အပိုင်း (၅၄၁-၅၅၀)
Vol. 6 Ch. 541-550
အပိုင်း (၅၄၁)
“ လုလင်ပျိုတစ်ဦး မိန်းမပျို တစ်ဦး ပေါက်ကွဲလောင်ကျွမ်း။”
Translator: Sparrow Translations Editor: Sparrow Translations
ကောင်းကင်မှာ ကြယ်တွေက တဖျပ်ဖျပ် လတ်ရင်း တောက်ပနေတယ်။ ဒီကြယ်တွေ ရဲ့ တောက်ပမှုက ဖန်ကျန်းရှီ ရဲ့ မျက်ဝန်းတွေနဲ့ ထပ်တူကျနေတယ် ။
ကြယ်တွေရဲ့ ပုံက ပုံစံ အမျိုးမျိုး ပြောင်းလဲကုန်တယ်။ ပုံရိပ်တွေက နေ တောင်တန်းတွေ မြေမျက်နှာ သွင်ပြင်တွေ ။ သစ်ပင် အိုကြီးတွေ အဖြစ်ကို ပြောင်းသွားတယ်။ တဖြည်းဖြည်းချင်း။ ဒီ ပုံရိပ်တွေက တောက်ပတဲ့ ကြယ်တာရာ အစုအဝေး တစ်ခု ဆီ ကူးပြောင်းတယ်။
အခုတော့ ဒီ မျက်ဝန်းတွေက အဆုံးမဲ့ ဟင်းလင်းပြင် တစ်ခုလို နက်မှောင်နေခဲ့ပြီ။ ဖန်ကျန်းရှီ သူ့ ရှေ့က စားပွဲကို ကြည့်တယ်။ မျက်စိရှေ့မှာတော့ ရေနွေး တစ်ခွက်နဲ့ ကျောက်စိမ်းကရား တစ်ခုသာ ကျန်နေတော့တယ်။ ကျောက် စိမ်း ကရားက ဘာစာမှ မပါပဲ ရှင်းလင်းနေတယ်။ ဒါပေမယ့် ဘာ အပြစ် အနာအဆာမှ မပါတဲ့ ထိပ်တန်း အရည် အသွေး ကျောက် စိမ်းကရား ဆိုတာ သိသာတယ်။
“ အချိန် ရောက်ပြီလား။ ” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောတယ်။ အံ့သြသရာ ကောင်း လောက်အောင် သူ တည်ငြိမ်နေခဲ့တယ်။ ဝူယွဲ့အာ သုံး ဖြုန်းနေတာကိုတော့ သူ မှတ်ချက် မပေးတော့ဘူး။ အဲ့ဒီ့ အစား ကျောက်စိမ်းကရား ရဲ့ အဖုံး ကို ဖွင့်တယ်။ အစိမ်း ရင့်ရောင် ဆေးလုံး တစ်လုံးကို ကျောက်စိမ်း ကရားထဲကနေ ထုတ်လိုက်တယ်။
“ ဂလု။” ရေနွေးနဲ့ သောက်ချလိုက်တယ်။
“ ဆိုင်ရှင်” ဖန်ကျန်းရှီ တံခါးကို ကြည့်ရင်း အော်လိုက်တယ်။
“ အမိန့်ရှိပါ သခင်။” စားသောက်ဆိုင်ရဲ့ အသံက တံခါး အပြင်ကနေ ထွက်လာတယ်။ ဒါပေမယ့် ခန်းမ ထဲကို တော့ သူ မဝင်လာ။
“ မင်းတို့ ဆိုင်ရဲ့ အေ ကာင်းဆုံး ဟင်းလျာ တစ်ချို့လောက် ယူလာခဲ့။ နောက်ပြီး အကောင်းဆုံး လက်ဖက်ရည်ပါ ယူခဲ့။ ငါ ယူသွားမယ်။ ” ဖန်ကျန်းရှီ မှာတယ်။
“ ခဏလောက်တော့ စောင့်ပေးပါ။ သခင်။” စားသောက်ဆိုင် ပိုင်ရှင် ချက်ခြင်း ပြန်ဖြေတယ်။
အချိန်ခဏ ကြာပြီးနောက်မှာတော့။ စားသောက်ဆိုင် ပိုင်ရှင်က တန်ဖိုးကြီး ဟင်းလျာ တစ်ချို့နဲ့ မွှေးပျံ့နေတဲ့ ရေနွေး နှစ်ကရားကို ယူလာတယ်။ အဲ့ဒီ့နောက် တစ်ချက် ဦးညွှတ်ရင်း ထွက်သွားတော့တယ်။
ဖန်ကျန်းရှီ လက် ဆန့်ထုတ်လိုက်တယ်။ သူ့ရဲ့ အပြာရောင် အကျီလက်ရှည်ကို ခေါက်လိုက်တော့။ ငွေရောင် နှလုံးကာမှန် တစ်ချပ် ထွက်လာတယ်။ ဒါပေမယ့် ချီကူယန် ပေးတဲ့ နှလုံးကာ မှန်နဲ့တော့ ကွာတယ်။ လုပ်ထားတဲ့ ပစ္စည်းချင်း တူပေမယ့် ။ ဒီ တစ်ခုပေါ်မှာ ပေါ်နေတဲ့ ကျောက်တုံး တစ်တုံး ရှိတယ်။ ဒီလေးထောင့် ကျောက်တုံးမှာ နာမည် တစ်ခုလည်း ရှိတယ်။ အဆုံးမဲ့လောကတဲ့။
ဒီ ကျောက်တုံးကို ကြည့်ရင်း ဖန်ကျန်းရှီ အတွေး လွန် သွားတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ။ သူ သတိ ပြန်ဝင်လာတယ်။ အဲ့ဒီ့နောက် စားသောက်ဖွယ်ရာတွေနဲ့ လက်ဖက်ရည်ကို သူသိမ်းလိုက်တယ်။ အခန်းထဲ ကနေ ထွက်လာတယ်။
ညကတော့ မှောင်မည်းနေခဲ့တယ်။ ရန်မြို့တော်ရဲ့ နေရာတော်တော်များများ မှာ မီးတွေ ပိတ် ကုန်ကြပြီ။ ည လမ်းမီးတွေ အောက်မှာ ကလန်ကလား နဲ့ လူတစ်ယောက် သာ ရှိနေတယ်။ ဒီ တစ်ယောက်တည်းသော သူက လမ်းပေါ်မှာ လျှောက်နေတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လျှောက်လာနေတယ်။ နောက်ဆုံးမှာတော့ သူရပ်တန့်သွားတယ်။
ကြီးမြတသောရှ မင်းဆက်ရဲ့ အကြီးဆုံး နယ်ပယ် တစ်ခု အနေနဲ့ ။ တောင်ပိုင်းဒေသက ရန်မြို့တော်ထဲမှာ ယာယီ တည်းခို ရိပ်သာကြီး တစ်ခုကို တည်ဆောက်ထားတယ်။ တောင်ပိုင်း ယာယီ ရိပ်သာ။ ပုံစံက တောင်ပိုင်း နန်းတော်နဲ့ ဆင်တူတယ်။ တည်ဆောက် ထားတဲ့ လက်ရာတွေက အရည် အသွေးတွေ အားလုံး တူညီကြတယ်။ ပုံစံငယ် တစ်ခုကို ဆောက်ထားသလိုပဲ။ ဖန်ကျန်းရှီက ဒီ ရိပ်သာကြီး ရှေ့မှာ ရပ်နေတယ်။ ဂိတ်တံခါးမှာ စောင့်ကြပ်နေတဲ့ အစောင့်လေးယောက် ကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။
“ တောင်ပိုင်း ဧကရီ အိပ်နေတုန်းလား။” ဖန်ကျန်းရှီ မေးတယ်။
“ ဧကရိ နိုးနေပါတယ်။” အစောင့်လေး ယောက် တစ်ချက်လေးတောင် မတွေဝေပဲ ပြန်ဖြေတယ်။
“ ငါ ရောက် နေပြီ ဆိုတဲ့ အကြောင်း သတင်းပို့ပေးပါ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ သခင်လေး ဖန်။ ကျေးဇူးပြုပြီးတော့ ဝင်လာခဲ့ပါ။ ဧကရီ အရှင်မက သခင်လေးကို စေင့်နေတာ ကြာပြီ။” အ စောင့်လေး ယောက် ပြောပြရင်း နဲ့ လမ်းဖယ်ပေးတယ်။
“ ကျေးဇူးပါပဲ။ ” ဖန်ကျန်းရှီ ကျေးဇူးတင် စကား ဆိုပြီးနောက်။ ဝင်သွားတော့တယ်။ လူအများစု အတွက်တော့။ တောင်ပိုင်း ရိပ်သာက ရှောင်ရမယ့် နေရာ တစ်ခုပဲ။ ဧကရာဇ် ရဲ့ ခွင့်ပြုချက်သာ မရှိရင်။ တောင်ပိုင်းဒေသ နဲ့ တိုက်ရိုက် ဆက်သွယ်နေရတဲ့ ယဉ်ကျေးမှု ဝန်ကြီးတောင် ဒီ ရိပ်သာကို ခြေချခွင့်မရှိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ကတော့ ဝင်သွားပြီ။ အဓိက နေရာကြီးမှာ ရှိတဲ အစောင့်တွေ အများကြီးကို သူ ဖြတ်သွားတယ်။ ဒါပေမယ့် ဘယ် အစောင့်ကမှ သူ့ကို မတား။ အဲ့ဒီ့ အစား။ အရမ်းကို တလေးတစားနဲ့ ကြိုဆိုကြတယ်။
“ သခင်လေး ဖန် ဒီကြွပါ။”
“ သခင်လေးဖန် ဒီဘက်ပါ။”
“ သခင်လေး ဖန် အရှေ့မှာ ဘယ်ဘက်ကို ချိုးပေးပါ။ ”
“…”
ဒီ အစောင့်တွေရဲ့ အကူအညီနဲ့ ဖန်ကျန်းရှီက တံခါး တစ်ချပ်စီးကို ရောက်သွားတယ်။ ဒါပေမယ့် ဒီ တံခါးက တခြား တံခါးတွေနဲ့ မတူ ။ ဝင်ပေါက်မှာ အမျိုးသမီး စစ်သည်တော် လေးယောက်က စောင့်ကြပ်နေယ်။
“သခင်လေး ဖန် ကြွပါ။” အမျိုးသမိး စစ်သည်တော် တစ်ယောက် ။ ဖန်ကျန်းရှီ ရောက်လာတာကို မြင်တော့ စိတ်သက်သာရာ ရသွားတဲ့ ပုံစံပဲ။ အဲ့ဒီ့နောက် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပေးရင်း။ တောင်ပိုင်းဒေသ ထုံးစံ အတိုင်း ဦးညွှန်တယ်။
ဒီလို မျိုး ရိုသေလေးစားခံရတာ။ ဖန်ကျန်းရှီ အတွက်တော့ န ည်းနည်း ခက်ခဲနေတယ်။ သူက တောင်ပိုင်းရိပ်သာကို စားသောက်ဖွယ်ရာလေး ယူလာပြီး။ မနက်စာစားရင်း ရေနွေးလေး သောက်မလို့။ ဒါပေမယ့် အခုက နေမထွက်သေးဘူး။ သူက တောင်ပိုင်းရိပ်သာကို ရောက်နေခဲ့ပြီ။ ဒါကြောင့် သူ မေးခွန်း မေးတာပဲ။
ဒါပေမယ့် ရှန်းယွီကတော့ နိုးနေခဲ့တယ်။ သူလာမှာကိုတောင်ခန့်မှန်းထားတဲ့ပုံစံပဲ။ ဒါက သူ့ကို သိလိုစိတ် ပြင်းထန်စေတယ်။ အစီအစဉ်ကို ပြောမယ် ဆိုရင်။ အစတုန်းကတော့ သူ့ မှာ ဘာ အစီအစဉ်မှ မရှိဘူး။ ဝူယွဲ့ အာနဲ့ သင်းရနံ့ စားသောက်ဆိုင်မှာ တွေ့ပြီးတဲ့နောက်။ ဒီ ဆိုင်က စားသောက်ဖွယ်ရာတွေကို ရှန်းယွီ မစားရ လောက် သေးဘူး ထင်လို့ သူ ယူလာခဲ့တာ။ ဒါပေမယ့် ရှန်းယွီက သူ ရောက်လာမယ်လို့ ဘယ်လို သိနေတာလဲ။ ဖန်ကျန်းရှီ အခန်းထဲကို ဝင်သွားတယ်။ စားပွဲ တစ်ခုရဲ့ နောက်မှာတော့။ တန်ဖိုးကြီး သားရေထည်ကို ခြုံလွှမ်းထားတဲ့ ရှန်းယွီရှိနေခဲ့တယ်။ တောက်ပတဲ့ အလင်းရောင်တွေက သူမရဲ့ ချောမွေ့ တောက်ပတဲ့ ရွှေရောင် အသားအရေကနေ ထွက်ပေါ်နေတယ်။ သူမ လက်ထဲမှာတော့ ရှေးဟောင်း စာအုပ် တစ်အုပ် ရှိနေတယ်။ (တာအိုနိယာမ စာအုပ်။)
“ နင်ရောက်လာပြီပဲ။” ရှန်းယွီ စာအုပ်ကို ပိတ်တယ်။ ထထိုင်တယ်။ သူမရဲ့ မျက်ဝန်း နက်နက်တွေက ဖန်ကျန်းရှီ အခန်းထဲ ဝင်လာတာကို စိုက်ကြည့်နေတယ်။
“ ငါရောက်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် အခု အဖြစ် အပျက်က သူ့ကို နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေတယ်။ ညမှောင်ကြီး မည်းကြီးမှာ။ သူက အမျိုးသမီး တစ်ယောက်ရဲ့ အခန်း ထဲကို ဝင်လာခဲ့ပြီ။ အဲ့ဒီ့ အမျိုးသမီးက တောင်ပိုင်းဧကရီ။
“ ထိုင်ပါအုန်း။” သားရေ ခင်းထားတဲ့ ထိုင်ခုံတစ်လုံးကို ရှန်းယွီ ညွှန်ပြတယ်။
“ ကောင်းပါပြီ။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် ခေါင်းငြိမ့်ပြန်တယ်။
“ ငါ့ဆီ ကိစ္စ ရှိလို့လာတာလား ။” ရှန်းယွီ မေးတယ်။ သူ့ကိုယ်သူ ဧကရီ အဖြစ် မညွှန်းဆိုဘူး။ ငါ လို့ပဲ ပြောတယ်။
“ မဟုတ်ဘူး။”
ဖန်ကျန်းရှီ ခေါင်းခါတယ်။
“ အိုး….” ရှန်းယွီ တိတ်ဆိတ်သွားတယ်။ အဲ့ဒီ့နောက် အတွေးတစ်ခု ဝင်လာတာကြောင့် ပြောတယ်။ “ စားစရာ ယူလာခိုင်းရမလား။”
“ မလိုဘူး။” ဖန်ကျန်းရှီ ခေါင်းခါပြန်တယ်။
“ နင် မဆာဘူးလား။” ရှန်းယွီ အံ့သြသွားတယ်။”
“ ငါ အဆာပြေ နည်းနည်း ယူလာတယ်။”ပြောရင်း ဆိုရင်း ဖန်ကျန်းရှီ သူ့ရဲ့ ဝတ်ရုံ လက်ထဲကနေ ဟင်းပန်းကန် တွေနဲ့ လက်ဖက်ရည် နှစ်ကရားကို ထုတ်လိုက်တယ်။
ဖန်ကျန်းရှီကို ကြည့်ရင်း ရှန်းယွီ နည်းနည်းတော့ အံ့သြသွားပုံပဲ။ စားပွဲပေါ်က ဟင်းတစ်ခုကို သူ ယူစားတယ်။
“ အရသာတော်တော်ကောင်းတယ်။” ရှန်းယွီ ခပ်တိုးတိုး ပြောတယ်။ အဲ့ဒီ့နောက် ကရားကို ယူရင်း ဖန်ကျန်းရှီ အတွက် ကော သူမအတွက်ပါ လက်ဖက်ရည်ငဲ့တယ်။ တစ်ကျိုက်သောက်တယ်။
“ ရေနွေးက ပိုလို့တောင် ကောင်းသေး။”
“ သင်းရနံ့ စားသောက်ဆိုင်ရဲ့ လက်ဖက်ရည်က ရိုးရာယဉ်ကျေးမှုတွေ အများကြီးကို ထင်ဟပ်စေတယ်။ ရန်မြို့တော်မှာ အကောင်းဆုံး မဟုတ်ပေမယ့်။ ပြိုင်ဘက်ကင်းတာကတော့ အသေအချာပဲ။” ဖန်ကျန်းရှီ ရှင်းပြတယ်။
“ ဟုတ်တယ်။ အရသာလည်း တော်တော် ကောင်းတယ်။” ရှန်းယွီ ခေါင်းငြိမ့်ရင်း နောက်တစ်ငုံသောက် လိုက်တယ်။ ဖန်ကျန်းရှီကတော့ ဆက်မပြောတော့ဘူး။ နောက်ကို လှဲချရင်း သက်တောင့် သက်သာ ဖြစ်အောင် အနေအထား ပြောင်းလိုက်တယ်။
ဒါပေမယ့် ဒီ အချိန်မှာပဲ ရှန်းယွီ လှုပ်ရှားတော့တယ်။ အေးစက်စက် ဓားမြှောင် တစ်ချောင်းက ဖန်ကျန်းရှီ ဆီကို တည့်တည့်လာတယ်။ ငြင်သာ မြန်ဆန် လွန်းလို့ အရိပ်တစ်ခု လှုပ်ရှားနေတဲ့ အတိုင်းပဲ။ ဒါပေမယ့် ဒီ ဓားမြှောင်က ဖန်ကျန်းရှီ ရဲ့ လည်ပင်းကို ထွင်းဖောက်မသွားခဲ့။ ဘာကြောင့်လဲ ဆိုတော့ ဓားမြှောင်က ဖန်ကျန်းရှီ ဆီ မရောက်ခင်မှာတင်။ ရှန်းယွီရဲ့ ကိုယ်က ဖန်ကျန်းရှီ ပေါ်ကို လဲကျသွားတာ ကြောင့်ပဲ။ သူ မ ကိုယ်က ဟန်ချက် ပျက်သွားသလိုမျိုး။ ဒီအချိန်မှာပဲ။ ဖန်ကျန်းရှီက ထိုင်ခုံကို ဘေးဘက် ရွေ့လိုက်တယ်။
“ ဘုန်း၊”
ကြမ်းပြင်ပေါ်ကို ရှန်းယွီ ဒူးထောက်ကျ သွားတယ်။ သူမ နဖူးက ဖန်ကျန်းရှီ ရဲ့ ပေါင်ကို သွားတိုက်တယ်။ ကိုယ်ကတော့ ထိုင်ခုံကို သွားထိတယ်။
“ အရှင် ဧကရီ။”
“ အရှင် ဧကရီ။”
အမျိုးသမီး စစ်သည်တော် နှစ်ဦး ရဲ့ အသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် တံခါးပွင့်သွားပြီး အမျိုးသမီး စစ်သည်တော် လေးဦး ဝင်ချလာတယ်။ အချိန်တွေက ရပ်တန့်သွားသလိုပဲ။ ဖန်ကျန်းရှီက ရှန်းယွီကို ကြည့်တယ်။ ရှန်းယွီက အမျိုးသမီး စစ်သည်တော်တွေကို ကြည့်တယ်။ အမျိုးသမီး စစ်သည်တော် တွေက ဖန်ကျန်းရှီ နဲ့ ရှန်းယွီကို စိုက်ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။
“ ကျွန်တော်မျိုးမ သေသင့်ပါတယ်။ ”
“…”
အမျိုးသမီး စစ်သည်တော် လေးဦး ခဏတာ တောင့်တင်းသွားတယ်။ အဲ့ဒီ့နောက် သူတို့ ဒူးထောက်ရင်း တောင်းပန် ကြတော့တယ်။
“ထွက်သွား။ ငါ့ အမိန့် မရပဲ။ နောက်တစ်ကြိမ် ငါ့ အမိန့် မရပဲ ဝင်မလာနဲ့။ ” ရှန်းယွီ ဖြည်းဖြည်းချင်း ထရပ်တယ်။ ဒူး နှစ်ဖက်ကို နှိပ်နယ်ရင်း ပြောတယ်။
“ အမိန့်တော် အတိုင်းပါ။ ။” အစောင့် စစ်သည်တော်တွေ ချက်ခြင်း ထွက်သွားတော့တယ်။
ဖန်ကျန်းရှီကတော့ ကိုယ်ကို ပြန်ရွေ့တယ်။ ဟင်းပန်းကန်ကို လက်နှိုက်ရင်း ထပ်စားတော့တယ် ။
“ တစ်နှစ်တောင် ကြာခဲ့ပြီ။ နင် နည်းနည်းလေးတောင် ပိုပြီး ညင်သာလို့ မရဘူးလား။ ” ရှန်းယွီ သူမ ထိုင်ခုံမှာ ပြန်ထိုင်ရင်း ပြောတယ်။
“ ငါက မင်းကို ပြောရမှာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်ရင်း ပြောတယ်။ တကယ်တော့ ခုနက ရှန်းယွီ နူးညံ့ညင်သာနေတဲ့ ပုံစံကို သူ ယုံမိတော့မလို့ ။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက တော့ ပြောင်းလို့ မရဘူးလေ။ အထူးသဖြင့် ။ လူတစ်ယောက်ရဲ့ တကယ့် စရိုက် စစ်ကိုပေါ့။ ရှန်းယွီလိုပဲ။ တစ်နှစ်တာ အချိန် အတွင်းမှာ။ လူရိုင်းမလေးက လက်ဖက်ရည်သောက်ရင်း စကားပဲ ပြောချင်တော့တဲ့ တည်ငြိမ်သူလေး ဖြစ်သွားနိုင်မလား။ ဒါက ဖြစ်တောင် ဖြစ်နိုင်လို့လား။
“ နင် အခုချိန်ထိ အရှက်မရှိ ဖြစ်နေတုန်းပဲ။” ရှန်းယွီ မည်းမှောင်နေတဲ့ အမူအယာ နဲ့ ပြောတယ်။ “ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက တောင်ပိုင်းဒေသကို ပြန်လာပြီး ရှင်းပြတာမျိုး ဘာလို့ မလုပ်တာလဲ။”
“ ငါလုပ်ဖို့ လိုလို့လား။” ဖန်ကျန်းရှီ မေးတယ်။
“ မလိုဘူးလား။” ရှန်းယွီ မေးပြန်တယ်။
“ အကယ်၍ မင်းသာ ငါ့ကို ယုံကြည်ရင်။ ငါ ရှင်းပြစရာ မလိုဘူး။ မင်းသာ ငါ့ကို မယုံရင်တော့။ ငါ ဘယ်လောက်ပဲ ရှင်းပြပါစေ ။ မင်း လက်ခံမှာမှ မဟုတ်ပဲ။ ဟုတ်တယ်ဟုတ်။”
ရှန်းယွီ တိတ်ဆိတ်သွားတယ်။ တစ်ခဏကြာတော့ ခေါင်းငြိမ့်ရင်း မေးတယ်။ “ အေးခဲ မျောက်မင်း ဒေသက ဓားကို နင် လာယူသွားတယ် မဟုတ်လား။”
“ အဲ့တာ ငါ့ဓားလေ။ ယူရမှာပေါ့။” ဖန်ကျန်းရှီ မငြင်းဘူး။
“ တောင်ပိုင်းဒေသကို နင်လာတဲ့ အချိန် ငါ့ကို ဘာလို့ ဝင် မတွေ့တာလဲ။”
“ အကယ်၍ ငါတို့သာ ဆုံဖြစ်ခဲ့ရင်။ နန်းတော် ဂိတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စမျိုးက ဖြစ်လာမှာ မဟုတ်ဘူး။”
“ ငါ ရန်မြို့တော်မှာ တစ်လပဲ နေမှာ။ အချိန် လောက်ရဲ့လား။ ” ရှန်းယွီ သူ့ ဓားကို ပြန်သိမ်းရင်း မေးတယ်။
“ တောင်ပိုင်းဒေသ ကိစ္စ အတွက်တော့။ တစ်လတောင် မလိုဘူး။ သုံးလေး ရက် အတွင်း ဖြေရှင်းပြီးတယ်။” ဖန်ကျန်းရှီ တွေးတော ပြီးနောက် ပြန်ဖြေတယ်။
“ မြန်လိုက်တာ။” ရှန်းယွီ သက်ပြင်းချတယ်။ အကယ်၍ တခြား တစ်စုံတစ်ယောက်ကသာ။ တစ်နှစ်တာ လုံးလုံး မပြီး ပြတ်နိုင်တဲ့ ဒီအမှုကြီးကို သုံးလေးရက် အတွင်း ဖြေရှင်းမယ် ပြောရင် ။ ရှန်းယွီ ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုပြောတာက ဖန်ကျန်းရှီ ဖြစ်နေတယ်။ ဒါကြောင့် သူမ ယုံလိုက်တယ်။
“ဟုတ်တယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ရှန်းယွီကတော့ ထပ်မမေးတော့ဘူး။ အဲ့ဒီ့အစား ဟင်းနဲ့ မုန့်တွေကို စားလိုက် လက်ဖက်ရည်သောက်လိုက်သာ လုပ်နေခဲ့တယ်။ “အရသာရှိလိုက်တာ။”
“ ဒါဆိုရင် များများ စား။” ဖန်ကျန်းရှီ ပြုံးပြတယ်။
…
မနက်ခင်း လင်းအာရုံ နေရောင်ခြည်က တောင်ပိုင်းရိပ်သာ ရဲ့ ပြတင်းပေါက်ကို ဖြာကျလာတယ်။ ဒီ အခန်းထဲမှာ။ လုလင်ပျို တစ်ယောက်နဲ့ မိန်းမပျို တစ်ယောက် မျက်နှာချင်း ဆိုင်ထိုင်ရင်း မနက်စာ စားနေခဲ့တယ်။ လက်ဖက်ရည်လေး သောက်ရင်းနဲ့ပေါ့။ မြင်ရတဲ့ မြင်ကွင်းက အေးချမ်းလွန်းတယ်။
ဒါပေမယ့် တည်းခို ရိပ်သာ အပြင်ဘက် ရန်မြို့တော်မှာတော့။ အခြေအနေ က ပြင်းထန်နေတယ်။ စုချင်းရောက်လာတဲ့ သတင်းက သွမ့်အရှင်နဲ့ အိမ်ရှေ့စံ အိမ်တော်ကိုပဲ သတင်း ရောက်သေးတာ ။ နောက်တစ်နည်း ပြောရရင်။ ရန်မြို့တော်က အမတ်မင်း အများစု က အိမ်တော်တွေကို ပြန်ကုန်ပြီ ဖြစ်တာကြောင့်။ စုချင်းရောက်လာတာကို လူသိနည်းတယ်။ ဒါပေမယ့် လူတိုင်း နိုးလာတဲ့ မနက်ခင်းမှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။ သူတို့ ကြားရတဲ့ သတင်း စကားကိုတောင် မယုံနိုင်။
“ စုချင်းက မြို့တော်ကို ရောက်လာပြီတဲ့။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက မြို့တော်ကို ဘယ်လိုလုပ် ရောက်လာမှာလဲ။”
“နောက်ပြီးတော့။ တောင်ပိုင်းဒေသ ပြစ်မှု အတွက် ဝန်ခံစာတောင် ရေးပြီးတော့ ရှင်းပြတယ်တဲ့။ ဘာတွေ ဖြစ်ကုန်ပြီလဲ။”
ပြည်သူတွေ ကြားမှာ ဒီကိစ္စက တောမီးလို ပျံ့သွားခဲ့တယ်။ ဖြစ်နေတဲ့ ကိစ္စကို သူတို့ မယုံနိုင်။ ဒီကိစ္စက အရမ်းကို ရုတ်တရက် ဖြစ်လွန်းတယ်လေ။ ဝန်ခံစာက အသေးစိတ် ကို ရေးသားထားတဲ့ အပြင်။ သက်သေ အထောက်အထား တစ်ချို့ကိုပါ ဖော်ပြထားသေးတယ်။ ဒီစာလွှာကို ဖတ်လိုက်တာနဲ့။ စုချင်းရဲ့ စာအရေးအသား အစွမ်းက ဘယ်လောက်တောင် ထူးချွန်လဲ ဆိုတာ သိနိုင်တယ်။
“ ဒါ အမှန်ပဲလား။”
“ ဒီ ဝန်ခံစာက ဒီ့ထက် ပို အသေးစိတ် ကျရင်တောင်။ မမှန်နိုင်ဘူး မဟုတ်လား။”
“ ဟုတ်တယ်။ ငါတို့ ဘယ်လို ယုံကြည်နိုင်မှာလဲ။ ဥပဒေ ဝန်ကြီး အိမ်တော်က အသိမ်းခံလိုက်ရတဲ့ စာလွှာတွေ အတိုင်းပဲ။ အခု စာမှာလည်း စုချင်းရဲ့ လက်ဗွေရာ အပြင်။ အမတ်မင်း တံဆိပ်ပါ ပါနေသေးတယ်။”
“ မင်း သေချာလို့လား။”
ဥပဒေ ဝန်ကြီး ဌာနရဲ့ ဝင်ပေါက်မှာ ချိတ်ထားတဲ့ ဝန်ခံစာက။ အမတ်မင်းတွေနဲ့ ပြည်သူတွေကို အထိတ်တလန့် ဖြစ်စေတယ်။ တစ်ညတာ အတွင်းမှာပဲ။ ရန်မြို့တော်က မီးပွားကျသလို ရှုပ်ထွေးသွားခဲ့တယ်။ မနေ့က ဖြစ်တဲ့ ကိစ္စကိုတောင် လူတွေ မယုံနိုင်သေးခင် အချိန်မှာပဲ။ ဒီ မီးတောက်သလို ကိစ္စကြီးက ပေါ်လာခဲ့တယ်။ မြို့တော်တစ်ခုလုံးကို တောက်လောင်စေတဲ့ မီးတောက်ကြီးပေါ့။
အပိုင်း(၅၄၁)ပြီး၏။
အပိုင်း ( ၅၄၂)
“ ပြောင်းလဲသွားတဲ့လူ။”
Translator: Sparrow Translations Editor: Sparrow Translations
လူထုရဲ့ အသံ။ ဒါက သက်ရောက်မှု အကြီးမားဆုံး လက်နက်တွေ ထဲက တစ်ခုပဲ ။ ဘာကြောင့်လဲ ဆိုတော့ ပျံ့နှံ့တာ မြန်တယ်။ တစ်ယောက်ကနေ တစ်ဆယ်။ တစ်ဆယ်ကနေ တစ်ရာ။ အဲ့ဒီ့နောက် တနိုင်ငံ လုံးအထိ။ ပျံ့နံှ့နိုင်စွမ်းက အရမ်းကို ကြောက်စရာ ကောင်းတယ်။ အထူးသဖြင့် တစ်ယောက်ယောက်က ရည်ရွယ်ချက် ရှိရှိ ဖြန့်ေ၀ ရင်ပေါ့။
မနက်ခင်း လင်းရောင်ခြည်ထွက်ပေါ် လာတဲ့ အချိန်တိုလေး အတွင်းမှာ။ စုချင်း မြို့တော်ကို ဝင်လာတဲ့ သတင်းနဲ့ သူ့ရဲ့ ဝန်ခံစာ က ကြီးးမြတ်သောရှ နိုင်ငံတော် တစ်ဝှမ်းကို ပျံ့သွားခဲ့ပြီ။ တာအို စာမေးပွဲ ထက်တောင် ပိုပြီးတော့ လူပြောများတဲ့ ကိစ္စ တစ်ခု ဖြစ်လာခဲ့တယ်။
“ ဒါဆိုရင်။ တောင်ပိုင်းဒေသ လုပ်ကြံမှု ကြီးရဲ့ နောက်ကွယ် မှာ တကယ်ပဲ အိမ်ရှေ့စံ ရှိနေတာပေါ့။”
“ ဟုတ်တာပေါ့။ အိမ်ရှေ့စံ မင်းသား စေခိုင်းတာ ကြောင့်သာ မဟုတ်ရင်။ စုချင်းက တောင်ပိုင်းဒေသ စစ်ပွဲရဲ့ သူရဲကောင်းကို ဘယ်လိုများ သတ်ဝံ့မှာလဲ။ နောက်ပြီးတော့ သူပြန်လာလာချင်း။ မြောက်ပိုင်းကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင် အဖြစ် ရာထူးတိုးခံလိုက်တာ ကိုပဲ ကြည့်လေ။”
“ ဖန်ကျန်းရှီက တကယ့်ကို မှားယွင်း စွပ်စွဲခံရတာပဲ။”
တစ်ယောက်စကား တစ်ယောက်ကြားရင်း သတင်းက ပျံ့နှံ့သွားတယ်။ ဇာတ်လမ်းတစ်ပုဒ်မှာ လူပိုယုံတာ ခံရတဲ့ ဇာတ်လမ်းက အမှန်တရား ဖြစ်သွားတယ်။ ပြည်သူတွေ အပြင်။ မနက်ခင်းညီလာခံက ပြန်လာတဲ့ အမတ်မင်းတွေ လည်း ဒီကိစ္စကို ခပ်တိုးတိုး ဆွေးနွေးနေကြတယ်။
“ အိမ်ရှေ့စံ ဒီနေ့ မျက်နှာ မကြည်လင်ဘူး။ ညီလာခံ ကျင်းပတဲ့ အချိန် တစ်လျှောက်လုံးမှာလဲ သူ တိတ်ဆိတ်နေခဲ့တာ။ တောက်ပမှုတွေကို လုံး၀ ပျောက်သွားတဲ့ အတိုင်းပဲ…”
“ ဒါပေါ့။ အခု သတင်းက ရန်မြို့တော် တစ်ခုလုံးနဲ့ ကြီးမြတ်သောရှ မင်းဆက်ကို ပျံ့နေပြီ။ ဧကရာဇ်က ဒီမနက် ဘာမှ မပြောပေမယ့်။ ဘာတွေ ဖြစ်လာမလဲ လူတိုင်းသိနေတာပဲ မဟုတ်လား။”
“ စုချင်းကတော့ တော်တော်လည်တာပဲ။ ဒီ လို အချိန်မျိုးမှာ မြို့တော်ကို ဝင်လာပြီးတော့။ တောင်ပိုင်းဒေသ ကိစ္စကို အသေးစိတ် ပြောပြမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ ဆုံးဖြတ်ချက်က လေးစားစရာ ကောင်းလိုက်တာ။”
“ဒါကတော့ မဖြစ်မနေ မလို့ လုပ်ရတာလေ။ အကယ်၍ စုချင်းသာ အိမ်ရှေ့စံကို မဖော်ထုတ်ရင်။ သူလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ တောင်ပိုင်း ကိစ္စ ကို စုံစမ်း စစ်ဆေးတာနဲ့။ တစ်ယောက်ယောက်ကတော့ အပြစ်ဖို့ ခံရတော့မှာပဲ။”
“ အမတ်မင်း လီ ပြောတာ မှန်တယ်။ အခုတော့ အိမ်ရှေ့စံ မင်းသား နောက်ထပ် ဘာလုပ်မလဲ ဆိုတာပဲ စောင့်ရတော့မယ်။”
အမတ်မင်းတွေ ဒီကိစ္စကို ဆွေးနွေးပြီးနောက်။ အိမ်ရှေ့စံ ဘယ်လို လှုပ်ရှားမလဲ ဆိုတာ ကို ခန့်မှန်း ကြတော့တယ်။
…
အရှေ့ပိုင်းနန်းတော်။ အိမ်ရှေ့စံ အိမ်တော်မှာ နေ့လယ်ခင်း နေရောင်က တောက်တောက်ပပကြီးကို ဖြာကျနေခဲ့တယ်။ ဥယျာဉ်ထဲက ပွင့်လန်းနေတဲ့ ပန်းရနံ့တွေက စိတ်ကို ကြည်နူးစေတယ်။ ဒါပေမယ့် သွေးညှီနံ့ကိုတော့ ဒီ ပန်းရနံ့က မဖုံးပေးနိုင်။
စာကြည့်ခန်းရဲ့ အပြင်ဘက်မှာ။ အိမ်ရှေ့စံ အိမ်တော်က အမှုထမ်းသုံးယောက် သွေးအိုင်ထဲ လဲနေခဲ့တယ်။ သူတို့ လက်ထဲက အစားအသောက် ပန်းကန်တွေ မြေပြင်ပေါ်မှာ ကွဲကျေနေတယ်။ သူတို့နဲ့ သိပ်မနီးမဝေးမှာတော့။ ဖိနပ်မှာ သွေးစွန်းနေတဲ့ တော်ဝင် အမတ်မင်း သုံးဆယ်ကျော် ရပ်နေခဲ့တယ်။ သူတို့ရဲ့ တည်ကြည်နေတဲ့ မျက်နှာတွေက ပြင်းထန်နေတဲ့ အခြေအနေကို ဖော်ပြနေတယ်။
ဒေါသထွက်နေတဲ့ ဧကရာဇ် တစ်ပါးက နိုင်ငံတစ်ခုလုံးကို လှုပ် ခါသွားစေနိုင်တယ်။ ဒေါသထွက်နေတဲ့ အိမ်ရှေ့စံ ရှိတဲ့ အရှေ့နန်းတော်ကကော ဘယ်လို အေးချမ်းနိုင်မှာလဲ။ ခြံဝန်းပတ်ပတ်လည်မှာ အစေခံတွေ ဒူးထောက်နေကြတယ်။ သူတို့ တစ်ယောက်မှ ခေါင်းမမော့ရဲကျ။ နေအပူရှိန်ကြောင့် ချွေးတွေ လည်း စိုရွှဲနေကြတယ်။
တိတ်ဆိတ်နေတယ်။ ဒါပေမယ့် အခြေအနေက ပြင်းထန်တယ်။ စာကြည့်ခန်းက ပုံမှန်မဟုတ်စွာပဲ မှောင်မည်း နေတယ်။ စာကြည့်ခန်းထဲမှာ ရှိတဲ့ လူရဲ့ စိတ်သဘော ကြောင့်ပဲ။ တကယ်ဆို ပြတင်း ပေါက် တစ်ပေါက် ဖွင့်လိုက်ရင်ကို လင်းထိန် သွားနိုင်တယ်။ ဒါပေမယ့် ပြတင်းပေါက် တိုင်းကို လိုက်ကာ စ အမည်းတွေနဲ့ ပိတ်ထားခဲ့တယ်။
ဒါက စာကြည့်ခန်းကို ခြောက်ခြားစရာ ကောင်းစေတယ်။ ခုံပေါ်မှာ ထိုင်နေတဲ့ အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ မျက်နှာက ကြောက်စရာ ကောင်းလောက်အောင် သုန်မှုန်နေတယ်။ တုန်နေအောင် ကြောက်စရာ ကောင်းတဲ့ မြင်ကွင်း တစ်ခုပဲ။ ဒါပေမယ့် အခြေအနေကို ပိုဆိုးသွားစေတာက အခန်းထဲမှာ အမတ်မင်း တစ်ယောက်မှ မရှိတာပဲ။ တစ်ကိုယ်လုံး ဝတ်ရုံနက် ခြုံထားတဲ့ လူတစ်ယောက်က လွဲပြီးတော့ပေါ့။
“ အရှင့်သား။ နောက်ထပ် ထပ်စောင့်ချင်သေးလား။” လင်းထျန်းရုံရဲ့ ရှေ့မှာ ရှိနေတဲ့ ဝတ်ရုံနက်က ဒူးထောက်မယ့် ပုံလည်း မရှိသလို။ တောင်းပန်မယ့် ပုံစံလည်း မပြဘူး။
“ ဟဟ ား.. ငါက မင်းလို လူမျိုးနဲ့ ပတ်သက်လိမ့်မယ်လို့ ထင်နေတာလား။” လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရယ်မောတယ်။
“အကယ်၍ အရှင့်သားသာ ကျွန်တော်တို့နဲ့ မပတ်သက်ချင်ရင်။ ကျွန်တော်က ဘာလို့ ဒီမှာ ရှိနေရမှာလဲ။” ဝတ်ရုံနက်က မေးတယ်။
“အခု … မင်း သွားနိုင်ပြီ။” လင်းထျန်းရုံ အံကြိတ်ရင်း ပြောတယ်။
“ ဒီလောကမှာ ။ ထာဝရ ရန်သူလည်း မရှိသလို။ ထာဝရ မိတ်ဆွေလည်း မရှိဘူး။ အခြေအနေ ပြောင်းလဲ နေတာပဲ။ ကျွန်တော်တို့မှာ ဘုံရန်သူ ရှိနေမှတော့ ဘာကြောင့်များ အလုပ်တူတူ မလုပ်ရမှာလဲ။” ဝတ်ရုံနက် ဆက်ပြောတယ်။
“လွန်ခဲ့တဲ့ တစ်နှစ်တုန်းက လူတစ်ယောက်ကို ဒီ စကား ငါပြော ခဲ့မှန်း မင်းမသိဘူး မဟုတ်လား။ အဆုံးသတ်မှာတော့။ အဲ့ဒီ့ လူက သေသွားတယ်။” လင်းထျန်းရုံ အေးစက်စက် ရယ်မောတယ်။
“ အဲ့ဒီ့ စကားကို တောင်ပိုင်းဒေသ အိမ်ရှေ့စံ ဆီ ပြောတာ မင်းမဟုတ်ပါဘူး။ စုချင်းလေ။ ငါပြောတာ မှန်တယ် မဟုတ်လား။”
“ မင်းဘယ်လို သိတာလဲ။ ”
“ ဒီ့ထက်တောင် ပိုသိသေးတယ်။ ဥပမာ အားဖြင့် ဆိုရင်။ အရှင်မင်းသား မြောက်ပိုင်းဒေသမှာ လုပ်ဖို့ အကွက်ချထားတာတွေ။ နောက်ပြီးတော့ ယဉ်ကျေးမှု အမတ်မင်း နဲ့ ကိုးယောက် တစ်ယောက် ခွဲတာတွေ။ စစ်မက်ရေးရာ ဝန်ကြီး ရဲ့ အကူအညီနဲ့ စစ်သူကြီး ကိုးယောက်ကို ရာထူးတိုးပေးတာတွေ။ လူမှုရေး ဝန်ကြီး ဌာနမှာ….”
“ ပါးစပ်ပိတ်ထားစမ်း။ မင်း ဒါတွေကို ဘယ်လို သိတာလဲ…” လင်းထျန်းရုံရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ သူ့ လက်ထဲက ရေနွေးခွက်ကတော့ အမှုန့်ဖြစ်သွားခဲ့ပြီ။
“စုချင်းသိသမျှ အကုန် ငါတို့သိတယ်။ “ ဝတ်ရုံနက် ခပ်ရှင်းရှင်း ပြောတယ်။
“ မင်း ပြောချင်တာ။ စုချင်းက မင်းတို့ ..“ လင်းထျန်းရုံ မျက်လုံးပြူးသွားတယ်။
“ အရှင့်သား ခန့်မှန်းတာ မှန်တယ်။ ဒါဆိုရင်။ စုချင်း နောက်ထပ် ဘာလုပ်မလဲ ခန့်မှန်းလို့ရ ပြီ ထင်တယ်။ နောက်ပြီးတော့ သူ့ ကိုယ်သူ ကယ်တင်ဖို့ပဲ ဆက်လုပ်တော့မှာ။”
“ မင်းတို့က မြောက်ပိုင်းဒေသမှာ ငါလုပ်ခိုင်းတာတွေ စုချင်းကို ပြောခိုင်းမလို့လား။ ငါ့ရဲ့ အခု အဆင့်အတန်း နဲ့ ဆို ဘယ်သူက ယုံမှာလဲ။
“ မဟုတ်ပါဘူး။ ဒါပေမယ့် မြောက်ပိုင်း ဒေသ နတ်ဆိုးကျောင်းတော် ခေါင်းဆောင် ချီဟို့ ပြောလိုက်ရင်ကော ဘာဖြစ်သွားမလဲ။ အရှင့်သား ။ ဘယ်သူတွေ ယုံမယ်လို့ ထင်လဲ။”
“ မင်း.ယယယ”
“ အရှင့်သား.. ပူးပေါင်းတဲ့ ကိစ္စ အကြောင်း ပြောကြရအောင်။ အကယ်၍ အရှင့်သားသာ လိုလားမယ် ဆိုရင်။ စုချင်းကို ချက်ခြင်း ထွက်သွားခိုင်းလို့ရတယ်။ အဆုံးမှာတော့။ အိမ်ရှေ့စံ က သူ့ နေရာသူ ထိန်းထားနိုင်ပြီးတော့။ ကြီးမြတ်သောရှ မင်းဆက် က မပြောင်းလဲပဲ ရှိနေလိမ့်မယ်။” ဝတ်ရုံနက် လက်တစ်ဖက်ကို ဆန့်တန်းရင်း ပြောတယ်။
“ ငါက မင်းကို ဘယ်လို ယုံရမှာလဲ။” လင်းထျန်းရုံ အသက်ပြင်းပြင်းရှူရင်း မေးတယ်။
“ အရှင့်သား မှာ ရွေးချယ်စရာမှ မရှိပဲ။”
“ မဟုတ်ဘူး။ ငါ မင်းကို သတ်လို့ရတယ်။ စုချင်းရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ပြီး ခမည်းတော်ကို သတင်းပို့မယ်။ ခမည်းတော်က ငါ့ကို သေချာပေါက် ယုံကြည်မှာပဲ။”
“ဒါဆို… ဘာလို့မလုပ်တာလဲ။“
“ ငါမလုပ်ဝံ့ဘူးလို့ မင်းထင်နေတာလား။”
“ဒါပေါ့။ အရှင့်သား လုပ်ရဲတာပေါ့။ ဒါပေမယ့် အရှင့်သား မလုပ်ရဲဘူးလို့ လည်း ကျွန်တော် ယုံကြည်တယ်။ ဘာကြောင့်လဲ ဆိုတော့။ အရှင့်သားက ကျွန်တော့်ကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒုတိယက စုချင်းရဲ့ ဇစ်မြစ် အမှန်ကို ဖော်ထုတ်လိုက်ရင်။ ဧကရာဇ်ရဲ့ ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မယ်။ ဒါတွေ ဖြစ်လာရင်။ အရင်လို ပြန်ဖြစ်နိုင်ပါ အုန်းမလား။ ထီးနန်းကို လက်လွှတ်ပြီး။ ပူပင်ကြောင့်ကျမဲ့တဲ့ နှယ်နှင်ခံမင်းသား တစ်ယောက် အဖြစ် နေသွားနိုင်မှာလား။” ဝတ်ရုံနက် မသွယ်ဝိုက်ပဲပြောတော့တယ်။
“ပူပင်ကြောင့်ကျမဲ့တဲ့ နှယ်နှင်ခံမင်းသား” လင်းထျန်းရုံ တိတ်ဆိတ်သွားတယ် ။ ဒါပေါ့။ သူ လည်း ဒီလို ဖြစ်နိုင်တာပေါ့။ ဒီလို ပူပင်ကြောင့်ကျမဲ့တဲ့ ဘဝက လူတိုင်းရဲ့ အိမ်မက် လည်း ဟုတ်တယ်။ ဒါပေမယ့် သူက တော်ဝင် မိသားစုလေ။ မွေးလာတည်းက စည်းစိမ်ချမ်းသာတွေနဲ့ နေလာရတာ။ နောင်တစ်ချိန် ထီးနန်းကို ဆက်ခံဖို့ လျာထားခံရတာ။ ဒါတွေကို ငယ်ငယ်လေးတည်းက ပိုင်ဆိုင်ခဲ့တာ အခုဆို နှစ် ၂၀ ကျော်ခဲ့ပြီ။
သူ့ရဲ့ အလို ဆန္ဒကို ပြည့်ဝအောင် လုပ်နိုင်ဖို့က နေရာတစ်ခုပဲ ရှိတော့တယ်။ တကယ့်ကို မြင့်မားလွန်းတဲ့ နေရာ တစ်ခု။ လူသန်းပေါင်း များစွာရဲ့ သေခြင်း ရှင်ခြင်းကို စိုးမိုးနိုင်တဲ့ နေရာ တစ်ခု။
“ ငါက ပူပင်ကြောင့်ကျမဲ့တဲ့ နှယ်နှင်ခံမင်းသား ဖြစ် မဖြစ် မင်းတို့နဲ့ ဘာဆိုင်လဲ။” လင်းထျန်းရုံ သတိပြန်ဝင်လာပြီး အော်ဟစ်တယ်။
“ ဒါပေမယ့် ဖန်ကျန်းရှီ ကိုကော ဘယ်လိုလဲ။ သူ အသက်ဆက်ရှင်နေဖို့ အရှင့်သား ဆန္ဒရှိလား။” ဝတ်ရုံနက် ခေါင်းငြိမ့်ရင်း သတိပေးတယ်။
“ ငါက သူ့ကို ဘာလို့ ကြောက်ရမှာလဲ။”
“ အရှင့်သား။ တကယ်ပဲ မကြောက်တာလား။ ဖန်ကျန်းရှီ မြို့တော်ထဲ ဝင်မလာခင်တုန်းက ။ အရှင့်သား ဒီလိုပဲ ပြောခဲ့သေးတယ်လေ။ ဒါပေမယ့် အဆုံးသတ်မှာ ဘာဖြစ်သွားလဲ။ ”
လင်းထျန်းရုံ တိတ်ဆိတ်သွားပြန်တယ်။ အရှေ့ပိုင်း နန်းတော်ရဲ့ မင်းသား တစ်ပါး အနေနဲ့။ ကြီးမြတ်သောရှ မင်းဆက်က နောက်တက်မယ့် ဧကရာဇ် ဖြစ်နိုင်တယ်။ ဘာမဟုတ်တဲ့ ဖန်ကျန်းရှီကို ကြောက်နေရပါတယ်လို့ ပြောဖို့က ရှက်စရာ ကောင်းလွန်းတယ်လေ။
ဒါပေမယ့် သူ့ကို သေတွင်းထဲ ထပ်ခါထပ်ခါ ပို့နိုင်တဲ့ ဒီလူက။ ဘာမဟုတ်တဲ့ သာမာန်ရွာက ရွာသားတစ်ယောက် ဖြစ်နေတာ ငြင်းမရတဲ့ အချက်ပဲ။ သူမကြောက်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကို အသက် မရှင်စေချင်။
“ မင်းမှာ… ဖန်ကျန်းရှီကို သတ်ဖို့ နည်းလမ်းရှိလား။” လင်းထျန်းရုံ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် မေးတယ်။
“ဒါပေါ့။ ဖ န်ကျန်းရှီ သေရလိမ့်မယ်။ အခုတော့ မဟုတ်ဘူး။” ဝတ်ရုံနက် ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် ခေါင်းခါတယ်။
“မင်း ဘာကို ဆိုလိုတာလဲ။”
“လက်ရှိမှာ။ အရှင့်သားက အိမ်ရှေ့စံ။ ဒါပေမယ့် အရှင့်သားသာ လောကကြီးကို ထိန်းချုပ်နိုင်ရင်။ ဖန်ကျန်းရျှီ သေမသေ အာရုံစိုက်နေစရာ လို အုန်းမှာလား။” ဝတ်ရုံနက်မေးတယ်။
“ လောကကြီး ဟုတ်လား… ။ ငါက လောကကြီးကို ပိုင်ထားပြီးသားပဲ။ ငါက အိမ်ရှေ့စံ ။ နောက်တက်မယ့် ဧကရာဇ်ပဲ။”
“ဟုတ်တာပေါ့။”
“ မင်းလည်း ဒီလို ထင်တယ်လား။”
“ဒါပေါ့။ ”
“ ဘာကြောင့်လဲ ။ အကြောင်းပြချက်ပေးစမ်း”
“ ဒါကြောင့်သာ မဟုတ်ရင်။ အရှင့်သားရှေ့ ကျွန်တော်ရှိနေမှာ မဟုတ်ဘူး။”
“ ဟ ဟား.. မင်း ပြောတာ ဟုတ်တယ်။ နှစ်ရက်အတွင်း။ တော်ဝင် စာမေးပွဲ ကျင်းပတော့မယ်။ လူတိုင်း အာရုံစိုက် နေကြပြီ။”
“ ဒါဆိုရင် အရှင့်သားက ကျွန်တော်တို့နဲ့ လက်တွဲမှာပေါ့။”
“ ငါ့ ကိုယ်ငါ မဖော်ပြဘူး။ အောင်မြင်တာ မအောင်မြင်တာက မင်း အပိုင်း။”
“ ဟဟား.. ဒါပေါ့။” ဝတ်ရုံနက် ခေါင်းငြိမ့်တယ်။ နံရံတစ်ခုထဲကို ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ဝင်သွားတယ်။
“အရှင့်သား။ ဒီကိစ္စ အခြေကျသွားရင်း ကျွန်တော်တို့နဲ့ သဘောတူထားတာကို မမေ့ပါနဲ့။”
…
ဖန်ကျန်းရှီ တောင်ပိုင်း ရိပ်သာကနေ ထွက်လာတဲ့ အချိန်။ နေဝင်နေခဲ့ပြီ။ ဒါပေါ့။ တောင်ပိုင်း ရိပ်သာမှာ အရေးကြီး ကိစ္စတွေကို ကိုင်တွယ်နေရတာကြောင့် မဟုတ်ဘူး။ ဒါပေမယ့် တစ်ရက်ကျော်ကျော် မအိပ်ရသေးတာကြောင့် ပင်ပန်းနေလို့ပဲ။ ဒါကြောင့် တောင်ပိုင်း ရိပ်သာမှာ သူ တစ်ရေး အိပ်ခဲ့တယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ရှန်းယွီကလည်း ဖန်ကျန်းရှီ အိပ်နေတာကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေတယ်လေ ။ ဖန်ကျန်းရှီ နိုးလာပြီး ပြန်တဲ့ အချိန်မှာတောင် သူမ ဘာမှ မမေးဘူး။
တောင်ပိုင်းရိပ်သာကနေ အားအင် အပြည့်နဲ့ သူ ပြန်ထွက်လာတယ် ။ ဒါပေမယ့် သူ့ကို မြင်တဲ့ ပြည်သူတွေကတော့ အံ့သြတာပေါ့။ တောင်ပိုင်းရိပ်သာကနေ သူထွက်လာတာကို မျက်လုံး ဒေါက်ထောက် ကြည့်နေကြတယ်။
“ တောင်ပိုင်းရိပ်သာ… ဖန်ကျန်းရှီ တကယ်ပဲ တောင်ပိုင်း ရိပ်သာ ကနေ ထွက်လာတာလား။”
“ တောင်ပိုင်းရိပ်သာမှာ တောင်ပိုင်း ဧကရီ နေနေတာလေ။ သူ ဘယ်လိုများ ဝင်သွားတာလဲ။”
သူတို့ မြင်နေတာကို မယုံပေမယ့်။ ဖန်ကျန်းရှီကိုလည်း မမေးရဲကြ။ ဒါပေါ့။ ဖန်ကျန်းရှီကလည်း ရှင်းပြမှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ဘယ်လို ရှင်းပြရမှာလဲ။ တောင်ပိုင်း ရိပ်သာမှာ ကျွန်တော် တရေးသွားအိပ်တာပါ ခင်ဗျ လို့ ပြေရမှာလား။ ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။ သူ သွားသမျှနေရာ တိုင်းမှာ အာရုံ စိုက်ခံ နေရတာကို တော့ ကျင့်သားမရသေး။
“ ကြည့်ရတာ ဝူယွဲ့အာက သတင်းကို ကောင်းကောင်း ဖြန့်ပေးလိုက်တဲ့ ပုံပဲ။” ဖန်ကျန်းရှီ သူ့ကိုယ်သူ ပြောရင်း ပြုံးနေတယ်။
စွမ်းအားက လူတွေရဲ့ အသံမှာ တည်တယ်။ ဓားတစ်ချောင်းလို ချက်ခြင်း မသတ်နိုင်ပေမယ့်။ လူတစ်ယောက်ကို ဖြည်းဖြည်းချင်း ကွဲအက်သွားအောင် ဖိအားကောင်းကောင်း ပေးနိုင်တယ်။
လွန်ခဲ့တဲ့ တစ်နှစ် တုန်းကနဲ့ ယှဉ်ရင်။ ကိစ္စတွေကို ဖန်ကျန်းရှီ ပိုသိပြီး ပို နားလည်လာပြီ။ အထူးသဖြင့်။ သူ့ရဲ့ လေ့ကျင့်မှု ပန်းတိုင်ရယ်။ လှုပ်ရှားမှုတွေက နေ သက်ရောက်တဲ့ လှိုင်းဂယက် ပေါက်ကွဲမှုတွေကိုပေါ့။ နောက်ပြီးတော့ နည်းဗျူဟာကျကျ လှုပ်ရှားမှုတွေကိုကော။
သူ့မှာ နေရာပေါင်းစုံကနေ ရလာတဲ့ သတင်းတွေ အများကြီးရှိတယ်။ ဒါက သူများတွေ မသိတဲ့ ကိစ္စတွေကို သိအောင် ကူညီပေးတယ်။ ဒါကြောင့် သူ လုပ်သမျှ ကိစ္စတိုင်းကို မခက်ခဲ ဘူးလို့ ထင်မြင်လာစေတာပဲ။ ဒါပေမယ့် ဝူယွဲ့အာကတော့ ဒီလို မထင်။ သူမ အမြင်မှာ။ ဖန်ကျန်းရှီက တခြားသူတွေနဲ့ လှုပ်ရှားတဲ့ ပုံစံ မတူဘူး။ ဒါကြောင့် သက်ရောက်မှု ပြင်းထန်ပြီး ထူးခြားရတဲ့ ရလဒ်တွေကို ရတာ။
“တော်ဝင်စာမေးပွဲ က နောက်တစ်ကြိမ် ကျင်းပတော့မှာလား။” ဖန်ကျန်းရှီ ခေါင်းမော့ရင်း တွေးနေတယ်။ နေဝင်ဆည်းဆာချိန် က အနီရောင် သန်းနေခဲ့ပြီ။ ကြည့်ကောင်းတဲ့ မြင်ကွင်းပဲ။ အရင် တခါ တော်ဝင် စာမေးပွဲကို သူ ပြန်တွေးမိတယ်။ သုခမိန် လောက။ သူတိုက်ရိုက်တိုက်ခိုက်လို့ မနိုင်နိုင်တဲ့ လူကို ပထမဆုံး တွေ့မိတာပဲ။ ယဉ်နတ်ဆိုး မျိုးနွယ်ခေါင်းဆောင်။ ယဉ်ရှန်။ သဘာဝလွန် အဆင့်။ သူ့အပြင် ဓားတစ်ချောင်းလည်း ရှိသေးတယ်။ အခု သူနဲ့ အတူ ရှိနေတဲ့ ဓား။
မျက်တောင် တစ်ခတ် အတွင်းမှာ ၂ နှစ်အချိန်က ကုန်သွားခဲ့ပြီ။ တော်ဝင် စာမေးပွဲ တောင် ကျင်းပတော့မယ် ။ ရန်မြို့တော်မှာ လူငယ် ပါရမီရှင်တွေ အများကြီး စုဝေးတော့မယ်။ သူတို့ ဘဝကို ပြောင်းလဲပေးနိုင်မယ့် စာမေးပွဲကို ဖြေဆိုကြတော့မယ်။
လူတွေကတော့ လောကကြီးကနေ ထွက်ခွာသွားတယ်။ စည်းမျဉ်းတွေကတော့ ကျန်ရစ်နေတုန်းပဲ။ မဟုတ်ဘူး။ လူတွေရဲ့ ပြောစရာ အရဆိုရင် ။ တစ်ခုတည်းကပဲ ကျန်ရစ်တာ။
“နန်ကုန်းမု။” ဖန်ကျန်းရှီ ရှေ့ ခပ်လှမ်းလှမ်း မှာ လူတစ်ယောက်ကို တွေ့လိုက်တယ်။ တည်ငြိမ်ပြီး ပုံမှန် ဖြစ်လွန်းတဲ့ မလှုပ်မယှက်လူတစ်ယောက်။ ဆည်းဆာချိန်ရဲ့ ရောင်ခြည်က သူ့ကိုယ်ပေါ်မှာ တောက်ပနေတယ်။
သူ့ ဝတ်စုံကတော့ လွန်ခဲ့တဲ့ ၂ နှစ်က အတိုင်းပဲ။ အကျီအဖြူနဲ့ နဖူးမှာ ကြိုးတစ်ကွင်းကို ပတ်ချည်ထားတယ်။ အထူးသဖြင့်။ နည်းနည်းလေးတောင် မတောက်ပပဲ မှုန်မှိုင်းနေတဲ့ မျက်လုံးတွေ ။ ဒါပေါ့။ ကွာခြားချက်လေး နည်းနည်းတော့ ရှိတယ်။ သူ့မျက်နှာပေါ်မှာ ဒဏ်ရာ နှစ်ခု တိုးလာတယ်။ တော်တော်လေးကို နက်ရှိုင်းတဲ့ ပုံပဲ။ ဒါက ဓားရှည်ကြောင့်ကော ဓားမြှောင်ကြောင့်ပါ မဟုတ်။ သားရဲကောင် တိုက်ခိုက်တဲ့ ဒဏ်ရာတွေ။
“ မတွေ့ရတာ ကြာပြီ။” ခပ်တိုးတိုး အသံ တစ်သံ ထွက်လာတယ်။ တကယ်ဆို ပြန်တွေ့ရတာကြောင့် ပျော်နေတဲ့ အသံ ဖြစ်ရမှာ။ ဒါပေမယ့် သူ့ အသံကတော့ စိတ်ခံစားချက် တစ်စက်လေးတောင် မပါ။
အပိုင်း(၅၄၂)ပြီး၏။
အပိုင်း (၅၄၃)
“ အရှေ့ပိုင်း နန်းတော်ကို မီးရှို့ခြင်း ”
Translator: Sparrow Translations Editor: Sparrow Translations
“ မင်း ရုပ်ဆိုးလာပြီ။ ” နန်ကုန်းမု မျက်နှာပေါ်က အမာရွတ်တွေကို လက်ညှိုးထိုးပြရင်း ။ ဖန်ကျန်းရှီ အလေးအနက် ပြောတယ်။ သူတို့ မတွေ့တာ ၂ နှစ် နီးပါးတောင် ရှိသွားပြီလေ ။ ဒါတောင် ဖန်ကျန်းရှီရဲ့ ပထမဆုံး စကားက သူ ရုပ်ဆိုးလာတာကို ပြောတယ် တဲ့လား ။
အကယ်၍ တခြားသူသာ ဒါမျိုး ပြောတာ ဆိုရင် မှောက်သွားတဲ့ ထိ ရိုက်ပြစ်လိုက်လိုက်ပြီ။ ဒါပေမယ့် နန်ကုန်းမုကတော့ မရိုက်ပါဘူး။ တစ်ခ ဏတာ တောင့်တင်းသွားပြီးတဲ့နောက်။ သူ့ရဲ့ အမူအယာမဲ့ မျက်နှာကနေ မှုန်မှိုင်းမှိုင်း အပြုံး တစ်ခုကို ပြုံးပြတယ်။
“ တကယ့်ကို မပြောင်းလဲတဲ့ ဖန်ကျန်းရှီပဲ။ ”ဖန်ကျန်းရှီနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုလွဲနေတာကို သူရှာ မတွေ့ဘူး။ နောက်ဆုံးတော့လည်း ဒါက သူ သိတဲ့ ဖန်ကျန်းရှီပဲလေ။ နောက်ပြီးတော့ ဘာကြောင့်မှန်း မသိ ။ ဖန်ကျန်းရှီ စကား တစ်ခွန်း ပြောလိုက်တာနဲ့။ သူတို့ တွေ ၂ နှစ် ဝေးကွာနေတယ်လို့တောင် မထင်ရတော့သလိုပဲ။ ဖြစ်နိုင်တာက တကယ့် စစ်မှန်တဲ့ သူငယ်ချင်း ဆိုတာ လွတ်လွတ်လပ်လပ် တိုက်ရိုက် စကားပြောနိုင်တာကို ခေါ်တာလား ။
“ မင်း စားပြီးပြီလား ” ဖန်ကျန်းရှီ နောက်တစ်ကြိမ် ပြောတယ်။
“ မစားရသေးဘူး။”
“အကယ်၍ မင်း ဝယ်ကျွေးမယ် ဆိုရင်တော့။ ငါ မင်းနဲ့ လိုက်စားပေးမယ်လေ။” ဖန်ကျန်းရှီ တစ်ခဏတွေးတော ပြီးနောက် ပြောတယ်။
“ဒါပေမယ့် ငါ့မှာ ငွေ တစ်ပြားမှ ပါ မလာဘူး။ ” နန်ကုန်းမု ပြောတယ်။
“ ပင်းယန် အိမ်တော်မှာ သွားစားရအောင်။ အဲ့ဒီ့မှာဆို ပိုက်ဆံပေးစရာ မလိုဘူး။ ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ဒါပေါ့။ နန်ကုန်းမုရဲ့ ဂုဏ်ပုဒ်ကို သူသိတာပေါ့ ။ နန်ကုန်းမျိုးနွယ် ဒုတိယ သခင်လေး။ သူ ငွေတပြားမှ မပါဘူးဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဘာ သံသယမှ ရှိပုံမပေါ်။
“ကောင်းပြီ။” နန်ကုန်းမု သဘောတူတယ်။
သူတို့တွေ နောက်ပြန်လှည့်ပြီးတော့ ပင်းယန် အိမ်တော် ဆီ သွားတော့တယ်။ သူတို့ဘေးကနေ ဖြတ်သွားတဲ့ မြို့သူမြို့သားတွေကတော့ ထူးဆန်းနေကြတယ်။
“ သူတို့ တကယ်ပဲ ၂ နှစ် အတွင်း တစ်ခါမှ မတွေ့တာ ဟုတ်ရဲ့လား။”
…
နန်ကုန်းမု လာလည်တဲ့ အတွက် ပင်းယန် အိမ်တော်က နည်းနည်း ပိုပြီး သက်ဝင်လှုပ်ရှားလာခဲ့တယ်။ ဒါပေမယ့် နန်ကုန်းမုက ရန်ရွှယ့်လိုပဲ တိတ်ဆိတ်တယ်။ ရန်ရွှယ်ကတော့ ခံစားချက် မရှိတာ။ နန်ကုန်းမုကတော့ ပျင်းစရာ ကောင်းတာ။
ခံစားချက်မရှိ ထုံထိုင်းနေတဲ့ သူနဲ့ ပျင်းရိနေတဲ့ သူ နှစ်ယောက်ဆုံကြတဲ့ အချိန်။ စကားအပြောအဆို က မရှိသလောက် နီးနီးပဲ။ ရန်ရွှယ်က အေးစက်စက် နှုတ်ဆက်တယ်။ နန်ကုန်းမုက အသက်မပါသလို ပြန်ဖြေတယ်။
ကြည့်ရတာ အရမ်းကို နေသားမကျ ဖြစ်လွန်းတယ်။ ဒါပေမယ့် ဒီကိစ္စက ပင်းယန် အိမ်တော်ရဲ့ သက်ဝင်လှုပ်ရှားမှုကို တော့ မထိခိုက်စေနိုင်ဘူး။
ဘာကြောင့်လဲ ဆိုတော့။ ပင်းယန် အိမ်တော်မှာ ရေပက်မဝင်အောင် စကားပြောနိုင်တဲ့ ပင်းယန်လည်း ရှိနေတယ်။ နောက်ပြီးတော့ အိမ်ကနေ ကန်ထုတ်ခံလိုက်ရတဲ့ ဝမ်တပေါင်းလည်း ရောက်နေတယ်။ သူကတော့ ပြောပြရှာတယ်။ သူ့ကြောင့် ဥပဒေ ကောင်စီက အခုချိန်မှာ ကိုင်တွယ်စရာ ကိစ္စတွေ အရမ်းများလာခဲ့တယ်။
သူ့ အဖေ ဝမ်ချွမ်ကလည်း သူ့ကို မျက်စိ စပါးမွှေး စူးနေခဲ့တယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူ့ အဖေက သေမတတ် အလုပ်များနေတဲ့ အချိန်မှာ။ သူ့ရဲ့ အသုံးမကျတဲ့ သားကတော့ တစ်ချိန်လုံး ပျင်းရိနေတာ ကြောင့်ပဲ။ ဘယ်သူမဆို စိတ်တိုပြီး အော်ဟစ်ဆူပူ မိမှာပဲလေ။ အခုတေ့ ဝမ်ချွမ်က ဆူရုံမကဘူး။ တစ်ခါတည်း အိမ်ကနေ နှင်ချလိုက်တာ။
အဲ့ဒီ့နောက် ဝမ်တပေါင်းက ပင်းယန် အိမ်တော်ရှေ့မှာ လာထိုင် စောင့်နေခဲ့တယ်။ အိမ်ခြေရာမဲ့ တစ်ယောက် ပုံစံမျိုးနဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ နန်ကုန်းမုနဲ့ ဖန်ကျန်းရှီ ပင်းယန် အိမ်တော်ကို လာတာနဲ့ ဆုံတယ်။ ပင်းယန် လည်း စိတ်ထဲမထားဘူး။ ဖန်ကျန်းရှီလည်း စိတ်ထဲ မထားဘူး။ ဝမ်တပေါင်းကို ပင်းယန် အိမ်တော်က ဘယ်သူမှ ဂရုမစိုက်ကြ။
နန်ကုန်းမု နဲ့ သူ ဆုံတဲ့ အချိန်မှာတော့။ သူ့ရဲ့ တုံ့ပြန် ပုံက ရန်ရွှယ်နဲ့ ကွာတယ်။ ဝမ်တပေါင်းက နန်ကုန်းမုကို မြင်မြင်ချင်း နှုတ်ဆက် တော့တယ်။ သူ့ မျက်လုံးက နန်ကုန်းမု မျက်နှာက ပေါ်က အမာရွတ် နှစ်ခုကို ချက်ခြင်း သတိထားမိတယ်။
“ ယောကျာ်းပီသ လိုက်တဲ့ အမာရွတ်တွေ။ မိုက်လိုက်တာ။ ” ဝမ် တပေါင်း ချီးမွမ်းတယ်။ ဖန်ကျန်းရှီ သူ့ ကိုယ်သူ အမြဲတမ်း ပြောနေကျ စကားတွေကို သုံးပြီးတော့ ပြောလိုက်တာ။ သူ့အတွက်တော့ ဒီ စကားလုံးတွေက ကြားပါများပြီး အရမ်းကို နားရည်ဝနေပြီလေ။ ဖန်ကျန်းရှီ ရှိနေတဲ့ အချိန် ဒီလို ချီးမွမ်း စကားဆိုတာကလည်း သင့်တော်မယ်လို့ သူထင်တယ်။ ဒါပေမယ့် နန်ကုန်းမု ကတော့ စကားတခွန်းပဲ ပြန်ဖြေတယ်။
“ လူတစ်ယောက်ကတော့ ရုပ်ဆိုးတယ်လို့ ပြောတယ်။ ”
“ ဘယ်သူလဲ။ ဘယ်သူက သခင်လေး နန်ကုန်း မုကို ရုပ်ဆိုးတယ်လို့ ပြောတာလဲ။ နာမည်သာ ပြော။ ဒီလူကို သေတဲ့အထိ သွားရိုက် ပလိုက်မယ်။ ” ဝမ်တပေါင်း လက်သီး လက်မောင်း တန်းရင်း ပြောတယ်။
“ငါပြောတာ။” ဖန်ကျန်းရှီ ဖြေတယ်။ အဲ့ဒီ့ နောက် ဘာမှ ဖြစ်မလာတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဝမ်တပေါင်းက ခပ်ဝေးဝေး အခန်းထောင့် တစ်ခုကို ပြေး သွားပြီလေ။ သူ သွားရည်တမြားမြား ကျနေတယ်။ ဒါပေမယ့် တစ ်လှမ်းလေးတောင် အနားမကပ်ဝံ့ဘူး။
ခြံဝန်းထဲမှာတော့ ပန်းရနံ့တွေက သင်းပျံ့နေခဲ့တယ်။ အသားကင်ရဲ့ တဆစ်ဆစ် မြည်သံကိုလည်း ကြားနေရတယ်။ ညစာ စားနေကြတာ တစ်နာရီခွဲ နှစ်နာရီ နီးပါးကြာမြင့်ခဲ့ပြီ။ ဝိုင် ငါးအိုးကျော်လည်း ကုန်သွားခဲ့ပြီ။ ဒါပေမယ့် ဘယ်သူကမှ လက်ရှိ တော်ဝင် အစိုးရရဲ့ အရေးကိစ္စတွေကို မပြောကြ။ ဒါက သူငယ်ချင်းတွေ တွေကတာပဲလေ။ အပြင်ကိစ္စတွေ ပြောစရာမလိုဘူး။
ဝမ်တပေါင်းကတော့ ဆာနေတာ တော်တော်ကြာပြီလေ။ ဒါကြောင့် အဝအပြဲစားနေခဲ့တယ်။ ပင်းယန်ကတော့ ပျော်နေတဲ့ပုံပဲ။ သူမ တော့်တော့်ကို သောက်စားထားခဲ့တာ။ ပါးတွေတောင် ပန်းနုရောင်သန်း နေခဲ့ပြီ။
“ ငါ ဒီနေ့ အရမ်းပြောတယ်။ ပျော်စရာလေးတွေ လုပ်ရအောင်။” ပင်းယန် သူ မရဲ့ ဝတ်ရုံကို ဝဲ၀ဲလည်အောင် လှည့်ပတ်ရင်း ပြောတယ်။
“ ကောင်းတာပေါ့။ ကြယ်ခုနှစ်လုံးလမ်းကို ကျွန်တော်တို့ သွားကြမလဲ။” ဝမ်တပေါင်း အရမ်းကို ပျော်နေတဲ့ ပုံပဲ။
ကြယ်ခုနှစ်လုံးလမ်းကို လွန်ခဲ့တဲ့ ရက်ပိုင်း တည်းက မသွားရတာလေ။ ဂီတသံ နားမထောင်ရတာ အဲ့ဒီ့ ရက်ပိုင်းတွေ တည်းကပဲ။
စားသောက် သောက်ဖွယ်တွေကို စားနေကြသူက အမြဲတမ်း ဒါတွေချည်း စားနေရရင် မပျော်ရွှင် နိုင်ဘူး။ အပြောင်း အလဲ အနေနဲ့ အသီးအရွက်လေး စားပေးမှ အာသာပြေတယ်။ ဒါက သဘာဝပဲ။
“ ကြယ်ခုနှစ်လုံးလမ်းကို သွားဖို့ ဘယ်သူပြောတာလဲ။” ပင်းယန်က သူ့ကို စိုက်ကြည့်ရင်း မေးတယ်။
“ ကျွန်တော်တို့ ကြယ်ခုနှစ်လုံးလမ်းကို မသွာဘူးလား။ ဒါဆိုရင် ဘယ်လို ပျော်စရာရှာမှာလည်း။” ဝမ်တပေါင်း ဒွိဟဖြစ်နေတယ်။ သူ့အတွက်တော့ ။ ပျော်စရာရှာတာနဲ့ ကောင်မလေးတွေကို သွားရှာတာက ဘာမှ မကွာဘူးလေ။”
“ နင် ကော ဘာပြောအုန်းမလဲ။ အရှက်မရှိတဲ့ ကောင်စုတ်။” ဖန်ကျန်းရှီကို ကြည့်ရင်း မျှော်လင့်တကြီးနဲ့ ပင်းယန် မေးတယ်။
“ ဘဝရဲ့ ပျော်ရွှင်မှု ဆိုတာ…. အပျော်အိမ်မှာ အချိန် ဖြုန်းတာနဲ့ ပင်းယန် အိမ်တော်က စားသောက်ပွဲ အပြင် ဘာထပ်ရှိအုန်းမလဲ။” ဖန်ကျန်းရှီ တွေးတောရင်း ပြန်ဖြေတယ်။
“ ဟုတ်တယ်။ ငါတို့ ဘယ်နေရာမှာ သွားပျော်လို့ရအုန်းမှာလဲ။” ပင်းယန်ရဲ့ မျက်လုံးတွေ တောက်ပလာတယ်။
“ ဈေး ဝယ်ထွက်တာကလည်း ပျော်စရာ တစ်မျိုးပဲ။ ဒါပေမယ့် အခုချိန်မှာ ဈေးဆိုင်တွေက ပိတ်ကုန်ပြီ။ မြင်းပြိုင် တာက လည်း ပျော်စရာ ကောင်းတယ်။ အခုကတော့ မြင်းပြိုင်ဖို့ အချိန် ကောင်း မဟုတ်။ ဒါဆိုရင်….”
“ဒါဆိုရင် ဘာဖြစ်လဲ။”
“ဒါဆိုရင် နည်းလမ်း တစ်ခုပဲ ကျန်တော့တယ်။”
“ ဘာနည်းလမ်းလဲ။”
“ လူသတ် မီးရှို့ ဓားပြတိုက်။”
“ ဟမ် …” ဝမ်တပေါင်း လန့်သွားတယ်။ လူသတ်တာနဲ့ မီးရှို့တာက သေဒဏ်ကျခံရမယ့် ပြစ်မှုတွေ။ အကယ်၍ သူ့ အဖေသာ ဒီ အကြောင်း သိသွားရင်။ အရင်ဆုံး အသတ်ခံရမှာက သူပဲ။ ဒါပေမယ့် ဝမ်တပေါင်းနဲ့မတူ ။ ပင်းယန်ကတော့ ကြောက်မသွားခဲ့။ သူမ ကြည့်ရတာ အတော်လေး စိတ် လှုပ်ရှား ပျော်ရွှင်လာတဲ့ ပုံစံပဲ ။
“ ကောင်းလိုက်တာ။ ငါတို့ ဘယ်နားကို မီးသွားရှို့ကြမလဲ။”
“ အစောင့် အကြပ် အများဆုံး နေရာကို သွားကြတာပေါ့။” ဖန်ကျန်းရှီ များများစားစား မတွေးပဲ ဖြေတယ်။
“ အစောင့် အကြပ် အများဆုံး နေရာ ။ နန်းတော်က အစောင့် အများဆုံးပဲလေ။ ငါတို့ မီးသွားရှို့ကြမလား ။ ဒါပေမယ့် ငါ သာ တကယ်ပဲ နန်းတော်ကို မီးတင်ရှို့ရင် …။ ဒေါ်လေးဟွားက ….” ပင်းယန် ကြည့်ရတာ အတော်လေး လေးနက်နေပုံပဲ။
ဝမ်တပေါင်းကတော့ မျက်လုံးလေး ကလယ် ကလယ် ဖြစ်နေခဲ့တယ်။ နန်းတော်ကို မီးတင်ရှို့ဖို့ ။ ဒါက ပင်းယန် တစ်ယောက်ပဲ ပြောဝံ့တယ်။ ဒါပေမယ့် သူမက နန်းတော်ကို မီးတင်ရှို့ရင် အရိုက်ခံမှာကို တော့ စိတ်မပူဘူး။ ဒေါ်လေး ဟွားကို ဆူမှာကိုပဲ ပို ကြောက်နေတယ်။ တကယ့်ကို ထိန်းမနိုင်တဲ့ ကလေးမပဲ ။
ဝမ်တပေါင်း ဘာမှ မပြောတော့ဘူး။ ပင်းယန်ရဲ့ စကားလုံးတွေ နောက်က အမှန်တရားကို သူသိတယ်လေ။ အကယ်၍ ပင်းယန်က နန်းတော်ကို မီးတကယ်ရှို့ရင်တောင်။ ဧကရာဇ်က သူ့ကို ဆူရုံလောက်ပဲ ဆူမှာ ။ ဟုတ်တယ်ဟုတ်။”
“ အကယ်၍ ငါတို့ နန်းတော်ကို မီးရှို့လို့ မရရင်။ တခြား နေရာတွေကို ရှို့လို့်ရတယ်လေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ဟုတ်တယ်။ ဟုတ်တယ်။ တခြား နေရာတွေကိုလည် လုပ်လို့ရတယ်။ ” ဝမ်တပေါင်း စိတ်သက်သာရာ ရသွားခဲ့တယ်။ ပင်းယန် နောက်တကြိမ် အလေးအနက် တွေးတော နြပ်တယ်။
“ တခြားနေရာ ….. နန်းတော်ပြီးရင်။ ငါ့ အိမ်တော်က အစောင့်အကြပ် အများဆုံးပဲ။ ငါ့ကိုယ်ပိုင် အိမ်တော်ကိုတော့ မီးရှို့လို့ မဖြစ်ဘူးလေ။ ဒါကတော့ ပျော်စရာ ကောင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်ထပ် အစောင့် အကြပ် များတဲ့ နေရာဆိုရင်တော့…. အရှေ့ပိုင်းနန်းတော်…”
“ အရှေ့ ပိုင်း နန်းတော်……” ဒီတစ်ကြိမ်မှာတော့။ ထိုင်ခုံပေါ်ကနေ ဝမ်တပေါင်း ပြုတ်ကျသွားတော့တယ်။
“ မင်းသမီး။ အရှေ့ပိုင်း နန်းတော်ကို သွားလို့မရဘူးလေ။ အဲ့တာက အိမ်ရှေ့စံရဲ့ အိမ်တော်။ ဒါကို မီးရှို့ လိုက်ရင် မင်းသမီး ခေါင်းဖြတ်ခံရလိမ့်မယ်။” ပြောရင်းနဲ့ ဝမ်တပေါင်း အော်ငိုတော့တယ်။ ပင်းယန်ရဲ့ အတင့်ရဲလွန်းတဲ့ အကြံပြုချက်တွေကို သူ တကယ်မခံစားနိုင်တော့။ တော်ဝင် နန်းတော်ကို မီးမရှို့ရရင်။ အရှေ့ပိုင်း နန်းတော်ကို မီးရှို့မယ်တဲ့။ ကြားရတာတော့ ပျော်စရာကြီး ဒါပေမယ့် အသက်နဲ့ ရင်းရမှာ။
“ ဒါလည်း ဟုတ်တာပဲ။ ငါတကယ်ပဲ အကိုတော် သုံးရဲ့ အိမ်တော်ကို မီးရှို့လိုက်ရင်။ သူ ဘယ်နားနေရတော့မှာလဲ၊” ဝမ်တပေါင်းရဲ့ စကားကိုကြားတော့ ပင်းယန် ပြန်ပြောတယ်။ “အာ ဟုတ်သား။ သူ့ အိမ်တော်မှာ အဆောင်တွေ အများကြီး ရှိနေတာပဲ။ တစ်ဆောင် နှစ်ဆောင် လောက် မီးရှို့ ရုံနဲ့တော့ ဘာမှ မဖြစ်ပါဘူး။ ”
“ ဘာမှ မဖြစ်ဘူး ဟုတ်လား။ ဘယ်လိုလုပ် ဘာမှ မဖြစ်ရမှာလဲ၊ အရှင် မင်းသမီးရဲ့။ ဒါက အရှေ့ပိုင်း နန်းတော်လေ။ အိမ်ရှေ့စံရဲ့ အိမ်တော်ကြီး။” ဝမ်တပေါင်း ပင်းယန်ပြောတဲ့ (ပြဿနာမရှိ ဘာမှမဖြစ် ) ဆိုတာကို နားမလည်နိုင်။
“ ဟေး… အရှက်မရှိတဲ့ ကောင်စုတ်။ ငါ အရှေ့ပိုင်း နန်းတော်ကို မီးရှို့ဖို့ ဆုံးဖြတ်လိုက်ပြီ။ နင် လိုက်ဝံ့လား။” ပင်းယန် မေးတယ်။
“ မလွယယ်ဘူး။ အရှေ့ပိုင်း နန်းတော်က ဝင်ဖို့ မလွယ်ဘူး။ တခြား နေရာ ပြောင်းရင်ကော ဘယ်လိုလဲ။ အခု လက်ရှိ ယာယီ ယဉ်ကျေးမှု ဝန်ကြီး တုဝမ်နျန်းရဲ့ အိမ်တော်က ဝင်ဖို့ လွယ်တယ်။ သူ့ရဲ့ မြင်းဇောင်းကို မီးရှို့ရင် တော့ ပြဿနာ မဖြစ်လိုက်ဘူး။” ဝမ်တပေါင်း အံကြိတ်ရင်း သူ့ ရန်သူတော်ကြီးကို မီးသွားရှို့ဖို့ အကြံပြုတယ်။ အိမ်ကို မီးရှို့ ဖို့တော့ သူ့ မပြောဝံ့ဘူး။
ဒါပေမယ့် ပင်းယန်သာ ဦးဆောင်ရင်။ ဝန်ကြီး တစ်ပါးရဲ့ သားဆိုတဲ့ သူ့ ဂုဏ်ပုဒ်က ပေါ်မလာတော့ဘူးလေ။ နောက်ပြီးတော့ တုဝမ်နျန်းသာ သူ့ မြင်းဇောင်း မီးလောင်တယ်လို့ သတင်းဖြန့်ရင်တောင်။ ဝမ်တပေါင်းကို အသေသတ်နိုင်မှာ မဟတု်ဘူး။
“အရှေ့ပိုင်း နန်းတော်က ဝင်ဖို့ လွယ်ပါတယ်။ ငါ အဲ့ဒီ့ိကို သုံးလေး ငါးခေါက် ရောက်ဖူးတယ်။ ငါနင်တို့ကို ပြောသားပဲ။ ထက်မြက်လိုက်တဲ့ ငါလေး။ ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီကို ကြည့်ရင်း ခေါင်းမော့ ရင်ကော့ပြီးတော့ ပြောတယ်။ ဝမ်တပေါင်းပြောတာကိုတော့ လုံး၀ မကြားတဲ့အတိုင်းပဲ ။
“အရှင်မင်းသမီး ဒါက အရှင်ဖြစ်နေလို့လေ။” အရှေ့ပိုင်း နန်းတော်ကို သူမ ဘာကြောင့် ရောက်မှန်း ဝမ်တပေါင်း ပြောနိုင်တယ်။ သူက ပင်းယန် ဖြစ်လေို့လေ။ ဒါပေမယ့် သူမကိုသာ အရှေ့ပိုင်း နန်းတော်က အစောင့်တွေ မြင်သွားရင် တောင်။
သူတို့ ဘာလုပ်နိုင်မှာလဲ။ ဖန်ကျန်းရှီ ရန်ရွှယ် နဲ့ တခြားသူတွေအတွက်တော့ ဒီကိစ္စက မတူ။ အရှေ့ပိုင်း နန်းတော်ကို ဒီလို တအုပ်ကြီး ဘယ်လို ခိုးဝင်လို့ရမှာလဲ။
“ ပါးစပ်ပိတ်ထားစမ်း။” ပင်းယန် ထအော်တယ်။ “ ဥပဒေ အမတ်မင်းရဲ့ အိမ်တော်ကို တောင် ငါ မီးရှို့ ပြီးပြီ။ နောက်ထပ် ဘယ် ဝန်ကြီးအိမ် မီးထပ်ရှို့ရအုန်းမှာလဲ။ ဝမ်တပေါင်း။ နင် ကြောက်ရင် အခု ထွက်သွား။ ငါ့ အိမ်တော်ကို နောက်တစ်ခါ ခြေမချနဲ့တော့။ နင့်ကို မကြိုဆိုဘူး။”
“ မင်းသမီး….” ဝမ်တပေါင်း အတော့်ကို အကြပ်အတည်းစိုက်နေတယ်။ ပင်းယန်က ဖန်ကျန်းရှီ ဘက်ကို လှည့်သွား ပြန်တယ်။ နောက်ထပ် ဝိုင်အရက် တစ်ပုလင်းကို ဆွဲမော့ရင်း ဖန်ကျန်းရှီ စွေစောင်းကြည့်နေတယ်။
“ ရန်ရွှယ် မင်းကော ဘယ်လိုထင်လဲ။ ” ပင်းယန်ကို ဖန်ကျန်းရှီ ပြန်မဖြေ။ ရန်ရွှယ့်ကိုသာ မေးတယ်။
“ ဆက်လုပ်တာပေါ့။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။
“ နန်ကုန်းမု။ မင်းကော လိုက်မလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးတဲ့ နောက် နန်ကုန်းမုကို မေးပြန်တယ်။
“အကယ်၍ မင်းတို့တွေ သွားမယ်ဆိုရင်။ ငါလည်း လိုက်မယ်လေ။” နန်ကုန်းမု နည်းနည်း တွေး ပြီးတဲ့ နောက် ပြန်ဖြေတယ်။
“ သွားကြစို့။” နန်ကုန်းမု နဲ့ ရန်ရွှယ်ရဲ့ သဘောတူညီချက်ကို ရပြီးတဲ့နောက်။ ဖန်ကျန်းရှီလည်း လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမတ်တပ်ထ ရပ်တယ်။ ဒါပေမယ့် ဝမ်တပေါင်းကတော့ မရပ်နိုင်။
ဘာကြောင့်လဲ ဆိုတော့ သူ့ ခြေထောက်တွေက ပျော့ခွေနေလို့ပဲ။ အရှေ့ပိုင်း နန်းတော်ကို သွားမယ်။ မီးတင်ရှို့ဖို့ တဲ့။ ဒီလို အရင်းအနှီးကြီးတာတွေ မကစားလို့ မရဘူးလား။
ဥပဒေ ဝန်ကြီး ဌာန က အခုတောင် ဒီ လောက် အလုပ်များနေတာ ။ အရှေ့ပိုင်း နန်းတော် မီးလောင်မှုကို သူတို့ က ထပ်ကြံစည်နေကြပြန်ပြီတဲ့လား။”
“ရန်ရွှယ်… အဲ့တာ အရှေ့ပိုင်း နန်းတော်နော်။ အရှေ့ပိုင်း နန်းတော်။ ” ဝမ်တပေါင်း ရန်ရွှယ့်ဆီ ပြေးရင်း တောင်းပန်တယ်။
“ ဟုတ်တယ်။ ငါသိတယ်။” ရန်ရွှယ် အေးစက်စက် ပြန်ဖြေတယ်။
“ ဒါဆို မင်း မသွားတော့ဘူးပေါ့။ ” ဝမ်တပေါင်း မေးတယ်။
ရန်ရွှယ် ပြန်မဖြေ။ ထိုင်ခုံကနေ ထပြီး ဖန်ကျန်းရှီ ဘေး သွားရပ်တယ်။ နောက်ဆုတ်မယ့်ပုံ မပေါ်ဘူး။ ရန်ရွှယ့်ကို ကြည့်ရင်း ဝမ်တပေါင်း စကား မပြောနိုင်တော့။ နောက်ဆုံး မျှော်လင့်ချက်ကို နန်ကုန်းမုဆီ ပုံအပ်လိုက်တယ်။
“ နန်ကုန်းသခင်လေး။ အဲ့တာ အရှေ့ပိုင်း နန်းတော် နော်။ အိမ်ရှေ့စံရဲ့ အိမ်တော်။ အကယ်၍ ဒီကိစ္စကသာ နန်ကုန်းမိသားစု အကြီးအကဲတွေ ဆီ ပျံ့သွားရင်။ သခင်လေး အတွက် မကောင်းဘူး ဟုတ်တယ် ဟုတ်၊” ဝမ်တပေါင်း စိုးရိမ်တကြီးနဲ့ ပြောတယ်။
“ ကိစ္စမရှိပါဘူး။ အဆိုးဆုံး ဖြစ်မှ။ ဘိုးဘွားတွေရဲ့ ဂူဗိမာန်ရှေ့မှာ ၂ နှစ်လောက် ပိုပြီး ဒူးထောက်ရုံပဲ။” နန်ကုန်းမု ခေါင်းငြိမ့်တယ်။ သူ့ ဆုံးဖြတ်ချက်ကို ပြင်မယ့် ပုံ မပေါ်။
“ …” ဝမ်တပေါင်း ထပ်ပြောဖို့ ပြင်တယ်။ ဒါပေမယ့် ပင်းယန် စိုက်ကြည့်နေတော့ သူ မပြောဝံ့တော့။ သူ့စိတ်ထဲက ကြောက်ရွံ့မှုကိုတော့ မဖယ်ထုတ်နိုင်ခဲ့ဘူး။
အရှေ့ပိုင်း နန်းတော်။ အိမ်ရှေ့စံ အိမ်တော်။ သူတို့တွေ တကယ်ပဲ လုပ်တော့မှာလား။ ညသန်းခေါင်ကြီး အရှေ့ပိုင်း နန်းတော်ကို မီးသွားရှို့မှာ။ ဒါက လူသတ်မှုတောင် ဖြစ်နိုင်တယ်။
အပိုင်း(၅၄၃)ပြီး၏။
အပိုင်း ( ၅၄၄)
“ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရာ တစ်ခု။”
Translator: Sparrow Translations Editor: Sparrow Translations
…
ဝမ်တပေါင်းက သူတို့ကို အရမ်း အရမ်းကို တားချင်တယ်။ ဒါပေမယ့် သူ မလုပ်နိုင်ဘူး။ ပင်းယန်က ဆုံးဖြတ်ချက် ချပြီးပြီလေ။ ဖန်ကျန်းရှီလည်း မငြင်းဘူး။ နန်ကုန်းမုကော ရန်ရွှယ်ပါ မငြင်းတာ။ ဒါကြောင့်။ သူတို့ နော်ကို လိုက်သွားရုံသာ တတ်နိုင်တယ်။
ကံကောင်းစွာနဲ့ပဲ။ ပင်းယန်က ရူးရူး မိုက်မိုက် လုပ်ပြီး အရှေ့နန်းတော်ကို မသွားဘူး။ အဲ့ဒီ့အစား တစ်ကိုယ်လုံး ဝတ်ရုံနက် ဝတ်ပြီးတော့။ မိစ္ဆာမျက်နှာဖုံး ကို တပ်လိုက်တယ်။ ဒီလို ခပ်ကြပ်ကြပ် ဝတ်ရုံနက် ကြောင့် သူမရဲ့ သွေးသွယ်တဲ့ ပုံရိပ်က ပျောက်ဆုံးသွားခဲ့တယ်။ ဖန်ကျန်းရှီ ရန်ရွှယ်နဲ့ နန်ကုန်းမုလည်း ဝတ်ရုံနက်တွေကို လဲ လိုက်ကြတယ်။ သူတို့ မျက်နှာတွေကို မျက်နှာကာ အနက်တွေ နဲ့ ဖုံးကွယ်ထားကြတယ်။ ဘယ်သူမှ မှတ်မိနိုင်စရာ မရှိ။
ဝမ်တပေါင်းကတော့ နောက်ဆုံး လူပဲ။ ဒီ အချိန်မှာတော့ သူ ခပ်မြန်မြန် အဝတ်အစား လဲနေကြတယ်။ မျက်နှာကို ကောင်းကောင်း ဖုံးကွယ်ဖို့ အတွက် မီးသွေးမှုန့်တွေကိုတောင် သုတ်ထားသေးတယ်။ ဒီ ငါးယောက် အဖွဲ့က ပင်းယန် အိမ်တော်ကနေ အရှေ့ပိုင်း နန်းတော်ဆီ ထွက်လာတယ်။
အရှေ့ပိုင်း နန်းတော်က ဧကရာဇ် ရဲ့ တော်ဝင် နန်းတော် နားမှာ။ ပင်းယန် အိမ်တော်ကတော့ ဧကရာဇ် နန်းတော် နဲ့ ကပ်လျပ်ပဲ။ ဒါကြောင့် အရှေ့ပိုင်း နန်းတော်က ပင်းယန် အိမ်တော်နဲ့ သိပ်မဝေးဘူး။ တစ်ခဏ အတွင်းမှာပဲ။ ပင်းယန်ရဲ့ ဦးဆောင်မှုနဲ့ အတူ။ ဒီလူ ငါးဦး အဖွဲ့က လျှို့ဝှက်လမ်း အတိုင်း အရှေ့နန်းတော်ကို ရောက်သွားကြတယ်။
လရောင်ရဲ့ အကူအညီနဲ့ နံရံတွေကို သူတို့ ခုန်ကျော်ကြတယ်။ ခြေသံလုံလုံနဲ့ အရှေ့ပိုင်း နန်းတော်က ဧည့်ဆောင်တွေဆီကို ရောက်လာကြတယ်။ အရာအားလုံးက အောင်အောင်မြင်မြင် သွားနေတယ်။ ပင်းယန်က တကယ်ကြွားတာ မဟုတ်ဘူး။ နံရံကို ကျော်တက်ဖို့ အကောင်းဆုံး နေရာကို ရွေးတာက စပြီးတော့ ။ အချိန်ကိုက် လှုပ်ရှားတာတွေ အထိ။ အရာအားလုံးကို သက်တောင့် သက်သာလေး လုပ်သွားတာ။
“ ဘယ်လိုလဲ။ ငါပြောသလိုပဲ လွယ်တယ် မဟုတ်လား။ ” ပင်းယန် သူမရဲ့ တလက်လက် တောက်ပ နေတဲ့ မျက်လုံးတွေနဲ့ ဖန်ကျန်းရှီကို မျက်စိ မှိတ်ပြရင်း ပြောတယ်။
“ ဟုတ်တယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ရန်ရွှယ်နဲ့ နန်ကုန်းမု တို့ ကတော့ အကြည့်ချင်းသာ ဖလှယ်ကြတယ်။ ဒါပေမယ့် တိတ်ဆိတ်နေကြဆဲ။ ဒါပေမယ့် ဝမ်တပေါင်းကတော့ ချွေးပျံနေခဲ့ပြီ။ သူ့ မျက်နှာ အမူအယာကို မမြင်နိုင်ပေမယ့်။ သူ့မျက်လုံးက ကလယ်ကလယ် ဖြစ်နေတာ သိသာလွန်းတယ်။ ဝမ်တပေါင်း ကြောက်လွန်းလို့ တကိုယ်လုံး တုန်နေခဲ့ပြီ။
“ အရှေ့ပိုင်းနန်းတော်…. ငါ တကယ်ပဲ ခိုးဝင်နိုင် ခဲ့ပြီ။ ….” ဝမ်တပေါင်း တကိုယ်လုံး တောင့်တင်း နေခဲ့တယ်။ အကယ်၍ သူ့ အဖေသာ သိရင်။ သေတဲ့ အထိ အရိုက်ခံရမှာပဲ။
“ ငါတို့ ဘယ် အဆောင်ကို မီးရှို့ရမလဲ။” ပင်းယန် ပတ်လည်ကြည့်ရင်း ပြောတယ်။ အရှေ့ပိုင်း နန်းတော်ရဲ့ ဒီနေရာတွေက အ စောင့်အကြပ်နည်းတယ်။ ဒီနေရာကို ဖြတ်သွားတဲ့ သူတွေတောင် မရှိ သလောက်ပဲ။ ဒီ ဧည့်ဆောင်တွေက အိမ်ရှေ့စံ အိမ်တော်ကို လာတဲ့ ဧည့်သည်တွေပဲ တည်းခိုကြတာ။ တခြား ဘယ်သူမှ မနေကြဘူး။
“ ဒီမှာ ဘယ်သူမှ မရှိဘူး မဟုတ်လား။ ဒီနေရာကို မီးရှို့ကြလို့။ မီးလောင်တာနဲ့ တစ်ခါတည်း လစ်ပြေးမယ်။” ဖန်ကျန်းရှီ က မနီးမဝေးမှာ ရှိတဲ့ နှစ်ထပ်ဆောင်ကို လက်ညှိုးထိုးပြရင်း ပြောတယ်။
“ ကောင်းပြီလေ ။ ဒါဆိုရင် မီးရှို့ပြီး ခပ်မြန်မြန် ပြေးရအောင်။” ဝမ်တပေါင်း သဘောတူတယ်။
“ ဒီနေရာကို မီးရှို့ရမယ် ဟုတ်လား။ အရမ်း လွယ် လွန်း မနေဘူးလား။” ပင်းယန် မကျေ မနပ်နဲ့ ပြောတယ်။
“ ဒီနေရာကို ခိုးဝင်ဖို့ ငါဘယ်လောက် အားစိုက်ခဲ့ရလည်း သိလား။ ဒီ အတိုင်း မီးလေး ရှို့ပြီး ပြန် ထွက်သွားရမှာ ပျော်စရာ မကောင်းလိုက်တာ။
“ အရှင်မင်းသမီး။ ဘယ်နေရာကို မီးရှို့ ရှို့ အတူတူပါပဲ။ ဒါပေမယ့် ပိုပြီးတော့ အရေးကြီးတာက ဒီနေရာကိုသာ မီးရှို့ရင်။ ရှို့ပြီးတာနဲ့ တစ်ခါတည်း တန်းပြေးရမှာပါပဲ။ ဒါကြောင့် အခုနေရာက အကောင်းဆုံပါ။” ဝမ်တပေါင်း အကြံပြုတယ်။
“ ဖမ်းခံရမှာကို ငါ က ကြောက် နေရအုန်းမှာလား။” ပင်းယန် စိတ်မရှည် လက်မရှည်နဲ့ ပြောတယ်။
“ အရှင်မင်းသမီး။ မကြောက်ရပါဘူး။ ဒါပေမယ့် …. ဒါပေမယ့် ….” ဝမ်တပေါင်း သေလောက်အောင် ပြောချင်နေပင်မယ့် ။ ပင်းယန်ရဲ့ လူသတ်ချင်နေတဲ့ အကြည့်တွေကြောင့် ပါးစပ် ပိတ်သွားခဲ့တယ်။
“ အိမ်မကြီးနဲ့ တည်းခို ဆောင်ကြားက အဆောင်ကို မီး ရှို့ရင်ကော။ ” စကားနည်းတဲ့ နန်ကုန်းမု အကြံပေးတယ်။
“ ကောင်းပြီလေ။ နန်ကုန်းမု အကြံပေးတဲ့ အတိုင်း လုပ်ကြတာပေါ့။ ဒီ တည်းခိုဆောင်ကနေ အရင်ထွက်မယ်။ ပြီးရင် မီးရှို့ဖို့ နေရာ ရှာကြတာပေါ့။” ပင်းယန်ကတော့ ခုထိ စိတကျေနပ်သေးပုံ မပေါ်။ ဒါပေမယ့် ချက်ခြင်း လှုပ်ရှားဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ အသံ တစ်သံက ဝေးကွာတဲ့ ထောင့် တစ်ခုကနေ ထွက်ပေါ်လာတယ်။
“ မင်းက ဘယ်သူလဲ…. ။ မင်း ဒီထဲကို ဘယ်လို ခိုးဝင်ရဲ တာလဲ။ ”
အသံက မကျယ်လောင်ဘူး။ ဒါပေမယ့် အရမ်းကို ခက်ထန်နေခဲ့တယ်။ ဝမ်တပေါင်းကတော့ အထိတ် တလန့်နဲ့ တုန်ယင်သွားတယ်။ သူတို့တွေ သတိထားခံ လိုက်ရပြီ။ အရှေ့ပိုင်း နန်းတော်။ ဘယ်လောက်တောင် အစောင့်အကြပ် များလိုက်တဲ့ နေရာကြီးလဲ။
ဒါက လူမနေတဲ့ ဧည့်ဆော်ငတွေ ဖြစ်နေရင်တောင်။ အမှောင်ထဲမှာ စောင့်ကြပ်နေတဲ့ သူတွေရှိသေးတယ်။ ဒါပေမယ့် ဒီအသံ စကားတစ်ခွန်းတောင် ဆုံးအောင် မပြောလိုက်ရဘူး။ ဘာကြောင့်လဲ ဆိုတော့။ အသံ ထွက်လာလာ ချင်းမှာပဲ ။ နန်ကုန်းမုက တစ်ခါတည်း ပြေးသွားတာကြောင့်ပဲ။ သူတို့တွေ အက်ကွဲသံ တစ်ခုပဲ ကြားလိုက်ရတယ် ။ အဲ့ဒီ့နောက် အသံက တစ်ခါတည်း ပျောက်ကွယ်သွားတော့တယ်။
နန်ကုန်းမုက မြန်တယ်။ ဘာမှ ပညာပြနေတာ မရှိဘူး တစ်ချက်တည်း နဲ့ ပွဲသိမ်းတယ်။ အဲ့ဒီ့နောက်။ အရှေ့ပိုင်းနန်းတော်စောင့် ရဲ့ ကိုယ်ကို မှောင်ရိပ်ထဲကနေ သူ ဆွဲထုတ်လာတယ်။
“ အခု အဆင်ပြေ သွားပြီ။ ” သတိလစ်နေတဲ့ အစောင့်ကို လက်ညှိုးထိုးပြရင်း သူ ပြောတယ်။ သူ့ အသံက အနိမ့်အမြင့်ကော ခံစားချက်ပါ မရှိ။ သူ မတိုက်ခိုက်ခဲ့ တဲ့ အတိုင်းပဲ။ ဝမ်တပေါင်းကတော့ မျက်လုံးပြူးနေတယ်။ အဆင်ပြေသွားပြီတဲ့လား။ သူတို့ငါးယောက်က ဧည့်ဆောင်ကို ဝင်ဝင်လာချင်း ပဲ ရှိသေးတယ်လေ။ အစောင့်က ချက်ခြင်း သတိထားမိတယ်။ နောက်ထပ် ခြေလှမ်း ထပ်လှမ်းရင် သူတို့ အရိုက်ခံတော့မှာ မဟုတ်ဘူးလား။
“ အရှင် မင်းသမီး ကျွန်တော်တို့ …” ဝမ်တပေါင်း မျက်ရည် လည်ရွှဲ ဖြစ်နေခဲ့ပြီ။
“ သွားကြစို့ ” ပင်းယန် ရှေ့ကို ဆက်လျှောက်တယ်။ ဝမ်တပေါင်း ရဲ့ စကားကို မကြားတဲ့ အတိုင်းပဲ။
“သခင်လေး ဖန် …” ဖန်ကျန်းရှိကို ဝမ်တပေါင်း တောင်းပန်တယ်။
“ စိတ် လျှော့ ။ ငါဒီမှာ ရှိနေတာပဲလေ။ အဆင်ပြေ သွားမှာပါ။ ”
ဒါက ဝမ်တပေါင်းကို ပိုပြီးတော့ ကြောက်လန့်စေတယ်။ ဒီမှာ ဖန်ကျန်းရှီ ရှိနေရင် ကိစ္စတွေ ပို ရှုပ်ထွေးကုန်မယ်ဆိုတာကို ပြောချင်တယ်။ အကယ်၍ တိုက်ခိုက်မှု သာ ဖြစ်လာခဲ့ရင်။ ဖန်ကျန်းရှှီ ဘယ်ကို ပြေးမှာလဲ။ ဝမ်တပေါင်း မှတ်မိသလောက် ပြောရမယ် ဆိုရင် ။ သူတို့တွေ နံရံပေါ်ကို ကျော်တက် တဲ့ အချိန်တုန်းမှာ ဖန်ကျန်းရှီက အနှေးဆုံးပဲ။ အတိအကျ ပြောရရင်။ ဖန်ကျန်းရှီက နံရံကို တွယ်တက်ခဲ့တာ ။
ဒါပေမယ့် သူ မပြောဝံ့ဘူး။ လုံးဝကို မျှော်လင့်ချက် မဲ့ပြီးတော့ မွမ်းကြပ် လွန်းတယ်။ အခု ခက်ခဲနေတာက ။ ကိစ္စ အားလုံးကို သူနားလည်ပေမယ့် ပင်းယန် ဖန်ကျန်းရှီနဲ့ တခြားသူတွေ နောက်ကို သူ လိုက်နေရတာပဲ။ သူ့မှာ လွတ်လမ်း မရှိ။
…
အရှေ့ပိုင်း နန်းတော်။ အိမ်ရှေ့စံ အိမ်တော်။ အိမ်ရှေ့စံ နေတဲ့ နေရာ။ အတော့်ကို ကြီးမားတဲ့ အိမ်တော်တွေ စုထားတဲ့ နေရာတစ်ခုပဲ ။ ဒါပေမယ့် အိမ်တော် ဝန်းကြီးက ကျယ်လွန်းလို့။ ဂိတ်တံခါးကို ရောက်ဖို့တောင် ဆယ့်ငါးမိနစ် ကျော်ကျော် လမ်းလျှောက်ရတယ်။ လမ်းတစ်လျှောက်လုံးမှာ နန်ကုန်းမုနဲ့ ရန်ရွှယ် က တစ်ယောက်ကို အမှောင်ထဲမှာ ကပ်နေတဲ့ အစောင့် ၂ ယောက်ဆီကို ရိုက် ချထားခဲ့တယ်။
သူတို့ နှစ်ယောက်လုံး လှုပ်ရှားတာ အရမ်းကို မြန်လွန်းတယ်။ ဒါပေမယ့် ဝမ်တပေါင်းကတော့ အရင် အတိုင်း ဖြူဖျော့နေတုန်းပဲ။ သူ့မျက်နှာပေါ်မှာ မီးသွေးမှုန့်တွေ ကပ်နေပင်မယ့် အကြောက်တရားကိုတော့ မဖုံးကွယ်နိုင်။ သူ့ အကျီက ချွေးတွေနဲ့ ရွဲစိုနေခဲ့တယ်။
ပင်းယန်က နည်းနည်း မူးဝေနေတယ်။ ဒါကြောင့် လမ်းလျှောက်တာ ယိမ်းထိုးနေခဲ့တယ်။ ဒါပေမယ့် ဝမ်တပေါင်းကတော့ ပိုဆိုးတယ်။ ကြောက်လွန်းလို့ ဒူးတွေ ခွေကျမတတ် တုန်ယင်နေခဲ့တာ။ ဧည့်ဆောင်ကနေ ကျော်လာတော့။ အလင်းရောင်တွေက ပို တောက်ပလာတယ်။ သိသိသာသာပဲ။ အရှေ့ပိုင်း နန်းတော် အစောင့်တွေက တောက်ပတဲ့ သံချပ်ကာတွေကို ဝတ်ထားပြီးတော့။ လက်ထဲမှာ မီးတုတ်တွေကို ကိုင်ရင်း ကင်းလှည့်နေကြတယ်။
“ တကယ်ပဲ ပျော်စရာ ကောင်းလိုက်တာ ” ကင်းလှည့်နေတဲ့ အစောင့်တပ်တွေကို ကြည့်ရင်း ပင်းယန် ပြောတယ်။ ပျော်ရွှင်မှုကြောင့် သူမ မျက်လုံးတွေ တလက်လက် တောက်ပနေတယ်။
“ ပျော်စရာ …? ဟုတ်တာပေါ့။ အရမ်း ပျော်စရာ ကောင်းတာပဲ။ ” ဝမ်တပေါင်း စိတ်ဖိစီးမှု အပြည့်နဲ့ ပြောတယ်။ သူမကတော့ ပျော်နေလိုက်တာ။ သူကတော့ ကြောက် လွန်းလို့ နှလုံးတောင် ပါးစပ်ထဲကနေ ခုန်ထွက်တော့မယ်။
“ ဟေး … အရှက်မရှိတဲ့ကောင်။ ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းအောင် တစ်ခုခု လုပ်ရအောင်။ နင် အမြဲ ပြောတာ ငါက နင့်ကို မနိုင်ဘူးတဲ့။ စစ်မှန်တဲ့ စွမ်းအားကို မြင်သာအောင် ပြမယ်။ နင် ငါနဲ့ ပြိုင်ဝံ့လား။” ဖန်ကျန်းရှီကို ပင်းယန် စိန်ခေါ်တယ်။
“ အရှင်မင်းသမီး ကစား နေတုန်းလား ။ ” ဝမ်တပေါင်း ငိုသံပါကြီးနဲ့ မေးတယ်။ ဖန်ကျန်းရှီ ကတော့ မငြင်းပယ်ဘူး။ သူ တစ်ခွန်းပဲ မေးတယ်။
“ ငါတို့ ဘာ ပြိုင်ကြမလဲ။”
“ ရှင်းပါတယ်။ ဟိုနေရာကို ဘယ်သူ အရင် ရောက်မလဲ ပြိုင်ကြမယ်။” ခပ်ဝေးဝေးက အမှောင်ထု နေရာကို သူ လက်ညှိုးထိုးပြရင်း ပြောတယ်။
ခပ်ဝေးဝေးက သစ်ပင်တွေ အုံ့ဆိုင်းနေပြီး မှောင် မည်းနေတဲ့ ခန်းမဆောင် တစ်ခုကို လက်ညှိုးထိုးပြတယ်။ အဲ့ဒီ့ ခန်းမဆောင်က တခြားနေရာတွေနဲ့ ယှဉ်ရင် အတော်လေးကို ထူးခြားနေခဲ့တယ်။ ပင်းယန် အဲ့ ဒီ့ခန်းမဆောင်ကို မီးရှို့ချင်နေမှန်း ရန်ရွှယ်ကော နန်ကုန်းမုပါ နားလည်လိုက်တယ်။
ခန်းမဆောင် တစ်ခုက အကောင်းဆုံး ပြစ်မှတ်ပဲ။ တကယ်တော့ အရှေ့ပိုင်း နန်းတော်ရဲ့ ခန်းမဆောင် တစ်ခုကို မီးရှို့တာက သူ့ အတွက် ခက်ခဲတဲ့ ကိစ္စမဟုတ် ဘူး။ ဒါပေမယ့် ဘယ်သူ့ကိုမှ သေစေလိုတဲ့ ဆန္ဒလည်း မရှိ။
ပင်းယန်က မီးအရမ်း ရှို့ ချင်နေပင်မယ့် ဒီ ကိစ္စကို သေချာ စဉ်းစားထားတယ်။ ဒါပေမယ့် ဝမ်တပေါင်း ကတော့ ဒီလို မခံစားမိ ။ မီး လင်းနေတဲ့ အိမ်တော် တစ်ခုကို မီးရှို့လိုက်ချင်တယ်။ ဘာကြောင့်လဲ ဆိုတော့။ အခု ခန်းမဆောင်ကြီးက အတော့်လေး ဝေးတယ်လေ။ ဒါက သူ့ကို စိတ်ရှုပ်ထွေးစေတယ်။
“ကောင်းပြီလေ။ မင်းကို အရင်ဆုံး သွားခိုင်းမယ်။” ခန်းမကို ကြည့်ရင်း ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ဟ ဟား… ဒါဆိုရင် ငါ အရင်ဆုံး သွားပြီ။” ဖန်ကျန်းရှီနဲ့ ငြင်းခုံ ဖို့ကို ပင်းယန် အာရုံမစိုက်တော့ဘူး။ အမှာင်ထု ထဲကနေ ပြေးလွှားရင်း ။ ခန်းမဆောင် ဆီကို ပြေးတော့တယ်။ ဖန်ကျန်းရှီ ကတော့ ပင်းယန် နောက်ကို လိုက်မသွားဘူး။ အဲ့ဒီ့အစား ရန်ရွှယ်နဲ့ နန်ကုန်းမု ဘက်ကို လှည့်ပြောတယ်။
“အရှေ့ပိုင်း နန်းတော် မီးလောင်တာနဲ့ ။ ဝရုန်းသုန်းကားတွေ ဖြစ်လာတော့မှာ။ ဒါကြောင့်။ ငါတို့ အပြန်လမ်းကို လုံခြုံစေဖို့ အတွက် လူ နည်းနည်းလောက် ရှာထားဖို့ လိုတယ်။ ”
“ ဟုတ်တယ်။ ကျွန်တော်တို့တွေ ထွက်ဖို့ လမ်း လိုတယ်။ ” ဝမ်တပေါင်း ချက်ခြင်း သဘောတူတယ်။ ရန်ရွှယ်နဲ့ နန်ကုန်းမုက တစ်ယောက်ကို တစ်ယောက် ကြည့်တယ်။ သူတို့ မျက်နှာ အမူအယာကနေ ဖန်ကျန်းရှီ ပြောတဲ့ အတိုင်း လုပ်ချင်နေတာ သိသာတယ်။
“ ရန်ရွှယ် မင်းရဲ့ အဇူရာ တာအိုက အရမ်း စိတ်ဝင်စားခံရတယ်။ ဖန်ကျန်းရှီ နောက်ကို လိုတာပဲ ကောင်းလိမ့်မယ်။ ” ဖန်ကျန်းရှှီ ခေါင်းငြိမ့်တယ်။
“ ကောင်းပြီ။” ခနတွေးပြီးနောက် ရန်ရွှယ် ခေါင်းငြိမ့်တယ်။
“ ဒီ အတိုင်းပဲ စီစဉ်လိုက်ပြီ။ နန်ကုန်းမု ပင်းယန်ကို မထိခိုက်အောင် မင်း ကာကွယ်ပေးမှ ဖြစ်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ စိတ်ချပါ။ ငါ လုံး၀ နားလည်တယ်။” နန်ကုန်းမု သဘောတူတယ်။
“ မင်း ဘာကို ဆိုလိုချင်တာလဲ။ မင်းက အကာအကွယ် လိုဆုံးသူ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက ဘာကြောင့် ပင်းယန်ကို ကာကွယ်ခိုင်းနေလဲ ဝမ်တပေါင်း နားမလည်။ ပိုပြီး အရေးကြီးတာ … ဖန်ကျန်းရှီ ရဲ့ ပြောပုံ အရဆိုရင်။ သူက ပင်းယန် နဲ့ လိုက် မယ့်ပုံမပေါ်ဘူး။
သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ အတွေးပေါက်နေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီက လှုပ်ရှားတယ်။ ပင်းယန် ထွက်သွားတဲ့ ခန်းမဆောင်ဆီကို သွားတာတော့ မဟုတ်ဘူး ။ တသီးတခြားဆီ ခွဲထွက်သွားတယ်။
“ ဖန်….” ဝမ်တပေါင်း စကားပြောဖို့ ပြင်တယ်။ ရန်ရွှယ့်ရဲ့ အေးစက်စက် အကြည့်ကို မြင်တော့ သူ ဆက်မပြောရဲတော့ဘူး။
“ ငါတို့ ဒီမှာ နေမယ်။” ရန်ရွှယ် အေးစက်စက် ပြောတယ်။
“ ကောင်းပါပြီ။” ဝမ်တပေါင်း ချက်ခြင်း ခေါင်းငြိမ့်လိုက်ရတယ်။ ဖန်ကျန်းရှီကို သူ ပြန် လှည့်ကြည့်တော့ ။ ဖန်ကျန်းရှီက ပျောက်သွားခဲ့ပြီ။ သူက ဘာလို့များ ရုတ်တရက်ကြီး ပျောက်သွားတာလဲ။ ဘယ်ထွက်သွားတာလဲ။ ဝမ်တပေါင်း ပဟေဠိ ဖြစ်နေခဲ့တယ်။
ဒီအချိန်မှာပဲ နန်ကုန်းမုက လှုပ်ရှားတော့တယ်။ ကြမ်းပြင်ပေါ်မှာ ကျားသစ် တစ်ကောင်လို ဝပ်ချလိုက်ပြီးတော့။ ပင်းယန်ဆီကို တဟုန်ထိုး ပြေးထွက်သွားတယ်။ ဝမ်တပေါင်းလည်း အတွေးတစ်ခု ဝင်လာခဲ့တယ်။
“မင်းတို့ ကောင်တွေ တကယ်ပဲ….”
“ ဖန်ကျန်းရှီ ကိစ္စ တစ်ခုကို အကြောင်းရင်း မရှိပဲ ဘယ်တော့မှ မလုပ်ဘူး။ အထူးသဖြင့် အန္တရာယ်များတဲ့ ကိစ္စတွေမှာပေါ့။” ဝမ်တပေါင်း မပြောခင်မှာပဲ ရန်ရွှယ် ပြန်ဖြေတယ်။ နားမလည်နိုင်တဲ့ ဝမ်တပေါင်းကတော့ ဆက်မပြောတော့ဘူး။ မီးတုတ်တွေ ကိုင်ထားခဲ့ အရှေ့ပိုင်း နန်းတော်စောင့်တွေကို သူကြည့်နေခဲ့တယ်။
“ ဒါက … သခင်လေး ဖန် တစ်ယောက်တည်း သွားဖို့ က အဆင်ပြေရဲ့လား။” အချိန်တစ်ချို့ ကြာပြီးတဲ့နောက်။ ဝမ်တပေါင်း လက်တွေ့ဘဝကို ပြန်ရောက်လာတယ်။ ရန်ရွှယ်ကတော့ ဝမ်တပေါင်းကို ပြန်မဖြေ။ သူ့ နေရာမှာသာ ရပ်နေရင်း။ သိသိသာသာကို အစောင့်အကြပ်ထူထပ်တဲ့ နန်းဆောင် တစ်ခုကို စိုက်ကြည့်နေတယ်။
ရုတ်တရက်ဆိုသလို။ မီးတောက် တစ်ခုက ည အမှောင်ထုထဲမှာ တောက်ပလာတယ်။ အစောင့်တွေ ကိုင်ထားတဲ့ မီးတောက်နဲ့ မတူဘူး။ ဒီ မီးတောက်က အနီရောင်ရဲရဲတောက်နေခဲ့တယ်။ ခန်းမဆောင်တွေ အများကြီးကို အစောင့်စစ်သည်တော်တွေက လှည့်ပတ်နေခဲ့တာ။ အခုချိန်မှာတော့ နေဝင်ဆည်းဆာချိန်လို ရဲရဲတောက် တဲ့ အလင်းတန်းက ညအမှောင်ထုကို ခွင်းပြီး တော့ တောက်ပနေခဲ့တယ်။
နေဝင်ဆည်းဆာချိန်ဆိုတာ။ မိုးကုပ်စက်ဝိုင်း ထဲဝင်စ ပြုနေတဲ့ နေမင်း အတွက်ပဲ သုံးတာ။ အခုတော့ အရှေ့ပိုင်းနန်းတော်က ဆည်းဆာချိန်လို တောက်ပနေခဲ့ပြီ။ ဘာကြောင့်လဲ ဆိုတော့။ နန်းတော်ရဲ့ ကောင်းကင် တစ်ဝက် လောက်က နီနီရဲရဲဖြစ်နေလို့ပဲ။ ဒီအလင်းတန်းနဲ့ အတူ။ မီးရဲ့ အပူရှိန်ကလည်း ဆက်တိုက် ထွက်ပေါ်နေတယ်။
နန်းတော်စောင့်တွေ ဒီ နီရဲတဲ့ အလင်းတန်းကို ကြည့်ရင်း နန်းတော်စောင့်တွေ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေခဲ့တယ်။ အစောင့်တွေတင် မက။ အစေခံတွေ အိမ်ရှေ့စံနန်းဆောင်က နန်းတွင်းသူ နန်းတွင်းသားတွေ ပါ ထိတ်လန့်နေကြတယ်။ သူတို့ တွေ ပါးစပ်အဟောင်းသား နဲ့သာ ထကြည့်နေခဲ့ကြတာ ။ ဒီ အချိန်မှာပဲ လူအုပ်ထဲက တစ်စုံတစ်ယောက် သတိ ဝင်လာခဲ့တယ်။
“မီး….”
အပိုင်း(၅၄၄)ပြီး၏။
အပိုင်း (၅၄၅)
“ အမြင့်ဆုံး မီးရှို့မှု”
Translator: Sparrow Translations Editor: Sparrow Translations
“မီးလောင်နေတာလား။”
“ မီးလောင်နေတာ။”
ဒီအသံတွေက အစပိုင်းမှာ သံသယတွေ မယုံနိုင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါေ ပမယ့် ခပ်မြန်မြန်ပဲ အစစ်အမှန် အခြေအနေကို ပြန်ရောက် သွားပုံပဲ။ နောက်ဆုံးတော့လည်း သူတို့တွေက မီးလောင်တာကို မျက်မြင် ကြုံနေခဲ့ရတာလေ။
အရှေ့ပိုင်းနန်းတော်မှာ မီးလောင်နေတယ်။ အကြီးအကျယ်ကို လောင်ကျွမ်းနေတာ။ ဒါကို ဘယ်သူ ယုံနိုင်မှာလဲ။ အရှေ့ပိုင်း နန်းတော်စောင့်တွေ တောင် မယုံနိုင်ဘူး။ သူတို့တွေ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ချက်ခြင်း လှုပ်ရှားကြတော့တယ်။ အစောင့်တွေက မီးလောင်နေတဲ့ ခန်းမဆီကို ချက်ခြင်းပြေးတော့တယ်။
ဒီအချိန်မှာ အစေခံတွေက မီးငြိမ်းဖို့ မြေကြီးနဲ့ ရေတွေကို ပြင်ဆင်ကြတယ်။ မြင်ကွင်းကတော့ နှေးကွေးပြီး အဆက်မပြတ် လှုပ်ရှားနေကြပေမယ့်။ ဝရုန်းသုန်းကားတော့ ဖြစ်မနေခဲ့။
“ မီးကို မြန်မြန် ငြိမ်းကြ။ ”
“ အဖွဲ့ သုံးရဲ့ ခေါင်းဆောင်။ မင်းရဲ့ အဖွဲ့ကို ခန်းမဆီ ခေါ်သွား။ ကယ်နိုင်သလောက် သာ ကယ်ခဲ့။ အခုသွား။”
“ အမိန့် အတိုင်းပါ။ ”
“ အဖွဲ့ ၅ ။ လူတွေကို အန္တရာယ် ကင်းတဲ့ နေရာ ရွှေ့ပြောင်း။ ငါတို့ရဲ့ အထူးဧည့်သည်တော်တွေကို အကူအညီ သွားတောင်းလှည့်။”
“ အရှင် မင်းသားကို ချက်ခြင်း သတင်း သွားပို့။”
“ သွား သွး။”
ဒီလို အခြေအနေ မျိုးမှာ အစောင့်တွေက သူတို့ လုပ်သင့်တာကို လုပ်နေကြတယ်။ မီးငြိမ်းတဲ့ သူက ငြိမ်းတယ်။ ရွေ့ပြောင်းရေး လုပ်တဲ့သူက လုပ်တယ်။ အိမ်ရှေ့စံကို သတင်းပို့တဲ့ သူက ပို့တယ်။ ဒီအချိန်မှာပဲ အိမ်ရှေ့ စံ လင်းထျန်းရုံ အပြင်ဘက်က ဆူညံသံတွေ ကြောင့် နိုးလာတယ်။ သူ့ အခန်း ပြတင်း ပေါက်ကနေ အနီရောင် တောက်နေတဲ့ အလင်းတန်းကို တွေ့လိုက်တယ်။
“ မီးလောင်တာလား” လင်းထျန်းရုံ က နဂိုတည်းက စိတ်မကြည်တာ။ သူ့ တစ်ကိုယ်လုံးက ဒေါသတေ ွ ရေနွေးပွက် သလိုဆူပွက်နေတာ။ အကယ်၍ အရင်ကသာ ဒီလို မီးလောင် တာမျိုး ဖြစ်မယ်လိုရင်။ သူ့ကို အံ့အား သင့်စေမယ်။ ဒါပေမယ့် စိတ်ဆိုး စေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့တော့ သူ အတော်လေးကို ဒေါသ ထွက်နေတာ။ မီးလောင်တာက သူ့ ဒေါသကို မီးပွားလာစင်တယ်။ ပွက်ပွက် ဆူနေတဲ့ ဆီအိုးထဲကို မီးပွားကျသလိုပဲ။ သူ့ ဒေါသတွေ ပေါက်ကွဲလာတော့တယ်။
“ဒုန်း။” ဟာကြည့်ခန်းရဲ့ တံခါးက ကန်ဖွင့်ခံလိုက်ရတယ်။ လင်းထျန်းရုံ သူ့ စာကြည့်ခန်း ကနေ အပြင်ထွက်လတယ်။ တစ်ချက် ကြည့်လိုက်ပြီး သူ တောင့်တင်းသွားတယ်။ ခန်းမဆောင် တစ်ခု မီးလောက်နေတာ ကြောင့် သူ အံ့သြတာ မဟုတ်။ မီးက အရမ်းကို ကြီးလွန်းနေလို့ပဲ။
“အရှင့်သား မီး … မီး လောင်နေပါတယ်။” အစောင့်တစ်ယောက် ပြေးလာရင်း သတင်းပို့တယ်။
“ ငတုံးကောင်တွေ။” လင်းထျန်းရုံ အော်ဟစ်တယ်။ အဲဒီ့နောက် အစောင်ံရဲ့ မျက်နှာ တည့်တည့်ကို ကန်ထုတ်လိုက်တာ။ အစောင့် စစ်သည်တော် ။ ၆ မီတာ ၇ မီတာ လောက်ထိ လွင့်သွားတယ်။ သူ့မျက်နှာကနေ သွေးတွေ စီးကျလာပင်မယ့် ။ စောဒက မတက်ရဲ။ ဒီလို ကန်ထုတ်ခံလိုက်ရပြီးတဲ့နောက်။ သူ မြေကြီးပေါ်ကို မှောက်ချလိုက်တယ်။ သတိလစ်ချင်ယောင် ဆောင်ပြီးတော့ပေါ့။
ဒီအစောင့်က တကယ့်ကို ပါးနပ်တယ်။ အိမ်ရှေ့စံ မင်းသားကို သတင်းပို့ရမယ့် သူ တာဝန်က အောင်အောင် မြင်မြင် ပြီးဆုံး သွားပြီ။ ဒါကြောင့် သတိလစ်ချင်ယောင် ဆောင်လိုက်တာက ပြဿနာကို ရှင်းစေတယ်။ ဒါပေမယ့် ကြည့်ရတာ ဒါက လင်းထျန်းရုံ ရဲ့ ဒေါသကို ပိုပြီးတော့ ဆိုးသွားစေပုံပဲ။ မြေပြင်ပေါ်မှာ မလှုပ်မယှက်ဖြစ်နေတြ့ အစောင့်ကို မြင်တော့ သူ့ ဒေါသတွေက ပိုဆိုးလာခဲ့တယ်။ လက်တစ်ချက် ဝေ့ယမ်း လိုက်တဲ့ အချိန်မှာ သူ့လက်ထဲကို ဓားတစ်ချောင်း ရောက်လာခဲ့တယ်။
“ အသုံးမကျ်တဲ့ လူမိုက်ကောင်။ မင်း က ငါရှေ့မှာ သတိလစ်ချင်ယောင် ဆောင်ဝံ့သေးတယ်လား။” လင်းထျန်းရုံ အော်ဟစ်ရင်း ရှေ့ကို လျှောက်လာတယ်။ ဓားရဲ့ အေးစက်စက် အလင်းရောင်က လရောင်အောက်မှာ တောက်ပနေတယ်။ အဲ့ဒီ့နောက် အစောင့်ရဲ့ လည်ပင်းကို ဖြတ်သွားပြီးတော့ မြေကြီးကို ထိသွားတယ်။ အစောင့်ရဲ့ ခြေလက်တွေ နည်းနည်းတော့ တုန်ယင်သွားခဲ့တယ်။ သူ့မျက်လုံးက မယုံကြည် နိုင်မှုတွေ ပြည့်နှက်နေခဲ့တယ်။
ပုံမှန် အတိုင်း ဆိုရင် ဒီအစောင့်က လင်းထျန်းရုံ ဒေါသထွက်နေတာကို ရှောင်ရုံပဲ။ ဒါဆိုရင် သူလည်း သေဘေးက လွတ်မယ်။ ဒီနေ့ကတော့ မတူညီ ။
အစောင့် စကားပြောချင်တယ်။ ဒါပေမယ့် သူ့ လည်ပင်းက အေးစက်မှုကြောင့် လှုပ်ရှားမရ။ ဒီအချိန်မှာ သူ နားလည်သွားတယ်။ သူ သေချင်ယောင် ဆောင်သည် ဖြစ်စေ။ မဆောင်သည် ဖြစ်စေ။ သေကိုသေရမှာပဲ။ ဒီသတင်းကို သူ လာပို့တည်းက လင်းထျန်းရုံက သူ့ကို အသက်ချမ်းသာပေးဖို့ စိတ်ကူးမရှိဘူး။
ဓားက သူ့လည်ပင်းကနေ ပြန်ထွက်သွားတယ်။ အစောင့်ကို လင်းထျန်းရုံ တစ်ချက်လေးတောင် မကြည့်ဘူး။ မီးလောင်နေတဲ့ ခန်းမဆီကို သွေးတစက်စက် ကျနေတဲ့ ဓားကို ကိုင်ရင်း သူ လျှောက် သွားတယ်။ ဒါက အာဏာရှင်နဲ့ အာဏာမရှိသူ ကြားက ကွာခြားမှု တစ်ခုပဲ။
တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို သတ်ဖို့ အတွက် အကြောင်းအရင်း မလိုအပ်ဘူး။ သူက အိမ်ရှေ့စံ။ အရှေ့နန်းတော်မှာ ရှိသမျှ လူတိုင်းရဲ့ အသက်ကို သူပိုင်တယ်။
“ အရှင့်သား။”
“အရှင့်သား။”
“….”
လင်းထျန်းရုံကို မြင်တဲ့ အချိန်မှာ လူတွေ နှုတ်ဆက်ကြတယ်။ အော်ဟစ်သံတွေ လေထဲမှာ ပျံ့ကုန်တယ်။ လင်းထျန်းရုံရဲ့ ဓားက အေးစက်တယ် ။ လူအများကြီးရဲ့သွေးတွေ သူ့ဓားမှာ စွန်းထင်းကုန်တယ်။ အစောင့်တွေ ။ အစေခံတွေ ။ နန်းတွင်းသူတွေ။ တစ်ယောက်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်ကို လဲကျကုန်တယ်။ သူတို့စိတ်ထဲမှာ လင်းထျန်းရုံ ရပ်တန့်သွားဖို့ပဲ ဆုတောင်းမိကြတယ်။
အစေခံနဲ့ အစောင့် ၇ ဦးကို သတ်ပြီးတဲ့ နောက်မှာတော့ ။ လင်းထျန်းရုံရဲ့ အကျီမှာ သွေး စ တစ်ချို့ စွန်းထင်း ကုန်တယ်။ ဒါက သူ့ကို မပျော်မရွှင် ဖြစ်စေတယ်။ အိမ်ရှေ့စံ တစ်ယောက် အနေနဲ့ လူတွေကို သူသတ်နိုင်တယ်။ ဒါပေမယ့် သူ့ အကျီမှာ သွေးတွေ စွန်းပေကုန်တာ ကိုတော့ မကြိုက်ဘူး။
“ ရှင်းလိုက်တော့။” လင်းထျန်းရုံ သူ့ဓားကို လွှင့်ပစ်လိုက်တယ်။ သူ့ အကျီက သွေးစတွေကို သေသွားတဲ့ အစောင့်ရဲ့ သံချပ်ကာပေါ်ကို ပွတ်သုတ်လိုက်တယ်။
“ အမိန့်တော် အတိုင်းပါ။” အစောင့် တစ်ချို့ ဒီ အလောင်းတွေကို ဆွဲထုတ်သွားတယ်။ နောက်ထပ် အစေခံတွေ ကတော့ ချက်ခြင်း ပြန်လှုပ်ရှားကြတယ်။ အရာအားလုံးက ပုံမှန် အတိုင်း ဖြစ်နေတယ်။ နောက်ပြီးတော့ ဘယ်သူမှ စကား တစ်ခွန်းတောင် မပြောဝံ့ကြ။
…
လင်းထျန်းရုံ ခန်းမဆောင်ကို ရောက်တဲ့ အချိန်မှာ မီးက ငြိမ်းသွားခဲ့ပြီ။ မီးခိုး အနံ့တွေနဲ့ ပြာမှုန့်တွေသာ လေထဲမှာ ပျံ့နေခဲ့တယ်။ မရေမတွက်နိုင်တဲ့ အစေခံတွေ ခန်းမရှေ့မှာ ရပ်နေကြတယ်။ ကြောက်လွန်းလို့ တုန်ယင်နေကြတယ်။ အစောင့်တွေ အစေခံတွေနဲ့ မတူညီစွာပဲ ဝတ်ဆင်ထားတဲ့ လူကြီးတစ်ချို့လဲ ရှိနေတယ်။ သူတို့ ထဲက တစ်ယောက်ကတော့။ အထူး အဖိုးတန်တဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ စိတ်ကြီးဝင်နေတဲ့ ပုံစံ ပေါ်နေခဲ့တယ်။ သူတို့တွေက အိမ်ရှေ့စံ အိမ်တော်က အထူး ဧည့်သည်တော်တွေပဲ။
အကယ်၍ အစောင့်တွေ အစေခံတွေပဲ မီး ငြိမ်းမယ် ဆိုရင်။ ဒီမီးက ငြိမ်းနိုင်မှာ မဟုတ်ဘူး။ မီးကတော်တော်လေးကို ကြီးတယ်လေ။ ခန်းမ တစ်ခုလုံး ပြာကျသွားခဲ့ပြီ။ ဒါ့အပြင် ဘေးပတ်ဝန်းကျင်က သစ်ပင်တွေလည်း မီးစွဲ ကုန်တဲ့ အတွက် ။ အနီးနားက အဆောက် အဦးတွေပါ မီးသင့်ကြတယ်။ ဒီ ဧည့်သည်တော်တွေ သာ မ မကူညီရင်။ မီးက ခန်းမ တစ်ခုထဲကို လောင်မှာ မဟုတ်ဘူး။
“ဒီအဆောင်ကို စောင့်ကြပ်တာ ဘယ်သူ တာဝန်ရှိလဲ။” ခန်းမဆောင် ပြာပုံကြီးကို ကြည့်ရင်း လင်းထျန်းရုံ ပြောတယ်။ သူ့ ဒေါသတွေ နောက်တစ်ကြိမ် ပြန် မြင့်တက်လာပြန်တယ်။ အရှေ့ပိုင်း နန်းတော် မှာ မီးလောင်တယ်။ ဘယ်သူက ဒါကို တွေးမိမှာလဲ။ တော်ဝင်မိသားစု အတွက်တော့။ ဒါက အထိန်းအကွပ်မဲ့ သွားတဲ့ ဖြစ်ရပ်တစ်ခုပဲ။ သူတို့ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်ရတယ်။ ပြည်သူတွေ သိသွားရင်လည်း လှောင်ရယ် ကြလိမ့်မယ်။
“ ကျွန်တော် ပါ… ဒါ … ဒါက ” အစောင့် တစ်ယောက် ချက်ခြင်း ရှေ့ထွက်လာပြီး ဒူးထောက်တယ်။ ကြောက်လန့်မှုကြောင့် သူ တုန်ယင်နေခဲ့တယ်။
“ သူ့ကို ဆွဲ ထုတ်သွားစမ်း။” လင်းထျန်းရုံ ရဲ့ ကန်ချက် တစ်ချက်က သူ့ကို လွင့်ထွက်သွားစေတယ်။ အဲ့ဒီ့နောက် လင်းထျန်းရုံ လူတွေကို လှမ်းကြည့်တယ်။ “ ဘာကြောင့် မီးလောင်တာလဲ။”
“ ဒါက ….” အစောင့်တွေနဲ့ အစေခံတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။ လင်းထျန်းရုံက အရမ်းကို ဒေါသထွက်နေမှန်း သူတို့ သိတယ်။ သူတို့လည်း မသေချင်သေးဘူး။ အကြောင်း ပြချက် မပေးပြန်ရင်လည်း အကုန်လုံး သေကုန်မှာ ကို သိတယ်။ သူတို့ရဲ့ မိသားစုတွေလည်း သေကြရမှာပဲ။
အစောင့် တစ်ယောက် ရှေ့ထွက်လာတယ်။ သူ စကားပြောဖို့ ပြင်တယ်။ ဒါပေမယ့် အထူး ဧည့်သည်တော် တစ်ယောက်က သူ့ကို လက်ကာပြတယ်။ အစောင့် စိတ်သက်သာရာ ရသွားပြီးနောက် လူအုပ်ထဲကို ပြန် ဝင်သွားခဲ့တယ် ။
“အရှင့်သား ဒီ မီးက အစောင့်တွေရဲ့ အမှားမဟုတ်ပါဘူး။ တစ်ယောက်ယောက်က ရည်ရွယ် ရှိရှိ မီးရှို့တာပါ။ ”
“ ခန်းမဆောင်ကို ရည်ရွယ်ချက် ရှိရှိ မီးရှို့တာလား။ မင်း ဘာလို့ ဒီလို ပြောနိုင်တာလဲ။ ” လင်းထျန်းရုံ ဧည့်သည်တော်ကို ကြည့် ရင်း မေးတယ်။ မီးသွေးတုံး ဖြစ်နေတဲ့ ခန်းမကို ကြည့်ရင်း မျက်မှောင်ကြုတ်တယ်။
“ မြေပြင်ပေါ်မှာ မီးရှို့ ထားတဲ့ လက္ခဏာတွေကို အထင် အရှား မြင်နေရတယ်။ ဒါက တစ်ယောက်ယောက် ရှို့ထားတဲ့ မီးပါ။”
“ မင်း တို့ ဘာများ စောင့်နေတာလဲ။ နန်းတော် ထွက်ပေါက်တွေ အားလုံးကို ပိတ်လိုက်။ ငါတို့ တွေ မီးရှို့တဲ့ သူကို အမိ ဖမ်းရမယ်။” လင်းထျန်းရုံ ချက်ခြင်း အမိန့်ပေးတယ်။ သူ့ အသံ အေးစက်ပြီးတော့ အမူအယာ မဲ့နေခဲ့တယ်။
“ အမိန့်တော် အတိုင်းပါ။” အစောင့်တွေ ချက်ခြင်း ခုန်လွှားတော့တယ်။ ဒါပေမယ့် သူတို့တွေ ခပ်ဝေးဝေး မသွားရသေးခင် အချိန်မှာပဲ ရုတ်တရက် ရပ်တန့်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ အချိန်မှာပဲ ဓားတစ်ချောင်း က ထွက်ပေါ်လာလို့ပဲ။ ရုတ်တရက် မိုးကုပ်စက်ဝိုင်း အောက်ကို နေမင်းကြီး ဝင်ရောက် ပျောက်ကွယ်သွားတဲ့ အချိန်လို မှောင်မည်း သွားတယ် ။ ထူးဆန်းလှတဲ့ လေပွေလှိုင်းကြီး တွေ လည်း ပေါ်ထွက်လာတယ်။ ညက တိတ်ဆိတ်နေတယ်။ ဒါပေမယ့် ဒီလေပွေလှိုင်းကြီးတွေ တိုက်ခတ်တဲ့ အသံက နားအူလောက်အောင် ကျယ်လွန်းတယ်။
“ ဝီ ဝီ ဝီ….”
မီးစတွေ ကောင်းကင်ကို လွင့်ကုန်တယ်။ လေထဲမှာ မီးစက်ဝန်းတွေ ပေါ်လာခဲ့တယ်။ မီးတွေက အနီးနားက ခန်းမဆောင်တွေကိုပါ ပျံ့ကုန်တယ်။ လူတိုင်း ဒီမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်နေခဲ့တယ်။ သူတို့တင် မက လင်းထျန်းရုံပါ ကျောက်ရုပ်လို ငြိမ်သက်နေခဲ့တာ။ ဘာကြောင့်လဲ ဆိုတော့ မီးရှို့တဲ့သူက နန်းဆောင်ထဲက ထွက်မသွားသေးတဲ့ အပြင်။ နောက်ထပ် မီးထပ်ရှို့နေသေးလို့ပဲ။ ပိုပြီးတော့ အရေးကြီး တာ သူ ရှို့နေတာ လင်းထျန်းရုံရဲ့ စာကြည့်ခန် း။
အစောင့်တွေနဲ့ အစေခံတွေ မျက်လုံးပြူ း မျက်ဆန်ပြူး ဖြစ်နေခဲ့တယ်။ ဒါက မီးလောင်ရာကို လေပင့်ဆိုတဲ့ စကားအတိုင်း ဖြစ်နေတာပဲ။ လင်းထျန်းရုံက ဒေါသ တွေ အလုံးအရင်း နဲ့ ထွက်နေတဲ့ အချိန်မှာ။ နောက်ထပ် ခန်းမဆောင် တစ်ခု မီးလောင် ပြန်ပြီ။
အရမ်း အတင့်ရဲတယ်။ အရမ်း အရမ်း ကို လွန်လွန်းတယ်။ လူတိုင်းက အရမ်းကို ကြောက်လန့်နေခဲ့တာ။ လင်းထျန်းရုံ ဘယ်လောက်ဒေါသထွက်နေမှန်း သူတို့ သိတယ်လေ။ သူက ဒေါသမထိန်းနိုင်ရင် စိတ်ရှိ လက်ရှိ သတ်တော့မှာ။ အရှေ့ပိုင်း နန်းတော်ရဲ့ ဂုဏ်သိက္ခာက အစော်ကားခံနေရပြီ ။
“ မီးရှို့တဲ့ သူကို ဖမ်းမမိရင်။ မင်းတို့ အားလုံး သေမယ်။” လင်းထျန်းရုံ ရဲ့ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာတယ်။ ဒေါသကြောင့် သူ့ အသံက အက်ကွဲ တုန်ယင်နေခဲ့တယ်။ ကြီးမြတ်သောရှမင်းဆက်ရဲ့ အိမ်ရှေ့စံ။ ဘယ်သူကမှ ဒီလို အပြစ်ပြုတာကို လက်မခံနိုင်ဘူး။ အရှေ့ပိုင်း နန်းတော်ကို ညသန်းခေါင်မှာ မီးရှို့တယ်။ ပြီးတော့ ချက်ခြင်း ထွက်မပြေးပဲ နောက်တစ်ခေါက် ထပ်ရှို့တယ်။
အရှေ့ပိုင်း နန်းတော်ရဲ့ ဖြစ်တည်မှုကို လုံး၀ မလေးမစား လုပ်တာပဲ။ အထူး ဧည့်သည်တော်တွေက တော့ သူတို့ မြင်တာကို မယုံနိုင်ကြ။ ဒါပေမယ့် သူတို့ တွေ ကြာကြာ ဆက်မနေတော့ဘူး။ အခုကိစ္စက တကယ် မီးရှို့ခံ ရတာ ဟုတ်မဟုတ် တောင် မသေချာ။
နောက်ဆုံးတော့လည်း ဒါက ရန်မြို့တော်လေ။ ဧကရာဇ်ရဲ့ အိမ်တော်။ အရှေ့ပိုင်း နန်းတော် က ဧကရာဇ် နန်းဆောင်နဲ့ ပင်းယန် အိမ်တော် ပြီးရင် လုံခြုံရေး အတင်းကြပ်ဆုံး။ ဒါကို ဘယ်သူကများ မီးရှို့ဝံ့မှာလဲ။ ဒါကြောင့် မီးငြိမ်း ပြီးပြီးချင်း မီးရှို့တဲ့ သူကို ရှာကြတာ။ ဒါပေမယ် မြေပြင်ပေါ်က ပြာပုံကြီးကို မြင်တော့ သူတို့ တွေးမိကြတယ်။ ဒီလူရဲ့ အကြောက် တရားကို လုံး၀ မရှိတာပဲ။ ဘယ်လိုလူကများ ဒီလောက် အတင့်ရဲရတာလဲ။
အခု အဖြစ်ကတော့ ( အကြောက်အလန့်မရှိ) ဆိုတဲ့ အဖြစ်ထက် ( လိုလိုလားလားကို ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ) တစ်ချို့တွေက အလင်းလို အလျင်မျိုးနဲ့ အိမ်ရှေ့စံ ရဲ့ စာကြည့်ခန်းကို ပြေးကြတယ်။ တကယ့်ကို အထင်ကြီး လောက်တဲ့ အရှိန်နှုန်းပဲ။
အထူးဧည့်သည်တော်တွေရဲ့ ဦးဆောင်မှုနဲ့ အတူ။ အစောင့်တွေ ရွေ့လျားတော့တယ်။ လူတိုင်းက စာကြည့်ခန်းကို အပြေးသွားကြတာ။ ဘာကြောင့်လဲဆိုတော့ မီးရှို့တဲ့သူ စာကြည့်ခန်းမှာ ရှိတယ် ထင်နေလို့ပဲ။ သူတို့တွေ စာကြည့်ခန်းကို အဝိုင်းပတ် ဝိုင်း လိုက်ကြတယ်။ မီးရဲ့ အလယ်ကို ရွေ့ကြတယ်။ ဒါပေါ့။ လင်းထျန်းရုံလည်း ဒီလူတွေထဲပါတယ်။ သူ့မျက်နှာ တစ်ခုလုံးရဲရဲ နီနေခဲ့တယ်။ မီးအလင်းရောင် ဟပ်တာ ကြောင့်လည်း ဖြစ်နိုင်သလို။ ဒေါသကြောင့်နီတာလည်း ဖြစ်နိုင်တယ်။
“ အကယ်၍ ငါမင်းကို မသတ်ရရင်။ ငါ လူမဟုတ်တော့ဘူး။” လင်းထျန်းရုံရဲ့ မျက်လုံးတွေက လူသတ်ငွေ့ တွေနဲ့ တောက်ပနေတယ်။ သူ့ ကိုယ်က နတ်ဆိုး တစ်ကောင်လို အငွေ့အသက်တွေ လျှံထွက်နေခဲ့တယ်။
“သွားစမ်း။” ခပ်နှေးနှေးလုပ်နေတဲ့ အစေခံ တစ်ယောက် ကန်ထုတ်ခံလိုက်ရတယ်။ အဲ့ဒီ့နောက် သူ့ဘေးနားက လူတွေ ရှောင် ကွင်း ကုန်ကြတယ်။
…
အရှေ့ပိုင်းနန်းတော် ရဲ့ ဧည့်ဆောင် ဝင်ပေါက်မှာ။ ဝတ်ရုံနက် ဝတ်ထားတဲ့ ပင်းယန် ရှိနေတယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေက အရမ်းကို လှုပ်ရှား တက်ကြွနေခဲ့တယ်။ အရက်မူးနေတဲ့ ပုံလည်း ပျောက်ကွယ်သွားခဲ့ပြီ။
“ ဒီ အရှက်မရှိတဲ့ ကောင်… တကယ်ပဲ တကယ်ပဲ …. တတိယ အကိုတော်ရဲ့ စာကြည့်ခန်းကို မီးရှို့တယ်ပေါ့။” ပင်းယန်က ပစ္စည်းတွေကို မီးရှို့ရတာ ကြိုက်တယ်။ သူ့ဘဝမှာ အနည်းဆုံးတော့ အိမ်ပေါင်း နှစ်ဆယ် ထက်မနည်း မီးရှို့ခဲ့ပြီးပြီ။
မြင့်မြတ်ဂုဏ်ခံတွေရဲ့ အိမ်တော်။ ဝန်ကြီးတွေရဲ့ အိမ်။ စစ်သူကြီးတွေရဲ့ အိမ်။ ဥပဒေ ဝန်ကြီး ဝမ်ချောင်ရဲ့ အိမ် အကုန်ရှို့ခဲ့ပြီးပြီ။ ဒါပေမယ့် သူမမှာ စည်းမျဉ်းရှိတယ်။ ဧကရာဇ် နန်းတော်ကို မီးမရှို့ဘူး။ ကိုယ့် အိမ်တော်ကိုယ် မီးမရှို့ဘူး။ နောက်ထပ် နေရာတစ်ချို့ကိုလည်း မရှို့ဘူး။ ဒီနေရာတွေထဲ အိမ်ရှေ့စံရဲ့ စာကြည့်ခန်းလည်း ပါတယ်။
အပိုင်း(၅၄၅)ပြီး၏။
အပိုင်း (၅၄၆)
“ မရဏမီး”
Translator: Sparrow Translations Editor: Sparrow Translations
နဂါး လည်ပင်းရဲ့ အောက်က အကြေးခွံလိုပဲ။ လူတိုင်းမှာ အထိမခံနိုင်တဲ့ အရေးကြီးနေရာတွေ ရှိကြတယ်။ လင်းထျန်း ရုံ အတွက်တော့ ဒီနေရာက သူ့ စာကြည့်ခန်းပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီနေရာမှာ ဧည့်သည်တော်တွေနဲ့ သူ တွေ့ဆုံတယ်။ နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးတယ်။ အရှေ့ပိုင်း နန်းတော်ရဲ့ နှလုံးသားက အဲ့ဒီ့ စာကြည့်ခန်းပဲ။
အကယ်၍ သာမာန် အဆောက်အဦး တစ်ခုသာ မီး ရှို့ခံရမယ်ဆိုရင် လင်းထျန်းရုံ မျက်နှာ ပျက်ရုံ လောက်ပဲ။ ဒါပေမယ့် သူ့ စာကြည့်ခန်းက မီးရှို့ခံရပြီ။ ဒါက တော့ လုံးဝကို ကွာခြားတယ်။ ဒါက သူ့ မျက်နှာကို တစ်ယောက်ယောက် က ဖြတ်ရိုက် လိုက်သလိုပဲ။
ပိုပြီးတော့ အရေးကြီးတာက သူ့ ရဲ့ စာကြည့်ခန်းက ပရိဘောဂတွေ အလှဆင်ပစ္စည်းတွေ အကုန်လုံးကို ပြန်ဝယ်လို့ရတယ်။ ဒါပေမယ့် စာအုပ်စာတမ်းတွေ။ လူပေါင်းစုံ ဆီက စာတွေ က ပြန်ရှာလို့ မရဘူး။ နောက်ပြီးတော့ သူ့ စာကြည့်ခန်းမှာ ရှိခဲ့တဲ့ အမှတ်တရတွေက ဘယ်လိုမှ အစားထိုးလို့ရမှာ မဟုတ်ဘူး။
ပင်းယန် က ဒါကို ရှင်းရှင်းလင်းလင်းကြီး နားလည်တယ်။ ဒါကြောင့် အိမ်ရှေ့စံရဲ့ စာကြည့်ခန်းကို သူမ မထိတာပဲ။ ဖန်ကျန်းရှီကတော့ တိတိကျကျကြီးကို ပြစ်မှတ်ထားတာပဲ။
ဝမ်တပေါင်းကတော့ မိန်းမောနေခဲ့တယ်။ တကယ်တော့။ ဖန်ကျန်းရှီ တခြားနေရာကို ပြေးသွားတာ သူ မြင်ပြီးသား။ ဒါပေမယ့် လင်းထျန်းရုံရဲ့ စာကြည့်ခန်းကို မီးရှို့မယ်လို့ တော့ သူ မထင်ထားဘူး။
“ စာကြည့်ခန်း မီးလောင်နေပြီ… အိမ်ရှေ့စံ…. အခုချိန်ဆို ရူးသွပ်နေလောက်ပြီ။ ဟုတ်တယ်ဟုတ်။”
“ အတိအကျပဲ။ ” နန်ကုန်းမု ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ ဒါပေမယ့် သူလည်း သံသယတွေပြည့်နှက် နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူဖန်ကျန်းရှိကို နားလည်သလောက် အရဆိုရင်။ ဒီကိစ္စက မြင်နေရသလို ရိုးရှင်းမှာ မဟုတ်လူး။ ဖန်ကျန်းရှီ ရဲ့ အလုပ်လုပ်တဲ့ ပုံစံက စိတ်လိုက်မာန်ပါ ဖြစ်လွန်းတယ်လို့ ထင်ရတယ်။ ဒါပေမယ့် သူက အကြောင်းရင်း မရှိပဲ ကိစ္စတစ်ခုကို လုပ်မှာ မဟုတ်ဘူး။ ပိုပြီး အရေးကြီးတာ ဖန်ကျန်းရှီက စွန့်စားရတာတွေကို မကြိုက်ဘူး။
အရှေ့ပိုင်း နန်းတော်ရဲ့ နှလုံးသား။ အစောင့် အကြပ် အထူဆုံး စာကြည့်ခန်းကိုမှ သူ သွားထိတယ်။ ဖန်ကျန်းရှီ အတွက်တော့။ ဒါက အန္တရာယ် အများဆုံးနေရာ တစ်ခုပဲ။ ဒါဆို သူဘာကြောင့်များ ဒီနေရာကို မီးရှို့တာလဲ။ နန်ကုန်းမု ခန့်မှန်း ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူ မသေချာဘူး။
တခြားတစ်ဖက်က ရန်ရွှယ်။ သူ့စိတ်ထဲ နည်းနည်းတော့ စိုးရိမ်ပူပန် နေခဲ့တယ်။ သူ့ရဲ့ ခန့်မှန်းချက်က ပင်းယန် တို့ နန်ကုန်းမုတို့နဲ့ ကွာခြားတယ်။ ဒါပေမယ့် သူလည်း စာကြည့်ခန်းကို ဘာကြောင့် မီးရှို့မှန်း သူလည်း မခန့်မှန်းတတ်။ ဒါကိုလည်း သူ အာရုံမစိုက်ဘူး။
သူ့အတွက်တော့။ ဖန်ကျန်းရှီ လင်းထျန်းရုံရဲ့ စာကြည့်ခန်းကို မီးရှို့တာ သူ့ အကြောင်းရင်းနဲ့သူ ရှိမှာပဲ။ ဒါက လုံလောက်တယ်။ ဒါပေမယ့်အခုတော့။ ပထမ မီးလောင်မှုကတောင် ကြီးမားတဲ့ ဂယက်တွေကို ဖြစ်စေတာ။ ဒုတိယ တစ်ခုကို မီးထပ်ရှို့တယ် ဆိုတော့ သူ ဘယ်လို လွတ်နိုင်တော့မှာလဲ။
“ ငါ အဲ့ဒီ့ကို သွားရမယ်။” ရန်ရွှယ် ပြောရင်းနဲ့ လှုပ်ရှားတော့တယ်။ နောက်လူတစ်ယောက် လည်း လှုပ်ရှားတော့တယ်။ ရန်ရွှယ့် ရှေ့မှာ သူပေါ်လာတယ်။
“ မင်းသွားလို့ မဖြစ်ဘူး” နန်ကုန်းမုရဲ့ အသံ ပေါ်လာခဲ့တယ်။ သူ ဘာမှ မရှင်းပြဘူး။ တစ်ခွန်းတည်းသာ ပြောတယ်။ ရန်ရွှယ်လည်း ရပ်တန့်သွားတယ်။ သူလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်။ အေးစက်စက် နဲ့ မောက်မာတဲ့ အမူအယာက မျက်နှာပေါ်အထင်းသား ပေါ်လာခဲ့တယ်။ စွမ်းအင် လှိုင်းလုံး တစ်လုံးသူ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။ အပြစ်အနာအဆာကင်းတဲ့ အရှိန်အဝါတစ်ခု သူ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။
ဒါကို မြင်တော့ ဝမ်တပေါင်း တုန်ယင်သွားတယ်။ အခုလို အခြေအနေမျိုးမှာ ရန်ရွှယ်နဲ့ နန်ကုန်းမုသာ တိုက်ခိုက်ကြရင်။ ဘယ်သူကများ သူတို့ကို တားမြစ်နိုင်မှာလဲ။ အရှေ့ပိုင်း နန်းတော်စောင့်တွေ လည်း ချက်ခြင်း သတိထားမိမှာပဲ။ ဒါဆိုရင် သူတို့ ဘယ်လို လွတ်မြောက်ကြတော့မှာလဲ။
“ သခင်လေး ရန် ….” ဝမ်တပေါင်းက နားချတော့မယ်လို့ ပြင်တဲ့ အချိန်မှာပဲ။ ရန်ရွှယ် သူ့နေရာသူ ပြန်သွားတာကို တွေ့လိုက်ရတယ်။ နောက်ထပ် ရွှေ့လျားမယ့် ပုံမပေါ်တော့ဘူး။ ဒါက ဝမ်တပေါင်းကို အံ့သြစေတယ်။ ရန်ရွှယ်နဲ့ နန်ကုန်းမု ရဲ့ ဆက်ဆံရေးကို သူသိတယ်လေ။ ဒါတောင် ရန်ရွှယ်က နန်ကုန်းမုရဲ့ စကားတစ်ခွန်းတည်း နဲ့ ရပ်တန့်သွားတယ်တဲ့လား။
“ ငါတို့တွေ ဒီမှာ စောင့်မယ်။” ရန်ရွှယ် ပြောတယ်။
“ကောင်းပြီ။” နန်ကုန်းမုဖြေတယ်။ သူတို့ နှစ်ယောက်လုံး စကား သိပ် မပြောဘူး။ တိတ်ဆိတ်နေကြတယ်။ ငြင်းခုံတာလည်း မဖြစ်ကြ။ အရာအားလုံး ငြိမ်းချမ်းနေခဲ့တယ်။ ဒါပေမယ့် ဝမ်တပေါင်း ပြောနိုင်တာကတော့။ ရန်ရွှယ်က သိသိသာသာ ကြီးကို စိတ်အေး မနေခဲ့ဘူး။ ဒါပေမယ့် သူ အတော့်ကို စိတ်ထိန်းထားခဲ့တယ်။
…
အရှေ့ပိုင်း နန်းတော်ရဲ့ အထူး ဧည့် သည်တော် လေးယောက်က စာကြည့်ခန်းကို ပြေးကြတယ်။ ထောင့်လေးထောင့်ကို လူခွဲပြီး ဝန်း ရံကြတယ်။ ဝတ်ရုံနက် နဲ့ မျက်နှာဖုံး နက် ဝတ်ထားတဲ့ လူတစ်ယောက်ကို သူတို့တွေ့ကြတယ်။ လရောင်အောက်မှာ သူ့ အရိပ်က ထင်းနေတယ်။ လေပြည်ညှင်း တိုက်ခတ်နေတဲ့ အချိန်။ သူ့ရဲ့ ခပ်ကြပ်ကြပ် ဝတ်ရုံနက် က လေတိုးသံတောင် မထွက်ဘူး။ သူ့ အကြည့်က အရမ်းကို အေးစက်တယ်။
ဧည့်သည်တော် ေ လးယောက်ကတော့ မယုံနိုင်ကြ။ ဒီ မီးရှို့တဲ့ သူက လွတ်အောင်မပြေးရုံတင် မကဘူး။ စာကြည့်ခန်း ဝင်ပေါက်မှာတောင် စောင့်နေသေးတယ်။ ဒါက အန္တရာယ် အများဆုံး နေရာပဲ။
“ မင်းက မီးရှို့တဲ့သူလား။” ဧည့်သည်တော် တစ်ယောက် လှမ်းမေးတယ်။
“ မျက်စိကန်းနေတဲ့ သူတောင် အသေအချာ ပြောနိုင်တယ်။ ဒါတောင် ဒီလို မေးခွန်းမျိုး မေးနေသေးတယ်လား။” မျက်နှာဖုံးနက်နဲ့သူ လှောင်ရယ်တယ်။
“ ငါ နားလည်ပြီ။ မင်း မလွတ်ချင်တာ သေချာ ရဲ့လား။” ဧည့်သည်တော် ခေါင်းငြိမ့်ရင်းမေးတယ်။
“ ငါက ဘာလို့ ပြေးရမှာလဲ။” မျက်နှာဖုံးစွပ်နဲ့လူ ပြောတယ်။
“ကြည့်ရတာ မင်းက သေတာ ရှင်တာကို ဂရုမစိုက်တဲ့ ပုံစံပဲ။ နောက် တဆင့်က အညံ့ခံဖို့ပဲ ကျန်တော့မယ်။ ငါတို့ မင်းကို ကူညီရအုန်းမလား။” ဧည့်သည်တော် ကြည့်ရတာ မျက်နှာဖုံး စွပ်နဲ့ လူကို နားလည်တဲ့ပုံစံပဲ။ နောက်ဆုံးတော့လည်း အရှေ့ပိုင်းနန်းတော်ကို မီးရှို့ထားတဲ့ သူက လွတ်အောင် ပြေးနိုင်မှာလား။
“ မင်း ဘယ်လိုထင်လဲ။” မျက်နှာဖုံးနဲ့သူ ပြုံးပြရင်းမေးတယ်။
“ ဒီကိစ္စမှာ မင်းရဲ့ ဇစ်မြစ်ကို မေးပြီးတော့ အရှက်ရအောင် မလုပ်ပါဘူး။” ဧည့်သည်တော် စဉ်းစားရင်း ပြောတယ်။
အနစ်နာခံတဲ့သူ။ မင်းဆက်တိုင်းမှာ ဒီလိုလူတွေရှိတယ်။ အန္တရာယ်များတဲ့ တိုက်ပွဲတွေတိုင်းမှာ ဒီလူတွေ ကြောင့်ပဲ အောင်ပွဲရကြတယ်။ ဧည့်သည်တော်တွေရဲ့ မျက်လုံးထဲမှာတော့ ဒီ မျက်နှာဖုံး စွပ်နဲ့ လူက အနစ်နာခံတဲ့သူ တစ်ယောက်ပဲ။ ဒါကြောင့် သူတို့တွေ ဆက်မမေးတော့တာ။ လေးဘက်လေးတန်ကနေ ဝန်းရံခံ ထားရတဲ့ အတွက်။ သူတို့ တွေ သူ့ကို ချက်ခြင်း မသတ်လိုကြဘူး။ လင်းထျန်းရုံ ကိုယ်တိုင် အမိန့်ပေးတာကို စောင့်နေခဲ့တယ်။ မီးကတော့ ဆက်လက် လောင်ကျွမ်းနေတယ်။
လေကတော့ အထိန်းအကွပ်မရှိ တိုက်ခတ်နေတုန်းပဲ။ သစ်ပင်တွေ သစ်သားတွေကို မီးစွဲကုန်တယ်။ မရေမတွက်နိုင်တဲ့ အစောင့်တွေ လည်း သူ့ကို ဝန်းရံထားခဲ့တယ်။
အစောင့်တွေကတော့ ဧည့်သည်တော်တွေလိုမျိုး မတည်ငြိမ်ကြ။ အဲ့ဒီ့အစား။ မီးငြိမ်းဖို့သာ ပြင်ဆင်နေကြတယ်။ လင်းထျန်းရုံ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ မျက်နှာဖုံးစွပ် လူကိုမြင်တော့ သူ ခနတောင့်တင်းသွားတယ်။ သူ့ ရဲ့ အမူအယာက ချက်ခြင်း ဆိုသလို ရက်စက်ကြမ်းကြုတ်မှု ဖုံးလွှမ်းသွားတယ်။ သားကောင်ကို လိုက်တော့မယ့် ကျားသစ်အတိုင်းပဲ။
“ ငါ သူ့ကို အသက်ရှင်လျက် လိုချင်တယ်။” လင်းထျန်းရုံ ဘာမှ ဆက်မမေးတော့ဘူး။ ဘာကြောင့် လဲ ဆိုတော့ ဒီမျက်နှာဖုံးစွပ် လူကို သူ မြင်တဲ့ အချိန်မှာ။ တစ်ခတည်း မသတ်ပဲ ။ သေတာထက် ဆိုးတဲ့ ဘဝကို ရောက်ပြီးတော့။ သူ့ကို တောင်းပန်နေတာ မြင်ချင်လို့ပဲ။
“ အမိန့်တော် အတိုင်းပါ။” ဧည့်သည်တော် လေးယောက် ပြန်ဖြေတယ်။ သူတို့ထဲက တစ်ယောက် လှုပ်ရှားတယ်။ ဖြည်းဖြည်းချင်း ရှေ့ထွက်လာတယ်။ သူ့ ခန္ဒာကိုယ်ကနေ အပြာရောင် အလင်းတန်း တစ်ခု ပေါ်လာပြီးတော့ တစ်ကိုယ်လုံးကို တောက်လောင်တော့တယ်။ အပြာရင့်ရင့် မီးတောက်။ ဒီ မီးတောက်ကို မရဏမီး လို့ခေါ်တယ်။
သူ့ရဲ့ ဂုဏ်သတ္တိကြောင့် ဒီနာမည် တွင်တာ။ ဘာကြောင့်လဲ ဆိုတော့ သေခြင်းရဲ့ မီး ဖြစ်နေလို့ပဲ။ မီးကို ပိုင်ဆိုင်တဲ့ အပြင်။ အသွေးအသား အရိုးထဲထိ တောက်လောင်နိုင်တယ်။ အတွင်းကလီစာတွေကိုပါ လောင်ကျွမ်းစေနိုင်တာ။ အရာအားလုံး ဖြစ်တည်မှု တာအိုက အဆုံးမဲ့ ရှုပ်ထွေးတယ်။ တာအို အကြီးအသေးတွေ အများကြီး ပေါင်းစုံထားတာ။
မရေမတွက်နိုင်တဲ့ တာအိုတွေထဲမှာ။ လောင်ကျွမ်းမှုနဲ့ ဖွဲ့စည်းထားတဲ့ တာအို တစ်ချို့လည်းရှိတယ်။ မရဏမီး ကလည်း ဒီထဲမှာ ပါဝင်နေတယ်။ အရှေ့ပိုင်းနန်းတော်ရဲ့ ဧည့်သည်တော်တွေက ပုံမှန်လူ ဖြစ်နိုင်ပါ့မလား။ တခြား ဧည့်သည်တော် သုံးယောက်ကတော့ စောင့်ကြည့်နေတယ်။ ရှေ့ဆက်တိုးဖို့ စိတ်ကူးမရှိကြ။
“ ဒါ နောက်ဆုံး အကြိမ် ငါ သတိပေးတာပဲ။ အညံ့ခံလိုက်။ ငါ မင်းကို မနှိပ်စက်ဘူး။” ဧည့်သည်တော်က ပြောတယ်။ နှစ်ပေါင်းများစွာ လေ့ကျင့်မှုတွေ အရ ။ သူ့ပြိုင်ဘက်ရဲ့ စွမ်းအားကို ဘယ်တော့်မှ အထင်မသေးကောင်းမှန်း သူသိတယ်။
“ မဖြစ်နိုင်တာတွေ မပြောပါနဲ့။” မျက်နှာဖုံး စွပ်နဲ့သူ လေးလေးနက်နက် ပြန်ဖြေတယ်။ သူ့အမူအယာက နွေဦးရာသီရဲ့ စမ်းချောင်းတစ်ခုလို တည်ငြိမ်နေခဲ့တယ်။
ဧည့်သည်တော် ဆက်မပြောတော့။ လှုပ်ရှားမှုတွေက စကား ပြောစရာ မလိုဘူးလေ။ နောက်ပြီးတော့ မျက်နှာဖုံးစွပ်လူရဲ့ အတင့်ရဲမှုက လွန်လွန်းတယ်။ ဘယ်လို မှ သက်ညှာပေးလို့ မဖြစ်ဘူး။ မီးတောက် က ဖြည်းဖြည်း သိပ်သည်းလာခဲ့တယ်။
ဧည့်သည်တော်က မီးတောက်လုံးကြီး တစ်ခု အဖြစ်ကို ပြောင်းလဲသွားပြီး မျက်နှာဖုံး စွပ်နဲ့ လူကို ဝင်ဆောင့်တယ်။ သူ့ရဲ့ ပြိုင်ဘက်ကို လျှော့တွက် မထားခဲ့ဘူး။ တိုက်ခိုက်နေတဲ့ အချိန်မှာပဲ ခုခံဖို့ကို ပြင်ဆင်ထားခဲ့တယ်။ အကယ်၍ သူ့ပြိုင်ဘက်ကသာ အင်အား ကြီးနေရင် ပြန်လည် ဆုတ်ခွာဖို့ အခွင့်အရေးရ အောင်ပေါ့။ ဒါပေမယ့် ပြိုင်ဘက်က အင်အားနည်းနေခဲ့ရင်တော့ မရဏမီး က သူ့ကို သေအောင် လောင်ကျွမ်းစေလိမ့်မယ်။
တိုက်ခိုက်မှုက မြန်ဆန်တယ်။ မီးတွေက မျက်နှာဖုံး စွပ် လူ ရှေ့ကို ပေါ်လာပြီးနောက် ။ သူ့ခန္ဒာကိုယ်ကို ဝန်းရံသွားတယ်။ ခုခံမှုတစ်ခုလေးတောင် မရှိပဲနဲ့ပေါ့။ တခြား ဧည့်သည်တော်တွေကတော့ အံ့သြနေကြတယ်။ ဒီလိုပဲလား။ တကယ်ပဲ ဒီလို ဖြစ်တာလား။ ဒါက အရမ်း ရိုးရှင်းလွန်း မနေဘူးလား။
“ မဟုတ်ဘူး။ သူက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။” ဧည့်သည်တော် တစ်ယောက် ထအော်တယ်။
“ မစိုးရိမ်ပါနဲ့။” တိုက်ခိုက်နေတဲ့ ဧည့်သည်တော် ခေါင်းငြိမ့်တယ်။ တကယ်တော့ သူ့ရဲ့ မရဏမီး တွေ မျက်နှာဖုံးစွပ် လူကို ဝန်းရံလိုက်ချိန်မှာ သူ နားလည်ပြီးသား။ ဒါပေါ့။ လွယ်လွယ်ပေးသေလို့ ဘယ်ဖြစ်မလဲ။ သေခြင်းတရား။
သူ့ပြိုင်ဘက်ကို သေဖို့ မမျှော်လင့်ဘူး။ မီးတောက်တွေကတော့ ချက်ခြင်း မပျောက်ကွယ်။ ဒါပေမယ့် အားနည်း သွားခဲ့တယ်။ ဒါက နှိပ်စက်တာပဲ။ မီးလောင်တိုက်သွင်းပြီး တမြည့်မြည့်သေစေတာ။ သနားစရာ ကောင်းတာကတော့။ ကယ်ပါ ယူပါ အော်သံ နဲ့ အသနားခံတဲ့ အသံကို လုံးဝမကြားရတာပဲ။ မျက်နှာဖုံးစွပ်နဲ့ လူက အေးဆေး တည်ငြိမ်နေဆဲ။ ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်း။ မျက်တောင်နှစ်ချက်ခတ်စာ အချိန်မှာ ဧည့်သည်တော် စိတ်ထဲ ဒွိဟ ဖြစ်လာတယ်။
မရဏမီးနဲ့ လောင်ကျွမ်းခံရရင် ဘယ်လောက်နာမလဲ သူ တွေးကြည့်တတ်တယ်။ အသန်မာဆုံး လူတွေတောင် ဒါကို သည်းမခံနိုင်ဘူး။ အခု မျက်နှာဖုံး စွပ်နဲ့ လူကတော့ အသံတစ်စက်မှ ထွက်မလာ။ သူ့ကြည့်ရတာ ရုပ်တုကြီး တစ်ခုနဲ့တောင် တူနေတယ်။ ဒါမှမဟုတ် လူ သေ တစ်ယောက်လိုပေါ့။
ဒါက ဧည့်သည်တော်ကို သိလိုစိတ် ပြင်းပျစေတယ်။ သူ့ ခန္ဒာကိုယ်က မူလ နေရာကို ပြန်သွားပြီးတော့ မီးတောက်တွေလည်း ပျောက်ကွယ်သွားတယ်။ အဲ့ဒီ့နောက် မျက်လုံး တစ်စုံကို သူ မြင်လိုက်တယ်။ မျက်နှာဖုံး အောက်က မျက်ဝန်းတွေက တည်ငြိမ်နေတယ်။ အရမ်းကို တည်ငြိမ်လွန်းလို့။ လှောင်ရယ်နေသလိုပဲ။
“မင်း .. .မင်း ဘာမှ မဖြစ်ဘူးလား။” အစောင့်က မျက်နှာဖုံးစွပ်လူကို ကြည့်ရင်း ပြောတယ်။ ဒါ တကယ်ပဲ ဖြစ်လာတယ်လို့ သူ မယုံနိုင်။
“ ဟုတ်တယ်။” မျက်နှာဖုံးနဲ့လူ ခပ်ရှင်းရှင်း ပြန်ဖြေတယ်။
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါက မရဏမီးလေ။ မင်းရဲ့ အရိုးတွေ အသွေးအသား တွေထိ လောင်ကျွမ်းမှာ။”
“ မင်း နောက်တစ်ခါ ထပ်စမ်းအုန်းမလား။” မျက်နှာဖုံးနဲ့လူ သဘောတူရင်း ပြောတယ်။
“မင်း … ငါ မင်းကို သတ်မယ်။” ဧည့်သည်တော် နောက်ဆုံးတော့ ဒေါသ ပေါက်ကွဲပြီ။ သူ့ရဲ့ သနားညှာတာမှုကို စော်ကားခံလိုက်ရတာလေ။ အခုတော့ သူ တကယ့်ကို လူသတ်ချင်နေပြီ။ ဧည့်သည်တော် ထင်ခဲ့တာ။ အကယ်၍ သူသာ ဒီမျက်နှာဖုံး စွပ်လူကို လက်လွန်ပြီး သတ်မိရင် ။ မောက်မာတဲ့ လင်းထျန်းရုံက သူ့ကို အပြစ်တင်လိမ့်မယ်လို့။
ဒါကြောင့် သူ့ရဲ့ မီးတောက်တွေကို ပြန်လျှော့လိုက်တယ်။ ဒီ တစ်ကြိမ်မှာ။ မီးတောက်က သေးတယ်။ ဒါပေမယ့် အရောင် ပိုရင့်တယ်။ အဲ့ဒီ့နောက် မျက်နှာဖုံးစွပ်လူ ဆီကို ပြေးဝင်သွားပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ လုံး၀ မသက်ညှာ။ ရုတ်တရက် မျက်နှာဖုံး စွပ်လူ လှုပ်ရှားတယ်။
ဖြည်းဖြည်းချင်း ရှေ့တိုးလာတယ်။ ဒီ အချိန်မှာပဲ သူ့ ကိုယ်က မီးတောက်တွေ အားနည်းသွားတယ်။ သူက မရဏမီးထဲကနေ ဖြတ်လျှောက်နေတာလား။ ဒဏ်ရာတစ်စက်လေးတောင် မရ။ မွှေးညှင်းတစ်ပင်လေးတောင် မီးမလောင်ပဲနဲ့ပေါ့။
“မင်း… ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” အစောင့် သူ့ကို စိုက်ကြည့်နေတယ်။ သူ့မျက်လုံးက မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေတယ်။ သူ လန့်လွန်းလို့ ဖြောင့်ဖြောင့်တန်းတန်းတောင် မစဉ်းစားနိုင်ဘူး။ နောက်ထပ် ဖြစ်လာတာ ပိုပြီးတော့တောင် ထူးဆန်းသေးတယ်။ မျက်နှာဖုံးစွပ်လူ မီးတောက်ထဲက ထွက်လာချိန်မှာ သူ့မျက်လုံးတွေလည်း ပြောင်းလဲလာတယ်။
အပြာရောင် မီးတောက်လေး တစ်ခု သူ့မျက်လုံးထဲကနေ တောက်ပလာတယ်။ ဖြည်းဖြည်းချင်း အရွယ် အစားကြီးလာတာ။ သူ့မျက်လုံး သူငယ်အိမ် တစ်ခုလုံး အပြာရောင်ကို ပြောင်းသွားခဲ့တယ်။ အဲ့ဒီ့နောက် …
“ ဝူး….”
မီးတောက်တစ်ခု မျက်နှာဖုံးစွပ်လူရဲ့ ကိုယ်တွင်းကနေ ထွက်ပေါ်လာတယ်။ ဧည့်သည်တော်ရဲ့ ကိုယ်က မီးတောက်လိုပဲ။ ဒါပမေယ့် ပိုပြီးတော့ အင်အားကြီးပြီး သန်မာတယ်။
အပိုင်း(၅၄၆)ပြီး၏။
အပိုင်း (၅၄၇)
“ ကောင်းကင်တာအို။ သူက ဖန်ကျန်းရှီပဲ။”
Translator: Sparrow Translations Editor: Sparrow Translations
ဧည့်သည်တော် မျက်လုံး ပြူးနေခဲ့တယ်။ တိုက်ခိုက်နေတဲ့ ဧည့်သည်တော်တင် မကဘူး။ ကျန်တဲ့ ဧည့်သည်တော်တွေ။ အစောင့်တွေ။ မီးငြိမ်းဖို့ လုပ်နေတဲ့သူတွေ အကုန်လုံး အံ့အားသင့်နေခဲ့တယ်။ လင်းထျန်းရုံတောင် ထိတ်လန့်နေခဲ့တယ်။
“ မရဏမီး…လား … သူ တကယ်ပဲ မရဏမီး ကို တတ် တယ်ပေါ့ ”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ မရဏ မီးလေ။ … သူက ဘယ်လိုများ ကျွမ်းကျင်နေရတာလဲ။ ”
ဘယ်သူကမှ ဒီ အခြေအနေကို နားမလည်နိုင်။ အစောင့်တွေ အရှေ့ပိုင်း နန်းတော်က အစေခံတွေ မရဏမီးက အထူး တာအို ဆိုတာလူတိုင်း သိတယ်။ အခုတိုက်ခိုက်တဲ့ ဧည့်သည်တော် က အင်အားသိပ်ကြီးတာ မဟုတ်ဘူး။ သဘာဝလွန် အထွဋ်အထိပ် အဆင့်ပဲ ရှိသေးတယ်။ ဒါတောင် အရှေ့ပိုင်း နန်းတော်မှာ အရေးကြီးတဲ့ နေရာကို ရထားသေးတယ်။ မရဏမီး တာအိုကို ပဲ ကျေး ဇူးတင်ရမှာပေါ့။
ဒါပေမယ့် အခုတော့ နောက်ထပ် မရဏမီး တာအိုကို ကျွမ်းကျင်တဲ့သူ ရှိနေတယ်။ ဒီလို တိုက်ဆိုင်မှုက ဘယ်လိုများ ဖြစ်နိုင်ရတာလဲ။ တူညီတဲ့ တာအို နှစ်ခု တိုက်ခိုက်ကြတယ်။ ဘယ်သူမအံ့သြပဲ နေမလဲ။
“မင်းက ဘယ်သူလဲ။” ဧည့်သည်တော် မေးတယ်။ သူ နောက်ထပ် မခုခံနိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ မရဏမီးဆိုတာ သူ့ရဲ့ ဂုဏ်သိက္ခာပဲလေ။ အခုတော့ တခြားတစ်ယောက်က သူ့ထက်တောင် ပို ကျွမ်းကျင်နေသေးတယ်။ ဒါကြောင့် သူ စိတ်မထိန်းနိုင်ပဲ မေးမိတာ။
“ မင်း သိချင်တာလား။” မျက်နှာဖုံးစွပ်နဲ့လူ လှောင်ပြုံးပြုံးရင်း ပြောတယ်။
ဧည့်သည်တော် တောင့်တင်းသွားတယ်။ (သိချင်တယ်) လို့ ဖြေချင်ပေမယ့်။ သူ ရုတ်တရက် သတိဝင်သွားတယ်။ ဒီလူက မျက်နှာဖုံး စွပ်ထားမှတော့။ သူ့ရဲ့ မူလဇစ်မြစ်ကို မဖော်ထုတ်ချင်တာ အသိအသာကြီးပဲ ။ သူသာ တကယ် အမှန် အတိုင်းပြောရင်။ သူ့ကိုယ်သူ အပြစ်ပြုမိသလို ဖြစ်သွားမှာပေါ့။
“ သွားသေလိုက်။”
“ နေအုန်း။”
ဧည့်သည်တော်က ပြေးဝင်တော့မယ့် အချိန်မှာပဲ။ နောက်ထပ် ဧည့်သည်တော် တစ်ယောက် လက်ဆန့်တန်းရင်း တားမြစ်လိုက်တယ်။ စကားပြောတဲ့သူကို သူ လှည့်ကြည့်တယ်။
“ အတူတူ သွားမယ်။”
ဒီစကားက အခု တိုက်ခိုက်နေသူရဲ့ အင်အားကို မယုံကြည်တာပဲ။ ဒါက မရဏမီးကို သုံးနေတဲ့ ဧည့်သည်တော်ကို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်သွားစေတယ်။ ဒါပေမယ့် သူ ခပ်မြန်မြန်ပဲ စိတ်လျှော့လိုက်တယ်။
“ ကောင်းပြီ။” သူ ခေါင်းငြိမ့်တယ်။ တခြားဧည့်သည်တော် ရဲ့ စကားကို သူ နားလည်တယ်။ သူ ရှုံးသွားခဲ့ပြီ။ သူ့ပြိုင်ဘက်ရဲ့ မရဏမီးတောက်ကို သူ မခုခံနိုင်ဘူး။ တစ်ချက်လေးတောင် မတွေဝေပဲ။ နောက် ဧည့်သည်တော် နှစ်ယောက်လည်း ခုန်ဝင်လာတယ်။ ဒါကို မြင်တော့ အစောင့်တွေနဲ့ အစေခံတွေ သက်ပြင်းချမိကြတယ်။
အိမ်ရှေ့စံရဲ့ အိမ်တော်က အထူးဧည့်သည်တော်တွေ အနေနဲ့ သူတို့ စွမ်းအားတွေက မြင့်မားတယ်။ သူတို့ လေးယောက်တည်းက ကျင့်ကြံဆင့် အနိမ့်ဆုံးသူတောင် သဘာဝလွန် အထွဋ်အထိပ်အဆင့်။ တခြားသုံးယောက် ကတော့ ပြန်လည်မွေးဖွားမှု အဆင့်တွေ။ နှစ်ယောက်က ပြန်လည်မွေးဖွားမှု အခြေတည် အဆင့်။ တစ်ယောက်ကတော့ အလယ်အဆင့်။ အကယ်၍ သူတို့သာ အရှေ့ပိုင်း နန်းတော်မှာ အတူတိုက်ခိုက်ကြရင်။ မျက်နှာဖုံး စွပ်လူ ဘယ်လို လွတ်မြောက်နိုင်မှာလဲ။ ဒါ့အပြင် မရေမတွက်နိုင်တဲ့ အစောင့်တွေကလည်း စာကြည့်ခန်းကို ဝန်းရံထားခဲ့တာ။
“ မြားတွေ ပြင်ထားကြ။” လင်းထျန်းရုံ နောက်ဆုံးတော့ စကားပြောပြီ။ သူက ဒီ မျက်နှာဖုံးစွပ်လူကို အသက်ရှင်လျက် ဖမ်းချင်တယ်။ ဒါပေမယ့် ဒီလူ လွတ်သွားတာမျိုး အဖြစ်ခံပြီး စွန့်စားလို့လည်း မရဘူးလေ။ ဒါကြောင့် သူ ပြန်စဉ်းစားတယ်။ အကယ်၍ မျက်နှာဖုံးစွပ်လူသာ ဧည့်သည်တော်လေးယောက် လက်ကနေ လွတ်မြောက်ရင်။ မြားတွေက တားဆီးဖို့ အထောက်အကူ ဖြစ်နိုင်တယ်။
လင်းထျန်းရုံရဲ့ အမိန့်ကြောင့်။ စစ်သည်တော် ရာချီၤ လေးမြားတွေကို အသင့်ပြင်ရင်း ရှေ့ထွက်လာခဲ့တယ်။ အဲဒီ့နောက် ချွန်ထက်လွန်းတဲ့ မြားတွေက အသင့်ဖြစ် နေခဲ့ပြီ။ ဒီမြားတွေက သာမာန်မြားတွေ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ အင်အားအကြီးဆုံး လက်နက်တွေ။ ရန်မြို့တော်တစ်ခုလုံးမှာတောင်။ သုံးနေရာပဲ ဒီလက်နက်တွေကို တွေ့နိုင်တယ်။ ဧကရာဇ် နန်းတော်။ ပင်းယန် အိမ်တော် နဲ့ အရှေ့ပိုင်းနန်းတော်။
…
အရှေ့ပိုင်းနန်းတော်ရဲ့ ဧည့်ဆောင်မှာ။ စာကြည့်ခန်းဘက်ကို ကြည့်ရင်း ပင်းယန် အတော့်ကို စိတ်ပူနေခဲ့တယ်။ မီးက အရှိန်ပြင်းပြင်း လောင်ကျွမ်းနေတယ်။ စာကြည့်ခန်းတစ်ခုလုံး မီးသွေးခဲဖြစ်နေပြီ။ ပိုဆိုးတာက မီးတွေ နေရာ အနှံ့ကို ပျံ့ကုန်တာပဲ။ အတော့်ကို ပူလောင်လွန်းတဲ့ မြင်ကွင်း။
ပင်းယန်က အရှေ့ပိုင်းနန်းတော် အစောင့်တွေရဲ့ စွမ်းရည်ကို ကောင်းကောင်းသိတယ်။ မီးငြိမ်းဖို့ သူတို့ အချိန် ဘယ်လောက်မှ ယူရမှာ မဟုတ်ဘူး။ ဒါပေမယ့် မီးက အခုချိန်ထိ မငြိမ်းသေး။ ဒါ့အပြင်။ အစောင့်တွေက စာကြည့်ခန်းကို ဝန်းရံထားတယ်။ သူတို့တွေ မီးရှို့တဲ့သူကို ရှာနေရတဲ့ပုံ မပေါ်ဘူး။
“ အရှက်မရှိတဲ့ ကောင်စုတ် အဖမ်းခံလိုက်ရပြီလား။” ပင်းယန် ဒီလို တွေးမိတယ်။ ဒါပေမယ့် သူ တွေးမိပြန်တယ်။ မဖြစ်နိုင်တာပဲ။ ဒီ အရှက်မရှိတဲ့ ကောင်က လှည့်ကွက်များလွန်းတယ်။ ဘယ်လိုများ လွယ်လွယ် အဖမ်းခံရမှာလဲ။ စာကြည့်ခန်း မီးမလောင်ခင် ထွက်ပြေးသွားလောက်ပြီ။ ဒီလိုပဲ ဖြစ်မှာပါ။
ဒါပေမယ့် ဘယ်သူမှ အရှေ့နန်းတော်ကို ရှာဖွေတာ မလုပ်ကြတာလဲ။ အကယ်၍ သူလွတ်သွားရင်တောင်။ တတိယအကိုရဲ့ အကျင့်အရ။ အရှေ့ပိုင်း နန်းတော်ကို ပိတ်ဆို့ပြီးတော့ ရှာဖွေမှာပဲ။ အခုတော့ ဘာလို့ ဘာမှ မဖြစ်လာတာလဲ။ ပင်းယန် တစ်ပူပေါ် နှစ်ပူဆင့်နေခဲ့ပြီ။
တကယ်တော့ ပင်းယန် တင်မက။ ရန်ရွှယ်ကော နန်ကုန်းမုပါ ဒီလိုတွေးနေကြတာ။ ဘာကြောင့်လဲဆိုတော့ စာကြည့်ခန်းက လှုပ်ရှားမှုတွေ အရမ်းကို ထူးဆန်းနေတယ်လေ။ သူတို့တွေ ဘာလို့ အခုထိ မီးမငြိမ်းကြသေးတာလဲ၊။ တကယ်ပဲ ဖန်ကျန်းရှီ မှာ ကိစ္စ တစ်ခုခု ဖြစ်နေတာလား။
…
စာကြည့်ခန်းရဲ့ ဝင်ပေါက်မှာတော့ ဧည့်သည်တော် လေးယောက် စုပေါင်းပြီး မျက်နှာဖုံးစွပ်လူကို တိုက်ခိုက်နေကြတယ်။ အလင်းတန်း သုံးခုက မျက်နှာဖုံးစွပ်လူကို ဝန်းရံ ထားခဲ့တယ်။ သူ့ရဲ့ ရှေ့တည့်တည့်မှာတော့ အပြာရင့်ရင့် မီးတောက်ကြီးက ဘယ်အချိန် မဆို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့တယ်။
မျက်နှာဖုံးစွပ်နဲ့လူ နောက်ဆုံးတော့ လှုပ်ရှားပြီ။ သူက အလင်းတန်းတွေလိုတော့ မမြန်ဆန်ဘူး။ ဒါပေမယ့် သူက မရဏမီးတောက် ရှိတဲ့ နေရာကို သွားနေတာ။ အလင်းတန်း သုံးခုက သူ့ကို နီးကပ်လာတဲ့ အချိန်မှာ။ သူက မရဏမီးတောက်ဘက်ကို ရွေ့လျားတယ်။
“သေစမ်း.။” မရဏမီးတောက် သုံးတဲ့ ဧည့်သည်တော် အော်ဟစ်တယ်။ အကယ်၍ မျက်နှာဖုံးစွပ်လူသာ မလှုပ်ရှားရင်။ ဧည့်သည်တော် လေးယောက်က တပြိုင်နက်တည်း တိုက်ခိုက်မှာ မဟုတ်ဘူး။ အခုတော့ သူက လှုပ်ရှားပြီလေ။ ဒါကြောင့် တိုက်ခိုက်တဲ့ ဧည့်သည်တော်ရဲ့ အမှားတော့ မဟုတ်ဘူး။
ဒေါသထွက်နေတဲ့ မရဏမီးတောက်ရှင်ကတော့ ။ မျက်နှာဖုံးစွပ်လူရဲ့ နောက်စေ့ကို အညှာအတာမဲ့ ရိုက်ချလိုက်တယ်။ သူမသေရင်တောင်။ အနည်းဆုံးတော့ သတိလစ်သွားမှာပဲ။ မျက်နှာဖုံးစွပ်လူကတော့ သူ့ နောက်စေ့ကို နီးကပ်လာတဲ့ လက်သီးချက်ကို သတိမထားမိတဲ့ အတိုင်း ဖြည်းဖြည်းချင်း နောက်ဆုတ်လာခဲ့တယ်။
“ သွားသေလိုက်။” မရဏမီးတောက်ရှင် အော်ဟစ်တယ် ။ မီးတောက်နေတဲ့ လက်သီးက နောက်စေ့ကို သွားတိုက်တယ်။ အဲ့ဒီ့နောက်။ ဘာမှ ဘာဆို ဘာမှ ဖြစ်မလာခဲ့။ ဘာကြောင့်လဲ ဆိုတော့ မရဏမီးတောက်ရှင်ရဲ့ လက်က အချိန်တွေ ရပ်တန့်သွားသလို တုံ့သွားခဲ့တာကြောင့်ပဲ။ သူ အရမ်းကို ထိတ်လန့်သွားတယ်။
သူ့ခန္ဒာကိုယ်မှာ ဖြစ်နေတာကို မယုံနိုင်။ သူ ဘာကြောင့်များ လှုပ်ရှားလို့ မရတော့တာလဲ။ လက်ကို ကြိုးနဲ့ တုပ်ခံလိုက်ရသလို လုံး၀ မလှုပ်နိုင်တော့။ ဘာတွေ ဖြစ်နေတာလဲ။ အတွေးတွေ သူ့ စိတ်ထဲ ဝင်လာတယ်။ စွမ်းအားတွေကို ရပ်တန့် ပြစ်လိုက်တာလား။ မဟုတ်ဘူး။ စွမ်းအင်တွေ ရပ်တန့် ခံရရင်တောင် ဒါမျိုး မဖြစ်နိုင်ဘူး။ ဒါဆို ဖြစ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်။
“ ကောင်းကင်…. ”
အတွေးတစ်ခု သူ့စိတ်ထဲ ဝင်လာတယ်။ ကြောက်စရာ ကောင်းတဲ့ အတွေးတစ်ခု။ ထုတ်ပြောဖို့တောင် ခက်ခဲတယ်။ နောက်ပြီးတော့ အခုချိန်မှာ မျက်နှာဖုံးစွပ်လူက သူ့ ခေါင်းကို လှည့်ပြီးတော့ ပုခုံးတွန့်ပြတယ်။ သူ့ မျက်ဝန်း အကြည့်တွေကတော့ လှောင်ရယ်ဟန် အပြည့်။ လူတစ်ယောက်ရဲ့ စိတ်ကို စိန်ခေါ်နေတဲ့ အတိုင်းပဲ။
အဲ့ဒီ့နောက် မျက်နှာဖုံးစွပ်လူ ပျောက်ကွယ်သွားတယ်။ မရဏမီးတောက်ရှင်ရဲ့ နောက်ကို ဖြည်းဖြည်းချင်း ရွေ့သွားတယ်။
“မဖြစ်ဘူး…” မရဏမီးတောက်ရှင် စိတ်ထဲကနေ အော်ဟစ်တယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပြီ။ ဘာကြောင့်လဲ ဆိုတော့ အလင်းတန်း သုံးခုက သူ့ဆီကို တည့်တည့် ဝင်လာခဲ့တာ ကြောင့်ပဲ။
“ ဘွန်း…”
ကြောက်မက်ဖွယ် ပေါက်ကွဲမှု လှိုင်းတွေ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတယ်။ မရဏမီးတောက်ရှင် မလှုပ်ရှားနိုင်ပဲ နေရာမှာသာ ရပ်နေခဲ့တယ်။ အလင်းတန်း သုံးခု သူ့ဆီကို တန်းတန်းမတ်မတ် ဝင်လာတာကို ကြည့်နေရတယ်။ ပြန်တောင် မခုခံနိုင်ဘူး။
“ ဖူး….” သွေးနီနီတွေ သူ့ ပါးစပ်ကနေ ထွက်လာပြီး လေထဲကို ပျံ့သွားခဲ့တယ်။ မရဏမီးတောက်ရှင် ဒါကို မယုံနိုင်။ အခု အဖြစ်က သူ့အတွက် လန့်စရာ ကောင်းတာထက်တောင် ပိုသေးတယ်။ သူ့ရဲ့ ခန့်မှန်းချက်ကို ဒီအချိန်မှာ သူ အတည်ပြုနိုင်ခဲ့ပြီ။ မျက်နှာဖုံးစွပ်လူက သူ့ ထက် အင်အားကြီးတယ်။ အရမ်းအရမ်းကို အင်အား ကြီးတယ်။
“မင်းက…. ” မရဏမီးတောက်ရှင် အသံထွက်ချင်တယ်။ စကားပြောချင်တယ်။ ဒါပေမယ့် သူ့မှာ ပြောနိုင်စွမ်း မရှိတော့။ သူ့ ရင်ဘတ် ကို ထိုးသွင်းတဲ့ လက်သီးတစ်ချက်က သူ့နှလုံးသားကို ကျေမွသွားစေပြီ။ အခု သူ သေရတော့မှာလား။
အတွေးတွေ အများကြီး စိတ်ထဲမှာ ဖြတ်သန်းပေါ်ထွက်လာတယ်။ လူအများ လေးစားခံရတဲ့ မိသားစုမှာ မွေးဖွားလာခဲ့တဲ့ သူက။ ငယ်ငယ်လေးတည်းက ဉာဏ်ကြီးရှင်တစ်ယောက် အဖြစ် သတ်မှတ်ခံခဲ့ရတာ။ ဒါပေမယ့် သူ့မိသားစုက အသတ်ခံခဲ့ရတယ်။ တော်ဝင် စစ်တပ်က သူတို့ကို ချေမှုန်းခဲ့တယ်။ အဲ့ဒီ့အချိန်က စပြီးတော့ သူက လမ်းဘေးမှာ လေလွင့်ခဲ့ရတယ်။ အရှေ့နန်းတော်ကို ရောက်လာပြီး အထူးဧည့်သည်တော် မဖြစ်ခင်။ သူ့နာမည်ကို မပြောင်းခင်အထိပေါ့။
ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ မိသားစုကို သတ်တဲ့သူကို ကောင်းကောင်းကြီး သိနေလို့ပဲ။ လက်ရှိ ဧကရာဖ်ရဲ့ ခြောက်ယောက်မြောက် သားတော်။ လင်းရှင်းကြွယ်။ သူ့မှာ လက်စားချေဖို့ အတွက် စွမ်းရည်မရှိဘူး။ ဒါကြောင့် စွမ်းအားကြီးတဲ့ လူတစ်ယောက် နောက်မှာ ပုန်းကွယ်နေရတာ။ ဒီလူက သူ လက်စားချေလိုတဲ့ လူထက် ပိုရက်စက်တာကို သိပေမယ့်ပေါ့။
ဒီလူရဲ့ နောက်မှာ မားမားမတ်မတ် ရပ်တည်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူက အိမ်ရှေ့စံ ဖြစ်နေတာကြောင့်ပဲ။ ဒီလူ ထီးနန်းကို ဆက်ခံတဲ့ အချိန်မှာ ။ သူလည်း လက်စားချေဖို့ အခွင့်အရေးရမယ်။ ဒါပေမယ့် အခုတော့ သူက သေတော့မယ်။ အရှေ့နန်းတော်မှာ သူ လုပ်ခဲ့တာတွေကို ပြန်တွေးမိတယ်။ နောက်လိုက်ခွေး တစ်ကောင်လို အိမ်ရှေ့စံ ခိုင်းသမျှ ဆိုးဝါးရက်စက်ရဲ့ ကိစ္စတွေအားလုံး လုပ်ခဲ့တယ်။ အိမ်ရှေ့စံ အတွက် အသုံးမဝင်တဲ့ အမတ်မင်းတွေ အားလုံးကို သတ်ဖြတ်တယ်။ ဒါပေါ့။ သူ့အတွက်လည်း ဆုလဒ်ကောင်းကောင်း ရတယ်လေ။
ဥပမာ အားဖြင့်။ အမတ်မင်း တစ်ယောက်ယောက် ရဲ့ သမီးကို ပြန်ပေးဆွဲတယ်။ ဒါမှမဟုတ်ရင် အမတ်မင်း တစ်ယောက်ယောက်ကို သတ်ဖို့ လုပ်ချိန်မှာ။ သူရဲ့ ကိုယ်လုပ်တော် နဲ့ အတူ သုံးရက် သုံးညတိတိ နှိပ်စက်ပြီးမှ သတ်ဖြတ်တယ်။ ပိုက်ဆံတွေကို စိတ်ကြိုက်သုံးရတာ သူ သဘောကျတယ်။ ဘယ်သူမှ သူ့ကို မတားဆီးရဲကြဘူး။ သူ့နောက်မှာ အိမ်ရှေ့စံ ရှိနေတယ်လေ။
ဒါပေမယ့် အခုတော့။ အရာအားလုံး အဆုံးသတ်တော့မယ်။ သူ့မိသားစု အတွက်လည်း လက်စားမချေနိုင်ဘူး။ သူ့ အပြစ်တွေကို ပြန်ပေးဆပ်ရပြီ။ ဘယ်သူကမှ သူ့ကို အမှတ်တရ အုတ်ဂူ လုပ်ပေးမှာ မဟုတ်။ သူ့ကို ဘယ်သူမှလည်း သနားမှာ မဟုတ် ။ သူ့နာမည် အရင်းကိုလည်း ဘယ်သူမှ မှတ်မိမှာ မဟုတ်တော့။ ဘာကြောင့်လဲဆိုတော့ သူက အိမ်ရှေ့စံရဲ့ အိမ်တော်က ဧည့်သည်တော် တစ်ယောက်ထက် မပိုလို့ပဲ။
“ ငတုံးတွေ။ ငတုံးတွေ။” လင်းထျန်းရုံရဲ့ အသံကျယ်ကြီး ထွက်လာခဲ့တယ်။ သူ့ မှာရှိသမျှ အင်အား အကုန်သုံးပြီးတော့ အော်ဟစ်လိုက်သလိုပဲ။ တကယ်ပဲ။ သူက အိမ်ရှေ့စံအတွက် လူတွေ အများကြီး သတ်ပေးခဲ့တာတောင်။ သူ့ကံတရားကတော့ သတ်မှတ်ပြီးသားပဲ။ ငတုံး …။ ဒါက သူ မသေခင်ရလိုက်တဲ့ နာမည်ပေါ့။
“ကောင်းကင်တာအို။ မင်းက ကောင်းကင်တာအိုကို သုံးနိုင်တယ်။ အရှေ့နန်းတော်ကို မီးရှို့တယ်။ စာကြည့်ခန်းကို မီးရှို့တယ်။ ဒါတွေ အကုန်လုံးကို လုပ်နိုင်တာ လူတစ်ယောက်ပဲ ရှိတယ်။ ဟုတ်တယ်ဟုတ်။”
မရဏမီးတောက်ရှင် သူ့နောက်က မျက်နှာဖုံးစွပ်လူကို ကြည့်တယ်။ သူစကားမပြောနိုင်တော့ ။ ဒါတောင် သူ့ မျက်ဝန်းမှာ စိတ်ကျေနပ်မှုတွေ ပြည့်နှက်နေခဲ့တယ်။ နောက်ဆုံးတော့ ဒီလူရဲ့ ဇစ်မြစ်ကို သူသိပြီလေ။ လူတိုင်းက ဒုက္ခိတတစ်ယောက်ဆိုပြီး မေ့လျော့ထားတဲ့သူ မစွမ်းဆောင်နိုင်တဲ့ ငတုံးတစ်ယောက်။ ဘယ်လောက်တောင် ဟာသ မြောက်လိုက်သလို။ သူ့ နှုတ်ခမ်းတွေ လေးကိုင်းလို တွန့်ကွေးတဲ့အထိ ပြုံးနေခဲ့တယ်။ ဒီလူရဲ့ နာမည်ကို သိနေပင်မယ့် ပြောနိုင်ဖို့ရာ မစွမ်းသာတော့။
“ ဖန်ကျန်းရှီ…” မရဏမီးတောက်ရှင်ရဲ့ မျက်လုံး ဖြည်းဖြည်းချင်း ပိတ်သွားခဲ့တယ်။ သူ မသေခင် နောက်ဆုံးတွေးမိတာ ဒီနာမည်ဖြစ်နေမယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး။
“ အသုံးမဝင်တဲ့ ငတုံးကောင်တွေ ။သူ့ကို အခုသတ်။” လင်းထျန်းရုံ အော်ဟစ်တယ်။ မျက်နှာဖုံးစွပ်လူ ဒါကို ဘယ်လိုများ လုပ်သွားလဲ သူမသိ။ ဒါပေမယ့် သူ ရှင်းရှင်းလင်းလင်းကို မြင်တယ်လေ။ မရဏမီးတောက်ရှင်ကို ဒိုင်းတစ်ခုလို သုံးပြီးတော့ ပြန်လည်မွေးဖွားမှု အဆင့် သုံးယောက်ရဲ့ တိုက်ခိုက်မှုကို ရှောင်သွားတာ။ ဒါက သူ့ကို ဒေါသ ပိုထွက်လာစေတယ်။
လင်းထျန်းရုံရဲ့ အသံက ညအမှောင်ထုထဲ ပဲ့တင့်ထပ်သွားတယ်။ အစောင့်တွေ နဲ့ အစေခံတွေ အားလုံး မျက်နှာဖုံးစွပ် လူနဲ့ ဝေးဝေးကို ရှောင်ကွင်းကြတယ်။ ပြန်လည်မွေးဖွားမှု အဆင့် ဧည့်သည်တော် သုံးယောက် ကတော့ မျက်နှာဖုံးစွပ်လူ ဆီ ကပ်သွားကြတယ်။ မရဏမီးတောက်ရှင် သူတို့ရဲ့ တိုက်ခိုက်မှုကို ဘာလို့ မရှောင်လည်း သူတို့ နားမလည်နိုင်ခဲ့။
“ ဒါ ဘယ်လိုများ ဖြစ်သွားတာလဲ။ သူ့ရဲ့ လှုပ်ရှားမှုတွေက မြန်တာမှ မဟုတ်တာ။” ဧည့်သည်တော် သုံးယောက် အကြည့်ချင်း ဖလှယ်ရင်း ။ နားမလည်နိုင်ဖြစ်နေခဲ့တ်။
အပိုင်း(၅၄၇)ပြီး၏။
အပိုင်း (၅၄၈)
“ သွေး ”
Translator: Sparrow Translations Editor: Sparrow Translations
သံသယဝင်နေတဲ့ အပြင် သူတို့ အံ့အားသင့်နေကြတယ်။ လုံးဝကို အံ့အားသင့်နေတာ။ ပြန်လည်မွေးဖွားမှု အဆင့် ဧည့်သည်တော် သုံးယောက် အတွက် စစ်ပွဲတွေ လူသတ်မှုတွေ ဆိုတာ ဘဝအစိတ်အပိုင်း တစ်ခုပဲ။ မသတ်ရင် သေမယ်ဆိုတာကို သူတို့ သင်ယူခဲ့ကြပြီးပြီ။ ဒါကြောင့် ဘယ်တော့မှ ပြိုင်ဘက်ကို လျော့မတွက်ဘူး။
သူတို့ရဲ့ ပြိုင်ဘက်က သူတို့ လောက် အင်အားမကြီးဘူး ဆိုတာ သေချာသွားရင်တော့ ။ လုံးဝညှာတာမှာ မဟုတ်ဘူး။ ဒါကြောင့် အခုမြင်ကွင်းက သူတို့ အတွက် ထူးဆန်းနေတာပဲ။ မရဏမီးတောက်ရှင်ရဲ့ အရည်အချင်းကို သူတို့ ကောင်းကောင်း သိတယ်လေ။ သဘာဝလွန် အဆင့်ပဲရှိသေးတာ ဆိုပေမယ့်။ သူ့ရဲ့ စွမ်းအားက သူတို့ အောက်မလျော့ဘူး။
အခုတော့ မရဏမီးတောက်ရှင်က သေသွားခဲ့ပြီ။ သူတို့ရဲ့ မျက်စိ ရှေ့မှာတင် သူတို့ လက်ချက်နဲ့ သေ သွားရတာ ။ ဒါက သူတို့ စိတ်ထဲကို အချက်ပေးသံတွေ မြည်လာစေတယ်။ ပုံမှန် အတိုင်းဆိုရင်။ သူတို့ ပြိုင်ဘက်ရဲ့ အရည်အချင်းကို တစ်ချက် တိုက်ခိုက်ရုံနဲ့ ခန့်မှန်း နိုင်တယ်။ နောက်ဆုံးတော့လည်း သတ်တာနဲ့ သေတာက မျဉ်းတစ်ကြောင်းပဲ ခြားတာလေ။ ဒါပေမယ့် လင်းထျန်းရုံရဲ့ အော်သံက သူတို့ ကို အလျင်လိုစေတယ်။
“ မင်းတို့ သုံးယောက် ဘာကိုများ စောင့်နေတာလဲ။ အဲ့ဒီ့ ငတုံးကောင်နဲ့ အတူတူ သေချင်လို့လား။ ဟိုကောင့်ကို အခုသတ်။ အခုချက်ခြင်း သေတာ ငါမြင်ချင်တယ်။” လင်းထျန်းရုံရဲ့ ဒေါသတွေက ငယ်ထိပ်ထိ ရောက်နေပြီ။ သူတို့ သုံးယောက် ပေါင်းတိုက်တာတောင် ။ မျက်နှာဖုံးစွပ်လူက မရဏမီးတောက်ရှင်ကို သတ်ပြစ်နိုင်သေးတယ်။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။ အကယ်၍ သူသာ အားနည်း မနေရင်။ သူလည်း တိုက်ခိုက်နိုင်မှာ။
ပြန်လည်မွေးဖွားမှု အဆင့် မျက်စပြစ်ကြတယ်။ တစ်ယောက်အတွေးကို တစ်ယောက် နားလည်ကြတယ်။ သေသွားတဲ့ မရဏမီးတောက်ရှင်ကို နည်းနည်းလေးတောင် မသနားကြဘူး။ သူတို့တွေ အရှေ့ပိုင်း နန်းတော်ကို ရောက်လာတဲ့ အချိန်တည်းက လက်နက်တွေ ဖြစ်ဖို့ ကံကြမ္မာဖန်လာခဲ့ပြီ။ လင်းထျန်းရုံ စိတ်ရှိတိုင်း သုံးလို့ရမယ့် လက်နက်တွေပေါ့။ နောက်ပြီးတော့ အခုချိန်မှာ သူတို့က လက်နက်တွေ ဖြစ်နေတုန်းပဲ။
ဒါပေမယ့် တစ်ယောက်ယောက်ကသာ တခြားသူရဲ့ အသုံးချခံဖြစ်သွားရင်။ ပြစ်တင်ရမှာလား။ မုန်းတီးရမှာလား။ သူတို့ဘာမှ မဖြစ်။ မရဏမီးတောက်ရှင်လိုပဲ သူတို့မှာ ဘယ်သူမှ မသိတဲ့ နောက်ကြောင်းတွေ ရှိတယ်လေ။ မဟုတ်ရင် ဒီလို ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေက။ လက်နက်အဖြစ်လိုလို လားလား အသုံးချခံမှာလား။
“ သူ့ကို သတ်။” ဧည့်သည်တော် တစ်ယောက် အော်ဟစ်တယ်။ အပိုအလို မရှိ။ ဒီ စကားတစ်ခွန်းက သူတို့ ရဲ့ ဘဝကို ဆုံးဖြတ်တယ်။ ဘယ်တော့်မှ ပြန်မလှည့်နိုင်တဲ့ လမ်းတစ်ခုပေါ့။ သူတို့က အနည်းဆုံးတော့ အင်အား သာတယ်လေ။ သုံးယောက်တစ်ယောက်။
သူတို့ အသာစီးမရရင်တောင်။ ဒါမှမဟုတ် တစ်ယောက်ယောက် သေသွားရင်တောင်။ တိုက်ခိုက်တာကို ရပ်လို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ရလဒ်က အတူတူပဲ ဖြစ်နေလို့ပဲ။ မျက်နှာဖုံးစွပ်နဲ့လူ သေရင်သေ။ မဟုတ်ရင် သူတို့သေရမယ်။
ပြန်လည်မွေးဖွားမှု အဆင့် ဧည့်သည်တော် သုံးယောက် လှုပ်ရှားတော့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့။ မတူညီတဲ့ ထောင့်တွေကနေ မတိုက်ခိုက်တော့ဘူး။ မျက်နှာဖုံးစွပ်နဲ့ လူ တိုက်ခိုက်တဲ့ ပုံစံကို သူတို့ အတိအကျမသိတဲ့ အတွက် မလှုပ်ရှားရဲတာကြောင့်ပဲ။
လှုပ်ရှားမှုကို ကောင်းကောင်း မသိမှတော့ ။ မစွန့်စားသင့်တော့ဘူးလေ။ တစ်ကြိမ်တစ်ခါက လုံလောက်ပြီ။ သုံးယောက်လုံး တစ်ပြိုင်တည်း တက်လာတယ်။ အလင်းတန်းတွေက သူတို့ ကိုယ်ခန္ဒာကနေ အသီးသီး ထွက်လာတော့တယ်။ တစ်ယောက်က အနီ။ နှစ်ယောက်က အစိမ်း။ အနီက မီးတောက်တွေကို ကိုယ်စားပြုတယ်။
မီးတောက်က ဘာထူးခြားတဲ့ တာအိုမှ မဟုတ်ဘူး။ ဒါပေမယ့် အင်အားကြီးမားတဲ့ တာအို တစ်ခုပဲ။ နောက်ပြီးတော့ မီးတာအိုမှာ ပြန်လည်မွေးဖွားမှု အဆင့်ကို ရောက်သွားရင်။ သူ့ ပြိုင်ဘက်ရဲ့ မီးတာအို အကြောင်း နားလည်မှုကို ခံစားနိုင်တယ်။
အစိမ်းက သဘာဝကို ကိုယ်စားပြုတယ်။ အရာအားလုံး ပါဝင်နေတဲ့ တာအို။ သစ်ပင် ပန်းနွယ်မြက် ပေါင်းပင် တွေ အားလုံး ပါဝင်တယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ သဘာဝက ကမ္ဘာမြေကြီးကနေ ဖြစ်တည်လာတာ ကြောင့်ပဲ။ အစိမ်းရောင် အလင်းတန်း နှစ်ခု ထွက်ပေါ်လာတဲ့ အချိန်မှာပဲ။ အစိမ်းရောင် လိုင်းတွေက မြေပြင်ပေါ်ကနေ တက်လာတော့တယ်။
အစိမ်းရောင် မျဉ်းတွေက အရိုင်းဆန်ဆန်လှုပ်ရှားနေတာ။ မျက်နှာဖုံးစွပ် လူရဲ့ ခြေထောက်နားကို နီးကပ်လာတယ်။ အထင်ကြီးလောက်စရာ အရှိန်နှုန်းနဲ့ကို လာနေတာ။ မျက်နှာဖုံးစွပ်လူကတော့ သူ့နေရာမှာသူ အေးအေးဆေးဆေး ရပ်နေခဲ့တယ်။ အစိမ်းရောင် အလင်းတန်း နှစ်ခုက သူ့ခြေထောက်ကို လာပတ်တယ်။ မလှုပ်နိုင်အောင် ဆွဲထားတယ်။ ဒီအချိန်မှာပဲ အနီရောင် မီးဘောလုံးကြီးက သူ့ရဲ့ သားကောင်ကို အမဲလိုက်သလို ရောက်ချလာတော့တယ်။
ဒီအဖြစ်အပျက်တွေ အားလုံးက မျက်တောင် တစ်ခတ် အတွင်း ဖြစ်သွားတာ။ သာမာန်လူ မျက်စိနဲ့ဆို မြင်ဖို့ ခက်ခဲတယ်။ မီးဘောလုံးက မျက်နှာဖုံးစွပ်လူရဲ့ လည်ပင်းကို ဖောက်ပြီး အရည်ပြားကို ဖြတ်သွားတယ်။ ပတ်ဝန်းကျင်က အစေခံနဲ့ အစောင့်တွေ ဒီ အချိန်မှာ သက်ပြင်းချလိုက်မိတယ်။
“သူသေသွားပြီလား။”
“ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ သုံးယောက်ရဲ့ တိုက်ခိုက်မှု နဲ့ ဆိုရင် ။ သူဘယ်လွတ်နိုင်မလဲ။ သေမင်းနက် ကို ကံကောင်းလို့နိုင်သွားတာပဲ ဖြစ်နိုင်တယ်။ ”
“ ဟုတ်တယ်။ ဘယ်လိုလူကအသက်ရှင်နိုင်မှာလဲ။”
အစောင့် ခပ်တိုးတိုး ပြောတယ်။ လင်းထျန်းရုံရဲ့ အမူအယာကို သူ အကဲခတ်နေတယ်။ ဒီမျက်နှာဖုံးစွပ်လူ သေသွားရင် လင်းထျန်းရုံနည်းနည်းတော့ စိတ်အေးသွားမှာပါ။ နောက်ပြီးတော့ သူတို့ခေါ်တဲ့ သေမင်းနက်ဆိုတာ။ မရဏမီးတောက်ကို သုံးတဲ့ ဧည့်သည်တော်ကို ပြောတာ။ သူ့ နာမည် အရင်းကို ဘယ်သူမှ မသိဘူးလေ။
လင်းထျန်းရုံက သေချာစိုက်ကြည့်နေတယ်။ မီးဘောလုံးက မျက်နှာဖုံးစွပ်လူရဲ့ လည်ပင်းကို ဖောက်သွားတာ သူ မျက်မြင်တွေ့တယ်။ ဒါပေမယ့် သူ့ဒေါသတွေ မပြေနိုင်သေး။ အရှေ့နန်းတော်နဲ့ သူ့ စာကြည့်ခန်းကို မီးရှို့သွားတာ။ လွယ်လွယ်ပေးသေရုံ နဲ့တော့ ဘယ်လုံလောက်မလဲ။ သူ့တကိုယ်လုံး အမုန်းတွေ ပြည့်နှက်လာတယ်။ ဒီလူ့ကို မသေစေချင်သေးဘူး ။ ဖြစ်နိုင်ရင် ဓားနဲ့ ပါးပါးလှီးပြစ်ချင်တာ။ ဒါပေမယ့် အခုတော့ ဘာမှ ဂရုမစိုက်နိုင်ဘူး။ သေဖို့ပဲ လိုတယ်။
လူုမြင်ကွင်းမှာ အလောင်းကို ၇ ရက် ၇ည ဇောက်ထိုး ဆွဲပြစ်မယ်။ တော်ဝင်မျိုးနွယ်တွေဆိုတာ လာရှုပ်လို့ မရဘူးမှန်း သိသွားစေမယ်။ တော်ဝင်မျိုးနွယ်ကို ထိပါးရင် အဆုံးသတ်က တစ်ခုပဲရှိတယ်။ သေခြင်း။ တစစ်စစ်မြည်တဲ့ အသံ တွေ မျက်နှာဖုံးစွပ်လူ ရဲ့ ကိုယ်ကနေ ထွက်လာတယ်။ သွေးသံရဲရဲ မြင်ကွင်းတော့ မရှိ။ ထူးထူးဆန်းဆန်းကို သွေးတစ်စက်မှ မထွက်တာပဲ။
မီးဘောလုံးကြီးဖောက်ထွက်သွားတာကို လူတိုင်းမြင်တယ်လေ။ မျက်နှာဖုံးစွပ်လူ မရှောင်တာကိုလည်း သူတို့ သိကြတာပဲ။ ဒီလို တိုက်ခိုက်ခံရတာတောင် သူမသေသေးဘူးလား။ ဒါက လူတိုင်း ပထမဆုံးတွေးမိတာပဲ။ နောက်တစ်ခု ကတော့ သူ့လည်ပင်းမှာ ဘာအရာမှ ရှိမနေတာပဲ။ ထူးဆန်းလိုက်တာ။
လင်းထျန်းရုံတောင် တွေဝေနေခဲ့တယ်။ ဒါပေမယ့် ဖြေရှင်းချက်က မရှိ။ သူတို့ထဲမှာ ပဟေဠိအဖြစ်ဆုံးကတော့။ မီးတာအို သုံးတဲ့ ပြန်လည်မွေးဖွားမှု အဆင့် ဧည့်သည်တော်ပဲ။ သူ့စွမ်းအားကို သူ ကောင်းကောင်း ခံစားနိုင်တယ်လေ။ အမှားမရှိလူး။ ဒါပေမယ့် ဘာကြောင့်လဲ။ ဘာကြောင့် ဘာမှ မဖြစ်လာတာလဲ။ အခု အဖြစ်က သူတို့ရဲ့ အသိပညာ ထက်ကို ကျော်လွန်နေတယ်။ ဒါကို မျက်မြင်တွေ့တဲ့ သူတိုင်း နားလည်ဖို့ ခက်နေကြတယ်။
“ မင်းက လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် ငါမင်းကို အခု မြင်ချင်တယ်။” ဧည့်သည်တော် တစ်ယောက် စိတ်မထိန်းနိုင်တော့။ သူ့ လက်တစ်ဖက်ကို လှုပ်ရှားလိုက်တယ်။ မျက်နှာဖုံးနဲ့လူရဲ့ ခြေထောက်ကို ပတ်ထားတဲ့ နွယ်ကြိုးတွေက ဓားတွေ အဖြစ်ကို ပြောင်းသွားတယ်။ အဲ့ဒီ့နောက် ပေါင်ကို ထိုးဖောက်သွားတယ်။ ပြီးတော့ ဘာမှ ဆက်မဖြစ်တော့။ သွေးတစ်စက်တောင် ထွက်မလာ။ တုန်ယင်သွားတာတောင် မရှိ။
“ဘာတွေဖြစ်နေတာလဲ။” အခု အခြေအနေကို ယုတ္တိရှိအောင် သူ ဘယ်လိုမှ တွေးမရဘူး။ ဒီတစ်ကြိမ်တော့ မျက်နှာဖုံးနဲ့လူ လည်ပင်းကို ဆန့်တန်းရင်း သူ့ ခြေထောက်က နွယ်ပင်ကို ကြည့်တယ်။
“ ဒါက ဘာကြီးလဲ။” သူ့အသံက စိတ်ပျက်နေသလို စိတ်အေးလက်အေးလည်း ဖြစ်နေတယ်။
အစောင့်တွေနဲ့ အစေခံတွေကတော့ တုန်ယင်နေကြပြီ။ ဒီ လူက မသေတဲ့ အပြင် ကောင်းကောင်းကြီး အသက်ရှင်နေမှန်း သူတို့ သိတယ်လေ။
“ဘာတွေ ဖြစ်နေတာလဲ။ ”
“ သူ ထိသွားတာ ငါမြင်တာပဲ ။ ဒါပေမယ့် သူက ဘာမှ မဖြစ်သလိုပဲ။”
“ဒါက ဘာ တာအိုလည်း။ ငါ ဒါမျိုး တစ်ခါမှ မကြားဖူးဘူး။”
သူတို့တွေ ဘာတွေးရမယ် မှန်းတောင် မသိတော့။ ဒီလူ အသက်ရှင်နေမှတော့။ ကိစ္စတွေက ဘယ် ပြတ်အုန်းမလဲ။ လင်းထျန်းရုံ ကို သူတို့ လှည့်ကြည့်တယ်။ အကြည့်တစ်ချက်နဲ့တင် သူတို့ တုန်ယင် သွားတယ်။ လင်းထျန်းရုံ က ဒေါသငယ်ထိပ်ရောက်နေတာကြောင့် သူ့ရဲ့ ကိုယ်ရှိန်ကိုယ်ဝါတွေ မတည်ငြိမ်တော့ဘူး။ မျက်နှာကနေ မိစ္ဆာအငွေ့အသက်တွေ ထွက်နေခဲ့တယ်။
“ သတ်ကြ။ သူ့ကို သတ်ကြ။ မြားနဲ့ အခုပြစ်” လင်းထျန်းရုံ အမိန့်ပေးတယ်။ သူ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ မျက်နှာဖုံးစွပ်လူကို သတ်ဖို့။ အစအနမကျန်အောင် သတ်ပြစ်ဖို့။ မြားသည်တော် တစ်ရာကျော်။ လင်းထျန်းရုံရဲ့ အသံကို ကြားတော့ တစ်ခဏ တောင့်တင်းသွားတယ်။ မျက်နှာဖုံးစွပ်လူနဲ့ အနီးဆုံးမှာ ရပ်နေတဲ့ ဧည့်သည်တော် သုံးယောက်ကို သူတို့ ကြည့်တယ်။ ဒါပေမယ့် သူတို့တွေ ချက်ခြင်း လှုပ်ရှားတယ်။
“ ဝူး… ဝူး…ဝူး…”
မြားမိုးတွေ ဆက်တိုက်ရွာကျလာတယ်။ လေကိုခွင်းလာတဲ့ မြားတွေက တလက်လက်တောက်ပနေကြတယ်။ မြားတိုင်းက အလင်းရောင်တောက်နေကြတယ်။ သေချာအနီးကပ်ကြည့်မယ်ဆိုရင် မြားပေါ်မှာ ထွင်းထားတဲ့ သင်္ကေတတွေကို မြင်နိုင်လိမ့်မယ်။ မြားတွေက မျက်နှာဖုံးစွပ် လူနဲ့ ဧည့်သည်တော် သုံးယောက်ပေါ်ကို တည့်တည့်ကြီးကျတယ်။ ဒီလို အကွာအဝေး နီးနီးလေးမှာ မြာ းသည်တော်တွေ မိုးပေါ်ကို ထောင်ပြစ်စရာတောင် မလိုဘူး။ သူတို့ကို တည့်တည့်ချိန်ပြီးတော့ ပြစ်ရုံပဲ။
မြားစွမ်းအားက အမြင့်ဆုံးရောက်နေတာလည်း ဟုတ်တယ်။ လင်းထျန်းရုံရဲ့ အမိန့်ကြောင့် ဧည့်သည်တော်တွေ လန့်သွားကြတယ်။ မြားမိုးတွေက သူတို့ ပေါ်ကို ရွာကျလာပြီလေ။ ဒါပေမယ့် ဘယ်သူမှ စကားတစ်ခွန်း မဆို။ လင်းထျန်းရုံ ဒီလိုအမိန့်ကိုပေးတာ။ သူ့သည်းခံနိုင်စွမ်း ကုန်ဆုံးသွားလို့ပဲ ။ သုံးယောက်လုံး သူတို့ခန္ဒာကိုယ်က အလင်းတန်းတွေကို သုံးရင်း မြားမိုးကို ခုခံနေတယ်။ ဒါပေမယ့် ဒါက အဆုံးသတ် မဟုတ်ခဲ့။
သူတို့ရဲ့ အလင်းတန်းတွေ ဒိုင်းတွေ အဖြစ်ပုံပေါ်လာတဲ့ အချိန်မှာ။ မျက်နှာဖုံးစွပ်လူဆီ သူတို့ တဟုန်ထိုး ပြေးဝင်ကြတယ်။ မြားမိုးတွေ ကို ရပ်တန့်ဖို့ တခုတည်းသော နည်းလမ်းက မျက်နှာဖုံးစွပ်လူကို သတ်ဖို့ပဲ ဆိုတာ သူတို့သိတယ်လေ။ ဒီလူဘာကြောင့် မသေသေးမှန်း သူတို့ နားမလည်ကြပေမယ့် ။ တွေးဖို့ရာ အချိန်မရှိ။
“သူ့ကို သတ်ကြ။”
“သေစမ်း.”
“ ငရဲကို သွားပေရော့၊“
ဧည့်သည်တော် သုံးယောက် ကျိန်းဝါးကြတယ်။ တစ်ချိန်တည်းမှာပဲ ။ မျက်နှာဖုံးစွပ် လူရဲ့ ဘေးကို သူတို့ ရောက်သွားကြတယ်။ အနီရောင် လက်သီး တစ်လုံးနဲ့ အစိမ်းရောင် လက်သီး နှစ်လုံးက မျက်နှာဖုံးစွပ်လူရဲ့ နှလုံးတည့်တည့်ကို ဝင်လာတယ်။ မျက်နှာဖုံးစွပ်လူကတော့ မလှုပ်ရှား။ သူက သူတို့နဲ့ အရမ်းကို နီးကပ်နေတယ်။
ဒါပေမယ့် ဧည့်သည်တော် သုံးယောက် လှုပ်ရှားမရတော့။ သူတို့ လက်သီးတွေက မျက်နှာဖုံးစွပ် လူကို မထိပဲ ရပ်တန့်နေတယ်။ သူတို့ရဲ့ တိုက်ကွက်တွေက မြန်ဆန်ပြီးတော့ အကြင်နာမဲ့တယ်လေ။ နောက်ဆုံး လက်သီးက ရင်ဘက်ကို ထိမယ့် အချိန်မှာ။ မျက်နှာဖုံးစွပ်လူက ဖြည်းဖြည်းချင်း လှုပ်ရှားတယ်။ နောက်ကို ခြေလှမ်းသေးသေးလေး တစ်လှမ်းဆုတ်သွားတာ။ ဒါကြောင့် လက်သီးချက်တွေ နဲ့ လွဲသွားတယ်။
“ဒါ….”
ဧည့်သည်တော်တွေ နားလည်သွားပြီ။ မရဏမီးတောက်ရှင် ဖြစ်သလိုမျိုး သူတို့ အခု ဖြစ်နေပြီလေ။ သိထားတာတောင် လန့်စရာ ကောင်းနေတုန်းပဲ။
“ဘုန်း။”
လက်သီးသုံးခု ဆုံသွားကြတယ်။ အင်အားပြင်းထန်လွန်းတဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာတယ်။ သူတို့ သုံးယောက်ကတော့ ရပ်မယ့်ပုံမပေါ်။ နောက်တစ်ခေါက် တဟုန်ထိုး တိုက်ခိုက်ပြန်တယ်။ ဒီအချိန်မှာပဲ ထူးခြားတာ တစ်ခု ဖြစ်ပေါ်လာတယ်။ သူတို့ သုံးယောက် ဆုံနေတဲ့ နေရာမှာ။ အစိမ်းရောင် မျဉ်းကြီးတွေ ပေါ်လာတယ်။ အရွယ်အစားပိုကြီးမားတဲ့ ဒီမျဉ်းတွေက ဧည့်သည်တော် သုံးယောက်ကို ဝန်းရံလိုက်တယ်။
အခုတော့ တောက်ပတဲ့ အနီရောင်မီးလုံးက မြင့်တက်လာပြန်တယ်။ ဒါပေမယ့် တစ်ခုတည်းတော့ မဟုတ်။ မီးလုံးသုံးလုံး။
“မင်း…”
ဧည့်သည်တော်တွေမျက်လုံး ပြူးကုန်တယ်။ ဒါက ယုံဖို့ ခက်လွန်းတယ်။ ဒီ မျက်နှာဖုံးစွပ်လူက မီးတာအိုကို တတ်ကျွမ်းတာတော့ အံ့သြစရာမရှိဘူး။ ဒါပေမယ့် သန့်စင်နီရဲတဲ့ မီးဘောလုံး သုံးခုကို ဖန်တီးနိုင်တာကတော့ များသွားပြီ။ သူတို့ တကယ်ပဲ မေးချင်တယ်။ ဒါက ဘယ်လိုများ ဖြစ်လာတာလဲလို့။
ဒါပေမယ့် သူတို့မှာ အခွင့်အရေး မရှိရှာပါဘူး။ မီးဘောလုံးတွေက သူတို့ရဲ့ လည်ပင်းကို ထွင်းဖောက်သွားပြီလေ။
“ဘုန်း…”
“ဘုန်း …”
“ဘုန်း…”
အင်အားပြင်းထန်လွန်းတဲ့ မီးဘောလုံးတွေက။ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ ပေါက်ကွဲမှုကို ဖြစ်စေတယ်။ ကောင်းကင်တစ်ခုလုံး လင်းထိန်းသွားသလို ပတ်ဝန်းကျင်ကိုလည်း ကြောက်စရာကောင်းလောက်အောင် လှိုင်းထန်သွားစေခဲ့တယ်။
အပိုင်း(၅၄၈) ပြီး၏။
အပိုင်း (၅၄၉)
“ အပြောင်းအလဲ။”
Translator: Sparrow Translations Editor: Sparrow Translations
မီးတောက် လှိုင်းတွေရဲ့ အလယ်ဗဟိုချက်မှာတော့။ မြားတွေက လေဟုန်ခွင်းပြီး စုဝေးရောက်ရှိလာတယ်။ မြင်ကွင်းတစ်ခုလုံးက တစ်ခုလုံးက မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်။
…
အရှေ့နန်းတော်ရဲ့ ဧည့်ဆောင် ဂိတ်တံခါးမှာ။ ပင်းယန် ရန်ရွှယ် နန်ကုန်းမုနဲ့ ဝမ်တပေါင်းတို့ ခပ်ဝေးဝေးက တောက်ပမှုကို ငေးကြည့်နေကြတယ်။ ဘာတွေ ဖြစ်နေလဲ သူတို့ ခန့်မှန်းကြတယ်။
“ကြည့်ရတာ သခင်လေး ဖန် ဝန်းရံခံလိုက်ရတဲ့ ပုံပဲ။” ဝမ်တပေါင်း ချွေးစေးတွေ ထွက်လာတယ်။ စာကြည့်ခန်းမှာ ဘာတွေ ဖြစ်နေမှန်း သူမသိဘူး။ ဒါပေမယ့် သေချာတာကတော့ ကိစ္စကောင်း မဟုတ်။ လှုပ်ရှားမှုတွေ အများကြီး ဖြစ်နေတယ်။ မီးစလောင်တဲ့ အချိန်ကနေ အခုချိန်ထိ ၁၅ မိနစ်လောက် ရှိနေပြီ။ ဒီအချိန် အတွင်းမှာ မီးတောက်ကြီးက ကောင်းကင်ထိကို ထိုးတက်နေတာ။ ရန်မြို့တော် တစ်ခုလုံးကို လှုပ်ခတ်သွားစေမှာပဲ။
“ကြည့်ရတာ သူ တကယ်ပဲ ဝန်းရံခံလိုက်ရတဲ့ ပုံပဲ။” နန်ကုန်းမု ခေါင်းငြိမ့်ရင်း ပြောတယ်။ ခပ်ဝေးဝေးက မီးအလင်းရောင်ကို သူ စိုက်ကြည့်နေတယ်။
“ အခု ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ သခင်လေး ဖန်ကို ကယ်သင့်လား။” ဝမ်တပေါင်း ပြန်မေးတယ်။
“ သူသာ တကယ်ပဲ ဝန်းရံ ခံလိုက်ရရင်။ ငါတို့ မသွားသင့်ဘူး။ ” နန်ကုန်းမု ခေါင်းခါတယ်။ အခု အခြေအနေက သူ့စိတ်ထဲမှာ တွေးထားတာ ထက်တောင် ပိုကြီးမားနေသေးတယ်။
နောက်ပြီးတော့ ပို အရေးကြီးတာ အဖမ်းခံရတဲ့ သူက ဖန်ကျန်းရှီ ဖြစ်နေတယ်။ ဒါ့အပြင် အိမ်ရှေ့စံရဲ့ စာကြည့်ခန်း ကို မီးရှို့လို့ အဖမ်းခံရတာ။ ဒါကို ဘယ်လိုများ ကယ်တင်လို့ရမှာလဲ။ အကယ်၍ ပင်းယန် အဖမ်းခံရတာသာ ဖြစ်ခဲ့ပြီးတော့ စာကြည့်ခန်းသာ မီးမလောင်ခဲ့ရင်။ သူမရဲ့ ကလေးဆန်တဲ့ အပြုအမူကြောင့် ခွင့်လွှတ်ပေးခံရမှာ အသေအချာပဲ။ ဒါပေမယ့် အခုတော့ ဘယ်လို ကယ်တင်ရမလဲ။
“ ကျွန်တော်တို့ သူ့ကို မကယ်ဘူးလား။ ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။” ဝမ်တပေါင်း ပြောတယ်။ မျက်လုံးပြူးနဲ့ သူ ကြည့်နေတယ်။
“ အရင်ဆုံး ထွက်ကြရအောင်။” ပင်းယန် ပြောတယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေ က ရုတ်တရက် တည်ငြိမ်သွားတယ်။ သူမ မသောက်စားထားတဲ့ အတိုင်းပဲ။
“ ထွက်ကြမယ်တဲ့လား။ ” ဝမ်တပေါင်း တောင့်တင်းသွားတယ်။
“ ဟုတ်တယ်။ ဒီကိစ္စက ဖြစ်နေပြီ။ လူတွေ အပြေး အလွှား ရောက်လာကြတော့မှာ။ ဒါကြောင့် ငါတို့ နေလို့ မဖြစ်ဘူး။ ဒီနေရာကနေ ထွက်ကြရအောင်။ အဖြေကိုတော့ ဖြည်းဖြည်းချင်း တွေးကြတာပေါ့။ ရန်ရွှယ် နင်ကော ဘယ်လိုထင်လဲ။” ပင်းယန် မျှော်လင့်ချက် အပြည့်နဲ့ ပြောတယ်။
“ ကောင်းပြီ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ ဝမ်တပေါင်းကတော့ အံ့သြသွားတယ်။ သူ့ စိတ်ထင် ရန်ရွှယ်က ပင်းယန်ကို တားမယ်လို့ ။ ဒါပေမယ့် ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။ ဒါကြောင့် သူလည်း နောက်ထပ် မပြောတော့ဘူး။
“ ဒါဆိုလည်း သွားရအောင်။” ဝမ်တပေါင်း ဘေးဘီဝဲယာကို ကြည့်ရင်း အပြစ်မကင်း ဖြစ်နေတယ်။ ဒီလို တွေ ဖြစ်လာမယ်လို့ သူ မထင်ထားမိဘူး။ အိမ်ရှေ့စံ ရဲ့ စာကြည့်ခန်းကို မီးရှို့တာက အရိုက်ခံရတာလောက်နဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး။ အကယ်၍ သူသာ အပြစ်ပေးခံရရင်။ သူ့ အဖေလည်း ဒီအမှုနဲ့ ဆက်နွယ်သွားမှာပဲ။
“ကောင်းတယ်။” နန်ကုန်းမုလည်း နောက်ထပ် ဘာမှ မပြောတော့ဘူး။ ဒီ အဖွဲ့ကို ဧည့်ဆောင်ကနေ ထွက်သွားဖို့ သူ ဦးဆောင်တယ်။ သူ့ရဲ့ အေးစက်စက် အမူအယာက သတိ ကြီးကြီးထားနေတာ ပေါ်လွင်လွန်းတယ်။ ပင်းယန်။ ရန်ရွှယ် နဲ့ ဝမ်တပေါင်းတို့ နောက်ကနေ မြန်မြန် လိုက်သွားတယ်။
…
ပင်းယန် ခန့်မှန်း ထားတဲ့ အတိုင်းပဲ။ ရန်မြို့တော်က အတော့်ကို ရှုပ်ထွေးနေတယ်။ ညနက်သန်းခေါင် ဖြစ်နေပင်မယ့်။ အရှေ့နန်းတော်ရဲ့ လှုပ်ရှားမှု က သူတို့ကို လန့်နိုးစေတယ်။ မြို့တော် ထဲက ပြတင်းပေါက်တွေ အများကြီး ပွင့်လာခဲ့တယ်။ ရဲရဲနီနေတဲ့ မီးတောက်နဲ့ တောက်ပတဲ အဖြူရောင် အလင်းတန်းကို သူတို့ ကြည့်နေတယ်။ လူတိုင်း ထိတ်လန့်နေကြတာ။
“ အရှေ့နန်းတော်က မီးလောင်နေတာလား။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ နောက်ပြီးတော့ အဲဒီ့နေရာက ကြည့်ရတာ …”
“ မိုးနတ်မင်းရေ။ ဘာတွေ ဖြစ်နေတာလဲ။”
ရန်မြို့တော် တစ်ခုလုံး စကားပြောသံ တွေ ဆူညံလာခဲ့တယ်။ ဘယ်သူမှ သူတို့ မျက်လုံးကို မယုံနိုင်။ အရှေ့နန်းတော်က မီးလောင် နေတယ်တဲ့လား။ နောက်ပြီးတော့ စာကြည့်ခန်း နေရာမှာ။ ဒါက မဖြစ်နိုင်တာပဲ။ တော်ဝင် အမတ်မင်းတွေလည်း ထကြည့်နေကြတယ်။
“ငါ့ကို အရှေ့ပိုင်း နန်းတော်ဆီ ခေါ်သွား။ အခုသွားမယ်။” ”
“ အမိန့်တော် အတိုင်းပါ။”
အိမ်တော် အသီးသီးက အမတ်မင်းတွေ သူတို့ အိမ်တော်မှာ အော်ဟစ်နေကြတယ်။ အိမ်တော်တွေကနေ ထွက်လာတယ်။ တစ်ချို့က လှည်းတွေ နဲ့ ထွက်လာတယ်။ တစ်ချို့က မြင်းတွေနဲ့ ထွက်လာသလို။ တစ်ချို့ကတော့ လမ်းလျှောက်လာကြတယ်။ ဒါပေမယ့် အားလုံး အရှေ့ပိုင်းနန်းတော်ကို ဦးတည်နေတယ်။
သွမ့်အရှင်ရဲ့ အိမ်တော် မှာတော့။ အစောင့် တစ်ယောက်က လင်းရှင်းကြွယ်ရဲ့ ရှေ့မှာ ရပ်နေတယ်။ သူ့ လက်ထဲမှာ စာတစ်ေ စာင်ရှိနေတယ်။ စာလုံးနည်းနည်းပဲ ပါတဲ့ စာတစ်စောင်။ ဒါပေမယ့် လင်းရှင်းကြွယ် ကို ထိတ်လန့်သွားစေတယ်။
“ အကို သုံးရဲ့ စာကြည့်ခန်းက မီးလောင် နေတယ်။ နောက်ပြီးတော့ မီးရှို့တဲ့ လူက အခုထိ ထွက်မသွားသေးဘူး ။ ဘယ်သူကများ ဒီလောက်ထိ အတင့်ရဲရတာလဲ။ မင်း သေချာလို့လား။ ” လင်းရှင်းကြွယ် အစောင့်ကို အံ့သြတကြီးနဲ့ မေးတယ်။
“ အတိအကျပါပဲ။ ဒီလူ က ခန်းမဆောင်တစ်ခုကို မီးရှို့တယ်။ အဲဒီ့နောက် ခန်းမဆောင် မီးလောင်တာကို အိမ်ရှေ့စံ သွားကြည့်နေတဲ့ အချိန်။ စာကြည့်ခန်းကို မီးထပ်ရှို့တာပါ။” အစောင့် ပြန်ဖြေတယ်။
“ စိတ်ဝင်စားစရာ ကောင်းတာပဲ။ မြင်းတစ်ကောင် ပြင်ထားလိုက်။ တတိယ အကိုကို ငါသွားတွေ့မယ်။” လင်းရှင်းကြွယ် ပြုံးနေခဲ့တယ် ။ ဂုဏ်ထူး ဘွဲ့ထူးခံ အိမ်ရှေ့စံ တစ်ယောက်ရဲ့ စာကြည့်ခန်းက မီးလောင်သွားပြီ။ ဒီလို ရှားပါး အခွင့်အရေး မျိုးကို မျက်မြင်တွေ့ဖို့ ခဲယဉ်းတယ်။
“ အမိန့်တော် အတိုင်းပါ။” အစောင့် ချက်ခြင်း ပြန်ဖြေတယ်။
…
အမတ်မင်းတွေ အိမ်ရှေ့စံ အိမ်တော်ကို ချဉ်းကပ်လာတယ်။ မီးတောက်လှိုင်းတွေ ငြိမ်ကျသွားခဲ့ပြီ။ မြားတွေလည်း ရပ်တန့်သွားခဲ့ပြီ။ ကြီးမားတဲ့ ဖိအားတစ်ခု က ဒူးထောက်နေတဲ့ ဝတ်ကောင်းစားလှဝတ် ဧည့်သည်တော်တွေနဲ့ မြေမျက်နှာပြင်ကြားမှာ ပေါ်လာခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့ ရဲ့ ဝတ်ရုံတွေ တစ်စစီ ဖြစ်သွားခဲ့ပြီ။ မြားတွေက သူတို့ ဝတ်ရုံတွေကို ဖောက်ထွက်သွားတဲ့ အပြင် တကိုယ်လုံးကို ဒဏ်ရာတွေ ပြည့်နှက်သွားစေခဲ့တယ်။
ဆံပင်တွေလည်း ရှုပ်ပွနေတယ်။ သူတို့ရဲ့ ခြေလက်တွေ နောက်ကျောတွေ အကုန်လုံး သွေးတွေ ချင်းချင်း နီနေခဲ့တယ်။ မြင်ရတာ ဝမ်းနည်းစရာ မြင်ကွင်းပဲ။ သူတို့ရဲ့ မျက်နှာတွေက ကြောက်စရာကောင်းအောင် လေးနက်တည်ငြိမ်နေကြတယ်။
ဘာကြောင့်လဲဆိုတော့ မျက်နှာဖုံးစွပ်လူက သူတို့ နားမှာ လက်နောက်ပြစ်ရင်း ရပ်နေတာကြောင့်ပဲ။ သူ့ အကျီက နည်းနည်းလေးတောင် ရှုပ်ပွ မသွားဘူး။ ဘာသံမှ မကြားရအောင်ကို တိတ်ဆိတ်နေတယ်။
လူတိုင်းက မျက်နှာဖုံးစွပ်လူကို စိုက်ကြည့်နေတယ်။ ဘယ်သူမှ မလှုပ်ရှားကြ။ အစောင့် စစ်သည်တော်တွေ လေးကြိုးတွေကို မဆွဲထားကြတော့ဘူး။ ဧည့်သည်တော် သုံးယောက် ရှုံးနိမ့်သွားတာ သိသာနေပြီလေ။ သုံးယောက် တစ်ယောက် ဖြစ်နေတာတောင်။ သူတို့တွေ အပြတ်အသတ် ရှုံးသွားကြတယ်။
“ဒါက ဘယ်လို ဖြစ်ရတာလဲ။”
” ဒီလူက တကယ်ပဲ ဘယ်သူများလဲ။ ဘာကြောင့် ဒီလောက်တောင် အင်အားကြီးနေရတာလဲ။ ”
“ သူတို့ သုံးယောက်လုံးက ပြန်လည် မွေးဖွားမှု အဆင့်တွေ။ ဒါတောင် သုံးယောက် ပေါင်းတိုက်ပြီးတော့ ရှုံးနိမ့်သေးတယ်။ ဒါတောင် မျက်နှာဖုံးစွပ်လူက အကျီစလေးတောင် မပြဲဘူး။” ဒီရလဒ်ကို ဘယ်သူမှ မယုံနိုင်။
“ တကယ့်ကို မဖြစ်နိုင်လိုက်တာ။ ရန်မြို့တော်ထဲမှာ ဒီလို လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ။ နောက်ပြီးတော့ သူတို့ထဲမှာ ရာထူး မမြင့်တဲ့သူ ရှိလား။” လင်းထျန်းရုံ တွေဝေသွားတယ်။
မြားတွေပြစ်ဖို့ အမိန့်ပေးလိုက်ချိန်တည်းက။ မျက်နှာဖုံးစွပ်လူ ကို ဧည့်သည်တော် သုံးယောက် မယှဉ်နိုင်မှန်း သိတယ်။ ပြန်လည်မွေးဖွားမှု အဆင့် သုံးယောက် ရှုံးနိမ့်သွားပြီ။ လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလို့ လက်သီးတောင် ဖြူဆုပ်နေပြီ။
မျက်နှာဖုံးစွပ် လူရဲ့ မျက်လုံး ပေါ်နေတဲ့ နေရာကို သူ စူးစိုက်ကြည့်တယ်။ အသားအရေအရ အသက်မကြီးသေးဘူးမှန်း သေချာတယ်။ ပြန်လည်မွေးဖွားမှု အဆင့် လူသုံးယောက်ကို အနိုင်တိုက်နိုင်တဲ့ သူက မအိုသေးဘူးတဲ့လား။
ဧကရာဇ်ကိုလည်း ထည့်တွက်လို့ရမယ်။ ဒါပေမယ့် ဧကရာဇ်က ဘာကြောင့်များ သူ့ စာကြည့်ခန်းကို မီးရှို့ရမှာလဲ။ မဖြစ်နိုင်တာပဲ။ ဒါဆိုရင် နောက်တစ်ယောက်က အရှင်လီချင်း။ သူကတော့ အိုမင်းလွန်းနေပြီ။ ဒါကြောင့် ထည့်မတွက်ဘူး။
ရှင်းယွမ်ကောင်းကော။ မဖြစ်နိုင်ဘူး။ ရှင်းယွမ်ကောင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီ ပြန်လည်မွေးဖွားမှု အဆင့် သုံးယောက်ကို အနိုင်တိုက်နိုင်ရင်တောင်။ ဒီလောက်လွယ်လွယ်ကူကူ အဆုံးသတ်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ အခု မျက်နှာဖုံးစွပ်လူရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေက ကြောက်စရာ ကောင်းလောက်အောင်ကို ထူးခြားတယ်။
ဒါက ဟွားဖေးများ ဖြစ်နိုင်မလား။ သူမရဲ့ အရည်အချင်းနဲ့ ဆိုရင်။ ဒီလူသုံးယောက်ကို အေးဆေး အနိုင်ယူတာ ဖြစ်နိုင်တယ် ။ ဒါပေမယ့် ဟွားဖေးက ဘာလို့ ဒီလို လုပ်ရမှာလဲ။ နောက်ပြီးတော့ အခု လူက ယောကျာ်းကြီးလေ။ သူမက ယောကျာ်းလေးဟန်ဆောင်လာတာလား။ မဟုတ်ဘူး။ ဘယ်သူ ဖြစ်နိုင်မလဲ။ ချီဟို့ လား ။ မဖြစ်နိုင်ဘူး။ နာမည်တွေ တစ်ခုပြီး တစ်ခု သူ့ ခေါင်းထဲပေါ်လာတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ သူတွေချည်း။
“ တကယ်ပဲ သူလား။” လင်းထျန်းရုံရဲ့ အတွေးထဲ လူတစ်ယောက် ပေါ်လာတယ်။ အဲ့ဒီ့လူက အရမ်းကို ငယ်ရွယ်လွန်းပေမယ့် ကြောက်စရာကောင်းလောက်အောင်ကို အင်အားကြီးတယ်။ ဒါ့အပြင် သူက ကြီးမြတ်သောရှမင်းဆက်က မဟုတ်။ မဖြစ်နိုင်ဘူး။ သူလည်း လုပ်လောက်မှာ မဟုတ်ဘူး။ လင်းထျန်းရုံ တွေးနေတဲ့ အချိန်မှာပဲ ။ မျက်နှာဖုံးစွပ်လူ လှုပ်ရှားတော့တယ်။ သူ့ လက်တွေ ကို နောက်ပြစ်ထားတယ်။ ဧည့်သည်တော် သုံးယောက်နားကို လျှောက်လာတယ်။
“မင်းက ဘယ်သူလဲ။”
“ အရှေ့နန်းတော်ကို ဘာကြောင့် ရှုပ်ထွေးအောင် လုပ်တာလဲ။”
“ မင်းဘာလုပ်ဖို့ ကြံစည်နေတာလဲ။”
ဧည့်သည်တော် သုံးယောက် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတယ်။ သူတို့ မျက်နှာတွေ ဖြူဖျော့နေခဲ့ပြီ။
“ ငါ ဘာလုပ်ဖို့ ကြိုးစားနေလဲ ဟုတ်လား။ တကယ်တော့ ဘာမှ မလုပ်ပါဘူး။ အရှင့်သား ကောင်းကောင်း အိပ်ပျော် နေလား မြင်ချင်လို့ပါ။” မျက်နှာဖုံးစွပ်လူ လေးလေး နက်နက်ပြောတယ်။
“ ကောင်းကောင်း အိပ်ပျော်နေလား။” ဧည့်သည်တော် သုံးယောက် ရုတ်တရက် ကြောင်သွားတယ်။ ဒါပေမယ့် သူတို့ ချက်ခြင်း နောက်ဆုတ်တော့တယ်။
“ မင်း ထပ် ကပ်မလာနဲ့။”
“ ငါ ဒီမှာ သေရရင် တောင်။ မင်းကို အရှင့်သားနား အကပ်မခံဘူး။”
“ ငါတို့ မသေသရွေ့ ဖြတ်သန်းဖို့ မစဉ်းစားနဲ့။”
ဧည့်သည်တော် သုံးယောက်က နီးကပ်လာတဲ့ မျက်နှာဖုံးစွပ်လူကို ကြည့်နေတယ်။ သူတို့ အမူအယာတွေ ပြောင်းကုန်ပြီ။ နှုတ်ခမ်းကို ကိုက်ထားရင်း နောက်ထပ် နောက်မဆုတ်ဝံ့တော့ဘူး။ သူ့ ရှေ့တည့်တည့်မှာသာ ပိတ်ရပ်နေခဲ့တာ။
လင်းထျန်းရုံကတော့ ထိတ်လန့်နေပြီ။ ကိစ္စတွေ စဖြစ်လာတည်းက ။ ဒီလူကို သတ်ဖို့ပဲ သူတွေးခဲ့တာ။ သူ အသတ်ခံရမှာကို မတွေးမိဘူး။ ဘာကြောင့်လဲ ဆိုတော့ သူနေနေတာ အရှေ့နန်းတော်လေ။ ရန်မြို့တော်မှာ အစောင့် အကြပ်အများဆုံးနေရာ။ အတော်ဆုံး အစောင့် တွေ အကောင်းဆုံး လက်နက်တွေ ရှိတယ်။
ပြန်လည်မွေးဖွား မှု အဆင့် သုံးယောက် နဲ့ သဘာဝလွန် အထွဋ်အထိပ် အဆင့်တစ်ယောက်ကလည်း လုံခြုံရေး တာဝန်ယူထားသေးတယ်။ သူက ဘယ်လိုများ အန္တရာယ်ရောက်နိုင်မှာလဲ။ ဒါပေမယ့် အခုတော့ လင်းထျန်းရုံက နောက်ဆုတ်နေရပြီ။ မျက်နှာဖုံးစွပ်လူကို သူကြည့်တယ် ။ သူ့ရဲ့ ခေါင်းထဲမှာ ပထမဆုံးပေါ်လာတဲ့ အတွေးက အကယ်၍ မျက်နှာဖုံး စွပ်လူသာ တိုက်ခိုက်ရင်။ ဘယ်လို တုံ့ပြန်ရမလဲ။
“အရှင်မင်း သားကို ကာကွယ်ကြ။”
“မြန်မြန်။ သူ့ကို ကာကွယ်ကြ။ အနားကပ် မခံနဲ့။”
လင်းထျန်းရုံနောက်က အစောင့်တွေ ချက်ခြင်း သတိဝင်လာတယ်။ သူတို့ အားလုံး ချက်ခြင်း လှုပ်ရှားကြတယ် ။ ဒါက လင်းထျန်းရုံကို ဒေါသထွက်စေတယ်။ သူ့နန်းတော် စောင့်တွေက အုံလိုက် စုဝေးပြီးတော့ အကာအကွယ် ပုံဖော်ကြတယ်။
ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ အိမ်ရှေ့စံ မင်းသားက သူ့ အိမ်တော်မှာ သူ့ အစောင့်တွေ ဝန်းရံ ကာကွယ်တာကို ခံနေရတယ်။ ဒီ စကားတွေသာ အပြင်ထွက်သွားရင်။ သူ့ မျက်နှာကို ဘယ်သွားထားရတော့မှာလဲ ။ ဒီလို ဖြစ်နေတာတောင်မှ အစောင့်တွေကို သူ မတားမြစ်နိုင်ဘူး။
“ အရှင့်သား။ ထွက်ခွာပါတော့။ ကျွန်တော်မျိုး အစွမ်းကုန် တားဆီးထားပါမယ်။” အစောင့်က သစ္စာ အပြည့်နဲ့ လျှောက်တင်တယ်။ ဒါပေမယ့် လင်းထျန်းရုံရဲ့ မျက်နှာက မှောင် မည်း နေစမြဲ။ အစောင့်ကို သူ ကန်ထုတ်ပြစ်ချင်တာ အရမ်းပဲ။ သို့ပေမယ့် မလုပ်။ အစောင့်ရဲ့ လက်ကိုသာ တစ်ချက် ဆုပ်လိုက်တယ်။ အခြေအနေက ကသုတ်ကရက် ဖြစ်လွန်းတယ်။
မျက်နှာဖုံးစွပ်လူ လှုပ်ရှားတည်းက အခြေအနေလည်း ပြောင်းသွားပြီ။ အိမ်ရှေ့စံက ဝန်းရံခံထားပြီး လူတိုင်းက အန္တရာယ်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတယ်။ ရုတ်တရက်။ အသံကျယ်ကြီး တစ်သံ အဝေးကနေ ထွက်လာတော့တယ်။
“ ဧကရာဇ် ကြွချီလာပြီ။”
“ဧကရာဇ် ကြွချီ လာပြီ။”
“…..”
လင်းထျန်းရုံ တုန်ယင်သွားတယ်။ သူ နောက်ဘက်ကို လှည့်ကြည့်တယ်။ အရောင်စုံဝတ်ထားတဲ့ အမတ်မင်းတွေ။ တောက်ပတဲ့ သံချပ်ကာတွေနဲ့ စစ်သူကြီးတွေ ရွှေရောင်သံချပ်ကာနဲ့ တော်ဝင် အစောင့်တပ်တွေ အကုန်လုံး ပါတဲ့ လူအုပ်ကြီးကို သူ တန်းမြင်တယ်။
အရှေ့ဆုံးမှာ ဦးဆောင်လာတဲ့ သူကတော့ ဧကရာဇ် လင်းမုပိုင်။ သူ့ရဲ့ ရွှေရောင် ဝတ်ရုံက ညအချိန်မှာတောင် တောက်ပနေတယ်။ တင်းမာနေတဲ့ မျက်နှာက လူတိုင်းကို တုန်ယင်သွားစေတယ်။
ဧကရာဇ်ရဲ့ နောက်မှာတော့ ငွေရောင်ဝတ်ရုံနဲ့။ သွမ့်အရှင် လင်းရှင်းကြွယ်။ သူကတော့ ဧကရာဇ်နဲ့ မတူ။ လှောင်ပြုံးပြုံးနေခဲ့တယ်။
“ညီတော် ခြောက်က တကယ့်ကို အချိန်ကိုက် ရောက်လာတာပဲ။ ” လင်းထျန်းရုံ ပုခုံးတွန့်ရင်း ပြောတယ်။
ဒါပေါ့ လင်းရှင်းကြွယ် ဒီကို ဘာကြောင့်ရောက်လာမှန်း သူသိတယ်လေ။ ဒါပေမယ့် သူ့နန်းတော်စောင့်တွေက သူ့ကို နောက်တွန်းပို့နေတဲ့ အချိန် အိမ်ရှေ့စံ တစ်ပါးရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါကို ဘယ်ထိန်းထားနိုင်မလဲ။
အပိုင်း(၅၄၉)ပြီး၏။
အပိုင်း (၅၅၀)
“ စော်ကားမှုကြောင့် ဖြစ်လာတဲ့ တိုက်ပွဲ။”
Translator: Sparrow Translations Editor: Sparrow Translations
အမုန်းတရားတွေ လင်းထျန်းရုံရဲ့ စိတ်ထဲကနေ ဒေါသတွေ ထွက်လာတော့တယ်။ အိမ်ရှေ့စံ အတွက်တော့။ သူ့ရဲ့ စာကြည့်ခန်းတင် မီးရှို့ခံရတာ မဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပိုင် အိမ်တော်မှာ လုပ်ကြံခံနေရတယ်။ ဒီလို စော်ကားမော်ကား လုပ်ခံရတာမျိုးကို အမတ်မင်းတွေ အများကြီး မျက်မြင်တွေ့သွားပြီ။ အနာဂတ်မှာ သူ ဘယ်လိုမျာ း ရပ်တည်နိုင်မှာလဲ။
အစောင့်တပ်တွေ ဝန်းရံကာကွယ်ခံထားရတဲ့ အိမ်ရှေ့စံကို မြင်တော့ အမတ်မင်းတွေ လန့်ကုန်ကြတယ်။ ဒီမှာ တကယ်ပဲ အန္တရာယ်ရှိနေတာလား။ အိမ်ရှေ့စံ အိမ်တော်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ လင်းထျန်းရုံရဲ့ မျက်နှာအမူအယာကို သူတို့ စိုက်ကြည့်ရင်း သူတို့ မေးမြန်းချင်နေကြတယ်။ ဒါပေမယ့် သူတို့ မမေးဝံ့ကြ။ အခုချိန်မှာ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စက ရှိနေတယ်လေ။
“ သတိထား။ အိမ်ရှေ့စံ ရဲ့ အိမ်တော်မှာ လုပ်ကြံသူ ရောက်နေတယ်။ ”
“ မြန်မြန် သူ့ကို ဖမ်းကြ”
“ အရှင် မင်းမြတ် ကို ကာကွယ်ကြ။”
အသံတချို့ ရုတ်တရက် ထွက်ပေါ်လာတယ်။ တော်ဝင်အစောင့်တွေက ဧကရာဇ် လင်းမုပိုင် ကို ကာကွယ်ဖို့ ရှေ့တက်လာတယ်။ သူတို့ရဲ့ တလက်လက်တောက်နေတဲ့ လှံတွေက တိုက်ခိုက်ဖို့ အသင့်ဖြစ်နေခဲ့ပြီ။ အဲ့ဒီ့နောက် ဧကရာဇ် နောက်က စစ်သူကြီးတချို့ ရှေ့ထွက်လာတယ်။ သူတို့ရဲ့ လက်နက်တွေကို အသင့်ပြင်လိုက်ကြတယ်။
“ အရှင် မင်းမြတ် ။ အိမ်ရှေ့စံ မင်းသားကို ကျွန်တော်တို့ ကယ်တင်ပါမယ်။ ”
“အင်း…” ဧကရာဇ်လင်းမုပိုင် အလေးအနက် ခေါင်းငြိမ့်တယ်။ လင်းထျန်းရုံရဲ့ နောက်က ပြာကျနေတဲ့ စာကြည့်ခန်းကို ကြည့်ရင်း သူ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ စစ်သူကြီးတွေ က ဧကရာဇ်ကို နားလည်တယ်။ သူတို့တွေ တစ်ချက်လေးတောင် မတွေဝေပဲ။ လင်းထျန်းရုံ ဆီကို အပြေးသွားကြတော့တယ်။ သူတို့ ခန္ဒာကိုယ်တွေက အလင်းတန်း အရောင်စုံ ထွက်နေခဲ့တယ်။ တစ်ခါတည်း လင်းထျန်းရုံရဲ့ ဘေးကို ချက်ခြင်းရောက်သွားကြတယ်။
“ အရှင့်သား အဆင်ပြေရဲ့လား။” စစ်သူကြီးတစ်ယောက်မေးတယ်။
“ ငါ အဆင်ပြေတယ်။ လုပ်ကြံသူက အဲ့ဒီ့နောက် မှာပဲ။ စစ်သူကြီးလီ ကျေးဇူးပြုပြီး သွားကြည့်ပါအုန်း။” လင်းထျန်းရုံ ပြန်ဖြေတယ်။ အခုလို အခြေအနေမျိုးမှာ သူဘာမှ ဂရုမစိုက်နိုင်တော့ဘူး။
“ကောင်းပါပြီ။ သူ့ကို ကျွန်တော်မျိုး ဖမ်းဆီးလိုက်ပါမယ်။” စစ်သူကြီးလီ ဟန်ဆောင် ပန်ဆောင် လုပ်မနေတော့ဘူး။ အရှေ့ပိုင်း နန်းတော်ဆောင်တွေ ဖမ်းလို့ မရတဲ့ လူဆိုတည်းက။ လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်မှန်း သိသာတယ်။ တခြား စစ်သူကြီးတွေလည်း ခေါင်းငြိမ့်လိုက်တယ်။ စစ်သူကြီးလီရဲ့ နောက်ကို သူတို့ လိုက်သွားကြတယ်။ လင်းထျန်းရုံကို ကာကွယ်ထားတဲ့ အစောင့်တွေကို သူတို့ရှောင်ကွင်းသွားကြတယ်။
ဒါပေမယ့် သိပ်မကြာခင် သူတို့ ရပ်တန့်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ မြေပြင်ပေါ်မှာ ကြီးမားတဲ့ ဖိအားကို မြင်တွေ့ ရတာကြောင့်ပဲ။ ဧည့်သည်တော်သုံးယောက်ကတော့ သနားစရာကောင်း အောင် မတ်တပ်ရပ်နေကြတယ်။ ဒါပေမယ့် သူတို့ရှေ့မှာတော့ လူတစ်ယောက်တောင် မရှိ။ တစ်ယောက်လေးတောင် မရှိဘူး။
“ အရှင့်သား လုပ်ကြံသူ ဘယ်မှာလဲ။” စစ်သူကြီးလီ မေးတယ်။
“ သူ အဲဒ့ီနောက်မှာ မရှိဘူးလား။” လင်းထျန်းရံုံ သံသယ ဖြစ်လာတယ်။ သူပြေးနေတာကို ရပ်လိုက်တယ်။ နောက်ကို ပြန်လှည့်ကြည့်တယ်။ နေရာမှာ ရပ်နေကြတဲ့ အစောင့် သုံးယောက်ကို သူမြင်တယ်။ မျက်နှာဖုံးစွပ်လူက ဘယ်မှာလဲ။ သူပျောက်သွားခဲ့ပြီ။ ဒါက လင်းထျန်းရုံကို တုန်လှုပ်သွားစေတယ်။
ဘာတွေဖြစ်ကုန်တာလဲ။ မျက်နှာဖုံးစွပ်လူ ဘယ်ရောက်သွားပြီလဲ။ အိမ်ရှေ့စံ မင်သား တစ်ယောက် အနေနဲ့။ သူ့ မျက်နှာက ဒီနေ့တော့ လုံး၀ ပျက်ရပြီပဲ။ အရှေ့ပိုင်းနန်းတော် မီးလောင်တာကနေ စပြီးတော့ သူ့ကိုယ် သူ တောင် မကာကွယ်နိုင်ဘူး။ ဒါ့အပြင် ရာဇဝတ်သားကလည်း လွတ်သွားခဲ့ပြီ။
“ သူက ဘယ်မှာလဲ။ သူက ဘယ်ကို ရောက်သွားတာလဲ။ ” လင်းထျန်းရုံ နောက်တစ်ကြိမ် မေးပြန်တယ်။
“ ကျွန်တော့် တို့ သေသင့်ပါတယ်။” ဧည့်သည်တော် သုံးယောက် ချက်ခြင်း ဒူးထောက်ကြတယ်။ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းခါတယ်။ “ သူ စာကြည့်ခန်းကို ခုန်ချသွားတာပဲ မြင်လိုက်တယ်။ အဲ့ဒီ့နောက် ကျွန်တော်တို့ …”
“ စာကြည့်ခန်း ဟုတ်လား။” ပြာကျနေပြီ ဖြစ်တဲ့ စာကြည့်ခန်းကို လင်းထျန်းရုံ ကြည့်နေတယ်။ မျက်နှာဖုံးစွပ်လူက ဒီထဲကို ခုန်ချသွားတာ မဖြစ်နိုင်တာပဲ။ ကိုယ့်ကိုသတ်သေတာလား။ မဖြစ်နိုင်တာပဲ။ သူ့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် မီးက သူ့ကို လောင်မှာ မဟုတ်ဘူး။
စစ်သူကြီးတွေ ဒါကိုကြားတော့ တောင့်တင်းကုန်တယ်။ ဒီလို အရှုပ်အထွေး ဖြစ်နေတဲ့ အချိန် မီးလောင်နေတဲ့ စာကြည့်ခန်းကို ခုန်ချသွားတယ်။ ဒါက ပုံရိပ်ယောင်လား။ အကယ်၍ မီးကိုသာ မထိန်းချုပ်နိုင်ရင် သူလည်း လောင်ကျွမ်းသွားလိမ့်မယ်။
ဒါပေမယ့် မေးခွန်းထုတ်စရာရှိတယ်။ ဘယ်သူမှ သူ့ကို လိုက် မဖမ်းကြဘူးလား။ ပတ်ဝန်းကျင်က အစောင့်တွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပဟေဠိ ဖြစ်နေကြတယ်။ ဘယ်အချိန်က အဲ့ဒီ့လူ ခုန်ချသွားတာလဲ ။ သူတို့ ဘယ်သူမှ မမြင်လိုက်ကြဘူး။
“ သူပျောက်နေတာလား။” အစောင့်တွေ အံ့အားသင့်သွားတယ်။ ဒီ အဓိပ္မာယ်အရ မျက်နှာဖုံးစွပ်လူ က အိမ်ရှေ့စံရဲ့ စာကြည့်ခန်းကို မီးရှို့တယ်။ အဲ့ဒီ့နောက် လူတွေ အများကြီး ဝန်းရံထားတဲ့ ကြားကနေ အထိအခိုက်တောင် မရှိပဲ ထွက်သွားတယ်။ ဘယ်လောက်တောင် မယုံနိုင်စရာ ကောင်းလိုက်သလဲ။
“ ဖယ်ကြစမ်း။” အစောင့်တွေကို လင်းထျန်းရုံ ဒေါသ တကြီးနဲ့ ဟိန်းဟောက်တယ်။ အဲ့ဒီ့နောက် သူ့ ကို ဝန်းရံထားတဲ့ အစောင့်တွေကို တွန်းထုတ်တယ်။ ဒါက ဘယ်လိုတောင် စော်ကားခံရတာလဲ။ လုံးဝကို ခွင့်မလွတ်နိုင်စရာ ကိစ္စပဲ။
ညည့်နက်သန်းခေါင်ချိန်မှာ အရှေ့နန်းတော်ကို ဝင်လာတယ်။ ခန်းမဆောင်နဲ့ စာကြည့်ခန်းကို မီးရှို့တယ်။ အဲ့ဒီ့နောက် ဧည့်သည်တော်တစ်ယောက်ကို သတ်ပြီး တခြား ဧည့် သည်တော်တွေကို ဒဏ်ရာရစေတယ်။ လင်းထျန်းရုံမှာတော့ ကြောက်လန့်တကြားနဲ့ အကာအကွယ်တွေ ယူပြီးတော့ နောက်ဆုတ်ရတယ်။ အဆုံးမှာတော့ သူက အန္တရာယ်ကင်းကင်းနဲ့ ထွက်ခွာသွားပြီ။ တကယ်ပဲ ထွက်ခွာသွားပြီတဲ့။
လင်းထျန်းရုံ ဒီလို ကိစ္စမျိုးကို သည်းမခံနိုင်ဘူး။ ဒီလို စော်ကားမော်ကား အလုပ်ခံရတာမျိုးက သူ့ကို သတ်တာထက်တောင် ပိုဆိုးသေးတယ်။ ဒေါသတကြီးနဲ့ အစောင့် တစ်ယောက်ရဲ့ ဓားကို ဆွဲထုတ်လိုက်တယ်။ လရောင်အောက်မှာ အညှာအတာမဲ့ တလက်လက် ေ တာက်ပနေတယ်။ သူ့ရဲ့ အမုန်းတရားတွေကို ဖြေဖျောက်ဖို့ အတွက် လိုအပ်နေပြီ။
“အရှင့်သား မလုပ်ပါနဲ့ ”
“ အရှင့်သား… ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါ။”
“ အရှင့်သား….. ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါ။”
အမတ်မင်းတစ်ချို့ ဒါကို မြင်တော့ မျက်လုံးပြူးသွားတယ်။ နောက်ဆုံးတော့လည်း ဧကရာဇ်လင်းမုပိုင်က သူတို့ထက် အရင် မတ်တပ်ထရပ်တာလေ။ အကယ်၍ ဧကရာဇ်လင်းမုပိုင်သာ လူတွေကို အကြောင်းပြချက်မရှိပဲ သတ်မယ်ဆိုရင် တကယ့်ကို ကြီးမားတဲ့ ကိစ္စကြီး ဖြစ်သွားလိမ့်မယ်။ လင်းထျန်းရုံ ရပ်တန့်သွားတယ်။ အမတ်မင်းတွေရဲ့ အော်ဟစ်သံကိုလည်း သူကြားတယ်။ နောက်ပြီးတော့ လင်းရှင်းကြွယ် ရဲ့ မျှော်လင့်တကြီးနဲ့ ပျော်နေတဲ့ မျက်ဝန်းတွေကို သူ မြင်တယ်။ လင်းရှင်းကြွယ်ကို ဒီလို ဖြစ်ခွင့် မပေးနိုင်ဘူး။
“မင်း ခွေးကောင်။ ဓားကို ချထားလိုက်။” ဧကရာဇ်လင်းမုပိုင် ရဲ့ အသံက နောက်ဆုတ်တော့ ကျယ်လောင်လာတယ်။ သူ မျက်မှောင်ကြုတ်သွားတယ်။
ဧကရာဇ်တစ်ပါး အနေနဲ့။ အမတ်မင်းတွေရှိနေတဲ့ အချိန် တစ်ယောက်ယောက်ကို သူ အော်ဟစ်ခဲတယ်။ နောက်ပြီးတော့ ဒီလူက အိမ်ရှေ့စံ ဖြစ်နေတယ်လေ။ ဒါပေမယ့် အိမ်ရှေ့စံရဲ့ အိမ်တော်ထဲကို ခြေချတဲ့ အချိန် တည်းက သွေးနံ့တွေကို သူခံစားရတယ်။
တစ်စုံ တစ်ယောက်ကို နာကျင်စေတဲ့ ပြစ်မှုတွေ။ လူ့အသက်ကို မငဲ့ညှာတာတွေက ။ အဓိက ပြဿနာတွေပဲ ။ ဒီလူတွေက အိမ်ရှေ့စံ အိမ်တော်က အစောင့်တွေ အစေခံတွေ ဖြစ်ပေမယ့်။ ဥပဒေအရတော့ သူတို့ လည်း ပြည်သူတွေပဲလေ။
“ဒင်။”
ဓားက လင်းထျန်းရုံ လက်ကနေ လွတ်ပြီးတော့ မြေပြင်ပေါ်ကို ကျသွားတယ်။ သူ့မျက်နှာ တစ်ခုလုံး ေ ဒါသတွေ မပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာ။ ကံဆိုးတဲ့ အမူအယာလည်း ပေါ်နေခဲ့တယ်။ ဒါက လုံးဝကို ကွာခြားတဲ့ စိတ်ခံစားချက် နှစ်ခုပဲ။ အစတုန်းကတော့ မျက်နှာဖုံးစွပ်လူ ထွက်ခွာသွားတဲ့ အတွက် ဒေါသ ထွက်နေခဲ့တာ။ အခုတော့ သူ့ရဲ့ ဒေါသကို မထိန်းနိုင်တဲ့ အကြောင်း ဧကရာဇ် လင်းမုပိုင် မြင်သွားတော့ ဒေါသ ထွက်နေတာ။ ကိုယ့်အပြစ်ကို သိမြင်ပြီးတော့ နောင်တရတာမျိုးတော့ သူ့မှာ မရှိ။ သူ့အတွက်တော့ အစောင့် တစ်ယောက် ရဲ့ အသက်ဆိုတာ ဘာမှ မဟုတ်ဘူး။
“မင်း ဒူး မထောက် သေးဘူးလား။” ဧကရာဇ် လင်းမုပိုင် စိတ်မထိန်းနိုင်ပဲ လှမ်းအော်တယ်။ ဓားကို ချပြီးတဲ့ နောက်မှာ လင်းထျန်းရုံက ဆက်လက် မတ်တပ်ရပ်နေဆဲ။
“ ခမည်းတော် … သားတော်က … ဒေါသကြောင့် တစ်ခဏတာ သတိလွတ်သွားတာပါ။ … မရည်ရွယ်။”
“ဒူးထောက်…”
“ ခမည်းတော်။ လုပ်ကြံသူက လွတ်မြောက်သွားပြီ… သားတော်….”
“ဒူးထောက်…”
“ အမိန့်တော် အတိုင်းပါ။” ဧကရာဇ် လင်းမုပိုင်ရဲ့ မည်းမှောင်နေတဲ့ အမူအယာကို လင်းထျန်းရုံ မြင်တယ်။ ချက်ခြင်း အံကြိတ်ရင်း ဒူးထောက်တယ် ။ အတော့်ကို မလိုမလားနဲ့ပေါ့။
“ အိမ်ရှေ့စံ တစ်ယောက် အနေနဲ့။ ဒါက မင်း ပြုမူသင့်တဲ့ ပုံစံလား။” ဧကရာဇ် လင်းမုပိုင် အတော်လေး စိတ်ပျက်နေတယ်။
“ ခမည်းတော်။ သားတော်ရဲ့ စာကြည့်ခန်းက မီးလောင်သွားပြီ။ ဒါတောင် ဒီ အသုံးမဝင်တဲ့ လူတွေက လုပ်ကြံသူကို မဖမ်းနိုင်တဲ့ အပြင် လွတ်တောင် လွတ်သွားစေသေးတယ်။”
“ ပါးစပ်ပိတ်ထားစမ်း…” ဧကရာဇ် လင်းမုပိုင်အော်ဟစ်တယ်။ စာကြည့် ခန်းကို သူ ကြည့်တယ်။
“ ဒီလို အချိန် တိုလေး အတွင်းမှာ လုပ်ကြံသူကထွက်ပြေး သွားနိုင်တယ်။ ဒါပေမယ့် အိမ်တော်ထဲကနေ ထွက်နိုင်မှာတော့ မဟုတ်ဘူး။ ကိုယ်တော် အမိန့်ချမယ်။ တော်ဝင် အစောင့်တွေ နဲ့ အရှေ့ပိုင်း နန်းတော် စောင့်တွေ။ မင်းတို့ အားလုံး ဝင်ပေါက်တွေကို ပိတ်ဆို့လိုက်။ ဘယ်သူမှ ဖြတ်သန်း မသွားစေနဲ့ ”
“အမိန့်တော် အတိုင်းပါ။”
တော်ဝင်အစောင့်တွေနဲ့ အိမ်ရှေ့စံ အိမ်တော်က အစောင့်တွေ ။ အမိန့်ရရချင်း ချက်ခြင်း လှုပ်ရှားတော့တယ်။
“ ငါ့ကို ပြော။ ဒီမှာ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ။” ဧကရာဇ် လင်းမုပိုင် သေချာမေးတယ်။ မြို့တော်ထဲက အိမ်ရှေ့စံ အိမ်တော်မှာ မီးလောင်တာက သူ့ကို တကယ်ပဲ ထိတ်လန့်စေတယ် ။
“ ခမည်းတော် ဒီလို အေးချမ်းတဲ့ ညမှာ သားတော်က စာကြည့်ခန်းထဲမှာ စာဖတ်နေတာ။ အိမ်တော်မှာ မီးမလောင်ခင်အထိ…..” လင်းထျန်းရုံ အရာအားလုံးကို ခပ်မြန်မြန်ပဲ ရှင်းပြတယ်။ အစောင့်တွေနဲ့ အစေခံတွေကို သူသတ်ခဲ့တဲ့ အကြောင်းကိုတော့ ချန်လှပ်ထားတာပေါ့။ ကိစ္စတွေ အားလုံးကို ကြားပြီးတဲ့ နောက်မှာတော့။ အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ထိတ်လန့်ကုန်တယ်။
“ ဘယ်သူကများ ဒီလို ကိစ္စမျိုးကို လုပ်ဝံ့ရတာလဲ။”
“ အိမ်ရှေ့စံ အိမ်တော်ထဲက ၂ နေရာကိုတောင် မီးရှို့သေးတယ်။ ပြီးတော့ ထွက် မပြေးဘူး။
“ သူက ဘယ်သူဖြစ်မလဲ။ ရန်မြို့တော် မှာ ပြန်လည်မွေးဖားမှု အဆင့် သုံးယောက်ကို အနိုင်တိုက်နိုင်အောင် အင်အားကြီးတဲ့သူက နည်းတယ်။” သူတို့တွေ စိတ်ထဲမှာ တွေးတောနေကြတယ်။ သူတို့လည်း ခန့်မှန်းနေကြတယ် ။ ဧကရာဇ် ။ အရှင် လီချင်း။ ရှင်းယွမ်ကောင်း။ ချီဟို့။ ဟွားဖေး။ ဘယ်သူက ဒီလို ကိစ္စမျိုးကို လုပ်နိုင်မှာလဲ။ အနောက်ပိုင်းလျန်ဒေသရဲ့ သခင်ကြီး ရန်ချန်လိတော့ မဖြစ်နိုင်ဘူးမလား။
ဧကရာဇ် လင်းမုပိုင်လည်း သံသယဝင်နေတယ်။ ရန်မြို့တော်မှာ ဒီလို လုပ်နိုင်တဲ့သူ နည်းနည်းပဲ ရှိတာလေ။ နောက်ပြီးတော့ သူတို့ အားလုံးကလည်း အဆင့်မြင့်တဲ့ သူတွေချည်းပဲ။
“ မင်းပြောတာ ဒီလူက အရမ်းငယ်တယ်တဲ့လား။” ဧကရာဇ် လင်းမုပိုင် မေးပြန်တယ်။
“ ဟုတ်ပါတယ်။ သူ့ အသက်အရွယ်က …. ၃၅ နှစ်ထက် မကြီးသေးပါဘူး။” လင်းထျန်းရုံ အတိအကျကို ပြန်ဖြေတယ်။
“ တတိယ အကိုတော် သေချာလို့လား။ မင်း နောက်နေတာပဲ ဖြစ်ရမယ်။ ရန်မြို့တော်မှာ အသက် ၃၅ နှစ် အောက် နဲ့ ဒီ လောက်တောင် စွမ်းအား ကြီးနိုင်တာ။ ကြင်ယာတော် ဟွားဖေး တစ်ယောက်ပဲ ရှိမယ်။ ဒါဆိုရင် ကြင်ယာတော် ဟွားဖေးလုပ်တယ်လို့ အကိုတော်က ပြောချင်တာလား။” လင်းရှင်းကြွယ်ရဲ့ အသံ ထွက်ပေါ်လာတယ်။ ဒါပေမယ့် သူ့ စကားလုံးတွေက အရမ်းကို စစ်မှန်နေတယ်။
“ ငါမပြောပါဘူး။ ညီတော် ခြောက်က ဘာလို့များ ဒီလို ကောက်ချက်ချရတာလဲ။” လင်းထျန်းရုံ ဒေါသကို ထိန်းပြီးနေပြီ။ ဒါပေမယ့် လင်းရှင်းကြွယ်ရဲ့ စကားက သူ့ ဒေါသတွေကို ပြန်မြင့်တက်လာစေပြန်တယ်။
“ ဟ ဟား… ။ အကိုတော် ကိုယ်တိုင်ပဲ ပြောတာလေ။ ကျွန်တော်က ဘာမှ မပြောပါဘူး။ ကောင်းပြီလေ။ မြို့တော်ထဲမှာ အသက် ၃၅ နှစ်မကျော်တဲ့ ပညာရှင် ရှိလို့လား။” ဒါပေါ့။ လင်းထျန်းရုံရဲ့ ဒေါသတွေကို သူမြင်နေတယ်။ ဒီ ဒေါသတွေကို ပိုထွက်လာအောင် သူ လုပ်ပေးချင်နေတာ။
“ ပြောတာ ကောင်းတယ် ညီတော်ခြောက်။ ပြောတာ ကောင်းတယ်။ ငါက အမှန်ကို ပြောနေတာ။ ညက သိပ်ပြီးတော့ မလင်းပေမယ့်။ သူ့ မျက်လုံးထောင့်တွေမှာ အရေးအကြောင်း တစ်စက်မှ မရှိတာကို ငါ ကောင်းကောင်း မြင်ရတယ်။ သူ့ အသက်က ၃၅ နှစ်အောက်လို့ ငါက ဘာ်လို့ မပြောနိုင်ရမှာလဲ။” လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပါသေးတယ်။
“ ဒါက ရုပ်ဖျက်ထားတာ သက်သက်ဖြစ်နေရင်ကော။” လင်းရှင်းကြွယ် ပြုံးပြပြီး မေးပြန်တယ်။
“ ရုပ်ဖျက်ထားတာ ဟုတ်လား။” လင်းထျန်းရုံ မျက်လုံးပြူးသွားတယ်။ ရုတ်တရက် ဒီလူရဲ့ အသံတိုးတိုး လေးကို သူ ပြန်တွေးမိသွားတယ်။ အမတ်မင်းတွေလည်း ရုပ်ဖျက်တယ်ဆိုတဲ့ စကားလုံးကို ကြားချိန်မှာတော့ သူ တို့တွေ အကြည့်ပြောင်းသွားတယ်။ အဲ့ဒီ့နောက် ခေါင်းငြိမ့်ကြတယ်။ နောက်ဆုံးတော့လည်း ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ သုံးယောက်ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်တာက အသက် ၃၅ နှစ်အောက်ဆို။ ကြင်ယာတော် ဟွားဖေးပဲ ရှိမှာလေ။
ဒါပေမယ့် နောက် ရှုထောင့် တစ်ခုက စဥ်းစားရင်တော့။ ဒီ မျက်နှာဖုံးစွပ်လူက အစတည်းက ကြံစည်ထားတာ။ သူ ဒီလို မလာခင် အရင်ဆုံး ရုပ်ဖျက်မယ်။ ငယ်ရွယ်တဲ့ ပုံစံ ဟန်ဆောင်မယ်။ ဒါက အရမ်းကို ဖြစ်နိုင်ပါတယ်။ အိမ်ရှေ့စံရဲ့ အိမ်တော်ကို မီးရှို့တဲ့ ကိစ္စမျိုး မလုပ်ခင်။ သူက အလောတကြီးနဲ့ ဆောင်ရွက်ပါ့မလား။ သေချာစီစဉ်ထားမှာပဲပေါ့။
အမတ်မင်းတွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အတည်ပြုလိုက်ကြတယ်။ ပင်းယန်က ဝိုင်တွေ မူးပြီး အရှေ့နန်းတော်ကို မီးရှို့ဖို့ ရောက်လာတာတော့ ဘယ်သူမှ မခန့်မှန်းမိ။ လူတိုင်းက ပင်းယန်ရဲ့ အစွမ်းကို သိတယ်လေ။ ပြန်လည်မွေးဖွားမှု အဆင့် သုံးယောက် မပြောနဲ့။ တစ်ယောက်ကိုတောင် မှောက်အောင် မတိုက်နိုင်တာ အသိသာကြီး ။
“ပင်းယန် မင်းသမီး ကြွချီလာပြီ။” အဝေးကနေ အသံ ပေါ်လာတယ်။ အဲ့ဒီ့နောက် လူတစ်အုပ် အမတ်မင်းတွေ ရှေ့ကို လျှောက်လာကြတယ်။ အလယ်မှာ ရှိတဲ့ သူကတော့ အနီရောင် ဝတ်ရုံရှည်ကို ဝတ်ထားပြီး။ ဖန်သလင်းလို မျက်လုံးတွေက တစ်လက်လက်တောက်နေသူ။ သူမရဲ့ ပန်းနုရောင် နှုတ်ခမ်းလေးတွေက ဂုဏ်ယူဝံ့ကြွားတဲ့ ပုံစံနဲ့ ပြုံးနေတယ်။ ပင်းယန်။ သူမရဲ့ ညာဘက်မှာတော့ အေးစက်စက် ခံစားချက်မဲ့တဲ့ အမူအယာ နဲ့ ရန်ရွှယ် ။ သူ့ဝတ်ရုံပေါ်မှာ အနီရောင် တိမ်သဏ္ဍာန်တွေ မှိန်ဖျော့ဖျော့ရှိနေတယ်။
အပိုင်း(၅၅၀)ပြီး၏။