← Chapters

အံ့အားသင့်ဖို့ ကောင်းသည့်ယောင် ဆောင်ခြင်း

Vol. 89 Ch. 1325

အံ့အားသင့်ဖို့ ကောင်းသည့်ယောင် ဆောင်ခြင်း

Vol. 89 Ch. 1325

လီချင်းခိုင်နှင့် လီစီကျင်းတို့သည် လင်းရီကို တောက်လောင်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လာခဲ့ကြသည်။

“ အခွင့်အရေး ရှိသေးတယ်ဆိုတာ မင်း သေချာလား…”

“ မလောနဲ့… တစ်လှမ်းပြီးမှ တစ်လှမ်းပေါ့…”

“ ကောင်လေး… မင်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ.. ကောင်တီက ဒီလောက် သေအံ့မူးမူး အနေအထားထိ ရောက်နေတာတောင် မင်းက လွတ်လမ်းတစ်ခု ရှာဖွေနိုင်တယ်… ဒါ တကယ့်ကို တစ်ခုခုပဲ…”

ထိုသို့ပြောပြီးနောက် လီချင်းခိုင်သည် လီစီကျင်းဘက်သို့ လှည့်လျက် “ လီလေး… လင်းလေးပြောတာ အခွင့်အရေး ရှိတယ်တဲ့… အချိန်ကျလာရင် မင်းတို့နှစ်ယောက်က ဒီကိစ္စအတွက် တာဝန်ယူပြီး ရလဒ် တစ်ချို့ ရလာအောင် ဆောင်ရွက်ရမယ်နော်…”

“ အစ်ကိုလီ… ဒီလို ရေးကြီးခွင်ကျယ်တွေ လုပ်စရာ မလိုပါဘူး ဟုတ်တယ်မလား..” ကျိုးဖုန်း ပြောလိုက်ပြီး “ ခင်များလည်း တုံးစန်းကောင်တီရဲ့ အခြေအနေကို သိရဲ့သားနဲ့… ကျုပ်တို့က ဘယ်လိုလုပ်ပြီး စီးပွားရေး အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်မှာလဲ…”

“ လုံးဝကြီး မျှော်လင့်ချက် မဲ့နေတာမျိုးတော့ မဟုတ်သေးပါဘူး.. တကယ်လို့ ကံကောင်းရင် တစ်ခုလောက်တော့ ရနိုင်ပါတယ်…” လီချင်းခိုင် ပြောလိုက်ပြီး “ အခွင့်အရေးက ရှိနေသေးသရွေ့ ငါတို့တွေ ကြိုးစားကြည့်ရမယ်.. မဟုတ်ရင် တုံးစန်းကောင်တီက ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်တော့ဘူး…”

“ အမှန်ပဲ.. ဒါပေမယ့် ကျုပ်ကတော့ စီကျင်းကိုပါ ခေါ်သွားဖို့လိုမယ် မထင်ဘူး…”

ကျိုးဖုန်း၏ စကားအတွင်းရှိ ဖုံးကွယ်ထားသော စကား၏ အဓိပ္ပာယ်ကို လီချင်းခိုင် ရိပ်စားမိသည်။ မနက်ခင်းတုန်းက ကိစ္စနှင့်ပါ တွဲစပ်ကြည့်လိုက်တော့ သူ မေးလိုက်၏။

“ မင်းက ဘာလို့ လီလေးကို လိုအပ်နေရတာ…”

ကျိုးဖုန်း ပြုံးလိုက်လေသည်။

“ ဒီလိုလေ… ကျုပ် ခုနတင် ကျိုးဟိုင် လင်းယွင်အုပ်စုဆီက ဖုန်းလက်ခံရရှိခဲ့တယ်.. သူတို့ လင်းယွင် ဖောင်ဒေးရှင်းက တုံးစန်းကောင်တီကို ဒုတိယအကြိမ် ထပ်ပြီး ထောက်ပံ့ပေးချင်နေတယ်တဲ့… စုစုပေါင်း တန်ဖိုးကလည်း ယွမ်တစ်သန်းရှိတယ်… ကျုပ်နဲ့အတူ ကြိုဆိုဖို့ စီကျင်းကို ခေါ်ချင်နေတာ.. နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနရဲ့ တာဝန်ခံ အနေနဲ့ရောပေါ့…”

“ နောက်တစ်ကြိမ် နွမ်းပါးမှု ထောက်ပံ့ရေး အကူအညီ ဟုတ်လား…”

အဆိုပါ သတင်းကို ကြားတော့ လီချင်းခိုင်သည် အံ့အားသင့်သွားခဲ့၏။ ထို့နောက် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

ယခင်နှစ် ထောက်ပံ့ကူညီပေးတုန်းက သူလည်း ပါဝင်ခဲ့လေသည်။ လင်းယွင် ဖောင်ဒေးရှင်းမှ တစ်ကြိမ်တည်းနှင့် ယွမ် ကိုးသိန်း ရင်းနှီးမြုပ်နှံပေးသွားခဲ့ပြီး သူ ထင်မှတ်ထားခဲ့သည်မှာ တစ်ကြိမ်တစ်ခါ ကူညီပေးခြင်းဟူ၍သာ။ သို့သော် ဒုတိယ အကြိမ် ရှိလာလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။

“ သူတို့လည်း အစတုန်းက ဒုတိယအကြိမ် ကူညီပေးဖို့ အစီအစဉ်မရှိဘူး… ဒါပေမယ့် ကျုပ်က သူတို့နဲ့ သုံးလေးကြိမ်လောက် ဆက်သွယ်လိုက်ပြီး တုံစန်း ကောင်တီရဲ့ အခြေအနေကို ပြောပြမှ နောက်တစ်ကြိမ် ကူညီပေးဖို့ သဘောတူလာခဲ့တာ… " ကျိုးဖုန်း သက်ပြင်းချလျက် ဆိုလိုက်ပြီး “ ကျုပ် ဒီကိစ္စ အတွက် ဘယ်လောက်ထိ အားထုတ်ခဲ့ရလဲ ခင်များ မသိလို့နော်. ဆံပင်တွေတောင် ဖြူကုန်ပြီ…”

“ လာ လာ လာ .. ဒါရိုက်တာကျိုး… ရေလေး တစ်ခွက် အရင်သောက်လိုက်… အမှန်ဆို ဒါက ငါတို့ လုပ်ရမှာ… အဲ့တာတောင် မင်းက ဒီလောက်အထိ စိုးရိမ်ပေးတတ်လိမ့်မယ်လို့ ထင်မထားဘူး… ခက်ခဲစေမိပြီ…”

“ မခက်ခဲပါဘူးဗျာ… ဒါ ကျုပ် လုပ်သင့်လုပ်ထိုက်တာပဲလေ…” ကျိုးဖုန်း ရိုးသားစွာ ပြုံးလျက် “ ကောင်တီကောင်းဖို့ အတွက်ပဲမလား…”

လင်းရီ “ ….. “

ဒီ ကျိုးဖုန်းဆိုတဲ့ကောင်က တယ်လည်း သရုပ်ဆောင် ကောင်းလွန်းတယ်…

ဖောင်ဒေးရှင်းက ငါ ဒီရောက်နေမှန်းသိလို့ ဒုတိယ အကြိမ် ကူညီဖို့ ဆုံးဖြတ်လိုက်တာကို ဒီကောင်က အခွင့်ကောင်းယူပြီး ရှိုးလာထုတ်နေတယ်.. ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းထားလဲ…

“ ယုတ္တိရှိတယ်…” လီချင်းခိုင် လီစီကျင်းအား ကြည့်၍ “ လီလေး… ဒါဆို မင်းက ဒီတစ်ခေါက် ကြိုဆိုရေး တာဝန်ခံ ဖြစ်သွားပြီ… တကယ်လို့ နားမလည်တာ ရှိရင် ဒါရိုက်တာကျိုးကို မေးပြီး သူ့ကို ကူညီပေးဖို့ ကောင်းကောင်း ပူးပေါင်းပေးလိုက်…”

လီစီကျင်း အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်၏။ “ စီးပွားရေး အခွင့်အလမ်းသစ်‌တွေ ဆွဲဆောင်တာက ခုမှ စတာဆိုတော့ လုပ်စရာတွေက အများကြီး ရှိနေမှာလေ… အစ်ကိုရီက တစ်ယောက်တည်း ဖြစ်ပါ့မလား…”

“ ငါ ရှိတယ်လေ…” လီချင်းခိုင် ပြုံးလျက် ပြန်ပြောလိုက်ပြီး “ ပြီးတော့ ဒါက ဒုတိယအကြိမ် လာရောက် ကူညီပေးတာ… ငါတို့ နွမ်းပါးမှု တိုက်ဖျက်ရေးဌာနကလည်း ကိုယ်စားလှယ် စေလွှတ်ပေးသင့်တယ်… မင်း သွားလိုက်…”

“ အမ်-အွန်း…”

လီစီကျင်း မညိမ့်ချင် ညိမ့်ချင်နှင့်‌ ခေါင်းညိမ့်လိုက်၏။ လီချင်းခိုင်က ပြောလာပြီ ဖြစ်သဖြင့် သူမ ငြင်းလို့ မသင့်တော့ချေ။

လင်းရီကတော့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းရင်း ရင်ထဲတွင် ကျိတ်၍ သက်ပြင်းချလိုက်၏။

သူကပေးပြီး သူများက ရှိုးထုတ်ဖို့ အသုံးချနေတယ်… အသုံးချခံလိုက်ရသလို ခံစားရတယ်… မခံချိ မခံသာစရာပဲ..

“ ဒါရိုက်တာလီ … အဲ့လိုဆို သူ့ကို ကျုပ်ရုံးခန်းထဲ ယာယီ ခေါ်ထားလိုက်မယ်နော်…”ကျိုးဖုန်း ပြောလိုက်သည်။

“ ပြဿနာ မရှိဘူး…”

လီစီကျင်း နှုတ်ခမ်းအား ကိုက်လျက် “ အစ်ကိုလီ… အစ်ကိုရီ… လင်းယွင် ဖောင်ဒေရှင်းက မနက်ဖြန်ဆို လာမှာ… ဒီကိစ္စက သုံးလေးရက်လောက်ပါပဲ.. ကျွန်မ သိပ်မကြာခင် ပြန်လာခဲ့မယ်နော်…”

“ အဆင်ပြေပါတယ်… အလျင်လိုစရာ မလိုပါဘူး… သွားတော့…”

နှစ်ယောက်သား ရုံးခန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ လီချင်းခိုင်မှ အပြုံးလေးဖြင့် “ မင်းတော့ နောက်သုံးလေးရက်အထိ ပင်ပန်းရတော့မယ်… ဒီကိစ္စ မင်းဘာမင်း ကြည့်လုပ်လိုက်ကွာ…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်ရမှာက လုပ်ရမှာပဲလေ… ပြဿနာ မရှိဘူး…”

နောက်တစ်နေ့ နံနက်၌ လင်းရီသည် အလုပ်သွားရန် အလျင်လိုနေခြင်း မရှိခဲ့ချေ။

ထိုအစား ဟိုတယ်တွင် လင်းယွင်အုပ်စုနှင့် ဗွီဒီယို အစည်းအဝေး ကျင်းပလိုက်၏။

အဓိက အကြောင်းအရာကတော့ သဘာဝ အလျောက် စက်ရုံ တည်ဆောက်မှုအတွက် ရင်းနှီးမြုပ်နှံမှု ကိစ္စရပ်ပင် ဖြစ်လေသည်။

အစည်းအဝေး၏ အဓိက အဖွဲ့ဝင်များက တော်တော်လေးကို ပေါင်းစည်း ညီညွှတ်ကြသည်။ အကျိုးအမြတ်ကို ပဓာန မထားကြဘဲ စက်ရုံ တည်ဆောက်မှု အောင်မြင်ရေး အတွက်သာ ဦးစားပေး ဆွေးနွေးခဲ့ကြ၏။ မည်သို့ပင်ဆိုစေ အကုန်လုံးက အမှုဆောင် အဖွဲ့ဝင်များဖြစ်ပြီး ပါးနပ်ချက်ချာကြလေသည်။

သဘောမတူသည့်လူသည် အလုပ်မလိုချင်တော့ဘူးဟု ပြောလိုက်သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

အစည်းအဝေးက သုံးနာရီကျော် ကြာမြင်ခဲ့ပြီး အဆုံးတွင် စစ်ထုတ်လိုက်တော့ အရေးကြီးဆုံး တစ်ချက်တည်းကိုသာ ညွှန်ပြနေလျက် ရှိ၏။

ယင်းက မူဝါဒများပင်..။

ဤသည်က မိမိတို့၏ အကျိုးအမြတ်ကို တိုးမြင့်နိုင်ခြင်း ရှိမရှိနှင့် သက်ဆိုင်နေသည့် နောက်ဆုံးသော မေးခွန်းတစ်ခုဖြစ်သည်။

အထက်လူကြီးများ၏ စိတ်ထဲတွင် မည်သို့မည်ပုံ ရှိလဲ ဆိုတာကို လင်းရီ အရင် အကဲခတ်ကြည့်ရဦးပေမည်။

အစည်းအဝေးပြီးနောက် လင်းရီ သူ၏ ပစ္စည်းများအား ထုပ်ပိုး၍ ရုံးသို့ သွားရန် ဟန်ပြင်သည်။

ထိုအချိန်၌ ရုံးအဆောက်အဦးမှာတော့ ပုံမှန်မဟုတ်စွာ စည်ကားသက်ဝင်နေလျက် ရှိသည်။

လင်းယွင် အုပ်စုကို ကြိုဆိုရေးက အင်မတန်မှပင် မြင့်မားသည့် စံချိန်စံနှုန်းဖြင့် သတ်မှတ်ထားခဲ့သည်။ ကောင်တီ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ချို့ကိုပင် စေလွှတ်၍ မိန့်ခွန်း‌ ပြောကြားမှုများ ပြုလုပ်ခိုင်းခဲ့လေသည်။

အခမ်းအနား ပွဲတစ်ခုလုံးက တော်တော်လေးကို ကောင်းမွန်လှ၏။ သို့သော် ပွဲကြိုက်ခင် မဟုတ်သည့် လင်းရီအဖို့တော့ စိတ်ရှုပ်စရာကြီး ဖြစ်၏။

ထို့ပြင် အခမ်းအနားတစ်ရပ်လုံးကို ဦးစီးဦးဆောင်ပြုနေသူကတော့ မောင်မင်းကြီးသား ကျိုးဖုန်းပင်။

“ ဒါရိုက်တာကျောက်… ကျုပ်တို့ရဲ့ တုံးစန်းကောင်တီကို နောက်တစ်ကြိမ် ထပ်ရောက်လာပေးတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်…” ကျိုးဖုန်း ယဉ်ကျေးစွာဖြင့် ပြောလာခဲ့သည်။

“ ကျုပ်တို့ဘက်က နေရာကို ဘွတ်ကင်လုပ်ထားပြီးပါပြီ… တစ်ခုခု လိုက်စားရင်းနဲ့ ကျုပ်တို့ကို ဧည့်ဝတ်ကျေပွန်ခွင့် ပြုပါ…”

“ မလိုပါဘူးရှင်… ကျွန်မတို့ ရွာဘက်တွေ သွားဖို့ ကျန်သေးတယ်.. မဟုတ်ရင် စိတ်ထဲ နေမထိ ထိုင်မသာ ဖြစ်နေလိမ့်မယ်..” ကျောက်ရာလီမှ ပြောလိုက်သည်။

“ မှန်ပါတယ်… ဒါပေမယ့် ထမင်းလေးတော့ စားသွားကြပါဦး… “ ကျိုးဖုန်း ပြောလိုက်ပြီး “ မဟုတ်ရင် တခြားနေရာမှာ စားနေရလိမ့်မယ်… ပြီးတော့ အစားအသောက်တွေလည်း ပြင်လို့ဆင်လို့ ပြီးနေပါပြီ… ဒါရိုက်တာကျောက်… ကြည့်………”

ကျောက်ရာလီ စဉ်းစားကြည့်လိုက်ပြီး ငြင်းဆန်မနေတော့ချေ။

“ ကောင်းပြီလေ… ဒါဆိုလည်း ဒါရိုက်တာကျိုးကိုပဲ ဒုက္ခပေးရတော့မယ်…”

“ ကျုပ်တို့ တာဝန်ပါ.” ကျိုးဖုန်း ဖိတ်မန္တက ပြုသည့် လက်ဟန်ပြုလုပ်လိုက်ပြီး “ ကျုပ်တို့ဘက်က ကျေးဇူးတင်လို့တောင် မလောက်တာကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးတယ် ဖြစ်ရမှာ…”

ကျောက်ရာလီမှ သဘောတူလိုက်သည်ကို ကြားတော့ နောက်တွင် လမ်းလျှာက်နေသည့် လီချင်းခိုင်မှ တိတ်တဆိတ် လက်မထောင်ပြလိုက်၏။

“ ဒါရိုက်တာကျိုးရဲ့ အစွမ်းအစတွေကတော့ ငါတို့ ကောင်တီထဲမှာ တကယ့်ကို ထိပ်တန်းပါပဲ… လူတော်တော်များက သူနဲ့ မယှဉ်နိုင်ဘူး..”

“ သူက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ.. “ မားချန့် ဒါရိုက်တာ ၊ ဝမ်လီကျွင်းမှ ပြောလိုက်ပြီး “ သူက ဒီလိုမျိုး ဧရာမ ဘဏ္ဍာငွေကြီးကို ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်.. ဒါ သူ့ရဲ့ အကောင်းဆုံး နိုင်ငံရေး အောင်မြင်မှု တစ်ခုလို့တောင် ပြောလို့ရတယ်..”

“ ငါ့အထင်တော့ နောက် သုံးလေးနှစ်လောက်ဆို မြို့ကို ရွေ့ပြောင်းခံရလောက်ပြီ… သူ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ..”

ပြောပြီးနောက် လီစီကျင်းဘက်သို့ လှည့်၍ “ လီလေး… အရင်ကဆို မင်းက သူ့ဒုတိယပဲ.. ထက်မြက်ပြီးမှ သူ့နားကနေ ကောင်းကောင်းသင်ယူ… မင်းအနာဂတ်အတွက်လည်း ကောင်းမယ်…”

လီစီကျင်း ဝတ်ကြေတမ်းကြေ ခေါင်းညိမ့်ပြလိုက်သည်။ စိတ်အား ထက်သန်မှုတော့ မရှိ။

ကျိုးဖုန်းက လုပ်ရည်ကိုင်ရည် ရှိသည်မှာ မှန်သည်။ သို့သော် ဟိတ်ဟန်ဝင့်ကြွားတတ်သူများအား သူမ သိပ် ဘဝင်မကျပေ။

အလုပ် သဘောအရသာ မဟုတ်ပါက သူမတို့နှစ်ယောက်သည် များစွာ ပြောဆိုဆက်ဆံမိလိမ့်မည် မဟုတ်ချေ။

ထိုစဉ် ဝမ်လီကျွင်းဘေး၌ မတ်တပ်ရပ်နေသည့် ကော်လုကတော့ ဆွဲဆောင်မှု ရှိစွာ ကျိုးဖုန်းထံ ကြာများ ပစ်ပစ်ပြနေတော့သည်။

သူက လင်းရီလောက် ရုပ်မချောဘူး ဆိုပေမယ့် ဉာဏ်ရည်ဉာဏ်သွေးမြင့်ပြီး နိုင်ငံရေးကို ဘယ်လို ကစားရမှန်း သိတယ်လေ… ကဏ္ဍ တော်တော်များများမှာလည်း လင်းရီထက် အများကြီးသာတယ်…

ထောက်ပံ့ကြေးငွေ ရရှိတာက နိုင်ငံရေး အောင်မြင်မှု တစ်ခုလို့တောင် သတ်မှတ်လို့ရတယ်..

သူက ဒီလိုတွေ လုပ်ပြနေချိန်မှာ ဟို အမြင်ကတ်ဖို့ ကောင်းတဲ့ လင်းရီကတော့ ခေါင်းမပါတဲ့ ယင်ကောင်လိုမျိုး ကိုယ့်ကိုယ်ကို သက်သေပြဖို့ ကြိုးပမ်းနေတယ်တဲ့… ဘယ်လိုတောင် ရူးနှမ်းလိုက်ပါလိမ့်။

“ အာ… လင်းလေး… မင်း ရောက်လာပြီလား…”

အပြင်သို့ ထွက်လာသည်တွင် လင်းရီ လှမ်းလာနေသည်ကို လီချင်းခိုင် မြင်တွေ့လိုက်ရသည်။

“ ကျွန်တော် ဒီမနက် ကိစ္စလေး ရှိနေလို့လေ… အဲ့တာပြီးမှပဲ လာခဲ့လိုက်တာ… “ လင်းရီ သာမန်လျှံကာမျှသာ ပြန်ပြောလိုက်ပြီး သူ၏ အကြည့်တို့က ကျောက်ရာလီနှင့် ကျန်သူများအား မြင်တွေ့သွားခဲ့သည်။

“ ဒါရိုက်တာလင်း… ရှင့်ကို တစ်မနက်ခင်းလုံး လိုက်ရှာနေတာ ခုမှပဲ တွေ့ရတော့တယ်…”

All Chapters