← Chapters

အပိုင်း (၅၂၁-၅၃၀)

Vol. 6 Ch. 521-530

အပိုင်း (၅၂၁-၅၃၀)

Vol. 6 Ch. 521-530

အပိုင်း (၅၂၁)

“ ပွဲတော်အတွင်းက အနှောက်အယှက်”

Translator:JTJTY97 | Editor: JTJTY97 /Sparrow Translations

နီးကပ်လာတဲ့ တပ်ဖွဲ့ကြီးက ။ စစ်သည်ငါးထောင်ကျော် ပါဝင်တဲ့ တပ်ဖွဲ့ကြီး။ ဒီတပ်ဖွဲ့ကြီး တစ်ခုလုံးက သားရဲကောင်တွေကို စီးနင်းလာကြတယ်။ သားရဲကောင် တစ်ကောင်ချင်းစီရဲ့ ကိုယ်ပေါ်မှာ အနီရောင် ပိုးချည်ထည် တွေ ပတ်ထားခဲ့တယ်။ ဒီ ပိုးထည်စတွေက လေတိုင်းတိုင်း တဖျတ်ဖျတ် လွင့်နေခဲ့တယ်။

တပ်ဖွဲ့ကြီးရဲ့ အလယ်မှာ။ သုံးကိုက်ကျော်မြင့်တဲ့ အကြီးမားဆုံး သားရဲကောင်ကြီး တစ်ကောင်ရှိနေတယ်။ တစ်ကိုယ်လုံးကို အဖြူစွတ်စွတ် အကြေးခွံတွေနဲ့ ဖုံးအုပ်ထားသလို။ နှင်းလို ဖြူစွတ်နေတဲ့ တောင်ပံတွေလည်း ပါဝင်တယ်။ ဒါက သားရဲကောင်တွေရဲ့ ခေါင်ဆောင်ကြီးပဲ။ သူ့ကိုယ်ပေါ်မှာ ငွေရောင် လှည်းလုံး တစ်ခု ရှိတယ်။ သားမွှေး ဝတ်ရုံနဲ့ အမျိုးသမီး တစ်ဦး ထိုင်နေခဲ့တယ်။ ရွှေဝါရောင်တောက်ပတဲ့ အသားအရေ။ နက်မှောင်တဲ့ မျက်လုံး။ အိစက်နေတဲ့ ဆံသားတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး။ ခေါင်းပေါ်မှာတော့ ။ အဖိုးတန်ကျောက်မျက် ရတနာ ငါးလုံးနဲ့ ခုနှစ်ရောင်ခြယ် ငှက်မွှေး သုံးချောင်းပါတဲ့ သရဖူကို ဆောင်းထားခဲ့တယ်။ ဒါကတော့ ရှန်းယွီ ။ တောင်ပိုင်းဧကရီ။

“ တောင်ပိုင်းဧကရီပဲ။ လှလိုက်တာကွာ။”

“ ဧကရီကို မျက်မြင်တွေ့ရတာ ငါတို့ တကယ် ကံကောင်းတယ်။”

“ ဒီ လောက်များတဲ့ သားရဲကောင်တွေကို သူတို့ ဘယ်လိုများ ထိန်းချုပ်ထားကြတာလဲ။ ဒီ သားရဲကောင်တွေ လွတ်ထွက်ပြီးတော့ ဝရုန်းသုန်းကား ဖြစ်ကုန်မှာ မကြောက်ကြဘူးလား။”

“ မင်းဘာတွေ ပြောနေတာလဲ။ သူတို့တွေ အားလုံးက ကောင်းကောင်း လေ့ကျင့်ထားတာတွေ ချည်းပဲ။ သူတို့က ဘာလို့များ ပုန်ကန်ကြမှာလဲ။”

ကြီးမြတ်သောရှ နိုင်ငံတော်က လူတွေ ။ တအံ့တသြ ပြောဆိုနေကြတယ်။ မြို့တော်တံခါးကို ရောက်တဲ့ အချိန်မှာပဲ ။ လူအုပ်ကြီးရဲ့ မျက်လုံးကျွတ်ကျမတတ် ဖြစ်ကုန်ကြတယ်။ ဒီ သားရဲကောင်တွေရဲ့ လွှမ်းမိုးမှု အင်အားတွေနဲ့ ခြိမ်းခြောက်နေတဲ့ အငွေ့အသက်တွေကို သူတို့ ခံစားနေရတယ်လေ။

“ ဝေါင်း …” မိုးထစ်ခြုန်းသံလို ကျယ်လောင်တဲ့ အော်ဟစ်သံ ကြီး ထွက်ပေါ်လာတယ်။ လူအုပ်ကြီးက ကြောက်လန့် တကြား နောက်ဆုတ်သွားကြတယ်။ နောက်ဆုံးတော့လည်း ဒီလောက်များတဲ့ သားရဲကောင်တွေကို သူတို့ မမြင်ဖူးဘူးလေ။ ဒီအချိန်မှာပဲ။ အမတ်မင်း ဝတ်ရုံနက် နဲ့ လူကြီးတစ်ယောက် သားရဲကောင်တွေ ဆီကို လျှောက်လာတယ်။

“ ကြိဆိုပါတယ်။ ကျွန်တော်က ယဉ်ကျေးမှုဝန်ကြီး ချင်းယွမ်ပါ။ ” ချင်းယွမ် ဦးညွှတ်ရင်းနဲ့ သူ့နောက်က စစ်သည်တော်တွေကို လက်ဝေ့ယမ်းပြတယ်။ ဒီအချိန်မှာပဲ စစ်သည်တော်တွေ အားလုံး ရှေ့ကို ထွက်လာခဲ့တယ်။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ ဓလေ့ထုံးစံ အရဆိုရင်။ ဧကရာဇ် လင်းမုပိုင်က သူမကို နန်းတော် ဂိတ်တံခါးမှာ တခြားသော အမတ်မင်းတွေနဲ့ အတူ ကြိုဆိုရမှာ ။ ဒါကြောင့် ဒီနေ့ မြို့တံခါးမှာ ကြိုရမယ့် တာဝန် က ချင်းယွမ် ဆီကို ရောက်လာကော။

“ ဝူ ….” ဦးချိုမှုတ်သံက လေထဲမှာ ထွက်ပေါ်လာတယ်။ တပ်ဖွဲ့ကြီးက ရှေ့ကို ဆက် ရွေ့ လျားလာခဲ့တယ်။ ချင်းယွမ်ရဲ့ ဦးဆောင်မှု နဲ့ အတူ ။ နန်းတော်ဆီကိုရောက် လာခဲ့တယ်။

…

ပင်းယန် အိမ်တော်ရဲ့ အိမ်တံခါးမှာ ။ ဝမ်တပေါင်းရောက် နေတယ်။ ဒီနေ့ သူ စိတ်ပျော်ရွှင်နေတဲ့ ပုံပဲ။ ဟိုဘက် သည်ဘက် လတ်လျား လတ်လျားလုပ်ရင်း လေချွန်နေခဲ့တယ်။ တကယ်တော့ သူဒီနေ့ အိမ်က ထွက်လာတဲ့ အချိန်တည်းက သူ့ အိမ်တံခါးဝမှ သူ့ကို စောင့်နေတဲ့ သူတွေ အများကြီးပဲ။ တစ်ချို့က သူ့အတွက် ပန်းစီးတွေ ယူလာကြတယ်။ တစ်ချို့သူတွေက သူ့ကို ရေနွေးေ သာက်ဖို့ခေါ်ကြတယ်။ တစ်ချို့တွေကတော ခုနှစ်စင်ကြယ်လမ်း စီ လာဖို့ ခေါ်ကြတယ်။ ဒါပေမယ့် ဝမ်တပေါင်းက သူတို့ အားလုံးကို ငြင်းပယ်ခဲ့တယ်။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူ့ အဖေက သူ့ကို သင်ပေးထားလို့ပဲ။ ပိုပြီး ငြင်းလေလေ ပိုပြီးရလေလေပဲလို့။ ဝမ်တပေါင်း အရင် တုန်းကတော့ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ သူ နားလည်လာခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း။ လူတွေက သူ့ကို ပိုပို ပြီး ချဉ်းကပ်လာကြသလို။ ပိုပြီးတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေလည်း သူ့ဆီ ယူလာပေးကြတယ်။ ရှေးဟောင်း ပစ္စည်းတွေ ၊ အနုပညာလက်ရာတွေ။ တခါတလေ ပိုက်ဆံတွေတောင် ပါသေးတယ်။

“ အားလုံးကို ငြင်း။ ဒါဆိုရင် ပိုပြီးတော့ ရတာ များလာလိမ့်မယ်။” ဒီ ပစ္စည်းတွေကို ဝမ်တပေါင်း စိတ်ထိန်းပြီးတော့ ငြင်းပယ်ခဲ့တယ်။ အဆုံးသတ်မှာတော့ သူက ငြင်းပယ် ခံရသူ ဖြစ်သွားခဲ့တယ်။

“ သခင်လေး ဝမ်။ တောင်းပန်ပါတယ်။ မင်းသမီးက ဒီနေ့ ဧည့်သည် လက်မခံပါဘူး။” အစောင့်က ဝမ်တပေါင်း မဝင်နိုင်ခင် တားမြစ်လိုက်တယ်။

“အကို လီ။ ကျွန်တော့်ကို မမှတ်မိဘူးလား။ ကျွန်တော် တပေါင်းလေ။ မင်းသမီးက ကျွန်တော်နဲ့ မတွေ့ချင်ဘူးတဲ့လား။” ဝမ်တပေါင်းက ပင်းယန် အိမ်တော်မှာ အတော်ကြာကြာ နေခဲ့တာလေ။ အစောင့်တွေကိုတောင် ငွေသားလေး ဘာလေးတောင် ပေးသေးတယ်။ ဒါကြောင့် ပင်းယန် အိမ်တော်ကို သူ အေးအေးဆေးဆေး ဝင်ထွက်နိုင်တယ်။

“ မင်းသမီး အမိန့်ချထားပါတယ်။ ဘယ်သူမှ မဝင်ခိုင်းဘူး။”

“အိုး … ” ဝမ်တပေါင်း တအံ့တသြ သက်ပြင်းချလိုက် တယ်။ အစောင့်တွေက ဒီကိစ္စကို ဆုံးဖြတ်ဖို့ အခွင့်အာဏာ မရှိမှန်း သူ သိတယ်လေ။ ဒါက ဝဋ်လိုက်တာများလား။ သူ အခုပဲ သူများတွေကို ငြင်းလာတာလေ။ ဖန်ကျန်းရှီနဲ့ ပင်းယန်က ဘာကြောင့်များ သူနဲ့ တွေ့ဖို့ ငြင်းရတာလ ဲ။ တစ်ခုခုတော့ မှားနေ ပြီ။ သူ့ရဲ့ အဖေက လက်ထောက် ဝန်ကြီး ဖြစ်နေတဲ့ အချိန်မှာ။ ပင်းယန် အိမ်တော်ကို သူဝင်လို့ ရတယ်။ အခု သူ့အဖေက ဥပဒေ ဝန်ကြီး ဖြစ်သွားလို့ အိမ်တော်ထဲ ဝင်မရတော့တာလား။

ဝမ်တပေါင်း မတွေးတတ်တော့ဘူး။ ဒါပေမယ့် အစောင့်လက်ထဲက တလက်လက် တောက်နေတဲ့ လှံတံက သူ့ကို တားမြစ်ထားခဲ့တယ်။ ဝမ်တပေါင်းခေါင်းခါရင်းနဲ့ နန်းတော်ဆီကို လျှောက်လာခဲ့တယ်။ ဒီနေ့က တောင်ပိုင်း ဧကရီ ရောက်လာမှာလေ။ သွားမကြည့်ရင် ချေရာရောက်သွားမှာပေါ့။ ပင်းယန် အိမ်တော်က နန်းတော်နဲ့ နီးတယ်။ ဝမ်တေပေါင်းက အိမ်တော်ကနေ နေရာကောင်းကောင်း ယူပြီးတော့ ကြည့်ချင်တာလေ။ ဒါပေမယ့် အခုတော့ သူ့ မှာရွေးစရာ မရှိတော့ပဲ။ လူအုပ်ထဲသာ ဝင်တိုးရတော့တယ်။ သူ့ရဲ့ ပထဆုံးရွေးချယ်မှု မဟုတ်ပေမယ့်။ လူအုပ်ကြီးနဲ့ ရောပြီးတော့ လမ်းလျှောက် ရင်း နန်းတော်ဆီ ရောက်လာခဲ့တယ်။

လူတွေက တကယ့်ကို များလွန်းတယ်။ တော်ဝင် အစောင့် တပ်တွေက နှစ်တန်းဆီထားကြတယ်။ တောင်ပိုင်း ဧကရီရဲ့ တပ်ဖွဲ့ကြီး ဖြတ်သန်းသွားဖို့ လမ်းဖွင့်ထားကြတယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ နန်းတော် မုခ်မှာ စောင့်ကြိုနေခဲ့တယ်။ သူ့ကို အမတ်မင်းတွေက ဝန်းရံထားခဲ့တယ်။ ဧကရာဇ် လင်းမုပိုင် ရဲ့ ဘေးမှာ ရပ်နေတဲ့ ပင်းယန်ကို ဝမ်တပေါင်းချက်ခြင်း သတိထားမိသွားတယ်။ ဒီလို မြင်ရတော့ သူ နည်းနည်းတော့ လန့်သွားခဲ့တယ်။

“ ဒီကို အစောကြီး ရောက်နေတာလား။ ” သူမရဲ့ အိမ်တော်မှာ ဧည့်သည် လက်မခံတာကိုတော့ ဝမ်တပေါင်း နားလည်သွားပြီ။ ဒါပေမယ့် ပင်းယန်က နန်းတော်ကို ရောက်နှင့်နေပြီ ဆိုတဲ့ အကြောင်း မပြောတာကို တော့ သူ နားမလည်နိုင်သေးဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က ဘယ်ကို ရောက် သွားတာလဲ။

“ ဝူ….” ဒီအချိန်မှာပဲ။ ဦးချိုမှုတ်သံက လေထုထဲ ပျံ့လွင့်လာခဲ့တယ်။ ဝမ်တပေါင်းရဲ့ အတွေးတွေ ကို ဒီအသံက နှောက်ယှက်တယ်။ မဟာတပ်ဖွဲ့ကြီးက မိုးကုပ်စက်ဝိုင်းမှာ ပေါ်လာခဲ့ပြီ။ သားရဲကောင်တွေရဲ့ ဟိန်းဟောက် သံနဲ့။ လွှမ်းမိုးမှုကြီးမားတဲ့ အရှိန်အဝါတွေက။ လူအုပ်ကြီးကို နောက်ပြန်ဆုတ်သွားစေတယ်။

“ ဝိုး … ။ ကျောက်စိမ်းဆင်ကြီးပဲ ။ ဒါက သားရဲကောင်တွေထဲမှာ အင်အားအကြီးဆုံးပဲ။ နောက်ပြီးတော့ ငွေဂျိုဝံပုလွေတွေလည်း ပါနေသေးတယ်။ တောင်ပိုင်း ဒေသရဲ့ ထိပ်တန်း တပ်ဖွဲ့ကြီး။” ဝမ်တပေါင်း သူ့ရဲ့ သံသယတွေကို ဘေးဖယ်လိုက်ပြီး။ လည်တိုင်ကို ရှည်သထက် ရှည်အောင် လုပ်ရင်း မျှော်ကြည့်နေခဲ့တယ်။

တပ်ဖွဲ့ကြီး နီးကပ်လာတာနဲ့ အမျှ။ လူအုပ်ကြီးက ဘေးကို ဖယ်သွားခဲ့တယ်။ တောင်ပိုင်းဒေသ ကိုယ်စားလှယ် တပ်ဖွဲ့ကြီး အေးအေးဆေးဆေး သွားဖို့ လုံလောက်တယ်။ ဧကရာဇ် လင်းမုပိုင်ကြည့်ရတာ ဒီနေ့ စိတ်ကြည်လင်နေပုံပဲ။ သူ့ရဲ့ ရွှေရောင် ဝတ်ရုံက လေထဲမှာ တဖျတ်ဖျတ် လွင့်မျောနေခဲ့တယ်။ အစေခံ လေးယောက်က ရွှေထီးကို ကိုင်ထားပြီးတော့ ။ အပူဒဏ်က လွတ်ကင်းအောင် လုပ်ဆောင်ပေးနေခဲ့တယ်။ မင်းသားတွေနဲ့ မင်းသမီး တွေ ကတော့ ဧကရာဇ် လင်းမုပိုင်ရဲ့ နောက်မှာ လိုက်ပါလာတယ်။ သူတို့တွေကို အိမ်ရှေ့စံ လင်းထျန်းရုံနဲ့ သွမ့်အရှင် လင်းရှင်းကြွယ်တို့က ဦးဆောင်တယ်။ မင်းသားကိုးလည်း နန်းတော်မှာ ရှိနေခဲ့တယ်။ ဒါပေမယ့် သူက အဝေးကြီးမှာ ရပ်နေတာ။ စစ်နတ်ကျောင်းတော်က ရှင်းယွမ်ကောင်းနဲ့။ နတ်ဆိုး ကျောင်းတော်က ချီဟို့ ။ အမတ်မင်းတွေနဲ့ ဝန်ကြီးတွေကို သူတို့ ဦးဆောင် ကြတယ်။ သူတို့ အားလုံး ရင်းနှီး ဖော်ရွေမှုကို ပြတဲ့ အနေနဲ့ ပြုံးရွှင်နေခဲ့ကြတယ်။

“ တောင်ပိုင်းဧကရီ ကြွမြန်းလာပါပြီ။” ချင်းယွမ်ရဲ့ အသံ လေထုထဲမှာ ပျံ့လွင့်လာခဲ့တယ်။ နန်းတော် မှာ ကြိုဆိုနေတဲ့ လူတွေ အားလုံး ဒီအသံကို ကောင်းကောင်း ကြားတယ်။

သူ့အသံ ထွက်ပေါ်လာတဲ့ အချိန်မှာပဲ။ တပ်ဖွဲ့ကြီးက လမ်းပေါ်မှာ ရပ်တန့်သွားတယ်။ သားရဲကောင်တွေ ခပ်တိုးတိုး အော်သံ ပြုကြတယ်။

“ တေးသံ။”

“ အကအလှတွေ။”

“ ….” အသံတွေက လေထဲမှာ ထွက်ပေါ်လာတယ်။ သီချင်းသံတွေက လေထဲမှာ ပျံ့လွင့်သွားသလို။ ပိုးသားနီတွေကလည်း ကောင်းကင်ပေါ်မှာ ဝေ့၀ဲနေခဲ့တယ်။ ဝတ်စုံနီတွေနဲ့ မိန်းမပျို တစ်ရာကျော်က ပိုးသားနီတွေကို ဝေ့ယမ်းရင်း ကခုန်နေတယ်။ နောက်ဆုံးတော့ သူတို့တွေ နန်းတော်ရှေ့ကို ရောက်လာကြပြီ။ သူတို့တွေရဲ့ လက်ထဲမှာ ဓားတစ်ချောင်းဆီကို ကိုင်ဆောင်ထားတယ်။

အမျိုးသမီးငယ်တွေ စတင်ကခုန် ကြတော့တယ်။ ကြီးမြတ်သောရှ မင်းဆက်က ဓလေ့ထုံးတမ်းတွေ၊ သစ္စာရှိမှုနဲ့။ ဖော်ရွေ ပေးကမ်းတာကို တန်ဖိုးထားတယ် ။ ဓားအကက ကြီးမြတ်သော ရှမင်းဆက် ရဲ့ အရေးအကြီးဆုံး ဧည့်သည်တော်တွေကို ဒီ အကနဲ့ ဧည့်ခံတယ်။ ကဗျာတွေလည်း ရွတ်ဆိုပြတယ်။ ဒီအခမ်းအနား ပြီးသွားတဲ့နောက်။ တောင်ပိုင်း ဧကရီ ကို ညစာစားဖို့ နန်းတော် ဆီ ဖိတ်ခေါ်တယ်။ ဒါက ယဉ်ကျေးမှု ဖလှယ်တဲ့ ပွဲတော်။ ဒါပေမယ့် ပျော်ပွဲရွှင်ပွဲတွေက သိပ်တော့ မကြာပါဘူး။

ကခုန် နေတဲ့ သူတွေ လမ်းမှာရပ်တန့်သွားတယ်။ သူတို့ရှေ့မှာ ရပ်တန့်နေတဲ့ လူငယ် တစ်ယောက်ရှိနေတယ်လေ။ ဒီလူငယ်က လူအုပ်ရှေ့ကို ထွက်ရပ်နေတာ။ သူက ခပ်မြန်မြန်လျှောက်နေတာတော့ မဟုတ်ဘူး။ ဖြည်းဖြည်း မှန်မှန် လျှောက်လာနေတာ။ ဒါပေမယ့် သူတို့တွေ သူ့ကို မြင်တော့ လုပ်နေတာတွေ အားလုံးကို ရပ်တန့် လိုက်တယ်။ သူတို့တွေတင် မကဘူး။ တော်ဝင်အစောင့်တွေလည်း အံ့သြနေခဲ့ကြတယ်။

သူတို့တွေ တုံ့ပြန်ဖို့ ပြင်ဆင်ချိန်မှာပဲ။ လူငယ်ကတော့ ဓားကိုင် မိန်းမပျိုတွေ ဆီကို ရောက်သွားခဲ့ပြီ။ ဧကရာဇ် လင်းမုပိုင်ကိုကော။ အိမ်ရှေကစံကိုပါ သူ မကြည့်ဘူး။ သွမ့်အရှင်၊ ပင်းယန်နဲ့။ အမတ်မင်းတွေလည်း မကြည့်။ ကျောက်စိမ်း ဆင်ပေါ်က မိန်းမပျိုကိုသာ ကြည့်နေခဲ့တယ်။ ဂီတသံ တွေရပ်သွားခဲ့ပြီ….။ လူငယ်ရဲ့ အပြာရောင် အကျီလက်ရှည်က လေထဲ မှာ တဖျပ်ဖျပ်လွင့်နေခဲ့တယ်။ လူတွေကတော့ မျက်လုံး ပြူးနေခဲ့ပြီ ။

“ ဒီကောင် ဘာလုပ်ဖို့ ကြံနေတာလဲ။ ” “ တော်ဝင် အစောင့်တွေ ဘာလုပ်နေကြတာလဲ။ သူ့ကို မတားကြတော့ဘူးလား။”

“ ဒီ အမှိုက်ကောင်။”

အမတ်မင်းတွေ အားလုံး ဒီလူငယ်ကို မြင်တော့ လန့်ကုန်ကြတယ်။ သူတို့ရဲ့ ထိတ်လန့်မှုက မကြာခင် ပျောက်သွားခဲ့တယ်။

“ ဝေါင်း ” ငွေဂျိုဝံပုလွေ ဒီလူငယ်ကို မြင်တော့ အော်ဟစ်ကြတော့တယ်။ တောင်ပိုင်းသား တစ်ယောက်ချင်းစီတိုင်းက သူ့ကို မှတ်မိကြတယ်လေ။ ဒါက ဖန်ကျန်းရှီ။ နောက်ပြီးတော့ ရှန်လင်း အိမ်ရှေ့စံကို သတ်ပြီးတော့ ရှန်းယွီ မင်းသမီးကို ထိပါးခဲ့တဲ့သူလေ။ ဒီလို ထောင်ချီနေတဲ့ တောင် ပိုင်းသားတွေ ရှေ့မှာ သူ ဘယ်လိုများ ပေါ်လာဝံ့တာလဲ။

“မြန်မြန်။ သူ့ကို ဖမ်းကြ။”

“ ဒီကောင့်က ပွဲတော်ကို ဖျက်စီးနေတာပဲ။ ငါတို့ရဲ့ ရင်းနှီးမှုကိုပါ ပျက်စီးစေတယ်။ ဒီကောင့်ကို ခေါင်းဖြတ်သတ်ကြ၊”

“တော်ဝင် အစောင့်တွေ။”

အမတ်မင်းတွေ သတိဝင်လာတာနဲ့ ရုတ်ရုတ်သဲသဲ အော်ဟစ်ကြတော့တယ်။

တော်ဝင်အစောင့်တွေ ချက်ခြင်း ဝန်းရံပြီး ။ သူတို့ရဲ့ လှံတွေကို အသင့်ပြင်ရင်း ဖန်ကျန်းရှီရဲ့ လည်ပင်းကို ချိန်ရွယ်လိုက်တယ်။

“ အညံ့ခံပါ။ ” “ သခင်လေးဖန်။ ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့ ဗျာ။”

ပိုင်ချီကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း မျက်မှောင်ကြုတ်နေတယ်။ ဘာကြောင့် ဒီလို ပေါ်လာလဲ သူ နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီကတော့ ပိုင်ချီကို လုံး၀ လျစ်လျူရှုထားခဲ့တယ်။ သူ့ကို ကြည့်တောင် မကြည့်ဘူး။ ကျောက်စိမ်း ဆင်ပေါ်က အမျိုးသမီးကိုသာ တစ်ချက်လေးတောင် အကြည့်မလွှဲပဲ စိုက်ကြည့်နေခဲ့တယ်။ လက်ရှိ တောင်ပိုင်း ဧကရီ။ ရှန်းယွီ။ ဒီအချိန်မှာပဲ နောက်လူ တစ်ယောက် လူအုပ်ထဲကနေ ထွက်လာတယ်။ ကြာပန်းဖြူတွေ ခပ်ရေးရေးပါတဲ့ ဝတ်ရုံဖြူကို သူဝတ်ထားတယ်။ တော်ဝင်အစောင့်တွေကို သူ ရှောင်ကွင်းမသွားဘူး။ ဖန်ကျန်းရှီဆီကိုသာ တည့်တည့် လျှောက်လာတယ်။ သူ့ တကိုယ်လုံးက အနီရောင် တောက်ပနေတယ်။ ( ရန်ရွှယ်။)

“ သခင်လေး ရန်။ . မင်း …” ရန်ရွှယ် နီးကပ်လာတဲ့ အချိန်မှာ ပိုင်ချီရဲ့ လှံက တုန်ယင်သွားခဲ့တယ်။

ဖန်ကျန်းရှီကို မြင်ရတာ သူ တကယ်လန့်တယ်။ ဒါပေမယ့် ရန်ရွှယ်လည်း ဒီလို လုပ်လိမ့်မယ်လို့ ထင်မှ မထင်ထားပဲ။ အခုအခမ်းအနားက ဘယ်လောက်တောင် အရေးကြီးတာမှန်း ရန်ရွှယ်သိတယ်လို့ ထင်ထားတာ။ ဒါပေမယ့် ရန် ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ ဘေးမှာ နေဖို့ကိုပဲ ရွေးချယ်လိုက်တယ်။ ဒီကိစ္စကတော့ ဆိုးဝါးတာ တစ်ခုခုနဲ့ အဆုံးသတ်တော့မှာပဲ။

“တောင်ပိုင်းဧကရီက ။ ကိုယ့်အကိုကို သတ်ထားတဲ့ လူသတ်သမား မျက်စိရှေ့မှာ ရောက်နေတာတောင်ဘာမှ မလုပ်ပဲ နေတော့မှာလား။” တည်ငြိမ်တဲ့ အသံ တစ်ခု လေထဲမှာ ထွက်ပေါ်လာတယ်။

အသံက မကျယ်လောင်ဘူး ။ ဒါပေမယ့် လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်။

အပိုင်း(၅၂၁)ပြီး၏။

အပိုင်း (၅၂၂)

“ ဧကရီက သူ့ အတွက် ခံစား ချက်ရှိနေတာလား။”

လူအုပ်ထဲက လူတွေ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ ဖန်ကျန်းရှီ ပြောလိုက်တာကို ကြားတော့ သူတို့ တွေ တကယ့်ကို လန့်သွားကြတယ်။

“ မင်း အကိုကို သတ်တဲ့ လူသတ်သမား။ မင်းရှေ့မှာ ရောက်နေပြီ။”

“ ဒီ ကောင် ဘာလုပ်ဖို့ ကြံနေတာလဲ။”

“ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။”

“ သူက လူသတ်သမား မဟုတ်ဘူးလား။ တောင်ပိုင်း အိမ်ရှေ့စံကို သူသတ်တာ မဟုတ်ဘူးလား။”

ဖန်ကျန်းရှီရဲ့ စိတ်ကို ဘယ်သူမှ နားမလည်နိုင်။ သူက ဒီ အခြေအနေကနေ လွတ်အောင်။ နာမည်ကိုတောင် ဖန်ကျန်းကျန်းလို့ ပြောင်းထားတာလေ။ အခုလို အချိန်မျိုးမှာမှ ဘာကြောင့် ထွက်လာပြီးတော့ ။ ဒီကိစ္စကို ဖော်ထုတ်နေရတာလဲ။

အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အမူအယာကတော့ ချက်ခြင်း မည်းမှောင်သွားခဲ့တယ်။ ဖန်ကျန်းရှီ ဘာလုပ်ချင်နေလဲ သူသိတယ်။ သူ တကယ့်ကို မယုံနိုင်ဘူး။ တောင်ပိုင်း ဧကရီ ကြွမြန်းလာတာက တကယ့် ကို ကိစ္စကြီးလေ။ ဖန်ကျန်းရှီက ဒီလို အချိန်မှာမှ ထွက်လာပြီးတော့ ။ ဒီလို ပြောနေတယ်။ ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ။

တခြားသော အမတ်မင်း တွေရဲ့ မျက်နှာတွေလည်း အကျည်းတန်နေခဲ့တယ်။ ဖန်ကျန်းရှီက အပြစ်သား တစ်ယောက် ဖြစ်နေပြီးသားလေ။ အခုတော့ သူက အသက်ရှင်လျက်ရှိနေပြီးတော့။ မြို့ထဲမှာ သွားလာနေတယ်။ ဒီလို အချိန်မျိုးကို ရွေးပြီးတော့မှ သူ့ အမှုကို ပြန်ဖော်ဖို့ ထွက်လာတယ်။ လူတိုင်း ရဲ့ မျက်လုံးတွေ ပြူးကျယ်နေကြတယ်။ ဖန်ကျန်းရှီ ရှေ့ထွက်လာတည်းက သူတို့တွေ ခံစားချက် မကောင်းကြတာ။

အခုတော့ ပိုပြီးတော့ကို ကိစ္စကကြီးနေပြီ။ ဖန်ကျန်းရှီက ဒီကိစ္စတွေကို စီစဉ်ထားခဲ့တာလား။ နောက်ပြီးတော့ သူက အခု တောင်ပိုင်း ဧကရီရဲ့ ရှေ့မှာ ရှိနေတာလေ။ သူတို့တွေ ဘာလုပ်ရမှာလဲ။ ဘာတွေ ဖြစ်တော့မှာလဲ။ ဝမ်တပေါင်း ရှေ့ထွက် ပြီးတော့ ဖန်ကျန်းရှီ ကို တားမြစ်ချင်တယ်။ ဒါပေမယ့် သူက ရန်ရွှယ် မဟုတ်ဘူးလေ။ ဒီ ကိစ္စတွေ အကုန်လုံးကို တားမြစ်ဖို့ သူ့ မှာ အစွမ်းအစ မရှိမှန်းလည်း သိတယ်လေ။

ဧကရာဇ် လင်းမုပိုင်ကတော့ ဖန်ကျန်းရှီ ထွက်လာတာကို မြင်တဲ့ အချိန် သူ မျက်မှောင်ကြုတ်သွားခဲ့တယ်။ သူ့ရဲ့ ရွှေရောင် ဝတ်ရုံကလေထဲ မှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ သူက အင်ပါယာရဲ့ ခေါင်းဆောင်လေ။ တောင်ပိုင်း ဧကရီကို ကြိုဆိုတဲ့ အခမ်းအနားမှာ ။ ဒီလို လူတစ်ယောက် နှောက်ယှက်တာ ခံရတာ ကို သူ ဒေါသ ထွက်နေတယ်။ ဒါပေမယ့် သူ့ ဒေါသကို သူ ထိန်းချုပ်နိုင်တယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူက အင်ပါယာရဲ့ ခေါင်းဆောင် ဖြစ်နေတာကြောင့်ပဲ။ သူ့ရဲ့ ဆုံးဖြတ်ချက် တစ်ခုချင်းစီ တိုင်းက သမိုင်းမှာ မှတ်တမ်း ဖြစ် ကျန်ရစ်ခဲ့တမှာ။ ဒါကြောင့် သူ စောင့်ကြည့် ချင့်ချိန် စဉ်းစားဖို့ လိုတယ်။

ရှင်းယွမ်ကောင်း။ ချီဟုန်၊ ပင်းယန်နဲ့ တခြားကျန်တဲ့ သူတွေ အားလုံး စောင့်ဆိုင်းနေကြတယ်။ သူတို့ တွေရဲ့ အမူအယာက ကွာခြားတယ်။ ဒါပေမယ့် သူတို့ စကာမပြောကြ။ သွမ့်အရှင်နဲ့ အိမ်ရှေ့စံလည်း စောင့်ဆိုင်းနေတယ်။ တိတ်ဆိတ်နေတယ်။ လုံးဝကို တိတ်ဆိတ်နေတယ်။ လေပြေညှင်း ဆော်သွေးတိုက်ခတ်နေယ်။

ရှန်းယွီကတော့ စကားမပြောဘူး။ ဒီအချိန် တစ်လျှောက်လုံး သူမ တိတ်ဆိတ်နေခဲ့တာ။ ဖန်ကျန်းရှီကို တောင် မမြင်တဲ့ အတိုင်းပဲ။ ဒါပေမယ့် သူမ က ဖန်ကျန်းရှီကို စိုက်ကြည့်နေတာတော့ အသေအချာပဲ။ သူပေါ်လာတဲ့ အချိန်တည်းက စိုက်ကြည့်နေခဲ့တာ။ သူ့တစ်ကိုယ်လုံးကို ထွင်းဖောက်မတတ် စူးစိုက်ကြည့်နေခဲ့တာ။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီ။ ဒါတောင် ဘယ်သူမှ အသံ မထွက်ကြ။ သူတို့ အားလုံး တိတ်ဆိတ်နေခဲ့တယ် အိမ်ရှေ့စံ လင်းထျန်းရုံကတော့ တောင်ပိုင်းဧကရီ မလှုပ်ရှားတာကို မြင်တဲ့ အချိန် ပြုံးသွားခဲ့တယ် ။ ဖန်ကျန်းရှီက အတင့်ရဲကောင်း ရဲ နိုင်မယ်။ ဒါပေမယ့် ရှန်ယွီကတော့ ငတုံးမှ မဟုတ်ပဲ။ တောင်ပိုင်း ဒေသက ကြီးမြတ်သောရှမင်းဆက်ရဲ့ လက်အောက်ခံ နယ်မြေ တစ်ခုပဲ။ ပြင်ပ အထောက်အပံ့ မပါရင် ။ သူတို့က ကြီးမြတ်သောရှကို သစ္စာဖောက်တာမျိုးလည်း လုပ်ဝံ့မှာ မဟုတ်သလို။ သူ့ကိုလည်း ထိပါးရဲမှာ မဟုတ်ဘူး။

တောင်ပိုင်းဧကရီ ရှန်းယွီ က ဒီလို တုံးအတဲ့ ကိစ္စမျိုးကို လုပ်မှာ မဟုတ်ဘူး။ လင်းထျန်းရုံ ဒီလို တွေးထားမိတယ်။ ဧကရီ ရှန်းယွီက ထက်မြက်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး နှိမ့်နှိမ့် ချချနေရင်း ။ ငြိမ်းချမ်းရေးကို ထိမ်းသိမ်းထားခဲ့တာ။ အနောက်ပြီးတော့ အကယ်၍ တောင်ပိုင်းဒေသ သာ ဒီကိစ္စကို အလှည့်အပြောင်း ဖြစ်စေချင်တယ် ဆိုရင်။ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဖန်ကျန်းရှီ ဆီ ပုံအပ်ထား စရာ အကြောင်းမှ မရှိဘူး။ အမတ်မင်း တစ်ယောက်ကို လင်းထျန်းရုံ မျက်စပြစ်လိုက်တယ်။

“တော်ဝင် အစောင့်တွေ မင်းတို့ ဘာများ စောင့်နေတာလဲ။ ဒီအတင့်ရဲလွန်းတဲ့ ငမိုက်သားကို ဖမ်းချုပ်ကြစမ်း။ ” အမတ်မင်း ချက်ခြင်း အော်ဟစ်တော့တယ်။

“ ကျွန်တော် တောင်းပန်ပါတယ်။ သခင်လေး ဖန်။ ” ပိုင်ချီ အံကြိတ်လိုက်တယ်။ သူတိုက်ခိုက်ဖို့ ပြင်လိုက်ချိန်မှာပဲ။ သူ့ ရှေ့မှာ လူတစ်ယောက်ပေါ်လာတာကို တွေ့လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ။ အနီရောင် အလင်းတန်း မှန်သားပြင်က မြေကြီးပေါ်ကနေ ထွက်ပေါ်လာတယ်။ ကျောက်သားပြင်လိုပဲ ။ ဒါပေမယ့် အေးစက်တယ်။ ငရဲကနေ ထွက် လာသလို ကြောက်စရာ ကောင်းတယ်။ သေဆုံးသွားတဲ့ ဝိဉာဉ် တွေ နဲ့ လုပ်ထားတဲ့ နံရံတစ်ခုလိုပဲ။ အဇူရာ တာအို။

“ သခင်လေး ရန် ။ ဒီနေ့က တောင်ပိုင်းဒေသ အတွက်ကော။ ကြီးမြတ်သောရှမင်းဆက် အတွက်ပါ နေ့ထူး နေ့မြတ်ပါ။ မင်းသားရန်လည်း ဒီကိစ္စမှာ ပါဝင်လာမှာကို သခင်လေး မကြောက်ဘူးလား။” ပိုင်ချီရဲ့ လက်တွေ တုန်ယင်လာတယ်။ ဧကရာဇ်ရဲ့ အမိန့် မရပဲ သူ မတိုက်ခိုက်ဝံ့ဘူး။ ရန်တိမ် တပ်ဖွဲ့ သုံးထောင်က ဆယ်မိုင်ရေကန် ရဲ့ အပြငဘက်မှာ ရန်ချန်လိနဲ့ အတူ ရှိနေတယ်လေ။

“ တော်ဝင် အစောင့်တွေက တောင်ဝင် အစောင့် လိုပဲ လုပ်ဆောင်ပါ။” ရန်ရွှယ့်ရဲ့ အမှုအယာက အရင်လိုပဲ အေးစက်နေခဲ့တယ်။ ပိုင်ချီ အံ့သြသွားပေမယ့် ။ ခပ်မြန်မြန်ပဲ သတိပြန်ဝင်လာတယ်။ တော်ဝင် အစောင့် ခေါင်းဆောင် အနေနဲ့ သူက အမတ်မင်းတွေ ပြောစကားကို လိုက်နာစရာ မလိုဘူး။ ဒါပေမယ့် ဒီနေ့ အခမ်းအနား ချောချောမွေ့မွေ့ ပြီးဆုံးဖို့ သူ့မှာ တာဝန်ရှိတယ်။ ဒါကြောင့်ပဲ သူ ရှေ့ထွက်လာပြီး ဖန်ကျန်းရှီကို တားမြစ်ရတာ။ ဘာမှ အမှားမရှိဘူး။ ဒါပေမယ့် ရန်ရွှယ်ရဲ့ စကားလုံးတွေက သူ့ကို သတိဝင်လာစေတယ်။ ဧကရာဇ်ကော သူတို့ရဲ့ခေါင်းဆောင်ကပါ ဘာ အမိန့်မှ မပေးသေးဘူး။ လှံကို ကိုင်ထားတဲ့ လက် ကို ဖြေလျော့လိုက်တယ်။ ဖန်ကျန်းရှီရဲ့ လည်ပင်းမှာ သူ့ရဲ့ လှံကို ချိန်ရွယ်ထားပေမယ့် ။ ပိုင်ချီ နောက်ထပ် စကားမပြောတော့ဘူး။

“ ကိုယ်ရံတော် ခေါင်းဆောင်ပိုင်။ မင်း ဘာကို စောင့်နေတာလဲ။” အမတ်မင်း နောက်တစ်ကြိမ် မေးပြန်တယ်။ ဒါပေမယ့် ပိုင်ချီကတော့ အမတ်မင်းကို လျစ်လျူရှုထားတယ်။ မျက်စိမှိတ်ထားရင်း ရုပ်တုကြီး တစ်ခုလိုသာ ရပ်နေ ခဲ့တယ်။ လူတွေကတော့ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်တဲ့ အကြည့်နဲ့သာ ကြည့်နေခဲ့တယ်။

တော်ဝင် အစောင့်တွေက ဖန်ကျန်းရှီကို ဘာလို့ မဖမ်းတာလဲ။ ဒီ အချိန်မှာပဲ ဖန်ကျန်းရှီက ရယ်မောလိုက်တယ်။ သူ နောက်ထပ် မတွေဝေတော့ဘူး။ သူ့ ပတ်ပတ်လည်က တော်ဝင် အစောင့်တွေကို တစ်ချက် လှည့်ကြည့်တယ်။ အဲ့ဒီ့နောက် လူအုပ်ထဲကို သူ ပြန်ဝင်သွားတော့တယ်။ တော်ဝင် အစောင့်တွေက ပိုင်ချီရဲ့ အမိန့်ကို စောင့်နေကြတယ် ။ ပိုင်ချီကတော့ နန်းတော် နံရံပေါ်က တိတ်ဆိတ်နေတဲ့ လူရိပ်ကိုသာ ကြည့်နေခဲ့တယ်။

ဒါက သံချပ်ကာ အပြည့်နဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ သံချပ်ကာကတော့ ပိုင်ချီနဲ့ သိသိသာသာကို ကွာခြားတယ်။ အကြောင်းရင်းကတော့ ဒါက အမျိုးသမီးဝတ် သံချပ်ကာ ဖြစ်နေလို့ပဲ။ သန်မာတဲ့ တော်ဝင် အစောင့် စစ်သည်တော် ငါးသောင်းထဲကမှ တစ်ယောက်တည်းသော အမျိုးသမီး။ သူတို့ရဲ့ ခေါင်းဆောင် ။ အိမ်ရှေ့ စံ လင်းထျန်းရုံကတော့ မျက်လုံးတွေ တဖျတ်ဖျတ် တောက်ပနေခဲ့တယ်။ ဒီ အခွင့်အရေးကို သူ လက်လွတ် မခံနိုင်ဘူး။

“ ခမည်းတော်။ သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား။” အိမ်ရှေ့စံ ချက်ခြင်း လှုံ့ဆော်တယ်။

“ မှန်ပါတယ်။ အရှင်။ ဒီ လူက အရမ်း အတင့်ရဲလွန်းနေတယ်။ သူ့ကို ဒီအတိုင်း လွှတ်မပေးနိုင်ဘူး။”

“ အရှင် ဒီ လူကို ဖမ်းဆီးဖို့ အမိန့်ချပါ။ ”

အမတ်မင်းတွေ အိမ်ရှေ့စံ မင်းသားရဲ့ဦးဆောင်မှု နဲ့ အတူ ။ ဒူးထောက် ပြီး တောင်းဆိုကြတော့တယ်။ သွမ့်အရှင်ကတော့ စိတ်ထဲ ပဋိပက္ခ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ချီဟို့က သူ့ကို စိုက်ကြည့်နေတာ တော့ သေချာတယ်။ ဒါပေမယ့် ။ ဖန်ကျန်းရှီက သူ့ကို အရင် နေ့တွေမှာ ငြင်းပယ် ထားတာကြောင့် ။ သူ ရှေ့ကို ထွက်မလာခဲ့ဘူး။

ဧကရာဇ် လင်းမုပိုင်ကတော့ သူ့နောက်က ဒူးထောက်နေတဲ့ အမတ်မင်းတွေကို လှည့်ကြည့်တယ်။ မျက်ဝန်းထောင့် တစ်နေရာက လူကို တွေ့လိုက်တော့ သူ့ မျက်ဝန်းတွေ တဖျပ်ဖျပ် လက်သွားခဲ့တယ်။ ဒီ လူရိပ်က ရှေ့ ကို ထွက်လာခဲ့တာ။ ဧကရာဇ် လင်းမုပိုင် ဒါကို မြင်တော့ နည်းနည်း လန့်သွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ထိတ်လန့်မှုက ကြာရှည် မခံဘူး။ ဒီ အနီရောင် လူရိပ်လေးက သူ့ ရှေ့ကို ခုန်လွှားလာခဲ့တယ်။

“ ခမည်းတော်။ ပင်းယန် ဗိုက်ဆာနေပြီ။ သမီးတော်တို့တွေ ရပ်နေတာ ကြာလှပြီ။ စားသောက်ပွဲကလည်း စနေတာ ကြာပြီလေ။ တောင်ပိုင်း ဧကရီက ခရီးဝေး နှင်လာခဲ့ရတာ။ သူလည်း ဆာနေလောက်ပြီလေ ခမည်းတော်။ ” ပင်းယန် ပြောတယ်။

“ အင်း .. ပင်းယန်လေး ပြောတာ မှန်တယ်။ ခမည်းတော်လည်း ဗိုက်ဆာနေပြီ။ ” ဧကရာဇ် လင်းမုပိုင် ပင်းယန်ရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးရင်း ပြောတယ်။ အထိန်းတော်ေ၀ ဒါကို ကြားတဲ့ အချိန်မှာတော့။ ဒူးထောက်နေတဲ့ အမတ် မင်းတွေ ဆီကို သူ ချက်ခြင်း လျှောက်သွားတယ်။

“ အချိန် ကျပြီ။ စားသောက်ပွဲ စတင်မယ်။” စူးရှတဲ့ အသံက လေထဲမှာ ပျံ့လွင့်လာခဲ့တယ်။ ဒီ အမိန့်က အဆင့်ဆင့် ဖြတ်သန်းရင်း နန်းတော်ထဲကို ရောက်သွားတောတ့ယ်။

“ စားသောက်ပွဲ စတင်မယ်။ ”

“ စားသောက်ပွဲ စတင်မယ်။”

“ …”

“ အဲ့ဒီ့မှာ ရပ်လိုက်။”

စားသောက်ပွဲ ကျင်းပဖို့ ကြေညာချက် ထွက်ပေါ်လာတဲ့ အချိန်မှာပဲ။ ကျောက်စိမ်း ဆင်ပေါ်က အသံ ထွက် လာတော့တယ်။ အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့တွေ ဒီအသံကို ကြားကြတယ်လေ။ ကျောက်စိမ်းဆင်ပေါ်က သူကို သူတို့ကြည့်ရင်း ။ လူတိုင်း မျက်လုံး ပြူးသွားခဲ့တယ်။

ဒီလူရိပ်က သူမရဲ့ စီးတော်ယာဉ်ပေါ်ကနေ ထွက်လာခဲ့တယ်။ ကျောက်စိမ်းဆင်ရဲ့ ခေါင်းပေါ်ကို နင်းလျှောက်လာတယ်။ သားရေဝတ်ရုံက သူမရဲ့ ကောက်ကြောင်း လှလှ ခန္ဒာကိုယ်မှာ ချပ်ချပ်ရပ်ရပ် တည်ရှိနေတယ်။ သူမရဲ့ ရွှေဝါရောင် အသားအရေ နေရောင်အောက်မှာ တလက်လက် တောက်ပနေခဲ့တယ်။ သူမရဲ့ မျက်လုံးတွေက ကျောက်မျက်ရတနာတွေလို တလက်လက်တောက်ပနေခဲ့တယ်။ သူမက အထိန်းတော် ေ၀ နဲ့ တခြားသော အမတ်မင်းတွေကို စကားပြောနေတာ မဟုတ်ခဲ့ဘူး။ လူအုပ်ထဲကို ပြန်ဝင်တော့မယ့် လူငယ်ကို စကားပြောနေတာ။

“ နင် ပြင်းဆင်ထားပြီးပြီလား။” အမတ်မင်းတွေ အားလုံးကို လျစ်လျူရှုရင်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။

ရှန်းယွီ ပြောတာ ကြားတော့။ အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အမူအယာက ပြောင်းလဲသွားတယ်။ တောင်ပိုင်း ဧကရီ ရှန်းယွီရဲ့ မျက်လုံးထဲက ဓားမြှောင်တွေ ကို သူ စိုက်ကြည့်နေမိတယ်။ အမတ်မင်းတွေ အားလုံး စိတ်ရှုပ်ထွေးနေမိတယ်။ တောင်ပိုင်းဒေသ မှာ ဖြစ်ခဲ့တာတွေကို သူတို့ အားလုံး ကြားခဲ့ပြီးပြီလေ။ သတင်းအချက် အလက် တွေကို သူ တို့ ကေားင်ကောင်း သိထားပြီးသား။ ဒါပေမယ့် ဒီကိစ္စတွေကို သူတို့ မဖော်ထုတ်ဖို့ ရွေးချယ်ခဲ့တယ်။ ပြောနိုင်တာကတော့။ ရှန်းယွီ မင်းသမီးရဲ့ မေးခွန်းကို ကြားတဲ့ အချိန်မှာ သူတို့ တကယ့်ကို ထိတ်လန့်သွားကြတာပဲ။

“ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ရှိနိုင်မလား။”

“ ဘာကြောင့် ဧကရီ ရှန်းယွီက ။ ဖန်ကျန်းရှီကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလား လို့ မေးတာလဲ။”

“ သူက ဘာတွေ များ ပြင်ဆင်ထားဖို့ လိုမှာလဲ။”

အမတ်မင်းတွေ ဖန်ကျန်းရှီကို စပ်စု လိုပြီး အထိတ်တလန့် ဖြစ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ကြတယ်။ သူတို့ရဲ့ စိတ်ခံစား ချက်တွေက အတော့်ကို ရှုပ်ထွေးနေခဲ့တယ်။

ဖန်ကျန်းရှီက လမ်းတစ်ဝက်မှာ ရပ်လိုက်တယ်။ သူ့ရဲ့ အပြာရောင် အကျီလက်ရှည်က လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ နောက်ကိုတောင် တစ်ချက် လှည့်မကြည့်ပဲ သူ ခေါင်းခါလိုက်တယ်။

“ မပြင်ဆင်ရသေးဘူး။”

“ နင်က ပြင်ဆင်မှုတောင် မလုပ်ရသေးပဲ။ ငါ့ရှေ့မှာ ပေါ်လာပြီးတော့ ဘယ်လို မေးခွန်း ထုတ်ဝံ့တာလဲ။ ငါ နင့်ကို သတ်မှာကို မကြောက်ဘူးလား။” တောင်ပိုင်းဧကရီ ရှန်းယွီ ဒေါသကြောင့် အသက်ပြင်းပြင်း ရှူသွင်းရင်းနဲ့ ပြန်မေးတယ်။

တောင်ပိုင်း စစ်သည်တော် တွေ ဒါကို ကြားတော့ ချက်ခြင်း လှုပ်ရှားဖို့ ပြင်ကြတယ်။ သူတို့ရဲ့ လှံတွေကို မြင့် မြှောက်ရင်း ဖန်ကျန်းရှီကို ထိုးစိုက်ဖို့ အသင့်ပြင်လိုက်တယ်။

“သေ…”

“ သတ်ကြ။”

ဒီ အော်သံတွေက လေထဲမှာ ပျံ့နှံ့သွားတယ်။

“ ရပ်ကြစမ်း။” နောက်ထပ် အသံ တစ်သံ သူတို့ ထဲကနေ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် ပိန်ပိန်ပါးပါး နဲ့ လူတစ်ယောက်။ တပ်ဖွဲ့ထဲကနေ ထွက်လာခဲ့တယ်။ သူက တန်ဖိုးကြီး အနီရောင် သားရေ ဝတ်ရုံကို ဝတ်ထားတယ်။ သူက မီးတောက်ကျီးကန်း နယ်မြေရဲ့ နယ်မြေမှူး။ ဒီအမိန့်ကို ကြားတဲ့ အချိန်မှာ တောင်ပိုင်း စစ်သည်တော်တွေ ပြန်တည်ငြိမ်သွားခဲ့တယ်။

အခု အဖြစ်အပျက် တွေက မြန်ဆန်လွန်းတယ်။ ဒါပေမယ့် လူအုပ်ကြီးကတော့ ချက်ခြင်း နောက်ဆုတ်သွားတယ်။ တောင်ပိုင်းဒေသ ။ ရဲစွမ်းသတ္တိ အပြည့်ရှိတဲ့ စစ်သည်တော်တွေ ရဲ့ နယ်မြေ။ ကြီးမြတ်သောရှက လူတွေ နည်းနည်းတော့ ကြောက်လန့်သွားကြပေမယ့်လည်း ။ နောက်ထပ် ဘာဆက်ဖြစ်မလဲ ဆိုတာကို သူတို့ ပိုပြီးတော့ သိချင်နေကြတယ်။ ကျောက်စိမ်းဆင်ပေါ်မှာ ရပ်နေတဲ့ အမျိုးသမီးကို သူတို့ အားလုံးကြည့်နေကြတယ်။ တောင်ပိုင်းဧကရီ ရှန်းယွီ။

မီးတောက်ကျီးကန်း ကြီး ရပ်တန့်ဖို့ အမိန့်ပေးလိုက်တာရဲ့။ နောက်ကွယ်က လူက ရှန်းယွီ ဆိုတာ လူတိုင်းသိတယ်။ ပြောနိုင်တာကတော့…။ ရှန်းယွီ မင်းသမီး ဒီလို ဒေါသထွက်နေတဲ့ အချိန်မှာ။ သူ ဒီလို ရပ်တန့်ဖို့ အမိန့်ရတာကို။ တောင်ပိုင်းသား စစ်သည်တော်တွေ နားမလည်နိုင်ဘူး။ တောင်ပိုင်း ဧကရီကို တောင်ပိုင်း ဒေသကနေ ထွက်လာစေဖို့ ဖန်ကျန်းရှီ ဘာများ လုပ်နိုင်မှာလဲ။ ဖန်ကျန်းရှီ ကို သူမ တကယ်ပဲ ခံစားချက်ရှိနေတာလား။ မဟုတ်ဘူး။ မဖြစ်နိုင်တာပဲ။

အကယ်၍ ရှန်းယွီ မင်းသမီးသာ ဖန်ကျန်းရှီ အတွက် ခံစားချက်ရှီနေတယ်ဆိုရင်။ ဖန်ကျန်းရှီ က ဘာကြောင့်များ အိမ်ရှေ့စံ ရှန်လင်းကို သတ်ရမှာလဲ။ လူတိုင်း အတော့်ကို စိတ်ရှုပ်ထွေးနေကြတယ်။ သူတို့ မတွေးတတ်ကြတော့တယ်။ နောက်ဆုံးတော့လည်း ကြီးမြတ်သောရှ ရဲ့ အိမ်ရှေ့စံက။ ဖန်ကျန်းရှီ တောင်ပိုင်းဒေသမှာ လုပ်ခဲ့တဲ့ ပြစ်မှုတွေကို သတင်းပို့တာလေ။ ဖန်ကျန်းရှီက ရှန်းယွီမင်းသမီးကို ထိပါးတာကြောင့် အပြစ်ပေးခံရဖို့ ပြန်ခေါ်လာတာ ခံရတယ်။ သူက လွတ်မြောက်ဖို့ အတွက် ရှန်လင်းကို သတ်လိုက်တယ်။ အကယ်၍ ဒီလိုသာ ဖြစ်ခဲ့မယ် ဆိုရင်။ ရှန်းယွီက ဘာကြောင့်များ ရပ်နေတဲ့ ဖန်ကျန်းရှီကို တစ်ခါတည်း မသတ်လိုက်တာလဲ။

အပိုင်း(၅၂၂)ပြီး၏။

အပိုင်း (၅၂၃)

“ ငလူးပဲ။ ဒါက အလုပ်ဖြစ် တယ်လား။”

ဖန်ကျန်းရှီက လူတိုင်းရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေဖို့ရာ စိတ်ကူး မရှိဘူး။ ရှန်းယွီ မင်းသမီးရဲ့ ဒေါသထွက် နေတဲ့ မျက်နှာကို မြင်တော့ ။ အန္တရာယ် အငွေ့အသက်ကို သူခံစားလိုက်ရတယ်။ သူမကို မတော်တဆ ရိုက်မိတဲ့ အချိန်ကိုတောင် သူ ပြန်သတိရသွားတယ်။ တစ်နှစ်ကျော်ကြာပြီးတဲ့ နောက်မှာ။ သေတဲ့အထိ ခြိမ်းခြောက် နေအုန်းမှာလား။

“ ကိစ္စ တစ်ခုခုရှိသေးတယ် ထင်ရင်။ ပြန်ထိုင်လိုက်လို့ရပါတယ်။ ” ဖန်ကျန်းရှီ သူမ နောက်က လှည်းကို လက်ညှိုးထိုးပြတယ်။

“ ဘာဖြစ်တယ်။”

“ တောင်ပိုင်းဧကရီကို သူ ဘယ်လိုများ ဒီလို ပြောဝံ့တာလဲ။”

“ တောင်ပိုင်း ဧကရီက လွန်ခဲ့တဲ့ တစ်နှစ်က သူ ထိပါးခဲ့တဲ့ မင်းသမီးလို တူညီနေအုန်းမယ်ထင်တာလား။”

လူအုပ်ကြီးက မျက်လုံးပြူးရလွန်းလို့။ မျက်စိတွေတောင် ပြုတ်ကျတော့မယ်။ ကျောက်စိမ်းဆင်ပေါ်က တောင်ပိုင်းဧကရီလေ။

“ ဒီကောင် ဘယ်လိုတောင် လုပ်ဝံ့တာလဲ။ အံ့သြစရာကောင်းလိုက်တာ။ ” အမတ်မင်းတွေ ဒါကို ကြားတော့ ဒေါသထွက်ကုန်ကြတယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေ တစ်ယောက်မှ ဒီလို စော်ကားမော်ကား ပြုတဲ့ အပြုအမူမျိုးကို လက်ခံနိုင်မယ်လို့ မထင်ထားမိဘူး။ ဒါပေမယ့် ဘယ် စစ်သည်တော်ကမှ သူတို့ရဲ့ လှံတွေကို မလှုပ်ရှားကြဘူး။ ဖန်ကျန်းရှီ ပြောတာကို မကြားလိုက်သလိုပဲ။ သူတို့တွေ တိတ်တဆိတ်နဲ့သာ ရပ်နေခဲ့တယ်။

အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အမူအယာကတော့ ။ အချိန်နဲ့ အမျှ ပြောင်းလဲ လာခဲ့တယ်။ ဒီလို သူတို့ တွေ စကားပြောနေတာကို သူ ထပ်ပြီးတော့ မကြားချင်တော့ဘူး။ ရှန်းယွီနဲ့ ဖန်ကျန်းရှီ ကြားက ဆက်ဆံရေးကို သူ သိတယ်။

အကယ်၍ ဖန်ကျန်းရှီသာ သူမကို မငြင်းပယ်ခဲ့ရင်။ တကယ်တော့။ ဖန်ကျန်းရှီ သူ အသက်ရှည်ရှည် မနေရတော့ ဘူးလို့သာ မပြောခဲ့ရင်။ အခုချိန်မှာ ဖန်ကျန်းရှီက ရှန်းယွီရဲ့ ခင်ပွန်း ဖြစ်နေလောက်ပြီ။

“ခမည်းတော်။ ဒါက ကြီးမြတ်သောရှ နိုင်ငံတော် ကို သိက္ခာချနေတာပဲ။ သူက ကျွန်တော် တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်နေတာပါ။” အိမ်ရှေ့စံ လင်းထျန်းရုံ တောင်းပန်တယ်။

အမတ်မင်းတွေလည်း နောက်တစ်ကြိမ် ဒူးထောက်ဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ။ ဧကရာဇ် လင်းမုပိုင် က ။ သူတို့ကို လက်ဝေ့ယမ်းပြတယ်။ သူ့ကြည့်ရတာ ပင်ပန်းနေပုံပဲ။

“ ဧကရာဇ်က မောပန်းနေပြီ။ အနားယူဖို့ခုံ ယူလာခဲ့။” အထိန်းတော်ဝေက သူ့နောက်မှာ ရပ်နေတဲ့။ အစေခံကို ပြောလိုက်တယ်။ အစေခံက ခုံယူဖို့ ပျောက်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ။ ပလ္လင်ကြီး တစ်ခုကို သယ်လာကြပြီ။ ဧကရာဇ် လင်းမုပိုင်ရဲ့ နောက်မှာ ထားလိုက်ကြတယ်။ အဲ့ဒီ့နောက် နူးညံ့တဲ့ အခင်း တစ်ခုကို အစေခံ နှစ်ယောက်က ခင်း ပေးလိုက်ကြတယ်။

ဧကရာဇ် လင်းမုပိုင် နောက်တစ်လှမ်း ဆုတ်ရင်း ထိုင်ချလိုက်တယ်။ မျက်လုံးတွေကို မှိတ်ထားရင်းနဲ့ အနားယူ နေတော့တယ်။ အမတ်မင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် သာကြည့်နေကြတယ်။ သူတို့ ပါးစပ်ပိတ်ထားဖို့သာ ဆုံးဖြတ်လိုက်ကြတယ်။ လေပြေညှင်းက တိုက်ခတ်နေတယ်။

အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ မျက်နှာပေါ်ကို လေပြေက ဝေ့၀ဲနေတယ်။ သူကတော့ အတော့်ကို ဖြူဖျော့ပြီးတော့ ရှက်ရွံ့ အကူအညီမဲ့နေခဲ့တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ ရှေ့ကို တိုးပြီးတော့ ပြောချင်တယ်။ ဒါပေမယ့် ဧကရာဇ် မလှုပ်ရှားခင်အထိ ။ သူဘာမှ လုပ်မရတာကို သူသိတယ်။ သူလုပ်နိုင်တဲ့ တစ်ခု တည်းသော အရာက စောင့်ဖို့ပဲ။ သွမ့်အရှင်ကတော့ ဒါကို မြင်တဲ့ အချိန်မှာ လှောင်ပြုံးပြုံးနေခဲ့တယ်။ ဒီ အချိန်မှာပဲ။ ချီဟို့ သူ့ကို မျက်စ ပြစ်ပြနေတာကို တွေ့လိုက်ရတယ်။

“အချိန်ကျပြီလား။” သွမ့်အရှင် ခေါင်းခါတယ်။ ဧကရာဇ် အနားယူနေတာကို သူမြင်တယ်လေ။ ပင်းယန်ကတော့ ဧကရာဇ် အနားယူနေတာကို မြင်တော့ ။ သူမ စိတ်ထဲ ယုံကြည်ချက်တွေ ပြည့်နေခဲ့တယ်။ တော်ဝင်အစောင့် လက်ထောက် ခေါင်းဆောင် ပိုင်ချီကို သူမရဲ့ သလင်းကျောက်လို ကြည်လင်နေတဲ့ မျက်လုံး တွေနဲ့ တစ်ချက်ကြည့်လိုက်တယ်။

“နင်ဘာ စောင့်နေတာလဲ ။ ထိုင်လေ။”

ပိုင်ချီ ဒီ အသံကို ကြားတော့ တစ်ချက်တုန်ယင်သွားတယ်။ နန်းတော် နံရံပေါ်က လူကို သူကြည့်တယ်။ အဲ့ဒီ့လူက ခေါင်းငြိမ့်ပြတယ်။

“ အမိန့်တော် အတိုင်းပါ ခေါင်းဆောင်။” ပိုင်ချီ ပြန်ဖြေပြီးနောက်။ ထိုင်ချလိုက်တယ်။ ဒီလို အခြေအနေ အလှည့် အပြောင်းကို မြင်တော့။ လူတွေ မျက်လုံးပြူးရပြန်တယ်။ ဖန်ကျန်းရှီက တောင်ပိုင်းဧကရီကို ရိုင်းပြခဲ့တာလေ။ ဒါကို တော်ဝင် အစောင့်တွေက ဘာမှမလုပ်ပဲ ထိုင်နေကြတယ်။ ညီလာခံနဲ့ နိုင်ငံရေးက တကယ့်ကို ရှုပ်ထွေးတာပဲ။ ဧကရာဇ် လင်းမုပိုင်က အနားယူနေတဲ့ အတွက်။ လူတွေရဲ့ စိတ်ဝင်စားမှုက ရှန်းယွီ ဆီကို ပြန်လှည့်သွားခဲ့တယ်။

အမတ်မင်းတွေနဲ့ တော်ဝင်မိသားစုရဲ့ လှုပ်ရှားပုံတွေကို ဘယ်သူမှ အာရုံမစိုက်တော့ဘူး။ ရှန်းယွီ လည်း ဖန်ကျန်းရှီကို ပြန်မဖြေခဲ့။ ဖန်ကျန်းရှီရဲ့ စကားလုံးတွေကြောင့်။ အသံ ပိတ်ခံလိုက်ရသလိုပဲ။ ငါးမိနစ် ကုန်သွားပြီ။ ဆယ့်ငါးမိနစ်….။ ဧကရီ ရှန်းယွီ သူ့ နှုတ်ခမ်းသူ ကိုက်ထားခဲ့တယ်။ သူမရဲ့ မျက်ဝန်းနက်နက်တွေက နေရောင်အောက်မှာ တလက်လက်တောက်ပနေခဲ့တယ်။ သူမကြည့်ရတာ ဆုံးဖြတ်ချက် ချနေတဲ့ ပုံပဲ။

“ နင် ဘယ်လောက် ယုံကြည်ချက် ရှိလဲ။”

“ မင်း မလာခင်တုန်းက…. ၃၀%” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ အခုတော့ကော။”

“ ၃၀% ပဲ။”

“ အမှိုက်သရိုက် ကောင်…..” ရှန်းယွီ မင်းသမီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အော်လိုက်တယ်။ ဖန်ကျန်းရှီကို မြည်တွန်တောက်တီး လိုက်တဲ့ အချိန်မှာပဲ။ သူမ တစ်ခုခုကို နားလည်သွားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ဒီလို စိတ်ခံစားချက် မပြင်းထန်ခဲ့တာကြာပြီ။

တောင်ပိုင်းဒေသရဲ့ ခေါင်းဆောင် အနေနဲ့။ သူမက တည်ငြိမ်ဖို့ လိုတယ်။ အခက်အခဲ အကြပ်အတည်း စိုက်နေတဲ့ အခြေအနေမျိုးမှာတောင်။ ဟန် မပျက် နေနေရတယ်။ ဒါပေမယ့် အကြောင်းရင်း တစ်ချို့ကြောင့် ။ ဖန်ကျန်းရှီကို မြင်တဲ့ အချိန်မှာ သူမ မတည်ငြိမ်နိုင်ဘူး။ ဒီလို အချိန်တို လေး အတွင်းမှာတောင်။ နှစ်ကြိမ်တိတိ စိတ်လွတ် မတတ်ပဲ။ ဒါကို တွေးမိတော့ သူမ နည်းနည်း ထိတ်လန့်သွားခဲ့တယ်။ ဒါက ကိစ္စကောင်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ကောင်းတဲ့ အချက်အလက်တွေကို သူမ ခံစားလို့ရတယ်။ ဖန်ကျန်းရှီနဲ့ ရန်ဖြစ်ရတာ သူမ ကြိုက်တယ်။ ပေါက်ကွဲနေတဲ့ ဒေါသတွေ အတွက် ထွက်ပေါက်တစ်ခု ရသွားသလိုပဲ။ ဘာတွေ ဖြစ်နေတာလဲ။

ရှန်းယွီ အတော်လေး နားမလည်နိုင်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေ ထဲမှာ သူမ နားမလည်နိုင်တာတွေလည်း ရှိနေတယ် ။ သူမမလာခင်က လည်း ၃၀%။ အခုလည်း ၃၀%။

“ ငါနားလည်ပြီ။” ရှန်းယွီရဲ့ မျက်လုံးတွေ တဖျပ်ဖျပ်တောက်ပ လာတယ်။ ဖန်ကျန်းရှီ တွေးနေတာနဲ့။ သူမ လုပ်ဖို့ လိုအပ်တာကို သိပြီ။ အစီအစဉ်တစ်ခုမှာ ယုံကြည်မှု က ဘယ်လောက်တောင် အရေးကြီးမှန်း ။ ဖန်ကျန်းရှီ ပြောပြဖူးတယ်လေ။ တောင်ပိုင်းဒေသမှာတုန်းက ဖန်ကျန်းရှီနဲ့ အတူရှိနေခဲ့တဲ့ အချိန် တွေကို သူမ မှတ်မိတယ်။ ပြန်တွေးကြည့်မယ် ဆိုရင်။ ဖန်ကျန်းရှီကို တိုက်ပွဲ တစ်ပွဲ တိုက်ခိုက်ဖို့ ဘယ်လောက်တောင် ယုံကြည်ချက် ရှိလဲ မေးရင်။ သူ့ အဖြေက အမြဲ ၁၀၀%။

ဒါကြောင့် သူက ၃၀% လောက်ပဲ ယုံကြည်ချက်ရှိတာကို လုပ်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီကို သူမ စိုက်ကြည့်နေတယ်။ ကျန်တဲ့၇၀%က သူ့ အေ ပါ်မှာ မူတည်တာ မဟုတ်ခဲ့ဘူး။ အဲ့ဒီ့နောက် ရှန်းယွီ ရယ်မောတော့တယ်။ အူလှိုက် သဲလှိုက်ရယ်မောတဲ့ အတွက် သူမ နေရာမှာတင် တုန်ယင်နေခဲ့တယ်။

“ ဟ ဟား… ၃၀% ။ နင်က ၃၀% လောက် ယုံကြည်ချက် ရှိရုံနဲ့ ငါ့ ရှေ့လာ ဝံ့တယ်ပေါ့။” ရှန်းယွီ ရယ်မောတယ်။ ကျောက်စိမ်း ဆင်ပေါ်ကနေ ခုန်ချတယ်။ လေအပင်ကြောင့်။ သားရေ ဝတ်ရုံအောက် က သွယ်လျတဲ့ ခြေတံ တွေ ပေါ်လာခဲ့တယ်။

“ ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ နင်က တုံးအလွန်းတယ်လို့ မထင်ဘူးလား။” ရှန်းယွီရဲ့ အကြည့်တွေက အေးစက်နေတယ်။ သူမ ကိုယ်ပေါ်မှာ အေးစက်တဲ့ အငွေ့အသက်တွေက စက်ဝိုင်းပုံစံ လှည့်ပတ်နေခဲ့တယ်။

“ မထင်ဘူး။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ ဟန့်… နင်က ငါ့ကို ဘယ်သူများ ထင်နေတာလဲ။ ငါ နင့်ကို အရင် တစ်ခေါက်က မသတ်ဘူး ဆိုတာ။ တောင်ပိုင်းဒေသ မှာ နင် အကျိုးထူးဆောင်ခဲ့လို့ပဲ။ ဒါပေမယ့် နင် ဒီလို အရေးမပါတဲ့ စကားတွေ ဆက်ပြောနေ အုန်းမယ်ဆိုရင်။ နင့်ကို နေရာမှာတင် သတ်လိုက်မယ်။” ရှန်းယွီ အော်ဟစ်တယ်။

လူတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ကျပြန်တယ်။

“ ဧကရီက သူ့ကို သတ်ချင်တာလား။”

“

“ တောင်ပိုင်းဒေသ အောင်ပွဲ အတွက် သူ အကျိုးထူး ဆောင်ခဲ့တာကတော့ အမှန်ပဲလေ။”

“ တောင်ပိုင်း ဧကရီ က သူ့ကို အရင် တစ်ခါ က အသက် ချမ်းသာပေးတာတင် လုံလောက်နေပြီ။”

လူတွေ ခေါင်းငြိမ့်ကြတယ်။

အပိုင်း(၅၂၃) အပိုဒ် (၁)ပြီး၏။

အပိုင်း (၅၂၃) အပိုဒ် (၂)

“ ငလူးပဲ။ ဒါက အလုပ်ဖြစ်တယ်လား။”

လွန်ခဲ့တဲ့ တစ်နှစ်ကျော် တုန်းက။ ဖန်ကျန်းရှီရဲ့ တောင်ပိုင်းဒေသမှာ အကျိုး ထူးဆောင်ခဲ့တဲ့ ဂုဏ်သတင်းတွေက အင်ပါယာ တစ်ခုလုံးကို ။ ပျံ့နှံ့သွားခဲ့တယ်။ ဒီ နာမည်ကို ဘယ်သူမှ မပြောကြတော့ပေမယ့် …… ။ ဒီတောင်ပိုင်းဒေသ အောင်ပွဲ က ဖန်ကျန်းရှီ ကြောင့် ဆိုတာ လူတိုင်း သိတယ်။ တပ်ကူတွေ မရောက်လာခင် မှာ။ တောင်ပိုင်းဒေသ နဲ့ ကြီးမြတ်သောရှ ပူးပေါင်းဖို့ လုပ်ဆောင်နေ နေတဲ့ အချိန်။ သူတစ်ယောက်တည်းနဲ့ နတ်ဆိုးတွေကို ထိန်းချုပ်ထားခဲ့တယ်။ နောက်ပြီးတော့ သုခမိန် တဝက် ချန့်ယန်း တစ်ယောက်ချင်း ယှဉ်တိုက် ခဲ့ပြီးတော့။ နတ်ဆိုး စစ်တပ်ကြီးကို တွန်းလှန်ခဲ့တယ်။ ဖန်ကျန်းရှီက အောင်မြင်မှု သော့ချက်ပဲ။

ဒါပေမယ့် ဒီတိုက်ပွဲ ပြီးတဲ့နောက်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ကြောင့်။ စွမ်းဆောင်မှုတွေကို ဘယ်သူမှ မပြောကြတော့တာ။ မင်းသမီးကို ထိပါးခဲ့တယ်။ ရှန်လင်း မင်းသားကို သတ်တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကို ဒဏ်ရာရစေတယ်။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ ကိစ္စတွေကတော့ အရင် အတိုင်း ရှိနေတုန်းပဲ။

နောက်ပြီးတော့ ဘုရင်မရဲ့ စကားတွေက သူတို့ရဲ့ ။ ယုံကြည်ချက်ကို အတည်ပြုပေးလိုက်တယ်။ တောင်ပိုင်းဒေသ အောင်ပွဲက ဖန်ကျန်းရှီ ကြောင့်ပဲ။ အိမ်ရှေ့စံ လင်းထျန်းရုံ က လူတွေ ပြောနေတာကို ကြားနေရတယ်။ ရှန်းယွီက ဘာရည်ရွယ်ချက်နဲ့ ဒီလို လုပ်နေတာလဲ ။ သူ နားမလည်နိုင်။ နောက် တနည်း ပြောရရင်။ ဒီစကားတွေက သူ မကြားချင်တဲ့ စကားတွေလေ။

“ အဓိပ္မာယ် မရှိတာတွေ ဟုတ်လား။ ငါပြောတာ အမှားပါလို့လား။ ရှန်လင်းကို သတ်သွားတဲ့ လူသတ်သမားက မင်းရှေ့မှာ ရပ်နေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ အဲ့ဒီ့တော့ ဘာဖြစ်လဲ။ ” ရှန်းယွီ ဒေါသ တကြီးနဲက ပြန်ဖြေတယ်။

“ ဝိုး…” လူတွေ သူတို့ နားကို သူတို့ မယုံနိုင်ဘူး။ အိမ်ရှေ့စံ မင်းသား ကို သတ်သွားတာက ဖန်ကျန်းရှီမှန်း လူတိုင်းသိတယ်။ ဒါပေမယ့် သူက ဘာကြောင့်များ ဒီလောက် လွယ်လွယ်ကူကူ ဝန်ခံနေလဲ ။ သူတို့ နားမလည်နိုင်ကြ။ အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အမူအယာက မည်းမှောင်သွားတယ်။ ဖန်ကျန်းရှီ နဲ့ ရှန်းယွီတို့ ဘယ် ကိစ္စကို ဦးတည်နေမှန်း သူတို့ အတိအကျ သိတယ်။ ဖန်ကျန်းရှီက တိုက်ရိုက်မပြောပေမယ့်။ သူကတော့ အတော့်ကို မသက်မသာ ဖြစ်နေခဲ့ရပြီ။ ယင်ကောင် တစ်ကောင်ကို မျိုချမိလိုက်သလိုပဲ။

ဒါပေမယ့် ဖန်ကျန်းရှှီ နဲ့ ရှန်းယွီကတော့ အိမ်ရှေ့စံ ရဲ့ အမူအယာကို သတိထားမိပုံ မပေါ်။ ရှန်းယွီက အချိန်မရွေး ပေါက်ကွဲ သွားနိုင်တဲ့ ပုံစံ ပေါ်နေခဲ့တယ်။

“ မင်း အခုပဲ ( အဲ့ဒီ့တော့ ဘာဖြစ်လဲ) လို့ ပြောလိုက်တာ မဟုတ်လား။” ဖန်ကျန်းရှီ မေးတယ်။

“ ဟုတ်တယ်။ ငါပြောလိုက်တယ်။”

“မင်း ဒီလို ပြောလိုက်မှတော့ မေးပါရစေ အုန်း။ မင်းက စစ်သည်တော်တို့ မွေးဖွားရာ နယ်မြေ။ တောင်ပိုင်းဒေသရဲ့ ဧကရီ မဟုတ်လား။ မင်းတို့ နိုင်ငံရဲ့ အိမ်ရှေ့စံ အသတ်ခံရတာကို ဘယ်လိုများ ဒီ အတိုင်း ထားနိုင်ရတာလဲ။” ဖန်ကျန်းရှီ ဖိအားပေးတယ်။

“ သူက သေပြီးသားလေ။ ဘာပဲ လုပ်လုပ် အသက် ပြန်ရှင်လာမှာမှ မဟုတ်တာ။” ရှန်းယွီ ဒေါသတကြီးနဲ့ ပြန်ဖြေတယ်။

“ အမှန်ပဲ။ ဒါပေမယ့် သူ့ရဲ့ သေ ဆုံးမှု အတွက် မင်း လက်စားမချေတော့ဘူးလား။” ဖန်ကျန်းရှီ လုံး၀ လက်မလျှော့ဘူး။

“ နင်….” ရှန်းယွီ အံကြိတ်ရင်းနဲ့ ပြောနေသလို။ သူမ မျက်လုံးထဲ မီးဘောလုံးတွေ တဖျပ်ဖျပ် ပြေးနေခဲ့တယ်

“ တောင်ပိုင်း ဧကရီက ဒီလိုပဲ ပြစ်ထားတော့မှာလား။ တောင်ပိုင်းဒေသရဲ့ စစ်သည်တော်တွေကကော။ အဖြေမရှာချင်တော့ဘူးလား။” ဖန်ကျန်းရှီ ဆက်လက်ဖိအားပေးရင်း မေးနေခဲ့တယ်။

“ ဒီ လောကမှာ တရားမျှတမှု ဆိုတာ မရှိဘူး။” ရှန်းယွီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောတယ်။

“ ဟုတ်တယ်။ ဒီလောကမှာ တရားမျှတမှုက နည်းပါးတယ်။ ဒါပေမယ့် ကောင်းကင်က ငါတို့ လုပ်ရပ်တွေကို ကြည့်နေတာ။ တရား မျှတမှု အတွက် ငါတို့ လုပ်ဆောင်ရမှာပဲ။ တောင်ပိုင်းဧကရီ ဖြစ်နေပြီးတော့။ မင်းက တရားမျှတမှု အတါက် မတိုက်ခိုက် ရဲရင်။ မင်းရဲ့ လူတွေကို ဘယ်လိုများ ဦးဆောင်မှာလဲ။” ဖန်ကျန်းရှှီ စိတ်ပျက်လက်ပျက် နဲ့ ပြန်ဖြေတယ်။

“ နင့်ကို သတ်ဖို့ ငါ့ကို ဖိအားပေးနေတာလား။” ရှန်းယွီရဲ့ မျက်လုံးတွေက ဒေါသကြောင့် ရဲရဲတောက်နေခဲ့တယ်။

“ ငါ့ကို လူသတ်သမာလို့ မင်းထင်ရင်။ ဒီနေရာမှာတင် သတ် လိုက်လို့ရတယ်။ ” ဖန်ကျန်းရှိ အေးအေး ဆေးဆေး ပြန်ဖြေတယ်။

“ ဟ ဟား… ငါက မလုပ်နိုင်လောက်ဘူး လို့ ထင်နေတာလား။ ငါ့အကိုတော်က တောင်ပိုင်းဒေသ အတွင်းမှာတင် သေသွားခဲ့ရတာ။ ကိစ္စဖြစ်ခဲ့တဲ့ အချိန်တုန်းက အဲ့ဒီ့မှာ လူ သုံးယောက်ပဲ ရှိတယ်။ နင်။ အိမ်ရှေ့စံ မင်းသား နဲ့။ အမတ်မင်းစု။ အမတ်မင်းစုက အခုချိန် မြောက်ပိုင်းဒေသမှာ ရှိနေတာ။ အကယ်၍ နင်သတ်တာ မဟုတ်ရင် ။ အိမ်ရှေ့စံ လုပ်တယ်လို့ ပြောနေတာလား။ ”

မီးတောက်တွေ သူမ ခန္ဒာကိုယ်ကနေ ပေါ်ထွက်လာတယ်။ သူမကိုယ် ပေါ်မှာ တိမ်သဏ္ဍာန်တွေ ခပ်ဖျော့ဖျော့ တောက်ပလာတော့တယ်။ တစစ် မြည်သံပါ ပေါ်နေခဲ့တယ်။ မီးတောက်လှိုင်းတွေ ပေါ်လာတာကို လူတိုင်း တွေ့နေရတယ်။ ရှန်းယွီ ဘယ်လောက်တောင် ဒေါသ ထွက်နေ လဲ ဆိုတာ မြင်တာနဲ့ သိနိုင်တယ်။ ဒါပေမယ့် ရှန်းယွီ ပြောတာကို ကြားတော့ လူအုပ်ကြီးက။ မျက်လုံးပြူးသွားပြန်တယ်။

(“အကယ်၍ နင်သတ်တာ မဟုတ်ရင် ။ အိမ်ရှေ့စံ လုပ်တယ်လို့ ပြောနေတာလား။ ”) ဒီ အချိန်မှာပဲ လူတိုင်းက အိမ်ရှေ့စံကို လှည့်ကြည့်ကြတယ်။ လင်းထျန်းရုံကတော့ ဖြူဖျော့ပြီး ။ ဒူးထောက်ကျမတတ်ပဲ။ အမတ်မင်းတွေ အားလုံးလည်း ထပ်တူညီစွာ ထိတ်လန့်နေခဲ့တယ်။ ဧကရီ ရှန်းယွီ ဒေါသထွက်နေတာကို သူတို့ သိတယ်။ နောက်ပြီးတော့။ အစတုန်းက ဒီ လူသတ်မှုကို ဖန်ကျန်းရှီဆီ ပုံချမယ်လို့ သူတို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ရှန်းယွီက အိမ်ရှေ့စံ လက်ကို လှည့်သွားမယ်လို့ သူတို့ မထင်ထား ခဲ့မိဘူး။

“ ဖန်ကျန်းရှီ နဲက ရှန်းယွီက ဒါကို ။ ကြိုတင် အစီအစဉ်ချထားတာလား။ မဖြစ်နိုင်ဘူး…. သူတို့တွေ ဒီ့ မတိုင်ခင်တုန်းက ။ မဆုံခဲ့ကြဘူးလေ။ ”

“ဘာတွေ ဖြစ်နေတာလဲ။”

“ ဒါက ကြိုတင် စီစဉ်ထားတာလား။ ဒါမှမဟုတ် ။ တိုက်ဆိုင်မှုပဲလား။”

အမတ်မင်းတွေ ပြောနိုင်တာကတော့ ဒီ ကိစ္စက တဖြည်းဖြည်းနဲ့ ပိုဆိုးလာပြီ ဆိုတာပဲ။ သူတို့ ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်ကြတော့ပေမယ့်။ အချိန်နှောင်းသွားခဲ့ပြီ။ ရှန်းယွီက ဒီစကားလုံးတွေကို ပြောလိုက်ပြီလေ။ ဒီအတိုင်း ပြောလိုက်တာ ဆိုပေမယ့် ။ သံယသတွေလည်း ပါဝင်နေတယ်။ သူမက တောင် ပိုင်းဒေသ ကိုယ်စားပြုပြီးတော့။ အိမ်ရှေ့စံ နဲ့ ကြီးမြတ်သောရှ ကို သံသယဝင်နေတာပဲ။

ဝမ်တပေါင်းကတော့ ဒါကို ကြားတဲ့ အချိန် လုံးဝကို ထိတ်လန့်နေမိတယ်။ သူလည်း မျက်လုံးပြူး ရလွန်းလို့ ပေါက်ထွက် မတတ်တောင် ဖြစ်နေခဲ့ပြီ။ သူ့ ကိုယ်သူ ခပ် တိုးတိုး ပြောနေခဲ့တယ်။ “ ဒါက အလုပ်ဖြစ်တယ်လား။ ငလူးပဲ။ ဒါက ဘယ်လိုတောင် အ လုပ် ဖြစ်သွားရတာလဲ။ ငလူးပဲ။ ”

အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အမူအယာက လုံးဝကို မည်းမှောင်သွားခဲ့တယ်။ ဖန်ကျန်းရှီနဲ့ ရှန်းယွီတို့ စတင်ပြီး ငြင်းခုန်ချိန်တည်း က။ ဒါမျိုး ဖြစ်လာတော့မယ် မှန်း သူသိတယ်။ ဒါပေမယ့် သူ တားလို့ မရဘူး။ သူက အိမ်ရှေ့စံ တစ်ယောက်လေ။ ဧကရာဇ် မဟုတ်ဘူး။ ပိုပြီးတော့ အရေးကြီးတာ။ အကယ်၍ သူသာ ရှေ့ထွက်ပြီးတော့ တားဆီး လိုက်မယ် ဆိုရင်။ သူက အပြစ်ရှိတဲ့ သူ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် စကားလုံးတွေကို ပြန်မျိုချပြီးတော့သာ။ နေနေခဲ့ရတယ်။ ရှန်းယွီက သူ့ကို လက်ညှိုး ထိုးနေတာတောင် သူ ဘာမှ လုပ်လို့မရဘူး။

အပိုင်း (၅၂၃) ပြီး၏။

အပိုင်း ( ၅၂၄)

“ ဒီ ကောင် ရူးနေပြီ။”

နန်းတော်ရဲ့ အခြေအနေက အရမ်းကို ပြင်းထန်နေခဲ့တယ်။ ရှန်းယွီ ပြောလိုက်တာက သူမရဲ့ ဒေါသ ကြောင့်လား ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဖန်ကျန်းရှီက လင်းထျန်းရုံကို မကြည့်ဘူး။ ရှန်းယွီကိုသာ ပြုံးပြီး ကြည့် နေခဲ့တယ်။

“ ငါ မင်းကို ဟုတ်တယ်လို့ ပြောရင်ကော။”

“ ဘာဖြစ်တယ်။”

လူအုပ်ကြီး တအံ့တသြနဲ့ အော်ဟစ်ကြတယ်။ ဖန်ကျန်းရှီက ဒီလို ကိစ္စကို ဘာကြောင့်များ ထုတ်ဖော်နေရတာလဲ။ ဒါက အိမ်ရှေ့စံကို ပေါ်တင် အပြစ်တင်နေတာပဲ။ ဒီလို အတင့်ရဲ ပုံမျိုးက…

“ အိမ်ရှေ့စံ ကို ဒီ လို စွပ်စွဲရဲတယ်လား။”

“ ဒီအတွက် ခေါင်းဖြတ် သတ်ခံရသင့်တယ်။ …. ဟုတ်တယ် ဟုတ်…”

အိမ်ရှေ့စံ နောက်မှာ ရပ်နေတဲ့ အမတ်မင်းတွေ ထပ်တူညီစွာ ထိတ်လန့်နေခဲ့တယ် ။ ဖန်ကျန်းရှီ ရဲ့ အတင့်ရဲမှုကြောင့် ဒီလောက်ထိ လန့်နေတာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ဒီလို ကိစ္စကြီး မျိုးကို လက်ဆုပ်လက်ကိုင် မရှိပဲ ပြောနေတာ ကြောင့်ပဲ။ ဒါပေမယ့် သူတို့ တခြား ဘာမှ တော့ မပြောကြပါဘူး။ ရှန်းယွီ ကြည့်ရင်းနဲ့ သာ။ သူမ ပြန်ဖြေတာကို စောင့်နေခဲ့တယ်။

“ နင် … ေ-ွးကောင်… ။ အိမ်ရှေ့စံ မင်းသားကို နင် ဘယ်လိုများ စွပ်စွဲဝံ့တာလဲ။” ရှန်းယွီ ဒေါသ တကြီးနဲ့ ပြန်ဖြေတယ်။

“ ဒါက မှားယွင်း စွပ်စွဲနေတာ မဟုတ်ဘူး။ မင်း စုံစမ်းဝံ့ရင် မင်း နားလည် လာလိမ့်မယ်။” ဖန်ကျန်းရှှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ ငါ က ဘာလို့ မစုံစမ်းရဲရမှာလဲ။”

“ ကောင်းပြီလေ ။ ဒါဆိုရင်။ အိမ်ရှေ့စံ အပြစ်ရှိတာကို မင်း တွေ့သွားရင် ။ ဘာလုပ်မှာလဲ။”

“ နင်ပြောတာသာ မှန်မယ် ဆိုရင်။ တရားမျှတမှု အတွက် ငါ့ နောက်ဆုံး ထွက်သက်အထိ တိုက်ခိုက်သွားမယ်။ ဒါပေမယ့် နင်သာ ငါ့ကို လိမ့်ဝံ့ရင်။ နင်ရပ်နေတဲ့ နေရာမှာပဲ နင့်ကို အသေသတ်မယ်။” ရှန်းယွီ ဒေါသတကြီးနဲ့ ပြန်ဖြေတယ်။

“ကောင်းပြီ။ မင်း ပြောတဲ့ အတိုင်း လုပ်ကြတာပေါ့။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အိမ်ရှေ့စံကို လှည့်ကြည့်တယ်။

“အရှင့်သား ။ ပြောချင်တာ ရှိသေးလား။”

“ အမှိုက်သရိုက်ကေကာင်။ ဖန်ကျန်းရှီ။ မင်း ငါ့ကို ဘယ်လိုတောင် စွပ်စွဲ ဝံ့ရတာလဲ။ ဒါက ဆွေစဉ်မျိုးဆက် ခေါင်းဖြတ်သတ်ခံရမယ့် ပြစ်မှု ဆိုတာ မင်း မသိတာလား။” အိမ်ရှေ့စံ လင်းထျန်းရုံ နောက်ထပ် သည်းမခံနိုင်တော့ ဘူး။ ဖန်ကျန်းးရှီရဲ့ မေးခွန်းကို ကြားတာနဲ့ သူ အော်ဟစ်တော့တယ်။ သူ့ နောက်က အမတ်မင်းတွေ ဖြေရှင်းပေးတာကိုတောင် မစောင့်နိုင်တော့ဘူး။

“ အရှင့်သားမှာ။ အပြစ်ရှိ စိတ်များ လွှမ်းမိုးနေတာလား။” မတည်ငြိမ်နိုင်တော့တဲ့ အိမ်ရှေ့စံကို ကြည့်ရင်း။ ဖန်ကျန်းရှီ လှောင်ပြုံးပြုံးနေခဲ့တယ်။

“ အရှင့်သား…”

“ အရှင့်သား… သူ့ အကွက်ထဲ မဝင်ပါစေနဲ့။”

“ဟုတ်တယ်။ ဒီကောင်က မဟုတ်တမ်း တရားတွေ လျှောက်ပြောနေတာပဲ။ သူနဲ့ ဘာကြောင့်များ ငြင်းခုံနေရမှာလဲ။”

အမတ်မင်းတွေ။ အိမ်ရှေ့စံရဲ့ တုံ့ပြန်ပုံကို မြင်တော့ စိတ်ရှုပ်ထွေးကုန်ကြတယ်။

“ ဟမ့်…. ငါ အပြစ်မရှိတာ ငါသိသားပဲ။ ဒီ အမှုက လွန်ခဲ့တဲ့ တစ်နှစ်တည်းက ပိတ်သွားခဲ့ပြီ။ မင်းက ရှန်လင်းကို သတ်ခဲ့တယ်။ ငါက မင်းကို ဘာလို့များ လုပ်ကြံစွပ်စွဲရမှာလဲ။” လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရ်ငး ပြောတယ်။

“အရှင့်သား။ အရှင့်သားမှာ သက်သေရှိလား။” ဖန်ကျန်းရှီ မေးတယ်။

“ သက်သေ ဟုတ်လား။” လင်းထျန်းရုံ မျက်လုံးပြူးသွားတယ်။ ဒီ အမှုက ပိတ်သွားခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ် တည်းကလေ။ ဖန်ကျန်းရှီက ဒီ အမှုကို ပြန်ဖွင့်ဖို့ သက်သေ ကိုင်ထားတဲ့ တစ်ဦးတည်းသော သူပဲ။ လုပ်ကြံထားတဲ့ သက်သေ တွေက တော့ သူ့ ဆီမှာ ရှိတယ်။ ဒါပေမယ့် သူ အံကြိတ်ထားမိတုန်း။

“ အမတ်မင်းစုက အဲ့ဒီ့မှာ ရှိနေခဲ့တဲ့ တစ်ယောက်တည်းသော သူပဲ။ နောက်ပြီးတော့။ မင်းက ငါ့ကို ဓားနဲ့ ထိုးသွားခဲ့တာ။ လူသက်သေကော ပစ္စည်းသက်သေပါ အခိုင်အမာ ရှိတယ်။ မင်း မှာ ဘာ ထပ်ပြောစရာ ရှိသေးလဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ အဆက်မပြတ်ပြောနေခဲ့တယ်။

“ ဒီလို မဖြစ်လာမှာကို တော့ စိုးရွံ့မိပါတယ်။ အရှင့်သားက အခုချိန်မှာ သံယသ တရားခံပဲ။ တရားဥပဒေ အရဆိုရင်။ ကျွန်တော့်ကို ဆန့်ကျင်ပြီး သက်သေ ပြခွင့် မရှိဘူး။ နောက်ထပ် ခိုင်မာတဲ့ သက်သေ ရှိသေးလို့လား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ မင်းက မင်း ရဲ့လွတ်လမ်းကို ဒီလို ရှာနေတာလား။” အိမ်ရှေ့စံ လင်းထျန်းရုံ ဒေါသ ထွက်နေမိတယ်။

“ ဥပဒေ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသား။ လူသား မျက်မြင်သက်သေ တစ်ယောက်တည်း အပေါ်မှာ ယုံကြည်ပြီး ဆုံးဖြတ်ခွင့် မရှိဘူး။ ကျွန်တော်ပြောတာ မှားနေလို့လား။” ဖန်ကျန်းရှီ မေးတယ်။

အမတ်မင်းတွေ ရဲ့ အမူအယာ ဒီအချိန်မှာတော့ ပြောင်းလဲ သွားခဲ့ပြီ။ အိမ်ရှေ့စံ လင်းထျန်းရုံနဲ့ ဖန်ကျန်းရှီ တို့ ရင်ဆိုင် တိုက်ခိုက်နေတာကို သူတို့ ရပ်တန့် ခိုင်းဖို့ရာ မဖြစ်နိုင်။ ဒါ့အပြင် ဖန်ကျန်းရှီ ပြောတာ မှန်တယ်။ အကယ်၍ အိမ်ရှေ့စံ လင်းထျန်းရုံကသာ သံသယ တရားခံ ဖြစ်သွားရင်။ ဒီအမှုအတွက် မျက်မြင် သက်သေက တစ်ယောက်ပဲ ရှိနိုင်တော့မယ်။

ဒီလိုအခြေအနေမျိုးမှာ။ အဆုံးအဖြတ်က တရားဝင်မဖြစ်ဘူး။ ပြောနိုင်တာက ။ ရှန်လင်းကို သတ်တာ အိမ်ရှေ့စံ လင်းထျန်းရုံလည်း ဖြစ်နိုင်တယ်လေ။ ကိစ္စတွေက အတော့်ကို လျင်လျင်မြန်မြန် ပြောင်းလဲ နေတယ်။ အမတ်မင်းတွေလည်း တိတ်ဆိတ်နေသလို။ လင်းထျန်းရုံလည်း အံကြိတ်ထာခဲ့တယ်။ ဒါက သူ့ရဲ့ အာဏာ ကို တိုက် ရိုက် စိန်ခေါ်နေတာပဲ။

“ ဖန်ကျန်းရှီ…။ ရှန်လင်းမင်းသားကို အိမ်ရှေ့စံ သတ်တယ်လို့ စွပ်စွဲတယ်။ သူ့မှာ သတ်စရာ အကြောင်းအရင်း ဘာရှိလို့လဲ။ အကယ်၍ သတ်စရာ အကြောင်းရင်းသာ မရှိရင်။ သူက ဘာကြောင့်များ ရှန်လင်းကို သတ်ရမှာလဲ။” အမတ်မင်း တစ်ယောက်ရှေ့ထွက် လာရင်းပြောတယ်။ အိမ်ရှေ့စံက သူ့ကို မျက်စပြစ်ပြလိုက်တာကို တွေ့တယ်လေ။ တခြားသော အမတ်မင်းတွေ ဒါကို ကြားတော့ ခပ်မြန်မြန် သတိဝင်လာတယ်။ သူတို့ မျက်လုံးတွေ ချက်ခြင်းကို တောက်ပသွားခဲ့တယ်။

“ အတိအကျပဲ။ အိမ်ရှေ့စံက ဘာကြောင့်များ ရှန်လင်းမင်းသားကို သတ်ရမှာလဲ။ မဖြစ်နိုင်တဲ့ စွပ်စွဲမှုပဲ။ ”

“ အမတ်မင်း လီ ပြောတာ မှန်တယ်။”

“ သူ့မှာ လူသတ်ဖို့ အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် လှုံ့ဆော်မှု မရှိရင်။ သံသယ တရားခံလည်း ဖြစ်မလာနိုင်ဘူး။ ဖန်ကျန်းရှီ။ ငါတို့ကို အရူးလုပ်ဖို့ ကြံမနေနဲ့။

အမတ်မင်းတွေ ရှေ့ကို ထွက်လာပြီးတော့ ။ ဖန်ကျန်းရှီကို ကြိမ်းမောင်းကြတော့တယ်။ အိမ်ရှေ့စံ လင်း ထျန်းရုံကတော့ သက်ပြင်းချလိုက်တယ်။ အမတ်မင်းတွေသာ ရှေ့ထွက်မလာရင်။ ဒီကိစ္စကို သူ လုံး၀ မေ့သွးတော့မှာပဲ။ ဥပဒေ အရဆိုရင်။ ဒီ လူသတ်မှုက နေ ဘာ အကျိုးအမြတ်မှ မရနိုင်သရွေ့။ သူ လည်း သံသယ တရားခံ ဖြစ်မလာနိုင်ဘူး။

“တော်တယ် ဖန်ကျန်းရှီ။ ငါ မင်းထောင်ချောက်ထဲ ရောက်ခါနီးပဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ လှောင်ပြုံးပြုံးလိုက်တယ်။ ရှန်လင်း ကို သတ်ရင် အကျိုးအမြတ်ရမှာ ရှိတယ်လေ။ ဒါပေမယ့် ဘယ်သူမှ မပြောရဲကြဘူး။ ရှန်လင်းက ဧကရာဇ် ဖြစ်ချင်တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံက သူ့ကို အသက်ပေးရှင်မှာ မဟုတ်ဘူး။ အကယ်၍ ရှန်လင်းသာ တောင်ပိုင်းဒေသ ကို တနေ့နေ့မှာ အုပ်ချုပ်ခဲ့ရင် ။ သူ့အတွက် အခက်တွေ့ရတာပဲ ပိုများလာမှာ။ သံတောင်ကုန်းဒေသမှာ တွေ့တွေ့ချင်းတည်းက ရှန်လင်းကို သတ်ဖို့ သူ ဆုံးဖြတ်ခဲ့တာ။

ဒါပေမယ့် ။ ဒါက တကယ့်ကို ကြီးမားတဲ့ ပြစ်မှုကြီးလေ။ အကြောင်းရင်း အကြီးကြီး တစ်ခု။ ဒါမှမဟုတ် လွတ်မြောက်ဖို့ရာလမ်း တစ်ခုလိုတယ်လေ။ ဖန်ကျန်းရှီက သူ့ အတွက် နှစ်ခုလုံးကို ဖန်တီးပေးနိုင်တယ်။ မင်းသမီးကို ထိပါးတယ်။ အဲ့ဒီ့နောက် ရှန်လင်းဆီက ယုံကြည်မှု ရအောင် လုပ်ပြီးတော့ ။ ရှန်လင်းကို သတ်လိုက်ပြီး။ ဖန်ကျန်းရှီကို အပြစ်ပုံချခဲ့တယ်။ ဒါပေမယ့် ရှန်လင်းက သူ မသေချင် ဖန်ကျန်းရှီကို လွှတ်ပေးလိုက်မယ်လို့ ထင်မထားခဲ့မိဘူး။ ဒါက ….. ဒီနေ့ အဖြစ် အပျက်ကို ကြုံလာစေတာပဲ။

“ ဖန်ကျန်းရှီ….. ရှန်လင်းကို သတ်ဖို့ အကြောင်းရင်းရှိတာ။ မင်းက တစ်ယောက်တည်းသော သူပဲ။” ပထမဆုံး ရှေ့ကို ထွက်လာတဲ့ အမတ်မင်း ဆက်ပြောတယ်။

ဖန်ကျန်းရှီက မင်းသမီးကို ထိပါးခဲ့တယ်လေ။ ဒီ အကြောင်းရင်းကပဲ ရှန်လင်းကို သတ်ဖို့ ဖြစ်စေနိုင်တာ။ နောက်ပြီးတော့ လင်းထျန်းရုံက ရှန်လင်းကို သတ်ဖို့ အကြောင်းရင်း မရှိဘူး။ ဖန်ကျန်းရှီ တစ်ယောက်တည်းကသာ သံသယ တရားခံပဲ။

“ ဖန်ကျန်းရှီ။ မင်း ကိုယ်တိုင်အတွက်။ ဘာများ ပြောစရာရှိသေးလဲ။”

“ မင်းကိုယ်မင်း ဖန်ကျန်းကျန်းလို့။ မြို့တံခါးမှာ အခိုင်အမာ ပြောခဲ့တယ်။ အခုတော့ မင်း က ။ မင်းရဲ့ ပြစ်မှုကိုရော ။ မင်းရဲ့ ဇစ်မြစ်ကိုပါ ထုတ်ဖော်ပြီးသွားပြီ။ နောက်ထပ် ပြေးစရာမြေ မရှိတော့ဘူး။”

“ စစ်သည်တော်တွေ။ ဒီ ရာဇဝတ်သားကို ဖမ်းလိုက်ကြ။”

အမတ်မင်းတွေ ဖန်ကျန်းရှီ တိတ်ဆိတ်နေတာကို မြင်တော့ စတင်အော်ဟစ်ကြတော့တယ်။

“ဘယ်သူလုပ်ဝံ့ လဲ” ပင်းယန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူမရဲ့ ရွှေနီရောင် ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ အမတ်မင်းတွေ အားလုံးကို သူမ စိုက်ကြည့်တယ်။

“ အရှင်မင်းသမီး။ ဒီ အမှုက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီ…”

“ မှန်ပါတယ်။ သူ့ကို ဘာကြောင့်များ ကာကွယ်ပေးနေရတာလဲ အရှင် မင်းသမီး။”

“ ဥပဒေ အတိုင်းဆောင်ရွက်ပါစေလား။”

အမတ်မင်းတွေ အားလုံး သိကြတယ်။ ပင်းယန်က ခြိမ်းခြောက်တတ်သလို။ အနိုင်ကျင့်တဲ့ နေရာမှာလည်း နာမည်ကြီးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို လွှတ်ပေးဖို့တော့ သူတို့ စိတ်ကူးမရှိဘူး။ လွန်ခဲ့တဲ့ ဆယ်ရက်ကျော် တုန်းက ဝမ်ချောင် အဖမ်းခံခဲ့ရတယ်။ အဲ့ဒီ့နောက် စာအထပ်လိုက်ကြီးက သူ့ကို အတော်လေးပြဿနာ တက်သွားစေတယ်။ အဲ့ဒီ့နောက် ဝန်ကြီးယွီနဲ့ ။ လက်ထောက် ဝန်ကြီး နှစ်ဦး က အဖမ်းခံလိုက်ရတယ်။ စစ်မက်ရေးရာ ဝန်ကြီး ရှန်မင်းကလည်း ဆယ်မိုင်ရေကန်မှာ ဒူးထော်ကနေရရတယ် ။ ဒီကိစ္စတွေက သူတို့ကို ပြောပြနေခဲ့တယ်။ ဖန်ကျန်းရှီက မြို့တော်ကို ပြန်လာဖို့ အတွက် ပြင်ဆင်ထားပြီးသား။ သူ့ရဲ့ နောက်ထပ် ပြစ်မှတ်က ဘယ်သူ ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမယ့် သူသာ မရှိတော့ရင်။ သူတို့တွေ စိတ်လုံခြုံနိုင်လိမ့်မယ်။

“ အရှင် မင်းသမီး။ ကျေးဇူးပြုပြီးတော့ ဘေးဖယ်နေပါ။ သခင်လေးရန်။ မင်းသားရန်က ဒီနေ့ သခင်လေး လုပ်နေတာတွေကို မသိလောက်ဘူးလို့တော့ ထင်ပါတယ်။” အမတ်မင်းတွေ ပြောတယ်။

အိမ်ရှေ့စံလင်းထျန်းရုံကတော့ လှောင်ပြုံးပြုံးနေခဲ့ပြီ။ ညီလာခံ ဆိုတာ တောသားတွေ အတွက် နေရာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်တည်းက သူ့ နေရာကို ညီလာခံမှာ အခိုင်အမာရ လာအောင် သူ လုပ်ထားပြီးသား ။ ဖန်ကျန်းရှီက သူ့ကို လွယ်လွယ်နဲ့ မဖယ်ရှားနိုင်ပါဘူး။

“ တုံးအလိုက်တာ။” လင်းထျန်းရုံ ရယ်မောတယ်။ ဖန်ကျန်းရှီ ရဲ့ ကံတရားကို သူ ကြိုမြင်နေရပြီလေ။ ဖန်ကျန်းရှီ ထောင်ထဲ ရောက်သွားတာနဲ့။ ဖန်ကျန်းရှီကို သတ်ဖို့ နည်းလမ်း ပေါင်း တစ်ရာ့တစ်နည်းလောက် သူ့မှာ ရှိနေတယ်လေ။ ဥပဒေ ဝန်ကြီးက ဝမ်ချောင် မဟုတ်ပဲ။ ဝမ်ချွမ်ဖြစ်နေရင်တောင်။ ကိစ္စတွေကို ဖြစ်လာအောင် သူလုပ်နိုင်တယ်လေ။ သူက အိမ်ရှေ့စံ ဖြစ်နေသရွေ့။ ဝမ်ချောင်နဲ့ ယွီယိဖျင်ကို ပြန်လွတ်လာအောင်လည်း လုပ်ပေးနိုင်တယ်။

ရှန်းယွီ ဧကရီကတော့ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ သူမ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ပြည့်နေတယ်။ ဖန်ကျန်းရှီ စီစဉ်နေတာကို သူမ ခန့်မှန်းနိုင်တယ်လေ။ သူ့ရဲ့ အစီအစဉ်ကို လိုက်နိုင်ဖို့ သူမလည်း အကောင်းဆုံး ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် သူတို့ အောင်မြင်ခါနီးမှ။ ဒီကိစ္စ ဖြစ်လာတယ်။ ဒါမျိုးက ခန့်မှန်းထားလို့ မရနိုင်ဘူးလေ။

“ ငါ အခုဘာလုပ်ရတော့မှာလဲ။” ရှန်းယွီ သုံးသပ်နေခဲ့တယ်။ ဖမ်းဆီးဖို့ပဲ တစ်ခါတည်း ခေါ်လိုက်ရမလား။

ရန်ရွှယ့်ရဲ့ ကိုယ်ကတော့ အနီရောင် အလင်းတန်းတွေနဲ့ ပြည့်နှက်သွားတယ်။ အနီရောင် အလင်းတန်း တစ်ကြောင်းက သူ့ လက်ထိပ်ကနေ ထွက်သွားခဲ့တယ်။ ဖန်ကျန်းရှီ ရပ်နေတဲ့ နေရာကို သူမြင်တယ်လေ။ တကယ်တမ်းပြောရရင်။ ဖန်ကျန်းရှီက သူ့ကို ဒီအစီအစဉ်ကနေ ဖယ်ထားခဲ့တာ။ လူအုပ်ထဲက ထွက်သွားတဲ့ အချိန်မှာတောင်။ သူ့ကို နှုတ်မဆက်ခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ ဝှက်ဖဲကိုလည်း ရန်ရွှယ် မသိဘူးလေ။ ဖန်ကျန်းရှီ ကိုယ်တိုင် ဒီကိစ္စကနေ ရုန်းထွက်နိုင်ပါ့ မလား ဆိုတာလည်း မသေချာဘူး။

“ ဟုတ်တယ်။ ငါ့မှာ လှုံ့ဆော်တဲ့ နောက်ခံအကြောင်းရင်း ရှိပြီးတော့ ။ အိမ်ရှေ့စံမှာ မရှိဘူး။” ဖန်ကျန်းရှီ အမတ်မင်းတွေကို လှည့်ကြည့်ရင်း ပြောတယ်။

“ မင်း ဝန်ခံပြီ ဆိုမှတော့။ ဘာကြောင့်များ အညံ့မခံသေးတာလဲ။”

“ မင်းသမီးနဲ့ သခင်လေး ရန်ကို မင်း အတွက်နဲ့ ဒုက္ခရောက်တာ မြင်ချင်နေတာလား။ ”

“ ဒီ အမှုက ပိတ်လိုက်ပြီ။ မင်းမှာ နောက်ထပ် ပြောစရာ မရှိတော့ဘူး။”

အမတ်မင်းတွေ ပြောရင်းနဲ့ လှောင်ပြုံးပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီက သေလူဖြစ်သွားပြီ။ ဒီအချိန်မှာပဲ။ အမတ်မင်းတွေထဲကနေ လူတစ်ယောက်ထွက်လာခဲ့တယ်။ သူ့ မျက်လုံးတွေက တလက်လက် တောက်ပနေတယ်။ နတ်ဆိုးကျောင်းတော်က ချီဟို့ ။

“ ဖန်ကျန်းရှီ။ မင်းက တောင်ပိုင်းဒေသ အောင်ပွဲရဲ့ အဓိက သော့ချက်ဆိုတာ လူတိုင်းသိတယ်။ မင်းက ရှန်လင်း မင်းသားကို စိတ်လိုက်မာန်ပါ သတ်ခဲ့ကောင်း သတ်ခဲ့နိုင်မယ်။ ဒါပေမယ့် အခုချိန်မှာ အညံ့ခံပြီးတော့ ။ ခွင့်လွှတ်ဖို့အတွက် တောင်းခံရင်။ မင်း ဆက်ပြီးတော့ အသက်ရှင်နိုင်မယ်။” ချီဟို့ရဲ့ အသံက နန်းတော် တစ်ခုလုံးကို ဟိန်းထွက်သွားခဲ့တယ်။

လူတွေကတော့ ဒါကို ကြားတဲ့ အချိန် ငြိမ်ကျသွားခဲ့တယ်။ ဖန်ကျန်းရှီက စစ်ပွဲတွေမှာ ဘယ်လောက်တောင် အရေးကြီးမှန်း သူတို့သိတယ်လေ။ အကယ်၍ ဖန်ကျန်းရှီက တောင်ပိုင်း အိမ်ရှေ့စံကို မတော်တဆ သတ်ခဲ့မိရင်တောင်။ သူ့ရဲ့ စွမ်းဆောင်မှုတွေက မျက်ကွယ် မပြုနိုင်စရာပဲ။ နောက်ပြီးတော့ ရှန်းယွီ ကိုယ်တိုင်ကလည်း ထုတ်ပြောပြီးပြီ။ သူ့ကို သူရပ်နေတဲ့ နေရာမှာတင် တစ်ခါတည်း အသေမသတ်လိုက်တာ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ကြောင့်ပဲ။ ဖန်ကျန်းရှီကို အသေသတ်ဖို့ အစီအစဉ် တောင်ပိုင်းဧကရီမှာ မရှိဘူး။ လင်းထျန်းရုံရဲက မျက်လုံးတွေ က တလက်လက် တောက်ပလာပြန်တယ်။ ချီဟို့ရဲ့ လေသံက ဖန်ကျန်းရှီကို တောင်းပန်ဖို့ မေးနေတာလိုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စွမ်းဆောင်မှုကို မြင်သာ အောင် ထောက်ပြနေတာ။

“ မှန်တယ်။ ဖန်ကျန်းရှီက တောင်ပိုင်းဒေသ မှာ အများကြီး စွမ်းဆော်ငခဲ့တယ်။ ဒါပေမယ့် ဥပဒေကတော့ ဥပဒေပဲ။ သူ့ရဲ့ ပြစ်မှုတွေ အတွက် သူ သေသင့်တယ်။ တောင်ပိုင်းဒေသ အိမ်ရှေ့စံကို သူသတ်ခဲ့တာ။ ဒါက ခွင့်မလွှတ်နိုင်စရာ ပြစ်မှုပဲ။” အိမ်ရှေ့စံကတော့ ဖန်ကျန်းရှီကို အလွတ်ပေးဖို့ စိတ်ကူးမရှိ။

“ အိမ်ရှေ့စံ ပြောတာ မှန်တယ်။ နိုင်ငံတစ်နိုင်ငံက ဥပဒေ စည်းမျဉ်းနဲ့ တည်ဆောက်ထားတာ။ သူ့ရဲ့ အောင်မြင် မှု အတွက် ဆုချသလို။ ပြစ်မှုအတွက်လည်း အပြစ်ပေးရမယ်။”

“ ဟုတ်တယ်။ ကိစ္စတွေကို သီးခြား ခွဲပြီးတော့ ဆက်ဆံရမှာပဲ။”

“ လူသတ်သမား ဆိုတာ သေသင့်တယ်။ တောင်ပိုင်းဧကရီက ညှာတာပြီး အသက်ချမ်းသာ ပေးရင်တောင်။ ငါတို့ နိုင်ငံမှာ လူသတ်သမားကို ဒီအတိုင်း လွှတ်မထားနိုင်ဘူး။”

မရေမတွက်နိုင်တဲ့ အမတ်မင်းတွေ အိမ်ရှေ့စံကို ထောက်ခံကြတော့တယ်။ ချီဟို့ကတော့ မျက်မှောင်ကြုတ်နေခဲ့တယ်။ သူ ရှေ့ထွက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ။ ဖန်ကျန်းရှီ ပြုံးနေတာကို သူ သတိထားမိလိုက်တယ်။

“ ဒီကောင် သေတာ့မှာကိုတောင် ပြုံးနေနိုင်သေးတာလား။” ချီဟို့ နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီ နဲ့ သူ က ဒီလောက်မရင်းနှီးပေမယ့်လည်း။ ဒီလို သေသွားတဲ့ ပုံစံကိုတော့ မမြင်ချင်ဘူး။

“မှန်တာပေါ့။ လူသတ်သမား တစ်ယောက်က သူ့ ပြစ်မှု အတွက သေသင့်တယ်။ နိုင်ငံက ဥပဒေနဲ့ စည်းမျဉ်း အပေါ်မှာ တည်ဆော်ကထားတာ။ တောင်ပိုင်းဧကရီက သက်ညှာပေးရင်တောင်။ ဒီကောင့်ကို သတ်ကိုသတ်ရမှာပဲ။” ဖန်ကျန်းရှီ ပြုံးပြရင်းပြောတယ်။ ဒါပေမယ့် ချီဟို့ကတော့ မျက်လုံးပြူးနေခဲ့ပြီ။

(“ဒီကောင်ရူးသွားတာများလား။” )

အပိုင်း(၅၂၄)ပြီး၏။

အပိုင်း (၅၂၅)

“ နောက်ဆုံး ပဟေဠိ အပိုင်းအစ။”

ချီဟို့ တစ်ယောက်တည်း တင် မကဘူး။ ဝမ်တပေါင်း ။ ရန်ရွှယ်။ ပင်းယန် နဲ့ ရှန်းယွီ တို့တောင် မျက်လုံးပြူးကုန်ကြတယ်။ ဒီ အချိန်မှာ… သူက ချမ်းသာပေးဖို့ တောင်းဆိုနေရမှာ မဟုတ်ဘူးလား။ ခေါင်းဖြတ် သတ်သင့်တယ်တဲ့ ။ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်ဘူးလား။

ချီဟို့က ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးမှု အပြည့် နဲ့ ကြည့်နေတယ်။ ဖန်ကျန်းရှီက စိတ်ဖောက်နေတာ။ ဒါမှမဟုတ် သူက တကယ် သေချင်နေတာပဲလား။ ဒါမှမဟုတ်။ ရိုးရိုးရှင်းရှင်း လက်လျှော့လိုက်တာလား။ လူတွေ တကယ့်ကို နားမလည်နိုင်ကြ။

“ သူရူးနေတာလား။”

” ငါကြားတာတော့ ။ လူတွေက ဖိအား အရမ်း များတာ နဲ့ ရင်ဆိုင်ရရင်။ တုံးအတဲ့ ကိစ္စတွေကို လုပ်တတ်ကြတယ်တဲ့။”

“အင်း … ဒီလို ဖြစ်တတ်တာမျိုး ငါလည်း ကြားဖူးတယ်။ ”

လူတွေ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြုံးနေခဲ့တယ် ။ သူတို့ စဉ်းစား နိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူ စိတ်လွတ် သွားတာပဲ။ အမတ်မင်းတွေ ဒါကို ကြားတော့ ရယ်မောကြတယ်။ ဖန်ကျန်းရှီက ဒီလို ကိစ္စမျိုးကို ပြောမယ်လို့ မထင်ထားရင်တောင်။ ဖန်ကျန်းရှီက သူ့ရဲ့ ကိုယ်ပိုင် ကံတရားကို သတ်မှတ်နေတာပဲ။

ဧကရာဇ် လင်းမုပိုင်ရဲ့ အခု ဟန်ပန်အမူအယာကို… ကြည့်ပြီးတော့ ။ အမတ်မင်းတွေ ရလဒ်ကို ခန့်မှန်း နိုင်ကြတယ်။ ကြည့်ရတာ ဧကရာဇ်က ဖန်ကျန်းရှီ ရဲ့ အသက်ကို ချမ်းသာပေးချင်နေတဲ့ ပုံစံပဲ။ ဒါပေမယ့် ပြောနိုင်တာကတော့။ ဧကရာဇ် လင်းမုပိုင် ကယ်တင်ချင်ရင်တောင်။ ဖန်ကျန်းရှီကို သူ ကယ်ဖို့ ခက်လိမ့်မယ်။

“ အရမ်းကောင်းတယ်။ ဖန်ကျန်းရှီ ။ မင်းက မင်းရဲ့ အပြုအမူတွေ အတွက် တာဝန်ယူရမယ်။ အကယ်၍ မင်းသာ အခုချိန်မှာ အညံ့ခံလိုက်ရင်။ မင်း အသက်ဆက်ရှင်နိုင်မယ်။” အိမ်ရှေ့စံ လင်းထျန်းရုံ ရယ်မောတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး သူ့ကို အာရုံစားနေခဲ့တဲ့ ကိစ္စကို အဆုံးသတ်ဖို့။ အချိန် ရောက်လာခဲ့ပြီ။ ဖန်ကျန်းရှီ သေတာနဲ့။ သူ့နေရာကို ခြိမ်းခြောက်နေမယ့် ကိစ္စလည်း ပြတ်သွားလိမ့်မယ်။

“ အညံ့ခံရမယ် ဟုတ်လား။ ငါ က ဘာလို့ အညံ့ခံရမှာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ မင်းက ခုခံဖို့ ကြံစည်နေတောလား။ ဟ ဟား…. မင်းက ကျင့်ကြံဆင့်မရှိတော့တဲ့ ဒုက္ခိတလိုလူပဲ။ မင်းမှာ လွန်ခဲ့တဲ့ တစ်နှစ်က လို အစွမ်းအစမျိုး ရှိနေရင်တောင်။ ဒီမြို့ကနေ ထွက်နိုင်မှာ မဟုတ်တော့ဘူး။” အိမ်ရှေ့စံ လင်းထျန်းရုံ ရယ်မောတယ်။

“ အရှင့်သား ပြောတာလည်း ဟုတ်တာပဲ။ ကျွန်တော်က ဒုက္ခိတလို လူ ဖြစ်နေမှတော့။ ဘယ်လိုများ လူသတ်သမား ဖြစ်နိုင် အုန်းမှာလဲ။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း မေးတယ်။

“ မင်း ဘာတွေ ပြောနေတာလဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ ပုခုံးတွန့်ပြတယ်။

“ ဟုတ်တာပေါ့။ ကျွန်တော့်မှာ ရှန်လင်းမင်းသားကို သတ်ဖို့ အကြောင်းရင်းကော။ နောက်ခံ အကြောင်းပြချက် လှုံ့ဆော်မှုပါ ရှိတယ်။ ဒါပေမယ့် ဒီကိစ္စကို စွမ်းဆောင်ဖို့ရာ အရည် အချင်းမရှိဘူး။ လူသတ်ဖို့ အရည်အချင်း မရှိတဲ့ လူတစ်ယောက်က ဘယ်လိုများ သတ်နိုင်မှာလဲ။” ဖန်ကျန်းရှီ ထပ်ပြောတယ်။

“ ဟန့်…. ။ ဒီ အကြောင်းရင်း သုံးပြီးတော့ မင်းကိုယ်မင်း ခုခံမယ်လို့ ငါထင်သားပဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ အေးစက်စက် ရယ်မောတယ်။

“ အဲ့ဒီ့နေ့ တိုက်ပွဲမှာတုန်းက။ ပင်းယန်ရဲ့ တိုက်ခိုက်မှု ကို မင်း လက်တဖက်တည်းနဲ့ ဖမ်း လိုက်တာ။ လူတိုင်း မြင်ခဲ့တာပဲ။ မင်း ဒါကို ငြင်းနိုင်သေးလား။ ” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အကြည့်က အေးစက်နေခဲ့တယ်။ အမတ်မင်းတွေ အားလုံးကတော့ ….. ဒါကိုကြားတော့ ပြုံးလိုက်တယ်။ သူတို့တွေ အသေးစိတ်ထောက်ပြလိုက်တော့။ အိမ်ရှေ့စံလည်း အခုချိန်မှာ ဘဘောပေါက်သွားပြီ။ သူတို့တွေ ဒီ အကြောင်းအရင်းကို ပြန်တိုက်ခိုက်ဖို့ အတွက် ပြင်ဆင်ထားခဲ့ပြီးသား။ ပင်းယန်ရဲ့ အမူအယာလည်း ပြောင်းလဲသွားခဲ့တယ်။ သူမလည်း တိုက်ပွဲမှာ ပါဝင်ခဲ့တယ်လေ။ ချန့်ယန်းနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ပြီးတဲ့နောက်။ ဖန်ကျန်းရှီက သူမရဲ့ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းနဲ့ ဖမ်းယူလိုက်တယ်။

“ ငါ တိုက်ခိုက်တဲ့ အချိန်မှာ အင်အား အပြည့် မသုံးထားဘူး….”

“ အရှင့်သားပြောတာ မှန်တယ်။ ” ပင်းယန် ဆက်ပြောမှာကို သိပေမယ့်။ သူမ စကားဆုံးအောင် မပြောခင်မှာပဲ။ ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ဒါကို ကြားတဲ့ အချိန် ပြုံးရွှင်သွားတော့တယ်။ ပင်းယန်ရဲ့ အကြောင်း ပြချက်က ခိုင်လုံမှာ မဟုတ်ဘူး။ မြင်ခဲ့တဲ့ မျက်မြင်သက်သေတွေ အများကြီး ရှိနေခဲ့တယ်လေ။

“ အမှန်ပဲ။ ဒီကိစ္စက ရှန်လင်းကို သတ်ဖို့ မင်း မှာ စွမ်းရည်ရှိတဲ့ အကြောင်း သိသာ ထင်ရှားနေတာပဲ။ မင်းရဲ့ စိတ်အာရုံနယ်မြေက ပျက်စီးသွားပေမယ့် ။ တိုက်ခိုက် နိုင်တဲ့ စွမ်းရည်ရှိနေတာတော့ အသိသာကြီးပဲ။ ” အိမ်ရှေကစံ လင်းထျန်းရုံ အခိုက် အမာပြောတယ်။

“ မှန်ပါတယ်။ အိမ်ရှေ့စံ မင်းသား ပြောတာမှန်တယ်။ ”

“ မင်း ဒီကိစ္စကို အကြောင်းပြချက် ပေးနေတာ ရပ်လိုက်သင့်ပြီ။”

“ ဖန်ကျန်းရှီ။ မင်း ဒီနေ့ ကို ကျော်ပြီးတော့ အသက်မရှင်စေရဘူး။ တရားဥပဒေက ကျောသားရင်သား မခွဲခြားဘူး ။ ဒါက မင်းကိုယ်တိုင် ပြောတာပဲ။” အမတ်မင်းတွေ ဖိအားပေးရင်း ပြောကြတော့တယ်။

“ ကျွန်တော် အခုပဲ ပြောလိုက်တာလေ။ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကြောင့် သူ့ကို သတ်လို့ မရဘူးလို့။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေတယ်။

“မင်းဘာကို ဆိုလိုချင်တာလဲ။”

“ မင်းမှာ နောက်ထပ် အကြောင်း ပြချက် ရှိသေးလား။ ”

“ ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

ဘယ် အမတ်မင်းကမှ ဖန်ကျန်းရှီ လုပ်နေတာ ကို နားမလည်နိုင်ကြ။ သူ ဘာရည်ရွယ်ချက်နဲ့ လုပ်နေလဲ မသိ။

“ ကျွန်တော် ပြောချင်တာက ။ ရှန်လင်း မင်းသားကို သတ်ဖို့ ကြိုးစားခဲ့ရင်တောင်။ ကျွန်တော့်မှာ စွမ်းအင် အလုံအလောက်မရှိဘူး။ ” အိမ်ရှေ့စံ လင်းထျန်းရုံ ကို ဖန်ကျန်းရှီ လှည့်ကြည့်တယ်။

“ စွမ်းအင် အလုံအလောက်မရှိဘူး။ မင်း ဘာကိုဆိုလိုချင်တာလဲ။” အမတ်မင်းတွေ အားလုံး မျက်လုံးပြူးကုန်တယ်။

သူတို့တွေ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ဘာကို ပြောဖို့ ကြံစည်နေတာလဲ။ နောက်ဆုံးတော့လည်း ။ အခု အမတ်မင်းတွေထဲမှာ။ တောင်ပိုင်းဒေသ တိုက်ပွဲအတွင်း ရှိခဲ့တဲ့သူ နည်းပါးတယ်လေ။ ရှင်းယွမ်ကောင်းက သူတို့ထဲက တစ်ယောက်ပဲ။ နောက်ထပ် လူတွေက ပင်းယန် မင်းသမီး။ ချီကူယန် နဲ့ ယဉ်ကျေးမှုဝန်ကြီးဟောင်း (ကွယ်လွန်)။

ယဉ်ကျေးမှုဝန်ကြီး ဟောင်း။ ချီကူယန်။ ပင်းယန် နဲ့ ရှင်းယွမ်ကောင်းတို့က ။ တိုက်ပွဲ ပြီးပြီးချင်း ပြန်လာခဲ့ကြတာ။ နောက်တစ်နည်း ပြောရရင်။ တောင်ပိုင်းဒေသမှာ ကျန်ရစ်ခဲ့တာ ။ အိမ်ရှေ့စံ လင်းထျန်းရုံ။ ဖန်ကျန်းရှီ နဲ့။ တခြား ကျောင်းတော်သားတွေပဲ ရှိတာ။ နန်ကုန်းဟောင်တောင် မရှိခဲ့ဘူး။ ဒီ စကားကိုကြားတော့ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ ကိုယ်က တုန်ယင်သွားခဲ့တယ်။ ဖန်ကျန်းရှီ ဘာကို ပြောချင်နေလဲ သူသိတယ်။ ဒါပေမယ့် သူ့ အမူအယာ မပျက်အောင် ခပ်မြန်မြန် ထိန်းချုပ်နိုင်တယ်။ ဒီကိစ္စက သက်သေပြဖို့ ခက်ခဲတယ်လေ။

“ ဖန်ကျန်းရှီ ။ အဲ့ဒီ့နေ့တုန်းက မင်း အတော့်ကို မူးရူးတဲ့အထိ သောက်စားခဲ့တာ။ မင်းရဲ့ လုပ်ရပ်တွေ အတွက်တော့ မင်း မှာ တာဝန်ရှိတယ်လေ။” အိမ်ရှေ့စံ လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ အဆိပ်ခတ်ဖို့ အတွက် လင်းထျန်းရုံ ကောင်းကောင်း ပြင်ဆင်ထားခဲ့တာ။ စားသောက်ပွဲမှာတုန်းက။ ဖန်ကျန်းရှီကို အရမ်းမြင့်မြင့်မားမား ဂုဏ်မြှောက် ပြောဆိုပြီးတော့။ ကျောင်းတော်သားတွေနဲ့ စစ်သည်တော်တွေ မနာလို ဖြစ်လာအောင် လုပ်ခဲ့တာ။

အရက်တွေကို အလွန်အကျွံသောက်ပြီးတဲ့ နောက်မှာတော့။ ဖန်ကျန်းရှီက သတိလက်လွတ်သွားတာ ထုံးစံပဲလေ။ ရှန်းယွီ မင်းသမီးရဲ့ အခန်းထဲကို မှားဝင်ပြီးတော့ ။ အိပ်ယာမှား အိပ်တာတွေကတော့။ နောက်ထပ် ကောက်ချက်ချဖို့ လွယ်ကူသွားပြီလေ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ရှန်လင်း ဖမ်းမိအောင် လုပ်ပေးလိုက်တယ်။ အဲ့ဒီ့ည တုန်းက ။ စစ်သူကြီးတွေနဲ့ ကျောင်းတော်သားတွေ အားလုံး ။ ဖန်ကျန်းရှီ ဘယ်လောက်တောင် သောက်စား ထားမှန်း မျက်မြင်တွေ့ခဲ့ကြတယ်။ သူ သတိလစ်သွားတာလဲ အကုန်သိတယ်။

နောက်တစ်နေ့မနက်မှာ။ အိမ်ရှေ့စံ လင်းထျန်းရုံက။ ကျောင်းတော်သားတွေကို နေရာ အသီးသီး ယူခိုင်းပြီးတော့။ သက်သေပြခိုင်းတယ်။ ဖန်ကျန်းရှီ ( အမူးလွန်ပြီးတော့ သတိလစ်) နေတာကနေ နိုးလာလား။ မနိုးလာဘူးလား ဆိုတာ ။ ဘယ်သူမှ မသိခဲ့ဘူး။ လင်းထျန်းရုံ ပြန်တွေးပြီးတော့ စိတ်တည်ငြိမ်သွားခဲ့တယ်။ နောက်ဆုံးတော့ လည်း အဆိပ် အကြောင်းသိတာ လူနည်းနည်းပဲ ရှိတာလေ။ အဆိပ်ခတ်တဲ့ ရှန်လင်း ကလည်း သေသွားပြီ။ စုချင်းကလည်း မြို့တော်ကနေ အဝေးကို ရောက်နေတယ်။

“ အရှင့်သား က။ ကျွန်တော် အရက် သောက်ခဲ့တယ်လို့ အခိုင် အမာပြောတယ်နော်။” ဖန်ကျန်းရှီ ရယ်မောတယ်။

“ အမှန်ပဲ။ ” အိမ်ရှေ့စံ လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။

“ အိမ်ရှေ့စံ က လက်ရှိ တောင်ပိုင်းဧကရီ ကင်ထားခဲ့တဲ့ အသားကင်တွေကို စားချင်ခဲ့တယ် နော်။ မှန်တယ်ဟုတ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးတော့ ထပ်ပြောတယ်။

“ အဲ့တာ မှန်နေတော့ကော ဘာဖြစ်လဲ။” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အသံက အေးစက်နေခဲ့တယ်။ ဒီကိစ္စတွေက မျက်မြင် သက်သေများလွန်းတဲ့အတွက် ။ သူငြင်းဆိုလို့လည်း မထူးဘူးလေ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ အမှုမှာ ဒီကိစ္စ က အထောက်အကူဖြစ် မယ်လို့လည်း သူမထင်။

“ အခုချိန်မှာသာ စားလို့ရမယ် ဆိုရင်။ အရှင့်သား နှစ်ခြိုက်လိမ့်မလား လို့ တွေးမိပါတယ်။” ဖန်ကျန်းရှီ က အိမ်ရှေ့စံကို စိုက်ကြည့်ရင်းပြောတယ်။

“ မင်း ဘာကို ဆိုလိုချင်တာလဲ။” လင်းထျန်းရုံရဲ့ အမူအယာ ပြောင်းသွားတယ်။

“ နေရာတစ်ခုတည်းမှာတင် သတ်ပြီးတော့။ တူညီတဲ့ ပါဝင်ပစ္စည်းတွေနဲ့။ တူညီတဲ့ နည်းလမ်း သုံးပြီးတော့ ကင်မယ်ဆိုရင်။ အိမ်ရှေ့စံ စားဝံ့ရဲ့လား။” ဖန်ကျန်းရှီက ရှန်းယွီကို လှမ်းကြည့်ရင်း ပြောတယ်။

“မင်း …” အိမ်ရှေ့စံ လင်းထျန်းရုံ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခံစားချက် သိပ်မကောင်း။ သူ စကားပြောချင်ပေမယ့်။ အခုချိန်မှာ ပြန်တိတ်ဆိတ်သွားခဲ့တယ် ။ တောင်ပိုင်းသား စစ်သည်တော်တွေ ရှေ့ကို ထွက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ။ သံချပ်ကာ အထူကြီးတွေ ဝတ်ထားတဲ့ တောင်ပိုင်းသား စစ်သည်တော် လေးယောက်က။ သားကောင်ကြီးကို သယ်ဆောင်လာခဲ့တယ်။ ဒါကို မြင်တော့ အိမ်ရှေ့စံလင်းထျန်းရုံ ထိတ်လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီ လုပ်နေတာကိုတော့ သူ ခန့်မှန်း နိုင်ပြီ။ သူက အရင် တစ်နှစ်က ဖြစ်ခဲ့တဲ့ မြင်ကွင်းကို ပြန် ဖန်တီးဖို့ လုပ်နေတာပဲ။ ဒါပေမယ့် ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ရှန်လင်းက အဆိပ်ခတ်ခဲ့တာလေ။ ဒါကလည်း လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ခဲ့တာ။ အဆိပ်တွေကို ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ရောထားတာတောာ့ သူသိတယ်။ ဒီ အဆိပ်က အသားထဲမှာ အခုထိရှိနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ. ။ အဲ့ဒီ့နောက် တွေးရင်းနဲ့ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ ရှန်းယွီ (တောင်ပိုင်း ဧကရီ) သူမ ခါး က သားရေအထုပ်လေး တစ်ခုကို ထုတ်ယူလိုက်တယ်။

“ အိမ်ရှေ့စံ လွန်ခဲ့တဲ့ တစ်နှစ်က တောင်းဆိုခဲ့တာကို မှတ်မိနေသေးပါတယ်။ ဒီ ပါဝင် ပစ္စည်းတွေ အကုန်လုံးကို သိမ်းထားခဲ့တာ။ အကယ်၍ အိမ်ရှေ့စံသာ စိတ်မရှိရင်။ ဒီသားကောင်ကို အိမ်ရှေ့စံ အတွက် ကင်ပေးနိုင်ပါတယ်။ ” အထုပ်လေးကို ဖွင့်ပြရင်း။ အရောင်စုံနေတဲ့ ဟင်းခတ်မှုန့်တွေကို ပြတယ်။ အိမ်ရှေ့စံ လင်းထျန်းရ့ုကတော့ ဖြူဖျော့နေခဲ့ပြီ။ တောင်ပိုင်း စစ်သည်တော်တွေ သားကောင်ကို ယူလာတည်းက သူ သိမြင်လိုက်ပြီ။ ဒါပေမယ့် ဒီ အဆိပ်ပါတဲ့ ဟင်းခတ် အမွှေးကြိုင် အထုပ်တွေကိုပါ သိမ်းထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။

“ ဧကရီ …။ ဒီ လက်ဆောင်က တန်ဖိုးကြီးလွန်းပါတယ်။ ဧကရီက ခရီးဝေးနှင်လာခဲ့ရတာ။ ကျွန်တော် ဒီလက်ဆောင်ကို လက်မခံနိုင်ပါဘူး။“ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ မျက်လုံးက ရေခဲလို တလက်လက် တောက်ပနေခဲ့တယ်။

“ ကိစ္စမရှိပါဘူး။ ဒီ လက်ဆောင်ကို အိမ်ရှေ့စံ အတွက် သီးသန့် ပြင်ဆင်ထားပေးတာပါ။” စကားလှမ်းပြောနေရင်း။ ရှန်းယွီ ရဲ့ မျက်လုံးထဲမှာ မီးတောက်တွေ ပေါ်လာခဲ့တယ်။

“ ဧကရီက မနှစ်ကနဲ့ မတူညီတဲ့ အခြေ အနေမှာ ရှိနေပါပြီ။ ကျွန်တော် တကယ့်ကို လက်မခံဝံ့ပါဘူး။” အိမ်ရှေ့စံ လင်းထျန်းရုံ အံကြိတ်ရင်းပြောတယ်။

“ ရှန်းယွီရဲ့ နေရာက ဘယ်လိုပဲ ဖြစ်နေပါစေ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ ပြည်သူ တစ်ဦး ဖြစ်နေဆဲပဲလေ။ အိမ်ရှေ့စံ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။” ရှန်းယွီ ဖိအားပေးတယ်။

“ ဧကရီ တကယ်ပဲ အသားကင်ပေးချင်တာပါလား။”

“ ဟုတ်တယ်။”

“ကျွန်တော် မစားရင်ကော..” အိမ်ရှေ့စံ လင်းထျန်းရုံ ပြန်မေးတယ်။

“ ဒီ အပြုအမူကတော့ ရှန်းယွီနဲ့ တောင်ပိုင်းဒေသ ရဲ့ ယဉ်ကျေးမှုကို အပြစ်ပြုတာပဲ။ ဒီလိုသာငြင်းပယ်မယ် ဆိုရင်။ တောင်ပိုင်းဒေသကို အခုပဲ ပြန်သွားမှာပါ။” ရှန်းယွီ အခိုင်အမာကို ပြောနေခဲ့တယ်။

“ ကျေးဇူးတင်ပါတယ်။” ရှန်းယွီရဲ့ လက်က လှုပ်ရှားသွားသလို။ သားရေဝတ်ရုံက လေထဲကို လွင့်ပျံ့ပြီး ။ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။ ဒီအချိန်မှာပဲ။ ရှန်းယွီ လက်ထဲ ဓားမြှောင်နှစ်ချောင်းပေါ်လာခဲ့တယ်။ မီးတောက်လို နီရဲနေတဲ့ တိမ်သဏ္ဍာန်တွေ တစ်ကိုယ်လုံး အနှံ့ ပျံ့သွားခဲ့ပြီ။ ဒီမြင်ကွင်းက တကယ့်ကို အံ့သြ ထိတ်လန့်ဖွယ်ပဲ။ လူတွေ တစ်ယောက်မျက်လုံးကို တစ်ယောက် မယုံနိုင်။

“ ဒါက တောင်ပိုင်း ဧကရီရဲ့ ကျင့်ကြံဆင့်လား။”

“ ငါကြားတာတော့။ သူတို့က မျိုးနွယ်သွေးနဲ့ ကျင့်ကြံတယ်ဆိုပဲ။ ဒါက သူမတို့ရဲ့ မျိုုးနွယ်သွေးဆက်လား။”

“မဟုတ်လောက်ဘူး။ ဒါက သွေးလို မရိုးရှင်းဘူး။”

လူတွေ တီးတိုးပြောရင်း ဆွေးနွေးကြတယ်။ ရှန်းယွီ ရဲ့ ကိုယ်ပေါ်က တိမ်သဏ္ဍာန်ကို စပ်စုနေတယ်။ အမတ်မင်းတွေ အားလုံးလည်း လန့်ကုန်တယ် ။ ဖန်ကျန်းရှီရဲ့ အမှုအကြောင်း ပြောနေတဲ့ အချိန်မှာပဲ။ အိမ်ရှေ့စံကို လက်ဆောင်ပေးတဲ့ ဆီ ဘယ်လိုများ ရောက်သွားရတာလဲ။ ဒီ သားရဲကောင် အကင်ကကော အမှုနဲ့ ဆိုင်လို့လား။ လူတွေ နားမလည်နိုင်တဲ့အတွက် အမတ်မင်းတွေကို လှမ်းကြည့်ကြတယ်။ ညီလာခံ စာမေးပွဲနဲ့ စစ်ပွဲတွေရဲ့ အတွေ့အကြုံရင့် အမတ်မင်းတွေလည်း ခေါင်းခါနေရတယ်။ အခုအခြေအနေကို ဘယ်သူမှ ဝင်မထိန်း နိုင်ဘူးလေ။

…

ရှန်းယွီ ရဲ့လက်က ခပ်မြန်မြန် လှုပ်ရှားနေတယ်။ သိပ်မကြာခင်ပဲ။ သားကောင်ကို အရေဆုတ်ပြီးသွားတယ်။ အဲ့ဒီ့နောက် မီးပုံ စဖိုတော့တယ်။ အခုက နေ့လယ်ချိန်။ နေကျစ်ကျစ်တောက်ပူနေခဲ့တာ။ အမတ်မင်းတွေနဲ့ မြို့သူမြို့ သား တွေ ဒီအခြေအနေကို ဘယ်လို ရောက်သွားလဲ ပြန်တွေးနေကြတယ်။ ဒါပေမယ့် ရှန်းယွီရဲ့ မီးပုံအကမှာ တင် ခပ်မြန်မြန် ပြန်နစ်မြောသွားကြပြန်တယ်။

ဧကရီ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း။ သူမရဲ့ ကိုယ်ပေါ်က မီးတောက်တွေ ပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။ မီးတောက်မီးလျှံတွေကို ပိုင်စိုးတဲ့ နတ်တစ်ပါးလိုပဲ။ အရိုင်းဆန်တယ်။ တင့်တယ်ပြေပြစ်တယ်။ အရမ်းအရမ်းကို ဆွဲဆောင်မှုလည်းရှိတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ရှန်းယွီကို ကြည့်ရင်း ပုခုံးတွန့်နေခဲ့တယ်။

ဖန်ကျန်းရှီလည်း ကြည့်နေခဲ့တာ။ ဒါပေမယ့် သူ့ပုံစံက အရမ်းကို အေးဆေးနေတယ်။ အသားကင်အကြောင်းတောင် ရန်ရွှယ့်ကို ပြောနေသေး။

“ အရေခွံက ကြွပ်ကြွပ်လေးလေ သိတယ်မလား။ အထဲက အသားကတော့ နူးညံ့လွန်းလို့။ မင်း ပါးစပ်ထဲ ထည့်လိုက်တာနဲ့ အရည်ပျော်သွားတော့မယ့် အတိုင်းပဲ။ အဓိက ကတော့။ ဟင်းခတ်မှုန့်တွေ အများကြီး မထည့်မိ ဖို့ပဲ။ သူ့ရဲ့ အသားကင်စွမ်းရည်က ။ ငါ့ထက်သာတယ်။ ”

အပိုင်း(၅၂၅)ပြီး၏။

အပိုင်း (၅၂၆)

“ ငါ တစ်နှစ်ကျော်ကျော် စောင့်ခဲ့ပြီးပြီ။ ”

Translator: Sparrow Translations  Editor: Sparrow Translations

“ ဒီလောက်တောင် ကောင်းနေရင်။ ငါလည်း စားချင်တယ်လေ။” ပင်းယန် သူကြားရတာ စကားတွေကြောင့် ဝင်ပြောတယ်။

“ဟ ဟား….. ဒါက တောင်ပိုင်းဧကရီက အိမ်ရှေ့စံကို ပေးတဲ့ လက်ဆောင်လေ။” ပင်းယန် ရဲ့ စိတ်အားထက်သန်နေတဲ့ ပုံစံကို မြင်တော့။ ဖန်ကျန်းရှီ ခေါင်းခါ ပြတယ်။

“ ဟန့်။ ငါ သိသားပဲ။ ဒါပေမယ့် တောင်ပိုင်း ဧကရီက နင့်ထက် ပိုပြီးတော့ ရက်ရောတယ်။ ” ပင်းယန် ပွစိ ပွစိနဲက ပြောနေခဲ့တယ်။ အသားကင် အနံ့က လေထု တစ်ခုလုံး ကို ပျံ့နှံ့နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ညွှန်းဆိုချက် လိုပဲ။ ရှန်းယွီက ဟင်းခတ် အမွှေးအကြိုင်တွေကို အများကြီး သုံးပေမယ့်။ လက်လွန်သွားတာမျိုးလည်း မရှိဘူး ။ တကယ်တမ်း ပြောရရင်။ ဟင်းခတ် အမွှေးအကြိုင် တစ်ခု ချင်းစီက အသားကင်ကို ပိုပြီးတော့ အရသာ တက်လာစေတယ်။

ဒါပေမယ့် အိမ်ရှေ့စံရဲ့ အမူအယာကတော့။ စက္ကန့်နဲ့အမျှ ပို မည်းမှောင် လာတော့တယ်။ ရှန်းယွီက လွန်ခဲ့တဲ့ တစ်နှစ်က ဟင်းခတ်အမွှေးအကြိုင်တွေကို သိမ်းထားတယ်ဆိုတာ မယုံဘူး။ ဒါပေမယ့် ဒီ အသားကင်ရဲ့ အနံ့က မနှစ်က အဖြစ် အပျက်တွေကို ပြန်မြင်ယောင်လာစေတယ်။

“ မဖြစ်နိုင်တာပဲ။ ဒါက မဖြစ်နိုင်တာပဲ။ ဒီ လို ဖြစ်စရာ အကြောင်း မရှိဘူး။” အိမ်ရှေ့စံ လင်းထျန်းရုံ အံကြိတ်ရင်း နဲ့ ရှန်းယွီကို လှမ်းကြည့်တယ်။ ရှန်းယွီက အသားကင်တာ ပြီးတော့မယ်။ ကြည့်နေတဲ့ ပြည်သူ ပြည်သားတွေကတော့ ။ တံတွေးသာ မျိုုချနေရတယ်။ အသားကင်အနံ့မွှေးမွှေးလေးက လူတိုင်းကို ဗိုက်တဂွီဂွီ ဆာအောင် လုပ်နေခဲ့ပြီ။

“တစ်ကိုက် လောက် အဝစားလိုက်ရရင် ကောင်းမယ်။ ”

“ ဟုတ်တယ်။ ကြည့်ရုံနဲ့တင် အရသာရှိနေပြီ။ ”

“ နည်းနည်းလေး မြည်းလိုက်ရရင် …..”

လူတွေ ဖန်ကျန်းရှီရဲ့ အမှုကိုတောင် မေ့သွားကြပြီ။ မီးပုံပေါ်က အသားကင်ကိုသာ အာရုံစိုက်နေကြတော့တယ်။ အမတ်မင်းတွေ ကတော့ စိတ်ရှုပ်နေကြပြီ။ တောင်ပိုင်းဧကရီက အခုချိန်မှာ ဘာကြောင့်များ အသားထကင် နေလဲ သူတို့ နားမလည်နိုင်။ ဒါပေမယ့် အိမ်ရှေ့စံရဲ့ အမူအယာကို ကြည့်ရင်း သူတို့ တစ်ခု ပြောနိုင်တယ်။

“ ဒီ သားကောင်ကများ အဓိက သော့ချက် ဖြစ်နေတာလား။” အမတ်မင်းတွေ သူတို့ရဲ့ စိတ်ထဲမှာ ခန့်မှန်းနေကြတယ်။

ဒီအချိန်မှာပဲ ရှန်းယွီ မင်းသမီး သူမ ရဲ့ ဓားတွေကို ပြန် သိမ်းလိုက်တယ်။ တစ်ချိန်တည်းမှာပဲ။ တောင်ပိုင်းသား အစေခံ တစ်ချို့ ။ သားမွှေးဝတ်ရုံကို ရှန်းယွီရဲ့ ကိုယ်ပေါ် ပြန်ခြုံပေးလိုက်ကြတယ်။

“ အရှင့်သား ကြွပါ။” ရှန်းယွီ မင်းသမီး အိမ်ရှေ့စံ လင်းထျန်းရုံကို ကြည့်ရင်း ပြောတယ်။

“ ကျေးဇူးပါပဲ။” လင်းထျန်းရုံ ခေါင်းငြိမ့်ရင်း နဲ့ ပြောတယ်။ “ ကြည့်ရတာ အရမ်းကို အရသာရှိမယ့် ပုံပဲ။ ကျွန်တော် ကောင်းကောင်း စားပါ့မယ်။ အစေခံတွေ။ ဒီ အသားကင်ကို ထုပ်ပိုပြီးတော့ ငါ့ အိမ်တော်ကို ပို့လိုက်….”

“ အရှင့်သား။ ဖြည်းဖြည်း လုပ်ပါ အုန်း။” ရှန်းယွီက အိမ်ရှေ့စံ အမိန့်ပေးလို့ မပြီးခင် အချိန်မှာပဲ တားမြစ်လိုက်တယ်။ ရှေ့ထွက်လာတဲ့ စစ်သည်တွေ ရပ်တန့်သွားတယ်။

“ ဟ ဟား… တောင်ပိုင်း ဧကရီမှာ ။ ကျွန်တော့် အတွက် နောက်ထပ် လက်ဆောင်များ ရှိနေသေးတာလား။ ” အိမ်ရှေ့စံ လင်းထျန်းရုံ ပုခုံးတွန့်ရင်းပြန်ဖြေတယ်။ ဒါပေမယ့် သူ ပြုံးနေခဲ့တယ်။

“ မဟုတ်ပါဘူး။ ရှန်းယွီ အထင်တော့ ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အနာဂတ် ခေါင်းဆောင်က။ အစားအသောက်ကောင်းတွေ အကြောင်းကို မသိဘူးထင်တယ်။ ” ရှန်းယွီ ပြောတယ်။

“ ဧကရီ ဘာကို ဆိုလိုချင်တာလဲ။” လင်းထျန်းရုံရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ ဧကရာဇ် လင်းမုပိုင်ကို သူ လှမ်းကြည့်တယ်။ ဧကရာဇ်က မတုံ့ပြန်။ လင်းထျန်းရုံ ရွေးချယ်စရာမရှိ။ သူ့ ဂုဏ်သိက္ခာ အတွက်သာ စကားလုံးတွေကို မျိုသိပ်ထားလိုက်ရတယ်။ တခြားသော အမတ်မင်းတွေကတော့ ….. သူမ ပြောတာကို ကြားတဲ့ အချိန် နည်းနည်းတော့ ထိတ်လန့်သွားခဲ့တယ်။ သူမက တောင်ပိုင်း ဧကရီ ဖြစ်နေရင်တောင်။ ဒီလို ပြောတာက မလေးစားရာရောက်တယ်လေ။

ဒါပေမယ့် အမတ်မင်းတွေ ဝင်ပါဖို့ရာလည်း မသင့်တော်ဘူး။ နောက်ဆုံးတော့လည်း ဒါက အိမ်ရှေ့စံ နဲ့ တောင်ပိုင်း ဧကရီတို့ စကားပြောနေကြတာလေ။ အိမ်ရှေ့စံနဲ့ အမတ်မင်းတွေရဲ့ မျက်နှာ အမူအယာကို သူတို့ မြင်နေရတယ်။ ဒါပေမယ့် သူမ နောက်မဆုတ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ။ အဆိပ်ခတ်တဲ့ ဖြစ်ရပ်မှာ။ ရှန်လင်း ရဲ့ အကြံလား လင်းထျန်ရုံရဲ့ အကြံလား ။ သူမ မသိခဲ့ဘူး။ ဒါပေမယ့် အသားကင်ကို အိမ်ပြန်သယ်သွားမယ်လို့ ပြောလိုက်တဲ့ အချိန်။ လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ခဲ့တာကို သူ ခန့်မှန်းနိုင်သွားတယ်။ ရှန်လင်းကို အသုံးချပြီးတော့ အဆိပ် ခတ်ခိုင်းတယ်။ အဲ့ဒီ့နောက် ရှန်လင်းကို သတ်ပြီး။ ဒီ အမှုကို ဖန်ကျန်းရှီ ဆီ လွှဲချတယ်။ ရှန်းယွီ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားခဲ့တယ်။ သူမ လက်ထဲမှ မီးဘောလုံး တစ်လုံး ထွက်လာခဲ့တယ်။

“ ဒီ အသားကင်ကို လူတိုင်းရှေ့မှာ ငါ ကင်ခဲ့တယ်။ ဒါက လက်ဆောင် တစ်ခု ။ အရှေ့ပိုင်း နန်းတော် ကို မင်းသားက ယူသွားမယ် ဆိုတော့….။ ဒါကို ဘယ်လို ခွဲေ၀ စားမလဲ ဘယ်သူ သိနိုင်မှာလဲ။” ရှန်းယွီ ရဲ့ အသံက အေးစက်နေတယ်။ မျက်လုံးတွေက တလက်လက်တောက်ပ လာတယ်။

“ မင်း ….” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အမှုအယာ ပြောင်းလဲသွားတယ်။ သူ့အပြုံးလည်း ပျောက်ကွယ်သွားတယ်။ ရှန်းယွီ ဘာကို ပြောချင်နေမှန်း သူသိတယ်။ ဒါပေမယ့် သူက ဒီ အသားကင်ကို ရှိသမျှ လူတွေနဲ့ ဝေမျှဖို့ ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။

“ အရှင့်သား ။ ကျွန်တော်ပြောတာ တစ်ခုခု များ မှားနေလို့လား။ အစားအသောက်က အခု လူတိုင်းရဲ့ အရှေ့မှာ ရှိနေပြီလေ။ ဒါပေမယ့် အရှင့်သားက သူတို့နဲ့ မဝေမျှဘူး။ ဒီလို တစ်ကိုယ်ကောင်းဆန်တာမျိုး ကို စိတ်ပျက်မိတယ်။” ရှန်းယွီဖိအားပေးရင်း ပြောတယ်။

“မင်း ဘယ်လိုတောင် ပြောဝံ့တာလဲ။ ရှန်းယွီ မင်းက တောင်ပိုင်း ဧကရီ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့် ….” အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အကြည့်က အေးစက်သွားခဲ့တယ်။ ဒီ အချိန်မှာပဲ ဧကရာဇ် လင်းမုပိုင် ထိုင်ခုံကနေ ထလာတယ်။ အသက်ပြင်းပြင်း ရှူလိုက်တယ်။

“ အင်း ။ အနံ့လေးက မွှေးနေတာပဲ။” ဧကရာဇ် လင်းမုပိုင် မျက်လုံး ဖွင့်ရင်း။ အသားကင်ကို ကြည့်တယ်။

“ အင်း အနံ့လေးက ကောင်းလိုက်တာ။” ဧကရာဇ် လင်းမုပိုင် ပြောတယ်။ အမတ်မင်းတွေ အားလုံး ချက်ခြင်း ဒူးထောက်လိုက်ကြတယ်။

“ ဧကရာဇ် သက်တော် ရာကျော်ရှည်ပါစေ။”

“ အင်း.. ထကြပါ အမတ်မင်းတို့။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ အထိန်းတော်ဝေကို လှည့်ကြည့်တယ်။

“ ဒါကို ဘယ်သူ ကင်ထားတာလဲ။”

“ အရှင်မင်းမြတ် ကို လျှောက်တင်ပါတယ်။ တောင်ပိုင်း ဧကရီက ။ အိမ်ရှေ့စံ အတွက် ကင်ပေးတာပါ။” အထိန်းတော်ေ၀ ပြန်ဖြေတယ်။

“ အိုး…။ တကယ့်ကို လက်ဆောင်ကောင်းပဲ။” ဧကရာဇ် ခေါင်းငြိမ့်ပြတယ်။

“ ဒါပေမယ့် ….” အထိန်းတော်ေ၀ ဆက်ပြောတယ် ။

“ ဘာ ကိစ္စလဲ။” ဧကရာဇ် လင်းမုပိုင်မေးတယ်။

“ အိမ်ရှေ့စံက ဒီ အသားကင်ကို သူ့ အိမ်တော်ဆီ ပြန် ယူသွားချင်ပါတယ် ဒါပေမယ့် တောင်ပိုင်းဧကရီက လူတိုင်းနဲ့ မျှဝေစေခိုင်းစေချင်တာ။ ” အထိန်းတော်ေ၀ သွယ်ဝိုက်ရင်း ပြောပြတယ်။

“ အမတ်မင်းတွေနဲ့ မျှဝေရမှာလား။ ကောင်းတာပေါ့။ တောင်ပိုင်းဧကရီ ပြောတာ အကျိုး အကြောင်းသင့်ပါပေတယ်။ ” ဧကရာဇ် လင်းမုပိုင် ပြောတယ်။ လင်းထျန်းရုံကို သူ လှည့်ကြည့်တယ်။

“ သားတော်။ မင်းက သဘောထားကြီးပြီး ရက်ရောရမယ်။ တောင်ပိုင်းဧကရီ ဒီနေ့ ပြောခဲ့တာကို မှတ်ထား။”

“ ….. ကောင်းပါပြီ ခမည်းတော်။ သားတော် မှတ်သားထားပါ့မယ်။” အိမ်ရှေ့စံ လင်းထျန်းရုံ တစ်ခုခု ပြောချင်ပေမယ့်။ နောက်ဆုံးမှာ မပြောဖို့ ဆုံးဖြတ်လိုက်ပြန်တယ်။

“ ကောင်းပြီလေ။ တောင်ပိုင်းဧကရီက မျှေ၀ ခိုင်းစေချင်မှတော့။ ငါ ကိုယ်တော် အိမ်ရှေ့စံ အစား ဝေမျှပေးပါမယ့်။ အမတ်မင်းတွေ အကုန်လုံးကို မျှဝေပေးလိုက်ပါ။” ဧကရာဇ် လင်းမုပိုင် ကြေညာတယ်။

အမတ်မင်းတွေ အားလုံး အရမ်းကို စိတ်လှုပ်ရှားကုန်ကြတယ်။ အခုက နေ့လယ် ထမင်းစားချိန်ကြီး ဖြစ်နေပြီလေ။ သူတို့ အားလုံး အတော့်ကို ဆာနေကြပြီ။ နောက်ပြီးတော့ မျက်စိရှေ့က ရွှေရောင်တောက်နေတဲ့ အသားကင်က အရမ်းကို ဆွဲဆောင်မှု ရှိလွန်းနေတယ်။

ဒါပေမယ့် ဒါက အိမ်ရှေ့စံ အတွက် လက်ဆောင်ဆိုတော့။ သူတို့ မစားရဲကြဘူး။ ဒါ့အပြင် တစ်ခုခု လွဲနေတာကိုလည်း သူတို့ သတိထားမိတယ်လေ။ ပြောနိုင်တာကတော့။ သူတို့က မြို့တော်ထဲမှာ နေနေကြတဲ့ အတွက်။ စိတ်ကို လျှော့ထားတာလည်းပါတယ်။ တောင်ပိုင်း ဧကရီ ရှန်းယွီက သူတို့ကို မြို့တံခါးမှာတင် အဆိပ်ခတ် သတ်တာတော့ မလုပ်လောက်ပါဘူး။ ဒီ အချိန်မှာပဲ အမတ်မင်းတွေ အကုန် ဒူးထောက်ရင်းနဲ့။ ကျေးဇူးတင်စကားဆိုကြတော့တယ်။

“ အရှင် ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်၊”

“ ဧကရီ အရှင်မကို ကျေးဇူးတင်ပါတယ်။”

“အိမ်ရှေ့စံကို ကျေးဇူးတင်ပါတယ်။”

အဲ့ဒီ့နောက် အမတ်မင်းတွေ။ နှုတ်ခမ်းကိ လျှာနဲ့ သပ်ရင်း။ တံတွေးမျိုချနေကြတယ်။ ဒီ အသားကင်ကို နောက်ဆုံးတော့ စားနိုင်တော့မယ်လေ။ မနှစ်တုန်းက ညီလာခံ စာမေးပွဲမှာ အောင်မြင်ပြီး ။ အမတ်မင်းတွေ ဖြစ်လာကြတဲ့ ကျောင်းတော်သား တွေကတော့ ပိုပြီးတော့ စိတ်လှုပ်ရှားနေကြတယ်။

“နောက်ဆုံးတော့ ငါတို့ စားရတော့မယ်။“

“ဒီနေ့ရောက်ဖို့ တစ်နှစ်ကျော်တောင် စောင့်လာရတာ။”

ဒီအချိန်မှာပဲ ဝတ်ရုံတို ဝတ်ထားတဲ့ အစေခံတစ်ချို့ ရောက်လာတယ်။ အသားကင်ကို လှီးဖြတ်ကြတော့တယ်။ လင်းထျန်းရုံကတော့ အံကိုသာ ကြိတ်ထားခဲ့တယ်။ သူ့ အမူအယာက မည်းမှောင် တည်ငြိမ်နေခဲ့တယ်။

“ ပင်းယန်လည်း စားချင်တယ်။” ပင်းယန် ထအော်တယ်။

“ မင်းကိုယ်မင်း မင်းသမီးဆိုတာ သိသေးရဲ့လား။ တခြားသူတွေကို အရင်စားခိုင်းလိုက်လို့မရဘူးလား။ ဧကရာဇ်က မင်းကို အမြဲ ပြောတာပဲ။ ရက်ရောရမယ်။ သူတစ်ပါးကို ဦးစားပေးရမယ်လို့။” ဖန်ကျန်းရှီ ဆူပူရင်း ပြောတယ်။

“ ဟမ့်။ ခမည်းတော် ဘယ်တုန်း ပြောလို့လဲ၊” ပင်းယန် ကတော့ စိတ်မချမ်းမသာ ဖြစ်နေရှာတယ်။

အထိန်းတော်ဝေက အစေခံတွေ ဆီက ပန်းကန်ပြားကို ယူပြီးတော့ ဧကရာဇ်ကို ကမ်းပေးဖို့ ပြင်နေတာ။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတာကို ကြားတော့ ဧကရာဇ်ကို သူ လှည့်ကြည့်တယ်။

“ အင်း ကိုယ်တော် ပြောခဲ့သလိုပဲ။ အမတ်မင်းတွေ အရင်ဆုံး စားပါစေ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း ထပ်ပြောတယ် ။

“ ကျေးဇူးကြီးလှပါတယ် အရှင်။”

အမတ်မင်းတွေ ရှေ့တိုးပြီးတော့ အစေခံတွေ လက်ထဲက ပန်းကန်ကို ယူကြတော့တယ်။ အသားကင်ကို အသေးစိတ် လေ့လာနေတယ်။

“ ကောင်းလိုက်တဲ့ အသားကင်။ တကယ့်ကို အချက်အပြုတ် ပါရမီရှင်ပဲ။”

“အရေခွံက ရွှေရောင်သန်းပြီး တော့ ကြွပ်ရွနေတယ်။ အသားက အရည်ရွှမ်းပြီ်း နူးညံ့နေတယ်။ တကယ့်ကို နတ်သုဒ္ဒါပဲ။

“

“အမှန်ပဲ ။ အမှန်ပဲ။”

ကြီးမြတ်သောရှရဲ့ အမတ်မင်းတွေ အနေနဲ့ ။ ဒီအသားကင်ကို သူတို့ စာတစ်တန် ပေတစ်တန် ဖွဲ့ဆိုပြီး ချီးမွမ်းပြီး အရည်အချင်း ပြနေကြတယ်။ တစ်ချို့သော အမတ်မင်းတွေကတော့ ဒီ အခွင့်အရေးကို သုံးရင်း။ သူတို့ရဲ့ ကဗျာဖွဲ့ဆိုနိုင်စွမ်းကို ပြသကြတယ်။

“ အမတ်မင်း လီက အစားအစာ ဝေဖန်ရေးသမားလို့ ကြားဖူးတယ်။ ဒီ အသားကင် အတွက် ကဗျာလေး တစ်ပုဒ်လောက် စပ်ပါလား။”

“ အမတ်မင်း ဝမ် ချီးမွမ်းလွန်းနေပါပြီ။ ဒါပေမယ့် တောင်းဆိုတော့လည်း ကျွန်တော် မငြင်းဆန်ဝံ့ပါဘူး။”

“ ကြားချင်ပါတယ် အမတ်မင်းလီ။”

အမတ်မင်းတွေ အသားကင်ကို ကိုင်ရင်း ။ စိတ်ပါလက်ပါ ချီးမွမ်းကြတယ်။ အဲ့ဒိ့နောက်။ အသားကင်တွေကို။ သူတို့ ကိုယ်ပိုင် ဓား အသေးစားတွေနဲ့ လှီးဖြတ်ရင်း စားကြတော့တယ်။ ပါးစပ်ထဲ ရောက်တဲ့ အချိန်မှာပဲ သူတို့ မျက်နှာတွေ ပြုံးရွှင်ကုန်ကြတယ်။

“ကောင်းလိုက်တာ။ တကယ့်ကို ပြိုင်စံရှားပဲ။”

“ ပထမ တစ်ကိုက်နဲ့တင် တကယ့်ကို ရသာထူးလှပေတယ်။”

“တကယ့်ကို နတ်သုဒ္ဒါပေပဲ။ ငါ အစားအသောက်တွေကို ဝေဖန်စားသောက် လာခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်ခဲ့ပြီ။ ဒီအသားကင်က ဘဝမှာ အကောင်းဆုံးပဲ။”

“ ဧကရီ ရှန်းယွီကို ကျေးဇူးတင်ပါတယ်။”

အမတ်မင်းတွေ ရှန်းယွီကို ရက်ရောမှု အတွက် ကျေးဇူးတင်ကြတယ်။ စိတ်ကို တင်းထားတဲ့ အမတ်မင်းတွေတောင်။ နောက်ဆုံးတော့ စိတ်လျှော့်ရင်း အသားကင်ကို မြည်းစမ်းကြတော့တယ်။ အသားက ပါးစပ်ထဲမှာတင် အရည်ပျော်သွားတယ်။

လင်းထျန်းရုံကတော့ အမတ်မင်းတွေကို ကြည့်ရင်း ဖြူဖျော့နေခဲ့ပြီ။ ပင်းယန်ကတော့ ပွစိ ပွစိ ဆက်တိုက်ပြောနေခဲ့တယ်။ နှုတ်ခမ်းတွေကို လျှာနဲ့ ခနခန သပ်နေတယ်။ သူမအရမ်းစားချင်နေတာ သိသာလှတယ်။

ရန်ရွှယ်ကတော့ ပိုတည်ငြိမ်တယ်။ သူလည်း စားနေခဲ့တယ်။ ဒါပေမယ့် သူ့ ရဲ့ အေးစက်စက် အမူအယာနဲ့ ။ အနီရောင် အလင်းတန်းကတော့ ပျောက်ကွယ်မသွား။ အချိန်တွေက ခပ်မြန်မြန်ပဲ ကုန်သွားတယ်။ အမတ်မင်း တစ်ဝက်ကျော်လောက် ခွဲတမ်းရတဲ့ အသားကင်ကို စားပြီးသွားကြပြီ။ ဘယ်လောက် အရသာရှိမှန်း သူတို့ ပြောနိုင်ကြတယ်။

ဝမ်တပေါင်းလည်း ပူလောင်နေခဲ့တယ်။ အချိန် အကြာကြီး ဆာလောင်နေခဲ့ပြီးနောက်။ အမတ်မင်းတွေ အသားကင် စားတာကို ငေးကြည့်နေရတာ။ သူကိုယ်တိုင်က ဘာမှ မစားရသေး။ ဒါပေမယ့် သူ့စိတ်ပျက်မှုက ကြာရှည် မခံပါဘူး။ သူ့ အဖေက အသား ကင်ကို မစားရသေးတာကို တွေ့လိုက်မိတယ်။

“အဖေ ငါ့ အတွက် ချန်ထားတာလား။” ဝမ်တပေါင်း သူ့ လက်တွေကို ပွတ်ရင်း သွားရည်ကျနေမိတယ်။ ဝမ်ချွမ်လက်ထဲက အသားကင်ကို သူ စိုက်ကြည့်နေတယ်။ ဒီ အချိန်မှာပဲ။ အသံကျယ်ကြီး တစ်ခုက သူ့ကို တုန်ယင်သွားစေတယ်။

အပိုင်း(၅၂၆)ပြီး၏။

အပိုင်း (၅၂၇)

“အိမ်ရှေ့စံက အဆိပ်ခတ်တဲ့ သူလား။”

Translator: Sparrow Translations  Editor: Sparrow Translations

“ ဘာတွေ ဖြစ်နေတာလဲ။” ဝမ်တပေါင်း ဆူညံသံ ကြားတဲ့ ဘက်ကို လှည့်ကြည့်လိုက် မိတယ်။ ဖြစ်ပျက်နေတဲ့ ကိစ္စကို မြင်လိုက်ရချိန်မှာ။ သူ မျက်လုံးပြူးသွားတယ်။ ဘာကြောင့်လဲ ဆိုတော့။ ဒါက တစ်ယောက်ယောက် သတိလစ်သွားတဲ့ အသံ ဖြစ်နေတာကြောင့်ပဲ။ ပိုပြီးတော့ အရေးကြီးတာ အခု သတိလစ်သွားတဲ့ သူက ။ ဝန်ကြီးဌာန ခြောက်ခုထဲက တစ်ခုရဲ့ ခေါင်းဆောင် ။ ဝန်ကြီးယွဲ့ ။ ယွဲ့ဟူက ပထမဆုံး အသားကင်ကို ဝေစုရတဲ့ သူ။ ဒါကြောင့်။ အရင်ဆုံး စစားတဲ့ သူလည်း ဖြစ်တယ်။ ဒါပေမယ့် အခုတော့ မြေပြင်ပေါ်မှာ လှဲလျောင်းနေတဲ့သူ ဖြစ်နေခဲ့ရပြီ။ ခြေထောက်တွေလည်း တောင့်နေသလို။ လူကလည်း မျက်ဖြူ စိုက်နေခဲ့တယ် သူ့ရဲ့ နဖူး အလယ် မှာ အနီမှတ် တစ်ခုပေါ်နေခဲ့တယ်။ သူ့ကြည့်ရတာ အတော့်ကို ကူကယ်ရာမဲ့နေသလိုပဲ။

“ဝန်ကြီးယွဲ့ သတိလစ်သွားပြီ။” အမတ်မင်းတစ်ယောက် ရဲ့ အော်သံက လေထဲမှာ ထွက်ပေါ်လာတယ်။

“ဝန်ကြီးယွဲ့ ဘာ ဖြစ်တာလဲ။ ခေါင်း အပူလွန်သွားတာလား။ ဒါပေမယ့် ….” အမတ်မင်း တစ်ယောက် ခေါင်းမော့ကြည့်ရင်း မေးတယ်။ နေက ခေါင်းပေါ် တည့်တည့်မှာ ရောက်နေခဲ့ပြီ။ ဒါပေမယ့် ဆောင်းဦးရာသီရဲ့ နေကြောင့် သတိလစ် တာမျိုးတော့ တစ်ခါမှ မကြားဖူးဘူး။

အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အမူအယာကတော့ ချက်ခြင်း ပြောင်းလဲသွားပြီ။ သူ တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ သူ စကားပြောဖို့ ပြင်နေတဲ့ အချိန်မှာပဲ ။ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်တယ်။

“ ဒုန်း….”

နောက်ထပ် အမတ်မင်း တစ်ယောက် မြေပြင်ပေါ် လဲကျပြီး သတိလစ်သွားပြန်တယ်။ သူ့ကို တခြားသူတွေ ဘယ်လိုပဲ လှုပ်နှိုးပါစေ။ သတိပြန်လည် လာမယ့် အရိပ်အယောင် မရှိ။

“ အမတ်မင်း လီ…။ အမတ်မင်းလီ…. ဘာဖြစ်တာလဲ။” အမတ်မင်းတွေ အားလုံး မျက်လုံးပြူးကုန်တယ်။ ဒါကလည်း အဆင့်နှစ် အမတ်မင်းပဲ။ တစ်တန်းထဲက နှစ်ယောက်။ နှစ်ယောက်လုံးက အဆင့်မြင့် အမတ်မင်းတွေ။ ဒါကြောင့် အမတ်မင်းတွေ အားလုံး ထိတ်လန့်လာကြတယ်။ ဒါပေမယ့် ဒီကိစ္စကတော့ ရပ်တန့်မသွားခဲ့။

“ ဒုန်း….”

“ အမတ်မင်း ဝမ် …. ။ မင်း ဘာဖြစ်တာလဲ။ အမတ်မင်း ဝမ် သတိလစ်သွားပြန်တယ်။”

“ ဒုန်း….”

“…”

အမတ်မင်းတွေ သတိလစ်တာကို မြင်လေလေ။ သူတို့ေ တွရဲ့ အမူအယာကတော့ တဖြည်းဖြည်း ပြောင်းလဲလာတယ်။

“ အသားထဲမှာ …. အဆိပ်ပါနေတာလား။”

သူတို့တွေ တွေးတောနေကြတဲ့ အချိန်မှာပဲ။ တစ်ချို့ အမတ်မင်းတွေက ပါးစပ်ထဲ လက်ထည့်ပြီး အန်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် အချိန် နှောင်းသွားခဲ့ပြီ။ အသားက အစာကြေသွားခဲ့ပြီလေ။

“ ဒုန်း … ဒုန်း …. ဒုန်း…”

အမတ်မင်းတွေ ပိုပိုပြီးတော့ မြေပြင်ပေါ်ကို လဲကျ ကုန်ကြတယ်။ လေပြေညှင်းက သူတို့ပေါ်ကို ဖြတ်သန်းတိုက် ခတ်နေခဲ့တယ်။ အသားစားခဲ့မိတဲ့ အမတ်မင်းတွေ အားလုံး မျက်နှာတွေ အစိမ်းရောင် ဖြစ်နေကြပြီ။ ဧကရီ ရှန်းယွီက ဒီလို အဆိပ်ခတ်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ သူမ ဒီလို ပွဲတော်ကြီးမှာ ဘယ်လိုများ လုပ်ဝံ့တာလဲ။ ဘာတွေ များ သူမ စီစဉ်နေတာလဲ။

ပင်းယန်လည်း မျက်လုံးပြူးနေခဲ့တယ်။ အမတ်မင်းတွေ သတိ လစ်နေတာကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။

“ ဝိုး…. သူတို့တွေ အားလုံး သေကုန်တာလား။” ပင်းယန် တအံ့သြပြောတယ်။ အဲ့ဒီ့နောက်မှ ဆက်ပြောတယ်။ “ သူတို့တွေ…. သတိလစ်ကုန်ကြတာကိုး ”

“ သေ ကုန်တယ်တဲ့။” ပင်းယန်ကို ဖန်ကျန်းရှီ လှည့်ကြည့်တယ်။ ဒီကောင်မလေး တစ်ခုခုများ လွတ်နေတာလား။ ခေါင်းထဲမှာ ဘာတွေ တွေးနေတာလဲ။ ဒါက မင်းသမီးတဲ့လား။ အမတ်မင်းတွေ သေမလို ဖြစ်နေတာကို ဒီလောက်တောင် ပျော်နေရလား။

ရန်ရွှယ်က နည်းနည်းတော့ လန့်သွားခဲ့တယ်။ ဒါပေမယ့် သူ့မျက်နှာက ခပ်မြန်မြန်ပဲ ပြန်အေးစက်သွားခဲ့တယ်။ ရှင်းယွမ်ကောင်းနဲ့ ချီဟို့ကတော့ အသားကင်ကို မစားကြဘူး။ ကျောင်းတော်ဆယ့်သုံးခု ရဲ့ ခေါင်းဆောင်တွေ အနေနဲ့။ သူတို့က အမတ်မင်းတွေ ထက် သတိလည်း ပိုကောင်းတယ်။ လိုက် နာရမယ့် စည်းမျဉ်းတွေလည်း ပိုများတယ်။

ကျောင်းတော်ဆယ့်သုံးခုက ဒီ အင်ပါယာရဲ့ အခြေခံပဲ။ ဧကရာဇ်က အမတ်မင်းတွေကို အသားကင် စားဖို့ ပြောပေမယ့်။ သူတို့ကတော့ မစားခဲ့ကြဘူး။ အမတ်မင်းတွေ လဲကျကုန်တာကို မြင်တော့။ မျက်မှောင်ကြုတ်ရင်း ရှန်းယွီကို လှမ်းကြည့်ကြတယ်။ သူတို့ နှစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တိုက်ခိုက်ဖို့ ပြင်ကြတော့တယ်။ လူတွေကတော့ မျက်လုံးပြူးနေကြပြီ။

မြို့တော်သူ မြို့တော်သား တွေ အနေနဲ့။ ရှုပ်ထွေးတဲ့ အစီအစဉ် တွေ ကို သူတို့ မြင်နေကြပဲ။ ဒါပေမယ့် အခု ကိစ္စကတော့ အဆင့်မြင့် လွန်းသွားပြီ။ နေ့ခင်းကြောင်တောင်မှာ အမတ်မင်းရာချီကို အဆိပ်ခတ်တယ် တဲ့။

“အဆိပ်တဲ့လား။”

“ဧကရီ ရှန်းယွီက အသားကင်ကို အဆိပ်ခတ်တယ်တဲ့လား။”

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ”

“ မဖြစ်နိုင်တာပဲ။ သူက တောင်ပိုင်း ဧကရီလေ။”

လူတိုင်းက သူတို့ မြင်နေရတာကို ယုံကြည်ဖို့ ခက်ခဲနေခဲ့တယ်။ ဒါပေမယ့် အမတ်မင်းတွေ သတိလစ်သွားတာ ကိစ္စကတော့ မငြင်းနိုင်စရာ အချက်ပဲ။

ပိုင်ချီ မျက်လုံးပြူးနေခဲ့တယ်။ အဆိပ်လား။ တောင်ပိုင်းဧကရီ က အသားကင်ကို အဆိပ်ခတ်တယ်လား။ သူ့ဘဝမှာ မရေမတွက်နိုင်တဲ့ ကိစ္စတွေကို ကြုံတွေ ခဲ့ရပြီးပါပြီ။ ဒါပေမယ့် အခုလို အဖြစ် အပျက်မျိုးကိုတော့ မယုံနိုင်သေးဘူး။

သွမ့်အရှင်လည်း ထိတ်လန့်နေခဲ့တယ်။ ဖန်ကျန်းရှီက သူ့မှာ လူသတ်နိုင်တဲ့ အခြေအနေ မရှိဘူး လို့။ ပြောခဲ့တဲ့ အချိန်တုန်းက သူ နားမလည်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ သူ နားလည်သွားခဲ့ပြီ။ လင်းထျန်းရုံကို သူ လှည့်ကြည့်တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ မှောင်မည်းနေတဲ့ အမူအယာကို မြင်တော့ ။ သွမ့်အရှင် လှောင်ပြုံးပြုံးလိုက်တယ်။ ဒီအချိန်မှာပဲ။ ထိတ်လန့်တကြား အော်ဟစ်တဲ့ အသံ လေထဲမှာ ထွက်ပေါ်လာတယ်။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ဒါတွေ ဘယ်လိုများ ဖြစ်လာတာလဲ။” ရှန်းယွီလည်း သူမ မြင်ရတာကို ထိတ်လန့်နေတယ်။ ကူကယ်ရာမဲ့တဲ့ ထိတ်လန့်မှုတွေ သူမ မျက်လုံးမှာ အထင်သားပေါ်နေခဲ့တယ်။ ပါးစပ် အဟောင်းသား ဖြစ်တဲ့ အထိကို အံ့သြနေခဲ့တာ။ ရှန်းယွီ ဘယ်လောက်တောင် လန့်နေလဲ ဆိုတာ လူတိုင်း မြင်နိုင်တယ်။ ဖန်ကျန်းရှီကတော့ စစချင်း ပဲ အံ့သြနေခဲ့တာ။ ဒါပေမယ့် သူ ခပ်မြန်ပြန်ပဲ သက်ပြင်းချလိုက်မိတယ်။

“ သူတို့ တွေ အားလုံး သရုပ်ဆောင်ကောင်းကြတာပဲ။”

ဖန်ကျန်းရှီ ထင်ခဲ့တာ။ ရှန်းယွီ မျက်လုံးပြူးရုံလောက်ပဲ လုပ်မယ်လို့။ ဒါပေမယ့် သူမက ထိတ်လန့်တကြား ဖြစ်တဲ့ ပုံစံကို သွားတယ်။ အကယ်၍ ဒီကိစ္စကိုသာ သူ ကြိုမသိရင်။ တကယ် ယုံမိမှာပဲ။

ကြည့် ရတာ ရှန်းယွီက လွန်ခဲ့တဲ့ တစ်နှစ်အတွင်း အတော်လေး ရင့်ကျက်လာတဲ့ ပုံစံပဲ။ သူမရဲ့ သရုပ်ဆောင် စွမ်းရည်က အတော့်ကို တိုးတက်လာတာပဲ။ ရှန်းယွီ ထိတ်လန့်နေတာကို မြင်တော့။ လူတိုင်းက သူမကို အဆိပ်ခတ်သူလို့ သံသယဝင်နေတာတွေ လျော့ကျလာတယ်။

“ ဧကရီက အဆိပ်ခတ်တဲ့သူ မဟုတ်ဘူးလား။”

“ဒါပေမယ့် သူမက အသားကင်တဲ့ သူလေ။”

“ သူမက အသားကင်ပေမယ့် ။ အမတ်မင်းတွေကိုတော့ အဆိပ် မခတ်လောက်ပါဘူး။ ဧကရာဇ်ရဲ့ ရှေ့မှာတော့ မလုပ်လောက်ပါဘူးလေ။ မင်း ရူးနေတာလား။”

“ အမှန်ပဲ။”

လူတွေ ဆွေးနွေးကြပြန်တယ်။ လင်းထျန်းရုံကတော့ အံကြိတ်ထားခဲ့တယ်။ ရှန်းယွီ ကို သူလှမ်းကြည့်နေတယ်။

ရှန်းယွီတွေးနေတာကို သူသိတယ်။ ကိစ္စတွေက သူ့ အတွက် အခြေအနေ ကောင်းလာပြီလို့ ထင်မိခဲ့တာ။ ဒါပေမယ့် ကိစ္စတွေက အလှည့်အပြောင်း ဖြစ်သွားမယ်လို့ မထင်ထားမိခဲ့ဘူး။ အကောင်းဆုံး အခြေအနေကို မရောက်ခင် တိုက်ခိုက်ဖို့တောင် အခွင့်အရေး မရလိုက်ဘူး။ နောက်ပြီးတော့ ဒီ အချိန်မှာတင်။ ရှန်းယွီက လက်ဦးမှု ရယူရင်း လှုပ်ရှားပြီးတော့ ။ သူမရဲ့ ရပ်တည်ချက်ကို ထင်ရှားအောင် လုပ်လိုက်ပြီ။ အခုချိန်မှာ သူ စကားမပြောနိုင်တော့ဘူး။

“ဘာလို့ ဒီလို ဖြစ်ရတာလဲ။ အား…. ဘယ်သူက ငါ့ကို အကွက်ဆင်တာလဲ။” ရှန်းယွီကတော့ အရှိန်လျော့သွားမယ့် အရိပ်အေယာင် မပြဘူး။

“ ဒါက လွန်ခဲ့တဲ့တစ်နှစ်မှာ ငါ သုံးခဲ့တဲ့ ဟင်းခတ်အမွှေး အကြိုင်တွေပဲလေ။ ဒီ တစ်နှစ် လုံးလုံး ငါ သိမ်းထားခဲ့တာ။ ဒီထဲမှာ အဆိပ် ပါနေတယ် ဆိုတာ မဖြစ်နိုင်တာပဲ။”

“ ဘာတွေ ဖြစ်နေတာလဲ။”

“ ဒါက ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။”

ရှန်းယွီ အဆုတ် ကွဲမတတ် အော်ဟစ်နေခဲ့တယ်။ သတိမလစ်တဲ့ အမတ်မင်းတွေကတော့ ။ သတိလစ်နေတဲ့ အမတ်မင်းတွေ ကို နှိုးဖို့ ကြိုးစားနေကြတယ်။ ရှန်းယွီ ပြောတာ ကြားတော့ သူတို့တွေ တောင့်တင်း ကုန်တယ်။ ဥပမာ အားဖြင့် ။ ဟင်းခတ် အမွှေးအကြိုင်တွေက အချိန် အကြာကြီး သိမ်းဆီးထားနိုင်တယ်။ ငါးနှစ်လောက် သိမ်းထားတာ တောင် ပြဿနာ မဟုတ်ဘူး။ နောက်ပြီးတော့။ အသားကင်တဲ့ အချိန် ထွက်လာတဲ့ အနံ့ အသက်က လုံးဝကို သန့်ရှင်းလတ်ဆတ်နေခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ ဒီနေ့ အဖြစ်ကို မခန့်မှန်းနိုင်ဘူး။ ပိုပြီး အရေးကြီးတာ ဒီ အမတ်မင်းတွေ အားလုံး တူညီတဲ့ အခြေအနေ တစ်ခုတည်း မှာ ရှိနေတာပဲ။ သူတို့တွေ အားလုံး အရက် အသောက် လွန်သလို ဖြစ်နေခဲ့တယ်။

…

ခဏေနေပါအုန်း။ သောက်ထားကြတာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ အမတ်မင်းတွေ ဒါကို တွေးမိတဲ့ အချိန်။ ကျောထဲ စိမ့်ချမ်းသွားခဲ့တယ်။ သူတို့တွေ သက်တောင့် သက်တောင့် သက်သာ မရှိနိုင်တော့ဘူး။ အဲ့ဒီ့နောက် လေထဲကနေ အသံ တစ်သံ ထွက်လာခဲ့တယ်။

“ ရှန်းယွီ မင်းက ဒီ ဟင်းခတ် အမွှေးအကြိုင်တွေကို ကောင်းကောင်း သိမ်းထားခဲ့တာပဲ။”

“ ကောင်းကောင်း သိမ်းထားခဲ့တယ် ဟုတ်လား။” ရှန်းယွီ တစ်ပတ် လှည့်ကြည့်တယ်။ နီးကပ်လာတဲ့ သူကို သူ မြင်တယ်။

“ ဖန်ကျန်းရှီ ….. နင် ဘာတွေ ပြောနေတာလဲ။ ”

“ ငါပြောချင်တာက။ လွန်ခဲ့တဲ့ တစ်နှစ် တုန်းက ဟင်းခတ် အမွှေးအကြိုင်တွေကို ဘယ်သူမှ မပြောင်းလဲ ခဲ့ပါဘူး။” ဖန်ကျန်းရှီ ကျန်ရစ်ခဲ့တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို ညွှန်ပြတယ်။

“ ဘယ်သူမှ မလဲလှယ်ခဲ့ဘူး ဟုတ်လား။” လူတွေ တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ပြောနေခဲ့တယ်။ အကယ်၍သာ ဒီ ဟင်းခတ် အမွှေးအကြိုင်တွေက မပြောင်းလဲခဲ့ဘူး ဆိုရင်။ ရှန်းယွီက အဆိပ် အတွက် တာဝန် မရှိဘူး။

“ ဒီ ဟင်းခတ် အမွှေးအကြိုင်တွေကို ငါက အဆိပ်ခတ်တယ်လို့ ဆိုလိုချင်တာလား။” ရှန်းယွီရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။

“ ဘယ်ဟုတ်မလဲ။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ ဒါဆိုရင် နင်ဘာတွေ ပြောနေတာလဲ။” ရှန်းယွီ ကြည့်ရတာ နည်းနည်း စိတ်ဆိုး လာသလိုပဲ။

“ အရှင် ဧကရီ ။ စိတ်ဆိုးဖို့မလို ပါဘူး။ ကျွန်တော် ပြောချင်တာက လွန်ခဲ့တဲ့ တစ်နှစ် ။ စားသောက်ပွဲ မတိုင်ခင် တည်းက ဒီ ဟင်းခတ် အမွှေးအကြိုင်တွေထဲ မှာ အဆိပ် ပါနေပြီးသားလို့ ပြောချင်တာပါ။” ဖန်ကျန်းရှီ ရယ်မောရင်း ရှင်းပြတယ်။

“လွန်ခဲ့တဲ့ တစ်နှစ်က စားသောက်ပွဲလား။ နင် ဘယ်လို သိတာလဲ။” ရှန်းယွီရဲ့ ကိုယ်ကနေ မီးတောက်တွေ ပြောလခဲ့တယ်။

ဒီ အမျိုးသမီးရဲ့ သရုပ်ဆောင် စွမ်းရည်ကို ဖန်ကျန်းရှီ လေးစားမိတယ်။ လွန်ခဲ့တဲ့ တစ်နှစ် အတွင်း အတော်လေး ရင့်ကျက်လာခဲ့တာပဲ။ ဒါပေမယ့် ဒီ ဒေါသတွေကို ဘယ်သူ့ဆီ လမ်းလွှဲ ရမယ်မှန်း သူ ကောင်းကောင်းသိတယ်။

“ ဒါပေါ့ သိတာပေါ့။ ကျွန်တော်လည်း ဒီ အဆိပ် မိဖူးတယ်လေ။” အိမ်ရှေ့စံ မင်းသားကို သူ လက်ညှိုးထိုးပြတယ်။ “အဆိပ်ခတ်တာက သူ။”

“ အိမ်ရှေ့စံလား။”

“ သူ တကယ်ပဲ အဆိပ်ခတ်တာလား။”

အမတ်မင်း တွေ ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ လူတွေကတော့ တအံ့တသြ နဲ့သာ ရှိနေခဲ့တယ်။ သူတို့တွေ မယုံနိုင်ကြ။

“ အမှိုက် သရိုက်ကောင်။ ဖန်ကျန်းရှီ။ မင်း ငါ့ကို ဘယ်လိုတောင် လွှဲချ ဝံ့တာလဲ။ အဆိပ်ခတ်တဲ့သူက….” ဖန်ကျန်းရှီ ဒီကိစ္စကို သူ့ ဆီ လွှဲချနိုင်မယ်လို့ ထင်တောင် မထင် ထားမိခဲ့ဘူး။

ဖန်ကျန်းရှီက အခုတော့ သူ့ကို လက်ညှိုးထိုးနေပြီ။ တကယ့်ကို အံ့သြ စရာကောင်းတယ်။ သူ ချက်ခြင်း ပြန်ပြောဖို့ ပြင်တယ်။ ဒါပေမယ့် နောက်ဆုံး စကားလုံးတွေကို မပြောခင်မှာပဲ။ သူ ရပ်တန့်သွားခဲ့တယ်။ ဖန်ကျန်းရှီ အနိုင်ရအောင်။ သူ ကြားချင်တဲ့ စကားကို ပြောမိတော့မလို နည်းနည်းပဲလိုတယ်။

“ ဘယ်သူလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ ငါဘယ်လို လုပ် သိမှာလဲ။ ငါက တောင်ပိုင်း ဧကရာဇ်ရဲ့ စားသောက်နေခဲ့တာ။ စားသောက်ပွဲကနေ ထွက်မှ မထွက်သွားပဲ။ မင်းကို အဆိပ်ခတ်တဲ့သူကို ငါ ဘယ်လိုလုပ် သိမှာလဲ။” အိမ်ရှေ့စံ ပြန်ဖြေတယ်။

“ ဒီလိုလား။” ဖန်ကျန်းရှီ ပြုံးနေခဲ့တယ်။

အိမ်ရှေ့စံ အမှန်ကို ပြောဖို့ သူ စောင့်နေခဲ့တာ။ ဒါပေမယ့် အိမ်ရှေ့စံက သူ့ကိုယ်သူ အချိန်မှီ ကယ်တင် နိုင်လိုကတာပဲ။ နှမြောစရာ ကောင်းပေမယ့် အဆုံးသတ်သွားတာတော့ မဟုတ်ဘူးလေ။

“ဖန်ကျန်းရှီ။ အိမ်ရှေ့စံကို စွပ်စွဲတာက ပြစ်မှု ကြီးမှန်း မင်းသိရဲ့လား။” လင်းထျန်းရုံ နဖူးပေါ်က ချွေးတွေကို သုတ်ရင်း ဟိန်းဟောက်တယ်။

“ ကျွန်တော် က ခန့်မှန်းနေရုံပါ။ အရှင့်သားက ငြင်းတော့လည်း ။ ဒီ အဆိပ်ခတ်တဲ့ ကိစ္စကို အတည်ပြုဖို့ရာ တစ်ယောက်ပဲ ကျန်တော့တာပေါ့။” ဖန်ကျန်းရှီက အိမ်ရှေ့စံရဲ့ မေးခွန်းကို လျစ်လျူရှုရင်း ဆက်ပြောတယ်။

“ ဘယ်သူလဲ။” လင်းထျန်းရုံ ရဲ့ စိတ်နှလုံး မွန်းကြပ်လာခဲ့တယ်။ ဖန်ကျန်းရှီ ဘာတွေ ဆက်ကြံစည်နေလဲ သူ မသိ။ ဒီ အိမ်မက်ဆိုးကြီး ကို အဆုံးသတ်စေချင်နေပြီ။

အပိုင်း (၅၂၇)ပြီး၏။

အပိုင်း (၅၂၈)

“ ကြုံဖူးသမျှထဲ အရှက်မရှိဆုံး သရုပ်ဆောင်မှု။”

Translator: Sparrow Translations  Editor: Sparrow Translations

“စုချင်း ….” ဖန်ကျန်းရှီ အခိုင်အမာပြောတယ်။

“ မဖြစ်နိုင်တာ…။ စုချင်းက ဘယ်လို လုပ် အဆိပ်ခတ်မှာလဲ။ ” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အမူအယာ မည်းမှောင်သွားတယ်။ ဖန်ကျန်းရှီ အမှန်တရားကို သိမှန်း သူလည်း သိတယ်။ ရှန်လင်းက အဆိပ်ခတ် တဲ့ သူမှန်း လည်း သူသိတယ်။ ဖန်ကျန်းရှီ က စုချင်းလို့ ပြောတဲ့ အကြောင်းက …. ဖြစ်နိုင်တာ။ စုချင်းနဲ့ သူ့ကို သွေးခွဲဖို့ပဲ။ ဒါကြောင့် စုချင်းက အဆိပ်မခတ် လောက်ဘူးဆိုတာ သူ အခိုင်အမာ ငြင်းဆိုရမယ်။

“ အကယ် ၍ စုချင်းသာ အဆိပ် မခတ်ရင်။ ဘယ်သူဖြစ်နိုင်မှာလဲ။ သူတစ်ယောက်တည်းပဲ စားသောက်ပွဲမှာ မရှိတာလေ။ အရှင့်သား။ ရှန်လင်း မင်းသားကတော့ အဆိပ်ခတ်တဲ့သူ မဖြစ်နိုင်ဘူး မလား။ ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးပြတယ်။

“ ဘာလို့ မဟုတ်….” လင်းထျန်းရုံရဲ့ မျက်လုံးတွေ တလက်လက်တောက်ပလာတယ်။ ရှန်လင်း အဆိပ်ခတ်တယ်လို့သာ ဝန်ခံလိုက်ရင်…..။ အကြောင်းရင်းကို ဖန်ကျန်းရှီ မေးမှာပဲ။ ဒီလိုဖြစ်ရင် ကိစ္စတွေက မထိန်းကွပ်နိုင် ဖြစ်တော့မှာပဲ။ လင်းထျန်းရုံ ဒါမျိုးကို အဖြစ်မခံနိုင်ဘူး။

“ အရှင့်သား…. ။ ဒီလို တိတ်ဆိတ်နေတာက။ ဆုံးဖြတ်ချက် မချရသေးလို့လား။ ” ဖန်ကျန်းရှီ ရယ်မောရင်း ပြောတယ်။

“ ဖန်ကျန်းရှီ ….။ မင်း လက်ဆုပ် လက်ကိုင် သက်သေ မရှိပဲ ။ စွပ်စွဲနေတာတွေ မလုပ်ဖို့ ပြောချင်တယ်။ မဟုတ်ရင်။ မင်းကို ဖမ်းချုပ်ရလိမ့်မယ်။ ” အိမ်ရှေ့စံ လင်းထျန်းရုံ က ဖန်ကျန်းရှီကို မေးခွန်းထုတ်နေခဲ့တယ်။ ကိစ္စတွေက သူ့ ထိန်းချုပ်မှု အောက်ကနေ လွတ်နေပြီ။ ဒါကို သူ မခံစားမိဘူး။ ဖန်ကျန်းရှီ ရဲ့ ထောင်ချောက်ထဲကို ဝင်နေသလိုပဲ ခံစားရတယ်။

ဒါက ကြောက်စရာကောင်းတဲ့ အတွေးပဲ။ ဒီ အတွေးက သူ့ကျောရိုးမထဲ အထိ စိမ့်ချမ်းသွားစေတယ်။ မရေမတွက်နိုင်တဲ့ အမတ်မင်းတွေက ငြင်းမရတဲ့ သက်သေ ဖြစ်နေခဲ့ပြီ။ ဘယ် သမားတော် မဆို ဒီအဆိပ်ကို ထောက်လှမ်း နိုင်မှာပဲ။ ဒါဆိုရင်။ အမှန်တရားကလည်း ပေါ်လာမှာ အသေ အသေအချာ။ ဖန်ကျန်းရှီ ရဲ့ သံသယကို သူတို့ ဖြေရှင်းပေးကြမှာပဲ။

သူ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူ့ကိုယ်သူ စိတ်လျှော့ထားဖို့ပဲ။ အသားကင် မစားလိုက်တဲ့ အမတ်မင်းတွေ ဖန်ကျန်းရှီရဲ့ မသင်္ကာမှုကို စတင် သတိထားမိကြတော့တယ်။

ဖန်ကျန်းရှီ ရယ်မောလိုက်တယ်။ “အရှင့်သား။ ဒီ အပြစ်တွေအကုန်လုံးကို ရှန်လင်း မင်းသားဆီ လွှဲချဖို့ စီစဉ်နေတာလား။”

“ ဘာတွေ ဖြစ်ခဲ့လည်း ငါမသိဘူး။ ဒါကြောင့် ငါ မပြောတာပဲ။ ငါ့မှာ သက်သေမရှိသရွေ့။ ဘယ်သူ့ကိုမှ မစွပ်စွဲဘူး။” ဖန်ကျန်းရှီ အကြံပြုတယ်။

“ ဟ ဟား …. ဖန်ကျန်းရှီ.။ မင်းက မိုက်မဲလွန်းတယ်။ အစတည်းက ။ မင်းရဲ့ ပြောဆိုချက်တွေက အခြေအမြစ်မရှိပဲ။ မယုံကြည်နိုင်စရာပဲ။ နောက်ပြီးတော့။ စုချင်းက မြောက်ပိုင်း ကျောင်းတော် ငါးခုကို စောင့်ကြပ်နေတာ။ သူ့ကို မေးခွန်း ထုတ်ဖို့ မင်းမှာ အခွင့်အရေး မရှိဘူး။“ အိမ်ရှေ့စံ လင်းထျန်းရုံ အေးစက်စက် ရယ်ေ်မာတယ်။

“ ငါ့မှာ သက်သေရှိရင်ကော ဘယ်လိုလဲ။ ”

“ မင်းမှာ သက်သေရှိတယ်လား။” လင်းထျန်းရုံ လန့်သွားခဲ့တယ်။

ကြေးစား စစ်သည်တော် ရှစ်ယောက်ကိုလည်း သူ သတ်ခဲ့ပြီးပြီ။ စုချင်းကလည်း သူ့ကို အရမ်း သစ္စာရှိတယ် ။ ဖန်ကျန်းရှီ က ဘယ်လိုများ သက်သေရှိနိုင်တာလဲ။ ဒါပေမယ့် ဒီ အချက်အလက်တွေကိုကော ထုတ်ပြလို့ ဖြစ်နိုင်လို့လား။ ဘယ်ဖြစ်မလဲ။ ဒါပေါ့ ဘယ်ဖြစ်နိုင်မလဲ။

“ ဒါပေါ့ သက်သေရှိတယ်လေ။ အရှင့်သား။ အမတ်မင်း တစ်ယောက်ကို သက်သေမရှိပဲ ကျွန်တော်က စွပ်စွဲလိမ့်မယ် ထင်နေတာလား။” ဖန်ကျန်းရှီ ပြန်ဖြေတယ် ။ အမတ်မင်းတွေကတော့ မျက်လုံးပြူးနေခဲ့ပြီ။

“စုချင်းက တကယ်ပဲ အဆိပ်ခတ်တာလား။”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“ ဖန်ကျန်းရှီ မှာ ဘာသက်သေမှာ ရှိနိုင်အုန်းမှာလဲ၊”

အမတ်မင်းတွေ အတော့်ကို စိတ်ရှုပ်ထွေးနေကြတယ်။ ကိစ္စတွေက ပြောင်းလဲတာ မြန်လွန်းတယ်။ မြန်လွန်းလို့ သူတို့တွေ လိုက်မမှီနိုင်ဘူး။ ပြည်သူ ပြည်သားတွေလည်း အတော့်ကို စိတ်ရှုပ်ထွေးနေကြတယ်။ ဖန်ကျန်းရှီက သက်သေကို ပါးစပ်ကပဲ လျှောက်ပြောနေတယ် ထင်ကြတာ။ ဘယ်သူမှ တကယ် သက်သေရှိမှန်း မယုံကြည်ကြ။ ပင်းယန်ကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ ပြောရမယ် ဆိုရင် အမတ်မင်းတွေ လဲကျတာကို မြင်တည်းက။ တော်ဝင်မိသားစု မစားခင်။ အမတ်မင်းတွေကို အရင် စားဖို့ ပြောတာ သူ နားလည်သွားခဲ့ပြီ။ ဒါပေမယ့် ဒီ အရှက်မရှိတဲ့ ကောင်စုတ်ရဲ့ လက်ထဲမှာ သက်သေ တကယ်ပဲ ရှိနေတာလား။

ပင်းယန် မယုံနိုင်ပေမယ့် ။ ဖန်ကျန်းရှီ အရမ်းကို တည်ငြိမ်နေတာ ကြောင့်။ သူပြောနေတာကို ယုံလိုက်ရတယ်။ ရှင်းယွမ်ကောင်နဲ့ ချီဟုန်လည်း သံသယ ဖြစ်နေကြတယ်။ သက်သေတဲ့လား။ စုချင်းက အဆိပ်ခတ်တဲ့သူဖြစ်နိုင်တယ် တဲ့လား။

“ မင်းမှာ ဘာ သက်သေ ရှိမှာလဲ။ ” အိမ်ရှေ့စံ လင်းထျန်းရုံ မယုံနိုင် တဲ့ အကြည့်နဲ့ ကြည့်နေတယ်။

“ တကယ်ပဲ ကြားချင်တာလား။” ဖန်ကျန်းရှီ ပြုံးပြတယ်။

“ဒါပေါ့။ ” အိမ်ရှေ့စံ လင်းထျန်းရုံ ခေါင်းငြိမ့်တယ်။ သတိမလစ်တဲ့ အမတ်မင်းတွေကတော့။ နားစွင့်ရင်း ဖန်ကျန်းရှီ ပြောတာကို နားထောင်နေကြတယ်။

“ ကောင်းပါပြီ ဒါပေမယ့်…. မင်းတို့ ကြားချင်ရင်တောင်။ ငါ မပြောနိုင်ဘူး။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါတယ်။

“ငလူး…”

“ ဒီကောင် ငါတို့ကို ကစားနေတာပဲ။”

“ ဒီလိုလူ လောကမှာ ရှိနေတာ အံ့သြတယ်။”

အမတ်မင်းတွေ မခုခံနိုင်ဘူး။ သူတို့ ကြားတဲ့ အချိန် ကျိန်ဆဲကြတော့တယ်။ လင်းထျန်းရုံရဲ့ အမူအယာက လည်း မည်းမှောင်နေခဲ့တယ်။ သူက လူတိုင်းလေးစားရတဲ့ အိမ်ရှေ့စံ မင်းသားပဲလေ။ သူ့ကို လူအများရှေ့မှာ ဘယ်လိုများ ကစားဝံ့တာလဲ။ သူ တကယ့်ကို ဒေါသ ထွက်နေခဲ့ပြီ။

“ ဖန်ကျန်းရှီ မင်း ဘာကို ဆိုလိုချင်တာလဲ။”

“ ဘာမှ မဟုတ်ပါဘူး…။ အရှင့်သား။ တစ်ချို့ သက်သေတွေက အလွယ်တကူ ဖျက်စီး နိုင်တယ်။ ဒါကြောင့် အခုတော့ မပြောနိုင်ဘူး။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ မင်း ပြော တာ မင်းမှာ သက်သေ ရှိတယ်။ ဒါပေမယ့် ငါတို့ကို မပြောဘူး။”

“ ဒါပေါ့ သက်သေရှိပေမယ့် အခုတော့ မထုတ်ပြနိုင်ဘူး။ ဘာလဲ ပြဿနာရှိလို့လား။ အရှင့်သားက ဘာလို့ ဒီလောက်တောင် သိချင်နေရတာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“မင်း …..” အိမ်ရှေ့စံ လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း။ ဒေါသတကြီးနဲ့ ပြန်အော်ဖို့ ပြင်တယ်။ ဒါပေမယ့် ရွေးချယ်စရာမရှိတာကြောင့် သူ ပြန်ငြိမ် သွားခဲ့ရတယ်။ “ မင်း ဘယ်ချိန် ငါတို့ကို ပြောမှာလဲ။”

“ တရားခွင် စတင်တဲ့ အချိန်မှာပေါ့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ တရားခွင်….” လင်းထျန်းရုံ မျက်လုံးပြူးသွားတယ်။ “ အမှုကတော့ ပိတ်ထားပြီးသားလေ။ ဘာလို့များ တရားခွင် လုပ်ရမှာလဲ။”

“ အရှင့်သား။ ဒီ မှာ မရေမတွက်နိုင်တဲ့ အမတ်မင်းတွေ အဆိပ်မိနေတာကို မမြင်ဘူးလား။” ဖန်ကျန်းရှီ သတိလစ်နေတဲ့ အမတ်မင်းတွေကို ညွှန်ပြတယ်။

“ အဲ့ဒိ့တော့ ဘာဖြစ်လဲ။”

“ ဒီ အဆိပ်က။ လွန်ခဲ့တဲ့တစ်နှစ် မှာ။ ကျွန်တော့် မိခဲ့တဲ့ အဆိပ်နဲ့ အတူတူပဲလို့ ပြောပြီးသားလေ။ ရှန်လင်း မင်းသားကို သတ်တာ ကျွန်တော် ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။ ”

“ ဟမ့်။ ငါတို့က မင်းကို ဘာလို့ ယုံရမှာလဲ။ မင်း ဘာကို သက်သေ ပြနိုင်လို့လဲ။ ” အိမ်ရှေ့စံ လင်းထျန်းရုံ အံကြိတ်တယ်။

“ ကျွန်တော်က အိမ်ရှေ့စံကို သက်သေ ပြပေးရမှာ ” ဖန်ကျန်းရှီ မေးတယ်။

“ဒါပေါ့။ မင်း ပေါက်တက်ကရတွေ ပြောနေမှန်း လူတိုင်း သိတယ် ။ မင်း မှာ သက်သေမရှိပဲ ငါတို့က ဘယ်လို ယုံကြည်ရမှာလဲ။ ” လင်းထျန်းရုံ ဖိအားပေးတော့တယ်။

ရှန်းယွီ မင်းသမီးရဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ လွန်ခဲ့တဲ့ တစ်နှစ် တည်းက။ အဆိပ်ရှိနေပြီးသား ဆိုတာ။ ဖန်ကျန်းရှီ သက်သေပြလိုက်ပြီးပြီ၊ ဒါကြောင့်ပဲ အမတ်မင်းတွေ အကုန် အဆိပ်မိကုန်ကြတာ။ အမတ်မင်းတွေ ကို ကြည့်ရင်း ဖန်ကျန်းရှီ အဆိပ်မိခဲ့တဲ့ ပုံကို သူတို့ ခန့်မှန်း နိုင်ကြတယ်။ ဒါပေမယ့် အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ဆက်ပြီးတော့ ကြိုးစားနေဆဲ။

ဧကရာဇ် လင်းမုပိုင်က သူ့ဘက်မှာ ဆက်ရှိနေပါစေလို့သာ ဆုတောင်းနေမိတယ်။ သူက အိမ်ရှေ့ စံ ဖြစ်နေသရွေ့ ။ ဧကရာဇ် က လူသတ်မှုကို သူ့ ဆီ ပုံချမှာ မဟုတ်ဘူး။ ရှန်လင်းကို သတ်ခဲ့ရင်တောင်။ ဒါက နိုင်ငံ ငြိမ်းချမ်းရေးနဲ့ နောက်နောင် ပုန်ကန်မှုတွေ ဖြစ်မလာအောင် လုပ်ခဲ့တာပဲ။

ကောင်းတဲ့ လုပ်ရပ်တစ်ခုလေ။ ဧကရာဇ် လင်းမုပိုင် က အကြောင်းပြချက် တစ်ခုကို လိုအပ်တယ်။ ဘယ်လောက်တောင် ရူးမိုက်နေတဲ့ အကြောင်းပြချက် ဖြစ်ပါစေ အဆင်ပြေတယ်။

ဧကရာဇ် လင်းမုပိုင်ကို သူ လှည့်ကြည့်တယ်။ ဧကရာဇ် စဉ်းစားနေတယ် ဆိုတာ သူသိတယ်။ ဒါက သူ့ရဲ့ ယုံကြည်ချက်ကို ပို ခိုင်မာလာစေတယ် ။ အိမ်ရှေ့စံ တစ်ယောက် အနေနဲ့ ။ ဖန်ကျန်းရှီက သူ့ကို ဘယ်လိုမှ တွန်းအား ပေးနိုင်မှာ မဟုတ်ဘူး။

“ ဒီလို ဖြစ်မှာတော့။ လက်တွေ့ ကျကျ ရှာဖွေလေ့လာမှု လေး လုပ်ကြတာပေါ့။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ဘယ်လို ရှာဖွေတာလဲ။” လင်းထျန်းရုံရဲ့ အကြည့်က အေးခဲသွားခဲ့တယ်။

“ အကယ်၍ ကျွန်တော့် ခန့်မှန်း ချက်သာ မှန် မယ် ဆိုရင်။ အမတ်မင်းတွေ အားလုံးက အင်အား ကုန်ဆုံး ပြီးတော့ သတိလစ်နေ လောက်တယ်။ ဒါပေမယ့် သူတို့ က ကျွန်တော်တို့ ပြောနေတာကို ကြားနိုင်တယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ ဒါက ဘာကို သက်သေ ပြနိုင်မှာလဲ။”

“ လွန်ခဲ့တဲ့ တစ်နှစ်က ဒီ အတိုင်း တစ်ပုံစံတည်း ကြုံခဲ့ရတာ။ အကယ်၍ ကျွန်တေ်ာ ထင်တာ သာ မှန်မယ် ဆိုရင်။ ကျွန်တော မိခဲ့တဲ့ အဆိပ် နဲ့ အခု အဆိပ်က တစ်ခုတည်းပဲ ဖြစ်ရမယ် ”

“ ကောင်းပြီလေ။ သူတို့တွေ သတိ ရလာတဲ့ အချိန်မှာ။ ဥပဒေ ဝန်ကြီး ဌာနကို ခေါ်သွားပြီး မေးမြန်းကြတာပေါ့။” လင်းထျန်းရုံ တွေဝေနေပင်မယ့် နောက်ဆုံးမှာ သဘောတူလိုက်တယ်။

ဒါက သူ သဘောတူလိုက်တဲ့ ရှာဖွေမှုတွေ ထဲက တစ်ခုပဲ။ အမတ်မင်းတွေ နဲ့ ပတ်သက်လာရင်တော့။ သူတို့တွေက သူ့ဘက်မှာ ရှိနေမယ်လို့ သေချာတယ်။

“မလိုအပ်ပါဘူး။ သူတို့ကို နှိုးလို့ရနေပါပြီ။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“အခုလား။” လင်းထျန်းရုံ ပုခုံးတွန့်သွားတယ်။

“အင်း.. လွန်ခဲ့တဲ့ တစ်နှစ် အဆိပ်ခတ်ခံရပြီးတည်းက ။ ဒီ အဆိပ် အကြောင်းကို လေ့လာခဲ့တာ။ အခု လိုရမယ်ရ အဆိပ် ဖြေဆေးလည်း ။ ယူလာခဲ့သေးတယ်။ အရှင့်သား။ ကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံပဲ။ ကြောက်နေတာလား။ ” ဖန်ကျန်းရှီ မေးတယ်

“ ကြောက်တယ်။… ငါ က ဘာကို ကြောက်ရမှာလဲ။” အိမ်ရှေကစံ လင်းထျန်းရုံ အံကြိတ်ထားတယ်။

“ ကျွန်တော် တရားမျှမျှတတ လုပ်ပါမယ်။ အကယ်၍ ဝန်ကြီး ယွဲ့ ဟူ ကို အဆိပ်ဖြေဆေး ပေးမယ် ဆိုရင်ကော ။ အရှင့်သား သဘောတူရဲ့လား။ ” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ မင်းက ယွဲ့ဟူကို ရွေးတယ်လား။” အိမ်ရှေ့စံ လင်းထျန်းရုံ မျက်လုံးပြူးသွားတယ်။ ဖန်ကျန်းရှီက သာမာန် အမတ်မင်း တစ်ယောက်ကိုပဲ ရွေးမယ်လို့ ထင်ထားခဲ့တာ။

အခုတော့ ဖန်ကျန်းရှီက ယွဲ့ဟူကို ရွေးတယ်တဲ့ ။ ဒီ ရွေးချယ်မှုကို သူ ဘယ်လိုလုပ် မထိတ် လန့်ပဲ နေနိုင်မလဲ။ သူတစ်ယောက်တည်း လန့်တာ မဟုတ်ဘူး။ ပင်းယန်၊ သွမ့်အရှင် ၊ ရှင်းယွမ်ကောင်း ၊ ချီဟုန်၊ ဝမ်တပေါင်းတို့ အားလုံး ထိတ်လန့်နေခဲ့တယ်။ ဒီစစ်ဆေးမှု အတွက် ယွဲ့ဟူကို ရွေးတာ။ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။

“ အရှင့်သား။ သူက ရွေးချယ်ဖို့ မသင့်တော် ဘူးဆိုရင်။ နောက်တစ်ယောက်ကို ရွေးချယ်လို့ရပါတယ်။ ” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ မလိုအပ်ဘူး။ ယွဲ့ဟူက လွန်ခဲ့တဲ့ ငါးနှစ်တည်းက ဝန်ကြီး လုပ်လာတာ။ သူက ဘက်မလိုက်တဲ့ နေရာမှာ နာမည်ကြီးတယ်။ ငါ ဘာမှ ထပ်မပြောလိုဘူး။” လင်းထျန်းရုံလည်း စဉ်းစားမရတာကြောင့် ခွင့်ပြုလိုက်တယ်။ သူ့ အတွေးထဲမှာတော့။ ဖန်ကျန်းရှီက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။

“သူက အဲ့လိုလား…။ အိုး…. အံ့သြစရာပဲ ။ ကြည့်ရတာ ကျွန်တော်တော့ လူရွေးမှန်ပြီ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း နဲ့ ယွဲ့ဟူဆီကို လျှောက်သွားတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကတော့ စိတ်ထဲမှာ လှောင်ရယ်နေခဲ့တယ်။ ဖန်ကျန်းရှီကို သူ တစ်ခုပြောချင်တယ်။ ( ယွဲ့ဟူက ငါ့ လူဆိုတာ မင်း မသိ ဘူးလား။)

ချီဟုန်ကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း ခေါင်းခါနေခဲ့တယ်။ ဖန်ကျန်းရှီက အောင်မြင်ဖို့ အတွက် ခြေတစ်လှမ်း လောက်ပဲ လိုတော့တာ။ ဒါပေမယ့် နောက်ဆုံး အချိန်မှာ သူ ရွေးချယ်မှု မှားသွားတယ်။ သူ့ နှလုံးသားတွေ နာကျင်လာတယ်။

ယွဲ့ဟူက ဘဏ္ဍာရေး ဝန်ကြီးလေ။ ညီလာခံမှာ နေလာတာ ဆယ်စုနှစ် ချီနေခဲ့ပြီ။ ဘဏ္ဍာရေး ဝန်ကြီး မဖြစ်ခင်တည်းက အိမ်ရှေ့စံ ကို သစ္စာရှိလာခဲ့တ ။ ဖန်ကျန်းရှီ က ယွဲ့ဟူကို ဘယ်လိုများ စည်းရုံး နိုင်မှာလဲ။

ဧကရာဇ် လင်းမုပိုင်လည်း ဖန်ကျန်းရှိကို စိုက်ကြည့်နေတယ်။ ဖန်ကျန်းရှီ ယွဲ့ဟူနားကို ရောက်သွားပြီးတော့ ဒူးထောက်ရင်း နားနားကို ကပ်ပြောတယ်။

ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲက အေးစက်စက် အငွေ့အသက်ကို မြင် လိုက်တော့။ ဧကရာဇ် လင်းမုပိုင် အထိန်းတော် ဝေကို လက်ဝေ့ယမ်း ပြတယ်။ အထိန်းတော်ေ၀ ချက်ခြင်း ရေနွေးတစ်ခွက်ကို ယူလာခဲ့တယ်။ ဧကရာဇ် လင်းမုပိုင် တစ်ချက် မှုတ်သောက်တယ်။

ဒီအချိန်မှာပဲ ကျယ်လောင်လွန်းတဲ့ အော်သံ တစ်ခု ထွက်ပေါ်လာတယ်။

“ ယွဲ့ဟူ။ ခင်ဗျားရဲ့ ကိုယ် လုပ်တော် (လျှို့လန်) နဲ့ ခင်ဗျားရဲ့ ဒုတိယသား ယွဲ့ထျန်းရှောင်တို့။ ချင်ထျန်း တည်းခိုခန်းမှာ အခုအတူတူ အိပ်နေကြတယ်။ ကျွန်တော်ပြောတာ ကြားရဲ့လား။”

“-ျီးပဲ” ဧကရာဇ် လင်းမုပိုင် သောက်လက်စ ရေနွေးတွေကို ချက်ခြင်း ပြန်ထွေးထုတ် မိသွားတယ်။

အပိုင်း(၅၂၈) ပြီး၏။ ။

အပိုင်း (၅၂၉)

“ ကိစ္စ အားလုံးက ရှုပ်ထွေးနေပြီ။”

Translator: Sparrow Translations  Editor: Sparrow Translations

အင်ပါယာရဲ့ ခေါင်းဆောင် အနေနဲ့။ ဧကရာဇ် လင်းမုပိုင် က သူ့ရဲ့ တည်ငြိမ်မှုကို ပျောက်ဆုံး ခဲတယ်။ အထူး သဖြင့် အမတ်မင်းတွေ ရှေ့မှာ သူ့ ကိုယ်သူ ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် ဒီ တစ်ကြိမ်မှာတော့။ သူ ရေနွေးကြမ်းတွေကိုတောင် ထွေးထုတ်မိပြီ။ သူ ကြားလိုက်တဲ့ အချိန်။ သူ့ နား သူတောင် မယုံနိုင်ဘူး။ အဖန်ရည်တွေက သူ့ ရဲ့ နဂါး ဝတ်ရုံပေါ်ကို စွန်းထင်းကုန်တယ်။

“ ဒီ ကောင်စုတ်က တကယ်ပဲ….” ဧကရာဇ် လင်းမုပိုင် ခေါင်းခါတယ်။ ဝန်ကြီးယွဲ့ဟူကို သူ လှမ်းကြည့်နေတယ်။ ဆွံ့အနေတာ သူ တစ်ယောက်တည်း မဟုတ်ဘူး။ အမတ်မင်းတွေ အားလုံးလည်း ပြောစရာ စကားမရှိ ဖြစ်နေကြတယ်။ မတ်တပ်ရပ်ရင်း မျက်လုံး ပြူးကြီးတွေနဲ့သာ ကြည့်နေခဲ့ကြပြီ။

“ ဖောက်ပြန်နေတာလား။”

“ ကိုယ်လုပ်တော် နဲ့ သူ့ သားလား။”

“ ချင်ထျန်း တည်းခို ခန်းမှာတဲ့။”

အမတ်မင်းတွေ ဖန်ကျန်းရှီ ပြောတာကို ကြားတော့ အံ့သြမှင်သက်နေကြတယ်။

“ လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ အရှက်မဲ့ရတာလဲ။”

“ အဆင့် နှစ် အမတ်မင်း တစ်ယောက်ရဲ့ ကိုယ်လုပ်တော်နဲ့ သူ့သား အကြောင်းကို။ ဒီလို နေ့ခင်း ကြောင်တောင် မှာ ဘယ်လိုများ ပြောဝံ့တာလဲ။”

“ သူ့မှာ သိက္ခာတောင် မရှိတော့ဘူးလား။ အရှက်တရားကော မရှိဘူးလား။” အမတ်မင်း တွေ အတော့်ကို ပြောစရာ စကားမရှိ ဖြစ်နေခဲ့ပြီ။ အကယ်၍ သူတို့သာ လုပ်နိုင်ရင်။ ဖန်ကျန်းရှီကို ရပ်နေတဲ့ နေရာမှာပဲ တစ်ခါတည်း ရိုက်သတ်လိုက်ချင်တယ်။

သူတို့ လက်ခလယ် ထောင်ပြချင်နေတဲ့ စိတ်ကို ဖိနှိပ်ထားရတယ်။ သူတို့ ထဲက တစ်ယောက်ပဲ အပြစ်ပြုခံရတာလေ။ ဒါပေမယ့် သူတို့ မလုပ်နိုင်ဘူး။ ဖန်ကျန်းရှီက သူ လေ့လာ စုံစမ်းနေတဲ့ အချိန် တဝက် တပျက် ဖြစ်နေခဲ့တယ်လေ။

အိမ်ရှေ့စံ လင်းထျန်းရုံလည်း မျက်လုံး ပြူးနေခဲ့တယ်။ ဖန်ကျန်းရှီက ဒီလို ကိစ္စ မျိုး ကို ပြောလိမ့်မယ်လို့ မထင်မှတ် ထားခဲ့မိဘူး။ အထူးသဖြင့် ဒီလို လူတွေ အများကြီး ရှိတဲ့ အချိန်မှာပေါ့။ ဒါမျိုးက မပြောသင့်တဲ့ ကိစ္စပဲ။ ပိုပြီးတော့ အရေးကြီးတာ။ အခုလို အခြေအမြစ် မရှိ ပြောဆိုမှုကို လုပ်ဝံ့တာပဲ။ ညီလာခံက အမတ်မင်းတွေကို နည်းနည်းလေးတောင် လေးစားမှု မရှိဘူးလား။ တိတ်ဆိတ်သွားတယ်။ လူတိုင်း တိတ်ဆိတ် သွားခဲ့တယ်။

ပြည်သူ ပြည်သားတွေကတော့ ။ ဘဏ္ဍာရေးဝန်ကြီး ယွဲ့ဟူကို ကြည့်နေခဲ့တယ်။ သူတို့ အားလုံးလည်း ပြောစရာ စကားမရှိတော့။ ပင်းယန်ကတော့ ပါးစပ် အဟောင်းသား နဲ့သာ မျက်လုံးလေး ဝိုင်းပြီး ကြည့်နေခဲ့တယ်။ ခေါင်းငုံ့ရင်း ( အရှက်မရှိလိုက်တာ) ဆိုတဲ့ စကားကိုသာ ခပ်တိုးတိုး ပြောနေခဲ့တယ်။

“ ဒီ ကောင်စုတ်…” ချီဟို့ ခေါင်းခါရင်း ရှင်းယွမ်ကောင်းကို လှည့်ကြည့်တယ်။ ရှင်းယွမ်ကောင်းရဲ့ အမူအယာကလည်း ထူးဆန်းနေတယ်။

ဒီ အချိန်တစ်လျှောက်လုံး တည်ငြိမ် နေတဲ့ သူကို ပြပါဆိုရင်။ ရန်ရွှယ့်ကိုပဲ ပြရမယ်။ မျက်နှာနည်းနည်း နီသွားပေမယ့်။ သူ့ ရဲ့ အရှိန်အဝါကိုတော့ ဆက်ပြီးထိန်းသိမ်း ထားနိုင်ဆဲ။ ဒီအချိန်မှာ။ ဝန်ကြီးယွဲ့ဟူ သတိလစ်နေရာကနေ ပြန်နိုးလာခဲ့တယ်။ ဖန်ကျန်းရှီ က သူ ပြောချင်တာကို ပြောပြီးတဲ့နောက်။ ယွဲ့ဟူကို အဆိပ်ဖြေဆေး ပေးခဲ့တယ်။ ယွဲ့ဟူက သိပ်မကြာခင်ပဲ မျက်လုံးပွင့်လာတော့တယ်။ သူ့ကြည့်ရတာ စိတ်လွှတ်နေပုံမရှိဘူး။ သူရောက်နေတာ ဘယ်နေရာလဲ ဆိုတာတောင် ကြည့်ဖို့ မကြိုးစား။ မျက်နှာ တစ်ခုလုံး သွေး ရောင် လွှမ်းပြီး ရဲရဲနီနေခဲ့တယ်။ သူ့ကြည့်ရတာ သွေးလေ မညီမျှသလိုပဲ။

“ ဖန်ကျန်း ရှီ ငါ .. ငါ….” ဝန်ကြီးယွဲ့ဟူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဖန်ကျန်းရှီကို စိုက် ကြည့်နေတယ်။ ဖန်ကျန်းရှီကို သူရပ်နေတဲ့ နေရာမှာပဲ ရိုက်သတ်လိုက်ချင်တယ်။

“ဘာတွေ ဖြစ်နေတာလဲ။ အမတ်မင်း ယွဲ့ ။ နေလို့ ကောင်းရဲ့လား။ သတိလစ်နေတဲ့ အချိန် တစ်ခုခုများ ကြားမိသေးလား။”

“မင်း …. ငါ ဘာမှ မကြားဘူး။ ” ဘဏ္ဍာရေး ဝန်ကြီး ယွဲ့ဟူ ဖန်ကျန်းရှီ ဘာလုပ်ချင်နေလဲ သူသိတယ်။ သူ ဒေါသ ထွက်နေတယ်။ ဖြစ်နိုင်ရင် ဖန်ကျန်းရှီကို အခုပဲ သတ်ချင်နေတာ။ ဒါပေမယ့် သူ မလုပ်နိုင်ဘူး။ သူလုပ်လိုက်ရင်။ အိမ်ရှေ့စံ လည်း အဆုံး သတ်သွားလိမ့်မယ်။ ဖန်ကျန်းရှီ ရဲ့ စကားလုံးတွေကိုတော့ သူ ရှင်းရှင်းလင်းလင်း ။ ပြတ်ပြတ်သားသား ကြားတယ်။ ဒါပေမယ့် သူ ဝန်ခံလိုက်လို့ မဖြစ်ဘူး။

“ ဝန်ကြီး ယွဲ့ တကယ်ပဲ ဘာမှ မကြားတာလား။” ဖန်ကျန်းရှီ မေးတယ်။

“ ဒါပေါ့။” ဝန်ကြီးယွဲ့ဟူ ခေါင်းငြိမ့်တယ်။ သူ့ရဲ့ တစ်ခုတည်းသော လုပ်နိုင်တဲ့ အလုပ်ကတော့ ဒေါသတွေကို ဖိနှိပ်ထားဖို့ပဲ။ သူ့ မျက်နှာက ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ အဲ့ဒီ့နောက် ဖြူဖျော့နေခဲ့တယ်။

“အိုး … ဝိုး…. ဝန်ကြီးက တကယ့်ကို သည်းခံနိုင်စွမ်း မြင့်တာပဲ။” ဖန်ကျန်းရှီ လှောင်ရယ်တယ်။ မြင်နေတဲ့ ဘယ်သူမဆို။ ဝန်ကြီးယွဲ့ ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိမနေလဲ သိနိုင်တယ်။ ဖန်ကျန်းရှီ ပြောတာကို သူ ကောင်းကောင်း ကြားနေခဲ့ရတယ်လေ။ ဒါပေမယ့် ယွဲ့ဟူကတော့ ငြင်းဆန်ဖို့သာ ရွေးချယ်ခဲ့တယ်။ သူ အံကြိတ်ရင်းနဲ့ ငြင်းပယ်ခဲ့တယ်။

ဖန်ကျန်းရှီလည်း ဘာမှ မလုပ်နိုင်တော့ဘူး။ ဒီ စုံစွမ်း စစ်ဆေးမှုက အိမ်ရှေ့စံ မင်းသားရဲ့ အရေးပေးမှုကို ရဖို့ အခွင့်အရေး ဖြစ်သွားခဲ့တယ်။ ရှန်းယွီလည်း မျက်မှောင်ကြုတ်နေခဲ့တယ်။ ဖန်ကျန်းရှီ အရှက်မရှိတာကို သူသိတယ်။ သူဒါမျိုး ပြောလာမယ်လို့တော့ မထင်ထားမိခဲ့ဘူး။ သူ့ရဲ့ စကားလုံးတွေက တော်တော်လေးကို သက်ရောက်မှု ရှိတယ်လေ။

ဒါပေမယ့် ဖန်ကျန်းရှီကဒီ ဘဏ္ဍာရေး ဝန်ကြီးကို မရွေးချယ်ခဲ့ သင့်ဘူး။ ဝန်ကြီး ဌာန ခြောက်ခုက ခေါင်းဆောင် တစ်ယောက် အနေနဲ့။ သူ့မှာ အတော့်ကို မြင့်မားတဲ့ သည်းခံနိုင်စွမ်းရှိတယ်။ သူသာ အံကြိတ်ပြီးတော့ ငြင်းဆိုရင်။ ဖန်ကျန်းရှီ ဘာများ လုပ်နိုင်မှာလဲ။ လူတိုင်းလည်း သံသယ ဖြစ်နေခဲ့တယ်။

“ မင်း ဘာတွေ ပြောနေတာလဲ။ ငါ နားမလည်ဘူး။” ယွဲ့ ဟွာ နာကျင်နေတယ်။ ဒါပေမယ့် သူ ဆက်လက် တည်ငြိမ်နေခဲ့တယ်။

“ တကယ်ပဲ မကြားလိုက်ဘူးလား။ ဒါဆို နောက်တစ်ခေါက် ပြန်ပြောပေးရင်ကော ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြောတယ်။

“မင်း ….” (မင်းလုပ်ဝံ့လို့လား) ဆိုတဲ့ စကားကို သူ ဆက်ပြောချင်တယ်။ ဒါပေမယ့် သူ့ ကျောရိုးတစ်ခုလုံး စိမ့်ချမ်းသွားတာကြောင့် စကားလုံးတွေကို ပြန် မျိုသိပ်လိုက်တယ်။ ဖန်ကျန်းရှီက ဘာလို့များ သူ့ကို ရွေးလဲ ဆိုတာ နားမလည်နိုင်။ ဒီကိစ္စကို ပြောရမယ်ဆိုရင် သူကတော့ လုံး၀ လက်မခံနိုင်ဘူး။ ဒါပေမယ့် သူ့မှာ ရွေးချယ်ဖို့ရာ အခွင့်အရေး မရှိခဲ့။ ဖန်ကျန်းရှီက ရွေးချယ်တယ်။ အိမ်ရှေ့စံ မင်းသားက ဆက်လုပ်ခိုင်းတယ်။

“ ဝန်ကြီး ယွဲ့က မကြားလိုက်ဘူး ဆိုတော့…. နောက်တစ်ကြိမ် ပြန်ပြောပေးမယ်လေ။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ မင်း …. ဆက်ပြော။” ဝန်ကြီးယွဲ့ အံကြိတ်ရင်း ပြောတယ်။

“ အမှန်တကယ်တော့။ နောက်တစ်ကြိမ် မပြောခင် မေးခွန်းလေး တစ်ခုလောက် မေးချင်တယ်။”

“ ဘာမေးမလို့လဲ။”

“ ဝန်ကြီးယွဲ့။ ကျွန်တော် ပြောတာ အမှန်ပဲလား ဆိုတာ သိချင်ရဲ့လား။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း ပြောတယ်။

“ ဖန်ကျန်းရှီ …..” ဝန်ကြီးယွီ ဒေါသထွက်နေခဲ့တယ်။ သူအံကြိတ်ထားခဲ့တယ်။ “မင်း ဘာပြောနေလဲ ငါ မသိဘူး။ မင်းနဲ့ ငါ ပြောစရာ မရှိ။”

“ ဒီလိုလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ လူတွေကို လှမ်းကြည့်တယ်။

“ ချင်ထျန်း တည်းခိုခန်းက ဒီနဲ့ ဆယ့်ငါးမိနစ်ပဲ ဝေးတာ။ သွားကြည့်ရင်း အတည် မပြုချင်ဘူးလား။ ”

“ ဝိုး …”

လူတိုင်း ဆွေးနွေးကုန်ကြတော့တယ်။ အမတ်မင်းတွေ ကတော့ မယုံကြည်နိုင်။ ဖန်ကျန်းရှီ လုပ်နေတာကို သူတို့ မတွေးတတ်ဘူး။ အမှန်တရားကို သူ ပြောနေတာ ဖြစ်နိုင်မလား။ ဒါမျိုး ကိစ္စက မဖြစ်နိုင်တာပဲ။ ……။ ဒါပေမယ့် ဒီ ကိစ္စသာ အမှန်တရား မဟုတ်ရင်။ ဝန်ကြီးယွဲ့ဟူရဲ့ ကိုယ်လုပ်တော် နာမည်ကို ဖန်ကျန်းရှီက ဘယ်လိုများ သိမှာလဲ။ သူ့သားကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုများ ပြောနိုင်တာလဲ။

လူတွေကို အကြောင်းကြားပြီးတော့တောင် သွားကြည့်ဖို့ ပြောနေသေးတယ်။ အကယ်၍ ဒီကိစ္စသာ ဒီလို အဆုံးသတ်သွားခဲ့ရင်။ ဖန်ကျန်းရှီ က သူ့ ဘဝနဲ့ ရင်းပြီးတော့ ပေးဆပ်ရတော့မှာပဲ။ လူတိုင်းက ဝန်ကြီးယွဲ့ကို ကြည့်နေခဲ့တယ်။ သူ့ အမူအယာက စက္ကန့်နဲ့ အမျှ မည်းမှောင်လာခဲ့တယ်။ သူ့ရဲ့ ကိုယ်လုပ်တော်က သားနဲ့ ဖောက်ပြန်နေတယ်။ ဘာတွေ ဖြစ်နေတာလဲ။ ဒါက မြို့တော်ကြီးလေ။ ကိုယ်ကျင့်တရားနဲ့ သစ္စာရှိမှုကို အလေးထားတဲ့ လူ ။ ဒါပေမယ့် ဒီကိစ္စသာ မှန်ခဲ့ရင် ဘယ်လို လုပ်မလဲ။ သမိုင်းဝင်တဲ့ နွားဘုရင် ဖြစ်သွားတော့မှာပဲ။ သူ့ စိတ်ခံစားချက်တွေ အနိမ့်အမြင့် အတက်အကျ ပြင်းထန်နေတယ်။

“ မဖြစ်နိုင်တာပဲ….။ မဖြစ်နိုင်လိုက်တာ….။ သူ ငါ့ကို လိမ်နေတာပဲ ဖြစ်ရမယ်။ လျှို့လန်နဲ့ ထျန်းရှောင်တို့က ငါ့ကို ဒါမျိုး လုပ်မှာ မဟုတ်ဘူး။ ထျန်းရှောင် …. မလု်ပဘူး။” ဝန်ကြီးယွဲ့ သူ့ တကိုယ်လုံး တုန်ယင်နေခဲ့တယ်။

အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ ဝန်ကြီးယွဲ့ဟူ ရဲ့ စိတ်ခံစားချက်ကို သူ ကောင်းကောင်း သိတယ်။ သူ့နေရာမှာ ရှိတဲ့ ဘယ်သူမဆို ဒီလိုပဲ ဖြစ်မှာပဲ။ အခုချိန်ထိ ဒီလို တည်ငြိမ်နေနိုင်တာက။ အတော့်ကို ချီးမွမ်းစရာကောင်းလွန်းနေပြီ။

“ မင်း စိတ်အေးအေး ထားရမယ်။ သူကမင်းကို ဆွနေရုံ သက်သက်ပဲ။ ဝန်ကြီးယွဲ့။ သူ့ အကွက်ထဲ ဝင်မသွားနဲ့။ ” အိမ်ရှေ့စံ လင်ထျန်းရုံ နှလုံးသားထဲကနေ ပြောနေမိတယ်။ စကားနဲ့တော့ ထုတ်မပြောဘူး။ ဘာကြောင့်လဲ ဆိုတော့။ ဧကရာဇ် လင်းမုပိုင်သူ့ကို စိုက်ကြည့်နေတာကိုတွေ့တာကြောင့်ပဲ။

ဒီအကြည့်ကို သူနားလည်တယ်။ အခုချိန်မှာ။ ဝန်ကြီးယွဲ့ဟူ အခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ပဲ ဆုတောင်းနေရတယ်။ လူအုပ်ကြီးကတော့ အတော့်ကို မနေနိုင် မထိုင်နိုင် ဖြစ်ကုန်ကြပြီ။ သူတို့ ရဲ့ စပ်စုလိုစိတ်ကို ဆက်ပြီးတော့ မထိန်းသိမ်းထားနိုင်တော့ဘူး။ တည်းခိုခန်းကို လူတော်တော် များများ အပြေးသွားကုန်ကြပြီ။ ဝမ်တပေါင်းလည်း စတင် လှုပ်ရှားတော့တယ်။ ဒီ ကိစ္စကို သူ လက်လွတ် မခံနိုင်ဘူးလေ။ နောက်ပြီးတော့ သိလည်း သိချင်နေသေးတယ်။

“လာစမ်းပါ။ ဘယ်နေရာမှန်း ငါ အတိအကျကြီးကို သိတာပေါ့။ ဒီ စုံတွဲကို ဖမ်းကြရအောင်။ လက်လွှတ်မခံမှ ဖြစ်မယ်။ ” ဝမ်တပေါင်း ကြိမ်းဝါးတယ်။ လူတွေ လည်းဒါကို ကြားတော့ စိတ် အား တက်ကြွ လာကြတယ်။ ဘဏ္ဍာရေးဝန်ကြီးရဲ့ ကိုယ်လုပ်တော် နောက်မီးလင်းတာကို ဖမ်းရတော့မယ် ဆိုတဲ့ အသိက သူတို့ရဲ့ အသွေးအသားတွေကို ဆူပွက်လာစေတယ်။

“ လာ….” ယွဲ့ဟူ လူတွေကို အော်လိုက်ချင်ပေမယ့်။ စကားလုံးတွေက ထွကမလာခဲ့။ တည်းခိုခန်းကို အပြေးသွားနေကြတဲ့ လူတွေကိုသာ ကြည့်နေခဲ့တယ်။ အခုတော့ သူ့ကိုယ်သူတောင် သတ်သေချင်နေပြီ။ ဖန်ကျန်းရှီ ပြောတာသာ မှန်မယ်ဆိုရင်။ ဒီလို လူအုပ်ကြီးရဲ့ ရှေ့မှာ တကယ့်ကို အရှက်ရတော့မှာပဲ။ နောင် တစ်ချိန်မှာ လူတွေကို ဘယ်လို မျက်နှာ ပြရတော့မှာလဲ။

လေပြည်ကတော့ တိတ်ခတ်နေလဲ။ ဝန်ကြီးယွီရဲ့ ဆံပင်တွေနဲ့။ အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ ယုံကြည်မှုကို ရှုပ်ထွေးစေနေခဲ့တယ်။ နန်းတော် အပြင်ဘက်မှာတော့ အတော့်ကို အုံကြွနေခဲ့ပြီ။ ဒါပေမယ့် သူတို့ ရင်ထဲက အပူမီးကိုတော့ ဘယ်သူမှ မမှီနိုင်။ အချိန်တွေက ဖြည်းဖြည်းချင်း ကုန်ဆုံးနေတယ်။ အမတ်မင်းတွေက ရလဒ်ကို စောင့်ဆိုင်းနေကြတယ်။ ဒီခံစားချက်ကြီးက တကယ့်ကို ထူးဆန်းတယ်။ ရိုးရိုးသားသား ပြောရရင်။ ဖန်ကျန်းရှီ က ဒါတွေ အကုန်လုံးကို လုပ်ကြံ ဖန်တီးထားတာ ဖြစ်ပါစေလို့ မျှော်လင့်နေတာ။ ဒါပေမယ့် နောက်ဆုံး ရလဒ်ကို သိဖို့တော့ စိတ်လှုပ်ရှားနေကြတယ်။

“ရန်ရွှယ်။ ဒီ အရှက်မရှိတဲ့ကောင်စုတ် အမှန်ကို ပြောနေတယ်လို့ထင်လား။” ပင်းယန် လှမ်းမေးတယ်။

“ အင်း အမှန်ပဲ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

“နင် သူ့ကို ဒီလောက်တောင် ယုံကြည်လား။” ပင်းယန် နားမလည်နိုင်။ ဒီလို ကိစ္စ ဖြစ်နိုင်ချေက အရမ်းကို နည်းတယ်လေ။

“ ဒါပေါ့။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ နောက်ထပ် အကြောင်းရင်း မပေးတော့။ သူနှစ်ယောက် ပြောနေတဲ့ စကားကို လင်းထျန်းရုံကော ယွဲ့ဟူပါ ကြားတယ်။ သူတို့ နှစ်ယောက်လုံး ကျောရိုးထဲက စိမ့်ချမ်းသွားတယ်။ ဝန်ကြီးယွဲ့ကို လင်းထျန်းရုံ လှမ်းကြည့်တော့။ နာကျင်နေတဲ့ မျက်လုံးတွေကို အထင်းသား မြင်နေရတယ်။ ဒီကိစ္စက သူသား နဲ့ သူ့ ကိုယ်လုပ်တော်ရဲ့ ကိစ္စဖြစ်နေတယ်လေ။

အိမ်ရှေ့စံ လင်းထျန်းရုံ နဲ့ ဝန်ကြီးယွဲ့ဟူရဲ့ တုံ့ပြန်ပုံကို သွမ့်အရှင် မြင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို သူမယုံ။ သူ ဆုံးဖြတ်ချက် ခပ်မြန်မြန် ချလိုက်တယ်။ နီးကပ်လာတဲ့ လူကို သူကြည့်တယ်။ အဲ့ဒီ့လူက ခေါင်းငြိမ့်ပြပြီးတော့ ပျောက်ကွယ်သွားတော့တယ်။ ချီ်ဟို့ကတော့ တည်ငြိမ်နေခဲ့တယ်။ ဖန်ကျန်းရှီ ကို ကြည့်တဲ့ သူ့ အကြည့်တွေ က မတူတော့။ သူ တစ်ခုကို တွေးနေခဲ့တယ်…..။ အကယ်၍…. အကယ်၍ ဖန်ကျန်းရှီသာ မှန်ခဲ့ရင်…. ဖန်ကျန်းရှီက ဒီကိစ္စကို ဘယ်လိုများ သိတာလဲ။

ဘဏ္ဍာရေးဝန်ကြီးရဲ့ ကိုယ်လုပ်တော် ဖောက်ပြန်တဲ့ ကိစ္စမျိုးက လွယ်လွယ်ကူကူ ရှာလို့ရတဲ့ ကိစ္စမှ မဟုတ်ပဲ။ နောက်ပြီးတော့ ဒီ ကိစ္စတွေ မတိုင်ခင် တုန်းက အိမ်ရှေ့စံနဲ့ သူ ရင်ဆိုင်ဖူးတာလား။ ကိစ္စတွေက စက္ကန့်နဲ့ အမျှ ပိုပြီး မယုံနိုင်စရာ ကောင်းလာခဲ့တယ်။

အပိုင်း(၅၂၉)ပြီး၏။

အပိုင်း (၅၃၀)

“ ၁၇ ယောက်မြောက် မြင့်မြတ်သော အရှင်။”

Translator: Sparrow Translations Editor: Sparrow Translations

“ သူက ဒါကို ဘယ်လို သိနိုင်တာလဲ။” လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်း ဖြစ်ခဲ့တာတွေကို တွေးတောရင်း ချီဟုန် ပုခုံးတွန့်လိုက်တယ်။ ဖန်ကျန်းရှီ က မြို့ထဲကို ဝင်ဝင်ချင်းမှာပဲ။ ဥပဒေ အမတ်မင်း ဝမ်ချောင်နဲ့ ထိပ်တိုက် တွေ့ခဲ့တယ်။ ဝမ်ချောင့်ကို ဖမ်းဆီးခဲ့တယ်။ အကယ်၍ ဒီ အဖြစ်အျပ်ကတွေသာ တိုက်ဆိုင်မှု မဟုတ်ခဲ့ရင်။ ဖန်ကျန်းရှီက မြို့တော် တွင်းက ထုတ်ဖော် မပြောသင့်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို သိထားတယ်လို့ ဆိုလိုတာပဲ။

ချီဟို့ သူကျောရိုးထဲကနေ စိမ့်ချမ်း လာတယ်။ အကယ်၍ ဒါသတင်းသာ မှန်မယ် ဆိုရင်…. မြို့တော်ကတော့ အထိန်း အကွပ်မဲ့ ဖြစ်တော့မှာပဲ။ ဖန်ကျန်းရှီက ပုံမှန် လမ်းကြောင်း အတိုင်း လုပ်တတ်တဲ့သူ မဟုတ်ဘူး။ သူက နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို မတွေးတော့ပဲ နဲ့ လုပ်ချင်တိုင်း လုပ်တတ်တဲ့ သူ တစ်ယောက်ပဲ။ အရေးကြီးတဲ့ ကိစ္စက ဘယ်သူ့ကိုမှ မဟာမိတ် မဖွဲ့ပဲ။ အမှီအခို ကင်းတဲ့သူ ဖြစ်နေတာပဲ။

သူတွေးတောနေတဲ့ အချိန်မှာပဲ အဝေးက ထွက်ပေါ်လာတဲ့ အသံတွေကိုကြားလိုက်ရတယ်။ လူတွေ အုပ်စုလိုက် နန်းတော်ဘက်ကို ပြန်လာနေကြတာ။ ချီဟို့ရဲ့ မျက်လုံးတွေ ပြူးကျယ်နေသလို ပါးစပ်လည်း အဟောင်းသား ဖြစ်နေခဲ့ပြီ။ အံ့သြ မယုံကြည်နိုင်မှုတွေ က မျက်လုံးထဲမှာ ပြည့်နှက်နေတယ်။ အဝတ်အစား ဖရို ဖရဲနဲ့ လူ နှစ်ယောက်ကို သူ တို့ တွေ့လိုက်ရတယ်။ အမျိုးသား တစ်ယောက် အမျိုးသမီး တစ်ယောက်။ နှစ်ယောက်လုံးက အသက် နှစ်ဆယ် ဝန်း ကျင်တွေ ။ နောက်ပြီးတော့ အတော့်ကို ခါးခါးသီးသီး ရုန်းကန် အော်ဟစ်နေခဲ့ကြတယ်။ သူတို့ ကြည့်ရတာ သူတို့ အသက်အတွက် ကြောက်လန့်နေကြပုံပဲ။

“အဲ့တာ အမှန်ပဲလား။ ”

“ ဖန်ကျန်းရှီ…. လိမ်နေတာ မဟုတ်ဘူးပဲ။ ”

“ ဒါက ဘယ်လိုများ ဖြစ်နိုင်တာလဲ။ ချင်ထျန်း တည်းခိုခန်းမှာ သူတို့ နှစ်ယောက်ရှိနေတာကို သူက ဘယ်လို သိတာလဲ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

အမတ်မင်းတွေ သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး။ လူတွေက ဒီ လူနှစ်ယောက်ကို အတင်း ဆွဲခေါ်လာကြတာ။ အိမ်ရှေ့စံ လင်းထျန်းရုံလည်း မျက်လုံး ပြူးနေခဲ့တယ်။ ဒီ လူ နှစ်ယောက်လုံးကို သူ မှတ် မိတယ်။ ဒါကြောင့် သူ မယုံနိုင် ဖြစ်နေခဲ့တာ။ ဘဏ္ဍာရေး ဝန်ကြီး ယွဲ့ဟူ ကို သူ ချက်ခြင်း လှည့်ကြည့်မိတယ်။

“ အခြေအနေ မကောင်းဘူး။” ဝန်ကြီးယွဲ့ဟူ ရဲ့ အမူအယာကို မြင်တော့ ။ ကိစ္စတွေ အခြေအနေ ဆိုးတော့မယ် ဆိုတာ သူသိတယ်။ ယွဲ့ဟူက အရမ်းကို ဖြူဖျော့နေခဲ့ပြီ ။ တစ်ကိုယ်လုံး တုန်ယင်နေပြီးတော့ ။ သွေးလေကလည်း မတည်မငြိမ် ဖြစ်နေခဲ့တယ်။

“ -ျီးပဲ” ယွဲ့ဟူ ပါးစပ် အပြည့်သွေးတွေ အန်ထုတ် မိတော့တယ်။ အဲ့ဒီ့နောက် သူ့ မျက်နှာက ခရမ်းရောင် ကို ပြောင်းသွားပြီးတော့ ။ နဖူးက သွေးကြောစိမ်းတွေ ထောင်ထလာတာကို မြင်နေရတယ်။ သူ့ကြည့်ရတာ ဒီအချိန်မှာ ပေါက်ကွဲထွက်တော့မယ့် အတိုင်းပဲ။

“ မဖြစ်နိုင်ဘူး။ ရှောင်ထျန်းက ငါ့ အပေါ် ဒီလို လုပ်မှာ မဟုတ်ဘူး။”

“ ဒါက မဖြစ်နိုင်တာပဲ။“

“ လျှို့လန်…။ လျှို့လန်…။ ငါ မင်းကို ဒီလောက် ကောင်းကောင်းမွန်မွန် ထားပေးခဲ့တာ။ ငါ့သားနဲ့ ဘယ်လိုများ ဖောက်ပြန်ရက်ရတာလဲ။”

“ မဟုတ်ဘူး။ ဘာကြောင့်များလဲ။ ” ဝန်ကြီး ယွဲ့ဟူ အော်ဟစ်ရင်းနဲ့ သူ့ အရိုးတွေ အက်ကွဲကုန်တယ်။ သူ့ ဆံပင်တွေလည်း အရမ်းကို ရှုပ်ပွနေပြီ။ ဆံပင် ဖြူဖြူတွေက လေထဲမှာ တလူလူ လွင့်နေခဲ့တယ်။ ကိစ္စတွေက ဖြည်းဖြည်း ရှုပ်ထွေး လာပြီမှန်း အမတ်မင်းတွေ သိတယ်။ ယွဲ့ဟူက ဘုန်းဘုန်းလဲတော့မယ့် အခြေအနေကို ရောက်နေပြီ။

“ ဖန်ကျန်းရှီ ငါ မင်းကို သတ်မယ်။”

သူ့ဘာသူ ပြောဆိုရင်း နဲ့။ ယွဲ့ ဟူရဲ့ အမူအယာက မည်းမှောင်သွားခဲ့တယ်။ သူ ချက်ခြင်း ခုန်ထတယ်။ အစိမ်းရောင် အလင်းတန်း တစ်ခု သူ့ ခန္ဒာကိုယ်ကနေ ပေါ်ထွက်လာတယ်။

“မဖြစ်ဘူး။” လင်းထျန်းရုံ ချက်ခြင်း တားဖို့ ပြင်ပေမယ့် ။ နောက်ကျ သွားခဲ့ပြီ။ ယွဲ့ဟူက တိုက်ခိုက်ပြီ ။

“ ကျွန်တော်က အမှန်တရားကို ပြောလို့ ကျွန်တော့်ကို တိုက်ခိုက်တော့မှာလား။ ” ယွဲ့ဟူ ဘယ်လောက်တောင် ဒေါသထွက်နေမှန်း သူသိတယ်။ နောက်ဆုံးတော့လည်း ယွဲ့ဟူက ဘဏ္ဍာရေး ဝန်ကြီးလေ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မလှုပ်ရှားဘူး။ သူ့ ဆီကို ရောက်လာတဲ့ အစိမ်းရောင် အလင်းတန်းကိုသာ ကြည့်နေခဲ့တယ်။ ဒီ အချိန်မှာပဲ အနီရောင် အလင်းတန်းက ဖန်ကျန်းရှီရဲ့ နောက်ကနေ ပေါ်လာခဲ့တယ်။

အနီရောင် ဖန်သားပြင်က မြေပြင်ကနေ ပေါ်ထွက်လာပြီးတော့ ရှေ့ကို ပျံထွက်သွားတယ်။ ရန်ရွှယ့်ကို သွားတိုက်တယ်။ ယွဲ့ဟူ တိုက်ခိုက် တဲ့ အချိန်မှာပဲ ရန်ရွှယ်က လှုပ်ရှားတာ။

“ ဘွန်း…”

အစိမ်းရောင် အလင်း တန်းတွေက က အနီရောင်မှန်သားပြင်ကို သွားတိုက်တော့တယ်။ အဲ့ဒီ့နောက် ကြီးမားတဲ့ အင်အားလှိုင်းတွေ လေထဲကို ပြန့်နှံ့ကုန်တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ မျက်လုံး ပြူးသွားတယ်။ အမတ်မင်းတွေ တော်ဝင် အစောင့်တွေနဲ့ လူတွေပါ တကယ့်ကို မျက်လုံး ပြူးကုန်တယ်။ ဆွဲခေါ်ခံလာရတဲ့ စုံတွဲပါ မျက်လုံး ပြူးကုန်ကြတာ။

ဒီကိစ္စက ဒီလို အဆုံးသတ်သွားမယ်လို့ မထင်ထားမိခဲ့ဘူး။ ဘဏ္ဍာရေးဝန်ကြီး က ဖန်ကျန်းရှီကို ဧကရာဇ် နဲ့ အမတ်မင်းတွေ ရှေ့မှာ တိုက်ခိုက်ခဲ့တယ်။ ဒါက သေဒဏ်တာ ပေးလို့ ရတဲ့ အပြစ်ပဲ ။ အလင်းတန်း နှစ်ခု နေ့ခင်းကြောင်တောင် တိုက်ခိုက်နေတာကို လူတွေ ကြည့်နေခဲ့တယ်။ ဒီ လို အလှည့်အပြောင်းကို သူတို့ မထင်ထားခဲ့မိဘူး ။

“ ယွဲ့ဟူက ပြန် လည်မွေးဖွားမှု အဆင့်နော်။”

“ ရန်ရွှယ်က ဒါတောင် သူ့ တိုက် ခိုက်မှုကို တားဆီးနိုင်တယ်။”

“ ဒီလောက် ဒေါသထွက်နေတဲ့ ယွဲ့ဟူ ကို ဘယ်လိုများ သူ တားနိုင်တာလဲ။ သူဘယ်လို လုပ်လိုက်တာလဲ”

“ ရန်ရွှယ် က …. အဆင့် တက် ….. သွားတာလား….”

“ အမတ်မင်းတွေ မယုံနိုင်။ ရန်ရွှယ်က အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလေ။ အကယ်၍ သူကသာ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်နိုင်ရင်။

“ မဟုတ်ဘူး။ သူ အဆင့်တက်တာ မဖြစ်နိုင်ဘူး။” အမတ်မင်း တစ်ယောက် မျက်လုံးပြူးကြီးနဲ့ တအံ့တသြ ပြောတယ်။ လူတိုင်းက ဒါကို ကြားတဲ့ အချိန်မှာ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတယ်။ အင်အား လှိုင်းတွေ တိုက်ခိုက်တဲ့ အချိန်။ အစိမ်းရောင် အလင်းတန်းက အနီရောင် ဖန်သားပြင်ကို ဖြတ်သွားခဲ့တာ သူတို့ မြင်လိုက်တယ်လေ။ ဒါပေမယ့် နည်းနည်း လေးပဲ ဖြတ်သွားတယ်။ ဒီ အလင်းတန်းက ဖန်ကျန်းရှီ ဆီကို မရောက်ဘူး ။ သူ့လည်ပင်းကို ဖြတ်သွားပြီးတော့ ။ သူ့နောက်က လူဆီကို တည့်တည့်ရောက်သွားတယ်။

“ မဖြစ်ဘူး။ အိမ်ရှေ့စံ….။ သတိထား ”

“ အိမ်ရှေ့စံကို ကာကွယ်ကြ ”

“ တား ကြ။ တားကြ။”

အမတ်မင်းတွေ ထိတ်လန့် ကုန်ကြတော့တယ်။ ဒါပေမယ့် အစိမ်းရောင် အလင်းတန်းက သွားတာ မြန်ဆန် လွန်းတယ်။ ဒီ အချိန် အခိုက် အတန့်လေးမှာပဲ အလင်းတန်းက လင်းထျန်းရုံရဲ့ ရှေ့ကို ရောက်လာခဲ့တယ်။ လင်းထျန်းရုံ မျက်လုံး ပြူးနေခဲ့တယ်။ ဒီလို ဖြစ်လာမယ်လို့ သူ မထင်ထားခဲ့မိဘူး။

ယွဲ့ဟူက ဘာကြောင့်များ သူ့ကို တိုက်ခိုက်တာလဲ။ ဒီ့အတွက် သူ မပြင်ဆင်ထားဘူးလေ။ တကယ်တော့။ သူပြင်ဆင်ခဲ့ရင်တောင် တားမြစ်နိုင်မှာ မဟုတ်ဘူး။ သူက အာဏာရှိတဲ့ အိမ်ရှေ့စံ ဖြစ်နေရင်တောင်။ သူ့ရဲ့ ကျင့်ကြံဆင့်က သာမာန်ပဲ။ သူက သဘာဝလွန် အဆင့်ပဲ ရှိသေးတာလေ။ ဒါကြောင့် တားမြစ်ဖို့ရာ မတတ်နိုင်ဘူး။ ကြောက်ရွံ့ ထိတ်လန့်တယ်။ သူမသေချင်သေးဘူး။ ဒါပေမယ့် အလင်းတန်းက သူ့ဆီကို အရမ်း လျင်လျင်မြန်မြန်နဲ့ ရောက်လာခဲ့တယ်။

“ ငါ့ကို ကယ်ပါအုန်း။” အိမ်ရှေ့စံ လင်းထျန်းရုံ အော်ဟစ်တယ်။ ဒီအချိန်မှာပဲ အလင်းတန်း တစ်ခု က နန်းတော် နံရံကနေ ဆင်းလာတယ်။ ရွှေရောင်အလင်းတန်း တွေ ဖြာထွက်နေတဲ့ ဒီလူက တကယ့်ကို မြန်ဆန်တယ်။ အရမ်းကို မြန်လွန်းလို့။ သူမ ရဲ့ အရိပ်ကတောင် အနက်ရောင် အက်ကွဲကြောင်း တစ်ခုလိုသာ ကျန်ရစ်နေခဲ့တယ်။ လက်တွေ့ကျကျက ဖြစ်နိုင်ချေတွေ အားလုံးကို သူမ ဖြတ်ကျော်လာသလိုပဲ။

နေခွင်းလေးပြီးတော့ သုံးပြီးတော့ ဓားသိန်းသန်းချီပုံရိပ်လွှာကို ပြစ်လွှတ်လိုက်ရင် ကျန်ရစ်ခဲ့တဲ့ အက်ကွဲ ရာတွေ အတိုင်းပဲ။ သူမက မြားတစ်ချောင်းလို မြန်ဆန်တယ်။ လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။ ကျန်ရစ်ခဲ့တာက ကတော့။ အစိမ်းရောင် အလင်းတန်း နဲ့ ရွှေရောင် ပုံရိပ်ပဲ။ လူတိုင်းက အသတ်မရှူ ျက်တောင် မခတ် စတမ်း စိုက်ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့ ရွှေရောင် လူရိပ်က ။ အစိမ်းရောင် အလင်းတန်း နဲ့အတူ လင်းထျန်းရုံ ရဲ့ လည်ပင်းနားကို ရောက်သွားခဲ့တယ်။ ဒါပေမယ့် အရမ်းကို နောက်ကျသွားပြီလေ။

“ အိုး .. မဖြစ်ဘူး။”

လူတိုင်းရဲ့ စိတ်ထဲမှာ တစ်ခုကိုပဲ တွေးမိတယ်။ အဲ့ဒီ့နောက် ထူးဆန်းတဲ့ ကိစ္စ တစ်ခု ဖြစ်လာတယ်။ ရွှေရောင် အ လင်တးန်က ပျံထွက်သွားပြီးတော့ လက်သီး တစ်ချက် ထိုးလိုက်တယ်။ ရွှေရောင် သံချပ်ကာ အောက်က ထွက်လာတဲ့ လက်တစ် ဖက် ရဲ့ လက်သ်ီး ထိုးချက်ပဲ။ အသေးစိတ်တဲ့ ဒီ လက်က အားမပါတဲ့ ပုံစံပဲ။ ဒါပေမယ့် သူ လက်သီး ထိုးလိုက်တဲ့ အချိန်မှာ။ မြေပြင်တစ်ခုလုံး အင်အားလှိုင်းတွေကြောင့် တုန်ခါနေခဲ့တယ်။

“ ဘွန်ုး…” ကျယ်လောင်တဲ့ ပဲ့တင့်သံကြီး ထွက်ပေါ်လာတယ်။ လူတိုင်း တိတ်ဆိတ်သွားတယ်။ လူတိုင်းက အိမ်ရှေ့စံကို သိလိုစိတ် အပြည့်နဲ့ ကြည့်နေခဲ့တယ်။

“ -ျီးပဲ” ဒီ အချိန်မှာပဲ လင်းထျန်းရုံ တုန်ယင်လာပြီးတော့ ပါးစပ် အပြည့်သွေးတွေ အန်ကျတယ်။

“အရှင့်သား… ”

“ အရှင့်သား။”

“ …”ိ

အမတ်မင်းတွေ ချက်ခြင်း အပြေးသွားကြတော့တယ်။

ပိန်သွယ်တဲ့ အမျိုးသမီး တစ်ယောက် ရွှေရောင် အလင်းတန်း ထဲကနေ ထွက်လာတယ်။ ဒါက ရွှေရောင် သံချပ်ကာဝတ် အမျိုးသမီး တစ်ယောက်ပဲ။ သူမ ဆံပင်တွေကို ချည်နှောင်ထားတယ်။ ခန့်ညားတဲ့ သွင်ပြင်နဲ့။ နှင်းလို ဖြူဖွေးနေတဲ့ အသားအအရောင် က နေရောင်အောက်မှာ တလက်လက် တောက်ပနေခဲ့တယ်။ သံချပ်ကာ ဝတ်ရုံနဲ့ ဓားတွေကြောင့် သူမရဲ့ ပုံရိပ်က တောက်ပနေတယ်။ ဒါက တော်ဝင် အစောင့် ခေါင်းဆောင်ပဲ။ မြင့်မြတ်သောအရှင်သခင် အဆင့်က နံပါတ် ၁၇။

ပုန်းကွယ်နေသော နဂါး အဆင့်က အသက် ၁၈ နှဏ်အောက်။ နိုးထ နဂါး အဆင့်က အသက် ၂၈ နှစ်အောက်။ နောက်တစ်ဆင့်ကတော့ မြင့်မြတ်သောအရှင်သခင်များ။ ဒီအဆင့်မှာ အသက် ကန့်သတ်ချက် မရှိဘူး။ ဒါပေါ့။ မြင့်မြတ်သော အရှင်သခင်လို့ နာမည် ပေးထားရတဲ့ အကြောင်းအရင်း လည်းရှိတယ်။ သုခမိန်တွေလဲ ဒီ အဆင့်ထဲမှာ ပါဝင်နေတာ ကြောင့်ပဲ။ သူမက အဆင့် ၁၇ မှာ ရပ်တည်နေတာ ။ အင်ပါယာ တစ်ခုလုံးမှာ ၁၇ ယောက်မြောက် အင်အား အကြီးဆုံးသူက သူမပဲ။ သူ့နာမည်ကတော့ ချန်းဖေးဟွား. ။

သူမကို လူတိုင်း လေးစားရတဲ့ နောက်ထပ် ရာထူးတစ်ခုလည်း ရှိနေခဲ့တယ်။ မင်းသားတွေနဲက မင်းသမီးတွေ တောင် သူမကို တွေ့တဲ့ အချိန် ဒူးထောက်ရတယ်။ ကြင်ယာတော် ဖေး….။ တစ်ကြိမ်တစ်ခါတုန်းက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ သူမနာမည်က ရေပန်းစားခဲ့တယ်။ ချီကူယန် ပေါ်ထွက်မလာခင် လောကကြီးကို မထိတ်လန့် စေခင် အချိန်အထိ။ ချန်းဖေးဟွားက ကြီးမြတ်သောရှ မှာ အတော်ဆုံး အမျိုးသမီးပဲ။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ဂုဏ်ရည်။ သူမ ညီလာခံကို မဝင်ခင်အထိ ဒီသတင်းတွေက ကျော်ကြားခဲ့တာ။

ရိုးရိုးသားသား ပြောရမယ်ဆိုရင်။ သူမ အတွက် ရွေးချယ်စရာ မရှိခဲ့ဘူး။ ညီလာခံ ကို သူမ မဝင်ခင် အချိန်တုန်းက။ ဧကရာဇ် လင်းမုပိုင် လည်း ညီလာခံကို မတက်သလောက် နီးနီး ဖြစ်ခဲ့တယ်။ အင်ပါယာအတွက် အတော့်ကို ခက်ခဲခဲ့တဲ့ အချိန်တွေပဲ။ မြောက်ပိုင်း ဒေသ က လူရိုင်းတွေက ပုန်ကန်တယ်။ နတ်ဆိုးတွေကလည်း ကံတရားကို စမ်းသပ်ရင်း ကြီးမြတ်သောရှ အင်ပါယာကို ကျုးကျော်ဖို့ ပြင်ဆင်နေကြတယ်။ နတ်ဆိုး ကျောင်းတော် နဲ့ စစ်နတ်ကျောင်းတော်တိုကမှာ မအားလပ်နိုင်တဲ့ အထိပဲ။ တလောကလုံး ယောက်ယက် ခတ်နေခဲ့တယ်။

ဒီ အချိန်မှာပဲ ချန်းဖေးဟွား ခေါင်းအစ ခြေအဆုံး သွေးတွေရဲရဲနီပြီးတော့ နန်းတော်ထဲကို ဝင်လာခဲ့တယ်။ သူမ ရဲ့ သံချပ်ကာက အက်ကွဲနေပြီးတော့။ ဓားကလည်း ကျိုးနေခဲ့ပြီ။ ဒါပေမယ့် လက်တစ်ဖက်မှာတော့ သုံးလအရွယ် ကလေး တစ်ယောက်ကို ပွေကချီလာခဲ့တယ်။ ဧကရာဇ် လင်းမုပိုင် နန်းတော်ကနေ ပြေးထွက်လာတဲ့ အချိန်မှာတော့ ။ ချန်းဖေးဟွားက ဒူးထောက်ရင်း တစ်ခွန်းတည်းသော ပြောခဲ့တယ်။

“ အရှင် မင်းမြတ်။ သူမကို ပြန်ခေါ်လာခဲ့ပါပြီ။ ”

အဲ့ဒီ့နေ့က သူမကို ကြင်ယာတော် ဖေးဆိုတဲ့ နာမည် တွင်သွားစေခဲ့တယ်။ ဧကရာဇ် လင်းမုပိုင် ညီလာခံ ခန်းမထဲကို ပြန်ဝင်ပြီးတော့။ အမိန့်တွေ စပေးတဲ့ နေ့လည်း ဖြစ်ခဲ့တယ်။ သူ့ရဲ့ ကလေးလေးကို ရင်ခွင်ပိုက်ရင်းနဲ့ပေါ့။ မြို့တော်ကြီးတစ်ခုလုံးကို ကြောက်လန့်သွားစေမယ့် နာမည် တစ်ခု ဖြစ် ပေါ်လာစေတဲ့ နေ့လည်း ဖြစ်ခဲ့တယ်။ အဲ့ဒီ့ နာမည်ကတော့ ပင်းယန်။

ပင်းယန်ရဲ့ နာမည်က ငြိမ်းချမ်းရေးကိုလည်း ကိုယ်စားပြုသလို။ မှောင်မည်းနေတဲ့ လောကကြီး တစ်ခုရဲ့ အဆုံးသတ်က အလင်းတန်းလည်း ဖြစ်ခဲ့တယ်။ သုံးလကြာပြီးတဲ့နောက်။ ချန်းဖေးဟွားက ။ တော်ဝင် အစောင့်တပ်ရဲ့ခေါင်းဆောင် ဖြစ်လာခဲ့တယ်။

အမတ်မင်းတွေက ဒီ ရာထူး ခန့်အပ်မှုကို စစချင်းမှာ နားမလည်နိုင်ကြပေမယ့်။ သူတို့ ခပ်မြန်မြန်ပဲ သဘောပေါက်သွားကြတယ်။ ချန်းဖေးဟွား က အဆင့်တစ် ကြင်ယာတော် ဖြစ်နေပင့်မယ့်။ တခြား ကြင်ယာတွေတွေ ရဲ့ ကိစ္စကို သူမ ဘယ်တော့မှ မစွက်ဖက် ။ ဧကရီ မရှိ တာတောင် သူမက နေရာ ဝင်ယူဖို့ မကြိုးစားခဲ့ဘူး။

“ ဒေါ်လေး ဟွား…” အော်သံတစ်ခု ထွက်လာသလို။ ရွှေနီရောင် ဝတ်ရုံဝတ်ထားတဲ့ ပင်းယန်က။ ချန်းဖေးဟွားကို ပြေးဖက်တယ်။

ချန်းဖေးဟွားက သူမကို မတားဘူး။ ပြုံးသားပြုံးနေခဲ့တယ်။ သူမက အပြုံးက အရမ်းကို တောက်ပတယ်။ နှင်းလို ဖြူလွလွ လက်တွေနဲ့ ပင်းယန်ရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးနေခဲ့တယ်။ သူမရဲ့ သမီး အရင်းလေး တစ်ယောက်လိုပေါ့။

အမတ်မင်းတွေကတော့ ကြည့်ရင်းနဲ့သာ ခေါင်းခါပြီး သက်ပြင်းချနေခဲ့တယ်။ ပင်းယန် (မြို့တော်ရဲ့ ထိပ်တန်း မိုက်ကြေးခွဲသူ) က လူတိုင်းကို ဒေါသထွက်ပြီး စိတ်ရှုပ်စေနိုင်တယ်။ ဒါပေမယ့် သူမက ဧကရာဇ်ရဲ့ အချစ်ခင် အမြတ်နိုးဆုံး သမီးတော်တင် မကဘူး။ ကြင်ယာတော်ဖေးရဲ့ အလိုအလိုက်ဆုံး မင်းသမီးလည်း ဖြစ်တယ်။ သူမ နောက်မှာ ဧကရာဇ်ရယ်။ တော်ဝင် အစောင့်တပ် ငါးသောင်းရဲ့ အုပ်ချုပ်သူရယ်ရှိနေတယ်လေ။ ဘယ်သူက သူမကို အပြစ်ပြုဝံ့မှာလဲ။

“ကြင်ယာတော်ဖေး” အမတ်မင်းတွေ နှုတ်ခွန်းဆက်တယ်။ လင်းထျန်းရုံကတော့ ဒူးတစ်ဖက်ထောက်နေခဲ့ပြီ။ သွေးတွေက သူ့ နှုတ်ခမ်းထောင့်ကနေ စီးကျနေတယ်။ ဒါတောင် ကြင်ယာတော်ဖေးကို သူ ဦးညွှတ်ထားဆဲ။

“ ကျွန်တော့် အသက်ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးပါ ကြင်ယာတော်ဖေး။”

“ အရှင့်သား ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး။” ချန်းဖေးဟွားရဲ့ လက်ဝါးပေါ်ကနေ ရွှေရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာပြီးတော့။ ဒူးထောက်နေတဲ့ အိမ်ရှေ့စံကို မတ်တပ်ရပ်သွားစေတယ်။ အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင်ကို သူမ ဦးညွှတ်တယ်။ အမတ်မင်းတွေကို လှမ်းကြည့်တယ်။ နောက်ဆုံးတော့ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီဆီကို အကြည့်ရောက်သွားတော့တယ်။ သူမ မျက်မှောင်ကြုတ်သွားတယ်။

အပိုင်း(၅၃၀)ပြီး၏။

All Chapters