← Chapters

အပိုင်း (၅၃၁-၅၄၀)

Vol. 6 Ch. 531-540

အပိုင်း (၅၃၁-၅၄၀)

Vol. 6 Ch. 531-540

အပိုင်း (၅၃၁)

“အရှင်မင်းမြတ်။ ကျွန်တော်တော့ မှားပြီ။ ”

Translator: Sparrow Translations Editor: Sparrow Translations

“ အာ…။ တော်ဝင်ကြင်ယာတော် ဟွားဖေး။ တော်ဝင်အဆင့်က ၁၇။ တော်ဝင်စစ်တပ်ခေါင်းဆောင်။ ချန်းဖေးယွီ ရဲ့ အစ်မကြီး။ ချန်းဖေးဟွား ။” ဖန်ကျန်းရှီ စိတ်ထဲမှာ တွေးတောမိနေတယ်။

အကယ်၍ ဒီ မြင်ကွင်းကို လွန်ခဲ့တဲ့ တစ်နှစ်ကသာ မြင်ရင်။ သူအံသြထိတ်လန့်နေမိမှာ အမှန်ပဲ။ ကောင်းပြီလေ။ ဒါက တကယ့်ထိတ်လန့် စရာ မြင်ကွင်းပါပဲ။ တော်ဝင် အစောင့်တပ်ရဲ့ ခေါင်းဆောင်က ကြင်ယာတော်ဖေး ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှတ်မိမှာလဲ။ ချန်ဖေးဟွားက ဖန်ကျန်းရှီကို ခဏပဲ ကြည့်တယ်။ ဘဏ္ဍာရေး ဝန်ကြီး ယွဲ့ဟူကို ဖြည်းဖြည်းချင်း အကြည့် ရောက်သွားတယ်။

“ ကျွန်တော် သေသင့်ပါတယ်။ ကျွန်တော် သေသင့်ပါတယ်။” တုန်ယင်နေတဲ့ ယွဲ့ဟူ ဒူးတစ်ဖက် ထောက်ရင်း တောင်းပန်တယ်။ သူ အရမ်း အရမ်းကို တုန်ယင်နေခဲ့ပြီ။

“ ယွဲ့ဟူ ။ မင်းအမှားကို မင်းသိလား။” ချန်းဖေးဟွား ခေါင်းငြိမ့်ရင်း မေးတယ်။ သူမရဲ့ အသံက စိတ်ခံစားချက် မရှိ။ တည်ငြိမ်နေခဲ့တယ်။ ဒါပေမယ့် အမတ်မင်းတွေကတော့ တုန်ယင်နေခဲ့ပြီ။ ချန်းဖေးဟွားက တော်ဝင် အုပ်ချုပ်သူတွေကို တစ်ခါမှ မေးခွန်း မထုတ် ဖူးဘူး။ ဒါ့အပြင်။ သူမရဲ့ တာဝန်က နန်းတော်ကို ကာကွယ်ဖို့ပဲ။ တော်ဝင်အမတ်မင်း တစ်ယောက်ကို သူမ ဘယ်တုန်းကမှ ဒီလို မပြောဖူးခဲ့ဘူး။

ဒါပေမယ့် အခုတော့….။ သူမ က ပြောလိုက်ပြီ။ ဒီကိစ္စကြောင့်။ ဘဏ္ဍာရေး ဝန်ကြီး ယွဲ့ဟူ ။ အရှက်ရပြီး ပြစ်တင်ခံရတာတွေကနေ လွတ်မြောက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး။ ဝန်ကြီး ယွဲ့ဟူ ခေါင်းငုံ့ထားရင်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။ သေရမှာကို သူမကြောက်လန့်ဘူး။ သေတယ်ဆိုတာ သူ့ အတွက်တော့ လွတ်မြောက်ရာ လမ်း တစ်ခုပဲ။ ဒါက သူ့ကို လွတ်လပ်စေလိမ့်မယ်။ ဒါပေမယ့် သူ့ တစ်ကိုယ်လုံး အမုန်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဖန်ကျန်းရှီကို သူ့ လက်နှစ်ဖက်နဲ့ သတ်ဖို့ အော်ဟစ်ခဲ့တာ။

ယွဲ့ဟူ က အတော့်ကို ဒေါသထွက် နေတယ်လို့ လူတိုင်းက ထင်မြင်နေခဲ့ကြတာ။ ဒါပေမယ့် သူ့ရဲ့ စိတ်နှလုံးကတော့ အရမ်းကို တည်ငြိမ်နေတာကို ဘယ်သူမှ မမြင်နိုင်ခဲ့။ တော်ဝင်အစိုးရမှာ ဆယ်စုနှစ်နဲ့ချီပြီးတော့ တာဝန် ထမ်းဆောင်ခဲ့တော့။ သူ့မှာ ဘယ်လို လောကဓံ ကြုံကြုံ ခံနိုင်ဖို့ အတွေ့အကြုံ အပြည့်ရှိတယ်။ စိတ်ခံစားချက်တွေကို ထိန်းသိမ်းနိုင်တဲ့ နေရာမှာ သူက ဆရာ တစ်ဆူပဲ။

သူ့ရဲ့ ဒုတိယ သားက အစေခံ တစ်ယောက်နဲ့ အတူတူ နေခဲ့တာတောင် ။ ဒေါသထွက်တဲ့ ပုံစံ မပြခဲ့ဘူး။ ဒါပေါ့ ။ သူ မုန်းတာပေါ့။ ဒါပေမယ့် သူ့ရဲ့ ဒေါသ က စဉ်းစား ချင့်ချိန်မှု ရှိတယ်။ ဖန်ကျန်းရှီသာ ဆက် အသက်ရှင်နေရင်။ အိမ်ရှေ့စံ လင်းထျန်းရုံ အတွက်လည်း အန္တရာယ်များတယ်။ ဒီ့အတွက် ။ သူ ဒေါသထွက်ရမယ်။ ယွဲ့ဟူက သူ့ရဲ့ စိတ်ခံစားချက်တွေ အားလုံးကို ထိန်းချုပ်ထားခဲ့ပြီး လှုပ်ရှားနေခဲ့တာ။

ဒါပေမယ့် ရန်ရွှယ်က သူ့ရဲ့ ဒေါသ တကြီး တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မယ်လို့ မထင်မှတ်ထားခဲ့မိဘူး။ အိမ် ရှေ့စံ လင်းထျန်းရုံကို မတော်တဆ တိုက်ခိုက် မိသွားလိမ့်မယ်လို့ ပိုတောင် မထင်မိသေးတယ်။ ဒါပေါ့။ သူ သိတာ တစ်ခုတော့ ရှိသေးတယ်။ ဒါကတော့ အခုချိန်မှာ သူက အသက်ဆက်ရှင်နေတာထက် သေတာ ပိုကောင်းမှာကိုပဲ။

“ကျွန်တော့် အမှားကို ကျွန်တော် သိပါတယ်။” ယွဲ့ဟူ ခေါင်း မမော့ရဲဘူး။ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ တစ်ခုတည်းသော အခွင့်အရေးပဲ ကျန်တော့တာကို သူသိတယ်။ ဒါကေတာ့ သေခြင်းတရားပဲ။ အကယ်၍ သူသာ ဖန်ကျန်းရှီကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်ခဲ့ရင်။ လင်းထျန်းရုံ ထီးနန်း ဆက်ခံတဲ့ အချိန်မှာ။ သူ့ အတွက် ဆက် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိနိုင်သေးတယ်။ ဒါပေမယ့် အခုတော့ ကိစ္စ အားလုံးက ရှုပ်ထွေးသွားခဲ့ပြီ။

“ ပိုင်ချီ။” ချန်းဖေးဟွား နောက်ကို လှည့်ကြည့်ရင်းနဲ့ ပြောတယ်။

“ ရှိ”

“ ဝန်ကြီး ယွဲ့ကို ထိန်းသိမ်းလိုက်။”

“ အမိန့်တော် အတိုင်းပါ။” တော်ဝင် စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် ပိုင်ချီ ချက်ခြင်း ခေါင်းငြိမ့်တယ်။ တစ်ချက် လေးတောင် မတွေဝေပဲ ယွဲ့ဟူကို ဖမ်းဆီးဖို့ ပြင်တယ်။ ယွဲ့ဟူကတော့ ဖြည်းဖြည်းချင်း ထ ရပ်တယ်။ နေရာ မှာတင် ကျက်သေသေ နေတဲ့ စုံတွဲကို လှမ်းကြည့်တယ်။ သူ စကားတစ်ခွန်းမှ မပြောဘူး။ ဒါပေမယ့် အဆင့် နှစ် အမတ်မင်း တစ်ယောက်ရဲ့ အရှိန် အဝါ စွမ်းအားတွေ အကုန်လုံး သူ့ ခန္ဒာကိုယ်ကနေ ပျောက်ကွယ်သွားခဲ့ပြီ။ စွမ်းအား တစ်စိလေးတောင် မကျန်တော့တဲ့ အတိုင်းပဲ။ ခြေလှမ်း တစ်လှမ်း ချင်းစီက အရမ်းကို အင်အား ဖျော့တော့နေခဲ့တယ်။ ဒါက ဝန်ကြီး ယွီ ခေါ်သွားခံရတဲ့ ပုံစံပဲ။

လူငယ် နှစ်ယောက်လည်း ခေါ်သွားခံခဲ့ရတယ်။ ယွဲ့ဟူရဲ့ အပြစ်က ကြီးလေး လွန်းတော့ ဘယ်သူမှ မပါဝင် မပတ်သတ်နိုင်ကြဘူး။ အိမ်ရှေ့စံကို လူအများ ရှေ့မှာ ထိခိုက်စေတယ်။ ဒါက အဆင့်နှစ် အမတ်မင်း တစ်ယောက် အတွက်တောင် ခွင့် လွှတ်နိုင်စရာကိစ္စ မဟုတ်ဘူး။

အခြေအနေတွေ အရ။ ချန်းဖေးဟွား ပေါ်လာတဲ့ အချိန် တည်းက ။ ဘယ်သူမှ မလှုပ်ရဲ ကြတော့တာပဲ။ ဆူပူ အုံကြွမှုတွေ အကုန်လုံး ရပ်သွားခဲ့ပြီ။ အာကျယ် အာကျယ် လုပ်ချင်နေတဲ့ ဝမ်တပေါင်းတောင် တိတ်ဆိတ်နေခဲ့တယ်။

လူတစ်ယောက်ချင်းစီတိုင်းက ချန်းဖေးဟွားကိုသာ အာရုံ စိုက်နေခဲ့တယ်။ အင်ပါယာရဲ့ အမြင့်မြတ်ဆုံး ကြင်ယာတော်က အခြေအနေ တွေကို ထိန်းချုပ်ပြီး။ အိမ်ရှေ့စံကို ကာကွယ်ခဲ့တယ်။ ဒါပေမယ့် သူမက အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ ဒဏ်ရာကိုတောင် မစစ်ဆေးဘူး။ ပလ္လင် ပေါ်က ဧကရာဇ် လင်းမုပိုင်ကို သာ တစ်ချက် ဦးညွှတ်တယ်။ အဲ့ဒီ့နောက် နန်းတော်ဝင်ပေါက်ဆီကို လျှောက်သွားတော့တယ်။ အလွန် လျင်မြန်စွာနဲ့ပဲ။ ချန်းဖေးဟွားက နန်းတော်ထဲကို ဝင်ရောက် ပျောက်ကွယ်သွားတော့တယ်။ ဒါတွေ အားလုံးက တနေရာတည်း မှာပဲ ဖြစ်သွားခဲ့တာ။ ဒါပေမယ့် တစ်ခဏ အကြာမှာတော့ ဘယ်သူကမှ ချန်းဖေးယွီ ရှိနေခဲ့တာကိုတောင် မမှတ်မိနိုင်ကြတော့ဘူး။

ချောင်းဟန့်သံ တစ်ချက်က တိတ်ဆိတ်မှုကို ဖြိုခွင်းသွားတယ်။ လူတိုင်းက ဒီ အနှောက်အယှက် ဖြစ်စေတဲ့ အသံ အရင်းအမြစ်ကို လှမ်းကြည့်တယ်။ တော်ဝင် အမတ်မင်း တစ်ယောက်က ရှက်ရွံ့မှုကြောင့် မျက်နှာ နီရဲနေခဲ့တယ်။ သူ့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာက အရာအားလုံးကို ဖော်ပြနေခဲ့တယ်။ ဒီ အမတ်မင်းက နည်းနည်း ဖျားနာနေတဲ့ အတွက် ။ ချောင်းဆိုးချင်တာကို မထိန်းချုပ်နိုင်ခဲ့ဘူး။ သူ့ရဲ့ အနှောက်အယှက်သေးသေးလေး တစ်ခုက ။ ဒီလောက်ထိ လူတွေကို လှည့်ကြည့်လာစေမယ့် လို့လဲ မထင်ခဲ့။ သူ တုန်ယင်နေခဲ့တယ်။

“ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် မှား သွားပါတယ်။ ” အမတ်မင်းချက်ခြင်း ဒူးထောက်ရင်း တောင်းပန် တိုးလျှိုးတော့တယ်။ သူ့ နဖူးက မြေ ပြင်ကို ထိနေခဲ့ပြီ။ ဒီ မြင်ကွင်းကို မြင်တော့။ တခြားသော အမတ်မင်းတွေ ပြုံးမိကြတော့တယ်။ တကယ်တော့ ချန်းဖေးဟွားက တော်ဝင် အစောင့်တပ် ခေါင်းဆောင် အနေနဲ့ သူမ တာဝန်ကို သူမလုပ်သွားခဲ့တာ။ အိမ်ရှေ့စံကို သူမ ကယ်တင်သွားတဲ့ ပုံစံက အရမ်းကို ပညာသား ပါလွန်းတယ်။

ဒီ တုန်ယင်နေတဲ့ အမတ်မင်း ရဲ့ တောင်းပန်သံက။ ပြည်သူလူထုနဲ့ အမတ်မင်းတွေကိုပါ ပြောင်းလဲသွားစေခဲ့တယ်။ နန်းတော်ဝင်ပေါက်က အခြေအနေတွေကို ပေါ့ပါးသွားစေခဲ့တယ်။ ဒါက တော်ဝင် မြင့်မြတ် အရှင် အဆင့်က နံပါတ် ၁၇ ရဲ့ စွမ်းအားပေပဲလား။ ဒါမှမဟုတ်။ လက်ရှိ တော်ဝင် ကြင်ယာတော် အနေနဲ့ သူမရဲ့ လွှမ်းမိုးမှုကပဲ ကြီးမားနေတာလား။

အမတ်မင်းကတော့ ခေါင်းကို မြေကြီးနဲ့ ထိတဲ့ အထိ တောင်းပန်နေဆဲ။ ဒါပေမယ့် လူတိုင်းရဲ့ စိတ်အာရုံ ကတော့ တခြားသူဆီကို ပြောင်းသွားခဲ့ပြီ။ အပြာရောင် ဝတ်ရုံရဲ့ လူကို သူတို့ အာရုံစိုက်နေကြတယ်။ လွန်ခဲ့တဲ့ အချိန် အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စတွေက တကယ့်ကို ရှုပ်ထွေးတယ် ။

ဘဏ္ဍာရေးဝန်ကြီး ယွဲ့က တိုက်ခိုက်တယ်။ ဒါပေမယ့် သူ့ တိုက်ခိုက်မှုက အိမ်ရှေ့စံ လင်းထျန်းရုံကို နာကျင် စေလိမ့်မယ်လို့ သူတို့ မထင်မှတ်ထားမိဘူး။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ ကိစ္စကတော့ ငြင်းဆို မရနိုင်ဘူး။ ဒါက တိုက်ဆိုင်မှုပဲ လား။ ဒါမှမဟုတ် လွဲချော် တိုက်ခိုက်တာပဲလား။ အကယ်၍ ဒါသာ မတော်တဆမှု တစ်ခု ဖြစ်ခဲ့တယ် ဆိုရင်။ အရမ်းကို တိုက်ဆိုင် လွန်းနေတယ်။ လွဲချော် တိုက်ခိုက်တာမျိုးကတော့ ဘယ်သူ လုပ်မိမှာလဲ။ အခုဒီမှာ ရှိနေခဲ့တဲ့ တော်ဝင် အမတ်မင်း တစ်ယေ ာက်ချင်းစီ တိုင်း စိတ်ထဲမှာ မေးခွန်း တွေ ပြည့်နေခဲ့တယ်။ ဖြစ်ခဲ့တဲ့ ကိစ္စတွေက မြန်လွန်းတော့ သူတို့တွေ ရှင်းရှင်းလင်းလင်း နားမလည်နိုင်။

“ နောက်ကျတော့မယ်။ စားသောက်ပွဲ စကြရအောင်။” ဧကရာဇ် လင်းမုပိုင် ရဲ့ အသံ ထွက်ပေါ်လာတယ်။ အထိန်းတော် ေ၀ ထရပ်တယ်။

“ စားသောက်ပွဲ အတွက် အချိန်ကျပြီ။”

“ စား သောက်ပွဲ။ စားသောက်ပွဲ၊ ” ဒီ အသံက နန်းတော်ထဲကို ပဲ့တင် ထပ်သွားခဲ့တယ်။

နန်းတော် တစ်ခုလုံးလည်း ပြန်လည် သက်ဝင်လာခဲ့တယ်။ တူညီတဲ့ အသံတွေ ပြန်လည် ထွက်ပေါ်လာခဲ့တယ်။ တင်းမာနေတဲ့ အခြေအနေတွေကလည်း သက်တောင့် သက်သာ ဖြစ်သွားခဲ့ပြီ။ အမတ်မင်းတွေ သူတို့ အတွေးတွေကို ဘေးဖယ်ထားလိုက်တယ်။ ရင်းနှီးဖော်ရွေတဲ့ အပြုံးနဲ့ အတူ။ နန်းတော်ထဲကို ဝင်ဖို့ ပြင်နေခဲ့တယ်။ ဒါပေမယ့် ဒီ အချိန်မှာပဲ။ လူတစ်ယောက်က ဧကရာဇ် လင်းမုပိုင် ဆီကို လျှောက်လာခဲ့တယ်။ သူ့နောက်မှာ တော့ ရန်ရွှယ် လိုက်လာတယ်။

“ အရှင် မင်းမြတ် ။ ကျွန်တော်မျိုးရဲ့ နစ်နာမှုအတွက် လျှောက်တင်စရာ တစ်ခု ရှိပါတယ်။” ဖန်ကျန်းရှီ ဦးညွှတ်တယ်။ ဒါပေမယ့် ဧကရာဇ် ကို သာမာန် အရပ်သားတွေ အလေးအမြတ်ထားတဲ့ ပုံစံမျိုးနဲ့ လျှောက်တင်တာ မဟုတ်ဘူး။ ကျွန်တော်မျိုး ဆိုတဲ့ စကားကိုသာ သုံးတယ်။ အမတ်မင်းတွေ ရပ်ပြီး လှည့်ကြည့်တယ်။ သူတို့တွေ ဆက် မပြုံးနိုင်ကြတော့။

ဒါပေါ့ ။ ဖန်ကျန်းရှီ ဘာ လုပ်ချင်နေလဲ သူတို့ သိတယ်လေ။ ဒါပေမယ့် သူက ဘယ်လိုများ ဧကရာဇ် ရဲ့ အမိန့်ကို နှောက်ယှက်ဝံ့တာလဲ။

ဘေးပတ်လည်က ပြည်သူတွေကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း မျက်လုံး ပြူးနေခဲ့တယ်။ ဒီ အချိန်မှာပဲ။ ဧကရာဇ် လင်းမုပိုင် တွေးနေတာကို သူတို့ နားလည်စ ပြုလာတယ်။

ဖန်ကျန်းရှီက သူတို့ အတွက် အမှန်တရားကို ဖော်ထုတ်ပြခဲ့ပြီးသား။ ဘဏ္ဍာရေး ဝန်ကြီးက သူတို့ ပြောနေတာကို အကုန်ကြားတယ်။ ဖန်ကျန်းရှီ ကလည်း ဒီ အဆိပ်ကို လွန်ခဲ့တဲ့ တစ်နှစ်တုန်းက မိဖူးတယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်က စားသောက်ပွဲကို ဆက် ကျင်းပဖို့ အမိန့်ပေးလိုက်တယ်။ ဖန်ကျန်းရှီရဲ့ အပြုအမူတွေက ထင်ရှားနေတယ်။

“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။”

“ တကယ်ပဲ အမှုကို ပြန်ဖွင့် မလို့လား။”

“ ဧကရာဇ် က သူ့ကို ဒီလို လုပ်ခွင့်ပေးမှာလား။”

မေးခွန်းတွေက ပြည်သူပြည်သားတွေရဲ့ စိတ်ထဲ ပေါ်လာတယ်။ ဧကရာဇ် လင်းမုပိုင်က ပလ္လင်ပေါ်က ထရင်း ဖန် ကျန်းရှီကို ထကြည့်တယ်။

“ ယဉ်ကျေးမှုဝန်ကြီး။ သင့်ရဲ့ နစ်နာမှုကို အခု ထုတ်ဖော်တော့မှာလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက ကြည်လင် ပြတ်သားနေခဲ့တယ်။

ဒါပေမယ့် တော်ဝင် အမတ်မင်းတွေ အားလုံးကတော့ ။ ကြောက်ရွံ့ ထိတ်လန့်မှု လှိုင်းတွေ ကို ခံစားလိုက်ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဧကရာဇ် လင်းမုပိုင်က ဖန်ကျန်းရှီကို ယဉ်ကျေးမှု ဝန်ကြီးလို့ ခေါ်လိုက်တာ ကြောင့်ပဲ။ လွန်ခဲ့တဲ့ တစ်နှစ် တောင်ပိုင်းဒေသ တိုက်ပွဲ ဘယ်လို အဆုံးသတ်သွားမှန်း လူတိုင်း သိတယ်။ ဧကရာဇ်က ဖန်ကျန်းရှီကို အဆင့်လေး ဓားသံတမန် ကနေ။ ယဉ်ကျေးမှုဝန်ကြီး အဖြစ် ရာထူးတိုးပေးခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ယဉ်ကျေးမှု ဝန်ကြီး ဌာနကို ပြန်မလာခဲ့ဘူး။ ယဉ်ကျေးမှု ဝန်ကြီး ရာထူးကိုလည်း မယူခဲ့။

သူက တောင်ပိုင်းဒေသ အိမ်ရှေ့စံ ကို သတ်ပြီး နောက် ထွက်ပြေးသွားခဲ့တယ်။ ဒါပေမယ့် အခုတော့ ဧကရာဇ် လင်းမုပိုင်က ဖန်ကျန်းရှီကို ယဉ်ကျေးမှု ဝန်ကြီးလို့ ခေါ်နေပြီ။ ဒါက မယုံကြည်နိုင်စရာ ကိစ္စပဲ။

အိမ်ရှေ့စံ လင်းထျန်းရုံကတော့ မျက်လုံး ပြူးနေခဲ့ပြီ။ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင်ကို ကြည့်ရင်း။ သူ့ နှှုတ်ခမ်းထောင့်က နေ သွေးတွေ ယိုစီးလာပြန်တယ်။

ဒေါသနဲ့ မခံမရပ်နိုင်မှုတွေက နှလုံးသွေးကြောတွေကို ပြည့်နှက်သွားတယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်ရဲ့ ဒီလို သုံးနှုန်းမှုကိုလည်း သူ နားလည်ပါတယ်။ ဒီစကားရဲ့ အဓိပ္မာယ်က တောင်ပိုင်းဒေသ မှာ ဖြစ်ခဲ့တဲ့ ဖန်ကျန်းရှီ ရဲ့ နစ်နာမှုတွေကို ရှင်းလင်း ပေးလိုက်တာပဲ။ ချီဟို့လည်း တောင့်တင်းသွားတယ်။ ဒီနေ့ ဖန်ကျန်းရှီက လူအုပ်ထဲ မှာ ပေါ်လာတယ်။ ဧကရီ ရှန်းယွီရဲ့ လမ်းကို တားတယ်။ ဖန်ကျန်းရှီ အောင်မြင်မယ်လို့ သူ မထင်ထားမိခဲ့ဘူး။

အဲ့ဒီ့အချိန်တုန်းက။ သူ ဆုတောင်းခဲ့တာ။ ဖန်ကျန်းရှီကို ကယ်တင်နိုင်ဖို့ပဲ။ ဒါပေမယ့် အခုတော့။ ဖန်ကျန်းရှီက တကယ့်ကို အောင်မြင် သွားခဲ့ပြီ ။ ဒီ အမှုကို ပြန်မဖွင့်ပဲနဲ့တောင်။ သူက အောင်မြင်သွားခဲ့ပြီ။ တောင်ပိုင်း ဒေသ က နစ်နာမှုကို လည်း ဖြေရှင်းပြီးသား ဖြစ်သွားပြီ။ ဒါက အတော့်ကို မူမမှန်တာပဲ။ ဧကရာဇ် လင်းမုပိုင်က ဖန်ကျန်းရှီ ရဲ့ အပြစ်ကို ခွင့်လွှတ်ပေးရုံတင် မကဘူး။ ဖန်ကျန်းရှီကို တော်ဝင် ဝန်ကြီး အဖြစ်တောင် မီးမောင်းထိုးပြလိုက်သေးတယ်။ ဒါက ကိုယ်တိုင် နားလည်ရမယ့် ကိစ္စပဲ။

“အရှင်မင်းမြတ် ကျွန်တော်မျိုးကို ပြောနေတာပါလား။” ဖန်ကျန်းရှီ ရဲ့ အသံက ထွက်ပေါ်လာပြန်တယ်။

“ ဒီနေရာမှာ နောက်ထပ် အသက်ရှင်နေတဲ့ ယဉ်ကျေးမှုဝန်ကြီး ထပ်ရှိသေးလား။” ဧကရာဇ် လင်းမုပိုင် အမတ်မင်းတွေကို လှမ်းကြည့်ရင်း မေးတယ်။

“ အရှင် မင်းမြတ်က ကျွန်တော့်ကို ရည်ညွှန်းတာ ဟုတ်ပေမယ့်။ တစ်ခုခုတော့ လွဲနေပါတယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“လွဲနေတယ် ဟုတ်လား။ ”

“ဧကရာဇ်ကို သူက ဒီလို ပြောဝံ့တယ်လား။” အမတ်မင်းတွေ မယုံနိုင်။

“ ဖန်ကျန်းရှီ ။ ပေါက်ကရတွေ ပြောနေတာ ရပ်လိုက်တော့။ အရှင် မင်းမြတ်က မင်းကို ဘယ်လိုများ မှားယွင်း နိုင်မှာလဲ။ ဒီလို ပြုမှုနေတာတွေ ရပ်တန်းက ရပ်။” ချီဟို့ စိတ်အထင် ဖန်ကျန်းရှီ ရဲ့ ကိစ္စက ကောင်းကောင်း ပြီးသွားပြီလို့။ ဖန်ကျန်းရှီ တွေးနေတာကို သူသတယ်လေ။ ဒါပေမယ့် အခြေကျတဲ့ ကိစ္စကို ဂယက်ပြန်ထအောင် လုပ်နေပြန်ပြီ။

ဒီနေ့မှာ တောင်ပိုင်း ဧကရီ။ တောင်ပိုင်း ဒေသ စစ်သည်တော်တွေနဲ့ မရေမတွက်နိုင်တဲ့ ပြည်သူတွေက နန်းတော် ရှေ့မှာ ရှိနေတာ။ ဒီလို အခြေအနေမျိုးမှာ။ ဧကရာဇ် လင်းမုပိုင်က အကြပ်အတည်း ဖြစ်လွန်းတဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို ချရမှာလဲ။ ဂုဏ်သိက္ခာကျတော့မယ့် အိမ်ရှေ့စံ မင်းသား အတွက်။ အညစ်အကြေးတွေကို ကင်းအောင် လုပ်ပေးဖို့က ။ ကောင်းတဲ့ အကြံဉာဏ်တော့ မဟုတ်ခဲ့ဘူး။ ဧကရာဇ် လင်းမုပိုင် က ဖန်ကျန်းရှီရဲ့ ဇစ်မြစ်ကို ထုတ်ဖော်လိုက်ပြီလေ။ တောင်ပိုင်းဒေသက ကိစ္စတွေကို ပြန် ရှင်းလင်း ဖို့က အချိန်ပဲ လိုတော့တာ။

“ အမတ်မင်းဖန်။ စားသောက်ပွဲက စတော့မယ်။ နှောင့်နှေးလို့ မဖြစ်ဘူး။ အရေးကြီး ကိစ္စ ရှိသေးရင်။ နောက်မှ တင်ပြပါ။” အထိန်းတော်ေ၀ ပြတ်ပြတ်သားသား ပြောတယ်။ ဧကရာဇ်ကတော့ စကား မပြောတော့။ ပလ္လင်ပေါ်က ဆင်းရင်း နန်းတော်ထဲကို ဝင် တော့တယ်။

“ အမတ်မင်းဖန်။ စားသောက်ပွဲ စနေပြီ။ အမတ်မင်းအတွက် နေရာကို လိုက်ခဲ့ပေးပါ။” အထိန်းတော်ေ၀ ဦးညွှတ်ရင်း ပြောတယ်။ လူအုပ်ထဲမှာတော့ ဝမ်တပေါင်းက အားကျနေခဲ့တယ်။

“ ဘရာဗို။ ဒီလိုနဲ့ သူက ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာပြီပေါ့။ အမှန်ပဲ။ ငါလိုက်တာ လူ မှန်တယ်။” သူကိုယ်တိုင် ဝန်ကြီး ဖြစ်လာသလို ဝမ်တပေါင်း ပျော်ရွှင် တက်ကြွနေခဲ့တယ်။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီ က ရှေ့ထွက်လာတယ်။

“ အရှင်မင်းမြတ် ။ လွန်ခဲ့တဲ့ တစ်နှစ် တောင်ပိုင်း ဒေသမှာ ညစာစားပွဲ ကျင်းပခဲ့တယ်။ ကျွန်တော်မျိုးကို အကွက်ချပြီး အဆိပ်ခတ်ခံလိုက်ရတယ်။ သတိလစ် မေ့မျောနေတဲ့ အချိန် အတွင်း။ တောင်ပိုင်း ဧကရီရဲ့ အခန်းထဲ ခေါ်ဆောင်ခံရပါတယ်။ သတိလစ်နေတဲ့ အချိန်မှာပဲ။ ကျွန်တော်က တောင်ပိုင်း အိမ်ရှေ့စံကို သတ်တယ်လို့ စွပ်စွဲခံခဲ့ရတယ်။ ဒီအချိန်မှာ ကျွန်တော်က အားနည်းလွန်းလို့ ဘယ်လိုများ တောင်ပိုင်း အိမ်ရှေ့စံကို သတ်နိုင်မှာလဲ။ ကျွန်တော့် အတွက် တရားမျှတ မှုကို ရှာဖွေပေးဖို့ အရှင်မင်းမြတ်ကို တောင်းပန်ပါတယ်။”

အပိုင်း(၅၃၁)ပြီး၏။

အပိုင်း (၅၃၂)

“ ဝေးဝေးသွား။ ”

Translator: Sparrow Translations Editor: Sparrow Translations

ဖန်ကျန်းရှီရဲ့ အသံက ဘဏ္ဍာရေးဝန်ကြီး ယွဲ့ဟူ ကို ခုခံ ချိန်တုန်းက လောက် မကျယ်လောင်။ ဒါပေမယ့် ဆယ်ဆမက ပို တင်း မာနေခဲ့တယ်။

“ သူ တကယ် ကြီးကို ပြောတာ တကယ်ကြီးကို ပြောနေတာပဲ။ ”

“ ဧကရာဇ် ကို သူ တကယ်ပဲ ပိတ်ဆို့ဝံ့တယ်ပေါ့။ ”

“ ဧကရာဇ် ကို ဆန့်ကျင်မိမှာ သူ မကြောက်ဘူးလား။”

ဖန်ကျန်းရှီ ရဲ့ အသံက အမတ်မင်းတွေ နားထဲမှာ ပဲ့တင့် ထပ်နေခဲ့တယ်။ သူတို့ရဲ့ နှလုံးသားတွေ နာကျင်နေမိတယ်။ စိတ်လှုပ်ရှားလွန်းလို့ အန်တောင် အန်ချင်နေပြီ ။ ဖန်ကျန်းရှီ ရဲ့ အကြောက် အလန့် မရှိပုံ ကတော့ တကယ့်ကို မယုံနိုင် စရာပဲ။ ဘယ်လို အခြေအနေ မျိုးမှာ မဆို ။ ဒီ အမတ်မင်းတွေ အတွက်တော့။ ဖန်ကျန်းရှီက ဘာ ကိုမှ ဂရုမစိုက်တဲ့ သူ ဖြစ်နေခဲ့တယ်။

အစတုန်းက ဖန်ကျန်းရှီ ဒီလို အလော သုံးဆယ် လုပ်နေတာကို သူတို့ နားလည်နိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့။ အခုချိန်က ပြည်သူတွေ အများကြီး ကို အသိပေးရမယ့် ကိစ္စ နဲ့ ဧကရာဇ်က အမှန်တရားကို သိရမယ့် ကိစ္စ ဖြစ်နေတာကြောင့်ပဲ။ ဒါပေမယ့် အခုတော့ အမှန်တရားက ထွက်ပေါ်လာပြီလေ။ ဒီလို စွန့်စားမှုမျိုး ထပ်လုပ်ဖို့ လိုသေးလို့လား။ ဘယ်သူမှ နားမလည်နိုင်။ ဒါပေမယ့် သူတို့ ရဲ့ နှလုံးသားထဲမှာတော့ ကောင်းကောင်း နားလည်ကြတယ်။ ဧကရာဇ် တစ်ခါလောက် ဒေါသ ထွက်တာနဲ့။ ကိစ္စ အားလုံးက လုံးဝကို သဲထဲ ရေသွန် ဖြစ်သွားတော့မှာပဲ။ ဖန်ကျန်းရှီရဲ့ အားထုတ်ခဲ့မှုလည်း ပျက်စီး သွားလိမ့်မယ်။

“ ဖန်ကျန်းရှီ ။ အခုချိန်မှာ ဧကရာဇ်က တောင်ပိုင်း ဧကရီကို ကြိုဆိုနေတာ။ မင်းရဲ့ တရား မမျှတမှုအတွက် ဖြေရှင်းပေးဖို့ ဘယ်လို များ အချိန်ရှိမှာလဲ။ မင်းရပ်နေစမ်း။” ချီဟို့ စိတ်မရှည်နိုင်တော့။ ဖန်ကျန်းရှီက ဧကရာဇ်ကို တကယ်ပဲ တားမြစ်ဝံ့တာလား။ ဧကရာဇ် လင်းမုပိုင် ကတော့ ခဏတာ ရပ်တန့် ပြီးနောက်။ နန်းတော်ထဲကို ဝင်သွားတော့တယ်။

“ အရှင်မင်းမြတ်။ ကျွန်တော်မျိုး မတရား စွပ်စွဲခံရတာပါ။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် အော်ဟစ်တယ်။

“ အား….”

အမတ်မင်း တွေနဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ နှလုံးသား ထဲ ပွက်ပွက် ဆူနေခဲ့ပြီ ။ ဧကရာဇ် လင်းမုပိုင် အခုချိန်မှာ ဆုံးဖြတ်ချက် မချနိုင်သေးတာ ထင်ရှားနေတယ်။ ဒါတောင်။ ဖန်ကျန်းရှီ ဆက်လက်ပြီး တောင်းပန် နေဆဲ။ ဒါက ဘာများ ထူးခြားလာမှာ လဲ။

“ သူ တကယ်ပဲ သေချင်နေတာလား။”

“ ဧကရာဇ် ထီးနန်း ဆက်ခံတဲ့ အချိန်တည်းက။ ဒီလို ကိစ္စမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။”

“ အတိအကျပဲ။ ဧကရာဇ် ရဲ့ ဖြစ်တည်မှုက ဒီလို စော်ကားမော်ကား လုပ်လို့မရဘူး။ ဒီလို ရိုးရှင်းတဲ့ ကိစ္စကိုတောင် သူ နားမလည်ဘူးလား။”

အမတ်မင်းတွေ စိတ်ထဲမှာ တီးတိုး ရေရွတ်နေမိတယ်။ ဒါပေမယ့် ဘယ်သူကမှ ဖန်ကျန်းရှီကို မတားမြစ်သလို။ ဘယ်သူမှလည်း သူတို့ စိတ် အတွေးကို ထုတ်မပြောကြဘူး။ အစတုန်းက သွေးအန်နေတဲ့ အိမ်ရှေ့စံ လင်းထျန်းရုံ ကတော့။ ဖန်ကျန်းရှီ ရဲ့ ဧကရာဇ်ကို တားမြစ်နေတဲ့ ပုံစံကို တွေ့လိုက်တဲ့ အချိန်မှာ။ လှောင်ပြုံးပြုံးနေတော့တယ်။

ဘယ်သူကမှ ဧကရာဇ် ဆန္ဒရှိတဲ့ သွားရာ လမ်းကို မတားမြစ်နိုင်ဘူး။ ဖန်ကျန်းရှီ မပြောလေနဲ့။ အိမ်ရှေ့စံ တောင်မှ ဧကရာဇ် ရဲ့ အမိန့်ကို မဖီဆန်ရဲဘူး။

“ ကျေးဇူးပြုပြီးတော့။ အရှင် မင်းမြတ်။ ဖန်ကျန်းရှီ ရဲ့ နစ်နာမှုကို ဖြေရှင်းပေးပါ။” ဖန်ကျန်းရှီ ရဲ့ နောက်မှာ လိုက်လာတဲ့ ရန်ရွှယ် နောက်ဆုံးတော့ စကားပြောပြီ။ သူ့ရဲ့ စကားလုံးတွေက အေးစက်တယ်။ ခံစားချက် မဲ့တယ်။ လုံးဝကို မတုန်မလှုပ်ပဲ တည်ငြိမ်နေခဲ့တယ်။

“ရန်ရွှယ်တောင် ဒီလို ပြောတယ်လား။”

“ သူ ဘယ်လို လုပ်ဝံ့တာလဲ။”

“ သူက ဖန်ကျန်းရှီ ရဲ့ သူငယ်ချင်း ဖြစ်နေပင်မယ့်။ အခုချိန်မှာ ဖန်ကျန်းရှီကို လုံး၀ တားမြစ် သင့်တာလေ။ ဧကရာဇ်ကို ဖီဆန်တာရဲ့ အကျိုးဆက်ကို သူမသိဘူးလား။”

ကြောက်လန့်မှု လှိုင်းတွေကို အမတ်မင်းတွေ နောက်တစ်ကြိမ် ခံစားလိုက်ရတယ်။ သူတို့ရဲ့ အမူအယာ တွေက ။ သူတို့ရဲ့ တုန်လှုပ်နေတဲ့ စိတ်သဘောကို ဖော်ပြနေတယ်။ ဧကရာဇ် လင်းမုပိုင် လမ်းလျှောက်နေရင်း ရပ်တန့်သွားတယ်။ ဒါပေမယ့် နောက်ကို လှည့်မကြည့်ဘူး။

ချီဟို့ မယုံနိုင်။ ဖန်ကျန်းရှီ ရဲ့ လမ်းမှာ လက်ဆန့်တန်းရင်း နဲ့။ သူ့ရဲ့ တောင်းပန်မှုကို ရပ်တန့် ခိုင်းဖို့ ပြင်ပြန်တယ်။ ဒီ အချိန်မှာပဲ။ သူ့ဘေးမှာ ရပ်နေတဲ့ ရှင်းယွမ်ကောင်းက ။ မလုပ်ဖို့ ခေါင်းခါပြနေတယ်။

“ အကို ယွမ်ကောင်း ဒါက….”

“ နေအုန်း…” ရှင်းယွမ်ကောင်း ဒီ စကားပဲ ပြောတယ်။ ချီဟို့ နည်းနည်းတော့ တုန်ယင်သွားတယ်။ ဒါပေမယ့် ဒီ လူအုပ်ထဲမှာ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ သူ ပျောက်ဆုံး နေတယ်။ စောင့်ရမယ်တဲ့….။ ဘာကို စောင့်ရမှာလဲ။

ချီဟို့ နားမလည်နိုင်။ ဒါပေမယ့် တော်ဝင် အစိုးရ ကိစ္စတွေမှာ တစ်ခါမှ ဝင်မပါတဲ့ ရှင်းယွမ်ကောင်း က ဒီလို ပြောလာတာတော့ အံ့သြစရာပဲ။ ဝမ်းနည်းတယ်။ အဲ့ဒီ့နောက် တိတ်ဆိတ်နေတယ်။ အထိန်းတော်ဝေတောင် မျက်လုံးပြူးနေခဲ့တယ်။ ဖန်ကျန်းရှီ ကို သူ ရပ်တန့်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ။ သူ့ မျက်လုံး ထောင့်ကနေ လူ တစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။ သူ နောက်ပြန် ဆုတ်သွားတယ်။

ဒီလူက ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ အနားကို ရောက်လာတယ်။ တောင်ပိုင်း ဧကရီ ရှန်းယွီ။ သူမရဲ့ မျက်ဝန်းနက်နက်တွေက တလက်လက် တောက်ပနေတယ်။ သူမရဲ့ ရှည်လျား လှပတဲ့ ဆံကေသာတွေက ပုခုံးပေါ်ကို ဝဲကျနေတယ်။ ရွှေဝါရောင် အသားအရေ က နေရောင်ထဲမှာ တောက်ပနေတာ အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတယ်။ သူမရဲ့ အမူအယာက ဖြေရှင်းချက်ကို လိုချင်နေတဲ့ ပုံစံပဲ။

“ အရှင်မင်းမြတ်။ ကျွန်တော်မျိုးမရဲ့ အကိုတော် ရှန်လင်းက တောင်ပိုင်း ဒေသ စစ်ပွဲမှာ အများကြီး ကြိုးပမ်းခဲ့ပါတယ်။ ကျွန်တော်မျိုးမတို့ ရဲ့ ရန်သူတွေကိုလည်း တောက်လျှောက် ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ သူ့ရဲ့ ရဲဝံ့မှုက စစ်ပွဲမှာ ရှိခဲ့တဲ့ ။ တောင်ပိုင်းဒေသ စစ်သည်တော် တိုင်းနဲ့။ ကြီးမြတ်သောရှ မင်းဆက် က စစ်သည်တော် တိုင်း မျက်မြင်ပါ ။ အကိုတော်ရဲ့ သေဆုံးမှုက တောင်ပိုင်း ဒေသကို အတော်လေး ခက်ခဲ သွားစေခဲ့ပါတယ်။ အခုချိန်မှာ ခေါင်းဆောင် သစ် ရှိနေပြီ ဆိုပေမယ့်။ အရှင်မင်းမြတ်ကို တရားမျှတမှု အတွက် ဖြေရှင်းပေးဖို့ တောင်းပန်ချင်ပါတယ်။ ”

တောင်ပိုင်း ဧကရီ ရှန်းယွီ ရဲ့ မျက်ဝန်းတွေထဲ မျက်ရည်တွေ ရစ်ဝဲနေခဲ့တယ်။ ပတ်ဝန်းကျင်က ကြည့်နေသူတွေ မျက်လုံး ပြူးနေခဲ့ပြီ။

“ တောင်ပိုင်း ဧကရီ တောင် စကား ပြောနေပြီ။ ”

ဖန်ကျန်းရှီ ရဲ့ ဘေးမှာ တောင်ပိုင်း ဧကရီ လာရပ်တည်းက။ သူမ စကားပြောတော့မှာကို သူတို့ ခန့်မှန်း မိပြီးသား။ အခြေအနေက အတော်လေးကို မူမမှန် ဖြစ်နေပင်မယ့်ပေါ့။ ဒါက ခုခံချေပ ဖိအားပေးနေတာ စစ်စစ်ပဲ။ ဖန်ကျန်းရှီ ကနေ စတယ်။ အဲ့ဒီ့နောက် ရန်ရွှယ်။ အခုတော့ တောင်ပိုင်း ဧကရီ ရှန်းယွီ။ သူတို့ သုံးယောက်လုံးက ဧကရာဇ် လင်းမုပိုင်ကို လုံး၀ ဦးတည် ဖိအားပေးနေတာပဲ။

အမတ်မင်းတွေနဲ့ ပြည်သူတွေ အံ့အားသင့်နေကြဆဲ။ အိမ်ရှေ့စံ လင်းထျန်းရုံ နောက်တစ်ယောက် ပြန်တွေးနေရပြီ။ တောင်ပိုင်း ဧကရီ ရဲ့ အကူအညီ နဲ့ ဆိုရင်။ ရလဒ်က လုံးဝကို ကွဲပြားသွားတော့မှာပဲ။ အဲ့ဒီ့နောက်။ ဧကရာဇ် လင်းမုပိုင် ဖြည်းဖြည်းချင်း လှည့်ကြည့်တယ်။ သူ့ရဲ့ အမူအယာ အရတော့။ သိပ်ပြီး စိတ်ဆိုးနေတဲ့ ပုံစံ မပေါ်ဘူး။ ဒါပေမယ့် သူ့ရဲ့ အရှိန်အဝါ က အရမ်းကို ပြင်းထန်လာတာ သိသာလှတယ်။ ဧကရာဇ် တစ်ပါးရဲ့ အရှိန်အဝါ။ ဧကရာဇ် လင်းမုပိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

“ ဧကရာဇ် ရဲ့ အရှိန်အဝါ။ ”

ဒါက လူတိုင်းရဲ့ စိတ်ထဲမှာပေါ်လာတာပဲ။ ဧကရာဇ်ရဲ့ အမူအယာနဲ့ မပြပေမယ့် စိတ်ထဲမှာ ဒေါသ ထွက်နေတာကတော့ သိသာတယ်။ ဒီ အချိန်မှာပဲ။ တောင်ပိုင်းသား စစ်သည်တော်တွေ စတင် လှုပ်ရှားတော့တယ်။

“ အရှင်မင်းမြတ်။ တောင်ပိုင်း ဒေသအတွက် တရားမျှတမှုကို ယူဆောင်ပေးပါ။” သူတို့တွေ တညီတညွှတ်တည်း ပြောကြတယ်။ ထောင်ချီတဲ့ စစ်သည်တော်တွေ ဒူးထောက်ရင်း တောင်းပန်ကြတယ်။ ပြည်သူတွေ ထိတ်လန့်ကုန်တယ်။ အမတ်မင်းတွေလည်း အတူတူပဲ။ တောင်ပိုင်းဒေသက နန်းတော်ဂိတ်တံခါးမှာ ဖိအားပေးနေကြပြီ။ ပြည်သူတွေကလည်း အပြည့်ရှိနေတယ်။ ဒီလို လှုပ်ရှားမှုက တကယ့်ကို အကွက်ကောင်းပဲ။

အခုအချိန်က စပြီးတော့။ ဧကရာဇ် လင်းမုပိုင်ရဲ့ ဆုံးဖြတ်ချက် မှန်သမျှက မသင့်တော်ဘူးလို့ ထင်ရတော့တယ်။ ဘာကြောင့်လဲ ဆိုတော့။ အကယ်၍ ဧကရာဇ် သာ ဒီကိစ္စကို သဘောတူလိုက်ရင်။ ကြီးမြတ်သောရှ မင်းဆက် ရဲ့ ဂုဏ်သိက္ခာက ထိခိုက်မှာပဲ။ အခြေအနေကို လိုက်ပြီးတော့ ကြိုက်သလို လုပ်နေရင်။ ဧကရာဇ် ရဲ့ စည်းမျဥ်းတွေက ဘယ်လို ဖြစ်သွားမလဲ။ ဒါပေမယ့် ဧကရာဇ်က သဘောမတူရင်။ ကြီးမြတ်သောရှ အင်ပါယာ နဲ့ တောင်ပိုင်း ဒေသ တို့ရဲ့ ဆက်ဆံရေးက နောက်တစ်ကြိမ် ပျက်စီး သွားတော့မှာ ။ ဒါဆိုရင် ဘယ်လို ဆက် ဖြစ်မှာလဲ။

လူတိုင်းက ဧကရာဇ် လင်းမုပိုင်ကို အာရုံစိုက်နေကြတယ်။ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ တိတ်ဆိတ်နေဆဲ။ ဖန်ကျန်းရှီ ရန်ရွှယ်နဲ့ ရှန်းယွီကိုသာ တိတ်တဆိတ် စိုက်ကြည့်နေတယ်။ သူ့ရဲ့ အာရုံကြောတွေက တည်ငြိမ်နေတယ်။ သူ့အကြည့်ကတော့ လှုပ်ရှားနေခဲ့တယ်။

အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင်ရဲ့ နောက်ကို လူတစ်ယောက် နီးကပ်လာတယ်။ အဖိုးတန်တဲ့ ဝတ်ရုံဖြူကို ဝတ်ထားတဲ့ လူငယ် ။ သူ့ဘေးပတ်လည်က လူတွေနဲ့ ယှဉ်ရင် သိသိသာသာကြီးကို တည်ငြိမ်နေတဲ့သူ။

“ခမည်းတော်။ ” လူငယ် ဒူးတစ်ဖက် ထောက်ရင်း နဲ့ တောင်းပန်တယ်။

“ ဘယ်သူကမင်းကို လာခိုင်းလို့လဲ။ ပြန်သွား။” ဧကရာဇ် လင်းမုပိုင် အော်ဟစ်တယ်။

“ ခမည်းတော်။” လူငယ် နောက်တစ်ကြိမ် တောင်းပန်ဖို့ ပြင်တယ်။ သူ့ တစ်ကိုယ်လုံး ကြောက်လန့်မှုကြောင့် တုန်ယင်နေခဲ့တယ်။ ဒါပေမယ့် သူ နောက်မဆုတ်။ ဆက်ပြီးတော့ သာ တောင်းပန်နေခဲ့တယ်။

ဧကရာဇ် လင်းမုပိုင် ဒူးထောက်နေတဲ့ လူငယ်ကို လှမ်းကြည့်တယ်။ သူ နည်းနည်းတော့ အံ့အားသင့်နေတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို တစ်ချက်လှမ်း ကြည့်ရင်း သက်ပြင်းချတယ်။

“ ပြောစမ်း။”

“ မှန်ပါ့။ သားတော်မှာ အရည် အချင်း ကော စွမ်းရည်ပါ မရှိပါဘူး။ ဒါပေမယ့် တရားမျှတမှု ကို ကျွန်တော် လေးစားတယ်။ တောင်ပိုင်းဒေသ ရဲ့ တရားမျှတမှု အတွက် ကျေးဇူးပြုပြီး ဖြေရှင်းပေးပါ။” လူငယ် အော်ဟစ်တယ်။

“ ဒါက မင်း ပြောချင်တာ အကုန်ပဲလား။” ဧကရာဇ် လင်းမုပိုင် မျက်မှောင် တစ်ချက် ကြုတ်လိုက်တယ်။

သူ့ရှေ့မှာ လာတောင်းပန်နေတာက မင်းသားကိုး လင်းယွမ်။ တကယ်တော့ လင်းယွမ်ကို သူ သိပ်ပြီးတော့ အာရုံ မစိုက်မိဘူး။ အကယ်၍ သူသာ သူ့ သားတော် မဟုတ်ရင်။ နာမည်ကိုတောင် မေ့နေလောက်တယ်။ အင်ပါယာ တစ်ခုရဲ့ ဧကရာဇ်။ ကလေးပေါင်း ရာချီရဲ့ အဖေ တစ်ယောက်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တွေ အတွင်း။ ဧကရာဇ် လင်းမုပိုင်မှာ ကလေးပေါင်း တစ်ရာကျော်လောက် ရှိပြီးနေပြီ။

ဒီကလေး တွေထဲမှာမှ။ အများစုက ဒီအတိုင်းပေါ့ပေါ့နေ ပေါ့ပေါ့ စားတွေ။ အထောက်အပံ့ နည်းတဲ့ သူတွေ။ ကိုယ်ကယ အားနည်းတဲ့ သူတွေ ။ ဒါမှမဟုတ်။ လင်းယွမ်လိုမျိုး အလုပ်မရှိ အကိုင်မရှိတွေက။ များလွန်းတယ်။ ဒါကြောင့် သူ လုပ်နိုင်တဲ့ တစ်ခု တည်းသော အရာက အာရုံ မစိုက်ဖို့ပဲ။ တကယ်တော့ ။ မျိုးဆက် တစ်ခုကို ဒီ အတိုင်း ပြစ်ထားရတာက ဆိုးတဲ့ ကိစ္စတွေ မဟုတ်ဘူး။ အကယ်၍ သူတို့သာ ပေါက်ကရတွေ လုပ်နေရတာကို ကြိုက်ရင်။ သူတို့ကို လုပ်ခိုင်းလိုက်ပါ။

ဧကရာဇ် လင်းမုပိုင်က တင်းကြပ်ပြီး ရှေးရိုးဆန်တဲ့ ဖခင်တစ်ယောက်တော့ မဟုတ်ဘူး။ သူ့ရဲ့ သားတော် တွေ ပြဿနာ အများကြီး မရှာဖို့ပဲ မျှော်လင့်တာ။ အကယ်၍ သူတို့သာ သူ ရှေ့ ခနခန ပေါ်မလာရင် ပိုလို့တောင် ကောင်းသေးတယ်။ ဒါက လင်းယွမ်အတွက် ဧကရာဇ် လင်းမုပိုင် ရဲ့ ဆန္ဒပဲ။ ဒါပေမယ့် လင်းယွမ်ကေတာ့ တခြားမင်းသားတွေ သူ့ နေရာသူ နေနေတဲ့ အချိန်မှာ ။ ရှေ့ထွက်လာခဲ့တယ်။ ဒါက သူ့ကို အံ့သြစေတယ်။

ဧကရာဇ် လင်းမုပိုင် စိတ်ထဲမှာ သံသယ ဝင်လာတယ်။ လင်းယွမ်ကို သူ အထင်မှားနေတာလား။ ဒါပေမယ့် လင်းယွမ်ရဲ့ တောင်းပန်စကား ကို သူ ကြားပြီးနောက်မှာတော့။ သူ အထင်မလွဲမိမှန်း သိလိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့။ လင်းယွမ်ပြောတဲ့ စကားတွေက သူကြားချင်နေတဲ့ စကားတွေ မဟုတ်ခဲ့ဘူး။

လင်းယွမ်ရဲ့ စကား ဆိုလိုရင်း တစ်ခုတည်းကြောင့် သူ စိတ်မသက်မသာ ဖြစ်နေတာ မဟုတ်ဘူး။ သူ့သားတော် ရှေ့ထွက်လာတည်းက တောင်ပိုင်းဒေသ တရားမျှတမှု အတွက် တောင်းပန်မယ်လို့ ခန့်မှန်း ထားပြီးသား။ မမျှော်လင့်ထားမိတာကတော့။ ဒီတစ်ခွန်းတည်းပြောတာပဲ။ ဒါ အကုန်ပဲလား။ ဒါက ဘာဖြစ်တာလဲ။ အကြောင်းရင်းတွေ။ အကြောင်းပြချက်တွေ။ သက်ဆိုင်ရာ အကိုးအကားတွေ ဘယ်မလဲ။

အနည်းဆုံးတော့။ အရင် တစ်ခေါက် ဧကရာဇ်ရဲ့ တရားမျှတမှု လုပ်ရပ်ကို ဖော်ညွှန်း သင့်တယ် မဟုတ်ဘူးလား။ ဒါက ဘာအဓိပ္မာယ်လဲ။ တော်ဝင် ဓလေ့ ထုံးတမ်းတွေ။ အတွေ့အကြုံမရှိတဲ့ သူတွေ ဒီလို လုပ်တာကို ဧကရာဇ် နားလည်နိုင်တယ်။ ဒါပေမယ့် မင်းသား တစ်ပါး အနေနဲ့။ ဧကရာဇ်ကို ဒီလို တောင်းပန်တာက အံ့သြစရာပဲ။

“ မှန်ပါတယ်။ တောင်ပိုင်းဒေသအတွက် တရားမျှတမှုကို ဆောင်ယူပေးပါ။” မင်းသားကိုး လင်းယွမ် ကတော့ ။ သူ့ ခမည်းတော်ရဲ့ အမူအယာကို သတိမထားမိ။

“ ဝေးဝေး သွားစမ်း။” ဧကရာဇ် လင်းမုပိုင် နောက်ဆုံးတော့ ဒေါသ ထွက်ပြီ။

အပိုင်း(၅၃၂)ပြီး၏။

အပိုင်း ( ၅၃၃)

“ မှန် တစ်ချပ် ”

Translator: Sparrow Translations Editor: Sparrow Translations

ဒီမင်းဆက်ရဲ့ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့။ တောင်ပိုင်း ဧကရီ နဲ့ ရန်ရွှယ် ရှိနေတာကြောင့် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထားခဲ့တယ်။ ဒါပေမယ့် ဒီလို အသုံး မဝင်တဲ့ မင်းသား တစ်ပါးက သူ့ကို စော်ကားမော်ကားတာ လုပ်တာကိုတော့ ဘယ်လိုမှ သည်းမခံနိုင်ဘူး။

“ အရှင် မင်းမြတ် စိတ်လျှော့ပါ။ ”

“ အရှင်မင်းမြတ် ကျေးဇူးပြုပြီး ကျန်းမာရေးအတွက် စိတ်လျှော့ပါ။ ”

ဒီမြင်ကွင်းကို မြင်တဲ့ အမတ်မင်းတွေ ချက်ခြင်း ဒူးထောက်ပြီး တော့ တောင်းပန်ကြတော့တယ်။ ပတ်ဝန်းကျင် က ပြည်သူတွေကတော့ စတင်ပြီး ပြာယာခတ်လာကြတယ်။ သူတို့တွေက ရန်မြို့တော်ကြီးမှာ နေကြပေမယ့် ဧကရာဇ် ဒေါသ ထွက်တာကို မြင်ခဲတယ်။

“ခမည်းတော် ” ကြည်လင်ချိုသာတဲ့ အသံ လေး ထွက်ပေါ်လာတယ်။ ရွှေချည်ထိုး ဝတ်ရုံနီ နဲ့ လူရိပ် တစ်ခု ဧကရာဇ် လင်းမုပိုင် ရဲ့ ရှေ့ကို ခုန်ထွက်လာတယ်။ သူမရဲ့ တည်ရှိမှုက ဧကရာဇ် လင်းမုပိုင်ကို အေးချမ်း သွားစေတယ်။ ဒေါသတွေ ပျောက်ကွယ်ကုန်တယ်။

“ ပင်းယန်လေး.။ တစ်ခုခု ပြောချင်လို့လား။” ဧကရာဇ် လင်းမုပိုင် သူ့ သမီးတော်လေးရဲ့ ဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်နေတယ်။

“ ဒါပေါ့။ ခမည်းတော်ကို ဆူ မလို့။ ” ပင်းယန် လက်နှစ်ဖက် ကို ခါးထောက်ထားရင်း ပြောတယ်။ သူမ ခေါင်း မာ့ရင်း ရင်ကော့ထားခဲ့တယ်။

“ အိုး…. ချစ်သမီးလေးက ခမည်းတော်ကို ဘယ်လိုများ ဆူချင်တာလဲ။ ” ဧကရာဇ် လင်းမုပိုင် ပြုံးနေတယ်။ ပင်းယန်ရဲ့ ဒီလို ပုံစံကို မြင်တော့ ဧကရာဇ် ပျော်ရွှင်နေတာ သိသာလွန်းတယ်။

“ ခမည်းတော်က ပညာဉာဏ်ကြီးတဲ့ ဧကရာဇ် မဟုတ်ဘူး။ ” ပင်းယန် ခပ်ရှင်းရှင်းပဲ ပြောတယ်။

“ အဓိပ္မာယ် မရှိလိုက်တာ။ ခမည်းတော်က ဘယ်လိုများ ပညာဉာဏ်ကြီးတဲ့ ဧကရာဇ် မဟုတ်ရမှာလဲ။” ဧကရာဖ် လင်းမုပိုင်ရဲ့ အမူအယာ မည်း မှောင်သွားတယ်။

အမတ်မင်းတွေနဲ့ ပြည်သူတွေကတော့ ချွေးစေးတွေ ပျံနေခဲ့ပြီ။ ဧကရာဇ် ကို ပညာဉာဏ် မရှိဘူးလာို့ ပြောတယ်လား။ ဒါမျိုးက ပင်းယန် တစ်ယောက်ပဲ ပြောနိုင်တာ။

“ ဟွန့်။ ပင်းယန်ကတော့ မဟုတ်ဘူး ထင်တာပဲ။ ပညာဉာဏ် ကြီးတဲ့ ဧကရာဇ် ဆိုရင်။ အင်အားကြီးပြီးတော့ မဟာ ဗျူဟာ မြောက်ရုံ နဲ့ မရဘူး။” ပင်းယန် နှုတ်ခမ်းစူ ထားရင်း ဆက်ပြောတယ်။

“ဒါ့အပြင် ဘာတွေ ထပ်လို သေးလို့လဲ။” ဧကရာဖ် လင်းမုပိုင် ရယ်မောရင်း မေးတယ်။ အနည်းဆုံးတော့ ပင်းယန်က သူ့ကို အင်အားကြီးတာနဲ့။ မဟာဗျူဟာ မြောက်တာ အတွက် ချီးမွမ်း ခဲ့သေးတယ်လေ။

“ မှန် လိုပြုမူရမယ်။” ပင်းယန် ပြောတယ်။

“ မှန် ဟုတ်စ။” ဧကရာဇ် လင်းမုပိုင် အံ့အြး သင့်သွားတယ်။

“ အမှန်ပဲ။ ထိုက်ကျုံးဧကရာဇ် ရဲ့ အင်ပါယာမှာ ကျန့်ကွမ်းကို စိုးစံ နိုင်ခဲ့တာ။ အကြံပေး တရားသူကြီး အမတ်မင်း ဝေ့ကျန်းရဲ့ အားစိုက်ထုတ်မှုတွေလည်း အများကြီးပါတယ်။ ခမည်းတော် အကယ်၍ ထိုက်ကျုံး ဧကရာဇ်သာ ဉာဏ်ပညာ အမျှော်အမြင် မကြီးမားရင်။ ဝေ့ကျန်းရဲ့ သစ္စာရှိမှု နဲ့ယုံကြည်မှုကို ရပါ့မလား.။” ပင်းယန် ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

(ဘာသာပြန်သူ ၏ အမှာ - ကျန့်ကွမ်းကို စိုးစံတယ် ဆိုတာ တန်မင်းဆက် ထိုက်ကျုံး ဧကရာဇ် လက်ထက်မှာ ရခဲ့တဲ့ အောင်မြင်မှုကြီး ဖြစ်ပါတယ်။ တန်မင်းဆက်က စီးပွားရေး အရကော စစ်ရေးအရပါ ဝံ့ကြွားနိုင်တဲ့ အတွက်။ ဒီကာလက တရုတ်ပြည်ရဲ့ ရွှေရောင် ခေတ်လို့ သတ်မှတ်ကြတယ်။ )

“ ဆက်ပြော” ဧကရာဇ် လင်းမုပိုင် သူ့နားသူ မယုံနိုင်ပေမယ့် ခေါင်းငြိမ့်လိုက်တယ်။

“ သူ့ဘဝမှာ။ ဝေ့ကျန်းက တော်ဝင်စာမေးပွဲ။ စီးပွားရေး။ ယဉ်ကျေးမှု။ နိုင်ငံရပ်ခြား အပြင်။ ထိုက်ကျုံးဧကရာဇ် ရဲ့ ကိုယ်ပိုင် ဘဝကိုတောင် ရေးသားခဲ့သေးတယ်။ သူ ရဲ့ အသိအမြင် အတွေးအခေါ်တွေက လုံးဝကို အဆုံးမဲ့တယ်။ တစ်ခါတစ်လေ ထိုက်ကျုံး ဧကရာဇ်ကိုတောင် အရှက်ရစေသလို ဖြစ်သေးတယ်။ ” ပင်းယန် ခဏတော့ တိတ်ဆိတ်သွားတယ်။

“ ဒါပေမယ့် သူက ထိုက်ကျုံး ဧကရာဇ်ကို စစ်မှုရေးရာ စိတ်ဝင်စားမှုကနေ ယဉ်ကျေးမှုနဲ့ ပညာရေး ဘက်ကို စိတ်ဝင်စားစေဖို့ ပြောင်းလဲ ပေးခဲ့တယ်။ တန်မင်းဆက် အစောပိုင်း ကာလတွေမှာ နိုင်ငံ့ အင်အားကိုလည်း အခြေ ခိုင် အောင် လုပ်ပေးခဲ့တယ်။ ထိုက်ကျုံးဧကရာဇ်ကို ပြည်သူတွေရဲ့ ဘ၀ အကြောင်း နားလည်အောင် လုပ်ပေးပြီးတော့။ နှစ်ဖက်မျှတွေးတတ် အောင်လည်း လုပ်ပေးတယ်။ ဒါက နိုင်ငံ တစ်ခုကို အုပ် ချုပ်ဖို့ အတွက် အဓိက သော့ချက်ပဲ။ ခမည်းတော်က ထိုက်ကျုံး ဧကရာဇ်ကို အင်အားလည်းရှိတယ်။ မဟာဗျူဟာမြောက်အောင် လည်း ဆောင်ရွက်နိုင်တယ် ။ ဒါပေမယ့် ဝေ့ကျန်းလိုမျိုး မှန်တစ်ချပ်တော့ လိုအပ်နေသေးတယ်။

(ဘာသာပြန်သူ အမှာ- ဝေ့ကျန်း အကြောင်းကို ထိုက်ကျုံး ဧကရာဇ်က တစ်ခါ ရေသားခဲ့ဖူးပါတယ်။ (ကြေးနီကို မှန် အဖြစ် သုံးတာက အဝတ်အစားတွေကို ပို သပ်ရပ်အောင် ဝတ်ဖို့ ကူညီပေးတယ်။ သမိုင်းကို မှန်တစ်ချပ်လို သုံးတာက။ အနာဂတ် ကိစ္စတေကို ကြိုမြင်နိုင်စေတယ်။ လူတစ်ယောက်ကို မှန်တစ်ချပ်အဖြစ် သုံးတာက။ အမှား အမှန်ကို သိမြင်စေတယ်။ ဝေ့ကျုံးသေသွားတော့။ ငါကိုယ်တော့်မှာ မှန်တစ်ချပ် ပျောက်ဆုံး သွားသလိုပဲ။ )

ပင်းယန် က ဧကရာဇ် လင်းမုပိုင်ကို မျှော်လင့်တကြီးနဲ့ ကြည့်နေခဲ့တယ်။ မှန်တစ်ချပ် ဟုတ်လား။ ဧကရာဇ် လင်းမုပိုင် တွေးတောနေခဲ့တယ်။ သူ့ ရဲ့ ခံစားချက်ကတော့ ပြောင်းလဲ သွားခဲ့ပြီ။ သူ့မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။ ပင်းယန်ကို ချစ်မြတ်နိုးမှု အပြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။

“ ကောင်းပါပြီ၊ ငါ့ သမီးတော်လေးတောင် ရင့်ကျက်လာပြီပဲ။” လေထုကတော့ အခုချိန်မှာ တည်ငြိမ်သွားခဲ့ပြီ။

အမတ်မင်းတွေ မျက်နှာ လွှဲရင်းနဲ့ သက်ပြင်းချလိုက်တယ်။ ရန်မြို့တော်ကြီးရဲ့ ဆိုးသွမ်းလွန်းတဲ့ ဒီ မင်းသမီးလေးက လိုရင်း အချက်ကို ဒီလို ထောက်ပြနိုင်မယ်လို့ သူတို့ နည်းနည်းပဲ မျှော်လင့်ထားခဲ့တာ။

“ အိုး …. မင်းသမီးလေးက အုပ်ချုပ်ရေးပိုင်းကို နားလည်တာလား။”

“ ဒါပေါ့။ တော်ဝင်မိသားစုဝင် တစ်ယောက်အနေနဲ့။ သူမက နိုင်ငံရေးမှာ ဘယ်လိုလုပ် စိတ်မဝင်စားပဲ နေမှာလဲ။”

“ အမှန်ပဲ။ ဒါပေမယ့် သူက ပင်းယန်လေ။”

အမတ်မင်းတွေ ခပ်တိုးတိုး ဆွေးနွေးနေကြတယ်။ ချီဟို့က ပင်းယန်ကို အံ့သြတကြီးနဲ့ ကြည့်တယ်။ ပင်းယန်ရဲ့ အကူအညီနဲ့ ဆိုရင်။ ဒီကိစ္စက လုံး၀ ပြောင်း လဲသွားမယ် ဆိုတာ သူသိတယ်။

“အရှင်မင်းမြတ်။ မင်းသမီးလေးက ဒီနှစ်ပိုင်းမှာ တော်တော်လေး ရင့်ကျက်လာတာပဲ။” ချီဟို့ သက်ပြင်းချတယ်။ ရှင်းယွမ်ကောင်းကို သူ လှမ်းကြည့်မိတယ်။ ရှင်းယွမ်ကောင်း သူ့ကို တားလိုက်တဲ့ အကြောင်းရင်းကို နားလည်သွားပြီ ။

“ ခမည်းတော်။ တောင်ပိုင်း ဧကရီ ပြောတ မှန်တယ်။ ပင်းယန် တွေးမိတာတော့ ။ ဒီကိစ္စက မျက်စိ နဲ့ မြင်ရတာထက်ပိုပြီးတော့လေးနက် နိုင်တယ်။ ဒီနေ့က ဒီကိစ္စကို ဖြေရှင်းဖို့ အချိန် ကောင်း မဟုတ်ပေမယ့်။ တောင်ပိုင်းဒေသရဲ့ တရားမျှတမှု အတွက် သင့်တော်တဲ့ အဖြေတစ်ခု ဒီနေ့မှာ ပေးလိုက်တာက ။ ပညာဉာဏ်ကြီးမားတဲ့ ဧကရာဇ် မင်း တစ်ပါး အနေနဲ့ လုပ်သင့်ပါတယ်။ ” လင်းရှင်းကြွယ်ဲ့ အသံ ထွက်ပေါ်လာတယ်။ သူ ဒူးထောက်လိုက်တယ်။

ဒီကိစ္စက သူ မျှော်လင့်ထားတာထက် ပိုပြီးတော့ ကျော်လွန်နေခဲ့ပြီ။ ဘယ်လို ကိစ္စမျိုးမှာမဆို ဧကရာဇ် လင်းမုပိုင်ရဲ့ စိတ်အခြေအနေကို လူတွေ သိနိုင်တယ်။ ပြောနိုင်တာကတော့။ အကယ်၍ ဧကရာဇ်သာ အမှားလုပ်မယ်ဆိုရင် ပြည်သူ တစ်ယောက်လို အပြစ်ပေးခံရသင့်တယ်။ ဒါပေမယ့် ဘယ်အချိန်တုန်းကများ။ ဧကရာဇ်ကို ညီလာခံက စစ်မေးလို့ရမှာဖူးလို့လဲ။

ဒီလိုပဲ အကယ်၍ အိမ်ရှေ့စံ အမှားလုပ်ရင်လည်း။ သူ့လို နောင်အနာဂတ်မှာ ပလ္လင်ပေါ် စိုးစံရမယ့် သူက ။ အခုလို လူမြင်ကွင်းမှာ စစ်ဆေးခံရတာကတော့ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ လင်းရှင်းကြွယ် က တော်ဝင်မသားစုမှာ မွေးဖွား ကြီးပျင်းလာတဲ့ သူလေ။ ဒီကိစ္စ ကို အားလုံးထက် ပိုသိတယ်။ တော်ဝင် အမတ်မင်းတွေလည်း ဒါကို သိတယ်။ ဒါပေမယ့် အခုတော့ အခြေအနေတွေက ကွာခြားကုန်ပြီ။

ဖန်ကျန်းရှီ။ ရန်ရွှယ်နဲ့ တောင်ပိုင်း ဧကရီရဲ့ ဖိအားပေးမှုရယ်။ မင်းသားကိုး လင်းယွမ်ရဲ့တောင်းပန်မှု နဲ့ ပင်းယန်ရဲ့ ထောက်ပြမှုတွေ ပေါင်းလိုက်ရင်။ အခြေအနေက လုံးဝကို ကွာခြားသွားပြီ။ လင်းရှင်းကြွယ်ကတော့ သူ့ အခွင့်အရေးကို လက်လွတ် မခံဘူး။ ချက်ခြင်း ဝင်ပြောတော့တယ်။

“ ဒီကိစ္စမှာ ပိုနက်နဲတာ ရှိမယ်လို့ ကျွန်တော်မျိုးလည်း ထင်ပါတယ်။ အရှင်မင်းမြတ်။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ။” ချီဟို့ ချက်ခြင်း ရှေ့ထွက်လာတယ်။ ချီဟို့ လည်း ဒီ အခွင့်အရေးကို လက်လွတ်မခံ။ လူအုပ်ထဲက ဝမ်တပေါင်း သွမ့်အရှင် လင်းရှင်းကြွယ်နဲ့ နတ်ဆိုးကျောင်းတော် ခေါင်းဆောင် ချီဟို့ ဒူးထောက်တာကို ကြည့်နေတယ်။ သူ့မျက်လုံးတွေ တလက်လက် တောက်ပနေခဲ့ပြီ။

“ အခွင့်အရေးရှိလာပြီ။ အခုတော့ တကယ့်ကို အခွင့်အရေးရှိလာပြီ။” ဝမ်တပေါင်း အားရတက်ကြွမှု အပြည့်နဲ့ ပြောတယ်။ ဒါပေမယ့် အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ အကြည့်က အတော့်ကို ခါးသက်နေခဲ့တယ်။ အမတ်မင်းတွေ က အိမ်ရှေ့စံ ရဲ့ အမှုအယာကို ချက်ခြင်း သတိ ထားမိလိုက်တယ်။ နောက်ဆုံးမှာတော့။ အမတ်မင်း တစ်ချို့ စတင် စကားဆိုလာကြတော့တယ်။

“ အရှင်မင်းမြတ်။ ဒီ အကြောင်းအရာက တစ်ဖက်တည်းရဲ့ စကားတွေပါ။ ကိစ္စတွေသာ ဒီလို လွယ်လွယ်ကူကူ ပြောင်းလဲ သွားရင်။ ကျွန်တော် တို့ အရူးလုပ်ခံရသလိုပါပဲ။ ….

“မှန်ပါတယ် အရှင်မင်းမြတ်။ ဒီတောင်ပိုင်းဒေသ အဖြစ်အပျက်က တစ်နှစ်တောင် ကြာခဲ့ပါပြီ။ စုံစမ်းစစ်ဆေးဖို့ အတွက် သက်သေတွေ မလုံလောက်ပါဘူး။ ဆုံးဖြတ်ချက်မချခင်။ ကိစ္စတွေကို အတည်ပြုဖို့ အတွက် တစ်ယောက်ယောက်ကို လွှတ်ဖို့ အကြံပြုပါရစေ။ ” အမတ်မင်းတွေ ဒူးထောက်ရင်း တောင်းဆိုးတယ်။

“ မင်းတို့ ဒီကိစ္စကို တားဖို့ ကြိုးစားနေရင်တောင်။ ဒီကိစ္စက မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက် ချဖို့ လိုနေတာ။ ဒီလို မပြတ်မသား အမတ်မင်းတွေ များနေရင်။ ငါတို့ ဘယ်လိုများ အောင်မြင်မှုကြီးတွေ ရနိုင်မှာလဲ။ ” ဒူးထောက်နေတဲ့ အမတ်မင်းတွေကို နောက် ပြန်လှည့်ကြည့်ရင်း ချီဟို့ အေးစက်စက် ပြောတယ်။

ဒီလို အခြေအနေမျိုးမှာ။ ဘဏ္ဍာရေး ဝန်ကြီး ယွဲ့ဟူကတော့ ဖမ်းခေါ်သွားခံရပြီ။ လူမှုဖူလုံရေး ဝန်ကြီး နဲ့ အလုပ်သမားရေးရာ ဝန်ကြီး ကတော့ သတိလစ်နေတယ်။ ယဉ်ကျေးမှုဝန်ကြီးကလည်း ဖန်ကျန်းရှီ။ ဒီ အဆင့်သုံး အဆင့်လေး အမတ်မင်းတွေက နတ်ဆိုးကျောင်းတော်ရဲ့ သက်ရောက်နိုင်မှု အရှိန်အဝါကို ဘယ်လို ဆန့် ကျင် နိုင်မှာလဲ။ ဒီအမတ်မင်းတွေ တုန်ယင်လာပြီး ခေါင်းငုံ့လိုက်ကြတယ် ။

တခြားသော အမတ်မင်းတွေ လည်း ခေါင်းငုံ့ထားခဲ့တယ်။ တောင်ပိုင်းဧကရီ ရှန်းယွီ ရဲ့ အသားကင်က အမတ်မင်းတွေ အများစုကို ထိခိုက်သွားစေခဲ့တယ်။ ပိုပြီးတော့ အရေးကြီးတာ။ အဆိပ်မိတဲ့ သူ အများစုက အဆင့် တစ် နှစ် အမတ်မင်းတွေ။ ကိစ္စတွေကို ပို ဆိုးသွားစေတာက အဆင့်သုံး အမတ်မင်းတွေက လက် တဆုပ်စာ လောက်သာ ကျန်တော့တာပဲ။ သူတို့က ချီဟို့နဲ့ ဘယ်လိုများ ယှဉ်လို့ရမှာလဲ။

အဆင့်သုံး လေး အမတ်မင်းတွေ က အဆင့်တစ် တပ် စစ်သေနာပတိ တစ်ယောက်ကို ဘယ်လို များ ဆန့်ကျင်နိုင်မှာလဲ ။ အိမ်ရှေ့စံရဲ့ အမူအယာကတော့ အတော့်ကို ပြောင်းလဲနေခဲ့ပြီ။ သူက ဒီကိစ္စရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်နေပင်မယ့် သူ့ အတွေးတွေကို ထုတ်ပြောလို့မရဘူး။ နောက်ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေက စကားပြောဖို့ ခက် ခဲအောင် လုပ်နေတယ်။ ဒါပေမယ့် သူ ဒါကို လက်မခံနိုင်။ လုံး၀ လက်မခံနိုင်။ ဒီနေ့ ဖြစ်တဲ့ ကိစ္စတွေကို သူ မျှော်လင့် မထားသလို ။ ဒီ့အတွက်လည်း မပြင်ဆင်ထားမိဘူး။ ကိစ္စတွေက အရမ်းရုတ်တရက် ဆန်လွန်းလို့ ။ မယုံနိုင်လောက်အောင်ပဲ။

အမတ်မင်းတွေ အားလုံးမှာ။ ၈၀% လောက်က သူတို့ ရပ်တည်မယ့် ဘက်ကို ရွေးချယ်ပြီးပြီ။ ဒါကြောင့် ဒီ အမတ်မင်းတွေ ရဲ့ အကူအညီနဲ့ ဆိုရင်။ သူ ရှုံးနိမ့်မယ် ဆိုတာ ဖြစ်နိုင်မှာလား။ အကယ်၍ ဒီနေ့ အဖြစ်ကိုသာ ကိုယ်တိုင် မျက်မြင် မတွေ့ရရင် ။ သူ့ရဲ့ ကြိုးစားမှုတွေက ဒီလို ပျက်စီးသွားမယ်လို့ လင်းထျန်းရုံ လုံးဝယုံမှာ မဟုတ်ဘူး။ ပုံမှန် အတိုင်းဆိုရင်။ ဒီကိစ္စတွေ အကုန်လုံးက သူ ထိလို့မရတဲ့ အထက်တော်ဝင် ခန်းမပဲ ကိုင်တွယ်တာ။ ဧကရာဇ် လင်းမုပိုင်တောင် သူ့ကို အလွတ်ပေးထားတယ်။ ဒါပေမယ့် ဒီနေ့တော့ ဘာဖြစ်သွားတာလဲ။

ကိစ္စတွေက ဘာကြောင့်များ ဒီလို ဖြစ်လာရတာလဲ။ လင်းထျန်းရုံ နှလုံးသားထဲကနေ ကိုက်ခဲလာခဲ့တယ်။ အခုတော့ သူက အိမ်ရှေ့စံ ဖြစ်နေတာကြောင့် လှုပ်ရှားလို့မရဘူး။ သူကိုယ်တိုင်အတွက် ခုခံဖို့ရာ မတတ်နိုင်။ ဒီ အချိန်မှာ အိမ်ရှေ့စံ လင်းထျန်းရုံကို ဧကရာဇ် လင်းမုပိုင် တစ်ချက် လှမ်းကြည့်တယ်။ အဲ့ဒီ့နောက် မယုံမကြည်နိုင် ဖြစ်ပြီး အံ့သြနေတဲ့ ပြည်သူတွေကို ကြည့်တယ်။ နောက်ဆုံး တော့ အမတ်မင်းတွေကို သူ ကြည့်ပြီ။

“ ဝမ်ချွမ်။” ဧကရာဇ် လင်းမုပိုင် နောက်ဆုံးတော့ စကား ပြောပြီ။

“ တာဝန်ထမ်းဆောင်လျက်ပါ။” အမတ်မင်း အုပ်စုထဲကနေ လူတစ်ယောက် ထွက်လာတယ်။ ဒူးထောက်တယ်။ ရာထူးရတာ မကြာသေးတဲ့ ဥပဒေအမတ်မင်း ဆိုတော့ သူ့ကို အာရုံစိုက်တဲ့ သူ များတယ်။ ဝမ်တပေါင်းရဲ့ အဖေ ဝမ်ချွမ်။ ဧကရာဇ် လင်းမုပိုင်က ဝမ်ချွမ်ကို တစ်ချက်စိုက်ကြည့်တယ်။ အဲ့ဒီ့နောက် အိမ်ရှေ့စံ လင်းထျန်းရုံကို ကြည့်တယ်။

“ ဥပဒေ ဝန်ကြီး။ ဒီကိစ္စကို ဘယ်လို ဆောင်ရွက်သင့်တယ်လို့ မင်းထင်လဲ။” ဧကရာဇ် လင်းမုပိုင်မေးတယ်။

အပိုင်း(၅၃၃)ပြီး၏။

အပိုင်း (၅၃၄)

“ မယုံကြည်နိုင်တဲ့ ရလဒ်”

Translator: Sparrow Translations Editor: Sparrow Translations

ဧကရာဇ် လင်းမုပိုင်ရဲ့ မေးခွန်းကို ကြားပြီးတဲ့နောက် ။ အမတ်မင်းတွေက ဝမ်ချွမ်ပြန်ဖြေတာကို မျှော်လင့် တကြီးနဲ့ စောင့်နေတယ်။ နောက်ဆုံးတော့လည်း။ ဝမ်ချွမ်က သူတို့ထဲမှာ ခေါင်းအရှင်းဆုံး သူလေ။

ဝန်ကြီး ဌာနကြီး ခြောက်ခုထဲက ။ ဥပဒေဝန်ကြီး အနေနဲ့။ ဝမ်ချွမ့်ကို ဧကရာဇ် လင်းမုပိုင် မေးမြန်းတာက သဘာဝပဲ။ ဒါပေမယ့် ဝမ်ချွမ် ဘယ်လို ဖြေလိမ့်မလဲ။ နောက်ဆုံးတော့လည်း အိမ်ရှေ့စံ နဲ့ သွမ့်အရှင်က ဒီ ဥပဒေ အမတ်မင်း အသစ်ရဲ့ အရေးပေးမှုကို ရဖို့ ကြိုးပမ်းနေကြတာလေ။

ဒါပေမယ့် ဝမ်ချွမ် ဘယ်ဘက်ကို ရွေးချယ်မလဲ ဆိုတာကတော့ ။ လူတိုင်းအတွက် ထူးဆန်းမှု တစ်ခု ဖြစ်နေတုန်းပဲ။ ဧကရာဇ် လင်းမုပိုင် ရဲ့ မေးခွန်းကို ကြားတော့ ဝမ်ချွမ် တောင့်တင်း သွားတယ်။ ဧကရာဇ် လင်းမုပိုင်ရဲ့ အကြည့်ကို မမြင်တဲ့ အတိုင်း သူ ခေါင်းငုံ့ ထားခဲ့တယ်။ စိတ်ညစ်ညူးနေတဲ့ အမူအယာက အထင်းသား ။ အဲ့ဒီ့နောက် သူ ဆက်ပြောတယ် ။

“ အရှင်မင်းမြတ်။ ကျွန်တော်မျိုးရဲ့ အမြင်အရတော့ ။ ဒီကိစ္စက သံသယ ဖြစ်စရာ အချက်တွေ များလွန်းပါတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီကလည်း သူ့မှာ သက်သေ ရှိတယ်လို့ပြောခဲ့ပါသေးတယ်။ ဒါကြောင့် ဒီကိစ္စကို စုံစမ်းသင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။” ဒူးထောက် ပြီး ခေါင်းငုံ့ထားရင်း ဝမ်ချွမ် ပြောတယ်။

ဝမ်ချွမ့်ကို ကြည့်ရတာ ကျောက်ရုပ်လို တောင့်တင်းနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ပြန်ဖြေမှုက လူတိုင်းကို အံ့အား သင့်သွားစေတယ်။ ဧကရာဇ် လင်းမုပိုင် ဆိုလိုချင်တဲ့ မျက်ဝန်းတွေ အကြည့်တွေကို လူတိုင်း နားလည်နိုင်တယ်။ ဒါပေမယ့် ဝမ်ချွမ်ကတော့ လုံးဝကို လွဲချော်သွားခဲ့ပြီ။ သူ က တုံးအလွန်းနေတာလား။ ဒါက မဖြစ်နိုင်တာပဲ။

ဝမ်ချွမ်က ဥပဒေ ဝန်ကြီး အဖြစ်တာဝန် ယူတာ မကြာသေးပေမယ့်။ ဥပဒေ ဝန်ကြီးဌာနမှာ သူ အလုပ်လုပ်နေတာ ကြာလှပြီ။ ဧကရာဇ် ဆိုလိုချင်တာကို သူနားမလည်ပဲ နေမလား။ တကယ်ပဲ ဧကရာဇ် ရဲ့ ဆိုလိုရင်းကို သူ နားမလည်တာလား။

အဆုံးသတ်မှာတော့။ ဝမ်ချွမ်က ဧကရာဇ် လင်းမုပိုင်ပြတဲ့ အရိပ်အမြွက်တွေ အားလုံးကို လျစ်လျူရှုလိုက်တယ်။ ပြီးတော့ ရှင်းလင်း ပြတ်သားလွန်းတဲ့ တိုက်ရိုက် အဖြေကို ဖြေလိုက်တယ်။

“ အမှုကို စုံစမ်း သင့်တယ်တဲ့၊”

ဒါမျိုးက ဖြစမလာသင့်ဘူး။ ဧကရာဇ်ဆိုလို ချင်တာကို အခုမှနေရာရတဲ့ ဝန်ကြီး မပြောနဲ့။ လူတိုင်း နားလည်နေကြတာပဲ ။ အနည်းဆုံးတော့ သူ့ အတွက် လွတ်လမ်းလေး ချန်ထားပြီး ဧကရာဇ်ကို လျှောက်တင် သင့်တယ်လေ။ ဘာလို ကြောင့်များ ဒီလို တည့်ကြီး သွားပြောရတာလဲ ။

အမတ်မင်းတွေ ဝမ်ချွမ့်ကိုကြည့်ရင်း မယုံနိုင်ကြ။ တကယ်တော့ အိမ်ရှေ့စံကော ဧကရာဇ် လင်းမုပိုင်ပါ မျက်လုံး ပြူးနေတာ ။ အိမ်ရှေ့စံ လင်းထျန်းရုံ က ဧကရာဇ် လင်းမုပိုင် ရဲ့ အကြည့်ကို မြင်တော့ စိတ်သက်သာရာ ရသွားခဲ့တာ။ တကယ်တော့ လူအများရှေ့မှာ ဧကရာဇ်ကို သူ ဆန့်ကျင်လို့ မဖြစ်ဘူး။

ဝမ်ချွမ်ကတော့ အရိပ်အမြွက်တွေကို သူ မမြင်ဘူးပဲထား။ ဒါက ဧကရာဇ်ကို သူ လျစ်လျူရှုလိုက်တာပဲ ။ ဧကရာဇ် လင်းမုပိုင်က ဒီရလဒ်ကို လက်မခံနိုင်တာ။

“ မင်း ဘာ အဓိပ္မာယ်မရှိတာတွေ ပြောတောလဲ။ ဥပဒေ ဝန်ကြီး တစ်ယောက် အနေနဲ့။ ဒီလို ဆုံးဖြတ်ချက် မျိုးကို ။ ဘာသက်သေမှ မရှိပဲ ဘယ်လိုချဝံ့တာလဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ ဒေါသတကြီးနဲ့ ပြောတယ်။

သူ ဒေါသထွက်ရမယ်လေ။ ဖိအားတွေ အများကြီး အောက်ကို သူ ရောက်နေတာ။ သူ့ အတွက် လွတ်လမ်း မရှိတော့ဘူး။ ဒီ ကိစ္စရဲ့ အဆုံးသတ်က ။ အိမ်ရှေ့စံ လင်းထျန်းရုံ အတွက်တော့ သေခြင်းနဲ့ ရှင်ခြင်းကြားက ကိစ္စပဲ။ သူ စကားမပြောသင့်မှန်း သိပေမယ့်။ သူ မနေနိုင်တော့ဘူး။

“ အရှင်မင်းသား။ ဒါက အချက်အလက်ပေါ် မူတည်ပြီးတော့ ပြောတာပါ။ ဖန်ကျန်းရှီက သတ်ဖြတ်ဖို့ သူ့မှာ အစွမ်းမရှိဘူး ဆိုတာ သက်သေခဲ့ပြီးသား။ နောက်ပြီးတော့ သူ့မှာ သက်သေရှိတယ်လို့လဲ ပြောခဲ့သေးတယ်။ ဥပဒေ အရ။ ဒီကိစ္စကို စုံစမ်း စစ်ဆေး သင့်ပါတယ်။ ” ဝမ်ချွမ် ဒူးထောက်ရင်း နဲ့ ဆက်ပြောတယ်။ ကြောက်ရွံ့မှု ကြောင့် တကိုယ်လုံး တုန်ယင်နေခဲ့တယ်။

အမတ်မင်းတွေကတော့ ဆွံ့အကုန်တယ်။ ဝမ်ချွမ်က အိမ်ရှေ့စံကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေမယ်လို့ ဘယ်သူ ထင်ထားမိမှာလဲ။

“မင်း….” အိမ်ရှေ့စံ လင်းထျန်းရုံ ပြောဖို့ စကားလုံး ရှာနေခဲ့တယ်။ အဆင့်နှစ် အမတ်မင်း တစ်ယောက်က ဥပဒေ နဲ့ ငြင်းခုံလာတဲ့ အချိန်မှာ သူ ဘာမှ မပြောနိုင်တော့ဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အသက်လု ရှုနေတယ်။

“ အဟွတ်…” အိမ်ရှေ့စံ လင်းထျန်းရုံ ဒေါသတွေကို ဆက် မထိန်း ထားနိုင်တော့ဘူး။ ပါးစပ်ထဲက သွေးတွေ အန်ကျလာခဲ့တယ်။ ပြည်သူတွေလည်း တကယ့်ကို မျက်လုံးပြူးနေတယ်။ ဝမ်ချွမ်က အိမ်ရှေကစံကို တကယ်ပဲ ဆန့်ကျင်နေတာလား။

ဒါက ဘယ်လို ဖြစ်လာတာလဲ။ သူတို့ နားမလည်ပေမယ့် ကိစ္စတွေကတော့ ဒီလို ဖြစ်လာခဲ့ပြီ။ ဧကရာဇ် လင်းမုပိုင် သူ့ကို မျက်နှာသာ ပေးချင်ရင်တောင် မပေးနိုင်ဘူး။

ပြည်သူတွေ အများကြီး ရှိနေတဲ့ အတွက်။ ဧကရာဇ်လင်းမုပိုင်က အမူအယာ သိပ်မပျက်ခဲ့ဘူး။ ကိစ္စကတော့ အဆုံးသတ်ကို ရောက်သွားပြီ။ ဒါပေမယ့် ဒီ ကိစ္စ ဒီလော်က မြန်မြန်ကြီး ပြီးဆုံးသွားမယ်လို့ မထင်ထားခဲ့မိဘူး။ တောင်ပိုင်း ဧကရီကို ကြိုဆိုတဲ့ အချိန် ။ ဖန်ကျန်းရှီ ပေါ်လာတာမျိုးက သေင့်တဲ့ အပြစ် ဒဏ်ပဲ။

ဒါပေမယ့် ဖန်ကျန်းရှီက မသေတဲ့ အပြင်။ တောင်ပိုင်း ဧကရီနဲ့တောင် ပူးပေါင်း လိုက်သေးတယ်။ အဲ့ဒီ့နောက် ပြဿနာတွေ အားလုံးကို အိမ်ရှေ့စံ လင်းထျန်းရုံဆီ ပုံချလိုက်တယ်။ အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ဒေါသတကြီးနဲ့ ဖန်ကျန်းရှိကို ဆန့်ကျင်တယ်။ အဲ့ဒီ့နောက် ကိစ္စတွေက ပြန်မပြင်နိုင်လောက်အောင် ကြီးမားလာတယ်။

တောင်ပိုင်းဧကရီက လက်ဆောင် အဖြစ် အသားကင်ကို ကျွေးတာကနေ ။ အမတ်မင်းတွေ အများကြီးကို အဆိပ်သင့်သွားစေတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက ဘဏ္ဍာရေး ဝန်ကြီး ယွဲ့ဟူရဲ့ သားနဲ့ သူ့ ကိုယ်လုပ်တော် ဖောက်ပြန်တဲ့ ကိစ္စကို ပြောလိုက်တယ်။ နောက်ဆုံးတော့ ဧကရာဇ်သွားတဲ့ လမ်းကို အကြောက် အလန့်မရှိပဲ နှောက်ယှက်တယ်။ ဒီ ကိစ္စတွေ အားလုံးက သေဒဏ်ချသင့်တယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့။

ဥပဒေဝန်ကြီး အသစ် ဝမ်ချွမ်က အံ့သြစရာကောင်းလောက်အောင် ပြောလိုက်တယ်။ “ ဒီကိစ္စကို စစ်ဆေးသင့်တယ်တဲ့။”

ကိစ္စတွေက အဆုံးသတ်သွားပြီ။ ဧကရာဇ် လင်းမုပိုင်လည်း တစ်ခဏတာတော့ အတော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီ။ သူ စကားပြောဖို့ ပြင်တဲ့ အချိန်မှာပဲ။

သူ့ ဘေးက ပင်းယန်ကို မြင်လိုက်တယ်။ စကားလုံး တစ်ခု သူ့ စိတ်ထဲ ဝင်လာခဲ့တယ်။ မှန်တစ်ချပ်။ အဲ့ဒီ့နောက် သူ အတွေထဲ နစ်မျောသွားတော့တယ်။ ငါက ပညာဉာဏ်ကြီးတဲ့ ဧကရာဇ် မဟုတ်ဘူးလား ။

အချိန်တွေက ဒီ အခိုက် အတန့်လေးမှာ ရပ်တန့်သွားသလိုပဲ။ ဆူညံသံတွေကော လှုပ်ရှားမှုတွေပါ ပျောက်ကွယ်သွားတယ်။ လေတိုးသံတောင် မကြားတော့ဘူး။ လူတိုင်းက ဧကရာဇ် လင်းမုပိုင်ကိုသာ ကြည့်နေခဲ့တယ်။ နောက်ဆုံး အဆုံး အဖြတ်ကို စောင့်နေတယ်။

အချိန် တစ်ချို့ ကြာပြီးတဲ့နောက်။ ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်လုံးတွေ တောက်ပလာတော့တယ်။

“ အမတ်မင်း ဝမ်က ဒီကိစ္စမှာ သံသယ ဖြစ်စရာ အချက်တွေ များတယ်လို့ တွေးမှတော့။ ကိုယ်တော်တို့တွေ စုံစမ်းစစ်ဆေး သင့်ပါတယ်။” ဖန်ကျန်းရှီကို စိုက်ကြည့်ရင်းနဲ့ ဧကရာဇ် လင်းမုပိုင် ပြောတယ်။ အမတ်မင်းတွေကတော့ အံ့သြနောကပြန်တယ်။ ဘယ်သူကမှ အသံ မထွက်ရဲကြ။ နောက်ဆုံးတော့လည်း ဒါက မပြောင်းလဲနိုင်တဲ့ ကိစ္စလေ။

“ ဒီကိစ္စက တကယ်ပဲ ပြောင်းလဲ သွားပြီလား။ ”

“ ဒါက အိမ်ရှေ့စံ နဲ့ ပတ်သက်နေတာလား။”

“ ဧကရာဇ်က တကယ်ပဲ စုံစမ်းဖို့ ခွင့်ပြုလိုက်တာလား။”

အမတ်မင်းတွေက ရလဒ်ကို မမျှော်လင့်ထားပေမယ့် ။ ဧကရာဇ် ပြောလိုက်တဲ့ အချိန်မှာတော့ ကိစ္စက ပြောင်းလဲသွားခဲ့ပြီ။ ကောင်းပြီလေ။ ဒီကိစ္စက ပြောင်းလဲသွားတာ မယုံနိုင်စရာကြီး။

ဧကရာဇ် လင်းမုပိုင် ရဲ့ အဆုံးအဖြတ် ကျလာချိန်မှာ။ အမတ်မင်းတွေ တစ်ခုပဲ တွေးမိတယ်။ ဖန်ကျန်းရှီ လုပ်လိုက်ပြီ။ သူ တကယ်ပဲ လုပ်လိုက်ပြီ။ မဖြစ်နိုင်တဲ့ ကိစ္စကို သူ အောင်မြင်သွားပြီ။

ဒါက တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် ကြိုတင်စဉ်းစား ချင့်ချိန်ပြီး လုပ်တာလား။ ကြိုတင်ပြင်ဆင်ထားတာ ဆိုရင်တော့။ ဒီ အစီအစဉ်ကြီး အောင်မြင်ဖို့ ဘယ်လောက်တောင် ဉာဏ်ပညာ မြင့်မားဖို့ လိုလိုက်မလဲ။ တကယ့်ကို လန့်စရာကြီး။

နောက်ထပ် အတွေးတစ်ခု လည်း ဝင်လာပြန်တယ်။ အကယ်၍ ဖန်ကျန်းရှီသာ တောင်ပိုင်းဒေသ က ပြဿနာ မဖြစ်ခဲ့ပဲ။ တောင်ပိုင်းဒေသ တိုက်ပွဲမှာလို ဆက်တိုက် စွမ်းဆောင်နိုင်ခဲ့ရင်။ ကောင်းကင် နိမိတ်ဟောစာတမ်း အရ။ ရွေးချယ်ခံရသူက ချီကူယန်ဆိုတာ သေချာရဲ့လားလို့ အငြင်းပွားစရာ ဖြစ်လာလိမ့်မယ်။

ဖန်ကျန်းရှီက ဆက်တိုက် ပါဝင်နေခဲ့တာ။ ဒေသတွင်း စာမေးပွဲ။ မြို့တော်စာမေးပွဲ။ တော်ဝင် စာမေးပွဲ။ ကနေ ညီလာခံ စာမေးပွဲအထိ ဆက်တိုက် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ခဲ့တာ။ ဖြစ်နိုင်ချေကတော့ အတော်များတယ်။ ဒါပေမယ့် သူ့ထက် တော်တာ တစ်ယောက်ရှိနေသေးတယ်။ ချီကူယန်။

အရည်အချင်းဖြစ်စေ။ မူလ ဇစ်မြစ်ဖြစ်စေ။ ဖန်ကျန်းရှီက ချီကူယန်နဲ့ ယှဉ်လို့ရတယ်။ ထူးဆန်းတာကတော့ လူတိုင်းက ဒါကို မေ့ထားတာပဲ။ ဖန်ကျန်းရှီ ရဲ့ ပြဿနာကြီး ဖြစ်ပြီးထဲက။ ဒီ နှိုှုင်းယှဉ်မှုကို လူတိုင်း သူ့တို့ စိတ်ထဲမှာသာ မြုပ်နှံထားလိုက်တယ်။ ဒီကိစ္စကိုတွေးတောင် မတွေးမိဖို့ သူတို့ကိုယ် သူတို့ သတိပေးထားတယ်။

ပတ်ဝန်းကျင်က ပြည်သူတွေ နိုးကြားတက်ကြွနေကြပြီ။ ဒါ့အပြင် တောင်ပိုင်းဒေသ စစ်သည်တော်တွေနဲ့ တောင်ပိုင်း ဧကရီ ရှန်းယွီလည်း။ စိတ်ထဲမှာ ဝမ်းသာနေကြတယ်။

“ တစ်နှစ်တောင် ရှိသွားခဲ့ပြီ။ နောက်ဆုံးတော့ ဒီအမှုကို ပြန်ဖွင့်နိုင်ခဲ့ပြီ၊”

“နောက်ဆုံးတော့ တရားမျှတမှု ပေါ်လာတော့မယ်။”

တောင်ပိုင်းဒေသ စစ်သည်တော်တွေ နေရာကနေ မလှုပ်ရှား။ ဒါပေမယ့် သူတို့ မျက်နှာတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့တယ်။

“အရှင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။” တောင်ပိုင်းဧကရီရှန်းယွီ ဦးညွှတ်ရင်းပြောတယ်။ အဆုံးသတ်မဟုတ်ပဲ စုံစမ်းခွင့်ရရုံ ဆိုပေမယ့်။ သူမ အတွက်တော့ ဒါက ကြီးမားတဲ့ ကိစ္စကြီးပဲ။

“အရှင်မင်းမြတ် ကျွန်တော့်မှာ တောင်းဆို စရာတစ်ခုရှိပါတယ။်” ရန်ရွှယ်ပြောတယ်။

စိတ်လှုပ်ရှားနေကြတဲ့ လူတွေ ဒီအချိန်မှာ တိတ်ဆိတ်သွားတယ်။ သံသယနဲ့ စိတ်ရှုပ်ထွေးမှုတွေကို သူတို့တွေရဲ့ မျက်လုံးထဲမှာ မြင်သာတယ်။ ဧကရာဇ် လင်းမုပိုင်က ဒီအမှုကို ပြန်ဖွင့်ဖို့ ပြောပြီးပြီပဲ။ ရန်ရွှယ်က ဘာများ တောင်းဆိုချင်သေးလို့လဲ။

“ မင်း ဘာများ တောင်းဆိုချင်တာလဲ။ ရန်ရွှယ်။” ဧကရာဇ် လင်းမုပိုင် ပြုံးပြရင်း ပြန်ဖြေပေမယ့်။ သူ့မျက်ဝန်းထဲမြှ သံသယရိပ်တွေ လ ွှမ်းမိုးနေခဲ့တယ်။

အပိုင်း( ၅၃၄)ပြီး၏။

အပိုင်း (၅၃၅)

“ ရွှေအဆင့်ကို ပြန်လည်ကြော်ညာ။ တော်ဝင်ခန်းမမှာ နာမည်ရေးထိုး။”

Translator: Sparrow Translations Editor: Sparrow Translations

“ အရှင်မင်းမြတ်။ လွန်ခဲ့တဲ့ တစ်နှစ် တော်ဝင်စာမေးပွဲ ရွှေအဆင့်ကြေညာချိန်တုန်းက တော်ဝင် ခန်းမမှာ ပြောခဲ့တာကို အရှင် မှတ်မိပါလား။ ” ရန်ရွှယ် တချက်လေးတောင် မတွေဝေပဲ တိုက်ရိုက်မေးတယ်။

“ လွန်ခဲ့တဲ့ တစ်နှစ် တော်ဝင်ခန်းမဆောင်မှာ….” ဧကရာဇ် လင်းမုပိုင် ပုခုံးတွန့်ပြတယ်။ ဖန်ကျန်းရှီကို သူ လှည့်ကြည့်တယ်။

“ ကိုယ်တော် မှတ်မိတယ်။” သူ ပြန်ဖြေတယ်။

“ အရှင်မင်းမြတ်။ အကယ်၍ ဖန်ကျန်းရှီသာ တောင်ပိုင်းဒေသ အိမ်ရှေ့စံကို မသတ်ခဲ့ကြောင်း ရှင်းပြနိုင်ရင်။ သူ့ကို ရွှေအဆင့်ထဲ ပြန်ထည့်ပေးမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်မျိုးများ အမှတ်မှားနေတာလား။ ” ရန်ရွှယ်ပြောတယ်။

“ မင်း အမှတ်မမှားပါဘူး။” ဧကရာဇ် လင်းမုပိုင် ခေါင်းခါရင်း ပြောတယ်။

“ အရှင်မင်းမြတ်။ ဒီကတိကို ဆောင်ရွက်တော်မူပါ။” ရန်ရွှယ် ဧကရာဇ် မျက်နှာကို တည့်တည့်ကြည့်ရင်း လျှောက်တင်တယ်။ ဒါကိုကြားတော့ အမတ်မင်းတွေ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတယ်။ ဒါပေါ့။ သူတို့တွေ လွန်ခဲ့တဲ့ တစ်နှစ်က တော်ဝင် ခန်းမဆောင် ကိစ္စကို သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိတာပေါ့။

အဲ့ဒီ့နေ့တုန်းက။ ဖန်ကျန်းရှီ ရွှေအဆင့် သတ်မှတ်ချက်မှာ မပါတာကို ရန်ရွှယ်က ထောက်ပြခဲ့တယ်။ ဧကရာဇ် လင်းမုပိုင်က ငြင်းဆိုခဲ့ရုံတင် မက။ သူ ဒေါသလည်းထွက်ခဲ့တယ်။ အဲ့ဒီ့နောက်။ ကောင်းကင်တာအို ခန်းမ ရဲ့ ရွေးချယ်ပွဲကို သူ ပါဝင်ဖို့ ငြင်းဆိုခဲ့တယ်။ အဲ့ဒီ့နောက် လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး အနောက်ပိုင်းလျန်ဒေသမှာပဲ ။ နေခဲ့တယ်။ မြို့တော်ကို ခြေတလှမ်းတောင် မချခဲ့ဘူး။ နောက်ပြီးတော့ ဒီနေ့ မှာ အတိတ်က ဖြစ်ရပ်တွေကို ပြန်ဖော်ဖို့ အတွက် ဆုံးဖြတ်ခဲ့တယ်။ ဒီကိစ္စ က ဧကရာဇ်ကို စိန်ခေါ်နေတာနဲ့ ဘာများ ကွာလို့လဲ။

ဒါ့အပြင် တော်ဝင်စာမေးပွဲ ကျင်းပတဲ့ အချိန်က နှစ်နှစ်နီးပါး ကြာခဲ့ပြီ။ နောက်တစ်ကြိမ် တော်ဝင် စာမေးပွဲ ကျင်းပတဲ့ထိ သူတို့ စောင့်လို့ရတယ်လေ။ အရင် စာမေးပွဲက အကြောင်းကို အခုချိန်မှာ ပြောတာက ဘာကြောင့်လဲ။ တရားမျှတမှု အတွက်လား။ တကယ့်ကို အဓိပ္မာယ်ရှိတယ်။ ဒါပေမယ့် ရန်ရွှယ် ဒီကိစ္စကို အခုချိန်မှာ ပြောတာ။ အိမ်ရှေ့စံ မင်းသားရဲ့ အမှုကို ပြန် ထုတ်ဖော်တာထက်တောင် ပို အတင့်ရဲနေသေးတယ်။ ဒီကိစ္စက ဧကရာဖ် ကိုယ်တိုင်ကို ထောက်ပြနေတာပဲ။

ဧကရာဇ် လင်းမုပိုင် ရဲ့ အမူအယာ ပြောင်းလဲ စ ပြုလာတယ်။ သူ့အကြည့်တွေက အနီးနားမှာရှိတဲ့ အမတ်မင်းတွေနဲ့ ပြည်သူတွေကို သူ တချက်ကြည့်တယ်။ ခပ်မြန်မြန် ပြန်စဉ်းစားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ရွှေအဆင့်ကျောင်းတော်သားတွေကို သူကိုယ်တိုင် ကြေညာပေးခဲ့တာ။ အပြောင်းအလဲ ဖြစ်လာရင်။ အကုန်လုံးကို ပြန်ကြေညာရမှာ။ ဒါက သူ့မျက်နှာသူ ရိုက်ချရတာနဲ့ အတူတူပဲ။

တကယ့်ကိုပဲ ဧကရာဇ် လင်းမုပိုင် စိတ်ထဲ အရှက်ရနေမိတယ်။ ဒါပေမယ့် အခု ကိစ္စကို အမတ်မင်းတွေအကုန်လုံးရှိနေတဲ့ အချိန်မှာ သူ ကြေညာပေးဖို့ လိုတယ်လေ။ ဒါပေမယ့် သူ့ စကားတွေကို ဘယ်လိုများ ပြန်ရုပ်သိမ်းလို့ ရနိုင်မှာလဲ။ တစ်ခဏတွေးတောပြီးတဲ့နောက်။ ဖန်ကျန်းရှီကို သူ စိုက်ကြည့်တယ်။ ချောင်းဟန့်တယ်။

“ဖန်ကျန်းရှီ မင်း ဘယ်လိုထင်လဲ။ ”

“ ဒါက ကျွန်တော့် ရဲ့ အဆင့် ဖြစ်နေမှတော့။ ဘာလို့များ ငြင်းရမှာလဲ။ ကျွန်တော့် အဆင့် မဟုတ်ရင်တောင်။ တခြားသူ တွေ က ပေးချင်ရင် ယူထားပါမယ်။ ” ရန်ရွှယ့်ဘေးကို လာရပ်ရင်း ဖန်ကျန်းရှီ ပြောတယ်။

“ ဒါက အရမ်းများလွန်းနေမှာကို မင်း မစိုးရိမ်ဘူးလား။” ဧကရာဇ် လင်းမုပိုင်ပြောတယ်။ ပတ်ဝန်းကျင်ကို ကြည့် ရင်း လက်ဝေ့ယမ်းပြတယ်။

“ ဘာကြောင့်များ များလွန်းနေရမှာလဲ။” ဖန်ကျန်းရှီ သူ့နေရာမှာ အမြစ်တွယ်နေရင်း မေးတယ်။

“ အမတ်မင်းဖန်။ အရှင်မင်းမြတ်က သင့်ကို အနီးကပ်လာစေချင်တာပါ။” အထိန်းတော်ေ၀ ပြောတယ်။

“ အနီးကပ်လာရမှာလား။ အိုး …” ဖန်ကျန်းရှီ လည်း ပတ်ဝန်းကျင်ကို ကြည့်တယ်။ သူ တစ်ချက် ခုန်လိုက်ပြီးနောက်။ ဧကရာဇ် အနားကို ရောက်သွားတယ်။ “ အရှင်မင်းမြတ် ကျွန်တော် ဘယ်လိုများ ကူညီရမှာလဲ။ ”

ဧကရာဇ် လင်းမုပိုင် ဒေသတကြီးနဲ့ ခေါင်းခါနေခဲ့တယ် ။ ဖန်ကျန်းရှီက အရမ်းကို ဉာဏ်ထက်မြက်ပေမယ့်။ တကယ့်ကို စိတ်ရှုပ်စရာလည်း ကောင်းတယ်။

“ ရွှေရောင် အဆင့်ကို ထားပါတော့။ မင်း ပိုပြီးတော့ စဉ်းစားသင့်တယ်။ အခုချိန်မှာ မင်း မကျင့်ကြံနိုင်ဘူး ဆိုတော့ ။ ဒါက ဘယ်လိုလုပ် အသုံးဝင်လိမ့်မလဲ။” ဧကရာဇ် လင်းမုပိုင် ပြောတယ်။ သူ့ စကားတွေကို ဖန်ကျန်းရှီ တစ်ယောက်ပဲ ကြားတယ် ဆိုပေမယ့်။ တခြားသူတွေနဲ့ ကြားကို မမြင်ရတဲ့ လှိုင်းတွေက ကာဆီးထားခဲ့တယ်။

“ ဒါက ဘယ်လိုများ အသုံးမဝင်ဖြစ်ရမှာလဲ။ ကျွန်တော့် အထင်တော့ အသုံးဝင်မှာပဲ။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။

“ ဘယ်လိုများ အသုံးဝင်မှာလဲ။ ဂုဏ်သိက္ခာအတွက်လား။ ကျော်ကြားမှု အတွက်လား ။ အကယ်၍ မင်းသာ ဒါတွေ လိုချင်ရင်။ ငါမင်းကို အများကြီး ပေးလို့ရတယ်။ မင်းသာ အမတ်မင်း မလုပ်ချင်ရင် ။ ငါမင်းကို ငွေသားတွေ ပေးရင်ကော ဘယ်လိုလဲ။ ” ဧကရာဇ် လင်းမုပိုင် အချိုသပ်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ အကျင့်ကို သူ သိတဲ့ အတွက် စိတ်ဆိုးမနေတော့ဘူးလေ။

“ မလိုတော့ပါဘူး။ ကျွန်တော့်မှာ ပိုက်ဆံ အလုံအလောက်ရှိပါတယ်။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ ဘယ်လောက် များလဲ။” ဧကရာဇ် လင်းမုပိုင် နည်းနည်းတော့ အံ့သြသွားတယ်။ ဒီလောက် လောဘကြီးတဲ့ ကောင်က ပိုက်ဆံ အလုံအလောက် ရှိတယ်လို့ ပြောတာ ထူးတော့ ထူးဆန်းတယ်။

“ တောင်ပိုင်း ဒေသက အကြီးဆုံး ရွှေတွင်းဆယ်တွင်း..” ဖန်ကျန်းရှီ စာချုပ်ကို ထုတ်ပြတယ်။ ရှန်းယွီဧကရီကို လက်ညှိုးထိုးပြရင်း ပြောတယ်။

“ အိုး….” ဧကရာဇ် လင်းမုပိုင် အံ့သြသွားတယ်။ ရှန်းယွီရဲ့ လက်မှတ်နဲ့ တံဆိပ်ကို ကြည့်တယ်။ တောင်ပိုင်း ဒေသကို ဖန်ကျန်းရှီ ဘာလို့ မပြန်ဝံ့လဲ သူ နားလည်ပြီ။ တောင်ပိုင်းဒေသက ရွှေတွင်းတွေကို သူ ယူထားတာကိုး။ တခြားသူသာ ဒီလို လုပ်ခဲ့ရင်။ စစ်ပွဲပြီးတာနဲ့ သူ အသတ်ခံရမှာပဲ။

“အရှင်မင်းမြတ်။ တခြားကိစ္စမရှိတော့ရင်။ ကျေးဇူးပြုပြီး ကတိအတိုင်း ဆောင်ရွက်ပေးပါ။” ဖန်ကျန်းရှီ ပြောတယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ တိတ်ဆိတ် နေခဲ့တယ်။

“ခနနေပါအုန်း။ ဒီ ရွှေအဆင့်မှာ မင်းနာမည်ပါဖို့ ဘာလို့များ ဒီလောက်တောင် လိုချင်နေတာလဲ။” ဧကရာဇ် လင်းမုပိုင် မေးတယ်။

“ သဘောတူညီချက် တစ်ခု အတွက်ပါ။” ဖန်ကျန်းရှီ တွေးတောပြီးနောက် ပြန်ဖြေတယ်။

“ သဘောတူညီချက်လား။”

“ဟုတ်ပါတယ်။ အရင့်အရင်က သဘောတူညီချက် တစ်ခုကြောင့်ပါ။”

“ ဘာသဘောတူညီချက်လည်း ပြောပြလို့ရလား။”

“ ဒါပေါ့။”

“ ဆက်ပြော။”

“အရှင်မင်းမြတ် ကျွန်တော့် ကို ရွှေ အဆင့်ထဲ ထည့်ပေးရင် ပြောပြမယ်။”

ဧကရာဇ် လင်းမုပိုင်မျက်လုံးပြူးသွားတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ ဘာ ကြောင့်များ ဖန်ကျန်းရှီ အရူးလုပ်တာခံလိုက်ရလဲ သူ နားလည်သွားပြီ။

“ အခုပြောလို့မရဘူးလား။”

“မရဘူး။”

“ကောင်းပြီလေ။ ငါ ရွှေအဆင့်ကို ကြေညာပြီးတဲ့နောက်။ မင်း ငါ့ကို ပြောပြမလား။” ဧကရာဇ် လင်းမုပိုင် မေးတယ်။ ဒီအချိန်မှာပဲ နတ်ဆိုးကျောင်းတော်မှာ ပြောခဲ့တဲ့ သဘောတူညီချက် တစ်ခု သူ့ စိတ်ထဲ ဝင်လာတယ်။

ချီကူယန်နဲ့ သူ စေ့စပ်ထားတဲ့ အကြောင်းကို ဖန်ကျန်းရှီက နတ်ဆိုးကျောင်းတော် စားသောက်ပွဲမှာ ကြေညာခဲ့တယ်။ ဒီကိစ္စက အတော်လေးကို ကြာသွားပြီ ဆိုပေမယ့်။ ဒီ သဘောတူညီချက် အမှန်တကယ် ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ အချိန်တွေလည်း ပြောင်းလဲသွားပြီ။ ဖန်ကျန်းရှီက အခုချိန်မှာ ဂုဏ်ပုဒ်တွေ အများကြီး ပိုင်နေခဲ့ပြီ။ အကယ်၍ သဘောတူညီချက်ဆိုတာ ဒီတစ်ခုကို ပြောတာ ဆိုရင်တောင့် ပြန် စဉ်းစားရတော့မယ်။

““

“ အဲ့ဒီ့ ကြေညာချက်က ဘယ်တုန်းက ထုတ်လိုက်တာလဲ။ တော်ဝင်စာမေးပွဲ ဖြေပြီးတဲ့ အချိန်ကလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“ တော်ဝင်စာမေးပွဲ ဖြေပြီးတဲ့ အချိန်။” ဧကရာဇ် လင်းမုပိုင် ဘယ်လို ဖြေရမလဲ စိတ်ထဲမှာ တွေးတောနေတယ်။ ဖန်ကျန်းရှီ အဆင့် လေး အမတ်မင်း အဖြစ် အပ်နှင်းခံရပြီးတော တော်ဝင်စာမေးပွဲ ပြီးတဲ့ အချိန်လောက်မှာ ဖြစ်တာပဲ။ အဲ့ဒီ့အချိန်ုတန်းက မြောက်ရွာကို သူ မပြန်ရသေးဘူး။ ဒါကြောင့် ဧကရာဖ် လင်းမုပိုင် မေးလိုက်တယ်။ “ အဲ့ဒီ့သဘော တူညီချက်က မြောက်ရွာမှာ ပြောခဲ့တာလား။”

“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ တကယ့်ကိုပဲ ။ သူ ချီကူယန်နဲ့ သဘောတူခဲ့တာ မြောက်ရွာမှာလေ။ ဒါကြောင့် သူ ပြန်ဖြေခဲ့တယ်။

“ ငါ သဘောပေါက်ပြီ ။ ရွှေအဆင့် မှာ နာမည်ပါဖို့ မင်း စိတ်အားထက်သန်နေတဲ့ ပုံပဲ” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီရဲ့ နောက်ခံ က သာမာန် ရွာသားဖြစ်နေတယ်။ ညီလာခံ စာမေးပွဲကို မရောက်ခင် ။ သူ့ရဲ့မိဘတွေနဲ့ ရွာက အကြီးအကဲတွေကို ကတိကဝတ်တွေ ထားခဲ့ရတာတော့ ရှိမှာပဲ။

“မှန်ပါတယ်။” ဖန်ကျန်းရှီ ပြန်ဖြတယ်။

“ နည်းနည်းလေးတောင် ညှိနှိုင်းလို့ မရတော့ဘူးလား။”

“ မရဘူး။”

“ကောင်းပြီလေ။ မင်းကို တော်ဝင်ခန်းမမှာ ရွှေအဆင့်ထဲ ကြေညာပေးမယ်။ ဒါပေမယ့် ငါ့ရဲ့ ဒီအမတ်မင်းတွေကို မြေပြင်ပေါ်မှာ ဒီလိုပဲ တသက်လုံး လှဲခိုင်းထားမလို့လား။ ” သတိလစ်ေ်နတဲ့ အမတ်မင်းတွေကို ကြည့်ရင်း ဧကရာဇ် လင်းမုပိုင်မေးတယ်။ ဒီကိစ္စတွေက ဒီလို ဖြစ်လာမှတော့။ ဖန်ကျန်းရှီ နဲ့ ဧကရီ ရှန်းယွီ ရဲ့ အသားကင် ကိစ္စ ချိန်ဆက်နေတာကို သူ မသိရင်။ ဧကရာဇ် မဖြစ်ထိုက်တော့ဘူး ။

“အိုး… အဆိပ်ဖြေဆေးတွေက အများကြီးမ၇ှိတော့ဘူး။ ဖြေဆေးက ဈေးလည်းကြီးတယ်။ ”ဖန်ကျန်းရှီ ပြောတယ်။

“ သူတို့တွေကို ဖြေဆေးဖပးဖို့ ငါ့ကို ဓားပြ လာတိုက်မနေနဲ့။ သူတို့တွေကို အခု နှိုးလိုက်တော့။ မင်းမှာ ရွှေတွင်း ဆယ်တွင်းတောင် ရှိနေတာပဲ မဟုတ်လား။” ဧကရာဇ် လင်းမုပိုင် ပြောတယ်။

“ကောင်းပါပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ်တ့ယ်

“ တော်ဝင် ခန်းမဆောင်ကို သွားဖို့ ပြင်လိုက်။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက ရန်မြို့တော် တစ်ခုလုံးကို ဟိန်းထွက်သွားတယ်။

“ အမိန့်တော် အတိုင်းပါ။ ” ဧကရာဇ် လင်းမုပိုင် ချက်ခြင်း ပြန်ဖြေတယ်။ သူ အသံကို မြင့်ပြောတယ်။

“ တော်ဝင်ခန်းမဆောင် ဆီ သားဖို့ ဝေါယာဉ်ပြင်မယ်။”

ဒါကနန်းတော် တစ်ခုလုံးကို ပျံ့နှံ့သွားတယ်။ ဒါပေမယ့် အမတ်မင်းတွေကတော့ မအံ့သြပဲမနေနိုင်။ ဧကရာဇ်က ရွှေအဆင့်ကို အခုပဲ သွားကြေညာတော့မှာလား။ ဒါက အတော့်ကို မယုံနိုင်စရာပဲ။ ဧကရာဇ် လင်းမုပိုင်က နန်းတော် ဂိတ်တံခါးကို ဖြတ်သွားတဲ့ အချိန်။ ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်က အမတ်မင်းတွေကို ဖြေဆေး ပေးနေခဲ့တယ်။ အမတ်မင်းတွေ ဒါကို မြင်တော့။ သူတို့တွေ ကူညီဖို့ ပြင်တယ်။ ဒါပေမယ့်။ ခပ်ဝေးဝေးနေရာမှာ အမုန်းတရားတွေ ပြည့်နေတဲ့ မျက်ဝန်းနဲ့ အိမ်ရှေ့စံ လင်းထျန်းရုံ ကို သူတို့သတိ ထားမိကြတယ်။ ဖန်ကျန်းရှီကတော့ ဘာကိုမှ သတိမထားမိတဲ့ အတိုင်း။ ရန်ရွှယ့်ဆီ ဖြေဆေးတွေ ပြစ်ပေးနေတယ်။

“ရန်ရွှယ် ငါ ရွှေအဆင့်မှာ နာမည် ပါသွားရင်။ ကောင်းကင်တာအို ခန်းမ ရွေးချယ်ပွဲအတွက် ပြိုင်ကြရအောင်။ ဒါမျိုး ဖြစ်လာရင်။ မင်းက ငါ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ် တော့ဘူးလို့ မျှော်လင့်ပါတယ်။” ဖန်ကျန်းရှီ ပြောတယ်။

“ …..” ပတ်ဝန်းကျင်က အမတ်မင်းတွေ သူတို့ကို လှည့်ကြည့်တယ်။ ဒီလို အရှက်မရှိမှုအပေါင်း သရဖူဆောင်းတဲ့ ကောင်စုတ်က အဆုံးမဲ့တဲ့ အနာဂတ် အလားအလာရှိတဲ့ လူငယ်လေးကို ဝန်ထုပ်ဝန်ပိုးတဲ့လား။ အံ့သြစရာကြီး ။ ဒါပေမယ့် နေပါအုန်း။ လာမယ့် ကောင်းကင်တာအို ခန်းမ ရွေးချယ်ပွဲမှာ သူ ဝင်ပြိုင်မလို့လား။

အပိုင်း(၅၃၅)ပြီး၏။

(နည်းနည်းလေးတော့ ရှုပ်နေတယ်။ ငဖန်က သူနဲ့ ချီကူယန် သဘောတူထားတဲ့ ကိစ္စအတွက် ဒီ အဆင့်မှာ နာမည် ပါချင်တာ။ ဧကရာဇ်ထင်တာက သူ့မိဘတွေကို ဒီအဆင့်ရောက်စေရမယ်လို့ ကတိပေးထားတာကြောင့် လိုချင်နေတယ်လို့ )

အပိုင်း (၅၃၆)

“ လူတိုင်းအတွက် အံ့အားသင့်စေမှု နဲ့ စုချင်း ရဲ့ စိတ်အကြံ”

Translator: Sparrow Translations  Editor: Sparrow Translations

“ သူရူးနေတာလား။” အမတ်မင်းတွေ အားလုံး တွေးလိုက်မိတယ်။ ကျင့်ကြံဆင့်မရှိတော့တဲ့ လူတစ်ယောက်က ကောင်းကင်တာအို ခန်းမ ရွေးချယ်ပွဲကို ဝင်ပြိုင်ဖို့ ဘယ်လိုတောင် တွေးရဲတာလဲ။ ဒီရွေးချယ်ပွဲက ကံကောင်းရုံနဲ့ ဖြတ်ကျော်လို့ရမယ်များ ထင်နေတာလား။ အခွင့်အရေးတောင် မရှိဘူး။

၂ နှစ်တစ်ခါ ကျင်းပတဲ့ ကောင်းကင် တာအို ရွေးချယ်ပွဲကို ကောင်းကင်တာအို ခန်းမက ကိုယ်တိုင် ကျင်းပတာ။ ကြီးမြတ်သောရှမင်းဆက် အတွက်တောင်။ ညီလာခံ စာမေးပွဲမှာ ထိပ်တန်း ဖြစ်တဲ့ လူ သုံးယောက်ပဲ ပါဝင် ယှဉ်ပြိုင်ခွင့်ရှိတယ်။

ကောင်းကင်တာအို စာမေးပွဲမှာ ယှဉ်ပြိုင်သူက တစ်ရာထက် မနည်းဘူး။ နောက်တစ်နည်းပြောရရင်။ ကြီးမြတ်သော ရှ မင်းဆက် အပြင်။ နောက်ထပ် နိုင်ငံပေါင်းစုံက ပါရမီရှင်တွေ ဒီ စာမေးပွဲကို ဝင်ဖြေဆိုကြတယ်။ အတော်ဆုံး ထိပ်တန်းကျောင်းတော်သားတွေ ရဲ့ ယှဉ်ပြိုင်မှု တစ်ခုလို့လည်း ပြောလို့ရတယ်။

အဲ့ဒီ့နေ့မှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ စုဝေးကြတယ်။ တစ်ယောက်ချင်းစီတိုင်းက အံ့သြဖွယ် ကောင်းလောက်အောင်ကို ထူးချွန်ကြတယ်။ ဒါကြောင့် ကောင်းကင်တာအို ခန်းမ စာမေးပွဲမှာ ဝင်ဖြေသူ ဖြစ်ဖို့ ပညာရပ် တစ်ခုခုမှာ ဆရာကျအောင် တတ်မြောက်ရမယ်။

ဒါပေမယ့် ဖန်ကျန်းရှီကျတော့ကော ဘယ်လို ဖြစ်သွားမလဲ။ ဘာစွမ်းရည်မှ မရှိတော့တဲ့သူ။ အသက်ရှင်ဖို့တောင် သူ ရုန်းကန် နိုင်မှာလား။ အမတ်မင်းတွေ အံ့အားသင့်လွန်းလို့ ဆွံ့အနေမိတယ်။ နန်းတော် ဂိတ်မှာ ရောက်နေတဲ့ ဧကရာဇ် လင်းမုပိုင် ဒါကိုကြားတော့ ရပ်တန့်သွားတယ်။

“ ဒီကောင်က ကောင်းကင်တာအို ခန်းမ ရွေးချယ်ပွဲကို ဝင်ပြိုင်မလို့လား။” ရန်ရွှယ်နဲ့ စကား ပြောနေတဲ့ ဖန်ကျန်းရှီကို သူ လှည့်ကြည့်တယ်။ သူလည်း အံ့အားသင်ေ့နခဲ့တယ်။ ဒါပေမယ့် ရန်ရွှယ်ကတော့ တစ်ခုပဲ ပြောတယ်။ “ ငါက အင်အားကြီးပြီးသား။”

“ ကောင်းတာပေါ့။ ဒါပေမယ့် အချိန်ကျလာရင်။ ငါက ပထမရအုန်းမှာပဲ။ ဒါပေမယ့် ဒုတိယနေရာကိုတော့ မင်း အတွက် ချန်ထားပေးပါမယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြုံးပြတယ်။

“ အိုး ”

“ မင်း ဒီလောက်တောင် အရှက်မရှိဘူးလား။”

“ ဒီကောင် အရေထူချက်ကတော့ မြို့နံရံရဲ့ အထူ ထက်တောင် ပိုများနေအုန်းမယ်။ ကောင်းကင်တာအိုခန်းမ လူရွေးပွဲကို ဒီကောင် ဘာများ ထင်နေတာလဲ။ ကစားပွဲလို့ ထင်နေတာလား။ ပထမ နေ ရာကို ရဖို့က ဒီလောက်တောင် လွယ်နေတာလား။”

အမတ်မင်းတွေ ပြောစရာ စကားမရှိတော့။ သူတို့တွေ မှတ်ချက် မပေးကြတာ ပိုကောင်းမယ်မှန်း သိပါတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ ရူးမတတ်ဖြစ်နေတဲ့ အမူအယာက လူတိုင်း ကောင်းကောင်း မြင်နိုင်တယ်။ ဒါကြောင့်။ အခုချိန်မှာ အကြီးဆုံး ပြဿနာက အိမ်ရှေ့စံ ကို ထိန်းဖို့ပဲ။ ဖန်ကျန်းရှီ ပထမ ရအောင် လုပ်မယ့် ကိစ္စကတော့ ။ ဟာသ တစ်ခု အဖြစ်ပဲ ထားလိုက်တော့မယ်။

“ အမတ်မင်းဖန်။ ကျွန်တော် မင်းကို မထောက်ခံတာ မဟုတ်ဘူး။ ဒါပေမယ့် အခု ကိစ္စက …. ဟ ဟား” ဝမ်တပေါင်း ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲ လှောင်ရယ်တော့တယ်။ ၂ နာရီ ကြာပြီးတဲ့နောက်။ အမတ်မင်းတွေက တော်ဝင် ခန်းမမှာ စောင့်ဆိုင်းနေကြရတယ်။

တောင်ပိုင်းဧကရီ ရောက်လာတာကို ကြိုဆိုရတုန်းက ပုံစံနဲ့ အခုချိန်မှာ အမူအယာက လုံး၀ ကွာခြား နေခဲ့တယ်။ အထူးသဖြင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး။ ယဉ်ကျေးမှု ဝန်ကြီးနဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနက အမတ်မင်းတွေက အတော့်ကို မျက်နှာ ပျက်ယွင်းနေခဲ့တယ်။

အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ အမူအယာက ကြောက်စရာ ကောင်းလောက်အောင် ခါးသက်နေခဲ့တယ်။ သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပေမယ့်။ တောင်းဆိုပြီးတော့ အနားယူတာမျိုး မလုပ်ခဲ့ဘူး။

“ဖန်ကျန်းရှီ နားထောင်ပါ။” အထိန်းတော် ဝေရဲ့ အသံ ထွက်ပေါ်လာတယ်။

“ ဟုတ်ကဲ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ တော်ဝင်ခန်းမဆောင်ရဲ့ ဝင်ပေါက်ကို သူရောက်လာတယ်။ အထိန်းတော်ဝေနဲ့ ဧကရာဇ် လင်းမုပိုင်ကို အရိုအသေပြုတယ်။ အထိန်းတော်ဝေက ဒါကို မကြိုက်ဘူး။ ဖန်ကျန်းရှီ က ဓလေ့ထုံးတမ်းတွေကို နားမလည်တာ သူ တကယ့်ကို သည်းမခံနိုင်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်က ဘာမှ မပြောတော့။ သူလည်း ငြိမ်နေလိုက်ရတယ်။

“ ဧကရာဇ် မိန့်တော်မူတယ်။ အရင်နှစ် ညီလာခံ စာမေးပွဲမှာ ဖန်ကျန်းရှီက ပထမ နေရာကို ရခဲ့တယ်။ ထိပ်တန်း ရလဒ်ကို ရခဲ့တဲ့ အတွက် ရွှေအဆင့်မှ နာမည် ဖော်ပြသင့်တယ်။ ” အထိန်းတော်ဝေရဲ့ ကျယ်လောင် စူးရှပြတ်သားတဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။

တော်ဝင် ခန်းမဆောင် ဝင်ပေါက် နားက ရွှေကျောက်တုံးကြီးဆီကို ဧကရာဇ် လင်းမုပိုင် ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူ့ရဲ့ လက်ချောင်းတွေ ခပ်ဖြည်းဖြည်း လှုပ်ရှားလိုက်ချိန်မှာပဲ။ နာမည်တစ်ခု ရွှေအဆင့်မှာ ပေါ်လာတော့တယ်။

“ဖန်ကျန်းရှီ။”

နန်ကုန်းဟောင်ရဲ့ နာမည် ဘေးမှာပဲ။ ကျောက်တုံးပေါ်က ပေါ်လာတဲ့ နာမည်ကို ကြည့်ရင်း။ အမတ်မင်းတွေ စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူ ရွှေအဆင့်မှာ ပါအောင် လုပ်နိုင်ခဲ့ပြီ။ မြောက်ရွာ က သာမာန် ရွာသားလေး တစ်ယောက်။ တာအို စာမေးပွဲကနေ စပြီးတော့ မြို့တော်စာမေးပွဲ အထိ ရောက်လာခဲ့တယ်။ ဒေသတွင်း စာမေးပွဲ။ မြို့တော် စာမေးပွဲ။ တော်ဝင်စာမေးပွဲ ။ ညီလာခံစာမေးပွဲ အထိ နှစ်ထပ်ကွမ်း ချန်ပီယံ ဆက်တိုက် ရခဲ့တယ်။ ဘယ်သူမှ ဒီလို ဒဏ္ဍာရီလာ လူကို မကျော်ဖြတ်နိုင်ဘူး။ အခုချိန်မှာ သူ့ကို ကျော်နိုင်တဲ့သူ မရှိသေးဘူးလေ။ မြို့တော် တစ်ခုလုံးက သူရွှေအဆင့်ရောက်တာကို ကြိုဆိုနေကြတယ်။ အမိန့်တော် ထုတ်ပြန်လိုက်ပြီးတဲ့နောက် ။ နန်းတော်တစ်ခုလုံး လှုပ်ရှား သက်ဝင်နေခဲ့တယ်။

“ ဖန်ကျန်းရှီ တိုက်ခိုက်ရေး စာမေးပွဲမှာ အဆင့်တစ် ရပြီး။ ညီလာခံ စာမေးပွဲမှာ ထိပ်သီး ဖြစ်တယ်။”

“ ဖန်ကျန်းရှီ တိုက်ခိုက်ရေး စာမေးပွဲမှာ အဆင့်တစ် ရပြီး။ ညီလာခံ စာမေးပွဲမှာ ထိပ်သီး ဖြစ်တယ်။”

“….”

ဒီ အသံတွေက နန်းတော်ထဲကို ပဲ့တင် ထပ်သွားခဲ့တယ်။ နန်းတော်ဂိတ်မှာ စောင့်နေတဲ့ တော်ဝင် အစောင့်တွေလည်း အောင်စာရင်းကို ကြေညာချက် ထုတ်ပြန်ကြတော့တယ်။ ရန်မြို့တော်ထဲမှာ။ မရေမတွက်နိုင်တဲ့ ပြည်သူတွေ ။ အောင်စာရင်း ကြေညာတာကို ကြည့်နေကြတယ်။ သူတို့တွေ ဒီသတင်းကို ကြားတော့ လန့်ကုန်ကြတယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ညီလာခံ စာမေးပွဲက မကျင်းပရသေးဘူး မလား။”

“ ဒီနေ့ နန်းတော်မုခ်မှာ။ ဖန်ကျန်းရှီက အထင် အထင်လွဲတာတွေကို ဖြေရှင်းခဲ့တယ်။ ဧကရာဇ်က ရွှေအဆင့်ကို ပြန် ကြေညာပေးတယ်။ ”

“ တကယ်လား။ တောင်ပိုင်းဒေသ ကိစ္စက အိမ်ရှေ့စံ နဲ့ ဆက်စပ်နေတယ်တဲ့။”

“ အမှန်ပဲ။ ဒီ သတင်းက ရန်မြို့တော် တစ်ခုလုံးကို ပျံ့နေပြီ။ တောင်ပိုင်း ဒေသ ကိစ္စက ပြန်ဖွင့်လိုက်ပြီ။ ဖန်ကျန်းရှီ ကလည်း ရွှေအဆင့်မှာ ရောက်သွားပြီ။ ဘာ ကိစ္စ ထပ်ရှိအုန်းမှာလဲ။”

ပြည်သူတွေ အားလုံးအတွက် ဒါက မယုံနိုင်စရာပဲ။ အခုပြောနေတဲ့ သူတွေထဲမှာ။ ဖန်ကျန်းရှီ လာမယ့် ကောင်းကင်တာအို ခန်းမ လူရွေးပွဲမှာဝင်ပြိုင်မယ့် အကြောင်း ကို ပြောနေကြတဲ့ သူ နည်းနည်းပဲ ရှိတယ်။ ဒါပေမယ့် ဒီ အသံတွေကိ တိုးညှင်းတယ်။ လှောင်ရယ်နေသူတွေများတယ်။

“ကောင်းကင်တာအို ခန်းမ စာမေးပွဲကို ဝင်ဖြေမယ် ဟုတ်လား။ ဟ ဟား…. ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ အလကား မစဉ်းစားပဲ ပြောနေတာလား။ အချိန်ကျလာရင်။ အကြောင်းပြချက်တစ်ခုခု ပေးပြီးတော့ ရှောင်ပြေး အုန်းမှာပဲ။”

“ ဒါက အဓိပ္မာယ်ရှိတယ်။ ဖန်ကျန်းရှီက ဒါမျိုး လုပ်နေကြလူပဲ။”

“ ဟ ဟား…”

ဖန်ကျန်းရှီ ကောင်းကင်တာအို ခန်းမ လူရွေးပွဲကို ဝင်ပြိုင်မယ် ဆိုတာ ဘယ်သူမှ မယုံကြ။ ဒါပေမယ့် ညီလာခံ စာမေးပွဲမှာ သူ ပထမ ရတာကိုတော့ ဘယ်သူမှ သံသယ မဝင်။ ဖန်ကျန်းရှီ တောင်ပိုင်းဒေသ တိုက်ပွဲမှာ စွမ်းဆောင် ခဲ့တာတွေက အခိုင်အမာ သက်သေထူနေတယ်လေ။

ရွှေရောင် ဝတ်ရုံနဲ့ သတင်းပို့သူတွေ ။ ရန်မြို့တော် ဝင်ပေါက် လေးခု ကနေ ထွက်သွားတယ်။ ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ နယ်မြေတွေကို သတင်းပို့ဖို့ ထွက်သွားကြတော့တယ်။ ရွှေအဆင့်ကို သူတို့ ကြေညာတာ နောက်ကျသွားပေမယ့် အရင်တစ်ခေါက်ကထက် စာရင် ရိုက်ခတ်မှု အတော့်ကို ကြီးမားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ တစ်ခေါက်ကိစ္စက တောင်ပိုင်းဒေသ အမှုနဲ့ပါ သက်ဆိုင်နေတာကြောင့်ပဲ။

…

အရှေ့ပိုင်း နန်းတော်။ အိမ်ရှေ့စံအိမ်တော်မှာ။

“ ကလစ်။” ကျောက်စိမ်းဖြူ ခွက်လေး တစ်ခွက်က အပိုင်းပိုင်းအစစ ကွဲကြေသွားတယ်။ တော်ဝင်သမားတော် နှစ်ယောက်က ဒူးထောက်နေ ခဲ့တယ်။ သမားတော် နှစ်ယောက်ရဲ့ နောက်မှာတော့ အမတ်မင်း ဆယ်ဦးကျော်ကျော် ရှိနေခဲ့တယ်။ သူတို့တွေ ခေါင်းငုံ့နေခဲ့ကြတယ်။

“ ထွက်သွား….” အိမ်ရှေ့စံ လင်းထျန်းရုံ ေ အာ်ဟစ်တယ်။

“ အမိန့်တော်အတိုင်းပါ။ …. ” တော်ဝင်သမားတော် နှစ်ယောက် နဖူးကချွေးတွေကို သုတ်ရင်း ချက်ခြင်း ပြေးထွက်သွားခဲ့တယ်။ သူတို့တွေ ချွေးတွေ ရွဲနစ်နေခဲ့ပြီ။ ဒါကို မြင်တော့ အမတ်မင်းတွေ အမူအယာ ပြောင်းလဲသွားတယ်။ အမတ်မင်း တစ်ယောက် ရှေ့ထွက်လာတယ်။

“ အရှင်။ အခုချိန်မှာ တစ်ခုတည်းသော ကျန်တဲ့ အဖြေက ။ စုချင်းကို အပြစ် ခံယူခိုင်းဖို့ပဲ ရှိတော့တယ်။ ”

“ ဟုတ်ပါတယ်။ အမတ်မင်း ဝမ် ပြောတာ ဟုတ်တယ်။ ဖန်ကျန်းရှီက စုချင်းကို လူသတ်မှု သက်သေ အဖြစ် ပြောခဲ့တာ။ သူ ပြောတဲ့ အတိုင်း လုပ်မှာပဲ။ အချိန်ကျလာရင်။ သူ့ကို ဘယ်သူ မှ တားနိုင်မှာ မဟုတ်တော့ဘူး။ ” နောက်ထပ် အမတ်မင်း တစ်ယောက် ပြောတယ်။

“ အမှန်ပဲ။ ရည်မှန်းချက် ကြီးတဲ့ လူတစ်ယောက် အတား အဆီးတွေကို အာရုံ စိုက်နေတာမဟုတ်ဘူး။ နောက်ပြီးတော့ စစ်သည်တော် တိုင်းမှာ အားနည်းချက်ရှိတယ် စုချင်းကို ကာကွယ်ပေးနေတာက အကျိုးမရှိပါဘူး။”

“ဧကရာဇ်က အရှင်မင်းသားကို ကာကွယ်ပေးနေသေးတာ ကိစ္စကောင်း တစ်ခုပါ။ တောင်ပိုင်းဒေသ ကိစ္စက ခိုင်မာတဲ့ သက်သေ မရှိဘူး။ အရှင့်သားက အရှေ့ပိုင်း နန်းတော်မှာ နေရာရှိနေတုန်းပါ။ နှစ် အနည်းငယ် အတွင်းမှာပဲ။ အရှင့်သားက ထီးနန်းကို ဆက်ခံရတော့မှာပါ။”

“ အရှင့်သား စိတ်ရှည်ရှည်နဲ့ စောင့်သင့်ပါတယ်။ ဖန်ကျန်းရှီက အခုချိန်မှာ ကျင့်ကြံဆင့်မရှိတော့ဘူး။ သူက အမတ်မင်း တစ်ယောက် အဖြစ်ပဲ ရှိတော့မှာ။ အရှင့်သား ဧကရာဇ် ဖြစ်လာတဲ့ အချိန်ကျရင်။ လက်စားချေဖို့ က အခက်အခဲ မရှိတော့ဘူး။ ” အမတ်မင်း တစ်ယောက်ချင်းစီက ဖြူဖျော့နေတဲ့ အိမ်ရှေ့စံ လင်းထျန်းရုံကို နားချနေခဲ့တယ်။

“မင်းဘာစောင့်နေတာလဲ။ မြောက်ပိုင်းဒေသကို လူ ချက်ခြင်း လွှတ်လိုက်။” အိမ်ရှေ့စံ လင်းထျန်းရုံ အံကြိတ်ရင်း ပြောတယ်။

“အမိန့်တော် အတိုင်းပါ။” အမတ်မင်းတစ်ယောက် အမိန့်တော်ကို လက်ခံတယ်။

“ အရှင့်သား။ ဒီလို လုပ်လို့ မဖြစ်ပါဘူး။” နောက်ထပ် အမတ်မင်း တစ်ယောက် ရပ်တန့်လိုက်တယ်။

“ ဘာဖြစ်လို့လဲ။ စုချင်း ဒီကို ရောက်လာပြီး ရင်ဆိုင်တဲ့ အချိန်ထိ စောင့်ရမှာလား။ ” အိမ်ရှေ့စံ လင်းထျန်းရုံ သူ့ကို တားမြစ်တဲ့ အမတ်မင်းကို အေးစက်စက် စိုက်ကြည့်ရင်း ပြောတယ်။

“ မစောင့်ရပါဘူး။ ဒါပေမယ့် စုချင်းက မြောက်ပိုင်းဒေသမှာ လေ့ကျင့်နေတာ တစ်နှစ်ကျော်ကြာပြီ။ အကယ်၍ ကျွန်တော်တို့ အခုချိန်မှာ စုချင်းကို ရုတ်တရက် တိုက်ခိုက်ရင်။ သူကလည်း တန်ပြန် ခုခံလိမ့်မယ်။ ”

“ မင်း ဘာ အကြံပြုချင်လို့လဲ။”

“ စုချင်းကို ရန်မြို့ တော်ဆီ ပြန်လာတဲ့ လမ်းမှာ တိုက်ခိုက်တာ အကောင်းဆုံးဖြစ်မယ်။ လုပ်ကြံတာ ကျရှုံးရင်တောင်။ မြောက်ပိုင်းဒေသမှာ သူ ရှိနေတာထက် တော့ အန္တရာယ် ကင်းပါသေးတယ်။”

“ သူ့ကို ဘယ်လို သွေး ဆောင်ရမှာလဲ။ အခုချိန်မှာ သူက မြောက်ပိုင်း ကျောင်းတော် ငါးခုရဲ့ ခေါင်းေ်ဆာင်လေ။ ဖန်ကျန်းရှီ ရွှေ အဆင့်မှာ ဖောပြခံရတဲ့ သတင်းက သူ့ဆီကိုလည်း ရောက်မှာပဲ။ သူက ရန်မြို့တော်ကို ဘယ်လိုများ ဝင်လာမှာလဲ။”

“ ဒါက …” အမတ်မင်း ဆက်မပြောနိုင်တော့။ ကျန်တဲ့ အမတ်မင်းတွေလည်း ခေါင်းခါနေခဲ့တယ်။ စုချင်းကို ရန်မြို့တော် လာအောင် သွေးဆောင်ဖို့က ခက်ခဲလွန်းတယ်။ အခုလို အခြေအနေမျိုးမှာ ။ စုချင်းကို ဘယ်လိုမှ လာဖို့ ခေါ် လို့ရမှာ မဟုတ်။

“ ငတုံးတွေ။” အိမ်ရှေ့စံ လင်းထျန်းရုံ အော်ငေါက်တယ်။ ဝန်ကြီး ယွီ ယိဖျင်နဲ့ ယှဉ်လိုက်ရင်။ ဒီ အမတ်မင်းတွေက ဘာ အသိပညာမှ မရှိဘူး။ ဒါက သူ့ကို ရူးမတတ်ဒေါသ ထွက်စေတယ်။

“ ဝန်ကြီးယွီ နဲ့ တွေ့ချင်တယ်။ ငါ့ကို စီစဉ်ပေး ” လင်းထျန်းရုံ အံကြိတ်ရင်း ပြောတယ် ။ ဖန်ကျန်းရှီ။ မင်းက ငါ့ရဲ့ လက်ကို ဖြတ်ခဲ့တယ်။ ငါမင်းကို လွယ်လွယ်ကူကူ အလွတ်ပေးမယ်ထင်လား။

“ ဒါက …” အမတ်မင်းတွေ တွေဝေကုန် တယ်။

“ ပြသနာရှိလို့လား။” အိမ်ရှေ့စံ လင်းထျန်းရုံ မေးတယ်။ နောင်တစ်ချိန် ဖြစ်လာမယ့် ကြီးမြတ်သောရှမင်းဆက် ဧကရာဇ် တစ်ပါး အနေနဲ့ ။ သူ တွေ့ချင်တဲ့ သူနဲ့ တွေ့လို့တောင်မရဘူးလား။ ဒါက သူ့ကို ဒေါသထွက်စေတယ်။

“အရှင့်သား။ ဥပဒေ ဝန်ကြီး ဌာနကို အခုချိန်မှာ ဝမ်ချွမ်က ဦးဆောင်နေတာပါ။ ဒီနေ့တွေ့တဲ့ အတိုင်း။ ဝမ်ချွမ်က သွမ့်အရှင်အတွက် အလုပ်လုပ်ပေးနေတာ သိသာပါတယ်။” အမတ်မင်းတွေ ခေါင်းခါရင်း ပြောတယ်။

“ အဲ့ဒီ့တော့ ဘာဖြစ်လဲ။ ငါက သူနဲ့ တွေ့လို့မရဘူးလား။” အိမ်ရှေ့စံ လင်းထျန်းရုံ အေးစက်စက် ပြောတယ်။

ဥပဒေဝန်ကြီးဌာန။ ဒါက သူတို့ လည်ပင်းမှာ ဆူးနေတဲ့ ငါးရိုးတစ်ခုလိုပဲ။ ဒီ အချိန်မှာပဲ။ သူတို့ စိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့တယ်။ ဥပဒေ အမတ်မင်း ဝမ်ချောင်က အရင်ဆုံး အဖမ်း ခံရတာ ဘာကြောင့်များလဲ။ ဒါတွေက အကုန် ဖန်ကျန်းရှီရဲ့ အစီအစဉ်ပဲလား။ ဒီလိုသာ ဖြစ်ရင်တော့။ ကိစ္စတွေက တကယ့်ကို ကြောက်စရာပဲ။ ဆက်လက် တိတ်ဆိတ်နေခဲ့တယ်။ ရုတ်တရက် ဆိုသလို ။ အပြင်ဘက်ကနေ တံခါးခေါက်သံ ပေါ်လာတယ်။

“အရှင့်သား။ ဥပဒေ အမတ်မင်းက ကျွန်တော့်ကို စာတစ်စောင် ပို့လိုင်း လိုက်ပါတယ်။ ”

“ ဝမ်ချွမ်လား။”

“ သူက ငါတို့ကို ဘာလို့ စာပို့တာလဲ။ ” အမတ်မင်းတွေ မယုံနိုင်။

“ ဝင်လာခဲ့။” အိမ်ရှေ့စံ လင်းထျန်းရုံ ခပ်မြန်မြန်ပြောတယ်။ သူ သံယသ ဝင်နေပင်မယ်ေ့ပါ့။ အမတ်မင်းတွေ အားလုံး စာကြည့်ခန်း တံခါးကို စိုက်ကြည့်တယ်။ တံခါးပွင့်လာပြီးနောက်။ အနက်ရောင်ဝတ်ထားတဲ့ အစေခံ တစ်ယောက် အခန်းထဲကို ဝင် လာတယ်။

သူ့လက်ထဲမှာ ချိတ်ပိတ်ထားတဲ့ စာအိတ်တစ်ခု ပါလာတယ်။ အစေခံက စာကြည့်ခန်းထဲကိုဝင်လာတယ်။ ဒူးတစ်ဖက်ထောက်ရင်း စာအိတ်ကို ဆက်သတယ်။ အမတ်မင်းတစ်ယောက်က အိမ်ရှေ့စံ လင်း ထျန်းရုံဆီ စာအိတ်ကို ကမ်းပေးတယ်။

လင်းထျန်း ရုံစာအိတ်ကို ဖွင့်တယ်။ သူ့ အမူအယာက ချက်ခြင်း ပြောင်းလဲသွားတယ်။

“ အရှင့်သား။ ဝမ်ချွမ် ဘာပြောလဲ။” အမတ်မင်းတစ်ယောက်ေ မးတယ်။

“ မင်းကိုယ်တိုင် ဖတ်လိုက်။” လင်းထျန်းရုံ စာအိတ်ကို ကမ်းပေးတယ်။

အမတ်မင်း စာကို ခပ်မြန်မြန်ဖတ်ရင်း။ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ ဒါကို မြင်တော့ နောက်ထပ် အမတ်မင်း တစ်ယောက် အနားကို ကပ်လာခဲ့တယ်။ ဒါပေမယ့် သူလည်း မျက် လုံးပြူးသွားခဲ့တယ်။ သူရဲတစ်ကောင်ကို တွေ့တဲ့အတိုင်း။ ဘာကြောင့်လဲ ဆိုတော့။ စာမှာပါတဲ့ အကြောင်း အရာက ရှင်းလင်းနေတာ ကြောင့်ပဲ။ စာတစ်ကြောင်းပဲ ပါတယ်။

“စုချင်း မြို့ထဲကို ဝင်လာပြီ။”

ဒါပေမယ့် ပိုပြီးတော့ အရေးကြီးတာက ။ အခု စာထဲက လက်ရေးက ဝမ်ချွမ်ရဲ့ လက်ရေး မဟုတ်တာပဲ။ ဝမ်ချွမ်က အမတ်မင်းလုပ်လာတာက နှစ် ဆယ်ချီနေပြီ။ သူ့လက်ရေးကို သူတို့ မမှ တ်မိပဲ ဘယ်နေမလဲ။ အဓိက အကြောင်းရင်းကတော့။

စုချင်းက ဘာလို့များ မြို့တော်ကို ဝင်လာမှာလဲ။ အထူးသဖြင့် အခုလို အချိန်မျိုးမှာပေါ့။ အိမ်ရှေ့စံ လင်းထျန်း ရုံကိုတောင် အသိမပေးတာကကော ဘာကြောင့်လဲ။

အပိုင်း(၅၃၆)ပြီး၏။

အပိုင်း (၅၃၇)

“ မသင်္ကာဖွယ်ရာ အယောင် ဆောင်ခြင်း။

Translator: Sparrow Translations  Editor: Sparrow Translations

မြောက်ပိုင်းဒေသကနေ ရန်မြို့တော်ကို မရပ်မနားပဲ လာရင်တောင် ဆယ်ရက်ကျော်ကြာလိမ့်မယ်။ ဒါပေမယ့် စုချင်းက အခုချိန်မှာ မြို့တော်ကို ရောက်လာတယ်။ အမတ်မင်းတွေ ဘယ်လိုလုပ် မလန့်ပဲနေမလဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့က ဖန်ကျန်းရှီ ရောက်လာတဲ့ အချိန်နဲ့ တွက်ရင် ဆယ်ရက်တိတိ ကြာပြီ ဖြစ်နေတာကြောင့်ပဲ ။ နောက်တနည်း ပြောရရင်။ ဖန်ကျန်းရှီ မြို့တော်ကို ခြေချတဲ့ အချိန်မှာပဲ စုချင်းက မြောက်ပိုင်း ဒေသကနေ ထွက်လာတာ ဖြစ်မယ်။

သူ့ရဲ့ ခေါင်းကို ချာလပတ်လည်တဲ့ အထိ စဉ်းစားရင်တောင်။ ဒါက မဖြစ်နိုင်ဘူးလို့ပဲ အဖြေထွက်တယ်။ ဖန်ကျန်းရှီ ရန်မြို့တော်ကို ဝင်လာတာနဲ့။မြောက်ပိုင်း ဒေသကနေ စုချင်း ထွက်လာတာ။ တိုက်ဆိုင် မှုတစ်ခုပဲလား။ ဒါမှမဟုတ် စဉ်းစားချင့်ချိန်ပြီးမှ လှုပ်ရှားတာလား။

ပိုပြီးတော့ အရေးကြီးတာ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့။ မြို့တော်ကို လာဖို့ သူ့မှာ အကြောင်းပြချက် ရှိရမယ်။ သူ့ရဲ့ အကြောင်းပြချက်က ဘာလဲ။ ဘာ ကိစ္စ နဲ့ လာရတာလဲ။ ဘယ်အမတ်မင်းမှ အဓိပ္မာယ်ရှိတဲ့ အကြောင်းပြချက်ကို မစဉ်းစားနိုင်ကြဘူး ။

“ အရှင့်သား။ အခု စုချင်းက နန်းတော်ထဲကို ဝင်နေပါပြီ။ …. ကျွန်တော်တို့ ပြင်ဆင်ထားလိုက်ရတော့မလား။ ” အမတ်မင်းတွေထဲက တစ်ယောက် ပြောတယ်။ ဒါက အခုချိန်မှာ မေးသင့်တဲ့ မေးခွန်း မဟုတ် သူ မသေချာဘူး။

စုချင် ဘာကြောင့်ပဲ ရောက်လာသည် ဖြစ်စေ။ အခုအခြေအနေ အတွက်တော့ ကောင်းမွန်စေမှာ မဟုတ်ဘူး။ ခြေတလှမ်း မှားလိုက်တာနဲ့ ကိစ္စတွေက အကုန်လုံး ပျက်စီးသွားမှာပဲ။ ဆုံးဖြတ်ချက် တစ်ခု ချင်းစီ တိုင်းက အရာအားလုံးကို ပြောင်းလဲ သွားစေဖို့ လုံလောက်တယ်။

“ ဟုတ်ပါတယ်။ စုချင်း ဘာကြောင့်ပဲ ရောက်လာသည် ဖြစ်စေ။ အရှင့်သား ဆုံးဖြတ်ချက် မြန်မြန် ချဖို့လိုတယ်။ ”

“ဟုတ်ပါတယ်။ အရှင်သား စုချင်းကို သက်ရှင်လျက်ထားလို့မဖြစ်ပါဘူး။”

“ စုချင်း မြို့တော်ကို ရောက်လာတာက။ ဖန်ကျန်းရှီ အမှုကို ပြန်ဖွင့မယ့် ကိစ္စနဲ့ ဆက်စပ်နေပါလိမ့်မယ်။ အရှင့်သားတွေ တွေဝေနေလို့ မဖြစ်ပါဘူး။ ”

တစ်ခဏတာ အကြည့်ချင်း ဖလှယ်ပြီးနောက်။ အမတ်မင်းတွေ သူတို့ အထင် အမြင်တွေကို တလစပ် ပြောကြတော့တယ် ။

အိမ်ရှေ့စံ လင်းထျန်းရုံကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ ထီးနန်း အတွက် တိုက်ပွဲမှာ။ ခြေတလှမ်း မှားတာနဲ့ အရာအားလုံး ပျောက်ဆုံး သွားနိုင်တယ်။ ဆုံးဖြတ်ချက် တိုင်းက မှန်မှန်ကန်ကန်လုပ်မှပဲ ဖြစ်မယ်။ မဟုတ်ရင် အရာအားလုံး ပြောင်းလဲ သွားလိမ့်မယ်။

စုချင်းနဲ့ တွေ့ဖို့ အတွက် သူ ဖြည်းဖြည်းချင်း စဉ်းစားပြီးတော့ အကြောင်းပြချက် ရှာချင်သေးတယ်။ ဒါပေမယ့် သူ့အတွက် အချိန် သိပ်မကျန်တော့ဘူး။

သူ့လက်ထဲ အခုရောက်နေတဲ့ စာက ဥပဒေအမတ်မင်း တစ်ယောက် ပို့လိုက်တာ ဖြစ်နေတာကြောင့်ပဲ။ အကယ်၍ အရာအားလုံးသာ ချောချောမွေ့မွေ့ သွားနေရင်။ ဥပဒေ အမတ်မင်း ဒီစာကို ပို့လိုက်တဲ့ အချိန်တည်းက ကိစ္စတွေက စောင့်နေလောက်ပြီ။ နောက်ထပ် ဘယ်လိုများ တွေဝေနေလို့ ဖြစ်မှာလဲ။ သူ ပြန်ဖြေ ဖို့ ပြင်တဲ့ အချိန်မှာပဲ နောက်ထပ် အမတ်မင်း တစ်ယောက် ထရပ်တယ်။

“အရှင့်သား။ဒီမှာ မသင်္ကာ စရာ တစ်ခုတော့ ရှိနေပါတယ်။ …” အမတ်မင်းတစ်ယောက် မျက်မှောင်ကြုတ်ရင်း စိုးရိမ်တကြီး ပြောတယ်။

(တကယ့် နဂါးအစစ်ကို သစ္စာခံနေသူတွေ အနေနဲ့ ။ သူတို့မှာ နောက်ဆုတ်စရာလမ်း မရှိဘူး။ ဒီ (နဂါးအစစ်) သာ (အသုံးမဝင်တဲ့ နဂါး ) ဖြစ်သွားခဲ့ရင်။ နောက်ထပ် နေ့သစ်ကောင်းတွေကို တွေ့ရတော့မှာ မဟုတ်ဘူး။

“ ဒါက ဘာများ မသင်္ကာ စရာရှိလို့လဲ။” အိမ်ရှေကစံ လင်းထျန်းရုံ ချက်ခြင်း မေးတယ်။

“ ကျွန်တော့် အမြင်အရတော့။ စုချင်းက ဒီလို အချိန်မျိုးမှာ မြို့တော်ကို လာမှာ မဟုတ်ဘူး။ အကယ်၍ သူ သာ လာချင်တယ် ဆိုရင်။ အရှင့်သားကို သူ သတင်းပို့မှာ အမှန်ပဲ။ အခုတော့ ဆယ်ရက်တောင် ကြာသွားပြီ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

“ဒါက ပရိယာယ်ဆင်ထားတယ်လို့ မင်းထင်နေတာလား။ ” လင်းထျန်းရုံ လန့်သွားတယ်။ သူ ဒါကို မတွေးလိုက်မိဘူး။ ဒါပေမယ့် သေချာ စိတ်အေးအေး ထားပြီးတော့ စဉ်းစားမိတဲ့ အချိန်မှာတော့။ မသင်္ကာ စရာ ကိစ္စကို သတိထားမိသွားတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက ဖန်ကျန်းရှီ ရန်မြို့တော်ကို ဝင်လာခဲ့တယ်။ ဥပဒေ အမတ်မင်း ဝမ်ချောင်။ ဝန်ကြီးယွီ။ စစ်မက်ရေးရာ အမတ်မင်း အကုန်လုံး အဖမ်းခံလိုက်ရပြီ။ အမှုကိစ္စကို ပြန်ဖွင့်တာကတော့ ပြောမနေ တော့နဲ့။ စုချင်းကကော ဒါတွေ အားလုံးကို ဘယ်လို ခန့်မှန်း နိုင်မှာလဲ။

“ ဟုတ်ပါတယ်။ ဖန်ကျန်းရှီ မြို့တော်ကို ဝင်လာတဲ့ အချိန်တည်းက ကျွန်တော်တို့ ကိစ္စတွေကို ထိန်း ချုပ်မှု လွတ်သွားတာ။ အခု ကိစ္စကလည်း ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ထဲက တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်တို့ လူသတ် တာ သက်သေ ရဖို့ အတွက် အကွက် ဆင်တာ ဖြစ်နိုင်ပါတယ်။” အမတ်မင်း တွေးတော ပြီးနောက် ပြန်ဖြေတယ်။

“အမတ်မင်း ဝမ်ပြောတာ ယုတ္တိရှိတယ် ။ သူသာ ဒါကို မပြောရင်။ ဒီ အရှက်မရှိတဲ့ ကောင်စုတ်ရဲ့ လက်ထဲမှာ ကစားတာကို ခံရတော့မှာပဲ။ ” နောက်တစ်ယောက် သဘောတူတယ်။

“ အတိအကျပဲ။ ”

“ ကျွန်တော့် အမြင်အရတော့ ။ မြောက်ပိုင်းဒေသကို လူလွှတ်ပြီး စုံစမ်း ခိုင်း သင့်ပါတယ်။ ကျွန်တော်တို့ ဒီ ကိစ္စကို အပြည့်အ၀ ထိန်းချုပ်နိုင်မှ ။ တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန် ဖြစ်လိမ့်မယ်။” အမတ်မင်း ဝမ် ဆက်ပြောတယ်။

“ အခုချိန်မှာ မြောက်ပိုင်းဒေသကို သတင်းပို့သူ စေလွှတ်ဖို့ နောက်ကျနေပြီ မထင်ဘူးလား။ အကယ်၍ ဒါသာ ထောင်ချောက်မဟုတ်ပဲ ။ စုချင်းက မြို့ထဲကို တကယ် ဝင်လာတယ် ဆိုရင်ကော။” နောက်တစ်ယောက် မေးတယ်။

မြောက်ပိုင်း ဒေသ က သတင်း စကားကို စောင့်ရတာ။ အနည်းဆုံး နှစ်ရက် သုံးရက်တော့ ကြာမှာပဲ။ ဒါပေမယ့် အခု အခြေအနေမှာ စုချင်း မြို့တော်ကို ရောက်နေတဲ့ အကြောင်းသာ တစ်ယောက်ယောက် ပြောလိုက်ရင်။ ဒီ ကိစ္စက ဘယ်လို ဖြစ်သွားတော့မလဲ။

ဘယ်သူမှာမှ အဖြေမရှိ။

“ ဒီနေ့ နန်းတော် ဂိတ်က တိုက်ပွဲမှာ ငါတို့တွေ ရှုံးနိမ့်ခဲ့တယ်။ အကယ်၍ ရုတ်တရက် တိုက်ခိုက်ခံရပြီးတော့ ဖန်ကျန်းရှီ ရဲ့ လက်ထဲသာ ရောက်သွားခဲ့ရင်။ တကယ့်ကိုပဲ ဘာမှ ပြောလို့ရမှာ မဟုတ်တော့ဘူး။” အမတ်မင်း ဝမ် ပြောတယ်။

“ ရှေး အသိပညာတွေက အခြေအနေ နဲ့ လိုက်ပြီးတော့ တိုက်ခိုက်ဖို့ ပြောထားခဲ့တာပဲ။ စိန်ခေါ်မှုတွေနဲ့ ရငဆိုင်လာရတဲ့ အချိန်မှာ တည်ငြိမ်ရမယ်။ ဒီ ကိစ္စက အရေးပေါ် ဖြစ်နေပင်မယ့်လည်း နောက်ထပ် နှစ်ရက် သုံးရက်လောက်တော့ စောင့်လို့ရပါသေးတယ်။”

“ဟုတ်တယ်။ ဥပဒေ ဝန်ကြီး ဌာန တောင်မှ ဒီကိစ္စကို စစ်ဆေးမယ် ဆိုရင် ပြင်ဆင်ဖို့ အချိန် ယူရမှာပဲ ကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင်ကို စစ်ဆေးဖို့ ဆိုရင်။ ဧကရာဇ်ရဲ့ ခွင့်ပြုမိန့်လည်း လိုတယ်လေ။ ဥပဒေ ကောင်စီက သူ့ကို သံသယရှိသူ အနေနဲ့ ဆိုရင်။ ဘာမှ များများ စားစား လုပ်လို့ရမှာ မဟုတ်ဘူး။ ”

“ အမှန်ပဲ ။ အမတ်မင်း ဝမ် ပြောတာကို သဘောတူတယ်။ အချိန်ကို ရွှေ့နေရင် ကျွန်တော်တို့ ဘာမှ လှုပ်ရှားလို့ ရမှာ မဟုတ်တော့ဘူး။”

အမတ်မင်း ဝမ်ရဲ့ အကြောင်းရင်းကို ကြားတော့။ တခြား အမတ်မင်းတွေ ခေါင်းငြိမ့်ရင်း သဘောတူနေကြတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ ကတော့ အကျဉ်းအကျပ်ထဲ ရောက်နေခဲ့ပြီ။ မြို့တော်ထဲကို အခု ဝင်လာတာ စုချင်းပါလို့ ဘယ်သူမှ အတည်မပြုနိုင်ဘူး။

အကယ်၍ သူတို့သာ အလောတကြီးနဲ့ ဆောင်ရွက်မယ်ဆိုရင်။ ကိစ္စတွေက ပို ဆိုးလာရုံပဲ ရှိမှာ။ သုံးရက်….

“ မြောက်ပိုင်း ဒေသကို အခုချက်ခြင်း စာပို့လိုက်။ စုချင်း တကယ်ပဲ မြို့တော်ထဲကို ဝင်လားလား ဆိုတာ အတည်ပြု ။” တွေေ၀ နေပြီးတဲ့နောက်။ အိမ်ရှေ့စံ လင်းထျန်းရုံ အမိန့်ပေးလိုက်တယ်။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဒီစာကို ပို့တာ ဥပဒေ အမတ်မင်း ဖြစ်ပေမယ့် ။ သွမ့်အရှင် လင်းရှင်းကြွယ် လုပ်ခိုင်းတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူ ရက်နည်းနည်းစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

“အမိန့်တော် အတိုင်းပါ။” အမတ်မင်း သဘောတူညီရင်း ခေါင်းငြိမ့်တယ်။

…

ရန်မြို့တော်။ သွမ့်အရှင် အိမ်တော်မှာတော့။ အရင်ကထက် ပိုပြီးတော့ သက်ဝင် လှုပ်ရှားနေခဲ့တယ်။ စားသောက်ပွဲ ကျင်းပနေသလို။ ဆယ်ယောက်မကတဲ့ အမတ်မင်းတွေ သောက်စားရင်း ရီဝေနေကြတယ်။

“ ဂုဏ်ယူပါတယ်။ အရှင့်သား။ တောင်ပိုင်း ဒေသ ကိစ္စသာ ပေါ်လာခဲ့ရင်။ နန်းပလ္လင်ပေါ်ကို ရောက်ရှိဖို့ အရှင့်သား ခြေတစ်လှမ်း နီးကပ်သွားပါပြီ။ ” နောက်ထပ် အမတ်မင်း တစ်ယောက်က ခွက်ကို မြှောက်ရင်း ပြောတယ်။

သွမ့်အရှင် လင်းရှင်းကြွယ်ကတော့ ပြုံးနေခဲ့တယ်။ လင်းရှင်းကြွယ်ရဲ့ အရေးပေးမှုကို ရဖို့ လွယ်တော့တာ မဟုတ်ဘူး။ တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဒီလို စားသောက်ပွဲမျိုး မကြာခဏ ကျင်းပကြတယ်။

အဲ့ဒီ့အချိန်တုန်းက တော်ဝင် ခန်းမရဲ့။ အမတ်မင်း တစ်ဝက်လောက်က သွမ့်အရှင် ဘက်မှာ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ။ ပြန်လည် ခြောက်ကပ်ပြီး အထီးကျန်သွားခဲ့တယ်။ ဒီနေ့ မှာပဲ အိမ်တော်က ပြန်လည် စိုပြေလာတာ။ ဒါတောင် တစ် ချို့တလေပဲ။

“ အမတ်မင်း လီရဲ့ စကားတွေက စောလွန်း နေပါပြီ။ တောင်ပိုင်း ဒေသ ကိစ္စက အဆုံး မသတ်သေးပါဘူး။ နောက်ပြီးတော့ အခုချိန်မာ လူတိုင်းက စုချင်းကို အပြစ် လွှဲချဖို့ အတွက် ပြင်ဆင်နေကြတာ။ ဒီကိစ္စက အိမ်ရှေ့စံ နဲ့ သက်ဆိုင်တော့မှာ မဟုတ်ဘူး။” သွမ့်အရှင် ပြန်ဖြေတယ်။

“ အရှင့်သားက နှိမ့်ချလွန်းနေပါပြီ။ ဒီ အပြစ်တွေ စုချင်းဆီ အကုန်ရောက်ရင်တောင်။ ထင်ရှားနေတဲ့ ကိစ္စတွေက ရှိသေးပါတယ် ။ နောက်ပြီးတော့ တောင်ပိုင်း ဒေသ ကိစ္စက အိမ်ရှေ့စံကို မထိခိုက်ရင်တောင်။ ဧကရာဇ်ရဲ့ ယုံကြည်မှုကို တော့ ဆုံးရှုံးမှာပဲ။ အရှင့်သား အတွက် ညီလာခံမှာ နေရာ ပြန်ရဖို့ အကောင်းဆုံး အချိန်ပါပဲ။ ”အမတ်မင်းလီ ပြုံးပြရင်းနဲ့ နောက် တကြိမ် ဦးညွှတ်ပြန်တယ်။

“ဒီလိုလား။” လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ အမတ်မင်းကို သူ ချက်ခြင်း ပြန်မဖြေဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် ပြန် ရှင်သန်ဖို့ ယုံကြည်ချက် အပြည့်ရှိနေခဲ့ပြီ ။ ဖြစ်လာမယ့် နေ့က သိပ်မဝေးတော့ဘူး။

“ အရှင့်သား။” ဒီအချိန်မှာပဲ ရွှေရောင် သံချပ်ကာနဲ့ အစောင့် တစ်ယောက်က အဝေးကနေ ပြေးလာတယ်။ လင်းရှင်းကြွယ် ရှေ့မှာ ဒူးထောက်တယ်။

“ ဘာ ကိစ္စလဲ။” လင်းရှင်းကြွယ် နည်းနည်းတော့ အံ့သြနေတယ်။

“ ဥပဒေ အမတ်မင်း ဝမ်ချွမ်က စာတစ်စောင် ပို့လာပါတယ်။” ချိတ်ပိတ်ထားတဲ့ စာ တစ်စောင်ကို ပေးရင်း သူ ပြောတယ်။

“ဝမ်ချွမ်လား။ ” လင်းရှင်းကြွယ် အံ့သြသွားတယ်။ အတွေးတစ်ခု ဝင်လာတဲ့ အတွက် သူ ပြုံးလိုက်မိတယ်။ “ ငါ့ကိုစာကမ်းလိုက်။”

“ အမိန့်တော်အတိုင်းပါ။” အစောင့် စာကို ဆက်သတယ်။ ဒါကို မြင်တော့။ အမတ်မင်းတွေ ကြည့် ပြောင်းသွားတယ်။ ဝမ်ချွမ်ရဲ့ စာလွှာက သိသာနေပြီ။ ဒီနေ့ နန်းတော် ဂိတ်တံခါးမှာ တုန်းက ။ တောင်ပိုင်း ဒေသက ိစ္စကို စုံစမ်းဖု့ အတွက် ဝမ်ချွမ်က လျှောက်တင်ခဲ့တယ်။ ဒါက သူ့ ရပ်တည်မှုကို ဖော်ပြနေတာပဲ။ အခုတော့ သူက စာ တစ်စောင် ပို့နေပြန်ပြီ။

ဒီလို တွေးမိတော့။ အမတ်မင်းတွေ စိတ် သက်သာရ ရသွားတယ်။ တောင်ပိုင်း ဒေသ ကိစ္စ မပြီးရင် သူတို့ ဒီဘက်ကို ရွေးချယ်ထားတာ က တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ။ ဒါပေမယ့် ကြည့်ရတာ စွန့်စားမှုကတော့ တန်ပါတယ်။ ဝမ်ချွမ်က သွမ့်အရှင်ကို မျက်နှာသာ ပေးနေတယ်။ အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးနေတယ်။

သွမ့်အရှင်လည်း စိတ်လှုပ် ရှားနေခဲ့တယ်။ အကယ်၍ ဝမ်ချွမ်သာ တကယ်ပဲ သူ့ ဘက်မှာ ရပ်တည်ရင်။ အိမ်ရှေ့စံကို အလဲ ထိုးနိုင်လိမ့်မယ်။ အချိန် ရောက်လာရင်။ ဝန်ကြီး ယွီယိဖျင် ။ ဥပဒေ အမတ်မင်းနှစ်ယောက် ။ မူလ ဥပဒေ အမတ်မင်း ဝမ်ချောင်တို့လည်း လွတ်လာလိမ့်မယ်။

အထူးသဖြင့် ဝမ်ချောင်ရဲ့ ကိစ္စ မှာ ။ ညီလာခံက အမတ်မင်းတွေ တစ်ဝက်လောက် ပါဝင်နေတယ်။ တစ်ခါ စစ်ဆေးလိုက်တာနဲ့ ကိစ္စ တစ်ခုချင်းစီက နောက်ကနေ လိုက်လာတော့မှာပဲ။ ဒီအချိန် ရောက်လာရင်။ အိမ်ရှေ့စံ မင်းသားရဲ့ အမတ်မင်းတွေ အားလုံး လည်း အပြစ်ပေးခံရမှာပဲ။ ဘယ်သူကများ အိမ်ရှေ့စံ ဘက်မှာ ရပ်တည် ဝံ့တော့မှာလဲ။

တွေးကြည့်ရုံနဲ့တင်။ သွမ့်အရှင် ရဲ့ အပြုံးတွေက ပို တောက်ပလာခဲ့တယ်။ ဒါပေမယ့် စာအိတ်ကို ဖွင့်လိုက်ချိန်မှာတော့။ အပြုံးတွေ တောင့်ခဲ သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့။ စာလွှာက ထုံးတမ်း စဉ်လာတွေ ဘာမှ မပါပဲ။ စာကြောင်းတစ်ကြောင်းတည်း ဖြစ်နေတာ ကြောင့်ပဲ။ စာလုံးတွေက သိသိသာသာကို ဝမ်ချွမ်ရဲ့ လက်ရေး မဟုတ်။ အကြောင်းရာကတော့ ရှင်းလင်းတယ်။

“ စုချင်း မြို့ထဲ ဝင်လာပြီ။ ” သွမ့်အရှင် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရဲ့ ပျော်နေတဲ့ မျက်နှာပျောက်ကွယ်သွားတယ်။ အမတ်မင်းတွေ ရုတ်တရက် အပြောင်းအလဲကို အံ့သြနေကြတယ်။

“ အရှင့်သား စာထဲမှာ ဘာရေးထားတာလဲ။” အမတ်မင်းတစ်ယောက်မေးတယ်။

“ စုချင်း မြို့ထဲ ဝင်လာပြီ။” အသက်ပြင်းပြင်း ရှူရင်း သူ ဖြေတယ်။

“ ဘာဖြစ်တယ်။ “

“စုချင်း လာပြီ ။”

“ မြန်လိုက်တာ။ “

“သူက မြောက်ပိုင်းဒေသမှာ ရှိနေရမှာ မဟုတ်ဘူလား။” အမတ်မင်းတွေ သတင်း ကြားတော့ လန့်ကုန်ကြတယ်။ သွမ့်အအရှင် ရဲ့ ဘေးမှာ ထိုင်နေတဲ့ ဆရာဟွားလည်း စိတ်ရှုပ်နေခဲ့တယ်။

“ အရှင့်သား ဒါက ထောင်ချောက်များလား။” ဆရာဟွားတွေးတော ပြီးနောက် ပြောတယ်။

“ ဒါကို ဘယ်လိုမြင်လဲ ဆရာဟွား။” သွမ့်အရှင် လှည့်ပေမးတယ်။

“ အကယ်၍ ကျွန်တော် ခန့်မှန်းတာ သာ မှန်မယ်ဆိုရင်။ ဒါ အိမ်ရှေ့စံ ရဲ့ လှုပ်ရှားမှုကို သတိပေးတဲ့ ဖန်ကျန်းရှီရဲ့ စာပဲ။ ဒီစာကို ပို့လိုက်တာက။ အိမ်ရှေ့စံကို ကျွန်တော်တို့ တားနိုင်စေဖို့ပဲ။”

“ အိမ်ရှေ့စံကို တားဖို့ ဟုတ်လား။”

“ မှန်ပါတယ်။ အခုက ဖြစ်နိုင်ချေနှစ်ခုရှိတယ်။ ပထမ တစ်ခုက ။ ကျွန်တော်တို့ရဲ့ အင်အားကို သုံးပြီးတော့ ဖန်ကျန်းရှီက အိမ်ရှေ့စံကို တိုက်ခိုက်ချင်တာ. …။ ဒုတိယကတော့” ဒီအချိန်မှာ ဆရာဟွား ရပ်တည်သွားတယ်။ သူ ဆက်ပြောသင့်လား မသေချာဘူး။

“ ဒုတိယ ဖြစ်နိုင်ချေက ဘာလဲ။” သွမ့်အရှင် ချက်ခြင်း မေးတယ်။

“အကယ်၍ နောက်ထပ် လူတစ်ယောက်ရှိခဲ့ရင်ပေါ့။ ဒါက တော့ မဖြစ်နိုင် သလောက်ပါပဲ။ ဒါပေမယ့် အခု စာဖို့သာ ဖန်ကျန်းရှီသာ ဖြစ်ခဲ့ရင်တော့။ ဖြစ်နိုင်ချေက များပါမယ်။ ဟန်ဆောင်ထားတာတွေက အမှန် ဖြစ်လာတော့မယ်။”

“ ဟန်ဆောင်ထားတာတွေက အမှန် ဖြစ်လာတော့မယ် ။ ဆရာဟွား ဘာပြောချင်တာလဲ။”

“ ဖန်ကျန်းရှှီက စုချင်း အတု ကို သုံးပြီးတော့ အိမ်ရှေ့စံကို စိတ်ဓာတ်ပျက်ပြား စေလိမ့်မယ်။ အဲ့ဒီ့နောက် အိမ်ရှေ့စံ အများ လုပ်တာနဲ့ နောက် ဆက်ပြီးတော့ တိုက်ခိုက်မှာပဲ။ ”

“ ဟမ်….”

အမတ်မင်းတွေ ဆရာဟွားရဲ့ ခန့်မှန်း မှုကို ကြားတော့ သက်ပြင်းချကုန်ကြတယ်။ စုချင်းအတုကို လွှတ်ပြီးတော့ အိမ်ရှေ့စံကို ထောင်ချောက်ဆင်မယ်။ ဒါမျိုးက ။ ဘယ်သူမှ မတွေးမိတာပဲ။ ဒါက ညီလာခံ တစ်ခုလုံးကို လိမ်တာနဲ့ အတူတူပဲ။ ဧကရာဇ်ကို လိမ်ညာတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီသာ စီစဉ်တာ ဆိုရင်တော့။ မဖြစ်နိုင်တာ မရှိတော့ဘူးလေ။

“ဒါပေမယ့် အကယ်၍ ဧကရာဇ်သာ မြောက်ပိုင်းဒေသကို လူလွှတ်ပြီးတော့ စုံစမ်းခိုင်းရင် ဖန်ကျန်းရှီ ရဲ့ အစီအစဉ် ကကော အောင်မြင်နိုင်အုန်းမှာလား။” အမတ်မင်း တစ်ယောက် ထပြောတယ်။

“ဒီနေ့ မတိုင်ခင်တုန်းက။ ဖန်ကျန်းရှီရဲ့ အမှု ပြန်ဖွင့်မယ်လို့ ဘယ်သူ ထင်ခဲ့လို့လဲ။” ဆရာဟွား မေးတယ်။ သူ့ မျက်လုံးတွေ တလက်လက် တောက်ပနေခဲ့တယ်။

“ ဖန်ကျန်းရှီကို ငါတို့ လျှော့တွက်လို့မရဘူး။ သူက ပုံမှန် အတွေး အခေါ်တွေထက် အများကြီး သာတဲ့ သူပဲ။”

“ ဆရာဟွား ပြောတာ မှန်တယ်။”

“ ငါတို့ အခု ဘာလုပ်ကြမလဲ။”

“သူ့ကို ကူညီရမှာလား။” အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းငြိမ့်တယ်။

“ သူ့ကို ကူညီမယ် ။ ဒါပေါ့။ ကူညီရမှာပေါ့။” သွမ့်အရှင် ပြောတယ်။ “ဘာပဲ ဖြစ်ဖြစ်။ ရလဒ်က ငါတို့ကို မထိခိုက်ဘူးပဲ ။ ဘာလို့ မကူညီရမှာလဲ။”

“ အရှင့်သားရဲ့ ဆုံးဖြတ်တာ မှန်ပါတယ်။ ”

“အမှန်ပဲ။ အကယ်၍ ဒီ အစီအစဉ်သာ အလုပ်ဖြစ်ရင်။ ငါတို့ အတွက် အကျိုးရှိမယ်။ မဟုတ်ရင်။ ဒီ အပြစ်တွေ အားလုံးက ဖန်ကျန်းရှီ ဆီကို ပုံကျသွားမှာ။ ငါတို့ အတွက် အမြတ်ပဲရှိပြီး အရှုံးမရှိတဲ့ ကိစ္စကို ဘာလို့ မလုပ်ရမှာလဲ။”

“ အမှန်ပဲ။”

“ အမတ်မင်းတွေ သဘော တူညီရင်းနဲ့ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ နောက်ထပ် အ စောင့် တစ်ယောက်ပြေးလာခဲ့တယ်။ သူ့ကြည့်ရတာ တုန်ယင်နေတယ်။

“အရှင် အရှင်။ “

“ ဘာကိစ္စ ဖြစ်ပြန်ပြီလဲ။” သွမ့်အရှင် မေးတယ်။ ဒီနေ့ အမတ်မင်းတွေရဲ့ စားသောက်ပွဲက အရေးကြီး ကိစ္စသာ မရှိရင် မနှောက်ယှက် သင့်တဲ့ အရာလေ။

“ ကျောင်းတော်ငါးခု ခေါင်းဆောင်က အရှင့်ကို တွေ့ချင်နေပါတယ်။”

“ ကျောင်းတော် ငါးခု။ ဘယ်ကျောင်းတော် ငါးခုလဲ။”

“ မြောက်ပိုင်း ကျောင်းတော်ငါးခု ခေါင်းဆောင်။ စုချင်းက။ အိမ်တော်အပြင်မှာ ရောက်နေပြီး။ အရှင့်ကို တွေ့ခွင့် တောင်းနေပါတယ်။”

“စုချင်း။ ငါ့အိမ်တော်မှာလား။”

အပိုင်း(၅၃၇)ပြီး၏။

အပိုင်း (၅၃၈)

“ မြို့တော်ကို စုချင်း ရောက်ရှိလာတဲ့ အမှန်တရား”

Translator: Sparrow Translations  Editor: Sparrow Translations

သွမ့်အရှင် လင်းရှင်းကြွယ် ဒါကို မယုံကြည်နိုင်။ ဘာကြောင့်လဲ ဆိုတော့ ဆရာဟွားနဲ့ အမတ်မင်းတွေက စုချင်း အတုကို ဖန်ကျန်းရှီ ပြင်ဆင်မယ်လို့ ခန့်မှန်း ထားတာ ကြောင့် ပဲ။ ဒါဆိုရင် သူက ဘာကြောင့်များ သူ့ အိမ်တော်ကို ရောက်လာရတာလဲ။

ရန်မြို့တော်ကို လမ်းပတ်လျှောက်ရင်း အိမ်ရှေ့စံ လာတိုက်ခိုက်စေဖို့ သွေးဆောင်နေတာ ဖြစ်နိုင်မလား။ ဒါမှ မဟုတ်။ အိမ်ရှေ့စံ ဒီ ကိစ္စကို မစုံစမ်း နိုင်သေးခင် အချိန်မှာပဲ။ ညီလာခံကို တန်းသွားပြီးတော့ (သက်သေ)ကို ဖော်ထုတ်မလို့လား။ သွမ့်အရှင် ရဲ့ အိမ်တော်ကို ဘယ်လိုများ ရောက်လာ ရတာလဲ။ သွမ့်အရှင် တင် ပဟေဠိ ဖြစ်နေတာ မဟုတ်ဘူး။ အမတ်မင်းတွေလည်း တစ်ခဏတော့ ထိတ်လန့်နေခဲ့တယ်။

“ ဖန်ကျန်းရှီ တကယ်ပဲ ဘာတွေ များ ကြံစည်နေတာလဲ။” သွမ်အ့ရှင် အေးစက်စက် ပြောတယ်။ သူ့ မျက်နှာ ပေါ် မှာ စိတ်ရှုပ်ထွေးမှုက အတိုင်းသား။ ဖန်ကျန်းရှီ ရဲ့ အစီအစဉ်ကို သူ ထွင်းဖောက် မမြင်နိုင်တဲ့ အတွက် စိတ်မသက်မသာ ဖြစ်နေခဲ့တယ်။

“ မီးစင်ကြည့်က ကြတာပေါ့။ အရှင့်သား။ ဒီစုချင်းနဲ့ စကား ပြောပြီးတော့ မေးမြန်းကြည့်ရအောင်။” ဆရာဟွား တစ်ခဏတာ တွေးတောရင်း ပြောတယ်။

“ အင်း … ဆရာဟွားပြောတာ မှန်တယ်။ သူ့ကို စာကြည့်ခန်းထဲ လွှတ်လိုက်။ ” သွမ့်အရှင် ခေါင်းငြိမ့်ရင်း ပြောတယ်။

“ ကောင်းပါပြီ။ ” ဒီ အမိန့်နဲ့ အတူ။ အစောင့် စစ်သည်တော် ပြေးထွက်သွားတယ်။ အမတ်မင်းတွေကတော့ တိတ်ဆိတ်နေခဲ့တယ်။ သူတို့တွေ ဆက်စောင့်နေသင့်လား။ ဒါမှမဟုတ် ထွက်သွားလင့်လား ဆိုတာ မသေချာကြဘူး။

“ အမတ်မင်းတို့ ဒီမှာ တစ်ခဏ အနားယူကြပါ။ ဆရာဟွားနဲ့ ကျွန်တော် ရှိနေပါမယ်။” သွမ့်အရှင် ပြောတယ်။

“ ကောင်းပါပြီ အရှင့်သား။”

“ ကျွန်တော် တော့ ဒီမှာ စောင်ေ့နပါမယ်။”

သွမ့်အရှင် ဆိုလို ချင်တာကို အမတ်မင်း တွေနားလည်တဲ့ အတွက်။ သူတို့ ထရပ်ကြတယ်။

သွမ့်အရှင်လည်း တွေေ၀ မနေတော့ဘူး။ စားသောက်ပွဲက အမတ်မင်းတွေကို နှုတ်ဆက်ပြီးနောက် ။ စာကြည့်ခန်းထဲကို သွားတော့တယ်။ နောက်ဆုံးတော့လည်း အခန်းထဲက လူတွေလိုပဲ။ သူလည်း သိလို စိတ် ပြင်းပျနေတယ်လေ။

…

ရန်မြို့တော်။ ပင်းယန် အိမ်တော်မှာ ချီဟို့က ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ သူ့ အပြုံး နောက်က စိတ်အကြံကို ထွင်းဖောက် မြင်ဖို့ ကြိုးစားနေတယ်။ အကြိမ် အနည်းငယ် ကြိုးစား ပြီးနောက်။ နောက်ဆုံးမှာ လက်လျှော့လိုက်တော့တယ်။

ဘာကြောင့်လဲ ဆိုတော့။ ဖန်ကျန်းရှီ ရဲ့ အမူအယာက သိပ်ပြီး မပြောင်းလဲတာ ကြောင့်ပဲ။ ခပ်ပြုံးပြုံး မျက်နှာထားနဲ့ ဘေးကနေ ရပ်ကြည့်နေသူ တစ်ယောက်လိုပဲ။ ဒါပေမယ့် အခု ကိစ္စတွေ အားလုံးရဲ့ အလယ်မှာ ဖန်ကျန်းရှီ ရှိနေမှန်း ချီဟို့ ကောင်းကောင်းကြီး ကို သိတယ်။

“ ငါ မင်းကို နောက်ဆုံး တစ်ကြိမ် မေးမယ်။ စုချင်းလို အယောင်ဆောင်ဖို့ တစ်ယောက်ယောက်ကို မင်းလွှတ်လိုက်သေးလား။” င်္ချီဟို့ တင်းမာနေတဲ့ မျက်နှာထားနဲ့ မေးတယ်။

ပင်းနယ် အိမ်တော်။ တခြားသူတွေ အတွက်တော့။ ဒါက ကပ်တောင် မကပ်ဝံ့တဲ့ နေရာ တစ်ခုပဲ။ ဒါပေမယ့် ချီဟို့ အတွက်တော့ မဟုတ်ခဲ့။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ အရမ်း အရမ်းကို လှတဲ့ သမီး တစ်ယောက် ရှိနေတာ ကြောင့်ပဲ။ ဒါ့အပြင် သူ့ သမီးတော်က ပင်းယန်ကို ထိန်းချုပ်နိုင်တဲ့ တစ်ယောက်တည်းသော သူပဲ။ ဒါကြောင့် ပင်းယန်ရဲ့ အိမ်တော်က လည်း မထူးခြားတော့ဘူး။

ဒါပေါ့။ ဖန်ကျန်းရှီကို ဒီလို တိုက်ရိုက်မေးခွန်းမျိုး ချီဟို့ မေးဝံ့တာကလည်း အကြောင်းရင်း ရှိတယ်။ ပင်းယန်လည်း အဖြေကို သိချင်နေတာ ကြောင့်ပဲ။ သူမရဲ့ ပန်းနုရောင် နှုတ်ခမ်း သေးသေးလေးတွေက သိလို စိတ်နဲ့ ပြည့်နှက်နေပြီး တလှုပ်လှုပ် ဖြစ်နေခဲ့တယ်။ သူမရဲ့ အမူအယာက ချီဟို့ အတွက်တော့။ ဒီကလေးမ ဘယ်လောက်တောင် စပ်စုချင်နေလဲ ဆိုတာ သိသာလွန်းတယ်။

“ အရှင်က ဒီကို လက်ဖက်ရည်သောက်ဖို့ လာတာလား။ ဒါမှမဟုတ် အမှုစစ်ဖို့ ရောက်လာတာ လား။” ဖန်ကျန်းရှီ လက်ဖက်ရည်ခွက်ကို မြှောက်ရင်းပြီး တစ်ငုံသောက်ရင်း မေးတယ်။ အဲ့ဒီ့နောက် လက်ဖက် ရည်အိုးကို မရင်း ရန်ရွှယ့် အတွက် နည်းနည်း ငဲ့ပေးတယ်။ သူ့ အတွက် လည်း ငဲ့တယ်။

“ ဖန်ကျန်းရှီ။ မင်း ရဲ့ ကစားပွဲအတွက် ငါ့မှာ အချိန် မရှိဘူး။ စုချင်း အယောင်ဆောင်ဖို့ မင်း တစ်ယောက်ယောက် လွှတ်လိုက်လား။ ဒါကိုပဲ ဖြေ။” ချီဟို့ စိတ်မရှည်တော့။

မြို့တော်ကို စုချင်း ရောက်လာတာက ကိစ္စကြီး တစ်ခုပဲ။ နောက်ပြီးတော့ ပို အရေးကြီးတာက။ မြောက်ပိုင်းဒေသ နတ်ဆိုး ကျောင်းတော် ခေါင်းဆောင် အနေနဲ့။ ဒီကိစ္စကို ဖန်ကျန်းရှီ သိပြီးမှ သိရတာ။ သူ မလန့်ပဲ နေမလား။ သူ ထွက်မလာခင်မှာ။ အစီအစဉ် ချခဲ့တယ်။ နောက်တနည်း ပြောရရင်။ စုချင်း တစ်ခုခု လှုပ်ရှားတာနဲ့ သတင်းပို့ဖို့။ မြောက်ပိုင်းဒေသက သူ့လူတွေကို အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် အမှန်တရားကတော့။ စုချင်းက မြို့တော်ထဲကို ဝင်လာပြီ။ ဒါတောင် သူ့ဆီ သတင်းမရောက်ဘူး။

“ အရှင် ဘယ်လို ထင်လဲ။” ဖန်ကျန်းရှီ ပြုံးပြရင်း မေးတယ်။

“ အကယ်၍ မင်းသာ လုပ်ခဲ့ရင်။ ဒါကို ရပ်လိုက်ဖို့ ငါ အကြံပြုချင်တယ်။ အိမ်ရှေ့စံက ဒီနေ့ ရှုံးနိမ့်ခဲ့ပေမယ့် သူက ငတုံး မဟုတ်ဘူး။ သူ့ ဘေးက လူတွေလည်း ငတုံးတွေ မဟုတ်ဘူး။

“ နောက်ပြီးတော့ကော။”

“ မင်း ဘာလုပ်ဖို့ ကြိုးစားနေလဲ ငါသိတယ်။ ဒါပေမယ့် ဧကရာဇ်ကို လှည့်စားတဲ့ ကိစ္စမျိုးကတော့ မလုပ်သင့်ဘူး။ မင်းက တော့ မကြောက်ပေမယ့်။ ဝမ်ချွမ့် အတွက် စဉ်းစားပေးသင့်တယ်။ သူ ဒါကို တာဝန်ယူနိုင်မယ် ထင်လား။ အခု လက်ရှိ အခြေအနေ မျိုးနဲ့ ဆိုရင် ငါတို့ ဆက်တိုက် နိုင်နေဖို့ လိုမယ်။ ဧကရာဇ်က ဝမ်ချောင်ရဲ့ အမှုကို အဆုံးသတ်လိုက်ရင်။ နောက်ထပ် တိုက်ခိုက်ဖို့ပဲ လိုတော့တာ။….”

“ အရှင်။ တကယ်တော့ တော်ဝင် အစိုးရ ကို ကျွန်တော် လုံး၀ ဂရုမစိုက်ဘူး။” ဖန်ကျန်းရှီ လက်ယမ်းပြရင်း ပြောတယ်။

“မင်းက တော်ဝင်အစိုးရကို လုံး၀ ဂရုမစိုက်ဘူး ဟုတ်လား။ မင်းက အရင် ဥပဒေ အမတမင်း ဝမ်ချောင်ကို ထောင်ထဲ ပို့လိုက်တာ မဟုတ်ဘူလးား။ နောက်ပြီးတော့ ဝန်ကြီး ယွီယိဖျင်။ ဥပဒေ အမတ်မင်း နှစ်ယောက် ။ စစ်မက်ရေးရာ အမတ်မင်းကို အချုပ်ကျစေတာကော ဘယ်သူလဲ။ ဘဏ္ဍာရေး ဝန်ကြီးကို ရူးသွားစေတာကကော ဘယ်သူလဲ။ အကုန်လုံး မင်းပဲ လုပ်တာလေ။ ဒါတောင်မှ တော်ဝင် အစိုးရကို အာရုံမစိုက်ဘူးလို့ ပြောသေးတာလား။ ” ချီဟို့ ဒေါသ ထွက်နေခဲ့ပြီ။ အခု အဖြစ်က အငမ်းမရ စားချင်တိုင်း စားပြီးတော့မှ ဗိုက်မဆာဘူး ပြောနေသလိုပဲ။

“ ဟုတ်ပါတယ်။ အကုန်လုံးကို ကျွန်တော်လုပ်တာ။ ဒါပေမယ့် တော်ဝင် ညီလာခံကိုတော့ တကယ် ဂရုမစိုက်ဘူး။” ဖန်ကျန်းရှီ အလေးအနက် ပြန်ဖြေတယ်။

“ …..” ချီဟို့ စကားပြောဖို့ ပြင်တယ်။ ဒါပေမယ့် ဒီမေးခွန်းကို ဆက်ပြီးတော့ ငြင်းခုံနေတာ အကျိုးမရှိမှန်း ပို သိတယ်။

“ကောင်းပြီ။ နောက်ထပ် မေးခွန်းတစ်ခု ပြောင်းမေးမယ်။ မင်းပြောတာက။ တောင်ပိုင်းဒေသ အိမ်ရှေ့စံကို သတ်တဲ့ အကြောင်း စုချင်းမှာ သက်သေရှိတယ်ပြောတယ်။ အဲ့တာ ဘာသေလဲ။ ငါ့ကို ပြောလို့ရမလား။”

“ မရဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ ဒါဆိုရင် မင်း ငါ့ကို ဘာများ အတိအကျ ပြောလို့ရမလဲ။”

“ ကျွန်တော်ပြောနိုင် သမျှ အကုန် ပြောပြီးပြီပဲလေ။” ဖန်ကျန်းရှီ ရေနွေးကို စုပ်သောက်ရင်း ပြန်ဖြေတယ်။

“ မင်း ငါ့ကို ဘာများပြောလို့လဲ။ ” ချီဟို့ ပြန်စဉ်းစားတယ်။

“ စုချင်း မြို့ထဲကို ဝင်လာပြီ။” ဖန်ကျန်းရှီ ပြန်ဖြေရင်း သက်ပြင်းချနေခဲ့တယ်။

“ဒါပဲလား။”

“ ဟုတ်တယ်။”

“ ဒါဆိုရင် ငါ့ကို ဘာမှ မပြောတာနဲ့ ဘာကွာလို့လဲ။” ချီဟို့ မေးတယ်။

“ကောင်းပြီလေ။ တစ်ခုတော့ ပြောပြမယ်။ အကယ်၍ ကျွန်တော် ခန့်မှန်းတာသာ မှန်မယ်ဆိုရင်။ စုချင်းက သွမ့်အရှင်ကို ပြန် ချဉ်းကပ်နေလောက်ပြီ။ အကယ်၍ အရှင် သိချင်ရင်။ သွမ့်အရှင် အိမ်တော်ကို သွားကြည့်ပါလား။” ဖန်ကျန်းးရှီ လက်ခါပြရင်း ပြောတယ်။

“ စုချင်းက သွမ့်အရှင်ရဲ့ အိမ်တော်မှာလား။ … ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” ချီဟို့ အမူအယာ ပြောင်းလဲသွားတယ်။

“ အကယ်၍ အရှင်မယုံကြည်ရင် ။ ကျွန်တော်လည်း မတတ်နိုင်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါပြန်တယ်။

“ ကောင်းပြီ။ ငါမင်းကို ယုံလိုက်မယ်။ သွမ့်အရှင် အိမ်တော်ကို အခု သွားမယ်။” ချီဟို့ ဖန်ကျန်းရှီကို ကြည့်ရင်း အလေးအနက် ပြောတယ်။ သူ ထရပ်လိုက်တာနဲ့။ သူ့ခန္ဒာကိုယ်က အစိမ်းရောင် အလင်းတန်း တစ်ခု အဖြစ်ကို ပြောင်းလဲသွားပြီ း ပင်းယန် အိမ်တော်ထဲကနေ ပျံထွက်သွားခဲ့တယ်။

ပင်းယန်လည်း သတိ ပြန်ဝင်လာတယ်။

“ အခု ချီဟို့ ထွက်သွားပြီလေ။ ဘာလို့ စုချင်း အယောင်ဆောင်ဖို့ လွှတ်လိုက်တာလဲ။ ငါ့ကို ပြောလို့ရလား။” ပင်းယန် မျက်တောင် တစ်ဖျတ်ဖျတ်ခတ်ရင်း မေးတယ်။

“ အယောင်ဆောင်စုချင်းကို လွှတ်တယ်လို့ ငါ ပြောမိလို့လား။” ဖန်ကျန်းရှီ တအံ့တသြနဲ့ မေးတယ်။

“ မပြောပါဘူး။ ဒါပေမယ့် ချီဟို့တောင် စုချင်း ရောက်လာတာကို မသိဘူး။ နင်က သိနေတယ်လေ။ စုချင်းက ဘာလို့ မြို့တော်ကို လာရမှာလဲ။ သူက အရူးမှမဟုတ်ပဲ ”

“ ဒါပေါ့ သူက အရူးမဟုတ်ဘူး။ ဒါ့အပြင် အရမ်းကို ပါးနပ်တာ။” ဖန်ကျန်းရှှီ ခေါင်းငြိမ့်ရင်း သဘောတူတယ်။

“ ဒါဆိုရင်။ စုချင်းက ဘာလို့ မြို့ထဲကို ဝင်မှာလဲ။ ရန်ရွှယ် ငါပြောတာ မှန်တယ်မလား။” ပင်းယန် ပြောတယ်။ ရန်ရွှယ်ကတော့ ပင်းယန်ရဲ့ စကားကို စဉ်းစားနေခဲ့တယ်။ အဲ့ဒီ့နောက် ထူးမခြားနား အမူအယာ နဲ့ပဲ ပြန်ဖြေတယ်။

“ဖန်ကျန်းရှီက စုချင်းမြို့ထဲကို ဝင်လာတယ် ပြောမှတော့။ သူတကယ်ပဲ မြို့ထဲကို ဝင်လာတာပဲ။” ရန်ရွှယ် ပြန်ဖြေတယ်။ ရေနွေးကို တစ်ငုံသောက်တယ်။

“ နင် ဒါကို ယုံတယ်ပေါ့။”

“ဟုတ်တယ်။ ”

“ ဘာဖြစ်လို့လဲ။”

“ ဘာကြောင့်လဲ ဆိုတော့ ။ ဖန်ကျန်းရှီက ဘယ်တော့မှ မလိမ်လို့ပဲ။ ”

“ ဒီ အရှက်မရှိတဲ့ ကောင်က မလိမ်ဘူး ဟုတ်လား… ငါ တကယ် …” ပင်းယန် သက်ပြင်းချရင်း ပြောတယ်။ ရန်ရွှယ့်ရဲ့ ဟာသက ဆိုးလိုက်တာ။ ဒါပေမယ့် တစ်ခဏ အတွင်းမှာပဲ ။ ပင်းယန် တောင့်တင်းသွားတယ်။ အမှန်တရားကို သိလိုက်သလိုပဲ ။ ဖန်ကျန်းရှီက ဘယ်တော့မှ မလိမ်ဘူး။ သူ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။

“နင် အရှက်မရှိတဲ့ ကောင် ။ ရန်ရွှယ် ရှိနေရင် နင်ဘယ်တော့မှ မလိမ်ဘူး ဆိုတာ အမှန်ပဲလား။”

“ ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ဒါဆိုရင် စုချင်းက တကယ်ပဲ မြို့တော်ထဲ ဝင်လာပြီပေါ့။ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုများ ဒီလောက် မြန်မြန် ရောက်လာတာလဲ။” ပင်းယန် ထပ်မေးတယ်။

“ ငါ ခုနက ပြောသားပဲ။ စုချင်းက အရမ်းကို ပါးနပ်တယ်လို့။” ဖန်ကျန်းရှီ ခပ်ရှင်းရှင်းသာ ပြန်ဖြေပြန်တယ်။

…

သွမ့်အရှင်ရဲ့ အိမ်တော် ဝင်ပေါက်မှာတော့။ ဝတ်ရုံနက် ဝတ်ထားတဲ့ လူဆယ်ယောက် ရှိနေတယ်။ လုံး၀ မလှုပ်ရှားကြ။ အနက်ရောင် ရုပ်တုကြီးတွေ လိုပဲ။

“ အမတ်မင်းကြီး။ အရှင့်သားက အိမ်တော်ထဲ ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ” အစောင့် စစ်သည်တော် ရှေ့ ဆုံးက လူကို နှုတ်ခွန်းဆက်တယ်။

“ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။ ” ရှေ့ဆုံးကလူ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူ့နောက်မှာရှိတဲ့ ဝတ်ရုံနက် ကိုးယောက်ကို တစ်ချက် ခေါင်းငြိမ့်ပြတယ်။ ဝတ်ရုံနက်တွေ ချက်ခြင်း နောက်ဆုတ်သွားတယ်။ အဲ့ဒီ့နောက် ညအမှောင်ထုထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့တယ်။ သူတို့တွေ သွမ့်အရှင် အိမ်တော်မှာ တစ်ခါမှ ပေါ်မလာဖူးတဲ့ အတိုင်းပဲ။ အစောင့်တွေ ဒါကို မြင်တော့ လန့်သွားကြတယ်။

ဒါပေမယ့် အိမ်တော် ဂိတ်တံခါးမှာ စောင့်နေတဲ့ လူကိုတော့ အထဲကို ခေါ်ပါတယ်။ အစောင့်ရဲ့ လမ်းညွှန်မှုနဲ့ စာကြည့်ခန်းထဲကို ခပ်မြန်မြန် ရောက်သွား ခဲ့တယ်။

“ ငါ ကိုယ့်ဘာကိုယ်ပဲ အထဲ ဝင်တော့မယ်။” ဝတ်ရုံ နက်ပြောတယ်။

“ကောင်း ကောင်းပါပြီ။” တံခါးမှာ သတင်းပို့ဖို့ စောင့်နေတဲ့ အစောင့် အံ့သြသွားခဲ့တယ်။ ဒါပေမယ့် သူ ချက်ခြင်း ခေါင်းငြိမ့်တယ်။ ဝတ်ရုံနက်က အစောင့်ကို ကျေးဇူးတင် စကား ဆိုတယ်။ အဲ့ဒီ့နောက် စာကြည့်ခန်း တံခါးဆီ ဖြည်းဖြည်းချင်း လျှောက်သွားတော့တယ်။ ဒီ ပုံစံက အရမ်းကို ပုံမှန် ဖြစ်လွန်းနေတယ်။

“ ကျွီ” အသံ တိုးတိုးလေး ပေါ်လာတယ်။ ဝတ်ရုံနက် နဲ့ လူ အခန်းထဲကို ဖြည်းဖြည်းချင်း ဝင်လာတယ်။ သူ့မျက်နှာ တစ် ဝက်လောက်ကို ဝတ်ရုံနက် က ဖုံးအုပ်ထားတယ်။ ဒါပေမယ့် သူ့ ဖိနပ်တွေကတော့ တန်ဖိုးကြီးလွန်းမှန်း တစ်ချက်ကြည့်ရုံနဲ့ သိသာတယ်။ ဒါက သူ့ရဲ့ အထူး မြင့်မားတဲ့ အဆင့် အတန်းကို ဖော်ပြနေတာပဲ။

“ အရှင့်သား နဲ့ ဆရာဟွားကို စုချင်း ဂါရဝပြုပါတယ်။” ဝတ်ရုံနက် ချက်ခြင်း နှုတ်ခွန်းဆက်တယ်။ ိ

“ အိုး …. မြောက်ပိုင်းကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင်က လေးစားသမှု ရှိလွန်း အားကြီးနေပါပြီ။ ငါ့လို ပြင်ပ ဧည့်သည် တစ်ယောက်အတွက် ဒါကို လက်ခံဖို့ နည်းနည်းတော့ ခက်ခဲနေပါတယ်။ ” ဆရာဟွား ပြောတယ်။ သူ့မျက်လုံးတွေက တလက်လက် တောက်ပနေတယ်။

“ ဆရာ ဟွားက အထူး ဧည့်သည်တော် တစ်ယောက်ပါ။ ကျွန်တော်ကတော့ သာမန် အဆင့်လေး အမတ်မင်း တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ အဆင့်က ဘယ်လိုပဲ ဖြစ်နေပါစေ ။ ဆရာဟွားက ကျွန်တော့် ရင်ထဲမှာတော့ အမြဲတမ်း အကြီးအကဲပါပဲ။”

“ ဟီးဟီး… ငါ့ကို ဒီလောက်ထိ ချီးမွမ်း ဖို့ မလိုပါဘူး။ နောက်ပြီးတော့ ငါတို့ကလည်း ဒီလောက် ရင်းနှီးတာမှ မဟုတ်ပဲ။ ဟုတ်တယ် ဟုတ်။” ဆရာဟွား ပြုံးပြရင်း ပြောတယ်။

“ ကြည့်ရတာ ဆရာဟွားက ကျွန်တော့်ကို အယောင်ဆောင်လို့ ထင်နေတဲ့ ပုံပဲ။” ဝတ်ရုံနက် အောက်က စုချင်းရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။

“ မင်းပြောနေတာကို ငါ နားမလည်ဘူး။” ဆရာဟွား ပြန်ဖြေတယ်။ သွမ့်အရှင်ကတော့ စုချင်းကို စိုက်ကြည့်နေခဲ့တယ်။ အခန်းထဲကို စုချင်း ဝင်လာတည်းက သူ တစ်ခွန်းမှ မပြောသေးဘူး။

စုချင်း ချက်ခြင်း ပြန်မဖြေဘူး။ အဲ့ဒီ့အစား သူ့ ခေါင်းကို ခြုံထားတဲ့ ခေါင်းစွပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ။ ဖြူဖွေး ရှင်းသန့်တဲ့ မျက်နှာ တစ်ခု ပေါ်လာခဲ့တယ်။ ဒါက တကယ့်ကို မြောက်ပိုင်းဒေသ ကျောင်းတော် ငါးခု ခေါင်းဆောင် စုချင်းပဲ။ စုချင်း သူ့မျက်နှာကို ပြလာတော့။ လင်းရှင်းကြွယ် နဲ့ ဆရာဟွား စိုက်ကြည့်ရင်း စိတ်ရှု့ပ်ထွေးနေခဲ့တယ်။

“အရှင့်သား ။ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်တွေမှာ အိမ်ရှေ့စံ နောက်ကို လိုက်ခဲ့ပေမယ့်။ ကျွန်တော် တကယ်တမ်း တာဝန် ထမ်းဆောင်တာက အရှင့်သားပါပဲ။ ဒါပေမယ့် အိမ်ရှေ့စံက အလွယ်တကူ သံသယ ဝင်နိုင်တဲ့ အတွက်။ ကျွန်တော် စာ မပို့တာပါ။ အရှင့်သားက ကျွန်တော့်ကို ဆုံးဖြတ်ချက် မပြတ်သားတဲ့ လူယုတ်မာ တစ်ယောက်လို့ တကယ်ပဲ ထင်နေတာလား။” စုချင်းရဲ့ စကားလုံးတွေက ဝမ်နည်းမှု တွေ ပြည့်နေခဲ့တယ်။

“ အမတ်မင်း ပြောနေတာကို ကျွန်တော် တကယ်ပဲ နားမလည်ဘူး။” လင်းရှင်းကြွယ်ရဲ့ အမူအယာက နည်းနည်းတော့ ပြောင်းသွားခဲ့တယ်။ ဒါပေမယ့် သူ ခေါင်းခါနေဆဲ။

“ အရှင့်သား ။ ဓီ ကျောက်စိမ်း လက်စွပ်လေးကို မှတ်မိလား။ ကျွန်တော်တို့ စတွေ့တဲ့ အချိန်တုန်းက အရှင့်သား ပေးခဲ့တာလေ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တော်ဝင် ညီလာခံမှာ နေရာတစ်ခု ရအောင် အရှင့်သား ကူညီပေးခဲ့တာ။ အရှင့်သားကြောင့်သာ မဟုတ်ရင် ။ ဒီနေ့ ကျွန်တော့် အောင်မြင်မှု ဆိုတာ ရှိမလာ နိုင်တော့ပါဘူး။ ” ကျောက်စိမ်း လက်စွပ် တစ်ခုကို ထုတ်ပြရင်း စုချင်း ပြောတယ်။

“မင်း… တကယ်ပဲစုချင်းလား။” ကျောက်စိမ်းလက်စွပ်ကို သွမ့်အရှင် စိုက်ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် သူ့ အမူအယာ ပြောင်းလဲသွားတော့တယ်။

ဒါပေါ့။ စုချင်းကို ပေးခဲ့တဲ့ လက်စွပ်ကို သူ မှတ်မိတာပေါ့။ ပိုပြီး အရေးကြီးတာ ။ လွန်ခဲ့တဲ့ သုံးနှစ်က အကြောင်းကို စုချင်း ပြောနေခဲ့တာ။ အဲ့ဒီ့အချိန်တုန်းက။ တာအို စာမေးပွဲကိုတောင် ဖန်ကျန်းရှီ ဝင်မဖြေသေးဘူး။

အပိုင်း(၅၃၈)ပြီး၏။

အပိုင်း (၅၃၉)

“ အိမ်ရှေ့စံကို ဖယ်ရှားခြင်း။”

Translator: Sparrow Translations  Editor: Sparrow Translations

“ မှန်ပါတယ် အရှင့်သား။ ကျွန်တော်က တကယ်ပဲ စုချင်းပါ။” စုချင်း ခေါင်းငြိမ့် တယ်။ အဲ့ဒီ့နောက် သူ ဒူးထောက်ရင်း ပြောတယ်။

“အရှင့်သား ကျွန်တော့်ကို ကယ်ပါအုန်း။”

“ မင်းကို ကယ်ရမယ်။” လင်းရှင်းကြွယ် ရဲ့ မျက်လုံးတွေ ဒူးထောက်နေတဲ့ စုချင်းကို ကြည့်ရင်း တစ်လက်လက် တောက်ပလာခဲ့တယ်။ အခုချိန်မှာ သူ့ ရှေ့ကလူ စုချင်း အစစ်ဆိုတာ သေချာသွားပြီ။ ဒါပေမယ့် သူက အစစ်သာ ဆိုရင် ဘာကြောင့်များ မြို့တော်ကို ရောက်လာရတာလဲ။ နောက်ပြီးတော့ ရန်မြို့တော်မှာ ဒီလို အချိန်ကိုက်ကြီး ပေါ်လာတယ်။ ဒါက အတော့်ကို မဖြစ်နိုင်တာပဲ။ ဆရာဟွား က မျက် မှောင်ကြုတ်ထားခဲ့တယ်။

မျှော်လင့်တကြီးနဲ့ တောင်းဆိုနေတဲ့ စုချင်းရဲ့ မျက်နှာကို စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် စုချင်းရဲ့ အခုလို အလျင်လိုနေတဲ့ အမူအယာမှာ ဘာမှ မှားယွင်းနေတာကို မတွေ့ဘူး။ ဆရာဟွား အခု အခြေအနေကို တကယ်ပဲ နားမလည်နိုင်။ ဒါပေမယ့် စုချင်း မြို့တော်ကို ရောက်လာတာက တိုက်ဆိုင်မှု တစ်ခု မဟုတ်မှန်း သူသိတယ်။

“ အရှင့်သား။ ချီဟို့က အရှင့်သားကို တွေ့ချင်နေပါတယ်။” ဒီအချိန်မှာပဲ ။ စာကြည့်ခန်း အပြင်ကနေ အသံထွက်လာတယ်။

“ ချီဟို့လား။” လင်းရှင်းကြွယ် မျက်နှာ ချက်ခြင်း တောင့် တင်းသွားတယ်။ စုချင်းကို သူ လှမ်းကြည့်တယ်။ မေးခွန်း မမေးခင် သူ တွေဝေနေခဲ့တယ်။

“ အဆင်ပြေပါတယ်။ အရှင်ချီဟို့က အရှင့်သား အတွက် အလုပ် လုပ်နေတာပဲလေ။” စုချင်း ခေါင်းငြိမ့်တယ်။

“ကောင်းပါပြီ။ ချီဟို့ကို ဝင်ခိုင်းလိုက်တော့။”

“ အမိန့်တော် အတိုင်းပါ။”

…

ပင်းယန် အိမ်တော်မှာတော့။ ဖန်ကျန်းရှီက ရေနွေးကို ဖြည်းဖြည်းချင်း သောက်နေတယ်။ သူ့နှုတ်ခမ်းတွေကတော့ ကွေးညွှတ်တဲ့ အထိ ပြုံးနေခဲ့တယ်။ စိတ်ရှုပ်ထွေးနေတဲ့ ပင်းယန်ကို ကြည့်ရင်း ခေါင်းကိုသာ ခါနေခဲ့တယ်။ ဒီ လို ကိစ္စမျိုး တစ်ခုက အစပိုင်းမှာသာ အမြင်အရ ရှုပ်ထွေးပေမယ့်။ နောက်ထပ် ရှုထောင့် တစ်ခုကနေ ကြည့်ရင်လည်း ရိုးတော့ မရိုးရှင်းပါဘူး။

“ စုချင်း ဒီမြို့တော်ကို ဘာလို့များ ရောက်လာလဲ မင်းသိချင်နေလား။ ” ဖန်ကျန်းရှီ မေးတယ်။

“ ဒါပေါ့။ ဒါပေမယ့် နေစမ်းပါအုန်း ။ နင် ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေ ပြန်တာလား။ ဟုတ်တယ် ဟုတ်။” ပင်းယန် ချက်ခြင်း ခေါင်းငြိမ့်လိုက်ပေမယ့်။ ဖန်ကျန်းရှီ ရဲ့ ပြုံးစိစိ မျက်နှာကို မြင်တော့ ချက်ခြင်း ရပ်တန့်သွားတယ်။

“ ဒါဆို မင်း ကြားချင်သေးလား။”

“ဒါပေါ့။” ပင်းယန် အံ ကြိတ်ရင်းပြောတယ်။

“ ငွေသား တစ်သိန်း…. ”

“ ရတယ်။”

“ ကောင်းပြီ။ ပထမဆုံး မင်းကိုယ်မင်း စုချင်းလို့ တွေးလိုက်။ အကယ်၍ မင်းသာ ငါ အသက်ရှင်နေတယ်ကြားရင် ။ ဘာကိုတွေးမလဲ။” ပင်းယန် သဘောတူတာ ကြားတော့ ဖန်ကျန်းရှီ မေးလိုက်တယ်။

“ နင့်ကို သတ်ဖို့ပဲပေါ့။” ပင်းယန်ချက်ခြင်း ပြန်ဖြေတယ်။

“ ငါ့ကို ဘယ်လို သတ်မလဲ။” ဖန်ကျန်းရှီ နောက်တစ်ကြိမ်မေးပြန်တယ်။

“ နင့်ကို ပေါ်တင် သတ်ဖို့ဆိုရင်။ ပြစ်မှု တစ်ခုခုနဲ့ စွပ်စွဲပြီးမှ သတ်လို့ရမှာ။ ဒါပေမယ့် အကယ်၍ ဒီကိစ္စသာ မပြီးဆုံးနိုင်ရင်။ ငါ နင့်ကို လူငှားပြီး သတ်ခိုင်းမယ်။ ” ပင်းယန် တွေးတော်ပြီးနောက် ပြန်ဖြေတယ် ။

“ အမှန်ပဲ ။ စုချင်းက ငါ့ကို သတ်ချင်ရင် ။ မြောက်ပိုင်းဒေသ မှာ နေနေအုန်းမှာလား။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ဆက်မေးတယ်။

“ နင်မေးတာက… စုချင်း တကယ်ပဲ မြောက်ပိုင်းဒေသ ကနေ ထွက်လာတာ ကြာပြီပေါ့။” ပင်းယန်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။

“ ဟုတ်တယ်။ စုချင်းက အရမ်းကို ပါးနပ်တယ်။ သူက ငါ့ကို သတ်ချင်မှတော့။ မြောက်ပိုင်းဒေသမှာ ထိုင်စောင့်နေမှာ မဟုတ်ဘူးလေ။ ဘာကြောင့်လဲ ဆိုတော့။ ဒီက ကိစ္စတွေကို ထိန်းချုပ်ရတာနဲ့ မြောက်ပိုင်း ဒေသ မှာ ထိန်းချုပ်တာက လုံးဝကို ကွာခြားတယ်လေ။ ” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ ဒါဆိုရင်။ စုချင်းက တကယ့်ကို ရန်မြို့တော်မှာ ရှိနေတာပေါ့။”

“ အရင်တုန်းကတော့ ငါ မသေချာဘူး။ ဒါပေမယ့် အခုတော့ စုချင်းက ရန်မြို့တော်ကို ရောက်လာတာ ငါနဲ့ အချိန် အတူတူပဲလို့ သေချာသွားပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ ဒါပေမယ့် သူ့နေရာက ခွာလာလို့ အပြစ်ပေးခံရမှာကို မကြောက်ဘူးလား ။ ”

“ စုချင်းက လွန်ခဲ့တဲ့ တစ်နှစ် လုံးလုံး မြောက်ပိုင်း ဒေသမှာ ဘာမှ မလုပ်ဘူးလို့ မင်းထင်နေတာလား။ ချီဟို့ မြောက်ပိုင်း ဒေသကနေ ခွာလာတာနဲ့။ သူ မလုပ်နိုင်တာ ဘာမှ မရှိတော့ဘူး ”

“ အင်း။ ကိစ္စက အဓိပ္မာယ်ရှိတယ်။ ဒါပေမယ့် … သူက ခုချိန်မှ ဘာလို့ထွက်လာတာလဲ။ ” ပင်းယန် ခေါင်းငြိမ့်ရင်းနဲ့ ဆက်ပြောတယ်။

“ အိမ်ရှေ့စံက သူ့ကို သတ်တော့မှာကို သိနေတာကြောင့်ပဲ။ ” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ အကိုတော် သုံးက စုချင်းကို သတ်ချင်တာလား။ အမ်။ အဲ့ဒါ အမှန်ပဲလား။ ဒါပေမယ့် ဒီကိစ္စက စုချင်း ပေါ်လာတာနဲ့ ဘာဆိုင်လို့လဲ ”

“ အကယ်၍ စုချင်းသာ သူ့ကိုယ်သူ ထုတ်ဖော်မပြရင်။ ရလဒ်က နှစ်ခုပဲ ရှိနိုင်တယ်။ ပထမ တစ်ခုက ။ မြောက်ပိုင်း ဒေသကို တစ်ယောက်ယောက် လွှတ်ပြီးတော့ အိမ်ရှေ့စံက သူ့ကို သတ်ခိုင်းမှာပဲ။ ဒုတိယ ကတော့ အိမ်ရှေ့စံက သူ့ကို မြို့ထဲ ဝင်လာခိုင်းမယ် ။ လမ်းတစ်ဝက်မှာ တင် သူ့ကို ခြုံခို တိုက်ခိုက်မယ်။ ဒါကြောင့် စုချင်းမှ ရွေးချယ်စရာ မရှိတော့တာပဲ။ ” ဖန်ကျန်းရှီ ပြုံးပြရင်းနဲ့ ပြန်ဖြေတယ်။ ထီးနန်း အတွက် တိုက်ခိုက်တာက နောက်ဆုတ်ဖို့ရာ လမ်းမရှိဘူး။ အထူးသဖြင့် လင်းထျန်းရုံလို အိမ်ရှေ့စံ နေရာမျိုးမှာပေါ့။ အမတ်မင်း တစ်ယောက် အတွက်နဲ့တော့ သူ့နေရာကို စွန့်စားမှာ မဟုတ်ဘူး။

“နင်ပြောတာက။ အိမ်ရှေ့စံ မတိုက်ခိုက်ခင် စုချင်းက အရင် လက်ဦးမှုရယူပြီးတာ့ တိုက်ခိုက် မယ်ပေါ့။ စုချင်းက ရန်မြို့တော်ကို လာတာ နင်သိ ပေမယ့်။ ဒီနေ့မှာ ပေါ်လာမယ်လို့ နင် ဘယ်လိုများ သေချာသိတာလဲ။ ” ပင်းယန်ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ပေါ်လာခဲ့တယ်။

“ ငွေသား တစ်သိန်း။”

“ နောက်တစ်ခါလား။” ပင်းယန် ပွစိပွစိ ပြောတော့တယ်။

“ ဒါဆိုရင်။ မင်း ငါ့ကို ပေးမှာလား။ မပေးဘူးလား။ ” ဖန်ကျန်းရှီ ပြောတယ်။ သူ့ အတွက် ရေနွေးထပ်ငဲ့တယ်။ ရန်ရွှယ့် ကိုလည်း ငဲ့ပေးတယ် ။

“ ငါပေးပါမယ်။ နင့်ကို ငွေသားတွေနဲ့ ဖို့သတ်ပြစ်မယ်။ ” ပင်းယန် ပင့်သက်ရှိုက်ရင်း ပြောတယ်။

“ ဟ ဟား… ဆက်လုပ်လေ။ ငါ့ကို ဖို့သတ် စမ်းပါ ။ ရှင်းပါတယ်။ စုချင်း ကိုယ်တိုင် ပြောပြတာလေ။ ” ဖန်ကျန်းရှီ စိတ်လွတ်လက်လွတ် ရယ်မောနေတယ်။

“ သူကိုယ်တိုင် ပြောတာပေါ့ ။ ”

“ ဟုတ်တယ်။ စုချင်းက ဝမ်ချွမ်ကို သတိပေးဖို့တစ်ယောက်ယောက် ကို လွှတ်လိုက်တယ်။ အဲ့ဒီ့နောက် ဝမ်ချွမ် ရဲ့ နာမည် ကို သုံးပြီးတော့ သွမ့် အရှင်နဲ့ အိမ်ရှေ့စံကို သတင်းပို့ခိုင်းတယ်။”

“ သူဘာလို့ ဒီလို လုပ်တာလဲ၊ ”

“ ဒါက ပညာရှင်တွေ လှည့်စားတဲ့ နည်းလမ်းပဲ။ ဒါပေမယ့် စုချင်းကတော့ ဉာဏ် အကောင်းလွန် နေတာ။ အသက်ရှင်ဖို့ အတွက်။ အိမ်ရှေ့စံကို သူက အယောင်ဆောင်လို့ ထင်အောင် လှုပ်ရှားတယ်။ ဒါမျိုးကို လုပ်ဖို့က သူ မြို့တော်ကို ရောက်ပြီဆိုတာ အိမ်ရှေ့စံကို သတင်းပေးတာပဲ။ အဲ့ဒီ့နောက် အိမ်ရှေ့စံက သံသယ ဝင်လာပြီးတော့။ မြောက်ပိုင်း ဒေသကို စုံစမ်းဖို့ လူလွှတ်လိမ့်မယ်။ ဒါက သူ့ အတွက် အချိန် ဆွဲပေးနိုင် လိမ့်မယ်လေ။ ”

“စုချင်းက တကယ့်ကို ပါးနပ်တာပဲ။ ဒါဆို ရင် နင် ဘာ ဆက်လုပ်မလဲ။ ” ပင်းယန် ချီးမွမ်းရင်းနဲ့ ပြောတယ်။

“ ရေလိုက်ငါးလိုက် သွားမှာပေါ့။ ” ဖန်ကျန်းရှီ သူမရဲ့ အဆက်မပြတ် မေးခွန်းတွေကို အချိန်ဆွဲပြီး ဖြေမနေတော့ဘူး။ တိုက်ရိုက်သာ ပြောလိုက်တော့တယ်။

…

သွမ့်အရှင်ရဲ့ စာကြည့်ခန်းထဲမှာတော့။ စုချင်းက သူ့ နေရာမှာ သူ ဒူးထောက်နေ ဆဲ။ သူ ခု ထိ မထိုင်သေး ။ အဲ့ဒီ့အစား သွမ့်အရှင် ။ ဆရာဟွားနဲ့ ချီဟို့ကို မျက်နှာချင်း ဆိုင်ရင်း တလေးတစားနဲ့ ဒူးထောက်နေခဲ့တယ်။ လင်း ရှင်းကြွယ်နဲ့ ဆရာဟွားကတော့ တိတ်ဆိတ်နေဆဲ။ ချီဟို့ ထိုင်ခုံပေါ်မှာ ထိုင်နေတယ်။ သူ့ လက်ချောင်းတွေက စားပွဲခုံကို တတောက်တောက် ခေါက်နေခဲ့တယ်။ သူ နည်းနည်းတော့ မျက်မှောင်ကြုတ်နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အကြည့်က စုချင်း ဆီကနေ လွှဲဖယ်မသွားခဲ့။

“အရှင် မေးစရာရှိလို့လား။”

“မရှိဘူး။” ချီဟို့ ခေါင်းခါတယ်။

“တကယ်တော့ စာကြည့်ခန်းထဲကို ဝင်လာတည်းက။ စုချင်းရဲ့ သရုပ်မှန်းကို သူ ခန့်မှန်း မိပြီးသား။ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး။ စုချင်းက မြောက်ပိုင်း ဒေသ ကိစ္စတွေမှာ ပါဝင်ခဲ့တယ်။ ချီု့လည်း ဒါကို မတားနိုင်။

“ အရှင်နဲ့ အတူတူ အလုပ်လုပ် ရတာ ကောင်းကင်ဘုံရဲ့ ကောင်းချီးမင်္ဂလာပါပဲ။”

“ အပိုတွေ မပြောနဲ့တော့။ မြောက်ပိုင်းဒေသမှာ လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး မင်းဘာလုပ်နေလဲ ငါ အသိဆုံး ။ ဒါပေမယ့် မင်း ကိစ္စကိုထား။ အိမ်ရှေ့စံကို တောင်ပိုင်းဒေသ ကိစ္စရဲ့ တကယ့် တရားခံ အဖြစ် မင်း ပုံချမှာလား။ ဒါက မဖြစ်နိုင်တာပဲ။” ချီဟို့ တည့်ပဲ ပြောတယ်။

“ကျွန်တော်လုပ်နိုင်တယ်လို့ ပြောရင် အရှင် ယုံကြည်မှာလား။ ” စုချင်း ပြုံးပြတယ်။

“ဒါပေါ့ ဘယ်ယုံမလဲ။ အိမ်ရှေ့စံမှာ တော်ဝင် ညီလာခံ အင်အား တစ်ခုလုံး ရှိတယ်။ ဝန်ကြီး ယွီ ယိဖျင်က ထောင်ထဲ ရောက်နေပြီးတော့။ ဘဏ္ဍာရေး ဝန်ကြီး။ စစ်မက်ရေးရာ ဝန်ကြီးတွေ အကုန်လုံး အဖမ်းခံထားရပေမယ့်။ သူက အိမ်ရှေကစံ ဖြစ်နေတုန်းလေ။ ဧကရာဇ်က သူ့ကို သဘော ကျနေသရွေ့။ ထီးနန်းကိုလည်း သူ ဆက်ခံရမှာပဲ။” ချီဟို့ ပြောတယ် ။

“ အရှင်ပြောတာ မှန်တယ်။ ဒါပေမယ့် လောကကြီးက ပုံသေ ဖြစ်နေတာမှ မဟုတ်ပဲ။ အရှင် ပြောခဲ့သလိုပဲ။ ဧကရာဇ်က သူ့ကို အရေးပေးနေသရွေ့ ။ သူက အိမ်ရှေ့စံ ဖြစ်နေမယ်။ အကယ်၍ ဧကရာဇ်သာ သူ့ကို အရေးမပေးတော့ရင်ကော။”

“မင်း ဘာကို ပြောချင်တာလဲ။ ”

“အိမ်ရှေ့စံကို ချက်ခြင်း နေရာကနေ ကန်ထုတ်နိုင်မယ့် အစီအစဉ် ကျွန်တော့်မှာ ရှိတယ်။ နောက်ပြီးတော့ ဒီ အစီအစဉ်က အရှင့်သားကို ညီလာခံ ထိန်းချုပ်နိုင်တဲ့ အင်အား ချက်ခြင်း ရစေမယ့် အပြင်။ ခိုင်မာတဲ့ နေရာတစ်ခု လည်း ရစေလိမ့်မယ်။“ စုချင်း ဆက်တိုက်ပြောတယ်။

“ အိမ်ရှေ့စံကို ချက်ခြင်း ကန်ထုတ်နိုင်မယ်။” ချီဟို့ အံ့သြသွားတယ်။ အိမ်ရှေ့စံကို နေရာကနေ ဖယ်ထုတ်တာမျိုး အရင် သမိုင်းမှာ ရှိခဲ့ပေမယ့်။ ဒါမျိုးက အရမ်းကို ကိစ္စ ကြီးတယ်လေ။ နောက်ပြီးတော့ ဧကရာဇ်ရဲ့ ဒီနေ့ လှုပ်ရှားပုံက သိသာနေတာပဲ။ သူက အိမ်ရှေ့စံကို အရေးပေးနေတုန်းလေ။ အိမ်ရှေ့စံကို သူ ဘယ်လောက် မျှော်လင့်ထားမှန်း သိသာတယ်။

ချီဟို့ တကယ်ပဲ မယုံနိုင်။ သွမ့်အရှင်နဲ့ ဆရာဟွားလည်း မယုံဘူး။

“ စုချင်း။ မဖြစ်နိုင်တဲ့ ကတိစကားတွေ ကို ငါ မကြိုက်မှန်း မင်းသိပါတယ်။ နောက်ပြီးတော့ အခု လို အ ခြေအနေ မျိုးမှာ ငါ မစွန့်စားချင်ဘူး။” လင်းရှင်းကြွယ်ပြောတယ်။

“ အရှင့်သား စိတ်ချပါ။ ဒီအစီအစဉ်မှာ ဘာမှ စွန့်စားရတာ မပါ ပါဘူး။” စုချင်း ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

“ အမတ်မင်း က တကယ် စွန့်စားစရာမလိုပဲ အိမ်ရှေ့စံကို ဖယ်ရှားနိုင်တာလား။” ဆရာဟွားမေးတယ်။

“ မှန်ပါတယ်။ ” စုချင်း ခေါင်းငြိမ့်ပြန်တယ်။

“ အမတ်မင်း။ အစီအစဉ်ကို ကြားပါရစေ။” ဆရာဟွား ပြောတယ်။ သူ့ကိုယ်သူ မြင့်မြင့်မားမား အမြဲ တွေးပေမယ့်။ သူက အကြံပေး တစ်ယောက် သက်သက်ပဲ။ လွန်ခဲ့တဲ့ ။ ၂ နှစ်ကျော်။ စုချင်းက သွမ့်အရှင်ရဲ့ ယုံကြည်မှုကို ရတဲ့ အချိန်မှာ။ သူက အဆင့်လေး အမတ်မင်းတစ်ယောက် အဖြစ်ပဲ ရှိသေးတယ်။ အဲ့ဒီ့အချိန်တုန်းက စုချင်း အကြောင်း ဆရာဟွား သိပ်မတွေးမိခဲ့ဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်။ တောင်ပိုင်းဒေသကနေ ပြန်လာချိန်မှာ။ အဆင့်လေး အမတ်မင်းကနေ ။ သံအမတ်ကြီး အဖြစ်ကို ရာထူး တိုးသွားပြီး။ မြောက်ပိုင်းကျောင်းတော် ငါးခုဆီ ပို့ခံလိုက်ရတယ်။ ဆရာဟွား မနာလို မဖြစ်ပဲ ဘယ်နေမလဲ။ နောက်ပြီးတော့ အခုချိန်မှာ။ စုချင်းက သွမ့်အရှင် အိမ်တော်ကို ဝင်လာတယ်။ အိမ်ရှေ့စံကို နေရာက ဖယ်ရှားပြစ်နိုင်မယ့် အစီအစဉ်ရှိတယ်လို့ ပြောတယ်။ သူ ဒါကို ဘယ်လို ယုံနိုင်မှာလဲ။

အပိုင်း(၅၃၉)ပြီး၏။

အပိုင်း (၅၄၀)

“ အရိပ်ထဲက အမျိုးသမီး။”

Translator: Sparrow Translations Editor: Sparrow Translations

“ဆရာဟွား စိုးရိမ်စရာ မလိုပါဘူး။ နောက်ထပ် သုံးရက်ပဲ စိတ်ရှည်ရှည် စောင့်ပေါး။” စုချင်း ေခေါင်းခါတယ်။

“ သုံးရက်လား။” ဆရာဟွား ပုခုံးတွန့်ရင်း သွမ့်အရှင်နဲ့ ချီဟို့ကို ကြည့်တယ်။ အံကြိတ်ရင်းနဲ့ သူ ပြန်ဖြေတယ်။ ကောင်းပြီလေ။ ငါတို့ သုံးရက်တော့ စောင့်နိုင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ ကတိကို သုံးရက် အတွင်း မတည်နိုင်ရင် ကော။”

“ အရှင်တို့ စီရင်တဲ့ အတိုင်း လိုက်နာပါမယ်။ ” စုချင်း ပြုံးပြရင်း ဖြေတယ်။

…

ညကောင်းကင်မှာ မရေမတွက်နိုင်တဲ့ ကြယ်တွေ တလက်လက် တောက်ပ နေကြတယ်။ ထက်ကောင်းကင် အမြင့်က လမင်းကြီးကတော့ မှိန်ဖျော့ဖျော့သာ တောက်ပနေခဲ့တယ်။ ပင်းယန် အိမ်တော် ဂိတ်တံခါးမှာတော့ မီးတွေ လင်းထိန်နေခဲ့တယ်။

“ သခင်လေး ဖန်။ အိမ်တော်ကနေ ထွက် မလို့လား။”

“ ဟုတ်တယ်။”

“ ဒီ အချိန် ကြီးမှာလား …. ကိုယ်ရံတော် နည်းနည်းလောက် မလိုဘူးလား။” ပင်းယန် အိမ်တော် ဂိတ်စောင့်က ညကောင်းကင်ကို မော့ကြည့်ရင်း ဂရုတစိုက်နဲ့ မေးတယ်။

“ မလိုဘူး။”

“ ကောင်းပါပြီ။ သခင်လေး ဖန်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ။”

“ ကျေးဇူး ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အိမ်တော် တံခါးကနေ ထွက်သွားတော့တယ်။ အစောင့်တစ်ချို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။ ဒါပေမယ့် သူတို့ ဘယ်သူမှ ပင်းယန် မင်းသမီးကို သတင်း ပို့ကြမယ့်ပုံ မပေါ်ဘူး။ သူတို့တွေ ပုံမှန်လိုသာ ရပ်နေကြတယ်။

ဘာကြောင့်လဲ ဆိုတာ့ ဒီကိစ္စက ပင်းယန် ကိုယ်တိုင်ပဲ အမိန့် ပေးနိုင်တာကို သူတို့ သိနေတာ ကြောင့်ပဲ။ ဖန်ကျန်းရှီက ပင်းယန် အိမ်တော်ကို စိတ်ကြိုက် ဝင်ထွက် သွားလာနိုင်တယ်။ ဘာမှ သတင်းပို့ စရာ မလိုဘူး။ ဖန်ကျန်းရှီ က ဖြည်းဖြည်းချင်း လျှောက်လှမ်းရင်း ည အမှောင်ထု ထဲကို ဝင်ရောက် ပျောက်ကွယ်သွားတယ်။ ဒီ အချိန်မှာပဲ အနက်ရောင် လူရိပ်တစ်ခုက အိမ်ခေါင်မိုး ပေါ်ကနေ ခုန်ဆင်းလာတယ်။

“ သခင့်ကို နှုတ်ခွန်းဆက်ပါတယ်။” အနက်ရောင် လူရိပ် က ခေါင်းကို ဖြည်းဖြည်းချင်း မော့တယ်။ သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ နှုတ်ခမ်းတွေ ပေါ်လာတယ်။ သူမရဲ့ ကိုယ်ကတော့ ခိုက်ခိုက်တုန်နေခဲ့တယ်။

“ ဒီည ငါ့ကို ခေါ်တာ ဘာဖြစ်လို့လဲ။” ချင်းရီကို တစ်ချက် စိုက်ကြည့်ရင်းနဲ့ မေးတယ်။

“ အရှင်သခင် ရောက်လာပါပြီ။ သူမက သခင့်ကို တွေ့ချင် နေပါတယ်။”

“ ဝူယွဲ့အာ လား။” ဖန်ကျန်းရှီ မေးတယ်။ သူ အံ့သြနေတယ်။

“ ဟုတ်ပါတယ်။” ချင်းရီ ခေါင်းငြိမ့်တယ်။

“ ဒီကောင်မလေး ရန်မြို့တော်ကို တသက်လုံး မလာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အခုလို ည သန်းခေါင်မှာ လာချိန်းတွေ့ ခိုင်းတာက တကယ့်ကို မသင့်တော်တာပဲ။” ဖန်ကျန်းရှီ စိတ်ညစ်ညစ်နဲ့ ပြောနေတယ်။

ချင်းရီကတော့ တစ်ခဏတာ တောင့်တင်းသွားတယ်။ အကယ်၍ ဒီနေရာမှာ တခြားသူသာ ဆိုရင်။ နှလုံးတည့်တည့်ကို ဓားနဲ့ ထိုးချလိုက်မိပြီ။ ဒါပေမယ့် အခုက ဖန်ကျန်းရှီ ဖြစ်နေတော့လည်း။ သူမ မအံ့သြတော့ပါဘူး။

“ သခင်။ ကျွန်မ နောက်ကို လိုက်ခဲ့ပါ။ ”

“ ကောင်းပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း နဲ့ ချင်းရီ နောက်ကို လိုက်သွားတယ်။ သူတို့တွေ လမ်းကြား တစ်ခုထဲကို ဝင်သွားပြီးနောက်။ အဆင့်မြင့် စားသောက်ဆိုင်ကြီးတစ်ခု ရှေ့ကို ခပ်မြန်မြန်ပဲ ရောက်သွားခဲ့တယ်။

ဖန်ကျန်းရှီ အရင် တုန်းကလည်း ဒီစားသောက်ဆိုင်ကို လာဖူးတယ်။ သင်းရနံ့ စားသောက်ဆိုင်။ ရန်မြို့တော်မှာ တည်ရှိတာ နှစ် ရာချီနေတဲ့ သမိုင်းကြောင်း နဲ့ စားသောက်ဆိုင်ကြီး။ နေရာ ပေါင်းစုံက ထိပ်သီး ပေါင်းစုံ စုဝေးတဲ့ နေရာ တစ်ခုပဲ။ ပင်းယန်ရဲ့ အကြိုက်ဆုံး စားသောက်ဆိုင်လည်း ဟုတ်တယ်။ ဒါပေါ့။ ဒါတွေက အရင် အတိတ်က ဖြစ်ခဲ့တာတွေလေ။ အခုတော့ ဖန်ကျန်းရှီ စားသောက်ဆိုင် ရှေ့ကို ရောက်တာနဲ့။ တစ်ခုခု ပြောင်းလဲ နေတာကို ခံစားမိတယ်။ ဥပမာ အားဖြင့်။ သူ အရင်တုန်းက ဒီစားသောက်ဆိုင်ကို လာတဲ့ အချိန်။ စားပွဲထိုး တွေက အမြဲ လာကြိုတယ်။ ဒါပေမယ့် အခုကတော့ စားသောက်ဆိုင် ပိုင်ရှင် ကိုယ်တိုင် လာကြိုတယ်။

“ သခင့်ကို နှုတ်ခွန်း ဆက်ပါတယ်။” စားသောက်ဆိုင် ပိုင်ရှင် ကိုယ်တိုင် ဖန်ကျန်းရှီကို လာကြိုတယ်။ တတ်နိုင် သလောက် ရိုသေသမှု ပြုနေတယ်။ အကယ်၍ ချင်းရီသာ သူ့ ဘေးမှာ ပါနေတာ ကြောင့်သာ မဟုတ်ရင်။ ဒူးထောက်ပြီးတောင် ကြိုနေလောက်တယ်။

“ သင်းရနံ့ စားသောက်ဆိုင်ကကော ဒီ ကောင် မလေး ပိုင်တာပဲလား။” ဖန်ကျန်းရှီ ပြောရင်း လန့်သွားတယ်။ အဲ့ဒီ့နောက် သူ ခပ်တိုးတိုး ပြောတယ်။ “ကောင်းပြီလေ။ ကြည့်ရတာ သူက ဘဝကို ပျော်ပျော်နေရတာ ကြိုက်တဲ့ ပုံပဲ။ ဒါပေမယ့် သင်းရနံ့ စားသောက်ဆိုင်မှာ သုံးတဲ့ ငွေတွေကို တွက်မယ်ဆိုရင် ။ တကယ့်ကို အလကား ဖြုန်းတီးနေတာပဲ ။ ”

“ အဟွတ်။”

ဖန်ကျန်းရှီ သူ့ စကားကို ဆုံးအောင် မပြောရသေးခင် အချိန်မှာပဲ။ ဒေါသတကြီးနဲ့ ချောင်းဟန့်သံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ပန်းအိုး တစ်ခုလည်း ပြုတ်ကျလာခဲ့တယ်။

“ ပါး လိုက်တဲ့ နား။ ဒါကိုတောင် ကြားတယ်ပေါ့။” ဖန်ကျန်းရှီ ချက်ခြင်း ဘေးကို ခုန်ရှောင်တယ်။ သူ့ခေါင်းပေါ် ပန်းအိုး ပြုတ်ကျမှာကို ရှောင်နိုင်လိုက်တယ်။ အဲ့ဒီ့နောက် အပေါ်မှာ တဝက်ပွင့်နေတဲ့ ပြတင်းပေါက်ကို တစ်ချက် လှမ်းကြည့်တယ်။

စားသောက်ဆိုင် ပိုင်ရှင်ကတော့ အံ့အားသင့်နေခဲ့တယ်။ သူ အပေါ်ကို မော့ကြည့်ရင်း တစ်ချက် တွေဝေသွားတယ်။ အဲ့ဒီ့နောက် ခပ်မြန်မြန်ပဲ ဖန်ကျန်းရှီကို စားသောက်ဆိုင်ထဲ ခေါ်သွားခဲ့တယ်။

“ သခင် ကြွပါ။”

“ကောင်းပြီ။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ စားသောက်ဆိုင်ပိုင်၇ှင် နောက်ကို လိုက်သွားတော့တယ်။ ပုံမှန် အတိုင်း ဆိုရင် ။ ရန်မြို့တော် ရဲ့ ညဘက်က လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေခဲ့တာ။ ဒါပေမယ့် စားသောက်ဆိုင်တွေ အတွက်တော့ ကွာခြားတယ်။

မနက်နဲ့ နေ့လယ်ပိုင်းတွေမှာ အရမ်းကို လှုပ်ရှားသက်ဝင်တယ်။ ညဘက်မှာတော့ တိတ်ဆိတ်နေခဲ့တယ်။ အခုချိန်က သင်းရနံ့ စားသောက်ဆိုင်ရဲ့ ဆိုင်ပိတ်ချိန်ပဲ။ ထုံးစံ အတိုင်း ဆိုင်ထဲမှာ လူမရှိ။ ချင်းရီကတော့ ဖန်ကျန်းရှီ နောက်ကို လိုက်မသွားခဲ့။ ည အမှောင်ထု ထဲကိုပဲ ခုန်ဝင် ပျောက်ကွယ်သွားတယ်။ စားသောက်ဆိုင် ပိုင်ရှင်ကတော့ ဖန်ကျန်းရှီကို အဖိုးတန် အခန်းတစ်ခုထဲ ခေါ်သွားခဲ့တယ်။

“ သခင်။ ကျွန်တော်တို့ ရောက်ပါပြီ။” စားသောက်ဆိုင် ပိုင်ရှင် ဦးညွှတ်တယ်။

“ ကောင်းပြီ။ သွားလို့ရပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ဆိုင်ရှင်ကို လက်ဝေ့ယမ်းပြတယ်။

ဖန်ကျန်းရှီ တံခါးကို ဖွင့်ပြီး ဝင်သွားတယ်။ ခန်းမထဲမှာ ထိုင်နေတဲ့ အမျိုးသမီးကို ချက်ခြင်း တွေ့တယ်။ ရှည်လျားတဲ့ ဝတ်ရုံနက်ကြီးကို သူမ ဝတ်ထားတယ်။ သူမရဲ့ အသားအရည်က ဖြူဖွေးတောက်ပနေခဲ့တယ်။ မျက်ခုံးတွေက ပန်းချီတစ်ချပ်လိုပဲ။ နဖူး အလယ်တည့်တည့်မှာတော ပြဒါးနီ စက်လေး တစ်ခု ရှိနေခဲ့တယ်။ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတဲ့ အလှတရား တစ်ခုပဲ။ လက်ရှိ အရိပ်မျိုးနွယ်ခေါင်းဆောင် ဝူယွဲ့အာ။

“ မင်းပြောတော့ ရန်မြို့တော်ကို နောက် ဘယ်တော့မှ မလာဘူးဆို။” ဖန်ကျန်းရှီ ခုနတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်ကို ပြန်တွေးမိတော့ စိတ်ပျက်လက်ပျက် နှုတ်ခမ်း တွန့်ထားရင်း မေးတယ်။

“ ပြောခဲ့တယ်လေ။ ဒါပေမယ့် နင်ကော နင် အလောတကြီး မလှုပ်ရှားဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား။ ” ဝူယွဲ့အာ ပြုံးပြရင်း မေးတယ်။ ဖန်ကျန်းရှီက ခုနက ဖြစ်ခဲ့တာကို မမေ့သေးမှန်း သူမ သိပါတယ်။ ဒါကြောင့် ချစ်စဖွယ် အမူအယာ လုပ်ပြနေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဒီလို ပုံစံကြောင့် စိတ်မလှုပ်ရှားတော့ဘူး။ ဝူယွဲ့ အာနဲ့ တစ်နှစ်ကျော်ကျောနေလာခဲ့တာ။ သူမရဲ့ အမူအယာ ကို အံ့သြ မနေတော့ဘူး။ ဒီလို ချစ်စဖွယ် ပုံစံကို ဝူယွဲ့အာက တခြားဘယ်သူ့ကိုမှ လုပ်မပြတာကို အကယ်၍ ဖန်ကျန်းရှီ သိသွားရင်ကော ဘယ်လို ဖြစ်မလဲ။

ဒီလို ချစ်စဖွယ် ပုံစံလေးက သူမရဲ့ ပုံစံ အစစ်အမှန်ကိုတော့ ဖုံကွယ် မထားနိုင်ပါဘူးလေ။ ဝူယွဲ့အာကို စကားတစ်ခွန်း နဲ့ပဲ ဖော်ပြလို့ရမယ်။ သူမရဲ့ အသိပညာတွေက ချီကူယန်နဲ့ကော ယွင်ချင်းဝူ နဲ့ပါ ကျယ်ကျယ် ပြန့်ပြန့်ကြီးကို ကွာခြားနေတယ်။ ခပ်ရှင်းရှင်း ပြောရရင်တော့။ ယွင်ချင်းဝူသာ တစ်ခုခု လုပ်ဖို့ အကွက်ချနေ တဲ့ အချိန်မှာ။ ဖန်ကျန်းရှီကတော့ သူ့ ရဲ့ သားကောင်တွေကို ခေါင်းစား အောင် လုပ်ပြီးတော့ ။ သူ တစ်ခုခု လုပ်ဖို့ အတွက် ကြံစည်နေတယ် ဆိုတာ ပွင့်ပွင့်လင်းလင်း သိက္ခာရှိရှိ အသိပေးတယ်။

ဒါပေမယ့် ဝူယွဲ့အာ ကတော့ မတူဘူး။ သူမက ငြင်းခုံ ရတာကို ကြိုက်တယ်။ လူတွေ ငြင်းခုံ တိုက်ခိုက်တာကို ကြည့်ရတာလည်း သူ ပျော်တယ်။ အဲ့ဒီ့နောက် စိတ်အေး ချမ်းသာမှုကို အမှည့်ချွေချွေရတာကို သဘောကျတယ်။ သူမအတွက်တော့ ဒါက ဝံပုလွေ သတ်တဲ့ ကစားပွဲလိုပဲ။ စိတ်ဝင်စားစရာ မကောင်းဘူးလား။

တောင်ပိုင်းဒေသ စစ်ပွဲကိုပဲ ဥပနာ အနေနဲ့ ကြည့်။ နတ်ဆိုး မျိုးနွယ် တွေ။ တောင်ပိုင်း ဒေသ နဲ့ ကြီးမြတ်သော ရှမင်းဆက်တို့ တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် စစ်ပွဲ အပြီးမှတော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နကြတုန်းပဲ။ ဖန်ကျန်းရှီကတော့ ဒေါသထွက်ခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဝူယွဲ့အာက လုံးဝကို အစအန မကျန်အောင် ခြေရာ ဖျောက်သွားတာ ကြောင့်ပဲ။

ဒါ့အပြင်။ ဒီအမျိုးသမီးမှာ ဖုံးကွယ်ထားတဲ့ မျက်နှာတွေ ရှိသေးတယ်။ သူမ မှာ ဖုံးကွယ်ထားတဲ့ ဇစ်မြစ်တွေ ဘယ်နှစ်ခုတောင် ရှိနေလဲ ဖန်ကျန်းရှီတောင် အကုန် မသိဘူး။ သင်းရနံ့ စားသောက်ဆိုင်ကိုပဲ ဥပမာအနေနဲ့ ထား။ အကယ်၍ ဝူယွဲ့အာသာ သူ့ကို ဒီနေ့ ဒီမှာ တွေ့ဖို့ မခေါ်ရင် သင်းရနံ့ စားသောက်ဆိုင်က အရိပ်မျိုးနွယ်ပိုင်မှန်း သိမှာ မဟုတ်ဘူး။ အရိပ်ထဲမှာပဲ အမြဲ ပုန်းနေတဲ့ သူမလို အမျိုးသမီး အတွက်တော့။ ဖန်ကျန်းရှီက သူမ ရဲ့ ချစ်စဖွယ် အမူအယာကို ဘယ်လိုလုပ် ယုံမှာလဲ။

“ ငါက အလောတကြီးနဲ့ လှုပ်ရှားတာလား။” ဖန်ကျန်းရှီ မေးတယ်။ သူမ နဲ့ မျက်နှာချင်း ဆိုင်မှာ ခပ်ဝေးဝေး ခွာထိုင်ရင်း။ ပါးစပ်ထဲကို မုန့်တွေ သွပ်နေခဲ့တယ်။

“ နင်က အလောတကြီး မလုပ်ဘူးလား။ ရန်မြို့တော်ကို မပြင်ဆင်ပဲ ဝင်လာတယ် ။ ဒီနေ့ အခြေအနေက ဘယ်လောက်တောင် အန္တရာယ်များလဲ နင်သိလား။” ဖန်ကျန်းရှီရဲ့ ဘေးကို ရွေ့ထိုင်ရင်း ဆူပူနေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ရဲ့ ခွက်ထဲကို ရေနွေး ငှဲ့ပေးတယ်။ “ နင့် အ ကြိုက်ဆုံး လက်ဖက်ရည်ပဲ။”

“ အန္တရာယ်များတယ် ဟုတ်လား။ ငါတော့ မထင်ပါဘူး၊” ဖန်ကျန်းရှီ ခေါင်းခါတယ် ။ အဲ့ဒီ့နောက် လက်ဖက်ရညကို တစ်ကြိုက် စုပ်သောက်တယ်။

“ တကယ်ဆိုရင်။ သင်းရနံ့ စားသောက်ဆိုင်ရဲ့ ရေနွေးက အတော့်ကို ကောင်းပါတယ်။ ”

“ ငါ့ ရေနွေးထက် ပို ကောင်းအုန်းမလား။” ဝူယွဲ့အာ ပြုံးပြရင်း မေးတယ်။

“ ဟ ဟား… ပြောစမ်းပါအုန်း။ ဒီကို ဘာလို့ လာတာလဲ။” ဖန်ကျန်းရှီ ပြုံးပြတယ်။ အကယ်၍ ပိုကောင်းတယ်လို့သာ ဖြေလိုက်ရင် စားသောက်ဆိုင်ပိုင်ရှင် ဒုက္ခရောက် သွားမယ်ဆိုတာ သူသိတယ်။

“ ငါနင့်ကို ကူညီဖို့ လာတာပေါ့။” ဖန်ကျန်းရှီ ကို မှီရင်း ဝူယွဲ့အာပြောတယ်။ သူမ ကိုယ်ကနေ မွှေးရနံ့က သင်းပျံ့လာတယ်။

“ ဘယ်လို ကူညီမှာလဲ။” ဖန်ကျန်းရှီ သတိကြီးကြီး နဲ့ ထိုင်နေဆဲ ။

“ ဘယ်လို ကူညီစေချင်လဲ။” ဝူယွဲ့အာ သူမရဲ့ ဂါဝန် အဖျားကို မတင် ပြီး ချောမွေ့ လှပတဲ့ ပေါင်တံတွေကို လှစ်ဟာပြရင်း မေးတယ်။

“ သတင်း အချက်အလက်တွေ စုဆောင်းတာ အပြင်။ အရိပ် တပ်ဖွဲ့ရဲ့ ကွန်ယက် ဖြန့်ကျက်နိုင်စွမ်းက လည်း အရမ်း ကောင်းတယ်။ ဥပဒေ အမတ်မင်း ဝမ်ချောင်မှာ စုချင်းရဲ့ လက်ရေးမူပါတဲ့ ဖြောင့်ချက်စာတွေ ရှိနေတယ်။ အဲ့ဒီ့ ဖြောင့်ချက် စာတွေကို ရန်မြို့တော် အနှံ့ရောက်အောင် မနက်ဖြန် မနက် မှာ ဖြန့်ပေးလို့ရလား။” ဖန်ကျန်းရှီ ခေါင်းငုံ့ပြီး ဝူယွဲ့အာရဲ့ ပေါင်တံတွေကို ကြည့်ရင်း ပြောတယ်။

“ မနက်ဖြန် လား။” ဝူယွဲ့အာ ကြည့်ရတာ နည်းနည်းတော့ အဆင်မပြေ ဖြစ်နေတဲ့ပုံပဲ ။

အရိပ်မျိုးနွယ်စု ရဲ့ ခေါင်းဆောင် အနေနဲ့ ။ ဖန်ကျန်းရှီ ပြောသလိုမျိုး သူက လက်ဖွာတဲ့ သူတော့ မဟုတ်ဘူး။ နောက်တမျိုး ပြောရရင်။ သူမ ရဲ့ ဦးဆောင်မှုကြောင့်။ အရိပ် မျိုးနွယ်စုရဲ့ စီးပွားရေး က အရှိန်အဟုန်နဲ့ကို တိုးတက်လာတာ။ နောက်ပြီးတော့ ယွင်ချင်းဝူက ရှေ့ရေးကို ကောင်းကောင်း ကြိုမြင်တယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်လာရင် သူမက ဘယ်တော့်မှ မတွေဝေဘူး။ လုပ်နိုင်စွမ်းကို အမြင့်ဆုံးလုပ်တာက သူမရဲ့ ပုံစံပဲ။

“ အခက်အခဲ ရှိလို့လား။”

“ မဟုတ်ဘူး။ ငါ သွားလုပ်လိုက်မယ်။” ယွင်ချင်းဝူ ထရပ်တယ်။ တံခါးဆီ ထွက်သွားတယ်။

“ ခနလေး နန်ကုန်းမု အကြောင်း သတင်း တစ်ခုခု ကြားသေးလား။” ဖန်ကျန်းရှီ ရုတ်တရက် သတိရတာကြောင့် မေးတယ်။

“အကယ်၍ ကိစ္စ အားလုံးသာ အစီ အစဉ် အတိုင်း သွားနေ၇င်။ နန်ကုန်းမုက နက်ဖြန် မြို့တော်ကို ရောက်လာလိမ့်မယ်။ တော်ဝင် စာမေးပွဲကို ဝင်ဖြေလိမ့်မယ်။ ငါ သိရ သလောက် ကတော့။ သူက နန်ကုန်းမုနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်လို့ ရမှာ မဟုတ်သေးဘူး။ ဒါပေမယ့် ဒီကိစ္စကတော့ နင်ကိုယ်တိုင် လုပ်တာ ပိုကောင်း ပါလိမ့်မယ်။ ” ဝူယွဲ့အာ သူမ ပြောချင်တာ ပြောပြီးတဲ့နောက်။ ထွက်သွားတော့တယ်။

“ ငါ လုပ်ဖို့ လိုလို့လား။” ဖန်ကျန်းရှီ ပြတင်းပေါက်ကို ကြည့်ရင်း လှောင်ပြုံးပြုံးနေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေက ကြယ်တာရာ အစုအဝေးကြီးကို ထည့်ထားသလို တောက်ပ နေခဲ့တယ်။ ဒါကို မြင်ရင်တော့ လူတွေ လန့်ကုန်ကြမှာ အမှန်ပဲ။ ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက လူတစ်ယောက်ရဲ့ မျက်လုံးကလည်း ဒီလို တောက်ပနေခဲ့တယ်။ သူ့ရဲ့ နာမည်ကတော့ ချီကူယန်။

အပိုင်း(၅၄၀)ပြီး၏။

All Chapters