တရားမျှတမှုကို မင်း ယုံကြည်ရမယ်
Vol. 89 Ch. 1332
လင်းရီ အနားရှိ လူတိုင်း ဖုန်းပြောသည့် အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။
သူက တကယ်ကြီး ဒီနေရာကို ချိတ်ပိတ်ချင်နေတာလား…
ဒီနေရာက ဝေ့မိသားစု ဒုတိယသခင်လေးရဲ့ ပိုင်နက်လေ.. ယွီဟန် တစ်မြို့လုံးမှာ ဘယ်သူကများ ဒီနေရာကို ထိန်းသိမ်းရဲမှာ… ဒီကောင် ဖုန်းဆက်ပြီး ဆိုဒ်ဖမ်းနေတာများလား…
သို့သော် ရှောင်ပင်းမူကား မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့၏။
ကျိုးဟိုင် သို့မဟုတ် ရန်ကျင်း၌ ဖြစ်စေ …. ခေါင်းဆောင်လင်း၏ အဆက်အသွယ်တို့က သူမတို့ ရှောင်မိသားစု မနှိုင်းယှဉ်သာသည့် အရာဖြစ်လေသည်။
အကယ်၍ သူသာ ဖုန်းတစ်ချက် ခေါ်ဆိုပြီး ဤနေရာကို ချိတ်ပိတ်ခိုင်းလိုက်မည် ဆိုပါက အမှန်ပင် ဖြစ်နိုင်လောက်၏။
“ ညီကို…. မင်းက ငါ့ကို တိုင်ချက်ဖွင့်နေတာလား ဟားဟား….”
ဝေ့ကျားဟန် အတောမသတ်နိုင်အောင် တဟားဟား ရယ်မောရင်းဖြင့် “ အူတောင်နာတယ်… မနိုင်ဘူးဆိုတာနဲ့ပဲ ဆရာကို သွားတိုင်တယ်ပေါ့.. ဘယ်လောက်တောင် ပြောဖို့ ကောင်းထား…”
“ ဒီခုက သဟဇာတ ဖြစ်တဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်နေပြီ… ရန်ဖြစ်တယ်ဆိုတာ လူကို ထိခိုက်စေတယ်… မကောင်းဘူး… နိုင်ငံကြီးသား ပီသမှ…”
အံ့အားသင့်ဖို့ကောင်းစွာဖြင့် ထိုစကားလုံးများက လင်းရီနှုတ်မှ လျှံကျလာခဲ့၏။
“ မင်း ပြောတာ ဟုတ်တယ်… “ ဝေ့ကျားဟန် သာမန်လျှံကာ ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် ဘာ အသုံးဝင်လို့… ငါတို့ ဝေ့မိသားစုက ယွီဟန်မှာ နံပါတ်တစ် မိသားစုကြီး တစ်ခု…. ဒီမှာ ငါတို့သည်သာ ဥပဒေ… ငါတို့ စကားသည်သာ အဆုံးအဖြတ်… ငါ့နေရာကို ချိတ်ပိတ်ရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလို့..”
“ တရားမျှတမှုကို မင်း သက်ဝင်ယုံကြည်သင့်တယ်… မကြာပါဘူး လာတော့မှာ..”
ဝေ့ကျားဟန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း ရှောင်ပင်းဘက်သို့ လှည့်၍ “ အစ်မပင်း… မင်းရဲ့ ဒီ သူငယ်ချင်းက နည်းနည်း တစ်ခန်း လွတ်နေတာလား.. ငါ့ကို တရားမျှတမှုမှာ သက်ဝင်ယုံကြည်ဖို့ လာပြီး တရားဟောနေတယ်… လူချမ်းသာတွေရဲ့ ပိုက်ဆံကို ဒီတိုင်း အလှလှသပ်လို့များ သူထင်နေလား မသိဘူး…”
“ အမှန်တရားကို မင်း မကြာခင် မြင်ပါလိမ့်မယ်…”
“ ကောင်းပြီလေ…. ဒါဆိုလည်း စောင့်ကြည့်တာပေါ့… မင်းတို့လည်း ဒီမှာနေပြီး စောင့်ကြည့်ကြ… ရဲတွေ ခဏကျ ငါ့နေရာလာပြီး ချိတ်ပိတ်ဝံ့လား ကြည့်စမ်းဦးမယ်…”
“ ဒါဆိုလည်း စောင့်ကြတာပေါ့… ငါလည်း အားနေမယ့် အတူတူတော့..” ရှောင်ပင်း အေးစက်စက် ပြောဆိုလိုက်၏။
ဖြစ်ချင်တော့ သူမလည်း ထွက်မသွားချင်သေးပေ။ ပြပွဲကောင်းတစ်ခု ကြည့်ရန် စောင့်ဆိုင်းချင်နေသည်။
“ လုပ်လုပ်… ဆက်သောက်ကြမယ်..” ဝေ့ကျားဟန် မောက်မောက်မာမာ ပြောလိုက်၏။ လင်းရီကို သူ လုံးဝ အလေးအနက် ထားခြင်း မရှိချေ။
ထိုအချိန် ကော်ကျင့်သည် ဝေ့ကျားဟန် ရှေ့တွင် ရပ်၍ “ သခင်လေးဝေ့…. အဲ့လူက လင်းရီလို့ခေါ်တယ်.. သူက တော်တော်လေး အံ့ဩဖို့ ကောင်းတယ်တဲ့နော်… မင်း ဂရုစိုက်တာ ကောင်းမယ်…”
“ မင်း အတွေးလွန်နေပြီ…” ဝေ့ကျားဟန် ဆေးလိပ် မီးတစ်ချက် ညှိရင်း “ ယွီဟန်မြို့ထဲမှာ ငါ့ ဝေ့မိသားစုက အင်အား အကြီးဆုံးပဲ.. တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် ငါ့မိသားစုက အရင် အသိပေးလာခဲ့မှာ… ဘာများ မှားယွင်းနိုင်မှာမို့လို့… သူ့ကိုယ်သူ ဘာကောင် ထင်နေတာလဲတဲ့…”
ကော်ကျင့် ခေါင်းညိမ့်လိုက်သည်။
ဝေ့မိသားစု၏ အဆက်အသွယ်တို့က အများထင်ထားသည်ထက် အမှန်ပင် သန်မာအားကောင်းလှသည်။ ယွီဟန်မြို့၌ မည်သူကမျှ သူတို့အား လက်ညိုးမထိုးဝံ့ကြချေ။
“ ကဲပါ… မင်းတို့ကောင်တွေ ဘာမှ ပူမနေနဲ့… ဒီသောက်ရေး မပါတာတွေ တွေးပြီး ဘာလဲလုပ်မှာ…” ဝေ့ကျားဟန် ပြောလိုက်ပြီး “ ငါ ဒီနေ့ စိတ်ပျော်နေတယ်… မင်း ညီမ ငါနဲ့ အတူသောက်ရအောင် နေရာ တစ်နေရာ ရှာပေးစမ်းကွာ..”
“ ဒါပေါ့ သခင်လေးဝေ့ရဲ့…”
“ မလှုပ်နဲ့…!! “
နှစ်ယောက်သား စကားပြောဆိုနေစဉ် တံခါးဝမှနေ၍ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
ဘားထဲ၌ ပါတီပေးနေကြသည့် အမျိုးသား အမျိုးသမီးတို့မှာ မသိစိတ် အလျောက် တောင့်တင်းသွားခဲ့ကြပြီး တံခါးမှတဆင့် ဝင်လာသည့် ရဲများအား ငေးကြည့်လိုက်ကြသည်။
သို့သော် သူတို့ ကြောက်ရွံ့ခြင်းတော့ မရှိ။ ဤလူများ ရောက်လာမည်ကို သူတို့အားလုံး ကြိုသိထားပြီးသားပင်။
ဤသည်က သခင်လေးဝေ့၏ နေရာပိုင်နက်ဖြစ်သည်။ သူတို့ ရောက်လာခဲ့လျှင်ပင် ဝတ္တရားအရသာ ဖြစ်ဖို့ များလိမ့်မည်။ ကြောက်စရာ မလိုချေ။
ရဲ အုပ်စုလိုက်ကြီး ရောက်လာသည်ကို မြင်တော့ ဝေ့ကျားဟန်သည် သောက်လက်စ ဆေးလိပ်တိုကို ကောက်ပစ်၍ အပြုံးလေးဖြင့် လျှောက်လှမ်းသွားခဲ့၏။ ဦးဆောင်လာသည့် သတ်လတ်ပိုင်း ရဲအရာရှိအား ကြည့်၍ “ ခင်များက ဒီလူတွေရဲ့ ခေါင်းဆောင်ပဲ ဖြစ်ရမယ်…”
သက်လတ်ပိုင်း ရဲအရာရှိမှ ဝေ့ကျားဟန်ကို ကြည့်၍ အမူအရာကင်းမဲ့စွာဖြင့် “ မင်းက ဒီနေရာရဲ့ သူဌေးလား…”
“ အမှန်ပါပဲ..” ဝေ့ကျားဟန် ပြောလိုက်သည်။
“ ကျုပ်က ဝေ့မိသားစုရဲ့ ဒုတိယ သား အငယ်ကောင်ပါ… ဝေ့ကွမ်းရှန်က ကျုပ် အဖေ… ပြီးတော့ ခင်များတို့ ခေါင်းဆောင်နဲ့လည်း သိတယ်.. ခင်များတို့ ပြန်သွားလိုက်တော့ .. ကျုပ် ဒီမှာ ဆက်ပြီး စီးပွားရေး လုပ်ရဦးမှာ…”
ကျန်သူများသည်လည်း ပြုံးတုံ့တုံ့ အမူအရာတို့ဖြင့် မည်သူကမျှ လေးလေးနက်နက် မရှိကြချေ။ သို့သော် သက်လတ်ပိုင်း ရဲအရာရှိ၏ စကားလုံးတို့က သူတို့အား ကြက်သေသေသွားစေသည်။
“ မင်း အဖေဘယ်သူဆိုတာ ငါစိတ်မဝင်စားဘူး… ဒီနေရာကို ဆေးမှောင်ခို ရောင်းဝယ်မှုနဲ့ တစ်စုံတစ်ယောက်က တိုင်ချက် ဖွင့်လာတယ်… ငါတို့ မင်းရဲ့ ဘားကို အခု ချိတ်ပိတ်တော့မယ်… တာဝန်ရှိတဲ့ လူအကုန်လုံး ငါနဲ့ လိုက်ခဲ့ကြ….”
“ ဟင်…”
ထိုစကားလုံးများ ပြောပြောပြီးချင်း လူတိုင်းက တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားလိုက်ကြရသည်။
ဝေ့ကျားဟန်က သူ ဘယ်သူပါ ၊ ဘယ်ဝါပါလို့ ပြောပြီး သူ့အဖေက ဘယ်သူဆိုတာတောင် ပြောပြထားပြီးပြီ။ ယေဘုယျ ကျကျ ပြောကြေးဆို အဲ့လို ပြောလိုက်တာနဲ့ ဒီ ဝတ်စုံနဲ့ ရဲတွေက ဆက်ပြီး မယစ်သင့်တော့ဘူး။ ခု ဘာလို့ လူကို ဖမ်းခေါ်ချင်နေရတာ…။
“ ခင်များတို့ မမှားဘူးဆိုတာ သေချာလား… ကျုပ်ရဲ့ ဘားကို ချိတ်ပိတ်ချင်နေတာ သေချာလား…” ဝေ့ကျားဟန် အေးစက်သည့် မျက်နှာထားဖြင့် မေးလိုက်၏။
“ မင်း နားကြား မမှားဘူး… မင်းက ဒီရဲ့ သူဌေးဆိုတော့ တာဝန်ယူမှု တာဝန်ခံမှု ပြုရမယ်.. တခြား ဘာစကားမှ မရှိတော့ဘူးဆိုရင် ငါနဲ့ စခန်း ပြန်လိုက်ခဲ့…”
ချလပ်…
သက်လတ်ပိုင်း ရဲအရာရှိမှ ဝေ့ကျားဟန်ကို စကားပြန်ရန်ပင် အခွင့်အရေး မပေးဘဲ လက်ထိပ်ခတ်ပြီး ဖမ်းချုပ်လိုက်၏။
“ ဒါက……..”
လူတိုင်း အံ့အားတကြီးတွေ ဖြစ်ကုန်ကြသည်။ မည်သူကမျှ ယခုလို ဖြစ်လာလိမ့်မည်လို့ မျှော်လင့် မထားခဲ့ကြပါ။
ရုတ်ချည်းဆိုသလို သူတို့၏ အကြည့်က လင်းရီပေါ် ကျရောက်သွားခဲ့ကြသည်။
ဒီလူ တိုင်ချက်ဖွင့်လိုက်လို့ ဒီလိုတွေ ဖြစ်လာတယ်ဆိုတာ သေချာတယ်…
သူနဲ့ တကယ်ကြီး သက်ဆိုင်နေတာများလား…
လင်းရီ ဝေ့ကျားဟန်ထံသို့ အပြုံးလေးဖြင့် လျှောက်လှမ်းသွားပြီး အားတက်သရော ပခုံးပုတ်ပေးလိုက်သည်။
“ တရားမျှတမှုကို ယုံကြည်လိုက်ပါလို့ ငါ ပြောတာ မင်းမှ နားမထောင်ချင်ပဲကိုး…ခုတော့… ”
“ မင်း ခွေး@#%… ဒီလာပြီး အပြစ်ကင်းချင်ယောင် ဆောင်မနေနဲ့… ငါ့ အဖေသိသွားရင် မင်းကို ချက်ချင်း သတ်ပစ်လိမ့်မယ်… “
“ အိုကေ… ငါ စောင့်နေမယ်…” လင်းရီ ပြုံးလိုက်သည်။
“ တစ်ချိန်ချိန်တော့ ပြန်တွေ့ကြတာပေါ့…”
ပြောပြီးနောက် လင်းရီ ထွက်ခွာသွားခဲ့တော့သည်။
ဘားထဲမှ ထွက်လာပြီးနောက် ရှောင်ပင်းသည် လင်းရီအား ရွှင်မြူးစွာ ကြည့်လာခဲ့၏။
“ အစ်ကိုရီ.. ရှင်က ကျိုးဟိုင်က မဟုတ်ဘူးလား… ဘာလို့ ယွီဟန်မှာတောင် အဲ့လောက် လွှမ်းမိုးမှု ရှိနေရတာလဲ…”
“ လွှမ်းမိုးမှု ရှိတယ်လို့ ပြောမရပါဘူးကွာ… ဒီတိုင်း ဖုန်းဆက်လိုက်ရုံပါပဲ…”
“ ရှင်က သိပ် အံ့အားသင့်ဖို့ ကောင်းတယ်… ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ဝေ့ကျင်းဟန်ရဲ့ ဘားကို ပိတ်လိုက်နိုင်တယ်… သာမန်လူသာဆို အိပ်မက်မက်နေရုံပဲ ရှိမှာ..”
“ ကောင်းပြီ.. ငါ့ကို မြှောက်ပင့်နေတာတွေ ရပ်လိုက်တော့…” လင်းရီ သူ့နာရီအား ငုံ့ကြည့်၍ “ နောက်ကျနေပြီ… afterparty တွေ လုပ်မနေကြစို့… ပြန်ပြီး စောစောနားကြမယ်…”
“ အွန်း…” ရှောင်ပင်း ခေါင်းညိမ့်လိုက်ပြီး “ ဟိုတယ်ရော ယူပြီးပြီလား… ကျွန်မ စီစဉ်ပေးဖို့ လိုသေးလား…”
“ ခုထိတော့ မဆုံးဖြတ်ရသေးဘူး…”
“ ဒါဆိုလည်း ကျွန်မနဲ့ လိုက်ခဲ့လေ.. ကျွန်မရဲ့ မိသားစုက ယွီဟန်မှာ ကြယ်ငါးပွင့်ဟိုတယ်တစ်ခု ပိုင်တယ်… အဲ့ကို လိုက်ပို့ပေးမယ်…”
“ အဲ့လောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး… “ လင်းရီ စွန်းကျန်းနှင့် ကျန်သူများအား လက်ညိုးထိုးပြလိုက်ပြီး “ ဒီကောင်တွေက ငါ့ကားနဲ့ လိုက်လာခဲ့တာ… ဒီကောင်တွေကို ပြန်ပို့ပေးရဦးမှာ….”
“ မလိုဘူး မလိုဘူး… ငါတို့ တက္ကစီငှားပြန်လို့ရတယ်… နောက်ကျနေပြီ .. ပြန်ပြီး နားတော့…”
ပြောပြီးနောက် စွန်းကျန်းသည် လီချင်းယွမ်နှင့် လျိုကွမ်းမင်တို့အား ဂုတ်ဆွဲကာ လမ်းဘေးသို့ ခေါ်ဆောင်သွား၏။ လင်းရီရဲ့ ကိစ္စ နှောင့်နှေးနေမှာကို သူတို့က ကာယကံရှင်ထက်ပင် စိုးရိမ်နေကြဟန်ပင်။
“ အစ်ကိုရီ… သူများကတောင် အလိုက်တသိနဲ့ ရွှေရောင် အခွင့်အလမ်း ပေးသွားခဲ့ပြီနော်.. ရှင် ဒီရဲ့ လက်အောက်ငယ်သား အလှလေးနဲ့ အတူမအိပ်ချင်တာ သေချာပြီလား…”
“ ငါ့ နာမည်တော့ နင်ချဲ့ ကောင်းမှုနဲ့ တော်တော်ကောင်းနေရောပဲ…” လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေတော့သည်။
“ သူ လုပ်လိုက်မှဖြင့် ငါလည်း အောက်ပိုင်း ကိစ္စလောက် တွေးနေတဲ့ ကောင်ပုံစံ ပေါက်သွားတော့တယ်…”
“ ခစ် ခစ် ခစ် ခစ် … အစ်ကိုရီက အဲ့လိုလူစားမျိုး မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်.. ဒါပေမယ့် အရည်အသွေးပြည့်မီတဲ့ လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ အချိန်တိုင်း အဆင်သင့်ဖြစ်နေရမယ်လေ…”
ပြောပြီးနောက် ရှောင်ပင်း ဘေးနားဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ပြီး “ ကားက ဘယ်နားလေးမှာလဲ.. သွားကြစို့…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး နှစ်ယောက်သား ကားထဲ ဝင်လာခဲ့ကြသည်။ ရှောင်ပင်းက ကျွင်းဟောက် ဟိုတယ်သို့ ဦးဆောင်သွားပြီး ဇိမ်အကျဆုံး အခန်းတစ်ခန်းအား သူ့အတွက် ယူပေးလိုက်၏။
“ ငါ့ကို လိုက်ပို့ပြီးတာတောင် မပြန်သေးဘူးဆိုတေ့ ရေချိုးပြီး အဝတ်စားလဲချင်သေးလို့လား..”
“ အဲ့လို တွေးနေတာပဲ… ဒါပေမယ့် ရှင်ကတော့ စိတ်ဝင်စားမယ် မထင်ပေါင်…” ရှောင်ပင်း ကလူကျီစယ်စွာ ပြောရင်း “ အစ်ကိုရီ .. ရှင်က အတွေ့အကြုံရှိပြီး ဗဟုသုတလည်း စုံတယ်ဆိုတော့ ဒုက္ခပေးချင်တာလေး တစ်ခုရှိလို့… ကျွန်မကို တစ်ခုလောက် ကူညီပေးပါလား…”