← Chapters

ဘယ်သူက ပိုကြီးမြတ်လဲ၊ သရဖူဆောင်း မင်းသားလား …ဒါမှမဟုတ် ဧကရာဇ်လား

Vol. 89 Ch. 1328

ဘယ်သူက ပိုကြီးမြတ်လဲ၊ သရဖူဆောင်း မင်းသားလား …ဒါမှမဟုတ် ဧကရာဇ်လား

Vol. 89 Ch. 1328

ဆော့ဖ်ဝဲက ပြဿနာရှိနေသည်ကို မြင်လိုက်ရတော့ အင်ဂျင်နီယာကျန်းသည်လည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ဤသည်က ဘာကြောင့်လဲဆိုတော့ ပြဿနာ တစ်စုံတစ်ရာ ရှိလာလိမ့်မည်လို့ သူ လုံးဝ ထင်မထားသောကြောင့်ပင်။ သူ့ဘက်က ကုတ်များကို မှန်မှန်ကန်ကန် ရေးသားသွားခဲ့သည်မှာ ကျိန်းသေသည်။

“ မဖြစ်နိုင်ဘူး… ငါ ဂရိုဂရမ်ကို ထပ်ခါတလဲလဲ စမ်းသပ်ကြည့်ပြီးသား… ဘာပြဿနာမှ မရှိဘူး.. ဥက္ကဌလီလည်း ကိုယ်တွေ့ပဲ… ခုနက စမ်းကြည့်တာ ပြဿနာ ရှိလို့လား..”

“ ခင်များရေးနေတဲ့ ဂရိုဂရမ်က ပြဿနာ ရှိနေပါတယ်လို့ ကျွန်တော် ခုနက မပြောဘူးလား.. အဲ့တာက အင်တာနက် ကွန်နက်ရှင်ကို နှောင့်နှေးသလို ဖြစ်စေတယ်လို့… ခု ခင်များ ယုံပြီမလား…”

“ အဲ့တာက….”

လူတိုင်း၏ အကြည့်က လင်းရီအပေါ် ကျရောက်သွားခဲ့တော့သည်။

သူက ပြဿနာကို စတကည်းက ရှာဖွေနိုင်နေမှတော့ ဘယ်လိုဖြေရှင်းရမယ် ဆိုတာလည်း သိနေမှာပဲလေ.. ဟုတ်တယ်ဟုတ်…

“ ဘော့စ်… မင်းဟာက ဟုတ်လှချည်လားကွ… ဒါကိုတောင် ခန့်မှန်းကြည့်နိုင်နေတယ်…” စွန်းကျန်း ပြောလိုက်ပြီး “ မင်း ဒါကို ကူညီပေးလို့ရလား…”

မည်သို့ပင်ဆိုစေ သူသည်ကလည်း ပါတနာ တစ်ယောက်ဖြစ်၏။ အကယ်၍ ကုမ္ပဏီမှ ဖန်တီးလိုက်သည့် ဆော့ဖ်ဝဲများက ပြဿနာ ရှိနေမည် ဆိုလျှင် သူ့အတွက်လည်း မကောင်းပေ။

“ ပြဿနာက အသေးအမွှားလေးပါ… ငါ လုပ်ကြည့်မယ်…”

လင်းရီ လှမ်းလာနေသည်ကို မြင်တော့ အင်ဂျင်နီယာကျန်းမှ နောက်သို့ ဆုတ်ပေးလိုက်၏။

လင်းရီသည် ပရိုဂရမ် တည်းဖြတ်သည့် ဆော့ဖ်ဝဲကို ဖွင့်ပြီးနောက် ဖျက်သင့်တာဖျက်၍ ပြန်လည် ရေးသားလိုက်သည်။ သူ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ဝေ့ဝဲနေပြီး အပေါ်မကြည့်ဘဲ အောက်လိုက်ကြည့်နေသူများအား မူးနောက်နောက် ဖြစ်သွားစေသည်။

သူ ဘာတွေ ရေးနေလဲဆိုတာ လူတိုင်း ဖတ်လို့ မပြီးသေးခင်၌ ကုတ်သုံးကြောင်းခန့် ပြီးဆုံးသွားခဲ့သည်။

လီချင်းယွမ်၊ လျိုကွမ်းမင်နှင့် ကျန်သူတို့ကတော့ ငေးမောရင်းဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေမိကြ၏။ မေးရိုးကြီးများဆို ပန်းသီးတစ်လုံးစာလောက် ဝင်ဆံ့သည်အထိ ပြုတ်ကျနေကြလေသည်။

ဘီလီယမ် ရာချီ ချမ်းသာနေတဲ့ သူဌေးကြီးက နည်းပညာ စကေး ဒီလောက် ကြမ်းနေတယ်ပေါ့…

သောက်ကျိုးနည်းကြီး…

ဆယ်မိနစ်ခန့် ကြာပြီးနောက် လင်းရီ အဆုံးသတ် enter ခေါက်လိုက်၏။

“ ပြီးပြီ… တစ်ယောက်ယောက် ပြန်စမ်းကြည့်လိုက်…”

“ လျိုကြီး… မင်း လုပ်လိုက်ကွာ..” လီချင်းယွမ် ဆော်ဩလိုက်သည်။

လျိုကွမ်းမင် ရှေ့သို့တက်၍ ပရိုဂရမ်အား run ကြည့်လိုက်၏။

“ ပြဿနာမရှိဘူး… ဖုန်းထဲ စမ်းကြည့်ကြစို့…”

ဤတစ်ကြိမ်တွင်တော့ လူတိုင်း ဖုန်းများထုတ်၍ အက်ပ်ထဲ ဝင်လိုက်ကြသည်။

Payment window ပြဿနာကို ဖြေရှင်းပြီးသွားရုံသာမက လိုင်းနှောင့်နှေးနေသည့် ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်ကြောင်း သတိပြုမိလိုက်ကြလေသည်။ တစ်ချက်မျှ မ lag သွားပဲ ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာများအား ဆောင်ရွက်နိုင်နေသည်။

ထို့ပြင် သွက်လက်မှုကလည်း အရင်ကထက်ကို ပိုလာခဲ့၏။

“ ငိုးတဲ့မှ ဘော့စ်… မင်း သောက်ရမ်းလန်းတယ်… ငါ မင်းကို ဦးညွှတ်လုနီးပါးပဲ…”

“ ခက်ခဲတာမှ မဟုတ်တာ.. ဘာတွေ အံ့ဩပြနေတာ…” လင်းရီ ရယ်မောလိုက်၏။

“ မင်းတို့ ပြီးပြီဆို သွားစားကြမယ်… ဗိုက်က ဆာနေပြီ..”

“ အိုကေ အိုကေ… သွားကြစို့…”

လီချင်းယွမ်မှာ အင်မတန်ပင် ရက်ရောပျူငှာနေသည်။ လူတစ်ယောက်ကို ယွမ် နှစ်သောင်းနီးနီး ပေးရသည့် အဆင့်မြင့် ပင်လယ်စာ စားသောက်ဆိုင် တစ်ဆိုင်တွင် တည်ခင်းဧည့်ခံပေးသည်။

ကလင် ကလင် ကလင်….

သူတို့ စားသောက်နေသည့် အချိန်၌ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့၏။ ယင်းက ရှောင်ပင်းထံမှပင်။

“ အစ်ကိုရီ… ကျွန်မ ကျိုးဟိုင်မှာ… လာကြိုပေးဖို့ အားမလားလို့ပါ…”

“ ဟင်… ဘာလို့ ကျိုးဟိုင် ရောက်နေတာလဲ…”

“ ကျွန်မ မိသားစုက ဒီမှာ လုပ်ငန်း တစ်ချို့ ရှိတယ်လေ.. ဒါကြောင့်မို့ အမေက ဒီလွှတ်လိုက်တာ…” ရှောင်ပင်း ပြုံးလျက် ပြောလိုက်၏။

“ အချိန်းအချက် သေးသေးလေး လုပ်လို့လည်း ရတယ်နော်… ဒီနေ့ မပြန်ဖြစ်သေးဘူး… ကျိုးဟိုင်မှာ တစ်ညအိပ်သွားလို့ရတယ်…”

“ ကံဆိုးတာပဲ… ငါက ယွီဟန်ရောက်နေတာ.. ကျိုးဟိုင်မှာ မဟုတ်ဘူး…”

“ ဟင်.. ရှင်က ယွီဟန်မှာလား…”

“ ဒီရောက်နေတာ လေးငါးရက်ရှိပြီ…”

“ အဲ့တာကို ဘာလို့ အစောကတည်းက မပြောလဲ…” ရှောင်ပင်းမှ စောဒကတက်လိုက်ပြီး “ အစ်ကိုရီကသာ အဲ့မှာ ရှိမှန်းသိရင် ဒီမလာခဲ့ပါဘူး.. စောင့်နေ.. ခုပဲ ပြန်လာနေပြီ..”

“ ကောင်းပြီ.. ငါနောက်မှ ပြန်ဆက်လိုက်မယ်..”

ရှောင်ပင်း ရယ်မောလျက် “ ဒီည ရှင့်ကို ယွီဟန်က အကောင်းဆုံး နိုက်ကလပ်ဆီ ခေါ်သွားပေးမယ်… ကျိုးဟိုင်က ကလပ်တွေထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်…”

လင်းရီ ပြုံးလိုက်မိ၏။ “ ရတယ်လေ… ဆန်းတာမှတ်လို့… ငါလည်း ဒီည အားနေတာနဲ့ အတော်ပဲ…”

ဖုန်းချပြီးနောက် စွန်းကျန်းမှ ကောက်ကာငင်ကာကြီး ထမေးလာခဲ့၏။

“ ဘော့စ်…. ဘယ်သူတဲ့တုန်း… အသံ နားထောင်ရတာတော့ မိန်းကလေး အသံပါပဲ..”

“ မိန်းကလေး ဟုတ်တယ်.. ငါ့ကို ခဏကျရင် အပြင်ထွက် ကစားရအောင်လို့တဲ့… မင်းလည်း အားတယ်ဆိုရင် ငါတို့နဲ့ အတူလိုက်ခဲ့လို့ရတယ်… အားတယ်မလား…”

“ ဥက္ကဌလင်း.. မင်းရဲ့ အမြင်ကို ဖမ်းစားနိုင်တဲ့ ကောင်မလေးဆိုတော့ တော်တော်ကြီးကို အရည်အချင်း ကောင်းလို့ ဖြစ်မယ်…. မှန်တယ်မလား..” လီချင်းယွမ်မှ မေးလိုက်သည်။

“ အင်း… သူက …. မဆိုးပါဘူး…” လင်းရီ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

“ ဟားဟား.. ဒါဆိုလည်း ငါတို့တွေ အမြင်ကျယ်သွားအောင် သေချာပေါက် လိုက်ခဲ့ရမှာပေါ့…”

ပထမဆုံးအကြိမ် အတူပျော်ပါး သောက်စားကြခြင်း ဖြစ်သော်လည်းပဲ လေထုအခြေအနေက အတော်လေးကို လိုက်လျောညီထွေ ရှိလှသည်။ လူတိုင်းက ခွက်ကို ဆက်တိုက်မြှောက်လျက် ပျော်ရွှင်စွာဖြင့် သောက်စားနေကြလေသည်။

****

ကျိုးဟိုင်၌ အနက်ရောင် ဘန်ထလေ တစ်စင်းသည် ယွီဟန်သို့ ဦးတည်မောင်းနှင်နေလျက် ရှိသည်။

“ ပင်းပင်း.. အရေးကြီးတဲ့ သူငယ်ချင်းမို့လို့လား…”

ထိုစကားပြောလိုက်သူက ကားမောင်းနေသည့် ဒရိုင်ဘာပင်။ ထိုသူက အခြားသော ကားဒရိုင်ဘာများကဲ့သို့ သက်လတ်ပိုင်း အရွယ် လူတစ်ယောက် မဟုတ်ချေ။ ထိုအစား အင်မတန် ငယ်သည်။ အသက် ၃၀ လောက်သာ ရှိလိမ့်ဦးမည်။ ဆံပင်ကို သေချာသပ်ရပ်စွာ ပုံသွင်းထားပြီး အဝတ်အစားကိုလည်း ဖက်ရှင်ရေစီးကြောင်းအတိုင်း ဝတ်စားထား၏။

သူက ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ရှောင်ပင်းအဖို့ သူငယ်ချင်းတစ်ယောက်နှင့် ပိုပြီး အလားသဏ္ဌာန်တူသည်။ နာမည်မှာ ကော်ကျင့်ဖြစ်၏။ ရှောင်ပင်းကဲ့သို့ သူသည်လည်း ယွီဟန်ရှိ ကောင်းမွန်သည့် မိသားစု တစ်ခုမှ ဆင်းသက်လာခဲ့ခြင်းပင်။

သို့သော် ရှောင်ပင်းကဲ့သို့ ထိပ်တန်း မိသားစုကြီး တစ်ခုနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ အများကြီး ကွာဟနေပါသေးသည်။

သူ ရှောင်ပင်းကို လိုက်ပြီး ပိုးပန်းနေသည်မှာ အချိန်တော်ကြာကတည်းပင်။ အလှလေးတစ်ယောက်၏ အကူအညီကိုယူ၍ ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို မျှော်မှန်းရင်း ယနေ့ထိတိုင် ဇွဲလုံးဝ မလျှော့သေး‌ချေ။

သို့မှသာ ယွီဟန်မြို့ရှိ သူ့မိသားစုနှင့် သူ၏ အဆင့်အတန်းသည်လည်း မြင့်တက်လာပေမည်။

သို့သော် သူ မသိရှိခဲ့သည်က ရှောင်ပင်းသည် အပေါ်ယံ၌သာ ချမ်းသာသည့် မိသားစုမှ သူဌေးသမီး တစ်ယောက် အသွင် ပေါက်နေသော်လည်း တကယ့်တကယ်တွင်တော့ ကျုံးဝေ့တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီးသား ဖြစ်လေသည်။

နှစ်ဦးမှာ မတူညီသည့် ကမ္ဘာနှစ်ဖက်၌ တည်ရှိနေကြခြင်း ဖြစ်၏။

နှစ်ယောက်ကြားထဲ၌ ဇာတ်လမ်းလေးများ ရှိလာဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အရာတစ်ခုပင်။ ရှောင်ပင်း အတွက်တော့ သူသည်က မောင်းထုတ်မရသည့် ဖရီး ဒရိုင်ဘာ တစ်ယောက်ကဲ့သို့သာ။

“ ကျိုးဟိုင်က ငါ့ ဘက်စ်တီနဲ့ တွေ့မလို့ကို ဖြစ်ချင်တော့ သူက ယွီဟန် ရောက်နေတယ်တဲ့… အဲ့မှာ လွဲချော်ကုန်ရော…”

ကော်ကျင့် စိတ်ထဲ အနည်းငယ် အောင့်သက်သက် ဖြစ်သွားခဲ့၏။ သို့သော် သူ ပြုံးထားမြဲ။

“ မင်းရဲ့ မျက်လုံးထဲ ဝင်ဆံ့နိုင်တဲ့လူဆိုတော့ အတော်လေးကို တမူထူးလို့ ဖြစ်ရမယ်…”

“ သူက တမူထူးတာထက်ကို ပိုတယ်..” ရှောင်ပင်း ရယ်မောလိုက်ရင်း “ သူ့ရဲ့ စံချိန်စံနှုန်းတွေနဲ့ အရည်အချင်းတွေက လုံးဝ သာမန် မဟုတ်ဘူး..”

“ အဲ့လူက ချင်းဟန်ထက် ပိုပြီး ဩဇာတိက္ကမ ရှိနေတာများလား…”

ချင်းဟန် “ ???? “

ငါက ဘယ်လိုလုပ်ပြီး မင်းတို့ စကားဝိုင်းထဲ ရောက်လာခဲ့တာ…

“ သူတို့လို လူစားမျိုးတွေနဲ့ သူငယ်ချင်း ဖြစ်ရင် ကောင်းတယ်… “ ကော်ကျင့် ပြောလိုက်ပြီး “ တစ်ချိန်ချိန်ကျ သူတို့နဲ့ အဆက်အသွယ် ရှိထားတာ အသုံးဝင်လာနိုင်တယ်လေ…”

ကော်ကျင့်၏ စကားကို ထောက်ခံသည့် အနေဖြင့် ရှောင်ပင်း ခေါင်းညိမ့်လိုက်သည်။

လက်ရှိတွင် ရှောင်မိသားစုနှင့် ဝေ့မိသားစုက ကျိုးဟိုင်ရှိ မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက် တစ်ခုအတွက် ယှဉ်ပြိုင်နေကြခြင်းပင်။ အကယ်၍ ဘော့စ်လင်းသာ ကူညီပေးနိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ မြန်မြန်မောင်း… ငါ SOS ကို ဖုန်းဆက်ပြီး သီးသန့်ခန်း ကြိုယူထားလိုက်တော့မယ်…”

ကော်ကျင့် လီဗာပေါ် တအား နင်းလိုက်ပြီး ၁၅၀ မိုင်နှုန်းဖြင့် အရှိန်တင်လိုက်၏။

“ အဲ့လူက ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲတဲ့… ငါတို့ ပြင်ဆင်သွားဖို့ လိုသေးလား…”

“ ကြိုက်တာလား… သူက ရင်ကြီးကြီးနဲ့ ကောင်မလေးတွေဆို ကြိုက်တယ်လေ…” ရှောင်ပင်း ရယ်မောပြောဆိုရင်း ရင်ကို ကော့ပြလိုက်၏။ “ ငါ့လိုမျိုးပေါ့..”

“ ကြည့်ရတာတော့ ချမ်းသာတဲ့ လူတွေက ဒီအစဉ်အလာကို မချိုးဖောက်နိုင်ကြပုံပဲ…”

“ ယောက်ျားဆိုတာ သေခါနီးထိတိုင် နှလုံးသားက ဆယ်ကျော်သက်ပဲလေ…” ရှောင်ပင်း ပြောလိုက်ပြီး “ စကားမစပ် နင့်မှာ ကိုယ်လုံးကိုယ်ပေါက်လှတဲ့ ညီမတစ်ယောက် ရှိတယ်မလား… နင် သူ့ကို ပါတီမဖိတ်ချင်ဘူးလား…”

“ အဆင်ပြေသားပဲ.. သူ ဒီနေ့ ရုံးပိတ်တယ် ဆိုတော့ အိမ်ပြန်လာလောက်တယ်… ငါ ခဏကျ ဖုန်းဆက်လိုက်မယ်…”

ကော်ကျင့်လည်း ဤသည်က အခွင့်အလမ်းကောင်း တစ်ခုဟု ခံစားနေရသည်။

ရှောင်ပင်း၏ လေသံကို နားထောင်ကြည့်ရသလောက်တော့ တစ်ဖက်သူနှင့် မည်သည့် ပတ်သက်မှုတို့မျှ မရှိထားသေးသည်မှာ သေချာသည်။

အကယ်၍ သူ့ညီမလေးသာ ရောက်လာခဲ့မည်ဆိုပါက တစ်ဖက်သူ၏ အမြင်ကို ဖမ်းစားကောင်း ဖမ်းစားနိုင်လိမ့်မည်။

မည်သို့ပင်ဆိုစေ လူတိုင်း၏ အလှရသအပေါ် ခံစားသက်ဝင်မှုက မတူကွဲပြားကြ၏။ ရှေ့ဆက်ပြီး ဘာဖြစ်မလဲဆိုတာကိုတော့ ကြိုတင်မှန်းဆဖို့ရာ ခဲယဉ်းလှသည်။

All Chapters