← Chapters

အပိုင်း (၅၆၁-၅၇၀)

Vol. 6 Ch. 561-570

အပိုင်း (၅၆၁-၅၇၀)

Vol. 6 Ch. 561-570

အပိုင်း (၅၆၁)

“အတင်း အဓမ္မ လုယူပြီးတော့ ကျော်ဖြတ် ခြင်း။”

“ ဒါဆိုရင် ဘာလုပ်ရမလဲ။ ငါတို့ တကယ်ပဲ ဘေးထွက်ရပ်ပြီးတော့ ဒီအတိုင်းကြည့်နေမှာလား။” ပင်းယန် ဖန်ကျန်းရှီကို ယုံကြည်ချင်တယ်။ ဒါပေမယ့် အကယ်၍ သူသာ သူမကို ဘေးက ရပ်ကြည့်စေဖို့ စီစဉ်ထားတယ်ဆိုရင်။ သူမလုံး၀ လုပ်မှာ မဟုတ်ဘူး။

ဘာကြောင့်လဲ ဆိုတော့။ နန်းတော်ထဲမှာ ရောက်နေတဲ့ သူက သူ့ရဲ့ ခမည်းတော် ဖြစ်နေတယ်လေ။ သူမကို အချစ်ဆုံး ခမည်းတော်။ လူတစ်ယောက်က အမှတ်တရတွေကို ပြန်တွေးမယ်ဆိုရင် ။ မိခင်ရဲ့ နွေးထွေးမှုနဲ့ ဖခင်ရဲ့ ပုံရိပ်ကအရမ်းကို ထင်ထင်ရှားရှားရှိတယ်။ ပင်းယန် အတွက်တော့ မိသားစုဆိုတာ သူ့ခမည်းတော် တစ်ယောက်တည်းပဲ။

“တကယ်တော့ ငါတွေးနေတာ…” ဖန်ကျန်းရှီ ဘေးထွက်ရပ်ကြည့်နေသင့်တယ်လို့ ပြောမိတော့မယ့် အချိန်မှာပဲ ပင်းယန်ရဲ့ မျက်နှာကို သူ မြင်လိုက်တယ်။ အရမ်းကို စိုးရိမ်ပူပန်နေတာ။ ဒါကြောင့် သူ့ စကားလုံးတွေကို ပြန်မျိုချလိုက်ပြီးတော့ ။ တိုးတိုးတိတ်တိတ် နေတော့တယ်။

ဖန်ကျန်းရှီရဲ့ ရှုထောင့်ကနေ ဆိုရင်။ ဒီတိုက်ပွဲမှာ ပါဖို့ စိတ်ကူးမရှိဘူး။ လူတွေ ပလ္လင်အတွက် တိုက်ခိုက်တာက ပုံမှန်ပဲလေ။ ပလ္လင်ပေါ်မှာ ထိုင်နိုင်တဲ့သူက ။ နည်းဗျူဟာ အတော်ဆုံးနဲ့ အချိန်တွေကို စတေးခဲ့ပြီးတော့ လိုရာပန်းတိုင်ကို ရောက်သွားတဲ့ သူပဲ။ ထိုက်ကျုံးဧကရာဇ် အတွက်တောင် ဒီကိစ္စက အမှန်တရားကြီး။

ရွှမ်ဝူဂိတ် တိုက်ပွဲပြီးမှသာ ထီးနန်းကို သိမ်းပိုက်နိုင်ပေမယ့် ။ သူက အောင်မြင်သူ ဘုရင်တစ်ယောက်ပဲလေ။ တခြားသူတွေ အများကြီးကတော့ လမ်းမှာ ကျရှုံးခဲ့တယ်။ အကယ်၍ ထိုက်ကျုံး ဧကရာဇ် သာ ရွှမ်ဝူ တိုက်ပွဲမှာ မအောင်မြင်ခဲ့ရင်။ ကျန့်ကွမ်းရဲ့ အကြံပေးမှုကိုလည်း ရမှာ မဟုတ်ဘူး။ နိုင်ငံ တစ်ခုလုံးလည်း စီးပွားရေး ။ စိုက်ပျိုးရေး။ အုပ်ချုပ်ရေး ပိုင်းမှာ တိုးတက်ခဲ့မှာ မဟုတ်ဘူး။ ဘယ်သူကများ ထိုက်ကျုံး ဧကရာဇ်ကို သူ့ အပြုအမူတွေ အတွက် အပြစ်တင်ရဲမှာလဲ။

“ငါတို့ အခုဘာလုပ်ကြမလဲ။” ဖန်ကျန်းရှီရဲ့ စကားကိုကြားတော့ ပင်းယန်မေးပြန်တယ်။ ဖန်ကျန်းရှှီကတော့ ခေါင်းမော့ရင်း ကောင်းကင်ကို ကြည့်နေခဲ့တယ်။ “ အကယ်၍ ငါတို့သာ အဆုံးသတ်မှာ အကျိုးရတဲ့သူ မဖြစ်နိုင်ရင်။ လုပ်လို့ရတာ တစ်ခုတော့ ရှိသေးတယ်။”

“ ဘာလုပ်ရမှာလဲ။”

“ ဖြတ်လျှောက်။”

နန်းတော်။ ညီလာခံ ခန်းမ။ မနက်ခင်း ညီလာခံ ကျင်းပတဲ့နေရာ။ ပုံမှန် အတိုင်းဆိုရင်။ အခုချိန်က ဧကရာဇ် လင်းမုပိုင် ညီလာခံခန်းမမှာ ထိုင်နေရမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ သူထိုင်နေခဲ့တယ်။ ရွှေရောင် နဂါးပလ္လင်ပေါ်မှာ။ အထိန်းတော်ဝေက သူ့ ဘေးမှာ ရှိနေခဲ့တယ်။

သူတို့ နှစ်ယောက်က လွဲပြီးတော့ ဘယ်သူမှ အခန်းထဲမရှိဘူး။ ဒါပေမယ့် အခန်းရဲ့ အငွေ့အသက်က အရမ်းကိ ထူးဆန်းနေတယ်။ ဒီအချိန်မှာပဲ မျက်နှာဖုံးစွပ် လူနှစ်ယောက် အခန်းထဲကို ဝင်လာခဲ့တယ်။

“ ညီလာခံ ခန်းမထဲကို အခွင့်မရှိပဲ ဘယ်သူ ဝင်ရဲတာလဲ။” အထိန်းတော်ဝေရဲ့ အသံ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သူရှေ့ထွက်လာတယ်။ လုံး၀ ကြောက်ရွံ့ဟန်မရှိ။

အထိန်းတော်ဝေရဲ့ အော်ဟစ်သံကြောင့်။ မျက်နှာဖုံးစွပ် နှစ်ယောက် လမ်းမှာ ရပ်တန်ကသွားတယ်။ ဧကရာဇ် လင်းမုပိုင် အနားကို သူတို့ ကပ်မလာဘူး။ ဧကရာဇ် လင်းမုပိုင်ကတော့ လက် တစ်ဖက်ကို မြှောက်လိုက်တယ်။ အထိန်းတော်ေ၀ နောက်ပြန်ဆုတ်သွားခဲ့တယ်။

“ မင်းတို့တွေ ရောက်လာမှတော့။ ဘာကြောင့် မျက်နှာဖုံးတွေ စွပ်ထားသေးတာလဲ၊” ဧကရာဇ် လင်းမုပိုင် မေးတယ်။

မျက်နှာဖုံးစွပ် လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်တယ်။ အဲ့ဒီ့နောက် သူတို့ မျက်နှာဖုံးတွေကို ချွတ်လိုက်တယ်။ ဘယ်ဘက်ကလူကတော့ လင်းယုန်လို စူးရှတဲ့ မျက်ဝန်းတွေနဲ့ ကြွေရောင်တောက်နေတဲ့ အသားအရည်ရှိတယ်။ ညာဘက်က လူကတော့ နှုတ်ခမ်းပါးပါး အရပ်ရှည်ရှည် ။ မိန်းမဆန်တဲ့ ရုပ်ရည်ရှိတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံ။

“ မင်းကို အိမ်တော်မှာ အပြစ်ဆင်ခြင်ခိုင်းထားတယ် မဟုတ်ဘူးလား။ မင်း ဘာကြောင့်လာတာလဲ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း အော်ဟစ်တယ်။ ဘယ်ဘက်က လူကို သူ အာရုံမစိုက်ဘူး။

“ ခမည်းတော် အသိဆုံး ဖြစ်မယ့် ကိစ္စကို ဘာကြောင့်များ မေးနေသေးတာလဲ။” အိမ်ရှေ့စံ လင်းထျန်းရုံရဲ့ မျက်နှာက မည်းမှောင်နေခဲ့တယ်။

“ ထွက်သွားစမ်း။” ဧကရာဇ် လင်းမုပိုင်အော်ဟစ်တယ်။ အဓိပ္မာယ်မရှိတာတွေကို သူ ငြင်းခုံ မနေချင်ဘူး။ ဒီကိစ္စကို နောက်ထပ် မပြောချင်တော့။ လင်းထျန်းရုံကို ကျက်သရေမရှိတဲ့ စကားလုံးတွေ သုံးပြီးတော့ မပြောချင်ဘူး။ သူက နေ့တိုင်း ကိစ္စတွေ အများကြီးကို ရင်ဆိုင်နေရတဲ့ ဧကရာဇ် တစ်ယောက် ဖြစ်နေတာကြောင့်ပဲ။

အခုချိန်မှာ သူ့ဘေးမှာ ကာကွယ်သူမရှိတာတောင်။ တော်ဝင် အစောင့်တွေ မရှိတော့တာတောင်။ သူ့ အရှိန်အဝါက ကြီးမားနေတုန်းပဲ။ သူ့အသံက ညီလာခံ ခန်းမထဲ ပဲ့တင်ထပ်သွားတယ်။ လင်းထျန်းရုံရဲ့ အမူအယာ ပြောင်းလဲသွားတယ်။ နောက်ကို အလိုလို ဆုတ်သွားမိတယ်။

“ ကြီးမြတ်သောရှ ဧကရာဇ်က တကယ့်ကို တစ်ခုခုပဲ။” ဘယ်ဘက်က လူ ရုတ်တရက် စကားစလာတယ်။ “ အိမ်ရှေ့စံ အရှင့်သား။ ကျွန်တော်တို့ တကယ်ပဲ သွားတော့မှာလား။”

“ ပါးစပ်ပိတ်။” လင်းထျန်းရုံ ပြန်အော်တယ်။ ရှေ့တစ်လှမ်းပြန်တိုးတယ်။ ခမည်းတော်ကို စိုက်ကြည့်ရင်း သူ ပြောတယ်။ “ခမည်းတော်။ သားတော် ဒီနေ့ နောက်ပြန်ဆုတ်ဖို့ စိတ်ကူးမရှိဘူး။”

“အမိုက်အမဲကောင်။” ဧကရာဇ်လင်းမုပိုင် အော်ဟစ်ပြန်တယ်။ သူ့ အသံက အရင်တခါကထက် ပို လေးနက်တယ်။ တစ်ချိန်တည်းမှာပဲ ရွှေရောင် အလင်းတန်းတွေ သူ့ခန္ဒာကိုယ်ကနေ ထွက်လာတယ်။ ပြင်းထျန်းတဲ့ ဖိအားတွေက အထိန်းအကွပ်မဲ့ ထွက်ပေါ်လာတယ်။ လင်းထျန်းရုံ နောက်တစ်ကြိမ် နောက်ကို လွင့်သွားပြန်တယ်။ သေချာ ခြေပြန်ချဖို့ သူ အချိန်ယူရတယ်။

“ ခမည်းတော်။ ဒီလိုလုပ်နေလည်း ရလဒ်က မပြောင်းလဲပါဘူး။ နန်းပလ္လင်ကို သားတော် လက်ထဲ အပ်လိုက်ရင်။ ခမည်းတော်ကို အသက်ချမ်းသာပေးမှာပါ။ ” လင်းထျန်းရုံ ဒီစကားတွေကို ပြောတဲ့ အချိန်တုန်ယင်နေခဲ့တယ်။ ဒါပေမယ့် သူ့ စိတ်ကတော့အခိုင်အမာ ဆုံးဖြတ်ထားတဲ့ပုံပဲ။

ဒီစကားတွေကို သူပြောချင်နေတာ ကြာခဲ့ပြီ။ ဒါပေမယ့် စိတ်ဆန္ဒကို ထိန်းချုပ်ထားတာ။ သူက အိမ်ရှေ့စံမင်းသားလေ။ ဒီစကားကို တရားဝင်ပြောနိုင်တဲ့ နေ့ အထိ သူ စောင့်လို့ရတယ်။ ဧကရာဇ် လင်းမုပိုင် သူ့ကို နန်းအပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့အထိ စောင့်လို့ရတယ်။ ဒါပေမယ့် သူ ဆက်မစောင့်နိုင်တော့ဘူး။

သူ့ရဲ့ အိမ်ရှေ့စံ နေရာက မခိုက်မာတော့ဘူးလေ။ သူ့မယ်တော် လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ကြောင့်သာ မဟုတ်ရင် ။ အိမ်ရှေ့စံမင်းသား နေရာကို သူ လက်လွှတ်လိုက်ရပြီ။ ဒါကြောင့် သူ ဘယ်စောင့်နိုင်တော့မလဲ၊

“ အိမ်ရှေ့စံ။ အိမ်တော်ကို မြန်မြန်ပြန်ပါ။ ဧကရာဇ်က အပြစ်ဒဏ်ကို လျော့ပေါ့ပေးပါလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ ဒီလမ်းကို မရွေးချယ်ပါနဲ့။” အထိန်းတော်ေ၀ စိတ်မထိန်းနိုင်တော့တာကြောင့် လင်းထျန်းရုံကို လှမ်းသတိပေးတယ်။

“ ဟ ဟား… ငါ့ကို အပြစ်ဒဏ် လျော့ပေါ့မယ် ဟုတ်လား။” လင်းထျန်းရုံ ရူးရူးသွပ်သွပ် ရယ်မောတယ်။ “ အကယ်၍ ငါ အိမ်ရှေ့စံကသာ ဧကရာဇ် ဖြစ်လာခဲ့ရင်။ မင်းက ငါ့ကို အပြစ်ပေးနိုင် အုန်းမှာလား။”

“ အိမ်ရှေ့စံ…” အထိန်းတော်ေ၀ ဆက်ပြီးတော့ ပြောချင်သေးတယ်။ ဒါပေမယ့် ဧကရာဇ်လင်းမုပိုင်ကို မြင်တော့ သူ ဘာမှ မပြောတော့။

“ခမည်းတော်။ နန်းတော်ကို သားတော် ထိန်းချုပ်လိုက်ပြီ၊ ခမည်းတော် သေတာနဲ့။ ကြီးမြတ်သောရှမင်းဆက် ထီးနန်းက ကျွန်တော့် အပိုင် ဖြစ်သပြီပဲ။ ကျွန်တော် အကြံပေးတာကို နားထောင်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ ခမည်းတော်သာ အသာတကြည်နဲ့ ထီးနန်းအပ်ရင်။ အသက်ချမ်းသာ…”

“ မင်းရဲ့ သောက်ပါးစပ်ကို ပိတ်ထားလိုက်။ မင်း အခုဘာအပြစ်ကို ကျူးလွန်နေမှန်း သိရဲ့လား။” ဧကရာဇ်လင်းမုပိုင်လှမ်းအော်ယတ။်

“ ဘာပြစ်မှုပါပဲ။ ဒီ ပြစ်မှုက နည်းနည်းတော့ ပြင်းထန်တယ် မလား။ အိမ်နီးချင်း နယ်မြေနဲ့ ဆက်သွယ်တယ်။ ထီနန်းကို လုဖို့ ကြံတယ်။ သေဒဏ်က အလျော့ပေါ့ဆုံး ပြစ်ဒဏ်ပဲ။ ဟုတ်တယ် မဟုတ်လား။” လင်းထျန်းရုံ စဉ်းစားပြီးနောက် အလေးအနက် ပြောတယ်။

“ကြည့်ရတာ မင်းက ပြင်ဆင်ထားပြီးပုံပဲ။” ”ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ ခန္ဒာကိုယ်က ရွှေရောင် အလင်းတန်းတွေ ပျောက်ကွယ်သွားတယ်။ လင်းထျန်းရုံ ဒီ မြင်ကွင်းကိုမြင်တော့ နှာခေါင်း ရှုတ်လိုက်တယ်။

အနိုင်ရတော့မှာကို ကြိုမြင်နေရပြီလေ။ ဧကရာဇ်လင်းမုပိုင် အသာတကြည်နဲ့ နန်းအပ်ရင်တော့ အကောင်းဆုံးပဲပေါ့။ နောက်ဆုံးတော့လည်း ဧကရာဇ်လင်းမုပိုင် ရဲ့ တကယ့် စွမ်းအား အစစ်အမှန်ကို သိတဲ့သူက နည်းတယ်လေ။ သံသယဖြစ်စရာ မလိုလောက်အောင်ပဲ။ ဧကရာဇ် လင်းမုပိုင်သာ စိတ်ရှိလက်ရှိ အစွမ်းကုန် တိုက်ခိုက်ရင်။ ညီလာခံ ခန်းမတစ်ခုလုံး သွေးစွန်းနေလောက်ပြီ။ ဒါဆိုရင်။ မနက်ခင်း ညီလာခံမှာ သူ ဘယ်လို ရှင်းပြရမလဲ။

လင်းထျန်းရုံ နောက်ထပ် နည်းနည်းတောင် မစောင့်ချင်တော့ဘူး။ မနက်ခင်းညီလာခံမှာ ပြောဖို့ မိန့်ခွန်းတောင် သူ ပြင်ဆင်ပြီးပြီ။ အကုန်လုံး အသာစီးရနေပြီးပြီပဲ။ အခု တိုက်ပွဲကို လာတာတောင် ။ နဂါးဝတ်ရုံကို သူ တခါတည်း ဝတ်လာတာ။ စစ်။ လင်းထျန်းရုံ သူဝတ်ထားတဲ့ ဝတ်ရုံနက်ကို ဆွဲဖြဲလိုက်တယ်။ အောက်ဘက်မှာ တန်ဖိုးကြီး ရွှေရောင်ဝတ်ရုံ ရှိနေတယ်။

“ ပြင်ဆင်ထားတာပေါ့။ ဒါပေါ့။ ကျွန်တော် ပြင်ဆင်ထားတယ်။ ခမည်းတော်ကို အိမ်နီးချင်းတိုင်းပြည်က လုပ်ကြံသူတွေ သတ်ဖြတ်သွာတယ်။ ဒီသားတော်လေး နန်းတော်ကို ရောက်တဲ့ အချိန်မှာ ။ သေတမ်းစာ တစ်ခုကိုပဲ တွေ့လိုက်ရတယ်။ အိုး.. ဟုတ်တာပေါ့။ သေတမ်းစာမှာ လိုနေတာ တစ်ခုရှိသေးတယ်။ တော်ဝင် တံဆိပ်တော်။ ကိစ္စမရှိပါဘူး။ အထိန်းတော်ဝေက ကျွန်တော့်ကို ကူညီမှာပဲ။ အိမ်ရှေ့စံ… နေအုန်း.. မမှန်သေးဘူး။ ငါ ဧကရာဇ်က အထိန်းတော်ဝေကို တော်ဝင်တံဆိပ်တော် ရှာ ခိုင်းရင် ဒုက္ခပေးမိ သလို ဖြစ်သွားမလား ”

“ အိမ်ရှေ့စံ .. မင်း …” အထိန်းတော်ေ၀ ကြောက်လန့်တကြားနဲ့ ပြောတယ်။ နဂါးဝတ်ရုံကို ဝတ်ပြီးတော့ ညီလာခံ ခန်းမဆီလာတယ်။ သေတမ်းစာ အတုလည်း လုပ်လာသေးတယ်။ ဒါတွေ အရ။ လင်းထျန်းရုံ လုံး၀ ပြင်ဆင်ထားမှန်း သိသာတယ်။ သူနောက်ဆုတ်မယ်ဆိုတာ မဖြစ်နိုင်တာပဲ။

“ ငါ့ကို အိမ်ရှေ့စံလို့ မခေါ်နဲ့တော့။ အရှင်မင်းမြတ်လို့ ခေါ်။” လင်းထျန်းရုံ လက်ထဲမှာ ဓားရှည်တစ်ချောင်း ပေါ်လာခဲ့တယ်။ သူ့ရဲ့ လက်နက်ကို ထုတ်လိုက်တာနဲ့။ ဝတ်ရုံနက် အယောက် ၂၀လည်း ညီလာခံ ခန်းမထဲကို ဝင်လာကြတယ်။ သူတို့ လက်ထဲမှာ မတူညီတဲ့ လက်နက်တွေကို ကိုင်ထားကြတယ်။ လက်နက်တွေ အကုန်လုံးမှာ သွေးစွန်းနေခဲ့တယ်။

“ခမည်းတော်က အဲ့ဒီ့ အမျိုးသမီးကို အရမ်းချစ်တယ်မဟုတ်လား။ သူမ အတွက် ထီးနန်းကိုတောင် စွန့်လွှတ်တော့ မလို့လေ။ အခုတစ်ခါကော ဘာလို့ လက်လွှတ်မပေးနိုင်တာလဲ။ ကျွန်တော့်ကို ထီးနန်းအပ်ပြီးတော့ လောကအနှံ့ ခြေဆန့်ရင်း စိတ်ကြိုက်လိုက်ရှာလို့ရတယ်လေ။ မကောင်းဘူးလား။”

လင်းထျန်းရုံရဲ့ အသံက အမုန်းတရားတွေနဲ့ ပြည့်နှက်နေတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ စိတ်ထဲမှာ တေးမှတ်ထားတဲ့ အစိုင်အခဲတွေကို သူ ချေဖျက်နေတယ်။ သေစေနိုင်လောက်တဲ့ အဆိပ်တွေကို အခုမှ ပြန်အန်ထုတ်နေသလိုပဲ။

“ကောင်းပြီ။” အော်ဟစ်သံကြီးတစ်ခုကို ဒီ အချိန်မှာ ကြားလိုက်ရတယ်။ ရွှေရောင် အလင်းတန်းက ညီလာခံ ခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားတယ်။ ဒီ အလင်းတန်းက နဂါးတစ်ကောင်ပဲ။ အလင်းမှုန်တွေစုပေါင်းပြီးတော့ ဖြစ်လာတဲ့ နဂါးတစ်ကောင်။ “

အပိုင်း(၅၆၁)ပြီး၏။

အပိုငး (၅၆၂)

“ နဂါးမျက်လုံး။”

နဂါးကြီးက တိမ်စိုင်တွေကြားကနေ ထွက်ပေါ်လာချိန် မိုးထစ်ချုန်းတော့တယ်။ ရွှေရောင် အလင်းတန်းက နဂါးတစ်ကောင်ကို ပုံဖော်နေတဲ့ အချိန်။ အဖြူရောင် တိမ်စိုင်တွေက ညီလာခံခန်းမထဲ ပေါ်လာခဲ့တယ်။ ညီလာခံ ခန်းမ တစ်ခုလုံးကို ဖုံးလွှမ်းသွားစေတယ်။ ဝေါင်း ….။ ဟိန်းဟောက်သံကြီးကို ကြားလိုက်ရတယ်။

ရွှေရောင် အလင်းတန်းထဲမှာ သွေးနီရောင် စက်ဝိုင်း ၂ခုက တောက်ပနေတယ်။ မောက်မာပြီးတော့ ခံစားချက် မဲ့နေတဲ့ပုံစံပဲ။ နဂါးဟိန်းသံ ထွက်ပေါ်နေသလို ။ အနီရောင် အလင်းတန်းကလည်း ရွေ့လျားနေခဲ့တယ်။ ဘွန်း။ မိုးကြိုးပြစ်သံကို ကြားလိုက်ရတယ်။ တိမ်အထူဆုံးနေရာမှာ မိုးကြိုးပြစ်သွားတာ။ အဲ့ဒီ့နောက် မြူခိုးတွေ ကြားထဲကနေ လက်သည်းတစ်ဖက် ပေါ်လာခဲ့တယ်။

အေးစက်စက် သတ္တုလက်သည်းက ကျောချမ်းစရာ အငွေ့ အသက်အပြည့်။ သဘာဝရဲ့ စွမ်းအင်တွေ ပေါင်းစည်းပြီးတော့ ဖြစ်ပေါ်လာတဲ့ ပုံစံပဲ။ အင်အားကြီးမားတဲ့ သားရဲကောင်ကြီး။ အရမ်း ကြောက်စရာကောင်းတယ်။ မြင်ကွင်းက ထူးဆန်းလွန်းတယ်။ ဝတ်ရုံနက် ၂၀လုံး ဒီဖိအားကြောင့် ချက်ခြင်း ခေါင်းငုံ့သွားတယ်။ သူတို့ လက်ထဲက လက်နက်တွေတောင် တုန်ယင်နေခဲ့တယ်။

“အဲ့တာ ဘာလဲ…”

“ တကယ့် နဂါး အစစ်ကြီးလား။” သူတို့ရဲ့ အမြင်အရဆိုရင် ။ ညီလာခံခန်းမထဲကို ခြေချလိုက်တာနဲ့ ပြန်လမ်းမရှိတော့ဘူး။ ဘယ်လောက် ခက်ခဲပါစေ ဒီလမ်းကို ဖြတ်သန်းရမယ်။ ဒါပေမယ့် မြူနှင်းထဲကနေ လက်သည်းတစ်ဖက် ထွက်လာချိန်မှာတော့ သူတို့ မျက်လုံး ပြူးကုန်တယ်။ ထိတ်လန့်မှုက သိပ်ကြာကြာ မခံပါဘူး။ သူတို့ ချက်ခြင်း လှုပ်ရှားကြတယ်။ တောက်ပတဲ့ အလင်းတန်းတွေ ချက်ခြင်းပေါ်လာတော့တယ်။ ဒါက ပြန်လည်မွေးဖွားမှု အဆင့် အမှတ်အသားတွေပဲ။ ဧကရာဇ် လင်းမုပိုင်က ပြန်လည်မွေးဖွားမှု အဆင့် အယောက် ၂၀ကို တစ်ယောက်တည်း တိုက်ခိုက်ရမှာ။

“မကြောက်ကြနဲ့။ ဒါက ခမည်းတော်ကို ကာကွယ်နေတဲ့ နဂါးစိမ်း မျက်လုံး ရတနာပဲ။ ရွှေရောင် အလင်းတန်း နှစ်ခုကို အဓိက တိုက်ခိုက်ကြ။ အနီရောင် အလင်းတန်းကို မထိမိစေနဲ့။” သူ့ အပေါ်မှာ ဟိန်းဟောက်နေတဲ့ နဂါးကို ကြည့်ရင်း လင်းထျန်းရုံ အော်ဟစ်တယ်။

နဂါးစိမ်း မျက်လုံး။ ဒါက ကြီးမြတ်သောရှမင်းဆက်ရဲ့ တန်ဖိုအကြီးဆုံးရတနာ။ သူ့ရဲ့ အင်အားနဲ့ အစွမ်း အတိအကျကို ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ကြီးမြတ်သောရှမင်းဆက်ရဲ့ ရတနာဆယ်ပါး အထက်မှာ သူရှိနေတယ်။ တကယ်တော့ ဒီရတနာကို ဘယ်သူကမှ မမြင်ဖူးကြဘူး။ ဧကရာဇ်ကလည်း ထုတ်မသုံးဘူးလေ။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ နဂါးစိမ်း မျက်လုံးက ဧကရာဇ်ကို ပင်းယန်ရဲ့ မယ်တော် ပေးခဲ့တဲ့ လက်ဆောင် ဖြစ်နေတာကြောင့်ပဲ။ သူ့ရဲ့ သားသမီးတွေနဲ့ အမတ်မင်းတွေကို ဒီ အဖိုးတန်ရတနာ အကြောင်း လုံး၀ မပြောပြဘူး။ သူ့ရဲ့ စွမ်းအင်အစစ်အမှန်ကိုလည်း အရေးကြီး အကြောင်းရာ မရှိသရွေ့ ထုတ်မပြ။

“ နဂါးစိမ်း မျက်လုံးတဲ့လား။” ဝတ်ရုံနက်တွေ တစ်ယောက်ကို တစ်ယောက် မျက်စပြစ်တယ်။ သူတို့ လက်နက်တွေကို ဧကရာဇ်လင်း မုပိုင်ဆီ ချိန်ရွယ်လိုက်တယ်။

“သတ်ကြ။”

“ မင်း သားမိုက်။” ညီလာခံ ခန်းမ ဝင်ပေါက်ကို ဆုတ်ခွာနေတဲ့ လင်းထျန်းရုံကို ကြည့်ရင်း ဧကရာဇ် လင်းမုပိုင် အော်ဟစ်တယ်။ အဲ့ဒီ့နောက် နဂါးပလ္လင်ပေါ်ကနေ သူထလိုက်တယ်။ လင်းထျန်းရုံဆီကို သူလှမ်းလာတယ် ။ ဝတ်ရုံနက် အယောက် ၂၀ လည်း ဒီ အချိန်မှာ လှုပ်ရှားတော့တယ်။

တောက်ပတဲ့ အလင်းတန်းတွေက ကြယ်ကြွေသလိုမျိုး ဧကရာဇ် လင်းမုပိုင်ဆီကို တိုးဝင်တယ်။ သူတို့တွေက မြန်ဆန်တယ်။ ဒါပေမယ့် ညီလာခံခန်းမ အပေါ်မှာ လှည့်ပတ်နေတဲ့ ရွှေရောင် နဂါးကတော့ ပိုမှန်တယ်။ ဝတ်ရုံနက်တွေ တိုက်ခိုက်တာနဲ့ ရွှေရောင် နဂါးက သူတို့ကို ခါထုတ်တယ်။ မြူနှင်းထဲက ထွက်လာတဲ့ လက်သည်းတွေနဲ့ ကုတ်ဆွဲပြစ်တယ်။

ဘုန်း… ဘုန်းဘုန်း…။

တုန်ခါသံတွေက ညီခာံခန်းမမှာ ဆက်တိုက် ထွက်ပေါ်နေတယ်။ တစ်ချိန်တည်းမှာပဲ အနီရောင် အလင်တန်း နှစ်ခု ကောင်းကင်ကနေ ထိုးဆင်းတယ်။ ထူးဆန်းစွာနဲ့ပဲ။ ဒီ သွေးနီရောင် အလင်းတန်းကနေ ကြောက်စရာလှိုင်းတွေ ဖြာထွက်နေတယ်။ တကယ့် နဂါး အစစ်တစ်ကောင်ရဲ့ မီးတွေလိုပဲ။

“ အား..” ဝတ်ရုံနက်တစ်ယောက်ရဲ့ အော်သံထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ။ သွေးနီရောင် မီးတောက်တွေ ညီလာခံ ခန်းမထဲ လောင်ကျွမ်းတော့တယ်။ ဒါက ဝတ်ရုံနက်ရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတာ။ ဒီ မီးတောက်တွေက မြေကြီးထဲကနေ ထွက်လာသလိုပဲ။ ဒါပေမယ့် ဝတ်ရုံနက်ကို အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတာကြောင့် ဖြစ်ပေါ်လာတာ။

“ ကယ်.. ငါ့ကို ကယ်…” ဝတ်ရုံနက် စကားပြောတဲ့ အချိန်မှာပဲ ။ မိစ္ဆာမီးတောက်နီတွေ သူ့ပါးစပ်ထဲက ထွက်ပေါ်လာတယ်။ သူနောက်ထပ် စကားမပြောနိုငတော့ဘူး။ မီးသွေးတုံးဖြစ်သွားတဲ့ အလောင်းတစ်ခု သာ ကျန်ရစ်တော့တယ်။ ကျန်တဲ့ ဝတ်ရုံနက်တွေ လတ်လတ်ဆတ်ဆတ် မီးသွေးတုံးကို ကြည့်ရင်း မျက်လုံး ပြူးနေကြတယ်။

သူက ပြန် လည်မွေးဖွားမှု အဆင့်လေ။ ပြန်လည်မွေးဖွားမှု အဆင့် မပြောနဲ့။ သဘာဝလွန် အဆင့် ကျင့်ကြံသူ တောင်မှ ကိုယ့်ကိုယ်ကို ကုစားနိုင်စွမ်းက အရမ်းမြင့်တယ်လေ။ ဒါပေမယ့် အခုတော့ သူက မီးသွေးတုံး ဖြစ်သွားခဲ့ပြီ။ သူတို့တွေ မကြောက်ပဲ နေမလား။

“ နဂါးစိမ်း မျက်လုံးဆိုတာ တကယ်ပဲ ဘာကြီးလဲ။”

“ ဒီ မိစ္ဆာမီးတောက်တွေ ဘယ်က ထွက်လာတာလဲ။”

“ နဂါးစိမ်း မျက်လုံးရဲ့ တကယ့် ပုံစံ အစစ်အမှန်က ဘာလဲ။”

ဝတ်ရုံနက်တွေ ခေါင်းမော့ကြည့်မိတယ်။ ညီလာခံခန်းမ ပေါ်က နဂါးကို မြင်တော့ သူတို့ တစ်ခဏတွေေ၀ သွားကြတယ်။ နဂါးစိမ်းမျက်လုံးနဲ့ ရင်ဆိုင်နေရလို့ သူတို့ ဒီလို ဖြစ်တာပဲ။ တစ်ချီတည်းနဲ့ သူတို့ အားလုံးရဲ့ တိုက်ခိုက်မှုတွေ ပိတ်ဆို့ခံရရုံတင် မက။ တစ်ယောက် သေသွားခဲ့ပြီ။ တပြိုင်နက်တည်း တိုက်ခိုက်တာတောင် သူတို့တွေ မအောင်မြင်ဘူး။

ဧကရာဇ်လင်းမုပိုင် ဆက်လျှောက်လာတယ်။ လင်းထျန်းရုံဆီ ရောက်ဖို့ သိပ်မလိုတော့ဘူး။ အိမ်ရှေ့စံ ရှေ့က ဝတ်ရုံနက်ကို သူ အာရုံစိုက်ဟန် မရှိ။

“ မြန်မြန်။ သူ့ကို တား။ အင်အားကြီးတဲ့ ခမည်းတော် ဖြစ်နေရင်တောင်။ နဂါးစိမ်း မျက်လုံးကို တစ်ချိန်လုံး သုံးနေနိုင်မှာ မဟုတ်ဘူး။ ဆက်တိုက် တိုက်ခိုက်ချေမှုန်းရမယ်။” လင်းထျန်းရုံ နောက်ကို ထပ်ဆုတ်ရင်း ပြောတယ်။ ညီလာခံ ခန်းမရဲ့ တံခါးဘောင်ကို တိုက်မိမှပဲ သူရပ်တော့တယ်။

နဂါးစိမ်းမျက်လုံးက ဧကရာဇ်လင်းမုပိုင်ရဲ့ တန်ဖိုးအကြိးဆုံး ရတနာမှန်း သူသိတယ်။ ကြီးမြတ်သောရှမင်းဆက် ပိုင်ဆိုင်တဲ့ ရတနာမှန်းလည်းသိတယ်။ ဒါပေမယ့် ဒီပစ္စည်းရဲ့ အင်အားအပြည့်ကို သူမသိဘူး။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ အယောက် ၂၀ကို တားနိုင်ပြီးတော့ တစ်ယောက်ကို သတ်နိုင်မှာတော့။ အကောင်းဆုံး ရတနာ ဖြစ်မှာပဲ။ ဒါကို ဘယ်သူ ဆက်ခံရမှာလဲ။

“ ငါတို့ ခမည်းတော်ကို သတ်နိုင်ရင် နဂါးစိမ်း မျက်လုံးကလည်း ငါ့အပိုင် ဖြစ်ပြီ။” ဟိန်းဟောက်နေတဲ့ နဂါးကို ကြည့်ရင်းနဲ့ လင်းထျန်းရုံ လောဘတကြီး ကျိန်းဝါးတယ်။

“ တိုက်ခိုက်ကြ။” လင်းယုန် မျက်လုံးနဲ့ လူ နောက်ဆုံးတော့ စကားပြောပြီ။ ညီလာခံ ခန်းမပေါ်က နဂါးကို သူမျက်စောင်းလှမ်းထိုးတယ်။ အိမ်ရှေ့စံနဲ့ ယှဉ်ရင် သူကအတော်လေးကို တည်ငြိမ်လွန်းတယ်။ နောက်ကိုလည်း မဆုတ်ဘူး။ ရွေ့တောင်မရွေ့ဘူး။ ပုံမှန်နေရာမှာပဲ ရပ်နေရင်း ဝတ်ရုံနက်တွေကို လက်ယမ်းပြတယ်။

“ချီတက်။” သူ့စကားကိုကြားတော့ ဝတ်ရုံနက်တွေ ချက်ခြင်းလှုပ်ရှားတယ်။ ညီလာခံ ခန်းမပေါ်က နဂါးကို ကြည့်ရင်း သူတို့ မျက်လုံးတွေ တောက်ပနေခဲ့တယ်။ ဘယ်သူမှ နောက်မဆုတ်ကြတော့ဘူး။ တောက်ပတဲ့ အလင်းတန်းက သူတို့ ကိုယ်ပေါ်မှာ နောက်တစ်ကြိမ်ပေါ်လာပြန်တယ်။

ဒီအချိန်မှာတော့ သူတို့စိတ်ထဲ အတွေးတစ်ခုသာ ရှိတော့တယ်။ တစ်ဖက်ပဲ အသက်ရှင်ကျန်မယ်။ ဝေါင်း… နဂါးလည်း နောက်တစ်ကြိမ် လှုပ်ရှားပြန်တယ်။ ဒီတစ်ကြိမ်တော့ ။ တိမ်တွေ ဆီကနေ တည့်တည့် ဆင်းလာတာ။ ရွှေရောင် အကြေးခွံတွေက မီးလို တောက်ပနေတယ်။ ရွှေရည်လောင်းခံထားရတဲ့ နဂါးကြီးတစ်ကောင်လိုပဲ။ နဂါး ပေါ်လာတာနဲ့ ခရမ်းရောင်အလင်းတန်းတွေလည်း တိမ်ထဲမှာ ဖြစ်ပေါ်လာတယ်။ လှုပ်ရှားနေတဲ့ ဝတ်ရုံနက်တွေဆီကို မိုးကြိုးတွေ ပြစ်ချတော့တယ်။

ဘွန်း… ဘွန်း . ဘွန်း…။

ပဲ့တင့်သံတွေကို နောက်တစ်ကြိမ် ကြားရပြန်တယ်။ ညီလာခံ ခန်းမကြီးတစ်ခုလုံး လှုပ်ခတ်နေတဲ့ အတွက်။ မျက်နှာကျက်တွေ ပြိုကျလာတယ်။ တိုင်လုံးက ကျောက်စိမ်းပန်းပုတွေလည်း ကွာကျကုန်တယ်။ နံရံထူထူကြီးတွေကတော့ အက်ကွဲကြောင်း နက်နက်တွေနဲ့ ပြည့်နှက်ကုန်တယ်။

လူတွေ လဲကျတဲ့ အသံကို အဆက်မပြတ်ကြားနေရတယ်။ သွေးနီရောင် အလင်းတန်း နှစ်ခုကိုလည်း အထင်အရှား မြင်နေရတယ်။ ဒီအရှုပ်အထွေးတွေ ကြားမှာ လူတစ်ယောက်ကတော့ ည်ီလာခံ ခန်းမ ဝင်ပေါက်ကို စိုက်ကြည့်နေခဲ့တယ်။ မြေပြင်တုန်ဟီးနေသလို။ ရွှေရောင် အလင်းတန်းတွေကလည်း လူတစ်ယောက်ကို ရစ်ပတ်ထားခဲ့တယ်။ သူ့ရဲ့ ရွှေရောင် ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။ နဂါးကြီးကတော့ မာန်အပြည့်နဲ့ ဟိန်းဟောက်နေဆဲ။ သွေးနီရောင် မျက်ဝန်းတွေကတော့ ေ အးစက်စက် တောက်ပနေခဲ့တယ်။

“ မင်း သားမိုက်။ မင်းသိလား။ မင်းရဲ့ ဘွဲ့ကို မဖယ်ရှားဖို့ ငါဘယ်လောက် ကြိုးပမ်းခဲ့ရလဲ ဆိုတာ။” လင်းထျန်းရုံကို ဧကရာဇ် လင်းမုပိုင် လှမ်းပြောနေတယ်။

“ ကျွန်တော့်ရဲ့ ရာထူးကို မဖယ်ရှားဖို့ ဟုတ်လား။ ကျွန်တော့် ဘွဲ့ကိုသာ မဖယ်ရှားချင်ရင်။ ဘာကြောင့်များ စာကြည့်ခန်း အောက်က လျှို့ဝှက်ခန်းကို ဖော်ထုတ်ခဲ့မှာလဲ။ မယ်တော့်ကြောင့်သာ မဟုတ်ရင်။ ကျွန်တော့်ကို ပူးပေါင်းကြံစည်မှုနဲ့ အပြစ်ပေးနေလောက်ပြီ မဟုတ်လား။” ညီလာခံခန်းမ တံခါးနားကို ရောက်နေတဲ့ လင်းထျန်းရုံ ပြောတယ်။

“ ပူးပေါင်း ကြံစည်မှု ဟုတ်လား။ ငါသာ မင်းကို အပြစ်ပေးချင်ရင်။ အိမ်နီးချင်း နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ နန်းလုဖို့ ကြံတဲ့အတွက် မင်းကို အပြစ်ပေးလို့ရတယ်။” ဧကရာဇ်လင်းမုပိုင် ပြောရင်းနဲ့ လက်ဝေ့ယမ်းလိုက်တယ်။ စာတစ်ချို့ လင်းထျန်းရုံ ရှေ့ကို ကျလာခဲ့တယ်။

ဒါကိုမြင်တော့ လင်းထျန်းရုံ မျက်ဝန်းထဲ မသေချာ မရေရာမှုတွေ တောက်ပလာတယ်။ ဒီစာတွေက ဖန်ကျန်းရှီ ပေးထားတယ်ဆိုတာ သူသိတယ်လေ။ ဒီစာတွေကြောင့်ပဲ သူ့ လျှို့ဝှက်ခန်း ဖော်ထုတ်ခံလိုက်ရတာ။ အမတ်မင်းတွေ ရှေ့မှာ အပြစ်ပေးခံရတာ ။ အခုတော့ စာတွေက သူ့ ရှေ့မှာ ရောက်နေပြီ၊။ သူတွေဝေနေတယ်။ ဒါပေမယ့်လက်ကတော့ စာတွေကို လှမ်းယူြုပီး ဖွင့်ဖတ်မိတယ်။ အဲ့ဒီ့နောက် သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ဒီစာတွေက ငရဲရဲ့ ရှေ့ပြေးနိမိတ်တွေလိုပဲ။

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” စာတစ်စောင်ပြီး တစ်စောင် ဖွင့်ဖတ်ရင်း လင်းထျန်းရုံ တုန်ယင်နေတယ်။ စာတစ်စောင်ချင်းစီကို ဖတ်ပြီးတိုင်းမှာ သူ ဆွဲဖြဲပြီး လွှင့်ပစ်မိတယ် ။ မြေပြင်ပေါ်က ကောက်လာတဲ့ စာတွေ နောက်တစ်ကြိမ် မြေပြင်ပေါ်ကို ပြန်ရောက်သွားရပြန်ပြီ၊ ကွာခြားချက်ကတော့ သူတို့တွေ တစ်စစီ ဖြစ်ကုန်ကြတာပဲ။

လင်းထျန်းရုံရဲ့ အမူအယာက လုံး၀ ပြောင်းသွားခဲ့ပြီ။ အကယ်၍ ုခုနတုန်းက သူ့ အမူအယာကို ခိုင်မာလေးနက်တယ်လို့ ပြောမယ်ဆိုရင်။ အခု အမူအယာကိုတော့ အရမ်းကို ကြောက်လန့် တုန်လှုပ်နေတယ်လို့ ဆိုရမှာပဲ။

“ ဒါက မဖြစ်နိုင်ဘူး… မဖြစ်နိုင်တာပဲ။… ဒါက စာအတုတွေ ။ ခင်ဗျားလိမ်နေတာ… ။ ဟုတ်တယ်။ ခင်ဗျားက လူလိမ်ပဲ။” လင်းထျန်းရုံရဲ့ အသံက ည ကောင်းကင်မှာ ပဲ့တင် ထပ်နေတယ်။ သူ့မျက်နှာ တစ်ခုလုံး သေခါနီးလူလို ဖြူဖျော့နေခဲ့တယ်။

အပိုင်း( ၅၆၂)ပြီး၏။

အပိုင်း (၅၆၃)

“ သေရှင်ဂိတ်။”

အချိန်အကြာကြီး လင်းထျန်းရုံတွေး ခဲ့မိတာ ဒီစာတွေက လျှို့ဝှက်ခန်း အကြောင်းလို့။ ဒါပေမယ့် အခုတော့ မဟုတ်မှန်း သိခဲ့ရပြီ။ သူ လုံး၀ နားလည်သွားခဲ့ပြီ။ ဒီလျှို့ဝှက်ခန်းနဲ့ ယှဉ်ရင်။ စာထဲမှာ ပါတဲ့ အကြောင်းရာက ကြောက်စရာကောင်းလောက်အောင်ကို အပြစ်ကြီးတယ်။

ပထမစာက သူနဲ့ တောင်ပိုင်းဒေသ အိမ်ရှေ့စံ ဆက်သွယ်ထားတဲ့ စာတွေ ။ ဒီစာတွေက သူ့ စာကြည့်ခန်းထဲမှာ လည်း ပေါ်မလာသင့်ဘူး။ ရန်မြို့တော် ထဲမှာတောင် မရှိသင့်ဘူး။ တောင်ပိုင်းဒေသက သေသွားပြီ ဖြစ်တဲ့ အိမ်ရှေ့စံ လက်ထဲမှာ ရှိနေရမှာ။ ဘာကြောင့်လဲ ဆိုတော့ ဒီစာတွေက တောင်ပိုင်းအိမ်ရှေ့စံ ဆီကို သူပို့ထားတဲ့ စာတွေ ဖြစ်နေတာ ကြောင့်ပဲ။

ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ တောင်ပိုင်း ဧကရာဖ် ရှန်းယွီ ဒီကို ရောက်လာတဲ့ အချိန်မှာ စာတွေကို ယူလာတာပဲ။ ဒါကြောင့် ဖန်ကျန်းရှီ လက်ထဲ စာတွေရောက်နေတာ ဖြစ်မယ်။ ဒုတိယစာကတော့ စွန်ရဲ မျက်လုံးပိုင်ရှင်နဲ့ သူ ပြောထားတဲ့ စကားတွေ။ ဒီစာတွေ မတွေ့သင့်ဘူးလေ။ အိမ်ရှေ့စံ အိမ်တော်ရဲ့ လျှို့ဝှက်ခန်းထဲမှာ ရှိသင့်တာ။ လင်းထျန်းရုံ အခုထိ နားမလည်နိုင်သေးဘူး။

တတိယစာနဲ့ စတုတ္ထစာကတော့ အိမ်ရှေ့စံ အိမ်တော်က လျှို့ဝှက်ခန်းနဲ့ နည်းနည်းပဲ ဆက်စပ်မှုရှိတယ်။ ဒါပေမယ့် တစ်ခုချင်းစီက သူ့ရဲ့ ပြစ်မှုကြီး အတွက် အရေးကြီးတဲ့ သက်သေ အထောက်အထားတွေပဲ၊ ဘယ်စာကမဆို သူ့ရဲ့ ရာထူးကို ပြုတ်သွားစေနိုင်တယ်။ နောက်ပြီးတော့ ဒီစာတွေ အကုန်လုံးက ဧကရာဇ် လင်းမုပိုင်ရဲ့ လက်ထဲကို ရောက်နေတာ။

ဒီ အချိန်မှာပဲ လင်းထျန်းရုံ နားလည်သွားတော့တယ်။ ဖန်ကျန်းရှီ သူ့ ခမည်းတော်ကို တကယ်ပဲ ဘာပေးလိုက်လဲ ဆိုတာပေါ့။ သူ့ခမည်းတော်က အမတ်မင်းတွေ အားလုံးရှေ့မှာ လျှို့ဝှက်ခန်းကို ဖော်ထုတ်ပြီးတော့ ဆူပူကျိန်းမောင်းတာက…။ ဒါက သတိပေးချက် တစ်ခုပဲ။

ဒါပေမယ့် သူနားမလည်တာကတော့ ။ ဒီစာတွေကို ဖတ်ပြီးတာတောင် ဧကရာဇ် လင်းမုပိုင်ကို သူ့ကို အိမ်ရှေ့စံ နေရာ ဆက်ထားနေသေးတာပဲ။ နောက်ဆုံးတော့လည်း ဒီ ပြစ်မှုတွေ အားလုံးက ကြီးလေးလွန်းတယ်လေ။ သူ့ကို ခွင့်လွှတ်ဖို့ ဆိုတာ မဖြစ်နိုင်တာပဲ။

“ မင်းရဲ့ မယ်တော် ဘာကြောင့် သေဆုံးရလဲ မင်းသိလား။” ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြည့်နေတဲ့ လင်းထျန်းရုံကို ဧကရာဇ် လင်းမုပိုင် ဟိန်းဟောက်တယ်။ ညီ လာခံခန်းမ အပြင်ဘက်က ညကောင်းကင်ကို သူစိုက်ကြည့်နေခဲ့တယ်။

“ဘာကြောင့်လဲ။” လင်းထျန်းရုံချက်ခြင်း ပြန်မေးတယ်။ ဒါက သူ့စိတ်ထဲမှာ အမြဲတမ်းရှိနေခဲ့တဲ့ မေးခွန်းပဲ။ ဘယ်တော့မှ မမေးနိုင်ခဲ့တဲ့ မေးခွန်းတစ်ခုပေါ့။ သူ့ မယ်တော်က ကိုယ့်ကိုယ်ကို သတ်သေသွားတာကြောင့် မဟုတ်ခဲ့ဘူး။ အဲ့ဒီ့အမျိုးသမီး ထွက်သွားတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာကြောင့် ဒီကိစ္စကို သူ မသိချင်တာ မဟုတ်ခဲ့ဘူး။

“ မင်းရဲ့ အမေက အရာအားလုံးကို လက်လျှော့ပြီးတော့ ဖြည့်ဆည်းပေးခဲ့တယ်။ သူမ ဆုံးရှုံးခဲ့တဲ့ အရာတွေ အားလုံး အတွက် ငါ့ကို အလျော်ပေးစေချင်တာ။ နောက်ပြီးတော့ ငါ့ကိုလည်း အပြစ်စိတ်ခံစားရစေချင်တယ်။ သူ့ရဲ့ သေဆုံးမှုက မင်းအတွက် အိမ်ရှေ့စံ ဖြစ်ဖို့ လမ်းဖန်တီးပေးခဲ့တယ်။ သူမသေတာကို မချေဖျက်နိုင်သရွေ့ မင်းဆီက အိမ်ရှေ့စံ ရာထူးကို ဘယ်သူမှ ဖယ်ရှားလို့ မရအောင် လုပ်ခဲ့တယ်။”

ဧကရာဇ် လင်းမုပိုင်က လင်းထျန်းရုံကို ပြန်ကြည့်တယ်။ သူ့မျက်နှာ မှာ စကားလုံးတွေ အများကြီး ပေါ်နေခဲ့တယ်။ တော်ဝင်နန်းတော်က အဆုံးမဲ့တဲ့ အင်အား ရုန်းကန်မှုတွေ နည်းဗျူဟာ လှည့်ကွက်တွေနဲ့ ပြည့်နှက်နေတာ။ အသက်ရှင်ကျန်ရစ်ဖို့ အတွက်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သင်ယူရမယ်။ တခြား မလိုအပ်တဲ့ ကိစ္စတွေကိုလည်း လျစ်လျူရှုနိုင်ရမယ်။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေကတော့ လျစ်လျူရှုချင်တာတောင် မဖြစ်နိုင်တဲ့ ကိစ္စတွေလည်း ရှိတယ်။

ဥပမာအားဖြင့် လင်းထျန်းရုံရဲ့ အမေ သေဆုံးမှုလိုမျိုး။ သူမ သေဆုံးခဲ့တယ်။ အဲ့ဒီ့အချိန်မှာ ဧကရာဇ် လင်းမုပိုင်ရင်ထဲ မဖော်ပြနိုင်တဲ့ နောင်တကြွေးတွေ ဖြစ်ပေါ်လာခဲ့တယ်။ သူမက ဘာရယူမှုမှ မရှိပဲ သေဆုံးသွားခဲ့တာ။ ဒါကြောင့် သူမ ကျန်ရစ်ခဲ့တဲ့ သားဖြစ်သူ လင်းထျန်းရုံကို အိမ်ရှေ့စံရာထူး မပေးပဲ သူ ဘယ်လို နေနိုင်မှာလဲ။

“ မယ်တော်က… ငါ့ရဲ့ အိမ်ရှေ့စံ ရာထူးအတွက် ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလား။” ဒါကိုတွေးမိတော့ လင်းမုပိုင် ရူးသွပ်မတတ် ဖြစ်နေခဲ့တယ်။ သူက တော်ဝင်မိသားစုမှာ မွေးဖွားတယ်။ ဒီအသက်အရွယ်မှာတင် တိုက်ခိုက်မှုတွေ အများကြီးကို သူကြုံခဲ့ရပြီးပြီ။ ဒါကြောင့် ဧကရာဇ် လင်းမုပိုင် ဆိုလိုချင်တာကို သူ ကောင်းကောင်းနားလည်တယ်။

သူ့ရဲ့ မယ်တော်က ဧကရာဖ်ရဲ့ အချစ်ကို မရတဲ့ အတွက် ဘဝကို အဆုံးသတ်သွားခဲ့တယ်လို့ ကျော်ကြားတယ်။ အပြန်အလှန်အနေနဲ့ ဧကရာဇ် လင်းမုပိုင်ကို နောင်တရစေပြီး ။ သူ့သားတော် ကို အိမ်ရှေ့စံ ဖြစ်စေခဲ့တယ်။ ဒီနှစ်တွေမှာ သူက သူ့နေရာကို ထိန်းသိမ်းဖို့ အတွက် နည်းလမ်းပေါင်းစုံ သုံးပြီးတော့ တိုက်ခိုက်ခဲ့တယ်။ ဘယ်လောက်တောင် ရီချင်စရာ ကောင်းလိုက်သလဲ။

ဒီအချိန်မှာပဲ သူ့ရဲ့ အိမ်ရှေ့စံ နေရာက ဘယ်လောက် ခိုင်မြဲတယ်ဆိုတာ သူ သဘောပေါက်သွားတယ်။ စာတွေကို ဧကရာဇ် လင်းမုပိုင် ဖတ်ပြီးတာတောင် ဘာကြောင့် အပြစ်မပေးလဲ ဆိုတာကိုရောပေါ့။ ညီလာခံ ခန်းမထဲကို သူ ကျူးကျော်လာတာတောင် ဧကရာဇ် လင်းမုပိုင်က သူ့ကို ထွက်သွားဖို့ပဲ ပြောခဲ့တယ်။ ဒါတွေ အားလုံးက သူ့ရဲ့ သေဆုံးသွားတဲ့ မယ်တော်ကြောင့်ပဲ။

ဒီနေရာအတွက် အသက်နဲ့ လဲသွားခဲ့တဲ့ ဧကရီတစ်ပါး။ သူ လောဘမကြီးခဲ့သင့်ဘူး။ ဧကရာဇ် ဖြစ်လာမယ့် အချိန်ထိ သူစောင့်နေခဲ့သင့်တယ်။ ဒါပေမယ့် အခုတော့ အချိန်နှောင်းသွားခဲ့ပြီ ။ နန်းတော် ထဲကို စွန်ရဲမျက်လုံးရှင် နဲ့ ဝင်လာခဲ့အချိန်တည်းက ။ သူ့ခမည်းတော် ကို နောက်ကျောက ဓားနဲ့ ထိုးသလို ဖြစ်သွားခဲ့ပြီ။ ပြန်လမ်း မရှိတော့ဘူး။

“ မင်း အခုချိန်မှာ နောက်ပြန် လှည့်ရင်။ မင်း အသက်ကို ငါ ချမ်းသာပေးမယ်။” ဧကရာဇ် လင်းမုပိုင် ရှေ့ကို တစ်လှမ်းတိုးလာတယ်။ သူ့ ခေါင်းပေါ်မှာ ရွှေရောင် နဂါးက လိုက်လာခဲ့တယ်။ သူ့ကိုယ်က ထွက်ပေါ်နေတဲ့ ဖိအားတွေက ပြင်းထန်လွန်းတယ်။

“အသက်ကို ချမ်းသာပေးမယ်… အသက်ကို ချမ်းသာပေးမယ်တဲ့လား။” ဧကရာဇ် လင်းမုပိုင်ရဲ့ ခေါင်းပေါ်က နဂါးကိုကြည့်ရင်း လင်းထျန်းရုံ မျက်လုံးပြူးနေမိတယ်။ သူ့ရဲ့ ကိုယ်က နောက်ကို တဖြည်းဖြည်းချင်း ရွေ့သွားတယ်။ အရာအားလုံးကို နားလည်သွားပြီးတဲ့နောက် ပထမဆုံး အနေနဲ့ သူ တွေဝေမိတယ်။

သူ့မယ်တော်နဲ့ ပတ်သက်ပြီး အမှတ်တရမရှိဘူး။ သူ သိတတ်နားလည်တဲ့ အရွယ်ရောက်ချိန်မှာတော့ မယ်တော်က ကွယ်လွန်သွားခဲ့ပြီ။ အဲ့ဒီ့အချိန်မှာပဲ သူက အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့ပြီးတော့ အမတ်မင်းတွေ မော့ကြည့်ရတဲ့သူ ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူ့မှာ အမြဲတမ်း တစ်ခုခု ကင်းမဲ့နေတယ်။ မိသားစု။ မယ်တော့် ဆီကကော ခမည်းတော်ဆီကပါ အချစ်ကို သူမရဖူးဘူး။

သူမှတ်မိသလောက် ဆိုရင် သူ့ခမည်းတော်က လူတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးတယ်။ အဲ့ဒီ့လူက ပင်းယန်။ ထွက်သွားခဲ့တဲ့ အမျိုးသမီးနဲ့ ဧကရာဇ်လင်းမုပိုင်ရဲ့ သမီး။ ဒါက သူအမြဲ တွေးခဲ့တဲ့ ကိစ္စပဲ။ အခုချိန်မှာတော့ သူ့ အတွေးက ပြောင်းလဲသွားပြီ။ သူ့ ခမည်းတော်က သူ့ကို အမြဲတမ်း ချစ်မြတ်နိုးခဲ့တယ်။ သူ့မယ်တော်ကို ချစ်မြတ်နိုးသလိုပဲ သူ့ကိုလည်း ဂရုစိုက် ကာကွယ်ခဲ့တယ်။ ပင်းယန်ကို ချစ်မြတ်နိုးတဲ့ ပုံစံနဲ့ မတူညီတာပဲရှိတယ်။

“ နဂါးစိမ်း မျက်လုံးတဲ့လား။ ကြိုးစားကြည့်ရအောင်။”

လင်းထျန်းရုံ တွေဝေနေတဲ့ အချိန်မှာပဲ နောက်ထပ် အသံ တစ်ခု ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် ပုံရိပ်တစ်ခု လင်းထျန်းရုံ ဘေးမှာ ပေါ်လာတယ်။ လက်သီးတစ်လုံးလည်း ထွက်လာခဲ့တယ်။ ပုံမှန် လက်သီးချက် တစ်ခုလိုပဲ။ ဒါပေမယ့် ဘာမှ မထူးခြားဘူး ။ ဒါပေမယ့် လျှပ်စီးလက်သလို မြန်ဆန်တယ်။

ဒီလက်သီးကို ဧကရာဇ် လင်းမုပိုင် သတိထားမိတာနဲ့။ သူ့ခေါင်းပေါ့် နဂါးလည်း လှုပ်ရှားတော့တယ်။ နဂါး လက်သည်းက လက်သီးရှေ့မှာ ပေါ်လာတယ်။ ရွှေရောင် အလင်းတန်းက ဒီလက်သည်းကို ဖုံးအုပ်ထားရင်း တောက်ပနေခဲ့တယ်။ တော်ဝင်ဆန်တဲ့ ရွှေရောင် အကြေးခွံတွေက အထင်းသား ။

နဂါးလက်သည်းက လက်သီးနဲ့ ထိပ်တိုက်တွေ့တယ်။ ဒါပေမယ့် လက်သီးက ရုတ်တရက်ဆိုသလို ခြောက်ခု ခွဲဖြာသွားပြီးတော့ စက်ဝိုင်း သဏ္ဍာန် လည်ပတ်သွားခဲ့တယ်။ ရွှေရောင် အနီရောင်။ အပြာရောင်။ အစိမ်းရောင်။ ခရမ်းရောင် ငွေရောင်တွေက လေထဲမှာ တောက်ပလာတယ်။ ဒီအလင်တန်းခြောက်ခုက ပိုးကြိုးတွေလိုပဲ စုစည်းနေကြတယ် ။ ကြည့်ရတာ ပန်းချီကားချပ် အကြီးကြီးတစ်ခုလိုပဲ။ မ

အကယ်၍ ဖန်ကျန်းရှီသာ ဒီမြင်ကွင်းကို မြင်ရင်တော့ သူ ချက်ခြင်း မှတ်မိမှာ။ ဒီမြင်ကွင်းက သူ ငယ်ငယ်တုန်းက မြင်ဖူးခဲ့တဲ့ အရာအားလုံးဖြစ်တည်မှု ပုံရိပ်နဲ့ တူည်ီနေတာကိုပေါ့။ ဘွန်း..။ ညီလာခံ ခန်းမတစ်ခုလုံး တုန်ခါသွားတော့တယ်။ မြေပြင်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်။ အဲ့ဒီ့နောက် ပေါက်ကွဲမှုတွေက ပတ်ဝန်းကျင်ကို ဆက်တိုက် ပျံ့နှံ့သွားတယ်။

ညီလာခံ ခန်းမရဲ့ အပေါ်မှာတော့ မိုးကြိုးတွေ လျှပ်စီးတွေကြောင့် တုန်ခါနေခဲ့တယ်။ ဒီ လက်သည်းနဲ့ လက်သီးရဲ့ တိုက်မိမှု အလယ်မှာတော့ ကြောက်စရာ လှိုင်းလုံးကြီးတွေ ပေါ်လာခဲ့တယ်။ အင်အားတွေက ပြင်းထန်လွန်းလို့ ညီလာခံ ခန်းမရဲ့ တံခါးတောင် လွင့်ထွက်သွားတယ်။

ညီလာခံ ခန်းမထဲက ဝတ်ရုံနက် အယောက် ၂၀ မြေပြင်ပေါ်ကနေ ချက်ခြင်း ကုန်းထလာတယ်။ သူတို့ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အလင်းရောင် တောက်တောက်တွေက အင်အားလှိုင်းတွေ ရိုက်ခတ်မှုကို ကာကွယ်ပေးတယ်။ သူတို့ မျက်နှာတွေကြည့်ရတာ အတော်လေး ထိတ်လန့်နေကြပုံပဲ။

တစ်ခြားတစ်ဖက်မှာတော့ လင်းထျန်းရုံက မြေပြင်ပေါ်မှာ ပြားပြားဝပ်နေခဲ့တယ်။ သူ့ မျက်နှာ အမူအယာကနေ ပြောနိုင်တာကတော့ သူ အရမ်းကို ကြောက်နေတယ်ဆိုတာပဲ။ ဒါပေမယ့် အခုချိန်မှာ သူ မတ်တပ်ထ မရပ်နိုင်ဘူး။ သူထဖို့ တွေးလိုက်ချိန်တိုင်း။ ပြင်းထန်တဲ့ ဖိအားကြီးက သူ့ကို လာဖိနေတယ်။ အင်အားက ပြင်းထန်လွန်းလို့ မြေပြင်ပေါ်မှာ သူကပ်နေရတာ။ ညီလာခံခန်းမတံခါးကို လွင့်ထွက်သွားစေတဲ့ အင်အားလှိုင်းတွေ ထိခိုက်တာ မခံရအောင် လင်းထျန်းရုံကို ဝတ်ရုံနက်က ကာကွယ်ပေးထားတယ်။ သူကတော့ ဘာမှ ဖြစ်ဟန် မရှိ။

“ငါထင်ထားတဲ့ အတိုင်းပဲ ။ ဘာမှ နဂါးအစစ် မဟုတ်ပါဘူး ။ အိုး … ဟုတ်သား။ အိမ်ရှေ့စံ။ ငါမင်းကို ထိခိုက်ဖို့ မရည်ရွယ်ပါဘူး။” ဝတ်ရုံနက်က နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ပဲ ပြောနေတယ်။ နားထောင်ရတာတော့ တောင်းပန်နေပုံပဲ။ ဒါပေမယ့် ဒီစကားလုံးက သူ့ကို လှောင်ရယ်ပြီး ဖိနှိပ်ထားဖို့ ဆိုတာ လင်းထျန်းရုံ အသိဆုံး။ ရွှေရောင် အလင်းတန်းက နောက်တစ်လမ်း ဆုတ်သွားသလို နဂါး လက်သည်းကလည်း တိမ်ထဲ ပြန်ဝင်သွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ သွေးနီရောင် မျက်လုံးတွေကတော့ ပို မို တောက်ပလာခဲ့တယ်။

“ဆင်းသက်။” ရွှေရောင် အလင်းတန်း ထဲကနေ အသံထွက်လာတယ်။ ညီလာခံ ခန်းမ ပေါ်က တိမ်တွေ ဒီ အမိန့်ကို နာခံတယ်။ ချက်ခြင်း အင်အားလှိုင်းတွေကို ပြန်လည်ဖြစ်ပေါ်လာတယ် ။ ဧကရာဇ် လင်းမုပိုင်ရဲ့ ပုံရိပ် ပေါ်လာခဲ့တယ်။ ဒီ တစ်ကြိမ်မှာတော့ လင်းထျန်းရုံ ဘေးက လူကို သူ လျစ်လျူမရှုတော့ဘူး။ တည့်တည့် စိုက်ကြည့်နေတယ်။

“ ပန် ရှန်းတောက်။ မင်း မြောက်ပိုင်း လူရိုင်းတွေဘက်က တော်ဝင်မျိုးနွယ်။” ဧကရာဇ် လင်းမုပိုင်ပြောတယ်။

“ မြောက်ပိုင်း လူရိုင်းတွေ တဲ့လား။ ဟန့်… ဒါက ကြီးမြတ်သောရှက လူတွေရဲ့ အခေါ်အဝေါ်ပေါ့။ ငါတို့ကတော့ မြင့်မြတ်သီးခြားအင်ပါယာလို့ ခေါ်တယ်။ နောက်ပြီးတော့ ငါ့ကိုယ် တော်ဝင်တွေ မြင့်မြတ်သူတွေ ခေါ်တာ မကြိုက်ဘူး။ အရှင်သခင်ငယ် လို့ပဲခေါ်တာ ကြိုက်တယ်။” စွန်ရဲမျက်လုံးရှင် ပြုံးပြရင်း ပြောတယ်။ မ

“ဟန့်… မင်းက တော်တော်လေး သန်မာတာပဲ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း ပြောတယ်။

“ ဟိုနား သည်နားကနေ အတွေ့အကြုံတွေယူထားလို့ပါ။ ချီးမွမ်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဧကရာဇ် မင်း။ ဒါက တကယ့်ကို ဂုဏ်ယူစရာ ကိစ္စပဲ။” စွန်ရဲမျက်လုံးရှင် ရယ်မောရင်း နဲ့ ပြောတယ်။

“ မြောက်ပိုင်း လူရိုင်းတိုင်းပြည်က ဧကရာဇ် ရဲ့ တတိသား ချန်းဝူ မြေက်ပိုင်း နန်းတော် ကနေ ပျောက်သွားပြီးတော့ အသက် ၁၀ နှစ်မှ တစ်ယောက်တည်း ပြန်လာခဲ့တယ်။ အသက် ၁၁ နှစ်မှာ ဧကရာဇ် ကိုယ်စား နိုင်ငံတွေကို လှည့်လည်တယ်။ အသက် ၁၂ နှစ်မှာ စစ်သူကြီးဖြစ်ာလတယ်။ ဧကရာဇ် နဲ့ အတူတူ နေတာ မဟုတ်ပေမယ့် မင်းက ဧကရာဇ်ကို အထင်ကြီးအောင် အများကြီး လုပ်ခဲ့တယ်။ ဒါကြောင့် ထီးနန်းကို လွှဲပေးဖို့ သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် မင်းက ငြင်းပယ်ခဲ့တယ်။ ငါပြောတာ ဟုတ်တယ်မလား။” ဒီလူက ဘယ်သူဆိုတာ ဧကရာဇ် လင်းမုပိုင် အတိအကျ သိပုံပဲ။

“ ဧကရာဇ် မင်းက ကျွန်တော့်ကို ကောင်းကောင်းသိတဲ့ ပုံပဲ။ မှန်ပါတယ်။ ကျွန်တော်က ချန်းဝူပါ။”

“ဘာကြောင့် မင်းတို့ ကောင်တွေ ထျန်းရုံကို ရွေးကြတာလဲ။” ဧကရာဇ် လင်းမုပိုင် အလေးအနက် မေးတယ်။ လင်းထျန်းရုံကတော့ အံကြိတ်ရင်း တိတ်ဆိတ်နေတယ်။

“ ဧကရာဇ်ကို ပျော်ပျော်ကြီး ဖြေချင်ပေမယ့်လည်း အချိန်က သိပ် မကျန်တော့ဘူး။” ချန်ဝူ ပြုံးပြရင်း နန်းတော် ဝင်ပေါက်ဘက်ကို လက်ညှိုးထိုးပြတယ်။ ချင်းဝူ လက်ညှိုးညွှန်လိုက်တဲ့ အချိန်မှာပဲ ။ အဲ့ဒီ့အရပ် မျက်နှာကနေ အသံတွေ ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။

“ဒီလို ဖြစ်မှတော့ လုပ်ကြတာပေါ့။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။

“ကောင်းပြီလေ။” ချန်းဝူ ပြန်ဖြေရင်း ရှေ့ တစ်လှမ်းတိုးလာတယ်။

သူ ခြေချလိုက်တဲ့ အချိန်မှာပဲ။ လမ်းကြောင်းခြောက်ခုက လင်းထိန်လာပြန်တယ်။ ပိုးချည်ကြိုးတွေက သူတို့ဘာ သူတို့ လှုပ်ရှားကြတယ်။ ဘွန်း…။ ညီလာခံ ခန်းမ တစ်ခုလုံး ထပ်မံတုန်ခါ သွားပြန်တယ်။ ဒီတစ်ခေါက်ကတော့ ပိုပြင်းထန်တယ်။ မြေပြင်တစ်ခုလုံး ကွဲထွက်တော့ မလိုပဲ။

“ဖွင့်လိုက်။” ချန်းဝူရဲ့ အသံ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ လှုပ်ရှားတယ်။ လက်သီး ကို မြေပြင်ဆိ ထိုးချလိုက်တယ်။ တောက်ပတဲ့ အလင်းတန်းတွေက သူ့ကို ဝန်းရံသွားတယ်။ တစ်ချိန်တည်းမှာပဲ အက်ကွဲကြောင်းကြီးတစ်ခု မြေပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။ တောက်ပတဲ့ အလင်းတန်းက အက်ကွဲကြောင်းထဲမှာ တောက်ပနေတယ်။ အချိန်ခဏတာ ကြာပြီးတဲ့နောက် အစိမ်းရောင် အလင်းတန်းတွေ မြေကြီးထဲမှာ တောက်ပလာတယ်။

အချိန်တွေ ကုန်လာလေလေ။ ဒီ အစိမ်းရောင် အရာဝတ္ထုက ပို သိပ်သည်းပြီးတော့ ကြီးမားလာလေပဲ။ အဲ့ဒီ့နောက် အက်ကွဲကြောင်းကနေ စိမ့်ထွက်လာခဲ့တယ်။ အက်ကွဲကြောင်း အပေါ်မှာတော့ တံခါး တစ်ချပ်ရှိနေတယ်။ ဆယ့်ငါးပေကျော်တဲ့ ကြေးတံခါး တစ်ချပ်ပဲ။

တံခါးပေါ်မှာ ပုံသဏ္ဍာန်တွေ အများကြီး ထွင်းထုထားတယ်။ မြင်နေရတဲ့ အစိမ်းရောင် အလင်းတန်းက ကြေးတွေသံချေး တက်တာကြောင့် ဖြစ်လာတဲ့ အရာပဲ။ ကလန်၊ ကြေးတံခါး ဖြည်းဖြည်းချင်း ပွင့်သွားတယ်။ အသံတွေကတော့ ဆက်တိုက်ထွက်ပေါ်နေတယ်။ ဒီတံခါးက တခြား အမှီအခိုမဲ့ နယ်ပယ်တစ်ခု နဲ့ ချိတ်ဆက်ထားသလိုပဲ။ အနီရောင် အစိမ်းရောင် ခရမ်းရောင် အပြာရောင် ရွှေရောင် ငွေရောင် အလင်းတန်း တွေက တောက်ပလာတယ်။ အေးစက်စက် အငွေ့အသက်တွေကို ထုတ်လွှတ်ရင်း တဖျပ်ဖျပ် လက် နေခဲ့တယ်။ ကောင်ကင်က ကြယ်တွေ လိုပဲ တောက်ပပေမယ့် ။ ပိုမိုအေးစက်ပြီးတော့ ကြောက်စရာကောင်းလွန်းတယ်။

“သေရှင် ဂိတ်တံခါး။ မြောက်ပိုင်း ဧကရာဇ်က မင်းကို ဒီ ရတနာပေးတယ် ဆိုတော့။ မင်းကို နောင်တက်လာမယ့် ဧကရာဇ် အဖြစ် သူအသိအမှတ် ပြုထားတာပဲ၊” ”ဧကရာဇ်လင်းမုပိုင် ပွင့်လာတဲ့ တံခါးကို ကြည့်ရင်း ပြောတယ်။ ဒီ အလင်းတန်းတွေက သူ့ကို မခံချိမခံသာ ဖြစ်စေပေမယ့် သူကတော့ တုန်လှုပ်ပုံ မပေါ်ဘူး။

ဒီကြေးတံခါးကို မြင်တော့ ။ ဧကရာဇ်လင်းမုပိုင်ရဲ့ ခေါင်းပေါ်က နဂါး ပို လှုပ်ရှားလာတော့တယ်။ သူ့ရဲ့ အရှိန်အဝါတွေကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်တယ်။ ဒီကြေးတံခါးရဲ့ တည်ရှိမှုကို သူ အတင်းဆန့်ကျင်နေပုံပဲ။

“ ကြီးမြတ်သော ရှက တကယ်ပဲ ပစ္စည်းကောင်းတွေကို မြင်တတ်တယ်။ ဒါဆိုရင် အပိုတွေ မပြောတော့ပါဘူး။ ဘယ်တစ်ခုက ပိုအားသာ လည်းကြည့်ရအောင်။ ကြီးမြတ်သောရှမင်းဆက်ရဲ့ ရတနာလား။ ဒါမှမဟုတ်။ ငါတို့ သီးခြားမြင့်မြတ်မြေ အင်ပါယာရဲ့ ရတနာလား။” ဒီ ကြေးတံခါးရဲ့ ရာဇဝင်ကို ဧကရာဇ် လင်းမုပိုင် သိနေတာ ချန်းဝူ မအံ့သြဘူး။ အဲ့ဒီ့အစား သူပျော်မြူးနေခဲ့တယ်။

အပိုင်း(၅၆၃)ပြီး၏။

အပိုင်း (၅၆၄)

“ ဖြတ်သွားဖြတ်လာ တစ်ယောက်ရဲ့ မဟာပွဲဦးထွက်။”

ချန်းဝူစကားပြောနေတဲ့ အချိန်မှာပဲ။ ကြေးတံခါးက ပွင့်လာခဲ့တယ်။ အထဲကနေ ကြီးမားတဲ့ သတ္တဝါကြီး တစ်ကောင် ပေါ်ထွက်လာတယ်။ ဘွန်း…။ ကျယ်လောင်တဲ့ ပေါက်ကွဲ သံကြီးကို ကြားလိုက်ရတယ်။ ကြီးမားတဲ့ ခြေရာကြီးတစ်ခု ညီလာခံ ခန်းမ မြေပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။

ည က အတော့်ကို တိတ်ဆိတ်တယ်။ ဒါပေမယ့် တည်ငြိမ်အေးချမ်းမှုတော့ ရှိမနေခဲ့ဘူး။ ရန်မျိုးနွယ် တစ်ခုလုံး လင်းထိန်နေသလို။ မရေမတွက်နိုင်တဲ့ ပြည်သူတွေ လမ်းမပေါ်ထွက်ကြည့်နေကြတယ်။ ဒါ့ပြင် တောက်ပတဲ့ သံချပ်ကာ ဝတ်ရုံနဲ့ လှံကိုင် အစောင့်တွေ နန်းတော်ရဲ့ လေးဘက်လေးတန်ကို ပြေးလွှားနေကြတယ်။

“ ဘာတွေ ဖြစ်နေတာလဲ။ဧ

“ မြို့စောင့်တပ်တွေက ဘာလို့ နန်းတော်ကို သွားနေတာလဲ။”

“ နန်းတော်ထဲမှာ တစ်ခုခုများ ဖြစ်နေတာလား။” မြို့တော်သားတွေ ဒီ မြင်ကွင်းကြောင့် မထိုင်နိုင် မထနိုင် ဖြစ်နေကြတယ်။ ကြောက်လန့်တကြားကြည့်ရင်း သူတို့တွေ ခန့်မှန်း ပြောဆိုနေကြတယ်။

အရာအားလုံးက ရုတ်တရက် ဖြစ်လွန်းတယ်လေ။ နန်းတော်ထဲမှာ အလင်းတန်းကြီး ပေါ်လာပြီးတဲ့နောက်။ ရန်မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်တော့တယ်။ နန်းတော် ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ နန်းစောင့်တပ်တွေ မြို့စောင့်တပ်တွေကို စောင့်ကြည့်နေတယ်။

“ မင်းတို့တွေ နန်းတော်ထဲကို ဘယ်လိုများ ကျုးကျော်ဝံ့တာလဲ။” တော်ဝင် နန်းစောင့်တပ်တွေ အော်ဟစ်တယ်။

“ဒါက…” မြို့စောင့်တပ်တွေ ဒီ စကားကြောင့် ရပ်တန့်နေကြတယ်။ သူတို့ ဘယ်သူမှ ရှေ့ဆက်မတိုးဝံ့ဘူး။ နောက်ဆုံးတော့လည်း ဒါက နန်းတော်လေ။ သွမ့်အရှင်ရဲ့ အမိန့်နဲ့ လှုပ်ရှားတာ ဖြစ်ရင်တောင်။ နန်းတော်ထဲကို ဒီအတိုင်းတော့ မဝင်ရဲကြဘူး။ ဒီအချိန်မှာပဲ ခပ်ဝေးဝေးကနေ လူတစ်ယောက် ပေါ်လာခဲ့တယ်။ ဖြူဖွေးမြင့်မားတဲ့ မြင်းရိုင်းတစ်ကောင် ကို စီးနင်းလာတယ်။ သူ့ရဲ့ ငွေရောင် သံချပ်ကာက လရောင်အောက်မှာ တလက်လက်တောက်ပနေတယ်။

“ အဲ့တာ သွမ့်အရှင်ပဲ။”

“အရှင့်သား ဒီမှာ ရောက်နေပြီ။

မြို့စောင့်တပ်တွေ သွမ့်အရှင် လင်းရှင်းကြွယ်ကို မြင်တော့ လမ်း ဖယ်ပေးကြတယ်။ လူသုံးယောက်စာ ကောင်းကောင်းသွားလို့ရတဲ့ လမ်းတစ်ခုဖြစ်တဲ့ အထိ။ ခပ်မြန်မြန်ပဲ လင်းရှင်းကြွယ်က တော်ဝင်နန်းစောင့် တပ်တွေ ရှေ့ကို ရောက်သွားတယ်။ တော်ဝင် နန်းစောင့်တပ်တွေရဲ့ အမူအယာ နည်းနည်းလေး ပြောင်းသွားခဲ့တယ် သူတို့ လက်ထဲက လှံကို ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲ။

“ ဒါက ဘာအဓိပ္မာယ်လဲ သွမ့်အရှင်။ ဒါက နန်းတော်…” တော်ဝင် အစောင့်တယောက် ရှေ့ထွက်လာတယ်။ သွမ့်အရှင်ရဲ့ လမ်းမှာ ပိတ်ရပ်တယ်။ ဒါပေမယ့် သူ့ စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘူး။ မျက်လုံးကန်းလောက်အောင် တောက်ပတဲ့ အေးစက်စက် အလင်းတန်းကို မြင်လိုက်ရတာ ကြောင့်ပဲ။ သူ့လည်ပင်း တစ်ခုလုံး အေးစက်မှုကြောင့် တုန်ယင်သွားတယ်။ ဓားတစ်ချောင်းကို မြင်လိုက်ရတာကြောင့် မျက်လုံးပြူးသွားခဲ့တယ်။ ဓားက သူ့လည်ပင်းကို ဖောက်သွားခဲ့ပြီ။

“ အ .. အား…” တော်ဝင် အစောင့် ပါးစပ်ဟပြီး စကားပြောချင်တယ်။ ဒါပေမယ့် သူမပြောနိုင်တော့။ သွေးတွေ သူ့ပါးစပ်ကနေ စီးကျလာတယ်။ ဘုန်း ။ တော်ဝင်အစောင့် ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ သူ့ မျက်နှာ တစ်ခုလုံး မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သွမ့်အရှင်က သူ့ကို သတ်ဝံ့မယ်လို့ မထင်ထားမိခဲ့ဘူး။ နောက်ပြီးတော့ တစ်ချက်လေးတောင် မတွေဝေပဲ သတ်ပြစ်ခဲ့တာ။ သတိပေးစကားလေး တစ်ခွန်းတောင် မဆိုဘူး။

ဖြစ်ပျက်တာတွေက ရုတ်တရက်ဆန်လွန်းတယ်။ သွမ့်အရှင် ရဲ့ လှုပ်ရှားမှုက တစ်ချက်တည်းပဲ။ တော်ဝင် အစောင့်တွေတောင် ဒီအခြေအနေကို အချိန်မှီ မတုံ့ပြန်နိုင်ဘူး။ သွမ့်အရှင် နောက်က မြို့စောင့်တပ်တွေလည်း အံ့အားသင့်နေခဲ့တယ်။ မြေပြင်ပေါ်ကို လဲကျသွားတဲ့ တော်ဝင်အစောင့်ကို ကြည့်ရင်း သူတို့တွေ မယုံကြည်နိုင်ကြ။

“ သွမ့်အရှင်က လူသတ်လိုက်တာလား။”

“ နောက်ပြီးတော့ တော်ဝင် အစောင့်ကို သတ်လိုက်တာ။”

“ဘာတွေ ဖြစ်နေတာလဲ။”

ဘယ် မြို့စောင့်တပ်သားမှ ဒီ အခြေအနေကို နားမလည်နိုင်ဘူး။ သူတို့ အားလုံးက အမိန့်အတိုင်း ဆောင်ရွက်ကြပေမယ့် ။ သူတို့ မျက်စိရှေ့မှာ အခုဖြစ်သွားတဲ့ ဖြစ်ရပ်ကတော့ ပုန်ကန်မှုပဲ။ သွမ့်အရှင်က မြို့စောင့်တပ်တွေကို ပုန်ကန်ဖို့ ခေါ်လာတာလား။ တော်ဝင်နန်းစောင့်တပ် တစ်သောင်းကို တိုက်ခိုက်ဖို့လေ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ မျက်လုံးကိုတောင် မယုံနိုင်ကြဘူး။ ဒါပေမယ့် ဘယ်သူမှ အသံမထွက်ရဲကြ။ သူတို့က သာမာန် မြို့စောင့်တပ်လေးတွေလေ။ စစ်တပ်ရဲ့ အမိန့်ကို မနာခံလို့မှ မဖြစ်တာ။ ဒါကြောင့် ဘယ်သူမှ မေးခွန်း မထုတ်ဝံ့ကြဘူး။

“ သူတို့ကို သတ်လိုက်။” သွမ့်အရှင်ရဲ့ အသံက ဟိန်းထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ သွေးစွန်းနေတဲ့ သူ့ဓားကို မြှေက်ရင်း အော်ဟစ်တယ်။ သူ့ ရဲ့ ငွေရောင် သံချပ်ကာပေါ်မှာ သွေးစက်တွေ စွန်းထင်းသွားတယ်။ နန်းတော် ဝင်ပေါက်က နန်းစောင့်တပ်တွေ အခြေအနေကို နားလည်သွားကြပြီ။ ဒါက စစ်ပွဲပဲ။ စစ်ပွဲဆိုတာ ဖြေရှင်းချက် မလိုဘူး။ သူတို့တွေ တစ်ခုပဲ လုပ်ဖို့ လိုတယ်။ အကုန်လုံးကို ဖောက်ထွက်ရမယ်။

“ သတ်ကြ၊”

တိုက်ပွဲခေါ်သံတွေ ထွက်ပေါ်လာတော့တယ်။ မြို့စောင့်တပ်တွေ တိုက်ခိုက်ဖို့ လှုပ်ရှားတော့တယ် ။ သူတို့ လှုပ်ရှားလိုက်တိုင်း တချွင်ချွင်မြည်တဲ့ အသံ ထွက်ပေါ်လာတယ်။ သွမ့်အရှင်က တော်ဝင်နန်းစောင့်တပ်ကို အေးစက်စက် မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ သူ့နောက်ကနေ အသံ တစ်သံ ထွက်လာခဲ့တယ်။

“မိုးနတ်မင်းရေ။ သွမ့်အရှင်က လူတွေသတ်နေပြီ။… နောက်ပြီးတော့… တော်ဝင် နန်းစောင့်တပ်တွေကို သတ်ဖြတ်နေတာ။ သွမ်အ့ရှင်က ပုန်ကန်နေပြီလား။ ”

“ပုန်ကန်တယ်။”

မြို့စောင့်တပ်တွေ သူတို့လမ်းမှာ ရပ်တန့်သွားတယ်။ ပုန်ကန်မှုနဲ့ တခြား ကြီးလေးတဲ့ ပြစ်မှုတွေကို ကြီးမြတ်သောရှမင်းဆက်မှာ ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်။ ပြစ်ဒဏ်ကတော့ တဆွေလုံး တမျိုးလုံး သေဒဏ်ပဲ ။ သူတို့တွေက အမိန့်အတိုင်း ဆောင်ရွက်တာ ဖြစ်ပေမယ့်။ ပုန်ကန်တဲ့ သူတိုင်းကတော့ အောင်အောင်မြင်မြင် အဆုံးသတ်ကြတာ မဟုတ်ဘူးလေ။ တော်ဝင်နန်းစောင့်တပ်တွေ ရပ်တန့်သွားတဲ့ မြို့စောင့်တပ်ကို ကြည့်ရင်း သက်ပြင်းချမိကြတယ် ။ ဒါပေမယ့် သူတို့ လက်နက်တွေကိုတော့ အသင့်ပြင်ထားဆဲ။ အသင့်ပြင် သတိကပ် ရုတ်တရက်တိုက်ခိုက်လာရင် ချက်ခြင်း တုံ့ပြန်။ ဒါက သူတို့ စိတ်ထဲမှာ ရှိတဲ့ တစ်ခုတည်းသော အတွေးပဲ။

“ ငါ ပုန်ကန်နေတယ်လို့ ဘယ်သူ ပြောဝံ့တာလဲ။” သူ့ရဲ့ မြို့စောင့်တပ်တွေကို ကြည့်ရင်း သွမ့်အရှင် အော်တယ်။ အဲ့ဒီ့နောက် သူ နောက်ကို ပြန်လှည့်ကြည့်တော့ လူသုံးယောက်ကို မြင်တယ်။ အရမ်းကို ရင်းနှီးတဲ့ လူတွေပဲ။ ဒါပေမယ့် ထူခြားနေတာကတော့ ။ ဒီလူသုံးယောက်ထဲမှာ အသစ်ကျပ်ချွတ် အမတ်မင်း ဝတ်ရုံနဲက လူ ရှိနေတာပဲ။ တော်ဝင် ဆိုတဲ့ ရွှေချည်ထိုး စာသားကို ဝတ်ရုံရဲ့ အလယ်တည့်တည့်မှာ ထိုးထားတယ်။ တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းအုပ်အတွက် အထူးပြုလုပ်ထားတဲ့ ဝတ်ရုံပဲ။

“ ဖန်ကျန်းရှီလား။” သွမ့်အရှင် အံကြိတ်ရင်း စိုက်ကြည့်နေတယ်။ ဒီ ဝတ်ရုံကို တစ်စစီ စုတ်ဖြဲပြီးတော့ ဒီလူကို သတ်ပြစ်ချင်တယ်။ ဒါပေမယ့် သူမလုပ်နိုင်ဘူး။ ပင်းယန်နဲ့ ရန်ရွှယ်က သူ့ ဘေးမှာ ရပ်နေတာ ကြောင့်ပဲ။ ဒါကြောင့် ဖန်ကျန်းရှီကို သတ်ဖို့ အမိန့်ချလို့မဖြစ်ဘူး။

“ သွမ့်အရှင် က ပုန်ကန်ဖို့ ကြံနေတာလား။” သွမ့်အရှင် လက်ထဲက သွေးစွန်းနေတဲ့ ဓားနဲ့ လဲကျနေတဲ့ အစောင့်ကို ကြည့်ရင်း ဖန်ကျန်းရှီ လှမ်းအော်တယ်။ အရမ်းကို ထိတ်လန့်ကြောက်ရွံ့ နေတဲ့ ပုံစံပဲ။ ပင်းယန် နဲ့ ရန်ရွှယ်လည်း စိုက်ကြည့်နေတယ်။ သူတို့တွေ စိတ်ရှုပ်ထွေးပြီးတော့ ကြောက်ရွံ့နေကြတယ်။

“ ဘာ အဓိပ္မာယ်မရှိတာတွေ ပြောနေတာလဲ။ ငါက ဘယ်လိုလုပ် ပုန်ကန်ရမှာလဲ။” သွမ့်အရှင် ချက်ခြင်း ပြန်ဖြေတယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီက ဒီလို မေးခွန်းမျိုးမေးတာ အရမ်းကို ကလေးဆန်တယ်လေ။ ပုန်ကန်တယ်တဲ့။ အမှန်တရားကို ဘေးဖယ်ထားလိုက်။ သူက တကယ်ပဲ ပုန်ကန်ရင်တောင် အခုချိန်မှာ ဝန်ခံလို့ မဖြစ်ဘူးလေ။

“ဒါဆိုရင် ဘာလို့ တော်ဝင် နန်းစောင့်ကို သတ်တာလဲ။” ဖန်ကျန်းရှီ က လင်းရှင်းကြွယ်ရဲ့ စကားကို ယုံကြည်ပုံ မပေါ်ဘူး။ သူ ဖိအားပေးပြီးတော့ မေးနေတယ်။

“ ဒါက မင်းနဲ့ ဘာဆိုင်လဲ။” သွမ့်အရှင် ပြန်ပြောတယ်။

“ ကြီးမြတ်သောရှမင်းဆက်က တော်ဝင် အမတ်မင်း တစ်ယောက်အနေနဲ့။ သွမ့်အရှင်ရဲ့ လုပ်ရပ်တွေကို အကြံပြုဖို့ တာဝန်ရှိတယ်လေ။ မဟုတ်ဘူးလား။ ” ဖန်ကျန်းရှီ သူ့ဝတ်ရုံကို လက်ညှိုးထိုးပြရင်း ပြောတယ်။ အမှန်တရားဘက်တော်သား တစ်ယောက်လို သူ့မျက်နှာက တည်ကြည်လေးနက်နေခဲ့တယ်။

“ အကိုတော်ခြောက်။ ဘာလို့ တော်ဝင်အစောင့်ကို သတ်တာလဲ။ နောက်ပြီးတော့ မြို့စောင့်တပ်တွေကိုလည်း နန်းတော်ဆီ ခေါ်လာသေးတယ်။ ဒါက ပုန်ကန်နေတာပဲ။” ပင်းယန် ကြောက်လန့်တကြား အော်ဟစ်တယ်။

“ မဟုတ်ဘူး။ ဖန်ကျန်းရှီ ပေါက်ကရတွေ ပြောနေတာကို နားမထောင်နဲ့။ ညီမတော် မျက်စိရှေ့က တော်ဝင် အစောင့်တွေက အတုတွေ။ အကိုတော်က မြို့စောင့်တပ်တွေကို ခေါ်လာပြီးတော့ နန်းတော် ဝင်ပေါက်တွေကို ပိတ်ဆို့မလို့။ ခမည်းတော်ကို ကယ်တင်ဖို့ ရောက်လာတာ။” ပင်းယန်ရဲ့ စကားကို ကြားတော့ သွမ့်အရှင် ချက်ခြင်း ပြန်ဖြေတယ်။

“ အတု ဟုတ်လား။” ပင်းယန် မယုံကြည်တာ အသိသာကြီး။

“ သွမ့်အရှင် က တော်ဝင် အစောင့်တွေကို အတုတွေလို့ ပြောတယ်။ ကျွန်တော် မယုံဘူး။ မင်းမှာ သက်သေရှိလား။” ဖန်ကျန်းရှီ ပဟေဠိ အပြည့်နဲ့ မေးတယ်။

“ မင်း ရဲ့ သောက် အဓိပ္မာယ်မရှိတဲ့ စကားတွေ ကို ဖြေဖို့ အချိန်မရှိဘူး။ ခမည်းတော်ကို ငါ အခုပဲ သွားကယ်တော့မယ်။ မြို့စောင့်တပ်တွေ က ငါ့အမိန့်ကို နာခံတယ်။ ငါ့ကို ရပ်တန့်ဝံ့တဲ့ ဘယ်သူမဆို…”

“ သွမ့်အရှင် ပုန်ကန်နေပြီ။ သွမ့်အရှင် ပုန်ကန်နေပြီ။”

ခြိမ်းခြောက်တဲ့ စကားကို မဆိုရသေးခင် အချိန်မှာပဲ။ ဖန်ကျန်းရှီရဲ့ အသံက ဟိန်းထွက်လာတယ်။ အသားကုန် အော်ဟစ်နေတာ။ လင်းရှင်းကြွယ်ကတော့ သူ့ စကားကို ဆက်မပြောနိုင်တော့။ သူ့ မျက်လုံးတွေကတော့ အေးစက်စက် အငွေ့အသက်တွေနဲ့ တောက်ပနေခဲ့တယ်။ အော်ဟစ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ဒီကောင့်ကို တစ်ချက်တည်းနဲ့ အသေသတ်ချင်တာ စိတ်ကို မနည်းထိန်းထားရတယ်။

“ ငါ့ကို ပုန်ကန်တယ်လို့ မင်း ဘယ်လို စွပ်စွဲဝံ့တာလဲ။” သွမ့်အရှင် အထင်မှားပြီးတော့ စွပ်စွဲခံနေရသလို ခံစားရတယ်။ ဖန်ကျန်းရှီ စကားပြောနေတာကို ရပ်စေဖို့ သူ့မှာ နည်းလမ်းမရှိဘူး။

“ ကျွန်တော်ပြောတာ မှားနေလို့လား။” ဒေါသကြောင့် တောက်လောင်နေတဲ့ သွမ့်အရှင်ရဲ့ မျက်လုံးတွေကို ဖန်ကျန်းရှီ ကြည့်တယ်။ သွမ့်အရှင်ကတော့ ကျိန်ဆဲခံနေရသလို ခံစား၇တယ်။ ဒါပေမယ့် သူ့ဒေါသတွေကို ထိန်းချုပ်ထားနိုင်တုန်းပဲ။ မျက်လုံးတွေက တလက်လက်တောက်ပလာပြန်တယ်။ ဒီညက သူတောက်ပဖို့ အချိန်ပဲ။ အခုလို အခြေအနေမျိုးကြောင့် သူ လက်လျှော့လို့ မဖြစ်ဘူး။ နန်းတော်ထဲကို သူ ထိုးဖောက်ဝင်နိုင်တာနဲ့ ။ ညီလာခံက သူ့နေရာကို ဘယ်သူမှ ထိခိုက်လို့ ရမှာ မဟုတ်တော့ဘူး။

“ဖန်ကျန်းရှီ ။ ငါပြောပြီးသား ပဲ ၊ ဒီနန်းစောင့်တပ်တွေက အတုတွေလို့။” သွမ့်အရှင် ရဲ့ ဒေါသမထွက်တဲ့ ပုံမှန်လေသံနဲ့ ပြောတယ်။

“ ဘယ်လို သက်သေပြနိုင်မလဲ။” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း မေးတယ်။

“ ငါ အချိန်တွေ မဖြုန်းချင်ဘူး။ မင်းငါ့ကို မယုံရင်။ နန်းတော်ထဲကို ငါနဲ့ လိုက်ခဲ့။” သွမ့်အရှင်က ဖန်ကျန်းရှီကို ရှင်းပြရင်း အချိန် ကုန်ချင်ဟန်မရှိ။ နောက်ပြီးတော့ သူ လည်း ရှင်းမပြနိုင်ဘူးလေ။ ဒီ တော်ဝင် အစောင့်တွေက အတုဆိုတာ သူဘယ်လို သိလာလဲ။ နောက်ပြီးတော့ နန်းတော်ထဲမှာ ကိစ္စကြီး ဖြစ်တော့မှာကို ဘယ်လို သိလာလဲ။ ဒါတွေ အားလုံးက အချိန်တို အတွင်းမှာ ရှင်းပြလို့ရတာ မဟုတ်ဘူးလေ။

“ကောင်းပါပြီ။ သွမ့်အရှင်။ ကျေးဇူးပြုပြီးတော့ ဆက်လုပ်ပါ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် တော်ဝင် နန်းစောင့်တပ်တွေကို လက်ညှိုးထိုးပြရင်း ပြောတယ်။ ဖန်ကျန်းရှီ လက်ညှိုးထိုးပြတာကို မြင်တော့ တော်ဝင် နန်းစောင့်တပ်တွေ ကြောက်လန့် တုန်ယင်ကုန်တယ်။ သူတို့မျက်နှာ အမူအယာတွေတောင် ပုံမှန် မဟုတ်တော့ဘူး။

“ ဆက် လုပ်တဲ့လား။” ဖန်ကျန်းရှီရဲ့ စကားက အတော် ထူးဆန်းနေတယ်။ သွမ့်အရှင်တောင် မျက်လုံးပြူးသွားတယ်။ ဖန်ကျန်းရှီ ရဲ့ စိတ်အပြောင်းအလဲက မြန်လိုက်တာ။

ခုဏတုန်းကပဲ သွမ့်အရှင်ကို ပုန်ကန်တယ်လို့ ပြောနေတာ။ အခုတော့ နန်းတော်ထဲကို ဝင်ပြီးတော့ တော်ဝင် အစောင့်တွေကို သတ်ဖို့ ခွင့်ပြုချက် လာပေးနေတယ်။ ဘာတွေ ဖြစ်နေတာလဲ။ သွမ့်အရှင် တစ်ခုခု လွဲနေတာကို ခံစားမိတယ်။ ဒါပေမယ့် ဒီ ကိစ္စကို စဉ်းစားဖို့ အချိန်မရှိဘူး။ နန်းတော်ကို မြန်နိုင်သလောက် မြန်အောင်ပဲ သွားတော့တယ်။

“သူတို့ အားလုံးကို သတ်။” သွမ့်အရှင် တော်ဝင်နန်းစောင့်တပ်ကို ဓားနဲ့ ညွှန်ပြရင်း ပြောတယ်။ မြို့စောင့်တပ်တွေ သွမ့်အရှင်ရဲ့ အမိန့်ကိုကြားတယ်။ သူတို့တွေ တွေဝေနေကြပေမယ့်။ သွမ့်အရှင် ရဲ့ အမိန့်ကိုတော့ မဖီဆန်ဝံ့ဘူး။

“သတ်”

“သူတို့ အားလုံးကို သတ်။”

တိုက်ပွဲခေါ်သံတွေ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်တယ်။ အဲ့ဒီ့နောက် မြို့စောင့်တပ်တွေ တိုက်ခိုက်တော့တယ် ။ တိုက်ခိုက်ပုံက စည်းစနစ်တကျ သပ်ရပ်တယ်။ သူတို့ လှံတွေက အညှာအတာမဲ့ လှုပ်ရှားကြတယ်။ သွေးချောင်းစီး တိုက်ပွဲကြီး စတင်ပြီ။ ဖန်ကျန်းရှီ ပင်းယန်နဲ့ ရန်ရွှယ်ကတော့ ဘေးမှာပဲ ရပ်ကြည့်နေတယ်။ ဖြတ်သွားဖြတ်လာတွေ ရန်ပွဲတစ်ခုကို ကြည့်နေသလိုပဲ။

“တော်ဝင် အစောင့်တွေက တိုက်ခိုက်ရေး မြင့်မားတယ်။ ဒါပေမယ့် မြို့စောင့်တပ် အင်အားက များလွန်းတော့ သူတို့ မခုခံ နိုင်ဘူး။ ကြည့်ရတာ တိုက်ပွဲက မြန်မြန် ပြီးမယ့် ပုံပဲ။” ဖန်ကျန်းရှီ ဒီ တိုက်ပွဲ ရလဒ်ကို အလေးအနက် ဆုံးဖြတ်တယ်။

“ အမှန်ပဲ။ ငါလည်း ဒီလိုပဲ ထင်တယ်။” ပင်းယန် ခေါင်းငြိမ့်ရင်း သဘောတူတယ်။

“ဆယ့်ငါးမိနစ် အတွင်း ကိစ္စ ပြတ်သွားမှာပါ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ မြင်းပေါ်က သွမ့်အရှင်ကတော့ ဒီ စကာကို ကြားတော့ နှှုတ်ခမ်းတွေ တွန့်ကွေ်းနေတယ်။ တော်ဝင်နန်းစောင့်တပ်နဲ့ မြို့စောင့်တပ်တိုက်ပွဲက ပုံမှန်တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီ ဖြတ်သွားဖြတ်လာ သုံးယောက်ကတော့ ခပ်ဝေးဝေးကနေ လက်ပိုက်ကြည့်နေခဲ့တယ်။ ဝင်ပါဖို့ စိတ်ကူးရှိပုံမပေါ်ဘူး။ နောက်ပြီးတော့ သူတို့ မျက်နှာအမူအယာတွေက အေးဆေးတည်ငြိမ်နေကြတယ်။ ဒါက သွမ့်အရှင်ကို စိတ်မသက်မသာ ဖြစ်စေတယ်။

“မဟုတ်သေးဘူး။ ဖန်ကျန်းရှီက ဘာလို့ ပေါ်လာတာလဲ။ ဒါက တိုက်ဆိုင်တာလား။ နန်းတော်ထဲက အလင်းတန်းကို မြင်လို့ ဒီကို ပွဲလာကြည့်တာလား။ ဒါမှမဟုတ်။ ဒီကို ရောက်လာတာ တခြား စိတ်အကြံအစည်ရှိနေတာလား။” ပင်းယန် ရန်ရွှယ်တို့ နဲ့ ဆွေးနွေးနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း သွမ့်အရှင် ကျောထဲက စိမ့်ချမ်းလာတယ်။ သူ့မျက်လုံးထဲမှာ ဓားသွားတွေ တလက်လက် တောက်ပလာခဲ့တယ်။

အပိုင်း(၅၆၄)ပြီး၏။

အပိုင်း (၅၆၅)

“ ပိတ်ဆို့လိုက်။ ဖြေထုတ်ပြစ်။”

သွမ့်အရှင်ရဲ့ အမြင်အရတော့ ဖန်ကျန်းရှီက ပြဿနာရှုပ်ရှုပ် ကိစ္စတွေကို ထိုင်ကြည့်ရတာ တကယ်ဝါသနာပါတဲ့ ပုံပဲ။ ဒါပေမယ့် သူ့ကိုယ်သူ ဒီ အခြေအနေထဲ ဆွဲသွင်းပြီး အန္တရာယ် ဖြစ်အောင် မလုပ်ဘူး။ နောက်တစ်နည်း ပြောရရင်။ ဖန်ကျန်းရှီက ပဋိပက္ခတွေကို ကြိုက်ပေမယ့် ဝင်မပါဘူး။ အခုတော့ နန်းတော်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ…

“တစ်ခုခုတော့ မှားနေပြီ။” ဖန်ကျန်းရှီနဲ့ ပင်းယန် တို့ ပေါ်လာတာ တိုက်ဆိုင်မှု မဟုတ်မှန်း သူ နားလည်သွားတယ်။ ဒါပေမယ့် သူတို့ ဘာကြောင့် လာတာလဲ၊ နန်းတော်ထဲကို သူနဲ့ အတူတူ ဝင်ဖို့လား။ အကယ်၍ ဖန်ကျန်းရှီ တစ်ယောက်တည်း ဆိုရင်တော့ ဒီကိစ္စက ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် ပင်းယန် ကတော့ သူ့ကို နန်းတော်ထဲ အေးဆေး ခေါ်သွား နိုင်တယ်လေ။ ဒါကြောင့် အဝင်အထွက် ဆိုတာ ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့နောက်ကို လိုက်ဖို့ စောင့်နေတာ ဘာသဘောလဲ။

သွမ့်အရှင် တကယ်ပဲ နားမလည်နိုင်။ သူ့စိတ်ထဲမှာတော့ အသံတွေ ကြားယောင်နေတယ်။ ဖန်ကျန်းရှီကို မင်းနဲ့ အတူ လိုက်စေလို့ မဖြစ်ဘူး။ နောက်အသံ တစ်ခုက ပြောပြန်တယ်။ ဖန်ကျန်းရှီက ဒီကိစ္စမှာ ဝင်ပါချင်နေတယ်။ သူ့ကို မျက်စိ ဒေါက်ထောက်ကြည့်နေတာ ပိုကောင်းလိမ့်မယ်။ အတော့်ကို အကြပ်ရိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။ တစ်ဖက်မှာတော့ ဖန်ကျန်းရှီ ဘာလုပ်မလဲ သူသိချင်နေတယ်။ နောက်တစ်ဖက်မှာလည်း ဖန်ကျန်းရှီ က သူ့ နောက်ကို လိုက်လာတာ တခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေမှာကို ကြောက်တယ်။ ဒီ ဆုံးဖြတ်ချက် နှစ်ခု လွန်ဆွဲ နေတဲ့ အချိန်မှပဲ။ နန်းတော်မုခ်၀ တိုက်ပွဲ ပြီးဆုံးတော့တယ်။ တော်ဝင် နန်းစောင့်တပ်တွေ သွေးအိုင်ထဲ လဲနေကြပြီ။ အသက်ရှင် ကျန်ရစ်သူတွေကတော့ နန်းတော်ထဲကို ဆုတ်ခွာ ပြေးကြတယ်။ မြို့စောင့်တပ်တွေ နန်းတော်ကို ဝင်ဖို့ အောင်မြင်သွားခဲ့ပြီ။

“ ထိုးဖောက်။” သွမ့်အရှင် ချက်ခြင်း အမိန့်ချတယ်။ ဖန်ကျန်းရှီ အတွက်တော့ အခုချိန်မှာ သူ လုပ်စရာ တွေ များနေသေးတယ်။ ဖန်ကျန်းရှီကို သူ့ နောက် လိုက်ခိုင်းလိုက်တယ်။ ဒါပေါ့ သူက ဘာကို ကြောက်နေရမှာလဲ။ သွမ့်အရှင် ဒီလို တွေးနေတယ်။ သွမ့်အရှင်ရဲ့ အမိန့် အတိုင်း။ မြို့စောင့်တပ်က နန်းတော်ထဲကို ပြေးဝင်တယ်။ သူတို့ရဲ့ တိုက်ပွဲခေါ်သံတွေက နန်းတော်ထဲကို ပဲ့တင် ထပ်သွားတယ်။ သွမ့်အရှင် နန်းတော်ထဲကို ချက်ခြင်း ဝင်တော့တယ်။

“ ငါတိုကလည်း ဝင်မှာ မလား။” ပင်းယန် လှမ်းမေးတယ်။

“ ဟုတ်တယ်။ ဒါပေမယ့် ငါ့ကို အရင်ဆုံး ကတိပေးရမယ်။” မြို့စောင့်တပ်တွေကို ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။ သူ့အမူအယာက အရမ်းကို လေးနက် တည်ကြည်နေခဲ့တယ်။

“ပြော။” ဖန်ကျန်းရှီရဲ့ ပုံစံကြောင့် ပင်းယန်တောင် အံ့သြနေတယ်။ နှုတ်ခမ်းတွေကို ဖိကိုက်ထားရင်း သူမ ပြန်ဖြေတယ်။

“ ပထမဆုံး နန်းတော်ထဲကို ရောက်ရင်။ ငါနဲ့ ရန်ရွှယ့် ဘေးမှာပဲ နေရမယ်။ ခြေလှမ်း ငါးလှမ်းထက် ပိုဝေးအောင် မသွားရဘူး။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ကောင်းပြီ။” ပင်းယန် ပြန်ဖြေတယ်။

“ ဒုတိယ မင်း ကြည့်ရုံပဲ ကြည့်ရမယ်။ တိုက်ပွဲတွေထဲ ဝင်မပါရဘူး။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ဒါပေမယ့် ခမည်းတော် တစ်ခုခု ဖြစ်ရင်ကော…”

“ အကယ်၍ ဧကရာဇ်တောင် မဖြေရှင်းနိုင်တဲ့ ကိစ္စ ဆိုရင် မင်းကော ဖြေရှင်းနိုင်မယ် ထင်နေတာလား။” ပင်းယန့် စကားမဆုံးခင် ဖန်ကျန်းရှီ ဆက်ပြောတယ်။.

“ ငါ … ငါ ဖြေရှင်းနိုင်မယ် ထင်တယ်။” ပင်းယန် နောက်ဆုံး အဖြေကို သေချာစဉ်းစားပြီးမှ ပြောတယ်။

“ မင်းက … ဖြေရှင်းနိုင်မှာလား။” ပင်းယန်ကို ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။

“ ဟုတ်တယ်။ ငါက သန်မာတယ်လေ။” ပင်းယန် ခေါင်းငြိမ့် ရင်းပြောတယ်။

“ မင်းက ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ…. မင်းက ကောင်းကင်ရောင်ပြန် အဆင့်ကိုတောင် ရောက်သေးလို့လား။” ပင်းယန်ရဲ့ ယုံကြည်ချက် အပြည့်နဲ့ မျက်နှာကို ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။

“ မရောက်သေးဘူး ။ ဒါပေမယ့် ငါက သန်မာတယ်။” ပင်းယန် ကြည့်ရတာ အရမ်းကို စိတ်ဆုံးဖြတ်ထားတဲ့ ပုံပဲ။

“ကောင်းပြီလေ။ ဒါပေမယ့် ငါ့ ခွင့်ပြုချက်မရှိပဲ။ မင်း ဘာမှ မလုပ်ရဘူး။” ဖန်ကျန်းရှီ ဆက်ပြောတယ်။ အဲ့ဒီ့နောက် မြို့စောင့်တပ် အလုံးအရင်းလိုက် နန်းတော်ထဲ ဝင်နေတာကို ကြည့်ရင်း သူ ခေါင်းခါတယ်။ “ ကောင်းပြီ။ မင်း တစ်ခုခု မလုပ်ရင် ငါ့ကို အရင်ဆုံး ပြောရမယ်။”

“ ကောင်းပါပြီ။” ပင်းယန် ခေါင်းငြိမ့်တယ်။

“ ရန်ရွှယ် သွားကြစို့။” တချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ ရန်ရွှယ်ကို ဖန်ကျန်းရှီ လှမ်းပြောတယ်။

“ ဟုတ်ပြိ။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ သူတို့ သုံးယောက် နန်းတော်ထဲကို ခပ်မြန်မြန်ပဲ ဝင်သွားကြတယ်။ ဒါပေမယ့် ခြေလှမ်း အနည်းငယ် ရောက်တဲ့ အချိန်မှာ သူတို့တွေ ရပ်တန့်လိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ သွမ့်အရှင် လင်းရှင်းကြွယ်နဲ့ သူ့ တပ်တွေလည်း ရပ်တန့်သွားတာကြောင့်ပဲ။ မြို့စောင့်တပ်တွေရဲ့ ရှေ့မှာ ဝတ်ရုံနက် ထောင်ချီ ရှိနေတယ်။ ညကောင်းကင်ရဲ့ အလင်းရောင် အောက်မှာ ဝတ်ရုံနက် ထောင်ချီၤက လမ်းကို ပိတ်ဆို့ထားတယ်။ သူတို့ လက်ထဲက လက်နက်တွေ လရောင်အောက်မှာ တလက်လက် တောက်ပနေတယ်။ သူတို့ နောက်မှာတော့ ရွှေရောင် သံချပ်ကာဝတ် နန်းစောင့်တပ်တွေ မြေပြင်ပေါ်မှာ လဲကျနေကြတယ်။

“ ကြည့်ရတာ … နောက်ထပ် တိုက်ပွဲ တစ်ခု ထပ်ဖြစ်တော့မယ့် ပုံံစံပဲ။ လုံခြုံတဲ့ နေရာ တစ်ခု ရှာပြီးတော့ ပွဲကြည့်ရအောင်။” ဖန်ကျန်းရှီက ပင်းယန်ကို ပြောတယ်။

“ကောင်းပြီလေ။ ” ပင်းယန် သဘောတူလိုက်တယ်။ ဒီစကားတွေကို သွမ့်အရှင်ကြားနေရတယ်။ လက်ထဲက လက်နက်ကို သူ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။ နန်းတော် အပြင်ဘက်။ အဆောက်အဦး တစ်ခု အပေါ်မှာ အမတ်မင်း ဝတ်ရုံနဲ့ စုချင်း ရပ်နေခဲ့တယ်။ သူ့ နောက်မှာတော့ အမူအယာမဲ့ ဝတ်ရုံနက်တွေ ရပ်နေကြတယ်။ ဒီအချိန်မှာပဲ နောက်ထပ် ဝတ်ရုံနက်တစ်ယောက် စုချင်း နားကို ရောက်လာခဲ့တယ်။

“ သခင့်ကို သတင်းပို့ပါတယ်။ သွမ့်အရှင်က နန်းတော်ထဲကို ဝင်သွားပါပြီ။ ဒါပေမယ့် သွမ့်အရှင် အပြင်…” ဝတ်ရုံနက် စကားဆက် မပြောပဲ တွေဝေနေခဲ့တယ်။

“ ဘာထပ်ရှိသေးလို့လဲ။” စုချင်း မျက်မှောင်ကြုတ်ရင်း မေးတယ်။ သူ့ အစီစဉ်က ပြီးပြည့်စုံတယ်။ ဘာ အမှားအယွင်းမှာ မဖြစ်စေချင်ဘူး။ ပုံမှန် အတိုင်းဆိုရင် သူ မမျှော်လင့်ထားတဲ့ ကိစ္စတွေက ကြားလေ့မရှိဘူးလေ။

“ သွမ့်အရှင်အပြင်။ ဖန်ကျန်းရှီလည်း နန်းတော်ထဲကို ဝင်သွားပါသေးတယ်” ဝတ်ရုံနက် ချက်ခြင်းပြန်ဖြေတယ်။

“ ဖန်ကျန်းရှီလား..” စုချင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ “ ဖန်ကျန်းရှီနဲ့ သွမ့်ရှင်က နန်းတော်ထဲကို အတူတူ ဝင်သွားတယ်လို့ မင်းပြောတာလား။”

“မဟုတ်ပါဘူး။ သွမ့်အရှင် ရဲ့ နောက်မှာ သူလိုက်သွားတာပါ။ ဒါ့အပြင် ပင်းယန် နဲ့ ရန်ရွှယ်လည်း သူနဲ့ အတူ လိုက်သွားပါတယ်။”

“ ဖန်ကျန်းရှီက သွမ့်အရှင် နဲ့ အတူတူ မသွားတာ မင်းသေချာလား။” စုချင်း မေးတယ်။ ဖန်ကျန်းရှီနဲ့ သွမ့်အရှင်က တစ်ခုခု စီစဉ်ထားတယ် ဆိုတာကို သူ မယုံဘူး။ ဒါပေမယ့် အခွင့်အရေးကိုတော့ သူ မယူလို့ မဖြစ်ဘူးလေ။ အကယ်၍ ဖန်ကျန်းရှီ သာ သွမ့်အရှင်နဲ့ အတူတူ ပူးပေါင်းလိုက်ရင်။ သူ့ရဲ့ လက်ရှိ အစီအစဉ်ကို ပြင်းပြင်းထန်ထန် ထိခိုက်လိမ့်မယ်။

“ ကျွန်တော်တော့ မထင်ပါဘူး။ ကျွန်တော် တွေ့လာခဲ့တာ ။ ဖန်ကျန်းရှီ က နန်းတော်ဂိတ်ကို ရောက်ရောက်ချင်း သွမ့်အရှင် ပုန်ကန်ပါတဲ့လို့ လည်ချောင်းမကွဲတတ် အော်နေတာ။ လူအာရုံ စိုက်တာ မခံရဖို့ အတွက် သွမ့်အရှင်က ဖန်ကျန်းရှီကို သူနဲ့ အတူ နန်းတော်ထဲ လိုက်ခိုင်းလိုက်ရတာပါ။” ဝတ်ရုံနက် ခေါင်းခါရင်း ပြောတယ်။

“ကောင်းပြီ။ ငါနားလည်ပြီ။ သူတို့ကို ဆက်ပြီး စောင့်ကြည့်ထား။ တစ်ခုခု ဖြစ်လာရင် ချက်ခြင်း သတင်းပို့။” စုချင်း ခေါင်းငြိမ့်ရင်း ပြောတယ်။

“ အမိန့်တော် အတိုင်းပါ။” ဝတ်ရုံနက် ချက်ခြင်း ပြန်ထွက်ခွာ သွားတော့တယ်။ ဒီအချိန်မှာပဲ စုချင်း နောက်မှာ ရပ်နေတဲ့သူ ရှေ့ထွက်လာတယ်။ တလေးတစားနဲ့ ဦးညွှတ်တယ်။ “ အရှင်သခင်။ ဒီ အခြေအနေကို အရှင်သခင်ငယ်ဆီ သတင်းပို့ရမလား။ ဒါက ကျွန်တော်တို့ရဲ့ အစီအစဉ် နဲ့ သွေဖယ်နေတယ်။”

“ အမှားအယွင်း ဆိုတာ ဖြစ်တတ်ပါတယ်။ အရှင်သခင်ငယ်လည်း ဒါကို သတိထားမှာပါ။” စုချင်း မျက်မှောင်ကြုတ်ရင်း ပြန်ဖြေတယ်။

“ကျွန်တော် နားလည်ပါပြီ။” ဝတ်ရုံနက် ခေါင်းငြိမ့်ပြီး နောက်ပြန် ဆုတ်သွားတယ်။ စုချင်းကတော့ နန်းတော်ကိုသာ စိုက်ကြည့်နေတယ်။ သူ့ မျက်လုံးတွေက နေ အအေးဓာတ်တွေ ဖြာထွက်နေခဲ့တယ်။ “ မင်းက ဒီတစ်ခါ ပေါ်လာဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတော့… ဖန်ကျန်းရှီ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ၊” ( ပွဲကြည့်ရုံ သက်သက် လား ။ မဟုတ်နိုင်ဘူး။ ) စုချင်း တွေးရင်း ခေါင်းခါတယ်။ သူ့ အစီအစဉ်ထဲမှာ ဖန်ကျန်းရှီ ကိုယ်ယောင် ထွက်ပြမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဒီလို ပုံစံ နဲ့ ထွက်လာမယ်လို့ မထင် ထားခဲ့ဘူး။ အခုချိန်မှာ သူထွက်လာလို့ ဘာ မှ အကျိုးမရှိဘူးလေ။

“ဖန်ကျန်းရှီ။ ဖိအားဒဏ်ကို ခံနိုင်ပြီးတော့ အခက်အခဲတွေကို ကျော်လွှားနိုင်မှ နောက်ဆုံး အောင်မြင် မယ်ဆိုတာကို မင်းမသိဘူးလား။ လွန်ခဲ့တဲ့ တစ်နှစ် အချိန်တွင်းမှာ မင်းတိုးတက်လာပြီလို့ ထင်ခဲ့တာ… ဒါပေမယ့် မင်းက အရင်ကလိုပဲ သတိမမူဂူမမြင်ဖြစ်နေတုန်း။ သွမ့်အရှင် နောက်ကို လိုက်ရုံေ လာက် နဲ့ ဒီ အစီအစဉ်ကို မင်းသိနိုင်အောင် ရိုးရှင်းမယ် ထင်နေတာလား။ တုံးအလိုက်တာ။” စုချင်း တွေးတောရင်း နှာခေါင်းရှုတ်တယ်။ ဒါပေမယ့် တစ်ခုခု လွဲနေတာကိုတော့ သူခံစားမိတယ်။ နိမိတ်မကောင်းဘူး။ ဘာကြောင့်လဲ ဆိုတာတော့ သူမသိ ။ ဖန်ကျန်းရှီ နဲ့ သွမ့်အရှင်က နန်းတော်ထဲမှာ အတူတူ ပေါ်လာရင်တောင်။ သူ ဘာဆက်လုပ်နိုင်မှာလဲ။

“ သွမ့်အရှင်က ငါ့ အစီအစဉ်ထဲမှာ အရေးကြီးတယ် ဆိုရင်တောင်။ မင်းတို့ သုံးယောက်က မြို့စောင့်တပ်ကို ဘာလုပ်နိုင် မှာ မလို့လဲ၊ ငါ့ရဲ့ အစီအစဉ် လှလှလေးကို မင်းတို့ က ဖျက်စီး နိုင်မယ် ထင်နေတာလား။”

ညီလာခံ ခန်းမထဲမှာတော့။ ကြေးတံခါးက မားမား မတ်မတ်ကြီးရှိနေတယ်။ တံခါး ဖွင့်လိုက်တာနဲ့ ကြီးမားတဲ့ လက်သည်းကြိးတစ်ခု ထွက်လာခဲ့တယ်။ အစိမ်းရောင် အကြေးခွံတွေက လက်သည်းကြီးကို ဖုံးအုပ်ထားတယ်။ ဝေါင်း…။ သားရဲကောင်ကြီးရဲ့ အော်သံ ထွက်ပေါ်လာတယ်။ ညီလာခံ ခန်းမထဲက မြေစိုင်မြေခဲတွေတောင် ဒီ ဟိန်းဟောက်သံကြီးကြောင့် ရွေ့လျားတော့တယ်။ ဆူးချွန်ပုံစံ ဂျိုတစ်ချောင်း သေရှင်ဂိတ်ထဲက နေ ထွက်ပေါ်လာတယ်။ ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကြုတ်ရင်း ကြည့်နေတယ်။ ဒါပေမယ့် သူ နောက်တစ်လှမ်းတောင် ဆုတ်မသွားခဲ့ဘူး။ နောက်ဆုံးတော့ သားရဲကောင်ကြီး ရုပ်လုံး ပေါ်လာခဲ့ပြီ၊

တစ်ကိုယ်လုံး အစိမ်းရောင် အကြေးခွံတွေနဲ့ ပြည့်နေတဲ့ သားရဲကောင်ကြီး ခန်းမထဲမှာ ပေါ်လာတယ်။ နဖူးပေါ်မှာ ဂျိုတစ်ချောင်းနဲ့ လည်ဆံမွှေး အထူကြီးတွေရှိတယ်။ အစိမ်းရောင် ခြင်္သေ့ကြီးတစ်ကောင်နဲ့ ပုံစံ တူပြီးတော့ ၂၅ ပေ မြင့်မားတယ်။ ကြေးတံခါးကနေ ထွက်လာတဲ့ သားရဲကောင်ကြီးပဲ။ ဒါပေမယ့် ပုံမှန် သားရဲကောင်တော့ မဟုတ်ဘူး။

“ သားရဲကောင်ကြီး။ ကြေးခွံစိမ်း ဆူအားနီ …” အထိန်းတော်ဝေရဲ့ အသံ ဒီအချိန်မှာ ထွက်လာတယ်။ သူ့မျက်လုံးတွေက ဒီသားရဲကောင်ကြီး စိုက်ကြည့်ရင်း ပြူးကျယ်နေတယ်။ တာအိုနိယာမထဲမှာ မှတ်တမ်း တင်ထားတာ ရှိတယ်။ နဂါးမှာ သားသမီးကိုးယောက်ရှိတယ်။ သူတို့ တစ်ယောက်ချင်းစီက နည်းနည်းဆီ ကွာခြားတယ်။ ဆူအာနီဆိုတာ သားသမီး ကိုးယောက်ထဲက တစ်ယောက်ပဲ။ သူတို့ မျက်စိရှေ့က ဆူအားနီကတော့ အစစ်မဟုတ်ပေမယ့် ၇၀% လောက်တော့ တူညီတယ်။ ဒါပေမယ့် ဒါက အဆုံးသတ် မဟုတ်သေးဘူး။ ဆူအားနီ ပေါ်လာပြီးတာတောင် ကြေးတံခါးက မပိတ်သေးဘူး။ ဆက်လက်တောက်ပနေခဲ့တယ်။

ခပ်မြန်မြန်ပဲ နောက်ထပ် သားရဲကောင် အော်သံထွက်လာခဲ့တယ်။ သူကိုယ်ကနေ ထွက်ပေါ်နေတဲ့ အပူလှိုင်းတွေက ညီလာခံ ခန်းမကို ရိုက်ခတ်လာတယ်။ အနီရောင် အတောင်ပံ တစ်စုံ ထွက်ပေါ်လာခဲ့တယ်။ ကျွီး…။ နားစည်ကွဲမတတ် အော်သံ ထွက်ပေါ်လာတယ်။ ကြက်သွေးရောင် မီးတောက်တွေက သူ့ကိုယ်ကနေ ထွက်ပေါ်နေတယ်။ အပူရှိန်က ပြင်းထန်လွန်းလို့ ညီလာခံ ခန်းမပေါ်က တိမ်စိုင်တစ်ချို့ကိုတောင် အငွေ့ပျံသွားစေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေကလည်း မီးဘောလုံးတွေ။

“ လောင်ကျွမ်း ဖီးနစ်။” အထိန်းတော်ေ၀ စိုက်ကြည့်ရင်း ပြောတယ်။ ဒါက အဆုံးမသတ်သေးဘူး။ ကြေးတံခါးက နောက်တစ်ကြိမ် တောက်ပလာပြန်တယ်။ အင်အားကြီး သားရဲကောင်တွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ ညီလာခံခန်းမ တစ်ခုလုံး နေရာလွတ် မကျန်အောင် ပြည့်သွားခဲ့တယ်။

“ ငါးကောင် တောင်လား။” ပုံမှန် အခြေအနေ ပြန်ရောက်သွားတဲ့ ကြေးတံခါးကို ကြည့်ရင်း အထိန်းတော်ေ၀ တုန်ယင်နေခဲ့တယ်။

ဝေါင်း….. ။ သားရဲကောင် တွေရဲ့ အော်သံကြီး ထွက်ပေါ်လာတယ်။ ပထမဆုံး ထွက်လာခဲ့တဲ့ ကြေးခွံစိမ်း ဆူအားနီကတော့ စိတ်မရှညတဲ့ ပုံစံပဲ။ နန်းတော် တိုင်တစ်လုံးကို လက်သည်းနဲ့ ကုတ်ချလိုက်တယ်။ ညီလာခံ ခန်းမကို ထောက်ထားတဲ့ မဏ္ဍိုုင်တွေ ကွဲအက်ကုန်တယ်။ ဘွန်း…။ မဏ္ဍိုင်တိုင်ကြီး တစ်ခုလုံး ကွဲအက်သွားတယ်။

ဧကရာဇ် လင်းမုပိုင် ဒီ မြင်ကွင်းကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ ညီလာခံ ခန်းမက မျိုးဆက် အဆင့်ဆင့် ကာကွယ်လာတာ။ မဏ္ဍိုင်တစ်ခုကို ဖျက်စီးရုံလောက်နဲ့ ညီလာခံ ခန်းမတစ်လုံး ပြိုမသွားပါဘူး။ အကယ်၍ ဒီ သားရဲကောင် ငါးကောင်လုံးသာ ညီလာခံခန်းမထဲ သောင်းကျန်းမယ်ဆိုရင်တော့ ဒီတိုက်ပွဲ ပြီးရင် ညီလာခံ ခန်းမက အမှုန့်ဖြစ်သွားလိမ့်မယ်။

“ကြီးမြတ်သောရှမင်းဆက် ရဲ့ ဧကရာဇ် ။ သေရှင်ဂိတ်ကို ကျွန်တော်ထိန်းချုပ်ထားတာ အဆင်ပြေရဲကလား။” ချန်းဝူမေးတယ်။

“ မြောက်ပိုင်းလူရိုင်း တိုင်းပြည်ရဲ့ ထိပ်တန်းအံ့ဖွယ် ပါရမီရှင်လို့ အခေါ်ခံရတာ ထိုက်တန်ပါပေတယ်။ မင်းတို့ ဘုရင်က တကယ် အမြင်ရှိတာပဲ။” ဧကရာဇ် လင်းမုပိုင် သားရဲကောင်တွေကို ကြည့်ရင်း ပြောတယ်။ သူ့ ကိုယ်မှာ တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေ ထပ်မံထွက်ပေါ်လာပြန်တယ်။ သူ့ ခေါင်းပေါ်က နဂါးကလည်း စိတ်ဆန္ဒကို ခံစားမိပုံပဲ။ နတ်ဆိုး မျက်ဝန်းနီတွေ တောက်ပလာပြန်တယ်။

လင်းထျန်းရုံကတော့ မျက်လုံးပြူးကြီးနဲ့သာ ကြည့်နေခဲ့တယ်။

“ သားရဲကြီးငါးကောင်။ ချန်းဝူက သေရှင်ဂိတ်ကနေ သားရဲကောင် ငါးကောင်ကို တပြိုင်တည်း ခေါ်ထုတ်နိုင်တယ်။ တက့် စွမ်းအား အစစ်အမှန်ပဲ။ သူဘယ်လိုများလုပ်လိုက်တာလဲ။” လင်းထျန်းရုံ ကြောက်ရွံ့နေတယ်။ ချန်းဝူ အင်အားကြီးမှန်း သူသိတယ်။ ဒါပေမယ့် ဘာကြောင့်များ ဒီလောက်တောင် အင်အားကြီးနေလဲတော့ နားမလည်ဘူး။

သေရှင် တာအိုက ပြန်လည်မွေးဖွားမှု အဆင့်ရဲ့ တာအိုတွေထဲက တစ်ခုပဲ။ ကောင်းကင်တာအိုက မျှချေအဖြစ်ဆုံး တာအို။ အဇူရာတာအိုက တိုက်ခိုက်မှုစွမ်းရည် အမြင့်ဆုံး။ သေရှင် တာအိုကတော့ တိုက်ပွဲအတွက် အသင့်တော် ဆုံးပဲ။ ဒီတာအိုက စည်းတွေကို ဖောက်ပေးနိုင်တယ်။ သေရှင်တာအိုသာ သေရှင်ဂိတ်နဲ့ တွဲလိုက်ရင်။ ဘယ်လောက်ရဲရင့်တဲ့ စစ်သည်ဖြစ်စေ ကြောက်လန့်ကြမှာ အမှန်ပဲ။

အပိုင်း(၅၆၅)ပြီး၏။

အပိုင်း (၅၆၆)

“ သေခြင်း နှင့် ရှင်ခြင်းကြားက ကံကြမ္မာသတ်မှတ်ထားသော ပြန်လည်ဝင်စားမှု။”

ညီလာခံ ခန်းမထဲက ဖိအား အရမ်းကို ပြင်းထန်လာတယ်။ ကြောက်မက်ဖွယ် ကောင်းတာထက်ကို ပိုနေပြီ။ ညီလာခံခန်းမထဲက ထွက်ပေါ်နေတဲ့ အော်ဟစ်သံတွေကို အဝေးကနေတောင် ကြားနေရတယ်။ ဒါက ဖြစ်ပျက်နေတာတွေရဲ့ သတိပေးချက် တစ်ခုပဲ။ အထိန်းတော်ဝေရဲ့ ကျောတစ်ခုလုံး ချွေးတွေ ရွဲနစ်နေခဲ့ပြီ။ သူ့ ရှေ့က သားရဲကောင် ငါးကောင်ကို ကြည့်ရင်း လိုက်မမှီနိုင်အောင် ဖြစ်နေတယ်။

“အရှင်မင်းမြတ်..”

“ ကိစ္စမရှိဘူး။” ဧကရာဇ် လင်းမုပိုင် လက်ခါပြတယ်။ အဲ့ဒီ့နောက် သူရှေ့ကို ဖြည်းဖြည်းချင်း တစ်လှမ်း တိုးသွားတယ်။ ဝေါင်း…။ သားရဲကောင်တွေက စတင် တိုက်ခိုက်တဲ့ ဧကရာဇ် လင်းမုပိုင် ကြည့်ရင်း သူတို့ စွမ်းအားတွေကို ဖွင့်ထုတ်တော့တယ်။ ဧကရာဇ် လင်းမုပိုင် ကြည့်ရင်း သူတို့ ဟိန်းဟောက်တယ်။ နောက်တော့ သူတို့ လှုပ်ရှားကြတယ်။ မြေပြင်ကနေကော လေထုထဲကပါ တိုးဝင်လာကြတယ်။ သူတို့ မျက်လုံးတွေက လုံးဝကို အေးခဲနေတယ်။

“ အပြစ်သားရဲကောင်တွေ။” ဧကရာဇ် လင်းမုပိုင် အော်ဟစ်တယ်။ တစ်ချိန်တည်းမှာပဲ တောက်ပတဲ့ ရွှေရောင် အလင်းတန်းတွေ ဧကရာဇ် လင်းမုပိုင်ရဲ့ ကိုယ်က ထွက်လာတယ်။ တော်ဝင်ဆန်ဆန် ခမ်းနားပြီးတော့ မျက်လုံးကန်း မတတ်ပဲ။ ဧကရာဇ် လင်းမုပိုင်က လုံး၀ နောက်မဆုတ်။ သားရဲကောင်တွေ ဆီကို ပြေးဝင်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ ခေါင်းပေါ်က ရွှေနဂါး လှုပ်ရှားတော့တယ်။ နတ်ဆိုးသဏ္ဍာန် ခြေသည်းတွေ သားရဲငါးကောင်ကို ကုတ်ဆွဲတယ်။ အမြီးကြီးနဲ့ ရိုက်ထုတ်တယ်။

ကြေးခွံစိမ်း ဆူအားနီက ဧကရာဇ် လင်းမုပိုင် ပြေးဝင်လာတာကို မြင်တော့ သူ့ ခြေသည်းကြီးနဲ့ ကုတ်ဆွဲဖို့ ပြင်တယ်။ သူအောင်မြင်တော့မယ့် အချိန်မှာပဲ ။ ဧကရာဇ် လင်းမုပိုင်က ပျောက်ကွယ်သွားတယ်။ နဂါးအမြီးကြီးက ကြေးခွံစိမ်း ဆူအားနီရဲ့ နဖူးကို လျှပ်စီးလက်သလို ရိုက်ခတ်တယ်။ ဘွန်း…။ ကြေးခွံစိမ်း ဆူအာနီ ခေါင်းငိုက်စိုက် ကျသွားတယ်။ ဒီ အချိန်မှာပဲ ဧကရာဇ် လင်းမုပိုင်က အပေါ်မှာ ပေါ်လာခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေက သူ့ကို ဝန်းရံထားဆဲ။ သူ့ လက်ထဲမှာတော့ ဓားတစ်ချောင်းကို ကိုင်ထားခဲ့တယ်။ ကျောက်စိမ်းဖြူလို တောက်ပနေတဲ့ ဓားတစ်ချောင်း။

“ သေစမ်း…”

ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်လုံးတွေ တလက်လက်တောက်နေခဲ့တယ်။ ကြေးခွံစိမ်း ဆူအာနီရဲ့ ခေါင်းကို ထိုး စိုက် ဖို့ ပြင်တယ်။ သူ့ဓားက ဆူအာနီရဲ့ ခေါင်းကို ထိတော့မယ့် အချိန်မှာပဲ ထူးဆန်းတဲ့ အရာ တစ်ခု ဖြစ်လာတယ်။

ဓားက ပေခြောက်ရာကျော် ရှည်တဲ့ ဓားကြီး အဖြစ်ကို ပြောင်းလဲသွားတယ်။ မြူနှင်းငွေ့လို ဖြစ်တည်မှုတွေက ဓားကို လှည့်ပတ်နေခဲ့တယ်။ ဘွန်း…။ ဓားကြီးက ကြေးခွံစိမ်း ဆူအာနီရဲ့ ခေါင်းကို ဖောက်ထွက်တယ်။ ကျယ်လောင်တဲ့ ပဲ့တင်သံကြီး ညီလာခံ ခန်းမထဲ ထွက်ပေါ်လာတယ်။ အဲ့ဒိ့နောက် ကြေးခွံစိမ်း ဆူအားနီကြီး မြေပြင်ပေါ်မှာ လှုပ်ရှားမှု ကင်းမဲ့သွားတော့တယ်။ သွေးတွေက နေရာ အနှံ့ကို ပျံ့ကျဲသွားခဲ့တယ်။

ဖြစ်ပျက်သွားတာက အရမ်းကို မြန်ဆန်လွန်းတယ်။ ဧကရာဇ် လင်းမုပိုင် လှုပ်ရှားလိုက်တဲ့ မျက်တောင် တစ်ချက် အချိန်အတွင်းမှာပဲ ဆူအားနီသားရဲကောင် သေသွားခဲ့ပြီ။ နဂါးသွေး ၇၀% ပါတဲ့ ဒီသားကောင်ကို ဧကရာဇ် လင်းမုပိုင် သတ်နိုင်တာ တကယ့်ကို ထိတ်လန့်စရာပဲ။

လင်းထျန်းရုံက သူ့ခမည်းတော် လက်ထဲက ဓားကြီး သွေးတစက်စက်ကျနေတာကို ကြည့်ရင်း သူ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တယ်။ ဧကရာဇ်လင်းမုပိုင် ဘယ်အချိန်တုန်းက နောက်ဆုံး တိုက်ခိုက်ခဲ့လည်း ဆိုတာတောင် သူ မေ့နေပြီ။ ဒါပေမယ့် ဒီ တိုက်ကွက် တစ်ခုတည်းနဲ့တင် သူ့ခမည်းတော် ကြီးမြတ်သောရှမင်းဆက် ဧကရာဇ်က လူတိုင်း ကြောက်ရွံ့ လေးစားရတဲ့ စွမ်းအားရှင် ဆိုတာ သိသာစေခဲ့ပြီ။ ချန်းဝူလည်း ဒီ အဖြစ်ကြောင့် လန့်နေခဲ့တယ်။ ကြေးခွံ စိမ်း ဆူအားနီကို သူ စိုက်ကြည့်နေတယ်။

“ ကြီးမြတ်သောရှ ရဲ့ ဧကရာဇ်က တကယ့်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်။” ချန်းဝူ ချီးမွမ်းတယ်။ ဧကရာဇ် လင်းမုပိုင်က အင်အားနည်းတဲ့ ပြိုင်ဘက်မဟုတ်မှန်းတော့ သူသိတယ်။ ဒါပေမယ့် ဒီလောက် အင်အားကြီးမယ်လို့ မထင်ထားမိခဲ့ဘူး။ တစ်ချက်တည်းနဲ့ သတ်ပြစ်လိုက်တယ်။

ချန်းဝူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူချက်ခြင်း မတိုက်ခိုက်ဘူး။ ဧကရာဇ် လင်းမုပိုင် ကြေးခွံစိမ်း ဆူအားနီကို သတ်နေတဲ့ အချိန်မှာ။ လောင်ကျွမ်း ဖီးနစ်က သူ့ ခေါင်းပေါ်မှာ လည်ပတ်နေတယ်။ ကျွီး…။ ကြိမ်နှုန်းမြင့် အသံလှိုင်းတွေ ညီလာခံ ခန်းမထဲမှာ ထွက်ပေါ်လာတယ်။

လောင်ကျွမ်းဖီးနစ်က ဧကရာဇ် လင်းမုပိုင်ကို သူ့ လက်သည်းတွေနဲ့ ကုတ်ချီဖို့ ပြင်တယ်။ ခေါင်းကို တစ်ခါတည်း ဖြုတ်ပြစ်ဖို့ ကြံစည်နေတာ။ ဒီ တိုက်ခိုက်မှုကြောင့် ဧကရာဇ် လင်းမုပိုင် ဒဏ်ရာ အပြင်းအထန် ရမယ်လို့ ခန့်မှန်း နိုင်တယ်။ ဝေါင်း…။

ဖီးနစ်အော်သံ ထွက်ပေါ်လာတာနဲ့ ဧကရာဇ် လင်းမုပိုင်ရဲ့ ခေါင်းပေါ်က နဂါးလည်း ပြန် ဟိန်းဟောက်တယ်။ သူ့ကိုယ်ကို သုံးရင်း ဧကရာဇ် လင်းမုပိုင်ကို ကာကွယ်တယ်။ ဖီးနစ်လက်သည်းတွေက ရွှေရောင် နဂါး အကြေးခွံ တစ်ချို့ကို ဆွဲဖြဲပြစ်လိုက်တယ်။ ရွှေရောင်အချပ်ပြားတွေ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ဝေါင်း… ။ နဂါးဟိန်းသံ ထွက်လာပြီးနောက် လက်သည်းတွေလည်း တိမ်တိုက်ထဲကနေ ထွက်လာခဲ့တယ်။

တိုက်ခိုက်သံတွေက ညီလာခံ ခန်းမတစ်ခုလုံးကို လှုပ်ခါနေစေတယ်။ သားရဲကောင်ကြီး နှစ်ကောင်က အပြင်းအထန် တွန်းတိုက်နေကြတာ။ ဒါက အကုန်မဟုတ်သေးဘူး။ ဖီးနစ်ရဲ့ နောက်မှာ နောက်ထပ် သားရဲကောင်တွေရှိနေသေးတယ်။

“ အပြစ်သား သားရဲကောင်တွေ။” ဧကရာဇ် လင်းမုပိုင် ခပ်တိုးတိုး ပြောတယ်။ တစ်ချိန်တည်းမှာပဲ သားရဲကောင်တွေကို ခပ်ပြင်းပြင်းကန်ထုတ်တယ်။ အကန်ခံရတဲ့ သားရဲကောင် နှစ်ကောင်က ပါးစပ်တွေကို ဖွင့်ဟရင်း ဧကရာဇ် လင်းမုပိုင်ကို ဝါးမျို ကိုက်ဆွဲဖို့ အသင့်ပြင်နေခဲ့တယ်။

“ ဖွင့်စမ်း။” ဧကရာဇ် လင်းမုပိုင် အော်ဟစ်လိုက်ချိန်မှာ။ သူ့ ကိုယ်က ရွှေရောင် အလင်းတန်း ပို သိပ်သည်းလာခဲ့တယ်။ သူ့ခြေထောက် ရွှေရောင်လှံရှည်ကြီးတွေ အဖြစ်ကို ပြောင်းလဲတယ်။ ပါးစပ်ဖွင့်ထားတဲ့ သားရဲကောင်တွေကို လှံတွေက ထွင်းဖောက်သွားတော့တယ်။

အား…. ကြောက်မက်ဖွယ် အော်သံ နှစ်ခု တပြိုင်နက်တည်း ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သားရဲကောင်တွေ နောက်ဆုတ်သွားတယ်။ သူတို့ရဲ့ ပါးစပ် ဒဏ်ရာတွေကနေ သွေးတွေ စီးကျလာခဲ့တယ် ။ နာကျင်မှုကြောင့် အော်ဟစ်ရင်း သူတို့တွေ လူးလှိမ့်နေရတယ်။

သားရဲကောင် ငါးကောင်ကို တစ်ယောက်တည်း နဲ့ ရင်ဆိုင်နိုင်တာ။ ဧကရာဇ် လင်းမုပိုင်ရဲ့ အစွမ်းပဲ။ ရွှေရောင် အလင်တန်းက ဧကရာဇ် လင်းမုပိုင်ရဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားဆဲ။ ညီလာခံ ခန်းမ ဝင်ပေါက်က လင်းထျန်းရုံကို သူစိုက်ကြည့်တယ်။

“ သားမိုက်.. မင်းသာ…”

ဧကရာဇ် လင်းမုပိုင် စကာမဆုံးသေးခင် အချိန်မှာပဲ။ သူ့မျက်နှာ အမူယာ ပြောင်းလဲသွားခဲ့တယ်။ သူ့ခြေထောက် အောက်က ကနေ စူးရှတဲ့ အော်သံ တစ်ခုကို ကြားလိုက်ရတာကြောင့်ပဲ။ အစိမ်းရောင် အကြေးခွံတွေနဲ့ ပြည့်နေတဲ့ အမြီးတစ်ခုက သူ့ ခြေထောက်အောက်မှာ ရောက်နေတယ်။ ဘွန်း…။

ဧကရာဖ် လင်းမုပိုင် လွင့်ထွက်သွားတယ်။ သူ့ရဲ့ နဂါးပလ္လင်နဲ့ ရိုက်ခတ်မိတယ်။ သူ့မျက်နှာ တစ်ခုလုံး အရမ်းကို ဖြူဖျော့နေပြီ။ ကြေးခွံစိမ်း ဆူအားနီက ခေါင်းကို ဖောက်ထွက်သွားတဲ့ ဒဏ်ရာနဲ့တောင် အသက်ရှင်နေအုန်းမယ်လို့ သူ မထင်ထားမိခဲ့ဘူး။ ဒီသားရဲကောင်ကြီးတွေ ရဲ့ ခံနိုင်ရည်နဲ့ ပတ်သက်တဲ့ ကောလဟာသတွေက တကယ့်ကို မှန်နေတာပဲ။

“အရှင် မင်းမြတ်… အရှင်မင်းမြတ်…” အမြီးရဲ့ လေခတ်မှုကြောင့် လွင့်ထွက်လာတဲ့ ဧကရာဇ် လင်းမုပိုင် အကျနာတာ သက်သာစေဖို့အတွက် သူ့ကိုယ်ကို သုံးပြီး ခုခံ ပေးဖို့ အထိန်းတော်ဝေပြေးလာတယ်။ ဒါပေမယ့် အင်အားလှိုင်းတွေ ကြောင့် သူပါ လွင့်ထွက်သွားခဲ့တယ်။

“အရှင်မင်းမြတ် … ” အထိန်းတော်ေ၀ စိုးရိမ်ပူပန်မှု အပြည့်နဲ့ အော်ဟစ်တယ်။ ဧကရာဇ် လင်းမုပိုင် ပါးစပ် အပြည့်သွေးတွေ အန်ကျလာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ ကိုယ် တဝိုက်က ရွှေရောင် အလင်တန်းတွေ မှိန်ဖျော့သွားခဲ့တယ်။

“ ကာကွယ်…”

“ နေအုန်း…” အထိန်းတော်ေ၀ မအော်ခင် ဧကရာဇ် လင်းမုပိုင် စကားဖြတ်ပြောတယ်။ အဲ့ဒီ့နောက် ချောင်း အကြီးအကျယ် ဆိုးရင်း မတ်မတ်ရပ် ဖို့ ကြိုးစားနေရတယ်။

“အရှင် မင်းမြတ်။ ဘာကြောင့်များ ဒီလို လုပ်နေတာလဲ။” မျက်ရည်တွေ ရစ် ဝဲနေတဲ့ အထိန်းတော်ေ၀ မေးမြန်းတယ်။ ဧကရာဇ် လင်းမုပိုင် ဒီလို ခံစားနေရတာကို သူ မမြင်ရက်ဘူး။

“ ကိစ္စမရှိဘူး။” ဧကရာဇ် လင်းမုပိုင် လက်ဝေ့ယမ်း ပြရင်း မေးတယ်။

“ အရမ်းကောင်းတယ်။ ကြီးမြတ်သောရှမင်းဆက် ရဲ့ ဧကရာဇ်က ငါ့ကို စိတ်မပျက်စေဘူးပဲ။ ဒီတစ်ခေါက် တိုက်ခိုက်ရတာ နဲ့တင် ။ ရန်မြို့တော် ကို လာရတာ တန်သွားပြီ။ စိတ်မကောင်း စရာက။ ငါတို့ရဲ့ နိုင်ငံအတွက် သနား ညှာတာ မပေးနိုင်တာပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ။” ဧကရာဇ် လင်းမုပိုင်ရဲ့ ဖြူဖျော့နေတဲ့ အမူအယာကို ကြည့်ရင်း ချန်းဝူ ပြောတယ်။

“ ပုံမှန်ပါပဲ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ ဒါပေမယ့် သူ့မျက်လုံးကတော့ လင်းထျန်းရုံကို စိုက်ကြည့်နေတုန်းပဲ။ အထိန်းတော်ဝေကတော့ ဒီ အမူအယာကို သတိထာမိတဲ့ အတွက် ။ သူ စကား ဆက်မပြောတော့ဘူး။ တစ်ခဏ တာ တွေဝေနေပြီးတဲ့နောက်မှာတော့။ အထိန်းတော်ေ၀ အံကြိတ်လိုက်တယ်။ သူ့ကိုယ်သူ ဧကရာဇ် လင်းမုပိုင် ရဲ့ ရှေ့မှာ ပိတ်ရပ်ရင် ကာကွယ်ထားတယ်။

“ အိမ်ရှေ့စံ ။ မင်း ခမည်းတော်ရဲ့ အခြေအနေကို မြင်တာတောင်မှ ပြန်မလှည့်ချင်သေးဘူးလား။ မင်း ခမည်းတော်ကို တိုင်းတပါးသားက သတ်သွားတာ မြင်ချင်လို့လား။” အထိန်းတော်ေ၀ တောင်းပန်တယ်။

လင်းထျန်းရုံကတော့ အခြေအနေ အလှည့်အပြောင်းကို ကြည့်နေခဲ့တယ်။ ဖြူဖျော့ အားနည်း နေတဲ့ ခမည်းတော်ကို ကြည့်ရင်း လက်သီးကို ဆုပ်လိုက် ဖြန့်လိုက် အကြိမ်ကြိမ် လု်ပနေခဲ့တယ်။ သူ့ကြည့်ရတာ အရမ်းကို တွေဝေနေပုံပဲ။ ချန်းဝူက နောက်ပြန်လှည့်ကြည့်တယ်။

“ မင်း ဘာတွေ တွေးနေတာလဲ။ မင်း ခမည်းတော်ကို အသက်ချမ်းသာ ပေးမလို့လား။ မင်းရဲ့ အိမ်ရှေ့စံ နေရာက အစောကြီးတည်းက ဆုံးရှုံးနေပြီးသား။ ဒါပေမယ့် မင်းကို သွမ့်အရှင်နဲ့ ဘွဲ့ အတူတူလောက်တော့ ပေးမှာပါ။ ကျန်တဲ့ ဘ၀ တစ်လျှောက်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့တော့ နေနိုင်မှာပါ။”ချန်းဝူ ပြောတယ်။

“ ဘာတွေ ပြောနေတာလဲ။ ငါက အိမ်ရှေ့စံ ။ ကောင်းကင်သားတော်။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ နောင် ဧကရာဇ် ။ ငါ့ ခမည်းတော် သေရင်။ ကြီးမြတ်သောရှမင်းဆက် တစ်ခုလုံးက ငါ့ အပိုင်ပဲ။ သတ်လိုက်။ သူ့ကို အခုသတ်လိုက်။” လင်းထျန်းရုံ အံကြိတ်ရင်း ပြောတယ်။ သူ့ကြည့်ရတာ ရူးသွပ်သွားသလိုပဲ။

“ ဟ ဟား.. ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်း ဆန္ဒကို ဖြည့်ပေးပြီးတော့ သူ့ကို သတ်ပေးမယ်။” ချန်းဝူ ကျေနပ်မှု အပြည့်နဲ့ ပြောတယ်။ ဒီ အချိန်မှာပဲ သူ့ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း လှုပ်ရှားတယ်။ ကျန်တဲ့ သားရဲကောင် လေးကောင် ထူးဆန်းတဲ့ အင်အားတစ်ခုက ဖိအားပေးသလို စတင်လှုပ်ရှားတော့တယ်။ သူတို့တွေရဲ့ ကိုယ်က လူသတ်ငွေ့တွေ ထွက်ပေါ်လာတယ်။

“ အရှင်မင်းမြတ်။ အိမ်ရှေ့စံက ဆုံးဖြတ်လိုက်ပြီ။ ကျွန်တော်တို့ သူ့ကို လွှတ်ထားလို့ မဖြစ်တော့ဘူး။” အထိန်းတော်ေ၀ ဖြောင်းဖျတယ်။

“ မြတ်နိုးရတဲ့ ဧကရီ ရန်ရေ့။ ငါတကယ့်ကို တောင်းပန်ပါတယ်။ ထျန်းရုံက အာဏာနဲ့ ထီးနန်းကို လိုချင်တာကြောင့် မျက်ကန်းဖြစ်နေပြီ။ မင်းကို ပေးထားတဲ့ ကတိ မတည်နိုင်တော့ဘူး။ တောက်ပတဲ့ ကြီးမြတ်သောရှ နိုင်ငံတော်ကို သူ့ လက်ထဲ မအပ်နိုင်တော့ဘူး။” ဧကရာဇ် လင်းမုပိုင် စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်မိတယ်။ သူ့ မျက်လုံးတွေက မျက်ရည်ရစ်ဝဲနေခဲ့တယ်။

“နဂါးတပ်ဖွဲ့။ လှုပ်ရှားတော့။” ဧကရာဇ် လင်းမုပိုင် အမိန့်ပေးတယ်။

“ အမိန့်တော် အတိုင်းပါ။” ညီလာခံ ခန်းမ နောက်ကနေ အသံတွေ တညီတညွှတ်တည်း ထွက်ပေါ်လာတယ် ။ မရေမတွက်နိုင်တဲ့ ဓားရှည်ကိုင် တပ်ဖွဲ့တွေ ပလ္လင်နောက်က ထွက်ပေါ်လာတယ်။ နဂါးတပ်ဖွဲ့ ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ ထိပ်တန်းတပ်ဖွဲ့။ ဧကရာဇ် လင်းမုပိုင်ရဲ့ အမိန့်တစ်ခုတည်းကိုပဲ နာခံတယ်။ သူတို့က ဧကရာဇ်ကို ကိုယ်စားပြုပြီးတော့ လျှို့ဝှက် အမိန့်တွေကို ဆောင်ရွက်ရတယ်။ အခုတော့ ညီလာခံ ခန်းမထဲမှာ ရောက်နေကြပြီ။ နဂါးတပ်ဖွဲ့ကြီးတစ်ခု လုံး တစ်ယောက်မှ မလျော့ဘူး။ နဂါး သံတမန်ဆယ်ယောက်က အရှေ့ဆုံးမှာ နေရာ ယူထားတယ်။

“ ပထမ နဂါး သံတမန် ရန်ချင်း ။ ရှိ။” သက်လတ်ပိုင်း လူကြီး ရှေ့ထွက်လာရင်း ဒူးထောက်တယ်။

“နဂါး တပ်ဖွဲ့။ ရန်ချင်း။ မင်းတို့က ဘာကြောင့် ဒီကို ရောက်နေတာလဲ။” လင်းထျန်းရုံ ထိတ်လန့်နေတယ်။ အထူးသဖြင့် ရန်ချင်းပေါ်လာတာကို သူ ပိုကြောက်ရွံ့နေပုံပဲ။

“အိမ်ရှေ့စံ။ ဒီလမ်းကို ရပ်လိုက်ပါတော့။ ဧကရာဇ်က မင်းရဲ့ အစီအစဉ်ကို သိထားတာ ကြာလှပြီ။ သူက ပြင်ဆင်မှု မလုပ်ထားဖူးလို့ အရှင့်သား ထင်နေတာလား။” ရန်ချင်း ထရပ်ရင်း မေးတယ်။

ဟုတ်တယ်။ ခမည်းတော်က ဖန်ကျန်းရှီရဲ့ စာတွေကို ရထားတာ ကြာပြီပဲ။ လင်းထျန်းရုံ နားလည်သွားတယ်။ ဖန်ကျန်းရှီ ကြောင့်ပဲ။ ဧကရာဇ်လင်းမုပိုင် လက်ထဲကို စာတွေ ထည့်ပေးပြီးတော့ ခုခံစစ် ပြင်ဆင်ချိန်ကို ရစေတာ။

ဖန်ကျန်းရှီကို အရမ်းမုန်းတယ်။ သူ့အစီအစဉ်တွေကို အကြိမ်ကြိမ် နှောက်ယှက်နေတာ။ ဖန်ကျန်းရှီကို တောင်ပိုင်းဒေသမှာတုန်းက အသေမသတ်မိတာကို နောင်တရမိတယ်။ ရှန်လင်းကို အရင်သတ်မိတာ မှားသွားတယ်။ အဲ့ဒီ့အချိန် အခွင့်အရေးမျိုးကို နောက်တစ်ခါ ပြန်မရနိုင်တော့ဘူး။ ဒီကောင့်ကြောင့်ပဲ။ ပလ္လင်ကို ရတော့မယ့် အချိန်မှာ လက်လွှတ်ရတော့မယ်။ သူ့ မျက်လုံးတွေ ရေခဲကျောက်စိုင်လို အေးစက်သွားတယ်။ ထောင့်ကပ်နေတဲ့ ဝတ်ရုံနက် အယောက် ၂၀ကို တစ်ချက် လှမ်းကြည့်တယ်။

“မင်းတိုကတွေ ဘာစောင့်နေတာလဲ၊ သတ်ကြ။ သူတို့ အားလုံးကို သတ်။ တစ်ယောက်ကိုမှ အသက်ရှင်လျက် မထားနဲ့။” ရူးသွပ်သွားတဲ့ သားရဲကောင် တစ်ကောင်လို လင်းထျန်းရုံ အော်ဟစ်တယ်။

“အမိန့်အတိုင်းပါ။” ဝတ်ရုံနက်တွေ ချက်ခြင်း ပြန်ဖြေတယ်။ သားရဲကောင်တွေ နားကို သူတို့ ရောက်လာတယ်။ သူတို့ အမြင် အရဆိုရင်။ ဧကရာဇ် လင်းမုပိုင်ရဲ့ နဂါးစိမ်း မျက်လုံးနဲ့ မတိုက်ခိုက်ရသရွေ့ ကြောက်စရာ မရှိဘူး။ သူတို့တွေက ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေလေ။ သူတို့ ရှေ့က နဂါးတပ်ဖွဲ့ကို ချေမှုန်းနိုင်တယ်။

“နဂါး တပ်ဖွဲ့… ဟ ဟား… ခမည်းတော်က နဂါး တပ်ဖွဲ့နဲ့ ကျွန်တော့်ကို တားလို့ရမယ်ထင်နေတာလား။ “ ဝတ်ရုံနက်တွေနဲ့ သားရဲကောင်တွေကို ကြည့်ရင်း လင်းထျန်းရုံ ရယ်မောတယ်။ နဂါးတပ်ဖွဲ့ အကြောင်းကို သူကောင်းကောင်းသိတယ်။ နဂါးသံတမန် ရန်ချင်းကတော့ ပြန်လည်မွေးဖွားမှု အဆင့်မှန်း သူသိတယ်။ တခြား နဂါးသံတမန်တွေလည်း အတူတူပဲ။ ဒါပေမယ့် ဝတ်ရုံနက် အယောက် ၂၀ ကို နိုင်နိုင်မှာတော့ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ဧကရာဇ် လင်းမုပိုင်က ဒဏ်ရာရထားတာ။ သားရဲကောင်ကြီး လေးကောင်လည်း သူ့ဘေးမှာ ရှိနေတယ်။

သားရဲကောင်တွေက သူ့ဘက်မှာ ရှိနေရုံတင် မကဘူး ။ ခံနိုင်ရည်ကလည်း အရမ်းကောင်းတယ်။ ဒါ့အပြင် ချန်းဝူလည်း ရှိနေတယ်လေ။ ညီလာခံ ခန်းမ အပြင်ဘက်မှာလည်း တပ်ကူတွေရှိနေသေးတယ်။ နဂါးတပ်ဖွဲ့ကို ဘာလို့ ကြောက်ရမှာလဲ။ လင်းထျန်းရုံ ရယ်မောတယ်။

ဒီအချိန်မှာပဲ တောက်ပတဲ့ အလင်းတန်း တစ်ခုက လင်းထျန်းရုံရဲ့ ခေါင်းပေါ်ကနေ ကျော်သွားတယ်။ တစ်ချိန်တည်းမှာပဲ ဒေါသထွက်နေတဲ့ ဖီးနစ်ကို သွားတိုက်ခိုက်တယ်။ ဒီလို ရုတ်တရက် တိုက်ခိုက်မှုကြောင့် လောင်ကျွမ်းဖီးနစ်တောင် လန့်သွားခဲ့တယ်။ သူ့ရဲ့ မီးမျက်လုံးတွေမှာ ကြောက်လန့်ရိပ်တွေ ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် လက်သီး တစ်လုံးကို မြင်လိုက်ရတယ်။ မျက်လုံးရှေ့ တည့်တည့်က လက်သီး။ ဖီးနစ် တကိုယ်လုံး တုန်ယင်သွားပြီးတော့ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ မြေပြင်ပေါ်မှာ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်ပြီးတော့ မြေသားစိုင်တွေ နေရာအနှံ့ကို လွင့်စင်သွားတော့တယ်။

အပိုင်း (၅၆၆)ပြီး၏။

အပိုင်း (၅၆၇)

“ ရွှေရောင် မြူနှင်းတွေ။”

ကျွီး…။ အက်ကွဲကြောင်းတွေ မြေပြင်ပေါ်မှာ ဖြစ်ပေါ်လာတယ်။ ညီလာခံ ခန်းမ အောက်ခြေမှာ ရာစုနှစ်ချီပြီးတော့ နစ်မြှုပ်နေတဲ့ ဖုန်မှုန့်တွေ ညီလာခံ ခန်းမပေါ်ကို တက်လာတယ်။ ညီလာခံ ခန်းမ ဝင်ပေါက် တစ်ခုလုံး ဖုန်မှုန့်ဖြူဖြူတွေ ပြည့်နှက်သွားတယ်။ ဒီမြင်ကွင်းက ဝတ်ရုံနက်တွေကိုကော အိမ်ရှေ့စံ လင်းထျန်းရုံ ကိုပါ ကြော်ရွံ့ သွားစေတာ အမှန်ပဲ။ ဖြစ်ပျက်သွားတာက မြန်လွန်းတယ်လေ။ မြန်လွန်းလို့ တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။

“ အဲ့တာ ဘယ်သူလဲ။” ဝတ်ရုံနက် အယောက် နှစ်ဆယ်လုံး စိတ်ထဲမှာ မေးမြန်းနေမိတယ်။ အဲ့ဒီ့နောက် ဖုန်မှုန့်တွေထဲမှာ မှုန်ဝါးနေတဲ့ လူရိပ်ကို သူတို့ စိုက်ကြည့်နေတယ်။ တစ်ခဏတာ ကြာပြီးတဲ့နောက်။ ဖုန်မှုန့်တွေ ငြိမ်ကျသွားခဲ့တယ်။ မြေပြင်ပေါ်က ကြီးမားတဲ့ အက်ကွဲကြောင်းကြီးထဲမှာ လောင်ကျွမ်းဖီးနစ် လဲကျနေတယ်။ တစ်ကိုယ်လုံး တုန်ယင်ပြီး နာကျင်မှုကြောင့် အော်ညည်းနေခဲ့တယ်။

ဖီးနစ် ရဲ့ အပေါ်မှာတော့ ရပ်နေတဲ့ လူတစ်ယောက်ရှိတယ်။ ကြာပန်းဖြူတွေ ထွင်းထားတဲ့ ကောင်းကင်ပြာရောင် တိုက်ပွဲ ဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသမီး။ သူမရဲ့ ဆံနွယ်တွေက ခါးပေါ်မှာ ဝဲကျနေတယ်။ ပန်းပွင့် ဆံထိုးတစ်ခုကို ပန်ထားတဲ့ အတွက် သူမရဲ့ သွင်ပြင်က တော်ဝင်ဆန်ဆန် လှပနေခဲ့တယ်။

“ အကယ်၍ ငါသာ ဒီတိုက်ပွဲကို ဝင်ပါရင် လုံလောက်မလား။” နူးညံ့သိမ်မွေ့တဲ့ ခပ်တိုးတိုး အသံ တစ်ခု ပေါ်လာခဲ့တယ်။ မောက်မာတဲ့ အသံတော့ မဟုတ်ဘူး ။ လောင်ကျွမ်း ဖီးနစ်ကို ကြည့်ရင်း သူမ ပြောနေတယ်။ လက်ဗလာနဲ့ သူမ ဆံကေသာတွေ နည်းနည်းတော့ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် သူမ ကို မြင်တော့ လင်း ထျန်းရုံနဲ့ ဝတ်ရုံနက်တွေ နောက်ဆုတ်သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူမက ချန်းဖေးဟွား ဖြစ်နေတာ ကြောင့်ပဲ။ တော်ဝင် နန်းစောင့်တပ် ခေါင်းဆောင် ဟွားဖေး။ ၁၇ ယောက်မြောက် မြင့်မြတ်သူ။

“ဟွားဖေး…” လင်းထျန်းရုံ ရူးမတတ် အော်ရယ်နေတာကို ရပ်လိုက်တယ်။ ချန်းဖေးဟွားရဲ့ ခြေထောက်အောက်မှာ လဲကျနေတဲ့ လောင်ကျွမ်း ဖီးနစ်ကို ကြည့်ရင်း သူ့တစကိုယ်လုံး တုန်ယင်သွားတယ်။ အဆင့် ၁၇ မြင့်မြတ်အဆင့် ဆိုတာ။ ပုံမှန် အဆင့် သတ်မှတ်ချက် တစ်ခုပဲ၊ ဒါပေမယ့် တကယ့် အဓိပ္မာယ် အမှန် ကို သိရင် ဘယ်သူကမှ လျစ်လျူရှုဝံ့မှာ မဟုတ်ဘူး

“ ကြီးမြတ်သောရှမင်းဆက်ရဲ့ နံပါတ်တစ် ကြင်ယာတော် ချန်းဖေးဟွားရဲ့ အစွမ်းကို ကြားဖူးနေတာ ကြာပါပြီ။ တကယ့်ကို နာမည် ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါပေတယ်။” ချန်းဝူ ချီးမွမ်းတယ်။ သူ့အကြည့်က လင်းထျန်းရုံနဲ့ မတူဘူး။

လင်းထျန်းရုံက ကြောက်ရွံ့ ထိတ်လန့် နေတဲ့ အကြည့်နဲ့။ ဒါပေမယ့် ချန်းဝူကတော့ စိတ်လှုပ်ရှား ပျော်ရွှင်နေတယ်။ သူ့ရဲ့ စွန်ရဲမျက်လုံးတွေ တလက်လက် တောက်ပနေခဲ့တယ်။

“ မင်းက ဧကရာဇ်ကို ဒဏ်ရာရစေတဲ့ သူလား။” အမူအယာ ကင်းမဲ့တဲ့ မျက်နှာနဲ့ ချန်းဖေးဟွား ပြောတယ်။ ခြေထောက်ကို ခပ်ဖြည်းဖြည်း ကြွပြီးတဲ့နောက် အားအပြည့်နဲ့ နင်းချလိုက်တယ်။ အသံကျယ်ကြီးကို ကြားလိုက် ရတယ်။ လောင်ကျွမ်းဖီးနစ်ရဲ့ ညည်းညူသံ ချက်ခြင်း ပျောက်သွားတယ်။ သူ့ရဲ့ ခေါင်း တစ်ခုလုံး ကျေမွသွားပြီ။ ညီလာခံ ခန်းမ မြေပြင် တစ်လုံးကို သွေးတွေ ပျံ့ကျဲသွားခဲ့တယ်။ ဒါပေမယ့် ချန်းဖေးဟွားရဲ့ ဝတ်ရုံကတော့ လုံးဝကို သန့်ရှင်းနေခဲ့တယ်။ သွေးကန်ထဲမှာ ပွင့်လန်းနေတဲ့ ကြာဖြူပန်း တစ်ပွင့်လိုပဲ။ ညစ်ပတ်တဲ့ ပတ်ဝန်းကျင်က သူမကို မထိခိုက်စေနိုင်ဘူး။

“ ဟုတ်တယ်။ ကျွန်တော်ပဲ။” ချန်းဝူ ပြန်ဖြေတယ်။

လောင်ကျွမ်းဖီးနစ်က ထင်ထားသလောက် သန်မာတဲ့ သားရဲကောင်တော့ မဟုတ်ဘူး။ ဒါပေမယ့် အရမ်းကို ရှားပါးတဲ့ သတ္တဝါ တစ်ကောင်ပဲ။ အခုတော့ ချန်းဖေးယွိရဲ့ ခြေထောက်အောက်မှာ အသက်ပျောက်သွားပြီ။ ဒီ အခြေအနေမျိုးမှာ တည်ငြိမ်နေဖို့ ခက်ခဲပေမယ့် ။ ချန်းဝူကတော့ သူ့ဒေါသကို ထိန်းထားနိုင်တုန်းပဲ၊ လောင်ကျွမ်းဖီးနစ်ကို နောက်တစ်ခေါက် ထပ်မကြည့်တော့ဘူး။

“ ငါနားလည်ပြီ။” ချန်းဖေးဟွား ခေါင်းငြိမ့်တယ်။ ချန်းဝူဆီကို သူမ ပြေးဝင်တယ်။ ရွှေရောင် အလင်းတန်းတွေက သူမ တကိုယ်လုံးကို လွှမ်းခြုံထားခဲ့တယ်။ မြင်ရတာ အတော့်ကို ကြည့်ကောင်းတဲ့ မြင်ကွင်းပဲ။

“ ငါတို့ အရှင်သခင်ငယ်ကို ထိပါးဖို့ မကြိုးစားနဲ့။” ဝတ်ရုံနက်တွေ ချက်ခြင်း လှုပ်ရှားကြတော့တယ်။ ဘွန်း…။ ဒီ အချိန်မှာပဲ ရွှေရောင် အလင်းတန်းက ပေါက်ကွဲသွားခဲ့တယ်။ ညီလာခံ ခန်းမတစ်ခုလုံးကို ရွှေရောင် မြူနှင်းတွေ ဖုံးအုပ်သွားတယ်။ ဒီပေါက်ကွဲမှု ဖြစ်စဉ် အပြီးမှာတော့ ချန်းဖေးဟွားလည်း ပျောက်ကွယ်သွားတော့တယ်။

“ ဟမ်…” ဝတ်ရုံနက်တွေ ရုတ်တရက် ထွက်ပေါ်လာတဲ့ ရွှေရောင် မြူနှင်းတွေကို စိုက်ကြည့်နေတယ်။ ချန်းဖေးဟွား ပျောက်ကွယ်သွားတာကို သူတို့ သဘောပေါက်သွားတော့ ချက်ခြင်း လှုပ်ရှားကြတယ်။ သူတို့ ကိုယ်ကို လွှမ်းခြုံထားတဲ့ အလင်းတန်းတွေ ပိုမို တောက်ပလာတယ်။ ကိုယ့်ကိုယ်ကို အလင်းခြုံလွှာနဲ့ ကာကွယ်ထားကြသလိုပဲ။

ဝတ်ရုံနက်တွေ အသံထွက်လာတဲ့ ဘက်ကို ကြည့်ရင်း တုန်ယင်နေခဲ့တယ်။ သူတို့ မျက်လုံးတွေ ဒီ မြင်ကွင်းကြောင့် ပြူုးကျယ်နေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့နဲ့ ပေ အနည်းငယ် အကွာမှာ ရွှေရောင် လူရိပ်က ရုတ်တရက် ပေါ်လာတာ ကြောင့်ပဲ။ သူမ ဘေးမှာ ရပ်နေတဲ့ ဝတ်ရုံနက်ကတော့ ကြောက်လန့် နေခဲ့တယ်။ သူ့ကိုယ်ကို ကာကွယ်ထားတဲ့ တောက်ပမှုကလည်း ပျောက်ကွယ်သွားခဲ့ပြီ။ ဒီ ကိုယ့်ကိုယ်ကို ကာကွယ်ထားတဲ့ အလင်းခြုံလွှာကို ဖျက်စီး ပြစ်လိုက်တာကတော့ လက်သီး တစ်လုံးပဲ။

ဘွန်း…။ လက်သီးက အလင်းလွှာကို ဖျက်စီးပြီးတဲ့ နောက် ဝတ်ရုံနက်ရဲ့ နှလုံးတည့်တည့်ကို ထွင်းဖောက်သွားတယ်။ ထုံးစံအတိုင်း ဘာ လှည့်ကွက်မှမပါတဲ့ အင်အားပြင်း လက်သီးတစ်လုံးပဲ။ ဝတ်ရုံနက် ခေါင်းငုံ့ရင်း သူ့ မျက်စိရှေ့က အမျိုးသမီးကို ကြည့်နေတယ်။ ရှည်လျားတဲ့ ဆံကေသာတွေ လေထဲမှာ ဝဲလွင့်နေတဲ့ အမူအယာမဲ့ မိန်းမလှ။ ရေလို တည်ငြိမ် အေးချမ်းတယ်။ သူ့မျက်လုံး ထဲမှာ လူသတ်ငွေ့ လုံး၀ မရှိဘူး။ သူမရဲ့ လက်သီးတစ်ချက်ကတော့ သူ့ နှလုံးကို ချေမွ ပြစ်လိုက်ပြီ။

“ မင်း … အရမ်း … သန်မာတယ်။...” ပါးစပ်ကနေ သွေးတွေ စီးကျလာရင်း ဝတ်ရုံနက် ပြောတယ်။ သူ ဒီလို သေသွားရတော့မယ်ဆိုတာကို မယုံနိုင်သေးဘူး။ သူ့ နှလုံးကျေမွသွားတည်းတက သေရတော့မှာကို သိတယ်။ နောက်ပြီးတော့ တစ်ချက်လေးတောင် မခုခံလိုက်ရပဲ သေသွားရတာ။ ၁၇ ယောက်မြောက် မြင့်မြတ်သူ။ တကယ်ပဲ အင်အားကြီးလွန်းပါပေတယ်။

အင်အားကွာခြားမှုကို ဝတ်ရုံနက် နားလည်ချင်သေးတယ်။ ဒါပေမယ့် သူ မလှုပ်ရှားနိုင်တော့ အသက်နဲ့ ခန္ဒာ ကင်းကွာ သွားခဲ့ပြီ၊ ဒါကြောင့် မြေပြင်ပေါ်ကို လဲကျသွားတော့တယ်။

“ဒါ …” ဝတ်ရုံနက် တွေ ချန်းဖေးဟွားကို စိုက်ကြည့်နေတယ်။ ဝတ်ရုံပြာနဲ့ ရွှေရောင် အလင်းတန်းတွေ ခြုံလွှမ်းထားတဲ့ အမျိုးသမီး။ အခု ဖြစ်သွားတဲ့ ကိစ္စကြောင့် သူတို့တွေ ထိတ်လန့်နေကြတယ်။ တစ်ချက်တည်းနဲ့… အသေသတ်လိုက်တယ်။ သူတို့တွေ အားလုံးက ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေလေ ။ ဘာတွေများ အင်အား ကွာခြားနေလို့လဲ။

“ ပြန်လည်မွေးဖွားမှု အထွတ်အထိပ်အဆင့်။”

“ ၁၇ ယောက်မြောက် မြင့်မြတ်သူ။” ဝတ်ရုံနက်တွေ နောက်မဆုတ်တော့ဘူး။ ချန်းဖေးယွီကို အနီးကပ် ရင်ဆိုင်ရတော့မှာ ကြောင့် သူတို့တွေ လေးနက် တည်ငြိမ်နေခဲ့တယ်။ တောက်ပထည်ဝါလွန်းတဲ့ ရုပ်ရည်သွင်ပြင်နဲ့ သန့်စင်တဲ့ အရှိန်အဝါ ။ သူတို့ရဲ့ နှလုံးသားတွေကို အဆုံးမရှိ တုန်လှုပ်စေတယ်။

“ မယုံနိုင်စရာကြီး။ တကယ့်ကို စိတ်မပျက်စေဘူးပဲ။ ” ရွှေရောင် မြူနှင်းတွေ နောက်မှာ ရပ်နေတဲ့ ချန်းဝူ ပျော်ရွှင်မှု အပြည့်နဲ့ ပြောတယ်။

“ ငါတို့ အခု ဘာလုပ်သင့်လဲ။” ချန်းဝူပြောတာကို ကြားတော့ ကြောက်ဒူးတုန်နေတဲ့ လင်းထျန်းရုံ လှမ်းမေးတယ်။ ချန်းဖေးွား ဘယ်လောက်တောင် သန်မာလဲ သူသိတယ်လေ။ ချန်ဖေးဟွား တစ်ယောက်တည်းနဲ့ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကို အသာလေး အနိုင်ယူနိုင်တယ်။ ဒါပေမယ့် ချန်းဝူပြောနေတာက စိတ်မပျက်စေဘူးတဲ့ ။ ဒါက ဆော့ကစားနေတာလား။ မဟုတ်ဘူး။ နန်းပလ္လင်အတွက် တိုက်ခိုက်နေတာပဲ။ ထီးနန်းကို လုယူဖို့ တိုက်ခိုက်နေတဲ့ ပြစ်မှု တစ်ခု။ အကယ်၍ သူသာ ကျရှုံးရင်။ ဘာမှ ရတော့မှာ မဟုတ်ဘူး။

“ စိတ်အေးအေးထား။ အဲ့တာက မိန်းမတစ်ယောက်ပါကွာ။” ချန်းဝူ နောက်လှည့်မကြည့်ပဲ ပြန်ဖြေတယ်။

“ မိန်းမတစ်ယောက် ဟုတ်လား…။ မင်းမသိ..”

“ ငါ့ လက်အပ်လိုက်တော့။” လင်းထျန်းရုံကို စိတ်မရှည် လက်မရှည် ပြန်အော်တယ်။ လင်းထျန်းရုံရဲ့ မျက်နှာ အမူအယာကတော့ အရမ်းကို မည်းမှောင်နေခဲ့ပြီ။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ အိမ်ရှေ့စံ နောင်တက်မယ့် ဧကရာဇ် တစ်ယောက် အနေနဲ့ ဒီလို လျစ်လျူရှုခံရတာကို သူ မကြိုက်ဘူး။

အထူးသဖြင့် မြောက်ပိုင်း အင်ပါယာက မင်းသားတစ်ယောက် စော်ကားမော်ကားလုပ်တာကို ပို သည်းမခံနိုင်။ တောင်ပိုင်း ဒေသ အိမ်ရှေ့စံ တုန်းကလည်း တောင်ပိုင်းစစ်ပွဲမှာ ဒီလို အချိုးချိုးခဲ့တယ်။ တောင်ပိုင်း အိမ်ရှေ့စံကတော့ သူ့ ဓားအောက်မှာ အသက်ပျောက်သွားပြီ။ အခုတော့ ချန်းဝူကို သူ ဘာမှ မလုပ်နိုင်ဘူး။ ချန်းဝူက တောင်ပိုင်း အိမ်ရှေ့စံ ရှန်လင်း မဟုတ်ခဲ့ဘူးလေ။

“ ဟွားအယ် …”ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ ထွက်ပေါ်လာတယ်။

“ အရှင်မင်းမြတ် ကျွန်တော်မျိုးမ လာတာ နောက်ကျသွားပါတယ်။” ချန်းဖေးဟွား ခပ်သွက်သွက် လျှောက်လာတယ်။ သူမ နောက်က ဝတ်ရုံနက်တွေကို လုံး၀ လျစ်လျူရှုထားတယ်။ ဧကရာဇ် လင်းမုပိုင်ဆီကို သူမ သွားနေတဲ့ လမ်းမှာ ဘယ် ဝတ်ရုံနက်မှ ပိတ်မရပ်ဝံ့ဘူး။ ဧကရာဇ် လင ်းမုပိုင်ဆီကို သူမ ရောက်တဲ့ အချိန် ။ ညီလာခံ ခန်းမထဲက မြူတွေ အားလုံး ပျောက်ကွယ်သွားတော့တယ် ။ တစ်ခါမှ ပေါ်မလာခဲ့သလိုမျိုး။

“ ဟွာအယ်။ မင်း ဘာလို့ လာတာလဲ။ မင်းကို မလာဖို့ ကိုယ်တော် ပြောထားတယ် မဟုတ်ဘူးလား…” ချန်ဖေးဟွားကို ဧကရာဇ် လင်းမုပိုင် ပြောနေတယ်။

“ ဒီနားက ဖြတ်သွားရင်း ညီလာခံ ခန်းမထဲမှာ ဆူညံသံတွေ ကြားလို့ ဝင်လာတာပါ။” ချန်းဖေးဟွား အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ ဖြတ်သွားတယ် ဟုတ်လား။” လင်းထျန်းရုံ ခပ်တိုးတိုး ပြောနေတယ်။ သူက ငတုံးမှ မဟုတ်ပဲ။ ချန်းဖေးဟွားက ဘယ်လိုလုပ် ဖြတ်သွားရုံ ဖြစ်နိုင်မှာလဲ။ ဆိုလိုချင်တာကတော့ တစ်ခုပဲ ရှိတယ်။ ချန်ဖေးဟွား ဒီမှာ ပေါ်လာတာ လင်းမုပိုင်ရဲ့ အစီအစဉ် မဟုတ်ဘူး။ ချန်းဖေးဟွားက တစ်ယောက်တည်း လာတာ။ သူမ နောက်မှာ တော်ဝင် စစ်ကူတွေ မရှိဘူး။

“ ဟုတ်ပါတယ်။ နောက်ပြီးတော့ လူနည်းနည်း ကိုလည်း ခေါ်လာသေးတယ်။” ချန်းဖေးဟွား ဆက်ပြောတယ်။ အဲ့ဒီ့နောက် နောက်ပြန်လှည့်ရင်း ချန်းဝူ လင်းထျန်းရုံနဲ့ ဝတ်ရုံနက်တွေကို ကြည့်တယ်။

“ မင်းက လူတွေ ခေါ်လာတယ် ဟုတ်လား… ဟွားဖေး… မင်း …” လင်းထျန်းရုံ ချက်ခြင်း ဖြူဖျော့သွားတယ်။ အဲ့ဒီ့ အချိန်မှာပဲ ညီလာခံ ခန်းမ ဝင်ပေါက်ကို ရောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ ရွှေရောင် သံချပ်ကာဝတ် စစ်သည်တော်တွေ ပြေးဝင်လာခဲ့တယ်။ တော်ဝင် နန်းစောင့်တပ်တွေ။ အရေအတွက်တော့ ထောင်ချီတယ်။ ဘယ်က ပေါ်လာမှန်း မသိတဲ့ တော်ဝင် နန်းစောင့်တွေကို ကြည့်ရင်း ချန်းဝူ အနားကို ပြေးကပ်တယ်။

ဝတ်ရုံနက် တစ်ချို့လည်း ကြောက်လန့်နေကြတယ်။ ချန်းဖေးဟွားတစ်ယောက်တည်း ဆိုရင်တော့ သူတို့ မကြောက်ဘူး။ ဒါပေမယ့် တော်ဝင် နန်းစောင့်တပ် ထောင်ချီကိုတော့ သူတို့ ခံမတိုက်နိုင်ဘူးလေ။ ဖြတ်သွားရုံပဲတဲ့လား။ တော်ဝင် နန်းစောင့်တပ် ထောင်ချီခေါ်ပြီး နန်းတော်ထဲကို ဖြတ်လျှောက်နေတာလား။ နောက်ပြီးတော့ ဒီ တပ်တွေက ဘယ်ကပေါ်လာတာလဲ။ ဒီည တာဝန် ကျတဲ့ အစောင့် တစ်ထောင်က အဆိပ်မိနေကြတာ မဟုတ်ဘူးလား။ အခု ရောက်လာတဲ့ တပ်တွေက တာဝန်ကျသူတွေ မဟုတ်တာလား။

“ အိမ်ရှေ့စံ ။ နောက်မှာ ရပ်နေ။” ချန်းဝူရဲ့ အသံက ညီလာခံ ခန်းမကို ဟိန်းထွက်သွားတယ်။ တော်ဝင် အစောင့်တပ်တွေကို မမြင်သလို သူပြုမူနေတယ်။ စိုးရိမ်စိတ် လုံးဝမရှိဘူး။

“ မင်းဘာကို ဆိုလိုချင်တာလဲ။ မင်း တကယ်ပဲ…” လင်းထျန်းရုံ စကားဆက်မပြောနိုင်တော့ဘူး။ ချန်းဝူက ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွားဆီကို လျှောက်သွားတာ သူ မြင်လိုက်ရလို့ပဲ။

“ မြင့်မြတ်သီးခြား နိုင်ငံက ချန်းဝူ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ ဟွားဖေးကို စိန်ခေါ်မှု ပြုပါတယ်။” ခြေလှမ်း ငါးလှမ်း အကွာမှာရပ်ရင်း ချန်းဝူ နှုတ်ခွန်းဆက်တယ်။

နဂါးတပ်ဖွဲ့ကော တော်ဝင်နန်းစောင့်တပ်တွေပါ ညီလာခံ ခန်းမထဲ ရောက်နေပြီလေ။ ဒါတောင် ချန်းဝူက ဘာတွေ တွေးနေတာလဲ။ သူ အခုချိန်မှာ ထွက်ပြေးဖို့ ကြံရမှာ မဟုတ်ဘူးလား။ ဒီ အင်အားစုကြီးက သူနဲ့ သူ့ရဲ့ သားရဲကောင်တွေကို အနိုင်ယူနိုင်တယ်လေ။

ဒါပေမယ့်ချန်းဝူ ကတော့ ထွက်သွားဖို့ စိတ်ကူးမရှိ။ ဟွားဖေးကို စိန်ခေါ်တယ်။ ချန်ဖေးဟွားက ချက်ခြင်း မတုံ့ပြန်။ ဧကရာဇ် လင်းမုပိုင်ရဲ့ ခွင့်ပြုချက်ကို တောင်းတယ်။

“ ဟွားအယ် ဘာလုပ်ချင်လဲ။” ဧကရာဇ် လင်းမုပိုင် တစ်ချက် တွေဝေနေပြီး နောက်မေးတယ်။

“ ကြီးမြတ်သောရှမင်းဆက်က အမြဲတမ်း ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို လိုက်နာပါတယ်.။ ချန်းဝူက တရားဝင် စိန်ခေါ်လိုက်ပြီဆိုတော့။ ပြန်တုံ့ပြန်ဖို့ အရှင်မင်းမြတ်ခွင့်ပြုပေးပါ။”ချန်းဖေးဟွား ပြန်ဖြေတယ်။

“ ဒီလို ဖြစ်မှတော့ သတိထားပြီး တိုက်ခိုက်ပါ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။

“ အမိန့်တော် အတိုင်းပါ အရှင်။” ချန်းဖေးဟွား ခေါင်းငြိမ့်တယ်။ ချန်းဝူကို တစ်ချက် ဦးညွှတ်ရင်း ပြောတယ်။ “ ငါးချက်။ ငါးကွက် တိုက်ခိုက်ပြီး မင်း အသက်ဆက်ရှင်သေးရင် သွားလို့ရပြီ။”

“ ကောင်းပါပြီ။” ချန်းဝူ ခေါင်းငြိမ့်တယ်။ ချန်းဖေးဟွားရဲ့ စကားတွေကို သူ မအံသြဘူး။ သူမရဲ့ မောက်မာဝံ့ကြွားတဲ့ ပုံစံကိုလည်း မလှောင်ရယ်ဘူး။ လိမ္မာတဲ့ ကျောင်းသားတစ်ယောက်လိုသာ ခေါင်းငြိမ့်တယ်။ ဒီ အဖြစ် အပျက်တွေဖြစ်လာမယ်လို့ သူ ကြိုတင်ခန့်မှန်း ထားပုံပဲ။

ချန်ဖေးဟွား လှုပ်ရှားတော့တယ်။ ချန်းဝူ ခေါင်းငြိမ့်လိုက်တည်းက လှံတစ်ချောင်းလို အရှိန်နဲ့ သူမ ပြေးထွက်လာတယ်။ အရင်တစ်ယောက်ကလို ရိုးရှင်းတဲ့ လက်သီး တစ်ချက်ပဲ။ ချင်းဝူရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ သူ့ မျက်စိရှေ့က လက်သီးတစ်ချက်။ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူကိုတောင် ဇီဝန်ချွေနိုငတယ်။ သူနောက်မဆုတ်ဘူး ။ ရှေ့ကို ပြေးထွက်လာတယ်။ သူ့လက်သီးနဲ့ ပြန်ခုခံတယ်။ တစ်ချိန်တည်းမှာပဲ ပိုးချည်မျှင်လို လမ်းကြောင်း ခြောက်ခု သူ့ လက်ထဲကနေ ထွက်လာခဲ့တယ်။ တောက်ပတဲ့ အလင်းတန်း ခြောက်ခုနဲ့ လမ်းကြောင်းတွေ။

အပိုင်း (၅၆၇)ပြီး၏။

အပိုင်း ( ၅၆၈)

“ အစီအစဉ် စတင်ပြီ။”

သူတို့ နှစ်ယောက်လုံး ခုန်မရှောင်ခဲ့ဘူး။ ဒါက ဘာ နည်းဗျူဟာမှ မပါတဲ့ လက်သီး တစ်ချက်ပဲ။ ရွှေရောင် အလင်းတန်းတွေက ဒီ လှုပ်ရှားမှု နောက်မှာ ကြွက်မြီးတန်းရင်း ပါသွားခဲ့တယ်။ ဘွန်း..။ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတယ်။ အပူလှိုင်းတွေ ခန်းမ တစ်ခုလုံးကို ပျံ့သွားခဲ့တယ်။ ဒါက အကုန် မဟုတ်သေးဘူး။ ချန်းဖေးယွီ နဲ့ ချန်းဝူ ထိပ်တိုက်တွေ့တဲ့ အချိန် နောက်ထပ် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာပြန်တယ်။ ညီလာခံ ခန်းမကြီး တစ်ခုလုံး တုန်ခါသွားခဲ့တယ်။

နန်းတော် ဝင်ပေါက်မှာတော့။ မြို့စောင့်တပ်တွေက ဝတ်ရုံနက် အုပ်စုကြီးနဲ့ တိုက်ခိုက်နေတယ်။ မြို့စောင့်တပ်တွေက အင်အား သာလွန်တယ်။ ဒါကြောင့် တိုက်ပွဲက အင်အားမမျှ ဖြစ်နေသင့်တာ။ ဒါပေမယ့် သူတို့တွေ လက်ရည်ညီနေခဲ့တယ်။ ထောင်ချီတဲ့ ဝတ်ရုံနက် စစ်တပ်ကြီးက မြို့စောင့်တပ်တွေကို အသက်နဲ့ ရင်းပြီး ခုခံနေတယ်။ သူတို့တွေက ဆုတ်ခွာနေရပေမယ့် နည်းစနစ်ကျကျစ် လှုပ်ရှားနေတာ။ တကွဲတပြား ပြန့်ကျဲပြီး ဆုတ်ခွာနေတာ မဟုတ်ဘူး။

သွမ့်အရှင်ကတော့ မြို့စောင့်တပ်တွေ နောက်မှာ ရပ်ရင်း စောင့်ကြည့်နေတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ ဝတ်ရုံနက်တွေက သာမာန်လူတွေ မဟုတ်ဘူး။ ကောင်းကောင်း လေ့ကျင့်ထားသူတွေ။ တိုက်ခိုက်ပုံကော ခုခံပုံကော စည်းစနစ်ကျလွန်းတယ်။

“ သတ်… မင်းတို့တွေ ဘာစောင့်နေတာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့တွေ ထိုးဖောက်နိုင်ရမယ်။” သွမ့်အရှင် ဟိန်းဟောက်တယ်။ ဒါပေမယ့် မြို့စောင့်တပ်တွေက ဖြည်းဖြည်းချင်း ထိုးဖောက်နေဆဲ။ ဘေးမှာ ရပ်ကြည့်နေတဲ့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကတော့ အမူအယာ ကင်းမဲ့နေတယ်။ ပင်းယန်ကတော့ စိတ်မရှည်နိုင်တော့တာ အသိသာကြီးပဲ။ စိုးရိမ်ပူပန်ရိပ်တွေကို သူမ မျက်ဝန်းတွေမှာ တွေ့နေရတယ်။

“ ဟေး.. အရှက်မရှိတဲ့ ကောင်စုတ် တစ်ခုခု တွေးစမ်းပါအုန်း။” ဖန်ကျန်းရှီကို ပင်းယန် လှမ်းအော်တယ်။ တစ်ခုခု လှုပ်ရှားဖို့ လုပ်စေချင်နေတယ်။

“ ဘာပြောတယ်။ ဘာ တစ်ခုခု စဉ်းစားရမှာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ ဒီ ဝတ်ရုံနက်တွေကို အနိုင်ယူဖို့ နည်းလမ်း စဉ်းစားစမ်းပါ။” ပင်းယန် အလောတကြီးပြောတယ်။

“ ဘာဖြစ်လို့ သူတို့ကို အနိုင်ယူရမှာလဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“ ဘာ … ဒါဆိုရင် ဘာလုပ်ရမှာလဲ။ သူတို့တွေက မြို့စောင့်တပ်တွေကို တားထားတာလေ။ သူတို့ကို မဖြတ်သွားနိုင်ရင် ခမည်းတော်ကို ဘယ်လို ကယ်ရမှာလဲ။”

“ ဧကရာဇ်ကို ကယ်ဖို့ အတွက် သူတို့ကို အနိုင်ယူစရာမှ မလိုပဲ။”

“ သူတို့တွေကို အနိုင်မယူပဲ နဲ့ ဘယ်လို ကယ်ရမှာလဲ။”

“ လွယ်လွယ်လေးကို။ စစ်တပ်ကို နှစ်ဖွဲ့ခွဲလိုက်။ တစ်ဖွဲ့ကိုက ဒီဝတ်ရုံနက်တွေကို ထိန်းခိုင်း။ နောက်တစ်ဖွဲ့ နဲ့ ငါတို့ ဆက်သွားလို့ရတယ်လေ။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြန်ဖြေတယ်။

“ အင်း… ငါတို့ လုပ်လို့ရတာပဲ။” ပင်းယန် နားလည်သွားပုံပဲ။ သူတို့ပြောနေတာကို သွမ့်အရှင်လည်း ကြားတယ်။ ဉာဏ်ပညာအလင်းတန်းတစ်ခုက သူ့ကို ရိုက်ခတ်သွားသလိုပဲ။ အင်အားကို ခွဲလိုက်လို့ရတယ်လေ။ ဟုတ်တာပေါ့ ။ ဘာကြောင့်များ ဒါကို သူ မစဉ်းစား မိတာလဲ။ သူတို့တွေက နန်းတော်ထဲ ရောက်နေတာ။ နန်းတော်ဆိုတာ နေရာ အကျယ်ကြီး။ ဒီနေရာမှာ အချိန်ဖြုန်းနေ စရာမှ မလိုပဲ။

သွမ့်အရှင် စစ်နည်းဗျူဟာ လောကသစ်တစ်ခုကို ရောက်သွားသလို ခံစားရတယ်။ ပုံမှန် စစ်ဗျူဟာအရဆိုရင်။ မျက်စိရှေ့က အတားအဆီးကို ဖယ်ရှားပြီးမှ ရှေ့ဆက်တိုးဖြစ်မှာပဲ။ စစ်အင်အားတစ်ခုကို ချန်ခဲ့ပြီး တိုက်ခိုက် ခိုင်းတာက အရမ်း အန္တရာယ်များပြီးတော့ စွန့်စားရာ ရောက်လွန်းတယ်လေ။

ဒီနေရာကို ထိန်းချုပ်နိုင်ရင်တောင်။ ရန်သူ အင်အားစုတွေက ချုံခို တိုက်ခိုက်တာမျိုး လုပ်နိုင်တယ်လေ။ ဒါပေမယ့် အခု အခြေအနေကတော့ ကွာခြားတယ်။ သူတို့က ကြီးမြတ်သောရှ မင်းဆက် ရန်မြို့တော်ကြီးမှာ ရောက်နေတာ။ နန်းတော်ထဲကို ဝင်နိုင်ပြီဆိုရင် ခြုံခို တိုက်တာကို ကြောက်စရာ မလိုတော့ဘူး။ တွေးတောရင်း သွမ့်အရှင် သဘောပေါက်လာတယ်။

ဒါပေမယ့် အခု ကိစ္စက ဖန်ကျန်းရှီ ကြောင့် အလင်းပွင့်သွားတာ ဖြစ်လို့ သူ့စိတ်ထဲ သိပ် ဘဝင် မကျမိဘူး။ သူက မြို့စောင့်တပ် ခေါင်းဆောင်လေ။ အပြင်လူတစ်ယောက်ရဲ့ စစ်နည်းဗျူဟာတွေကို သူ နားထောင်နေတာ။ ဂုဏ်သိက္ခာကို ထိခိုက်တာပဲ။ တခြားတစ်ဖက်မှာတော့ အခု အခြေအနေက သူ့ကို ဒီနေရာမှာ ကြာကြာရပ်နေဖို့ ခွင့်မပြုဘူး။ ဒါကြောင့် အရှက်သိက္ခာတွေကို ဘေးဖယ်ထားရင်း ဖန်ကျန်းရှီရဲ့ အကြံဉာဏ် အတိုင်း သူ လုပ်ဆောင်ရမယ်။ ညီလာခံ ခန်းမကို မြန်နိုင်သလောက် မြန်အောင် ရောက်ဖို့ လိုနေတယ်လေ။

“ တပ်အင်အားကို အခု ခွဲမယ်။ စစ်သူကြီး ဝမ် မင်းရဲ့ တပ်ဖွဲ့က ဒီနေရာမှာ အခြေအနေကို ထိန်းချုပ်ထား။ ကျန်တဲ့သူတွေကတော့ ငါနဲ့ အတူ ညီလာခံခန်းမကို လိုက်ခဲ့။” သွမ့်အရှင် ဒီအမိန့်ကို ချတဲ့ အချိန် သူ့ မျက်နှာ တစ်ခုလုံး ရဲရဲနီနေခဲ့တယ်။

“ အမိန့်တော် အတိုင်းပါ။”

နန်းတော် အပြင်ဘက် အိမ်ခေါင်မိုးပေါ်မှာ ဝတ်ရုံနက် တစ်ယောက် ခပ်မြန်မြန် ပေါ်လာခဲ့တယ်။ စုချင်း နောက်ကို သူ လာ ရပ်တယ်။

“ သခင်။ သွမ့်အရှင်က နန်းတော် အတွင်းထဲကို ဝင်သွားပါပြီ။ ”

“အိုး.. ငါ ထင်ထားထက် မြန်နေတာပဲ။ သူ ဘယ်လို လုပ်လိုက်တာလဲ။” စုချင်း ဒီသတင်းကို ကြားတော့ နည်းနည်းလေး အံ့သြနေခဲ့တယ်။

“ သူ သူ့အင်အားကို ခွဲလိုက်တာပါ။”

“ ငါ နားလည်ပြီ။ ကြည့်ရတာ စစ်ဗျူဟာ ပိုင်းမှာ သူ တိုးတက်လာတာပဲ ။ စာကြည့်ခန်းမှာ တစ်နှစ်လောက် ငြိမ်ငြိမ် နေပြီး စာဖတ်လိုက်တော့လည်း နည်းနည်းလေး ဉာဏ်ပိုကောင်းလာတာပေါ့။” စုချင်း ခေါင်းငြိမ့်ရင်း ပြောတယ်။

“ဒီ … ဒီ အကြံဉာဏ်က ဖန်ကျန်းရှီ ပေးတာပါ။”

“ ဖန်ကျန်းရှီလား..။ ငါနားလည်ပြီ။ ငါတို့ မူလ အစီအစဉ်ထက် နည်းနည်းလေး မြန်နေပင်မယ့် ကိစ္စ မရှိပါဘူး။ ကိစ္စက ပြီးပြတ်တော့မှာပဲ။ အစီအစဉ်ကို စဖို့ အမိန့်ချလိုက်။” စုချင်း မျက်မှောင်ကြုတ်ရင်း ပြောတယ်။

“အမိန့်တော် အတိုင်းပါ။” ဝတ်ရုံနက် ပျောက်ကွယ်သွားပြန်တယ် ။

နန်းတော်တံတိုင်းတွေကို စုချင်း တစ်ချက်ပြန်ကြည့်တယ်။ အဲ့ဒီ့နောက် ခေါင်မိုးပေါ်ကနေ သူဆင်းလာတော့တယ် ။ ဝတ်ရုံနက် တစ်ချို့လည်း သူ့ နောက်က လိုက်လာတယ်။ တစ်ချိန်တည်းမှာပဲ။ ကြီးမားတဲ့ လင်းယုန်သဏ္ဍာန် သားရဲကြီးတစ်ကောင်က ကောင်းကင်ထဲကို ပျံဝဲ ပျောက်ကွယ်သွားတယ်။

ရန်မြို့တော် အရှေ့တံခါးမှာ မြို့စောင့်တပ်တွေ စိတ်မအေးနိုင် ဖြစ်နေခဲ့တယ်။ နန်းတော်ထဲမှာ တစ်ခုခု ဖြစ်နေတာ သိပေမယ့် သူတို့တွေ ရဲ့ အလုပ်က မြို့တော် ဂိတ်တွေကို စောင့်ကြပ်ဖို့လေ။ ဘယ်သူမှ သတိ မလွတ်ရဲကြဘူး။ ဒီအချိန်မှာပဲ ညကောင်းကင်မှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။ တစ်ကိုယ်လုံး ဝတ်ရုံနက် ခြုံထားတဲ့ လူတစ်ယောက်။ သူတို့ရဲ့ ခြေထောက်တွေကို အဝတ်စ အမည်းတွေ ပတ်ထားသလို။ သူတို့ရဲ့ လှံတွေကလည်း အနက်ရောင် ကြိုးတွေနဲ့ ဆက်ထားခဲ့တယ်။

“ ရန်သူတွေ… ရန်သူတွေ…” နန်းတော် နံရံပေါ်မှာ အသံ တစ်သံ ထွက်လာတယ်။ ဒီ လူတွေက ဝတ်ရုံနက် ဝတ်ထားကြပေမယ့်။ သူတို့တွေ နန်းတော် တံတိုင်းနား ကပ်လာချိန်မှာတော့ မြင်သာတယ်။ ဒီနေရာက ကြီးမြတ်သောရှမင်းဆက်ရဲ့ မြို့တော်ကြီးလေ။ ဒီမြင်ကွင်းမျိုးကို မြို့စောင့်တပ်တွေ မမြင်ဖူးတာ ကြာလှပြီ။ မြို့တော်ကို ကျူးကျော်နေတဲ့ ဝတ်ရုံနက် အုပ်စုကြီး။ ဘယ်လောက်တောင် ရဲတင်းလိုက် သလဲ။

“ စစ်သူကြီး ။ ရန်သူတွေ …”

“ ဘာ…” မာကျောတဲ့ အသံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် တောက်ပတဲ့ သံချပ်ကာနဲ့ လူကြီးတစ်ယောက် နန်းတော် တံတိုင်းပေါ်ကို ခုန်တက်တယ်။ သူ့မျက်စိရှေ့က မြင်ကွင်းကို မြင်တော့ မျက်လုံးပြူးသွားတယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ကြီးမြတ်သောရှမင်းဆက် ရဲ့ အလယ်ဗဟိုက ရန်မြို့တော်ကြီးမှာ။ နန်းတော်ထဲကို ဘယ်လိုလူက ကျုးကျော်ဝံ့တာလဲ။ မင်း ဘာလို့ မြန်မြန် သတင်းမပို့တာလဲ။” ဝတ်ရုံနက် အုပ်စုကြီးကို ကြည့်ရင်း လူကြီး အော်ဟစ်တော့တယ်။ အခု အခြေအနေကို သူ နားမလည်နိုင်ဘူး။

“ စစ်သူကြီး ကောင်းကင်ကလည်း မှောင်မည်းနေတယ်။ ရန်သူတွေက အမှောင်ထုကို အကာကွယ် ယူထားတာ။ မ ရန်သူ အရေအတွက်ကို ကျွန်တော်တို့ မမြင်ရဘူး။ နောက်ပြီးတော့ မြို့စောင့်တပ် ၉၀% ကလည်း သွမ့်အရှင်နဲ့အတူ နန်းတော်ထဲကို ဝင်သွားခဲ့ပြီ။ ကျွန်တော်တို့ ဘာ ဆက်လုပ်ရမှာလဲ။” စစ်သည်တော် မေးတယ်။

“ မြန်မြန်… မြို့တော် ဂိတ်တွေကို ပိတ်လိုက်။”

“ အမိန့်တော် အတိုင်းပါ။”

“ မြို့စောင့်တပ်တွေ အားလုံး နားထောင်ကြ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ စစ်သည်တော်တွေ အနေနဲ့။ ရန်မြို့တော်ကို အသက်နဲ့ လွဲပြီးတော့ ကာကွယ်ရမယ်။ မကာကွယ်ချင်တဲ့ သူ အရင်ဆုံး သေရမယ်။”

“ အမိန့်တော် အတိုင်းပါ။”

စစ်အမိန့်က မြို့နံရံတွေကို ပဲ့တင် ထပ်သွားတယ်။ ဒါပေမယ့် ဝတ်ရုံနက်တွေ နီးကပ် လာတာကိုတော့ မတားမြစ်နိုင်ဘူး။ စစ်သူကြီးရဲ့ မျက်စိရှေ့မှာ ဝတ်ရုံနက်တွေ တဖြည်းဖြည်းချင်း ပေါ်လာတယ်။ သူ့ အမူအယာ လည်းေ ပြာင်းလဲသွားတယ်။ နန်းတော် တံတိုင်းပေါ်က သူ ငုံ့ကြည့်လိုက်တဲ့ အချိန် ဝတ်ရုံနက် အင်အားကို ကောင်းကောင်း မြင်လိုက်ရတာ ကြောင့်ပဲ။ မျက်စိ တစ်ဆုံးတင် မကပဲ။ ပင်လယ်ပြင်က လှိုင်းလုံးကြီးတွေလို အင်အား များပြားလွန်းတယ်။

“ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီ လောက် လူ အများကြီးက အချိန်တို အတွင်း နန်းတော် ကို ဘယ်လို ရောက်လာ ရတာလဲ။ ” စစ်သူကြီး ဖြူဖျော့သွားတယ်။ အခု ကိစ္စက အစီအစဉ်တကျ တပ်ပုန်းချထားမှန်း သူ နားလည်သွာခဲ့ပြီ။ ဒါမှမဟုတ် အခုက စစ်ပွဲဖြစ်တာလား။

“ မြန်မြန်… နန်းတော်ထဲကို မြန် မြန်သွား။ သွမ့်အရှင်ကို သတင်းပို့။”

“ နေအုန်း…၊ “ ဒီ အချိန်မှာပဲ နောက်ထပ် အသံ တစ်ခု ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် အရိပ်ထဲကနေ လူတစ်ယောက် ထွက်လာတယ်။

“အမတ်မင်း စု။” နန်းတော် နံရံပေါ်ကို ရောက်နေတဲ့ လူငယ်လေးကို ကြည့်ရင်း သူ အော်မိတယ်။ ဒီလူကို တွေ့ရတာ သူ အံ့အားသင့်နေတယ်။ မြောက်ပိုင်းဒေသ ကျောင်းတော် ငါးခုရဲ့ အကြီးအကဲ စုချင်း…။ စုချင်း မြို့တော်ထဲကို ဝင်လာတဲ့ သတင်းက တောမီးလို ပျံ့နေတာ။ သူ မြို့တော်မှာ ရှိမှန်း သိပေမယ့် ဒီလို အချိန်မျိုးမှာတော့ ပေါ်မလာသင့်ဘူးလေ။

“ စစ်သူကြီးလီ။” စုချင်း ခေါင်းငြိမ့်ရင်း လျှောက်လာတယ်။ သူ့နောက်မှာတော့ ဝတ်ရုံနက်တွေ အများကြီး ရပ်နေခဲ့တယ်။ တစ်ယောက်ချင်းစီတိုင်းက ခေါင်းအစ ခြေအဆုံး ဝတ်ရုံနက် ခြုံ မျက်နှာဖုံး အနက် စွပ်ထားပြီးတော့ သတ်ဖြတ်ငွေ့တွေ တရိပ်ရိပ်ထွက်ပေါ်နေတယ်။

“ အမတ်မင်း စု… ကျွန်တော့်မှာ လုပ်စရာ အရေးကြီး ကိစ္စရှိနေတယ်.။ ”

“ မစိုးရိမ်ပါနဲ့ စစ်သူကြီးလီ ကျွန်တော် အားလုံး သိပါတယ်။” စစ်သူကြီးလီရဲ့ စကားကို စုချင်း ဖြတ်ပြောတယ်။ အဲ့ဒီ့နောက် နန်းတော် နံရံပေါ် လျှောက်လာရင်း အောက်ဘက်က ဝတ်ရုံနက်တွေကို ငုံ့ကြည့်တယ်။ မျက်မှောင်ကြုတ်ရင်း သူဆက်ပြောတယ်။ “ မြောက်ပိုင်း လူရိုင်း တိုင်းပြည်က ကြီးမြတ်သောရှမင်းဆက် နယ်စပ်ကို တိုက်ခိုက်ဖို့ စစ်သည် တစ်သိန်း တကယ်လွှတ်လိုက်မယ်လို့ မထင်မိဘူး။ ”

“ဘာ .. စစ်သည် တစ်သိန်း..” အရေအတွက်ကြောင့် စစ်သူကြီး လီ ထိတ်လန့်သွာတးယ်။ ဒါကြောင့် ဝတ်ရုံနက်တွေရဲ့ အရေအတွက်ကို သူ ခန့်မှန်းလို့ မရနိုင်တာ။ စစ်သည်တော် တသိန်းကတော့ များလွန်းတယ်လေ။ ရန်မြို့တော် လို အလယ် တည့်တည့်က မြို့တော်ကြီးကို စစ်သည်တော် တစ်သိန်း ခိုးသွင်းလာဖို့ ဆိုတာ မဖြစ်နိုင်တာပဲလေ။ ဘယ်လောက်တောင်ထူးဆန်း လိုက်သလဲ။ စစ်သူကြီးလီ မယုံနိုင်ဘူး။ ဒါပေမယ့် စုချင်းက ကျူးကျော်သူတွေ ရဲ့ ဇစ်မြစ်ကိုတော့ ပြောပြပြီးပြီ။ မြောက်ပိုင်း လူရိုင်းတွေ။ ဒါကြောင့် သတိကြီးကြီးထားပြီး တိုက်ခိုက်ရမယ်။

“စစ်သူကြီး လီ ဘာကို စောင့်နေတာလဲ။ မြောက်ပိုင်း လူရိုင်းတွေက သန်မာပြီးတော့ အညှာအတာ မဲ့တယ်။ သူတို့ စစ်တပ်ကို ပြင်ဆင်ပြီးမှ လာတာ။ ရန်မြို့တော် စစ်တပ် တစ်ခုတည်းနဲ့ တော့ ခုခံနိုင်မှာ မဟတု်ဘူး။ နန်းတော်ထဲကို ကျူးကျော်ပြီးနေတဲ့ မြောက်ပိုင်း လူရိုင်းတွေလည်း ရှိသေးတယ်။ အခုချိန်မှာ နိုင်ငံ တစ်ခုလုံးက စစ်တပ်တွေကို ပြသဒ် မီးတောက် ထွန်းညှိပြီးတော့ ဆင့်ခေါ်သင့်တယ် မဟုတ်ဘူးလား စစ်သူကြီးလီ။ ” ကြောက်လန့်နေတဲ့ စစ်သူကြီး လီကို ကြည့်ရင်း စုချင်း အကြံပေးတယ်။

“ပြဿဒ် မီးတောက်ကို ထွန်းညှိတာ.. . ဒါက ဧကရာဇ်နဲ့ သွမ့်အရှင်ရဲ့ အမိန့် မပါပဲ လုပ်လို့မရဘူုး..” စစ်သူကြီး လီ ခေါင်းခါတယ်။ ပြဿဒ်မီးတော်က အရမ်းကို အရေးကြီးတဲ့ ကိစ္စပဲ။ တော်ဝင် အမိန့်မပါရင် လုပ်လို့ မဖြစ်ဘူး။

“ မိုက်မဲလိုက်တာ။ ငါ ပြောတာ မရှင်းဘူး ထင်တယ်။ မြောက်ပိုင်း လူရိုင်းတွေက နန်းတော်ထဲကို ကျူးကျော်နေပြီ။ ဧကရာဇ်က တော်ဝင် အမိန့်ချဖို့ အချိန် ရှိပါ့မလား။ အကယ်၍ စစ်သူကြီးလီသာ နောက်ထပ် အချိန်ဖြုန်းနေရင်။ ရန်မြို့တော်လည်း ကျဆုံးသွားလိမ့်မယ်။ မြို့တော်သားတွေကော ဆက် အသက်ရှင်နိုင်မယ် ထင်လား။ ကြီးမြတ်သောရှမင်းဆက် ရဲ့ အုတ်မြစ်ကို လှုပ်ခတ်သွားစေရင် စစ်သူကြီး လီ တာဝန် ယူနိုင်မှာလား ။ ” စုချင်း ရဲ့ မျက်နှာက လေးနက် တည်ကြည်နေခဲ့တယ်။

“ဒါပေါ့။ ငါ တာဝန် မယူနိုင်ဘူး။ ဒါပေမယ့် အခု ရန်သူ အင်အားသာ တစ်သိန်းမရှိရင်။ …” စစ်သူကြီးလီ ပြောရင်း တွေဝေသွားတယ်။

“ စစ်သူကြီးလီက ငါ့ ဆုံးဖြတ်ချက်ကို သံသယ ဝင်နေတာလား။ ” စုချင်း ဖြတ်ပြောတယ်။

“ မဟုတ်ပါဘူး.. တကယ်မဟုတ်ရပါဘူး… ဒါပေမယ့် …” စစ်သူကြီးလီ ချက်ခြင်း ခေါင်းခါတယ်။

“ မြောက်ပိုင်းဒေသကနေ အသော့နှင်ပြီးတော့ ရန်မြို့တော်ကို ငါ ပြန်လာတာ ဘာကြောင့်လို့ထင်လဲ။” စုချင်း အလေးအနက်ပြောတယ်။

“ အိမ်ရှေ့စံ မင်းသား အတွက် ပြန်လာတာ မဟုတ်ဘူးလား။”

“ဘယ်ဟုတ်မလဲ။ မြောက်ပိုင်းဒေသ ကျောင်းတော်ငါးခု ခေါင်းဆောင် အနေနဲ့။ မြောက်ပိုင်းသားတွေက စစ်တိုက်ဖို့ ပြင်နေပြီ ဆိုတဲ့ လျှို့ဝှက် အကြောင်းအရာကို ငါသိထားတာ ကြာပြီ။ ဒါကြောင့် အရေးကြီး ကိစ္စအတွက် သတင်းလာပို့တာ။ အိမ်ရှေ့စံရဲ့ ကိစ္စက ဒီလို ပေါ်လာလိမ့်မယ်လို့ ငါ ဘယ်လို လုပ် သိမှာလဲ။” စုချင်း ပြောတယ်။

“ ဒါက…” စစ်သူကြီးလီ ဒီစကားကို ကြားတော့ ပြန်စဉ်းစား ပြန်တယ်။ စုချင်း မြို့တော် ထဲ ဝင်လာတယ်ဆိုတဲ့ သတင်းပဲကြားတာ။ ဘာကြောင့် ဝင်လာမှန်း မသိဘူး။ အခုတော့ စုချင်းကိုယ်တိုင် အိမ်ရှေ့စံ သတင်းကို မသိပါဘူးလို့ ပြောနေပြီ။ ဒီတစ်ချက်တည်းနဲ့တင် စစ်သူကြီးလီ ဘာဆက်ပြောရမယ် မှန်း မသိဖြစ်နေခဲ့ပြီ။

မြောက်ပိုင်း လူရိုင်းစစ်သည်တော် တစ်သိန်းက သူတို့ မျက်စိရှေ့မှာတင် ပုန်းအောင်း နေတာ ဖြစ်ခဲ့ရင်တော့။ တကယ့်ကို ကြောက်စရာ ကောင်းမှာပဲ။ ဒီ ကိစ္စမှ မှားယွင်းပြီးတော့ ဆုံးဖြတ်မိရင်။ သူ့ တမိသားစုလုံး ကွပ်မျက်ခံရမှာ။

“ဒါက စစ်ပွဲပဲ။ စစ်သူကြီးလီ အချိန် မဖြုန်းပါနဲ့တော့။ ရန်မြို့တော်သာ ကျသွားရင်။ ကြီးမြတ်သောရှမင်းဆက်လည်း ပျက်သုန်းမှာပဲ။ ” စုချင်း နောက်တစ်ခေါက် ပြောပြန်တယ်။

“ အမတ်မင်း စုရဲ့ စကားတွေက မှန်ကန်ပါတယ်။ ဒါပေမယ့် ဧကရာဇ်ရဲ့ အမိန့်မရှိပဲ… ” စစ်သူကြီးလီ နှုတ်ခမ်း ကိုက်ထားမိတယ်။ သူ့တကိုယ်လုံး ချွေးတွေနဲ့ ရွဲနစ်နေခဲ့ပြီ။ ရန်မြို့တော် အပြင်မှာ ရန်သူ့တပ်တွေ က ရောက်နေပြီ။ နန်းတော်တွင်းက အခြေအနေက မသေချာဘူး။ အတွင်းကော အပြင်ပါ အကြပ်ရိုက်နေတဲ့ အခြေအနေပဲ။ အကယ်၍ သူ့ လုပ်ရပ်သာ မှန်သွားရင် ကောင်းကောင်း ဆုချခံရမယ်။ ဒီလိုပဲ အမှားအယွင်း တစ်ခုခုသာ ဖြစ်သွားရင် ။ အများကြီး ပျက်စီးသွားမှာပဲ။ ဆုံးဖြတ်ချက် တစ်ခုခုကို ပေ့ါပေ့ါလေးချလို့ ဘယ် ဖြစ်မလဲ။

ဒါပေမယ့် ဒီအချိန်မှာပဲ သူ့ မျက်လုံးထဲမှာ အလင်းရောင်တစ်ခု လက်သွားတယ်။ အေးစက်နေတဲ့ အလင်းတန်း။ လရောင်က ဓားပေါ် ကျရောက်တာကြောင့် ရောင်ပြန်မှုပဲ။ ည ကောင်းကင် တစ်ခုလုံးကို တောင် အေးစက်သွားစေတယ်။ ဓားက နီးကပ်လွန်းလို့ သူ ခုန်ရှောင်ချိန်တောင် မရလိုက်ဘူး။ ရွှမ်း…။ ဓားက သူ့လည်ပင်းကို ဖြတ်သွားပြီးတော့ သွေးတွေ ပန်းထွက်လာတော့တယ်။

“ အခုက စစ်ပွဲ အချိန် ရောက်နေပြီ။ ဒါပေမယ့် စစ်သူကြီးလီ က ဆုံးဖြတ်ချက် မချနိုင်ပဲ အားနည်း တွေဝေနေတုန်းပဲ။ သွမ့်အရှင် ရဲ့ ကိုယ်စား မင်းကို ခေါင်းဖြတ်လိုက်ပြီ။” စုချင်းရဲ့ အသံ ထွက်လာတယ်။ သူ့ဓားကို စစ်သူကြီး လူရဲ့ လည်ပင်းကနေ ဆွဲနှုတ်တယ်။ မှင်အိုးမှောက်သွားသလို သွေးတွေ အိုင်ထွန်းနေခဲ့တယ်။

ဓားကနေ သွေးစက်တွေ တတောက်တောက် ကျဆင်းလာခဲ့တယ်။ စစ်သူကြီးလီရဲ့ မျက်လုံးတွေကတော့ ထိတ်လန့် မှုကြောင့် ပြူးကျယ်နေတယ်။ စုချင်းက သူ့ကို သတ်မယ်လို့ မထင်ထားခဲ့မိဘူး။ နောက်ပြီးတော့ သူ အမိန့်ပေးနေတဲ့ မြို့စောင့်တပ်တွေ အားလုံး ရှေ့မှာ သတ်ဖြတ်တာ။

“ အား..” သူ စကားပြောချင်ပေမယ့် မပြောနိုငတော့ဘူး။ လည်ပင်းကို လက်နဲ့သာ အုပ် ထားရင်း မြေကြီးပေါ် မှောက်နေခဲ့ရတယ်။

“ ပြဿဒ်မီးတောက်ကို ထွန်းညှိလိုက်။ နိုင်ငံတဝှမ်းလုံးက စစ်တပ်တွေ အားလုံး ရန်မြို့တော်ကို ကာကွယ်ဖို့ ဆင့်ခေါ်စမ်း။” စစ်သူကြီးလီရဲ့ ခေါင်းကို ခြေထောက်နဲ့ နင်းထားရင်း စုချင်း အမိန့်ပေးတယ်။ သူ့ဓားကို လေထဲမှာ မြှောက်ထားတာ ကြောင့် ဓားက လရောင်အောက်မှာ တောက်ပနေခဲ့တယ်။

အပိုင်း(၅၆၈)ပြီး၏။

အပိုင်း (၅၆၉)

“ ကြောက်လန့်ခြင်းကင်းတဲ့ လူတစ်ယောက်။”

ဒီ အချိန်မှာပဲ မြို့တံတိုင်း တစ်ခုလုံး လုံး၀ တိုက်ဆိတ်သွားခဲ့တယ်။ လူတိုင်းက မြို့နံရံကို စိုက်ကြည့်ရင်း သူတို့ မြင်နေရတဲ့ မြင်ကွင်းကို အံ့အားသင့်နေခဲ့တယ်။ လတ်လတ်ဆတ်ဆတ် သွေးတွေကို ကြည့်ရင်း အခု ဖြစ်သွားတဲ့ အဖြစ်ကို လိုက်မှီနိုင်ဖို့ ကြိုးစားနေကြတယ်။ လူတွေ အသတ်ခံရတာကို သူတို့ မကြောက်ပါဘူး။ ဒါပေမယ့် အခု အဖြစ်ကတော့ မရိုးရှင်းဘူးလေ။ စစ်သူကြီးလီ သေသွားခဲ့ပြီ။ မြောက်ပိုင်း ကျောင်းတော်ငါးခု ခေါင်းဆောင်က တစ်ချက်တည်းနဲ့ သတ်ဖြတ်သွားတာ။

မြို့စောင့်တပ်တွေ ကြည့်ရင်း ဘာလုပ်ရမယ် မသိ ဖြစ်နေခဲ့တယ်။ ပုံမှန် အခြေအနေမျိုးမှာ ဆိုရင်။ သူတို့ ခေါင်းဆောင်ကို သတ်သွားတဲ့ သူကို ဖမ်းဆီးကြမှာပဲ။ ဒါပေမယ့် အခုတော့ သူတို့ ရင်ဆိုင်ရမယ့်သူက စုချင်း ဖြစ်နေတယ်လေ။ စုချင်းရဲ့ ပြောစကားတွေ အကုန်လုံးကို သူတို့ ကြားတယ်။

မြောက်ပိုင်းလူရိုင်း နိုင်ငံက ရန်မြို့တော်ကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်။ နောက်ပြီးတော့ သူတို့ အားလုံးက မျက်စိရှေ့မှာ ရောက်နေပြီ။ လူတစ်သိန်းပါတဲ့ စစ်တပ်ကြီး။ မြို့တော် ဂိတ်ကြီး လေးခုမှာ စောင့်ကြပ်နေတဲ့ မြို့စောင့်တပ် အင်အားကထောင်ချီပဲ ကျန်တော့တယ်။ ဒီလို အင်အားကြီးကို သူတို့ ဘယ်လို ခုခံနိုင်မှာလဲ။

“ ပြသဒ် မီးတောက်ကို ထွန်းညှိလိုက်။”

“ မြန်မြန်။ တပ်တွေ အားလုံးကို စုဝေးပြီး ရန်မြို့တော်ကို ကာကွယ်ဖို့ ဆင့်ခေါ်လိုက်။ ”

မြို့စောင့်တပ်တွေ နောက်ဆုံးမှာတော့ လှုပ်ရှားကြတော့တယ်။ ထုံးစံ အတိုင်း ဒီလို အခြေအနေမျိုးမှာ သူတို့က ဆုံးဖြတ်ချက် မချနိုင်ဘူးလေ။ ဒီ လုပ်ရပ်တွေ အားလုံး အတွက် တစ်ယောက်ယောက်ကတော့ တာဝန် ခံရမယ်။ ဒီနေ့ ကိစ္စအတွက် တာဝန် ယူရမယ့် သူကတော့ စုချင်း။ အဲ့ဒီ့တော့ သူတို့တွေ ဘာကို စိတ်ပူစရာ ရှိအုန်းမှာလဲ။ ဧကရာဇ်က တစ်ယောက်ယောက်ကို ဒ ီကိစ္စ အတွက် အပြစ် တင်ရင်တောင် ။ ပထမဆုံး အပြစ် တင်ခံရမယ့်သူက စုချင်း ဖြစ်လိမ့်မယ်။ သူ့တို့ကို အမိန့်ပေးတာ သူလေ။ အမိန့်မနာခံရင် အသတ်ခံရမှာ။

“ အမိန့်ချမယ်။ ပြသဒ် မီးတောက်ကို ထွန်းညှိလိုက်။”

“ ပြသဒ်မီးတောက်ကို ထွန်း။”

အသံတွေ အရှေ့ဂိတ်မှာ ဆူညံနေခဲ့တယ်။ သူတို့တွေ ပြသဒ်မီးတောက်ကို ထွန်းညှိဖို့ ကြိုါ်စားနေကြတယ်။ တစ်ချို့ စစ်သည်တော် တွေကတော့ လက်ထဲမှာ သတင်း ပို့ အလံတွေကို ကိုင်ထားခဲ့တယ်။ ခပ်မြန်မြန်ပဲ ပြသဒ်မီးတောက်ကို ထွန်းညှိလိုက်တယ်။

အနရက်ရောင်မီးခိုးတွေ ကောင်းကင်ကို ထိုးတက်သွားတယ်။ အရမ်းကို ထူထဲတဲ့ မီးခိုးတွေ။ ညလေအေးအေး အောက်မှာ မီးခိုးတွေ ပျောက်ကွယ်သွားတယ်။ တစ်ချိန်တည်းမှာပဲ မျက်စိ ကန်းလောက်အောင် တောက်ပတဲ့ လျှပ်စီး အလင်းတန်းကြီး ကောင်းကင်မှာ ပေါ်လာတယ်။ ကြယ်ကျွေသလို အသွင်နဲ့ အလင်းတန်းတွေက ကောင်းကင်မှာ ညီညီညာညာ ပျံ့နှံ့နေတယ်။

ဒီမြင်ကွင်းကို မြင်တော့ စုချင်း ပြုံးနေခဲ့တယ်။ ပြသဒ် မီးတောက်က နောက်ဆုံးတော့ အချက်ပြပြီ။ နိုင်ငံ တစ်ဝှမ်းလုံးက စစ်တပ်တွေအကုန်လုံး ရန်မြို့တော်ကို အသော့နှင်လာတယ်။ သူတို့ ဘာကိစ္စကိုပဲ ဆောင်ရွက်နေ ပါစေ။ ဒီ မီးတောက်ကို မြင်ရင် ကိစ္စတွေ အကုန်လုံးကို ရပ်တန့်ပြီးတော့ ပြန်လာရမှာ အမှန်ပဲ။

“ အမတ်မင်းစု ။ မြောက်ပိုင်း လူရိုင်း တပ်ကြီးက နီးကပ်လာနေပါပြီ။ ဒီ အခြေအနေကို အရှင် မင်းကြီးဆီ တင်ပြဖို့ တစ်ယောက်ယောက်ကို လွှတ်သင့်လား။” စစ်သူကြီး တစ်ယောက် စုချင်းကို မေးတယ်။

“ ပုံမှန် အတိုင်းဆိုရင်တော့ လွှတ်သင့်ပါတယ်။ ဒါပေမယ့် ငါတို အရင်ဆုံး ခုခံ စစ်ကို ခိုင်မာအောင် လုပ်ပြီးတော့မှ သူတို့ အကြံအစည်ကို ရှင်းလင်း အောင် လုပ်ရမယ်။ ငါတို့ အလောတကြီး လုပ်ဆောင်ရင် သူတို့ ထောင်ချောက်ထဲကို ရောက်သွားလိမ့်မယ်။ ” စုချင်း ပြန်ဖြေတယ်။

“ ထောင်ချောက်။” စစ်သူကြီး ကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံပဲ။ မ

“ ဟုတ်တယ်။ မြောက်ပိုင်း လူရိုင်းတွေရဲ့ လုပ်ရှားမှုကို ငါသိထားတာ ကြာလှပြီ။ ဒါပေမယ့် သူတို့ ဘယ်လို တိုက်ခိုက်မလဲ ဘယ်သူမှ မသိနိုင်ဘူး။ အကယ်၍ မြို့တော် ဂိတ်တံခါးကို တိုက်ခိုက်တာက အရှင် မင်းကြီး ကို တိုက်ခိုက်ဖို့ အယောင်ပြ သက်သက် လုပ်တာ ဖြစ်နေရင်။ အရှင် မင်းကြီးဆီကို သတင်းပို့တာက ထောင်ချောက်ထဲ ဝင်လာအောင် လုပ်တာပဲ။ ” စုချင်း ရှင်းပြတယ် ။

“ အမတ်မင်း စု ပြောတာ မှန်တယ်။ ဒါပေမယ့် အယောင်ပြ တစ်ခုသာ မဟုတ်ရင်တော့ ကျွန်တော်တို့ အချိန်ဆွဲနေတာက … ကိစ္စတွေကို ပို ဆိုး မလာစေဘူးလား။” စစ်သူကြီး တုန်ယင်နေတဲ့ အသံ နဲ့ ပြောတယ်။

“ ဒါက အယောင်ပြ တာ ဟုတ် မဟုတ် ငါ စစ်ဆေးလိုက်မယ်။” စုချင်း ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ အမတ်မင်း စု ဘယ်လို များ သေချာနေရတာလဲ ”

“ ကြီးမြတ်သော ရှမင်းဆက် ရဲ့ အမတ်မင်း တစ်ယောက် အနေနဲ့။ ဒီ ကပ်ဆိုး ချိန်ကို ငါ ဦးဆောင်နေတာ ။ ငါ့တာဝန်တွေကို မလစ်ဟင်းစေရဘူး။ မြို့တံခါးတွေကို ဖွင့်လိုက်။ ဒ ီကိစ္စကို ငါကိုယ်တိုင် ဖြေရှင်းမယ်။ ”

“ ဒါက …. အမတ်မင်း စု။ ကျွန်တော် ဒါကို ခွင့်မပြု နိုင်ဘူး။ မြောက်ပိုင်း လူရိုင်းတွေက အရမ်း ရက်စက် ပြီး အင်အား ကြီးတယ်။ အကယ်၍ အမ တ်မင်းစုသာ…” စစ်သူကြီး ဒီ အစီ အစဉ်ကို ချက်ခြင်း ငြင်းပယ်တယ်။ မြောက်ပိုင်း လူရိုင်းတပ်တွေကို တစ်ယောက်တည်း ညှိနှိုင်းမယ်တဲ့လား။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။

“ နောက်ထပ် မပြောနဲ့တော့ ။ ငါ ဆုံးဖြတ်လိုက်ပြီ ။ ” စုချင်း လက်ဝေ့ယမ်း ပြတယ်။ မြို့တံတိုင်း အောက်ဘက်ကို သူဆင်းတယ်။ ဝတ်ရုံနက်တွေလည်း သူ့ နောက်က လိုက်သွားခဲ့တယ်။

စစ်သူကြီးက သူ့နေရာမှာတင် ရပ်နေခဲ့တယ်။ သူ အံ့သြနေတာ အသိအသာကြီ။ စုချင်း ရဲ့ နောက်ကျောကို ကြည့်ရင်း သူ့ ရင်ထဲမှာ အကြောက်တရားတွေ ပေါ်လာခဲ့တယ်။ ဒါပေမယ့် စုချင်း ရဲ့ လုပ်ရပ်က ဘာများ မှားနေလဲ သူ အတိအကျိ မသိဘူး။ အမတ်မင်း စုက အမြဲတမ်း ထက်မြက်ပြီးတော့ သတိကြီးတဲ့သူ မဟုတ်လား။ ဘာကြောင့်များ ဒီလို နည်းလမ်းကို သုံးတာလဲ။ စစ်သူကြီး လက်သီးဆုပ်ရင်း မျက်မှောင်ကြုတ်ထားတယ်။ စုချင်းရဲ့ လှုပ်ရှားမှုတွေကို သူ ပိုသိချင်တယ်။ ဒါပေမယ့် စုချင်းက မြို့နံရံကနေ ဆင်းသွားခဲ့ပြီ။ နောက်ပြီးတော့ စစ်သူကြီးလီလည်း သေသွားခဲ့ပြီ။ ဒါကြောင့် စုချင်းက မြို့စောင့်တပ်တွေကို ဦးဆောင်သူနေရာမှာ ရှိနေတယ် ။ စစ်သည် တစ်ယောက် အနေနဲ့ အမိန့်ကို သူ မလွန်ဆန်နိုင်ဘူး။

“ မြို့တံခါးတွေကို ဖွင့်လိုက်။”

“ အမတ်မင်းစု က မြောက်ပိုင်းသားတွေနဲ့ ညှိနှိုင်းလိမ့်မယ်။ မြို့တံခါးတွေကို ဖွင့်။”

အမိန့်သံ ထွက်လာတဲ့ အချိန်မှာပဲ မြို့တံခါးတွေ ပွင့်သွားခဲ့တယ်။ အေးစက်တဲ့ ညလေအေးက သူတို့ မျက်နှာတွေကို ပွတ်တိုက်နေတယ်။ မရေမတွက်နိုင်တဲ့ ဝတ်ရုံနက်တွေ မြို့ထဲကို တဟုန်ထိုး ဝင်လာခဲ့တယ်။ လက်ထဲမှာ အနက်ရောင် လှံတွေကို ကိုင်ထားတဲ့ သူတို့ရဲ့ လူသတ်ငွေ့တွေက ပြင်းထန်လွန်းတယ်။ စုချင်းက နီးကပ်လာတဲ့ ဝတ်ရုံနက်တွေကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ ဖြည်းဖြည်းချင်း လှုပ်ရှားတယ်။ မြို့တံခါးကို ဖြတ်ထွက်တယ်။ သူ့နောက်က ဝတ်ရုံနက်တွေ လိုက်မလာကြဘူး။ မြို့တံခါးပေါ်မှာပဲ ရပ်ကျန်နေခဲ့တယ်။ စုချင်းရဲ့ ရဲရင့်တဲ့ လှုပ်ရှားမှုကြောင့် မြို့စောင့်တပ်တွေ ကြောက်လန့်နေကြတယ်။

“ မြို့တံခါးတွေကို ပိတ်လိုက်။”

“ နေအုန်း။” ဝတ်ရုံနက် တစ်ယောက်အော်ပြောတယ်။ သူ့မျက်လုံးထဲမှာ ဓားသွားတွေ တဖျပ်ဖျပ် ပြေးနေခဲ့တယ်။ သူ့အကြည့်ကြောင့် မြို့စောင့် စစ်သည် ကျော်ရိုးထဲကနေ ချမ်းစိမ့်သွားတယ်။ ဒီ ဝတ်ရုံနက်ကို သူ ပြန်မေးခွန်း မထုတ်ဝံ့ဘူး။

“ အမတ်မင်းစု ပြန်မလာခင် အထိ မြို့တံခါးတွေကို မပိတ်ကြနဲ့။” ဝတ်ရုံနက် ပြန်ဖြေတယ်။

“ ဒါ … ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ အကယ်၍ ငါတို့သာ ဒီ ဂိတ်တံခါးတွေကို ဖွင့်ထားရင် ။ မြောက်ပိုင်း သား လူရိုင်းတွေ ထိုးဖောက် ဝင်လာမှာပဲ။” မြို့စောင်တ့ပ် တစ်ယောက် ပြောတယ်။ ဒါပေမယ့် သူ့ စကား မဆုံးသေးခင် အချိန်မှာပဲ။ တောက်ပတဲ့ အလင်းတန်းကို မြင်လိုက်ရတယ်။ ရွှမ်း။ ဓား တစ်ချောင်းက သူ့ လည်ပင်းကို ထွင်းဖောက်သွားခဲ့ပြီ။ ဒီ တိုက်ခိုက်မှု့ ဝတ်ရုံနက်လုပ်တာပဲ။ မြို့စောင့် စစ်သည်ရဲ့ ဒဏ်ရာကနေ သွေးတွေ စီးကျလာတယ်။ တခြား မြို့စောင့်တပ်တွေကတော့ ဒီ မြင်ကွင်းကို မယုံနိုင်ကြဘူး။

“ ဘာ … ဘာကြောင့်လဲ။”

ဘုန်း.. ။ မြို့စောင့်စစ်သည်တော် မြေပြင်ပေါ်ကို လဲကျ သေဆုံးသွားတယ် ။ မြို့စောင့်တပ်တွေ ချက်ခြင်း နောက်ပြန် ဆုတ်သွားကြတယ်။ သူတို့ မျက်လုံးတွေက ကြောက်လန့်မှုတွေနဲ့ ပြည့်နှက်နေတယ်။ သဘောထား မတိုက်ဆိုင်တာကြောင့် စစ်သည်တော်ကို သတ်တာက အခုခေတ်မှာ ရှားပါးတယ်။

“ မင်းတို့ ကောင်တွေ ကြောက်တယ်လား။” ဝတ်ရုံနက် သူ့ ဓားက သွေးစက်တွေကို ခါချတယ်။ တစ်ချိန်တည်းမှာပဲ ။ တခြား မြို့စောင့်တပ်တွေကို ကြည့်ရင်း မေးတယ်။

“ မကြောက်ဘူး။” မြို့စောင့်တပ်တွေ ချက်ခြင်း ပြန်ဖြေတယ်။

“ ကြီးမြတ်သော ရှမင်းဆက် ရဲ့ စစ်သည်တော် တွေ အနေနဲ့ မင်းတို့ ကောင်တွေ နိုင်ငံအတွက် သေဝံ့ကြတယ် မဟုတ်လား။ အမတ်မင်း စုက ငါတို့ နိုင်ငံ အတွက် သူ့အသက်ကို စွန့်စား နေရတာ။ ဒါကို ဘယ်သူကများ မြို့တံခါး ပိတ်ဖို့ ပြောဝံ့တာလဲ။ ” ဝတ်ရုံနက်ပြောတယ်။

“ ဒါက…”

“ သူသေသင့်တယ်။ ”

“ ဟုတ်တယ်။ သူ သေသင့်တယ်။”

မြေပြင်ပေါ်က လတ်လတ်ဆတ်ဆတ် သွေးတွေကို ကြည့်ရင်း မြို့စောင့်တပ်တွေ ပါးစပ်ပိတ်နေခဲ့တယ်။

“ အကယ်၍ မြောက်ပိုင်း ဒေသ လူရိုင်းတွေ သာ ရန်မြို့တော်ကို တကယ်ပဲ တိုက်ခိုက်လာရင် ငါတို့ တတ် နိုင်သလောက် အားကုန်သုံးပြီး ကာကွယ်ရမှာပဲ။ မင်းတို့ကောင်တွေ အချိန်ကျလာရင် မြို့တံခါးတွေကို ပိတ်နိုင်အုန်းမှာလား။ နားလည်ရဲ့လား။” ဝတ်ရုံနက် အေးစက်စက် ပြောတယ်။

“ နားလည်ပါပြီ။” မြို့စောင့်တပ်တွေ တညီတညွှတ်တည်း ပြန်ဖြေတယ်။ သူတို့ မှာ ရွေးချယ်စရာမရှိဘူး။ နောက်ဆုံးတော့လည်း ဒီ အမိန့်ကို မနာခံရင် သေသွားတဲ့ စစ်သူကြီးတွေ နောက်ကို လိုက်ရမှာလေ။ ဒါကြောင့် ရွေးစရာက တစ်ခုပဲ ရှိတယ်။ နောက်ပြီးတော့ စုချင်းကလည်း မြို့တံခါးကနေ ထွက်သွားပြီ။ ဝတ်ရုံနက်တွေကလည်း မြောက်ပိုင်း သားတွေသာ တကယ် တိုက်ခိုက်လာရင် သူတို့ အရင်ဆုံး ခုခံ တိုက်ခိုက ပေးမယ်လို့ ပြောခဲ့တယ်။ ဒီ အချက် မှန်ကန်ပါစေ လို့ပဲ မျှော်လင့်ရမြှ။

ညက အေးချမ်းတယ်။ လေအေးအေးက ဝေ့၀ဲ တိုက်ခတ်နေခဲ့တယ်။ ရန်မြို့တော် တစ်ခုလုံး အရိုးကွဲ မတတ် ချမ်းစိမ့် နေခဲ့တယ်။ စုချင်းကတော့ သပ်ရပ်တဲ့ အမတ်မင်း ဝတ်စုံကို ဝတ်ထားပြီးတော့ မြို့တံခါး အပြင်မှာ ရပ်နေခဲ့တယ်။ တစ်ချက်လေးတောင် ကြောက်ရွံ့တဲ့ ပုံစံမရှိဘူး။ ဝတ်ရုံနက်တွေလည်း နီးကပ်လာခဲ့ပြီ။ မြို့ကို ကာကွယ်ထားတဲ့ မြစ်ပြင်ကျယ်ကြီးကို ဖြတ်သန်းရင်း စုချင်း ရပ်နေတဲ့ နေရာကို ရောက်လာကြတယ်။

“ မြားသည်တော်တွေ ပြင်ဆင်ကြ။” စစ်သူကြီးတွေ အမိန့်ပေးတယ်။ မြားတွေ အပြင် ပွက်ပွက်ဆူနေတဲ့ ဆီတွေကိုလည်း ပြင်ဆင်ထားခဲ့တယ်။ ဒါတွေ အားလုံးက ဖြစ်လာမယ့် တိုက်ပွဲ အတွက် ကြိုပြင်ဆင်ထားတာပဲ။ နောက်ဆုံးတော့ ဝတ်ရုံနက်တွေက စုချင်းကို ဖြတ်သွားတယ်။ မြို့ဂိတ်တံခါးစီ ပြေးဝင်လာတယ်။ သူတို့တွေ မရပ်တန့်ကြ။ စုချင်းကို မြင်ကြတဲ့ ပုံလည်း မပေါ်ဘူး။ တိမ်စိုင် မည်းမည်းတွေက ရူးလောက်တဲ့ အရှိန်နှုန်းနဲ့ ရွေ့လျားနေသလိုပဲ။ ဒီ မြင်ကွင်းက မြို့စောင့်တပ်တွေကို တုန်လှုပ်စေတယ်။ ဒီ မြောက်ပိုင်း တပ်တွေက စုချင်းကို လျစ်လျူရှုထားမယ်လို့ သူတို့ မထင်မှတ်ထားခဲ့မိဘူး။

“ မကောင်းတော့ဘူး။ မြို့တံခါးတွေကို ပိတ်လိုက်ကြ၊” စစ်သူကြီး ချက်ခြင်း အော်တယ်။ ဒါပေမယ့် ဘယ်စစ်သည်တော်မှ မလှုပ်ရှားကြဘူး။ အမိန့်ကို မကြားတဲ့ အတိုင်းပဲ။

“သေစမ်း။ မင်းတို့ကောင်တွေ နားကန်းနေကြလား။” စစ်သူကြီး လှမ်းအော်တယ်။ မြို့တံတိုင်းပေါ်ကနေ သူ ဆင်းဖို့ ပြင်တယ်။ ဒီ အချိန်မှာပဲ တားမြစ်ခံလိုက်ရတယ်။

“ ဘာဖြစ်နေလို့လဲ။” ဝတ်ရုံနက်မေးတယ်။

“ မြောက်ပိုင်းသားတွေ စုချင်းကို ဖြတ်ပြီးတော့ ရောက်လာပြီ ။ မြို့တံခါးတွေကို ငါတို့ ပိတ်….”

စကား မဆုံးခင် အချိန်မှာပဲ လည်ပင်းက အေးစက်မှုကို ခံစားလိုက်ရတယ်။ သွေးတွေ သူ့ရင်ဘတ်မှာ စီးကျနေပြီ။ မြန်ဆန်တဲ့ အသေသတ် တိုက်ကွက်တစ်ခုပဲ။ သူ့ ဒဏ်ရာကို လက်နဲ့ ဖိထားရင်း စစ်သူကြီး စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် ဝတ်ရုံနက်ကတော့ အာရုံ စိုက်ပုံ မပေါ်။ စစ်သူကြီးရဲ့ နဖူးကို လက်နဲ့ ဖိပြီးတွန်းလိုက်တယ်။ စစ်သူကြီး ရင်ဘတ်က ဓားကို ပြန်နှုတ်လိုက်တယ်။ ဝတ်ရုံနက် သူ့ ဓားကို လေထဲမှာ မြှောက်လိုက် ပြန်တယ်။

“ သခင်… ဘာ ာ… ဘာ လုပ်နေတာလဲ။” မြို့စောင့်တပ် ဒီ အခြေအနေကို နားမလည်နိုင်သေးဘူး။ ဘာတွေ ဖြစ်နေတာလဲ။ စုချင်းရဲ့ နောက်လိုက်တွေက စစ်သူကြီးကို ဘာလို့ တိုက်ခိုက်တာလဲ။ သူတို့တွေက အယောင်ဆောင်တွေလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။

အမတ်မင်း စုက သူ့ အသက်ကို တောင် နိုင်ငံ အတွက် ရင်းထားတာ ။ မြောက်ပိုင်း လူရိုင်းတွေ ရဲ့ လက်ထဲမှာ သူပျောက်ကွယ်သွားပြီလေ။ မြှုပ်စရာ အလောင်းတောင် ရှာတွေ့မှာ မဟုတ်ဘူး။ အခုတော့ သူ့ နောက်လိုက်တွေက စစ်သူကြီးကို သတ်တယ်ဆိုတော့ ဘာတွေ ဖြစ်ကုန်တာလဲ၊

မြို့စောင့်တပ်တွေ တကယ့်ကို နားမလည်နိုင်ဘူး ။ ဒါပေမယ့် သူတို့ စစ်သူကြီးက ပထမဆုံး အသတ်ခံရတဲ့သူ မဟုတ်ဘူးလေ။ စစ်သူကြီးလီကို သတ်တုန်းကတော့ အကြောင်းပြချက်ရှိသေးတယ်။ အခုတော့ မြို့တံခါးမှာ အကြောင်းရင်း မဲ့ သတ်ဖြတ်တာတွေ ဖြစ်နေခဲ့ပြီ။ သူတို့တွေ မေးခွန်း ထုတ်ချင်ပေမယ့် မထုတ်နိုင်ဘူး။

ဝတ်ရုံနက်တွေ ရဲ့ လှုပ်ရှားပုံက အရမ်းကို မြန်ဆန်ပြီး အညှာအတာ ကင်းမဲ့တယ်။ အညှာအတာ မဲ့လွန်းလို့ မြို့စောင့်တပ်တွေ တောင် တုန်ယင် ကြောက်လန့်နေရအထိပဲ။ အချိန်တွေ အေးခဲသွားသလို သူတို့ ရပ်တန့်နေကြတယ်။ သူတို့ရဲ့ စစ်သူကြီးတွေ က ဝတ်ရုံနက်တွေရဲ့ လက်ထဲမှာ သေကုန်ကြပြီလေ။ မြို့စောင့်တပ် တစ်ချို့ပဲ ဒီ အခြေအနေကို တုံ့ပြန်နိုင်တယ်။ ဘယ်လိုပဲ အကြောင်းရင်း ရှိရှိ။ ဒီလို လက်လွတ်စပယ် သတ်ဖြတ်တာမျိုးက မဖြစ်သင့်တာပဲလေ။

“ ရပ်လိုက်။”

“ မင်းတို့ ဘာတွေ လုပ်နေတာလဲ။ ရူးကုန်ပြီလား။”

“ မြန်မြန်။ ဒီ အရူးကောင်းတွေကို ထိန်းကြ။”

ကျန်တဲ့ မြို့စောင့်တပ်တွေ လှုပ်ရှားဖို့ ပြင်တယ်။ ဒါပေမယ့် ဝတ်ရုံနက် နဲ့ သူ့ ရဲ့ နောက်လိုက် နောက်ပါ ဆယ်ယောက်က အရမ်းကို မြန်ဆန်တယ်လေ။ ဓား ဝေ့ယမ်း သံတွေ ထွက်ပေါ်လာတယ်။ မြို့စောင့်တပ်တွေ သွေးအိုင်ထဲမှာ လဲကျ သေဆုံး ကုန်တယ်။ ဓား အလင်းတန်းကို သူတို့ သတိထားမိတဲ့ အချိန်မှာတော့ သူတို့တွေ မျက်လုံး ပြူးရင်း အသက်ပျောက်ကုန်ကြပြီလေ။

“ ဒါတွေက ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေပဲ။”

“ ဘာ ဘာဖြစ်တယ်။ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေက အမတ်မင်းစုရဲ့ လက်အောက်မှာ။ ဘာတွေ ဖြစ်နေကြတာလဲ။”

“ နောက်ပြီးတော့ ဆယ်ယောက်ကျော်တောင်။”

မြို့စောင့်တပ်တွေ သူတို့ မြင်ရတာကို နားမလည်နိုင်သေးဘူး။ စုချင်းက မြောက်ပိုင်း ကျောင်းတော် ငါးခုရဲက ခေါင်းဆောင် ဖြစ်ပေမယ့်။ ပြန်လည်မွေးဖွားမှု အဆင့် ကိုယ်ရံတော်တွေ ရှိနေတာက အံ့သြစရာကြီး။ ဒီ လူ ဆယ်ယောက်ကို သူ ဘယ်လိုများ စုဆောင်းထားတာလဲ။ ဒါက မတွေးဝံ့စရာ ကိစ္စ တစ်ခုပဲ။ ကြီးမြတ်သောရှမင်းဆက် မှာတောင် ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူက အယောက် တစ်ရာ မပြည့်ဘူး။

မြို့စောင့်တပ်တွေ ပြန် တိုက်ခိုက်တော့တယ်။ ဒါပေမယ့် ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေရဲ့ သတ်ဖြတ်မှုကိုတော့ သူတို့ ဘယ်လို ခုခံ နိုင်မှာလဲ။ ဓား အလင်းတစ်ချက် လက်တိုင်း အသက် တစ်ချောင်း ပျောက်သွားတယ်။ လရောင်အောက်က ဓား အလင်း ရောင်ပြန်မှု တစ်ချက် စီတိုင်းမှာ လူတစ်ယောက် သေဆုံး နေတယ်။

လတ်လတ်ဆတ်ဆတ် သွေးတွေရဲ့ အနံ့က လေထုထဲ ပျံ့နှံ့နေခဲ့တယ်။ သွေး စွန်းနေတဲ့ မြို့တံခါး ကြီးက အတိတ်က ဒဏ်ရာဟောင်းတွေကို ပြန်တူးဆွ နေသလိုပဲ။ ပြင်းထန်တဲ့ စစ်ပွဲကြီး အောက်က ဓားသွားထက်မှာ မြို့တော်ကြီး နောက်တစ်ခေါက် လောင်ကျွမ်းရပြန်ပြီ။

အော်ဟစ်သံတွေ လေထဲမှာ ပျံ့နှံ့လာတယ်။ တစ်ချိန်တည်းမှာပဲ။ မြို့တံခါး အပြင်က ဝတ်ရုံနက်တွေ မြို့ထဲကို အလုံးအရင်းနဲ့ ဝင်လာခဲ့တယ်။ ရန်မြို့တော်ရဲ့ လမ်းတွေမှာ ဝတ်ရုံနက်တွေ ပြည့်သွားခဲ့တယ်။ သူတို့ ရဲ့ လှံနက်တွေကို ဖုံးအုပ်ထားတဲ့ အဝတ်စတွေကို ချွတ်ပြစ်လိုက်ပြီ။ တောက်ပတဲ့ လှံတွေက လရောင်အောက်မှာ ပေါ်လာခဲ့တယ်။ ဒီ အေးစက်စက် လှံတွေက ပူနွေးတဲ့ သွေးတွေ စွန်းထင်းနေခဲ့တယ်။

“ အမိန့်ကို နာခံကြ။ တိုက်ပွဲကို ဆယ့် ငါးမိနစ်အတွင်း အပြီးသတ်မယ်။”

“ အမိန့်တော် အတိုင်းပါ။” တစ်ညီတစ်ညွှတ်တည်း အော်သံ ထွက်လာတယ်။ ရန်မြို့တော်က မြို့တော်သူ မြို့တော်သားတွေရဲ့ အသက်ကို နှုတ်ယူရင်း အပြစ်ကင်းစင်တဲ့ ပြည်သူတွေရဲ့ သွေးက သူတို့ ဝတ်ရုံနက်တွေမှာ စိုရွှဲကုန်တယ်။ ဝတ်ရုံနက် အောက်မှာ ထူထဲတဲ့ သံချပ်ကာတွေကို ဝတ်ဆင်ထားကြတယ်။

အပိုင်း(၅၆၉)ပြီး၏။

အပိုင်း (၅၇၀)

“ နတ်ဆိုးဘုရင် ထွက်ပေါ်လာပြီ။”

ဒါက လူမျိုးတုံး သတ်ဖြတ်မှုပဲ။ ခုခံမှု တစ်ခုတောင် မရှိတဲ့ သတ်ဖြတ်မှုကြီး ။ မြို့စောင့်တပ်တွေ ပြစ် လိုက်တဲ့ မြားမိုးတွေက ကောင်းကင်ကနေ ဆင်းသက်လာတယ်။ ဝတ်ရုံနက်တွေရဲ့ သံချပ်ကာတွေကို ဖောက်ထွင်းသွားပြီးတော့ သူတို့ကို မြေပြင်ပေါ်မှာ အလဲလဲ အပြိုပြို ဖြစ်စေတယ် ။

မြို့စောင့်တပ်တွေက ထိပ်တန်း တပ်တွေပဲလေ။ သူတို့ က စစ်နတ်ကျောင်းတော်ရဲ့ တောင်ဖြို တပ်ဖွဲ့ ။ နတ်ဆိုးကျောင်းတော်က တပ်နီတော်တွေ လောက် မထူးချွန်ပေမယ့် ထိပ်တန်း စစ်သည်တော်တွေပဲ။ ရန်မြို့တော်ရဲ့ ထိပ်တန်း စစ်သည်တော်တွေ။

ဒါပေမယ့် စစ်သူကြီးလီကတော့ စုချင်းရဲ့ ဓားချက် အောက်မှာ အသက်ပျောက်သွားခဲ့ပြီ။ သွမ့်အရှင်ကလည်း နန်းတော်ကို စစ်ကူပေးဖို့ အတွက် တပ်အင်အား အများကြီး ခေါ်သွားခဲ့တယ်။ ဒါက သူတို့ရဲ့ အင်အားကို လျော့ကျစေတယ်။ ဝတ်ရုံနက်တွေကို တတ်စွမ်းသလောက် အင်အားနဲ့ ခုခံ နေတုန်းပဲ။ ဘယ် မြို့စောင့် စစ်သည်ကမှ ထွက်မပြေးခဲ့ဘူး။ ပြန်လည် မွေးဖွားမှု အဆင့် ဝတ်ရုံနက်တွေနဲ့ မြောက်ပိုင်း လူရိုင်းတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေခဲ့တယ်။ လှံတွေကို အသင့်ပြင်ထားရင်း မြားတွေကို ဆက်တိုက် ပြစ်ခတ်နေခဲ့တယ်။

“ သူတို့ အားလုံးကို သတ်ကြ။”

နားကန်းလောက်စေတဲ့ အော်သံကြီးက ရန်မြို့တော် ထဲမှာ ပဲ့တင် ထပ်နေခဲ့တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အမတ်မင်းတွေ မြင့်မြတ်ဂုဏ်ခံတွေ နိုးလာကြတယ်။ သူတို့ အိမ်တော်တွေကနေ ထွက်လာပြီး ဓားတွေကို ဆွဲကိုင်ရင်း တိုက်ခိုက်ဖို့ အသင့်ပြင်နေကြတယ်။

“ရန်မြို့တော်ကို ကာကွယ်ကြ။”

“ ဂိတ်တံခါး ပွင့်သွားပြီ။ ကျူးကျော်သူတွေ ဝင်လာပြီ။ သူတို့ အားလုံးကို သတ်ာက။”

“မြန်မြန်။ နန်းတော်ထဲမှာ ဘာတွေ ဖြစ်နေလဲ ဘယ်သူမှ မသိဘူး။ အခြေအနေကို ဧကရာဇ် ဆီ သတင်းပို့ဖို့ လူလွှတ်လိုက်။”

“ အမိန့်တော် အတိုင်းပါ။”

အသံတွေ မြို့တော်တစ်ခုလုံး ဆူညံနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လူတွေ အများကြီး ရန်မြို့တော်ရဲ့ လမ်းတွေမှာ ထွက်ပေါ်လာကြတယ်။ တစ်ချို့ သူတွေက ဓားမြှောင်တွေကို ကိုင်ထားကြသလို။ အမတ်မင်းတွေကတော့ ဓားရှည်တွေကို ကိုင်ဆွဲရင်း နန်းတော်ထဲကို တဟုန်ထိုး ပြေးသွားနေကြတယ်။

အိပ်ပျော်နေတဲ့ တော်ဝင် ခြင်္သေ့ကြီး တစ်ကောင် (တနည်းအားဖြင့် ကြီးမြတ်သောရှ နိုင်ငံတော်ကြီး) တစ်ပြိုင်နက်တည်း နိုးထလာတယ်။

ရန်မြို့တော် ဂိ်တ်မှာတော့။ တိုက်ပွဲက အဆုံးသတ်တော့မယ်။ ဝတ်ရုံနက်တွေက အရမ်းကို များလွန်းတယ်လေ။ သူတို့တွေက အင်အားကော စွမ်းရည်ပါ သာတယ်။ ပြန်လည်မွေးဖွားမှု အဆင့် ဝတ်ရုံနက်တွေကလည်း ဆက်တိုက် သတ်ဖြတ်နေကြတယ်။ မြို့စောင့်တပ်တွေရဲ့ စွမ်းရည်ကလည်း အကန့်အသတ်ရှိတယ်လေ။ ဒါပေမယ့် သူတို့ မသန်မာတာ မဟုတ်ဘူး။ ကံကြမ္မာ အချိန် နေရာ တွေကြောင့် ဒီတိုက်ပွဲမှာ ကံခေခဲ့တာ။ သူတို့တွေက ကြီးကြပ်သူရဲ့ အမိန့်ကို နာခံတဲ့ တပ်သားငယ်တွေ ဖြစ်နေတာကြောင့်လဲ ပါတယ်။

ဒီ အကြောင်းရင်း ကြောင့်သာ မဟုတ်ရင်။ စုချင်း အမိန့် ပေးတည်းက သူတို့တွေ မေးခွန်းထုတ်ပြီးတော့ သူ့ကို နေရာမှာတင် ဖမ်းဆီး လိုက်မှာပဲ။ သူတို့တွေက ထိပ်တန်း စစ်သည်တော်တွေ ဖြစ်နေပင်မယ့် တစ်ခါတလေမှာ ရာထူး အဆင့်အတန်းက ပိုအရေးပါနေခဲ့တယ်။ ကိုယ်ခန္ဒာတွေက မြေပြင်ပေါ်မှာ ပျံ့ကျဲသွားတယ်။ မြို့တံခါး တစ်ခုလုံး သွေးနီတွေ လွှမ်းနေခဲ့ပြီ။ ဝတ်ရုံနက်တွေ ကြားမှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။ သူဝတ်ထားတဲ့ ကြီးမြတ်သောရှ အမတ်မင်းဝတ်ရုံက မျက်စိ စပါးမွှေးစူးချင်စရာပဲ။

“အမတ်မင်းစု… မင်း..” စစ်သူကြီး တစ်ယောက် စုချင်ကို မြင်တော့ မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ စကားဆိုရင်း အသက်ပျောက်သွားခဲ့တယ်။ ဘာကြောင့်လဲ။ မြောက်ပိုင်း ကျောင်းတော်ငါးခု ခေါင်းဆောင်က နိုင်ငံကို ဘာလို့ သစ္စာဖောက်ထားလဲ။ လက်ထဲမှာ ဓားတစ်ချောင်းကို ကိုင်ထားတဲ့ စုချင်းကတော့ အသက်ပျောက်သွားတဲ့ စစ်သူကြီးကို ကြည့်ရင်း ပြောတယ်။ “ သစ္စာတရားက မင်းကို သေစေတဲ့ အပြစ်ပဲ။”

“ သခင်။ အရှေ့နဲ့ တောင်ဂိတ်ကတော့ ကျွန်တော်တို့ လက်ထဲမှာ ရောက်နေပါပြီ။ အနောက်ဂိတ်ကိုလည်း ရတော့ပါမယ်။ မြောက်ပိုင်း ဂိတ်တစ်ခုတည်း ခက်ခဲနေတယ်။” ဝတ်ရုံနက်က စုချင်းကို သတင်းပို့တယ်။

“ သခင် ။ ရန်မြို့တော်က ပြည်သူတွေနဲ့ မြင့်မြတ်ဂုဏ်ခံတွေ အများကြီး ကျွန်တော်တို့ ဆီကို လာနေပါတယ်။” နောက်ထပ် ဝတ်ရုံနက် တစ်ယောက် သတင်းပို့ပြန်တယ်။

“ အင်း… ဒါတွေ အားလုံး ငါခန့်မှန်း ထားပြီးသား။ အစီအစဉ်အတိုင်း ဆက်လုပ်မယ်။” စုချင်းက ဒီ သတင်း နှစ်ခုကို မအံ့သြဘူး။

“ အမိန့်တော် အတိုင်းပါ“ ဝတ်ရုံနက် နှစ်ယောက် တလေး တစားနဲ့ ပြန်ဖြေတယ်။ အဲ့ဒီ့နောက် မရေမတွက်နိုင်တဲ့ ထူးဆန်း ကြေး အစိတ်အပိုင်းတွေ သူတို့ လက်ထဲမှာ ပေါ်လာခဲ့တယ်။ ဒီ အစိတ် အပိုင်းတွေကို မြို့တံခါးနဲ့ တွဲစပ်လိုက်ကြတယ်။ မြို့တံခါးက ကျောက်တုံးတွေ သတ္တုတွေနဲ့ လုပ်ထား။ ဒီကြေး အပိုင်းအစတွေ တပ်လိုက်ပြီးနောက်မှာတော့ တံခါး တစ်ခုလုံး အစိမ်းရောင် ပြောင်းသွားခဲ့တယ်။ အလင်းတန်းရဲ့ တောက်ပမှုကလည်း အချိန်နဲ့ အမျှ တိုးလာခဲ့တယ်။ ၁၅ မိနစ် အတွင်းမှာ ဂိတ်တံခါးက လုံး၀ ပြောင်းလဲသွားတယ်။ အစိမ်းရောင် အလင်းတောက်တောက်တွေ ကြေးတံခါး ထဲက ထွက်ပေါ်လာတယ်။

“ ဘာကြီးလဲ။”

“ကြေးတံခါးစိမ်းကြီး။”

“မြို့တံခါး ဘာဖြစ်သွားတာလဲ၊”

မြင့်မြတ်ဂုဏ်ခံတွေ ပြောင်းလဲသွားတဲ့ မြို့တံခါးကို ကြည့်ရင်း အံ့သြနေခဲ့တယ်။

“သူတို့တွေ ဘာပဲ စီစဉ် စီစဉ် သူတို့ အကြံ မအောင်မြင်အောင် ငါတို့ တားရမယ်။”

“ဟုတ်တယ်။ လုပ်ကြစို့။ ” ဝတ်ရုံနက်တွေက မြေပြင်ပေါ်မှာ သပ်သပ်ရပ်ရပ် ရပ်တည်ရင်း စောင့်ဆိုင်းနေကြတာ။

“ သတ်…” ပြည်သူတွေနဲ့ မြင့်မြတ်ဂုဏ်ခံတွေ နီးကပ်လာတာနဲ့ သူတို့ အော်ဟစ်ကြတယ်။ ဘယ်သူ တစ်ဦးတစ်ယောက် ကမှ နောက်မဆုတ်ကြ။ သူတို့ မျက်လုံးတွေ အေးစက်စက် အရှိန်အဝါတွေနဲ့ တောက်ပနေကြတယ်။ နောက်ထပ် သွေးချောင်းစီး တိုက်ပွဲ တစ်ခု ဖြစ်ပြန်ပြီ။ သွေးသံ ရဲရဲ အလောင်းတွေ မြေပြင်ပေါ်မှာ စုပြုံကုန်တယ်။ နာကျင်မှု ကြောင့် အော်ဟစ်သံတွေက ဒီမြို့တော်ကြီးမှာ အရမ်းကို ပြင်းထန်လွန်းတယ်။ ညကိုတောင် အနီရောင် စွန်းသွားစေသလိုပဲ။

“ သူတို့ အားလုံးကို သတ်။”

တိုက်ပွဲခေါ်သံတွေကြားမှာ ကြေးတံခါးကတော့ ပြည့်စုံသွားခဲ့ပြီ။ ကျောက်စိမ်းရင့်ရောင် တောက်ပနေခဲ့တယ်။ အလင်းတန်းက တောက်ပလွန်းလို့ မျက်လုံးတောင် ကန်းတော့ မလိုပဲ။ ဝူး.. ဝူး… ဝူး… ဝူး….။ လေတိုးသံကြီး လေးခု အပြီးမှာတော့ ကျောက်စိမ်းရောင် အလင်း မဏ္ဍိုင်ကြီး လေးခုက ကောင်းကင်ကို ထိုးတက်သွားခဲ့တယ်။ အရှေ့ အနောက် တောင် မြောက် ဂိတ်တွေက ထွက်ပေါ်လာတဲ့ အလင်းတန်းတွေက ။ ရန်မြို့တော်ရဲ့ အလယ်တည့်တည့်မှာ ပေါင်းစုံတယ်။

အဲ့ဒီ့နောက် နောက်ထပ် ကျောက်စိမ်းရောင် အလင်းတန်းကြီး တစ်ခု နန်းတော် အလယ်ကနေ ထွက်ပေါ်လာတယ်။ ညီလာခံ ခန်းမကြီးရဲ့ အလယ်မှာပေါ့။ ညီလာခံ ခန်းမထဲမှာတော့။ ပေါက်ကွဲမှုကြီးကြောင့် လူနှစ်ယောက် ကွဲထွက် သွားခဲ့တယ်။ ရွှေရောင် လူကတော့ ဧကရာဇ် လင်းမုပိုင်ရဲ့ ဘေးနားကို ရောက်သွားတယ်။ ဝတ်ရုံနက်ကတော့ နောက်ကို ခြေလှမ်း နည်းနည်း ဆုတ်သွားခဲ့တယ်။ သူတို့ ခွာသွားခဲ့တဲ့ နေရာမှာတော့ ကြေးစိမ်း တံခါး ရှိနေခဲ့တယ်။ သေရှင် ဂိတ်။

သေရှင်ဂိတ်က ပိတ်သွားခဲ့ပြီ။ ဒါပေမယ့် အခုတော့ မျက်လုံး ကန်းမတတ် ကျောက်စိမ်းရောင် အလင်းတန်းတွေနဲ့ တောက်ပနေခဲ့တယ်။ ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကြုတ်ထားခဲ့တယ်။ ချန်းဖေးဟွားနဲ့ ချန်းဝူရဲ့ တိုက်ပွဲကို ဒီ အလင်းတန်းက နှောက်ယှက်တာမှန်း သူသိတယ်လေ။

“ အရှင်မင်းမြတ်။” သေရှင်ဂိတ်ကို ချန်းဖေးဟွား စိုက်ကြည့်နေတယ်။ အမူအယာမဲ့ သူ့မျက်နှာပေါ်မှာ ထိတ်လန့်မှုတွေကို မြင်သာနေတယ်။

“အဲ့တာသာ ဖြစ်လာခဲ့ရင်..” ဧကရာဇ် လင်းမုပိုင် ခေါင်းခါရင်း ပြောတယ်။ တစ်ချိန်တည်းမှာပဲ သူ့ အိတ်ထဲက အနီရောင် ဆေးလုံးလေးကို ယူသောက်လိုက်တယ်။ သူ ဒဏ်ရာရနေခဲ့တာ အချိန်ကြာပြီ။ ဒါပေမယ့် ီဒီကျောက်စိမ်းအလင်းတန်း ကို မမြင်ခင် အထိ။ ဘာ ဆေးမှ မသောက်ခဲ့ဘူး။

“အဲ့တာ ဘာလဲ။ ” သေရှင် ဂိတ်ကို ကြည့်ရင်း လင်းထျန်းရုံ မေးမိတယ်။ ဒီ အခြေအနေက ခံစားချက် သိပ်မကောင်းဘူး။ သူ့စိတ်ထဲမှာ ထင့်နေတယ်။ ဒါက မရှိသင့်တဲ့ အဖြစ်အပျက်တစ်ခုလိုပဲ။ ဒီအလင်းတန်း ပေါ်လာတည်းက ကျန်ရစ်တဲ့ သားရဲကောင် သုံးကောင် မြေပြင်ပေါ်မှာ ဒူးေထောက်နေခဲ့ပြီ။ သူတို့ မျက်လုံးတွေကို မှိုတ်ထားရင်း တစ်ကိုယ်လုံး တုန်ယင်နေကြတယ်။

ထူးဆန်းတဲ့ မြင်ကွင်းပဲ။ သူတို့လည်း သေရှင် ဂိတ်တံခါးကနေ ထွက်လာတာလေ။ အခုတော့ သေရှင် ဂိတ်တံခါးကို သူတို့ ဦးညွှတ်နေကြတယ်။ မြင့်မြတ်တဲ့အရာ တစ်ခုခုကို အရိုအသေ ပြုနေကြပုံပဲ။

“ စိတ်လျှော့ပါ အိမ်ရှေ့စံရဲ့။ တကယ့် ပွဲကြီးပွဲကောင်းက အခုမှ လာတော့မှာ။” ချန်းဝူ တိုက်ရိုက် ပြန်မဖြေခဲ့ဘူး ။ တစ်ချိန်တည်းမှာပဲ စကားပြောရင်းနဲ့ သူ လှုပ်ရှားတယ်။ တောက်ပတဲ့ လမ်းကြောင်း ခြောက်ခုက သူ့ လက်ထဲမှာ ပေါ်လာခဲ့တယ်။ အကုန်လုံး ချိတ်ဆက်ရင်း တဝီဝီ လည်ပတ်တယ်။ မျက်စိကန်းလောက်အောင် လင်းလက်တဲ့ အလင်းတန်း တစ်ခု ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ဒီ အလင်းဘီး ကို မြေပြင်ပေါ် တိုက်ရိုက် မဖိချဘူး။ ဝမ်းဗိုက်နားမှာ လည်ပတ်ရင်း သူ့မျက်နှာ တစ်ခုလုံး နီရဲလာခဲ့တယ်။ ချန်းဝူရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။ တဝီဝီ မြည်နေတဲ့ အသံကို ကြားနေရဆဲ။ ဒါက ကောင်းကင် မြေကြီးနဲ့ သဘာဝကို ပေါင်းစပ်နေတာ။ လူတိုင်းရဲ့ စိတ်ကို တခဏတာ ဗလာဟင်းလင်း ဖြစ်စေတယ်။

“ မဟုတ်သေးဘူး… သူက …” ဒီ မြင်ကွင်းကို ကြည့်ရင်း ချန်းဖေးဟွား မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ သတိပေးချက်တွေ သူမ စိတ်ထဲ အဆက်မပြတ်ထွက်ပေါ်နေတယ်။ ဒီ အဖြစ်ကို အစတည်းက ရပ်တန့်ရမှာ။ အခုတော့ နောက်ကျလွန်းသွားပြီ။ ချန်းဝူရဲ့ ပါးစပ်က သွေးတွေ စီးကျလာတာနဲ့ သေရှင်ဂိတ်တံခါး ပေါ်ကို သူ့ အလင်းဘီး ထိုးစို်က်ပြီးသား ဖြစ်နေတာ ကြောင့်ပဲ။

ချွမ်း..။ သေရှင် ဂိတ်ကို တားမြစ်ထားတဲ့ စည်း အသက်ဝင်လာတယ်။ တစ်ခုခုတော့ ထူးဆန်းတယ်။ ဒီတစ်ခေါက် တောက်ပနေတဲ့ အလင်းတန်းက အရမ်းကို ခမ်းနားတဲ့ ကျောက်စိမ်းရောင် အလင်းတန်းပဲ။ အမတေစွမ်းအားတွေ ဒီအလင်းတန်းထဲမှာ ပါဝင်နေတယ်။

လင်းထန်းရုံ လည်း ဒီမြင်ကွင်းကြောင့် ကြောက်လန့်နေခဲ့တယ်။ အထိန်းတော်ဝေတောင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတယ်။ သူ့စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာတာ ကြောင့်ပဲ။ ပထမ နဂါး သံတမန်နဲ့ နဂါး တပ်ဖွဲ့တွေ တော်ဝင် အစောင့်တွေ ပါ ဖြူဖျော့နေကြတာ။ ပုံပြင်ထဲက ဒဏ္ဍာရီလာ သတ္တဝါကြီး ထွက်ပေးလာတော့မယ်။

သေရှင်ဂိတ်က အလင်းတန်းတွေ ပျောက်ကွယ်ပြီးတော့ တံခါးကြီး ပွင့်လာတယ်။ ရှေးဆန်တဲ့ အငွေ့အသက်တွေက ညီလာခံ ခန်းမတစ်ခုလုံးကို ပျံ့သွားပြီ ပုံရိပ်တစ်ခု ပေါ်လာခဲ့တယ်။ သူ့မှာ အရှေ့ သားရဲကောင်တွေလို သတ်ဖြတ်ငွေ့တွေ ပြည့်မနေဘူး။ နားကန်းလောက်တဲ့ အော်သံလည်း မရှိဘူး ။ မွမ်းကြပ်စေလောက်တဲ့တိတ်ဆိတ်မှုပဲ ရှိတယ်။ သေရှင်ဂိတ်တံခါးမှာ ဘယ်ညာ ပြေးရင်း ပေါ်လိုက် ပျောက်လိုက် ဖြစ်နေခဲ့တယ်။ အရိပ်တစ်ခုလိုပဲ။ နောက်ဆုံးတော့ လှုပ်ရှားမှု ရပ်တန့်သွားပြီ။ သေရှင်ဂိတ်ရဲ့ အလယ်တည့်တည့် မှာ ရပ်တန့်သွားတဲ့ အရိပ်လေး။

သေရှင်ဂိတ်ရဲ့ ကြီးမားတဲ့ အရွယ်အစားနဲ့ ယှဉ်ရင်တော့ တကယ့်ကို သေးငယ်တဲ့ ပုံရိပ်ပဲ။ ဒါပေမယ့် သူ့ရဲ့ ထွက်ပေါ်မှုကြောင့် ဧကရာဇ် လင်းမုပိုင် ကော ချန်းဖေးဟွားပါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိတယ်။

ညလေအေးက ညီလာခံခန်းမထဲ ဖြတ်တိုက်နေခဲ့တယ်။ သူတို့ရဲ့ လျော့ရဲရဲ ညီလာခံ ဝတ်ရုံတွေက လေထဲမှာ လွင့်နေခဲ့တယ်။ ဒီ အချိန်မှာပဲ လူရိပ်က လှုပ်ရှားပြန်တယ်။ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီးတော့ သေရှင်ဂိတ်ကနေ ထွက်လာတယ်။ မြေပြင်ပေါ်ကို ခြေချတယ်။ မြေပြင်ပေါ်မှာ ဘာ အရာမှ မထင်ဘူး။ သူ့မှာ ခြေသည်းချွန်ချွန်တွေလည်း မရှိ။ သာမာန် လူခြေထောက် တစ်ဖက်ပဲ။ သန့်ရှင်းပြီးတော့ ဖုန်တစ်စက်တောင် မပေဘူး။ သူက လူပုံစံပဲ။ ပိန်ပိန်ပါးပါး ကိုယ်ခန္ဒာနဲ့။ ရှေးခေတ်သုံး ဖိနပ်ဖြူတွေကို ဝတ်ထားတယ်။ ကျောင်းတော်သား တစ်ယောက်နဲ့ တထပ်တည်း တူညီပြီးတော့ ခါးမှာ သားရဲကောင် ပုံစံ ကျောက်စိမ်းကို ချိတ်ဆွဲထားတယ်။

နူးညံ့ပြီး ထူးချွန်တဲ့ ကျောင်းတော်သား တစ်ယောက်လိုပဲ။ အသားဖြူဖြူ မျက်နှာကျလှလှနဲ့ လူတစ်ယောက်။ ဒါပေမယ့် ဘယ်သူမှ သူ့ကို သာမာန် ကျောင်းတော်သားလို ဆက်ဆံရဲမှာ မဟုတ်ဘူး။ သူ့ မျက်ဝန်း အကြည့်တွေက စူးရှလွန်းတယ်။ မကောင်းဆိုးဝါး တကောင်လိုပဲ။

အစိမ်းရောင် အလင်းတန်းက သူ့မျက်လုံးထဲ တဖျပ်ဖျပ် ပြေးနေခဲ့တယ်။ ဘယ်သူမှ မခုခံနိုင်တဲ့ လေးစားစရာ အရှိန်အဝါတွေကို ထုတ်လွှတ်နေသလိုပဲ။ ပိုပြီးအရေးကြီးတာက သူ့ နဖူးပေါ်မှာ ဒဏ်ရာတစ်ခုရှိနေတယ်။ အသေးစိတ်ကြည့်ရင်တော့ မျက်လုံး တစ်လုံး မှန်းသိသာတယ်။ ပိတ်ထားတာကြောင့် ဒဏ်ရာနဲ့တူနေတဲ့ မျက်ဝန်း။ သူ့ရဲ့ နဖူးပေါ်မှာ ထူးဆန်းတဲ့ သင်္ကေတတွေ ထွင်းထားတဲ့ ရွှေရောင် တောက်တောက် ဂျိုနှစ်ချောင်းလည်း ရှိနေတယ်။

အရမ်းကို တိတ်ဆိတ်နေခဲ့တယ်။ လူတိုင်း ဒီ မကောင်းဆိုးဝါး လို လူကို စိုက်ကြည့်ရင်း ဖြူဖျော့နေခဲ့တယ်။ ဘယ်သူမှ နောက်မဆုတ် သလို ရှေ့လည်း မတိုးကြဘူး။

……..

ရန်မြို့တော်။ အိမ်တော်ကြီးတစ်ခု။ အခြား အိမ်တော်တွေနဲ့ သိသိသာသာကို ကွာခြားအောင် ပြင်ဆင်ထားတဲ့ အိမ်တော်ကြီး တစ်ခု။ အရမ်းကို တန်ဖိုးမြင့်လွန်းလို့ ဘယ်သူမှတောင် ခြေချဖို့ မစွမ်းနိုင်သလို ။ မြို့တော် က လူုတိုင်း တပ်မက်ကြမယ့်နေရာတစ်ခု။ နတ်ဘုံနတ်နန်းတစ်ခုလိုပဲ။ ပန်းရနံ့တွေကို ခံစားနိုင်မယ်။ လှပတဲ့ လမ်းသွယ်လေးတွေလည်းှရှိတယ်။ ရှေးဟောင်း ကျားခုံကြီး တစ်ခုလည်း ရှိသေးတယ်။ ဒီ အိမ်တော်ကြီးက ခမ်းနား ထည်ဝါလွန်းတယ်။

အဖိုးကြီးတစ်ယောက် အိမ်တော်ထဲမျာ ထိုင်နေတယ်။ သူ့ရဲ့ ပိန်သွယ်သွယ် ပုံစံနဲ့ ဝတ်ရုံရှည်ကြောင့် အရမ်းကို နွမ်းနယ်နေသလိုပ၊ဲ။ ဒါပေမယ့် သူ့ကို ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံး လေးစားကြတယ်။ ကြီးမြတ်သောရှမင်းဆက်ကို မြေတောင်မြောက်ပေးခဲ့တဲ့သူ။ နိုင်ငံရဲ့ သက်ရှိသမိုင်းကြောင်း။ အရှင်လီချင်း။ ဧကရာဇ် လင်းမုပိုင်ရဲ့ ဦးရီးတော်။

“ အမ်…“ သူ ရုတ်တရက် အသံထွက်လာတယ်။ မျက်လုံးကို ဖွင့်လိုက်တော့ သူ့မျက်လုံးထဲမှာ မျက်စိကန်းလောက်တဲ့ အရောင်တွေ တောက်ပလာတယ်။ အနီ လိမ္မော် အဝါ အစိမ်း အပြာ မဲနယ် ခရမ်း။ အရောင် ၇ခုက သူ့မျက်လုံးထဲမှာ တောက်ပနေတယ် ။ သူချက်ခြင်းထရပ်တယ်။ ဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်ရင်း ပြန်လည်မှောင်မည်းသွားတဲ့ ကောင်းကင်ကို ကြည့်နေခဲ့တယ်။

“ကြီးမြတ်သောရှမင်းဆက် နှစ်ပေါင်းများစွာ အေးချမ်းနေခဲ့တာ။ ငါတို့ အားလုံး အဆင်ပြေပြေ နဲ့ အနှောက်အယှက် မခံရပဲ နေနေတာပဲ။ ညီလာခံကလည်း နောက်ပြန် ဆွဲလွန်း အားကြီးတယ်။ မြင့်မြတ် ဂုဏ်ခံတွေကလည်း မောက်မာ အာဏာပြကြတယ်။ လူတိုင်းက ကိုယ်ကျိုးပဲ ကြည့်နေကြတာ။ ဒါက ငါတို့ မောက်မာမှုအတွက် ရလဒ်ပဲ ဖြစ်မယ်ထင်ပါတယ်။”

အပိုင်း (၅၇၀)ပြီး၏။

All Chapters