← Chapters

ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်

Vol. 89 Ch. 1324

ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်

Vol. 89 Ch. 1324

“ ခင်များတို့နှစ်ယောက်က ကျုပ်ခေါင်းပေါ် ရေအေးအေးကြီး လောင်းချလိုက်တာပဲဗျာ… လူကို အလုပ်ဆက်လုပ်ချင်စိတ်တောင် ပျက်သွားတယ်…” လင်းရီ ရယ်ရ အခက်၊ ငိုရအခက် ဖြစ်သွားခဲ့၏။

“ ဥက္ကဌလင်း… အဲ့လောက်ကြီးလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး..” ချီရှန်းကျောက် နှစ်သိမ့်လာခဲ့သည်။

သူ၏ အဆင့်အတန်းက ဟော်ယွမ်ယွမ်နှင့် ရှန်းထျန်းကျိုးတို့နှင့် မတူညီပေ။ ထို့ကြောင့် သူနှင့် လင်းရီ၏ ရင်းနှီးပတ်သက်မှုကို အင်မတန်ရှင်းလင်းစွာ နားလည်သဘောပေါက်ထားခဲ့သည်။

လင်းရီသည် သူတို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသော်လည်း သူ့ဘက်က မခန့်လေးစား မပြုဝံ့ချေ။

“ ဒီကိစ္စက လုံးဝ လမ်းဆုံးချည်းတော့ မဟုတ်သေးဘူး.. တကယ်လို့ မူဝါဒ ကောင်းကောင်းလေး ထောက်ပံ့မှုသာ ရှိရင် ဖြစ်နိုင်သေးတယ်…”

ထိုအချိန်၌ ဟော်ယွမ်ယွမ် စကားစလာခဲ့သည်။

“ အခွန် လျော့ပေးတဲ့ မူဝါဒ ရှိလို့လား…”

“ မရှိဘူး… တကယ်လို့ ရှိခဲ့ရင် ကျွန်မကိုတောင် ဒီရာထူး ပေးထားစရာ မလိုဘူး..”

“ အကျိုးစီးပွားကို ထောက်ရှုပြီး ကြည့်မယ်ဆိုရင် တော်တော်လေးတော့ စိန်ခေါ်မှုများတယ်..” ဟော်ယွမ်ယွမ် ရှင်းပြလိုက်၏။ “ ပြည်တွင်း ဈေးကွက်က ဦးဆုံး ရွေးချယ်ရာ မဟုတ်တော့ဘူး… ကျွန်မတို့လို အကြီးစား ထုတ်လုပ်သူ ကုမ္ပဏီကြီးတွေက ပုံမှန်ဆို သူတို့ စက်ရုံတွေကို အရှေ့တောင်ပိုင်းမှာပဲ တည်ဆောက်ကြတာ များတယ်… တကယ်လို့ မူဝါဒ ပံ့ပိုးမှု မရှိဘဲ ပြည်တွင်းတစ်နေရာကို ရွေးချယ်မယ်ဆိုရင် ကုန်းတွင်းပိုင်း ဒေသတွေက အကောင်းဆုံးပဲ…”

ဟော်ယွမ်ယွမ် ဆိုလိုချင်သည်ကို လင်းရီ နားလည်သဘောပေါက်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်က ဥပဒေမူဝါဒများ၏ ပံ့ပိုးကူညီပေးမှု မပါရှိဘဲ မဖြစ်နိုင်ပေ။ စီးပွားရေး သမား တစ်ယောက် အနေဖြင့် ဤအရာများကိုလည်း တတ်ကျွမ်းထားသင့်၏။ သို့မှသာ ဆီလျော်သလို ဆုံးဖြတ်ချက် ချနိုင်လိမ့်မည်။

“ တကယ်တမ်းကျ အခြေအနေက ကျုပ်တို့ ထင်ထားသလောက်ကြီးလည်း မဆိုးပါဘူး..” ထိုစကားကိုတော့ ချီရှန်းကျောက်မှ ပြောလိုက်ခြင်းပင်။

“ ဒီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကလည်း အဆင်ပြေတယ်… မြို့သုံးမြို့ရဲ့ ဆုံခွလည်းဖြစ်ပြီးတော့ အန်း စီရင်စုနဲ့လည်း မဝေးဘူး… အကောင်းဆုံး ရွေးချယ်မှု မဟုတ်ရင်တောင် အဆိုးရွားကြီးလည်း မဟုန်ပြန်ဘူး… ကျုပ်တို့ ဒီမှာ စက်ရုံတည်လိုက်မယ် ဆိုရင်တောင် ပိုက်ဆံ အရှုံးမရှိဘူး.. အလွန်ဆုံး အမြတ်နည်းသွားရုံလောက်ပေါ့… တကယ်လို့ နောင်ကျ မူဝါဒကောင်း ထောက်ပံ့မှုတွေရလာခဲ့ရင် ပိုပြီး‌တောင် ကောင်းသွားလိမ့်ဦးမယ်…”

ချီရှန်းကျောက်၏ စွမ်းရည်များက သူ၏ အလုပ်တွင်သာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ EQ မြင့်မာခြင်းကလည်း ၎င်း ကျွမ်းကျင်မှု၏ သိသာထင်ရှားသော ကဏ္ဍတစ်ခု ဖြစ်လေသည်။

ဤနေရာသို့ ရောက်လာ၍ နွမ်းပါးသူများအား ကူညီပေးနေစဉ်တွင် ရေအေးချည်းပဲ လောင်းချနေ၍လည်း မဖြစ်သေးချည်။

ရှန်းထျန်းကျိုးလည်း ၎င်းအချက်ကို သတိပြုမိသွားခဲ့၏။

“ ခု ငါတို့က 3 nm လီတိုဂရပ်ဖီစက်ကို စပြီး သုတေသန ပြုနေပြီ… နောက်ပြီး 5 nm လီတိုဂရပ်ဖီစက်ကို အများအပြား ထုတ်လုပ်ဖို့လည်း အဆင်သင့်ဖြစ်နေပြီ.. ဒီတော့ ချစ်ပ်ထုတ်လုပ်ရေးက ငါတို့ ကျိန်းသေပေါက်ကို ဂရုစိုက်ရမယ့် အရာပဲ… ဒါပေမယ့် ဒီမှာ အဆင့်နိမ့်တဲ့ ထောက်ပံ့ရေး အစိတ်အပိုင်းတစ်ချို့တော့ ထုတ်လုပ်လို့ ဖြစ်ပါသေးတယ်..” ရှန်းထျန်းကျိုး ရှင်းပြလိုက်ပြီး “ ထုံးဟွာ အီလက်ထရောနစ်ရဲံ မိုဘိုင်းဖုန်း စီးပွားရေးလည်း ရှိသေးတယ်… ဒီမှာ စက်ရုံအပို ဆောက်လိုက်လို့ ရတာပဲလ… ဥက္ကဌချီ ခုလေးတင် ပြောသွားသလိုမျိုး လင်းယွင်အုပ်စုရဲ့ လက်ရှိ အရွယ်အစားနဲ့ဆိုရင် သိပ္ပံသုတေသန ဘက်ကသာ လိုက်နိုင်နေပါစေ ငါတို့ဘက်က အရှုံးမရှိဘူး.. အမြတ်နည်းသွားရုံလောက် ရှိမှာ.. နောင် မူဝါဒကောင်းတွေ ရလာတဲ့ အခါကျ ကျားကို အတောင်တပ်ပေးသလိုတောင် ဖြစ်သွားတာပေါ့…”

“ ဒါရိုက်တာရှန်းနဲ့ အစ်ကိုချီကတောင် ဒီလိုတွေ ပြောလာပြီဆိုမှတော့ ရှင့်ကို ရေအေးကြီး မလောင်းတော့ပါဘူးလေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ နောက် တစ်နှစ်ကနေ နှစ်နှစ် အထိကို လင်းယွင်အုပ်စုက လီတိုဂရပ်ဖီစက်၊ ချစ်ပ် ထုတ်လုပ်ရေးနဲ့ မိုဘိုင်းဖုန်း စီးပွားရေးဘက်မှာပဲ အာရုံစိုက်ထားလိမ့်မယ်…”

“ လီတိုဂရပ်ဖီစက်အတွက် ပံ့ပိုးပေးရမယ့် စက်အစိတ်အပိုင်း ထုတ်လုပ်ရေးတွေက တည်ဆောက်ပြီးသွားပြီဆိုတော့ လွယ်လွယ်နဲ့ ပြောင်းရွေ့လို့ မလွယ်ကူဘူး… ဒါပေမယ့် ချစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်လာရင်တော့ ခြစ်ထုတ်လို့ရတဲ့ အခွင့်အရေးတွေ ရှိသေးတယ်… နောက်ပြီး အကြိတ်အနယ် ပြိုင်ဆိုင်မှုတွေကြားကနေ အလျင် အမြန် ခြေကုပ်တစ်ခုယူပြီး တခြားသူတွေထက် ခြေတစ်လှမ်းသာနေရမယ်…” ရှန်းထျန်းကျိုးမှ ဝင်ပြောလိုက်၏။

ဟော်ယွမ်ယွမ် ကိုယ်ဟန် အနေအထားကို တစ်မျိုးပြောင်းလျက် “ Semiconductor နယ်ပယ်ကိုတောင် လက်ဝါးကြီး အုပ်ထားပြီးမှတော့ ချစ်ပ်ဘက်ပိုင်းကိုတော့ စိတ်ပူစရာ မလိုပါဘူး.. ဒီနေရာကို ဟွာရှရဲ့ အကြီးစား semiconductor စက်မှုဇုန်အသွင် ပြောင်းလဲပစ်လိုက်ပြီးတော့ ပိုကြီးတဲ့ တစ်စုံတစ်ခုကို ရည်မှန်းကြတာပေါ့…”

ချီရှန်းကျောက်သည် ရှေးရိုးစွဲသည့် အမြင်ရှိပြီး ဟော်ယွမ်ယွမ်ကတော့ တော်လှန်လိုသည့် အစွန်းရောက် အမြင်ရှိ၏။ ၎င်းကို ဤအခြေအနေတွင် ကောင်းစွာ မြင်တွေ့နိုင်သည်။

“ semiconductor နယ်ပယ်ကို လက်ဝါးကြီးအုပ်တာကရင် ငါ့အတွက် လုံလောက်တာထက် ပိုနေပြီ.. မင်းက ငါ့ကို ချစ်ပ် နယ်ပယ်ကိုပါ လက်ဝါးကြီး အုပ်စေချင်သေးတာလား…”

“ ဘာတွေ ကြောက်နေတာ…” ဟော်ယွမ်ယွမ်မှ အမှုမထားသည့် ဟန်ဖြင့် “ အကုန်ထည့်မလား... ထိန်းထားမလား.. အတူတူပဲလေ… ကျွန်မ အစ်မကျီရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ဆိုရင် ရှင်သာ အသက် လေးဆယ် မတိုင်ခင် အက်စီးဒင့်(မတော်တဆ) မဖြစ်သရွေ့ ရှင် ဇိမ်ခံလို့ရအောင် အခွင့်အရေးသစ်‌တွေ ရှာရင်း အလုပ်ရှုပ်ခံစရာ မလိုတော့ဘူးပေါ့..”

“ ငါ မင်းကို ဇွပ်ဇွပ် လုပ်ပစ်ချင်လာပြီနော…”

ချီရှန်းကျောက်နှင့် ရှန်းထျန်းကျိုးတို့မှ ရယ်မောလိုက်ကြ၏။ သူတို့နှစ်ယောက် ယခုလို ကိုက်နေကြသည်ကို နေသားကျနေလေပြီ။

“ ဥက္ကဌလင်း… ကျုပ်လည်း ဒီအစီအစဉ်က မဆိုးဘူးလို့ ထင်တယ်.. စိတ်ချရတယ်..” ချီရှန်းကျောက် ပြောလိုက်ပြီး “ လောလောဆယ် ဒီအစီအစဉ်အတိုင်းပဲ သွားကြတာပေါ့.. ပြီးမှ နောင်ကျလို့ တခြား ထောက်ပံ့ပေးလာတဲ့ မူဝါဒတွေ ရှိလာရင် အဲ့အပေါ်မှာ မီးစင်ကြည့်ကကြတာပေါ့…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ခု ဖြစ်နေတာ အဲ့လိုပဲ. မြန်မြန် အစီအစဉ် ဆွဲထားလိုက်… ငါ ဒီကိစ္စ အစည်းအဝေးမှာ ပြောပြီး အမှုဆောင်တွေ ဘယ်လိုထင်လဲ မေးကြည့်လိုက်မယ်…”

“ နားလည်ပြီ…”

“ ဒါဆို ခုတော့ ဒီလောက်ပဲ… မင်းတို့ ပြန်လို့ရပြီ… ဒီကိစ္စကို မြန်မြန် လုပ်ထားလိုက်..”

“ နားလည်ပြီ ဘော့စ်…”

“ ဒါနဲ့ စကားမစပ် သူဌေး... ရှင့်ကို တစ်ခု ပြောစရာ ရှိတယ်..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဖောင်ဒေးရှင်းက တုံးစန်းကောင်တီကို ဒုတိယအကြိမ်မြောက် ပံ့ပိုးပေးဖို့ ဟန်ပြင်နေတယ်.. သူတို့ ယွမ် ၈ သိန်း ကနေ ၁ သန်း အထိ ပံ့ပိုးပေးဖို့ စီစဉ်ထားတယ်…”

“ ပြဿနာ မရှိဘူး..” လင်ရီ ပြောလိုက်ပြီး “ သူတို့ အလုပ် သူတို့ လုပ်ပါစေ.. ငါ ဒီမှာရှိတာကြောင့်မို့တော့ မဖြစ်စေနဲ့ပေါ့.. “

“ အိုကေ.. ကျွန်မ ပြန်သွားရင် သူ့ကို ပြောပြလိုက်မယ်..”

သို့နှင့် လေးယောက်သားသည် ပြန်သွားခဲ့ကြပြီး လင်ရီလည်း ကောင်တီထံ ပြန်လာခဲ့၏။

သို့သော် လမ်းတွင် ဖောင်ဒေးရှင်း၏ တာဝန်ခံ ဒါရိုက်တာထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။

“ ဘော့စ်… ကျွန်မတို့ တုံးစန်းကောင်တီကို ဒုတိယ တစ်ကြိမ် ပံ့ပိုးကူညီပေးဖို့ ပြင်ထားပြီးပြီ.. ပစ္စည်း တန်ဖိုး ယွမ် ရှစ်သိန်းနဲ့ ငွေကြေး အကူအညီ ယွမ် နှစ်သိန်း ပါပါတယ်…”

“ မင်းက ဒီအပိုင်းမှာ တာဝန်ရှိတဲ့ လူပဲလေ.. ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ပါ…”

“ ကျွန်မတို့လူတွေ မနက်ဖြန်သွားမယ့် ကိစ္စကို ဘော့စ်နဲ့ အချိတ်အဆက် လုပ်ဖို့ရော လိုသေးလား…”

“ လိုလို့လား..” လင်းရီ မေးလိုက်ပြီး “ ဒီခု ထောက်ပံ့ပေးမှာက လက်အောက်ခံ ကျေးရွာနဲ့ မြို့တွေကိုပဲ မလား.. ကောင်တီနဲ့ ဘာမှ မဆိုင်ဘူး မဟုတ်လား…”

“ ဒါပေမယ့် ကျွန်မတို့ကလည်း စီးပွားရေး လုပ်နေတာပဲလေ… ပိုက်ဆံ သုံးထားမှတော့ နာမည်ကောင်းတစ်ခု ရအောင် လုပ်မှပေါ့…”

လင်းရီ ပြုံးလိုက်သည်။ “ နားလည်ပြီ… ဒါပေမယ့် ငါ မသွားဘူး… မင်းတို့ပဲ ကောင်တီကို လာခဲ့လိုက်ကြ… တကယ်လို့ တစ်ခုခု ဆွေးနွေးစရာ ရှိတယ်ဆိုရင် နောက်မှ ဆွေးနွေးလို့ရတယ်…”

“ ဘော့စ်ရဲ့အထောက်အထားကရော…”

“ သိုသိုသိပ်သိပ်နေ… ဒီနေရာက ရှိုးပြလို့ကောင်းတဲ့ နေရာ မဟုတ်ဘူး..”

ကျောက်လင် ပြုံးလိုက်သည်။ ဥက္ကဌလင်းကတော့ အမြဲတမ်း သိပ်ပြီးမှ တည့်တိုးဆန်တာပဲ…

ဒုတိယ အကြိမ် ပံ့ပိုးကူညီမည့် ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

သူ အရင်ဆုံး ထမင်း တစ်နပ်သွားစားလိုက်၏။ ထို့နောက် ရုံးခန်းသို့ ပြန်ရောက်လာသည်။

ရုံးခန်းထဲ၌ လီချင်းခိုင်နှင့် လီစီကျင်းအပြင် အခြား လူငယ်တစ်ယောက်လည်း ရောက်ရှိနေသည်။

သူ့ကြည့်ရသည်မှာ နှစ်ဆယ် နှောင်းပိုင်းလောက်တော့ ရှိဟန်တူသည်။ သူက မျက်မှန်တပ်ထားပြီး ခေါင်းတုံး(ကတုံး)ပေါက်ကေ ညှပ်ထားသည်။ သပ်သပ်ရပ်ရပ် ခန့်ခန့်ညားညား ဝတ်ဆင်ထားပြီး လူကို သဘောကျစေသည့် အရှိန်အဝါများ လွှတ်ထုတ်နေသည်။ သူက လီချင်းခိုင်ရှေ့တွင် မတ်တပ်ရပ်နေပြီး အကြောင်း တစ်ခုခုကို ပြောဆိုနေလျက် ရှိသည်။

“ လင်းလေး… မင်းကို မိတ်ဆက်ပေးဦးမယ်..” လီချင်းခိုင် သောက်လက်စ ရေနွေးကြမ်းခွက်အား အပြတ်ဖြတ်၍ ပြောလိုက်၏။

“ သူက ကောင်တီ တိုးတက်ဖွံ့ဖြိုးရေး ရုံးခန်းက ဒါရိုက်တာ ၊ ကျိုးဖုန်း….”

နှုတ်ဆက်သည့် အနေဖြင့် လင်းရီ ခေါင်းညိမ့်ပြလိုက်သည်။

လင်းရီသည် တစ်ဖက်သူ အပေါ် သဘောထား ထင်မြင်ချက် တစ်ချို့ ရှိထား၏။ ထိုသူက ဒုတာဝန်ခံနှင့် ဆွေမျိုးတော်စပ်သည့် ပုံပင်။

သို့သော် ကျိုးဖုန်းမှာမူ လင်းရီကို မြင်သည်၌ အခြား ဘာမျှ မပြုလုပ်ခဲ့ချေ။ ထိုအစား အနည်းငယ် ရန်လိုရိပ်တို့ ပြသနေခဲ့၏။

“ လင်းလေး… ငါ မင်းနဲ့ ကော်လေးတို့ မနေ့က အတူပြန်လာတာ မြင်ပါတယ်… သူ့ကြည့်ရတာ စိတ်အခြေအနေ ဟန်ပုံမရဘူး.. မင်းတို့ ရန်ဖြစ်ခဲ့ကြတာလား…”

“ သူက ဒီတိုင်း ပျစ်စလက်ခတ် နေချင်တဲ့လူလေ… သူ့ကြောင့်နဲ့တော့ စိတ်အရှုပ် ခံမနေပါဘူး…”

လီချင်းခိုင် လင်းရီ၏ ပခုံးကို စိတ်ထက်သန်စွာဖြင့် ပုတ်လိုက်သည်။

“ ကောင်းပြီ.. စိတ်လျော့လိုက်ပါ… ဘာပဲ ပြောပြော သူက မိန်းကလေးပဲလေ…”

ထိုသို့ပြောပြီးနောက် လီချင်းခိုင် ပြုံးလိုက်၏။

“ ဒါပေမယ့် ငါ အတော်လေးတော့ သိချင်မိသားကွ… မင်းရဲ့ အခြေအနေတွေက အဆိုးရွားကြီး မဟုတ်တာကို ဘာလို့ ဒီရောက်လာခဲ့တာ…”

လင်းရီ ရယ်မောလိုက်ပြီး “ လူတွေကို အလုပ်အကျွေး ပြုဖို့ပေါ့…”

“ ဘယ်လိုတောင် ကောင်းလိုက်တဲ့စကားလဲ..” လီချင်းခိုင်သည် တဟားဟား ရယ်မောလျက် “ မနေ့ကလည်း တစ်နေ့လုံး… ဒီနေ့လည်း တစ်မနက်ခင်းလုံး ပြေးလွှားနေတာ ဘယ်လိုလဲ… တစ်ခုခု တွေ့ခဲ့ပြီလား…”

“ ဒါပေါ့ဗျ… ကောင်တီက စီးပွားရေး တစ်ချို့ ရောက်လာအောင် ဆွဲဆောင်ဖို့ လိုအပ်တယ်လေ.. မဟုတ်ရင် ဆင်းရဲတွင်းကနေ လွတ်ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….”

All Chapters