← Chapters

ပရိုဂရမ် ပြဿနာ

Vol. 89 Ch. 1327

ပရိုဂရမ် ပြဿနာ

Vol. 89 Ch. 1327

“ ဒီမှာ ငါတို့ ရုံးပရိုဂရမ် တစ်ခု လာအပ်ထားလို့ ရေးနေတာ… ဒါပေမယ့် pay interface မှာ bug တွေ့နေလို့… အဖြေရှာနေတာကို တစ်နေကုန်ကျိုးတော့မယ်… တခြား ကုမ္ပဏီက ကျွမ်းကျင်တဲ့ သူ တစ်ယောက်ကိုတောင် ငှားထားသေးတယ်..” စွန်းကျန်း ပြောလိုက်ပြီး “ သူတို့ ပြီးရင် ငါ လက်စသတ်ဖို့ စောင့်နေတာ…”

လင်းရီ လှည့်ကြည့်လိုက်တော့ bug ပြဿနာ ဖြေရှင်းနေကြသည့် ဆရာကြီးများက အငြင်းအခုန် ဖြစ်နေကြဆဲ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။ သူတို့ကြည့်ရသည်မှာ သင့်တင့်တဲ့ ဖြေရှင်းနည်းလမ်းတစ်ခုကို ရှာမတွေ့သေး၍ တိုင်ပတ်နေကြပုံပင်။

“ ကြည့်ရတာတော့ သိပ်မကြာခင် ပြီးမယ့်ပုံ မပေါ်ဘူးနော် ဟေ့ကောင်…”

“ ငါ မေးပြီးပြီ… သူတို့ပြောတာတော့ နာရီဝက်အတွင်း ပြီးစေရမယ်တဲ့.. ကျန်တဲ့ နာရီဝက်က ငါ့အတွက် လုံလောက်ပါတယ်…” စွန်းကျန်း ပြောလိုက်သည်။

“ တကယ်လို့ နာရီဝက်ကြာလို့မှ မပြီးဘူးဆိုရင်လည်း စောင့်မနေတော့ဘူး… ထမင်းပဲ သွားစားကြစို့…”

“ ငါ့ကို ဦးနှောက်ထဲ ထည့်မနေနဲ့… အလုပ်က အရေးကြီးတယ်…”

“ သူတို့ မပြီးဘူးဆိုရင်တောင် ငါလည်း ထပ်မစောင့်နိုင်တော့ဘူး..”

“ စောင့်ကြည့်ကြတာပေါ့…”

စွန်းကျန်း ခေါင်းညိမ့်လိုက်၏။ “ ဘော့စ် … မင်းနဲ့ငါ တွေ့ပြီးလို့ တစ်ရက်နှစ်ရက်လောက် ရှိသေးတာကို ဘာလို့ ဝိတ်တွေ ကျကုန်တာတုန်း…”

“ နေ့တိုင်း လှုပ်ရှားနေရတာလေကွာ… ဝိတ်မကျမှဘဲ ထူးဆန်းနေဦးမယ်…”

“ ထင်တယ်… မင်း အကြောင်း ငါသိနေပါတယ်လို့ဆိုနေ…”

“ မင့်ကြီးတော် တလွဲတွေးမနေနဲ့… အလုပ်လုပ်ရနေရတာဟ…”

“ ဟားဟား… ကောင်းပြီ… ဒါဆို ငါ ဆိုင်ကောင်းကောင်း ရှာပြီး အပြီတွယ်ကြမယ်..”

“ ဘယ်မှာ စားစားပါကွာ…”

“ ရို… ဥက္ကဌလင်း…”

တစ်စုံတစ်ယောက် စကားပြောလာသည့် အသံကြားတော့ လင်းရီ လှည့်ကြည့်လိုက်မိသည်။ ယင်းက စွန်းကျန်း၏ ပါတနာ နှစ်ဦးဖြစ်သည် လီချင်းယွမ် နှင့် လျိုကွမ်းမင်တို့ပင်။

“ ငါ မင်းတို့ကို မနှောင့်ယှက်မိဘူးမလား…” လင်းရီ ပြုံးလျက် ပြောလိုက်၏။

“ ဘယ်လိုလုပ်ပြီး နှောင့်ယှက်တယ် ဖြစ်ရမှာ… ဥက္ကဌလင်း ရောက်လာတာကိုပဲ ငါတို့က ဝမ်းသာရမှာပေါ့…” လျိုချင်းယွမ်မှ ခပ်မြှောက်မြှောက်ကလေး ပြောလိုက်သည်။

“ ဒါပေမယ့် လာမယ်ဆိုလည်း ဘာလို့ ခုနတုန်းက ကြိုမပြောတာ… အောက်ဆင်းပြီး လာကြိုပေးမှာပေါ့…”

“ အရေးကြီးတဲ့ လူလည်း မဟုတ်တာကို အဲ့လောက်ထိ မလိုပါဘူး..”

“ ဥက္ကဌလင်း… မင်း တကယ်ကြီး ရယ်စရာတွေ သိပ်ပြောတတ်တာပဲ… ဒီရဲ့ ကမ်းရိုးတန်းဒေသကိုပဲ မပြောနဲ့ဦး… ဟွာရှတစ်ခုလုံးမှာဆိုရင်တောင် မင်းထက် အရေးပါတဲ့လူဆိုတာ လက်တစ်ဆုပ်စာတောင် ရှိမှာ မဟုတ်ဘူး… မင်း ဒီရောက်လာတယ်ဆိုတာ ငါတို့အတွက် ဂုဏ်တက်စရာပဲ….”

“ ဟားဟား… ယဉ်ကျေးလွန်းနေပါပြီကွာ…” လင်းရီ ပြုံးရွှင်စွာ ပြောလိုက်သည်။

“ နောက်ဆုံးတစ်ခေါက်တုန်းက ထမင်းကို စွန်းကြီးကျွေးတာ… ဒီတစ်ခါတော့ ငါ့အလှည့်ပဲ… အိမ်ရှင်ဘက်က ဧည့်ဝတ်ကျေပေးသင့်တာပေါ့… ကျေးဇူးပြုပြီးတော့မှ မငြင်းလိုက်ပါနဲ့..”

လီချင်းယွမ် ရယ်မောလျက် နာရီကို ငုံ့ကြည့်ရင်း “ အချိန်တောင် ရောက်တော့မယ်… ခု သွားစို့လေ…”

လင်းရီ မလှမ်းမကမ်းရှိ ဆရာကြီးများအား လက်ညိုးညွှန်ပြရင်း “ အလုပ်မပြီးသေးဘူးမလား… သူဌေးက အရင်ဆုံး ပြန်နေတယ်ဆိုရင် ဘယ်လိုတွေ ဖြစ်ကုန်မှာ.. အလုပ်က အရေးကြီးပါတယ်… ငါ့ကြောင့်နဲ့ မင်းတို့ အလုပ်တွေ မကြန့်ကြာစေနဲ့..”

“ ဒီပြဿနာက ဒီနေ့ ပြီးမှာ မဟုတ်တော့ဘူး..” လီချင်းယွမ်မှ ပြောလိုက်ပြီး “ ငါ အပြင်ကနေ အင်ဂျင်နီယာ တစ်ယောက် ငှားထားတာ ပင်ဂွင်းက ဆော့ဝဲအင်ဂျင်နီယာ… ဒါတောင် ဘာဖြစ်မှန်း မသိ တိုင်တွေပတ်နေတာ စိတ်ညစ်စရာပဲ…”

“ သဘောတူတယ်… မစောင့်ကြစို့… ခုပဲ သွားကြစို့…” စွန်းကျန်းလည်း ဝင်ပြောလိုက်သည်။

“ မပူနဲ့.. ငါ တစ်ချက်သွားပြီး ဘာဖြစ်လဲ ကြည့်လိုက်ဦးမယ်… ဘာပဲ ပြောပြော ငါလည်း အားနေတာပဲလေ…” လင်းရီ ပြောလိုက်သည်။

“ ဟင်…”စွန်းကျန်း ခေတ္တမျှကြာအောင် ကြက်သေသေသွားခဲ့၏။ သူနားကြားမှားသွားသလားဟု ထင်ယောင်ထင်မှား ဖြစ်ရင်း “ ဘော့စ်… မင်း ဒါတွေ သိနေတယ်ပေါ့…”

“ နည်းနည်းပါးပါးပါ…”

“ မြန်မြန် မြန်မြန်… ဒါဆိုလည်း တစ်ချက်ကြည့်ပေးစမ်းပါကွာ.. မြန်မြန်ပြီးလေ ငါတို့ အလုပ် စောစော ဆင်းနိုင်လေပဲ..”

လင်းရီမှ ကူညီပေးချင်သည်ဆိုတော့ လီချင်းယွမ်နှင့် လျိုကွမ်းမင်တို့ သူ့အား တားဆီးပိတ်ပင်မှု မပြုကြချေ။

သူကဲ့သို့ ဘီလီယမ်နာ တစ်ယောက်က ကူညီပေးရန် ကမ်းလှမ်းလာသည်တွင် ပြဿနာ ရှင်းနိုင် မရှင်းနိုင်ကို အပထား၊ သူ၏ အချိန်အား ဖဲ့ပေးသည့်အတွက်ပင် ကိုယ်က ဂုဏ်ယူသင့်လေသည်။

“ လာ လာ လာ … လမ်းတစ်ချက် ဖယ်ကြမယ်… ဥက္ကဌလင်းကို ဘာမှားလဲ ကြည့်ပါစေ…” လျိုကွမ်းမင် တစ်ချက် အော်လိုက်၏။

သူဌေးမှ လူစိမ်းတစ်ယောက်နှင့် အတူရောက်လာနေသည်ကို မြင်တော့ ဒါဇင်ကျော်သော စီနီယာနှင့် ဂျူနီယာ ဂရိုဂရမ်မာများသည် မသိစိတ်အလျာက် နောက်သို့ ဆုတ်ပေးလိုက်ကြ၏။

၎င်းနောက် သူတို့အားလုံး လင်းရီကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ကြသည်။

သူက ဒီကို bug ရှင်းပေးဖို့ ရောက်လာခဲ့တာလား…

ငယ်လှချည်လားဟ… အားကိုးလို့ရော ရပါ့မလား…

“ ဥက္ကဌလီ.. သူက ဘယ်သူတဲ့တုန်း…”

ပြောလိုက်သူက‌ အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း လူကြီး တစ်ယောက်ပင်။ သူ၏ ဆံပင်တို့မှာတော့ အတွေးခြောက်ရ၍ ထိပ်က ရှင်းပြောင်နေပြီး STEM နယ်ပယ်ရှိ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

“ ဒီတိုင်း ဥက္ကဌလင်းလို့ပဲ ခေါ်လိုက်… သူ့မှာလည်း နည်းပညာနဲ့ ပတ်သက်လို့ အတွေ့အကြုံ နည်းနည်းတော့ ရှိတယ်… ပရိုဂရမ်ထဲက BUG ကို ဖြေရှင်းပေးဖို့ လုပ်နေတာ…”

“ ဥက္ကဌလီ… ငါတို့ပြီးခါနီးနေပါပြီ.. ဘာမှ သိပ်မလိုတော့ဘူး…” အင်ဂျင်နီယာမှ ပြောလိုက်၏။

“ အဲ့လိုလား…” လီချင်းယွမ် ပြောလိုက်ပြီး “ ပြီးဖို့ ဘယ်လောက်လောက် ကြာဦးမလဲ..”

“ အလွန်ဆုံး ၁၀ မိနစ်…”

“ ကောင်းပြီ… လုပ်စရာ ရှိတာ အရင်လုပ်ပါ…”

အင်ဂျင်နီယာမှ ခေါင်းညိမ့်လိုက်၏။ ထို့နောက် ကွန်ပျူတာဘက်သို့ လှည့်၍ ကီးဘုတ်ပေါ် လက်တင်လိုက်သည်။ ထို့နောက် မော်နီတာပေါ်၌ ကုတ်အတန်းလိုက် ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာတော့ အတော်လေး အရည်အချင်း ရှိမည့်ပုံ ပေါက်သည်။

လီချင်းယွမ် လင်းရီကို ပြုံးတုံ့တုံ့ အမူအရာဖြင့် “ ဥက္ကဌလင်း… အားနေမယ့် အတူတူ ငါတို့ကို နည်းနည်းလောက် လမ်းညွှန်ပေးလို့ရလား…”

လင်းရီ ဘေးမှနေ၍ ကုတ်များအား ဖတ်ရှုလိုက်ပြီး တည်ငြိမ်သည့် လေသံဖြင့် “ ဒီ ကုတ်မှာ ပြဿနာ တစ်ခု ရှိတယ်… payment window နဲ့ ပတ်သက်တဲ့ ပြဿာနာကို ဖြေရှင်းလို့ ရတယ် ဆိုပေမယ့် နက်ဝေါ့ ကွန်နက်ရှင်း အမြန်နှုန်းအပေါ် ထိခိုက်မှုရှိပြီး အသုံးပြုသူတွေကို ပုံမှန်လို လော့အင် ဝင်လို့မရတဲ့ ပြဿနာ ဖြစ်စေလိမ့်မယ်…”

“ ဟင်…”

လီချင်းယွမ်က သူသည် လင်းရီကို မည်မျှ လေးစားတန်ဖိုးထားကြောင်း ပြသရန်အတွက် ယဉ်ကျေးသည့် စကား ဆိုလိုက်သော်လည်းပဲ အမှန်တကယ် ထောက်ပြလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ မင်း ဘာတွေ လာပြီး ပြောနေတာ..”

လီချင်းယွမ် စကားပြောသည်ကို စောင့်မနေတော့ပဲ ရေးသားနေသည့် အင်ဂျင်နီယာမှ နောက်သို့လှည့်၍ “ ငါ ပင်ဂွင်းမှာ အလုပ်လုပ်လာတာ ရှစ်နှစ်ကျော်ပြီ… မရေမတွက်နိုင်တဲ့ လုပ်ငန်းနည်းစနစ် ပြဿနာတွေကို ဖြေရှင်းလာခဲ့တာ သေးသေးကြီးကြီး ငါ့လက်ထဲ ရောက်ရင် အကုန်အေးဆေးပဲ… မင်းက ငါ့ထက်ပိုပြီး သိတယ်လို့ထင်လား…”

လင်းရီ ပြုံးလိုက်ပြီး ပြန်ငြင်းမနေတော့ချေ။

“ ကျွန်တော် မှားသွားတယ် ထင်ပါတယ်.. ခင်များ ဆက်လုပ်ပါ…”

ကုမ္ပဏီရှိ အခြား ဂျူနီယာ ပရိုဂရမ်မာလေးများလည်း လင်းရီကို ကြည့်လာကြသည်။

အင်ဂျင်နီယာ ကျန်းရဲ့ အရည်အချင်းတွေက ဘယ်ကိုပဲ သွားသွား လက်မထောင်လို့ရတယ်… ပြီးတော့ ကျွမ်းကျင်မှုကလည်း တစ်ဖက်ကမ်းခတ်… ဒါတောင် သူ လုပ်နေတဲ့ကိစ္စကို ဆရာကြီး ဝင်လုပ်ချင်နေသေးတယ်ပေါ့…

ဒါ မသိနားမလည်တဲ့ကောင်က တကယ့်ဆရာကြီး တစ်ပါးကို ဆရာကြီးလုပ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…. ငါတို့နည်းပညာ နယ်ပယ်မှာ ဒီလို လူစားမျိုးတွေနဲ့ အလုပ်လုပ်ရတာ အခက်ဆုံးပဲ…

အင်ဂျင်နီယာကြီးကတော့ ဘာမျှ ပြန်မပြောချေ။ အေးစက်စက် နှာတစ်ချက် မှုတ်၍ သူ့အလုပ်သူ ဆက်လုပ်လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် enter key ကို ခပ်ပြင်းပြင်း တစ်ချက်ခေါက်ရင်း စိတ်သက်သာ ရသွားသည့်ဟန်ဖြင့် “ ပြီးပြီ… ပရိုဂရမ်ကို run လို့ရပြီ…”

“ ငါ လုပ်လိုက်မယ်…”

ပြောပြီးနောက် လျိုကွမ်းမင်သည် မောက်စ်ကို ရွေ့၍ ပရိုဂရမ်အား run လိုက်၏။

“ အိုကေ… လုံးဝ အဆင်ပြေသွားပြီ…”

ကုမ္ပဏီထဲရှိ လူတိုင်း လက်ခုပ် တဖြောင်းဖြောင်း တီးလိုက်ကြ၏။ အကယ်၍ ဤပြဿနာမှ ယနေ့ မဖြေရှင်းနိုင်ဘူးဆိုပါက မည်သူကမျှ အလုပ်ဆင်းနိုင်လိမ့်မည် မဟုတ်ချေ။

“ စွန်းကြီး… မင်း အလုပ်တွေကို တခြား တစ်ယောက်နဲ့ လွှဲထားခဲ့လိုက်… ပစ္စည်းတွေ သိမ်းပြီး လစ်ကြစို့….” လီချင်းယွမ်မှ ပြောလိုက်၏။

“ ငါ အသင့်ပဲ …. သွားစို့…”

“ မလောသေးနဲ့ဦး…” လင်းရီ ပြောလိုက်ပြီး “ မင်းဖုန်းထုတ်ပြီး ဆော့ဖ်ဝဲထဲ လော့အင်ဝင်ကြည့်လိုက်.. လက်တွေ့ ဖန်ရှင်တွေမှာ ပြဿနာ ရှိမရှိ စမ်းကြည့်ကြည့်..”

အင်ဂျင်နီယာ၏ မျက်နှာ အမူအရာသည် အိုးဖင်ကဲ့သို့ မည်းနက်သွားခဲ့လေသည်။

“ မင်း ဘာစကားပြောတာ… ငါ့အရည်အချင်းတွေကို သံသယ ဝင်နေတာလား…”

“ လုပ်ကြည့်လိုက်… လုပ်ကြည့်လို့ မမှားသွားဘူး..”

ကျန်သူများက လင်းရီ၏ စကားကို အလေးအနက် ထားကြမည် မဟုတ်သော်လည်းပဲ လီချင်းယွမ်နှင့် လျိုကွမ်းမင်တို့ကတော့ သူ မည်သူမည်ဝါဆိုတာကို သိနေသည်။ ဖုန်းများ အလျင်အမြန် ကောက်၍ အက်ပ်ထဲ ဝင်လိုက်ကြ၏။

မမြင်ဘူးဆိုပါက ယုံကြည်နိုင်လိမ့်မည် မဟုတ်သော်လည်းပဲ သူတို့ လက်တွေ့ စမ်းကြည့်လိုက်တော့ အမှန်ပင် ရှော့ခ်ရမိသွားခဲ့၏။

ပုံမှန်ဆို သူတို့ လော့အင်ဝင်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း ဝင်သွားရပေမည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ မိနစ်ဝက်လောက်ကြသည်အထိ စောင့်ဆိုင်းနေရပြီးမှ ဖြည်းဖြည်းချင်း ဝင်သွားခဲ့၏။

ထို့ပြင် အခြားသော ဖန်ရှင်များအား ဖွင့်ကြည့်ရာတွင်လည်း အမြန်နှုန်းက လိပ်လို နှေးကွေးနေပြီး ထုရိုက်ခွဲပစ်ချင်စရာပင်။

ဤဆော့ဖ်ဝဲက ပြဿနာရှိနေပြီဆိုတာ သံသယ ရှိနေစရာ မလိုတော့ချေ။

ဘုရားသိကြား မ၍ပင်။ မဟုတ်ပါက သူတို့ နှစ်ခါ စိတ်ရှုပ်ပေရတော့မည်။

“ အင်ဂျင်နီယာကျန်း… ဒါ ဘာတွေ ဖြစ်နေလဲဆိုတာ ကျုပ် သိချင်တယ်…” လီချင်းယွမ်မှ မေးလိုက်တော့သည်။

All Chapters