တောက်ပတဲ့ ရဲတိုက်
Vol. 9 Ch. 134
#ဘာသာပြန် = စနိုးဝှိုက်
သူတို့ ဂိတ်ပေါက်ဝကို ဖြတ်လျောက်သွားတာနဲ့..သူတို့ရဲ့ ရှေ့မှာ ခန်းမကြီး တစ်ခုကို တွေ့လိုက်ရတယ်..။ထူးဆန်းတဲ့ အသံတွေကြောင့် ဆန်နီအပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့ မျက်နှာကျတ်နားမှာ ဖန်သားတွေ နဲ့ ပြုလုပ်ထားတဲ့ ပြတင်းပေါက်တွေကို တွေ့လိုက်ရပါတယ်..။နေ့ဘက်အချိန်မှာဆိုရင်..နေကလာတဲ့ အလင်းရောင်နဲ့ ဒါက အတော်လှပနေမှာပါ..။
လတ်တလောမှာတော့ အမျိုးသမီး တစ်ချို့က တံခါး တစ်ချပ်ပြီး တစ်ချပ်ကို လိုက်ပိတ်နေခဲ့တယ်..။သူမတို့ အသုံးပြုနေတဲ့ လက်လုပ်လှေကားတွေက..ထူးဆန်းတဲ့ အသံတွေ မြည်နေခဲ့တာပါ..။
ဒီ တံခါးတွေက..ညဘက်အချိန်မှာ ရဲတိုက်အတွင်းထဲက အလင်းရောင် သေးသေးလေး တွေတောင် ထွက်မသွားနိုင်အောင် တားဆီးပေးနိုင်ပုံပါပဲ..။
သူ အတွေးနက်နေတုန်းမှာပဲ..သူ့ရဲ့ နောက်ကနေ ကျယ်လောင်တဲ့ အသံတစ်ခုက မြည်လာခဲ့တယ်..။သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..ဂိတ်တံခါးကြီးက ပိတ်နေတာကို တွေ့လိုက်ရပါတယ်..။အစောက တွေ့ခဲ့ရတဲ့..အစောင့်နှစ်ယောက်က သံနဲ့ ပြုလုပ်ထားတဲ့ တံခါးမင်းတုန်း ကို တွန်းပြီး ပိတ်နေကြတာပါ..။ကြီးမားတဲ့ အတားအဆီးကြီးက သူတို့နှစ်ယောက်ပေါင်း ခွန်အားထက် ပိုများပုံရတာကြောင့် သူတို့ရဲ့ မျက်နှာတွေ နီရဲ နေခဲ့ကြတယ်..။
ရဲတိုက်က အခုဆိုရင် အပြင်ဘက်ကမ္ဘာနဲ့ ပ်ိုင်းခြားထားလိုက်ပါပြီ..။
ရုတ်တရက်..ဆန်နီ ဟာ ဂူထဲမှာ ပိတ်မိနေတဲ့ သားကောင် တစ်ကောင်လို ခံစားလိုက်ရတယ်..။
သူ ကိုယ့်ကိုကို တည်ငြိမ်အောင် လုပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ သစ်သားနဲ့ ပြုလုပ်ထားတဲ့..စားပွဲခုံ တစ်လုံးကို တွေ့လိုက်ရတယ်..။စားပွဲရဲ့နောက်မှာတော့ ပိန်လှီနေတဲ့ လူငယ်လေး တစ်ယောက်ဟာ..သိုးရေ ပေါ်မှာ တစ်ခုခုကို ချရေးနေခဲ့ပါတယ်..။
ဒီအရာတစ်ခုလုံးက..တန်ဖိုးကြီးတဲ့ ဟော်တယ်ကြီးတစ်ခုရဲ့..ဧည့်ကြို ဌာန နဲ့တောင် တူနေသလ်ိုပါပဲ..။ဒါပေါ့..ဟော်တယ်လို နေရာမျိုးကိုတော့ သူ တစ်ခါမှ မရောက်ဖူးပါဘူး..။
ခနလောက် တွေဝေနေပြီးကာမှ သူ စားပွဲဆီကို လျောက်သွားပြီး..လူငယ်လေးကိုခေါ်လိုက်တယ်..။
"ဟေး...အာ..အထဲမှာ တစ်ယောက်ယောက်ကို တွေ့လိမ့်မယ်လို့ သူတို့က ပြောလိုက်တယ်.."
ရဲတိုက် ရဲ့ ဧည့်ကြိုဟာ..သူ့ရဲ့ စာရွက်တွေကို လှန်နေရင်းနဲ့ တစ်ခုခုကို ကြောက်ရွံ့နေတဲ့ အမူအရာ ဖြစ်ပေါ်နေခဲ့ပါတယ်..။သူ့ကို တစ်ယောက်ယောက်က စကားပြောနေတာကို သတိထားမိတဲ့ အချိန်မှာတော့ ကြောက်လန့်မူ တွေက ပျောက်ကွယ်သွားပြီး..အပြုံးတစ်ခု ကို အစားထိုးလိုက်တယ်..။
လူငယ်လေးရဲ့..ဖြူဖျော့တဲ့ မျက်နှာပေါ်မှာ..ရှုပ်ထွေးတဲ့ပြီး မကျန်းမာတဲ့ ပုံစံဖြစ်နေခဲ့တယ်..။သူက ရဲတိုက်ထဲမှာ နေနေတာနဲ့ မတူပဲ..အပြင်ဘက်မှာ နေတဲ့ လူတွေနဲ့တောငိ တူနေခဲ့ပါပြီ..။သို့ပေမယ့် သူ့ရဲ့ အဝတ်အစားတွေ ကတော့ သန့်ရှင်းပြီး သေသပ်နေခဲ့တယ်..။
"အာ..ဧည့်သည်တွေပဲ..။တောင်းပန်ပါတယ်..ရုတ်တရက် ဆိုတော့ လန့်သွားလို့ပါ..။ရဲ..ရဲတိုက်ကနေ ကြိုဆိုပါတယ်..။ဝိုး..ဒါက အချိန်မှီလေးပဲ..။နောက်ထပ် မိနစ် အနည်းငယ် ကြာပြီးရင် ရဲတိုက်က ပိတ်တော့မှာ..."
ဒါကို ပြောပြတာနဲ့..သူက..အရှေ့မှာ စောင့်နေတဲ့ အစောင့်နှစ်ယောက်ကို အမြန် လှမ်းကြည့်လိုက်ပါသေးတယ်..။
"ဘာပဲဖြစ်ဖြစ်..ငါ့ နာမည်က ဟတ်ပါ ပါ..။ဒီနေ့ အတွက် ဧည့်သည်တွေကို အခန်းစီစဥ်ပေးဖို့ တာဝန်ကျပါတယ်..။အိုး..ငါ မင်းတို့ကို မမှတ်မိပါလား..။ဒီကို လာပြီး နေတာ ပထမဆုံးအကြိမ်လား.."
ဆန်နီ သူ့ကို စက္ကန့် အနည်းငယ် ကြာအောင် စိုက်ကြည့်နေတဲ့ အချိန်မှာပဲ..ကတ်စီရဲ့ သူ့ ပုခုံးကို ဆုပ်ကိုင်မူက ပိုမို တင်းကြပ်လာတာကို သတိထားမိလိုက်ပါတယ်..။
"ဟုတ်တယ်.."
ဟတ်ပါ..ပြုံးလိုက်တယ်..။
"ဂုဏ်ယူပါတယ်..။မင်းတို့ ယုံချင်မှ ယုံကြလိမ့်မယ်..ဒါပေမဲ့ ငါလည်း တစ်ချိန်က မင်းတို့လိုပဲ..။ခေါင်းဆောင် ဂန်လောင် ရဲ့ ကြင်နာမူကြောင့်သာ ဒီလို ရဲတိုက်ထဲမှာ လုံလုံခြုံခြုံ နေခွင့် ရနေခဲ့တာ..။မင်းတို့လည်း ဒီနေရာကို သဘောကျကြမှာ သေချာတယ်.."
ဒီလူငယ်လေးက ခေါင်းဆောင်ဖြစ်သူကို အမှန်တကယ်ပဲ ကျေးဇူးတင်နေတာလား..ဒါမှမဟုတ် အစောင့်အရှောက်တွေ ကြားအောင် တမင်ပြောနေတာလား ဆိုတာတော့ သူ သေချာမသိပါဘူး..။သို့ပေမယ့် သူ ဂရုမစိုက်ပေ..။
သူ စိတ်ဝင်စားတာက..သူတို့ အနက်ရောင်မြို့ထဲကို ရောက်လာတာကို ..ဟတ်ပါ..က အယ်ဖီလိုမျိုး စိတ်ဝင်စားပုံ မရတာပါ..။သို့ပေမယ့် ရဲတိုက်ထဲမှာ နေတဲ့လူတွေက အပြင်ဘက်မှာ ဘယ်သူတွေ ရောက်လာလဲ ဘယ်အချိန်မှာလဲ ဆိုတာကို မသိကြဘူးဆိုတာ သူ သတိထားမိလိုက်ပါတယ်..။
သူတို့က ဝင်္ကပါ ထဲမှာ နှစ်လလောက်ကြာအောင် နေခဲ့တယ်ဆိုတာကို ဘယ်သူ့ကိုမှ မကြေညာ ချင်တာကြောင့် ဒီလိုဖြစ်နေတာက ပိုကောင်းပါတယ်..။
အယ်ဖီလို မြို့တွင်းထဲ သွားလာနိုင်တဲ့လူတောင် သူတို့ကို အံ့ဩသင့်ရတယ် ဆိုရင်..ဒီအရာက ကျိန်းသေ လူတွေရဲ့ အာရုံစိုက်မူကို ခံရမှာပါ..။
သူ ပြုံးပြီး ပြန်ပြောလိုက်တယ်..။
"ဒီတော့ ငါတို့ဘာလုပ်ဖို့ လိုအပ်လဲ.."
ဟတ်ပါ ..သူ့ရဲ့ ကလောင်တံ ကို ကောက်ကိုင်ပြီး ကြီးမားတဲ့ စာအုပ်ကြီးကို လှန်လိုက်တယ်..။
"ဒါက တကယ်ကို ရိုးရှင်းပါတယ်..။ငါက မင်းတို့ ဘယ်အချိန်မှာ စတင်ပြီး ငွေကြေးပေးခဲ့လဲ ဆိုတာကိုပဲ မှတ်သားထားမှာ..။ငါတို့ဆီမှာ အခန်းတွေ အများကြီးရှိတယ်..။အထူးသဖြင့် တာဝါ ရဲ့ အမှောင်ဘက်ခြမ်းမှာပေါ့..။အဲ့နေရာက အရမ်းကို ငြိမ်သက်တယ်..ဒီတော့..ငါ မင်းတို့အတွက် အဲဒီမှာ..အခန်းစီစဥ်ပေးရမလား.."
'တာဝါ ရဲ့ အမှောငိဘက်ခြမ်း ဆိုတာက ရဲတိုက်ရဲ့ အနောက်ဘက် ကြက်သွေးရောင် ထိပ်ဖျားရဲ့ အရိပ်ကျနေတဲ့ နေရာ ကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်..။လူတွေ အဲဒီမှာ မရှင်သန်ချင်ကြတာ အံ့ဩစရာ မရှိတော့ပါဘူး..'
သို့ပေမယ့် ဆန်နီ အတွက်တော့..လူနည်းလေ အန္တရာယ် ပိုကင်းလေပါပဲ..။သူ လူငယ်လေးကို ခေါင်းညိမ့်ပြလိုက်တယ်..။
"ကောငိးပြီ..ပြသနာ မရှိဘူး.."
ဟတ်ပါ ပြုံးလိုက်ပြီး..
"ကောငိးတယ်...ဒါက ကောင်းတယ်..ဒီတော့ မင်းရဲ့ နာမည်က..."
ဆန်နီ သူ့ကို ဖြတ်ပြောပြီး မလိုလားအပ်တဲ့ မေးခွန်းတွေကို ကြိုတင်ရှောင်ထားလိုက်ပါတယ်..။
"ငါက ဆန်းလပ်စ် ပြီးတော့ ဒါက ကတ်စီယာ.."
လူငယ်လေးဟာ သူတို့ရဲ့ နာမည်နဲ့ ရောက်တဲ့ နေ့ကို စတင်ပြီး မှတ်သားလိုက်တယ်..။ဆနိနီ သူ့ရဲ့ သေသပ်တဲ့ လက်ရေးတွေကို ကြည့်နေပြီး နံပါတ်တွေကို သေချာကြည့်လိုက်ပါတယ်..။
ဒီတော့..ဒါက တကယ်ပဲ..သူတို့ မေ့ပျောက်ကုန်းမြေကို ရောက်ပြီး ၇၇ ရက်မြောက်နေ့ကို ရောက်နေတာပါ..။
အပြင်ကမ္ဘာမှာတော့..နွေဦးက စတင်နေလောက်ပါပြီ..။ရာသီဥတု တစ်ခုလုံးတောင် ကျော်လွန်သွားခဲ့တာပါ..။
....ဒါက တစ်ဘဝစာလောက် ကုန်ဆုံးသွားသလိုပါပဲ ။
ဆန်နီ ရဲ့ ခံစားချက်တွေကို မသိစွာပဲ..ဟတ်ပါဟာ စာအုပ်ကို ပိတ်လိုက်ကာ..ယဥ်ကျေးတဲ့ အပြုံးနဲ့ ပြုံးပြလာခဲ့တယ်..။
"အားလုံးပြီးပြီ..။အခုတော့ စိုးရိမ်စိတ်တွေအားလုံးကိုချန်ထားခဲ့ပြီး နောက်ကနေ လိုက်ခဲ့ပေးပါ..။ဒီ နံရံတွေကြားထဲမှာတော့ အပြည့်အဝကို လုံခြုံတယ်..။ဘယ်အရာကမှ မင်းတို့ကို နာကျင်အောင် မလုပ်နိုင်ဘူး.."
သူ့ရဲ့ လေသံက ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်နေပေမယ့်..ဒီလိုပြောနေစဥ်မှာ..ဂိတ်မှာစောင့်နေကြတဲ့ အစောင့်တွေကို အမြန်လှမ်းကြည့်လိုက်တာကို ဆန်နီ သတိထားမိလိုက်ပါတယ်..။