အတူနေထိုင်ခြင်း
Vol. 9 Ch. 135
#ဘာသာပြန် = စနိုးဝှိုက်
ဟတ်ပါ ဟာ သူတို့ကို ဦးဆောင် ခေါ်သွားနေပြီး တစ်ချို့ အချက်အလက်တွေ စည်းမျဥ်းတွေကို ရှင်းပြနေခဲ့ပါတယ်..။ဒီလူငယ်လေးက ..အနည်းငယ် စကားများပြီး ဖော်ရွေတတ်တာတော့ အမှန်ပါပဲ..။
ယေဘုယျ အားဖြင့် ဆိုရင်တော့ ဒါကအတော်လေးကို ရိုးရှင်းပါတယ်..။သူတို့က စည်းမျဥ်းတွေကို မချိုးဖောက်ဘူးဆိုရင် လုပ်ချင်တာ လုပ်ပိူင်ခွင့် ရှိကြပါတယ်..။ဒီနေရာမှာ လူတိုင်းသွားလို့ရတဲ့ နေရာတွေ ရှိသလို ဂန်လောင်ရဲ့ လူတွေပဲ သွားလာလို့ ရတဲ့ နေရာတွေ ရှိပါတယ်..။
သူတို့လျောက်သွားစဥ် အတွင်းမှာလည်း သင်္ကေတတွေ ရှိနေတဲ့ ပန်းချီကားတွေကို တွေ့ခဲ့ရတယ်..။ဒီအရာတွေက အနက်ရောင် မြို့ ၊ ရဲတိုက် နဲ့ သူ့ရဲ့ အရှင်သခင်ကို ပုံဖော်ထားပုံရပါတယ်..။
သူတို့ အစားအသောကိ၊ ရေ နဲ့ တစ်ခြားလိုအပ်တာတွေကို ဘယ်မှာ ယူရမလဲ ဆိုတာကလွဲရင် တစ်ခြား ဘာမှ သိစရာတော့ သိပ်မရှိပါဘူး..။ဟတ်ပါ နောက်ဆုံးပြောတာ အရာကတော့..သူတို့က ခံတပ်မှာ ရှိနေတဲ့ လူတွေကို ဘယ်လိုပြုမူသင့်လဲ ဆ်ိုတာပါ..။
"ဒီက လူတွေက အတော်လေး သဘောကောင်းကြတယ်..။ဒါပေမဲ့ မင်းရဲ့ အပြုအမူတွေကိုတော့ သတိထားရလိမ့်မယ်..။အထူးသဖြင့် အစောင့်အရှောက်တွေ ၊ မုဆိုးတွေနဲ့ ထိတွေ့ဆက်ဆံ ရတဲ့ အချိန်မှာပဲ..။သူတို့က ငါတို့ကို ကာကွယ်ဖို့ ၊ အစာရေစာ ထောက်ပံ့ပေးဖို့ အတွက်..အသက်တွေကို ရင်းထားခဲ့ကြရတာလေ..။တကယ်လို့ သူတို့ထဲက တစ်ယောက်က...အာ...တကယ်လို့ နားလည်မူလွဲနေတာ ရှိရင်..သူတို့ လုပ်ပေးခဲ့တာ တွေကိုသာ ပြန်တွေးပေးလိုက်.."
ဆန်နီ ..လူငယ်လေးကိုကြည့်ပြီး ကိုယ့်ဟာကို စိတ်ထဲက ဘာသာပြန်ပေးလိုက်တယ်..။
'ဂန်လောင်ရဲ့ လူတွေနဲ့ သွားမရှုပ်နဲ့..။တကယ်လို့ သူတို့က မင်းကို လာရှုပ်ရင်လည်း..ဒီတိူင်း ငြိမ်ခံနေလိုက်...'
ဘယ်လောက် အံ့ဩဖိို့ကောင်းလဲ..။
.
အဲ့အချိန်မှာတော့..သူက ရဲတိုက်ထဲမှာ လူတွေဘယ်လို နေထိုင်နေကြလဲဆိုတာကို အနည်းငယ် နားလည်သလို ခံစားလိုက်ရပါတယ်..။အံ့ဩဖို့ကောငတာက ဒီလူတွေက သူထင်ထားသလိုတော့ ဆိုးဆိုးဝါးဝါး အခြေအနေမှာ မဟုတ်ကြပါဘူး..။တကယ်တော့ သူတို့အားလုံးက..အဆင်ပြေနေကြပြီး..စီးပွားရေးကိုသာ ပေါ့ပေါ့ ပါးပါး လုပ်ကိုင်နေခဲ့ကြပါတယ်..။
ဒါပေါ့..သူတို့ရဲ့ မျက်နှာပေါ့မှာ စိုးရိမ်မူတွေ၊ ဖိအားတွေ တော့ ရှိနေပါသေးတယ်..။ဒါက အစစ်အမှန် ကမ္ဘာထဲကနဲ့ အတူတူပါပဲ..။
' လူသားတွေက ဘယ်အရာနဲ့မဆို အသားကျနိုင်ကြတယ်လို့ ငါထင်တယ်..."
ပြီးတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့် သူ့ကို သင်ကြားပေးတာ အရဆိုရင်..အသားကျမူက အကြီးမားဆုံး ခွန်အားပါ..။
ပြီးတော့ မျှော်လင့်ချက် သေးသေးလေး ရှိနေသ၍ လူသားတွေက နည်းလမ်းကို ရှာနိုင်ကြပါတယ်..။ဒီနေရာမှာ ပထမဆုံး ရှိနေခဲ့တဲ့ သားရဲအကြောင်းကို ဆန်နီ ပြန်အမှတ်ရလိုက်တယ်..။
'ဖြစ်နိုင်တာက သူက လိုအပ်တဲ့ နတ်ဆိုးလား..'
နောကိဆုံးတော့ သူတို့ တာဝါရဲ့အနောက်ဘက်ခြမ်းကို ရောက်လာခဲ့ကြတယ်..။တစ်ချို့လူတွေကက ကြက်သွေးရောင် ထိပ်ဖျားရဲ့ အရိပ်ကြောင့် ဒီနေရာမှာ မနေချင်ကြတာပါ..။
သို့ပေမယ့် သူတို့နှစ်ယောက်အတွက်တော့ အတော်ကို အဆင်ပြေတာပါ..။ကတ်စီက မျက်လုံးမမြင်ရတဲ့အချိန်မှာ ဆန်နီက..အရိပ်တွေကို သဘောကျပါတယ်..။
ဟတ်ပါက ရုတ်တရက် ရပ်တန့်ပြီး ရှက်ရွံ့ပြီးတဲ့ အမူအရာ နဲ့ မေးလိုက်တယ်..။
"အာ..ငါ မေးဖို့ မေ့နေတယ်..။မင်းတို့ တစ်ခန်းယူမှာလား နှစ်ခန်းယူမှာလား.."
အများကြီးတောင် တွေးမနေပဲ ဆန်နီနဲ့ ကတ်စီတို့ဟာ တစ်ချိန်တည်း ပြန်ဖြေလိုက်ကြတယ်..။
"တစ် "
"နှစ် "
သူတို့ ကြောက်အသွားခဲ့ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။ကတ်စီက မျက်နှာနီရဲသွားပြီး ဆန်နီကတော့ ဖြူဖျော့နေခဲ့ပါတယ်..။
သူ တစ်ခန်းတည်းလို့ ပြောလိုက်တာက ဘာကိုမှ မဆိုလိုပါဘူး..။ကတ်စီနဲ့ နေတာ အတော်ကြာပြီးနောကိမှာ ကတိစီ ဘာတွေ လိုအပ်လဲ ဆိုတာကို သူ ကောင်းကောင်းသိထားပါတယ်..။ပိုပြီး အရေးကြီးတာက ဒီလို မခန့်မှန်းနိုင်တဲ့ ရဲတိုက်ကြီးမှာ သူမကို သူ့မျက်စိအောက်ကနေ ထွက်မသွားစေချင်ပေ..။သူ ဒီမှာ ဘယ်သူ့ကိုမှ မယုံကြည်ရပါဘူး...။
သို့ပေမယ့် ဒီလို အခြေအနေမျိုးမှာ တစ်ယောက်ခန်းလို့ ပြောတာက အဓိပ္ပါယ်တစ်မျိုး သက်ရောက်စေပါတယ်..။
ဆန်နီ လည်ချောင်းကို ရှင်းပြီး ဟတ်ပါကို ပြောလိုက်တယ်..။
"ဘေးချင်းကပ်လျက် ရရင် နှစ်ခန်း..။မဟုတ်ရင်တော့ တစ်ခန်းပဲ ယူမယ်.."
လူငယ်လေးဟာ သူ့ခေါင်းကို ကုတ်လိုက်ပြီး..ထူးဆန်းတဲ့ အသံနဲပ ပြောလိုက်တယ်..။
"အာ..ကောင်းပြီလေ...။ငါတို့မှာ ကပ်လျက်အခန်း နှစ်ခန်းရှိတယ်။နောက်ကလိုက်ခဲ့ပေးပါ"
ဒါကို ပြောပြီး သူ စတင်ထွက်သွားခဲ့တယ်..။
ဆန်နီ ကတ်စီကို ကြည့်ပြီး ခေါင်းခါယမ်းကာ ဟတ်ပါ နောက်ကို လိုက်သွားခဲ့ပါတယ်..။
'သူမက နားလည်မူတော့ မလွဲဘူးမလား..'
မကြာခင်မှာပဲ သူတို့ အခန်းတံခါးရှေ့တစ်ခုကို ရောက်နေခဲ့တယ်.. ။ဟတ်ပါ..က ဆန်နီကို သော့လေးတစ်ချောင်းပေးကာ ပြုံးလိုက်တယ်..။
"ဒီမှာ..ဒီအခန်းတွေက သိပ်မကြီးဘူး..။ဒါပေမဲ့ ..ဘာပဲဖြစ်ဖြစ်..ပထမဆုံးညမှာ ပျော်ရွှင်ပါစေ..။မင်းတို့ အ ချိန်အတော်ကြာအောင် မလုံမခြုံဖြစ်ခဲ့ကြတာပဲ..။အစားအသောက်တွေကတော့ မနက်နေထွက်ပြီး ခုနှစ်နာရီ မှာ ကြိုရလိမ့်မယ်..။
ဒါကိုပြောပြိီး တာနဲ့ သူ သူတို့ကို နောက်ဆုံးတစ်ကြိမ်ကြည့်ကာ ပြန်သွားလိုက်ပါတယ်..။
ကတ်စီ နဲ့ ဆန်တီတို့ဟာ အတော်ကြာအောင် ရှက်ရွံ့စွာရှိနေခဲ့တယ်..။
အနည်းငယ် ရှက်ရွံ့နေသေးပေမယ့် ဆန်နီ သက်ပြင်းချပြီး ပြောလိုက်ပါတယ်..။
"နင် ဘာမှ မတွေးဖို့ မျော်လင့်ပါတယ်.."
ကတ်စီ ရုတ်တရက် ရယ်နောလိုကိတယ်..။
"ငါသိပါတယ် ..။ဒါက အမှတ်မထင်ဖြစ်သွားတယ်..။နင်က ရဲတိုက်က ရှိသမျှလူတွေကိူ ချောင်းကြည့်နိုင်တယ် ဆိုတာ ငါသိပါတယ်..။အခုပုံစဲက အရမ်းကို ကာကွယ်တတ်တဲ့ အစ်ကိုကြီးတစ်ယောက်လိုပေါ့.."
တစ်ချက်ပြုံးလိုက်ပြီး သူမ က ထပ်ပြောလိုက်တယ်..။
"အရိုးသားဆုံးပြောရရင် ငါဒီမှာလည်း မလုံခြုံ..သလိုခံစားရတယိ..။ဒီ နေရာက ဟော်တယ်နဲ့တောငိ တူသလိုပဲ..။ငါ့ မိဘတွေက အားလပ်ရက် ခရီးထွက်ဖို့ တောင်ပေါ် ဒေသကို ခေါ်သွားခဲ့သေးတယ်..။သူ့နာမည်က ဘာလဲတော့ မသိဘူး..။ဘာပဲဖြစ်ဖြစ် ဒီနေရာက အဲလိုမျိုးပဲ..။
ဆန်နီ ပြုံးလိုက်တယ်..။
"ကောင်းပြီ ငါ ဟော်တယ်ကို မရောက်ဖူးပေမယ့် ဒါက ငါ့ရဲ့ ပထဆုံး တွေးမိတာပဲ.."
ဒါပေါ့..ဒီဟော်တယ် အကြောင်းကို ပြောရရင် အိပ်မက်ဆိုးသားရဲ များစွာ ဝန်းရံထားပြီး..ပိုင်ရှင်လူမိုက် လည်း ရှိပါတယ်..။သို့ပေမယ့် အန္တရာယ် အခြေအနေတွေနဲ့ ကြုံလာရရင် ခေါ်ဖို့အတွက် ရဲ တွေကတော့ ဒီနားမှာ မရှိပါဘူး..။
"ဟား...ဒါက ဟာသပဲ.."
ဆန်နီရဲ့ ဘဝတစ်လျောက်လုံးမှာ ရဲတွေကို ကြောက်ရွံ့ခဲ့ပြီး တတ်နိုင်သလောက် ရှောင်ကွင်းကာ သွားလာခဲ့ရပါတယ်..။
သို့ပေမယ့် အခုတော့ သူ ဒီလူတွေကိုတောင် အတော်လေး.. သတိရနေမိပါပြီ..။