အပိုင်း (၅၈၁-၅၉၀)
Vol. 6 Ch. 581-590
အပိုင်း (၅၈၁)
“ ဖန်ကျန်းရှီရဲ့ ကျင့်ကြံဆင့်”
ဘာသာပြန်သူ - Enri Thaw
လူတိုင်းက ဖန်ကျန်းရှီကို ကြည့်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့ဘေးက စကားတွေကို ဂရုမစိုက်ဘူး။ ပင်းယန် ရဲ့ ရင်သားတွေက သူ့ လက်မောင်းကို လာပွတ်တိုက်နေတာကတော့ …. တော်တော်လေး နူးညံ့တယ်။ ပင်းယန် တကယ့်ကို အရွယ်ရောက်လာပြီပဲ။
အချိန် အတော်ကြာ ပင်းယန်က တွန်းတိုက်နေပြီး နောက်ဆုံးမှာတော့ သူ စိတ်သက်သာရာ ရသွားခဲ့တယ်။ ဒီ အမျိုးသမီးက သူ့ကို ဖက်နေတာ သူ့ရဲ့ ကျင့်ကြံဆင့်တွေ မပျောက်သေးတာကို သိတဲ့ အတွက်ပဲ။ စိတ်က ခွင့်လွှတ်မိတော့မယ့် အချိန်မှာပဲ ….။ မူလ အခြေအနေကို ပြန်သတိဝင်လာတယ်။ ပင်းယန်က သူ့ကို တောင်းပန်ဖို့ စိတ်ကူးမရှိဘူး။ နတ်ဆိုး ဘုရင်ကို တိုက်ခိုက်ဖို့တောင် တောင်းဆိုနေသေးတယ်။ နောက်ပြီးတော့ သူ့ကို ယုံကြည်တယ်တဲ့လား။
“ ငါ့ -င်ပဲ သွားယုံလိုက်။” ဖန်ကျန်းရှီ တွန်းလွှတ်တယ်။ “ မင်း ကန်းနေတာလား။ အဲ့တာ နတ်ဆိုး ဘုရင်ကြီးလေ။ မင်း မပြောလို့ မရဘူးလား။”
“ ရတယ်။ ဒါပေမယ့် နင့် စွမ်းအားတွေကတော့ မကုန်သေးဘူး မဟုတ်လား။” ပင်းယန် လန့်သွားတယ်။ အဲ့ဒီ့နောက်။ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း ပြန်ဖြေတယ်။ ဖန်ကျန်းရှီကို မျှော်လင့် တကြီးနဲ့ ကြည့်နေတယ်။
“ ငါ့ အစွမ်းတွေ မပျောက်သေးဘူး ဆိုတာ မှန်တယ်။ ဒါပေမယ့်. ..”
“ နင့် စွမ်းအားတွေ မပျောက်ရင် ရပြီလေ. … ကောင်းတယ်။။ အရမ်းကောင်းတယ်။” ပင်းယန် အရမ်းကို စိတ်လှုပ်ရှားနေတာကြောင့် စကားကို ဖြတ်ပြောတယ်။
သူမ အရမ်းကို စိတ်လှုပ်ရှားလွန်းပြီးတော့။ ဖန်ကျန်းရှီကို ဖက်ထားရင်း နမ်းလိုက်မိတယ်။ တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ နူးညံ့နွေးထွေးတဲ့ နှုတ်ခမ်းတွေ ကို သူခံစားလိုက်ရတယ်လေ။ ပင်းယန်လည်း မျက်လုံးပြူးသွားတယ်။ မိုးကြိုး ပြစ်ခံလိုက်ရသလို တုန်ယင်နေခဲ့တယ်။
“ ငလူးပဲ။” ဖန်ကျန်းရှီကတော့ အသားယူခံနေရသလို ခံစားရတယ်။ ဒါပေမယ့် ပင်းယန် က သူ့ကို အတင်း လာနမ်းရုံတင်မကဘူး။ အခုတော့ အတင်း တွန်းလွှတ်နေတယ်။ ( မင်း ဘာလုပ်နေတာလဲ။ ငါ့ကို အခွင့်အရေး လာယူတာ မင်းလေ။)
ဖန်ကျန်းရှီ တကယ်ပဲ ဆူဆဲပြစ်ချင်တယ်။ ဒါပေမယ့် သူ့ ဘေးမှာ လူတွေ အများကြီးရှိနေတယ်။ ဧကရာဇ် လင်းမုပိုင်၊ ကြင်ယာတော် ဟွားဖေး။ အရှင်လီချင်း အကုန် ရှိနေတယ်။ ပင်းယန်ကို ဒီလိုလူတွေ အများကြီး ရှေ့မှာ ဆူပူလိုက်ရင်။ ပင်းယန်က အနာဂတ်မှာ ဘယ်လို လက်ထပ်ရမှာလဲ။ နောက်ပြီးတော့ သူနဲ့ အတင်းလက် ထပ်ခိုင်းရင်ကော ဘယ်လို လုပ်မလဲ ။ ဟုတ်တယ်မလား။ ကောင်းပြီလေ။ ပင်းယန်က ဆိုးတော့ မဆိုးပါဘူး။ ကြီးလာတော့လည်း မိန်းမဆန်ဆန် ချောပါတယ်။ ဒါပေမယ့် ပင်းယန်က သူ့ အတွေးထဲကလို နူးညံ့ပြီးတော့ အကျင့်စာရိတ္တ ကောင်းတဲ့ မိန်းမလှလေးတော့ မဟုတ်ဘူး။
“ အရှင်မင်းမြတ် ဒါက အထင်လွဲနေတာပါ။ သူ ကျွန်တော့်ကို အသားယူတာ။” ဖန်ကျန်းရှီ သူ့ကိုယ်သူအတွက် ရှင်းပြချင်တယ်။ ဒါပေမယ့် ကြည့်ရတာ ဧကရာဇ် လင်းမုပိုင်က နားထောင်မယ့်ပုံ မပေါ်ဘူး။ ဖန်ကျန်းရှီကို စိုက် ကြည့်ရင်း တုန်ယင်နေခဲ့တယ်။
“ ဒီကောင်စုတ်က ကျင့်ကြံဆင့် မပျက်စီးသေးဘူးပေါ့။ မပျက်စီးသေးဘူးပေါ့။…. ဘယ် လို ဖြစ်နိုင်မှာလဲ။ တာအို သစ်သီးတွေကို ဆုံးရှုံးသွားပြီးတော့ စွမ်းအားရှိနေသေးတာ ဘယ်သူမှ မဖြစ်ဖူးဘူး။”
“ အာ … ဧကရာဇ်က ငါ့ အစွမ်း အကြောင်း ပြောနေတာလား။“ ဖန်ကျန်းရှီ က ဧကရာဇ်လင်းမုပိုင် ပြောတာကို ကြားတော့ တိတ်တဆိတ် နားထောင်နေခဲ့တယ်။ အဲ့ဒီ့နောက် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ပြန်ကည့်ပြန်တယ်။ လူတိုင်းက သူ့ကြောင့် အံ့သြနေတာကို သတိထားမိတယ်။ ကြည့်ရတာ သူနဲ့ ပင်းယန် ရဲ့ အဖြစ်ကို ဘယ်သူမှ သတိမထားမိကြတဲ့ ပုံပဲ။
လင်းရှင်းကြွယ်၊ နဂါးတပ်ဖွဲ့ ၊ တော်ဝင်နန်းစောင့်တပ်တွေ တောင်ပိုင်း စစ်သည်တော်တွေ အားလုံးရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ ဖန်ကျန်းရှီမှာ စွမ်းအားတွေ ရှိနေသေးတယ်။ သူကိုယ်တိုင်လည်း ဒါကို ဝန်ခံတယ်။
“ဝေါ့…” လင်းထျန်းရုံရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျလာတယ်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေခဲ့တယ်။ “ဖန်ကျန်းရှီ ငါ့ စာကြည့်ခန်းကို မီးရှို့တာ မင်းပဲကို…”
အကယ်၍ လင်းထျန်းရုံ သာ ဖန်ကျန်းရှီ ကျင့်ကြံဆင့် ပျောက်ပြီးလို့ မတွက်ချက်ခဲ့ရင် ။ တရားခံကို စောစောသိလောက်တယ်။ အခုချိန်မှာတော့ သူ သေချာသွားတာက…. အဲ့ဒီ့နေ့ အိမ်ရှေ့စံ အိမ်တော်က မျက်နှာဖုံး နက်နဲ့ လူက ဖန်ကျန်းရှီပဲ။
“ အမတ်မင်း ဖန်… ပင်းယန်ကို ခေါ်သွားတော့၊” အရှင်လီချင်းရဲ့ အသံက လူတိုင်းကို သတိဝင်လာစေတယ်။
“ကောင်းပါပြီ။” ဖန်ကျန်းရှီ ချက်ခြင်း သဘောတူလိုက်တယ်။ သူက ထွက်ပြေးဖို့ ဆုံးဖြတ်ထားပြီးသားလေ။ အခုတော့ အရှင်လီချင်းရဲ့ စကားနဲ့ ဆိုရင် ဘာအကြောင်းကြောင့်မှ တွေဝေနေစရာ မလိုတော့ဘူး။
“ မဟုတ်ဘူး… နင် နတ်ဆိုး ဘုရင်ကို သတ်။ ခမည်းတော်နဲ့ အဖိုးကို ကယ်ပေး။” ပင်းယန်ရဲ့ အသံ ချက်ခြင်း ထွက်လာတယ်။
“ ငါ မသွားဘူး။” ဖန်ကျန်းရှီ ခေါင်းခါရင်း ငြင်းတယ်။
“ ဘာဖြစ်လို့လဲ။” ပင်းယန် စိတ်ရှုပ်ထွေးသွားတယ်။
“ အဓိပ္မာယ်မရှိလိုက်တာ။ ငါမှ သူ့ကို အနိုင် မတိုက်နိုင်ပဲ။” ဖန်ကျန်းရှီ ဒါကို ပြောတော့ မပြောချင်ဘူး။ ဒါပေမယ့် ခါးသီးတဲ့ အမှန်တရားကို ပြောမှ ဖြစ်တော့မယ်။ မနိုင်နိုင်တဲ့ ကိစ္စကို သူဘာဖြစ်လို့ သွားတိုက်ရမှာလဲ။ ကိုယ့်သေတွင်း ကိုယ်တူးရမှာလား။
“ နင် သူ့ကို အနိုင်မယူနိုင်ဘူး ဟုတ်လား။ ဒါပေမယ့် ချန့်ယန်းကို လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အနိုင်ယူခဲ့တာ မဟုတ်ဘူးလား။” ပင်းယန် တအံ့တသြနဲ့ မေးတယ်။
“ ငါက ချန့်ယန်းကို တိုက်ခိုက်ခဲ့တယ်လား။” ဖန်ကျန်းရှီ ကူကယ်ရာမဲ့ သလို ခံစားနေရတယ်။
“ အား….” ပင်းယန် တစ်ခဏတာ ဆွံ့အသွားတယ်။ တကယ်ပဲ ဖန်ကျန်းရှီက တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ချန့်ယန်းကို သူ မနိုင်ခဲ့ဘူးလေ။ ပင်းယန်က ပွစိပွစိ ဖြစ်နေခဲ့တယ်။ “ ဒါပေမယ့်…. အဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကလေ…”
“ ဟုတ်တယ် တစ်နှစ်တောင် ကုန်သွားပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ ဒါဆိုရင် နင့် အခု ကျင့်ကြံဆင့်က ဘယ်ကို ရောက်ပြီလဲ။ အဆင့် တက်သွားပြီ မဟုတ်ဘူးလား။ ပြန်လည် မွေးဖွားမှု အဆင့် လောက်တော့ ရောက်နေ လောက်ပြီ မလား။ ဒေါ်လေး ဟွား လို ပြန်လည် မွေးဖွားမှု အထွတ် အထိပ် အဆင့် ကို ရောက်နေပြီဟုတ်။ အခု သုခမိန် တစ်ဝက်အဆင့် လောက်တော့ ရောက်နေ လောက်ပြီ မလား။ ဒါဆိုရင် ဘာ ကြောက်စရာ ရှိအုန်းမှာလဲ။ သူက နတ်ဆိုးဘုရင် ဖြစ်ရင်တောင်။ နင် သွားတိုက်ခိုက်လို့ ရတယ်လေ။ ” ပင်းယန် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြောနေတယ်။
“ သုခမိန် တဝက် အဆင့် ရောက်ပြီလို့ ငါ ပြောမိလို့လား။” ဖန်ကျန်းရှီ နှုတ်ခမ်းတွေကို တွန့်ကွေးရင်း ပြောတယ်။
“ သုခမိန်တဝက် မဟုတ်ဘူးလား… ။ ဒါဆိုရင် နင်က သုခမိန် အဆင့်ကို ရောက်နေတာလား….” ပင်းယန်ရဲ့ မျက်လုံးတောက်တောက်တွေ ပျော်ရွှင်မှုကြောင့် လင်းလက်လာတယ်။
“ သုခမိန် အဆင့်ဟုတ်လား။”
“ဖန်ကျန်းရှီက သုခမိန် အဆင့်တောင်ရောက်နေပြီလား။”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဒီလောက်င ယ်သေးတာ ။ကြီးမြတ်သောရှမင်းဆက် မှာ ဒီလို အဖြစ်မျိုး မရှိခဲ့ဘူးလေ။”
နဂါးတပ်ဖွဲ့နဲ့ တော်ဝင် အစောင့်တပ်တွေ မျက်လုံး ပြူးနေတယ်။ ဖန်ကျန်းရှီကတော့ ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ သုခမိန် အဆင့်ကို ရောက်ပြီဟုတ်လား။ သုခမိန် အဆင့်ကို ရောက်နေရင် ငါ အခုလို အဖြစ်ဆိုး နေစရာ အကြောင်းမှ မရှိတာ။
“ ငါက သုခမိန် အ ဆင့် ရောက်နေတဲ့ ပုံစံ တူလိုကလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ မတူဝူး….” ပင်းယန်သေချာ အာရုံစိုက်ကြည့်ရင်း ဖြေတယ်။ သူသာ သုခမိန် အဆင့် ရောက်နေရင်။ အရှင်ရှဲ့လော့ကို အနိုင် မတိုက်နိင်ဘူးလို့ မပြောလောက်ဘူးလေ။ “ ဒါပေမယ့် နင်က ပြန်လည် မွေးဖွားမှု အဆင့် ရောက်နေရင် ကြိုးစားလို့ ရသေးတယ်လေ။”
“ ငါက ပြန်လည်မွေးဖွားမှု အဆင့် ဆိုတာကော မင်းသေချာလား။” ဖန်ကျန်းရှီ လက်နှစ်ဖက်ကို ခါရင်း ပြောတယ်။ ( ဧကရာဇ် လင်းမုပိုင်နဲ့ တခြားသူတွေ သူ့ ကျင့်ကြံဆင့် မပျောက်သေး ဘူးလို့ ပြောတဲ့ အချိန်တုန်းက အရမ်း အံ့သြနေကြတာ။ ကြည့်ရတာ ပင်းယန်တင် မကဘူး တခြားသူတွေလည်း သူ အဆင့် တက်ပြီလို့ ထင်နေကြပုံပဲ။ )
လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက ကြယ်တရာ စုဝေးမှု အဆင့်ကနေ ကောင်းကင်ရောင်ပြန် အဆင့်ကို သူရောက်ခဲ့တယ်။ အဲ့ဒီ့နောက် တောင်ပိုင်းဒေသမှာ သဘာဝလွန် အဆင့်ကို ရောက်တယ်။ လူတိုင်းရဲ့ အမူအယာကို သူ မှတ်မိနေဆဲ။
ဘယ်လို ဖြစ်နိုင်မှာလဲ။
ပြန်လည်မွေးဖွားမှု အဆင့်ကို သူ ဘယ်လို ရောက်တာလဲ။ လုံးဝကို မယုံကြည်နိုင်စရာ ဖြစ်ခဲ့တယ်။ ဒီ လို အချိန်တိုလေး အတွင်းမှာ သူ ဆက်တိုက် အဆင့်တက်ခဲ့တာ။ ဒါပေမယ့် အခုတော့ ကိစ္စတွေက ပြောင်းပြန် ဖြစ်နေပြီ။ လူတိုင်းက သူ ကျင့်ကြံဆင့် တက်သွားပြီလို့ ထင်နေကြတယ်။ တစ်နှစ်ကျော် မတွေ့ရတာနဲ့ အဆင့် တက်ရမယ်လို့ ဘယ်သူက စည်းမျဉ်း ထုတ်ထားလို့လဲ။
“ နင်က ပြန်လည် မွေးဖွားမှု အဆင့် မဟုတ်ဘူးလား။ ဒါဆိုရင် ဘယ်အဆင့်ကို ရောက်ပြီလဲ။ “ ပင်းယန် မျက်မှောင်ကြုတ်သွားတယ်။
“သဘာဝလွန် အဆင့်” ဖန်ကျန်းရှီ ခပ်တည်တည် ပြန်ဖြေတယ်။
“ သဘာဝလွန် အဆင့်တဲ့လား။ ဘယ်လို လုပ် ဒီ အဆင့်ပဲ ရှိသေးတာလဲ။” ပင်းယန် ရှက်သွားတယ်။ ဖန်ကျန်းရှီ အဆင့် မတက်သေးတာ က သူမကို အူမြူးစေတယ်။ ဒါပေမယ့် သဘာဝလွန် အဆင့်က ဘယ်လို ဖြစ်တာလဲ။ သူ့ စွမ်းအားတွေ မတက်သေးတာလား။ တစ်နှစ်တောင် ကြာပြီလေ။
ပင်းယန် အံ့သြနေသလိုပဲ ။ တခြား စစ်သည်တော်တွေလဲ အံ့အားသင့်နေခဲ့တယ်။
“ သဘာဝလွန် အဆင့်တဲ့လား။”
“ သူက ဘာလို့ အဆင့်မတက်တာလဲ။”
“လွန်ခဲ့တဲ့ တစ်နှစ်က အတိုင်းပဲ စွမ်းအားတွေ ရှိနေတာလား။”
“ အာ ငါ သိပြီ။ ဖန်ကျန်းရှီက တာအို သစ်သီးတွေ ဆုံးရှုံးသွားလို့ သူ့ အစွမ်းတွေ မပျောက်ပေမယ့် ထပ်မတိုးနိုင်တော့တာပဲ။”
“ ငါ နားလည်ပြီ ။ ကြည့်ရတာ ဖန်ကျန်းရှှီက သဘာဝလွန် အဆင့်မှာပဲ ပိတ်မိနေတဲ့ပုံပဲ။ သနားစရ ကောင်းလိုက်တာ။”
စစ်သည်တော်တွေ နောက်ဆုံးတော့ အခြေအနေကို သဘောပေါက်သွားတဲ့ ပုံစံပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကို သူတို့ ကြည့်တဲ့ အကြည့်တွေ နည်းနည်းတော့ ပြောင်းလဲလာတယ်။ ဘယ်လောက်ပဲ ဉာဏ်ကြီးရှင် ဖြစ်ပါစေ ။ စွမ်းအားတွေ မတိုးလာနိုင်ရင်တော့ ။ သာမာန်လူ နဲ့ မကွာဘူးလေ ။
“ ဟား ဟား ဟား..” ချန်းဝူရဲ့ ရယ်သံ ထွက်ပေါ်လာတယ်။ “ ငါထင်ထားခဲ့တာ သူက ပါရမီမြင့် ဉာဏ်ကြီးရှင်လို့။ ဒါပေမယ့် အခုတော့ သူက စွမ်အား မတက်နိုင်တော့တဲ့ ဒုက္ခိတ ဖြစ်နေပါလား… ။ ဟ ဟ ား… အချိန် ကုန်ရတာ မတန်လိုက်တာ ။ စိတ်မရှိပါနဲ့ ။ မင်းကို ပြန်မွေးဖွားခိုင်းပြီးတော့ ပြန်လည်မွေးဖွားမှု အဆင့် ရောက်အောင် ငါ လုပ်ပေးပါမယ်။ ”
သူ့ စကားဆုံးတာနဲ့ ရွှေရောင် စက်ဝိုင်းခြမ်း တစ်ခု သူ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။
“ ဝူး…” အနီရောင်အလင်းတန်းတွေက ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့တယ်။
“ အချက်ပြတာလား။” နဂါးတပ်ဖွဲ့နဲ့ တော်ဝင် နန်းစောင့်တပ်တွေ ဒါကို မြင်တော့ တွေးလိုက်မိတယ်။ သူတို့တားချင်ပေမယ့် နောက်ကျလွန်းသွားပြီ။ အနီရောင်အလင်းတန်း ထွက်ပေါ်လာတာနဲ့ အစိမ်းရင့်ရောင် အလင်းတန်းလည်း ကောင်းကင်ပေါ်ကို တက်သွားခဲ့တယ်။ ကြီးမားတဲ့ အလင်းတန်းကြီး လေးခု ဖြာထွက်သွားတယ်။
“ဘန်း..”
အစိမ်းရောင် အလင်းတန်းက ကောင်းကင်ပေါ်ကို ထိုးတက်ပြီး အလင်း မဏ္ဍိုင်ကြီး အဖြစ် ပြောင်းလဲတယ်။ မြေပြင်ပေါ်က သေရှင်ဂိတ်တံခါးကို ရိုက်ခတ်တယ်။ တစ်ချိန်တည်းမှာပဲ ချန်းဝူရဲ့ လက်ထဲမှာ ခြောက်ရောင်ချယ် ချည်ကြိုးတွေ ထွက်ပေါ်လာတယ်။
“ သေရှင် တံခါး ပွင့်။ ” ချန်းဝူ မြေပြင်ပေါ်ကို ရိုက်ချရင်း အော်ဟစ်တယ်။
“ ဝုန်း…”
မြေပြင်တစ်ခုလုံး လှုပ်ခတ်လာတယ်။ ပိတ်နေတဲ့ သေရှင် တံခါး ပွင့်လာပြန်တယ်။ အထဲမှာတော့ မည်းမှောင်နေခဲ့တယ်။ သိပ်မကြာခင်ပဲ။ အနီ အစိမ်း အပြာ နဲ့ တခြား အရောင်စုံတွေ တောက်ပလာတယ်။ ကြယ်တွေ အများကြီး ကြွေကျလာသလို တလက်လက် တောက်ပလာတယ်။ ဒီ အလင်းတန်းတွေက အရမ်းကို ထူးဆန်းလွန်းတယ်။ အေးစက်စက်နဲ့ ကြောက်စရာလည်း ကောင်းတယ်။
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ချန်းဝူက သေရှင် တံခါးကို ပြန်ဖွင့်နိုင်တယ်လား။”
“ အဲ့တာ ရှေး အင်းကွက် လေးခု။ ရှေးအင်းကွက်လေးခု မပျက်သရွေ့ အင်အားလည်း မပျောက်ဘူး။ သေရှင် တံခါးကိုလည်း ပြန်ဖွင့်နိုင်မယ်။ ”
“ဒါဆိုရင် ဘာ ဆ က်ဖြစ်အုန်းမှာလဲ။ နောက်ထပ် နတ်ဆိုး ဘုရင် တစ်ကောင် ထွက်လာမှာလား။”
“မဖြစ်နိုင်ဘူး။ မြောက်ပိုင်း လူရိုင်း နိုင်ငံတစ်ခုလုံး သုခမိန် တွေနဲ့ ပြည့်နေရင်တောင်။ နတ်ဆိုး ဘုရင်ကောတ့ နောက်တစ်ယောက် မရှိနိုင်ဘူး။ အကယ်၍ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် ။ သားရဲကောင် စစ်သူကြီး ပေါ်လာလိမ့်မယ်။ ”
“ သားရဲ ကောင် စစ်သူကြီး… မဖြစ်ဘူး ငါတို့ သူ့ကို တားရမယ်။ ..”
“ နောက်ကျ လွန်းသွားပြီ။ သေရှင် တံခါးက သေရှင် လမ်း စဉ် ပညာရှင်ပဲ ထိန်းချုပ်နိုင်တယ်။ တစ်ခါ ပွင့်တာနဲ့ ပြန်မပိတ်တော့ဘူး။”
ဒါပေမယ့် သေရှင်တံခါးကို ပြန်ဖွင့်တာ မြင်တော့ လူတိုင်း မျက်လုံးပြူးသွာတးယ်။ နဂါးတပ်ဖွဲ့ တော်ဝင်နန်းစောင့်တပ် မြို့စောင့်တပ်။ တောင်ပိုင်းတပ်တွေ အားလုံး လုပ်နေတာကို ရပ်ထားကြတယ်။ ဒီအချိန်မှာပဲ ချန်းဝူရဲ့ တကယ့် အစီအစဉ်ကို သူတို့ နားလည်သွားတော့တယ်။ ချန်းဝူက နန်းတော်ထဲကို ဝင်တယ်။ ပြီးတော့ လင်းရှင်းကြွယ် နန်းတော်ထဲ ဝင်လာအောင် အစီအစဉ်ချထားတယ်။
အိမ်ရှေ့စံ နဲ့ လင်းရှင်းကြွယ်ကို နန်းလုခိုင်းတာက အကြောင်းရင်း တစ်ခုပဲ။ ပိုပြီး အရေးကြီးတာက နန်းတော်ကြီးကို အပြင် လောကနဲ့ ခွဲခြားထားချင်လို့ လုပ်တာ။ သူ နန်းတော်ထဲမှာ ရှိနေ သရွေ့။ ရှေး အင်းလေးကွက် မပျက် သရွေ့၊ ဒီ တိုက်ပွဲကလည်း ပြီးမှာ မဟုတ်ဘူး။
“အရှင့်သား အခု ဆုံးဖြတ်ချက်ကို နောင်တရ နေပြီလား။” ခပ်ဝေးဝေးက လင်းရှင်းကြွယ်ကို ကြည့်ရင်း ချန်းဝူမေးတယ်။
“ငါ … ငါ ဘယ်တော့မှ နောင်တ မရဘူး။” လင်းရှင်းကြွယ်က နည်းနည်းတော့ ဖြူဖျော့နေခဲ့ပြီ။ သူ အံကြိတ်ရင်း ပြန်ဖြေတယ်။
“ ဟ ဟား … ကောင်းတယ်။” ချန်းဝူ ပြုံးပြပြန်တယ်။ သူ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ “ဖန်ကျန်းရှီ မင်းက ငါ့ အစီအစဉ်ကို ဖျက်ဆီး ဝံ့တယ်။ ဒီနေ့တော့ မင်း သေကို သေ…”
ချန်းဝူ သူ့ စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက ပျောက်သွားလို့ပဲ။ သူ့ နေရာကနေ ပျောက်နေတယ်။ ပင်းယန်ကတော့ ရှိနေသေးတယ်။
“ သူ ထွက်ပြေးသွားတာလား။ တစ်ယောက်တည်းလား။” ချန်းဝူ တောင့်တင်းသွားတယ်။ သူ လှောင်ပြုံးပြုံးပြန်တယ်။ “ ကောင်းတာပဲ။ ဒီ အရှက်မရှိတဲ့ ကောင်က ဘာလုပ်နိုင်မှာလဲ။”
ချန်းဝူရဲ့ မျက်လုံးထဲမှာ ရွံ့ရှာတဲ့ အငွေ့အသက်တွေ ထွက်ပေါ်လာတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ။ ပင်းယန်ရဲ့ မျက်လုံးတွေက တနေရာကို စိုက်ကြည့်နေတာ သူ သတိထားမိလိုက်တယ်။ ပင်းယန် တင် မကဘူး။ တခြားသူတွေ အးလုံးလည်း တနေရာ တည်းကို စိုက်ကြည့်နေကြတာ။
“ သူတို့တွေ ဘာကို ကြည့်နေတာလဲ၊” ချန်းဝူ သူ့ ဘာသာ တွေးလိုက်ရင်း အဲ့ဒီ့ ဘက်ကို လှည့်လိုက်တယ်။ တခြားသူတွေ အားလုံးလိုပဲ သူလည်း တောင့်ခဲသွားခဲ့တယ်။ သူတို့ အားလုံး သေရှင် ဂိတ်တံခါးကို ကြည့်နေကြတာ။ အဲ့ဒီ့မှာ လူတစ်ယောက်ရှိနေတယ်။ အသစ်ကျပ်ချွတ် တော်ဝင် အမတ်မင်း ဝတ်ရုံနဲ့လူ။
“ ဖန်ကျန်းရှီ ထွက်မပြေးသေးဘူးလား။” ချန်းဝူ တွေးမိတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက သေရှင် ဂိတ်တံခါးကို လက်နှစ်ဖက်နဲ့ ဆွဲနေတာ သူမြင်လိုက်တယ်။ “ သူ ဘာလုပ်နေတာလဲ၊ သေရှင် ဂိတ်တံခါးကို ကိုယ်နဲ့ ကာမလို့လား ဟား ဟား…” ဒါကို မြင်တော့ ချန်း၀ ူအော်ရယ်တော့တယ်။
ဒါပေါ့။ ဖန်ကျန်းရှီ လုပ်နေတာကို သူ ခန့်မှန်း နိုင်တယ်လေ။ သေရှင် ဂိတ်တံခါးကို ဖျက်စီးချင်နေတာလား။ ရူးမိုက်လိုက်တာ။ ကလေးဆန်လိုက်တာ။ သေရှင်ဂိတ်က။ မြောက်ပိုင်း လူရိုင်း နိုင်ငံရဲ့ တန်ဖိုး အကြီးဆုံး ရတနာလေ။ ဘယ်လိုများ အလွယ်တကူ ဖျက်စီးနိုင်မှာလဲ။
ဖန်ကျန်းရှီလို သဘာဝလွန် အဆင့် မပြောနဲ့ ဧကရာဇ် ကိုယ်တိုင်တောင် သေရှင်ဂိတ်တံခါးကို ခြစ်ရာလေး ထင်တောင် မလုပ်ဘူး။
“ ဒီကောင်က တကယ့်ကို ရူး မိုက် လွန်း…” ချန်းဝူ သူ့ရဲ့ ဝေဖန်စကားတောင် မဆုံးသေးဘူး။ မျက်လုံး ပြူးရပြန်တယ်။ မျက်လုံးပြူးရလွန်းလို့ အပြင်တောင် ထွက်ကျတော့မယ်။ ပါးစပ်ကလည်း လက်သီး တစ်လုံး ထိုးထည့်လို့ ရလော က်အောင် ကျယ်တဲ့ အထိ ဟနေခဲ့တယ်။ စကားနဲ့ ပြောလို့ မရ အောင်ကို အံ့သြနေတာ။ ချန်းဝူ တင် မဘကဘူး။ လူတိုင်းလည်း တပုံစံတည်းပဲ။ အရှင် လီချင်းနဲ့ အရှင် ရှဲ့လော့တို့ တောင် အံံအား သင့်နေကြတယ်။
“ ဝုန်း..” နားကန်းလုနီး ပါး အသံကြီး ထွက်ပေါ်လာတယ်။ ဖြည်းဖြည်းချင်း ပွင့်နေတဲ့ သေရှင် ဂိတ်တံခါးက မြေပြင်ပေါ်ကနေ ကြွတက်နေပြီ။ တကယ်တော့ လေထဲမှာ လွင့်နေတာ။ မထားခံရတယ်။ တစ်ယောက်ယောက်က သေရှင်ဂိတ်တံခါးကို မနေတာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ တိတ်ဆိတ်သွားတယ်။ လုံးဝကို တိတ်ဆိတ်နေခဲ့တယ်။ လောကကြီး တစ်ခုလုံး ရပ်တန့် နေသလိုပဲ။ မျက်လုံး ပြူး မျက်ဆန်ပြူး မျက်နှာတွေကို ညလေအေးအေးက တိုးဝှေ့နေတယ်။
“ ဒုန်..”
“ ဒုန်… ဒုန်..”
ကြေးတံခါးစိမ်းကြီးရဲ့ အသံက လူတိုင်းရဲ့ နှလုံးသားကို လှုပ်ခါနေသလိုပဲ။
“ အံ့သြစရာကြီးဟ … ပေါ့ရွှတ်နေတာပဲ။” ကြေးဝါ တံခါးကို မြေပြင်ပေါ် နှစ်ချက် သုံးချက် လောက် စောင့်ချရင်း ဖန်ကျန်းရှီ ပြောနေတယ်။
“ ဝေါင်း..“
ဒီအချိန်မှာပဲ သားရဲကောင် အော်သံကြီး ထွက်ပေါ်လာတယ်။ ဒီ သားရဲကောင်က လန့်နေပင်မယ့် ချန်းဝူနဲ့ တခြားသူတွေလို ရပ်မနေခဲ့ဘူး။ ဖန်ကျန်းရှီ သေရှင် တံခါးကို မြေကြီးနဲ့ ဆောင့်ချနေတာ မြင်တော့။ သူ တတ်နိုင်သ လောက် လှုပ်ရှာတယ်။ ဖန်ကျန်းရှီဆီ ပြေးဝင်လာရင်း ပါးစပ်ကြီးကို ဟပြီး မျိုချဖို့ လုပ်တယ်။ ဒီလူသားကို မျိုချလိုက်ဖို့က မ ခက်ခဲ ဘူးလို့ သူ တွေးနေခဲ့တာ။
“ အာ…. အသေးလေးရဲ့ … မင်းက ငါ့ကို အလစ်ဝင် တိုက်တယ်ပေါ့” သူ့ ဆီ ပြေးဝင်လာတဲ့ သားရဲကောင်ကို ကြည့်ရင်း ဖန်ကျန်းရှီ ပြုံးနေခဲ့တယ်။ အဲ့ဒီ့နောက် သေရှင်ဂိတ်တံခါးကို မလိုက်ရင်း သားရဲကောင်ကို ထုချလိုက်တယ်။ သေရှင်ဂိတ်တံခါးကို သုံးပြီးတော့ ဒီလို တိုက်ခိုက်ခံရမယ်လို့ သားရဲကောင်ကြီး ထင်မထားခဲ့မိဘူး။ ဒါပေမယ့် လေထဲမှာ သူ ခုန်မရှောင် နိုင်ဘူးလေ။
“ ဝုန်း..”
နားကန်းမတတ် မြေပြင် တုန်ဟီး သံတွေ ထွက်ပေါ်လာတယ်။ တစ်ချက်လေးတောင် မခုခံလိုက်နိုင်ပဲ။ သေရှင် ဂိတ်တံခါးနဲ့ အထုခံလိုက်ရတဲ့ သားရဲ ကောင်ရဲ့ ခေါင်းက စိစိညက်ညက် ကျေမွသွားခဲ့တယ်။ တစ်ချက်လေးတောင် မအော်နိုင် လိုက်ဘူး။ အသက်မဲ့ သွားခဲ့ပြီ။
“သေသွားပြီလား၊”
သွေးတွေ ရဲ နေတဲ့ သားရဲကောင်ကို သူတို့ ကြည့်နေတယ်။ အဲ့ဒီ့နောက် သေရှင် တံခါးကို ခေါင်းပေါ်မထားတဲ့ ဖန်ကျန်းရှီကို သူတို့ ကြည့်ရင်း ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာတယ်။
“ဒါက သဘာဝလွန် အဆင့်တဲ့လား။”
အပိုင်း(၅၈၁)ပြီး၏။
အပိုင်း (၅၈၂)
“ မြင့်တက်လာတဲ့ လှိုင်းတွေ။”
ဘာသာပြန်သူ - Enri Thaw
သဘာဝလွန် အဆင့်မှာ ရှိနေတဲ့ လူတစ်ယောက်က လက်တဖက်တည်းနဲ့ သေရှင် ဂိတ်တံခါးကို မနိုက်တယ်။ အဲ့ဒီ့နောက် သားရဲကောင်တစ်ကောင်ကို တံခါးနဲ့ ထုသတ်လိုက်တယ်။ ဘယ်သူ ယုံမှာလဲ။ ဘယ်သူမှ သူတို့ မျက်လုံး သူတို့ တောင် မယုံနိုင်ကြဘူး။ ဒါပေမယ့် သားရဲကောင်ကတော့ သေသွားခဲ့ပြီ။ နောက်ပြီးတော့ ဖန်ကျန်းရှီ ကလည်း သူတို့ ရှေ့မှာ ပြုံးပြုံးကြီး ရပ်နေတယ်။
“ သဘာဝလွန် အဆင့်တဲ့။”
“ဒီ ကောင်စုတ်က တကယ်ပဲ သဘာဝလွန် အဆင့်မှာ ရှိနေတာ ဟုတ်လို့လား။”
“ ငါ့ကို လာနောက်နေတာလား။”
လေထဲ မြောက်တက်နေတဲ့ သေရှင်ဂိတ်တံခါးကို ကြည့်ရင်း လူတိုင်း မယုံကြည်နိုင်ကြဘူး။ သူတို့ ပါးကို ပြန်ရိုက်ရင်း နိုးထအောင် လုပ်နေကြတယ်။ ဒါက အိမ်မက်တစ်ခုပဲ ဖြစ်မှာပါ။ ဒါက သေရှင် ဂိတ်တံခါးလေ။
တံခါးကို မထားတဲ့ ဖန်ကျန်းရှီကြီး…။ ဒီ အတွေးတွေက ခေါင်းထဲ ဝင်လာတိုင်း မျက်လုံးပြူးရတယ်။ မဖြစ်နိုင်ပါဘူး။ သူက ဘယ်လိုလုပ် မ နိုင်မှာလဲ။
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
“ သေရှင် ဂိတ်တံခါးကို ထိန်းချု့ပ်နိုင်ဖို့က သေရှင် တာအို တတ်မှ ရမှာလေ။ ဟုတ်တယ်မလား။”
“ ဒါဆိုရင် သေရှင် ဂိတ် အတုကြီးလား။”
“ မဖြစ်နိုင်တာပဲ။ သားရဲကောင်တွေ နဲ့ နတ်ဆိုးဘုရင် ထွက်လာတာကို မင်းမြင် တယ် မလား။ ဘယလိုလုပ် အတု ဖြစ်နိုင်မှာလဲ။”
သေရှင် ဂိတ်က အတု ဆိုတဲ့ အတွေးကို မတွေးလေ မျက်စိရှေ့က မြင်ကွင်းက ပိုပြီး မယုံနိုင် ဖြစ်လာလေပဲ။ မေးခွန်းတွေ စိတ်ထဲမှာ အဆက်မပြတ် ပေါ်လာတယ်။ ဖန်ကျန်းရှီက ဒါကို ဘယ်လိုများ ရွေ့နိုင် ရတာလဲ။ လန့်စရာ ကောင်းလိုက်တာ။ ဒီ အခြေအနေကို ဘယ်သူမှ နားမလည်နိုင်သေးဘူး။ ဖန်ကျန်းရှီက သဘာဝလွန် အဆင့်မှာပဲ ရှိသေးတာလေ။ ပြန်လည်မွေးဖွားမှု အဆ င့်က သေရှင် တာအိုကိုလည်း သူ မကျင့်ကြံရသေးဘူး။
ကိစ္စကတော့ ဖြစ်ပြီးနေပြီ။ နောက်ပြီးတော့ ပွင့်နေတဲ့ ဂိတ်တံခါးက အခု ဖြည်းဖြည်းချင်း ပြန်ပိတ်နေပြီ။
ပိတ်နေပြီ။ တကယ်ပဲ ပိတ်နေပြီ….။ လူတိုင်းက ဒါကို စိုက်ကြည့်နေကြတယ်။
ချန်းဝူလည်း မျက်လုံးပြူးကြီးနဲ့ ကြည့်နေခဲ့တယ်။ မြောက်ပိုင်း သီးခြား မြင့်မြတ်နိုင်ငံရဲ့ အကြီးအကဲ အနေနဲ့ သူက အမြဲတမ်း အေးဆေး တည်ငြိမ်ခဲ့တာ။ ဒါပေမယ့် အခုတော့ သူ အေးဆေး မနေနိုင်တော့ဘူး။ ဒီ ကောင်က ဘာကောင်လဲ။ သဘာဝလွန် အဆင့်နဲ့ သားရဲကောင် တစ်ကောင်ကို အေးဆေးလေး သတ်နိုင်တယ်။
“ တံခါး… ငါ့ရဲ့ သေရှင် ဂိတ်တံခါးလေး.။” ဖန်ကျန်းရှီ ဘယ်လို လုပ်လိုက်မှန်း ချန်းဝူ မသိဘူး။ ဒါပေမယ့် အဲ့တာတွေက အရေးမကြီး ။ ဂိတ်တံခါးက အခု ချိန်မှာ ပိတ်နေပြီလေ။ “ငါ့ သေရှင် ဂိတ်တံခါးကို ပြန်ပေး။”
“ မင်းကို ပြန်ပေးရမှာလား။ ဘာဖြစ်လို့ ငါ့ရဲ့ သေရှင် ဂိတ်တံခါးကို မင်း လက်ထဲ ထည့်ရမှာလဲ ။ ရူးနေတာလား။” ဖန်ကျန်းရှီ ရယ်မောရင်းနဲ့ သေရှင် ဂိတ်တံခါးကို လက်ပေါ်မှာ လှည့်နေခဲ့တယ်။ နန်းတော်ကို လာတဲ့ လမ်းမှာ။ သူ လိုချင်တဲ့ ဂုဏ်ထူး ဘွဲ့ထူးတွေ ကို မရ ရုံတင် မကဘူး။ ဘာ အကြောင်းရင်းမှ မရှိပဲနဲ့ အရိုက်ခံလိုက်ရသေးတယ်။ အခုတော့ သေရှင် ဂိတ်တံခါးက သူ့ လက်ထဲ ရောက်နေပြီလေ။ ဘာလို့ ပြန်ပေးရတော့မှာလဲ။ ဖန်ကျန်းရှီက ငတုံးမှ မဟုတ်ပဲ။
“မင်း ဘာပြောတယ်။ မင်းရဲ့ သေရှင် ဂိတ်တံခါး ဟုတ်လား။” ချန်းဝူ မျက်လုံးထဲက အေးစက်စက် အငွေ့အသက်တွေ ထွက်ပေါ်လာတယ်။
“ ဟုတ်တယ်လေ။ ငါ့ ဟာပေါ့။ ဒီတံခါးက ငါ မပိုင်လို့ ဘယ်သူ ပိုင်ရမှာလဲ။ မင်းလား။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြန်ဖြေတယ်။ ချန်းဝူရဲ့ စကားလုံးတွေက တုံး အလွန်းပြီးတော့ ကလေး ဆန်လွန်းတယ်လို့ ဖန်ကျန်းရှီ ထင်နေခဲ့တယ်။ ပစ္စည်းတစ်ခုက ကိုယ့် လက်ထဲ ရောက်လာရင်း ကိုယ့် အပိုင်ပဲ ဆိုတဲ့ ရိုးရိုးရှင်းရှင်း အကြောင်းရာလေးကိုတောင် ချန်းဝူ ဘယ်လိုများ နားမလည်ရတာလဲ။
“ အား…. ငါ့ သေရှင်ဂိတ်ကို ပြန်ပေး စမ်းပါ။” ဖန်ကျန်းရှီက သူ့ သေရှင်ဂိတ်ကို လုသွားပြီမှန်း ချန်းဝူ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။
သေရှင်ဂိတ်က မြောက်ပိုင်း သီးခြား မြင့်မြတ်နိုင်ငံရဲ့ တန်ဖိုး အကြီးဆုံး ရတနာလေ။ ဒါကို သူမ လက်ထဲ ရောက်စေလို့ ဘယ်ဖြစ်မလဲ၊ ဒါက အရှက် တကွဲ စော်ကားခံရတပဲ။ ချန်းဝူ အံကြိတ်လိုက်တယ်။ သူ့ ကိုယ်ကနေ အလင်းတန်း ခြောက်ခု ထွက်ပေါ်လာတယ်။ ခြေလှမ်းကျဲကျဲ တစ်လှမ်း လှမ်းပြီးတော့ ရုတ်တရပ် ရပ်လိုက်တယ်။
နဂါးတပ်ဖွဲ့နဲ့ ပထမ နဂါးသံတမန် ရန်ချင်းက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရလို့ပဲ။
“မဖြစ်ဘူး။” အတွေးပေါင်းစုံ ချန်းဝူ စိတ်ထဲ လွင့်ပျံလာတယ်။ ဒါပေါ့။ သေရှင်ဂိတ်ကို အခုချိန်မှာ ဖန်ကျန်းရှီ လက်ထဲကနေ မလုနိုင်ဘူး။ ဒါပေမယ့် သူက ခေါင်းဆောင်လေ။ မြင့်မြတ်သီးခြား နိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှင်။ သူသာ ရှုံးနိမ့်ရင်။ အမှားသေးသေးလေး တစ်ခုလုပ်လိုက်ရင်တောင် ဒီ အစီအစဉ် ကြီး က ပျက်စီး သွားမှာပဲ။
ဒေါသထွက်လာတယ်။ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်ထိ တစ်ခါမှ ဒေါသ မထွက်ဖူးဘူး။ သီခြား မြင့်မြတ်နိုင်ငံကို သူ ပြန်ရောက်ခဲ့တဲ့ နေ့တုန်းကတောင် ဒီလောက်ထိ စိတ်မဆိုးခဲ့ဘူး။ ဒါပေမယ့် အခုလို စစ်ပွဲ အချိန်မှာ တည်ငြိမ်ရမယ်မှန်း သူသိတယ်။ ဒါက လူနှစ်ယောက်ကြားက တိုက်ပွဲ မဟုတ်ဘူး။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့ လိုတယ်။ အခုက ဒဏ်ရာ ရအောင် ဆုံးရှုံးအောင် လုပ်ရမှာ မဟုတ်ဘူး။
ချန်းဝူ အံကြိတ်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရလွန်းလို့ လက်တစ်ခုလုံး ဖြူဖွေးနေခဲ့ပြီ။ သေရှင် ဂိတ်က ပြန်ရမှ ဖြစ်မယ်။ ဒါ က စစ်ဆင်ရေး အောင်မြင်ဖို့ အဓိက သော့ချက်ပဲ ။ ဒါပေမယ့် သူ တိုက်ခိုက်လို့ မဖြစ်ဘူး။ မတိုက်ခိုက်ပဲ ကိစ္စတွေ ဖြေရှင်းနိုင်အောင် ချန်းဝူ တွေးတောနေတယ်။ သူသာ တိုက်ခိုက်လိုက်ရင်။ ရန်ချင်းနဲ့ နဂါးတပ်ဖွဲ့တွေ့ ချက်ခြင်း တုံ့ပြန်မှပဲ။ ဒီလိုသာ ဖြစ်လာရင် သူ့ရဲ့ သေရှင်ဂိတ်တံခါးကို ပြန် မယူ နိုင်ရုံ တင် မကဘူး။ ကိစ္စတွေလည်း ပျက်စီး ကုန် လိမ့်မယ်။ ချန်းဝူ ကောင်းကောင်း နားလည်တယ်။ စစ်သူကြီး တစ်ယောက် အနေနဲ့ ခြေလှမ်း တစ်လှမ်း မှ မမှားရအောင် တည်ငြိမ်ရမယ်။ ဒီ အချိန်မှာပဲ သူ့ ရှေ့ကို လူတစ်ယောက် ရောက်လာခဲ့တယ်။ တော်ဝင် အမတ်မင်းဝတ်ရုံက လေထဲမှာ လွင့်နေခဲ့တယ်။
“ဖန်ကျန်းရှီ..” သူ့ မျက်စိရှေ့က လူကို ကြည့်ရင်း ချန်းဝူ မယုံနိုင်ဖြစ်နေခဲ့တယ်။ သေရှင်ဂိတ်တံခါးကို လက်နဲ့ လှည့်ရင်း သူ့ဆီ ရောက်လာတာ။ သဘာဝလွန် အဆင့် ဒီကောင်က အရင် တိုက်ခိုက် မလို့လား။
“ ငါ့ရဲ့ သေရှင် ဂိတ်လေးကို ကြည့်ပါအုန်း။ ငါ ဒါနဲ့ မင်းကို ရိုက်မှာ” ဒါပေါ့ ချန်းဝူ ဘာတွေ တွေးနေလဲ ဖန်ကျန်းရှီ မသိဘူး။ ချန်းဝူ ပြုံးနေတာကို သူမြင်တယ်။ ဒါကြောင့် သေရှင်ဂိတ်တံခါးကို ကိုင်ရင်း ချန်းဝူကို ထုချလိက်တယ်။
“ မင်းငါ့ကို သတိ ပေးနေတာလား။” ချန်းဝူ သူ့ဘာသူ ခပ်တိုးတိုး ပြောတယ်။ ဖန်ကျန်းရှီရဲ့ အပြုအမူတွေကို သူ လှောင်ရယ်နေခဲ့တယ်။ ဒီသေရှင် ဂိတ်တံခါးက သူ့ အပိုင်ဆိုတာကို ဖန်ကျန်းရှီ မသိတာလား။ သူ့ကို သူ့ တံခါးနဲ့ ထုမယ်တဲ့။ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ။ သေရှင် ဂိတ်ကို ပြန်သိမ်းဖို့ သူ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အမူအယာကို သတိထားမိလိုက်တယ်။ မျှော်လင့်တကြီးနဲ့ ပြုံးနေတာ။ (ဒီကောင်ဘာကိုများ ပြုံးနေတာလား။) ချန်းဝူ တစ်ခဏတာ ရပ်တန့်သွားတယ်။ ဖြစ်နိုင်ချေကို သဘောပေါက်သွားတဲ့ အချိန်မှာတော့ သူ့ ကျောရိုးထဲကနေ စိမ့်ချမ်းလာခဲ့တယ်။
“ ဝုန်း..”
ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ သေရှင် ဂိတ်တံခါးက မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ ဖုန်မှုန့်တွေ အလုံးအရင်း မြေပြင်ပေါ်ကို ပျံတက်လာခဲ့တယ်။ သေရှင်ဂိတ်တံခါး ကျလာတဲ့ အချိန်မှာ ချန်းဝူ ရှောင်နိုင်လိုက်တယ်။ သူ့ နဖူးတစ်ခုလုံး ချွေးတွေ နဲ့ ပြည့်နှက်နေခဲ့တယ်။
တိုက်ခိုက်မှုက မြန်လွန်းတာကြောင့် မဟုတ်ဘူး။ ဖန်ကျန်းရှီက သေရှင်ဂိတ်ကို ဖြည်းဖြည်းချင်း ဝေ့ယမ်းရင်း ထုချလိုက်တာ။ ဒါကြောင့်ပဲ ချန်းဝူ ချွေးပျံနေရတာ။ ဖန်ကျန်းရှီရဲ့ အမူအယာကို သတိထားမိတာကြောင့်သာ မဟုတ်ရင် ။ သီခြားမြင့်မြတ်နိုင်ငံရဲ့ အဖိုးအတန်ဆုံး ရတနာက ဖန်ကျန်းရှီ အပိုင် ဖြစ်သွားလိမ့်မယ်။ ဒါပေါ့။ သေရှင် ဂိတ်ကို အရွယ်ပြန် ကျုံ့ပြီး သိမ်းနိုင်တယ်။
အဲ့ဒီ့လို လုပ်လိုက်ရင်ကော ဘာတွေ ဖြစ်လာမှာလဲ ။ သေရှင်ဂိတ်ကတော့ သူ့ လက်ထဲကို မှော်ဆန်ဆန် ပြန်လာမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ လက်ထဲကိုပဲ ရောက်သွားလိမ့်မယ် ။ အဲ့ဒီ့အချိန် ကျရင် သေရှင် ဂိတ်က တကယ်ပဲ ဖန်ကျန်းရှီ အပိုင် ဖြစ်သွားလိမ့်မယ်။ ခပ်မြန်မြန် ပြေးလာတယ်။ စိတ်လိုလက်ရနဲ့ သတိပေးတယ်။ ချန်းဝူရဲ့ ဒေါသငယ်ထိပ်ရောက်နေတာကို အသုံးချပြီးတော့ ဗျူဟာခင်းတယ်။ ဒီ လုပ်ရပ် တစ်ခုချင်းစီတိုင်းက အသေးစိတ်ပြီး နည်းဗျူဟာ ကျလွန်းတယ်။
“ အိုး.. မင်း မထိဘူးလား…။ နောက်တစ်ခေါက်လောက် ထပ်ထုမှနဲ့ တူတယ်။ “ ဖန်ကျန်းရှီက နောက်ဆုတ်သွားတဲ့ ချန်းဝူကို ကြည့်ရင်း စိတ်ပျက် လက်ပျက် ဖြစ်နေတယ်။ ဒီလောက် ခန့်မှန်းရ လွယ်လို့လား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဖန်ကျန်းရှီ ဂိတ်တံခါးကို နောက်တစ်ခါ ထပ်မ ပြန်တယ်။
“ မင်း ဘယ်လို လုပ်ဝံ့ရတာလဲ။” ချန်းဝူ အော်ဟစ်တယ်။ သူတို့ နိုင်ငံရဲ့ အဖိုး အတန်ဆုံး ရတနာက သူ့ကို ထုဖို့ တူတစ်ချောင်းလို အသုံးချခံနေရတယ်။
“ဝုန်း..”
ချန်းဝူကို ဖန်ကျန်းရှီ လုပ်ရပ်နဲ့ပဲ ပြန်ဖြေတယ်။ ချန်းဝူကတော့ ရွေးစရာမရှိ။ နောက်ကို သာ ဆုတ်နေရတယ်။
“နောက်တစ်ခါ ထုအုန်းမှာ။” ချန်းဝူက ဒီလို စော်ကားမော်ကား လုပ်တာကို သည်းခံနိုင်နေတာ ဖန်ကျန်းရှီ မယုံနိုင်ဘူး။ သေရှင်ဂိတ်ကို အရွယ် ပြန်ကျုံ့အောင် ချန်းဝူ လုပ်တဲ့အထိ တိုက်ခိုက်ဖို့ သူ တွေးထားခဲ့တယ်။
“ ဝုန်း…”
“ ဒါနဲ့ မင်းကို ထုလို့ မ မိဘူးဆိုတာ ငါ မယုံဘူး။”
“ ဝုန်း..“
“ နောက်တစ်ခေါက်..”
“ ဝုန်း..”
“ …”
သေရှင်ဂိတ် ကျလာတဲ့ နေရာတိုင်းမှာ မြေတွေ အက်ကွဲ ကုန်တယ်။ ချန်းဝူကတော့ ရင်ကွဲပက်လက် ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် သူ့မှာ ရွေးစရာ မရှိဘူးလေ။ ဖန်ကျန်းရှီက သေရှင် ဂိတ်ကို ထိန်းချုပ်နိုင်မှန်း သူသိနေတယ်။ ဒါပေမယ့် ဘယ်လို ထိန်းနိုင်မှန်းတော့ နားမလည်ဘူး။ သေရှင်ဂိတ်က ဆယ်တန် (ပေါင် ၂သောင်းနှစ်ထောင့်လေးရာ) ထက် မနည်း လေးတယ်လေ။ ဖန်ကျန်းရှီရဲ့ လက်ထဲမှာတော့ ငှက်မွှေးလေးလို ပေါ့ပါးနေတာပဲ။
“ ရွံစရာကောင်းလိုက်တာ။” ချန်းဝူ ဒေါသကြောင့် တုန်ယင်နေတယ်။
ဖန်ကျန်းရှီက သူ့ကို အလုပ်နဲ့ သက်သေပြနေတယ်။ သူတို့ နိုင်ငံရဲ့ သေရှင် ဂိတ်တံခါးက ရတနာ တစ်ခုတင် မကဘူး။ အင်အားကြီးလက်နက်လည်း ဖြစ်တယ်ဆိုတာကိုပေါ့။ ဒါပေမယ့် ဘယ်သူကများ ရတနာကို လက်နက်လို သုံးလို့လဲ။ နောက်ပြီးတော့ တူတစ်ချောင်းလိုမျိုး သုံးပြီးတော့ လိုက်ထုနေတာ ဘယ်သူက လုပ်လို့လဲ။ ဒီလောကကြီးမှာ ဖန်ကျန်းရှီ တစ်ယောက်ပဲ ဒီလို လုပ်နိုင် လိမ့်မယ်။ စစ်သည်တော်တွေ အားလုံးကတော့ မျက်လုံး ပြူးနေဆဲ။
“ သေရှင်ဂိတ်ကို ဒီလို သုံးလို့ရတယ်လား။”
“သေရှင်ဂိတ်တံခါး ပျက်စီးမှာကို သူ မကြောက်ဘူးလား။”
“ငါလည်း တွေးမိတယ်။”
လူတိုင်း ပြောစရာ စကား မရှိ ဖြစ်နေခဲ့တယ်။ သဘာဝလွန် အဆင့် လူတစ်ယောက်က သေရှင် ဂိတ်ကို သုံးပြီးတော့ ပြန်လည်မွေးဖွားမှု အဆင့် လူကို တိုက်ခိုက်တာ အသာစီးရနေတယ်။ ပြန်လည်မွေးဖွားမှု အထွတ်အထိပ် အဆင့် စွမ်းအားရှင်က (ထွက်ပြေး) နေရတဲ့ အခြေအနေမှာတောင် ရှိနေသေးတယ်။ နန်းတော်ထဲကို ပတ်ပြေးနေရတာ။
မျက်စိရှေ့မှာ တွေ့နေရတာကြောင့် မဟုတ်ရင်ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ဒီ ကောင်က ပြန်လည် မွေးဖွားမှု အဆင့် ဆိုတာ သေချာလို့လား။ ပင်းယန်ကို အရူးလုပ်သွားတာလား။ သူ့မှာ ပြန်လည်မွေးဖွားမှု အဆင့် စွမ်းအားတွေ တောင် ရှိနေတာကို ဘယ်လိုများ အရူုးလုပ် လှည့်စားရတာလဲ။
ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ဟန်ဆောင်တာလား။ မဖြစ်နိုင်တာပဲ။ ဒီလောက် မောက်မာတဲ့ ဖန်ကျန်းရှီက ဘယ်လိုများ နှိမ့်ချမှာလဲ။ သူ့ရဲ့ ကျင့်ကြံဆင့်ကို ပင်းယန် မေးတုန်းက သူဖြေတဲ့ ပုံအရဆိုရင်တော့ မှန်ပါတယ်။ ဖန်ကျန်းရှီက သဘာဝလွန် အဆင့်မှာ ရှိသေးတယ် ။ ရန်ရွှယ်ကတော့ ပြန်လည်မွေးဖွားမှု အဆင့်ကိုတောင် ရောက်တော့မယ်။ သူလည်း အဲ့ဒီ့ နေရာ လောက်မှာ ရောက်နေတာပဲ ဖြစ်ရမယ်။ ဒါဆိုရင်တောင် တစ်နှစ်ကြာပြီးတဲ့ အချိန်မှာ သူ့ကိုယ်သူ သဘာဝလွန် အဆင့်လို့ ခေါင်းမော့ပြီး ကြွားဝါနိုင်ရတာလဲ။
“ ဟေး…. အရှက်မရှိတဲ့ ကောင်.. သူ့ကို အခု ထုသတ်လိုက်တော့။ ဒီကောင် တစ်စစီ ဖြစ်သွားရင် ငါတို့လည်း တိုက်ပွဲနိုင်ပြီ။” ပင်းယန် လှမ်းအော်တယ်။
သူတို့ ရပ်နေတဲ့ နေရာကနေ ဖုန်မှုန့်တွေကိုပဲ လှမ်းမြင်ရတယ်။ ရှန်းယွီနဲ့ ရန်ရွှယ် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် တောင်ပိုင်း စစ်တပ်ထဲကနေ ချန်းဝူဆီကို ပြေးထွက်သွားတယ်။ ရန်ရွှယ်ရဲ့ ကိုယ်က အနီရောင် အလင်းတန်းတွေ တောက်ပနေတယ်။ ရှန်းယွီရဲ့ ကိုယ်ကတော့ အနီရောင် မီးတောက်တွေ တောက်လောင်နေခဲ့တယ်။ “
ချန်းဝူရဲ့ အမူအယာ နောက်ဆုံးတော့ ပြောင်းသွားခဲ့ပြီ။ သူ့လက်ထဲမှာ ဝှက်ဖဲတွေမရှိတော့ဘူး။ နန်းတော်ထဲကို သူခေါ်လာခဲ့တဲ့ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူ အယောက် ၂၀ ကျော်မှာ တစ်ဝက်လောက်က လင်းထျန်းရုံ ပိုင်တာ။ အစကတော့ သေရှင် ဂိတ်ကလည်း သူပိုင်တာပဲ။ သေရှင်ဂိတ် က နန်းတော်ထဲမှာ ရှိနေ သရွေ့ ။ စစ်ကူတွေကို ကြိုက်သလောက် ထုတ်လို့ရတယ်။ ဒါပေမယ့် အခုတော့ ချန်းဝူ တစ်ကိုယ် လုံး အမုန်းတွေနဲ့ ပြည့်နေခဲ့တယ်။
ဖန်ကျန်းရှီ ပေါ်လာတည်းက သူ့ အစီအစဉ်တွေ တစ်ခုပြီး တစ်ခု ပျက်စီးကုန်တယ်။ သေရှင် ဂိတ်တောင် သူ့ လက်လထဲ ရောက်နေပြီ။ ဟုတ်တယ်။ သေရှင်ဂိတ်ကိုသာ ပြန်ရရင် အားလုံး အဆင်ပြေပြီ။ ဖန်ကျန်းရှီကို သတ်ပြီးတော့ သေရှင် ဂိတ်ကို ပြန်သိမ်းနိုင်ရင် ပြဿနာတွေလည်း ရှင်သွားမှာပဲ။
ရုတ်တရက် အတွေးတစ်ခု ချန်းဝူ စိတ်ထဲမှာ ပေါ်လာတယ်။ သူကတော့ ဖန်ကျန်းရှီကို သတ်ဖို့ အချိန်ယူရလိမ့်မယ် ။ ဒါပေမယ့် အရှင် ရှဲ့လော့ အတွက်တော့ လွယ်လွယ်လေး။ နောက်ပြီးတော့ ဖန်ကျန်းကို သတ်ဖို့က တတိယ သဘောတူညီချက်ပဲ။ ချန်းဝူ စိတ်သက်သာရာ ရသွားတယ်။
“ အရှင်ရှဲ့လော့။ နတ်ဆိုးဘုရင် တစ်ယောက် အနေနဲ့ သဘာဝလွန် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖို့ ၂ နာရီ ၃ နာရီလောက် ကြာမှာလား။” ချန်းဝူ လှမ်းမေးတယ်။ ဒါပေါ့ ။ အရှင် ရှဲ့လော့ နောက်က အရှင် လီချင်းကို မြင်တယ်လေ။ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ လူတစ်ယောက်က နတ်ဆိုးဘုရင်ကို တားဆီးနိုင်မှာလား။
“ဝုန်း..“
ချန်းဝူရဲ့ စကားဆုံးတာနဲ့ အရှင် ရှဲ့လော့ ခြေထောက်အောက်က ကျောက်တုံးတွေ အမှုန့် ဖြစ်ကုန်တယ်။ လည်ပင်းကျိုးမတတ် အရှိန်နဲ့ အတူ လူတစ်ယောက် ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ ဖန်ကျန်းရှီ ဆီကို ဆင်းသက်လာတယ်။ အရှင် ရှဲ့လော့က စကားနဲ့ ပြန်မဖြေဘူး။ လုပ်ရပ်နဲ့ပဲ သက်သေပြတယ်။
အပိုင်း(၅၈၂)ပြီး၏။
အပိုင်း (၅၈၃)
“ နတ်ဆိုးဘုရင်ကို အတူတူ တိုက်ခိုက်ကြစို့”
ဘာသာပြန်သူ - Enri Thaw
“အရမ်းကို မြန်တာပဲ။” လူတိုင်း အတွေးတူသွားတယ်။ တစ်ချိန်တည်းမှာပဲ အရှင် ရှဲ့လော့ နောက်မှာ ရပ်နေတဲ့ အရှင်လီချင်းလည်း ရွေ့လျားတယ်။ အရှင်ရှဲ့လော့ထက် နှေးပေမယ့် သူ့ အရှိန်က သာမာန်မဟုတ်ဘူး။ သူ လှုပ်ရှားလိုက်တာနဲ့ အရှင်ရှဲ့လော့ ရဲ့ နောက်ကို ရောက်သွားတယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ကို မကျော်နိုင်ဘူး။ ဒါက ကိစ္စတွေကို ဖရိုဖရဲဖြစ်စေတယ်။ တကယ့် အင်အားကြီးသူ တစ်ယောက်က တိုက်ခိုက်ဖို့ အချိန် အများကြီး မလိုဘူး။ နောက်ပြီးတော့ အရှင်လီချင်းကလည်း သူ့ကို အချိန် မှီ မတားနိုင်ရင်။ ဘယ်လို ဖြစ်သွားလိမ့် မလဲ။
ဖန်ကျန်းရှီက သူ့ဆီ ပြေးဝင်လာနေတဲ့ လူနှစ်ယောက်ကို တွေ့တယ်။ အရှင်လီချင်း ကို သူ အထင်ကြီးသွားတယ်။ အသက်ကြီးပေမယ့် အင်အားကြီးနေတုန်းပဲ။ ဖန်ကျန်းရှီက ငတုံး မဟုတ်ဘူးလေ။ အရှင် ရှဲ့လော့က ပိုမြန်နေတာကို သူသိတယ်။ အရှင်လီချင်း ဘယ်လိုပဲ ကြိုးစားပါစေ သူ့ကို မကယ်နိုင်ရင် ဘယ်လို ဖြစ်သွားမလဲ။ ချန်ဖေးဟွား ပင်းယန်ကို ကယ်ခဲ့တဲ့ အချိန်တုန်းကလိုပဲ။ တစ်ခေါက် ကြိုးစားတာက လုံလောက်ပြီ။ အရာအားလုံး ဖြစ်နိုင်တယ်။ ဒါပေမယ့် ကြည့်ရတာ အရှင်လီချင်းက သူ့အသက်ကို စွန့်စားပြီး အရှင်ရှဲ့လော့ နောက်ကို အမှီလိုက် နေ ပုံပဲ။
“ ကြည့်ရတာ ဒီ အဖိုးကြီးက ငါ့ကို သူ့ဒိုင်း လုပ်စေချင်နေ ပုံပဲ။” အရှင်လီချင်း ရဲ့ အစီအစဉ်ကို ဖန်ကျန်းရှီ ချက်ခြင်း နားလည်သွားတယ်။ အရှင်လီချင်း တစ်ယောက်တည်းရဲ့ အင်အားနဲ့ ဆိုရင် နတ်ဆိုးဘုရင် တစ်ကောင်ကို သတ်ဖို့က ခက်ခဲတယ်လေ။ ဖန်ကျန်းရှီကို ဆွဲထည့်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ အရှင်လီချင်းလို လူတစ်ယောက် အတွက်တော့ ဘယ်လို ပတ်သက်မှုမျိုးကိုမှ သူ မယုံစားဘူး။ ပိုပြီးတော့ အရေးကြီးတာက သူတို့ မရင်းနှီးကြဘူးလေ။ ဒီလို ကိစ္စကို လုပ်ဖို့ အဆင်ပြေလွန်းတယ်။ အတူတူ ထမင်းမစားဖူးဘူး။ အရက်မသောက် ဖူးဘူး။ ကျားမထိုးဖူးဘူး။ ညီအကိုလို တရင်းတနှီးနဲ့ တိုက်ပွဲမှာ တိုက်ခိုက်ဖူးတာလည်း မရှိဘူး။ ညီလာခံ ခန်းမထဲမှာ တစ်ခါပဲ တွေ့ဖူးတယ်။
အရှင်လီချင်းက သူ့ အသက်ကို ဖန်ကျန်းရှီ အတွက် စွန့်စားမှာ မဟုတ်ဘူး။ အဲ့ဒီ့အစား။ ကြီးမြတ်သော ရှနိုင်ငံတော်ကို ကာကွယ်ဖို့ပဲ သူ ကြိုးစားလိမ့်မယ်။ ဖန်ကျန်းရှီကို ဒိုင်းအဖြစ် သုံးမယ်။ အရှင်လီချင်းကို အားအပြည့်နဲ့ အလစ်ဝင်တိုက်မယ်။ နီးကပ်လာတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း ဖန်ကျန်းရှီ သက်ပြင်းချ လိုက်တယ်။ ဒီ အဖိုးကြီးက သူ့ကိုယ်သူ ယုံကြည်ချက် ရှိလွန်းနေတယ်။ အရှင် ရှဲ့လော့က သူ့ကို တစ်ချက်တည်းနဲ့ သတ်သွားမှာကို မကြောက်ဘူး။ ချန်းဝူကို သေရှင်ဂိတ်တံခါးနဲ့ အဆက်မပြတ် ထုနေတာကို မြင်ပြီး နောက်မှာတော့ ဖန်ကျန်းရှီကို ယုံကြည်ဖို့ သူ့မှာ အကြောင်းပြချက် ရှိသွားတယ်။ သနားစရာ ကောင်းတဲ့ အချက်က ဖန်းကျန်းရှီဆိုတာ ငတုံးမဟုတ်ဘူး။ ဂုဏ်ရှိရှိနဲ့ နိုင်ငံ အတွက် စတေးခံမှာလည်း မဟုတ်ဘူး။ တစ်ချက်လေးတောင် မတွေဝေပဲ နောက်လှည့်ပြီး ပြေးတော့တယ်။ ကြုံရာ နေရာကို ပြေးတာ မဟုတ်ဘူး။ ဧကရာဇ် လင်းမုပိုင်ဆီကို တည့်တည့် ပြေးတာ။ ပြေးနေတဲ့ အချိန်မှာလည်း အော်ဟစ်နေခဲ့တယ်။
“ အရှင် မင်းမြတ် ကျွန်တော့်ကို ကယ်ပါ။”
“ …”
စစ်သည်တော်တွေ အားလုံး လန့်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီရဲ့ အရှိန်က အရှင်လီချင်းနဲ့ အရှင်ရှဲ့လော့ ထက် မနှေးတာကြောင့်ပဲ။ သူ့ဆီကို ပြေးလာနေတဲ့ အရှင်ရှဲ့လော့ လည်း ရုတ်တရက် ဦးတည်ရာ ပြောင်းလိုက်တယ်။
“ဒီကို မလာနဲ့။”
“မြန်မြန် နန်းတော်ထဲက ထွက်ပြေး”
ဖန်ကျန်းရှီက ဧကရာဇ် နားကို နီးကပ်လာနဲ့ နဂါးတပ်ဖွဲ့လည်း ပြာယာခတ် ကုန်ကြတယ်။ ဧကရာဇ် လင်းမုပိုင်က မတ်မတ် တောင် မရပ်နိုင်ဘူး။ ကြင်ယာတော် ဟွားဖေးကလည်း ဒဏ်ရာ ပြင်းထန်တယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီက နတ်ဆိုးဘုရင်ကို သူတို့ဆီ ခေါ်လာနေတယ်။ ဧကရာဇ်ကို ကာကွယ်ရမယ် ဆိုတာကို နားမလည်ဘူးလား။ ဧကရာဇ်ကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကို စတေးရမယ် ဆိုတာ မတွေးမိဘူးလား။ နတ်ဆိုး ဘုရင် သူ့နောက် လိုက်လာတာနဲ့ ဧကရာဇ်ဆီကို တန်းပြေးလာတယ်။ ကယ်ဖို့ အော်တယ်။ အဲ့တာ နတ်ဆိုး ဘုရင်ကြီးလေ။ နဂါးတပ်ဖွဲ့က သူ့ကို ဘယ်လိုများ ခုခံနိုင်မှာလဲ။
“နန်းတော်ထဲက ထွက်ပြေး ရမှာလား။” ဖန်ကျန်းရှီ နှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။ အရှင်ရှဲ့လော့ က နန်းတော် ဂိတ်မှာလေ။ နန်းတော်ထဲက ထွက်ပြေးဖို့ ကြံတာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ဒါက အကူအညီ မရဘူး။ နဂါးတပ်ဖွဲ့တွေရဲ့ အော်သံကို မကြားတဲ့ အတိုင်း ဖန်ကျန်းရှီ ဆက်ပြေးလာ နေတယ်။ ပြေးရင်းနဲ့ ဆက်တိုက် အော်နေခဲ့တယ်။
“ကျွန်တော့်ကို ကယ်ပါ။ နတ်ဆိုးဘုရင်ကြီး လာနေပြီ။”
“မဖြစ်ဘူး။ အရှင် ဧကရာဇ် နဲ့ ကြင်ယာတော်ကို ကာကွယ်ကြ။”
နဂါးတပ်ဖွဲ့တွေ လန့်ကုန်တယ်။ ဖန်ကျန်းရှီရဲ့ ကြောက်လန့် နေတာကြောင့် စဉ်းစားတွေးခေါ် နိုင်စွမ်းတွေ ပျောက်သွားတာ ဖြစ်မယ်။ သူတို့မှာ ရွေးချယ်စရာ မရှိ။ ဒီ တိုက်ခိုက်တာကို သေတဲ့အထိ ခုခံရမယ်။ ဖန်ကျန်းရှီကို ဒီအတိုင်း သတ်ပြစ်လိုက်လို့ မဖြစ်ဘူးလေ။ ဟုတ်တယ်ဟုတ်။ မြို့စောင့်တပ်တွေ နဲ့ တိုက်ခိုက်နေတဲ့ တော်ဝင် နန်းစောင့်တပ်တွေ လည်း မကူညီ နိုင်ကြဘူး။ အရှင်ရှဲ့လော၊ အရှင်လီချင်း၊ ဖန်ကျန်းရှီ သုံးယောက်လုံးက သူတို့ထက် အများကြီး ပိုမြန်တယ်။ သူတို့ကို တားဖို့က မဖြစ်နိုင်တာပဲ။ ဒါတွေ အားလုံးက အချိန်တိုလေး အတွင်းမှာ ဖြစ်နေတာ။
ရုတ်တရက် ဖြစ်လွန်းလို့ ဘယ်သူမှ ဖန်ကျန်းရှီကို မတားနိုင်လိုက်ကြဘူး။ ရှန်းယွီ နဲ့ ရန်ရွှယ်တောင် မတားနိုင်။ သူရောက်တော့မယ်။ လူတိုင်းက ဧကရာဇ် လင်းမုပိုင် နားကို ရောက်တော့မယ့် ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ အရှင်လီချင်းသာ ပြစ်မှတ် ပြောင်းသွားခဲ့ရင် ဘယ်လို လုပ်မလဲ။ ဒါဆိုရင် ဧကရာဇ် လင်းမုပိုင်လည်း အသက်ဆုံးရလိမ့်မယ်။ အခုကတော့ အရှင် ရှဲ့လော့က ဖန်ကျန်းရှီကို လိုက်နေတာ ဟုတ်တယ်။ မထင်မှတ် ထားတာတွေ ဖြစ်လာရင် ဘယ်လို လုပ်မလဲ။ ဧကရာဇ်ရဲ့ လုံခြုံမှု ခြိမ်းခြောက်ခံ နေရတဲ့ အချိန်မှာ ဘယ်သူမှ ဒီ ဖြစ်နိုင်ချေကို ခွင့်မပြုနိုင် ကြဘူး။ အိမ်ရှေ့စံ လင်းထျန်းရုံ နဲ့ သွမ့်အရှင်လည်း အံ့အားသင့် နေခဲ့တယ်။ ချန်းဝူတောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။
“မလုပ်နဲ့။” ပင်းယန် အော်ဟစ်တယ်။ “ငါ့ ခမည်းတော်ကို မထိခိုက်နဲ့” လို့ သူမအော်ချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကိုလည်း မထိခိုက် စေချင်ဘူး။ သူမရဲ့ စကားကို ဆုံးအောင် မပြောမိတာ အမှားတစ်ခုပဲ။
“ဧကရာဇ်ကို မထိခိုက်နဲ့။” ဒီ အချိန်မှာပဲ အရှင်လီချင်းရဲ့ အသံ ထွက်ပေါ်လာတယ်။ ကောင်းကင် တစ်ခွင်လုံးကို ဟိန်းထွက်သွားစေတဲ့ ခေါင်းလောင်းသံ လိုမျိုး လူတိုင်း ရဲ့ စိတ်ဝိဉာဉ်ကို တုန်လှုပ်စေတယ်။ တစ်ချိန်တည်းမှာပဲ အရှင်ရှဲ့လော့ နောက်က ကပ်လိုက်လာတဲ့ အရှင်လီချင်း ရုတ်တရက် အရှိန်မြင့်သွားတယ်။ သူ့ရဲ့ အရိုးပြိုင်းပြိုင်း လက်တွေက အရှင်ရှဲ့လော့ရဲ့ ပုခုံးကို လှမ်းပုတ်တယ်။ အနီ လိမ္မော် အပြာ အစိမ်း အဝါ မဲနယ် ခရမ်း။ သက်တန့်ရောင်တွေ ရုတ်တရက် တောက်ပလာတယ်။ ဒီအလင်းတန်းတွေ ထွက်လာနဲ့ အရှင် ရှဲ့လော့ လေထဲမှာ ရပ်တန့်သွားတယ်။ သူ့ရဲ့ နတ်ဆိုးဆန်ဆန် မျက်နှာမှာ အံ့အားသင့်ဟန် ပေါ်လခဲ့တယ်။
“အိုး ကြည့်ရတာ ငါ မင်းကို အထင်သေးမိပြီ။” အရှင် ရှဲ့လော့ နောက်ပြန်လှည့်ကြည့်တယ်။ ပိန်ပိန်ပါးပါး အရှင်လီချင်းကို ကြည့်ရင်း သူ့မျက်လုံးထဲမှာ အစိမ်းရင့်ရောင် အလင်းတန်းတွေ ထွက်ပေါ်နေခဲ့တယ်။ အရှင်လီချင်း ကတော့ အရမ်းကို လေးနက် တည်ကြည်နေခဲ့တယ်။ အစိမ်းရင့်ရောင် အလင်းတန်းတွေ ပျောက်ကွယ် သွားချိန်မှာ သက်တန့်ရောင် အလင်းတန်းတွေ သူ့မျက်လုံးထဲ တောက်ပလာတယ်။ ဒီမြင်ကွင်းက ဘေးမှာ ရပ်ကြည့်နေ သူတွေကို ထိတ်လန့်စေတယ်။
“ ဒီ သက်တန့်ရောင် အလင်းတန်းတွေက….”
“ မှန်လိမ့်မယ်၊”
အရှင်လီချင်းကို ကြည့်နေချိန် သူတိုက စိတ်ထဲမှာ တွေးမိကြတယ်။ လူတိုင်း ဒါကို သိပေမယ့် လက်တဆုပ်စာလောက် လူတွေသာ မျက်မြင် တွေ့ဖူးကြတာ။ ကောလဟာလ တစ်ခုရှိတယ်။ လောကမှာ အထွတ်အမြတ် ကျောက်တုံး ၃၆ ခုရှိတယ်။ တစ်ခုချင်းစီ ပေါ်မှာ နတ်တာအိုတွေကို ရေးထွင်းထားတယ်။ လူတစ်ယောက်ကို သုခမိန် အဆင့် ချက်ခြင်း ရောက်အောင် လုပ်ပေးနိုင်တယ်။
ဒါပေမယ့် လူတစ်ယောက် ဘယ်လို သုခမိန် အဆင့်ရောက်တယ်။ အထွတ်အမြတ် ကျောက်တုံးတွေ ဘယ်လို ပုံစံရှိတယ်ဆိုတာ လူနည်းနည်းပဲ သိတယ်။ ဒါပေမယ့် ကြီးမြတ်သောရှ နိုင်ငံတော်မှာ ဒီ အထွတ်အမြတ် ကျောက်တုံး ၃၆ခု ပုန်းကွယ်နေတဲ့ သုခမိန် ဒေသကြီး ရှိတာ လူတိုင်းသိတယ်။ ကြောက်စရာ ကောင်းတဲ့ အရေအတွက်ပဲ။
အရမ်းကို ကြောက်စရာကောင်းတယ်။ ကောင်းကင်တာအို ခန်းမှာတောင် သုခမိန် ကျောက်ဖျာ ကိုးချပ်ပဲ ရှိတာ။ ကြီးမြတ်သော ရှနိုင်ငံတော် နဲ့ အင်အား တူတဲ့ သီးခြား မြင့်မြတ်နိုင်ငံ မှာတောင် သုခမိန် ကျောက်ဖျာ (အထွတ်အမြတ် ကျောက်တုံး) အရေအတွက်က သနားစရာကောင်းလောက်အောင် နည်းတယ်။ တစ်ချပ်တည်းပဲ ရှိတာ။ ဒါပေါ့။ ဒီအကြောင်း တစ်ချက်တည်းနဲ့ မြောက်ပိုင်း သီးခြားနိုင်ငံက အင်အား မကြီးတာ မဟုတ်ဘူးလေ။
ဘာကြောင့်လဲ ဆိုတော့ ဟိုးရှေးလွန်လေပြီးတဲ့ အချိန်ကာလတုန်းက ကမ္ဘာကြီးတစ်ခုလုံးမှာ နိုင်ငံ တစ်ခုပဲ ရှိခဲ့တယ်။ ကြီးမြတ်သောရှ နိုင်ငံတော်။ အချိန်တွေ ကုန်လာတာနဲ့ အမျှ ကြီးမြတ်သောရှ မင်းဆက်က နိုင်ငံတွေ အများကြီး ကွဲထွက်ကုန်တယ်။ ပြည်ထောင်စု မဟာရှနိုင်ငံတော်ကြီး ပျောက်ဆုံးသွားတယ်။
လွန်ခဲ့တဲ့ နှစ်ထောင်ချီ တုန်းကမှ ကြီးမြတ်သောရှ နိုင်ငံတော် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့တယ်။ မြင့်မြတ်ကျောက်တုံး ငါးဆယ်က စစ်သည်တော် ငါးသိန်း အဖြစ် ပြောင်းလဲတယ်။ အိမ်တော် ဆယ့်သုံးခုရဲ့ အင်အား စုပေါင်းပြီးတော့ တစ်စစီ ဖြစ်နေတဲ့ နိုင်ငံတော်ကြီးကို ပြန်စုစည်း ပြီးတော့ အခု ရှိနေတဲ့ ကြီးမြတ်သော ရှ နိုင်ငံတော်ကို တည်ထောင်ခဲ့တယ်။
နိုင်ငံတော်ကြီး ရဲ့ နောက်တစ်ကြိမ် ပြန်တောက်ပချိန် တစ်ခုပေါ့။ ရှေးတုန်းကနဲ့ မယှဉ်နိုင် ပေမယ့် မူလ နေရာမှာ ခံ့ခံ့ထည်ထည် ရှိနေတုန်းပဲ။ နှမြောစရာ ကောင်းတာက မြင့်မြတ်ကျောက်တုံးတွေ ရဲ့ အရည်အတွက် လျော့နည်းလာတာပဲ အခုချိန်မှာ ကျောက်တုံး ဆယ့်သုံးခုပဲ ရှိတော့တယ်။ ဘာတွေ ဖြစ်သွားခဲ့လည်း ဆိုတာ ရှင်းပြဖို့ ခက်လွန်းတယ်။ ဒါဆိုရင် အခု ဒီကျောက်တုံးတွေ ဘယ်မှာ ရှိနေလဲ။ ဘယ်သူ့မှာ မှ အဖြေမရှိဘူး။ တစ်ချို့တွေ ခန့်မှန်း ကြတာတော့ ကြီးမြတ်သောရှကို တည်ထောင်ခဲ့တဲ့ အိမ်တော် ဆယ့်သုံးခုမှာပဲ ရှိနေတယ်လို့ ။ ဘာကြောင့်လဲ ဆိုတော့ အိမ်တော် တစ်ခုချင်းစီမှာ ကိုယ်ပိုင် လောကတွေ ရှိနေတာ ကြောင့်ပဲ။
ဥပမာအားဖြင့်။ နတ်ဆိုးကျောင်းတော်ရဲ့ ကောင်းကင်ရတနာ ခန်းမ။ စစ်နတ်ကျောင်းတော်ရဲ့ ကျောက်စိမ်းပြာ ကုန်းမြင့်လို့မျိုး နေရာတွေ။ အကယ်၍ မြင့်မြတ် ကျောက်တုံးတွေသာ ဒီလောကမှာ ပုန်းကွယ်နေရင် ဘယ်သူမှ ရှာနိုင်မှာ မဟုတ်ဘူး။ ခန့်မှန်းချက်တွေ ကိုလည်း ဘယ်သူမှ အတည်မပြုနိုင်ဘူး။ ဒါက လျှို့ဝှက်ချက်ကြီး တစ်ခုပဲ။ ဒါပေမယ့် အရှင်လီချင်းရဲ့ မျက်လုံးထဲက သက်တန့်တွေကို မြင်တဲ့ အချိန်မှာတော့ လူတိုင်း တွေးမိကြတယ်။
“ ဒါဆိုရင် ကြီးမြတ်သော ရှ ရဲ့ မြင့်မြတ် ကျောက်တုံးတွေက အရှင်လီချင်း အိမ်တော်မှာ ရှိနေတာပေါ့။” ချန်းဝူ အေးစက်စက် ပြုံးရင်း ပြောတယ်။ ဒီ ကျောက်တုံးတွေထဲက တစ်ခုကို ဆရာကျအောင် နားလည်မှပဲ ဒီလို အလင်းတန်းကို တောက်ပနိုင်တာ။ အရှင်လီချင်း၊ သုခမိန် ဒေသကြီး၊ အရှင်လီချင်း အိမ်တော် ဥယျာဉ် ငှက်တွေ ပန်းတွေ ပြည့်နေတဲ့ နေရာ။ အရှင်လီချင်းက သူ့အိမ်တော်မှာပဲ တံခါးပိတ်ပြီး နေနေတာကို ချန်းဝူ နားလည်သွားပြီ။ မြင့်မြတ်ကျောက်တုံးတွေက အရှင်လီချင်း ရဲ့ အိမ်တော်မှာပဲ။ ကြီးမြတ်သော ရှနိုင်ငံတော် ရန်မြို့တော် ဧကရာဇ်ရဲ့ နန်းတော်။ ဒီလို နေရာကြီး က လူတွေ အပြည့် လှုပ်ရှားသွားလာနေတယ်။ ဘယ်သူမှ ဒါကို တွေးမိမှာ မဟုတ်ဘူး။
“ကြီးမြတ်သော ရှမင်းဆက်ကို ငါ သိမ်းပိုက်ပြီးရင် ဒီ မြင့်မြတ်ကျောက်တုံး ဆယ့်သုံးခုကလည်း ငါတို့ နိုင်ငံ အပိုင် ဖြစ်သွားမှာပဲ။” ချန်းဝူ စိတ်လှုပ်ရှားလာတယ်။ ဒါကြောင့်ပဲ သူ စိတ်မရှည်တော့ဘူး။ “အရှင်ရှဲ့လော့ သူ့ကို မြန်မြန်သတ်လိုက်။”
“အရှင်ရှဲ့လော့ နတ်ဆိုး ဘုရင် ဖြစ်ပြီး မင်း စည်းဖောက်လွန်းနေပြီ။ ဧကရာဇ်ကို ထိခိုက်ဝံ့ရင် နောက်ဆက်တွဲ ရလဒ်တွေကို မင်းသိတယ် မဟုတ်လား၊” အရှင်ရှဲ့လော့ ပုခုံးကို ဖွင့်ရင်း အရှင် လီချင်းအော်ဟစ်တယ်။
“နောက်ဆက်တွဲ ဟုတ်လား။ ဟီးဟီး…. ငါ့ကို အနိုင်ယူပြီးမှပဲ ပြောကြတာပေါ့။” အရှင် ရှဲ့လော့ ရယ်မောရင်း ဆက်ပြောတယ်။ “ နောက်ဆက်တွဲတွေကို ပြောမယ် ဆိုရင် ငါ့ကို တားတာရဲ့ နောက်ဆက်တွဲ ကိုကော မင်းသိလား။ ငါ သတ်မယ့် သူက ဖန်ကျန်းရှီလို့ မင်း မပြောနိုင်ဘူးမလား”
ဒါပေါ့ အရှင် ရှဲ့လော့က ဖန်ကျန်းရှီကို လိုက်နေတာ လူတိုင်းသိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဧကရာဇ် လင်းမုပိုင်ဆီကို ပြေးနေတော့။ ဘာတွေ ဖြစ်လာမလဲ ဘယ်သူ သိနိုင်မှာလဲ။ ဒါ့အပြင် အရှင် လီချင်းက ဖန်ကျန်းရှီကို သတ်ပြီးရင် သေရှင် ဂိတ်တံခါးကို ပြန်ဝင်မယ်ဆိုတာ ဘယ်သူ သေချာ သိနိုင်မှာလဲ။ ချန်းဝူရဲ့ စကားနဲ့ နတ်ဆိုးဘုရင်ရဲ့ စကားတွေက ယုံရလို့လား။
အရှင်လီချင်းရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံ အရဆိုရင်။ နိုင်ငံတစ်ခုရဲ့ ကံတရားကို (ကတိ)စကား တစ်ခွန်းတည်း အပေါ် ပုံအပ်ပြီး ယုံစားရလောက်အောင် သူက မတုံးအဘူးလေ။ အခုတော့ အကောင်းဆုံး ဖြေရှင်းချက်က ဖန်ကျန်းရှီကို အရှင်ရှဲ့လော့ သတ်စေဖို့ပဲ။ ဒါပေမယ့် သူ့ကို တားလိုက်ရာကနေ။ အခြေအနေတွေက ပြောင်းသွားခဲ့ပြီ။
အစတုန်းကတော့ အရှင်လီချင်းက ဖန်ကျန်းရှီကို အသုံးချပြီး အရှင်ရှဲ့လော့ကို တိုက်ခိုက်မလို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့် ဖန်ကျန်းရှီက မထင်မှတ်ထားတာတွေ လုပ်သွားတယ်။
နေစမ်းပါအုန်း။
ဖန်ကျန်းရှီ ဘယ်ရောက်သွားပြီလဲ။
အရှင်လီချင်း ဖန်ကျန်းရှီကို ရှာပေမယ့် သူက ပျောက်သွားပြီ။ သူ့ မျက်လုံး ထောင့်ကနေ အနက်ရောင် လူရိပ်လေး တစ်ခုကို တွေ့လိုက်တယ်။ မေးစရာမလိုဘူး။ ဒါက ဖန်ကျန်းရှီပဲ။ အရှင်လီချင်း မျက်လုံးပြူးနေတယ်။
ဖန်ကျန်းရှီ သူ လှမ်းခေါ်ပြီး ပြောချင်တယ်။ “ဟေး၊ နတ်ဆိုးဘုရင်ကို အတူတူ တိုက်ခိုက်ကြစို့။”
ဒါပေမယ့် သိသာပါတယ်။ ဖန်ကျန်းရှီကတော့ ပြန်လာမှာ မဟုတ်ဘူး။ သူ ပြေးတာ အရမ်းမြန်တယ်။ လုံးဝကို နောက်လှည့် မကြည့်ဘူး။ မျက်တောင် တစ်ခတ် အတွင်းမှာ သူ့ အရိပ်ကိုတောင် မမြင်ရတော့ဘူး။
“ အရှင် ရှဲ့လော့ကို ငါ ထိန်းထားတဲ့ အချိန် သူက ပြေးသွားပြီ။ ဒီကောင်စုတ်လေး… ရည်ရွယ်ချက် ရှိရှိ လုပ်သွားတာပဲ။” အရှင်လီချင်း နားလည်သွားတယ်။
“ဖယ်ကြ၊ ဖယ်ကြ၊ လမ်းဖယ်ကြ၊ မင်း တို့ ကန်းနေလား၊ ငါ့လက်ထဲက သေရှင်ဂိတ်ကို မမြင်ဘူးလား။ ငါ့ကို ဖြတ်ခွင့်ပေးရင် ပေး။ မပေးရင် မင်းတို့ကို ဒါနဲ့ ထုပြစ်မယ်။” ဖန်ကျန်းရှီ ရဲ့ အော်သံကို အဝေးကတောင် ကြားနေရတယ်။
အပိုင်း(၅၈၃)ပြီး၏။
အပိုင်း (၅၈၄)
“ နန်းတော်ကို ဖျက်စီးနေတယ်။”
ဘာသာပြန်သူ - Enri Thaw
အရှင်လီချင်းရဲ့ အမူအယာက တောင့်တင်းသွားတယ်။ ဒါပေမယ့် ချန်းဝူကတော့ ဖန်ကျန်းရှီ သေရှင်ဂိတ်တံခါးကို ရွက်ပြီး ပြေးနေတာ မြင်တော့ ဒေါသက ငယ်ထိပ်ရောက်နေခဲ့ပြီ။ သူ ထွက်ပြေးတယ်ပေါ့။ ဟုတ်တယ်၊ တကယ်ပဲ ထွက်ပြေးတာ။ သေရှင်ဂိတ်ကို သယ်သွားတာကကော ရည်ရွယ်ချက် ရှိရှိ လုပ်တာလား။ သူ့ အသက်သူ ကယ်ချင်ရင် သေရှင်ဂိတ်ကို ထားခဲ့ရမှာ မဟုတ်ဘူးလား။ ချန်းဝူ အသေအချာ မပြောနိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီသာ သေရှင်ဂိတ်ကို နန်းပြင် ယူသွားခဲ့ရင် ဖြစ်လာမယ့် ရလဒ်ကတွေကို သူ ကောင်းကောင်း သိတယ်။
“ငါ့ရဲ့ သေရှင်ဂိတ်ကို ပြန်ပေး။”
“ဘာတွေ ပြောနေတာလဲ။ မင်းပြောတာ မှားနေပြီ။ အဲ့တာ ငါ့ရဲ့ သေရှင်ဂိတ်။” ဖန်ကျန်းရှီ တစ်ချက် လေးတောင် လှည့်မကြည့်ဘူး။ နန်းတော်ဂိတ်ကိုသာ အရှိန်ပြင်းပြင်း နဲ့ ပြေးသွားတော့တယ်။ စကားပုံ တစ်ခုရှိတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်မှုက သူ့ရဲ့ ရဲရင့်မှု ပေါ်မှာ မူတည်တယ်။
သူ လုလာပြီးတဲ့ ပစ္စည်းတစ်ခုကို ဘာလို့များ ပြန်ပေးရမှာလဲ။ သူက ရူးနေလို့လား။ ဒါပေါ့။ သူ့အသက်ကို အရှင်လီချင်း အတွက် ဘာလို့ စတေး ရမှာလဲ။ ကြီးမြတ်သောရှ နိုင်ငံတော် နဲ့ ဧကရာဇ်တို့ ပင်းယန်တို့ကို ပဲ သိတဲ့ အဖိုးကြီးကို ဘာလို့ ကယ်ရမှာလဲ။ ဖန်ကျန်းရှီ အတွက်တော့ လုလာတဲ့ ပစ္စည်းကို ပြန်ပေးဖို့ ဆိုတာ မဖြစ်နိုင်တာပဲ။
“ဝုန်း …”
သေရှင် ဂိတ်တံခါးက မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ မြို့စောင့်တပ်တွေ ချက်ခြင်း လမ်းဖယ်ပေး ကြတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက သေရှင်ဂိတ်ကို ရေလွှာလျှောစီး ဘုတ်ပြား တစ်ခုလို သုံးပြီးတော့ မြို့စောင့်တပ်တွေ ကြားကနေ ဖြတ်သွားတယ်။ သူ့ နောက်မှာ အနက်ရောင် အရိပ် စီးကြောင်းကြီး ပေါ်လာခဲ့တယ်။
ဖန်ကျန်းရှီ ထွက်သွားတာကို မြင်တော့ ချန်းဝူ အော်တားချင်တယ်။ ဖန်ကျန်းရှီကို လိုက်ဖမ်းဖို့ အရှင် ရှဲ့လော့ကို ပြောချင်တယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ က ဧကရာဇ် လင်းမုပိုင် နဲ့ နီးကပ်နေပြီ။ ဒါကြောင့် ချန်းဝူ တွေေ၀ သွားခဲ့တယ်။ ဒါပေမယ့် အရှင် ရှဲ့လော့ကတော့ မတွေဝေဘူး။ သူ့ ပုခုံးကို ခါချလိုက်တယ်။ အလင်း လှိုင်းတွေ ထွက်ပေါ်လာပြီးတော့ သူ့ ပုခုံးပေါ်က လက်လည်း ပြုတ်ကျသွားတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ကို ပြေးလိုက်တော့တယ်။ ရူးချင်စရာ အလင်းတန်း အရှိန်နှုန်းနဲ့။
အရှင်လီချင်းက နောက်တစ်လှမ်း ပြန်ဆုတ်တယ်။ ဧကရာဇ် လင်းမုပိုင် အနားကို ကပ်လာတယ်။ သူ့ အမူ အယာက တည်ငြိမ် နေပြီးတော့ မျက်မှောင်ကြုတ် ထားခဲ့တယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ နောက် ကိုတော့ သူ လိုက်မသွား ခဲ့ဘူး။ အရှင် ရှဲ့လော့ ပြန်လှည့်မလား သူ မသေချာဘူးလေ။
“ ဦးရီးတော်။ ဒီက အခြေအနေကို တူတော် ကိုင်တွယ် နိုင်ပါတယ်။ နန်းတော်ဂိတ်ကိုပဲ သွားပေးပါ။” ဖန်ကျန်းရှီ နောက်ကို လိုက်သွားတဲ့ အရှင်ရှဲ့လော့ကို ကြည့်ရင်း ဧကရာဇ် လင်းမုပိုင် ပြောတယ်။ ဧကရာဇ် လင်းမုပိုင် ပြင်းပြင်း ထန်ထန် ချောင်းဆိုးရင်း မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့တယ်။
ဧကရာဇ် လင်းမုပိုင် ပြောတာ ကြားတော့ အရှင်လီချင်းရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ အဝေးကို ပြေးထွက် သွားတဲ့ အရှင် လီချင်း၊ ချန်းဝူ နဲ့ မြို့စောင့်တပ် တွေ ဝန်းရံထားတဲ့ လင်းရှင်းကြွယ်ကို သူ ကြည့်နေတယ်။ အံကြိတ်ရင်း သူ နောက်ထပ် မတွေဝေတော့ဘူး။
“အရှင်မင်းမြတ် ကို ဒီနေရာ အပ်လိုက်ပြီ။” စကား ပြောပြီးပြီးချင်း အရှင်လီချင်း ချက်ခြင်း ပြေးလိုက်တော့တယ်။
အရာ အားလုံးက အရေးပေါ် အခြေအနေ ဖြစ်နေပြီ။ ဖန်ကျန်းရှီ သေရှင် ဂိတ်ကို ယူပြီးတော့ ထွက်ပြေးတာ နန်းတော် ကပ်ဆိုက်တာကို ကယ်တင်ပေးတာပဲ။ ဧကရာဇ် ရဲ့ လုံခြုံရေးက ထိပ်တန်း ကိစ္စပဲ။ အကယ်၍ သေရှင် ဂိတ်တံခါးသာ မသမာသူ လက်ထဲ ရောက်သွားခဲ့ရင်။ နောက်ဆက်တွဲ တွေက မတွေးဝံ့ စရာပဲ။ သက်တန့်ရောင် အလင်းတန်းတွေ နောက် တကြိမ် တောက်ပလာပြန်ပြီ။ အရှင်လီချင်း အရှင် ရှဲ့လော့နဲ့ ဖန်ကျန်းရှီတို့ ထွက်သွားကြပြီ။ အရှင်ရှဲ့လော့ရဲ့ နောက်မှာ လူနှစ်ယောက် ကပ်လိုက် နေတယ်။ ရန်ရွှယ်နဲ့ ရှန်းယွီ။ သူတို့ရဲ့ အရှိန်နှုန်းက အရှင်ရှဲ့လော့လိုပဲ မြန်ဆန်တယ်။
“အဖိုး ပင်းယန်ကိုပါ ခေါ်သွားပေး။” ပင်းယန် လှမ်းအော်တယ်။ အရှင်လီချင်း မျက်လုံးက တနေရာကို ရောက်သွားတယ်။ လက်ဝါးကို သူ ရွေ့လျားတယ်။ သက်တန့်ရောင် အလင်းတန်းတွေက ပင်းယန်ကို ရစ်ပတ်ပြီး ဆွဲယူတယ်။ အရှင်လီချင်း အနားကို သူမ ရောက်သွားတယ်။ ဧကရာဇ် လင်းမုပိုင် အတွက်တော့ ပင်းယန် နန်းတော်ထဲမှာ ရှိနေတာ သူ့အတွက် ထိခိုက်မှု ပိုများနိုင်တယ်။ အရှင်လီချင်းလည်း ဒါကို ကောင်းကောင်း သိတယ်။ ဒါေကြောင့် ပင်းယန်ကို သူခေါ်သွားတာ ဧကရာဇ် လင်းမုပိုင် အတွက်လည်း စိုးရိမ်စရာ လျော့စေတာပေါ့။
“သူတို့ အားလုံး ထွက်ပြေးပြီလား။” အရှင်လီချင်းက ပင်းယန်ကို ခေါ်သွားတာ မြင်တော့ ချန်းဝူ အံ့သြသွားတယ်။ နဂါးတပ်ဖွဲ့ ဝန်းရံထားတဲ့ ဧကရာဇ် လင်းမုပိုင်နဲ့ ချန်ဖေးဟွား၊ ဆက်လက် တိုက်ခိုက်နေတဲ့ တောင်ပိုင်းတပ်တွေ နဲ့ မြို့စောင့်တပ်တွေကို သူကြည့်တယ်။
နန်းတော်ထဲမှာ သူဆက်နေသင့်တယ်လို့ ခံစားရတယ်။ ဒါပေမယ့် ဘာအတွက်လဲ။ ဧကရာဇ် လင်းမုပိုင်ကို သတ်ဖို့လား။ အရှင်ရှဲ့လော့လည်း မရှိ။ သေရှင်ဂိတ်လည်း မရှိပဲနဲ့ ဧကရာဇ်ကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လူ ဒီ အတိုင်း လက်မလျှော့ နိုင်ဘူးလေ။ သေတဲ့ထိ တိုက်ခိုက်ရမယ်။ ချန်းဝူ တစ်ချက် ကြည့်ပြီးနောက် တိုက်ပွဲကို သူပါ ဝင်တိုက်တော့တယ်။
…
ည အမှောင်ထုထဲမှာ ခရမ်းရောင် ဝတ်ရုံရှင် တစ်ယောက်က နန်းတော် တံတိုင်းကို ခုန်တက်လာတယ်။ နန်းတော်ထဲကို လျှပ်စီး လက်သလို အရှိန်မျိုးနဲ့ ဝင်လာတယ်။ နတ်ဆိုး ကျောင်းတော်က အရှင်ချီဟို့။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ဒီလို ခိုးဝင်တာမျိုး လုပ်ခဲတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တော်ဝင် နန်းစောင့်တပ်တွေကို မဖြတ်ချင်တာကြောင့် သူ ဒီလို ဝင်လာခဲ့တာ။ ညီလာခံ ခန်းမနားကို ရောက်တော့ သူ တုံ့ခနဲ ရပ်သွားတယ်။ သူ သိထားခဲ့တဲ့ တော်ဝင် ညီလာခံ ခန်းမကြီး ပျောက်နေတယ်လေ။
“ညီလာခံ ခန်းမကြီး ဘယ်ရောက်သွားပြီလဲ။” ချီဟို့ မျက်လုံး ပြူးသွားတယ်။ ထိတ်လန့် တကြား အော်သံ ထွက်လာတယ်။ “ညီလာခံ ခန်းမကြီး ဖျက်ဆီး ခံလိုက်ရတာလား။” အတွေးနဲ့တင် သူ တုန်ယင်သွားတယ်။
“မင်း ဘယ်သူလဲ။”ချီဟို့ ရပ်နေတဲ့ လမ်းကနေ ခပ်ဝေးဝေးမှာ အရိပ်ကြီး တစ်ခုကို လှမ်းမြင်နေရတယ်။ အတော့်ကို ကြီးမားတဲ့ အရိပ်တစ်ခုပဲ။ လရောင်အောက်မှာ လှုပ်ရှားနေတာ။ မယုံနိုင်လောက်အောင် မြန်တဲ့ အရှိန်နဲ့ ရွေ့လျား နေတယ်။ အဲ့တာ သားရဲကောင်လား။ တွေးရင်းနဲ့ သူ အာရုံစိုက်ပြီး အနီးကပ် ပြေးကြည့်တယ်။ အထိတ်တလန့် နဲ့ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ ညီလာခံ ခန်းမ ပျောက်သွားတာထက် ပို အံ့သြစရာ ကောင်းနေတယ်လေ။
“ဖန်ကျန်းရှီလား။” ချီဟို့ ပါးစပ် အကျယ်ကြီးကို ပွင့်ဟနေပြီ။ သူ တစ်ခါမှ မမျှော်လင့် ထားတဲ့ နာမည်ကို ပြောမိနေပြီ။ သူ့ စွမ်းအားတွေ မဆုံးရှုံးသေးဘူးလား။ ဘာလို့ ဒီလောက် မြန်မြန် ပြေးနိုင်နေတာလဲ။ နောက်ပြီးတော့ သူ့ ခေါင်းပေါ် မြှောက်လာတဲ့ ကြေးစိမ်းတံခါးကြီးက ဘယ်လောက်တောင် လေးလိုက်မလဲ။ သူ ဘယ်လိုတောင် မနိုင်တာလဲ။ နေစမ်းပါအုန်း။ ဒီကြေးတံခါးကြီးက မြင်ရတာ ရင်းနှီးနေသလိုပဲ။
ချီဟို့ မျက်လုံး ပြူးနေရင်း စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ဝင်လာခဲ့တယ်။ သူ ဘယ်လိုပဲ တွေးတွေး ဒီနေရာမှာ ဘာတွေ ဖြစ်သွားလဲ တွေးမရဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီက သူ့ ဆီကို ပြေးလာနေတာ။ ချီဟို့ကို မြင်တော့ သူ အတော်လေး ပျော်သွားတဲ့ ပုံစံပဲ။ သူ့ ဆုတောင်းသံကို မိုးကောင်းကင်က ကြားပြီးတော့ ကယ်တင်ရှင် လွှတ်ပေးလိုက် တဲ့ ပုံစံနဲ့။
“ အရှင် ကျွန်တော့်ကို ကယ်ပါအုန်း။ နောက်က နတ်ဆိုးကို တားပေးပါ။” ဖန်ကျန်းရှီ ချက်ခြင်း လှမ်းအော်တယ်။
“နတ်ဆိုးလား။ ဘယ်က နတ်ဆိုးလဲ။ မင်း အစွမ်းတွေ မပျောက်သေးဘူးလား။ ဘယ်လိုများ ဒီလောက် မြန်မြန် ပြေးနိုင်မှာလဲ။ ငါ့ကို ဒီ တစ်လျှောက်လုံး မင်း ဖုံးကွယ် ထားတယ်ပေါ့။” ချီဟို့ ဆက်တိုက် မေးမြန်းတော့တယ်။
“အရှင် လွယ်လွယ်လေး အနိုင်ယူလို့ ရတဲ့ နတ်ဆိုး လေးပါ။ ကျွန်တော်တော့ မနိုင်ဘူး။ နောက်မှ ရှင်းပြ ပေးပါမယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကူညီပါအုန်း။” ဒါပေါ့ ။ ဒီလို ကိစ္စကို ဖန်ကျန်းရှှီ မရှင်းပြ နိုင်ဘူးလေ။ ဒါကြောင့် သူ အရင်ဆုံး တောင်းဆိုတယ်။
“နတ်ဆိုးလေးလား။” ချီဟို့ တစ်ခဏတွေေ၀ သွားတယ်။ အဲ့ဒီ့နောက် သူ ဒီကို လာတဲ့ ရည်ရွယ်ချက်ကို ပြန်မှတ်မိတယ်။ ဧကရာဇ်ကို ကယ်တင်ရမှာ။ နောက်ပြီးတော့ နတ်ဆိုးဆိုတာ ကြီးကြီး ငယ်ငယ် သတ်မှဖြစ်မယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီက သူ့ စွမ်းအားတွေကို ဖုံးကွယ် ထားတာကလည်း နောက်မှ ဆွေးနွေးလို့ ရတယ်။ “ကောင်းပြီ ငါ့ လက်ထဲ အပ်လိုက်တော့။”
“ ကျေးဇူးတင်ပါတယ်။ အရှင်” ဖန်ကျန်းရှှီ သွားဖြီးပြတယ်။ ချီဟို့ကို ဖြတ်ပြေးသွားပြီးတော့ နန်းတော် တံခါးဆီ ပြေးတယ်။ တစ်ချက်လေးတောင် မရပ်တန့်ဘူး။ အဲ့ဒီ့နောက် ချီဟို့ လည်း ညီလာခံ ခန်းမကို ဆက်သွားတယ်။ ဒါပေမယ့် သူဝေးဝေးတောင် မသွားနိုင်ဘူး။ ဖန်ကျန်းရှီ ဖြတ်သွားတဲ့ အချိန် သူ့ အမြင်အာရုံ ထဲမှာ လူတစ်ယောက်ကို တွေ့ရတာ ကြောင့်ပဲ။ လရောင်အောက်မှာ ဒီလူက အလင်းလို အရှိန်နဲ့ ရွေ့လျားနေတယ်။
ကျောင်းတော်သား တစ်ယောက်လို ဝတ်ရုံဖြူ ဝတ်ထားပြီးတော့ ခါးမှာ သားရဲကောင် ပုံစံ ကျောက်စိမ်းပြားကို ချိတ်ဆွဲထားတယ်။ အသားအရေက ဖြူဖျော့နေပြီးတော့ တော်ဝင် ဆန်ဆန် ချောမောတယ်။ ပိုပြီး အရေးကြီးတာ သူ့ မျက်လုံးတွေက ဆိုးယုတ်တဲ့ ပုံစံနဲ့ တောက်ပနေတာပဲ။ အစိမ်းရင့်ရောင် အလင်းတန်းတွေက မျက်လုံးထဲမှာ ပြည့်နှက်နေတယ်။ နဖူးက အမာရွတ် ပုံစံ မျက်လုံးက ဖြည်းဖြည်းချင်း မျက်တောင် ခတ်နေခဲ့တယ်။ အထင်ရှားဆုံး သွင်ပြင်ကတော့ ခေါင်းပေါ်က ဂျို နှစ်ချောင်းပဲ လရောင်အောက်မှာ ရွှေရောင် တောက်နေခဲ့တယ်။
“လူလား။” ချီဟို့ လမ်းမှာ ရပ်တန့်သွားတ်ယ်။ ဒါပေမယ့် ဒီလူရဲ့ အရှိန်နှုန်းကို မြင်တော့ သူ အော်မိပြန်တယ်။ “ငလူးပဲ။ ဒါက ဘယ်လိုလုပ် နတ်ဆိုး အသေးလေး ဖြစ်ရမှာလဲ။”
ဖန်ကျန်းရှီ သူ့ကို တပတ်ရိုက်သွားတာကို နားလည်သွားခဲ့တယ်။ ဆွဲလှဲပြီးတော့ မျက်နှာကို လက်သီးနဲ့ ထိုးခံ လိုက်ရသလိုပဲ။ ဖန်ကျန်းရှီ သူ့ကို အစွမ်းပျောက်ပြီလို့ လိမ်ထားတာကို သည်းခံနိုင်တယ်။ ဒါပေမယ့် နတ်ဆိုး ဘုရင်ကို ဘယ်လိုများ နတ်ဆိုး သေးသေးလေးလို့ ပြောနိုင်တာလဲ။”
“ဖန်ကျန်းရှှီ မင်း ရပ်စမ်း။” ဖန်ကျန်းရှီကို ချီဟို့ လှမ်းအော်တယ်။ သူ့ စိတ်ထဲမှာ ဧကရာဇ်ကို ကယ်ရမယ်ဆိုတာ နားလည် နေတာကြောင့် ဖန်ကျန်းရှီလို ထွက်ပြေးလို့ မရဘူး။
“အရှင် လုပ်နိုင်တာကို ကျွန်တော် ယုံကြည်တယ်။ ဒါက နတ်ဆိုး ဘုရင်လေး တစ်ယောက်ပဲ လေ။” ဖန်ကျန်းရှှီ ပြေးရင်းနဲ့ ပြန်ဖြေတယ်။ ချီဟို့ကတော့ ပြောစရာ စကားမဲ့နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ကိုင်ထားတဲ့ ကြေးစိမ်းတံခါးကြီးကို ကြည့်ရင်း သူ့ စိတ်ထဲ စကားလုံး တစ်ခု ဝင်လာတယ်။ သေရှင်ဂိတ်တံခါး။ ဘယ်လို ဖြစ်နိုင်မှာလဲ။
ဒါပေါ့ အရင်တုန်းက သေရှင် ဂိတ်တံခါးကို သူ မြင်ဖူးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ဒီလို မြှောက်ထားမယ်လို့ မထင်ထားမိဘူး။ ဒါတောင် ဖန်ကျန်းရှီက ဒီ လောက်မြန်မြန် ပြေးနိုင်သေးတယ်။
ဒီကောင်က သေရှင် တာအိုကို တတ်ထားတာလား။ ဒါက ပိုတောင် မဖြစ်နိုင်သေးတယ်။ သေရှင် တာအိုက မြောက်ပိုင်း လူရိုင်း တိုင်းပြည် တော်ဝင် မိသားစုရဲ့ အထူး တာအိုလေ။ ဖန်ကျန်းရှီက ဘယ်လိုများ ဆရာ ကျအောင် တတ်မြောက်နိုင်မှာလဲ။ သူ ပို တွေးလေလေ။ ပိုပြီးတော့ စိတ်ရှုပ်လာလေပဲ။ အဲ့ဒီ့နောက် သူပြေးတော့တယ်။
နတ်ဆိုးဘုရင် လာနေတော့ သူလည်း ဘာမှ မလုပ်နိုင် ဘူးလေ။ ဖန်ကျန်းရှီ ကိုင်ထားတာ တကယ့် သေရှင် ဂိတ်တံခါး ဖြစ်နေမယ်ဆိုရင် သဲလွန်စတော့ နည်းနည်း ရလာပြီ။ အကယ်၍ ဖန်ကျန်းရှီ လက်ထဲမျာ ကိုင်ထားတဲ့ သေရှင် ဂိတ်ကိုသာ နတ်ဆိုးဘုရင် လိုက်နေတာ ဖြစ်ရင်။ သေရှင်ဂိတ်ကို ကာကွယ်ဖို့က ပိုအရေးကြီးတယ်။ ဒီ အကြောင်းရင်းကြောင့် ချီဟို့လည်း ဘာကိုမှ ဂရု မစိုက်ပဲ ပြေးလိုက်တော့တယ်။
“ဟေး ဖန်ကျန်းရှီ ရပ်စမ်း။ မင်းကိုင်ထားတာ မြောက်ပိုင်း လူရိုင်း တိုင်းပြည်က သေရှင်ဂိတ်လား။” ချီဟို့ ဖန်ကျန်းရှီ ဆီ ပြေးလာရင်း အော်တယ်။
“အိုး အရှင် ဒီ ပစ္စည်း အကြောင်းကို သိတာလား။ ဒါပေမယ့် အခုတော့ ဒီ သေရှင် ဂိတ်တံခါးက ကျွန်တော့် အပိုင် ဖြစ်နေပြီ။” ဖန်ကျန်းရှီ လှမ်းပြောတယ်။
“မင်းရဲ့ သေရှင် ဂိတ်တဲ့လား။ အရှက်မရှိလိုက်တာ။” ချီဟို့ လှမ်းအော်တယ်။ သူ တကယ် အံ့သြနေခဲ့တယ်။ တကယ်ပဲ သေရှင် ဂိတ်တံခါး ဖြစ်မယ်ဆိုရင်။ ဘာတွေ ဖြစ်နေတာလဲ။ နန်းတော်ထဲမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ။ ချီဟို့ အသံက တဖြည်းဖြည်း နီးလာတာကို သတိထားမိတာကြောင့် ဖန်ကျန်းရှီ နားလည်သွားတယ်။
“-ျီးပဲ။ ဟိုက နတ်ဆိုးလေးကို သွားတိုက်လေ။ ဘာလို့ ငါ့နောက် လိုက်နေတာလဲ။”
“ ဒီဖေ-- မင်းမေ့ နတ်ဆိုးလေး။ ငါ့ကို ငတုံးများ မှတ်နေတာလား။ အဲ့တာ နတ်ဆိုးဘုရင် ဆိုတာ အသိသာကြီး။” ချီဟို့ လှမ်းအော်တယ်။
“ ဒါပေမယ့် ခင်ဗျားက နတ်ဆိုး ကျောင်းတော် အရှင်လေ။ နတ်ဆိုးဘုရင်လေး တစ်ကောင်ကိုတောင် မနိုင်ဘူးလား။” ဖန်ကျန်းရှီ ဆက်ပြေးရင်း ပြောတယ်။
“ငါ သူ့ကို မနိုင်ဘူး။” ချီဟို့ ဒါမျိုး ပြောရမှာ မရှက်ခဲ့။ အဲ့ဒီ့နောက် သူ ဆက်ပြောတယ်။ “နန်းတော်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ။ အရှင်မင်းမြတ်ကော ဘယ်လို အခြေအနေ ရှိလဲ။”
“ မေးတာကောင်းတယ်။ ငွေသား တစ်သိန်း ပေးရင်း ဖြေမယ်။” ဖန်ကျန်းရှီ မျှော်လင့်တကြီးနဲ့ ပြောတယ်။
“မင်းက ဒီ အချိန်မှာတောင် ငွေကို အာရုံရောက် သေးတယ်လား။ ငါ ကတိမတည်မှာ မကြောက်ဘူးလား။”
“အိုး တကယ်တော့ မကြောက်ပါဘူး။ နတ်ဆိုးကျောင်းတော် သခင်က နန်းတော်ထဲကို ဝင်ပြီး ဧကရာဇ်ကို ကယ်ဖို့ လာတယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ကို တွေ့တော့ လန့်ပြီး ထွက်ပြေးသွားတယ်။ ဒီလို ပုံပြင်မျိုး စားသောက်ဆိုင်တွေမှာ ပြောကြရင် လူတွေ စိတ်ဝင်စားမယ် ထင်လား။”
“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။” ချီဟို့ လန့်သွားတယ်။ အံကြိတ်ရင်း ပြန်ဖြေတယ်။ “ကောင်းပြီ။ ငွေသားတစ်သိန်း ပေးမယ်။”
“ညီလာခံ ခန်းမ ဖျက်ဆီးခံလိုက်ရပြီ။ ဧကရာဇ်က အသက်ရှင်နေသေးတယ်။”
“ပြီးတော့ကော။”
“ဒါအကုန်ပဲ။”
“…”
ချီဟို့ ငွေသား တစ်သိန်းကို အလကား ဖြုန်းတီးမိသလို ခံစားနေရတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဧကရာဇ် လင်းမုပိုင် အန္တရာယ် ကင်းတာ သိရတော့ စိတ်သက်သာရသွားတယ်။
“ဟေး၊ ငါ့ကို စောင့်အုန်း။”
“အရှင် ရူးနေတာလား။ နောက်ဆုံး ကျန်တဲ့သူက အရင်ဆုံး ဒုက္ခခံရမှာလေ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ နန်းတော်ဂိတ်ကို အရှိန်ပြင်းပြင်း ဆက်ပြေးနေခဲ့တယ်။
“…” ချီဟို့ ပြောစရာ စကားမဲ့နေတယ်။
ဒီအချိန်မှာပဲ သူတို့ ဆီ ပြေးဝင်လာပြီး ဖန်ကျန်းရှီကို လှံတွေနဲ့ ချိန်ထားတဲ့ မြို့စောင့်တပ်တွေကို သူတွေ့လိုက်ရတယ်။ ဖန်ကျန်းရှီကို မြင်တဲ့ အချိန် ချီဟို့ ဖြစ်သွားခဲ့သလို သူတို့လည်း အံ့သြ ကြောင်အ နေရတယ်။ ဒါပေမယ့် မေးခွန်းတွေက အရေး မကြီးဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ လက်ထဲက သေရှင် ဂိတ်ကြီး ပြုတ်ကျလာတာ ကြောင့်ပဲ။
“ဝုန်း” နားကန်းမတတ် အသံကြီး ထွက်ပေါ်လာတယ်။ ကျောက်တုံးလေးတွေ မြေပြင်ပေါ်ကို ပျံတက်လာတယ်။ ကျောက်တုံးကြီးတွေ ကတော့ အက်ကွဲကုန်တယ်။ သေရှင်ဂိတ်က ဖန်ကျန်းရှီ ရဲ့ ခြေထောက်အောက်ကို ရောက်သွားတယ်။ မြို့စောင့်တပ်တွေ ကြောက်လန့် တကြား နောက်ဆုတ်သွားတယ်။ သေရှင် တံခါး ပြုတ်ကျသွားတဲ့ အချိန်မှာပဲ။ ဖန်ကျန်းရှီက ရူးစရာ ကောင်းလောက်အောင် မြင့်တဲ့ အမြင့်ကို ခုန်ပြီး နန်းတော် တံတိုင်းပေါ် ရောက်သွားတယ် ။
“ဒီ ခွေးကောင်။” ချီဟို့ အော်ဆဲ မိတော့တယ်။
အပိုင်း(၅၈၄)ပြီး၏။
အပိုင်း (၅၈၅)
“နောက်ဆုံးတိုက်ခိုက်မှု။ မြို့တော်ထဲကို ထိုးဖောက်မယ်။”
ဘာသာပြန်သူ - Enri Thaw
ချီဟို့ နောက်လှည့်ကြည့်တယ်။ သူ့ နှလုံးသား တစ်ခုလုံး တုန်ယင်သွားတယ်။ နတ်ဆိုးကျောင်းတော် ခေါင်းဆောင် တစ်ယောက်၊ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုကို စောင့်ကြပ်ရတဲ့သူ။ သူ့မှာ တိုင်းဆမရတဲ့ ယုံကြည်ချက်တွေ ရဲစွမ်း သတ္တိတွေ ရှိတယ်။ ယုံကြည်ချက် ရှိတာနဲ့ မောက်မာတာက မတူဘူး။ အခုချိန်မှာ ကိစ္စက အရမ်းကို ကြီးမားနေတယ်လေ။
ရုတ်တရက် ကြီးမားတဲ့ အရာကြီး တစ်ခု လေထဲမှာ ပေါ်လာတယ်။ တကိုယ်လုံး သံချပ်ကာ နက်နဲ့ ဖုံးအုပ်ထားပြီးတော့ ခေါင်းပေါ်က ဂျိုနှစ်ချောင်းက တောက်ပနေတယ်။ အစိမ်းရင့်ရောင် အလင်းတန်းတွေက သူ့မျက်လုံးထဲကနေ ဖြာထွက်နေခဲ့တယ်။ ကြီးမားတဲ့ ကိုယ်ခန္ဒာကြီး တစ်ခုလုံး အမွှေးနက်တွေ ပြည့်နေပြီးတော့ ခွာလေးဖက်လည်း ပါတယ်။
ဒီသားရဲကောင်ကြီးကြောင့် ကောင်းကင်က အလင်းရောင်တောင် ပျောက်သွားခဲ့ပြီ။ ကြယ်ရောင် လရောင်တွေကို ဖုံးအုပ်သွားခဲ့တာ။ ခွာလေးဘက်ကို ဒုန်းစိုင်းနှင်ရင်း ချီဟို့ဆီကို တန်းတန်း မတ်မတ်လာနေတယ်။ ဖန်ကျန်းရှီ ပြောခဲ့တဲ့ (နောက်ဆုံးမှာ ကျန်တဲ့သူက အရင်ဆုံး ခံစားရမယ်) ဆိုတာကို ချီဟို့ နားလည်သွားခဲ့ပြီ။ ဖန်ကျန်းရှီ နန်းတော် ဂိတ်ကို ခုန်ကျော် နေတဲ့ အချိန် နတ်ဆိုးဘုရင် ပေါ်လာခဲ့တာ။ သူ့ရည်ရွယ်ချက်က ရှင်းတယ်။ ဖန်ကျန်းရှီကို လေထဲမှာ သတ်ဖို့ပဲ။
ချီဟို့ အကြပ်အတည်းထဲ ရောက်နေတယ်။ အခုလို အချိန်မှာ သူ ထွက်ပြေးလို့ရတယ်။ နတ်ဆိုးဘုရင် ရဲ့ ပြစ်မှတ်က ဖန်ကျန်းရှီ လေ။ ဒါပေမယ့် သူ တကယ်ပဲ ပြေးလို့ရလား။ မဖြစ်ဘူး။ ဖန်ကျန်းရှီက ထွက်ပြေးပြီး အသက်ရှင်တာ မရှင်တာက အရေး မကြီးဘူး။ သူ့လက်ထဲက သေရှင် ဂိတ်တံခါးကိုတော့ သူ လျစ်လျူ မရှုနိုင်ဘူး။
“ကောင်စုတ်လေး။ မင်းငါ့ကို အကြွေးတင်သွားပြီ။” ချီဟို့ လှမ်းအော်တယ်။ အဲ့ဒီ့နောက် သူ့ တစ်ကိုယ်လုံး ကျောက်စိမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။
“ဝူး …”
တစ်ချိန်တည်းမှာပဲ ချီဟို့ အားအပြည့်နဲ့ ခုန်လိုက်တယ်။ သူ့ရဲ့ လက်ဝါးထဲကနေ အစိမ်းရောင် အလင်းတန်း ဆယ်ခု ထွက်ပေါ်လာတယ်။
“ဝုန်း”
အလင်းတန်း ဆယ်ခုက နတ်ဆိုးဘုရင်ကြီးရဲ့ ခေါင်းကို ထိခိုက်တယ်။ အဆက်မပြတ် ပေါက်ကွဲတော့တယ်။
“ဝူး”
အစိမ်းရောင် အလင်းတန်းတွေ လေထဲမှာ လှိုင်းထန်သွားတယ်။ ကြီးမားတဲ့ ကွန်ယက်စိမ်းကြီး ဖြစ်ပေါ်လာတယ်။ နတ်ဆိုး ဘုရင်ကြီးရဲ့ ခေါင်းကို ဖုံးအုပ်တယ်။ ကွန်ယက်ကြီး တစ်ခုလုံး ပေါက်ထွက်တော့မယ်။ ဒီမြင်ကွင်းက လန့်စရာ ကောင်းလွန်းတယ်။
မြို့စောင့်တပ်တွေ ဖန်ကျန်းရှီ နန်းတော်နံရံကို ခုန်သွားတာ ပထမဆုံး တွေ့တယ်။ အဲ့ဒီ့နောက် သူတို့ ခေါင်းပေါ်မှာ သတ္တဝါကြီး တစ်ကောင် ဖြတ်သွားတယ်။ ရုတ်တရက် အစိမ်းရောင် ကွန်ယက်ကြီး ဖြစ်ပေါ်လာပြီးတော့ သတ္တဝါကြီးရဲ့ ခေါင်းကို ချုပ်လိုက်တယ်။ တကယ့်ကို လန့်စရာကြီးပဲ။
“အဲ့တာ ဘာကောင်ကြီးလဲ။”
“အင်အားကြီးလိုက်တာ။”
“မြန်မြန်၊ ပြေးတော့၊ လာနေပြီ၊”
မြို့စောင့်တပ်တွေ အော်ဟစ်ကြတယ်။ သူတို့ အတွက်တော့ ဒါက လုံး၀ မနိုင်နိုင်တဲ့ တိုက်ပွဲ တစ်ခုလည်း ဟုတ်တယ်။
“ဝေါင်း”
ဒီအချိန်မှာပဲ နတ်ဆိုးဘုရင်က သားရဲကောင်လို အော်ဟစ်တယ်။ ပိုက်ကွန်စိမ်းကြီး တစ်စစီ ဖြစ်သွားတယ်။ အဲ့ဒီ့နောက် နတ်ဆိုးဘုရင် အရွယ်ပြန်ကျုံ့သွားတယ်။ မူလ ဝတ်ရုံဖြူဝတ် ကျောင်းတော်သား ပုံစံကို ပြန်ရောက်တယ်။
“မိုးနတ်မင်းရေ”
“လူပုံစံနဲ့ နတ်ဆိုးလား။ အဲ့တာ နတ်ဆိုးဘုရင်ကြီးလား။”
“အဲ့တာ နတ်ဆိုးဘုရင်ကြီး။ ဘာတွေ ဖြစ်နေတာလဲ။ ကယ်ကြပါအုန်း။”
ပြန့်ကျဲနေတဲ့ မြို့စောင့်တပ်တွေ ဒီ အပြောင်းအလဲကို မြင်တော့ ပုန်းဖို့ နေရာ ရှာကြတယ်။
“ဒီတော့ မင်းက ငါ့ကို တားနိုင်မယ် ထင်နေတာလား” အရှင်ရှဲ့လော့ က ကြောက်လန့်နေတဲ့ မြို့စောင့်တပ်တွေကိုတော့ အာရုံ မစိုက်ဘူး။ ချီဟုန်ကိုသာ မျက်လုံးစိမ်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ ချီဟို့ တစ်ကိုယ်လုံး နာကျင်မှု အပြည့်နဲ့ မြေပြင်ပေါ်ကို ပြစ်လဲသွားခဲ့တယ်။ သူ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။ မျက်နှာ တစ်ခုလုံး ဖြူဖျော့နေခဲ့ပြီ။
နတ်ဆိုးဘုရင်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုပဲ။ ဧကရာဇ်တောင် သူ့ကို တိုက်ခိုက်လို့ မနိုင်တာ။ သူ့လို နတ်ဆိုး ကျောင်းတော် သခင် တစ်ယောက်က ဘယ်လိုများ တားနိုင်မှာလဲ။ ဒါပေမယ့် ချီဟို့ နောင်တ မရဘူး။ ဧကရာဇ်နဲ့ အတူ တိုက်ပွဲမှာ အတူတူ တိုက်ခိုက်ခဲ့တဲ့ ကျောင်းတော် ဆယ့်သုံးခု ထဲက တစ်ယောက်၇ကြ ခေါင်းဆောင်ပဲလေ။ နန်းတော်နဲ့ ကြီးမြတ်သောရှ နိုင်ငံတော်ကို ကာကွယ်ဖို့ သူ့မှာ တာဝန်ရှိတယ်။
အာဏာကို လုတဲ့ တိုက်ပွဲမှာ သူ ဘက်ရွေးချယ်ပြီး တိုက်ခိုက်နိုင်တယ်။ ကြီးမြတ်သောရှ နိုင်ငံတော် အတွက် လူရာချီကို သတ်နိုင်တယ်။ ဒါပေမယ့် ကြီးမြတ်သော ရှမင်းဆက်ကို ကယ်တင်ဖို့ သူ့ အသက်ကို စတေးဖို့ လိုလာရင် သူမတွေဝေနိုင်ဘူး။
“ငါမင်းကို ရပ်တန့်ရမယ်။” အရှင်ရှဲ့လော့ရဲ့ မျက်လုံး စိမ်းတွေကို ကြည့်ရင်း ချီဟို့ ပြန်ဖြေတယ်။ ဖြူဖျော့နေတဲ့ မျက်နှာက လွဲပြီးတော့ သူ့ အမူအယာက အရမ်းကို တည်ငြိမ်နေခဲ့တယ်။
“ကောင်းပြီ။” အရှင်ရှဲ့လော့ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူ လှုပ်ရှားတယ်။ ချီဟို့ဆီ သူမသွားဘူး။ ဖန်ကျန်းရှီ နောက်ကို ဆက်ပြီးတော့ ပြေးလိုက်ခဲ့တယ်။
“ငါ့ကို မသတ်ဘူးလား။” ဖန်ကျန်းရှီ နောက်ကို လိုက်သွားတဲ့ အရှင်ရှဲ့လော့ကို ကြည့်ရင်း ချီဟို့ အံ့သြနေမိတယ်။ သူက ဒဏ်ရာ ရထားပြီးသားလေ။ နောက်ပြီးတော့ အရှင်ရှဲ့လော့ကို စိတ်ဆိုးစေလိုက်တယ်။ ဒါကို မသတ်ဘူးတဲ့။ အဓိပ္မာယ် မရှိလိုက်တာ။ ချီဟို့ ပဟေဠိ ဖြစ်နေတယ်။
တခြားတဖက်မှာတော့ ဖန်ကျန်းရှီက ငရဲက ပြန်လာရသလို ခံစားနေရတယ်။ နတ်ဆိုးဘုရင်က တကယ့်ကို အင်အားကြီးတယ်။ ချီဟို့ တားပေးတာကြောင့်သာ မဟုတ်ရင်။ အခုချိန်မှာ ဖန်ကျန်းရှီ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေလောက်ပြီ။ သေတောင် သေနိုင်သေးတယ်။
ဒါပေမယ့် ချီဟို့ကို အရှင်ရှဲ့လော့ က ဘာလို့ မတိုက်ခိုက်တာလဲ။ အရှင် ရှဲ့လော့ သူ့ နောက်ကို အရှိန်ပြင်းပြင်း နဲ့ လိုက်လာတာ တွေ့ပြန်တယ်။ ဒါပေမယ့် အရှင် ရှဲ့လော့ နောက်မှာလည်း လူသုံးယောက် ပါလာတာကို တွေ့တယ်။ ရန်ရွှယ်၊ ရှန်းယွီ နဲ့ ပင်းယန်။ ဒါပေါ့ အရှင်ရှဲ့လော့က ချီဟို့ကို သတ်ဖို့ အခွင့်အရေး ရတယ်။ဒါပေမယ့် သူသာ ရပ်တန့်လိုက်ရင်။ ဒီသုံးယောက်က သူ့ကို တားမှာလေ။ ဒါဆိုရင် ဘယ်လို ဖြစ်သွားမလဲ။ လေးယောက် တစ်ယောက်ဆိုပေမယ့် သူ အနိုင်ယူနိုင်တယ်။ ဒါပေမယ့် အချိန်တော့ ကုန်သွားလိမ့်မယ်။
“တကယ့်ကို ဉာဏ်ကောင်းတဲ့ နတ်ဆိုးဘုရင်ပဲ။” အရှင် ရှဲ့လော့ရဲ့ တစ်ယောက်တည်းသော ပြစ်မှတ် ဖြစ်နေတဲ့ ဖန်ကျန်းရှီ အရမ်းကို ဖိအား များနေခဲ့တယ်။ သူက နန်းတော်ကို လာတာ ပွဲကြည့်ဖို့လေ။ ဘာကြောင့် မနားတမ်း လိုက်ဖမ်း ခံနေရတဲ့ ဘဝကို ရောက်သွားရတာလဲ။ ဖန်ကျန်းရှီ ပြေးပဲ ပြေးနိုင်တော့တယ်။
…
အခုက ညမှာ ဖြစ်နေတာ။ လရောင်က ကောင်းကင်မှာ ဖြာကျနေဆဲ။ သမိုင်းထဲက ရန်မြို့တော်ကြီးကို ပိုးသားခြုံထည်နဲ့ လွှမ်းထားသလို တောက်ပနေတယ်။ ရန်မြို့တော်ရဲ့ လမ်းတွေမှာ လူတွေ အများကြီး ထွက်ကြည့်နေကြတယ်။ နန်းတော်ထဲက အသံတွေ ဆူလွန်းလို့ သူတို့ မအိပ်နိုင်ကြတော့ဘူး။ အဲ့ဒီ့နောက် သူတို့ မြင်ကွင်းထဲမှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။
တော်ဝင် အမတ်မင်း ဝတ်ရုံနက်နဲ့ ရင်ဘတ်မှာ (တော်ဝင်)ဆိုတဲ့ စကားလုံးကို ရွှေချည်ထိုးထာတယ်။ သူ့ရဲ့ ရာထူး မြင့်မားတာ အသိသာကြီးပဲ။ တော်ဝင် ကျောင်းတော် ကျောင်းအုပ်။ ဒီနှစ် ညီလာခံ စာမေးပွဲရဲ့ အဓိက စာစစ်သူ။ အမတ်မင်း ဖန်ကျန်းရှီ။ ရန်မြို့တော် ထဲမှာ သူ့ အကြောင်း မကြားဖူးတဲ့သူ ရှိရင်၊ ဒီလူက အတော့်ကို တုံးအတဲ့ သူပဲ။
ဒါပေမယ့် တောက်ပနေတဲ့ တော်ဝင် ကျောင်းတော် ကျောင်းအုပ်က အခု ဘယ်လိုများ ဒီလို အခြေအနေ ရောက်နေရတာလဲ။ နောက်ပြီးတော့ သူ့ လက်ထဲ ကိုင်ထားတာ ဘာကြီးလဲ။ ရှေး စာပေတွေမှာ ပါတာကတော့ စွမ်းအား မြင့်တဲ့ လူတွေက အရမ်းလေးတဲ့ ပစ္စည်းတွေကို မနိုင်ကြတယ်။
ဒီလို အင်အားကြီးတဲ့ လူတွေက ဂိတ်တံခါးကြီး တစ်ခုလုံးကို မနိုင်တယ်လား။ နောက်ပြီးတော့ အမတ်မင်း ဖန်က တောင်ပိုင်း ဒေသ တိုက်ပွဲမှာ ကျင့်ကြံဆင့်တွေ ပျောက်သွားပြီ မဟုတ်ဘူးလား။ အခုတော့ ကြေးတံခါး အကြီးကြီးကို မပြီးတော့ ရူးလောက်တဲ့ အရှိန် နှုန်းနဲ့ ဘယ်လိုများ ပြေးနေ နိုင်တာလဲ။ လူတိုင်းရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ပေါ်လာတယ်။ ဒါပေါ့ သူတို့ အသိချင်ဆုံး မေးခွန်းက။ အမတ်မင်း ဖန်ကြည့်ရတာ တစ်ခုခုကနေ လွတ်အောင် ပြေးနေသလိုပဲ။ ဒါပေမယ့် သူ ဘယ်ကို ပြေးနေတာလဲ။ စိတ်ရှုပ်ပြီး အထိတ်တလန့် ဖြစ်နေကြတယ်။
သူတို့ မျက်လုံးတွေထဲမှာ ခံစားချက် ပေါင်းစုံကို တွေ့နေရတယ်။ သူ့ကို ရပ်တန့်ပြီး မေးလိုက်ချင်တယ်။ “ ဘယ်ကို ပြေးနေတာလဲ။” “ဘာဖြစ်လို့ ပြေးနေတာလဲ။”
ဒါပေမယ့် ဖန်ကျန်းရှီ နောက်မှာ ပြေးလိုက်နေတဲ့ အရှင် ရှဲ့လော့ကို တွေ့တော့ သူတို့ရဲ့ ထိတ်လန့်မှုက အကြောက်တရားက ဖြစ်သွားခဲ့တယ်။
“အဲ့တာ ဘာ နတ်ဆိုးလဲ။ သူ့ ခေါင်းပေါ်မှာ ဂျို နှစ်ချောင်းနဲ့ ”
“နတ်ဆိုးဘုရင်၊ သူက လူပုံစံနဲ့ နတ်ဆိုးဘုရင်ပဲ။”
“ဟင်၊ နတ်ဆိုးဘုရင်ကြီး”
“မြန်မြန် ပြေး
ဘာတွေ ဖြစ်နေမှန်း သိချင်နေကြတဲ့ ပြည်သူတွေ အရှင်ရှဲ့လော့ကို မြင်တော့ ချက်ခြင်း ပြောင်းလဲ ကုန်တယ်။ ဘယ်သူမှ သူတို့ လမ်းကို ပိတ် မရပ်ချင်ဘူး။ ရန်မြို့တော်က အကြီးကြီး။ ဒါပေမယ့် လူနှစ်ယောက်က စိတ်လွတ်သလို အရှိန်နှုန်းနဲ့ ဒီလို ပြေးနေတော့ မြို့တော်က မကြီးတော့ သလိုပဲ။ ဖန်ကျန်းရှီကတော့ အခက်တွေ့နေပြီ။ ဒါပေမယ့် နီးကပ်လာတဲ့ ရန်မြို့တော်ကို မြင်တော့ သူ ပိုပြီးတော့ အခြေအနေ မကောင်း ဖြစ်သွားခဲ့တယ်။ ဂိတ်တံခါးက ပိတ်နေပြီ။
“တံခါးဖွင့်။ ငါ့ကို ထွက်ခွင့်ပေး။” ဖန်ကျန်းရှီရဲ့ ကူကယ်ရာမဲ့ အော်သံ ထွက်ပေါ်လာတယ်။ အသက် ၁၈ နှစ် အရွယ် လူငယ်လေး တစ်ယောက်ရဲ့ အော်သံနဲ့ မတူဘူး။ နှစ်တစ်ထောင် လောက် ဝမ်းနည်းမှုတွေ ပွင့်ထွက်လာတဲ့ အတိုင်း ကြေကွဲသံတွေ ပြည့်နေခဲ့တယ်။ အတော့်ကို စိတ်ဆင်းရဲ စရာ အဖြစ်ပဲ။ နတ်ဆိုးဘုရင်ကြီးက သူ့ နောက်ကို လိုက်နေတယ်လေ။ နာကျင်စရာ အဖြစ်ပဲ။
ဖန်ကျန်းရှီမှာ ရွေးချယ်စရာမရှိ။ သူ ဆက်ပြေးနေရတယ်။ မြို့တံခါးက စစ်သည်တော်တွေနဲ့ တခြားသူတွေ ဖန်ကျန်းရှီရဲ့ စိတ်သောက အပြည့် အော်သံကို ကြာေးနရတယ်။ သူတို့တွေ ချက်ခြင်း လှည့်ကြည့်ရင်း ထိတ်လန့်သွားခဲ့တယ်။
“ဖန်ကျန်းရှီလား။” စုချင်း ထအော်တယ်။ သူက မြို့တံခါးပေါ်မှာ ရပ်နေခဲ့တာ။ နောက်ပြီးတော့ အခုလို အခြေအနေမျိုးမှာ သူက အရမ်းကို တည်ငြိမ်ဖို့ လိုတယ်။ စစ်နတ်ကျောင်းတော် ခေါင်းဆောင် ရှင်းယွမ်ကောင်းနဲ့ ရင်ဆိုင်ရပြီး တောင်ဖြို တပ်ဖွဲ့နဲ့ တိုက်ခိုက်နေရတာတောင် ဒါကို သူ မမေ့ခဲ့ဘူး။ ဒါပေမယ့် ခုတော့ သူ မတည်ငြိမ် နိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက သီးခြား မြင့်မြတ် တိုင်းပြည်ရဲ့ တန်ဖိုး အကြီးဆုံး ရတနာ သေရှင်ဂိတ်ကို မလာတာလေ။
စုချင်း မိုးကြိုးပြစ်ခံရသလို ခံစားရတယ်။ ထုံထိုင်းပြီး ဆွံ့အသွားခဲ့တယ်။ သေရှင်ဂိတ်တံခါးက ဘယ်လိုများ ဖန်ကျန်းရှီ လက်ထဲ ရောက်သွားတာလဲ။ နောက်ပြီးတော့ သူ ဘာလို့ ဒီ လောက် မြန်မြန် ပြေးနေတာလဲ။ စုချင်း စိတ်ထဲ လုံး၀ နောက်ကျိသွားခဲ့တယ်။ ဖြစ်နေတဲ့ ကိစ္စကို စိတ်ရှုပ်ထွေးနေတာ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး။
မြောက်ပိုင်းသား စစ်သည်တော်တွေလည်း နားမလည်နိုင်ကြ။ လရောင်အောက်မှာ တောက်ပနေတဲ့ သေရှင်ဂိတ်တံခါးကို သူတို့ ကြည့်နေကြတယ်။
“ဖန်ကျန်းရှီကို အခုတား” စုချင်း ချက်ခြင်း အမိန့်ပေးတယ်။ တစ်ခဏတာ တောင့်တင်း သွားပြီးတဲ့နောက် စုချင်းသတိပြန်ဝင်လာတယ်။ ဒီလို မယုံနိုင်စရာမြင်ကွင်း ဖြစ်လာတာကို ဘယ်သူမှ နားမလည်နိုင်ကြဘူး။ ဒါပေမယ့် သေရှင်ဂိတ်က ဖန်ကျန်းရှီ လက်ထဲ ရှိမနေသင့်ဘူးလေ။ သူ့ အမိန့်ကြောင့် သီးခြား မြင့်မြတ် နိုင်ငံက စစ်သည်တော်တွေ တိုက်ခိုက်ဖို့ ပြင်ဆင်ကြတယ်။
“မဟုတ်ဘူး။ မြို့တံခါးကို စောင့်ကြပ်ကြ။ သူ့ကို မြို့ထဲကနေ မထွက်စေနဲ့။”
စစ်ဗျူဟာရှင် တစ်ယောက် အနေနဲ့ နောက်ဆုံး အချိန်မှာ အမိန့်ကို ပြောင်းတာက သေစေနိုင် လောက်တဲ့ အမှားတစ်ခု။ စစ်သည်တော်တွေရဲ့ ယုံကြည်မှုကို လည်း ဆုံးရှုံးနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမယ့် စုချင်း နောက်တစ်ကြိမ် အမိန့်ပေးပြန်တယ်။ အခုချိန်မှာတော့ သူ အတော့်ကို တည်ငြိမ်နေခဲ့ပြီ။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဖန်ကျန်းရှီ နောက်မှာ လိုက်လာတဲ့ ဝတ်ရုံဖြူကို တွေ့ရတာကြောင့်ပဲ။ တောင်ဖြိုတပ်ဖွဲ့က မြို့တော် ဂိတ်ကို ထိုးဖောက်နေပြန်ပြီ။ အကယ်၍ သူတို့ကို နောက်တကြိမ် တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ရင်။ သူတို့တွေ ပျက်စီး ကုန်လိမ့်မယ်။
စုချင်းက အချိန်မှီ အမှားကို ပြင်ဆင် နိုင်လို့ တော်သေးတယ်။ ဒါပေမယ့် အမှားကတော့ အမှားပဲ။ အမျိုးသမီး တစ်ယောက်ကို အိန္နြေပျက်ပြား အောင် လုပ်ပြီးတော့မှ ပြန်တောင်းပန်လို့ မရတော့သလို အဖြစ်မျိုးပဲ။ ဒါက သူ့ နေရာနဲ့လည်း သက်ဆိုင်နေတယ်။ သူ့ရည်ရွယ်ချက်က မြို့တံခါးကို ထိုးဖောက်ဖိုက။ အခုချိန်မှာ လူတစ်ယောက်က သေရှင်ဂိတ်တံခါးကို ကိုင်ပြီးတော့ သူ့ဆီကို လာနေပြီ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အခွင့်အရေးလဲ။
အပိုင်း(၅၈၅)ပြီး၏။
အပိုင်း (၅၈၆)
“ဖန်ကျန်းရှီ၊ လုပ်တာ ကောင်းတယ်။”
ဘာသာပြန်သူ - Enri Thaw
ရှင်းယွမ်ကောင်း အံ့သြစရာ အမိန့်ကို ချက်ခြင်းချလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ လုံး၀ မရှုပ်ထွေးတဲ့ စကားလုံး နှစ်လုံး ဖြစ်နေလို့ပဲ။
“ ဖယ်ကြ။”
“ဖယ်ကြ။”
“ဖယ်”
မြို့တော်ဂိတ်ကို ထိုးဖောက်ဖို့ လုပ်နေတဲ့ တောင်ဖြို တပ်ဖွဲ့တွေ ချက်ခြင်း ဘေးဖယ်သွားတယ်။ မြောက်ပိုင်း တပ်တွေဆီကို သွားဖို့ လမ်း အကျယ်ကြီး ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အအံ့သြဆုံးသူကတော့ ဖန်ကျန်းရှီပဲ။
“ဘာလဲဟ။ တကယ်ပဲ ပွင့်သွားတယ်လား။” ဖန်ကျန်းရှီ့ဘဝမှာ သူ့ စကားက ဒီလောက် အင်အားကြီးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ စကားတစ်ခွန်း တည်းနဲ့ တောင်ဖြိုတပ်ဖွဲ့က စစ်သည်တော် ထောင်ချီကို ဖယ်ရှားအောင် လုပ်နိုင်တယ်တဲ့။ သူတို့တွေ ဒီလောက်တောင် ရိုကျိုးကြတယ်လား။
လွန်ခဲ့တဲ့ တစ်ခဏတုန်းကတော့ သူ ကြောက်လန့်တကြားနဲ့ အော်ဟစ်နေခဲ့တာ။ မြို့တံခါးရဲ့ အခြေအနေကို သူ မမြင်ခဲ့ဘူး။ ဒီမှာ တိုက်ပွဲ တစ်ခု ဖြစ်နေခဲ့တာ။ အခုတော့ သူ ကောင်းကောင်း မြင်ပြီ။ မြောက်ပိုင်း တပ်ကြီးက မြို့တံခါးကို ပိတ်ထားတယ်။ စုချင်းက သူတို့ အပေါ်က မြို့တံတိုင်းပေါ်မှာ။ ဒါဆိုရင် ရှင်းယွမ်ကောင်းက ဘာကြောင့်များ သူတို့ကို ဖယ်ခိုင်းရတာလဲ။ သူ့ကို ကယ်ဖို့ တောင်ဖြို တပ်ဖွဲ့ကို အမိန့်ပေးသင့်တာ မဟုတ်ဘူးလား။ ဒါမှ မဟုတ် ကိုယ်တိုင် ကယ်သင့်တာလေ။ စုချင်း သတိလွှတ်နေတဲ့ အချိန်မှာ လုပ်သင့်တာ။
ဘေးဖယ်တဲ့လား။ မဖြစ်သင့်တာပဲ။ မြောက်ပိုင်းတပ်တွေ ထဲကို ဖန်ကျန်းရှီ ကိုယ့်ဘာကိုယ် ဖြတ်အောင် ရှင်းယွမ်ကောင်းက လုပ်လိုက်တာပဲ။ အကယ်၍ ရွေးချယ်စရာမရှိရင်။ ဖန်ကျန်းရှီက ဒါမျိုး လုံး၀ လုပ်မှာ မဟုတ်ဘူး။ အခုတော့ သူ့ မှာ ရွေးစရာ မရှိဘူးလေ။ သူ့နောက်က ပြင်းထန်တဲ့ အရှိန်ဝါတွေကို ခံစားလို့ရနေတယ်။ အရှင်ရှဲ့လော့က အရမ်း နီးလာနေပြီ။ နောက် တနေရာကို ပြောင်းဖို့က မဖြစ်နိုင်တာပဲ။
လမ်း အဖြောင့်က ပိုတိုတယ်လေ။ နောက်ထပ် တခြား နည်းလမ်း မရှိတော့ဘူး။ ခေါင်းပေါ်မှာ သေရှင်ဂိတ်ကို မြှောက်ကိုင်ရင်း မြောက်ပိုင်း တပ်တွေဆီကို ဝင်ပြေးတော့တယ်။
“ မင်း နှမကိုပဲ နှုတ်ဆက်တယ် ပြောပေးလိုက်” ဖန်ကျန်းရှီ ဒေါသတကြီးနဲ့ အော်တယ်။ အဲ့ဒီ့နောက် သေရှင်ဂိတ်တံခါးကို သုံးပြီးတော့ မြောက်ပိုင်း တပ်တွေကို ရိုက်တော့တယ်။
“ဒါပဲလေ။” ရှင်းယွမ်ကောင်း ပြုံးနေခဲ့တယ်။ “သေရှင်ဂိတ်ကို သုံးပြီးတော့ လမ်းဖွင့်လိုက်တယ်။ မဆိုးဘူး။”
“ဝုန်း”ရှင်းယွမ်ကောင်း ရဲ့ စကားဆုံးတာနဲ့ နားကန်းလောက်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။ မြေပြင်တွေကို အက်ကွဲသွားစေတဲ့ ရိုက်ချက်ကြီးတစ်ခု။ မြေကြီးပေါ်မှာ အက်ကွဲကြောင်းတွေ ပေါ်လာခဲ့တယ်။
“အား”
“အား”
နာနာကျင်ကျင် အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်။ မြောက်ပိုင်း သီးခြားနိုင်ငံရဲ့ တန်ဖိုးအကြီးဆုံးရတနာ။ တည်ရှိခဲ့တာ နှစ်တွေ အများကြီး ကြာမြင့်နေပြီ၊ ဒီ အချိန် တစ်လျှောက်လုံးမှာ သေရှင်ဂိတ်က ကောင်းကင်နဲ့ မြေကြီးကို ဆက်ပေးထားတဲ့ ဖြစ်တည်မှုကြီးတစ်ခုလို မရွေ့လျားပဲ ရှိနေခဲ့တာ။ အကြောင်းရင်းကတော့ အရမ်းကို ရှင်းပါတယ်။ ဘယ်သူမှ မရွေ့နိုင်လို့လေ။ ဒါကြောင့် သေရှင်ဂိတ် တံခါး ဘယ်လောက်တောင် လေးမလဲ တွေးကြည့်နိုင်တယ်။
အချိန် အကြာကြီး ဒီအတိုင်း ရှိနေခဲ့တယ်။ လူတစ်ယောက် ပေါ်လာပြီးတော့ မရွေ့ခင်အထိ။ ရွေ့ရုံတင် မကဘူး။ သူ့ အတွက်သူ သုံးဖို့ ယူ မသွားခင်အထိပေါ့။ သီးခြား မြင့်မြတ်နိုင်ငံ အတွက် သေရှင်ဂိတ်တံခါးက အရမ်းကို အရေးပါတယ်။ ဒါကြောင့်ပဲ။ မြောက်ပိုင်းသားတွေ မတိုက်ခိုက်ဝံ့တာ။ သေရှင်ဂိတ်က မထိခိုက်နိုင်တာကို သူတို့ သိတယ်။ ဒါပေမယ့် နိုင်ငံ့ အထွတ်အမြတ် ရတနာကို ဘယ်သူက အပြစ်ပြုဝံ့မှာလဲ။ ဒါကြောင့် သူတို့ ခုန်ရှောင်ရုံသာ တတ်နိုင်တယ်။ တစ်ချို့ကတော့ မခုန်နိုင် ကြဘူး။
ဒါကြောင့် သေရှင်ဂိတ်တံခါးကြီးနဲ့ တိုက်မိပြီး သူတို့ရဲ့ သံချပ်ကာတွေ အက်ကွဲကုန်တယ်။ မြေကြီးထဲက အက်ကွဲကြောင်းတွေထဲ ပြုတ်ကျကုန်တယ်။ သီးခြားမြင့်မြတ် နိုင်ငံရဲ့ ထိပ်တန်း စစ်သည်တော်တွေမှာ ဝံပုလွေ အမှတ်အသားတွေ ရှိကြတယ်။ သူတို့ကို သမန်းဝံပုလွေ တပ်ဖွဲ့လို့ ခေါ်တယ်။ ဖန်ကျန်းရှီက ဒီ ဝံပုလွေ အုပ်ထဲကို ဝင်တိုးနေတဲ့ သိုးတစ်ကောင်လိုပဲ။ ဒါပေမယ့် သူ့လက်ထဲမှာ ဝံပုလွေ ခေါင်းဆောင်ကြီးရဲ့ သွားကို ကိုင်ထားသလို ဖြစ်နေတာတော့ အံ့သြစရာပဲ။
ဒါပေါ့ ဖန်ကျန်းရှီက ဒါတွေ အကြောင်း ဘာတစ်ခုမှ မသိဘူး။ သူသိတာက ကိစ္စတွေ အရမ်း လွယ်နေတာပဲ။ ဗျူဟာ တကျ ခင်းထားတဲ့ တပ်ဖွဲ့ကြီးက သေရှင်ဂိတ်ကို ယမ်းလိုက်ရုံနဲ့ မှော်ဆန်ဆန် ပြိုကွဲသွားတယ်။ သူ့ လမ်းသူ ဖောက်နိုင်လိုက်တာကြောင့် ဖန်ကျန်းရှီ ပျော်မြူးနေခဲ့တယ်။ ဒီအချိန်မှာပဲ မျှော်လင့်ချက်တွေ ပြည့်လာခဲ့တယ်။ လှိုဏ်ခေါင်းထဲမှာ အလင်းရောင် တွေ့လိုက်ရသလိုပဲ။
အဲ့ဒီ့နောက် သေရှင်ဂိတ်ကို သူ မြှောက်ပြီး ပုခုံးပေါ် ထမ်းလိုက်တယ်။ လက်နက်ကြီး တစ်ခုကို သယ်ထားတဲ့ အတိုင်းပဲ။ မြောက်ပိုင်းသား စစ်သည်တော်တွေက ဖန်ကျန်းရှီရဲ့ အစွမ်းကို မကြောက်ဘူး။ ဒါပေမယ့် သူ့ လက်ထဲက သေရှင်ဂိတ်တံခါးကိုတော့ ကြောက်တယ်။ တစ်ချိန်တည်းမှာပဲ ခရမ်းရောင် အလင်းတန်းတွေ ဖန်ကျန်းရှီ နောက်မှာ ပေါ်လာခဲ့တယ်။ ခရမ်းရောင် အလင်းတန်းတွေနဲ့ လွှမ်းခြုံထားတဲ့ လူတစ်ယောက်။ မြောက်ပိုင်းသား စစ်သည်တော်တွေရဲ့ ခေါင်းပေါ်က ဖြတ်ပြီးတော့ မြို့တံခါး ဆီကို အမြှောက်ဆံ တစ်ခုလို ပြေးသွားခဲ့တယ်။
“ဝူး”
“ဝူး”
လက်နက်ပြစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။
“အမတ်မင်းဖန် လုပ်တာကောင်းတယ်။ ငါ့နှမကို နှုတ်ဆက် စကားပါးပေးပါမယ်။” ခရမ်းရောင် အလင်းတန်းက အော်ပြောသွားခဲ့တယ်။ အရှက်မရှိဘူးဆိုတာ ဘာလဲ။ ရှင်းယွမ်ကောင်းကတော့ ဥပမာ ကောင်းကောင်း ပြလိုက်ပြီ။ ဖန်ကျန်းရှီကို သူ့ အတွက် လမ်းရှင်း ပေးအောင် လုပ်တယ်။ အဲ့ဒီ့နောက် သူက နောက်ကွယ်က လှုပ်ရှားတယ်။
ဖန်ကျန်းရှီသာ ရှင်းယွမ်ကောင်းက ဒီလို လူမှန်း သိခဲ့မယ်ဆိုရင် ဘာ အခွင့်အရေးမှာ ပေးမှာ မဟုတ်ဘူး။ ဒီ ခရမ်းရောင် အလင်းတန်းကို သေရှင်ဂိတ်နဲ့ ပိတ်ရိုက်ပြစ်မှာပဲ။ ပန်းတွေလည်း စိမ်းနိုင်တာကို သိသွားစေရမယ်။ အထူးသဖြင့် ကြေးညှိ စိမ်းရောင်ကို ကောင်းကောင်း မြင်သွားစေရမယ်။ ဒါပေါ့ ဖန်ကျန်းရှီက ဘွဲ့ထူးတွေကို ဂရုမစိုက်ပါဘူး။ အခုချိန်မှာ သူ့အတွက် အရေးအကြီးဆုံးက လွတ်မြောက်ဖို့ပဲ။ ရှင်းယွမ်ကောင်းက ရန်သူ ခေါင်းဆောင်ကို ဖမ်းချင်နေတာ။ ဒါကြောင့် မြို့တော်ထဲကနေ သူလွတ်ဖို့ အများကြီး ကြိုးစားစရာ မလိုဘူး။ ဒါပေမယ့် ရှင်းယွမ်ကောင်းရဲ့အသက်ကို တွေးမိချိန်မှာတော့ သူ့ နှလုံးသား တုန်ယင်သွားတယ်။ “ကျွန်တော် စိတ်ပြောင်းသွားပြီ။ အရှင့် သမီးကို နှုတ်ဆက်တယ် ပြောပေးပါ။”
ရှင်းယွမ်ကောင်းကတော့ သူ့ကို ပြန်မဖြေဘူး။ သူက စုချင်းရှေ့ ရောက်နေပြီလေ။ လက်ထဲမှာ ဓား တစ်ချောင်းနဲ့ စုချင်း ရင်ဘတ်ကို ထောက်ထားခဲ့တယ်။ ရှေးဆိုရိုးတွေရှိတယ်။ စစ်သည်တစ်သောင်းရဲ့ ခေါင်းဆောင်ကို ဖမ်းနိုင်ရင် တိုက်ပွဲ အောင်ပြီ။ ဒါကြောင့် ရှင်းယွမ်ကောင်းလည်း ဒီ အတိုင်း လှုပ်ရှားတယ်။ စုချင်းကတော့ ဖြူဖျော့နေခဲ့ပြီ။ သူ အမှားလေး တစ်ခု လုပ်ခဲ့မိတယ်။ ဒါပေမယ့် ဒီ အမှားရဲ့ ရလဒ်က အတော့်ကို ကြီးမားတယ်။ ရှင်းယွမ်ကောင်းက တောင်ဖြို တပ်ဖွဲ့ကို ချက်ခြင်း လမ်းဖယ်ခိုင်းမယ်လို့ မထင်ထားမိခဲ့ဘူး။
အရာအာလုံးကို သူတွက်ချက်တာ လွဲခဲတယ်။ တော်ဝင်ညီလာခံမှာ နိုင်ငံရေး ကိစ္စတွေမှာ သူ အမြဲတမ်း ကိုယ့်ကိုယ် ယုံကြည်ချက် အပြည့်ရှိတယ်။ အခြေအနေကို ထိန်းကွပ်နိုင်တယ်။ ဒါပေမယ့် စစ်ပွဲမှာတော့ ရှင်းယွမ်ကောင်းက သူ့ထက် အများကြီး ဆုံးဖြတ်ချက် ပိုင်နိုင်တယ်။ တိုက်ပွဲထဲမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်ရင်။ သူ့ရဲ့ ပထမဆုံး အတွေးက ရပ်တန့်ဖို့။ နောက်တစ်ခုက ခုခံဖို့။ ဒါပေမယ့် ရှင်းယွမ်ကောင်းကတော့ ဘယ်လိုလဲ။
တိုက်ပွဲရဲ့ သဘော သဘာဝနဲ့ စစ်သည်တော်တွေရဲ့ နှလုံးသားကို ထွင်းဖောက် မြင်နိုင်တယ်။ မြောက်ပိုင်း စစ်သည်တော်တွေ သေရှင်ဂိတ်တံခါးကို မထိဝံ့တာ သူသိတယ်။ ဒါကြောင့် ဖန်ကျန်းရှီကို အသုံးချပြီး လမ်းဖောက်တယ်။ ဒါက အကုန်မဟုတ်သေးဘူး။ လမ်းပွင့်တာနဲ့ ပြိုင်ဘက် ခေါင်းဆောင်ကို တိုက်ခိုက်တယ်။ စစ်ပွဲမှာ အရမ်းကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ စုချင်းရဲ့ မျက်လုံးထဲ အသိဉာဏ် အလင်း ပွင့်သွားခဲ့တယ်။ ဒါက ကြီးမြတ်သောရှမင်းဆက်ရဲ့ အဓိက မဏ္ဍိုုင်။ ကျောင်းတော်ဆယ့်သုံးခု ခေါင်းဆောင်စစ်စ်ပဲ။
“အမတ်မင်းကို ကာကွယ်ကြ၊”
“နောက်ဆုတ်။”
စုချင်းနောက်က မျက်နှာဖုံးနက်တွေ လှု်ပရှားတယ်။ ရှင်းယွမ်ကောင်း ရောက်လာ မြင်တော့ စုချင်းကို ကာကွယ်ပြီး တိုက်ခိုက်ဖို့ ပြင်ကြတယ်။ သူတို့ ဓားတွေ လှုပ်ရှားတာနဲ့ ရှင်းယွမ်ကောင်းက လှမ်းအော်တယ်။
တိုက်ပွဲက စတင်ပြီ။ ဓားနဲ့ လှံတိုကြားက တိုက်ပွဲပဲ။ အောင်နိုင်သူပဲ ထွက်ခွာနိုင်မယ်။ ရှင်းယွမ်ကောင်းက လှံတိုတွေကို မျက်နှာဖုံးနက်တွေဆီပြစ်လိုက်တယ်။ လံှနဲ့ ဓားတွေ ထိတာနဲ့ မျက်နှာဖုံးနက်တွေ ထိတ်လန့်သွားတယ်။ ဒီပြင်းထန်တဲ့ အင်အားကြီးက သူတို့ ဝိဉာဉ်တွေကို တောင် တုန်ခါစေတယ်။ သူတို့တွေချက်ခြင်း နောက်ပြန်ဆုတ်ကြတယ်။
“မဖြစ်ဘူး။”
မျက်နှာဖုံးနက်တွေ စိတ်ထဲ တွေးမိတယ်။ ရှင်းယွမ်ကောင်း ပြစ်လိုကတဲ့ လှံတိုတွေက ဒီလောက် အင်အားကြီးနေမယ်လို့ မထင်ထားမိခဲ့ဘူး။ စုချင်း ရှေ့ကို တက်ပြီး အကာကွယ်ပေးဖို့ လုပ်နေတဲ့ သူတွေ အားလုံး ဖယ်ရှားကြတယ်။ သူတို့တွေ ရှေ့ကို ပြန်ပြေးလာပေမယ့် နောက်ကျသွားခဲ့ပြီ။
ရှင်းယွမ်ကောင်းရဲ့ ဓားက စုချင်းဆီ ရောက်နေခဲ့ပြီ။ စုချင်းခုန်မရှောင်နိုင်ဘူး။ သူ့မျက်လုံးက မယုံကြည်နိုင်မှု အပြည့်နဲ့ ပြူးကျယ်နေခဲ့တယ်။ ဓားက သူ့ရင်ဘတ်ကို ဖောက်သွားခဲ့ပြီ။ ရှင်းယွမ်ကောင်းရဲ့ မျက်လုံးက တောက်ပနေတယ်။ အခုလို အရေးကြီးတဲ့ အခွင့်အရေးမျိုးက လွဲချော်သွားရင် နောက်တခါ ပြန်မရနိုင်တော့ဘူး။ ဒါကြောင့် သူ့ ဓားက အညှာအတာမဲ့ တွေဝေမှု မရှိ တိုက်ခိုက်တယ်။
ဒါပေမယ့် “ကလင့်”ဆိုတဲ့ အသံက သူ့ အမူအယာကို ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားစေတယ်။ စုချင်းရဲ့လည်ပင်းကို မထိုးတာက အကြောင်းရင်းရှိတယ်။ စုချင်းက အနည်းဆုံး သဘာဝလွန် အဆင့်ကို ရောက်နေမှန်း သူခန့်မှန်း မိတယ်။ ဒါကြောင့် အသက်ရှင်နိုင်ချေ ၅၀% ရှိတယ်။ နှလုံးကို ထိုးရင်တော့ ၁၀% နှုန်းပဲ အသက်ရှင်မယ်။ ဒါကြောင့် နှလုံးက အကောင်းဆုံး ရွေးချယ်မှုပဲ။ အခုတော့ မတော်တဆ တစ်ခု ဖြစ်လာခဲ့ပြီ။ ရှင်းယွမ်ကောင်း သူ့ လုပ်ရပ်ကို နောင်တရခဲတယ်။ အခုတော့ နောင်တရနေပြီ။ စုချင်းက အင်အားမကြီးတဲ့ သူဆိုတာ သိခဲ့သင့်တယ်။
လုံးဝကို ပြောင်းပြန်ပဲ။ သူနဲ့ယှဉ်ရင် စုချင်းက အရမ်းကို အားနည်းတယ်။ ဒါပေမယ့် တခြားနိုင်ငံက အရေးကြီးတဲ့ သူ့လိုလူက ကိုယ့်ကိုယ်ကို မကာကွယ်ထားပဲ နေမလား။
“ဖူး..” စုချင်း ပါးစပ် အပြည့်သွေးတွေ အန်ထွက်တယ်။ သူ့ ကိုယ်ခန္ဒာက လွင့်ထွက်သွားပြီးတော့ မြို့နံရံကို သွားစောင့်တယ်။ အက်ရာကြီး တစ်ခု နံရံမှာ ပေါ်လာခဲ့တယ်။
“ရှင်းယွမ်ကောင်း မင်းပြီးပြီလား။”
“သူ့ကို မလွတ်စေနဲ့။”
“တက်ကြ”
မျက်နှာဖုံးနက်တွေ သတိဝင်လာတယ်။ ရှင်းယွမ်ကောင်းကို ဒုတိယ အခွင့်အရေး မပေးတော့ဘူး။ သူတို့ ဝန်းရံလိုက်ကြတယ်။ စုချင်းကတော့ ဒူးတစ်ဖက်ထောက်ရင်း ဖြူဖျော့နေခဲ့တယ်။ အကာကွယ် ရတနာကို ဝတ်ထားပေမယ့် ရှင်းယွမ်ကောင်းရဲ့ တိုက်ခိုက်မှုကို မခံနိုင်ဘူး။ ဒါက အရမ်း အားပြင်းလွန်းတယ်။
“အဟွတ် ဟွတ် ဟွတ်…. စစ်နတ်ကျောင်းတော် ခေါင်းဆောင်ရှင်း။ တကယ့်ကို နာမည်နဲ့ လိုက်အောင် အင်အားကြီးတာ ကျွန်တော် အတွေ့အကြုံ ရပါပြီ။” စုချင်း သွေးအန် ပြန်တယ်။ နဖူးမှာ ချွေးတွေ စီးကျနေခဲ့ပြီ။ “ဒါပေမယ့် အခုတော့ အရှင် ဝန်းရံခံရပြီ လွတ်နိုင်အုန်းမလား။”
“ ခေါင်းဆောင်။” ဝန်းရံခံထားရတဲ့ ရှင်းယွမ်ကောင်းကို တောင်ဖြို တပ်ဖွဲ့ကို စိုးရိမ်တကြီး လှမ်းအော်တယ်။ ရှင်းယွမ်ကောင်းရဲ့ လှံတိုတွေကြောင့် မျက်နှာဖုံးနက်တွေ နောက်ပဲ ဆုတ်ပြီးတော့ မထိခိုက်ကြတာကို သူတို့ မြင်တယ်။ ဒီမျက်နှာဖုံးနက်တွေက ပြန်လည် မွေးဖွားမှု အဆင့်တွေပဲ။
“အား”
“မဖြစ်ဘူး။”
လူတိုင်းက ရှင်းယွမ်ကောင်းကို အာရုံစိုက် နေတဲ့ အချိန်။ မြို့တံခါးကနေ အော်သံတွေ ထွက်လာတယ်။
“ -ျီးပဲ။ မြန်မြန်၊ ဖန်ကျန်းရှီကို အခုတား၊ အဟွတ်။ သူ့ကို ရှေးအင်းကွက်နား မကပ်စေနဲ့.” အောက်ဘက်က အသံကို ကြားတော့ စုချင်း တုန်ယင်သွားတယ်။ ဒါကို စောစောတည်းက သူ အမိန့်ပေးရမှာ။ ဒါပေမယ့် ရှင်းယွမ်ကောင်းရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အခုတော့ အချိန် နှောင်းသွားခဲ့ပြီ။
စုချင်း မတ်တပ်ရပ်ချင်တယ်။ ဒါပေမယ့် သူ့ ဒဏ်ရာက ပြင်းထန်လွန်းလို့ လှုပ်ရှားဖို့ အင်အားမရှိတော့ဘူး။ ဒူးတစ်ဖက်သာ ထောက်ထားနိုင်တယ်။ ခေါင်းမော့ရင်း မြို့တံတိုင်းပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ ဖန်ကျန်းရှီကို မော့ကြည့်နေတယ်။ ရှင်းယွမ်ကောင်းနဲ့ အတူတက်လာတာလား။ ဒါမှမဟုတ် မြောက်ပိုင်း တပ်တွေကပဲ သူ့ကို မတားနိုင်တာလား။ မသေချာဘူး။ ဖန်ကျန်းရှီကတော့ ရှေးအင်းကွက် လေးခုရဲ့ ထိပ်မှာ ရောက်နေခဲ့ပြီ။ သူ့ရဲ့ တော်ဝင် အမတ်မင်း ဝတ်ရုံနက်က လေထဲမှာ လွင့်နေခဲ့တယ်။
အပိုင်း(၅၈၆)ပြီး၏။
အပိုင်း (၅၈၇)
“အဖြူရောင် မုသား။”
ဘာသာပြန်သူ - Enri Thaw
“မင်း ဖြေတာမှန်ရင်၊ ငါ ဒါကို မထုချေ ပြစ်ဘူး။”
တုန်ယင်နေတဲ့ စုချင်း မြို့တံခါး ထိပ်မှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြောတယ်။ ဒါပေါ့။ ဖန်ကျန်းရှီ ဘာလုပ်မှာလဲ သူသိတယ်လေ။ ဒါပေမယ့် သူ့ အခြေအနေကို ပိုလို့တောင် သိသေး။ အရက်မူး နေတဲ့ မိန်းမပျိုလေး တစ်ယောက် သန်မာတဲ့ လူကြီး တစ်ယောက်ရဲ့ အောက်မှာ ရောက်နေသလို အဖြစ်မျိုး သူဖြစ်နေတာ။ သူမရဲ့ ကိုယ်ခန္ဒာကို ဒီလူကြီးက လုံး၀ ထိန်းချုပ်ထားတယ်။ ကြိုးစား ခုခံတာကလည်း အချည်းနှီး။ ဒါကြောင့် ရုန်းကန်ရင်းနဲ့သာ အော်ဟစ်နေရတယ်။ “မဖြစ်ဘူး၊ ရပ်စမ်း၊ ငါ့ကို လွှတ်။ ကယ်ကြပါအုန်း။”
ဘယ်လို အော်အော် အသုံးမဝင်ဘူး။ ဒါပေမယ့် မအော်ရင်ကော၊ သူမ တခြား ဘာလုပ်နိုင်တာ ရှိသေးလို့လဲ။ ကောင်းပြီ။ ပါးစပ်ကို ပိတ်ထားတာ မဟုတ်ရင်။ ဒီလို အော်ရမလား။ “ရှင်၊ ရှင်။ မလွှတ်နဲ့။ ကျွန်မကို ယုတ်မာ၊ ယုတ်မာပြစ်လို့။”
မဖြစ်နိုင်တာပဲလေ။ ဒါကြောင့် စုချင်း အော်သာ အော်နေခဲ့တယ်။ သူ့ရဲ့ ရန်သူက သူ့ကို လွှတ်ပေးနိုင်မယ့် အကြောင်းအရာ တစ်ခုခုကို အော်ရမယ်။ လွတ်မြောက်နိုင်မယ့် အခွင့်အရေးက အရမ်းကို နည်းနေရင်တောင် သူ လုပ်မှ ဖြစ်မယ်။
“တစ်”
ဖန်ကျန်းရှီ ဒါကို ပြောလိုက်တဲ့ အချိန် စုချင်းရဲ့ စိတ်ထဲ အတွေးတွေ အများကြီး ဝင်လာခဲ့တယ်။ အဲ့ဒီ့နောက် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ပြီး အံကြိတ်ရင်း ပြန်အော်တယ်။ “ဖန်ကျန်းရှီ မင်း တမင် လုပ်တာလား”
“မင်း အဖြေ မှန်တယ်။” ဖန်ကျန်းရှီက စုချင်း အဖြေကြောင့် စိတ်ကျေနပ်သွားပုံပဲ။ သူ ပြုံးပြရင်း ပြန်ပြောတယ်။ “ဒါပေမယ့် အချိန်စေ့ သွားပြီ။
ဘာဖြစ်တယ်။ အချိန် စေ့သွားပြီတဲ့။ စော်ကားလိုက်တာ။ လူတစ်ယောက် သည်းမခံနိုင်လောက်တဲ့ စော်ကားမှုပဲ။ စုချင်းက ဘာတွေ ဖြစ်လာမလဲ သိပေမယ့် သူ့ နှလုံးသားထဲက ဒေါသကိုတော့ မထိန်းချုပ် နိုင်ခဲ့ဘူး။
“ဝေါ့ …” စုချင်း နောက်တကြိမ် သွေး အန်ပြန်တယ်။ ရှေး အင်းကွက် လေးခုဆီကို သေရှင် ဂိတ်တံခါးကြီး ပြစ်ချလိုက်တယ်။ ဒီ အချိန်မှာပဲ စုချင်း နှလုံးသား ကွဲကြေသွားခဲ့တယ်။ သူဘယ်လောက်ပဲ စိတ်ထိခိုက်ပါစေ ဒီ တိုက်ခိုက် မှုကြီးကို တော့ သူလက်ခံ လိုက်ရတယ်။ သေရှင် ဂိတ်တံခါးကြီး ရှေးအင်းကွက်တွေ ပေါ်ကို ပြုတ်ကျလာတယ်။ မြို့တံခါးနဲ့ ချိတ်ဆက်ထားတဲ့ ကြေးတံခါး တုန်ယင်လာတယ်။ အစိမ်းရောင်မျဉ်းကြောင်းတွေ မြို့တံခါးမှာ ဖြစ်ပေါ်လာတယ်။ မြန်သထက် မြန်အောင် စီးဆင်းနေကြတယ်။ နောက်ဆုံးတော့ နားကန်းမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ် လာတော့တယ်။
“ဝုန်း”
အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ကြေးပြားတွေ လွင့်ထွက်ကုန်တယ်။ အလင်း အပိုင်းအစတွေ အဖြစ်ကို ပြောင်းလဲတယ်။ အော်ဟစ်သံတွေ ဆက်တိုက် ထွက်ပေါ်လာ တော့တယ်။ မြောက်ပိုင်း စစ်သည်တော်တွေရဲ့ အလောင်းတွေ နေရာ အနှံ့ကို ပျံ့ကျဲ ကုန်တော့တယ်။ စိတ်ဖိစီးပြီး လန့်စရာ ကောင်းတဲ့ မြင်ကွင်း တစ်ခုပဲ။
“ဖန်ကျန်းရှီ၊ ငါ မင်းကို သတ်မယ်။” စုချင်း သွေးလို ရဲရဲနီ နေတဲ့ မျက်လုံးတွေနဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း လှမ်းအော်တယ်။ သူ့ ရဲ့ ဝမ်းခေါင်းသံနဲ့ အော်သံကြီးက ညကောင်းကင်ကို ပဲ့တင်ထပ် သွားတော့တယ်။
…
နန်းတော်ထဲမှာတော့။ တိုက်ပွဲက အရမ်းကို ပြင်းထန်နေတယ်။ မြို့စောင့်တပ်တွေ တော်ဝင် နန်းစောင့်တပ်တွေနဲ့ တောင်ပိုင်းတပ်တွေက တသားတည်း ဖြစ်နေပြီ။ ချန်းဝူရဲ့ မျက်လုံးက သွေးနီရောင် တောက်ပနေပြီ။ ဒီ စစ်ပွဲကို သူ မထိန်းချုပ်နိုင် တော့ဘူး။ ဒါပေမယ့် သူ့မှာ မျှော်လင့်ချက် ရှိနေခဲ့သေးတယ်။ နားကွဲ မတတ် အသံကြီးကို မကြားခင် အထိပေါ့။ ဒီ အသံကြီးက မြို့တံခါးက ထွက်ပေါ်လာတာ။ ပြင်းထန် လွန်းလို့ နန်းတော်ထဲကတောင် ဒီ အသံကို ကောင်းကောင်း ကြားနိုင်တယ်။ ဒီ အသံကြီး ထွက်ပေါ်လာတာနဲ့ ရန်မြို့တော်ကြီး တစ်ခုလုံးလည်း လှုပ်ခတ်သွားတော့တယ်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။” ကောင်းကင်ကို ထိုးတက်သွားတဲ့ အလင်းတန်းကြီးကို ချန်းဝူ စိုက်ကြည့်နေခဲ့တယ်။ ဒါပေါ့။ အခု အခြေအနေကို သူ ခန့်မှန်း နိုင်နေပြီ။ ဒီ အခြေအနေထိ ရောက်သွားမယ်လို့ သူ မတွေးမိခဲ့ဘူး။ ဒီ အစီအစဉ်ကြီးကို နှစ်နဲ့ ချီပြီး စီစဉ်လာခဲ့တာ။ အရာအားလုံးက ပြစ်ချက်ကင်းတယ်။ နန်းတော်ထဲကနေ မြို့တံခါး လေးဘက် အစီအစဉ်တွေ အထိ အရာအားလုံးက ချောမွေ့ခဲ့တယ်။ ဒါဆိုရင် အခုလို အဖြစ်မျိုးက ဘယ်လို ဖြစ်လာနိုင်တာလဲ။
ချန်းဝူ တစ်ကိုယ်လုံး အေးစက်မှုတွေ လွှမ်းခြုံ ထားခဲ့တယ်။ မနီးမဝေးက ဧကရာဇ် လင်းမုပိုင်ကို စိုက်ကြည့်နေတယ်။ ဒါပေါ့။ အဆုံးထိ တိုက်ခိုက်ဖို့ သူ ရွေးချယ်လို့ ရတယ်။ ဒါပေမယ့် ဒီလို တိုက်ခိုက်ရင်ကော။ ဘယ်လို ရလဒ် ဖြစ်လာမှာလဲ။ ဘယ်သူမှ မသိဘူး။
…
ရန်မြို့တော် ရဲ့ အေးချမ်းတဲ့ အိမ်တော်တစ်ခုထဲမှာ။ လရောင်က ဥယျာဉ်ထဲမှာ ရပ်နေတဲ့ အမျိုးသမီးပေါ် ဖြာကျ နေခဲ့တယ်။ ဝတ်ရုံဖြူဝတ် အမျိုးသမီးက ငွေရောင်တောက်ပ နေတယ်။
“အရှင် သခင်ငယ်။ ခေါင်းဆောင်ယဉ်က ဒါကို ပို့ခိုင်းလိုက်ပါတယ်။” ဝတ်ရုံနက် တစ်ယောက် ခြံဝန်းထဲ လျှောက်လာရင်း အမျိုးသမီးရှေ့ ဒူးထောက် ဆက်သတယ်။ သူ့ လက်ထဲမှာ ကိုင်ထားတာက မှန်လို ပစ္စည်း တစ်ခုပဲ။ ရှုပ်ထွေးတဲ့ သင်္ကေတတစ်ခု မှန်ပေါ်မှာ ထွင်းထားတယ်။ အရမ်းကို သန့်စင်နေတဲ့ ပစ္စည်း တစ်ခု။ ဒါပေမယ့် ပုံမှန် မှန်တွေနဲ့ မတူတာရှိတယ်။ ဒီ မှန်က လုံး၀ အလင်းမပြန်ဘူး။ မှောင်မည်းနေခဲ့တယ်။
“အင်း” အမျိုးသမီး ခေါင်းငြိမ့်ရင်း မှန်ကို ယူလိုက်တယ်။ သူမရဲ့ လက်ချောင်း သွယ်သွယ်တွေက မှန်ရဲ့ အမှောင်ထုကို ထိတွေ့နေခဲ့တယ်။
“ချွင်။”
အသံခပ်တိုးတိုး တစ်ခု ထွက်လာခဲ့တယ်။ မဟူရာမှန် အလင်းရောင် ထွက်လာတယ်။ မှောင်မည်းနေတဲ့ ညရေကန်ပေါ်မှာ လရောင် လင်းလာသလိုပဲ။ မြင်ကွင်းတွေ ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ တောင်တန်းတွေ ပင်လယ်နဲ့ ကြာပန်းတွေ။ အဲ့ဒီ့နောက် ရှုခင်းက သဲတွေ အဖြစ်ကို ပြောင်းသွားတယ်။ ဖုန်တွေကြားက ရှေးမြို့တော်ကြီး တစ်ခု ပုံစံ ပေါ်လာတယ်။ အဲ့ဒီ့နောက် သဲတွေကနေ သစ်တောနက်ကြီး တစ်ခု အဖြစ် ပြောင်းလဲတယ်။ အချိန် အတော်ကြာပြီးနောက် ဒီ မြင်ကွင်းက ပျောက်ကွယ် သွားပြန်တယ်။ မှန်က မူဘ အမည်းရောင်ကို ပြန်ပြောင်းသွားခဲ့တယ်။
“ ကောင်းကင် တာအို ကျောက်ဖျာ ၁၃ ခုပဲ ရှိလား။” အမျိုးသမီးက ဒီ အပြောင်းအလဲတွေကို ကြည့်ရင်း မျက်မှောင်ကြုတ်ပြီး စဉ်းစားနေခဲ့တယ်။
“ခေါင်းဆောင်ယဉ်က အရှင်လီချင်း အိမ်တော် တစ်ခုလုံးကို ရှာခဲ့ပေမယ့် ၁၃ ခုကိုပဲ တွေ့ပါတယ်။” ဝတ်ရုံနက် တလေးတစား ပြန်ဖြေတယ်။
“ကြည့်ရတာ ရှင်းယွမ်ကောင်က ကန်လင်းတောင်မှာ မြုပ်နေတဲ့ တစ်ခုကို မတွေ့ ခဲ့တဲ့ ပုံပဲ။” သူမ ခေါင်းငြိမ့်တယ်။
“ဒါဆိုရင် တကယ်ပဲ ဖန်ကျန်းရှီ ပဲလား။”
“မြို့တော် ထိုးဖောက်ခံရပြီလား။” အမျိုးသမီးက မေးခွန်းကို ပြန်မဖြေပဲ ဆက်မေးတယ်။
“မှန်ပါတယ်။ ခေါင်းဆောင်ယဉ် ပြောတာတော့ ကြီးမြတ်သောရှ တုံ့ပြန်တာ ကျွန်တော်တို့ တွေးထားတာ ထက် မြန်တယ်။ အခုတော့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ရပြီးပြီ ဖြစ်လို့ ၊ အရှင်သခင်ငယ် မြန်မြန် ထွက်ခွာဖို့ သူ လျှောက်တင် လိုက်ပါတယ်။ ကျန်တဲ့ ကိစ္စတွေကို ခေါင်းဆောင်ယဉ် ကိုင်တွယ်ပါ့မယ်။”
“သွားကြစို့။”
“ကောင်းပြီ။”
…
ရန်မြို့တော် အရှေ့ တံခါးမှာ။ ဖန်ကျန်းရှီက စုချင်းကို ပြုံးပြုံးကြီး စိုက်ကြည့်နေခဲ့တယ်။ စုချင်း အခု ဘယ်လို ခံစားနေရမလဲ သူနားလည်တယ်။ ဒါပေမယ့် သူ့ အတွက်တော့ ဖန်ကျန်းရှီကို သတ်မယ်လို့ ထိုင်အော်နေတာ။ နည်းနည်း တုံးအရာ မရောက်ဘူးလား။
ဒါပေါ့ အခုချိန်မှာ ဒါတွေက အရေးမကြီးဘူး။ အရေး အကြီးဆုံး ပြဿနာက ကျောင်းတော်သား ဝတ်ရုံဖြူနဲ့ သူ့ နောက်က လူပဲ။ အရှင် ရှဲ့လော့။”
“နောက်ထပ် မပြေးတော့ဘူးလား။” အရှင်ရှဲ့လော့ မေးတယ်။
“ ဒါပေါ့၊ ဆက်ပြေးမှာ။” ဖန်ကျန်းရှီ စိတ်ရင်းနဲ့ ပြန်ဖြေတယ်။
“ဘယ်ကိုလဲ။” အရှင်ရှဲ့လော့ ခေါင်းငြိမ့်ရင်း မေးတယ်။ သူ့ ခြေထောက် အောက်က ကျေမွနေတဲ့ မြို့တံခါးနဲ့ ကြေးအပိုင်းအစတွေကို ကြည့်နေခဲ့တယ်။
“မြို့တော် အပြင်ကို။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ကြည့်ရတာ မင်း ခုန်ချဖို့ အသင့် ဖြစ်နေတဲ့ ပုံပဲ။ ဒါပေမယ့် တကယ် ခုန်နိုင်မှာ သေချာလို့လား။” အရှင် ရှဲ့လော့ ပြုံးပြရင်း မေးတယ်။
“ကြိုးစား ကြည့်ရ မှာပေါ့။” ဖန်ကျန်းရှီ ပြန် ပြုံးပြတယ်။
“ကောင်းပြီလေ။ ကြည့်ရတာပေါ့။” အရှင် ရှဲ့လော့ ခေါင်းငြိမ့်ပြန်တယ်။
“ဒါဆိုရင် ခုန်တော့မယ်။”
“ကောင်းပြီ။”
“တကယ် ခုန်တော့မှာနော်။”
“ခုန်လေ”
“အခု ခုန်ပြီ။” ဖန်ကျန်းရှီ ပြောပြီးတာနဲ့ မြို့နံရံ အစွန်းကို ခုန် တော့တယ်။ အရှင် ရှဲ့လော့လည်း လှုပ်ရှားတယ်။ သရဲ တစ်ကောင်လိုပဲ ဖန်ကျန်းရှီ နောက်ကို သူ ချက်ခြင်း ရောက်သွားတယ်။ သူ့ လက်က ဖန်ကျန်းရှီ ရဲ့ ခေါင်းကို လှမ်းတွန်းတယ်။ အရှင် ရှဲ့လော့ ပြောခဲ့သလိုပဲ။ ဖန်ကျန်းရှီ မခုန်ချ နိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အရှင် ရှဲ့လော့က မြန်လွန်းနေတယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီ သူ့ လက်ထဲက သေရှင် ဂိတ်တံခါးကို ပြစ်ချလိုက်တယ်။ တကယ်တော့ ကျောက်ခဲ ပြစ်သလို ပြစ်လိုက်တာ။ သေရှင် တံခါးကြီးက အရှင် ရှဲ့လော့ရဲ့ လက်ကို တားလိုက်တယ်။
“ဟီးဟီး …” အရှင်ရှဲ့လော့ ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ လှုပ်ရှား ပုံကို သူ မအံ့သြဘူး။ ဒါကို သူ ထင်ထားပြီးသားလေ။ ဒါကြောင့် သူ ဘေးကို ခုန်ရှောင် တာ နောက်ကို ဆုတ်တာ တွေ မလုပ်ခဲ့ဘူး။ သူ ပက်လက် လှန်လိုက်တယ်။ တံခါးကြီးက သူ့ ကိုယ်ပေါ်ကနေ ကျော်ဖြတ်သွားခဲ့တယ်။ အဲ့ဒီ့နောက် ဒီ နတ်ဆိုးလူက ဖန်ကျန်းရှီ ရှေ့မှာ ပေါ်လာပြီး ဖန်ကျန်းရှီကို မျက်လုံးစိမ်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။
“ဒါဆိုရင် မင်း အခု ဘာဆက် လုပ်မလဲ။” အရှင်ရှဲ့လော့ ပြုံးနေခဲ့တယ်။ သူ့ လက်တစ်ဖက်ကို မြှောက်ရင်း ဖန်ကျန်းရှီကို ရိုက်ချဖို့ အသင့် ဖြစ်နေခဲ့တယ်။ သူ ရိုက်တော့ အချိန်မှာ ပဲ ရုတ်တရက် မျက်မှောင်ကြုတ် သွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ က လုံးဝကို ကြောက်ရွံ့ ထိတ်လန့် မနေဘူး။ တကယ်တော့ အရမ်းကို တည်ငြိမ်နေတာ။ အရှင်ရှဲ့လော့ရဲ့ လက်ဝါးကို သတိ မထားမိတဲ့ အတိုင်းပဲ။
“အိုး၊ ဒီလိုကြောင့်ကိုး။” အရှင်ရှဲ့လော့ သူ့ လက်ကို ပြန်ရုပ်သိမ်းလိုက်တယ်။
“ဝုန်း။”
နားစည်ကွဲ မတတ် အသံကြီး ထွက်လာတယ်။ ရန်မြို့တော် တစ်ခုလုံး ယိမ်းထိုး လှုပ်ခါ သွားတယ်။ အဲ့ဒီ့နောက် အနီရောင် အလင်းတန်းက အရှင်ရှဲ့ လော့ နောက်မှာ တောက်ပလာတယ်။ သွေးလို ရဲရဲနီနေတဲ့ မီးတောက်ကြီးတွေ။ မီးနဲ့ထိတဲ့ မြောက်ပိုင်း တပ်တွေ အကုန်လုံး နံရံ ပေါ်က ပြုတ်ကျကုန်တယ်။ စုချင်းကတော့ မြေပြင်ပေါ်ကို လှိမ့်ပြီး ရှောင်ရှားလိုက်တယ်။ ဒီ မီးတောက်တွေရဲ့ အစွမ်းက တကယ့်ကို ကြောက်စရာ ကောင်းတယ်။
ဒီ အချိန်မှာပဲ လူတိုင်းက အရှင်ရှဲ့လော့ နောက်မှာ ပေါ်လာသူကို ကြည့်နေခဲ့တယ်။ အရမ်းကို ရိုးရှင်းတဲ့သူ။ သူ့ ခြေထောက်အောက်က မြို့တော်ထဲမှာလည်း သူ့လို လူတွေ အများကြီး ရှိနေတယ်။ ရှေးအင်းကွက် လေးခုက ပျက်ဆီးသွားခဲ့ပြီ။ မြို့တံတိုင်း လည်း ပေါက်သွားပြီ။ မြို့တံခါးလည်း ပွင့်နေတယ်။ မြို့အပြင်မှာ ဘာတွေ ဖြစ်နေတာကို လူတွေ အားလုံး မြင်နိုင်တယ်။ မြင်းစီး ဝတ်ရုံနက်တွေ အများကြီး မြို့ပြင်မှာ စုဝေးနေတယ်။ သူတို့ အားလုံး ခါးမှာ ဓားမြှောင်တွေ ချိတ်ထားပြီး ကျောပေါ်မှာ လေးကိုင်းတွေကို သယ်လာကြတယ်။ ရန်တိမ် တပ်ဖွဲ့။
မြောက်ပိုင်း စစ်သည်တော်တွေရဲ့ စိတ်ထဲ နာမည် တစ်ခု ဝင်လာတယ်။ မြောက်ပိုင်း လူရိုင်း တပ်ဖွဲ့က မြောက်ပိုင်း ဒေသမှာ နေတာ၊ ဒါပေမယ့် မင်းသားရန်ချန်လိ ကိုတော့ ကောင်းကောင်း သိကြတယ်။ အနောက်ပိုင်းလျန် ရဲ့ အုပ်ချုပ်သူ။
“နတ်ဆိုးဘုရင်ကို သူ တိုက်ခိုက် ဝံ့တယ်။”
“ဘာတွေ ဖြစ်နေတာလဲ။”
“သူက ရန်ချန်လိ ဖြစ်နေရင်တောင် ဒါက မဖြစ်နိုင်တာပဲ။”
မြောက်ပိုင်း လူရိုင်းတပ်တွေ တုန်လှုပ်နေတယ်။ တောင်ဖြိုတပ်ဖွဲ့ လည်း အတူတူပဲ။ ရန်ချန်လိ အင်အားကြီးမှန်း သူတို့ အားလုံး သိတယ်။ ဒါပေမယ့် နတ်ဆိုး ဘုရင်ကို တိုက်ခိုက်နိုင်အောင် အင်အားကြီးတာကတော့ လန့်စရာပဲ။ ဒါပေမယ့် မျက်စိရှေ့မှာ မြင်နေတဲ့ အတိုင်း။ ရန်ချန်လိက နတ်ဆိုးဘုရင်ရဲ့ ရှေ့ တည့်တည့်မှာ ရပ်နေခဲ့တယ်။ နောက်တစ်လှမ်းတောင် မဆုတ်ဘူး။
“စိတ်ဝင်စား စရာပဲ။ ပိုပြီးတော့ စိတ်ဝင်စား စရာ ကောင်းလာပြီ။ ကောင်းပြီ။ မင်းက ဒီကို ရောက်လာမှာတော့။ ပျော်စရာလေး လုပ်ကြတာပေါ့။” မြို့တံတိုင်း အစွန်မှာ ရပ်နေတဲ့ ရန်ချန်လိကို အရှင် ရှဲ့လော့ လှမ်းပြောတယ်။
“ဟုတ်တယ်။ ငါလည်း ဒီကို ရောက်ဖို့ မလွယ်ဘူး။ ဒီမှာ ပျော်စရာ ရှာတယ်ဆိုတာ ငါပြောရမှာ။” ရန်ချန်လိ ရဲ့ အသံက အက်ရှနေတယ်။ ဒါပေမယ့် အရမ်းကို မာန်ပါလွန်းတယ်။
“သခင်ကြီးရန်။ ပွဲလာတာ နောက်ကျလိုက်တာ။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီ ဘေးကို လူတစ်ယောက် ရောက်လာတယ်။ အဲ့ဒီ့နောက် လူ သုံးယောက် မြင်ကွင်းထဲကို ထပ် ဝင်လာခဲ့တယ်။ အရှင်လီချင်း၊ ရန်ရွှယ်၊ ရှန်းယွီ နဲ့ ပင်းယန်။
“အဖိုး။” အရှင် ရှဲ့လော့ နောက်က ဖန်ကျန်းရှီကို မြင်တော့ ရန်ရွှယ် သက်ပြင်းချလိုက်တယ်။ အဲ့ဒီ့နောက် ရန်ချန်လိကို နှုတ်ဆက်တယ်။
“အင်း။” ရန်ချန်လိ ခေါင်းငြိမ့်တယ်။ မြို့ကို တစ်ချက် ကြည့်ရင်း ပြောတယ်။ “ဟူး။ နတ်ဆိုးဘုရင်လေး တစ်ကောင်ပဲကို ရန်မြို့တော် တစ်ခုလုံး ဘာလို့ ဒီလောက်တောင် ရှုပ်ပွနေတာလဲ။”
“နတ်ဆိုးဘုရင် လေးတဲ့။”
“ရန်ချန်လိ ပြောလိုက်တယ်။”
ကြည့်နေသူတိုင်း အံ့အား သင့်ကုန်ကြတယ်။ နတ်ဆိုးဘုရင်မှာတောင် အဆင့်ကွာသေးလို့လား။ နတ်ဆိုးဘုရင်က နတ်ဆိုး ဘုရင်ပဲလေ။ သုခမိန် တစ်ယောက်တောင် နတ်ဆိုး ဘုရင်ကို အနိုင်ယူနိုင်ဖို့ ခက်လိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ နတ်ဆိုးတွေက လူတွေ ထက် သန်မာတယ်လေ။ ဒါပေမယ့် ရန်ချန်လိက စစ်သည်တော်တွေ အရှင်ရှဲ့လော့၊ မြောက်ပိုင်း တပ်နဲ့ တောင်ဖြို တပ်ဖွဲ့တွေ ရှေ့မှာ ပုံမှန်လေး ပြောလိုက်တာ။
ဖန်ကျန်းရှီတောင် တစ်ခဏ တောင့်တင်းသွားတယ်။ ဒါပေမယ့် သူ့ အတွေးက တခြားသူတွေနဲ့ ကွာခြားတယ်။ ရန်ရွှယ့် အဖိုးက ဟန်ဆောင်ပြနေတယ်လို့။ ဒါပေမယ့် နည်းနည်းတော့ မမျှမတ ဖြစ်မနေဘူးလား။ ဒါက ကိုယ့်မြေး ရှေ့မှာ ဟန်ဆောင်သင့်တာ မဟုတ်ဘူးလ။ အဖြူရောင် မုသား ဆိုပေမယ့် မကောင်းဘူး မဟုတ်လား။
“ သခင်ကြီး ရန်က အင်အားကြီးတဲ့ မင်းသားရန်ဆိုတာ ငါတို့ အားလုံး သိပါတယ်။ ဒါပေမယ့် ဒီ စကားက များလွန်းနေတယ်။ မာန်လေး နည်းနည်းတော့ လျှော့ပြီး နှိမ့်ချပါအုန်း” အရှင်လီချင်း စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။
“နှိမ့်ချ ရမှာလား။ မင်းလုပ်ချင်ရင် လုပ်လေ။ ငါကတော့ စိတ်မဝင်စားဘူး။ မင်းဘာ မင်း နှိမ့်ချချင်ရင် ဘေးထွက်ပြီး ပွဲ ကြည့်နေလိုက်။ ဒီ နတ်ဆိုးဘုရင်လေးကို ငါ ရှင်းလိုကမယ်။” ရန်ချန်လိ ပြန်ဖြေတယ်။ သူ့ ဝတ်ရုံ ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ ရှည်လျား ဖြူဖွေးတဲ့ ဆံနွယ်ရှည်တွေက ပုခုံးပေါ်ကို ဝဲကျလာခဲ့တယ်။
လူတိုင်းက ရန်ချန်လိကို လုံး၀ အာရုံစိုက် နေကြတယ်။ သူက အနောက်ပိုင်း လျန်ဒေသကနေ မထွက်ခွာက အချိန် အရမ်း ကြာခဲ့ပြီ။ ဘယ်တုန်းကမှ သူ့မျက်နှာကို မပြခဲ့ဘူး။ သူက မျက်နှာဖုံး တစ်ခုကို ဝတ်ဆင်ထားတယ်။ ရွှေသားနဲ့ လုပ်ထားတဲ့ အတောင်ပံစိမ်း နှစ်ခုပါတဲ့ မျက်နှာဖုံး တစ်ခု။ သွေးနီရောင် တိမ်စိုင်တွေကို မျက်နှာဖုံး ပေါ်မှာ ထွင်းထားတယ်။
“မျက်နှာဖုံးလား။”
“ရန်ချန်လိက မျက်နှာဖုံး စွပ်ထားတယ်လား။”
“ဘာတွေ ဖြစ်နေတာလဲ။”
လူတိုင်းက ရန်ချန်လိရဲ့ မျက်နှာဖုံးကို စိုက်ကြည့်နေကြတယ်။ သူတို့ သိထားတာ ဒီတစ်ခေါက် ရန်ချန်လိ မြို့တော်ကို လာတာ ဘိုးဘွား ပူဇော်ပွဲကြီး အတွက်။ ဒါဆိုရင် ဧကရာဇ်နဲ့ သူတွေ့ ပြီးပြီလို့ ဆိုလိုတာပဲ။ ဒါဆိုရင် ဆယ်မိုင်ရေကန် စားသောက်ပွဲမှာကော ဒီလို မျက်နှာဖုံးကြီး ဝတ်ထားတာလာ။
ဘာဖြစ်လို့ မျက်နှာဖုံးကြီး ဝတ်ထားတာလဲ။ လူတိုင်း စိတ်ထဲမှာ မေးခွန်းတွေ ပေါ်လာခဲ့တယ်။ ဒါပေမယ့် အရှင်လီချင်းကတော့ မျက်လုံးထဲမှာ သက်တန့်ရောင်တွေ တောက်ပလာခဲ့တယ်။
“သခင်ကြီးရန် မင်း …”
“ ဟား ဟားဟား” ရန်ချန်လိ ရယ်မောတယ်။ အရှင်လီချင်းကို သူ ချက်ခြင်း ပြန်မဖြေ ခဲ့ဘူး။ ဖြည်းဖြည်းချင်း သူ့ မျက်နှာဖုံးကို ချွတ်လိုက်တယ်။
ငယ်ရွယ် နုပျိုတဲ့ မျက်နှာ တစ်ခု ပေါ်လာခဲ့တယ်။ မျက်ခုံး ကောင်းကောင်း၊ မျက်လုံးဝိုင်းဝိုင်း တောက်တောက်၊ ချောမွေ့တဲ့ ပြစ်မျိုးမှဲ့မထင် အသားအရေနဲ့ အသက် ၃၀ မကျော်သေးတဲ့ ခန့်ချောကြီးတစ်ယောက်။
အပိုင်း(၅၈၇)ပြီး၏။
အပိုင်း (၅၈၈)
“ကိစ္စကတော့ ငယ်ရာက ကြီးလာပြီ။ ဘယ်လောက်တောင် စိတ်ဝင်စား စရာ ကောင်းလိုက်သလဲ။”
ဘာသာပြန်သူ - Enri Thaw
ထို့နည်းတူစွာပဲ ခန့်ညား ချောမောလွန်းတဲ့ ဒီလူက ရန်ရွှယ်နဲ့ ၇၀% လောက် တူညီတယ်။ ဒါပေမယ့် ဒီ မျက်နှာက အေး စက်စက် အမူအယာ လုံး၀ မရှိဘူး။ မောက်မာတဲ့ ပုံစံနဲ့ ရူးသွပ်မှုကိုသာ တွေ့ရတယ်။ သူ့ရဲ့ ဆံပင် ဖြူဖြူတွေ ကြောင့်သာ မဟုတ်ရင် ဒါက အနောက်ပိုင်း လျန်ဒေသရဲ့ အုပ်ချုပ်သူ မင်းသား ရန်ချန်လိ ဆိုတာ ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး။ အင်အား ကြီးလွန်းတဲ့ ဒဏ္ဍာရီလာ သူရဲကောင်ကြီး။
“ဒါက မင်းသား ရန်၊ ရန်ချန်လိလား။”
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ဘာလို့ ဒီလောက်တောင် ငယ်ရွယ် နေရတာလဲ၊”
“သူက အနောက် နေဝင်တောင်တန်းမှာ ရှိနေရမှာ မဟုတ်ဘူးလား။”
ဒီ အချိန်မှာပဲ သူတို့ရဲ့ ခေါင်းတွေ မိုးကြိုး ပြစ်ခွင်း ခံရသလို အတွေးတစ်ခု ပေါ်လာခဲ့တယ်။ သူတို့ အားလုံး အထိတ်တလန့် နဲ့ မျက်လုံးပြူးပြီး ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ လူသား အရေပြား မျက်နှာဖုံးလား။ ဒီ အတွေး သူတို့ စိတ်ထဲ ဝင်လာ ပေမယ့် ခပ်မြန်မြန်ပဲ ဖယ်ရှားလိုက်တယ်။
ဘယ်သူက လူအရေခွံ မျက်နှာဖုံး တထပ် ရွှေ မျက်နှာဖုံး တထပ် ဝတ်ကြလို့လဲ။ ဒါကြောင့် ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ သူတို့ မြင်နေရတာ ရန်ချန်လိ ရဲ့ မျက်နှာစစ်။ ဒါပေမယ့် ဒီ အဖြစ်သာ မှန်မယ်ဆိုရင်။ အမှန်တရားက ကြီးမြတ်သောရှ နိုင်ငံတော်ကိုရော။ မြင့် မြတ် သီးခြား နိုင်ငံကိုပါ လှုပ်ခတ် သွားစေလိမ့်မယ်။
သုခမိန်။ ဒါက လူတိုင် တနေ့ ရောက်ချင်တဲ့ အခြေအနေ တစ်ခုပဲ။ ဒါပေမယ့် ခက်ခဲလွန်းတယ်။ လူတစ်သောင်း လူတစ်သိန်း ဒါမှမဟုတ် လူ တစ်သန်းမှာမှ တစ်ယောက် ဖြစ်နိုင်တာ။ ဥပမာ အားဖြင့် ကြီးမြတ်သောရှ နိုင်ငံတော် မှာ သုခမိန် ၄ ယောက်ပဲ ရှိတယ်။ ခန်းမကြီးတစ်ခု၊ သုခမိန် တစ်ယောက်။ ကျောင်းတော် ဆယ့်သုံးခု။ ဒါပေါ့။ အခုတော့ အရေအတွက် တိုးဖို့ လိုလာပြီ။ ရန်ချန်လိက သုခမိန် ဖြစ်သွားပြီလေ။ ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ ငါးယောက်မြောက် သုခမိန်။
“မင်း အဖိုးက သုခမိန်လား။” ဖန်ကျန်းရှီ တအံ့တသြ နဲ့ မေးတယ်။
“ဟုတ်တယ်။” ရန်ရွှယ် ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။
“မင်း သိထားတာလား။” ဖန်ကျန်းရှီ မေး ပြန်တယ်။
“ငါသိတာ မကြာသေးဘူး။” ရန်ရွှယ် ပြန်ဖြေတယ်။
ဖန်ကျန်းရှီ မနားစတမ်း ခေါင်းငြိမ့်နေခဲ့တယ်။ သူ ထပ်မမေး တော့ဘူး။ အခုတော့ ပင်းယန်နဲ့ ရှန်းယွီ နဲ့ အထိတ် တလန့် မျက်နှာတွေကို သူ လှည့်ကြည့်တယ်။
“ရန် သခင်ကြီး၊ မင်း၊ မင်းက တကယ်ပဲ သူခမိန်လား။” အရှင်လီချင်း မေးတယ်။ အရင်လိုပဲ တည်ငြိမ်နေဆဲ။
“ဘာမှ ထူးခြားတာ မရှိပါဘူး။ အခု မင်းလက်ထဲက ကိစ္စကို အရင်ဆုံး ဖြေရှင်းရမယ်။ ရန်ရွှယ် ပင်းယန် မင်းသမီးနဲ့ တောင်ပိုင်း ဧကရီကို ဘေးခေါ် ထားလိုက်။ ငါ ဒါကို ရှင်းလိုက်မယ်။” ရန်ချန်လိ လက်ဝေ့ယမ်း ပြရင်း အရှင် လီချင်းကို ပြောတယ်။
“ကောင်းပါပြီ အဖိုး” ရန်ရွှယ် ခေါင်းငြိမ့်တယ်။ တစ်ချိန်တည်း မှာပဲ ဖန်ကျန်းရှီကို သူလှမ်းကြည့်တယ်။ သူ့ အမူအယာက ရေလို ကြည်လင်နေခဲ့တယ်။ ငါတို့ အတူတူ ဖြစ်ပြီ။ ရန်ချန်လိရဲ့ စကားကို ကြားတော့ အရှင်လီချင်း ခေါင်းငြိမ့်တယ်။ ဒါပေါ့ ရန်ချန်လိ ပြောချင်တာ သူသိတယ်။ စကားက စကားပဲ။ အကယ်၍ တိုက်ခိုက်မယ် ဆိုရင် သူတို့ နှစ်ယောက် ပေါင်းတိုက်မှ ရမယ်။
ဖန်ကျန်းရှီက ထုံးစံ အတိုင်း ရန်ရွှယ့်ကို မငြင်းပယ်ဘူး။ ပင်းယန်နဲ့ တောင်ပိုင်း ဧကရီကို ကယ်ဖို့က အရေးအကြီးဆုံးပဲ။ ဒါပေါ့။ သူ အခု လုပ်ရတော့မယ်။ ရှင်းယွမ်ကောင်းရဲ့ လက်ထဲကလည်း လွတ်ပြီလေ။ ဒါပေမယ့် ဒီ သခင်ကြီးကို ယုံကြည်ဖို့ သူ့မှာ အကြောင်းပြချက် ရှိတာထက်ကို ပိုတယ်။ ရှင်းယွမ်ကောင်း သူ့ကို ယုံကြည်သလိုပဲ။ အပြန်အလှန် ယုံကြည်မှု။ ဒါက လူနှစ်ယောက် ရဲ့ ဆက်ဆံရေးမှာ ရှိသင့်တဲ့ အချက်ပဲ။ နေတ်ဆိုးဘုရင် ရဲ့ အလစ်ဝင်တိုက်မှု။
အကယ်၍ ဒါက သုခမိန် တစ်ယောက်နဲ့ နတ်ဆိုး ဘုရင် ကြားက တိုက်ပွဲ ဆိုရင်တော့ အဆင်ပြေနိုင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို တိုက်ခိုက် တာကတော့ မသင့်တော်ဘူး။ ဖန်ကျန်းရှီက ပင်းယန်၊ ရန်ရွှယ် နဲ့ ရှန်းယွီ တို့ ရှိတဲ့ ဘက်ကို ဆုတ်ဖို့ စီစဉ်ထားတာ။ ဒါပေမယ့် သူ မလှုပ်ရှား ရသေးခင်။ အရှင် ရှဲ့လော့က သူ့ ရှေ့ ရောက်လာခဲ့ပြီ။
“ငါ့ကို အလစ် ဝင်တိုက်တယ်ပေါ့။ ဒီမှာ တန်ပြန်။” ဖန်ကျန်းရှီ သူ့ရဲ့ လျှို့ဝှက် လက်နက်ကို ပြင်းဆင်လိုကတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်ညစ်စရာ အတွေးတစ်ခု သူ့ ခေါင်းထဲမှာ ပေါ်လာခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ဆီ ပြေးဝင်လာတဲ့ လူရိပ် တစ်ခုကို တွေ့ လိုက်ရတာ ကြောင့်ပဲ။
နောက်တစ်ခေါက်လား ။ ဖန်ကျန်းရှီက လှည့်ကွက် တစ်ခုကို နှစ်ခါ ခံရမလား။ ဒါက အတွေ့အကြုံ နဲ့ ဆိုင်တယ်။ နောက်ပြီတော့ ရန်ချန်လိ ရှိနေတဲ့ အချိန်မှာ သူ့ရဲ့ လျှို့ဝှက် လက်နက်ကို သုံးတာက အသုံးမဝင်ဘူးလေ။ ဒါကြောင့် နှလုံးသားထဲက ဆန္ဒကို ဖိနှိပ်လိုက်တယ်။ ခြေထောက်ကို မြှောက်လိုက်ရင်း သူ့ နောက်က အနီရောင် မီးတောက်လို လူကို ကန်လိုက်တယ်။
…
အရှင်ရှဲ့လော့ ဖန်ကျန်းရှီ ဆီကို လာနေတာ ပင်းယန် မြင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ရှေ့ကို ပြေးဝင်ဖို့ သူမ စိတ်ကူး မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ အရှင်ရှဲ့လော့က အရမ်းကို မြန်လွန်းတယ်လေ။ သူမ ကာပေးချင်ရင်တောင် အချိန် မလောက်ဘူး။ ဒါပေါ့ သူ့မှာ နော်ကထပ် အကြောင်းရရင်းလည်း ရှိတယ်။ ဖန်ကျန်းရှီရဲ့ ကျင့်ကြံဆင့်က မပျောက်သေးဘူး။ ဒါကြောင့် အရှင် ရှဲ့လော့ သူမကို ရိုက်တာနဲ့ သူ့ကို ရိုက်တာ ရလဒ် သိပ်ကွာမှာ မဟုတ်ဘူးလေ။
ရှေးစကားပုံးတွေ ရှိတယ်။ မင်းသာ အရေထူရင် ရိုက်ခံ ရမှာကို ကြောက်စရာ မလိုဘူး။ ဖန်ကျန်းရှီက ဘယ်လောက် အရေထူမလဲ။ ပင်းယန် မသေချာဘူး။ ဒါပေမယ့် သူမ ထက်တော့ အရေထူမှန်း သိတယ်။ ဒါကြောင့် ဘာဖြစ်လို့များ သူမက အစား ဝင်ခံပေး ရ အုန်းမှာလဲ။ ဒါက သူမရဲ့ အတွေးပဲ။ အရှင်ရှဲ့လော့ တိုက်ခိုက်တာကို ရှောင်ဖို့ သူမ ဘေးဖယ်နေခဲ့တယ်။ အနည်းဆုံးတော့ ဘေးထွက်နေရင် တိုက်ခိုက် မခံရဘူးလေ။ ဒါပေမယ့် သူမ မလှုပ်ရှား ရသေးခင် မှာပဲ အင်အားကြီး တစ်ခုက သူမ တင်ပါးကို လာကန်တယ်။ ပူပြင်းတဲ့ နာကျင်မှုကို ခံစားရတယ်။
“ဝုန်း။”
ဒီတစ်ခေါက် တိုက်ခိုက်တာကို ပင်းယန် ခံလိုက်ရတယ်။ သူမက မီးလျှံပန်းနီ သံချပ်ကာကို ဝတ်ထားပေမယ့် အင်အား ပြင်းလွန်းလို့ လွင့်ထွက် သွားခဲ့တယ်။ အဲ့ဒီ့နောက် လေထုထဲမှာ လှည့်ပတ်ရင်း ခြေထောက် တဖက်ကို မြင်လိုက်တယ်။ ဒါက သူ့ ရှေ့က လူပဲ။ ဒါပေမယ့် ဘာလို့ သူ့ရှေ့လူက သူမကို လှမ်းကန်တာလဲ။”
“ဖန်ကျန်းရှီ။” ပင်းယန် ထိတ်လန့် တကြားနဲ့ လှမ်းအော်တယ်။ သူမ စိတ်ထဲမှာ အတွေးတွေ အများကြီး ဖြစ်ပေါ် လာတော့တယ်။ သူက သူမကို ကယ်ဖို့ ကြိုးစားတာလား။ မဖြစ်နိုင်တာပဲ။ အရှင်ရှဲ့လော့က သူ့ကို ပြစ်မှတ်ထားတာလေ။ ဒါဆိုရင် သူက ဘာလို့ ငါ့ကို ကန်တာလဲ။
ပင်းယန် အစကတော့ နားမလည်နိုင်ဘူး။ ဒါပေမယ့် ချက်ခြင်း နားလည်သွားခဲ့တယ်။ သူမ ကို ခြေတစ်ဖက် က ကန်တာ ခံလိုက်ရပြီးတဲ့နောက် ချက်ခြင်း ပျံထွက်သွားခဲ့တာ။ ဒါက တွန်းကန်အားကို သုံးတာပဲ။ ဒီ အရှက်မရှိတဲ့ ကောင်စုတ်က သူမကို ရေလွှာလျှောစီး ဘုတ်ပြား လုပ်သလို သုံးနေတာ။
“ဖန်ကျန်းရှီ၊ ငါနင့်ကို သတ်မယ်။”
“ငါ့ကို သတ်မယ်တဲ့လား။” ဖန်ကျန်းရှီ လုံး၀ ဂရုမစိုက်ဘူး။ ဒီနေ့ သူ့ကို လူတွေ အများကြီးက ဒီ စကားပြောခဲ့တယ်လေ။ ဒါပေမယ့် သူက အသက်ရှင် နေတုန်းပဲ။ တုံးအလိုက်တဲ့ လူတွေ။ နေစမ်းပါအုန်း။
ဒီ ကောင်မစုတ်လေး ပင်းယန် က ဘာလို့ ငါ့ကို သတ်ချင်နေတာလဲ။ ဘာဖြစ်လို့လဲ။ ငါ ကန်လိုက်တာ နေရာမှား သွားလို့လား။ ဖန်ကျန်းရှီရဲ့ နဖူမှာ ချွေးတွေ စိုရွဲ လာခဲ့တယ်။ ဒေါသ ပေါက်ကွဲနေတဲ့ ပင်းယန်နဲ့ အထိတ်တလန့် ဖြစ်နေတဲ့ အရှင်လီချင်းကို သူ လှည့်ကြည့်တယ်။ နည်းစနစ် တကျ ရှင်းပြစရာ မလိုတော့သလို ခံစားရတယ်။ အရှင် လီချင်းက ပင်းယန်ကို ချစ်မြတ်နိုးတဲ့ ပုံပဲ။
“ အရှင်ရှဲ့လော့က ပင်းယန်မင်းသမီး ကို အလစ် ဝင်တိုက်ဖို့ လုပ်နေတယ်။ မင်းသမီးကို ငါတို့ ကာကွယ်ရမယ်။” ဖန်ကျန်းရှီ ချက်ခြင်း အော်ဟစ်တယ်။ သူ့ မျက်နှာက လုံးဝကို သစ္စာရှိတဲ့ အရိပ်အယောင် တွေနဲ့ ပြည့်နှက်နေတယ်။
“မင်းသမီးကို ကာကွယ်ကြ တဲ့လား။” အရှင်လီချင်း မျက်လုံးပြူး သွားခဲ့တယ်။ အရှင်ရှဲ့လော့ က ဖန်ကျန်းရှီ ဆီ ပြေးလာနေတာ သူ တွေ့တယ်လေ။ ဒါတောင် သူက ဘယ်လိုများ မင်းသမီးကို ကာကွယ်လို့ ပြောဝံ့တာလဲ။
ပင်းယန်နဲ့ ဖန်ကျန်းရှီက အနီးကပ် ရပ်နေခဲ့တာ။ ဒါကြောင့် အရှင်ရှဲ့လော့က ပင်းယန်ကို တိုက်ခိုက်မှာ စိုးရိမ်ပြီး ဒီလို လုပ်တာ ဖြစ်နိုင်မလား။ ရွေးချယ်စရာ မရှိပဲ သူမကို ကန်ထုတ်လိုက်ရတာမျိုး။ ဒီလို ဖြစ်မယ် ဆိုရင်တော့ အကျိုးအကြောင်းသင့်ပါတယ်။ အရှင်လီချင်း အများကြီး မစဉ်းစားတော့ဘူး။ အရှင်လီချင်း ဘယ်သူ့ကို တိုက်ခိုက် ချင်ပါစေ။ ပင်းယန် အနားကို အကပ်ခံလို့တော့ မရဘူးလေ။ သူ နောက်ထပ် မတွေဝေတော့ဘူး။
တောက်ပတဲ့ ခုနှစ်ရောင်ခြယ် အလင်းတန်းတွေ သူ့ကိုယ်က ထွက်ပေါ်လာတယ်။ သူရွေ့လျားတာနဲ့ ကြယ်တံခွန် တစ်ခုလို အရှင်ရှဲ့လော့ဆီ တိုးဝင်တယ်။ ရန်ရွှယ်လည်း လှုပ်ရှားတော့တယ်။ တကယ်တော့ အရှင် ရှဲ့လော့ ဖန်ကျန်းရှီဆီ ဝင်လာတည်းက သူလည်း လှုပ်ရှား တာပဲ။ ရန်ရွှယ့် အပြင် ရှန်းယွီလည်း လှုပ်ရှားတယ်။
ဓားမြှောင် နှစ်ချောင်း သူ့ လက်ထဲမှာ ပေါ်လာခဲ့တယ်။ အခုတော့ သူတို့ နှစ်ယောက်လုံး ဖန်ကျန်းရှီကို လွှတ်အောင် လုပ်ဖို့ ကြိုးစားနေကြတယ်။ ဖန်ကျန်းရှီက အရှင်ရှဲ့လော့ တိုက်ခိုက်တာကို ခုန်ရှောင်နိုင်ရင်၊ ရန်ချန်လိလည်း သူ့ အနားကို ရောက်လာမယ်။ ဒါဆိုရင် အရှင်ရှဲ့လော့မှာ နောက်ထပ် လွတ်လမ်း မရှိတော့ဘူး။
ဒါပေမယ့် အရှင်ရှဲ့လော့က ဖန်ကျန်းရှီကို အလွတ်ခံမှာလား။ ဘယ် အလွတ်ခံမလဲ။ ရန်ချန်လိက သုခမိန် ဖြစ်နေပြီ ဆိုတာ သူမြင်ပြီးပြီ။ ဒါကြောင့် အခုချိန်က ဖန်ကျန်းရှီရဲ့ အသက်ကို ယူဖို့ နောက်ဆုံး အခွင့်အရေးဆိုတာ သူ နားလည်တယ်။
“သူ ခုန်ရှောင်လိုက်တယ်။” ဖန်ကျန်းရှီ ဒီလောက်မြန်မယ်လို့ အရှင်ရှဲ့လော့ မထင်ထား ခဲ့မိဘူး။ ကြည့်ရတာ သူ့ကို အလစ် ဝင်တိုက်မယ် ဆိုတာ သိနေသလိုပဲ။ သဘာဝလွန် အဆင့် လူသား တစ်ယောက်။ နတ်ဆိုးဘုရင် တိုက်ခိုက်တာကို အကြိမ်ကြိမ် ရှောင်ရှား နိုင်ခဲ့တယ်။ ဒါကို အရင်တုန်းက ဆိုရင် အရှင်ရှဲ့လော့ လုံး၀ ယုံမှာ မဟုတ်ဘူး။
ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို လုပ်ရပ်နဲ့ သက်သေ ပြနေပြီ။ ဖန်ကျန်းရှီက သူ့ထက် မြန်ဆန် နေတာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက အလစ် ဝင်တိုက်တာ တွေကို ထိုးထွင်း သိမြင် နိုင်စွမ်း မြင့်မားလွန်းတယ်။
ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီက ဘယ်လိုများ သူ့ တိုက်ကွက်တွေကို ရှောင်နိုင် နေတာလဲ။ အရှင် ရှဲ့လော့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ထူးဆန်းတဲ့ မျက်နှာပေးနဲ့ လှမ်းကြည့် နေခဲ့တယ်။ သူ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော အဖြေက ဖန်ကျန်းရှီလည်း သူ့ကို အလစ်ဝင်တိုက်ဖို့ ကြံစည်နေတာပဲ။
နောက်တနည်း ပြောရရင်။ လူနှစ်ယောက် တိုက်ခိုက်တဲ့ အချိန် နှစ်ဖက် စလုံးက အလစ်ချောင်းတိုက်ဖို့ ကြံစည်နေကြတယ်။ ဒါကြောင့် တစ်ယောက်ရဲ့ လှုပ်ရှားမှုကို ချက်ခြင်း တုံ့ပြန် နိုင်တာပဲ။
ဒါပေမယ့် အခု ကိစ္စက ဖြစ်နိုင်လို့လား။ သဘာဝလွန် အဆင့် လူသားတစ်ယောက်က သူ့ကို အလစ်ဝင်တိုက် ချင်နေတယ်။ အရှင်ရှဲ့လော့ နောက်ထပ် မစဉ်းစားတော့။ ဖန်ကျန်းရှီ က သူ့တိုက်ကွက်ကို ခုန်ရှောင် နိုင်လိုက်တဲ့ အချိန်မှာ တခြား အခွင့်အရေးတွေ အများကြီး ရှိသွားပြီ။
အရှုံးပေးရမလား။ မဖြစ်နိုင်တာပဲ။ နတ်ဆိုး ဘုရင် တစ်ယောက်က သူ ကတိထားတဲ့ ကိစ္စကို လက်လျှော့ စရာလား။ နောက်ဆုတ်သွားတဲ့ ဖန်ကျန်းရှီကို သူ နီးကပ်လာတဲ့ အချိန်မှာပဲ ဓားမြှောင် နှစ်ချောင်းက သူ့ လမ်းမှာ ပေါ်လာခဲ့တယ်။ ပုံမှန်အတိုင်းဆိုရင် ဒီလို အရာတွေကို သူ အာရုံ မစိုက်ဘူး။
ဒါပေမယ့် အခုတော့ သူက တိုက်ရိုက် တိုက်ခိုက်နေတာလေ။ ဒီ သူ့ကိုယ်ကို သုံးပြီးတော့ ဒီ ဓားမြှောင်ကို ခုခံ လိုက်ရင် သူ့ ခန္ဒာကိုယ်လည်း တစ်ခဏတော့ အရှိန် လျှော့သွားမှာပဲ။ ခုန်ရှောင်ရင်လည်း အရှိန်လျှော့ သွားမှာ။ မ
“ကျုံ့။” အရှင် ရှဲ့လော့ အော်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ ခန္ဒာကိုယ်က ကျုံ့ဝင် သွားခဲ့တယ်။ ဓားမြှောင်က သူ့ကို ဖြတ်သွားခဲ့တယ်။
“မင်းက ကိုယ်လည်း ကျုံ့နိုင်တာလား။” ကျုံ့သွားတဲ့ အရှင်ရှဲ့လော့ရဲ့ ကိုယ်ကို ကြည့်ရင်း ဖန်ကျန်းရှီ မျက်လုံးပြူးနေတယ်။ ဒီ နတ်ဆိုး ဘုရင်ရဲ့ ခန္ဒာကိုယ်က တကယ့်ကို အသုံးဝင်တာပဲ။ အကောင်ကြီးအောင် လုပ်လို့ ရရုံတင် မကဘူး။ ကျုံ့လို့လည်း ရတယ်။ ဒီ အတွေး သူ့ စိတ်ထဲ ဝင်လာတဲ့ အချိန်မှာပဲ၊ ဖန်ကျန်းရှီ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ နတ်ဆိုးဘုရင်က ကျုံ့သွားပြီးတဲ့နောက် ချက်ခြင်း ပြန်ကြီးလာတယ်။
“အာဝေါင်း။” သားရဲကောင် တစ်ကောင်လို သူအော်လိုက်တယ်။ လူသား တစ်ယောက်လို သေးကွေးနေတဲ့ အရှင် ရှဲ့လော့ အခုတော့ အကြီးကြီး ဖြစ်လာခဲ့ပြန်ပြီ။ သူ့ရဲ့ ကိုယ်ခန္ဒာကြီး တစ်ခုလုံးက အကြေးခွံနက်တွေနဲ့ ပြည့်နှက်နေတယ်။ ကြီးမားတဲ့ ဂျိုကွေးကွေး နှစ်ချောင်းက ခေါင်းပေါ်မှာ ထိုးထွက်နေခဲ့တယ်။
ကျောက်စိမ်းရောင် အလင်းတန်းတွေက သူ့ မျက်လုံးထဲမှာ တောက်ပနေတယ်။ ဒီအချိန်မှာပဲ ကောင်းကင် ကြယ်ရောင် လရောင်တွေ ပျောက်ကွယ်သွားခဲ့တယ်။ ဖန်ကျန်းရှီ ဘာ အလင်းရောင်ကိုမှ မမြင်ရတော့ဘူး။ ဖန်ကျန်းရှီ က သတ္တဝါကြီးရဲ့ အောက်မှာ ရောက်နေခဲ့ပြီ။
ခွာလေးဖက်က လရောင်အောက်မှာ တစ်ချက် လက်သွားခဲ့တယ်။ ဒါပေါ့။ အခုကိစ္စတွေက ဘာမှ အရေးမကြီးဘူး။ အရေးအကြီးဆုံးက ဒီ ခွာတွေ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်ကို လာဖိနေတာပဲ။
“ဘာတွေ ဖြစ်နေတာလဲ။ ခွာနဲ့ ပေါက်ခံရပြီး သေတာ ပျော်စရာ မကောင်းဘူးနော်။” ဖန်ကျန်းရှီ ပိတ်မိနေခဲ့ပြီ။ ဒီ ခန္ဒာကိုယ်ကြီးက လေထဲမှာ ကြီးသထက် ကြီးလာတယ်။ သူ့အတွက် ပြေးစရာ မြေ မရှိတော့ဘူး။
အပိုင်း(၅၈၈)ပြီး၏။
အပိုင်း (၅၈၉)
“ပညာရှင်တွေ ကြားက တိုက်ပွဲ။”
ဘာသာပြန်သူ - Enri Thaw
ပြေးလို့ မရတော့ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် နတ်ဆိုးဘုရင်ရဲ့ ခွာနဲ့ အနင်းခံရတာ ကနေ ခုခံနိုင်ဖို့ မဖြစ်နိုင်တာပဲ။ သူက နတ်ဆိုးဘုရင်ရဲ့ ခွာကို ဖောက်နိုင်အောင် မာတဲ့ သံချောင်း မဟုတ်မှန်း ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို သိတယ်လေ။ နတ်ဆိုးဘုရင်က သုခမိန်ထက် အင်အား ပိုကြီးတယ်။ ပြေးလို့လည်း မရဘူး။ ခုခံလို့လည်း မရဘူး။
သူ ဘာလုပ်နိုင်မှာလဲ။ ဖန်ကျန်းရှီ သေမင်း ခံတွင်းဝကို ရောက်နေပြီလို့ ခံစားမိလိုက်တယ်။ ဒီ အချိန်မှာပဲ လူတစ်ယောက် သူ့ ရှေ့မှာ ပေါ်လာခဲ့တယ်။ သွေးနီရောင် အလင်းတန်းက သူ့ တစ်ကိုယ်လုံးကို လွှမ်းခြုံ ထားခဲ့တယ်။ သူ့ ဝတ်ရုံက လေထဲမှာ လွင့်နေတယ်။
“ရန်ရွှယ်လား။” ဖန်ကျန်းရှီ နှလုံးခုန်သံ ရပ်တော့မယ်။ သူ့ဆီကို ပြေးဝင်လာတဲ့ ရန်ရွှယ်ကို ကြည့်ရင်း စိတ်ထဲ အတွေးတွေ ဆက်တိုက် ဝင်လာခဲ့တယ်။
ခေါင်းပေါ်က ခွာကြီးက နီးကပ်လာနေပြီ။ ဒါပေမယ့် ရန်ရွှယ်က ဒီ အချိန်မှာ ပြေးထွက်လာတယ်။ သူ ဒီလို လုပ်တာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။ ဖန်ကျန်းရှီကို တွန်းထုတ် ပြစ်ဖို့။ ဖန်ကျန်းရှီ သူ့ကို တားချင်ပေမယ့် နောက်ကျ သွားခဲ့ပြီ။ ရန်ရွှယ်က သူ့ရှေ့ ရောက်နေပြီ။ ရန်ရွှယ်ရဲ့ အေးစက်စက် မျက်နှာမှာ နှုတ်ခမ်းထောင့်က ကော့တက်ရင်း ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီကို ချက်ခြင်း လက်ဝါးနဲ့ ရိုက် ထုတ်လိုက်တယ်။
“ဝုန်း” အသံကျယ်ကြီး ထွက်ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အရှင်ရှဲ့လော့ရဲ့ ခွာကြီး ကျရောက်လာတယ်။ ခိုင်ခံ့လွန်းတဲ့ မြို့တံတိုင်းတွေတောင် သူ့ ခွာရဲ့ ဖိအားကို မခုခံနိင်ဘူး။ စတင်ပြီး အက်ကွဲ လာတော့တယ်။
“ဝုန်း။”
နှစ်ထောင်ချီတဲ့ သမိုင်းဝင် မြို့နံရံတွေ အက်ကွဲ ကုန်ပြီ။ ကျောက်တုံးတွေ နေရာ အနှံ့ကို လွင့်စင်ကုန်တယ်။ ကြီးမားတဲ့ အပေါက်ကြီး တစ်ပေါက် မြိုနံရံ ပေါ်မှာ ဖြစ်ပေါ်လာတယ်။ မြို့နံရံပေါ်မှာ ရပ်နေတဲ့ မြောက်ပိုင်းသား စစ်သည်တော်တွေ ချက်ခြင်း ထွက်ပြေးတော့တယ်။ ဒါပေမယ့် ကံမကောင်းတဲ့ တစ်ချို့ကတော့ မြို့နံရံနဲ့ အတူ မြေမြှုပ် ခံလိုက်ရတယ်။ မြင်ရတာ ကြောက်စရာ ကောင်းတဲ့ မြင်ကွင်းပဲ။ ဒီ မြင်ကွင်းကနေ အသံ တစ်သံ ဟိန်းထွက် လာခဲ့တယ်။
“ရဲတင်းလိုက်တဲ့ နတ်ဆိုးဘုရင်။ မင်းက ငါ့ မြေးကို ထိဝံ့တယ်ပေါ့။”
ဒီအသံနဲ့ အတူ လူတိုင်းရဲ့ အကြည့်က ကောင်းကင်ပေါ်က ပုံရိပ်ဆီ ရောက်သွားခဲ့တယ်။ အရှင်ရှဲ့လော့ရဲ့ ရှေ့မှာ လူတစ်ယောက် ရပ်နေခဲ့တယ်။ ရန်ချန်လိ။
ရန်ချန်လိ ကိုယ်ပေါ်က ဝတ်ရုံနက် ပျောက်ကွယ် သွားခဲ့ပြီ။ တိမ်နီ ခြောက်ခုနဲ့ တောက်ပတဲ့ သံချပ်ကာကြီးကို မြင်ရတယ်။ သံချပ်ကာက သွေးနီရောင် အလင်းတန်းတွေ တောက်ပနေတယ်။ ရန်ချန်လိရဲ့ မျက်လုံးတွေက လုံးဝကို နီရဲနေခဲ့ပြီ။ သူ့ ခေါင်းပေါ်မှာ လောင်ကျွမ်းနေတဲ့ စာလုံး တစ်လုံး တောက်ပနေခဲ့တယ်။ ဖတ်လို့ မရအောင် ရှုပ်ထွေးနေတဲ့ စကားလုံး တစ်လုံး။
ဒီအချိန်မှာပဲ အေးစက်တဲ့ အငွေ့အသက်တွေက ကောင်းကင် တစ်ခုလုံးကို လွှမ်းခြုံနေခဲ့တယ်။ ရန်ချန်လိက ကောင်းကင်မှာ ရှိနေပမယ့် သူ့အောက်မှာ ရှိနေတဲ့ လူုတိုင်း ပြင်းပျတဲ့ လူသတ်ချင် စိတ်တွေကို ခံစားနေရတယ်။ ဒီ လူသတ်ငွေ့ တွေက သူတို့ရဲ့ နှလုံးသားကို အေးခဲသွားစေတယ်။ အက်ကွဲသံတွေ ရန်ချန်လိဆီကနေ ကြားနေ ရတယ်။ သူ့ အရှိန်အဝါကြောင့် လေထု တစ်ခု လုံးတောင် အေးခဲသွား သလိုပဲ။
“သုခမိန် တကယ့်ကို သုခမိန်ပဲ။”
“ဒါက ဘယ်လို စွမ်းအားလဲ။”
“ရန်ရွှယ် သေသွားပြီလား။ ဖန်ကျန်းရှီကော ဘာဖြစ်သွားတာလဲ။”
ရန်ချန်လိရဲ့ ဒေါသကို ခံစားမိ ချိန်မှာ သူတို့ နှလုံးသားတွေ တုန်ယင် သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခုနက မြင်ကွင်းကို ပြန် စဉ်းစားမိကြတယ်။ ရန်ရွှယ်က နောက်ဆုံး အချိန်မှာ ပြေးဝင်လာ ခဲ့တယ်။ အဲ့ဒီ့နောက် ဘာဖြစ်သွားတာလဲ။ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖုန်တွေက သူတို့ မြင်ကွင်းကို ကာဆီးထားတယ်လေ။ ဘာတွေ ဖြစ်နေလဲ မမြင်ရဘူး။
“ဖန်ကျန်းရှီ၊ ရန်ရွှယ်၊ အရှက်မရှိတဲ့ ကောင်စုတ်တွေ။ သေကုန်ကြပြီလား။” ပင်းယန်က ကောင်းကင်မှာ ပြောင်းလဲ နေတဲ့ ရန်ချန်လိကို ဂရု မစိုက်ဘူး။ မြို့နံရံကိုသာ အာရုံ စိုက်ထားခဲ့တယ်။ ရှန်ယွီလည်း အတူူတူပဲ။ ဒါပေမယ့် သူမကတော့ ပင်းယန်လို အော်ဟစ် မနေဘူး။ တန်းတန်း မတ်မတ်သာ ပြေးဝင်သွား ခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်က ရန်ချန်လိ လှုပ်ရှားတော့တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အရှင် ရှဲ့လော့ဆီ ပြေးဝင်တယ်။ လျှပ်စီး လက်သလို မြန်ဆန်တယ်။ အနီရောင် ကြယ်တစ်လုံး ကောင်းကင်က ကြွေဆင်း လာသလိုပဲ။
“ဝုန်း။” အသံကျယ်ကြီးကို ကြားလိုက်ရတယ်။
ရန်ချန်လိရဲ့ လက်သီးက အရှင်ရှဲ့လော့ရဲ့ ဂျိုနှစ်ချောင်း ကြားက နေရာလွတ် ပေါ်ကို ကျရောက်သွားတယ်။ ဒါက သာမာန် လက်သီးချက် တစ်ခုပဲ။ ဒေါသ အပြည့်နဲ့ လက်သီး။ အနီရောင် အလင်းတန်းတွေ ဖြာထွက် သွားခဲ့တယ်။
“ဝေါင်း။” အရှင် ရှဲ့လော့ ဒေါသ တကြီးနဲ့ ဟိန်းဟောက်တယ်။ သူ့ ကိုယ်ကြီး ဘေးကို စောင်းသွားခဲ့တယ်။ မြှောက်ထားတဲ့ ခြေထောက် တစ်ဖက် ကြည့်ရတာ တုန်ယင် နေသလိုပဲ။ ပွင့်နေတဲ့ ကျောက်စိမ်းရောင် မျက်လုံးတွေမှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပြည့်နှက် နေခဲ့တယ်။ လူသား သုခမိန် တစ်ယောက်။ လက်သီး တစ်ချက်တည်းနဲ့တင် အရှင်ရှဲ့လော့ကို မတည်ငြိမ်အောင် လုပ်နိုင်တယ်။ မယုံနိုင်စရာ မြင်ကွင်း တစ်ခုပဲ။
“ကောင်းလိုက်တဲ့ အင်အား။”
“နတ်ဆိုးဘုရင်ကို သူ ထိပ်တိုက် တိုက်ခိုက် ဝံ့တယ်ပေါ့။”
“နတ်ဆိုး ဘုရင် လဲကျတော့ မှာလား။”
ဘယ်သူမှ မယုံနိုင်ဘူး။ ရန်ချန်လိ က အရှင် ရှဲ့လော့ကို လက်ဗလာနဲ့ ဒီလို တိုက်ခိုက် နိုင်မယ် ဆိုတာ။ ဒါက အားနည်းတဲ့ လူသား လက်သီးကို သုံးပြီးတော့ နတ်ဆိုးဘုရင်ကို ရင်ဆိုင်တာလေ။ ရန်ချန်လိ ကတော့ လုပ်လိုက်ပြီ။ နောက်ပြီးတော့ ရပ်တန့်ဖို့ စိတ်ကူး ရှိပုံ မပေါ်ဘူး။ သူ့ လက်သီးက အရှင်ရှဲ့လော့ ကိုယ်ပေါ်ကို မိုးသီး မိုးပေါက်တွေလို ကျဆင်းလာခဲ့တယ်။
“ဝုန်း”
“ဝုန်း၊ ဝုန်း၊”
ကြောက်စရာ ပေါက်ကွဲသံတွေကို ကြားရတယ်။ ရန်ချန်လိက စကားနဲ့ အချိန် မဖြုန်းဘူး။ ဒေါသ ထွက်နေတဲ့ ခြင်္သေ့ကြီး တစ်ကောင်လို တိုက်ခိုက် နေခဲ့တယ်။ လက်သီး တစ်ချက်ပြီး တစ်ချက်။ အရှင် ရှဲ့လော့ ကတော့ ဒေါသ တကြီးနဲ့သာ ဟိန်းဟောက်နေခဲ့တယ်။ သူ့ရဲ့ ရွှေဂျိုကောက် နှစ်ချောင်း စတင် တုန်ခါလာတယ်။ ရွှေရောင် အလင်းတန်းတွေ ဖြာထွက်လာခဲ့တယ်။ သူ့ကြည့်ရတာ အရမ်းကို ဒေါသ ထွက်နေတဲ့ ပုံစံပဲ။
ဒါပေမယ့် ရန်ချန်လိ ကတော့ နောက်ဆုတ်ဖို့ စိတ်ကူး မရှိ။ တိုက်ခိုက်တာ ကိုလည်း မရပ်တန့်ဘူး။ သူ့ဆီကို ပြေးဝင်လာနေတဲ့ ရွှေရောင် အလင်းတန်း ဂျို နှစ်ချောင်းကိုလည်း လုံး၀ လျစ်လျူ ရှုထားတယ်။ ရူးသွပ် နေတဲ့ လူတစ်ယောက်လို သူ တိုက်ခိုက်နေခဲ့တယ်။ ရွှေဂျို နှစ်ချောင်း တဖြည်းဖြည်း နီးလာလေ။ ကြည့်နေ သူတွေ မျက်လုံး ပြူးလာလေပဲ။
ဒါပေမယ့် ဒီ အချိန်မှာပဲ ရွှေဂျို နှစ်ချောင်းက ဘာ အကြောင်းရင်းမှ မရှိပဲ ရုတ်တရက် ရပ်တန့် သွားခဲ့တယ်။ တစ်ခုခုက သူ့ကို တားဆီး ထားတဲ့ပုံပဲ။ တစ်ချိန်တည်းမှာပဲ ရန်ချန်လိရဲ့ ခြေထောက် တစ်ဖက်က အရှင် ရှဲ့လော့ ခေါင်းပေါ်ကို ကျရောက်လာတယ်။ ဒီတစ်ခါတော့ အရှင်ရှဲ့လော့ ရဲ့ ကိုယ်ခန္ဒာကြီးက ဒီ အင်အားကို မခုခံ နိုင်တော့တဲ့ ပုံစံပဲ။ နှာခေါင်းကနေ လေပူတွေ မှုတ်ထုတ်ရင်း မြေပြင်ပေါ်ကို ပြစ်လဲ သွားခဲ့တယ်။
“ဂျိန်း ဝုန်း။” မြို့နံရံကတော့ သူ့ ဖိအားကြောင့် အော်မြည်သံတွေ ထွက်လာတယ်။ အခုတော့ မြို့နံရံရဲ့ ချိုင့်ထဲမှာ ဖုန်တွေ သဲတွေ ပြည့်နှက် နေပြန်ပြီ။ ကောင်းကင်မှာတော့ အနီရောင် အလင်းတန်းတွေနဲ့ လူက မတ်တပ်ရပ် နေဆဲ။ သူ့ရဲ့ အနီရောင် မျက်လုံး တောက်တောက် တွေက မြေပြင်ပေါ်မှာ လဲကျနေတဲ့ အရှင် ရှဲ့လော့ကို ကြည့်နေခဲ့တယ်။
“သူကျ သွားပြီ။“
“နတ်ဆိုး ဘုရင်ကို အလဲ ထိုးနိုင် လိုက်ပြီ။”
“အင်အား ကြီးလိုက်တာ။ အဲ့တာက သုခမိန် လား။ ဒါပေမယ့် သူက သုခမိန် ဖြစ်နေရင်တောင် နတ်ဆိုး ဘုရင်ကို ကိုယ်ကာယ အင်အားနဲ့ ဘယ်လိုများ ယှဉ်နိုင်တာလဲ။ ရန်ချန်လိ … သူ ဘယ်လိုများ လုပ်လိုက် တာလဲ။”
မြောက်ပိုင်းဒေသ စစ်သည်တော်တွေ တောင်ဖြို တပ်ဖွဲ့တွေ အားလုံး ဒီမြင်ကွင်းကို ကြည့်ရင်း အထိတ်တလန့် ဖြစ်နေကြတယ်။ ပညာရှင်တွေ ရဲ့ တိုက်ပွဲ။ တကယ့်ကို ပညာရှင်တွေ ရဲ့ တိုက်ပွဲပဲ။ သုခမိန် တစ်ယောက် နဲ့ နတ်ဆိုး ဘုရင်ရဲ့ တိုက်ပွဲ။ ဒါပေမယ့် သူတို့တွေ ကိုယ်ကာယ အင်အားနဲ့ တိုက်ခိုက်နေ ကြတာ။ ဒီ အဖြစ်က လူတိုင်းကို တုန်လှုပ်စေတယ်။
အရှင် ရှဲ့လော့ရဲ့ နောက်မှာ နောက်ထပ် လူ တစ်ယောက် ရပ်နေခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေက သူ့ကိုယ်ကို လွှမ်းခြုံထားတယ်။ ညလေအေးကြောင့် သူ့ ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ သူ့ ခန္ဒာကိုယ်က အရမ်းကို ပိန်ပါးပြီး အားနည်းလွန်းတယ်။ ဒါပေမယ့် ဒီ လူက ရွှေဂျိုတွေကို တားလိုက်မှန်း လူတိုင်း သိတယ်။
အရှင်လီချင်း။ ဒီ လူက အနောက်ပိုင်း နေဝင်တောင်တန်း အရှင်။ ရန်ချန်လိ လို့ သုခမိန် မဟုတ်ပေမယ့် ကြောက်စရာ ကောင်းတဲ့ အင်အားတွေကို ပိုင်ဆိုင်တယ်။ နောက်ပြီးတော့ သုခမိန် တစ်ဝက် ဖြစ်ဖို့ နည်းနည်းပဲ လိုတော့တဲ့သူ။ ဒီ မြင်ကွင်းကို သူတို့ ဘဝမှာ မျက်မြင် တွေ့နေရတာ တကယ့်ကို လန့်စရာ ကောင်းတယ်။
“ သခင်ကြီး ရန်။ မလောပါနဲ့။ ဒါက နတ်ဆိုး ဘုရင်။ မင်း တစ်ယောက်တည်းနဲ့ မနိုင်နိုင်ဘူး။” အရှင်လီချင်းက မျက်နှာမော့ချီ နေတဲ့ ကောင်းကင်က လူကို ကြည့်ရင်း ပြောတယ်။ လူတိုင်း မြင်တဲ့ မြင်ကွင်းကို သူလည်း မြင်တယ်လေ။
ရန်ရွှယ်က အရေးအကြီးဆုံး အချိန်မှာ အရှင်ရှဲ့လော့ရဲ့ ခွာအောက်ကို ပြေးဝင် သွားခဲ့တယ်။ ရန်ချန်လိရဲ့ စိတ်နေ စိတ်ထားကို တခြားသူတွေထက် အရှင်လီချင်းက ပိုနားလည်တယ်။ ဒီလူက သူ့ အားနည်းချက်ကို မပြရံုံတင် မကဘူး။ အရမ်းကို တိုက်ခိုက် လိုစိတ် ပြင်းထန်တယ်။ ဒါပေမယ့် သူ ရင်ဆိုင် နေရတာက နတ်ဆိုး ဘုရင်ကြီး။ နိုင်ငံ အဆင့် ကပ်ဆိုးကြီး။ စိတ်အေးအေး မထားတာနဲ့ ရလဒ်ကလည်း ပြောင်းလဲ သွားနိုင်တယ်။
“သောက်ပိုတွေ၊ ငါ့မြေးက သေသွားပြီ။ မင်း အရှက်မရှိတဲ့ နတ်ဆိုးဘုရင် ငါ့ မြေးကို ပြန်ပေး။” ရန်ချန်လိက အရှင်လီချင်းကို လျစ်လျူ ရှုထားတယ်။ နောက်တစ်ကြိမ် တိုက်ခိုက်ပြန်တယ်။ သူ့ တစ်ကိုယ်လုံး အနီရောင် အလင်းတန်းတွေ တောက်ပလာခဲ့တယ်။
“သခင်ကြီး ရန် မလုပ်နဲ့။” အရှင် လီချင်း ကြောက်လန့် တကြား လှမ်းအော်တယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ ရန်ချန်လိ ထိုးဆင်းလာတဲ့ အချိန်မှာပဲ။ မြေပြင်ပေါ်မှာ လှဲလျောင်းနေတဲ့ အရှင် ရှဲ့လော့ ခေါင်းမော့လာတယ်။ သူ့ မျက်လုံးထဲကနေ အလင်းတန်း နှစ်ခု ထွက်လာပြီးတော့ ရန်ချန်လိကို တိုက်ခိုက်တော့တယ်။
အနီရောင် အလင်းတန်းနဲ့ အစိမ်းရောင် အလင်းတန်း တိုက်မိတယ်။ မြေပြင် တစ်ခုလုံး တုန်ယင် လာခဲ့ပြီ။ မြေပြင်ပေါ်မှာ အက်ကွဲရာတွေ ထွက်ပေါ်လာတယ်။ သူတို့ စွမ်းအင် ပေါက်ကွဲမှုကြောင့် အနီးနားမှာ ရှိတဲ့ အရာ တော်တော်များများ ဖုန်မှုန့်တွေ ဖြစ်ကုန်ကြတယ်။
မြောက်ပိုင်း စစ်သည်တော်တွေ ဒါကို မြင်တော့ ချက်ခြင်း ဆုတ်ခွာကြတယ်။ တစ်ချို့ မဆုတ်ခွာနိုင် သူတွေကတော့ အရည်ပျော်ကျ သွားခဲ့တယ်။ သုခမိန် တစ်ယောက်နဲ့ နတ်ဆိုး ဘုရင်ရဲ့ တိုက်ပွဲ။ မြေကြီးပေါ်မှာ ရပ်နေတဲ့ သူတိုင်း ဒီ အရှိန်အဝါကို ခံစားနိုင် ကြတယ်။
“အမတ်မင်း စုကို ခေါ်ပြီး ထွက်သွား။” ရှင်းယွမ်ကောင်း ရဲ့ နောက်မှာ ရပ်နေတဲ့ ဝတ်ရုံနက် တစ်ယောက် စွမ်းအင် ပေါက်ကွဲတာကို မြင်တော့ အော်ဟစ်တယ်။
“ကောင်းပါပြီ။” မြောက်ပိုင်း စစ်သည်တော်တွေ ပြန်ဖြေတယ်။
“ငါတို့တွေ ဒီမှာ ရှိနေမှာတော့။ ဘာလို့ ထွက်သွားမှာလဲ။” ရှင်းယွမ်ကောင်းက စုချင်းကို သယ်ယူနေတဲ့ မြောက်ပိုင်း စစ်သည်တော်တွေကို ကြည့်ရင်း ပြောတယ်။ သူ့ မျက်လုံး တစ်ခုလုံး ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေခဲ့တယ်။
“အရှင်။ ကိုယ့်ကိုယ်ကိုသာ စိတ်ပူပါ။” ဝတ်ရုံနက် နောက်ထပ် တွေေ၀ မနေတော့ဘူး။ အလင်းတန်းတွေ သူတို့ ကိုယ်က တောက်ပလာပြီး ရှင်းယွမ်ကောင်းကို တိုက်ခိုက်တော့တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန်လာလေ မြို့တံတိုင်းက ပျက်ဆီးလေပဲ။ တောင်ဖြို တပ်နဲ့ ရန်တိမ် တပ်ဖွဲ့တွေ အချိန် မှီ ရောက်လာဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ရှင်းယွမ်ကောင်းကို သတ်ဖို့ အကောင်းဆုံး အချိန်ပဲ။
“မင်း ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့။” ရှင်းယွမ်ကောင်း တစ်ကိုယ်လုံး ခရမ်းရောင် အလင်းတန်းတွေ တောက်ပလာတယ်။ သူ နောက်မဆုတ်ဘူး။ အနီးဆုံးက ဝတ်ရုံနက်ဆီ သူ ပြေးဝင်တယ်။
“သတ်။”
“သေလိုက်။”
မြို့နံရံ ပေါ်မှာ နောက်ထပ် တိုက်ပွဲ တစ်ခု ဖြစ်ပေါ်လာပြန်တယ်။ အရှင် လီချင်းကတော့ မြို့နံရံမှာ ဖြစ်နေတာ တွေကို အာရုံ မစိုက်အားဘူး။ ရန်ချန်လိကိုသာ လုံး၀ အာရုံ စိုက်ထားခဲ့တယ်။
“သခင်ကြီးရန်၊ သေပြီလား။”
“သေပြီ ဟုတ်လား။ ဟာသ လာပြော မနေနဲ့။ ဒီ နတ်ဆိုးဘုရင်လေးက ငါ့ကို ဘာလုပ် နိုင်မှာလဲ။” ရန်ချန်လိရဲ့ အသံ ထွက်ပေါ် လာတယ်။ အဲ့ဒီ့နောက် လူတစ်ယောက် ပြန်ပေါ်လာတယ်။ သူ့ သံချပ်ကာက နည်းနည်းတော့ ပျက်ဆီး နေပြီ။ ဒါပေမယ့် ရင်ဘတ်ပေါ်က အနီရောင် တိမ်စိုင် တွေကတော့ သွေးလို ရဲရဲနီနေခဲ့တယ်။
“လေးစားပါတယ် သခင်ကြီးရန်။ မင်းက ဒေါသကြီးရုံတင် မကဘူး။ အတော်လေး သန်မာတာပဲ။” အရှင် လီချင်း သက်ပြင်း ချရင်း ပြောတယ်။
“သောက်ပိုတွေ။ ငါ့ အရိုးတွေတင် မာတာ မဟုတ်ဘူး။ ငါ့ အသားတွေလည်း မာတယ်။” ရန်ချန်လိ ဒေါသ တကြီးနဲ့ ပြန်ပြောတယ်။ အဲ့ဒီ့နောက် ရှုပ်ပွနေတဲ့ သူ့ ဆံပင်တွေကို သပ်နေခဲ့တယ်။
“မင်း ကိုယ့်ကို နှိမ့်ချနေတဲ့ အဖိုးကြီး။” အရှင်လီချင်း တစ်ခဏတော့ မျက်လုံး ပြူးသွားတယ်။ အဲ့ဒီ့နောက် ဒေါသတကြီး ပြန်အော်မိတယ်။
သူတို့ အောက်မှာတော့ တောင်ဖြို တပ်ဖွဲ့နဲ့ မြောက်ပိုင်း တပ်တွေ ရှိနေခဲ့တယ်။ သူတို့ အားလုံး ဒါကို ကြားတော့ ထိတ်လန့် တကြား နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။
မြို့ပြင်က ရန်တိမ် တပ်ဖွဲ့ကတော့ အမူအယာမဲ့ ရှိနေဆဲ။ သူတို့ အတွက်တော့ ရန်ချန်လိက အလင်တန်း တစ်ခုလိုပဲ။ သူတို့ရဲ့ ဦးဆောင်သူ။ သခင်ကြီးရဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်းသိတယ်။ ဒါကြောင့် သူက ဘယ်လိုလုပ် နှိမ့်ချသူ ဖြစ်ရမှာလဲ။ အခု အဖြစ်က အရမ်းကို ပုံမှန်ပဲ။ အင်အားကြီး စစ်တပ်ကြီးမှာ အင်အားကြီး ခေါင်းဆောင် တစ်ယောက် ဘယ်လိုလုပ် မရှိပဲ နေမှာလဲ။
ရန်ချန်လိက သူတို့ကို ဦးဆောင်ဖို့ အတွက် ဒီလို မာကျောမှ ဖြစ်မယ်။ ဒါကြောင့်ပဲ အနောက်ပိုင်း လျန် ဒေသမှာ ဘယ်သူမှ မချိုးဖြတ်နိုင်တဲ့ အနိုင်ရ သမိုင်း ကြောင်းတွေ ရှိနေတာ။ ဘာ အထိန်းအကွပ်မှ မရှိပဲ မောက်မာတဲ့သူ။ ဒေါသတကြီးနဲ့ ပေါက်ကွဲမှု ပြင်းထန်တယ်။ ဒါက ရန်ချန်လိနဲ့ ရန်တိမ် တပ်ဖွဲ့ပဲ။
“ဝေါင်း။” အရှင် ရှဲ့လော့ နောက်ဆုံးတော့ လှုပ်ရှားပြီ။ ရန်ချန်လိ ပြောလိုက်တဲ့ စကား ကြောင့်လည်း ဖြစ်နိုင်တယ်။ သူက ရိုက်ချခံလိုက် ရတာ။ အရှင်လီချင်းက နောက်ကနေ ပံ့ပိုးလို့ ဖြစ်တာ ဆိုပေမယ့် သူ့အတွက်တော့ ဒါက သိက္ခာကျတာပဲလေ။
အစိမ်းရောင် အလင်းတန်းတွေ သူ့ကိုယ်က ဖြာထွက်လာတယ်။ သူ့ကိုယ်က မှင်နက်လို မှောင်မည်းနေတဲ့ သံချပ်ကာ တစ်ခုလုံး အစိမ်းရောင် တောက်ပ လာခဲ့တယ်။ ဒီ အချိန်မှာ အရှင် ရှဲ့လော့ရဲ့ ကိုယ်က ကျောက်စိမ်းတုံးကြီး တစ်ခုလိုပဲ။ တောက်ပနေတယ်။ အလင်းပြန်ပြီးတော့ အစိမ်းရောင် အလင်းတန်းတွေ ဖြာထွက်နေခဲ့တယ်။ အဲ့ဒီ့နောက် သူ လှုပ်ရှားတော့တယ်။
သူ့ ခန္ဒာကိုယ်ကြီးက ကောင်းကင်ကို ပျံတက်လာတယ်။ အရှိန်နှုန်းက ပိုတိုးလာခဲ့တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာ ရန်ချန်လိ ရှေ့ကို သူရောက်လာပြီ။ တစ်ချိန်တည်းမှာပဲ သူ့ ခွာကြီးက ရန်ချန်လိ ခေါင်းပေါ်ကို ရောက် လာတယ်။
“ဟန့်။” ရန်ချန်လိ နှာခေါင်းရှုတ်တယ်။ ခွာကို ခုန်ရှောင်လိုက်တယ်။ အဲ့ဒီ့နောက် အရှင် ရှဲ့လော့ရဲ့ ခေါင်းပေါ်ကို သူ ရောက်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သွေးနီရောင် အလင်းတန်းက သူ့ လက်မှာ တောက်ပလာတယ်။
ဓားတစ်ချောင်းလို ရှင်းလင်း ပြတ်သားတဲ့ အလင်းတန်းကြီး။ ဒီအခိုက် အတန့်မှာပဲ အနီရောင် အလင်းတန်းတွေက ပျံ့ကျဲထွက်သွားခဲ့တယ်။ ကြီးမားတဲ့ သွေးနီရောင် ပိုက်ကွန်ကြီး တစ်ခု ဖြစ်လာခဲ့တယ်။
“ကချာ့၊ ကချာ့။”
ဒီ ပိုက်ကွန်ကြီး က အရှင်ရှဲ့လော့ ကိုယ်ပေါ်ကို ကျရောက်လာတယ်။ ထူးဆန်းတဲ့ အသံတွေလည်း ဖြစ်ပေါ်လာတယ်။ အရှင်ရှဲ့လော့ရဲ့ ကိုယ်ကို အစိတ်စိတ် အမွှာမွှာ ဆုတ်ဖြဲနေသလိုပဲ။ သွေးနီရောင် အလင်း ပိုက်ကွန်က အရှင်ရှဲ့လော့ရဲ့ ကိုယ်က ထွက်ပေါ်လာတဲ့ အလင်းစိမ်းတွေနဲ့ တိုက်ခိုက်ရင်း မီးပွားတွေ ဖြာထွက်နေခဲ့တယ်။
အပိုင်း(၅၈၉)ပြီး၏။
အပိုင်း (၅၉၀)
“ဟန်ဆောင်နေတာ ရပ်တော့။ တစ်ခုခု လွဲနေပြီ။”
ဘာသာပြန်သူ - Enri Thaw
“ဝေါင်း” အရှင်ရှဲ့လော့ ဒေါသတကြီးနဲ့ အော်ဟစ်တယ်။ သူ့ရဲ့ ခွာလေးဘက်ကို ဒေါသတကြီးနဲ့ ပေါက်လိုက်ချိန်မှာ အနီရောင် ကွန်ယက်ကြီး ပျက်စီးသွားခဲ့တယ်။
“ဂျုန်း၊ ဂျုန်း” အသံတွေ ဆက်တိုက် ထွက်ပေါ် လာနေတယ်။ ရန်ချန်လိ မျက်မှောင်ကြုတ်သွားတယ်။ သူ့နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေ ပေါ်လာခဲ့တယ်။ သူ့လက်က အရှင် ရှဲ့လော့ရဲ့ လှုပ်ရှားမှု အတိုင်း ပြောင်းလဲနေခဲ့တယ်။ ဒီ အချိန်မှာပဲ ခုနှစ်ရောင်ခြယ် အလင်းတန်းတွေက ကောင်းကင်ကို ထိုးတက်လာခဲ့တယ်။ တိမ်မည်းတွေ နောက်ကို ဝင်ရောက် ပျောက်ကွယ် သွားတယ်။ အဲ့ဒီ့နောက် တိမ်မည်းတွေ တောက်ပလာခဲ့တယ်။
ညကနေ နေ့ကို ပြောင်းလဲ သွားသလိုပဲ။ ဒီအချိန်မှာ အလင်း မဏ္ဍိုင်ကြီး ၇ခု ကောင်းကင်ကနေ ထိုးဆင်းလာခဲ့တယ်။ အနီ လိမ္မော် အဝါ အစိမ်း အပြာ မဲနယ် ခရမ်း။ ဒီအချိန်မှာ ကြယ်အလင်းတန်းနဲ့ လရောင်တွေ ပျောက်ကွယ်သွားတယ်။ အလင်းမဏ္ဍိုင်တွေက အရမ်းကို လင်းထိန်လွန်း နေတယ်လေ။ ဒီအလင်းတန်းတွေကို တည့်တည့် စိုက်မကြည့် နိုင်ဘူး။
“ဝုန်း။”
အနီရောင် အလင်းတန်းကြီးက အရှင်ရှဲ့လော့ရဲ့ ခွာကြီးကို ဝင်တိုက်တယ်။ သွေးတွေ နေရာ အနှံ့တွေ ကျလာတယ်။ ဒီ အလင်းတန်းကြီးက မြေကြီးကို ထွင်းဖောက်သွားတဲ့ အချိန် မီးတွေ လောင်ကျွမ်းသလို ပေါက်ကွဲတယ်။
အရှင်ရှဲ့လော့ ကတော့ အရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။ နောက်ထပ် ခြေထောက် တဖက်ကို မြှောက်ရင်း အနီရောင် အလင်းတန်းကို ဖယ်ရှားပြစ်ဖို့ ပြင်နေခဲ့တယ်။ ဒီအချိန်မှာ နောက်ထပ် အလင်းတန်း တစ်ခု ကျဆင်းလာခဲ့တယ်။
လိမ္မော်ရောင် အလင်းတန်း။ လိမ္မော်ရောင် အလင်းတန်းက အရှင်ရှဲ့လော့ရဲ့ မြှောက်လက်စ ခြေထောက် တစ်ဖက်ကို ဖြတ်ထွက်သွားတယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်ကို စိုက်သွားပြန်တယ်။ ဒါတင် မကသေးဘူး။ အနီရောင်နဲ့ လိမ္မော်ရောင် အလင်းတန်းတွေ ကျဆင်းလာပြီးနောက် တခြား အရောင်တွေလည်း ဆက်တိုက် ကျဆင်းလာတယ်။
“ဝေါင်း။” အရှင်ရှဲ့လော့ နာကျင်မှု အပြည့်နဲ့ အော်ဟစ်နေတယ်။ သူ့ ခန္ဒာကိုယ် တစ်ခုလုံး မြေပြင်ပေါ်ကို လဲကျသွားတယ်။ တစ်ကိုယ်လုံး သွေးတွေ အိုင်နေခဲ့ပြီ။ ဒါက စိတ်ကူးကြည့် ရုံနဲ့တင် ကြောက်စရာကောင်းတဲ့ မြင်ကွင်းပဲ။
တောင်ဖြိုတပ်ဖွဲ့၊ မြောက်ပိုင်းတပ်တွေနဲ့ ရန်တိမ် တပ်ဖွဲ့တွေ ဒီမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့် နေခဲ့တယ်။ အခု ဖြစ်သွားတဲ့ ကိစ္စတွေက အံ့သြဘနန်းတွေ ချည်းပဲ။ အလင်းတန်းကြီး ၇ခု က သူတို့ မျက်စိရှေ့မှာ ရှိနေတယ်။ တစ်ခုချင်းစီ တိုင်းက အရှင် ရှဲ့လော့ရဲ့ ကိုယ်ခန္ဒာကို ထွင်းဖောက်ပြီးတော့ ရှိနေခဲ့တယ်။ တစ်ချို့က ခွာတွေကို ဖောက်တယ်။ တစ်ချို့ အလင်းတန်းတွေက ခန္ဒာကိုယ် တခြား အပိုင်းတွေကို ဖောက်ထွက်နေခဲ့တယ်။ ဒီမြင်ကွင်းက အရှင်ရှဲ့လော့ကို သံမှိုကြီး ၇ခုနဲ့ ရိုက်ထားသလိုပဲ။ တိမ်မည်းတွေနဲ့ မြေပြင်ကို ဆက်ထားတဲ့ သံမှိုကြီးတွေ ။
“ဒီလို အင်အားမျိုးက”
“ဒါက ဘာ အင်အားလည်း။”
“တိမ်တွေကြားက အင်အား။ ကောင်းကင်နဲ့ မြေပြင်ကို ဆက်ထားတာပဲ။ မယုံနိုင် စရာ ကောင်းလိုက်တာ။”
မရေမတွက်နိုင်တဲ့ မျက်လုံးတွေ ဒီမြင်ကွင်းကို စိုက်ကြည့်နေကြတယ်။ အရှင်လီချင်းက ဒီလော်ကတောင် အင်အားကြီးမယ်လို့ မထင်ထားခဲ့မိဘူး။ နောက်တည်း ပြောရရင်။ ဒါက အရှင်လီချင်းရဲ့ အင်အား မဟုတ်ဘူး။ ကောင်းကင်နဲ့ မြေကြီးရဲ့ အင်အားကို ငှားသုံးနေခဲ့တာ။ တိမ်ထုတွေရဲ့ အစွမ်းကို သုံးရင်း ဒီလို အင်အားကို ဖန်တ်ီးထားတာ။
ဒီ မြင်ကွင်းကြောင့် လူတိုင်းရဲ့ နှလုံးသားထဲမှာ တံခါး တစ်ချပ် ပွင့်သွားခဲ့တယ်။ လောကသစ် တစ်ခုကို သူတို့ မြင်နေရသလိုပဲ။ အရာ အားလုံးရဲ့ ဖန်တီးမှုကနေ အင်အားတွေကို ငှားသုံးနေတာ။ လူတိုင်းရဲ့ စိတ်ထဲမှာ တစ်ခုတည်းကို တွေးလိုက်မိတယ်။ ဒါက သူတို့ တစ်ခါမှ မတွေးဖူးတဲ့ ကိစ္စ တစ်ခုလေ။ ကောင်းကင်ပေါ်မှာ ရပ်နေတဲ့ အရှင်လီချင်းက ရဲရဲနီနေခဲ့တယ်။ ပါးစပ် အပြည့်သွေးတွေ သူ အန်ထုတ်တယ်။
“ဖွီး။” သွေးတွေ ကောင်းကင် လေထုထဲကို လွင့်စင်လာတယ်။ ဒါပေမယ့် သူ့ အကြည့်ကတော့ တည်ငြိမ် နေတုန်းပဲ။
“သခင်ကြီးရန်။ ငါ အကောင်းဆုံး လုပ်ပြီးပြီ။ အခု အရှင် ရှဲ့လော့ မလှုပ်နိုင်တော့ဘူး။ ဒီအခွင့်အရေးကို သုံးပြီးတော့ သူ့ရဲ့ နတ်ဆိုး ပုလဲကို ဖျက်ဆီး ပြစ်။” အရှင်လီချင်း သွေးအန်ပြီးတဲ့နောက် သူ့ မျက်နှာ တစ်ခုလုံး ဖြူဖျော့ သွားခဲ့တယ်။ မတ်မတ် ရပ်နေတဲ့ ခန္ဒာကိုယ်က ရှေ့ကို ကိုင်းကျ သွားခဲ့တယ်။ သူ့ကြည့် ရတာ တုန်ယင်နေ သလိုပဲ။
“ကောင်းပြီ။ ကျန်တာ ငါလုပ်လိုက်မယ်။” ရန်ချန်လိ နောက်ထပ် ဘာမှ မပြောတော့ဘူး။ သူ့လက်ထဲက သွေးနီရောင် ပိုက်ကွန်ကြီးကို လွှတ်ပြစ် လိုက်တယ်။ ပိုးစုန်းကြူးတွေလို အနီရောင် အလင်းတန်းတွေ ပျံ ထွက်သွားခဲ့တယ်။ အဲ့ဒီေ့နာက် အနီရောင် အစိုင်အခဲ လှံတွေ အဖြစ်ကို ပြောင်းလဲတယ်။ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ အရှိန်အဝါတွေ လှံထိပ်ဖျားကနေ ထွက်နေခဲ့တယ်။ လေုထတောင် အေးခဲ သွားသလိုပဲ။ ဒါနဲ့ အတူ ရန်ချန်လိလည်း ခုန်ဆင်းလာ ခဲ့တယ်။ အနီရောင် အလင်းတန်းကြီးက အေးစက် မှောင်မည်း နေခဲ့တယ်။ အရှင်လီချင်း ရဲ့ ခေါင်းကို တည့်တည့် ချိန်ထားတာ။ သူ့ရဲ့ ရွှေဂျို နှစ်ချောင်း ကြားကိုပေါ့။
“မင်းက ငါ့ကို သတ်ချင်တယ်ပေါ့။ ဒီလောက် လွယ်မယ် ထင်နေတာ လား။” အရှင်ရှဲ့လော့က မြေပြင်ပေါ်မှာ လဲနေခဲ့တာ။ ကောင်းကင်ပေါ်က ဆင်းလာတဲ့ ရန်ချန်လိကို သူမြင်တယ်။ အဲ့ဒီ့နောက် သူ့ ခေါင်းပေါ်က ဂျိုတွေ ရွှေရောင် တောက်ပလာတယ်။ အရင်က အစိမ်းရောင် အလင်းတန်းနဲ့ မတူဘူး။ ဒီ ရွှေရောင် အလင်းတန်း ပေါ်လာတာနဲ့ မြေပြင် တစ်ခုလုံး တုန်ယင်တော့တယ်။
“ဝုန်း ဝုန်း။” မြေပြင်ပေါ်ကနေ ရွှေရောင် အလင်းတန်းတွေ ပျံထွက်လာတယ်။ အရှင်ရှဲ့လော့နဲ့ ခုနှစ်ရောင်စဉ် အလင်းတန်းတွေကို ဝန်းရံလိုက်တယ်။
“ခွက်” အနီရောင် အလင်းတန်း ပထမဆုံး ကွဲအက်သွားတယ်။ အဲ့ဒီ့နောက် တခြား အလင်းတန်းတွေလည်း ဆက်တိုက် အက်ကွဲကုန်တယ်။ အက်ကွဲသံတွေ ထွက်လာချိန်မှာ ရန်ချန်လိ က အရှင်ရှဲ့လော့ ခေါင်းပေါ်ကို ရောက်နေခဲ့ပြီ။ ရွှေရောင် အလင်းတန်းက သူ့ကို တားဖို့ ကြိုးစားနေတယ်။
“သေစမ်း။” ရန်ချန်လိ ဒေါသတကြီးနဲ့ အော်ဟစ်ရင်း အရှင် ရှဲ့လော့ ခေါင်းကို အနီရောင် လှံ တစ်ချောင်းနဲ့ ထိုးစိုက်တယ်။
“ဒုန်း။” ခုခံမှု မရှိတဲ့ အတိုင်း အနီရောင် လှံတံက အရှင်ရှဲ့လော့ရဲ့ ခေါင်းကို ဖောက်ဝင်သွားခဲ့တယ်။ အချိန် တစ်ချို့ ကြာပြီးတဲ့နောက် ရပ်တန့်သွားတယ်။ အနီရောင် အလင်းလှံက အရှင်ရှဲ့လော့ ကိုယ်ထဲ ဝင်သွားတဲ့ အချိန် သွေးနီရောင် အလင်းတန်းက အရပ်လေးမျက်နှာကို ပျံ့နှံ့ပြီး လင်းထိန် သွားစေတယ်။ အရှင်ရှဲ့လော့ ခေါင်းတစ်ခုလုံး ရဲရဲနီ နေခဲ့ပြီ။
“ငါတို့ နိုင်ပြီလား။”
“အရှင် ရှဲ့လော့ သေပြီလား။”
“လှံက သူ့ခေါင်းကို ဖောက်သွားပြီလေ။ သေလောက်ပြီ မဟုတ်လား။”
တောင်ဖြိုတပ်ဖွဲ့ နဲ့ ရန်တိမ် တပ်ဖွဲ့တွေ အရှင်ရှဲ့လော့ မလှုပ်မရှား နိုင်တာကို ကြည့်နေခဲ့တယ်။ သွေးနီရောင် အလင်းတန်းက အရှင်ရှဲ့လော့ ကိုယ်ထဲကို စီးဝင်နေ ခဲ့တယ်။ ဒီ တိုက်ပွဲက လန့်စရာ ကောင်းလွန်းတယ်။ အရှင်လီချင်း တိုက်ခိုက်တာကော၊ ရန်ချန်လိရဲ့ အလင်းလှံတွေကပါ သူတို့ကို အတွေ့အကြုံသစ် ရစေတယ်။
နောက်ပြီးတော့ အတော့်ကို သည်းထိတ် ရင်ဖိုပဲ။ အရှင်ရှဲ့လော့က အရှင်လီချင်း ထိန်းချုပ် ထားတာကို ဖယ်ရှားဖို့ အချိန် နည်းနည်းပဲ လိုလိုက်တယ်။ သူ့ရဲ့ နတ်ဆိုး အရှိန်အဝါက လူတိုင်းရဲ့ နှလုံးသားကို အေးခဲ သွားစေတယ်။
“အရှင် ရှဲ့လော့။” စုချင်းကို မြောက်ပိုင်း စစ်သည်တော်တွေ တခြား နေရာစီ ပို့လိုက်ပြီ။ ဒါပေမယ့် သူလည်း ဖြစ်သွားတဲ့ မြင်ကွင်းကို မြင်တယ်လေ။ ရန်ချန်လိက သုခမိန် ဖြစ်နေမယ်လို့ သူ လုံး၀ မထင်ထားခဲ့ဘူး။ နောက်ပြီးတော့ ရန်ချန်လိတင် မက အရှင်လီချင်းရဲ့ အစွမ်းကလည်း သူ့ကို လန့်စေတယ်။ သုခမိန် တစ်ဝက် တစ်ယောက် အနေနဲ့ တကယ်ပဲ အရာအားလုံး ဖြစ်တည်မှု အစွမ်းကို ငှားသုံးနိုင်တယ်။
“အမတ်မင်းစု။ အရှင်ရှဲ့လော့ သေသွားပြီ။ ငါတို့တွေ။”
“ဟုတ်တယ်။ အမတ်မင်းဟု။ ရန်တိမ် တပ်ဖွဲ့က မြို့တော်ကို ဝန်းရံ လိုက်ပြီ။ တောင်ဖြို တပ်ဖွဲ့ကလည်း မြို့ထဲမှာ။ ငါတို့ ပိတ်မိနေပြီ။ အကယ်၍ ငါတို့ မသွားရင်။”
မြောက်ပိုင်း ဒေသ စစ်သည်တော် တစ်ချို့ အရှင်ရှဲ့လော့ကို ကြည့်ရင်း သူတို့ စကား ပြောချင်ကြတယ်။ ဒါပေမယ့် သူတို့ ရပ်တန့်နေကြ ပြန်တယ်။
“မဖြစ်ဘူး။ ငါတို့ သွားရင် အရှင် သခင်ငယ်ကို ဘယ်လို လုပ်မလဲ။” နောက်ထပ် မြောက်ပိုင်း စစ်သည်တော် တစ်ဦး ခေါင်းခါရင်း ပြောတယ်။
“အရှင် သခင်ငယ်။ ဟုတ်တယ်။ ငါတို့ အရှင် သခင်ငယ်ကို မစွန့်ခွာနိုင်ဘူး။”
“အမတ်မင်းစု ကျွန်တော်တို့ကို အမိန့်ပေးပါ။ အသက်သေမယ် ဆိုရင်တောင် အရှင် သခင်ငယ်ကို ကယ်တင်ဖို့ အကောင်းဆုံး လုပ်မယ်။”
တော်ဝင် နန်းတော်ထဲမှာ ကျန်နေခဲ့တဲ့ ချန်းဝူကို တွေးမိတော့ မြောက်ပိုင်း စစ်သည်တော်တွေ အမူအယာ ပြောင်းသွားကြတယ်။
“နန်းတော်ထဲကို တိုက်ခိုက်မယ်။” စုချင်း နန်းတော်ကို ကြည့်နေတယ်။ အလင်းတန်းတွေ သူ့ မျက်လုံးထဲ တောက်ပလာတယ်။ သူ စိုးရိမ်နေခဲ့တယ်။ နန်းတော်ထဲကို တိုက်ခိုက်ဖို့ အမိန့်က ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ။
အခု ကိစ္စက နန်းတော်ထဲကို ဝင်သင့်လား မဝင်သင့်လား ဆိုတာ မဟုတ်ဘူး။ အကယ်၍ သူတို့ နန်းတော်ထဲ ရောက်ခဲ့ ရင်တောင် ဘာဆက်လုပ်နိုင် မှာလဲ။ မြောက်ပိုင်း ဒေသ စစ်သည်တော်တွေ လွတ်မြောက်နိုင်မှာလား။
စုချင်း လက်သီး ဆုပ်တယ်။ နောက်ဘက်ကို ပြန်လှည့်ကြည့်ရင်း သူ ရုတ်တရက် မျက်လုံး ပြူးသွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ မြေပြင်ပေါ်မှာ လဲနေတဲ့ အရှင် ရှဲ့လော့က ရုတ်တရက် လှုပ်ရှားလာတာ ကြောင့်ပဲ။
“ဝေါင်း။” နားကန်း မတ် အော်ဟစ်သံကြီး ထွက်ပေါ်လာတယ်။ သူ့ ခန္ဒာကိုယ်ထဲမှာ လည်ပတ်နေတဲ့ အနီရောင် အလင်းတန်းတွေ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားခဲ့ပြီ။
အရှင်ရှဲ့လော့ နဖူးပေါ်က အနက်ရောင် ကြေးခွံ ရုတ်တရက် ကွာကျသွားတယ်။ အသားနဲ့ အရိုးတွေ ပေါ်လာခဲ့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။”
“သူ လှုပ်ရှားနေတာလား။”
“မဖြစ်ဘူး။ အရှင်ရှဲ့လော့ မသေသေးဘူး။”
တောင်ဖြိုတပ်ဖွဲ့ နဲ့ ရန်တိမ် တပ်ဖွဲ့တွေ မြင်မြင်ချင်း လန့်သွားကြတယ်။ ဒါပေမယ့် သူတို့ ခပ်မြန်မြန် တုံ့ပြန် နိုင်ကြတယ်။ ဒီ အသားနဲ့ အရိုးတွေ ကွာကျလာတာနဲ့ အစိမ်းရောင် အလင်းတန်းကလည်း ချက်ခြင်း တောက်ပလာတယ်။ အသားတွေနဲ့ အနက်ရောင် ကြေးခွံတွေ ချက်ခြင်း ပြန်ပြည့် သွားခဲ့တယ်။
“ဘယ်လောက်တောင် အင်အားကြီးတဲ့ အသက်စွမ်းအင်လဲ။”
“ရူးချင်စရာ ကောင်းလိုက်တာ။”
“နတ်ဆိုး ဘုရင်။ တကယ့်ကို နတ်ဆိုး ဘုရင် စစ်စစ်ပဲ။”
အနက်ရောင် အကြေးခွံတွေက အဆက်မပြတ် ပြန်ထွက်နေတယ်။ ကောင်းကင်ပေါ်မှာ ရပ်နေတဲ့ ရန်ချန်လိတောင် မျက်လုံးပြူးနေတယ်။ နတ်ဆိုးဘုရင်ရဲ့ အသက်စွမ်းအားက ဘယ်လောက်တောင် သန်မာလဲ သူသိတယ်။ နတ်ဆိုးဘုရင်ကို သတ်ဖို့ သူ့ရဲ့ နတ်ဆိုး ပုလဲကို ယူရမယ်။
ဒါပေမယ့် နတ်ဆိုး ဘုရင်ရဲ့ နတ်ဆိုးပုလဲက ဘယ်မှာမှန်း သူမသိဘူး။ နတ်ဆိုးဘုရင်တွေက လောကမှာ ရှားပါးတယ်။ ဒီလောက် နှစ်တွေ အများကြီး ဖြတ်သန်းလာတဲ့ သူ့အတွက်တောင် ဒါက ပထမဆုံး မြင်ဖူး တိုက်ခိုက်ဖူးတဲ့ နတ်ဆိုး ဘုရင်ပဲ။ ဒါကြောင့် သူ မသိဘူး။ အခု ဘာလုပ်ရမလဲ။
တခြားသူတွေ အတွက်တော့ ဒီ ကိစ္စက ရှုပ်ကောင်း ရှုပ်နိုင်တယ်။ ဒါပေမယ့် ရန်ချန်လိ အတွက်တော့ မခက်ခဲဘူး။ ဒါက တိုက်ပွဲတစ်ခုပဲ။ ရန်သူ့ရဲ့ ရည်ရွယ်ချက်ကို မသိရင်။ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက စုံစမ်း ထောက်လှမ်း ရှာဖွေ ဖို့ပဲ။ သူ စိတ်ရှည်ရှည် နဲ့ ရှာဖွေခဲ့တယ်။ နောက်ဆုံးတော့ နတ်ဆိုးဘုရင်ရဲ့ ခေါင်းမှာမှန်း သူသိလိုက်တယ်။ ခေါင်းရဲ့ ဘယ်နေရာမှန်း ရှာဖို့ပဲ လိုတယ်။ ဂျိုနှစ်ချောင်း အလယ်က နေရာက သေနိုင်တဲ့ နေရာ တစ်ခုပဲ။
ဒါကြောင့် အရှင် ရှဲ့လော့ရဲ့ ခေါင်းကို အစတည်းက ချိန်ရွယ်ထားခဲ့တာ။ တခြားနေရာတွေကို သူ မစဉ်းစားဖူးဘူး။ အခုတော့ အရှင် ရှဲ့လော့ရဲ့ ခေါင်းက သေစေနိုင်တဲ့ နေရာ မဟုတ်မှန်း သိလိုက်ရပြီ။
“သူ့ရဲ့ နတ်ဆိုး ပုလဲက ဘယ်မှာလဲ။ သူ့ရဲ့ အစာအိမ်လား။ ကောင်းကင်နဲ့ မြေကြီးရဲ့ အမတေ စွမ်းအားက သူ့ ဗိုက်ထဲမှာ ရှိနေတာ ဖြစ်နိုင်လို့လား။ အင်း ဖြစ်နိုင်ပါတယ်။” ရန်ချန်လိ သူ့ ကိုယ်သူ ခပ်တိုးတိုး ပြောနေတယ်။ အဲ့ဒီ့နောက် သူ့ မျက်လုံး အကြည့်က နောက်တကြိမ် ပြောင်းလဲ သွားပြန်တယ်။ အရှင် ရှဲ့လော့ရဲ့ ဗိုက်ကို သူ ချိန်လိုက်တယ်။ ဒါပေမယ့် အရှင် ရှဲ့လော့ ဒုတိယ အခွင့်အရေး မပေးဘူး။
“ယား” ဒုတိယ တစ်ခေါက် အော်သံ ထွက်လာတယ်။ အရှင်ရှဲ့လော့ ခန္ဒာကိုယ်က မြေပြင်ပေါ်ကနေ ထိုးတက်သွားတယ်။ ရွှေရောင် အလင်းတန်းက သူ့ ခန္ဒာကိုယ်ကို လွှမ်းခြုံသွားတယ်။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေ သာမာန်လူ မျက်စိနဲ့ ကြည့်ရင်တောင် အရှိန်ပြင်းပြင်းနဲ့ ပြန်ကုသ နေခဲ့တယ်။ အရမ်းကို မြန်လွန်းတယ်။ သူ့ရဲ့ ဒဏ်ရာတွေ ပျောက်ကင်း ရုံတင် မကဘူး။ အရှင်ရှဲ့လော့ရဲ့ အရှိန်နှုန်းကလည်း အရမ်းကို တိုးလာခဲ့တယ်။ ရန်ချန်လိရဲ့ ကိုယ်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တယ်။
“ဝုန်း” အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာတယ်။ ရန်ချန်လိ ခုန်ရှောင်ဖို့ အချိန်မရှိတော့ဘူး။ သူ့ရင်ဘက်ကို တည့်တည့် ဝင်ဆောင့်တာ ခံလိုက်ရတယ်။ ကောင်းကင်ကနေ ရန်ချန်လိ ပြုတ်ကျလာတယ်။ အဲ့ဒီ့နောက် မြို့နံရံနဲ့ ဝင်တိုက်တယ်။ မြေပြင်ပေါ်မှာ အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ ဒါတင် မကသေးဘူး။ အရှင်ရှဲ့လော့ နောက်တစ်ကြိမ် အော်ဟစ်ပြန်တယ်။ ဒီတစ်ခေါက်တော့ တခြား သားရဲကောင်တွေရဲ့ သံပြိုင် အော်သံကိုပါ ပြန်ကြားရတယ်။ ဒီ သားရဲကောင်တွေ တဖြည်းဖြည်းချင်း နီးကပ်လာနေပြီ။
“မဖြစ်တော့ဘူး။ သူက သားရဲကောင်တွေကို စုစည်းနေတာပဲ။”
“နတ်ဆိုးဘုရင်က တကယ့်ကို နတ်ဆိုး ဘုရင်ပဲ။ ကံကောင်းတာ အခုက ရန်မြို့တော် ဖြစ်နေတယ်။ တခြားနေရာသာ ဖြစ်ရင်တော့ သားရဲကောင်တွေ အများကြီး ဒီနေရာကို စုဝေးလာကြမှာပဲ။”
တောင်ဖြိုတပ်ဖွဲ့က ကံကောင်းတယ်။ ဒါပေမယ့် သူတို့ အချိန် ဆွဲလေ။ လူသားတွေ အတွက် အခြေအနေ မကောင်းနိုင်လေပဲ။ ရန်မြို့တော်မှာတောင် ရေကန်တွေ တောင်တန်းတွေ မြစ်တွေ ပတ်ချာလည်း ဝိုင်းနေတာ။ ဒီ နေရာတွေမှာ သားရဲကောင်တွေ နေကြတယ်။ နောက်ပြီးတော့ တောင်တွေအပြင် မြေအောက်မှာ ပုန်းကွယ်နေတဲ့ သားရဲကောင်တွေလည်း ရှိသေးတယ်။ သားရဲကောင်တွေ ရောက်လာတာနဲ့ ရလဒ်က မတွေးဝံ့စရာပဲ။
“အဖိုး။” ဒီအချိန်မှာပဲ အသံ တစ်သံ မြို့နံရံကနေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် လူတစ်ယောက် ခက်ခက်ခဲခဲ တွားသွားရင်း ထွက်ပေါ်လာတယ်။ မြောက်ပိုင်း စစ်သည်တော်တွေ အသံလာရာ နေရာကို ကြည့်တော့။ မှင်ရည် ရောင်ဝတ်ရုံကို ဝတ်ထားရင်း သူ့ ရင်ဘတ်ကနေ သွေးတွေ စီးကျနေခဲ့တယ်။ ဒါက ရန်ရွှယ်ဆိုတာ လူတိုင်း မြင်တယ်။ သူ့ရဲ့ ဒဏ်ရာတွေက အတော့်ကို ပြင်းတယ်။ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျနေခဲ့တယ်။ သူ့ မျက်နှာ တစ်ခုလုံးလည်း ဖြူဖျော့နေတယ်။
“ရန်ရွှယ်”
“ သူမသေသေးဘူး။”
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
မြောက်ပိုင်းဒေသက ဘယ် စစ်သည်တော်မှ မယုံနိုင်ကြဘူး။ သူတို့ အားလုံး ရန်ရွှယ်က အရှင်ရှဲ့လော့ရဲ့ ခွာအောက်ကို ပြေးဝင်သွားတာ လူတိုင်း မြင်တယ်လေ။ သူက ဘာဖြစ်လို့ မသေသေးတာလဲ။
မြောက်ပိုင်း စစ်သည်တော်တွေ တွေးတော နေတဲ့ အချိန်မှာပဲ ။ နောက်ထပ် လူတစ်ယောက် ပေါ်လာခဲ့တယ်။ သူမရဲ့ ဂျုံနှစ်ရောင် အသားအရေက အလင်းရောင်ထဲမှာ တောက်ပနေတယ်။ သူမ ကိုယ်ပေါ်က ခရမ်းရောင် ဝတ်ရုံက ကောက်ကြောင်းတွေကို ပေါ်လွင်စေတယ်။ သွယ်လျလျ ခြေတံတွေက လှပ လွန်းလှတယ်။
တောင်ပိုင်း ဧကရီ ရှန်းယွီ ရှန်းယွီရဲ့ လက်ထဲမှာ လူငယ်တစ်ယောက် ရှိနေခဲ့တယ်။ သူ့မျက်နှာက သူမရဲ့ ရင်ဘတ်ထဲမှာ နစ်မြုပ်နေတာကြောင့် မမြင်ရဘူး။ ဒါပေမယ့် သူ့ရဲ့ အမတ်မင်း ဝတ်ရုံကြောင့် ဘယ်သူမှန်း သိနိုင်ပါတယ်။
“ရန်ရွှယ် မသေသေးဘူး။ နင်လည်း သေမှာ မဟုတ်ဘူး။ ဟန်ဆောင်နေတာ ရပ်လိုက်။” ထရပ်နေတဲ့ ရန်ရွှယ်ကို ရှန်းယွီ ကြည့်တယ်။ သူမ လက်မောင်းထဲမှာ သတိလစ်နေတဲ့ ဖန်ကျန်းရှီကို လှမ်းအော်တယ်။ သူမ မျက်နှာ တစ်ခုလုံး ရဲရဲနီနေပင်မယ့် ဖန်ကျန်းရှီကို ပြစ်ချဖို့ စိတ်ကူး မရှိဘူး။
“အမ်။ မသေသေးဘူးလား။” ကောင်းကင်မှာ ရပ်နေတဲ့ အရှင် ရှဲ့လော့ အသံတွေ ကြားတယ်။ ရှန်းယွီနဲ့ သူမ လက်ထဲက ဖန်ကျန်းရှီကို ကြည့်နေတယ်။ ဖန်ကျန်းရှီက မလှုပ်ရှားဘူး။ သူ့ မျက်နှာက ရှန်းယွီရဲ့ ရင်ဘတ်ထဲ နစ်မြုပ်နေတယ်။ ဒါပေမယ့် အရှင်ရှဲ့လော့ကတော့ လှုပ်ရှားပြီ။ ရှန်းယွီနဲ့ ဖန်ကျန်းရှီကို မြင်တော့ သူ့ရဲ့ ရွှေရောင် တောက်နေတဲ့ ခန္ဒာကိုယ်ကြီးက ကောင်းကင်ကနေ ဆင်းသက်လာတယ်။
အပိုင်း(၅၉၀)ပြီး၏။