← Chapters

အပိုင်း (၅၀၁-၅၁၀)

Vol. 6 Ch. 501-510

အပိုင်း (၅၀၁-၅၁၀)

Vol. 6 Ch. 501-510

အပိုင်း (၅၀၁)

“ နည်းနည်းတော့ ပိုထွားလာတယ်။”

ဝမ်တပေါင်းကတော့ အိမ်တော်စောင့်ရဲ့ မျက်ဝန်းထဲက စကားတွေကို ဖြေချင်စိတ်ရှိဟန် မတူဘူး။ အိမ်တော်စောင့်လည်း မမေးတော့ဘူး။ အဲ့ဒီ့နောက်။ ဝမ်တပေါင်း အပြင်မှာ ရောက်နေတဲ့ အကြောင်း အိမ်တော်ထဲက လူတွေကို ကြေညာတော့တယ်။ ဒီ တစ်ကြိမ်တော့ သူ အကြာကြီးမစောင့်ရတော့။ ဝမ်တပေါင်းက ပင်းယန် အိမ်တော်ရဲ့ ဥယျာဉ်ထဲကို သိပ်မကြာခင် အချိန်တွင်းမှာပဲ ရောက်သွားတော့တယ် ။ ဒီနေ့လည်း မနေ့ကလိုပဲ။ ဖန်ကျန်းရှီ ရေနွေးသောက်နေတယ်။ ဝမ်တပေါင်း ပြေးဝင်လာတာ မြင်တော့ သူ ရေနွေးသီးသွားခဲ့တယ်။ “-ျီးပဲ”

ဝမ်တပေါင်း အချိန်မှီ မတုံ့ပြန်နိုင်။ ဒါကြောင့် ရေနွေးတွေက သူ့ မျက်နှာ တစ်ခုလုံးကို စင်သွားခဲ့တယ်။

“ ဘာတွေ ဖြစ်လာတာလဲ။ မင်းကို ဘယ်သူ ရိုက်လိုက်တာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ ကျွန်တော့် အဖေပေ့ါ….” ဝမ်တပေါင်း ငိုရင်းပြောတော့တယ်။

“ မင်းအဖေလား။ အိုး…. မင်း အဖေက မင်းကို ဘာလို့ ရိုက်တာလဲ။ ငါတို့ကို ပြောပြပါအုန်း။”

“သူပြောတာတော့ ကြယ်ခုနှစ်လုံး လမ်းဆီ သခင်လေးဖန်ကို ခေါ်မသွားသင့်ဘူးတဲ့။” ဝမ်တပေါင်း သူ့မျက်လုံးက မျက်ရည်တွေကို သုတ်ရင်းပြောတယ်။

“ဒီအကြောင်း တစ်ခုတည်းကြောင့် လား။” ဖန်ကျန်းရှီ ရယ်မောတယ်။

“ ဟုတ်တယ်။”

“ ယောကျာ်းတစ်ယောက် အနေနဲ့။ မင်း လည်း လွတ်လပ်မှုလေးတော့ ရသင့်ပါပြီလေ။”

“ သခင်လေးဖန် ဘာကို ဆိုလိုချင်တာလဲ။”

“ မင်း အဖေ ဆီက ရိုက်တာ မခံဖို့ ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်။ ဒီနေ့က စပြီးတော့။ မင်း ကြယ်ခုနှစ်လုံးလမ်းကို လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ ဘယ်လိုလဲ။”

“ တကယ်ပြောနေတာလား။”

“ ဒါပေါ့။”

“ ပြောပြပါအုန်း။”

“ ဒီနေ့ည နောက်တခေါက်လောက် ထပ်သွားရအောင်။ မင်း အဖေ ဘယ်နှစ်ချက်လောက်များ ရိုက်နိုင်မလဲလို့ ငါသိချင်လို့။”

“ ဘာ….။” ဝမ်တပေါင်း မျက်လုံးပြူးကျယ်သွားခဲ့တယ်။ ဖန်ကျန်းရှီက သူ့ကိုရိုက်တဲ့သူ မဟုတ်ပေမယ့်။ ဝမ်တပေါင်းရင်ထဲ ပေါက်ကွဲနေတဲ့ ဒေါသတွေကို စကားလုံးနဲ့တောင် ပြောပြလို့မရဘူး။

“ နောက်တစ်နည်း ကော ရှိသေးလား။”

“ မရှိတော့ဘူး။” ဖန်ကျန်းရှီ ယတိပြတ်ငြင်းတော့တယ်။

“ ….”

…

ညအချိန်မှာတော့။ ကြယ်ခုနှစ်လုံးလမ်းကို ဧည့်သည်တော် လေးဦးရောက်လာပြန်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့။ ဝမ်တပေါင်းက စိတ်အားထက်သန် မနေခဲ့။ အတော့်ကို ခါးသီးနေခဲ့တယ်။ ဝမ်တပေါင်း က ကြယ်ခုနှစ်လုံးလမ်းထဲကို အနှောက်အယှက်မရှိ ဝင်လာခဲ့တယ်။ သူ ပြန်ထွက်လာတဲ့ အချိန်မှာတော့။ ဂိတ်တံခါးဝမှာ လူတစ်ယောက် ရပ်စောင့်နေခဲ့တယ်။ ဒီလူက သူ့လက်ထဲမှာ သံမဏိတုတ်ချောင်းကြီးကို ကိုင်ထားခဲ့တယ်။

“အဖေ။ ကျွန်တော့်ကို မရိုက်ပါနဲ့…”

“ မင်း အမှိုက်ကောင်။ မင်းလိုကောင်က ဒါနဲ့ပဲ တန်တယ်။”

“ အမ်…. အဖေ ရပ်လိုက် ပါအန်ုး။ ကျွန်တော့်ကို မရိုက်ပါနဲ့။ ဖန်ကျန်းရှီ။ ဖန်ကျန်းရှီ က ကျွန်တော့်ကို အဖ့ဆီပြောခိုင်းတယ်။ ” ဝမ်တပေါင်း တစ်ချက် အရိုက်ခံပြီးနောက်မှာ အော်တော့တယ်။

“ သူက မင်းကို တစ်ခုပြောခိုင်းတယ်တဲ့လား။ ကောင်းပြီလေ။ ဘာပြောခိုင်းတာလဲ။”

“ဖန်ကျန်းရှီ ပြောတာ။ ကြယ်ခုနှစ်လုံးကို ဒီနေ့လည်း သွားမယ်။ မနက်ဖြန်လည်း သွားမယ်။ နောင်လည်း ဆက်သွားနေအုန်းမှာပဲ။”

“ သူတကယ်ပဲ ဒီလို ပြောတာလား။ ” လူကြီးရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတော့တယ်။

“ ဟုတ် ။ ”

“ ငါနားလည်ပြီ။ မင်း သူနဲ့ နေ့တိုင်း လိုက်သွားတော့။ မင်း အတွက် ပိုက်ဆံ ငါ ပြင်ဆင်ထားပြီးပြီ။ ပိုက်ဆံ လိုရင် ငါ့ကို လာတောင်းလှည့်။ ” လူကြီး ခေါင်းငြိမ့်ရင်း ပြောတယ်။

“ အဖေ ။ ကျွန်တော့်ကို ဒီတစ်ခေါက်တော့ မရိုက်တော့ဘူးလား။”

“ မရိုက်ဘူး။ သွား ။ အနားယူတော့။ မနက်ဖြန်လည်း ကြယ်ခုနှစ်လုံးလမ်းမှာ သခင်လေးဖန်ကို ဖျော်ဖြေလိုက်။”

“ မဖြစ်နိုင်ဘူး…. ဒါက အလုပ်ဖြစ်သွားတာလား။ ” ပြန်လှည့်ထွက်သွားတဲ့ သူ့ အဖေကို မြင်တော့ ဝမ်တပေါင်း သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့တယ်။ သူ့ အဖေက ပြောရဆိုရတာ လက်ပေါက်ကပ်တဲ့ သူမှန်း သူ သိတယ်လေ။ ဒါပေမယ့် အခုတော့ ဒီလို စကားမျိုး ပြောလာတယ်ဆိုတော့။ ဖန်ကျန်းရှီရဲ့ နည်းလမ်းက အလုပ် ဖြစ်တဲ့ပေါ့။ သူ့အဖေက သူ့ကို မရိုက်တဲ့ အပြင် ဖန်ကျန်းရှီ နဲ့ နေ့တိုင်း လိုက်သွားဖို့တောင် ပြောသေးတယ်။ ဒါက ဘယ်လို ဖြစ်သွားတာလဲ။

…

ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာတော့။ ဝတ်ရုံနက် ဝတ် စစ်သည်တော်က။ စာကြည့်ခန်းထဲမှာ ဒူးထောက်နေခဲ့ တယ်။ ခေါင်းငိုက်စိုက်ချ ထားရင်း။ သူ့နောက်က ခြေသံတွေကို ကြားလိုက်ရတယ်။

“ ဖန်ကျန်းရှိက ကြယ်ခုနှစ်လုံး လမ်းကို နောက်တစ်ကြိမ် သွားပြန်ပြီတဲ့လား။” ဝန်ကြီး ယွီယိဖျင်ရဲက အသံ ထွက်လာခဲ့တယ်။

“ ဟုတ်ပါတယ်။ သူက ဝမ်တပေါင်း။ ရန်ရွှယ် ။ ပင်းယန်တို့ နဲ့ အတူတူ သွားတာပါ။ မနေ့က အချိန်မှာပဲ သွားပြီးတော့ ။ မနေ့က အချိန်မှာပဲ ပြန်လာပါတယ်။” ဝတ်ရုံနက် အစေခံ ပြန်ဖြေတယ်။

“ သွမ့်အရှင် နဲ့ ချီဟို့ကော ပင်းယန် အိမ်တော်ကို အခုတလောမှာ သွားလည်သေးလား။”

“ မသွားပါဘူး။ သွမ့်အရှင်ကလည်း သူ့အိမ်တော်မှာ သူရှိနေပါတယ်။ ချီဟို့ကတော့ ပထမ တစ်ရက်ပဲ။ သွမ့်အိမ်တော်ကို သွားပြီးတော့။ အခုချိန်မှာတော့။ စစ်နတ်ကျောင်းတော်မှာ ရောက်နေပါတယ်။

“ ငါ နားလည်ပြီ။ မင်း သွားလို့ရပြီ။” ဝန်ကြီးယွီယိဖျင် ခေါင်းငြိမ့်တယ်။

“ အမိန့်တော် အတိုင်းပါ။” အစေခံ ပြန်ဖြေပြီးနောက် ထွက်သွားတော့တယ်။ အဲ့ဒီ့နောက် အိမ်တော်ထဲကနေ အသံ တစ်သံ ထွက်လာတော့တယ်။

“ ဝန်ကြီး။ ဥပဒေ အမတ်မင်း ဝမ်ချွမ်က။ ဝန်ကြီးနဲ့ တွေ့ဖို့ တောင်းဆိုပါတယ်။”

“ဝမ်ချွမ်လား။” ဝန်ကြီးယွီ မျက်မှောင်ကြုတ်သွားတယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံးတွေ တလက်လက် တောက်ပလာတော့တယ်။

“ အင်း။ သူ့ကို ဝင်ခိုင်းလိုက်။”

“ အမိန့်တော် အတိုင်းပါ။”

အဲ့ဒီ့နောက်။ လူတစ်ယောက် စာကြည့်ခန်းထဲကို ဝင်လာတော့တယ်။ ခက်ထန် ကြမ်းကြုတ်တဲ့ မျက်နှာ နဲ့ လူတစ်ယောက်ပဲ။

“ ကျွန်တော် ဝမ်ချွမ်။ ဥပဒေအမတ်မင်း။ ဝန်ကြီးချုပ်ကို နှုတ်ခွန်းဆက်ပါတယ်။” ဝင်လာတဲ့သူ ဦးညွှတ်ရင်း အလေးပြုတယ်။

“ အမတ်မင်းဝမ်။ ဓလေ့ထုံးစံတွေကို မေ့ထားလိုက်ပါ။ ဒီလို ညသန်းခေါင်ကြီးမှာ ကျွန်တော့်ကို ဘာကြောင့်များ လာရှာတာလဲ။ ” ဝန်ကြီးယွီ မေးတယ်။

“ ကိစ္စလေး တစ်ခု ဖြစ်လာလို့ပါ။ ”ဝမ်ချွမ် ခေါင်းငြိမ့်ရင်း ပြောတယ်။

“ အိုး…. ဘာများ ဖြစ်လာတာလဲ။ ငါ့ကို ပြောစမ်းပါအုန်း။”

“ ဝန်ကြီးယွီ ကျွန်တော့်သားလေးကို ကယ်ပါအုန်း။” ဝမ်ချွမ်ဒူးထောက်လိုက်တယ်။

“ အမတ်မင်း ဝမ် ဘာ ကိစ္စများ ဖြစ်လို့လဲ။ အမတ်မင်းက ညီလာခံမှာ နှစ်တွေ အများကြီး တာဝန်ထမ်းဆောင် လာတာ။ အမတ်မင်းရဲ့ သားက ကျွန်တော့်သားလိုပါပဲ။ ဘာကိစ္စဖြစ် လာမှန်းသာ ကျွန်တော့်ကို ပြောပါ။”

“ ကျွန်တော့် သား …. သူ ဘာတွေ လုပ်နေမှန်းတောင် သူ့ကိုယ်သူ မသိဘူး။ ကျွန်တော်ကိုတောင် အကြောင်းမကြားပဲနဲ့။ ဖန်ကျန်းရှီ နဲ့ အတူ ပြေးလွှားနေတယ်။ ကျွန်တော်…. ကျွန်တော်….”

“ အိုး … ဒါဆိုရင်။ အမတ်မင်းရဲ့ သားက ဖန်ကျန်းရှီ နဲ့ ကြယ်ခုနှစ်လုံးလမ်းဆီ သွားတာကို အမတ်မင်း မသိဘူးလား။”

“ မနေ့ သွားတာကိုပဲ ကျွန်တော်သိလိုက်တယ်။ သူ့ကို ခပ်နာနာလေး ရိုက်နှက်ပြီး။ နောက်တစ်ကြိမ် မသွား ဖို့တောင် ပြောလိုက်သေးတယ်။ ဒါပေမယ့် ။ ဒီ အသက်အရွယ် ကလေးတွေက …. အိုက်ယား။ ကျွန်တော် ပုံမှန်ထက်ပိုပြီး ပြင်းထန် လိုက်မိတယ် ထင်ပါတယ်။ ဒီနေ့မှာ သူက ဖန်ကျန်းရှီ နဲ့ နောက်တစ်ကြိမ်တောင် ထပ်သွားလိုက်သေး …. အိုက်ယား….”ဝမ်ချွမ် သက်ပြင်းချရင်း ပြောတော့တယ်။

“ ဒါက ကိစ္စကြီးတော့ ဖြစ်မယ် မထင်ဘူး။ သူက ဒီ အတိုင်း ကစားချင်နေရုံသက်သက်ပဲလေ။ အသက်အန္တရာယ်တော့ မရှိပါဘူး။” ဝမ်န်ကြီး ယွီ ယိဖျင် လက်ခါ ပြရင်းပြောတယ်။

“ ဝန်ကြီး ယွီ။ အရှင်က တကယ့်ကို သဘောထားမြင့်မြတ်ပါပေတယ်…. အိမ်ရှေ့စံ မင်းသားကို ပြောဖို့ ကျတော့ ….”

“ အမတ်မင်း ဝမ် ။ မစိုးရိမ်ပါနဲ့။ အိမ်ရှေ့စံ ကို ကျွန်တော်ကိုယ်တိုင် ရှင်းပြပေးပါမယ်။ ဝမ်တပေါင်းက ကလေး သာသာပဲ ရှိသေးတာလေ။ အပြင်ထွက်ပြီး ပျော်ပါးတာက ကိစ္စကြီး မဟုတ်ပါဘူး။ ” ဝန်ကြီးယွီ လက်ခါပြရင်း ပြောတယ်။

“ ဒါပေမယ့်….” ဝမ်ချွမ် တွေဝေနေခဲ့တယ်။

“ နောက်ထပ် ကော ဘာကိစ္စရှိသေးလို့လဲ။”

“ကြည့်ရတာ။ ကျွန်တော့် သား ဆီက ကြားရသလောက် အရ။ ဖန်ကျန်းရှီက သူ့ကို ကြယ်ခုနှစ်လုံး လမ်းစီ သွားဖို့ ခြိမ်းခြောက် နေသလိုပဲ။ ဝန်ကြီး သိတဲ့အတိုင်း။ ကျွန်တော့်သားက ဖန်ကျန်းရှီ ခြောက်တာကို မကြောက်ပေမယ့်။ ပင်းယန် မင်းသမီး နဲ့ ရန်ရွှယ် ရှိနေတော့ ….”

“ သေစမ်း…။ ဒီ ဖန်ကျန်းရှီက ကမ်းကုန်အောင် အရှက်မရှိတာပဲ။ ငါတို့ ဥပဒေ အမတ်မင်းရဲ့ သားကိုတောင် ခြိမ်းခြောက်ရဲတယ်။” ယွီယိဖျင် အံကြိတ်ရင်း ပြောတယ်။

“ ဟုတ်ပါတယ်။ ကျွန်တော် က ကျွန်တော့် သား အတွက် စိတ်ပူရုံ သက်သက်ပါပဲ။” ဝမ်ချောင် တွေဝေရင်းပြောတယ်။

“ ဖန်ကျန်းရှီက ဝမ်တပေါင်းကို ဘယ်လောက်ကြာကြာ ခေါ်ထားမယ်လို့ ပြောလဲ။”

“ ကျွန်တော့် သားကို သူ ပြောခိုင်းတာတော့။ နေ့တိုင်း ခေါ်မယ်လို့ ပြောတာပဲ။ ပိုက်ဆံက အရေးမကြီးပေမယ့်….. အိမ်ရှေ့စံ မင်းသား အထင် လွဲမှာကိုပဲ ကျွန်တော် စိုးရိမ်တာပါ့။”

“ အမတ်မင်း ဝမ် စိတ်ချပါ။ အိမ်ရှေ့စံကို ကျွန်တော် အားလုံး ရှင်းပြလိုက်ပါမယ်။”

“ ကျေးဇူး တင်ပါတယ်။ ဝန်ကြီးယွီ။”

“ မလိုအပ်ပါဘူး။ အခုပဲ အိမ်ရှေ့စံ ဆီကို ကျွန်တော် စာရေးပြီး အကြောင်းကြားပေးမယ်။”

“ ဝန်ကြီးကို ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်တော်…. ကျွန်တော် အခု ပြန်ပါတော့မယ်။ ” ဝမ်ချွမ်။ တလေးတစားနဲ့ ဦးညွှတ်ရင်း အခန်းထဲက ထွက်ခွာသွားတော့တယ်။

စာကြည့်ခန်းတံခါး ပိတ်သွားပြီးနောက်။ နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ်သွားချိန်မှာ။ စာကြည့်ခန်းနောက်က လျှို့ဝှက်ခန်းကနေ လူတစ်ယောက် ထွက်လာခဲ့တယ်။ ထိုင်ခုံမှာ ဝင်ထိုင်တယ်။

“ မင်း တိုက်ခိုက်ဖို့ ဘာတွေ စီစဉ်ထားလဲ။”

“ အလျင် မလိုပါဘူး။” ဝန်ကြီးယွီ ပြန်ဖြေတယ်။

“ အခုလို ရွှေရောင် အခွင့်အရေးကို လက်လွှတ် ခံမလို့လား။ ” ထိုင်နေတဲ့သူ မေးတယ်။

“အခွင့်အရေးဟုတ်လား။ ဟ ဟား…. ဖန်ကျန်းရှီ က ကြယ်ခုနှစ်လုံးလမ်းကို နေ့တိုင်း သွားမယ်လို့ ပြောတယ် လေ။ ဝမ်ချွမ်ကို သုံးပြီးတော့ ငါတို့ ဆီ သတင်း ရောက်လာအောင် လုပ်လိုက်တာပဲ။ ငါတို့ အခုချိန်မှာ လှုပ်ရှားရင်း သူ့ အကွက်ထဲ ဝင်သွားလိမ့်မယ်။” ဝန်ကြီးယွီ မျက်မှော င်ကြုတ်ရင်း ပြောတယ်။

“ ဝန်ကြီး ။ မင်းကြောက်နေပြီလား။”

“ မင်း ဘာကို ပြောချင်တာလဲ။”

“ ဖန်ကျန်းရှီက ပင်းယန် ၊ ရန်ရွှယ်၊ ဝမ်တပေါင်း တို့ နဲ့ ကြယ်ခုနှစ်လုံး လမ်းကို နေ့တိုင်း သွားနေမှာ ။ ရန်ရွှယ်က လွှဲပြီးတော့။ မင်းကို ရပ်တန့်နိုင်မယ့် သူမှ မရှိပဲ။”

“ စိတ်ထဲကနေ ပြောလဲ ရပါတယ်။ နံရံတွေမှာ နားရှိတယ်။”

“ ဝန်ကြီး ယွီ။ မင်းက အခွင့်အရေးနှစ်ခုကိုတောင် လက်လွှတ်ပြီးပြီ။ တတိယ အခွင့်အရေးတွေ ။ စတုတ္ထ အခွင့်အရေးတွေ ရသေးအုန်းမယ်လို့ ထင်နေတာလား။ ”

“ ငါ့မှာ ငါ့အစီအစဉ်နဲ့ ငါရှိပါတယ်။ မင်း စိတ်ပူစရာမလိုဘူး။”

“ကောင်းပြီလေ ။ ပြောသင့်တာ ကို ပြောရမှာပဲ။ အကယ်၍ နောက်ထပ် ကိစ္စ မရှိတော့ရင်။ သွားနှင့်ပြီ။ ဝန်ကြီးလည်း စောစော အနားယူသင့်တယ်။ ဒီနေ့က နေ့တာရှည်တယ်။ ”

“ကောင်းပြီ။” ဝန်ကြီးယွီ နှာခေါင်းရှုတ်လိုက်တယ်။ ထိုင်နေတဲ့သူ ပြုံးပြရင်း ထရပ်တယ်။ အဲ့ဒီ့နောက် ပျောက်ကွယ်သွားတော့တယ်။

“ ဖန်ကျန်းရှီ။ ငါ မင်းကို ရက်နည်းနည်းလောက်တော့ လွှတ်ထားလိုက်အုန်းမယ်။ ဧကရာဇ်က ဆယ်မိုင်ရေကန် စားသောက်ပွဲ ကို သွားတဲ့ အချိန်။ မင်း မြို့တော်မှာ ဒီလို သွားလာ ပျော်ပါးဝံ့အုန်းမလား ငါ သိချင်လိုက်တာ။”

…   

အချိန်တွေက ခပ်မြန်မြန် ကုန်ဆုံးသွားခဲ့တယ်။ ဖန်ကျန်းရှီ ရန်ရွှယ်။ ပင်းယန် နဲ့ ဝမ်တပေါင်းတို့ကတော့။။ ကြယ်ခုနှစ်လုံးလမ်းကို နေ့တိုင်းသွားနေတုန်းပဲ။ လေးရက်မြောက်နေ့မှာတော့။ စားသောက်ပွဲကြီး ကျင်းပတော့တယ်။ ဧကရာဇ် လင်းမုပိုင် မြို့တော်ကနေ ထွက်သွားတော့တယ်။ မရေမတွက်နိုင်တဲ့ ကိုယ်ရံတော် အတန်းလိုက်ကြီးက ဧကရာဇ်ကို ခြံရံထားခဲ့တယ်။ ဒါက ပွဲတော်ကြီးပဲ။ မြင့်မြတ်ဂုဏ်ခံ မိသားစုက သားတွေ လည်း ။ ဂိတ်တံခါးဝါမှာ စောင့်ဆိုင်းနေကြတယ်။ သူတို့ ဘိုးဘေးတွေရဲ့ ကြိုးပမ်းမှု ကို ပြန်လည် အမှတ်ရနေ ကြတယ်။

ညအချိန် ရောက်လာပြီ။ မြို့တော်ကြီးက ပိုပြီးတောက်ပ လှုပ်ရှားနေခဲ့တယ်။ ဖြစ်နိုင်တာကတော့။ မြင့်မြတ်ဂုဏ်ခံ မိသားစု အတော်များများ ထွက်ခွာသွားတာကြောင့်ပဲ။ ဒါမှမဟုတ်။ ဆယ်ပိုင်ရေကန်ရဲ့ အငွေ့အသက်တွေက မြို့တော်ကို လွှမ်းခြုံသွားတာကြောင့်ပဲ။ အိမ်တိုင်းမှာ မီးတွေ လင်းထိန်နေပြီးတော့။ လမ်းတွေမှာလည်း လူတွေ ပြည့်နှ့်နေခဲ့တယ်။

ပင်းယန် အိမ်တော်မှာတော့ ဝမ်တပေါင်း စောင့်ဆိုင်းရင်း ပျင်းရိနေခဲ့တယ်။ သူ ငွေအတော်များများ သုံးပြီးတော့ အခန်းကောင်းကောင်း ရ အောင် လုပ်ထားခဲ့တာ။ ဒီကိုလာနေ သရွေ့တော့။ သူလည်း ကံကောင်းနေမှာပဲ။

“ သွားရအောင်။ သွားရအောင်။ ငါတို့ သွားသင့်ပြီလေ။” သူ့အနားမှာ ပြုစုပေးနေတဲ့ မိန်းကလေး တစ်ယောက်လောက်ရှိရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ လို့ သူ တွေးနေမိတယ်။

“ ဘယ် အချိန် ရှိပြီလဲ။” ဖန်ကျန်းရှီ မျက်လုံး ဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်ရင်း မေးတယ်။

“ အချိန်ကို ဘယ်သူက ဂရုစိုက်နေလို့လဲ။ စောစောသွားတော့ စောစော ပျော်ရတာပေါ့။ သွားကြစို့။ သွားကြစို့။” ဝမ်တပေါင်း ပြောတယ်။

“ ရန်ရွှယ်။ မင်း ဘယ်လို ထင်လဲ။” ဖန်ကျန်းရှီ လျစ်လျူရှုထားရင်း မေးတယ်။

“ အဆင်ပြေပါတယ်။” ရန်ရွှယ် တစ်ခဏတာ တွေးတောပြီးနောက် ခေါင်းငြိမ့်လိုက်တယ်။

“ ကောင်းတာပေါ့။ သခင်လေး ရန် သဘောတူတော့။ ကျွန်တော်တို့ သွားလို့ရပြီလား။” ဝမ်တပေါင်း ရန်ရွှယ့်ကို တစ်ခါမှ ဒီနေ့လောက် သဘောမကျဖူးဘူး။ ရန်ရွှယ့် စကားတွေက ကြားရတာ သီချင်းသံလိုပဲ။

“ ကောင်းပြီလေ။ သွားကြရအောင်။” ဖန် ကျန်းရှီ ခုံပေါ်က ထရပ်ရင်း။ ပင်းယန်ကို ကြည့်တယ်။ ပင်းယန် မျက်လုံး မှိတ်ထားတယ်။ တစ်ကိုယ်လုံးကို အနီရောင်တောက်တောက်ဝတ်ရုံ နဲ့ ခြုံလွှမ်းထားတော့။ ဥယျာဉ်ထဲမှာ မီးဘောလုံး တစ်လုံး ရောက်နေသလိုပဲ။

“ငါတို့ သွားတော့မှာလား။” ဖန်ကျန်းရှီ စကားပြောသံကို ကြားတော့။ သူမ မျက်လုံးဖွင့်ကြည့်တယ်။ အကြောဆန့်ရင်း အတွင်းခံကို နေသားကျအောင် ပြုပြင်လိုက်တယ်။ အဲ့ဒီ့နောက် သူမ နားလည်သွားတာက။ ဖန်ကျန်းရှီ သူမကို စိုက်ကြည့်နေ တယ်ဆိုတာပဲ။

“အရှက်မရှိလိုက်တာ။” ပင်းယန် အော်တယ်။ ဖန်ကျန်းရှီ က ပြုံးရင်းနဲ့သာ။ ပင်းယန်ရဲ့ ခါးသေးသေးလေးနဲ့ တင်ပါး လုံးလုံးလေးကို စိုက်ကြည့်နေတော့တယ်။

“ လူတွေ ပြောကြတာ ရှိတယ်။ အမျိုးသမီးတွေက အရွယ်ရောက်လာရင် အတော့်ကို ပြောင်းလဲသွားကြတယ် တဲ့။ မင်းကြမှ အသက် ၁၆ နှစ်တောင် မပြည့်သေးပဲ ဘာလို့ ဒီလောက်တောင် ထွားလာရတာလဲ။” သူထင်ထားတာထက်ကို မြန်မြန်ဆန်ဆန်ကြီး ပင်းယန် ထွားလာတာကိုကြည့်ရင်း ဖန်ကျန်းရှီ တွေးနေမိတယ်။ ( အခုချိန်မှာ ချီကူယန်ကော ဘယ်လို ပုံစံ ဖြစ်နေမလဲ။)

အပိုင်း(၅၀၁) ပြီး၏။

အပိုင်း(၅၀၂)

“ ကြယ်ခုနှစ်လုံး သဏ္ဍာန်” (ခုနစ်စင်ကြယ် သဏ္ဍာန်)

ဖန်ကျန်းရှီက အသက် ၁၈ နှစ် ပြည့်ဖို့ နှစ်ဝက်လောက်ပဲ လိုတော့တယ်။ ချီကူယန် က သူ့ထက် အများကြီးတော့ မငယ်လှဘူး။ အခုချိန်ဆို ၁၇ နှစ် နီးပါးတော့ ရှိလောက်ပြီ။

၁၇ နှစ် - သူတောင် လက်ထပ်ဖို့ အရွယ်ရောက်နေပြီပဲ။

“ အရှက်မရှိတဲ့ ကောင်စုတ်။ နင် ဘာတွေတွေးနေတာလဲ။ ခုထိ မလာသေးဘူးလား။” ဖန်ကျန်းရှီ ရပ်နေတာကို မြင်တော့ ပင်းယန် အတင်းလာဆွဲတော့တယ်။ “အင်း။ သွားကြစို့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း နဲ့ ပင်းယန်ကို ကြည့်လိုက်တယ်။

“မင်းက ငယ်သေးတယ်။ အခုမှ ၁၆ နှစ်ပဲ ရှိသေးတာ။”

…   

သွမ့်အရှင် ရဲ့ အိမ်တော်မှာတော့။ သွမ့်အရှင်က ဆရာဟွား။ ဆရာဝမ် တို့ နဲ့ အတူ ရှိနေခဲ့တယ်။ သူတို့တွေ အိမ်တော်တံခါး ဆီ ခပ်မြန်မြန် လျှောက်နေကြတယ်။ သူတို့ နောက်မှာတော့ အစောင့် စစ်သည်တော်တွေ တသီတတန်းကြီး လိုက်ပါလာကြတယ်။

“ သူတို့တွေ ထွက်သွားပြီလား။” သွမ့် အရှင် သူ့နောက်က စစ်သည်တော် ခေါင်းဆောင်ကို လှမ်းမေးတယ်။

“ ထွက်သွားပါပြီ။ ဒီနေ့ သူတို့ ခါတိုင်းထက် စောစောထွက်သွားပါတယ်။ ပုံမှန် စီစဉ်ထားတဲ့ အချိန်ထက် တစ်နာရီ စောပြီးတော့ ထွက်သွားပါတယ်။” စစ်သည်တော် ခေါင်းဆောင် ပြန်ဖြေတယ်။

“ သူက တကယ်ပဲ လူတိုင်းကို ကစားနေတော့တာပဲ။ ” သွမ့်အရှင် ကျိန်ဆဲ တော့တယ်။ သွမ့်အရှင် က ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်တို့ ခုနှစ်စဉ်ကြယ် လမ်းကို ရောက်သွားပြီ ဖြစ်တဲ့ အကြောင်း သူကြားတယ်။ သူ မလုပ်ချင်ပင်မယ့်လည်း။ ကြယ်ခုနှစ်လုံးလမ်းကို အစောင့်အကြပ် တွေ အပြည့်လွှတ်ထားလိုက်ရတယ်။ ဒါပေါ့။ အခုချိန်မှာ ဘာမှ ရှုပ်ရှုပ်ထွေးထွေးတွေ မဖြစ်သေးတာက ကံကောင်းခြင်းတစ်မျိုးပဲ။

ဒါပေမယ့် ဒီနေ့ကတော့ ကွာခြားတယ်။ ဧကရာဇ် ဦးစီး ကျင်းပတဲ့ ဆယ်မိုင်ရေကန် ကန်တော့ပွဲက ဒီနေ့ စပြီလေ။ တော်ဝင်အစောင့် အရှောက်တွေက ဧကရာဇ်ကို ကာကွယ်ဖို့ ပါသွားသလို။ မြို့စောင့်တပ် အင်အား အတော်များများလည်း လိုက်ပါ သွားခဲ့တယ်။ မြို့ထဲက ထိပ်တန်း စစ်သည်တော်တွေ အများစုကတော့ ဧကရာဇ်ကို ကာကွယ်ဖို့ အသင့် ဖြစ်နေခဲ့ပြီ။ နောက်ဆုံးတော့လည်း ဧကရာဇ် ရဲ့ လုံခြုံမှုကသာ အရေးအကြီးဆုံး ဖြစ်နေခဲ့တယ်။ ဒါကြောင့် သွမ့်အရှင် ကိုယ်တိုင် သူ့ တပ်ဖွဲ့ကို ဦးဆောင်လာနေရတယ်။

ဖန်ကျန်းရှီ နဲ့ တခြားသော သူတွေ ဒီနေ့ စောစောထွက်သွားတာကို ။ သွမ့်အရှင် ဒေါသထွက်နေခဲ့တယ်။ သူ့မှာညစာ စားချိန်တောင် မရလိုက်ဘူး။ တနေကုန် တနေခမ်း ပျင်းရိခြောက်သွေ့ပြီး အလေလိုက်နေတဲ့ လူတွေကို ကာကွယ်ပေးနေရတယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ညစာကို အလွတ်ခံပြီးတော့ ခုနှစ်စင်ကြယ်လမ်းရဲ့ အပြင်ဘက်မှာ လေးနာရီကနေ ခြောက်နာရီလောက် ရပ်စောင့်ရအုန်းမယ်။ အလေလိုက်နေတဲ့ ဖန်ကျန်းရှီကို ကာကွယ်ဖို့ တစ်ခုတည်းနဲ့ ။ ဒေါသထွက်နေခဲ့သလို ။ သွားလည်း မသွားချင်ဘူး။

ဒါပေမယ့် ဆရာဟွားနဲ့ ဆရာဝမ်က သူ့ကို ဖိအားပေးနေခဲ့တယ်။ အဆုံးသတ်မှာတော့။ သွမ်အ့ရှင် အံကြိတ်ရင်း။ ညစာပြင်ထားတဲ့ စားပွဲကို ဘာမှ မတို့မထိ ပဲ ထားခဲ့ရတော့တယ်။

“ မင်းတို့တွေ မြန်မြန်လျှောက်။ ဖန်ကျန်းရှီ နဲ့ အပေါင်းအပါတွေ မကြာခင် ရောက်လာတော့မယ်။” ဆရာဝမ်။ နောက်က စစ်သည်တော်တွေကို လှမ်းပြောတယ်။ ဒီ စကားက သွမ်အ့ရှင် အတွက်လည်း ပါတယ်။ ဆရာဝမ်က သွမ့်အရှင်ကို မလေးမစား ပြုရာ ရောက်တာကို ရှောင်ကြဉ်ဖို့ ။ သူ့နောက်က စစ်သည်တော်တွေကို အသုံးချလိုက်တာ။ သွမ့်အရှင်ကတော့ ပျော်ရွှင်မနေခဲ့ပါဘူး။ အံကြိတ်ရင်း နဲ့ သာ အရှိန်မြင့်လိုက်ပြန်တယ် ။

“ ကချာ့။”

သွမ့်အရှင်နဲ့ အစောင့် တပ်ဖွဲ့ ရောက်လာတာ မြင်တော့။ အိမ်တော်စောင့်တွေ တံခါးကို ခပ်မြန်မြန် ဖွင့်လိုက်ကြတယ်။ ဒါပေမယ့် သွမ့်အရှင် ကြယ်ခုနှစ်လုံးလမ်းကိုတောင် မရောက်လိုက်ပါဘူး။ သူ့အိမ်ရှေ့မှာ ငွေရောင် စစ်သည်တော်တွေ လာစောင့်နေခဲ့တယ်။ စစ်သည်တော်တွေကို ရင်းနှီးတဲ့လူ တစ်ယောက်က ဦးဆောင်လာခဲ့တယ်။ ငွေရောင် နဂါး ဝတ်ရုံနဲ့ လူတစ်ယောက် လှောင်ပြုံးပြုံးရင် ကြည့်နေခဲ့တယ်။

“ ညီတော် ခြောက်။ ဘယ်များ သွားမလို့လဲ။”

သွမ့်အရှင်ကတော့ သူ့ရှေ့မှာ ရှိနေတဲ့ လူ နဲ့ တပ်ဖွဲ့ကို ကြည့်ရင်း မျက်မှောင် ကြုတ်နေခဲ့တယ်။ ဒီလူက အိမ်ရှေ့စံ လင်းထျန်းရုံ။ ဒါပေမယ့် လင်းထျန်းရုံ ဘာကြောင့်များ ဒီမှာ ရှိနေရလဲ သူ နားမလည်နိုင်ဘူး။

“ အကို သုံး။ ကျွန်တော့်ကို လာရှာတာလား။” သွမ်အ့ရှင် မျက်မှောင်ကြုတ်ရင်း မေးတယ်။ “ ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ငါ့ ညီတော်ကို လွမ်းလို့ လာတွေ့တာ။ ခမည်းတော်လည်း ဆယ်မိုင်ရေကန်ကို သွားပြီဆိုတော့။ ညီတော့်ဆီ လာလည်ဖို့ ဆုံးဖြတ်လိုက်တာ။ ဘာလဲ အကိုတော့်ကို အိမ်ထဲ ဝင်ဖို့တောင် မဖိတ်ခေါ်တော့ဘူးလား။” လင်းထျန်းရုံ ပြုံးပြရင်းပြောတယ်။

“ ဟ ဟား…. ။ ကျွန်တော့်ကို ဂရုစိုက်တဲ့ အတွက် အကိုတော့်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အကိုတော် ရောက်လာတာ အချိန် နည်းနည်း လွဲနေတယ်။ ကျွန်တော်က မြို့တော်ကို ကင်းလှည့်ရအုန်းမှာ။ နောက်ဆုံးတော့လည်း တစ်ခုခု ဖြစ်လာရင်။ အရင်ဆုံး အပြစ်တင်ခံရမှာက ကျွန်တော်ပဲ။”

“ ညီတော် ပြောတာ မှန်ပါတယ်။ တော်ဝင် အစောင့်တွေက အခုချိန် ဆယ်မိုင် ရေကန်မှာ ရောက်နေကြတော့။ မြို့တော်မှာ တစ်ခု ခု ဖြစ်မယ်ဆိုရင် ကြောက်စရာပဲ။”

“ အကိုတော် နားလည်မှတော့။ ကျွန်တော့်ကို ဘာကြောင့်များ နှောက်ယှက် နေတာလဲ။”

“ ဟ ဟား … ညီတော်၆။ မင်း အစိုးရိမ်လွန်နေပါပြီ။ ညီတော် စိုးရိမ်နေတာကို အကိုတော် နားလည်တယ်။ ဒါကြောင့်ပဲ အစောင့်တပ် နည်းနည်းလောက်ကို ခေါ်လာပြီးတော့ ။ ညီတော့်ကို လာကူညီတာ ။ စစ်တပ်ကနေ သူတို့ကို ငှားလာတာ။” အိမ်ရှေ့စံ လင်းထျန်းရုံ သူ့နောက်က စစ်သည်တော် တွေကို ညွှန်ပြရင်း ပြောတယ်။

“ ခမည်းတော် အပြစ်တင်မှာကို မင်း မကြောက်ဘူးလား။” သွမ့်အရှင် စိတ်ပျက်လက်ပျက် မေးတယ်။

“ ကြောက်တာပေါ့။ ဒါပေမယ့်။ မြို့တော် တစ်ခုလုံး ရဲ့ လုံခြုံမှု အတွက်။ ဒီလောက်လေး အပြစ်တင်ခံရတာ မပြောပ လောက်ပါဘူး။ နောက်ပြီးတော့။ ညီတော်လည်း ဒီကိစ္စကို ခမည်းတော် ဆီ သတင်းမပို့ ဘူး ဆိုတာ သေချာပါတယ်။ ” လင်းထျန်းရုံ ပြန်ဖြေတယ်။

“ ဟ ဟားး…. အကိုတော် နောက်နေတာပဲ ဖြစ်ရမယ်။

“ကောင်းပြီ။ အခုတော့ လူအင်အား ကိစ္စကို စိတ်ပူစရာမလိုတော့ဘူးလေ။ အကိုတော်နဲ့ တစ်ခွက်နှစ်ခွက်လောက် မသောက်ချင် ဘူးလား။” အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ မျက်လုံးတွေ တလက်လက် တောက်နေခဲ့တယ်။

သွမ့်အရှင်ကတော့ ပုခုံး တွန့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။

“

“ အကိုတော် လာရောက်တာ ကျွန်တော့် အတွက် ဂုဏ်ယူစရာ တစ်ခုပါပဲ။ အကိုတော် နဲ့ ကျွန်တော် လိုက်ခဲ့ပါမယ်။ ”

“ ကောင်းတယ်။ အရမ်းကောင်းတယ်။ အကိုတော် အကောင်းဆုံး နှစ်ချို့ ဝိုင်တွေ ယူလာခဲ့တယ်။ ငါတို့တွေ မှောက်တဲ့အထိ သောက်ကြတာပေါ့။” အိမ်ရှေ့စံ လင်းထျန်းရုံ ရယ်မောတော့တယ်။

“ တတိယ အကို။ ကျေးဇူးပြုပြီး ကြွပါ။” သွမ်အ့ရှင် ဘေးထွက် ရပ်ရင်း အိမ်ရှေ့စံကို အိမ်ထဲ ဖိတ်ခေါ်တယ်။ အအဲ့ဒီ့နောက် ဆရာဟွားနဲ့ ဆရာဝမ်ကို မျက်စလှမ်းပြစ်တယ်။ သူတို့ နှဏ်ယောက်လုံး သွမ်အ့ရှင် ကို ခေါင်းငြိမ့်ပြတယ်။ အဲ့ဒီ့နောက် အပြင်ဘက်က စစ်သည်တော် တွေ နဲ့ အတူ ထွက်ခွာသွားတော့တယ်။ အိမ်ရှေ့စံ ဦးဆောင်လာတဲ့ စစ်သည်တော်တွေလည်း သူတို့ နောက်မှာ လိုက်ပါ သွားတယ်။

“ ဆရာဟွား။ ကျွန်တော်တို့က အိမ်ရှေ့စံ ရဲ့ အမိန့်အရ မြို့တော် လုံခြုံရေး အတွက် လိုက်လာတာပါ။ အကယ်၍ စိတ်မရှိရင်။ မြို့တော်ရဲ့ အနောက်ပိုင်းကို ကျွန်တော်တို့ တာဝန် ယူပါရစေ။” ခေါင်းဆောင် တစ်ယောက် ရှေ့ထွက်လာရင်း ပြောတယ်။

“ မလိုပါဘူး။ မြို့တော် အနောက်ခြမ်းကို ငါတို့ တာဝန်ယူ နိုင်ပါတယ်။” ဆရာဟွား ချက်ခြင်း ငြင်းပယ်တယ်။

“ ဆရာဟွား…။ ဒီလောက်ထိ အတင့်မရဲသင့်ဘူး။ ကျွန်တော်တို့က စစ်တပ်က ဆိုပေမယ့် ။ မြို့တော် ကာကွယ်ရေး အတွက် အကောင်းဆုံး လုပ်ဆောင်ရမယ့် တာဝန်ရှိတယ်။ ကိစ္စကြီး တစ်ခုခု ဖြစ်လာရင်။ ဆရာဟွား တို့ကို အကြောင်းကြားမှာပါ။” စစ်သည်တော် ခေါင်းဆောင် ပြောရင်း နဲ့ အနောက်ဘက်ကို ထွက်သွားတော့တယ်။

ဆရာဟွားကတော့ မျက်မှောင်ကြုတ်ထားခဲ့တယ်။ သူ့မျက်လုံးတွေ တလက်လက် တောက်ပနေတယ်။

“ဒီညတော့ တစ်ခုခု ဖြစ်တော့မယ်။” ဆရာဝမ် ခပ်တိုးတိုး ပြောတယ်။ ဒါပေမယ့် သူ့စကားကို ဆရာဟွားကတော့ ကောင်းကောင်းကြားတယ်။ “ အင်း။ ကြည့်ရတာ သူတို့ ဒီည တိုက်ခိုက်တော့မယ့် ပုံပဲ။” ဆရာဟွား ခေါင်းငြိမ့်တယ်။”

“ အကယ်၍ ငါတို့သာ သူတို့ကို ဆန့်ကျင်လိုက်ရင်။ သူတို့ လက်ခုပ်ထဲက ရေ ဖြစ်သွားမှာပဲ။ အခု ကိစ္စသာ ကြီးမားလာရင်။ အင်အားစုကြီးတွေ တိုက်ခိုက်မှု ပြင်းထန်လာပြီးတော့။ သူတို့တွေ အခွင့်ကောင်းယူဖို့ ဖြစ်သွားလိမ့်မယ်။ ” ဆရာဝမ် ထပ်ပြောတယ်။

“အတိအကျပဲ။ ငါတို့ အခုချိန်မှာ သူတို့ နဲ့ အင်အား ပေါင်းဖို့ပဲ တတ်နိုင်တယ်။ အဲ့ဒီ့နောက်မှ သူတို့ အရှုပ်အထွေးတွေ မလုပ်နိုင်အောင် စောင့်ကြည့်ရမယ်။” ဆရာဟွား ခေါင်းငြိမ့်တယ်။

“ အမှန်ပဲ။ ဒါပေမယ့် ကိစ္စတွေ တကယ် ဖြစ်လာရင်။ သူတို့တွေက ငါတို့ကို ကူညီဖို့ နှောင့်နှေးအောင် လုပ်ကြမှာပဲ။ အခြေအနေတွေက ပိုဆိုးလာနိုင်တယ်။”

“ ငါတို့ မျက်စိရှင်ရှင် နားရှင်ရှင် ထားမှ ဖြစ်မယ်။”

“အင်း ။ သွားကြစို့”

…   

ခုနစ်စင်ကြယ်လမ်းကတော့ ။ အခုချိန်မှာ အကျော်ကြားဆုံး စုဝေးရာ နေရာ တစ်ခု ဖြစ်နေတယ်။ မနှစ်တုန်းက မီးလောင်သွားခဲ့တဲ့။ ခန်းမဆောင်ထက်တောင် ပိုပြီးတော့ စည်ကားနေသေးတယ်။ ခုနှစ်စင်ကြယ်လမ်းမှာ မြို့တော်က အကျော်ကြားဆုံး အမျိုးသမီးတွေ အကုန်ရှိတယ်။ ခုနှစင်ကြယ် ။ (ဒါက သူတို့ဘာ သူတို့ ပေးထားတဲ့ နာမည်ပဲ။) အမျိုးသမီး ခုနှစ်ယောက် က လွန်ခဲ့တဲ့ တစ်လ ကျော်တည်းက ဒီနေရာမှာ စုဝေး လာကြတာ။ ခုနှစ်စင်ကြယ် လမ်းရဲ့ ပိုင်ရှင်ကိုတော့ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ အောင်မြင်ခဲ့တယ်။

ကြယ်ခုနှစ်လုံးလမ်း သခင်က သူ့ မိန်းမပျိုတွေရဲ့ ကျော်ကြားမှုကို ပြင်ပကမ္ဘာမှာ ဖြန့်ကျက်စေခဲ့တယ်။ တစ်ရက်ကို မိန်းမပျို တစ်ယောက်။ နေ့တိုင်းမှာ မိန်းမပျို အသစ်တစ်ယောက်ကို ဖျော်ဖြေစေတယ်။ ပိုပြီးတော့ အရေးကြီးကတော့ ဒီနေ့ ဘယ်သူ ဖျော်ဖြေမလဲ ဆိုတာ ဘယ် ဧည့်သည်ကမှ မသိတာပဲ။ သူတို့ပေါ်ထွက်လာတာက သတ်မှတ်ထားတဲ့ အစီအစဉ် အတိုင်း မဟုတ်ဘူး။ ရလဒ်အနေနဲ့။ လူတိုင်းက သူတို့ မြင်တွေ့ ချင်တဲ့ မိန်းကလေး ထွက်ပေါ်လာတာကို စောင့်မျှော်ကြတယ်။ ဒါကြောင့်ပဲ ကြယ်ခုနှစ်လုံး လမ်းကို လာတဲ့သူက တစ်ရက်ထက်တစ်ရက်များပြားလာခဲ့တယ်။ လူအများစုကတော့ ဒီ စီးပွားရေးဖျော်ဖြေမှု မိန်းမပျိုတွေ ကို ဒီလောက်အောင်မြင်လာမယ်လို့ မထင်ထားခဲ့မိဘူး။

တစ်နှစ်ထက် တစ်နှစ်။ တစ်ရက်ထက် တစ်ရက်။ ခုနှစ်စင်ကြယ်လမ်းရဲ့ ဂုဏ်သတင်းက ကျော်ဇောလာခဲ့တယ်။ အစီအစဉ်တွေ ပိုကောင်းလာတာကလည်း အကြောင်းရင်းတစ်ခုဖြစ်တာပေါ့။ ပိုပြီးအရေးကြီးတာက။ လူတွေရဲ့ စိတ်ဝင်စားမှုကို စဉ်ဆက်မပြတ် ရယူထားနိုင်တာပဲ။ လူတိုင်းက ဒီနေ့ ဘယ်သူ တင်ဆက်မလဲ သိချင်ကြတယ်။ တစ်ခါတစ်လေမှာတော့။ သူတို့ နှစ်ယောက် တစ်တွဲဆီ တင်ဆက်ကြသလို။ ခုနှစ်ယောက်တွဲ တစ်ခါတည်း တင်ဆက်တာမျိုးလည်း ရှိကြတယ်။ အဲ့ဒီ့လို နေ့မျိုးကတော့ အတော့်ကို ကံကောင်းတဲ့နေ့ပဲပေါ့။

အဆုံးမသတ်နိုင်တဲ့ စိတ်ဝင်စားစရာဖျော်ဖြေမှုတွေက။ ကြည့်ရှုသူ ပရိသတ်ကို ပိုပိုပြီး ဖမ်းစားလာနိုင်တယ်။ ဒီ အကြောင်းရင်းကပဲ နောက်ထပ် ဒုတိယ မြောက် စီးပွားရေးတစ်ခုကိုပါ ဖြစ်တည် လာစေခဲ့တယ်။ ဒါကတော့ (ဒီနေ့တင်ဆက်မယ့်သူ ဘယ်သူလဲ ။ မင်းခန့်မှန်းစမ်း။”) “ လောင်းကြေးထပ်ကြမယ်။”

“ ဒီနေ့ ည တင်ဆက်မယ့် သူကို ခန့်မှန်းကြည့်စမ်းပါ။ မှန်အောင် ခန့်မှန်းနိုင်ရင်။ လောင်းကြေးရဲ့ ဆယ်ဆတောင် ပြန်ရမှာနော်။”

အသံတွေက ခုနှစ်စင်ကြယ်လမ်းမှာ ဆူညံနေခဲ့တယ်။ အဓိက ဖျော်ဖြေပွဲ မစခင်အထိ။ လောင်းကြေးထပ်သံတွေက လမ်းတစ်ခုလုံးမှာ ကြွက်ကြွက်ညံနေခဲ့တယ်။

“သခင်လေး လီ။ ဒီနေ့ အဓိက တင်ဆက်မှာ ဘယ်သူလို့ ထင်လဲ။”

“ လန်ယိ။ လန်ယိပဲ ဖြစ်မှာပေါ့။”

“ သခင်လေး လီက ဘာလို့များ ဒီလောက်တောင် သေချာနေတာလဲ။”

“ လန်ယိ က ပေါ်မလာတာ ငါးရက်တောင် ရှိနေပြီလေ။ ဒါကြောင့် ပဲ။ နောက်ပြီးရင်။ ယွဲ့ချင်း ဖြစ်နိုင်ချေက ၈၀% ရှိတယ်။”

“သခင်လေး လီ ခန့်မှန်းတာ မှန်တဲ့ ပုံပဲ။ အကယ်၍ လန်ယိသာ ဒီနေ့ည ပွဲကို အဖွင့်နဲ့ စရင်။ ယွဲ့ချင်းလည်း နောက်က ပါမှာပဲ။”

“ အမှန်ပဲ။ လန်ယိရဲ့ ဗုံတီးသံနဲ့ ယွဲ့ချင်းရဲ့ တေးသွားက ကောင်းကင် တေးသွားလို လိုက်ဖက်ညီလွန်းတယ်။ ငါ လောင်းမယ်။”

“ ငါကောပဲ။” လူငယ်တစ်ချို့ ည ဖျော်ဖြေမှု အကြောင်းဆွေးနွေးရင်း နဲ့ လောင်းကြေးထပ်ကြတော့တယ်။ အဲ့ဒီ့နောက် သူတို့ လောင်းကြေးထပ်နေတဲ့ စားပွဲနားကို လူ လေးယောက် ရောက်လာတော့တယ်။ ဖန်ကျန်းရှီ။ ဝမ်တပေါင်း။ ရန်ရွှယ် နဲ့ ပင်းယန်။ သူတို့ ရောက်လာတာက မီးကို ရေနဲ့ ငြိမ်းသတ်လိုက်သလို တိတ်ဆိတ်သွား စေခဲ့တယ်။

ဒါပေမယ့်လည်း သိပ်မကြာပါဘူး။ ဖန်ကျန်းရှီက လွန်ခဲ့တဲ့ ရက်တွေကလည်း လာနေကြဆိုတော့။ လူငယ်တွေ သိပ်မအံ့သြတော့ဘူး။

“ ကြည့်စမ်း။ ဖန်ကျန်းရှီ လာပြန်ပြီ။”

“ သူ့ကို ဖန်ကျန်းကျန်းလို့ခေါ်။ ဟိုတစ်ရက်ကလည်း ဖန်ကျန်းရှီလို့ ခေါ်မိလို့ သခင်လေးချန် အရိုက်ခံရပြီးပြီ။ ”

“အင်း….”

လူငယ်တွေက ဖန်ကျန်းရှီ ရောက်လာတာကို ဆက်ပြောနေကြတုန်း။ ဒါပေမယ့် ခပ်တိုးတိုး နှစ်ကိုယ်ကြားလေသံနဲ့ ပေါ့။ နောက်ဆုံေးတာ့လည်း။ မြို့တော်ရဲ့ နံပါတ်တစ် အနိုင်ကျင့် ဆိုးသွမ်းသူကြီးက သူနဲ့ အတူ ပါလာတယ်လေ။ ပင်းယန်သာ ရိုက်နှက်ဖို့ ဆုံးဖြတ် လိုက်ရင်။ ဘယ်သူမှ သူမကို မတားဆီးနိုင်ဘူး။ ပင်းယန်ကို ဘယ်သူမှ အပြစ်မပြုရဲသလို ဆန့်လည်း မဆန့်ကျင် ဝံ့ဘူးလေ။ သူ မင်းနောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ရင်။ သူ့လက်ထဲ ကနေ မင်း လွတ်နိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ နဲ့ အပေါင်းအပါ တစ်သိုက်အတွက် လူအုပ်ကြီးက လမ်းဖယ်ပေးကြတယ်။ ဝမ်တပေါင်းကတော့ မျက်လုံးတွေ တလက်လက်တောက်ပနေခဲ့တယ်။ ခုနှစ်စင်ကြယ်လမ်းရဲ့ လမ်းထိပ်က မီးအိမ်တွေလိုပဲ။

မြို့တော်က လူပေါ်ကြော့ တစ်ယောက် အနေနဲ့။ ဒီ လောင်းကြေးထပ်တာလိုမျိုး ပျော်စရာကိစ္စကို သူ လက်လွှတ်မခံနိုင်ဘူး။ ဒါ့အပြင် သူ့အိမ်ထဲမှာ ငွေအပြည့်ပါတယ်။ စိတ်ရှိလက်ရှိ သုံးပြစ်လို့ရပေမယ့် ။ အရင်နေ့က ရှုံးထားတာတွေ ရှိတော့ သူ လောင်း ဖို့ တွေဝေနေခဲ့တယ်။ နောက်ဆုံးတော့လည်း ဒီငွေတွေက သူ့ အိမ်က ပိုက်ဆံတွေလေ။

“သခင်လေးဖန်။ ဘာဖြစ်လို့ သခင်လေး ဖန်က အမြဲနိုင်ပြီး။ ကျွန်တော်ကျ အမြဲ ရှုံးနေရတာလဲ။ သူတို့က တကယ်ပဲ ပုံသဏ္ဍာန်အစဉ်လိုက် သွားနေတာလား။” ဝမ်တပေါင်း ခပ်တိုးတိုး မေးတယ်။

“ပုံသဏ္ဍာန် အစဉ်လိုက်လား။ ဒါပေါ့။ ရှိတာပေါ့။” ဖန်ကျန်းရှှီ ခေါင်းငြိမ့်တယ်။

“ ဒါက မဖြစ်နိုင်တာပဲ။ ကျွန်တော်ကြားတာတော့ ခုနှစ်ကြယ်လမ်းရဲ့ သခင်က ။ ဒီ ဖျော်ဖြေမှုတွေကို ကိုယ်တိုင် စီစဉ်တာ ဆိုပဲ။ ဘာ ပုံသဏ္ဍာန်မှ မချထားဘူးတဲ့ ။” ဝမ်တပေါင်း မယုံနိုင်။

“ ဟ ဟား … အကယ်၍ သူကိုယ်တိုင် တကယ်ပဲ စီစဉ် ရင်တောင်။ ပုံသဏ္ဍာန် အစီစဉ်ကတော့ ရှိရမှာပဲလေ။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း နဲ့ ပြန်ဖြေနေခဲ့တယ်။

အပိုင်း( ၅၀၂)ပြီး၏။

အပိုင်း(၅၀၃)

“ မမျှော်လင့်ထားတဲ့ လောင်းကြေး”

“ ဒါက ပုံသဏ္ဍာန် အစဉ်အတိုင်း ဖြစ်နေတာလား။ ဘာပုံစံလည်း။” ဝမ်တပေါင်း စိတ်ရှုပ်ထွေးလာတယ်။

“ အမျိုးသမီးနိယာမလေ” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင် အောင်နိုင်သူလေသံ နဲ့ ပြောနေခဲ့တယ်။ ပင်းယန် ကတော့ စိတ်ရှုပ်ထွေးနေခဲ့တယ်။

“ အမျိုးသမီးတွေ မှာ နိယာမရှိတယ်လား။” ဝမ်တပေါင်း မျက်လုံးပြူသွားတယ်။

“အင်း။ မင်း မိန်းမကိုယ် နဲ့ ယောကျာ်းကိုယ် ကွာခြားချက်ကို မသိဘူးလား။” ဖန်ကျန်းရှီ မေးတယ်။

“သခင်လေး ဖန်ပြောချင်တာက။ ရင်ဘတ်ကိုလား ဟုတ်တယ်ဟုတ်။” ဝမ်တပေါင်း လှောင်ပြုံးပြုံးရင်း ပြန်ဖြေတယ်။

“ ငလူး… မဟုတ်ဘူး ဟ။ မင်းဘာတွေပြောနေတာလဲ။ ငါဆိုလိုချင်တာ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်း ကို ပြောနေတာ။ မင်း ဒါကိုတောင် သိလို့လား။” ဖန်ကျန်းရှီ သက်ပြင်းချရင်း ဝမ်တပေါင်းကို ကြိမ်းမောင်းတော့တယ်။ ဒီကောင် တင်နဲ့ ရင်က လွဲပြီး သိတာ ဘာရှိသေးလဲ။

“ မ မသိဘူး….” ဝမ်တပေါင်း အထစ်ထစ် အငေါ့အငေါ့နဲ့ ဖြေတယ်။

“ ဒါက အမျိုးသမီးတွေ လှုပ်လှုပ်ရှားရှား လုပ်ဖို့ မသင့်တော်တဲ့ အချိန်ပဲ။ လတိုင်း ရက်အချို့လောက်တော့ ဖြစ်ကြတယ်။ ဒါက ကွာခြားချက်ပဲ။ ” ဖန်ကျန်းရှီ သက်ပြင်းချရင်း ရှင်းပြတယ်။

“ အရှက်မရှိတဲ့ကောင်။” ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပင်းယန်လှမ်းအော်တယ်။ သူမ ရဲ့ မျက်နှာတစ်ခုလုံး ရဲရဲနီနေခဲ့ပြီ။ ရန်ရွှယ်လည်း ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ သူု့ရဲ့ အမူအယာကတော့ ခါတိုင်းလို အေးစက်စက်။ ဒါပေမယ့် သူ့အကြည့်က နည်းနည်း ရှုပ်ထွေးနေခဲ့တယ်။ ဘာတွေးရမယ်မှန်းတောင် မသိတော့တဲ့ အတိုင်းပဲ။ ဝမ်တပေါင်းကတော့ တစ်ခဏတာ လန့်ဖြန့်သွားပြီးနောက်။ သူ့မျက်လုံးတွေ တလက်လက် တောက်ပလာတော့တယ်။

“ အိုး။ သိပြီ သိပြီ။ အရင်တုန်းကတော့ စာအုပ်ထဲ ဖတ်ဖူးသား။ ဒါပေမယ့် အခု ကိစ္စက ကြယ်ခုနှစ်လုံးနဲ့ ဘာဆိုင်လို့လဲ။” ဝမ်တပေါင်းမေးတယ်။ ဘေးပတ်လည်က လူတွေကတော့ ဒီ စကားကို ကြားတော့ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတယ်။ သူတို့မျက်နှာတွေ ရဲရဲနီနေခဲ့တယ်။ ဘယ်သူကမှ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းအကြောင်း လူကြားသူကြားမှာ အော်ကြီးဟစ်ကျယ်နဲ့ မပြောဖူးဘူးလေ။

“ ဒီကောင်က အရှက်လုံးလုံးမရှိတာပဲ။”

“ ဘယ်လိုတောင် အတင့်ရဲရတာလဲ။ လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ အရှက်မရှိနိုင်ရတာလဲ။ဧ

“ ဒီလို စကားလုံးမျိုးကို သူ မလို့ ဒီလို နေရာမှာ ပြောဝံ့တယ်။ ဒါ …. သူ့ သိက္ခာသူ ချနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။”

ဖန်ကျန်းရှီရဲ့ ဆူပူမှုက သူ့ဘေးနားက လူတွေကို ဆူညံလာစေတယ်။ သူ့အရင်လောကမှာတော့။ ဒီကိစ္စက ပုံမှန် ပြောနေကျ ကိစ္စတစ်ခုပဲလေ။ နောက်ပြီးတော့ ဒါက ဗဟုသုတ တစ်ခုပဲ။

“ အကယ်၍ မင်းသာ။ ဒီ လောင်းကစားမှာ နိုင်ချင်ရင်။ အမျိုးသမီးတွေကို လေးစားတတ်ဖို့ အရင်ဆုံး သင်ရမယ်။ ” ဖန်ကျန်းရှီ ထပ်ပြောတယ်။

“ ဒီခေါင်းစဉ်ကို သူ ပဲ အရင်ဆုံး ပြောပြီးတော့မှ ငါတို့ကို လေးစား ဖို့ပြောနေသေးတယ်။ ”

“ အရှက်မရှိလိုက်တာ။” ဖန်ကျန်းရှီ ရဲ့ အနီးနားက လူအုပ်ကြီး သူ့ကို ဆူပူကြတော့တယ်။ သူတို့တွေတင် မကဘူး။ ပင်းယန်ကပါ ဖန်ကျန်းရှီကို ဆူပူလိုတဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ အခု ပြောနေတဲ့ပုံစံ က အမျိုးသမီးတွေကို မလေးမစား လုပ်နေတာပဲ။

“ အမျိုးသမီးတွေကို လေးစားရမယ်။” ဝမ်တပေါင်း လမ်းပျောက်နေတယ်။ ဒါက သူတွေးတောင် မတွေးဖူးတဲ့ ကိစ္စပဲ။ သူ့အိမ်မှာ အမျိုးသမီး အစေခံတွေ အများကြီးရှိတယ်။ သူတို့တွေကို ဆူပူပြီးတော့ ရိုက်နှက်ရတာကိုတောင် သူ ပျော်ရွှင်နေခဲ့တာ ။ အရေးအကြီးဆုံးကတော့။ ဒီလောကမှာ အမျိုးသမီးတွေကို အားနည်းသူ တွေ အဖြစ် မှတ်ယူထားကြတာပဲ။ ဒါပေါ့။ ချီကူယန်လို လူမျိုးကတော့ ချွင်းချက်ပေါ့။ ဒီ လောကမှာ ချီကူယန် တစ်ယောက်ပဲ ရှိတယ်လေ။ ဒါကြောင့် သူမကလည်း ဒီ အမျိုးသမီးထုကြီးတစ်ခုလုံးကို ကိုယ်စားပြုဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ဖန်ကျန်းရှီလည်း နောက်ထပ် ရှင်းပြမနေတော့ဘူး။

သူက ဒီ အကြောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ရင်းနှီးတယ်လေ။ ဒီလောကမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ပျော့ညံ့တဲ့ သူတွေ အဖြစ် မြင်ကြတယ်။ တစ်ချို့သော လူ့အဖွဲ့အစည်းတွေမှာ ဆိုရင်။ အမျိုးသမီးတွေကို လက်ထပ်ဖို့တောင် ရွေးချယ်ခွင့် မပေးကြဘူး။ တစ်ချို့ အင်အားကြီး အိမ်တော်က သမီးပျိုတွေဆိုရင်။ တစ်ဘဝစာလုံး။ အိမ်ထဲမှာပဲ အ ချိန်ကုန်ဆုံးပြီး။ လက်ထပ်ချိန်မှပဲ အပြင် ထွက်ရတယ်။ တစ်ချို့ဆိုရင်။ မင်္ဂလာခန်းထဲ ဝင်ပြီး မျက်နှာကို ဇာပဝါ လှစ်တဲ့ အချိန်မှ သာ သူတို့ရဲ့ ခင်ပွန်းတွေကို မြင်ဖူး ကြရတယ်။ သူတို့တွေ ခင်ပွန်းသည်အိမ်မှာ အနိုင်ကျင့်ခံရရင်လည်း မိဘတွေကို ပြန် မတိုင်တန်း ဝံ့ကြဘူး။ ဖန်ကျန်းရှီက ဒီလောကမှာ အချိန်ကုန်ဆုံးလာတာ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီလေ။ ဒါပေမယ့် အခုချိန်ထိ တန်းတူညီမျှ အခွင့်အရေး ကို ထောက်ခံတဲ့ အမျိုးသမီးဝါဒီကို အားပေးတဲ့သူ ဖြစ်နေဆဲပဲ။

“ အမျိုးသမီးတွေကို လေးစားတဲ့ ဘယ်သူမဆို ။ ဒီလိုနေ့မျိုးတွေမှာ အမျိုးသမီးတွေကို တင်ဆက်ဖျော်ဖြေတာတွေ လုပ်ခိုင်းမှာ မဟုတ်ဘူး။ ဒီလို အချိန်မှာ ဆိုရင် အမျိုးသမီးတွေက ။ ကိုယ်လက်မအီမသာဖြစ်တတ်တဲ့ အပြင်။ စိတ်ထိခိုက်လွယ်ကြတယ်။ ရေအေးတွေလည်း အများကြီး သောက်လို့မရဘူး။ အလုပ်လည်း အများကြီးလုပ်လို့ မဖြစ်ဘူး….” ဖန်ကျန်းရှီက ။ အမျိုးသမီးတွေ ဓမ္မတာ စက်ဝန်းတွေ ဖြစ်တတ်တာတွေ ဆောင်ရန်ရှောင်ရန် တွေကို အသေးစိတ် ဟောပြောတော့တယ်။ သူ့အသံက မကျယ်ဘူး။ ဒါပေမယ့် သူ့ဘေးနားက လူအုပ်ကြီးကတော့ တိတ်ဆိတ်သွားတော့တယ်။ သူတို့အားလုံး ဖန်ကျန်းရှီကို မယုံကြည်နိုင်မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့။ သူပြောနေတဲ့ကိစ္စ အများစုက သူတို့ သိပြီးသား ဖြစ်ပေမယ့်။ ဒီအချက်တွေကိုတော့ သူတို့ မစဉ်းစား မိခဲ့ကြဘူး။

“အရှက်မရှိတဲ့ ကောင်က တကယ်ပဲ ….” ပင်းယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်လာခဲ့တယ်။ အမျိုးသမီး တစ်ယောက် အနေနဲ့။ ဖန်ကျန်းရှီ ပြောတာတွေ အကုန်လုံးက အရမ်းကို တိကျနေမှန်း သူသိတယ်လေ။ တစ်ချို့ ကိစ္စတွေ ဆိုရင် သူမကိုယ်တိုင်တောင် သတိမထားမိဘူး။ ဥပမာအားဖြင့်ဆိုရင်။ ဒီအချိန်အတွင်းမှာ အစပ်တွေကို ရှောင်ရမှာနဲ့ နွေးနွေးထွေးထွေး နေရမှာကို သူမ မသိဘူး။ တစ်ချို့ ကိစ္စတွေက အသေးစိတ်တယ်။ အရမ်းကို အသေးစိတ်လွန်းတယ်။ ဒါပေါ့။ ပင်းယန် မထင်ခဲ့မိတာက။ ယောကျာ်းတစ်ယောက်က ဒီလို ကိစ္စတွေကို သတိထားမိပြီးတော့ အရမ်းကို အသေးစိတ်သိနေတာကိုပဲ။ သူမရဲ့ ခမည်းတော်တောင်မှ ဒီကိစ္စ အကြောင်း တစ်ခါမှ မမေးခဲ့ဘူး။ အခုတော့….။ ဖန်ကျန်းရှီ ပြောနေတဲ့ စသကားတွေက။ သူမတွေးဖူးတဲ့ အရှက်မရှိဘူး ဆိုတာထက်တောင် ပိုဆိုးနေသေးတယ်။ ဒီကိစ္စမျိုးက လူကြားထဲမှာ အော်ကြိးဟစ်ကျယ် ပြောသင့်တာ မဟုတ်ဘူးလေ။ တိတ်ဆိတ်နေတယ်။ လုံးဝကို တိတ်ဆိတ်နေတယ်။ ကြယ်ခုနှစ်လုံးလမ်းကို ဧည့်သည်တွေလာဖို့ ဖိတ်ခေါ်နေတဲ့ အမျိုးသမီးတွေတောင် ။ လုပ်နေတာတွေကို ရပ်တန့်ရင်း ဖန်ကျန်းရှီကို ကြည့်နေကြတယ်။ သူတို့ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပနေကြတယ်။

“ ဒါက ယောကျာ်းတစ်ယောက်ပဲ။”

“ အမျိုးသမီးတွေကို နားလည်တဲ့ ယောကျာ်းတစ်ယောက်။”

ဖန်ကျန်းရှီ သူ့ရဲ့ ရှင်းလင်းချက်တွေက ဘေးပတ်ပတ်လည်က လူတွေကို အရမ်း အထင်ကြီးသွားစေမယ်ဆိုတာ မသိခဲ့ဘူး။ သူပြောချင်တာတွေ အကုန် ပြောပြီး မှ ရပ်တန့်လိုက်တော့တယ်။

“ နောက်…. နောက်ထပ်ရှိသေးလား။” ဝမ်တပေါင်းက ပထမဆုံး သတိ ပြန်ဝင်လာတဲ့ သူ ဖြစ်တယ်။

“ မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ဒါဆိုရင်…. ဒီကိစ္စက ခုနှစ်စင်ကြယ်လမ်း နဲ့ ဆက်စပ် နေတယ်ပေါ့….. အိုး …. နားလည်ပြီ။ ခုနှစ်စင်ကြယ် တွေ အကုန်လုံးက မိန်းမပျိုတွေပဲလေ။ ဒီလိုဆိုတော့။ သူတို့ ဓမ္မတာ စက်ဝန်း ရှိတဲ့ နေ့တွေမှာ ပေါ်လာမှာ မဟုတ်ဘူးပဲ။” ဝမ်တပေါင်း တွေးတော်ရင်း နဲ့ ပြန်ဖြေတယ်။

“ နောက်ဆုံးတော့ မင်း နားလည်ပြီပဲ။” ဖန်ကျန်းရှီ ရယ်မောတယ်။

“ သခင်လေးဖန် ရှင်းပြတာကို ကျေးဇူးတင်ပါတယ်။ …. နေစမ်းပါအုန်း။…. ဒီလို ဆိုတော့…. ကျွန်တော် အရင်က ငတုံးလုံးလုံး ဖြစ်နေခဲ့တာပေါ့။ ”

“ မှန်တာပေါ့။”

“ အမ်…” ဝမ်တပေါင်း ပြောစရာ စကားမဲ့သွားတယ်။

ဒါပေမယ့်။ အခုချိန်မှာတော့။ အမျိုးသမီးတွေ ထွက်ပေါ်လာတဲ့ အစီအစဉ်ကို သိသွားတော့။ ဝမ်တပေါင်း စိတ်လှုပ်ရှားနေခဲ့တယ်။ ဖန်ကျန်းရှီ မှတ်ချက်ပေးတာတွေကို လျစ်လျူရှုပြီးတော့။ လောင်းကစားဝိုင်းကို သွားတောာ့တယ်။ လောင်းကြေးထပ်တဲ့ စားပွဲကို မရောက်ခင်မှာပဲ။ သူ ရပ်တန့်သွားခဲ့တယ်။ သူ့စိတ်ထဲမှာ မေးခွန်းတစ်ခု ထပ်ပေါ်လာခဲ့တယ်။

“ သူတို့တွေ ဓမ္မတာ စက်ဝန်းချိန်ရောက်နေတာကို ဘယ်လိုသိနိုင်မလဲ၊”

“ ဒါကြောင့်ပဲ မင်း မေးစရာလိုလာ တာပေါ့။” ဖန်ကျန်းရှီ ရယ်မောလိုက်တယ်။

“ မေးရမယ်။ ဘယ်သူ့ကို မေးရမှာလဲ။”

“ သူတို့ အများဆုံး တွေ့တဲ့ သူတွေကို မေးရမယ်။”

“သူတို့ နဲ့ အများဆုံး ဆက်သွယ်တဲ့ သူ…။ ဟမ်…. သိပြီ။ သူတို့ရဲ့ အစေခံတွေပဲ။ သူတို့က အမျိုးသမီးတွေနဲ့ နေ့ တိုင်း ထိတွေ့ပြီး။ ဝေယျာဝစ္စလုပ်ပေးရတော့။ သူတို့တွေ သိကြမှာပဲ။”

“ဒါပေါ့။”

“ သွားတော့မယ်။ ” ဖန်ကျန်းရှီကို လစ်လျစ်ရှု ပြီးတော့ ဝမ်တပေါင်းက ခုနှစ်စင်ကြယ်လမ်းထဲ ဝင်သွားတော့တယ်။ နောက်ကနေ ခွေးလိုက်ခံနေရတဲ့ အသားတုံးကြီး တစ်တုံးလိုပေါ့။

ရန်ရွှယ်နဲ့ ပင်းယန်ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း နဲ့သာ ခေါင်းခါနေခဲ့တယ်။

“ အရှက်မရှိတဲ့ ကောင်စုတ်။ ခန့်မှန်းတဲ့ အချိန် ဒါတွေ လုပ်ရမယ်လို့ နင် ဘယ်လို သိတာလဲ။ နောက်ပြီး တခြား ဘာတွေ ထပ်ရှိသေးလည်း ” ပင်းယန် မေးတယ်။

“ နည်းစနစ်တကျ တွက်ချက်ပြီး နုတ်ယူရ အုန်းမယ်။

“ နုတ်ယူတာ။

“ အင်း။ ပထမဆုံး အမျိုးသမီးတွေရဲ့ ဓမ္မတာ စက်ဝန်း အချိန်ကို နှုတ်ရမယ်။ ပြီးရင်။ ကျန်တဲ့ အချိန်တွေ ကို တွက်ပြီးတော့။ ဘယ်လို နှစ်ယောက်တစ်တွဲ အုပ်စုဖွဲ့ ထွက်တာက ပိုပြီးတော့ ဆွဲ ဆောင်မှု ရှိလဲ ဆိုတာကိုလည်း တွက်ရအုန်းမယ်။ တစ်ရက် နဲ့ တစ်ရက် ဖျော်ဖြေတာကလည်း ထပ်လို့မရဘူး မဟုတ်လား။” ဖန်ကျန်းရှီ ရှင်းပြတယ်။

“ဒါပေမယ့် ဝမ်တပေါင်းက ဒီလို တွက်ဖို့ လောက်ထိ ဉာဏ်ကောင်းလို့လား။” ပင်းယန် မေးတယ်။ သူမ မျက်လုံးတွေ တလက်လက် တောက်ပနေခဲ့တယ်။

“ ဟုတ်တယ်။ သူ မေ့မယ့် ကိစ္စတွေလည်း ရှိနိုင်သေးတယ်လေ။ ဥပမာ အားဖြင့် ။ အမျိုးသမီးတွေရဲ့ ဓမ္မတာ အချိန်က ပြောင်းလဲ နိုင်တယ်လေ။ ကိုယ်ခန္ဒာ အပြောင်းလဲတွေကို နားလည်ဖို့လည်း လိုတာပေါ့။”

“ ဒါဆိုရင် သူ ရှုံးအုန်းမှာပေါ့။”

“ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်။ အနည်းဆုံးတော့။ အသိပညာတွေ ရှိနေတော့ နိုင်နိုင်ချေ များတာပေါ့။“ ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ခုနှစ်စင်ကြယ် လမ်းသခင်က ။ ဒီနည်းလမ်းကို သုံးပြီးတော့ စီစဉ်ထားတယ်လို့ ငါ ဘာလို့များ ထင်နေတာလဲ။ ဒါနဲ့ ။ နင်က ခုနှစ်စင်ကြယ်လမ်းရဲ့ သခင်လား။” ပင်းယန် လှမ်းမေးတယ်။

“ ငါ က အဲ့ရုပ်ပေါက်နေလို့လား။”

“ ဟ ဟား… ဒါပေါ့…. ။ နှမြောစရာက နင့်မှာ အဲ့ဒီ့လောက် ပိုက်ဆံမရှိတာပဲ။ အဲ့ဒီ့တော့။ ခုနှစ်စင်ကြယ်လမ်း သခင် ဘယ်လိုလုပ်ဖြစ် နိုင်တော့မှာလဲ။” ပင်းယန်က ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။

“ အော် ။ အဲ့ဒီ့လို ဖြစ်သွားတာလား။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း ဖြေတယ်။

ဒီအချိန်မှာပဲ။ ခုနှစ်စင်ကြယ်လမ်းကနေ လူတစ်ယောက် ထွက်လာခဲ့တယ်။ သူကြည့်ရတာ အခုပဲ ထီဆုကြီး ပေါက်လာတဲ့ ပုံစံနဲ့။

“ ဟ ဟား…. သိလာခဲ့ပြီ။ ဒီတစ်ခေါက်တော့ ကံကောင်း တော့မယ်။ ဟူး….” ဝမ်တပေါင်းက အရမ်းကို စိတ်လှုပ်ရှားနေခဲ့တယ်။

“ ဒါပေါ့။ ငါက ဘယ်သူ မလို့လား။ သူတို့ရဲ့ အစေခံတွေကို မေးလာခဲ့တာတင် မကဘူး။ အလုပ်သမားတွေကိုတောင် မေးပြီးတော့တောင်။ အတည်ပြုလာခဲ့သေးတယ်။” ဝမ်တပေါင်း စိတ်လှုပ်ရှားမှု အပြည့် နဲ့ ပြောတော့တယ်။

“ မဆိုးဘူးပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း နဲ့ အတည်ပြုပေးတယ်။

“ ဘာ လောင်းရမလဲ ဆုံးဖြတ် ပြီးပြီ။ ဒီ တစ်ကြိမ်တော့။ ပုံအော်ပြီး လောင်းတော့မယ်။”

“ အိုး…. ဒီလောက် အများကြီး လောင်းတော့မှာလား။ ”

“ ဒါပေါ့။ ငါ တွက်ချက် တာ အရဆိုရင်။ ဒီနေ့ ခြောက်ယောက် ထွက်လာ တော့မှာ။ ခြောက်ယောက် လုံးကို လောင်းလိုက်ရင်။ တစ်ယောက်ချင်း စီ အတွက် ဆယ်ဆပြန်ရမှာ။ သခင်လေးဖန်။ ကျွန်တော်နဲ့ အတူတူ လောင်းမလား။” ဝမ်တပေါင်း သူ့ လက်နှစ်ဖက်ကို ပွတ်သပ်ရင်းနဲ့ မေးလိုက်တယ်။

“ ငါ နည်းနည်းလောက် တွက်ချက် လိုက် အုန်းမယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

ဝမ်တပေါင်း ရဲ့ လောင်းကြေးထပ်တဲ့ နည်းလမ်းကို သူ အတည်ပြုပေမယ့်။ အကယ်၍ ဒါ သာ အလုပ်ဖြစ် သွားရင်။ သူ့ တစ်ဘဝလုံး ကို အလောင်းအစား လုပ်ပြီးတော့တောင် လောင်းကြေးထပ်နိုင်ပြီ။ ဒါပေါ့။ အခု ချိန်က စွန့်စားဖို့ အန္တရာယ်များလွန်းတယ်။ ဒါပေမယ့် ယုံကြည်မှု အရမ်းများလွန်းတာကလည်း။ တွက်ချက်မှုကို လွဲချော်သွားစေနိုင်တယ်။

“ကောင်းပြီ။ ဒါဆိုရင်။ ကျွန်တော် အရင်ဆုံး လောင်းကြေးထပ်တော့မယ်။” ဝမ်တပေါင်း လျစ်လျူရှုပြီး လောင်းကစားဝိုင်းကို သွားတော့တယ်။

လူအုပ်ကြီးက ဒါကို မြင်တော့ တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ဝမ်တပေါင်း နောက်ကနေ အပြေးအလွှား လိုက်လောင်းတော့တယ်။

“ ငါလည်း လောင်းမယ်။ ငွေသား တစ်ထောင် လောင်းမယ်။”

“ ငါလည်း ၂၀၀၀ လောင်းမယ်။ ဒီ တစ်ခေါက်တော့ ငါ နိုင်တော့မယ်။ သူတို့တွေ ဘယ်လို ထွက်ပေါ်လာလည်း ဆိုတာ ငါ တစ်ခါမှ မစဉ်းစား မိဖူးဘူး။”

“ဒါပေါ့။ ဒီ အရှက်မရှိတဲ့ကောင်က အရှက်မရှိပေမယ့်။ သူပြောတာတွေက အရမ်း နည်းလမ်း ကျလွန်းတာတော့ အမှန်ပဲ။”

“ ငါ နိုင်တော့မယ် ဟေ းး….”

လူအုပ်ကြီးကတော့ သူတို့ရဲ့ လောင်းကြေးတွေကို အပြေးအလွှားထပ်ကြတော့တယ်။ လမ်းတစ်ခုလုံး ပြန်ပြီးတော့ ဆူညံသက်ဝင်လာခဲ့တယ်။ လောင်းကြေးထပ်တဲ့ စားပွဲတွေမှာ လူအုပ်ကြီးတွေ စုပြုံလာတော့တယ်။ ဝမ်တပေါင်းရဲ့ ဦးဆောင်မှု နဲ့အတူ။ သူ ထိုးလိုက်တဲ့ လောင်းကြေးခြောက်ခုက ။ ဒီညအတွက် အမြင့်ဆုံးဖြစ် လာခဲ့တယ်။ ထိုးကြေးတွေက အပုံလိုက်ကြီး ဖြစ်လာခဲ့တယ်။ ဖန်ကျန်းရှီက ဖန်ကျန်းရှီကတော့ ဒါကို ကြည့်ရင်းပြုံးနေခဲ့တယ်။

“ နင်ဒီလိုပဲ ကြည့်နေတော့မှာလား။ အခုချိန်မှာ မလောင်းရင် နောက်ကျသွားလိမ့်မယ်နော်။” ပင်းယန် ကောင်းကင်ကို မော့ကြည့်ရင်းနဲ့ ပြောတယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ စားပွဲဆီကို လျှောက်သွားတော့တယ်။ သူ့လက်ထဲမှာ လောင်းကြေးထပ်ဖို့ အထုပ်ကြီးကို ကိုင်လာခဲ့တယ်။ ပင်းယန်နဲ့ ရန်ရွှယ်လည်း သူ့ နောက်မှာ လိုက်လာခဲ့တယ်။ ဝမ်တပေါင်းကတော့ ဒီ သဏ္ဍာန်ကို ဖော်ထုတ်ဖို့အတွက် သူသုံးလိုက် ရတဲ့ငွေတွေကို တွက်ချက်နေခဲ့တယ်။ ဖန်ကျန်းရှီ ဒီ စားပွဲကို လာတာ မြင်တော့။ လောင်းကြေးထပ် တဲ့ စားပွဲကနေ ခုန်ထွက်သွားတော့တယ်။

“ ဟ ဟ ား… သခင်လေးဖန်။ မင်း ဘာကို လောင်းကြေးထပ်နေတာလဲ။”

“ ဘယ်သူလိုက်မလဲ။ ” ဖန်ကျန်းရှီ ငွေသား တွေကို စားပွဲပေါ်တင်လိုက်တယ်။ ငွေသား သုံးသောင်း နီးပါးကို သူ တစ်ခါတည်းလောင်းလိုက်တာ။ မြို့တော်ထဲက လွှမ်းမိုးမှှုအကြီးဆုံး လူတွေဖြစ်နေတော့။ ငွေသားသုံးသောင်းက များပေမယ့်။ ပြောပလောက်တဲ့ ပမာဏ မဟုတ်ဘူး။ တစ်ချို့ဆိုရင် တစ်ညတည်းနဲ့ ငွေသား တစ်သိန်းလောက်တောင် ဖြုန်းကြသေးတာ။ ဒါပေမယ့် ဖန်ကျန်းရှီ သူ့လောင်းကြေးကို စားပွဲအလယ်မှာ ချလိုက်ချိန်မှာတော့။ ခံစားချက်က လုံးဝကို ပြောင်းသွားတော့တယ်။ အလယ်တည့်တည့်မှာ လောင်းတယ်။ တခြားသော လောင်းကစားဝိုင်းတွေမှာ အလယ်ခေါင်က လောင်းကြေး အများဆုံးပဲ။ ဒါပေမယ့် ခုနှစ်စင်ကြယ်လမ်းမှာတော့။ အလယ်နေရာက လူ အရှောင်ဆုံး။ အလယ် နေရာက ထူးခြားတယ်။ (ခုနှစ်ယောက်လုံး)

“ သူက ခုနှစ်ယောက်လုံး ထွက်မယ်လို့ လောင်းတယ်တဲ့လား။”

“ ဒါမျိုးက တစ်နှစ်မှာ တစ်ခါလောက် ဖြစ်တာကို သူ မသိဘူးလား။ နောက်ပြီးတော့။ နောက်ဆုံး ဒီလို ခုနှစ်ယောက်လုံး ထွက်လာခဲ့တာ လွန်ခဲ့တဲ့ နှစ်ဝက်ကပဲ။”

“ ဒီကောင် ဘာတွေများတွေးနေတာလဲ။ လူတိုင်းကို ပုံသဏ္ဍာန်တွေ စည်းမျဉ်းတွေ ပြောထားပြီးတော့မှ။ သူ့ ပိုက်ဆံတွေကို ဘာကြောင့်များ ဖြုန်းတီးပြစ်နေတာလဲ။

“ သူ ရူးနေပြီလား။”

လူအုပ်ကြီးက မထိန်းမသိမ်းနိုင်လောက်အောင် လှောင်ရယ်ကြတော့တယ်။ ဖန်ကျန်းရှီကတော့ တောက်တောက်ပပ ပြုံးနေခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ရယ်သံတွေကို အသံ နှစ်ခုက ဖုံးလွှမ်းသွားခဲ့တယ်။

“ ငါလည်း လောင်းမယ်။ ငွေသား ငါးသောင်း။”

“ငါလည်း လောင်းမယ်။ ငါးသောင်းလောင်းမယ်။”

အပိုင်း(၅၀၃) ပြီး၏။

အပိုင်း (၅၀၄)

“ ငှက်အိမ်။”

နောက်ထပ် လောင်းကြေးကြီး နှစ်ခုလည်း စားပွဲပေးကို ရောက်လာခဲ့တယ်။ ဖန်ကျန်းရှီလည်း ဒီ လူနှစ်ယောက်က ဘယ်သူတွေ ဖြစ်မလဲ သိတာပေါ့။ ဒါပေမယ့် ။ ပင်းယန် နဲ့ ရန်ရွှယ် နှစ်ယောက် ဘာလို့ လောင်းလဲ သူ နားမလည်နိုင်ဘူး။ တစ်ခုခုတော့ လွဲနေပြီ။ အရင်ရက်တွေကဆိုရင် လောင်းကစားလုပ်တာ သူတစ်ယောက်တည်းပဲ။ (ခုနှစ်ယောက်လုံး) ဆိုတဲ့ နေရာမှာ။ ရောက်နေတဲ့ ငွေပုံကြီး နှစ်ခု ကြည့်ရင်း ပြောစရာစကားမရှိ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီ တစ်ယောက်တည်း မဟုတ်ဘူး။ လူအုပ်ကြီး တစ်ခုလုံး ပါ သူတို့ မျက်လုံးကို သူတို့ မယုံနိုင် ဖြစ်နေခဲ့တယ်။

“သူတို့တွေ ခုနှဏ်ယောက် နေရာမှာ လောင်းလိုက်ကြတယ်။”

“ ဘာတွေ ဖြစ်နေတာလဲ။”

“ တစ်ယောက်ချင်းဆီကို ငွေသား ငါးသောင်း။ နှစ်ယောက်ဆိုတော့ တစ်သိန်း။”

“ သူတို့တွေ ရူးနေပြီ။ လုံးဝကို ရူးနေကြပြီပဲ။”

ဘယ်သူမှ ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်ကြဘူး။ ဖန်ကျန်းရှီ ရူးနောကိုတော့ လက်ခံနိုင်ပေမယ့်။ ပင်းယန်ရဲ့ ရန်ရွှယ်ကပါ ဘာကြောင့်များ လိုက်ပြီးတော့ အရူးထနေတာလဲ။ သူတို့တွေကို ဖန်ကျန်းရှီက ဒီလောက်ထိ လွှမ်းမိုးထားတာလား။

“ အရှင် မင်းသမီး။ သခင်လေး ဖန်။ သခင်လေး ယန်…. တကယ်…. တကယ်ပဲ ဒီလို လောင်းကြတော့မှာ လား။ ဒါမျိုးက လွန်ခဲ့တဲ့ နှစ်ဝက်က မှ တစ်ခါ ကြုံခဲ့တာ….” ဝမ်တပေါင်း သူ မြင်ရတဲ့ အဖြစ်ကို မယုံနိုင်။

“ ဖန်ကျန်းရှီ ရဲ့ အမူအယာက အရမ်းကို သေချာနေခဲ့တယ်။ ဝမ်တပေါင်း တစ်ကိုယ်လုံး တုန်ယင်လာတော့တယ်။ သူ နေရာမှားပြီးတော့ လောင်းလိုက် မိပြီလား။

“ရန်ရွှယ်။ မင်း တကယ် လောင်းမှာလား။” ဖန်ကျန်းရှီ ပြုံးပြရင်း လှမ်းမေးတယ်။ သူ ပြုံးနေပင်မယ့် သူ့ အပြုံးက ပုံမှန် မဟုတ်ခဲ့ဘူး။

“ဒါပေါ့။” ရန်ရွှယ် ပြန်ဖြေတယ်။

“ ဘာဖြစ်လို့လဲ။” ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။

“ငါတို့က သူငယ်ချင်းတွေလေ။ ငါ မင်းကို ယုံတယ်။” ရန်ရွှယ် ပြန်ဖြေတယ်။

“အိုး…. ” ရန်ရွှယ်ရဲ့ အမူအယာကိုမြင်တော့ ဖန်ကျန်းရှီ ဘယ်လို ပြန်ဖြေရမယ်မှန်း မသိ ဖြစ်သွားခဲ့တယ်။ အဲ့ဒီ့နောက်။ သူခေါင်းခါရင်း ပင်းယန်ကို လှည့်ကြည့်တယ်။

“ မင်းသမီး။ မင်းသမီးကတော့ ကျွန်တော့်ရဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်ကို လိုက်ပြီးတော့။ လောင်းကြေးထပ်မှာ မဟုတ်မှန်း ကျွန်တော် သေချာသိတယ်။”

“ ငါလည်း ကိုယ်ပိုင် စဉ်းစားထားတာ ရှိပါတယ်။ ဒါပေမယ့် အခုတော့ ငါတို့က သူငယ်ချင်းတွေ ဖြစ်နေပြီလေ။ အခုက ငွေလေး ငါးသောင်းပဲကို။ င့ါမှာ နောက်ထပ် သုံးစရာငွေတွေ အများကြီးရှိပါသေးတယ်။ မစိုးရိမ်ပါနဲ့။ ” ပင်းယန် ချက်ခြင်း ပြန်ဖြေတယ်။ သူမလည်း လှောင်ပြုံးပြုံးနေခဲ့တယ်။

“ တကယ်တော့ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် ေ။ ကောင်းကောင်း သိာကတာတောင် မဟုတ်ဘူးလေ။ နောက်ထပ် တခြားနေရာမှာ ပြောင်း ပြီးလောငးလို့လည်းရပါသေးတယ်။ ” ဖန်ကျန်းရှီ အကြံပေးတယ်။

“မစိုးရိမ်ပါနဲ့။” ပင်းယန် ချက်ခြင်း ဖြေတယ်။

“ …” ဖန်ကျန်းရှီ လောင်းကြေးထပ်တဲ့ စားပွဲကို ကြည့်ရင်း ပြောစရာစကားမရှိ ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံးတွေ တလက်လက် တောက်လာတော့တယ်။ “ဒါဆိုရင် ငါ နေရာ ပြောင်းပြီးတော့ လောင်းမယ်။”

“ ဟုတ်လား။ ဒါဆိုရင် ငါလည်း ပြောင်းရတာပေါ့။ ရန်ရွှယ် ။ နင်ကော ပြောင်းမှာလား။” ပင်းယန်က ရန်ရွှယ်ကို လှမ်းမေးတယ်။”

“ ငါလည်း ပြောင်းမယ်လေ။”

“ ….” ဖန်ကျန်းရှီ ပင်းယန်ကို စိုက်ကြည့်နေတယ်။ သူ့ ခံစားချက်တွေကို အခုချိန်မှာ စကားလုံးနဲ့တောင် မပြောပြနိုင်ဘူး။ အံကြိတ်ရင်း နဲ့ ပြောလိုက်တယ်။ “ ထားလိုက်တော့။ ငါ မပြောငးချင်တော့ဘူး။

“ ငါကောပဲ။” ပင်းယန် ပြန်ဖြေတယ်။

“ အင်း။ ငါလည်း မပြောင်းတော့ဘူး။ ” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

“ ….” လူအုပ်ကြီးကတော့ သူတို့တွေ အပြောင်းအလဲ မြန်တဲ့ ပုံစံကို ကြည့်ရင်း ။ ဆွံ့အနေခဲ့တယ်။ တကယ့်ကို ရူးမိုက်လွန်းကြတာပဲ။ သူတို့တွေမှာ ပိုက်ဆံတွေ ပေါနေတာ သိပေမယ့်။ ဒီလိုမျိုး ငွေတွေကို အလကားသက်သက် ဖြုန်းပြစ်နေတာကတော့ မကောင်းဘူးလေ။ ငွေသား တစ်သိန်း ။ သူတို့က မဖြစ်နိုင်တဲ့ ရလဒ်အတွက် လောင်းကြေးထပ်နေကြတာပဲ။ ဒီ လို ရူးမိုက်လွန်းတဲ့ ကိစ္စ လုပ်ဖို့အတွက် သူတို့က တုံးအလွန်း မနေဘူးလား။

“ ဖျော်ဖြေပွဲ တွေ စတော့မယ်။ ”

“ ဖန်ကျန်းရှီ ငိုတာ ဘယ်လို ပုံစံ ဖြစ်မလဲ သိချင်လိုက်တာ။”

“ ဟ ဟား….. အမှန်ပဲ။ ခုနှစ်ယောက်လုံး ထွက်လာမယ် တဲ့လား။ ဘယ်လို ဟာသမျိုးလဲ။ သူ ပြောသမျှ ဖြစ်လာမယ်လို့များ ထင်နေတာလား။ ဟာသပဲ။ ”

လူတိုင်း ခုနှစ်စင်ကြယ်လမ်းထဲကို ဝင်သွားကြတော့တယ်။ ဖွင့်ပွဲချိန်က နီးကပ်နေပြိလေ။ သူတို့တွေ ။ ဖန်ကျန်းရှီ နဲ့ အပေါင်းအပါ တသိုက်ကို လျစ်လျူရှုထားတော့တယ်။

…

ခုနှစ်စင်ကြယ်လမ်းက လွန်ခဲ့တဲ့ တစ် နှစ်တုန်းက အသေးစိတ် ပြန်ပြင်ဆင် ထားခဲ့တာ။ ဒါကြောင့် လမ်းတစ်ခုလုံးက ပြောင်လက်တောက်ပနေခဲ့တယ်။ တံခါးကို ဖြတ်သန်း လိုက်တာနဲ့ လောကသစ်တစ်ခုကို ရောက်သွားသလိုပဲ။ မြေပြင်ကနေ ငါးမီတာ အထက် ကောင်းကင်မှာ။ လူလုပ်ထားတဲ့ သစ်ပင်ကြီးရှိတယ်။ ဒီ သစ်ပင်ကြီးပေါ်မှာ ခုနှစ်ရောင်ခြယ် သစ်သီးတွေ က ကြယ်တာရာ သဏ္ဍာန် ဖြစ်ပေါ်နေခဲ့တယ်။ ကြယ်တစ်လုံး ချင်းစီရဲ့ အပေါ်မှာ စြင်္ကန်တစ်ခုဆီ ရှိတယ်။ ခုနှစ်ရောင်ခြယ် အလင်းတန်းတွေက ကြယ်တစ်ခုချင်းစီရဲ့ အပေါ်မှာ တောက်ပနေတယ်။ ဒါက အတော့်ကို ကျော်ကြားတဲ့ မြင်ကွင်းပဲ “ ခုနှစ်စင်ကြယ် ပန်းချီကား” ။

အစေခံတွေက ဧည့်သည်တွေကို နေရာချထားပေးကြတယ်။ ဒါပေမယ့်။ အလယ် ထိုင်ခုံကတော့ ထိုင်မယ့်သူ မရှိသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ့နေရာက ပင်းယန် အကြိုက်ဆုံး နေရာ ဖြစ်နေတာ ကြောင့်ပဲ။ ဘယ် အရူးကမှ ဒီနေရာကို လာမထိုင်ရဲဘူး။ အထူးသဖြင့်။ ပင်းယန် က ဥပဒေ ဝန်ကြီးရဲ့ အိမ်ကို မီးရှို့ပြီးတဲ့နောက်မှာတော့။ ပြောနိုင်တာက ။ မသိတဲ့သူက ပိုပြီးတော့ ကောင်းပါတယ်လေ။ အခုတော့။ အလယ်ထိုင်ခုံမှာ သွားထိုင်နေတဲ့ သူတစ်ယောက်တော့ ရှိနေပြီ။ ဝတ်ရုံဖြူနဲ့ လူတစ်ယောက်ပဲ။ သူ့ကြည့်ရတာ မြင့်မြတ်ဂုဏ်ခံ မိသားစု တစ်ခုကနဲ့ တူတယ်။ ဖြူဖပ်ဖြူရော် နဲ့ အားနည်းတဲ့ ပုံစံပဲ။

“ သူလား။”

“ သူက ဘာလို့ ဒီကို ရောက်နေတာလဲ။”

လူအုပ်ကြီးက ဒီလူကို မြင်ပေမယ့် အံ့သြနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို နှုတ်မဆက်ကြဘူး။ စိတ်ပျက်လက်ပျက်နဲ့ သူ့ကို တစ်ချက်ကြည့်ရင်း ဖယ်ခွာသွားကြတယ်။ ဒီ အချိန်မှာပဲ မီးတောက်လို ရဲရဲနီနေတဲ့ လူရိပ်လေး ရောက်လာတော့တယ်။ အခန်းတစ်ခုလုံးကို ဝေ့၀ဲ ကြည့်နေခဲ့တယ်။ သူမရဲ့ လွှမ်းမိုး မှု အပြည့်နဲ့ ပုံစံ က အတော့်ကို အရှိန်အဝါကြီးမားတယ်။

“ အကို ကိုး…။ ဒီမှာ ဘာလာလုပ်နေတာလဲ။ ” သူ့ရဲ့ ကိုးယောက်မြောက်အကို လင်းယွမ်ကို ။ သူမ ထိုင်နေကျ နေရာမှာ တွေ့ရမယ်လို့ မထင်ထားမိခဲ့ဘူး။

“ အိုး …. ညီမလေးလည်း ရောက်နေတာလား။” မင်းသားကိုလည်း နည်းနည်းတော့ အံ့သြနေတဲ့ ပုံစံပဲ။

“အင်း။ ရန်ရွှယ် ရယ် အရှက်မရှိတဲ့ ကောင်စုတ်ရယ်နဲ့ လာတာ။” ပင်းယန် ခေါင်းငြိမ့်ရင်း ပြောတယ်။ ပုံမှန် အတိုင်းပဲ ။ ဝမ်တပေါင်းကတော့ အဖက်လုပ်မခံရဘူး။ ဝမ်တပေါင်းလည်း အာရုံစိုက်မနေတော့ပါဘူး။ သက်ပြင်းသာ ချနေလိုက်တယ်။ မင်းသားကိုး လင်းယွမ်ကို မြင်တော့ ။ သူ ပိုပြီးတော့ တောင် စိတ်သက်သာရာရ သွားခဲ့တယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က စပြီးအိမ်ရှေ့စံ လင်းထျန်းရုံက ။ ညီလာခံမှာ နေရာတစ်ခု အခိုင်အမာ ယူထားခဲ့တယ်။ သူ့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ သွမ့်အရှင်က။ အခုချိန်မှာ သူ့ ပြိုင်ဘက် လုံးလုံး မဟုတ်တော့ဘူး။ အမတ်မင်း အများစုက အိမ်ရှေ့စံရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ။ လွန်ခဲ့တဲ့ တစ်နှစ် အတါင်း။ သွမ့်အရှင်ရဲ့ အိမ်တော်က ပို ပိုပြီးတော့ အေးစက် တိတ်ဆိတ်လာခဲ့တယ်။ မင်းသားကိုး လင်းယွမ်ကတော့ အရင်ကလည်း မကျော်ကြားဘူး။ အိမ်ရှေ့စံမင်းသား အာဏာရလာတဲ့ အချိန်မှာ ပိုပြီးတော့တောင် လူသိနည်းသွားခဲ့တယ်။

အနည်းဆုံးတော့ သွမ့်အရှင်မှ အလည်လာတဲ့ သူလေး ဘာလေးရှိနေသေးတယ်လေ။ လင်းယွမ်ရဲ့ အိမ်တော်ကိုတော့ သွားဝံ့တဲ့ သူတောင်ရှားတယ်။ သူ့ရဲ့ အိမ်တော် ဂိတ်တံခါးမှာ စာကလေးတွေ လာနားတော့ သူက အစာ အမြဲကျွေးတယ်။ လွန်ခဲ့တဲ့ နှစ်တွေ အတွင်း။ သူ့ အိမ်မှာ စာကလေး အရေအတွက် များသထက် များလာခဲ့တယ်။ ဒါနဲ့ သူလည်း သူ့ အိမ်ခြံဝန်းထဲက မြေကွက်လပ်မှာ။ အစေ့အဆံတွေကို ဖြန့်ကျဲပြီး နေ့တိုင်း ကျွေးတော့တယ်။ ဒါက သူ့အိမ်ကို ငှက်အသိုက်ကြီးလို ဖြစ်လာစေတယ်။ ပါးစပ်ပြောတွေ အရတော့။ ဧကရာဇ် လင်းမုပိုင်က တစ်ရက်မှာ ။ အိမ်တော်ကို ဖြတ်သွားခဲ့တယ်။ ရေဆာလို့ မင်းသားကိုးအိမ်တော်ကို ဝင်ပြီး ရေသောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒါပေမယ့် အထဲမှာ ရှိတဲ့ ငှက်အုပ်ကြီးက ဧကရာဇ်ကို လိုက်ဆွဲတော့တယ်။ ဧကရာဇ် ခမျာ ရေနွေးကြမ်းလေးတာင် မသောက်လိုက်ရဘူး။

အဲ့ဒီ့အချိန်က စပြီးတော့ ။ (ငှက်အိမ်ထဲကို ဘယ်သူ့မှ မဝင်ရဲ တော့ဘူး။) မြင်းတွေ အကြောင်းလာမေးတဲ့ ပင်းယန် တစ်ယောက်က လွဲပြီးတော့ပေါ့။ ပင်းယန်ပျင်းတဲ့ အချိန်ဆို။ မင်းသားကိုး လင်းယွမ်ကို စကားလာပြောတဲ့သူ မရှိတော့ဘူး။

“ သခင်လေး ဖန်။ သခင်လေး ရန်။ မင်းတို့ နေကောင်း ရဲ့လား။” မင်းသားကိုး လင်းယွမ်ထပြီးတော့ နှုတ်ဆက်တော့တယ်။

“ အိုက်ယာ …. မေ့ထားလိုက်တော့။ သူက ထီးနန်း အတွက် တိုက်ခိုက်ဖို့မှ စိတ်မဝင်စားပဲ။ အနာဂတ်မှာ သခင်ကြီး တစ်ပါးပါးတော့ ဖြစ်လာနိုင်သေးပါတယ်လေ။”

“ အမှန်ပဲ။ သူက တော်ဝင် သွေးသား စစ်တယ်လေ။ တစ်ဘဝလုံး အေးအေးဆေးဆေး နေသွားလို့တောင် ရတယ်။” လူအုပ်ကြီးက သူတို့ ရဲ့ အမြင်တွေကို ပွင့်ပွင်းလင်းလင်း ပြောနေ ကြတော့တယ်။ အသံလေးတောင် မလျှော့ကြဘူး။ နောက်ဆုံးတော့လည်း မဟာမိတ်တစ်ယောက် လေးတောင် မရှိတဲ့ မင်းသားက သူတို့ အတွက်တော့ သာမာန်လူ သာသာပဲလေ။ သူက တော်ဝင်သွေးသား ဆိုတော့ကော။ ဘာဖြစ်လဲ။ တော်ဝင်သွေးသား အယောက် ရာချီ ပြီး ရှိနေတာပဲလေ။ မင်းသားကိုး ဆိုတာ။ အဆင့် သုံး။ အဆင့်လေး အမတ်မင်းတွေ လောက်တောင် ဧကရာဇ် နဲ့ တွေ့ခွင့်ရတဲ့ သူ မဟုတ်ဘူး။

“ နေကောင်းလား မင်းသားကိုး။” ဖန်ကျန်းရှီ ပြုံးပြရင်း နှုတ်ဆက်တယ်။ နောက်ဆုံးတော့လည်း။ သူက မင်းသားကိုးနဲ့ အရင်တည်းက သိခဲ့တာပဲလေ။

“ နေကောင်းလား မင်းသားကိုး။” ရန်ရွှယ်လည်း ခေါင်းငြိမ့်ရင်း မေးတယ်။ ဝမ်တပေါင်းကတော့ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် ကြောင့် နည်းနည်း မျက်လုံးပြူးသွားခဲ့ ပေမယ့်။ သူလည်း ချက်ခြင်း နှုတ်ဆက်တော့တယ်။ အဲ့ဒီ့နောက် သူတို့တွေ ကိုယ့်နေရာကိုယ် ဝင်ထိုင်တယ်။ ဒီအချိန်မှာပဲ ဂီတသံ ထွက်လာတော့တယ်။ လူတိုင်း တိတ်ဆိတ်သွားခဲ့သလို။ ကျောက်စိမ်း စြင်္ကတွေကို အာရုံစိုက်နေကြတော့တယ်။ ဂီတသံ ထွက်ပေါ်လာတာနဲ့ လမ်းတစ်လျှောက်လုံးက အလင်းရောင်တွေ မှိန်ဖျော့သွားခဲ့တယ်။ တစ်ခုတည်းသော မြင်ရတဲ့ အလင်းရောင်ကတော့။ အမျိုးသမီး ခုနှစ်ဦးကို ကိုယ်စားပြုတဲ့ စြင်္ကက အလင်းတန်းတွေပဲ။

” စတော့မယ် စတော့မယ်။” လူတိုင်းရဲ့ မျက်လုံးတွေ မှာ စိတ်ဝင်စားမှုတွေနဲ့ ပြည့်လျှံလာတော့တယ်။ ဒီ ဖျော်ဖြေပွဲ ကြောင့်ပဲ သူတို့ ရောက်နေရတာလေ။ ထူးခြားပြီး အံ့သြဖွယ်ကေင်းတာတွေကို သူတို့ သဘောကျတယ်လေ။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်လည်း မိန်းမပျိုတွေ ပေါ်လာမှာကို စောင့်နေခဲ့တယ်။ ဂီတသံက တဖြည်းဖြည်းကျယ်လာခဲ့ပြီ

အဲ့ဒီ့နောက် အစိမ်းရောင် အလင်းတန်းက စြင်္ကတစ်ခုလုံးကို လင်းထိန်းသွားခဲ့တယ်။ အစိမ်းရောင် မိန်းမပျို ပေါ်လာခဲ့တယ်။ သူမ လက်ထဲမှာ တရုတ်ရိုးရာ ဖီဖာ(မယ်ဒလင်) ကို ပွေ့ပိုက်ထားခဲ့တယ်။

“ဒင်။”

ဖီဖာ တေးသံက လေထဲကို ပျံ့လွင့်လာတယ်။ လေထုတစ်ခုလုံး အေးခဲ သွားသလိုပဲ။

“ နယ်ခြားက မယ့်ချစ်သူ တေးသံစဉ်ပဲ။”

“အိုး ….. ပီဟွားက ဒီည ကနဦး ဖျော်ဖြေမှာလား။ ပွဲကတော့ လှပြီ။”

“ဟုတ်တာပေါ့။ သူမက နာမည် အကြီးဆုံး ရှေ့ပြေး ဂီတရှင်လေ။ ဒီည အစီအစဉ်ကတော့ ကောင်းပြီပဲ။”

“ ငါလောင်းရဲတယ်။ သူမ ဒီနေ့ တစ်ယောက်တည်း တင်ဆက်မှာ။” လူအများစုကတော့ လက်ခုပ်တီးရင်း ကြိုဆိုနေခဲ့တယ်။ ဒီအချိန်မှာပဲ။ ဒုတိယ အလင်းတန်း တစ်ခုပေါ်လာခဲ့ပြန်တယ်။ ဒါကတော့ အပြာရောင် အလင်းတန်း။

“ရို့ရွှယ် ဒီနေ့ ဖျော်ဖြေမှာပဲ။” “ပီဟွားနဲ့ ရို့ရွှယ် အတူတူ ပေါ်လာတာမျိုးရှားတယ်။ ရှေ့ပြေး က ပီဟွား တီးခတ်တာ ဆိုတော့။ ရို့ရွှယ် ဘယ်လိုများ တင်ဆက်မလဲ သိချင်လိုက်တာ။ ” “ ငါ စောင့်တောင် မစောင့်နိုင်တော့ဘူး။” လူအုပ်ကြီးက အပြာရောင် အလင်းတန်းကို ကြည့်ရင်း ဆူညံနေကြတော့တော့တယ်။ သူမ လက်ထဲက အာဟူ( ကြိုးနှစ်ချောင်းပါ တယော) ကို သူတိုက စိုက်ကြည့်နေခဲ့တယ်။ အပြာရောင်ဝတ်ရုံဝတ် အမျိုးသမီးက သူမရဲ့ လေကြိုးကို ကိုင်ရင်း ဆွဲဆောင်မှု အပြည့်နဲ့ ပြုံးနေခဲ့တယ်။ သူမရဲ့ အပြုံးကို မြင်ရသူတိုင်း ရင်ထဲမှာ လျှပ်စစ် စီးသွားသလိုပဲ။ သူတို့ရဲ့ ထိုင်ခုံမှာ ထိုင်ဖို့တောင် ခက်ခဲသွားစေခဲ့တယ်။ ဂီတသံက တိုးညှင်းညှင်းလေးနဲ့ ထွက်ပေါ်လာတယ်။ ဒီ အချိန်မှာပဲ ခန်းမကြီး ထဲမှာ ကချေသည်တွေ ပေါ်လာရင်း ယိမ်းနွ့ ကခုန် ကြတော့တယ်။

“ ဟန် နန်းတော်မှာ သာတဲ့ နွေဦး လ တေးသွားပဲ။”

“နယ်ခြားက မယ့်ချစ်သူ တေးသံစဉ်က ဝမ်းနည်းမှု အပြည့်နဲ့ ရင်ထဲ ဆွေးမြေ့ စေတဲ့ တေးသွားပဲ။ အခုတော့ ရင်ထဲ အေးချမ်းသွားစေတဲ့ တေးသွား။ ပေါင်းစည်းတဲ့ ပုံစံက ကောင်းလိုက်တာ။”

“ ငါဒီနေ့လာမိတာ မှန်သွားပြီပဲ။ ” သူတို့ အားလုံး နယ်ခြားက မယ့်ချစ်သူ တေးသံစဉ် ကြောင့် ဝမ်းနည်း နေကြတဲ့ အချိန်။ ဟန် နန်းတော်မှာ သာတဲ့လ တေးသွားက သူတို့ကို စိတ်သက်သာရာ ရသွားစေတယ်။ ဒီဖျော်ဖြေ နှစ်ခုနဲ့တင် လူအုပ်ကြီးက အတော့်ကို ကျေနပ်နေခဲ့ပြီ။ ဒီ အချိန်မှာပဲ။ နောက်ထပ် အလင်းတန်း တစ်ခု ပေါ်လာပြန်တယ်။ ခရမ်းဖျော့ဖော့ အလင်းတန်း လေး။

“ဝါး…. ဒီ သုံးယောက်လုံး ဆုံတာကို ငါ တွေ့ဖူးတာ ပထမဆုံးပဲ။”

“ တကယ့်ကို ရှားပါး ဖြစ်စဉ်ပဲ။ ဒီညကတော့ လာရတာ အရမ်းအရမ်းကို တန်လွန်းလိုက်တာ။“

“ ဟ ဟား…. ငါတော့ ဒီည နိုင်တော့မယ်။ ရို့ရွှယ်။ ပီဟွားနဲ့ ယွီ့ကျီတို့ အဓီက ဖျော်ဖြေမယ်လို့ ငါ ဒီည လောင်းထားတာ။”

အပိုင်း(၅၀၄) ပြီး၏။

အပိုင် (၅၀၅)

“တစ်ခုတည်းသော ဖြစ်နိုင်ချေ”

ခရမ်းရောင် ဝတ် မိန်းမပျို စြင်္ကမှာ ပေါ်လာခဲ့ ချိန်မှာတော့။ ခုနှစ်စင်ကြယ်လမ်းတစ်ခုလုံး အုတ်အုတ်ကြွက်ကြွက် ဖြစ်လာတော့တယ်။ တစ်ညတည်းမှာ မိန်းမပျို သုံးယောက် ဖျော်ဖြေတာကို ကြည့်ရတာ တကယ့်ကို ကံထူးလွန်းတယ်။ လူအုပ်ကြီး တစ်ခုလုံး ဒီဖျော်ဖြေမှုကို မျက်မြင်တွေ့ရတာ ကြောင့် အရမ်းကို စိတ်လှုပ်ရှားနေကြတယ်။ အာဟု တယောသံ ဖြည်းဖြည်းချင်း တိုးတိတ်သွားပြီး နောက်မှာတော့။

ခရမ်းဖျော့ရောင် ဝတ်စုံ ဝတ်ထားတဲ့ ယွီကျီ က လူအုပ်ကြီးကို ဦးညွှတ်လိုက်တယ်။ အဲ့ဒီ့နောက် သူ့ လက်ထဲမှာ ဥပုံစံ တူရိယာ တစ်ခု ပေါ်လာခဲ့တယ်။ ရွှမ် ( ဥသဏ္ဍာန် ပုလွေဝိုင်း တစ်မျိုး) ။ ဒီ တူရိယာက အသုံးများတဲ့ ကိရိယာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိတယ်။ ရွံ့စေးနဲ့ ပြုလပ်ထားပြီးတော့ ။ ငန်းဥအရွယ်လောက် ကြီးမားတယ်။ အောက်ခြေက ပြားချပ်ချပ် ပုံစံရှိပြီးတော့ ဘေးတစ်ဖက် တစ်ချက်မှာ အပေါက် ခြောက်ခုစီ ပါတယ်။

“ ဝိုး….”

အလွန့်ကို မြင့်မား လွန်းတဲ့ အသံလှိုင်းက အခန်းတစ်ခုလုံးကို ပြည့်နှက်သွားခဲ့တယ်။ လေထုတစ်ခုလုံးကို အံ့သြစရာကောင်းလောက်အောင် လွှမ်းခြုံသွားပြီးတော့။ လူတိုင်းရဲ့ အတွေးကို တိမ်စိုင်တွေထဲ လွင့်မျော သွားစေခဲ့တယ်။ မျက်လုံးတွေကို မှိတ်ထားရင်း နဲ့ ။ ဂီတသံကို စိတ်နှစ်ပြီး နားထောင်နေခဲ့တယ်။ ပင်းယန် တောင် မျက်လုံးတွေကို မှိတ်ထားခဲ့တယ်။ နှုတ်ခမ်းတွေကို ဖွင့်လိုက် ပိတ်လိုက်လုပ်ရင်း လေချွန်နေခဲ့တယ်။ ရန်ရွှယ်လည်း စည်းချက် ကျကျ ခေါင်းငြိမ့်နေခဲ့တယ်။

ဝမ်တပေါင်းကတော့ အချိန်တော်တော်ကြာတည်းက ဂီတသံထဲမှာ နစ်မြောနေခဲ့တာ။ မိန်းမပျိုလေး တစ်ယောက်ကို ခေါ်သွားဖို့တောင် မေ့နေခဲ့တယ်။ ယွီကျီကို ကြည့်ရင်း ဂလု ဂလု ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ မင်းသားကိုး လင်းယွမ်ကို ကြည့်နေခဲ့တယ်။ လင်းယွမ်ရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီးတော့ အတော့်ကို လန်းဆန်း တက်ကြွနေခဲ့တယ်။

ဒီ တေးဂီတသံကို သူ မနှစ်သက်တာလား။ ဖန်ကျန်းရှီ တွေးကြည့်ပေမယ့် ဖြစ်နိုင်မယ်လို့ တော့ မထင်ဘူး။ နောက်ဆုံးတော့လည်း….. တော်ဝင်မိသားစုဝင်တစ်ယောက် အနေနဲ့။ တစ်ခုတည်းသော ဖြစ်နိုင်ချေက သူ့စိတ်ထဲ ဝင်လာခဲ့တယ်။ “ မင်းသားကိုး….. မင်းသားကို စိတ်အနှောက်ယှက် ဖြစ်စေတဲ့ ကိစ္စများ ရှိလို့လား။” ဖန်ကျန်းရှီ ပြုံးပြရင်းမေးတယ်။

“ မဟုတ် ပါဘူး။ မရှိပါဘူး။” မင်းသားကိုး လင်းယွမ် ။ ဖန်ကျန်းရှီ ရဲ့ မေးခွန်းကို ကြားတော့ ခေါင်းခါလိုက်တယ်။ သူ စြင်္ကကို ကြည့်နေရင်း ပြောတယ်။ “ ကျွန်တော်ထင်မိတာ ။ ဒီနေ့က တစ်ခုခု ထူးဆန်းနေသလိုပဲ။ ”

“ ထူးဆန်းတယ် ဟုတ်လား။ ကျွန်တော့် အထင်တော့ ပုံမှန်ပါပဲ။” ဖန်ကျန်းရှီ ရယ်မောတယ်။

“အော် ဒီလိုလား။” မင်းသားကိုး လင်းယွမ် နည်းနည်းတော့ အံ့သြ သွားပေမယ့်။ ခပ်မြန်မြန်ပဲ ရယ်မောလိုက်တယ်။ “ ကျွန်တော် ကြားတာတော့။ သခင်လေး ဖန်က ။ ဟော့ပေါ့ လုပ်တာ တော်တော်ကောင်းတယ်ဆိုပဲ။ ကျွန်တော့် မှာသာ အခွင့် အရေးရှိရင် စားကြည့်ချင်လိုက်တာ။ ”

“ စားရမှာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ဒါဆိုလည်း ….. အခုက အချိန်ကောင်းပဲလေ။” မင်းသားကိုး လင်းယွမ်က ဖန်ကျန်းရှီ ရဲ့ စကားကြောင့် အတော့်ကို စိတ် လှုပ်ရှားနေခဲ့တယ်။

“အခုလား။”

“ ဟုတ်တယ်။ အကယ်၍ ဟော့ပေါ့ လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိတယ်ဆိုရင် ။ ပင်းယန် အိမ်တော်မှာ အခုပဲ သွားယူလိုက်လို့ရတယ်လေ။” မင်းသားကိုး အဆက်မပြတ်ကို ပြန်ဖြေနေခဲ့တယ်။

“ ဟ ဟား…. အခုတော့ မရသေးဘူး။ ကျွန်တော်က ခုနှစ်ယောက်လုံး ဒီနေ့ ပေါ်လာမယ်လို့ လောင်းကြေး ထပ်ထားတာ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။

“ ခုနှစ်ယောက် လုံး ဟုတ်လား။ ဒါ …. ဒါက နိုင်နိုင်ချေတောင် မရှိတော့ဘူး မလား။ သခင်လေး ဖန် ဘယ်လောက်တောင် လောင်းထားတာလဲ။ အကယ်၍ လောင်းထားတာ မများရင်။ ကျွန်တော် ပြန်ပေးမယ်လေ။ ”

“ ငွေသား သုံးသောင်း….”

“ ဒီလောက်တောင် များတယ်လား…။ ကောင်း …. ကောင်းပြီလေ…။ သခင်လေး ဖန်။ ကျွန်တော်နဲ့ လိုက်ခဲ့။ ကျွန်တော် မနက်ဖြန် ပင်းယန် အိမ်တော်ကို ငွေသေတ္တာတွေ ပို့လိုက်မယ်လေ။”

“ အရှင်မင်းသား ကမ်းလှမ်းတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်။ ကျွန်တော်က ဒီနေ့ည အနိုင်ရဖို့ တွေးထားတာ။ ….” ဖန်ကျန်းရှီ ရယ်မောရင်း နဲ့ ကမ်းလှမ်းတာကို ငြင်းပယ်လိုက်တော့တယ်။

“ ဒီ လောင်းတဲ့ ပွဲကို နိုင်ဖို့ တွေးထားတာလား။” မင်းသားကိုး နှုတ်ခမ်းတွေ တွန့်ကွေးသွားခဲ့တယ်။ သူ တစ်ခုခု ပြောချင်ပေမယ့် ။ စိတ်ကို ပြန်ထိန်းထားခဲ့တယ်။

ဖန်ကျန်းရှီကတော့ နောက်ထပ် ရှင်းမပြတော့ဘူး။ အဲ့ဒီ့လိုပဲ လင်းယွမ်ကိုလည်း ထပ်မကြည့်တော့။ ဂီတသံကိုသာ နားထောင်နေခဲ့တယ်။ ရွှမ် တေးသံစဉ်က အချိန် အတော်ကြာ ဖျော်ဖြေပြီး နောက်မှာတော့။ တိတ်ဆိတ်သွားပြန်တယ်။ ရုတ်တရက်ဆို သလို လူအုပ်ကြီးရဲ့ တစ်အံ့တသြ အော်သံတွေ ထွက်လာခဲ့တယ်။ စတုတ္ထမြောက် စြင်္က က အလင်းရောင် တောက်ပလာပြီလေ။ ဒီ စြင်္ကက တခြား စြင်္ကတွေနဲ့ မတူဘူး။ စင်အလယ်မှာ ကြီးမားတဲ့ အနီရောင် ဗုံကြီးတွေ ရှိနေခဲ့တယ်။

“ အဲ့တာ လန်ယိပဲ။”

“ လန်ယိကို မတွေ့တာ ငါးရက်တောင် ရှိသွားပြီ။ သူမ ဒီနေ့ ဖျော်ဖြေမှာလား။ ”

“ ဒါ….ဒါက လေးယောက်မြောက်တောင် ရှိနေပြီလေ။ ”

“ ဟုတ်တယ်။ ကြယ်လေးပွင့် တစ်ညတည်း ထွက်လာ တာ မျိုးက နှစ်လ တစ်ခါ လောက်ပဲ ဖြစ်တာ။ ဒီနေ့ ည မလာ ဖြစ်တဲ့ သူတွေကတော့ နောင်တရ ကုန်တော့မှာပဲ။” လူတွေ ထိုင်နေရာက ထပြီးတော့တောင် မတ်တပ်ရပ်ကြည့်ကုန်ကြပြီ။ ကြယ်လေးပွင့်ကို တစ်ညတည်း မြင်ရတယ်ဆိုတာ လုံးဝကို လွဲချော်လို့ မရတဲ့ အခွင့်အရေးလေ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက ဆိုရင် ကြယ်တစ်ပွင့် ဖျော်ဖြေတာ မြင်ရဖို့တောင် ရက်တွေ အများကြီး စောင့်ရတာ။ နောက်ဆုံးတော့လည်း ခုနှစ်စင်ကြယ်လမ်းကို နေ့တိုင်းလာဖို့ ဆိုတာက အရမ်းကို ဈေးကြီး လွန်းတယ်လေ။

မြို့တော်က အချမ်းသာဆုံး ဆိုတဲ့ လူတွေတောင်။ သုံးရက်တစ်ခါ ငါးရက်တစ်ခါ လောက်ပဲ လာနိုင်တာ ။ ဒါကြောင့် သူတို့ စိတ်လှုပ်ရှားကြတာလည်း မဆန်းပါဘူးလေ။ ကြယ်လေးပွင့် ဖျော်ဖြေတာကို မြင်ရတာက။ သူတို့အတွက် အရမ်းကို တန်လွန်းနေပြီ။ တခြား မြို့ကနေ လာတဲ့ သူတွေ အတွက်တော့ ။ ဒီလို ဖျော်ဖြေပွဲ မျိုးက အရမ်းကို ရှားပါးတဲ့ ပွဲကြီးပွဲကောင်းပဲ။ ဒီနေ့ကတော့ မေ့လို့ရတော့မှာ မဟုတ်ဘူး။ ဗုံသံတွေက လေထုထဲမှာ ပဲ့တင် ထပ်နေခဲ့တယ်။ အခန်းတစ်ခုလုံးကို လွှမ်းခြုံ ပြီး တုန်ဟီးနေတော့တယ်။ ခပ်မြန်မြန် တီးတဲ့ တေးသံက မိုးရွာသံ နဲ့ တူပြီးတော့။ အနှေးတေးသံကတော့ မိုးကြိုး ခွင်းသံလိုပါပဲ။ သူမရဲ့ အရည်အချင်းက ရှင်းရှင်းလင်းလင်းကြီးကို မြင်သာနေတယ်။ လူအုပ်ကြီးကတော့ မှင်သက်နေမိတယ်။ အဲ့ဒီ့နောက် သူတို့တွေ ပါးစပ် အဟောင်းသား ဖြစ်သွားကြတယ်။ ပဉ္စမမြောက် စြင်္ကက မီး လင်းလာပြီလေ။ ဗုံသံက ရပ်သွားပေမယ့် ။ အလင်းရောင်ကတော့ တောက်ပနေဆဲ။ တစ်ချိန်တည်းမှာပဲ။ ကောင်းကင်ကနေ ပုံရိပ်တစ်ခု ဆင်းသက်လာတယ်။ သူမရဲ့ ရင်ခွင်ထဲမှာ ကူချင်း နဲ့ တူတဲ့ တူရိယာ တစ်ခုကို ပိုက်ထားခဲ့တယ်။ ( စဲ့ - ဗုံနဲ့ စဲ့ နှစ်ခုပေါင်းပြီးတော့ ဖျော်ဖြေတာပဲ။) ငါးပွင့်မြောက် ကြယ်က ယွဲ့ချင်းပဲ။ ဘယ်သူကမှ မမျှော်လင့်ထားတဲ့ အပြောင်းလဲ တစ်ခု။

“ ငါးပွင့်မြောက်ကြယ်။”

“ တစ်ညတည်း နဲ့ ကြယ်ငါးပွင့်တဲ့။”

“ မိုးနတ်မင်းရေ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ကြယ်ငါးပွင့်ကို တစ်ညတည်း မြင်ဖူးခဲ့ပြီလေ။” လူအုပ်ကြီးက စတုတ္ထမြောက် စြင်္က လင်းထိန်လာပြီးတည်းက လူတွေ ထိတ်လန့် ကုန်ကြတာ။ ဒါပေမယ့် ယွဲ့ချင်း အဖြူရောင် စြင်္က ပေါ်မှာ ဆင်းသက်လိုက်တဲ့ အချိန်မှာ လူတိုင်း အံ့အားသင့်သွားတော့တယ်။ ဒါက မမျှော်လင့်ထားတဲ့ အပြောင်းလဲ တစ်ခုပဲ။ ဒီ အပြောင်းအလဲက လူအုပ်ကြီးကို မထိန်းနိုင် မသိမ်းနိုင်အောင် ပျော်ရွှင်တက်ကြွ လာစေတယ်။

ဂီတသံမှာ တော်ရုံမခံစားတတ်တဲ့ သူတွေတောင်။ ဒီ အဖြစ်ကြောင့် မှင်သက်နေကြတယ်။ ဂီတကို နှစ်ခြိုက်တဲ့ သူတွေကတော့ မျက်လုံးတွေကို မှိတ်ထားရင်း။ တေးသွားတွေကို ခံစားနေခဲ့တယ်။ ပင်းယန်တောင်မှ ဂီတသံထဲ နှစ်မြောနေခဲ့တယ်။ သူမရဲ့ အကျီတွေနဲ့ အကျီ လက်တွေက ဂီတသံ နဲ့ အတူ ယိမ်းနွဲ့နေခဲ့တယ်။ ရန်ရွှယ်ကတော့ မျက်လုံးတွေ မှိတ်ထားရင်း အရသာခံနေခဲ့တယ်။

ဝမ်တပေါင်းကတော့ တကိုယ်လုံး တုန်ယင်နေခဲ့ပြီ။ လူတွေ အများကြီးရှိနေတာကြောင့်သာ မဟုတ်ရင်။ ကြမ်းပြင်ပေါ်မှာ လူးလိမ့်ရင်း သူ့ ကိုယ်ကစွမ်းအင်တွေကို ထုတ်လွှတ်နေလောက်ပြီ။

မင်းသားကိုး လင်းယွမ်ကို ဖန်ကျန်းရှီ တစ်ချက် လှမ်းကြည့်တယ်။ အခုချိန်မှာတော့။ လင်းယွမ်ရဲ့ အမူအယာက အရင်ကထက် ပိုပြီးတော့ တည်ငြိမ်နေခဲ့တယ်။ သူ ပုခုံးကို ဖြည်းဖြည်းချင်း တွန့်နေခဲ့တယ်။ ငယ်ငယ်တည်းက ဂီတသံ နဲ့ ရင်းနှီးဖို့ သင်ကြားခံထားရသူ အနေနဲ့။ ဒီလို အဖိုးတန် ဂီတဖျော်ဖြေမှုကို လျစ်လျူရှုဖို့ ဘယ်လိုကိစ္စကမှ ဖြစ်စေနိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ သူ့ ဘေးပတ်လည်ကို ကြည့်တယ်။ အဲ့ဒီ့နောက် အဝေးကို လှမ်းကြည့်တယ်။ လူတိုင်းက ဂီတသံမှာ နစ်မြောနေကြတာ။ ဒီလို နစ်မြောနေတာမျိုးက အတုအယောင် မဖြစ်နိုင်ဘူး။

ဂီတသံက အရမ်းကို ကောင်းလွန်းနေတယ်။ ဒါပေမယ့် ခေါင်းလောင်း သံ တစ်ခု လေထုထဲမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ အချိန်မှာတော့။ မျက်စိမှိတ်နေတဲ့ သူတွေ ရုတ်တရက် မျက်လုံး ပြူးသွားကြတယ်။ ဒါက လုံးဝကို မတူညီတဲ့ တူရိယာ တစ်ခုရဲ့ အသံလေ။ ပျန့်ကျုံး …။ တော်ဝင် အခမ်းအနားသုံး တူရိယာ အုပ်စုကြီး။ ကြီးမားတဲ့ တူရိယာ စင်ကြီးမှာ။ အရွယ်အစား မတူတဲ့ ခေါင်းလောင်းတွေ ပါဝင်တယ်။ ဘယ်သူကမှ ဒါကို လူနဲ့ မကွာ သယ်မသွားနိုင်ဘူးလေ။ ဒါကြောင့် လူတွေ သတိ မထားမိခင် အချိန်မှာတင်။ စြင်္က စင်မြင့်ပေါ်မှာ ပျန့်ကျုံးစင်ကြီးတွေကို လာချထားတာပဲ။

“ ကြယ်ခြောက်ပွင့်။ ”

“ သူတို့ ခြောက်ယောက်လုံး ထွက်လာပြီလား။ ”

လူအုပ်ကြီးကတော့ စကြံ်တွေနဲ့။ တီးခတ်နေသူ မိန်းမချောတွေကို ကြည့်ရင်း ။ အံ့အားသင့်နေခဲ့တယ်။ ကြယ်ခြောက်ပွင့်ကို တစ်ညတည်းမှာ တွေ့ရတာ မျိုးက အရင်ကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမယ့် တစ်နှစ်မှ သုံးကြိမ်တည်း ကြုံရတာလေ။ တခြား ဘာ ထပ်လိုအုန်းမှာလဲ။ သူတို့ရဲ့ လောင်းကြေးတွေ အကုန်လုံး ရှုံးတော့မှာကို တွေးရင်းနဲ့ တစ်ချို့ ဆို တုန်ယင်နေကြတယ်။ အများစုက ခြောက်ယောက်လုံး ပေးလာမယ် ဆိုတာကို မလောင်းထားကြဘူးလေ။ ဘာကြောင့်လဲ ဆိုတော့။ ဖြစ်နိုင်ချေက အရမ်းကို နည်းလွန်းတယ်လေ။

“ ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ ကိစတွေလည်း ရှိသေးတာပဲ။ ”

“ ဒါပေါ့။ အမှန်ပဲ။ ရိုးရိုးသားသား ပြောရရင်။ ငါတို့ လောင်းကစားမှာ မနိုင်ရင်တောင်မှ။ ကြယ်ခြောက်ပွင့်ကို တွေ့ရတာနဲ့တင် တန်နေပါပြီ။”

“ငါ့ အထင်တော့ လူတိုင်း ဒီနေ့ ရှုံးတော့မှာပဲ။”

“ မဟုတ်ဘူး။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိ သေးတယ်လေ။”

လူအုပ်ကြီးက ခေါင်းခါရင်း သက်ပြင်းချနေကြတယ်။ သူတို့ ထင်ထားတာက ဒီနေ့တော့ အများဆုံး သုံးယောက်လောက်ပဲ ပေါ်လာမယ်လို့။ ဒါပေမယ့် အခုလို ပေါ်လာတဲ့ ပုံစံ အရတော့။ ဖြစ်နိုင်ချေက။ ခုနှစ်ယောက်လုံး။ ကြယ်ခုနှစ်ပွင့်လုံး ပေါ်လာတော့မှာ ပိုပြီးတော့ ဖြစ်နိုင်တယ်။

အကယ်၍ ဖန်ကျန်းရှီ။ ရန်ရွှယ်နဲ့ ပင်းယန်တို့သာ ဒီ နေရာကို လောင်းကြေးမထပ်ခဲ့ရင်။ ဘယ်သူကမှ တွေးမိမှာ မဟုတ်ကြဘူး။ ဒါပေမယ့်။ သူတို့ သုံးယောက် လောင်းကြေး ထပ်လိုက်ပြီ ဆို တည်းက။ ဒီ ဖြစ်နိုင်ချေကိုလည်း သူတို့ ထည့်တွက်ဖို့ လိုလာပြီလေ။ အခုက ကြယ်ခြောက်ပွင့် ပေါ်လာခဲ့ပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်။

“ဒီကောင့်ရဲ့ ကံက ဒီ့ထက် ပိုကောင်းနိုင်အုန်းမလား။”

“မဖြစ်နိုင်တာပဲ။”

“သူသာ ဒီတစ်ခေါက် လောင်းကြေးမှာ နိုင်ခဲ့ရင်။ ငါ ကိုယ်လုံးတီး ချွတ်ပြီး ခုနှစ်စင်ကြယ် လမ်းမှာ ပတ်လျှောက်ပြစ်မယ်။”

“ ခုနှစ်ယောက်လုံးပေါ် လာနိုင်ချေက အရမ်းကို နည်းတယ်လေ။” လူအုပ်ကြီးက ပျန့်ကျုံး တီးသံကို နားဆင်ရင်း ဆွေးနွေးနေခဲ့ကြတယ်။

“ ဟေး အရှက်မရှိတဲ့ကောင်စုတ်။ ဒီနေ့ ခုနှစ်ယောက်လုံး ပေါ်လာမယ်လို့ နင်ထင်လား။” ပင်းယန်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပ်နေခဲ့တယ်။

“မင်းကော ဘယ်လိုထင်လဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“ ငါထင်တာတော့ ခြောက်ယောက်ပဲ လာမယ်လို့ပဲ ။ ခုနှစ်ယောက်လုံးသာ ပေါ်လာရင်တော့။ တစ်ခုခု မှားသွားမယ်လို့ ငါထင်တယ်။ ”

“ဘာဖြစ်လို့လဲ။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်းနဲ့ မေးလိုက်တယ်။

“ ဟ ဟား….. ဒီလိုပဲ တွေးမိတာပါ။ ငါတို့ ရဲ့ လောင်းကြေးက အကုန်လုံးပေါင်းလိုက်ရင် တစ်သိန်း သုံးသောင်းတောင်လေ။ အကယ်၍ ငါတို့သာ နိုင်သွားရင်။ ခုနှစ်စင်ကြယ်လမ်း သခင်က တစ်သန်း နဲ့ သုံးသိန်းတောင် လျော်ရမှာ။ သူ ဒီလောက်ထိ မအ လောက်ပါဘူး။” ပင်းယန် ယုံကြည်ချက် အပြည့်နဲ့ ပြန်ဖြေတယ်။

“ အင်း။ မင်းပြောတာ မှန်တယ်။ အိုက်ယား။ ငါ ဘာလို့မှာ မေ့သွားတာလဲ။ ငါနဲ့ လိုက်ပြီးတော့ လောင်းကြေးမထပ်ဖို့ သတိပေးမိသားပဲ။ ” ဖန်ကျန်းရှီ ပြောတော့တယ်။

“ နင်ငါ့ကို အပြစ်တင်နေတာလား။ ငါ ငွေသား ငါးသောင်းတောင် လောင်းထားတာနော်။” ပင်းယန် မျက်စောင်းထိုးရင်း ပြောတယ်။

“ ငါလည်း ဒီလို ဖြစ်မယ်လို့တော့ မထင်ဘူး။” ရန်ရွှယ့် အသံက အေးစက်နေတယ် ဒါပေမယ့် သူ့ကိုယ်သူ အပြစ်တင်နေပုံပဲ။

စစချင်းတုန်းက တုန်ယင်နေခဲ့ကြတဲ့ လူတွေ။ အခုချိန်မှာတော့ ရယ်မောကြတော့တယ်။

“ ဟ ဟား…. ခုနှစ်ယောက်လုံး ထွက်လာမယ်တဲ့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“ ဒါပေါ့။ ခုနှစ် စင်ကြယ်လမ်း သခင်က ဒီ အတိုင်းတော့ အနိုင်ပေးမှာ မဟုတ်ဘူး။ ဒါက ငွေသားတစ်သန်းနဲ့ သုံးသိန်းတောင် လျော်၇မှာလေ။”

“ ငါ့အထင်တော့ ဒီတစ်ခေါက် လူတိုင်း ရှုံးတော့မယ့် ပုံပဲ။ ဒါပေမယ့် ကြယ်ခြောက်လုံးကို မြင်ရတာနဲ့ တင် ငါ့အတွက် လုံလောက်နေပါပြီ။ ”

လူတိုင်းက စိတ်ကျေနပ်နေကြတယ်။ သူတို့ ရှုံးခဲ့ရင်တောင်။ ဖန်ကျန်းရှီက သူတို့နဲ့ အတူတူ ရှုံးတာမျိုးက ခံသာတယ်လေ။

အပိုင်း(၅၀၅)ပြီး၏။

အပိုင်း( ၅၀၆)

“ လောကကြီးက လူတိုင်းကို ငါ သစ္စာဖောက်နိုင်တယ်။ ဒါပေမယ့် တစ်ယောက်သော သူကိုတော့ …. ”

ဝမ်တပေါင်းက ဖြူဖျော့နေခဲ့တယ်။ တစ်ညတည်းနဲ့ ကြယ်ခြောက်ပွင့် ဖျော်ဖြေတာကိုတွေ့ရတာတော့ သူ လည်း ပျော်ပါတယ်။ ဒါပေမယ့် သူ လောင်းထားတာ အကုန်လုံး ရေစုန်မျောသွားပြီ။

သူ့ရဲ့ ခံစားချက်တွေကို စကားနဲ့တောင် ဖော်ပြလို့မရဘူး။ ကြယ်ခုနှစ်လုံး။ သူလည်း တွေးမိဖူးပါတယ်။ ဒါပေမယ့် ပင်းယန် ပြောတာလည်း ဟုတ်တယ်လေ။ ခုနှစ်စဉ် ကြယ်လမ်း သခင်က အရူးမှ မဟုတ်ပဲ။ လောင်းကစားဝိုင်းတွေက သူ့ လမ်းရဲ့ အပြင်မှာတင်ရှိနေတာလေ။

ငွေသား တစ်သန်းကျော် လျော်ရမှာကို သူ မသိရင်တော့ ။ သူက လမ်းသခင် ဖြစ်ဖို့ မတန်တော့ဘူး။ ဘာပဲ ဖြစ်ဖြစ်။ ကြယ်ခုနှစ်ပွင့်က ဒီနေ့ ပေါ်လာလို့ မဖြစ်နိုင်ဘူး။ ပျန့်ကျုံးတေးသံ ရပ်တန့်သွားတယ်။ အဲ့ဒီ့နောက်။ အမျိုးသမီးကလူအုပ်ကြီးကို ဦးညွှတ်လိုက်တယ်။ ဒီအချိန်မှာပဲ လူတိုင်းက မတ်တပ်ရပ်ပြီးတော့ လက်ခုပ်သြဘာပေးကြတော့တယ်။

“ဒါက ကြယ်တာရာပဲ။”

“ ဟုတ်တယ်။ ရှီရှီက ငါတို့ကို နောက်တစ်ခါ ဘယ်အချိန်မှ ဖျော်ဖြေမယ် ထင်လဲ။”

“ ဒီနေ့ ခြောက်ယောက်ကို မြင်ရတာနဲ့တင် ငါတို့ ကံကောင်းလွန်းနေပါပြီ ။” သူတို့ မတ်တပ်ထရပ်ပြီး လက်ခုပ်တီးနေတဲ့ အချိန်မှာပဲ။ ခုနှစ်ခုမြောက် စြင်္ကကို ကြည့်ရင်း ပြုံးနေကြတယ်။ (ခြောက်ယောက်ပဲ။ ) ခုနှစ်ယောက် မလာဘူး။

“ ဟ ဟား ….. ခုနှစ်ယောက်လုံး လာမယ်တဲံ့။ ဟာသ လုပ်နေတာလား။”

“ ဟ ဟား …. သူ့ကိုယ်သူ ဒီလောက် ကံကောင်းမယ်လို့ ထင်နေတာလား ။ တကယ်ဆို ပိုပြီးတော့ ယုတ္တိရှိတာကို လောင်းသင့်တယ်လေ။” လူအုပ်ကြီးက စတင်ပြီး ရယ်မောကြတော့တယ်။ ရလဒ်က ထွက်လာပြီလေ။ ငွေ တစ်သိန်း သုံးသောင်းကတော့ အလကား ဖြစ်သွားပြီ။ တစ်သန်းကျော် နိုင်တယ် ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်တော့ဘူး။ ခုနှစ်စင်ကြယ်လမ်း သခင်က အရူးမဟုတ်ဘူးလေ။ အဲ့ဒီ့နောက် သူတို့ ရဲ့ လှောင်ရယ်မှုတွေက သံသယ စိတ် ရှုပ်ထွေးမှုတွေ အဖြစ်ကို ပြောင်း လဲ သွားခဲ့တယ်။

“ ဆင်းလာခဲ့” စကားလုံးတွေက ရိုးရှင်းတယ်။ အေးအေးဆေးဆေး ပြောလိုက်တာ။ ဒါပေမယ့် ခုနှစ်စင်ကြယ်လမ်း တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့တယ်။ ဂီတသံတွေ အကုန်လုံးလည်း ရပ်တန့်သွားခဲ့တယ်။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ အသံမထွက်ကြတော့ဘူး။ စားပွဲထိုးတွေတောင် သူတို့ လုပ်နေတဲ့ အလုပ်ကို ရပ်တန့် နေကြတယ်။

ဒါက လူတိုင်းကို ထိတ်လန့် အံ့အား သင့်သွားစေခဲ့တယ်။ သူတို့တွေ အားလုံး ခန်းမ အလယ်မှာ ရပ်နေသူကို စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် တိတ်ဆိတ်မှုကတော့ သိပ်မကြာခင် ကျိုးပေါက်သွားခဲ့တယ်။ လူအုပ်ကြီးကတော့ အဆုတ်ကွာမတတ် ရယ်မော ကြတော့တယ်။ သူတို့တွေ ကြားလိုက်ရတာကိုတောင် မယုံနိုင်ကြဘူး။

“ဟ ဟား…. မင်း ကြားလိုက်လား။ သူ ပြောတာ ဆင်းလာခဲ့တဲ့။”

“ ဟုတ်တယ် ။ ဆင်းလာခဲ့တဲ့ ။ သူ့ကိုယ်သူ ဘယ်သူများ ထင်နေတာလဲ။”

“ ငါ ဒီကို လာတည်းက ကြားဖူးသမျှထဲ ရယ်စရာ အကောင်းဆုံးပဲ။ စြင်္ကကို လက်ညှိုးထိုးပြီးတော့ ကြယ်ကို ဆင်းလာဖို့ ခေါ်နေတာပဲ။ ရယ်ရတာ သေတော့မယ်။”

“ ခုနှစ်စင်ကြယ်လမ်း သခင်က သူ့ စကားကို နားထောင်မယ်လို့ ထင်နေတာလား။” လူအုပ်ကြီး တသောသော နဲ့ ရယ်မောနေခဲ့တယ်။ ပင်းယန်ရဲ့ ရန်ရွှယ်တို့က ဖန်ကျန်းရှီ့ ဘေးမှာ ရှိနေတာကိုတောင် သူတို့ လျစ်လျူရှု ထားကြတယ်။ သူတို့ အတွက်တော့… ဒါက ဟာသကြီး တစ်ခုပဲ။

ပင်းယန်တောင် လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘာတွေ လုပ်နေလဲ သူမ မသိဘူး။ ရန်ရွှယ် လည်း ဖန်ကျန်းရှီ ကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ အေးစက်စက် အမူအယာက နည်းနည်းတော့ ပျက်ယွင်းနေတယ်။ သူ့မျက်လုံး အရောင် တလက်လက်တောက်နေတာကို ကြည့်လိုက်ရင်။ အတွေးနက်နေတာက သိသာလွန်းတယ်။

ဝမ်တပေါင်း လည်း ရယ်မောချင်တယ်။ ဒါပေမယ့် သူ စိတ်ကို ထိန်းထားခဲ့တယ်။ သူ အခုချိန်သာ ရယ်မောလိုက်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာမလဲ သူသိတယ်လေ။ အသက်အောင့်ထားရတဲ့ အတွက် သူ့ မျက်နှာ တစ်ခုလုံး နီရဲလာခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ့အချိန်မှာပဲ။ သူ့ သွေးတွေ အကုန် ပြောင်းပြန်စီး သွားသလိုပဲ ခံစားလိုက်ရတယ်။ ဒါကတော့ သူမြင်လိုက်ရတဲ့ မြင်ကွင်းက ထိတ်လန့်စရာ ကောင်းလွန်းနေလို့ပဲ။ ဝမ်တပေါင်းရဲ့ မျက်လုံးတွေက တကယ်တော့ မှေးမှေးလေးတွေ။ ဒါပေမယ့် အခုတော့။ ပုဇွန်မျက်လုံးလို ပြူးထွက်နေခဲ့တယ်။

သူ လုံး၀ မယုံနိုင်။ ဘာကြောင့်လဲ ဆိုတော့။ ခုနှစ်ခုမြောက် စြင်္ကက အလင်းရောင် တောက်ပလာလို့ပဲ။ မျက်နှာကျက် ကနေ စြင်္ကအထိ ရွှေရောင် အလင်းတန်းက တောက်ပလာတယ်။

“ အဲ့တာ ….လင်း ….. လင်း လာပြီ။” ဝမ်တပေါင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ သူ ကြမ်းပြင်ကို ဖင်ထိုင်လျက် ကျသွားခဲ့တယ်။ သူတစ်ယောက်တည်း တင် မကဘူး။ ခန်းမထဲက လူအုပ်ကြီးလည်း တနု်လှုပ်နေခဲ့တယ်။ ဘယ်သူကမှ မယုံကြည်နိုင်သလို။ နားလည်းမလည်နိုင်ကြဘူး။ အဲ့ဒီ့နောက်။ လူရိပ်တစ်ခု ဆင်းလာခဲ့တယ်။ အမျိုးသမီးငယ်က ရွှေရောင်ဝတ်ရုံကို ဝတ်ထားပြီးတော့။ သူမရဲ့ ပိုးသားလို ကေသာတွေက ခါးပေါ်မှာ ဝဲကျနေခဲ့တယ်။ လက်ထဲမှာတော့ ကူချင်းကို ကိုင်ထားခဲ့တယ်။

“ အဲ့ အဲ့တာ လော်ချင်းပဲ…”

“ ငါ ငါ မြင်တာ မှန်မှ မှန်ရဲ့လား။ လော်ချင်းက ဒီည တကယ်ပဲ ဖျော်ဖြေမှာလား။ ” သူတို့တွေ အားလုံး အံ့အား သင့်နေခဲ့တယ်။ လိုချင်း ဒီနေ့ ထွက်ပေါ်လာတာကတော့ လုံးဝကို အံ့အားသင့်စရာ အခြေအနေပဲ။ ကြယ်ခုနှစ်ပွင့် တစ်ညတည်း ပေါ်လာတာ။ ဒါက အရေးအကြီးဆုံး မဟုတ်သေးဘူး။

“ မဖြစ်နိုင်ဘူး…. လော်ချင်းက သူ့ စကားကို နားထောင် တယ်လား။”

“ ဘာတွေ ဖြစ်နေတာလဲ။”

“ မင်း လာနောက်နေတာလား။ ခုနှစ်စင်ကြယ်လမ်းသခင်က ရူးသွားလား။ လိုချင်းကို ဘာလို့ ဆင်းလာခိုင်း တာလဲ။ ငွေသား တစ်သန်းကျော်တောင် လျော်ရမှာလေ။ ”

“မဖြစ်နိုင်ဘူး။ ငါ ဒီလို မြင်နေရတာ။ မျက်စိမှောက်နေတာပဲ ဖြစ်ရမယ်။ ” ဘယ်သူကမှ လက်ခုပ်တီးပြီးတော့ မကြိုဆို နိုင်ကြတော့ဘူး။ သူတို့တွေ အထိတ်တလန့် ဖြစ်နေခဲ့တယ်။

အံ့ဖွယ် ဖြစ် ရပ်လို့ ခေါ်ရအောင်လဲ။ ဒါက စကားနဲ့ ဖော်ပြဖို့ ခက်ခဲလွန်းတယ်။

“ဒင်။” ကူချင်း တေးသွားက ပျံ့လွင့်လာတယ်။ တေးသ့က ချောမွေ့တယ် ရေစီးသံလို ငြင်သာတယ်။ ဒါ က လူတိုင်းကို အေးချမ်းသွားစေတယ်။ နောက်ဆုံးမှာတော့ တေးသံ ရပ်သွားတယ်။ လူတိုင်းကတော့ ဖန်ကျန်းရှီကို အထိတ်တလန့်နဲ့ သာ ကြည့်နေခဲ့တယ်။

“ သူခန့်မှန်း နိုင်လိုက်ပြီ” “ သူဘယ်လိုများ လုပ်လိုက်တာလဲ။”

“လူတောင် ဟုတ်သေးရဲ့လား။”

“ သူက မကောင်း ဆိုးဝါး များလား။ မကောင်းဆိုးဝါးတွေတောင် ။ ဒီလောက်တောင်။ ခန့်မှန်တာ မှန်မှာ မဟုတ်ဘူး။ သူက တကယ်ပဲ ခုနှစ်စင်ကြယ်လမ်းနဲ့ ပတ်သက်….”

“မဖြစ်နိုင်ဘူး။ သူ့လို တောသားက ဒီလောက် ခမ်းနားတဲ့ ခုနှစ်စင်ကြယ်လမ်းနဲ့ ဘယ်လို ပတ်သက်နိုင်မှာလဲ။”

“ ပိုပြီးအရေးကြီးတာက။ မြို့တော်မှာ ဒီလောက်တောင် လူဝင် လူထွက်များနေတာ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး သူ ဒီမှာ ပုန်းနေတာက ဖြစ်ကော ဖြစ်နိုင်လို့လား။” လူအုပ်ကြီးက အစတုန်းကတော့ တည်ငြိမ်နေ

“ ဟုတ်တယ်။ သူ မြို့တော်ထဲကို ဝင်လာနိုင်တာကလည်း ချီဟို့ နဲ့ ရန်ရွှယ် သူ့ကို ကာကွယ်ပေးထားလို့ပဲ။ နောက်ပြီးတော့ ပင်းယန် မင်းသမီးကလည်း သူ့ ဘေးနားမှာ ရှိနေသေးတယ်။ မဟုတ်ရင်။ သူ ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး မြို့တော်မှာ ပုန်းနေဖို့ ဆိုတာ ဝေးလာဝေးပေါ့။”

လူအုပ်ကြီး ခပ်မြန်မြန်ပဲ တိတ်ဆိတ်သွားကြပြန်တယ်။ ဒါပေမယ့်။ သူတို့တွေ ဖန်ကျန်းရှီကို ကြည့်တဲ့ အချိန်မှာတော့။ သူတို့ရဲ့ စိတ်ထဲ ခံစားချက်တွေ ပြည့်လျှံလာခဲ့ပြန်တယ်။ သူတို့တွေ နားမလည်နိုင်ဘူး။ လော်ချင်းက ဖန်ကျန်းရှီ ဆင်းလာလို့ ပြောလိုက်တာနဲ့ ဆင်းလာတာပဲလား။

ဒါက တိုက်ဆိုင်မှု တစ်ခုပဲလား။ လူအုပ်ကြီး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းငြိမ့်နေခဲ့တယ်။ တခြားသော ဖြစ်နိုင်ချေတွေကိုတောင် သူတို့ မတွေးတတ်တော့ဘူး။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ရဲ့ နောက်ခံ အသိုင်းအဝိုင်းက လူတိုင်း သိနေ တာပဲလေ။ သူက တောသား တစ်ယောက်ပဲ။

သူ့မှာ သူငယ်ချင်း တစ်ယောက်ပဲ ရှိတယ်။ အဲ့တာက ရန်ရွှယ်ပဲ။ ရန်ရွှယ်က အင်အားကြီးပြီး လွှမ်းမိုးမှု ရှိတဲ့ မိသားစုက။ သူ့မိသားစုကတော့ ခုနှစ်စင်ကြယ်လမ်းနဲ့ ပတ် သက် ခိုင်းမှာ မဟုတ်ဘူး ။တခြား ဘာမှ စဉ်းစား စရာမလိုရင်တောင်။ ရန်ချန်လိက ခွင့် ပြုမှာ မဟုတ်ဘူး။ ပင်းယန်လည်း မဖြစ်နိုင်ဘူး။ သူမက မင်းသမီးတစ်ပါးလေ ။ မြို့တော်မှာ ဒီလို လမ်းမျိုး ဖွင့်စရာလား။ သူမက ပိုက်ဆံမှ မလိုပဲ။

ဒါဆိုရင်။ ဖန်ကျန်းရှီက ဘယ်လိုများ အချိန်ကိုက် လုပ်လုပ်နေတာလဲ။ ဖန်ကျန်းရှီက ခုနှစ်စင်ကြယ်လမ်း သခင်ကို သိရင်တောင်မှ။ သူက တစ်သန်းကျော်ကို အဆုံး ရှုံး ခံမှာလား။ ပိုက်ဆံထက် တန်ဖိုးကြီးတဲ့ ဆက်ဆံရေးက ဘယ်လို ဆက်ဆံရေး မလို့လဲ။ နယ်မြေကြီးတစ်ခုလုံးကို အခွန်ခ ကောက်ခံရင်တောင်။ ငွေတစ်သန်းရဖို့က အတော့်ကို ခဲယဉ်းတယ်။ ဒီလို စီးပွားရေး လုပ်ငန်းတစ်ခု အတွက် ငွေတစ်သန်း ဆိုတာ ။ နည်းတဲ့ ပမာဏတော့ မဟုတ်ဘူး။

ဒါကြောင့် အခုလို ကိစ္စ မျိုးက ဖြစ်ကို မလာသင့်တာလေ။ ခုနှစ်စင်ကြယ်လမ်း သခင် ဘာတွေများ တွေးနေတာလဲ။ သူဘာများ လုပ်ချင်နေတာလဲ။

ဒီအချိန်မှာပဲ။ လူတစ်ယောက် ငိုယိုနေတဲ့ အသံ ထွက်လာခဲ့တယ်။ “ သခင်လေး ဖန်။ ကျွန်တော် ။ ဝမ်တပေါင်းက ငတုံး တစ်ကောင်ပါ။ သခင်လေး ဖန်ကို သံသယ မဝင်ခဲ့သင့်ဘူး။ နောက်တစ်ကြိမ်တော့ သခင်လေး လောင်းတာကို ကျွန်တော် လိုက်လောင်းပါမယ်။ ရှစ်ယောက် ကိုးယောက်။ ဆယ်ယောက် ပေါ်လာမယ် လောင်းရင် တောင် လိုက် လောင်းပါမယ်။ သခင်လေး ဖန် ငွေသား သုံးသိန်း နိုင်သွားတာ ဆိုတော့ ကျွန်တော့်ကို နည်းနည်းလောက် ချေးပေးပါဘား။” ဖန်ကျန်းရှီ ရဲ့ ညာဘက် ခြေထောက်ကို ဖက်ထားရင်းနဲ့ ။ ဝမ်တပေါင်း အော်ဟစ် ငိုယိုနေခဲ့တယ်။ ဒီအချိန်မှာပဲ သူ့ နောက်က အသံ တစ်သံ ကြားလိုက်ရတယ်။

“အမှိုက်ကောင်။” ဒီအချိန်မှာပဲ အင်အား ပြင်းတဲ့ လှိုင်းတစ်ခု သူ့ကို လာရိုက်ခတ်ပြီးတော့။ ဝမ်တပေါင်း လွင့်ထွက်သွားခဲ့တယ်။ လူအုပ်ထဲကို လွင့်သွားပြီး လူတစ်ယောက်ကို သွားတိုက်တော့တယ်။ ဝမ်တပေါင်း ရဲ့ အရှိန်ကြောင့် တိုက်မိတဲ့သူ မြေပြင်ပေါ်ကို လဲကျပြီး သွားတစ်ချောင်း ကျိုးသွားခဲ့တယ်။ သူ အော်ဟစ်ကျိန်ဆဲ တော့မယ့် အချိန်မှာပဲ။ အနီရောင် လူရိပ်က မတ်တပ်ရပ်တာကို မြင်လိုက်ရတယ်။

ဒါကြောင့်။ ဝမ်တပေါင်းကော။ အတိုက်ခံရတဲ့ သူပါ ချက်ခြင်း ပါးစပ်ပိတ်သွားခဲ့တယ်။ သူတို့မှာ စကားပြောဖို့ အခွင့်အရေးရှိပေမယ့်။ ပင်းယန်ရဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတော့။ အခွင့်အရေး ဆိုတာ အလကားပဲလေ။

“မဆိုးဘူး။ ဒီနေရာက အတော်ကောင်းတာပဲ။” ပင်းယန် ရယ်မောရင်းနဲ့ ဖန်ကျန်းရှီကို လှမ်းပြောတယ်။ တကယ်တော့ ငွေသား လေးသိန်းခွဲကို တစ်ချီတည်းနဲ့ နိုင်သွားရင်။ ပိုက်ဆံမလိုတဲ့ သူတောင် ပျော်နေမှပြဲ။

“ ငါ လူအားလုံးကို လက်လွှတ်နိုင်တယ်။ ဒါပေမယ့် တစ်ယောက်သော သူကိုတော့။” ဖန်ကျန်းရှီ မချိပြုံးပြုံးရင်း ပြောနေတယ်။ သူမ တွေးနေတာကို သူသိတယ်။ တစ်ခါတစ်လေ မှာ ဆုံးဖြတ်ချက်တွေက မိုက်မဲကောင်း မိုက်မဲ နိုင်တယ်။ မင်း စိတ်လွတ်ပြီး ဆုံးဖြတ်တာကို ဘယ်သူမှ နားမလည်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မလုပ်မဖြစ်လို့လုပ်ရတာပဲ။

သူ့အရင်လောကမှာ ဆိုရိုးစကား တစ်ခုရှိတယ်။ လူတစ်ယောက် ငါ့ကို သစ္စာဖောက်မှာထက်။ ငါကပဲ တစ်လောကလုံးကို သစ္စာမရှိဖို့ ရွေးချယ်မယ်။ ဖန်ကျန်းရှီ အတွက်တော့။ ဒီလောကက လူတိုင်းကို သစ္စာဖောက်နိုင်တယ်။ ဒါပေမယ့် တစ်ယောက်ကိုတော့….။ အနောက်ပိုင်း လျန် ဒေသကနေ သုံးရက် သုံးည မနားတန်း ခရီးဆက်ပြီးတော့ သူ့အသက်ကို လာကယ်ခဲ့တဲ့သူ ….။ ဒီလူ့ကိုတော့ သစ္စာ မဖောက်နိုင်ဘူး။ သူ့နာမည်ကတော့ …. ရန်ရွှယ်..။ ရန်ရွှယ် သူ့လောင်းကြေးကို ကြယ်ခုနှစ်ပွင့် ပေါ်လာမယ်လို့ လောင်းကြေး ထပ်လိုက်တဲ့ အချိန်မှာပဲ သူ လည်း ဆုံးဖြတ်ချက် လိုက်တာ။ ဒီည ဆုံးဖြတ်ချက် အတွက် သူ နောင်တမရဘူး။

အပိုင်း(၅၀၆)ပြီး၏။

အပိုင်း( ၅၀၇)

“ တစ်နှစ်ကြာပြီးနောက် ရန်ရွှယ့် အခြေအနေ”

ဖန်ကျန်းရှီ သူ့ ဆုံးဖြတ်ချက်ကို လူတွေ လှောင်ရယ်မယ်ဆိုရင်တောင်။ နောက်တစ်ကြိမ်မှာလည်း ဒီလို ဆုံးဖြတ်မှာပဲ။ ဒါပေမယ့် ငွေသားတစ်သန်းအကြောင်းကို တွေးလိုက်ရင်တော့။ နှုတ်ခမ်းက အလိုလို တွန့်ကွေးသွားပြီးတော့။ ရင်ထဲက နာကျင်လာခဲ့တယ်။ သူ့ပိုက်ဆံအိတ် တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားသလိုပဲ။ တောင်လိုမို့မောက်နေအောင် များပြားလွန်းတဲ့ ငွေတွေ…. ဒီငွေတွေ အားလုံး…..။

“ နင်ပြောတာက လောကက လူတွေ အားလုံးကို သစ္စာဖောက်နိုင်ပေမယ့်။ တစ်ယောက်သောသူကိုတော့ … ဟုတ်လား။” ပင်းယန် မျက်လုံးပြူးသွားတယ်။ ဖန်ကျန်းရှီက ဒီလို စကားမျိုးပြောလာ မယ်လို့ မထင်ထားမိဘူး။ အဲ့ဒီ့နောက် သူမ တစ်ကိုယ်လုံး တုန်ယင်သွားတဲ့အထိ လှုပ်ခါအောင် ရယ်မောနေတော့တယ်။

“ နင့်လို အရှက်မရှိတဲ့ကောင် အတွက်။ ငါက ဒီလောက်တောင် ကျေးဇူးကြီးနေမယ်လို့ မထင် ထားမိခဲ့ဘူး။”

“ ကျေးဇူးကြီးနေတယ် ဟုတ်လား။” ပင်းယန် ရယ်မောနေတာ မြင်တော့။ ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ တစ်ခုခုတော့ မှားနေပြီ။ မဖြစ်နိုင်ဘူး။ သူမ အထင်လွဲသွားတာလား။ ဘာလို့များ ဒီလောက်တောင် ယုံကြည်ချက် ပြည့်ဝနေတာလဲ။ ဖန်ကျန်းရှီ ရှင်းပြဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် လုပ်လို့ မဖြစ်ဘူးလေ။ ပင်းယန်နဲ့ ရန်ရွှယ် အတွက် ဒီလို လုပ်လိုက်တယ်လို့ ပြောလို့မှ မရပဲ။

အစတည်းက သူ့ခံစားချက်တွေ မကောင်းလှဘူး။ နောက်ပြီးတော့။ ဒီစကားတစ်ခွန်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးဝံ့စရာပဲ။ ဒီကိစ္စက သူနဲ့ ခုနှစ်စင်ကြယ်လမ်း ဆက်စပ်မှုရှိနေတာကို ဝန်ခံလိုက်သလို ဖြစ်သွားလိမ့်မယ်။ သူနဲ့ ဆက်စပ်နေတာကို မငြင်းရင်တောင်။ ဆက်စပ်မှုကို ကြီးကြီးမားမား ရှာလို့ရမှာ မဟုတ်ဘူးလေ။

အခုချိန်မှာ သူ အံ့သြနေမိတာကတော့ …. ။ ပင်းယန်က သူ့ကို ယုံကြည်ပြီးတော့ ဒီလောက် ပိုက်ဆံ အများကြီး လောင်းလိုက်တယ်တဲ့လား။ ကြည့်ရတာ ။ ပင်းယန်က လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ထက်မြက်လာတဲ့ ပုံစံပဲ။ တကယ်ပဲ ရင့်ကျက်လာတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ပင်းယန်ဆီက ငွေတွေကို ပြန်ယူဖို့တော့ နည်းလမ်း တစ်ခုခု ရှာမှ ဖြစ်မယ်။ လုပ်ကို လုပ်ရမယ်။

ဝမ်တပေါင်းကတော့ မြေကြီးပေါ်မှာ လိမ့်နေခဲ့ပြီ။ သူ စိတ်လွတ်နေခဲ့တယ်။ ဖန်ကျန်းရှီ နဲ့ ပင်းယန်ကို စိုက်ကြည့်ရင်းနဲ့။ ဖန်ကျန်းရှီ ပြောတာကိုကော။ ပင်းယန် ပြောတာကိုပါ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ သူတို့တွေက ဘာများ ကျေးဇူးတင်တာတွေ အကြောင်း ပြောနေတာလဲ။

မင်းသားကိုး လင်းယွမ်က ပုခုံးတွန့်ရင်း နဲ့ ။ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက်။ ပင်းယန်ကို စိတ်ရှုပ်ရှုပ်နဲ့ လှမ်းပြုံးပြတယ်။ ရန်ရွှယ်ကတော့ အတော့်ကို တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတာကို ကြားတဲ့ အချိန်မှာတော့။ သူ့လက်ချောင်းတွေ တဆတ်ဆတ် တုန်ယင်လာခဲ့တယ်။ သေးငယ်တဲ့ လှုပ်ရှားမှုလေး ဖြစ်နေတာကြောင့် ဘယ်သူမှ သတိမထားမိသေးဘူး။ ပင်းယန် နဲ့ ဖန်ကျန်းရှီ ဘာတွေပြော နေတာလဲ။ လူတွေ နားထောင်ရင်း နားမလည်နိုင်ကြတော့။

“ သူ ဘာတွေပြောနေတာလဲ။ အဲ့တာ ဆိုရိုးစကားလား။…” “မဟုတ်နိုင်ပါဘူး။ ဒါမျိုး ငါ တစ်ခါမှ မကြားဖူးဘူး။”

“ တစ်ခုမှ မဟုတ်ဘူး။ ငါ့အထင်တော့။ ငွေတွေ အများကြီး နိုင်သွားလို့ အပျော်လွန်ပြီး ပြောချင်တာ ပြောနေတာပဲ ဖြစ်ရမယ်။ ”

“ဖြစ်နိုင်တာပေါ့….. ။ သူ့ဘဝမှာ ဒီလောက် ငွေအများကြီး မမြင်ဖူးဘူးလို့ ငါထင်တယ်။”

လူတွေ စဉ်းစားရင်း သူတို့ ထင်ရာမြင်ရာကို ပြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီ အဓိပ္မာယ်မရှိတာတွေ ပြောနေတယ်လို့သာ သူတို့ သတ်မှတ်လိုက်ကြတော့တယ်။ ဖန်ကျန်းရှီ ကံကောင်းတာကို လည်း သူတို့ လန့်နေခဲ့တယ်။ ဘယ်လိုလူကကများ။ ဒီလောက်ထိ မှန်အောင် ခန့်မှန်း နိုင်မှာလဲ။ ဒါက မယုံကြည်နိုင်စရာပဲလေ။ လူတိုင်းက ဖန်ကျန်းရှီ၊ ပင်းယန် နဲ့ ရန်ရွှယ်ကို မနာလိုတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူတို့တွေ ဘာမှ မလုပ်နိုင်ဘူးလေ။

ကြယ် ခုနှစ်ပွင့် ပေါင်းပြီးတော့ ဖျော်ဖြေ ချိန်မှာတော့။ ခုနှစ်စင်ကြယ်လမ်း တစ်ခုလုံး ပြန်လည် သက်ဝင်လှုပ်ရှား လာခဲ့တယ်။ စင်မြင့်ပေါ်မှာတော့။ သီဆိုကခုန်နေတဲ့ မိန်းမပျိုတွေ ပေါ်လာခဲ့တယ်။ လူအုပ်ကြီးရဲ့ စိတ်ဝင်စားမှုက ဖန်ကျန်းရှီ ဆီကနေ ။ မိန်းမပျိုတွေ ဆီကို ရောက်သွားခဲ့တယ်။ တစ်ချို့သော သူတွေသာ ဖန်ကျန်းရှီကို ဆက်ပြီး စိုက်ကြည့်နေခဲ့တယ်။ အများစုကတော့ မိန်းမပျိုတွေ ဖျော်ဖြေတာကိုသာ ပြန်ကြည့်ကြတော့တယ်။ နောက်ဆုံးတော့လည်း သူတို့ ခုနှစ်စင်ကြယ်လမ်းကို လာတာ ဒီ့အတွက်ပဲလေ။

တစ်ညလုံး။ စားပွဲထိုးတွေက သောက်စရာတွေကို ဖြည့်ပေးနေခဲ့တယ်။ လူတိုင်းပျော်ရွှင်နေတဲ့ အချိန်မှာပဲ ။ ခုနှစ်စင်ကြယ်လမ်းထဲကို ။ လူထွားကြီးတွေ ဝင်လာခဲ့တယ်။ ထူထဲတဲ့ ကြိမ်ထည် ဝတ်ရုံတွေကို ဝတ်ထားပြီးတော့။ ပုခုံးပေါ်မှာ အဖိုးတန် သားရေထည်တွေကို ခြုံထားခဲ့တယ်။

“ တောင်ပိုင်းဒေသက လူတွေ ”

“ သူတို့တွေ ဒီမှာ ဘာလာလုပ်နေတာလဲ။ တောင်ပိုင်း ဧကရီ ရောက်လာတာများလား။ ”

“ မဟုတ်နိုင် လောက်ဘူး။ ဧကရာဇ်ကတော့ ။ တောင်ပိုင်းဒေသ ဧကရီကို သူ ကန်တော့ပွဲ ကျင်းပတဲ့ အချိန်မှာ တော့ လာခိုင်း လောက်မှာ မဟုတ်ဘူး။ ဒါက သတင်းပို့သူတွေပဲ ဖြစ်ရမယ်။”

“အင်း။ သခင်လေးလီ ပြောတာ အဓိပ္မာယ်ရှိတယ်။”

လူအုပ်ကြီးက အခုရောက်လာတဲ့သူတွေ ဘယ်သူဆိုတာ ခန့်မှန်း နေကြတယ်။ နောက်ဆုံးတော့လည်း။ တောင်ပိုင်း ဧကရီ မြို့တော်ကို ရောက်လာတဲ့ သတင်းက တောမီးလိုပဲ ပျံ့နေတာလေ။ အခုချိန်မှာ သူမက မြို့တော်နဲ့ အနီးတဝိုက်မှာ ရှိနေမှာပဲလေ။ လူအုပ်ကြီးက ဒီသတင်းပို့သူတွေကို အာရုံမစိုက်တော့ဘူး။

ကြီးမြတ်သော ရှမင်းဆက်ရဲ့ ယဉ်ကျေးမှုတွေကို လေ့လာဖို့ အတွက် ။ သူတို့တွေ ခုနှစ်စင်ကြယ်လမ်းကို ရောက်လာတာလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် ။ ဒီ လူတွေသာ တကယ်ပဲ တောင်ပိုင်းဒေသက သတင်းပို့သူ တွေ ဖြစ်ခဲ့ရင်တော့။ ဖန်ကျန်းရှီ ပြဿနာတက်ပြီပဲ။ သူတို့တွေ တွေးနေကြတဲ့ အချိန်မှာပဲ။ သတင်းပို့သူတွေက အခန်းတစ်ခုလုံးကို ဝေ့၀ဲကြည့်နေကြတယ်။ နောက်ဆုံး ဖန်ကျန်းရှီကို မြင်တော့ သူတို့ ရပ်တန့်လိုက်ကြတယ်။

“ဖန်ကျန်းရှီ လား။”

“ သူ ဒီကို ရောက်နေတာလား။”

တောင်ပိုင်းသားတွေ သူတို့ကိုယ် သူတို့တောင် မယုံနိုင်ဘူး။ သတင်းပို့သူတွေရဲ့ အမူအယာ ပြောင်းလဲ သွားတာကို လူအုပ်ကြီးလည်း သတိထားမိသွားတယ်။ သူတို့တွေ ဘာလို့ လန့်နေကြမှန်း နားလည်နိုင်ပါတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီ ဆိုတာ ဝရမ်းပြေးတွေ။ အိမ်ရှေ့စံကို သတ်တယ်။ ဧကရီကို စော်ကားမော်ကားလုပ်တယ်။ အခုချိန်မှာတော့…. အဲ့ဒီ့လူက လူကြားသူကြားထဲ ပေါ်လာတယ်။ ခုနှစ်စင်ကြယ် လမ်းထဲမှာ ပျော်ပါးနေတယ်။ လွန်ခဲ့တဲ့ ရက်တွေ တုန်းကတော့။ တောင်ပိုင်းဒေသ သတင်း ပို့သူတွေ တင် မကဘူး။ လူတိုင်းလည်း အံ့သြခဲ့ကြတာ။

“ “မင်း တို့တွေ လူ မှားနေကြပြီ။ သူက ဖန်ကျန်းရှီ မဟုတ်ဘူး။ သူက ဖန်ကျန်းကျန်း။ ချီဟို့ ကိုယ်တိုင် အတည်ပြု ထားတာ ။ နောက်ပြီးတော့ ….” ဝမ်တပေါင်း ပြဿနာကို ကြိုမြင်နေတဲ့ အတွက်။ အခု အခြေအနေကို ရှင်းပြဖို့ ပြင် ဆင်တော့တယ်။

“ အမှိုက်ကောင်။ ငါတို့ကို မျက်မမြင်တွေလို့ ထင်နေတာလား။ ဖန်ကျန်းရှီ။ မင်း ပြာဖြစ် သွားရင်တောင်။ ငါတို့ မှတ်မိတယ်။ မင်း ဒီနေ့ သွေးကြွေး ဆပ်ရမယ်။” သတင်းပို့သူတွေက ဝမ်တပေါင်း ရဲ့ စကားကို ဖြတ်ပြောတော့တယ်။ တခြားသူတွေ အားလုံးလည်း သူတို့ရဲ့ လက်နက်တွေကို အသင့် ပြင်လိုက်ကြတယ်။ ဘယ်သူမှ ဝမ်တပေါင်းကို မယုံနိုင်။

“ တစ်ခုခုတော့ ဖြစ်လာတော့မယ်။”

“ ဧကရီ ရောက်လာတော့မယ်။ အကယ်၍ သူမရဲ့ ရှေ့ပြေး စစ်သည်တွေသာ ထိခိုက်သွားရင်။ ကိစ္စအကြီးကြီး တော့ ဖြစ်လာတော့မှာပဲ။”

“ ဒီကောင်က အရမ်းကို မောက်မာလွန်းတယ်။ ဧကရီ လာမှာကို သိတာတောင်။ ဒီအချိန်မှာ မြို့တော်ထဲ နေရဲ သေးတယ်။ တောင်ပိုင်းသားတွေက သူ့ကို ဘယ်သူ အတည်ပြုပေးလဲ ဂရုစိုက်မှာ မဟုတ်ဘူး။ ” လူအုပ်ကြီးက စိတ်ပျက် လက်ပျက်နဲ့ သက်ပြင်းချနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ ကူညီဖို့ ထွက်မလာခဲ့ဘူး။ သူတို့တွေက ဒီအတိုင်း ဘေးမှာပဲ လက်ပိုက်ကြည့်နေခဲ့တယ်။ နောက်ပြီးတော့ အခုကိစ္စက တောင်ပိုင်းဒေသ နဲ့ပဲ ဆိုင်တာလေ။ ဘယ်သူကမှ သူတို့နဲ့ မပတ်သက်ချင်ဘူး။

“ ဒါက မြို့တော်။ မြို့တော်မှာ ဥပဒေရှိတယ်။ မင်း တို့ သူကို ဒီနေရာမှာ သတ်ချင်တာလား။ မင်းတို့ရဲ့ ဧကရီက မင်းတို့ကို အပြစ်တင်မှာ မကြောက်ဘူးလား။” ဝမ်တပေါင်း သူတို့ လမ်းမှာ ပိတ်ရပ်တော့တယ်။ သူတို့တွေက ရှေ့ပြေး သတင်းပို့သူတွေပဲ။ ဘာများ ကြောက်စရာ ရှိလို့လဲ။”

“ အခုက ဘာလဲ။ နင့် အတွက် သူတို့ကို ငါ သတ်ပေးရမှာလား။” ဒေါသထွက်နေတဲ့ ရှေ့ပြေး သတင်းပို့သူ တွေကို ကြည့်ရင်း။ ဖန်ကျန်းရှီကို ပင်းယန် လှမ်းမေးတယ်။

“ သေချာတာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ပင်းယန်က သူ့ ဆီကနေ ငွေသား ငါးသိန်းတောင် ယူထားတာပဲ။ အခုလို ကိစ္စမျိုး လုပ်ခိုင်းတာက ဘာမှ အပန်းမကြီးလောက်ပါဘူး။

“ဟ ဟား…. ငါရှိနေ သရွေ့ ။ နင် စိတ်ပူစရာ မလိုဘူး။ ဝမ်တပေါင်း ဘေးဖယ်နေလိုက်။” ပင်းယန် ရယ်မောရင်း ပြောတယ်။ သူမ လက်ကို ဝေ့ယမ်းလိုက် ချိန်မှာ ။ ရဲရဲတောက် ချီလင်လှံက သူမ လက်ထဲမှာ ပေါ်လာခဲ့တယ်။ သူမရဲ့ အနီရောင် ဝတ်ရုံက လေထဲမှာ ဝေ့၀ဲနေခဲ့တယ်။

သူမ ထရပ် လိုက်တဲ့ အချိန်မှာ။ ခြိမ်းခြောက်မှု ပြင်းထန်တဲ့ အငွေ့ အသက်တွေ ပျံ့လွင့်လာ ခဲ့တယ်။ သူမရဲ့ အသွင်သဏ္ဍာန်က အရမ်းကို အင်အားကြီးလွန်းနေတယ်။

“ အမိန့်တော် အတိုင်းပါ။ အရှင် မင်းသမီး။” ဝမ်တပေါင်း အော်ဟစ်ရင်းနဲ့ နောက်ဆုတ်သွားတော့တယ်။

“ ညီမလေး။ သူတို့တွေက တောင်ပိုင်းဒေသ ရဲ့ သံအမတ်တွေ နော်။ ငါတို့….” မင်းသားကိုး လင်းယွမ် အမူအယာ ပြောင်းသွားတယ်။ ပင်းယန်ကို သူ တားဖို့ ကြိုးစားပေမယ့်။ အရမ်းကို နောက်ကျ လွန်း သွားပြီ။ ဘာကြောင့်လဲ ဆိုတော့။ ပင်းယန်က ချီလင်လှံကို သုံးလိုက်ပြီလေ။ တစ်ချက်လေးတောင် မတွေဝေဘူး။ မီးတောက်တွေက ။ လေထဲမှာ ဆူနာမီ လှိုင်းတွေလို ပျံ့နှံ့သွားတယ်။ လမ်းတစ်လျှောက်လုံးက အရာဝတ္ထုတွေကို ဆူပွက်သွားစေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကထက် အင်အား ပြင်းထန်လာတာကတော့ သိသိသာသာကြီးပဲ။

တောင်ပိုင်းဒေသ သံအမတ်တွေ ကြောက်လန့်သွားခဲ့ကြတယ်။ သူတို့တွေ မတိုက်ခိုက်ရသေးခင်မှာ စတင် တိုက်ခိုက်လာမယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါပေမယ့် သူတို့ ခပ်မြန်မြန်ပဲ တုံ့ပြန်လိုက်ကြတယ်။ အပြာရောင် အလင်းတန်းက မီး နံရံကြီးကို ဖြတ်သွားတယ်။ အတော့်ကို အေးစက်ပြီး တောက်ပလွန်းလို့။ မီးနံရံကြီးတောင် နှစ်ခြမ်း ကွဲသွားခဲ့တယ်။ ကြည့်နေတဲ့သူတွေကတော့ ပါးစပ် အဟောင်းသား။

သံအမတ် တစ်ယောက်က ပင်းယန်ရဲ့ တိုက်ခိုက်မှုကို တကယ်ပဲ ပိတ်ဆို့ နိုင် လိုက်တယ်လား။ ပင်းယန်က အားနည်းတဲ့သူ မဟုတ်ဘူးလေ။ ပင်းယန်လည်း လန့်သွားခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး သူမ ကြိုးစား လေ့ကျင့်ပြီး တော့ ။ အများကြီး တိုးတက်လာခဲ့တာလေ။ အခုချိန်မှာ ကောင်းကောင်း အစွမ်းပြလို့ ရမယ်လို့ ထင် ထားခဲ့တာ။ ။ အခုတော့။ သံအမတ် တစ်ယောက်က သူမရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တယ်တဲ့။

“ ဘာတွေ ဖြစ်နေတာလဲ။ သံအမတ် တစ်ယောက်က ဘယ်လိုများ ငါ့လောက်တောင် အစွမ်းရှိနေရ တာလဲ။ အံ့သြစရာကြီး။”ပင်းယန် နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ပြင်လိုက်တယ်။ ဒီ အချိန်မှာ နောက်ထပ် အသံ ထွက်ာခဲ့တယ်။

“ အခုက ယန်မြို့တော်။ အကုန်လုံးကို လျစ်လျူရှုထားလိုက်။ ဖန်ကျန်းရှီကို ခေါ်လာခဲ့” လူနှစ်ယောက် ပင်းယန်ကို ကျော်ဖြတ်သွားပြီးတော့။ ဖန်ကျန်းရှီ ဆီ ရောက်သွားခဲ့တယ်။ စက္ကန့်ပိုင်း အတွင်းမှာကို။ ဖန်ကျန်းရှီ ရဲ့ ရှေ့ ရောက်သွား ခဲ့တာ။

“မိုးနတ်မင်းရေ။ ” “ သူတို့ရဲ့ သံအမတ်တွေက ဘာလို့များ ဒီလောက်တောင် အင်အားကြီးနေတာလဲ။”

“ သူတို့တွေက တကယ်ပဲ သံအမတ်တွေ ဟုတ်ကော ဟုတ်လို့လား။” လူအုပ်ကြီးက ပင်းယန် ကို ပတ်သွားတဲ့ သံအမတ် နှစ်ယောက်ကို ကြည့်နေခဲ့တယ်။ ဒီ သံအမတ်တွေက သူတို့ တွေးထင်ထားတာ ထက်တောင် အင်အားကြီးနေသေးတယ်။ ဒါပေမယ့် သုံးယောက်လုံး ဒီလို အင်အားကြီးနေတာကတော့ အံ့သြစရာပဲ။ ဒါက သူတို့ရဲ့ အတွေး သက်သက်ပဲလေ။ ဘယ်သူမှ ကူညီဖို့ ထွက်မလာကြဘူး။ အကြောင်းရင်းကတော့။ စွမ်းအားချင်း မယှဉ်နိုင်မှန်း သူတို့ သိနေ လို့ပဲ။ ဒီလူတွေ အကုန်လုံးက အနည်းဆုံးတော့။ သဘာဝလွန် အဆင့်မှာ ရှိနေလောက်ပြီလေ။ ဖန်ကျန်းရှီ ကတော့ သူ့ ဆီ ကို တိုးဝင်လာတဲ့ လူနှစ်ယောက်ကို ကြည့်နေခဲ့တယ်။

တောင်ပိုင်းဒေသရဲ့ ရှေ့ပြေး သံအမတ်တွေလား။ သင့်တော်တဲ့ ရွေးချယ်မှုပဲ။ နောက်ပြီးတော့။ သူတို့တွေ ကိုယ်ပိုင်လေ့လာမှုတွေ လုပ်ပြီးတော့ ။ သင့်တော်တဲ့ အချိန်မှာ ရောက်လာကြတာပဲ။ ဒါပေမယ့် သူတို့ရဲ့ အစွမ်းတွေကိုတော့ ဖုံးကွယ် မထားနိုင်ဘူး။ ဖန်ကျန်းရှီ စားပွဲပေါ်မှာ လက်ချောင်းတွေကို တတောက်တောက် ခေါက်နေခဲ့တယ်။ သူ မလှုပ်ရှားဘူး။ ဒါပေမယ့် သူ့ နောက်က လူကတော့ လှုပ်ရှားနေပြီ။

အနီရောင် အလင်းတန်းက မြေပြင်ပေါ်မှာ ပေါ်လာခဲ့တယ် ။ သွေးရောင်တောက်နေတဲ့ အလင်းတန်းက အေးစက်တဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေတယ်။ လေပွေ ဝေ့၀ဲ ပြီး လည်ပတ်နေတဲ့ အသံက လေထဲမှာ ပေါ်လာခဲ့တယ်။ ခုနှစ်စင်ကြယ်လမ်းထဲက ဂီတသံတွေ တိတ်ဆိတ်သွားခဲ့ပြီ။

ဖန်ကျန်းရှီဆီကို ပြေးဝင်လာတဲ့ လူနှစ်ယောက် ရပ်တန့်သွားခဲ့တယ်။ သူတို့တွေ ရဲ့ ရှေ့မှာ နံရံကြီး တစ်ခု ကာဆီး သွားသလိုပဲ ။ တစ်လက်မ လေးတောင် မရွေ့ နိုင်ကြတော့ဘူး။ ငုံ့ကြည့်လိုက်တဲ့ အချိန်မှာ။ သူတို့ရဲ့ ခြေထောက် အောက်မှာ အနီရောင် ရေဝဲတွေ ရောက်နေတာကို တွေ့ လိုက်ရတယ်။ ငရဲကနေ ထွက်လာတဲ့ ဒီရေဝဲ တွေကို တစ်ယောက်ယောက်က ယူလာပြီးတော့ သူတို့ ခြေထောက် အောက်မှာ လာချထားလိုက် သလိုပဲ။

“ ငါ နားလည်ပြီ။ ” သံအမတ် နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြောလိုက်တယ်။ အဲ့ဒီ့နောက် သူတို့တွေ ရန်ရွှယ်ကို လှမ်းကြည့်ကြတယ်။

“ အဇူရာ တာအို။” ”ရန်ရွှယ့်ရဲ့ စွမ်းရည်တွေက တစ်နှစ် အတွင်း အတော်လေး တိုးတက်လာတာပဲ။ သူ့ ပုံစံ ကြည့်ရတာ နာကျင်နေတဲ့ ပုံ လုံး၀ မပေါ်ဘူး။”

“ အင်အားကြီးလိုက်တာ။ ရန်ရွှယ်က သဘာဝလွန် အဆင့်မှာ တော့ ရှိနေ လောက်ပြီ။” “ ဖြစ်နိုင် လောက်တယ်၊”

လူအုပ်ကြီးက နောက်တစ်လှမ်း အလို လို ဆုတ်သွားကြတယ်။ တစ်ယောက်ချင်း ဆီတိုင်းက ကြောက်ရွံ့ ဟန် အပြည့်။ ရန်ရွှယ် လွန်ခဲ့တဲ့ တစ်နှစ် အနောက်ပိုင်း လျန်ဒေသကို ပြန်သွားပြီးတည်းက ။ မြို့တော်ကို တစ်ခါမှ ပြန်မလာခဲ့ဘူး။ အခုတော့။ သူက ကြောက်စရာ ကောင်းလိုက်အောင် အင်အားကြီးနေပြီ။ ထုံးစံ အတိုင်းပဲ။ လူတိုင်း မျက်လုံး ပြူးနေကြတာပေါ့။ တစ်နှစ် ဆိုတဲ့ အချိန်တိုလေး အတွင်းမှာ။ ဒီလောက်တောင် တိုးတက်လာတာက မယုံနိုင်စရာပဲ။

သူတို့တွေ တွေးနေတဲ့ အချိန်မှာပဲ။ အနီရောင် အလင်းတန်းက ပျောက်ကွယ်သွားပြီးတော့။ သံအမတ် နှစ်ယောက်ကို စုပ်ယူနေတဲ့ ရေဝဲ တွေလည်း ပျောက်ကွယ်သွားတယ်။ ရန်ရွှယ့် အမူအယာလည်း ပြောင်းလဲ သွားတယ်။ သူ့မျက်နှာက ရုတ်တရက် ဆိုသလို သွေးဆုတ် ဖြူရော်သွားတော့တယ်။

အပိုင်း(၅၀၇) ပြီး၏။

အပိုင်း(၅၀၈)

“ အေးခဲလိုက်ပြီ။”

ဒါက ကြောက်ရွံ့မှု ပဲ။ ရန်ရွှယ့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့တယ် ။ သူ့ ခန္ဒာကို တစ်ခုလုံး တုန်ယင်လာြင်္ပီး တော့ အနီရောင်မြူခိုးတွေက လွှမ်းခြုံသွားခဲ့တယ်။ သူ့ပုံစံကြည့်ရတာ မကြာခင် လဲကျတော့မယ့် အတိုင်းပဲ။

“မင်း ….” ရန်ရွှယ် အံကြိတ်ရင်း လှမ်းအော်တယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

ရန်ရွှယ့်ရဲ့ ပြောင်းလဲ သွားတဲ့ အမူအယာကို လူတွေ နားမလည်နိုင်။ ဒါပေမယ့် သိပ်မကြာခင် သူတို့ နားလည် သွားကြပါတယ်။ အဲ့ဒီ့နောက် သူတို့လည်း အမူအယာ ပြောင်းသွားကြတယ်။ သူတို့ရဲ့ ခြေထောက်တွေက စပြီးတော့ အေးစက်လာတယ်။ တစ်ကိုယ်လုံး ကို ရေခဲကန်ထဲမှာ အေးခဲ ခံရသလိုမျိုး အရမ်းကို အေးစက်လွန်းတယ်။ ဒီ အအေးဓာတ်ကြောင့် သူတို့တွေ မ လှုပ်ရှား နိုင်တော့ဘူး။ အသွေးအသားတွေတောင် အေးခဲ သွားသလို ခံစားရတယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

ဒီအခြေအနေ အလှည့်အပြောင်းက သူတို့ကို အံ့အားသင့်စေတယ်။ တောင်ပိုင်းဒေသ သံအမတ်တွေကို ကြည့်ရင်း သူတို့ရဲ့ မျက်လုံးတွေ တောင် ပြုတ်ကျ မတတ် ပြူးထွက်လာခဲ့တယ်။ ရန်ရွှယ့်ရဲ့ အင်အားတွေ ဘာကြောင့် ရုတ်တရက် ပျောက်ဆုံးသွားမှန်း သူတို့ နားလည်သွားပြီလေ။ ရန်ရွှယ့် လိုပဲ။ သူတို့လည်း တစ်ကိုယ်လုံးက အင်အားတွေ ကုန်ဆုံးသွားသလို ခံစားနေရတာကြောင့်ပဲ။

“ငါတို့တွေ အဆိပ်မိကုန်ကြတာလား။”

“ သူတို့တွေ ဘယ်လိုများ ငါ့ကို အဆိပ်ခတ် ဝံ့တာလဲ။”

“သူတို့တွေ ဘယ် အချိန်တုန်းက….. အဆိပ် ခတ်လိုက်တာလဲ။”

ဘယ်သူမှ သူတို့ ဘယ်လို အဆိပ်မိသွားလဲ မတွေးတတ်ကြဘူး။ ဒါပေမယ့် သူတို့ အဆိပ်မိနေတာကတော့ အမှန်ပဲလေ။ ပင်းယန်ရဲ့ အမူအယာလည်း ပြောင်းလဲသွားခဲ့တယ်။ သူမ နှုတ်ခမ်းတွေကို ကိုက်ထားရင်း ဒေါသအပြည့် မျက်ဝန်းတွေ နဲ့ ကြည့်နေခဲ့တယ်။

“ ယန် မြို့တော်မှာ ငါ့ကို ဘယ်လိုများ အဆိပ်ခပ်ဝံ့တာလဲ။”

“ အရှင်မင်းသမီး တစ်ခုခု အထင်လွဲတာ ဖြစ် ပါ လိ မ့်မယ်။ ကျွန်တော်တို့ အရှင် မင်းသမီးကို အဆိပ် မခတ်ဝံ့ပါဘူး။” သံ အမတ်တစ်ယောက် ပြုံးပြရင်း နဲ့ ပင်းယန်ကို ပြန်ဖြေနေခဲ့တယ်။

“ ငါက နင်တို့ ပြောတာကို ယုံမယ်များ မှတ်နေတာလား” ပင်းယန်က သူတို့ စကားတစ်ခွန်းကိုမှ မယုံဘူး။

“ ဒါကတော့ အရှင် မင်းသမီး ပေါ်ပဲ မူတည်တာပေါ့။ ကျွန်တော်တို့ကတော့ ရှင်းပြပြီးပြီလေ။ ” တောင်ပိုင်းဒေသ သံအမတ်မင်းတွေ ပြုံးပြရင်း ခေါင်းခါနေခဲ့တယ်။

“ ဖန်ကျန်းရှီ။ ဒီည မင်း ဖန်ဆင်းရှင် နဲ့ တွေ့ဖို့သာ ပြင်တော့။”

“ ဟုတ်လား။ မင်း ဒီစကား မျိုး ခုန တုန်းကလည်း တစ်ယောက် ပြောပြီးပြီလေ။” ဖန်ကျန်းရှီ ဆူပူ ပြောရင်းရဲ့ ထလာတော့တယ်။

လူတိုင်းက ။ ဖန်ကျန်းရှီရဲ့ ကျင့်ကြံဆင့် တကယ်ပဲ ပျက်သုန်းသွားပြီ လားဆိုတာ လူတိုင်း အတည်ပြုချင်နေကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ် ကိစ္စမှာ တုန်းက ဖန်ကျန်းရှီ ရဲ့ ကျင့်ကြံဆင့်သာ ပျက်စီး မသွားခဲ့ဘူး ဆိုရင်။ အခုချိန်မှာ သူ့ အင်အားက မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားနေတော့မှာပဲ။

“ အား…. ငါ့ကို ကယ်ကြပါအုန်း။” ဖန်ကျန်းရှီ ရဲ့ ကြောက်လန့်တကြား အော်သံက ချက်ခြင်း ထွက်ပေါ်လာတယ်။

တောင်ပိုင်းဒေသ သံအမတ်တွေကတော့ ။ ဖန်ကျန်းရှီ အော်ဟစ်နေတာကို ကြည့်ရင်း အံ့အားသင့်နေကြတယ်။ အဆိပ်မိနေတဲ့ တခြားသူတွေကတော့ ဖန်ကျန်းရှီ အော်သံကြားတော့ လဲကျတော့ မတတ်ပဲ။

“ ဒီကောင် အခုထိ မပြောင်းလဲ သေးဘူးပဲ။”

“ သူ တကယ်ပဲ ကြောက်လန့် နေရင်တောင်။ နည်းနည်းပါးပါး သိက္ခာ ထိန်းသင့်တယ်လေ။”

“ ဒီလောက် မောက်မာနေပြီးတော့ ။ အခုချိန်ကျမှ ကြောက်လန့်တကြား အကူအညီတောင်းနေ တယ်တဲ့လား။ ”

ဖန်ကျန်းရှီ အော်တာကို ကြားတော့ လူတိုင်း ပြောစရာ စကားမရှိ ဖြစ်ကုန်ကြတယ်။ အပြောင်းအလဲက မြန်ဆန်လွန်းတယ်လေ။

“ တောင်ပိုင်းဒေသ သံ အမတ်မင်းတွေက ငါတို့ကို အဆိပ်ခတ်လိုက်တာပဲ။ သူတို့တွေက ငါတို့ကို သတ်ဖို့ စီစဉ်နေတာပဲ။”

“ အစောင့်တွေ။”

“ ကူညီကြပါ။”

“……”

“….”

“မင်းတို့တွေ ဘာလို့ မသွားကြတာသေးတာလဲ။ ဒါက မြို့တော် ဆိုတာ မမေ့လိုက်နဲ့။ တစ်မြို့လုံး ကင်းလှည့်နေတဲ့ အစောင့်တွေ အပြည့်ပဲ။” ဖန်ကျန်းရှီ တခြားသူတွေရဲ့ စိတ်ပျက်လက်ပျက် အကြည့်တွေကို လျစ်လျူရှုထားခဲ့တယ်။ ဆက်တိုက် အော်ဟစ်ပြီး အကူအညီ တောင်းနေခဲ့တယ်။

“ မြို့တော် ဟုတ်လား…. အဲ့ဒီ့တော့ ဘာဖြစ် လဲ။” တောင်ပိုင်းဒေသ သံအမတ်မင်းက ရယ်မောနေခဲ့တယ်။

“ မင်း အခု ကြောက်နေပြီမလား။ ” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ ကြောက်ရမယ် ဟုတ်လား။ ဟ ဟား…. ငါတို့ တွေ အရမ်း ကြောက်နေပြီ။” တောင်ပိုင်းဒေသ သံအမတ် မင်း ရယ်မောတယ်။ သူ့နောက်က လူတွေကို လှည့်ကြည့်တယ်။

“ တံခါးတွေကို ပိတ်လိုက် ကြ။”

“ အမိန့် အတိုင်းပါ။” တခြား အမတ်မင်း နှစ်ယောက်။ ရယ်မောရင်းနဲ့ ခုနှစ်စင်ကြယ် လမ်းထဲက တံခါးတွေကို လိုက်ပိတ်တော့တယ်။

“ မြင်းတို့တွေ ဘာ လုပ်နေတာလဲ။ ဒါက ခုနှစ်စင်ကြယ်လမ်းလေ။ မင်း တို့တွေ ဒီမှာ လူသတ်လို့ မရဘူး။” စားပွဲထိုး တစ်ယောက် တောင်ပိုင်းသားတွေကို လာတားတယ်။

“ အမှိုက်ကောင်“ စားပွဲထိုး ကန်ထုတ်ခံရတာကြောင့် လွှင့်ထွက်သွားတော့တယ်။ ဒီမြင်ကွင်းကို မြင်လိုက်တဲ့ စားပွဲထိုးတွေ အကုန်လုံး အော်ဟစ်ပြီးတော့ ခန်းမကြီး အလယ်ကို ပြေးကြတော့တယ်။ ဒါက လူအုပ်ကြီးကို အခြေအနေ ပိုဆိုး သွားစေတယ်။ တောင်ပိုင်းသား အမတ်မင်းတွေ ရဲ့ အပြုအမူက တစ်ခုခု လွဲနေတာကို သူတို့ သိကြတယ်။

နောက်ဆုံးတော့လည်း ။ ဖန်ကျန်းရှီ ရဲ့ အပြုအမူတွေက အခုချိန်မှာ သူရဲဘောကြောင်ရာ ရောက်ပေမယ့်။ ဖြစ်သင့်တဲ့ တုံ့ပြန်မှု မျိုးပဲလေ။ အခု သူတို့ ရောက်နေတဲ့ နေရာက မြို့တော်မှာ ကျော်ကြားတဲ့ ဖျော်ဖြေပွဲနေရာကြီး။ ဒီနေရာမှာ ဥပဒေက မသက်ရောက်ဘူး။ ရန်ပွဲတွေ။ မိန်းမပျိုတွေ၊ ပိုက်ဆံတွေနဲ့ပဲ ပြည့်နေတာ။

ဖန်ကျန်းရှီ ဒီလောက် အချိန်အကြာကြီး အော်ဟစ်နေတာတောင်။ အကူအညီ တစ်ယောက်မှ ရောက်မလာက သက်သေပဲ။ အမတ်မင်းတွေက ကြယ်ခုနှစ်လုံး လမ်းကိုတောင် ပိတ်ဆို့ဖို့ အမိန့်ပေးလိုက်တယ်။ ဒါမျိုးက မြို့တော်မှာ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူးလေ။ အကယ်၍ အမတ်မင်းတွေ ဖန်ကျန်းရှီကို သူတို့ မျက်စိ ရှေ့မှာ သတ်မယ် ဆိုရင်တောင် ထူးဆန်းတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခုလို ဖန်ကျန်းရှီ အော်ဟစ်ပြီၤးခါမှ။ တံခါးတွေကို အလုံပိတ်ပြီးတော့ သတ်ဖို့ ကြိုးစားနေတာကတော့ တစ်ခုခု လွဲနေပြီ။ ဖန်ကျန်းရှီ ပြောတာ မှန်တယ်။ အခု သူတို့ရောက်နေတာ မြို့တော်လေ။ ဘာကြောင့် ဒီလောက်တောင် သတ္တိကောင်းနေကြတာလဲ။”

“ ငါ ဒီလောက် အော်နေတာတောင်။ အကူအညီ ရောက်မလာ ပုံထောက်ရင်။ ကြည့်ရတာ…. မျှော်လင့်ချက် မရှိတော့ဘူးပဲ။ ” ဖန်ကျန်းရှီ ခေါင်းခါရင်းနဲ့ သက်ပြင်းချနေ တော့တယ်။

“ မင်း အခု လက်လျှော့ လိုက်ပြီလား။ ဒီနေ့ မင်း။ သေကို သေရမယ်။” အမတ်မင်း အေးစက်စက် ပြန်ဖြေတယ်။

“ မဖြစ်နိုင်တာပဲ။ မြို့တော် ရဲ့ လုံခြုံရေးက ဒီလောက်တောင် တင်းကြပ်တ။ ဘာကြောင့် များ ငါ့ကို ကယ်ဖို့ တစ်ယောက်လေးတောင် ရောက်မလာတာလဲ။” ဖန်ကျန်းရှီ ခါးသက်သက် ရေရွတ်နေတယ်။

“ ဟ ဟား …. ဒါပေါ့။ မြို့တော်က လုံခြုံရေး ကောင်းတယ်။ ဒါပေမယ့် မင်း ရောက်နေတာက ခုနှစ်စင်ကြယ်လမ်း လေ။” တောင်ပိုင်းသား အမတ်မင်း လှောင်ပြုံးပြုံးလိုက်တယ်။

“ အိုး… ဒါဆိုရင်။ မင်း အခု ခုနှစ်စင်ကြယ်လမ်းကို ရောက်နေမှန်းတော့ သိတယ်ပေါ့။” ဖန်ကျန်းရှီ ရဲ့ မျက်နှာက ကြောက်လန့်နေတဲ့ အမူအယာတွေ လုံး၀ ပျောက်ကွယ်သွားပြီ။ အဲ့ဒီ့အစား လှောင်ပြုံး တစ်ခု ပေါ်လာခဲ့တယ်။ ပြောရမယ်ဆိုရင်။ သူက အရမ်းကို ယုံကြည်ချက်ရှိတဲ့ ပုံစံမျိုး ဖြစ်နေတာ။

ယုံကြည်ချက် အပြည့်။ သူ့မှာ ဘာ ယုံကြည်ချက်ရှိစရာ ရှိလို့လဲ။ တံခါးတွေလည်း ပိတ်သွားပြီ။ အပြင်မှာလည်း အစောင့်တွေ မရှိဘူး။ ရန်ရွှယ်ကလည်း မလှုပ်ရှားနိုင်။ သူက ကြောက်လန့်နေရမှာ မဟုတ်ဘူးလား။ သူ ဟန်ဆောင်နေရတာပဲ ဖြစ်ရမယ်။ သူ ယုံကြည်ချက်ရှိတယ် ဆိုတာ မဖြစ်နိုင်တာပဲ။

အမတ်မင်းတွေးနေတဲ့ အချိန်မှာပဲ။ ကျောရိုးထဲက စိမ့်ချမ်းလာခဲ့တယ်။ ကြောက်စရာကောင်းလောက်အောင် အေးစက်နေတဲ့ အငွေ့အသက်တွေ။ ဒါက အေးခဲနေတဲ့ လှံတံနဲ့ ချိန်ရွှယ် ခံထားရသလိုပဲ။

“အိုး မဖြစ်ဘူး။ ” အမတ်မင်း သူ့ မျက်လုံးသူ မယုံနိုင်။ သူ ခုန်ရှောင်ချင်ပေမယ့်။ သူ့ ခြေထောက်တွေ လှုပ်မရတော့။ ငုံ့ကြည့်လိုက်တဲ့ အချိန်။ သူ့ ခြေထောက်အောက်မှာ လှည့်ပတ်နေတဲ့ အနီရောင် ရေဝဲ တစ်ခုကို မြင်လိုက်ရတယ်။

“ အဇူရာတာအို။”

ဒီ ရေဝဲနီတွေက ဘာကို ကိုယ်စားပြုမှန်း သူ ကောင်းကောင်းသိတယ်။ ဒါပေမယ့် ဘယ်လိုများ ဖြစ်လာတာလဲ သူ မသေချာဘူး။ ရန်ရွှယ်က အဆိပ်မိနေတာ မဟုတ်ဘူးလား။ အကယ်၍ မဟုတ်ခဲ့ရင်……. သူ့ရဲ့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ အခု ဖြစ်နေတာကို သူ အဖြေရှာချင်ပေမယ့်။ အချိန်တောင် မဟုတ်ခဲ့ဘူး။ အနီရောင် အလင်းတန်းက သူ့ဆီကို တိုးဝင်လာတယ်။ မြန်လွန်းလို့ တုံ့ပြန်ချိန်တောင် မရှိတော့တဲ့ အထိပဲ။

“ - ျီးပဲ” သူ့ရဲ့ ဓား လွတ်ကျသွားတယ်။ သူ့ လက်တစ်ဖက်လည်း ဓားနဲ့ အတူ ပြုတ်ကျသွားတယ်။ ဒါက မပြီးဆုံးသေးဘူး။ သူ့ ရင်ဘတ်ကနေလည်း ဓားတစ်ချောင်း ဖောက်ထွက်သွားတယ်။ ကျောကို ဖောက်သွားတဲ့ ဓားကနေ သွေးတွေ တလဟော စီးကျလာတော့တယ်။

“ဘာ ဘာတွေ ဖြစ်နေတာလဲ။ ” တောင်ပိုင်းသား အမတ်မင်း သူ့မျက်လုံးသူ မယုံနိုင်။ ဒါမျိုး ဖြစ်လာမယ်လို့ သူ မထင်မှတ်ထားခဲ့ဘူး။ သူက ကိစ္စ အားလုံးကို ထိန်းချုပ်ထားခဲ့တာလေ။ အခြေအနေတွေက ဘယ်လိုများ ပြောင်းလဲ သွားတာလဲ။ သူ့ကို ဘယ်သူ ဓားနဲ့ ထိုးတာလဲ။ သူ့ လူ နှစ်ယောက်ကော သေသွားပြီလား။

တောင်ပိုင်းဒေသ အမတ်မင်း သူ့ နောက်ကို လှည့်ကြည့်တယ်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ့နောက်မှာ အမျိုးသမီးတစ်ယောက်။ ပုံမှန် အမျိုးသမီး တစ်ယောက်ပဲ။ နောက်ပြီးတော့ ဒီ အမျိုးသမီးကို သူ မှတ်မိတယ်။ ခုနတုန်းက သူ ကန်ထုတ်လိုက်လို့ လွင့်သွားတဲ့ စားပွဲထိုး အမျိုးသမီးပဲ။ အခုတော့ သူမက သူ့နောက်မှာ ရပ်နေတယ်။ နောက်ပြီးတော့ သူမ လက်ထဲက ဓားနဲ့ သူ့ကို ထိုးလိုက်တာပဲ။

“ အားနည်း နုံချာလိုက်တာ။” အမျိုးသမီး စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။ သူမက တည်ငြိမ်အေးစက်တယ်။ ခုနတုန်းက အော်ဟစ်နေတဲ့ ပုံစံနဲ့ တခြားစီပဲ။ တောင်ပိုင်းသား အမတ်မင်းရဲ့ အမူအယာ ပြောင်းသွားတယ်။ သူက ချမ်းသာကြွယ်ဝနေတဲ့ ဘဝမှာ နေရတဲ့ သူ မဟုတ်ပေမယ့်။ လူအများလေးစားခံရတဲ့ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူပဲ။ သူ့ကို ဘယ်သူမှ အားနည်းနုံချာတယ်လို့ မသတ်မှတ်ခဲ့ဘူး။ အခုတော့ စားပွဲထိုး အမျိုးသမီးတစ်ယောက်က သူ့ကို အားနည်းတယ်တဲ့။

စိတ်ထဲခါးသက်နေမိတယ်။ ဒီ စားပွဲထိုးတွေက သူတို့ အသက်အတွက် ပြေးလွှားနေခဲ့ကြတာ။ ခုနှစ်စင်ကြယ်လမ်း။ အခုချိန်မှာ ဖြစ်နေတာတွေက နားလည်ဖို့ရာ တကယ်ကို ခက်တယ်။ ဒါပေမယ့် ခုနှစ်စင်ကြယ် လမ်းတစ်ခုလုံးက ကြံရာပါ ဖြစ်နေတာလား ဆိုတာ စဉ်းစား စရာပဲ။

“ဟ ဟား…။ ငါ့ သရုပ်ဆောင် စွမ်းရည် ဘယ်လိုလဲ။ မဆိုးဘူးမလား။” ပင်းယန်ရဲ့ အသံက အခန်းထဲမှာ ပဲ့တင့် ထပ်လာတယ်။

“မင်း လား။ မဆိုးပါဘူး။ င့ါအထင် ရန်ရွှယ်က ပိုတော်တယ်။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေ တွန့်ကွေးရင်း ပြောတယ်။

“ အာ လုပ်စမ်းပါ။ ငါက သူတို့တွေကို အာရုံစားအောင် ပိုလုပ်တာလေ ဟယ်။” ပင်းယန်ပြောတယ်။

“ ငါ့အထင်တော့။ ငါ သရုပ်ဆောင်တာ ပိုကောင်းတယ်လေ။” ရန်ရွှယ် စကားပြောလာတယ်။ သူ့ အသံက တည်ငြိမ်အေးစက်နေတယ်။ ဘယ်သူနဲ့မှ မဆိုင်တဲ့ ဘေး လူတစ်ယောက် ဝေဖန်နေသလိုပဲ။

“…” ပင်းယန်ကတော့ မျက်လုံးပြူးသွားတယ်။ အဲ့ဒီ့နောက် ဒေါသ မျက်နှာကို ပြောင်းလဲသွားတယ်။ “ ရန်ရွှယ်။ နင် ဘယ်အချိန် တုန်းက ဟိုကောင့်လို အရှက်မရှိ ဖြစ်သွားတာလဲ။ ”

“ ရန်ရွှယ် က အမှန်တွေ ပြောနေတာလေ။ သူ့ ရဲ့ ဖြူဖျော့ သွားတဲ့ ပုံစံကို ကြည့်စမ်း။ ဘယ်လောက် သဘာ၀ ကျလိုက်သလဲ။ သူတို့တွေ တကယ် ကို လှည့်ကွက်မိသွားတာပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ အဲ့တာ သူတို့ ဘာ သူတို့ အ နေကြလို့လေ။” ပင်းယန်ကတော့ လုံးဝကို အရှုံးမပေး။

“မင်း တို့တွေ…. သရုပ်ဆောင်နေကြတာလား။” မင်းသားကိုး လင်းယွမ် မတ်တပ် ထရပ်လိုက်ချင်တယ်။ ဒါပေမယ့် သူ့မှာ ရပ်နိုင်ဖို့ အင်အားမရှိဘူး။

အဆိပ်မမိကြဘူးတဲ့လား။ သူတို့နဲ့ သူက စားပွဲတစ်ခုတည်း ထိုင်တယ်။ အစားအသောက်ကိုလည်း တပန်းကန်တည်း စားတယ် ။အရက် သောက်ကြတာလဲ အတူတူပဲ။ ဒါပေမယ့် သူတို့က ဘာလို့ အဆိပ်မမိကြတာလဲ။

…

ဖန်ကျန်းရှီ နဲ့ ပင်းယန်ကတော့ ကျန်တဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ။ စကားများ ငြင်းခုန်နေကြတယ်။ တောင်ပိုင်းဒေသ သံအမတ်တွေကို တောင် အာရုံမစိုက်ဘူး။

ဝမ်တပေါင်းကတော့ ပါးစပ်အဟောင်းသား ဖြစ်နေရင်း။ သူ့မျက်လုံးသူ မယုံနိုင်ခဲ့။ ဝမ်တပေါင်းတစ်ယောက် တည်းတင် မကဘူး။ ခန်းမထဲက ဘယ်သူမှလည်း အခု ဖြစ်နေတာကို နားမလည်နိုင်။ ကိစ္စတွေက အပြောင်းအလဲ မြန်လိုက်တာ။ သူတို့တွေက အ ဆိပ်မမိဘူးတဲ့ဘား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

လူတွေကတော့ တစ်ယောက်ကို တစ်ယောက် စိတ်ရှု့ပ်ထွေးမှု အပြည့်နဲ့ ကြည့်နေကြတယ်။ သူတို့တွေက အားလျော့ပြီးတော့ မလှုပ်မရှားနိုင် ဖြစ်နေကြတာလေ။ ရန်ရွှယ့်ကျ ဘာလို့ ဘာမှ မဖြစ်တာလဲ။ နောက်ပြီးတော့။ သရုပ်ဆောင်နေတယ် ဆိုတာ ကကော ဘာပြောတာလဲ။ ဒီည ဒီလူတွေ လာပြီးတော့ ဒီလို အဆိပ်ခတ်မှာ ကို သူတို့ သိနေတယ်လား။ ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။

စိတ်ရှုပ်စရာ ကောင်းလိုက်တာ။ နောက်ပြီးတော့။ ဒီလို အခြေအနေမျိုး မှာတောင် ။ ဘယ်သူက ပိုပြီး သရုပ်ဆောင် ကောင်းလဲ ငြင်းခုံနေကြတယ်။ ပို အရေးကြီးတာက။ ခုနှစ်စင်ကြယ်လမ်း တစ်ခုလုံးလည်း ဒီကိစ္စနဲ့ သက်ဆိုင် နေတာ ဘာကြောင့်လဲ။ ရန်ရွှယ် နဲ့ ဖန်ကျန်းရှှီ က ဒီမှာ တပ်ပုန်းတွေ ချထားတာလား။ ဒါမှ မဟုတ်။ ခုနှစ်စင်ကြယ်လမ်းက ဒီည အဖြစ် အပျက်ကို ဖုံးကွယ်ဖို့ လုပ်နေတာလား။ မရေမတွက်နိုင်တဲ့ မေးခွန်းတွေ။ သူတို့ အတွေးထဲ ဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ သူတို့ကို အဖြေ မပေးကြဘူး။

ခုနှစ်စင်ကြယ်လမ်း တစ်ခုလုံးမှာ။ ပင်းယန်နဲ့ ဖန်ကျန်းရှီ ငြင်းခုန်နေတဲ့ အသံတွေပဲ ပျံ့နေခဲ့တယ်။ ဘယ်သူ သရုပ်ဆောင်တာ ပိုကောင်းတဲ့ အကြောင်း ငြင်းခုန်နေကြတုန်းပဲ။ တောင်ပိုင်းဒေသ သံအမတ်တွေရဲ့ မျက်နှာကတော့ တဖြည်းဖြည်း ပိုပြီးတော့ မည်းမှောင်လာခဲ့ပြီ။

“ မင်းတို့ကောင်တွေ ပြောလို့ပြီးပြီလား။” တောင်ပိုင်း သံအမတ်တွေ နောက်ထပ် မစောင့်နိုင်တော့ဘူး။ လွန်ခဲ့တဲ့ ဆယ်မိနစ် လုံးလုံး သူတို့ လျစ်လျူရှုခံထားရတာလေ။ ဒါမျိုးကို ကျော်သွားဖို့တော့ ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိုင်ဘူး။

အပိုင်း(၅၀၈) ပြီး၏။

အပိုင်း(၅၀၉)

“ အပြစ်ကင်းစင်တဲ့ ပွဲ ကြည့်ပရိသတ်တွေလည်း ခံစားရတယ်။”

လာသတ်တာလား။ သူတို့တွေ ရှေ့ကနေ ပဲ ဓားနဲ့ ထိုးလို့မရဘူးလား။ တောင်ပိုင်းဒေသ အမတ်မင်းတွေ ဒေါသထွက်နေကြတယ်။ ခုနှစ်စင်ကြယ်လမ်းကတော့ လုံးဝကို တိတ်ဆိတ်နေခဲ့တယ်။ ဖန်ကျန်းရှီက တောင်ပိုင်းဒေသ အမတ်မင်းတွေကို စိုက်ကြည့်နေခဲ့တယ်။

“ တောင်းပန်ပါတယ်။ သတိပေးဖို့ မေ့သွားလို့။ လူတစ်ယောက်က ကိစ္စ တစ်ခုကို အာ ရုံစိုက်နေပြီ ဆိုရင်။ သူတို့ ဘေးပတ်ဝန်းကျင်က ကိစ္စတွေကို မေ့သွားတတ်တယ်။” ဖန်ကျန်းရှီ ရှင်းပြတယ်။

“ ဖန်ကျန်းရှီ … မင်း…..”

“ အရသာမဲ့ အနံ့မဲ့။ မြူနှင်းဖြူ အဆိပ်။”

တောင်ပိုင်းဒေသ အမတ်မင်းတွေ အော်ဟစ် ကျိန်ဆဲ ချင်ပေမယ့်။ ဖန်ကျန်းရှီ ရဲ့ အမူအယာ ကြောင့်။ သူတို့တွေ လန့်ကုန်ကြတယ်။ ဖန်ကျန်းရှီက အေးအေးဆေးဆေး ထိုင်ရင်း။ အရက်နောက်တစ်ခွက် ငှဲ့သောက်နေခဲ့တယ်။

“ မြူနှင်းဖြူ။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေတောင်။ ဆယ့်ငါးမိနစ် အတွင်းမှာ။ အင်အား ကုန်ဆုံး သွားအောင် လုပ်နိုင်တာပဲ။ ပြန်လည်မွေးဖွားမှု အဆင့်အောက် ကျင့်ကြံသူတွေကတော့ အနည်းဆုံး တစ်နာရီလောက် အင်အား ကုန်ဆုံးနေမှာပဲ။ ပိုပြီးတော့ အရေးကြီးတာက။ အာနိသင်ပြယ်သွားတာနဲ့။ အဆိပ်ခတ်ခံရမှန်းတောင် ဘယ်လိုမှ စစ်ဆေးလို့ မရတော့တာပဲ။ အဆိပ်ထဲမှာ တော်တော်လေး ကောင်းတယ်လို့တောင် ပြောလို့ရတယ်။” ဖန်ကျန်းရှီ အရက်သောက်ရင်း ရှင်းပြနေတယ်။

“ သူ ဘာပြောတာလဲ။”

“ မြူနှင်းဖြူ အဆိပ်တဲ့လား။”

“ ငါကြားတာတော့ အဲ့ဒီ့အဆိပ်က အတော်လေး ရှားတယ်ဆို။ မှောင်ခိုဈေးတွေမှာပဲ ရောင်းတာ။ တစ်စက်ချင်းစီ ကိုတောင် ရွှေစနဲ့ ချိန် ပြီးတော့ ရောင်းတာဆိုပဲ။ နောက်ပြီးတော့ အကန့်အသတ်နဲ့ပဲ သုံးရတာ ။ ငါတို့တွေ မြူနှင်းဖြူ အဆိပ်မိတာများ လား။”

“ ဒါပေမယ့်….. သူက ဘယ်လိုလုပ် အကုန်လုံးကို သိနေတာလဲ။”

လူအုပ်ကြီးက ဖန်ကျန်းရှီ ပြောတာ ကြားတော့ အံ့အားသင့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဆ ိုလိုချင်တာကို သူတို့ နားလည်တယ်လေ။ ဒါပေမယ့် ဖန်ကျန်းရှီ က ဘယ်လိုသိနေမှန်းတော့ သူတို့ နားမလည်နိုင်။ ဒါ့အပြင် ဖန်ကျန်းရှီက အဆိပ်ခတ်ထားတယ် ဆိုတဲ့ အရက်ကို ရေနွေးကြမ်း သောက်သလိုကို သောက်နေသေးတယ် ။ သူ ဘာတွေ တွေးနေတာလဲ။ လူတိုင်းနီးပါး ဖန်ကျန်းရှီကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘာလုပ်ဖို့ တွေးနေလဲ သူတို့ မသိ ။

“အင်း။ အရသာ လေးက မဆိုးဘူး။ ရင်ထဲ အေးသွားတာပဲ။” ဖန်ကျန်းရှီ အရက်တစ်အိုးလုံး သောက်ပြီးတဲ့နောက် ပြောလာတယ်။

“ရင်ထဲအေးတယ်။”

“ အဲ့တာကို ရေနွေးများမှတ်နေတာလား၊”

“ဒီကောင် ဘာလုပ်နေတာလဲ။” ဒီလိုမောက်မာနေတဲ့ သူမျိုးကို သူတို့ မတွေ့ဖူးဘူးလေ။ တောင်ပိုင်း အမတ်တွေရဲ့ မျက်နှာကတော့ မည်းမှောင်နေခဲ့ပြီ။

“ သွားသေလိုက်။”

သူတို့ တွေ အချိန် ထပ် မစောင့်ကြတော့ဘူး။ ရန်ရွှယ်နဲ့ ပင်းယန် ရှိနေတာကိုတောင် ဂရု မစိုက်တော့။ သူတို့ စိတ်ထဲမှာ ရှိတဲ့ တစ်ခုတည်းသော ကိစ္စကတော့ ဖန်ကျန်းရှီကို သတ်ဖို့ပဲ။ အလင်းတန်းတွေ သူတို့ကိုယ်ကနေ တောက်ပလာခဲ့တယ်။ လေးလံတဲ့ ကြိမ်ထည် ဝတ်ရုံတွေတောင် ဆုတ်ဖြဲကုန်တယ်။ သူတို့ ရဲ့ ပြိုင်ဘက်ကို သူတို့ လျှော့မတွက်ဘူးလေ။ သူတို့ရဲ့ ပြိုင်ဘက်က အင်အားကြီးတယ်။ ဒါပေမယ့် သူတို့ကိုယ် သူတို့ ယုံကြည်ချက်ရှိနေတုန်းပဲ။

သူတို့ ရှစ်ယောက်ထဲမှာ တစ်ယောက်က ပြန်လည်မွေးဖွားမှု အဆင့်။ ကျန်တဲ့ ခုနစ်ယောက် ကတော့ သဘာဝလွန် အထွဋ်အထိပ် အဆင့် ကျင့်ကြံသူတွေလေ။ သူတို့ ဘာများ ကြောက်စရာရှိလို့လဲ။ နောက်ပြီးတော့။ သူတို့က ရန်ရွှယ့်ကို အနိုင်မယူ နိုင်ရင်တောင်။ ဖန်ကျန်းရှီကို ဖမ်းမိတဲ့ အထိ အချိန် ဆွဲထားလို့တော့ရတယ်လေ။

“စိတ်မရှည်လိုက်ကြတာ။” ဖန်ကျန်းရှီ အလင်းတန်းတွေကို မြင်တော့ စိတ်ပျက်လက်ပျက်ပြောတယ်။

“ အဆိပ်ဆိုတာ …. တကယ်တော့ မင်းတို့ ကျွမ်းကျင်တာ မဟုတ်ဘူးလေ။”

“ ကျွမ်းကျင်တာ။ မင်း ဘာကို ဆိုလိုချင်တာလဲ။” တောင်ပိုင်း အမတ် မျက်လုံးပြူးသွားတယ်။ အစ တုန်းကတော့ ဖန်ကျန်းရှီ ပြောချင်တာကို သူတို့ နားမလည်ကြဘူး။ ဒါပေမယ့် သိပ်မကြာခင် သဘောပေါက်သွားကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ပြောလိုက်တဲ့ အချိန်မှာပဲ။ မြူတွေက ခုနှစ်စင် ကြယ်လမ်း တစ်ခုလုံးကို ပျံ့လာခဲ့တယ်။ မီးခိုးရောင်မြူတွေက နေရာအနှံ့ကနေ ထွက်လာကြတာ။ အခန်းထဲကို တစ်ခဏချင်း ပြည့်သွားခဲ့တယ်။

“မင်းတို့တွေ ဘာလို့များ ။ အဆိပ်ကို အရောင်မရှိ။ အနံ့ မရှိတာတွေ ဈေးကြီး ပေးပြီးတော့ ဝယ်နေကြလဲ ငါ နားကို မလည်ဘူး။ တစ်ခါတလေမှာ ဈေးပေါတာလေးတွေကလည်း ကောင်းပါတယ်။” ဖန်ကျန်းရှီ ရဲ့ အသံက အခန်းထဲမှာ ပဲ့တင် ထပ်နေခဲ့တယ်။

ခုနှစ်စင်ကြယ် လမ်းထဲက လူတွေကတော့ ။ ဖြူဖျော့နေရာကနေ ခရမ်းရောင် မျက်နှာတွေ ဖြစ်ကုန်ကြပြီ။ အ ဆိပ်လား။ သူက ခုနှစ်စင်ကြယ်လမ်းထဲမှာ အဆိပ်ကို ပေါ်တင် သုံးနေတာလား။ အပြစ်မရှိတဲ့ လူတွေကို ဒီလိုပဲ ထိခိုက်စေတော့မှာလား။ လူတွေ ဒေါသ ထွက်လာကြတယ်။ သူတို့ မလှုပ်ရှားနိုင်ကြသေးဘူး။ ဒါကြောင့် သူတို့တွေ ဘယ်ကိုမှ မပြေးနိုင်ကြ။

လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ဒီ မြူတွေကို မရှူမိအောင် အသက်အောင့်ထားတာပဲ။ ဒါပေမယ့် သူတို့ ဘယ်လောက်ကြာကြာ အသက်အောင့်နိုင်မှာလဲ။

“မလုပ်ပါနဲ့။ ငါ မသေချင်သေးဘူး။ ”

“ မြန်မြန် ငါ့ကို ဒီနေရာကနေ ထုတ်ပေးကြပါအုန်း။ ငါ ဒီနေရာမှာ မသေချင်ဘူး။”

“ အား …. ဘာ အနံ့ကြီးလည်း ဆိုးလိုက်တာ။ မြန်မြန် ။ငါ့ကို လာကယ်ကြပါအုန်း။”

လူတွေ အော်ဟစ်ရင်း ပုန်းဖို့ ပြင်ကြတယ်။ ဒါပေမယ့် တစ်ယောက်မှ မပုန်းနိုင်။ အသက်လည်း မအောင့် နိုင်။ ဒါကြောင့် ဆက်တိုက် အော်ဟစ်ကြတော့တယ်။ ပိုပြီးတော့ အော်လေလေ။ မြူတွေကို ပိုရှူမိလေပဲ။ မင်းသားကိုးကတော့ မအော်ဘူး။ သူ အသက်အောင့်ထားခဲ့တယ်။ ဒီအချိန်မှာပဲ။ တန်ဖိုးကြီး မျက်နှာကာ တစ်ခု သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။

“အကိုတော်။ ဒီ မျက်နှာကာကို ဝတ်ထားလိုက်။ အဆင်ပြေသွားလိမ့်မယ်။” ဖန်ကျန်းရှီ ရဲ့ အသံ ထွက်လာတယ်။ အဲ့ဲဒီ့နောက် သူမ နားလည်သွားတယ်။ “ အာ ။ ဟုတ်သား။ အကိုမှ မလှုပ်နိုင်ပဲ။” သူမ လင်းယွမ်ကို မျက်နှာကာဝတ်ပေးလိုက်တယ်။

“ ညီမလေး။ ဒီ မြူနှင်းဖြူ အဆိပ် အတွက် ဖြေဆေး မပေးနိုင်ဘူးလား။” လင်းယွမ်မေးတယ်။

“ ညီမလေး ဆ ီမှာ မရှိဘူး။” ပင်းယန်ခေါင်းခါတယ်။

“ ဘာကို ပြောချင်တာလဲ။”

“ ဖြေဆေးက သုံးခွက်စာပဲ ရှိတာ။ ဝမ်တပေါင်းတောင် ဖြေဆေးမရဘူး။ ကြည့်ပါအုန်း။ သူ အခုဆို ကြမ်းပြင်မှာလေ ။ ” ပင်းယန် လက်ညှိုး ထိုးပြတယ်။

ဝမ်တပေါင်းကတော့ အတော့်ကို ရှက်ရွံ့နေခဲ့တယ်။ ပင်းယန်က သူ့ကို ဖြေဆေးမပေးလို့ မဟုတ်ဘူး။ ပင်းယန်က သူ့ကို မျက်နှာဖုံး အစလေးတောင် မပေးလို့ပဲ။

“အရှင်မင်းသမီး. မျက်နှာဖုံး….” ဝမ်တပေါင်း ခပ်မြန်မြန် ပါးစပ် ပြန်ပိတ်တယ်။ မီးခိုးမြူတွေ အများကြီး ဝင်အောင် သူ အော်မနေချင်ဘူး။ ပင်းယန်ကတော့ သူ့ကို လှမ်းပြောတယ်။

“ ငါ့မှာ ထပ်မရှိတော့ဘူး။” ပင်းယန် လက်ခါပြရင်း မင်းသားကိုး လင်းယွမ်ကို လက်ညှိုးထိုးပြတယ်။

“ငါ့မှာ လေးခုပဲ ရှိတာ။ အစတုန်းကတော့ နင့်အတွက် တစ်ခု ယူလာတာ… ဒါပေမယ့် နင် နားလည်တယ် မဟုတ်လား။”

“ ကျွန်တော် နားလည်ပါတယ်။” ဝမ်တပေါင်း ။ မင်းသားကိုး လင်းယွမ်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေခဲ့တယ်။ လင်းယွမ်က အင်အား မရှိပေမယ့်။ သူ့အဆင့်က ဝမ်တပေါင်းထက်တော့ မြင့်သေးတယ်လေ။

နောက်ပြီးတော့ ပင်းယန်ကလည်း ဆုံးဖြတ်ချက် ချလိုက်ပြီ။ မင်းသားဆီက မျက်နှာဖုံးကို သူ သွားတောင်းလို့မှ မဖြစ်တော့ပဲ။ ဒါကြောင့် သူ တိတ်တိတ်လေးသာ နေလိုက်တယ်။ မီးခိုးတွေကို ရှူရင်း သတိလစ်သွားတဲ့ အထိပေါ့။ ကျန်တဲ့ လူတွေတော်တော် များများလည်း သတိ လစ်ကုန်ကြတယ်။ သူတို့ မကျေနပ်ပေမယ့် ဘာမှ လုပ်နိုင်တာမရှိဘူးလေ။ တစ်ခါတစ်လေမှာ အပြစ်မရှိတဲ့ ရပ်ကြည့်သူတွေတောင် ။ မျက်နှာသာပေးမခံရပါဘူး။

ဆယ့်ငါးမိနစ်ကြာပြီး နောက်မှာောတ့။ မီးခိုးတွေ တဖြည်းဖြည်း ပျောက်ကွယ် သွားတော့တယ်။ လူတိုင်းနီးပါးက ကြမ်းပြင်ပေါ်မှာ သတိ လစ်နေကြပြီ။

“ ဆိုးတော့ မဆိုးပါဘူး။ ဒါပေမယ့် ဒီလောက်လေးနဲ့။ ငါတို့ကို အနိုင်ယူ နိုင်မယ် ထင်နေတာလား။” တောင်ပိုင်းဒေသ အမတ်မင်းတွေရဲ့ အသံ ထွက်လာခဲ့တယ်။ သူတို့ အားလုံး ပါးစပ်ထဲမှာ အဝတ်စတွေကို ရေ စွတ်ပြီးတော့ စို့ထားခဲ့တယ်။ သူတို့တွေ ရေကို ဘယ်ကရလဲ တော့ ဘယ်သူမှ မသိကြဘူး။

“အိုး… ဒီလိုလား။ ဒီလိုလုပ်ထားရုံနဲ့ အဆိပ်ကို ကာကွယ်လို့ရမယ် ထင်တယ်ပေါ့။ ဖန်ကျန်းရှီ ရယ်မောတယ်။

“ သွားသေလိုက်။”

“နေစမ်းပါအုန်း။”

“ မင်း ဘာထပ်ပြောချင် သေးတာလဲ။”

“ ကြည့်စမ်းပါအုန်း။ ဒီနေရာမှာ လူတိုင်းက သတိလစ်နေကြပြီ။ ။ ဒါကြောင့် တခြားသူလည်း မရှိတော့ဘူး။ မင်းတို့က အမှန်တကယ် ဘယ်သူ တွေလဲ ဆိုတာကို ။ ဘာလို့ မပြောကြတာလဲ။ ” ဖန်ကျန်းရှီ စိတ် လှုပ်ရှားမှု အပြည့်နဲ့ ပြောတယ်။

“ ဟ ဟား…. ဖန်ကျန်းရှီ။ ငါတို့ကို ငတုံးတွေများ ထင်နေတာလား။” တောင်ပိုင်းဒေသ အမတ်မင်းတွေ လှောင်ရယ်ကြတယ်။

“ ဒါဆိုရင်။ မင်းတို့ ကောင်တွေက အရူးတွေ မဟုတ်ကြဘူးပေါ့။ ဒါပေမယ့်လည်း ငါ့ကို ပြောပြော မပြောပြော ကိစ္စမရှိပါဘူးလေ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း။ စြင်္က ခုနှစ်ခုကို လှမ်းကြည့်တယ်။ “ငါတို့ စလို့ ရပြီ။”

“ စလို့ရပြီ ဟုတ်လား ။ မင်း ဘာတွေ ပြောနေတာလဲ။” တောင်ပိုင်းဒေသ အမတ်မင်းတွေ မျက်လုံးပြူးသွားတယ်။

စြင်္ကပေါ်က ကြယ်ခုနှစ်ပွင့်ကတော့။ ဖန်ကျန်းရှီ ရဲ့ စကားကို ကြားကြားချင်း အချိန်မှာပဲ။ သူတို့ရဲ့ မျက်နှာကာတွေကို ချွတ်ပြစ်လိုက်ပြီး။ ဖန်ကျန်းရှီကို ဦးညွှတ်လိုက်တယ်။

“ အမိန့်တော် အတိုင်းပါ ။ သခင်။”

“ သ…. သခင်…..” တောင်ပိုင်းဒေသ အမတ်မင်းတွေ ဒီစကားကို ကြားတော့ အံ့သြကုန်ကြတယ်။ နောက်ဆုံးတော့ သူတို့ ဘာလုပ်မိလဲ နားလည်သွားကြပြီ။ သူတို့ရဲ့ အစီအစဉ်က ကောင်းပါတယ်။ ခုနှစ်စ်င်ကြယ်လမ်းကို မလာခင်မှာ။ အစေခံ တွေကို ဖိအားပေးပြီးတော့ အရက်ထဲ အဆိပ် ခတ်ခိုင်းခဲ့တယ်။ လုပ်ငန်းအောင်မြင်ဖို့ အတွက်။ မြူခိုးဖြူ အဆိပ် အရက် ထဲ လောင်းထည့်တာကို သူတို့ သေချာ စောင့်ကြည့်ခဲ့တယ်။

ဖန်ကျန်းရှီ ၊ ရန်ရွှယ် နဲ့ တခြားသူတွေ အရက် သောက်မသောက် သေချာအောင်တောင် ။ သူလျှိုတွေ လွှတ်ထားခဲ့သေးတယ်။ တကယ်တော့ ဒါက အတော့်ကို ကောင်းတဲ့ အစီအစဉ်ပဲ။ ပထမဆုံး အဆိပ်ခတ်တယ်။ အဲ့ဒီ့နောက်။ တောင်ပိုင်းဒေသ အမတ်မင်းတွေ အဖြစ် ပေါ်လာခဲ့တယ်။ သူတို့မှာ ဖန်ကျန်းရှီကို သတ်ဖို့ အတွက် အကြောင်းရင်း ကောင်းကောင်းရှိတယ်လေ။ နောက်ပြီးတော့ လူအုပ်ကြီးကို မျက်မြင်တွေ့ အောင် လုပ်ဖို့ စီစဉ်ထားတာ ။ ပိုပြီးတော့ အရေးကြီးတာက သူတို့ရဲ့ နောက်ကြောင်းကို ရှင်းထားခဲ့တာပဲ။ တောင်ပိုင်းဒေသ အမတ်မင်းတွေရဲ့ နောက်ကြောင်းကို လိုက်ဖို့ ဆိုတာ လွယ်ကူတာတော့ မဟုတ်ဘူး။ ကြီးမြတ်သောရှမင်းဆက်က နှစ်နိုင်ငံ ကြားက ဆက်ဆံရေးကို အလေးထားမှာ အသေအချာပဲ။ တောင်ပိုင်းဒေသကလည်း သူတု့ိရဲ့ သံအမတ်တွေကို အစစ်ဆေးခံဖို့ ငြင်းပယ်မှာပဲ။ အိမ်ရှေ့စံအတွက် လက်စားချေချင်တဲ့ လူယုံတော်တွေ ရှိနေ သေးတယ် ဆိုတာလည်း သဘာဝကျတယ်လေ။ တောင်ပိုင်းဒေသက ဘယ်လို နည်းနဲ့ ဖြစ်ဖြစ် ငြင်းရင်တောင်။ လူတိုင်းက သူတို့ လုပ်တယ် ထင်မှာပဲ။ ဒီနေ့ညမှာ မြို့ထဲကနေ သူတို့ ထွက်သွားနိုင် သရွေ့။ သူတို့တွေကို ဘယ်သူမှ လိုက်လို့ရမှာ မဟုတ်တော့ဘူး။

ဒါပေမယ့် သူတို့ တစ်ခု လွဲချော်သွားခဲ့တယ်။ ခုနှစ်စင်ကြယ်လမ်းက ဖန်ကျန်းရှီရဲ့ နယ်မြေ ဖြစ်နေတယ်လေ။ ဒါကြောင့် သူတို့ရဲ့ အစီအစဉ်က လုံးဝကို လွဲချော်သွားတော့တာပဲ။ သူတို့က အဆိပ်တွေရဲ့ ဆရာသခင်ကို အဆိပ်ခတ်မိလိုက်တာပဲ။ ဒါကြောင့်။ အစေခံတွေက မြူနှင်းဖြူ အဆိပ်ကို ခတ်ရင်တောင်။ ဖန်ကျန်းရှီက ကြိုတင်ပြင်ဆင်ထားမှာပဲ။ ဒါကြောင့်ပဲ ဖန်ကျန်းရှီက အဆိပ် ခတ်ထားတဲ့ အရက်ကို တစ်ချက်လေးတောင် မတွေဝေပဲ သောက်လိုက်တာ။ သူ့ ရဲ့ ရည်ရွယ်ချက်ကတော့ လှည့်စားဖို့ပဲ။

“ ကလန်” ထွက်လာတဲ့ တေးသံက တောင်ပိုင်း အမတ်မင်းတွေ ရဲ့ အတွေးကို နှောက်ယှက်တယ်။ ဗုံ။ စဲ့။ ချင်။ ကြယ်ခုနစ်ပွင့် က သူတို့ရဲ့ တူရိယာတွေကို တီးခတ်ကြတော့တယ်။ တေးသွားက အခန်းတစ်ခုလုံးကို ပျံ့လွင့်လာတယ်။ တူရိယာတွေက ကွာခြားကြပေမယ့် တေးသွားကတော့ တစ်ခုတည်းပဲ။

“ ခြုံခို တိုက်ခိုက် တာလား။” ဒါက ဖီဖာအတွက် ရေးထားတဲ့ တေးသွား ဖြစ်ပေမယ့်။ တခြား တူရိယာတွေနဲ့လည်း တီးခတ်လို့ရတယ် ။ အတော့်ကို လွှမ်းမိုးမှုကြီးတဲ့ အရှိန်အဝါ ထွက်ပေါ်လာတော့တယ်။

“ဒါက ဂီတ တာအိုပဲ။ ”

“ ခုနှစ်မျိုးသံစဉ် တီးကွက်ပဲ။ ”

“ ထောင်ချောက်ဆင်ထားတာ အမှန်ပဲ။ “

တောင်ပိုင်းဒေသ အမတ်မင်းတွေရဲ့ အမူအယာက ဒီတေးသံကို ကြားတော့ ပြောင်းလဲသွားခဲ့တယ်။ ဒါက ပုံမှန် တေးသံမဟုတ်ဘူးလေ။ သူတိုက အားလုံး မိုးကြိုးပြစ်ခံ ရသလို ခံစားလိုက်ရတယ်။ ကြီးမားတဲ့ ကျောက်တုံးကြီးတွေ ခေါင်း ပေါ်ကို ပြစ်ချနေသလိုပဲ။ သူတို့ အသက်အတွက် တိုက်ခိုက်ရမယ်လေ။

“ ဒါဆို… ကြယ်ခုနှစ်လုံးလမ်းက ဖန်ကျန်းရှီ ပိုင်တာပေါ့။ သူက ကြိုတင်ပြီး တပ်ပုန်းချလိုက်ပြီပဲ။ ဒီနေ့ …. ငါ မလာခဲ့သင့်ဘူး။” မင်းသားကိုး လင်းယွမ် ကြယ်ခုနှစ်ပွင့်ကို ငေးကြည့်နေတယ်။ သူ့မှာ နှာခေါင်းစည်းရှီနေတာကြောင့်။ အဆိပ်ငွေ့တွေ နှာခေါင်းထဲ မရောက်လာဘူး ။ ဒါကြောင့် သတိရှိနေခဲ့တယ်။ ဂီတ တာအိုကို ဒီလောက် မြင့်မားတဲ့ အဆင့်ရောက်နေတာ။ သူမျက်လုံးမပြူးပဲ ဘယ်နေ နိုင်မလဲ။ မင်းသားကိုး လင်းယွမ် ဘာ မေးခွန်းမှ မမေးဘူး။ ဘာလို့ ဒီကိုရောက်နေ ရတယ် ဆိုတာကိုလည်း မပြောဘူး မြူနှင်းဖြူတွေ ပျောက်ကွယ်သွားတာကိုသာ စောင့်နေခဲ့တယ်။ အဲ့ဒီ့နောက် သူ ခပ်မြန်မြန် ပြန်သွားခဲ့တယ်။

ဂီတသံရဲ့ အရှိန်နှုန်းက မြန်သထက် မြန်လာခဲ့တယ်။ တောင်ပိုင်းဒေသ အမတ်မင်းတွေရဲ့ ခေါင်းပေါ်ကို တောင်တန်းကြီးက ဖိနေတဲ့ အတိုင်းပဲ။ သူတို့ အားလုံး ဖြူဖျော့ပြီးတော့ နာကျင်မှုကို ခံစားနေကြတယ်။ ဖန်ကျန်းရှီကတော့ တောင်ပိုင်းဒေသ အမတ်မင်းတွေကို ပြုံးပြီးတော့သာ ကြည့်နေခဲ့တယ်။ မင်းသားကိုးကတော့။ အဝေးကနေ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ အချိန် က တစ်နှစ်ကျော်ကြာသွားခဲ့ပြီ။ ဒီလူ ဘာတွေများ ကြုံတွေ့ခဲ့ရတာလဲ။

အပိုင်း(၅၀၉) ပြီး၏။

အပိုင်း (၅၁၀)

“ သူတို့ အားလုံးကို သတ်”

…

ခုနစ်စင်ကြယ်လမ်းထဲက တိုက်ပွဲကတော့ ထင်သလောက်တော့ မပြင်းထန်ဘူး။ ဝတ်ရုံနက်တွေ ခုန် ဆင်းလာတဲ့ အချိန်မှာတော့ ။ တိုက်ပွဲရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်သွားတော့တယ်။ တောင်ပိုင်းဒေသ အမတ်မင်းတွေကတော့။ သူတို့ တွေ ဒီလို ချောင်ပိတ်ခံရမယ်လို့ မထင်မှတ်ထားခဲ့မိဘူး။ ခုနှစ်စင်ကြယ်လမ်းထဲကနေ ဖောက်ထွက်နိုင်မယ်လို့ သူတို့ ထင်ထားခဲ့တာ။ ဒါပေမယ့် တံခါးတွေ အကုန်လုံးကို ပိတ်ထားပြီးသား ဖြစ်နေတဲ့ အတွက် သူတို့ ထွက်မသွားနိုင်ခဲ့ကြဘူး။

“ အခုတော့….. မင်းတို့ ဘယ်သူ့အတွက် အလုပ်လုပ်နေတယ် ဆိုတာ ပြောလို့ရပြီ ထင်တယ်။” ဖန်ကျန်းရှီက ဒဏ်ရာရနေတဲ့ တောင်ပိုင်းသား အမတ်မင်းကို မေးတယ်။

“ အိမ်မက် မက်နေလိုက်။” သူတို့ရဲ့ မျက်နှာတွေက ဖြူဖျော့နေပင်မယ့် လေသံကတော့ မာကျောနေတုန်းပဲ။

“ ငါထင်ပါတယ် ဒီလို သတင်းကို လွယ်လွယ်နဲ့ မေးလို့ မရလောက်ဘူး ဆိုတာ…။ သူတို့တွေကို သတ်လိုက်” ဖန်ကျန်းရှီ ပြန်ဖြေသံ ကြားတာနဲ့ ခေါင်းငြိမ့်ရင်း အမိန့် ပေးလိုက်တယ်။

“သူတို့တွေကို သတ်မယ်လား။” ပင်းယန် မျက်လုံးပြူးသွားတယ်။ သူမ တစ်ယောက်တည်းတင် မဟုတ်ဘူး။ တောင်ပိုင်းဒေသ အမတ်မင်းတွေတောင်။ ဒါကို ကြားတော့ လန့်သွားကြတယ်။ သူတို့ ထင်ခဲ့တာ ဖန်ကျန်းရှီက သူတို့ကို အသက်ရှင်လျက် ထားမယ်လို့။ ပြောနိုင်တာကတော့ အခုချိန်မှာ။ သူတို့တွေက သေဖို့ကို ပို လိုလားနေတယ်။ အကယ်၍ သူတို့ မလွတ်မြောက်နိုင်ရင်။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆုံးဖြတ်ထားပြီးသား။ ဒါပေမယ့် ဖန်ကျန်းရှီက ဒီလို အမိန့်ပေးလိုက်တာကိုတော့ သူတို့ အံ့သြနေကြတယ်။

“ ဟ ဟား…. မလိုဘူး။ ငါတို့ဘာသာ သေမယ်။ ညီနောင်တို့။ အိမ်ရှေ့စံ အတွက် နောက်ဘဝမှ လက်စားချေကြတာပေါ့။” တောင်ပိုင်းဒေသ အမတ်မင်း တစ်ဦး အံ့ကြိတ်ရင်း နဲ့ ရယ်မောတယ်။

“ရပ်ကြစမ်း…. သူတို့ကို မသေစေနဲ့။” တောင်ပိုင်းဒေသ အမတ်မင်းတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံ တာကို မြင်တော့။ ပင်းယန် နည်းနည်း လန့်သွားခဲ့တယ်။

“ မလိုဘူး။ သူတို့ကို သေခိုင်းလိုက်။” ပင်းယန်ရဲ့ ပုခုံးပေါ်ကို လက်တင်ရင်း ။ ဝတ်ရုံနက်တွေကို ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြတယ်။ ဝတ်ရုံနက်တွေ ဖန်ကျန်းရှီ အချက်ပြတာကို မြင်တော့ချက်ခြင်း လှုပ်ရှားကြတော့တယ်။ သူတို့ရဲ့ ဓားတွေက အေးစက်စက် တောက်ပသွားတယ်။ တောင်ပိုင်းသားတွေရဲ့ လည်ပင်းကို တည့်တည့် ဖြတ်သွားခဲ့တယ်။ တောင်ပိုင်းသားတွေက အခုချိန်ထိ ဖန်ကျန်းရှီ သူတို့ကို သတ်မယ့် အကြောင်း မယုံကြည်နိုင်ကြသေးဘူး။ ဒါပေမယ့် သူတို့ လည်ပင်းဆီကို လာနေတဲ့ ဓားတွေကတော့ လုံး၀ အရှိန်လျော့မသွားခဲ့။

“ ငလူးပဲ။”

ဓားတွေက သူတို့ရဲ့ နှလုံးသားကို ထွင်းဖောက်သွားတယ်။ သွေးတွေက နေရာအနှံ့ကို ပန်းထွက်လာခဲ့တယ်။ ရုတ်တရက် ဆိုသလို။ ကြမ်းပြင်ကြီး တစ်ခုလုံးမှာ သွေးတွေ ပြန့်ကျဲသွားခဲ့တယ်။ တောင်ပိုင်းသားတွေ ဖန်ကျန်းရှီက သူတို့ကို ဘာလို့များ အသက်ရှင်ခွင့် မပေးမှန်း နားမလည်နိုင်ကြဘူး။ ဒါပေမယ့် သူတို့ ကိုယ်ခန္ဒာကို ဓားတွေ ထွင်းဖောက်သွားတဲ့ အချိန်မှာတော့ သူတို့ မခုခံကြပါဘူး။ သေတယ်ဆိုတာ လွတ်ငြိမ်း ချမ်းသာခွင့် တစ်မျိုးပဲလေ။

“ ဘုန်း….”

တောင်ပိုင်းဒေသ အမတ်မင်းတွေ မြေပြင်ပေါ်ကို လဲကျ ကုန်ကြတယ်။ မင်းသားကို းလင်းယွမ် ကတော့ ဖန်ကျန်းရှီ ကို စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘာတွေ တွေးနေလဲ သူမသိဘူး။

“ နင်ဘာလို့ သူတို့ တွေကို သတ်လိုက်တာလဲ။ သေလူတွေကို ငါတို့ ဘယ်လိုများ စစ်မေးလို့ ရမှာလဲ။” ပင်းယန် ပွစိ ပွစိ ပြောတော့တယ်။ ဖန်ကျန်းရှီက ဒီလောက် ရိုးရိုးရှင်းရှင်း ကိစ္စ ပြတ်အောင် လုပ်မယ်လို့ မထင်ထားမိခဲ့ဘူး။

“ သူတို့ အသက်ရှင်နေရင်ကော မေးလို့ရမယ် ထင်လား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“အမ်….” ပင်းယန်က စကားမပြောနိုင် ဖြစ်နေခဲ့တယ်။ ဒီ လူတွေက သစ္စာရှိလွန်းလို့ လွယ်လွယ်မေးလို့ မရနိုင်ဘူး ဆိုတာ သူ နားလည်တယ်လေ။ ဒါပေမယ့် သူ တို့တွေ အသက်ရှင်နေသေးရင်။ အနည်းဆုံးတော့ မျှော့်လင့်ချက်လေး ရှိနေအုန်းမယ်လို့ ထင်ထားခဲ့တာ။

“ တစ်ခါတစ်လေမှာ။ သေသွားတဲ့ သူတွေက အသက်ရှင်နေတဲ့ လူတွေ ထက် ပို အသုံးဝင်တယ်။” ခုနှစ်စင်ကြယ်လမ်းထဲက တစ်စုံတစ်ယောက်ကို လက်ဝေ့ယမ်း ပြရင်း။ ဖန်ကျန်းရှီ ပြောလိုက်တယ်။ ဝတ်ရုံနက်တွေ ဖန်ကျန်းရှီ ရဲ့ ရှေ့ကို ချက်ခြင်း ရောက်လာကြတယ်။

“သခင်.” လူတစ်ယောက် ထွက်လာခဲ့တယ်။

“ အင်း… အဝတ်အစား လဲလိုက်။” တောင်ပိုင်း အမတ်မင်းတွေကို ညွှန်ပြရင်း ဖန်ကျန်းရှီ ပြောတယ်။

“အမိန့်တော် အတိုင်းပါ သခင်။” လူကြီး ခေါင်းငြိမ့်ပြီး နောက်မှာတော့။ အလောင်းတွေရဲ့ ကိုယ်ခန္ဒာပေါ်က ကြိမ်ထည် ဝတ်ရုံတွေကို ချွတ်ယူလိုက်တော့တယ်။ ပင်းယန်ကတော့ ဖန်ကျန်းရှီ စီစဉ်နေတာတွေကို နားလည်သွားခဲ့ပြီ။

“ နင်က ဒီတောင်ပိုင်းသားတွေ လို အယောင်ဆောင်မလို့ပဲ။ ဒါကတော့ ဖြစ် နိုင်မယ် မထင်ဘူးနော်။ ရုပ်တွေက တူမှ မတူပဲ။ လူတွေက ချက်ခြင်း မှတ်မိမှာပေါ့။” ပင်းယန် ထောက်ပြတယ်။

“ မင်း အသွင်ယူခြင်း အနုပညာကို ကြားဖူးလား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ အသွင်ယူတယ် …။ သိတာပေါ့….။ ဒါပေမယ့် ငါတို့တွေ တူညီတဲ့ လူအရေပြား မျက်နှာကို ဖန်တီးဖို့ အချိန် အများကြီး ယူရမှာလေ။ သူတို့တွေ အချိန်မှီ ရောက်ကြမှာလား။”

“ အကယ်၍ ငါခန့်မှန်း တာသာ မှန်မယ် ဆိုရင်။ သူတို့တွေက မျက်နှာ ဖုံး ဝတ်ပြီးသား တောင် ဖြစ်နေလောက် ပြီ။” ဖန်ကျန်းရှီ ရယ်မောတယ်။ ဒီအချိန်မှာပဲ ။ ဝတ်ရုံနက် တစ်ယောက်က။ သေဆုံးနေတဲ့ တောင်ပိုင်းသား တစ်ယောက်ရဲ့ မျက်နှာပေါ်က အဖိုးတန် မျက်နှာဖုံးကို ဖွယ်လိုက်တယ်။ ပြီးတော့ သူ သူ့မျက်နှာပေါ်မှာ ပြောင်း တပ်လိုက်တယ် ။

“ သူတို့တွေက တကယ်ပဲ မျက်နှာဖုံး စွပ်ထားတာ ဟ။ နင် ဘယ်လို သိလဲ။” ပင်းယန် အထိတ်တလန့် ပြောတယ်။

“ တောင်ပိုင်းသားတွေက အသား နည်းနည်းမည်းတယ်။ ဒီလိုလုပ်ကြံ တဲ့ ကိစ္စကြီးမျိုးမှာ။ ဒီလို အသားအရောင် နဲ့ အင်အားကြီးတဲ့ လူတွေကို ရှာဖို့ လွယ်တာ မဟုတ်ဘူး။ ဒါကြောင့် မျက်နှာဖုံး စွပ်ထားတယ် ဆိုတာ ဖြစ်နိုင်ချေ အရှိဆုံးပဲ။” ဖန်ကျန်းရှီ ရှင်းပြတယ်။

“ ငါ နားလည်ပြီ။ ဒါဆိုရင် ဘာဆက် လုပ်ကြမလဲ။” ပင်ယန် ခေါင်းငြိမ့်တယ်။ တောင်ပိုင်းသားတွေလိုမျိုး အသားအရောင် နဲ့ ကျင့်ကြံဆင့် မြင့်ပြီး အင်အားကြီးတဲ့ လူကို ရှာဖို့က ခက်တယ်လေ။

“ သူတို့တွေကို ဥပဒေအတိုင်း စီရင်ချက်ချ ကြတာပေါ့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ ဥပဒေ အတိုင်း စီရင်မယ် ဟုတ်လား။” ပင်းယန် နည်းနည်းတော့ အံ့သြသွားတော့တယ်။

“ ဥပဒေ အရဆိုရင်။ ဒီ လူတွေက ဥပဒေ ဝန်ကြီး ဌာနကို ပို့ရမှာ။ အဲ့ဒီ့နောက်။ ယဉ်ကျေးမှု ဝန်ကြီး ဌာနက လက်ထဲကို လွှဲပြီးတော့ ။ တောင်ပိုင်းဧကရီ ရောက်လာတဲ့ အချိန် ကိစ္စတွေကို ဖြေရှင်းရမယ်။” မင်းသားကိုး လင်းယွမ် ကြားထဲက ပြန်ဖြေတယ်။

“ငါနားလည်ပြီ။ နင်က ဥပဒေ ဝန်ကြီး ဌာန လက်ထဲ သူတို့ကို အပ်ပြီးတော့ ။ ယဉ်ကျေးမှုဝန်ကြီး ဌာနဆီ ရောက်အောင် တွန်းအား ပေးမလို့ မဟုတ်လား။” ပင်းယန် နားလည်သွားတဲ့ ပုံပဲ။

“အင်း…” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ သူတို့တွေ ယုံကော ယုံကြမှာလား။ ကြည့်ရတာ နည်းနည်း သိသာနေ သလိုပဲ။” ပင်းယန် ပြောတယ်။

“ ဟုတ်တယ်။ ဒါက နည်းနည်း သိသာလွန်းနေတယ်။” မင်းသားကိုး ခေါင်းငြိမ့်တယ်။

မျက်နှာဖုံး မပါတဲ့ ပုံစံနဲ့ ဆိုရင်။ သူတို့တွေက ဘယ်သူတေါ ဆိုတာ ရှာဖို့ မခက်တော့ဘူး။ ဒီလူတွေက အမှန်တကယ် တောင်ပိုင်း ဒေသ သံအမတ်တွေ မဟုတ်ကြဘူးလေ။ ဒါပေမယ့် မင်းသားကိုး လင်းယွမ်ကလည်း ထွင်းဖောက်မြင်ပါတယ်။ အကယ်၍ ဒီလူတွေကိုသာ ဥပဒေ ဝန်ကြီး ဌာနကို ပို့လိုက်ရင်။ သူတို့ရဲ့ ကံတရားကို ခန့်မှန်းလို့ရနိုင်တယ်။ သူတို့တွေ ဥပဒေ ဝန်ကြီး ဌာနထဲ ဝင်လာတနဲ့ တစ်ခု မဟုတ် တစ်ခုတော့ ဖြစ်လာတော့မှာပဲ။ ပထမတစ်ခုက။ ထောင်ထဲမှာ သေမယ်။ ဒုတိယ တစ်ခုကတော့။ ကမ္ဘာပေါ်ကနေ အစတောင် ရှာမရပဲ ပျောက်သွားလိမ့်မယ်။ တစ်နည်း မဟုတ် တစ်နည်း နဲ့တော့ ဒီလို အဆုံးသတ်မှာပဲ။ ဒါကြောင့် ဖန်ကျန်းရှီ ဘာလို့ ဒီလို လုပ်လဲ သူနားမလည်နိုင်။

“ ဒါကြောင့်ပဲ။ မင်းသားကိုးရဲ့ အကူအညီကို လိုလာတာ။ မင်းသားကိုး ကျွန်တော်နဲ့ နည်းနည်းလောက် ကျီစား တာလေး လုပ်ကြရအောင်။ ” ဖန်ကျန်းရှီက လင်းယွမ်ကို ကြည့်ရင်း ပြောတယ်။

“ သခင်လေး ဖန်က ကျွန်တော့် အကူအညီကို လိုလို့လား။” လင်းယွမ် မျက်လုံး ပြူးသွားတယ်။ ဖန်ကျန်းရှီက သူ့လို အပြင်လူ တစ်ယောက်ကို ဒီလို ကိစ္စ ပြောလာမယ် လို့ မထင်ထား မိခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ မေးလာတော့ သူတွေးလာပြီလေ။

“ ဘာတွေများ ဒီလောက်တောင် တွေးနေတာလဲ။”

“ အရှုပ်တော်ပုံ ကြားမှာ မြှုပ်သွားမှာ စိုးရိမ်လို့လား။” ဖန်ကျန်းရှီ ဆက်မေးတယ်။

“ အင်း ဟုတ်တယ်။” မင်းသားကိုး လင်းယွမ် တွေဝေနေခဲ့တယ်။ အဲ့ဒီ့နောက် သူ အံကြိတ်ရင်း ပြောတယ်။ “ဒါပေမယ့် တစ်ချို့ကိစ္စတွေကတော့ လုပ်ကို လုပ်ရမှာလေ။”

“ ဟ ဟား….. တကယ်တော့ ဒီကိစ္စက ပြဿနာ အရမ်းမများပါဘူး။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။

“ ငါ ပြဿနာတောထဲ ရောက်ရင်တောင် ကိစ္စ မရှိပါဘူး။ နောက်ဆုံးတော့လည်း ငါ အဆင်သင့် ဖြစ်နေပြီပဲ ….” မင်းသားကိုး လင်းယွမ်ခေါင်းခါ ရင်းနဲ့ ပြောတယ်။ မင်းသား တစ်ယောက် အနေနဲ့။ မြို့တော် အခြေအနေကို သူ ကောင်းကောင်း သိတယ်လေ။ ဒါပေမယ့် သူက ဒီအတိုင်း စောင့်ကြည့်သူ သက်သက်ပဲ။ တစ်ယောက်ထဲနေရတာ အထီးကျန်ပေမယ့်။ သက်တောင့်သက်သာ ရှိတယ်လေ။ လူတိုင်းက ထီးနန်းကို လိုချင်နေတာ။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့။ ထီးနန်းပလ္လင်က ဝေးကွာလွန်းလို့။ မင်း ဘယ်လောက်ပဲ ကြိုးစားပါစေ လက်လှမ်း မမှီ နိုင်ဘူး။ လက်လျှော့တယ်ဆိုတာကလည်း အခြေအနေ တစ်ခုပဲ ။

“ မင်းသားကိုးက မြင့်မြတ်ဂုဏ်ခံ တစ်ယောက် အနေနဲ့ လွတ်လွတ်လပ်လပ်နေလို့ ရပါသေးတယ်။” ရန်ရွှယ် အေးစက်စက် တည်တည်ငြိမ်ငြိမ် နဲ့ ပြန်ဖြေတယ်။

“အင်း ။ မင်း ပြောတာ မှန်တယ်။” မင်းသားကိုး လင်းယွမ် ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံးထဲတွေ တလက်လက် တောက်ပလာတယ်။ “ ငါ လုပ်ဖို့ လိုတာတွေ ပြောလိုက်။”

…

အိမ်ရှေ့စံ မင်းသားရဲ့ အိမ်တော်မှာတော့။ ဝတ်ရုံနက်တစ်ယောက် ခြံဝန်းထဲကို ဖြတ်ပြေးနေခဲ့တယ်။ ဘေးဘီဝဲယာကို ကြည့်ပြီး နောက်မှာတော့။ တံခါးမခေါက်တော့ပဲ တစ်ခါတည်း ပြေးဝင်သွားခဲ့တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ အပြင်။ နောက် လူတစ်ယောက်လည်း စာကြည့်ခန်းထဲမှာ ရှိနေခြ့တယ်။ ဝန်ကြီး ယွီယိဖျင်။

“ အရှင် မင်းသား။ မကောင်းတဲ့ ကိစ္စ ဖြစ်ပြီ။” ဝတ်ရုံနက် ဒူးထောက်ရင်း အသက်မရှူ စတမ်း ပြောတော့တယ်။

“ ကိစ္စ အားလုံးက အစီစဉ် အတိုင်း ဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ လူတွေက ခုနှစ်စင်ကြယ်လမ်းကို အစောင့် အကြပ်ချပြီးတော့ ကန့်သတ်လိုက်တယ်။ ဒါပေမယ့် ….”

“ ဒါပေမယ့် ဘာဖြစ်လဲ။”

“ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ရဲ့ အစီအစဉ် ကျရှုံးသွားတယ်။ ”

“ ကျရှုံးသွားတယ်။ သူတို့ ကော။ သူတို့ကော အခု ဘယ်မှာလဲ။” လင်းထျန်းရုံ တုန်တုန်ယင်ယင်နဲ့ ဝတ်ရုံနက် ဆီကို လျှောက်သွားခဲ့တယ်။

“ သူတို့တွေ ကို ဥပဒေ ဝန်ကြီး ဌာနဆီ ပို့လိုက်ပြီ။” ဝတ်ရုံနက် ချက်ခြင်း ပြန်ဖြေတယ် ။

“ ဥပဒေ ဝန်ကြီး ဌာနဆီ ပို့လိုက်တာလား။” အိမ်ရှေ့စံ လင်းထျန်းရုံ မျက်လုံး ပြူးသွားတယ်။ အဲ့ဒီ့နောက် သူ ပြုံးပြတယ်။

“ ဒီကောင် ရူးနေတာလား။ အကယ်၍ သူသာ သူတို့ကို ဥပဒေ ဝန်ကြီး ဌာနဆီ ပို့လိုက်ရင်။ ငါတို့တွေ ဘာများ စောင့်နေရအုန်းမှာလဲ။ ငါ့ရဲ့ အမိန့်ပြားကို ယူသွားလိုက်။ ဝန်ကြီး ဌာနက ငါတို့ လူကို ချက်ခြင်း လှုပ်ရှားခိုင်းလိုက်။ ”

“မဖြစ်ဘူး။” ဝန်ကြီး ယွီယိဖျင် ပြန်ဖြေတယ်။ ဝတ်ရုံနက်ကို သူ ပုခုံးတွန့်ပြတယ်။

“ငါတို့ ပို့လိုက်တဲ့ လူတွေ ဆိုတာ သေချာလို့လား။”

“ ဟုတ်ကဲ့။ သူတို့ တွေ က အတူတူပါပဲ။” ဝတ်ရုံနက် ပြန်ဖြေတယ်။

“ ဝန်ကြီး။ တစ်ခုခု မှားနေလို့လား။” အိမ်ရှေ့စံ လင်းထျန်းရုံ ကြားလိုက်တဲ့ အချိန်မှာ စိတ်ထဲ သံသယ ဝင်လာခဲ့တယ်။

“ သေချာ မသိဘူး။” ဝန်ကြီး ယွီယိဖျင် ခေါင်းခါတယ်။ အဲ့ဒီ့နောက် ဝတ်ရုံနက်ကို လှည့်ကြည့်တယ်။ “ သူတို့တွေ အသက်ရှင်နေသေးလား။”

“ အသက်ရှင်နေသေးပါတယ်။ ဒါပမယ့် သတိလစ်နေကြတယ်။ သူတို့ ကြည့်ရတာ အဆိပ်မှိုင်းမိနေကြတဲ့ ပုံစံပဲ။” ဝတ်ရုံနက်တွေးတော ပြီးနောက်မှာ ပြန်ဖြေတယ်။

“ သတိလစ်နေကြတယ်။ အဆိပ်မိတယ်။” ဝန်ကြီး ယွီရဲ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။

“ ဟုတ်တယ်။ သူတို့ တွေတင် အဆိပ်မိနေတာ မဟုတ်ဘူး။ ခုနှစ်စင် ကြယ်လမ်း တစ်ခုလုံး အဆိပ်မိနေကြတာ။ ကျွန်တော့် အထင်တော့။ ဖန်ကျန်းရှီက သူတို့ကို အဆိပ်ခတ်လိုက်တာပဲ။ ” ဝတ်ရုံနက် ပြန်ဖြေတယ်။

“ ခုနှစ်စင်ကြယ်လမ်း တစ်ခုလုံး အဆိပ်မိတယ်။ မင်းသေချာလို့လား။”

“သေချာပါတယ်။”

“ တစ်နှစ်တည်း ကြာရုံနဲ့။ ဖန ်ကျန်းရှီက အဆိပ်ပညာမှာ ဒီလောက်တောင် ကျွမ်းကျင်သွားမယ်လို့ ငါမထင်ထားခဲ့မိဘူး။ ငါ သတိလွတ်သွားတယ်။” ဝန်ကြီးယွီ သက်ပြင်းချတယ်။

“ ဝန်ကြီး…။ ဧကရာဇ်က မြို့တော်ထဲမှာ မရှိတော့ဘူး။ အကယ်၍ မနက်ဖြန် သူ ပြန်လာတာကိုသာ စောင့်နေခဲ့ရင်။ အရမ်းနောက်ကျသွားလိမ့်မယ်။ သူတို့တွေက ဥပဒေ ဝန်ကြီး ဌာနမှာ ရောက်နေတာပဲ။ ငါတို့ မြန်မြန် လက်စသတ်…” အိမ်ရှေ့စံ လင်းထျန်းရုံ ဒူးထောက်နေတဲ့ ဝတ်ရုံနက်ကို ကြည့်ရင်း ပြောတယ်။

“အရှင့်သား။ အကယ်၍ ကျွန်တော်တို့သာ သူ့နေရာ ဆိုရင် ။ ဒီလူတွေကို ဥပဒေ ဝန်ကြီး ဌာနဆီ ဘာလို့ ပို့မှာလဲ။” ဝန်ကြီး ယွီ မေးတယ်။

“မင်းပြောချင်တာ…. သူက ရည်ရွယ်ချက် ရှိရှိ ပို့လိုက်တာလား။” လင်းထျန်းရုံ ပြန်ဖြေတယ်။

“မသေချာဘူး။” ဝန်ကြီးယွီယိဖျင် ခေါင်းခါ ရင်း ဒူးထောက်နေတဲ့ ဝတ်ရုံနက်ကို ကြည့်တယ်။

“ ဒါက အရေးကြီးတယ်။ ဖန်ကျန်းရှီက ဒီလူတွေကို ဥပဒေ ဝန်ကြီး ဌာနဆီ ပို့ချင်တယ် ဆိုတာ သေချာလား။”

“ မဟုတ်ပါဘူး။ ဒါက ဖန်ကျန်းရှီ ရဲ့ အကြံ မဟုတ်ဘူး။ မင်းသားကိုး ပို့ခိုင်းတာပါ။ ” ဝတ်ရုံနက် ပြန်ဖြေတယ်။

“ မင်းသားကိုးလား။” ဝန်ကြီးယွီ ယွိဖျင် လန့်သွားတယ်။

“ ဟုတ်ပါတယ်။ မင်းသားကိုးက ခုနှစ်စင်ကြယ်လမ်းထဲမှာ ဒီကိစ္စ ဖြစ်တဲ့ အချိန် ရှိနေတာပါ။ ဖန်ကျန်းရှီနဲ့ တခြားသူတွေကတော့ ပင်းယန် အိမ်တော်ကို ပို့ချင်ကြပေမယ့်။ မင်းသားကိုးကတော့ ငြင်းဆန် ခဲ့ပါတယ်။ ခုနှစ်စင်ကြယ်လမ်းရဲ့ အပြင်ဘက်မှာ အကြီးအကျယ် ငြင်းခုန်ကြပြီးတော့ ။ မင်းသားကိုးက သူတို့တွေကို ကိစ္စ မှန်သမျှ လက်ဝါးကြီး အုပ်ပြီး ဖြေရှင်းချင်နေတဲ့ အကြောင်း ဆူပူတယ်။ နောက်ဆုံးတောမှာတော့။ ကျွန်တော်တို့ ရဲ့ လူတွေ ကို ဥပဒေ ဝန်ကြီး ဌာနဆီ ပို့လိုက်ကြတော့တာပါ။““ ဝတ်ရုံနက် သတင်းပို့တယ်။

“ မင်းပြောတာ။ မင်းသားကိုက ဖန်ကျန်းရှီ တို့တွေ ပင်းယန် အိမ်တော်ဆီ ငါတို့လူတွေ ရောက်သွားမှာကို တားခဲ့တယ် ။ ပြီးတော့ ဥပဒေ ဝန်ကြီး ဌာနကို ပို့စေတယ်ပေါ့။” ဝန်ကြီး ယွီယိဖျင်ရဲ့ မျက်လုံးတွေ တောက်ပလာတော့တယ်။

“ ဝန်ကြီး ။ ဘယ်လိုထင်လဲ။” လင်းထျန်းရုံ မေးတယ်။

“ ကျွန်တော် သတိထားလွန်း သွားတာ ဖြစ်ပါလိမ့်မယ်။ ခွင့်လွှတ်ပါ အရှင့်သား ။ ဒီလို ဖြစ်လာမှတော့ ဘာမှ စိုးရိမ် စရာမရှိတော့ဘူး။ နည်းနည်းတော့ စွန့်စားရာ ရောက်တယ် ဆိုပေမယ့်။ ကျွန်တော်က ိုယ်တိုင် စီစဉ်ပါရစေ။” ဝန်ကြီးယွီ ဦးညွှတ်ရင်း ပြောတယ်။ သူ အခုတော့ စိတ်သက်သာရာ ရ သွားတဲ့ ပုံပဲ။

“ ဝန်ကြီး။ မစိုးရိမ်ပါနဲ့တော့။ ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာတာ ။ ဝန်ကြီးရဲ့ အကူအညီကြောင့်ပဲ။ အခုချိန်မှာ ဝန်ကြီးက အခြေအနေ တွေကို ပြန်ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်ယုံတယ်။ ” လင်းထျန်းရုံ ပြုံးပြရင်းနဲ့ ပြန်ဖြေတယ်။

အပိုင်း(၅၁၀) ပြီး၏။

All Chapters