← Chapters

လမ်းခွဲမူ

Vol. 9 Ch. 133

လမ်းခွဲမူ

Vol. 9 Ch. 133

#ဘာသာပြန် = စနိုးဝှိုက်

နစ်ဖီဟာ..တောက်ပတဲ့ အမြုတေတွေကို ကိုင်ထားရင်း သူတို့ကို လေးလံတဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။ဆန်နီကလည်း..အတွေးပေါင်းများစွာနဲ့ အမြုတေကို စိုက်ကြည့်နေခဲ့ပါတယ်..။

သူတို့ပတ်ဝန်းကျင်က လူတွေကတော့ တဖြည်းဖြည်းနဲ့ မှောင်လာပြီဖြစ်တာကြောင့်..သူတို့ရဲ့ တဲအိမ်ထဲတွေကို အလျင်အမြန် ဝင်သွားနေခဲ့ကြတယ်..။နေက ရဲတိုက်ကြီး ရဲ့ အနောက်ကို ရောက်သွားပြီး ကြီးမားတဲ့ အရိပ်ကြီးကို ဖန်တီးထားခဲ့တယ်..။လေထုကတော့ ထိပ်လန့်မူတွေ ၊ စိုးရိမ်မူတွေ အပြည့်ပါပဲ..။

သူ ပြောလိုက်တယ်..။

"နင် ဘာတွေ တွေးနေတာလဲ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က သက်ပြင်းချပြီး ကြည့်လိုက်တယ်..။သူမရဲ့ မျက်နှာကတော့ အတွေးတွေ များနေသလိုပါပဲ..။သူမ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ တည်ငြိမ်တဲ့လေသံနဲ့သာ ပြောလိုက်ပါတယ်..။

"ငါတို့ ဒါကို ခွဲကြဖို့လိုတယ်.."

ဆန်နီ မတတ်နိုင်စွာပဲ ရယ်မောလိုက်တယ်..။

"ဒီလို အခြေအနေမှာ ဝေစုခွဲကြရင် ပုံမှန်အားဖြင့် ဘယ်လိုတွေဖြစ်တတ်လဲ ဆိုတာ သိတယ်မလား.."

သူမက သူ့ကို ပုံမှန်အတိုင်းပဲ ကြည့်ကာ ပြောလိုက်တယ်..။

"ဒါက ဒရမ်မာ ရိုက်နေတာ မဟုတ်ဘူး ဆန်နီ။ငါတို့ထဲက နှစ်ယောက်အတွက် တစ်ပတ်စာ အစားအသောက်နဲ့ အကာအကွယ် ရဖို့ အခွင့်အရေး ရှိနေပြီ..။ငါတို့ ဒီအခွင့်အရေးကို ကျော်သွားစရာ အကြောင်းမရှိဘူး.."

ကတ်စီ ..သူမဘက်ကို လှည့်ပြီး စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်..။

"ဒါပေမဲ့..ဒါပေမဲ့ တတိယတစ်ယောက်ကရော.."

သူတို့ကြားထဲမှာ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်..။ဆန်နီဟာ....မျက်မမြင်မိန်းကလေး ၊ နစ်ဖီ ...ပြီးတော့ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပါတယ်..။သူတို့ ထဲက ဘယ်သူကများ အေးစိမ့်ပြီး ဆာလောင်တဲ့ ဒဏ်ကို ခံရမှာလဲ..။ကျန်တဲ့နှစ်ယောက်ကတော့ ရဲတိုက်ထဲမှာ သက်သောင့်သက်သာ နေနေရမှာပါ..။

'ငါက လာတွေများ မျှော်လင့်နိုင်သေးလို့လဲ.."

သူတို့ လူသားတွေ နေထိုင်တဲ့နေရာကို ရောက်လာတာက အခုဆိုရင် ဆယ်မိနစ်လောက်ပဲ ရှိနေပါသေးတယ်..။သူတို့ရဲ့ အချိန်ကြာအောင် အတူရှိနေခဲ့တာတွေက အခုဆိုရင် လမ်းဆုံးကို ရောက်လာခဲ့ပါပြီ..။

သူ ထင်ထားသလိုပဲ...ဒီကမ္ဘာကြီးမှာ သူတို့သုံးယောက်ထဲ ရှငိသန်နေတာ မဟုတ်တဲ့အချိန်မှာတော့..သူတို့ကြားထဲက ဆက်ဆံရေးက ပြောင်းလဲသွားတော့မှာပါ..။သူတို့ရဲ့ အကူညီ မပါပဲ..တစ်ယောက်တည်း ရှင်သန်ဖို့ သန်မာနေပြီလား..။ဒါတော့ သူ သေချာမသိပါဘူး..။

သူ့ဘဝ တစ်လျောက်လုံးမှာ ဆန်နီက ဘယ်အဖွဲ့အစည်းနဲ့မှ ကြာကြာမနေခဲ့ဖူးပေ..။ဒီတစ်ကြိမ်လည်း ဘယ်လိုဖြစ်လာမလဲ သူ မသိသေးပါဘူး..။

သူ့ရဲ့ မလုံခြုံမူတွေကို စိတ်ပူပန်နေတုန်းမှာပဲ..နစ်ဖီဟာ အမြုတေတွေကို သူ့ဆီ ကမ်းပေးလာခဲ့တယ်..။

"ရော့...ကတ်စီကို အထဲခေါ်သွားလိုက်.."

သူ သူမရဲ့လက်ထဲက အမြုတေတွေကို ကြည့်နေခဲ့တယ်..။

သူ့ နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ ပွင့်ထွက်လာခဲ့ပါတယ်..။ဒါက အံ့ဩမူ ၊ ပျော်ရွှင်မူ ၊ စိတ်ပူပန်မူတွေပါ...။သို့ပေမယ့် တစ်ချိန်တည်း မှာပဲ ရှက်ရွံ့မူ နဲ့ မျက်နှာပူမူ တွေကို ခံစားနေခဲ့ရတယ်..။ဒီ ခံစားချက် တွေကို သူ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ မသိတော့တာကြောင့် သူ မေးလိုက်တယ်..။

"ဘာလို့ ငါ လဲ..."

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ မျက်ခုံး ပင့်တင်လိုက်တယ်..။ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး ပြုံးကာ ထပ်ပြောလိုက်ပါတယ်..။

"အထင်မမှား နဲ့ဦး..ငါက ငြင်းနေတာမဟုတ်ဘူး..။ဒီတိုင်း နင်ဘာလို့ ရုတ်တရက်ကြီး ကြင်နာနေရတာလဲ ဆိုတာကို သိချင်တာ..။ဒါက သူတော်ကောင်းတရားကို ကျင့်သုံးနေတာ မဟုတ်ဘူးလား.."

နစ်ဖီ သူ့ကို အတော်ကြာအောင်ကြည့်ပြီး မတူညီစွာ ပြောလိုက်တယ်..။

"ငါက ဘယ်တော့မှ သူတော်ကောင်းမလုပ်ဘူး..။ဘယ်တော့မှ မကြင်နာဘူး.."

သူမျကိတောင် ခတ်ပြီး..နစ်ဖီ အိပ်ပျော်မနေတာ သေချာလားလို့ ဆိတ်ဆွဲ စမ်းသပ်ချင်စိတ်တွေကို မနည်းထိန်းထားရပါတယ်..။သူမသာ သူတော်ကောင်း မဟုတ်ဘူးဆိုရင် ဘယ်သူက ဖြစ်နိုင်ဦးမှာလဲ..။

အဲ့အချိန်မှာပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ပုခုံးတွန့်ပြီး အဝေးကို ကြည့်ကာ ပြောလိုက်ပါတယ်..။

"ဒါက အကောင်းဆုံးရွေးချယ်မူပဲ..။အခုချိန်မှာ ငါတို့က အချက်အလက်တွေကို လိုအပ်နေတယ်..။နင့်ရဲ့ အရိပ်နဲ့ဆိုရင် နင်က ရဲတိုက်ထဲက အခြေအနေတွေကို ငါ့ထက် ပိုပြီး လေ့လာနိုင်မှာပဲ..။နင် အထဲမှာ အချက်အလက်တွေ စုဆောင်းနေတုန်း ငါလည်း ဒီမှာ အဲလို လုပ်နေမယ်..။တစ်ပတ်ကြာရင် ငါတို့ ပြန်ဆုံပြီး ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်ကြမယ်.."

ဆန်နီ ..သူမကို စိုက်ကြည့်နေခဲ့တယ်..။သူ နောက်တစ်ခါ ထပ်ပြီး ထူးဆန်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။သူမရဲ့ စိတ်ကူးစိတ်သန်း ညံ့ဖျင်းတာကြောင့် သူ နာကျင်သလိုတောင် ခံစားလိုက်ရတယ်..။

သို့ပေမယ့် သူမ ပြောတဲ့ စကားလုံးတွေကို ပြန်တွေးကြည့်ရင် သူတို့ ရှေ့ဆက်ပြီး အတူတူ အလုပ်လုပ်ကြမယ် ဆိုတာ ပါဝင်ပါတယ်..။အကြောင်းပြချက် တစ်ချို့ကြောင့် ဒီ အသေးအဖွဲလေးက သူ့ကို နွေးထွေးစေသလို ခံစားလိုက်ရတယ်..။

နစ်ဖီ သူ့ကို ကြည့်ပြီး ထပ်ပြောလိုက်တယ်..။

"ထပ်ပြောရရင် ငါတို့ရဲ့ အပေးအယူကလည်း အဆုံးသတ်သွားပြီလေ..။နင်က ရဲတိုက်ကိုလာတဲ့ လမ်းတစ်လျောက်လုံး နင့်ရဲ့ ဝေစုကို မယူဘူးလို့ ပြောထားတယ်လေ..။ကောင်းပြီ အခုက ရဲတိုက်ကို ရောက်နေပြီ..။ကျောက်တုံး သားရဲကို နင်သတ်လိုက်တာဆိုတော့ ဒီအမြုတေက နင်ပိုင်ဆိုင်တဲ့ အရာပဲ.."

' အပေးအယူလား...ဘာအပေးအယူလဲ "

အိုး ..ဟုတ်သားပဲ..သူက လမ်းတစ်လျောက်လုံး ဝေစုကို မယူပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့် ဆီက ဓားပညာကို သင်ယူဖို့ ကမ်းလှမ်းခဲ့တာပါ..။သူ ဒါကို မေ့သလိုတောင် ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် သူမကတော့ မမေ့ခဲ့ပေ..။

အခု ဆန်နီ ဒီအရာက ပြီးဆုံးသွားပြီ ဆိုတာကို သတိထားမိပြီး နောင်တရသလိုတောင် ခံစားလိုက်ရတယ်..။ဒါက သူတို့ကို ဆက်သွယ်ပေးထားတဲ့ ကြိုးအနည်းငယ် ကပြတ်တောက်သွားသလိုပါပဲ..။

သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး အမြုတေကို ယူကာ..တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တယ်..။​ြ

"ကောင်းပြီလေ ဒါဆိုလည်း..ငါတို့ တစ်ပတ်နေရင် ပြန်တွေ့ကြမယ်.."

ဆန်နီ တစ်ခုခု ထပ်ပြောလို့ ဆန္ဒရှိပေမယ့်လည်း..ဒီတိုင်းသာ တစ်ဖက်ကိုလှည့်သွားလိုက်တယ်..။ပြီးတာနဲ့ သူ မိန်းကလေးတွေကို သီးသန့် နှုတ်ဆက်စကား ပြောဖို့ အချိန်ပေးထားလိုက်ပါတယ်..။

မကြာခငိမှာပဲ ကတ်စီ ရဲ့ နူးညံ့တဲ့ လက်က သူ့ရဲ့ ပုခုံးပေါ်ကို ရောက်လာခဲ့တယ်..။

ဆန်နီ မျက်မမြင်မိန်းကလေးကို ကြည့်ကာ မေးလိုက်ပါတယ်..။

"အဆင်သင့်ဖြစ်ပြီလား.."

သူမ တွေဝေနေပြီးကာမှ..ဝမ်းနည်းတဲ့ အရိပ်အယောင်တွေနဲ့ ပြန်ဖြေလိုက်တယ်..။

"အင်း.."

ဒီလို ပြောပြီးတာနဲ့ သူတို့နှစ်ယောက်ဟာ..အမှောင်ထုကို ကျောခိုင်းပြီး ရဲတိုက်ဆီကို ဦးတည်သွားလိုက်ကြပါတယ်..။

***

မျက်မမြင်မိန်းကလေးကို လှမ်းပြရင်း ဆန်နီဟာ ရဲတိုက်ရဲ့ လှေကားတွေကို တက်နေခဲ့တယ်..။ဒီနေရာမှာတော့. .ဘာမှ မရှိပဲ လေတွေပဲ တိုက်ခတ်နေခဲ့ပါတယ်..။ကြည့်ရတာတော့..လူမိုက်တွေက တဲအိမ်တွေကို ရဲတိုက် နဲ့ အရမ်းကပ်ပြီး ..ဆောက်ဖို့ ခွင့်မပြုပေးထားတဲ့ ပုံပါပဲ..။

"ဂရုစိုက်..ရှေ့မှာ..လှေကားရှိတယ်.."

ကတ်စီကို သတိပေးပြီးတာနဲ့..သူ့စိတ်ထဲမှာ အေးစက်သွားသလို ခံစားလိုက်ရတယ်..။အကြောင်းပြချက်တစ်ချို့ကြောင့် သူ လှေကားပေါ်တက်ပြီးတာနဲ့..နောက်ပြန်လှည့်လို့ မရသလိုတောင် ခံစားလိုက်ရပါတယ်..။

မကြာခင်မှာပဲ သူတို့က ရဲတိုက်အရှေ့မှာ ရှိနေတဲ့

မရင်းနှီးတဲ့ အစောင့်အကြပ်တွေ အနားကို ရောက်လာခဲ့ကြပါပြီ..။

လူငယ် နှစ်ယောက်စလုံးက အကာအကွယ် မှတ်သားမူ တွေကို ဝတ်ဆင်ထားကြပြီး လက်နက်တွေကို ကိုင်ဆွဲထားကြပါတယ်..။ဒါက ရဲတိုက်နားကို ကပ်ပြီး သူတို့ရဲ့ စိတ်ရှည်မူကို မစမ်းသပ်ဖို့ သတိပေးနေသလိုပါပဲ..။သူတို့က အထင်သေးမူတွေကိုတောင် မဖုံးကွယ်ထားပဲ ဆန်နီ ကို ကြည့်နေခဲ့ကြတယ်...။

"မင်း ဘာလိုချင်လို့လဲ ..ကြွက်ကလေး.."

ဆန်နီ ခနလောက်တွေဝေပြီးကာမှ ..အမြုတေ နှစ်ခုကို ထုတ်ပြလိုက်တယ်..။

အစောင့်တစ်ယောက်က အမြုတေကို ကြည့်ပြီး ပြုံးလိုက်ပါတယ်..။

"ကောငိးပြီ..မင်းဘာလုပ်နေတာလဲ..။ကြွက်လေးက ငါတို့အတွက် လက်ဆောင်ယူလာတယ်လေ.."

ရယ်မောလိုက်ပြီး သူက အမြုတေကို လှမ်းယူလိုက်ပါတယ်..။

"လာ အထဲကိုဝင်..။အထဲမှာ မင်း တစ်စုံတစ်ယောက်ကို တွေ့လိမ့်မယ်.."

ဒီ အစောင့်အကြပ်တွေကို သတ်ဖြတ်ချင်စိတ်တွေကို ထိန်းထားရင်း ဆန်နီ အားတင်းပြုံးကာ အထဲကို လျောက်ဝင်သွားခဲ့တယ်..။

ယင်းနောက်..အထဲကို ဝင်သွားတဲ့ အချိန်မှာတော့ ဝင်ပေါက်မှာ ချိတ်ဆွဲထားတဲ့ လူသား ခေါင်းတွေကို တွေ့လိုက်ရပါတယ်..။ဆန်နီ သက်ပြင်းချလိုက်ပြီး ကတ်စီကိုသာ အထဲကို ခေါ်သွားလိုက်တယ်..။

All Chapters