အပိုင်း (၅၇၁-၅၈၀)
Vol. 6 Ch. 571-580
အပိုင်း (၅၇၁)
“ နတ်ဆိုးဘုရင်ရဲ့ ရှေး အင်းကွက် လေးခု။ ”
အရှင်လီချင်းရဲ့ စကားတွေက နည်းနည်းတော့ ထူးဆန်းနေတယ်။ ဒါပေမယ့် သူ့ အမူအယာကတော့ မပြောင်းလဲဘူး။ ဒီအဖြစ်ကို အစတည်းက ခန့်မှန်းထားတဲ့ ပုံပဲ။
တစ်ချိန်တည်းမှာပဲ ။ အနက်ရောင် အက်ကွဲကြောင်း တစ်ခု သူ့ မျက်စိရှေ့မှာ ပေါ်လာခဲ့တယ်။ တံခါး တစ်ချပ်လိုပဲ။
အရှင်လီချင်းက ဖြည်းဖြည်းချင်း အထဲကို ဝင်သွားခဲ့တယ်။ အက်ကွဲကြောင်းထဲကို ဝင်သွားတာနဲ့ သူ့ ခန္ဒာကိုယ်ကလည်း တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့တယ်။
စစ်မှန်တဲ့ စစ်သည်တော်က အတိတ်ကြောင့် ဘယ်တော့မှ ပူပန် မနေဘူး။ ပြဿနာ ရှိလာရင် ဖြေရှင်းမှာပဲ။
…
ရန်မြို့တော် အရှေ့ဂိတ်မှာ ။ ကြေးစိမ်း အပိုင်း အစတွေနဲ့ တည်ဆောက်ထားတဲ့ မြို့တံခါးတွေက တောက်ပနေ တုန်းပဲ။ ညအမှောင်ထုထဲမှာ ထူးထူးဆန်းဆန်း လင်းလက်နေတယ်။ ဝတ်ရုံနက်တေါကတော့ ပြည်သူတွေ မြင့်မြတ် ဂုဏ်ခံတွေနဲ့ တိုက်ခိုက် နေတုန်းပဲ။
ဒီ အချိန်မှာပဲ အဝေးကနေ လူ အုပ်စုကြီး ရောက်လာခဲ့တယ်။ သူတို့ရဲ့ သံချပ်ကာတွေက လရောင်အောက်မှာ လင်းလက်နေတယ်။
“ တောင်ဖြို တပ်ဖွဲ့ပဲ။ ရှင်းဟို့ ရောက်လာပြီ။”
“ နတ်ဆိုးကျောင်းတော်က ချီဟို့လည်း ရောက်လာပြီ။”
“ ငါတို့ လုံခြုံပြီ။”
အဝးက လူတွေကို မြင်တော့ သူတို့ တွေ မျှော်လင့်ချက် ရောင်ခြည် သန်းလာတယ်။
“ အကိုကြီး ။ အဲ့တာ မြောက်ပိုင်း လူရိုင်းတွေပဲ၊” ခရမ်းရောင် ဝတ်ရုံနဲ့ ချီဟို့ ချက်ခြင်း သတိ ပြုမိတယ်။ ဒီလူတွေရဲ့ ကိုယ်ပေါ်က သံချပ်ကာကို သူ ချက်ခြင်း မှတ်မိတယ်။ နတ်ဆိုး ကျောင်းတော်ရဲ့ ခေါင်းဆောင်။
မြောက်ပိုင်းကျောင်းတော် ငါးခု ထဲက တစ်ခု ရဲ့ ခေါင်းဆောင် အနေနဲ့။ မြောက်ပိုင်းက မြင့်မြတ် သီးခြား နိုင်ငံ အကြောင်း သူ ကောင်းကောင်း သိတယ်။
“ မြောက်ပိုင်း လူရိုင်းတွေလား။” ရှင်းဟို့ မျက်မှောင်ကြုတ်သွားတယ်။ သူ တိုက်ရိုက် မတိုက်ခိုက်ဖူး ပေမယ့် ဒီလူတွေရဲ့ အရည်အချင်းကိုတော့ သူသိတယ်။ “ ဒါက မြောက်ပိုင်း လူရိုင်းတွေရဲ့ သေရှင် ဂိတ်တံခါး များလား။”
“ မဟုတ်ဘူး ။ သေရှင် ဂိတ်တံခါးက သူတို့ တိုင်းပြည်ရဲ့ ထိပ်တန်း ရတနာပဲ ။ ဒါကတော့ မဟုတ်ဘူး။ ကျွန်တော် ခန့်မှန်း ချက်သာ မှန်မယ် ဆိုရင်တော့။ ဒါက သေရှင် ဂိတ်ကနေ ဖန်တီးထားတဲ့ အင်းကွက် လေးကွက်။ နေစမ်း ပါအုန်း … အင်းကွက် လေးကွက်။ ဒါက ရှေးအင်းကွက် လေးခုလား။” ချီဟို့ ဒါကို တွေးမိတော့ သူ့ မျက်နှာ ဖြူဖျော့သွားတယ်။
“ ရှေးအင်းကွက် လေးခု… ဒါက ဒဏ္ဍာရီလာ… အဖြစ်ဆိုးပြီ။ အရှင် မင်းမြတ် အန္တရာယ် ရှိနေပြီ။” ဒါကို ကြားတော့ ရှင်းဟို့ တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ သူ့ မျက်နှာ တစ်ခုလုံး ဖြူဖျော့နေပြီ။
“ အကိုကြီး ဒီ ရှေးအင်းကွက် လေးခုက မြို့တံခါးကို ကာကွယ်ထားတာ။ ဆယ်မိုင်ရေကန်က တပ်နီတော် ဒီကို လာဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။”
“ ညီလေး ။ တောင်ဖြို တပ်ဖွဲ့ကို ဦးဆောင်ပြီး နန်းေ်တာ်ထဲက ကျူးကျော်သူတွေကို တိုက်ခိုက် ။ အကိုက အရှင်မင်းမြတ်ကို သွားကယ်မယ်။”
“ မဖြစ်ဘူး။ တောင်ဖြိုတပ်ဖွဲ့က အကိုကြီး အမြဲ ဦးဆောင်ခဲ့တာ။ နောက်ပြီးတော့ တော်ဝင် နန်းတော်ထဲမှာ အခု ဘာဖြစ်နေလဲ မသိနိုင်ဘူး။ အကိုကြီးက ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင်ပါ။ အကိုကြီး ရှိနေမှသာ သူတို့တွေကို အောင် နိုင် လိမ့်မယ်။ ကျွန်တော် အရှင်မင်းမြတ်ကို သွားကယ်ပါမယ်။ အကိုကြီး ဒီမှာ တိုက်ခိုက်ပါ။” ချီဟို့ ချက်ခြင်း ခေါင်းခါတယ်။
“ အကယ်၍ ငါသာ တိုက်ပွဲမှာ ကျဆုံးသွားရင်တော့ ။ မင်းပဲ ကျောင်းတော် ၁၃ ခုကို ဦးဆောင်လိုက်ပါ ညီလေး..”
“ အကိုကြီး ။ ကျွန်တော် ဆုံးဖြတ်ချက် ချပြီးပြီ။ အကိုကြီး သတိပေးတာ ကြောင့်သာ မဟုတ်ရင်။ ဒီ ရန်မြို့တော်မှာ ကျွန်တော် အမှားကြီး ကျူးလွန်မိနေလောက်ပြီ။ အကိုကြီးက ကျောင်းတော် ၁၃ ခုရဲ့ ခေါင်းဆောင် အဖြစ် ထိုက်တန်တဲ့ တစ်ဦးတည်းသော သူပါပဲ၊ ကျွန်တော် သွားပြီ အကိုကြီး..” ပြောပြီးတာနဲ့ နန်းတော်ဆီကို ချီဟို့ ဒုန်းစိုင်း နှင်တော့တယ်။ ရှင်းဟို့ကတော့ သက်ပြင်းချလိုက်တယ်။ သူ စကားပြောချင်ပေမယ့် နောက်ဆုံးမှာတော့ မျိုသိပ်လိုက်တယ်။
“ တောင်ဖြို တပ်ဖွဲ့”
“ရှိ။”
“အသင့်ပြင်။ တိုက်ခိုက်။”
“အမိန့်အတိုင်းပါ။”
…
တော်ဝင် နန်းတော် ညီလာခံ ခန်းမထဲမှာတော့ ကြေးတံခါးကြီး ပိတ်သွားခဲ့ပြန်ပြီ။ သေရှင် ဂိတ်တံခါးရှေ့မှာတော့ ဝတ်ရုံဖြူ ကျောင်းတော်သားရပ်နေတယ်။ သူ့ တစ်ကိုယ်လုံးကနေ ထူးဆန်းတဲ့ အ လင်းတန်း စိမ်းစိမ်းတွေ ထွက်ပေါ်နေတယ်။
“အူး…” သားရဲကောင်ကြီး သုံးကောင်က ဒီလူ့ကို ဦးညွှတ်ရင်း မြေပြင်ပေါ်မှာ ဝပ်တွားနေကြတယ်။
“ မင်းတို့က ဘာလို့ ဦးမညွှတ်တာလဲ၊” ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွားကိုကြည့်ရင်း သူ အော်ဟစ်တယ်။
“ မကောင်းတော့ဘူး။ နဂါးတပ်ဖွဲ့။ အရှင်မင်းမြတ်နဲ့ ကြင်ယာတော် ဟွားဖေးကို ကာကွယ်ကြ။” ဖုန်းချင်း ချက်ခြင်း ရှေ့ထွက်လာတယ်။
ပထမ နဂါး သံတမန် အနေနဲ့။ ကြီးမြတ်သောရှ မင်းဆက်ရဲ့ ဧကရာဇ်ကို သူ ကာကွယ်ရမယ်။ ပြိုင်ဘက်က ဘယ်သူ ဖြစ်ဖြစ် ဘယ်လောက်ပဲ အင်အား ကြီးကြီး ။ သူရင်ဆိုင်ရမယ်။
သူ့အမိန့်ကို ကြားတာနဲ့ နဂါးတပ်ဖွဲ့ ရာချီ ရှေ့ထွက်လာတယ်။ ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွားကို ဝန်းရံတယ်။ တော်ဝင် နန်းစောင့်တပ်တွေလည်း လှုပ်ရှားတော့တယ်။ ဒီ မိစ္ဆာ ဆန်ဆန် လူကို သူတို့ တိုက်ခိုက်ဖို့ အသင့်ပြင်ကြတယ်။
“အရှင်မင်းမြတ် တဲ့လား။ အိုး… ဒါက တော်ဝင် နန်းတော်လား။” သူ့ ပတ်ဝန်းကျင်ကို ကြည့်ရင်း မျက်လုံးထဲမှာ ဖျက်ဆီးလိုစိတ်တွေ တောက်ပလာတော့တယ်။ သူပြုံးလိုက်တယ်။ အံ့သြပြီး စူးစမ်းလိုတဲ့ အပြုံး တစ်ခု။ သိန်းငှက်ကြီး တစ်ကောင်က သိုးအုပ်ကို တွေ့တဲ့ အချိန် ဝမ်းသာသွားတဲ့ အပြုံးတစ်ခုလိုပဲ။
“ ဟား ဟား ဟား ..ဟား..” တကိုယ်လုံး ယိမ်းထိုးတဲ့ အထိ သူ အော်ဟစ်ရယ်မောတယ်။ သူ့ရဲ့ အသံ ထွက်ပေါ် လာတာနဲ့ ညီလာခံ ခန်းမ တစ်ခုလုံး လှုပ်ခတ်တော့တယ်။ မျက်နှာကျက်က အပိုင်း အစတွေ ကြမ်းပြင်ပေါ်ကို ပြိုကျလာတယ်။
“ ဘုန်း…” ရွှေရောင် မဏ္ဍိုင်ကြီးတစ်ခု အင်အား တစ်ခုကြောင့် ဖျက်စီးခံလိုက်ရသလို ပြိုလဲသွားတယ်။ ခန်းမကြီးတစ်ခုလုံး ကွဲအက် တုန်ယင်နေခဲ့တယ်။
“ ညီလာခံ ခန်းမကြီး ပြိုလဲနေပြီ။”
“ အရှင်မင်းမြတ်ကို ကာကွယ်ကြ”
“အရှင် ကျေးဇူးပြုပြီး ထွက်ခွာပါ။”
နဂါးတပ်ဖွဲ့နဲ့ တော်ဝင် နန်းစောင့်တပ်တွေရဲ့ အသံ ထွက်လာတယ်။ ဒီ အချိန်မှာပဲ နတ်ဆိုးလူ ဆီကနေ အစိမ်းရောင် လှိုင်းတွေ ထွက်ပေါ်လာပြီး နေရာ အနှံ့ကို ပျံ့သွားခဲ့တယ်။
“ရွှမ်း..”
ရှေ့ဆုံးမှာ ရပ်နေတဲ့ နဂါး စစ်သည်တော် နှစ်ပိုင်း ပျက်သွားတယ်။ သူလုံး၀ မခုခံ နိုင်ဘူး။
“ မြန်မြန် တားဆီးကြ။” ဒီ မြင်ကွင်းကို မြင်တော့။ အထိန်းတော်ေ၀ အော်ဟစ်တော့တယ်။
“ ရွှမ်း ရွှမ်း ရွှမ်း… ”
“…”
အော်ဟစ်သံတွေ ကြားမှာ နဂါး စစ်သည်တော် ဆယ်ယောက်ထက် မနည်း တစ်ယောက်ပြီး တစ်ယောက် လဲကျ သေဆုံးကုန်တယ်။ သူတို့တွေက ကြီးမြတ်သောရှမင်းဆက်ရဲ့ အထူး ချွန်ဆုံး စစ်သည်တော်တွေ ။ တစ်ယောက်ချင်း စီတိုင်းက သဘာဝလွန် အဆင့် အနည်းဆုံး ရှိကြတယ်။
ဒါပေမယ့် အစိမ်းရောင် အလင်းတန်းရဲ့ သက်ရောက်မှုကိုတော့ လုံး၀ မခုခံနိုင်ကြဘူး။ ရွှေရောင် အလင်းတန်း ထွက်ပေါ်လာတယ်။ ရွှေရောင် မြူနှင်းတွေ ကြားမှာ လူတစ်ယောက် ခုန်ထွက်လာရင်း အစိမ်းရောင် အလင်းတန်းကို လက်သီးနဲ့ ထိုးလိုက်တယ်။
“ဘွန်း…”
ရွှေရောင် အလင်းတန်း ချက်ခြင်း နောက်ကို ကန်ထွက်သွားတယ်။ ။ တစ်ချိန်တည်းမှာပဲ နောက်ထပ် ရွှေရောင် အလင်းတန်း ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် တိမ်တွေ မြူနှင်းတွေ ထွက်ပေါ်လာပြီးတော့ သွေးနီရောင် အလင်းတန်းက အစိမ်းရောင် တောက်ပမှုနဲ့ တိုက်ခိုက်တယ်။
“ဘုန်း။”
အစိမ်းရောင် အလင်းတန်း တုန်ခါသွားတယ်။ ဒါပေမယ့် နဂါးတပ်ဖွဲ့ ရဲ့ စစ်သည်တော် အလောင်းတွေကို ထိသွားခဲ့တယ်။ စစ်သည်တော် အလောင်းတွေ ဖုန်မှုန့်တွေလို ပျောက်ကွယ်သွားတယ်။
“ဘုန်း..”
ညီလာခံ ခန်းမရဲ့ မျက်နှာကျက်တွေ မြေပြင်ပေါ်ကို ထပ်မံကျဆင်းလာတယ်။ နတ်ဆိုးလူကို ဗဟို ပြုပြီးတော့ အက်ကွဲကြောင်းတွေ ဆက်တိုက် ပေါ်လာခဲ့တယ်။ တန်ဖိုးမြင့် ညီလာခံ ခန်းမကြီး ကြီးမြတ်သောရှမင်းဆက်ရဲ့ အဖိုးတန် အမွေအနှစ် တစ်ခုကတော့ ပြာဖြစ်သွားခဲ့ပြီ။ ဒါကလည်း နတ်ဆိုး လူရဲ့ တိုက်ခိုက်မှု တစ်ခုတည်းကြောင့်။ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်လဲ။
ကျန်ရစ်နေတဲ့ နဂါး တပ်ဖွဲ့တွေနဲ့ တော်ဝင် နန်းစောင့်တပ်တွေ တုန်ယင်နေကြတယ်။ တော်ဝင် နန်းစောင့်တွေက နတ်ဆိုးလူရဲ့ နောက်မှာ ရှိနေတာ။
“ ဝေါ့…” ဧကရာဇ် လင်းမုပိုင် သွေးအန်တော့တယ်။ သူ က ဒဏ်ရာရထားပြီးသား။ နဂါးစိမ်း မျက်လုံးကို ထပ်သုံးလိုက်တော့ သူ့ ဒဏ်ရာတွေက ပို ဆိုးလာခဲ့တယ်.. ။ ချန်ဖေးဟွားကတော့ ဧကရာဇ် လင်းမုပိုင် ရဲ့ ဘေးမှာ ဖေးမထားခဲ့တယ်။ ဒီလို ဖေးမထားတဲ့ လှုပ်ရှားမှုလေးကတောင် သူမကို ချွေးတွေ စီးကျနေစေခဲ့တယ်။ သူမရဲ့ ရင်ဘတ်က နိမ့်ချီမြင့်ချီ ဖြစ်ရင်း မျက်နှာတစ်ခုလုံးလည်း နီရဲနေခဲ့တယ်။
“ ဝေ့ါ..” ချန်ဖေးဟွားလည်း သွေးအန်တော့တယ်။ ဒီ နတ်ဆိုးလူရဲ့ တိုက်ခိုက်မှု တစ်ချက်တည်းက ဧကရာဇ် လင်းမုပိုင်ကိုကော ချန်ဖေးဟွားကိုပါ ဒဏ်ရာရစေတယ်။
“အရှင်မင်းမြတ်။”
“ ကြင်ယာတော် ဟွားဖေး။”
နဂါးတပ်ဖွဲ့တွေ ချက်ခြင်း ရှေ့ထွက်လာတယ်။ သူတို့ တစ်ယောက်ချင်းစီတိုင်း တုန်ယင် ကြောက်လန့် နေခဲ့ကြတယ်။ အိမ်ရှေ့စံ လင်းထျန်းရုံလည်း အလွန်အမင်းကို လန့်နေခဲ့တယ်။
“ နတ်… နတ်ဆိုး ဘုရင်..” သူ့မျက်လုံးတွေ ပြူးကျယ်နေတယ်။ ပုံမှန် အတိုင်းဆိုရင် သေရှင်ဂိတ်တံခါးက ထွက်လာတဲ့ သူက ဘယ်လို မှ လူ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူ့ ရှေ့ကသူကတော့ လူသဏ္ဍာန် ရှိနေတယ်။
လူသဏ္ဍာန်နဲ့ နတ်ဆိုး။
ကြီးမြတ်သောရှမင်းဆက်ရဲ့ စာကြည့်တိုက်ထဲမှာ ဒီမျိုးနွယ်စု အကြောင်း ပြောထားတဲ့ ရှားပါး ရှေးစာပေတွေရှိတယ်။ သားရဲ မျိုးနွယ်စု တစ်ခုက နတ်ဆိုး သားရဲကောင်တွေလို အင်အားကြီးတယ်။ လူသားတွေလို ဉာဏ်ပညာ မြင့်မားပြီးတော့ ။ ကြိုးစားလေ့ကျင့်တဲ့ အချိန်မှာ လူသား အသွင် ယူနိုင်တယ်။
တောင်တွေ မြစ်တွေထဲမှာ နေပြီးတော့ နေနဲ့ လရဲ့ အမေစွမ်းအားတွေကို စုပ်ယူတယ်။ သူတို့ရဲ့ တည်ရှိမှုက သားရဲတွေ အားလုံး ထက်ကို ကျော်လွန်နေတယ်။ သူ့ မျက်စိရှေ့က လူက သာမာန် နတ်ဆိုး မဟုတ်ဘူး။ ပုံမှန်လူလို ဝတ်စားထားပေမယ့် စွမ်းရည်က ကြောက်စရာကောင်းလွန်းတယ်။ ဒီလို အင်အားမျိုးက …
“နတ်ဆိုးဘုရင်…”
ဒီအတွေးကို လင်းထျန်းရုံ တွေးမိပြီးတဲ့နောက် သူတုန်ယင်သွားတယ်။ ချန်းဝူမှာ ဝှက်ဖဲတွေ ရှိနေမှာကို သူသိတယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ကို ထုတ်လာမယ်လို့ ဘယ်ထင်မိမလဲ။ ချန်းဝူနဲ့ သူပူးပေါင်းလို့ ဘာများ ရနိုင်မှာလဲ။ စာချုပ်တစ်ခု။ လင်းထျန်းရုံ အတွေးထဲမှာ ပေါ်လာခဲ့တယ်။ ချန်းဝူ မောက်မာနေတဲ့ ပုံစံတွေကို ပြန်တွေးမိတယ်။ အရင်ကတော့ ချန်းဝူက ဘယ်လို ညှိနှိုင်းရမှာကို မသိတဲ့ ကောင်လို့ ထင်ခဲ့တာ ။ အခုတော့ သူနားလည်သွားပြီ။
ချန်းဝူက ညှိနှိုင်းရမှာကို မသိတာ မဟုတ်ဘူး။ ညှိနှိုင်းဖို့ စိတ်ကူးကို မရှိခဲ့တာပဲ။ ဘာစာချုပ်မှ မလိုအပ်ဘူး။ သူက ကြီးမြတ်သောရှမင်းဆက် တစ်ခုလုံးကိုပဲ။
“ ဘာတွေ ဖြစ်နေတာလဲ… ။ ညီလာခံ ခန်းမကြီးက… ဘာ ကြီးလဲ….” ရင်းနှီးတဲ့ အသံ တစ်ခု လင်းထျန်းရုံ နောက်မှာ ပေါ်လာခဲ့တယ်။
အပိုင်း(၅၇၁)ပြီး၏။
အပိုင်း (၅၇၂)
“ ယုံကြည်မှုတွေ ပျက်သုန်းသွားပြီ။ ဖြတ်သွား ဖြတ်လာတစ်ယောက် မြင်ကွင်းထဲ ဝင်လာတယ်။”
“ ညီတော် ၆။ နောက်ပြီးတော့ မြို့စောင့်တပ်တွေ။” ဒီ တအံ့တသြ မေးခွန်း မေးသူကို လင်းထျန်းရုံ ချက်ခြင်း မှတ်မိတယ်။ ဒါပေမယ့် ခြေသံတွေက ဆက်တိုက်ပေါ်လာတဲ့ အတွက် သူ ချက်ခြင်း လှည့်ကြည့်တယ်။
သွမ့်အရှင် လင်းရှင်းကြွယ်နဲ့ မြို့စောင့်တပ်တွေ ပေါ်လာတာကို သူလန့်သွားခဲ့တယ်။ နဂါးတပ်ဖွဲ့ နဲ့ တော်ဝင် နန်းစောင့် တပ်တွေ ပေါ်လာတာတော့ သူနားလည်နိုင်သေးတယ်။
ဒါပေမယ့် မြို့စောင့်တပ်တွေနဲ့ ညီတော်ခြောက် က သူ့ အစီအစဉ်ကို သိနေလို့ ရောက်လာတာလား ။ ချန်းဝူ အကြောင်းကို ဆက်တိုက်တွေးတောရင်းနဲ့ သူ့ တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ယင်လာတယ်။
ဒီ အချိန် အတောတွင်းမှာ သူက အရူးလုပ်ခံခဲ့ရတာပဲ။ လင်းထျန်းရုံ အရမ်းကို ခံပြင်းနေမိတယ်။ ဒါပေမယ့် အခုချိန်မှာ သူ ဘာလုပ်နိုင်မှာလဲ။
“ ဒါက ဘာကြီးလဲ…” တစ်စစီ ပြိုသွားပြီ ဖြစ်တဲ့ ညီလာခံ ခန်းမကို ကြည့်ရင်း လင်းရှင်းကြွယ် ပြောပြန်တယ်။ ညီလာခံ ခန်းမ အလယ်က ကြေးစိမ်းတံခါးကို ကြည့်ရင်း သူ တုန်ယင်သွားခဲ့တယ်။ ဒီနေရာကို သူမေ ရာက်ခင်တည်းက တော်ဝင် နန်းတော်မှာ တိုက်ပွဲကြီး ဖြစ်တော့မှာကို သူသိတယ်။ ဒါပေမယ့် အခြေအနေ ဒီလောက် ဆိုးမယ်လို့ မထင်ထားခဲ့မိဘူး။
အခုတော့ ညီလာခံ ခန်းမက ပျောက်ကွယ်သွားပြီ။ တိုင်လုံးတွေပဲ ကျန်နေတော့တယ်။ နောက်ပြီးတော့ ကြေးစိမ်း တံခါး ရှေ့က လူတစ်ယောက်။
“ အဲ့တာ .. နတ်ဆိုး တစ်ကောင်လား။” လင်းရှင်းကြွယ် လမ်းမှာ ရပ်သွားတယ်။ လင်းရှင်းကြွယ်နဲ့ မြို့စောင့်တပ် တစ်သောင်းကျော် ပေါ်လာတာကို မြင်တော့ နဂါးတပ်ဖွဲ့နဲ့ တော်ဝင် နန်းစောင့်တပ်တွေလည်း အံ့အား သင့်နေခဲ့တယ်။ မြို့စောင့်တပ်တွေက နန်းတော်ကို ဝင်ခွင့် မရှိဘူးလေ။
အခု လင်းရှင်းကြွယ်ရဲ့ လုပ်ရပ်က။ ပုန်ကန်မှုလား။ ဒါမှမဟုတ် လာကယ်တာလား။ အရင်တုန်းကတော့ ဒါကို ဖြစ်သင့်တဲ့ ကိစ္စလို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု အခြေအနေက ကွာခြားနေပြီ ။
အခု လို အခြေအနေမျိုးမှာ လင်းရှင်းကြွယ်သာ ပုန်ကန်လိုက်ရင်။ ကြီးမြတ်သောရှ မင်းဆက် တစ်ခုလုံးတော့ ဇောက်ထိုး ဖြစ်သွားတော့မှာပဲ။
“ ခမည်းတော်… သားတော် လာတာ နောက်ကျ….” သူ့ စကား မဆုံးသေးခင်မှာတင် ဧကရာဇ် လင်းမုပိုင်နဲ့ ချန်းဖေးဟွားရဲ့ အခြေအနေကို မြင်လိုက်တယ်။ ဒဏ်ရာရနေတယ်။ ခမည်းတော် လည်း ဒဏ်ရာရနေတယ်။ ကြင်ယာတော် ဟွားဖေးကော..။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဟွာဖေးက ၁၇ ယောက်မြောက် မြင့်မြတ်သူလေ။ ဒီနေရာမှာ တကယ်ပဲ ဘာတွေ ဖြစ်သွားတာလဲ။
“မင်း ဒီကို ဘာလာလုပ်တာလဲ၊ ”ဧကရာဇ် လင်းမုပိုင်ရဲ့ အေးစက်စက် အသံ ထွက်ပေါ်လာတယ်။
“ ကျွန်တော်… ကျွန်တော်ကြားတာ တော်ဝင် နန်းတော်ထဲမှာ အရှုပ်အထွေးဖြစ်နေတယ်လို့ ..ဒါကြောင့် ခမည်းတော် မတော်တဆ ဖြစ်မှာစိုးလို့ မြို့စောင့်တပ်တွေကို ခေါ်ပြီး လာကယ်တာပါ။” လင်းရှင်းကြွယ် ထိတ်လန့် တကြား ရှင်းပြတယ်။
“ ကယ်တယ် … မင်းက တော်ဝင် နန်းတော်ရဲ့ ဂိတ်တံခါး လေးခုကို ပိတ်ဆို့တယ်။ ရန်မြို့တော်ကို လျစ်လျူရှုပြီးတော့ ငါ့ဆီကို ပြေးလာတာ ငါ့ကို လာကယ်တာပေါ့။” ဧကရာဇ် လင်းမုပိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောတယ်။
“ သားတော်… သားတော်က … ကျုးကျော်သူ ရှိနေမှာကို စိတ်ပူလို့…”
“ ကျုးကျော်သူ… မင်းရဲ့ တတိယ အကိုကြီးကို ပြောတာလား။”
“ ခမည်းတော် …. ” လင်းရှင်းကြွယ် ရှင်းပြချင်တယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်ရဲ့ အေးစက်စက် အကြည့်တွေနဲ့ ဆုံရချိန်မှာတော့ သူ့ စကားတွေကို ပြန်မျိုသိပ်ထားလိုက်ရတယ်။
“ အရှင့်သား က ဘာများ ကြောက်လန့်ဖို့ လိုမှာလဲ။” ချန်းဝူရဲ့ အသံ ထွက်ပေါ်လာတယ်။ သူ့ရဲ့ စွန်ရဲ မျက်ဝန်းတေါက လင်းရှင်းကြွယ်ကို စိုက်ကြည့်နေခဲ့တယ်။
“ မင်းက ဘယ်သူလဲ။” လင်းရှင်းကြွယ် မျက်မှောင်ကြုတ်ရင်း မေးတယ်။
“အိုး … အရှင့်သားက ကျွန်တော့်ကို ဘယ်သိမလဲ။ စုချင်းကိုပဲ သိမှာပေါ့။ တောင်းပန်ပါတယ်လေ။ စုချင်းက ကျွန်တော် မြို့တော်ကို လာတဲ့ ကြောင်းနဲ့ တော်ဝင် နန်းတော်ကို လာရတဲ့ ရည်ရွှယ်ချက်ကို အရှင့်သားဆီ သတင်းပို့ ပြီးပြီ မဟုတ်ဘူးလား။” ချန်းဝူ တောင်းပန်ရင်း မေးတယ်။
“ ဘာ … မင်း ဘာပြောချင်တာလဲ။” လင်းရှင်းကြွယ်ရဲ့ မျက်နှာ ဖြူဖျော့သွားတယ်။
“ ဟ ဟ ား.. ကြောက်နေဖို့ မလိုပါဘူး အရှင့်သား နည်းနည်းလေး စောင့်ဖို့ပဲ လိုတယ်။ ကြီးမြတ်သောရှ ရဲ့ ဧကရာဇ် သေသွားတာနဲ့ သရဖူက အိမ်ရှေ့စံ နဲ့ အရှင့်သား တစ်ယောက်ယောက် လက်ထဲကို ရောက်လာမှာပဲ။” ချန်းဝူ ရယ်မောတယ်။
“ ချန်းဝူ… မင်း တကယ်ပဲ ဘာလိုချင်တာလဲ။” ဒါကို ကြားတော့ လင်း ထျန်းရုံရဲ့ မျက်နှာ ဖြူဖျော့သွားတယ်။ သူ့ မျက်လုံးတွေ ရဲရဲနီလာခဲ့တယ်။
“ ကျွန်တော်ဘာလုပ်နေမှန်း အရှင့်သား မသိသေးဘူးလား။” ချန်းဝူက ပြန်လှည့်ရင်း မေးတယ်။
“ မင်းက လူပြောင်းဖို့ စဉ်းစားနေတာလား။”
“ ဟုတ်တာပေါ့။ အရင်တည်းက ဘုရင်ဖြစ်ဖို့ ဆိုတာ အသန်မာဆုံးနဲ့ အသင့်တော်ဆုံးလူကိုပဲ ရွေးချယ်တာလေ။ အိမ်ရှေ့စံနဲ့ သွမ့်အရှင် နှစ်ယောက်လုံးက ပလ္လင်ကို မျက်စိ ကျနေမှတော့ ။ တိုက်ခိုက်ရမှာပဲလေ။ မတရားဘူးလား။”
“ တရားတယ်။ … ဟုတ်လား။ မင်းက ငါတို့ကို ခွေးနှစ်ကောင် ကိုက်ခိုင်းသလို လုပ်နေတာပဲ။” လင်းထျန်းရုံ ရဲ့ အသံ အေးစက်သွားသလို သူ့တကိုယ်လုံး က အရှိန်အဝါတွေ မတည်မငြိမ် ဖြစ်လာခဲ့တယ်။
“ အရှင့်သားကလည်း ဒီလောက် တိုက်ရိုက်ကြီး ပြောစရာလိုလို့လား။” ချန်းဝူ ရယ်မောရင်း ပြောတယ်
“ မင်း…” လင်းထျန်းရုံရဲ့ ကိုယ်ကနေ စွမ်းအင်တွေ ပေါက်ကွဲထွက်လာတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ကြောက်စရာ အလင်းတန်းတွေ ထွက်ပေါ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ချန်းဝူရဲ့ တကယ့် အကြံ အစည်ကို သူ နားလည်သွားခဲ့တယ်။
ကြီးမြတ်သောရှ မင်းဆက်က နှစ်ထောင်ချီ တည်တံ့လာခဲ့တာ။ မိုင်ထောင်ချီ ကျယ်တဲ့ လွင်ပြင်ကြီးတွေ လူနေထူထပ်တဲ့ မြို့ကြီးတွေ အများကြီးရှိတယ်။ မြင့်မြတ်သီးခြား နိုင်ငံ အတွက် ဒီ အခြေအနေကို ရောက်နေတဲ့ နိုင်ငံကြီးကို ချက်ခြင်း ထိန်းချုပ်ဖို့ မဖြစ်နိုင်တာပဲ။
ဒါကြောင့် ချင်းဝူက ရုပ်သေး ဘုရင် တစ်ယောက်ကို ရွေးပြီးတော့ ထီးနန်းကို ဆက်ခံစေချင်တာ။ အကယ်၍ ကိစ္စတွေသာ ဒီအခြေအနေ ရောက်သွားရင်။ သွမ့်အရှင်ကော သူပါ ထီးနန်းကို ဘယ်သူ ဆက်ခံရသည် ဖြစ်စေ ရုပ်သေးရုပ်တွေ ဖြစ်ကုန်မှာပဲ။
“ ငါသေမှပဲ ရမယ်။ မင်း အကြံအစည် မအောင်မြင် စေရဘူး။“ သွေးနီရောင်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ လင်းထျန်းရုံ ချန်းဝူဆီကို ပြေးဝင်တယ်။
“အိုး.. မင်းက ထီးနန်းကို မလိုချင်တော့ဘူးပေါ့။” ချန်းဝူ နှာခေါင်းရှုတ်ရင်း ပြောတယ်။ လင်းထျန်းရုံကို လက်သီး နဲ့ လှမ်းထိုးတယ်။
“အရှင့်သား သတိထား။” ဝတ်ရုံနက် တစ်ယောက် ရှေ့ကို ပြေးထွက်လာရင်း ချန်းဝူရဲ့ လက်သီးချက်ကို ခံလိုက်တယ်။ သူ့ တကိုယ်လုံး မျက်လုံးကန်းမတတ် အလင်းတန်းတွေ တောက်ပလာတယ်။
“ဘွန်း…”
မိုးခြိမ်းသလို ထစ်ချုန်းသံကြီးနဲ့ အတူ ဝတ်ရုံနက်က နောက်ကို လွင့်ထွက်သွားတယ်။ လင်းထျန်းရုံကို ဝင်ဆောင့်တယ်။ သူတို့ နှစ်ယောက်လုံး မြေပြင်ပေါ်ကို လဲကျသွားခဲ့တယ်။
“ ဝေါ့။” လင်းထျန်းရုံ ပါးစပ်ထဲကနေ သွေးတွေ အန်ကျလာခဲ့တယ်။
“ အမှိုက်ကောင်။” ချန်းဝူ ပြောရင်းနဲ့ သွမ့်အရှင် ဘက်ကို လှည့်ကြည့်တယ်။ “အရှင့်သားက အသိပညာ ထိုးထွင်းနိုင်စွမ်း မြင့်မားပါတယ်။ ဒီ အမှိုက်ကောင် နောက်ကို မလိုက်ဘူးလို့ ကျွန်တာ် အသေအချာ သိပါတယ်။ ဒီလိုတော့ မလုပ်လောက်ဘူး မလား။ ဒါပေါ့။ အကယ်၍ အရှင့်သားသာ ဒီလောက်မှ မပါးနပ်ရင်လည်း ဒ ီ နန်းတော်ကြီးထဲမှာ နောက်တစ်ယောက် ရှာဖို့ မခက်ပါဘူး။“
ချန်းဝူက အရမ်းကို မောက်မာပြီးတော့ သွေးနားထင် ရောက်နေတဲ့ ပုံစံပဲ။ နဂါးတပ်ဖွဲ့နဲ့ တော်ဝင် အစောင့်တပ်တွေ အံကြိတ်ရင်း ဒီမြင်ကွင်းကို ကြည့်နေမိတယ်။ အမှိုက်တဲ့။ ဒါက စော်ကားမော်ကား အပြစ်ပြုနေတာပဲ။ လင်းထျန်းရုံက ထီးနန်းကို ရဖို့ အတွက် အများကြီးလုပ်ခဲ့ ပေမယ့် သူက ကြီးမြတ်သောရှမင်းဆက်ရဲ့ အိမ်ရှေ့စံ ဖြစ်နေတုန်းပဲလေ။ ဧကရာဇ်က သူ့ ဘွဲ့ကို ပြန်မသိမ်းသေးဘူး။
“အရှင့်သား။ အရှင်မင်းမြတ်ကို အရင်ကယ်ကြ။” တော်ဝင် နန်းစောင့်တပ် က ခေါင်းဆောင် တစ်ဦး အော်ဟစ်တယ်။
လင်းရှင်းကြွယ်ရဲ့ တကိုယ်လုံး တုန်ယင်နေခဲ့တယ်။ ဧကရာဇ်ကို သူ တကယ် ကယ်ချင်တာပေါ့။ ဒါပေမယ့် မျက်စိရှေ့က ဖြစ်ရပ်ကြီးက သူ့ရဲ့ တွက်ချက်မှုတွေထက်ကို အများကြီး ကျော်လွန်နေခဲ့တယ်။
လဲကျနေတဲ့ လင်း ထျန်းရုံကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိပြန်တယ်။ ချန်းဝူရဲ့ တိုက်ခိုက်မှု အင်အားကို သူ ကောင်းကောင်း မြင်လိုက်တယ်လေ။
ဝတ်ရုံနက် က အနည်းဆုံးတော့ ပြန်လည် မွေးဖွားမှု အဆင့်ပဲ။ ဒါတောင်မှ ချန်းဝူရဲ့ လက်သီးတစ်ချက် ကြောင့် လွင့်ထွက်သွားခဲ့တယ်။ ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွားလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ နဂါး တပ်ဖွဲ့နဲ့ တော်ဝင်နန်းစောင့် တပ်တွေရဲ့ အလောင်းတွေလည်း မြေပြင်ပေါ်မှာ ပုံနေခဲ့ပြီ။
ဒီ အရာအားလုံးက တိုက်ပွဲမှာ ချန်းဝူ အားသာနေတယ်ဆိုတဲ့ အထောက်အထားတွေပဲ။ အဆိုးဆုံးကတော့ သူ့နောက်မှာ မြို့စောင့်တပ် ၁ သောင်းတည်း ပါလာတယ်။ နောက်ထပ် စစ်သည်တော်တွေက နန်းတော် အပြင်မှာ သူ ဘာလုပ်နိုင်မှာလဲ ။
တော်ဝင် နန်းတော်။
တော်ဝင် နန်းတော်ကို သူလာရတာ ဒီ အရှုပ်အထွေးတွေကို ဖြေရှင်းပြီးတော့ ဧကရာဇ်ကို ကယ်တင်ချင်လို့ ။ ထီးနန်းလုမယ့် အိမ်ရှေ့စံကို တားမယ်လို့။ ထီးနန်းအတွက် သူစောင့်ဆိုင်းခဲ့ရတာ ကြာလှပြီ။ နောက်ထပ် မစောင့်ချင်တော့ဘူး။ ဧကရာဇ်ကို ကယ်တင်မယ် အိမ်ရှေ့စံကို ဖမ်းဆီးပြီးတော့ ဘွဲ့နာမည်ကို သိမ်းယူမယ်။ သူလည်း အိမ်ရှေ့စံ ဖြစ်လာနိုင်မယ်ပေါ့။ ဒါပေမယ့် အခုလို အပြောင်းအလဲတွေ ဖြစ်လာမှာကို ဘယ်သူ သိနိုင်လိမ့်မလဲ။ အခုက ထီးနန်းကို တစ်ခါတည်း ဆက်ခံနိုင်ဖို့ အခွင့်အရေးပဲ။
ဒါပေမယ့် ထီးနန်းကို လုယူတာနဲ့ ထီးနန်းလွှဲအပ်ခံရတာက လုံး၀ မတူတဲ့ ကိစ္စ တစ်ခုပဲ။ ထီးနန်းကို ဆက်ခံပြီးရင် မြင့်မြတ်သီးခြားနိုင်ငံ ရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်နိုင်ဖို့ လုံး၀ ယုံကြည်ချက် ရှိပေမယ့်လည်း။ ထီးနန်းကို လွှဲအပ်ခံရအောင် လုပ်ဖို့ လိုနေသေးတယ်။ သူ ဘာလုပ်ရမလဲ။ ဆက်ပြီးတော့ တိုက်ခိုက် သင့်လား။ သူတို့နဲ့ မပြိုင်နိုင်ရင် ဘယ်လို ဖြစ်သွားမလဲ။
ချန်းဝူ ပြောသလိုပဲ- ကြီးမြတ်သောရှမင်းဆက်မှာ မင်းသားက ၂ ပါးတည်း ရှိတာမှ မဟုတ်တာ။ တော်ဝင် နန်းတော်ထဲမှာတောင် ထီးနန်းကို ရဖို့ ပြိုင်ဆိုင်နေကြတဲ့ သူတွေမနည်းဘူး။ အကယ်၍ သူသာ ချန်းဝူကို မယှဉ်နိုင်ရင်။ ထီးနန်းကို ဆက်ခံ မယ့် အခွင့်အရေးလည်း ပျက်သုန်းသွားလိမ့်မယ်။ လင်းရှင်းကြွယ် အရမ်းကို တွေဝေနေခဲ့တယ်။
“ ခမည်းတော်…” လင်းရှင်းကြွယ် ဆုံးဖြတ်ချက်ချနေတဲ့ အချိန်မှာပဲ လူအုပ်ထဲက စိတ်မရှည် လက်မရှည် အသံ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် မီးလို ရဲရဲနီနေတဲ့ လူတစ်ယောက် လင်းရှင်းကြွယ် ရဲ့ နောက်ကနေ ပြေးထွက်လာတယ်။ ဧကရာဇ်လင်း မုပိုင် ဆီကို ချက်ခြင်း ပြေးသွားတယ်။ တစ်ချက်လေးတောင် မတွေဝေခဲ့ဘူး။
“ မဖြစ်ဘူး… အဲ့တာ မင်းသမီး မဟုတ်လား။”
“ အန္တရာယ် များလိုက်တာ။”
အထိန်းတော် ဝေနဲ့ ရန်ချင်းရဲ့ အသံ ချက်ခြင်း ထွက်လာခဲ့တယ်။ ဒီ ပြေးထွက်လာတဲ့ လူကို ကြည့်ရင်း သူတို့ အရမ်းကို စိတ်ရှုပ်ထွေးနေခဲ့တယ်။
“ ပင်းယန် မဖြစ်ဘူး။”
“ မြန်မြန် နောက်ပြန်ဆုတ်။”
ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွားရဲ့ တစ်ချိန်တည်းမှာပဲ ထွက်လာတယ်။ သူမ ရောက်လာကို သူတို့ နှစ်ယောက်လုံး မမျှော်လင့်ထားပုံပဲ။ ရုတ်တရက် ပင်းယန်ရဲ့ နောက်မှာ လူတစ်ယောက် ထပ်ပေါ်လာတယ်။ သူ့ရဲ့ အမတ်မင်းဝတ်ရုံ အသစ်ကျပ်ချွတ်က ညလေးအေးကြောင့် လွင့်ပျံနေခဲ့တယ်။ ပင်းယန်ကို လက်တဖက်နဲ့ လှမ်းတားတယ်။
“ ပြဿနာ များလိုက်တာ။ ဘေးကနေပဲ ကြည့်မယ်လို့ မင်း ကတိ ပေးထားတယ် မဟုတ်ဘူးလား။ ငါတို့ရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်နေတာလား။” နောက်ဘက်ကလှု နှုတ်ခမ်းကို ကွေးညွှတ်ရင်း စိတ်ပျက် လက်ပျက် ပြောနေခဲ့တယ်။
အပိုင်း (၅၇၂) ပြီး၏။
အပိုင်း (၅၇၃)
“ ငါကော ဧကရာဇ် ဖြစ်လာနိုင်တာလား။”
“အဲ့တာ ဖန်ကျန်းရှီပဲ။ ”
“ သူက အရှင် မင်းသမီးနဲ့ ဘာလို့ အတူတူ လာတာလဲ။”
“ သူက တော်ဝင် ကျောင်းတော်မှာ ရှိသင့်တာ မဟုတ်ဘူးလား။”
နဂါး တပ်ဖွဲ့နဲ့ တော်ဝင် နန်းစောင့်တပ်တွေ ပင်းယန် ရှေ့မှာ ပေါ်လာတဲ့ လူကို ကြည့်ရင်း အံ့သြနေခဲ့ကြတယ်။ ပင်းယန်ကတော့ ဖန်ကျန်းရှီရဲ့ ရင်ခွင်ထဲကို တည့်တည့် ရောက်သွားခဲ့တယ် ။
“ ငါ့ကို လွှတ်.. ငါ့ကို လွှတ်.. ခမည်းတော် ဒဏ်ရာရနေတယ်။ ခမည်းတော်ကို ကယ်ရမယ်။” ပင်းယန်က တ်နောက် သလောက် အားကုန် သုံးရင်း ရုန်းကန်နေတယ်။ ဖန်ကျန်းရှီကို တွန်းထုတ်နေခဲ့တယ်။ သူမ ဒီကို ရောက်မလာခင် တုန်းက ဖြစ်နိုင်ချေတွေ အများကြီးကို တွေးခဲ့တယ်။ ဒါပေမယ့် ထောက်တိုင်တွေပဲ ကျန်တော့တဲ့ ညီလာခံ ခန်းမကြီးကို တွေ့ရမယ်လို့ မထင်မှတ်ထားခဲ့မိဘူး။
အဆိုးဆုံးကတော့ ညီလာခံ ခန်းမ ပျက်စီးသွားတာ မဟုတ်ခဲ့ ။ ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွားရဲ့ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျနေတာပဲ။ သူတို့ နှစ်ယောက်လုံးရဲ့ မျက်နှာက ဖြူဖျော့နေခဲ့တယ်။ ဒါက ပင်းယန် တွေးထားတာနဲ့ လုံးဝကို ကွာခြားနေတယ်။ အခု အခြေအနေမျိုးမှာ ဖန်ကျန်းရှီကို ပေးထားတဲ့ ကတိကို ဘယ်လို တည်နိုင်မှာလဲ။
“ မင်းက ဖန်ကျန်းရှီလား။ အရင်တစ်ခေါက် ညီလာခံ စာမေးပွဲမှာ ထိပ်သီး ဖြစ်ခဲ့တယ်လို့ ငါကြားတယ်။ တော်ဝင် ကျောင်းတော်ရဲ့ လက်ရှိ ကျောင်းအုပ်။ သမိုင်း တစ်လျှောက်လုံးက အငယ်ဆုံး တော်ဝင် စာမေးပွဲ စာစစ်သူ။ တောင်ပိုင်းဒေသ စစ်ပွဲ အောင်နိုင်မှုရဲ့ အဓိက သော့ချက်။ ” ချန်းဝူက ပင်းယန်ကို အာရုံ မစိုက်ဘူး။ ဖန်ကျန်းရှီကိုသာ ပြုံးပြရင်းနဲ့ ပြောနေခဲ့တယ်။
“ အော် ဟုတ်လား။ ကျွန်တော်ကတော့ ခင်ဗျား အကြောင်းကို အရင်က မကြားဖူးဘူး။ ” ချန်းဝူကို လှမ်းကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။ စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တွေ သူ့ မျက်လုံးထဲမှာ တလက်လက် တောက်ပနေခဲ့တယ်။
“ ဟ ဟား… ဒါဆိုလည်း ငါ့ကိုယ် ငါ မိတ်ဆက် ရတာပေါ့။ သီးခြား မြင့်မြတ်နိုင်ငံက ချန်းဝူပါ…”
“ တကယ်တော့ ခင်ဗျားအကြောင်းကို ကျွန်တော် စိတ် မဝင်စားဘူး။” ဖန်ကျန်းရှီက လက်ဝေ့ယမ်း ပြရင်း ပြောတယ်။
“ ကိစ္စ မရှိပါဘူး။ မင်း ဘာကို စိတ်ဝင်စားလည်း ငါသိတယ်။ မင်း လိုချင်သလောက် ရတနာတွေ စည်းစိမ်ချမ်းသာ တွေ ငါပေးနိုင်တယ်။ စစ်သေနာပတိချုပ် ဗျူဟာမှူး လုပ်ချင်လား ငါပေးနိုင်တယ်။ ထီးနန်းကို တောင် မင်းလိုချင်ရင် ရစေရမယ်။ မင်းရဲ့ လွတ်လပ်မှုကို မတင်းကြပ်ဘူးလို့ ငါကတိပေးတယ်။ ဒါဆိုရင်ကော ဘယ်လိုလဲ။ ” ချန်းဝူက ဖန်ကျန်းရှီရဲ့ စကားတွေကို စိတ်ဆိုးတဲ့ ပုံ မပေါ်ဘူး။ သူ ဆက်တိုက် ဆက်ပြောနေခဲ့တယ်။
“ စစ်သေနာပတိချုပ်။ ဗျူဟာမှူး။ ထီးနန်း ။ ဒီကောင် ဘာကို လိုချင်မှာလဲ။”
ချန်းဝူရဲ့ စကားကြောင့် နဂါးတပ်ဖွဲ့ကော တော်ဝင် နန်းစောင့်တပ်တွေပါ အံ့သြနေခဲ့တယ်။ ဒီလို ကမ်းလှမ်းချက်ကို သူတို့ မယုံနိုင်ကြဘူး။ ဖန်ကျန်းရှီက ပြည်သူ တစ်ယောက်လေ။ သ ူက တော်ဝင် ကျောင်းတော်ကို လက်ရှိ အုပ်ချုပ် နေတာဖြစ်ပေမယ့် ပြည်သူ တစ်ယောက် ဖြစ်နေတုန်းပဲလေ။
ချန်းဝူ ကသူ့ကို စစ်သေနာပတိချုပ် လုပ်ဖို့ ကမ်းလှန်း နေသတဲ့။ ဒါက သူတို့ကို အတွေးရ ခက်စေတယ်။ သီခြား မြင့်မြတ် နိုင်ငံက ကြီးမြတ်သောရှထက် အင်အားမနည်းဘူး။ နောက်ပြီးတော့ ချန်းဝူနဲ့ ဖန်ကျန်းရှီ ရဲ့ ပြောစကားကြောင့် သူတို့က အခုမှ ပထမဆုံးအကြိမ် တွေ့တာမှန်း သိသာတယ်။ ဒါဆိုရင် အခုက ဘာတွေ ဖြစ်နေတာလဲ။
“ အဟွတ် ဟွတ် ဟွတ်…” အိမ်ရှေ့စံ လင်းထျန်းရုံ ချောင်းဆိုးရင်းနဲ့ ပါးစပ် အပြည့်သွေးတွေ အန်ပြန်တယ်။ ချန်းဝူကို ကြည့်ရင်း သူ ဖြူဖျော့နေခဲ့တယ်။ ချန်ဝူနဲ့ သဘောတူညီမှု လုပ်တုန်းက ကိစ္စတွေကို မှတ်မိသေးတယ်။ သဘောတူညီချက်တွေထဲက တစ်ခု က ဖန်ကျန်းရှီကို သတ်ပေးဖို့ လည်း ပါတယ်။ ဒါပေမယ့် အခုတော့ ..။ ချန်းဝူက ဖန်ကျန်းရှီကို မြင်တာနဲ့ ထီးနန်းကို ယူမလား မေးနေပြီ။ လင်းထျန်းရုံ မမုန်းတီးပဲ နေမလား။ သူ့ တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ယင်နေခဲ့တယ်။
ဧကရာဇ် လင်းမုပိုင်ရဲ့ မျက်နှာက နီရဲနေတယ်။ ချန်းဝူရဲ့ စကားတွေက ဖန်ကျန်းရှီကို ပြောနေတာ ဖြစ်ပေမယ့် ။ဧကရာဇ်ရဲ့ မျက်နှာကို ရိုက်နေသလိုပဲ။ ဖန်ကျန်းရှီက တော်ဝင် အထောက်အပံ့ ရ အဆင့် နှစ် အမတ်မင်း တစ်ယောက်။ သီးခြား မြင့်မြတ် နိုင်ငံရဲ့ လက်အောက်မှာတော့ သူက စစ်သေနာပတိ ချုပ်တောင် ဖြစ်နိုင်သေးတယ်။ ထီးနန်းကိုတောင် လိုချင်ရင် ရနိုင်တယ်။ ဒါက လူတိုင်းရဲ့ နှလုံးသားကို လှုပ်ရှားစေနိုင်တဲ့ ကမ်းလှမ်းမှု တစ်ခုပဲ။
“ဒါတွေ အားလုံးက အဆင့်တစ် ရာထူးတွေလား။” ဖန်ကျန်းရှီရဲ့ မျက်နှာက ချန်းဝူရဲ့ ကမ်းလှမ်းမှု ကြောင့် လင်းထိန်သွားခဲ့တယ်။
“ဒါပေါ့။ အားလုံးက အဆင့် တစ် ရာထူးတွေပဲ။ ပင်းယန် မင်းသမီးကို ငါ့လက်ထဲသာ အပ်လိုက် အရာအားလုံးကို မင်း ပိုင် လိမ့်မယ်။
“ဖန်ကျန်းရှီ ။ မင်းတိုင်းပြည်ကို သစ္စာ ဖောက်တာလား။ ”
“ ဖန်ကျန်းရှီ အရှင်မင်းသမီးကို လွှတ်လိုက်“
“မင်းသမီးကို အခု ချက်ခြင်း လွှတ်စမ်း။”
ချန်းဝူပြောတာကို ကြားတော့ တော်ဝင် အစောင့်တပ်တွေ သူတို့လှံတွေကို ချက်ခြင်း မြှောက်ရင်း ဖန်ကျန်းရှီကို ထိုးဖို့ အသင့်ပြင်ထားကြတယ် ။ သူတို့တွေ အားလုံး အရမ်းကို စိတ်ရှုပ်နေကြပုံပဲ။ ပင်းယန် မင်းသမီးက ဧကရာဇ် လင်းမုပိုင်ရဲ့ အသည်း နှလုံးဆိုတာ လူတိုင်းသိတယ်လေ။ အကယ်၍ ပင်းယန်သာ ချန်းဝူရဲ့ လက်ထဲ ရောက်သွားရင်။ ဘာတွေ ဖြစ် လာမလဲ ဘယ်သူမှ မတွေးနိုင်ဘူး။
ဖန်ကျန်းရှီက သူ့ဘေးက တော်ဝင် နန်းစောင့်တပ်တွေကို ကြည့်ရင်း လှောင်ပြုံးပြုံးလိုက်တယ်။ ချန်းဝူက ကုန်းတိုက်နေတာမှန်း သူသိတာပေါ့။ သူ့ အစီအစဉ်က ဓားငှားပြီး လူသတ်နေတာပဲ။ ဧကရာဇ် လင်းမုပိုင် တောင် စိတ်ရှုပ်ထွေးနေတယ်။ ချန်းဝူ သူ့ကို ကစားနေတာမှန်း သိတယ်။ ဒါပေမယ့် အကယ်၍ ပင်းယန်သာ ပါလာရင် သူ စိတ်အေးအေး နေနိုင်အုန်းမှာလား။
“ြးကားရတာတော့ အံ့သြစရာပဲ။” ဖန်ကျန်းရှီ ရယ်မောတယ်။ ခေါင်းတစ်ချက် ငြိမ့် ပြတယ်။ အဲ့ဒီ့နောက် ဧကရာဇ် လင်းမုပိုင်ကို သူ လှမ်းကြည့်တယ်။ “ အရှင်မင်းမြတ် သူကတော့ ကျွန်တော်မျိုးကို အဆင့်တစ် အမတ်မင်း ရာထူး ကို ကမ်းလှမ်းနေပြီ။ အရှင်ကကော ကျွန်တော်မျိုးကို ရာထူး တိုးမပေးဘူးလား။”
“မင်းကို ရာထူးတိုးပေးရမယ်။”
ဧကရာဇ် လင်းမုပိုင် ထိတ်လန့်သွားတယ်။ ဒါပေမယ့် သူ ခပ်မြန်မြန်ပဲ ဟန်ချက် ပြန်ထိန်းလိုက်တယ်။ ဖန်ကျန်းရှီက မြင့်မြတ် သီးခြား နိုင်ငံတော်ကို သုံးပြီးတော့ သူ့ကို ဓားပြ လာတိုက်နေတာပဲ။ တော်ဝင် နန်းစောင့်တပ်တွေနဲ့ န၈ါး တပ်ဖွဲ့ကတော့ ဖန်ကျန်းရှီ ရဲ့ မေးခွန်းကြောင့် မျက်လုံး ပြူးနေခဲ့တယ်။ သူတို့ မျက်လုံးတွေ ဒေါသကြောင့် ပြူးကျယ်နေခဲ့တယ်။
“ အရှက်မရှိလိုက်တာ။”
“ မင်းက အရှင်မင်းမြတ်ကို ခြိမ်းခြောက် ဝံ့တယ်ပေါ့။ ”
“ အတင့်ရဲလိုက်တာ။”
သူတို့တွေ ဒေါသထွက်နေပင်မယ့် ဘာမှ မလုပ်နိုင်ဘူး။ ပင်းယန်က ဖန် ကျန်းရှီရဲ့ လက်ထဲမှာလေ။ နောက်ပြီးတော့ ပို အရေးကြီးတာက မြောက်ပိုင်း လူရိုင်းတွေကလည်း သူ့ကို ကမ်းလှမ်းနေတာ။
“ အကယ်၍ မင်း ရာထူး တိုးချင်ရင် ငါ့ကို သစ္စာရှိမှ ရမယ်။ ငါ ကိုယ်တော်…” စကားတချို့ ပြောပြီးတဲ့ နောက်မှာတော့ ဧကရာဇ် လင်းမုပိုင် စကားတဝက်မှာ အဆုံးသတ်လိုက်တယ်။ တစ်ခုခုကို တွေးမိသွားတဲ့ ပုံပဲ။ အဲ့ဒီ့နောက် ဖန်းကျန်းရှီကို သူ စိုက်ကြည့်တယ်။ “ ကောင်းပြီ။ မင်းလိုချင်တာ အားလုံး ပေးမယ်။”
“…”
“ အရှင်မင်းမြတ်…”
“ဒါက…”
ဧကရာဇ် လင်းမုပိုင်ရဲ့ စကားကို ကြားတော့ လူတိုင်း မျက်လုံးပြူးကုန်တယ်။ သူတို့နားကိုတောင် မယုံနိုင်ဘူး။ ဧကရာဇ် လင်းမုပိုင် တကယ်ပဲ သဘောတူလိုက်တယ်။ ဧကရာဇ် လင်းမုပိုင် ထီးနန်း ဆက်ခံတဲ့ အချိန်တည်းကနေ အခုချိန်ထိ ဘာခြိမ်းခြောက်မှုကိုမှ မကြုံရသေးဘူး။ အခုတော့ ဖန်ကျန်းရှီ ရဲ့ တောင်းဆိုမငကို သူ သူ သဘောတူလိုက်ရပြီ။ လိုချင်တာ အကုန် ပေးမယ်တဲ့လား။
မိုးနတ်မင်းရေ။ အကယ်၍ ဖန်ကျန်းရှီသာ ဘုရင် ဖြစ်ချင်တယ်ဆိုရင် ဘယ်လို လုပ်မလဲ။ သူက အသက် ၁၈ နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူး။
“ ကျေးဇူးတင်ပါတယ် အရှင် မင်းမြတ်။” ဒါကို ကြားတော့ ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်း ချန်းဝူကို ပြန်ဖြေတယ်။ “ တောင်းပန်ပါတယ်။ ခင်ဗျားဘက်ကို ကျွန်တော် မလာချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ်းလှမ်းချက် ၂ ခုက တူနေတော့ နည်းနည်းလောက် ပိုပေးရင် မကောင်းဘူးလား။”
“ နည်းနည်း ပိုပေးရမယ်။”
“ သူ့ကို ထီးနန်းတောင် အပ် နှင်းမယ် ပြောတာကို ဘာ ထပ်လိုချင်သေးလို့လဲ။”
“ သူက ဘုရင် မဖြစ်ချင်လို့လား။”
တော်ဝင်နန်းစောင့်တပ်တွေ ဖန်ကျန်းရှီ တောင်းဆိုတာကို ကြည့်ရင် အံ့သြနေမိတယ်။
ဖန်ကျန်းရှီက သူ့စကားကို ဆုံးအောင် ပြောပြီးတဲ့ အချိန်မှာ အမူအယာလည်း ပြောင်းလဲသွားခဲ့တယ်။ “ ဒါပေမယ့် ကျွန်တော့်ကို ထီးနန်းတောင် ပေးမယ်ဆိုတော့ ဒီ့ထက် မြင့်တဲ့ နေရာ ထပ်ပေးလို့ ရအုန်းမှာလား။ သီးခြား မြင့်မြတ်နိုင်ငံရဲ့ ဘုရင် နေရာကို ဘာလို့မပေးတာလဲ။ ရက်နည်းနည်းလောက် ပျော်ရတာပေါ့။ နောက်ပြီးတော့ မင်းရဲ့ ကြင်ယာတော်တွေ အကြောင်းလည်း ပြောပါအုန်း။ တကယ်တော့ … ငါလည်း …”
“ တိတ်စမ်း…” ချန်းဝူရဲ့ မျက်လုံးတွေ အေးစက်သွားတယ်။ ဖန်ကျန်းရှီကို ထွင်းဖောက် မတတ် ကြည့်နေခဲ့တယ်။ တကယ်တော့ သူ့ရဲ့ ပြစ်မှတ်က ပင်းယန်ပဲ။ ဒါပေါ့။ ဖန်ကျန်းရှီသာ သူ့ရဲ့ ကျွန်ဖြစ်လာချင်ရင်တော့ ကောင်းကောင်းလေး ကစားပေးမှာပေါ့။ ဒါပေမယ့် ဖန်ကျန်းရှီက အခုချိန်မှာ သူ့ကို လှောင်ရယ်နေ်ပြီ ။ ဒါမျိုး စော်ကားမော်ကား လုပ်တာတော့ သည်းမခံနိုင်ဘူး။
“ စိတ်ဆိုးနေပြီလား။” ဖန်ကျန်းရှီက ချန်းဝူရဲ့ အကြည့်ကို ချက်ခြင်း နားလည်တယ်။ လင်းရှင်းကြွယ်ကို သူ လှည့်ကြည့်တယ်။ “ ဘာလို့ အရှင့်သားက ဒီအတိုင်း ကြည့်နေတာလဲ။ အခုချိန်မှာ ကိစ္စတွေ ရှင်းလင်းနေပြီလေ။ အရှင့်သားက မြေကြီးပေါ်မှာ ဝပ်တွားပြီးတော့ ခွေးတစ်ကောင်လို တောင်းပန်နေသင့်တာ မဟုတ်ဘူးလား။”
“ ပါးစပ် ပိတ်ထားစမ်း။ ငါက မင်းကို တောင်းပန်မှာ မဟုတ်ဘူး။” လင်းရှင်းကြွယ်က လှုပ်ရှားဖို့ အသင့်တော် ဆုံး အချိန်ကို စောင့်နေတာ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စကားလုံးတွေက သူ့ အစီအစဉ်ကို ဖျက်စီးလိုက်ပြီ။ သူ့ နှလုံးသား ထဲ မှာ ဒေါသမီးတွေ လောင်ကျွမ်းလာတယ်။ တစ်ယောက်ယောက်က သူ့ အမြီးကို တက်နင်းလိုက်တဲ့ အတိုင်းပဲ။
“ဒီလိုလား။ ဒါဆိုရင် အရှင့်သားက ဘာကို စောင့်နေတာလဲ ။ သူ့ကို မြန်မြန် ကန်ထုတ်လိုက်တော့။” ဖန်ကျန်းရှီက စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။
“သူ့ကို ကန်ထုတ်လိုက်တဲ့လား ” လင်းရှင်းကြွယ် တုန်ယင်သွားတယ်။ သူ့ ရဲ့ ဘေးပတ်လည်က တော်ဝင် နန်းစောင့်တပ်တွေ နဲ့ ဧကရာဇ်လင်းမုပိုင်ကို သူကြည့်တယ်။ အကယ်၍ သူသာ ပါးစပ် မဖွင့်ရင် ဘယ်သူမှ သူ့ကို အာရုံစိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို တိုက်ရိုက်ပြောလိုက်ပြီး စကားစလာအောင် သွေးဆောင်နေတယ်။ ဒီလို ဖြစ်မှတော့ ဘယ်သူကများ အခွင့်အရေးကို စောင့်နိုင်တော့မှာလဲ။
“လူယုတ်မာ။” လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေ အမုန်းတရားနဲ့ တောက်ပလာတယ် ။ ဒါပေမယ့် သူချက်ခြင်း လှုပ်ရှားတယ်။ “အမိန့်ချမယ်။ မြို့စောင့်တပ်တိုက ဧကရာဇ်ကို ကာကွယ်ကြ ”
“ အမိန့်တော် အတိုင်းပါ။”
လင်းရှင်းကြွယ်ရဲ့ အမိန့်ကြောင့် မြို့စောင့် စစ်သည် တစ်သောင်း လှုပ်ရှားကြတယ်။ သူတို့တွေ တိုက်ခိုက်ဖို့ ပြင်တယ်။ ချန်းဝူကတော့ မျက်လုံး မှိတ်ထားခဲ့တယ်။ လင်းရှင်းကြွယ် ရဲ့ နှောက်ယှက်မှုက သူ့ မူလ အစီအစဉ်မှာ မပါဘူး။ သူ့ရဲ့ အရင် တွက်ချက်မှု အရ ဆိုရင်။ လင်းရှင်းကြွယ်က တိုက်ခိုက်ဖို့ အခွင့် အရေး ကောင်းကို စောင့်လိမ့်မယ်။ ဒါမှမဟုတ်ရင် လုံး၀ မတိုက်ခိုက်တာလည်း ဖြစ်နိုင်တယ် ဒါပေကမယ့် အခုတော့ လင်းရှင်းကြွယ်က စတင် တိုက်ခိုက်ပြီ။ အဆိုးဆုံးကတော့ သူ တတ်နိုင်သလောက် တိုက်ခိုက်မှာပဲ။
“ ဓားငှားပြီး လူသတ်တယ်။” ချန်းဝူစိတ်ထဲမှာ ဒီစကားတစ်ခွန်း ပေါ်လာခဲ့တယ်။
ဒီနည်းလမ်းကို သုံးပြီးတော့ ဖန်ကျန်းရှီနဲ့ အပေးအယူ လုပ်ဖို့ သုံးခဲ့တယ်။ ဒါပေမယ့် ဖန်းကျန်းရှီက ဒီနည်းလမ်းကို သုံးပြီးတော့ပဲ လင်းရှင်း ကြွယ်ကို ဓားပြန်ငှားတယ်။ ဖန်ကျန်းရှီရဲ့ နည်းလမ်းကတော့ ပိုပြီး တိုက်ရိုက် ကျတယ်။
“စိတ်ဝင်စား စရာပဲ။” ချန်းဝူက မြို့စောင့်တပ်တွေကို ကြည့်ရင်း ပြုံးလိုက်တယ်။ သေရှင်ဂိတ်တံခါးနားက နတ်ဆိုးလူကို သူ လှည့်ကြည့်တယ်။
အပိုင်း(၅၇၃)ပြီး၏။
အပိုင်း (၅၇၄)
“ ငါတိုကတော့ လူမှား ပြီး ပတ်သက်မိပြီ။ ”
နတ်ဆိုးလို လူက ချန်းဝူကို ကြည့်တယ်။ အဲ့ဒီ့နောက် ဖန်းကျန်းရှီကို လှည့်ကြည့်တယ်။ ဖန်းကျန်းရှီရဲ့ လက်ထဲမှာ ရုန်းကန်နေတဲ့ ပင်းယန်ဘက်ကို လှည့်တယ်။ နတ်ဆိုးလိုလူရဲ့ ဘေးမှာ ဝပ်တွားနေတဲ့ သားရဲကောင်တွေ ချက်ခြင်း မျက်လုံး ဖွင့်လာကြတယ်။ အေးစက်စက် အငွေ့အသက်တွေ တောက်ပလာခဲ့တယ်။
“ဝေါင်း…”
ကိုယ်ခန္ဒာကြီး တစ်ခု လှုပ်ရှားလာတယ်။ သူ့ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေကို မြေပြင်မှာ ထိုးကုတ်ရင်း ကျောက်တုံးတွေကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ဖြစ်အောင် ဆွဲကုတ်တယ်။ ဖန်ကျန်းရှီနဲ့ ပင်းယန် ဆီကို တဟုန်ထိုးပြေးသွားတယ်။
“အရှင် မင်းသမီး ။ ဒီကနေ ထွက်ခွာပါ။ ” သားရဲကောင် ပြေးဝင်လာတာကို မြင်တာနဲ့ ဒိုင်းကာကိုင် လူတစ်ယောက် ခုန်ဝင်လာတယ်။ တော်ဝင် နန်းစောင့်တပ်က ခေါင်းဆောင် တစ်ယောက်ပဲ။ ရွှေရောင်သံချပ်ကာကို သူ ဝတ်ဆင်းထားတယ်။
သားရဲကောင်ရဲ့ လက်သည်းက စစ်သည်တော်ကို ကုတ်ဆွဲသွားတယ်။ သူ့ရင်ဘတ်က သံချပ်ကာ တစ်ခုလုံး စုတ်ပြတ်သွားတယ်။ မြေပြင်ပေါ်မှာ လိမ့်သွားခဲ့တယ်။ တစ်ချက်တည်းနဲ့ သူ သေသွားခဲ့ပြီ။ ဒါပေမယ့် သားရဲကောင်ကတော့ မရပ်တန့်ဘူး။ လေထဲမှာ ခုန်လွှားရင်း ပြေးလာခဲ့တယ်။
“ဒါက …” ပင်းယန် ရုန်းကန်နေတာကို ရပ်လိုက်ပြီ၊ သူမရဲ့ ဖန်သလင်းမျက်လုံးလေးတွေက မယုံကြည်နိုင်မှုကြောင့် တောက်ပနေခဲ့တယ်။ ပန်းနုရောင် နှုတ်ခမ်းလေးတွေက တဆတ်ဆတ် တုန်ယင်နေခဲ့တယ်။ ဒီ နတ်ဆိုး လူရဲ့ သားရဲကောင် သုံးကောင်ကို သူမ တွေ့တယ်။ တကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဒါပေမယ့် အချိန် ခဏတာ လေးမှာ ဒီ မြင်ကွင်းကို သေချာ မကြည့်မိဘူး။ သားရဲကောင် သူမ ဆီကို ပြေးဝင်လာ တဲ့ အချိန်မှာပဲ ပြင်းထန်လွန်းတဲ့ သတ်ဖြတ်ငွေ့တွေကို သူ ခံစားမိတယ်။
ပင်းယန်က ဖန်ကျန်းရှီ လက်ထဲက လွှတ်မြောက်အောင် ရုန်းကန်နေချိန်မှာ ။ ဖန်ကျန်းရှီက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့တယ်။ တိုက်ခိုက်မှုတွေကို ရှောင်ဖို့ စိတ်ကူးလည်း ရှိပုံ မပေါ်ဘူး။ ိ သူ့နောက်က မိုးချုန်းသလို အော်သံကိုလည်း ကြားပုံ မပေါ်။
“ငါတို့တော့ သွားပြီ။ ဒီ အရှက်မရှိတဲ့ ကောင်စုတ်လုပ်လို့ ငါတော့ သေတာ့မယ်။” ပင်းယန် မျှော်လင့်ချက် ကင်းမဲ့နေခဲ့တယ်။ သူမ မျက်စိရှေ့မှာ သားရဲကောင် ခြေသည်းကြီးက ရောက်နေ ခဲ့ပြီ။ ဒါပေမယ့် ရုတ်တရက် ဆိုသလို ငရဲ က လာတဲ့ လူသတ်ငွေ့တွေက သူမ နောက်ကို ရောက်သွားခဲ့တယ်။ သူမ ကျောရိုးတစ်ခုလုံး စိမ့်ချမ်းသွားခဲ့တယ်။ အဲ့ဒီ့နောက်။ သွေးနီရောင် အလင်းတန်းတွေက သူမ နောက်မှာ တောက်ပလာတယ်။ သွေးနီရောင်တောက်ပနေတဲ့ လူတစ်ယောက် သူမ နောက်ကို ရောက်လာတယ်။ သူ့ရဲ့ မှင်ရောင် ဝတ်ရုံက ည လေအေး မှာ လွင့်မေနေတယ် ။ အနီရောင် အလင်းတန်းလို ဓားမြှောင်ချောင်းကို ကိုင်ထားတယ်။ တလက်လက်တောက်ပပြီးတော့ ပုစဉ်းရင်ကွဲ တောင်ပံလိုမျိုး ကြွပ်ဆတ်တယ် ။ ဒါပေမယ့် အားပြင်းထန်လွန်းတယ်။
အနီရောင် အလင်တန်းက လေထဲကို ဖြတ်သန်းတယ်။ သားရဲကောင်ကြီးက အနီရောင် အလင်းတန်းနဲ့ လူကို စိုက်ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေုခဲ့တယ်။ အဲ့ဒီ့နောက် သနား စဖွယ် အော်သံကြီးက လေထုထဲမှာ ထွက်ပေါ်လာတယ်။
“ အူး…”
သားရဲကောင်ကြီး ဆီက အပူလှိုင်းတွေ ဖြာထွက်လာတယ်။ ခြေသည်း နှစ်ခုက လေထဲမှာ ဆန့်တန်းနေဆဲ။ သွေးစီးကြောင်း နှစ်ခုကတော့ သူ့ ခြေထောက်ကနေ တစက်စက် စီးကျနေခဲ့တယ်။ ဖြစ်ရပ်က မြန်ဆန်လွန်းတယ်။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ ဖြစ်သွားခဲ့တာ။ ရလဒ်ကတော့ သိသာထင်ရှားပါတယ်။ နောက်ထပ် သားရဲကောင် တစ်ကောင်သေသွားပြန်ပြီ။ တိတ်ဆိတ်သွားတယ်။
အပ်ကျသံမကြား ရလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။ စစ်သည်တော်တွေ အားလုံး သွေးနီရောင် တောက်နေတဲ့ လူနဲ့ ခြေထောက် ပြတ်သွားတဲ့ သားရဲကောင်ကြီးကို ကြည့်နေတယ်။ ရန် ရွှယ် တစ် ချက် တိုက်ခိုက်လိုက်တာနဲ့ တင် လဲကျသွားခဲ့ပြီ။ ရန်ရွှယ်က ဘယ် ကျင့်ကြံဆင့်မှာ ရောက်နေပြီလဲ။
“အဇူရာတာအိုလား။” ချန်းဝူရဲ့ အကြည့်တွေ အေးစက်စက်သွားခဲ့တယ်။ “မင်းက အနောက်ပိုင်း လျန်ဒေသက ရန်ရွှယ်လား။”
ရန်ရွှယ်က ချန်းဝူကို အာရုံမစိုက်ဘူး။ တစ်ချက်လေးတောင် လှည့်မကြည့် ။ အော်ညည်းနေတဲ့ သားရဲကောင်ဆီကို သာ လျှောက်သွားခဲ့တယ်။ ညာလက်ကို မြှောက်လိုက်တဲ့ အချိန် သွေးနီရောင် အလင်းတန်းက ပေါ်လာပြန်တယ်။
“ဘွန်း”
သူ့ရဲ့ ညာလက်နဲ့ သားရဲကောင်ကြီးရဲ့ ခေါင်းကို ရိုက်ချလိုက်တယ်။ ဒါက မြေပြင်တစ်ခုလုံးကိုတောင် တုန်ခါသွားစေခဲ့တယ်။ နေရာ အနှံ့ကို ဖုန်မှုန့်တွေ ပျံ့သွားခဲ့သလို သားရဲကောင် အော်ညည်းသံလည်း ပျောက်ကွယ်သွားခဲ့တယ် ။ သားရဲကောင်ရဲ့ ပါးစပ်က စီးကျလာတဲ့ သွေးတွေ မြေပြင်တစ်ခုလုံးမှာ အိုင်နေခဲ့တယ်။ နောက်ထပ် သားရဲကောင် တစ်ကောင် သေသွားခဲ့ပြန်ပြီ။
ချန်းဝူ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားမိတယ်။ ဒီ အချိန် တစ်လျှောက်လုံးမှာ တိုက်ပွဲကို ထိန်းချုပ်ထားတဲ့ သူတစ်ယောက် အနေနဲ့ ။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ရဲ့ ပေါ်ထွက်လာမှုက သူ့ရဲ့ ထိန်းချုပ်မှုကို ပြောင်းပြန်လန်စေတယ်။ နောက်ပြီးတော့ သေရှင်ဂိတ်တံခါးကနေ ထွက်လာတဲ့ သားရဲကောင် တွေက ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွား သတ်လို့ ၂ ကောင် သေသွားခဲ့ပြီ။ ဒီ သားရဲကောင်တွေ ပေါ်ထွက်လာဖို့ ချန်းဝူ ကြိုးစားထာခဲ့ရတာ။ အခုတော့ တစ်ကောင်ပြီး တစ်ကောင် သေကုန်ကြပြီ။ ဒါကို သူ ဘယ်လို လက်ခံနိုင်မှာလဲ။ သူ စကားပြောဖို့ ပြင်တဲ့ အချိန်မှာပဲ နောက်ထပ် အသံ တစ်ခုက သူ့ကို နှောက်ယှက်တယ်။
“မင်းတို့ ဒီမှာ ဘာ ရပ်လုပ်နေတာလဲ။ သူ့ကို မတိုက်ခိုက်သေးဘူးလား။ ညီလာခံ ခန်းမက ဖျက်စီး ခံလိုက်ရပြီ။ မင်းက ဘေးမှာ ပဲ ရပ်ကြည့်နေတုန်းလား။ မင်းတို့က ပွဲကြည့် ပရိသတ်ပဲ လုပ်နေတော့မှာလား။ သူ့ကို သတ်ကြ။”
“ …”
ဒီအော်သံကိုကြားတော့ နဂါး တပ်ဖွဲ့နဲ့ တော်ဝင် နန်းစောင့်တပ်တွေ တုန်ယင်သွားတယ်။ ဒါက ဖန်ကျန်းရှီရဲ့ အသံပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီ တစ်ယောက်ပဲ ဒီလို အမှန်တရား လမ်းစဉ် စကားမျိုးကို အထိန်းအကွပ် မရှိ ပြောဝံ့တယ်။ သူအော်ဟစ်နေတဲ့ အချိန်မှာ မူလ ရပ်နေတဲ့ နေရာကနေ တစ်လက်မတောင် မရွေ့သေးဘူး။ ဘယ်လောက်တောင် အရှက်မရှိလိုက်တဲ့ ကောင်လဲ။ ဒါက လွဲပြီးတော့ သူ့ အမိန့်ကို သူ တို့ နားထောင်ကြပါတယ်။
ဧကရာဇ်ရဲ့ လုံခြုံမှုကို ဦးစားပေးတဲ့ တပ်တွေ အနေနဲ့။ ဧကရာဇ်က သူတို့ အတွက် အရေးအကြီးဆုံးပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတဲ့ အတိုင်း ညီလာခံ ခန်းမက မရှိတော့ဘူး။ ဒါကြောင့် သူတို့ ဘာကို စောင့်နေရမှာလဲ။ အမှန်ပဲ။ သူတို့ရဲ့ ပြိုင်ဘက်က သန်မာတယ်။ ပြန်လည်မွေးဖွားမှု အဆင့် ဝတ်ရုံနက် အယောက် ၂၀။ သားရဲကောင် ၂ ကောင်နဲ့ နတ်ဆိုး ဘုရင် တစ်ကောင်ကို ရင်ဆိုင်နေရတာ ။ အဲ့ဒီ့တော့ကော ဘာဖြစ်လဲ။ သူတို့က တော်ဝင်နန်းစောင့်တပ်နဲ့ နဂါး တပ်ဖွဲ့လေ။ ကြီးမြတ်သောရှမင်းဆက်ရဲ့ ထိပ်သီး စစ်သည်တော်တွေ။ အကြောက်တရားဆိုတာ သူတို့နဲ့ မဆိုင်ဘူး။
“ သ တ် … သူတို့ကို သတ်ကြ.”
ဖန်ကျန်းရှီရဲ့ အသံ ထွက်လာတာနဲ စစ်သည်တော်တွေ ချက်ခြင်း လှုပ်ရှားတော့တယ်။ ဖန်ကျန်းရှိရဲ့ စကားတွေ က နားဝင်မချိုပေမယ့် သူတို့ အလုပ်ကို သတိဝင်လာစေတယ်။ ဧကရာဇ်ကို ကာကွယ်ရမယ်။ အခုတော့ သူတို့ရဲ့ ပြိုင်ဘက်က အင်အာ း ကြီးလွန်းနေတယ်။ ဒီ ဖိအားကို ခံနိုင်ဖို့ ခက်ခဲတယ်။ ဧကရာဇ်ကို ကာကွယ်ဖို့ အတွက် သူတို့ အသက်ကို စတေးဖို့ လမ်းတစ်ခုပဲ ရှိတယ်။
“အထိန်းတော်ဝေ။ ဧကရာဇ် နဲ့ ကြင်ယာတော် ဟွားဖေးကို မင်းနဲ့ အတူ ခေါ်သွား။” နဂါးသံတမန် ရန်ချင်းက ဒါကို အော်ပြောပြီးတဲ့ နောက်မှာတော့ ။ နတ်ဆိုးလူနဲ့ ချန်းဝူဆီကို ပြေးဝင်တိုက်ခိုက်တော့တယ်။ သူ့နောက်မှာတော့ နဂါး တပ်ဖွဲ့ က စစ်သည်တော် ရာချီ ပါလာခဲ့တယ်။ တော်ဝင် နန်းစောင့်တပ်တွေလည်း စတင် တိုက်ခိုက်တော့တယ်။ နောက်ဘက်မှာ ဝန်းရံထားတဲ့ မြို့စောင့်တပ်တွေလည်း ချန်းဝူကို တိုက်ခိုက်တယ်။
“ ဝူး … ဝူး….ဝူး…” မြားတွေ ကျဆင်းလာတဲ့ အသံတွေ ထွက်ပေါ်လာတယ်။ ဒါက နန်းစောင့်တပ်တွေရဲ့ တိုက်ခိုက်မှု။ သူတို့တွေလည်း ဝတ်ရုံနက် အယောက် ၂၀ကိုစတင် တိုက်ခိုက်နေကြပြီ။ ဒါက လောင်ကျွမ်းနေတဲ့ တိုက်ပွဲပြီးပဲ။ ဖန်ကျန်းရှီရဲ့ စကားတစ်ခွန်းကြောင့် ဖြစ်လာတဲ့ တိုက်ပွဲကြီး။
အိမ်ရှေ့စံ လင်းထျန်းရုံ ရဲ့ နှှုတ်ခမ်းတွေက သွေးစွန်းနေတယ်။ သူ့ နှလုံးသား တစ်ခုလုံး အမုန်းတရားတွေ ပြည့်နှက်နေတယ်။ ချန်းဝူရဲ့ လှည့်ကွက်မှာ သူ ကျရှုံးခဲ့တာကို မုန်းတီးတယ်။ နန်းတော်စောင့်တွေရဲ့ မြားက သူ့ကို တည့်တည့် ဦးတည်နေခဲ့ပြီ။
“ အရှင့်သား မြန်မြန် ထွက်ခွာပါ။”
“ငါဘယ်ကိုမှ မသွားဘူး။ ” ဝတ်ရုံနက် ဝတ်ထားရင်း သူ့ မူလ နေရာမှာ အေးအေးလူလူ ရပ်နေတဲ့ ဖန်ကျန်းရှီကို သူ လှည့်ကြည့်ရင်း အော်တယ်။ လင်းထျန်းရုံ က ဖန်ကျန်းရှီကို မုန်းတီးတယ်။ ဒါပေမယ့် တခြားသူ တစ်ယောက်ကို ပိုလို့တောင် မုန်းတီးသေးတယ်။ ချန်းဝူ .. .သူ့ကို ဒီအခြေအနေ ရောက်စေခဲ့တဲ့ သူ ။ “မြန်မြန် ချန်းဝူကို သတ်ကြ။”
“အမိန့်တော် အတိုင်းပါ။”ဝတ်ရုံနက်တွေက လင်းထျန်းရုံရဲ့ အမိန့်ကို ချက်ခြင်း နာခံကြတယ်။ လင်းထျန်းရုံရဲ့ အမိန့်အတိုင်း ဝတ်ရုံနက်တွေ နှစ်ခြမ်း ခွဲလိုက်တယ်။ ချန်းဝူကို တိုက်ခိုက်ဖို့ ပြင်တော့တယ်။ အတွင်းပိုင်း ပဋိပက္ခက စတင်ပြီ။
“ ဖန်ကျန်းရှီ။” ချန်းဝူက ဖန်ကျန်းရှီကို ပြုံးပြီးတော့ စိုက်ကြည့်နေခဲ့တယ်။ အဲ့ဒီ့အချိန်မှာပဲ မြားမိုးတွေ ရွာကျလာသလို ဝတ်ရုံနက်တွေကလည်း သူ့ ဆီ ပြေးဝင်လာတယ်။ သူ့ရဲ့ လင်းယုန်မျက်ဝန်းတွေမှာ ဒေါသတွေ ပြည့်နှက်လာခဲ့တယ်။ ဒီ အယုတ်တမာက ကောလဟာလတွေ ပြောတဲ့ အတိုင်း လုံး၀ အရှက်မရှိတာပဲ။
မီးကိုတိုးတဲ့ ပိုးဖလံတွေလို သူ့ဆီ ဝင်လာတဲ့ သူတွေကို မကြောက်ပါဘူး။ ဒါပေမယ့် ဒီအခြေအနေကို သဘောကျနေတာလည်း မဟုတ်ဘူးလေ။ စကားလေး တစ်ခွန်း။ ဖန်ကျန်းရှီရဲ့ စကားလေး တစ်ခွန်းက အနယ်ထိုင်နေတဲ့ အခြေအနေကို လှုပ်ရှားစေခဲ့တယ်။ ဒါတောင် ဖန်ကျန်းရှီက ဘေးကနေ ရပ်ကြည့်ရင်း ပြဇာတ်ခင်းနေသေးတယ်။ ချန်းဝူ ဒေါသမထွက်ပဲ နေမလား။
“ အရှင် ရှဲ့လော့ ” သူ့လက်ကနေ အလင်းတန်း ခြောက်ခု သဏ္ဍာန် ထွက်ပေါ်လာရင်း သေရှင်ဂိတ်တံခါး နား လူကို လှမ်းအော်တယ်။
“ နားလည်ပြီ။” ချန်းဝူရဲ့ အသံကို ကြားတော့။ နတ်ဆိုးလူ နှှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။ ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။
“ဝုန်း…” လောကကြီးတစ်ခုလုံး အပေါ်ကို ကြွတက်လာတဲ့ ပုံပဲ။ အဲ့ဒီ့နောက် အစိမ်းရင့်ရောင် အလင်းတန်းတွေက နတ်ဆိုး လူ လက်ကနေ ပေါ်ထွက်လာပြီး နေရာအနှံ့ကို ပြန့်သွားခဲ့တယ်။
“
“ရွှမ်း ရွှမ်း ရွှမ်း…”
“…”
ပြေးဝင်လာနေတဲ့ နန်းစောင့်တပ်နဲ့ နဂါး တပ်ဖွဲ့တွေ အစိမ်းရောင် အလင်းတန်းနဲ့ ထိတာကြောင့် နှစ်ပိုင်း ပြတ်ကုန်ကြတယ်။
“ …”
သူတို့ ခန္ဒာကိုယ်တွေ မြေပြင်ပေါ်ကို လဲပြိုကျတယ်။ အစိမ်းရောင် အလင်းတန်းကတော့ ရပ်တန့် မသွားဘူး။ ဒီ မြင်ကွင်းကို မြင်တော့ ဖန်ကျန်းရှီရဲ့ ပြုံးနေတဲ့ မျက်နှာက ချက်ခြင်း တည်သွားခဲ့တယ်။
အပိုင်း(၅၇၄)ပြီး၏။
အပိုင်း (၅၇၅)
“ သူပြေးထွက်သွားတယ်။ ပြန်လာတယ်။ ဘက်ပြောင်းသွားခဲ့ပြီ။”
ရှေးစကားပုံ တစ်ခုရှိတယ် ။ ( မင်းပြိုင်ဘက်ကို ဘယ်တော့မှ အထင်မသေးလေနဲ့ ။ မဟုတ်ရင် ပြဿနာတက်လိမ့်မယ်။) ဖန်ကျန်းရှှီ ရောက်လာတဲ့ အချိန် ညီလာခံ ခန်းမ တစ်ခုလုံးက ဖုန်မှုန့် ဖြစ်နေပြီ။ ဒါကြောင့် အရှင် ရှဲ့လော့ရဲ့ အစွမ်းကို သူ မျက်မြင် မတွေ့လိုက်ရဘူး။ နောက်ပြီးတော့ ချန်းဝူကလည်း သူ ရောက်ရောက်လာချင်း သူ့ကို အချိုသပ်တယ်။ ဒါကြောင့်ပဲ ချန်းဝူကို သတ်လိုက်ရင် ဒီ ပြဿနာတွေ အားလုံး ပြီးသွားလိမ့်မယ်လို့ ဖန်ကျန်းရှီ ထင်ခဲ့တာ။ ဒါပေမယ့် အရှင် ရှဲ့လော့ရဲ့ စွမ်းအားကို မြင်ချိန်မှာတော့ နောက်ဆုံးမြှ သူ နားလည်သွားခဲ့ပြီ။ လူမှားပြီး ပြစ်မှတ်ထားမိနေတာပဲ။ နောက်ပြီးတော့ ဒီ အဖြစ်က နောက်ဆက်တွဲ ဆိုးကျိုး ကြီးမားတယ်။
ဒီ အဖြစ်မျိုးက မင်း လက်ထပ်ပြီးလို့ မင်္ဂလာ အိပ်ခန်းထဲဝင် သတို့ သမီးနဲ့ ဟိုဒင်း ဟိုဟွာ ပြုပြီးခါမှ ။ မင်းနဲ့အတူနေလိုက်တဲ့ သူက သတို့ သမီး မဟုတ်ပဲ သူ့ ညီမ ဖြစ်နေတာကို သိလိုက်ရပြီးတော့။ သတို့သမီး အစစ်က အိပ်ခန်း ပေါက်ဝမှာ ဓားတစ်ချောင်း ကိုင်ပြီး မင်းကို စောင့်နေတဲ့ အဖြစ်မျိုးလိုပေါ့။ လန့်စရာ ကောင်းလိုက်တာ။
အထိတ်တလန့် အချိန် ပြီးရင်တော့ ပြေးဖို့ အချိန် ကျပြီ။ မင်းမှာ ဘာရှင်းပြချက်မှ မရှိတဲ့ အချိန်မှာ ပြေးတာ ကောင်းတယ်။ ဖန်ကျန်းရှီက အပါးနပ်ဆုံး ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ လက်တဖက်က ပင်းယန်ကို ဆွဲတယ်။ နောက်လက်တဖက် ကတော့ ရန်ရွှယ်ကို ဆွဲပြီး ဖနောင့်နဲ့ တင်ပါး တသားတည်း ကျအောင် ပြေးတော့တယ်။
နဂါး တပ်ဖွဲ့။ တော်ဝင် နန်းစောင့်တပ်နဲ့ မြို့စောင့်တပ်တွေ အားလုံး ပေါင်းတဲ့ အပြင် ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွား နှစ်ယောက်ရဲ့ အင်အားတွေ အားလုံး ပေါင်းလိုက်တယ်။ ဒါတောင် ဒီ လုပ်ကြံသူ နည်းနည်းလေးရဲ့ ပြိုင်ဘက် မဟုတ်ဘူးတဲ့။ ဘယ်သူ ယုံနိုင်မှာလဲ။
ဖန်ကျန်းရှီလည်း အစကတော့ မယုံခဲ့ဘူး။ ဒါပေမယ့် စစ်သည်တော်တွေရဲ့ အဖြစ်ကို မျက်မြင် တွေ့လိုက်ချိန် မှာတော့။ ညီလာခံ ခန်းမ တစ်ခုလုံး မဏ္ဍပ်တိုင်တွေပဲ ကျန်တော့တဲ့ အထိ အဖြစ်ဆိုးသွားတာကို နားလည်သွားတယ်။ ချန်းဝူမှာ (အရှင် ရှဲ့လော့) လို့ ခေါ်တဲ့ မိစ္ဆာ တစ်ကောင် ရှိနေတာကြောင့်ပဲ။ သူက သန်မာလွန်းတယ်။
ဒါကို မျက်ဝါးထင်ထင် မြင်လိုက်ရတာကြောင့် ဖန်ကျန်းရှီ ချက်ခြင်း ထွက်ပြေးတော့တယ်။ ဒီလို လုပ်ဆောင်ချက် မျိုးကို လုပ်နိုင်ဖို့ ဘယ်လောက် အင်အား လိုမယ်မှန်း သိတယ်။ ပြန်လည် မွေးဖွားမှု အဆင့် အောက်မှာ ရှိတဲ့ ဘယ်သူမဆို အသတ်ခံရမှာပဲ။ အရှင် ရှဲ့လော့က ပြန်လည်မွေးဖွားမှု အဆင့်မှာ ရှိတဲ့ လူတွေကို ပဲ သတ်နိုင်တာလို့ တစ်ယောက်ယောက်က ပြောလာရင်တော့။ အဲ့ဒီ့ ငတုံးကောင်ကို ဖန်ကျန်းရှီ လက်သီးနဲ့ ပိတ်ထိုးမိမှာပဲ။
“အား….”
“အား….“
“အားးး”
“….”
နာနာကျင်ကျင် အော်ဟစ်သံတွေ နန်းတော်ထဲမှာ ထွက်ပေါ်လာတယ်။ စစ်သည်တော်တွေ အစိမ်းရောင် အလင်းတန်းကို ကြည့်ရင်း ဖြူဖျော့နေကြပြီ။ သူတို့တွေ ထွက်ပြေးချင်တယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူး။ သူတို့က စစ်သည်တော်တွေလေ။ စစ်သည်တော်တွေ အတွက် သူတို့ သေဖို့ နည်းလမ်းက တစ်ခုပဲ ရှိတယ်။ စစ်မြေပြင်မှာပဲ သေရမယ်။ တိုက်ပွဲက ထွက်ပြေးရင် သူရဲဘောကြောင်သူ အဖြစ် သတ်မှတ်ခံရပြီးတော့ တစ်ဘ၀ လုံး အရှက်ရလိမ့်မယ်။ ဒါပေမယ့် လူတစ်ယောက်က တခြား လူ နှစ်ယောက်ကို ဆွဲရင်း သူ ပြေးနိုင်သလောက် မြန်မြန် ပြေးနေခဲ့တယ်။
“….“
နန်းတော်စောင့်တွေ နဲ့ မြို့စောင့်တပ်တွေ အားလုံး ဖန်ကျန်းရှီက ပင်းယန်နဲ့ ရန်ရွှယ်ကို ဆွဲပြေးနေတာကို ကောင်းကောင်း တွေ့တယ်လေ။ ဘယ်သူကမှ ပင်းယန် ထွက်ပြေးတာကို မကန့်ကွက်လို ကြဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့…. ဒီ လူယုတ်မာ ထွက်ပြေးပြီ။ ဖန်ကျန်းရှီက ခုဏလေးတင်ပဲ ဟန်ကြီး ပန်ကြီးနဲ့ ရှေ့ဆုံးမြှ ရပ်ပြီးတော့ အမိန့်ပေးခဲ့သေးတယ်။ “ မင်းတို့တွေ ဒီမှာ ဘာ ရပ်ကြည့်နေတာလဲ၊ သူ့ကို သတ်ကြ။”
“သတ်ကြ။”
“မင်းတို့တွေ ပွဲကြည့် ပရိသတ်ပဲ လုပ်နေကြတော့မှာလား။”
ဘယ်လောက်တောင် စိတ်အားတက်ကြွ စေတဲ့ ဖိအားပေး စကားတွေလဲ။ ဒါပေမယ့် အခုတော့။ ဖန်ကျန်းရှီက ထွက်ပြေးနေပြီ။ ဒီလို အ ရှိန်နှုန်းနဲ့လေ။
“မင်းတို့တွေ ဆက်တိုက်ခိုက်ထားကြ။ အရှင် မင်းသမီးကို ငါ ကာကွယ်မယ်။ ” သူပြေးသွားတဲ့ လမ်းတစ်ယောက်မှာ ဒီအသံ ပဲ့တင့်ထပ်သွားခဲ့တယ်။
“….” နန်းစောင့်တပ်တွေနဲ့ မြို့စောင့်တပ်တွေကတော့ ပြောစရာ စကားမရှိ ဖြစ်နေပြန်တယ်။ လူတစ်ယောက်က ဒီလောက်ထိ အရှက်မဲ့နိုင်တာလား။ သူတို့ရဲ့ ကံကြမ္မာကိုပဲ စစ်သည်တော်တွေ ကျိန်ဆဲ မိတယ်။ ဒါပေမယ့် အနည်းဆုံးတော့ နဂါးတပ်ဖွဲ့ ဧကရာဇ် နဲ့ ကြင်ယာတော် ဟွားဖေးက သူတို့ နဲ့ အတူ တိုက်ခိုက်နေသေးတယ်။ ဖန်ကျန်းရှီရဲ့ စကားကို ကြားတဲ့ အချိန် သူတို့ အမူအယာ မပြောင်းလဲကြဘူး။
“ဖန်ကျန်းရှီ ။ မင်း ပင်းယန်ကို ကာကွယ်ရမယ်။” ချန်ဖေးဟွားရဲ့ အသံက လူတိုင်း နားထဲကို ဝင်ရောက်လာခဲ့တယ်။
“…”
သက်ရောက်မှုကတော့ ကွာာခြားတယ်။ နန်းစောင့်တပ်တွေ ဒါကို နားလည်တယ်။ သူတို့ အားလုံး သူတို့ ဧကရာဇ်ကို တတ်နိုင်သလောက် အသက် စွန့်ပြီး ကာကွယ်ဖို့ လုပ်ကြတယ်။ ဒါပေမယ့် အစိမ်းရောင် အလင်းတန်းကိုတော့ သူတို့ မခုခံနိုင်ဘူး။
“ လဲချ။”
“ မြန်မြန် လဲချလိုက်။”
ဘယ်သူ သတိပေး လိုက်မှန်း မသိပေမယ့် စစ်သည်တော်တွေ အားလုံး အမြင့်ဆုံ းအရှိန်နဲ့ လှုပ်ရှားကြတယ်။ ဒါပေမယ့် ဒီ အလင်းတန်းကို မရှောင်နိုင်တဲ့ စစ်သည်တော်တွေကတော့ အသက်နဲ့ ခန္ဒာ ကွဲထွက်ကုန်ကြတယ်။ သူတို့တွေ အော်ဟစ်ရင်း ၂ပိုင်း ပြတ်ထွက်ကုန်ကြတယ်။ အသက်ရှင် ကျန်ရစ်သူတွေ ဝိဉာဉ် ပါ တုန်ယင်ကုန်တယ်။ ဒီ အလင်းတန်း က တကယ့်ကို သန်မာလွန်းတယ်။
တစ်ချိန်တည်းမှာပဲ သဘာဝလွန် အဆင့် စစ်သည်တော်တွေ ခေါင်းပြတ်ကုန်ကြတယ်။ နတ်ဆိုး ဘုရင် အရှင်ရှဲ့လော့ဆိုတာ သာမာန် စစ်သည်တော်တွေ ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး။ ထိပ်တန်း စစ်သည်တော်တွေတောင် သူနဲ့ မတိုက်ခိုက်နိုင်ဘူး။
လင်းရှင်းကြွယ် လည်း မြေပြင်ပေါ်မှာ ပြားပြားဝပ်နေတယ်။ ကြည့်ရတာ သနား စရာတောင် ကောင်းသေး ။ သူလည်း ထွက်ပြေးချင်တာပေါ့။ ဒါပေမယ့် ဘယ်လို ပြေးနိုင်မှာလဲ။ သူက သွမ်အရှင် ဖြစ်နေတယ်။ နောက်ပြီးတော့ ဒီ အခွင့်အရေးကို သုံးပြီးတော့ လည်း ကံကြမ္မာ ကို မစွန့် စားနိုင်ဘူး။
“ ရက်စက်လိုက်တဲ့ ဖန်ကျန်းရှီ ။ ဒီကောင်သာ ပြဿနာ မီး မမွှေးရင် ငါ ဒီလောက် အဖြစ်ဆိုးမှာ မဟုတ်ဘူး။” လင်းရှင်းကြွယ်က နန်းတော်စောင့်တွေရဲ့ အလောင်းတွေ ပြန့်ကျဲပြီး သွေးတွေ စွန်းထင်းနေတဲ့ မြေပြင်ကို ကြည့်ရင်း တွေးနေမိတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အံကြိတ်နေမိတယ်။ ဒီအတွေးကို တွေးနေတဲ့ အချိန်မှာပဲ။ ဖန်ကျန်းရှီ ရုတ်တရက် ပြန်လာတာကို တွေ့လိုက်ရတယ်။ အာ သူ ပြန်လာတယ်ပေါ့။ သူတကယ်ပဲ ပြန်လာတယ်။ စူးစမ်းလိုစိတ် အပြည့်နဲ့ သူ ခေါင်းမော့ကြည့်တယ်။ အဲ့ဒီ့နောက် ဒီ လူသုံးယောက် နောက်မှာ ဝတ်ရုံနက်တွေ ထောင်ချီ ပါလာတာကို လင်းရှင်းကြွယ် တွေ့လိုက်ရတယ်။
“ ငလူးပဲ….” တော်ဝင်မိသားစုမှာ ငယ်ငယ်တည်းက ကြီးပျင်းလာတဲ့ မင်းသား တစ်ပါးအနေနဲ့ ကျိန်ဆဲတာမျိုး လုပ်ခဲတယ်။ ဒီအချိန်မှာတော့ သူ့ ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘူး။ ဒီ ဝတ်ရုံနက်တွေက ဘယ်သူတွေမှန်း သူသိတယ်လေ။ တော်ဝင် နန်းတော် ဝင်ပေါက်မှာ သူတို့ နဲ့ တိုက်ခိုက်ခဲ့သူတွေပဲ။
ဖန်ကျန်းရှီရဲ့ အကြံနဲ့ မြို့စောင့်တပ်တွေကို နှစ်ဖွဲ့ခွဲပြီးတော့ နန်းတော်ထဲ ထိုးဖောက် ဝင်လာခဲ့တာ။ ဒီ ဝတ်ရုံနက်တွေကို အခက်တွေ့ပြီး အင်အား လျော့ကျစေဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ဝတ်ရုံနက်တွေက အင်အား အပြည့်နဲ့ ထိုးဖောက်ဝင်လာခဲ့ပြီ။
အရင်တုန်းကတော့ သူတို့ရဲ့ အားသာချက်က လူအင်အားပဲ။ အခု ဝတ်ရုံနက်တွေ ဝင်လာချိန်မှာတော့ သူတို့ မှာ အားသာချက် မရှိတော့ သလောက်ပဲ။ ဒါက အဆိုးဆုံး အပိုင်း မဟုတ်သေးဘူး။ အဆိုးဆုံး အပိုင်းကတော့။ သူတို့ ဘယ်လို အခြေအနေမှာ ရောက်နေမှန်း သိတာတောင် ဝတ်ရုံနက် လူတွေကို ဖန်ကျန်းရှီ ခေါ်လာသေးတာပဲ။ ဒီအခြေအနေက အရှိန် ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတဲ့ မီးထဲကို ဆီတွေ လောင်းချသလိုပဲ။ အမုန်းတရားတွေ လင်းရှင်းကြွယ်ရင်ထဲ ပြည့်နှက်လာတယ်။ ဝတ်ရုံနက် ထောင်ချီကို ကြည့်ရင်း နောက်ဆုံးတော့ စိတ်အကြံတစ်ခု ရလာခဲ့တယ်။
“ ဘက်ပြောင်းမယ်။” လင်းရှင်းကြွယ် လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းအော်တယ်။ အကယ်၍ အခုချိန်မှာ တော်လှန်လိုက်ရင် စစ်သည်တော် တစ်သောင်း အင်အားနဲ့ တော်ဝင် နန်းစောင့်တပ် တွေ နဂါး တပ်ဖွဲ့တွေ အင်အားကို အေးဆေးလေး အနိုင်တိုက်နိုင်မှာပဲ။
နောက်ပြီးတော့ သူ့ရဲ့ မြို့စောင့်တပ်တွေက မြို့တံခါးတွေကို ထိန်းချုပ်ထားတာ။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင် သူ့ရဲ့ လုပ်ဆောင်ချက်တွေက အပြင်လောကကို ရောက်မှာ မဟုတ်ဘူး။
လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပလာတယ် ။ ဆုံးဖြတ်ချက် ချဖို့က ခက်ခဲခဲ့တယ်။ ဒါပေမယ့် ဘက်ပြောင်းဖို့ ဆုံးဖြတ်ချက် ချပြီးတာနဲ့ မြောက်ပိုင်း သီခြား နိုင်ငံရဲ့ နောက်လိုက်ခွေး တစ်ကောင် အဖြစ်နေရတော့မှာ။ ညီလာခံကို ဆက်ခံရတာ တစ်ခုက လွဲပြီးတော့ပေါ့။
သူ ဆက်ပြီးတော့ တိုက်ခိုက်သင့်လား။ မဖြစ်ဘူး။ သူ နောက်ထပ် မတိုက်ခိုက်နိုင်တော့ဘူး။ မြောက်ပိုင်း လူရိုင်းတွေ ထောင်ချီကို အခု အခြေအနေမျိုးမှာ ဘယ်လိုများ နိုင်နိုင်မှာပဲ။ သူ့ရဲ့ စစ်သည် တစ်သောင်းတည်းနဲ့ အနိုင်တိုက်နိုင်မယ့် ထိပ်တန်း စစ်သည်တော်တွေ မဟုတ်ဘူး။ ချန်းဝူနဲ့ နတ်ဆိုးဘုရင် အရှင်ရှဲ့လော့ ရဲ့ အင်အားနဲ့တင် ဘယ်လိုမှ မနိုင်နိုင်ဘူး။
သူဘယ်လို များ လုပ်နိုင်မှာလဲ။ ဘာကို ဘယ်လို လုပ်နိုင်မှာလဲ။ ဒီအတိုင်း သာမာန် နောက်လိုက် ခွေး တစ်ကောင် ပဲ လုပ်ရတော့မှာလား။ လင်းရှင်းကြွယ် နောက်ဆုံးတော့ ခက်ခက်ခဲခဲ အချိန်မှာ တောက်ပဖို့ အခွင့်အရေးကို ရလာခဲ့ပြီ။
“မဟုတ်ဘူး ထီးနန်းကို ရပြီးရင် ပြန်တွန်းလှန်နိုင်ဖို့ အခွင့်အရေးတော့ ရှိမှာပါ။” လင်းရှင်းကြွယ် အံကြိတ်ရင်းနဲ့ ဧကရာဇ် ဖြစ်လာမယ့် တနေ့ကို တွေးတော့ နေမိတယ်။ ဘယ် ဧကရာဇ်ကများ ပထမဆုံး ထီးနန်းဆက်ခံ ချိန်မှာ အမတ်မင်းတွေ အပြစ်ပြုတာကို မခံရဖူလဲ။ ဒါပေမယ့် နောကတော့ကော ဘာဖြစ်လဲ။ သူတို့ထဲက အများစု က ကွပ်မျက်ခံရတယ်။ နောက်ဆုံးမှာတော့ ဘယ်သူမှ မခုခံ ဝံ့တဲ့ အမြဲလေးစားရတဲ့ ဧကရာဇ် တွေ ဖြစ်လာကြတယ်။
ထီးနန်း။ ထီးနန်းကို ဆက်ခံ ပြီးရင် အနည်းဆုံးတော့ လွတ်လမ်းတွေ့မှာပါ။ ထီးနန်းကိုသာ မရ ရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ချန်းဝူက ဒီအခြေအနေကို ထိန်းချုပ်ပြီးတာနဲ့ ဧကရာဇ်ကို အစားထိုးဖို့ လူရှာမှာပဲ၊။
“ ဟ ဟား… ဖန်ကျန်းရှီ မင်းတကယ်ပဲ ပြေးလို့ လွတ်မယ် ထင်နေတာလား။ သတ်… သတ်ကြ အားလုံးကို သတ်.။ နဂါး တပ်ဖွဲ့ ။ တော်ဝင် နန်းစောင့်တပ်။ မြို့စောင့်တပ်တွေ အားလုံးကို မလွှတ်စေနဲ့။ တစ်ယောက်ကိုမှ အသက်ရှင်လျက် မထားနဲ့။” ချန်းဝူက ရယ်မောရင်းနဲ့ လှမ်းအော်တယ်။ လူသတ်လိုစိတ် အပြည့်နဲ့ သူ ရယ်မော နေခဲ့တာ။
“ ခဏလေး…။ ချန်းဝူ…။ ခုနက ကမ်းလှမ်းထားတာ ခုထိ အကြုံးဝင်သေးလား။” ချန်းဝူရဲ့ အော်သံကို ကြားတော့ လင်းရှင်းကြွယ် လှမ်းမေးတယ်။
“ အိုး… အရှင် မင်းသားက နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့။” ရုတ်တရက် ထရပ်ရင်း မေးတဲ့ လင်းရှင်းကြွယ်ကြောင့် ချန်းဝူ အံ့သြသွားတယ်။
“ ဒါပေါ့။” လင်းရှင်းကြွယ် အံကြိတ်ရင်း ဖြေတယ်။
“ အရှင့်သား။”
“မဖြစ်ဘူး အရှင့်သား။”
“ မြောက်ပိုင်း လူရိုင်းတွေက လောဘကြီးတယ်။ သူတို့ ကတိ တည်မှာ မဟုတ်ဘူး။”
“ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါအုန်း အရှင့်သား။”
မြို့စောင့်တပ်တွေ တစ်ယောက်ပြီးတစ်ယောက် သူ့ကို အကြံပြုကြတယ်။ နဂါးတပ်ဖွဲ့ နဲ့ တော်ဝင် နန်းစောင့်တပ်တွေ ကတော့ အံ့သြနေကြတယ်။ လင်းရှင်းကြွယ်က ဘက်ပြောင်းချင်နေတာလား။ လင်းရှင်းကြွယ် ဒီကို ဘာကြောင့် လာမှန်း သိပေမယ့် ။ တကယ် ပုန်ကန်တာကတော့ ကွာခြားတဲ့ ကိစ္စလေ။
“အရှင့်သား. … တကယ်ပဲ မြောက်ပိုင်း လူရိုင်းတိုင်းပြည်ရဲ့ တစိတ်တပိုင်း ဖြစ်ဖို့ တကယ် ဆန္ဒရှိတာ သေချာပြီလား။” ချန်းဝူ လူတွေ အားလုံးကို လျစ်လျူရှုပြီး ပြုံးပြရင်း မေးတယ်။
“ ဟုတ်တယ။် ဆုံးဖြတ်ချက် ချလိုက်ပြီ။” လင်းရှင်းကြွယ် ပြန်ဖြေတယ်။
“ မဖြစ်ဘူး။ အရှင့်သား ဒါက ထောင်ချောက်ပါ။…” မြို့စောင့် စစ်သူကြီး တစ်ယောက် ရှေ့ထွက်လာခဲ့တယ်။ သူ့ စကားကို ဆုံးအောင် ဆက် မပြောနိုင်ခဲ့ဘူး။ ဓားတစ်ချောင်းက လည်ပင်းကို စိုက်သွားခဲ့ပြီ။
“ အူ….” လင်းရှင်းကြွယ်ရဲ့ ငွေရောင် သံချပ်ကာကို ဆုပ်ကိုင်ရင်း သူ လဲကျသွားတယ်။ စကားပြောချင်ပေမယ့် မပြောနိုင်တော့ဘူး။
“ မြို့စောင့်တပ်တွေ အတွက် အမိန့်ပဲ။ ငါ့ အမိန့်ကို ဆန်ကျင်တဲ့သူ အကုန် သေရမယ်။” လင်းရှင်းကြွယ် လက်တစ်ဖက်ကို မြှောက်ရင်းနဲ့ ပြောတယ်။ စစ်သူကြီးကတော့ သွေးတွေ အဆက်မပြတ် စိမ့်ထွက်နေတဲ့ လည်ပင်းကို ဖိထားခဲ့တယ် ။ ဒီမြင်ကွင်းက အရမ်းကို သနားစရာကောင်းလွန်းတယ်။ မြို့စောင့် စစ်သည်တော် တစ်သောင်း ချက်ခြင်း လှုပ်ရှာ းတော့တယ်။
“ အရှင့်သားက ဒီနှစ်တွေမှာ ကျွန်တော်တို့ကို ကြင်နာခဲ့တယ်။ အရှင့်သားနောက်ကို ကျွန်တော်လိုက် မယ်။”
“ ငါကောပဲ။”
“ သွမ့်အရှင်ကို သစ္စာရှိကြ။”
“ အမိန့်ကို ဖီဆန်သူ မှန်သမျှသေရမယ်။” အသံတွေက စစ်သည်တော်တွေ စီကနေ ထွက်ပေါ်လာတယ်။ သူတို့တွေထဲက တစ်ချို့ ချက်ခြင်း ဒူးထောက် ဦးညွှတ်ကြတယ်။ ၉၀%သော စစ်သည်တော်တွေလည်း သူတို့ ရဲ့ စစ်သူကြီးတွေ ရဲ့ လမ်းစဉ်ကို လိုက်ကြတယ်။ ကျန်တဲ့ စစ်သည်တော်တွေကတော့ ဒေါသထွက်နေကြတယ်။
“အရှင်မင်းမြတ်ကိုပဲ။ သစ္စာ စောင့်သိမယ်။”
“ ကြီးမြတ်သောရှ နိုင်ငံတော်ကို သေတဲ့ အထိ ကာကွယ်မယ်။”
“ င့ါ နိုင်ငံတော်ကို သစ္စာ မဖောက်ဖူး။”
ဒီအသံတွေ သူတို့ ပါးစပ်ကနေ ထွက်လာတယ်။ ဒူးထောက်နေကြတဲ့ မြို့စာင့်တပ်တချို့ မတ်တပ် ပြန်ရပ်ကြတယ်။
“ သူတို့ကို သတ်ကြ။”
“ဒီ စုန်းပြူးတွေကို သတ်ကြ၊”
“ ရွှမ်း ရွှမ်း…” ဒီအချိန်မှာပဲ စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်တယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ ဒီမြင်ကွင်းကြောင့် တုန်ယင်သွားခဲ့တယ်။
“ သစ္စာဖောက်တွေ … သစ္စာဖောက်တွေ ”
“ စိတ်အေးအေး ထားပါ။ အရှင်မင်းမြတ်။ အရှင်သားက မျက်စိမှောက်နေတဲ့ အခြေအနေ မှာ ရောက်နေလို့ပါ။” ချန်းဖေးဟွား ဧကရာဇ် လင်းမုပိုင်ကို ဖျောင်းဖျနေတယ်။ ချန်းဝူကတော့ ဝတ်ရုံနက်တွေကိုကြည့်ရင်း ပြုံး နေခဲ့တယ်။
“ အရှင့်သား ဒီလို လုပ်တာ နည်းနည်း နောက်မကျလွန်းဘူးလား။ ကျွန်တော့်ရဲ့ မြောက်ပိုင်း လူရိုင်းတပ်တွေတောင် ရောက်လာပြီ။ အရှင့်သားရဲ့ အစောင့်နည်းနည်းလေးက ဘာ အသုံးဝင်မှာလဲ။” ချန်းဝူ မေးတယ်။
“ ဒီ အစောင့်တပ် နည်းနည်းလေးကတော့ အသုံးမဝင်ဘူး။ ဒါပေမယ့် မြို့တော် ဂိတ်လေးခုက ငါ့လက်အောက်မှာ ရှိတယ်။ နောက်ပြီးတော့ ကြီးမြတ်သောရှ ရဲ့ စစ်သေနာပတိချုပ်ကလည်း ငါပဲ။ ရန်မြို့တော် တိုက်ခိုက် ခံရရင်တောင်။ မြို့ပတ်ပတ်လည်မှာ ရှိတဲ့ စစ်အင်အားတွေ ကို ငါမပါရင် မင်း ထိန်းချုပ်နိုင်မှာလား။” လင်းရှင်းကြွယ် အံကြိတ်ရင်း ဆက်ပြောတယ်။
“ဒါကမှ နည်းနည်း အဓိပ္မာယ်ရှိသေးတယ်။” ချန်းဝူ ဖော်ရွေတဲ့ အပြုံးနဲ့ ပြုံးပြတယ်။ “ဒီလို ဖြစ်မှတော့။ မင်းရဲ့ ခမည်းတော်ကို ငါနဲ့ အတူ သွားသတ်မလား။”
“ဒါပေါ့။”လင်းရှင်းကြွယ် အံကြိတ်တယ်။ ချန်းဝူရဲ့ စကားတွေက ဘယ်လို အခြေအနေကို တွန်းပို့နေမှန်း သူသိတယ်။ ဒါပေမယ့် သူ့မှာ ရွေးချယ်စရာမရှိဘူး။ ကြီးမြတ်သောရှမင်းဆက်ကို နောက်တစ်ခါ ပြန် အုပ်ချုပ်ချင်ရင် ဒီ နာကျင်မှုကို သည်းခံရမယ်။ ထီးနန်းကို ဆက်ခံပြီးသွားရင် ဒီ ပေးဆပ်မှုတွေ အားလုံးက တန်ပါတယ်။ သူ့ရဲ့ ခမည်းတော်ကို သတ်ပြီးတော့ လက်ကို သွေးစွန်း ခံရမယ်ဆိုရင်တောင် ပေါ့။
အပိုင်း(၅၇၅) ပြီး၏။
အပိုင်း (၅၇၆)
“ ဂုဏ်သိက္ခာမဲ့ အသက်ရှင်တာထက် ဂုဏ်သိက္ခာ အပြည့်နဲ့ သေလိုက်မယ်။”
ဘာသာပြန်သူ - Enri Thaw
“ ဟား ဟား… ဒီလို ဖြစ်မှတော့ အရှင့်သားက ဘာကို စောင့်နေတာလဲ။” လင်းရှင်းကြွယ်ရဲ့ သဘောတူညီချက်ကို ကြားတော့ ချင်းဝူရဲ့ အပြုံးက ပိုပြီး ပီပြင်ထင်ရှားလာခဲ့တယ်။ ဒီခံစားချက်ကို သူ သဘောခွေ့နေတယ်။ သူက သူ့သားကောင်နဲ့ ကစားတတ်တဲ့ မုဆိုးတစ်ယောက်တော့ မဟုတ်ဘူး။ ဒီလို ဖြစ်ရင်တောင် ကြီးမြတ်သောရှ နိုင်ငံတော် ရဲ့ တော်ဝင်မိသားစုထဲက အတွင်း ပဋိပက္ခလေးတွေကို မြင်ရတာတော့ သူ ပျော်တယ်။
“ တောင်းပန်ပါတယ် ခမည်းတော်။” လင်းရှင်းကြွယ် အံကြိတ်ရင်း ပြောတယ်။ သူ့မျက်လုံးတွေက တဖြည်းဖြည်း ပို မှုန်ဝါး အေးစက်လာခဲ့တယ်။ “ မြို့စောင့်တပ်တွေ နားထောင်ကြ။ ဧကရာဇ် လင်းမုပိုင်ကို သတ်နိုင်တဲ့ ဘယ်သူမဆို ဆယ်သက်စားမကုန်တဲ့ စည်းစိမ်ဥစ္စာကို ရရှိမယ်။”
လင်းရှင်းကြွယ်ရဲ့ အမိန့်ကို ကြားတာနဲ့ ဒူးထောက်နေတဲ့ မြို့စောင့်တပ်တွေ အားလုံး မတ်တပ်ရပ်လိုက်တယ်။ သူတို့ရဲ့ လေးကိုင်းတွေကိုဆွဲတယ်။ မရေမတွက်နိုင်တဲ့ မြားတွေက ဧကရာဇ် လင်းမုပိုင်ဆီကို တည့်တည့် ပျံဝဲလာတယ်။ ဒီမြားတွေက လရောင်အောက်မှာ တလက်လက် တောက်ပနေတယ်။
“ကောင်းတယ်။ … အရမ်းကောင်းတယ်…. နောက်ထပ် ပုန်ကန်သူ ထွက်လာပြီ ။ ငါအုပ်ချုပ်တဲ့ သက်တမ်း တစ်လျှောက်လုံးမှာ လူအမျိုးမျိုး မြင်ဖူးတယ်။ သိသာတဲ့ ပြောင်းလဲမှုတွေကို ငါကိုယ်တော် မလုပ်ခဲ့ပေမယ့် နိုင်ငံ့ အကျိုးအတွက်တော့ အများကြီး လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ကိုယ်တော် မွေးထားတဲ သားတော်တွေကို အခုခထိ နားမလည်နိုင်သေးဘူး။” မြို့စောင့်တပ်တွေကို ကြည့်ရင်း ဧကရာဇ် လင်းမုပိုင် စိတ်ပျက်နေခဲ့တယ်။
အိမ်ရှေ့စံက ပထမဆုံး ပုန်ကန်တယ်။ ဒီကိစ္စကို သူ အစောကြီးတည်းက သိထားပြီးသား။ ဒါပေမယ့် သွမ့်အရှင် ပုန်ကန်တာကတော့ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ နောက်ကျောကနေ ထိုးတဲ့ ဓားက နှလုံးသားကို ဒဏ်ရာရစေတယ်။ ကိုယ့်သွေးရင်း သားရင်း တွေ သစ္စာဖောက်တာထက် ဘဝမှာ ကြီးမားတဲ့ နာကျင်မှု မရှိတော့ဘူး။ သူ့ သား နှစ်ယောက် တစ်ခါတည်း သစ္စာဖောက်တာကို ခံရပြီးတဲ့နောက် ဧကရာဇ် လင်းမုပိုင် ဘယ်လိုများ အဆင် ပြေနိုင်အုန်းမှာလဲ။
“ ဟဟား… ညီတော်ခြောက်က မြောက်ပိုင်း လူရိုင်းတွေကို နာခံလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ ငါ တကယ်ပဲ သူ့ကို လျှော့တွက် မိခဲ့တာပဲ။” သူတို့ အပေးအယူ လုပ်တဲ့ စကားတွေကို ကြားရတဲ့ အချိန်မှာ အိမ်ရှေ့စံ လင်းထျန်းရုံ တုန်ယင်လာခဲ့တယ်။ သူ ပုန်ကန်ခဲ့တာ မှန်တယ်။ ဒါပေမယ့် သူတစ်ပါးရဲ့ နောက်လိုက်ခွေးတော့ မလုပ်ဘူး။ ဒါပေမယ့် လင်းရှင်းကြွယ်က လုပ်လိုက်ပြီ။ သူ့ ညီတော်ကို စိတ်မပျက်ပဲ ဘယ်လို နေမှာလဲ။
“ အရှင့်သား … အရှင်မင်းမြတ်ကို သတ်ချင်တာ တကယ် သေချာလို့လား။” နဂါး တပ်ဖွဲ့ခေါင်းဆောင် ရန်ချင်း မယုံကြည်နိုင်မှု အပြည့်နဲ့ မေးတယ်။
“ပြစ်ကြ။” လင်းရှင်းကြွယ်က လင်းထျန်းရုံနဲ့ ရန်ချင်းရဲ့ စကားတွေကို လျစ်လျူရှုထားခဲ့တယ်။ လူတိုင်းရဲ့ မေးခွန်းကို အလုပ်နဲ့ပဲ ပြန်ဖြေခဲ့တယ်။
“ ရွှီ ရွှီ… ”
“….”
“…”
မြားမိုးတွေက ကောင်းကင် ပေါ်ကို ထိုးတက်သွားပြီးနောက် ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွားစီကို လှလှပပလေး ဝဲပျံကျလာတယ်။
“ဧကရာဇ်ကို ကာကွယ်ကြ။”
နဂါးတပ်ဖွဲ့ကနေ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ မြားတွေကို ကာကွယ်တဲ့ အလင်းဒိုင်းကြီး ဖြစ်ပေါ်လာတယ်။
“ဝေါင်း..”
“ဝေါင်း…”
မြားမိုးတွေ ကြားကနေ သားရဲကောင် နှစ်ကောင် ပြေးထွက်လာတယ်။ ဧကရာဇ် နဲ့ ချန်းဖေးဟွား ဆီကို တည့်တည့် ဝင်လာတာ။
“ အရှင်မင်းမြတ် ဒီနေရာကနေ ထွက်ခွာပါတော့။”
နဂါးတပ်ဖွဲ့တွေ ဒီသားရဲကောင်တွေ ကြောင့် နောက်မဆုတ်ဘူး။ အဲ့ဒီ့အစား သားရဲကောင်တွေဆီကို တန်းတန်း မတ်မတ် ပြေးဝင်တယ်။ ဒီနေရာမှာ သူတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အချိန်ဆွဲတာပဲ ။ နောက်ပြီးတော့ ဒီ အချိန်အတွက် ပေးဆပ်မှုကလည်း ကြီးမားတယ်။ ဒါပေမယ့် အခုတော့ … သူတို့ ရဲ့ အားလုံးရဲ့ အားစိုက်ထုတ်မှုက ကောင်းကောင်း အဆုံးသတ်မှ ဖြစ်မယ်။ စစ်ကူမရှိပဲနဲ့ သူတို့ ဘယ်လောက် အချိန်ကြာကြာ ဆွဲထားနိုင်မှာလဲ။
“ဝေါင်း…”
သားရဲကောင်ရဲ့ ချွန်ထက်တဲ့ လက်သည်းက နဂါးတပ်ဖွဲ့ က စစ်သည်တော် တစ်ယောက်ကို လွင့်ထွက်သွားစေတယ်။ တစ်ချိန်တည်းမှာပဲ ချန်းဝူရဲ့ အကြည့်က ဖန်းကျန်းရှီ ပင်းယန် နဲ့ ရန်ရွှယ်တို့ ဆီကို ရောက်လာတယ်။
“ ဖန်ကျန်းရှီကို သတ်…. တခြား နှစ်ယောက်ကို အရှင် ဖမ်း။”
“အမိန့်တော် အတိုင်းပါ။” ပြန်လည်မွေးဖွားမှု အဆင့် ဝတ်ရုံနက်တွေ ချန်းဝူရဲ့ အမိန့်ကို ချက်ခြင်း နာခံတယ်။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ သူတို့တွေ ဖန်ကျန်းရှီ ရှေ့ကို ရောက်သွားကြပြီ။
“ အမ်…။ မင်းတို့ နှစ်ယောက်ကျတော့ အရှင် ဖမ်းခံရမှာလား။” ချန်းဝူရဲ့စကားကို ကြားတော့ ဖန်ကျန်းရှီ တအံ့တသြ ပြောမိတယ်။
“ သေရတာထက်တော့ ကောင်းပါသေးတယ်။ ” ပင်းယန် ချက်ခြင်း ပြန်ဖြေတယ်။
“အင်း ..” ရန်ရွှယ်လည်း ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီရဲ့ မေးခွန်းကို ပြန်ဖြေတာလား။ ပင်းယန်ရဲ့ အမြင်ကို ထောက်ခံတာလား ဘယ်သူမှ မသိ။
“ ငါကတော့ ဂုဏ်သိက္ခာမဲ့ အသက်ရှင်တာထက် ဂုဏ်သိက္ခာ အပြည့်နဲ့ သေလိုက်မယ် ။ ကြီးမြတ်သောရှ နိုင်ငံတော်ကြီး အတွက် အသက်နဲ့ ရင်းပြီး ပြန်ပေးဆပ်လိုက်မယ်။” သေခြင်းကို ရင်ဆိုင်ရတော့မယ့် ဖန်ကျန်းရှီရဲ့ မျက်နှာက သတ္တိအပြည့်နဲ့ တောက်ပလာခဲ့တယ်။
ဒါပေါ့။ သူ့ စကားတွေကို နဂါးတပ်ဖွဲ့ နဲ့ တော်ဝင် နန်းစောင့်တပ်တွေလည်း ကြားတယ်လေ။ ရှေးစကားပုံ တစ်ခုရှိတယ်။ ( အဆုံးစွန် အခြေအနေမျိုးမှာ လူတစ်ယောက်နဲ့ တစ်ယောက် အမြင်ပြောင်းနိုင်ဖို့က အများကြီး လွယ်ကူတယ်။ ) နောက်ပြီးတော့ ဖန်ကျန်းရှီ ရဲ့ အမူအယာက အရမ်းကို သူရဲကောင်း ဆန်လွန်းတယ်။
“ ဂုဏ်သိက္ခာမဲ့ အသက်ရှင်တာထက် ဂုဏ်သိက္ခာ အပြည့်နဲ့ သေလိုက်မယ်”
“ ကြီးမြတ်သောရှမင်းဆက် အတွက်တဲ့။”
“ ပြောတာ ကောင်းလိုက်တာ။”
တော်ဝင် နန်းစောင့်တပ် တွေနဲ့ နဂါးတပ်ဖွဲ့တွေ ဖန်ကျန်းရှီ အရှက်မရှိမှန်း ကောင်းကောင်းသိတယ်။ ဒါပေမယ့် သူ့ရဲ့ တိုက်ပွဲခေါ်သံကို ကြားချိန်မှာတော့ သူတို့ရဲ့ စိတ်ဓာတ်တွေ ပြန်တက်ကြွလာခဲ့တယ်။ နောက်ဆုံးတော့လည်း သူတို့ အခြေအနေက အဆုံးစွန် ရောကနေပြီလေ။ တိုက်ခိုက်ရမယ်။ အခုချိန်မှာ တိုက်ခိုက်တာက လွဲပြီးတော့ တခြား ဘာမှ မလုပ်နိုင်ဘူး။
“တိုက်ခိုက်ကြ။ သူတို့ အားလုံးကို အနိုင်ယူ။”
“အရှင် မင်းမြတ်ကို လွတ်မြောက်အောင် လုပ်ကြ။”
နဂါးတပ်ဖွဲ့နဲ့ တော်ဝင် အစောင့်တပ်တွေ နီးကပ်လာတဲ့ သားရဲကောင်တွေကို ကြည့်ရင်း အော်ဟစ်တယ်။ မြို့စောင့်တပ် အုပ်စုထဲက တစ်ချို့လည်း ပြေးထွက်လာပြီး တိုက်ခိုက်တယ်။ တိုက်ပွဲက အရမ်းကို ပြင်းထန်လာခဲ့တယ်။
“ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။” ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ ဝတ်ရုံနက်တွေ စီမှာ အေးစက်စက် အလင်းတန်းတွေ တောက်ပလာတယ်။ အလင်းလို အရှိန်နှုန်းမျိုးနဲ့ သူတို့ ပြေးထွကလာကြတယ်။
“ -ျီးပဲ။ မြန်လိုက်ကြတာ။ သူတို့ကို မကျောနိုင်ရင်။ ဓားစာခံလေး နည်းနည်းလောက်တော့ သတ်ပေးရမှာပေါ့။” နီးကပ်လာတဲ့ ဝတ်ရုံနက်တွေကို ကြည့်ရင်း ဖန်ကျန်းရှီ မျက်လုံးပြူးနေမိတယ်။ အဲ့ဒီ့နောက် ပင်းယန် နဲ့ ရန်ရွှယ်ကို ဆွဲရင်း နောက်က မြောက်ပိုင်း တပ်တွေဆီကို ပြေးတော့တယ်။
“ အား… သူတို့ကို တားကြစမ်း။” ဝတ်ရုံနက်တွေ လန့်သွားကြတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီရဲ့ သစ္စာစောင့်သိမှုဆိုတာက တံလျှပ်လိုပဲလေ။ ပထမဆုံး သူရဲကောင်း တစ်ယောက်လို တိုက်ပွဲခေါ်မယ်။ ပြီးရင် လျှပ်စီးလက်သလို ထွက်ပြေးတော့မယ်။ ဖန်ကျန်းရှီလို လူမျိုးပဲ ဒီကိစ္စကို လုပ်နိုင်တယ်။ မြောက်ပိုင်း လူရိုင်း တပ်တွေကတော့ ဖန်ကျန်းရှီ နောက်ကို နီးကပ်လာခဲ့ပြီ။ ဖန်ကျန်းရှီ နောက်တကြိမ် ဘက်ပြောင်းတာကို သူတို့ ကြိုတင် ခန့်မှန်း ထားပုံပဲ။
ခြေလှမ်းတွေကို အရှိန်မြှင့်ရင်း ပို နီးကပ်လာခဲ့တယ်။ နီးသထက် နီးလာတယ်။ ဖန်ကျန်းရှီ ပင်းယန်နဲ့ ရန်ရွှယ်တို့ မြောက်ပိုင်းတပ်တွေဆီ ရောက်တော့မှာကို ကြည့်ရင်း ဝတ်ရုံနက်တွေ သဘောခွေ့နေခဲ့တယ်။ သိုးတွေ ဝံပုလွေ အုပ်ထဲ ရောက်သွားတာကို မြင်တဲ့ အတိုင်း။
“ အရှင်သခင်ငယ်ရဲ့ အမိန့် - ဖန်ကျန်းရှီကို သတ်။ ပင်းယန်နဲ့ ရန်ရွှယ်ကို အရှင်ဖမ်း။”
“အမိန့်တော်အတိုင်းပါ။” ဒါကို ကြားတော့ မြောက်ပိုင်းတပ်တွေ တပြိုင်နက်တည်း ပြန်ဖြေတယ်။ လှံတွေကို ပင့်မြှောက်ရင်း ဖန်ကျန်းရှီဆီကို ချက်ခြင်း ပြေးဝင်လာတယ်။ ဖန်ကျန်းရှှီ နောက်ဆုံးတော့ သူ့ လမ်းမှာ ရပ်သွားခဲ့ပြီ။ ပင်းယန် လည်း သူမ လက်နက်ကို ထုတ်လာတယ်။ ရဲရဲတောက် ချီလင်လှံ - ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ ထိပ်တန်း ရတနာ ဆယ်ခုထဲက တစ်ခု။ ရန်ရွှယ်လည်း ရပ်တန့်တယ်။ သူ့ တစ်ကိုယ်လုံး သွေးနီရောင် အလင်းတန်းတွေ တောက်ပလာခဲ့တယ်။ ဝတ်ရုံနက်တွေ ဒါကို မြင်တော့ ပြုံးလိုက်ကြတယ်။ ဖန်ကျန်းရှီရဲ့ နောက်ကို သူတို့ ရောက်လာကြတယ် ။
“သေစမ်း။” သူတို့ တိုက်ခိုက်ကြတယ်။
တလက်လက် တောက်ပတဲ့ အလင်းတန်းတွေ သူတို့ ဆီကနေ ထွက်ပေါ်နေတယ်။ ပြန်လည် မွေးဖွားမှု အဆင့် အင်အားကြီး ကျင့်ကြံသူတွေက သူတို့ တိုက်ခိုက်နိုင်စွမ်းကို ကောင်းကောင်း ယုံကြည်တယ်။ အထူးသဖြင့် အင်အား အရေအတွက် ချင်း ကွာနေတဲ့ အချိန်မှာပေါ့။ ဒါပေမယ့် ရုတ်တရက် ဖန်ကျန်းရှီက နောက်ကို လှည့်လာတယ်။ သူပြုံးနေတာကို ဝတ်ရုံနက်တွေ တွေ့လိုက်ရတယ်။ ဒါပေမယ့် ပို အရေးကြီးက သူ့မျက်လုံးတွေက သူတို့ကို ကြည့်ရင်း ထူးထူး ဆန်းဆန်း တောက်ပနေတာပဲ၊
“ အမ်… သူ ပြုံးနေတယ်”
“ ဒီလို အချိန်မျိုးမှာ သူက ဘယ်လို ပြုံးနေနိုင်တာလဲ။”
“ ခံစားချက် မကောင်းဘူး။”
တစ်ခဏတာ တွေဝေနေပြီးတဲ့ နောက်မှာတော့ ဝတ်ရုံနက်တွေ အန္တရာယ် အနံ့ကို ရလိုက်တယ်။ အဲ့ဒီ့နောက် ကောင်းကင်နဲ့ မြေပြင်ကြားက မီးတောက်ကို မြင်တွေ့လိုက်ကြတယ်။ ရဲရဲတောက် ချီလင်လှံကနေ ထွက်လာတဲ့ မီးတောက်တွေ။ ဒီအလင်းတန်းထဲမှာ သွေးနီရောင် အလင်းတန်းတွေပါ ပါဝင်နေတယ်။ သူတို့ လည်ပင်းတွေကို တည့်တည့်ချိန်လာတာ။
ဒီ အခြေအနေ အ လှည့်အပြောင်းက ဝတ်ရုံနက်တွေကို ကြောက်လန့်စေတယ်။ ရန်ရွှယ်နဲ့ ပင်းယန်ကတော့ သူတို့ အသက်ကို မငဲ့ပဲ ခုခံ တိုက်ခိုက် နေကြတာ။ ဘာကိုမှ မတွေးတော့ပဲ နှစ်ဖက်လုံးကို တိုက်ခိုက် နေခဲ့တယ်။ ဒီ အခြေအနေမျိုးမှာ သူတို့ လုပ်စရာ နှစ်ခုပဲ ရှိတယ်။ ပင်းယန် ဒါမှမဟုတ် ရန်ရွှယ်ကို ဦးတည်ပြီးတော့ သေတဲ့ အထိ တိုက်ခိုက်ရမယ်။ ဒါမှမဟုတ် တိုက်ခိုက်မှုကို ယာယီ ရှောင်ရှားရမယ်။
ဆုံးဖြတ်ချက် ချပြီး ရွေးချယ်တာက အချိန်သိပ်ယူလို့ မဖြစ်ဘူး။ ဘယ်လို ပဲ ရွေးချယ်သည် ဖြစ်စေ အသေအကျေ တိုက်ခိုက်ရမှာပဲ။ နောက်ပြီးတော့ ချန်းဝူက ရန်ရွှယ်ကိုကော ပင်းယန် ကိုပါ အသက်ရှင်လျက် ဖမ်းဖို့ အမိန့်ချထားတာ။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ။ ဝတ်ရုံနက် တစ်ချို့က ပင်းယန်နဲ့ ရန်ရွှယ်ရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင်လိုက်တယ်။ ဒါကြောင့် ဖန်ကျန်းရှီကိုလည်း သူတို့ ရှောင်ပြီးသား ဖြစ်သွားခဲ့တယ်။ မြောက်ပိုင်း လူရိုင်းတပ်တွေ ဆီကို သူတို့ ရောက်သွားကြတယ်။ မြောက်ပိုင်းသားွတွေရဲ့ လှံက ဝတ်ရုံနက်တွေကို ချက်ခြင်း ရှောင်ရှားပြီးတော့ ဖန်ကျန်းရှီဆီကို တည့်တည့် တိုးဝင်သွားခဲ့တယ်။
“ မင်း အစွမ်းကုန် တိုက်ခိုက် ရုံနဲ့ ငါတို့ကို ကျော်လွှားနိုင်မယ် ထင်နေတာလား။ အလိုက်တာ” ဝတ်ရုံနက်တွေ လှောင်ပြုံးပြုံးရင်း ပြောတယ်။
“ အဲ့လိုလား။” ဖန်ကျန်းရှီ သူတို့ဘက်ကို ပြန်လှည့်လာတယ်။ သူ့ နှုတ်ခမ်းတွေက ခပ်ပြုံးပြုံးဖြစ်နေဆဲ။ အကြည့်တွေကတော့ တောက်ပနေခဲ့တယ်။
ဒီအချိန်မှာပဲ ဖန်ကျန်းရှီဆီကို တည့်တည့်ဝင်လာတဲ့ လှံတွေက သူ့ကို ရှောင်ကွင်းပြီး ဘေးချော်သွားခဲ့တယ်။ မြောက်ပိုင်းစစ်သည်တော်တွေ အံ့သြကုန်တယ်။ သူတို့ လှံတွေက ဖန်ကျန်းရှီကို လုံး၀ မထိဘူးတဲ့လား။
“ ဘာဖြစ်တာလဲ။” ဝတ်ရုံနက်တွေ ဒီမြင်ကွင်းကို အနီးကပ် မြင်နေရတာ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ မြောက်ပိုင်းသားတွေက သူတို့ သခင်ရဲ့ အမိန့်ကို မကြားကြဘူးလား။ ဘာဖြစ်လို့ ဖန်ကျန်းရှီကို မသတ်ကြတာလဲ။ အခု ဘာတွေ ဖြစ်နေတာလဲ ။ ဝတ်ရုံနက်တွေ တွေးရင်းနဲ့ တုန်ယင်သွားတယ်။ အေးစက်တဲ့ အငွေ့အသက်တွေကို သူတို့ ခံစားနေရပြီ။
“ အဖြစ်ဆိုးပြီ။”
“ငါတို့ လှည့်စား ခံလိုက်ရပြီ။”
သူတို့ သတိဝင်လာကြတယ်။ ဘာတွေ ဖြစ်နေမှန်းတော့ မသိပေမယ့် ။ ထောင်ချောက်ထဲ ကျသွားတာကိုတော့ ကောင်းကောင်း သိကြတယ်။ နောက်ပြီးတော့ အရမ်း နောက်ကျသွားခဲ့ပြီ။ အေးစက်စက် သွေးနီရောင် အလင်းတန်းက သူတို့ ရှေ့ကို ရောက်လာတယ်။ မှင်လို မည်းမှောင်နေတဲ့ ဓားမြှောင် နှစ်ချောင်းက အလင်း အ ရှိန်နဲ့ ထွက်ပေါ်လာပြီးတော့ သွေးစီးကြောင်းတွေကို ဖြစ်ပေါ်စေတယ်။
“အာား…”
“ဆိုးယုတ်လိုက်တာ။”
သူတို့ လည်ပင်းကို ဖိထားရင်းနဲ့ အော်ဟစ်မိကြတယ်။ ပြန်လည်မွေးဖွားမှု အဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့် ပြန်လည် ကုစားနိုင်စွမ်းက တွေးထင်ထားတာထက် ပိုပြီးတော့ မြန်ဆန်လွန်းတယ်။ နဂါးစိမ်း မျက်လုံးရဲ့ အနီရောင် အလင်းတန်းက လွဲပြီးတော့ သူတို့ကို တစ်ချက်တည်း အစဖောက်နိုင်တာ ဘာမှ မရှိဘူး။ လည်ပင်းကို လက်နဲ့ ဖိထားတော့ သွေးထွက်တာ ရပ်သွားပေမယ့် ဒဏ်ရာတွေကတော့ ပြန် ကောင်းမလာခဲ့ဘူး။
“ ဓားမြှောင်တွေက တစ်ခုခုတော့ လွဲနေပြီ။”
သူတို့ စိတ်ထဲမှာ အတွေးဝင်လာခဲ့တယ်။ အဲ့ဒီ့နောက် ကြောက်မက်ဖွယ် အင်အားတွေက သူတို့ကို ဘေးကနေ ဖိနှိပ်လာတယ်။ တောင်တစ်လုံးနဲ့ ဖိနေသလိုပဲ။
“ ဒါက ပြန်လည်မွေးဖွားမှု အဆင့် အင်အားကြီးပဲ။”
သူတို့ နှလုံးသားတွေ မိုးကြိုး ပြစ်ခံရသလို တုန်လှုပ်သွားတယ်။ သူတို့ လည်ပင်းတွေကို လက်တဖက်က ဖိထားရတဲ့ အတွက် လက်တစ်ဖက်နဲ့သာ တိုက်ခိုက်နိုင်ကြတယ်။ သူတို့ တွေ အားကုန်သုံးပြီးတော့ မတိုက်ခိုက်နိုင်ကြဘူး။ အခုလို အခြေအနေမျိုးမှာ သူတို့ရဲ့ ပြိုင်ဘက်က သာမာန် စစ်သည်တော်တွေ ဖြစ်နေရင်တော့ အဆင်ပြေတယ်။ ဒါပေမယ့် ပြန်လည် မွေးဖွားမှု အဆင့်ချင်း အတူတူ ဆိုရင်တော့ လုံးဝကို ကွာခြားသွားပြီ။
သူတို့ လက်တွေကို ထုတ်လိုက်တဲ့ အချိန်မှာပဲ ။ မြောက်ပိုင်း စစ်သည်တော်တွေ ဆီက တောက်ပတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ တကယ်တော့ လျှို့ဝှက်တိုက်ခိုက်တာမဟုတ်ရင် တိုက်ခိုက်ဖို့ အတွက် နေရာကျယ်ကျယ် လိုအပ်တယ် ။ ဒါပေမယ့် မြောက်ပိုင်း စစ်သည်တော်တွေကတော့ နေရာမရှိတဲ့ ကြားကကို တိုက်ခိုက်နေတာ။ သူတို့ လက်ထဲမှာ အလင်းတန်းတွေ ထွက်လာတာနဲ့ လူတစ်ချို့ လည်း ရှေ့ကို ရောက်လာခဲ့တယ်။
“ဘုန်း ..”
“ ဘုန်း….”
“….”
သူတို့ လက်ဝါးတွေ ထိတွေ့ သွားတာနဲ့ ထူထဲတဲ့ ရွံ့နံရံကြီးတွေ ပေါ်လာခဲ့တယ်။ ဝတ်ရုံနက်တွေကို ပိတ်ဖမ်းတယ်။ လေထုထဲမှာ ပွတ်တိုက်မှုကြောင့် မီးပွားတွေလည်း ပေါ်လာခဲ့တယ်။
“ ပြန်လည်မွေးဖွားမှု အဆင့် ရန်သူက တစ်ယောက်တည်း မကဘူး။” ဝတ်ရုံနက်တွေ လည်ပင်းကို ဖိထားတဲ့ လက်ကို လွှတ်ပြီး တိုက်ခိုက်တာနဲ့။ သူတို့ ဒဏ်ရာတွေ ပွင့်ထွက်လာပြီး သွေးတွေ စီးကျလာတယ်။
“ -ျီးပဲ။”
“ ဘာတွေ ဖြစ်နေတာလဲ။”
“မင်းက တကယ်ပဲ ဘယ်သူများလဲ။”
ဝတ်ရုံနက်တွေ သူတို့ ဒဏ်ရာကို ပြန်ဖိရပြန်တယ်။ ဒီ အချိန်မှာပဲ ။ သူတို့ နားလည်သွားခဲ့တယ်။ ဒါက မြောက်ပိုင်း စစ်သည်တော်တွေ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ စစ်သည်တော်တွေက လုံး၀ ကင်းပုန်းနဲ့ တိုက်ခိုက်တာလည်း မဟုတ်သလို။ မြောက်ပိုင်း လူရိုင်းတိုင်းပြည်မှာလည်း ပြန်လည်မွေးဖွားမှု အဆင့် စစ်သည်တော်တွေ ထပ်မရှိတော့တာ ကြောင့်ပဲ။ ဒါပေမယ့် သူတို့ ရန်သူကတော့ ပြန်ဖြေဖို့ စိတ်ကူးရှိပုံ မပေါ်ဘူး။
တစ်ချိန်တည်းမှာပဲ သွေးနီရောင် အလင်းတန်းက သူတို့ကို တိုက်ခိုက်ပြန်တယ်။ ဒီ အေးစက်စက် အလင်းတန်းက သူတို့ ကိုယ်ခန္ဒာတွေနဲ့ နီးကပ်လာတယ်။
“စွပ်…”
ဝတ်ရုံနက် တစ်ယောက် တိုက်ခိုက်တာကို ရပ်လိုက်တယ်။ သူ့ လည်ပင်းနားက ဓားမြှောင်ကို ကြည့်ရင်း အံံ့အား သင့်နေခဲ့တယ်။ အေးစိမ့်တဲ့ ခံစာချက်က တစ်ကိုယ်လုံးကို ပျံ့ နှံ့သွားခဲ့တယ်။
“ မင်း … မင်း က… တကယ်ပဲ ဘယ်သူလဲ။” သူ့ ရန်သူကလည်း ဝတ်ရုံနက် ဝတ် လူတစ်ယောက်ပဲ။ နောက်ပြီးတော့ တိုက်ခိုက်သူ ရဲ့ မျက်လုံး တွေက လုံးဝကို မည်းမှောင်နေခဲ့တယ်။ သူ့စိတ်ထဲ အရမ်းကို ခံပြင်းနေခဲ့တယ်။ အရမ်း အရမ်းကို ခံပြင်းနေခဲ့တယ်။
သူတို့က ဒီ အခြေအနေမှာ အသာစီးရနေတာ။ ဒီစစ်ပွဲမှာ အသက် ရှင် ကျန်နေသရွေ့ သီးးခြား မြင့်မြတ် နိုင်ငံမှာ စွမ်းအဆောင်မှု အမြင့်ဆုံး အမတ်မင်း တစ်ယောက် ဖြစ်လာမှာလေ။ အခုတော့ သူ သေရတော့မယ်။ သေဖို့။ ဒီလို သေဖို့ ဘယ်သူက လိုလားမှာလဲ။
အပိုင်း (၅၇၆) ပြီး၏။
အပိုင်း (၅၇၇)
“ ဖန်ကျန်းရှီရဲ့ ဇစ်မြစ် အစစ်”
ဘာသာပြန်သူ - Enri Thaw
ဝတ်ရုံနက်ရဲ့ ကိုယ်က ထွက်နေတဲ့ စွမ်းအားတွေ ကြောင့် သူ မလှုပ်ရှားနိုင်တော့ဘူး။ သူ နားလည်ချိန်မှာတော့ အရာအားလုံးက တည်မြဲသွားခဲ့ပြီ။ ပြောင်းလဲဖို့ မဖြစ်နိုင်တော့ဘူး။
“ အဟွတ်… ဟွတ်…. မင်း .. မင်းက ဘယ်သူလဲ။” သူ ချောင်းဆိုးရင်း မခံချိ မခံသာမှု အပြည့်နဲ့ မေးတယ်။
“ ရှန်းယွီ၊ ” ဝတ်ရုံနက်ရဲ့ လေသံက အရမ်းကို အေးစက်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ ဝတ်ရုံနက် က လေအလွင့် ကြောင့် ဝေ့၀ဲသွားခဲ့တယ်။ ပိုးသားလို ရှည်လျား နက်မှောင်တဲ့ ဆံကေသာတွေ ထွ့်ပေါ်လာတယ်။ ဂျုံရောင် အသားအရည်က လရောင်အောက်မှာ ထူးထူးခြားခြား လှပနေတယ်။ မည်းနက်နေတဲ့ မျက်လုံးတွေ ထဲမှာတော့ မီးဘောလုံးတွေ တော်ပနေခဲ့တယ်။
“ ရှန်း ယွီ … ရှန်…. မင်းက တောင်ပိုင်း ဧကရီပဲ။” ဝတ်ရုံနက် အမူအယာကို မထိန်းချုပ်နိုင်တော့ဘူး။ မယုံကြည်နိုင်မှု အပြည့်နဲ့ ထိတ်လန့်နေခဲ့တယ်။ ထောင်ချောက်ထဲ သူ ရောက်သွားတာ သိတယ်။ သူ့ မျက်စိ ရှေ့က လူထောင်ချီက မြောက်ပိုင်း တပ်တွေ မဟုတ်ပဲ တောင်ပိုင်း တပ်တွေ ဖြစ်နေမှာကိုတော့ မထင်ထား မိခဲ့ဘူး။ သူ့ ရှေ့မှာ ရပ်နေတဲ့ သူကလည်း တောင်ပိုင်း ဧကရီတဲ့ ။ ဘယ်လို ဖြစ်နိုင်မှာလဲ။
တောင်ပိုင်း ဒေသ စစ်တပ်ကြီးက တော်ဝင် နန်းတော်ထဲ ဘယ်လို ရောက်နေတာလဲ။ သွမ့်အရှင်က နန်းတော်၀ င်ပေါက် လေးခုကို ပိတ်ဆို့ထားတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ တောင်ပိုင်း စစ်တပ်ကြီးက နန်းတော်ထဲမှာ အစတည်းက ပုန်းနေတာလား။ အခြေအနေကို သူ နားမလည်နိုင်ဘူး။ ဒါပေမယ့် ရှန်းယွီကလည်း သူ့ကို စဉ်းစားချိန် ပေးဖို့ စိတ်ကူး မရှိ။ သူမရဲ့ ဓားနဲ့ သူ့ နှလုံးကို ထိုးစိုက်လိုက်တယ်။ သွေးတွေက မှင်အိုး မှောက်သလို ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် မရေမတွက်နိုင်တဲ့ ဝတ်ရုံနက်တွေ ကြားမှာ လူ သုံးယောက် ရပ်နေတာကို သူ တွေ့ရတယ်။ အလယ်လူ ကတော့ လှောင်ပြုံးပြုံးနေခဲ့တယ်။
“ မင်း ကြည့်ရတာ သေတော့မယ့် ပုံပဲ။ ဒါဆိုရင် င့ါရဲ့ နောက်ဆုံး မေးခွန်းလေး တစ်ခုလောက်ကို ဖြေသွားခဲ့ပါအုန်း။ ငါ့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်က စိတ်လှုပ်ရှားစရာ မကောင်းဘူးလား။” ဖန်ကျန်းရှီ သိလိုစိတ် အပြည့်နဲ့ မေးနေခဲ့တယ်။
“ ဟန်ဆောင် … ဟန်ဆောင်…” ဝတ်ရုံနက် သူ့ ရင်ဘတ်သူ ဖိရင်း ပြောမိတယ်။ ရင်ဘတ်ကနေ သွေးတွေ အဆက် မပြတ် ထွက်နေတာကြောင့် သူ ဆက်ပြီး တောင့် မခံနိုင်တော့ဘူး။ လဲကျသွားတော့တယ်။ သူ မျက်လုံး မမှိတ်ခင် အချိန်မှာပဲ နောက်ထပ် ဝတ်ရုံနက် တစ်ယောက် သူ့လို လဲကျသွားတာကို တွေ့လိုက်ရတယ်။ သူ့ ရောင်းရင်းရဲ့ မျက်လုံးထဲမှာလည်း မယုံကြည်နိုင်မှုတွေ ပြည့်နေခဲ့တယ်။
တောင်ပိုင်းဒေသ …. ဒါက တောင်ပိုင်းဒေသပဲ။ သူတို့တွေ ဘာလို့ နန်းတော်ထဲမှာ ရှိနေရတာလဲ။ သူ့မျက်လုံးတွေက ဒေါသရိပ်တွေ ထင်နေဆဲ။ ဒါပေမယ့် ခန္ဒာကိုယ်ကတော့ တိတ်ဆိတ်သွားခဲ့ပြီ။ ပင်းယန်ကတော့ ပါးစပ်ကို စေ့ထားရင်းနဲ့သာ ဝတ်ရုံနက်ကို ကြည့်နေခဲ့တယ်။ ဒီ ဝတ်ရုံနက်က ဖန်ကျန်းရှီ ကြောင့် ဒေါသ အထွက်လွန်ပြီး သေသွားတာ။
“ နင် ကတိပေးထားတဲ့ ပြန်လည်မွေးဖွားမှု အဆင့် စစ်သည်တော်တွေက ဘယ်မှာလဲ။ သူတို့က ငါ့ထက်တောင် အားနည်းနေသေး။” ပင်းယန် စိတ်ပျက်လက်ပျက် ကြည့်ရင်း ပြောတယ်။ ဖန်ကျန်းရှီကို သူ လှည့်မေးတယ်။ “ ဘယ်လိုလဲ ငါ သရုပ်ဆောင်တာ ကောင်းရဲ့လား။”
“ မင်းလား။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြန်မေးတယ်။
“ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်။ ဂုဏ်သိက္ခာမဲ့ သေတာထက် ဂုဏ်သိက္ခာ အပြည့်နဲ့ သေရတာက ပိုကောင်းတယ်လို့ နင်အော်တဲ့ အချိန်လေ ငါတောင် ယုံမိတော့မလို့ပဲ။” ပင်းယန် တွေးတောရင်း ဆက်ပြောတယ်။
“ ဒါက ပါရမီလို့ ခေါ်တယ်။ ပါရမီက သင်ပေးလို့ မရဘူး။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံးရင်း ပြန်ဖြေတယ်။ အဲ့ဒီ့နောက် မဟူရာ ဓားမြှောင်နှစ်ချောင်းနဲ့ ပင်းယန် ဘက်ကို ပြန်လှည့်တယ်။ သူမကို တစ်နှစ် မတွေ့လိုက်တာ။ ဒီ အမျိုးသမီး တိုးတက်လာတာ အံ့မခန်းပဲ။
လွန်ခဲ့တဲ့ တစ်နှစ် တုန်းက တောင်ပိုင်းဒေသမှာ ရှန်းယွီရဲ့ စွမ်းရည်တွေကို သူ မြင်ဖူးတယ်။ စကားလုံး သုံးလုံးနဲ့ပဲ ပြောပြလို့ ရမယ်။ (မြန်တယ် ရက်စက်တယ် တိကျတယ်) အခုတော့ တော်တော်ကြီးကို တိုးတက်လာတာ သိသိသာသာပဲ။ ရှန်းယွီ က အလစ်ဝင်တိုက်တာ ဖြစ်ပေမယ့် သူ့ ပြိုင်ဘက်ကလည်း ပြန်လည်မွေးဖွားမှု အဆင့်လေ။ ဒါကမျိုးက လွယ်လွယ်ကူကူ ကျော်လွှားနိုင်တာ မဟုတ်ဘူး။
သူမရဲ့ အနီးကပ်တိုက်ပွဲ စွမ်းရည်တစ်ခုတည်းကို တွက်ရင်။ ရှန်းယွီရဲ့ အဆင့်က ထိပ်သီးပဲ။ ကျန်တဲ့ ဝတ်ရုံနက်တွေလည်း ကြာကြာ တောင့်မခံနိုင်ဘူး။ ဖန်ကျန်းရှီလည်း မအံ့သြပါဘူး။ သူ့မျက်စိရှေ့က လူတွေက တောင်ပိုင်းဒေသရဲ့ ထိပ်သီးတွေလေ။ နောက်ပြီးတော့ ပြန်လည်မွေးဖွားမှု အဆင့် နယ်မြေမှူးတွေကလည်း တပ်စုထဲ ပုန်းကွယ်နေတာ။
ရှန်းယွီရဲ့ အရှိန်မြင့် တိုက်ခိုက်မှုနဲ့ ပေါင်းလိုက်ရင်။ ပြန်လည် မွေးဖွားမှု အဆင့် လူအုပ်စုလေးက အေးဆေး အနိုင်ရတယ်။ ဝတ်ရုံနက်တွေနဲ့ တောင်ပိုင်း ဒေသ စစ်တပ်တွေ တိုက်ခိုက်တာကို ဖန်ကျန်းရှီ မကြည့်တော့ဘူး။ အဲ့ဒီ့အစား။ သိပ်မနီးမဝေးမှာ ညီညီညာညာ စီတန်းနေတဲ့ မြို့စောင့်တပ်တွေနဲ့ လင်းရှင်းကြွယ်ကို လှမ်းကြည့်ရင်း ခပ်တိုးတိုး ပြောတယ်။
“ မင်းရဲ့ အကိုတော် ခြောက်ကတော့ ပုန်ကန်နေပြီ။”
ပင်းယန်လည်း မြို့စောင့်တပ်တွေ ရဲ့ အပြောင်းအလဲကို သတိထားမိတယ်။ အံကြိတ်ရင်းနဲ့ သူမ မျက်လုံးတွေ တဖျပ်ဖျပ် လက်နေခဲ့တယ်။ လင်းရှင်းကြွယ်နဲ့ သူမက အမေ မတူပေမယ့် အဖေကတော့ တစ်ယောက်တည်းလေ။ သူမရဲ့ အကိုတစ်ယောက်လုံ းတိုက်ပွဲမှာ ဒီလို ဘက်ပြောင်းသွားတာကို ဘယ်လို ကြည့်နိုင်မှာလဲ။
ရှန်းယွီက ဖန်ကျန်းရှီ ဘေးကို ရောက်လာတယ်။ သူမရဲ့ မှင်နက် မျက်ဝန်းတွေက ဖန်ကျန်းရှီကို မကြည့်ဘူး။ လင်းထျန်းရုံကို စိုက်ကြည့်နေခဲ့တယ်။ ဒီနေ့ရက်ကို သူမ စောင့်နေခဲ့တာ။ အချိန်အရမ်း ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက တောင်ပိုင်း အိမ်ရှေ့စံ ရှန်လင်းက တောင်ပိုင်းဒေသမှာပဲ သေဆုံးခဲ့တယ်။ သူ့ အလောင်းကို ငွေဂျို ဝံပုလွေ တပ်တွေက ပြန်သယ်လာပေးတယ်။ သူ့ ခန္ဒာကိုယ်ပေါ်မှာ စာကြောင်း တစ်ကြောင်းတည်း ပါတဲ့ စာ တစ်စောင်သာ ပြန်ပါလာခဲ့တယ်။
“ ဖန်ကျန်းရှီက လူသတ်သမား။”
အဲ့ဒီ့နေ့က တောင်ပိုင်းဒေသ မြေပြင်တစ်ခုလုံး ဖွေးဖွေးလှုပ်တဲ့ အထိ နှင်းတွေ ကျဆင်းနေခဲ့တယ်။ အဲ့ဒီ့နေ့ တုန်းက တောင်ပိုင်းဒေသ တောနက်ကြီးထဲမှာ ဝံပုလွေ အူသံတွေ ပဲ့တင် ထပ်ခဲ့တယ်။ တောင်ပိုင်းဒေသ စစ်သည်တော်တွေနဲ့ သူ့ ခမည်းတော်ရဲ့ အမူအယာတွေကို ရှန်းယွီ မှတ်မိနေဆဲပဲ။ အဲ့ဒီ့နေ့ကပဲ သူမ တောင်ပိုင်းဒေသ ရဲ့ ဧကရီ အသစ် ဖြစ်လာခဲ့တယ်။
“လင်းထျန်းရုံ…” ရှန်းယွီ အံကြိတ်လိုက်တယ်။ သူမ မျက်လုံးတွေက လင်းထျန်းရုံကနေ လင်းရှင်းကြွယ်ဆီကို ပြောင်းလဲသွားတယ်။ “ တိုက်ခိုက်။”
“တိုက်ခိုက်၊”
ရှန်းယွီရဲ့ အမိန့်နဲ့ အတူ။ တောင်ပိုင်း ဒေသ စစ်သည်တော် တွေ လှုပ်ရှားကျတော့တယ်။
“တိုက်ခိုက်။”
“တိုက်ခိုက်။”
ဒုတိယ အမိန့် ထွက်လာတာနဲ့ လှံရှည်ကြီးတွေ ချက်ခြင်း လှုပ်ရှားကြတယ်။ တောင်ပိုင်းဒေသ အတွက်တော့ လှံရှည်ကြီးတွေက တိုက်ခိုက်တဲ့ နေရာမှာ ကော ပြစ်လွှတ်တဲ့ နေရာမှာပါ အရမ်း အသုံးဝင်တယ် လှံတွေက ကောင်းကင်ပေါ်ကို ပျံတက်သွားပြီးတဲ့နောက်။ မြို့စောင့်တပ်တွေ ဆီကို ကျရောက်တယ်။
“အား…”
“ဘာတွေ ဖြစ်နေတာလဲ။”
“ရန်သူတွေ နောက်က တိုက်ခိုက်နေတာလား။ ”
မြို့စောင့်တပ်တွေ ဧကရာဇ် လင်းမုပိုင်ကို တိုက်ခိုက်ဖို့ အာရုံစိုက်နေကြတဲ့ အချိန်မှာ (မြောက်ပိုင်း လူရိုင်းတပ်) က နောက်က တိုက်ခိုက်မယ်လို့ မထင်မှတ်ထားခဲ့မိဘူး။ သနားစဖွယ် အော်သံတွေ ကြားမှာ နည်းဗျူဟာကျတဲ့ လှံတံတွေက ကျရောက်လာတယ်။ ဒါက အကုန် မဟုတ်သေးဘူး။ လေထဲက လှံတွေလာပြီးတဲ့နောက်။ တောင်ပိုင်းစစ်သည်တော်တွေလည်း ပြေးထွက်လာတယ်။ ဓားတွေ ဓားမြောင်တွေနဲ့ မြို့စောင့်တပ်တွေကို ဝင်လုံးတယ်။
“သတ်”
“သတ်ကြ။”
တိုက်ပွဲခေါ်သံတွေ လေထဲမှာ ပျံ့နှံ့လာတယ်။ ဒါက ရုတ်တရက် အလှည့်အပြောင်းကြီးပဲ။ ရုတ်တရက် အပြောင်းအလဲကြီး ။ မြန်လွန်းလို့ တိုက်ခိုက်နေကြတဲ့ အင်အားစုကြီး နှစ်ခုတောင် လန့်ကုန်ကြတယ်။ တော်ဝင် နန်းစောင့်တပ်။ နဂါးတပ်ဖွဲ့နဲ့ မြို့စောင့်တပ်တွေ အံ့အားသင့်နေခဲ့တယ်။
“မြောက်ပိုင်း လူရိုင်းတပ်တွေလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။” နဂါးတပ်ဖွဲ့တွေ မျက်လုံးပြူးနေတယ်။
“ သူတို့တွေ မြို့စောင့်တပ်တွေကို မှားတိုက်နေတာလား။” တော်ဝင် နန်းစောင့်တပ်တွေလည်း မယုံနိုင်။ ဒီတိုက်ပွဲကြီး ကြားထဲ ဘာတွေ ဖြစ်သွားမှန်း မသိလိုက်ကြဘူးလေ။
“ချန်းဝူ ဘာတွေ ဖြစ်နေတာလဲ။” လင်းရှင်းကြွယ်မေးတယ်။ သူ သစ္စာဖောက်ရတာက မြောက်ပိုင်းတပ်တွေ ရုတ်တရက် ပေါ်လတာ ကြောင့်ပဲ။ အခုတော့ မြောက်ပိုင်းတပ်တွေက သူ့ မြို့စောင့်တပ်တွေကို သတ်နေပြီ။ သူဘယ်လို နေနိုင်တော့ မှာလဲ။
“သူတို့က မြောက်ပိုင်းတပ်တွေ မဟုတ်ဘူး။” ချန်းဝူ သေချာကြည့်ရင်း ပြောတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဒါတွေက မြောက်ပိုင်း ဒေသ စစ်သည်တော်တွေ မဟုတ်ရင်။ သူထည့်ထားတဲံ့ မြောက်ပိုင်း စစ်သည်တော်တွေ ရှင်းထုတ်ခံလိုက်ရပြီဆိုတဲ့ သဘောပဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ။ တော်ဝင် နန်းတော်ထဲမှာ ဘာတွေ ဖြစ်သွားခဲ့ပြီလဲ။
“မြောက်ပိုင်းတပ် တွေ မဟုတ်ဘူးလား။” လင်းရှင်းကြွယ် နှလုံးတုန်သွားတယ်။ နီးကပ်လာတဲ့ ဝတ်ရုံနက်တွေကို သူကြည့်ရင်း မျက်လုံး ပြူးသွားတယ်။ “ အဲ့တာ… အဲ့တာက တောင်ပိုင်းတပ်တွေ…”
နီးကပ်လာတဲ့ ဝတ်ရုံနက်တွေ အောက်က သံချပ်ကာကို မြင်တော့ ။ နာမည်တစ်ခု သူ့ စိတ်ထဲ ပေါ်လာတယ် တစ်ခါမှ မတွေးမိတဲ့ နာမည်။ တောင်ပိုင်း စစ်တပ်။ လူတိုင်း မေ့လျော့ထားမိတဲ့ တည်ရှိမှု တစ်ခု ။ ဘာကြောင့်လဲ ဆိုတော့ ရန်မြို့တော် ထဲမှာ တောင်ပိုင်းဒေသ ယာယီ တဲစခန်း ရှိနေတယ်လေ။ တောင်ပိုင်းဧကရီလည်း အဲ့ဒီ့မှာ နေနေတာ။ တောင်ပိုင်း စစ်တပ်ကြီးကတော့ တောင်ခန်းမကြီးမှာ စခန်းချနေရမှာ။ ဒါဆိုရင်… သူတို့က တော်ဝင် နန်းတော်မှာ ဘယ်လို ရှိနေကြတာလဲ။
“ အရှင်မင်းမြတ်… ဒါက … အရှင့် အစီအစဉ်လား။” ချန်ဖေးဟွား သိလိုစိတ် အပြည့်နဲ့ မေးတယ်။ တော်ဝင် နန်းစောင့်တပ် ခေါင်းဆောင် အနေနဲ့ တောင်ပိုင်း စစ်သည်တော်တွေ နန်းတော်ထဲကို ဝင်ဖို့ သူမ စီစဉ်မထားဘူးလေ။
“မဟုတ်ဘူး။” ဧကရာဇ် လင်းမုပိုင် ခေါင်းခါတယ်။
“မဟုတ်ဘူး… ဒါဆိုရင်…” ချန်ဖေးဟွား မျက်လုံး ပြူးသွားတယ်။ ချက်ခြင်း သူမ စိတ်ထဲမှာ အတွေးနဲ့ မြင်ကွင်းတွေ ပေါ်လာတယ်။ တော်ဝင် နန်းတော်မှာ ဂိတ်တံခါး လေးခုရှိတယ်။ ဂိတ်တံခါး လေးခုလုံးကို ပိတ်လိုက်ပြီဆိုတာနဲ့ နန်းတော်ကို ဝင်ဖို့ တစ်နေရာပဲ ရှိတော့တယ်။ ပင်းယန် အိမ်တော်။
တော်ဝင်နန်းတော်ရဲ့ ဟာကွက်တစ်ခုတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ပင်းယန် နန်းတော်ရဲ့ လုံခြုံရေးက တော်ဝင် နန်းတော်ထက်တောင် အများကြီး တင်းကြပ်တာကြောင့်ပဲ။ ဒါပေမယ့် အခု အစီအစဉ် နောက်ကွယ်မှာ ပင်းယန် ရှိနေတယ် ဆိုရင်တော့ ။ ကိစ္စတွေက လုံး၀ ကွာခြားသွားပြီ။
“ ပင်းယန် အိမ်တော်နဲ့ တော်ဝင် နန်းတော်က တစ်ခုပဲ ခြားတာ…” ချန်ဖေးဟွားရဲ့ မှတ်ချက်ကို နားထောင်ပြီးတဲ့နောက် ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။
“ နားလည်ပြီ။” ချန်ဖေးဟွားလည်း ခေါင်းငြိမ့်တယ်။
အခြေအနေတွေက ဒီလို ဖြစ်လာမှတော့ သူမ ဘာမှ မပြောချင်တော့ဘူး။ အိမ်ရှေ့စံက ပုန်ကန်တယ်။ သွမ့်အရှင်က သစ္စာဖောက်တယ်။ နန်းတော်က ဝန်းရံခံနေရပြီ။ တောင်ပိုင်းဒေသ စစ်တပ်ကြီး ပင်းယန် အိမ်တော်ကို ဖြတ်လို့ နန်းတော်ထဲ ဝင်လာတာကို ဒေါသထွက်နေစရာ အကြောင်း မရှိတော့ဘူး။
…
တောင်ပိုင်း စစ်တပ်ကြီးရဲ့ မမျှော်လင့်ပဲဝင်ရောက်မှုက တိုက်ပွဲ အခြေအနေကို ပြောင်းလဲစေတယ်။ မြို့စောင့်တပ် တစ်သောင်းကျော် လုံး အရေးနိမ့်နေပြီ။ နောက်ပြီးတော့ တော်ဝင် နန်းစောင့်တပ်တွေပါ တိုက်ပွဲမှာ ပါဝင်တာကြောင့် သူတို့တွေ ပြန် အသာစီးရလာတယ်။
ရှေ့နောက် နှစ်ဖက် ညှပ်တိုက်တာကြောင့် မြို့စောင့်တပ်တွေ ကြာကြာ မခုခံနိုငတော့ဘူး။ သူတို့တွေ တိုက်ခိုက်ဖို့သာ လုပ်နိုင်တယ်။ လင်းရှင်းကြွယ်ကတော့ ဒေါသကြောင့် တုန်ယင်နေခဲ့တယ်။ တောင်ပိုင်းဒေသ စစ်တပ်တွေ နန်းတော်ထဲရောက်လာတာ ။ ပင်းယန် အိမ်တော်ကနေ ဖြတ်လာဖို့ တနည်းပဲ ရှိတယ်။ ဒါက ဖန်ကျန်းရှီရဲ့ အကြံ မဟုတ်ပါဘူးလို့ ပြောရင် ဘယ်သူ ယုံမှာလဲ
ဒါပေမယ့် ဖန်ကျန်းရှီက သူနဲ့ အတူတူ နန်းတော်ထဲကို ဝင်လာတာ။ နောက်ပြီးတော့ တောင်ပိုင်းတပ်နဲ့ ဆက်သွယ်တာ်မျိုးလည်း မရှိခဲ့ဘူး။ ပိုပြီး အရေးကြီးတာက ဒီတပ်ပုန်းတွေကို ဖန်ကျန်းရှီ ချထားတာ ကြာလောက်ပြီ။ ဒီလို ဖြစ်မယ်မှန်း သိရင် သူက သစ္စာဖောက်ပါ့မလား။
“ ဖန်ကျန်းရှီ။… မင်း ငါ့ကို ဘယ်လို လှည့်စား ဝံ့တာလဲ၊” လင်းရှင်းကြွယ် အံံကြိတ်ရင်း အော်ဟစ်တယ်။ တစ်ခါ ဆုံးဖြတ်ချက် ချပြီးတာနဲ့ နောက်ပြန်လှည့်လို့ မရတော့ဘူးလေ။ ချန်းဝူရဲ့ အကြည့်ကတော့ ပို လေးနက် နေခဲ့တယ်။ ဖန်ကျန်းရှီ ပေါ်လာတာနဲ့ သူ့ အစီအစဉ်တွေက ဖရိုဖရဲ ဖြစ်ကုန်တယ်။
ဖန်ကျန်းရှီ ကြောင့်သာ မဟုတ်ရင် ဧကရာဇ် လင်းမုပိုင်လည်း သေလောက်ပြီ၊ လင်းထျန်းရုံလည်း လင်းရှင်းကြွယ်နဲ့ သေအောင် တိုက်ခိုက်နေ လောက်ပြီ။ ဒါက သူ့ရဲ့ ခြောက်ပြစ်ကင်း သဲလဲစင် အစီစဉ် ကြီးပဲ။ မင်းသားတွေ ပို တိုက်ခိုက်လေ။ သူ့ အတွက် အကျိုး ပိုရှိလေပဲ ။ အရာအားလုံးက ဖန်ကျန်းရှီ ရောက်လာတာနဲ့ ပြောင်းလဲ ကုန်တာလေး တစ်ခုပဲ။
လင်းရှင်းကြွယ်က အရင်ဆုံး တိုက်ခိုက်ပြီး အခြေအနေတွေက ဖရိုဖရဲ ဖြစ်သွားတယ်။ အဲ့ဒီ့နောက် ရုပ်သေး ဘုရင် လုပ်ဖို့ လင်းရှင်းကြွယ် အာမခံပြီးမှ။ တောင်ပိုင်းတပ်ကြီးနဲ့ အတူ ဖန်ကျန်းရှီက ပေါ်လာရော။ ဒေါသ ထွက်နေတယ်။ ချန်းဝူ ဒေါသမီးတွေ တောက်လောင်နေတယ်။
“အရှင် ရှဲ့လော့။” ချန်းဝူ နောက်တစ်ခါအော်ပြန်တယ်။
သေရှင်ဂိတ်တံခါးနားက နတ်ဆိုးလူ ခေါင်းမော့ကြည့်တယ်။ ချန်းဝူရဲ့ အသံကို ကြားတော့ သူ လှမ်းကြည့်တယ်။ “ ငါ သုံးခေါက်ပဲ တိုက်ခိုက်ဖို့ သဘောတူထားတာ။ ဒါ က နောက်ဆုံး တစ်ကြိမ်ပဲ။”
“ ကောင်းပါပြီ။ ဒါပေမယ့် လူတစ်ယောက်တည်းကိုပဲ သတ်စေချင်တယ်။ - ဖန်ကျန်းရှီ” ဖန်ကျန်းရှီကို လက်ညှိုးထိုးပြရင်း ချန်းဝူ အော်ဟစ်တယ်။
“ သူ့ကို သတ်ရမှာလား. ဟ ဟား … . စိတ်ဝင်စားစရာ ကောင်းတဲ့ တောင်းဆိုမှုပဲ။” နတ်ဆိုးလူ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ သူ့ရဲ့ အမူအယာ မဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
ထုံးစံ အတိုင်း ချန်းဝူရဲ့ စကားတွေကို ဖန်ကျန်းရှီကြားတယ်။ အရှင် ရှဲ့လော့ရဲ့ မျက်လုံးစိမ်းတွေကို သူ စိုက်ကြည့်နေတယ်။ နဖူးအလယ်က အမာရွတ် ကိုကောပေါ့။ သူ ပြောစရာ စကားမဲ့သွားတယ်။
“ အာ… မင်း လူမှားနေပြီ ထင်တယ်။ ငါက ဖြတ်သွား ဖြတ်လာလေး တစ်ယောက်ပါပဲ။ မင်းက ဧကရာဇ်ကို ပြစ်မှတ်ထားသင့်တာ မဟုတ်ဘူးလား။” နဂါးတပ်ဖွဲ့တွေ ဝန်းရံထားတဲ့ ဧကရာဇ် လင်းမုပိုင်ကို လက်ညှိုး လှမ်းထိုးရင်း ပြောတယ်။ ဧကရာဇ် လင်းမုပိုင် မျက်နှာ တစ်ခုလုံး မည်းမှောင်သွားတာကို တွေ့လိုက်ရတယ်။
ဒီလို အချိန်မျိုးမှာတောင် ဖန်ကျန်းရှီက ဘာတစ်ခုကိုမှ သတိ လက်လွတ် မနေပါဘူး။ အကယ်၍ သူ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင်။ ဒီ လူက အဖိုးကြီး နောက်ဆုံး ပြောခဲ့တဲ့ နတ်ဆိုး ဘုရင် ဆိုတာ ဖြစ်လိမ့်မယ်။
နတ်ဆိုး ဘုရင်….။ အန္တရာယ်များတဲ့ မျိုးနွယ် နောက်ပြီးတော့ ဒီ မျိုးနွယ်က အရမ်း အရမ်းကို အင်အားကြီးတယ်။
“ အရှင် ရှဲ့လော့။ ကျွန်တော့်ကို မကြည့်ပါနဲ့။ ဘာလို့ အနားကပ် လာတာလဲ။ သူက ဖန်ကျန်းရှီကို သတ်ဖို့ ပြောတာ မလား ။ တကယ်တော့ ကျွန်တော့် နာမည်က ဖန်ကျန်းကျန်း ။ ယုံရင် သူတို့ကို မေးလို့ရတယ်။” နီးကပ်လာတဲ့ အရှင် ရှဲ့လော့ကို ကြည့်ရင်း တစ်စက်လေးတောင် လေးစား သမှုမရှိပဲ သူ့ကိုယ်သူ မိတ်ဆက်နေခဲ့တယ်။
အပိုင်း(၅၇၇)ပြီး၏။
.
အပိုင်း (၅၇၈)
“ ဒါကို တိုက်ပွဲ နည်းဗျူဟာ သစ်လို့ ထည့်တွက်ရမှာလား။”
ဘာသာပြန်သူ - Enri Thaw
“ဖန်ုကျန်းကျန်း”
“အတည်ပြုပေးမယ်တဲ့။”
တော်ဝင် နန်းစောင့်တပ်၊ နဂါးတပ်ဖွဲ့နဲ့ ကျန်ရစ်တဲ့ မြို့စောင့်တပ်တွေပါ ဖန်ကျန်းရှီ ပြောတာကို ကြားတယ်။ သူတို့ လုံးဝကို ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။
“ အင်း … ငါတို့ ဘယ်သူမှ သခင်ဖန်ရဲ့ အရေထူတာကို လိုက်မမှီနိုင်ဘူး။” တော်ဝင် နန်းစောင့် စစ်သည် တစ်ဦးခေါင်းခါတယ်။ ဖန်ကျန်းရှီရဲ့ အရှက်ကင်းမဲ့မှုကို သူအတော်လေး ရှိန်နေတဲ့ ပုံပဲ။
“ ဟုတ်တယ်။ ဘယ်သူမှ ယှဉ်လို့ မရနိုင်ဘူး။”
“ ငါသာ အမှန်အတိုင်း သိမထားရင် သူပြောတာကို ယုံမိမှာပဲ။ “
ဒီစကားကို တော်ဝင် နန်းစောင့်တပ်တေါ ထောက်ခံကြတယ် ။ ဧကရာဇ် လင်းမုပိုင် ဘေးက နဂါး တပ်ဖွဲ့တွေလည်း ခေါင်းငြိမ့်နေခဲ့တယ်။ အရင်တစ်ခေါက်တုန်းက နတ်ဆိုးကျောင်းတော် ခေါင်းဆောင် ချီဟို့ နဲ့ ရန်မြို့တော်ထဲကို ဝင်လာတဲ့ အချိန် သူ့ နာမည်ကို ဖန်ကျန်းကျန်းလို့ ပြောခဲ့တယ်။ ဒါ့အပြင် သက်သေခံပေးမယ့် သူကိုတောင် ခေါ်လိုက်သေး။
ဘယ်သူက သူ့ကို ယုံမှာလဲ။ ဒါပေါ့ ဘယ်သူမှ သူ့ကို မယုံဘူး။ တော်ဝင် နန်းတော် ဂိတ်တံခါးမှာ အိမ်ရှေ့စံ လင်းထျန်းရုံကို တိုက်ခိုက် ပြီးတော့ သူ့ကိုယ်သူ အပြစ်ကင်းတာ သက်သေ ပြခဲ့တယ်။ ဒါပေမယ့် အခုတော့ ဒီနည်းလမ်းကိုပဲ ထပ်သုံး နေပြန်ပြီ။ ဘယ်သူ သူ့ကို ယုံမှာလဲ။
ဘယ်သူမှ မယုံကြဘူး။ နောက်ပြီးတော့ သူ့ ရန်သူက နတ်ဆိုးဘုရင် လေ။ ဖန်ကျန်းရှီ ရဲ့ အဓိပ္မာယ် မဲ့ စကားတွေကို သူ ဘယ်လို ယုံမှာလဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ဆီကို လျှောက်လာနေတဲ့ အရှင် ရှဲ့လော့ကတော့ ရပ်တန့်သွားတယ်။ သူနောက်ပြန်လှည့်ရင်း ချန်းဝူကို မေးတယ်။ “သူ ပြောတော့ သူ့ နာမည်က ဖန်ကျန်းကျန်းတဲ့။”
“ …”
လူတိုင်း မျက်လုံးပြူးသွားခဲ့တယ်။ လင်းထျန်းရုံ နဲ့ လင်းရှင်းကြွယ်ပါ ကြောင်အနေခဲ့တယ်။ သူ ယုံတယ်တဲ့။ အရှင် ရှဲ့လော့က သူ့ကို တကယ်ပဲ ယုံတယ်တဲ့။ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ပုံမှန် လူသားတွေထက် အများကြီး အသိဉာဏ် ပိုမြင့်တဲ့ မျိုးနွယ်လေ။ ဒီလို ပေါက်တက်ကရတွေကို သူ ယုံတယ်လား။
“အရှင်ရှဲ့လော့ … မင်း….” ချန်းဝူ မယုံမကြည် မျက်လုံးပြူးသွားတယ်။ ဒါပေမယ့် သူ့ကို မေးနေတာ အရှင် ရှဲ့လော့လေ။ အကယ်၍ အရှင် ရှဲ့လော့ ဒီ အကြောင်းပြချက်ကို သုံးပြီးတော့ သူတို့ရဲ့ ကတိစကားကို မဖြည့်ဆည်းပေးရင် ဘယ်လို လုပ်မလဲ။ ချန်းဝူ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။
“အရှင့် ရှဲ့လော့ တဲ့… ဟ ားဟား…” အရှင်ရှဲ့လော့ မေးတာကြားတော့ ပင်းယန် လှောင်ရယ်တယ်။ ဖန်ကျန်းရှီ ဘက်ကို ပြန်လှည့်တယ်။ “ သူက ရူုးနေတာပဲ ဖြစ်ရမယ်။ နင့် နာမည်က ဖန်ကျန်း… ” ပင်းယန်ရဲ့ အသံက စိတ်ပျက်လက်ပျက် နဲ့ ။ ဒါပေမယ့် သူမ စကားကို ပြီးအောင် မပြောနိုင် ခင်မှာပဲ ။ လူတစ်ယောက်က သူမ ရှေ့ ရောက်လာတယ်။ သူ့ရဲ့ ဦးချိုတွေက ရွှေရောင် တဖျပ်ဖျပ် လက်နေခဲ့တယ်။ ကျောင်းတော်သား ဝတ်ရုံ ဖြူက ညလေအေးအဝှေ့မှာ ဝဲလွင့်နေပြီးတော့ မျက်လုံးတွေက ထူးဆန်းတဲ့ အစိမ်းရောင် အလင်းတန်းတွေ တောက်ပနေတယ်။
“ ကျန်း…”” ပင်းယန်ရဲ့ နောက်ဆုံး စကားလုံးက လည်ချောင်းကနေ ထွက်လာခဲ့တယ်။ သူမ နဲ့ တစ်လက်မ အကွာမှာ ရောက်နေတဲ့ အရှင် ရှဲ့လော့ကို ကြည့်ရင်း မျက်လုံး ပြူးနေတယ်။ သူက အရမ်း မြန်တယ်။ အရှင်ရှဲ့လော့ ရောက်လာတာ မြန်လွန်းလို့ ပင်းယန် သတိတောင် မထားလိုက်မိဘူး။ တောင်ပိုင်း ဒေသ တိုက်ပွဲ တုန်းက ချန့်ယန်း ထက်တောင် မြန်သေးတယ်။ နောက်ပြီးတော့ သူက ဖန်ကျန်းရှီရဲ့ စကားတွေကို ယုံတယ် မဟုတ်ဘူးလား။ ဘာဖြစ်လို့ ရောက်လာရတာလဲ။
ရဲရဲတောက် ချီလင်လှံကို သူမ တင်းတင်း ကြပ်ကြပ် ကိုင်ထားတယ်။ သူမ တိုက်ခိုက်ချင်ပေမယ့် လက်တဖက်က သူမကို လာဖိထားခဲ့တယ်။ အတော့်ကို နွေးထွေးတဲ့ လက်တဖက်ပဲ။ ချွေးတွေ ရွဲပြီးတော့ တုန်ယင်နေတယ်။ ဒါပေမယ့် သူမ လက်ကို ကိုင်ထားတုန်းပဲ။ လုံး၀ လွှတ် မပေးဘူး။
“ ဒီ အရှက်မရှိတဲ့ ကောင်စုတ်.. ဘာဖြစ် …. ဘာဖြစ်လို့ အခုထိ မပြေးသေးတာလဲ။” ပင်းယန်က သူမ လက်ကို ဖိထားတဲ့ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ ဖန်ကျန်းရှီရဲ့ လက်က ချွေးတွေ ရွဲနစ်နေတာ ကြောင့် သူ့ စိတ်သဘောကို ကောင်းကောင်း နားလည်တယ်။ ဒီ အချိန်မှာ ဖန်ကျန်းရှီက သူ့ကို ပြစ်ပြေးရင်တောင် သူမ အံ့သြ မိမှာ မဟုတ်ဘူး။ နောက်ဆုံးတော့လည်း သူတို့ ရင်ဆိုင်နေရတာ ကြောက်စရာ နတ်ဆိုး ဘုရင်လေ။
“ မင်း ပျော်နေတာလား။” မျက်လုံးစိမ်းတွေနဲ့ အရှင် ရှဲ့လော့ လှောင်ပြုံးပြုံးရင်း ဖန်ကျန်းရှီကို မေးတယ်။
“ အရှင် ရှဲ့လော့ မပျော်ဘူးလား။ ” ဖန်းကျန်းရှီရဲ့ အသံက အရှင် ရှဲ့လော့ စကားဆုံးဆုံးချင်း ထွက်လာတယ်။ သူလည်း ခပ်ယဲ့ယဲ့လေး ပြန် ပြုံးပြနေခဲ့တယ်။
“ ဟ ဟား… စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။“ ဖန်ကျန်းရှီကို အနီးကပ် စိုက်ကြည့်ရင်း အရှင် ရှဲ့လော့ ပြောတယ်။ ဖြည်းဖြည်းချင်း သူရှေ့တိုးလာတယ်။ သူ့ အပြုံးက ပိုထင်ရှားလာခဲ့တယ်။
“ ကျွန်တော်လည်း ထင်ပါတယ်။ ” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ သူလည်း အေးအေးဆေးဆေးလေး ရှေ့တစ်လှမ်း တိုးလာတယ်။ အသည်းယားစရာ မြင်ကွင်းပဲ။ ပုံမှန် အတိုင်းဆိုရင် ဖန်ကျန်းရှီက ထွက်ပြေးရမှာ။ နတ်ဆိုးဘုရင်နဲ့ နီးကပ်တာက ဘယ်လောက် အန္တရာယ်များမှန်း လူတိုင်းသိတယ်။ ဒါပေမယ့် အခုတော့ ဖန်ကျန်းရှီက ဘာလုပ်နေတာလဲ။
သူ့ရဲ့ ဆုံးဖြတ်ချက်က လူတိုင်းကို လှုပ်ခတ်စေတယ်။ ဒါကို ကြည့်နေတဲ့ ပင်းယန်လည်း ဖန်ကျန်းရှီလိုပဲ ချွေးတွေ ထွက်လာတယ်။ ဘယ်လောက်ပဲ စိတ်ကြီးဝင်နေတဲ့ ပင်းယန် မင်းသမီး ဖြစ်ပါစေ ဒီ အခြေအနေမှာတော့ စိတ်ရှုပ်ထွေးတာပဲလေ။ အရှင် ရှဲ့လော့က သူတို့ကို ကစားချင်နေမှန်း သူမ နားလည်တယ်။ ဝတ်ရုံနက်တွေကို ဖန်ကျန်းရှီ ကစားခဲ့သလိုပေါ့။
ဒါပေမယ့် သူမ နားမလည်တာရှိတယ်။ သူ့ ရှေ့ရောက်နေတဲ့ သူ့ ရန်သူကို ဘာကြောင့်များ မတိုက်ခိုက် သေးတာလဲ။ ပင်းယန် တစ်ယောက်တည်းတင် သံသယ ဝင်နေတာ မဟုတ်ဘူး။ လင်းရှင်းကြွယ်နဲ့ ချန်းဝူလည်း ပဟေဠိ ဖြစ်နေခဲ့တယ်။
“သူ ဘာလို့ အခု ထိ မတိုက်ခိုက်သေးတာလဲ။” ချန်းဝူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အရှင် ရှဲ့လော့က အလုပ်ကိစ္စကို အချိန်ဆွဲ နေမယ်လို့ မထင်ထားခဲ့မိဘူး။ အရှင်ရှဲ့လော့က အမြဲတမ်း သူ့ ကိစ္စကို မြန်မြန်ဆန်ဆန် အဆုံးသတ် တတ်တဲ့သူလေ။ အခုတော့ သူက ဖန်ကျန်းရှီကို ချက်ခြင်း မတိုက်ခိုက် ရုံတင် မကဘူး။ အခုလို အခြေအနေမှာ စကားများနေသေးတယ်။
“ မင်းတို့ နှစ်ယောက်လုံး အတူတူ လာမှာလား။ ဒါမှ မဟုတ် မင်း တစ်ယောက်တည်းလား။” တခြားသူတွေကို လျစ်လျူရှုထားရင်း ။ ဖန်ကျန်းရှီကို အရှင်ရှဲ့လော့ ပြုံးပြပြီး မေးနေခဲ့တယ်။
“ အတူတူ …”
“အတူတူ…”
“အတူူတူ….”
အသံ သုံးခုက တပြိုင်နက်တည်း ထွက်လာခဲ့တယ်။ တစ်သံကတော့ ရန်ရွှယ်ရဲ့ အသံ။ ထာဝစဉ် အေးစက်နေတဲ့ ခံစားချက်မဲ့အသံ။ သူ့မျက်လုံးတွေက အရှင် ရှဲ့လော့ကို စိုက်ကြည့်ရင်း တစ်ကိုယ်လုံးမှာ သွေးနီရောင် အလင်းတန်းတွေ တောက်ပနေခဲ့တယ်။
ဒုတိယ အသံကတော့ ပင်းယန်။ တစ်ကိုယ်လုံး ချွေးတွေ ရွဲနစ်နေပင်မယ့် လက်သီးကိုတော့ ကျစ်ကျစ် ပါအောင် ဆုပ်ထားဆဲ။ သူမ မျက်ဝန်းတွေက ထူးခြား ကြံ့ခိုင်တဲ့ အလင်းတန်းတွေ တောက်ပနေခဲ့တယ်။
တတိယ အသံကတော့ …. ရှန်းယွီ..။ သူမလည်း ဖန်ကျန်းရှီ ဘေးမှာ ရပ်နေခဲ့တာ။ မဟူရာ ဓားမြှောင် နှစ်ချောင်းကို လက်ထဲမှာ ကိုင်ထားရင်း သူမ လက်တွေ ကနေ တိမ်နီ မီးတောက်တွေ ထွက်ပေါ်လာခဲ့တယ်။
“တယောက်တည်း…” စတုတ္ထ အသံ ထွက်ပေါ်လာတယ်။ ထုံးစံ အတိုင်း ဒါက ဖန်ကျန်းရှီ အသံပဲ ။ ဒါပေမယ့် သူ့ အသံက တခြား သုံးယောက် ရဲ့ အသံလို မကျယ် လောင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ အသံပြုလိုက်တဲ့ အချိန်မှာ ဟိုသုံးယောက်ကတော့ စတိုက်ခိုက်နေပြီ။ တစ်ချက်လေးတောင် မတွေေ၀ ကြဘူး ။ အရင်ကလို ဖန်ကျန်းရှီ အပေါ် ယုံကြည်ချက် အပြည့်အ၀ ထားတာမျိုး မရှိခဲ့ဘူး။ ဖန်ကျန်းရှီ ရှိတာကိုတောင် လုံး၀ မေ့ထားတဲ့ အတိုင်း တိုက်ခိုက်နေကြတယ်။
တလက်လက် တောက်နေတဲ့ သွေးနီရောင် အလင်းတန်းက အရှင် ရှဲ့လော့ ဆီကို ပြေးဝင်တယ်။ ဓားမြှောင်နက်တွေကတော့ အရှင် ရှဲ့လော့ရဲ့ လည်ပင်းကို တည့်တည့် ချိန်ရွယ်ထားခဲ့တယ်။ ရန်ရွှယ်နဲ့ ရှန်းယွီက အရမ်းကို မြန်ဆန်တယ်။ ပင်းယန်ကတော့ ဖန်ကျန်းရှီ ရှေ့မှာ ကာ ရပ်ရင်း ကာကွယ်ထားတယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေက တလက်လက် တောက်နေခဲ့တယ်။ လှံကို မကိုင်ထားတဲ့ လက်တဖက်က ဖန်ကျန်းရှီကို တင်းတင်း ကြပ်ကြပ် ကိုင်ထားခဲ့တယ်။ “ နင် အရှက်မရှိတဲ့ ကောင်စုတ်။ တွေ့တယ်မလား။ ငါ နင့်ကို နောက်တစ်ခေါက် ကာကွယ်ပေးနေရပြန်ပြီ။
“ ဘွန်း…”
မိုးကြိုးပြစ်သံလို ပေါက်ကွဲမှုကြီး ထွက်ပေါ်လာတယ်။ ချက်ခြင်းဆိုသလို တောင်ပိုင်းတပ်ထဲကနေ လူနှစ်ယောက် ခုန်လွှားထွက်လာခဲ့တယ်။ လှံရှည်ကြီးတွေ လေထဲမှာ ဝေ့၀ဲလာသလိုပဲ သူတို့ လှုပ်ရှားပုံက ကြည့်ကောင်းလွန်းတယ်။
ပင်းယန် တုန်ယင်သွားခဲ့တယ် ။ ဖန်ကျန်းရှီကို ဒီတိုက်ခိုက်မှုကနေ ကာကွယ်ပေးသင့်မှန်း သူမ သိတယ်။ ဒါပေမယ့် ဘယ်သူမှ သူမကို လာမတိုက်မိကြဘူး။ နောက်ပြီးတော့… သူမ နောက်တစ်ကြိမ် လေထဲမှာ လွင့်နေပြန်ပြီ။ ဘာတွေ ဖြစ်နေတာလဲ။ အရှက်မရှိတဲ့ ကောင်စုတ်က သူမ နဲ့ နေရာလဲလိုက်တာလား။ မဟုတ်နိုင်ဘူး။ သူက နည်းနည်းလေးတောင် မရွေ့ဘူးလေ။
ဒီ အချိန်မှာပဲ ပြဿနာ အသစ်ကို သူမ ရှာတွေ့သွားတယ်။ သူမ ပျံထွက်သွားတဲ့ နေရာက မဟုတ်သေးဘူး။ အရှင် ရှဲ့လော့ က သူမ နောက်ကနေ တိုက်ခိုက်ရင် နောက်ဘက်ကိုပဲ ပျံထွက်သွားရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အရှေ့ဘက်ကို လွင့်ထွက်လာရတာလဲ။
“ မင်း ရူးနေတာလား။ ဘာလို့ ငါ့ကို လာဖက်နေတာလဲ။”
ဖန်ကျန်းရှီရဲ့ အော်သံကြီ း သူမ နားထဲ ဝင်လာတယ်။ ဒေါသတကြီးနဲ့ ကူကယ်ရာမဲ့ အော်သံပဲ။ တကယ်တော့ ဒီအချိန်မှာ ဖန်ကျန်းရှီ တကယ်ပဲ ကူကယ်ရာ မဲ့နေခဲ့တာ ။ ဦးနှောက်ကောင်းကောင်းနဲ့ စိတ်မှန်တဲ့ ဘယ်သူကများ ရန်သူနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ တိုက်ခိုက်ဖို့ မတွေးပဲ သူ့ လုပ်ဖော်ကိုင်ဖက် လာဖက်နေမှာလဲ။ ဒါက တိုက်ခိုက်ရေး နည်းဗျူဟာ အသစ်လား။ လူသား ဒိုင်းကာ လုပ်ချင်တာလား ကောင်းပြီလေ။
ပင်းယန်ရဲ့ စိတ် အကြံကို ဖန်ကျန်းရှီ နားလည်တယ်။ ပင်းယန်က ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ထိပ်တန်း ရတနာကို ဝတ်ထားတာောကာင့် သူမ ကိုယ်ကို သုံးပြီးတော့ လူသားဒိုင်းကာ လုပ်ချင်နေတာ။ ဒါပေမယ့် အရှင် ရှဲ့လောက ငတုံး မဟုတ်ဘူးလေ။ ဒီလို အနီးကပ် အခြေအနေ မျိုးမှာ။ နောက်က ဖန်ကျန်းရှီကို အသာလေး လှည့်ရှင်းနိုင်တယ်။ နောက်ပြီးတော့ ချန်းဝူရဲ့ အမိန့်က သူ့ကို သတ်ဖို့ ပဲလေ။ ဒါကြောင့် အရှင် ရှဲ့လော့ က ပင်းယန်ကို တိုက်ခိုက်ပြီးတော့ အချိန် ဖြုန်းနေမှာ မဟုတ်ဘူး။ ဒီ တိုက်ခိုက်မှုကို ခံယူလိုက်တဲ့ အချိန် ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ပျက်သွားမိတယ်။ အရမ်းကို အင်အား ကြီးလွန်းတဲ့ လှိုင်းတွေက သူ့ အတွင်း ကလီစာတွေကို မွှေနှောက်သွားတဲ့ အတိုင်းပဲ။
“အဟွတ်…”
ဖန်ကျန်းရှီ မျက်နှာ တစ်ခုလုံး နီရဲသွားတယ်။ ပါးစပ် အပြည့်သွေးတွေ ပင်းယန်ရဲ့ မျက်နှာ တည့်တည့်ကို ထွေးထုတ်မိတယ်။ ပင်းယန် မျက်နှာ တစ်ခုလုံး ပန်းပွင့် နီနီတပွင့်လို အရောင်တွေ စွန်းထင်သွားခဲ့တယ်။
“ ဝုန်း….” သူတို့ နှစ်ယောက်လုံး လဲကျသွားတယ်။ မြေပြင်ပေါ်မှာ ဖုန်တွေ သဲတွေ ထလာခဲ့တယ်။ တိတ်ဆိတ်သွားတယ်။ တစ်ခဏတာ တိတ်ဆိတ်မှုပဲ။ ရန်ရွှယ့် မျက်လုံးတွေ ယောင်ကိုင်း ဖောင်းကားလာခဲ့တယ်။
“အား….” ငရဲပွက်သံကြီး သူ့ ပါးစပ်ကနေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် အေးစက်တဲ့ ကြောက်စရာ အရှိန်အဝါတွေ သူ့ ခြေထောက် အောက်ကနေ ပေါ်လာပြီးတော့ သူ့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။
“ကချာ့… ကချာ့… ”
သူ့ခြေထောက်အောက် မြေပြင်တစ်ခုလုံး တုန်ယင်နေခဲ့တယ်။ သွေးနီရောင် အလင်းတန်းက တစ်ကိုယ်လုံးကို အစိုင် အခဲ တစ်ခုလို ဖုံးအုပ်သွားတယ်။ တစ်ချိန်တည်းမှာပဲ ရှန်း ယွီရဲ့ အသားအရည်က မှင်လို နက်မှောင်သွားခဲ့တယ်။ တိမ်နီတွေ အများကြီး စုသွားတာကြောင့် မည်းမှောင်သွားခဲ့တာ။ သူမရဲ့ မှင်ရောင် တောက်တောက် မျက်ဝန်းတွေကလည်း အနီရောင် မီးတောက်တွေ အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီ၊
“ဝေါင်း….” ရှန်းယွီရဲ့ လည်ချောင်းကနေ သားရဲကောင် အော်သံ ထွက်ပေါ်လာတယ်။
“ သခင့်ကို ကာကွယ်ကြ။”
“သခင် ဖန်ကို ကယ်ကြ။”
“ မိစ္ဆာကို တားဆီးကြ။ ”
တောင်ပိုင်း တပ်တွေက မြို့စောင့်တပ်တွေနဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် သူတို့ လှည့် ကြည့်လိုက်တဲ့ အချိန် ရှန်းယွီ တစ်ကိုယ်လုံး မည်းမှောင်နေပြီးတော့ တိုက်ပွဲကြီး အခြေအနေဆိုးနေတာကို ချက်ခြင်း သတိထားမိကြတယ်။ ချက်ခြင်း ဦးတည်ရာ ပြောင်းပြီးတော့ ဖန်ကျန်းရှီ ရဲ့ ရပ်နေခဲ့တဲ့ နေရာမှာ ရောက်နေတဲ့ အရှင်ရှဲ့လော့ကို တိုက်ခိုက်ကြတယ်။
“ ဟ ဟား… စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ ဒါပေမယ့် သနားစရာက။ မင်းတို့ အားလုံးကို သတ်ဖို့ ငါ့မှာ အခွင့်အာဏာ မရှိတာပဲ။” ရန်ရွှယ် ရှန်းယွီနဲ့ နီးကပ်လာတာကို ကြည့်ရင်း သူ ပြောတယ်။ သူ့ရဲ့ နှင်းဖြူရောင် ကျောင်းော်သား ဝတ်ရုံက လေထဲမှာ လွင့်မျောရင်း သူ့ ခန္ဒာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားတယ်။
မျက်တောင် တစ်ခတ် အတွင်းမှာပဲ ပင်းယန်နဲ့ ဖန်ကျန်းရှီ ရှေ့ ရောက်သွားခဲ့တယ်။ ဖန်ကျန်းရှီကို အစိမ်းရောင် မျက်လုံးတောက်တောက်တွေ နဲ့ ကြည့်ရင်း ထူးထူးဆန်းဆန်းပြုံး နေခဲ့တယ်။
“ ငါ့ကို ကျေးဇူးတင်သင့်တယ်။ ငါက မင်းတစ်ယောက်တည်းကို သတ်မှာလေ။”
…
ည ပိုနက်လာတယ်။ တော်ဝင် နန်းစောင့်တပ်တွေကော နဂါးတပ်ဖွဲ့တွေပါ သူတို့ ရှေ့ မြင်ကွင်းကို မျက်တောင် မခတ်တန်း ကြည့်နေခဲ့တယ်။
“ဒါက နတ်ဆိုးဘုရင်လား။”
“မြန်လိုက်တာ။ ”
“အနိုင်ယူဖို့ မဖြစ်နိုင်ဘူး။ ”
“ ဖန်ကျန်းရှီက တောင်ပိုင်း ဒေသ တိုက်ပွဲမှာ ကျင့်ကြံဆင့် ပျောက်ခဲ့တာ။ အခုလို အရိုက်ခံလိုက်ရတော့ သူ သေလောက်ပြီ မဟုတ်လား။”
စစ်သည်တော်တွေ ဖန်ကျန်းရှီရဲ့ အသက်မဲ့ ခန္ဒာကို ကြည့်နေခဲ့တယ်။ စိတ်ထဲမှာ သနားနေမိ ပေမယ့်။ တိုက်ပွဲရဲ့ အနိုင် အရှုံး အသေ အရှင်က အစတည်းက ဆုံးဖြတ် ပြီးသား ဖြစ်နေခဲ့ပြီ။ အခုတော့ ပင်းယန်ရဲ့ လုံခြုံမှုကိုပဲ သူတို့ ဂရုစိုက်ရတော့မယ်။
အရှင်ရှဲ့လော့က ဖန်ကျန်းရှှီ တစ်ယောက်ကိုပဲ သတ်မယ်ပြောထားတာ။ ချန်းဝူနဲ့ သဘော တူထားတဲ့ အထဲ ပင်းယန်ကို ဖမ်းဖို့ မပါဘူး။ ဒါပေမယ့် ကမောက်ကမတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ ဘာတွေ ဖြစ်လာမလဲ ဘယ်သူမှ မသေချာဘူး။
“ပင်းယန်။ ” ဧကရာဇ် လင်းမုပိုင် ထရပ်ဖို့ ပြင်တယ်။ ဒါပေမယ့် ချန်ဖေးဟွားနဲ့ နဂါးတပ်ဖွဲ့က သူ့ကို တားထားခဲ့တယ်။
“အရှင် မင်းမြတ် ။ မင်းသမီးကို ကျွန်တော်တို့ နဲ့ ထားခဲ့ပါ။”
“မြန်မြန် အရှင် မင်းသမီးကို ကယ်။”
“ အမိန့်တော် အတိုင်းပါ။ ”
အမိန့် တစ်ခွန်းတည်းနဲ့။ နဂါးတပ်ဖွဲ့ စစ်သည်တော် ဆယ်ယောက် ဧကရာဇ် လင်းမုပိုင် ဘေးကနေ ပြေးထွက်တယ်။ ပင်းယန်ဆီကို ပြေးကြတယ်။
“ဟန့်… ငတုံးတွေ။ သူတို့ကို တားကြ။” မလှုပ်မယှက် ဖြစ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ချန်းဝူ အမိန့်ပေးတယ်။ ဖန်ကျန်းရှီ သေသည်ဖြစ်စေ ရှင်သည် ဖြစ်စေ။ တိုက်ပွဲ ရလဒ်က အရှင် ရှဲ့လော့ သူတို့ ရှေ့ ရောက်လာတည်းက ဆုံးဖြတ် ပြီးသား ဖြစ်နေပြီလေ။ နောတ်တနည်း ပြောရရင်။ အရှင် ရှဲ့လော့နဲ့ ချန်းဝူ သဘော တူညီချက် ယူုပြီးတည်းက ဖန်ကျန်းရှီမှာ အသက်ရှင်စရာ လမ်း မရှိတော့တာပဲ။
အပိုင်း (၅၇၈) ပြီး၏။
အပိုင်း (၅၇၉)
“ အလွန် နက်ရှိုင်းတဲ့ ကြောက်မက်ဖွယ် အင်အား။”
ဘာသာပြန်သူ - Enri Thaw
ချန်းဝူရဲ့ အမိန့်ကြောင့် နဂါးတပ်ဖွဲ့တွေ ကို ပိတ်ဆို့ဖို့ ဝတ်ရုံနက်တွေ ချက်ခြင်း လှုပ်ရှားကြတယ်။ တစ်ချိန်တည်းမှာပဲ တောင်ပိုင်းတပ်တွေက အရှင်ရှဲ့လော့ဆီကို ပြေးဝင်သွားတဲ့ အတွက် မြို့စောင့်တပ် တွေ အသက်ရှူချောင် သွားတယ်။ သူတို့တွေ မြားတွေကို နောက်တစ်ခေါက် ပြစ်ဖို့ ပြင်ကြပြန်တယ်။ လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်။ တောင်ပိုင်း စစ်တပ်ကြီးရဲ့ နေရာပြောင်းမှုက မြို့စောင့်တပ်တွေကို ပြန်ပြီၤးတော့ လှုပ်ရှားလာစေပြီ။ ဒီ အခွင့်အရေးကို သူ လက်လွှတ်ခံလို့ မဟုတ်ဘူး။
“ ခေါင်းနှစ်လုံး ဗျူဟာ စမယ်။ ဒိုင်းသမားတွေ အရှေ့တက် မြားသမားတွေ နောက်ဆုတ်။” လင်းရှင်းကြွယ် အော်ဟစ်ရင်း အမိန့် ချတယ်။
“ အ မိန့် တော် အတိုင်းပါ။” မြို့စောင့်တပ်တွေ ချက်ခြင်း လှုပ်ရှားတော့တယ်။ တစ်ချိန်တည်းမှာပဲ ခုခံ စစ်ပုံစံကနေ။ ခံစစ် တိုက်စစ် နှစ်မျိုးတွဲ ပုံစံကို ပြောင်းသွားတယ်။
“ ပြစ်။”
နောက်ထပ် အမိန့်သံ တစ်ခု ထွက်လာခဲ့တယ်။ မြို့စောင့်တပ်တွေ အရင်တစ်ခေါက်က လိုပဲ တိုက်ခိုက် ကြတယ်။ ဒီတစ်ကြိမ်မှာတော့ ဧကရာဇ် လင်းမုပိုင်ကို တိုက်ခိုက်ရုံတင် မကဘူး။ သူတို့ နောက်က တောင်ပိုင်း စစ်တပ်ကိုပါ တိုက်ခိုက်တာ။
“သတ်ကြ…”
“ သတ်ကြ…”
နဂါး တပ်ဖွဲ့နဲ့ တော်ဝင် နန်းစောင့်တပ်တွေ မြို့စောင့်တပ်ကို တိုက်ခိုက်ကြပြန်တယ်။ တောင်ပိုင်း စစ်တပ်နဲ့ သူတို့ ပူပေါင်းတယ်။
“ တန်းစီ။”
“ တိုက်ခိုက်။”
တောင်ပိုင်းဒေသ နယ်မြေမှူးတွေ အမိန့်ချရင်း အော်ဟစ်ကြတယ်။ မြို့စောင့်တပ်တွေရဲ့ မြားကို သူတို့ ခုခံ ထားခဲ့တယ်။ စစ်မြေပြင်က နောက်တကြိမ် မီးတောက်လောင် ပြန်ပြီ။ ရန်ရွှယ်နဲ့ ရှန်းယွီကတော့ အရှင် ရှဲ့လော့ ပျောက်ကွယ်သွားတာကြောင့် လန့်သွားကြတယ်။ ဒါပေမယ့် သူတို့ ချက်ခြင်း ပြန်တိုက်ခိုက် ကြပြန်တယ်။ ဒါပေမယ့် အကွာအဝေးကတော့ ဒီတစ်ခေါက်မှ ပိုဝေးနေတယ်။
“ အရှက်မရှိတဲ့ ကောင်စုတ် မြန်မြန်ထ။” ဖန်ကျန်းရှီရဲ့ မလှုပ် မယှက် ခန္ဒာကိုယ်ကို ပင်းယန် လှုပ်နှိုးနေခဲ့တယ်။ အရှင် ရှဲ့လော့ကို ကြည့်ရင်း သူမ မျက်ဝန်းထဲမှာ စိုးရိမ်မှုတွေ ပြည့်နှက်လာတယ်။ ဖန်ကျန်းရှီကို သူမ တွန်းထုတ်ချင်တယ်။ ဒါပေမယ့် သူ့ ခန္ဒာကိုယ်က အရမ်းကို လေးလွန်းတယ်။ မျက်လုံးတွေက လုံး၀ ပိတ်ထားပြီးတော့ သတိလစ်နေသလိုပဲ။ နောက်ပြီးတော့ မျက်နှာတစ်ခုလုံး သွေးရောင်လေးတောင် မလွှမ်းပဲ ဖြူဖျော့နေတယ်။ တစ်ကိုယ်လုံး ချွေးတွေ ရွဲနစ်နေခဲ့တယ်။ -ျီးပဲ။ သူ့ကိုသူ ကာကွယ်နိုင်တယ်လို့ ပြောခဲ့တဲ့ အချိန်တုန်းက တကယ် ရူးနေလို့ ပြောမိတာ။
“ သူက ဒီလောက်တောင် အားနည်းတယ်လား။” ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကင်းမဲ့နေတဲ့ ခန္ဒာကိုယ်ကို ကြည့်ရင်း အရှင် ရှဲ့လော့ ပြောတယ်။ ဒါပေမယ့် သူ့ ညာလက်ကို ပင့်မြှောက်လိုက်တဲ့ အချိန် ထူးဆန်းတဲ့ အစိမ်းရောင် အလင်းတန်းက ည ကောင်းကင်မှာ တောက်ပလာခဲ့တယ်။ “ဒါဆိုရင်လည်း သေပေရော့။”
“ သေရမယ်။ … မဖြစ်ဘူး။” ပင်းယန်က လှည့်စား ခံရသလို ခံစားနေရပေမယ့် သူမချက်ခြင်း ထတယ်။ ဖန်ကျန်းရှီရဲ့ ကိုယ်ကို ဖက်ထားရင်း ကာကွယ်ပေးတယ်။ ဘာကြောင့် ဒီလို လုပ်မိလဲ ကိုယ်တိုင်တောင် မသိ။ ဖန်ကျန်းရှီက သတိလစ်နေတုန်းလေ။ ဒါကြောင့် ထွက်ပြေးတာက သူမ ဖြစ်ရမှာ။ နောက်ပြီးတော့ အရှင်ရှဲ့လော့ရဲ့ ပြစ်မှတ်က သူမ မဟုတ်ဘူး။ အခုတော့…. ဖန်ကျန်းရှီကို သူမ ဖက်ထားမိ တုန်းပဲ ဘာကြောင့်လဲ ဆိုတော့ ဒီတိုက်ပွဲ ကြီး အဆုံးသတ်ဖို့ ဖန်ကျန်းရှီ ကို လိုအပ်တယ်လို့ သူမ ထင်နေတာ ကြောင့်ပဲ။
“ အမ်… ကြည့်ရတာ ငါ နောက်တစ်ယောက်ကို သတ်ရတော့မယ့် ပုံပဲ။” ဖန်ကျန်းရှီကို ဖက်ပြီးတော့ ကာထားတဲ့ ပင်းယန်ကို ကြည့်ရင်း အရှင် ရှဲ့လော့ လန့်သွားတယ်။ ဒါပေမယ့် သူ အေးစက်စက် ပြုံးနေခဲ့တယ်။ သူ့ရဲ့ လက်ထဲက အလင်းတန်းက တဖြည်းဖြည်း ပို တောက်ပလာခဲ့တယ်။
“ ငါ့ သမီး ပင်းယန်ကို မထိနဲ့။။” ဧကရာဇ် လင်းမုပိုင် နောက်ထပ် တောင့်မခံနိုင်တော့ဘူး။ နဂါးတပ်ဖွဲ့ရဲ့ အကာအကွယ် စက်ဝိုင်းကနေ ချက်ခြင်း ပြေးထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ တောက်ပတဲ့ ရွှေရောင် အလင်းတန်းနဲ့ အတူ နဂါးကြီးလဲ လေထုထဲမှာ ပေါ်လာတယ်။ အနီရောင် အလင်းတန်းတွေ နဂါးမျက်လုံး ကနေ ထွက်ပေါ်လာတယ်။ နဂါးစိမ်း မျက်လုံး…။ ဧကရာဇ် လင်းမုပိုင်ရဲ့ နဂါးစိမ်း မျက်လုံး ပေါ်လာချိန်မှာပဲ ချန်ဖေးဟွားလည်း လှုပ်ရှားတယ်။ ည ကောင်းကင် အောက်မှာ ရွှေရောင် မြူနှင်းတွေ ထွက်ပေါ်လာတယ်။
“ ပင်းယန် … ပြေး…” ချန်ဖေးဟွား အော်ဟစ်တယ်။ သူမ တစ်ကိုယ်လုံး ရွှေရောင် မြူနှင်းထဲမှာ ပျောက်ကွယ်သွားတယ်။
ဧကရာဇ် လင်းမုပိုင် ထက် သူမရဲ့ လှုပ်ရှားမှုက အရင်ရှေ့ရောက်တယ်။ အရှင် ရှဲ့လော့ ကတော့ သူမ ခေါင်းပေါ်က ရွှေရောင်တိမ်တွေကို လျစ်လျူရှုထားတယ်။ တခြားသူတွေကို အာရုံစိုက်ဖို့ စိတ်ကူး ရှိပုံ မပေါ်လူး။ သူ့ရဲ့ တစ်ခုတည်းသော အလုပ် က ဖန်ကျန်းရှီကို သတ်ဖို့ နဲ့ သူ့ အလုပ်ကို နှောက်ယှက်တဲ့ သူတွေကို သတ်ဖို့။ အရမ်းကို ရိုးရှင်းတယ်။ ဒါကြောင့် ရွှေရောင် မြူနှင်းတွေနဲ့ ဧကရာဇ် လင်းမုပိုင်ကို လျစ်လျူရှုထားခဲ့တယ်။ ပင်းယန်ရဲ့ နောက်ကျောကို ရိုက်ချတယ်။
“မဖြစ်ဘူး…” ရွှေရောင် မြူနှင်းထဲကနေ အသံ ထွက်လာတယ်။ မျက်လုံး တစ်ခုလုံး ရွှေရောင် တောက်နေတဲ့ အရိပ်တစ်ခု ပေါ်လာခဲ့တယ်။ သူမ နောက်မှာ အနက်ရောင် အရိပ်စီးကြောင်းကြီး ကျန်နေခဲ့တယ်။ ချန်ဖေးဟွားက ဧကရာဇ် လင်းမုပိုင် ထက် အများကြီ း မြန်ဆန်တယ်။ သူမရဲ့ ရွှေရောင်မြူနှင်းတွေ က အရှိန်ကို ပို မြန်ဆန်စေတယ်။ အရှင် ရှဲ့လော့ က ပင်းယန်ကို ရိုက်ချလိုက်တဲ့ အချိန်။ ချန်ဖေးဟွားက အရှင်ရှဲ့လော့ ရဲ့ နံကြားကို လက်သီးနဲ့ ထိုးလိုက်တယ်။
“ အမ်… ကိုယ့်ကိုယ်ကို အထင်ကြီးလိုက်တာ.“ အရှင်ရှဲ့လော့ရဲ့ လက်ဝါးက ပင်းယန်နဲ့ စင်တီ မီတာ နည်းနည်းပဲ ကွာတော့တယ်။ သူ့ကို ထိုးတဲ့ လက်သီးကို မြင်လိုက်ချိန်မှာတော့ အေးစက်စက် ရေရွတ်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ မျက်လုံးထဲက အစိမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး ချန်ဖေးဟွားရဲ့ လက်သီးနဲ့ တိုက်မိတော့တယ်။
ချန်ဖေးဟွား သူမ လမ်းမှာ တင် ရပါသွားတယ်။ လေထဲမှာ ဖမ်းချုပ်ခံလိုက်ရတဲ့ အတိုင်းပဲ။ တစ်ကိုယ်လုံ း တုန်ယင်သွားတယ်။ သူမ ကိုယ်ကို ဝန်းရံထားတဲ့ ရွှေရောင် မြူနှင်းတွေ ပြိုကွဲသွားခဲ့တယ်။ ဒါတွေ အားလုံးက မျက်တောင် တစ်ခတ် အတွင်း ဖြစ်သွားခဲ့တာ။ ချန်ဖေးဟွား အရှင်ရှဲ့လော့ ရှေ့ ရောက်သွားတဲ့ အချိန်ကနေ သူမ လွှင့်ထွက်သွားတဲ့ အချိန် အထိ မျက်တောင် တစ်ခတ်စာတောင် မကြာခဲ့ဘူး။
“ ဟန်…” အရှင် ရှဲ့လော့ ပင့်သက်ချလိုက်တယ် ။ ချန်ဖေးဟွားကို အာရုံမစိုက်တော့ဘူး။ ပင်းယန် နဲ့ ဖန်ကျန်းရှီကိုသာ အာရုံစိုက်ပြန်စိုက်တယ်။ သူ့ လက်ဝါးကို အသင့်ပြင်ရင်း နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ပြင်ပြန်တယ်။ ဒီအချိန်မှာပဲ ရွှေနဂါး ခန္ဒာနဲ့ ဧကရာဇ် လင်းမုပိုင်က အရှင်ရှဲ့လော့ ခေါင်းပေါ်ကို ရောက်လာခဲ့တယ်။
“ဟွားအာ…” လွင့်ထွက်သွားတဲ့ ချန်းဖေးဟွားကို သူ ဖမ်းဆွဲရင်း အရှင်ရှဲ့လော့ကို တိုက်ခိုက်တယ်။ ထူးဆ န်းတဲ့ မျက်လုံး နီနေတွေက အရှင်ရှဲ့လော့ပေါ်ကို မီးမောင်းတစ်ခုလို ထိုးကျလာခဲ့တယ်။
“သွားသေလိုက်…” ထူးဆန်းတဲ့ အနီရောင် အလင်းတန်းနဲ့ ရွှေနဂါးကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။ စွမ်းအားကြီး နတ်ဆိုး ဘုရင် တစ်ယောက် အနေနဲ့ သူ့ အလုပ်ကို ခနခန ဝင်ဝင် ရှုပ်ခံနေရတော့ ဒေါသ မထွက်ပဲ နေမလား။ နောက်ပြီးတော့ ဧကရာဇ် လင်းမုပိုင်တစ်ယောက်တည်းကို သူ ရင်ဆိုင်နေရတာ မဟုတ်ဘူး။ ရန်ရွှယ်နဲ့ ရှန်းယွီကလည်း သူ့ဆီကို ပြေးဝင်လာနေတယ်။
တစ်ယောက်က ကြီးမြတ်သောရှမင်းဆက် ရဲ့ လက်ရှိ ဧကရာဇ်။ နောက်တစ်ယောက်က ရန်မိသားစုရဲ့ ဆက်ခံသူ အနောက်ပိုင်းလျန် ထီးနန်းရဲ့ အမွေခံ။ နောက်ဆုံးတစ်ယောက်ကတော့ တောင်ပိုင်းဒေသရဲ့ လက်ရှိ ဧကရီ။ နောက်တနည်း ပြောရရင်။ သူတို့ သုံးယောက်လုံး က သူတို့ နယ်မြေတွေမှာ ထိပ်သီးတွေပဲ။ အရှင် ရှဲ့လော့ ကို သူတို့ အင်အား ပေါင်းပြီးတော့ တိုက်ခိုက်နေကြတာ။ သွေးနီရောင် အလင်းတန်း က အရှင် ရှဲ့လော့ ရဲ့ လည်ပင်းကို ဓားတစ်ချောင်းလို လာစိုက်တယ်။ အေးစက်စက် လှိုင်း နှစ်ခုလည်း ထွက်ပေါ်လာခဲ့တယ်။
ဒီ အလင်းတန်းတွေ အားလုံး စုဝေးချိန်မှာ အရှင်ရှဲ့လော့ရဲ့ ကိုယ်ကနေ အစိမ်းရင့်ရောင် အလင်း မဏ္ဍိုင်ကြီး တစ်ခု ကောင်းကင်ကို ထိုးတက်သွားတယ်။ မြေပြင်ကနေ ကောင်းကင်ထိ အလင်း အလျင်နဲ့ကို တက်သွားခဲ့တာ။ ဒီ အလင်းတန်း ပေါ်လာတာနဲ့ လူတိုင်း အမြင်ကွယ်စေတဲ့ မန္တန်ကို အသုံးခံ လိုက်ရသလိုပဲ အမြင်အာရုံ ခေတ္တ ပျောက်ဆုံးသွားတယ်။ အဲ့ဒီ့နောက် သူတို့ ခန္ဒာကိုယ်တွေ ချန်ဖေးဟွားလိုပဲ လွင့်ထွက်သွားခဲ့တယ်။
“ ဒုန်း…”
“ ဝုန်း…”
ဧကရာဇ် လင်းမုပိုင်က ချန်ဖေးဟွားနဲ့ အတူ မြေပြင်ပေါ်ကို လိမ့်သွားတယ်။ ရန်ရွှယ်နဲ့ ရှန်းယွီကတော့ တောင်ပိုင်း စစ်တပ်ဆီကို လွင့်ထွက်သွားတယ်။
“အရှင် ဧကရီ အဆင် ပြေရဲ့လား”
“သခင်လေး ရန်၊”
“ မြန်မြန် ဒဏ်ရာတွေကို ကု”
တောင်ပိုင်း စစ်သည်တော်တွေ ရန်ရွှယ်နဲ့ ရှန်းယွီ လွင့်ထွက်လာတာကြောင့် သေ ကုန်ကြတဲ့ စစ်သည်တော်တွေကို လျစ်လျူရှုထားတယ်။ သူတို့တွေကို မြန်မြန်က ုသဖို့ ပြင်တယ်။ နယ်မြေမှူး တစ်ချို့ ဆေးနှလုံးကို ထုတ်ပြီးတော့ တစ်ယောက် တစ်လုံးဆီ တိုက်ခိုက်တယ်။
သိပ် မနီးမဝေးနေရာမှာတော့ နဂါးတပ်ဖွဲ့က ဧကရာဇ် လင်းမုပိုင် နဲ့ ချန်ဖေးဟွားကို ဝန်းရံ ကာကွယ်ထားတယ်။ ဝတ်ရုံနက်တွေကို သူတို့ အနိုင်ယူခဲ့ပြီ။
“ မြန်မြန်… အရှင် မင်းမြတ်ကို ကယ်ရမယ်။”
“ အမိန့်တော် အတိုင်းပါ။”
စိတ်လှုပ်ရှားတဲ့ အသံတွေ လူအုပ်ထဲက ထွက်ပေါ်လာတယ်။ တိုက်ခိုက်နေတဲ့ မြို့စောင့်တပ်တွေလည်း ဒီ မြင်ကွင်းကြောင့် လန့်နေကြတယ်။ အစိမ်းရောင် အလင်းတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ် အရှင် ရှဲ့လော့ အလင်းတန်းရဲ့ အလယ်တည့်တည့်မှာ ရှိနေတာ။ သူ့ မျက်လုံးတွေက လုံးဝကို စိမ်းနေခဲ့တယ်။ နဖူးပေါ်က ဂျိုတွေရဲ့ ရွှေရောင် အလင်းတန်းကလည်း ပို တောက်ပလာခဲ့တယ်။
“နတ်ဆိုးဘုရင်။”
“ဒါက နတ်ဆိုး ဘုရင်ရဲ့ တကယ့် စွမ်းအားလား။”
“ အရမ်းကို အင်အားကြီးတာပဲ။ ငါတို့ နိုင်ကော နိုင်နိုင်ပါ့မလား။”
တော်ဝင်နန်းစောင့်တပ်တွေ ကျောရိုးထဲက စိမ့်ချမ်းလာတယ်။ ဒါက အဆင့် မြင့် တိုက်ပွဲကြီးပဲ။ သူတို့ နဲ့ ကွာခြားတယ်။ ကွာခြားချက်က မြင့်လွန်းတယ်။ သူ့ရဲ့ အရှိန်နဲ့ အင်အားတွေကို ဘယ်သူမှ မရှင်နိုင်ဘူး။ အဇူရာ တာအိုနဲ့ ရှန်းယွီရဲ့ အနီးကပ်တိုက်ကွက်။ ဧကရာဇ် လင်းမုပိုင်ရဲ့ နဂါးစိမ်း မျက်လုံးတွေတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး။
“ ငါ့ကို ဂရုမစိုက်နဲ့။ မြန်မြန် ပင်းယန်ကို ကယ်”ဧကရာဇ် လင်းမုပိုင် နဂါးတပ်ဖွဲ့တွေကို တွန်းထုတ်ရင်း နောက်တစ်ကြိမ် မတ်တပ်ထရပ်ပြန်တယ်။ သူ့ ခန္ဒာကိုယ်က တုန်ယင်နေတယ်။ မျက်နှာတစ်ခုလုံး ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ အဲ့ဒီ့နောက်။
“ဝေါ့…” သွေးတွေ ပါးစပ်ကနေ စီးကျလာခဲ့တယ်။
“အရှင် မင်းမြတ်။”
“ မြန်မြန် အရှင်မင်းမြတ်နဲ့ ကြင်ယာတော် ဟွားဖေးကို ခေါ်သွား။”
သတိလစ်နေတဲ့ ချန်ဖေးဟွားနဲ့ ပြာနှမ်းနေတဲ့ ဧကရာဇ်လင်းမုပိုင်ကို ကြည့်ရင်း နဂါးတပ်ဖွဲ့တွေ လှုပ်ရှားကြတယ်။ ဒီ နှစ်ယောက်ကို သယ်ရင်း ဆုတ်ခွာဖို့ ကြိုးစားကြတယ်။
“ မင်းတို့ လွတ်မယ် ထင်နေတာလား။” ချန်းဝူ လှောင်ပြုံးပြုံးလိုက်တယ်။ အရှင်ရှဲ့လော့နဲ့ သဘော တူညီချက် လုပ်တာ ဖန်ကျန်းရှီ တစ်ယောက်ကို သတ်ဖို့ပဲ အခုတော့။…. ဧကရာဇ်လင်းမုပိုင်ကော ချန်ဖေးဟွားပါ ဒဏ်ရာရနေပြီ။
သူ့ရဲ့ မူလ အစီအစဉ်ကိုတင် ပြီးမြောက်တာ မကဘူး ။ပင်းယန်ကိုပါ အပိုကြေးအဖြစ် ရအုန်းမယ်။ တောင်ပိုင်းစစ်တပ်တွေကိုလည်း ဆုတ်ခွာစေတယ်။ ရန်ရွှယ်နဲ့ ပင်းယန်ကိုပါ ဒဏ်ရာရစေလိုက်သေးတယ်။ ခဲ တစ်လုံးနဲ့ ငှက်လေးကောင်ကို ပြစ်လိုက်တာပဲ။ အောင်မြင်မှုက အထွတ် အထိပ်ကို ရောက်နေပြီ။ ဧကရာဇ် လင်းမုပိုင်ကို ဘာကြောင့် အသက်ရှင်လျက် ထားရမှာလဲ။ ဧကရာဇ် လင်းမုပိုင် သေတာနဲ့ ဒီတိုက်ပွဲကို သူ နိုင်ပြီလေ။
နှစ်ထောင်ချီ တည်တံ့လာတဲ့ ကြီးမြတ်သော ရှနိုင်ငံတော်ကြီး။ နောက်ဆုံးတော့ မြောက်ပိုင်း လူရိုင်း နိုင်ငံ လက်ထဲ ရောက်ရတော့မယ်။ ချန်းဝူရဲ့ မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာတယ်။ နဂါးတပ်ဖွဲ့ဆီ ကို သူ ချက်ခြင်း ပြေးဝင်တယ်။ ရောင်စုံလမ်း ကြောင်း ခြောက်ခုက သူ့ လက်ထဲမှာ တောက်ပလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျန်ရစ်တဲ့ သားရဲကောင် နှစ်ကောင် အော်သံ ထွက်ပေါ်လာတယ်။ အမြင့်ဆုံ းအရှိန်နဲ့ သူတို့ ပြေးလာကြတယ်။
အရှင် ရှဲ့လော့လည်း နောက်တစ်ကြိမ် လက်မြှောက်လိုက်တယ်။ ဒီ အစိမ်းရောင် အလင်း မဏ္ဍိုုင်ထဲမှာ ရပ်နေသရွေ့ သူ့ကို ဘယ်သူမှ မထိခိုက်နိုင်ဘူး။ လက်တစ်ဖက်ကို လှုပ်ရှားပြီးတာနဲ့ အလုပ်ပြီးပြီ။ အရာအားလုံးလည်း ပြီးဆုံးသွားလိမ့်မယ်။
“သေ…” သူ့ စကားကို ဆုံးအောင် မပြောရသေးခင်မှာပဲ အရှင် ရှဲ့လော့ရဲ့ လက် က ရပ်တန့်သွားတယ်။ သူ့ ရဲ့ ပျော်ရွှင်နေတဲ့ အမူအယာကနေ မယုံကြည်နိုင်တဲ့ အမူအယာကို ပြောင်းလဲနေတယ်။ ဘာကြောင့်လဲ ဆိုတော့ မြေပြင်ပေါ်မှာ သတိ လစ်နေတဲ့ ဖန်ကျန်းရှီလည်း ပျောက်ကွယ်သွားပြီ။ ပင်းယန်လည်း မရှိတော့ဘူး။ နှစ်ယောက်လုံုး အစအနတောင် မကျန်ပဲ ပျောက်သွားတာ။ သူတို့ ရှိနေခဲ့တဲ့ နေရာမှာ ကျောက်စိမ်းဖြူ ဗူပြားလေး တစ်ခုပဲ ရှိနေခဲ့တယ်။ သူတို့ လွတ်သွားပြီလား။
အရှင် ရှဲ့လော့ ရဲ့ မျက်နှာတစ်ခုလုံး တောင့်တင်းသွားတယ်။ သူ့လို မြင့်မြတ်တဲ့ နတ်ဆိုး ဘုရင်က နှောက်ယှက်ခံရတာ သုံးခါတောင် ရှိနေပြီ။ အခုတော့ ပါးစပ်နားရောက်နေတဲ့ အစာလည်း ပျောက်သွားခဲ့ပြီ။ သူ ဒေါသ မထွက်ပဲ နေမလား။ အရှင် ရှဲ့လော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဘေးပတ်လည်ကို ကြည့်တယ်။ ခပ်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းက မြူနှင်းတွေလို တောက်ပလာတယ်။
“ထွက်ပြေးတာလား။ ဘယ်ကို မင်း ပြေး…” အရှင်ရှဲ့လော့ ဒေါသထွက်နေတာ မြင်သာတယ်။ ဒါပေမယ့် သူ စကားကို ဆုံးအောင် မပြောပြန်ဘူး။ ဒါတင်မက သူ့ရဲ့ ဒေါသ ထွက်နေတဲ့ ပုံစံက ပြောင်းလဲသွားပြီးတော့ နောက်ကို ခုန်ဆုတ်လိုက်တယ်။ အန္တရာယ် အငွေ့အသက်ကို ခံစားမိတဲ့ အတိုင်း သူ ချက်ခြင်း လှုပ်ရှားတာ။ ဒီအချိန်မှာပဲ အလင်းတန်း တစ်ခုက အရှင်ရှဲ့လော့ရဲ့ မူလ နေရာကို ကျရောက်လာခဲ့တယ်။ အစိမ်းရောင် အလင်တန်းကြီးထဲကနေ ထွက်ပေါ်လာပြီးတော့ မြေပြင်ပေါ်ကို ကျရောက်တယ်။
“ ဝုန်း…” မိုးကြိုး ပြစ်သံကြီး ပေါ်ထွက်လာတယ်။
ဒီ အချိန်မှာပဲ မြေပြင်တစ်ခုလုံး။ တော်ဝင် နန်းတော်ကြီး တစ်ခုလုံး ငလျင်လှုပ်သလို ယိမ်းထိုး လှုပ်ခတ်တော့တယ်။ တောက်ပတဲ့ လအလင်းရောင်တောင် ပျောက်ကွယ်သွားတော့တယ်။ ကြောက်မက်ဖွယ် အင်အားလှိုင်းကြီးတွေ လေထဲမှာ ပေါ်လာတယ်။ မြေမှုန်တွေ ဖုန်မှုန့်တွေ လေထဲကို လွင့်ထွက်လာခဲ့တယ်။ ရုတ်တရက်။ ကြီးမားတဲ့ အပေါက်ကြီးတစ်ခု မြေပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။ ဒီ မည်းနက်နေတဲ့ တွင်းကြီးက ဘယ်လောက်တောင် နက်ရှိုင်းမလဲ ဘယ်သူမှ မသိနိုင်ဘူး။
အပိုင်း(၅၇၉)ပြီး၏။
အပိုင်း (၅၈၀)
“ ဒီ အင်အားတွေ အားလုံးက အလကား မဟုတ်ဘူး။”
ဘာသာပြန်သူ - Enri Thaw
ဒါက မယုံကြည် နိုင်စရာ ကောင်းတဲ့ မြင်ကွင်းပဲ ။ အရှင်ရှဲ့လော့က အစိမ်းရောင် အ လင်းတန်းထဲမှာ ရှိနေတာကို လူတိုင်း သိတယ်လေ။ ဒါပေမယ့် အခု ကျလာတဲ့ အလင်းတန်းကတော့ ပို ကြောက်စရာကောင်းတယ်။ အစိမ်းရောင် အလင်းတန်းထဲက အ လင်းတန်းကြီးက အနက်ရောင် အက်ကွဲကြောင်းကြီး တစ်ခု ပုံစံ ပေါ်လာတယ် ။
“ အဲ့တာ ဘယ်သူလဲ။” အနက်ရောင် အလင်းတန်းကြီးကို ရုတ်တရက် အနီးကပ် မြင်ရချိန်မှာတော့ လူတိုင်း မျက်လုံးပြူးကုန်တယ်။ သူတို့စိတ်ထဲ သံသယ အတွေးတွေ ပေါ်လာခဲ့တယ်။ အရှင် ရှဲ့လော့တောင် အံ့သြနေခဲ့တာ။
အဲ့ဒ့ီနောက် အက်ကွဲကြောင်းထဲမှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။ အရေးအကြောင်းတွေ အပြည့်နဲ့ အိုမင်းနေတဲ့ လူကြီး တစ်ယောက်။ သူ့ရဲ့ ပိန်ပါးတဲ့ လက်တွေ က အိုမင်းမှုတွေနဲ့ ပြည့်နေတယ်။ လူကတော့ လေတိုက်ရုံနဲ့ လွင့်ထွက်သွားတော့မယ့် ပုံစံ ရှီနေတယ်။ ဒါပေမယ့် ဒီ လူအိုကြီး က အနက်ရောင် အက်ကွဲကြောင်းထဲကနေ ထွက်လာပြီးတော့ အစိမ်းရောင် အလင်းတန်း ထဲကို ဝင်သွားတယ်။ ညလေအေးက သူ့ရဲ့ ဆံပင် ဖြူဖြူတွေကို လေထဲမှာ ဝဲလွင့်နေစေခဲ့တယ်။
“ အရှင် လီချင်းပဲ။”
“ အဲ့တာ တကယ်ပဲ အရှင် လီချင်းလား။”
“ သူ တကယ်ပဲ ထွက်လာတယ်ပေါ့။”
မရေမတွက်နိုင်တဲ့ မျက်လုံးတွေ အရှင် လီချင်းကို စိုက်ကြည့်နေခဲ့ကြတယ်။ ရုတ်တရက် အရှင်လီချင်း ပေါ်လာတာ ကြောင့် သူတို့ လန့်နေကြတာလည်း ပါတယ်။ ဒါပေမယ့် သူ့ အတွက်လည်း သူတို့ စိုးရိမ်နေခဲ့ကြတယ်။ အရှင်လီချင်းက အိုမင်းနေပြီလေ ။ အရင်တုန်းက ကြီးမြတ်သောရှ စစ်တပ်ကြီးရဲ့ ဥသျှောင် တိုက်ပွဲအောင်နိုင်မှု ရဲ့ အရှင် သခင် ဆိုတာ လူတိုင်း သိပေမယ့် ။ သူက တကယ့်ကို အသက်ကြီးလွန်းနေပြီ။
သူက ဘ၀ နေဝင်ချိန်တောင် ရောက်တော့မယ့် အဖိုးကြီးလေ။ နိုင်ငံရေး ကိစ္စတွေမှာလည်း မပါဝင်တော့ဘူး။ သူ့ အိမ်တော်မှာပဲ ပန်းတွေ ငှက်တွေနဲ့ အချိန်ဖြုန်းနေတာ… အခုတော့ သူ ဘာကြောင့်များ ပေါ်လာတာလဲ။ နောက်ပြီးတော့ သူက ဘာများ လုပ်နိုင်မှာလဲ။
“အရှင် လီချင်းလား…. ဒီ သောက်အဖိုးကြီးက အခုချိန်ထိ ဒီလောက် အင်အားကြီးနေတုန်းပေါ့။” အနက်ရောင် အက်ကွဲကြောင်းထဲက ထွက်လာတဲ့ လူကို ချန်းဝူ လည်း တွေ့တယ်။ သူ အရင်က အရှင်လီချင်းရဲ့ နာမည်ကို ကြားဖူးတယ်။ သူ့ အဖိုး ခေတ်တုန်းက ဒဏ္ဍာရီလာ သူရဲကောင်းကြီး။ ဒါပေမယ့် အခု ကိစ္စ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ။ ဒီ အဖိုးကြီးကို ဘာများ ဂရုစိုက်နေရအုန်းမှာလဲ။
ဒါက ချန်းဝူနဲ့ တခြားသူ အားလုံး တွေးနေခဲ့တာ။ အရှင်လီချင်း ဘာကြောင့် ပေါ်လာမှန်း သူတို့ နားမလည်ကြသလို။ ခုနက တိုက်ခိုက်မှုက အရှင်လီချင်း လက်ချက်ဆိုတာလည်း ဘယ်သူမှ မတွေးမိကြဘူး။ လင်းရှင်းကြွယ်ကတော့ ထိတ်လန့်မှုကြောင့် တုန်ယင်နေတယ်။
“ ဘယ်လို ဖြစ်နိုင်မှာလဲ …. ဒီ တိုက်ခိုက်မှုက ဘယ်လိုတောင် အင်အားကြီးရတာလား။” လင်းရှင်းကြွယ် လက်သီးကို ပို တင်းတင်းဆုပ်မိတယ်။ နောက်ထပ် မမျှာ်လင့်ထားတဲ့ ကိစ္စတစ်ခု ပေါ်လာဖို့ သူ မတွေးဖူးဘူး။ အထူးသဖြင့် ဒီလို ကိစ္စမျိုးပေါ့။ အရှင် ရှဲ့လော့က အရှင်လီချင်းရဲ့ မှုန်ရီတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်နေတယ်။ သူပြုံးပြတယ်။ ဒါက စိတ်ပျက်လက်ပျက် ပြုံးတာ မဟုတ်ဘူး။ စိတ်လှုပ်ရှားတာကြောင့် ပြုံးနေခဲ့တာ။
“အရှင်လီချင်း တဲ့လား။ နောက်ဆုံးတော့ ပျော်စရာလေး ရှာတွေ့ပြီလေ။” အရှင် ရှဲ့လော့ လက်သီး ဆုပ်လိုက်တယ်။ အရှင် လီချင်း တိုက်ခိုက်တာကို သူ မစောင့်တော့တယ်။ သူက အမြဲစိတ်မရှည်တဲ့ နတ်ဆိုးဘုရင်လေ။
မြေကြီးတွေ အက်ကွဲကုန်တယ်။ အရှင် ရှဲ့လော့က အရှင် လီချင်းရဲ့ ရှေ့ကို ရောက်နေခဲ့ပြီ၊ သူ့ရဲ့ ဝတ်ရုံဖြူက အစိမ်းရောင် အလင်းတန်း ထဲမှာ ဝဲလွင့်နေတယ်။ သူ့မျက်လုံးတွေက ပိုပြီးတော့ ထူးဆန်းလာခဲ့တယ်။ အင်္နီးကပ် တိုက်ပွဲ။ ဒါက ထိပ်သီးတွေ ကြားမှာ ဖြစ်ခဲတဲ့ တိုက်ပွဲ အခြေအနေပဲ။ အရှင်ရှဲ့လော့ကတော့ အခု အနီးကပ် တိုက်ခိုက်ဖို့ ကြံနေပြီ။ အရှင်လီချင်းကို သူ အထင် မသေးဘူး။ တစ်နည်း အားဖြင့် အရမ်းကို မျှော်လင့်ချက် မြင့်မြင့် ထားထားတယ်။
ဒါကြောင့် အကောင်းဆုံး နည်းလမ်း က ဒီလူအိုကြီးကို ကိုယ်ကာယ အားနဲ့ ယှဉ်ဖို့ ပဲ။ ဘယ်သူ ပိုမြန်လဲ။ ဘယ်သူက ပိုသန်မာလဲ ယှသ်ရမယ်။ သူ့ရဲ့ လက်သီးက အ စိမ်းရင့်ရောင် အလင်းတန်းတွေ လွှမ်းခြုံပြီး အရှင် လီချင်းဆီကို တည့်တည့် တိုးဝင်သွားတယ်။
“မကောင်းတော့ဘူး။”
“ အရှင်လီချင်း သတိထား။”
“ အန္တရာယ် များတယ် အရှင် လီချင်း”
တော်ဝင် နန်းစောင့်တပ်တွေနဲ့ နဂါးတပ်ဖွဲ့တွေက ဒီ မြင်ကွင်းကြောင့် စိုးရိမ် ပူပန်နေခဲ့တယ်။ အရှင် ရှဲ့လော့ က ဒီလို တိုက်ခိုက်လာမယ်လို့ သူတို့ မထင်ထာခးဲ့မိဘူးလေ။
“ ဘန်း …”
အရိုး ပြိုင်းပြိုင်း လက်ဝါး တစ်ခုက လက်သီးနဲ့ ထိတွေ့သွားတယ်။ ဒီ ပိန်ပါးပါး လက်တစ်ဖက်က နည်းနည်းလေးတောင် အထိခိုက် မခံဘူးလို့ ထင်ရတယ်။ ဒီလက်က လက်သီးနဲ့ တိုက်မိတော့ ကျိုးသွားမှာလား လို့ လူတိုင်း တွေးနေမိတယ်။ ဒါပေမယ့် အရိုးကျိုးတဲ့ အသံကို လုံး၀ မကြားရဘူး။ ဒါ့အပြင် အရှင်လီချင်းဆီကို ဝင်လာတဲ့ လက်သီးက လမ်းတစ်ဝက်မှာ ရပ်နေခဲ့တယ်။ သူ့ရဲ့ လိုရာကို မရောက်နိုင်ပဲ ရှေ့ဆက် မတိုးနိုင် ဖြစ်နေခဲ့တယ်။
“ နတ်ဆိုးဘုရင်။ မင်း ဒီမှာ မရှိသင့်ဘူး။” အရှင် ရှဲ့လော့ကို စိုက်ကြည့်ရင်းနဲ့ အရှင် လီချင်း ပြောတယ်။ သူ့ ခန္ဒာကိုယ်ကနေ ပြင်းထန်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။
“ အဲ့လိုလား။ ငါ အခု ဒီမှာ ရပ်နေပြီလေ။ အဲ့တော့ မင်း ဘာလုပ်မလဲ ဟား ဟား ဟား…” သတ်ဖြတ်လို စိတ်အပြည့်နဲ့ အော်ရယ်သံကြီး ထွက်ပေါ်လာတယ်။ အရှင်ရှဲ့လော့ သူ့ လက်သီးကို ရှေ့တွန်းထုတ်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ လက်ပေါ်မှာ အနက်ရောင် ကြေးခွံတွေ ပေါ်လာခဲ့တယ်။ သတ္တုပျော်ရည်တွေ လောင်းချ ခံထားရတဲ့ အတိုင်းပဲ။
“လူသားတွေရဲ့ အကြီးမားဆုံး အားနည်းချက်က အသက်ရှင်နိုင်စွမ်းပဲ။” အရှင် ရှဲ့လော့ သူ့ နောက်လက်သီး တစ်ဖက်ကို လှုပ်ရှားရင်းနဲ့ ပြောတယ်။
“ ဒုန်း…” နားကန်းမတတ် အသံကျယ် ကြီး ထွက်ပေါ်လာတယ်။ သူတို့ နှစ်ယောက် လူကွဲသွားခဲ့ပြီ။ အရှင် ရှဲ့လော့က သူ့နေရာမှာ သူ ရပ်နေတုန်းပဲ ။ အရှင်လီချင်းကတေ့ နောက်ကို ရွေ့သွားခဲ့တယ်။
အရှင်လီချင်း ရွေ့သွားတဲ့ လမ်းတစ်လျှောက်မှာ မြေကြီးတွေ အက်ကွဲကုန်တယ်။ သူ ခက်ခက်ခဲခဲ ထရပ် နေရတယ်။
“ အဟွတ် ဟွတ် ဟွတ်…. မင်းက တကယ့်ကို နတ်ဆိုးဘုရင်ပဲ။ ” အရှင် လီချင်း ချောင်းဆိုး ရင်းနဲ့ မတ်မတ် ပြန်ရပ်တယ်။ သူ့ ရဲ့ အမူအယာက အရမ်းကို တည်ငြိမ်နေခဲ့တယ်။ တော်ဝင် နန်းစောင့်တပ်တွေ နဲ့ နဂါးတပ်ဖွဲ့တွေ ဒီမြင်ကွင်းကို မြင်တော့ သက်ပြင်းချမိကြတယ်။ အင်အား ကွာခြားချက်က ဒီ အပြောင်းအလဲ တစ်ခုတည်းနဲ့တင် သိသာတယ်။ အရှင် လီချင်းရဲ့ စွမ်းအားတွေက အရှင်ရှဲ့လော့ကို ယှဉ်နိုင်လား ဆိုတဲ့ မေးခွန်းကို လျစ်လျူရှုထားလိုက်။ သူတို့ရဲ့ အသက် ကွာခြားချက် တစ်ခုတည်းကတင် မငြင်းသာတဲ့ အချက်ပဲ။
“ ဦးလေး…” ဧကရာဇ် လင်းမုပိုင် အော်ဟစ်တယ်။ သူ သွေးအန်ပြန်တယ်။ “ ငါ့ကို ဂရုမစိုက်နဲ့ ပင်းယန်ကို မြန်မြန် ခေါ်သွား မြန်မြန်။”
“ ပင်းယန် ..”
“ဟုတ်တယ်။ ပင်းယန် ဘယ်မှာလဲ။”
“ဖန်ကျန်းရှီကော ဘယ်ရောက်သွားတာလဲ။”
“ ဖန်ကျန်းရှီကော ဘယ်ရောက်သွားပြီလဲ။ ”
ဧကရာဇ်လင်းမုပိုင် ပြောတာကို ကြားတော့ လူတိုင်း တွေးမိကြတယ်။ ပင်းယန်နဲ့ ဖန်ကျန်းရှှီ ဘယ် အချိန်တုန်းက ပျောက်သွားမှန်း ဘယ်သူမှ သတိမထားမိကြဘူး။ သူတို့တွေ့ နတ်ဆိုး ဘုရင်နဲ့ ရင်ဆိုင်နေရတာလေ။ ဖန်ကျန်းရှှီ ဘယ်လိုများ လွတ်သွားတာလဲ။
သူက တောင်ပိုင်း ဒေသ တိုက်ပွဲ အပြီးမှာ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူးလား။ ပင်းယန်က ဖန်ကျန်းရှီကို တင်းတင်း ကြပ်ကြပ် ဖတ်ထားပြီးတော့ ထွက်မပြေးတာ မြင်တုန်းက သူတို့တွေ သံသယ ဝင်ခဲ့သေးတယ်။ ပုံမှန် အတိုင်းဆိုရင် ပင်းယန်က ဖန်ကျန်းရှီကို ခေါ်ပြီးတော့ ပြေးနိုင်တာ မဟုတ်ဘူးလေ။ ဖန်ကျန်းရှီကပဲ ပင်းယန်ကို ခေါ်ပြေးမှာ။ ဒီစကားပြောရတာ သိပ်တော့ မကောင်းဘူး။ ကျင့်ကြံဆင့် မရှိတော့တဲ့ လူတစ်ယောက်က နတ်ဆိုးဘုရင်ရဲ့ တိုက်ခိုက်မှုကို ခံရပြီးတော့ ဘယ်လိုများ အသက်ရှင်နိုင်မှာလဲ။
“ ကျွန်တော့်ကို ရှာနေတာလား။” အဲ့ဒီ့အချိန်မှာပ ဲ အသံ တစ်သံ ထွက်လာခဲ့တယ်။ သိပ်မကျယ်ပေမယ့် လူတိုင်းကို အံ့အားသင့်စေတယ်။
“ အဲ့တာ ဖန်ကျန်းရှီလား။”
“ သူ … သူ တကယ်ပဲ လွတ်သွားတယ်။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။ နတ်ဆိုးဘုရင်က သူ့ကို တိုက်ခိုက်ထားတာ လေ။ ဘာလို့ မသေရတာလဲ။”
အသံ ထွက်လာတဲ့ ဘက်ကို ကြည့်ရှု်း လူတိုင်းမျက်လုံး ပြူးနေခဲ့တယ်။ ပင်းယန်လည်း မျက်လုံးပြူးနေတယ်။
“ နင်… ဘယ်လို လုပ်လိုက်တာလဲ။” ဖန်ကျန်းရှီကို ကြည့်ရင်း ပင်းယန် စကားတောင် ထစ်နေခဲ့တယ်။
ဒါပေမယ့် သူမ သေချာသိတာကတော့ ဖန်ကျန်းရှီက သူမကို အရှင် ရှဲ့လော့ လက်ထဲက ကယ်ခဲ့တယ် ဆိုတာပဲ။ ဒီ အချိန်အတောတွင်း ဘာတွေ ဖြစ်သွားမှန်း သူမ မသိလိုက်ဘူး။ အရမ်း မြန်လွန်းတယ်။ ပထမဆုံး ကြောက်စရာ အင်အားတွေ ကျောပေါ်ဝဲနေတာကို ခံစားမိတယ်။ သေဖို့ စိတ်ကို ပြင်ဆင်ထားပြီး ချိန်မှာ ဖန်ကျန်းရှီက ရုတ်တရက် မျက်လုံးပွင့်လာတယ်။ တစ်ချိန်တည်းမှာပဲ လက်တစ်ဖက်က သူမကို လာကိုင်တယ်။ အဲ့ဒီ့နောက် ဘာဖြစ်သွားမှန်း မသိတော့ဘူး ။ သူမက အခု ရောက်နေတဲ့ နေရာမှာ ရှိနေတယ်။ သူမဘေးမှာ ရပ်နေတဲ့ ဖန်ကျန်းရှီ ကတော့ ဖြူဖျော့ နေတာ စာရွက်အတိုင်းပဲ။
“မင်း ငါ့ကို မေးတာလား။ ငါ တည့်တည့်ကြီး အရိုက်ခံလိုက်ရတယ်လေ။ မင်း ငါ့ကို ဘာလို့ ဒီလောက် တင်းတင်း လာဖက်နေတာလဲ။” ပင်းယန်ရဲ့ မေးခွန်းကို ဖန်ကျန်းရှီ ပြန်ဖြေတယ်။
ခါးသီးတဲ့ ခံစားချက်ဆိုတာ အခုလို အဖြစ်မျိုးပဲ။ တိုက်ပွဲ တစ်ခုမှာ အနိုင်ရဖို့ မပေးဆပ်လို့ မဖြစ်ဘူး။ အဆုံးမှာတော့ ဖန်ကျန်းရှှီ ခေါင်းခြောက်အောင် စဉ်းစားပြီးတဲ့ နောက် အရှင်ရှဲ့လော့ နီးကပ်လာတာကို စောင့်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အမှောင်ထုထဲမှာ အလင်းကို တွေ့တဲ့ အတိုင်း သူ အကြံရသွားတယ်။ သူ့ရဲ့ အကြီးမားဆုံး လက်နက်ပုန်းကြီးကို သုံးဖို့ ပြင်တယ်။ အဲ့ဒီ့နောက် သူ့ ဗျူဟာကို စီစဉ်တော့တယ်။
သူ တစ်ယောက်တည်း ရင်ဆိုင်ဖို့ ပြင်ထားပေမယ့် ရန်ရွှယ်နဲ့ ရှန်းယွီက အရင်ဆုံး ပြေးဝင်လာတယ်။ ကောင်းပြီ… ရန်ရွှယ်နဲ့ ရှန်းယွီ နှစ်ယောက်လုံးက နားမထောင်တာ ဟုတ်သေးတယ်။ ဒါပေမယ့် ပင်းယန်က ဘာတွေ တွေးနေတာလဲ။ သူ့ကို အတင်းလာဖက်ပြီး ကာကွယ်နေတယ်။ ဖန်ကျန်းရှီ စိတ်ထဲ သေတော့မလိုပဲ။ နောက်တော့ အရှင်ရှဲ့လော့ တိုက်ခိုက်တာကို ခံပြီးတော့ သေချင်ယောင် ဆောင်လိုက်တယ်။ လက်နက်ပုန်းနဲ့ အလစ်တိုက်ဖို့ အခွင့်အရေးကို သူ စောင့်တယ်။ ဒါပေမယ့် ပင်းယန်က သူ့ကို နောက်တစ်ခါ ဖိပြီးတော့ ဖက်ထားပြန်တယ်။ သူ့ အစီအစဉ်ကို ဘယ်လိုများ လုပ်ရမှာလဲ။ ဘာမှ လုပ်လို့ကို မရဘူး။
အရှင် ရှဲ့လော့က သူ့ကို သတ်တော့မယ့် အချိန်မှာပဲ။ ချန်ဖေးဟွား ရဲ့ တိုက်ခိုက်မှုကြောင့် သက်သာရာ ရသွားခဲ့တယ်။ ဖန်ကျန်းရှီ လည်း မျှော်လင့်ချက် ရှိသွားတယ်။ အခုချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။ ရန်သူက သူ့အပေါ်မှာ အရှင် ရှဲ့လော့ရဲ့ ခြေထောက်ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။ တွေးကြည့်ရုံနဲ့ တင် ကောင်းလိုက်တာ။
ဒါပေမယ့် ဖန်ကျန်းရှီ တိုက်ခိုက်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ။ အနက်ရောင် အက်ကွဲ ကြောင်းကြီးက သူ့ အပေါ်မှာ ပေါ်လာတယ်။ ကောင်းကင်ကနေ မိုးပြိုကျလာသလို အရှိန် မျိုးနဲ့ကို ရောက်လာခဲ့တာ။ ဖန်ကျန်းရှီ ဒေါသထွက်သွားတယ်။ နောက်ထပ် အလစ်ဝင်တိုက်တဲ့ သူ ရှိနေသေးတယ်လား။
ဒီအချိန်မှာ သူ ရွေးချယ်စရာ နှစ်ခု ရှိလာတယ်။ တစ်ခုက အကြံတူတဲ့လူနဲ့ ပေါင်းပြီးတော့ တိုက်ခိုက်ဖို့။ နောက်တစ်ခုကတော့ ဒီ တိုက်ခိုက်ဖို့ အခွင့်အရေးကို အကြံတူတဲ့ သူ ဆီ အပ်လိုက်ဖို့ပဲ။ ဘာမှ သိပ် စဉ်းစား စရာမလိုပါဘူး။ ဒုတိယ တစ်ခုကိုပဲ ခပ်မြန်မြန် ရွေးလိုက်တယ်။ ပင်းယန်နဲ့ ထွက်ပြေးမယ်။ အရာအားလုံးက နေရာ တကျဖြစ်နေတာ။ သူ နဲ့ အကြံတူသူ တိုက်ခိုက်တာ ရှုံးနိမ့်တယ်။ အရှင် ရှဲ့လော့ က မထိမခိုက်ပဲ ရှိနေတုန်းပဲ။ သူ လည်း ပြေးလို့ မရတော့ဘူးလေ။ ဒါကြောင့် စကားစပြောလိုက်တယ်။
“ ဟဲလို… အသက်လေး ဘဝလေး အကြောင်း ပြောရအောင်။ အနီးကပ်လာခဲ့။ နည်းနည်းလေး အနားကပ်ခဲ့”
အရှင်ရှဲ့လော့က သူ မတိုက်ခိုက်ခင် သူ့ကို အသေသတ်သွားနိင်တယ်။ နတ်ဆိုးဘုရင်ဆိုတာ သုခမိန် တွေနဲ့ အဆင့် အတူတူပဲလား။ ဒီလူကြီးရဲ့ ကြောက်စရာ အင်အားတွေကို တွေးမိတာကြောင့် ဖန်ကျန်းရှီရဲ့ နှလုံးသားထဲ တုန်ယင်သွားခဲ့တယ်။ နတ်ဆိုးဘုရင် ကို သုခမိန် နဲ့ တိုက်ရိုက် နှိုင်းယှဉ် ရလောက်အောင် သူ မအ ဘူးလေ။ ဖန်ကျန်းရှီ စိတ်ထဲ အခုက ပြေးဖို့ အကောင်းဆုံး အချိန်လို့ တွေးမိတယ်။
ဒီအချိန်မှာ တကယ် နောက်မလှည့် စတမ်း ပြေးသင့်တယ်။ ကြီးမြတ်သောရှ မင်းဆက် နတ်ဆိုးဘုရင် ကြောင့် ကပ်ဆိုက်တာကို ကာကွယ်ပြီးတော့ ဂုဏ် ထူးဆောင် ဖြစ်တာတွေ ဘာတွေ ဂရုမစိုက်ချင်တော့ဘူး။ အရှင်လီချင်း ပေါ်လာပြီးပြီလေ။ သူ ပြေးဖို့ ပြင်တဲ့ အချိန်မှာပဲ။ ပင်းယန်က သူ့ကို နောက်တစ်ကြိမ် ဖက်ထားပြန်တယ်။ သူမ ရဲ့ လက်တွေနဲ့ သူ့ကို ပွေ့ဖက်ထားတာ သေမှ လွှတ်တော့မယ့် အတိုင်းပဲ။ သူမရဲ့ မျက်ှာလေးက နီရဲနေတယ်။ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေခဲ့တယ်။
“ နင် ကျင့်ကြံဆင့် တွေ ရှိနေတုန်းမလား။ တောင်ပိုင်းဒေသ တိုက်ပွဲ အပြီးတုန်းကလည်း အကောင်းကြီး အတိုင်းပဲ။ အခုဆို အများကြီး အများကြီ ပို တိုးတက်လာလောက်ပြီ ။ ဟုတ်တယ်မလား။ ကောင်းလိုက်တာ။ မြန်မြန် နတ်ဆိုး ဘုရင်ကို သတ်လိုက်။ ငါ နင့်ကို ယုံတယ်။ ” ပင်းယန်က ဖန်ကျန်းရှီကို ဖက်ထားရင်းနဲ့ အဆက် မပြတ်ပြောနေခဲ့တယ်။ သူမရဲ့ ရင်သားတွေကလည်း ဖန်ကျန်းရှီရဲ့ လက်မောင်းကို ဆက်တိုက် ပွတ်တိုက်နေခဲ့တယ်။ စစ်သည်တော်တွေ ကတော့ ဒီစကားကြောင့် ထိတ်လန့်ကုန်တယ်။
“ဖန်ကျန်းရှီက ဒုက္ခိတ မဟုတ်ဘူး။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
“တောင်ပိုင်းဒေသ တိုက်ပွဲ တုန်းက သူ့ တာအို သစ်သီးတွေ အားလုံးကို စားပြစ်လိုက်ပြီ မဟုတ်လား။ ဘယ်လို များ အင်အားရှိနေအုန်းမှာလဲ။ ”
“ သူ အသက်ရှင်တာတောင် အံ့ဖွယ်ရာ ဖြစ်နေပြီ။ သူ့ အင်အားကို ပုံမှန်အတိုင်း ရှိနေဖို့က တော့ လွယ်မှာ မဟုတ်ဘူး။”
“ သူ့ စွမ်းအားတွေ အရင် အတိုင်း ရှိနေတုန်းလား။”
“ မိုးနတ်မင်းရေ… ဒါသာ မှန်မယ်ဆိုရင်… အခု ချိန်မှာ သူ ဘယ် အဆင့်ကို ရောက်နေပြီလဲ။”
လူတိုင်းက ဖန်ကျန်းရှီကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီသာ သူ့ မူလ စွမ်းအား အတိုင်း ရှိမယ်ဆိုရင် အံ့သြ စရာပဲ။ ဖန်ကျန်းရှီရဲ့ နန်းမြို့တော်က လုပ်ဆောင်ချက်တွေကို ထည့်မတွက်ရင်တောင်။ လွန်ခဲ့တဲ့ တစ်နှစ်က နတ်ဆိုး ချန့်ယန်းကို သူ အနိုင်ယူခဲ့သေးတယ်လေ။
အပိုင်း(၅၈၀)ပြီး၏။