← Chapters

ရဲတိုက်ရဲ့ ဘုရင်

Vol. 9 Ch. 128

ရဲတိုက်ရဲ့ ဘုရင်

Vol. 9 Ch. 128

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီ သူမကို ကြည့်ပြီး သူမ ပြောတဲ့ စကားလုံးရဲ့ နောက်ကွယ်က အရာကို နားလည်ဖို့ ကြိုးစားနေခဲ့တယ်..။

"ဘာကို ဆိုလိုတာလဲ.."

အယ်ဖီ ပုခုံးတွန့်လိုက်ပြီး..။

"ရဲတိုက်က ဂန်လောင် ဆိုတဲ့ လူတစ်ယောက် ပိုင်ဆိုင်တာလေ..။နင် အထဲကို ဝင်ပြီး ရဲတိုက်ထဲမှာ လုံလုံခြုံခြုံ နေချငိတယ် ၊ သူ့ရဲ့ ကာကွယ်မူ ၊ သူ့တို့ရဲ့ အစားအသောက်တွေကို မျှဝေ ချင်တယ် ဆိုရင် ..ကျသင့်ငွေကို ပေးဖို့ လိုအပ်တယ်..။တစ်ပတ်ကို ဝိဥာဥ် အမြုတေ တစ်ခုပဲ..."

....ဒါပေါ့..ဒီလို ကြမ်းတမ်းတဲ့ နေရာမျိုးမှာတောင် ခေါင်းပုံဖြတ်မူတွေက ရှိနေပါသေးတယ်..။သူက ဘာတွေများ မျှော်လင့်နိုင်ဦးမှာလဲ..။ဒီမှာ လူတွေ ရှိနေသ၍ တစ်စုံတစ်ယောက်ကတော့ အနိုင်ကျင့် အမြတ်ထုတ်တော့မှာပါ..။

သူ့ နှုတ်ခမ်းကို တွန့်ကွေးစွာ ပြုံးလိုက်ပြီး..

"မပေးဘူးဆိုရင်ရော ဘာဖြစ်မှာလဲ..."

မုဆိုး မိန်းကလေးဟာ သူ့ကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး..

"နင် ဘယ်လိုထင်လို့လဲ..။နင် ရဲတိုက် ဂိတ်ပေါက်နားကိုတောင် ဝင်လို့ရမှာမဟုတ်ဘူး..။ရဲတိုက် တံတိုင်းတွေနားမှာ ငါတို့လို လူမျိုးတွေ နေဖို့ လက်လုပ် အဆောက်အအုံလေးတွေ ရှိတယ်..။အဲဒီနားမှာနေရင်း အမှောင်ထဲကနေ ဘယ်လို သတ္တဝါမှ ထွက်မလာဖို့ ဆုတောင်းနေကြရတာပေါ့.."

သူမ တွေဝေနေခဲ့ပြီးမှ..

"ဒါပေမဲ့ ဒီကျိန်စာသင့် နေရာကြီးမှာ လူတွေက အမြုတေကို ဘယ်ကနေ သွားရှာရမှာလဲ.."

အယ်ဖီဟာ သူမသတ်ထားတဲ့ သားရဲ အလောင်းတွေကို လက်ညိုးထိုးပြလိုက်ပါတယ်..။

"အမဲလိုက်ပြီးပေါ့..။တစ်စုံတစ်ယောက်က မြို့ရဲ့ ဟိုနား ဒီနားတွေမှာ နိုးထမူ အဆင့် သားရဲတွေကို တွေ့နိုင်တယ်လေ..။ဒီတော့ သူတို့ကို လိုက်ရှာပြီး သတ်ရုံပဲ..။ဂန်လောင်ရဲ့ လူတေံက အုပ်စုတွေ ဖွဲ့ပြီး အမဲလိုက်ကြတာ..။သူတို့ဆီမှာ အတွေ့အကြုံများတဲ့ လမ်းပြတွေလည်း ရှိကြတယ်..။သူတို့က အစားအစာ ၊ မှတ်သားမူ ၊ အမြုတေ နဲ့ တစ်ခြားအရာတွေကို ပြန်ယူလာကြတယ်လေ..။တစ်ခြားလူတွေကိုလည်း ဒီလို မလုပ်ရဘူးလို့ မတားမြစ်ထားဘူး.."

သူမ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ထပ်ပြောလိုက်တယ်..။

"ဒါပေါ့..မှတ်သားမူကောင်းကောင်း နဲ့ဒီမြို့ကို နားလည်တဲ့ အသိဥာဏ်တွေ မရှိဘူးဆိုရင် ဒီလူတွေက အသက်ရှည်ရှည် မနေနိုင်ကြဘူး..။သူတို့ အများစုက သေရင်သေ ၊ မသေရင် အမြုတေ ရဖို့တစ်ခြားနည်းလမ်းတွေကို အသုံးပြုကြရတယ်..။သီးသန့် အမဲလိုက်သူတွေထဲမှာ အမှန်အကန် အမဲလိုက်နိုင်တဲ့လူတွေက အတော်နည်းတယ်..။အခုထိ အသက်ရှင်နေတဲ့ မုဆိုးတွေပေါ့..."

ဆန်နီဟာ သေဆုံးနေတဲ့ သားရဲတွေကိုကြည့်ပြီး ပြောလိုက်တယ်..။

"နင်ကရော..ဘယ်နှစ်ကြိမ်လောက် ရှင်သန်ခဲ့လဲ "

အယ်ဖီ ပြုံးလိုက်တယ်..။

"တော်တော် များများပေါ့.."

သူမ ရယ်မောလိုက်ပြီး လက်ချောင်းတွေကို မြှောက်ကာ စဥ်းစားနေတဲ့ အမူအရာနဲ့ တွက်ချက်လိုက်ပါတယ်..။

"ကြည့်ရအောင်..တစ် နှစ်....ငါး..."

လက်ချောငိးတွေ ကုန်သွားတဲ့ အချိန်မှာတော့ သူမက ခေါင်းကို ကုတ်လိုက်ပြီး မသေချာစွာ ပြောလိုက်ပါတယ်..။

"ငါလည်း သိပ်တော့ မသေချာဘူး..။ဒါပေမဲ့ တစ်ရာ နှစ်ရာ ဝန်းကျင်လောက်တော့ ရှိလိမ့်မယ်..ဟုတ်တယ်.."

ဆန်နီ ရဲ့ မျက်လုံးတွေက ပြုးကျယ်သွားခဲ့တယ်..။နှစ်..နှစ်ရာလား...။

တကယ်လို့ အယ်ဖီ ပြောတာ မှန်လို့ ရှိရင်..သူမက တစ်ကယ်ကို ထူးခြားတာပါ..။နိုးထမူ အဆင့် သားရဲ တစ်ကောင်ကို သတ်တာကတင် ..လေးစားဖို့ကောင်းနေပါပြီ..။အကောင်တစ်ရာလောက်ကို သတ်ခဲ့တယ် ဆိုတာကတော့ တကယ်ကို..သူရဲကောင်းတစ်ယောက်လိုပါပဲ..။အထူးသဖြင့် သူမက ကျရှုံးမူ အဆင့် သားရဲတွေ ပြည့်နေတဲ့..ကျိန်စာသင့် မြို့ကြီးထဲမှာ တစ်ယောက်ထဲ အမဲလိုက်နေခဲ့တာပါ..။

ဒီ ရိုးရှင်းတဲ့ မုဆိုး မိန်းကလေးက..သူမတည်ရှိနေသလောက် ရိုးရှင်းပုံ မရပေ..။

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

"တကယ်လို့ ဒါကသာ အမှန်ဆိုရင် ရဲတိုက်ထဲမှာ နေဖို့ ကျသင့်ငွေ ပေးသွင်းတာက မင်း အတွက် ပြသနာ မရှိလောက်ဘူးလေ..။ဘာလို့ ဒီလို မလုပ်တာလဲ.."

အယ်ဖီဟာ သိပ်စိတ်မဝင်စားတဲ့ ပုံစံနဲ့ ပုခုံးကို တွန့်ပြလိုက်တယ်..။

"ငါက အဲလို ပတ်ဝန်းကျင်ကို မကြိုက်ဘူးလို့ပဲ ပြောကြတာပေါ့.."

ဆန်နီ တစ်ခုခု ထပ်မေးချင်ပေမယ့်လည်း နစ်ဖီက ထူးဆန်းတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

"ဝိဥာဥ် အမြုတေ ရဖို့တစ်ခြားနည်းလမ်းတွေ ရှိနေသေးတယ်လို့ ပြောတယ်မလား..။အဲတာက ဘာတွေလဲ.."

မုဆိုးအမျိုးသမီး ဟာ သူမကို ကြည့်လိုက်ပြီး နောက် ခံစားချက်တစ်ချို့ မျက်လုံးထဲမှာ ပေါ်လာခဲ့တယ်..။သ်ို့ပေမယ့် ဒါက အလျင်အမြန်ပျောက်ကွယ်သွားပြီး အပြုံးတွေနဲ့ အစားထိုးသွားခဲ့ပါတယ်..။

"ကောင်းပြီ..နည်းလမ်း အချို့တော့ ရှိတယ်..။တကယ်လို့..နင့်မှာ အသုံးဝင်တဲ့ စွမ်းရည်တွေ ရှိမယ် ဆိုရင် ရဲတိုက်ထဲမှာ..လက်သမား တို့..တစ်ခြားအရာတို့ လုပ်တို့ရတယ်..။ဒီလို အိပ်စက်သူတွေက အရမ်းမများတော့ သေချာဂရုစိုက်ကြတယ်လေ..။မဟုတ်ရင်တော့ တစ်ခြား အခွင့်အရေး ရှိသေးတယ်..။ယောက်ျားလေး ဆိုရင်..ဂန်လောင်ရဲ့ စစ်သား လုပ်ပြီး ..မိန်းကလေး ဆိုရင်တော့ သူ့ရဲ့ မိန်းကလေး လုပ်တာပဲ..။အထူးသဖြင့် နင်တို့လို့ မိန်းမလှလေးတွေပေါ့..။ဒါပေါ့ ဘယ်သူမှတော့ အတင်းဖိအားပေးမှာ မဟုတ်ဘူး.."

နစ်ဖီဟာ မျက်နှာသုန်မုန်နေခဲ့တယ်..။သူမ မျက်လုံးထဲမှာ ..အဖြူရောင် အလင်းလေးတွေ တောက်ပနေတာကို ဆန်နီမြင်နေရပါတယ်..။

"ဒီတော့..ဒီတော့ စစ်သားဖြစ်ရင်ဖြစ် ၊ အစေခံဖြစ်ရင်ဖြစ် ဒါမှမဟုတ် သူ့ရဲ့ ကစားစရာဖြစ်ရပြီး မဟုတ်ရင် သေဖို့ပဲ ရှိတော့တာပေါ့..။ဒါပေမဲ့ ဒါက ငါတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်မူပဲ..။ဒါပေါ့ ဘယ်သူကမှ ငါတို့ကို တွန်းပေးမှာမဟုတ်ဘူး.."

အယ်ဖီ ပြုံးလိုက်တယ်..။

"ဥာဏ်ကောင်းတယ်..."

ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ကတော့ အေးစက်တဲ့ မျက်နှာထားကနေ ခက်ထန်မူတွေ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။သူမ ဆုပ်ထားတဲ့ လက်သီးတွေကလည်း..သွေးထွက်လုမတတ်ဖြစ်လာခဲ့တယ်..။

"ဒီတော့..ဘာလို့ အခုထိ သူ့ကို မသတ်ကြသေးတာလဲ.."

မုဆိုး အမျိုးသမီးဟာ ရယ်မောလိုက်ပြီး..

"ဂန်လောင်ကို သတ်ဖို့လား..။လူတွေ အများကြီးက ကြိုးစားခဲ့ကြတယ်..။လူကောင်းတွေ ၊ လူဆိုးတွေ ၊ လူမိုက်တွေ ပေါင်းစုံပဲ..။ရဲတိုက် ဂိတ်ကို ရောက်ရင်တော့ သူ့တို့ရဲ့ ဦးခေါင်းတွေကို ချိတ်ဆွဲထားတာ တွေ့ရလိမ့်မယ်.."

သူမ ခေါင်းခါယမ်းလိုက်တယ်..။

"နင့်ရဲ့ အတွေးတွေကိုတော့ ငါသဘောကျပါတယ် မင်းသမီးလေး..။ဒါပေမဲ့ မေ့ထားလိုက်တော့..။သူကို အင်မော်တယ်လို့သာ သဘောထားလိုက်..။ငါပြောတာယုံ..ဂန်လောင်ကို သတ်နိုင်တဲ့ အိပ်စက်သူ ဆိုတာ မရှိဘူး..။ဒါက တကယ်ကို မဖြစ်နိုင်တဲ့အရာပဲ.."

အယ်ဖီ သက်ပြင်းချလိုက်တယ်..။

"ထပ်ပြောရရင်..ငါ ဒီခွေးသားကို ဘယ်လောက်မုန်းနေပါစေ..သူက ဒီနေရာကို စုစည်းပေးထားတဲ့လူပဲ..။သူက ရွံ့ရှာဖို့ ကောင်းပေမယ့် ..သူမရှိရင် ငါတို့ အချိန်မရွေးသေသွားနိုင်တယိ.."

ဆန်နီဟာ နစ်ဖီ ရဲ့ အမူအရာကို စောင့်ကြည့်နေခဲ့တယ်..။သူမြင်နေရတာက သိပ်တော့ ပျော်စရာ မကောင်းပါဘူး..။

သူမရဲ့ လှပတဲ့ မျက်နှာမှာတော့..အေးစက်မူတွေသာ ရှိနေခဲ့ပါတယ်..။

"ဒါက...ဒါက ပြသနာ ကြီးဖြစ်လာတော့မယ်.."

အယ်ဖီ လည်း ဒါကို ခံစားမိတာကြောင့် ပြောလိုက်တယ်..။

"သိပ်တော့ မလေးနက်ဘူး..။ဂန်လောင်ကို ဆန့်ကျင်ရင် အသတ်ခံရလိမ့်မယ်..။ဒီအကြောင်းကို တွေးတောင် မတွေးမိစေနဲ့..။ဘာပဲဖြစ်ဖြစ် အမှောင်မြို့တော်မှာ အတွေးများတာက ကျန်းမာရေးအတွက် မကောင်းဘူးလေ.."

ယင်းနောက် သူမ ပြုံးကာ..မီးပုံကို လက်ဟန်ပြလိုက်ပြီး...

"အဲဲဒီအစား အရသာ ရှိတဲ့ အသားတွေ စားလိုက်ကြရအောင်..။ဗိုက်ပြည့်နေသ၍ ဘဝက တကယ်ကို ကောင်းမွန်တယ်လေ..။ဟုတ်တယ်မလား..။ငါပြောလိုက်မယ်..ဒီဟာက..နင်တို့ အစားအသောက် အခမဲ့ စားရတာ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်..။ဒီနေရာမှာက အစားအသောက်က ရှားပါးဆုံး အရာပဲ..။ယုံတယ်မလား..."

ဆန်နီ သက်ပြင်းချလိုက်ပြီး ရှေ့ကို တိုးကာ အသားတစ်တုံးကို ကောက်ယူလိုက်တယ်..။

ဘာတွေပဲဖြစ်ဖြစ် သူတို့ရှေ့ဆက်ပြီး သွားကြရမှာပါ..။တစ်ကြိမ်မှာ ခြေတစ်လှမ်းပဲဖြစ်ဖြစ်။ ဒါက သူတို့ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ..။

"ဒါပေါ့ ယုံကြည်ပါနယ်..။ငါက မြို့ပြင်မှာနေခဲ့တာလေ..သိတယ်မလား..။အကယ်ဒမီကို မရောက်ခင်အထိ ..အသားဆိုတာ ဘယ်လို အနံ့ရှိလဲကိုတောင် မသိခဲ့ရဘူး.."

ဒါကို ပြောပြီးတာနဲ့ သူ အသားတစ်တုံးကို ကတ်စီ ဆီကမ်းပေးလိုက်ပြီး..သူ့အတွက် တစ်ခုယူကာ အားပါးတရ စားလိုက်ပါတယ်..။

နစ်ဖီ ခနလောက် စဥ်းစားနေခဲ့ပေမယ့်လည်း..နောက်ကနေ ထပ်ပြီးလိုက်စားလိုက်ပါတယ်..။

အယ်ဖီ ရယ်မောလိုက်တယ်..။

" ဒီလိုမှပေါ့...အခုတော့ သိပြီမလား.."

သူမရဲ့ အကြံဥာဏ်ကို ပြောင်းလဲနေတဲ့ကြယ်ပွင့်က လက်ခံလိုက်တယ် လို့ သူမ ထင်သွားတဲ့ပုံပါပဲ..။အနည်းဆုံးတော့ အပေါ်ယံမှာသာ ရဲတိုက်ရဲ့ မာစတာကို အနိုင်မယူနိုင်ဘူးလို့ လက်ခံလိုက်တာပါ..။

သို့ပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ ဒါကို လက်မခံဘူးဆိုတာကို ဆန်နီ ကောင်းကောင်း သိပါတယ်..။

ဘာပဲဖြစ်ဖြစ်..နစ်ဖီ ရဲ့ အကျင့်စရိုက်က မဖြစ်နိုင်တဲ့ အရာတွေကို ဖြစ်အောင် လုပ်တာပါပဲ..။

All Chapters