လမ်းကြောင်း၏ အဆုံးသတ်
Vol. 9 Ch. 132
#ဘာသာပြန် = စနိုးဝှိုက်
ကျိန်စာသင့်မြို့တော် ရဲ့ အလယ်ဗဟိုမှာတော့ တောင်ကုန်းလေး တစ်ခု ရှိနေခဲ့တယ်..။သူ့ရဲ့ အောက်ဘက်မှာတော့..မာဗယ် ကျောက်တုံးလေးတွေနဲ့ ပြုလုပ်ထားတဲ့ တံတားလေး တစ်ခု ရှိနေခဲ့ပါတယ်..။သူ့ရဲ့ ရှေ့မှာတော့..အဖြူရောင် ကျောက်တုန်းတွေနဲ့ ခင်းထားတဲ့ ကျယ်ပြန့်တဲ့ လမ်းလေးတစ်ခုကို တွေ့နေရပါပြီ..။
ဆန်နီ တံတားကို ဖြတ်သန်းနေရင်းနဲ့ အတိတ်တုန်းက ဒီနေရာမှာ လူတွေဖြတ်သန်းသွားလာကြပုံကို ပြန်မြင်ယောင်လိုက်မိတယ်..။ဆန်းကျယ်တဲ့ ကပ်ဆ်ိုး မရောက်လာခင်..ရှေ့ခေတ်လူတွေရဲ့ လူနေမူကို ပြန်တွေးကြည့်ရတာက နည်းနည်းတော့ ဝမ်းနည်းဖို့ကောင်းတာ အမှန်ပါပဲ..။
နောက်ကို တောင် မလှည့်ကြည့်ပဲ အယ်ဖီဟာ ပြောလိုက်တယ်..။
"ဒီအပျက်အဆီးတွေထဲမှာ အကြောင်းပြချက်တစ်ချို့ကြောင့် အိပ်မက်ဆိုးသားရဲတွေ မလာကြတဲ့ နေရာတွေ ရှိတယ်..။ရဲတိုက်က အဲဒီနေရာတွေထဲက တစ်ခုပဲ..။ရဲတိုက်ကို ပထမဆုံး လူတွေရောက်လာတော့ ရဲတိုက်ထဲမှာ..ဆူးချွန် တမန် တစ်ကောင်တည်းပဲ ရှိတယ်လေ..။အဲ့အရူးတွေက တကယ်ပဲ သတ်နိုင်ခဲ့တာ.."
နစ်ဖီ သူမကို ကြည့်လိုက်ပြီး..
"ဆူးချွန် တမန် လား..."
မုဆိုး မိန်းကလေးဟာ ရယ်မောလိုက်ပြီး..
"အနက်ရောင် လည်သာနဲ့ ရုပ်ဆိုးဆိုး ခွေးသားလေ..။နင်တို့ ဝင်္ကပါ ထဲမှာ တွေ့ရင် တွေ့ခဲ့မှာပေါ့..။သူတို့က အဲဒီကနေ လာကြတာ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့် တွေဝေ သွားခဲ့တယ်..။
"သူတို့ရဲ့ အဆင့် နဲ့ အမျိုးအစားက ဘာလဲ.."
အယ်ဖီ ခနလောက် တွေးတော လိုက်တယ်..။
"ကျရှုံးမူ အဆင့်..။ဒါကြောင့် အဲ့ငနဲ တွေက ရူးနေကြတယ်လို့ ပြောတာပေါ့..။ဒါပေမဲ့ သူတို့က အတော်သန်မာကြတယ်..."
သူမ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ထပ်ပြောလိုက်ပါတယ်..။
"သူကို သတ်ဖို့ဆိုရင် အတော်လေးကို ပေးဆပ်လိုက်ကြရမှာပဲ.. "
သူတို့ရဲ့ နောက်ဆုံးစကားက ခံစားချက်သိပ်မကောင်းတာကြောင့် စကားမပြောပဲနဲ့သာ လမ်းလျောက်လိုက်ကြတယ်..။ကျောက်တုံးလမ်းက တောင်ကုန်း ပတ်လည်မှာ ရစ်ပတ်နေတာကြောင့် ဖြည်းညှင်းစွာပဲတက်နေကြရပါတယ်။တစ်လမ်းလုံးကတော့ ဘာမှ ရှိမနေခဲ့ပါဘူး..။
ဆန်နီ..ကျောက်တုံး အတားအဆီးတွေထဲက တစ်ခုကို ညွှန်ပြပြီး မေးလိုက်တယ်..။
"ဘာလို့ အစောင့်အကြပ်တွေ မရှိရတာလဲ.."
အယ်ဖီ ပုခုံးတွန့်လိုက်တယ်..။
"ဂန်လောင်..မှာက ရဲတိုက်ထဲမှာထားဖို့တောင် လူက မလောက်် မငှပဲ ရှိတာလေ..။သူတို့က တောင်ကုန်းနားကို ကပ်လာတဲ့လူတိုင်းကို သတိထားမိလိမ့်မယ်..။မြို့တစ်ခုလုံးကို တောင်ကုန်းပေါ်ကနေ ရှင်းရှင်းလင်းလင်း မြင်နေရတယ်..။သူတို့က အခုတောင် ငါတို့ကို စောင့်ကြည့်နေကြလောက်ပြီ.."
ဆန်နီ..ကတော့ တစ်စုံတစ်ယောက်ရဲ့ စောင့်ကြည့်တာကို ခံနေရတာကို သဘောမကျပါဘူး..။
..ရစ်ပတ်နေတဲ့ ကျောက်တုံးလှေကားကို အချိန်အကြာကြီး တက်ပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ တောင်ရဲ့ အမြင့်ဆုံးနေရာကို ရောက်လာခဲ့ပြီး လှပတဲ့ ရဲတိုက်ကြီးကို မြင်လာခဲ့ရပါတယ်..။
အနီးကပ်ကြည့်တဲ့ အချိန်ကျမှ ဒီရဲတိုကိကြီးက အတော်ကြီးကို လှပနေခဲ့တာပါ..။
ရဲတိုက်ကို တောင်အောက်မှာရှိနေတဲ့ တံတားလေးရဲ့ ကျောက်တုံး ပုံစံ မျိုးတွေနဲ့ တည်ဆောက်ထားပြီး ကောင်းကင်အပေါ်ထိအောင် မြင့်မားနေခဲ့ပါတယ်..။
ရဲတိုက်ကြီးရဲ့ ဘေးဖက် နှစ်ခုမှာတော့ နောက်ထပ် တာဝါ အသေးနှစ်ခု ရှိနေပါသေးတယ်..။သူတို့ရဲ့ နောက်မှာတော့..နောက်ထပ် တာဝါ တစ်ခု ထပ်ရှိနေပြီး..ကြက်သွေးရောင် ရဲတိုက်ကြီးရဲ့ မြင့်မားမူကိုတောင် စိန်ခေါ်နေသယောင် ရှိပါတယ်..။
သေးငယ်တဲ့ တာဝါတွေ ကတော့ ဟိုဟိုဒီဒီ ရှုပ်ထွေးစွာ ရှိနေခဲ့ပါသေးတယ်..။
ရဲတိုက်ကြီးတစ်ခုလုံးရဲ့ တည်ဆောက်ထားပုံက အတော်လေးကို လှပတာပါ..။ဒါက လူသားတွေ တည်ဆောက်ထားတာနဲ့ မတူပဲ နတ်ဘုရားတွေ တည်ဆောက်ထားသလားလို့တောင် ထင်မှတ်ရပါတယ်။
ရုပ်ဆိုး အကျည်းတန် ဖြစ်နေတဲ့ တစ်ခုတည်းသော အရာက..ဝင်ပေါက်ဝမှာ ချိတ်ဆွဲထားတဲ့ လူ ခေါင်းတွေပါပဲ..။
သူ ခေါင်းကို ငုံ့ကြည့်လိုက်တဲ့ အခါမှ ကျောက်တုံး လမ်းတွေမှာ ရှိနေတဲ့ ဒါဇင်နဲ့ ချီတဲ့ လက်လုပ် တဲစုတ်လေးတွေကို သတိထားမိလိုက်တယ်..။သူတို့က သစ်သား အပိုင်းအစ တွေ ၊ ကျောက်တုံးအပိုင်းအစတွေနဲ့တည်ဆောက်ထားခဲ့ကြတာပါ..။
ထူးဆန်းစွာပဲ သူနဲ့ ရင်းနှီးသလို အနံ့အသက်တွေက နှာခေါင်းထဲကို ဝင်လာခဲ့တယ်..။ဒီအခြေအနေ တွေက မြို့ပြင်မှာ သူနေခဲ့ရတဲ့ ဘဝနဲ့ အတော်လေးကို တူနေခဲ့တာပါ..။
ဆန်နီ အကူညီမဲ့စွာပဲ..ပြုံးလိုက်မိတယ်..။
' ငါ အိမ်ပြန်ရောက် နေတာလား..'
တဲ့စုတ်လေးတွေ ထဲမှာတော့..ညစ်ပတ်တဲ့ အဝတ်အစားတွေပို ဝတ်ဆင်ထားကြတဲ့ လူတွေ ရှိနေခဲပတယ်..။သူတို့အများစုက အတော်ငယ်ရွယ်ကြပြီး ဆန်နီ ထက်ကြီးတဲ့လူတောင် ရှားပါးမှာပါ..။သူတို့ရဲ့ ပင်ပန်းမူတွေ ၊ စိတ်ပျက်မူတွေကို ဒီနေရာက ရပ်နေရင်းတောင် သူ အနံ့တွေ ရနေပါသေးတယ်..။
ဆန်နီ ရယ်ချင်သွားခဲ့တယ်..။
အိပ်မက်ဆိုး စတင်ပြီးကတည်းကနေ အခြေအနေတွေ ဖြတ်သန်းပြီးနောက်မှာ သူက နေရာမှန်ကို တစ်ပတ်လည်ပြီး ပြန်ရောက်လာခဲ့ပါပြီ..။
ဒါက တကယ်ကိုဟာသ မဟုတ်ဘူးလား..
ဒါကသာ ကံတရား မဟုတ်ရင် ဘယ်လိုအရာမျိုးလဲ ဆိုတာကိုတောင် သူမသိတော့ပေ..။
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ရဲ့ အသံက သူ့ရဲ့ အတွေးတွေကို လှုပ်နှိုးလိုက်တယ်..။
"ဆန်နီ ၊ အဆင်ပြေရဲ့လား.."
သူ အကြိမ်အနည်းငယ် မျက်တောင် ခတ်ပြီးကာမှ သူမဘက်ကို လှည့်ကာ ပြောလိုက်တယ်..။
"ပြေပါတယ်..ငါက တစ်ခုခုကို တွေးမိသွားလို့ "
သူ့ရဲ့ အသံက ထူးဆန်းနေတာကြောင့်လားတော့ မသိပေမယ့် သူမကတော့ သူ့ကို အတော်ကြာအောင် ကြည့်ပြီးမှ ခေါင်းညိမ့်ပြပြီး အကြည့်လွှဲသွားခဲ့ပါတယ်..။
"ကောင်းတယ်..အခုထိ စိတ်မလွတ်ချထားနဲ့ဦး "
ယင်းနောက် သူမ အယ်ဖီ ဆီကို လှည့်ပြီးမေးလိုက်တယ်..။
"ငါတို့ အခု ဘာလုပ်ကြမလဲ "
မုဆိုး မိန်းကလေးဟာ ပတ်ဝန်းကျင်ကို ကြည့်ပြီး ပုခုံးတွန့်လိုက်တယ်..။
"မကြာခင် မှောင်လာတော့မှာဆိုတော့ နင်တို့ကို အကာအကွယ် အရင်ရှာဖို့ အကြံပေးချင်တယ်..။လူလွတ်နေတဲ့ တဲအိမ်တွေကို ရှာကြ..။ဒီမှာက လူတွေ မကြာခနသေနေတာဆိုတော့ နေရာလွတ်တွေလည်း များတယ်။မဟုတ်ရင်တော့ မင်းတို့ထဲက နှစ်ယောက်က ကျသင့်ငွေ ပေးပြီး ရဲတိုက်ထဲကိုဝင်ပေါ့..။ဒါပေမဲ့ တတိယ တစ်ယောက်ကတော့ ကျန်ခဲ့ရလိမ့်မယ် "
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက် စဥ်းစားပြီးမှ ပြောလိုက်တယ်..။
"နင် ကရော..."
အယ်ဖီ ပြုံးလိုက်ပြီး..
"ငါလား...ငါ့အတွက်က ဇိမ်ကျတဲ့ အိပ်ယာနဲ့ တဲအိမ်တစ်ခု ရှိနေပြီးသား..။ပြောရရင် ဒီနေရာမှာ တည်ဆောက်ထားတဲ့အထဲမှာ အလှဆုံးပဲ..။ဘာပဲဖြစ်ဖြစ်ပါ ငါ အိမ်ကို ပြန်ပြီး ညစာကို ပြင်ဆင်တော့မယ်..။ဒီ ရက်ပိုင်းတွေထဲမှာ ငါအတော်လေး ပင်ပန်းခဲ့ရတယ်..။စိတ်မကောင်းပါဘူး..ငါက ဧည့်သည် တော့ လက်မခံဘူး..."
နစ်ဖီ သူမကို စိုက်ကြည့်နေခဲ့ပြီး တစ်ခုခု ထပ်ပြောချင်ပေမယ့် ပုံမှန်အတိုင်းပဲ ခေါင်းညိမ့်လိုက်ပါတယ်..။
" သိပါပြီ..။ငါတို့အတွက် လုပ်ပေးခဲ့တာတွေ အတွက် ကျေးဇူးပါ..။ငါ ဒါကို မမေ့ပါဘူး..။
အယ်ဖီ သူမ ပုခုံးကို ပြုံးကာ ပုတ်လိုက်ပြီးမှ ဆန်နီနဲ့ကတ်စီဘက်ကို လှည့်ကာ
"နှုတ်ဆက်ပါတယ် ကောင်လေးတို့..။မကြာခင် ပြန်တွေ့ကြမယ်.."
ဒီလို ပြောပြီးတာနဲ့ သူ လေချွန်ကာ လျောက်သွားခဲ့ပါတယ်..။
သူတို့ သုံးယောက်ကတော့ ရုတ်တရက် အထီးကျန်သလို ခံစားလိုက်ရတယ်..။အပြင်ဘက်မှာနေကြတဲ့လူတွေကတော့ သူတို့ကို တစ်ခါတစ်ရံကြည့်ရုံက လွဲပြီး သိပ်ဂရုမစိုက်ကြပေ..။ကတ်စီ ရဲ့ အလှအပကြောင့်သာ..တစ်ချို့ အကြည့်တွေကို ရင်ဆိုင်နေကြရတာပါ..။
မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးကာမှ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ကျောက်တုံးသားရဲဆီက ရခဲ့တဲ့ အမြုတေ နှစ်ခုကို တွေဝေစွာ ထုတ်ယူလိုက်ပါတယ်..။
အခုတော့ သူတို့ ဆုံးဖြတ်ဖို့အချိန်ရောက်ပါပြီ..။