပြုပြီး ရိုင်းပြသွားရင် ခွင့်လွတ်ပါ.."
ယင်းနောက် သူမက သူတို့ရဲ့ မျက်လုံးကို လေးနက်စွာ့ကြည့်ပြီး ပြောလိုက်ပါတယ်..။
"ငါ နင်တို့ကို ရဲတိုက်ဆီ ခေါ်သွားပေးနိုင်တယ်..။ဒါပေမဲ့ ဘာ ထွက်ပေါက် မှ မရှိဘူး..။တကယ်တော့ ဒီ ကျိန်စာသင့်နေတဲ့ ငရဲမှာ ထွက်ပေါက်ဆ်ိုတာမျိုး မရှိဘူး..။ငါ ဒီမှာ ..ရှိနေတာ သုံးနှစ်လောက် ရှိပြီ..။ဒီတော့..အနက်ရောင် မြို့တော်ကနေ ကြိုဆိုလိုက်ပါတယ်..။မျှော်လင့်ချက်တွေ စွန့်ပစ်ပြီး ဒီမှာ ရှိနေကြပြီ...ပြီးတော့ အားလုံးက...."