← Chapters

လျိုဟုန်ကို ဖုန်းဆက်လိုက်

Vol. 89 Ch. 1334

လျိုဟုန်ကို ဖုန်းဆက်လိုက်

Vol. 89 Ch. 1334

“ ဘာတွေ အလျင်လိုနေတာ…” လင်းရီ ပြောလိုက်ပြီး “ ဒါက စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပဲလေ… သူ ထောင်ကျသွားတယ်ဆိုလည်း အချိန်တန်တာနဲ့ သက်ဆိုင်ရာ ဌာနကနေ ပြန်လွတ်လာမှာပဲ မဟုတ်ဘူးလား… စိတ်လောတတ်တဲ့ လူက တိုဖူးပူပူ မစားရဘူး… မင်းတို့ ဝေ့မိသားစုက ထိပ်သီး မိသားစုကြီးပါ…. မင်းတို့ ဒီ သဘောတရားလေးတောင် နားမလည်နိုင်ကြဘူးလား..”

( စိတ်လောတတ်တဲ့ လူက တိုဖူးပူပူ မစားရဘူး = လောကြီးရင် ဒုက္ခရောက်တတ်တယ် ၊ လျှာကျက်တတ်လို့ နေမှာပါ )

“ မစ္စတာလင်း…. ငါတော့ ငါတို့ တစ်ယောက် အချိန် တစ်ယောက် ဖြုန်းနေတယ်လို့ ထင်တယ်…”

“ ငါကလား..” လင်းရီ ပခုံးတွန့်ပြလိုက်ပြီး “ ငါ မင်းတို့နဲ့ ပူးပေါင်းပေးမှာ မဟုတ်ဘူးလို့ ရှင်းအောင် ပြောပြီးသားပဲလေ… ဒီမှာ ဆက်နေနေတာက မင်းတို့.. ဘယ်သူက ဘယ်သူ့အချိန်ကို လာဖြုန်းနေတယ် ထင်လဲ…”

“ မင်း မလွန်လာနဲ့ ဟျောင့်…” ဝေ့ကျယ် ဒေါသတကြီးဖြင့် ရှေ့သို့ တက်လာပြီး “ မင်းကိုယ်မင်း စောက်ဆံ နည်းနည်းရှိတိုင်းနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့… ငါတို့ ဝေ့မိသားစုက မင်းကို မကြောက်ဘူး…”

“ မင်းက စကားပြောဖို့ အဆင့်မမီဘူး.. ပါးစပ်ပိတ်ထား….”

“ ငါ မင်းကို မရိုက်ဝံ့ဘူးလို့များ ထင်နေလား…”

လင်းရီ ထရပ်၍ ဝေ့ကျယ်၏ ဆံပင်ကို ဆွဲဆုပ်လိုက်ပြီး စားပွဲနှင့်ဖိထားသည်။

“ မင်းရဲ့ ခွေးတွေက လူလိုသူလို စကားမပြောတတ်ကြဘူးပဲ… ငါ မင်းကို ကူပြီး သင်ခန်းစာ ပေးလိုက်ပါမယ်…”

ထိုသို့ ပြောပြီးနောက် လင်းရီ လှည့်ပြီး ဝေ့ကျယ်ကို ကန်ကျောက်လိုက်သည်။

တစ်ဖက်သူမှာ ချက်ချင်း လွင့်ထွက်သွားပြီး အကယ်၍ ဝေ့ကျားလုံသည်သာ နောက်မှ ဖမ်းမထားပေးဘူးဆိုပါက အခန်းတံခါးနှင့် တိုက်မိသွားလောက်၏။

“ အစ်ကို…!!”

ဝေ့ယွီ ပြေးလာပြီး ဝေ့ကျယ်၏ ဒဏ်ရာများအား စစ်ဆေးကြည့်ရှုပေးသည်။

“ ငါ ပြေတယ်…” ဝေ့ကျယ် မျက်နှာ ရှုံ့မဲ့ပြီး ပြောလိုက်၏။

ဝေ့ကျယ်၏ အခြေအနေကို မြင်တော့ ဝေ့ကျားလုံ၏ အမူအရာသည် ဖော်ရွေဟန် မရှိတော့ချေ။ သူ့ရင်တွင်း ဒေါသကို ဖိနှိပ်ထား၍ အက်ရှသည့် လေသံဖြင့် “ ဥက္ကဌလင်းက ဆက်ပြီး စကားပြောချင်စိတ် မရှိဘူးဆိုမှတော့ ငါလည်း သွားတော့မယ်… ဒါပေမယ့် ငါမင်းကို တစ်ခု သတိပေးလိုက်မယ်… မမောက်မာနဲ့….”

ပြောပြီးနောက် ဝေ့ကျားလုံသည် အခြား မည်သည်ကိုမျှ မဆိုတော့ပဲ ကျန်နှစ်ယောက်နှင့်အတူ ဟိုတယ်ထဲမှ ထွက်ခွာသွားခဲ့သည်။

“ အစ်ကိုရီ.. ရှင်က အတော်ဆုံးပဲ.. ဝေ့ကျားလုံကိုတောင် သင်ခန်းစာပေးလိုက်နိုင်တယ်…”

“ သူက ဒီတိုင်း ပိုက်ဆံ ရှိတဲ့ သူဌေးသားလေးပါပဲကွာ.. ဘာကြောက်စရာ ရှိလို့… ငါ့လောက်လည်း မချမ်းသာသလို ငါ့လောက်လည်း ရုပ်မချောဘူး… ပြီးတော့ ငါ့ထက်လည်း မသန်မာဘူး… သူ့ကို ဘာကြောက်နေရမှာ…”

“ ဒါပေမယ့် ရှင် မသိသေးတာ တစ်ခုတော့ ရှိတယ်…” ရှောင်ပင်း ဆံပင်ကို ဖြီးသပ်လိုက်ရင်း “ တကယ်တော့ ဝေ့ကျားလုံက ကျွန်မတို့နဲ့ အတူတူပဲ … ပြီးတော့ သူက D အဆင့်ကိုတောင် ရောက်ပြီးနှင့်နေပြီ… သူ့ အဆင့်က ကျွန်မထက် အများကြီး ပိုမြင့်တယ်….”

“ သူလည်း တန်းထျန်ထဲက အတွင်းအား ထုတ်တဲ့ နည်းလမ်းကို သိနေတာလား… သူ အရင်က ကျုံးဝေ့တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးလို့လားတဲ့…”

အဆိုပါ သတင်းက လင်းရီကို အံ့အားသင့်သွားစေခဲ့သည်။

“ မဟုတ်ဘူး… ကျွန်မ ကြားမိတာတော့ သူ့အဖေ ၊ ဝေ့ကွမ်းရှန်က ကျုံးဝေ့တပ်ဖွဲ့ဝင်ဟောင်း တစ်ယောက် ဖြစ်ခဲ့ဖူးတယ်… နောက်ပြီး သူ့ အဆင့်ကလည်း လုံးဝ မနိမ့်ဘူး…”

“ မင်း ပြောသလိုဆို ဝေ့မိသားစု ဒီနေ့ ဒီလိုနေရာ ရောက်လာတာက ဝေ့ကွမ်းရှန်နဲ့ သက်ဆိုင်နေရမယ် …”

“ ကျွန်မလည်း အဖေ့ဆီကနေ ပြန်ကြားမိတာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းက ဝေ့ကွမ်းရှန် ကျုံးဝေ့တပ်ဖွဲ့ကနေ ပြန်လာတော့ ဝေ့မိသားစုကလည်း ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်… ဆယ်နှစ်အတွင်းမှာကို ယွီဟန်ထဲက ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်လာပြီးတော့ ကျွန်မတို့ မိသားစုကိုတောင် ဖိနှိပ်နိုင်သွားတယ်လေ…”

“ ကိစ္စမရှိဘူး… အဲ့ အဆင့်လောက်ကတော့ သူ့လိုလူ ဆယ်ယောက်ပေးတောင် မဖြုံဘူး…”

“ ဝါး …. အစ်ကိုရီက တော်လိုက်တာ…. အစ်ကိုရီ ရှင့်ကို ချစ်သွားပြီ…”

“ သွားစမ်းပါ.. မြန်မြန်စားတော့…”

******

ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီးနောက် သုံးယောက်သားသည် ကားထဲသို့ အမူအရာကင်းမဲ့စွာဖြင့် ဝင်လာခဲ့ကြ၏။

“ အစ်ကိုလုံ… ငါတို့ အခု ဘာဆက်လုပ်ကြမလဲ…”

ကားထဲတွင် ဝေ့ကျယ်သည် အံတဂျစ်ဂျစ်မြည်အောင် ကြိတ်လျက် မေးလိုက်သည်။

“ အိမ်အရင် ပြန်ပြီး အဖေ့ကို ဒီအကြောင်း အရင် ပြောကြမယ်..” ဝေ့ကျားလုံ ပြောလိုက်ပြီး “ ကျိုးဟိုင် မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက်က ခု အချိန် အရေးကြီးဆုံးပဲ… တကယ်လို့ မကောင်းသတင်းတွေ ထွက်လာခဲ့ရင် ငါတို့ မိသားစုအတွက် ကောင်းမှာ မဟုတ်ဘူး.. ဒီကိစ္စကို ပိုပြီး တိတ်ဆိတ်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းရမယ်…”

“ အဲ့ကောင် ကံကောင်းသွားတယ်… တကယ်လို့ ဒီကိစ္စကောင့်သာ မဟုတ်ရင် လူလွှတ်ပြီး သေအောင် ရိုက်သတ်ခိုင်းလိုက်ပြီ…”

“ မင်း ထင်သလောက် ရိုးရှင်းမနေဘူး…” ဝေ့ကျားလုံ ပြောလိုက်ပြီး “ ခုလေးတင် သူ လှုပ်ရှားသွားတာ မြင်မိတော့ သူက သိုင်းပညာ လေ့ကျင့်တဲ့လူဆိုတာ ငါသိလိုက်ရတယ်… မင်းလို လူ အများစုက သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး…”

“ သူက လေ့ကျင့်ထားတော့ရော ဘာဖြစ်တုန်း… ငါတို့ လူပိုခေါ်လိုက်ရင် ရနေပြီပဲဟာ…” ဝေ့ကျယ် အထင်သေးစွာဖြင့် ပြောလိုက်ပြီး “ သူက အစ်ကိုလုံလို ပြိုင်ဘက်ကင်းနေတာမှ မဟုတ်တာ ဟုတ်တယ်မလား…”

ဝေ့ကျားလုံ ဘာမျှ ပြန်မပြောပေ။ လင်းရီလို လူစားမျိုးနှင့် ကိုင်တွယ်ရသည့် အခါ သူ ခေါင်းတော်တော် ကိုက်ရလေသည်။

သူ့လို လူစားမျိုးက သိမ်မွေ့သည့်နည်းလမ်းဖြင့် ချဉ်းကပ်၍ မရသလို ကြမ်းတမ်းသည့် နည်းလမ်းဖြင့်လည်း အလုပ်မဖြစ်ပေ။

နှစ်ဦးနှစ်ဖက်ကြားရှိ ကြွယ်ဝမှုခြင်း ကွာဟမှု တစ်ချို့ ရှိသော်လည်းပဲ အရေးကြီးသည့် အခိုက်အတန့် ရောက်လျှင်တော့ ဝေ့ကျားလုံသည် လှုပ်ရှားရန် စိုးရွံ့နေမည် မဟုတ်ချေ။ သို့‌သော် လက်ရှိ အခြေအနေအရတော့ သူ အခြား နည်းတစ်လမ်းကို စဉ်းစားရတော့မည်။

တစ်နာရီ ကြာပြီးနောက် သူတို့ သုံးယောက်သား ဝေ့မိသားစု၏ ကျင်းရဲ့ အုပ်စုသို့ ရောက်ရှိလာသည်။

ဝေ့ကျားလုံ သူတို့နှစ်ယောက်ကို စီအီးအို ရုံးခန်းထဲ ခေါ်ဆောင်လာခဲ့၏။

ရုံးခန်းထဲတွင် အနောက်တိုင်း ဝတ်စုံပြည့်နှင့် လူတစ်ယောက် ထိုင်နေသည်။ သူ၏ ဆံပင်တို့က ငွေရောင် တစ်ဝက်သန်းနေပြီး ဖောင်တိန် တစ်ချောင်းကိုင်၍ ဖိုင်များအား ရေးခြစ်နေလျက် ရှိသည်။

အနှီပုဂ္ဂိုလ်သည်ကား ဝေ့ကျားလုံ၏ ဖခင် ဝေ့ကွမ်းရှန်ပင် ဖြစ်လေသည်။

“ ပြန်ရောက်လာတာ မြန်လှချည်လား… အခြေအနေ ဘယ်လိုရှိလဲ…”

သူ့သားနဲ့ တူ၊တူမတို့ ရုံးခန်းထဲ ဝင်လာသည်ကို မြင်တော့ ဝေ့ကွမ်းရှန် ဖောင်တိန်ချ၍ မေးလိုက်သည်။

“ အဲ့ကောင်လေးက အသာတကြည် စကားပြောရုံနဲ့ ဖြစ်မှာ မဟုတ်ဘူး… သူ့ဘက်က အလျော့ပေးမယ့် ရည်ရွယ်ချက် မရှိဘူး…”

“ သူက ငါ့ကို ဒီမျက်နှာ သေးသေးလေးတောင် မပေးဘူးပေါ့…”

ဝေ့မိသားစု၏ ကျင်းရဲ့ အုပ်စုက လင်းယွင်အုပ်စုလောက် လွှမ်းမိုးမှု မရှိသော်လည်း ဟွာရှတွင် ဂုဏ်သတင်း တစ်ခု ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လေသည်။

လင်းရီ ဤမျှ ခေါင်းမာနေလိမ့်မည်လို့ သူ အဘိုးကြီး ထင်မထားခဲ့ချေ။

ဝေ့ကျားလုံ ဆိုဖာတွင် ထိုင်ချလိုက်၏။

“ သူက တကယ် ခေါင်းမာတဲ့ကောင်… ဝေ့ကျယ်ကိုတောင် ရိုက်နှက်လိုက်သေးတယ်… ကျွန်တော့်ကို လုံးဝ လေးစားမှု မရှိဘူး..”

“ အဲ့တုန်းက ဘယ်လိုတွေ ဖြစ်ခဲ့လဲဆိုတာ ဦးလေး ကိုယ်တိုင် မတွေ့လိုက်ရလို့နော်… အဲ့ကောင်က မောက်မာတယ်ဆိုတာ မျက်နှာက သိကြားမင်းဖင်ဆောင့်တော့မယ်…” ဝေ့ကျယ် ပြောလိုက်ပြီး “ ဒီခုက အထိခိုက် မခံတဲ့ အချိန်သာ မဟုတ်ရင် ကျွန်တော် လူလွှတ်ပြီး ရိုက်သတ်ပစ်ခိုင်းလိုက်ပြီ…”

ဝေ့ကွမ်းရှန် စက္ကန့်အနည်းငယ် ကြာအောင် တွေးတောနေပြီးနောက် သူ့သားအား ကြည့်လိုက်သည်။

“ မင်း ဒီကိစ္စကို ဘယ်လို ဆက်လုပ်ဖို့ စီစဉ်ထားလဲ…”

“ ဒီမွန်းလွဲကျရင် အတွင်းရေးမှူးလျန်နဲ့ ပရောဂျက် ကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားတယ်မလား..” ဝေ့ကျားလုံ ပြောလိုက်ပြီး “ ဒီပရောဂျက် ကိစ္စ ပြီးရင် ကျွန်တော် သူနဲ့ နောက်တစ်ခေါက် စကားသွားပြောမယ်… တကယ်လို့ ညင်သာတဲ့နည်းလမ်းက အလုပ်မဖြစ်ဘူးဆိုရင် မာထန်တဲ့ နည်းနဲ့သွားရတော့မှာပေါ့… ဒါပေမယ့် ကျားဟန်ကိုတော့ အထဲမှာ ရက်နည်းနည်းလောက် ထပ်နေခိုင်းထားရဦးမယ်…”

“ အဲ့သလိုလုပ်လို့ မဖြစ်ဘူး… ဒီကိစ္စက ယွီဟန် တစ်မြို့လုံးကို ပျံ့နှံ့နေပြီးသား… တကယ်လို့ ငါတို့ တတ်နိုင်သမျှ မြန်မြန် မထုတ်ပေးဘူးဆိုရင် ငါတို့ ဝေ့အိမ်ရဲ့ မျက်နှာ အရှက်ရလိမ့်မယ်…”

“ ဒါပေမယ့် အဖေ .. လင်းရီရဲ့ အဆက်အသွယ်တွေကလည်း ဝေ့မိသားစု နီးနီး ရှိတာနော် … ပြောကြေးဆို ကျွန်တော်တို့ထက်တောင် ပိုပြီး သန်မာရင် သန်မာနေဦးမယ်…. တကယ်လို့ သူက သဘောမတူဘူးဆိုရင် ကျားဟန်ကို ထုတ်ဖို့ အရမ်း ခက်သွားလိမ့်မယ်…”

ဝေ့ကွမ်းရှန် ဖုန်းကောက်ကိုင်၍ အပေါ်အောက် ပွတ်ဆွဲလိုက်ပြီး “ ယွီဟန်က ငါတို့ အဆက်အသွယ်တွေနဲ့ဆိုရင် ကိုင်တွယ်ဖို့ ခက်ခဲတာ ဟုတ်တယ်.. ရန်ကျင်းက ငါ့ရဲဘော် တစ်ယောက်ဆီ ဖုန်းဆက်လိုက်ရင်တော့ မခက်တော့ဘူး…”

ဝေ့ကျားလုံ မျက်လုံး ရွေ့လျားသွားခဲ့ပြီး “ ကျယ်… မင်းတို့နှစ်ယောက် ခဏ အပြင်ထွက်ကြဦး.. ငါတို့ ဒီကိစ္စ နောက်မှ ပြောကြမယ်…”

သူ့အဖေက ကျုံးဝေ့တပ်ဖွဲ့သို့ ဖုန်းခေါ်တော့မည် ဆိုတာကို ဝေ့ကျားလုံ သိသည်။ ထို့ကြောင့် မဆိုင်သူများ ရှိနေ၍ အဆင်မပြေချေ။

နှစ်ယောက်လည်း နာနာခံခံဖြင့် အပြင်ထွက်သွားကြပြီး ဝေ့ကွမ်းရှန် လျိုဟုန်ထံ ဖုန်းခေါ်လိုက်၏။

ဝေ့ကျားလုံကတော့ ဆိုဖာပေါ်တွင် နှုတ်ဆိတ်လျက် ထိုင်နေသည်။

အကယ်၍ သူ့အဖေသည်သာ ကျုံးဝေ့တပ်ဖွဲ့ ခေါင်းဆောင်ထံ ဖုန်းဆက် အကူအညီ တောင်းလိုက်မည် ဆိုပါက ပြဿနာကြီး မဟုတ်တော့ချေ။

သူတို့သည်က ထူးခြားသည့် တည်ရှိမှုများ ဖြစ်ကြ၏။ ဤကဲ့သို့သော အသေးအမွှားကိစ္စလေးအား ကိုင်တွယ်ရသည်မှာ သူတို့အတွက် ပြဿနာ တစ်ခု မဟုတ်ချေ။

“ မင်းလို မအားတဲ့ကောင်က ငါ့ဆီ ဖုန်းတွေ ဆက်လို့ပါလားကွ…” ဖုန်းတစ်ဖက်မှနေ၍ လျိုဟုန်၏ မြူးနေသည့် အသံက ထွက်ပေါ်လာသည်။

“ ငါလည်း နောက်ရက် အနည်းငယ်လောက်နေရင် ရန်ကျင်းသွားရဖို့ ရှိတယ်… ဒါရိုက်တာလျို … မင်း ထမင်း တစ်နပ်လောက်စားဖို့ အချိန်ဖဲ့ပေးနိုင်တယ်မလား…”

“ ငါ့ကို မြှောက်ပင့်မနေစမ်းနဲ့… မင်းက နာမည်ကြီး တိုင်ကွန်းကြီးတောင် ဖြစ်နေပြီကို ငါ့ကို နောက်ပြောင်ချင်နေသေးတယ်ပေါ့ ဟုတ်လား…” လျိုဟုန် ပြောလိုက်ပြီး “ မင်းရန်ကျင်း လာမယ့် အချိန်သာ ပြောလိုက်… ငါ မင်းကို ဧည့်ခံပေးမယ်…"

“ ဟုတ်ပြီ… မင်းရဲ့ အရက်အကောင်းစားတွေ ငါ့ တိုက်ရမှာနော်..”

သူက လျိုဟုန်နား အကူအညီတောင်းမည်ဆိုသော်လည်း လိုရာကို တန်းမသွားသေး။ ထိုအစား ဟိုဟိုဒီဒီ လျှောက်ပြော၍ စကားပျိုးထားလိုက်၏။

“ ဒါပေါ့… ငါ့ ရဲဘော်ဟောင်းကြီး လာမယ်ဆိုမှတော့ အရက်ကောင်း တစ်လုံးလည်း ဘာအရေးလဲ… မင်း အမူးသောက်ရမယ်လို့ အာမခံတယ်…”

ဝေ့ကွမ်းရှန် ရယ်မောလိုက်ကာ “ ငါစိတ်ချပါပြီ… ဒါပေမယ့် အဲ့တာမတိုင်ခင် ငါမင်းကို တစ်ခုလောက် အကူအညီ တောင်းချင်လို့…”

“ ဘာလဲသာ ပြောလိုက်..”

“ ငါ့ သားအငယ်ဆုံးလေးကွာ.. လင်းရီဆိုတဲ့ တစ်ယောက်နဲ့ အချင်းများခဲ့တယ်… သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ… သူက ငါ့သားငယ်ကို အချုပ်ထဲ ပို့ပစ်လိုက်လို့… မင်း တစ်ယောက်ယောက်ကို ပြောပေးပြီး ငါ့သားငယ်ကို အဲ့က လွှတ်ပေးလို့ရမလား..”

All Chapters