← Chapters

ဝေ့မိသားစုက တစ်စုံတစ်ယောက်

Vol. 89 Ch. 1333

ဝေ့မိသားစုက တစ်စုံတစ်ယောက်

Vol. 89 Ch. 1333

“ ဘာကိစ္စလဲ…”

“ လတ်တလော ကျိုးဟိုင်မှာ မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက် တစ်ခု ရှိတယ်… ကျွန်မ မိသားစုကလည်း အဲ့ ပရောဂျက်ကို ရချင်နေတယ်…” ရှောင်ပင်း ရယ်မောလိုက်ပြီး “ ရှင်က ကျိုးဟိုင်ရဲ့ ဧကရာဇ်ဆိုတော့ ကျွန်မတို့ကို ကူညီပေးပါလား.. “

“ လခွမ်း…. အဲ့ နာမည်ပြောင်ကို ဘယ်သူက ပေးလိုက်တာ…” လင်းရီ ပြောလိုက်ပြီး “ ငါ့တော့ လူမုန်းများအောင် လုပ်‌နေပြီတူတယ်...."

“ ဘာတွေ အဲ့လောက် သတိထားနေတာလဲ… အဲ့တာကရော မမှန်လို့လား..” ရှောင်ပင်း ပြောလိုက်ပြီး “ ကျိုးဟိုင် တစ်ခုလုံးမှာ ဘယ်သူကများ ရှင့်ကို လက်ညိုးထိုးဝံ့လို့…”

“ အဲ့လို မပြောစမ်းပါနဲ့… ကျိုးဟိုင်မှာ အံ့ဩဖို့ ကောင်းတဲ့လူတွေ အများကြီး ရှိသေးတယ်… တကယ်လို့ ဒီ နာမည်ပြောင်သာ ပျံ့နှံ့သွားခဲ့ရင် ငါတော့ ပစ်မှတ်ထားခံရတော့မှာပဲ…”

ရှောင်ပင်း တခစ်ခစ် ရယ်မောလိုက်ကာ “ ဒါက အသေးအမွှားကိစ္စလေးပါ… အဓိကက ပရောဂျက် ကိစ္စပဲ… အစ်ကိုရီ ကူညီမယ်မလားဟင်…”

“ ပရောဂျက် တာဝန်ခံက ဘယ်သူတဲ့လဲ…”

“ ကျိုးဟိုင် အတွင်းရေးမှူးလျန်… ရှင် သူနဲ့ စကားပြောလို့ရလား…”

လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ လျန်ရူရွှယ်က ဤပရောဂျက်ရဲ့ တာဝန်ခံ ဖြစ်နေလိမ့်မယ်လို့ သူ ထင်မှတ်မထားခဲ့ချေ။

ယုတ္တိရှိရှိ ပြောရမည် ဆိုပါက သူမ၏ လက်ရှိ ရာထူးသို့ ရွေ့ပြောင်းလိုက်သည်နှင့် ဤသို့သော ကိစ္စရပ်များက သူမနှင့် မသက်ဆိုင်သင့်တော့ချေ။

ကြည့်ရသလောက်တော့ ဟွာရန် အုပ်စု၏ ပရောဂျက် ဖြစ်ဖို့ များ၏။ ထို့ပြင် ကျိုးဟိုင် ခေါင်းဆောင်ကြီးပိုင်းတို့ကလည်း ရှန်းရှုရီနှင့် ဆက်ဆံရေးကြောင့် သူမအား တာဝန်ပေးလိုက်သည့်ပုံပင်။

အကယ်၍ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက နိုင်ငံရေး အောင်မြင်မှု တစ်ခုအဖြစ် သတ်မှတ်လိုက်၍ ရ၏။

“ ငါနဲ့ အပ်ထားခဲ့လိုက်.. တတ်နိုင်သလောက် ကြိုးစားကြည့်ပေးမယ်…”

“ ကျေးဇူးနော် အစ်ကိုရီ…”

ပြောပြီးနောက် ရှောင်ပင်း လင်းရီအား ပွေ့ဖက်လိုက်ပြီး မျက်နှာပေါ်တွင် ဧရာမ နှုတ်ခမ်းနီရာကြီး တစ်ခုချန်ထားလိုက်ပြီး နောက်သို့ ထွက်ပြေးသွားခဲ့တော့၏။

ရှောင်ပင်းကို လိုက်ပို့ပေးပြီးနောက် လင်းရီ ရေမိုးချိုး၍ ကျီချင်းရန်ထံ ဗွီဒီယိုကော ခေါ်လိုက်သည်။ အိပ်ရာမဝင်မီ သူမနှင့် ခဏတာမျှ စကားပြောဆိုလိုက်၏။

နောက်တစ်နေ့ နံနက်၊ လင်းရီ အိပ်ရာ မထသေးခင် အချိန်မှာပဲ ရှောင်ပင်း နောက်တစ်ခေါက် ရောက်လာခဲ့ပြန်သည်။ သူမက ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသည့် ခန္ဓာကိုယ် အစိတ်အပိုင်းတို့အား ဝင့်ဝင့်ကြွားကြွား ဖော်ပြနေလျက် ရှိတော့သည်။

ဟိုတယ်က သူမတို့ မိသားစုပိုင် ဖြစ်သဖြင့် သူမ အလိုရှိသရွေ့ ကြိုက်သည့် အခန်းကို စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်နေသည်။

“ အစ်ကိုရီ … ၈ နာရီတောင် ကျော်နေပြီ… မြန်မြန်ထ … မနက်စာ လွတ်တော့မှာနော်.. အကုန်လုံးက ယွီဟန်ရဲ့ အထူး ဟင်းလျာတွေချည်း ကျွေးမှာ..”

“ ရှစ်နာရီ ရှိသေးတာမလား… မင်း ဘာလို့ အဲ့လောက် အစောကြီး လာခဲ့တာတုန်းဟာ…”လင်းရီ အိပ်ချင်မူးတူးဖြင့် ရီဝေ ရီဝေ ဖြစ်နေသည်။

“ ရှင်က ယွီဟန်မှာလေ… လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ အသင်းခေါင်းဆောင်ကို ကောင်းကောင်း ပြုစုပေးသင့်တာပေါ့ မဟုတ်ဘူးလား…” ရှောင်ပင် လက်ဝင့်လိုက်ပြီး “ နောင်ကျရင် ရာထူးတိုးပေးဖို့သာ မမေ့နဲ့… “

“ ကျုံးဝေ့တပ်ဖွဲ့လို နေရာမျိုးမှာ ရာထူးတိုးဖို့ဆိုပြီး ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး… မင်း သုံးလေးနှစ်လောက် အသက်ရှင်အောင် နေနိုင်ရင်ကိုပဲ မင်းရာထူးက သူ့အလိုလို မြင့်လာခဲ့မှာ…”

“ တကယ်… အဲ့လောက်ကြီးတော့ မဆိုးရွားလောက်ဘူးမလား…”

“ ငါ ဝင်တဲ့ ဒီလေးငါးလထဲမှာကို သေဆုံးတဲ့ ဦးရေက ၂၀ ကျော်နေပြီ… အချိုးအစားကိုတော့ မင်းဘာမင်း တွက်ကြည့်ပေါ့..”

“ အဆင်ပြေပါတယ်… ခု ဘယ်နား သွားရသေးတာမှတ်လို့…” ရှောင်ပင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

ထိုအချိန်၌ မျက်နှာသစ်နေသည့် လင်းရီမှ ရှောင်ပင်းဘက်သို့ လှည့်ကြည့်၍ “ မင်းက ရှောင်မိသားစုရဲ့ တစ်ဦးတည်းသော သမီးလား..”

“ ဘယ်လိုလုပ်ပြီး သိတာ… ကျွန်မ အချက်အလက်တွေကို ရှာကြည့်ထားသေးတာလား..”

“ ဒီတိုင်း ခန့်မှန်းကြည့်ရုံတင်ပါကွာ…”

လင်းရီ သာမန်အေးဆေး ပြောလိုက်သည်။

အကယ်၍ ရှောင်မိသားစု၌သာ အခြား သားယောက်ျားလေး တစ်ယောက် ရှိမည်ဆိုပါက ရှောင်ပင်းအား ယခုကဲ့သို့ အန္တရာယ်များသည့် လမ်းကို မရွေးချယ်ခိုင်းမည်မှာ ဖြစ်နိုင်သလောက် ရှိသည်။

အကယ်၍ သူတို့၏ နည်းလမ်းကသာ အလုပ်ဖြစ်သွားခဲ့လျှင်လည်း ရှောင်မိသားစု၏ အခြေအနေသည် နောက်မျိုးဆက် တစ်ခုလောက်အထိ အရာရာ ချောမွေ့နေလိမ့်မည်။ အကယ်၍ ကံဆိုးသွားခဲ့လျှင်တော့ ရှောင်ပင်းအတွက် ယူကျုံးမရ ဖြစ်ရုံသာ တတ်နိုင်မည်။

ကိုယ်လက်သန့်စင်ပြီးနောက် လင်းရီ မနက်စာသွားစားသည်။ သူ သုံးလေးလုတ်ပင် စားလို့ မပြီးသေးခင်မှာပဲ စားပွဲဘေးရှိ ကြိုးဖုန်းက အသံမြည်လာသည်။

“ ကောင်တာက ဆက်လာတာလာ ထင်တယ်.. ရှင့်ကိုယ်စား ဖြေပေးလိုက်မယ်…”

ရှောင်ပင်း ဘေးသို့သွားပြီး လင်းရီကိုယ်စား ဖုန်းကိုင်လိုက်၏။

“ မစ္စတာလင်းလားရှင့်…”

“ ရှောင်ပင်းပြောနေတာ.. တကယ်လို့ ပြောစရာ ရှိရင် ငါနဲ့ ပြောခဲ့လိုက်…”

“ ဥက္ကဌရှောင်… ဒီလိုပါ… ခန်းမထဲမှာ မစ္စတာလင်းနဲ့ တွေ့ချင်တဲ့လူ ရောက်နေပါတယ်…”

“ ဟုတ်လား…” ရှောင်ပင်း ရေရွတ်လိုက်ပြီး “ တစ်ဖက်သူ ဘယ်သူလဲ ပြောသေးလား..”

“ တစ်ဖက်သူပြောတာတော့ သူ့မျိုးရိုးနာမည်က ဝေ့တဲ့ရှင့်…”

“ ဝေ့လား…”

ရှောင်ပင်း၏ အမူအရာသည် တည်ကြည် လေးနက်သွားခဲ့သည်။ ဤသည်က တိုက်ဆိုင်မှုတစ်ခုလို့တော့ သူမ မထင်။ ဝေ့ကျားဟန်၏ အစ်ကိုကြီး ဝေ့ကျားလုံ ဖြစ်ဖို့ များ၏။

“ ကောင်းပြီ… ငါနားလည်ပြီ…”

ဖုန်းချပြီးနောက် လင်းရီ ဘေးနား ပြန်ရောက်လာသည်။

“ ဘာကိစ္စတုန်းတဲ့…”

“ အောက်ထပ်မှာ မျိုးရိုးနာမည်ဝေ့နဲ့ တစ်ယောက်က ရှင်နဲ့ တွေ့ချင်နေလို့တဲ့… ကျွန်မ အထင်တော့ ဝေ့ကျားဟန်ရဲ့ အစ်ကိုကြီး.. ဝေ့ကျားလုံပဲ ဖြစ်ရမယ်…”

“ ဒီလောက် အစောကြီး ရောက်လာတယ်လား….”

“ ဝေ့မိသားစုက ယွီဟန်မှာ မိသားစုကြီး တစ်ခုလေ… ဘက်ပေါင်းစုံကနေ သုံးသပ်ကြည့်မယ်ဆိုရင် သူတို့က ရှောင်မိသားစုထက်တောင် နည်းနည်းလေး အားကောင်းနေသေးတယ်.. ကျွန်မတို့နှစ်ယောက်ရဲ့ ရင်းနှီးပတ်သက်မှုနဲ့ဆိုရင် ရှင်ဘယ်မှာ ရှိနေလဲဆိုတာကို ရှာဖို့ မခက်ပါဘူး…” ရှောင်ပင်း ပြောလိုက်ပြီး “ ပြီးတော့ သူတို့ရဲ့အစွမ်းအစနဲ့ဆို ရှင်က လင်းယွင် အုပ်စုရဲ့ ဥက္ကဌဖြစ်တယ်ဆိုတာတောင် ဖုံးကွယ်ထားလို့ မရမှာကို စိုးရိမ်မိတယ်… သူတို့လည်း အဲ့တာကို သိပြီးလောက်ပြီ…”

“ သိပါစေပေါ့… ငါလည်း ဖုံးကွယ်ထားမနေပါဘူး… “

လင်းရီ ဖက်ထုပ်ပေါင်းနှင့် ပဲနို့သောက်ရင်း ပလုပ်ပလောင်း ပြောလိုက်သည်။

“ သူက ရောက်လာပြီ ဆိုမှ‌တော့ ဒီတက်လာခဲ့ခိုင်းလိုက်… ငါတို့က သူတို့ကို ကြောက်နေတဲ့ ပုံ မပေါ်စေနဲ့..”

“ အိုကေ…”

ရှောင်ပင်း ကောင်တာကို ဖုန်းတစ်ဖန် ပြန်ဆက်၍ အပေါ်သို့ လွှတ်ရန် ညွှန်ကြားလိုက်သည်။ ထို့နောက် တံခါး အနည်းငယ် သွားဟထားလိုက်ပြီး လင်းရီနှင့်အတူ မနက်စာ ဆက်စားနေလိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် အခန်း တံခါး တွန်းပွင့်လာခဲ့ပြီး လူသုံးယောက် အထဲဝင်လာသည်။

အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်....။

သူ့ရှေ့တွင် မတ်တပ်ရပ်နေသူက အရပ်အမောင်း ၆ ပေကျော်ကျော်လောက်ရှိသည်။ သူ၏ သွင်ပြင် မျက်နှာပေါက်က ဝေ့ကျားဟန်နှင့် တစ်မျိုးတစ်ဖုံ သွားရောက် ဆင်တူနေသည်။ သို့သော် ထိုငနဲလောက်တော့ မောက်မာစီးပိုးမည့် ပုံမရ။ အမူအရာမှာ လေးနက်တည်ကြည်ပြီး တည်တည်ငြိမ်ငြိမ် ရှိသည်။

သူက ဝေ့ကျားဟန်၏ အစ်ကို ဝေ့ကျားလုံ ဖြစ်မည်ဟု လင်းရီ ခန့်မှန်းလိုက်၏။

သို့သော် ကျန်သည့် လူနှစ်ယောက်တွင်တော့ မည်သည့် တည်ငြိမ်နေမှုမျှ ရှိမနေချေ။

အခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် အမျိုးသမီး ဖြစ်သူမှာ လင်းရီကို မျက်လုံး အစုံဖြင့် အကဲခတ်နေပြီး မောက်မာသည့် မျက်၀န်းတို့ဖြင့် စူစမ်းနေကာ လင်းရီပင် သူ့ကိုယ်သူ အကြွေးတင်ထားမိသလားဟု စိတ်ဇဝေဇဝါ ဖြစ်သွားမိခဲ့၏။

အနည်းငယ် ဝိတ်ပိုနေသည့် လူကိုတော့ ဝေ့ကျယ်ဟု ခေါ်သည်။ သူက ဝေ့ကျားလုံ၏ ဝမ်းကွဲတစ်ယောက်ဖြစ်၏။

ကျန်မိန်းမပျိုလေးက ဝေ့ယွီ။ ဝေ့ကျယ်၏ ညီမငယ် ဖြစ်ပြီး ဝေ့ကျားလုံနှင့် ဝမ်းကွဲညီမ တော်စပ်သည်။

ဝေ့မိသားစုကို ဝေ့ကွမ်းရှန်ကသာလျှင် ထိန်းချုပ်ထားသဖြင့် သူတို့အဖေကတော့ စစ်မှန်သည့် အာဏာ သိပ်မရှိချေ။ ထို့ကြောင့် အမြဲလိုလို ဝေ့ကျားလုံ၏ ဦးဆောင်မှု နောက်သို့သာ လိုက်ရလေသည်။

“ မင်းက ဥက္ကဌလင်းပဲ ဖြစ်မယ်… ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ.. ငါ့နာမည်က ဝေ့ကျားလုံပါ…”

ဝေ့ကျားလုံ သူ့အား ခေါင်းစဉ်တပ်လာသည့် အမည်ကို ကြားတော့ ရှောင်ပင်း ခန့်မှန်းထားသည့်အတိုင်း ဝေ့မိသားစုက သူ၏ အထောက်အထားကို သိရှိသွားခဲ့ပြီဆိုတာ တပ်အပ် သိလိုက်သည်။

ဒီ ဝေ့မိသားစုက စုံစမ်းရေး အင်အား တော်တော်တော့ ကောင်းသားပဲ…

“ ဘာကိစ္စ ငါ့ကို ရှာနေတာလဲ…” လင်းရီ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ဒီတိုင်း နားလည်မှု လွဲသွားတာလေးပါ… မင်း ငါ့ ညီကို ပြန်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..”

“ မင်းပြောလိုက်တာနဲ့ပဲ နားလည်မှုလွဲသွားတာလေး ဖြစ်သွားရောလား… ငါတော့ နားလည်မှု လွဲတာလို့ မထင်ဘူး…”

“ မင်း လွန်မလာနဲ့… ငါ့ အစ်ကိုကြီး တစ်ယောက်လုံး ဒီရောက်လာတာကို မင်း သူ့ကို မပေး…..”

“ ပါးစပ်ပိတ်…!!”

ဝေ့ကျားလုံ အေးစက်စက် နှာမှုတ်လိုက်၏။ လင်းရီ၏ သဘောထားက သူ စိတ်ကူးထားသည့် အတွင်းသာ ရှိသဖြင့် သူ ဒေါသမထွက်သွားခဲ့ချေ။

“ ဥက္ကဌလင်း… မင်းရဲ့ လင်းယွင်အုပ်စုက ခုဆို ထင်ရှားရေပန်းစားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်နေပြီ… ကြွယ်ဝမှု တစ်ခုတည်း ယှဉ်ရင်တောင် ငါတို့ ဝေ့မိသားစုက နည်းနည်း လိုနေဦးမယ်… ဒါပေမယ့် ငါတို့အားလုံးက အသိုင်းအဝိုင်း တစ်ခုတည်းက လူတွေပဲ မဟုတ်ဘူးလား… ဒီလိုမျိုးတွေ လုပ်စရာ မလိုပါဘူး… ထွက်ပေါက်ပေးလိုက်… ဒါမှ နောင်ကျ ကောင်းကောင်းမွန်မွန် ပြောဆို ဆက်ဆံလို့ရမယ်… စကားပုံတောင် ရှိသေး… ထင်းခွေမကြုံ ရေခပ်ကြုံမှာတဲ့…. ဒီလိုတွေ လုပ်ဖို့ မလိုပါဘူး…”

“ မင်း သူများကို အနိုင်ကျင့်တုန်းကကျ ဒီ အကြောင်းတွေ ဘာလို့ မစဉ်းစားလဲ…” လင်းရီ ဘန်းမုန့် တစ်ခု ကောက်ယူ၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ မင်းတို့လည်း ဒီသဘောတရားကို နားလည်ပြီး ဖြစ်မှာပါ… ကိုယ်က လုပ်ရဲရင် ခံရဲရတယ်.. မင်းတို့ သန်မာတဲ့အချိန် အားနည်းတဲ့ လူကို အနိုင်ကျင့်တယ်… မင်းတို့ အားနည်းတဲ့ အချိန်ကျ ကျိုးကြောင်းသင့်တင့်ချင်နေတယ်… ဒါပေမယ့် တကယ်လို့ ကျိုးကြောင်း သင့်တင့်မှုကသာ အသုံးကျနေခဲ့ရင် စစ်တပ်ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး…”

ယခုလို လျင်လျင်မြန်မြန် ငြင်းဆန်ခံလိုက်ရလိမ့်လို့ ထင်မထားသဖြင့် ဝေ့ကျားလုံ မျက်မှောင်ကြုတ်လိုက်မိသည်။

“ ဥက္ကဌလင်း… မင်းငါ့ကို မျက်နှာသာ မပေးတော့ဘူးလား…”

All Chapters