← Chapters

အပိုင်း (၅၁၁-၅၂၀)

Vol. 6 Ch. 511-520

အပိုင်း (၅၁၁-၅၂၀)

Vol. 6 Ch. 511-520

အပိုင်း(၅၁၁)

“ ရင်ဆိုင်မယ်။ ”

…

မြို့တော် တစ်ခုလုံး အိပ်မပျော်နိုင်တဲ့ ည ဖြစ်ခဲ့တယ်။ ခုနှစ်စင်ကြယ်လမ်းရဲ့ သတင်းက မြို့တစ်ခုလုံးကို အရှိန်ပြင်းပြင်း ပျံ့နှံ့သွားခဲ့တယ်။ ဒါပေမယ့် ဒီနေရာမှာတင် ပြီးဆုံး မသွားခဲ့ဘူး။ လူတွေ မစုရုံးရသေးခင် အချိန် မှာပဲ ။ ပိုပြီးတော့ ပြင်းထန်တဲ့ သတင်း ထွက်လာခဲ့တယ်။ တောင်ပိုင်းက အမတ်မင်း တစ်ချို့ က ခုနှစ်စင်ကြယ်လမ်းထဲမှာ စုဝေးပြီးတော့ ဖန်ကျန်းရှီကို သတ်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီ့နောက် ခုနှစ်စင်ကြယ်လမ်း တစ်ခုလုံးက လူတွေ အားလုံး အဆိပ်မိသွားခဲ့ပြီး။ သတိလစ်သွားခဲ့ကြတယ်။ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။

ဒီလောက်ကြီးကြီးမားမား ကိစ္စက မဖြစ်တာနှစ်တွေ အများကြီးကြာပြီလေ။ အခုတော့ ခုနှစ်စင်ကြယ်လမ်းရဲ့ အပြင် ဘက်မှာ ဘူတွေ အများကြီး စုဝေးနေကြတယ်။ သူတို့ရဲ့ အိမ်တော်က သတိလစ်နေတဲ့ အိမ်တော် သခင်လေးတွေကို ။ အစေခံတွေ သယ်လာတာကို စောင့်ကြည့်နေကြတယ်။ ဒီနေ့ ဒီလူတွေ ရှိနေတာ ကံကောင်းတာလား။ ကံ ဆိုးတာလား ဆိုတာ ဘယ်သူမှ မခွဲခြား နိုင်ကြဘူး။

…

သွမ့်အရှင်ရဲ့ အိမ်တော်ထဲမှာတော့…. အစားအသောက်တွေလည်း မရှိတော့ဘူး။ အိမ်ရှေ့စံ ပြန်သွားတာလည်း ကြာလှပြီ။ ဒါပေမယ့်။ သူကတော့ ကင်းလှည့်ဖို့ အစီအစဉ်မရှိ။ ပြောရရင်။ အိမ်ရှေ့စံ သူ့ အိမ်တော်ရှေ့ကို ရောက်မလာခင်တည်းက ။ ခုနှဏ်စင်ကြယ်လမ်းထဲမှာ တစ်ခုခု ဖြစ်တော့မယ် ဆိုတာ သူ ကြိုသိပြီးးသား။ အတွေးတွေ အများကြီး သူ့ စိတ်ထဲ ဝင်လာခဲ့တယ်။ ချီဟို့ ဒါမှမဟုတ်။ စစ်နတ်ကျောင်းတော်က ရှင်းယွမ်ကောင်းကို ခေါ်ပြီးတော့ ခုနှဏ်စင်ကြယ်လမ်းစီ သွားခိုင်းဖို့တောင် သူတွေးထားခဲ့တာ။

နောက်ဆုံးတော့လည်း ဘယ်တစ်ခုကိုမှ သူမလုပ်တော့ဘူး။ အကြောင်းရင်းကတော့ ရှုင်းပါတယ်။ ဖန်ကျန်းရှီက သူ့အကာအကွယ် မပါပဲနဲ့ အသက်ရှင်နိုင်မလား ဆိုတာ သိချင်လို့ပဲ။ စွန့်စားရာရောက်ဆယ် ဆိုပေမယ့် ။ နောက်ဆုံးတော့ အားလုံးကို လျစ်လျူရှုလိုက်တယ်။

“ တောသား တစ်ယောက်က တစ်နှစ်တွင်း ဘယ်လောက်များများ တိုးတက်လာနိုင်မှာလဲ။ ” သွမ့်အရှင် ကောင်းကင်က ကြယ်တွေကိုကြည့်ရင်း ပြောနေခဲ့တယ်။ ဖန်ကျန်းရှီ ဟွေ့အန်းဒေသမှာ ပေါ်လာတည်းက။ ချီဟို့။ ဆရာဝမ်။ ဆရာဟွား အကုန်လုံးက ။ ဖန်ကျန်းရှီ သစ္စာခံလာအောင် တစ်ချိန်လုံး အကြံပြုနေခဲ့တယ်။

ဒါပေမယ့် စကားတွေနဲ့ အပြုအမူတွေကတော့။ အတွေးအခေါ် နဲ့ ဆန့်ကျင်ဘက်ပဲ။ ပိုပြီးတော့ အရေးကြီးတာကတော့။ ချီဟို့က သူ့ကို ပြောထားခဲ့တယ်။ ဖန်ကျန်းရှီက သူ့ကို သစ္စာခံလာဖို့ အတွေးမရှိဘူးလို့။ ဖန်ကျန်းရှီက အင်ပါယာ တစ်ခုလုံးမှာ အလိုအရှိဆုံး ဝရမ်းပြေး တစ်ယောက် ။ ဒါပေမယ့် သူက သွမ့်အရှင်ကို လုံး၀ သစ္စာမခံဘူး။ ဒါတောင်မှ။ သူ့ကို မြို့တော်မှာ ကာကွယ်ပေးခံစေချင်နေတာလား။ ဘယ်လိုတောင် ဟာသလည်း။

သွမ့်အရှင်။ သူ့ အကြံပေးတွေ ရဲ့ စကားကိုတော့ မပယ်ရှားခဲ့ဘူး။ ဒါပေမယ့် သူ့မှာလည်း သူ့ကိုယ်ပိုင် အစီအစဉ်ရှိတယ်လေ။ ဖန်ကျန်းရှီကို မြို့တော်မှာ အသက်ရှင်ဖို့ မလွယ်ကူဘူးဆိုတာ မှတ်လောက်သားလောက်အောင် ဖြစ်သွားစေချင်တယ်။ အခု ချိန်က အကောင်းဆုံး အခွင့်အရေးပဲ။

“ ဝန်ကြီးယွီကတော့ သူ့ကို နှိပ်စက်ပြီးတော့ သတ်မှာပဲ။” သွမ့်အရှင် ခုနှစ်စင်ကြယ်လမ်းက သတင်းကို စောင့်ပြီး နားထောင်နေခဲ့တယ် ။ ဖန်ကျန်းရှီ ဒဏ်ရာတွေ ဗလပွနဲ့ သူ့ ဆီ လာပြီး ဒူးထောက် ခယမှာကို တေဟာင့်နေခဲ့တယ်။ ဒီလို ဖြစ်လာရင်။ ဖန်ကျန်းရှီကို သဘောထားကြီးကြီးနဲ့ ကယ်တင်ပေးပြီးတော့။ ဖန်ကျန်းရှီက သူ့ ကျွန်ဖြစ်လာမယ်။ သူကတော့ ဖန်ကျန်းရှီ ရဲ့ သခင်ပေါ့။

“ အရှင်မင်းသား။ ဆရာဝမ်နဲ့ ဆရာဟွား ပြန် လာပြီ။” အသံ တစ်သံက သွမ့်အရှင်ရဲ့ ဘေးနားကနေ ထွက်လာတော့တယ်။ သွမ့်အရှင်နဲ့ အိမ်ရှေ့စံ တို့ သောက်ရစားရတာ မပျော်ဘူးမှန်း သူတို့ သိတယ်လေ။ သူတို့တွေ တူတောင် မကိုင်ကြဘူး။

“အင်း… သူတို့ကို ဝင်ခိုင်းလိုက်။ ” သွမ့်အရှင် ခေါင်းငြိမ့်တယ်။ သူ့ ထိုင်ခုံ့နေ ထတယ်။ ဆွေးနွေးပွဲ လုပ်ဖို့ ပြင်တယ်။

ဒီအချိန်မှာပဲ လူနှစ်ယောက် ခြံဝန်းထဲကို ရောက်လာခဲ့တယ်။ အဖြူ အနက် တာအို ဝတ်စုံနဲ့ ဆရာဝမ် ရယ်။ ကျောင်းတော်သား ဝတ်ရုံနဲ့ ဆရာဟွားရယ်။ သုတ်ခြေတင်ပြီးတော့ ဝင်လာခဲ့တယ်။

“အရှင့်သား။” ဆရာဟွားနဲ့ ဆရာဝမ် တပြိုင်နက်တည်း နှုတ်ဆက်ကြတယ်။

“ ဆရာ တို့ နှစ်ယောက် အတွက်တော့ ခက်ခဲမှာပဲ။ အိမ်ရှေ့စံက ကျွန်တော် တို့ မရောက်ခင် ထွက်လာမယ် လို့ မထင်ထားခဲ့မိဘူး။ အိုက်ယား … ဖန်ကျန်းရှီ အဆင်ပြေရဲ့လား။ သူ အသက်အန္တရာယ် ရောက်နေတာလား။” သွမ့်အရှင် မေးတယ်။

“အမ်….” ဆရာဝမ် နဲ့ ဆရာဟွားကတော့ မျက်လုံးပြူးသွားခဲ့တယ်။ သူတို့ အထင်မှာ။ တစ်ယောက်ယောက်က သွမ့်အရှင်ကို ခုနှစ်စင်ကြယ်လမ်းက ကိစ္စကို ပြောပြပြီးလောက်ပြီ ထင်ထားတာ။ ဒါပေမယ့် အခုတော့ ကြည့်ရတာ သွမ့်အရှင်က ဘာမှ မသိသေးတဲ့ ပုံစံပဲ။ သွမ့်အရှင်က ဖန်ကျန်းရှီကို ကာကွယ်ဖို့ ဘယ်သူ့ကိုမှ မလွှတ်ခဲ့ဘူးလား။ ဒါက ဆရာဟွားနဲ့ ဆရာဝမ် တွေးမိတဲ့ အတွေးပဲ။ ဒါပေမယ့် သူတို့တွေ သွမ်အ့ရှင်ကို မေးလို့ မဖြစ်နိုင်ဘူးလေ။

သွမ့်အရှင် သူ့ အကြံပေး နှစ်ယောက်ကိုသာ ပြုံးပြနေခဲ့တယ်။ “ အိမ်ရှေ့စံက ပြင်းပြင်းထန်ထန်တော့ လုပ်မှာပဲ။ အခု ဖန်ကျန်းရှီ ဘယ်မှာလဲ။ အကယ်၍ သူ မလှုပ်ရှားနိုင်တဲ့ အခြေအနေမှာ ရှိနေရင်။ ငါ သွားတွေ့လိုက်မယ်။ အိမ်ရှေ့စံ ဘယ်လိုေ တွးမလဲ ငါ ဂရု မစိုက်ဘူး။ ထီနန်းပလ္လင်က ပို အရေးကြီးတယ်။ ”

“ …” ဆရာဟွားနဲ့ ဆရာဝမ် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ ဘာပြောရမယ် မှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် ဆရာဝမ် ခပ်မြန်မြန်ပဲ သတိဝင်လာတယ်။

“ အရှင့်သား။ ခုနှစ်စင်ကြယ်လမ်း မှာ ဒီနေ့ ဖြစ်တဲ့ ကိစ္စ အကြောင်း သတင်း မရသေးဘူးလား။”

“ အိမ်ရှေ့စံက ခုနတုန်းကမှ ပြန်သွားတာ။ ဒါကြောင့် ဘာ သတင်းမှ မရသေးဘူး။” သွမ့်အရှင် အကြောင်းပြချက် တစ်ခုကို ခပ်မြန်မြန်ထုတ်လိုက်တယ်။

“ နားလည်ပြီ…” ဆရာဝမ် ခေါင်းငြိမ့်တယ်။ ပြီးတော့ ပြန်ဖြေတယ်။ “အိမ်ရှေ့စံရဲ့ အစီအစဉ် ကျရှုံးသွားတယ်။ ဖန်ကျန်းရှီက အိမ်ရှေ့စံ လွှတ်လိုက်တဲ့ လုပ်ကြံသူ အားလုံးကို ဖမ်းလိုက်တယ်။ ….”

“ ဘာ … ဘာဖြစ်တယ်။ ဖန်ကျန်းရှီက အားလုံးကို ဖမ်းလိုက်တယ်။” သွမ့်အရှင်။ မယုံနိုင်။

“ဟုတ်တယ်။” သွမ့်အရှင်ရဲ့ မျက်နှာကို မြင်တော့ ဆရာဝမ် သေချာသွားတယ်။ ဒီနေ့ ည သွမ့်အရှင် ခုနှစ်စင်ကြယ်လမ်းကို အကူအညီ မလွှတ်ခဲ့ဘူး။

“ ဒါက ဘယ်လို ဖြစ် နိုင်မှာလဲ။ သူ့ ကျင့်ကြံဆင့်က မပျက်စီးသေးတာလား။ အိမ်ရှေ့စံက ဒီလောက် ကျင့်ကြံဆင့် မြင့် တဲ့ လုပ်ကြံသူတွေကို လွှတ်လိုက်တာပဲ။ သူ့ ဘေးမှာ ရန်ရွှယ် ပဲ ရှိတာ လေ။ ဘယ်လိုများ အကုန်လုံးကို ဖမ်းလိုကတာလဲ။” သွမ့်အရှင် မယုံနိုင်။

“ ဒီလို ပဲ ဖြစ်သွားခဲ့တယ်….” ဆရာဝမ် ခေါင်းခါရင်း။ ညက အဖြစ်အပျက်တွေကို ရှင်းပြတော့တယ်။

“ အဆိပ် ”

“ အိမ်ရှေ့စံက မြူနှင်းဖြူ အဆိပ်ကို သုံးတယ်။ ဒါပေမယ့် သူတို့ အဆိပ် မမိဘူး။”

“ ဘာ …. ခုနှစ်စင်ကြယ်လမ်း တစ်ခုလုံး အဆိပ်ငွေ့တွေ ကြောင့် သတိ လစ်ကုန်ကြတယ်။ ဘယ်လို ဖြစ်နိုင်တာလဲ။”

“ ….” သွမ့်အရှင် စကား တစ်ခွန်း နားထောင်ပြီးတိုင်း မျက်လုံး ပိုပြူးလာခဲ့တယ်။ သူ့ မျက်နှာကလည်း ပိုပြီးတော့ မည်းမှောင်လာတယ်။ ဆရာဟွားကတော့ ဘေးမှာသာ တိတ်တဆိတ် ရပ်နေခဲ့တယ်။ ဖြစ်သွားခဲ့တဲ့ ကိစ္စ တစ်ခုလုံးကို ဆရာဝမ် ပြောပြပြီးတဲ့ နောက်မှာတော့။ သွမ့်အရှင်ရဲ့ အမူအယာက လေးနက် တည်ကြည်သွားတော့ တယ်။

“ ဘာကြောင့်များ တစ်ခုခု လွဲနေတယ်လို့ ထင်ရတာလဲ။ ကြည့်ရတာ။ အိမ်ရှေ့စံရဲ့ အစီအစဉ်ကို အစတည်းက သူ သိနေတဲ့ ပုံစံပဲ။ ဒါပေမယ့် ဒီ အစီအစဉ်တစ်ခုလုံးကို ပြောင်းပြန် လှန်ပြစ်လိုက်တာကတော့….” သွမ့်အရှင် ကိစ္စတစ်ခုလုံးကို နားမလည်နိုင်သေးဘူး။

“ အင်း…။ ကြည့်ရတာ လျှို့ဝှက်ချက် များမယ့်ပုံပဲ။ ဒါကြောင့် ကျွန်တော့် အထင်အရတော့….” ဆရာဝမ် ခေါင်းငြိမ့်တယ်။

“ ဆရာဝမ် ဘယ်လိုထင်လဲ။”

“ ကျွန်တော့် အထင်တော့။ ခုနှစ်စင်ကြယ် လမ်းသခင်က ဖန်ကျန်းရှီ ဖြစ်နိုင်ချေ ၅၀% ရှိတယ်။”

“ ဖန်ကျန်းရှီက ခုနှစ်စင်ကြယ်လမ်း သခင် ဟုတ်လား….။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ကျေးတောသား တစ်ယောက်ပဲလေ။ ဘယ်လိုများ ဒီလောက်ထိ ကြီးကြီးမားမား လုပ်နိုင်မှာလဲ။ နောက်ပြီးတော့ ခုနှစ်စင်ကြယ်လမ်းက မြို့တော်မှာ ရှိတာလေ။ အဲ့ဒီ့နေရာမှာ သူက တစ်ချိန်လုံး ဘယ်လိုများ ရှိနိုင်တာလဲ။” သွမ့်အရှင် မယုံမကြည် နိုင် ပြန်ဖြေတယ်။

“ ဒါကြောင့်ပဲ။ ၅၀% လို့ ပြောရတာ။”

“ ကျန်တဲ့ ၅၀% ကကော။”

“ ခုနှစ်စင်ကြယ်လမ်းက အရိပ်မျိုးနွယ် ဖွင့်ထားတာ။ အရိပ်မျိုးနွယ်က ဖန်ကျန်းရှီကို ဒီ အဆိပ် ခတ်မယ့် အကြောင်း သတင်းပေးလိုက်တာပဲ ဖြစ်နိုင်တယ်။” ဆရာဝမ် ပြန်ဖြေတယ်။

“ အရိပ်မျိုးနွယ်လား။”

“အရှင့်သား။ ချီဟို့ သတိပေးခဲ့တာကို အရှင် မှတ်မိမှာ သေချာပါတယ်။ ဖန်ကျန်းရှီက အရိပ်မျိုးနွယ်နဲ့ ဆက်စပ်နေနိုင်တယ် ဒါပေမယ့်။ ဘယ်လို သက်ဆိုင်လဲတော့ သေချာ မသိဘူး။ ကျွန်တော်တို့ သိတာက ဖန်ကျန်းရှီ အရိပ်မျိုးနွယ်ထဲကို ဝင်သွားတယ် ဆိုတာပဲ။ ” ဆရာဝမ် ပြန်ဖြေတယ်။

“ အရိပ်မျိုးနွယ်။”

အရိပ်မျိုးနွယ်ထဲ ဝင်တယ် ဆိုတဲ့ အဓိပ္မာယ်ကို သူ နားလည်တယ်။ အရိပ်မျိုးနွယ်အတွက် လိုအပ်တဲ့ တာဝန်ကို သူတို့ ထမ်းဆောင်ပေးတယ်။ အပြန် အလှန် အနေနဲ့။ အရိပ်မျိုးနွယ်က သူတို့ကို ကာကွယ်စောင့် ရှောက်ပေးတယ်။ သွမ့်အရှင်ရဲ့ အိမ်ထဲမှာ ရှိတဲ့ ကြေးစား သက်တော်စောင့်တွေနဲ့တော့ သိပ်မကွာခြားဘူး။ ဒါကြောင့် သွမ့်အရှင်လည်း ချီဟို့ ပြောတာကို သိပ်အာရုံမထားခဲ့မိတာ။ ဒီလို မျိုးနွယ်ထဲ ဝင်တာကတော့ ပိုပြီးတော့ လေးစားခံရတယ် ဆိုတာကို နားလည်ပေမယ့်ပေါ့။ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိစေမယ့် ဆက်ဆံရေး တစ်ခုပဲ။ ဝင်ရောက်ခြင်း တစ်ခုက။ ကြီးမားတဲ့ ကိစ္စတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်တဲ့ နေရာမှာ။ ကိုယ့် အလုပ်ကို လုပ်ပေးရင်။ သူတို့ကို ပိုက်ဆံ။ မိန်းမလှ ဒါမှမဟုတ်။ သူတို့ လိုချင်တဲ့ အရာတွေ ပေးကမ်းရတယ်။

“ချီဟို့ ပြောတာတော့။ ဖန်ကျန်းရှီ ဆီမှာ အရိပ်မျိုးနွယ်က ထိပ်တန်း တိုက်ခိုက်ရေး သမား တစ်ချို့ ရှိတယ် ဆိုပဲ။ မြောက်ပိုင်းဒေသ မှာ ဖန်ကျန်းရှီ ပေါ်လာတည်းက သူ့ နောက်မှာ လိုက်နေခဲ့တာ။ ဖန်ကျန်းရှီက အရိပ် မျိုးနွယ်စုမှာ အတော်လေး ရာထူး မြင့်တဲ့ ပုံစံပဲ။” သွမ့်အရှင် တိတ်ဆိတ်နေတာကို မြင်တော့ ဆရာဝမ် ဆက်ပြောတယ်။

“ မြင့်တယ်။ ဟုတ်လား။ ဘယ်လောက်တောင် မြင့်မှာလဲ ။ ကြည့်ရတာတော့ ဖန်ကျန်းရှီက လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး အရိပ်မျိုးနွယ် အတွက် အလုပ်လုပ်ပေးနေတဲ့ ပုံစံပဲ။” သွမ့်အရှင် ပြန်ဖြေတယ်။

ကျင့်ကြံဆင့်မရှိတော့တဲ့ လူတစ်ယောက်က မျိုးနွယ်စုမှာ ဘယ်လောက်များ အဆင့် မြင့်မြင့် နေနိုင်မှာလဲ။ သူ့ အထင်တော့ ဖန်ကျန်းရှီက အရိပ်မျိုးနွယ် ကာကွယ်ပေးတာကို ရဖို့ အတွက် ။ ကိစ္စကြီးတစ်ခုခု လုပ်ပေးခဲ့တယ်လို့။ ပုံမှန်အတိုင်း ဆိုရင်။ ဒီလို ကာကွယ်ပေးတာတွေက ကန့်သန့်ချက် ရှိတယ်။ သူတို့ မျိုးနွယ် အတွက် ဖန်ကျန်းရှီ လုပ်ပေးတာကို ပြန်ပေးဆပ်တာ လုံလောက်ပြီလို့ ထင်ရင်။ ကာကွယ်ပေးတာလည်း ရပ်တန့်သွားလိမ့်မယ်။

“မှန်ပါတယ်။ အရိပ်မျိုးနွယ်က မြောက်ပိုင်းဒေသမှာလည်း တောက်လျှောက်ကာကွယ် ပေးတဲ့ အပြင်။ လမ်းတစ်လျှောက်လုံး လည်း သူနဲ့ အတူ လိုက်ပါလာတယ်။ ဒီည တိုက်ပွဲမှာလည်း ကာကွယ်ပေးခဲ့ပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ စွမ်းဆောင်ခဲ့မှုက အတော့်ကို အရေးကြီးတဲ့ ကိစ္စ ဖြစ်နိုင်တယ်။” ဆရာဝမ် ခေါင်းငြိမ့်ရင်း ပြောတယ်။

“ အင်း… ဒီ အကြောင်း မပြောကြ တော့ရအောင်။ အခုချိန်မှာ ဟို လူတွေ ဘယ်ရောက်နေပြီပဲ။ အခုက ငါတို့ အတွက် အခွင့်အရေး ကောင်း မဟုတ်ဘူးလား။ အကယ်၍ ဒီလူတွေသာ ငါတို့ လက်ထဲ ရောက်လာရင်။ အိမ်ရှေ့စံကို ဖမ်းလို့ရပြီ။” သွမ့်အရှင် ရဲ့ အာရုံက လုပ်ကြံသူတွေ ဆီကို ရောက်သွားခဲ့တယ်။

“ ကျွန်တော် တွက်ချက်ရ သလောက်ကတော့ သူတို့တွေ ။ အခုချိန် ထောင်ထဲ ရောက်နေလောက်ပြီ။” ဆရာဝမ် ပြန်ဖြေတယ်။

“ ထောင်ထဲ ဟုတ်လား။ ဖန်ကျန်းရှီက သူတို့ကို ထောင်ထဲ ပို့လိုက်တာလား။ ဒီ … ဒီကောင် ဘာတွေ ကြံနေပြန်တာလဲ။” သွမ့်အရှင် မေးခွန်းထုတ်ရပြန်တယ်။

“ မဟုတ်ဘူး။ ဖန်ကျန်းရှီ ပို့တာ မဟုတ်ဘူး။ မင်းသားကိုး လုပ်တာ။ ခုနှစ်စင်ကြယ်လမ်း နားမှာ စစ်သည်တော်တွေ လည်းရှိနေတယ်။ ဒါကြောင့် ဖန်ကျန်းရှီ မတားလိုက်နိုင်တာ။” ဆရာဝမ် ရှင်းပြတယ်။

“ အဲ့ဒီ့တော့။ ဒါက ညီတော် ကိုးရဲ့ အကြံပေါ့။ သူ့ အကျင့်နဲ့ ဆိုရင်တော့ ပို့လောက်ပါတယ်လေ။” သွမ့်အရှင် ခေါင်းငြိမ့်တယ်။

“ ဒီညတော့ ထောင်က ရှုပ်ထွေးနေတော့မှာပဲ။”

“ ဆရာတို့ကော အတွေး ဘယ်လို ရှိလဲ။”

“ ဧကရာဇ်က အခုချိန် ဆယ်မိုင်ရေ ကန်မှာ ရှိနေတာ။ အိမ်ရှေ့စံ အကြောင်း သိတဲ့ အတိုင်း။ သူကတော့ ဒီ လုပ်ကြံသူတွေကို အရှင်ထားမှာ မဟုတ်ဘူး။” သွမ့်အရှင် အခိုင်အမာ ပြောတယ်။

“ ဒါပေမယ့် ကျွန်တော်တို့ ဥပဒေ ဝန်ကြီး ဌာနမှာ ဘယ်သူမှ မရှိဘူးလေ။”

“ ငါတို့မှာ မရှိဘူး။ ဒါပေမယ့် ငါတို့ ဆီမှာ မြို့တော် အစောင့်တွေရှိတယ်။ ထောင်ကို မြို့စောင့်တပ်နဲ့ တားထားပြီးတော့ ။ အိမ်ရှေ့စံ လူမသတ်နိုင်အောင် လုပ်ရမယ်။”

“ အိမ်ရှေ့စံကို ထိထိရောက်ရောက် ရင်ဆိုင်မှ ဖြစ်မယ်။” ဆရာဝမ် သတိပေးတယ်။

“ အမှန်ပဲ။”

“အရှင့်သား။ အခုချိန်က ဒီကိစ္စကို လုပ်ဖို့ အချိန်ကောင်းလို့ ထင်လား။”

“ ဒီတစ်ခေါက် အခွင့်အရေးကို လွဲချော်သွားရင်။ ဒါမျိုး နောက်ထပ် ဖြစ်လာဖို့ မလွယ်တော့ဘူး။” သွမ့်အရှင် အံကြိတ်ရင်းပြောတယ်။

“ ကောင်းပါပြီ။ ကျွန်တော် လိုအပ်တာတွေ ပြင်ဆင်ထားလိုက်မယ်။”

“ပြင်ဆင်ဖို့ မလိုဘူး။ ဆရာတို့ နှစ်ယောက် ဒီကိစ္စမှာ အများကြီး ပါဝင်ဖို့ မလိုဘူး။ ဥပဒေ ဝန်ကြီး ဌာန တစ်ခုလုံးက အိမ်ရှေ့စံကို သစ္စာခံထားကြတာ။ ဒါကြောင့် ဆရာတို့ ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်။ ဒီ တစ်ခေါက်တော့ ကျွန်တော် ကိုယ်တိုင် သွားမယ်။” သွမ့်အရှင်ရဲ့ အကြည့်တွေက ဓားသွားလို ထက်မြ နေခဲ့တယ်။

“ နားလည်ပါပြီ။” ဆရာဝမ် ခေါင်းငြိမ့်တယ်။ ဆရာဟွားကတော့ ဒါကို မြင်တော့ ပုခုံးတွန့်လိုက်တယ်။ သွမ့်အရှင်ကို ဦးညွှတ်တယ်။ “ အရှင် ကိုယ်တိုင် သွားမယ် ဆိုတော့။ အခု ကျွန်တော် အရင် ပြန်ပါရစေ။”

“ အင်း… ဆရာဟွား ပင်ပန်းနေရင် ပြန်နားလိုက်ပါ။” သွမ့်အရှင် ပြုံးပြရင်း ပြောတယ်။

“ ကျေးဇူးတင်ပါတယ် အ၇ှင်။” ဆရာဟွား ခေါင်းငြိမ့်တယ်။ ဦးညွှတ်တယ်။ အဲ့ဒီ့နောက် ခြံဝန်းထဲကနေ ထွက်လာတော့တယ်။ သွမ့်အရှင်ကတော့ ဘာမှ မပြောပါဘူး။ ဂိတ်တံခါး ဆီကို သာ လျှောက်သွားတော့တယ်။

“ အမိန့်ချလိုက်။ တပ်ဖွဲ့ တစ် နဲ့ နှစ်ကို အသင့်ပြင်။ ဥပဒေ ဝန်ကြီး ဌာနကို ဝန်းရံထားလိုက်။ ငါ မရောက်ခင် ဘယ်သူမှ မဝင်စေနဲ့။”

“ အမိန့်တော်အတိုးပါ အရှင်။ ” တံခါးက အစောင့် တစ်ယောက်။ အိမ်ခေါင်မိုးတွေ ပေါ် ခုန်တက် ကျော်ဖြတ်သွားရင်း နဲ့ ပျောက်ကွယ်သွားတော့တယ်။

အပိုင်း(၅၁၁) ပြီး၏။

အပိုင်း(၅၁၂)

“ စစ်သည်တော်တွေ ဖော်ထုတ်တာ ခံလိုက်ရပြီ။ ”

…

စစ်နတ်ကျောင်းတော် အတွင်းမှာ။ ချီဟို့က အပြာရောင် ဝတ်ရုံကို ဝတ်ထားခဲ့တယ်။ ကျားခုံကို ကြည့်ရင်း အဖြူရောင် ကျားစေ့ကို လက်ထဲမှာ ဆော့ကစားနေခဲ့တယ်။ အဲ့ဒီ့နောက် ကောင်းကင်က ကြယ်တွေကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။

“ အကို ယွမ်ကောင်း ။ ဒီမှာပဲ ရပ်ကြရအောင်။” ချီဟို့ ထရပ်ဖို့ ပြင်တယ်။

“ ဘာကိစ္စရှိလို့လဲ။ မင်းက မြို့တော်ကို လာခဲတယ်။ ဘာလို့များ ငါနဲ့ ဘာလို့များ နောက်ထပ် အချီ နည်းနည်းလောက် ထပ်မဆော့ချင်တော့တာလဲ။ ” ခရမ်းရွှေရောင် ဝတ်ရုံကို ဝတ်ထားတဲ့ င်္ချီဟို့က။ သူ့ကို ပုခုံးကနေ ပြန်ဖိချတယ်။

“ ဟဟား…. အကို ယွမ်ကောင်း။ ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ကျားမထိုးချင်တော့တာ မဟုတ်ပါဘူး။ ဒီနေ့လို လသာတဲ့ ညမျိုးမှာ လမ်းထွက်လျှောက်ချင်လို့ပါ။” ချီဟို့ ရယ်မောရင်း ပြောတယ်။

“ မြို့တော်က ဒီနေ့ လည်ပတ်ဖို့ သိပ်မကောင်းဘူး။ ညီလေး ဟုန်။ ဒီနေ့ လမ်းလျှောက်ချင်တာ သေချာရဲ့လား။ ”ရှင်းယွမ်ကောင်း အကြံပေးတယ်။

“ ဘယ်လောက်ပဲ အခြေအနေ ဆိုးဆိုး။ မြို့တော်က မြို့တော်ပါပဲလေ။ ကိစ္စဆိုးတွေတော့ မဖြစ်နိုင် လောက် ပါဘူး။” ချီဟို့ ပြန်ဖြေတယ်။

“ အမှန်ပဲ။ မြို့တော်ကတော့ အတော်လေး လုံခြုံပါတယ်။ မင်း လမ်းလျှှောက်ထွက်မှာကို တော့ မတားတော့ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ။ ဒီတစ်ချီလေး ပြီးအောင် ကစား သွားပါအုန်း။ ” ရှင်းယွမ်ကောင်း ခေါင်းငြိမ့်တယ်။

“အင်း… ကောင်းပါပြီ။” ချီဟို့ ခေါင်းငြိမ့်ရင်း ။ ကျားခုံကို ပြန် အာရုံစိုက်တော့တယ်။ ဒီ ကျားပွဲ အနိုင်အရှုံးက အစောကြီးတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်နေခဲ့ပြီ။ အဖြူရောင် ကျားစေ့က လှုပ်ရှားမှုတိုင်းမှာ အနိုင်ရနေခဲ့တယ်။ ဒါပေမယ့် ရှင်းယွမ်ကောင်းကတော့ နောက်ဆုံး အချိန်ထိ အခြေခိုင်အောင် ကြိုးစားနေတုန်းပဲ။ တကယ်တော့ ချီဟို့က ကျားပွဲမှာ အာရုံသိပ်မစိုက်တဲ့အတွက်။ ရှင်းယွမ်ကောင်းက ပြန်ပြီး အနိုင်ရဖို့ ကြိုးစားနေတော့တယ်။ ချီဟို့လည်း ရွေးချယ်စရာမရှိ တော့တာကြောင့်။ ပြန် အာရုံစိုက်ရတော့တယ်။

ည အတော်နက်နေခဲ့ပြီ။ ရှင်းယွမ်ကောင်းက လက်ထဲမှာ ကျားစေ့ အနက်ကို ကိုင် ထားရင်း လှိမ့်နေခဲ့တယ်။ သူ ဆုံးဖြတ်ချက် မချနိုင်တာ သိသာလွန်းနေတယ်။ သူရပ်နေတာ ဆယ်မိနစ်လောက်ရှိနေပြီ။ ချီဟို့ကတော့ မှောင်မည်းနေတဲ့ ကောင်းကင်ကိုသာ ကြည့်နေခဲ့တယ်။

ဒီအချိန်မှာပဲ တောက်ပနေတဲ့ သံချပ်ကာနဲ့ စစ်သည်တော် တစ်ယောက် ။ ခြံဝန်းထဲကို ဝင်လာခဲ့တယ်။ ရှင်းယွမ်ကောင်းနဲ့ ချီဟို့ ဆီကို တန်းတန်း မတ်မတ် လျှောက်လာခဲ့တယ်။

“ အရှင်တို့ကို နှုတ်ခွန်းဆက်ပါတယ်။”

“ အင်း… ဒီည မြို့တော်မှာ ဖြစ်ခဲ့တာတွေကို အကျဉ်းချုပ်ပြော၊” ရှင်းယွမ်ကောင်း အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ အမိန့်တော် အတိုင်းပါ။ ” စစ်သည်တော် ခေါင်းငြိမ့်တယ်။ “ ဖန်ကျန်းရှီက ခုနှစ်စင်ကြယ် လမ်းမှာ ။ တောင်ပိုင်းဒေသ လုပ်ကြံသူတွေ တိုက်ခိုက်တာကို ခံလိုက်ရတယ်။ ဒါပေမယ့် သူ ဒဏ်ရာမရဘူး။ လုပ်ကြံသူတွေ ဖမ်းဆိး ခံရပြီးတော့။ မင်းသားကိုးရဲ့ အကြံအရ။ သူတို့တွေကို ဥပဒေ ဝန်ကြီး ဌာနဆီ ပို့လိုက်ပြီ။ သူတို့ အခုချိန်မှာ ထောင်ထဲ ရောက် နေကြပါပြီ။”

“ ငါ နားလည်ပြီ။ မင်းသွားလို့ရပြီ။” ရှင်းယွမ်ကောင်း လက်ဝေ့ယမ်း ပြလိုက်တယ်။ “ အမိန့်တော်အတိုင်းပါ။ ” စစ်သည်တော် ဦးညွှတ်ပြီးနောက် ထွက်ခွာသွားတော့တယ်။ ချီဟို့ကတော့ ပုခုံးတွန့်ရင်း ထရပ်တယ်။ စစ်သည်တော် ထွက်သွားတာကို မြင်ရင်း သူ စိတ်ရှုပ်ထွေးနေခဲ့တယ်။

“ အကို ယွမ်ကောင်း။ ကျွန်တော်တို့ ဘယ် အချိန်မဆို ကစားလို့ရပါတယ်။ ဒီညတော့ ငါတို့ ဘာကြောင့်များ …”

“ ညီလေးဟုန်။ ငါတို့ တွေ ဒီ တစ်ပွဲ ပြီးတာနဲ့ မြို့တော်ကို လမ်းလျှောက် ထွက်ကြမယ်လေ။ ငါ့ကို စိတ်ပျက် မလုပ်ဘူး မလား။” ရှင်းယွမ်ကောင်ရဲ့ မကျေမနပ် အသံ ထွက်ပေါ်လာတယ်။

“အမ်…. ကျွန်တော် တောင်းပါန်ပါတယ်။ အကို့ကို စိတ်ပျက်အောင် မလုပ်ပါဘူး။ ” ချီဟို့ အံကြိတ်ရင်းနဲ့ ပြန်ထိုင်တယ်။ ဒါပေမယ့် သူ့ မျက်နှာပေါ်က စိုးရိမ်ပူပမန်မှု့တော့ စက္ကန့် နဲ့ အမျှ တိုးလာခဲ့တယ်။”

“ ညီလေး ဟုန်။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်တွေ အနေနဲ့။ ငါတို့က တစ်ဖက်တည်း အမြဲရှိ ခဲ့တာ။ ညီလေး လုပ်ချင်တာကို အကို မတားပါဘူး။ ဒါပေမယ့် ငါတို့တွေက ဦးတည်ချက် တစ်ခုတည်း အတွက် လုပ်လုပ်နေတယ် ဆိုတာကိုတော့ မမေ့သင့်ဘူး။

“ အကို ယွမ်ကောင်း။ ကျွန်တော်က ကျောင်းတော် ဆယ့် သုံးခု ကို အမြဲ သစ္စာရှိပါတယ်….”

“ လုံလောက်ပြီ။ ကစားပွဲကို အရင် ဆုံး အပြီးသတ်ရအောင်။ ငါ မင်းနဲ့ အတူ လမ်းလျှောက် လိုက်ခဲ့မယ်။ ဥပဒေ ဝန်ကြီးကိုလည်း ငါ ပြောပေးမယ်။”

“ ကျေးဇူးတင်ပါတယ် အကို ယွမ်ကောင်း။” ဥပဒေ ဝန်ကြီး အကြောင်း ကြားတော့ ရှင်းယွမ်ကောင်း မျက်လုံးပြူးသွားတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်မောမှုကို အပြုံးတစ်ခုနဲ့ ဖုံးကွယ်ထားလိုက်တယ်။

…

ဥပဒေ ဝန်ကြိး ဌာနက အဓိက ဝန်ကြီး ဌာန ခြောက်ခုထဲမှာ ပါဝင်ပြီးတော့။ ထောင်ကို ထိန်းချုပ်ထားတယ်။ ဥပဒေ ဝန်ကြီး ဌာနမှာ အဓိက ဝန်ကြီး တစ်ယောက် ရှိပြီးတော့။ လက်ထောက် ဝန်ကြီး သုံးယောက်ရှိတယ။် ဘယ် ညာ နဲ့ အလယ် လက်ထောက် ဝန်ကြီးတွေ။ ဝမ်ချောင် အဖမ်းခံရပြီးတည်းက။ ကိစ္စတွေ အများကြီး အဆုံး မသတ်နိုင်ပဲ ကျန်ရစ်ခဲ့တယ်။ ဒီနေ့ညမှာတော့။ ဥပဒေ ဝန်ကြီး ဌာနမှာ အတော်လေး အလှုပ်ရှုပ်နေခဲ့တာ။ ဘယ် နဲ့ အလယ် လက်ထောက် ဝန်ကြီးတွေ အကုန်လုံး တံခါးဝမှာ လာစောင့်နေကြတယ်။ ဒီအချိန်မှာပဲ။ အနီရောင် တောက်တောက် ဝတ်ရုံကို ဝတ်ထားတဲ့ အမတ်မင်းတစ်ယောက် ။ ဂိတ်တံခါးဝကို ရောက်လာခဲ့တယ်။

“ဝန်ကြီး ချုပ်။” လက်ထောက်ဝန်ကြီး နှစ်ဦး သူတို့ ထိုင်ခုံကနေ ထလာတယ်။ သွားကြိုကြတယ်။

“ အင်း….. မင်းတိုက နှစ်ယောက် အတွက် တော့ ခက်ခဲ တော့မှာပဲ။ ဒီလို ညနက်မှ လာခိုင်းရတာ တကယ် အားနာမိပါတယ်။” ဝန်ကြီးယွီ ပြုံးပြရင်း ပြောတယ်။

“ ဝန်ကြီး ချုပ် အားနာ လွန်းနေပါပြီ။ ကျွန်တော်တို့က ကိုယ့် အလုပ် ကိုယ် လုပ်တာပါ။” လက်ထောက် ဝန်ကြီး နှစ်ယောက် ခေါင်းခါရင်း နဲ့ ပြန်ပြောတယ်။ “ကောင်းပါပြီ။” ဝန်ကြီးယွီ ခေါင်းငြိမ့် ရင်းနဲ့ ပြောတယ်။

“ ညာ လက်ထောက် ဝန်ကြီး ဝမ်ချွမ်ကော မလာဘူးလား။”

“ ဝန်ကြီး ယွီ။ ဝမ်ချွမ်ရဲ့ သား။ ဝမ်တပေါင်းက။ ခုနှစ်စင်ကြယ် လမ်းမှာ ဒီညရှိနေတယ်။ ကျွန်တော် ကြားတာကတော့ သူ့သားက အခုချိန်ထိ သတိ လစ်နေတုန်းတဲ့။ ဒါကြောင့် သူလည်း အဲ့ဒီ့မှာ ရှိနေတာ ဖြစ်နိုင်တယ်။ ” လက်ထောက်ဝန်ကြီး နှစ်ဦး ကတော့ စိတ်ရင်း အမှန်နဲ့ ရှင်းပြနေခဲ့တယ်။

“ သူက ခုနှစ်စင်ကြယ်လမ်းမှာ အခုထိ ရှိနေတုန်းက။ ဒီ ဝမ်ချွမ်ကတော့ …. သူ့သားကို တော်တော် ချစ်တာပဲ။ တွေးကြည့်မယ် ဆိုရင် … အိုက်ယား …. သူ ဒီမှာမရှိမှ တော့ မင်းတို့ နှစ်ယောက်ကိုပဲ အလုပ်ရှုပ်စေရတော့မှာပဲ။ ” ယွီယိဖျင်ရဲ့ အကြည့်တွေက အေးစက်နေခဲ့တယ်။

“ ဝန်ကြီးယွီ ရဲ့ အမိန့်ကို စောင့်နေတာပါ။” လက်ထောက်ဝန်ကြီး နှစ်ဦး ပြန်ဖြေတယ်။ သူတို့ မျက်လုံးတွေ ရဲ့ နက်ရှိုင်းတဲ့ နေရာ တစ်ခုမှာ တောက်ပနေခဲ့တယ်။ နောက်ဆုံးတော့လည်း။ ဥပဒေ ဝန်ကြီး ရာထူးက အခုချိန် လွတ်နေတုန်းလေ။ ဝမ်ချွမ် ဒီနေ့ရောက်မလာတာ။ သူတို့ အတွက် နေရာရ ဖို့ အခွင့်အရေးပဲ။ အိမ်ရှေ့စံ မင်းသားက တွန်းအားပေးတယ်။ ဝန်ကြီးယွီက အမိန့်ပေးတယ်။ ဒါက သူတို့အတွက် နေရာကောင်းကောင်းရ ဖို့ အခွင့်အရေးပဲလေ။ အကယ်၍ ဝမ်ချွမ်သာ သူရဲ့ အမတ်မင်း တာဝန်တွေ ကို လစ်ဟင်းနေရင် သူတို့ နေရာ ရဖို့ အတွက်။ အဆင်ပြေလိမ့်မယ်။

“ ကောင်းပြီလေ။ ငါတို့တွေ အချိန် မဖြုန်းသင့်တော့ဘူး။ ထောင်ကနေ လူတွေကို လွှတ်ပေးဖို့ ပြင်လိုက်တော့။” ယွီယီဖျင် ပြောတယ်။

“ဝန်ကြီး။ စိတ် ချပါ။ ထောင် ထဲက လူတွေကို ကျွန်တော်တို့ ကောင်းကောင်း ထိန်ထားပါတယ်။ ဒါပေမယ့် ပတ်ပတ် လည်ကတော့ ….” ဘယ်ရံ ဝန်ကြီး တွေဝေသွားတယ်။

“ မြို့စောင့်တပ်က ဥပဒေ ဝန်ကြီး ဌာနကို ဝန်းရံထားတယ်။ ကျွန်တော်တို့ ထောင်ထဲမှာပဲ ….” အလယ် ဝန်ကြီး အကြံပြုတယ်။

“ မဖြစ်ဘူး။” ဝန်ကြီးယွီ ခေါင်းခါတယ်။

“ သွမ့်အရှင်က ဥပဒေ ဝန်ကြီး ဌာနကို ဝန်းရံထားတာ ငါ နည်းနည်း အံ့သြ မိတယ်။ ဒါပေမယ့် အကယ်၍ သူတို့သာ ထောင်ထဲမှာ သေသွားမယ် ဆိုရင် ဒါက မဖြစ်သင့်တာပဲ။ ”

“ ဝန်ကြီးပြော တာ မှန်တယ်။ အခုတော့ ဝန်ကြီးက ဌာနက ဝန်းရံခံထားရတာ။ အသက် ဆုံးသွားခဲ့ရင်။ သွမ့်အရှင်က ဒီ ကိစ္စကို ဝင်ပါလိမ့်မယ်။ ”

“အင်း။။ ငါတို့ ဒီကိစ္စကို ဝန်ကြီးဌာန အပြင်ဘက် ထုတ်မှရမယ်။ ကိစ္စ ပြတ်တာနဲ့။ သွမ့်အရှင်ကို အာဏာ အလွဲ သုံးစား လုပ်မှုနဲ့ ဖမ်းလို့ရပြီ။” ဝန်ကြီးယွီယိဖျင်ရဲ့ အသံက အေးစက်နေတယ်။

“ ဝန်ကြီးက အမျှော်အမြင်ကြီးပါပေတယ်။ ဒါပေမယ့် ဝန်ကြီး ဌာနက ဝန်းရံ ခံထားရတော့ ။ လူတွေကို ဘယ်လို ထုတ်ကြမလဲ။” ဘယ် ဝန်ကြီးမေးတယ်။

“ မင်းတို့လာတဲ့ အချိန်။ တစ်ယောက်စီမှာ လှည်း တစ်စီး ပါလာတယ်။ ပြန်တဲ့ အချိန်မှာ မင်းတို့ရဲ့ လှည်းတွေထဲ လူ နှစ်ယောက်စီ ထည့်သွားစေချင်တယ် ။ ဘယ်လိုလဲ။ မင်း တို့ နှစ်ယောက် စွန့်စားချင်ရဲ့လား။

“ အမ်…” ဝန်ကြီး ယွီ ဘာလုပ်ချင်နေမှန်း။ သူတို့ နားလည်သွားတယ်။ လှည်းထဲမှာ လူတွေ ပစ္စည်းတွေ သယ်ပေးတာကတော့ ပုံမှန်ပဲ။ တစ်ခါတစ်လေ။ နန်းတွင်းထဲက ကိုယ်လုပ်တော်တွေ ပစ္စည်း သယ်ချင်တဲ့ အချိန်မှာလည်း ဒီ နည်းလမ်းကို သူတို့ သုံးကြတယ်။ သိပ်ပြီး လုံခြုံတာ မဟုတ်ပေမယ့်။ အသုံးအဝင် ဆုံး နဲ့ အသုံး အများဆုံး နည်းလမ်းတွေထဲက တစ်ခုပဲ။

“မင်းတို့ နှစ်ယောက် သိပ်လည်း မစိုးရိမ်ကြပါနဲ့။ ငါရှိနေမှာ မလို့။ သွမ့်အရှင် လှည်းကို မစစ်နိုင်အောင် လုပ်ထား ပေးမယ်။ ” ဝန်ကြီးယွီ တွေဝေနေတာတွေကို တွေ့တယ်။

“ ကောင်းပြီ။ ငါတို့မှာ ဝန် ကြီးယွီ ရှိနေတာပဲ။ နောက်ထပ် စိုးရိမ် စရာ မရှိတော့ဘူး။”

“ငါကောပဲ။”

ဝန်ကြီး နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း။ အံကြိတ်လိုကတယ်။

“အင်း…။ ဝမ်ချွမ် ဒီမှာ ရှိမနေတာတော့ သနားစရာပဲ။ ရှစ်ယောက်ထဲမှာ။ နှစ်ယောက်ကို ငါခေါ်သွားမယ်။ မင်းတို့က နှစ်ယောက်ဆီ ခေါ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ….”

“ ဝန်ကြီး။ စိတ်ချပါ။ ကျွန်တော့် ဇနီးသည်က ဒီည အပြင်ထွက်မှာ။ ဒါကြောင့် လေးစီးမြောက် လှည်း အတွက် စိတ်မပူပါနဲ့တော့။” ဘယ် ဝန်ကြီး ပြောတယ်။

“ ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ” ဘယ်ဝန်ကြီးကို ဝန်ကြီးယွီ ခေါင်းငြိမ့်ပြတယ်။

ဘယ်ဝန်ကြီးက စိတ်အေးတဲ့ ပုံစံ ဖြစ်နေပင်မယ့်။ သူ့ ရင်ထဲမှာတော့ အရမ်းကို တက်ကြွနေခဲ့တယ်။ ဒီနေ့ည ပြီးသွားရင်။ ဥပဒေ ဝန်ကြီး ရာထူးက သူ့ လက်ထဲ ရောက်တော့မှာလို့ အသေအချာ တွေးထားခဲ့တယ်။ အလယ် ဝန်ကြီးကတော့ ဒေါသထွက်နေတယ်။ ဘယ်ဝန်ကြီးက သူ့ကို ကျောသွားတယ်လေ။ ရွှေရောင် အခွင့်အရေးကို သူ လွဲသွားခဲ့ပြီ။ ဝမ်ချွမ်ကို ဒီည မရှိတဲ့ အတွက် စိတ်ထဲမှာ လှောင်ရယ်နေခဲ့တာ။ အခုတော့…. သူကသာ ရွှေရောင် အခွင့် အရေးကို လက်လွှတ်လိုက်တဲ့သူ ဖြစ် နေခဲ့ပြီ။

…

ဥပဒေ ဝန်ကြီး ဌာနရဲ့ အပြင်ဘက်မှာတာ့။ မြို့စောင့်တပ်တွေ အပြည့် စောင့်ကြပ်နေခဲ့တယ်။ ဝန်ကြီး ဌာန ထဲမှာလည်း အစောင့်တပ်တွေ အပြည့်။ အထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကြည့်ချင်လို့ ရစ်သီ ရစ်သီ လုပ်နေကြတဲ့ သူ တွေ မနည်းဘူး။ ဒါပေမယ့် ဘယ်သူ ဂိတ်တံခါး နားကို မကပ်ရဲကြ။

“ဘာတွေ ဖြစ်နေတာလဲ။”

“ ဘယ်သူ သိမှာလဲ။ ငါ ကြားတာတော့ တောင်ပိုင်းသား လုပ်ကြံသူတွေ ခုနှစ်စင်ကြယ် လမ်းထဲကို ရောက်လာပြီး။ တစ်ယောက်ယောက်ကို သတ်ဖို့ ကြံခဲ့တယ် ဆိုပဲ။”

“ ဘယ်သူ့ကို သတ်မလို့လဲ။ ဘယ်သူ့ကိုလဲ။”

“ ဘယ်သူရှိရမှာလဲ။ ဖန်ကျန်းရှီ ပဲပေါ့။ ဒါပေမယ့် သူတို့တွေ ကျရှုံးပြီးတော့။ အဖမ်းခံလိုက်ရတယ်။ ငါကြားတာတော့ သူတို့ အကုန် ထောင်ထဲ ရောက်ကုန်တယ် ဆိုပဲ။ မြို့စောင့်တပ်တွေ ဘာကြောင့်များ ဝန်ကြီးဌာနကို ဝန်းရံနေရလဲ သိချင်လိုက်တာ။ ”

လူအုပ်ကြီးကအသက်မရှူ စတမ်းကို ဆွေးနွေးနေကြတယ်။ ဒီ အချိန်မှာပဲ။ ဝတ်ရုံဖြူ ဝတ်ထားပြီးတော့ ။ ငွေရောင်ဓား တစ်ချောင်းကို ခါးမှာ ချိတ်ထားတဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်။ သူကတော့ သွမ့်အရှင်။

“ အိုး … သွမ့်အရှင် ရောက်လာပြီပဲ။”

“ ကိစ္စကြီး တစ်ခုခု ဖြစ်လို့လား။”

“ ကြည့်ရတာ ဥပဒေ ဝန်ကြီး ဌာနက အတော့်ကို အလုပ်ရှုပ်နေမယ့် ပုံပဲ။”

လူအုပ်ကြီးက သွမ့်အရှင်နဲ့ သူ့ တပ်ဖွဲ့ကို ရပ်ကြည့်နေခဲ့တယ်။

“ အရှင့်သား။ ”

“အရှင့်သား”

မြို့စောင့်တပ်သားတွေက သွမ့်အရှင်ကို တလေးတစားနဲ့ ကြိုဆိုကြတယ်။

“ အင်း…. ထကြပါ။ အထဲကို ဘယ်သူ ဝင်သွားသေးလဲ”

“အရှင့်သား။ ဝန်ကြီးယွီ ခုန တုန်းကပဲ ဝင်သွားပါတယ်။ ကျွန်တော်တို့ မတားနိုင် လိုက်ဘူး။ ဘယ်ဝန်ကြီးရဲ့ ဇနီးလည်း ဝင်သွားခဲ့ပါတယ်။ သူ့ကို ဝန်ကြီးယွီ ခေါ်လာတာပါ။” အစောင့်တစ်ယောက် ပြန်ဖြေတယ်။

“အိုး … သူ ကိုယ်တိုင် လာတာလား။ ကြည့်ရတာ အတော့်ကို အရေးကြီးတဲ့ ကိစ္စ လုပ်မယ့် ပုံပဲ။” သွမ့်အရှင် မျက်မှောင်ကြုတ်လိုက်တယ်။ သူ စကားပြောမယ့် အချိန်မှာပဲ။ အနီရောင် ဂိတ်တံခါးက ပွင့်လာခဲ့တယ်။ သွမ့်အရှင်ကတော့ အေးစက်စက် ပြုံးနေခဲ့တယ်။

“ ယွီယိဖျင် မင်း အတွက်တော့ ကောင်းတာပေါ့။ ဘေးဂိတ်တံခါးအစား ။ ရှေ့ ဂိတ် တံခါးကြီးကနေ ထွက်လာတယ်။”

ယွီယိဖျင်က လှည်းလေးစီးနဲ့ အတူ ထွက်လာခဲ့တယ်။ ဒီအတိုင်း ဖြတ်သွားဖို့ ပြင်တယ်။ ဒါပေမယ့် သူ အတားဆီး ခံလိုက်ရတယ်။ “ ရပ်စမ်း။”

“မင်း ဘယ်လို တားဝံ့တာလဲ။” လှည်းထဲကနေ အသံ ထွက်လာပြီးနောက်။ ဝတ်ရုံနီနဲ့ ယွီယိဖျင် ထွက်လာခဲ့တယ်။ မြို့စောင့်တပ်တွေကို သူ ကြည့်ရင်း မေးတယ်။ မြို့စောင့်တပ်ဖွဲ့ကတော့ ယွီယိဖျင်ကို မြင်တော့ နောက်ပြန် ဆုတ်သွားခဲ့တယ်။ ဒီလူ ဘယ်လောက်တောင် အာဏာရှိမှန်း သူတို့ သိကြတယ်လေ။

“ မင်းတို့တွေက မြို့စောင့်တပ်တွေပဲ။ ဘာကြောင့်များ မြို့တော်ကို မစောင့်ကြပ်ပဲ။ ငါ့လမ်းကို လာပိတ်နေရတာလဲ။ မင်းတို့မှာ ဒီလို လုပ်ဖို့ ဘယ်က သတ္တိတွေ ရနေတာလဲ။” ယွီယိဖျင် ဟိန်းဟောက်တယ်။ သူ့အသံကြောင့် စစ်သည်တော်တွေ နောက် နှစ်လှမ်းကို ဆုတ်သွားကြတယ်။ ယွီယိဖျင်ရဲ့ စကားကို ပြန်ဖြေဖို့ သူတို့မှာ အဖြေမရှိ။

“ဝန်ကြီးတစ်ပါး အနေနဲ့ မြို့စောင့်တပ်တွေကို ဆူပူတာကတော့ပုံမှန်ပါပဲ။ ဒါပေမယ့် သူတို့က ငါ့ အမိန့်အာဏာ အောက်မှာ ရှိနေတာ။ သူတို့ ကို မပြောဆိုခင်။ ငါ့ကို အရင် နှုတ်ဆက်သင့်တာ မဟုတ်ဘူးလား။” သွမ့်အရှင်ပြောလာတယ်။

“ သွမ့်အရှင် ကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်မျိုး သေသင့်တဲ့ အမှားကို ကျူးလွန်မိပါတယ်။ ဒါပေမယ့် အရှင့် သား ကိုယ်တိုင် ဒီကို ရောက်လာမယ်လို့ ကျွန်တော် မထင်ထားခဲ့မိဘူး..” ယွီယိဖျင် မျက်လုံး ပြူးသွားပေမယ့်။ သူ မြန်မြန် ပြန်ဖြေနိုင်လိုက်တယ်။

ဒါပေမယ့် ယွီယိဖျင်ရဲ့ လှောင်ရယ်နေတဲ့ လေသံကိုတော့ လူတိုင်း သတိထားမိကြပါတယ်။

အပိုင်း(၅၁၂)ပြီး၏။

အပိုင်း (၅၁၃)

“ ထိုးဖောက်ဝင်ရောက်ခြင်း။”

“ ဝန်ကြီးယွီ ထက်တော့ ကျွန်တော်က ပိုအားလပ်နေတာ မဖြစ်နိုင်တာပဲ။ ဝန်ကြီးက အိမ်တော်မှာ မနေပဲ။ ဒီ ထိတောင် ရောက်လာတော့။ ဥပဒေ ဝန်ကြီး နေရာကို ဧကရာဇ် မဆုံးဖြတ်ရသေးခင်မှာ နေရာဝင်ယူ မလို့လား။”

သွမ့်အရှင်က ယွီယီဖျင်နဲ့ ညီလာခံမှာ အကြိမ်ရေအများကြီး ထိပ်တိုက်တွေ့ခဲ့တယ်။ အခု ယွီယိဖျင်ရဲ့ လှောင်ရယ် နေတဲ့ လေသံကို သူ ကြားနိုင်တယ်။ ဒါကြောင့် ထုံးတမ်း စဉ်လာတွေကို သူ ဘေးဖယ်ထားလိုက်တော့ တယ်။ လူတိုင်းဒါကို ကြားတဲ့ အချိန်မှာတော့။ သူတို့ တွေ တစ်ယောက်ကို တစ်ယောက် ကြည့် နေခဲ့တယ်။ ညီလာခံမှာတော့ ဒီလူတွေက ပိုပြီးတော့ ယဉ်ကျေးကြတယ်။ အခုလို တစ်ယောက်ကို တစ်ယောက် စောင်းမြောင်း တိုက်ခိုက် တာမျိုး ရှားပါးတယ်။

နောက်ဆုံးတော့လည်း။ ဒီလူ နှစ်ယောက်က အဆင့်မြင့်ပြီး အင်အားရှိတဲ့ လူတွေပဲလေ။ တစ်ယောက်က လက်ယာရံ ဝန်ကြီးယွီ ၊ အမတ်မင်းတွေရဲ့ ခေါင်းဆောင်။ နောက်တစ်ယောက်က သွမ့်အရှင်။ ဧကရာဇ်ရဲ့ ခြောက်ယောက်မြောက် သားတော်။ စစ်တပ်နဲ့ မြို့စောင့်တပ်ရဲ့ ခေါင်းဆောင်။ လေးစားစရာ ကောင်းပြီး အင်အားကြီးတဲ့ သူတွေပဲ။ ဒါပေမယ့် အခုချိန်မှာတော့….။ ဒီ လူနှစ်ယောက်က။ မရေမတွက်နိုင်အောင် များတဲ့ လူအုပ်ကြီးရဲ့ ရှေ့မှာ။ သူတို့ရဲ့ စိတ်အကြံအစည်တွေကို တောင် မဖုံးကွယ်တော့ပဲ တိုက်ခိုက်နေကြတယ်။

“ ကျွန်တော်က အမတ်မင်းတွေရဲ့ ခေါင်းဆောင်လေ။ အခု ဥပဒေဝန်ကြီး နေရာက လစ်လပ်နေတယ်။ ဒါကြောင့် ဒီကို လာပြီးတော့ ကိစ္စတွေကို ဖြေရှင်းရမှာ ကျွန်တော့် တာဝန်ပဲလေ။ အထူးသဖြင့်။ မနေ့ညကလို ကိစ္စမျိုး ဖြစ်လာတော့လည်း ။ ကျွန်တော်လည်း ဒီကို လာကြည့်ရတာပေါ့။” ယွီယိဖျင် ပုခုံးတွန့်ရင်း ပြောတော့တယ်။ ဒီနေ့ ဖြစ်တဲ့ ကိစ္စတွေက အကျည်းတန်တော့မယ် ဆိုတာ သူသိတယ်။ ဒါပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။ သူ့လှည်းထဲမှာ လူတွေ ဖွက်ထားတာလေ။ အကယ်၍ သူသာ လက်လျှော့လိုက်ပြီး အစစ်ဆေး ခံလိုက်ရင်။ ဖြစ်လာမယ့် ရလဒ်တွေက မတွေးဝံ့စရာပဲ။

“ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် တစ်ခု သိချင်တာက။ ဝန်ကြီးဒီကို လာပြီး ဘာတွေ စစ်ဆေးခဲ့လည်း ဆိုတာ ပြောလို့ရမလား” သွမ့်အရှင် ခေါင်းငြိမ့်ရင်း ေ မးတယ်။

“ သွမ့်အရှင်က ။ ဥပဒေ ဝန်ကြီးဌာနရဲ့ ကိစ္စကို ဒီလောက် စိတ်ဝင်စားမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် သွမ့်အရှင်က ဒီနေ့ လို ကိစ္စမျိုးတွေ ဘယ်လို ဖြစ်လာတာလဲ ဆိုတာကို ပိုပြီးတော့ အာရုံစိုက်သင့်တာ မဟုတ်ဘူးလား။ မြို့စောင့်တပ်တွေပဲ လျော့ရဲလွန်းနေတာလား ဒါမှမဟုတ် သူတို့ အလုပ်ကို ကောင်းကောင်း မလုပ်ကြလို့များလား။” ဝန်ကြီးယွီကတော့ လုံး၀ အလျှော့မပေးဘူး။

“ ဟ ဟား … ဝန်ကြီးယွီ။ စစ်သည်တော်တွေကို ငါအုပ်ချုပ်တဲ့ ပုံစံ အကြောင်း ။ မင်းအာရုံစိုက်စရာ မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်တာ ပိုကောင်းလိမ့်မယ်။”

“ဒီလို ဖြစ်လာမှတော့။ ဘာကြောင့် ကျွန်တော့် လမ်းကို လာပိတ်နေတာလဲ။” ဝန်ကြီး ယွီရဲ့ အသံက အေးစက်နေတယ်။ သူ့ နောက်က လှည်းကို လက်ဝေ့ယမ်းပြတယ်။

“ သွားကြစို့။”

“ နေအုန်း။” သွမ့်အရှင်ကတော့ ယွီယိဖျင်ကို အလွယ်တကူ လွှတ်ပေးမယ့် ပုံစံမရှိ။ သူတို့တွေ မရွေ့လျားနိုင်ခင်မှာပဲ ရပ်တန့်လိုက်ပြန်တ ယ်။ ဒီအချိန်မှာပဲ။ မြို့စောင့်တပ်သားတွေက ။ လှည်းမောင်းသူတွေရဲ့ လည်ပင်းကို သူတို့ ရဲ့ ဓားတွေ နဲ့ ချိန်ရွယ်ထား လိုက်တော့တယ်။

“ သွမ့်အရှင်။ ဒါက ဘာလုပ်တာလဲ။” ဝန်ကြီး ယွီရဲ့ အမူအယာက လေးနက် တည်ကြည်သွားခဲ့တယ်။

အမတ်မင်းတွေရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့။ သူ့မှာ အာဏာ အပြည့်အဝရှိတယ်လေ။ လူတစ်ယောက်ကိုပဲ သူ ပြန်ဖြေပေမယ့်။ စစ်တပ်က စစ်သည်တော်တွေကို သူ မတားမြစ်နိုင်ဘူး။

“ ဝန်ကြီးယွီ။ မင်း ထွက်သွားတာမှာကိုတော့ ငါ မတားနိုင်ဘူး။ ဒါပေမယ့် လှည်းကို အရင်ဆုံး စစ်ဖို့ လိုတယ်။” သွမ့်အရှင် ပြန်ဖြေတယ်။

“ အရှင့်သားက ကျွန်တော့်လည်းကို ရှာဖွေချင်တာလား။”

“ လှည်းကို ရှာလိုက်ရင် တစ်ခုခု တွေ့သွားမှာကို ကြောက်နေတာလား။” သွမ့်အရှင် ပြန်ဖြေတယ်။

“ ဟ ဟ ား… အရှင့်သား။ ဒီ လှည်းထဲမှာ ဘာမှ မရှိတော့ဘူးလေ။ ဒါပေမယ့် လှည်းကို ရှာတာ အကြောင်းပြချက်တော့ ပေးသင့်တယ် မဟုတ်ဘူးလား။”

“ ငါက မြို့စောင့်တပ်တွေရဲ့ ခေါင်းဆောင်။ မြို့တော် လုံခြုံရေး အတွက် ။ မင်းတို့ကို စစ်ဆေးချင်တာ ။ ဒီအကြောင်းရင်းက မလုံလောက်ဘူးလား။” သွမ့်အရှင် ပြန်ဖြေတယ်။

“ လုံလောက်တာပေါ့။ ဒါပေမယ့် ကျွန်တော်က မြို့တော်က ထိခိုက်စေမယ့် ကိစ္စမျိုး လုပ်မယ့်သူလို့။ သွမ့်အရှင် ထင်နေတာလား။” ဝန်ကြီးယွီ ရဲ့ အမူအယာ က အေးစက်နေခဲ့တယ်။

“ ဒါက ပုံမှန် နေ့တိုင်း စစ်ဆေးမှု တစ်ခုပါပဲ။ ဘာလို့ ဒီလောက်တောင် ဆတ်ဆတ် ထိ မခံ ဖြစ်နေရတာလဲ။ စစ်သည်တော်တို့။ လှည်းကို ဖွင့်ပြီးတော့ ရှာစမ်း။” သွမ့်အရှင်က ထောင်ချောက်ထဲမှာ မိမှာမဟုတ်ဘူး။ သူက ယွီယိဖျင်နဲ့ ဆက်လက်ငြင်းခုန်နေခဲ့တယ်။

“ မင်း လုပ်ဝံ့တယ်လား။” ဝန်ကြီးယွီ တပ်သားတွေကို ဟိန်းဟောက်တော့တယ်။

“ ဘာတွေ ဖြစ် နေတာလဲ။ ဝန်ကြီးယွီ ဘာတွေများ စိတ်မလုံမလဲ ဖြစ်နေတာလဲ။ ဒီလှည်းတွေထဲမှာ တစ်ခုခုများ ဖွက်ထားလို့လား။ ဒါမှမဟုတ်။ ထောင်ထဲက ထောင်သားတွေကို ခိုးထုတ်လာတာလား။”

“ သွမ့်အရှင်။ စကားပြောတာ ကြည့်ပြော။ ဒီ လှည်းတွေထဲမှာ ဘာမှ မရှိရင်။ ဘယ်လိုလုပ်မလဲ။” ဝန်ကြီး ယွီယိဖျင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းပြောတယ်။

“ အကယ်၍ ဘာကိုမှ ရှာမတွေ့ရင်။ ဒီလူတွေ အားလုံးရဲ့ ရှေ့မှာ ဝန်ကြီးယွီကို တောင်းပန်ပါမယ်။ နောက်ထပ် ကိစ္စရှိသေးလား။” သွမ့်အရှင်က ဒီလှည်းကို ဒီညမှာ စစ်ဆေးဖို့ အခိုက်အမာဆုံးဖြတ်ထားးပုံပဲ။

“ လူတိုင်းရှေ့မှာ တောင်းပန်မယ် ဟုတ်လား။ ကောင်းပြီလေ။ သွမ့်အရှင်ရဲ့ လူတွေကို ဒီလို လုပ်ခိုင်းဖို့ မလိုပါဘူး။ ဘယ် လှည်းကို မဆို စိတ်ကြိုက်ရှာလို့ရပါတယ်။” ဝန်ကြီးယွီ ခေါင်းငြိမ့်ရင်း နဲ့။ လှည်းတံခါးတွေကို ဖွင့်လိုက်တယ်။ လူတိုင်းကတော့ လှည်းတွေကို စိတ်ဝင်တစားကြည့်နေခဲ့ကြတယ်။

သွမ့်အရှင်လည်း လှည်းထဲကို ကြည့်နေတယ်။

သွမ့်အရှင်လည်း လှည်းထဲကို ကြည့်နေတယ်။ လှည်းကတော့ အလွတ်ကြီး။ သူ နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားတယ်။ သူတို့တွေ လှည်းထဲမှာ ရှိမနေဘူးလား။ ဒါပေမယ့် တစ်ခုခုတော့ လွဲနေပြီၤ။ အကယ်၍ သူတို့သာ လှည်းထဲမှာ မရှိရင်။ ဝန်ကြီးယွီက ဘာလို့များ ဒီလောက်ထိ ငြင်းခုန်နေတာလဲ။ သူတို့တွေကို ထောင်ထဲမှာ သတ်ခဲ့လိုက်ပြီလား။ သွမ့်အရှင် ဒီ အတွေးကို ပြန်ပယ်လိုက်တယ်။ အကယ်၍ ရာဇဝတ်သား တွေသာ ထောင်ထဲမှာ သေသွားရင်။ ဒါက သူ့ အတွက် ကောင်းတာ တစ်ခုပဲ။ နောက်ဆုံးတော့လည်း ။ ညဘက်ကြီး ရောက်လာတာ ဝန်ကြီးယွီပဲ ရှိတယ်လေ။

ဒီလိုကိစ္စမျိုး ဖြစ်ခဲ့ရင်။ သူလည်း ဝန်ကြီးယွီကို သံသယရှိတဲ့ အဖြစ် ဆွဲထည့်လိုက်လို့ရနိုင်တယ်။ ဒါကြောင့် ဝန်ကြီးယွီ က ဒီလို အမှားမျိုးကို လုပ်မှာမဟုတ်ဘူး။ သူတို့တွေကို မြို့ပြင်ထုတ်ဖို့ပဲ လုပ်မှာ။

နောက်ဘာဆက် ဖြစ်မလဲ ဆိုတာကတော့ ဝန်ကြီးယွီ နဲ့ပဲ ဆိုင်တော့တယ်။

“ ဘယ်လိုလဲ ။ ကောင်းကောင်းကြည့်ပြီးပြီလား အရှင့်သား။ လှည်းထဲမှာ ဖွက်ထားတာတွေ့မိလား။” ဝန်ကြီး ယွီ လှည်းတံခါးကို ပြန်ပိတယ်။ သေးငယ်တဲ့ ရွေ့လျားမှုလေး ဆိုပေမယ့်။ သွမ့်အရှင်ကတော့ သတိထားမိတယ်။ ဝန်ကြီးယွီ တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာ သူသိလိုက်တယ်။

“ ကြည့်တာတော့ လုံလောက်သွားပြီ။ လှည်းတွေကို တစ်စစ်ီ လုပ်ပြစ်။” သွမ့်အရှင် အမိန့်ပေးတယ်။

“ ရပ်လိုက်စမ်း။ သွမ့်အရှင်။ ငါက မင်းထက် ရာထူးနိမ့်တဲ့ ဝန်ကြီးတစ်ယောက် ဖြစ်နေပင်မယ့်။ မင်း ငါ့ကို နည်းနည်းပါးပါးတော့ လေးစားသင့်တယ်။ အကယ်၍ ငါ့ လှည်းကို တစ်စစီ လုပ်ပြစ်ချင်တယ် ဆိုရင်။ ငါသေမှပဲ ရမယ်။” ဝန်ကြီးယွီရဲ့ အမူအယာက လေးနက်တည်ကြည်နေခဲ့တယ်။ သူ့လို ဝန်ကြီး ချုပ်တစ်ယောက် အနေနဲ့။ ဒီလို အလုပ်ခံရတာက။ သူ့အတွက်တော့ စော်ကားမှု အကြီးကြီးပဲ။

လူတွေလည်း ဒါကိုတော့ ထောက်ခံကြတယ်။ “ လှည်းကို တစ်စစီ လုပ်ပြစ်မှာကတော့ လွန်လွန်းပါတယ်။”

“ဘုရင်တစ်ပါးတောင်။ ဝန်ကြီးချုပ်ကို ဒီလို မလုပ်ဘူး။”

“ ဒါက ဝန်ကြီးယွီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်။ သွမ့်အရှင် လှည်းတွေကို ကြည့်ပြီးတော့ ဘာမှ မတွေ့တာတောင်။ ဝန်ကြီးယွီကို အခက်အခဲ ဖြစ်အောင် လုပ်နေတုန်းပဲ။” လူအုပ်ကြီးက ခပ်တိုးတိုး ပြောနေကြတာတောင်။ သွမ့်အရှင် ကောင်းကောင်း ကြားနိုင်တယ်လေ။ လူတွေကို လျစ်လျူရှုထားဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဝန်ကြီးယွီရဲ့ လှည်းကိုတော့။ သူ့ကို အသေသတ်ပြီးမှ စစ်ဆေးတာမျိုး မလုပ်နိုင်ဘူး။ အနည်းဆုံးတော့ အခုချိန်မှာ မဟုတ်ဘူး….။ ဒါပေမယ့် ဝန်ကြီးယွီကို ဒီအတိုင်းပဲ ထွက်မသွား စေချင်ဘူး။ ယွီယိဖျင်ရဲ့ အမူအယာကနေ။ လှည်းထဲမှာ လုပ်ကြံသူတွေ ရှိနေမှန်း သူသိတယ်။ အခုချိန်မှာ သူ ဘာလုပ်ရမလဲ။

အခြေအနေကတော့ မတိုးသာ မဆုတ်သာပဲ။ မြို့စောင့်တပ်တွေက လှည်းတွေကို ပိတ်ဆို့ထားတယ်။ ဒါပေမယ့် ဘယ်သူ့မှ ရှေ့မတိုးရဲသလို နောက်လည်း မဆုတ်ရဲဘူး။ ဝန်ကြီးယွီကတော့ ခေါင်းမော့ရင်း မြို့တော်စောင့်တွေကို ကြည့်နေတယ်။

“ အရှင့်သားက လှည်းကို ရှာပြီးပြီပဲ။ အနည်းဆုံးတော့ ငါ့ကို တောင်းပြန်သင့်တယ်လေ။” ဝန်ကြီးယွီ လှောင်ပြုံးပြုံးရင်း ပြောတယ်။ အခုချိန်မှာ သွမ့်အရှင်ကို သူ အပြစ်ပြုလို့မဖြစ်ဘူး။ သွမ့်အရှင်ကလည်း မတိုက်ခိုက်ပဲ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် သူလည်း တိုက်ခိုက်ရမယ်။ ကိစ္စကြီးလေ ပိုကောင်းလေပဲ။ မြို့တော်တစ်ခုလုံးက သူ့ကို သွမ့်အရှင် အနိုင်ကျင့်နေတယ် ဆိုတာ သိသွားစေရမယ်။

ဝန်ကြီးယွီ သူ့ နောက်က အစေခံတွေကို ကြည့်လိုက်တယ်။ ဝန်ကြီးယွီရဲ့ မျက်နှာကို မြင်တော့။ သူတို့ ဘာလုပ်ရမယ် ဆိုတာ ချက်ခြင်း နားလည်သွားတော့တယ်။ “ သွမ့်အရှင်က သူ့ အင်အားကို သုံးပြီးတော့ အနိုင်ကျင့်နေတယ်။”

“ ဝန်ကြီးယွီ ကို တံခါးဝမှာ တားတဲ့ အပြင်။ လှည်းထဲမှာ ဘာမှ ရှာမတွေ့တော့။ မတောင်းပန်တဲ့ အပြင်။ လှည်းကိုတောင် တစ်စစီ လုပ်ပြင် ချင်နေသေးတယ်။ မြို့တော်မှာ ဘာ ဥပဒေမှ မရှိဘူးလား။”

“ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်ပြီးတော့ ဒိလောက်တောင် အကျိုးသင့် အကြောင်းသင့် မလုပ် နိုင်ပါလား။

အစေခံတွေက အဆုတ်ကွဲမတတ် အော်ဟစ်နေကြတယ်။ တခြားသော အစေခံတွေလည်း အော်ဟစ်ကြတယ်။ တစ်ချို့ဆိုရင်။ ထွက်ပြေးဖို့တောင် ကြိုးစားကြသေးတယ်။ မြို့စောင့်တပ်တွေက အစေခံတွေကိုဖမ်းဆီး ဖို့ လုပ်နေတာကြောင့်။ မြင်ကွင်းက အတော့်ကို လှုပ်ရှား သက်ဝင်နေခဲ့တယ်။ သွမ့်အရှင်ရဲ့ မျက်နှာကတော့ အတော့်ကို မှောင်မည်းတည်ကြည်နေခဲ့တယ်။ ဒီ အစေခံတွေ လုပ်နေတာကို သူသိတယ်။ သူ့ရဲ့ လက်ထဲကနေ လွတ်ထွက်ဖို့ ကြိုးစားနေကြတာ။ အကယ်၍ သူက ဝန်ကြီးယွီရဲ့ လှည်းကို တစ်စစီ လုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုပြီး သတင်းထွက်သွားရင်။ ဧကရာဇ်က သူ့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်တော့မှာပဲ။ သူ ဘာလုပ်ရမလဲ။ ဝန်ကြီး ယွီကိုဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား။ သွမ့်အရှင်ရဲ့ စိတ်ထဲ အတော့်ကို ခါးသက်နေခဲ့တယ်။ လူတွေအထဲမှာ ရှိနေတာကို သူသိတယ်။ ဒါပေမယ့် သက်သေပြဖို့ နည်းလမ်းက မရှိ။

“သွမ့်အရှင် ။ ငါ့ကို မတောင်းပန်ဘူးဆိုရင်။ ဧကရာဇ် ပြန်လာတဲ့ အထိ စောင့်ပြီးတော့ ဒီကိစ္စကို ဖြေရှင်းခိုင်းရမယ်။ အခုတော့… ငါတို့ သွားတော့မယ်။” ဝန်ကြီးယွီ လှောင်ပြုံးပြုံးရင်းနဲ့ သူ့အစေခံ တွေကို လက်ဝေ့ယမ်းပြတယ်။ ဒီအချိန်မှာပဲ။ အစေခံတွေလည်း စိတ်သက်သာရာရ သွားတော့တယ်။ တခြား အစေခံတွေလည်း သက်ပြင်းချရင်းနဲ့ သူတို့ရဲ့ လှည်းတွေဆီ ပြန်လာတော့တယ်။

“ ထကြ။” အသံ တစ်သံ လေထဲမှာ ထွက်လာတော့တယ်။ အဲ့ဒီ့နောက်။ လှည်းလေးစီး ။ မြို့စောင့်တပ်တွေ ဆီကို တွေဝေမှုမရှိပဲ။ ပြေးဝင်လာတော့တယ်။ မြို့စောင့်တပ်တွေက သွမ့်အရှင်ကို လှည့်ကြည့်တယ်။ အမိန့်ကို နာခံဖို့ စောင့်နေခဲ့တယ်။ သွမ့်အရှင်လည်း စကားပြောချင်ပေမယ့်။ စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘူး။ သူ့ နှုတ်ခမ်းတွေကို တလှုပ်လှုပ် လုပ်ရင်းနဲ့သာ။ ကြည့်နေခဲ့တယ်။ လှည်းလေးစီးက သွမ့်အရှင်ရဲ့ ရှေ့ကို ရောက်လာတယ်။ ဒီအချိန်မှာပဲ။ လှည်းလေးစီးက ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါတော့တယ်။ အစေခံတွေက သူတို့တွေကို ဆက်လက်ပြီး မထိန်းသိမ်းထားနိုင်တော့တဲ့ အတိုင်းပဲ။

“ ဘာတွေ ဖြစ်ကုန်တာလဲ။”

“ အစေခံတွေ သောက်စားထားကြလို့လား။”

“ လှည်းထဲမှာ တစ်ခုခု ရှိနေတာလား။” “ တကယ်ပဲ တစ်ခုခု ရှိနေတာလား။”

လူတွေလည်း လှုပ်ရမ်းနေတဲ့ လှည်းတွေကို ကြည့်ရင်း ခန့်မှန်းနေတော့တယ်။

သွမ့်အရှင်က ဒါကို မြင်တော့ သူ့မျက်လုံးတွေ တလက်လက် တောက်ပလာတော့တယ်။ သူ့ခါးက ဓားကို ဆွဲလိုက်တယ်။ “ လုပ်ကြံသူတွေ လှည်းထဲမှာ ပုန်းနေတယ်။ သူတို့တွေ ကိုဆွဲထုတ်။ ဝန်ကြီးတွေကို ကာကွယ်ကြ။”

“ အမိန့်တော်အတိုင်းပါ အရှင်။” မြို့တော်စောင့်တွေ အစပိုင်းမှာတော့။ မျက်လုံးပြူးသွားကြတယ်။ ဒါပေမယ့် သူတို့ ခပ်မြန်မြန်ပဲ လှုပ်ရှားတော့တယ်။ လှည်းတွေကို သူတို့ဝန်းရံ လိုက်တယ်။

“ရပ်ကြစမ်း။” ဝန်ကြီးယွီ လှည်းထဲကနေ အော်ဟစ်တော့တယ်။ အစေခံတွေလည်း သူတို့ရဲ့ လက်နက်တွေကို ထုတ်ရင်း တိုက်ခိုက်ဖို့ ပြင်တယ်။ ဒါပေမယ့် သူတို့တွေက မြို့စောင့်တပ်ကို မယှဉ်နိုင်ဘူးလေ။ မြို့စောင့်တပ်က အယောက် တစ်ထောင်နီးပါးရှိတယ်။ မြို့စောင့်တပ်တွေက အစောင့်တွေကို ဝန်းရံလိုက်ပြီးတော့။ လှည်းကို လှံတွေနဲ့ ထိုးလိုက်တော့တယ်။

“ ဘွန်း။”

“ဘွန်း…”

“ ပေါက်ကွဲသံကြီးတွေ ထွက်လာပြီးနောက်မှာတော့။ လှည်းလေးစီးက ပွင့်လာတဲ့ ပန်းတွေလိုမျိုး ပွင့်ထွက်လာတော့တယ်။” လှည်းရဲ့ အပိုင်းအစတွေက နေရာ အနှံ့ကို လွင့်စင် ထွက်လာတယ်။

အပိုင်း(၅၁၃)ပြီး၏။

အပိုင်း (၅၁၄)

“ ပေါင်းစပ် ဖွဲ့စည်း တည်ထောင်ခြင်း။”

ဝန်ကြီးတွေက အရှက်ခွဲခံရတာတွေ။ စော်ကားခံရတာတွေ ကို ကြုံရခဲပေမယ့်။ အခုလို ကြုံရတဲ့ အချိန်မှာလည်း သူတို့ အထိတ်တလန့် မဖြစ်ကြပါဘူး။ လေထဲကို ခုန်လွှားကြပြီးတော့ မြေပြင်ကို လှလှပပလေး ကျလာကြတယ်။ ဒါပေမယ့် ဘယ်ရံဥပဒေ ဝန်ကြီးရဲ့ ဇနီးကတော့ အချိန်မှီ မတုံ့ပြန်နိုင်ဘူး။ သူမက အတော်လေး လည်း လှသလို။ သူမ ရဲ့ ခင်ပွန်းကလည်း အရမ်းကို ချစ်ခင်မြတ်နိုးတယ်။ ဒီလို လှည်းထဲမှာ တိုက်ခိုက်ခံရတာမျိုး တစ်ခါမှ မကြုံခဲ့ရဖူးဘူး။

မြေပြင်ပေါ်ကို ပြစ်ကျသွားသလို။ သစ်သား အပိုင်းအစတွေ သူမ ကိုယ်ခန္ဒာပေါ်ကို စိုက်ဝင်ပြီးတော့။ တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နှက်သွားတယ် ။ လူအုပ်ကြီးနဲ့ အစောင့်တပ်သားတွေ ဒါကို မြင်တော့ ။ သူတို့တွေရဲ့ မျက်လုံးကို လက်နဲ့ အုပ်ရင်း ။ လေးစားသမှု ရှိရှိ မျက်နှာ လွှဲနေခဲ့တယ်။

ဒါပေမယ့် သူတို့ မျက်နှာ လွှဲတာက အချိန်သိပ်မကြာသေးခင် အချိန်မှာပဲ။ မျက်လုံး ပြန်ဖွင့်မိကြတယ်။ ဘာကြောင့်လဲ ဆိုတော့။ မြေပြင်ပေါ်မှာ လဲနေတဲ့ ဘယ်ဝန်ကြီးရဲ့ မိန်းမထက်။ မြေပြင်ပေါ်မှာလဲနေတဲ့ နောက်ထပ် လူရှစ်ယောက်က သူတို့ရဲ့ အာရုံကို ဖမ်း စားလိုက်တာကြောင့်ပဲ။ ဒီလူတွေက ကြိမ်ထည် ဝတ်ရုံကို ဝတ်ထားကြတယ်။ ဒီလို မြေပြင်ပေါ် ပြုတ်ကျလာတာကို အတော်လေး လန့်နေကြတဲ့ ပုံစံပဲ။

သွမ့်အရှင်ကတော့ ဒီလူတွေကို မြင်တော့ ။ သူ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ နှစ်ခေါက်တောင် ပြန်ကြည့်စရာ မလိုဘူး။ ဒါက တောင်ပိုင်းဒေသက လုပ်ကြံသူတွေ ဆိုတာ သိသာလွန်းတယ်။ လူအုပ်ကြီးကတော့ ဒီ လူ ရှစ်ယောက်ကို မြင်တော့ မယုံကြည်နိုင်ကြ။

“ သူတို့တွေ တကယ်ပဲ လှည်းထဲမှာ ပုန်းနေတာလား။”

“ ဒီ ရာဇဝတ်ကောင်တွေက လှည်းထဲမှ ပုန်းနေတာလား။ သူတို့တွေ ထောင်ဖောက် လာကြတာလား။”

“ ဒီ .. .ဒီကိစ္စကတော့ စိတ်ဝင်စားစရာကောင်းတော့မှာပဲ။”

ဘာတွေဖြစ်နေလဲ ဆိုတာ လူတွေ ချက်ခြင်း နားလည်သွားကြတယ်။ နောက်ဆုံးတော့လည်း ခုနှစ်စင်ကြယ် လမ်း မှာ ဖြစ်ခဲ့တဲ့ သတင်းက တောမီးလို ပျံ့နှံ့နေတာလေ။ ဖန်ကျန်းရှီကို လုပ်ကြံ သတ်ဖြတ်တာနဲ့။ မင်းသားကိုးက ဥပဒေ ဝန်ကြီး ဌာနကို ပို့ ဖို့ တောင်းဆိုတာတွေက လူတိုင်း သိတယ်လေ။ တောင်ပိုင်း ဒေသ လုပ်ကြံသူတွေ က ထောင်ထဲမှာ စစ်သည်တော်တွေ စောင့်ကြပ်တာကို ခံရမှန်းလည်း သိတယ်လေ။ နောက်ပြီးတော့ အခုချိန်မှာတော့။ သူတို့ ရှစ်ယောက်က ဥပဒေဝန်ကြီး နှစ်ယောက်နဲ့ ဝန်ကြီးယွီယိဖျင်ရဲ့ လှည်းထဲကနေ ထွက်ကျလာတယ်လေ။ ငတုံးမှပဲ အခု ဖြစ်နေမှာကို မသိတာ ။

ဝန်ကြီးယွီယိဖျင်ကတော့ အတော့်ကို ရှက်နေခဲ့တယ်။ ဒါပေမယ့် အခုက အရေးအကြီးဆုံးကိစ္စမဟုတ်ဘူး။ တောင်ပိုင်းဒေသ လုပ်ကြံသူတွေကို သူ မြင်တဲ့ အချိန်မှာတော့ ဖြူဖျော့သွားခဲ့တယ်။

ဒီလူ ရှစ်ယောက် ဘာကြောင့်များ သူတို့ ထွက်သွားလို့ လွှတ်တော့မယ့် အချိန်မှာ။ ဒီလို ပြုတ်ကျလာရတလဲ မတွေးတတ်တော့ဘူး။ သွမ့်အရှင် တိုက်ခိုက်ဖို့ အမိန့် ပေးလိုက်လို့များ လှုပ်ရှားလာတာလား။ “ ဘာတွေ ဖြစ်နေတာလဲ။” ဝန်ကြီးယွီယိဖျင် စိတ်ရှုပ်ထွေးနေမိတယ် ။ ဒီလူ ရှစ်ယောက်ရဲ့ မူလ ဇစ်မြစ်ကို သူသိတယ်လေ။ ဒါကြောင့်အခု အဖြစ်က သူ့ကို ပို အံ့အားသင့်စေနေတာပဲ။ သူတို့တွေ လှည်းထဲမှာ ဓားနဲ့ အထိုးခံရရင်တောင်။ တိတ်တဆိတ်နေမှာ ကို သူသေချာတယ်။

ဒါတွေ အကုန်လုံးက အခုချိန်မှာ အရေးမကြီးပါဘူး။ ဒီလူတွေက လှည်းထဲကနေ လွင့်ကျလာပြီလေ ။ အခုလက်ရှိ ပြဿနာကို ချက်ခြင်း ဖြေရှင်းမှ ဖြစ်မယ်။ အကြောင်းရင်း တစ်ခုတော့ သူ ပေးဖို့ လိုမယ်။ အကြောင်းပြချက် ကောင်းကောင်းတ စ်ခုတော့ လိုလိမ့်မယ်။ အကြောင်းရင်းတွေ အများကြီး သူ့စိတ်ထဲ ပျံတက်လာခဲ့တယ်။ ဒါပေမယ့် နှစ်ခေါက်တောင် မတွေးလိုက်ရဘူး.။ ဒီအကြောင်းပြချက်တွေကို သူ ပယ်ချလိုက်တယ်။

အခုကိစ္စ အတွက် သင့်တော်မယ့် အကြောင်းပြချက်ကို သူ စဉ်းစားလို့ မရဘူး။ ဒါပေမယ့် ဒီကိစ္စက ဝန်ကြီးယွီကို ပျာယာမခတ်သွားစေခဲ့ဘူး။ ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့။ အခက်အခဲတွေကို သူ ကြုံလာခဲ့ရတာ ဆယ်စုနှစ် တွေ ချီနေပြီလေ။

ဒါကြောင့် သူ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေခဲ့တယ်။ “ မင်း ငါ့ကို ဒီလို တိုက်ခိုက်လာမယ်လို့ မထင်ထားမိဘူး။ ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီကိစ္စကို ဧကရာဇ် ဆီ သတင်းပို့ရမယ်။ ဖြေရှင်းဖို့ အကြောင်းပြချက်ရှာထားတာ ပိုကောင်းမယ် သွမ့်အရှင်။ “ ဝန်ကြီးယွီ ဒေါသတကြီးနဲ့ အော်ဟစ်တယ်။

“ ဘာတွေ ဖြစ်နေတာလဲ။ ဝန်ကြီးယွီက အခု ဒီမှာ ဖြစ်နေတဲ့ ကိစ္စကို ရှင်းပြဖို့ အစီအစဉ်မရှိဘူးလား။” သွမ့်အရှင်က တောင်ပိုင်းသား လုပ်ကြံသူရှစ်ယောက်ကို ကြည့်ရင်း မေးလိုက်တယ်။

“ ရှင်းပြစရာလိုလို့လား။ လက်ထောက်ဝန်ကြီး နှစ်ဦး က ဒီ လုပ်ကြံသူတွေကို စမ်းသပ်စစ်ဆေးဖို့ ခေါ်လာတာ ဘာဖြစ်လဲ။” ဝန်ကြီးယွီ လက်ထောက်ဝန်ကြီး နှစ်ယောက်ကို ကြည့်ရင်းနဲ့ ပြောတယ်။ သူတို့တွေ ဒါကို ကြားတော့။ ဝတ်ရုံတွေကို ခါထုတ်ရင်း လျှောက်လာကြတယ်။

“ဟုတ်တယ်။ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို သေချာ စစ်ဆေးဖို့ အတွက်။ ဒီ သံသယရှိသူတွေကို ခုနှစ်စင်ကြယ်လမ်းဆီ ခေါ်သွားပြီးတော့ သက်သေခံ အချက်အလက်တွေကို စုဆောင်းမလို့ ငါတို့ ပြင်ဆင်နေတာ။ ဒါက လျှို့ဝှက် လုပ်ငန်းစဉ် ဖြစ်နေတာကြောင့် ။ အရှင့်ကို သတင်းမပို့တာပဲ။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ သက်သေစုဆောင်းဖို့ သွားဖို့ လမ်းမှာ ။ ဘာကြောင့်များ နှောက်ယှက်တာလည်း အကြောင်းပြချက် ပေးနိုင်မလား။” ဘယ်ရံဝန်ကြီး ပြောတယ်။ ဥပဒေ ရေးရာ လက်ထောက် ဝန်ကြီးတစ်ယောက် အနေနဲ့။ ဥပဒေ ရေးရာ ကိစ္စတွေကို ဝန်ကြီးယွီထက် သူ အများကြီး ပို နားလည်တယ်လေ။

“ ဝန်ကြီး။ မင်းက တကယ့်ကို နှုတ်သီးကောင်း လျှာပါးပဲ။ သူတို့တွေက အခုမှ ထောင်ထဲကို အပို့ခံရတာလေ။ ဒါကို ဝန်ကြီးယွီက ခုနှစ်စင်ကြယ်လမ်းဆီ ပြန်ခြေါ်သွားမလို့လား။” သွမ့်အရှင် သူ့ ခါးပေါ်က ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

“ သွမ့်အရှင် ။ မင်းက ငါတို့ရဲ့ လုပ်ငန်းစဉ်ကို မေးခွန်းထုတ်နေတာလား။ အကယ်၍ မင်း လုပ်ဝံ့တယ် ဆိုရင်။ ဧကရာဇ်ဆီ ရောက်မှ လျှောက်တင်လို့ရတယ်။ ” ဘယ်ရံဝန်ကြီး အခုချိန်မှာတော့ နောက်မဆုတ်နိုင်တော့ဘူး။ နောက်ပြီးတော့ သူ့ရဲ့ အပြုအမူတွေကို ဧကရာဇ် ဆီ ရှင်းပြဖို့ သူ့မှာ နည်းလမ်းရှိတယ်လေ။ နောက်ဆုံးတော့လည်း ။ အထူးကိစ္စတွေကို သူတို့ ဘာသာ ကိုယ်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေ ရှိတယ်လေ။ ဒီလို အချိန်မျိုးမှာ.. လျှို့ဝှက်တဲ့ လုပ်ငန်းဆောင်တာတွေက မရှိမဖြစ် လိုအပ်လာပြီလေ။

သူတို့ရဲ့ အပြစ်ကို သွမ့်အရှင်ဆီ လွှဲချပြီးတော့။ ညီလာခံမှာ ဥပဒေရေးရာ ကိစ္စတွေကို ဝင်ရောက် စွက်ဖက်တဲ့ အတွက် အပြစ်တင်လို့လည်း ရတယ်။ ဝန်ကြီးယွီကတော့ ဒါကို ကြားတော့ လှောင်ပြုံးပြုံးနေခဲ့တယ်။ လူအုပ်ကြီးကတော့ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့သာ ကြည့်နေခဲ့ကြတယ်။

အခုက အတုံ့အလှည့် အခြေအနေကို နောက်တစ်ကြိမ် ဖြစ်လာပြန်ပြီလေ။ ဒါပေမယ့် ဒီအချိန်မှာပဲ။ တောင်ပိုင်းဒေသ လုပ်ကြံသူတစ်ယောက်က ။ ဝန်ကြီးယွီရဲ့ ခြေသလုံးကို ဖက်ရင်း အော်ကြီးဟစ်ကျယ်နဲ့ တောင်းပန်တော့တယ်။

“ ဝန်ကြီး။ ကျွန်တော်တို့ကို ကယ်ပါအုန်း။ ဒီနေ့ည ကျွန်တော်တို့ရဲ့ အစီအစဉ် ကျရှုံးသွားပြီ။ ကျွန်တော်တို့ မသေချင် သေးဘူး။ ကျွန်တော်တို့ကို ကယ်ပါအုန်း။ ” တောင်ပိုင်းသား လုပ်ကြံသူ တောင်ပန်တော့တယ်။

“ ဘုန်း…” ဒီ အလှည့်အပြောင်းကြီးက ။ ရှိနေတဲ့ လူတိုင်းကို အံ့အားသင့်သွားစေခဲ့တယ်။ လက်ထောက် ဝန်ကြီး နှစ်ဦးကတော့ ဒီ စကားကို ကြားချိန်မှာ။ မျက်လုံး ကျွတ်ထွက်မတတ် ပြူးကျယ်ကုန်ကြတယ်။ တောင်ပိုင်းသား လုပ်ကြံသူတွေက ဒီလို စကားမျိုး ပြောလာမယ်လို့ သူတို့ မထင်မှတ်ထားခဲ့ဘူး။ ဝန်ကြီးယွီရဲ့ မျက်နှာကတော့ သွေးဆုတ်ဖြူရော်နေခဲ့ပြီ။ ဒါက ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ သူ့ ခြေသလုံးကို ဖက်ထားတဲ့ တောင်ပိုင်းသား လုပ်ကြံသူကို ငုံ့ကြည့်တယ်။ ဒီလူတွေ့ ကြေးစားတွေလေ။ ပိုက်ဆံပေးရင် ဘယ်လို အခြေအနေ မျိုးမှာ မဆို သူတို့ အလုပ်လုပ်ပေးနေတဲ့ သူကို ထုတ်ဖော်ပြောမျာ မဟုတ်ဘူး။ ဝန်ကြီးယွီ မယုံကြည်နိုင်။ လုံးဝကို မယုံကြည်နိုင်မှုကြောင့် တုန်ယင်နေခဲ့တယ်။

ဝန်ကြီးယွီ တစ်ယောက်တည်းတင် မဟုတ်ဘူး။ သွမ့်အရှင်တောင် အံ့သြနေတယ်။ သူတို့တွေ ဘာလို့ များ ဒီလောက်မြန်မြန် ဖော်ထုတ်လိုက်တာလဲ။ သူတို့ရဲ့ အလုပ်ရှင်ကို သစ္စာဖောက်လိုက်တာလား။

နောက်ပြီးတော့ သူတို့ကလည်း ဒီလိုလုပ်စရာ အကြောင်းရင်း မရှိပါဘူးလေ။ သူတို့တွေက အသာစီးရနေတာ မဟုတ်ဘူးလား။ ဘာကြောင့်များ ဝန်ကြီးယွီကို သစ္စာဖောက်ရတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ သွမ့်အရှင် တကယ့်ကို နားမလည်နိုင်။ ဝန်ကြီးယွီကတော့ ထိတ်လန့်တကြား အံ့ကြိတ်နေခဲ့တယ်။ သူ့ကိုယ်သူ စိတ်အေးအေး နေဖို့ ထိန်းချုပ်နေတဲ့ အချိန်မှာပဲ တကိုယ်လုံး တုန်ယင်နေခဲ့တယ်။

“ မင်းဘာတွေ ပြောနေတာလဲ။ မင်းတို့ ကောင်တွေကို တစ်ယောက်မှ ငါမသိဘူး။ ” ဝန်ကြီးယွီ လုပ်ကြံသူတွေကို ကြည့်ရင်း အော်ဟစ်တော့တယ် ။

“ ဝန်ကြီးယွီ ကျွန်တော်တို့ကို ဘယ်လို များ ပြစ်ထားရက်တာလဲ။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို သတ်ဖို့ အတွက် ကျွန်တော်တို့ကို ခိုင်းပြီးတော့။ ဘာ အမှားအယွင်းမှ မရှိလာနိုင်ဘူးလို့ ပြောခဲ့တယ် ။ အခု တော့ အမှားအယွင်းတွေ ဖြစ်လာပြီလေ။ ကျွန်တော်တို့ကို ကယ်ပါအုန်း။” တောင်ပိုင်းသား လုပ်ကြံသူတွေ တောင်းပန်တော့တယ်။

“မင်းတို့တွေ။ ဘာ အဓိပ္မာယ်မရှိတာတွေကို ပြောနေတာလဲ.” ဝန်ကြီးယွီ တစ်ကိုယ်လုံး ဖြူဖျော့လာတော့တယ်။ အခုအခြေအနေကို သူ မထိန်းချုပ်နိုင်တော့ဘူးလေ။ သူက ထောင်ချောက်ထဲကို ရောက်သွားပြီပဲ။ ရန်ရွှယ့်ကို သတ်ဖို့ ဆိုတာ သူ တစ်ခါမှမခိုင်းခဲ့ ဖူးဘူး။ အခုက ဘာတွေ ဖြစ်နေတာလဲ။ ရုတ်တရက် ဆိုးဝါးသွားတဲ့ အခြေအနေ အလှည့်အပြောင်းကို ဝန်ကြီးယွီ နားမလည်နိုင်ဘူး။

ဒီလူတွေကို သူ လေ့ကျင့်ပေးထားတာ နှစ်တွေ အများကြီး။ သူ့ကို လုံး၀ သစ္စာဖောက်မှာ မဟုတ်မှန်း သေချာတဲ့ အထိပေါ့။ ဝန်ကြီးယွီ တောင်ပိုင်းသား လုပ်ကြံသူရဲ့ မျက်နှာပေါ်က လှောင်ပြုံးကို သတိထားမိလိုက်တယ်။ ဒီလူက သူ့ကို အမိဖမ်းနေတာပဲ။ အရာအားလုံးကို ဒီအခိုက်အတန့်လေး အတွင်းမှာ သူ နားလည်သွားတော့တယ်။

ဖန်ကျန်းရှီ…။ ဒါက ဝန်ကြီးယွီ တွေးနိုင်တဲ့ တစ်ခုတည်းသော အဖြေပဲ။ နောက်ဆုံးတော့လည်း ဒီလူတွေက ခုနှစ်စင်ကြယ်လမ်းကနေ ဖမ်းလာတာလေ။ ဒါက ထောင်ချောက်တစ်ခု ဆိုတာ သူ ကြိုသိထားခဲ့သင့်တယ်။ မင်းသားကိုးက ဒီလူတွေကို ဥပဒေ ဝန်ကြီး ဌာနဆီပို့ လိုက်တယ် ဆိုတဲ့ အကြောင်းရင်း တစ်ခုတည်းနဲ့။ ထောင်ချောက်ဆိုတဲ့ ကိစ္စကို သူ မေ့လျော့ထားခဲ့မိတယ်။ နောက်ပြီးတော့ ဒီလူတွေကို လာပို့တာ စစ်သည်တော်တွေလေ။ မြို့စောင့်တပ်တွေ မဟုတ်ဘူး။

အကယ်၍ အိမ်ရှေ့စံသာ ဒီကို လာခဲ့ရင်။ ဘာတွေ ဖြစ်လာမလဲ တွေးကြည့်လို့ရတယ်။ အိမ်ရှေ့စံက ရန်ရွှယ်ကို သတ်ဖို့ လွှတ်လိုက်တယ်လို့ သူတို့ ပြောကြမှာလား။ အကယ်၍ ဒီလိုသာ ဖြစ်လာခဲ့ရင်။ ရန်ချန်လိက ဘယ်လို တုံ့ပြန်လိမ့်မလဲ။

“ဖန်ကျန်းရှီ….. ကောင်းလိုက်တာ။ ဘယ်လောက်တောင် ပြောင်မြောက်လိုက်တဲ့ အစီအစဉ်လဲ။” ဝန်ကြီးယွီ ယိဖျင် စိတ်ထဲမှာ တွေးခဲ့တာ သူက အမြဲတမ်း အမှောင်ထဲက လူ ဖြစ်ခဲ့တယ်လို့။ ဖန်ကျန်းရှီက သူ့ကို အမြဲ တမ်း ကစားနေတဲ့ သူ ဖြစ်မယ်လို့ သူမထင်ထားမိခဲ့ဘူး။

သူဒါကို ဘယ်တုန်းကများ လုပ်လိုက်တာလဲ။ ဒါကို ဘယ်သူမှ သတိမထားမိခဲ့ကြဘူးလား။ အိုး ဟုတ်သား။ တံခါးတွေ ပိတ်နေတဲ့ အချိန်။ တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ အကယ်၍ ခုနှစ်စင်ကြယ်လမ်းရဲ့ တံခါးတွေသာ ပိတ်မထားခဲ့ရင်။ သူ့ အစီအစဉ်တွေကို ဖန်ကျန်းရှီ ဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဝန်ကြီးယွီရဲ့ လူတွေကို ချန်ထားရင်း ကိစ္စကို ပြတ်အောင် လုပ်စေတယ်။ ဒါကို တွေးမိတော့။ ယွီယိဖျင်ရဲ့ အရိုးထဲကနေ စိမ့်ချမ်းလာခဲ့တယ်။ ဒီနေ့ ဒီနေရာကို ရောက်လာဖို့ သူ အများကြီး စတေးခဲ့ရတယ်။ ဒါပေမယ့် အခုတော့ အရာ အားလုံး ပျက်စီးတော့မှာပဲ။ သူ့စိတ်ထဲ ခါးသက်နေတယ်။ အရမ်း အရမ်းကို ခါးသက်နေခဲ့တယ်။

“ မဖြစ်ဘူး။ ငါ ဒီကိစ္စကို ပြန်တွန်းလှန်ဖို့ အခွင့်အရေးရှိသေးတယ်။ သူတို့တွေကို ဖမ်းဆီးပြီးတော့။ စစ်မေးရမယ်။ ဖန်ကျန်းရှီကို ကြိုးကွင်းပြန်စွပ်မှ ဖြစ်မယ်။” ဝန်ကြီးယွီရဲ့ မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် အရောင် တလက်လက် တောက်ပလာခဲ့တယ်။

“ အဆင့်တစ် အမတ်မင်း တစ်ယောက်ကို မင်း က ဘယ်လိုများ မဟုတ်မမှန် စွပ်စွဲဝံ့တာလဲ။ ဒီခွေးကောင်တွေကို ဖမ်းကြစမ်း။”

“ ဝန်ကြီး ယွီ …. မင်း …. မင်း ငါတို့ကို သစ္စာဖောက်တယ်” တောင်ပိုင်းသား လုပ်ကြံသူ ဝန်ကြီးယွီရဲ့ ခြေထောက်ကို ဖက်ထားရာကနေ လှိမ့်ချလိုက်တယ်။

“ သူတို့ကို ဖမ်းကြ။” “ ဒီလုပ်ကြံသူ ခြောက်ယောက်ကို ဖမ်းကြစမ်း။” လက်ထောက် ဝန်ကြီး နှစ်ယောက် သူတို့ရဲ့ အစောင့်တွေကို အမိန့်ပေးလိုက်တယ်။ ပြန်ဖြေသံ မရှိဘူး။ အစောင့်တွေ တိုက်ခိုက်နှင့်နေပြီ။

“ သတ်ကြ။” “သူတို့တွေကို ထွက်မပြေးစေနဲ့။”

အစောင့်တွေ သူတို့ လက်ထဲက လက်နက်တွေကို မြှောက်လိုက်တယ်။ တောင်ပိုင်းသား လုပ်ကြံသူ ရှစ်ယောက်ရဲ့ မျက်လုံးထဲက အမုန်းတရားတွေက မြင်သာလွန်းနေတယ်။

“ဝန်ကြီးယွီ။ မင်းက တကယ့်ကို ဆိုးရွား အကျည်းတန်တဲ့ သူပဲ။”

“ ဒီလောက် နှစ်တွေအများကြီး သစ္စာရှိရှိ တာဝန်ထမ်းဆောင် ခဲ့ပြီးတဲ့ နောက်မှာတောင်။ ငါတို့ကို သစ္စာဖောက်မယ်လို့ မထင်ထားမိခဲ့ဘူး။ ”

“သတ်ကြ။”

တောင်ပိုင်းသား လုပ်ကြံသူ တွေ သူတို့လမ်းကို ရှင်းလင်းဖို့ ပြင်ကြတော့တယ်။

သွမ့်အရှင်ရဲ့ ဘေးမှာ ရပ်နေတဲ့ မြို့စောင့် စစ်သည် တစ်ယောက် လှမ်းမေးတယ်။ “အရှင့်သား။ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။” ခပ်တိုးတိုးမေးတယ်။

“ ကြီးမြတ်တဲ့ ဟန်ရှင်း သုံးခဲ့တဲ့ နည်းဗျူဟာဟောင်း တစ်ခုရှိတယ်။ ( ရန်သူကို စိတ်ရှုပ်ထွေးအောင်လုပ်။ မင်းရဲ့ အစီအစဉ် အစစ်ကို ဖုံးကွယ်ထား။” ) နားလည်တယ်မလား။” သွမ့်အရှင် ပြုံးပြရင်းမေးတယ်။

“ အမိန့်တော်အတိုင်းပါ အရှင်.” မြို့စောင့်တပ်တွေ ချက်ခြင်းကို လှုပ်ရှားတော့တယ်။ “ ဝန်ကြီးတွေကို ကာကွယ်ကြ။ ရာဇဝတ်သားတွေကို ဖမ်းမယ်။”

“ အမိန့်တော်အတိုင်းပါ။” မြို့စောင်တ့ပ်တွေ တညီတညွှတ်တည်း ပြန်ဖြေတော့တယ်။ သူတို့ရဲ့ လက်နက်တွေကို အသင့်ပြင်ရင်း။ ဝန်ကြီးတွေနဲ့ သူတို့ရဲ့ အစောင့်တွေကိုပါ ဝန်းရံလိုက်တယ်။ တောင်ပိုင်းသား လုပ်ကြံသူတွေကို တခြားတစ်ဖက်ဆီ ဖိအားပေးရင်း တွန်းပို့သွားတယ်။

ဒါကို မြင်တော့ ဝန်ကြီးတွေရဲ့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ ဝန်ကြီးယွီ နဲ့ ဘယ်ရံ ဝန်ကြီးတို့က အားနည်းသူတွေ မဟုတ်ဘူး။ ဒါပေမယ့် မြို့စောင့်တပ်တွေကို သူ တို့ တိုက်ခိုက်လို့ မဖြစ်ဘူးလေ။

“ သွားကြစမ်း။ မင်းတို့ရဲ့ အကာအကွယ်ကို မလိုအပ်ဘူး”

“ သွားစမ်း..” ဝန်ကြီးနှစ်ယောက် အတော့်ကို ရှူးရှူးရှားရှား ဖြစ်နေခဲ့တယ်။ သူတို့တွေ ကို မြို့စောင့်တပ်တွေ ဝန်းရံထားတဲ့ အတွက် ဘာမှ မလုပ်နိုင်ခဲ့ဘူး။

အပိုင်း(၅၁၄)ပြီး၏။

အပိုင်း (၅၁၅)

“သေစေနိုင်လောက်တဲ့ တိုက်ကွက်။”

ဝန်ကြီးယွီယိဖျင်ကတော့ မြို့စောင့်တပ်တွေကို အော်ဟစ်နေခဲ့တယ်။ သူ အတော်လေးကို ဒေါသထွက်နေတာ။ အကယ်၍ တောင်ပိုင်းသား လုပ်ကြံသူတွေသာ လွှတ်မြောက်သွားရင်။ ပြစ်တင် ဝေဖန်ခံမှုတွေကနေ သူ လွတ်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် မြို့စောင့်တပ်တွေက ဝန်ကြီးတွေကို လုံ၀ မလှုပ်နိုင်အောင် ဝန်းရံထားခဲ့တယ်။ ဆက်တိုက် အော်ဟစ် ဟိန်းဟောက်နေတာကလွဲပြီးတော့။ လုံးဝကို ကြံ့ကြံ့ခံထားခဲ့တယ်။ တောင်ပိုင်းသား လုပ်ကြံသူ ရှစ်ယောက်ကတော့ ။ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် အစေခံတွေနဲ့ မြို့စောင့်တပ် တွေ ကို ဖောက်ထွက်ပြီး လွတ်မြောက်အောင် ကြံစည်နေခဲ့တယ်။

“ သူတို့ကို တားကြစမ်း။” ဝန်ကြီးယွီယိဖျင် အရမ်းကို အလောတကြီးနဲ့ အော်နေခဲ့တယ်။ သူ့ကို ဝန်းရံထားတဲ့ လူတွေကို ဂရုမစိုက်နိုင်တော့ဘူး။ သူ့ ခန္ဒာကိုယ်က အလင်းတန်း တစ်ခုလို လွင့်စင်ထွက်သွားပြီးတော့။ တောင်ပိုင်းသား လုပ်ကြံသူတွေ ဆီကို တိုးဝင်သွားတော့တယ်။ မြို့စောင့်တပ်က စစ်သည်တော် ခြောက်ဦး သွေးအန်ပြီးတော့ မြေပြင်ပေါ်မှာ လူးလှိမ့်နေကြရပြီ ။

“အား…. ဝန်ကြီး ယွီက ငါတို့ကို သတ်နေပြီ။”

“ ဝန်ကြီးယွီ … ကျွန်တော်တို့က ကာကွယ်ပေးနေတာပါ။”

“ အိုက်ယား ….”

မြို့စောင့်တပ်တွေက ယွီယိဖျင် သူတို့ကို ကျော်ဖြတ်သွားတဲ့ အချိန်မှာ ။ အော်ဟစ်ကြတော့တယ်။ တ တခြားသော မြို့စောင့်တပ်တွေလည်း ကြောက်လန့်တကြား အော်ဟစ်ကြတယ်။

“ ဝန်ကြီးယွီ ကျွန်ော်တို့ကို သနားညှာတာပါ။ ကျေးဇူးပြုပြီး ညှာတာပေးပါ။”

သွမ့်အရှင်ကတော့ သူ့ဓားကို အသင့်ပြင်လိုက်ပြီးတော့ ယွီယိဖျင်ကို ချိန်ရွယ်လိုက်တယ်။

“ ဝန်ကြီးယွီ။ ဘာလို့ ။ မြို့စောင့်တပ်တွေကို တိုက်ခိုက်တာလဲ။”

“ …” ဝန်ကြီးယွီကတော့ ခါးသီးနေမိတယ်။ သွမ့်အရှင်တွေးတေနာကို သူသိတယ်လေ။ ဒါပေမယ့် သူထုတ်မပြောနိုင်တဲ့ ကိစ္စတွေလည်းရှိနေသေးတယ်။ သူရွေးချယ်စရာ မရှိပဲ ။ ဒီလိုထိုးဖောက်ထွက်ရတာ။ တောင်ပိုင်းသား အယောင်ဆောင် ထားတဲ့ လုပ်ကြံသူတွေ လွတ်မြောက်သွားမှာကို တားဆီးဖို့ပဲ ။

သူ အံကြိတ်လိုက်တယ်။ အလင်းတန်း တစ်ခုလိုမျိုး တောက်ပပြီးတော့။ သွမ့်အရှင်ကို လှည့်ပတ်ထွက်သွားတယ်။ သွမ့်အရှင်ကတော့ မြို့စောင့်တပ်တွေ ကာဆီးဖို့ အချိန် လုံလုံလောက်လောက် ရအောင် ဖန်တီးပေးနိုင်ခဲ့တယ်။ အခုချိန်မှာ မြို့စောင့်တပ်တွေက နံရံကြီးတစ်ခုလို ယွီယိဖျင်ရှေ့မှာ ကာဆီးထားတယ်။

“ဘေးဖယ်ကြစမ်း။” ဝန်ကြီးယွီရဲ့ လက်ဝါးကနေ လမင်းလို တောက်ပတဲ့ အလင်းတန်း တစ်ခု ထွက်ပေါ်လာတယ်။ ဒီ အလင်းတန်း ထွက်လာတာနဲ့ တပြိုင်နက်။ အေးစက်တဲ့ လှိုင်းတွေက မြို့စောင့်တပ်တွေကို ဘေးကို လွှင့်စင်သွားတဲ့အထိ တွန်းထုတ်တော့တယ်။ မြေပြင်ပေါ်မှာ မြူလွှာတစ်ခု ဝေ့၀ဲနေခဲ့တယ်။ ဘေးပတ်ဝန်းကျင်က မြို့တော်သူ မြို့တော်သားတွေကတော့ အထိတ်တလန့် ဖြစ်ကုန်ကြပြီ။

“ ပြေးတော့။ သူတို့က တကယ် တိုက်ခိုက်တော့မှာ။”

“ဘာတွေ ဖြစ်နေတာလဲ။ ဝန်ကြီးယွီက မြို့စောင့်တပ်ကို ဘာလို့ တိုက်ခိုက်တာလဲ။”

“ မိုးနတ်မင်းရေ။ လူတွေတော့ သေကုန်ကြတော့မှာပဲ။” လူတွေ ချက်ခြင်းဆိုသလို ထွက်ပြေးကြတော့တယ်။

လက်ထောက်ဝန်ကြီး နှစ်ဦးကတော့ ။ ဆူပူအုံကြွမှုကို မြင်တော့ ပြောစရာ စကား မရှိ ဖြစ်ကုန်ကြတယ်။ စိတ်ထဲမှာ အတော်လေး ခါးသက်နေပင်မယ့် သူတို့ လုပ်နိုင်တာ ဘာမှ မရှိဘူးလေ။ ဝန်ကြီးယွီ တွေးနေတာကို သူတို့ သိတယ်။ ဒါပေမယ့် သူတို့လည်း အပြစ်သင့်မယ့် အထဲ ပါတယ်လေ။

လက်ထာက်ဝန်ကြီးတွေ ဖြစ်လာတည်းက။ သူတို့ စိတ်ကို နိုင်ငံရေးနဲ့ ခမ်းသာ ကြွယ်ဝမှုမှာပဲ နှစ်မြှုပ်ထားတာ။ ပါးစပ်နဲ့ပဲ အလုပ်လုပ်တယ်။ လူကိုယ်တိုင် တိုက်ခိုက်တာမျိုး လုပ်ဖို့ က ရှားပါးတယ်။ ဒါပေမယ့် အခုက မြို့တော်လေ။ အဆင့်တစ်အမတ်မင်း ဖြစ်တဲ့ ဝန်ကြီးယွီက။ မြို့စောင့်တပ်တွေကို တိုက်ခိုက်နေတာ။ သူတို့တွေ ဆွဲထည့်ခံရတာကနေ ဘယ်လိုမှ လွတ်တော့မှာ မဟုတ်ဘူး။ သူတို့ နှစ်ယောက် ခပ်မြန်မြန် ဆုံးဖြတ်ချက် ချလိုက်တယ်။ အခုချိန်မျာ ဒီကိစ္စကို ဖြေရှင်းနိုင်ရင်။ အကျိုးအမြတ် အများကြီး ရလိမ့်မယ်။ တောင်ပိုင်းသား လုပ်ကြံသူတွေကို သူတို့ ဖမ်းမှ ဖြစ်မယ်။

“ ရာဇဝတ်သားတွေ လွတ်တော့မယ်။ သူတို့ကို ဖမ်းလိုက်ကြ။”

“ ဥပဒေ ဝန်ကြီးဌာနထဲက စစ်သည်တော်တွေ အားလုံး။ သူတို့ကို ဖမ်းကြ။”

“ လမ်းမှာ ပိတ်ဆို့တဲ့ သူတိုင်း။ တရာ း ဥပဒေကို နှောက်ယှက် ဖျက်စီးမှုနဲ့ ထိန်းသိမ်းခံရမယ်။”

ဝန်ကြီးနှစ်ဦး။ ထုံးတမ်း စဉ်လာတွေကို လွှင့်ပစ်လိုက်ပြီ။ သွမ့်အရှင်က သူတို့ကို တားမြစ်ဖို့ ဆုံးဖြတ်မှတော့။ သူတို့လည်း ရအောင် ဖောက်ထွက်ရတာပေါ့။ အစောင့်တွေ။ ဥပဒေ ဝန်ကြီးဌာနက တပ်သားတွေ အကုန် တံခါးကနေ ထွက်လာကြတယ်။

“ ရာဇဝတ်သားတွေကို ဖမ်းကြ။ ”

“ ဘေးဖယ်ကြစမ်း..။ ငါတို့လမ်းကို မနှောက်ယှက်ကြနဲ့။ ”

သူတို့ရဲ့ ဓားတွေကို ဆွဲကိုင် ရင်းနဲ့ ထွက်ချလာကြတယ်။ အခြေအနေတွေကတော့ အထိန်းအကွပ်မဲ့ကုန်ပြီ။ သွမ့်အရှင်ကတော့ အေးစက်စက်ရယ်မောနေခဲ့တယ်။ သူ့ရဲ့ တားမြစ်မှုက တောင်ပိုင်းသား လုပ်ကြံသူ ရှစ်ယောက်ကို ထွက်ပြေးဖို့ အချိန် လုံလုံလောက်လောက်ရ သွားစေတယ်။ သူတို့ ထွက်ပြေးလို့ လွတ်မြောက်သရွေ့။ ဝန်ကြီးယွီ ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။

သွမ့်အရှင် ကောင်းကောင်းပြောနိုင်တာက။ ဒီ လုပ်ကြံသူ ရှစ်ဦးက တကယ့် အစစ်တွေ မဟုတ်ပဲ။ အယောင်ဆောင်ထားတဲ့ ထောင်ချောက်ဆိုတာပဲ။ ဖန်ကျန်းရှီ ဆင်ထားတဲ့ ထောင်ချောက်ပေါ့။ ဖန်ကျန်းရှီ ရဲ့ အစီအစဉ်အတိုင်း ရေစုန်မျောလိုက်ဖို့ မစဉ်းစားထားခဲ့ပေမယ့်လည်း။ အခုလို ရွှေရောင် အခွင့်အရေးကြီးကိုတော့ လက်လွှတ် မခံနိုင်ဘူးလေ။

ဝန်ကြီးယွီယိဖျင် ပျက်စီးစေဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ အကယ်၍ ဒီလူတွေသာ ထွက်ပြေးသွားပြီးတော့။ တရားမျှတမှုကို မရှာနိုင်ခဲ့ဘူး ဆိုရင်။ ဝန်ကြီးယွီ အတော့်ကို အထိ နာလိမ့်မယ်။ ဒါပေမယ့် ဒီ အချိန်မှာပဲ။ တောင်ပိုင်းသား လုပ်ကြံသူတွေ လမ်းမှာ ရပ်ရင်း။ သူတို့ ထွက်ပြေး လွှတ်မြောက်ဖို့ လမ်းကို ရွေးနေကြတော့တယ်။

“လူစု ခွဲပြီးတော့ ပြေးကြလေ။ ပိန်းဥကောင်တွေရဲ့။ ဒီလောက် လွယ်လွယ်လေးကို ” သွမ့်အရှင် စိတ်ထဲကနေ အော်ဟစ်နေမိတယ်။ ဖန ်ကျန်းရှီ ဒီလို လူတွေကို ရွေးထားတာကို လဲ ကျိန်ဆဲ နေမိတယ်။ ဒီ ငတုံးတွေကို ဘယ်နားက သွားရှာလာတာလဲ ။ ဘယ်လို ပြေးရမလဲတောင် မသိကြဘူးလား။ အရိပ်မျိုးနွယ်စု။ ဘာမှ လည်း ကြီးကျယ်နေတာ မဟုတ်ဘူးပဲ။ သူ့အတွေးကို ထွက်လာတဲ့ အသံတွေက နှောက်ယှက်တယ်။

“ တောင်ဂိတ်ကို ပြေးကြစို့။ အရှေ့ဂိတ်က အစောင့်ကြပ်များလွန်းတယ်။”

“ ကောင်းပြီ။ ငါတို့ အကုန်သွားမယ်။”

“ဟုတ်တယ်။ သွားကြတာပေါ့။ ငါတို့ အသက်ရှင်နေသရွေ့။ ထိုးဖောက်နိုင်ပါတယ်။”

စိတ်အား တက်ကြွမှု အပြည့်နဲ့ အော်ဟစ်ပြောဆိုနေကြတယ်။ သူတို့ အသံတွေကို လမ်းပေါ်က လူတိုင်းကြာါ်နိုင်တယ်။

“ …..” သွမ့်အရှင်ကတော့ မျက်လုံးပြူးရလွန်းလို့ ထွက်တောင်ကျတော့မယ်။ သူတကယ်ပဲ မြေပြင်ပေါ်မှာ ပြစ်လှဲပြီးတော့ တောင် သတိ မေ့လိုက်ချင်ပြီ။ ဒီလောက်အတဲ့ ကောင်တွေ ဘဝမှာ တစ်ခါမှ မတွေ့ ဖူးဘူး။ လူစုမခွဲရုံတင်မကဘူး။ ပြေးမယ့် နေရာကိုတောင် အော်ပြောနေသေးတယ်။ လမ်းတစ်လျှောက်လုံး တိုက်ခိုက်သွားမလို့လား။ ဒီလောက် အကြတာလား။ သွမ့်အရှင် ဒေါသ ထွက်လာခဲ့တယ်။ ဒီ လူ ရှစ်ယောက် သောက်သုံးမကျ ဖြစ်နေတာကို လည်း မုန်းတယ်။ ဖန်ကျန်းရှီ လူ အရွေးမတော်တာကိုလည်း မုန်းတယ်။

သူတို့သာ အဖမ်းခံရရင်။ ကိစ္စ ပြတ်ပြီပဲ။ ဝန်ကြီးတွေ အတွက်တော့ ဒါက သတင်းကောင်းလေ။ သူတို့တွေ ချက်ခြင်းကို တက်ကြွလာကြတယ်။

“ တောင်ဂိတ်။”

“မြန်မြန်လေး ဖြတ်လမ်းက သွား။ သူတို့ကို တားလိုက်။”

ဝန်ကြီး နှဏ်ယောက် ချက်ခြင်း အမိန့်ပေးတယ်။

ယွီယိဖျင်လည်း သူ့ အမိန့်ပြားကို ပြစ်ပေးတယ်။ သူ့နောက်က တပ်ဖွဲ့ခေါင်းဆောင်ကို လှမ်းပြောတယ်။

“ တောင်ပိုင်း ဂိတ်ကို စစ်သည်တော်တွေ ခေါ်သွားလိုက်။”

“အမိန့်တော်အတိုင်းပါ။”

သွမ့်အရှင်ကတော့ ဒေါသ ထွက်နေတယ်။ ဒီလူတွေကို မလွှတ်နိုင်ဘူးဆိုတာ သူ သိနေတယ်လေ။ အနိုင်ကတော့ ဝေးကွာလွန်းလိုက်တာ။ ဒါပေမယ့် .

“ ဒါက လှည့်စားတာလား … ။ သူတို့တွေ အရှေ့နဲ့ မြောက်ဂိတ်ကို သွားနေကြတာလား။” သွမ့်အရှင် ဖြစ်နိုင်ချေကို တွေးမိတယ်။ ဒါပေမယ့် ကံကြမ္မာနတ်သမီးက သူ့ကို မျက်နှာသာ မပေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့။ တောင်ပိုင်းသား လုပ်ကြံသူတွေ ဆွေးနွေးပြီးပြီးချင်းမှာပဲ။ သူတို့ အော်တဲ့ အတိုင်း တောင်ဂိတ်ကို ထွက်ပြေးကြလို့ပဲ။

“ ထိုးဖောက်ကြ။”

“တိုက်ခိုက်ကြ.”

“….” သွမ့်အရှင် တကယ့်ကို ပြောစရာ စကားမရှိ။ ဒီလောက် တုံးတဲ့ ကောင်တွေ လောကမှာ ရှိနေတယ် ဆိုတာ သူ မယုံနိုင်။ ဝန်ကြီးယွီလည်း စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒီကောင်တွေရဲ့ အသံက သူ့ကို တမင်တကာ မြားခေါ်နေသလိုပဲ။ တစ်ခခု လွဲနေတာကို သူသိတယ်။ ဒါပေမယ့် သူ့မျက်စိအောက်က ပျောက်မသွားခင်မှာပဲ လိုက်ဖမ်းဖို့ ဆုံးဖြတ်လိုက်တော့တယ်။

“ ဘေးဖယ်ကြစမ်း။” ဝန်ကြီးယွီရဲ့ ကိုယ်ခန္ဒာက အလင်းတန်း တစ်ခုလို ပျံထွက်ရင်း။ ထွက်ပြေးနေတဲ့ လူရှစ်ယောက် ဆီကို လိုက်သွားတော့တယ်။

…

စစ်နတ်ကျောင်းတော်ရဲ့ ခြံဝန်းထဲမှာတော့။ ရှင်းယွမ်ကောင်းက ကျားစေ့ကို ကိုင်ရင်း တွေဝေနေခဲ့တယ်။ ဒီအချိန်မှာပဲ။ ကောင်းကင်ပေါ်ကနေ အမည်းရောင် သတ္တဝါ တစ်ကောင် ဆင်းလာပြီးတော့ သူ့ပုခုံးပေါ်မှာ လာနားတယ်။ ဒါမျိုး စစ်တပ်တွေမှာ အသုံးများတယ်။ ချီဟို့ကတော့ နည်းနည်း လန့်သွားခဲ့တယ်။ ဒီ ငှက်မျိုးက အထူး အရေးကြီးတဲ့ ကိစ္စမျိုးမှာပဲ သတင်းပို့ဖို့ သုံးတာလေ။ ဒါပေမယ့် ရှင်းယွမ်ကောင်းကတော့ အံ့သြဟန် မရှိ။ ငှက်ခြေထောက်က စာပို့လွှာမှာ ပါလာတဲ့ စာကိုသာ ဖတ်နေတော့တယ်။

“ ဘာများ ဖြစ်လို့လဲ။” ချီဟို့ မေးတယ်။

“ ဘာမှ မဟုတ်ပါဘူး။” ရှင်းယွမ်ကောင်း ကျားစေ့ တစ်စေ့ကို စားပွဲကို ချရင်း ပြုံးပြတယ်။ “ ညီလေး ငါရှုံးသွားပြီ။”

ရှုံးတယ်။   

ချီဟို့ကတော့ မျက်လုံးပြူးသွားတယ်။ ရှင်းယွမ်ကောင်းက အညံ့ခံနေတာလား။ သူ ဒါမျိုး မလုပ်တာ ကြာလှပြီပဲ။ ချီဟို့ စကားပြောတော့မယ့် အချိန်မှာပဲ ။ ဒီပွဲက ပြီးသွားပြီလို့ ဆိုလိုမှန်း သူ သဘောပေါက်သွားတယ်။

“ အကို ယွမ်ကောင်း…. ။ ဒီအချီက ပြီးသွားပြီလို့ ဆိုလိုချင်တာလား။” ချီဟို့ ခပ်တိုးတိုး မေးတယ်။

“ အင်း… ။ ဒီပွဲ ပြီးသွားပြီ။ မင်းကို သဘောတူထားတဲ့ အတိုင်း။ မင်းနဲ့ လမ်းလျှောက်လိုက်ခဲ့မယ်။” ရှင်းယွမ်ကောင်း ခေါင်းငြိမ့်ရင်း မတ်တပ်ထရပ်တယ်။

“ အကို ယွမ်ကောင်း ပင်ပန်းနေရင် နားလို့ရပါတယ်။ ကျွန်တော် ကိုယ့်ဘာကိုယ် သွားလို့ ရပါတယ်။ ” ချီဟို့ တစ်ခဏတာတွေဝေနေပြီးနောက်။ ခပ်တိုးတိုး ပြောလိုက်တယ်။

“ စိတ်မပူပါနဲ့။ ငါ မပင်ပန်းပါဘူး။ ” ရှင်းယွမ်ကောင်း ခေါင်းခါတယ်။ အဲ့ဒီ့နောက် ချီဟို့ကို ခြံဝန်းထဲကနေ ဆွဲခေါ်လာပြီးတော့။ ခပ်သွက်သွက် လျှောက်တော့တယ်။ ဒါက ချီဟို့ကို သိလိုစိတ် များစေတယ်။

ရှင်းယွမ်ကောင်းက။ ဒီ ကျားထိုးပွဲကို အချိန်ဆွဲ ဖို့ သပ်သပ် ကစားတာမှန်း သူသိတယ်။ ဒါပေမယ့် အခုချိန်မျာ လမ်းမြန်မြန် လျှောက်တာကကော။ ဘာဖြစ်လို့လဲ။ နောက်ကွယ်မှာ ဘာ အကြောင်းရင်းများ ရှိနေတာလဲ။ ရှင်းယွမ်ကောင်း မရှင်းပြတဲ့ အတွက် သူလည်း များများစားစား မတွေးတော့ဘူး။ ပိုပြီးတော့ အရေးကြီးတာ.။ ရှင်းယွမ်ကောင်းက မြေလျှိုးသလောက် နီးနီးကို ခပ်မြန်မြန် သွားနေတာပဲ။ အိမ်တံခါးဝကို တစ်ခဏချင်း ရောက်သွားခဲ့တယ်။ “ အရှင်။ ”

“အရှင်..” စစ်နတ်ကျောင်းတော်ကို စောင့်ကြပ်နေတဲ့ စစ်သည်တော်တွေက သူတို့ နီးလာတာနဲ့ ချက်ခြင်း နှုတ်ဆက်တော့တယ်။ ရှင်းယွမ်ကောင်းက ခေါင်းငြိမ့်ပြပေမယ့် ။ လုံး၀ မရပ်တန့်ခဲ့ဘူး။ သိပ်မကြာခင်ပဲ။ သူတို့တွေ ဂိတ်တံခါးကနေ ထွက်လာပြီးသား ဖြစ်နေခဲ့ပြီ။

“ အကို ယွမ်ကောင်း။ ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲ။” ချီဟို့က သူ ဘာလို့များ ဆွဲခေါ်ခံလာရလည်း ။ အတော့်ကို သိချင်နေတယ်။ အခုချိန် သူ့စိတ်ထဲမှာ တခြား ကိစ္စ တစ်ခုလည်းရှိနေခဲ့တယ်။ တစ်ချိန်လုံး တွေးနေမိတဲ့ ကိစ္စ တစ်ခု။ ဒီနေ့ညက အေးချမ်းတဲ့ ည မဟုတ်မှန်းတော့ သူလည်း သိတယ်။

“ ငါတို့ ရောက်တော့မယ်။ ညီလေး ဟုန်။ ငါတို့ ဘယ်ကို ရောက်နေလည်း မင်း သိမယ် ထင်တယ်။” ရှင်းယွမ်ကောင်းက နောက်ထပ် ရှင်းမပြတော့ဘူး။ ဆက်ပြီးတော့သာ ပြေးနေခဲ့တယ်။ ခရမ်းရောင် အလင်းတန်းက သူ့ ခန္ဒာကိုယ်ကနေ ဆက်တိုက် ထွက်ပေါ်နေခဲ့တယ်။ လေ တဝူးဝူး တိုက်သံက နားထဲမှာ မြည်ဟီးနေတယ်။

ချီဟို့ ရဲ့ ကိုယ်ကလည်း အစိမ်းရောင်အလင်းတန်းတွေ တောက်ပနေတယ်။ ရှင်းယွမ်ကောင်း သွားတာ ဘယ်လောက် မြန်နေလဲ ဆိုတာနဲ့။ သူတို့တွေ ခရီးထွက်နေတယ် ဆိုတာကို သူ သိတယ်။ ဒါပေမယ့် သူမသိတာကတော့ ။ ဘာလို့ ။ ဒီလောက်တောင်မြန်မြန်ပြေး နေရလဲ ဆိုတာကိုပဲ။ ကိစ္စ တစ်ခုခုများ ဖြစ်တော့မှာလား။ သူတွေးနေချိန်မှာပဲ။ အဝေးက လူရိပ်တစ်ချို့ကို မြင်လိုက်ရတော့တယ်။

မြို့တော်က များသောအားဖြင့် လူတွေ ပြည့်ပြီးတော့ ဆူညံနေတတ်တာ။ လမ်းပေါ်မှာလည်း လူတွေ အများကြီးရှိတတ်တယ်။ ဒါပေမယ့် ချီဟို့ကတော့ ဒီလူတွေကို မြင်တဲ့ အချိန် လန့်သွားခဲ့တယ်။ သူတို့တွေကို သူ ကောင်းကောင်းကြီး သိတယ်လေ။

“ ဖန်ကျန်းရှီ… ။ ပင်းယန်..။ ရန်ရွှယ်…. သူတို့ တွေ ဘာလို့ ဒီကို ရောက်နေတာလဲ။” ချီဟို့က ရှင်းယွမ်ကောင်းကို ကြည့်ရင်း ခန့်မှန်းနေခဲ့တယ်။ ဒါပေမယ့် ရှင်းယွမ်ကောင်းကတော့ အေးဆေးတည်ငြိမ်ပြီး အမူအယာ မရှိ။ ဒါက တိုက်ဆိုင်မှုလား။ မဟုတ်နိုင်ဘူး။ ချီဟို့ ချက်ခြင်း ပြန်စဉ်းစားတယ်။ လွန်ခဲ့တဲ့ နာရီပိုင်း အတွင်းက အဖြစ်အပျက် တွေ အားလုံးက တိုက်ဆိုင်မှု ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အကယ်၍ ဒါသာ တိုက်ဆိုင်မှု မဟုတ်ရင်။ ဘာဖြစ်မလဲ။ ဖန်ကျန်းရှီ နဲ့ ရှင်းယွမ်ကောင်း တို့ ကြံစည်ထားတာလား။ ချီဟို့ မယုံနိုင်။ ဖန်ကျန်းရှီ နဲ့ ရှင်းယွမ်ကောင်းက ကန်လင်းတောင် တိုက်ပွဲမှာကော။ တောင်ပိုင်းဒေသ တိုက်ပွဲမှာကော။ ထိတွေ့ခဲ့မှန်း သူသိတယ်။ ရှင်းယွမ်ကောင်းက ငျေယသ်ဒတေယ် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်လေ။ သူ့ရဲ့ ရပ်တည်ချက်က ကျောင်းတော် ဆယ့်သုံးခု နဲ့ အတူတူပဲ။ အကယ်၍ သူသာ ဖန်ကျန်းရှီ့ ကိစ္စမှာ ပါဝင်ပတ်သက်လိုက်ပြီဆိုရင်။ ထီးနန်းပလ္လင် တိုက်ပွဲမှာ ပါဝင်လိုက်ပြီလို့ ဆိုလိုတာပဲ။

ရှင်းယွမ်ကောင်းက တော့ ဒါမျိုး လုံး၀ လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီနဲ့ သူ့ အပေါင်းအပါတွေကို ဒီမှာ တွေ့ရတာက ဘာ ဖြစ် မလဲ။ သူတို့တွေ ဘာ လာလုပ်ကြတာလဲ။ မြို့တော်မှာ ဘာတွေ ဖြစ်ကုန်ပြီလဲ။

အပိုင်း(၅၁၅) ပြီး၏။

အပိုင်း (၅၁၆)

“ဆူပူအုံကြွမှု။”

ချီဟို့ နား မလည်နိုင်ဘူး။ ဒါပေမယ့် သူ့မျက်လုံးတွေက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေခဲ့တယ်။ ဖန်ကျန်းရှီဆီကို ဦးတည်လာနေတဲ့ နောက်ထပ် လူ ရှစ်ယောက်ရှိနေတာကို သူ မြင်လိုက်တယ်။

“ တောင်ပိုင်း သား လုပ်ကြံသူတွေလား။ ” ချီဟို့ သူတို့ကို ချက်ခြင်း မှတ်မိတယ်။ သူ တိုက်ခိုက်ဖို့ ပြင်တယ်။ အဲ့ဒီ့အချိန်မှာပဲ။ ဒီ လူ ရှစ်ယောက်ဆီကို ဦးတည်လာနေတဲ့ နောက်ထပ် လူတစ်ယောက်ကို သူ မြင်လိုက်ရတယ်။ အဲ့ဒီ့လူရဲ့ အရှိန်က ရှင်းယွမ်ကောင်းနဲ့ သူ့လိုပဲ မြန်ဆန်တယ်။ ဒါပေမယ့် သူ့ရဲ့ အနီရောင် အမတ်မင်း ဝတ်ရုံကတော့ မှတ်မိလွယ်စရာပဲ။ ဒါက ဝန်ကြီးယွီယိဖျင် ဆိုတာ သူ ချက်ခြင်း သိတယ်။

“ ဘာတွေ ဖြစ်နေတာလဲ။” ဝန်ကြီးယွီ ယိဖျင် ဘယ်လောက်တောင် အလောကြီးနေလဲ ဆိုတာနဲ့ ဒေါသ အငွေ့အသက်တွေကိုပါ။ သူ ကြည့်ရုံနဲ့ ခံစားလို့ရတယ်။ ချီဟို့က မြို့တော်မှာ တာဝန်ကျတဲ့ အမတ်မင်း တစ်ယောက် မဟုတ်ပေမယ့်။ ယွီယိဖျင် အကြောင်းကို ကောင်းကောင်းသိတယ်။ ယွီယိဖျင်က ပျာယာခတ်တာ မျိုး ဖြစ်ခဲတယ်။

ယွီယိဖျင် ရဲ့ နောက် သိပ်မနီးမဝေး မှာ နောက်ထပ် လူနှစ်ယောက်။ သူ့မြင်ကွင်းထဲဝင်လာ တယ်။ ဘယ် ဥပဒေ ဝန်ကြီးနဲ့။ အလယ် ဥပဒေ ဝန်ကြီး။ သူတို့တွေကို အနက်ရောင် စစ်သည်တော်တွေက ဝန်းရံထားတယ်။ သွမ့်အရှင် နဲ့ မြို့စောင့်တပ်တွေကတော့ နောက်မှာ ကပ်လိုက်လာကြတယ်။ ဒီမြင်ကွင်းက အတော်တော့ ထူးဆန်းတယ်။ ဒါက မြို့တော်လေ။

ချီဟို့ တကယ့်ကို လန့်နေမိပြီ။ မြို့တော်က ဒီည အေးအေးချမ်းချမ်း ရှိမှာ မဟုတ်မှန်း သူသိတယ်။ ဒါပေမယ့် သူ့ အိမ်မက်ဆိုးထဲက အခြေအနေတွေထက်တောင် အခု မြင်ကွင်းက ပိုဆိုးနေသေးတယ်။ ရှင်းယွမ်ကောင်းကို သူ လှည့်ကြည့်တယ်။ ရှင်းယွမ်ကောင်းကတော့ အရင်လို အေးဆေး တည်ငြိမ်နေဆဲ။ အဝေးက ပြေးလာနေတဲ့ လူတွေကို ။ ဒီအတိုင်း လက်ပိုက်ပြီးသာ ကြည့်နေခဲ့တယ်။

“အကို ယွမ်ကောင်။ ကျွန်တော်တို့….” ချီဟို့ သူ့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားရင်း။ ဘာတွေ ဖြစ်နေလဲ တွေးကြည့်နေခဲ့တယ်

“ မလိုဘူး။ ငါတို့ ဒီကနေပဲ စောင့်ကြည့်ရအောင်။“ ရှင်းယွမ်ကောင်း ခေါင်းခါတယ်။ ဖန်ကျန်းရှီ နဲ့ မီတာ နှစ်ရာလောက် အကွာမှာ သူ နေရာယူလိုက်တယ်။

“ ဒီမှာလား။” ချီဟို့ သူ့ရှေ့မှာ သစ်ပင် တစ်ပင်ကို တွေ့လိုက်တဲ့ အတွက်ကြောင့် ။ စကားပြန်ပြောတယ်။ ဒါပေမယ့် သူ ခေါင်းငြိမ့်လိုက်တယ်။ “ ကောင်းပါပြီ။ အကိုယွမ်ကောင်း ပြောတဲ့ အတိုင်း လုပ်ကြတာပေါ့။” ဒီအချိန်မှာ့ဲ တောင်ပိုငးသား လုပ်ကြံသူ ရှစ်ဦး ။ ဖန်ကျန်းရှီကို ကွေ့ပတ်ပြီးတော့ မှောင်မည်းနေတဲ့ လမ်းကြား တစ်ခုထဲကို ရောက်သွားတော့တယ်။

ဝန်ကြီးယွီ ယိဖျင်နဲ့ လက်ထောက်ဝန်ကြီး နှစ်ယောက်ကတော့ ။ ဒါကို မြင်တော့ လောကြီး သွားကြတယ်။ သူတို့ အရှိန်မြင့်ပြီး လိုက်ဖို့ ပြင်တဲ့ အချိန်မှာပဲ ။ ဖန်ကျန်းရှီ ။ ရန်ရွှယ်နဲ့ ပင်းယန်တို့က သူတို့ လမ်းမှာ လာပိတ်နေတာကို တွေ့လိုက်ရတယ်။ ဖန်ကျန်းရှီကတော့ ဝန်ကြီးယွီ ကို ကြည့်ရင်း သူ့မျက်လုံးတွေ တလက်လက်တောက်ပနေခဲ့တယ်။

“ ဝန်ကြီးယွီ ။ ကြည့်ရတာ အတော်လေး လောကြီးနေတဲ့ ပုံစံပဲ။ ဘာယ်ကိုများ သွားနေတာလဲ။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းရင်း နဲ့ ယွီယိဖျင်ကို နှုတ်ဆက်တယ်။

“ ဘေးဖယ်စမ်း. … ။ ငါ့မှာ အရေးတကြီး ရုံးတော် တာဝန်ရှိတယ်။” ဝန်ကြီးယွီ ယိဖျင်။ ဖန်ကျန်းရှီနဲ့ ရန်ဖြစ်ဖို့ အာရုံမရှိဘူး။

“ ရုံးတော် တာဝန်ဟုတ်လား။ ရာဇဝတ်သားတွေ ထွက်ပြေးသွားတာကို ပြောနေတာလား။” ဖန်ကျန်းရှီ မှောင်မည်းနေတဲ့ လမ်းကြားကို လက်ညှိုးထိုးပြတယ်။

“ အဲ့ဒီ့တော့ ဘာဖြစ်လဲ။” ဝန်ကြီးယွီယိဖျင် လုံးဝကို မရပ်။ လက်ထောက်ဝန်ကြီး နှစ်ဦး နဲ့ နောက်က အစောင့် စစ်သည်တော်တွေကတော့။ ဖန်ကျန်းရှီကို မြင်တဲ့ အချိန်။ သူတို့ ဓားတွေကို အသင့်ပြင်လိုက်တယ်။ အချက်ပြတာနဲ့ တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့တယ်။

“ ဘေးဖယ်စမ်း။”

“ ဒါက တရားဥပဒေကို နှောက်ယှက်မှုပဲ မင်းနားလည်လား။” အစောင့် တွေ ဖန်ကျန်းရှီကို လှမ်းအော်တယ် ။

“အမှိုက်ကောင်တွေ။ နင်တို့ ငါေ့ရှ့မှာ အသံ လာကျယ်ရဲတယ်ပေါ့။” ပင်းယန် ရှေ့ထွက်လာပြီးတော့။ အော်ဟစ်တော့တယ်။

“…. ” အစောင့် နှစ်ယောက် ချက်ခြင်း နောက်ဆုတ်သွားတယ်။ နောက်တစ်ကြိမ် အသံ မထွက်ရဲတော့ဘူး။ ဝန်ကြီး နှစ်ယောက်နောက်မှာသာ ဆက်ပုန်းနေတော့တယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူတို့တွေ ပင်းယန်ကို ကြောက်တယ်လေ။

“ ဖန်ကျန်းရှီ။ ငါအခု ရာဇဝတ် သားကို လိုက်ဖမ်းနေတာ။ အကယ်၍ ငါ့လမ်းကို ထပ် ပိတ်နေအုန်းမယ်ဆိုရင်။ မညှာတာလို့ ငါ့ကို အပြစ်မတင်နဲ့တော့။” ပင်းယန် ဘယ်လောက်တောင် ကြောက်စရာ ကောင်းမှန်း သူသိတယ်။ ဒါပေမယ့် အခုချိန် သူ့မှာ ရွေးချယ်စရာမရှိဘူး။

“ ဝန်ကြီးယွီ နာမည် မှားနေပြီ။ ကျွန်တော်က ဖန်ကျန်းကျန်း။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ မင်းက ဖန်ကျန်းရှီပဲ ဖြစ်ဖြစ်။ ဖန်ကျန်းကျန်းပဲ ဖြစ်ဖြစ်။ ငါ သောက်ဂရုမစိုက်ဘူး။ အခုပဲ ဘေးဖယ်နေစမ်း။” ဝန်ကြီးယွီ ယိဖျင်ရဲ့ အကြည့်တွေက အေးစက်နေခဲ့တယ်။ ဖန်ကျန်းရှီ က သူ့ကို ဒီမှာ စောင့်မှန်းသူ သိတယ်လေ။

“ဝန်ကြီးယွီ။ အလျင်လိုဖို့ မလိုပါဘူး။ ထွက်ပြေးသွားတဲ့ ရာဇဝတ်သားတွေကိုဖမ်းဖို့ ပြင်နေရုံပဲ မဟုတ်လား။ ကျွန်တော်သာ တရားမျှတမှုကို ဒီည နှောက်ယှက်ဝံ့ရင်။ ဖြစ်သမျှ ကိစ္စတွေ အကုန်လုံးကို တာဝန်ယူပါမယ်။” ဖန်ကျန်းရှီ ခပ်တိုးတိုး ရယ်မောတယ်။

“ မင်း ဘာကို ဆိုလိုချင်တာလဲ။” ဝန်ကြီးယွီ မျက်လုံးပြူးသွားတယ်။ အစောင့် စစ်သည်တော်တွေ နဲ့။ ယွီယိဖျင်ရဲ့ နောက်မှာ ရပ်နေကြတဲ့ လက်ထောက်ဝန်ကြီး နှစ်ယောက်လည်း ။ ဖြစ်နေတဲ့ ကိစ္စကို မတွေးတတ်ဘူး။

သွမ့်အရှင်ကတော့ ဖန်ကျန်းရှီ ဒီမှာ ရှိနေတာကို မအံ့သြတော့ပါဘူး။ ဒါက ယွီယိဖျင်ကို အချိန်ဆွဲဖို့ နည်းလမ်း တစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီက ဒီနှောင့်နှေးမှု အတွက် တာဝန်ယူမှာလဲ။ ဒါက ဉာဏ်ရှိတဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူးလေ။

“ ကျွန်တော် ဆိုလိုချင်တာက ..။ ဒီကိစ္စတွေ ဒီနေရာမှာ ဖြစ်လာတော့လည်း။ ရာဇဝတ်သားတွေ လွတ်မြောက်မှာ ကို ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ မင်းက သူတို့တွေ ထွက်ပြေးသွားတာကို လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူးလို့ ပြောတာလား။” ဝန်ကြီးယွီ ယိဖျင်။ ဖန်ကျန်းရှီကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့တယ်။ ဒီလူတွေက ဖန်ကျန်းရှီရဲ့ လူတွေ ဆိုတာ သူသိတယ်။ ဒါကြောင့် သူက ဘာကြောင့်များ သူတို့တွေကို မလွတ်ပေးမှာလဲ။ ယွီယိဖျင်ကို ငတုံးများ မှတ်နေတာလား။

ဝန်ကြီးယွီက ဒီ အကွက်ထဲမှာ မျောပါသွားမှာ မဟုတ်ဘူး။ အလကားစားရတဲ့ ထမင်းဆိုတာ လောကမှာ မရှိဘူးလေ။ လက်ထောက်ဝန်ကြီးနှစ်ဦးလည်း ဖန်ကျန်းရှီကို မယုံကြည်ဘူး။ သွမ့်အရှင်ကတော့ ထိတ်လန့် အံ့သြနေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ရှင်းမပြပါဘူး။ မှောင်မည်းနေတဲ့ လမ်းထဲကို ကြည့်ရင်း နဲ့ သာ လေချွန်လိုက်တယ်။

“အား…..”

“ ငါတို့ ထောင်ထဲကို ဘယ်တော့မှ မဝင်ဘူူး။”

“ ညီနောင်တို့….။ ငါတို့ နောက်ဘဝမှ ပြန်ဆုံကြတာပေါ့။”

ဖန်ကျန်းရှီ ေ လချွန်ပြီးတဲ့ အချိန်မှာပဲ။ အော်ဟစ်သံတွေ လမ်းထဲကနေ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် လူတစ်ချို့ လမ်းထဲကနေ ထွက်လာခဲ့တယ်။ ဒီလူတွေက တော်ဝင် စစ်သည်တော်တွေ။ ခေါင်းဆောင်ကတော့ ပိုင်ချီ။ တော်ဝင် စစ်သည်တော်တွေက လူရှစ်ယောက်ကို ဆွဲထုတ်လာခဲ့တယ်။ သူတို့ရဲ့ ကိုယ်ခန္ဒာတွေကနေ သွေးတွေ စီးကျနေခဲ့တယ်။ သူတို့ကို ဆွဲလာခဲ့တဲ့ လမ်းတစ်လျှောက်လုံး သွေးစီးကြောင်းတွေ ဖြစ်ကျန်နေခဲ့တယ် ။

“ မင်း … မင်း သူတို့ကို သတ်လိုက်ပြီလား. ..” ဝန်ကြီးယွီယိဖျင် လမ်းတစ်ဝက်မှာ ရပ်ရင်း။ မျက်လုံးပြူးနေခဲ့တယ်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဝန်ကြီးယွီ ကြားတဲ့ အတိုင်းပဲ။ သူတို့တွေက ကိုယ့်ကိုယ်ကို သတ်သေသွားကြတာလေ ။ ငါတို့က ဘေးမှာ ရပ်ကြည့်နေရုံပဲ။ ” ပိုင်ချီ။ ယွီယိဖျင်ကို လက်ဝေ့ယမ်းပြတယ်။

“အင်း … ငါ အတည်ပြုပေးနိုင်ပါတယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ငါ၊ ပင်းယန် မင်းသမီးလည်း သက်သေခံပေးနိုင်တယ်။ ” ပင်းယန် ခေါင်းငြိမ့်တယ်။

“ အင်း … ဒီလူတွေက ကိုယ့်ကိုယ်ကို သတ်သေသွားမှန်း ရှင်းလင်းနေတာပဲ။” ရန်ရွှယ် ပြန်ဖြေတယ်။

“ကိုယ့်ကိုယ်ကို သတ်သေတယ် ဟုတ်လား။” ဝန်ကြီးယွီ သူ့ရဲ့ေ ကြးစား စစ်သည်တော် တွေ။ သတ်သေတယ်ဆိုတာကိုတော့။ နားလည်နိုင်တယ်။ ဒါပေမယ့် ။ အခုက ဖန်ကျန်းရှီရဲ့ လူတွေလေ။ ဘာကြောင့်များ သူတို့က သတ်သေကြမှာလဲ။

ဝန်ကြီးယွီ တွေးနေတဲ့ အချိန်မှာပဲ။ ပိုင်ချီက တောင်ပိုင်းသား လုပ်ကြံသူတစ်ယောက်ရဲ့ မျက်နှာ ပေါ်ကို တက်နင်း လိုက်တယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံး တွေ တက်လက်လက် တောက်လာခဲ့တယ်။

“အရှင်မင်းသမီး ။ ဒီလူတွေ က မျက်နှာဖုံး ဝတ်ထားတယ်လို့ ထင်တယ်။ အကယ်၍ ကျွန်တော်သာ မှန်ခဲ့မယ် ဆိုရင်။ သူတို့တွေက အယောင်ဆောင်တွေပဲ။” ပိုင်ချီ အခိုင်အမာပြောတယ်။

“ အယောင်ဆောင်တွေ ဟုတ်လား။ ဒါဆိုရင်။ သူတို့ ရဲ့ မျက်နှာဖုံးတွေကို ဘာလို့ မဖယ်သေးတာလဲ။ ကြည့်ရအောင် ဖယ်လိုက်စမ်း။” ပင်းယန် ပြောတယ်။

“ မျက်နှာဖုံးတွေကို ချွတ်လိုက်…။ ငါလည်း ကြည့်ချင်….. မဖြစ်ဘူး….” ဝန်ကြီးယွီ ခေါင်းငြိမ့်တော့မယ့် အချိန်မှာပဲ။ အခုကိစ္စကို နားလည်သွားပြီးတော့။ သူ့ တစ်ကိုယ်လုံး တုန်ယင် သွားခဲ့တယ်။ ဘာတွေ ဖြစ်နေလဲ နောက်ဆုံးမှာ သူနားလည်သွားပေမယ့်။ အချိန်နှောင်းသွားခဲ့ပြီ။

ပိုင်ချီက အရမ်းကို မြန်ဆန်လွန်းနေတယ်။ တော်ဝင် အစောင့်တပ်လည်း အတူတူပဲ။ သူတို့တွေက မျက်နှာဖုံး တွေကို ခပ်မြန်မြန်ပဲ ဖယ်ရှားလိုက်တယ်။ မျက်နှာဖုံးတွေ ဆုတ်ပြဲသွားတဲ့ အချိန်မှာ။ အချိန်တွေက အေးခဲသွားသလိုပဲ။

လူတိုင်းက ။ လုပ်ကြံသူ ရှစ်ယောက် ရဲ့ တကယ့် ပုံစံ အစစ်အမှန်ကို သိချင်နေကြတာ။ တကယ့် ရုပ်အစစ် မြင်တဲ့ အချိန်မှာတော့။ သူတို့တွေ ခေါင်းမွေးတွေ ခြေမွှေးတွေပါ ထောင်တဲ့ အထိ ကြောက်လန့်တကြား ကြက်သီးထကုန်ကြတယ်။ သွမ့်အရှင်လည်း သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်။ လန့်သွားခဲ့တယ်။ အဲ့ဒီ့နောက် သူ ပ်တိုးတိုး ရယ်မောတော့တယ်။ ဒါပေမယ့် … သူ့ရဲ့ ပျော်ရွှင်မှုက ကြာကြာမခံဘူး။ ထိတ်လန့်မှု ကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တယ်။

အခုတော့ ကိစ္စတွေက ဒီလို ဖြစ်လာပြီ။ ဖန်ကျန်းရှီရဲ့ အစီအစဉ်ကို သူ နောက်ဆုံးမှာ နားလည်သွားပြီ။ တကယ့်ကို အကွက်ကျလွန်းတဲ့ အစီအစဉ် ပဲ။ သူ တွေးနိုင်တာထက်ကို ပိုပြီးတော့ အကွက်ကျတယ်။ အစတုန်းကတော့။ ဖန်ကျန်းရှီ ရဲ့ အစီအစဉ်က ဘယ်လောက်ကောင်းမှန်း သူသိတယ်။ ဒါပေမယ့်…. တကယ့် အစီအစဉ်ကြီးရဲ့ လှည့်ကွက်ကို နားလည် နားလည်သွားတဲ့ အချိန်မှာတော့ ။ သူမထိတ်လန့်ပဲ မနေနိုင်တော့ဘူး။

အစတုန်းကတော့ … ဝန်ကြီးယွီယိဖျင်က အခက်အခဲ ကြား ရောက်ရုံလောက်ပဲ။ ဒါပေမယ့် သူ့မှာ ပြန် အဖတ်ဆယ်နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်။ အခုတော့ သူ့ရဲ့ အနာဂတ် တစ်ခုလုံး ပျက်စီး သွားပြီ။ ဘယ်လိုမှ အဖတ်ဆယ်လို့ရတော့မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ကိစ္စတွေ အားလုံးကို ယွီယိဖျင် ဆီမှာ ပုံချလိုက်ပြီ။ ဒီ လုပ်ကြံသူ ရှစ်ယောက်က တောင်ပိုင်းသားတွေ မဟုတ်ကြဘူး။ သူတို့ထဲက သုံးယောက်က ဝန်ကြီးယွီရဲ့ အိမ်တော်က ကြေးစား စစ်သည်တော်တွေ ။ နောက်ထပ် ငါးယောက်ကတော့ စစ်တပ်က ခေါင်းဆောင်တွေ။ ဒီလူတွေကို သွမ့်အရှင်။ မြို့စောင့်တပ်တွေနဲ့ ဥပဒေ ဝန်ကြီး ဌာနရဲ့ ရှေ့မှာ ဖော်ထုတ်လိုက်တာက..။ ဝန်ကြီးယွီကို တစ်ခါတည်း မြေမြှုပ်ပြီးသား ဖြစ်သွားစေတာပဲ။

“ ဟ ဟ ား ….. ဘယ်လိုတောင် ကောင်းလိုက်တဲ့ အစီအစဉ်လဲ။” ဝန်ကြီးယွီ တစ်ကိုယ်လုံး တုန်ယင်တဲ့ အထိ ရယ်မောနေခဲ့တယ်။ သူ့မျက်လုံးကနေ မျက်ရည်တွေ စီးကျလာတော့တယ်။ “ ကောင်းတယ်။ အရမ်းကောင်းလွန်းလို့ … ငါ ထိတ်လန့်မိနေပြီ။ ”

ဒီအချိန်မှာပဲ ။ ဘာတွေ ဖြစ်နေလဲ ဆိုတာ သူ အတိအကျ သိသွားတာလေ။ တကယ်တော့။ ပိုင်ချီ သူတို့ရဲ့ မျက်နှာဖုံးတွေကို ချွတ်လိုက်တဲ့ အချိန်တည်းက အစီအစဉ်ကို သူ နားလည် သွားခဲ့တာ။ ဖန်ကျန်းရှီက ဝန်ကြီးယွီ လွှတ်လိုက်တဲ့ လုပ်ကြံသူ ရှစ်ယောက်ကို။ သူ အစားထိုးလိုက်တယ်။ အဲ့ဒီ့နောက်။ ဒီလူတွေက ဖန်ကျန်းရှီ ရဲ့ အစီအစဉ်အတိုင်း လှုပ်ရှားကြတော့တယ်။ ဇာတ်လမ်း တစ်ပုဒ် ဖန်တီးပြီးတော့။ ဝန်ကြီးယွီ က ရန်ရွှယ်ကို သတ်ဖို့ ကြံစည်တယ် လို့တောင် ပြောလိုက်သေးတယ်။

အဲ့ဒီ့နောက် ။ ဝန်ကြီးယွီ ကို သူတို့နောက် လိုက်လာအောင် လုပ်တယ်။ လမ်းကြားထဲကို ဝင်ချသွားပြီးတော့ အသင့် ပြင်ထားတဲ့ အလောင်းတွေကို ထုတ်ချလာတယ်။ လုပ်ကြံသူ ရှစ်ယောက်က သေပြီးနေပြီ။ သေတဲ့လူတွေက သက်သေမခံနိုင်ဘူး။ ဧကရာဇ်က လည်း ရွေးချယ်စရာ မရှိတာကြောင့်။ ရှိတဲ့ သက်သေကိုပဲ ယုံကြည်ရမှာ။ လက်ထောက်ဝန်ကြီး နှစ်ဦးက အလောင်းရှစ်ခုကို ကြည့်နေခဲ့တယ်။ ဥပဒေ ဝန်ကြီးတွေအနေနဲ့။ ဒီနေ့လို အဖြစ်မျိုးက လွတ်မြောက်နိုင်တဲ့ ကိစ္စ မဟုတ်မှန်း သိတယ်လေ။

“ ဒါ … ဒါက ….” လက်ထောက် ဝန်ကြီး နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့တယ်။ ဖြစ်လာတော့မယ့် ကိစ္စတွေကို သူတို့ သိတယ်လေ။ ဝန်ကြီးယွီ ကျဆုံး သွားတာနဲ့။ သူတို့လည်း နေရာပြန်ရဖို့ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။ သူတို့တွေက ဝန်ကြီးယွီကို ကူညီပြီးတော့ ။ လုပ်ကြံသူတွေကို ထောင်ထဲကနေ ခိုးထုတ်လာတာလေ။ အစတည်းက ဒီကိစ္စမှာ ငြိသွားတာကြောင့် လွတ်ဖို့ လွယ်တော့မှာ မဟုတ်ဘူး။

လမ်းတွေက တိတ်ဆိတ်နေတယ်။ အနီးတစ်နေရာမှာတော့။ ချီဟို့က သစ်ပင်ကြီးအောက်မှာ စောင့်ကြည့်နေခဲ့တယ်။ တကယ့်ကို ထိတ်လန့် ကြောက်ရွံ့နေတာ။

“ ညီလေး ဟုန်။ မင်း ဘယ်လို ထင်လဲ။” ရှင်းယွမ်ကောင်း မေးတယ်။

“ ငါ … ငါ မသိဘူး …” ချီဟို့ ခေါင်းခါလိုက်တယ်။

“ မင်း သိပါတယ်။ နောက်ပြီးတော့ မင်းရဲ့ စွမ်းရည်နဲ့ ဆိုရင်။ ဥပဒေ ဝန်ကြီးဌာနမှာ ဘာတွေ ဖြစ်ခဲ့လည်း ။ စုံစမ်းပြီးသား ဖြစ်နေမှာပါ။” ရှင်းယွမ်ကောင်း အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ အကို ယွမ်ကောင်း… မှန်ပါတယ်။ ဖန်ကျန်းရှီရဲ့ အစီအစဉ်က စင်းလုံးချောပြီး ကြောက်စရာကောင်းတယ် ဆိုတာ။” တစ်ခဏတွေဝေနေပြီးနောက်။ ချီဟို့ ပြန်ဖြေတယ်။

“ နှစ်ထပ်ကွမ်း နဂါးချန်ပီယံသည် လောကကြီးကို ထိတ်လန့်စေပြီ။ ကမ္ဘာမြေအတွက် ငြိမ်းချမ်းမှုကို ဆောင်ယူလာခဲ့ပေမည်။ …. ဒါကို နည်းနည်းတော့ ငါ နားမလည်ဘူး။ တစ်ခုခု အပြောင်းအလဲ ရှိလာနိုင်မလား။” ရှင်းယွမ်ကောင်း ကြယ်တွေကို ကြည့်ရင်း ခပ်တိုးတိုး ပြောဆေိုနေခဲ့တယ်။

“အပြောင်းအလဲ တွေ။ ဘာ အပြောင်းအလဲ တွေများ ဖြစ်လာနိုင်မှာလဲ။ ဒီကောင် ဘယ်လောက်ပဲ ထက်မြက်ပါစေ။ သူက ကျင့်ကြံဖို့ မစွမ်းတော့တဲ့လူလေ။ အကိုယွမ်ကောင်း။ အကို့ တူမလေးကို မယုံဘူးလား။” ချီဟို့ မျက်မှောင်ကြုတ်နေတယ်။

“အင်း…” ရှင်းယွမ်ကောင်း ခေါင်းငြိမ့်တယ်။ ဂိတ်တံခါးကို သူကြည့်တယ်။ “ညီလေးဟုန်။ ရန်ရွှယ် လုပ်ကြံ ခံရတယ်လို့ သတင်းကြားရင်။ ရန်ချန်လိ ဘယ်လို တုံ့ပြန်မယ်လို့ ထင်လဲ။ ”

“ ရန်ရွှယ်။ ပြစ်မှတ်ထားပြီး လုပ်ကြံခံရတယ်။ အကို ဘာကို ဆိုလိုချင်တာလဲ။”

“ ဖန်ကျန်းရှီက သူ့ရဲ့ လုပ်ကြံသူတွေကို ပြောခိုင်းထားတယ်။ ဝန်ကြီးယွီက လုပ်ကြံသူတွေကို လွှတ်လိုက်တာ။ ဖန်ကျန်းရှီကို သတ်ရင်းနဲ့ ရန်ရွှယ့်ကိုပါ တစ်ခါတည်း သတ်ဖို့။ ”

“အား… ဒီ ဖန်ကျန်းရှီကတော့ ရူးနေတာလား….။ မြို့တော်မှာ ဆူပူ အုံကြွမှုတွေ ဖြစ်ဖို့ ကြိုးစားနေတာလား။”

အပိုင်း(၅၁၆)ပြီး၏။

အပိုင်း (၅၁၇)

“ မင်းသား ရန်ရောက်လာပြီ။”

“ဆူပူအုံကြွမှုလား။” ရှင်းယွမ်ကောင်း ချီဟို့ကို ထပ်မမေးတော့ဘူး ။ ရန်ချန်လိ က ဘယ်လိုလူမျိုးလည်း ဆိုတာ သူ အသိဆုံးပဲလေ။

အနောက်ပိုင်း လျန်ဒေသရဲ့ ခေါင်းဆောင်း တစ်ယောက် အနေနဲ့။ ရန်ချန်လိက သူ့သားတွေကော သူ့ မြေးတွေကိုပါ ။ စည်းကမ်းတင်းကြပ်ပြီးတော့။ ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်ပေးတယ် ဆိုတာကျော်ကြားတယ်။ ပြောနိုင်တဲ့ တစ်ခုတည်း သော အရာက ။ ရန်မိသားစုရဲ့ သားစဉ်မြေးဆက်တွေ ထူးချွန် ထက်မြက်ကြတာဟာ။ ရန်ချန်လိ ရဲ့ သင်ကြားရေး နည်းလမ်းတွေ အောင်မြင်တာကြောင့်ပဲ။

ရန်ချန်လိက ခြိမ်းခြောက်တတ်တာကော။ စည်းကမ်းတင်းကြပ်တာကြောင့်ကော မကောင်းသတင်း ကျော်စောတယ်။ ရန်ရွှယ်က ပြစ်မှတ်ထားပြီး လုပ်ကြံခံရတယ်။ မြို့တော်ကြီးမှာ။ အကယ်၍ ရန်ချန်လိသာ ဒီအကြောင်းကို သတင်းရသွားခဲ့ရင်။ နောက်ဆက်တွဲ ဖြစ်ရပ်တွေ အကုန်လုံးက တွေးမရ နိုင်လောက်အောင် ကြောက်စရာကောင်းတော့မှာပဲ။

…

ချီဟို့ နဲ့ ရှင်းယွမ်ကောင်းတို့က ။ ဖန်ကျန်းရှီ ရဲ့ အစီအစဉ် ဘယ်လောက်ထိ ရိုက်ခတ်သွားနိုင်လဲ ဆိုတာ ဆွေးနွေးနေတဲ့ အချိန်မှာ။ သွမ့်အရှင်ကတော့ ဒီအခြေအနေကို အခွင့်ကောင်း ယူလိုက်ပြီ။

“ဝန်ကြီးယွီ။ ကိုယ်တိုင် အတွက် ဘာများ ပြောချင်သေးလဲ။” သွမ့်အရှင်ကတော့ လှောင်ပြုံးပြုံးနေခဲ့တယ်။

“ ငါ့မှာ ပြောစရာ မရှိတော့ဘူး။” ဝန်ကြီးယွီ ခေါင်းခါလိုက်တယ်။ ကိစ္စတွေက ဒီလို ဖြစ်လာမှတော့။ ဒီအခြေအနေကို သူ ပြန် ရှင်းပြလို့ မရဘူး။ သူ့ရဲ့ သိက္ခာကို ထိန်းဖို့ နည်းလမ်းကိုပဲ ရှာဖို့ လိုတော့တယ်။ လက်ထောက်ဝန်ကြီး နှစ်ယောက်က ဒါကို မြင်တဲ့ အချိန်မှာ ခေါင်းငိုက်စိုက် ကျသွားခဲ့တယ်။ ဝန်ကြီးယွီ လက်လျှော့ လိုက်တဲ့ အချိန်မှာပဲ မျှော်လင့်ချက်တွေ အားလုံး ပျောက်ကွယ်သွားပြီ။

“ သူတို့ကို ဖမ်းလိုက်ကြ။” သွမ့်အရှင် တစ်ချက်လေးတောင် မတွေဝေပဲ အမိန့်ပေးလိုက်တယ်။ “အမိန့်တော် အတိုင်းပါ။” မြို့စောင့် တပ်တွေ တညီတညွှတ်တည်း ပြန်ဖြေကြတယ်။

ဝန်ကြီးယွီကတော့ မြို့စောင့် တပ်တွေ ဖမ်းတာကို အသာတကြည် လက်ခံပါတယ်။ လက်ထောက် ဝန်ကြီး နှစ်ယောက်လည်း မခုခံကြပါဘူး။ ဝန်ကြီးယွီ နဲ့ လက်ထောက် ဝန်ကြီး နှစ်ဦး အဖမ်းခံရတာ သေချာ ပြီးတဲ့ နောက်။ ဖန်ကျန်းရှီကို သူ လှမ်းကြည့်တယ်။ တစ်ခဏကြာ တွေေ၀ ပြီးတဲ့နောက်မှာတော့ ။ သူ လျှောက်လာခဲ့တယ်။

“ ဖန်ကျန်းရှီ ။ မင်း က ဒီ ရာဇဝတ်သားတွေကို ဖမ်းဆီးတဲ့ အချိန်မှာ အများကြီး ကူညီပေးခဲ့တယ်။ အကယ်၍ မင်း စိတ်မရှိဘူး ဆိုရင်။ ငါ မင်းကို ဖိတ်ခေါ် ….”

“ သွမ့်အရှင်…. အရှင် က ကျွန်တော့်ကို စကား ပြောနေတာလား။” ဖန်ကျန်း ရှီ မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း မေးလိုက်တယ်။

“ဒါပေါ့။” သွမ့်အရှင် ခေါင်းငြိမ့်တယ်။

“ ဒါဆိုရင်…. အရှင် နာမည်ခေါ်တာ မှားနေပြီ။” ဖန်ကျန်းရှီ သတိ ပေးတယ်။

“ အဟမ်း… ငါမေ့သွားလို့..။ ဖန်ကျန်းကျန်း။ မင်းက ဒီ ရာဇဝတ်သားတွေကို ဖမ်းတဲ့ နေရာမှာ အများကြီး စွမ်းဆောင် ပေးခဲ့တယ်။ အကယ်၍ မင်း စိတ်မရှိဘူးဆိုရင်။ ငါ့ အိမ်တော်က အနီးနားမှာပဲ။ မင်း လာပြီးတော့ အနားယူလို့ ရတယ်။

“ အရှင် ဖိတ်ခေါ်တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် …. ကျွန်တော် အခု အလုပ်များနေလို့ပါ။” ဖန်ကျန်းရှီ ရန်ရွှယ်ကို ကြည့်ရင်းနဲ့ လှမ်းမေးတယ်။ “ ရန်ရွှယ် မင်းကော အားလား။”

“ ငါလည်း မအားဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ ငါတို့တွေ မအားကြဘူး ဆိုတော့။ အိမ်တော် ပြန်ပြီး ဟော့ပေါ့ စားရအောင်။ ” ဖန်ကျန်းရှီ က သွမ့်အရှင်ကို တောင်းပန်ပြန် ပြုပြီးတော့ လက်ဝေ့ယမ်းပြတယ်။

“ ကောင်းလိုက်တာ။ ငါ ဟော့်ပေါ့ စားရတာ အရမ်းကြိုက်တယ်။ ” ပင်းယန် စိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်ဟစ်တော့တယ်။

“ မင်း အတွက် မပါဘူး။” ဖန်ကျန်းရှီ ပြန်ပြောတယ်။

“ ဟန့်။ ငါ ဂရုမစိုက်ဘူး။ နင် ဟော့ပေါ့လုပ်ရင်။ ငါ စားမှာပဲ။” ပင်းယန်ပြောတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ အနားကို ကပ်လာတယ်။ “ နင်ပြောတာ မှန်တယ်။ တစ်ခါတစ်လေ လူသေတွေက အသက်ရှင်လျက် ရှိတဲ့ လူတွေထက် ပို အသုံးဝင်တယ်။”

“ မင်း ရှုံးသွားတဲ့ လောင်းကြေး အကြောင်း ငါတို့ ပြောကြရအောင်။”

“ ငါ ဘာများ ရှုံးသွားလို့လဲ။ ငွေသား လေးသိန်း ခွဲတည်းများ။ ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး။ ငါကငါ့ စကားကို ပြန်ရုပ်သိမ်းမယ့် လူစားမျိုး မဟုတ်ဘူး။”

“ မင်းက အဲ့ဒီ့လို လူပဲ။”

“ မဟုတ်ဘူး။”

“ ဟုတ်တယ်။ ”

“ ငါ မဟုတ်ဘူး။ ”

“ …”

သွမ့်အရှင်က ပင်းယန် နဲ့ ဖန်ကျန်းရှီ ငြင်းခုံတာကို ကြည့်နေခဲ့တယ်။ သူ့ မျက်နှာက ချက်ခြင်း နီရဲ သွားပြီးနောက် ။ တစ်ခဏခြင်း ဖြူစုတ်သွားခဲ့တယ်။ သူက ဘုရင်တစ်ပါးလေ။ ဖန်ကျန်းရှီ ကို သူ့ အိမ်တော်မှာ အနားယူဖို့ အခုပဲ ဖိတ်ခေါ်လိုက်တာ။ ဒါတောင်။ သူ အငြင်းခံရသေးတယ်။ နောက်ပြီးတော့ ပေးတဲ့ အကြောင်းပြချက်က အဓိပ္မာယ် မဲ့လွန်းတယ်။ ပိုပြီးတော့ အရေးကြီးတာ။ သူတို့ရဲ့ အိမ်တော်မှာ ဟော့ပေါ့ ချက်စားဖို့တောင် အစီအစဉ် ဆွဲနေကြတာပဲ။ သူတို့တွေ အားလပ်နေတယ် ဆိုတာ အသိသာကြီးလေ။ သွမ့်အရှင်ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ မြို့စောင့်တပ်တွေနဲ့ ဥပဒေ ဝန်ကြီး ဌာနက တပ်သားတွေရဲ့ အကြည့်တွေကို သူ နားလည်တယ်။

“ဖန်ကျန်းရှီ မင်း ငါ့ကို ဘယ်လိုတောင် စော်ကား မော်ကား လုပ်လိုက်တာလဲ။ ” သွမ့်အရှင် ထအေ်လိုက်ချင်တယ်။ ဒါပေမယ့် ဝန်ကြီးယွီကို အလဲထိုးလိုက်တဲ့ ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ကို တွေးမိတဲ့ အချိန်မှာတော့။ သူ့ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားခဲ့တယ်။

“ ဥပဒေ ဝန်ကြီး ဝမ်ချောင်ကို ထောင်ထဲ ထည့်လိုက်တယ်။ ဝန်ကြီးယွီယိဖျင်နဲ့ လက်ထောက် ဥပဒေ ဝန်ကြီး နှစ်ယောက် ကို သူမြို့တော်ကို ရောက်ပြီးတော့ ဆယ်ရက် မကြာခင်မှာပဲ အဖမ်းခံရအောင် လုပ်နိုင်တယ်။ စစ်မက်ရေးရာ ဝန်ကြီးကိုတော့….”

အခု လုပ်ကြံမှုထဲမှာ ဝန်ကြီး ဌာနက လူ ငါးယောက်တည်း ပါတာတော့ သနားစရာပဲ။ စစ်မက်ရေးရာ ဝန်ကြီး ဌာနကို ချုပ်ဖို့ ဆိုရင်တော့ အတော့်ကို ရှည်ကြာအုန်းမယ်။ အိမ်ရှေ့စံကို သူ သိ သလောက်အရ ဆိုရင်။ ဒီကိစ္စကြီးအတွက် ခေါင်းခံဖို့ ဝန်ကြီးဌာနမှာ နောက်တစ်ယောက် ရှိအုန်းမယ် ဆိုတာ သေချာတယ်။ နေစမ်းပါအုန်း။ မဖြစ်ဘူး။

အဝေး ရောက်သွားတဲ့ ဖန်ကျန်းရှီ နဲ့ အပေါင်းအပါ တသိုက်ကို ။ သွမ့်အရှင် လှမ်းကြည့်တယ်။ သူ့ကျောရိုးထဲ နောက်တစ်ခေါက် စိမ့်ချမ်းသွားမိပြန်တယ်။ အရင်တစ်ခေါက်ထက် ပိုပြီးတော့ ကို တုန်ယင်သွားတယ်။ ဒီကိစ္စတွေမှာ နောက်ထပ် လူ တစ်ယောက် ပါနေ အုန်းမယ်ဆိုတာ သူ သဘောပေါက်သွားတယ်။ အဲ့ဒီ့လူကတော့ မင်းသားရန် ။ ရန်ချန်လိ။ ဒီလူကြီး ပါလာပြီ ဆိုတော့…. ကိစ္စတွေက …. လွယ်လွယ်ကူကူ အဆုံးသတ်တော့မှာ မဟုတ်ဘူး။

…

ပင်းယန် အိမ်တော်မှာတော့….။ ဂိတ်တံခါးမှာ စောင့်နေတဲ့ ရွှေရောင် သံချပ်ကာဝတ် စစ်သည်တော်တွေ ရှိနေခဲ့တယ်။ အလယ်မှာတော့ လူတစ်ယောက် ရပ်နေတယ်။ မင်းသားကိုး လင်းယွမ်။ သူက ဖန်ကျန်းရှီ ၊ ရန်ရွှယ် နဲ့ ပင်းယန်တို့ သူ့ ဆီကို လာနေတာကို တွေ့လိုက်တော့ ။ လင်းယွမ် နည်းနည်း အံ့သြသွားခဲ့တယ်။ တစ်ခဏတာတွေဝေသွားပြီးတဲ့ နောက်။ သူတို့ကို နှုတ်ဆက်ဖို့ ဆုံး ဖြတ်ပြီးတော့ ထွက်လာခဲ့တယ်။

“ အကိုတော်…. ညီမလေးတို့ နဲ့ လာပြီး ဟော့ပေါ့ စားပါအုန်း။” ပင်းယန် သူ့ကို နှုတ်ဆက်တယ်။

“ ဟော့ပေါ့လား။” မင်းသားကိုး လင်းယွမ်။ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် သူ တစ်ခုခုကို မှတ်မိသွားတဲ့ ပုံစံပဲ။ “ သွမ့် …. သွမ့်အရှင်က ….. မင်းတို့တွေ အားလုံးကို သူ့ နန်းတော်ဆီ ဖိတ်တာ မဟုတ်ဘူးလား။”

“ သူ ဖိတ်တယ်လေ။ ” ပင်းယန် ပြန်ဖြေတယ်။

“ ဒါဆိုရင်. … ဘာလို့။”

“ ဒီကောင်လေ။ ဖိတ်တာကို ငြင်းလိုက်တာ။ သူပြောတာ သူက မအားလပ်ဘူးလို့။ ဟ ဟ ား … ဘယ်လောက် ရီစရာ ကောင်းမှန်း သိလား။ သွမ့်အရှင် ဖြစ်သွားတဲ့ ရုပ်ကို မြင်ချင်လိုက်တာ။” ဖန်ကျန်းရှီကို လက်ညှိုးထိုးပြရင်း နဲ့ ပင်းယန် လှောင်တော့တယ် ။

“ငြင်းလိုက်တယ် ဟုတ်လား… အမ် …. သခင်လေး ဖန်… ။ ဒီကိစ္စက ပြောဖို့တော့ သင့်လျော်မလား မသိ။” မင်းသားကိုး လင်းယွမ် တွေေ၀ သွားခဲ့တယ်။

“ ကျေးဇူးပြုပြီးတော့ ပြောပါ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ကျွန်တော်က နိုင်ငံရေးမှာ သိပ်ပြီးတော့ မပါဝင်ပေမယ့်။ သခင်လေးဖန်က အိမ်ရှေ့စံကို အပြစ်ပြုထားမိပြီ ဆိုတော့…။ သွမ့်အရှင်က အခုချိန်မှာ ရွေးချယ်ဖို့ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ”

“ သူက ရွေးချယ်ဖို့ အကောင်းဆုံးလား။ ” ဖန်ကျန်းရှီ ရယ်မောရင်း မေးတယ်။

“ သူက သခင်လေး ဖန်အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လိမ့်မယ်။” မင်းသားကိုး ပြန်ဖြေတယ်။

“ ဟုတ်တယ်။ သူက ကျွန်တော့် အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ။ ဒါပေမယ့် ဒါက ဘာအရေးပါလို့လဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြန်မေးတယ်။

“သခင်လေးဖန်။ သူက သခင်လေး အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေမှတော့။ ဘာကြောင့်များ သူ့ကို အပြစ်ပြုရတာလဲ ။ ဒီနေ့ သခင်လေး ဖန်က အကျိုးထူး ဆောင်ခဲ့တာလေ။” မင်းသားကိုး လင်းယွမ် စိတ်ထဲမှာ ရှုပ်ထွေးနေခဲ့တယ်။

“ သွမ့်အရှင်နဲ့ အိမ်ရှေ့စံ မင်းသား နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးဖို့ ။ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။” မင်းသားကိုးကို ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။

“ အမ်…” လင်းယွမ် ပါးစပ်တွေကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေခဲ့တယ်။ သူတစ်ခုခု ပြောချင်ပေမယ့်လည်း ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲက အကြည့်ကို မြင်တဲ့ အချိန်မှာ။ မပြောဖို့ ဆုံးဖြတ်လိုက်တယ်။

“ ဟော့ပေါ့ စားချင်လား။ မင်းသားကိုး ” ဖန်ကျန်းရှီ ပြုံးပြတယ်။

“ ဒါပေါ့။” ဖိတ်ခေါ်တာကို လက်မခံခင် မင်းသားကိုး လင်းယွမ် တုန်ယင် သွားခဲ့တယ်။

“ ဒါပေမယ့် ကျွန်တော် ကြားဖူးတာတော့ ။ ဧကရာဇ်တောင် သခင်လေး ဖန်ရဲ့ ဟော့ပေါ့ကို စားတဲ့ အချိန် ငွေသား ပေးရတယ်ဆို။ ကျွန်တော် ငွေသား တစ်ချို့ လူခေါ်ပြီး သွား ယူလိုက်အုန်းမယ်။” မင်းသားကိုး လင်းယွမ်ခေါင်းငြိမ့်တယ်။

“မလိုပါဘူး။ ဒီနေ့ညစာကို ကျွန်တော် တကာခံမယ်။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“ အခမဲ့လား။” မင်းသားကိုး လင်းယွမ် ထိတ်လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီ ငွေဘယ်လောက် မက်လဲ ဆိုတာ အင်ပါယာ တစ်ခုလုံးက လူတိုင်းနီးပါးသိတယ်။

“ အကိုတော်။ ဘာ ကို စောင့်နေအုန်းမှာလဲ။ ဝင်လာခဲ့တော့။ ဒီကောင် ဒီလောက် ရက်ရောနေတာ ရှားပါးတယ်။ ညီမလေး ဗိုက်ဆာနေပြီ။ ဒီညတော့ အဝကို စားပြစ်တော့မယ်။” မင်းသားကိုး လင်းယွမ်ကို လက်ဝေ့ယမ်းပြရင်း ပင်းယန်ပြောတယ်။

“ကောင်းပြီ….”

…

ဒီည ကတော့ ညတာရှည်ခဲ့တယ်။ အိမ်ရှေ့စံ အိမ်တော်မှာကော။ သွမ့်အရှင်ရဲ့ အိမ်တော်မှာပါ။ မီးရောင်တွေ လင်းထိန်ပြီးတော့။ အမတ်မင်းတွေ စုဝေးနေခဲ့တယ်။ သူတို့တွေ တစ်ညလုံး မအိပ်ကြတော့ဘူး။ နောက်တစ်နေ့မနက်။ အရမ်းကို မှောင်မည်းပြီးတော့ လေတွေ ဝုန်းဒိုင်းကျဲ တိုက်ခတ်နေခဲ့တယ်။ လေထုက စိုထိုင်းနေပြီးတော့။ မုန်တိုင်းလာတော့မယ့် ပုံပဲ။

စစ်မက်ရေးရာ ဝန်ကြီးဌာနမှာတော့ အသက် လေးဆယ် အရွယ် လူတစ်ယောက် ထိုင်နေခဲ့တယ်။ သူက လက်ရှိ စစ်မက်ရေးရာ ဝန်ကြီး ရှန်မင်း။

ဝန်ကြီး ဌာန ခြောက်ခုတည်းက တစ်ခု ရဲ့ ဝန်ကြီး အနေနဲ့။ သူ့ရဲ့ တည်ငြိမ်အေးဆေးမှု အတွက် ကျော်ကြားတယ်။ ဒါကြောင့်ပဲ သူ့ကို စစ်မက်ရေးရာ ဝန်ကြီး နေရာ ပေးဖို့ ဖြစ်လာခဲ့တာ။ ဒါပေမယ့် အခုတော့ ရှန်မင်း အတော့်ကို မတည် မငြိမ် ဖြစ်နေတယ်။ သူ့ရဲ့ ခုံပေါ်မှာ အတော့်ကို လှုပ်လှုပ်ရွရွဖြစ်နေခဲ့တယ်။ တကယ်တမ်း ပြောရရင်။ စစ်မက်ရေးရာ ဝန်ကြီးဌာန တစ်ခုလုံး ဒီအတိုင်း ဖြစ်နေခဲ့တာ။ အမတ်မင်းတိုင်း ငြိမ်ငြိမ်ကို မနေနိုင်ကြတော့ဘူး။ မုန်တိုင်းက သူတို့ ဆီ တိုက်တော့မှာကို သိတယ်လေ။

“ သူ လာနေပြီ… သူလာနေပြီ…. ဝန်ကြီး …” လူတစ်ယောက် တံခါးဝမှာ ဒူးထောက်ကျသွားတယ်။

“ ဘယ်သူလဲ။” ရှန်မင်း ဖြူဖျော့သွားခဲ့တယ်။

“ အိမ် ရှေ့စံ…. အိမ်ရှေ့စံ လာနေပြီ ….”

“ ဒါဆိုရင် မင်း ဘာကို စောင့်နေမှာလဲ။ သွားကြိုလေ။” ရှန်မင်း သက်ပြင်းချလိုက်တယ်။

“ အမိန့်တော် အတိုင်းပါ။”

သိပ်မကြာခင်။ အိမ်ရှေ့စံ လင်းထျန်းရုံ အခန်းထဲကို ဝင်လာခဲ့တယ်။ သူ့ရဲ့ အမှတ်အသား။ ငွေရောင် နဂါး ဝတ်ရုံကို ဝတ်ထားခဲ့တယ်။ ရှန်မင်းကို ကြည့်ရင်း အေးခဲ နေခဲ့တယ်။

“ အရှင့်သား။ ”ရှန်မင်း ချက်ခြင်း ဒူးထောက် ကြိုဆိုတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ။ လက်ဝေ့ယမ်း ပြတယ်။ ရှန်မင်းကို ထဖို့ အချက်ပြတယ်။ အဲ့ဒီ့နောက်။ တခြား အမတ်မင်းတွေကို သူကြည့်ပြန်တယ်။

“မင်းတို့ သွားကြတော့။ ” လင်းထျန်းရုံရဲ့ မျက်နှာက အကြည့်ကို မြင်တော့။ ရှန်မင်း အော်ဟစ်တယ်။

“အမိန့်တော်အတိုင်းပါ။” အမတ်မင်းတွေ ချက်ခြင်း ထွက်ခွာသွားကြတယ်။ ဒါကို မြင်တော့ လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။ ဝန်ကြီးရဲ့ ခုံမှာ ဝင်ထိုင်တယ်။

“ အမတ်မင်းရှန်။ ဒီနေ့ ဘာလို့ ဒီလောက်တောင် မကြည်မလင် ဖြစ်နေတာလဲ။” အိမ်ရှေ့စံ လင်းထျန်းရုံက ဖြူဖျော့နေတဲ့ ရှန်မင်းကို ကြည့်ရင်း မေးတယ်။

“ အရှင်မင်းသား။ ကျွန်တော့်ကို ကယ်ပါအုန်း။” ရှန်မင်း ဒူးထောက်တယ်။ တခြား ကိစ္စတွေကို သူ အာရုံမစိုက်နိုင်တော့ဘူး။

“ ဥပဒေ ဝန်ကြီး ဌာနရဲ့ တာဝန်တွေက။ စစ်သူကြီးတွေကို ရွေးချယ် ပြီး အရည်အချင်း သတ်မှတ်တာပဲ။ မင်းကလည်း စစ်တပ်အတွက် အရေးကြီးတယ်။ စစ်တပ်ကို တိုက်ရိုက်ထိန်းချုပ်နေတာ မဟုတ်ပေမယ့်။ တာဝန်က ကြီးလေးတယ်။ မှန်တယ်မလား။” အိမ်ရှေ့စံ လင်းထျန်းရုံ ထပ်ပေါင်းပြောတယ်။

“အရှင်ပြောတာ တကယ့်ကို မှန်ပါတယ်။” ရှန်မင်း ခေါင်းငြိမ့်တယ်။

“ ဒီမှာ ဖြစ်တဲ့ ကိစ္စတွေကို မင်း မရှောင်လွှဲနိုင်တာတော့ ဟုတ်ပါတယ်။ တစ်ခါတစ်လေ။ မင်းရဲ့ စစ်သူုကြီးတွေ လေ့ကျင့်ရတာ ။ နိုင်ငံရေးနဲ့တော့ ပတ်သက်မှာပဲ။ ”

“ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်တာ မှားသွားတယ်။”

“ ဒါကိုတော့ မင်း ဝန်ခံဖို့ လိုမယ်။ ဒီလူတွေကို တွန်းအားပေးဖို့ မင်း လူတွေ လည်းရှာရမယ် ။ အမတ်မင်းရှန်။ မင်းက ဒီနေရာမှာ ထိုင်နေခဲ့တာ ၇ နှစ်ရှိပြီ။ ကိစ္စတွေကို အသေးစိတ် ငါ သင်ပြပေးစရာ မလို ဘူး ဆိုတာ သေချာတယ်။”

“ မှန်ပါတယ်။ ကျွန်တော်မျိုး မနေ့ည ကိစ္စကို သိသိချင်း။ လကျာ်ရံ(ညာ) ဥပဒေ ဝန်ကြီးနဲ့ ဆွေးနွေးနေပါပြီ။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ ကိစ္စကိုတော့ ကျွန်တော် တာဝန်ယူဖို့ လိုနေတုန်းပဲ။ ” ရှန်မင်း ခေါင်းငြိမ့်တယ်။

“ အစီအစဉ်အတိုင်း ဆက်သွားပါ။ ”

“ ကျွန်တော် စာလွှာ ပြင်ဆင်ထားပြီးပါပြီ။ တစ်ချက်လောက်ကြည့်ကြည့်ပါ။” ရှန်မင်း သူ့ စာလွှာကို ပြတယ်။

“ ဒါ မလိုသေးဘူး ။ ဧကရာဇ်က ဆယ်မိုင်ရေကန်မှာ အခုချိန် ရှိနေလောက်တယ်။ ဒါပေမယ့် မကြာခင် ပြန်လာ တော့မှာပဲ။ ဒီကိစ္စကို ကိုယ်တိုင် လုပ်ဖို့ လိုတယ်။ ညီလာခံ ခန်းမရှေ့မှာ သွားပြီးတော့ ဒူးထောက်လှည့်။” အိမ်ရှေ့စံ လင်းထျန်းရုံ ပြောတယ်။

“ ညီလာခံ ခန်းမရှေ့မှာ ဒူးထောက်ရမှာ လား။” ရှန်မင်း မျက်လုံးပြူးသွားတယ်။

“ ပြဿနာရှိလို့လား။”

“ မ… မရှိပါဘူး။ ကျွန်တော် အခုပဲ သွားပါတော့မယ်။” ရှန်မင်း ချက်ခြင်း ထပြီး ထွက်သွားဖို့ ပြင်တယ်။ သူ ခန်းမထဲကနေ ထွက်ထွက်ခြင်း။ သူ့ဆီကို အပြေးလာနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့ဒီ့လူက သူ့ကို ဝင်တိုက်တယ်။

“ဘာတွေ ဒီလောက်တောင် အရေးကြီးနေတာလဲ။” ရှန်မင်း ဒေါသထွက်နေတဲ့ အတွက် အော်မေးလိုက်တယ်။

“ သူ … သူ ဒီကို ရောက်နေပြီ…. ”

“ ဘယ်သူလဲ။ ဒါက စစ်မက်ရေးရာ ဝန်ကြီး ဌာန …. ဘယ်သူ လုပ်ဝံ့လဲ။”

“ မင်းသား ရန်။။ မင်းသား ရန် ရောက်လာပြီ။

အပိုင်း( ၅၁၇) ပြီး၏။

အပိုင်း (၅၁၈)

“ ရန်တိမ် တပ်ဖွဲ့ကို ဘယ်သူမှ မတား မြစ်နိုင်ဘူး။”

“ မင်းသား ရန်။ ရန်ချန်လိလား။” ရှန်မင်းရဲ့ အမူယာ ပြောင်းလဲ သွားခဲ့တယ်။ ရန်ချန်လိ လာမယ် ဆိုတာ သူသိတယ်။ ဒါပေမယ့် ဒီ လောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ ရန်ချန်လိရဲ့ လက်ရှိနေရာကို မေးမလို့ ပြင်တဲ့ အချိန်မှာပဲ။ မြင်းတွေ ဒုန်းစိုင်း နှင်လာတဲ့ အသံကို ကြားလိုက်ရတယ်။

“ ဒီ နေရာကို ဝန်းရံလိုက်ကြ၊” အရိုင်းဆန်ဆန် အော်ဟစ်သံကို အပြင်ဘက်ကနေ ကြားလိုက်ရတယ်။ အတွင်းထဲမှာ ရှိတဲ့ အမတ်မင်းတွေ စစ်မက်ဝန်ကြီး ရှန်မင်းကို ကြောက်လန့်တကြား လှမ်းကြည့်နေကြတယ်။

“ ဝန်ကြီး … ကြည့်ရတာ အခြေအနေမကောင်းတော့ဘူး။ ရန်တိမ်တပ်ဖွဲ့ … ရန်တိမ် တပ်ဖွဲ့ ရောက်လာပြီ။… သူတို့မှာ… ” အမတ်မင်း တစ်ယောက် ထပ်ရပ်ရင်း ပြောတယ်။ အဲ့ဒီ့နောက် သူ ရပ်တန့်သွားတယ်။ ရှမင်းရဲ့ မျက်နှာ အမူအယာကို သူမြင်တယ်လေ။ ရှန်မင်းက လုံးဝကို ဖြူဖျော့နေတယ်။ ရန်ချန်လိ က ခြိမ်းခြောက်တတ်ပြီး ကြောက်စရာ ကောင်းတဲ့ လူဆိုတာ သိတယ်။ ဒါပေမယ့် အခု သူတို့ ရောက်နေတာ မြို့တော် လေ။ အင်ပါယာ တစ်ခုလုံးရဲ့ အလယ်ဗဟိုချက်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ မြို့တော်ကြီးလေ။

ရန်တိမ် တပ်ဖွဲ့ ထဲမှာ ဘယ်သူတွေ ပါတာလဲ ??? အနောက်ပိုင်း လျန် ဒေသက စစ်သည်တော်တွေ။ သူတို့တွေက မြို့တော်ရဲ့ စစ်သည်တော်တွေ မဟုတ်ဘူးလေ။ ဘယ်လိုကြောင့်များ မြို့တော်ထဲကို ဝင်လာတာလဲ။ မြို့တော်က မဟုတ်တဲ့ စစ်သည်တော်တွေ ဒီလို ဝင်ရောက်လာတာက ပြစ်မှုကြီး တစ်ခုပဲလေ။ ဒါက ပုန်ကန်မှုတောင် မြောက်နေပြီ။ မြို့စောင့်တပ်တွေ ဘယ်ရောက်ကုန်ကြပြီလဲ။ မြို့စောင့်တပ်ဆိုတာ မြို့တော်ကို ကာကွယ်ရမှာလေ။ ဒါတောင် သူတို့က ရန်တိမ် တပ်ဖွဲ့ကို မြို့ထဲ ဝင်ခိုင်းလိုက်တယ်တဲ့လား။

“ သူ ရူးနေပြီလား။ ရန်ချန်လိ ရူးနေပြီလား။ စစ်သည်တော်တွေကို မြို့ထဲ သူ ခေါ်လာဝံ့တယ်ပေါ့။” ရှန်မင်း မြေကြီးပေါ်တောင် ဖင်ထိုင်လျက် ကျတော့မတတ် ဖြစ် သွားခဲ့တယ်။ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သူ ယုံတောင် မယုံနိုင်ဘူး။

ဒါပေမယ့် အချက်အလက်တွေကတော့ သူ့ရှေ့မှာပဲ လေ။ ရန်ချန်လိ က ဒီမှာ ရောက်နေပြီ။ ဧကရာဇ်တောင် ဒီ “ ရူးနေတဲ့ လူကြီး” ကို လေးစားရတယ်။ ဥပဒေဆိုတာ ကြီးမြတ်သောရှမင်းဆက် အတွက် အခြေခံ အုတ်မြစ်ပဲ။ ဒါပေမယ့် ဥပဒေတွေကို ဂရု မစိုက်တဲ့ လူတစ်ယောက်တော့ ရှိတယ်။ ရန်ချန်လိ ဆိုတဲ့ ဒီလူက ကြီးမြတ်သောရှ မင်းဆက်ကို ကာကွယ်ဖို့ အတွက် သူ့ရဲ့ ညီအစ်ကိုတွေ အားလုံးကို စတေးခဲ့တယ်။ အနောက်ပိုင်း လျန်ဒေသ ကို လက်တစ်ဖက်တည်းနဲ့ အုပ်ချုပ်နိုင်တဲ့သူ။ နောက်ပြီးတော့ အခု သူက မြို့တော်မှာ ရောက်နေပြီ။ ရန်တိမ်တပ်ဖွဲ့ကို ခေါ်လာပြီးတော့ စစ်မက်ရေးရာ ဝန်ကြီးဌာနကို ဝန်းရံ ထားတယ်။ ရှန်မင်း ဘယ်လိုများ တည်တည်ငြိမ်ငြိမ် နေနိုင်မှာလဲ။

“ အရှင်မင်းသား … ဒါက ….”

“ ရန်ချန်လိ တစ်ယောက်တည်း စားသောက်ပွဲကနေ ပြန်လာတာလား။” အိမ်ရှေ့စံ လင်းထျန်းရုံ သတင်းပို့သူကို မေးတယ်။

“ မှန် မှန် မှန်ပါတယ်။ ဧကရာဇ်ကော…. ဧကရာဇ် ဘယ်မှာလဲ။” ရှန်မင်း မျှော်လင့်ချက် အပြည့်နဲ့ မေးမြန်းတယ်။

“ မရောက် သေးပါဘူး။ဧကရာဇ်က ဆယ်မိုင် ရေကန်မှာ ရှိနေတုန်းပါ။ ကျွန်တော်ကြားတော့။ နေ့လယ်စာ ပွဲတော်တည်ပြီးမှ မြို့တော်ကို ပြန်လာမှာပါ။” သတင်းပို့သူ ပြန်ဖြေတယ်။

“ နေ့လယ်စာ ပွဲတော်တည်ပြီးမှ ပြန်လာမယ် … အမ်…” ရှန်မင်း ဒါကို ကြားတဲ့ အချိန်မှာ တုန်ယင်သွားခဲ့တယ်။ ဒါက ဘာအဓိပ္မာယ်မှန်း သူသိတယ်လေ။ အကယ်၍ ရန်ချန်လိတောင် မနေ့ညက အဖြစ်အပျက် အကြောင်းကို သိရင်။ ဧကရာဇ်လည်း သိမှာ အမှန်ပဲ။ ဧကရာဇ် က ဆယ်မိုင်ရေကန်မှာ နေရစ်ခဲ့ပေမယ့်။ ရန်ချန်လိကတော့ ပြန်လာတယ်။ သူ အခု ဘာလုပ်ရတော့မလဲ ။ (ဧကရာဇ်တောင်မှ ရန်ချန်လိကို မတားမြစ်နိုင်ဘူး။)

အိမ်ရှေ့စံ လင်းထျန်းရုံကို ရှန်မင်း လှည့်ကြည့်တယ်။ အခုချိန်မှာ တစ်ခုတည်းသော မျှော်လင့်ချက်က အိမ်ရှေ့စံပဲ။ သူ့နေရာမှာပဲ ရပ်နေပြီးတော့ တစ်ခုခုကို စဉ်းစားနေတဲ့ ပုံစံမျိုး ရှိတယ်။ အိမ်ရှေ့စံ ဘာတွေ တွေးနေလဲ သူ မမေးဝံ့ဘူး။ ( တကယ်တော့ လင်းထျန်းရုံ တွေးနေတာက။ ဧကရာဇ် ဘာကြောင့်များ ဆယ်မိုင်ရေကန်မှာ နေရစ်ဖို့ ရွေးခဲ့ရတာလည်းလို့။ ) ဒါပေမယ့် ရန်တိမ် တပ်ဖွဲ့ကတော့ သူ့ကို စဉ်းစားချိန် အများကြီး မပေးပါဘူး။

“ နီး…..” မြင်းတွေကို ဇက်ကြိုးဆွဲပြီးတော့ ရပ်တန့်တဲ့ အသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် စစ်မက်ရေးရာ ဝန်ကြီး ဌာနရဲ့ တံခါးကို ။ ဝတ်ရုံနက်ဝတ် စစ်သည်တော်ရာချီက အလုံးအရင်းနဲ့ တွန်းဖွင့်လိုက်ကြတယ်။ စစ်သည်တော်တိုင်းက စစ်မြင်းတွေကို စီးနင်းထားကြတယ်။ ကြောက်စရာကောင်းတဲ့ တိမ်မည်းအုပ်စုကြီးလိုပဲ။ စစ်မက်ရေးရာဝန်ကြီး ဌာနက လူတိုင်း ရဲ့ စိတ်ကို မွန်းကြပ် လာစေတယ်။

“ခ ဘွန်း….”

မိုးကြိုးတန်းကြီး တစ်ခုက ကောင်းကင်ကနေ ဖြာကျလာပြီးတော့။ စိုစွတ်နေတဲ့ ကောင်းကင်လေထုကနေ မိုးသီးမိုးပေါက်တွေ ကျဆင်းလာခဲ့တယ် ။ ဝတ်ရုံနက်တွေ အောက်က တလက်လက် တောက်ပနေတဲ့ သံချပ်ကာတွေ ရုပ်လုံး ပေါ်စ ပြုလာတယ်။ ရှန်မင်း သူ့စိတ်ခံစားချက်တွေကို ဖော်ပြဖို့ နည်းလမ်းကို ရှာဖွေနေခဲ့တယ်။ ဒီအချိန်မှာပဲ။ စစ်သည်တော် ခေါင်းဆောင် တစ်ယောက်က ရှေ့ကို ထွက်လာခဲ့တယ်။ အမတ်မင်းတွေကို စိုက်ကြည့်ရင်း။ နောက်ဆုံး ရှန်မင်းဆီမှာ အကြည့် ရပ်တန့်သွားတယ်။

“ သူ့ကို ဖမ်းလိုက်။” ခေါင်းဆောင် အေးစက်စက်နဲ့ အမိန့်ပေးတယ်။ ရန်တိမ်တပ်ဖွဲ့က ချက်ခြင်း လှုပ်ရှားတယ်။

“ ဝူး…. ဝူး… ဝူး….” ရန်တိမ် တပ်ဖွဲ့က သူတို့ရဲ့ လေးနဲ့ မြားကို အသင့်ပြင်ရင်း ။ ရှန်မင်းကို ချိန်ရွယ်ထားလိုက်တယ်။ သူတို့ရဲ့ မြားတွေက မိုးရေထဲမှာ အရောင် တလက်လက် တောက်ပနေခဲ့တယ်။ ရှန်မင်းကတော့ ဒါကို မြင်တဲ့ အချိန်မှာ တုန်ယင်သွားခဲ့တယ်။ သူ့ နေရာမှာတင် သူ တုန်ယင်နေခဲ့တယ်။ သူ့ရဲ့ ဝန်ကြီးဌာနထဲမှာ ဒီလို ခြိမ်းခြောက်ခံရမယ်လို့ တစ်ခါမှ မထင်ထားမိခဲ့ဘူး။ ဒါ့အပြင် အိမ်ရှေ့စံကလည်း သူ့ နောက်မှာ ရပ်နေတာလေ။ သူတို့ ဘယ်လိုတောင် လုပ်ဝံ့ရတာလဲ။

“ မင်းတို့ ကောင်တွေ အတင့် ရဲလိုက်တာ။ ဒါက စစ်မက်ရေးရာ ဝန်ကြီးဌာန ။ ရန်တိမ် တပ်ဖွဲ့က ဒီမှာ ရှိမနေသင့်ဘူး။” ရှန်မင်း အံကြိတ်ရင်း ဟိန်းဟောက်တယ်။

စစ်မက်ရေးရာ ဝန်ကြီးဌာနက စစ်တပ်ကို ကြီးကြပ်တယ်။ ဒါကြောင့် သူတို့တွေမှာလည်း ကိုယ်ပိုင် စစ်တပ် ရှိတယ်။ ရှန်မင်း အော်ဟစ်လိုက်တဲ့ အချိန်မှာ။ စစ်သည်တော် ငါးရာနီးပါး ဌာနထဲကနေ ထွက်လာကြတယ်။ ရန်တိမ်တပ်ဖွဲ့ကို မျက်နှာချင်းဆိုင်ဖို့ အသင့် ပြင်ထားတယ်။ ဒီ စစ်သည်တော်တွေက သူတို့ နယ်မြေမှာတော့ ထိပ်တန်း စစ်သည်တော်တွေပဲ။ ဒါပေမယ့် ရန်တိမ်တပ်ဖွဲ့ကတော့ အတော်တကာ့ အတော်ဆုံး စစ်တပ်ကြီးလေ။ ဒါကြောင့် ဘယ်သူမှ အနားမကပ်ရဲ။

“ ရှန်မင်းက ဖမ်းဆီးတာကို ခုခံတယ်။ သူ့ကို သတ်ကြ၊” ခေါင်းဆောင်ရဲ့ အမူအယာက လုံး၀ မပြောင်းလဲ။

“ဘာဖြစ်တယ်။” ရှန်မင်း မျက်လုံးပြူးသွားတယ်။ အခုဖြစ်နေတာတွေကို သူ တကယ် လိုက်မမှီတော့ဘူး။ သူ့ရဲ့ ဝန်ကြီးဌာနမှာ ဝန်းရံခံရတာတောင် အတော်လေး လွန်လွန်းနေပြီလေ။ အခုတော့ သူ့ကို သတ်ဖို့တောင် အမိန့် ပေးခံနေရတယ်။ သူက ဝန်ကြီး တစ်ယောက်လေ။ အကယ်၍ သူ့ရဲ့ ပြစ်မှုက သေသင့်နေတယ် ဆိုရင်တောင်။ အယူခံဝင်ဖို့ အခွင့်အရေးလေးတော့ ရှိသင့်တယ် မဟုတ်ဘူးလား။ အခုတော့။ တစ်ခါလေးတောင် မကြိုးစားရပဲ သေရတော့မှာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ မယုံကြည်နိုင်တဲ့ အချိန်မှာပဲ။ မြားတစ်ချောင်းက အမိန့် အတိုင်း ပြစ်လွှတ်လိုက်တယ်။

“ ရွှီ”

လေထုထဲကို ဖြတ်သန်း မိုးစက်တွေကို ဖြတ်ကျော်ပြီး။ ရှန်မင်းရဲ့ နဖူးတည့်တည့်ကို ဦးတည်လာခဲ့တယ်။ ဒါက အသေသတ်တဲ့ အကွက်ပဲ။ ဒီမြား ထွက်လာတဲ့ အချိန်မှာပဲ။ နောက်ထပ် မြားပေါင်းရာချီလည်း ပျံဝဲလာခဲ့တယ်။ ရှန်မင်း ဆီကိုပဲ တည့်တည့် ရောက်လာတာ။ ရှန်မင်းကတော့ မျက်လုံးပြူးနေတယ်။ တကယ်ကြီး တစ်ချက်လေးတောင် မတွေဝေပဲ တိုက်ခိုက်လိမ့်မယ်လို့ သူ မထင်ထားမိခဲ့ဘူးလေ။

“ ရူးနေတာ ။ ဒီလူက တကယ် ရူးနေတာပဲ။” ရှန်မင်း ချက်ခြင်း တုံ့ပြန် လှုပ်ရှားတော့တယ်။ သူ့မှာလည်း စွမ်းရည်တွေ ရှိတယ်လေ။ အကွာအဝေးက နီးကပ်လွန်းတဲ့ အတွက် ဒီ မြားတွေ အကုန်လုံးကို လွယ်လွယ်လေး ရှောင်ဖို့က မလွယ်ဘူး။ သူ ဘေးကို လှည့်ချ လိုက်တဲ့ အချိန်။ အလင်းတန်း နံရံ တစ်ခု သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။

“ ဘုန်း …. ဘုန်း …. ဘုန်း….”

မြားတွေက မြေပြင်ပေါ်ကို ကျသွားတယ်။ မြေကြီးပေါ်မှာ အပေါက်တွေ ဖြစ်လာတော့တယ်။ မြားတစ်ချောင်း ချင်းစီ တိုင်းက မြေပြင်ထဲကို နစ်ဝင် နေခဲ့တယ်။ အက်ကွဲ ကြောင်းတွေ ဖြစ်ပေါ်လာပြီးတော့ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့တယ်။ ဒီ မြား မိုးကြီးက။ စစ်မက်ရေးရာ ဝန်ကြီးဌာနရဲ့ ကြမ်းပြင်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွား စေခဲ့တယ်။ ဒါက ရန်တိမ် တပ်ဖွဲ့ ဘယ်လောက်စွမ်းအားကြီးလည်း သိသာစေတယ်။

ဒီလို အင်အားမျိုးနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတော့။ စစ်သည်တော် ငါးရာ လုံးဝကို ကြက်သေသေ သွားခဲ့တယ်။ ပုံမှန် အတိုင်း ဆိုရင် အခုချိန်မှာ သူတို့ လှုပ်ရှားနေလောက်ပြီ။ သူတို့က ဝန်ကြီးဌာနကို ကာကွယ်ဖို့ တာဝန်ရှိတယ်လေ။ ဒါပေမယ့် ဘယ်သူ တစ်ယောက် ကမှ မလှုပ်ရှားဝံ့ကြဘူး။ စစ်မက်ရေးရာ ဝန်ကြီးကို တောင် လက်မရွံ့ပဲ သတ်နိုင်ရင်။ သူတို့ ကို သတ်ဖို့ကလည်း လွယ်လွယ်လေး ဆိုတာ သိတယ်။ စစ်သည်တော်တွေ မှာ တာဝန်ရှိတယ်။ ဒါပေမယ့်။ ဒီတာဝန်က ။ အကြောင်းရင်း မရှိပဲ မြားနဲ့ ပြစ်သတ်ခံရတာကို လိုလိုလားလား လက်ခံစေဖို့ မစွမ်းသာဘူး။

အိမ်ရှေ့စံ လင်းထျန်းရုံ ကတော့ ။ ဘေးမှာ တုန်ယင်နေတဲ့ ရှန်မင်းကို လှမ်းကြည့်တယ်။ မြေပြင်ပေါ်က မြားတွေကို ကြည့်ရင်း သူ နည်းနည်းတော့ လန့်နေခဲ့တယ်။ ဒီ မြားတွေက သူ့ ကိုယ်ကို မထိပဲ ရှောင်ကွင်းသွားပေမယ့်။ သူ့ရဲ့ ဝတ်ရုံကို လန်သွားစေမတတ် အရှိန်ပြင်းလွန်းတယ်။

“ ရန်တိမ် တပ်ဖွဲ့။ ဒါက ရန်တိမ် တပ်ဖွဲ့ရဲ့ စွမ်းအား များလား။” အိမ်ရှေ့စံ လင်းထျန်းရုံ သူတို့ကို မြင်ဖူးတယ်။ ဒါပေမယ့် အနောက်ပိုင်း လျန်ဒေသ မှာ လေ့ကျင့်ရေး ဆင်းနေတာကိုပဲ မြင်ဖူးတာ။ သူတို့ နဲ့ အနီးကပ် တိုက်ခိုက်တာမျိုး မလုပ်ဖူးဘူး။

ဒီအချိန်မှာပဲ။ ဧကရာဇ် ဆယ်မိုင်ရေကန်မှာ နေခဲ့ဖို့ ရွေးချယ်တာကို သူ နားလည်သွားခဲ့ပြီ။ ကျောင်းတော် ဆယ့်သုံးခုလုံးကလည်း အနောက်ပိုင်း လျန်ဒေသကို ဘာကြောင့် ခြေမချဝံ့လဲ ဆိုတာကိုလည်း သူ နားလည်သွားပြီ။ သူ့မျက်စိရှေ့မှာ ရပ်နေတဲ့ စစ်တပ်ကြီးက။ တကယ့်ကို စွမ်းစွမ်းတမံ ပုဂ္ဂိုလ်တွေပဲ ရှိတဲ့ စစ်တပ်ပဲ။ လုံးဝကို ယှဉ်ပြိုင်ဖို့ရာ မဖြစ်နိုင်တဲ့ အင်အားစုကြီးတစ်ခုပေါ့။ သူတို့ကို ဖော်ပြဖို့ရာ နည်းလမ်းတစ်ခုပဲ ရှိတယ်။

အနောက်ပိုင်း လျန်ဒေသကို ကြီးမြတ်သောရှမင်းဆက်က မသိမ်းပိုက်နိုင်ဘူး။ အနောက်ပိုင်း လျန်ကို သူတို့ရဲ့ နယ်မြေတွေထဲ ထည့်ထားနိုင်တာ။ သူတို့ရဲ့ ဘိုးဘေးတွေ ညှိနှိုင်းခဲ့မှု တော်တာကြောင့်ပဲ။ ဒီ အစွမ်းထက်လွန်းတဲ့ စစ်တပ်ကြီးက သူတို့ရဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်တယ်။

ဒီစစ်တပ်ကြီးက ကြီးမြတ်သောရှမင်းဆက် ဘာကြောင့် ဆက်ရှင်သန်နေနိုင်လဲ ဆိုတဲ့ အဖြေပဲ။ ဆယ်မိုင်ရေကန်တိုက်ပွဲမှာ ။ ရန်တိမ် တပ်ဖွဲ့ကြီးက မိုင်တစ်ထောင်ခရီးကို တစ်ပတ်အတွင်း ရောက်အောင် လာခဲ့တယ်။ သုံးရက်လုံးလုံး တစ်ချက်လေးတောင် အနားမယူပဲ တိုက်ခိုက် ခဲ့တယ်။ စစ်သည်တော် သုံးသောင်းတည်းနဲ့။ နတ်ဆိုးစစ်သည်တော် တစ်သိန်းခွဲ တပ်ဖွဲ့ကို ရင်ဆိုင်နိုင်ခဲ့တယ်။

အိမ်ရှေ့စံ လင်းထျန်းရုံ နှုတ်ခမ်းတွန့်သွားတယ်။ အခုကိစ္စတွေ အကုန်လုံးကို သူရပ်တန့်နိုင်တယ်။ ဒါပေမယ့် တန်ရဲ့လား။ စစ်မက်ရေးရာဝန်ကြီး ဌာနကို ရန်ချန်လိ အပြစ် ပြစ်ပြုမိအောင် လုပ်တာ။ တန်ရဲ့လား။

ရန်တိမ်တပ်ဖွဲ့ကို မမြင်ခင်ထဲက သူ ဆုံးဖြတ်ထားခဲ့တယ်။ ဥပဒေ ဝန်ကြီးဌာနနဲ့။ ဝန်ကြီးယွီယိဖျင်ကို သူ ဆုံး ရှုံးပြီးပြီ။ စစ်မက်ရေးရာ ဝန်ကြီးဌာနကိုတော့ သူ မဆုံးရှုံးချင်ဘူး။ ဒါပေမယ့် ရန်တိမ် တပ်ဖွဲ့ကို မြင်ပြီးတဲ့ နောက်မှာတော့။ ဒီစစ်တပ်ကြီးကို မစော်ကားသင့်ဘူး ဆိုတာ သူ နားလည်သွားတော့တယ်။ သူက အိမ်ရှေ့စံ မင်းသား ဖြစ်နေရင်တောင် ။ အကယ်၍ တနေ့မှာ ဧကရာဇ် ဖြစ်လာရင်တောင်။ ဒီ တပ်ဖွဲ့ကြီးကို စော်ကားမော်ကား မလုပ်နိုင်ဘူး။ အနည်းဆုံး တော့ ရန်ချန်လိ အသက်ရှိနေ သရွေ့ပေါ့။

“ မင်းသား ရန်ကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က လင်းထျန်းရုံ။ ဧကရာဇ်ရဲ့ တတိယမြောက်သားပါ။” အိမ်ရှေ့စံ လင်းထျန်းရုံ ရန်တိမ် တပ်ဖွဲ့ကြီးကို ဦး ညွှတ်ရင်း နှုတ်ဆက်တယ်။ အိမ်ရှေ့စံ တစ်ယောက် အနေနဲ့။ ရန်ချန်လိ သူ့ကိုယ်သူ ကိုယ်ထင်မပြခင် ။ နှုတ်မဆက် သင့်ဘူး ဆိုတာ နားလည်တယ်လေ။ ဒါက ရန်ချန်လိကို မလေးမစား လုပ်တာပဲ။

ဒါကြောင့် သူ့ကိုယ်သူ လည်း အိမ်ရှေ့စံ မင်းသား အဖြစ် မိတ်မဆက်ဘူး။ ဧကရာဇ်ရဲ့ တတိယ သားတော် အဖြစ်သာ ရည်ညွှန်းတယ်။ ဒီ လို အခြေအနေ မျိုးမှာ ဆိုရင်။ ရန်ချန်လိကို နှိမ့်ချပြီး လေးစားရာ ရောက်တာကြောင့်။ ရန်ချန်လိ အတွက်တော့ လက်ခံနိုင်စရာပဲလေ။

စစ်မက်ရေးရာ ဝန်ကြီးဌာနက ဖြူဖျော့နေတဲ့ အမတ်မင်းတွေ ။ ဒါကို မြင်တော့ ထိတ်လန့်သွားတယ်။ ဒါပေမယ့် ဘယ်သူမှတော့ စကား မပြောဝံ့ကြဘူး။ တခြားတစ်ဖက်မှာ ရှိတဲ့ သူက ရန်ချန်လိလေ။ အိမ်ရှေ့စံ မင်သားကတောင် လေးစားသမှု ပြုရတာ ။

မိုး က ဆက် လက်ပြီး ရွာသွန်းနေခဲ့တယ်။ မိုးရေတွေက ရန်တိမ် တပ်ဖွဲ့ကြီးရဲ့ ကိုယ်ပေါ်ကို စီးကျနေတယ်။ ဒါပေမယ့် သူတို့ မလှုပ်ရှားကြဘူး။ အိမ်ရှေ့စံ လင်းထျန်းရုံကို သာ စိုက်ကြည့်နေကြတယ်။ ဘယ်သူမှ စကားမပြော ဘယ်သူမှ မရွေ့လျားကြ။ ဒီအချိန်မှာပဲ တပ်ဖွဲ့ထဲကနေ အလံတစ်ခု ထောင်တက်လာခဲ့တယ်။ သွေးနီရောင် တိမ်ဆိုင် ခြောက်ခု ပါတဲ့ ရွှေ အလံ။ “ရန်” လို့ အနီရောင် စာလုံး နဲ့ ရေးထားတဲ့ အလံ တစ်ခုပဲ။ ဒီ စာတစ်လုံးရဲ့ လွှမ်းမိုးမှုက အတော့်ကို ကြီးမားတယ်။

မြောက်ပိုင်းဒေသမှာ တပ်နီတော်နဲ့ ရင်ဆိုင်ချိန် သုံးတဲ့ အလံတွေက အမှတ်နဲ့ ကွာခြားတယ်။ ရန်တိမ်တပ်ဖွဲ့ကြီးရဲ့ တကယ့် စစ်မှန်တဲ့ အလံပဲ။ ရန်တိမ် တပ်ဖွဲ့ စစ်သည်တော် တွေအားလုံး ဒီ အလံ ပေါ်လာချိန်မှာ ဘေးကို ရှဲသွားကြတယ်။ လူတစ်ယောက်စာ သွားဖို့ လမ်း ပေါ်လာခဲ့တယ်။ ဒီလမ်းပေါ်မှာ လူတစ်ယောက်တည်း ရှိနေတယ်။

ဒီလူရဲ့ မြင်းကလည်း တခြားစစ်သည်တော်တွေနဲ့ အတူတူပဲ။ သူ့ရဲ့ ဝတ်ရုံနက် နဲ့ သံချပ်ကာကတောင် တခြား စစ်သည်တော်တွေနဲ့ တူညီနေတယ်။ လှည်းထဲမှာ စီးနင်းလာတာလည်း မဟုတ်သလို။ ထူးထူးခြားခြား ဘာမှ ဝတ်ဆင်ထားတာလည်း မရှိဘူး။ ဓားတစ်ချောင်းနဲ့ လေးကိုင်းတစ်ခုသာ ရှိတယ်။ ဝတ်ရုံနက်က သူ့မျက်နှာတစ်ဝက်လောက်ကို ဖုံးကွယ် ထားတယ်။

ပုံမှန်အတိုင်း ဆိုရင်။ ဒီလူ့ကို တခြား စစ်သည်တော်တွေနဲ့ ခွဲခြားနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလို လမ်းအလယ်မှာ ရှိနေတာကို မြင်လိုက်ရင်တော့။ သူတို့စိတ်ထဲမှာ နာမည် တစ်ခု ပေါ်လာလိမ့်မယ်။

“ ရန်ချန်လိ။”

အပိုင်း(၅၁၈)ပြီး၏။

အပိုင်း(၅၁၉)

“ လူတစ်ယောက်နဲ့ အမျိုးသမီး။”

ရန်ချန်လိက ဘယ်တော့မှ လှည်းယာဉ်နဲ့ ခရီးမသွားဘူး။ နောက်ပြီးတော့ တခြားသော ရန်တိမ် တပ်ဖွဲ့က စစ်သည်တော်တွေလိုပဲ။ ဝတ်ဆင်ပြီး ခရီးသွားတဲ့ အချက်က လူတိုင်းသိတဲ့ လျှို့ဝှက်ချက် တစ်ခုပဲ။ ဒါပေမယ့် တခြားသူတွေနဲ့ ဘာမှ ကွာခြားတယ် မထင်ရပေမယ့်လည်း။ သူ့ရဲ့ ဂုဏ်သတင်းက လူတိုင်းကို နောက်ဆုတ်သွားစေ နိုင်ဖို့ လုံလောက်တယ်။ မ

အိမ်ရှေ့စံ လင်းထျန်းရုံတောင် ခေါင်းအစ ခြေအဆုံး တုန်ယင်နေခဲ့တယ်။ တကယ်တော့ ခြိမ်းခြောက်နေတဲ့ အငွေ့အသက်တွေလည်း မရှိသလို။ လူသတ်ငွေ့တွေလည်း မရှိဘူး။ သူ့ နာမည် တစ်ခုတည်းကပဲ ။ လူတိုင်းရဲ့ ကျောရိုးထဲကို စိမ့်ချမ်းသွားစေခဲ့တယ်။ ဒါက ရန်ချန်လိလေ။

“ အရှင့်သား။ ရောက်နေတာကိုး ” မာကျောတဲ့ ကြံ့ခိုင်တဲ့ အသံ တစ်ခု ထွက်ပေါ်လာခဲ့တယ်။ အသံက မာကျောလွန်းနေပင်မယ့်လည်း ။ ခမ်းနားပြီး အင်အားအပြည့်ရှိတဲ့ အရှိန်အဝါကိုတော့ မဖုံးကွယ်နိုင်။ ရှင်းပြချက် တစ်ခုလေးတောင် မလိုအပ်ဘူး။ ရန်ချန်လိအတွက်တော့ တစ်ချို့ကိစ္စတွေက ရှ င်းပြဖို့ မလိုဘူးလေ။ လူတွေက သူပြောချင်တာကို ကိုယ့်ဘာကိုယ် နားလည်ရမယ်။

သူက အိမ်ရှေ့စံ လင်းထျန်းရုံကို မမြင်ဘူး။ ရန်တိမ်တပ်ဖွဲ့က စစ်သည်တော် ရာချီ ပြီး အိမ်ရှေ့စံ ရှေ့မှာ ရပ်နေတာ။ သူတို့ တွေက ငါးမီတာလောက်ပဲ ကွာဝေးကြပေမယ့်…. ။ ဘယ်သူကမှ မေးခွန်း မထုတ်ရဲဘူး။ ဒါက ရန်ချန်လိ ဘယ်လောက် အင်အားကြီးလဲ ဆိုတာရဲ့ သက်သေပဲ။

ရန်ချန်လိက မောက်မာပြီး မလေးမစားပြုတာ မဟုတ်ဘူး။ အနောက်ပိုင်း လျန်ဒေသကို သူစပြီး အုပ်ချုပ်တဲ့ အချိန်တည်းက အခွန်ကို အမြဲ အချိန်မှီ ပေးဆောင်တယ်။ ကပ်ဆိုက်နေတဲ့ အချိန်ကာလတွေ မှာတောင် ။ သတ်မှတ်ထားတာထက် လျော့ပြီးတော့ မပေးဆောင် ခဲ့ဖူးဘူး။

ဒါ့အပြင် စစ်သည် အင်အားကို အများအပြား စုဆောင်းတာမျိုးလည်း မလုပ်ဘူး။ သူ့ရဲ့ အစောင့်တပ် နဲ့ ရန်တိမ်တပ်ဖွဲ့ အရေအတွက်က အမြဲတမ်း ကိန်းသေရှိတယ်။ ကြီးမြတ်သော ရှမင်းဆက်နဲ့ သဘောတူညီချက်အရ သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်းပဲ။

ဒါကသူ့ရဲ့ ကျော်ကြားမှုကို ပိုတိုးလာစေတယ်။ လုံးဝကို ထိပါးလို့မရတဲ့ လူတစ်ယောက်ပဲ။ အင်ပါယာကို သူ့ရဲ့ သစ္စာက ခိုင်မြဲတယ်။ သူ့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထား ပေမယ့်။ သူ့ရဲ့ အင်အားကိုလည်း ထုတ်မပြသလို။ စကားလည်း မများ။ ဒါကြောင့် သူက ညှိနှိုင်းဖို့လည်း ခက်တယ်။

“ မင်းသား ရန်။ ကျွန်တော် အဝင်ပေါက်မှာ နှုတ်မဆက်လိုက်ရဘူး။ ကျွန်တော်…”

“အရှင့်သား ။ ဒီ့အတွက်တော့ တောင်းပန်ဖို့ မလိုဘူး။ ငါက ဝါစဉ်တွေကို နားလည်တယ်။ အရှင့်သား။ ရှန်မင်းရဲ့ အပြုအမူအတွက် တောင်းပန်ဖို့ ဒီကို ရောက်နေတာလား။” အိမ်ရှေ့စံရဲ့ စကားကို ရန်ချန်လိ ဖြတ်ပြောတယ်။ ဒါက အတော့်ကို ရိုးရှင်းတဲ့ မေးခွန်းတစ်ခုပဲ ။ ဒါပေမယ့် သူ့ ကျောရိုးတစ်ခုလုံး စိမ့်ချမ်းသွားခဲ့တယ်။ သူ့ ပါးစပ်က ဖွင့်လိုက် ပိတ်လိုက်နဲ့ ဖြစ်နေပင်မယ့်။ ပြောဖို့စကားလုံးကို သူ ရှာမတွေ့ခဲ့ဘူး။

“အရှင့်သား။ အကယ်၍ ပြောစရာ မရှိတော့ဘူး ဆိုရင်။ ရှန်မင်းကို ငါနဲ့ အတူ ခေါ် သွားလိုက်မယ်။” ရန်ချန်လိက နောက်ထပ် ကြာကြာ နေချင်ပုံ မပေါ်ဘူး။

“ကောင်းပါပြီ။” အိမ်ရှေ့စံ လင်းထျန်းရုံ အံကြိတ်လိုက်တယ်။ ဘာကြောင့်များ ရှန်မင်းကို ရန်ချန်လိ ခေါ်သွားတာလဲ။ ဘာ လုပ်မှာလဲ ဆိုတာတွေ သူ တကယ့်ကို နားမလည်နိုင်ဘူး။ စစ်မက်ရေးရာ ဝန်ကြီး ဌာနကို သူ လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ရှန်မင်းရဲ့ ကံတရားကတော့ အခုချိန်မှာ သူနဲ့ မဆိုင်တော့။

“ အရှင့်သား ….” စစ်မက်ရေးရာ ဝန်ကြီး အိမ်ရှေ့စံ လင်းထျန်းရုံကို ကြည့်တယ်။ သူ ထင်ထားခဲ့တာ။ အိမ်ရှေ့စံက ရှေ့ထွက်လာပြီးတော့ သူ့ကို ကယ်တင် မယ်လို့။ ဒါပေမယ့် အိမ်ရှေ့စံက သူ့ကို လက်လွှတ်လိုက်ပြီ။ ရှန်မင်း နောက်ဆုံးတော့ နားလည်သွားပြီလေ။ သူ နဲ့ ရန်ချန်လိ နှစ်ယောက်တည်း က တစ်ယောက်ကို ရွေးချယ်ဖို့က ခက်မှ မခက်ပဲ။

“ ခဘွန်း….”

လျှပ်စီး တစ်ချက် လက်သွားပြီးနောက်။ မိုးကြိုးပြစ်သံ ထွက်လာခဲ့တယ်။ အနီရောင် အလံ တစ်ခု မြင့်တက်လာပြီး နောက်။ ရန်တိမ်တပ်ဖွဲ့ က ရှေ့ကို ထိုးတက်လာခဲ့တယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ သူတို့ ရှေ့က တပ်ဖွဲ့ကို ဘယ်သူမှ မေးခွန်း မထုတ်ရဲကြ။ ရပ်တန့်ဖို့ အတွေးကို ပိုလို့တောင် မတွေးဝံ့။

“ သူ့ကို ဖမ်း။” ခေါင်းဆောင် အော်ဟစ်တယ်။ ရန်တိမ် တပ်ဖွဲ့က ရှန်မင်းကို ဝန်းရံထားခိုက်ပြီ။ ရှန်မင်းလည်း နောက်ထပ် မခုခံတော့ဘူး။ သူ့ရဲ့ ကံကြမ္မာက ။ အိမ်ရှေ့စံ လင်းထျန်းရုံ (ကောင်းပါပြီ) လို့ ပြန်ဖြေလိုက်တဲ့ အချိန်မှာ သတ်မှတ်ပြီးသား ဖြစ်သွားခဲ့ပြီလေ။

နိုင်ငံရေးက စဉ်ဆက်မပြတ် ပြောင်းလဲ နေတယ်။ တစ်ယောက်ယောက်က အခုချိန် ထိပ်ဆုံးမှာ ရှိနေနိုင်ပေမယ့်။ ပြုတ်ကျတဲ့ အချိန် ဘယ်တော့ ရောက်လာမလဲ ဘယ်သူမှ မသိနိုင်။ ဘယ်သူ့ကိုမှ သူ အပြစ်မတင်ဘူး။ စည်းမျဉ်းတွေကို သူနားလည်တယ်။ အနိုင်ရသူတွေပဲ ရှင်သန်နိုင်မှာ။

ရန်တိမ် တပ်ဖွဲ့ စစ်သည်တော် လေးယောက်က ရှန်မင်းကို သံကြိုးတွေနဲ့ ချည်နှောင်လိုက်တယ်။ အဲ့ဒီ့နောက် သူတို့တွေ သူ့ကို စစ်မြင်းနက် တစ်ကောင်ဆီ တင်ပေးလိုက်တယ် ။ ပုံစံ တကျ ပြန်ဝန်းရံပြီးတော့ ခေါ်ဆောင်တယ်။ မိုးကတော့ အဆက်မပြတ် ရွာသွန်းနေဆဲ။ စစ်မြင်းတွေက မိုးစက် မိုးပေါက်တွေ ကြားမှာ ကဆုန်ပေါက်ရင်း ဟီနေကြတယ်။

အနက်ရောင် အလံတစ်ခု ထွက်ပေါ်လာတယ်။ ရန်တိမ်တပ်ဖွဲ့ က တညီတညွှတ်တည်း ပြန်လှည့်တယ်။ စစ်မက်ရေးရာ ဝန်ကြီးဌာနရဲ့ ဂိတ်တံခါးကို သူတို့ သွားကြတယ်။ တစ်ပြိုင်နက်တည်း သွားကြတာ ။ ဘယ်သူကမှ သူတို့ကို မတားမြစ်ဝံ့ဘူး။ အမတ်မင်းတွေ။ အစောင့်တွေ။ စစ်သည်တော်တွေ။ အကုန်လုံးက နေရာမှာ အမြစ်တွယ်နေကြတယ်။ ရန်တိမ် တပ်ဖွဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့ အချိန်မှသာ ။ သူတို့တွေ သတိပြန်ဝင်လာကြတယ်။

“ ဒါက မင်းသား ရန်လား။” အမတ်မင်း တစ်ယောက် သက်ပြင်းချရင်း ပြောတယ်။ သူ့ရဲ့ ပုခုံး ပေါ် ဝန်ထုပ် ဝန်ပိုးကြီး ပြုတ်ကျသွားသလိုပဲ။ ပြောနိုင်တာကတော့ ။ အခု ဖြစ်သွားတာတွေကို ဘယ်သူမှ ယုံကြည်နိုင်မှာ မဟုတ်ဘူး ဆိုတာပဲ။ သူတို့တွေ ပြန်တွေးကြည့်ရင်လည်း။ ရန်ချန်လိက ဘာမှ မလုပ်ခဲ့ဘူးလေ။ ဒီကိစ္စမှာ သူ မပါဝင်ခဲ့သလိုပဲ။ သူ့မျက်နှာကလည်း ဝတ်ရုံနက်နဲ့ ဖုံးအုပ်ထားခဲ့တာ။

သူက မြို့တော်ထဲကို ထိုးဖောက်ဝင်လာတယ်။ ဥပဒေ ဝန်ကြီးဌာနကို ဝန်းရံတယ်။ အဆင့်နှစ်အမတ်မင်း ကို ဖမ်းသွားတယ်။ ဒါတွေ အားလုံးကို အိမ်ရှေ့စံ မင်းသား ရဲ့ အရှေ့မှာ လုပ်သွားတာ။ ဒါက မယုံကြည်နိုင် စရာပဲ။ ဒါပေမယ့် ရှန်မင်းကတော့ ခေါ်သွားခံလိုက်ရပြီလေ။ သူ့ကို ဘယ်နေရာဆီ ခေါ်သွားလဲ ဘယ်သူမှ မသိဘူး။ အိမ်ရှေ့စံ လင်းထျန်းရုံလည်း အဝေးကို ကြည့်နေခဲ့တယ်။ မိုးကုပ်စက်ဝိုင်းကို သူ စိုက်ကြည့်နေတယ်။ မိုးရွာတာ ရပ်တန့်ဖို့ စောင့်နေတာလား။ ဒါမှ မဟုတ် နေမင်းကြီး ထွက်လာတာကို စောင့်ကြည့်နေတာလား။

…

သွမ့်အရှင် အိမ်တော်က ဂိတ်တံခါးမှာ။ ဆရာဝမ်ရှိနေတယ်။ မိုးရေထဲ မှာ သူ့ဆီကို အပြေးအလွှားလာနေတဲ့ လူကို ကြည့်နေခဲ့တယ်။

“ ဆရာဝမ်….။ ရှန်မင်း အဖမ်းခံလိုက်ရပြီ။” ပြေးလာတဲ့သူ သတင်းပို့တယ်။

“ သူ့ကို ဘယ်နေရာ ခေါ်သွားပြီလဲ။”

“ မင်းသားရန် မပြောခဲ့ဘူး။ အိမ်ရှေ့ စံကလည်း မမေးဘူး။ ဒါပေမယ့် ရန်တိမ် တပ်ဖွဲ့ကတော့ ဆယ်မိုင်ရေကန်ကို ဦးတည်နေပါတယ်။”

“ ဆယ်မိုင်ရေကန်လား။ ဟုတ်ပြီ။ ငါသိပြီ။ မင်းသွားလို့ရပြီ” ဆရာဝမ် ခေါင်းငြိမ့်တယ်။

“ ဝန်ကြီး ယွီနဲ့ ။ လက်ထောက်ဥပဒေ ဝန်ကြီး နှစ်ယောက်လည်း အဖမ်း ခံလိုက်ရပြီ။ အခုတော့ ရှန်မင်းလည်း ခေါ်သွားခံရပြီ။ ဒီအစီအစဉ်က ငါထင်ထားတာထက်တောင် ပို ကြီးမားနေသေးတယ်။ အကယ်၍ …. ဒီ အစီအစဉ် မှာသာ နောက်ထပ် အကြောင်းအရာတွေ ရှိနေသေးရင် …. နောက်ဆက်တွဲတွေ ဘယ်လို ဖြစ်လာမလဲ တွေးတောင် မတွေးဝံ့ဘူး။” ဆရာဝမ် နောက်ကို ပြန်လှည့်ရင်း။ အိမ်တော်ထဲကို ဝင်သွားတော့တယ်။ မိုးရေစက်တွေ သူကိုယ်ပေါ် ကျဆင်းနေတာကို လျစ်လျူရှုထားလိုက်တယ်။

…

မိုးရွာနေပင်မယ့်။ ဧကရာဇ် လင်းမိုပိုင် နေ့လယ်စာ စားပြီးပြီးချင်း မြို့တော်ကို ပြန်လာခဲ့တယ်။ ရန်ချန်လိ ကတော့ သူ့နောက်ကနေ ပြန်မလိုက်လာဘူး။ ရန်တိမ်တပ်ဖွဲ့က ဆယ်မိုင်ရေကန်မှာ ကျန်ရစ်ခဲ့တယ်။ သူတို့ အပြင်။ နော်ကထပ် ဒူေးထာက်နေတဲ့ လူတစ်ယောက်လည်း ရှိနေသေးတယ်။ ဥပဒေ ဝန်ကြီး ရှန်မင်း။ ရှန်မင်းရဲ့ အရှေ့မှာ မီးတောက်လို ရဲရဲနီနေတဲ့ ကျောက်ဖျာကြီး တစ်ချပ်ရှိနေခဲ့တယ်။ ဒီ ကျောက်ဖျာနီကြီးရဲ့ အပေါ်မှာ ထွင်းထားတဲ့ စကားလုံးတွေ အများကြီးရှိနေခဲ့တယ်။ ကြည့်ရတာ ဒီ ကျောက်ဖျာကြီးက ဒီနေရာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို မှတ်တမ်းတင်ထားတဲ့ ပုံပဲ။ သိပ်ပြီးတော့ မထူးခြားဘူး ထင်ရပေမယ့် ။ ကျောက်ဖျာပေါ်မှာ ရှိတဲ့ နာမည် တစ်ခုချင်းစီကို တိမ်နီတွေနဲ့ ဝန်းရံထားခဲ့တယ်။ တွေးကြည့်ဖို့တောင် ခက်ခဲတယ်။ ဒါပေမယ့် ဒီ နေရာမှာ ဒီကျောက်ဖျာကြီးက ဘယ်လိုများ ရောက်နေတာလဲ ။ တကယ်တမ်း ဆုံးဖြတ်ချက်ချ ခဲ့တဲ့ သူကတော့ ရန်ချန်လိ ။ ဒီနေရာကို အသစ် ပြန် မဖြစ်စေချင်ဘူး။ သူ ပေးတဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။

“ ဆယ်မိုင်ရေကန်ကို မထိရဘူး။ ဒီနေရာက သွေးတွေ နီရဲနေတုန်း။ မီးတွေလည်း လောင်ကျွမ်းနေတုန်း။”

“ မင်းသား ရန်။ နန်းပလ္လင် လုတဲ့ တိုက်ပွဲမှာ ပါဝင်ဖို့ ဒီကို ရောက်နေတာလား။ ” ရှန်မင်း သူ့နောက်က လူကို လှည့်မကြည့်ဘူး။ သူက ကျောက်ဖျာနီကြီးရဲ့ ရှေ့မှာ ဒူးထောက်နေပြီးတော့။ ကျောက်ဖျာပေါ်က နာမည် တစ်ခုချင်းစီကို မိုးရေထဲမှာ ဖတ်နေခဲ့တယ်။

“ ငါ ပါဝင်မယ် လို့ မင်း တွေးရင် ငါပါမယ်။ ငါမပါဘူးလို့ မင်းတွေးရင် မပါဘူး။” မာကျောတဲ့ အသံ သူ့နောက်ကနေ ထွက်လာတယ်။

“ ငါ အတော်တော့ ခံပြင်းမိတယ်။ ခုနှစ်စင်ကြယ်လမ်း ကို လူလွှတ်ခဲ့တာ အမှန်ပဲ။ ဒါပေမယ့် ငါ့ရဲ့ ပြစ်မှတ်က ဖန်ကျန်းရှီပဲ ရန်ရွှယ် မဟုတ်ဘူး။ ” ရှန်မင်း တုန်ယင်တဲ့ အသံ နဲ့ ပြန်ဖြေနေခဲ့တယ်။

“ အင်း … ငါသိတယ်။” မာကျောတဲ့ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်တယ်။

“ မင်းဒါကို သိတယ်လား။ ဟ ဟား…. ။ ငါ အခုမှ နားလည်သွားတယ်။ . ဒါပေမယ့် မင်းလို လူတစ်ယောက်က ဒီ လို နည်းလမ်းမျိုးနဲ့ အသုံးချ ခံမယ်လို့ မထင်ထားခဲ့မိဘူး။”

“ ငါက အသုံးချ ခံရတယ်လို့ မင်းတွေးကောင်း တွေးလိမ့်မယ်။ ဒါပေမယ့် အခုအခြေအနေက နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲ။ ငါ ဒီမှာ ရောက်နေမှတော့။ ရန်တိမ် တပ်ဖွဲ့ကို မြို့တော်ထဲ ခေါ်ရမှာပဲ။ အချိန်ကပဲ အရေးကြီးတာ။ မင်းက ငါ့ကို ဒီလို ကြီးမားတဲ့ အခွင့်အရေး ပေးမှတော့။ ငါလည်း ယူရတာပေါ့။”

“ မင်းက မင်းသားရန် ဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် ငါက စစ်မက်ရေးရာ ဝန်ကြီးဖြစ်နေတုန်း ပဲ လေ။ ငါသာ အပြစ်ရှိနေရင် ဧကရာ် ဆီ ပို့လိုက်ပြီး။ ဥပဒေ ဝန်ကြီး ဌာနကို အပ်ရမှာ မဟုတ်ဘူးလား။ မင်း ဒီလို လုပ်နေတာက ဘောင်ကျော်ရာ မရောက်ဘူးလား။”

“ ငါ ဘောင်မကျော်ဘူး။ မင်း ဒီနေရာမှာ သုံးရက်တိတိ ဒူးထောက်ပြီးရင် ။ သက်ဆိုင်ရာ ဌာနဆီကို လွှဲအပ်မှာပဲ။”

“ သုံးရက် ။ ဟ… ဟား …. သုံးရက်တဲ့ ..။ ဒါပေါ့။ သုံးရက်ပြီးသွားရင် ငါက စစ်မက်ရေးရာ ဝန်ကြီး ဆက်ဖြစ် နေတော့မှာ မဟုတ်ဘူးလေ။”

“ ငါက ဒီလို မဖြစ်စလောက် ကိစ္စတွေကို အာရုံထဲ ထည့် မနေဘူး။”

“…”

…

ပင်းယန် အိမ်တော်ထဲမှာတော့။ ဖန်ကျန်းရှီက အဖိုးတန် အခန်းကြီး တစ်ခုရဲ့ ထိုင်ခုံပေါ်မှာ ပက်လက်လှန်နေခဲ့တယ်။ ပင်းယန်က သူ့ လက်မောင်းကို ကိုင်ထားပြီးတော့ ဘယ်မှ မသွားဘူး။ ဖန်ကျန်းရှီ ကတော့ ခါးသက်သက်နဲ့ ပြုံးနေရုံသာ တတ်နိုင်တယ်။ သူတို့တွေက အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေတာ။ ပင်းယန်က သူ့ကို မှီတွယ်ထားတယ်။ ဒါက မသင့်မလျော်။ မြင်လိုက်တာနဲ့ အထင်လွဲသွားစေနိုင်တဲ့ အခြေအနေပဲ။

“ မင်း ငါ့ကို လက်လွှတ်ပြီးတော့ ။ နေရာ နည်းနည်း ဖယ်ပေးလို့ မရဘူးလား။ မင်းက မင်းသမီး တစ်ပါးလေ။ နည်းနည်းပါးပါး တော်ဝင်ဆန်ပြီး ယဉ်ကျေးသိမ်မွေ့ နေလို့ မရဘူးလား။” ဖန်ကျန်းရှီ နားချဖို့ ကြိုးစားတယ်။

“ မလွှတ်ဘူး။ လုံး၀ မလွှတ်ဘူး။ ဒါ ပြီးရင် နင် ဘာထပ်လုပ်ဖို့ စီစဉ်ထားလဲ မပြောသရွေ့ မလွှတ်ဘူး။” ဖန်ကျန်းရှီ ရဲ့ လက်မောင်းကို ဖိထားရင်း ပင်းယန် အော်နေခဲ့တယ်။ သူမရဲ့ ရင်ဘတ်တွေက သူ့ လက်မောင်းကို ထိတွေ့ နေတယ် ဆိုတာတောင် သတိထားမိဟန် မရှိ။

“ မင်း ဘာတွေ သိချင် နေတာလဲ။” ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ကသိ ကအောင့် ဖြစ်နေတယ်။ ပင်းယန် သူ့ လက်မောင်းကို ဆွဲထားတာကို သူ စိတ်မရှိပါဘူး။ ဒါပေမယ့် ပင်းယန်က အရွယ်ရောက်နေပြီလေ။ အခုချိန်က မသင့်တော်ဘူး။

“ ဥပဒေ ဝန်ကြီး ဌာန …။ ဟုတ်တယ်။ ဥပဒေ ဝန်ကြီးဌာနပဲ။ နင် အဲ့ဒီ့ မှာ ဘာတွေ အစီအစဉ်ချ ထားတာလဲ။ နောက်ပြီးတော့ စစ်မက်ရေးရာ ဝန်ကြီးဌာနကော ။ နင့် စိတ်ထဲ ဘာတွေ တွေးနေတာလဲ။” ပင်းယန် ပြန်ဖြေတယ်။

“ ငါက ဧကရာဇ်မှ မဟုတ်ပဲ။ ငါ့ ရဲ့ အမြင်တွေက အရေးကြီးလို့လား။” ဖန်ကျန်းရှီ ရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။

“အမ်… ဒါလည်း မှန်တာပဲ။ ဒါပေမယ့် ငါ ဂရုမစိုက်ဘူး။ ခန့်မှန်းရအောင်။ နောက်တက်လာမယ့် ဥပဒေ ဝန်ကြီး နဲ့ စစ်မက်ရေးရာ ဝန်ကြီးက ဘယ်သူ ဖြစ်မလဲ။” ပင်းယန် ထပ်မေးတယ်။

“ ငါ မခန့်မှန်း တတ်ဘူး။ မနက်ဖြန် မနက်မှာ ဥပဒေ ဝန်ကြီးကို သူတို့ ဆုံးဖြတ်ကြမှာပဲ။” ပင်းယန်ကို ဖန်ကျန်းရှီ တွန်းလွှတ်ဖို့ ပြင်တယ်။ ဒါပေမယ့် ပင်းယန် က သူ့ကို အရမ်း တင်းတင်း ဆွဲဖက်ထားတာလေ။

“ မနက်ဖြန် မနက်လား။”

“ဟုတ်တယ်။”

“ ဒါပေမယ့် ဧကရာဇ်က ညီလာခံ မတက်တာ ။ ရက်အတော်ကြာနေပြီ။ မနက်ဖန် မနက် သူ ညီလာခံ တက်မယ် ဆိုတာ သေချာလိုကလား။”

“ဒါပေါ့။ အခုချိန်မှာ ဖြေရှင်းစရာ ကိစ္စတွေ အရမ်း များနေပြီ။ သူ့မှာ တခြား ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး။”

“ အမှန်ပဲ။ ဒါပေမယ့် နင် ငါ့ မေးခွန်းကို မဖြေရသေးဘူး။”

“ ဟ ဟား…. ငါ က ငတုံးမှ မဟုတ်ပဲ။ အကယ်၍ ငါ သာ မင်းကို တကယ်ပြောလိုက်ရင်။ မင်းက နန်းတော်ကို ချက်ခြင်း ပြေးပြီးတော့ ။ ဧကရာဇ်ကို ဒါတွေက ငါ့အစီအစဉ်အတိုင်း ဖြစ်နေတာလို့ သွားပြေးမှာ မဟုတ်လား။”

“ နင် ဘယ်လို သိတာလဲ။ ကောင်းပြီလေ…. မပြောဘူးလို့ ကတိပေးတယ်။”

“ ဒါဆိုရင် ပိုက်ဆံ အကြောင်း ပြောရအောင်။ မေးခွန်းတစ်ခုကို ငွေသား တစ်သိန်း။ ”

“ တစ်သိန်း ဟုတ်လား။ ဒါက နေ့ခင်း ကြောင်တောင် ဓားပြတိုက်နေတာပဲ။”

“ မင်း မမေးလို့ရတယ်လေ။”

“ ကောင်းပြီလေ. … ။ ငါမေးမယ်။ နင်ဆိုရင် ဘယ်သူ့ကို ဥပဒေ ဝန်ကြီးခန့်မလဲ။”

“ ဒါက မင်း မေးချင်တာ သေချာရဲ့လား။”

“ သေချာတယ်။”

“ တုံးလိုက်တဲ့မေးခွန်း။ ဥပဒေ ဝန်ကြီးဌာနမှာ လက်ထောက်ဝန်ကြီး သုံးယောက်ပဲ ရှိတာ။ အခုတော့ နှစ်ယောက်က အလုပ်ပြုတ်သွားပြီ။ ဝန်ကြီး ဖြစ်လာဖို့ တစ်ယောက်ပဲ ကျန်တော့မယ်လေ။”

“ ဝမ်ချွမ်။ လကျာ်ရံ ဝန်ကြီး ဝမ်ချွမ်။ တကယ်ပဲ သူလား။ နေစမ်းပါအုန်း။ ဝမ်ချွမ်။ ဝမ်တပေါင်းရဲ့ အဖေလား။ နင် … မဟုတ် မဟုတ်ဘူး… နင့်ရဲ့ မနေ့ညက အစီအစဉ် …..။ ဝန်ကြီးယွီ အဲ့ဒီ့ နေရာမှာ ရှိနေမယ်လို့ နင် အတိအကျ မသိနိုင်ဘူးလေ။ နင် ဝန်ကြီးယွီ နဲ့ စစ်မက်ရေးရာ ဝန်ကြီးကို ပြစ်မှတ်ထားတာ မဟုတ်ဘူး။ နင့်ရဲ့ တကယ့် အစီအစဉ်က လက်ထောက် ဥပဒေ ဝန်ကြီး နှစ်ယောက်ပဲ။ ဒါတွေ အကုန်လုံး ဝမ်ချွမ့်ကို ဥပဒေ ဝန်ကြီး ဖြစ်လာစေဖို့ နင် ကြံစည်ထားတာပဲ။” ပင်းယန်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။

“ အင်း …။ မင်း ရုတ်တရက်ကြီး ထက်မြက်လာပါလား။”

“ ဟမ့်။ ငါက မွေးကတည်းက ထက်မြက်ပြီးသားပဲ။ ။ ငါ… ငါ့မှာ နောက်ထပ် မေးခွန်း တစ်ခုရှိသေးတယ်။”

“ ငွေသား နှစ်သိန်း။”

“ ကောင်းပြီ..။ နင်က ထီးနန်း ပလ္လင်လုတဲ့ တိုက်ပွဲမှာ မပါချင်မှတော့။ ဘာလို့များ ဝမ်ချွမ်ကို ဥပဒေ ဝန်ကြီး ဖြစ်လာစေဖို့ ဒီလောက်တောင် လုပ်နေရတာလဲ။”

“င့ါကိစ္စတွေ အလှည့်အပြောင်း ဖြစ်လာစေဖို့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ နင့်ကိစ္စတွေ အလှည့်အပြောင်း ဖြစ်လာဖို့။ နင်က ဘာဖြစ်ချင်တာလဲ။ ဘယ်အချိန်လဲ။ ” ပင်းယန် ။ ဖန်ကျန်းရှီ ရဲ့ လက်ကို ထိတ်လန့် တကြား လွှတ်ချတယ်။

“ လာမယ့် နှစ်ရက် သုံးရက် အတွင်း ဖြစ်နိုင်တယ်။ ”

အပိုင်း(၅၁၉) ပြီး၏။

အပိုင်း(၅၂၀)

“ နောက်ထပ် စောင့်ဖို့ မလိုတော့ဘူး။”

Translator:JTJTY97 | Editor: JTJTY97 /Sparrow Translations

“ နှစ်ရက် သုံးရက် ဟုတ်လား။ နင်ရူးနေတာပဲ ။ အိမ်ရှေ့စံက ဥပဒေ ဝန်ကြီး ဌာနဲ့ စစ်မက်ရေးရာ ဝန်ကြီးဌာနကို ဆုံးရှုံးလိုက်ရပေမယ့်။ နောက်ထပ် ဝန်ကြီးဌာန လေးခုတောင် သူ့ကို ထောက်ပံ့နေသေးတယ်လေ။ နင် ဒီ့ထက် နည်းနည်းလေးတောင် ပို မစောင့်နိုင်တော့ဘူးလား။” ပင်းယန် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ပြန်ဖြေတယ်။

“ ဘယ်အချိန်ထိ စောင့်ရမှာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ ဒါပေါ့။ နင်စောင့်….” ပင်းယန် ထပ်မပြောမိခင် ရပ်လိုက်တယ်။ ( အိမ်ရှေ့စံ မင်းသား ရာထူး မပြုတ်ခင် အထိ စောင့်လို့ သူ ပြောလိုက်ချင်တယ်။ ) ဒါပေမယ့် အိမ်ရှေ့စံကလည်း သူ့ အကိုတော် ဖြစ်နေသေးတယ်လေ။ ဒါကြောင့် သူမ မပြောရက်ဘူး။

“ အိမ်ရှေ့စံက အိမ်ရှေ့စံပဲ။ ငါ့ ကိစ္စက သူနဲ့ မဆိုင်ဘူး။ အကယ်၍ အချိန် ကျတဲ့ အထိ သာ စောင့်နေရင်။ ငါ့ အမှုက အဓိပ္မာယ်မရှိ ဖြစ်သွားလိမ့်မယ်။” ပင်းယန် ပြောချင်နေတာကို ဖန်ကျန်းရှီ သိတယ်။

“ နင့် အမှုကို ဒီအချိန်မှာ ပြန် ဖော်ဖို့က မခက်ဘူးလား။ နောက်ပြီးတော့… နင့်မှာ သက်သေကော ရှိရဲ့လား။ ” ပင်းယန် ခေါင်းငြိမ့်ရင်းနဲ့ မေးတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ အမှုကိစ္စကို ဥပဒေ ဝန်ကြီးဌာနကို သုံးပြီးတော့ ပြန်ဖော်ချင်နေတာလား။ ဒါက ခက်ခဲ လွန်းတယ်လေ ။ နောက်ပြီးတော့ ဝမ်ချွမ်က ဥပဒေ ဝန်ကြီးတောင် မဖြစ်သေးဘူး။ အကယ်၍ သူ ဖြစ်ခဲ့ရင်တောင် သူ့ ထက် ငယ်တဲ့ ဒီလူကို သူ လေးစားမှာ မဟုတ်ဘူး။ ဒါ့အပြင် ဝမ်ချွမ်မှာ သက်သေလည်း မရှိဘူးလေ။ ဧကရာဇ်က လည်း သဘောတူမှာ မဟုတ်ဘူး။

“ သက်သေလား။ ဟုတ်တာပေါ့။ ငါ့မှာ တစ်ခုမှ မရှိဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ တကယ်တမ်းဘာတွေ ဖြစ်ခဲ့လည်း သိတာက စုချင်းနဲ့ ။ ကြေးစား စစ်သည်တော် ရှစ်ယောက်ပဲ ရှိတယ်။ ကြေးစား စစ်သည်တော် ရှစ်ယောက်က နုတ်ပိတ်ခံလိုက်ရပြီ။

အမှန်တရားကို သိတဲ့ တစ်ဦးတည်းသော သူ စုချင်းကလည်း။ မြောက်ပိုင်းဒေသမှာ။ မြောက်ပိုင်းကျောင်းတော် ငါးခုကို ကြီးကြပ်နေတယ်။ စုချင်းကတော့ အိမ်ရှေ့စံကို ဆန့်ကျင်ပြီး သက်သေ ထွက်ဆိုတာမျိုး လုံး၀ လုပ်မှာ မဟုတ်ဘူး။

“ ဧကရာဇ်က နင့် အမှုကို သက်သေ မရှိပဲနဲ့ ။ ပြန်ဖော်ထုတ်ခွင့် ပြုမယ်လို့ ထင်နေတာလား။” ပင်းယန် မေးတယ်။

“ ငါတို့ ကြိုးစားပြီးတော့ ရှာဖွေနေပါတယ်။” ဒါ တကယ်တမ်း ဘယ်လို အလုပ်လုပ် နေလဲ ဆိုတာတော့။ ဖန်ကျန်းရှီ မရှင်းပြနိုင်ဘူး။ ရိုးရိုးသားသား ပြောရရင်။ သူ ေ အာင်မြင်မလားဆိုတာတောင် သူ မသိဘူးလေ။

“ ကောင်းပြီလေ။ နင် ဘယ်အချိန် စမှာလဲ။”

“ သူမက နောက် နှစ်ရက် သုံးရက် အတွင်း ဒီကို ရောက်လာတော့မှာ။”

“ သူမ… ။ နင်ပြောနေတာ …”

“ အင်း… ” ဖန်ကျန်းရှီ ပြတင်းပေါက် အပြင်ကို လှမ်းကြည့်တယ်။ မိုးတွေ ရွာနေဆဲ။ တစ်နှစ်ကျော် ကြာခဲ့ပြီ။

…  

ညချမ်း အချိန်မှာ။ မိုးဖွဲဖွဲ ရွာကျနေခဲ့တယ်။ မြို့တော်က ကြည်လင်တောက်ပနေတဲ့ အိမ်တော် တစ်ခုထဲမှာ။ အဆောင်ငယ်လေး တစ်ခုထဲ လူတစ်ယောက် ထိုင်နေခဲ့တယ်။ သူမရဲ့ ချောမွေ့ နူးညံ့တဲ့ လက်ချောင်းလေးတွေက ကူချင်း( ဗျပ်စောင်း)ကို တီးခတ်နေခဲ့တယ်။ လေ ကြောင့် မိုးရေတွေ အဆောင်ငယ်ထဲ ရောက်လာတယ်။ သူမရဲ့ ဝတ်ရုံတွေ စိုစွတ်ကုန်တယ်။ လရောင်ထဲမှာတောင် သူမရဲ့ ဝတ်ရုံက တောက်ပနေခဲ့တယ်။ သူမက ယွင်ချင်းဝူ။ နတ်ဆိုးတွေရဲ့ အရှင်သခင်ငယ်။ မှန်ပါတယ်။ သူမက ကြီးမြတ်သောရှမင်းဆက် ရဲ့ မြို့တော်မှာ ရောက်နေတာ။ အတော့်ကို မူမမှန်တဲ့ အမှန်တရား တစ်ခုပဲ။

“အရှင်သခင်ငယ်။” တစ်ကိုယ်လုံး ဝတ်ရုံနက် ခြုံထားတဲ့ လူတစ်ယောက် ။ ယွင်ချင်းဝူရဲ့ ရှေ့မှာ ပေါ်လာခဲ့တယ်။

“အင်း…”

“ အရှင်သခင်ငယ်။ ကျွန်တော် သတင်းပို့စရာ ရှိပါတယ်။ ဝူယွဲ့အာက အခု။ နန်းတော်ကို လာတဲ့ လမ်းမှာ ရောက်နေပါပြီ။ တောင်ပိုင်းဧကရီလည်း နှစ်ရက် အတွင်း ရောက်လာ ပါတော့မယ်။”

“ နှစ်ရက်။ ဝူယွဲ့အာ။ တောင်ပိုင်းဧကရီ။ ရန်ချန်လိ…. အင်း။ ငါ နားလည်ပြီ။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ ကူချင်းကနေ လက်ဖယ်လိုက်တယ်။ ကောင်းကင်ကြီးကို ကြည့်တယ်။

“ ပိုင်ချင်း ဘယ်မှာ အဖမ်းခံနေရလည်း ရှာတွေ့ပြီလား။”

“ မတွေ့သေးပါဘူး။ ဒါပေမယ့် ….” ဆင်ခြေပေးတော့မိတော့မယ့် အချိန်မှာပဲ သူရပ်တန့်လိုက်တယ်။ ယွင်ချင်းဝူက ဆင်ခြေပေးတာတွေကို မကြိုက်မှန်း သူသိတယ်လေ။ သူမက သတင်း အချက်အလက်ကိုပဲ စိတ်ဝင်စားတာ။

“ ကောင်းပြီ။ ပင်းယန် အိမ်တော်ကို ဒီစာ ပို့လိုက်။”

“ အမိန့်တော် အတိုင်းပါ။”

…

နောက်တစ်နေ့ မနက် မိုးသောက်ချိန်မှာ။ မိုးရွာတာ ရပ်သွားခဲ့ပြီ။ နေရောင်ခြည်က ရွှေရောင် ညီလာခံ ခန်းမထဲမှာ တောက်ပနေတယ်။ ညီလာခံ ခန်းမရဲ့ ခေါင်မိုးက နေရောင်ခြည် အောက်မှာ ရွှေရောင်ဖြာနေခဲ့တယ်။ ရာချီတဲ့ အမတ်မင်းတွေက ။ ညီလာခံ ခန်းမထဲကို ဝင်လာတဲ့ သတ်လတ်ပိုင်း လူကြီးကို ဂုဏ်ပြုစကားဆိုနေကြတယ်။ ဒီလူကတော့ ဝမ်ချွမ်။ အခုချိန်မှာ သူက ဥပဒေ ဝန်ကြီး ဖြစ်နေပြီလေ။ တိုက်ပွဲက ဒီလို အဆုံးသတ်သွားမယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့ ဖူးဘူး။ လက်ထောက်ဝန်ကြီး နှစ်ဦးက အဖမ်းခံရပြီးတော့။ ရာထူးက ထုတ်ပယ်ခံလိုက်ရပြီလေ။ တစ်ဦးတည်းသော ကျန်တာကတော့ ဝမ်ချွမ်ပဲ။ ဝမ်ချွမ်က တစ်ယောက်တည်း ကျန်တယ်ဆိုတာ သိပေမယ့်။ ဒီ ဖြစ်ရပ်ကြီးက သူတို့ကို ထိတ်လန့် စေတယ်။

“ ဟ ဟား … ။ အမတ်မင်း ဝမ်။ ရာထူး တိုးသွားတာကို ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ကို မမေ့နဲ့နော်။”

“ ကျွန်တော် ကြားတာတော့ အမတ်မင်း ဝမ်ရဲ့ သားက။ လက်ထပ်ဖို့ အသက်အရွယ်ကို ရောက်နေပြီတဲ့။ နောက်ပြီးတော့ စေ့စပ်ထားတာ လည်း မရှိသေးဘူး။ ကျွန်တော့် သမီးလေး….”

“ အမတ်မင်းချင်။ မင်းရဲ့ သမီးလေးက ဆယ့်လေးနှစ်ပဲ ရှိသေးတာ မလား။ အမတ်မင်း ဝမ်။ ကျွန်တော့် တူမ နဲ့ ကမှ ပိုပြီးတော့ အဆင်ပြေမှာ။” အမတ်မင်းတွေ။ ဝမ်ချွမ်ရဲ့ အရေးပေးမှုကိုရဖို့ အစွမ်းကုန်ကြိုးစားနေကြတယ်။

လက်ထောက်ဝန်ကြီး အဖြစ်ကနေ ။ ဝန်ကြီး အဆင့်ကို ရောက်သွားတာက ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုပဲ။ ဒီ လိုရာထူး ထက်ဖို့ ဆိုတာ အများစု အတွက်တော့ ခက်ခဲတယ်။ ဒါပေမယ့် မင်း တစ်ခါ ခုန်တက်ပြီးတာနဲ့ ။ မင်းရဲ့ ဘဝက အခြေခိုင်သွားပြီပဲ။ ဝန်ကြီးဌာန ခြောက်ခုရဲ့ ဝန်ကြီး တစ်ယောက် ဖြစ်လာတာနဲ့။ မင်းရဲ့ နာမည်က သမိုင်းမှာ ရာဇဝင် တွင်သွားပြီပဲ။

“ ကျွန်တော့်သားက ငယ်ရွယ်ပြီးတော့ မရင့်ကျက်သေးပါဘူး။ အမတ်မင်း တို့ နှစ်ယောက် ဒီလို ကမ်းလှ မ်းတာ သူ့ အတွက်တော့ တကယ့်ကို ဂုဏ်မြင့်လွန်းပါတယ်။ ဒါပေမယ့် သူ့ သဘောထားကို ကျွန်တော် မေးရအုန်းမယ်။ ” ဝမ်ချွမ် ဦးညွှတ်ရင်းနဲ့ ပြန်ဖြေတယ်။

“ မှန်တာပေါ့။ ဒီ ကိစ္စက မဖြစ်မနေ လုပ်ရမှာပဲ။”

“ အမတ်မင်းဝမ် က ဒီလောက်ထိ ထူးချွန်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ အမတ်မင်းက တကယ့်ကို တရားမျှတပြီး ဘက်မလိုက်တတ်ဘူး။ ဥပဒေ ဝန်ကြီးဌာနက တိုးတက်တော့မှာ ။”

“ အမှန်ပဲ…”

အမတ်မင်းတွေက ဝမ်ချွမ် ငြင်းပယ်တာကို စိတ်ဆိုး ကျဟန် မရှိဘူး။ အဲ့ဒီ့အစား သူ့ကို ဆက်ပြီးတော့သာ ချီးမွမ်းနေခဲ့တယ်။ ဒီအချိန်မှာပဲ အိမ်ရှေ့စံ လင်းထျန်းရုံ ။ ညီလာခံ ခန်းမထဲကို ရောက်လာခဲ့တယ်။ သူ့ရဲ့ ငွေရောင် ဝတ်ရုံက နေရောင်ခြည်ထဲမှာ တောက်ပနေခဲ့တယ်။

“ အဟမ်း…” အိမ်ရှေ့စံ လင်းထျန်းရုံ ချောင်းဟန့်တယ်။ ဝမ်ချွမ့် ဆီကို ဖြတ်လျှောက်လာတယ်။ အမတ်မင်းတွေ အားလုံးကတော့ အိမ်ရှေ့စံကို မြင်တဲ့ အချိန်မှာ နည်းနည်းတော့ ထိတ်လန့်သွားကြတယ်။ ဒါက ညီလာခံ ခန်းမရဲ့ ဝင်ပေါက်ကြီးလေ။ စည်းမျဉ်း တစ်ခု ရှိတယ်။ တော်ဝင်မိသားစုရဲ့ မိသားစုဝင်တွေက အမတ်မင်းတွေနဲ့ မပတ်သတ်ရဘူး ။ အခုတော့ ဘာတွေ ဖြစ်နေတာလဲ။ အမတ်မင်းတွေ အားလုံး။ အိမ်ရှေ့စံကို မြင်တဲ့ အချိန်မှာ ဘေးကို ရှောင်ကွင်းသွားကြတယ်။

“ အမတ်မင်း ဝမ်..” အိမ်ရှေ့စံ လင်းထျန်းရုံ နှုတ်ဆက်တယ်။

“ အိမ်ရှေ့စံကို နှုတ်ခွန်းဆက်ပါတယ်။” ဝမ်ချွမ် ဦးညွှတ်ရင်း နှုတ်ဆက်တယ်။

“ အင်း… ။ ဓလေ့ထုံးတမ်းတွေကို ဒီလောက် လိုက်နာနေစရာ မလိုပါဘူး။ ငါကြားတာတော့။ အမတ်မင်းရဲ့ သားက ။ တောင်ဖြိုတပ်ဖွဲ့မှာ တစ်ခါတာဝန် ထမ်းဆောင်ဖူးတယ် ဆို။ ဒီလို ထိပ်တန်း တပ်ဖွဲ့ကြီးမှာ လေ့ကျင်ခံရတဲ့ လူငယ်တွေက ရှားပါးတယ်။ အကယ်၍ အမတ်မင်း အားလပ်ရင်။ အရှေ့ပိုင်း နန်းတော်ကို တစ်ခါတစ်ခေါက် တော့ အရောက်လာ စေချင်ပါတယ်။ ” လင်းထျန်းရုံ အေးအေးဆေးဆေး ပြောတယ်။ အမတ်မင်းတွေ အားလုံး ဘာတွေ ဖြစ်နေလဲ နားလည်သွားကြပြီ။ အိမ်ရှေ့စံက သူ့နေရာ အတွက် ဝမ်ချွမ်ကို လာ သိမ်းသွင်း နေတာပဲ။

အိမ်ရှေ့စံက နည်းနည်းတော့ စိတ် မရှည်တဲ့ ပုံစံပေါက်နေခဲ့တယ် ။ ဒါပေမယ့် သူ စိတ်မရှည်တာကတော့ နားလည်နိုင်စရာပဲလေ။ ဝန်ကြီးယွီက အဖမ်းခံလိုက်ရပြီ။ ဝမ်ချောင်ကလည်း ထောင်ထဲမှာ။ ရှန်မင်းကလည်း ဆယ်မိုင်ရေကန်မှာ ဒူးထောက်နေကြတယ်။ အိမ်ရှေ့စံ အတွက် တော့ အခုလို အလှည့်အပြောင်း အချိန်ကာလမှာ။ တည်ငြိမ်နေဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။

“ကျေးဇူးတင်ပါတယ်။ အရှင်မင်းသား။ ကျွန်တော့်သားကို ခေါ်လာပြီးတော့ တစ်ရက် မှာ လာတွေ့ပါအုန်းမယ်။” ဝမ်ချောင် တလေးတစားနဲ့ ခေါင်းငြိမ့်တယ်။

“ ကောင်းပြီ။” အိမ်ရှေ့စံ လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။ ညီလာခံ ခန်းမထဲကို နောက်လူတစ်ယောက် ဝင်လာတာကို သူ မြင်လိုက်ရချိန်မှာ။ သူ တစ်ခုခုကို ပြောဖို့ ပြင်နေခဲ့တာ။ သွမ့်အရှင်ကတော့ အိမ်ရှေ့စံ ထက် သိသိသာသာကြီးကို ပျော်ရွှင်နေခဲ့တယ်။ နောက်ဆုံးတော့လည်း အခု အခြေအနေက သူ့ အတွက် အရမ်းကို ကောင်းမွန်တဲ့ အခွင့်အရေး တစ်ခုလေ။ ဝမ်ချွမ် သူ့ရဲ့ ဝန်ကြီး ဌာနက ရာထူးကြောင့်သာ မဟုတ်ရင်။ အိမ်ရှေ့စံက သူ့ကို တန်ဖိုးထားမှာ မဟုတ်ဘူး ဆိုတာ လူတိုင်း သိနေတဲ့ အမှန်တရားပဲလေ။ အခုတော့ ဝမ်ချွမ်က ဥပဒေ ဝန်ကြီး ဖြစ်နေခဲ့ပြီလေ။

“ အမတ်မင်းဝမ်…” သွမ့်အရှင်။ အိမ်ရှေ့စံကို လျစ်လျူရှုပြီးတော့။ ဝမ်ချွမ်ကို နှုတ်ဆက်တယ်။

“ အရှင့်သား။” ဝမ်ချွမ် တလေးတစား နဲ့ ပြန် နှုတ်ဆက်တယ်။

“ သခင်လေးဝမ် က တောင်ဖြိုတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ငါကြားတယ်။ စစ်တပ်မှာ သူ့ အတွက် နေရာ ကောင်းကောင်း တစ်ခုလည်း ရှိတယ်။ ဝန်ကြီးဝမ် သူ့ကို ဒီနေရာ ယူခိုင်းမလား သိချင် ပါတယ်။” သွမ့်အရှင် ရယ်မောရင်း ပြောတယ်။

“ ဟ ဟား… သွမ့်အရှင်ကတော့ ကျွန်တော့်ကို နောက် နေတာပဲ။ စစ်တပ်မှာ သူ့ကို လေ့ကျင့်ခိုင်းတာက သူ့အတွက်တော့ ဂုဏ်ယူစရာပါပဲ။ အရှင့်သားကို ကျွန်တော် ကျေးဇူးတင်ပါတယ်။” ဝမ်ချွမ် ပြန်ဖြေတယ်။

“ ကောင်းပြီ။ မနက်ဖြန်က အချိန်ကောင်း လို့ ငါထင်တယ်။ အကယ်၍ သူသာ အားလပ်ရင်။ ငါ့ဆီကို လာဖို့ ဖိတ်ခေါ်ပါတယ်။” သွမ့်အရှင် ခေါင်းငြိမ့်တယ်။

“ ညီတော် ။ ညီတော် ကြည့်ရတာ အလျင်လို နေသလိုပဲ။” အိမ်ရှေ့စံ မျက်မှောင်ကြုတ်ရင်း ပြောတယ်။

“ အဲ့လို ဖြစ်သွားတာလား။ ကျွန်တော့် အထင်တော့ အလျင်လိုနေသူက အကိုတော်ပဲ။” သွမ့်အရှင် ပြန်ဖြေတယ်။

“ဟမ့်။” အိမ်ရှေ့စံ လင်းထျန်းရုံ နှာမှုတ်ရင်း နဲ့ ဝမ်ချွမ့်ကို လှည့်ကြည့်တယ်။ “ အမတ်မင်း ဝမ်။ တောင်ပိုင်းဧကရီ ကို ကြိုဆိုဖိ့ ပြင် ဆင်စရာ ရှိတာတွေ ပြင်ဆင်ရအုန်းမယ်။ နောက်မှ တွေ့မယ်။”

“ အိမ်ရှေ့စံ ခရီးလမ်းပန်း သာယာပါစေ။”

“ အိမ်ရှေ့စံ ဂရုစိုက်ပါ။”

ဝမ်ချွမ်နဲ့ တခြား အမတ်မင်းတွေ တလေးတစား ဦးညွှတ်လိုက်တယ်။ သွမ့် အရှင်ကတော့ အိမ်ရှေ့စံ လင်းထျန်းရုံ ထွက်သွားတာကို မြင်တော့ လှောင်ပြုံးပြုံးလိုက်တယ်။

“ တောင်ပိုင်း ဧကရီလာနေပြီ။ ကျွန်တော်လည်း ပြင်ဆင်စရာတွေကို ကူညီရအုန်းမယ်။ သွားလိုက်ပါအုန်းမယ်။” သူ ထပ်ပေါင်းပြီး ပြောတယ်။

“ ခရီးလမ်းပန်းသာယာပါစေ သွမ့်အရှင်။”

ဝမ်ချွမ်နဲ့ အမတ်မင်းတွေ နောက်တစ်ကြိမ် ဦးညွှတ်ပြန်တယ်။ အမတ်မင်းကတော့ ဒီ မင်းသား နှစ်ယောက် ထွက်သွားချိန်မှာ သက်ပြင်းချလိုက်ကြတယ်။ ပုံမှန် အတိုင်းဆိုရင်။ ဥပဒေ ဝန်ကြီးဆိုတာ သိပ်ပြီးတော့ ကျော်ကြားတဲ့သူ တော့ မဟုတ်ဘူး။ ညီလာခံမှာ သူ့ထက် ပိုကျော်ကြားတဲ့ ဝန်ကြီးတွေလည်း ရှိနေတယ်လေ။ ဒါပေမယ့် ဒီနေ့တော့ ဝမ်ချွမ်က အရမ်းကို ကျော်ကြားနေခဲ့တယ်။

သွမ့်အရှင့် နဲ့ အိမ်ရှေ့စံ တို့က ။ ညီလာခံ ခန်းမ အပြင်မှာတောင် ။ ရာထူး အတွက် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်တာမျိုးက ရှားပါးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ်။ ဒါတွေ အားလုံး….။ ဆက်စပ်တွေးတောလိုက်တဲ့ အချိန်မှာ ။ အမတ်မင်းတွေ အားလုံးရဲ့ စိတ်ထဲ လူတစ်ယောက်ရဲ့ နာမည်သာ ပေါ်လာခဲ့တယ်။ အရင်တုန်းကတော့ ဒီနာမည်ကို လျစ်လျူရှုထားခဲ့ကြတာ။ ( ဖန်ကျန်းရှီ)

ဖန်ကျန်းရှီက ဥပဒေ ဝန်ကြီး ဝမ်ချောင်ကို သူ မြို့ထဲ ရောက်ရောက်ချင်း နေ့မှာပဲ ထောင်ထဲ ပို့လိုက်တယ်။ အဲ့ဒီ့နောက်။ ဝန်ကြီးယွီနဲ့ စစ်မက်ရေးရာ ဝန်ကြီး ရှန်မင်းကို တစ်ခါတည်း နေရာကနေ ရိုက်ချလိုက်တယ်။ အခုတော့။ ဝမ်ချွမ်က ဥပဒေ ဝန်ကြီး ဖြစ်လာပြီ။ ဝမ်ချွမ်ရဲ့ ရပ်တည်ချက်က ဘယ်လိုလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ နောက်ဆုံးတော့လည်း။ ဝမ်ချောင်။ ယွီယိဖျင် နဲ့ ရှန်မင်းတို့ရဲ့ အမှု ကိစ္စတွေ အားလုံးက သူ့ဆီကို ရောက်လာမှာပဲလေ။ သူက တံခါးစောင့် ဖြစ်နေပြီ။ နောက်တစ်နည်းနဲ့ ပြောရရင်။ ဝမ်ချွမ်က အိမ်ရှေ့စံ မင်းသား ဆက်ပြီးတော့ အင်အားရှိနေ အောင်လည်း လုပ်နိုင်သလို။ သွမ့်အရှင်ကိုလည်း အကျိုးရှိသွားအောင် လုပ်နိုင်တယ်။

…  

နှစ်ရက်အကြ။ ညနေခင်း တစ်ခုမှာ။ အနီရောင် ပိုးသားချည်ထည်တွေက။ မြို့တော်နံရံပေါ်မှာ တလူလူ လွင့်နေခဲ့တယ်။ ဒါက ပွဲတော်ကြီးရဲ့ အရိပ်ယောင်ပဲ ။ တလက်လက်တောက်ပနေတဲ့ သံချပ်ကာဝတ် စစ်သည်တော် နှစ်တန်းက လူတိုင်းရဲ့ စိတ်ကို ဖမ်းစားနေတယ်။ မရေမတွက်နိုင်တဲ့ ပြည်သူပြည်သားတွေ မြို့တော် ဂိတ်တံခါးမှာ စုဝေးနေကြတယ်။

တောင်ပိုင်းဧကရီ လာနေပြီလေ။ ဒါကကြီးမြတ်သောရှ မင်းဆက်က လူတွေ အတွက်တော့ ပွဲတော်ကြီးပဲ။ နောက်ဆုံးတော့လည်း။ တောင်ပိုင်းဒေသဆိုတာ ကြီးမြတ်သောရှမင်းဆက် ရဲ့ လက်အောက်ခံ နယ်ပယ်ကြီး တစ်ခုပဲ။ အတော့်ကို အရေးကြီးတဲ့ ဆက်ဆံရေး တစ်ခုလည်း ဟုတ်တယ်။ နောက်ပြီးတော့ လွန်ခဲ့တဲ့ တစ်နှစ် ကျော်က ကိစ္စကြီး ဖြစ်ပြီးတဲ့နောက်။ ဒါက ပထမဆုံး ပြန်ဆက်သွယ်တာလည်း ဟုတ်တယ် ။ နောက်ပြီးတော့ ဧကရီကိုယ်တိုင် လာရောက်တာ။

“ငါကြားတာတော့ ဧကရီက အသက် ၂၀ ပဲ ရှိသေးတယ်ဆိုပဲ။”

“ဟုတ်တယ်တဲ့။ အရမ်းလည်း လှတယ်တဲ့ ။ ငါမြင်ဖူး ချင်လိုက်တာ။”

“ ရှူး…။ တခြားသူတွေ မကြားစေနဲ့။ မင်း ခေါင်းဖြတ်သတ်ခံနေရ အုန်းမယ်။”

လူအုပ်ကြီးက တီးတိုးပြောနေခဲ့တယ်။ ဒီအချိန်မှာပဲ အနက်ရောင် အစက်လေး တစ်စက် အဝေးမှာ ပေါ်လာခဲ့တယ်။ ဒီ အစက်အပြောက်လေးက ကြီးသထက် ကြီးလာတယ်။ သူနဲ့ အတူ ကျယ်လောင်တဲ့ ဗုံသံတွေလည်း ပါလာခဲ့တယ်။

“ ဝူ …..” ကျယ်လောင်တဲ့ ဦးချို မှုတ်သံကြီးက လေထုထဲကို ပျံ့လွင့်လာတယ်။

“ တောင်ပိုင်း ဧကရီရောက်ရှိပြီ။”

“ ဝိုး… ။ တကယ့်ကို ခမ်းနားလွန်းတာပဲ။”

သူတို့တွေ မျက်လုံး တလက်လက် တောက်နေခဲ့တယ်။ လူတိုင်းက ဒီအရှိန် အဝါကြီးကို အံ့သြမှင်သက် နေမိတယ်။

တောင်ပိုင်းဧကရီ မြို့တော်ဆီ လာရောက်တာကို။ မျက်မြင်တွေ့ရဖို့က ရှားပါးလွန်းတဲ့ အခွင့်အရေးပဲလေ။

အပိုင်း(၅၂၀)ပြီး၏။

All Chapters