← Chapters

မင်း သူ့ကို ဘယ်လို တိုက်ခိုက်ဝံ့တာလဲ

Vol. 89 Ch. 1321

မင်း သူ့ကို ဘယ်လို တိုက်ခိုက်ဝံ့တာလဲ

Vol. 89 Ch. 1321

လျန်ကျင်းမင်သည် စီးကရက် တစ်လိပ်ကို မီးညှိလိုက်၏။

မီးခိုးငွေ့များက လေနှင့်အတူ စီးပါသွားခဲ့ပြီး အလွန်အမင်း ဆိုဒ်ဖမ်းနေသည့်ပုံ ပေါ်သည်။

“ မင်း ငါ့ အစ်ကိုကြီးလင်းကို ရန်စခဲ့တယ် မဟုတ်ဘူးလား.. ငါတို့လူတွေ ခေါ်လာပြီး အဲ့ကိစ္စ လာဖြေရှင်းတာ…”

“ အစ်ကိုကြီးလင်း.. ဟုတ်လာ…”

ရုတ်ချည်းဆိုသလို ချိန်လောင်ဝူသည် မကောင်းသည့် ခံစားချက်များ ရရှိလာခဲ့၏။

“ အစ်ကိုကြီးလင်းဆိုတာ … လင်းရီကို မင်း ပြောနေတာလား…”

“ ဆိုတော့ မင်းက မပိန်းဘူးပဲ…”

ဟစ်….

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….” ချိန်လောင်ဝူ အော်ဟစ်မိသွားခဲ့ပြီး “ သူကဖြင့် ဒီတိုင်း အချိန်ပိုင်း အစိုးရဝန်ထမ်း ဒါရိုက်တာ တစ်ယောက်ကို မင်းတို့လို လူတွေနဲ့ သိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….”

“ မင်းက ပိန်းနေတာလား… ဒါမှမဟုတ် ပိန်းချင်ယောင် ဆောင်နေတာလား… ငါ့အစ်ကိုကြီးလင်းကို ဒီတိုင်း အစိုးရ ဒါရိုက်တာလေးတစ်ယောက်လို့ ထင်နေတယ်ပေါ့ ဟားဟား…”

လျန်ကျင်းမင်နှင့် လိုက်ပါလာသည့် ဒုတိယမျိုးဆက် သခင်လေးများလည်း ကျယ်လောင်စွာ ရယ်မောနေခဲ့ကြသည်။ ၎င်းတို့ကြည့်ရသည်မှာ အရယ်ရဆုံး ပြက်လုံး တစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ အူတက်နေကြ၏။

“ အမှန်အတိုင်း ဝန်ခံရရင် မင်း အကြောင်းကို အရင်က သိတောင် မသိဘူး..” လျန်ကျင်းမင် ပြောလိုက်ပြီး “ မင်းက တုံးစန်းကောင်တီမှာ ဆရာကြီး ဟုတ်တယ်… ဒါပေမယ့် ကံဆိုးချင်တော့ …. ကျိုးဟိုင်မှာ လင်းရီရဲ့ အခန်းကဏ္ဍက မင်းနဲ့ အတူတူပဲ… နေရာတိုင်းမှာ သူ့ရဲ့ အဆက်အသွယ်တွေ ရှိတဘ်… အစိုးရ ၊ စစ်တပ်၊ အတွင်းအပြင် အကုန် အကုန်ပဲ… ခု မင်း လူမှား ရှုပ်မိပြီဆိုတာ နားလည်ပြီလား…”

ဘုတ်…

ချိန်လောင်ဝူသည် မြေပြင်သို့ လေလျော့သွားသည့် ပူဖောင်းနှယ် ပုံလျက်သား ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာသည် ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး စကားတစ်ခွန်းပင် ပြန်မဆိုနိုင်တော့ချေ။

ဤလူပြောနေသည့် စကားလုံးတို့က မှန်သည်၊ မှားသည်ကို အပထား။ ကားထဲတွင် လိုက်ပါလာသည့် လူတို့ သပ်သပ်ကပင် ၅၀၀ ကျော်ခန့် ရှိနေသည်။ အကယ်၍ တိုက်ကြ ခိုက်ကြမည် ဆိုပါက သူ့တွင် အောင်မြင်နိုင်သည့် အခွင့်အရေး မရှိချေ။

“ လင်း… လင်းရီ ဘယ်မှာလဲ… ဘာလို့ သူကိုယ်တိုင် ရောက်မလာခဲ့တာလဲ..” ချိန်လောင်ဝူ အသံတုန်ယင်စွာဖြင့် မေးမြန်းလိုက်၏။

“ မင်းကိုယ်မင်း ဘယ်လို အမှိုက်မျိုးလဲ ဆိုတာ မသိဘူးလား…. မင်းလို လူစားမျိုးကို ကိုယ်တိုင် ကိုင်တွယ်ဖို့ လိုမယ်ထင်လား… မင်းကိုယ်မင်း မတရား အထင် ကြီးလွန်းနေပြီ…”

“ ညီလေး… ငါတို့ စကားအေးဆေးပြောကြရအောင်လေကွာနော်…” ချိန်လောင်ဝူသည် စိတ်ကို အတင်းအကြပ် တည်ငြိမ်အောင် ပြုလုပ်ပြီးမှ “ ငါ … ငါ အရှုံးပေးတယ်…. မတိုက်ခိုက်ကြစို့… ငါ ကောင်တီက ခေါင်းဆောင်ကြီးတွေနဲ့လည်း ရင်းနှီးပါတယ်… ပြီးခဲ့တာတွေ ပြီးခဲ့တဲ့ အတိုင်းပဲ ထားလိုက်ကြတာပေါ့နော်.. ခဏနေကြရင် စားသောက်ဆိုင် တစ်ဆိုင်ငှားပြီး လူတိုင်းကို ထမင်းဖိတ်ကျွေးပါ့မယ်.. မကြာခဏလည်း ဆုံကြတာပေါ့…”

“ ငါက ကျိုးဟိုင်က … မင်းက တုံးစန်းကောင်တီက… ငါတို့ချင်း ဘယ်လိုမျိုး မကြာခဏ ဆုံကြမှာ…”

“ နောက်ပြီး မင်းပြောတာ ကောင်တီက အကြီးအကဲတွေနဲ့ ရင်းနှီးတယ် ဟုတ်လား… တုံးချိုးရှန်း ဆိုတဲ့ကောင်မလား…"

“ ဟင်… မင်းသိနေတယ်….” ချိန်လောင်ဝူ အံ့အားသင့်သွားခဲ့ပြီး “ မင်းတို့ရော အချင်းချင်း သိကြတာလား…”

ချိန်လောင်ဝူ ဝမ်းသာအားရ ဖြစ်သွားခဲ့၏။ အကယ်၍ အချင်းချင်း သိနေကြသည်ဆိုပါက ဤကိစ္စသည် ကိုင်တွယ်၍ လွယ်ကူသွားချေပြီ။

“ ငါနိုးမို့လို့ သိရမှာလား..” လျန်ကျင်းမင် ပြောလိုက်ပြီး “ မွန်းလွဲတောင် ကျော်နေပြီဆိုတော့ ဖမ်းခံသွားခံရပြီးလောက်ပြီ.. သူ့ကို ထည့်တွက်မနေနဲ့တော့…”

“ မင်း ဘာပြောလိုက်တယ်…”

“ သူ ဖမ်းခံလိုက်ရပြီ ဟုတ်လား…”

“ တခြား ဘာဖြစ်နိုင်ဦးမှာ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ အစ်ကိုကြီးလင်းရဲ့ နည်းလမ်းနဲ့သာဆို မင်းတို့ အားလုံး အတူတက်လာရင်တောင် သူ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး.. မင်းတို့အားလုံးကို ဒီနေရာမှာ စုစည်းခိုင်းလိုက်တယ်ဆိုတာလည်း အကုန်လုံးကို တစ်ချီတည်းနဲ့ ဖယ်ရှားပစ်ချင်လို့… ဒီလို လှည့်ကွက်လေးတောင် မမြင်နိုင်တာ မင်း ဘယ်လိုလုပ်ပြီး ဒီနေ့ ဒီလိုအနေအထားထိ ရောက်လာခဲ့ပါလိမ့်…”

“ နေဦး… ဒါဆို သူက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာပေါ့ ဟုတ်လား…”

“ ဒါပေါ့…” လျန်ကျင်းမင်သည် ချိန်လောင်ဝူအနားသို့ အပြုံးလေးဖြင့် ချဉ်းကပ်လာပြီး နားအနား ကပ်၍ “ ငါ့အစ်ကိုကြီးလင်းက လူတွေလည်း သတ်ဖူးတယ်နော်… မင်းတို့နဲ့ တိုက်ခိုက်တယ်ဆိုတာ ကလေး ရန်ဖြစ်သလောက် ရှိမှာ…”

…………….

မွန်းလွဲ ၁ နာရီတွင် ။

လင်းရီနှင့် လီစီကျင်းတို့သည် စားကောင်းမည့်ပုံ ပေါ်သည့် ခေါက်ဆွဲဆိုင် တစ်ဆိုင်ထဲဝင်ပြီး နေ့လည်စာ ဖြေရှင်းရန် ဟန်ပြင်နေကြသည်။

ကလင် ကလင် ကလင်….

“ လင်းကြီး… ငါ့ဘက်ကတော့ ပြီးသွားပြီ…” လျန်ကျင်းမင် ပြောလာခဲ့သည်။

“ ငါ လူ ၅၀၀ ကျော်ခေါ်ပြီး သူ့ကို ကြောက်သေးပန်းသွားအောင် လုပ်ပစ်လိုက်တယ်…”

“ လူ ၅၀၀ ကျော် ဟုတ်လား… မင်းဟာက မလွန်လွန်းဘူးလား…”

“ နည်းနည်းလေးမှ ဟိတ်လုံးတွေမပါရင် အလုပ်မဖြစ်ဘူးလေကွာ…”

“ ကောင်းပြီ.. ငါ အခု လုပ်စရာ ရှိသေးတယ်… ကျိုးဟိုင် ပြန်ရောက်မှ မင်းကို ထမင်းလိုက်ကျွေးမယ်..”

“ အစားအသောက်တွေ မေ့ထားလိုက်… မင်းငါ့ဖို့ စော်အလန်းတွေ မိတ်ဆက်ပေးရင် ပိုကောင်းတယ်…”

“ အဲ့ဒါ ပိုတောင် လွယ်သေး…”

စကားလုံးတစ်ချို့ ဖလှယ်ပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်၏။

နေ့လည်စာ စားသောက်ပြီးနောက် နှစ်ယောက်သား ကျေးရွာသို့ သွား၍ ကွင်းဆင်း စစ်တမ်းတစ်ချို့ ပြုလုပ်ကြသည်။

သူတို့ ကောင်တီသို့ တစ်ဖန် ပြန်ရောက်သည့် အချိန်၌ ညနေ ငါးနာရီပင် ကျော်နေလေပြီ။

ညစာစားပြီးနောက် လင်းရီ ဟိုတယ်သို့ ပြန်လာခဲ့၏။ သူ စုဆောင်းထားမိသည့် ဒေတာများကို အချိန်အတော်ကြာ အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်သည်။ သို့သော် ဖွေရှာ ဆန်းစစ်၍ မရနိုင် ဖြစ်နေလေသည်။

နောက်တစ်နေ့ နံနက်ခင်း ..။

လင်းရီနှင့် လီစီကျင်းတို့သည် အလုပ်ရုံးခန်းသို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ကြသည်။ ထိုစဉ် လီချင်းခိုင်မှာတော့ အစောကြီးကတည်းက ကြိုရောက်နှင့် နေလေပြီ။

“ ကောင်လေး… မင်း ဒီတစ်ခေါက် တော်တော် ကံကောင်းသွားလို့ကွ သိလား…”

လင်းရီကို မြင်တော့ လီချင်းခိုင်မှ ရယ်ရယ်မောမောဖြင့် စကားပြောလာခဲ့သည်။

“ ဘာဖြစ်လို့တုန်းဗျ… အကျိုးအမြတ်ကောင်း တစ်ချို့ တွေ့ထားလို့လား..”

“ မနေ့တုန်းက မင်းတို့နှစ်ယောက် အပြင်သွားတော့ ကောင်တီထဲ ဘာဖြစ်သွားလဲ မသိခဲ့ကြဘူးလား…” လီချင်းခိုင် ပြောလိုက်ပြီး “ မနေ့တုန်းက အထက်ကနေပြီး ချိန်လောင်ဝူနှင့် သူ့ လူမိုက်ဂိုဏ်းသားတွေကို လာဖမ်းသွားခဲ့ပြီ… သူ့ ကလပ်ကိုလည်း ချိတ်ပိတ်ပစ်လိုက်တယ်… မင်း အခု ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး…”

လင်းရီ ပြုံးလျက် “ လက်စသတ်တော့ အဲ့သလိုကိုး…”

“ အဲ့တာတင် မကသေးဘူး..” လီချင်းခိုင်မှ အတင်းအဖျင်း ပြောချင်နေသည့် လေသံမျိုးဖြင့် “ တချို့ ခေါင်းဆောင်ကြီးတွေလည်း ဖမ်းခံလိုက်ရတယ်ဆိုပဲကွ… အဲ့ကိစ္စက တော်တော်လေး ဂယက်ထသွားခဲ့တာ… ဒီကောင်တွေ မပြစ်မှားသင့်တဲ့လူကို ပြစ်မှားခဲ့ကြလို့နဲ့တူတယ်… မဟုတ်ရင် အထက်က အဲ့လောက်ထိ ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့မှာ မဟုတ်ဘူး…”

“ အဲ့တော့ မကောင်းဘူးလား… သူတို့ မရှိတော့လည်း ဘာများ ဆုတ်ယုတ်သွားလို့..”

“ အမှန်ပဲ… နောင်ကျရင် တုံးစန်းကောင်တီက ပိုပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်လာတော့မှာ…” လီချင်းခိုင် စီးကရက်ကို မီးညှိလိုက်ပြီး “စကားမစပ် မင်းတို့နှစ်ယောက် အပြင်မှာ ဝေ့နေတာ နှစ်ရက်လောက်ရှိပြီ.. ဘာတွေများ ရှာတွေ့ကြပြီတုန်း…”

“ တစ်ခု နားလည်လိုက်တယ်… နွမ်းပါးမှုက အကြောင်းပြချက် မရှိဘဲ ဖြစ်မလာဘူးဆိုတာ…”

လီချင်းခိုင် ရယ်သွမ်းလျက် လီစီကျင်းအား ကြည့်လိုက်သည်။

“ မင်း ဘယ်လိုထင်လဲ…”

“ ကျွန်မ အတွေးတွေကလည်း အတူတူပဲ… “ လီစီကျင်း သက်ပြင်းချလိုက်ပြီး “ လမ်းမရှိဘူး…”

“ လမ်းမရှိဘူးဆိုရင် ငါတို့က လမ်းဖောက်ဖို့ လိုတယ်လေ…” လီချင်းခိုင် ပြောလိုက်ပြီး “ ငါ ဒီကိစ္စကို မင်းနဲ့ လွှဲထားမယ်ဆိုရင် မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ…”

သူမ ခေတ္တကြာအောင် စဉ်းစားလိုက်ပြီးနောက် “ ကျွန်မ စဉ်းစားနေတာ အမေရိကားကလို ဗဟိုက ချုပ်ကိုင်တဲ့ ပုံစံနဲ့ သွားမလားလို့… ကျွန်မ လေ့လာဆန်းစစ်ပြီးသွားပြီ… အရှေ့မြောက်ပိုင်းက အဲ့ဒီနည်းလမ်းနဲ့ တော်တော်လေး အကျိုးဖြစ်ထွန်းတယ်… သူတို့မှာ စက်မှုလယ်ယာတွေလည်း အများကြီး ရှိပြီးတော့ ကျွန်မတို့ အတုယူသင့်တဲ့ ပုံစံပြာပဲ..”

“ ဒီ အစီအစဉ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး..” လီချင်းခိုင် ပြန်ပြောလိုက်ပြီး “ ငါမင်းကို ဥပမာ တစ်ခုပေးမယ်… တစ်ကယ်လို့ ဧက တစ်ထောင်ကို စိုက်ပျိုးဖို့ လူ ၁၀၀ လိုတယ် ဆိုပါစို့… ဗဟိုက ချုပ်ကိုင်တဲ့ အော်ပရေးနဲ့ဆိုရင် လူ ၁၀ ယောက်လောက်ပဲ လိုအပ်တော့မယ်… ကျန်တဲ့ လူ ၉၀ က ဘာသွားလုပ်နေရမှာ… ကျောခင်း အိပ်နေရမှာလား… အလုပ်လက်မဲ့ ဦးရေတွေ များလာရင် အကျိုးဆက်က မှန်းဆလို့ရမှာ မဟုတ်ဘူး..”

“ နောက်ပြီး ဒီမှာ တောင်တွေနဲ့ တောင်တန်းတွေလည်း အများကြီးပဲ.. စိုက်ပျိုးမြေ အကျယ်ကြီး ပြုလုပ်ဖို့ဆိုတာ မလွယ်ဘူး.. ဒီနည်းစနစ်က ပြန့်ပြူးတဲ့ မြေပြန့်လွင်ပြင်တွေမှာပဲ အလုပ်ဖြစ်လိမ့်မယ်.. အရှေ့မြောက်ပိုင်း လိုမျိုးပေါ့…”

လီစီကျင်းသည် ခဏတာမျှ ထိုအကြောင်း စဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက်၏။ သူမ အတွေး မည်မျှ တိမ်သွားလဲဆိုတာကို သဘောပေါက်မိလိုက်သည်။

“ လင်းလေး… မင်း အကြံကရော… မင်းမှာ ဘာအစီအစဉ်‌တွေ ရှိထားတုန်း…”

“ ကျွန်တော်တို့ အတွင်းနဲ့ အပြင်ကို ပေါင်းစည်းသင့်တယ်လို့ ထင်တယ်…” လင်းရီ ပြောလိုက်သည်။

“ ဆိုစမ်းပါဦး… ဘာကို အတွင်းနဲ့ အပြင် ဘယ်လိုတွေ ပေါင်းစည်းသင့်တာ…” လီချင်းခိုင် စိတ်ဝင်တစားနှင့် မေးလိုက်၏။

ယမန်နေ့က စစ်တမ်းကောက်ထားသည့် သုတေသန အချက်အလက်များကို ကိုင်ရင်း လင်းရီသည် တစ်ချက်ကြည့်ကာ စတင် ရှင်းပြသည်။

“ တုံးစန်းကောင်တီက နည်းနည်းလေး ကံခေတဲ့ အရပ်လို့ ပြောလို့ရတယ်.. ဧရိယာက ကျဉ်းကျဉ်းလေး.. ဒါပေမယ့် တချို့ ဒေသတွေမှာ နှစ်စဉ် ရေကြီး ရေလျှံနေပြီးတော့မှ တချို့နေရာတွေမှာကျ မိုးခေါင် ရေရှားဖြစ်နေတယ်.. မြေဆီလွှာကလည်း ဆားများပြီး သီးပင်စိုက်ပျိုးဖို့ကို ခက်ခဲစေတယ်… ဒီ ပြဿနာတွေနဲ့တင် အလားအရာရှိတဲ့ ဝင်ငွေ သုံးပုံတစ်ပုံလောက်ကို ဆုံးရှုံးပြီးသား ဖြစ်နေပြီ…” တကယ်လို့ ဒီပြဿနာကိုသာ ဖြေရှင်းလိုက်နိုင်မယ်ဆိုရင် ဘက်ပေါင်းစုံက ဝင်ငွေတွေကို တိုးတက်အောင် ပြုနိုင်လိမ့်မယ်…”

“ ဒုတိယအနေနဲ့ ကျွန်တော်တို့ မွေးမြူရေး လုပ်လို့လည်း ရတယ်… ကြက်နဲ့ ဝက်တွေ တွင်တွင်ကျယ်ကျယ် မွေးမြူတာပေါ့… ဒါလည်း အကူအညီ ဖြစ်စေတယ်…”

အတန်ငယ်ကြာအောင် တွေးတောနေပြီးနောက် လီချင်းခိုင်မှ “ ဒါပေမယ့် ဒါတွေက ဒီတိုင်း အသေးအမွှား ကိစ္စလေးတွေလေ… တိကျပြတ်သားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာ မဟုတ်ဘူးနော်…”

လင်းရီ ပြုံးလိုက်ပြီးမှ “ ဒါကြောင့်မို့ ပြင်ပက လာတဲ့ ပံ့ပိုးမှုတွေကို လိုအပ်နေတာပေါ့…”

All Chapters