အပိုင်း (၅၅၁-၅၆၀)
Vol. 6 Ch. 551-560
အပိုင်း (၅၅၁)
“ သည်းမခံနိုင်လောက်စရာ စိတ်အားထက်သန်မှု။”
ဘယ်ဘက်ကလူကတော့ နန်ကုန်းမု။ ပုံမှန်ဝတ်ရုံကို ဝတ်ထားပြီးတော့ သူ့ အမူအယာက ကန်ရေပြင်လို အေးချမ်းနေတယ်။
“ ဒါဆိုရင် နန်ကုန်းမုက မြို့တော်ကို ရောက်နေပြီပေါ့။” ညီလာခံက အမတ်မင်းတွေ နန်ကုန်းမုကို မြင်တော့ နည်းနည်ေးတာ့ အံ့သြသွားတယ်။ ဒါပေမယ့် အခုကိစ္စက လန့်စရာတော့ မဟုတ်ဘူးလေ။ နောက်ဆုံးတော့လည်း နန်ကုန်းမုက ညီလာခံ စာမေးပွဲကို လာဖြေမှာပဲလေ။ ဒါပေမယ့် နန်ကုန်းမုက ပင်းယန်ရယ် ရန်ရွှယ် ရယ်နဲ့ အတူတူ ပေါ်လာတာကတော့ အံ့သြစရာပဲ။
အိမ်ရှေ့စံ လင်းထျန်းရုံကတော့ တော်တော်လေးကို စိတ် အခြေအနေ မကောင်းတာ ။ ဧကရာဇ် လင်းမုပိုင် က သူ့ကို လူရှေ့မှာ အော်ငေါက်တာ ဒါ ပထမဆုံးပဲ။ ပင်းယန် ရောက်လာတာ မြင်တော့ သူ တစ်ချက် လှမ်းကြည့်တယ်။ သူစကားပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ။ အေးစက်မှုတွေ မျက်လုံးထဲမှာ ဖြတ်ပြေးသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ရန်ရွှယ်နဲ့ နန်ကုန်းမုကိုပါတွေ့ရတာ ကြောင့်ပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကို သူ မမြင်ဘူး။ သူ အိပ်နေတာလား။ ဒါကြောင့် ပါမလာ တာလား။
အိမ်ရှေ့စံလင်းထျန်းရုံ ကတော့ ဒီလိုမတွေးဘူး။ ဖန်ကျန်းရှီက ပင်းယန် အိမ်တော်မှာ နေနေတာ လူတိုင်းသိတယ်။ နောက်ပြီးတော့ သူ့ရဲ့ အမူအကျင့်အရဆိုရင် ။ အိမ်ရှေ့စံ အိမ်တော်မှာ ဒီလို ကိစ္စကြီး ဖြစ်တာကို သူဘယ်လို လုပ် အလွတ်ခံမလဲ ။
“ ရန်ရွှယ်က ရောက်နေပြီ။ ဒါပေမယ့် ဖန်ကျန်းရှီကို ဘယ်မှာမှ မတွေ့ရဘူး။ ဒါဆိုရင် သူက ….” အတွေးတစ်ခု အိမ်ရှေ့စံရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ သူတစ်ခါမှ မတွေးမိ ဖူးတာပေါ့။ တွေးလည်း မတွေးနိုင်ခဲ့တဲ့ ကိစ္စပေါ့ ။ အသက် သုံးဆယ့် ငါးနှစ်အောက်။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ သုံးယောက်ကို အလွယ်တကူ အလဲထိုးသွားနိုင်တာ။ နောက်ပြီးတော့ သူက ရန်မြို့တော်ကြီးထဲမှာ ရှိနေတာ။
အခု အဖြစ်အပျက်က ရန်မြို့တော်ထဲမှာ ကိုက်ညီတဲ့သူ ရှာဖို့ ခက်ခဲတယ်။ တော်ဝင် ကြင်ယာတော် ဟွားဖေးကလည်း သူတို့ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် တစ်ယောက်သော သူကတော့ အမြဲတမ်း သံသယစာရင်းကနေ လွတ်နေတယ်။ သူက တော်ဝင်မိသားစုလည်း မဟုတ်ဘူးလေ။
ဒါပေမယ့် တောင်ပိုင်းဒေသ မှာ သူ့ရဲ့ စွမ်းဆောင်ခဲ့မှုက ကြိးမားလွန်းတယ်။ တောင်ပိုင်းစစ်ပွဲမှာ အနိုင်ရခဲ့တာ သူ့ကြောင့်ပဲ။ အကြီးကျယ်ဆုံး သူရဲကောင်းကြီး ။ သုခမိန် တစ်ဝက် ချန့်ယန်းကိုလည်း အနိုင်တိုက်ခဲ့သေးတယ်။ ဖန်ကျန်းရှီ။ လူတိုင်းက ကျင့်ကြံဆင့် မရှိတော့ဘူးလို့ သတ်မှတ်ထားတဲ့သူ။
ထုံးစံ အတိုင်း သူ့ကို လူတိုင်းက လျစ်လျူရှုထားကြတယ်။ အတွေးထဲကို မရှိတာ။ ဖန်ကျန်းရှီက ကျင့်ကြံဆင့် မရှိတော့တဲ့သူ ။ သူ့လို လူက အိမ်ရှေ့စံ အိမ်တော်ကို ဝင်ပြီးတော့ ပြန်လည်မွေးဖွားမှု အဆင့် ကျင့် ကြံသူ သုံးယောက်ကို အနိုင်တိုက်သွားတယ်ဆိုတာ ဖြစ်နိုင်မှာလား။ ဒါပေမယ့် အကယ်၍ သူသာ ကျင့်ကြံဆင့် ရှိနေရင်ကော …?
တစ်ချိန်တည်းမှာပဲ လင်းထျန်းရုံ ရဲ့ ကျောရိုးထဲ စိမ့်ချမ်းသွားခဲ့တယ် ။ ဒါသာ အဖြစ်မှန် ဖြစ်ခဲ့မယ်ဆိုရင်။ ရလဒ်က တုန်လှုပ်စရာ ကောင်းလွန်းလို့ လက်မခံနိုင်စရာပဲ။ တောင်ပိုင်းဒေသ တိုက်ပွဲမှာ။ ဖန်ကျန်းရှီက ကျင့်ကြံဆင့် မပျောက်ဆုံး ခဲ့ဘူး ဆိုရင်ကော။
နောက်ပြီးတော့ တစ်နှစ်ကျော် အချိန် အတွင်းမှာ။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ သုံးယောက်ကို အနိုင်တိုက်နိုင်တဲ့ အထိ သူ အင်အားကြီးလာတာလား။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ တစ်ယောက် က ဒီလောက်ထိ အင်အားကြီးလာတာ မဖြစ်နိုင်တာပဲ။ ဒါပေမယ့် ဒီလူကသာ ဖန်ကျန်းရှီ ဆိုရင်တော့ ဖြစ်နိုင်ချေက အရမ်း များတယ်။
ဖန်ကျန်းရှီက ကြယ်တာရာ စုဝေးမှု အဆင့်ကနေ ကောင်းကင်ရောင်ပြန်အဆင့်ကို ရောက်တယ်။ အဲ့ဒီ့နောက် သဘာဝလွန် အဆင့်ကို ရောက်တယ်။ ဒါတွေ အားလုံးက လပိုင်း အတွင်း ဖြစ်သွားတာ။ သုခမိန် တဝက် ချန့်ယန်းကိုတောင် သူ အနိုင်တိုက်ခဲ့သေး။ ကြောက်စရာကောင်းလိုက်တဲ့ အလားအလာနဲ့။ မမြင်နိုင်တဲ့ စွမ်းရည်တွေ ရှိနေမှာပဲ။ ဒီအချက်တွေ အားလုံးက ဖန်ကျန်းရှီကို ညွှန်ပြနေတယ်။
ဒါက လွဲပြီးတော့ ဖန်ကျန်းရှီက အသက် ၁၈ နှစ်တောင် မပြည့်သေးဘူးလေ။ အကယ်၍ ဒီကိစ္စကသာ အမှန် ဖြစ်ခဲ့မယ်ဆိုရင်။ နောက်ထပ် ကိစ္စတစ်ခုကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ် ။ နှစ်ထပ်ကွမ်း ချန်ပီယံသည် လောကကို ထိတ်လန့်စေပြီး ငြိမ်းချမ်းမှုကို ယူဆောင်လာလိမ့်မယ်။
လင်းထျန်းရုံ သူ့တစ်ကိုယ်လုံး တုန်ယင်လာတာကို ခံစားမိတယ်။ ဒါက ကောင်းကင် နိမိတ်ပဲ။ အိမ်ရှေ့စံ မင်းသား ဖြစ်နေသရွေ့။ နတ်ဘုံက အမိန့်ကို လေးစားရမယ်။ သူ့ရဲ့ ခမည်းတော် ဧကရာဇ်တောင် လေးစားတယ်လေ။ ဖန်ကျန်းရှီက ရွေးချယ်ခံရသူ အဖြစ် အသိအမှတ် ပြုခံလိုက်ရ ရင်။ ရလဒ်တွေက ရှင်းလင်း သွားလိမ့်မယ်။
အိမ်ရှေ့စံ လင်းထျန်းရုံက အရင်ဆုံး နဲ့ ပထမဆုံး ဖယ်ရှားခံရမယ့်သူ ဖြစ်လိမ့်မယ်။ ဧကရာဇ်လင်းမုပိုင် ဘေးမှာ ရပ်နေတဲ့ အမတ်မင်းတွေလည်း ဒီကိစ္စကို တွေးမိကြတယ်။ ပင်းယန် နန်ကုန်းမုနဲ့ ရန်ရွှယ်တို့ အကုန်လုံး ရှိနေပြီးတော့။ ဖန်ကျန်းရှီ တစ်ယောက်တည်း ပျောက်နေတာကြောင့်ပဲ။
“ဖန်ကျန်းရှီ။ ဒီနေ့ အိမ်ရှေ့စံ အိမ်တော်ကို ရောက်လာတာ ဖန်ကျန်းရှီ ဖြစ်နိုင်မလား။”
“ မဖြစ်နိုင်တာပဲ။ သူက ကျင့်ကြံဆင့် မရှိတော့တာ မဟုတ်ဘူးလား။ ဒါဆိုရင်…”
“ ဒီလို သာ ဖြစ်ရင်တော့။ ငါ ကြောက်တာက…”
အမတ်မင်းတွေ မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်။ သူတို့ စိတ်ထဲမှာ ဖန်ကျန်းရှီ သိပ်မကြာခင်က ပြောခဲ့တဲ့ စကားကို ကြားယောင်လာတယ်။
“ ကောင်းကင်တာအို စာမေးပွဲကို ဝင်ဖြေဖို့ ငါပြန်လာတာ။ ”
အဲ့ဒီ့အချိန်တုန်းက ဖန်ကျန်းရှီကို လူတိုင်း လှောင်ရယ်တဲ့ အကြည့်နဲ့ ကြည့်ခဲ့ကြတယ်။ ကျင့်ကြံဆင့် မရှိတဲ့ လူတစ်ယောက်က ဘယ်လိုများ စာမေးပွဲ ဖြေနိုင်မှာလဲ။ ဒါက ဖြစ်တောင် ဖြစ်နိုင်လို့လား။
ဖန်ကျန်းရှီ စာမေးပွဲကို အောင်နိုင်တယ်ဆိုတာ ဘယ်သူမှ မတွေးထားမိဘူး။ ဒါပေမယ့် အကယ်၍ ဖန်ကျန်းရှီသာ ကျင့်ကြံဆင့် မပျောက်ဆုံး ခဲ့ရင်ကော။ ရလဒ်တွေက လုံးဝကို ကွာခြားသွားလိမ့်မယ်။ စာမေးပွဲ အောင်ရုံတင် မကဘူး ။ စာမေးပွဲမှာ ထိပ်တန်း တောင် ဖြစ်နိုင်တယ်။ အိမ်ရှေ့စံနဲ့ အမတ်မင်းတွေ တွေးတွေးပြီး ကြောက်နေတဲ့ အချိန်မှာပဲ။ ပင်းယန် ရန်ရွှယ်နဲ့ တခြားသူတွေက ဧကရာဇ် လင်းမုပိုင် ရဲ့ ရှေ့ကို ရောက်လာတယ်။
“ခမည်းတော် ဘာတွေ ဖြစ်နေတာလဲ။” ပင်းယန်က ဧကရာဇ် လင်းမုပိုင် ကို စပ်စုလိုစိတ် ပြည့်နေတဲ့ အမူအယာ နဲ့ မေးတယ်။ တစ်ချိန်တည်းမှာပဲ ဒူးထောက်နေတဲ့ လင်းထျန်းရုံကို သူလှမ်းကြည့်တယ်။
“ သမီးတော်လေး ဒီလောက် ညနက်နေပြီကို ဘာလို့ ရောက်လာတာလဲ။ နောက်ပြီးတော့ သောက်လည်း သောက်ထားသေးတယ်။ …. အအေးမိမှာ မကြောက်ဘူးလား။ ” ပင်းယန်ကို မြင်တဲ့ အချိန်မှာ ဧကရာဇ် လင်းထျန်းရုံရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ ချစ်မြတ်နိုးမှုနဲ့ ဂရုစိုက်မှုတွေ ပြည့်နှက်နေတဲ့ ဖခင်တစ်ယောက် အဖြစ်ကို ပေါ့။
“ ကြောက်ပါဘူး။” ပင်းယန် ခေါင်းမော့ရင်း ပြန်ဖြေတယ်။
“ အင်း… သခင်လေး ဖန်ကော ဘယ်မှာလဲ။ သူကော သမီးတော်နဲ့ အတူ မလိုက်လာ ဘူးလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာက မထူးခြား။ ပုံမှန် မေးခွန်း မေးတဲ့ အတိုင်းပဲ သူ ပြောတယ်။ ဒါပေမယ့် အမတ်မင်းတွေ အားလုံး နားလည်ကြပါတယ်။ ဧကရာဇ်လင်းမုပိုင်က ပုံမှန်မေးခွန်းမျိုးကို ဘယ်တော့မှ မမေးဘူး။
ထူးခြားတဲ့ ကိစ္စသာ မရှိရင်။ အဆင့်သုံး အမတ်မင်း တစ်ယောက်ကို သူက ဘာကြောင့်များ မေးရမှာလဲ။ ပင်းယန်နဲ့ ဖန်ကျန်းရှီ အတူတူရှိ မနေတာကြောင့် မေးတာမျိုးက ပိုလို့တောင် မဖြစ်နိုင်သေး။ ဒါကြောင့် ဧကရာဇ် လင်းမုပိုင်က အမတ်မင်းတွေနဲ့ အတွေးတူနေတယ်ဆိုတာ သိသာတယ်။
“ ခမည်းတော် ပြောချင်တာက အရှက်မရှိတဲ့ ကောင်စုတ်လား။ သမီးတော်တောင်….”
“ အရှင်မင်းမြတ်က ကျွန်တော်မျိုးကို ရှာနေတာလား၊” ပင်းယန် စကားပြောနေတဲ့ အချိန်မှာပဲ။ အသံတစ်သံ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် လူနှစ်ယောက် ပေါ်လာတယ်။ ပထမဆုံးလူက အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ထားပြီးတော့ ပြုံးနေခဲ့တယ်။ သူ့နောက်မှာတော့ ကြောက်လန့်နေတဲ့ လူငယ်လေး တစ်ယောက် ပါလာခဲ့တယ်။ သူ့မျက်လုံးတွေက မျက်ရည်တွေ ရစ်ဝဲပြီးတော့ လူကလည်း တုန်ယင်နေခဲ့တယ်။ ဖန်ကျန်းရှီ နဲ့ ဝမ်တပေါင်း။
“ဖန်ကျန်း၊ရှီ။” အမတ်မင်းတွေ အဝေးက လူကို လှမ်းကြည့်တယ်။ သူတို့ အားလုံး ထိတ်လန့်နေတဲ့ အကြည့်တွေကို မျက်လုံးထဲ မြင်ရတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ ကောင်းကောင်း မြင်ရဖို့ မျက်မှောင် ကြုတ်လိုက်တယ်။ သူ့မျက်လုံးတွေထဲမှာ ဓားတွေကို ဖြတ်ပြေးနေခဲ့တယ်။ ဖန်ကျန်းရှီကို ကြည့်ရင်း ထူးခြားမှုကို မြင်ရလို မြင်ရငြားရှာနေခဲ့တယ်။ ဒါပေမယ့် သူ စိတ်ပျက်သွားရတယ်။
ဖန်ကျန်းရှီက အရမ်းကို ကောင်းမွန်တဲ့ ပုံစံ ပေါ်နေတယ်။ နောက်ပြီးတော့ နည်းနည်းလည်း မူးယစ်နေတဲ့ ပုံစံပဲ။ မလာခင် သောက်စားထားတယ်ဆိုတာ သိသာတယ်။ ပင်းယန်လည်း တော်တော်သောက်ထားပုံပဲ။ ဒီနှစ်ယောက်ကို ကြည့်ရင်း လင်းထျန်းရုံ တွေးမိတယ်။ ဒါဆို၇င် ဘယ်သူ ဖြစ်နိုင်မလဲ။
လင်းထျန်းရုံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဒါပေါ့။ ဒီလူသာ ဖန်ကျန်းရှီ မဟုတ်ရင် သူ ပျော်မိမှာပေါ့။ ဒါပေမယ့် သူသာ မဟုတ်ရင်။ နောက်ထပ် ရန်သူ တစ်ယောက်ရှိတယ်လို့ ဆိုလိုတာပဲ။ အိမ်ရှေ့စံ ရဲ့ အိမ်တော်ကို ဝင်နိုင်တယ် ။ ဒါပေမယ့် သူ့ရဲ့ ဇစ်မြစ်ကိုတော့ ဖုံးကွယ်ထားနိုင်ဆဲ။ သွမ့်အရှင် လင်းရှင်းကြွယ်ကတော့ ဖန်ကျန်းရှီ ရဲ့ မျက်နှာကို မြင်တော့ တွေးလိုက်တယ်။ “ဒီလူက ကျင့်ကြံဆင့် မရှိတော့တဲ့ ဒုက္ခိတပဲ။”
ဖန်ကျန်းရှီက အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ လူတွေကို လိုက်ကြည့နေတယ်။ အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင် ရဲ့ မျက်နှာကို စိုက်ကြည့်ပြန်တယ်။ ဧကရာဇ်လန့်သွားတယ်။ တလက်လက်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ဆီကို ဦးတည်လာနေတဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။
အဲ့ဒီ့နောက် သူ့မျက်နှာ အမူအယာကို ပြန်ထိန်းလိုက်တယ်။ ဖန်ကျန်းရှီကို ပြုံးပြတယ်။
“သခင်လေး ဖန်က ပင်းယန်နဲ့ အတူ ထွက်လာတာ မဟုတ်ဘူးလား။”
“အရှင်မင်းမြတ်။ ကျွန်တော်မျိုး နိမ့်ကျတဲ့ ပြည်သူလေးက အရှင်မင်းသမီးနဲ့ အတူတူ ထွက်လာတာပါ။ ဒါပေမယ့် ကျွန်တော်မျိုးက လမ်းလျှောက်တာ နည်းနည်း နှေးတယ်။ နောက်ပြီးတော့ သခင်ဝမ်ကလည်း ဗိုက်သိပ်မကောင်းဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ နည်းနည်းလေး နောက်ကျသွားတာပါ။” သူ့နောက်က ဝမ်တပေါင်းကို လက်ညှိုးထိုပြရင်း ဖန်ကျန်းရှီ ပြောတယ်။ ဝမ်တပေါင်း ဒါကို ကြားတော့ သူ့မျက်နှာ အမူအယာက ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားတယ်။ အကူအညီမဲ့ပြီးတော့ ကြောက်လန့်နေတဲ့ ပုံစံပဲ။
“ ကိုယ်တော် နားလည်ပြီ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ် ။ စိတ်ပျက်လက်ပျက်အသံနဲ့ သူပြန်ဖြေတယ်။ “ သခင်လေး ဖန်ရဲ့ အဆင့်ကို ကိုယ်တော် ပြန်ပေးလိုက်ပြီ။ ဒါတောင် နိမ့်ကျတဲ့ ပြည်သူလေးလို့ သုံးနှုန်းနေဆဲလား။ အခု ချီးမြှင့်လိုက်တဲ့ အဆင့်သုံး အမတ်မင်းက သခင်လေး ဖန် အတွက် နိမ့်ကျနေလို့လား။”
“ ဟုတ်ပါတယ်။ နည်းနည်းလေးတော့ နိမ့်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြန်ပြောတယ်။ “ ဒါပေမယ့် အရေးကြီးဆုံ းအကြောင်းရင်းကတော့ ။ တောင်ပိုင်းဒေသ ကိစ္စအတွက် ဘာသတင်းမှ မကြားရသေးတာပဲ။ ဒါကြောင့် ကျွန်တော်မျိုးလည်း အခုချိန်မှာ ညီလာခံ အတွက် ဘာမှ လုပ်ဖို့ စိတ်ကူးမရှိဘူး။”
“ ရိုင်းစိုင်းလိုကတာ။ ဧကရာဇ်ကိုယ်တိုင် ချီးမြင့်ထားတဲ့ ဘွဲ့ထူးကို ဘယ်သူက အထင်သေးရဲမှာလဲ။ နောက်ပြီးတော့ မင်းက ၁၈ နှစ်တောင် မပြည့်သေးဘူး။ ဒီ အသက်အရွယ်မှာ အဆင့်သုံး အမတ်မင်း ဖြစ်နေတာ။ ကြီးမြတ်သောရှမင်းဆက်မှာ သမိုင်းတွင်တဲ့ ကိစ္စပဲ။ ဒါတောင် မင်းက ကျေးဇူမတင်ရုံ မကဘူး။ ဧကရာဇ်ကိုတောင် ပြန် မေးခွန်းထုတ်နေသေး။ ကြီးမြတ်သောရှမင်းဆက် ညီလာခံ အတွက် မင်းက ဘာမှ မလုပ်ဘူး ဟုတ်လား။ မင်းက ဘာပြစ်မှု လုပ်ချင်နေတာလဲ။” ဖန်ကျန်းရှီ ရဲ့ စကားဆုံးတာနဲ့။ နောက်ထပ် အမတ်မင်း တစ်ယောက်ရဲ့ အသံ အခန်းထဲမှာ ထွက်ပေါ်လာတယ်။ သူ့သအံက အတော့်ကို ဒေါသထွက်နေသလိုပဲ။
“ ဟုတ်တယ်။ ဒါက လွန်လွန်းတယ်။”
“ ငါ့အမြင်အရတော့။ ဒီလိုလူမျိုးကို ကန်ထုတ်သင့်တယ်။”
“ အရှင်မင်းမြတ်ကသာ တောင်ပိုင်းဒေသက မင်းရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတာကြောင့် မဟုတ်ရင်။ မင်းရဲ့ အမတ်မင်း ရာထူးကို ဘာလို့ ပြန်ပေးမှာလဲ။ မင်းက ကျင့်ကြံဆင့်မရှိတော့တဲ့ သူပဲ။ မင်းက ဘာဖြစ်လို့ မကျေနပ်နိုင်သေးတာလဲ။” အမတ်မင်း တစ်ယောက်ရဲ့ အသံ နောက်မှာ နောက်ထပ် စကားတွေ အများကြီး ထွက်လာခဲ့တယ်။
ဖန်ကျန်းရှီက ဒီလို ပြန်ဖြေမယ်လို့ ဧကရာဇ် လင်းမုပိုင် မထင်ထားမိဘူး။ သူ နှုတ်ခမ်းတွေ လှုပ်နေပင်မယ့် ဘာပြောရမယ်မှန်း မသိ။ အဆုံးမှာတော့ သူ သက်ပြင်းချလိုက်တယ်။
“ ဒါဆိုရင်။ တောင်ပိုင်းဒေသ ကိစ္စ ဖြေရှင်းပြီးတဲ့အထိ ကိုယ်တော်တို့ စောင့်ရအောင်”
“ နိမ့်ကျတဲ့ အရပ်သားလေး အရှင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ ” ဖန်ကျန်းရှီ တလေးတစားနဲ့ ဦးညွှတ်တယ်။ အဲ့ဒီ့နောက် အိမ်ရှေ့စံ လင်းထျန်းရုံနဲ့ ပြာကျနေတဲ့ စာကြည့်ခန်းကို သူ လှမ်းကြည့်တယ် ။ “အိုး ဒီမှာ မီးလောင်သွားတာလား။“
ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ လူတိုင်း ကြောင်အသွားတယ်။ ဖန်ကျန်းရှီ နဲ့ အိမ်ရှေ့စံ အဆင်မပြေတာ လူတိုင်းသိတယ်။ အိမ်ရှ့စံကို ဒီလို ပြောဝံ့တာလည်း ဖန်ကျန်းရှီ တစ်ယောက်ပဲ ရှိလိမ့်မယ်။ ထေ့ငေါ့နေတာပဲ ။ လုံးဝကို ထေ့ငေါ့နေတာ အသိအသာကြီး။ ဖန်ကျန်းရှီက ဒီကို ရောက်နေတာ ပွဲလာကြည့်ရုံ သက်သက်ပဲ။
“ ဖန်ကျန်းရှီ မင်းဘာပြောတာလဲ။” လင်းထျန်းရုံ ဒေါသထွက်သွားတယ်။ ဧကရာဇ် ဆူပူတာကို သူလက်ခံနိုင်တယ်။ ဒါပေမယ့် ကျင့်ကြံဆင့် မရှိတဲ့သူက လာထေ့ငေါ့နေတာတော့ သည်းမခံနိုင်။
“ အိမ်ရှေ့စံ ရဲ့ စာကြည့်ခန်းကို ပြောနေတာလေ။ ဘာလို့ မီးလောင်တာလဲ။ ကျွန်တော် မျိုး အမှန်ကို ပြောနေတာ မဟုတ်ဘူးလို့ အရှင့်သား ထင်လို့လား။ ကျွန်တော်မျိုး ပြောတာ အမှားပါလို့လား။ ” ဖန်ကျန်းရှီ အသံ ခပ်တိုးတိုး ထွက်ရင်း ရယ်မောတယ်။
“မင်း ….” အိမ်ရှေ့စံ လင်းထျန်းရုံ ပြန်ပြောချင်တယ်။ ဒါပေမယ့် သူ့မှာ ဘာပြောစရာ မှ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဧကရာဇ် လင်းမုပိုင်က သူ့ရှေ့မှာ ရှိနေတယ်။ လင်းရှင်းကြွယ်ကလည်း သူ့ ရှေ့မှာ။
“ ကောင်းပြီလေ။ မင်းက အိမ်ရှေ့စံ။ အမတ်မင်း တစ်ယောက်နဲ့ ဘယ်လိုများ ငြင်းခုံရတာလဲ။ ” ဧကရာဇ် လင်းမုပိုင် ခေါင်းခါတယ်။ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာက ထိန်းသိမ်းရမယ်လေ။ ဒါပေမယ့် အမတ်မင်းတွေကို ဖိနှိပ်တာမျိုးတော့ မလုပ်သင့်ဘူး။ တခြားသော အမတ်မင်းတွေလည်းခေါင်းခါကြတယ်။
ဖန်ကျန်းရှီ ရဲ့ အပြုအမူတွေကြောင့် သူ တကယ့်ကို လန့်သွားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီပေါ်လာတာနဲ့ ဒါမျိုးဖြစ်တာက မဆန်းဘူးလေ။ အိမ်ရှေ့စံ ။ ဒါက သာမာန်လူတွေ အတွက်တော့ အရမ်းကို မြင့်မားတဲ့ နေရာတစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဧကရာဇ်ကိုတောင် မလေးမစား ပြုနေတာ။ ဝမ်တပေါင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ခေါင်းထဲကနေ တကယ် မထုတ်နိုင်။
သူကြောက်နေတာ ဖန်ကျန်းရှီ ပြောနေတဲ့ စကားတွေကြောင့် မဟုတ်ဘူး။ အိမ်ရှေ့စံ နောက်က ပြာကျနေတဲ့ စာကြည့်ခန်းနဲ့ ။ ဒူးထောက်နေတဲ့ ဧည့်သည်တော်သုံးယောက်ကို မြင်ရတာကြောင့်ပဲ။ တစ်ချိန်တည်းမှာပဲ ။ သူ့နောက်ကျောကနေ ချွေးတွေ ကျတာ ရပ်သွားတယ်။ အခု အဖြစ်အပျက်ရဲ့ နောက်ကွယ်က ကြံစည်သူကြီးကို သူကောင်းကောင်းသိတယ်လေ။
တကယ်တော့ ပင်းယန်တောင်မှ ဖန်ကျန်းရှီကို မြင်တော့ လန့်သွားခဲ့တာ။ မျက်စိမှောက်နေတယ်လို့ သူမ ထင်ခဲ့တာ။ ဖန်ကျန်းရှီ စကားမပြောခင်အထိပေါ့။ နောက်ဆုံးမှာတော့ အိမ်ရှေ့စံ နောက်က မီးလောင်ပြင်ကို ကြည့်ရင်း သူမ နားလည်သွားတယ်။ ဒါတွေ အားလုံးက တစ်ခုတည်းကို ညွှန်ပြနေတယ်။
“ ငါက ကောင်းကင်တာအို ခန်းမ စာမေးပွဲကို ဖြေဖို့ ပြန်လာတာ။”
“ ငါ ကတိတစ်ခုကို တည်ရအုန်းမယ် ။ ဒါကြောင့် သွားကို သွားရမယ်။ ”
ပင်းယန်ရဲ့ အသက်ရှူသံတွေ တဖြည်းဖြည်း လေးလံလာတယ်။ သူမ ရင်ဘတ်က နိမ့်ချည် မြင့်ချည် ဖြစ်နေတာ သိသာတယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေက ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း တဆတ်ဆတ်တုန်နေတယ်။ ဒီ အရှက်မရှိတဲ့ ကောင် စုတ်က ကျင့်ကြံဆင့် မပျောက် ဘူးလို့ ပြောနေတာလား။ ဒီအတွေး က သူမ ခေါင်းထဲ ရစ်ဝဲလာတယ်။ နောက်ထပ် မြင်ကွင်းတစ်ခု သူမ စိတ်ထဲ ပေါ်လာတယ်။ ကောင်းကင် တာအို ခန်းမကနေ ရောက်လာတဲ့ စာ။
“ ပင်းယန် ယန်လေးအခု အာရုံစိုက်ပြီး လေ့ကျင့်ရမယ်။ နောက်လပိုင်း အတွင်း စာရေးနိုင်မှာ မဟုတ်ဘူး။ ”
“ကတိတဲ့လား။”
“ လေ့ကျင့်ရမယ်တဲ့။”
ပင်းယန်ရဲ့ မျက်နှာ တစ်ခုလုံး နီရဲသွားတယ် ။ ဒီလို အရာအားလုံးကို ရုတ်တရက် သဘောပေါက်တာက ကြမ်းတမ်းလွန်းတယ်။ ဒါတွေ အားလုံးကို ချက်ခြင်းတော့ လက်မခံနိုင်ဘူး။
အပိုင်း(၅၅၁)ပြီး၏။
အပိုင်း (၅၅၂)
“ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ အမျိုးသမီး။ ”
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီကောင်က ကျင့်ကြံဆင့် မပျောက်ဘူးဆိုရင် ….”
ပင်းယန် ဖန်ကျန်းရှီကို မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေတယ်။ သူ့ရဲ့မူးယစ်နေတဲ့ ပုံစံနဲ့ ခပ်ဖျော့ဖျော့ အပြုံးကို စိုက်ကြည့်နေတယ်။ ဒီနေ့ မတိုင်ခင် တုန်းက။ ဖန်ကျန်းရှီက မောက်မာတယ်။ ဉာဏ်နည်းပြီး အရှက်အကြောက်မရှိ မျက်နှာပြောင် တိုက်တတ်တဲ့ ကောင်လို့ ပင်းယန် တွေးခဲ့တာ ။ သူ့ခမည်းတော် ရှေ့မှာတောင် ဈေးလာဆစ်နေသေးတယ်။
အခုချိန်မှာတော့ ပင်းယန် ဘာကိုမှ မတွေးမိတော့ဘူး။ လူတစ်ယောက်က မသန်မာတဲ့ အချိန်မှာ ။ သူ့ရဲ့ မောက်မာတဲ့ အမူအယာက တခြားသူတွေ အမြင်မှာ ဘဝင်မြင့်နေတယ်လို့ ထင်စေလိမ့်မယ်။ ဒါပေမယ့် အကယ်၍ ဒီလူသာ တကယ့်ကို သန်မာနေမယ်ဆိုရင်ကော။ သူ့ကို ရူးနေတဲ့သူ လို့ထင်ပြီး နှိမ့်ချအုန်းမှာလား။ ဒါက အမှားတစ်ခုပဲ။ အရာအားလုံးက မှားနေတာ။ သူမ တစ်ယောက်တည်းတင်မှားနေတာ မဟုတ်ဘူး။ အမတ်မင်းတွေ အားလုံး။ သူမရဲ့ တတိယအကို အိမ်ရှေ့စံ။ သူမရဲ့ အကိုတော် ခြောက် သွမ့်အရှင်။ ခမည်းတော် ဖြစ်တဲ့ ဧကရာဇ် အကုန်လုံး မှားနေတာ။
“ ဒီ အရှက်မရှိတဲ့ကောင်က မောက်မာခွင့်ရှိတယ်။ သူမရဲ့ ခမည်းတော်ကိုလည်း ဈေးဆစ်ခွင့်ရှိတယ်။ အဆင့်သုံး အမတ်မင်းတဲ့လား။ သူက ဥပဒေ အမတ်မင်း ဖြစ်ဖို့တောင် တန်သေးတယ်။ အကယ်၍ ဒီနေ့ဖြစ်ခဲ့တာ က ဖန်ကျန်းရှီ ရဲ့ အစီအစဉ်သာ ဖြစ်ခဲ့ရင်။ သူ့ရဲ့ စွမ်းရည်တွေ နဲ့ လိုက်ဖက်တဲ့ ဂုဏ်ပုဒ်တစ်ခု တကယ့်ကို ပေးသင့်တယ်။” ပင်းယန် ဖန်ကျန်းရှီ အနားကို ရောက်သွားတယ်။
ဒီ အရှက်မရှိတဲ့ ကောင်စုတ်ရဲ့ မျက်နှာကို သူ သေချာမြင်ချင်တယ်။ သူမ တွေးထားသလို တော်တဲ့သူ ဟုတ်မဟုတ် သိချင်တယ်။ ပါးပြင်တွေရဲ ရဲနီနေတဲ့ ပင်းယန် ရှေ့ကို ယိုင်ထိုးရင်း လျှောက်လာတယ်။ တော်တော်လေး နီးကပ်သွားတာကိုတော့ သူမ သတိမထားမိ။ သူမ မျက်နှာက ဖန်ကျန်းရှီနဲ့ အချိန်မရွေးထိတွေ့ သွားနိုင်တယ်။ ဒီမြင်ကွင်းက အမတ်မင်းတွေရဲ့ အာရုံကို အတော်လေး ဖမ်းစားတယ်။ လူတိုင်းက အခြေအနေ အလှည့် အပြောင်းကြောင့် လန့်နေကြတာ။ ပင်းယန် က ဖန်ကျန်းရှီ အနားကို တဖြည်းဖြည်းချင်း ကပ်လာတယ်။ အရမ်းကို ကပ်နေပြီ။
“ ရှက်စရာကောင်းလိုက်တာ။ ”
အကယ်၍ ဒီလူသာ ပင်းယန်မဟုတ်ပဲ တခြား မိန်းမပျို တစ်ယောက်သာ ဖြစ်မယ်ဆိုရင်တော့ ။ သူတို့တွေ လည်ချောင်းနာတဲ့ အထိ အော်ကြမှာပဲ။ ဒါပေမယ့် သူတို့ မအော်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ မလုပ်ရဲကြလို့ပဲ။ ဒီလူက ပင်းယန် ဖြစ်နေတယ်လေ။ ဧကရာဇ်ရဲ့ အချစ်ဆုံး သမီးတော်။ နောက်ပြီးတော့ ဧကရာဇ်က သူတို့ ရှေ့တည့်တည့်မှာရှိနေတယ်။
“ ဒါဆိုရင် ဒီကောင်က မင်းသမီးကို….”
“ ဧကရာဇ်ကို မထီမမဲ့မြင် ပြုပြီးတော့။ သူ့ရဲ့ အမတ်မင်း အဆင့်ကို မကျေနပ်တာလည်း ဖြစ်သင့်တာပဲလေ။ အိမ်ရှေ့စံကိုတောင် ဂရုမစိုက်ဘူး။ သူ့နောက်မှာ အထောက်အပံ့ ရှိနေတာပဲ။ ”
“ ဖန်ကျန်းရှီ က ပင်းယန်အိမ်တော်မှာ နေနေတဲ့ အချိန် အကွက်ချတာကို မရပ်ခဲ့ဘူးပဲ။ ကြည့်ရတာ မင်းသမီးကို သူ တစ်ခုခု လုပ်ထားတဲ့ ပုံပဲ။ ဒီလောက် အရှက်မရှိလိုက်တာ။ မင်းသမီးက လက်တောင်မထပ်ရသေးဘူးလေ။”
“ သူ ရချင်တာကို မရဖို့ ငါ မျှော်လင့်ပါတယ်။ … မဟုတ်ရင်…”
ဒီ အတွေးတွေက အမတ်မင်းတွေရဲ့ စိတ်ထဲ ဝင်လာတယ်။ ဖန်ကျန်းရှီ ကို နောက်တစ်ကြိမ်ကြည့်ရင်း သူတို့ စိတ်ထဲမှာ အတွေးသစ်တွေ ဝင်လာ ပြန်တယ် ။ ဥပမာအားဖြင့်။ လူယောင်ဆောင်ထားတဲ့ သားရဲကြီး တစ်ကောင် ။ ဒါမှမဟုတ်ရင် ရိုးသားပြီး အပြစ်ကင်းစင်တဲ့ ပင်းယန် မင်းသမီးကို ဖျားယောင် သွေးဆောင်တဲ့သူ။
“ဖန်ကျန်းရှီ မင်း ဘယ်လို လုပ်ဝံ့….” လင်းထျန်းရုံ ဒီစကားတွေကို ပြောချင်တယ်။ ဒါပေမယ့် အမတ်မင်းတွေရဲ့ အကြည့်ကြောင့် စကားလုံးတွေကို မျိုသိပ်ထားလိုက်ရတယ်။ သူ့ရဲ့ မျက်လုံး တစ်စုံက မျက်မှောင်ကြုတ်ရင်း ပင်းယန်ကို စိုက်ကြည့်နေတယ်။
အကယ်၍ ဖန်ကျန်းရှီ နဲ့ ပင်းယန်သာ တကယ်ပဲ ဒီလို ဆက်ဆံရေး ဖြစ်ခဲ့ရင်။ ဖန်ကျန်းရှီကို သူ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး။ ဧကရာဇ်က ပင်းယန်ကို လုံး၀ အထိခိုက်ခံမှာ မဟုတ်လို့ပဲ။ ပင်းယန်ကို မုဆိုးမ အဖြစ်ခံမှာလား ။ ဒါက ပိုတောင် မဖြစ်နိုင်သေးတယ်။ ဒီ မြင်ကွင်းက နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်းတယ်။
ဧကရာဇ်လင်းမုပိုင်လည်း ဆွံ့အနေခဲ့တယ်။ သူ့မျက်နှာ အမူအယာက ထူးဆန်းနေပြီးတော့ မျက်လုံးတွေက အထိတ်တလန့်နဲ့ ပြူးကျယ်နေတယ် ။ ဖခင်တစ်ယောက် အနေနဲ့။ သူ့သမီးတော်လေးကို အကောင်းဆုံး ဘ၀ ပေးချင်တယ်။ ကာကွယ်ပေးချင်တယ်။
ဒါပေမယ့် ပင်းယန်က ဖန်ကျန်းရှီလို ကောင်မျိုးနဲ့ ချစ်ကြိုက်သွားမယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါမျိုးက ဒီလောက် မြန်မြန် ဖြစ်လာလိမ့်မယ် လို့ ပိုလို့တောင် မထင်မိသေး ။
“ မင်း လူ့တိရစ္ဆာန်ကောင်။ ငါ့သမီးတော်က ငယ်ငယ်လေး ရှိသေးတာ။ ငါ့သမီးတော်ကို ငါ့ဘေးမှာ နောက်ထပ် နှစ်တွေ အကြာကြီး နေစေချင်သေးတယ်။ မင်းလို ကောင်က ဘယ်လိုများ.. ” ဧကရာဇ် လင်းမုပိုင် စိတ်ထဲကနေ အော်ဟစ်နေမိတယ်။ ဒါပေမယ့် ပါးစပ်ကနေတော့ ထွက်မလာခဲ့ဘူး။
ဘာကြောင့်လဲဆိုတော့ ပင်းယန်က ဖန်ကျန်းရှီ ဆီကို တည့်တည့်ကြီး သွားနေတာကို တွေ့နေရလို့ပဲ။ နောက်တစ်တစ်နည်း ပြောရရင် သူ့ရဲ့ သမီး ရတနာလေးက ဇာတ်လမ်းစတဲ့ သူ ဖြစ်နေပုံပဲ။ အကယ်၍ သူတို့ကို အခုချိန်မှာ အင်အားသုံးပြီး တားမြစ်ရင်။ ဆန့်ကျင်ဘက်ရလဒ်ပဲ ထွက်လာလိမ့်မယ်။ တော်ဝင်မိသားစု တွေရဲ့ လက်ထပ်တာပဲ။ ဒါက အမြဲတမ်း ရှုပ်ထွေးတဲ့ ကိစ္စပဲ။
တစ်ခါတစ်လေမှာ အင်အားကြီး အမ တ်မင်းတွေရဲ့ အထောက်အပံ့ကို ရဖို့ လက်ထပ်ရတယ် ။ နောက်တစ်ခါ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးရဖို့ လက်ထပ်ရတာမျိုးရှိတယ်။ ဒါပေါ့။ ပင်းယန်ကို နိုင်ငံရေး ကိစ္စ အတွက် လက်ထပ်ဖို့ တစ်ခါမှ မတွေးမိဖူးဘူး။ ဒါပေမယ့် သူမ လက်ထပ် ချင်တဲ့ သူနဲ့ ပေးလက်ထပ်မယ် လို့ မဆိုလိုဘူး။
ဖန်ကျန်းရှီကို ပင်းယန် ကြိုက်သွားတာကတော့ ပြောဖို့တောင် မလိုဘူး။ ဖန်ကျန်းရှီက သူမှန်းထားသလောက် ကောင်းတဲ့ သူ တစ်ယောက်ပါပဲ။ ဧကရာဇ်လင်းမုပိုင် ဒါမျိုးကို တစ်ခါမှ မတွေးဖူးဘူး။ အရာအားလုံးက ရုတ်တရက် ဆန်လွန်းတယ်။ အခြေအနေကို လက်ခံဖို့ အချိန် လိုအပ်သေးတယ်။ ဖန်ကျန်းရှီ တကယ်ပဲ သမက်တော်လိုက်ရမှာလား။ ဒီအချိန်မှာ ဧကရာဇ် လင်းမုပိုင် သူတစ်ခါမှ မကြုံဖူးတဲ့ ပြဿနာ အကြောင်းကို တွေးမိတယ်။
ဖန်ကျန်းရှီကတော့ ထုံးစံအတိုင် အမတ်မင်းတွေရဲ့ စိတ်အတွေးကို သတိမထားမိဘူး။ သူ့ ခေါင်းကို နောက်ပြန်လှည့်လိုက်တဲ့ အချိန်မှာ။ လေပူပူနွေးနွေး တစ်ခုကို ခံစားလိုက်မိတယ်။ ဖန်သလင်းလို ကြည်လင်နေတဲ့ မျက်လုံးပြာပြာ တစ်စုံက သူ့ဆိကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေတယ်။ ပင်းယန်က ဒီလို လှုပ်ရှားမှုမျိုးကို လုပ်လာမယ်လို့ မထင်ထားမိဘူး။ မျက်လုံးတစ်စုံရဲ့ အောက်မှာ ပန်းနုရောင် နှုတ်ခမ်းလေးတွေ က တုန်ယင်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ အတွေးတွေက ဒီ အချိန်မှာ ရှုပ်ထွေးကုန်တယ်။ သူ့မျက်နှာပေါ်မှာ နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရတယ်။
“ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ သူ့ အတွေးကနေ ပြန်နိုးလာတယ်။ ချက်ခြင်း နောက်ကို ပြန် ဆုတ်တယ်။ သူ့ကိုယ်သူ အမြဲတမ်း ဉာဏ်ပညာကို ကောင်းကောင်း အသုံးချနိုင်တဲ့ပြီး ကိုယ်ကာယ အားကို မသုံးတဲ့ လူ အဖြစ် သတ်မှတ်ထားတယ်။ ဒါပေမယ့် ရင်းနှီးတဲ့ ဆက်ဆံရေးဆိုတာ ဘာလဲ..။ အခု ရောက်လာတာက မျက်နှာတစ်ခုတည်း မဟုတ်ခဲ့ရင်ကော။
ပိုပြီးတော့ အရေးကြီးတာ။ အိမ်ရှေ့စံ သွမ့်အရှင် ဧကရာဇ် နဲ့ အမတ်မင်းတွေ အားလုံး သူ့ရှေ့မှာ ရှိနေတယ်။ သူ အခု ကြုံလိုက်ရတာ ဘာကြီးလဲ။ ဖန်ကျန်းရှီ ဧကရာဇ် လင်းမုပိုင်ကို စိုက်ကြည့်နေတယ်။ မည်းးမှောင်နေတဲ့ မျက်နှာကို သူမြင်တယ်။ ကောင်းပြီလေ…။ သူ့သမီးတော် အသားယူခံလိုက်ရတဲ့ အချိန် ဖြစ်တဲ့ ဖခင်တစ်ယောက်ရဲ့ အမူအယာများလား။ ဒေါသမဟုတ်ရင်တောင် ပျော်နေတာတော့ မဟုတ်ခဲ့ဘူး။
“ -ျီးပဲ ။ ဧကရာဇ်က ငါ့ကို သူ့သမီးနဲ့ ကြိုက်နေတယ်လို့ ထင်သွားတာတော့ မဟုတ်လောက်ဘူး မလား။ ” ဖန်ကျန်းရှီ စိတ်ထဲ အရမ်းကို ပူလောင်နေတယ်။ ရှင်းပြဖို့ လိုနေပြီလို့ သူထင်တယ်။ ဒါပေမယ့် အဲ့ဒီ့အချိန်မှာပဲ ပင်းယန်က သတိဝင်လာတယ်။ ဖန်ကျန်းရှီ နောက်ဆုတ်သွားတာကို သူမ သတိထားမိတယ်။ အခု အဖြစ်ကို သူမ မတုံ့ပြန်နိုင်သေးဘူး။ ဒါပေမယ့် သူမ အော်ဟစ်ဖို့ အချိန် သိပ် မယူလိုက်ရဘူး။
“ ဟမ်…. အား…..” တစ်ချိန်တည်းမှာပဲ သူမရဲ့ ခြေထောက်တစ်ဖက်က ဖန်ကျန်းရှီကို ကန်ထုတ်လိုက်တယ်။ ဒါက ပုံမှန် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အကွက်ပဲ။ သူမ ခြေထောက်ကနေ ဘာ အလင်းတန်းမှ ထွက်မလာဘူး။ ဒါက ရှက်ယမ်းယမ်းပြီးတော့ ကန်တာမှန်း လူတိုင်း သိနိုင်တယ်။
“ အား…” အော်သံတစ်ခုနဲ့ တစ်ခု ။ လူရိပ်တစ်ခုက ပျံထွက်သွားပြီးတော့ မြေကြီးပေါ်ကို ဖင်ထိုင်လျက်ကျသွားတယ်။ ိ ဒေါသတကြီးနဲ့ အော်သံ ထွက်လာတယ်။ “ မင်းရူးနေတာလား။”
ဖန်ကျန်းရှီ ဒေါသထွက်နေပြီ။ နောက်ဆုံးတော့လည်း ဒါက ဘာမဆိုင် ညာမဆိုင် အကန်ခံရတာလေ။ ငွေသား ငါးသိန်း လောက်တော့ ရသင့်တယ်။ မဟုတ်ရင် အနည်းဆုံးတော့ ငွေသား တစ်သိန်း ရသင့်တယ်လေ။ ”
ဖန်ကျန်းရှီက ဒေါသထွက်တာ ရူးမတတ်ပဲ။ ပင်းယန်ကတော့ မျက်လုံးပြူးနေ ခဲ့တယ်။ ပင်းယန်ရင် သူ့လမ်းမှာ တောင့်တင်းပြီး ရပ်နေတာ မဟုတ်ဘူး။ ဝမ်တပေါင်းလည်း ကြောင်အနေတယ်။ ရန်ရွှယ်နဲ့ နန်ကုန်းမုတောင် နည်းနည်းလေး အံ့သြနေတယ်။ သူတို့ လေးယောက်က ဖန်ကျန်းရှီကို စိုက်ကြည့်နေကြတယ်။ ဘယ်လို တုံ့ပြန်ရမယ်မှန်းတောင် မသိတော့။ သူက အကန်ခံရတယ်တဲ့လား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
အိမ်ရှေ့စံ ရဲ့ စာကြည့်ခန်းမှာ ဖြစ်ခဲ့တာတွေကို ပင်းယန်တောင် ခန့်မှန်း နိုင်ရင်။ ရန်ရွှယ်နဲ့ နန်ကုန်းမုက ဘယ်လိုများ မခန့်မှန်းနိုင်ပဲ နေမှာလဲ။ ဒီ ကိစ္စကြီးရဲ့ နောက်ကွယ်က ကြံစည်သူကို သူတို့ အားလုံး ခန့်မှန်း ပြီးသွားပြီလေ။ ဒါပေမယ့် ဖန်ကျန်းရှီက ပင်းယန် ကန်ထုတ်တာ ခံလိုက်ရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ရည်ရွယ်ချက်ရှိရှိ လုပ်တာလား။ သူတို့တော့ ဒီလို မထင်ဘူး။ သံသယတွေက အရမ်းကို များပြားလှတယ်။
တခြားသူတွေက ဖန်ကျန်းရှီ အကူအညီမဲ့တဲ့ ပုံစံနဲ့ မြေပြင်ပေါ် ထိုင်နေတာကို ကြည့်နေတယ်။ သူတို့ လေးယောက်ကတော့ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေတယ်။ ပုံမှန် အတိုင်းဆိုရင်။ အိမ်ရှေ့စံ အိမ်တော်ကို မီးရှို့တဲ့လူက ဖန်ကျန်းရှီ လို့ သူတို့ ခန့်မှန်း မိစရာ အကြောင်းမရှိဘူး။ သူတို့ နည်းနည်းလောက် သံသယရှိရုံပဲ ။ အခုတော့ လုံးဝကို သံသယ မရှိတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ပင်းယန်က ပုံမှန် ကန်လိုက်မှန်း လူတိုင်းသိတယ်လေ။ အကယ်၍ ဖန်ကျန်းရှီသာ ကျင့်ကြံဆင့်ရှိနေရင်။ ဒီ တိုက်ခိုက်မှုကို သူခုန်ရှောင်နိုင်မှာပဲ။ ဒါက အလိုလို တုံ့ပြန်မှုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီက မရှောင်နိုင်ခဲ့ဘူး။
“ ဒီလူ ကလုံးဝကို ကျင့်ကြံဆင့်မရှိတော့တာပဲ။” စိတ်ပျက်မှုတွေ အမတ်မင်းတွေရဲ့ မျက်ဝန်းထဲ ပေါ်လာတယ်။ သူတို့ရဲ့ အမြင်အရဆိုရင် ဖန်ကျန်းရှီက ပင်းယန်နဲ့ ဆက်ဆံရေးကောင်းတာတော့ ဖြစ်နိုင်တယ်။ သူ့ရဲ့ အင်အား အရတော့။ ပင်းယန်ရဲ့ သာမာန် ကန်ချန်ကတစ်ချက်ကိုတောင် မရှောင်နိုင်တဲ့ လူက။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေကို အနိုင်တိုက်နိုင်တာ ဘယ်လို ဖြစ်နိုင်မှာလဲ။ လဲကျနေတာကနေ ထလာတဲ့ ဖန်ကျန်းရှီကို ဧကရာဇ် လင်းမုပိုင် စိုက်ကြည့်နေတယ်။ သူ့ရဲ့ လှုပ်ရှားပုံတွေ အရ အရမ်းကို တုန်ယင်နေတာပဲ ။ အားနည်းတယ်လို့တောင် ဆိုလို့ ရတယ်။
“ ငါ အတွေးလွန်နေတာပဲ ဖြစ်လိမ့်မယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းခါတယ်။ မျက်မှောင်ကြုတ်တယ် ။ ပင်းယန်ရဲ့ ဖန်သလင်း မျက်လုံးတွေကို သူလှမ်းကြည့်တယ်။ နွေးထွေးတဲ့ ခံစားချက်တွေ သူ့ နှလုံးသားထဲမှာ ပြည့်နှက်လာ ခဲ့တယ်။
“ သူတို့ နှစ်ယောက်က တကယ်တူတယ်။ နှုတ်ခမ်း နှာခေါင်း အထူး သဖြင့် မျက်လုံးတွေ။ ကြည်လင်ပြီး တောက်ပနေလိုက်တာ။ မြူတစ်မှုန်တောင် မရှိတော့တဲ့ အတိုင်းပဲ။ ” ဧကရာဇ်လင်းမုပိုင် သူ့မျက်လုံးတွေကို ခဏမှိတ်လိုက်တယ်။ သူ့စိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာတယ်။ တန်ဖိုးကြီးလွန်းတဲ့ ပုံရိပ်လေး တစ်ခုက သူ့စိတ်ထဲမှာ ကခုန်နေခဲ့တယ်။ အကျီလက်တွေ တဖျပ်ဖျပ် လွင့်နေတာ တိမ်မီးခိုးတွေ အတိုင်းပဲ။
“ ငါတို့ရဲ့ သမီးတော်လေး တောင် ကြီးလာပြီ ။ မင်းသိလား ။ ဒီနှစ်တွေ အတွင်းမှာ မင်း ဘာလို့ တစ်ခါလေးတောင် လာမကြည့်တာလဲ။”
“ ဆယ်နှစ်တောင် ကျော် သွားပြီနော်။ တကယ်ပဲ ငါ့တို့အတွက် မျှော်လင့်ချက်မရှိတော့ဘူးလား။”
“ မဟုတ်ဘူး။ ငါ လက်လျှော့လို့ မဖြစ်ဘူး။ ”
“ အခွင့်အရေးရှိအုန်းမှာပါ။ အခွင့်အရေးရှိအုန်းမှာပါ။ ဒီနေ့အထိ အချိန် အကြာကြီး စောင့်ခဲ့ပြီးပြီပဲ။”
“ကြည့်ပါအုန်း။ ငါတို့ရဲ့ သမီးလေး အရွယ်ရောက်လာပြီ။ သူ သဘောကျတဲ့ သူလည်း ရှိနေပြီ။
“ ငါ ဘာလုပ်သင့်လဲ။ သမီးလေးကို ဘေးမှာအမြဲ ထားချင်ပေမယ့် မဖြစ်နိုင်ဘူး။ သူမက တစ်ယောက်ယောက်ကို တော့ တနေ့မှာ လက်ထပ်မှာပဲ။ ”
“ဒါပေမယ့်…”
“ ငါတို့ သမီးလေးရဲ့ မင်္ဂလာဆောင်မှာတောင် မင်း လာပါ့မလား။ မင်း တကယ်ပဲ နှလုံးသား မရှိဘူးလား။ ”
“ ငါ့ကို အဖြေပေးပါ ဘာလုပ်သင့်လဲ။”
“ ခမည်းတော်… ခမည်းတော်….. အဆင်ပြေရဲ့လား။”
ပင်းယန်ရဲ့ အသံက ဧကရာဇ် လင်းမုပိုင့် နားထဲကို ပေါ်လာတယ်။ သူမက သူ့လက်မောင်းကို ခပ်ဖြည်းဖြည်း လှုပ်ယမ်း နေတယ်။ ဒါပေါ့။ ဧကရာဇ်ရဲ့ အတွေးလွန်နေတာကို နှောက်ယှက်ဝံ့တဲ့ အပြုအမူ။ ကြီးမြတ်သောရှမင်းဆက်မှာ ပင်းယန်က ဒီလို လုပ်ဝံ့တဲ့ တစ်ဦးတည်းသောသူပဲ။ အကယ်၍ တခြားသူ သာ ဒီလို လုပ်မယ် ဆိုရင်။ မြို့ပြင် ထုတ်ခံရမှာ အမှန်ပဲ။
“ ဟမ်.” ဧကရာဇ် လင်းမုပိုင် သတိပြန်ဝင်လာတယ်။ ပင်းယန်ကို နောက်တစ်ကြိမ် ပြန်ကြည့်တယ်။ သူ့ရဲ့ နူးညံ့တဲ့ အမူအယာ ပြန်ရောက်လာတယ်။ အဲ့ဒီ့နောက် သူပြောတယ်။ “ဘာမှမဟုတ်ပါဘူး။ စိတ်မပူပါနဲ့ ။ ခမည်းတော် တစ်ခုခကို တွေးမိသွားလို့ပါ။”
“ အမေ့ အကြောင်းကို တွေးနေတာလား။” ပင်းယန် မျက်တောင် တစ်ဖျပ်ဖျပ်ခတ်ရင်းနဲ့ ပြောတယ်။ အမတ်မင်းတွေကတော့ ပင်းယန်ရဲ့ မေးခွန်းကြောင့် ချွေးစေးတွေ ထွက်လာတယ်။ ပင်းယန် ပြောခဲ့သလိုပဲ။ ကြီးမြတ်သော ရှမင်းဆက်မှာ ဧကရီ ရှိခဲ့ဖူးပါတယ်။ တစ်ယောက်ထက်မက တောင် ရှိခဲ့သေးတယ်။ ဒါပေမယ့် အဲ့ အဖြစ်အပျက်က ဆယ်စုနှစ် တစ်ခုကို ကျော်သွားပြီလေ။
ပင်းယန်ပြောတဲ့ အမေဆိုတာက။ ကြီးမြတ်သောရှမင်းဆက်ရဲ့ နောက်ဆုံး ရှိခဲ့တဲ့ ဧကရီ ဖြစ်သင့်ပါတယ်။ ပထမဆုံး သူမပေါ်လာတည်းက ဧကရီလို့ တိုက်ရိုက် နာမည် ပေးခံခဲ့ရတာ။ ဒီ အမျိုးသမီး ပေါ်မလာခင်တုန်းက ။ ကြီးမြတ်သောရှမင်းဆက်မှာ ဧကရီတစ်ယောက်ရှိနေပြီးသား။ အိမ်ရှေ့စံ မင်းသားရဲ့ အမေ။ ဒါပေမယ့် အဲ့ဒီ့အမျိုးသမီး ပေါ်လာတာနဲ့။ အရင် ဧကရီရဲ့ ဂုဏ်ပုဒ်က ချက်ခြင်း ပျောက်ကွယ်သွားတယ်။ ဒီ အဖြစ်အပျက်က လူတွေ တွေးသလိုတော့ ပြဇာတ် မဆန်ဘူး။
အကြောင်းရင်းကတော့။ ဒီအဆိုကို အရင် ဧကရီက တင်သွင်းခဲ့တာ ဖြစ်နေလို့ပဲ။ ပိုပြီးတော့ အရေးကြီးတာက အရင်ဧကရီ ဒီအဆိုကို တင်သွင်းတဲ့ အချိန်။ ဘယ်အမတ်မင်းမှလည်း မကန့်ကွက်ခဲ့ကြဘူး။ ဒီဆုံးဖြတ်ချက်ကို ဘယ်သူမှလည်း စောဒကမတက်ခဲ့ကြ။ အရင်ဧကရီက လိုလိုလားလားနဲ့ လွဲပြောင်းပေးခဲ့တာ။ ဒီကိစ္စက ဖြစ်သင့်တဲ့ အတိုင်း ဖြစ်ခဲ့ပါတယ်။ ပျော်ရွှင်မှုတွေနဲ့ ပြန်လည်တောက်လာခဲ့တဲ့ အချိန်လည်း ဖြစ်ခဲ့တယ်။ အဲ့ဒီ့ အချိန်တုန်းက ။ ကြီးမြတ်သော ရှမင်းဆက်မှာ စစ်အင်အား မတောင့်တင်းဘူး။ ဒါပေမယ့် အားလုံးက ကြီးမြတ်သောရှမင်းဆက်ကို ကြောက်ရွံ့ကြတယ်။
အဲ့ဒီ့နှစ်မှာ အိမ်နီးချင်း နိုင်ငံတွေ အားလုံး က ကြီးမြတ်သောရှကိုလည်း လာရောက် လည်ပတ်ကြတယ်။ ဧကရီအသစ်ကို လာတွေ့ကြတာ။ ဒါပေမယ့် သူမက ကြီး မြတ်သောရှမင်းဆက်မှာ ကြာကြာမနေခဲ့ဘူး။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကြီးမြတ်သောရှမင်းဆက် ကနေ ထွက်ခွာသွားတယ်။ တော်ဝင်နန်းတော်ကနေကော ရန်မြို့တော်ကပါ ထွက်သွားတာ။ အခု အချိန်ထိ သူမ ပြန်မလာတော့ဘူး။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ နယ်မြေထဲကို တစ်ခါမှ ခြေမချတော့။ သူမထွက်သွားပြီးတဲ့နောက်မှာ။ ကြီးမြတ်သောရှမင်းဆက်ကို ရန်သူတွေက အမြဲထိပါးနေတယ်။
အပိုင်း(၅၅၂)ပြီး၏။
အပိုင်း (၅၅၃)
“ ဒီလောက် ဟန်ဆောင်ပြစရာလိုလို့လား။”
ဟွားဖေးက ပင်းယန်လေးနဲ့ ပြန်ရောက်မလာခင် အချိန်အထိ ။ ဧကရီ ရုတ်တရက် ပျောက်ဆုံးမှုကြောင့် ဧကရာဇ် လင်းမုပိုင်က လုံးဝပြိုလဲနေခဲ့တာ။ ပင်းယန်က သူ့ကို စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်စေတယ်။ နိုင်ငံကို ပြန်လည် အုပ်ချုပ်ဖို့ စိတ်ခွန်အားတွေပေးတယ်။ ကြီးမြတ်သောရှမင်းဆက် ကို ပြန်လည် အသက်ဝင် လာစေတယ်။
ဧကရီကြောင့်ပဲ နိုင်ငံက ကြီးပွားတိုးတက်ခဲ့တယ်။ ဧကရီ ရုတ်တရက် ထွက်ခွာသွားတာကြောင့်ပဲ ပြိုလဲခဲ့ရတယ်။ သူမ မွေးဖွားပေးခဲ့တဲ့ သမီးတော်လေးက နိုင်ငံကို ပြန်လည်ရှင်သန်လာစေတယ်။ သူမက ကြီးမြတ်သောရှမင်းဆက်ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့သူပဲ။ အမတ်မင်းတိုင်း ဝန်ကြီးတိုင်းရဲ့ စိတ်နှလုံးထဲက ကြောက်ရွံ့ရသူလည်း ဟုတ်တယ်။
“ ပင်းယန်လေးက တကယ့်ကို အရွယ်ရောက်လာ ပြီပဲ။ ” ဧကရာဇ် လင်းမုပိုင် ပင်းယန်ရဲ့ မေးခွန်းကို ပြန်မဖြေ။ စကားလမ်းကြောင်းသာ လွှဲလိုက်တယ်။
“ ဒါပေါ့။ ” ပင်းယန်က ခေါင်းမော့ရင်ကော့ရင်း ဖြေတယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေက ချက်ခြင်း တောက်ပ လာပြီးနောက် သူမ ပြောတယ်။ “ သမီးတော် အရွယ်ရောက်လာရင် မယ်တော့်ကို တွေ့ရမယ်လို့ ခမည်းတော် ပြောထားတာ ရှိတယ်လေ။”
“မယ်တော်လား။” ဧကရာဇ် လင်းမုပိုင် ခဏတာတော့ မျက်လုံးပြူးသွားတယ်။ ခါးသက်သက် အပြုံးတစ်ခု သူ့မျက်နှာပေါ်မှာ ပေါ်လာတယ်။ သူ ခပ်မြန်မြန်ပဲ နူးညံ့တဲ့ အပြုံးတစ်ခုကို ပြုံးပြရင်း ပြောတယ်။ “ မစိုးရိမ်ပါနဲ့။ သမီးတော်လေး မယ်တော့်ကို တွေ့ရမှာပါ။”
“ ဒါပေမယ့် ဘယ် အချိန်လဲ။ ” ပင်းယန် စိတ်မရှည် လက်မရှည်နဲ့ ပွစိ ပွစိ ပြောတယ်။
“ သိပ်မကြာခင်…. သိပ်မကြာခင်ပေါ့။” ပင်းယန်ရဲ့ ခေါင်းကို ပွတ်ပေးရင်း ဧကရာဇ် လင်းမုပိုင်ပြောတယ်။ သူ့ မျက်လုံးတွေမှာ နောင်တရိပ်တွေ လွှမ်းနေတယ်။
“ ဒီလိုလား။ မယ်တော့်ကို တွေ့ရင် ။ အမတ်မင်းတွေ အားလုံးရဲ့ ရှေ့မှာ စိန်ခေါ်ပြမယ်။ ” ပင်းယန် ဒီအကြောင်းကို ပြောတော့ အရမ်းကို စိတ်လှုပ်ရှားလာတယ်။
“ မယ်တော့်ကို စိန်ခေါ်မလို့လား။ ဘာကြောင့်လဲ။” ဧကရာဇ် လင်းမုပိုင် နည်းနည်းတော့ ထိတ်လန့်သွားတယ်။
“ ခမည်းတော် ပြောတယ်လေ။ မယ်တော်က အရမ်း အရမ်းကို အင်အားကြီးလွန်းလို့။ ဘယ်သူမှ သူ့ကို မတားဆီးနိုင်ဘူးဆို။ အကယ်၍ ပင်းယန်သာ မယ်တော့်ကို တားမြစ်နိုင်ရင်။ နန်းတော်ကနေ မယ်တော် ထွက်သွားမှာကို လည်း တားနိုင်မှာပဲ။ ဟုတ်တယ်မဟုတ်လား။” ပင်းယန် ပြောတယ်။
“ နန်းတော်ကနေ သူမ ထွက်သွားမှာကို တားနိုင်မယ်လား။ ဒါက … ပင်းယန် ပြောတာ မှန်တယ်။ ခမည်းတော်တို့ သူ့ကို အနိုင်ယူနိုင်ရင်။ နန်းတော်ကနေ သူမ ထွက်သွားတာကို တားနိုင်မှာပဲ။ ” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း ပြောတယ်။
အမတ်မင်းတွေအားလုံးကတော့ ပင်းယန်ရဲ့ စကားကို ကြားတဲ့ အချိန်မှာ ခေါင်းခါမိကြတယ်။ အဲ့ဒီ့ အမျိုးသမီးကို အနိုင်ယူမယ်တဲ့လား။ အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီ။ တော်ဝင်အစောင့်တွေ။ အိမ်ရှေ့စံ အိမ်တော်က အစောင့်တွေ အခြေအနေကို သတင်းပို့ဖို့ ရောက်လာကြတယ်။ မီးရှို့သွားတဲ့ သူအကြောင်းတော့ မပါဘူး။ ဒီရလဒ်ကလူတွေကို အံ့အားသင့်စေတယ်။
ဒါပေမယ့် လုပ်ကြံသူ တစ်ယောက်က အခုလို အချိန်တို အတွင်းမှာ ဘယ်လောက်ဝေးဝေး ပြေးနိုင်မှာလဲ။ ဧကရာဇ် လင်းမုပိုင် အမိန့်ချလိုက်တာနဲ့ အိမ်ရှေ့စံ အိမ်တော်ကို ဝန်းရံ လိုက်ပြီးပြီလေ။
ဒါပေမယ့် ဒီ လုပ်ကြံသူက ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံဆင့် သုံးယောက်ကို အနိုင်တိုက်နိုင်ခဲ့မှန်း သူတို့ သိတယ်လေ။ ဒါကြောင့် ရလဒ်ကို သိပ်မကြာခင်ပဲ လက်ခံနိုင်သွားကြတယ်။ နောက်ဆုံးတော့လည်း ဒီလိုလူ တစ်ယောက် အတွက် အိမ်ရှေ့စံ အိမ်တော်က လွတ်မြောက်ဖို့ ဆိုတာ မခက်ဘူးလေ
ကျန်တဲ့ ကိစ္စတွေကတော့ ရှင်းပါတယ်။ သူတို့တွေ ပြာကျနေတဲ့ စာကြည့်ခန်းကို ရှင်းလင်းကြတယ်။ ဒီနေရာ တဝိုက်က သွေးစက်တွေကို သန့်ရှင်းတယ်။ ဒီ မီးသွေးတုံးတွေက အစေခံတွေနဲ့ အစောင့်တွေ လက်ထဲကို ရောက်သွားတယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒါကို အတော်လေး စိတ်ဝင်စားနေတဲ့ ပုံစံပဲ။ စာကြည့်ခန်းပတ်လည်ကို သူ လှည့်ပတ်ကြည့်နေတယ်။ ပင်းယန် နန်ကုန်းမု နဲ့ ဝမ်တပေါင်းတို့ လည်း စိတ်ဝင်တစား လှည့်ပတ်ကြည့်နေ ကြတယ်။ လင်းထျန်းရုံလည်း ဒါကို မြင်တယ်လေ။ သူ့မျက်နှာက ရုတ်တရက် တည်ကြည် လေးနက်သွားတယ်။ ဖန်ကျန်းရှီက သူ့ကို လှောင်ရယ်နေတာကို ကောင်းကောင်းသိတယ်။
“ နန်းတော်ကို ပြန်မယ်။” ဧကရာဇ် လင်းမုပိုင် ဒီကိစ္စတွေကို သိပ် ဂရုမစိုက်ဘူး။ ဒူးထောက်နေရာကနေ ထလာတဲ့ အိမ်ရှေ့စံကို သူ တစ်ချက်ကြည့်တယ်။ အဲ့ဒိ့ီနောက် ကောင်းကင်ကို မော့ကြည့်တယ်။ သူ့စိတ်ထဲ အကူအညီ မဲ့နေတာကြောင့် ခေါင်းခါမိတယ် ။
“ ဧကရာဇ် နန်းတော်ကို ပြန်ကြွချီမယ်။ ”
ဧကရာဇ် လင်းမုပိုင် ပြောလိုက်တာနဲ့။ အသံတွေ အများကြီး ပဲ့တင် ထပ်သွားတယ်။ ဧကရာဇ် လင်းမုပိုင် နဲ့ အမတ်မင်းတွေ ပြန်သွားခဲ့ပြီ။ ဖန်ကျန်းရှီ နဲ့ တခြားသူတွေကတော့ ဆက်ပြီးတော့ ကြည့်နေဆဲ။ အိမ်ရှေ့စံ နောက်ထပ် သည်းမခံနိုင်တော့ဘူး။
“ ဖန်ကျန်းရှီ မင်း မသွားသေးဘူးလား။” အိမ်ရှေ့စံလင်းထျန်းရုံ ထအော်တယ်။
“ အိုး … သွားတော့မယ်လေ။ ” ဖန်ကျန်းရှိ ခေါင်းငြိမ့်ရင်း ပြောတယ်။ လင်းထျန်းရုံရဲ့ လေသံကို သူ စိတ်ထဲမထားဘူး။ ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ လင်းထျန်းရုံ သက်ပြင်းချလိုက်မိတယ်။ ဒီစာကြည့်ခန်းမှာ သက်သေလုံး၀ မရှိတာ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် အိမ်ရှေ့စံ လင်းထျန်းရုံ က သူလုပ်တဲ့ ကိစ္စတွေကို အမြဲ သတိကြီးကြီးထားတယ်။ သူ့အတွက် အရေးအကြီးဆုံး အရာကို စာကြည့်ခန်းထဲမှာ မထားဘူး။
တကယ်တော့ လျှို့ဝှက်အခန်းထဲမှာ ထည့်ထားတာ။ အဲ့ဒီ့ လျှို့ဝှက်ခန်းကလည်း စာကြည့်ခန်းရဲ့ အောက်တည့်တည့် မှာ။ နောက်တနည်း ပြောရရင်။ စာကြည့်ခန်း ပြာကျသွားတာတောင် သူ့ရဲ့ လျှို့ဝှက်ခန်းကို ထိခိုက်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူ့ လျှိုု့ဝှက်ခန်းထဲမှာလည်း တောင်ပိုင်းဒေသ ကိစ္စ ရဲ့ သက်သေတွေ မရှိဘူး။ ဘာကြောင့်များ သူက ကြောက်နေရမှာလဲ။ သက်သေတွေ စာတွေ အားလုံးကို သူ ဖျက်စီးလိုက်ပြီလေ။
ဒါကြောင့်ပဲ ဖန်ကျန်းရှီ စာကြည့်ခန်းကို ဒီလောက် အကြာကြီး လှည့်ပတ် နေတာကို ခွင့်ပြုထားတာပေါ့။ ဖန်ကျန်းရှီ ဘာတွေးနေလဲဆိုတာ လင်းထျန်းရုံ အမြဲ သတိကပ်ထားတယ်။ တောင်ပိုင်းဒေသ စစ်ပွဲအတွက် သက်သေကို သူရှာနေတာ ဖြစ်နိုင်တယ်။
ဒါပေမယ့် ရှေးဟောင်းဆိုးရိုး စကားတစ်ခု ရှိတယ်လေ။ အပြစ်ကင်းစင်တဲ့သူကတော့ ဆက်ပြီး အပြစ်ကင်းနေမယ်။ အပြစ်ရှိတဲ့သူကတော့ ဆက်ပြီးတော့ အပြစ်ရှိနေအုန်းမှာပဲ။ ဒါက အခု လင်းထျန်းရုံ ရောက်နေတဲ့ အခြေအနေပဲ။ ဖန်ကျန်းရှီက ခါးကိုင်းရင်း တစ်ခုခုကို ရှိာနေတယ်။ သူလည်း ခွင့်ပြုထားလိုက်တယ်။ ဘာမှ မတွေ့မှာကို သူ သိပြီးသား ဖြစ်နေလို့ပဲ။
ဒါမှလည်း အမတ်မင်းတွေ အမြင်မှာ သူက အပြစ်ကင်းသူ ဆက်ဖြစ်နိုင်မယ်လေ။ သူ့ဘာသူ တွေးနေတဲ့ အချိန်မှာပဲ။ ဖန်ကျန်းရှီက ပြာပုံထဲမှာ ရတနာ တစ်ခုကို ရှာတွေ့သွားတယ်။ ရုတ်တရက် အသားကုန်အော်လိုက်တယ်။
“ ဟေး….. ဒီမှာ မီးမလောင်သေးတဲ့ စာတွေ ရှိနေသေးတယ်။”
“ စာတွေ…??” ဖန်ကျန်းရှီ ဘာမှ ဆက်မပြောနိုင်ခင် လင်းထျန်းရုံထအော်တယ်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မီးက ဒီလောက်ကြီးစာ။ ဘယ်လိုစာ ဖြစ်ဖြစ် မီးလောင်သွားလောက်ပြီ။ နောက်ပြီးတော့ မင်းက ငါ့ စာကြည့်ခန်း အပြင်မှာ ရှိနေတာ။ စာတွေကို ဘယ်လို ရှာနိုင်ရတာလဲ။” သူမယုံနိုင်။ ဒါပေမယ့် ဖန်ကျန်းရှီက မီးတဝက်ကျွမ်းနေတဲ့ စာတွေကို ကိုင်ထားတာကို တွေ့လိုက်ရတော့ ။ သူ့မျက်လုံးတွေ ချက်ခြင်း ပြူးကျယ်သွားတယ်။
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” လင်းထျန်းရုံ သူ့မျက်လုံးသူ မယုံနိုင်။ ဒီစာတွေက လေနဲ့ ပါလာတာလား။ သူ အတွေးထဲ မျောသွားပြီးနောက် ခပ်မြန်မြန်ပဲ သတိ ပြန်ဝင်လာတယ်။ စာတစ်ချို့ လေနဲ့ ပါလာရင်တောင် ကိစ္စမရှိဘူး။ စာကြည့်ခန်းထဲမှာ ရှိနေတာက သာမာန်စာတွေပဲ။ ဘာ လျှို့ဝှက်စာမှ အထဲမှာ ရေးမထားဘူး။ ဒါကြောင့် လင်းထျန်းရုံ စိတ်မပူ။ အဲ့ဒီ့ အချိန်မှာပဲ ပင်းယန်တို့ လေးယောက်နဲ့ အတူ လင်းထျန်းရုံဆီကို လျှောက်လာခဲ့တယ်။
“အိမ်ရှေ့စံ အတွက် စာ နည်းနည်းရှာလာပေးတယ်။ ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ် မလား။ ငွေသား ရှစ်သောင်း ဖြစ်ဖြစ် တခြားဟာ ဖြစ်ဖြစ် ဆုချလို့ရတယ်။ ကျွန်တော် စိတ်မဆိုးဘူး။” ဖန်ကျန်းရှီ စကားပြောရင်း လျှောက်လာတယ်။
“ သခင်လေး ဖန် ကျွန်တော့် အတွက် ဒီ အမှိုက်တွေကို ရှင်းပေးတာ ကျေးဇူးတင်ရမှာပေါ့။” လင်းထျန်းရုံ တောက်ပတဲ့ မျက်နှာနဲ့ ပြန်ဖြေနေတယ်။
“ ဟေး… ဒီစာက ကြည့်ရတာ တောင်ပိုင်း အိမ်ရှေ့စံ ရေးထားတဲ့ ပုံပဲ။” ဖန်ကျန်းရှီ လမ်းတဝက်မှာ ရပ်သွားပြီး အော်ပြောတယ်။
“ ဘာပြောတယ်။ တောင်ပိုင်း အိမ်ရှေ့စံ ဆီက စာ ဟုတ်လား။”
“ရှန်လင်း မင်သားဆီက စာပေါ့။”
“ အိမ်ရှေ့စံ မင်းသားရဲ့ အိမ်တော်မှာ ဒါက ဘယ်လို များ ရှိနေရတာလဲ။”
ပြန်သွားဖို့ ပြင်နေတဲ့ အမတ်မင်းတွေ လမ်းတဝက်က ပြန်လှည့်လာကြတယ်။ ဖန်ကျန်းရှီရဲ့ လက်ထဲက စာကို ကြည့်ရင်း သူတို့တွေ ထိတ်လန့်နေကြတယ်။ အိမ်ရှေ့စံ အိမ်တော်မှာ တောင်ပိုင်း အိမ်ရှေ့စံ ရှန်လင်းဆီက စာ ဖြစ်နေတယ်။ ဒါမျိုးက ဘယ်တုန်းကမှ မဖြစ်ခဲ့နိုင်တဲ့ ကိစ္စပဲ။ အမတ်မင်းတွေ တင်မကဘူး။ ပေသုံးရာ ကျော်လောက် အကွာအဝေးကို ရောက်နေပြီ ဖြစ်တဲ့ ဧကရာဇ် လင်းမုပိုင်လည်း ရပ်တန့်သွားတယ်။ ဖန်ကျန်းရှီကို သူ ပြန်လှည့်ကြည့်တယ်။ လက်ထဲက စာကို ကြည့်ရင်း အထိတ်တလန့် ဖြစ်နေတယ်။
“တောင်ပိုင်း အိမ်ရှေ့စံ ဆီက စာလား။” ဧကရာဇ် လင်းမုပိုင် မျက်မျောင်ကြုတ်ရင်းနဲ့ ပြောတယ်။
အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ရှူးရှူးရှားရှား ဖြစ်နေခဲ့တယ်။ တောင်ပိုင်း အိမ်ရှေ့စံ ဆီကစာ? ဒါမျိုးက သူ့ စာကြည့်ခန်းထဲ ရှိနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ နောက်ပြီးတော့ တောင်ပိုင်းဒေသ မှာတည်းက ဒါတွေကို သူ ဖျက်စီး ပြစ်လိုက်ပြီလေ။
“ ဖန်ကျန်းရှီ။ မင်းက ငါ့ကို စွပ်စွဲဝံ့တယ်ပေါ့။ ဘယ်တုန်းက တောင်ပိုင်း အိမ်ရှေ့စံနဲ့ ငါ အဆက်အသွယ် ရှိလို့လဲ။” အိမ်ရှေ့စံ လင်းထျန်းရုံ တစ်ချက်လေးတောင် မတွေဝေပဲ ပြောတယ်။ သူ့မှာ မရှိခဲ့တာကို ဝန်ခံဖို့ပဲ မလိုတာပဲ။ နောက်ပြီးတော့ တောင်ပိုင်း အိမ်ရှေ့စံ ရှန်လင်းနဲ့ သူ ပို့ခဲ့တဲ့ စာတွေက စာကြည့်ခန်းထဲမှာ မရှိဘူးလေ။
“အိုး… အိမ်ရှေ့စံက တောင်ပိုင်း အိမ်ရှေ့စံ ရှန်လင်းနဲ့ မသိဘူးလား။ ဒါဆိုရင် ဒီစာတွေက အိမ်ရှေ့စံ့ စာတွေမဟုတ်ဘူးပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။ အဲဒ့ီ့နောက် သူ့လက်ထဲက စာအိတ်ကို ဆွဲဖြဲတော့တယ်။ မျက်နှာပြောင်တိုက်ပြီးတော့ ဖတ်တယ်။ တခြားသူရဲ့ ပုဂ္ဂိုလ်ရေးကိုတောင် အားမနာတော့ဘူး။
“ မင်း ဘာကို ဆိုလိုချင်တာလဲ။ ငါ နဲ့မဆိုင်တဲ့ ကိစ္စ…” ဖန်ကျန်းရှီ စာအိတ် ဖောက်တာ မြင်တော့ လင်းထျန်းရုံ တုန်ယင်သွားတယ်။ တစ်ချိန်တည်းမှာပဲ သူ နားလည်သွားတယ်။ ဖန်ကျန်းရှီက အိမ်ရှေ့စံ အိမ်တော်ထဲက စာတွေကို ဖတ်ဖို့ ခွင့်ပြုချက်မရှိဘူး။
နောက်တစ်နည်း ပြောရရင်။ စာတစ်စောင် ရှာတွေ့ရင်တောင်။ ဘာမှမလုပ်ပဲ အိမ်ရှေ့စံဆီ ပေးရမှာ။ ဒါပေမယ့် အိမ်ရှေ့စံက သူ့စာ မဟုတ်ဘူးလို့ ငြင်းလိုက်တော့။ ဒီစာ ကို အိမ်တော်က မပိုင်ဘူး ဖြစ်သွားပြီလေ။ ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုတွေက အခုချိန်မှာ အဓိပ္မာယ်ရှိသွားခဲ့ပြီ။
အိမ်ရှေ့စံရဲ့ ရှေ့မှာတင် ဒီစာကို ဖွင့်ဖတ်မှာပဲ။ နောက်ပြီးတော့ အမတ်မင်းတွေ ဧကရာဇ်လင်းမုပိုင် ကိုယ်တိုင်ပါ ဒီ အဖြစ်ကို သိစေရမယ်။ အိမ်ရှေ့စံရဲ့ စာကြည့်ခန်းမှာ ရှာတွေ့တဲ့ စာကို သူ ဖွင့်ဖတ်တာလို့။
“ ဒီကောင် ဘာလုပ်ဖို့ ကြံနေတာလဲ။ ငါ့ကို စွဲချက်တင်ဖို့ ကြံနေတာဆိုရင်။ ဒီလောက်တောင် ဟန်ဆောင်ပြစရာ လိုလို့လား။” လင်းထျန်းရုံ အခုချိန်ထိ ဖန်ကျန်းရှီ ကြံစည်နေတာကို မတွေးတတ်သေး။ စွဲချက်တင်တာက ပုံမှန် အခြေအနေမျိုးမှာဆိုရင် ဖန်ကျန်းရှီ ဘယ်လိုမှ မလုပ်နိုင်ဘူး။ ဒါပေမယ့် အခုတော့ သူက ပြာကျနေတဲ့ စာကြည့်ခန်းကို ချာလပတ် လည်ပြီးတော့ ရှာနေတာလေ။ ဘယ်လိုပဲ ကြည့်ကြည့်။ အခု အဖြစ်က ဟန်ဆောင်ပြီး အတုလုပ်တယ်ဆိုတာ သိသာလွန်းတယ်။
ဘယ်သူက သူ့ကို ယုံမှာလဲ။ အမတ်မင်းတွေလား။ ဒါမှမဟုတ်ရင် ဧကရာဇ် လင်းမုပိုင်လား။ ဖန်ကျန်းရှီ ရဲ့ အညာမိ မယ်လို့ လင်းထျန်းရုံ လုံး၀ မယုံဘူး။ နောက်ဆုံးတော့လည်း ဒီနည်းလမ်းက ဖန်တရာတေနေပြီလေ။ ပိုပြီးတော့ ထက်မြက်တဲ့ နည်းလမ်းမျိုး သုံးသင့်တယ်။
ဥပမာအားဖြင့် ပညာသား ပါပါ လှည့်ကွက် သုံးတာမျိုး ဒါမှမဟုတ်ရင် အငြင်းအခုံ ပုံစံမျိုးနဲ့ လူအာရုံစိုက်အောင် လုပ်တာ။ ဝှက်ဖဲတွေ သုံးတာမျိုးပေါ့။ အခြေခံကျကျ ပြောရရင်။ အခု သူလုပ်တဲ့ လှည့်စားမှုထက် ပိုကောင်းတာကို လူတိုင်း လုပ်နိုင်တယ်။
အပိုင်း(၅၅၃)ပြီး၏။
အပိုင်း (၅၅၄)
“ ကောင်းကင် တုန်ဟီးစေတဲ့ ဒေါသ ”
အိမ်ရှေ့စံ လင်းထျန်းရုံ ဒေါသမီးတွေ တောက်လောက်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ လက်ထဲက စာကို သူ ကြောက်နေမိတယ်။ ဒါက သူ့အတွက် အတော့်ကို အခြေအနေ မကောင်းတဲ့ ကိစ္စပဲ။ နောက်ဆုံးတော့လည်း။ ဧကရာဇ် သူ့ကို ခုနကမှ ဆူထားတာလေ။
ဒီကိစ္စ ဖြစ်ပြီးတဲ့နောက် သူများများ စားစား မမျှော်လင့်မိတော့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့ကို ပြဿနာ ရှာချင်နေတဲ့ ပုံစံပဲ။ စာကို ဖွင့်ပြီးတဲ့နောက်။ ဖန်ကျန်းရှီ က အရမ်းကို ထိတ်လန့်ကြောက်ရွံ့ ပြီး အံ့သြတဲ့ အမူအယာ လုပ်ပြတော့တယ်။
“ ဝိုး… ဒါက ဖြစ်ခဲ့တာတွေ ပေါ့။” အမတ်မင်းတွေ အရမ်း စိတ်ဝင်စားအောင် သူလုပ်နေတယ်။ အမတ်မင်းတွေ အားလုံးက ဖန်ကျန်းရှိကို မျက်တောင် မခတ်တမ်း ကြည့်နေခဲ့တယ်။
“ စာထဲမှာ ဘာတွေ ပါတာလဲ။ ”
“ တောင်ပိုင်း အိမ်ရှေ့စံ နဲ့ အိမ်ရှေ့စံ လင်းထျန်းရုံ တို့ တကယ်ပဲ ပြောထားတဲ့ စကားတွေလား။ ”
“ဒီလို မဟုတ်လောက်ပါဘူး။ တောင်ပိုင်း အိမ်ရှေ့စံက သေသွားတာ တစ်နှစ်ကျော် ကြာနေပြီ။ အိမ်ရှေ့စံမှာ ဒီ စာရှိနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ။” အမတ်မင်းတွေ အားလုံး သိချင်နေကြတယ်။
ဒါပေမယ့် ဘယ်သူကမှ ဖန်ကျန်းရှီမှာ စာအစစ်ရှိမယ်လို့ မတွေးကြ ။ စပ်စုချင်နေတာကို ပြောရမယ်ဆိုရင်။ ပင်းယန်က တခြားသူတွေထက် သိလို စိတ်အများဆုံးပဲ။ ဒါကြောင့် ဖန်ကျန်းရှီ ရဲ့ တအံ့တသြ အော်သံကြား တာနဲ့ သူ့လက်ထဲက စာကို ချက်ခြင်း ဆွဲလုတော့တာပဲ။
“ ဟမ်။” ပင်းယန် စာကို ခပ်မြန်မြန် ဖတ်တယ်။ သူမရဲ့ ပုံမှန် ပန်းနုရောင် သန်းနေတဲ့ မျက်နှာလေး နဲ့ ဆော့ကစားချင်နေတဲ့ ပုံစံက မျက်နှာပေါ်ကနေ ပျောက်ကွယ်သွားတယ်။ သူမ ဖတ်လို်က်တဲ့ စာက အရမ်းကို မယုံကြည်နိုင်စရာကောင်းနေတဲ့ ပုံပဲ ။ ပင်းယန်က အရမ်းလန့်နေတာ သိသာတယ်။ ဒါက အမတ်မင်းတွေကို ပိုကြောက်စေတယ်။
အကယ်၍ ဖန်ကျန်းရှီ တစ်ယောက်တည်းသာ ဒီလို အမူအယာ လုပ်ပြမယ်ဆိုရင် ။ သူတို့တွေ ဒီ စာထဲက ပြဿနာကို အာရုံစိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ပင်းယန်တောင် အံ့သြရတယ်ဆိုမှတော့ ဒီစာတွေက သူတို့ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ကိစ္စရှိ နေလိမ့်မယ်။ ဒီအတွေးက သူတို့စိတ်ထဲမှာ ဝင်လာတယ်။
ပင်းယန်က ဖန်ကျန်းရှီ လက်ထဲက စာတွေ အားလုံးကို ဆွဲယူတယ်။ ဖန်ကျန်းရှီကို လှောင်ပြုံးပြုံးပြတယ် ။ အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင် ဆီကို လျှပ်စီးလို အရှိန်နဲ့ ပြေးသွားတော့တယ်။
ဒီမြင်ကွင်းကြောင့် လင်းထျန်းရုံ စိတ်ထဲ ပူလောင်သွားတယ်။ အခု စာတွေက ပင်းယန် လက်ထဲမှာ ။ နောက်ပြီးတော့ သူမက ဧကရာဇ်ကို စာတွေ ပေးတော့မယ်။ ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေမလဲ။
“ အဲ့တာ ဘာစာတွေလဲ။ ဘာ သက်သေတွေ ပါလို့ ဒီလောက်တောင် ဖြစ်နေရတာလဲ။” အိမ်ရှေ့စံ မျက်လုံးတွေကို ပြူးကြည့်တယ်။ စာထဲမှာ ပါတာကို မြင်ရဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် သူ မမြင်ရဘူး ။ သူ့ရဲ့ အရင်လုပ်ရပ်ကို နောင်တရနေတယ်။ ဒီစာတွေကို သူနဲ့ မဆိုင်ဘူးလို့ ပြောမိတာ မှားသွားတယ်။ အကယ်၍ သူသာ ဒီစကားတွေ မပြောခဲ့ရင်။ ဒီစာတွေကို ဖွင့်ဖတ်ခံရမှာ မဟုတ်ဘူး။ ပင်းယန် ရဲ့ လက်ထဲကို ရောက်သွားပြီးတော့ ဧကရာဇ် ဆီကို ရောက်မှာလည်း မဟုတ်ဘူး။
“ ဖန်ကျန်းရှီ ငါ့ကို အပြစ် ပုံချဖို့က မလွယ်ဘူး။ ငါက အိမ်ရှေ့စံ မင်းသား။” လင်းထျန်းရုံ အံကြိတ်ရင်း စိတ်ထဲက တွေးတောနေတယ်။ သွမ့်အရှင် ဒီမြင်ကွင်းကို မြင်တော့ သူလည်း လမ်းမှာ ရပ်နေခဲ့တယ်။ သူ့မျက်လုံးထဲမှာ သံသယ အရိပ် တစ်ချို့ ပေါ်လာတယ်။
အခုချိန်ထိ ဖန်ကျန်းရှီ ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို အတုအယောင် ဆန်လွန်းတယ်လို့ ထင်ထားခဲ့တာ။
သူ့ရဲ့ လှုပ်ရှားမှုတွေရဲ့ ရလဒ်က ကျေနပ်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် အတွက်တော့ ဒီအကွက်တွေက ကလေးဆန်လွန်းတယ်လေ ။ ဒီစာတွေက တောင်ပိုင်းဒေသ အိမ်ရှေ့စံနဲ့ လင်းထျန်းရုံကြားက ဆက်သွယ်မှုကို ပြနိုင်ရင်တောင်။ ဧကရာဇ်က သူတို့ကို ယုံမှာမဟုတ်ဘူး။ နောက်ဆုံးတော့လည်း ဒါက စာတစ်စောင်ပဲလေ။ လူတစ်ယောက်ရဲ့ လက်ရေး ကို အတုလုပ်ဖို့ ဆိုတာ အလွယ်လေးပဲလေ။
ဒါက သွမ့်အရှင်နဲ့ တခြားသူတွေရဲ့ အတွေးက အတူတူပဲ။ ဧကရာဇ် လင်းမုပိုင်ကတော့ စာတွေနဲ့ ပြေးလာနေတဲ့ ပင်းယန်ကိုသာ စိုက်ကြည့်နေခဲ့တယ်။ အဆုံးမှာတော့ လက်ထဲက စာတွေကို သူယူလိုက်တယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်းချင်း ဖွင့်တယ်။ အမတ်မင်းတွေကတော့ ဧကရာဇ်လင်းမုပိုင်ကို စိုက်ကြည့်နေတယ်။ သူ့မျက်နှာ အမူအယာ ပြောင်းအလဲကို ကြည့်ကြတယ်။
“ဟမ့်။” ဒီ အချိန်မှာပဲ။ ဧကရာဇ် လင်းမုပိုင် ရဲ့ နှုတ်ခမ်းတွေ ပွင့်သွားပြီးတော့ အသံထွက်လာခဲ့တယ်။ သူ့မျက်လုံးတွေကလည်း ထိတ်လန့်မှုကြောင့် တောက်ပလာတယ်။ ဖန်ကျန်းရှီကို သူလှမ်းကြည့်တယ်။ သူ့ရဲ့ အကြည့်တွေက သားကောင် တစ်ကောင်ကို မသတ်ခင် ကြည့်နေသလိုပဲ။
ဒါက ကြောက်စရာကောင်းလွန်းတယ်။ အမဲလိုက်သမား တစ်ယောက်က အင်အားကြီးလွန်းတဲ့ သားကောင်ကြီးကို ကြည့်တဲ့ အချိန် ဖြစ်သလိုပဲ။ ဒါပေမယ့် စိတ်ကူးနိုင်တာ ထက်ကို ပိုလွန်းနေတဲ့ သားရဲကောင် ကြီးပေါ့။ ဒါက တိုက်ပွဲတစ်ခု ။ သေခြင်းနဲ့ ရှင်ခြင်းကြားက တိုက်ပွဲ တစ်ခုပေါ့။ အသက်ရှင်ဖို့ အတွက် ရုန်းကန်ရမယ်။
ဧကရာဇ် လင်းမုပိုင် ရဲ့ အကြည့်က ဒီသဘာဝအတိုင်းပဲ။ ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်က မျက်နှာဖုံးကို ဆွဲခွာချင်နေတယ်။ သူတကယ်မလုပ်ပေမယ့်။ သေချာ စိုက်ကြည့်နေတုန်းပဲ။ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားတယ်။ လူတိုင်းက ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှီကို စိတ်ဝင်တစားကြည့်နေတာကို အာရုံစိုက်နေတယ်။
သူတို့ မကဘူး။ ရန်ရွှယ်ကော နန်ကုန်းမုပါ ကြည့်နေတယ်။ ဒါပေါ့။ ဝမ်တပေါင်းလည်း စိတ်ဝင်စားနေတယ်။ သူ့ ရဲ့ မျက်နှာ အမူအယာကတော့ ထူးခြားတယ်။ သူတစ်ယောက်ပဲ။ တစ်ကိုယ်လုံး တုန်ယင်တဲ့ အထိ ကြောက်နေတာ။
ဘယ်လောက်တောင် အချိန်ကြာသွားပြီလဲ ဆိုတာ မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်။ နောက်ဆုံးတော့ ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှိကို အကြည့်လွှဲလိုက်ပြီ။ တစ်ချိန်တည်းမှာပဲ သူ့လက်ထဲက စာတွေကို ခေါက်လိုက်တယ်။
“ထျန်းရုံ။” ဧကရာဇ်လင်းမုပိုင် ခေါ်တယ်။
“ သားတော် ရှိပါတယ်။” ဧကရာဇ်လင်းမုပိုင်ရဲ့ အကြည့်ကြောင့် လင်းထျန်းရုံ လန့်သွားတယ်။ ဘာဖြစ်မယ်မှန်း မသိတာကြောင့် သူချက်ခြင်း ဒူးထောက်တယ်။
“ မင်းဘာ အပြစ်လုပ်ထားလဲ သိလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်နှာ အေးစက်သွားတယ်။ အမတ်မင်းတွေ အားလုံး ဒီရလဒ်ကြောင့် လန့်ကုန်တယ်။
ဧကရာဇ် လင်းမုပိုင်က အိမ်ရှေ့စံကို ဆူတာကြောင့် မဟုတ်ဘူး။ အပြစ်တဲ့။ ဒါဆိုရင် အိမ်ရှေ့စံမှာ အမှားရှိနေတာ တကယ်ပဲပေါ့။ ဒါပေမယ့် အိမ်ရှေ့စံ ဘာအပြစ်ကို ကျူးလွန်ထားတာလဲ။
ဧကရာဇ် လင်းမုပိုင်က အတိအကျ မပြောတဲ့ အတွက်။ အမတ်မင်းတွေရဲ့ စိတ်ထဲ ဖြစ်နိုင်ချေ တစ်ခုသာ ပေါ်လာခဲ့တယ်။ အိမ်ရှေ့စံက တောင်ပိုင်း အိမ်ရှေ့စံနဲ့ တကယ်ပဲ အဆက်အသွယ်ရှိနေခဲ့တာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ အမတ်မင်းတွေ ဒီကိစ္စကို မယုံနိုင်။
လင်းထျန်းရုံကတော့ ဒီ အခြေအနေ ကြောင့် ပို စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူ့ စာကြည့်ခန်းထဲ ဘာရောက်နေမှန်း တကယ့်ကို မသိဘူး။ တောင်ပိုင်း အိမ်ရှေ့စံ ဆီက စာသာ တကယ်ရှိနေရင် ဘယ်လို လုပ်မလဲ။ ဒါက အတုပဲ။ အရာအားလုံးက အတုအယောင်တွေပဲ။
“ ခမည်းတော်… ဖန်ကျန်းရှီက ကျွန်တော့်ကို မှားယွင်းစွပ်စွဲနေတာပါ။ တောင်ပိုင်း အိမ်ရှေ့စံနဲ့ ကျွန်တော် တစ်ခါမှ စာ အဆက်အသွယ် မလုပ်ဖူးပါဘူး။” လင်းထျန်းရုံရဲ့ အမူအယာက အရမ်းကို တည်ကြည်နေတယ်။
“ ဒီလိုလား။ ”ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက ဆက်လက်ပြီးတော့ မာကျောနေဆဲ။
“ခမည်းတော် ။ ကျေးဇူးပြုပြီး သေချာ စဉ်းစားတော် မူပါအုန်း။ ကျွန်တော့်ရဲ့ စာကြည့်ခန်းက ဖျက်စီး ခံလိုက်ရပြီ။ အခန်းတစ်ခုလုံးက ပြာဖြစ်သွားတာ။ ဒီ အခြေအနေ မျိုးမှာ ဘယ်လိုများ စာကျန်တာ ဖြစ်နိုင်မှာလဲ။ ဒါ့အပြင်။ စာကျန်ခဲ့ရင်တောင်။ တောင်ပိုင်း အိမ်ရှေ့စံ ပို့တာလို့ ဘယ်လို သိနိုင်မှာလဲ။ ဒါက တိုက်ဆိုင်မှုလို့ ခမည်းတော် ယုံလား။ ဖန်ကျန်းရှီက ဒီ စာအတုကို ဖန်တီးပြီးတော့ ကျွန်တော်မျိုးကို ယိုးစွပ်တာပါ။ ခမည်းတော် သားတော် အတွက် အမှန်အတိုင်း ဖြစ်အောင် လုပ်ပေးပါ။”
အိမ်ရှေ့စံ လင်းထျန်းရ့ုရဲ့ စိတ်ထဲ ခါးသက်နေမိတယ်။ သူ့လို အိမ်ရှေ့စံ တစ်ယောက်က။ ကိုယ်ပိုင် အိမ်တော်မှာ ဒီလို ကလေးဆန်တဲ့ အကွက်နဲ့ ထောင်ချောက်ဆင်ခံရတာလား။ စိတ်ထဲ မခံပြင်းပဲ ဘယ်လို နေနိုင်မှာလဲ။
ဖန်ကျန်းရှီ။
ငါ အိမ်ရှေ့စံ မင်းသား။ မင်းကို သတ်မယ်။
“ စာကြည့်ခန်းတစ်ခုလုံး မီးလောင်သွားပြီ ။ ဖျက်စီး ခံလိုက်ရပြီ ဟုတ်လား။” ဒီအချိန်မှာပဲ။ ဧကရာဇ် လင်းမုပိုင် ဆီကနေ အေးစက်စက် အငွေ့အသက်တွေ ပျံ့လွင့်လာတယ်။ ပြင်းထန်တဲ့ ဖိအားတွေ သူ့ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။
ဒီရုတ်တရက် အပြောင်းအလဲကြောင့် အမတ်မင်းတွေ နဖူးမှာ ချွေးသီးချွေးပေါက်တွေ ပေါ်လာတော့တယ်။ ဒါပေမယ့် သူတို့ အခုထိ နားမလည်နိုင် ကြသေးဘူး။
ဧကရာဇ်လင်းမုပိုင်က ဒီစာတွေကို ဖတ်ပြီးတဲ့နောက် ဘာကြောင့်များ ဒေါသထွက်နေရတာလဲ။ စာအတုအလား အစစ်လားတောင် သူ မစစ်ဆေးဘူးလား။ ဒါက အရင်လုပ်သင့်တာ မဟုတ်ဘူးလား။
ဧကရာဇ် လင်းမုပိုင်ရဲ့ အသိပညာနဲ့ ဆိုရင်။ သူက အလောတကြီး ဘယ်တော့မှ မလု်ပဘူး။ အထူးသဖြင့် အိမ်ရှေ့စံ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာပေါ့။
တကယ်ပဲ ။ ဒီစာတွေထဲမှာ ဘာတွေများ ပါနေတာလဲ။
“ သားတော်…. သားတော်….” လင်းထျန်းရုံ နဖူးက ချွေးတွေ ကျလာတာကို ခံစားမိတယ်။ ဒါပေမယ့် သူ အံကြိတ်ရင်း ဆက်ပြောတယ်။ “ ခမည်းတော်ကို သားတော် မလိမ်ဝံ့ပါဘူး။ ”
“ မင်း ခွေးကောင်။ ဒီလောက် သက်သေရှိနေတာတောင် မင်း ဗြောင်ငြင်းရဲတယ်ပေါ့။” ဧကရာဇ် လင်းမုပိုင် သူ့ဒေါသတွေကို ထိန်း မထားတော့။ သူ့မျက်လုံးထဲမှာ ရွှေရောင် အလင်းတန်းတွေ တောက်ပလာတယ်။ မျက်စိကျိန်းလောက်အောင်ကို တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေပဲ။
ကြင်ယာတော် ဟွားဖေး လင်းထျန်းရုံကို ကယ်တဲ့အချိန် တောက်ပတဲ့ အလင်းတန်းနဲ့ အတူတူပဲ။ ရွှေရောင် အလင်းတန်းက နန်းတော် တစ်ခုလုံးကို တောက်ပလာတယ်။ ကြည်လင်ပြတ်သားတဲ့ အသံတစ်သံလည်း လေထဲမှာ ထွက်ပေါ်လာတယ်။ နဂါးတစ်ကောင် ရဲ့ အင်အား ပြည့်နဲ့ အော်သံတစ်ခုပဲ။
“ အရှင်မင်းမြတ် ကျေးဇူးပြုပြီး စိတ်လျှော့ပါ၊”
“အရှင်မင်းမြတ်။ ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါ။”
“ ခမည်းတော် ကျေးဇူးပြုပြီး စိတ်ထိန်းပါ။”
အသံတွေ အခန်းထဲမှာ ထွက်လာတယ်။ အဲ့ဒီ့နောက် လူတွေ အားလုံး ဒူးထောက်လိုက်ကြတယ်။ သွမ့်အရှင် လင်းရှင်းကြွယ်လည်း ချက်ခြင်း ဒူးထောက်လိုက်တယ်။
ဒါပေမယ့် ဧကရာဇ်လင်းမုပိုင် ရဲ့ အလင်းတန်းကတော့ မပျောက်သွားခဲ့ဘူး။ ပိုပိုပြီးတော့သာ တောက်ပလာခဲ့တယ်။ အရမ်းကို ကြီးမားတဲ့ သတ္တဝါကြီး တစ်ကောင်လိုပဲ။
“ ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးတယ်။ မင်း ဘာအပြစ် လုပ်ထားမှန်း အခုထိ ဝန်မခံသေးဘူးလား။ ”
“ သားတော် … သားတော်… ဘာ အပြစ် ရှိမှန်း မသိပါဘူး။” အိမ်ရှေ့စံ လင်းထျန်းရုံ ခေါင်းကို ငိုက်စိုက်ချထားရင်း ပြောတယ်။ သူ အံကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
သူ ဘာအပြစ် လု်ပထားမိမှန်းတောင် မသိဘူးလေ။ ဖန်ကျန်းရှီ ဧကရာဇ် လင်းမုပိုင်ကို ဘာစာ ပေးလိုက်မှန်း တောင် မသိဘူး။ အဲ့ဒီ့တော့ သူ ဘာဝန်ခံရမှာလဲ။
“ ဟန့်။ ကြည့်ရတာ မင်းက လုံး၀ ဝန်မခံမယ့် ပုံစံပဲ။” ဧကရာဇ် လင်းမုပိုင် အော်ဟစ်ရင်း လက်တွေ ဝေ့ယမ်း လိုက်တယ်။ တစ်ချိန်တည်းမှာပဲ။ ရွှေရောင် အလင်းတန်းတွေ သူ့ ခန္ဒာကိုယ်က ထွက်လာတယ်။ မိုးကုပ်စက်ဝိုင်း ဆီကို ပြေးသွားတယ်။
ညကောင်းကင်က ချက်ခြင်း လင်းထိန်သွာတယ်။ ကြယ်တွေရဲ့ အလင်းတန်းတောင် ချက်ခြင်း မှေးမှိန်သွားတယ်။ ဘွန်း...။ ကျယ်လောင်တဲ့ ပေါက်ကွဲမှုက မိုးကုပ်စက်ဝိုင်းမှာ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ရွှေရောင် အလင်းတန်းက ကောင်းကင်ကို ထိခတ်သွားတယ်။ ပြာကျနေတဲ့ စာကြည့်ခန်းကို သွားထိတယ်။
ဘန်း….။
ဖုန့်မှုန့်တွေက နေရာ အနှံ့ကို ပျံ့ကျဲကုန်တယ်။ ရွှေရောင် အလင်းတန်းက ပြာတွေကို ဖောက်ထွက်သွားတယ်။
မရေမတွက်နိုင်တဲ့ အနက်ရောင် အုပ်ချပ်ပြားတွေ လေထဲကို လွင့်ထွက်လာတယ်။ ကောင်းကင်တစ်ခုလုံး အုပ်ချပ်တွေနဲ့ ပြည့်သွားတော့တယ်။
အပိုင်း (၅၅၄)ပြီး၏။
အပိုင်း (၅၅၅)
“ အစီအစဉ် စပြီ။”
တိတ်ဆိတ်သွားတယ်။ အမတ်မင်းတွေ တော်ဝင် အစောင့်တွေ အစေခံတွေ အားလုံး ရွှေရောင်အလင်းတန်း ကို ကြည့်နေတယ်။ ဒီအလင်း ကြောင့် မျက်လုံးတွေ ကန်းတော့မလိုပဲ။
“ အရှင်မင်းမြတ် တကယ့်ကို ဒေါသထွက်နေတာ။ ”
“ အဲ့တာ ဧကရာဇ်ရဲ့ ဒေါသပဲ။ ဧကရာဇ်ရဲ့ ဒေါသ ….”
“ စာထဲက ကိစ္စကြောင့် ဖြစ်လိမ့်မယ်။ ”
အမတ်မင်းတွေ ဒီလို တွေးမိတယ်။ ဒါပေမယ့် သူတို့ အားလုံးက အတွေးသက်သက်ပဲ ရှိတာ။ ဘယ်သူမှ တကယ့် စာထဲက အကြောင်းအရာကို မသိဘူး။ သူက ဂုဏ်ရှိန်ကြီးမားတဲ့ အိမ်ရှေ့စံ။ ဒါပေမယ့် ဧကရာဇ်ရဲ့ ဒေါသဖိအား အောက်မှာတော့ သူ တကိုယ်လုံး တုန်ယင်တဲ့ အထိ ကြောက်ရွံ့နေရတယ်။ ဒါက ဧကရာဇ် တစ်ပါးရဲ့ အရှိန်အဝါပဲ။
ဖြစ်ကောင်းဖြစ်နိုင်တာက တစ်နေ့မှာ ဒီလို အစွမ်းမျိုး သူ့မှာ လည်း ရှိလာနိုင်တယ်လေ။ ဒါပေမယ့် အခုက အချိန် စောလွန်းသေးတယ်။ သွမ့်အရှင်တောင်မှ ဒူးထောက်နေတယ်။ အပေါ်ယံမှာတော့ သူက လင်းထျန်းရုံအတွက် အသနားခံပေးနေသလိုပဲ။ ဘေးဘက်က ကြည့်ရင်တော့ သူ့ရဲ့ အေးစက်စက်အပြုံးကို မြင်နေရတယ်။
“ ခမည်းတော် ဒေါသအတော်ထွက်နေတာပဲ။ သူဒီလောက်ထိ ဒေါသ ထွက်တာကို မမြင်ရတာ နှစ်တွေကြာနေပြီ။ ဖန်ကျန်းရှီ မင်းက တကယ့်ကို တစ်ခုခုပဲ။ ဒီလို စာလေးနည်းနည်းနဲ့ တောင် ဒီလောက်ဒေါသ ထွက်အောင် လုပ်နိုင်တာ။ ငါတောင် သိချင်လာပြီ။ တတိယအကိုတော်ကို မင်း ဘာနဲ့များ စွပ်စွဲလိုက်တာလဲ။”
လင်းရှင်းကြွယ်တွေးရင်းနဲ့ ရွှေရောင် အလင်းတန်းတွေ ကျသွားတဲ့နေရာကို ကြည့်တယ်။ ဖြည်းဖြည်းချင်း သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ့နှုတ်ခမ်းပေါ်က အပြုံးကတော့ ပိုထင်ရှားလာခဲ့တယ်။ ဒါကြောင့်ကိုး…။
“ အဲ့ဒီ့မှာ မြေအောက်ခန်း ရှိနေတာပဲ။”
“ စာကြည့်ခန်းရဲ့ အောက်မှာ လျှို့ဝှက်ခန်း ရှိနေတယ်။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
ဖုန်တွေ ရှင်းသွားပြီးတဲ့နောက်။ အမတ်မင်းတွေ စာကြည့်ခန်းအောက်က လျှို့ဝှက်ခန်းကို တွေ့သွားကြတယ်။ ကောင်းကောင်း ပုန်းကွယ်ထားတဲ့ အခန်းတစ်ခုပဲ။ ဒါပေမယ့် ဘယ်လို ဖုံးကွယ်မှုကမှ ရွှေရောင် အလင်းတန်းကို မခံနိုင်ကြဘူး။
လင်းထျန်းရုံလည်း လျှို့ဝှက်ခန်းကို သူ ဖြည်းဖြည်းချင်း ကြည့်တယ်။ လောင်ကျွမ်းပေါက်ကွဲပြီးတော့ တံခါးပွင့်သွားတဲ့ လျှို့ဝှက်ခန်းကို သူကြည့်နေတယ်။ အနက်ရောင် လှိုဏ်ခေါင်းက လရောင်အောက်မှာ တောက်ပနေတယ်။
တစ်ချိန်တည်းမှာပဲ သူ့ တစ်ကိုယ်လုံး တုန်ယင်လာပြီးတော့။ မျက်နှာက ဖြူဖျော့သွားတယ်။ ခြေထောက်တွေ လည်း ပျော့ခွေသွားပြီ။ လျှို့ဝှက်ခန်း။ ခမည်းတော်က လျှို့ဝှက်ခန်း အကြောင်း သိသွားတာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
စာက တောင်ပိုင်း အိမ်ရှေ့စံ အကြောင်း မဟုတ်ဘူးလား။ ဒါက လျှို့ဝှက်ခန်းနဲ့ ဘာဆိုင်လို့လဲ။ ဘာတွေ ဖြစ်နေတာလဲ။ အိမ်ရှေ့စံ ရဲ့ အခုထိ ဆက်စပ်မရသေးဘူး။ စာတစ်စောင်ကကော သူ့ လျှို့ဝှက်ခန်းကို ဘယ်လိုများ ဖော်နိုင်တာလဲ။ ဒီ ကိစ္စ နှစ်ခုက လုံးဝကို မတူညီဘူးလေ။ အခုတော့ တိုက်တိုက်ဆိုင်ဆိုင်ကို လာပတ်သက်နေပြီ။
“ ဒါက ဖြစ်နိုင်မလား…” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ စိတ်က အရှိန်ပြင်းပြင်းနဲ့ လည်ပတ်နေတယ်။ ဖန်ကျန်းရှီကို သူ ကြည့်လိုက်တဲ့ အချိန်မှာ နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပြီ။ ဒါက ကြိုတင်ကြံစည်ထားတာပဲ။ ဒီစာက တောင်ပိုင်း အိမ်ရှေ့စံ ဆီကလို့ ညာပြောတာ။
အိမ်ရှေ့စံ ငြင်းလိုက်တာနဲ့ သူက စာကို ဖွင့်ဖောက်တယ်။ တခြားသူတွေကို ပြတယ်။ ဒီအချိန်မှာပဲ ကိစ္စတွေ အားလုံးကို လင်းထျန်းရုံ နားလည်သွားခဲ့ပြီ။ ။ ဖန်ကျန်းရှီက စာကြည့်ခန်းကို လှည့်ပတ်နေတာ ဘာစာကိုမှ ရှနေတာ မဟုတ်ဘူး။ သူကြားဖူးတဲ့ လျှို့ဝှက်ခန်း ဝင်ပေါက်ကို ရှာနေတာပဲ။ အဲ့ဒီ့နောက် ကလေးဆန်ဆန် နည်းလမ်းတွေကို သုံးပြီးတော့ သူ့ပြိုင်ဘက်ကို သတိလက်လွှတ် ဖြစ်အောင် လုပ်တယ်။
“ သေစမ်း။” လင်းထျန်းရုံ စိတ်ထဲ ခါးသက်သွားတယ်။ မြင့်မြတ်တဲ့ အိမ်ရှေ့စံ တစ်ယောက် ဖြစ်ပြိးတော့ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ကစားခံလိုက်ရတယ်။ တကယ့်ကို ကြောက်စရာ ကောင်းတယ်။
“ မင်း မှာ နောက်ထပ် ပြောစရာရှိသေးလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက လင်းထျန်းရုံရဲ့ အတွေးနွံထဲကနေ ပြန်ဆွဲခေါ်တယ်။
“ သားတော် အမှားကို ဝန်ခံပါတယ်။ ခမည်းတော်ကို မလိမ်ခဲ့သင့်ပါဘူး။ သားတော် … တကယ်ပဲ စာကြည့်ခန်းငယ်လေးကို တည်ဆောက်ထားပါတယ်။ ဒါပေမယ့်… ခမည်းတော်က ဒီ ကိစ္စကို ပြောနေမှန်း သားတော် တကယ်မသိခဲ့ပါဘူး။” လင်းထျန်းရုံ ခေါင်းကို ငိုက်စိုက်ချထားတယ်။ ဒီ လျှို့ဝှက်ခန်းထဲမှာ ရှိနေတဲ့ သတင်း အချက်အလက်တွေကို သူအသိဆုံးပဲလေ။
သူနဲ့ အမတ်မင်းတွေ ပို့ထားတဲ့ စာအားလုံး ပါတယ်။ သူလုပ်ထားခဲ့တဲ့ ကိစ္စတွေ အားလုံးကောပေါ့။ အခုတော့ ဒီစာတွေ အားလုံးက ဧကရာဇ် လင်းမုပိုင် ဆီကို ရောက်တော့မယ်။ လူသိရှင်ကြား ကိစ္စကြီး ဖြစ်တာနဲ့ သူလည်း သေပြီ။ ဒါဆိုရင်။ သူနဲ့ အတူ ကြံရာပါတဲ့ အမတ်မင်းတွေလည်း ထိခိုက်မှာပဲ။
“ အရှင်မင်းမြတ် ကျေးဇူးပြုပြီးတော့ စိတ်လျှော့ပါ။ အိမ်ရှေ့စံက အရှင့်ကို ဖုံးကွယ်ထားတာ တစ်ခုခုတော့ အကြောင်းရင်း ရှိမှာပါ။ အိမ်ရှေ့စံက အရှင်မင်းမြတ် ရည်ညွှန်းတာကို တကယ်ပဲ နားမလည်တာ ဖြစ်နို်င်ပါတယ်။”
“မှန်ပါတယ်။ အရှင်မင်းမြတ်။ ဒါက အကာအကွယ် တစ်မျိုးပါပဲ။ စာကြည့်ခန်းအောက်မှာ လျှို့ဝှက်ခန်း ရှိနေတာက မထူးဆန်းပါဘူး။ ရှားပါးတဲ့ စာအုပ်ကောင်းတွေ ဆိုတာ အဓိက စာကြည့်ခန်းထဲမှာ သိမ်းထားလို့ မဖြစ်ဘူးလေ။ သူတို့တွေကို ဂရုတစိုက် ထိန်းသိမ်းရမှာပဲ။ အိမ်ရှေ့စံကို သူ့ရဲ့ သတိလက်လွှတ်မှုအတွက် ခွင့်လွှတ်ပေးပါ။ ”
“ အိမ်ရှေ့စံ မင်းသားကို ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ။ ”
အမတ်မင်းတွေ ချက်ခြင်း ဒူးထောက်ပြီးတော့ တောင်းပန်ကြတာ့တယ်။ သူတို့ရဲ့ နဖူးကနေ ချွေးစေးတွေ ထွက်နေကြတယ်။ အိမ်ရှေ့စံ မင်းသားရဲ့ စာကြည့်ခန်းထဲမှာ လာတွေ သိမ်းထားမှန်း ဘယ်သူမှ မသိနိုင်ပဲ။
ဒါပေမယ့် လျှို့ဝှက်ချက်တွေ ရှိနေမှာကိုလည်း သိတယ်။ သူတို့ နာမည်တွေ ပါလာမှာကိုလည်း သိတယ်။ ဒီအချိန်မှာ အိမ်ရှေ့စံကို ကယ်တင် တက သူတို့ကိုယ်တိုင် အတွက် လွတ်လမ်းပဲ။ ဒူးထောက်နေတဲ့ အမတ်မင်းတွေကို ဧကရာဇ် လင်းမုပိုင် ကြည့်နေတယ်။ သူ ဘာမှမပြောဘူး။ လျှို့ဝှက်ခန်းဆီကိုသာ တိတ်တဆိတ်နဲ့ သွားတော့တယ်။
“ ခမည်းတော် ... သားတော်မှားမှန်း သိပါပြီ။ သားတော်ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။ ” လျှို့ဝှက်ခန်း နားကို ဧကရာဇ် လင်းမုပိုင် ရောက်သွားတာ မြင်တော့။ လင်းထျန်းရုံ ချက်ခြင်း ဒူးထောက်နေရာကနေ ရှေ့တိုးလာတယ်။ ခေါင်းကို မြေကြီးနဲ့ ပြင်းပြင်းထန်ထန် စောင့်ရင်း တောင်းပန်တယ်။ သူ အဆက်မပြတ် တောင်းပန်နေတဲ့ အတွက် မြေပြင်ပေါ်မှာ သွေးစတွေတောင် စွန်းထင်းနေပြီ။
“ အရှင်မင်းမြတ်ကို ခွင့်လွှတ်ဖို့ အတွက် တောင်းပန်ပါတယ်။”
“ အိမ်ရှေ့စံ တကယ့်ပဲ အပြစ်ကျုးလွန်မိပါတယ်။ ဒါပေမယ့် သူက အိမ်ရှေ့စံ မင်းသား ဖြစ်နေတုန်းပါ။ နောင်တရပြီးတော့ အမှားပြင်ဆင်လိမ့်မှာပါ။ နောက်ဆုံး အခွင့်အရေး လေး တစ်ခါလောက်တော့ ပေးသင့်ပါတယ်။ ”
“ မှန်ပါတယ်။ အရှင်မင်းမြတ်။ အိမ်ရှေ့စံ မင်းသားကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။” ဧကရာဇ် လင်းမုပိုင် စာကြည့်ခန်း နား ရောက်လာတာနဲ့။ အမတ်မင်းတွေ အားလုံး ချက်ခြင်း ခေါင်းငုံ့ပြီး တောင်းပန်ကြတော့တယ်။
“ ခမည်းတော် သားတော် တကယ့်ကို နောင်တရပါပြီ။ နောက် ဆုံး အခွင့်အရေး တစ်ခုတော့ပေးပါ။ ကျွန်တော်မျိုး အိမ်တော်ထဲမှာပဲ နေပြီးတော့ ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ပါမယ်။ ကျေးဇူးပြုပြီးတော့ သားတော်ကို ခွင့်လွှတ်ပေးပါ။”
စာထဲက အကြောင်းအရာကို လင်းထျန်းရုံ ခန့်မှန်း မိနေပြီးသား။ ဧကရာဇ် လင်းမုပိုင် လျှို့ဝှက်ခန်းထဲကို ဝင်တာနဲ့ သူလည်း သေပြီပဲ။ အခုချိန်မှာ ကြောက်စရာကောင်းပြီး အန္တရာယ်များတဲ့ လောင်ကြေးကို ထပ်နေရတာ။ ဧကရာဇ် လင်းမုပိုင် မှာ အကြင်နာတရားလေး ရှိအုန်းမယ်လို့ သူမျှော်လင့်နေတယ်။
“ ငါ မင်းကို အခွင့်အရေး ပေး ပြီးပြီ။ ဒါပေမယ့် မင်းက အဲ့ဒီ့အချိန်မှာ လက်မခံခဲ့ဘူး။ ငါက မင်းကို နောက်ထပ် ဘယ်လို အခွင့်အရေး ပေးရမှာလဲ။ ” ဧကရာဇ် လင်းမုပိုင် အေးစက်စက် ကြည့်ရင်း ပြောတယ်။ ဒေါသကြောင့် ဖြစ်လာတဲ့ အရှိန်အဝါတွေကတော့ ပျောက်ကွယ်မသွားဘူး။ ိ
တသက်လုံး အကျဉ်းကျခဲ့ရတဲ့ အကျဉ်းသား။ လာပါ မ နဲ့မှ ဖြစ်မှာပါ။ တစ်မနက်လုံး စဉ်းစားခဲ့နေတဲ့ အတွေးများ။ အရာရာ မ နဲ့မှ ပြည့်စုံမှာ။ ငါ့နှလုံးသားလေးတော့ ဖျော်လိုက်ပြီ။ မမကို လိုချင်တာ ဘာမှ မသိ။ မဘေးနားရှိတဲ့ စောက်ပေါကြီး ။ အာရုံတွေကို ဖယ်ကာ ဒီကောင်ကို ဝိုက်ကြည့်။ ရေး…
မာယာတွေကို တောင်လို ပုံချထားတယ်။ အရာရာကိုလေ ပါဝါ အာဏာများနဲ့ မ နားကပ်ဖို့ သားက လာမှ မရလည်း။ အရပ်မြင့်မြင့် နဲ့ အသားက အညိုရောင် အလှနဲ့။ မမ ဆယ်လီ ဆယ်လီ။
သားက တစ်လီ တစ်လီ။
“ခမည်းတော်” လင်းထျန်းရုံ သူ့ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ဘူး။ ဧကရာဇ် ကို ရဲ့ ခြေဖမိုးကို မျက်ရည် လည်ရွှဲ မျက်နှာ နဲ့ ဦးတိုက်ရင်း တောင်းပန်တော့တယ်။
“ ဟန့်။ ” ဧကရာဇ် လင်းမုပိုင်က သူ့ကို ကန်ထုတ်တယ်။ လျှို့ဝှက်ခန်းဆီကို သူသွားတော့တယ်။ လင်းထျန်းရုံရဲ့ တောင်း ပန်တိုးလျှိုးမှုက သူ့ကို မသနားစေဘူး။
သွမ့်အရှင် လင်းရှင်းကြွယ်ကတော့ ဒီ မြင်ကွင်းကို ကောင်းကောင်း ကြည့်နေခဲ့တယ်။ မျှော်လင့် စောင့်စားနေတဲ့ အကြည့်တွေ သူ့ မျက်လုံးထဲမှာ ပေါ်လာတယ်။ လျှို့ဝှက်ခန်းတဲ့လား။ စာကြည့်ခန်းအောက် က လျှို့ဝှက်ခန်းတဲ့။
ဒီ အထဲမှာဘာမှ မရှိဘူးပြောရင် ဘယ်သူ ယုံမှာလဲ။ ဒီ လျှို့ဝှက်ခန်းထဲက သတင်း အချက်အလက်တွေသာ အပြင်ရောက်သွားရင်။ အိမ်ရှေ့စံရဲ့ ရာထူးလည်း အဆုံးသတ် သွားမှာပဲ။
“ ခမည်းတော်။ မယ်တော့်ကို မှတ်မိသေးရဲ့လား။ ကြီးမြတ်သောရှမင်းဆက် ရဲ့ ဧကရီ ဖြစ်တဲ့ အပြင် ကျွန်တော့်ရဲ့ မယ်တော်လည်း ဟုတ်ပါတယ်။ အခု မယ်တော်က ထွက်သွားပြီ။ သားတော်က တစ်ဦးတည်း ကျန်တဲ့သူပါ။ ဒီ အိမ်ရှေ့စံ အိမ်တော်က ဂုဏ်ရှိန်မြင့်မား ပေမယ့် အထီးကျန် ဆန်လွန်းပါတယ်။ မယ်တော် ထွက်ခွာသွားတဲ့ အချိန်တုန်းက မယ်တော် မျက်နှာပေါ်က အကြည့်ကို သားတော် မှတ်မိနေဆဲပါပဲ။ ”
အိမ်ရှေ့စံ လင်းထျန်းရုံ ဧကရာဇ် လင်းမုပိုင်ဆီ ခပ်မြန်မြန် ပြေးသွားတယ်။ အဲ့ဒီ့နောက် သူ့ခေါင်းကို ကျောက်တုံး တစ်တုံးနဲ့ ဆောင့်ချတယ်။ သွေးတွေက သူ့ နဖူးကနေ အဆက်မပြတ် စီးကျလာတော့တယ်။ လင်းမုပိုင် နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပြီ ။ သူ့ တကိုယ်လုံးက တုန်ယင်နေခဲ့တယ်။ အမတ်မင်းတွေ ဒီ မြင်ကွင်းကို မြင်တော့် တစ်ယောက်ကို တစ်ယောက် မျက်စ ပြစ်ကြတယ်။ အဲ့ဒီ့နောက် သူတို့ ပြောတော့တယ်။
“အရှင်မင်းမြတ်။ အိမ်ရှေ့စံက သူ့မယ်တော်ကို ငယ်ငယ်လေးတည်းက ဆုံးရှုံးလိုက်ရတာပါ။ သူ့မှာ အမှားတွေ များကောင်း များနိုင်ပါတယ်။ အရှင်မင်းမြတ် သူ့ကို နောက်ဆုံး အခွင့်အရေး တစ်ခါလောက်ပေးဖို့ တောင်းဆိုပါရစေ။
“ မှန်ပါတယ်။ အရှင်မင်းမြတ်။ ရန် ဧကရီ ရှိနေချိန်တုန်းက။ ကြီးမြတ်သောရှ မင်းဆက် အတွက် အများကြီး အကျိုး ဆောင်ပေးခဲ့ပါတယ်။ ဒီ အချက်တွေကို ပြန်လည်စဉ်းစားပြီး အိမ်ရှေ့စံကို သက်ညှာပေးဖို့ တောင်းဆိုပါရစေ။”
“ သနားညှာတာပေးပါ အရှင်မင်းမြတ်။ ”
“ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။ ”
တောင်းပန် တိုးလျှိုးသံတွေ အိမ်တော်တစ်ခုလုံးကို ပျံ့သွားတယ်။ သူတို့ အားလုံး အိမ်ရှေ့စံ အတွက် တောင်းပန်ပေးနေကြတာ။
“ ဧကရီ ရန်။” ဧကရာဇ် လင်းမုပိုင် ကောင်းကင် က ကြယ်တွေကို မော့ကြည့်ရင်း ခပ်တိုးတိုး ပြောတယ်။ သူ့ခေါင်းထဲမှာ ပုံရိပ်တစ်ခု ပေါ်လာခဲ့တယ်။ နူးညံ့တယ်။ စိတ်ထားမြင့်မြတ်တယ်။ ဉာဏ်ပညာ မြင့်မားပြီးတော့ သိမ်မွေ့တဲ့သူ။
ဧကရီတွေ ထဲမှာ အအေးချမ်းဆုံးသူပဲ။ သုံးထောင်သော မောင်းမတော်တွေကို အစီအစဉ်ကျကျ ဂုဏ်ကျက်သရေ အပြည့်နဲ့ အုပ်ချုပ်ခဲ့တယ်။ ကြီးမြတ်သောရှမင်းဆက် အနောက် နန်းဆောင်က သူမရဲ့ အုပ်ချုပ်မှု အောက်မှာ တကယ့်ကို အေးချမ်းခဲ့ပါတယ်။
သူမ နေရာကို လိုလိုလားလား ဖယ်ပေးခဲ့တယ်။ နောင်တလည်း မရခဲ့ဘူး။ အဲ့ဒီ့နောက် ပင်းယန်ရဲ့ မယ်တော် နန်းတော်က ထွက်ခွာသွားချိန်မှာတော့။ အနောက်နန်းက ဦးဆောင်သူ မဲ့ခဲ့ရတယ်။ အဲ့ဒီ့အချိန်မှာ အမတ်မင်းတွေ အားလုံးက သူမကို နေရာ ပြန်ယူဖို့ ပြောကြတယ် ။ ဒါပေမယ့် ဧကရီ ရန်က မလုပ်ခဲ့ဘူး။ သူမ ပြတ်ပြတ်သားသား ပြောခဲ့တယ်။
“ ဧကရီ နေရာက သူမ တစ်ယောက်နဲ့သာ သက်ဆိုင်ပါတယ်။ သူမ ထွက်ခွာသွားရင်တောင်။ အဲ့ဒီ့နေရာက သူမ အပိုင်ပဲ။ ဘယ်သူမှ အစားထိုးဝင်လို့ မရဘူး။” အဲ့ဒီလို ပြောပြီးနောက် ထွက်ခွာသွားခဲ့တယ်။ သူမရဲ့ သေဆုံးမှုနဲ့ အတူ သတင်းစကား တစ်ခုကို ပါးခဲ့တယ်။ အဲ့ဒီ့ သတင်းစကားကတော့ ကြီးမြတ်သောရှမင်းဆက် ရဲ့ ဧကရီဟာ တစ်ယောက်သော သူသာ ဖြစ်ရမယ်။ ဒီနေရာအတွက် တခြား ဘယ်သူမှ မထိုက်တန်ဘူး။
ဧကရီရန်ရဲ့ အပြုအမူကို အခုချိန်ထိ ဘယ်သူ နားမလည်ခဲ့ဘူး။ ဒါပေမယ့် ကိစ္စ တစ်ခုကတော့ ဖြစ်လာခဲ့တယ်။ ဧကရီ ရန် သေဆုံးတဲ့ နေ့မှာပဲ။ လင်းထျန်းရုံက အိမ်ရှေ့စံ ဘွဲ့ လွှဲအပ်ခံလိုက်ရတယ်။ အဲ့ဒီ့နေ့က စပြီးတော့ ကြီးမြတ်သောရှမင်းဆက်မှာ ဧကရီ အသစ် ထပ်ရှိ မလာတော့ဘူး။
ဟွားဖေး ပေါ်မလာခင် အထိပေါ့။ သူမ ထွက်ပေါ်လာခဲ့ပေမယ့်။ ဧကရီ ဘွဲ့ကို မခံယူခဲ့ဘူး။ ဒီနေရာကို ဘယ်သူမှ ယူဝံ့တဲ့သူ မရှိခဲ့။
“ ခမည်းတော်။ သားတော် ကို နောက်ဆုံး တစ်ကြိမ် အခွင့် အရေးပေးဖို့ တောင်းပန်ပါတယ်။” ဧကရာဇ် လင်းမုပိုင်ရဲ့ တွေဝေသွားတဲ့ မျက်နှာကို ကြည့်ရင်း တောင်းပန်ပြန်တယ်။ ဧကရာဇ် လင်းမုပိုင် သူ့ ခန္ဒာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်တယ်။ လင်းထျန်းရုံရဲ့ သွေးအလူးလူးနဲ့ မျက်နှာကို ကြည့်တယ်။ သူ့ မျက်နှာပေါ်မှာ အပြောင်း အ လဲ တစ်ချို့ ပေါ်လာတယ်။
“မင်းကို နောက်လ အထိ ငါ မမြင်ချင်ဘူး။ အိမ်တော်မှာ နေပြီး ပြန် သုံးသပ်လှည့်။ ဒါမျိုး နောက်တစ်ကြိမ် ဖြစ်လာင်။ မင်းကို အပြစ်ဝန်ခံခိုင်းပြီးတော့ ဒဏ် ခတ်မယ်။” ဧကရာဇ် လင်းမုပိုင် ဆက် တိုက်ပြောသွားတယ်။
“ ကျေးဇူးကြီးမားလှပါတယ် ခမည်းတော်။ သားတော် စဉ်းစားသုံးသပ်ပြီးတော့ ဆင်ခြင်ပါ့မယ်။” လင်းထျန်းရုံ ချက်ခြင်း ဦးညွှတ်ပြီး ကျေးဇူးတင်တော့တယ်။ သူ လောင်းကြေးထပ်တာ မှန်သွားတဲ့ ပုံပဲ။
အမတ်မင်းတွေ အားလုံး ဒီ စကားကို ကြားတော့ စိတ်သက်သာ ရာရသွားတယ်။ ဧကရာဇ် လင်းမုပိုင်က လျှို့ဝှက်ခန်းထဲကို မဝင်ဘူး ။ ဒါဆိုရင် အရာ အားလုံးကို ထိန်းချုပ်နိုင်တယ်။ အိမ်ရှေ့စံ နေရာက လင်းထျန်းရုံ လက်ထဲမှာ ရှိနေတုန်းပဲ။ ဒါက တကယ့်ကို ကံကြမ္မာရဲ့ ကောင်းချီး ပေးမှုပဲ။
ဒီအချိန်မှာပဲ ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ ခေါင်ကို ဖြည်းဖြည်းခါရင်း သက်ပြင်းချတယ်။ အဲ့ဒီ့နောက် ပင်းယန်ကို လှမ်းပြောတယ်။
“ ပင်းယန်။ ခမည်းတော်နဲ့ လမ်းအတူ လျှောက်မလား။”
“ လျှောက်မယ်လေ့။” ပင်းယန် ချက်ခြင်း ခေါင်းငြိမ့်တယ်။ ဧကရာဇ် လင်းမုပိုင် ရှေ့မှာ သူမ ခုန်ပေါက်နေခဲ့တယ်။
“ ဖန်ကျန်းရှီ ၊ ရန်ရွှယ် ၊ နန်ကုန်းမု ၊ ဝမ်တပေါင်း၊ မင်းတို့တွေလည်း ကိုယ်တော်နဲ့ အတူ လိုက်မလား။” တခြားသူတွေကို လှည့်ပြောတယ်။
“ ဧကရာဇ် ရဲ့ ဆန္ဒ အတိုင်းပါ။” ရန်ရွှယ်တို့တွေ ချက်ခြင်း တလေးတစားနဲ့ ပြန်ဖြေတယ်။ တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီက ကူကယ်ရာ မဲ့တဲ့ ပုံစံ နဲ့ ခေါင်းငြိမ့်နေတယ်။
“ နိမ့်ကျတဲ့ ကျွန်တော်မျိုး အရှင့်ပြည်သူလေး။ အရှင့် ဆန္ဒ အတိုင်း ဆောင်ရွက်ပါ့မယ်….”
“နန်းတော်ကိုပြန်မယ်။”
“ဧကရာဇ် နန်းတော်ကို ကြွချီမယ်။”
“ဧကရာဇ် နန်းတော်ကို ကြွချီမယ်။”
အသံတွေက စံအိမ်တော်ထဲ ပဲ့တင့်ထပ်သွားတယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ ပင်းယန်တို့ အုပ်စုနဲ့ အတူ နန်းတော်ကို ကြွချီသွားခဲ့ပြီ။
လင်းထျန်းရုံက ဒီမြင်ကွင်းကို နောက်ကနေ ကြည့်နေတယ်။ သူ့နှုတ်ခမ်းတွေကို ဖိကိုက်ထားရင်း ပြောတယ်။
“ ဖန်ကျန်းရှီ ။ ငါ ။ အိမ်ရှေ့စံ ။ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ မင်းကို ဘယ်တော့မှ အလွတ် မပေးဘူး။”
လင်းရှင်းကြွယ်ကတော့ သူ့ အကိုတော်ကို လှမ်းကြည့်နေခဲ့တယ်။ သူ့မျက်လုံးထဲမှာ စိတ်ပျက်မှုတွေ ပေါ်လာတယ်။ ဒါပေမယ့် ဘာမှ ပြောဖို့ စိတ်ကူးမရှိ။ လင်းထျန်းရုံကို ခပ်သွက်သွက် နှုတ်ဆက်ပြီး ဧကရာဇ် နောက်ကို လိုက်သွားတော့တယ်။
အမတ်မင်းတွေလည်း ဒူးထောက်နေရာကနေ ခပ်သွက်သွက်ထကြတယ်။ လင်းထျန်းရုံကို နှုတ်ဆက်ကြတယ်။ လျှိုု့ဝှက်အခန်း အကြောင်း ဘယ်သူမှ မပြောရဲကြဘူး။ ဒါပေမယ့် ဒီ ကိစ္စကြောင့်။ မီးလောင်မှုကလည်း ပျောက် မသွားခဲ့ဘူးလေ။ ဒီ အဖြစ်ကြီးက ရန်မြို့တော် တစ်ခုလုံးကို ပျံ့နေပြီပဲ။
…
ညည့်သန်းခေါင် ချိန်။ လျှို့ဝှက်ပြီး လှပတဲ့ အိမ်ဂေဟာတစ်ခုမှာ တစ်ကိုယ်လုံးကို အနက်ရောင် ဝတ်ထားတဲ့ လူတစ်ယောက် တိတ်တဆိတ်ရပ်နေတယ်။
“ အရှင်သခင်ငယ်။ အိမ်ရှေ့စံ အိမ်တော် က မီးလောင်မှုကို စုံစမ်းပြီးပါပြီ။” ဒီအချိန်မှာပဲ သူ့နောက်မှာ လူတစ်ယောက်ထပ်ပေါ် လာတယ်။
“ ပြော။” အနက်ရောင် ခေါင်းစွပ်နဲ့သူ ပြောတယ်။
“ နေရာနှစ်ခု မီးလောင် သွားပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ အိမ်ရှေ့စံရဲ့ စာကြည့်ခန်းပါ။ စာကြည့်ခန်းအောက်မှာ လျှို့ဝှက်ခန်း တစ်ခု ရှိနေပါတယ်။”
“ လျှို့ဝှက်ခန်း ဟုတ်လား။ ”
“ မှန်ပါတယ်။ စာကြည့်ခန်းအောက်က လျှို့ဝှက်ခန်းပါ။ အရှင် ဧကရာဇ် ကိုယ်တိုင် အခန်း တံခါးကို ဖောက်ခွဲပြီးတော့ ဖွင့်ခဲ့တာ။ ဒါပေမယ့် သူ အခန်းထဲကို မဝင်ခဲ့ဘူး။ အိမ်ရှေ့စံ မင်းသားကို အိမ်တော်တွင်းမှာ တစ်လ အကျယ်ချုပ်နေခိုင်းပါတယ်။ ကျွန်တော်မျိုး ယုံကြည်တာက … ကျွန်တော်တို့ အစီအစဉ်ကို ပြန်တွန်းအားပေးသင့်တယ်လို့။”
“ ဟ ဟား… အစီအစဉ်က ရှိနေတုန်းပဲ…။ အခု ချိန်က ငါတို့ရဲ့ အိမ်ရှေ့စံ မင်းသားလေးကို အင်အားတွေ အကုန်ထုတ်လာဖို့ လုပ်ရတော့မှာပဲ။” ဝတ်ရုံနက်လူ ရယ်မောရင်း နဲ့ ပြောတယ်။ အဲ့ဒီ့နောက် သူ့ ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ လရောင်က သူ့မျက်နှာပေါ်မှာ တောက်ပနေခဲ့တယ်။ မဟာဆန်ဆန် ချောမောတဲ့ မျက်နှာပဲ။
မျက်ခုံးတွေက ဓားသွားတွေနဲ့ တူတယ်။ တလက်လက် တောက်နေတဲ့ မျက်လုံး နဲ့ ဖြူဖွေးတဲ့ အသားအရည် က ထင်ရှားတယ် ။ ဒီ မျက်လုံး တစ်စုံက အရမ်းကို ထက်မြက်စူးရှလွန်းလို့ သူ့အရှိန်အဝါကို သာမာန် လူသားတွေ ခံစားနိုင်မှာ မဟုတ်ဘူး။ စွန်ရဲတစ်ကောင်လို မျက်ဝန်း။ ကောင်းကင်ကနေ သားရဲကို ကြည့်နေတဲ့ စွန်ရဲ မျက်လုံးတွေ။
အပိုင်း(၅၅၅)ပြီး၏။
အပိုင်း (၅၅၆)
“ ပြဇာတ် ဆန်ဆန် အပြောင်းအလဲ။”
ရန်မြို့တော်။ ကျေးလက် အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ခြံဝန်းကျယ်ကြီး တစ်ခုထဲမှာ။ ပန်းရနံ့တွေနဲ့ ပြည့်နေသလို အဖြူရောင် လူရိပ်တစ်ခုလည်း ရှိနေခဲ့တယ်။ လရောင်အောက်မှာ သူမ အရိပ်ကို ထင်ထင်ရှားရှား မြင်နေရတယ်။
“ အရှင်သခင်ငယ်။” လူရိပ်တစ်ခု ခြံဝန်းဝင်ပေါက်ကို ရောက်လာတယ်။ သူချက်ခြင်း ဒူးထောက်တယ်။
“ အားလုံး ပြင်ဆင် ပြီးပြီလား ” အဖြူရောင် လူရိပ်က ဖြည်းဖြည်းချင်း လှည့်လာတယ်။ ခြံဝန်းထဲဝင်လာတဲ့ လူကို မေးတယ်။ သူမ မျက်နှာပေါ်က ပဝါ လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။
“အရှင်သခင်ငယ်။ အရာအားလုံး ပြင်ဆင်ပြီးပါပြီ။ ဒါပေမယ့် အိမ်ရှေ့စံ အိမ်တော်မှာ ဒီည မီးလောင်ခဲ့ပါတယ်။ မျိုးနွယ်စု ခေါင်းဆောင် ယဉ်ဖုန်းက ကျွန်တော်တို့ အစီအစဉ်ကို ထိခိုက်မှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် အရှင်သခင်ငယ်ရဲ့ အမြင်ကို မေးဖို့ ကျွန်တော့်ကို ပြန်လွှတ်လိုက်တာပါ။ ” နောက်ကလူ ပြောတယ်။
“ အင်း… မျိုးနွယ်စု ခေါင်းဆောင် ယဉ်ဖေး ဒီလို စိုးရိမ်တာ ဖြစ်သင့်ပါတယ်။ ဒီကိစ္စကို စုံစမ်း ပြီးပြလား။”
“ အိမ်ရှေ့စံ အိမ်တော်က လုံခြုံရေး အ ရမ်းကို တင်းကြပ်လွန်းပါတယ် ။ မီးလောင်ပြီးနောက်မှာ ပုံမှန်ထက် အစောင့် အကြပ် ပိုများလာခဲ့တယ်။ ဒါကြောင့်။ အိမ်ရှေ့စံ အိမ်တော်မှာ အရင် လွှတ်ထားတဲ့ သူလျှိုတွေ ရှိလို့သာ။ ကျွန်တော်တို့ ကိစ္စ နည်းနည်း ကို ရှာဖွေ တွေ့လာပါတယ်။ ပထမဆုံး အိမ်ရှေ့စံ အိမ်တော်မှာ နေရာ နှစ်ခု မီးလောင်သွားတယ်။ အဓိက ပျက်စီးတာကတော့ စာကြည့်ခန်းပါ။ ဒုတိယကိစ္စကတော့ စာကြည့်ခန်း အောက်မှာ လျှို့ဝှက်ခန်း ရှိနေတဲ့ ကိစ္စပါ။ ဒါတွေကို ဖန်ကျန်းရှီ ကောက်လာခဲ့တဲ့ စာတွေကနေ ဧကရာဇ် သိသွားပါတယ်။ စာထဲမှာ ဘာတွေပါမှန်း ဘယ်သူမှ မသိဘူး။ ဧကရာဇ် ကိုယ်တိုင်တောင် ဒီ စာတွေကို မြင်တော့ အတော်လေး ဒေါသ ပေါက်ကွဲသွားခဲ့ပါတယ်။ ”
“စာတွေ ဟုတ်လား”
“ဟုတ်ပါတယ်။ ကျွန်တော် သိရ သလောက် အရတော့။ စာထဲမှာ ပါတဲ့ အကြောင်း အရာတွေက မြေအောက် လျှို့ဝှက်ခန်းနဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်။ ဖန်ကျန်းရှီက ဒီ စာတွေကို ပြာပုံထဲကနေ တွေ့လာတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော့် အထင်တော့ သူ က ကြိုတင် ပြင်ဆင်လာတာပဲ။ ပြီးတော့ ဧကရာဇ်ကို သွားပြတယ်။ ဒါပေမယ့် ….”
“ အရှင်မင်းမြတ်က ဒီ စာတွေကြောင့်ပဲ လျှို့ဝှက်ခန်းကို ရှာတွေ့တာပါ။ သူ လျှို့ဝှက်ခန်းထဲလည်း မဝင်သလို။ ရှာဖွေ စစ်ဆေးတာလည်း မလုပ်ခဲ့ပါဘူး။ အိမ်ရှေ့စံ ကို ခိုင်မာတဲ့ သက်သေမရှိပဲ စွဲချက်တင်တာမျိုးလည်း မလုပ်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့် အမြင်အရ။ ဖန်ကျန်းရှီရဲ့ အစီအစဉ် မအောင်မြင် ပါဘူး။”
“ မအောင်မြင်ဘူး ဟုတ်လား။” အဖြူရောင် လူရိပ်က ဒီ စကားကို ကြားတော့ တွေးတောနေခဲ့တယ်။ အဲ့ဒီ့နောက် သူမ ခေါင်းခါရင်း ပြောတယ်။ “ အကြိမ်တွေ အများကြီး။ အပေါ်ယံ အောင်မြင်တဲ့ ကိစ္စတွေက တကယ်တမ်းတော့် ကျရှုံးနေကြတာ။ တစ်ချို့ကိစ္စတွေက အမြင်နဲ့ ဆုံးဖြတ်လို့ မရဘူး။ ဖန်ကျန်းရှီက စာ တစ်စောင်ထက် ပိုပြီးတော့ ရှာတွေ့တာ မဟုတ်လား။ ဟုတ်တယ်ဟုတ်”
“မှန်ပါတယ်။”
“ စာတွေ …. ငါနားလည်ပြီ။ ဒီကိစ္စကို စုံစမ်းနေတာ ရပ်လိုက်လို့ရပြီ။ ဆယ်မိုင် ရေကန်အခြေအနေ ကော ဘယ်လိုရှိလဲ။ ရန်ချန်လိ ရှိနေတုန်းလား ။ ” အဖြူရောင် လူရိပ် ခေါင်းငြိမ့်ရင်းနဲ့ မေးတယ်။
“ ရှိနေတုန်းပါ။ ကျွန်တော် စုံစမ်း ထားတာ အရဆိုရင်။ ရန်ချန်လိက ဆယ်မိုင် ရေကန်မှာ သုံးရက်နေပြီးတော့မှ မြို့တော်ကို ပြန်လာမှာပါ။ ဘယ်သူကမှ သူ ဘာကြောင့် မြို့တော်ကို ပြန်မလာလဲ မသိကြပါဘူး။”
“ကြည့်ရတာ။ ငါတို့ အစီအစဉ် အတွက် မတော်တဆ ဖြစ်သွားပြီနဲ့ တူတယ်။ ” အဖြူရောင် လူရိပ် မျက်မှောင်ကြုတ်ရင်း ပြောတယ်။
“ဒါဆိုရင်။ ကျွန်တော်တို့ အစီအစဉ် အတိုင်း ဆက်လုပ်ရမှာလား။”
“ ဒါပေါ့။ အရာ အားလုံးကို ပုံမှန် အတိုင်းလုပ်။ ဘယ် အစီအစဉ်မှ အကောင်းဆုံး မဖြစ်နိုင်ဘူး။ အမှားယွင်းတော့ ရှိမှာပဲ။ ဒီလောက်ကိစ္စ နည်းနည်းလေးနဲ့တော့ အပျက်စီး မခံနိုင်ဘူး။” အဖြူရောင် လူရိပ် ခေါင်းခါရင်းနဲ့ ပြောတယ်။
“ ဟုတ်ကဲ့ပါ။ မျိုးနွယ်စု ခေါင်းဆောင်ကို ပြန်သတင်းပို့လိုက်ပါမယ်။” လူရိပ် ထွက်မသွားခင် ခေါင်းငြိမ့်တယ်။ အဖြူရောင် အ မျိုးသမီးကတော့ ခေါင်းမော့ရင်းနဲ့ လမင်းကြီးကို ကြည့်နေခဲ့တယ်။ “ ဖန်ကျန်းရှီ ငါတို့ နှစ်ယောက် လုံးက ဒီတစ်ကြိမ်မှာ (စာကလေး) လုပ်ဖို့ ရွေးချယ်ခဲ့တယ်။ ဘယ်သူက စာကလေး အစစ် ဖြစ်မလဲ သိချင်လိုက်တာ။”
သူမ ကျောက်သားထိုင်ခုံပေါ် ထိုင်ချလိုက်ပြီးတော့။ ကုချင်းကို ညင်ညင်သာသာ တီးခတ်တော့တယ်။ သံစဉ်ကြားမှာ သူမ မျောလွင့်သွားတယ်။
အိမ်ရှေ့စံ အိမ်တော်နဲ့ နန်းတော်က သိပ်ပြီးတော့ မဝေးကွာဘူး။ ဒါပေမယ့် လိုရာခရီး ရောက်ဖို့ အတွက် ဖန်ကျန်းရှီ လမ်းလျှောက်နေရတာ မိနစ် သုံးဆယ် ရှိပြီ။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဧကရာဇ် လင်းမုပိုင်က အရမ်းကို နှေးနှေးလေး လျှောက်နေတာကြောင့်ပဲ။ ဖန်ကျန်းရှီက ဘာလိုများ မြန်မြန် လျှောက်နိုင်မှာလဲ။
ဒါပေါ့။ ဧကရာဇ် လင်းမုပိုင်က တကယ်တမ်း လမ်းလျှောက်နေတာ မဟုတ်ဘူးလေ။ လှည်းယာဉ်ကြီးပေါ်မှာ အငြိမ့်သား ထိုင်နေတာ။ ဖန်ကျန်းရှီ ရန်ရွှယ် ပင်းယန်နဲ့ တခြားသူတွေလည်း ဒီလှည်းပေါ်မှာပဲ။ တကယ် အတော့်ကို ကြီးမားပြီးတော့ အဖိုးတန် တဲ့ လှည်းကြီး ။ သူတို့ ခြောက်ယောက် ဝင်ထိုင်နေတာတောင် နေရာလွတ်တွေ အပြည့် ရှိနေသေးတယ်။
“ခမည်းတော် ။ သမီးတော် တစ်ခုလောက် မေးလို့ရမလား။ ခမည်းတော် ဘာဖြစ်လိုက အကုန်လုံးကို တင် ခေါ်လာတာလဲ။ ” မျက်စိမှိတ်ထားတဲ့ ဧကရာဇ် လင်းမုပိုင်ကို ကြည့်ရင်း ပင်းယန် မေးတယ်။
“အင်း။” ဧကရာှဇ် လင်းမုပိုင် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်တယ်။ ပင်းယန်ရဲ့ ခေါင်းကို ခပ်ဖွဖွ ပုတ်ရင်း ။ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ “ဖန်ကျန်းရှီ ပြော။ မင်း ငါ ကိုယ်တော် ဆီက ဘာလိုချင်တာလဲ။”
“ မိုင်နဲ့ချီပြီး ကျယ်တဲ့ အိမ်တော်တစ်လုံး။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။
“ စတုရန်းမိုင် ဟုတ်လား။ မင်းက နန်းတော် တစ်ခု တည်ဆောက်ချင်နေတာလား။” ဧကရာဇ် လင်းမုပိုင် အံကြိတ်ရင်း ပြောတယ်။
“ကောင်းပြီ။ ငါသဘော တူ်တယ်။ ဒါပေမယ့် ငါ့ ရဲ့ ရန်မြို့တော်မှာ ဒီလောက် နေရာ အကျယ်ကြီး မရှိဘူး။ မင်းဘာမင်း နေရာရှာလိုက်။ ဆောက်ပေးဖို့ လူတွေ လွှတ်လိုက်မယ်။”
“ အိမ်တော်တစ်ခုတည်းတောင်းရင် ကျွန်တော်မျိုး မိုက်မဲရာကျမှာပေါ့။ အိမ်တော်ထဲကို သန့်ရှင်းရေး လုပ်ပြီးတော့ ကျွန်တော်မျိုးကို ပြုစုဖို့ အစေခံတွေ လိုချင်ပါသေးတယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ စိတ်ချပါ။ မင်းအတွက် အိမ်တော် ပေးပြီ ဆိုမှတော့ ။ စားဖိုးတွေကော အစေခံတွေပါ ပေးမှာပေါ့။ တစ်ခါတည်း ပါပြီးသားပဲ။ ” ဧကရာဇ် လင်းမုပိုင် သူ့ရဲ့ ဥစ္စာ ဓနတွေ တဖြည်းဖြည်း လျော့ပါးသလို ခံစားနေရတယ်။
“ မြောက်ရွာနဲ့ ဆယ်မိုင် ပတ်လည် ရွာရှစ်ရွာ အတွက် အခွန် ကင်းလွတ်ခွင့်လည်း လိုချင်ပါသေးတယ်။”
“ မြောက်ရွာကတော့ မင်း နေတာ မလို့ အခွန်လွတ်တာ ဟုတ်ပါပြီ။ ပတ်ပတ်လည် ဆယ်မိုင်ရွာတွေ အတွက်ပါ ဘာလို့ အခွန် လွတ်ချင်ရတာလဲ။”
“ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် လုပ်နိုင်လို့ပါ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
ဧကရာဇ် လင်းမုပိုင် တစ်ချက်တော့ ကြောင်သွားတယ်။ အဲ့ဒီ့နောက် အံကြိတ်ရင်း သူပြောတယ်။ “ ကောင်းပြီ။ မင်း လုပ်နိုင်လို့ လုပ်တာပေါ့။ အးလုံးကို ကတိပေးတယ်။ နောက်ထပ် လိုချင်တာ ရှိသေးလား။”
“ မရှိတော့ပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။
“ မရှိတော့ဘူး ။ သေချာလို့လား။ ဒီလောက် ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီး မင်းလက်ထဲ ရှိနေတာတောင်။ လောဘကြီးလွန်းတဲ့ ဖန်ကျန်းရှီက အိမ်တလုံးနဲ့ အခွန် ကင်းလွတ်ခွင့် တောင်းရုံပဲတဲ့လား။ ငါက ငါ့ ဘဏ္ဍာတိုက် ထဲက ဥစ္စာဓနတွေကို အတော်လေး စတေးဖို့တောင် တွေးထားတာ။ မင်းက ငါ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တယ်ပေါ့။” ဧကရာဇ် လင်းမုပိုင် မယုံမကြည်နိုင် ပြောနေတယ်။
“ ကျွန်တော်နောက်ထပ် လိုချင်တာ မရှိတော့ပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
“ ကောင်းပြီလေ။ မင်း တောင်းဆိုတာ ပြီးပြီဆိုတော့။ ဒါတွေ အားလုံးကို အခြေအနေ တစ်ခုအတွက် ငါ သဘောတူတယ်” ဧကရာဇ် လင်းမုပိုင် မျက်လုံးတွေ တလက်လက် တောက်ပလာရင်းနဲ့ ပြောတယ်။
“ပြဿနာကြီး မယ့် ကိစ္စတွေဆို ကျွန်တော် လုံး၀ မလုပ်ဘူး။ ” ဖန်ကျန်းရှီက ဧကရာဇ် လင်းမုပိုင် တောင်းဆိုမှာကို ခန့်မှန်း ထားပုံပဲ။ သူ သိပ်ပြီးတော့ အံ့သြဟန် မရှိ။ ဧကရာဇ်။ လူတွေကြားက နဂါး တစ်ကောင်လေ။ အရမ်းကို ထက်မြက်ပြီး တော်တဲ့သူ။ စတုရန်းမိုင်ချီ ကျယ်တဲ့ အိမ်ဂေဟာကို ပေးပြီးမှတော့။ ဖန်ကျန်းရှီ ပြန်မတောင်းဆိုပဲ နေမလား။
“အဲ့တာက အရမ်း ပြဿနာမကြီးပါဘူး။” ဧကရာဇ် လင်းမုပိုင် ပြုံးပြရင်း ပြောတယ်။
“ဒါဆိုရင် ကျေးဇူးပြုပြီးတော့ ပြောပါ။”
“ မင်း အတွက် ဒီကိစ္စကို သိရင် လုံလောက်ပါပြီ။ ငါ ပင်ပန်းနေပြီ။ နန်းတော်ကို ပြန်ပြီးတော့ အနားယူတော့မယ်။ ငါ့ရဲ့ ညွှန်ကြားချက်ကို နောက်ရက် နည်းနည်း ကြာရင် ပင်းယန် အိမ်တော်ဆီ ပို့လိုက်မယ်။ ” ဧကရာဇ် လင်းမုပိုင် စကား ဆက်မပြောတော့ဘူး။ ဖန်ကျန်းရှီ နဲ့ ပင်းယန်ကိုသာ စိုက်ကြည့်နေတယ်။
“ခမည်းတော် တတိယ အကိုတော့်…. ” ပင်းယန် စကားပြောလိုက်တာနဲ့။ သူမရဲ့ ဖန်သလင်း မျက်လုံးပြာပြာ တွေက စိုးရိမ်မှုကြောင့် တောက်ပလာခဲ့တယ်။
“ အပြစ်ကို ဝန်ခံတဲ့သူ အတွက် ခွင့်လွှတ်မှုကိ ုကောင်းကင်က ပေးသနားတယ်။ ဒါပေမယ့် အပြစ်ဝန်မခံတဲ့ သူအတွက်တော့ မပါဘူး။ ဒီ ကိစ္စကနေ သူ သင်ခန်းစာရဖို့ပဲ ခမည်းတော် မျှော်လင့်ပါတယ်။” ဧကရာဇ် လင်းမုပိုင် စိုးရိမ်မှု အပြည့် မျက်နှာနဲ့ ပြောတယ်။
“ ဒါဆိုရင်..” ပင်းယန် နည်းနည်းတော့ တွေဝေသွားတယ်။
“နောက်ကျနေပြီ။ အားလုံး ပြန်ပြီးတော့ အနားယူရအောင်။ ” ဧကရာဇ် လင်းမုပိုင် ပြောတယ်။
“ ဒါဆိုရင် သမီးတော်တို့လည်း သွားပါတော့မယ်။” ပင်းယန် ခေါင်းငြိမ့်ရင်း ပြောတယ်။
ရန်ရွှယ်နဲ့နန်ကုန်းမုကတော့ ဘာမှ မပြောဘူး။ လှည်းပေါ်တက်လာတည်းက သူတို့ ဆက်တိုက် တိတ်ဆိတ်နေတာ။ အတူတူပဲ။ ဝမ်တပေါင်းလည်း တိတ်ဆိတ်နေခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ခံစားချက်တွေ က ရှုပ်ထွေးနေတယ်။ ဘာတွေ ဖြစ်နေမှန်းကို သူ မသိတာကြောင့်ပဲ။
ဧကရာဇ်က သူနဲ့ အတူ လမ်းလျှောက်ဖို့ ပြောတယ်။ ဒါ အကုန်ပဲလား။
နောက်ပြီးတော့။ ဧကရာဇ်က ဖန်ကျန်းရှီ ဘာကြောင့်များ စတုရန်း မိုင်ချီကျယ်တဲ့ အိမ်တော်ကို ပေးတာလဲ။ အခွင်ကင်းလွတ်ခွင့်တွေကော။ ဒါတွေ ပေးပြီးတာတောင် နည်းတယ် ပြောသေးတယ်။ ဘာတွေ ဖြစ်နေတာလဲ။ တကယ်ပဲ ဒီစာတွေကြောင့်လား။
ဒီစာတွေ ထဲမှာ တကယ်ပဲ ဘာတွေပါနေတာပါလိမ့်။
နောက်ပြီးတော့ ပင်းယန်ရဲ့ စကားတွေက ဘာကို ဆိုလိုတာလဲ။ ဧကရာဇ် လင်းမုပိုင်ရဲ့ စကားကကော။ ကောင်းကင်ကတော့ အပြစ်ဝန်ခံသူကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် အပြစ်ဝန်မခံနိုင်သူကိုတော့ ဘယ်သူမှ ခွင့်မလွှတ်နိုင်ဘူးတဲ့လား။
ပင်းယန် နဲ့ တခြားသူတွေကို ဝမ်တပေါင်း ကြည့်တယ်။ သူလုံးဝကို စိတ်ရှုပ်ထွေးနေတာ ။ ၂ ရက်ကြာပြီးတဲ့ နောက်။ တာအအို ဥပဒေ စာမေးပွဲက စခဲ့ပြီ။ ဒီ ၂ရက်က ရန်မြို့တော် အတွက် အလုပ် အများဆုံး နှစ်ရက်ပဲ။ နေရာတွေ အများကြီးက စိတ်ဝင်စားစရာ ဆွေးနွေးမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဒါပေမယ့် တော်ဝင်စာမေးပွဲ တရားဝင် စတဲ့ ရက်မှာတော့ ။ သူတို့တွေရဲ့ အာရုံက စာမေးပွဲကို ပြန်ရောက်သွားခဲ့တယ်။
မနက်စောစောတည်းက။ ရန်မြို့တော်တစ်ခုလုံး ပျားပန်းခတ်လှုပ်ရှား နေတယ်။ မရေမတွက်နိုင်တဲ့ ကျောင်းတော်သား တွေက တော်ဝင် ကျောင်းတော် ဖွင့်တာကို စောင်ေ့နကြတယ်။ စာမေးပွဲဖြေဖို့ ဝင်ခွင့်ကို စောင့်နေကြတယ်။ ပုံမှန် အတိုင်း ဝတ်ထားတဲ့ နန်ကုန်းမုကတော့ ကျောင်းတော်သားတွေနဲ့ အတူတူ ရပ်နေခဲ့တယ်။ သူက ဘာ အာရုံစိုက်ခံစရာ အပြုအမူကိုမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့် သူ ပေါ်လာတာနဲ့ အတော်လေးကို အာရုံစိုက်ခံရတော့တယ်။
“ နောက်ဆုံး တစ်ကြိမ်တုန်းက။ တော်ဝင် အတွေး အခေါ် စာမေးပွဲမှာ နန်ကုန်းမုက တတိယရခဲ့တယ်။ ဒါပေမယ့် သူ ကံမကောင်းဘူး။ တိုက်ခိုက်ရေး စာမေးပွဲမှာ ဖန်ကျန်းရှီနဲ့ ထိပ်တိုက်တွေ့သွားတယ်။ ဒီ နောက်ဆုံး ရလဒ်တွေက သူ့ကို အတော်လေး စိတ်ပျက်သွားစေတာ။ ဒီ တစ်ကြိမ်မှာတော့ နန်ကုန်းမု က ထိပ်တန်း နေရာကို ရမယ်ထင်တယ်။ ”
“ငါတော့ ဒါကို ပြဿနာလို့ မထင်ဘူး။ ၂ နှစ်အတွင်း နန်ကုန်းမု ဘယ်လောက်တောင် တိုးတက်လာလဲ ဆိုတာကိုပဲ သိချင်တယ်။”
“ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက။ ကောင်းကင်ရောင်ပြန် အထွဋ်အထိပ် အဆင့်ကို သူ ရောက်နေပြီလေ။ အခုချိန်မှာတော့။ သဘာဝလွန် အဆင့်ကို ရောက်လောက်ပြီ မဟုတ်လား။”
“ မသိဘူး။ … နောက်ဆုံးတော့လည်း ကောင်ကင်ရောင်ပြန် အဆင့်ကနေ သဘာဝလွန် အဆင့်ကို ရောက်ဖို့က ခက်လွန်းပါတယ်လေ။ အိုက်ယား… သူက နန်ကုန်းမုပဲ။ နန်ကုန်းဟောင်ရဲ့ ညီလေးလေ။ ဘယ်သူသိမှာလဲ။”
“အမှန်ပဲ။ သူက နန်ကုန်းဟောင်ရဲ့ ညီငယ်လေးပဲလေ။”
ပြိုင်ပွဲဝင်တွေ ခပ်တိုးတိုး ပြောနေကြတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့နား မကပ်ဝံ့ကြ။ အဝေးကနေသာ ကြည့်နေခဲ့တယ်။ အဲ့ဒီ့အချိန်မှာပဲ။ လူသုံးယောက် ခပ်ဝေးဝေးကနေ ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှီ ရန်ရွှယ်နဲ့ ပင်းယန်။
သူတို့ အားလုံး တစ်ပုံစံတည်းပဲ။ လွန်ခဲ့တဲ့ ၂ နှစ် တော်ဝင် စာမေးပွဲ တုန်းကနဲ့ အခြေအနေ ကွာတယ်။ ဖန်ကျန်းရှီ ပေါ်လာတာက။ စာဖြေမယ့် သူတိုင်းကို အာရုံပြောင်းသွားစေတယ်။
“ အဲ့တာ ဖန်ကျန်းရှီပဲ။”
“ သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ။ တော်ဝင် စာမေးပွဲကို သူ အောင်ပြီးပြီ မဟုတ်ဘူးလား။”
“နန်ကုန်းမုကို တွေ့ဖို့ လာတာ ဖြစ်နိုင်ပါတယ်။”
တော်ဝင်ကျောင်းတော် ရှေ့က ကျောင်းတော်သားတွေ ဘေးဖယ်ပေးကြတယ်။ သူတို့ သုံးယောက်ကို စပ်စုလို စိတ် အပြည့်နဲ့ ကြည့်နေကြတယ်။ ဖန်ကျန်းရှီကတော့ သူ့ ဘေးက ပြောစကားတွေကို လုံး၀ အာရုံ မစိုက်ဘူး။ တော်ဝင်ကျောင်းတော် တံခါး နားက နန်ကုန်းမု ဆီကို လျှောက်သွားတယ်။ အဲ့ဒီ့နောက် မကျေမနပ်နဲ့ ပွစိ ပွစိ လုပ်တယ်။
“ တံခါး ဖွင့်စမ်း။” ဖန်ကျန်းရှီ တံခါး နားက အစောင့် နှစ်ယောက်ကို အော်တယ်။
“တံခါးဖွင့် ဟုတ်လား။”
“ တော်ဝင်ကျောင်းတော် တံခါးတွေကို ဖွင့်ဖို့ သူ ပြောနေတယ်ပေါ့။”
“ သူ့ကိုယ်သူ ဘယ်သူများ ထင်နေတာလဲ။”
လူတိုင်းက ဖန်ကျန်းရှီ ကြောင့် လန့်ရပြန်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရဲ့ စကားကို ကြားတာနဲ့။ အစောင့် နှစ်ယောက်ချက်ခြင်း တံခါးဖွင့်ပေးကြတယ်။
“ သခင်ဖန် ကျေးဇူးပြုပြီးတော့ ကြွပါ။” အစောင့်တွေ တံခါးကို တလေးတစား ဖွင့်ပေးတယ်။
ဒီမြင်ကွင်းက လူတိုင်းကို အံ့အား သင့်သွားစေတယ်။ သူတို့တွေ မျက်လုံး အပြူးသား ပါးစပ်အဟောင်းသား နဲ့သာ ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ တော်ဝင် ကျောင်းတော်ထဲကို ခပ်သွက်သွက် ဝင်သွားခဲ့ပြီ။ လူတိုင်းကတော့ ကြောင်အနေဆဲ။
“ သူ ဝင်သွားပြီလား။”
“ ဘယ်လိုတောင်လဲ။ တော်ဝင် စာမေးပွဲက စတောင် မစသေးဘူးမလား။”
“ ဘာတွေ ဖြစ်နေတာလဲ။”
စာဖြေသူတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။ အမှန်တရားက မျက်စိရှေ့မှာပဲလေ။ ရန်ရွှယ်နဲ့ ပင်းယန်ပါ သူနဲ့ အတူ လိုက်ဝင်သွားတာ။ ဘာ အတားအဆီးမှ မရှိပဲ။ ဒီအချိန်မှာပဲ တော်ဝင် ကျောင်းတော်ထဲကနေ မောင်းသံ ထွက်လာတော့တယ်။
ကျောင်းတော်သားတွေ အားလုံး အခုမှ သတိဝင်လာတော့တယ်။ ဖန်ကျန်းရှီ အကြောင်းကို သူတို့ မတွေးကြတော့ဘူး။ ဒီအချိန်မှာပဲ တော်ဝင်ကျောင်းတော် တံခါးက အထဲကနေ ပွင့်လာတယ်။ အစောင့် တွေ နှစ်တန်း တန်းစီပြီး ထွက်လာတယ်။ ဝတ်ရုံနက်နဲ့ တော်ဝင်ကျောင်းတော် စာစစ်သူတွေ နောက်ကနေ လိုက်လာတယ်။
အဲ့ဒီ့နောက်မှာတော့ လူတိုင်း မျက်လုံးပြူးရပြန်တယ်။
အစောင့်တွေနဲ့ စာမေးပွဲကြီးကြပ်ရေးမှူးတွေရဲ့ နောက်။ အလယ်တည့်တည့်မှာ လူတစ်ယောက်ရှိနေတယ်။ အသစ်ကျပ်ချွတ် တော်ဝင်ကျောင်းတော်ရဲ့ ဝတ်ရုံနက်ကို ဝတ်ထားတယ်။ မျက်စိကျိန်းလောက်တဲ့ စာလုံးတစ်လုံးကို သူ့ရဲ့ ရင်ဘတ်မှာ ရေးထိုးထားတယ်။ (လီ) လက်တဖက်မှာလည်း ရွှေရောင် ပေလိပ်တစ်ခုကို ကိုင်ထားသေးတယ်။
“ ဖန်ကျန်းရှီ…”
“ သူ … သူက …”
“ ဘယ်လို ဖြစ်နိုင်မှာလဲ။”
“ဖန်ကျန်းရှီက ဒီတစ်ခေါက် တော်ဝင် စာမေးပွဲရဲ့ အဓိက စာစစ်သူတဲ့လား။”
စာဖြေသူတွေ မျက်လုံး ပြူးကုန်တယ်။ ဒါမျိုးကို သူတို့ မျှော်လင့်မထားဘူးလေ။
အပိုင်း(၅၅၆)ပြီး၏။
အပိုင်း (၅၅၇)
“အချိန်တွေ ပြောင်းလဲ ခဲ့ပြီ။”
ဖန်ကျန်းရှီ ….. တော်ဝင်စာမေးပွဲ အဓိက စာစစ်သူ။ ဒါက ဘယ်လိုပဲ ကြည့်ကြည့် မယုံနိုင်စရာပဲ။
တော်ဝင်စာမေးပွဲက မြို့တော်မှာ အရေးအကြီးဆုံးတွေထဲက တစ်ခုလေ။ တော်ဝင်စာမေးပွဲကို အောင်တဲ့ ဘယ်သူမဆို ညီလာခံမှာ အမတ်မင်း တန်းဖြစ်တယ်။ တော်ဝင်စာမေးပွဲ အဓိက စာစစ်သူ ဆိုတာ။ ဒီ စာမေးပွဲမှာ လုပ်ပိုင်ခွင့် အမြင့်ဆုံး ရှိတဲ့သူပဲလေ။
စကားလေး တစ်ခွန်းတည်းနဲ့ စာဖြေသူ တစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်စီးနိုင်တယ်။ အကယ်၍ သူသာ လုပ်ချင်ရင် စာဖြေသူ တစ်ယောက်ရဲ့ ဘဝကိုလည်း မြှင့်တင် ပေးနိုင်တယ်။ အဓိက စာစစ်သူဆိုတာ ဘယ်လောက်တောင် အရေးကြီးတဲ့သူမှန်း သိနိုင်တယ်။
“ ဒါက မဖြစ်နိုင်တာပဲ။ ငါ မျက်စိမှောက်နေတာပဲ ဖြစ်ရမယ်။”
“ ဖန်ကျန်းရှီက ဘယ်လိုများ အဓိက စာစစ်သူ ဖြစ်နေတာလဲ။ သူက အသက် ၁၈နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူးလေ။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ကြီးမြတ်သောရှ မင်းဆက် စတည်ထောင်ချိန်တည်းက အသက် ၁၈ အောက် တော်ဝင်စာမေးပွဲ အဓိက စာစစ်သူဆိုတာ ဒါ ပထမဆုံးပဲ။ ”
စာဖြေသူတွေ အားလုံး ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ တော်ဝင်စာစစ်သူတွေရဲ့ အလယ်မှာ ဖန်ကျန်းရှီက ခန့်ခန့်ကြီး။ နောက်ဆုံးတော့လည်း ဒါက ယုတ္တိမရှိတဲ့ ကိစ္စပဲလေ။
“ သခင်ဖန်။ ကျွန်တော်တို့ စကြတော့မလား။” စာဖြေသူတွေ သံသယ ဝင်နေတဲ့ အချိန်မှာပဲ။ တော်ဝင်စာစစ်သူ တစ်ယောက် ရှေ့ထွက်လာတယ်။ ဖန်ကျန်းရှီကို တလေးတစား နဲ့ မေးတယ်။
“ ကောင်းပြီ။ စလိုက်ရအောင်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ သူ့လက်ထဲက ရွှေပေလွှာကို ကမ်းပေးလိုက်တယ်။
“ ကောင်းပါပြီ။” ရွှေပေလွှာကို လက်နှစ်ဖက်နဲ့ ယူသွားပြီးနောက်။ နောက်ကို ခြေလှမ်း ၂ လှမ်း ဆုတ်သွားတယ်။ အဲ့ဒီ့နောက် ချောင်းတစ်ချက် ဟန့်တယ်။
“ မြင့်မြတ်လှစွာသော အရှင် ဧကရာဇ် ရဲ့ အမိန့်တော် အရ။ ဖန်ကျန်းရှီကို တော်ဝင်ကျောင်းတော် အဓိက အုပ်ချုပ်သူ အဖြစ် ခန့်အပ်လိုက်သည်။ အဆင့်နှစ် တော်ဝင် အမတ်မင်း ရာထူးကို ပေးအပ်သည်။ တော်ဝင် အထောက်အပံ့ကိုလည်း ရရှိမည်။ သူသည် တော်ဝင် တာအို စာမေးပွဲ အဓိက စာစစ်သူ အဖြစ်လည်း ဆောင်ရွက်ပေမည်။”
“အဆင့် ၂ တော်ဝင် အမတ်မင်းတဲ့လား။”
“ မိုးနတ်မင်းရေ။ သူက တကယ်ပဲ အဓိက စာစစ်သူ ဖြစ်နေပါရောလား။”
“ သူ့အသက်က ၁၈ နှစ်တောင် မပြည့်သေးဘူးလေ။ ဒါက ကြီးမြတ်သောရှမင်းဆက်ရဲ့ သမိုင်းမှာ ပထမဆုံးပဲ။ နောက်ပြီးတော့ အခုဆိုရင် အဆင့် ၂ တော်ဝင် အမတ်မင်းတဲ့။ ဒါက ဝန်ကြီးကောင်စီ ခြောက်ခုက ဝန်ကြီးတွေနဲ့ ရာထူး အတူတူပဲ မဟုတ်လား။”
စာဖြေသူတွေ တော်ဝင် အမိန့်တော် ကြောင့် ကြောင်အ ကုန်ကြတယ်။ ဒီရလဒ်က မျှော်လင့်ထားတာ မဟုတ်ဘူးလေ။
ဘာကြောင့်လဲ ဆိုတော့။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက။ ဖန်ကျန်းရှီ မြို့တော်ကို ချီဟို့တို့ ရန်ရွှယ်တို့နဲ့ ပြန်လာချိန်မှာ သူက ရာဇဝတ်သား တစ်ယောက် ဖြစ်နေတုန်းလေ။ အခုတော့ ။ တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းအုပ်။ ယဉ်ကျေးမှု ဝန်ကြီး ဌာနက အမတ်မင်း။ တော်ဝင် အထောက်အပံ့လည်း ရအုန်းမယ်။
ဘယ်လောက်တောင် ယုတ္တိမရှိလိုက်လဲ။ ဘယ်သူမှ မယုံနိုင်ဘူး။ ဒါပေမယ့် အမှန်တရားကတော့ သူတို့ရဲ့ မျက်စိ ရှေ့မှာပဲလေ။
အဲ့ဒီ့အချိန်မှာ။ စာဖြေသူတွေ အားလုံးက။ သမိုင်းမှာ အငယ်ဆုံး တော်ဝင်ကျောင်းတော် ကျောင်းအုပ်ကို စိုက်ကြည့်နေကြတယ်။ သူတို့ရဲ့ ကံကြမ္မာက ဒီလူရဲ့ လက်ထဲမှာ ရှိမှာလေ။ အတွေးတွေက သူတို့ စိတ်ထဲမှာ ပျံသန်းလာတယ်။
မြို့တော် စာမေးပွဲ နှစ်ထပ်ကွမ်းချန်ပီယံ။ ဒေသတွင်း တာအို စာမေးပွဲ နှစ်ထပ်ကွမ်းချန်ပီယံ။ တော်ဝင် စာမေးပွဲ နှစ်ထပ်ကွမ်းချန်ပီယံ။ ညီလာခံ စာမေးပွဲ နှစ်ထပ်ကွမ်းချန်ပီယံ။ ။ ဒါက တာအို စာမေးပွဲ သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှုတွေပဲ။ ဒီနေ့ အထိ သူ့ကို ဘယ်သူမှ မကျော်ဖြတ်နိုင်သေးဘူး။
နောက်ပြီးတော့ တောင်ပိုင်းတိုက်ပွဲ စီမံချက် ရဲ့ အောင်မြင်မှု အခရာ။ သုခမိန် တဝက် ချန့်ယန်းကို အနိုင်ယူ ခဲ့တဲ့သူ။ ဒီ အောင်မြင်မှု တစ်ခုတည်းကပဲ လူတိုင်းကို အထင်ကြီးစေတယ်။
ဒါပေမယ့် ဒီချီးမွမ်းမှုတွေ အားလုံးက လူတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်နေတယ်။ သူ့မှာ အင်အားကော လုပ်နိုင်စွမ်းပါရှိတယ်။ ဒါကြောင့်ပဲ တော်ဝင်စာမေးပွဲ အငယ်ဆုံး အဓိက စာစစ်သူ ဖြစ်လာခဲ့တာ။
စာဖြေသူတွေရဲ့ စိတ်ထဲ တူညီတဲ့ အတွေးတစ်ခုကို တွေးနေကြတယ်။ အကယ်၍ ဒီစာမေးပွဲကိုသာ သူတို့ အောင်အောင် ဖြေနိုင်ရင် ။ ဖန်ကျန်းရှီစစ်တဲ့ စာမေးပွဲ ဖြစ်တဲ့ အတွက် သူတို့ရဲ့ အောင်မြင်မှု ဂုဏ်သတင်းကလည်း ကြီးမားလိမ့်မယ်။ စာမေးပွဲ အဆင့်သတ်မှတ်တာက ဖန်ကျန်းရှီ ကိုယ်တိုင် လုပ်တာကြောင့်ပဲ။ ဒီလို ဖြစ်လာရင်။ သူတို့တွေ စာမေးပွဲ ဖြေဆို အောင်မြင်ပြီးတာနဲ့ ဖန်ကျန်းရှီ အကြံပေး သင်ကြားတာကို ခံရလိမ့်မယ်။ သူတို့ထက် အများကြီး ငယ်ရွယ်တဲ့ လူတစ်ယောက် ပညာသင်ပေးတာကို တွေးရုံနဲ့တင် .. ကြိုးစားခဲ့သမျှ မတန်သလို ခံစားရတယ်။
“ အချိန်ကျပြီ။ စာမေးပွဲ စရအောင်။” အောက်ဘက်က တိတ်ဆိတ်နေတဲ့ ကျောင်းတော်သားတွေကို ကြည့်ရင်း ဖန်ကျန်းရှှီ ပြောတယ်။ ဒီလူတွေကို သူ စိတ်မဝင်စားတာ အသိသာကြီး။
တကယ်တော့ စာမေးပွဲ အဓိက စာစစ်သူ ဖြစ်ဖို့လည်း သူ စိတ်မဝင်စားဘူး ။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်က တောင်းဆိုလာတာလေ။ စတုရန်း မိုင်ချီတဲ့ အိမ်တော်ကြီးကို လက်ဆောင် အဖြစ် လက်ခံထားလိုက်ပြီးပြီ။ နောက်ပြီးတော့ ဧကရာဇ်က ပင်းယန်အိမ်တော်ကို တော်ဝင် အမိန့် ပို့လွှတ်လာတာ။ သူ့မှာ ရွေးချယ်စရာ မရှိတော့တာကြောင့် လက်ခံလိုက်ရတယ်။
“ ကောင်းပါပြီ။” ကြီးကြပ်ရေးမှူး ခေါင်းငြိမ့်တယ်။ ဒုတိယ အကြိမ် မောင်းကို ထုတယ်။ စာဖြေခန်း ထဲကို ကျောင်းတော်သားတွေ ဝင်ဖို့ အချက်ပြတယ်။
ဒုန်။
တော်ဝင်ကျောင်းတော်ထဲက မောင်းကြီးရဲ့ အသံ လေထဲကို ပျံ့လာတယ်။ တစ်ချိန်တည်းမှာပဲ ကျောင်းတော်သားတွေ အတွေးကို ပြန်စုစည်းလိုက်ကြတယ်။ ဖန်ကျန်းရှီကို ဘယ်သူမှ သံသယ မဝင်ရဲတော့။
ဒီကိစ္စက သူတို့ ဆန္ဒရှိရင်တောင် ပြောင်းခိုင်းလို့ရတာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ အရည်အချင်းတွေ နောက်ခံ အင်အားတွေ အမူအကျင့်တွေ အားလုံးကို ထည့်သွင်း စဉ်းစားရင်။ တော်ဝင် စာမေးပွဲအဓိက စာစစ်သူ ဖြစ်ဖို့ သူ့မှာ အရည်အချင်း အပြည့်ရှိတယ်လေ။
အကြောင်းရင်းကတော့ ရှင်းပါတယ်။ တော်ဝင်စာမေးပွဲက မေးခွန်းခြောက်စုံလုံးကို တထိုင်တည်းနဲ့ အမှတ်ပြည့် ရ အောင် ဖြေခဲ့တဲ့ တစ်ဦးတည်းသော သူ ဖြစ်နေတာကြောင့်ပဲ။ သမိုင်းတစ်ခုလုံးမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူးလေ။ ဒီလူကို အဓိကစာစစ်သူ မလုပ်ခိုင်းရင်။ တခြား ဘယ်သူ့ကို လုပ်ခိုင်းရမှာလဲ။
မောင်းသံ ထွက်လာပြီးနောက်။ တော်ဝင် ကျောင်းတော်ရဲ့တံခါးတေါကို အပြည့် ဖွင့်လိုက်တယ်။ ကြီးကြပ်ရေးမှုတွေက သပ်သပ်ရပ်ရပ် ၂ တန်း ခွဲစီတယ်။ ဖန်ကျန်းရှီကတော့ ဝင်ပေါက်ရဲ့ အလယ် တည့်တည်မှာ ရပ်နေတယ်။ စာမေးပွဲ မစခင်မှာ။ စာဖြေသူတိုင်းက အဓိကစာစစ်သူရဲ့ ကောင်းချီး စကားကို နားထောင်ရတယ်လေ။
ကျောင်းတော်သားတွေက အတန်းလိုက်စီထားကြတယ်။ အစောင့်တွေ စစ်ဆေးတာခံယူ ပြီးနောက် ဖန်ကျန်းရှီကို တလေးတစားနဲ့ ဦးညွှတ်နှုတ်ဆက်ကြတယ်။ ။ ဖန်ကျန်းရှီက မထင်မှတ်ထားလောက် အောင်ကို တည်ကြည်လေးနက် နေခဲ့တယ်။ မတုန်လှုပ်တဲ့ အမူအယာနဲ့ ခါးကို မတ်မတ်ရပ်နေခဲ့တယ်။
“ အင်း..”
“အရမ်းကောင်းတယ်။”
“ကြိုးစား။ ကောင်းကောင်းဖြေခဲ့။”
“အဆင့်ကောင်းကောင်း ရပါစေ။”
ဖန်ကျန်းရှီ ရဲ့ နွေးနွေးထွေးထွေး အားပေးစကားသံတွေကို နားထောင်ပြီးနောက်။ စာဖြေသူတွေ နည်းနည်းတော့ ယုံကြည်ချက် ရှိလာကြတယ်။ နန်ကုန်းမုလည်း ဒါတွေကို လက်ခံရတယ်။ အစောင့်တွေ စစ်ဆေးတာကို ကျော်ဖြတ်ပြီးတဲ့နောက်။ တခြား ကျောင်းတော်သားတွေလိုပဲ ဖန်ကျန်းရှီကို ဦးညွှတ်တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီ ရဲ့ အားပေးစကားကို သူ စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေတယ်။ သူစောင့်နေချိန်မှာပဲ။ အသံ တစ်သံ နားထဲဝင်လာတယ်။
“ မင်း ချန်ပီယံ ဖြစ်ချင်လား။ အဖြေလွှာ ပေါ်မှာ စက်ဝိုင်း သုံးခုသာ ဆွဲခဲ့လိုက်။”
နန်ကုန်းမု သူ့ခြေထောက်တွေ ပျော့ခွေ သွားတော့မလို ခံစားရတယ်။ သူ့ကို ပြုံးပြနေတဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်တယ်။ ဒါက ဘာကို ဆိုလိုချင်တာလဲ။ အဓိက စာစစ်သူကြီးက ကျောင်းတော်သားကို စာမေးပွဲအောင် ဖို့ ကူညီတာလား။ နန်ကုန်းမု ဘာမှ မပြောနိုင်တော့။ ဒီကောင်က တကယ့်ကို အရှက်မရှိ မျက်နှာပြောင် တိုက်တာပဲ။ ဒီလောက် လေးနက်နေတဲ့ တော်ဝင်စာမေးပွဲမှာတောင် ပြောရဲဆိုရဲ ရှိလိုက်တာ။ နောက်ပြီးတော့ သူက တော်ဝင် ကျောင်းတော်ရဲ့ ကျောင်းအုပ်နော်။
“ ငါ့ ကိုယ်ပိုင် အစွမ်းအစနဲ့ပဲ ဖြေပါ့မယ်။” နန်ကုန်းမု အံကြိတ်ရင်း ပြောတယ်။
“ အင်း ။ ချီးကျူးစရာပဲ။ ကောင်းပြီလေ။ မင်းရဲ့ အဖြေလွှာကို ငါအသိအမှတ် မပြုပေးပဲ ။ ကျပြီလို့ သတ်မှတ် ခါမှ အပြစ်မတင်နဲ့။” ဖန်ကျန်းရှီ ခေါင်းခါရင်း နောင်တ အပြည့်နဲ့ ပြောတယ်။
နန်ကုန်းမုကတော့ ဘာမှ ပြန်မဖြေတော့။ မှောင်မည်းနေတဲ့ မျက်နှာ နဲ့သာ စာဖြေခန်းထဲကို သွားတော့တယ်။
နန်ကုန်းမုနဲ့ ဖန်ကျန်းရှီ ပြောတဲ့ စကားတွေကို လူတိုင်းကြားတယ်လေ။ သူတို့တွေရဲ့ မျက်နှာကလည်း မှောင်မည်းနေခဲ့တယ်။ စာရွက်ပေါ်မှာ စက်ဝိုင်း သုံးခု ဆွဲရုံနဲ့ ချန်ပီယံ ဖြစ်နိုင်တာ တကယ်ပဲလား။ ဘယ်သူမှ ဒီမေးခွန်း အတွက် အဖြေမရှိ။
ဒါပေမယ့် ဒီ သတင်းအချက်အလက် ကတော့ တောမီးလိုပဲ။ တော်ဝင် ကျောင်းတော် ကနေ နေရာအနှံ့ကို ပျံ့သွားခဲ့တယ်။ လူတစ်ယောက်က အဖြေလွှာပေါ်မှာ စက်ဝိုင်း သုံးခုဆွဲရုံနဲ့ ချန်ပီယံ ဖြစ်မယ်တဲ့လား။ နောက်ပြီးတော့ ပြောတဲ့သူကလည်း ဒီ တစ်ခေါက် တော်ဝင် စာမေးပွဲ အဓိက စာစစ်သူ။ ဖန်ကျန်းရှီ။ သခင်ဖန်။
“ အရှက်မရှိလိုက်တာ။ ဧကရာဇ်က ဘာလို့များ ဒီလိုလူကို တော်ဝင် စာမေးပွဲ အဓိက စာစစ်သူ ခန့်လိုက်တာလဲ။ ဒါမျိုးက ကြီးမြတ်သော ရှမင်းဆက်မှာ အရင်က မဖြစ် ဖူးတဲ့ အပြစ်ကြီးပဲ။ ” အမတ်မင်းတစ်ယောက် ဒီသတင်း ကြားတော့ ဒေါသတကြီးနဲ့ ပြောတယ်။ ဒီ သတင်းက သူ့နားထဲ တဝဲ၀ဲ ဖြစ်နေတယ်။ သူ့ ဘေးမှာ ထိုင်နေတဲ့ တခြား အမတ်မင်းတွေကတော့ ခေါင်းခါရင်း ဆွေးနွေးနေကြတယ်။ သူတို့လည်း ဒီကိစ္စကို သဘော မကျကြဘူး။
“ ဖန်ကျန်းရှီက အတော်လေး အရှက်မရှိတဲ့ ကောင်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တာအို နိယာမကို နားလည်တဲ့ အပိုင်း တစ်ခုတည်း စဉ်းစားရင်။ ကြီးမြတ်သောရှမင်းဆက် တစ်ခုလုံးမှာ သူက အနှံ့စပ် အကျွမ်းကျင်ဆုံးသူပဲ။” နောက် ထပ် အမတ်မင်း တစ်ယောက် စဉ်းစားရင်းနဲ့ ပြောတယ်။
“ အင်း အမှန်ပဲ။ အကယ်၍ တာအိုနိယာမ တည်းကို စဉ်းစားရင်။ နန်ကုန်းဟောင်နဲ့ ချီကူယန်တောင် ဖန်ကျန်းရှီကို မမှီနိုင်ဘူး။”
“ ဟုတ်တယ်။ ဖန်ကျန်းရှီ ရဲ့ တာအိုကို နှံ့စပ် ပုံကတော့ ငါ့ထက် အနည်းဆုံး အဆတစ်ရာ သာပါရဲ့ ကွာ။”
အမတ်မင်းတွေ ဒီ အချက်ကိုတော့ အကုန် ခေါင်းငြိမ့် ထောက်ခံကြတယ်။ တစ်ယောက်သော သူက အရှက်မရှိ အရေထူ မျက်နှာပြောင်တိုက်တဲ့သူ ဖြစ်ပေမယ့်။ တစ်ချို့ ကိစ္စတွေက အမှန်တရားပဲလေ။
လေးနာရီအတွင်း တော်ဝင်စာမေးပွဲ မေးခွန်း ခြောက်စုံကို ဖြေနိုင်တာ။ ဘယ်သူကများ သူ့ကို ယှဉ်လို့ရမှာလဲ။ ပြောနိုင်တာက ကြီးမြတ်သောရှမင်းဆက်က ထိပ်တန်းပါရမီရှင်လို့ ပြောရင်တောင် လွန်ရာမရောက်ဘူး။
“ ဒါပေမယ့် တာအို နိယာမ ကို နှံ့စပ်ရုံနဲ့ စာစစ်သူကောင်း တစ်ယောက် ဖြစ်လာမှာမှ မဟုတ်ပဲ။ အမူအကျင့်။ တည်ကြည်ပြတ်သားမှု ဂုဏ်အင်တွေ ကလည်း အရေးကြီးတယ်လေ။” ဒေါသထွက်နေတဲ့ အမတ်မင်းကတော့ အတော်လေး မကျေနပ်တာ အထင်အရှား။”
“ အချိန်တွေ ပြောင်းလဲသွားပြီလေ။ ဧကရာဇ်က အသစ်အဆန်ကို စမ်းသပ်ကြည့်တာ မဆိုးပါဘူး ။ ညီလာခံမှာ အသစ်အဆန်းတွေ မဖြစ်တာ ကြာလှပေါ့။” အမတ်မင်း တစ်ယောက်က ဒေါသ ထွက်နေတဲ့ သူ့ သူငယ်ချင်းရဲ့ ပုခုံးကို ပုတ်ရင်း ပြောတယ်။
“ဟုတ်တယ်။ ဖန်ကျန်းရှီက အခုချိန်မှာ အဆင့် နှစ် အမတ်မင်း ဖြစ်သွားပြီ။ တော်ဝင် အထောက် အပံ့လည်း ရထားတယ်။ သူ့ အဆင့်က ဝန်ကြီး ကောင်စီ ခြောက်ခု နဲ့တောင် တန်းတူ ဖြစ်နေပြီလေ။”
“ ဖန်ကျန်းရှီက ကောင်စီ ခြောက်ခုမှာ ခေါင်းဆောင်နေရာ ရတော့မယ့် နေ့က မဝေးတော့ဘူး ထင်ပါရဲ့။”
“ ဒီလို သာ ဖြစ်လာရင်တော့ ကြောက်စရာ ကောင်းတော့မှာပါ။ ဝန်ကြီးဌာန ခြောက်ခုရဲ့ ခေါင်းဆောင် တစ်ယောက်။ တော်ဝင်ကျောင်းတော် ကျောင်းတော်။ တော်ဝင် စာမေးပွဲ အောင်မြင်သူ ကျောင်းတော်သားတွေရဲ့ နည်းပြ ဆရာ။ ဧကရာဇ် နဲ့ ပင်းယန် မင်းသမီးတို့ရဲ့ အထူအလေးပေးခံရတဲ့သူ …။ ညီလာခံမှာ သူ့ကို ဘယ်သူကများ ဆန့်ကျင်လို့ ရနိုင်တော့မှာလဲ။”
“ အချိန်မနှောင်းခင် သူ့ ဘက်ကို ပြောင်းရမလား။”
“ ငါလည်း ထင်…”
“ အားနာပါတယ် အဆွေတော်တို့။ အိမ်မှာ ကိစ္စလေး ရှိသေးလို့ သွားတော့မယ်။”
“ ငါ့မှာလည်း အရေးကြီး ကိစ္စရှိသေးလို့ သွားတော့မယ်နော်။”
“ ငါလည်း သွားတော့မယ်။”
“ ငါ ပြောချင်တာက …. ဘယ်သူမှ ပိုက်ဆံမရှင်းတော့ ဘူးလား ဟေး…” ဒေါသထွက်နေခဲ့တဲ့ အမတ်မင်း။ ထွက်သွားတဲ့ သူတွေကြောင့် မျက်လုံး ပြူးသွားတယ်။ စားပွဲပေါ်က စားသေက်ဖွယ်ရာတွေကို သူ စိုက်ကြည့်တယ်။ ပိုက်ဆံအိတ်ကို ဖိရင်း ဖြူဖျော့နေခဲ့တယ်။
ရန်မြို့တော်။ တော်ဝင် နန်းတော်။ လူတိုင်းက တော်ဝင်စာမေးပွဲနဲ့ ဖန်ကျန်းရှီကို အာရုံစိုက်နေကြချိန်။ တော်ဝင်နန်းတော် ကတော့ အေးချမ်းတည်ငြိမ် နေခဲ့တယ်။ ရွှေရောင် တော်ဝင် အစောင့်တွေက နေရာ တကျ စောင့်ကြပ်နေတယ်။ သူတို့ရဲ့ လှံတွေက နေရောင် အောက်မှာ တလက်လက် တောက်ပ နေတယ်။
မနက်ခင်း ညီလာခံက နေမထွက်ခင် ပြီးသွားပြီ ။ တော်ဝင်စာမေးပွဲ စတာနဲ့ ။ အမတ်မင်းတွေက နန်းတော် ထဲကို မဝင်ကြတော့ဘူး။ ပုံမှန်ဆို လူတွေနဲ့ ပြည့်နေတတ်တဲ့ နန်းတော်က အခုချိန်မှာ အေးချမ်း တိတ်ဆိတ်နေခဲ့တယ်။
“နောက်ဆုံးတော့ ငါတို့ နားရက် တရက်တလေ ရပြီ။”
“ ဟုတ်တယ်။ ခါတိုင်းဆိုရင် အမတ်မင်းတွေကို နန်းတော် ထဲ အကြိုအပို့ လုပ်နေရတာနဲ့ တစ်ခါမှကို နားရတယ် မရှိဘူး။ အမြဲတမ်း လည်ချောင်းးခြောက်ပြီး ပူလောင်နေရတာပဲ။ နောက်ဆုံးတော့ နားချိန်လေးရပြီ။ ”
“ ဟုတ်တယ်။ တော်ဝင်စာမေးပွဲ နေ့တရက်လေးပဲ။ ဒီနေ့ ပြီးရင်တော့။ အဖြေလွှာတွေကို သယ်လိုက် ပို့လိုက် လုပ်ရအုန်းမယ်။”
မိန်းမစိုးတွေ နန်းတော်ထဲမှာ သန်းဝေရင်း ဆွေးနွေးနေကြတယ်။ အမျိုးသမီး အစေခံတွေလည်း အနားရတာ ရှားတယ်။ ဒါကြောင့် အခုချိန်မှာ နေပူဆာ လှုံရင်း အနားယူနေကြတယ်။ အကြောဆန့်ရင်း တော်ဝင် ဥယျာဉ်ထဲက ပန်းအလှတွေကို ရှုစားနေကြတယ်။
“ သက်တောင့် သက်သာ ရှိလိုက်တာ။”
“ မောင်းမတော်တွေ အားလုံး တော်ဝင် စာမေးပွဲ အတွက် အာရုံစိုက်နေကြတာ။ ငါတို့ တော်တော်လေး သက်သာသွားတယ်။ တစ်ချိန်လုံး လိုက် ပြုစု နေဖို့ မလိုဘူး။”
“အနည်းဆုံးတော့ တစ်ရက်လောက် အရိုက်မခံရဘူးပေါ့။”
အစေခံတွေ အတော်လေး သက်တောင့် သက်သာ နဲ့ ပျော်ရွှင်နေကြတယ်။ မောင်းမတော်တွေကို ခစားရတာ။ သူတို့တွေ ဒေါသထွက်တဲ့ အချိန်တိုင်း သူတို့ အရိုက်ခံရတယ်။ ဒါပေမယ့် ဒီနေ့ကတော့ ကွာခြားတယ်။ မောင်းမတော်တွေ အားလုံးက ကံကောင်းဖို့ ဆုတောင်းနေကြတာ။
သူတို့တွေ က နန်းတော်ထဲမှာ နေကြပေမယ့်။ အများစုက မြင့်မြတ်ဂုဏ်ခံ မိသားစုကလေ။ သူတို့ မိသားစုဝင် တွေ ထဲက တစ်ယောက်ယောက် ကတော့ တော်ဝင် စာမေးပွဲ ကို ဖြေဆိုနေကြတယ်။ အကယ်၍ စာမေးပွဲ အောင်သွားရင်။ အမတ်မင်း တန်းဖြစ်မှာ။ ဒါက သူတို့ အတွက်လည်း အကျိုးရှိစေတယ်။
နန်းတော်ထဲမှာ ဒီနေ့တော့ လူစုလူဝေးလည်း မရှိ။ ဆူညံတာလည်း မရှိ။ မိန်းမစိုးတွေရဲ့ အော်ဟစ်သံကိုလည်း မကြားရသလို။ အစေခံမိန်းမပျိုတွေရဲ့ ငိုသံကိုလည်း မကြားရဘူး။ အရာအားလုံး အေးချမ်းနေခဲ့တယ်။
တော်ဝင် နန်းတော် ဂိတ်။ နန်းတော်နံရံတွေရဲ့ ထိပ်ဆုံးမှာတော့။ ဘယ်သူနဲ့မှ မတူပဲ ထက်မြက်စူးရှလွန်းတဲ့ လူတစ်ယောက် ရပ်နေခဲ့တယ်။ ရွှေရောင် သံချပ်ကာက သူမရဲ့ နူးညံ့ပြီး မဟာဆန်တဲ့ ပုံရိပ်ကို ဖုံးကွယ်ထားတယ်။ သူရဲကောင်းတစ်ယောက်လို သွင်ပြင်မျိုးနဲ့ သူမကို တစ်ချက်ကြည့်ရုံနဲ့ မင်း တုန်ယင်သွားလိမ့်မယ်။ တော်ဝင် နန်းစောင့်တပ် ခေါင်းဆောင်။ ချန်ဖေးဟွား။ တော်ဝင်ကြင်ယာတော် ဟွားဖေး။ ဧကရာဇ် လင်းမုပိုင် အနှစ်သက်ဆုံး ကြင်ယာတော် တစ်ယောက်။
“ ခေါင်းဆောင်ကို သတင်းပို့ပါတယ်။ နေ့ လယ် အနားယူချိန် ရောက်ပါပြီ။” ဒီ အချိန်မှာပဲ တော်ဝင် အစောင့်တစ်ယောက် ချန်ဖေးဟွားဆီကို လျှောက်လာရင်း ပြောတယ်။ ပုံမှန် အတိုင်းဆိုရင်။ ချန်းဖေးဟွား ရဲ့ အဆင့်အတန်းက တော်ဝင် နန်းစောင့်တပ် ခေါင်းဆောင်ထက် မြင့်တယ်။
ဒါပေမယ့် သူမ သံချပ်ကာ ဝတ်ထားသရွေ့။ ဘယ်သူကမှ သူမကို ဟွားဖေးလို့ မခေါ်ဝံ့ကြ။ ဧကရာဇ် လင်းမုပိုင်တောင် ။ စစ်သူကြီးလို့ပဲ ခေါ်ရတယ်။ ပုံမှန် အတိုင်းဆိုရင်။ ဒီ စည်းမျဥ်းက အမတ်မင်းတွေ အပေါ်ကို မသက်ရောက်ဘူး။
ချန်းဖေးဟွားရဲ့ ပြောစကားအရ။ သူမရဲ့ အမိန့်အာဏာက နန်းတော်တွင်းမှာသာ သက်ရောက်တယ်။ နန်းတော် အပြင်ရောက်ရင်။ အမတ်မင်းတွေနဲ့ ဧကရာဇ်ရဲ့ သားတော် သမီးတော်တွေ သူမကို ဘယ်လို ခေါ်ရမလဲ သတ်မှတ်ပိုင်ခွင့် မရှိဘူး။
“ကောင်းပြီ။ ” ချန်ဖေးဟွား ခေါင်းငြိမ့်တယ်။ ကင်းလှည့်နေတဲ့ တော်ဝင်အစောင့်တွေကို ခံစားချက်မဲ့ မျက်နှာနဲ့ လှမ်းကြည့်တယ်။
အပိုင်း(၅၅၇)ပြီး၏။
အပိုင်း (၅၅၈)
“ အချိန်တွေကုန်သွားပြီ။ ညတောင်မှောင်နေပြီ။”
တစ်ခဏကြာပြီးတဲ့နောက်။ ချန်းဖေးဟွားက နန်းတော်တစ်ခုလုံးကို စိုက်ကြည့်တယ်။ နန်းတော် နံရံကနေ သူမ ခုန်မချခင် လက်တွေကို ဝေ့ယမ်းရင်း အကျောဆန့်လိုက်တယ်။
“ လက်ထောက်ခေါင်းဆောင် ပိုင်ကို သတင်းပို့လိုက်။ သူ ဒီနေ့ည ညဆိုင်းဆင်းရမှာ။”
“ အမိန့်တော် အတိုင်းပါ။” အစောင့် ခေါင်းငြိမ့်တယ်။ အမိန့်ရတာနဲ့ ချက်ခြင်း ပြန်ဖြေတယ်။ အဲ့ဒီ့နောက် သတင်းပို့ဖို့ သူ ပြေးသွားတော့တယ်။ ချန်းဖေးဟွားက နန်းတော်အတွင်းထဲကို ဝင်သွားတယ်။ နာရီဝက် ကြာပြီးတဲ့နောက်။ ရှေးဆန်တဲ့ အခန်းလှလှ တစ်ခု ရှေ့ကို သူမ ရောက်သွားတော့တယ်။ အခန်းရှေ့က အစောင့်တွေ ချန်းဖေးဟွားကို မြင်တော့ ။ တလေးတစားနဲ့ တံခါး ဖွင့်ပေးကြတယ်။
အခန်းထဲကို ဝင်ပြီးတဲ့နောက် ။ သူမရဲ့ သံချပ်ကာကို ချွတ်လိုက်တယ်။ အဲ့ဒီ့နောက် အမျိုး သမီး အစေခံတွေက သူမကို အဝတ်အစားလဲပေးကြတယ်။ အဲ့ဒီ့နောက် လက်ဖက်ရည်ကို ပြင်ဆင်ပေးပြီးတော့ ပေစာတစ်ခုကို ရှေ့မှာ ချပေးတယ်။
“ အရှင်မ ဒီနေ့ တာဝန်ချိန် မရှိဘူးလား။” အမျိုးသမီး အစေခံ တစ်ယောက် မေးတယ်။
“ မရှိဘူး။ ” ချန်းဖေးဟွား ခေါင်းခါတယ်။
“ ဒါဆိုရင် ဧကရာဇ်ကို ဒီည ခေါ်ဖို့။ အထိန်းတော်ဝေကို ကျွန်တော်မျိုးမ သတင်းပါးရမလား။ ” အမျိုးသမီး အစေခံ ခေါင်းငြိမ့်ရင်း မေးတယ်။
“ မလိုဘူး။ သွားတော့။ ငါ့ အမိန့်မရပဲ။ ဘယ်သူ့ကိုမှ မဝင်ခိုင်းနဲ့။” ချန်းဖေးဟွား နောက်တစ်ကြိမ် ခေါင်းခါလိုက်တယ်။ သူမ မျက်လုံးတွေက ရှေ့မှာ ချထားတဲ့ ပေလွှာကို တစ်ချက်မှ အကြည့် မလွဲခဲ့ဘူး။ ကြွေလို ချောမွေ့နေတဲ့ လက်ချောင်းတွေကို သုံးရင်း ပေလွှာကို ဖြည်းဖြည်းချင်း ထိတွေ့နေခဲ့တယ်။
နန်းတော်က လှည့်စားမှုတွေ ၊ လာဘ်ထိုးတာတွေ၊ စီမံချက်တွေနဲ့ ပြည့် နှက်နေတယ်။ ချန်းဖေးဟွားက အကောင်းဆုံး ကြိုးစားပြီးတော့ သူမ တာဝန်ကို ကျေပွန်အောင် လုပ်တယ်။ တခြား ဘာကိစ္စမှ မရှိတော့ဘူး။ တော်ဝင် ကျောင်းတော်ထဲမှာ။ တော်ဝင် ကျောင်းတော် စာမေးပွဲက စနေပြီ။
မရေမတွက်နိုင်တဲ့ ကျောင်းတော်သား စာဖြေသူတွေ သူတို့ရဲ့ ခေါင်းတွေကို အဖြေလွှာထဲမှာ နှစ်မြုပ်ထားကြတယ်။ ဒီ တော်ဝင် စာမေးပွဲ ထုံးစံ အတိုင်း မေးခွန်း ခြောက်စုံ ပါတယ်။ အရင်လိုပဲ ခက်ခဲတယ်။ ကျောင်းတော်သားတွေ အားလုံး မျက်မှောင်ကြုတ်ရင်း စဉ်းစားဖြေဆိုနေကြတယ်။
“ မေးခွန်းက ခက်လွန်းတယ်။”
“ ငါကြားတာတော့ ။ အရင်စာမေးပွဲတုန်းက။ အဖြေလွှာ ခြောက်ခုလုံးကို လေးနာရီ အတွင်း ဖန်ကျန်းရှီ ပြီးအောင် ဖြေခဲ့တယ် ဆိုပဲ။ သူ ဘယ်လိုများ ဖြေခဲ့လည်း တွေးလို့တောင် မရဘူး။”
“ မယုံနိုင်လောက်အောင်ပဲ။”
ပထမမေးခွန်းမှာတင် လည်နေကြတော့။ ကျောင်းတော်သားတွေ ဖန်ကျန်းရှီကို ပို လေးစားလာကြတယ် ။ သူတို့ အတွေးထဲမှာ ဖန်ကျန်းရှီက တဖြည်းဖြည်းပုံပေါ်လာတယ်။ အရင်တုန်းကတော့ သူ့ အကြောင်း ကောလ ဟာလတွေပဲ ကြားဖူးကြတာ ။ ဥပမာ။ အရိုင်းအစိုင်း ကျေးလက်မိသားစုက ရောက်လာတဲ့ အရှက်မရှိတဲ့ လူတစ်ယောက်။ သေချာ လေ့ကျင့်သင်ကြားပေးတာလည်း မခံရတဲ့သူ ။
ဒါပေမယ့် သူတို့ ရှေ့က မေးခွန်း ခြောက်စုံကို မြင်လိုက်တော့။ ဖန်ကျန်းရှီ လုပ်ခဲ့တာကို သူတို့ ဘ၀ တစ်သက်တာလုံး လိုက်မမှီနိုင်ဘူးဆိုတာ နားလည်သွားတယ်။ ဒီလူက တော်ဝင်ကျောင်းတော် ကျောင်းအုပ်။ သတင်းပို့သူတွေရဲ့ ခေါင်းေ ဆာင်။ ကျောင်းတော်သားတို့ရဲ့ ဆရာ။ အသက်ကတော့ ၁၈ နှစ်တောင် မပြည့်သေးဘူး။
ဒုန်။ အဖြေလွှာအပ်ဖို့ အချိန်က နီးလာပြီ။ ကျောင်းတော်သားတွေ ပြာယာ ခတ်ကုန်ကြပြီ။ တဝက်တပျက် အဖြေလွှာတွေကို ကြည့်ရင်း စိတ်ပျက်နေကြတယ်။ မေးခွန်းက ခက်လွန်းတယ်။ မေးခွန်းတစ်စုံတောင် အပြီး မဖြေနိုင်ဘူး ။ သူတို့ကို ပေးတဲ့ အချိန်ကလည်း လေးနာရီတိတိ။ မေးခွန်းတွေ အကုန်လုံးကို ဒီ အချိန်အတွင်း ပြီးဖို့ ဆိုတာ တကယ့်ကို ခက်ခဲလွန်းတယ်။
စာပြန်စစ်ချိန်တောင် မရလိုက်ဘူး။ အဖြေလွှာတွေကို ဒီအတိုင်းပဲ အပ်လိုက်ရတော့မှာလား။ အေးစက်စက် ပြတင်းပေါက်နားမှာ ဆယ်စုနှစ်ချီ အောင် စာကြည့်ခဲ့ရတာက။ တော်ဝင်စာမေးပွဲမှာ အောင်မြင်မှု ရမယ့် အချိန် အခိုက်အတန့်လေး တစ်ခုအတွက်ပဲ လေ။ မေးခွန်းတောင် ပြီးအောင် မဖြေနိုင်ပဲနဲ့။ ဘယ်လိုများ အဆင့်ကောင်း ကောင်း ဝင်မှာလဲ။ ကျော်ကြားမှုကကော ဘယ်ကနေ ရောက်လာမှာလဲ။
“စက်ဝိုင်းသုံးခု။”
အတွေးတစ်ခုက သူတို့ စိတ်ထဲ ဝင်လာတယ်။ လူတစ်ယောက်က စက်ဝိုင်း သုံးခုကို ဆွဲထား သရွေ့။ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရှိမယ်တဲံ့။ ဒါပေမယ့် ဒီ စက်ဝိုင်း သုံးခုကို ဘယ်လို ဆွဲရမှာလဲ။ ဘယ်နေရာမှာ ဆွဲရမှာလဲ။ ဒါက နည်းနည်း ခက်ခဲတဲ့ ပြဿနာပဲ။
“လုပ်လိုက်ရအောင်။”
“ ငါက ပန်းချီ ပညာရှင်ပဲ။ စက်ဝိုင်း သုံးခုက ဘာမှ မခက်ဘူး။”
“ စာမေးပွဲခန်း တစ်ခုလုံးမှာ အလှဆုံး စက်ဝိုင်း သုံးခုကို ငါဆွဲပြမယ်။”
ကျောင်းတော်သားတွေ စုတ်တံကို ကိုင်ပြီး။ စက်ဝိုင်းတွေကို ဆွဲကြတော့တယ်။ အဲ့ဒီ့နောက် အဖြေလွှာအပ်ဖို့ သတိပေးသံ ထွက်လာတယ်။
ကျောင်းတော်သားတွေ သက်ပြင်းချလိုက်မိတယ်။ သူတို့ရဲ့ အဖြေလွှာပေါ်က စက်ဝိုင်းကို ကြည့်ရင်း စိတ်ကျေနပ် နေခဲ့တယ်။ အချိန်ကို ကြည့်လိုက်တော့ မွန်းတည့်ချိန်တောင် ရောက်နေပြီ။ အဖြေလွှာတွေကို စုတာက အချိန် သိပ်မကြာဘူး။
ကြီးကြပ်ရေးမှု ဆယ်ယောက်ကျော်က စားပွဲတွေ ရှေ့မှာ ထိုင်နေကြတယ်။ လက်ဖဝါးတွေကို ပွတ်ရင်း အဖြေလွှာ အထပ်လိုက်ကို ကြည့်နေခဲ့တယ်။ အခုချိန်က ကျောင်းတော်သားတွေ လေ့လာထားသမျှကို ထုတ်ပြရမယ့် အချိန်ပဲ။
ဖန်ကျန်းရှီ။ ပင်းယန်နဲ့ ရန်ရွှယ်ကတော့ သူတို့ အပေါ်မှာ ထိုင်နေတယ်။ ပုံမှန် အတိုင်းဆိုရင်။ တော်ဝင်စာမေးပွဲ ကျင်းပပြီးတာနဲ့။ အလုပ်အများဆုံး ဖြစ်တဲ့ အဖြေလွှာ စစ်တာက စတင်ပြီ။ သူတို့တွေ ရလဒ်ကို ထုတ် ပြန်မှာက သိပ်ကြာလို့ မဖြစ်ဘူးလေ။ မနက်ဖြန် နေမဝင်ခင် အချိန်မှာပဲ ။ ဒီ အဖြေလွှာရာ ချီကို အပြီးစစ် ရမှာ ။ အချိန်က အရမ်းကို ကြပ်တည်းတယ်။
“ သခင်ဖန်။ ကျွန်တော်တို့ စာ စ စစ်ရတော့မလား။” ကြီးကြပ်ရေးမှူး တစ်ယောက်မေးတယ်။
“မလောပါနဲ့။ အရင်ဆုံး စားကြတာပေါ့။” ဖန်ကျန်းရှီက ထိုင်နေရတာ ကြာလှပြီ။ တင်ပါးတွေနဲ့ ပေါင်တွေတောင် ညောင်းကိုက်နေပြီ။ အခုချက်ခြင်း စာထိုင်စစ်ဖို့က မဖြစ်နိုင်တာပဲ။
“ ဒါ … သခင်ဖန်.. ။ စာမေးပွဲ အဖြေလွှာတွေကို စစ်ဖို့က အရေးကြီးပါတယ်။ အကယ်၍ ကျွန်တော်တို့သာ စားသောက်ချိန်ကို အများကြီးသုံးရင်… အချိန်တွေ…” ကြီးကြပ်ရေးမှူး စကားပြောတာရပ်လိုက်တယ်။ အရင်တုန်းက ။ စာစစ်တယ်ဆိုတာ တကယ့်ကို ရူးချင်စရာပဲ။ စားသောက်ချိန်လေး တစ်ချိန်ပဲ နားရတယ်။ တနေ့လုံးမှ လေးနာရီပဲ အိပ်ရတယ်။
ဖန်ကျန်းရှီ က အေးအေးဆေးဆေး စာသောက်ဖို့ ပြောလာတော့။ သူတို့စိတ်ထဲ မယုံမရဲ သံသယတွေ ဝင်လာတော့တယ်။ နောက်ဆုံးတော့လည်း ဧကရာဇ် အထောက်အပံ့ပေးထားတဲ့ ဖန်ကျန်းရှီကို တော့ တားဆီးလို့ရမှာ မဟုတ်ဘူးလေ။ သူတို့တွေပဲ အပြစ်ပေးခံရမှာ။
“စိတ်လျှော့ပါ။ ငါတို့မှာ အချိန်ရှိပါသေးတယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။
“ ဒါက…” ကြီးကြပ်ရေးမှူးတွေ တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို မြင်တော့လည်း ဘာမှ မပြောနိုင်ကြတော့ဘူး။
ပင်းယန်ကတော့ ။ ဒီမှာ နောက်ထပ် မနေချင်တော့တဲ့ ပုံပဲ။ သူမက ဖန်ကျန်းရှီနဲ့ အတူ တော်ဝင်ကျောင်းတော်ကို လာပြီးတော့ ကြီးကြပ်ပေးချင်ရုံပဲလေ။ စာစစ်တာကတော့ လုံး၀ စိတ်မဝင်စားဘူး။
“ ရန်ရွှယ်။ ငါ နည်းနည်း ဗိုက်ဆာနေပြီ။ သွားစားကြမလား။” ပင်းယန် ဗိုက်ကို ပွတ်ပြရင်း အဖော်ညှိတယ်။
“ ရှင်းလင်း စားသောက်ဆိုင်” ရန်ရွှယ်ချက်ခြင်း ပြန်ဖြေတယ်။
“ရှင်းလင်း စားသောက်ဆိုင်လား။ အင်း။ မဆိုးဘူး။ နည်းနည်း ဝေးပင်မယ့်။ သူတို့ရဲ့ ဝက်စတူးကတော့ လျှာလည်လောက်အောင် ကောင်းတယ်။ နေ့လယ်စာ သွားစားကြစို့။ ဒီတစ်ခါ ငါကျွေးမယ်။” ပင်းယန် ခေါင်း ငြိမ့်ပြရင်း ကြီးကြပ်ရေးမှုတွေကို ပြောတယ်။
“ ဒါဆိုရင် နေ့လယ်စာ သွားစားရအောင်။ အားလုံး သွားမယ်။” ဖန်ကျန်းရှီလည်း ပင်းယန်ကို သဘောတူတယ်။ ကြီးကြပ်ရေးမှူးတွေကတော့ သူတို့ သုံးယောက်ကို ကြည့်ရင်း ကြောင်အနေတယ်။ ဒီ လောက် အချိန်လောနေတာ တောင် အဝေးကြီးက စားသောက်ဆိုင်ကို သွားစားကြမလို့တဲ့လား။ မထင်ထားမိတဲ့ ကိစ္စပဲ။
ဒါပေမယ့် အဓိက စာစစ်သူကြီးက ပြောလာပြီလေ။ သူ့ အမိန့်ကို ဆန့်ကျင်လို့မှ မရပဲ ။ နောက်ပြီးတော့ ဖန်ကျန်းရှီက အခုချိန်မှာ ကျောင်းအုပ် ဖြစ်နေတာလေ။ ဘယ်သူက သူ့ကိုဆန့်ကျင်ရဲမှာလဲ။ ဒါကြောင့် သူတို့ အားလုံး တော်ဝင်ကျောင်းတော်ကနေ ထွက်ကြတော့တယ်။ အခုမှ စာဖြေပြီးတဲ့ ကျောင်းတော်သားတွေရဲ့ ထိတ်လန့်တကြား အကြည့်အောက်မှာ။ ရှင်းလင်း စားသောက်ဆိုင်ကို ဦးတည်ကြတော့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။ ကြီးကြပ်ရေးမှူးတွေက စာမစစ်ကြဘူးလား။”
“ သူတို့တွေ အခု အပြင်ထွက်နေကြတာလား။”
“ တကယ်ပဲ အပြင်ထွက်ပြီး စားကြမလို့လား၊“
“မဖြစ်နိုင်တာပဲ။ အရင်ကဆို။ ဒီအချိန်က အရမ်း အလုပ်များတာလေ။ သူတို့ အပြင်ထွက်စားဖို့ အချိန်ရှိပါ့မလား။”
စာဖြေသူတွေ မယုံမကြည်နိုင်စွာ ကြည့်နေခဲ့တယ်။ ပင်းယန်နဲ့ ဖန်ကျန်းရှီ ဦးဆောင်တဲ့ ကြီးကြပ်ရေးမှူး အုပ်စုကြီးက။ တစ်နာရီ တိတိ လမ်းလျှောက်ပြီးတဲ့ နောက်မှာ။ ရှင်းလင်း စားသောက်ဆိုင်ကို ရောက်လာကြတယ်။
“ သူတို့တွေ တကယ် ထမင်းစား ထွက်လာကြတာပဲ။”
စာဖြေသူ ကျောင်းတော်သားတွေ မျက်လုံးအဝိုင်းသားနဲ့ ပြောနောကတယ်။ စာမေးပွဲ ဖြေပြီးလို့ ရှင်းလင်းစားသောက်ဆိုင်မှာ စားနေကြတဲ့ ကျောင်းတော်သားတွေလည်း အံ့သြနေကြတယ်။
“ ငါ မျက်စိမှားနေတာလား။”
“ ငါလည်း အမြင်တွေ မှောက်နေပြီထင်တယ်။”
“ ကြီးကြပ်သူတွေက ဒီလောက်ဝေးတဲ့ နေရာကို လာပြီးတော့ ထမင်းထွက်စားနေတယ်။ သူတို့တွေ စာစစ်ရမှာ မဟုတ်ဘူးလား။” ကျောင်းတော်သားတွေ သူတို့ မြင်တာကို မယုံနိုင်။ ဒါပေမယ့် အမှန်တရားကတော့ မျက်စိရှေ့မှာပဲ။ ဒီ ကြီးကြပ်ရေးမှူး အုပ်စုလိုက်ကြီးက စားသောက်ဆိုင် ဒုတိယ ထပ်မှာ ရောက်နေပြီလေ။ အဲ့ဒီ့နောက်။ ရန်မြို့တော်တစ်ခုလုံး တအံ့တသြ ဆွေးနွေးမှုတွေနဲ့ ပြည့်သွားပြန်တယ်။
အမတ်မင်းတွေလည်း ပဲ သတင်းချက်ခြင်း ရကြတယ်။
“ဖန်ကျန်းရှီ ဘာတွေများ တွေးနေတာလဲ။ အချိန် မမှီမှာ သူ မကြောက်ဘူးလား။”
“အရှင်မင်းမြတ်က ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဒီလိုလူကို ခိုင်းမိတာ မှားတာပဲ။ မြို့တဝက်လောက် ခရီးကိုများ နေ့လယ်စာ စားဖို့ သွားသတဲ့။ မှတ်တောင် ထားရအုန်းမယ်။ ဒီကောင့်ကို မှတ်လောက်သားလောက် အောင် ဆုံးမပေးမှ ဖြစ်တော့မယ်။ ”
“ ထားလိုက်စမ်းပါ။ အခုက သူ့ကို ဧကရာဇ် ကာကွယ်ပေးနေတာလဲ။ အိမ်ရှေ့စံတောင် သူ့ကို မထိဝံ့ဘူး။ မင်းက သူ့ကို ဆုံးမမယ်တဲ့။ အသက်မရှင်ချင်တော့တာလား။”
“အဲ့ဒီ့တော့ ဘာဖြစ်လဲ။ အဖြေလွှာတွေကို အချိန်မှီ ပြီးနိုင်မလား ငါ မြင်ချင်သေးတယ် ။ သူသာ မပြီးရင်။ ဧကရာဇ်ကို ဘယ်လို လျှောက်တင်မှာလဲ။”
ဖန်ကျန်းရှီရဲ့ အပြုအမူက မလေးစားရာရောက်လွန်းတယ်လို့ အမတ်မင်းတွေ ထင်တယ်။ ဒါပေမယ့် အခုလို အခြေအနေ မျိုးမှာ သူတို့ ဘာမှ မပြောင်းလဲ နိုင်ဘူးလေ။ ဒါကြောင့် သူတို့ စောင့်ဆိုင်းရုံသာ တတ်နိုင်တယ်။
ဖန်ကျန်းရှီက အစားစားတ အချိန်ယူတယ်။ အဓိက ဟင်းလျာကို စားပြီးတဲ့နောက်။ အသီးတွေ ကို မှာစားတယ်။ ၂ နာရီကျော် ကြာပြီးတဲ့နောက်မှပဲ သူ စားတာ ပြီးသွားတော့တယ်။ ကြီးကြပ်သူတွေကတော့ စိတ်ပူလွန်းလို့ ။ ကောင်းကောင်းတောင် မထိုင်နိုင်တော့ဘူး။ သူတို့တွေ စားသောက်ဆိုင်က ထွက်တဲ့ အချိန်မှာ နေက ဝင်သွားခဲ့ပြီ။ ကောင်းကင်ကြီး ကလည်း မှောင်မည်းနေခဲ့ပြီ။
“သခင်ဖန်။ ကျွန်တော်တို့ အခု စာစစ်ကြတော့မလား။ ”
“ အလျင်မလိုပါနဲ့။ တမှေးလောက် အိပ်ကြရအောင်။ နက်ဖြန်မှ စာစစ်ကြတာပေါ့။ ” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။ အဲ့ဒီ့နောက် ခြေလက်တွေကို ဆန့်ရင်း အကြောဖြေလိုက်တယ်။ သူ့ ကြည့်ရတာ အေးအေးဆေးဆေးပဲ။
မနက်စောစော ထပြီးတော့ စာစစ်မှာလား။ ခက်လိုက်တာ။ “သခင်ဖန်။ ကျွန်တော်တို့ကို အလွတ်ပေးပေးပါ။ ကျွန်တော်တို့က သာမာန် ကြီးကြပ်ရေးမှူးတွေပါ။ အကယ်၍ ကျွန်တော် တို့ စာစစ်မပြီးရင် ကျွန်တော်တို့ ခေါင်းဖြတ်ခံရမှာပါ။
“ ဟုတ်ပါတယ်။ သခင်ဖန်။ ကျွန်တော်တို့ အခုချိန်မှာ စာစစ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။”
“ အောင်စာရင်းကို ကျွန်တော်တို့ သဘက်ခါမှာ ထုတ်ပြန်ရမှာ။ အကယ်၍ မနက်ဖြန်မှသာ စာစစ်ရင်။ အဖြေလွှာတွေကို ဘယ်လို ပြီးနိုင်မှာလဲ။” ကြီးကြပ်ရေးမှူးတွေ ဖန်ကျန်းရှီကို ဒူးထောက်မတတ် တောင်းပန်နေခဲ့တယ်။ တော်ဝင်စာမေးပွဲရဲ့ အရေးကြီးပုံက ပြောပြလို့တောင် မရဘူး။ အကယ်၍ သူတို့သာ အချိန် မှီ စစ်မပြီးရင် ဘယ်လိုရလဒ် ရလာမလဲ ဘယ်သူမှ မသိဘူး။ အကြောင်းရင်းကတော့ သမိုင်းမှာ တစ်ခါမှ မဖြစ်ဖူးလို့ပဲ။
“ဖန်ကျန်းရှီ ဒီ အဖြေလွှာတွေ အားလုံးကို တစ်ရက်တည်း နဲ့ နင် စစ်ပြီးမှာလား။” စိုးရိမ်နေတဲ့ စာစစ်သူတွေကို ကြည့်ရင်း ပင်းယန် မေးတယ်။ သူမလည်း မယုံကြည်ဘူး။ နောက်ဆုံးတော့လည်း တော်ဝင်စာမေးပွဲ အဖြေလွှာတွေကို စစ်ရခက်တာ သူမ သိတယ်လေ။
“ တစ်ရက်လား။” ဖန်ကျန်းရှီ ပြန်မဖြေခင် ခပ်တိုးတိုး ပြောတယ်။ “ ဒီ အဖြေလွှာတွေ အားလုံးကို လေးနာရီနဲ့ အပြီးစစ်ဖို့ ငါတွေးနေတာ။ တစ်နေကုန် စစ်ရတာက ပျင်းစရာကြီးလေ။”
“လေးနာရီ။”
“ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ။ စစ်ရမယ့် စာတွေက ရာနဲ့ချီနေတာ။ ဒုတိယ အဆင့်ကနေ အနည်း ဆုံး ငါးယောက်တော့ စစ်ရတယ်။ ပြီးရင် ငါတို့ ….”
“ ဒါက မဖြစ်နိုင်တာပဲ။” တခြား စာစစ်သူတွေ အားလုံး ဒါကို ကြားတော့ မျက်လုံး ပြူးသွားတယ်။ တိုက်စစ်ဖို့ အဖြေလွှာ ရှိနေရင်တောင်။ ဒီစာတွေအားလုံးကို တစ်ရက်တည်း ပြီးစစ်ဖို့က မဖြစ်နိုင်တာပဲ၊ ဘာကြောင့်လဲ ဆိုတော့ တော်ဝင် စာမေးပွဲရဲ့ အဖြေတွေက အကဲဖြတ် အသေးစိတ် စစ်ဆေးတာ လိုအပ်တယ်လေ ။
နောက်တစ်နည်းနဲ့ ပြောရရင်။ နည်းလမ်း တကျ တွေးခေါ်ဖို့ အတွက် ကိစ္စတွေ အများကြီး ရှိသေးတယ်။ အခုလို အခြေအနေ မျိုးမှာ။ ကျောင်းတော်သားက ပထမ အဆင့်လား ။ ဒုတိယ အဆင့်လားဆိုတာ ဆုံးဖြတ်ဖို့ ပို့ပေးရမယ်။ လေးနာရီ အတွင်း မပြောနဲ့။ ၂ ရက် အတွင်းတောင် ပြီးအောင် စစ်ဖို့ ခက်ခဲသေးတယ်။
“ သခင်ဖန်။ ဒါက နောက်စရာကိစ္စ မဟုတ်ပါဘူး ။ သခင်ဖန် အခုချက်ခြင်း ပြန်ပြီးတော့ စာစစ်ဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်မျိုးတို့ တညလုံး မအိပ်ပဲ အလုပ်လုပ်ဖို့ စိတ်ကို ပြင်ဆင်ထားပြိးသားပါ။“ ကြီးကြပ်မှူးတစ်ယောက် ရှေ့ထွက်လာရင်း ပြောတယ်။
“ ဟုတ်ပါတယ်။ ကျွန်တော်တို့ကို ပြန်ပြီးတော့ စာစစ်ဖို့ အမိန့်ချပေးပါ။” တခြား စာစစ်သူတွေလည်း ခေါင်းငြိမ့်တယ်။
“ မင်းတို့တွေ တကယ်ပဲ ဒီတစ်ညလုံး မအိပ်ပဲ စာစစ်ချင်တာလား။ ” ဖန်ကျန်းရှီ အကူအညီမဲ့တဲ့ မျက်ဝန်းတွေ နဲ့ ကြည့်နေခဲ့တယ်။
“ဟုတ်ပါတယ်။” စာစစ်သူတွေ ခေါင်းငြိမ့်တယ်။
“ ကောင်းပြီလေ။ ငါတို့ စကြရ အောင်။” ဖန်ကျန်းရှီ ကောင်းကင်ကို မော့ကြည့်ရင်း နောက်ဆုံးမှာ သဘောတူလိုက်တယ်။
“ ကျေးဇူးတင်ပါတယ်။ အရှင် ” ဖန်ကျန်းရှီ ကောင်းကင်ကို ကြည့်ရင်း နောက်ဆုံးမှာ သဘောတူလိုက်တယ်။ အဲ့ဒီ့နောက် သူတို့တွေ တော်ဝင် ကျောင်းတော်ကို ခပ်မြန်မြန် ပြန်ကြတော့တယ်။ တခြားတစ်ဖက်က ပင်းယန်ကတော့ စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့တယ်။
ရန်ရွှယ်ကတော့ လုံး၀ စိတ်မပူဘူး။ စာစစ်သူတွေ တော်ဝင် ကျောင်းတော်ကို ပြန်ချိန် သိပ်မကြာလိုက် ဘူး။ သူတို့တွေ ခပ်မြန်မြန်ပဲ ပြေးသွားကြတာ။ အဲ့ဒီ့နောက် စားပွဲပေါ်က စာ အထပ်လိုက်ကို ကြည့်ရင်း သူတို့ စိုးရိမ် လာကြတယ်။
“ စာစစစ်မယ်။” ဖန်ကျန်းရှီ အမိန့်ပေးတယ်။
“ကောင်းပါပြီ။” စာစစ်သူတွေ ခေါင်းငြိမ့်တယ်။ အဖြေလွှာတွေကို စ ကိုင်တော့တယ်။
“ စက်ဝိုင်းဆွဲထားတဲ့ အဖြေလွှာတေါကို အရင် ရွေးလိုက်ကြ။ အဲ့ဒီ့လူတွေ အားလုံးကို ပယ်ပြစ်လိုက်။” အဖြေလွှာတွေကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ ပြောတယ်။
“ ဘာဖြစ်တယ်။”
ဒီ စကားကြောင့် စာစစ်သူတွေ အားလုံး အံ့အားသင့်သွားတယ်။ ဖန်ကျန်းရှီကို မျက်လုံးပြူးကြီးတွေနဲ့ လှမ်းကြည့်နေတယ်။ ဒီ အခြေအနေကို သူတို့ မတုံ့ပြန် နိုင်ကြသေး။ စက်ဝိုင်းဆွဲထားတဲ့ အဖြေလွှာတွေ အားလုံးကို ပယ်ပြစ်ရင်။ ဘာတွေ ဆက်ဖြစ်တော့မှာလဲ။
သူတို့ အားလုံး ကြားခဲ့တာပဲ။ အဖြေလွှာပေါ်မှာ စက်ဝိုင်းဆွဲတဲ့ ဘယ်သူမဆို ချန်ပီယံ ဖြစ်မယ်လို့။ အခုတော့ စက်ဝိုင်းဆွဲတဲ့သူ မှန်သမျှကို ပယ်ပြစ်တဲ့လား။ ဖန်ကျန်းရှီ ဘာကြောင့် စိတ်ပြောင်းသွားတာလဲ။
“ သခင်ဖန်…. ဒါက မသင့်တော် ပါဘူး။ ”
“ ဟုတ်ပါတယ်။ ဒီလိုလုပ်လိုက်ရင် ကျွန်တော်တို့ မတရားရာ ရောက် သွားလိမ့်မယ်။ ”
စာစစ်သူတွေ တစ်ချိန်တည်းမှာပဲ အသံ ထွက်လာကြတယ်။ ဒီ လို စာစစ်တဲ့ နည်းလမ်းက တော်ဝင် စာမေးပွဲ အတွက် အရမ်းကို မတရားရာ ကျလွန်းတယ်လေ။ ဒီကောင်က တကယ်ပဲ အရူး လုပ်နေတာလား။ ဒီ အချိန်မှာ စာစစ်သူတွေ အားလုံးက ဖန်ကျန်းရှီကို စိုက်ကြည့်နေကြတယ်။
“ ကြည့်ရတာ ကြီးကြပ်ရေးမှူးတွေက ကျွန်တော် ပြောတာကို မယုံဘူးပဲ။ ကောင်းပြီလေ လုပ်ကြည့်ရအောင်။ စက်ဝိုင်းဝိုင်းထားတဲ့ အဖြေလွှာတွေကို စိတ်ကြိုက်ရွေးပြီးတော့ တစ်ချက်စစ်ကြည့်။ ဒါဆိုရင် ယုံသွားလိမ့်မယ်။” ဖန်ကျန်းရှီ သူတို့ အတွေးတွေကို မျက်နှာကနေ မြင်နေရတယ်လေ။ ဒါပေမယ့် သူ အလောတကြီး မရှင်းပြပါဘူး။ သူ့ ရှေ့က စာရွက်ပုံကိုသာ လက်ညှိုးထိုးပြတယ်။
စာစစ်သူတွေက ဖန်ကျန်းရှီရဲ့ စကားကို သံသယ ဝင်နေပေမယ့် ။ သူတို့တွေ ချက်ခြင်း လှုပ်ရှားကြတယ်။ အဲ့ဒီ့နောက် သူတို့တွေ မျက်မှောင်ကြုတ်လာကြတယ်။ ဒီ စက်ဝိုင်း ပါတဲ့ အဖြေလွှာတွေက တကယ့်ကို ကပေါက်တိ ကပေါက်ချာတွေ။
“ဒီကောင် ဘာတွေ ရေးထားတာလဲ။”
“ မေးခွန်းရဲ့ ဒီ လောက် အရေးတကြီး အပိုင်းကိုတောင် သူမဖြေပဲ ထားဝံ့တယ်။”
“ ဒါက … သူတို့ အားလုံး….”
စာစစ်သူတွေ အဖြေလွှာ ဆယ်ခုကို စစ်ပြီးနောက်မှာ ။ သူတို့ရဲ့ မျက်နှာ အမူအယာတွေ ပြောင်းလဲသွားတော့တယ်။ စက်ဝိုင်းနဲ့ အဖြေလွြှတွေကို ကြည့်ရင်း သူတို့တွေ ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။
“ နောက်တစ်ကြိမ် ပြောရ အုန်းမလား။ ” ဖန်ကျန်းရှီ ပြုံးပြရင်း နဲ့ အောက်ဘက်က စာစစ်သူတွေကို မေးတယ်။
“ မလိုတော့ပါဘူး… တကယ်ပဲ မလိုတော့ဘူး။”
“သခင် ဖန်ရဲ့ အမြင်ကျယ်မှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ”
“ စက်ဝိုင်းနဲ့ အဖြေလွှာတွေက တကယ်ပဲ စစ်ဖို့တောင် မတန်ဘူး။ သခင်ဖန် ပြောတာ မှန်တယ်။ ဒါတွေကို ပယ်ပြစ်လို့ မတရားတာ မရှိဘူး။” စာစစ်သူတွေ တစ်ချက် ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။
“ဒါဆိုရင် စရအောင်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ကောင်းပါပြီ။” စာစစ်သူတွေ ချက်ခြင်း ခေါင်းငြိမ့်တယ်။
အဲ့ဒီ့နောက် စက်ဝိုင်း ဝိုင်းထားတဲ့ အဖြေလွှာတွေကို ဆွဲထုတ်ရင်း ဘေးဖယ်ထားလိုက်တယ်။ တစ်ချို့ စာစစ်သူတွေကတော့ သနားညှာတာ တဲ့ အနေနဲ့ တစ်ချက် ကြည့်ကြသေးတယ်။ နောက်ဆုံးမှာတော့ သူတို့ တွေ စိတ်ပျက်လက်ပျက်နဲ့သာ ခေါင်းခါမိကြတယ်။
စစ်ထုတ်ပြီးတဲ့နောက်။ အဖြေလွှာ ခြောက်ဆယ်သာ ကျန်ရှိတော့တယ်။ အဖြေလွှာ ရာချီထက် အဖြေလွှာ ခြောက်ဆယ်ကို စစ်ဖို့က အများကြီး လွယ်တယ်လေ။ လေးနာရီ ကြာပြီးတဲ့နောက်မှာတော့။ တော်ဝင်စာမေးပွဲ အောင်တဲ့ နောက်ဆုံး စာရင်းကို စစ်ပြီးပြီ။
“ကောင်းပြီလေ။ ငါတို့တွေ ပြီး ခါနီးနေပြီ။ မင်းတို့ နောက်ဆုံးစာရင်းကို လုပ်ပြီးရင်။ အရှင်မင်းမြတ်ဆီ အောင်စာရင်း ပို့လိုက်တော့။” ဖန်ကျန်းရှီ အဖြေလွှာတွေကို ကြည့်ပြီးနောက် ပြန်ဖို့ ပြင်တော့တယ်။
ဒီအချိန်မှာပဲ ပင်းယန် မျက်လုံး ပွင့်လာခဲ့တယ်။ စာစစ်တာ လေးနာရီ နီးပါးတောင် ရှိနေပြီ။ ဒါကြောင့် သူမ အတော်လေး စိတ်မရှည်နိုင် ဖြစ်နေခဲ့ပြီလေ။ ဖန်ကျန်းရှီ ရဲ့ စာစစ်တဲ့ နည်းလမ်းကို သိချင်တာကြောင့်သာ မဟုတ်ရင်။ ပင်းယန်အိမ်တော်ကို အစောကြီးတည်းက သူမ ပြန်သွားပြီ။
“ ငါတို့ ပြန်လို့ရပြီလား။”
“ ရပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ပြီးသွားပြီလား။” ပင်းယန် သူမ နားကို တောင် မယုံနိုင်ဘူး။
“မဖြစ်နိုင်တာပဲ။ လေးနာရီ မပြည့်ခင်မှာပဲ စာစစ်ပြီးသွားတယ်တဲ့။ ဒီ သတင်းကို ခမည်းတော်သာကြားရင်။ သူ ဘယ်လို တုံ့ပြန်မလဲ။ မိုးနတ်မင်းပဲ သိလိမ့်မယ်။” ပင်းယန် ပြောတယ်။ ဒီစာစစ်နှုန်းကို သူမ တကယ် အံ့သြနေတာ။
“ အောင်စာရင်းရလဒ် ထွက်လာတဲ့ အချိန် မင်း သိပါလိမ့်မယ်။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းပြရင်းပြောတယ်။
“ ဟုတ်တယ်။ ဒီကိစ္စကို ခမည်းတော်ဆီ ငါကိုယ်တိုင် သွားပြောမယ်။” ပင်းယန် ခေါင်းငြိမ့်တယ်။
သူတို့ ထွက်လာတဲ့ အချိန် လူနှစ်ယောက်က မီးအိမ် ကိုင်ပေးတယ်။ ရန်ရွှယ်ကတော့ နောက် မှာ တိတ်တဆိတ် လိုက်လာခဲ့တယ်။ သူတို့ သုံးယောက် အခန်းထဲက ထွက်သွားတော့။ စာစစ်သူတွေရဲ့ မျက်နှာမှာ အရမ်း အထင်ကြီးနေတဲ့ အမူအယာကို မြင်နိုင်တယ်။
“ တကယ်ပဲ ဖန်ကျန်းရှီလား။”
“ အသက် ၁၈ နှစ်တောင် မပြည့်သေးပဲ နဲ့ တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းအုပ် ဖြစ်လာတာ။ သူ ဖြစ်သင့်ပါတယ်။”
“အရှင်မင်းမြတ်က တကယ်ပဲ ပါရမီရှင်ကို မြင်တတ်တယ်။ ဒါမျိုးက သာမာန်လူတွေ မလုပ်နိုင်တာပဲ။”
“စာစစ်တာကို လေးနာရီတည်းနဲ့ ပြီးအောင် လုပ်သွားတာ။ ငါကိုယ်တိုင် ကြုံလိုက်ရတာ မဟုတ်ရင်။ လုံး၀ ယုံမှာ မဟုတ်ဘူး။”
အကယ်၍ စာစစ်သူတွေကို အခုချိန်မှာ မေးမယ်ဆိုရင်။ ဖန်ကျန်းရှီ ကို အဓိကစာစစ်သူ အဖြစ် ခန့်အပ်ထားတဲ့ အပေါ် သူတို့ လုံး၀ အမြင် ပြောင်းသွားခဲ့ပြီ။ ဘယ်သူမှ ကန့်ကွက်ကြမှာ မဟုတ်ဘူး။ လေးနာရီတည်းနဲ့။ အဖြေက ထွက်လာပြီ။ ကြီးမြတ်သောရှမင်းဆက် တည်ထောင်စဉ်တည်းက မဖြစ်ဖူးတာတွေ ဖြစ်နေပြီ။
“ဖန်ကျန်းရှီ ငါ့ကို ရှင်းပြပေးပါလား။ ဒီ စက်ဝိုင်းဝိုင်းထားတဲ့ လူတွေက လုံး၀ ကျမယ်ဆိုတာ နင် ဘယ်လို သိတာလဲ။ လှည့်ကွက်လေးတွေ ရှိနေလို့လား။” တော်ဝင်ကျောင်းတော်က ထွက်လာတာနဲ့။ ပင်းယန်က ပိုပြီးတော့ လန်းဆန်းတက်ကြွလာတဲ့ ပုံစံပဲ။
“ အတွေးအခေါ် စာမေးပွဲမှာ လှည့်ကွက်သုံးချင်တဲ့ သူက ဘယ်တော့မှ စစ်မှန်တဲ့ အရည်အချင်း ရှိသူ မဟုတ်ဘူး။ နန်းတော် အတွက်ကော သူက ကောင်းကောင်း တာဝန်ထမ်းဆောင်မယ်လို့ မင်းထင်လား။” ဖန်ကျန်းရှီ ပင်းယန်ကို ပြန်ဖြေတယ်။
“ အင်း… အခုတော့ နင်ပြောတာက အဓိပ္မာယ်ရှိတယ်။ လူတစ်ယောက်ကို အပြင်ပန်း အပြုအမူနဲ့တင် သူ့ရဲ့ တကယ့်ပုံစံ အစစ်အမှန်ကို ခွဲခြားလို့ မရဘူး။” ပင်းယန် ခဏတော့ မျက်လုံးပြူးသွားတယ်။ အဲ့ဒီ့နောက် သူမရဲ့ အရင်လို ခပ်ပျော်ပျော် ပုံစံ ပြန်ဖြစ်သွားတယ်။ အဲ့ဒီ့နော်က ဆက်ပြောတယ်။ “ အိမ်တော် ပြန်ပြီးတော့ တစ်ခုခု စားမလား။”
“ အချိန်ကတော့ ကွက်တိပဲ။” ပင်းယန်မေးတာကို ဖန်ကျန်းရှီ မဖြေဘူး။ ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့တယ်။ ကြယ် တာရာ အပြည့်နဲ့ မိုးကုပ်စက်ဝိုင်းက တောက်ပနေတယ်။ နောက်ခံ မဟူရာ ကောင်းကင်နဲ့ လိုက်ဖက် လွန်းတယ်။
“အချိန်ဟုတ်လား။ ဘာ အချိန်လည်း ..။ နင်ပြောတာ…” ဖန်ကျန်းရှီကို ကြည့်ရင်း ပင်းယန် မေးတယ်။ အဲ့ဒီ့နောက် တောက်ပတဲ့ အလင်းတန်းတွေ သူ့မျက်လုံးထဲ တရိပ်ရိပ် ပေါ်လာတော့တယ်။
အပိုင်း(၅၅၈) ပြီး၏။
အပိုင်း (၅၅၉)
“ ငါရှာနေတာက လောကကြီး။”
“ ဟုတ်တယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဒါပေမယ့် ခမည်းတော်က…” ဖန်ကျန်းရှီ ပြောချင်နေတာကို ပင်းယန်သိတယ်။ ဒါပေမယ့် သူမ ခေါင်းကို မယုံမကြည် ခါလိုက်တယ်။
“ လာရမယ့် ကိစ္စက လာလိမ့်မယ်ဆိုတာ ဘာကို ပြောတာလဲ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြောတယ်။
“ အကယ်၍ ငါတို့သာ ကိစ္စတွေကို ကြိုတင်ခန့်မှန်းထားရင်။ ဘာကြောင့်များ မတားမြစ်နိုင်ရမှာလဲ။” ပင်းယန်က ဖန်ကျန်းရှီကို စိတ်ရှုပ်ထွေးနေတဲ့ အမူအယာနဲ့ ကြည့်ရင်း ပြောတယ်။
“ မဖြစ်လာမယ့် ကိစ္စကိုကော မင်း ဘယ်လို တားမလဲ။”
“ဒါပေမယ့် အခုကိစ္စက ….”
“ တစ်ချို့ ကိစ္စတွေက မင်း ကြိုသိပြီးတော့ ခြေတလှမ်းသာနေရင်တောင် ကာကွယ်လို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ သူက ဒီလို ကိစ္စကို တွေးလိုက်ပြီးပြီ ဆိုတာနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် အောင်မြင်အောင် လုပ်မှာ ကြောင့်ပဲ။ အချိန်ပဲ လိုအပ်တယ်။ ” ဖန်ကျန်းရှီ ရှှု်းပြပြန်တယ်။
ရန်ရွှယ်ကတော့ ဒါကို ကြားတော့ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် သူ ဘာမှ ဝင်မပြောဘူး။
“နင်ကော ဘယ်လိုလဲ။ နင့်မှာကော ဒီလို အတွေးတွေ ရှိလား။ ” ပင်းယန် ဖန်ကျန်းရှီကို ကြည့်ရင်းမေးတယ်။
“အရင့် အရင်တုန်းကပေါ့….”
“ အခု …. အခုကော…”
“ ဘယ်သူကများ ပလ္လင်ကို မလိုချင်တာလဲ။ ဒါပေမယ့် ငါတော်တော် ကြာကြာတွေးပြီးတဲ့နောက်။ ဒီနေရာက ငါနဲ့ မတန်ဘူးလို့ ထင်မိတယ်။” ဖန်ကျန်းရှီက အလေးအနက်ကို ပြောနေခဲ့တယ်။
“ မသင့်တော်ဘူး ဟုတ်လား။”
“ ဟုတ်တယ်။ နေမထွက်ခင် တိုင်း မနက်စောစောထပြီးတော့ ညီလာခံတက် ရအုန်းမယ်။ တနေရာတည်းမှာပဲ အကြာကြီး ထိုင်နေပြီးတာ့။ သူများတွေ ငါ့ရှေ့မှာ စကားများနေတာကို တစ်ချိန်လုံးလည်း ထိုင်ကြည့်ရ အုန်းမယ်။ လူတွေ ငါ့ကို ဆန့်ကျင်ဖို့ အကွက်ချတာကိုလည်း နားထောင်ရအုန်းမယ်။ ပင်ပန်းလိုက်တာ။”
“ပင်ပန်းတယ်… ဒါက အကြောင်းပြချက်တောင် ဟုတ်ရဲ့လား။” ပင်းယန် စိတ်ရှုပ်ရှုပ်နဲ့ မေးတယ်။ တော်ဝင်မိသားစုမှာ ငယ်ငယ်တည်းက ကြီးပြင်းလာရတဲ့ အတွက်။ ထီးနန်းပလ္လင်က ဘယ်လောက်တောင် အရေးပါမှန်း သူသိတယ်လေ။
သူမက တော်ဝင်သွေးစစ်စစ်။ သူမရဲ့ သွေးသားရင်း အကိုတော်တွေ ဒီနေရာ အတွက် ဘယ်လောက်တောင် အသက် စွန့်ပြီးတော့ တိုက်ခိုက်ကြလဲ မိုးနတ်မင်းပဲ သိနိုင်လိမ့်မယ်။ အများစုကတော့ သေတာ ။ ဒါမှမဟုတ်ရင် အပြစ်ပေးခံရတာနဲ့ အဆုံးသတ်သွားတယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့ ဒီနေရာက ပင်ပန်းလွန်းတယ်လို့ ပြောနေပြီ။ အကြောင်းရင်းကတော့ အံ့သြစရာကြီး။
“ ဟုတ်တယ်။ ဒါက ငါ့ အကြောင်းရင်းပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။
“ ရန်ရွှယ် ဒါက အကြောင်းပြချက်လို့ နင်ထင်လား။” ဖန်ကျန်းရှီကို မနိုင်တာကြောင့် ပင်းယန် လက်လျှော့လိုက်တယ်။ ရန်ရွှယ့်ကို လှည့်မေးတယ်။
“ ထင်တယ်။” ရန်ရွှယ် ချက်ခြင်း ခေါင်းငြိမ့်တယ်။
“ဘာဖြစ်လို့လဲ။” ပင်းယန် နားမလည်နိုင်။
“ ငါလည်း ပင်ပန်းတယ်လို့ ထင်လို့ပဲ။ ” ရန်ရွှယ် ပြန်ဖြေတယ်။
“ နင်လည်း ပင်ပန်းတယ်တဲ့လား။ နင်ပြောတာ … နင်လည်း … မဟုတ်နိုင်ပါဘူး… ။ အကယ်၍ နင်သာ ပလ္လင်ကို လိုချင်တယ် ဆိုရင်။ မင်းသားရန်လည်း … ဒါလည်း မဟုတ်နိုင်ပါဘူး. ။ မင်းသားရန်က ဒီလို အတွေးမျိုး ဘယ်လိုလုပ် ရှိမှာလဲ။”
“ ငါပြောတဲ့ ပင်ပန်းတယ်ဆိုတာ။ အနောက်ပိုင်း လျန် ဒေသ ပလ္လင်ကို ပြောတာ။” ပင်းယန်ကို ကြည့်ရင်း ရန်ရွှယ် ပြောတယ်။
“ အနောက်ပိုင်း လျန် ရဲ့ နန်းပလ္လင်လား။ ဒါက ဘယ်လောက် ပင်ပန်းနိုင်မှာ မလို့လဲ။ နင်တို့မှာ ရန် အထူးတပ်ဖွဲ့ကြီး ရှိနေတာပဲ မဟုတ်လား။ နေစမ်းပါအုန်း။ … နင်ပြောတာက… အနောက်ပိုင်း လျန်ဒေသ ပလ္လင်ကို နင် မဆက်ခံ ချင်ဘူးလို့ ပြောနေတာလား။”
“ ဟုတ်တယ်။” ရန်ရွှယ် ခေါင်းငြိမ့်ပြန်တယ်။
“ နင် ဘယ်လိုလုပ် မဆက်ခံချင်ရတာလဲ။ နင်က ရန် မျိုးနွယ်ရဲ့ သားလေ။ မင်းသားရန်က နင့် ဆုံးဖြတ်ချက်ကို သဘောတူမှာ မဟုတ်ဘူး။”
“ ဟုတ်တယ်။ သူ သဘောမတူဘူး။”
“ဒါဆိုရင် နင် မင်းသားရန်ရဲ့ ဆန္ဒကိုဆန့်ကျင်နိုင်မှာလား။ ငါကောင်းကောင်း မှတ်မိတာတော့။ နင်က နင့် အဖိုးစကားကို အမြဲနားထောင်တယ်။ ” ပင်းယန် ဒီစကားကိုကြားတော့ ပွစိ ပွစိ ပြောတယ်။
“ငါမသိသေးဘူး။” ရန်ရွှယ် ခေါင်းခါတယ်။
“ ကောင်းပြီလေ။ ဟာသလို့ပဲ မှတ်လိုက်မယ်။ အိုး … ဖန်ကျန်းရှီ… နင်က ခန့်မှန်းပြီးသား ဆိုတော့ ငါ့ကို ပြောပြ။ ငါတို့ ဘာဆက် လုပ်ရမလဲ။” ပင်းယန် ဖန်ကျန်းရှီ ကို လှမ်းမေးတယ်။
“ ငါလည်း မတွေးတတ်သေးဘူး။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ နင် မတွေးရသေးဘူးလား။” ပင်းယန် မယုံမကြည်နဲ့ မျက်လုံးပြူးသွားတယ်။
“ဒါပေါ့။ ငါမတွေးရသေးဘူး။ ဒီလို အဖြစ်မျိုးကို ငါ ဘယ်လို ထိန်းရမလဲ ဘယ်လိုလုပ် သိမှာလဲ။” ဖန်ကျန်းရှီ ခပ်တတည်တည်ပဲ ပြန်ဖြေတယ်။
“ နင် က ဘယ်လိုများ မသိရမှာလဲ။ မင် မသိရင်။ ဒီကိစ္စ ဖြစ်မှာကို ဘယ်လိုတားမှာလဲ။” ပင်းယန်ချက်ခြင်း မေးတယ်။
“ ငါဖြေပြီးသား မေးခွန်းကို နောက်တစ်ခါ မဖြေဘူး။ ” ဖန်ကျန်းရှီ ပြောတယ်။
“ နင် အရှက်မရှိတဲ့ကောင် ။ ငါ မင်းသမီးကို ဓားပြတိုက်မနေနဲ့။ ဒီ အစီအစဉ်ကို ပြောဖို့ ငါ ဘယ်လောက် ပေးရမလဲ။”
“ ငါ့မှာ တကယ့်ကို အစီအစဉ် မရှိဘူး။” ဖန်ကျန်းရှီ လက်ခါပြရင်း ပြောတယ်။
“တကယ်လား။”
“ဟုတ်တယ်။ အမှန်ပဲ။”
“ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။ ဒီအတိုင်းပဲ ဘေးကနေ ရပ်ကြည့်နေမှာလား။”
“ ဒါ ငါလုပ်ဖို့ စီစဉ်ထားတာပဲ။”
ပင်းယန်ရဲ့ နှုတ်လမ်းတွေက တဆတ်ဆတ် တုန်လာတယ်။ ဖန်ကျန်းရှီကို သူမရဲ့ ဖန်သလင်း မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ သူ့ အတွေးကို ထွင်းဖောက်မြင်ကို ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့မှာတော့ အရှုံးပေးလိုက်ရတယ်။ “မဖြစ်ဘူး။ ဒီ အတိုင်း ဘာမှ မလုပ်ပဲ ဘေးမှာ ထိုင်မနေနိုင်ဘူး။”
“ဒါဆိုရင် မင်းဘာလုပ်မှာလဲ။” ဖန်ကျန်းရှီ က ပင်းယန်ကို ကြည့်ရင်း မေးတယ်။
“ ဒါက …” ပင်းယန် ရဲ့ မျက်နှာတွေ နီရဲသွားခဲ့တယ်။ သူမမှာ ဘာကြောင့်များ ဘာအစီအစဉ်မှ မရှိရတာလြ၊ ဒါပေမယ့် ဘေးကနေလည်း ဒီအတိုင်း ကြည့်မနေနိုင်ဘူး။
“ မင်း တကယ်ပဲ တစ်ခုခုလုပ်ချင်လား။” ပင်းယန်ရဲ့ နီရဲနေတဲ့ မျက်နှာကို ကြည့်ရင်း ။ ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။
“ဒါပေါ့။” ပင်းယန် အေ လးအနက် ပြန်ဖြေတယ်။
“ ဒါဆိုရင် မင်းရဲ့ ဦးဏှောက်သေးသေးလေးနဲ့ အစီအစဉ် တစ်ခုကို စဉ်းစား။”
“ စဉ်းစား ။ ဘာကို စဉ်းစားရမှာလဲ။”
“ အကယ်၍ မင်းကသာ အစီအစဉ်ဆွဲတဲ့သူ တစ်ယောက် ဖြစ်ရင်ကော။” ဖန်ကျန်းရှီ မေးတယ် ။
“ ငါသာ အစီအစဉ် ချတဲ့သူ ဖြစ်ခဲ့ရင်…” ပင်းယန် တိတ်ဆိတ်သွားတယ်။ စတင် စဉ်းစားတော့တယ်။ တစ်ခဏ ကြာပြီးတဲ့နောက်။ သူမ ခေါင်းခါရင်း ပြောတယ်။ “ ခက်ခဲလွန်းတယ်။ မဖြစ်နိုင်လောက်အောင်ပဲ။ ခမည်းတော်ရဲ့ အင်အားကို ဖယ်ထားရင်တောင်။ တော်ဝင် နန်းစောင့်တပ်ရဲ့ အင်အားက နည်းတာမှ မဟုတ်ပဲ။”
“ဒါဆိုရင် အကြီးဆုံး ပြဿနာက ဘာဖြစ်မလဲ။”
“ တော်ဝင် အစောင့်တွေပဲပေါ့။” ပင်းယန်ချက်ခြင်း ပြန်ဖြေတယ်။
အင်း…” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ အင်း.. ဆိုတာ ဘာပြောတာလဲ။ မဖြစ်နိုင်ဘူးလို့ ပြောချင်တာလား။ တော်ဝင် နန်းစောင့်တပ်က ဒီနှစ်တွေမှာ အန်တီဟွား ကိုယ်တိုင် အုပ်ချုပ်လာတာ။ သူတို့က ခမည်းတော်ကို ဘယ်လိုများ သစ္စာဖောက်ဝံ့မှာလဲ။” ပင်းယန်ပြောတယ်။
“ ဟုတ်ပြီ။ အကယ်၍ သူတို့သာ အရှင်မင်းမြတ်ကို သစ္စာ မဖောက်ဘူးဆိုရင်။ ငါတို့ ဘာဆက်လုပ်ကြမလဲ။”
“ဒါက …” ပင်းယန် စဉ်းစားပြန်တယ်။ ဖန်ကျန်းရှီရဲ့ စကားလုံးတွေက သူမ နားထဲ ရစ်ဝဲနေတယ်။ နန်းစောင့်တပ်က သာ ဧကရာဇ်ကို သစ္စာမဖောက်ရင်။ နောက်တစ်ဆင့်က ဘာဖြစ်နိုင်မလဲ၊
အချိန်တွေ ကုန်ဆုံးသွားတယ်။ အဲ့ဒီ့အချိန်မှာပဲ။ နန်းတော်ထဲမှာ တောက်ပတဲ့ အလင်းတန်း တစ်ခု ပေါ်လာတယ်။ ဒီ အလင်းတန်းက မျက်စိ ကန်းလောက်အောင် တောက်ပလွန်း အားကြီးတယ်။ နန်းတော်ရဲ့ အပေါ် တည့်တည့်မှာ ပေါ်လာခဲ့တာ။ “နန်းတော်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ။” အခြေအနေကတော့ တည်ငြိမ်ဖို့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့။ အခုက ရန်မြို့တော်ရဲ့ အထွတ်အမြတ် နန်းတော်ထဲက ကိစ္စလေ။ သူတို့တွေတင် လန့်ကုန်တာ မဟုတ်ဘူး။ မြို့တော် တစ်ခုလုံးက လူတွေပါ လန့်ကုန် ကြတာ။
“နန်းတော်ထဲမှာ တစ်ယောက်ချင်း တိုက်ပွဲများ ဖြစ်နေတာလား။”
“နန်းတော်ထဲမှာ လုပ်ကြံသူ ရောက်နေတယ်လို့ မင်းပြောချင်တာလား။”
“မဖြစ်နိုင်တာပဲ.။ တော်ဝင်နန်းစောင့်တပ်ရှိနေတယ်လေ။ နန်းတော်ထဲကို ဘယ်သူက ကျူးကျော် ဝံ့မှာလဲ။”
“ ဒါပေမယ့် ဒီ အလင်းတန်းက အခုပဲ ထွက်လာတာလေ.. ။ ဘာတွေ ဖြစ်ကုန်ပြီပဲ။” လူတိုင်းက အလင်းတန်းကို ကြည့်ရင်း ထူးဆန်းနေကြတယ်။ ရန်မြို့တော်ထဲက အမတ်မင်းတိုင်းလည်း ဒီ အလင်းတန်းကို မြင်တယ်။ သူတို့တွေ ချက်ခြင်း မျက်မှောင်ကြုတ်ကုန်ကြတယ်။ ပြည်သူတွေနဲ့ မတူဘူး။ ဒီ အလင်းတန်းရဲ့ စွမ်းအားနဲ့ သက်ရောက်မှုကို သူတို့ နား လည်တယ်လေ။
“နန်းတော်။”
“ ဘယ်သူဖြစ်မလဲ။”
ရန်မြို့တော် ။ အရှေ့ဂိတ်တံခါး။ ဒါက မြို့တော်ဂိတ်ရဲ့ အဓိက အခြေစိုက်နေရာပဲ။ အဲ့ဒီ့အချိန်မှာ။ အရှေ့တံခါးက ဂိတ်စောင့်တွေ အားလုံးလည်း အလင်းတန်းကို ကြည့်နေခဲ့တယ်။ သူတို့ အားလုံး ထိတ်လန့်နေကြတယ်။ သူတို့က မြို့စောင့်တပ်တွေလေ။
သူတို့ အလုပ်က ရန်မြို့တော်ကို ကာကွယ်ဖို့ပဲ။ ဒါပေမယ့် နန်းတော်ကို ကာကွယ်ဖို့ အလုပ်မပါဘူး။ နန်းတော်ကို က တော်ဝင် နန်းစောင့်တပ်တွေ ကာကွယ်ထားတာ ကြောင့်ပဲ။ ဒါပေမယ့် အခုကိစ္စအရ။ နန်းတော်ထဲမှာ ကောင်းကင်ဘုံရဲ့ သားတော် ဧကရာဇ်မင်း သက်ရှိထင်ရှား ရှိနေတဲ့ အချိန်။ တိုက်ပွဲဖြစ်တာမျိုးကို ထိုင်ကြည့်နေရမယ်လို့ သူတို့ အလုပ်မှာ မပါဘူးလေ။
“မြို့တံခါးကို ပိတ်လိုက်။” ခေါင်းဆောင် ချက်ခြင်း အမိန့်ပေးတယ်။ ပထမဆုံးလုပ်ရတဲ့ ကိစ္စက မြို့တံခါးကို ပိတ်တာပဲ။ ဒါဆိုရင် လုပ်ကြံသူ လွတ်မြောက်မှာကိုလည်း တားမြစ်နိုင်လိမ့်မယ်။ နောက်ဆုံးတော့လည်း ရန်မြို့တော် အပြင်ဘက်ကို ရောက်သွားရင် ဖမ်းဆီးဖို့က ခက်သွားပြီလေ။
“ရပ်လိုက်…” အသံတစ်သံ ဒီအချိန်မှာ ထွက်လာခဲ့တယ။် အဲ့ဒီ့နောက် လူတစ်ယောက် ပေါ်လာခဲ့တယ်။ သူ့ရဲ့ ငွေရောင်သံချပ်ကာ အကျီနဲ့။ ဦးထုပ်ပေါ်က သားရဲကောင်ကို ကောင်းကောင်းမြင်နေရတယ်။ ဒါက သွမ့်အရှင်ရဲ့ အမှတ်အသားပဲ။
“သွမ့်အရှင်ကို နှုတ်ခွန်းဆက်ပါတယ်။ ” ခေါင်းဆောင် ချက်ခြင်း ဒူးထောက်တယ်။
“ ဒီနေ့ည အရှင်မင်းမြတ်ကို လုပ်ကြံမယ့်သူ ရှိတယ်လို့ ငါ သတင်းရတယ်။ မြို့စောင့်တပ်တွေ အားလုံးကို တပ်လှန့်ထားလိုက်။” သွမ့်အရှင် လင်းရှင်းကြွယ် လက်ဝေ့ယမ်း ပြရင်းပြောတယ်။
မြို့စောင့်တပ်တွေ အားလုံး လင်းရှင်းကြွယ်ရဲ့ စကားကြောင့် လန့်ကုန်ကြတယ်။ တကယ်ပဲ လုပ်ကြံသူ ရှိနေတာပေါ့။ ဒီလောက်တောင် အစောင့်အကြပ်တင်းကျပ်ပြီးတော့ အင်အားတောင့်တဲ့ နန်းတော်ကို ဘယ်လိုလူက များ ဝင်လုပ်ကြံရဲတာလဲ။
“ မြို့စောင့်တပ်သားတွေ အားလုံး ငါ့ အမိန့်ကို နာခံကြ။” သွမ့အရှင် လင်းရှင်းကြွယ် နောက်ထပ် ရှင်းမပြတော့ဘူး ။ အမိန့်ပြား တစ်ခုကိုသာ သူ ထုတ်ပြတယ်။ အမိန့်က တိကျတယ်။ သူတို့ ညတိုင်း လုပ်နေရတဲ့ ကိစ္စတစ်ခုလည်း ဟုတ်တယ်။ မြို့စောင့်တပ် အမိန့်ပြားကို ကိုင်ထားတဲ့ ဘယ်သူမဆို သူတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားတာပဲ။ အခုတော့ မြို့စောင့်တပ် အမိန့်ပြားကို ကိုင်ထားတဲ့သူက သွမ့်အရှင်။ အဲ့ဒီ့တော့ သူတို့ ချက်ခြင်း အမိန့် နာခံကြရတယ်။
“ ပထမ တပ်ဖွဲ့။ အရှေ့ဂိတ်ကို ဝန်းရံ။ လုပ်ကြံသူ လွတ်သွားမှာကို တား။”
“ အမိန့်တော် အတိုင်းပါ။”
“ ဒုတိယ တပ်ဖွဲ့။ တောင်ဂိတ်ကို သွား။”
“အမိန့်တော် အတိုင်းပါ။”
“ တတိယ တပ်ဖွဲ့။ ..”
“အမိန့်တော် အတိုင်းပါ။”
“ကျန်တဲ့ တပ်တွေက ငါနဲ့ လိုက်ခဲ့။ နန်းတော်ကို သွားမယ်။ ဧကရာဇ်ကို ကာကွယ်မယ်။” သွမ့်အရှင်ရဲ့ အကြည့်က ဒီ အချိန်မှာ အရမ်းကို အေးစက်နေခဲ့တယ်။
“အမိန့်တော် အတိုင်းပါ။”
လင်းရှင်းကြွယ်ရဲ့ အမိန့်ကို ကြားတာနဲ့။ ဂိတ်တံခါးလေးခုက အစောင့်တွေ အကုန်လုံး နန်းတော်ကို ဦးတည်သွားကြတော့တယ်။ ကောင်းကင်ကြီးက မှောင်မည်းနေပြီ။ တောက်ပတဲ့ လရောင်က ဖြည်းဖြည်းချင်း မြင့်တက်လာတယ်။
မိုးရွာမယ့် အရိပ် အယောင်လည်း မရှိဘူး။ နန်းတော်နဲ့ သိပ်မနီးမဝေး နေရာမှာ ရှိနေတဲ့ လူတွေ အပေါ် လရောင်က ထိုးကျနေခဲ့တယ်။ သူ့ရဲ့ အမတ်မင်း ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဝတ်ထားပြီးတော့ တောက်ပတဲ့ နီလာတစ်လုံးက သူ့ နဖူးစည်းမှာ ၇ှိနေတယ်။ အလင်းတန်းတစ်ခုက ဒီ နီလာကျောက်ထဲမှာ တောက်ပနေခဲ့တယ်။ သူ့နောက်မှာတော့။ မျက်နှာဖုံးစွပ် ဝတ်ရုံနက် ဆယ်ယောက်ရှိနေတယ်။ သူတို့ ရဲ့ ကျောပေါ်မှာ ဓားတေါကို လွယ်ထားတယ်။ သူတို့ မျက်လုံးတွေက ဓားတွေလိုပဲ အညှာအတာမဲ့ တောက်ပနေကြတယ်။ စုချင်း ။ တစ်နှစ် အတွင်း အဆင့်လေး အမတ်မင်းကနေ မြောက်ပိုင်းဒေသ ကျောင်းတော် ငါးခု ခေါင်းဆောင် ဖြစ်လာခဲ့တဲ့သူ ။ သူကတကယ်ဆို ထောင်ထဲ ရှိနေသင့်တာ။ ဒါပေမယ့် အခုတော့ အဆောက်အဦးတစ်ခုပေါ် မှာ ရပ်နေခဲ့တယ်။
“ နောက်ဆုံးတော့ စပြီ။” နန်းတော်က အလင်းတန်းကို ကြည့်ရင်း သူပြောတယ်။ နန်းတော်ထဲမှာ ဘာဖြစ်နေလဲတော့ သူမမြင်ရဘူး။ ဘာကြောင့်လဲ ဆိုတော့။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ စည်းမျဉ်းအရဆိုရင်။ နန်းတော် အနီးတဝိုက်မှာ ရှိတဲ့ အဆောက်အဦး တိုင်းက နန်းတော် နံရံကို မကျော်ရဘူး။
ဒါပေမယ့် သူကတော့ အဆောက်အဦးတစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ရပ်ရင်း အေးစက်စက် ပြုံးနေခဲ့တယ်။ နန်းတော်နံရံတွေကို စိုက်ကြည့်ရင်းနဲ့ပေါ့။
“ အရှင်။ သွမ့်အရှင်က သူ့ အလုပ်သူ စနေပါပြီ။” လူရိပ်တစ်ခုက အဆောက်အဦးပေါ်ကို ပုစဉ်းတစ်ကောင်လို ပျံတက်လာရင်း ပြောတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို တိတ်ဆိတယ်။
“နားလည်ပြီ။” စုချင်း ခေါင်းငြိမ့်တယ်။ ဒါကိုကြားတော့ လူရိပ် ပျောက်ကွယ်သွားပြီးနောက် နောက်ထပ် ပေါ်မလာတော့ဘူး။
“ သိပ်မကြာခင်..။ သိပ်မကြာခင်ပဲ ရလဒ်က ထွက်လာတော့မယ်” စုချင်း ခပ်တိုးတိုး ပြောတယ်။ တစ်ခဏကြာပြီးနောက်။ နန်းတော် ကနေ သိပ်မဝေးတဲ့ အဆောက်အအုံကြီး တစ်ခုကို သူကြည့်ပြန်တယ်။ အဲ့ဒီ့အဆောက်အဦးကြီးရဲ့ ဝင်ပေါက်က အရောင်သုံးခုခြယ်ထားတယ်။ လက်ရေးလှ စာလုံးတွေနဲ့လည်း ရေးထားတာ ရှိသေး။
တော်ဝင်ကျောင်းတော်။
“တော်ဝင်ကျောင်းတော် ခေါင်းဆောင်။ အဓိက စာစစ်သူ။ တော်ဝင် အထောက်အပံ့ရ အဆင့် ၂ အမတ်မင်း။ အသက်က ၁၈ နှစ်တောင် မပြည့်သေးဘူး။ ကြီးမြတ်သောရှမင်းဆက်ရဲ့ သမိုင်းမှာ တကယ့်ကို ယှဉ်သူမဲ့တဲ့ လူပဲ။ ”
“အရမ်းကောင်းတယ်။”
“ အနည်းဆုံးတော့ မင်းက ငါ့ ပြိုင်ဘက် ဖြစ်ဖို့ အရည် အသွေးမှီတယ်။”
“ဒါပေမယ့် အခုက အစပဲ ရှိပါသေးတယ်။ ကတ်တစ်ခုက လူတစ်ယောက်ကို ဘယ်လို တားနိုင်မှာလဲ။ မင်းက အမတ်မင်း ရာထူးကို ရှာနေတဲ့ အချိန်။ ငါကတော့ လောကကြီးကို ရှာနေခဲ့တယ်။ ”
“ဒါဆိုရင်… မင်းက ငါ့ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ။”
“ဖန်ကျန်းရှီ…။ မင်းက ဘယ်လောက်ပဲ မောက်မာပြီးတော့ ထက်မြက်ပါစေ ။ လောကကြီးကိုတော့ မင်း မထိန်းချုပ်နိုင်ဘူး။ မင်းက ငါ့ ပြိုင်ဘက် ဘယ်လို ဖြစ်လာမှာလဲ။”
“ဒီတစ်ခါတော့ မင်း ငါ့ကို တာ်းလို့မရဘူး။”
စုချင်းရဲ့ နှုတ်ခမ်းတွေက အပေါ်ကို ကော့တက်နေခဲ့တယ်။ သွေးအေးအေး အငွေ့အသက်တွေ ပြည့်။ တစ်ချိန်တည်းမှာပဲ သူ့မျက်လုံးထဲကနေ အေးစက်စက် အငွေ့အသက်တွေ တောက်ပလာတယ်။ လရောင်ထက်တောင် ပိုပြီးတော့ အေးစက်တဲ့ အငွေ့အသက်တွေ။
အပိုင်း(၅၅၉)ပြီး၏။
အပိုင်း (၅၆၀)
“ ပြီးပြည့်စုံတဲ့ အစီအစဉ်”
ရန်မြို့တော် နန်းတော်တွင်းမှာ။ မျက်နှာဖုံးစွပ်နဲ့ ဝတ်ရုံနက်တွေ ။ ရွှေရောင် ဝတ်ရုံနဲ့ လူကြီးကို စိုက်ကြည့်နေတယ်။ သူတို့ရဲ့ မျက်ဝန်းတွေက အညှာအတာမဲ့တယ်။
ဒီရွှေရောင် ဝတ်ရုံနဲ့ လူရဲ့ နောက်မှာတော့ တော်ဝင် အစောင့်တပ် ရာချီ ရှိနေတယ်။ ဒါပေမယ့် ဒီ တော်ဝင် အစောင့်တပ်တွေက မြေပြင်ပေါ်မှာ အတုံးအရုံးလဲနေကြတာ။ မြင်ကွင်းက ထူးဆန်းလွန်းတယ်။ ပုံမှန် အတိုင်းဆိုရင် ဒီနေရာတွေက တော်ဝင် အစောင့်တပ် ထိန်းချုပ်ထားပြီးသား ဖြစ်ရမှာ။ အခုတော့ သူတို့ တွေ အသာစီး ရပုံမပေါ်ဘူး။
“ ပိုင်ချီ မင်း ဆ န့်ကျင်နေတော့ကော ဘာထူးမှာလဲ။” မျက်နှာဖုံးစွပ် လူတစ်ယောက် ရှေ့ထွက်လာရင်းနဲ့ မေးတယ်။ သူ့ နောက်မှတော့ နောက်ထပ် ရောင်းရင်း တစ်ဦးရှိနေခဲ့တယ်။ သူ့ပုံစံက ပိုနူးညံ့ပြီးတော့ အမျိုးသမီး ဆန်တယ်။ သူတို့ နှစ်ယောက်က တခြားသူတွေနဲ့ မတူညီပဲ ထူးခြားနေတယ်။ သူတို့ရဲ့ ဝတ်ရုံတွေက ပိုပြီးတော့ ကျက်သရေရှိတယ်။ တန်ဖိုးကြီး အထည်စတွေနဲ့ ချုပ်ထားမှန်း သိသာတယ်။
“ မင်း ငါ့ကို သိတယ်လား။” ရွှေရောင် သံချပ်ကာနဲ့ လူက သူ့ကိုယ်သူ သတိလစ် မသွားအောင် ရုန်းကန်နေတယ်။ လက်တစ်ဖက်နဲ့ မြေကြီးပေါ်ကို ထော်ကထားတယ်။ ဖြောင့်ဖြောင့်တန်းတန်း ရပ်နိုင်ဖို့တောင် မလွယ်ကူဘူး။
“ဒါပေါ့။ တော်ဝင် နန်းစောင့်တပ်ရဲ့ လက်ထောက် ခေါင်းဆောင်ကို မမှတ်မိ စရာလား။” မျက်နှာဖုံးစွပ် လူ ပြုံးပြရင်းနဲ့ ပြောတယ်။ ဝတ်ရုံနက် အမျိုးသမီးကတော့ စကား တစ်ခွန်းလေးတောင် မဟဘူး။ တခြား မျက်နှာဖုံး စွပ်လူတွေလည်း အတူတူပဲ။
“ မင်းတို့တွေက တကယ်ပဲ ဘယ်သူတွေလဲ။” ပိုင်ချီရဲ့ နှုတ်ခမ်းက ဒီအချိန်မှာ တုန်ယင်နေခဲ့တယ်။ သူ့ ကြည့်ရတာ အရမ်း အားနည်းနေသလိုပဲ။
“ငါတို့ မင်းကို ဘာလုပ်ထားတယ် ဆိုတာ ပိုပြီးတော့ စိတ်ဝင်စားရမှာ မဟုတ်ဘူးလား။” မျက်နှာဖုံးစွပ် လူ မေးတယ်။
“ ဟန့်…။ ဒီ အောက်တန်းကျတဲ့ နည်းလမ်းတွေကို ငါ စိတ်မဝင်စားဘူး။” ပိုင်ချီ အံကြိတ်ရင်း ပြောတယ်။
“ အဲ့ဒီ့လိုလား။ ဒါဆိုရင်လည်း နောက်ထပ် အချိန် မဖြုန်းရအောင်။” မျက်နှာဖုံးစွပ်လူ ခေါင်းငြိမ့်တယ်။ ပိုင်ချီ့ ဆီကို သူလျှောက်လာတယ်။
“ ငါ့ကို ပြောစမ်း။ မင်းတို့ကောင်တွေ ဘယ်လို လုပ်လိုက်တာလဲ။ ဒီနေ့ ညဆိုင်းဆင်းတဲ့ တော်ဝင် အစောင့်တေါ အကုန်လုံးကို မင်းတို့ အဆိပ်ခတ်ထားတယ်။ ဘယ်သူတွေ ဒီည ညဆိုင်းလဲ မင်း ဘယ်လို သိတာလဲ။”
“ကြည့်ရတာ လက်ထောက်ခေါင်းဆောင်က စပ်စုချင် နေတဲ့ပုံပဲ။” မျက်နှာဖုံးစွပ်လူ လျှောက်လာရင်း နဲ့ ပြောတယ်။ တခြားတစ်ဖက်မှာတော့ ပိုင်ချီက အံကြိတ်ရင်း တိတ်ဆိတ်နေခဲ့တယ်။ မျက်နှာဖုံးစွပ် လူက ပိုင်ချီ့ အနားကို ကပ်လာတယ်။ နားနားကပ်ရင်း ခပ်တိုးတိုး ပြောတယ်။
“ဘာ ပြောတယ်. … မင်းတို့ ကောင်တွေ…” ပိုင်ချီ့မျက်လုံးတွေ ကြောက်လန့်တကြား ပြူးကျယ်နေခဲ့တယ်။ “ ချက်ကောင်းပဲ။ ဒါပေမယ့် စားဖိုဆောင်က လူတိုင်းကိုတော့ မင်းတို့ မသိမ်းသွင်းနိုင်ပါဘူး။ နောက်ပြီးတော့ တော်ဝင် အစောင့်တွေ အားလုံးကိုလည်း မင်းတို့ မတိုက်ခိုက်နိုင်ဘူး။ ”
“ သိမ်းသွင်းတယ်ဟုတ်လား။ ဒါက ပြဿနာ များလွန်းပါတယ်။ သူတို့ မိသားစုတွေကို ဓားစာခံ အဖြစ် ဖမ်းထားလိုက်တာ ပိုလွယ်တယ်။” ဝတ်ရုံနက်လူ ခေါင်းမော့ရင်း ရယ်မောတယ်။
“ မင်းတို့ ကောင်တွေ…. တော်ဝင် အစောင့်တပ်တွေရဲ့ မိသားစုကို နိုင်ငံတော်က ကာကွယ်ထားတာ။ ဒီ သတင်း အချက်အလက်တွေကို ခိုးယူဖို့ မဖြစ်နိုင်ဘူး။ မင်းတို့တွေ ဘယ်ကရတာလဲ။”
“ဒါကတော့ မင်းသိဖို့ မလိုတဲ့ ကိစ္စလေ။” ဝတ်ရုံနက်လူ စကားဆက်ပြောချင်တဲ့ ပုံမပေါ်ဘူး။ လက်ထောက်ခေါင်းဆောင် ပိုင် က တကယ့်ကို သစ္စာရှိတာပဲ။ ငိုက်မျဉ်းလေးကန်တဲ့ အဆိပ် မိထားတာတောင် ငါတို့ လမ်းမှာ ပိတ်ရပ်နေတုန်းပဲ။ မြန်မြန် ဖယ်မှပါ။”
“ဟန့်။” ပိုင်ချီ့မျက်လုံးတွေ ပြူးကျယ်ရင်း စကားပြောတာ ရပ်သွားတယ်။ ဒီ အချိန်မှာ။ ဝတ်ရုံနက် လူရဲ့ လက်ကို လူတစ်ယောက်က လာတားထတယ်။ ဝတ်ရုံနက်လူ ဘေးကို ကြည့်လိုက်တော့ သူ့ဘေးမှာ တစ်ချိန်လုံး ရပ်နေခဲ့တဲ့ အမျိုးသမီး ဖြစ်နေတယ်။
“ကြည့်ရတာ တစ်ယောက်ယောက် ကတော့ ဒါကို မမြင် ချင်တဲ့ ပုံပဲ။ ကောင်းပြီလေ သူ့ကို အသက်ပေးရှင်လိုက်ပါမယ်။” ဝတ်ရုံန်က်ရဲ့ လက်က ပိုင်ချီ့လည်ပင်း ပေါ်ကို ကျရောက်တယ်။ ပိုင်ချီ သတိ လစ်ပြီးတော့ လဲကျသွားတော့တယ်။ နောက်ဘက်က ဝတ်ရုံနက် နှစ်ယောက် သံမဏိ ကြိုးတွေကို ယူလာရင်း ပိုင်ချီ့ကို တုပ်လိုက်တယ်။ ပိုင်ချီ နိုးလာရင်တောင် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး။
“ အဆင်ပြေရဲ့လား။” ဝတ်ရုံနက်မေးတယ်။
သူ့ဘေးက အမျိုးသမီးကတော့ ပြန်မဖြေဘူး။ နန်းတော်ထဲကိုသာ ဆက်ဝင်သွားတယ်။ ကျန်တဲ့ ဝတ်ရုံနက်တွေ ထဲက တစ်ဝက်လည်း သူမ နောက်ကို လိုက်သွားတယ်။ ပထမဝတ်ရုံနက်လူ နှာခေါင်းရှုတ်လိုက်တယ်။ သူရှေ့က လူအုပ်နောက်ကို ခပ်မြန်မြန်ပဲ လိုက်သွားတော့တယ်။
မရေမတွက်နိုင်တဲ့ တော်ဝင် အစောင့်တွေကတော့ မြေပြင်ပေါ်မှာ လဲကျနေခဲ့ပြီ။ အများစုကတော့ ကြမ်းပြင်ပေါ်ကနေ ထနိုင်ဖို့ ရုန်းကန်နေကြတယ်။ ဒါပေမယ့် ခေါင်းအစ ခြေအဆုံး လွှမ်းခြုံထားတဲ့ မောပန်းမှုကို မတားဆီးနိုင်ဘူး။ ဒီ အချိန်မှာပဲ။ ဝတ်ရုံနက် တစ်ထောင်ကျော် အဝေးကနေ ပေါ်လာခဲ့တယ်။ ရာချီတဲ့ အုပ်စုတွေ အဖြစ် ခွဲခြားရင် သပ်သပ်ရပ်ရပ် လှုပ်ရှားကြတယ်။ သူတို့ရဲ့ အရှိန်က အရမ်းကို မြန်ဆန်လွန်းတယ်။
“ သခင် အမိန့်ချထားတယ်။ တော်ဝင် အစောင့်တွေကို လာကပ်တဲ့ သူမှန်သမျှ အကုန်သတ်။”
“ကောင်းပါပြီ။“ ဝတ်ရုံနက်တွေ ဒီနေရာကို ဖြန့်ကျက်လိုက်တယ်။ တော်ဝင် အစောင့်တွေကို အစားအသောက်နဲ့ ရေ လာပို့တဲ့ မိန်းမစိုးတွေ အစေခံတွေ အကုန်လုံး အသက်ဆုံးကုန်ကြတယ်။ မျက်လုံးတွေက မယုံမကြည်နဲ့ ပြူးကျယ်နေကြသလို။ နန်းတွင်းတစ်ခုလုံး သွေးချောင်းစီးနေခဲ့တယ်။
“ အား… လူသတ်နေတယ်။”
“ ပြေး … လုပ်ကြံသူတွေ ရော်ကနေပြီ…။ မြန်မြန် ။”
“ ဧကရာဇ်ကို ကာကွယ်ကြ။”
မိန်းမစိုးတစ်ချို့ ဦးတည်ရာမဲ့ ပြေးရင်း အော်ဟစ်နေကြတယ် ။ ဒါပေမယ့် ဘယ်သူမှ မလွတ်မြောက်။ အသံထွက်တဲ့ သူ မှန်သမျှ အကုန်သေတယ်။ နောက်ဆုံး ဘယ်သူမှ တော်ဝင် အစောင့်တွေနား မကပ်ရဲတော့ သလို။ အသံလည်း မထွက်ဝံ့ကြဘူး။ သူတို့တွေ အားလုံး ပါးစပ်ကို လက်နဲ့ ပိတ်ထားရင်း တုန်ယင်နေကြတယ်။
ဒီအချိန်မှာတော့ မျက်နှာဖုံးစွပ် နှစ်ယောက်က အတော်ဝေးဝေးကို ရောက်နေပြီ။ တစ်ယောက်က ထက်မြက်စူးရှတဲ့ အကြည့်ရှိတယ်။ နောက်တစ်ယောက်ကတော့ နူးညံ့တဲ့ မျက်လုံးတစ်စုံနဲ့။ သူတို့နောက်မှာတော့။ ဝတ်ရုံနက် အယောက် ၂၀ ကျော်ရှိနေတယ်။ ဒီ ဝတ်ရုံနက်တွေကို ကြည့်ရင်း မိန်းမစိုးတွေနဲ့ အမျိုးသမီး အစေခံတွေ တုန်ယင်ကြောက်လန့်နေကြတယ်။ ဒါပေမယ့် သူတို့ ဘယ်သူမှ မလှုပ်ရှားဝံ့ကြ။
ဒီလူ နှစ်ယောက်ကတော့ မြေပြင်ပေါ်က သွေးတွေကို မမြင်တဲ့ အတိုင်း ဆက်လျှောက်နေကြတယ်။ နန်းတော် အတွင်းထဲကို ပိုရောက်အောင် ဝင်နေကြတယ်။ ရန်မြို့တော်။ တော်ဝင်ကျောင်းတော် ဝင်ပေါက်မှာ။ နန်းတော်က အလင်းတန်းကို ကြည့်ရင်း ပင်းယန် ပါးစပ်အဟောင်းသားဖြစ်နေခဲ့တယ်။
“ အကိုတော်သုံး.. ။ သူ တကယ်ပဲ… ဒါပေမယ့် တော်ဝင် အစောင့်တွေကို သူ ဘယ်လို ကျော်ဖြတ်လိုက်တာလဲ။” ပင်းယန် ကြည့်ရတာ အတွေးလွတ်နေသလိုပဲ။
“ အလွယ်ဆုံး နည်းကတော့ သူတို့ အကုန်လုံးကို အဆိပ်ခတ်တာပဲလေ။” ပင်းယန်ကို စိုက်ကြည့်ရင်း ဖန်ကျန်းရှီက ရှင်းြပ်နေတယ်။
“ အစားအသောက်တွေကို အဆိပ်ခတ်တယ်။” ပင်းယန့်မျက်လုံးတွေ ပြူးကျယ်သွားပြန်တယ်။ “အကယ်၍ အကိုတော် သုံးသာ တော်ဝင်အစောင့်တွေကို အဆိပ်ခတ်ချင်ရင် အလွယ်လေး ဖြစ်မှာပဲ။ ဒါပေမယ့် နန်းစောင့်တပ် မရှိတော့ရင်။ ခမည်းတော်က သူ့ကိုယ်သူ ဘယ်လို ကာကွယ်နိုင်မှာလဲ။ မဖြစ်ဘူး။ ငါသွားကယ်ရမယ်။” ပင်းယန် ပြောရင်း နန်းတော်ကို ပြေးဖို့ ပြင်တယ်။
“ မြို့စောင့်တပ်တွေ။” သူမ သွားမယ့် လမ်း မှာ ရပ်တန့်သွားတယ်။ အဝေးက လာနေတဲ့ လူအုပ်ကြီးကို သူမ မြင်တယ်လေ။ ဒီမြင်ကွင်းကို မြင်ရင်လည်း ဘယ်သူမဆို အံ့သြမှာပဲ။ ဟုတ်သားပဲ။ မြို့စောင့်တပ်တွေ။ အကိုတော် ခြောက်ရဲ့ မြို့စောင့်တပ်တွေ ရှိသေးတာပဲ။ ပင်းယန် နော်ကထပ် မတွေဝေတော့ဘူး။ မြို့စောင့်တပ်တွေကို သူမ လှမ်းအော်တယ်။
“ အဲ့ဒီ့မှာ ရပ်ကြ။” မြို့စောင့်တပ်တွေ ရှေ့မှာ သူမ ရပ်တယ်။
“ ပင်းယန်မင်းသမီး ..။ အရှင်မင်းသမီး… အခု ကျွန်တော်မျိုးတို့ အရေးကြီး ကိစ္စ ၇ှိပါတယ်။ ကျွန်တော်တို့ကို ဖြတ်သန်းခွင့်ပြုပါ။” အစောင့်တစ်ယောက် လှမ်းပြောတယ်။ ပင်းယန်ကို သူတို့ ကျော်ဖြတ် မသွားရဲဘူး။ သူမ က ရန်မြို့တော်မှာ နာမည်ကျော်ကြားတယ်လေ။
“ မင်းတို့ ဘာ အရေးကြီးကိစ္စရှိရှိ ရပ်ထားကြ။ နန်းတော်ကို ပြန်ပြီးတော့ ခမည်းတော်ကို ကယ်တင်ရမယ်။ အကယ်၍ ငါ့အမိန့်ကို မနာခံရင်။ အပြစ်ဒဏ်သင့်ကြလိမ့်မယ်။”
“ ဒါ … ပင်းယန် မင်းသမီး။ ကျွန်တော်တို့ရဲ့ အလုပ်က နန်းတော် အနောက် တံခါးကို ပိတ်ဆို့ ဖို့ပါ။ အရှင်မင်းမြတ်ကို ကယ်တင်ဖို့က။ သွမ့်အရှင်နဲ့ တခြား မြို့စောင့်တပ်တွေ သွားနေကြပါပြီ။”
“ဟမ်… နင်ပြောတာက နင်တို့ အခု အနောက်ပိုင်း ဂိတ်တံခါးကို သွားနေတာတဲ့လား။”
“မှန်ပါတယ်။ အရှင်မင်းသမီး စိတ်ချပါ။ အရှင်မင်းမြတ် အန္တရာယ်ကင်းပါတယ်။ သွမ့်အရှင်နဲ့ ဆိုရင် ။ အရှင်မင်းမြတ် ဘာ အထိအခိုက်မှ ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သွားလိုက်ပါအုန်းမယ်။ ” မြို့စော င့်တပ်တွေချက်ခြင်း အပြေးသွားကြတော့တယ်။ ပင်းယန်ကတော့ ချက်ခြင်း ဘယ်လို တုံ့ပြန်ရမယ်မှန်း မသိဘူး။
“ မြို့စောင့်တပ်တွေက အနောက် တံခါးကို ပိတ်ဆို့မယ်။ အကိုတော်ခြောက်က ခမည်းတော်ကို ကာကွယ်တယ်။… ဒါက အကိုတော် ခြောက်က အကိုတော်သုံး လုပ်တာကို ဘယ်လို သိ..” ပင်းယန် သူမ ခေါင်းတစ်ခုလုံး ချာလပတ် လည်အောင် စဉ်းစားနေတယ်။
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီလည်း ပင်းယန် အနားကို ရောက်လာတယ်။ ထွက်သွားတဲ့ မြို့စောင့်တပ်တွေကို ကြည့်ရင်း ဖန်ကျန်းရှီ မျက်မှောင်ကြုတ်နေခြ့တယ်။ မြို့စောင့်တပ်တွေ ဘယ်သူ့ အမိန့်ကို နာခံမှန်း သူသိတယ်လေ။ ဒီလောက် မြို့စောင့်တပ်ဖွဲ့ကြီးကို အမိန့်ပေးနိုင်တာ တစ်ယောက်ပဲရှိတယ် ။ သွမ့်အရှင် လင်းရှင်းကြွယ်။
မြို့စောင့်တပ်။ နန်းတော်…။ ဖန်ကျန်းရှီ ကြည့်ရတာ တစ်ခုခုကို အခုမှ သဘောပေါက်သွားသလိုပဲ။
“နားလည်ပြီ။ လက်စသတ်တော့ ဒီလိုကိုး။”
“နင် တစ်ခုခု တွေးမိတာလား။ မြန်မြန်။ ငါ့ကိုပြောပြ။ ဘာတွေ ဖြစ်နေတာလဲ၊ အကိုတော် ခြောက်က ဘာလို့ နန်းတော်ကို လူတွေ လွှတ်ပြီးတော့ ဝန်းရံတာလဲ။ နောက်ပြီးတော့ ခမည်းတော်ကို ကာကွယ်ဖို့ တောင် သူက နန်းတော်ကို သွားနေတယ်တဲ့။ ” ဖန်ကျန်းရှီရဲ့ အသံက ပင်းယန်ကို လှုပ်နှိုးလိုက်တယ်။
“ သွမ့်အရှင်က ဒီနေ့ ည ဖြစ်မယ့် ကိစ္စကို နားလည်ထားပုံပဲ။” ရန်ရွှယ့် အသံက အရင်ဆုံး ထွက်လာခဲ့တယ်။ သူလည်း မျက်မှောင်ကြုတ်ပြီးတော့ စဉ်းစားနေခဲ့တယ်။
“ အကိုတော်ခြောက်လည်း သိတယ်ပေါ့။” ပင်းယန် လန့်သွားတယ်။ “မဖြစ်နိုင်ပါဘူး သူ ဘယ်လိုသိမှာလဲ။” ပင်းယန် ခေါင်းခါရင်း ပြောတယ်။
“ ဒါက အရေးမကြီးတော့ပါဘူး။ အရေးကြီးတာက… သွမ့်အရှင် ဘာကြောင့် နန်းတော်ထဲကို ဝင်ရလဲ ဆိုတာပဲ။” ဖန်ကျန်းရှီ လက်ခါပြရင်း ပြောတယ်။
“နင်ပြောတာ ။ ခမည်းတော်ကို ကာကွယ်ဖို့ သူသွားနေတာ မဟုတ်ဘူးလို့လား။” ပင်းယန် ပဟေဠိ ဖြစ်နေတယ်။
“ အရာအားလုံးက အကွက်ချထားသလို ဖြစ်မနေဘူးလား။ ” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ အကွက်ချထားတယ်။ နင်ဘာကို ပြောချင်တာလဲ။”
“ တွေးကြည့်စမ်း။ မင်းကသာ ကိစ္စတစ်ခုလုံးကို အကွက်ချတဲ့ သူ ဖြစ်ခဲ့ရင်။ အိမ်ရှေ့စံမင်းသား က ဧကရာဇ်ကို လုပ်ကြံဖို့ ကြံနေချိန်မှာ မင်းကကော ဧကရာဇ်ကို ကာကွယ်မှာလား။” ဖန်ကျန်းရှီ အရိပ်အမြွက်ပေးတယ်။
“ ဒါက … ဘယ် ကာကွယ်မလဲ။ ငါက ဘာလို့ ကာကွယ်ရမှာလဲ။ ဧကရာဇ် အသက်ရှင်နေသရွေ့ ငါ့ ကိစ္စက မအောင်မြင်နိုင်ဘူးလေ။” ပင်းယန် ချက်ခြင်းပြန်ဖြေတယ်။
“မဖြစ်ဘူး။ သူတို့ ကိစ္စတော်တော်များများ ပြီးနေပြီ။ တကယ်တော့ ဒီ အစီအစဉ်ကြီးက ငါတို့ စိတ်ကူးထားတာ ထက်တောင် အများကြီး ပြီးပြည့်စုံနေတယ်။ ဖျက်စီးဖို့ ခက်ခဲတယ်။ ” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။
““ ပြီးပြည့်စုံတဲ့ အစီအစဉ် ဟုတ်လား။” ပင်းယန်အခုထိ နားမလည်သေးဘူး။ ဘယ်နားက ဘယ်လို တွေ အစီအစဉ်ကျလွန်းနေတာပဲ။
“ ဟုတ်တယ်။ အရမ်းကို ပြီးပြည့်စုံတဲ့ အစီစဉ်ပဲ။ ဘယ်ဘက်က ဘယ်သူနိုင်နိုင်။ ရလဒ်ကနေ သူ အကျိုးရှိမယ်။ ဒါပေမယ့် ဒီ အစီစဉ်က….. တစ်ခုခုတော့ လိုနေသေးတယ်။” ရန်ရွှယ် ခေါင်းငြိမ့်ရင်းပြောတယ်။
“နင်တို့ နှစ်ယောက် ဘာတွေ ပြောနေတာလဲ။ ငါ နားမလည်တော့ဘူး။ ဘာ နိုင်တဲ့သူလည်း ။ ဘာအစီအစဉ်လည်း။” ပင်းယန် မျက်လုံး ကလယ်ကလယ် ဖြစ်နေခဲ့တယ်။
“ငါလည်း မရှင်းပြတတ်ဘူး။ ဒီ အစီအစဉ်ကြီးရဲ့ အပိုင်းနည်းနည်းလေးကိုပဲ နားလည်သေးတာ။ အသေးစိတ်မှ ငါလည်း မသိတာ။” ရန်ရွှယ်ခေါင်းခါရင်း ပြောတယ်။ “ မင်းကော နားလည်လား။”
“ အကုန်လုံးတော့ မဟုတ်သေးဘူး။ ဒါပေမယ့် ရတော့မယ်။” ဖန်ကျန်းရှီ ခေါင်းခါနေခဲ့တယ်။
“ နင်တို့ပြောနေတာကို ငါ လုံး၀ နားမလည်ဘူး။” ပင်းယန် ထအော်တယ်။
“ တခြားသူရဲ့ အရှုံးကနေ ကိုယ့်အတွက် အကျိုးအမြတ် ကျန်အောင်လုပ်နိုင်တာရှိတယ်။ ဒါကို မင်းနားလည်လား။” ဖန်ကျန်းရှီ မေးတယ်။
“ဒါပေါ့ နားလည်တယ်လေ။ နှစ်ဖက်လုံး အကြီးအကျယ် ထိခိုက်ပျက်စီးပြီးမှ ။ အဲ့ဒီ့ အထိအခိုက်ကနေ အကျိုးရတာ။” ပင်းယန် ချက်ခြင်း ပြန်ဖြေတယ်။
“ အင်း ဟုတ်တယ် နည်းနည်းတော့ လွဲသေးတယ်။ အခု အစီအစဉ်က နှစ်ဦး မကဘူး။ လေးဖွဲ့ ငါးဖွဲ့ အထိတောင် တိုက်ခိုကကြမှာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းပြောတယ်။
“ သုံး ဖွဲ့ကနေ ငါးဖွဲ့အထိလား။”
“ တာအို နိယာမထဲက ပုံပြင်တစ်ခုကို ကြားဖူးလား။ ချင်မင်းဆက်မှာ နိုင်ငံတွေ အားလုံးကို စုစည်းဖို့ သုံးခဲ့တဲ့ န ည်းလမ်း။ နိုင်ငံ တစ်ခုကို မတိုက်ခိုက်ခင်။ ပထမဆုံး တခြား နိုင်ငံကို အကျိုးရှိစေရမယ်လို့ ိကတိပေးတယ်။ အဲ့ဒီ့နောက် နှစ်နိုင်ငံကို တိုက်ခိုက်စေပြီး နှစ်ဖက်လုံး အထိနာမှ ။ နှစ်နိုင်ငံလုံးကို သိမ်းပိုက်တယ်။ ဒီလိုနဲ့ မဟာချင်နိုင်ငံတော်ကြီး ဖြစ်ပေါ်လာတာပဲ။”
“ငါကြားဖူးတယ်။ ဒီကိစ္စနဲ့ အခု ငါတို့ လုပ်နေတာ ဘာဆိုင်လဲ။” ပင်းယန် ပြန်မေးတယ်။
“ ဒါက ပုံစံတူပဲလေ။ လူ နဲ့ အခြေအနေ နည်းနည်း ကွာသွားတာပဲ။ ဒါပေမယ့် ချင်မင်းဆက် လုပ်ခဲ့တဲ့ အတိုင်း ကွက်တိကို ဖြစ်နေတာ။ နောက်ပြီးတော့ လုံး၀ အမှားအယွင်းမှရိဘူး။” ဖန်ကျန်းရှီ ကောင်းကင်ကို မော့ကြည့်ရင်း ဆက်ပြောတယ်။ “ဒီလို အစီအစဉ်မျိုးက အစအဆုံး နားမလည်ရင် ဖြေရှင်းလို့ မရဘူး။”
“ဖြေရှင်းလို့မရဘူး။” ဒီစကားကို ကြားတော့ ပင်းယန်တုန်ယင်သွားတယ်။
“ ဟုတ်တယ်။ ဖြေရှင်းလို့မရဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းပြောတယ်။
အပိုင်း(၅၆၀)ပြီး၏။