← Chapters

အစ်ကိုရီကို စိတ် မပျော်အောင် မလုပ်နဲ့

Vol. 89 Ch. 1330

အစ်ကိုရီကို စိတ် မပျော်အောင် မလုပ်နဲ့

Vol. 89 Ch. 1330

လင်းရီ လီချင်းယွမ်ဘက်သို့ လှည့်လျက် ပြုံးကြည့်လိုက်ကာ “ မင်းတို့ ယွီဟန်မြို့က လူတွေက ရန်ဖြစ်ဖို့ကို နေရာရွေးကြသေးတာလား..”

လီချင်းယွမ်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရ၏။

“ ငါတို့က ဒီတိုင်း ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပဲလေ… ငါတို့ရဲ့ အဆက်အသွယ်ကလည်း အားမကောင်းတော့ စိတ်လိုက်မာန်ပါတွေ မလုပ်ရဲဘူး..”

“ မင်း ဘာတွေ သွားပြောနေတာ… တကယ်လို့ မင်း ရန်မဖြစ်ရဲဘူးဆိုလည်း ကားဖယ်လိုက်… ငါ့လာပြီး အိညောင်ကွက်ညောင် လုပ်မနေနဲ့… စိတ်ရှုပ်တယ်..”

ဖြောင်း…

လင်းရီ လက်မြောက်၍ ဆံပင်အစိမ်းနှင့်လူကို မျက်နှာဖြတ်ရိုက်လိုက်သည်။

တစ်ဖက်သူမှ သတိပြန်မလည်သေးခင် သူ ဆံပင်အား ဆုပ်ကိုင်လိုက်ပြီး သူ့ဘေးရှိ ကားဘောနက်နှင့် ဆောင့်ပေးလိုက်၏။

“ ငါ့ အစ်ကိုချောင်ကို မင်း ဘယ်လိုတောင် လုပ်ဝံ့နေတာ…”

လင်းရီ သူ့ ခါးရှိ ဓားမြောင်ကို ထုတ်၍ ထိုလူအား ရွယ်လိုက်ပြီး “ မင်း တက်လာခဲ့ရင် အသေပဲ…”

လင်းရီ လက်ထဲရှိ အေးစက်စက် ဓားမြောင်ကို မြင်တော့ နှစ်ယောက်သားလုံး ရှော့ခ်ရသွားခဲ့ကြပြီး ခြေထောက်များ တုန်ယင်သွားကြသည်။

ဖြတ်သွားဖြတ်လာ လူများလည်း မသိစိတ်အလျောက် ဝေးဝေးရှောင်သွားကြ၏။ အနားကပ်မလာဝံ့ကြတော့ချေ။

လီချင်းယွမ်နှင့် လျိုကွမ်းမင်တို့မှာ အံ တဂတ်ဂတ် ဖြစ်နေလေသည်။ လင်းရီသည် ထိုမျှ စိတ်လိုက်မာန်ပါ ဖြစ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။

အထူးသဖြင့်တော့ လီချင်းယွမ် အတွက်ဆို ပိုမှန်လိမ့်မည်။ ထိုအခါမှသာ သူနှင့် အနှီ ထိပ်တန်း တိုင်ကွန်းကြီးများရှိ ကွာဟချက်အား နားလည်သဘောပေါက်သွားခဲ့တော့၏။

လင်းရီ၏ အဆင့်အတန်းဖြင့်ဆိုပါက လူသတ်မှု ကျူးလွန်ခဲ့လျှင်ပင် ကိစ္စချောအောင် ပြုလုပ်၍ ရသည်။

သူနှင့် လင်းရီကဲ့သို့သော တစ်စုံတစ်ယောက် ကြားရှိ ခြားနားမှုက ဤဘဝတော့ လိုက်နိုင်မည် မထင်။

“ ဘ..ဘရို… မင်း စိတ်လေးကိုလျော့.. ဒါ ငါ့အမှားပါ ဟုတ်ပြီလား… မင်း ကားကို ဒီမှာ ရပ်လို့ရတယ်… ငါတို့ တခြား ပါကင် နေရာ လိုက်ရှာလိုက်မယ်…”

“ အစောကြီးကတည်းက ဒီတိုင်း လုပ်လိုက်ရင် ပြီးနေမယ့် ကိစ္စ…”

လင်းရီ ဓားမြောင်ကို ခါးကြားပြန်ထိုးလိုက်ပြီး ဆံပင် အစိမ်းနှင့်လူကို သွားခွင့်ပေးလိုက်သည်။

“ အထဲဝင်ကြစို့…"

သုံးယောက်သားလည်း လင်းရီ အနောက်သို့ လိုက်၍ ဘားထဲ ရောက်လာခဲ့ကြသည်။

ဆံပင်အစိမ်းရောင်လူနှင့် သူ့အဖော်အတွက်ကတော့ သူတို့၏ ရင်သည် တဒိန်းဒိန်း ခုန်ပေါက်နေသည်။ အချိန်အတော်ကြာသည်အထိ ကြောက်စိတ် မပြေကြသေးချေ။

ဘားက လှုပ်ရှားမှု ပေါင်းစုံတို့ဖြင့် စည်ကားသက်ဝင်နေသည်။ နီယွန်မီး အလင်းရောင်များ၊ စည်းချက်ကျသည့် သီချင်းသံများ၊ ကိုယ်ကို လိမ်တွန့်၍ လှပစွာ ယိမ်းနွဲ့နေကြသည့် အမျိုးသား အမျိုးသမီးတို့ပါ ထည့်ပေါင်းလိုက်တော့ ဤနေရာသည်ကား… စိတ်ထွက်ပေါက်ပေးရာနေရာပင် ဖြစ်သည်။

ရှောင်ပင်းနှင့် အခြား နှစ်ဆယ်နီးနီးလောက်ရှိမည့် လူတို့က ပထမ ထပ်ရှိ ဖန်သား ပါတစ်ရှင်းအခန်းထဲတွင် ထိုင်နေကြသည်။

ပါတစ်ရှင်း အခန်းက တစ်ဝက်ဖွင့်ထားပြီး မှန်သားဖြင့် ပြုလုပ်ထားသည်။ အထဲတွင် ထိုင်နေရင်း အပြင်ဘက်ရှိ မြင်ကွင်းများအား အေးဆေး ရှုစား၍ရလေသည်။

ဤသည်က SOS ဘား၌ အဆင့်အတန်း၏ သင်္ကတ တစ်ခုဆိုလျှင်လည်း မမှားနိုင်။ ယင်းက ဘာကြောင့်လဲဆိုတော့ ဤ ပါတစ်ရှင်းအခန်း၏ ကုန်ကျစရိတ်က ယွမ်နှစ်သိန်း ပေးရသောကြောင့် ဖြစ်သည်။ ၎င်းက အခန်းငှားခ သီးသန့်သာဖြစ်ပြီး အခြားသော စားစရာ သောက်စရာဖိုးများ မပါဝင်သေးချေ။ ယွီဟန်ကို မဆိုထားနှင့် ကျိုးဟိုင်၌ပင် ယခုလို သုံးဖြုန်းမှု လယ်ဗယ်က အင်မတန့် အင်မတန် များပြားသည်ဟု သတ်မှတ်၍ရသည်။ ချင်းဟန်ကဲ့သို့သော သူဌေးသားများသာလျှင် ယခုလို နေရာမျိုး၌ မျက်တောင် မခတ်ဘဲ သုံးစွဲမှဒ ပြုနိုင်လိမ့်မည်။

သို့ဖြစ်သည့်တိုင် အခန်းက လောက်ပင် မလောက်ငှသည်ကတော့ ဆန်းပြားသည့် အချက်တစ်ခုပင် ဖြစ်နေပါသည်။

“ လုလု … ငါ မင်းကို မိတ်ဆက်ပေးမယ်.. ဒါက ရှောင်ပင်း.. အစ်မပင်းလို့ ခေါ်လို့ရတယ်…”

“ ဟယ်လို အစ်မပင်း…” ကော်လု လက်ဆန့်တန်းလျက် ချိုသာသည့် အသံသာဖြင့် နှုတ်ဆက်လိုက်၏။

သူမ ရှောင်ပင်းနှင့် တစ်ခါမျှ မဆုံတွေ့ဖူးသော်လည်း သူမ အစ်ကိုကြီးက ဤအစ်မကြီး အကြောင်း မကြာခဏ ပြောပြဖူးသည်။

သူမက ယွီဟန်မြို့ရှိ ရှောင်မိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ချမ်းသာသူများကြားထဲ၌ ထိပ်တန်းအဆင့်ဝင်သည်။ ကော်လုတို့ မိသားစုက ကြွယ်ဝသော်လည်းပဲ သူမနှင့် ယှဉ်သာလောက်သည်တော့ မဟုတ်သေးချေ။

ရှောင်ပင်းကလည်း ထိုအခိုက် ပျော်မြူးနေသည်။ သူမ ပြုံးလျက် ပြောလိုက်၏။

“ ကော်ကျင့်… နင့်ညီမလေးက မဆိုးဘူးပဲ… ငါတောင် သူ့ကို မြင်တော့ သွားရည်ယိုမိတော့မလို့…”

ကော်ကျင့် ပြုံးလိုက်သည်။ “ ဒီလောက် ကစားထားမှတော့ ရလဒ်ကောင်းတွေ ရမလာမှဘဲ ထူးဆန်းနေလိမ့်မယ်…”

“ ဒါဆို ခဏကျရင် လုပ်တာ ကောင်းပါစေနော်… ငါ့ အစ်ကိုရီက သာမန်လူ ဟုတ်တာ မဟုတ်ဘူး… တကယ်လို့ သူ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ရင် နင်တို့ ကော်မိသားစု စိတ်ကူးထားတာထက်ကို ထောင်တက်သွားလိမ့်မယ်…”

ကော်လု၏ မျက်လုံး အရောင် လက်ခနဲ ဖြစ်သွားခဲ့သည်။ ဘာလုပ်ရမှန်း မသိသည်အထိ စိတ်လှုပ်ရှား ရင်ဖိုသွားခဲ့တော့၏။

“ ကျေးဇူးတင်ပါတယ် အစ်မပင်း..”

“ ယဉ်ကျေးနေဖို့ မလိုပါဘူး… အကုန်လုံးက သူငယ်ချင်းတွေပဲကို… ထိုင်ပြီး သောက်ကြစို့..”

“ အွန်း…”

ကော်လု တစ်နေရာတွင် ဝင်ထိုင်၍ ညင်သာသည့် လေသံဖြင့် “ အစ်ကို … သူ ပြောတဲ့ လူက တကယ်ကြီး အံ့ဩဖို့ ကောင်းတာလား..”

ကော်ကျင့် ဘီယာ တစ်ကျိုက် စုပ်သောက်လိုက်သည်။

“ မင်း ကျိုးဟိုင်က ချင်းဟန်ကို သိလား…”

“ သိပ်သိတာပေါ့… သူက ကျိုးဟိုင်က သခင်လေးပဲလေ… ပြီးတော့ ဟွာရှမှာ အချမ်းသာဆုံး သူဌေးသားတစ်ယောက်ဆိုလည်း ဟုတ်တယ်… သူ့ကို ဝေ့ပေါ်မှာတောင် ဖော်လိုလုပ်ထားသေး…”

“ မင်း အစ်မပင်း ပြောသွားတဲ့လူက ချင်းဟန်ထက်ကို ပိုတယ်… ပြောကြတာတော့ သူက ကျိုးဟိုင်ရဲ့ ပြည်နယ် ဧကရာဇ်ဆိုပဲ… ဘယ်သူကမှ သူ့ကို အပြစ်မပြုဝံ့ကြဘူး…”

“ မဖြစ်နိုင်တာ.. အဲ့လောက်ကြီးတောင်…”

ကော်လု၏ အမူအရာသည် မယုံကြည်နိုင်သည့် အမူအရာ ဖြစ်ပျက်သွားခဲ့ပြီး “ ချင်းဟန်ကဖြင့် သရဖူဆောင်း မင်းသားလို့ ခေါ်ရလောက်တဲ့အထိ အံ့ဩဖို့ကောင်းတာကို အဲ့လူက တကယ်ကြီး ပြည်နယ် ဧကရာဇ် ဟုတ်လား… သူ့အသက်က မငယ်လောက်တော့ဘူး မလား…”

“ မင်းမှားသွားပြီ… သူက ငါတို့နဲ့ ရွယ်တူပဲ…”

“ ရွယ်တူ … “

ကော်လု ရှော့ခ် အကြီးကြီး ရသွားခဲ့သည်။ သူမ၏ သောက်လက်စ ကော့တေးပင် သီးတော့မလို ဖြစ်သွားခဲ့၏။

“ သူက နှစ်ဆယ်ကျော်လောက်လေးနဲ့ အဲ့လောက်ထိ အံ့ဩဖို့ ကောင်းနေပြီပေါ့…”

“ သူ ဘယ်သူလဲ ဆိုတာတော့ မင်း အစ်ကိုငါလည်း အတိအကျ မသိဘူး… ဒါပေမယ့် ငါတို့ ထိပါးလို့ မရတဲ့လူဆိုတာတော့ ကျိန်းသေတယ်…” ကော်ကျင့် ပြောလိုက်ပြီး “ ဘာပဲ ဖြစ်ဖြစ်ပါ… တကယ်လို့ မင်းကသာ ထက်ထက်မြက်မြက် မရှိဘူးဆိုရင် မင်းကို သူနဲ့ မိတ်ဆက်ပေးပြီး စွန့်စားဝံ့မှာ မဟုတ်ဘူး…”

“ ကျေးဇူးပါ အစ်ကိုရေ…”

ကော်ကျင့် ကျန်သည့် အခြား ကောင်မလေးများအား တစ်ချက် ဝေ့ကြည့်လိုက်၏။

“ လက်ရှိ ဒီ ရောက်နေတဲ့ မိန်းကလေးတွေ အကုန်လုံးက အင်တာနက် ဆယ်လီတွေ မဟုတ်ရင် မော်ဒယ်လ်တွေချည်းပဲ… သူတို့ရဲ့ နောက်ခံက မင်းလောက် မကောင်းကြဘူး… သူတို့ရဲ့ နဂိုစိတ်ရင်းကလည်း မင်းနဲ့ အဝေးကြီးကွာတယ်.. အချိန်ကျလာရင် မင်း သူတို့နဲ့ တစ်ခွက်နှစ်ခွက်လောက် သောက်ပေးပြီး လေထုကို လှုံ့ဆော်ပေးလိုက်..”

“ ငါ သိပါတယ်ဟယ်…”

ကော်လု သူမ၏ စိတ်လှုပ်ရှားမှုအား အနိုင်နိုင် ချုပ်ထိန်းနေရသည်။ ကံကောင်းသည်က ယနေ့ သားသားနားနား ဝတ်ဆင်ခဲ့မိ၍ပင်။

ရှေးရိုးလည်း မဆန်သလို လျှပ်ပေါ်လော်လီလည်း ဟုတ်မနေချေ။ ထို့ကြောင့် အဆိုပါ အမျိုးသားလေးအား မြှူဆွယ်ရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ဟု သူမယုံကြည်သည်။

“ အစ်ကိုရီ….”

နှစ်ယောက်သား စကားပြောဆိုနေတုန်းမှာပဲ ရှောင်ပင်းမှ ရုတ်ချည်း မတ်တပ်ရပ်၍ တံခါးဝသို့ လက်ဝှေ့ရမ်းပြလိုက်သည်။

ပါတစ်ရှင်း အခန်းထဲရှိ လူတိုင်း ပြုလတ္တံ့သည်များအား ရပ်ဆိုင်းသွားခဲ့ကြ၏။ ယနေ့ည၏ အထူးပုဂ္ဂိုလ်သည်ကား ရောက်လို့ လာချေပြီလေ။

မသိစိတ် အလျောက် လူတိုင်းက ရှောင်ပင်း အကြည့်နောက်သို့ လိုက်လံ ကြည့်ရှုသည်တွင် လက်ဝှေ့ယမ်းပြနေသည့် ခန့်ညား ချောမောသည့် လူငယ် အမျိုးသားလေးအား မြင်တွေ့လိုက်ကြရသည်။

ထင်မှတ်ထားသည့်အတိုင်း ဤလူက သူတို့အားလုံး စောင့်မျှော်နေသည့် လူပုဂ္ဂိုလ်သာ ဖြစ်ရပေမည်။

သို့သော် လင်းရီကို မြင်လိုက်သည်နှင့် ကော်လု၏ အမူအရာသည် ဒရာမာ ဆန်ဆန် ပြောင်းလဲသွားခဲ့တော့၏။ ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့ပြီး စဉ်းစားနိုင်စွမ်းပင် ဆုံးရှုံးသွားလေတော့သည်။

မလှမ်းမကမ်းရှိ ရှောင်ပင်းကို မြင်တော့ လင်းရီလည်း သူ့ကောင်သုံးယောက်အား ခေါ်လာသည်။ မကြာမီမှာပဲ ကော်လုလည်း အထဲ၌ ရှိနေသည်ကို သတိထားမိသွားခဲ့၏။

“ မင်း ဒီကို ဘာလာလုပ်တာလဲ…”

ကော်လုလည်း ဤနေရာသို့ ရောက်နေသည်ကို မြင်တော့ လင်းရီ မျက်မှောင် ကြုတ်မိသွားခဲ့သည်။ ဤ ကြာပန်းဖြူမက သူ့အား နောက်ယောင်ခံ လိုက်နေသည်ဟုပင် သံသယ ဖြစ်မိသွားတော့သည်။

“ အစ်ကိုရီတို့က အချင်းချင်း သိနေကြတာလား…”

“ သိတယ်… ခုလေးတင် အပေါက်ဝမှာ သူနဲ့ ရန်ဖြစ်လာတာလေ…”

“ နင် … နင် ဘာလို့ဒီ…” ကော်လု၏ ပါးစပ်သည် ဟောင်းလောင်းပွင့်နေပြီး ဘာဆက်ပြောရမှန်း မသိ ဖြစ်နေသည်။

“ အစ်မပင်း … သူက တုံးစန်းကောင်တီ နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနက လူလေ… သူ့လိုလူက ဒီဘယ်လိုလုပ်…..”

“ နွမ်းပါးမှု တိုက်ဖျက်ရေးက ဟုတ်လား..”

ရှောင်ပင်းလည်း အံ့အားသင့်သွားခဲ့သည်။

“ အစ်ကိုရီက ဘာလို့ အဲ့မှာ အလုပ်လုပ်နေတာ…”

“ အားနေလို့.. အဲ့တာနဲ့ အချိန်ဖြုန်းရအောင် အဲ့ကို သွားလိုက်တာ… ကံမကောင်းချင်တော့ သူနဲ့ အဲ့မှာ ဆုံခဲ့တာလေ…”

ရှောင်ပင်း မျက်မှောင်ကြုတ်လိုက်သည်။

“ ကော်ကျင့်… နင့် ညီမလေးနဲ့ ငါ့ အစ်ကိုရီကြား ဘာဖြစ်ခဲ့လဲ ငါ မသိဘူး… ဒါပေမယ့် ကောင်းတဲ့ အရာ ဖြစ်ခဲ့မှာ မဟုတ်တာတော့ သေချာတယ်… နင်တို့ နှစ်ယောက် ခု ထွက်သွားလိုက်တော့ … ငါ့ရှေ့မှာ ထပ်မမြင်ရစေနဲ့..”

ကော်ကျင့် သူ့ညီမအား မဲမှောင်စွာ ကြည့်လျက် “ မင်းက ဘာ‌တွေ လအူလအလို လုပ်နေတာလဲ… မြန်မြန် သခင်လေးလင်းကို တောင်းပန်လိုက်လေ…”

“ အ… အစ်ကိုလင်း… ကျ.. ကျွန်မ မှားပါတယ်… ကျွန်မအဆင့်ရောက်အောင် မနိမ့်…..”

“ မြန်မြန် ထွက်သွားလိုက်တော့… နင့်ရဲ့ စကားလုံးတွေ အောက်မှာ ငါ့အစ်ကိုရီက မျှောပါသွားမှာ မဟုတ်ဘူး… အစ်ကိုရီကို ဒေါသထွက်အောင် လာမလုပ်နဲ့.. ကောင်းတဲ့ အရာတွေ ဖြစ်လာမှာ မဟုတ်ဘူး…” ရှောင်ပင်း အေးတိအေးစက် ပြောလိုက်သည်။

All Chapters