ဖြေသိမ့်စရာ
Vol. 9 Ch. 129
#ဘာသာပြန် = စနိုးဝှိုက်
ရက်စက်တဲ့ အခြေအနေတွေကို ကြားပြီးတဲ့ နောက်မှာတော့..ရဲတိုက်ကို အရောက်သွားဖို့ အစွမ်းကုန်ကြိုးစားလာခဲ့ကြတဲ့ သူတို့ရဲ့ စိတ်တွေက အားလျော့သွားခဲ့ကြပါပြီ..။သို့ပေမယ့် သူတို့က ရဲတိုက်ကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ချင်နေတုန်းပါပဲ..။ဆန်နီ ရဲ့ စိတ်ထဲမှာတော့ အခုထိ မျှော်လင့်ချက် သေးသေးလေးက ရှိနေသေးပါတယ်..။ဖြစ်နိုင်တာက..ဖြစ်နိုင်တာက..အယ်ဖီက လိမ်ညာနေတာလည်း ဖြစ်နိုင်ပါတယ်..။
သူ ဒါကို မယုံကြည်နိုင်သေးပေ..။လှပတဲ့ မုဆိုး မိန်းကလေး..ရဲ့ ပုံစံကတော့..အရိုးသားဆုံး ပုံစံနဲ့ ပြောဆိုနေခဲ့တာပါ..။ထပ်ပြောရရင် သူမရဲ့ စကားတွေကလည်း အများကြီး အဓိပ္ပါယ်ရှိပါတယ်..။
သို့ပေမယ့်..အယ်ဖီကတော့ ဒီနေရာကနေ ထွက်ခွာဖို့ အလျင်မလိုခဲ့ပေ..။
"ငါတို့ ခရီးပေါက်ဖို့ လုံလောက်တဲ့ အချိန်မရှိတော့ဘူး..။အပျက်အဆီးတွေ ထဲမှာ သွားလာရတာက အတော် ဒုက္ခရောက်တယ်..။ကောင်းကောင်း အနားယူလိုက်ကြဦး..။မနက်ဖြန် အာရုံတက်တာနဲ့ စပြီးထွက်ကြတာပေါ့.."
ဒါကို ပြောပြီးတဲ့နောက်မှာတော့..သူမဟာ..ကြီးမားတဲ့ သားရဲအလောင်းကို ဓားနဲ့ စတင်ပြီး လှီးဖြတ်ပါတော့တယ်..။သူမက သွေးတွေ စွန်းပေမှာစိုးလို့ ဧပရွန်နဲ့တူ တဲ့ မှတ်သားမူ တစ်ခုကို တောင် ထုတ်ယူလိုက်ပါသေးတယ်..။သူမက အသက်ရူသံ စည်းချက် နဲ့အတူပဲ..တက်ကြွတဲ့ စာဖိုမှူး တစ်ယောက်နဲ့တောငိ တူနေခဲ့တယ်..။
နစ်ဖိီ ၊ ဆန်နီ နဲ့ ကတ်စီတို့ကတော့ စကားပြောချင်စိတ် မရှိကြပါဘူး..။သူတို့ တစ်ယောက်ချင်းစီတိုင်းက အတော်လေးကို စိတ်ပျက်နေကြပြီး ဆိုးဝါးတဲ့ အမှန်တရားကို လက်ခံဖို့ကြိုးနေကြရတယ်..။
ဆန်နီ လည်း နှလုံးကွဲကြေသလို ခံစားနေရပါတယ်..။
တစ်စုံတစ်ယောက်က သူ့ ခန္တာကိုယ်ထဲက ဘတ်ထရီ ကို ဆွဲထုတ်လိုက်သလိုပဲ..ခွန်အားတွေ ၊ လုပ်ကိုင်ချင်စိတ် တွေ ဘာမှမရှိသလို ခံစားနေရတယ်..။ကမ္ဘာကြီးက ရှင်သန်ရတာ အတော်ကို ပင်ပန်းနေခဲ့တာပါ..။
' မင်းအတွက် မျှော်လင့်ချက်ပဲ '
သူ ဒေါသတောင် မထွက်နိုင်ခဲ့ပေ..။ဒါက..ဒါက..သူ အရမ်းကို ပင်ပန်းကြမ်းတမ်း တဲ့ မာရသွန် တစ်ခုရဲ့ ပန်းတိုင်အထိ ပြေးလာပြီးကာမှ..သူ့ရှေ့မှာ နောက်ထပ်ပြိုင်ပွဲတစ်ခုက စောင့်ကြိုနေသလိုပါပဲ..။
အမှတော့..သူက တစ်သက်လုံး ပြေးလွှားနေဖို့ လိုအပ်ခဲ့တာပါ..။
သူက မာစတာ ဂျက် ၊ ဆရာ ဂျူးလီးယက်တို့နဲ့ ပြန်တွေ့ပြီး..သူတို့ရဲ့ ကြင်နာမူတွေကို ကျေးဇူးတင်စကားပြောဖို့တောင် အခွင့်အရေး မရတော့တာဖြစ်နိုင်ပါတယ်..။သူက နိုးထသူ တစ်ယောက် ဘယ်တော့မှ မဖြစ်လာပဲ..သူ့ရဲ့ ထူးဆန်းတဲ့ စွမ်းရည် ကိုလည်း လေ့လာခွင့် မရလောက်တော့ပါဘူး..။အထူးသဖြင့် သူ့ဘဝမှာ ချမ်းသာလာပြီး ၊ ကျန်တဲ့ ဘဝတစ်လျောက် သက်သောင့်သက်သာ နေမယ့် ရည်မှန်းချက်က ကံပါမလာတော့တဲ့ ပုံပါပဲ..။
အနာကျင် ဆုံး အရာက..။
'ကောင်းပြီ ..ဒီအကြောင်းကို တွေးမယ် ဆိုရင် ငါက အသက်ရှင်နေတုန်းပဲ..။ဒါက တန်ဖိုးရှိတဲ့ အရာပဲလေ ဟုတ်တယ်မလား..'
အရိပ်ဟာ သိပ်ဂရုမစိုက်တဲ့ ပုံစံနဲ့ သူ့ကို ကြည့်လိုက်တယ်..။
"ထပ်ပြောရရင် ငါ အနာဂတ်မှာလည်း ရှင်သန်အောင်နေလို့ရတာပဲ..။လတ်တလောတော့ ငါတို့က ရေထဲမှာ နစ်မြုပ်မူ ၊ သားရဲတွေ စားသုံးတာ ခံရမူကနေ လွတ်မြောက်သွားပြီ..။ငါတို့က သန်မာတဲ့ လူသား အဖွဲ့အစည်းကိုလည်း ရှာတွေ့ပြီလေ.."
ရဲတိုက်ထဲမှာ အခြေအနေ ဘယ်လိုရှိနေပါစေ..အဲဒီမှာက လူရာနဲ့ချီပြီး ရှိနေခဲ့တာပါ..။အိပ်မက်ကမ္ဘာထဲမှာတော့ အရေအတွက်နဲ့ အတွေ့အကြုံက အရာရာတိုင်းပါပဲ..။လူသားအဖွဲ့အစည်း ရဲ့ အစိတ်အပိုင်း ဖြစ်လာရင် သူတို့ရဲ့ ခက်ခဲကြမ်းတမ်းမူတွေကိုပါ မျှဝေ ပေးနိုင်တော့မှာပါ..။ဝင်္ကပါ ထဲကနဲ့ ယှဥ်ရင်တော့..ရဲတိုက်ထဲက ဘဝက အိပ်မက်တစ်ခုလိုပါပဲ..။
သူတို့က ရဲတိုက်ရဲ့ မာစတာ လက်အောက်ကို ဝင်ချင်တယ် ဆိုရငိပေါ့..။တကယ်လို့ ဆန်နီသာ တစ်ယောက်တည်းဆိုရင် ဒီီလို လုပ်ဖြစ်လောက်ပါတယ်..။သို့ပေမယ့် အခုက.....
သို့ပေမယ့် သူတို့ ငြင်းဆန်မယ် ဆိုရင်တောင် အပြင်မှာ နေလို့ ရပါသေးတယ်..။အယ်ဖီ ဆိုရင် တစ်ကိုယ်တော် အမဲလိုက်တာလည်း အဆင်ပြေနေတဲ့ ပုံပါပဲ..။သူမက ..အခြေအနေ ဆိုးနေတဲ့ ပုံတောင် မပေါက်ပေ..။
'အမှန်တော့ သူမက သူတွေ့ဖူးသမျှထဲမှာ..တင်းတိမ်မူ အရှိဆုံးလူတစ်ယောက်လို့တောင် ပြောလို့ရပါတယ်..။သူမက ဘယ်လိုလုပ်ပြီး သက်သောင့်သက်သာ နဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ရတာလဲ..။သူမက ရူးနေတာ များလား '
သူ အရပ်ရှည်တဲ့ မိန်းကလေး ကို..အကျိုးကြောင်းမဆီလျော်စွာ ကြည့်လိုက်ပြီး မျကိမှောင်ကျုတ်လိုက်တယ်..။
'ကောင်းပြီ ဒီအကြောင်းတွေးကြည့်ရအောင်..။သူမက အမိုးအကာလည်း ရှိတယ်။သူမ အမဲလိုက်လို့ ရလာတဲ့ အရသာရှိတဲ့ အစားအသောက်တွေလည်း ရှိတယ်..။ဒါက ငါ မြို့ပြင်မှာနေခဲ့ရတာထက် အများကြီး ပိုကောင်းနေပြီ '
သေချာတွေးကြည့်ရင် ဒီ အနက်ရောင်မြို့တော်မှာ နေရတာက အနာဂတ်ကို မသိနိုင်တာတင် မဟုတ်ပဲ..မြို့ပြင်မှာ သူ ရုန်းကန်ရတဲ့ ဘဝနဲ့လည်း သိပ်တော့ မကွာခြားပါဘူး..။တကယ်တော့ ဒါက အဓိပ္ပါယ်ရှိပြီး ပိုလည်း ကောင်းမွန်ပါတယ်..။ဒီတော့ အခြေအနေတွေ အရမ်းဆိုးနေတယ်လို့ ခံစားနေရတာက..အမှန်တကယ် ဆိုးဝါးတဲ့ အခြေအနေတွေကြောင့်မဟုတ်ပဲ..သူမျှော်လင့်ထားတဲ့ အရာတွေနဲ့ မကိုက်ညီလို့ ဖြစ်နေတာပါ..။
အယ်ဖီကတော့ အသက်ရှင်ဖို့ကလွဲပြီး ဘာမှ မတွေးထားတဲ့ ပုံပါပဲ..။ဒါကြောင့် သူမက ဒီီလိုနေရာမှာတောင် သောက်ကျိုးနဲအောင် ပျော်နေခဲ့တာပါ..။
' ဟုတ်တယ်..ဒီလိုပဲ ဖြစ်ရမယ်..။ပြသနာ ဖြေရှင်းပြီးသွားပြီ..။လွယ်ကူတယ်..'
အရိပ်ဟာ ခေါင်းခါယမ်းပြီး တစ်ဖက်ကို ကြည့်လိုက်၏..။ဆန်နီလည်း သက်ပြင်းချလိုက်ပါတယ်..။သူ ဘယ်လောက်ပဲ အကောင်းဘက်ကို ရောက်အောင် ကြိုးစားတွေးနေပေမယ့်..ခံစားချက်တွေကတော့ သိပ်ပြီး ကောင်းမွန်မလာခဲ့ပါဘူး..။အမှန်တော့..အနာဂတ်မှာ ဖြစ်လာတာတွေကို စဥ်းစားတာက ပိုပြီး စိတ်ပင်ပန်းစေတာပဲ အဖတ်တင်တာပါ..။
ကြက်သွေးရောင် ထိပ်ဖျားရဲ့ အရိပ်ဟာ..အနက်ရောင် မြို့ကြီးပေါ်ကို ကျရောက်လာခဲ့တယ်..။
..မကြာခင်မှာပဲ..ရေလှိုင်းတွေရဲ့ ရိုက်ခတ်သံက သူတို့ကို ညအချိန်ရောက်လာပြီ ဆိုတာကို အချက်ပေးလာခဲ့ပါတယ်..။ဆန်နီ မတ်တတ်ထရပ်ချင်စိတ်တောင် မရှိတာကြောင့် ..သူ့ အရိပ်ကို လွှတ်ပြီးသာ အပြင်ဘက်က မြင်ကွင်းကို ကြည့်လိုက်တယ်..။
နောက်ဆုံးနေရောင်ခြည်တန်းက ကောင်းကင်ပေါ်မှာ အနီရောင် တောက်နေကာ..ကျိန်စာသင့်ပင်လယ်ကြီးကတော့..မြို့ရိုး ဆီကို ချီတက်လာနေခဲ့ပါတယ်..။ဆန်နီ အဝေးတစ်နေရာက လှပတဲ့ အမျိုးသမီး ရုပ်ထုကြီးကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ သူမရဲ့ မြောက်ထားတဲ့ လက်ကသာ ရေပေါ်မှာ ပေါ်နေတော့တာကို တွေ့ရတော့တယ်..။ယင်းနောက် သူ အောက်ဘက်ကို ငုံ့ကြည့်လိုက်ပါတယ်..။
အပျက်အစီး ..တွေ နဲ့ ကျိန်စာသင့် ပင်လယ်ရဲ့ကြားထဲမှာတော့ မြို့ရိုးကြီးက စက္ကူပါးပါး တစ်ရွက်လိုပါပဲ..။ဒါတောင်မှ သူက အနက်ရောင် ရေလှိုင်းတွေရဲ့ ရိုက်ခတ်မူကို တောင့်ခံပေးနေခဲ့ပါသေးတယ်..။သူက နှစ်ပေါင်း ထောင်ချီကြာအောင် ဒီလိုလုပ်ပေးထားခဲ့တာပါ..။
ဒီမြို့ရိုးကြီးသာ ကျိုးပြီး ရေတွေ..မြို့ထဲကို ဝင်လာရင် ဘယ်လိုဖြစ်မှာလဲ ဆိုတာကို တွေးကြည့်မိလိုက်တယ်..။စဥ်းစားလိုက်ယုံနဲ့တင်..သူ ကျောချမ်း သွားခဲ့ပါတယ်..။
သူ့ အရိပ်ကို ပြန်လာခဲ့ဖို့ အမိန်ပေးလိုက်ပြီး ဆန်နီဟာ နောက်ဆုံးတော့ ကြိုးစားမတ်တတ်ရပ်ကာ နစ်ဖီ ဆီလျောက်သွားလိုက်တယ်..။
.
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်က နံရံကို မှီပြီး ထိုင်နေခဲ့တာပါ..။သူမရဲ့ မျက်နှာပေါ်မှာတော့ နက်မှောင်တဲ့ အမူအရာတစ်ခု ရှိနေခဲ့တယ်..။သူ့ရဲ့ ခြေသံတွေကို ကြားတဲ့ အချိန်မှ အပေါ်ကို မော့ကြည့်လိုက်ပါတယ်..။
ဆန်နီ သူမရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်ပြီး..ခနလောက် တွေဝေပြီးကာမှ ...
"နင် ဘယ်လိုသဘောရလဲ..."
သူမက အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ သူ့ကို အရှုံးမပေးလိုတဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့တယ်..။သူမ ပြန်မဖြေတော့ဘူးလို့ ထင်တဲ့ အချိန်ကျမှ..နစ်ဖီဟာ ပြောလာခဲ့ပါတယ်..။
သူမ ပြောနေတဲ့ အချိန်မှာတော့..အေးစက်တဲ့ မျက်လုံးထဲမှာ အဖြူရောင် အလင်းစက် လေးတွေ တောက်ပနေခဲ့တယ်..။
"ငါတို့ အိမ်ပြန်ဖို့ အတွက် လမ်းကို ရှာရမယ်..။ဒီအတွက် ဘာပဲလုပ်ရလုပ်ရ ...ငါတို့ လုပ်ရလိမ့်မယ်.."
သူမရဲ့စကားလုံးတွေက ..တာဝါထဲမှာ ပဲ့တင်ထပ်နေပြီး..နံရံပေါ်က အရိပ်တွေဟာလည်း အန္တရာယ်ကြီးစွာ ကခုန် နေသလိုတောင် ထင်မှတ်ရပါတယ်..။