လူများစွာ ပမာဏ ခွန်အား
Vol. 9 Ch. 130
#ဘာသာပြန် = စနိုးဝှိုက်
မနက်ခင်းမှာတော့ သူတို့ရဲဲတိုက် ဆီကို ထွက်ခွာလာခဲ့ကြတယ်..။
သူတို့ မထွက်ခွာခင်မှာတော့ အယ်ဖီက လုံခြုံရေးအတွက်..ညွှန်ကြားချက်တွေ တစ်သီတစ်တန်း ကြီး ပေးလာခဲ့ပါတယ်..။
"ငါ့ နောက်ကနေ ကပ်လိုက်..။ငါ ပြောတာမှန်သမျှ အကုန် နားထောင်..။အသံ ဆူဆူညံညံ မလုပ်နဲ့..။သွေးမထွက်စေနဲ့..။အများကြီး မတွေးနဲ့..။တစ်ချို့ သားရဲ တွေက နင်တို့ အတွေးလွန်နေတာကိုတောင် သိလောက်တဲ့ အထိ အာရုံခံစားမူ ပြင်းထန်ကြတယ်..။ဒီတော့ ..ကြောက်လန့်မူလည်း မခံစားရစေနဲ့.."
ဆန်နီ သူမကို ပြုံးပြီး ကြည့်နေခဲ့တယ်..။လူတစ်ယောက် ရဲ့ ခံစားချက်က ဘယ်လိုလုပ်ပြီး ထိန်းချုပ် လို့ ရနိုင်မှာလဲ..။
မုဆိုး မိန်းကလေးဟာ ပြန်ပြုံးပြလိုက်ပြီး..
"ဘာလဲ နင်က မိန်းကလေး တစ်ယောက် သဘောကျလာ အောင် ခေါင်းထဲမှာ တစ်ခါမှ မတွက်ချက်ဖူးဘူးလား..။ဒါက အတူတူပဲလေ..."
ဆန်နီ ရဲ့ ပါးတွေက နီရဲလာတဲ့ အချိန်ကျမှ သူမက ရယ်မောပြီး..ကတ်စီ နဲ့ နစ်ဖီ ကို ကြည့်လိုက်တယ်..။
"ပြန်ပြောပြမယ်..။နင်တို့နှစ်ယောက်..အရမ်းကြီး မကြောက်လန့်ကြနဲ့ ။ အရမ်း စိတ် မလှုပ်ရှားကြနဲ့..။တကယ်လို့ ငါ့နောက်က လိုက်တာ အရမ်းကြီး အဝေးမှာ ကျန်ခဲ့ရင် အရိုက်ခံရမယ်..ဟုတ်ပြီလား.."
ဆန်နီ အံကို ကြိတ်ပြီး ပြောလိုက်တယ်..။
"ဒါ...ဒါက ပြသနာ မရှိဘူး..."
အယ်ဖီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီးမှ ပြုံးလိုက်ပါတယ်..။
"အာ..အခုကတည်းက ကြိုးစားနေတာလား..ငါသိပြီငါသိပြီ ..."
ဘာလဲ...ဒါက ဘာကို ဆိုလိုတာလဲ..
ဆန်နီ သူ့ခံစားချက်ကို ထိန်းဖို့ကြိုးစားလိုက်ပြီး အသက်ပြင်းပြင်းရူ ပြီး နံပါတ် တစ်ဆယ်အထိ ရေတွက်လိုက်တယ်..။
'ငါ့ ဖင်ကြီးကို တွက်ချက်ပါလား..သူမက ကိုယ့်ကိုကို ဘာထင်နေတာလဲ..။ခနလေး..ငါက ဘာလို့ အမှတ်စဥ် ရေတွက်နေရတာလဲ...။
သူမ ညွှန်ကြားချက်တွေကို အားလုံးနားလည်အောင်သေချာ ပြောပြီးကာမှ မုဆိုး မိန်းကလေးဟာ တစ်ဖက်ကို လှည့်ပြီး ထွက်ပေါက်မှာ ပိတ်ထားတဲ့ ကျောက်ပြားကြီးကို လှိမ့်ကာ ဖယ်လိုက်ပါတယ်..။သူမရဲ့ ခန္တာကိုယ်မှာ ကြွက်သားတွေ အမြှောင်း အမြှောင်းလိုက် ပေါ်လာခဲ့တယ်..။
ဆန်နီ သူမကို ကြည့်ကာ တံတွေးမြိုချမိလိုက်ပါတယ်..။ဒီ ကျောက်တုံးရဲ့ အလေးချိန်က အနည်းဆုံး တန် အနည်းငယ်လောက်တော့ ရှိမှာပါ..။သူမက ဘယ်လောက်ထိတောင် သန်မာတာလဲ..။
သူ့ အကြည့်တွေကို သတိထားမိသွားတာကြောင့် အယ်ဖီ ဟာ..မျက်လုံးတစ်ဖက် ပြန်မှိတ်ပြလာခဲ့တာ..။
"နင် ကြည့်ရတာ အတော်ကြိုက်နေတာလား.."
သူ ချက်ချင်း မသိစိတ်က ပြန်ဖြေလိုက်မိပါတယ်..။
"ဟုတ်တယ်..အာ..ခနလေး မဟုတ်ဘူး။ငါ ဆိုလိုတာက ငါက အဲတာကြောင့် ကြည့်နေတာ မဟုတ်ဘူး..။နင်က ဘယ်လောက်တောက် သန်မာတာလဲ.."
သူမက ကျောက်ပြားကြီးကို တစ်ချက်ကြည့်ပြီးမှ သူ့ကို ပြန်ကြည့်လိုက်တယ်..။
"အိုး..အဲတာလား..။အဲတာက ငါ့ရဲ့ စွမ်းရည်လေ..။ဒါက သန်မာတဲ့ ခွန်အား တိုးမြင့်မူပဲ.."
ဒါက ရဖို့ အတော်လေး ခဲယဥ်းတဲ့ စွမ်းရည် မျိုးပဲ..။ဒါက တစ်ခြား စွမ်းရည်တွေလောက် မကောင်းရင်တောင် လက်တွေ့ကျတဲ့ စွမ်းရည်မျိုးပါ..။သူမက ခွန်အား တစ်ခုတည်းသာ မဟုတ်ပဲ..လျင်မြန်နှုန်း ၊ ခံနိုင်ရည် စွမ်းအားတွေပါ..တို့မြှင့်လာနိုင်ပုံ ရပါတယ်..။အယ်ဖီ က နစ်ဖီ တစ်ခုက ပြောခဲ့ဖူးတဲ့ ရှေးဟောင်း သူရဲကောင်းတွေလိုပါပဲ..။
ထပ်ပြောရရင် သူမက ဒီ နေရာမှာ နှစ်ပေါင်းများစွာ ကျင်လည်လာပြီးနောက်မှာ..အမြုတေတွေ အများကြီး စုပ်ယူထားပြီးလောက်ပါပြီ..။သူမ ရဲတိုက်ရဲ့ သခင် ကို မပေးချင်တဲ့ အမြုတေတွေက တစ်နေရာကိုတော့ သွားမှာ အသေအချာပါပဲ..။
ဒါပေမဲ့ သူမရဲ့ စွမ်းရည်က ဘာလဲ ဆိုတာကို ဘာလို့ လွယ်လွယ်ပြောလိုက်တာလဲ..။လျိုဝှက်ချက် တွေကို မျှဝေ တာက ဥာဏ်ကောင်းတဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး..။အထူးသဖြင့် ဒီလို ရက်စက်တဲ့ မေ့ပျောက် ကုန်းမြေကြီးမှာပါ..။
သူ့ရဲ့ အံ့ဩမူကို သတိထားမိတဲ့ အလား အယ်ဖီဟာ ပြုံးလိုက်တယ်..။
"ဘာလို့လဲ..။ထူးဆန်းတယ်လို့ ထင်နေတာလား..။ဒီနေရာမှာ မျက်လုံးနှစ်လုံး ပါတဲ့ လူတိုင်းက ငါ့ရဲ့ စွမ်းရည် ဘာလုပ်နိုင်လဲ ဆိုတာကို သိထားကြတယ်..။ငါ့ရဲ့ အားနည်းချက်ကိုရော ပြောပြပေးရဦးမလား.."
သူမရဲ့ မျက်လုံးထဲမှာ နောက်ပြောင်မူတွေကို မြင်တွေ့နေရပါတယ်..။
'ဟုတ်တယ်..ဘယ်သူက သူ့ရဲ့ လျိုဝှက်ချက်ကို ပြောပြနိုင်တဲ့ အထိ ရူးမိုက်မှာလဲ...'
"ဒါက ရိုးရှင်းပါတယ်..။ငါ့ရဲ့ စွမ်းရည်က ခွန်အားကိုတင် မဟုတ်ပဲ..ခန္တာကိုယ်ရဲ့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်း ပေးနိုင်စွမ်းရှိတယ်..။ငါက ဒီလောက် အသားတွေ အများကြီး စားသောက်နေတယ်လို့ ထင်လဲ..။အပျော် စားသောက် နေတယ် ထင်လို့လား.."
သူမ ရယ်မောပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။
"ကောင်းပြီ..မလိမ်ညာပဲပြောရရင် ဒါက ရယ်ဖို့တော့ ကောင်းတယ်.."
ဒီတော့..လူအများကြီး အရေအတွက် လောက် ခွန်အား ရရှိထားတဲ့ လူက လူတွေ အများကြီး စာလောက် ဆာလောင်တာပေါ့..။ဒီလို အစားအသောက် ရဖို့ ခက်တဲ့..အနက်ရောင်မြို့တော်ထဲမှာ ဒီလို အားနည်းချက် ပိုင်ဆိုင်ထားတာက အရမ်းကို အန္တရာယ် များပါတယ်..။ဒီအားနည်းချက်က အမဲလိုက်ဖို့ အတွက် တွန်းအားပေးနေတာကြောင့် တစ်ခြားလူတွေထက် အသက်သေဆုံးဖို့ အခွင့်အရေး ပိုမှာပါ..။
လူအများစုက ဒီအရာကို လှောင်ပြောင်နိုင်ကြပေမယ့် ဆန်နီကတော့ မတူပါဘူး..။ဆာလောင်တာ..အမှန်တကယ် ဆာလောင် နေတာက ဘယ်လို ခံစားချက်လဲ ဆိုတာကို သူ ကောင်းကောင်း သိထားပါတယ်..။
ဖြစ်နိုင်တာက အယ်ဖီက ဒါကြောင့်ပဲ..ဒီလို နေရာမှာ ရှိနေတဲ့ ပုံပါပဲ..။ဖြစ်နိုင်တာက သူမက မုဆိုး လုပ်နေရတာက လုပ်ချင်လို့ မဟုတ်ပဲ ရွေးချယ်စရာ မရှိလို့ပါ .။
'တစ်ခြား ဘယ်လို အရာတွေကို လူတွေက လိုအပ်သေးလို့လဲ'
ဆန်နီ အနည်းငယ် စိတ်ရှုတ်ထွေးစွာ ပြောလိုက်တယ်..။
'လေထု..ရေ နဲ့ တစ်ခြား...အာ....'
"ဟေး..ငါ စိတ်မလှုပ်ရှားဖို့ ပြောထားတယ်လေ.."
ဆန်နီ ထိပ်လန့်သွားပြီး သူ့ကို ပြုံးကာ ကြည့်နေတဲ့ အယ်ဖီ ကို ပြန်ကြည့်လိုက်ပါတယ်..။သူ ရှက်ရွံ့စွာပဲ ဒေါသတကြီး အံကို ကြိတ်ထားလိုက်တယ်..။
'ကိုယ့်ကိုကို ဂုဏ်ယူမနေနဲ့ ရှည်ကြီး '
သို့ပေမယ် နစ်ဖီ နဲ့ ကတ်စီ တို့ဘေးနားမှာ သဘောကျစွာ ကြည့်နေတာကို မြင်တဲ့ အချိန်မှာတော့ သူ့ရဲ့ ဒေါသထွက်မူ တွေ မရှိတော့ပါဘူး..။ဒီ အတွေ့အကြုံရှိတဲ့ မုဆိုးမိန်းကလေး က ..သူ့ကို မကောင်းတဲ့ စိတ်မရှိပဲ ..ဒီတိုင်း နောက်ပြောင်နေတာမှန်း သူ ချက်ချင်းနားလည်လိုက်ပါတယ်..။
ဖြစ်နိုင်တာက သူမက သူတို့ကို ခံစားချက်တွေ ပေါ့ပါးအောင် လုပ်ပေးနေတဲ့ ပုံပါပဲ..။
အဲ့အချိန်မှာပဲ အယ်ဖီဟာ ပြုံးလိုက်တယ်..။
"ဘာလဲ..။ပြန်မပြောတော့ဘူးလား.."
ဆန်နီ သူမကို စိုက်ကြည့်ပြီး ပြောလိုက်တယ်..။
"ငါ့ကို စိတ်ပျံ့လွင့်အောင် မလုပ်နဲ့.."
ယင်းနောက် သူက..သူ့ရဲ့ အတွေးတွေကို အားတင်းပြီး ပြောင်းကာ..ထပ်ပေါင်းပြောလိုက်ပါတယ်..။
"ငါက တစ်ခုခုကို အဖြေထုတ်နေတာ.."
***
တစ်မိနစ်လောက် ကြာပြီးတဲ့ နောက်မှာတော့ သူတို့က တာဝါထဲကနေ ထွက်လာခဲ့ပြီး အနက်ရောင်မြို့ထဲက လမ်းကြားတွေပေါ်ကို ရောက်နေခဲ့ပါပြီ..။
အယ်ဖီ ဟာ သူမရဲ့ ချပ်ဝတ်အင်္ကျီကနေ ခေါင်းစွပ်တစ်ခု ဖန်တီးကာ ဝတ်လိုက်တယ်..။သူမရဲ့ နောက်ကျောမှာတော့ အိတ်တစ်အိတ်ကို လွယ်ထားပြီး အထဲမှာ သူမ အမဲလိုက်ထားတဲ့ အသားတွေ ၊ အရိုးတွေ ပါဝင်နေခဲ့ပါတယ်..။ဒီ အိတ်က အပြင်မှာ မြင်နေရတာထက် အထဲမှာ ပိုပြီး ကျယ်လိမ့်မယ် ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။မဟုတ်ရင် အယ်ဖီ သတ်ခဲ့တာတွေ အားလုံးကို ထည့်ဖို့ အိတ်ထဲမှာ ဆန့်မှာမဟုတ်ပါဘူး..။သိူ့ပေမယ့် သူမလွယ်ထားတဲ့ အိတ်က အတော်လေး လေးနေဦးမှာပါ..။
သူမရဲ့ ချပ်ဝတ်အကာအကွယ် ၊ ဓားရှည် နဲ့ အနက်ရောင် ဧပရွန် တို့ပြီး ရဲ့ ဒီအရာက မုဆိုး မိန်းကလေး အသုံးပြုလိုက်တဲ့ စတုတ္ထမြောက် မှတ်သားမူ ဆိုတာကို သူ သတိထားမိပါတယ်..။သူမ မှာ မှတ်သားမူ တွေ ဘယ်လောက် ကျန်သေးလဲ ဆ်ိုတာကိုတောင် သူ သိချင်မိပါသေးတယ်..။
သူ အခုထိ အယ်ဖီ သုံးတဲ့ လက်နက်ကို မမြင်ရသေးပါဘူး..။
မနက်ခင်း အာရုံတက် နေထွက်ချိန်မှာတော့..သူတို့ဟာ ကျိန်စာသင့် အပျက်အဆီးတွေ ကြားထဲကို ရောက်နေခဲ့ပါပြီ..။