← Chapters

အပိုင်း (၆၁၁-၆၂၀)

Vol. 7 Ch. 611-620

အပိုင်း (၆၁၁-၆၂၀)

Vol. 7 Ch. 611-620

အပိုင်း (၆၁၁)

“အဆင့်တက်ခြင်း။ ကောင်းကင်နဲ့ မြေပြင်ရဲ့ အသံ။”

ကောင်းကင်က ဆင်းသက်လာတဲ့ အလင်းတန်းကြီးက လူနှစ်ယောက်နဲ့ အတူ တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့တယ်။ ဘယ်တုန်းကမှ မတည်ရှိ ခဲ့သလိုပဲ။ ကောင်းကင်ကြီးက တဖြည်းဖြည်း လင်းလက်လာပြီ။ မိုးကတော့ ဆက်လက် ရွာသွန်းနေဆဲ။

တောင်ဖြိုတပ်ဖွဲ့ နဲ့ ရန်တိမ် တပ်ဖွဲ့တွေက စစ်မြေပြင်ကို တိတ်တဆိတ် ရှင်းလင်းနေခဲ့တယ်။ မြေပြင်ပေါ်က အလောင်းတွေကို ကောက်ယူနေချိန် ဘယ်သူမှ စကား မပြောကြဘူး။ သူတို့တွေ အနိုင်ရခဲ့ပြီ။ မြောက်ပိုင်း လူရိုင်းတွေ ဆုတ်ခွာ သွားသလို အရှင်ရှဲ့လော့လည်း သေဆုံး ခဲ့ပြီ။ ဒါပေမယ့် ပျော်ရွှင်စရာ အောင်ပွဲတော့ မဟုတ်ခဲ့ဘူး။

မရေမတွက် နိုင်တဲ့ စစ်သည်တော်တွေ ဒီမိုးရေထဲမှာ ကျဆုံး သွားတာ ကြောင့်ပဲ။ ကြီးမြတ်သော ရှနိုင်ငံတော် ရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းကြီး အရှင်လီချင်းက ဒီ တိုက်ပွဲမှာ အသက်ကို စတေး သွားခဲ့တယ်။ ရန်ချန်လိက အရှင်လီချင်းရဲ့ ခန္ဒာကိုယ်ကို သူ့ ဝတ်ရုံနဲ့ ခြုံလွှမ်း ပေးတယ်။

ဧကရာဇ် လင်းမုပိုင်ကတော့ အရှင်လီချင်း နားမှာ ဒူးထောက်ရင်း တုန်ယင်နေခဲ့တယ်။ မျက်လုံးတွေကို မှိတ်ထားရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူ့နှလုံးသားက အထီးကျန်မှုကြောင့် တင်းကြပ် နာကျင် နေခဲ့တယ်။ ဒီတိုက်ပွဲမှာ ရန်မြို့တော် နန်းတော် နံရံတွေ မြို့နံရံတွေ ပျက်စီး သွားခဲ့တယ်။ ဒါတွေ အားလုံးက ပြန်ပြင်လို့ ရတယ်။

ဒါပေမယ့် အရှင်လီချင်း သေဆုံးသွားတာ။ အိမ်ရှေ့စံ မင်းသား နန်းလုတာ။ သွမ့်အရှင် ရန်သူနဲ့ ပူးပေါင်းပြီး ပုန်ကန်တာတွေ အားလုံးက သူ့နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိခိုက် နာကျင်စေတယ်။ ကန်ယွဲ့ကလည်း ပင်းယန်ကို ခေါ်ဆောင် သွားခဲ့ပြီ။ ဧကရာဇ် လင်းမုပိုင်ရဲ့ နှလုံးသား တစ်ခုလုံး အထီးကျန်မှုတွေ အဆုံးမသတ် နိုင်အောင် ပြည့်နှက် နေခဲ့တယ်။

ထီးနန်း ပလ္လင်က အထီးဆန်မှုနဲ့ စတင်တယ်လို့ ဆိုရိုး ရှိတယ်။ ဒါပေမယ့် ဧကရာဇ် တပါးရဲ့ နက်ရှိုင်းတဲ့ နာကျင်မှုကို နန်းပလ္လင်က မနှစ်သိမ့် ပေးနိုင်ဘူး။

“အခု ငါ ဘယ်သူ့ကို ယုံကြည်ရမလဲ။” ဧကရာဇ် လင်းမုပိုင် ကောင်းကင်ကို မော့ကြည့်တော့ မိုးရေတွေက သူ့ မျက်နှာပေါ်ကို စီးကျလာတယ်။ သူချစ်ခင် ယုံကြည်ရတဲ့ သူတွေ အားလုံးကို ဆုံးရှုံး လိုက်ရပြီ။ ဒါကြောင့် ရွေးချယ်စရာလည်း နည်းသွားခဲ့တယ်။ တစ်ယောက်တည်းသော ကျန်တဲ့သူက ရှင်းယွမ်ကောင်း။

ရှင်းယွမ်ကောင်က စစ်မက်ရေးရာမှာ ထူးချွန်တယ်။ ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့ အတွက် သူ့နယ်ပယ်မှာ ထူးချွန်တာ အဆန်း မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေး ကိစ္စတွေကို ဆုံးဖြတ်တဲ့ အချိန် သူ့ အရည်အချင်းက အသုံးမဝင်။ ယုံကြည်မှု တစ်ခုတည်းနဲ့ စစ်တပ် တစ်ခုလုံးကို ရှင်းယွမ်ကောင်း လက်ထဲ အပ်လိုက်လို့ မဖြစ်ဘူး။

အပေါက်တွေနဲ့ ပြည့်နေတဲ့ လှေကို ဘယ်လို ဖာထေူးရမလဲ။ ဧကရာဇ် လင်းမုပိုင် သူ့ ခန္ဒာကိုယ် အားနည်း လာတာကို ခံစားရတယ်။ ဒီ ဧကရာဇ်က အနားမယူ နိုင်သေးဘူး။ ချန်ဖေးဟွားကို တွဲရင်း သူရပ်နေရတယ်။

“ပထမ နဂါး သံတမန် ရန်ချင်း ဘယ်မှာလဲ။”

“ကျွန်တော် ဒီမှာပါ။” လူတစ်ယောက် ချက်ခြင်း ရှေ့ထွက်လာခဲ့တယ်။

“အိမ်ရှေ့စံနဲ့ သွမ့်အရှင် အပြင်။ တခြား ငါ့ သားတော်တွေကော ဘယ်မှာလဲ။”

“အရှင်မင်းမြတ်၊ ကျွန်တော်မျိုး သိရသလောက် မင်းသား ၇ က သူ့ရဲ့ အစောင့်တပ်နဲ့ အနောက် နန်းတော်တံခါးမှာ ခုခံ တိုက်ခိုက် ခဲ့ပါတယ်။ ဒါပေမယ့် စစ်သည် အင်အား မလောက်ငှလို့ မအောင်မြင် ခဲ့ပါဘူး။ မင်းသာ ၁၁ကတော့ ပြည်သူတွေကို ကာကွယ် ပေးထားပါတယ်။ မင်းသားကိုး ကတော့။”

“သူကော ဘယ်လိုလဲ။” ဧကရာဇ် လင်းမုပိုင် တစ်ခုခု လွဲနေတာကို ခံစား မိတဲ့ အတွက် မျက်မှောင်ကြုတ် သွားခဲ့တယ်။

“မင်းသားကိုးက မြို့တော်ကနေ ထွက်သွားပါပြီ။ မြောက်ပိုင်း လူရိုင်းတွေ တိုက်ခိုက်တဲ့ အချိန်မှာပဲ မင်းသားကိုးက ထွက်သွား ခဲ့တာပါ။”

“ဘာ။ အသုံးမကျတဲ့ ကောင်စုတ်။ တာဝန်ယူ တာဝန်ခံမငကို မရှိဘူး။” ဧကရာဇ် လင်းမုပိုင် ဒေါသတကြီးနဲ့ တုန်ယင် လာခဲ့တယ်။ ရန်မြို့တော်က စစ်သည်တော်တွေ လိုအပ်နေတဲ့ အချိန် ကိုယ်လွတ်ရုန်းပြီး ထွက်သွားတဲ့ သားမျိုး ဘယ်လိုတောင် မွေးမိတာလဲ။

“အရှင်မင်းမြတ် စိတ်ထိန်းပါ။” ရန်ချင်း ချက်ခြင်း ဒူးထောက်ပြီး တောင်းဆိုတယ်။ နဂါး တပ်ဖွဲ့ဝင် တစ်ယောက် အနေနဲ့ သူ့ အလုပ်က ဧကရာဇ်ကို ကာကွယ်ဖို့ပဲ။ ဒါ့အပြင် ဧကရာဇ်ရဲ့ ကလေးတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် နေရသေးတယ်။ သူတို့ အင်အားကြီးတယ်ဆိုတာ လူတိုင်း သိတယ်။

ဒါကြောင့်ပဲ သူတို့ နိုင်ငံရေးမှာ မပါဝင် နိုင်ဘူး။ မနက်ခင်း ညီလာခံကိုလည်း မတက်ရောက် ရဘူး။ နန်းတော်ထဲက အတင်းအဖျင်းတွေကို လျစ်လျူရှုပြီးတော့ အမှန်တရားကိုပဲ လျှောက်တင်ရတယ်။

“ကောင်းပြီ။ သူ့ကို သွားခိုင်းလိုက်။” ဧကရာ် လင်းမုပိုင် ခေါင်းခါ လိုက်တယ်။ သူ ဒေါသ ထွက်ရလွန်းလို့ မောနေပြီ။

“အရှင်မင်းမြတ်။ တိုက်ပွဲ မပြီးသေးမှာကို ကျွန်တော်မျိုး စိုးရိမ်မိတယ်။” ဒီ အချိန်မှာပဲ ရှင်းယွမ်ကောင်းက ဧကရာဇ် လင်းမုပိုင် ရှေ့ကို ရောက်လာခဲ့တယ်။ ခပ်ဝေးဝေး နေရာကို လှမ်းကြည့်ရင်း သူ မျက်မှောင် ကြုတ်ထားတယ်။

“မင်း ဘာကို ဆိုလို ချင်တာလဲ။” ဧကရာဇ် လင်းမုပိုင် ရှင်းယွမ်ကောင်းကို စိုက်ကြည့်ရင်း ဖိအား ပိုများ လာတယ်။

“ကျွန်တော် မြို့တံခါးကို ရောက်တဲ့ အချိန်မှာ ပြသဒ်မီး ထွန်းညှိတာကို မြင်လိုက်ရတယ်။ အခုချိန် တနိုင်ငံလုံးက တပ်ဖွဲ့တွေ ရန်မြို့တော်ကို လာနေလောက်ပြီ။ တခြား နယ်မြေတွေကို ကျွန်တော် မစိုးရိမ်ဘူး။ ဒါပေမယ့် မြောက်ပိုင်းဒေသမှာ .. နတ်ဆိုး ကျောင်းတော် သခင်ကလည်း မြို့တော်ကို ရောက်နေတယ်။ စုချင်းက မြောက်ပိုင်း ကျောင်းတော် ငါးခုရဲ့ ခေါင်းဆောင်။ ကျွန်တော် ထင်တာ မမှားရင် မြောက်ပိုင်း လူရိုင်းတပ်။“

“ဟုတ်တယ်။ ဒါက ငါ စိုးရိမ် နေတဲ့ ကိစ္စပဲ။ မြောက်ပိုင်း လူရိုင်းက အခုချိန်မှာ နယ်စပ်ကို ရောက်နေလောက်ပြီ။ ဒီ စစ်ပွဲက တကယ် မပြီးသေးဘူး။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း သက်ပြင်းချတယ်။ အဝေးက မြောက်ပိုင်း ဒေသကို လှမ်းမျှော် ကြည့်နေခဲ့တယ်။

မိုးက ဆက်တိုက် ရွာသွန်းနေပြီး စစ်မြေပြင်က သွေးတွေကို ဆေးကြော နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ အခြေအနေ မကောင်းဘူး။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင်နဲ့ ရှင်းယွမ်ကောင်း သူ့ အနားကို ရောက်လာတော့ တလေးတစား ဦးညွှတ်တယ်။

“ကျန်းရှီ။ ငါ ဧကရာဇ် မင်းကို ကြီးမြတ်သော ရှမင်းဆက် နိုင်ငံသားတွေ ကိုယ်စား ကျေးဇူး တင်ပါတယ်။” ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ရှင်းမပြနိုင်တဲ့ အမူအယာနဲ့ ပြောနေခဲ့တယ်။ မ

“စုချင်း ထွက်ပြေး သွားပြီလား။” မြောက်ပိုင်း ဒေသကို စိုက်ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။

“ဟုတ်တယ်”

“မြောက်ရွာကို ကျွန်တော် သွားချင်တယ်။”

“ငါ နားလည်တယ်။ ဒါပေမယ့် မြောက်ပိုင်း ဒေသက အခုချိန်မှာ မလုံခြုံဘူး။ မင်း စိတ်မရှိဘူး ဆိုရင် မြောက်ပိုင်း ဒေသကို ယွမ်ကောင်းနဲ့ သွားလိုက်။ နဂါးတပ်ဖွဲ့ကိုလည်း မင်းကို စောင့်ရှောက်ဖို့ လွှတ်လိုက်မယ်။ မင်း ပြောချင်တာ ရှိသေးလား။”

“ကျေးဇူး တင်ပါတယ်။ အရှင် မင်းမြတ်။ ဒါပေမယ့် ရန်ရွှယ် တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်းနဲ့ လေးလေးစားစား ငြင်းပယ်တယ်။

“အင်း။ ဒါလည်း ကောင်းတာပဲ။ ကျန်းရှီ။ ငါ သိတယ် ..” ဧကရာဇ် လင်းမုပိုင် ဖန်ကျန်းရှီကို စကား ပြောတော့မယ် အချိန်မှာ အသံ တစ်သံ ထွက်လာခဲ့တယ်။

“ဧကရာဇ်နဲ့ တွေ့ခွင့် ပေးပါ။”

“ဧကရာဇ်ကို တွေ့မှ ဖြစ်မယ်။”

“ဘာတွေ ဖြစ်နေတာလဲ။” ဧကရာဇ် လင်းမုပိုင် မျက်မှောင်ကြုတ်သွားတယ်။ တော်ဝင် အစောင့်ထဲမှာ လက်တဖက်က ဝေ့ယမ်း နေခဲ့တယ်။ သူ့လက်ထဲမှာ စာတစ်စောင်ကို ကိုင်ရင်း ဝေ့ယမ်း နေခဲ့တယ်။

“အရှင် မင်းမြတ်။ သူက မင်းသားကိုး အိမ်တော်က အစေခံပါ။ မင်းသားကိုးက အရှင့် အတွက် စာချန်ထား ခဲ့တယ်လို့ ပြောပါတယ်။” တော်ဝင် အစောင့်တပ်တွေ ချက်ခြင်း ပြန်ဖြေတယ်။

“မင်းသားကိုး။ ဒီ အသုံးမဝင်တဲ့ ကောင်စုတ်ရဲ့ စာလား။ ဆွဲထုတ် ပြစ်လိုက်။ ငါ မဖတ်ချင်ဘူး။” ဧကရာဇ် လင်းမုပိုင် လက်ဝေ့ယမ်း လိုက်တယ်။

“အရှင် မင်းမြတ်။ မင်းသားကိုးက ထွက်ပြေးတာ မဟုတ်ဘူး။ သူ ထွက် မပြေးဘူး။ အရှင် မင်းမြတ် စာကို ဖတ်လိုက်ရင် အခြေအနေကို နားလည် သွားမှာပါ။” အစေခံက အကြောက်အကန် ငြင်းဆန်ရင်း အော်ဟစ် နေခဲ့တယ်။

ဧကရာဇ် လင်းမုပိုင် တစ်ခဏ စိုက်ကြည့် နေတယ်။ အချိန် ခဏတာ ကြာပြီးနောက် သူပြောလိုက်တယ်။ “စာ ယူလာခဲ့။”

“အမိန့်တော် အတိုင်းပါ။” တော်ဝင် အစောင့်တပ်တွေ အစေခံ လက်ထဲက စာကို ယူလိုက်ရင်း ဧကရာဇ် လင်းမုပိုင်ကို ကမ်းပေးတယ်။

ဖန်ကျန်းရှီကတော့ တိတ်ဆိတ်နေခဲ့တယ်။ ရန်ရွှယ်နဲ့ ရှန်းယွီလည်း ဖန်ကျန်းရှီ ဘေးမှာ တိတ်တဆိတ် ရပ်နေကြတယ်။ ဝူယွဲ့အာကတော့ အဝေးက နေရာကို ကြည့်ရင်းနဲ့သာ လေးလေးနက်နက် စဉ်းစား နေခဲ့တယ်။

စာက ဧကရာဇ် လင်းမုပိုင်ရဲ့ လက်ထဲကို ရောက်လာတယ်။ ဧကရာဇ် လင်းမုပိုင် ချက်ခြင်း စာဖွင့်ဖောက်တယ်။ စာထဲမှာ ပါတဲ့ အကြောင်းအရာတွေကို ဖတ်ပြီးတဲ့နောက် မျက်မှောင်ကြုတ်ထားတဲ့ မျက်လုံးတွေ တဖြည်းဖြည်း ပြေလျော့ သွားခဲ့တယ်။

“အရှင်မင်းမြတ်။ မင်းသားကိုးက မြောက်ပိုင်းဒေသကို သွားတာလား။” ရှင်းယွမ်ကောင်းက ဧကရာဇ် လင်းမုပိုင်ကို မေးတယ်။

“ဟုတ်တယ်။ သူ ရွှေကြေးခွံ မြို့ကို သွားပြီ။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း ဖြေတယ်။

“ဒီတော့ ဘယ်လို ဖြစ်သွားလဲ။ သူက စွမ်းဆောင်မှုကြီး လုပ်ခဲ့တာပဲ။ စုချင်းက မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခု ခေါင်းဆောင် ဖြစ်ပေမယ့် မင်းသားကိုးက တော်ဝင် မိသားစု တစ်ယောက်ပဲ။ ရွှေကြေးခွံ မြို့တော်ကို မင်းသားကိုး ခြေချတာနဲ့ ကျွန်တော်တို့ စစ်တပ်တွေက သူ့ အမိန့်ကို နာခံမှာပဲ။”

“အမှန်ပဲ။” ဧကရာဇ် လင်းမုပိုင် ကျေကျေနပ်နပ် ခေါင်းငြိမ့်တယ်။

စာထဲမှာ တောင်းပန်စာ တစ်ခုလည်း ပါတယ်။ တော်ဝင် အမိန့်စာ အတုကို လုပ်တဲ့ အတွက် ခွင့်လွှတ် ပေးပါလို့။ ထင်ထင်ရှားရှားကိုပဲ မင်းသားကိုးက ဒီအမိန့်စာ အတုကို သုံးပြီးတော့ မြောက်ပိုင်းဒေသ စစ်တပ်တွေကို ထိန်းချုပ် ချင်နေတာ။

ဒါက ပြစ်မှုကြီး တစ်ခုပဲ။ ဒါပေမယ့် သူ့ကို သူ့ လုပ်ရပ်အတွက် အပြစ်တင်လို့ မရဘူး။ အပြစ်တင်လို့ မရရုံတင် မကဘူး။ ဧကရာဇ် လင်းမုပိုင်လည်း သူ့ဘေးမှာ အသုံးဝင်တဲ့ လူတစ်ယောက် တစ်ချိန်လုံး ရှိနေခဲ့တာကို နားလည် သွားခဲ့တယ်။

ရန်မြို့တော် တိုက်ပွဲက အရမ်းကို ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာ။ ဒါကြောင့် အခုလို အခြေအနေမျိုးမှာ လူတစ်ယောက်ရဲ့ ထိန်းသိမ်းမှု စွမ်းရည်က အရမ်း အရေးကြီးတယ်။ ဧကရာဇ်ကို ကယ်ဖို့ လာတာက အစီအစဉ်ကောင်း တစ်ခုပဲ။ မြို့သူ မြို့သားတွေကို ကာကွယ်တာလည်း ကောင်းတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေက တစ်ခဏပဲ။

ခေါင်းဆောင် တစ်ယောက်က အများကြီးကို တွေးတော ရတယ်။

ရန်မြို့တော် ဆူပူမှုမှာ မင်းသားကိုး လင်းယွမ်လို မထင်မရှား လူတစ်ယောက်က ဘာမှ မစွမ်းဆောင် နိုင်ဘူး။ ဒါပေမယ့် ရှင်းယွမ်ကောင်း ပြောသလိုပဲ။ သူက တော်ဝင်မျိုးနွယ် တစ်ယောက် မြောက်ပိုင်း ဒေသမှာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကွာခြားတယ်။

“အရှင် မင်းမြတ်။” ဒီအချိန်မှာပဲ ရန်ချန်လိက ဧကရာဇ် လင်းမုပိုင်ဆီ လျှောက်လာရင်း လေးလေးစားစား ဂါရ၀ ပြုတယ်။

“သခင်ကြီးရန်၊ ဒဏ်ရာတွေ ဘယ်လိုလဲ။” လင်းမုပိုင် နှုတ်ခွန်း ဆက်ရင်း မေးတယ်။

“ဘာမှ မမှုလောက်ပါဘူး။” ရန်ချန်လိ ခေါင်းခါတယ်။ အဲ့ဒီ့နောက် မြောက်ပိုင်းကို သူလှည့်ကြည့်ရင်း ပြောတယ်။ “အနောက်ပိုင်းလျန်နဲ့ မြောက်ပိုင်း ဒေသ စည်းတစ်လျှောက်မှာ တပ်ဖွဲ့တွေ အပြည့် ချထားပြီးပြီ။ သူတို့ကို သီးခြား မြင့်မြတ်နိုင်ငံက မန်လင်းကွမ်းမှာ တစ်ခုခု မူမမှန်တာ တွေ့ရင် တစ်ခါတည်း တိုက်ခိုက်ဖို့ အမိန့်လည်း ပေးပြီးပြီ။”

“ဒါ .. သခင်ကြီးရန်က ကြီးမြတ်သောရှကို ကယ်တင် လိုက်တာပဲ။” လင်းမုပိုင်က ရုတ်တက် အခြေအနေ အလှည့် အပြောင်းကြောင့် အတော်လေး စိတ်သက်သာရာ ရသွားခဲ့တယ်။

“ကိုယ့်သဘောနဲ့ကိုယ် တပ်ဖွဲ့တွေကို အသုံးချမိတဲ့ အတွက် တောင်းပန်ပါတယ်။”

“သခင်ကြီးရန်က နှိမ့်ချ လွန်းနေပါပြီ။ ကိုယ်တော်က သင့် လုပ်ရပ်တွေကို နားမလည်ပဲ ဘယ်နေပါ့မလဲ။”

“အရှင်မင်းကြီး ကျန်တဲ့ ဘ၀ ခရီးကို ကိုယ်တိုင် ဆက်လျှှောက်မှပဲ ရတော့မယ်။ အနောက်ပိုင်းလျန်ကို ငါ မပြန်တော့ဘူး။” ရန်ချန်လိ ပြောရင်းနဲ့ ခေါင်းငြိမ့်တယ်။

“သခင်ကြီးရန်က သွားမလို့လား။”

“ဟုတ်တယ်။”

“ကိုယ်တော် နားလည်ပါတယ်။” ဝမ်းနည်းမှု အရိပ်အယောင်တွေ ဧကရာဇ် လင်းမုပိုင် မျက်လုံးမှာ ဖုံးလွှမ်း သွားခဲ့တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပြန်ထိန်းသိမ်းရင်း ရန်ချန်လိ ရှေ့မှာ ဒူးထောက်ရင်း နှုတ်ဆက်တယ်။ ရန်ချန်လိကတော့ သူ့ကို မတားပါဘူး။ ဓလေ့ထုံးစံတွေ အတိုင်း နှုတ်ဆက် ပြီးတဲ့နောက် ဧကရာဇ် လင်းမုပိုင်ကို ထဖို့ တွဲထူလိုက်တယ်။

“အရှင်မင်းမြတ်။ သခင်ကြီးရန်က ကြိုတင် ပြင်ဆင်ထားပြီးပြီ။ မင်းသားကိုးကလည်း ထွက်ခွာသွားပြီ။ ကျေးဇူးပြုပြီး အမိန့်ချတော် မူပါ။” ရှင်းယွမ်ကောင်းက လင်းထိန်နေတဲ့ ကောင်းကင်ကို စိုက်ကြည့်ရင်း ပြောတယ်။

“ကောင်းပြီ။ နားထောင်။”

“အမိန့်တော် အတိုင်းပါ အရှင်မင်းမြတ်။”

“ရှင်းယွမ်ကောင်းကို စစ်သေနာပတိ အဖြစ် ခန့်အပ်မယ်။ တောင်ဖြိုတပ်ဖွဲ့နဲ့ တခြား တပ်ဖွဲ့တွေ အားလုံး ရွှေကြေးခွံ မြို့ကို ချက်ခြင်းသွား။ မင်းသားကိုး မြောက်ပိုင်းသား လူရိုင်းတွေ ကျူးကျော်တာကို ခုခံဖို့ ကူညီပေးကြ။”

မိုးရေထဲမှာ စစ်မြင်းတွေကို စီးနင်းလာတဲ့ အုပ်စုငယ်လေး တစ်ခုကို မြင်နေရတယ်။ သူတို့ရဲ့ အနီရောင် တိမ်တွေက မိုးရေထဲမှာ တောက်ပနေခဲ့တယ်။ သူတို့တွေက ရန်တိမ် တပ်ဖွဲ့။ မြင်းလေးစီးက ဥိးဆောင်နေတယ်။ ဖန်ကျန်းရှီ၊ ရန်ရွှယ်၊ ရှန်းယွီနဲ့ ဝူယွဲ့အာ။

မိုးရေတွေက သူတို့ ခေါင်းပေါ်ကို ဆက်တိုက် စီးကျနေတယ်။ မြင်းတွေရဲ့ ခွာမှာလည်း ရွံ့တွေက ပေပွ နေခဲ့တယ်။ သူတို့နောက်မှာ ဝတ်ရုံနက် ဆယ်ယောက်ကျော် ရှိနေတယ်။ တစ်ယောက်ချင်းစီတိုင်းက တောက်ပတဲ့ ဓားရှည်တွေကို လွယ်ထားကြတယ်။

“သခင်လေး။ ထွက်ပြေးသွားတဲ့ မြောက်ပိုင်း လူရိုင်း စစ်တပ်က နှစ်မိုင် အကွာမှာ ရှိနေပါတယ်။”

“ကောင်းပြီ။” ရန်ရွှယ် ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ ဖန်ကျန်းရှီကို မျက်လုံးထောင့်ကနေ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ပြောင်းလဲသွားခဲ့ပြီလို့ သူခံစား မိနေတယ်။

ပုံမှန် အတိုင်းဆိုရင် ဖန်ကျန်းရှီက ဧကရာဇ် လင်းမုပိုင် တောင်းဆိုတာကို ချက်ခြင်း လက်ခံတဲ့သူ မဟုတ်ဘူး။ အထူးသဖြင့် သူ လက်ခံရင်လည်း တစ်ခုခု ပြန်တောင်းဆိုလေ့ ရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ဖန်ကျန်းရှီ ဘာမှ မတောင်းဆိုဘူး။ နှစ်ဝက် အတွင်းမှာ သူ ဘာလုပ်နိုင်မှာလဲ။

ရန်ရွှယ်က မြင်းဇက်ကြိုးကို ဆွဲထားရင်း အော်ဟစ်တယ်။ “စုချင်း မင်း ပြေးလို့ မလွတ်စေရဘူး။”

…

တိုက်ပွဲကြီးက ရန်မြို့တော်နဲ့ မိုင်ရှစ်ဆယ် အကွာမှာ ရောက်နေခဲ့တယ်။ ရန်တိမ် တပ်ဖွဲ့ စစ်သည်တော် သုံးထောင်ကတော့ မြောက်ပိုင်းတပ်ရဲ့ ခုခံစစ်ကို ချေဖျက်ပြီးတော့ လုံး၀ ဖျက်ဆီး ပြစ်လိုက်ပြီ။

မြောက်ပိုင်းတပ်တွေကတော့ သွေးစွန်းနေတဲ့ မြေပြင်ပေါ်မှာ လဲလျောင်းရင်း မယုံမကြည်နိုင် ဖြစ်နေကြတယ်။ သူတို့ရဲ့ ထောင်ချောက်တွေက အသုံးမဝင်ဘူး။ ဒီလူတွေ ဘယ်လိုများ လုပ်လိုက်တာလဲ။ သူတို့မှာ ဘာအကြံမှ ထပ်မရှိတော့ဘူး။ နောက်ပြန်ဆုတ်ဖို့ လမ်းလည်း မရှိတော့ဘူးလေ။ တိုက်ပွဲက ပြီးသွားပြီ။

“ဖန်ကျန်းရှီ။ မင်းငါ့ကို သတ်ရင်တောင် သီးခြား မြင့်မြတ် နိုင်ငံတော်က ကြီးမြတ်သောရှကို ခြေချပြီးနေပြီ။ ငါတို့တွေ ရှုံးမှာ မဟုတ်ဘူး။” စုချင်း အော်ဟစ်တယ်။

“ရှက်စရာ ကောင်းလိုက်တာ။ မြောက်ပိုင်း ဒေသကို ငါခြေချ လိုက်တာနဲ့ သူတို့တွေ ပြန်လမ်း မရှိ ဖြစ်ကုန် ကြတော့မှာပဲ။” ဖန်ကျန်းရှီက စုချင်းကို ကြည့်ရင်း သူတို့ ပထမဆုံး တွေ့တဲ့ အချိန်ကို ပြန်တွေး နေခဲ့တယ်။

အဲ့ဒီ့ အချိန်တုန်းက စုချင်း လှောင်ပြုံးပြုံး နေခဲ့တယ်။ အရာအားလုံး သူ့လက်ထဲမှာ ရှိသလို ပုံစံမျိုးနဲ့။ ဒါပေမယ့် သူ့မောက်မာမှုကို အခုချိန်မှာ အကြောက်တရားက အစားထိုးသွားပြီ။ ဒါက အင်အားကြောင့်ပဲ။

ကောင်းကင်ကို မော့ကြည့်ရင်း ဖန်ကျန်းရှီ တွေးနေခဲ့တယ်။ စုချင်းက သူ့ရဲ့ ဗျူဟာတွေ အစီအစဉ်တွေကြောင့် လူသိများတယ်။ တကယ်တော့ သူက ဖန်ကျန်းရှီထက် အကွက်ချတာ တော်တယ်။ ဒါပေမယ့် အခုတော့ သူက ဖန်ကျန်းရှီကို ကြောက်လန့် နေရပြီ။

စစ်မှန်တဲ့ စွမ်းအား ကြောင့်ပဲ။ ဖန်ကျန်းရှီမှာ ဝူယွဲ့အာ၊ ရှန်းယွီနဲ့ အရိပ်တပ်ဖွဲ့က ဝတ်ရုံနက်တွေ အပြင်၊ ရန်တိမ်တပ်ဖွဲ့လည်း ရှိနေသေးတယ်။ တိုက်ပွဲ အဆုံးသတ်က ရှင်းလင်း နေခဲ့ပြီ။

လင်းယွမ် မျှော်စင်။ အခု စုချင်းရဲ့ အခြေအနေက လင်းယွမ်မျှော်စင် ရှေ့မှာ ရောက်နေတဲ့ သူ့ အခြေအနေလိုပဲ။

“ကြည့်ရတာ ဒီတစ်ခေါက်တော့ ငါ တကယ်ရှုံးသွားတဲ့ ပုံပဲ။” စုချင်း သက်ပြင်းချတယ်။

“ချန်းဝူ ဘယ်မှာလဲ။”

“ချန်းဝူလား။ ဟဟား။ မကြာခင် တွေ့ရမှာပါ။” စုချင်း ပြောတယ်။

“ဖန်ကျန်းရှီ ငါ နင့်ကို ကူညီရမလား။” ဒီအချိန်မှာ ဝူယွဲ့အာရဲ့ အသံ ထွက်ပေါ်လာတယ်။ သူမရဲ့ မျက်ဝန်းမှာ လူသတ်ချင်စိတ် အပြည့်။

“မလိုဘူး။ ကိုယ်တိုင် လုပ်လိုက်မယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောလိုက်တယ်။ အဲ့ဒီ့နောက် ခ၇မ်းရောင် အလင်းတန်းနဲ့ ခြေရာမဲ့ဓား ထွက်ပေါ်လာပြီး အော်မြည် နေခဲ့တယ်။ ခြေရာမဲ့ ဓားကို ဆုပ်ကိုင် ထားရင်း စုချင်းရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျနေခဲ့တယ်။ သူ့မျက်ဝန်းတွေမှာ ဒေါသတွေ ခါးသီးမှုတွေ ပြည့်နှက်နေတယ်။ ကံတရားကိုတောင် အပြစ် တင်နေမိတယ်။

တိတ်ဆိတ်သွားတယ်။

ရွှေရောင်လို ဖြာကျနေတဲ့ နေရောင်က မိုးတိမ်တွေကို ဖောက်ထွက်ပြီး တောက်ပနေခဲ့တယ်။

…

လဝက် ကြာပြီးတဲ့နောက် ကြယ်တွေ တောက်ပနေခဲ့တဲ့ ည တစ်ညမှာ။

ရွှေရောင် ဘုရားကျောင်း တစ်ခုက တောင်တစ်ခုရဲ့ ထိပ်မှာရှိနေခဲ့တယ်။ မိုးထိအောင် မြင့်မားတဲ့ ဘုရားကျောင်းကြီး။ ခမ်းနားထည်ဝါတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ် နေသလို မြေပြင်က ဝိဉာဉ်တွေကို ငုံ့ကြည့် နေသလိုပဲ။

ဒီအချိန်မှာပဲ အလင်းမိုးတွေ ကောင်းကင်ကနေ ဖြာကျလာတယ်။ ကြယ်တွေ ကြွေကျသလိုပဲ။ ဒါပေမယ့် ကွာခြားတယ်။

ကောင်းကင်ကနေ တိုက်ရိုက် မြေပြင်ပေါ်ကို တန်းတန်းမတ်မတ် ကျလာတာ ဖြစ်တာကြောင့်ပဲ။ ဒီ အလင်းတန်းတွေထဲမှာ အသံ ခပ်တိုးတိုးလေး တစ်ခုလည်း ထွက်ပေါ်နေတယ်။ ကောင်းကင်နဲ့ မြေပြင်ကြားက အသံလိုပဲ။ အထီးကျန်ဆန်ပြီးတော့ ရှေးကျတယ်ယ်။

ဝုန်း။ ကောင်းကင်ကော မြေပြင်ပါ တုန်ခါ သွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ပုံရိပ်တစ်ခုက ကောင်းကင်တာအို ခန်းမရဲ့ နောက်ဘက် ခြံဝန်းထဲကို လူတစ်ယောက် ဖြည်းဖြည်း ဆင်းသက် လာခဲ့တယ်။ သူမရဲ့ ပန်းရောင် ဝတ်ရုံက ညကောင်းကင်မှာ လွင့်မျောနေတယ်။ ဖြူဖွေးတဲ့ ပိုးသား ခါးစည်းက သူမ ခါးမှာ ချည်နှောင် ထားခဲ့တယ်။ ဆံကေသာ လှလှတွေက ပုခုံးပေါ်မှာ ဝဲကျနေခဲ့တယ်။ မူးမေ့စေလောက်အောင် လှတဲ့ အလှတရား တစ်ခုပဲ။

ဒီလူရိပ်က အရမ်းကို မြန်ဆန်တယ်။ ဆင်းသက်နေရင်း ကောင်းကင်ကို ရုတ်တရက် ပြန်တက် သွားခဲ့တယ်။ ဒီအချိန်မှာပဲ ထူးဆန်း အံ့သြဖွယ် ကိစ္စ တစ်ခု ဖြစ်လာတယ်။ ဒီလူရိပ်က ကောင်းကင်က ကြယ်တွေနဲ့ ပွတ်တိုက်မိတယ်။

ဒါပေမယ့် ကြောက်စရာ ဖြစ်ရပ် မဖြစ်လာဘူး။ ကြယ်တာရာတွေက အချိန်အကြာကြီး စောင့်ဆိုင်းနေတဲ့ အတိုင်း ပြန်ဆုံဆည်း သွားခဲ့တယ်။ သူတို့တွေ အားလုံးကို နေရာ တစ်ခုတည်းက ပိုင်ဆိုင် ထားတဲ့ အတိုင်းပဲ။

“ကောင်းကင်ကို ကြည့်။”

“အဲ့တာ။“

“ငါတို့ရဲ့ ညီမလေးပဲ။”

“ကြည့်ရတာ မိုးမြေကြားက အသံနဲ့တူတယ်။ ညီမလေးက ..”

လူတိုင်းက ကောင်းကင် အလင်းတန်းကြီးကို ကြည့်နေကြတယ်။ တစ်ယောက်ချင်းစီတိုင်းက အံ့သြ ထိတ်လန့် နေတဲ့ အမူအယာတွေနဲ့ ။

ဒီအချိန်မှာ ကောင်းကင် တောက်ပနေတဲ့ အလင်းတန်းကြီး ပျောက်ကွယ် သွားခဲ့တယ်။ သေးငယ်တဲ့ အလင်းစက်လေး တစ်ခု အဖြစ်ကို ပြောင်းလဲသွားတယ်။ သူမရဲ့ နဖူးမှာ ပေါင်းဆုံ သွားခဲ့ကြတယ်။

ဒီ အလင်းတန်းရဲ့ အောက်မှာ တော်ဝင် ဆန်ဆန် ချောမောလှပတဲ့ မျက်နှာလေး တစ်ခု ပေါ်လာခဲ့တယ်။ သူမမှာ ကြွေသားလို ဖြူစင် ချောမွတ်တဲ့ အသားအရေနဲ့ မျက်ဝန်းတောက်တောက်တွေ ရှိတယ်။ မိန်းမောလောက်စေတဲ့ အလှတရားက မြေပြင်က လူသားတွေကို ငုံ့ကြည့်နေ သလိုပဲ။

“သခင်မလေး။” ကျောက်စိမ်းရောင် ဝတ်ရုံနဲ့ အမျိုးသမီးငယ် တစ်ယောက် မြေပြင်ကနေ အော်နေတယ်။ ကောင်းကင်က လူရိပ်ကို မော့ကြည့်ရင်း ပျော်ရွှင်မှု အပြည့်နဲ့ သူပြော နေခဲ့တယ်။ “သခင်မလေး ထွက်လာပြီ။”

အပိုင်း(၆၁၁)ပြီး၏။

အပိုင်း (၆၁၂)

“မိုးနတ်ရေကန်”

“အဆင့်တက် သွားတာလား။” လူတစ်ယောက်က ကောင်းကင်တာအို ခန်းမ ကွင်းပြင်ကနေ မော့ကြည့်ရင်း ပြောတယ်။ သူ့ရဲ့ အဖြူရောင် ကျောင်းတော်သား ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ သူကတော့ နန်ကုန်းဟောင်။

“ညီလေး နန်ကုန်း။ ညီမလေးက အဆင့်တက်တာ မင်းထက် တစ်လပဲ ကွာတယ်။ မင်းတို့ နှစ်ယောက်ကို တွေ့တော့ ငါ တကယ့်ကိုပဲ ရှက်မိပါတယ်။” ရင်ဘတ်မှာ ကောင်းကင်တာအို ဆိုတဲ့ စကားလုံးကို ရေးထွင်းထားတဲ့ သက်လတ်ပိုင်း လူကြီး ပြောနေခဲ့တယ်။

“အကိုကြီး နှိမ့်ချ လွန်းနေပါပြီ။” နန်ကုန်းဟောင် ခေါင်းခါရင်း ပြောတယ်။ သူ့လက်ထဲမှာ ထွင်းဖောက် မြင်ရတဲ့ ဓားတစ်ချောင်ကို ကိုင်ထားခဲ့တယ်။

“ငါတို့က နှိမ့်ချိ နေတာ မဟုတ်ဘူး။ ညီလေး နန်ကုန်းက ကောင်းကင် တာအို ခန်းမကို စစချင်း ရောက်လာတဲ့ နေ့တည်းက ဆရာကိုယ်တိုင် အထူး သင်ကြား ပြသပေးတာ ခံရတဲ့ တကယ့်ပဲ။ ဒီ တစ်ခုတည်းနဲ့ကို ငါတို့ ယှဉ်လို့ မရတော့ဘူး။” သတ်လတ်ပိုင်း လူကြီးက ပြုံးပြရင်း နောက်ထပ် မပြောတော့ဘူး။

ဒီ အချိန်မှာပဲ ကောင်းကင်မှာ ရှိနေတဲ့ အလှတရားက မြေပြင်ကို ဖြည်းဖြည်းချင်း ဆက်သက် လာခဲ့တယ်။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံက လေထဲမှာ ဝေ့၀ဲ နေခဲ့တယ်။ နဖူးက သေးငယ်တဲ့ အလင်းစက်လေးက သူမရဲ့ ခမ်းနား ထည်ဝါတဲ့ အလှတရားကို ပိုပြီး အားဖြည့် ပေးနေခဲ့တယ်။

ဒီ အမျိုးသမီးငယ်က ခေါင်းမော့ရင်း ထည်ဝါမှု အပြည့်နဲ့ လျှောက်လာခဲ့တယ်။ ပန်းခင်းကြီးထဲမှာ ပွင့်ဖူးနေတဲ့ ပန်းတွေတောင် သူမရဲ့ အလှတရားနဲ့ ယှဉ်လိုက်ရင် မှိန်ဖျော့ သွားနိုင်တယ်။ သူမက ကောင်းကင် ဂုဏ်ရည်ရှင် ချီကူယန်ပဲ။

“သခင်မလေး။ နောက်ဆုံးတော့ အဆင့်တက် သွားပြီ။ ခန်းမ ခေါင်းဆောင်က ဒီအတောတွင်း ခနခန လာပါတယ်။ သူပြောတာ အကယ်၍ ..” အစိမ်းရောင် ဝတ်ထားတဲ့ ယွဲ့အာ ချက်ခြင်း ဝမ်းသာ အားရ လျှောက်လာရင်း ပြောနေခဲ့တယ်။

“ကြီးမြတ်သော ရှမှာ တစ်ခုခု ဖြစ်လို့လား။” ချီကူယန်က လက်ဝေ့ယမ်းရင်း စကား ဖြတ်ပြောတယ်။

“ဟုတ်ပါတယ်။ ကိစ္စကြီး တစ်ခု ဖြစ်သွားခဲ့တာ။” ယွဲ့အာ ခေါင်းငြိမ့်ရင်း ချက်ခြင်း ဆက်ပြောတယ်။ “အရှင် ချီဟို့က စာတွေ အများကြီး ပို့ထားတယ်။ ယွဲ့အာ သိရသလောက် အရတော့ ကြီးမြတ်သောရှက သီးခြား မြင့်မြတ် နိုင်ငံနဲ့ စစ်ဖြစ်ခဲ့တယ်။ ”

“မြောက်ပိုင်း လူရိုင်းတွေက ဒီ အချိန် တစ်လျှောက်လုံး အစီအစဉ် ဆွဲနေခဲ့တာ အံ့သြ စရာတော့ မဟုတ်ဘူး။” ချီကူယန် ခေါင်းငြိမ့်ရင်း အေးအေးဆေးဆေး ပြန်ဖြေတယ်။

“သခင်မလေး ပြောတာ မှန်တယ်။” ယွဲ့အာ က စာတွေကို ချီကူယန်ဆီ ကမ်းပေးတယ်။ “ဒီ စစ်ပွဲက အိမ်ရှေ့စံ မင်းသား နန်းလုဖို့ လုပ်တာကနေ စတာပါ။”

ယွဲ့အာက သူမရဲ့ ဇာတ်ကြောင်းကို ဆက်ပြောတယ်။ ချီကူယန် မျက်မှောင်ကြုတ်သွားတယ်။

“မြောက်ပိုင်း လူရိုင်းတွေက ဒီ အခွင့်အရေးကို သုံးပြီးတော့ လျှပ်တပြက် တိုက်ခိုက်တယ်။ နောက်ပြီးတော့ နတ်ဆိုး ဘုရင်ရဲ့ အကူအညီကိုလည်း ယူလိုက်သေးတယ်။ အရှင်လီချင်းလည်း သေသွားပြီ။” ဒါကို ကြားတော့ ချီကူယန် ရဲ့ မျက်နှာမှာ စိတ်ဖိစီး ရိပ်တွေ ပေါ်လာခဲ့တယ်။

“ဟုတ်ပါတယ်။ အရှင်လီချင်းကို နတ်ဆိုး ဘုရင် သတ်ခဲ့တာ။ ဒါတွေ အားလုံး မြောက်ပိုင်း လူရိုင်းတွေရဲ့ အပြစ်ပဲ။” ယွဲ့အာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောတယ်။

“ဆက်ပြော”

“ဟုတ်ကဲ့။”

“ချန်းဝူက သေရှင် ဂိတ်တံခါးကို သုံးပြီးတော့ နတ်ဆိုးဘုရင်ကို ဆင့်ခေါ်လိုက်တယ်။ ဒီ အချိန်မှာပဲ အရှက်မရှိတဲ့ ကောင်စုတ်။ အဲ။ သခင်လေး ဖန် ပေါ်လာပြီးတော့။”

“ပင်းယန်ကို လင်းယွမ် မျှော်စင်က ခေါ်သွားတယ်လို့ ပြောတာလား။” ချီကူယန်ရဲ့ မျက်လုံးတွေက ဇာတ်လမ်း တစ်ပုဒ်လုံးကို နားထောင်ပြီးတဲ့နောက် တလက်လက် တောက်ပ လာတော့တယ်။

“ဟုတ်ပါတယ်။ ပင်းယန် မင်းသမီးကို ခေါ်သွားတဲ့ သူက လင်းယွမ် မျှော်စင်က ကန်ယွဲ့ ဆိုတာ အတည် ပြုပြီးပါပြီ။ အခုချိန်မှာ ပင်းယန် မင်းသမီးက လင်းယွမ် မျှော်စင်မှာ ရောက်နေ လောက်ပြီ။ ဒီသတင်း အချက်အလက်တွေ အားလုံးကို သခင်လေး နန်ကုန်းက စုဆောင်း ထားတာပါ။ သူက လွန်ခဲ့တဲ့ တစ်လ ဝန်းကျင်ထဲက အဆင့်တက် သွားခဲ့ပါပြီ။ ဒီသတင်းကို ကြားကြားချင်း အသေးစိတ် အချက်တွေကို စုဆောင်းဖို့ သူ ကူညီ ပေးခဲ့တာပါ။” ယွဲ့အာ ပြောတယ်။

“နန်ကုန်းဟောင်လည်း အဆင့်တက် သွားပြီလား။” ချီကူယန်ရဲ့ အမူအယာ နည်းနည်း ပြောင်းလဲ သွားတယ်။ ကြီးမြတ်သော ရှမင်းဆက် တည်ရှိတဲ့ အရပ် မျက်နှာကို စိုက်ကြည့်ရင်း သူဆက်ပြောတယ်။ “အခုက ဘယ်လို အခြေအနေလဲ။“

“စစ်ပွဲက ပြီးသွားပါပြီ။ သခင်ကြီး ရန်က သံချပ်ကာ စစ်တပ်တွေကို မန်လင်ကွမ်း တစ်လျှောက်လုံး အပြည့် ချထားခဲ့တာ။ သူ့ အမိန့်ကို ရတော့ တပ်ဖွဲ့တွေက မြောက်ပိုင်း လူရိုင်း တိုင်းပြည်ရဲ့ မြို့ကို ဝင်တိုက်တယ်။ မြောက်ပိုင်း ဒေသ စစ်သည်တော် တစ်သောင်းကို ရိက္ခာလည်း ဖြတ်ပြစ်လိုက်တယ်။ ဒါကြောင့် မြောက်ပိုင်း ဘုရင်က ရွေးစရာ မရှိတော့ပဲ ငြိမ်းချမ်းရေး စာချုပ် ချုပ်ပြီးတော့ စစ်ပွဲအတွက် အဆုံးအရှုံးတွေ အားလုံးကို လျော်ကြေး ပေးလိုက်ပါတယ်။” ယွဲ့အာ ဂုဏ်ယူ ဝံ့ကြွားမှု အပြည့်နဲ့ ပြောနေခဲ့တယ်။

“အင်း။” ချီကူယန် ခေါင်းငြိမ့်တယ်။ နောက်ထပ် မပြောတော့ဘူး။ ကောင်းကင်ကို မော့ကြည့်ရင်း ပြောတယ်။ “အဲ့ဒီ့ အရှက် မရှိတဲ့ ကောင်စုတ်က နှစ်ဝက်ပဲ အသက်ရှင်ချိန် ကျန်တော့တာလား။”

“ဟုတ်ပါတယ်။ ယွဲ့အာ ကြားတာတော့ တောင်ပိုင်းဒေသ တိုက်ပွဲ တည်းက သခင်လေးဖန် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရခဲ့တာ။ အကယ်၍ နှစ်ဝက် အတွင်း သုခမိန် အဆင့်ကို မရောက်ရင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒီအဆင့်ကို ရောက်ဖို့ မလွယ်တာ သခင်မလေးလည်း သိပါတယ်။ နောက်ပြီးတော့ သူက သဘာဝလွန် အဆင့်မှာပြ ရှိသေးတာ။ အချိန်ကလည်း တစ်နှစ်တောင် မရှိတော့ဘူး။ ဒီ နှစ်ဝက် အချိန်က မလောက်မှာ စိုးရိမ် မိတယ်။”

“ယွဲ့အာ။ ခန်းမ ခေါင်းဆောင်က ငါ့ကို ရှာနေတယ် မဟုတ်လား။”

“ဟုတ်ပါတယ်။ ခန်းမ ခေါင်းဆောင်က သခင်မလေး ထွက်လာရင် မိုးနတ်ရေကန်မှာ လာတွေကဖို့ ပြောထားပါတယ်။ မိုးနတ် ရေကန် အကြောင်းကို ယွဲ့အာ ထူးဆန်းတဲ့ ပုံပြင်တွေ ကြားဖူးတယ်။ နန်ကုန်းဟောင်က လွန်ခဲ့တဲ့ လမှာ မိုးနတ် ရေကန်ကို ဝင်ခဲ့တယ်။ ဒါကြောင့် အကိုကြီး ၇ ယောက်ထဲမှာ သူက အသန်မာဆုံး ဖြစ်သွားပြီ။ သုခမိန် ရေကန်က သူ့ အတွေ့အကြုံတွေ အကြောင်းကို ရေးထားတဲ့ စာတွေ အများကြီး ပေးထားပါတယ်။ သခင်မလေး အခုလို ထပ် ပြောတာ အတွက် ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် ယွဲ့အာ အမြင်မှာ နန်ကုန်းဟောင်က သခင်မလေးရဲ့ ..။ သခင်မလေး ဘယ်သွားမလို့လဲ။ သုခမိန် ရေကန်က ညာဘက် မှာလေ။”

“ငါ အပြင် ထွက်အုန်းမယ်။” ချီကူယန်က ယွဲ့အာ ပြောတာတွေကို မကြားတဲ့ အတိုင်းပဲ။

“သခင်မလေးက ကြယ်ကြည့် တောင်ထွဋ်ကို သွားမလို့လား။”

“မဟုတ်ဘူး။ တောင်အောက် ဆင်းမလို့။”

“တောင်အောက် ဆင်းမယ်။ သခင်မလေး။ ကောင်းကင် တာအို ခန်းမရဲ့ ၂ နှစ်တစ်ခါ လူရွေးပွဲက တစ်လခွဲပဲ အချိန် ရှိတော့တာနော်။ ကြီးမြတ်သောရှ မင်းဆက်က အရှင်လီချင်းရဲ့ ဈာပန ပွဲကို ဂါရ၀ ပြုမလို့လား။“

“အရှင်လီချင်း။” ချီကူယန် တွေးမိရင်း တုန်ယင် သွားခဲ့တယ်။ အဲ့ဒီ့နောက် ခေါင်းခါရင်း ပြောတယ်။ “ မဟုတ်ဘူး။ ငါ မဟူရာ လမင်း ကျွန်းကို သွားမလို့။”

“မဟူရာ လမင်းကျွန်း။ ဘာဖြစ်လို့ သခင်မလေးက သွားမှာလဲ။ ဒါက တောင်ထွဋ်ကိုးသွယ် လောကမှာ ရှိတာလေ။ မဟူရာ လမင်းကျွန်းက သူ့ရဲ့ တောင်ထိပ်မှာ နှစ်တစ်ထောင် မီးဆေးပင်ရှိလို့ အရမ်း လုံခြုံရေး တင်းကြပ်တယ်။ ဒီဆေးပင်က ကိုယ်ခန္ဒာကို အသစ် ပြန်ဖြစ်စေတဲ့ အစွမ်း ရှိတယ်လို့ ကောလဟာလတွေ ယွဲ့အာ ကြားဖူးတယ်။ သခင်မလေးက ဒီ ဆေးပင်ကို သွားယူ မလို့လား။”

“လဝက် အတွင်း ငါပြန်လာခဲ့မယ်။”

“သခင်မလေး တကယ်ပဲ သွားမလို့လား။ ခန်းမ ခေါင်းဆောင်က သခင်မလေးကို နတ်ရေကန်မှာ စောင့်နေတယ်။ သခင်မလေး မဟူရာ လမင်းကျွန်းကို ရေကန်ဆီ သွားပြီးမှ သွားရင်လည်း နောက်မကျ ပါဘူး။”

“အချိန် မရှိတော့ဘူး။”

“အချိန် ဟုတ်လား။ ဟင်။ ပုံမှန် အတိုင်းဆို မိုးနတ် ရေကန်က ဆယ်ရက်ပဲ အသွားအပြန် ကြတာ။ မဟူရာ လမင်း ကျွန်းက နှစ်လကြာတယ်။ ကျွန်မ တို့မှာ အချိန် ရှိပါသေးတယ်။ နတ်ရေကန်ဆီ ဝင်ပြီးတော့ ကျောင်းတော်သား ရွေးချယ် ပြီးတဲ့ အချိန်မှ မဟူရာ လမင်းကျွန်းကို သွားလည်း နောက်မကျပါဘူး။”

“သူက ကောင်းကင် တာအို ခန်းမကို တစ်လခွဲအတွင်း ရောက်လာမှာလေ။”

“သူ။ ဘယ်သူ့ကို ပြောတာလဲ။” ချီကူယန်ကို ကြည့်ရင်း ယွဲ့အာ ဇဝေဇဝါ ဖြစ်နေခဲ့တယ်။ သူမ ပြောနေတာကို နားမလည်ဘူး။ ချီကူယန်ကတော့ တိတ်တဆိတ် ဆက်လျှောက် သွားခဲ့တယ်။ သိပ်မကြာခင်ပဲ သူမရဲ့ ပုံရိပ်က ည အမှောင်ထုထဲမှာ ဝင်ရောက် ပျောက်ကွယ် သွားခဲ့တယ်။

ယွဲ့အာကတော့ နေရာမှာသာ ကြောင်အရင်း ရပ်နေခဲ့တယ်။

အချိန် ကုန်နေပြီတဲ့။

သူက တစ်လခွဲဆို ရောက်လာတော့မယ်။

သူက ဘယ်သူလဲ။

ဖန်ကျန်းရှီကို ပြောတာလား။

ဒါကို တွေးမိတော့ ယွဲ့အာရဲ့ မျက်လုံးတွေ ပြူးကျယ်လာတယ်။ အန္တရာယ်များတဲ့ အကြံတစ်ခု သူမ တွေးမိလိုက်တာကြောင့် ချက်ခြင်း ဖြူဖျော့ သွားခဲ့တယ်။

မဟူရာ လမင်းကျွန်း။ ဖန်ကျန်းရှီ ရောက်လာဖို့ တစ်လခွဲ အလို။

နှစ်တစ်ထောင် မီးဆေးပင်။

ဒါတွေ အားလုံးက အတွေး တစ်ခုတည်းနဲ့ ဆက်စပ်နေတယ်။ ယွဲ့အာက တွေးရင်း ကျောရိုး တစ်ခုလုံး စိမ့်ချမ်း သွားခဲ့တယ်။ သူမ စနောက်လိုက်တဲ့ ဟာသ တစ်ခုက အမှန် တကယ့်ကို ဖြစ်လာတဲ့ ပုံစံပဲ။ ချီကူယန်က မဟူရာ လမင်းကျွန်းကို သွားပြီးတော့ နှစ်တစ်ထောင် မီးဆေးပင်ကို သွားယူပြီ။

“သခင်မလေး။ သခင်မလေးက တကယ်ပဲ နှစ်တစ်ထောင် မီးဆေးပင်ကို ဒီ အရှက်မရှိတဲ့ ကောင်စုတ် အတွက် သွားယူပေးမလို့လား။ မဖြစ်နိုင်ဘူး။ သူက ဘာဖြစ်လို့များ ဒီလို ကိစ္စ လုပ်ရတာလဲ။ သူက ကောင်းကင် ဂုဏ်ရည်ရှင်လေ။” ယွဲ့အာ တွေးရင်း တွေးရင်းက နဖူးကနေ ချွေးတွေ စီးကျလာတယ်။ “မဖြစ်ဘူး။ ကောင်းကင်တာအို ခန်းမခေါင်းဆောင်ကို သတင်း ပို့ရမယ်။ သခင်မလေး၊ သစ္စာဖောက်တာ မဟုတ်ရပါဘူး။ ဒါပေမယ့် မဟူရာ လမင်းကျွန်းမှာ သုခမိန် သုံးယောက်တောင် ရှိတာ။”

..

ကြီးမြတ်သော ရှနိုင်ငံတော်။ မြောက်ပိုင်းဒေသ ယုံကြည်မှု မြစ်မြို့တော်၊ ဟွေ့အန်း နယ်မြေ၊ မြောက်ရွာ။

ကန်လင်းတောင်နဲ့ နီးတဲ့ ရွာငယ်လေး တစ်ခု။ မြောက်ရွာက စိမ်းစို လှပပြီး ကြည်လင်တဲ့ ရေချောင်း တစ်ခုလည်း ရှိတယ်။ ငါးလေးတွေက မြစ်ချောင်းငယ်ထဲမှာ ပြည့်နေပြီးတော့ နေရောင်ခြည် အောက်မှာ တလက်လက် တောက်ပ နေခဲ့တယ်။

“မြောက်ရွာက တကယ့်ကို ကံကောင်းတာပဲ။”

“ဟွေ့အန်း ဒေသကနေ မြောက်ရွာဆီ ဖောက်ထားတဲ့ လမ်းကလည်း အကျယ်ကြီး။ ငါကြားတာတော့ ဟွေ့အန်း နယ်မြေ မြို့တံခါးကို မြောက်ပိုင်း လူရိုင်းတပ်တွေ ရောက်တဲ့ အချိန် ချက်ခြင်း တားဆီး ခံလိုက် ရတယ်ဆိုပဲ။”

“မင်း ဘာပြောချင်တာလဲ။ ရန်တိမ် တပ်ဖွဲ့ ရောက်လာလို့ မဟုတ်ဘူးလား။”

လွန်ခဲ့တဲ့ နေ့ရက်တွေတုန်းက ဖြစ်ခဲ့တဲ့ စစ်ပွဲကို လယ်သမားတွေ ပြန်ပြောရင်း ကောက်စိုက် နေကြတယ်။

“ပါးစပ် ပိတ်။” ဒီ အချိန်မှာပဲ လူတစ်ယောက်က လယ်သမားတွေ နောက်မှာ ပေါ်လာခဲ့တယ်။ သူက အိုမင်းပြီး အရေးအကြောင်းတွေ အပြည့်နဲ့ လူကြီး တစ်ယောက် ရောက်လာခဲ့တယ်။

“သူကြီး။” လယ်သမားတွေ တလေးတစားနဲ့ နှုတ်ဆက်ကြတယ်။ ဒီလူက မြောက်ရွာရဲ့ ရွာသူကြီး ကျန်းယန်ဖိန်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဖန်ကျန်းရှီနဲ့ မိသားစုကို မြောက်ရွာဆီ ခေါ်လာခဲ့တဲ့သူ။ ရွာကို တိုးတက် ကြီးပွား စေခဲ့တဲသူ။ ဒါကြောင့် ရွာသားတွေက သူ့ကို အရမ်း လေးစားကြတယ်။

“ရန်တိမ် တပ်ဖွဲ့ဆိုတာ ဘာပြောချင်တာလဲ။ ဘာမှ မရှိဘူး။ ရန်တိမ် တပ်ဖွဲ့က မြောက်ရွာကို ရောက်မလာခဲ့ဘူး။ မင်းတို့ နားလည်လား။” ကျန်းယန်ဖိန် လက်ဝေ့ယမ်းရင်း အော်ဟစ်တယ်။ သူဒေါသ ထွက်နေတာ သိသာလှတယ်။

“ဒါက။” လယ်သမားတွေ နားလည် နိုင်ကြ။ ဒါကြောင့် မေးမြန်းကြတယ်။ “သူကြီး ဘာဖြစ်လို့။ ရန်တိမ် တပ်ဖွဲ့လာတာ။”

“မင်းတို့ကောင်တွေ ဖန်ကျန်းရှီကို သေစေ ချင်လို့လား။” ကျန်းယန်ဖိန် အော်ပြန်တယ်။

“မသေစေ ချင်ပါဘူး။”

“ဒါဆိုရင် မေးနေတာတွေ ရပ်လိုက်တော့။ စစ်တပ်ရေးရာ ကိစ္စတွေက ဘယ်လောက်တောင် အရေးကြီးလဲ သိလား။ စစ်ပွဲမှာ ဘာဖြစ်လို့ ရန်တိမ် တပ်ဖွဲ့ ရွှေအကြေးခွံ မြို့တော်ကို တိုက်ရိုက် မသွားပဲ မြောက်ရွာကို အရင်ဆုံး လာကာကွယ်တာလဲ။ ကျန်းရှီက ငါတို့ကို အရင်ဆုံး ကူညီတာ ငါတို့ သိတယ်။ ဒါပေမယ့် ဧကရာဇ် သိသွားရင်ကော။ သူ့ကို စစ်ပွဲမှာ နှောင့်နှေးစေတဲ့ အတွက် အပြစ်ချမှာပဲ။” ကျန်းယန်ဖိန် ပြောရင်းနဲ့ ဗလုံးဗထွေး ဖြစ်လာတယ်။ ဒေါသကြောင့် ချောင်းတောင် တဟွတ်ဟွတ် ဆိုးနေခဲ့တယ်။

“ရွာသူကြီး။ ကျွန်တော်တို့ နားလည်ပါပြီ။ စိတ်အေးေးအး ထားပါ။”

“ဟုတ်ပါတယ်။ သူကြီး ပြောတာ ကျွန်တော်တို့ နားလည်တယ်။ ဧကရာဇ်က ဒါကို အလွတ် ပေးမှာ မဟုတ်ဘူး။“

“ ဖန်ကျန်းရှီက အခုဆို အဆင့်သုံး အမတ်မင်း ဖြစ်နေပြီဆိုပဲ။ သူ့ ရာထူးက အရမ်းမြင့်တယ်။ ဧကရာဇ်က အရင်က စွမ်းဆောင်မှုတွေကို ထောက်ထားပြီးတော့ သက်ညှာပေး မှာပါ။”

ကျန်းယန်ဖိန်ရဲ့ စကားကို ကြားတော့ လယ်သမားတွေ အဝေးကို ကြည့်ရင်း တွေးတော နေကြတယ်။

ဒီအချိန်မှာပဲ မြင်းခွာသံတွေ ပေါ်လာတာကို ကြားလိုက်ရတယ်။ ရာချီတဲ့ ရွှေရောင် စစ်သည်တော်တွေ သူတို့ မြင်ကွင်းထဲကို ပေါ်လာခဲ့တယ်။

“မကောင်းတော့ဘူး။ သူတို့ ရောက်လာပြီ။”

“ကြည့်ရတာ တော်ဝင် အစောင့်တွေပဲ။ ဧကရာဇ်က ဖန်ကျန်းရှီကို ဖမ်းခိုင်းလိုက်ပြီ။”

“ဒါ ငါတို့ကြောင့် ဖြစ်တာပဲ။ ငါတို့ကြောင့် ဖန်ကျန်းရှီကို ဧကရာဇ် အပြစ်တင်မှာ အဖြစ် မခံ နိုင်ဘူး။ ငါတို့ အသက်နဲ့ ရင်းပြီး ကာကွယ်မယ်။”

ရွှေရောင် တပ်တွေကို ကြည့်ရင်း ကျန်းယန်ဖိန်ရဲ့ မျက်နှာ ပြောင်းလဲ သွားခဲ့တယ်။ သူတို့သာ သာမာန် စစ်သည်တော်တွေ ဆိုရင် သူ စိုးရိမ် မိမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ သူတို့ မျက်စိ ရှေ့က စစ်သည်တော်တွေက ရန်မြို့တော်ရဲ့ တော်ဝင် စစ်သည်တော်တွေ။ သူတို့ လာရင်း ကိစ္စက ထင်ရှားနေတယ်။

ရာချီတဲ့ တော်ဝင် အစောင့်တပ်တွေက ကျန်းယန်ဖိန်နဲ့ လယ်သမားတွေဆီ ခပ်မြန်မြန် ရောက်လာခဲ့တယ်။ သူတို့တွေက လမ်းမှာ ရပ်တန့်လိုက်တယ်။ လယ်သမားတွေကို ကြည့်တယ်။

“မြောက်ရွာက ရွာသားတွေလား သိပါရစေ။” တော်ဝင် အစောင့်က ယဉ်ယဉ်ကျေးကျေး မေးတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်က မြောက်ရွာရဲ့ ရွာသူကြီးပါ။ ဘယ်လို အကြောင်းရင်းကြောင့်များ တော်ဝင် အစောင့် စစ်သည်တော်တို့ ရောက်လာလဲ မသိ။ ဧည့်ဝတ် မကျေပွန်တဲ့ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ။” ကျန်းယန်ဖိန် ပြန်ဖြေရင်း ချက်ခြင်း ဒူးထောက်တယ်။

“ရွာသူကြီးလား။ အိုး။ ထပါ။ ထပါ။ ကျွန်တော်တို့က အရှင်သခင်ဖန် နဲ့ တွေ့ဖို့ လာတာပါ။ သခင်ဖန့် ဆီကို ခေါ်သွား ပေးလို့ ရမလား ရွာသူကြီး။” ခေါင်းဆောင်က ချက်ခြင်း မြင်းပေါ်က ခုန်ဆင်းပြီးတော့ ကျန်းယန်ဖိန်ကို ထူပေးရင်း ပြောတယ်။ “

“သခင်ဖန်။” ကျန်းယန်ဖိန်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာခဲ့တယ်။ အဲ့ဒီ့နောက် သူပြုံးပြရင်း ဖြေတယ်။ “တော်ဝင် အစောင့်တွေ အမှတ်မှားနေပြီ ထင်တယ်။ ကျွန်တော်တို့ဆီမှာ သခင်ဖန်လို့ ခေါ်တဲ့သူ မရှိပါဘူး။”

“သူကြီးကတော့ နောက်နေပြန်ပြီ။ ကျွန်တော်တို့က ဖန်ကျန်းရှီကို တွေ့ဖို့လာတာ။“

“အော်။ ကျန်းရှီလား။ သူအခု ရွာထဲမှာ မရှိဘူး။”

“ရွာသူကြီးက ဟာသ လုပ်တတ်တာပဲ။ ကျွန်တော်တို့ တော်ဝင် အမိန့်ကြောင့် ရောက်လာတာ။ သခင်ဖန့်ဆီ ခေါ်သွားပေးဖို့ မျှော်လင့်ပါတယ်။”

“တော်ဝင် အမိန့်လား။ သူတကယ်ပဲ ရွာမှာ မရှိဘူး။” ကျန်းယန်ဖိန် ချက်ခြင်း ပြန်ဖြေတယ်။

“ရွာထဲမရှိဘူး။” စစ်သည်တော် ခေါင်းဆောင် မျက်မှောင်ကြုတ်သွားတယ်။ မြင်းပေါ်ကို ပြန်တက်ရင်း သူပြောတယ်။ “သူကြီးက သူ့ဆီ ခေါ်မသွားမှတော့ သခင်ဖန့်ကို ငါတို့ဘာသာ ရှာလိုက်မယ်။”

အမိန့် ပေးပြီးတဲ့နောက် တော်ဝင် အစောင့်တပ်တွေ ချက်ခြင်း ရှေ့ဆက်သွားတော့တယ်။ ကျန်းယန်ဖိန် တို့ကို ဖြတ်သန်းရင်း မြောက်ရွာဆီ သွားတော့တယ်။

တခြား တဖက်မှာတော့ ကျန်းယန်ဖိန်က နေရာမှာ တောင့်တောင့်ကြီး ရပ်နေခဲ့တယ်။ တော်ဝင် အစောင့်တပ်တွေက ဖန်ကျန်းရှီကို ရှာဖို့ သူတို့ ရွာကို မွှေနှောက်တော့မယ်လို့ မထင်ထား ခဲ့မိဘူး။

သူက သာမာန် ရွာသား တစ်ယောက်ပဲလေ။ တော်ဝင် အစောင့်တပ်တွေကို ဘယ်လို တားဆီး နိုင်မှာလဲ။

“ရွာသူကြီး ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။” လယ်သမားတွေ စိုးရိမ် တကြီး မေးတေ့တယ်။

“နေစမ်းပါအုန်း။ ငါတို့ မြောက်ရွာ ဝင်ပေါက်မှာ ထောင်ချောက်တွေ ချထားတယ် မဟုတ်လား။” ကျန်းယန်ဖိန် နောက်ဆုံးတော့ သတိ ဝင်လာပြီ။

“ဟုတ်တယ်။ ကျွန်တော်တို့ လုပ်ထားတဲ့ ထောင်ချောက်တွေ ရှိတယ်။” လယ်သမားတွေ ခေါင်းငြိမ့်ရင်း ပြန်ဖြေကြတယ်။

ဒီအချိန်မှာပဲ နောက်ထပ် မြင်းခွာသံတွေကို ကြားရပြန်တယ်။ ဒုတိယမြောက် အုပ်စုရဲ့ နောက်မှာ တတိယ အုပ်စုလည်း ပါလာခဲ့တယ်။

ကျန်းယန်ဖိန် ကတော့ ကြောက်လန့် နေပြီ။

သူနဲ့ ရှိနေတဲ့ လယ်သမားတွေလည်း ဖြူဖျော့ နေကြတယ်။

သူတို့တင် မကဘူး ရွာဝင်ပေါက်မှာ အသားပေါက်စီ တဝက်ကို ကိုင်ပြီး ရပ်နေတဲ့ ဖန်ကျန်းရှီလည်း သူမြင်နေရတာကြောင့် မျက်လုံး ပြူးနေခဲ့တယ်။

အပိုင်း(၆၁၂)ပြီး၏။

အပိုင်း (၆၁၃)

“တဆင့်ပြီး တဆင့် ရာထူး တိုးခြင်း။”

“အား အား။”

မြောက်ရွာရဲ့ ရွာဝင်ပေါက်မှာ နာနာကျင်ကျင် အော်သံတွေ ထွက်ပေါ် လာကြတယ်။ မြေစိုင်သားတွေ ဖုန်မှုန့်တွေ နေရာ တစ်ခုလုံးမှာ ပျံ့ကျဲရင်း နေရာ တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေခဲ့တယ်။

ဒါက မတော်တဆမှု တစ်ခုပဲ။

မြောက်ရွာ ဝင်ပေါက်မှာ ထောက်ချောက်တွေ ဒီလောက် အများကြီး ရှိနေမယ်လို့ တော်ဝင် အစောင့်တွေ ဘယ်လို ထင်မိမှာလဲ။ ရွာသားတွေလည်း တော်ဝင် အစောင့်တွေ ဘာလို့ ရောက်လာမှန်း စဉ်းစား မရကြဘူး။

အရှိန်ပြင်းပြင်း နှင်လာတဲ့ မြင်းတွေက တော်ဝင် အစောင့်တွေ မရပ်တန့် နိုင်ခင်မှာပဲ ထောင်ချောက်ထဲကို ပြုတ်ကျ သွားခဲ့တယ်။ မြင်းပေါ်မှာ လိုက်လာတဲ့ စစ်သည်တော်တွေ ကတော့ ကံဆိုးကြရှာတယ်။ မြင်းဟီသံတွေ နာနာကျင်ကျင် အော်ဟစ်သံတွေက မြောက်ရွာ ဝင်ပေါက် တစ်ခုလုံးမှာ ဆူညံ နေခဲ့တယ်။ ဒါက ထူးဆန်းတဲ့ မြင်ကွင်းပဲ။

စစ်သည်တော် ခေါင်းဆောင်ကတော့ ရိုးရှင်းတဲ့ ထောင်ချောက်တွေကြောင့် မသေပါဘူး။ ထောင်ချောက်ကနေ ခုန်ထွက် လိုက်ချိန်မှာတော့ အညံ့သား ချည်ထည်ကို ဝတ်ထားတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။ လက်တစ်ဖက်မှာ ပေါက်စီ တဝက်ကို ကိုင်ထားပြီးတော့ နောက်လက် တစ်ဖက်မှာတော့ အမှိုက်ဂေါ်ကို ကိုင်ထားခဲ့တယ်။

ဒီအချိန်မှာ စစ်သည်တော် ခေါင်းဆောင် အံ့အား သင့်သွားတယ်။

“သခင်ဖန်။” ဖန်ကျန်းရှီကို ဒီလို ပုံစံနဲ့ တွေ့ရမယ်လို့ တော်ဝင် အစောင့်တွေ မမျှော်လင့် ထားမိဘူး။ ဖန်ကျန်းရှီရဲ့ လုပ်ဆောင်ခဲ့တဲ့ စွမ်းဆောင်ချက်တွေက ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံးကို ပျံ့နေပြီလေ။ နောက်ပြီးတော့ သူ့မှာ အသက်ရှင်ချိန် နှစ်ဝက်ပဲ ကျန်တော့တယ်။

အခုလို အချိန်မျိုးမှာ အကျိုးရှိရှိ နေရမှာ မဟုတ်ဘူးလား။ ဘာလို့များ သုခမိန် အဆင့် ရောက်ဖို့ ကြိုးစား ကျင့်ကြံနေတာ မလုပ်ရတာလဲ။ ဂေါ်ပြားကြီး ကိုင်ထားပြီးတော့ ဘာလုပ်တာလဲ။ ဖန်ကျန်းရှီက ကျန်တဲ့ ပေါက်စီ တဝက်ကို ကိုင်ထားရင်း အထိတ်တလန့် ဖြစ်နေခဲ့တယ်။

အဲ့ဒီ့နောက် ဂေါ်ပြားကို ချလိုက်ရင်း ကိုယ်က ဖုန်တွေကို ခါလိုက်တယ်။ တော်ဝင် အစောင့်တွေရဲ့ ဝတ်စုံကို သူ မှတ်မိတယ်။ ဒါပေမယ့် သူ သိပ်ပြီးတော့ ဂရုမစိုက်ဘူး။ ကောင်းကင်ကို မော့ကြည့်ရင်း မနက်ခင်း နေရောင်ခြည်ကို ခံစားပြီး ခပ်တိုးတိုး ပြောတယ်။ “သာယာလိုက်တဲ့ ရာသီဥတု။”

ရွာအဝင်ပေါက်က ဖြစ်ရပ်က ကျန်တဲ့ ရွာသားတွေကို အပြေး ရောက်လာစေတယ်။ လူတွေ အုံလာပြီးတော့ ထောက်ချောက်ထဲက ထွက်လာတဲ့ တော်ဝင် အစောင့် ရာချီကို ကြည့်နေ ခဲ့ကြတယ်။

“သူတို့တွေက တော်ဝင် အစောင့်တွေ မဟုတ်လား။”

“ဟုတ်တယ်။ ငါကြားတာတော့ တော်ဝင် အစောင့်တွေက ဧကရာဇ်ကို ကာကွယ်ရတဲ့ သီးသန့် တပ်ဖွဲ့တွေတဲ့။ သူတို့က နန်းတော်ကို ကာကွယ် ရမှာလေ။ ဘာဖြစ်လို့ ဒီမှာ ရောက်နေကြတာလဲ။ ”

“ရွာသူကြီး ပြောတာတော့ သူတို့တွေက ဖန်ကျန်းရှီကို ဖမ်းဖို့ ရောက်လာတာတဲ့။”

“ဖန်ကျန်းရှီကို ဖမ်းဖို့။ ဘာဖြစ်လို့လဲ။ ကျန်းရှီက အဆင့်သုံး အမတ်မင်းလေ။ သူတို့ ဘာလို့ ဖမ်းရမှာလဲ။ တောင်ပိုင်း ဒေသမှာလည်း အောင်ပွဲရအောင် သူ စွမ်းဆောင် ပေးခဲ့တာလေ။”

“စစ်သည်တော်တွေကို ကိုယ့် စိတ်သဘောနဲ့ ကိုယ် သုံးတာကြောင့်တဲ့။”

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ကျန်းရှီက မြောက်ရွာကို အချိန် အကြာကြီး ကြာမှာ ပြန်လာတာ။ ကျန်းရှီကို ငါတို့ အသက်နဲ့ ရင်းပြီး ကာကွယ်ရမယ်။”

ကျန်းယန်ဖိန်နဲ့ လယ်သမားတွေလည်း အခုချိန်မှာ ရွာဝင်ပေါက်ကို ရောက်နေကြပြီ။ ဖရိုဖရဲ ဖြစ်နေကြတဲ့ တော်ဝင် အစောင့်တွေကို ကြည့်ရင်း ခံစားချက်တွေ ရှုပ်ထွေးနေ ကြတယ်။ တော်ဝင် အစောင့်တွေက ဖန်ကျန်းရှီကို ဖမ်းဖို့ လာတာကို ရွာသားတွေ ထင်နေခဲ့တာ။

ရွာမှာ တော်ဝင် အစောင့်တွေ ရှိနေတဲ့ အချိန် ကောင်းကောင်း ဆက်ဆံရင် ဖန်ကျန်းရှီကို တော်ဝင် စစ်သည်တော်တွေလည်း ကောင်းကောင်း ထားမယ်လို့ သူတို့ တွေးနေခဲ့တယ်။ အခုတော့ ဘယ်လို ဖြစ်သွားပြီလဲ။ သူတို့ လုပ်လိုက်တာကို ကြည့်ပါအုန်း။ ဒီအခြေအနေကို ဘယ်လိုလုပ် ပြန် အဖတ်ဆယ်လို့ ရတော့မှာလဲ။ တော်ဝင် အစောင့်တွေက ဖန်ကျန်းရှီကို မြို့တော် ပြန်ခေါ်တဲ့ လမ်းမှာ ဒေါသတကြီးနဲ့ နှိပ်စက်ကြတော့မယ်။

“တော်ဝင် အစောင့် ခေါင်းဆောင်ကြီး။ ခေါင်းဆောင်ကြီးတို့ လာမယ်လို့ မထင်ထား ခဲ့လို့၊ ဒီထောင်ချောက်တွေက။” ကျန်းယန်ဖိန် မြေပြင်ကို စိုက်ကြည့်ရင်း တိတ်ဆိတ် သွားခဲ့တယ်။

“တောင်းပန်ဖို့ မလိုပါဘူး။ ငါတို့ သတိလွတ်သွားလို့ ထောင်ချောက်ထဲကို ပြုတ်ကျ သွားတာ။ မြောက်ရွာနဲ့ မဆိုင်ဘူး။” ကျန်းယန်ဖိန်ရဲ့ စကားကို ကြားတော့ တော်ဝင် အစောင့် ခေါင်းဆောင် ချက်ခြင်း ပြန်ဖြေတယ်။ ဖန်ကျန်းရှီဆီကို လျှောက်လာရင်း သူပြောတယ်။ “သခင်ဖန်။ ဧကရာဇ်က တော်ဝင် အမိန့်တော် ပါးလိုက်ပါတယ်။”

“တော်ဝင် အမိန့်တော်လား။”

“တော်ဝင် အစောင့်တို့။ ဧကရာဇ်က ဖန်ကျန်းရှီကို သူ့ စိတ်သဘောနဲ့ တပ်တွေကို အသုံးချလို့ အပြစ်တင် တာလား။”

“ဒါက မြောက်ရွာ တစ်ခုလုံးရဲ့ အပြစ်တွေပါ။ ဖန်ကျန်းရှီနဲ့ မဆိုင်ဘူး။ ငါတို့ကိုပဲ အပြစ်ပေးပါ။”

ကျန်းယန်ဖိန် နဲ့ လယ်သမားတွေ အစောင့် ခေါင်းဆောင်ရဲ့ စကားကို ကြားတော့ ချက်ခြင်း ဖြူဖျော့ သွားခဲ့ပြီး ဒူးထောက်တော့တယ်။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီ ရှေ့ကို ထွက်လာတယ်။ ဒူးထောက်နေတဲ့ ကျန်းယန်ဖိန်ကို ဆွဲထူတယ်။ တော်ဝင် အစောင့် ခေါင်းဆောင်ကို လှမ်းပြောတယ်။ “ပြော။”

“ပြော။”

“ပြောတဲ့လား။”

ရွာသားတွေ အထိတ်တလန့် တုန်ယင် သွားခဲ့တယ်။ ဖန်ကျန်းရှီက ဒီလို တော်ဝင် အမိန့်တော်ကို ဒူးထောက်ပြီးတော့ ယူသင့်တာ မဟုတ်ဘူးလား။

(ပြောတဲ့) သူ ဘာကို ဆိုလိုတာလဲ။ ရွာသားတွေက ဖန်ကျန်းရှီရဲ့ မလေးမစား အပြုအမူကြောင့် အပြစ်တင်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ။ တော်ဝင် အစောင့် ခေါင်းဆောင်က ရွှေပေလွှာကို ထုတ်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ အပြုအမူကို ထူးဆန်းတဲ့ ပုံမပေါ်ဘူး။

“ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လက်ထောက် ဝန်ကြီး ဖန်ကျန်းရှီက တော်ဝင် ရန်မြို့တော်မှာ အကျိုးထူးဆောင်ခဲ့တယ်။ နိုင်ငံ လုံခြုံမှုကို ကာကွယ်ပြီးတော့ နိုင်ငံ သိက္ခာကို အဖတ်ဆယ် ခဲ့တယ်။ ဒါကြောင့် သူ့ကို အန်ပေ့ မြို့တော် မြို့စားမင်း။ ပြည်သူလူထုကို ကာကွယ်သူ အဖြစ် သတ်မှတ်မယ်။ တော်ဝင် သမိုင်းမှတ်တမ်းဝင် သူရဲကောင်းကြီး အဖြစ် သတ်မှတ်ပြီး အဆင့်နှစ် အမတ်မင်း ရာထူး အပ်နှင်းလိုက်ပြီ။ ”

“အန်ပေ့ မြို့စားမင်း။”

“ပြည်သူလူထုကို ကာကွယ်သူ။”

ရွာသားတွေ သူတို့ ကြားရတဲ့ စကားကို မယုံနိုင်ဘူး။ ဒီစကားလုံးက ဘာကို ဆိုလိုမှန်း မသိပေမယ့် နောက်ဆုံး အရေးအကြီးဆုံး အချက်ကိုတော့ နားလည်ကြတယ်။ အဆင့်နှစ် အမတ်မင်း။

ဖန်ကျန်းရှီက အခုချိန်မှာ အဆင့် နှစ် အမတ်မင်း ဖြစ်သွားပြီ။ ကောင်စီ ခြောက်ခုဝင် အမတ်မင်း ရာထူးပဲ။ ဒါတင် မကဘူး။ တော်ဝင် အစောင့်တွေက ဖန်ကျန်းရှီရဲ့ အမှားကို လျစ်လျူရှုပြီးတော့ ရာထူးတောင် မြှင့်ပေးတယ်တဲ့။ ဒါကို ရွာသားတွေ မမျှော်လင့် ထားမိဘူး။ အချိန် အတော်ကြာ တိတ်ဆိတ် နေပြီး နောက်မှာတော့ မာဆတ်ဆတ် အသံ တစ်ခု ပေါ်လာခဲ့တယ်။

“မြောက်ရွာ ရွာသူကြီး ကျန်းယန်ဖိန်။ မိုးကောင်ကင် သားတော် ဧကရာဇ် မင်းရဲ့ အမိန့်ကို ဖန်ကျန်းရှီ ကိုယ်စား လက်ခံပါတယ်။”

“မိုးကောင်းကင် သားတော် ဧကရာဇ်မင်း ကျေးဇူးတော် ကြီးမြတ်လှပါတယ်။”

ရွာသားတွေရဲ့ ဂုဏ်ကျေးဇူး ချီးမွမ်းသံက မိုးထိကို ဟိန်းသွားခဲ့တယ်။ ရွာသား တစ်ယောက် ချင်းစီတိုင်းက မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝဲ နေခဲ့တယ်။ အရှေ့အရပ်ကို သူတို့ ဦးညွှတ် နေကြတယ်။

“အဆင့် ၂ အမတ်မင်း။” ဖန်ကျန်းရှီ ရေရွတ်မိတယ်။ ရွာသားတွေ ဒူးထောက်နေတာကို သူတားချင်တယ်။ ဒါပေမယ့် သူ့စကားတွေ အသုံးဝင်မှာ မဟုတ်မှန်း သူသိတယ်။ အကယ်၍ သူတို့ကို သူ့လိုမျိုး တော်ဝင် အမိန့်တော်ကို မတ်တပ်ရပ်ပြီး လက်ခံဖို့ ပြောရင် မသင့်တော်ရာ ရောက်လိမ့်မယ်။ ကျန်းယန်ဖိန် ဆူပူတာကိုတောင် ခံရနိုင်သေးတယ်။ ဒါကြောင့် အခု အခြေအနေကို ကယ်တင်လို့ မရဘူး။

ဒါပေမယ့်လည်း အခြေအနေက နာလးည်လို့ ရပါတယ်။ ဒီအချိန်မှာပဲ နောက်ထပ် မြင်းခွာသံတွေ ထွက်ပေါ် လာတော့တယ်။ အဲ့ဒီ့နောက် နောက်ထပ် တော်ဝင် အစောင့်တပ် အုပ်စု တစ်ခု မြင်ကွင်းထဲကို ရောက်လာခဲ့တယ်။

“နောက်ထပ် တော်ဝင် အစောင့် တပ်တွေပါလား။”

“ဧကရာဇ် စိတ်ပြောင်း သွားတာလား။”

“မဖြစ်နိုင်တာပဲ။ ဧကရာဇ်က သူ့ စကားကို ပြန်ပြင်မှာတော့ မဟုတ်ပါဘူး။”

“ဧကရာဇ်က တော်ဝင် အမိန့်တော်ကို နှစ်ခါ ခွဲပို့တာလား။ ငါကြားဖူးတာတော့ ဧကရာဇ်က တရားမျှတတဲ့ သူတဲ့။ စစ်ပွဲမှာ စွမ်းဆောင်ခဲ့တာကို ချီးမြှင့်ပြီးတော့ အပြစ် ပေးမလို့လား။”

ရွာသားတွေက ပျော်ရွှင်နေတဲ့ ပုံစံကနေ ချက်ခြင်း အလေးအနက် အသွင် ပြောင်းသွားခဲ့တယ်။ ခပ်မြန်မြန်ပဲ ဒုတိယ တော်ဝင် အစောင့်တပ်တွေ ဖန်ကျန်းရှီရှေ့ကို ရောက်လာခဲ့တယ်။

“သခင်ဖန်။ တော်ဝင် အမိန့်တော် ပါတယ်။” ဖရိုဖရဲ ဖြစ်နေတဲ့ ပထမ တော်ဝင် အစောင့်တပ်ကို မြင်တော့ ဒုတိယ တော်ဝင် အစောင့်တပ် စိတ်ရှုပ်ထွေးသွားတယ်။ ဒါပေမယ့် သူတို့ မမေးအား သေးဘူး။ ဖန်ကျန်းရှီ ရှေ့မှာ ရပ်ရင်း ရွှေပေလွှာကို ထုတ်လိုက်တယ်။

“ပြော။”ဖန်ကျန်းရှီ နောက်တစ်ခေါက် စကားဆိုတယ်။ ဒီအချိန်မှာ ရွာသားတွေလည်း ဖန်ကျန်းရှီရဲ့ အတင့်ရဲတဲ့ ပုံစံကို ကျင့်သားရနေပြီ။

“အန်ပေ့ မြို့စားမင်း။ တော်ဝင် သမိုင်းဝင် သူရဲကောင်းကြီး။ ဖန်ကျန်းရှီက မြောက်ပိုင်း ဒေသကျူးကျော်မှုကို တားဆီးပြီး ပြည်သူတွေရဲ့ အသက် အိုးအိမ်ကို ကာကွယ် ပေးခဲ့တယ်။ အန်ပေ့ နယ်စားမင်း၊ ပြည်သူလူထုကို ကာကွယ်သူ၊ ချီးမြှောက်ခံ ဂုဏ်သရေရှိ တော်ဝင် ကာကွယ်သူ အဆင့်ခွဲ ၁ အမတ်မင်း အဖြစ် ဖန်ကျန်းရှီကို အပ်နှင်းလိုက်တယ်။”

“အဆင့်ခွဲ ၁”

“ချီးမြှောက်ခံ ဂုဏ်သရေရှိ တော်ဝင် ကာကွယ်သူ။”

“အန်ပေ့ နယ်စားမင်း။”

အရင် တော်ဝင် အမိန့်တော်ကြောင့် မြောက်ရွာသားတွေ လန့်လို့ မပြီးသေးဘူး။ နောက် အမိန့်တော် တစ်ခုက ပိုပြီးတော့ မယုံနိုင် ဖြစ်စေတယ်။ အဆင့်ခွဲ တစ်တဲ့။

အကယ်၍ မိသားစု တစ်စုသာ အဆင့်ခွဲ ၁ အမတ်မင်း တစ်ယောက်ကို မွေးထုတ် နိုင်ခဲ့ရင် မျိုးဆက် အဆင့်ဆင့် ဂုဏ်သိက္ခာ မြင့်မား သွားပြီ။ မြောက်ရွာလို ရွာသေးသေးလေးမှာ ဒီလို တောက်ပတဲ့ အိမ်မက်မျိုးကို ဘယ်လိုများ ဖြစ်လာနိုင်တာလဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ လုပ်ခဲ့ပြီ။

ဖန်ကျန်းရှီလို မြောက်ရွာရဲ့ ဆင်းရဲတဲ့ မိသားစုလေးမှာ မွေးလာတဲ့ လူတစ်ယောက်က ကြီးမြတ်သော ရှမင်းဆက်ရဲ့ အဆင့်ခွဲ ၁ အမတ်မင်း ဖြစ်လာခဲ့ပြီ။ အပြည့်အ၀ အဆင့်၁ မဟုတ်ပေမယ့် ဒါက ကိစ္စကြီးပဲလေ။

“အရှင် မင်းမြတ် သက်တော် ရာကျော် ရှည်ပါစေ။”

“ကျန်းရှီ။ ရပ်မနေနဲ့လေ။ ဧကရာဇ်ကို မြန်မြန် ကျေးဇူးတင်။“

“ဟုတ်တယ်။ ကျန်းရှီ ရပ်မနေနဲ့။ ဒီလောက် မြင့်တဲ့ ရာထူး။ အန်ပေ့ နယ်စားမင်း ဖြစ်သွားတာ ဧကရာဇ်ကို ကျေးဇူးတင်။”

“မြောက်ရွာက တကယ့်ကို ကံကောင်းတာပဲ။ ငါတို့မှာ အရင်က အမတ်မင်း တစ်ယောက်မှ မရှိခဲ့ ဖူးဘူး။ ဒါပေမယ့် အခုတော့ အဆင့်ခွဲ ၁ အမတ်မင်း တစ်ယောက် ရှိနေပြီ။”

ရွာသားတွေက အရမ်းကို စိတ်လှုပ်ရှား နေကြတယ်။ တစ်ချို့ဆိုရင် အပျော်လွန်ပြီး ငိုတောင် ငိုနေကြပြီ။ ဒီဂုဏ်ကျက်သရေတွေက ဖန်ကျန်းရှီ တစ်ယောက်တည်း အတွက် ဖြစ်ပေမယ့် သူတို့ကိုယ်တိုင်ပါ စိတ်သစ် လူသစ် ဖြစ်သွား သလိုပဲ။

ဖန်ကျန်းရှီက ရွာသားတွေကို ကြည့်ရင်း လက်သာ ခါပြမိတယ်။ ဘယ်လောက် ကြာကြာ ဒူးထောက် ရမှာလဲ။

“နောက်ထပ် ရှိသေးတာလား။” ဖန်ကျန်းရှီက အဝေးက နေရာကို ကြည့်ရင်း ပြောမိတယ်။

“နောက်ထပ်။” ကျန်းယန်ဖိန်နဲ့ ရွာသားတွေ ဖန်ကျန်းရှီကို ညွှန်ပြနေတဲ့ နေရာကို လှည့်ကြည့်ကြတယ်။ နောက်ထပ် ရွှေရောင် တော်ဝင် တပ်တွေကို သူတို့ မြင်လိုက်ရတယ်။

“ဧကရာဇ် အမိန့်တော်။ ဖန်ကျန်းရှီကို အန်ပေ့ စစ်သေနာပတိ။ ပြည်သူလူထုကို ကာကွယ်သူ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်။ တော်ဝင် ကာကွယ်သူ။ အဆင့် တစ် အမတ်မင်း အဖြစ် အပ်နှင်းလိုက်သည်။”

“ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်။”

“ငါကြားတာ မှန်ရဲ့လား။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တဲ့။”

“အဆင့် တစ် အမတ်မင်းတဲ့။”

“မြောက်ရွာမှာ စစ်သေနာပတိ တစ်ယောက် ပေါ်လာပြီ။ နောက်ပြီးတော့ အန်ပေ့ စစ်သေနာပတိ။”

ကျန်းယန်ဖိန်ရဲ့ မျက်နှာ တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် ရဲရဲနီ နေခဲ့တယ်။ သူ့ဘဝမှာ ဒီလောက် မပျော်ဖူးဘူး။

အဆင့်တစ် အမတ်မင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အန်ပေ့ စစ်သူကြီး။ အားလုံးက ကြီးမြတ်သော ရှမင်းဆက်မှာ အမြင့်ဆုံး ရာထူးတွေ။ ဒီ့ထက် ကောင်းတဲ့ ကိစ္စ ဘာထပ် ရှိအုန်းမှာလဲ။ ဖန်ကျန်းရှီက အခု အသက် ဘယ်လောက် ရှိပြီလဲ။ ၁၈ နှစ်တောင် မပြည့်သေးဘူးလေ။ ဘယ်သူများ ဒါကို ယုံနိုင်မှာလဲ။

ဖန်ကျန်းရှီ ဒူးထောက်ပြီး ကျေးဇူးတင်တယ်။

ကျန်းယန်ဖိန်နဲ့ ရွာသားတွေကတော့ ပြုံးပြုံးကြီး စိုက်ကြည့် နေခဲ့တယ်။ ဒါပေမယ့် သူတို့ ကြာကြာ မပြုံးနိုင် ကြဘူး။ နောက်ထပ် ရွှေရောင် တောက်နေတဲ့ စစ်သည်တော်တွေ နေရောင်ထဲမှာ ပေါ်လာခဲ့တယ်။

“နောက်ထပ် ရှိသေးတာလား။”

“သူက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်နေပြီလေ။ နောက်ထပ် ဘာ ထပ် ဖြစ်အုန်းမှာလဲ။”

အရင် သုံးခေါက်ကလို ရွာသားတွေ စိတ်ရှုပ်ထွေးပြီး ကြောက်နေတာမျိုး မရှိတော့ဘူး။ ဒီတစ်ခေါက်တော့ ဘယ်လို ပြောရမယ်မှန်းကို မသိတော့တာ။ အဆင့်တစ် အမတ်မင်းထက် မြင့်တဲ့ ရာထူးရှိသေးလား။

ဒါပေမယ့် မဖြစ်နိုင်ဘူးလေ။ အဆင့်တစ် အမတ်မင်းက တော်ဝင် ညီလာခံမှာ ရာထူး အမြင့်ဆုံးပဲ။ ဒါ့အပြင် သူက အန်ပေ့ စစ်သေနာပတိလည်း ဖြစ်နေပြီ။

တော်ဝင် အစောင့်တွေ နောက်တစ်ခေါက် ပေါ်လာကြပြန်တယ်။ ရာချီတဲ့ တော်ဝင် အစောင့်တပ်တွေက မြောက်ရွာ တစ်ခုလုံးမှာ ပြည့်နေခဲ့ပြီ။ နောက်ဆုံး အမိန့်တော်ကို ယူလာတဲ့ တော်ဝင် စစ်သည် ခေါင်းဆောင်က လူအုပ်ထဲကို မနည်း တိုးလာရတယ်။

“သခင်ဖန်။ တော်ဝင် အမိန့်။“

“ပြော။” ဖန်ကျန်းရှီ စိတ်ပျက်နေပြီ။ ဒါက ဧကရာဇ် လင်းမုပိုင် သေချာ စဉ်းစားချင့်ချိန်ပြီး လုပ်တာမှန်း သိတယ်။ နောက်ကွယ်က အကြောင်းရင်းကိုလည်း သူနားလည်တယ်။ ကြီးမြတ်သော ရှမင်းဆက် စတင် တည်ထောင်တဲ့ အချိန်တည်းက တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ချည်နှောင်ထားတာ။ ဧကရာဇ် လင်းမုပိုင်က ဖန်ကျန်းရှီကို ချက်ခြင်း ရာထူး အမြင့်ကြီး ပေးလိုက်တာကြောင့် အပြစ်တင် မခံချင်ရင်၊ ရာထူးကို တဆင့်ချင်း တိုးပေးဖို့ လိုတယ်။

သူက အဆင့်၃ အမတ်မင်းပဲ ရှိသေးတာ။ ဒါကြောင့် ဖြည်းဖြည်းချင်း အဆင့် ၂။ အဆင့်ခွဲ ၁။ အဆင့်တစ် အမတ်မင်းလို့ တဆင့်ချင်း တိုးလာခဲ့တယ်။ ကောင်းကင်ကို မော့ကြည့်ရင်း ဖန်ကျန်းရှှီ တွေးမိတယ်။ အကယ်၍ သူသာ အဆင့်၉ အမတ်မင်း ဖြစ်ခဲ့ရင် ဘယ်လောက်တောင် ရာထူး တိုးပေးပြီးမှ ဧကရာဇ် လင်းမုပိုင် ကျေနပ် လိမ့်မလဲ။

“အန်ပေ့ စစ်သေနာပတိ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖန်ကျန်းရှီက နိုင်ငံ့ အတွက် အကျိုးထူး ဆောင်ခဲ့တယ်။ ဒါကြောင့် အန်ပေ့ အရှင်သခင်ဘွဲ့ကို အပ်နှင်းလိုက်တယ်။ မင်းရဲ့ မယ်တော် ချီရှင်းလိန်ကို အဆင့်တစ် တော်ဝင် အာဏာပိုင် အမျိုးသမီးဘွဲ့၊ မင်းရဲ့ခမည်းတော် ဖန်ဟို့ဒဲကို တော်ဝင် ခန်းမဆောင် သခင်ဘွဲ့ အပ်နှင်းလိုက်တယ်။”

“အရှင်သခင်။ ဖန်ကျန်းရှီက အခုတော့ အရှင်သခင် ဖြစ်သွားပြီ။”

“ဒေါ်လေး ရှင်းလိမ်လည်း အဆင့်တစ် တော်ဝင် အာဏာပိုင် အမျိုးသမီး ဘွဲ့ကို ရတယ်။ ဦးလေး ဟို့ဒဲကလည်း တော်ဝင် ခန်းမဆောင် သခင်တဲ့။ မိုးနတ်မင်းရေ။ မြောက်ရွာကတော့ ကံကောင်းတာပဲ။”

ကျန်းယန်ဖိန်နဲ့ ရွာသားတွေ ချီးမြှောက်စကား ဆိုရလွန်းလို့ နှုတ်ခမ်းတွေတောင် ခြောက်သွေ့ နေပြီ။ ဒါပေမယ့် သူတို့ အရမ်း စိတ်လှုပ်ရှားနေတုန်းပဲ။

ဒီအချိန်မှာပဲ နောက်ထပ် တော်ဝင် စစ်သည်တော်တွေ မြောက်ရွာကို ရောက်လာပြန်တယ်။ ကျန်းယန်ဖိန်နဲ့ ရွာသားတွေကတော့ နေရာမှာ တောင့်တင်း နေပြီ။ ဧကရာဇ် အပြစ်ပေးမယ်လို့တော့ သူတို့ မတွေး တတ်တော့ဘူး။ ဖန်ကျန်းရှီက အန်ပေ့ အရှင်သခင်တောင် ဖြစ်နေပြီလေ။ နောက်ထပ် ဘာရာထူး ဘွဲ့ထူး ရှိသေးလို့လဲ။

“အန်ပေ့ အရှင်သခင် ဖန်ကျန်းရှီ။ တော်ဝင် အမိန့်တော် လက်ခံပါ။” တော်ဝင် စစ်သည်တော် ခေါင်းဆောင် လူအုပ်ကြားမှာ အတော့်ကို တိုးဝှေ့ပြီးတဲ့နောက် ဖန်ကျန်းရှီ ရှေ့ကို ရောက်လာခဲ့တယ်။

“ နောက်ထပ် ရှိသေးလား။” ဖန်ကျန်းရှီ စိတ်မရှည် လက်မရှည်နဲ့ မေးတယ်။ သူ့ရဲ့ မြင်ကွင်း တစ်ခုလုံးမှာ ရွှေရောင် အစောင့်တပ်တွေ ပြည့်နေခဲ့ပြီ။

“ဒါ .. ကျွန်တော် မသိပါဘူး အရှင်။” တော်ဝင် အစောင့် ခေါင်းဆောင် ခေါင်းခါရင်း ပြန်ဖြေတယ်။

“ထားလိုက်တော့။ ပြော။” ဖန်ကျန်းရှီ ရန်မြို့တော် ရှိတဲ့ အရပ်ကို ကြည့်ရင်း သက်ပြင်း ချမိတယ်။

“သေလိုက်တော့။ ငါ ဒီမှာ ရပ်နေတာ နာရီဝက် ကျော်သွားပြီ။ အသားပေါက်စီတောင် အေးနေပြီ။”

အပိုင်း(၆၁၃)ပြီး၏။

အပိုင်း (၅၁၄)

“ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက်။”

“အန်ပေ့ အရှင်သခင် ဖန်ကျန်းရှီက နိုင်ငံ့ ကာကွယ်ရေးမှာ အကျိုးထူး ဆောင်ခဲ့တယ်။ အမတ်မင်းတွေ အားလုံးရဲ့ စံပြပဲ။ ငါ ဧကရာဇ်မင်း ထီးနန်းစိုးစံ နေချိန်မှာ၊ အရှင်သခင် ဖန်အကြောင်း ချီးမွမ်းစကားတွေ အများကြီး ကြားခဲ့ရတယ်။ အခု ငါကိုယ်တော်မြတ် အန်ပေ့ အရှင်သခင်ကို ယုံကြည်မှု မြစ်မြို့တော်၊ ဟွေ့အန်း နယ်မြေ၊ ကန်လင်းတောင် အကုန်လုံးကို အပိုင်စား ပေးပြီး “ကန်”မင်းသား ဘွဲ့ကို အပ်နှင်းလိုက်တယ်။ မြောက်ပိုင်း ကျောင်းတော် ငါးခုရဲ့ ကိစ္စ အ၀၀ကို အုပ်ချုပ်နိုင်တဲ့ အခွင့် အာဏာ ပေးအပ်တယ်။ မျိုးရိုးစဉ်ဆက် ဒီဘွဲ့ကို ဆက်ခံစေ။”

“ ကန် မင်းသား။”

“မျိုးရိုးစဉ်ဆက် ဆက်ခံ ဘွဲ့တော်။”

“ဟွေ့အန်းဒေသ တစ်ခုလုံးကနေ ကန်လင်းတောင်အထိ အပိုင်စား ရတဲ့ အပြင် မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုကိုလည်း အုပ်ချုပ်ခွင့် ရသေးတယ်။”

ကျန်းယန်ဖိန်နဲ့ ရွာသားတွေ သူတို့ ရှေ့က တော်ဝင် အမတ်မင်းတွေကို ကြည့်ရင်း ထိတ်လန့် တုန်လှုပ် နေကြတယ်။

မတူညီတဲ့ မျိုးရိုးနဲ့ မင်းသား တစ်ပါး။ ဒီလို ဘွဲ့ထူးခံ ပုဂ္ဂိုလ်တွေထဲ အသက် ၁၈ နှစ်အောက် ငယ်တာ ဒါ ပထမဆုံးပဲ။ နောက်ပြီးတော့ သူက မြောက်ရွာလို ဆင်းရဲ ချောင်ကျတဲ့ နေရာကသူ။

ဖန်ကျန်းရှီ။

ရန်မြို့တော်မှာ သူ တကယ်ပဲ ဘာတွေများ လုပ်နိုင် တာလဲ။

ဖန်ကျန်းရှီက အဆင့်တစ် အမတ်မင်း ဖြစ်ပြီးတော့ အန်ပေ့ အရှင်သခင်လို့ ချီးမြှင့်ခံရတာကို သူတို့ နားလည် နိုင်သေးတယ်။ ဒါပေမယ့် မျိုးရိုးမတူတဲ့ မင်းသား ဖြစ်သွားတာတော့ တကယ့်ကို မတွေးတတ် စရာပဲ။

ဖန်ကျန်းရှီ လွန်ခဲ့တဲ့ တစ်လ မြောက်ရွာမှာ ပေါ်လာတုန်းက သူက ဝရမ်းပြေး တစ်ယောက်။ ဒါပေမယ့် နောက်တစ်လ အကြာ ရွာကို ပြန်လာတော့၊ သူက မင်းသားဘွဲ့ ရတဲ့သူ ဖြစ်နေပြီ။ ဒီလို အံ့သြစရာ ကိစ္စကို ဘယ်သူက မျှော်လင့် မိမှာလဲ။

“ကျန်းအာက အခု မင်းသား ဖြစ်သွားပြီ။ သူ သူ တကယ်ပဲ။ ဟို့ဒဲ။ ငါတို့ရဲ့ ကျန်းအာက မျိုးရိုးမတူ မင်းသား ဖြစ်သွားပြီ။ ကန် မင်းသားတဲ့။” ဒီလူတွေထဲမှာ ချီရှင်းလိန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ စိတ်လှုပ်ရှားလွန်းလို့ သူမ ငိုတောင် ငိုနေပြီ။

ချီရှင်းလိန် ဘေးမှာ ရပ်နေတဲ့ ဖန်ဟို့ဒဲ သူ့ ပုခုံးကို သုံးပြီးတော့ ငိုနေတဲ့ ဇနီးကို နှစ်သိမ့် နေခဲ့တယ်။ ဖန်ကျန်းရှီလည်း သူ့ မိဘတွေ ဘယ်လောက်တောင် စိတ်လှုပ်ရှား နေမှန်း သိတယ်။ ဒါက ဘွဲ့နာမည်လေး တစ်ခုပဲ ဘာမှ စိတ်လှုပ်ရှားစရာ မရှိဘူးလို့ ပြောလိုက်ချင်တယ်။ ဒါပေမယ့် သူ့စကားလုံးတွေကို မျိုသိပ် ထားလိုက်တယ်။

တာဝန် မကျေတဲ့သားလို့ အခေါ် မခံနိုင်ဘူး။

“မင်းသားကန်ကို ဂုဏ်ပြုပါတယ်။” တော်ဝင် အစောင့် ခေါင်းဆောင် အမိန့်စာကို ဖန်ကျန်းရှီဆီ ကမ်းပေးတယ်။ ဒါကို လူတွေ ရှေ့မှာ ဖွင့်ပြတယ်။

ဖန်ကျန်းရှီ တစ်ခါတုန်းက ဧကရာဇ် လင်းမုပိုင်ကို မိုင်တစ်ရာ ပတ်လည်ကျယ်တဲ့ အိမ်တော်ကြီး တစ်ခု တောင်းခဲ့ဖူးတယ်။ တကယ်တော့ နယ်မြေ အပိုင်စား ပေးဖို့ သွယ်ဝိုက် ပြောတာပဲ။ အခုတော့ ဧကရာဇ် လင်းမုပိုင်က ဟွေ့အန်း နယ်မြေ တစ်လျှောက်လုံးကနေ ကန်လင်းတောင်ကိုပါ သူ့ကို ပေးလိုက်ပြီ။ ကတိ တည်ပါတယ်။

တော်ဝင် အမိန့်စာကို ဖတ်ပြပြီးတဲ့ အချိန်မှာ ဖန်ကျန်းရှီ အဝေးကို ကြည့်မိပြန်တယ်။ နောက်ထပ် လူအုပ်စု တစ်ခု လာနေပြန်ပြီ။

ဖန်ကျန်းရှီ နေရာမှာတင် တောင့်တင်းသွားတယ်။ ကျန်းယန်ဖိန်နဲ့ ရွာသားတွေလည်း အတူတူပဲ။

“နောက်ထပ် ရှိသေးတာလား။”

“သူက မင်းသားကန် ဖြစ်နေပြီ။ နောက်ထပ် ဘာရှိသေးလို့လဲ။”

“ဒါမျိုး ကြီးမြတ်သောရှ နိုင်ငံတော်မှာ ထပ်ရှိ နိုင်သေးလို့လား။ မတူညီတဲ့ မျိုးရိုး နာမည်နဲ့ မင်းသားဆိုတာ ဧကရာဇ် ပြီးရင် ရာထူး အမြင့်ဆုံးပဲ။ ဧကရာဇ်က သူ့ကို ထီးနန်း ပေးမလို့လား။”

ဖန်ကျန်းရှီ မင်းသားဘွဲ့ ရတာတောင် နောက်ထပ် လူတွေ လာနေတာ ဘာကြောင့်မှန်း နားမလည် နိုင်ကြဘူး။ နောက်ပြီးတော့ အခု လာနေတဲ့ အုပ်စုက အရင်လူတွေထက် ပိုပြီးတော့ကို ခမ်းနားထည်ဝါ လွန်းတယ်။

သပ်သပ်ရပ်ရပ် နှစ်တန်းစီထားပြီး အနီရောင် ပိုးထည်တွေ လွှမ်းခြုံထားတဲ့ မြင်းလှည်း ဆယ်စီးကျော်ကို လှမ်း မြင်နေရတယ်။

“အဲ့တာ မင်းသားပဲ”

“ရှေ့က လာနေတာ မင်းသား တပါးပဲ။” ကျန်ယန်ဖိန်နဲ့ ရွာသားတွေ ချက်ခြင်း မှတ်မိတယ်။ ရှေ့ဆုံးက ဦးဆောင် လာတဲ့ လူက ညီလာခံ ဝတ်စုံကို ဝတ်ထားတယ်။

“ကြည့်ရတာ ဒါ နောက်ဆုံး တစ်ယောက်ပဲ။” ဖန်ကျန်းရှီက မင်းသားကိုး လင်းယွမ် မြောက်ပိုင်းဒေသဆီ လာနေတာကို မြင်တော့ သက်ပြင်း ချမိတယ်။

မင်းသားကိုး လင်းယွမ်က သူ့ရဲ့ ဘွဲ့အတွက် ဂုဏ်ပြုဖို့ လာတာကို မအံ့သြဘူး။ ဒါပေမယ့် အနီရောင် ပိုးထည်တွေကတော့ အံ့သြ စရာပဲ။ ဒီ အုပ်စုကြီးက ဖန်ကျန်းရှီ ရှေ့ကို ခပ်မြန်မြန်ပဲ ရောက်လာခဲ့တယ်။

“ကန် မင်းသားကို အရိုအသေ ပြုပါတယ်။” မင်းသားကို လင်းယွမ် ဖန်ကျန်းရှီကို ချက်ခြင်း နှုတ်ဆက်ပြီး မြင်းပေါ်က ခုန်ချလာတယ်။

“ရှန်း မင်းသားကတော့ နှိမ့်ချ လွန်းနေပါတယ်။ မင်းက ပထမ အဆင့် မင်းသားရှန်း ဖြစ်နေပြီပဲ။ တွေကတဲ့အချိန် နှုတ်ဆက်ဖို့ မလိုပါဘူး။ ” ဖန်ကျန်းရှီက လင်းယွမ်ကို ကြည့်ရင်း ပြုံးပြတယ်။

“သူက ရွှေကြေးခွံ မြို့တော်ကို ကာကွယ်ပေးတဲ့ မင်းသားကိုးပဲ။”

“တိတ်တိတ်နေ။ သူက ပထမ အဆင့် မင်းသားရှန်း ဖြစ်နေပြီ။”

“ဟုတ်တယ်။”

ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ သူတို့ရှေ့မှာ ရောက်နေတဲ့ လူငယ်လေးက ဘယ်သူမှန်း ရွာသားတွေ သိသွားကြတယ်။ မြောက်ပိုင်း ဒေသ လူရိုင်းတွေ ကျုးကျော်တာကို ကြံ့ကြံ့ခံ ခုခံခဲ့တဲ့ ပထမ အဆင့် မင်းသားရှန်းရဲ့ ဂုဏ်သတင်းက မြောက်ပိုင်း တစ်ခုလုံးကို ကျော်ကြားနေတာလေ။

“မင်းသားကန်က ကျွန်တော့်ထက် အများကြီး စွမ်းဆောင် ခဲ့တာပါ။ မင်းသားကန် ကြောင့်သာ မဟုတ်ရင် ကြီးမြတ်သောရှ နိုင်ငံတော်ကြီး ပြိုလဲ သွားလောက်ပြီ။ ကျွန်တော် မင်းသားရှန်း ဆိုတာလည်း ရှိလာ နိုင်မှာ မဟုတ်ဘူး။ မင်းသားကန်ကို တန်းတူ လေးစားမှု ထားဖို့ ခမည်းတော်က မှာကြားလိုက်တယ်။ ဒါကြောင့် ကျွန်တော်က မင်းသားကန်ကို နှုတ်ခွန်းဆက်တာ ဖြစ်သင့်ပါတယ်။” လင်းယွမ်က ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ ခေါင်းငုံ့ရင်း ပြောတယ်။

“ဘယ်လောက်ပဲ စွမ်းဆောင် ခဲ့ပါစေ ရာထူးက အတူတူပဲလေ။ မင်းသားဘွဲ့ခံချင်း အတူတူပါပဲ။” ဖန်ကျန်းရှီက မြေပြင်က ဂေါ်ပြားကို ပြန်ကောက်ပြီး ပြုံးပြရင်း ပြောတယ်။ အဲ့ဒီ့နောက် ဆက်ပြောတယ်။ “ဒါပေမယ့် ဒါက ငါ့ရဲ့ နယ်မြေ။ မြောက်ရွာပဲ။ မင်းသားရှန်း စိတ်ထဲ မထားရင် အခမ်း အနားကို ဒီမှာ လုပ်လို့ ရတယ်။”

“ကောင်းပါပြီ။” မင်းသားရှန်း ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ အဲ့ဒ့ီနောက် ကြောင်အနေတဲ့ ရွာသားတွေကို လှည့်ကြည့်ရင်း ဆက်ပြောတယ်။ “ဒါပေမယ့် အရင်ဆုံး တော်ဝင် အမိန့်တော် ပါသေးတယ်။”

“နောက်ထပ် ရှိသေးတာလား။”

ကျန်းယန်ဖိန်နဲ့ ရွာသားတွေ ပြောမိကြတယ်။

ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေကို တွန့်ကွေားထား မိတယ်။ တောင်ပိုင်းဒေသ တိုက်ပွဲ အပြီးမှာ သူက အဆင့်၃ အမတ်မင်း ဖြစ်ခဲ့တယ်။ ရန်မြို့တော် တိုက်ပွဲပြီးတော့ မင်းသား ဘွဲ့ကို ရလိုက်တယ်။ ဒါက အမြင့်ဆုံး ရာထူ ဖြစ်နေပြီ။ နောက်ထပ် ဘာရှိ အုန်းမှာလဲ။

တော်ဝင် အစောင့်တွေနဲ့ လင်းယွမ်ရဲ့ နောက်ကို သူကြည့်မိတယ်။ အနီရောင် ပိုးထည်တွေကို မြင်တော့ သူ နားလည် သွာခဲ့တယ်။

သေလိုက်ပါတော့။

ဖန်ကျန်းရှီ စိတ်ထဲမှာ ကျိန်ဆဲ မိတယ်။ ဧကရာဇ် လင်းမုပိုင်က သူ့ကို ဒီ ဗျူဟာ သုံးမယ်လို့ ထင်မထား ခဲ့မိဘူး။ သူ့ကို အတင်း လက်ထပ်ခိုင်းဖို့ စဉ်းစား နေတာလား။

မြင့်မြတ် ဂုဏ်ခံ အမျိုးသမီး ထဲကလည်း ဒါမှ မဟုတ် အမတ်မင်း တစ်ယောက်ယောက်ရဲ့ သမီးကို သုံးမှလြား။

“ဒီ တော်ဝင် အမိန့်တော်ကို လက်မခံလို့ရလား။” လင်းယွမ်ကို ကြည့်ရင်း ဖန်းယွမ် ကူကယ်ရာမဲ့ ပြောတယ်။

“လက်မခံဘူး။ ဘာလို့လဲ။” လင်းယွမ် နားမလည်နိုင်တဲ့ အမူအယာနဲ့ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေခဲ့တယ်။

“ရန်မြို့မှာ ဆယ်နှစ်ကျော် လုံးလုံး အသုံးမကျတဲ့ သူတစ်ယောက်လို ဟန်ဆောင် ခဲ့ပြီးပြီ။ အခု မြောက်ရွာမှာ ဒီလို ဟန်ဆောင် မျက်နှာဖုံး တပ်ထားစရာ မလိုပါဘူး။” ဖန်ကျန်းရှီက လင်းယွမ်ကို ထုတ်ဖော်ပြောတယ်။

လင်းယွမ်က ချောင်းတဟွတ်ဟွတ် ဆိုးသွားခဲ့တယ်။ စိတ်ရှုပ်ထွေးနေတဲ့ ရွာသားတွေကို ကြည့ရင်း ရယ်မောလိုက်တယ်။ “ဒါက ခမည်းတော်ရဲ့ လျှို့ဝှက် အမိန့်။ ခမည်းတော် မှာလိုက်တာ ဒီ အမိန့်တော်ကို နာခံဖို့ ဖိအား မပေးလို့ ရတယ်တဲ့။ တကယ်ပဲ လက်မခံဘူးလား။”

“ဘာဖြစ်လို့ လက်ခံရမှာလဲ။” ဖန်ကျန်းရှီ သူ့ဘာသူ ပွစိ ပွစိ ပြောတယ်။

“၁၃ ယောက်မြောက် မင်းသမီးလေ။” လင်းယွမ်က ဖန်ကျန်းရှီ နားနားကို ခပ်တိုးတိုး ဆက်ပြောတယ်။ “သူ့ နာမည်ကို ကြားဖူးတယ် မဟုတ်လား။ သူက ပင်းယန်ပြီးရင် ခမည်းတော် အချစ်ဆုံး သမီးတော်ပဲ။ နောက်ပြီးတော့ အရမ်းလည်း လှတဲ့ အပြင် မင်းထက် အသက် တစ်နှစ်ပဲ ကြီးတယ်။”

“မဖြစ်နိုင်ပါဘူး။ ဧကရာဇ်က သူ့ရဲ့ ၁၃ယောက်မြောက် သမီးတော်ကို ငါနဲ့ ပေးစားမလို့လား။” ဖန်ကျန်းရှီ တွေးမိတယ်။ တစ်ခါမှ မင်းသမီး ၁၃ကို မတွေးမိဖူးဘူး။”

အရင်ကတော့ ရန်မြို့တော်မှာ နေတဲ့ အချိန် ဒီ မင်းသမီး အကြောင်းကို ကြားဖူးတယ်လေ။ ပင်းယန်ထက် တစ်နှစ် စောပြီးတော့ မွေးတဲ့ သမီးတော်။ သူမွေးတဲ့ အချိန်တုန်းက အငယ်ဆုံး သမီးတော် ဖြစ်တဲ့ အတွက် ဧကရာဇ် လင်းမုပိုင် အရမ်းကို ချစ်မြတ်နိုးတယ်။

ဒါပေမယ့် ပင်းယန် မွေးပြီးတဲ့နောက် ဧကရာဇ် လင်းမုပိုင်က သူ့အချစ်တွေ အားလုံး ပင်းယန် တစ်ယောက်ကိုပဲ ပုံပေးထားခဲ့တယ်။ မင်းသမီး ၁၃ရဲ့ သတင်းကတော့ နန်းတော်ထဲမှာ ကောင်းသတင်းနဲ့ ကျော်ကြားတယ်။ သူက ပင်းယန်နဲ့ လုံး၀ မတူဘူး။

ပင်းယန်က မောက်မာပြီး ဆိုးသွမ်းတယ်။ မင်းသမီး ၁၃ကတော့ ယဉ်ကျေး သိမ်မွေကတယ်။ တူရိယာတွေကို ကောင်းကောင်း တီးခတ်နိုင်တဲ့ အပြင်၊ စစ်တုရင်၊ ကဗျာစပ် လက်ရေးလှ အကုန်လည်း တော်တယ်။ အဆိုကော အကကော တော်သေးတယ်။ ကြီးမြတ်သော ရှနိုင်ငံတော် တစ်ခုလုံးက မြင့်မြတ် ဂုဏ်ခံ မိသားစုက သားတွေ လက်ထပ်ချင်ကြတဲ့ အိမ်မက်ထဲက မိန်းကလေးပဲ။ ပင်းယန်ကိုတော့ ဘယ်သူမှ လက်မထပ် ချင်ဘူး။

“အခု မင်းသမီး ၁၃က ဟွေ့အန်း နယ်မြေကို ရောက်နေပြီ။ ဒီတော်ဝင် အမိန့်တော်ကို လက်ခံလိုက်တာနဲ့ တစ်ခါတည်း လက်ထပ်ပွဲ ပြင်ပေးမယ်။ ဒါဆို ပြဿနာ မရှိတော့ဘူး မဟုတ်လား။” မင်းသားကိုးက ဖန်ကျန်းရှီကို ဆက်ပြောတယ်။

“စဉ်းစား ပါရစေအုန်း။” ဖန်ကျန်းရှီ တောင့်တောင့်ကြီး ပြန်ဖြေတယ်။ လှပပြီး နူးညံ့ သိမ်မွေ့တဲ့ မိန်ကလေး တစ်ယောက်ကို ဖန်ကျန်းရှီ လက်ထပ် ချင်ခဲ့တယ်။ တော်ပြီးတော့ ထက်မြက်တဲ့ မိန်းကလေးလည်း လိုချင်တာပေါ့။ မင်းသမီး ၁၃က သူလိုချင်တဲ့ အချက်တွေနဲ့ အကုန် ကိုက်တယ်။ ဒီတော်ဝင် အမိန့်တော်ကို လက်ခံ လိုက်တာနဲ့။ ညစည်းစိမ်ကို ကြိုက်တဲ့အချိန် ခံစားလို့ ရပြီ။ ဒီအမိန့်တော်ကို လက်ခံ လိုက်ရမလား။ ဖန်ကျန်းရှီ တွေဝေနေတယ်။

“စဉ်းစား နေတုန်းလား။” လင်းယွမ် မယုံနိုင် ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ နားနားကို ကပ်ရင်း ထပ်ပြောတယ်။ “မင်းအတွက် မစဉ်းစားရင်တောင် ဖန်မိသားစု အတွက် စဉ်းစားသင့်တယ်။”

“ဖန်မိသားစု အတွက်လား။”

“ဟုတ်တယ်။ မင်းသမီး တစ်ပါးကို မင်း လက်ထပ်လိုက်ရင်၊ ခမည်းတောက် မင်းကို အာရုံပိုစိုက်မှာ။ နေ ာက်ပြီးတော့ မင်းရဲ့ မိဘတွေကော သားသမီးတွေနဲ့ နောင်လာ နောက်သား မျိုးဆက်တွေပါ ချမ်းချမ်းသာသာ အေးအေးချမ်းချမ်းနဲ့ နေနိုင်လိမ့်မယ်။”

“ဆိုလိုချင်တာက ဒါကိုး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

ဧကရာဇ် လင်းမုပိုင် ရဲ့ စိတ်ကို သူနားလည်ပြီ။ မင်းသမီး ၁၃ကို ဖန်ကျန်းရှီနဲ့ လက်ထပ် ခိုင်းတာက မျိုးရိုးစဉ်ဆက် မြင့်မြတ်ဂုဏ်ခံ ဖြစ်စေချင်တာပဲ။ ဧကရာဇ် လင်းမုပိုင်ရဲ့ အမျှော်အမြင်ကိုတော့ ကျေးဇူးတင်ရမယ်။

ဒါပေမယ့် လွဲနေတာ တစ်ခုခု ရှိသေးတယ်။ ဧကရာဇ် လင်းမုပိုင်က အရိပ်အမြွက် ပြနေတယ်။ သူ့မှာ အသက်ရှင်ဖို့ နှစ်ဝက် အချိန်ပဲ ရှိတော့တယ်။ ဒါကြောင့် မျိုးဆက် မပြတ်စေချင်လို့ ကလေးလည်း မွေးခိုင်းချင်နေတာ။ ဧကရာဇ် လင်းမုပိုင် သွယ်ဝိုက်ပြီး အမိန့်တော် ချတာပဲ။

“ကန်မင်းသား။ ခမည်းတော်ရဲ့ စိတ်ကို အခု နားလည်ပြီလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့် နေတာကို ကြည့်ရင်း လင်းယွမ် မျက်လုံးတွေ တောက်ပလာတယ်။ သူနောက်ကို တစ်လှမ်း ပြန်ဆုတ်တယ်။

“နားလည်ပြီ။”

“ကောင်းပြီလေ။ ဒါဆိုရင် မင်းသားကန် အမိန့်ကို လက်ခံပါ။” လင်းယွမ်က တော်ဝင် အမိန့်ကို ဖြန့်ရင်း ဖတ်ပြဖို့ ပြင်တယ်။

ဒါပေမယ့် သူ့ပါးစပ်က နေ စကား မထွက်ရသေးခင်၊ လူတစ်ယောက် သူ့ရှေ့ကို ရောက်လာဲ့တယ်။ သူမရဲ့ မဟူရာရောင် ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ် လွင့်နေခဲ့တယ်။ လင်းယွမ်က သူ့ရှေ့က အမျိုးသမီးကို အထိတ်တလန့် ကြည့်နေခဲ့တယ်။ သူမ နဖူးက အနီစက်လေးကို သူစူးစိုက် ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် လုံး၀ ငြင်းဆိုလိုက်တဲ့ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။

ဖန်ကျန်းရှီ ပြောတဲ့ စဉ်းစားမယ် ဆိုတဲ့ စကားကို သူနားလည် သွားပြီ။

“မင်းသားရှန်း။ ဖန်ကျန်းရှီ လက်ခံရမယ့် အမိန့်တော် က ဘာလဲ။” အမျိုးသမီး မျက်မှောင်ကြုတ်ရင်း ပြောတယ်။

“တကယ်တော့ ဘာမှ မဟုတ်ပါဘူး။” လင်းယွမ် ချက်ခြင်း အမိန့်တော်ကို ပြန်ခေါက်ပြီး အကျီ ထဲ ထိုးထည့်လိုက်တယ်။

“ဧကရာဇ်က ဖန်ကျန်းရှီကို လက်ထပ်ပေးဖို့ စီစဉ် နေတာလား။”

“မဟုတ်ပါဘူး။ လုံး၀ လုံး၀ မဟုတ်ရပါဘူး။”

“ဒါဆိုရင် ဘာဖြစ်လို့ အနီရောင် ပိုးထည်တွေ ဒီလောက် များနေတာလဲ။”

“ဂုဏ်ပြုဖို့ အတွက်ပါ။” လင်းယွမ် ပြောရင်း ချွေးစေးတွေ ပျံလာခဲ့တယ်။ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရင်း သူ ဆက်ပြောတယ်။ “ဖန်ကျန်းရှီ မင်းသားကန် ဘွဲ့ ချီးမြင့်ခံရတာကို ဂုဏ်ပြုဖို့ပါ။ မြောက်ရွာ တစ်ခုလုံးကို ပိုးထည်တွေ ဝေပေးဖို့ အများကြီး ယူလာတာပါ။”

“အော် ဒီလိုလား။ ခရီးကလာတာ ပင်ပန်းမှာပဲ။” အမျိုးသမီးက ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ အဲ့ဒီ့နောက် ဆက်ပြောတယ်။ “မင်းသားရှန်း မြောက်ရွာမှာ နေ့လယ်စာ စားသွားပါအုန်း။”

“ကောင်းပါပြီ။ ဒီနေ့တော့ အနှောက်အယှက် ပေးရတော့မယ်။” လင်းယွမ် ပြန်ဖြေတယ်။

ဖန်ကျန်းရှီကတော့ ဝူယွဲ့အာကို ကြည့်ရင်း သက်ပြင်း ချမိတယ်။ ဧကရာဇ် လင်းမုပိုင်ရဲ့ စိတ်ကို သူနားလည်သလို ဝူယွဲ့အာလည်း နားလည်တယ်။ တကယ်တော့ ဖန်ကျန်းရှီက တခြား ကိစ္စတွေကို ဘယ်တော့မှ စဉ်းစားတာ မဟုတ်ဘူး။ ဝူယွဲ့အာ အနားမှာ ရှိနေတာကိုပဲ တွေးနေမိတယ်။

မြောက်ရွာ တစ်ခုလုံး သက်ဝင် လှုပ်ရှား နေခဲ့တယ်။ ရာချီတဲ့ တော်ဝင် အစောင့်တွေနဲ့ မြောက်ရွာက ရွာသားတွေ စကားဝိုင်းဖွဲ့ နေကြတယ်။ မီးပုံတွေက နေရာ အနှံ့မှာ ရှိနေသလို ကြယ်တွေကလည်း ညကောင်းကင်မှာ တောက်ပ နေခဲ့တယ်။ ရယ်မောသံတွေကို အဝေးကနေတောင် ကြားနေနိုင်တယ်။ မေ

ရွာကွင်းပြင်ကြီးရဲ့ အလယ်မှာတော့ ဖန်ကျန်းရှီရယ် သူ့မိဘတွေရယ် ဝူယွဲ့အာနဲ့ အတူ ထိုင်နေခဲ့တယ်။ မင်းသားရှန်းနဲ့ ရွာသူကြီးလည်း သူတို့ စားပွဲမှာ ရှိနေတယ်။ သူတို့ ခြောက်ယောက်လုံး ပြုံးရွှင် နေကြတဲ့ အပြင် ဘယ်သူမှလည်း ကိစ္စကြီးတွေကို မဆွေးနွေးကြဘူး။ ညနက်လာတော့ ဖန်ဟို့ဒဲနဲ့ ချီရှင်းလိန်လည်း အိမ်ပြန်သွားတယ်။ ရွာသူကြီးနဲ့ ရွာသားတွေလည်း ပြန်သွားခဲ့ပြီ။

တော်ဝင် အစောင့်တွေနဲ့ သောက်စား ပျော်ပါးနေတဲ့ ရွာသား တစ်ချို့ပဲ ကျန်တော့တယ်။ မင်းသားရှန်းကတော့ ဒီအချိန်မှာ သူ့ရဲ့ အူကြောင်ကြောင် မျက်နှာဖုံးကို ဖယ်လိုက်ပြီ။ ရန်ရွှယ်နဲ့ ရှန်းယွီက မြောက်ရွာမှာ မရှိတော့တာကို သူသိတယ်။ ဒါပေမယ့် ဝူယွဲ့အာ ရှိနေမယ်လို့ မထင်ထားမိဘူး။ ဝူယွဲ့အာကို ကြည့်ရင်း သူ့စကားတွေကို ပြန် မျိုမျိုချနေရတယ်။

“မင်းသားရှန်းက ဖန်ကျန်းရှီနဲ့ တစ်ခုခု ဆွေးနွေးချင်လို့လား။ ဒါဆိုလည်း ဆက်ပြောပါ။ ငါက အပြင်လူ မဟူတ်ဘူး။ ” ဝူယွဲ့အာက လင်းယွမ်ကို ဒဲ့တိုး ပြောလိုက်တယ်။

သူမက သူ့ကိုယ်သူ အပြင်လူ မဟုတ်ဘူးလို့ ပြောတယ်။ ဘယ်လိုလူကများ ကိုယ့်ကိုယ်ကို ဒီလောက်ထိ ထုတ်ဖော် နေတာလဲ။

လင်းယွမ်က ဝူယွဲ့အာကို ကြည့်ပြီးတဲ့နောက် ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ အရှက်မရှိတဲ့ စရိုက်က တကယ့်ကို ကူးစက် တတ်တာပဲ။

“မင်းသားကန်။ မင်း မြောက်ပိုင်း ဒေသမှာပဲ တစ်ချိန်လုံး နေနေမှာလား။” လင်းယွမ်က တစ်ခဏတာာ ပြောပြီးတဲ့နောက် အရက် တစ်ခွက်ကို မော့ချလိုက်တယ်။

အပိုင်း(၆၁၄) ပြီး၏။

အပိုင်း (၆၁၅)

“ကောင်းကင် နိမိတ် ဟောကိန်း နောက်ကွယ်က စစ်မှန်တဲ့ အဓိပ္မာယ်”

ဘာသာပြန်သူ - Enri Thaw

ဖန်ကျန်းရှီက လင်းယွမ် ဆိုလိုချင်တာကို ကောင်းကောင်း သိတယ်။

ဒါပေမယ့် လင်းယွမ်ကို ချက်ခြင်း ပြန်မဖြေဘူး။ အဲ့ဒီ့အစား ညကောင်းကင်ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။ “အိမ်ရှေ့စံနဲ့ သွမ့်အရှင်ကော ဘယ်လိုလဲ။”

“အကိုတော် ၃ နဲ့ အကိုတော် ၆ကို ကောင်းကင်ထောင်မှာ အကျဉ်းချထား ပါတယ်။ သူတို့ အမှုတွေ အတွက် စွဲချက် တင်တော့မှာ။ ဒါပေမယ့် အခုချိန်မှာ ခမည်းတော်က စိတ်အခြေအနေ မကောင်းဘူး။” လင်းယွမ်က ဒီနေရာကို ရောက်တဲ့ အချိန်မှာ ရပ်တန့်လိုကတယ်။

ဖန်ကျန်းရှီက သူ့အဖြေကို ဘာကြောင့် တိုက်ရိုက် မဖြေမှန်း သိတယ်။ ဒါပေမယ့် အိမ်ရှေ့စံနဲ့ သွမ့်အရှင် အကြောင်းကို မေးလာတော့လည်း သူ ဝမ်းမနည်းပဲ မနေနိုင်ဘူး။

တော်ဝင် မိသားစုက ညီလာခံ အတွက် တိုက်ခိုက်ကြတာ ရှေး အချိန် တည်းကပဲ။ တော်ဝင် မိသားစုထဲက သွေးသားရင်းတွေက ပုံမှန် မိသားစုတွေထက်ကို ပိုပြီးတော့ကို အခြေအနေ တင်းမာကြတယ်။ ဒါပေမယ့် သူတို့က ညီအစ်ကိုတွေပဲလေ။

သူ့ရဲ့ အကိုနှစ်ယောက် တစ်ရက်တည်းမှာပဲ ကောင်းကင်ထောင်ထဲ ရောက်သွားတာ စိတ်ညစ်စရာ ကောင်းတဲ့ သတင်း တစ်ခုပဲ။ နောက်ပြီးတော့ သူတို့တွေက သေမိန့် ချတာ ခံနိုင်ရချေ များတယ်။ လင်းယွမ် ဒါကို တွေးမိတော့ သူ ဝမ်းနည်းလာတယ်။

ဖန်ကျန်းရှီကတော့ ခေါင်းငြိမ့်ပြီး နောက်ထပ် ထပ်မပြောတော့ဘူး။ အိမ်ရှေ့စံ နန်းလုတာနဲ့ သွမ့်အရှင် ပုန်ကန်တာက အခြေအနေ သိပ်မဆိုးသေးဘူး။ ပင်းယန်ပါ လင်းယွမ် မျှော်စင်ကို ခေါ်သွားခံရတော့ အခြေအနေက ဆိုးသွားပြီ။ ဒီ ကိစ္စကြီး သုံးခုလုံးက ကြီးမြတ်သော ရှမင်းဆက်မှာ တစ်ရက်တည်း ဖြစ်သွားတာ။ ဧကရာဇ် လင်းမုပိုင်ကော လမ်းယွမ်ပါ ခံစားချက် မကောင်းကြဘူး။

“မင်းသားရှန်းက ငါ့ကို မြောက်ရွာမှာပဲ နေမှာလားလို့ မေးလာတော့၊ ကြည့်ရတာ နောက်ထပ် အမိန့်တော် တစ်ခု ငါ့အတွက် ပါလာတဲ့ ပုံပဲ။” ဖန်ကျန်းရှီ တစ်ခဏ တိတ်ဆိတ် နေပြီးနောက် ဆက်ပြောတယ်။ သူ့ခွက်ကို မြှောက်လိုက်ရင်း အရက် တငုံသောက်တယ်။

“ဟုတ်တယ်။” လင်းယွမ်ရဲ့ မျက်လုံးထဲမှာ အထိတ်တလန့် အလင်းရောင် တစ်ချက် လက်သွားခဲ့တယ်။ သူပြောတယ်။ “ကောင်းကင် တာအို ခန်းမက နောက်တစ်လခွဲမှာ လူရွေးပွဲ ကျင်းပလိမ့်မယ်။ ခမည်းတော်က ဒီ အမိန့်ပြားကို ပေးဖို့ ပြောလိုက်တယ်။ စာမေးပွဲကို ဒါရှိရင် ဝင်ခွင့် ရမယ်တဲ့။”

“ဒီ အမိန့်ပြား အပြင် နောက်ထပ် မိန့်မှာချက်လည်း ရှိရမယ်။” ဖန်ကျန်းရှှီ ပြောတယ်။

“မှန်ပါတယ်။ ခမည်းတော် ပြောလိုက်တာ။ အကယ်၍ မင်းသားကန်သာ ဒီ အမိန့်ပြားကို မလိုချင်ရင်၊ ကောင်းကင် တာအို ခန်းမကို မသွားတော့ရင်၊ ညီလာခံက မြောက်ပိုင်းဒေသ ကျောင်းတော် ငါးခုကို မင်းသားကန် ထိန်းကွပ် စီမံတဲ့ ကိစ္စတွေ အားလုံးကို ဒီနှစ်ဝက် အချိန်မှာ လုံး၀ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒါက အမတ်မင်းတွေ အားလုံးနဲ့ အခွန် ဘဏ္ဍာတွေ အားလုံး ထိန်းချုပ်ခွင့်ကို မင်းသားကန်ဆီ လုံး၀ ဝကွက် လွှဲအပ် လိုက်တာပါ။”

“ဟ ဟား။ ဧကရာဇ်က ဒီ ခြတက်နေတဲ့ ကိစ္စကြီးကို ငါ့လက်ထဲ ထိုးထဲ့လိုက်တယ်ပေါ့။” ဖန်ကျန်းရှီက ဒီစကားကို ကြားတော့ ရယ်မောတယ်။

“အပြင်လူ မရှိဘူး ဆိုတော့ ကျွန်တော် တိုက်ရိုက်ပဲ ပြောတော့မယ်။ မင်းသားကန်က ကြီးမြတ်သော ရှနိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင် ခဲ့တယ်။ ခမည်းတော်က မင်းသားကန်ကို လေးလေးနက်နက် ကျေးဇူး ဆပ်ချင်နေတာ။ နောက်ဆုံးတော့လည်း ကောင်းကင် ဂုဏ်ရည်နဲ့ ဘွဲ့ထူးတွေက ယာယီ ပကာသနတွေပဲ။ တကယ် အရေးကြီးတဲ့ ကိစ္စက မင်းဆက်ကို ဖွံ့ဖြိုးအောင် လုပ်ဖို့။” ဖန်ကျန်းရှီ ပြောတာကို လင်းယွမ်က အပြစ် မမြင်ဘူး။ သူ ခပ်တည်တည်ပဲ ဆက်ပြောနေတယ်။

ဖန်ကျန်းရှီကတော့ တိတ်ဆိတ်နေခဲ့ပြီ။

လင်းယွမ်ရဲ့ စကားတွေကို သူ နားလည်တယ်။ ဧကရာဇ် လင်းမုပိုင်က မြောက်ပိုင်း ကျောင်းတော် ငါးခု အုပ်ချုပ်ခွင့်ကို လုံး၀ လွှဲအပ် လိုက်တာနဲ့တင် သူ့ရဲ့ စိတ်က သိသာနေပြီ။ ဒါပေါ့ သူ့စိတ်က ဒီလောက်တော့ ဘယ် ရိုးရှင်းမလဲ။

အခုချိန် မြောက်ပိုင်း လူရိုင်း နိုင်ငံက ကြီးမြတ်သော ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ စစ်သည်တော် သုံးသိန်းကို လွှတ်ခဲ့တယ်။ ဒီတပ်တွေက မြောက်ပိုင်း ကျောင်းတော် ငါးခုကို ဖြတ်ပြီးတော့ လာကြရမှာ။ သူတို့တွေက စုချင်း သစ္စာဖောက်တာကို အများကြီး အပြစ်တင်ရမယ့် အပြင်။ အိမ်ရှေ့စံရဲ့ နန်းလုတဲ့ အစီအစဉ်ကလည်း ပြဿနာ အရင်းအမြစ်တွေထဲက တစ်ခုပဲ။

နတ်ဆိုး ကျောင်းတော်ထဲမှာ စည်းမျဉ်းတွေ လျော့ရဲနေတာကိုလည်း ငြင်းလို့ မရဘူး။ ပိုပြီး အရေးကြီးတာက ဒီကိစ္စကြီး ဖြစ်တဲ့ အချိန် ချီဟို့က ရန်မြို့တော်မှာ ရောက်နေတာပဲ။

ဧကရာဇ် လင်းမုပိုင်က အယုံလွယ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ချီဟို့က ဖန်ကျန်းရှီကို ကိုယ်တိုင် လာပို့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သွမ့်အရှင်ကို ကူညီဖို့ ရန်မြို့တော်ထဲကို ဝင်လာတာ။ ဒီ အကြောင်းရင်းက ထင်ရှားတယ်။

ချီဟို့က သွမ့်အရှင်ရဲ့ သစ္စာဖောက်မှုမှာ တိုက်ရိုက် မပါဝင်ပေမယ့်၊ ဒီ အကြောင်းကို သူမသိဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။

မြောက်ပိုင်း ကျောင်းတော် ငါးခုကို အုပ်ချုပ်ခွင့် ဖန်ကျန်းရှီကို ပေးလိုက်တာက ဆုချတာ ဖြစ်တယ်။ ဧကရာဇ် လင်းမုပိုက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပြစ်လိုက်တာ။ ဖန်ကျန်းရှီကို ဒီမြောက်ပိုင်း ဒေသက အရှုပ်ထုပ် တွေကို ဖြေရှင်းစေပြီးတော့ အကျင့်ပျက်နေတဲ့ အမတ်မင်းတွေကို ဖယ်ရှား ပြစ်ရင်း စနစ်ကို ထိန်းညှိစေချင်တာ။

ကြီးမြတ်သောရှ မင်းဆက်က စည်းစိမ် ဥစ္စာ ပေါကြွယ်ဝတယ်။ မြောက်ပိုင်း ကျောင်းတော် ငါးခုရဲ့အခွန်ဆိုတာ မပြောပ လောက်ဘူး။ ရှေးစကားပုံ တစ်ခုရှိတယ်။ ကောင်းကင်အောက်က လောကကြီး တစ်ခုလုံးကို ဧကရာဇ်က ပိုင်ဆိုင်တယ်။ ဒါဆိုရင် ဘဏ္ဍာငွေတွေ ဘယ်ကိုပဲ ရောက်ရောက် ကိစ္စ ရှိအုန်းမှာလား။ သူ လိုချင်တဲ့ အချိန်မှာ ပြန်ယူလို့ ရနေတာပဲ။

ဆယ့်သုံးယောက်မြောက် မင်းသမီးနဲ့ လက်ဆက်စေတယ်။ ဒါ့အပြင် ဖန်ကျန်းရှီကို နှစ်ဝက် အချိန် အတွင်းမှာ စည်းစိမ် ချမ်းသာ ခံစား ခိုင်းပြီးတော့ မြောက်ပိုင်း ဒေသရဲ့ အခြေအနေကို ထိန်းညှိစေတယ်။

ဒါသာ အစီအစဉ် အတိုင်း ဆက်သွားရင်။ ဖန်ကျန်းရှီက နှစ်ဝက် အတွင်း သေမှာပဲ။ ဒါဆိုရင် ဖန်ကျန်းရှီရဲ့ လက်ထဲက အမိန့် အာဏာတွေ အားလုံးက မင်းသမီး ၁၃ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်။ သူ့ရဲ့ သားသမီး တွေကလည်း တော်ဝင် သွေးသားတွေ ဖြစ်သွားပြီးတော့ အနည်းဆုံး ပထမ အဆင့် မင်းသား၊ မင်းသမီး ဖြစ်သွားလိမ့်မယ်။ မ

ဂုဏ်ရည်၊ အာဏာ၊ နိုင်ငံရေး အားလုံးကို အကွက်ကျကျ ချိန်ညှိထားတာပဲ။

ဧကရာဇ် လင်းမုပိုင်က ကောင်းကောင်း အစီအစဉ် ချတတ်တယ်။ မင်းသမီး ၁၃ကို တစ်ချက်လေးတောင် မတွေဝေပဲ လက်ဆက်ခိုင်းတာ အံ့သြ စရာ မရှိပါဘူး။ တခြား မြင့်မြတ်ဂုဏ်ခံ မိသားစုက သမီးတော် ဆိုရင် ဖန်ကျန်းရှီက စဉ်းစားမှာတောင် မဟုတ်ဘူးလေ။

အကယ်၍ ဖန်ကျန်းရှီရဲ့ အတွေးသာ မှန်မယ်ဆိုရင်၊ ဧကရာဇ် လင်းမုပိုင်က မြောက်ပိုင်း ကျောင်းတော် ငါးခုကို အနာဂတ်မှာ ဘယ်လို အုပ်ချုပ်ရမလဲ ဆိုတာ မင်းသမီး ၁၃နဲ့ ဆွေးနွေး ပြီးလောက်ပြီ။ အမတ်မင်းတွေ ဘဏ္ဍာရေး ကိစ္စတွေ အားလုံးကို စီမံခန့်ခွဲ ဖို့ အပါအဝင်ပေါ့။

နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက မြောက်ပိုင်းဒေသကို ကြိုးကြိုးစားစား မအုပ်ချုပ်မှာ လူတိုင်း သိနေတာပဲလေ။ မင်းသမီး ၁၃က သူ့နေရာကို ယူသွားမှာပဲ။ ထုံးစံ အတိုင်း ဖန်ကျန်းရှီကတော့ ဒီကိစ္စတွေကို များများ လုပ်နိုင်မှာ မဟုတ်ဘူးလေ။

ဖန်ကျန်းရှီက အသက်ရှင်ချိန် နှစ်ဝက်ပဲ ကျန်တော့တာ။ သူ့အမြင် အရဆိုရင် လှပပြီး ကျက်သရေ ရှိတဲ့ အမျိုးသမီး လေးနဲ့လည်း လက်ထပ် ရအုန်းမယ်။ စိတ်လှုပ်ရှားစရာ ညတွေကို အများကြီး ကြုံရအုန်းမယ်။ မင်းသားကန် ဆိုတဲ့ ဘွဲ့ထူးနဲ့ စည်းစိမ်ချမ်းသာတွေ အာဏာတွေလည်း ရှိအုန်းမယ်။ သေသွားရင်တောင် နာမည် ဂုဏ်သတင်းကောင်းက ကျော်ကြား ကျန်ရစ်မှာပဲ။

ဒါတွေ အားလုံးက ဖန်ကျန်းရှီ တဘဝလုံးမှာ အမြဲတမ်း လိုချင် နေခဲ့တာ။ ဒီကမ်းလှမ်းချက်ကို ဘာကြောင့်များ သူ ငြင်းပယ် ရမှာလဲ။

“ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုကိုလည်း မအုပ်ချုပ်ချင်ဘူး။ လွတ်လွတ်လပ်လပ်ပဲ နေချင်တယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်း ငြင်းပယ်လိုက်တယ်။

“ကျောင်းတော် ငါးခုကို အုပ်ချုပ်ရင်း နဲ့လည်း လွတ်လွတ်လပ်လပ် နေလို့ ရပါတယ်။ ညီလာခံကလည်း အုပ်ချုပ်ရေးကို စွက်ဖက်မှာ မဟုတ်ဘူး။ တကယ်တော့ မင်းသားကန်သာ ဒီကိစ္စကို မလုပ်ချင်ရင်။” လင်းယွမ် သက်ပြင်းချရင်း ရပ်တန့်လိုက်တယ်။ အဲ့ဒီ့နောက် ဆက်ပြောတယ်။

“နားလည်ပြီ။ မင်းသားကန်က စိတ်ဆုံးဖြတ် ထားပြီးပြီပဲ။ နောက်ထပ် မပြောတော့ ပါဘူး။ ဒါက ကောင်းကင် တာအို ခန်းမကို ဝင်ဖို့ အမိန့်ပြားပါ။”

လင်းယွမ် အမိန့်ပြားကို ထုတ်ပေးရင်းနဲ့ ပြောတယ်။ ဒီ အမိန့်ပြားမှာ စာလုံး နှစ်လုံး ပါနေတယ်။ ကောင်းကင် တာအို။ တခြား တစ်ဖက်မှာတော့ တိမ် သဏ္ဍာန်တွေ အပြည့် ရှိနေခဲ့တယ်။

“ဒီ အမိန့်ပြားကိုလည်း မလိုချင်ဘူး။” ဖန်ကျန်းရှီက အမိန့်ပြားကို တစ်ချက် ယူကြည့်ရင်း ပြန်ပေးလိုက်တယ်။

“ဒါကိုလည်း မလိုချင်ဘူး။” လင်းယွမ် တအံ့တသြ ပြောမိတယ်။

ဖန်ကျန်းရှီကို သူ ဆက်မပြော တော့တာက ဖန်ကျန်းရှီရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို သူမြင်နေ ရတာကြောင့်ပဲ။ ဒါပေမယ့် အခုတော့ အမိန့်ပြားကို မလိုချင်ဘူးလို့ ပြောနေတယ်။ ဒါကိုတော့ သူ နားမလည် နိုင်တော့ဘူး။ မြောက်ပိုင်း ဒေသ ကျောင်းတော် ငါးခုကိုလည်း မအုပ်ချုပ်ချင်ဘူး။ ကောင်းကင် တာအို ခန်းမကိုလည်း မသွားချင်ဘူး ဒီလိုလား။

“ဟုတ်တယ်။ မလိုချင်ဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ဖြစ်တယ်။

“မင်းသာကန်က ကောင်းကင်တာအို ခန်းမ ပြိုင်ပွဲမှာ မပြိုင်တော့ဘူးလား။ ဒါဆိုရင် ဘာဖြစ်လို့ တော်ဝင် အမိန့်တော်ကိုကော ဘာဖြစ်လို့ လက်မခံတာလဲ။ တကယ်တော့။” လင်းယွမ် စကား ဆက်ပြောဖို့ ပြင်ပေမယ့်။ ဘေးမှာ ထိုင်နေတဲ့ ဝူယွဲ့အာကို မြင်လိုက်တော့ သူ ပါးစပ် ပြန်ပိတ်သွားတယ်။

“သူနဲ့ မဆိုင်ဘူး။” ဖန်ကျန်းရှီက လင်းယွမ်ရဲ့ အမူအယာကို မြင်တော့ သူ တွေးနေတာကို သိလိုက်တယ်။

ဝူယွဲ့အာက မာန အပြည့်နဲ့ ခေါင်းမော့လိုက်တယ်။ မကျေမနပ် အသံ တစ်ချက် ပြုရင်း ပြန်တိတ်ဆိတ သွားပြန်တယ်။ လင်းယွမ်ကတော့ ဒီမြင်ကွင်းကြောင့် ပိုပြီးတော့ စိတ်ရှုပ်ထွေး လာခဲ့တယ်။

ဝူယွဲ့အာရဲ့ ဇစ်မြစ်ကို သူသိတယ်။ ဒါကြောင့်ပဲ ဖန်ကျန်းရှီက ဝူယွဲ့အာနဲ့ တစ်ခုခု ပတ်သက် နေပုံပဲ။ အစကတော့ ဝူယွဲ့အာနဲ့ မင်းသမီး ၁၃ နှစ်ယောက်လုံးကို ဖန်ကျန်းရှီနဲ့ လက်ထပ်စေဖို့ တွေးမိဖူးတယ်။ ဒါက တော်ဝင် မိသားစုမှာ ဖြစ်နေကျပဲလေ။ သူဒီလို ဆုံးဖြတ် လိုက်ရင်တောင် ဧကရာဇ် လင်းမုပိုင်က မကန့်ကွက်မှန်း သိတယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဝူယွဲ့အာနဲ့ မဆိုင်ဘူးတဲ့။ ဒါဆိုရင် ဘာဖြစ်လို့လဲ။

“အကယ်၍ အရိပ် မျိုးနွယ် ခေါင်းဆောင်နဲ့ မဆိုင်ဘူး ဆိုရင် ကျွန်တော်လည်း မတွေးတတ် တော့ဘူး။” လင်းယန် ပြောတယ်။ ဒီတစ်ခေါက်တော့ သူ တကယ် လုံး၀ မတွေးတတ်တော့တာ။

“မင်းသားရှန်းရဲ့ အမြင်နဲ့ ကြည့်ရင်။ ဒီတစ်ခေါက် ကောင်းကင်တာအို စာမေးပွဲမှာ ငါ ဝင်ဖြေရင် ဘာအခွင့်အရေးတွေ ရှိလာနိုင်လဲ” ဖန်ကျန်းရှီ ပုံမှန် အတိုင်း မေးလိုက်တယ်။

“ဒါ .. ကျွန်တော်လည်း ကောင်းကင်တာအို ခန်းမ စာမေးပွဲ အကြောင်းကို သိပ်မသိဘူး။ တစ်ခါမှ မတွေ့ဖူးဘူးလေ။ ခမည်းတော်က အကိုတော် ၃နဲ့ အကိုတော် ၆ ကိုပဲ ဒီပွဲကို သွားဖို့ ခွင့်ပေးထားတာ။ ကျွန်တော့် အမြင်အရတော့။ မင်းသားကန်က သဘာဝလွန် အဆင့်ပဲ ရှိသေးတော့။ ဒီ စာမေးပွဲကို အောင်နိုင်ချေ ၇၀%ပဲ ရှိတယ်။” လင်းယွမ် စဉ်းစဉ်းစားစား ပြန်ဖြေတယ်။

“ငါတော့ ဒီလို မထင်ဘူး။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“မင်းသားကန်က ယုံကြည်ချက် မရှိလို့လား။ မင်းသားကန်က အမြဲတမ်း”

“ကောင်းကင် တာအို ခန်းမ စာမေးပွဲက ကွာခြားတယ်။ သူတို့က သူတော်ကောင်း တရား ခြောက်ပါး၊ လုပ်ငန်းစဉ် ခြောက်ခုနဲ့ အနုပညာ ခြောက်ခုကို အထူး အာရုံ စိုက်ထားတာ။ မေးခွန်း တွေကလည်း နှစ်တိုင်း ပြောင်းတယ်။ ကောင်းကင် တာအို ခန်းမ စာမေးပွဲကို အောင်ဖို့ ရူးလောက်တဲ့ ကံကောင်းမှုနဲ့ ကိုယ်ပိုင် ကျင့်ကြံဆင့် လိုတယ်လို့ ပြောကြတယ်။”

“မင်းသားကန်ရဲ့ စရိုက်နဲ့ ဆိုရင်၊ ဒီကိစ္စက အဆင်ပြေ သွားမှာပါ။”

“ဒါက ပြဿနာရဲ့ တစိတ် တပိုင်းပဲ။ ဒါပေမယ့် ကောင်းကင် တာအိုက ငါ့ သက်တမ်း အကြောင်း သတင်း ရထား လောက်ပြီ။ အသက်ရှင်ဖို့ နှစ်ဝက်ပဲ ကျန်တော့တဲ့ လူတစ်ယောက်ကို သူတို့ တကယ်ပဲ လက်ခံမယ်လို့ မင်းသားရှန်း ထင်လား။” ဖန်ကျန်းရှီ ဖြတ်ပြောတယ်။

“ဒါက။”

“နောက်ပြီးတော့ ငါ တကယ်ပဲ ဝင်ဖြေရင်တောင် ကောင်းကင် တာအို ခန်းမက ငါ့ကို ထောက်ပံ့ ပေးမယ် ထင်လို့လား။ နောက်တစ်နည်း ပြောရရင် ကောင်းကင် တာအို ခန်းမက အချိန် နှစ်ဝက်။ မဟုတ်ဘူး စာမေးပွဲ ဖြေပြီးချိန်ဆို လေးလပဲ ကျန်မှာ။ လေးလတည်းနဲ့ ငါ သုခမိန် အဆင့် ရောက်မယ်လို့ ယုံမှာလား။”

“ဒါက” လင်းယွမ် တိတ်ဆိတ် သွားခဲ့တယ်။

ဖန်ကျန်းရှီ ပြောနေတာကို သူနားလည်တယ်။ ကောင်းကင် တာအို ခန်းမက တရားမျှတမှု အတွက် ကျော်ကြားတယ်။ တပည့် ရွေးချယ်တဲ့ နေရာမှာ နောက်ခံ အင်အားကို အစွဲမထားဘူးလို့ ဆိုကြပေမယ့်။ လောကမှာ တရားမျှတမှု ဆိုတာ ရှိကော ရှိလို့လား။

အချိန်မရွေး သေသွားနိုင်တဲ့ တပည့် တစ်ယောက်ကို ကောင်းကင် တာအို ခန်းမက အချိန်ကုန် ခံပြီးတော့ လက်ခံ နေမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီ ပြောတဲ့ အတိုင်း စာမေးပွဲမှာ အဆင့် ကောင်းကောင်း ရရင်တောင်။ သူ့ကို ဖယ်ထုတ် ပြစ်လိုက်ရင်။ နောက်ထပ် ဘာကို တတ်နိုင် အုန်းမှာလဲ။

တခြား တပည့်သားတွေနဲ့ တန်းတူ ဆက်ဆံ ခံရရင်တောင် သူက အယောင်ပြ တပည့်ထက် ပိုမှာ မဟုတ်ဘူးလေ။ ဖန်ကျန်းရှီက ဒီ ရလဒ်တွေကို တစ်ခုမှ မလိုချင်ဘူး။

“ဒါဆိုရင် မင်းသားကန် ဘယ်လို လုပ်မှာလဲ။ စာမေးပွဲကို မဖြေ တော့ဘူးလား။“ လင်းယွမ် အချိန် အတော်ကြာ တိတ်ဆိတ် နေပြီးနောက် မေးလိုကတယ်။

“မဟုတ်ဘူး ဖြေမယ်။“

“ဒါဆိုရင် ဘာကြောင့်များ မင်းသားကန်က အကုန်လုံးကို ငြင်းပယ် နေတာလဲ။”

“ ကတိ ပေးထားတာ ရှိတယ်။”

“ကတိ ပေးထားတာ။ ဒါပေမယ့် အမိန့်ပြား မပါပဲ မင်းသားကန်က ဘယ်လိုများ ဖြေမှာလဲ။ နောက်ပြီးတော့ မင်းသားကန် စာမေးပွဲကို အောင်နိုင်ချေ အရမ်း နည်းတာကိုလည်း သိသားနဲ့။”

“အဲ့တာတွေက ပုံမှန် အခြေအနေမှာ ဖြစ်မှာ။”

“ကျွန်တော် နားမလည်ဘူး။ ဒါဆိုရင် မင်းသားကန်က ဘယ်လိုများ စာမေးပွဲကို ဝင်ဖြေမှာလဲ။”

“ဒါက ဖြေစရာ မလိုတဲ့ မေးခွန်းပါ။” ဖန်ကျန်းရှီ လက်ခါ ပြတယ်။ မိုးကောင်းကင်ကို မော့ကြည့်ရင်း ပြောတယ်။ “လူတစ်ယောက်ရဲ့ ကံတရားက ကိုယ့်ခြေထောက်နဲ့ ထိန်းချုပ်နိုင်တယ် ဆိုတဲ့ ဆိုရိုး စကား ရှိတယ် မဟုတ်လား။ ခြေတလှမ်း လှမ်းလိုက်တိုင်း ခြေထောက်အောက်က လမ်းကို ခံစားနိုင်တယ်။”

“လူတစ်ယောက်ရဲ့ ကံတရားက ကိုယ့်ခြေထောက်နဲ့ ထိန်းချုပ်နိုင်တယ်။” လင်းယွမ် သတိလွတ် သွားတဲ့ အတိုင်း ဒီစကားကို အထပ်ထပ် ရေရွတ် နေခဲ့တယ်။ စိတ်ရှုပ်နေတဲ့ သူ့မျက်ဝန်းတွေ တဖြည်းဖြည်း လင်းလက် လာခဲ့တယ်။ “ကျွန်တော် နားလည်ပြီ။ ဒီလို ဖြစ်မှတော့ မင်းသားကန် သိသင့်တဲ့ ကိစ္စ ပြောပါအုန်းမယ်။”

“ပြောပါ မင်းသားရှန်း။”

“နန်ကုန်း မိသားစုနဲ့ မင်းသားကန် ရင်းနှီးလား။”

“နန်ကုန်းဟောင်ကို ပြောတာလား။”

“ဟုတ်ပါတယ်။ မင်းသားကန် သိဖို့လိုတာ တစ်ခု ရှိပါတယ်။ နန်ကုန်းမိသားစု အိမ်တော်က ကြီးမြတ်သော ရှနိုင်ငံတော် ထဲမှာ ရှိနေပင်မယ့် သူတို့ကို နိုင်ငံ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ထိန်းချုပ်လို့ မရဘူး။”

“စည်းမျဉ်း စည်းကမ်းတွေနဲ့ ထိန်းချုပ်လို့ မရဘူး။” ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်တယ်။ ဒါကို ဖြစ်နိုင်တယ်လို့ တစ်ခါမှ မတွေး ဖူးဘူး။

“ဟုတ်ပါတယ်။ နန်ကုန်းမိသားစုရဲ့ သမိုင်းကြောင်းက ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ သမိုင်းထက်တောင် ပိုပြီးတော့ ရှည်လျား ခိုင်ခံ့ပါတယ်။ သတင်းကြားတာ နန်ကုန်းဟောင်က လွန်ခဲ့တဲ့ တစ်လမှ အဆင့်တက် သွားပါပြီ။ အကယ်၍ မင်းသားကန် ကောင်းကင်တာအို ခန်းမကို သွားမယ်ဆိုရင် နန်ကုန်းဟောင်နဲ့ ရန်သူ ဖြစ်တာထက် မိတ်ဆွေ ဖွဲ့တာ ပိုကောင်းလိမ့်မယ်။“

“မိတ်ဆွေလား။ နန်ကုန်းဟောင်နဲ့ ငါက ဘာပြဿနာမှ မဖြစ်ထား ဖူးပါဘူး။”

“ဒါက အပေါ်ယံပါပဲ။ ကြီးမြတ်သော ရှနိုင်ငံတော်မှာ ကျော်ကြားတဲ့ နိမိတ် စကားရှိတာ မင်းသားကန် ကြားဖူးမှာပါ။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကကို ထိတ်လန့် တုန်လှုပ်စေပြီး ကမ္ဘာမြေ အတွက် အေးချမ်းမှုကို ဆောင်ယူလာလိမ့်မည်။”

“ကြားဖူးတယ်လေ။”

“ဒီ ကောင်းကင်နိမိတ် စကားရဲ့ နောက်ကွယ်က စစ်မှန်တဲ့ အဓိပ္မာယ်ကိုကော မင်းသားကန် သိလား။”

“စစ်မှန်တဲ့ အဓိပ္မာယ်လား။”

“ဟုတ်တယ်။”

ဖန်ကျန်းရှီ ချက်ခြင်း ပြန်မဖြေဘူး။ သူ့ လက်က စားပွဲခုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားခဲ့တယ်။ အချိန် တချို့ ကြာပြီးတဲ့နောက် သူပြောတယ်။ “ငါသိရ သလောက်တော့ ကောင်းကင် နိမိတ်က ချီကူယန် တစ်ယောက်တည်းနဲ့ ဆိုင်သလိုပဲ။ မင်း ပြောချင်တာ နန်ကုန်းဟောင်နဲ့လည်း ဆိုင်နေတယ် လို့လား။”

“ဟုတ်ပါတယ်။” လင်းယွမ် လေးလေးနက်နက် ပြန်ဖြေတယ်။

အပိုင်း(၆၁၅)ပြီး၏။

အပိုင်း (၆၁၆)

“ကောင်းကင် နိမိတ်ကို နားလည်ခြင်း။”

ည အချိန်။

မြောက်ရွာက တဖြည်းဖြည်း အေးချမ်း တိတ်ဆိတ်နေတယ်။ ကြယ်တွေက ကောင်းကင်မှာ လင်းလက် တောက်ပနေတယ်။ လှပတဲ့ လရောင်က ညကောင်းကင်ကနေ ရွာကို ဖြာကျ နေခဲ့တယ်။ ဖန်ကျန်းရှီက အိမ်ခေါင်မိုးထပ်မှာ ကုလားထိုင် တစ်လုံးပေါ် မှီနေခဲ့တယ်။ မှိတ်တုတ် မှိတ်တုတ် လင်းနေတဲ့ ကြယ်တွေကို ကြည့်ရင်း အတွေးထဲ နစ်မျော နေတယ်။

လင်းယွမ်က အနားယူဖို့ သွားပြီ။ ဝူယွဲ့အာက သူ့ကို ဆက်ပြီးတော့ နှောက်ယှက် ချင်နေတုန်းပဲ။ ဒါပေမယ့် လင်းယွမ်ရဲ့ စကားတွေက ဖန်ကျန်းရှီရဲ့ နားထဲမှာ ပဲ့တင့် ထပ်နေတဲ့ အတွက် ဖန်ကျန်းရှီက သူမကို မောင်းထုတ်လိုက်တယ်။

“နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကကို ထိတ်လန့် တုန်လှုပ်စေပြီး ကမ္ဘာမြေ အတွက် အေးချမ်းမှုကို ဆောင်ယူလာလိမ့်မည်။”

“ဒါရဲ့ တကယ့် အဓိပ္မာယ် အစစ်။”

“နန်ကုန်းဟောင်နဲ့ ပတ်သက်နေတယ်။”

နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ဆိုတဲ့ စကားလုံးက ဖန်ကျန်းရှီနဲ့ မစိမ်းဘူး။ ချီကူယန်ရဲ့ နာမည်က လွန်ခဲ့တဲ့ နှစ်တွေမှာ ပုန်းကွယ်နေသော နဂါး အဆင့် တစ်ကနေ နိုးထ နဂါး အဆင့်ကို ရောက်သွားခဲ့ပြီ။ ကြီးမြတ်သောရှမှာ ကောလဟာလတွေက အမြဲတမ်း ပျံ့ နေခဲ့တာ။

ဧကရာဇ် လင်းမုပိုင်က ကောင်းကင်နိမိတ် ပြတဲ့ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ပေါ်လာခဲ့ရင် ကောင်းကင် စစ်သေနာပတိ အဖြစ် ခန့်အပ်မယ်လို့ ပြောထားတယ်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် ပြောတာကို ဘယ်သူမှ နားမလည် ခဲ့ဘူး။

ဒီကိစ္စတွေကို ဖန်ကျန်းရှီ သိခဲ့တာ ကြာလှပြီ။ ဒါပေမယ့် ဒီကိစ္စမှာ လွဲနေတာကို သူ နားမလည်ခဲ့ဘူး။

ဧကရာဇ် လင်းမုပိုင်က အသက် ၁၈ နှစ်တောင် မပြည့်သေးတဲ့ လူတစ်ယောက်ကို မြင့်မြတ်တဲ့ ကောင်းကင် စစ်တပ် စစ်သေနာပတိ ရာထူး ပေးဖို့ ဘာကြောင့်များ ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာလဲ။ ထူးဆန်းတဲ့ ကောင်းကင် နိမိတ် စကား တစ်ခုကိုပဲ နားထောင် ပြီးတော့လား။

ပြန်တွေးလိုက်ရင်၊ ဖန်ကျန်းရှီက အရင် အတွေးတွေမှာ ကံကြမ္မာ တစ်ခုတည်း ကိုပဲ ယုံကြည်ခဲ့တာ။ ဧကရာဇ် လင်းမုပိုင်ကတော့ ကောင်းကင် နိမိတ်ရဲ့ အမှန်တရားကို ယုံကြည်တယ်။

ဒါပေမယ့် လင်းယွမ် စောစောတုန်းက သူ့ကို ပြောလိုက်တဲ့ ကိစ္စက နားလည် သဘောပေါက်မှုကို လုံး၀ ပြောင်းလဲ သွားစေတယ်။

“မင်းသားကန် ရိုးရိုးသားသား ပြောရရင် နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကကို ထိတ်လန့် တုန်လှုပ်စေပြီး ကမ္ဘာမြေ အတွက် အေးချမ်းမှုကို ဆောင်ယူလာလိမ့်မယ် ဆိုတဲ့ စကားမှာ၊ အေးချမ်းမှု ဆိုတာက အရာ အားလုံးရဲ့ အေးချမ်းမှုပဲ။”

“ငြိမ်းချမ်းရေးလား။”

“ဟုတ်ပါတယ်။ တစ်လောကလုံးရဲ့ ငြိမ်းချမ်းရေး။”

ဖန်ကျန်းရှီရဲ့ မျက်ခွံတွေ တဖြည်းဖြည်း လေးလံ လာတယ်။ ခန္ဒာကိုယ်ကို ဖြည်းဖြည်းချင်း ရွေ့လျားရင်း ခေါင်းကို ကုလားထိုင် နောက်မှာ မှီလိုက်တယ်။

ငြိမ်းချမ်းရေး။ ဒီ စကားလုံးမှာ အဓိပ္မာယ်တွေ အများကြီး ပါတယ်။ ငြိမ်သက်၊ တည်ငြိမ်၊ ခြိမ်းခြောက်မှု မရှိ၊ အားလုံးက ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးထဲ ပါတယ်။ နိုင်ငံတော် တည်ငြိမ် အေးချမ်းပြီးတော့ အလုပ် အကိုင် ကောင်းတာရောပေါ့။

သက်တောင့် သက်တာ နေရတာလည်း ငြိမ်းချမ်းရေးပဲ။ လင်းယွမ်က ကောင်းကင် နိမိတ်ရဲ့ အနှစ်သာရကို ပြောခဲ့တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆိုတာကိုတော့ အတိအကျ မပြောခဲ့ဘူး။ ဒါကြောင့် ခန့်မှန်း ရတာ ခက်ခဲတယ်။

ကြီးမြတ်သော ရှနိုင်ငံတော် အတွက်တော့ ငြိမ်းချမ်းရေးဆိုတာ တည်တံ့ ခိုင်မြဲမှုကို ဆိုလိုတာ ဖြစ်လိမ့်မယ်။ ဧကရာဇ် လင်းမုပိုင်က ကောင်းကင် စစ်တပ် စစ်သေနာပတိ နေရာကို နှစ်ထပ်ကွမ်း နဂါး ချန်ပီယံဆီ ပေးဖို့ ဆုံးဖြတ် လိုက်ပြီ။ ဒါက နိုင်ငံတော်ကို တည်တံ့ ခိုင်မြဲ စေဖို့ပဲ။

ခန့်မှန်းချက် သက်သက်ဆိုတော့ ဘယ်သူမှ နောက်ကွယ်က စစ်မှန်တဲ့ အဓိပ္မာယ်ကို မသိကြဘူး။ နန်ကုန်း မိသားစုနဲ့ နန်ကုန်းဟောင်ကတော့ လင်းယွမ် ပြောသွားတဲ့ ကံတရား ဆိုတာနဲ့ သက်ဆိုင် နေတယ်။ နန်ကုန်း မိသားစုရဲ့ ကံတရားက ကောင်းကင် နိမိတ်နဲ့ ချည်နှောင်ထားတယ်။

တိုက်ရိုက် ပြောရရင် နန်ကုန်း မိသားစုတွေက ကောင်းကင် နိမိတ်ကို ကောင်းကောင်း နားလည်တဲ့ သူတွေပဲ။ ဒါတွေက သူ မျှော်လင့် ထားနိုင်တာထက် အများကြီး ကျော်လွန်နေတယ်။ ကောင်းကင် တာအို ခန်းမကပဲ ဒါတွေကို ရှင်းပြနိုင်မယ်။

ဘာဖြစ်လို့ နန်ကုန်း မိသားစုတွေ ဖြစ်ရမှာလဲ။ ဘာကြောင့်ဘဲ။ အဓိပ္မာယ် မရှိလိုက်တာ။

နောက်ပြီးတော့ ဘာဖြစ်လို့ နန်ကုန်း မိသားစုတွေပဲ ကောင်းကင် နိမိတ်ကို ရှင်းပြဖို့ အခွင့် အာဏာ ရှိတာလဲ။

ကြီးမြတ်သောရှ အပြင် တခြား နိုင်ငံတော်ကြီးတွေလည်း ရှိသေးတယ်လေ။ သီးခြား မြင့်မြတ်နိုင်ငံ။ မင်ယွဲ့နိုင်ငံ၊ ဝူကျီ နိုင်ငံတော်တွေလို ကြီးမြတ်သော ရှမင်းဆက်တောင် မယှဉ်နိုင်တဲ့ နိုင်ငံတွေ ရှိသေးတယ်။

ကောင်းကင် နိမိတ်မှာ ပါတဲ့ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ဆိုတာက ကြီးမြတ်သော ရှမင်းဆက် တစ်ခုမှာပဲ ရှိတာ။ ဖန်ကျန်းရှီ တွေးရင်းနဲ့ စိတ်ရှုပ်ထွေး လာတယ်။ ဒါပေမယ့် သိပ်မကြာဘူး။ ဖြစ်နိုင်ချေ တစ်ခုကို သူတွေးလိုက် မိတယ်။ ကောင်းကင် နိမိတ်က ကြီးမြတ်သော ရှမင်းဆက် တစ်ခုမှာပဲ ပျံ့နေတာ ဖြစ်ရမယ်။

ဒါပေမယ့် လင်းယွမ်က ကောင်းကင် နိမိတ်ကို ကောင်းကင် တာအို ခန်းမ လူရွေးပွဲ နေ့မှာ ဖြေရှင်းမယ်တဲ့။ ခန်းမ ခေါင်းဆောင်က ကောင်းကင် နိမိတ် အရ (ရွေးချယ် ခံရသူ) ပေါ်လာတာနဲ့ လိုအပ်တာတွေကို ကိုယ်တိုင် သင်ကြား ပေးမယ်လို့ ကတိ ခံထားတယ်။

ကြားရတာတော့ ကိစ္စကြီးပဲ။ ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမ အကြောင်းကို သိပ် မသိဘူး။ ဒါပေမယ့် လင်းယွမ်လော့ကနေ လမင်းကို မော့ကြည့်တဲ့ အချိန်မှာ သူ နားလည်သွား ခဲ့တယ်။ လင်းယွမ်လော့နဲ့ ကောင်းကင် တာအို ခန်းမ နှစ်ခုလုံးက နိုင်ငံတော်ကို လွှမ်းမိုးမှု ကြီးမားတယ်။ ဒါဆိုရင် မေးစရာ ရှိတာက။

ဒီလောက် အင်အားတွေ ကြီးနေ ရဲ့သားနဲ့ နန်ကုန်း မိသားစုကို ဘာဖြစ်လို့ ယုံနေ ရတာလဲ။ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင်ကတောင် နည်းနည်းလေးမှ သံသယ မဝင်ဘူးလား။ ဖန်ကျန်းရှီရဲ့ လက်ချောင်းတွေက ထိုင်ခုံကို အဆက် မပြတ် ခေါက်နေခဲ့တယ်။ တိတ်ဆိတ်တဲ့ ညမှာ စည်းချက်မှန်တဲ့ သံစဉ်က ခပ်တိုးတိုး ထွက်ပေါ်နေတယ်။

ဒီအချိန်မှာပဲ (ဒင်း) ဆိုတဲ့ ကျယ်လောင်တဲ့ အသံကြီးက လေထဲမှာ ရုတ်တရက် ထွက်ပေါ် လာခဲ့တယ်။ တူရိယာ တစ်ခု ကြိုးညှိတဲ အသံပဲ။ တစ်ခဏတာ အချိန်တွင်း မှာပဲ သာယာတဲ့ တေးသွားက လေထဲမှာ ပျံ့နေခဲ့တယ်။ တလောကလုံးကို ဒီတေးသွားက လွှမ်းခြုံ ထားသလိုပဲ။

တေးသွား တဖြည်းဖြည်း နှေးသွားတဲ့ အချိန်မှာ မြစ်တစ်စင်း စီးဆင်းသံလို အသံမျိုး ထွက်လာခဲ့တယ်။ မြောက်ရွာ ရှေ့မှာ စီးဆင်းနေတဲ့ မြစ်ငယ်လေး လိုပဲ။ အရှိန်က မြန်လာလေလေ တောင်တလုံးလို ဖိအား များလာလေပဲ။ တေးသွား အသံက အရမ်းကို နားဝင်ချိုတယ်။

နောက်ဆုံးတော့ ဖန်ကျန်းရှီ ကောင်းကင်ကို မော့ကြည့်ရင်း ကုလားထိုင် ပေါ်ကနေ ထလိုက်တယ်။ ကောင်းကင် ကြယ်တွေကို သူ မော့ကြည့်တယ်။

မြောက်ရွာက မြို့တော်နဲ့ မတူဘူး။ ဘယ်သူမှ ကောင်းကောင်း မတီးခတ် တတ်ကြဘူး။ သူတို့ လုပ်တတ်တာ ဝါချည် ယက်တတ်တာ လောက်ပဲ။ ဒါပေါ့။ မြောက်ရွာမှာ နယ်ခံတွေ အပြင် တော်ဝင် အစောင့်တွေလည်း ရောက်နေပင်မယ့် သူတို့လည်း တီးခတ် တတ်မယ့် ပုံ မပေါ်ဘူး။

သူတို့ အပြင် ဝူယွဲ့အာနဲ့ လင်းယွမ်လည်း ရှိသေးတယ်။

ဝူယွဲ့အာရဲ့ တေးဂီတ စွမ်းရည်ကို ပြောမယ်ဆိုရင်။ တစ်ခွန်းပဲ ပြောစရာ ရှိတယ်။ ကြောက်စရာကြီး။ (နားဝင်ဆိုး လွန်းတယ်။)

အရိပ် မျိုးနွယ် ခေါင်းဆောင် အနေနဲ့ သူမရဲ့ ကြောက်စရာ အရည်အချင်း မပြောပြ နိုင်အောင်ပဲ။ အဆိုးဆုံး ကတော့ သူ့ အရည်အချင်းတွေကို မရှက်ပဲ ဂုဏ်ယူ နေတာပဲ။

သူမ ပြောခဲ့တယ်။ “ငါ့ရဲ့ ရည်ရွယ်ချက်က ငွေ ငွေ ငွေ ရဖို့ပဲ။ ငွေသာရှိရင် ငါ့အတွက် တီးခတ် ပေးမယ့်သူ ဆိုတာ ရှာဖို့ မခက်ဘူး။”

ဖန်ကျန်းရှီ တွေးမိတယ်။ ဝူယွဲ့အာရဲ့ သေးသွယ် နူးညံ့တဲ့ တွေက သုံးစားလို့ မရဘူးလို့။ ဒါကြောင့် ဂီတ ပါရမီ ပါတဲ့ လူတွေ အားလုံးကို တနေရာ တည်းမှာ စုဝေးစေလိုက်တယ်။ ကြယ်ခုနှစ်လုံးလမ်း ပေါ်လာတဲ့ အထိပဲ။ ရန်မြို့တော်မှာ အလှဆုံး နေရာ ဖြစ်လာခဲ့တယ်။ တစ်နှစ်ကျော် အချိန် အတွင်းမှာပဲ ဒီကြယ်ခုနှစ်လုံး လမ်းကို ဝူယွဲ့အာ အများကြီး အားထုတ် ပေးခဲ့တယ်။

“လင်းယွမ် တီးခတ် နေတာလား။”

ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ ဒီနေ့ည လင်းယွမ် သောက်ထားတာ မနည်းဘူး။ လင်းယွမ်က ဂီတ ပါရမီ ရှိတာ သူသိတယ်။ နောက်ပြီးတော့ မြင်းတွေကို ထိန်းတဲ့ ပါရမီရှင်။ ပိုပြီးတော့ အရေးကြီးတာ လင်းယွမ်က ဖန်ကျန်းရှီ အနီးနားက နေရာမှာ နေနေတာပဲ။ ဒါပေမယ့် တေးသွားက အဝေးကနေ လာနေတာ။ ရွာအပြင် ဒါမှမဟုတ် ဒီ့ထက် ဝေးတဲ့ နေရာပဲ။

ဒီတော့ တော်ဝင် အစောင့်တွေကော လင်းယွမ်ကော ဝူယွဲ့အာပါ မဖြစ်နိုင်ဘူး။

ဒါဆိုရင် ဘယ်သူ ရှိသေးလဲ။

ဖန်ကျန်းရှီ ပုခုံး တွန့်လိုက်တယ်။ သူလည်း အမြဲတမ်း သူ့အတွက် အကျိုးရှိတဲ့ ကိစ္စပဲ ဦးစားပေး လုပ်တာ။ ဒါပေမယ့် သူလည်း ဝူယွဲ့အာနဲ့ အတွေး အတူတူပဲ။ ပိုက်ဆံ ရှိရင် အကုန် လုပ်လို့ရတယ်။

တူရိယာ တီးခတ်တာကို သူလည်း နားမလည်ဘူး။ ဒီလို တီးခတ်တာ တော်တဲ့ သူတွေကိုတော့ သူ သဘောကျတယ်။ နောက်ပြီးတော့ အခု ကြားနေရတဲ့ သံစဉ်က အတော့်ကို ကောင်းတယ်။ ပိုပြီးတော့ ခက်တာက ဘယ်သူ တီးနေမှန်းကို မသိတာပဲ။ ဖန်ကျန်းရှီက သူ့ဘာသူ ကောင်းကောင်း နားထောင် တတ်ပေမယ့် ဘယ်သူတီး နေမှန်း မခွဲခြား တတ်ဘူး။ တော့်တော့်ကို နားဝင်ချိုတဲ့ လက်သံ မှန်းတော့ သိတယ်။

“ဒါက လောကရဲ့ ထိပ်တန်း အရည် အသွေးလား။” ဖန်ကျန်းရှီ အရင် နှစ်တွေက ဂီတ ပညာရှင် တစ်ယောက်ကို တွေးမိတော့ မျက်လုံးတွေ အရောင် တောက်လာတယ်။

စွမ်းရည် မြင့်မားတဲ့ လူတစ်ယောက်က ပြဿနာနဲ့ ကြုံရတဲ့ အချိန် ရုတ်တရက် ပေါ်လာပြီး ကယ်တင်တဲ့ သူရဲကောင်း တစ်ယောက် ရှိတတ်တယ်။

ဖန်ကျန်းရှီလည်း အခုချိန်မှာ ဒီလို အခြေအနေကို ရောက်နေ သလိုပဲ။

ပထမဆုံး သူက စွမ်းရည်မြင့်မားတဲ့ လူတစ်ယောက်။ ဒုတိယက အန္တရာယ်နဲ့ ကြုံ ရပြီးတော့ အသက်ရှင်ချိန် နှစ်ဝက်ပဲ ကျန်တော့တယ်။ တတိယ တစ်ခုကတော့ အခုချိန်မှာ အရမ်း စိတ်ရှုပ် နေတာပဲ။

သဘာဝလွန် အဆင့်ကနေ အခုချိန်ထိ မထိုးဖောက် နိုင်သေးဘူး။ ခက်ခဲလွန်း နေတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင်၊ မြောက်ရွာကနေ ရန်မြို့တော်၊ ရန်မြို့တော်ကနေ ကောင်းကင် တာအို ခန်းမဆီကို သွားဖို့ အချိန်က တစ်လ ကျော်ပဲ ကျန်တော့တယ်။ အချိန် နှစ်ဝက်က ခဏလေးနဲ့ ကုန်ဆုံးသွားမှာ။

လွန်ခဲ့တဲ့ တစ်လ တုန်းကလည်း အချိန်တွေက ခပ်မြန်မြန် ကုန်သွားခဲ့တာပဲ။ ရန်မြို့တော်ကနေ ပြန်လာတာ တစ်လ ရှိနေပြီ။ အခုချိန်ထိ အဆင့်တက်မယ့် အရိပ်အယောင် မရှိသေးဘူး။

ပြန်လည် မွေးဖွားမှု အဆင့်။ ပြန်လည် မွေးဖွားဖို့ ဘာ လုပ်ရမှာလဲ။ သုခမိန် အဆင့်ကို ဘယ်လို ရောက်အောင် လုပ်ရမလဲ။

ဖန်ကျန်းရှီက အဆင့်တက်ချင်စိတ် အမြဲတမ်း ရှိခဲ့တယ်။ အဆင့်တက်တဲ့ အချိန် အကူအညီ လေးများ ရမလားလို့ ဖြစ်နိုင်ချေတွေ အများကြီးတွေကိုလည်း တွေးဖူးတယ်။ ဥပမာ ချောက်ထဲကျတာတို့။ တောင်အောက်ကနေ ရတနာသိုက် ရှာတွေ့တာတို့ ဖြစ်လာစေဖို့ပေါ့။

နတ်တစ်ပါးက ချန်ခဲ့တဲ့ ရတနာတွေ အမွေ အနှစ်တွေလည်း ရချင်တယ်။ ဘယ်နေရာပဲ သွားသွား။ “မင်းကို စောင့်နေတာ ကြာလှပြီ။ မင်းက င့ါ အမွေကို ဆက်ခံရမယ့် သူပဲလို့” အပြော ခံချင်တာ။ ဒါဆိုရင် ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်မလဲ။

ဒီ နည်းလမ်းတွေကို ဖန်တရာ တေနေတယ်လို့ ဖန်ကျန်းရှီ ဘယ်တော့မှ မတွေးခဲ့ဘူး။ အခုချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် အဆင့်တက်ဖို့ လိုနေပြီ။ ဒါပေမယ့် ရတနာတွေလည်း မတွေ့ဘူး။ ချောက်ထဲလည်း မျက်ဘူး။ နတ်နဲ့လည်း မတွေ့ဘူး။ မြောက်ရွာမှာ ဒီအတိုင်း နေနေပင်မယ့် ဘာမှလည်း ဖြစ်မလာဘူး။

ဒီနေရာကို သူ အရမ်း ကျွမ်းနေလို့လည်း ဖြစ်နိုင်တယ်။ ဒီနေရာမှာ ငယ်ငယ်တည်းက နေလာတော့ ကန်လင်းတောင် တစ်ခုလုံးကို မျက်လုံး မှိတ်ပြီးတော့တောင် သွားလို့ရတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်တည်းက ဘယ်နေရာမှာ ဘာရှိလဲ အကုန် သိနေတာ။

ထွက်ပြေးရမလား။

မြောက်ရွာကနေ ထွက်ပြေးပြီး တောင်ဘက်သွားရမလား။ ဒါမှမဟုတ် သဲကန္တာရကို သွားပြီးတော့ ဘဝသစ် စရမလား။

ဖန်ကျန်းရှီ အရင်က အများကြီး တွေးဖူးပေမယ့် ဖြစ်နိုင်ချေ နည်းတာကို သူသိတယ်။ သူစဉ်းစားတဲ့ အခြေအနေ မျိုးတွေက အရင် ဘိုးဘေးတွေမှာ ဖြစ်ဖူးပေမယ့် သူ့အတွက်တော့ ခက်နေတယ်။

တစ်ယောက်တည်း ဘယ်လို လုပ်ရမလဲ။ နောက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေက ကတိကို တည်ဖို့ အတွက် ကောင်းကင် တာအို ခန်းမကိုလည်း သွားရအုန်းမယ်။

“ဒင်။” တေးသွား ရပ်တန့်သွားပြီ။

ညတစ်ခုလုံး တိတ်ဆိတ် သွားပြန်တယ်။ ဖန်ကျန်းရှီ မျက်မှောင် ကြုတ်နေတယ်။ ကယ်တင်ရှင် ပေါ်လာပြီးတော့ သူ့ကို အကြံပေးမယ်လို့ သူ မမျှော်လင့်ထားပေမယ့်။ တေးသွား ရပ်တန့်သွားတော့ စိတ်လည်း ပျက်သွားခဲ့တယ်။ နည်းနည်းလေးတောင် မျှော်လင့်ချက် မရှိတော့ဘူးလား။

“ဒင်။” ဖန်ကျန်းရှီ စိတ်ပျက် လက်ပျက် ဖြစ်နေတဲ့ အချိန် တေးသွားက နောက်တစ်ခေါက် ပေါ်လာပြန်တယ်။ ဒီတစ်ခေါက် တေးသွားက မိုးပေါက်တွေ ကျဆင်းနေတဲ့ အသံနဲ့ တူတယ်။ စိတ်ဝိဉာဉ်ကို ထိပါး နေသလိုပဲ။ မိုးရေစက်တွေက သူ့ အကျီနဲ့ မျက်နှာတွေကို စိုစွတ် လာစေတယ်။

“ကယ်တင်ရှင်လား။” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောတယ်။ မျက်လုံးတွေ တလက်လက် တောက်ပလာရင်း အော်ဟစ်တယ်။ “မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါ ဂရု မစိုက်ဘူး။ မင်းက မကောင်းဆိုးဝါး ဆိုရင် ကိုယ်ထင်ပြလှည့်။”

“ရွှီး”

အသံ တစ်သံ ပေါ်လာတယ်။ ဒုတိယ ထပ် လေသာဆောင်မှာ ရပ်နေတဲ့ ဖန်ကျန်းရှီ ချက်ခြင်း နေရာကနေ ပျောက်ကွယ် သွားတယ်။ အိမ်ခေါင်မိုးပေါ်ကို ချက်ခြင်း ရောက်သွား ခဲ့တယ်။

“ရွှီး။”

နောက်ထပ် အသံ ခပ်တိုးတိုး တစ်ခု ပေါ်လာပြန်တယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်ကို လရောင်က ဖြာကျနေတယ်။ ဖန်ကျန်းရှီက အရမ်းကို မြန်ဆန်တယ်။ သူ့ အိမ်ကနေ မြောက်ရွာ အပြင်ကို ရောက်ဖို့ အချိန် သိပ်မကုန်ဘူး။ ရွာအပြင်ကို ခြေမချခင် ပတ်ဝန်းကျင်ကို အရင်ဆုံး လှည့်ပတ် ကြည့်တယ်။

ဖန်ကျန်းရှီ စတင်ပြီး လှုပ်ရှား တော့တယ်။ ဒီတစ်ခေါက်တော့ တေးဂီတသံ လာတဲ့ နေရာကို သူရှာတွေ့ပြီ။ အနီးနားမှာပဲ။

“မင်းက လူသား အစစ်ဆိုရင် ငါ ပထမဆုံး ဘယ်လို ပြောရမလဲ။ အရူးတစ်ယောက်လို နေရမလား။ ဒါမှမဟုတ် နှာဘူးကျတဲ့ လူရှုပ်လူပွေ တစ်ယောက်လို နေရမလား။” ဖန်ကျန်းရှီ လမ်းလျှောက်ရင်းနဲ့ တွေးတော နေခဲ့တယ်။

ဒါက တကယ့်ကို ခက်ခဲတယ်။

ဒီလူရဲ့ အသက်၊ လိင်၊ ပုံစံကို ဘာမှမသိဘူး။ ဒီ အခြေအနေနဲ့ လိုက်လျော ညီထွေအောင် နှုတ်ဆက်ဖို့က တကယ့်ကို ခက်ခဲတယ်။

အပိုင်း(၆၁၆) ပြီး၏။

အပိုင်း (၆၁၇)

“စိတ်သက်သာ ရပြီ။ ပြဿနာ မရှိတော့ဘူး။”

နီးကပ်နေပြီ။ သီချင်းသံက ပိုပြီးတော့ ရှင်းလင်း ပြတ်သားလာတယ်။ ဒီ ပါရမီရှင်နဲ့ အတော့်ကို နီးနေပြီ ဆိုတာ ဖန်ကျန်းရှီ ပြောနိုင်တယ်။ တေးသွား အသံက အရမ်းကို နားဝင်ချို လွန်းတယ်။

ဒီပါရမီရှင်ရဲ့ လက်သံကို ဘာဖြစ်လို့ ရင်းနှီး နေတာလဲ။ ဖန်ကျန်းရှီ နောက်ထပ် ဆက်သွားတယ်။ ရင်းနှီးတဲ့ အငွေ့အသက်က ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။

နေစမ်းပါအုန်း။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင်သွားတယ်။ နောက်ထပ် ရှေ့ဆက် မသွားတော့ဘူး။ သူ့ရှေ့မှာ လူတစ်ယောက်ကို ခပ်ရေးရေး မြင်လိုက်ရတယ်။ အခုချိန်မှာ သီချင်းသံကို အသေးစိတ် ကြားနေရပြီ။

ဖန်ကျန်းရှီ သေချာ သွားတာက အကယ်၍ သူသာ နောက်ထပ် ခြေလှမ်း များများ ဆက်လျှောက် လိုက်ရင် တကိုယ်လုံးကို မြင်ရလိမ့်မယ်။ ဒါပေမယ့် သူနောက်ထပ် မသွားတော့ဘူး။ ချက်ခြင်း နောက်ပြန် လှည့်ပြီးတော့ မြောက်ရွာကို ပြန်တော့တယ်။

“နင် ဘာဖြစ်လို့ ဒီလောက်တောင် အလျင် လိုနေတာလဲ။ ဒီကိုတောင် ရောက်လာပြီကို။” အသံ တစ်သံ သူ့နောက်က ပေါ်လာခဲ့တယ်။ အတော့်ကို နားဝင်ချိတဲ့ အသံပဲ။ ရေစီးသံလို ချောမွေ့ သာယာလှတယ်။

ဖန်ကျန်းရှီ ရပ်တန့် သွားပြန်တယ်။ သူ တွေေ၀ နေခဲ့တယ်။ အမှန် တရားကတော့ ဒီတီးခတ် နေသူကို မှတ်မိသွားလို့ပဲ။ ဒါကြောင့် သူတွေေ၀ နေခဲ့တာ။

ယွင်ချင်းဝူ။

ကြီးမြတ်သော ရှနိုင်ငံတော်မှာ လူတွေ အများကြီး လိုချင်တဲ့သူ။ ဖန်ကျန်းရှီနဲ့ ပဋိပက္ခ ဖြစ်ခဲ့တာလည်း မရှိသလို သူမက သူ့ သူငယ်ချင်းလည်း မဟုတ်ဘူး။ ယွင်ချင်းဝူကို ပထမဆုံး အကြိမ် မြင်ခဲ့တုန်းက သူ့နှလုံးသားက အေးချမ်း နေခဲ့တယ်။

မြောက်ရွာကနေ ပထမဆုံး ထွက်လာခဲ့တဲ့ အချိန် ပန်းပေါင်းစုံ စုဝေးပွဲမှာ သူမ နဲ့ စတွေ့ခဲ့တယ်။ ယွင်ချင်းဝူကို ဒုတိယ တစ်ကြိမ် တွေ့တုန်းကလည်း အတူတူပဲ။ ယွင်ချင်းဝူရဲ့ နယ်မြေထဲ ရောက်နေတာတောင် သူ့မှာ ယုံကြည်ချက် ရှိခဲ့တယ်။ ဒီလောက် ယုံကြည်ချက်နဲ့ ဆိုရင် မဖြစ်နိုင်တာ ဘာမှ မရှိဘူး။

ဒုတိယ တစ်ခေါက် တွေ့တဲ့ အချိန် ယွင်ချင်းဝူကို စိန်ခေါ်ခဲ့တယ်။ သူမရဲ့ မျက်နှာဖုံးကို ဖယ်ပြီးတော့ မျက်နှာကို ကြည့်ခဲ့တယ်။ သူမကို မကြောက်ဘူး ဆိုတာ ကြမ်းကြမ်းတမ်းတမ်း ပုံစံ လုပ်ပြခဲ့တယ်။ တတိယ တစ်ကြိမ်မှာတော့ သူ မအေးချမ်း နိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူမ နောက်မှာ လူတွေ အများကြီး ရှိနေလို့ပဲ။ သဘာဝလွန် အဆင့်၊ ပြန်လည် မွေးဖွားမှု အဆင့် စစ်သည်တော်တွေ နဲ့ တခြား စစ်သည်တော် အများကြီး။ အားလုံးက သူမကို အရမ်း လေးစားကြတယ်။ ဒါ့အပြင် လှံကိုင် နတ်ဆိုး စစ်သည်တော်တွေ အများကြီးလည်း ရှိနေသေးတယ်။

ယွင်ချင်းဝူနဲ့ လေးခေါက်မြောက် တွေ့တဲ့ အချိန်မှာ ဖန်ကျန်းရှီ သေဖို့ နည်းးနည်းပဲ လိုတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ချန့်ယန်းလို့ ခေါ်တဲ့ မျက်မမြင်ကြီးက သူမ နောက်မှာ ရှိနေလို့ပဲ။ ဒီ တိုက်ပွဲမှာ ဘယ်လို အသက်ရှင် ခဲ့မှန်း သူပြန်တွေးလို့ ရနေသေးတယ်။

တကယ်တော့ အရင် တစ်လ ရန်မြို့တော် တိုက်ပွဲမှာ ယွင်ချင်းဝူနဲ့ တွေ့ဖို့ အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူတို့ မတွေ့ခဲ့ကြဘူး။ ဒါကြောင့် အခု တစ်ခေါက် တွေ့တာက ငါးကြိမ်မြောက် တွေ့ဆုံခြင်းပဲ။

ဖန်ကျန်းရှီ မြောက်ရွာကနေ ထွက်သွားဖို့ စိတ်ကူး လုံး၀ မရှိဘူး။ ဒါပေမယ့် ငါးကြိမ်မြောက်လည်း မတွေ့ချင်ဘူး။ ဒီတစ်ခေါက် ယွင်ချင်းဝူ နောက်မှာ ဘယ်သူ ထပ်ရောက် နေမယ်မှန်း မသိနိုင်ဘူး။ ဒါပေမယ့် အခုချိန်မျာ ဘယ်သူ့ကိုမှ သူ မခံစား မိဘူး။

ယွင်ချင်းဝူက မြောက်ရွာမှာ တစ်ယောက်တည်းတော့ ပေါ်လာမှာ မဟုတ်ဘူး။ သွေး အရိပ် မြို့တော်မှာ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် ၁၀ ယောက် ရှိသေးတယ်လေ။

“မြောက်ရွာမှာ မင်း စိတ်ကူးရှိလို့ ပေါ်လာတာလဲ။ ဒါမှမဟုတ် မင်းမှာ ဘာအစီအစဉ် ရှိတာပဲ ဖြစ်ဖြစ်။ အခုချိန်က ညနက်လွန်း နေပြီလို့ မထင် ဘူးလား။” ဖန်ကျန်းရှီ နောက်ဆုံးတော့ စကား ပြန်ပြောပြီ။

“နောက်တစ်နေ့မှ ပြန်လာမယ် ဆိုရင်ကော ဘယ်လိုထင်လဲ။” ယွင်ချင်းဝူ ပြောတယ်။ သူမရဲ့ အသံက အရမ်းကို အေးချမ်း တည်ငြိမ် နေခဲ့တယ်။

“ငါက မကြာခင် သေတော့မယ်။ ဒါကြောင့် မြောက်ရွာကို သုံးပြီးတော့ ငါ့ကို ခြိမ်းခြောက် ချင်ရင်တော့ မင်း နည်းနည်း စောစော လာသင့်တယ်။” ဖန်ကျန်းရှီ ပြန်ရှင်းပြတယ်။

“နင့်ကို တိုက်ခိုက်ဖို့ မြောက်ရွာကို သုံးဖို့ ငါလိုတယ် ထင်နေတာလား။” ယွင်ချင်းဝူ မေးတယ်။

သူမက အမြဲတမ်း အေးဆေး တည်ငြိမ်ပြီးတော့ အဆင့် အတန်း မြင့်တဲ့ သူတစ်ယောက်လိုပဲ။ ဖန်ကျန်းရှီ အထင်လွဲ နေတာကို အာရုံ မစိုက်ဘူး။

ဟန်ဆောင် ကောင်းလွန်းတယ်။

ဖန်ကျန်းရှီက သက်ပြင်းချလိုက်တယ်။ ဒါပေါ့။ သူမရဲ့ မူလ စရိုက်ကိုက ဒီလို ပုံစံ ဖြစ်လိမ့်မယ်။ နောက်ဆုံးတော့လည်း သူမရဲ့ မြင့်မားတဲ့ အဆင့် အတန်းအရ ဒီလို အမြဲတမ်း တည်ငြိမ် အေးဆေးတဲ့ ပုံစံ ဟန်ဆောင် နေရတာ။ ဖန်ကျန်းရှီက သူမရဲ့ ဟန်ဆောင် မျက်နှာဖုံးကို မမုန်းတီး ပါဘူး။ သူမ ဟန်ဆောင်နေတဲ့ ပုံ စံကို လေးတောင် လေးစားသေးတယ်။

အမျိုးသမီး တစ်ယောက်က သူမရဲ့ ဆွဲဆောင်မှုတွေကို ဟန်ဆောင် ဖန်တီး တတ်တယ်။ လောကမှာ အမျိုးသမီး တစ်ယောက်က ဟန်မဆောင်ပဲ သူ့ရဲ့ ပြဿနာတွေ အားလုံးနဲ့ စိတ်ညစ် သမျှ အားလုံးကို ထုတ်ပြနေရင်၊ စိတ်ကူးယဉ် ဆန်တာတွေ စိတ်လှုပ်ရှားမှုတွေ ဘယ်မှာ ရှိနိုင်တော့မလဲ။ ရိုးရိုးရှင်းရှင်း ပြောရရင်၊ အမျိုး သမီး တစ်ယောက်က ထာဝရ ဟန်ဆောင်ဖို့ ဆုံးဖြတ် လိုက်ရင် ဒါကို ဟန်ဆောင် မျက်နှာဖုံးလို့ သတ်မှတ်လို့ မရတော့ဘူး။ ဒီပုံစံကို သူမ တကယ်ပဲ ပိုင်ဆိုင် သွားပြီ။

သိသိသာသာပဲ ယွင်ချင်းဝူက ဒီလို အမျိုးသမီး။

ဖန်ကျန်းရှီ နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။ အပြုံး တစ်ခု ပေါ်လာတယ်။ ယွင်ချင်းဝူနဲ့ ပထမဆုံး တွေ့ခဲ့တဲ့ အချိန်ကလို အမူအယာမျိုးကို လုပ်ပြတယ်။

အောင်နိုင်သူ တစ်ယောက် ပုံစံလိုပဲ။ နောက်ပြီးတော့ စွမ်းအားကြီးသူ တစ်ယောက် ပုံစံ။ သူတို့ ပထမဆုံး စတွေ့တဲ့ အချိန် ဖန်ကျန်းရှီက သူမရဲ့ မျက်နှာကာကို စွဲချွတ်ခဲ့တဲ့ အချိန်တည်းက သူမရဲ့ အစီအစဉ်တွေကို ဖြည်းဖြည်းချင်း ဖျက်ဆီး နေခဲ့တယ်။

အံ့သြ စရာ ကောင်းလွန်းတယ်။ ယွင်ချင်းဝူက အမြဲတမ်း ခမ်းနား ထည်ဝါတယ်။ သူမ ခန္ဒာကိုယ်ကနေ လွှမ်းမိုးမှု ကြီးမားတဲ့ အငွေ့အသက်တွေ အမြဲတမ်း ထွက်ပေါ်နေတယ်။ နှင်းဖြူဖြူတွေ ဖုံးနေတဲ့ နှင်းဖုံး တောင်တန်းကြီးကနေ ထွက်ပေါ်နေတဲ့ ခမ်းနား မြင့်မြတ်ပြီး နတ်ဒေဝါ ဆန်တဲ့ အငွေ့အသက် လိုပဲ။ ဒီအမျိုးသမီးက ထူးချွန် ထက်မြက်တဲ့ ပါရမီရှင် တစ်ယောက်။ ပန်းချီ၊ ဂီတ၊ စစ်တုရင်၊ လက်ရေးလှ အနုပညာ လေးခုလုံးမှာ သူမရဲ့ အရည်အချင်းက ယှဉ်နိုင်သူ မရှိဘူး။ လူတိုင်း လေးစားတဲ့ အရည်အချင်း တွေပဲ။

ဒါပေမယ့် ယွင်ချင်းဝူက အချည်းနှီးပဲ။ သူမက အသုံးမကျတဲ့ သူလို့ ပြောတာ မဟုတ်ဘူး။ ဒါပေမယ့် သူမရဲ့ စွမ်းအားတွေက အချည်းနှီးပဲ။ သူက အမြဲတမ်း သန့်စင် မြင့်မြတ်ပြီးတော့ ဘေးနားမှာ ရှိတဲ့ လူတိုင်းက သူ့ကို လေးစားကြတယ်။ ဒီလို ဆွဲဆောင်မှု မျိုးကို စကားလုံးနဲ့ ဖော်ပြလို့ မရဘူး။

ဖန်ကျန်းရှီလည်း သူခံစား နေရာကို နားလည်တယ်။ ဒါပေမယ့် အမြဲတမ်း ယွင်ချင်းဝူရဲ့ ဟန်ဆောင် နေတဲ့ ပုံစံကို ရပ်တန့် ပြစ်ချင် မိတယ်။ သူ့ နားထဲမှာ အသံ တစ်ခုက အမြဲတမ်း ပြောနေတဲ့ အတိုင်းပဲ။ သူ့ရဲ့ ဟန်ဆောင် မျက်နှာဖုံးကို မြန်မြန် ချွတ်လိုက်။ တကယ့် သွင်ပြင် အစစ်ကို ဖော်ထုတ်။

လရောင်က သူမ ကိုယ်ပေါ်မှာ တောက်ပနေတယ်။ ကောင်းကင်ပြာပြာ တိမ်ဖြူဖြူ နောက်ခံနဲ့ သူမက အံ့သြ စရာ ကောင်းလောက်အောင် ထည်ဝါ လှပတယ်။

“ဒီတော့။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ အသက် အငယ်ဆုံး အရှင်သခင် ဖန်ကျန်းရှီက သူ့နယ်မြေ ထဲမှာ ရပ်နေတာတောင်၊ ကျွန်မလို အားနည်းတဲ့ မိန်းကလေးကို ကြောက်နေတာလား။” ယွင်ချင်းဝူ စကား ဆိုတယ်။ တူရိယာရဲ့ တေးသံစဉ်က လေထဲမှာ ပျံ့သွားပြန်တယ်။ အရင် အချိန်တွေလောက် မကျယ်လောင်ဘူး။ တူရိယာရဲ့ ကြိုးတွေကို လက်သွယ်သွယ်လေးနဲ့ ခပ်ဖွဖွ တီးခတ်နေတယ်။ ်

“ဒီလောက် သိသာနေတဲ့ လှည့်ကွက်ထဲ ငါရောက်မယ်လို့ မင်း ထင်နေတာလား။” ဖန်ကျန်းရှီ စိတ်ပျက် လက်ပျက်နဲ့ ပြောတယ်။ သူ မကြောက်ဘူး။ ဒါပေမယ့် သူမဆီကို သွားဖို့ဆိုတာ အခုချိန်မှာ စိတ်ကူးကောင်း မဟုတ်ဘူးလေ။

အရင် အတွေ့အကြုံတွေက တားမြစ်နေတယ်။ ယွင်ချင်းဝူရဲ့ ဘေးမှာ ရှိတဲ့ လူတွေက တဖြည်းဖြည်း ပိုသန်မာလာတယ်။ ပထမဆုံး ဝတ်ရုံစိမ်း မိန်းမပျိုတွေ၊ နောက်တော့ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် ပိုင်ရှင်း၊ နောက်ဆုံးက သုခမိန် တဝက်ကြီး ချန့်ယန်း။

ရန်မြို့တော်ကို တိုက်ပွဲကြီးကို ယွင်ချင်းဝူလည်း မမေ့သေးဘူး။ သူမရဲ့ စံတင်လောက်တဲ့ အလှတရား အပြင် သတင်း အချက်တွေ စုံလင် လွန်းတာကလည်း အရေးကြီးတယ်။ ဒီနေ့မှ ရထားတဲ့ သူ့ရဲ့ ဘွဲ့ထူးကိုတောင် ယွင်ချင်းဝူက သိနေပြီ။

ဒါကို ကြားလိုက်ရတဲ့ အချိန်မှာ ဖန်ကျန်းရှီ အံ့သြ သွားခဲ့တာတော့ အမှန်ပဲ။ ယွင်ချင်းဝူ ဘာကြောင့် မြောက်ရွာကို ရောက်လာလဲ သူ တွေးမရ သေးဘူး။ ကြည့်ရတာ သူမက ပြင်ဆင် ထားပုံပဲ။

“ငါက နင့်ကို လှုံ့ဆော် နေတယ် ထင်လို့လား။” ယွင်ချင်းဝူရဲ့ အသံက ညင်သာတယ်။ တေးသွား အသံနဲ့ ရောထွေးပြီးတော့ မြစ်တစ်စင်း စီးဆင်း နေသလိုပဲ။

“ထင်ရှား နေတာပဲ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“အင်း။ ဒါပေမယ့် အခုချိန် ငါ့ဘေးမှာ ဘယ် နတ်ဆိုးမှ မရှိဘူး၊ ငါတစ်ယောက်တည်းလို့ ပြောရင် နင်ယုံမှာလား။” ယွင်ချင်းဝူ ပြန်မေးတယ်။

“ငါ ယုံရမှာလား။” ယွင်ချင်းဝူက သူ့ကို လိမ်မယ်လို့တော့ ဖန်ကျန်းရှီ မထင်ဘူး။ ဒါပေမယ့် အမှန် တရားကတော့ ယုံဖို့ ခက်တဲ့ ကိစ္စ ဖြစ်နေတာပဲ။ နတ်ဆိုး အရှင်သခင်ငယ်။

စွမ်းရည် ထက်မြက်တယ်။

ကြီးမြတ်သော ရှနိုင်ငံတော်မှာ ညည့်နက် သန်းခေါင် ပေါ်လာပြီးတော့ သူ့ကိုယ်သူ အင်အား မြင့်မားတဲ့ ပညာရှင် တစ်ယောက်လို ဟန်ဆောင်နေတယ်။ ဒါက ကစားပွဲ တစ်ခုကို လုပ်နေ သလိုပဲ။ သွေးဆောင် ခံရရင် မင်းခေါင်းပြတ်မယ်။

“နင် မယုံဘူးလား။ ဒါဆိုရင် နတ်ဆိုး နတ်ဘုရားရဲ့ နာမည်နဲ့ ကျိန်ပြမယ်။ ငါ ယွင်ချင်းဝူ တစ်ယောက်တည်း မြောက်ရွာမှာ ရှိတယ်လို့ ကျိန်ဆိုပါတယ်။ အကယ်၍ တခြား နတ်ဆိုး တွေသာ ရှိခဲ့ရင် သူတို့ အားလုံး ငါနဲ့ အတူ မြေမြှုုပ် ခံရပါစေ။” ယွင်ချင်းဝူ ပြောပြီးတဲ့နောက် တေးသွား တီးခတ်သံလည်း ရပ်တန့်သွားတယ်။

ဖန်ကျန်းရှီရဲ့ အမူအယာက ပြောင်းလဲ သွားတယ်။ နတ်ဆိုး မျိုးနွယ်တွေက နတ်ဆိုး နတ်ဘုရားကို အရမ်း ယုံကြည် ကိုးစားကြတယ်။ သူ့နာမည်နဲ့ ဘယ်တော့မှ လိမ်မှာ မဟုတ်ဘူး။ မ

ယွင်ချင်းဝူ တကယ်ပဲ တယောက်တည်း လာတာလား။

ဖန်ကျန်းရှီ မျက်လုံးတွေ ချက်ခြင်း တောက်ပလာတယ်။ ယွင်ချင်းဝူရဲ့ စိတ်အကြံကို သူ ဘယ်တော့မှ နားလည် နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူသိတာ တစ်ခုတော့ ရှိတယ်။ ယွင်ချင်းဝူသာ တကယ် တစ်ယောက်တည်း လာတယ်ဆိုရင် အခုချိန် သူ့မှာ အခွင့်အရေး ရှိပြီ။

ယွင်ချင်းဝူကို သတ်ဖို့လား။ အကယ်၍ ယွင်ချင်းဝူကို သတ်ပြီးတော့ သူ့ခေါင်းကို ဧကရာဇ် လင်းမုပိုင်ဆီ ဆက်သလိုက်ရင်၊ ကြီးမြတ်သော ရှမင်းဆက်ရဲ့ သူရဲကောင်းကြီးလည်း ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စတွေက သူ့အတွက် သိပ်အဓိပ္မာယ် မရှိတော့ဘူး။ အခုချိန်မှာ သူက နယ်မြေ အပိုင်စားရတဲ့ အရှင်သခင်၊ ဧကရာဇ် ပြီးရင် အမြင့်ဆုံး ရာထူးရှိတဲ့သူ ဖြစ်နေပြီ။

ဧကရာဇ် လင်းမုပိုင်ကလည်း သူ့နေရာကို ဒီ့ထက် မြှင့်ပေးလို့ မရတော့ဘူး။ ဒီ့ထက် ထပ်မြှင့်ရင်လည်း ဧကရာဇ် လုပ်ဖို့ပဲ ကျန်တော့မယ်လေ။

ယွင်ချင်းဝူကို မသတ်ဖို့။

သူမကို ဘာလုပ်ရမလဲ။ ကြိုးနဲ့ တုပ်ပြီးတော့ ရန်မြို့တော်ကို ပို့လိုက် ရမလား။ ကြားရတာ သိပ် မဟုတ်သေးဘူး။ ဖန်ကျန်းရှီ စဉ်းစားနေတယ်။ ယွင်ချင်းဝူ တစ်ယောက်တည်း မြောက်ရွာကို ရောက်လာတယ်ဆိုတာ အပြာရောင် လဝန်း ဖြစ်သလို တကယ့်ကို ရှားရှားပါးပါး အခွင့်အရေးကြီးပဲ။

ဒီလို အခွင့်အရေးကြီး ရှိနေတာတောင် အခုချိန်မှာ အသုံး မဝင်နိုင်ဖြစ်နေတယ်။

“မြောက်ရွာကို တစ်ယောက်တည်း လာတာ မင်း သေမှာ မကြောက်ဘူးလား။” ဖန်ကျန်းရှီ ပြန်လှည့်ရင်း မေးတယ်။

“မကြောက်ဘူး။“ယွင်ချင်းဝူ ပြန်ဖြေတယ်။

နောက်ထပ်လည်း မရှင်းပြတော့ သလို စိတ်ပူနေတဲ့ ပုံစံလည်း မရှိဘူး။ ယွင်ချင်းဝူက စကားလုံး သုံးလုံးပဲ ပြန်ဖြေပင်မယ့် ဖန်ကျန်းရှီကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေပြီ။ တကယ်ဆို အနိုင်ရတဲ့ သူက သူဖြစ်နေပြီလေ။ ယွင်ချင်းဝူက ဘာဖြစ်လို့ ဒီလောက်တောင် စိတ်အေး လက်အေး ဖြစ်နေတာလဲ။

မတုန်မလှုပ် အေးဆေး တည်ငြိမ်တဲ့ ပုံစံက ဟန်ဆောင် နေတာလား။

“ဟီးဟီး။ ယွင်ချင်းဝူက သေမှာ မကြောက်ဘူး။ တောင်ပိုင်းဒေသ အေးခဲ မျောက်မင်း နယ်မြေမှာ ငါမင်းကို လုပ်ခဲ့တာ မှတ်မိသေးလား။” ဖန်ကျန်းရှီ ကျေကျေနပ်နပ်ကြီး ပြုံးပြရင်း ပြောတယ်။ ဒီအပြုံးက ယောကျာ်းသားတိုင်း နားလည်နိုင်တယ်။

“အရှက်မရှိလိုက်တာ။” ယွင်ချင်းဝူရဲ့ အေးချမ်းတဲ့ အမူအယာက ချက်ခြင်း ပြောင်းလဲသွားတယ်။ သူမရဲ့ အမူအယာက နည်းနည်းပဲ ပျက်ယွင်းတာ။ အေးခဲ မျောက်မင်း နယ်မြေမှာ ဖြစ်ခဲ့တဲ့ ကိစ္စက မှတ်မှတ်ထင်ထင် ရှိလွန်းနေတယ်။ ဒေါသနဲ့ ရှက်ရွံ့တာကို တစ်ချိန်တည်းမှာ ခံစား နေရတယ်။

“ဒီနေ့ လမင်းကြီးက အတော့် ဝိုင်းတယ်။ တကယ်ပဲ ဘယ်သူမှ မရှိဘူး ဆိုရင်။ ငါ ဘာဆက်လုပ်မလဲ ဘယ်သူ သိနိုင်မှာလဲ။” ဖန်ကျန်းရှီက သူပုန်းကွယ်နေတဲ့ သစ်ပင်နောက်ကနေ ထွက်လာခဲ့တယ်။ ဒီအချိန်မှာပဲ ထူးဆန်းတဲ့ ခံစားချက် တစ်ခုကို ခံစားလိုက်ရတယ်။ ဘယ်လို ဖော်ပြရမလဲ မသိဘူး။

အရမ်းကို မြန်ဆန်တယ်။ ပြီးတော့ ချက်ခြင်း ပျောက်ကွယ် သွားတယ်။ သူခနခန ကြုံနေကျ ကိစ္စ တစ်ခုလိုပဲ။ သူ့ မြင်ကွင်း တစ်ခုလုံး မှုန်ဝါးသွားတယ်။ တစ်ခဏ ကြာပြီးတဲ့နောက် မြင်ကွင်း တစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်။

ဖန်ကျန်းရှီ ဒီလူကို မကြည့်တော့ဘူး။ ချက်ခြင်း တောတောင် ရေမြေ ရှုခင်းတွေကို အကြည့်လွှဲလိုက်တယ်။ ကန်လင်းတောင်က အရင် ရင်းနှီးနေသလိုပဲ။ မြောက်ရွာ အပြင်မှာ သူတို့ ရှိနေတုန်းပဲ။

ဟုတ်တယ်။

ဖန်ကျန်းရှီ သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် သူ့ရှေ့က လူကို ကြည့်တယ်။ ညသန်းခေါင် ကြယ်တွေ လင်းလက် နေတုန်းပဲ။ တောက်ပတဲ့ လရောင်က ဖြာကျနေတယ်။ အဖြူရောင် ဝတ်စုံနဲ့ ယွင်ချင်းဝူက သူ့ရှေ့မှာ ထိုင်နေခဲ့တယ်။ ရှေးဟောင်းစောင်းကို လက်ထဲမှာ ကိုင်ထားတယ်။ သူမရဲ့ ဆံပင်တွေက မြက်ခင်းပေါ်မှာ ဖြာကျ နေခဲ့တယ်။

သူမရဲ့ ဝတ်စုံက ပုံမှန် ဝတ်နေကျနဲ့ ကွာခြား နေတာ ရှိတယ်။ ဒီတစ်ခေါက်တော့ ယွင်ချင်းဝူက မျက်နှာကာ တပ်မထားဘူး။ သူမရဲ့ မျက်နှာ လှလှက လရောင်အောက်မှာ ထင်ရှားနေတယ်။ ဖန်ကျန်းရှီလည်း သူမကို စိုက်ကြည့်နေတယ်။ ကောင်းကင်ကို မော့ကြည့်နေတဲ့ ယွင်ချင်းဝူ သူ့ကို ပြန်ငုံ့ကြည့်တဲ့ အချိန် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားခဲ့တယ်။ အချိန်တွေ ရပ်တန့် သွားသလိုပဲ။

ဘာအသံမှ မကြားရတော့ဘူး။ တောက်ပနေတဲ့ လရောင်နဲ့ လရောင်အောက်မှာ လူနှစ်ယောက်။ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်းသာ ရှိနေခဲ့တယ်။

အပိုင်း(၆၁၇)ပြီး၏။

အပိုင်း (၆၁၈)

“အမှတ်ရစရာ ညတစ်ည။ လူနှစ်ယောက်တည်း။”

ဘာသာပြန်သူ-Yi Enri

ယွင်ချင်းဝူက တည်ငြိမ်နေတယ်။ လုံးဝကို စိုးရိမ် ပူပန်တဲ့ ပုံစံ မရှိဘူး။ ဖန်ကျန်းရှီကို လှလှပပလေး ကြည့်နေခဲ့တယ်။ စကားလည်း တစ်ခွန်းမှ မပြောဘူး။ ဒါက ဖန်ကျန်းရှီကို မရိုးမရွ ဖြစ်လာစေတယ်။

ယွင်ချင်းဝူကတော့ တိတ်တဆိတ်နဲ့ အေးအေးဆေးဆေး ရှိနေတုန်းပဲ။ ဒါကြောင့် ဖန်ကျန်းရှီလည်း သူ့စကားကို နောက်တစ်ခေါက် ပြန်ပြောဖို့ တွေးမိတယ်။ “ဒီနေ့ လမင်းကြီးက အတော့် ဝိုင်းတယ်။ တကယ်ပဲ ဘယ်သူမှ မရှိဘူး ဆိုရင်။ ငါ ဘာဆက်လုပ်မလဲ ဘယ်သူ သိနိုင်မှာလဲ။”

ဒါပေမယ့် အခုချိန်မှာ မသင့်တော်ဘူး။ ဖန်ကျန်းရှီ စိတ်ထဲမှာတော့ စိတ်ရှည် လက်ရှည် စောင့်သင့်တယ်လို့ ခံစား နေရတယ်။ ယွင်ချင်းဝူ ကြောက်ရွံ့ ထိတ်လန့်နေမှပဲ သူ့ရဲ့ နည်းလမ်းကို ဆက်သုံးလို့ ရမယ်။ ဒါပေမယ့် အချိန်တွေ ကြာလာတော့ ဖန်ကျန်းရှီလည်း ဒီအကြံကို လက်လျှော့လိုက်တယ်။ ယွင်ချင်းဝူက သူနဲ့ စကား ဆက်ပြောချင်တဲ့ ပုံစံ မရှိဘူး။ သူ့ကို တိတ်တဆိတ်သာ ကြည့်နေခဲ့တယ်။

သူလည်း စောင့်ဆိုင်းနေတဲ့ ပုံစံပဲ။ သူတို့ နှစ်ယောက်လုံး တယောက်ကို တစ်ယောက် စောင့်ဆိုင်း နေကြတယ်။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်ကတော့ ဒါကဆို အဆုံးသတ်ဖို့ ဆုံးဖြတ် လိုက်ပြီ။

“မင်း မြောက်ရွာကို လာတာ ငါ့ကို လာရှာတာလား။” ဖန်ကျန်းရှီ နောက်ထပ် မစောင့်ဆိုင်း နိုင်တော့ဘူး။ သူထပြီးတော့ ယွင်ချင်းဝူ ဘေးမှာ ကပ်ထိုင်တယ်။

“ဟုတ်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ အဝေးကို လှမ်းမျှော်ကြည့်တယ်။ သရေစာ မုန့်တွေ ထည့်ထားတဲ့ ပုံး တစ်ပုံးနဲ့ အထဲမှာ ရှိနေတဲ့ သစ်သီးတွေကို လက်ညှိုးထိုး ပြတယ်။ “ဒီတောင်ကနေ ခူးလာတာ။ ပြီးတော့ ဆေးထားတယ်။”

“နတ်ဆိုး အရှင်သခင်ငယ်က တောင်ပေါ်မှာ သစ်သီး ခူးနေတာလာလား။” ဖန်ကျန်းရှီ ပြန်ပြောရင်းနဲ့ သစ်သီး တစ်လုံး နှိုက်စားလိုက်တယ်။ အရသာက ချိုအေးအေးလေး။ နောက်တစ်ကိုက် ထပ်ကိုက်ရင်း မေးတယ်။ “မင်း ဘာဖြစ်လို့ ငါ့ကို လာရှာတာလဲ။”

“တောင်ပိုင်း ဒေသ တိုက်ပွဲ အတွက် လက်စား လာချေတာ။” ယွင်ချင်းဝူ ချက်ခြင်း ပြန်ဖြေတယ်။ ဒါပေမယ့် သူမရဲ့ အသံက အရမ်ကို တည်ငြိမ် နေခဲ့တယ်။

“ဟီးဟီး။ ဒီတော့ မင်းက လက်စားချေဖို့ ရောက်နေတာပေါ့။ ဒါဆိုရင် မုန့်တွေ ယူမလာပဲ ဓားတစ်ချောင်း ဆောင်လာရမှာ။” ဖန်ကျန်းရှှီ သွားဖြီးပြီး ပြုံးပြတယ်။ စိတ်အေးလက်အေး ဖြစ်သွားတဲ့ ပုံပဲ။

ဘာတွေ ဟာသ လာလုပ် နေတာလဲ။ ယွင်ချင်းဝူ တစ်ယောက်တည်း ဒီကို ရောက်လာပြီးတော့ လက်စား ချေတယ် တဲ့လား။ မဖြစ်နိုင်တာတွေ။

“ငါကြားတာ နင့်မှာ အသက်ရှင်ဖို့ အချိန် သိပ်မရှိတော့ဘူး ဆိုပဲ။” ယွင်ချင်းဝူ ဒီတစ်ခေါက်တော့ ဖန်ကျန်းရှီကို ဒဲ့တိုး မေးတယ်။ သူမလည်း အသီးတစ်လုံးကို ကောက်ဝါး နေတယ်။ ယွင်ချင်းဝူ သစ်သီးကို ကိုက်ပြီး ဝါးနေတဲ့ ပုံစံကတောင် ကြည့်ကောင်း လွန်းနေတယ်။ အစာစားတာတောင် ကျက်သရေရှိအောင် စားပြနိုင်တဲ့ သူပဲ။

“ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။” ဖန်ကျန်းရှီ မငြင်းဘူး။ တကယ်တော့ ဒီသတင်းက ရန်မြို့တော် တိုက်ပွဲမှာ တည်းက ပျံ့နေတာ။

“နှစ်ဝက်အတွင်း နင် သုခမိန် ဖြစ်အောင် လုပ်ရမှာ။ အတော်ခက်တဲ့ ကိစ္စပဲ။”

“ဟုတ်တယ်။ တော်တော် ခက်တာ။”

“နင် သီချင်း တပုဒ်လောက် နားထောင်ချင်လား။”

“ဘယ်လို တီးရမလဲ သိလို့လား။”

“မသိဘူး။”

“ဒါဆိုရင် (တောင် ရေတံခွန်) သီချင်းကို တီးပြ။”

“ကောင်းပြီ။”

တေးသံစဉ်က ညကောင်းကင်မှာ တဖန် ပျံ့လွင့် နေပြန်တယ်။ နတ်ဘုံ နတ်နန်း တစ်ခုအတိုင်း သာယာ နေတယ်။

တကယ်တော့ ထူးဆန်းတဲ့ အခိုက် အတန့်ပဲ။ ဒီလူ နှစ်ယောက်၊ ရန်သူတွေလို့ ပြောလို့ရတဲ့ သူနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။ တစ်ယောက်က သေမှာ မကြောက်ဘူးလားလို့ မေးတော့၊ လက်စားချေဖို့ လာတာဆိုပြီး နောက်တစ်ယောက်က ပြန်ဖြေတယ်။ သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက် နေသင့်တာ။ မဟုတ်ရင် အနည်းဆုံးတော့ သတိကြီးကြီး ရှိနေသင့်တာလေ။

အခုတော့ တစ်ယောက်က တူရိယာ တီးခတ်နေတယ်။ နောက်တစ်ယောက် ကတော့ လရောင်အောက်မှာ လေလေး တဖြူးဖြူးနဲ့ မျက်စိမှိတ်ပြီး သီချင်း နားထောင်နေတယ်။ သီချင်းသံက ဆုံးသွားခဲ့ပြီ။ ဖန်ကျန်းရှီက မျက်လုံးတွေ ပိတ်ထားတယ်။ မျက်ခင်းပေါ်မှာ လက်တစ်ဖက်ကို ခေါင်းခုပြီး လဲှလျောင်း နေခဲ့တယ်။ အဲ့ဒီ့နောက် မုန့်တွေကို ကောက်ဝါးပြန်တယ်။ အရသာကလည်း ကောင်း၊ အနံ့ကလည်း မွှေးနေတာပဲ။

“(ဓားသမား) သီချင်းကိုကော ဘယ်လို တီးရမလဲ သိလား။”

“ဓားသမားလား။” မြက်ခင်းပေါ်မှာ လှဲနေတဲ့ ဖန်ကျန်းရှီကို ယွင်ချင်းဝူ စိုက်ကြည့်နေတယ်။ ဖန်ကျန်းရှီ ပြန်ဖြေတာကို စောင့်နေတယ်။ ဖန်ကျန်းရှီက ပြန်မဖြေပြီး မုန့်သာ ဆက်စားနေခဲ့တယ်။

“လောကကြီးက ကိစ္စတွေကို သက်တောင့်သက်သာပဲ မှတ်ယူ။ မျက်ကန်း အချစ်ဆိုတာ အရူးလိုပဲ။ ရင်နာရတယ်။ ဒီဘ၀ အချိန်က ရှည်လျားလွန်း ပေမယ့် နှလုံးသားကတော့ ငြိမ်သက် အေးချမ်းလွန်းတယ်။ ကျန်ရစ်တဲ့ ဘ၀ သက်တမ်းကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့တယ်။”

“ဒါကို ဓားသမားလို့ ခေါ်တာလား။”

ဖန်ကျန်းရှီရဲ့ လေချွန်သံ တေးသွား ပြီးသွားတဲ့ အချိန်မှာ ယွင်ချင်းဝူ မေးတယ်။

“မဟုတ်ဘူး။ ဒါက ကမ္ဘာဦး လောကလို့ ခေါ်တယ်။”

“နင် ပြောတာ ဓားသမားဆို။”

“အင်း အတိအကျ ပြောရရင် ဓားသမားဆိုတာက ဇာတ်ကြောင်း။ ကမ္ဘာဦး လောကက ဒီထဲမှာ ပါတဲ့ အပိုင်း တစ်ခုပဲ။ တကယ်တော့ အတော့်ကို နားထောင်ကောင်းတဲ့ သီချင်း တစ်ပုဒ်ကို ငါသိတယ်။”

“သီချင်းနာမည်က ဘာလဲ။”

“ပင်လယ်ကြီးရဲ့ ရယ်သံ။”

“အင်း သီချင်း နာမည်ကတော့ နားထောင် ကောင်းသားပဲ။ ငါ့ကို ဆိုပြပါလား။”

“မင်း ကမယ်ဆိုရင် ဆိုပြမယ်။”

“ရတယ်။” ယွင်ချင်းဝူ ချက်ခြင်း သဘောတူတယ်။ သူမရဲ့ တူရိယာကို ဘေးမှာ ချလိုက်တယ်။ ဖန်ကျန်းရှီရဲ့ သီချင်းသံ လေထဲမှာ ပျံ့လွင့်လာတယ်။

ဝတ်ရုံဖြူနဲ့ သူမက လှလှပပလေး ကနေခဲ့တယ်။ နှင်းလို ဖြူဖွေးတဲ့ ဝတ်ရုံက မြက်ခင်းစိမ်း ပေါ်မှာ ဝေ့၀ဲ နေခဲ့တယ်။ သူမရဲ့ ခြေထောက် သွယ်သွယ်တွေက မြေပြင်ပေါ်မှာ ညင်ညင်သာသာလေး လှုပ်ရှား နေကြတယ်။ အရမ်းကို လှပတဲ့ မြင်ကွင်းပဲ။ ဖန်ကျန်းရှီ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ရင်း ယွင်ချင်းဝူ ကနေတာကို ကြည့်တယ်။ လနတ်သမီး ချန်အယ်ကို တွေ့နေရသလိုပဲ။

“ဒီကောင်မလေး ကောင်းကောင်း သရုပ်ဆောင် တတ်တာပဲ။”

…

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီ။ လမင်းကြီးက ကောင်းကင်ပေါ်မှာ တဖြည်းဖြည်း မြင့်မား လာသလို ကြယ်တွေကလည်း တောက်ပနေဆဲ။ လရောင်က မြက်ခင်းပေါ်မှာ လှဲနေတဲ့ လူနှစ်ယောက်ပေါ်မှာ ဖြာကျ နေခဲ့တယ်။

“ဓားသမား ပုံပြင် ငါ့ကို ပြောပြပါလား။”

“မရဘူး။ မူပိုင်ခွင့် ပြဿနာတွေ ရှိတယ်။”

“မူပိုင်ခွင့်။”

“အင်း၊ အတိုချုပ် ပြောရရင်တောင် ခွင့်ပြုချက် မရှိရင် ဘယ်သူ့ကိုမှ ပြောပြလို့ မရတာပါပဲ။“

“ကောင်းပြီ။ ဆိုရင် နင့်ကို ပုံပြင် တစ်ပုဒ် ပြောပြမယ်။”

“ဘာပုံပြင်လဲ။”

“နတ်ဆိုး မျိုးနွယ်တွေရဲ့ မူလ အစ။”

“နားထောင်မယ်လေ။ ဒါပေမယ့် ငါသိချင်တာ တစ်ခု မေးအုန်းမယ်။ မင်းကိုယ်မင်း နတ်ဆိုးလို့ ခေါ်လား။”

“နတ်ဆိုးတွေက မကောင်းလို့လား။”

“သုခမိန်တို့ နတ်တို့ ဒီစကားလုံးတွေနဲ့ ယှဉ်ရင် နားထောင် မကောင်းဘူး။”

“ လူတွေကတော့ အမြဲ ဒီလိုတေါးနေတာပဲ။ ငါတို့တော့ နတ်ဆိုးတွေက ဆိုးတယ် မထင်ဘူး။ လူတွေက ပိုဆိုးတာ။”

“ထင်ပါတယ်။ ငါထင်တာတော့ ငါ အသာစီးရပြီပဲ။” ဖန်ကျန်းရှီ ပြောတယ်။

“အသာစီးရတယ် ဟုတ်လား။ အရှက်မရှိလိုက်တာ။

“အာ။ ငါ့ အတွေးတွေကို ပြောပြရုံပဲလေ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။ သူ့မျက်နှာ နည်းနည်းတော့ နီရဲသွားတယ်။ သူခိုးလူမိ သလိုပဲ။ အရင် အတွေ့ အကြုံတွေအရ တခြားသူက သူ့အတွေးကို နားလည်နိုင်တာ ရှားတယ်လေ။ ဒါပေမယ့် ယွင်ချင်းဝူက ဘာဖြစ်လို့များ သူ့အတွေးကို နားလည် နေတာလဲ။ ဒီ မိန်းကလေးက ထက်မြက်လွန်းတယ်။

ဘယ်ကိစ္စကို မဆို သူ အလေးအနက် ထားပြီးတော့ မပြောတတ်မှန်း ယွင်ချင်းဝူ သိတယ်။ ဒါကြောင့် အသိပညာတွေ အကြောင်းလည်း သူထပ်မပြော တော့ဘူး။

“တကယ်တော့ နတ်ဆိုး မျိုးနွယ်တွေက လူသားတွေ မတိုင်မီတည်းက ဖြစ်တည်တာ။”

“မျိုးနွယ် တိုင်းက သူတို့ကိုယ် သူတို့ ပထမဆုံး ဖြစ်တည်တာလို့ ပြောနေကျပဲ။” ဖန်ကျန်းရှီ ပုံမှန်အတိုင်း ပြောပြရင်း ယွင်ချင်းဝူကို ငြင်းဖို့ ကြိုးစားနေတယ်။

ယွင်ချင်းဝူ သူ့ဇာတ်လမ်းကို ပြန်ဆက်တယ်။ “ကနဦးတုန်းက နတ်ဆိုး မျိုးနွယ်တွေပဲ ရှိခဲ့တာ။ ဒါပေမယ့် လူသားတွေ ရုတ်တရက်ေ ပါ်လာတယ်။”

“သန်မာတဲ့ နတ်ဆိုးတွေ ရှေ့မှာ လူသားတွေက သေးငယ်ပြီး စိတ်ပျက်စရာ ကောင်းတယ်။ ဒါကြောင့် သူတို့တွေကို ကျွန်ပြုလိုက်တယ်။”

“..”

ဖြူဖွေးတဲ့ အလင်းတန်း ကောင်းကင်မှာ ထွက်ပေါ်လာပြီ။

ယွင်ချင်းဝူရဲ့ ပုံပြင်ရှည်ကြီးလည်း ပြီးဆုံး သွားခဲ့တာ ကြာပြီ။ ဒါပေမယ့် နှစ်ယောက်လုံးက လှဲနေကြဆဲ။ မျက်လုံးတွေကို ခပ်မှေးမှေး ဖွင့်ထားကြတယ်။

လေပြည်ညှင်း တိုက်ခတ်နေသလို နေရောင်ခြည်လည်း ထွက်ပြူလာပြီ။ နေ့သစ်ရဲ့ ရောင်နီဦး ရောင်ခြည်က ကောင်းကင်တစ်ခုလုံးကို နီရဲ နေစေတယ်။ ကြယ်အလင်းတွေကတော့ ပျောက်ကွယ် သွားခဲ့ပြီ။ ဖန်ကျန်းရှီလည်း နေထွက်လာတာကို ကြည့်နေတယ်။

ယွင်ချင်းဝူရဲ့ အသက်ရှူသံကို သူကြားနေရတယ်။ စိတ်ထဲမှာ အတွေးပေါင်းစုံ ဝင်လာတာကြောင့် ချက်ခြင်း ဖယ်ထုတ် လိုက်ရတယ်။

“ငါ သွားတော့မယ်။ မင်းလည်း သွေးအရိပ် မြို့တော်က နတ်ဆိုးမျိုးနွယ်ဆီ ပြန်သင့်ပြီ။ မြောက်ရွာနားမှာ ရစ်သီ ရစ်သီ လုပ်မနေ နဲ့တော့။ ဒီမှာ တော်ဝင် အစောင့် တပ်တွေနဲ့ လင်းယွမ်လည်း ရှိတယ်။” ဖန်ကျန်းရှီ ထထိုင်ရင်း ပြောတယ်။

“ဒါဆိုရင် နင်သွားတော့။” ယွင်ချင်းဝူ မျက်လုံး မှိတ်ထားရင်း ပြန်ပြောတယ်။

“ငါ မသေသေးရင် သွေးအရိပ် မြို့တော်မှာ မင်းကို လာရှာမယ်။ ငါ့အတွက် သီချင်းတီးပေး။”ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း မတ်တပ် ထရပ်တယ်။ နေမင်းကြီးကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။ တောတောင် ရနံ့က စိတ်ကို လန်းဆန်း သွားစေတယ်။

ယွင်ချင်းဝူကတော့ စကား မပြောတော့ဘူး။

ဖန်ကျန်းရှီလည်း သူမ ပြန်ဖြေတာကို စောင့်ဖို့ စိတ်ကူးမရှိ။ အဲ့ဒီ့နောက် မြောက်ရွာကို လှည့်ပြန်တော့တယ်။

ယွင်ချင်းဝူကို သူမသတ်ဘူး။ သူတို့ နှစ်ယောက်က ရန်သူတွေ ဖြစ်ပေမယ့် တညတော့ အေးအေးဆေးဆေး ကုန်ဆုံး ခဲ့တယ်လေ။ ယွင်ချင်းဝူ ပြောပြတဲ့ ပုံပြင်တောင် နားထောင် ရသေး။ အရာအားလုံးက သူငယ်ချင်းဟောင်း နှစ်ယောက် တွေ့ဆုံတာလို သဘာ၀ ကျကျ လိုက်လျော ညီထွေ ဖြစ်နေခဲ့တယ်။

ဖန်ကျန်းရှီ တစ်ချက်လေးတောင် နောက်မလှည့်ပဲ ရွာကို တန်းတန်း မတ်မတ် လျှောက်နေတယ်။ ယွင်ချင်းဝူကတော့ မျက်လုံးတွေ မှိတ်ထားရင်း လှဲနေတုန်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီက သူမဆိ ပြန်ရောက်လာတယ်။ လှဲနေတဲ့ ယွင်ချင်းဝူရယ် ဘေးနားက မုန့်ပုံးရယ်ကို သူသိတယ်။

“ငလူးပဲ။” အေးဆေးနေတဲ့ ဖန်ကျန်းရှီရဲ့ အမူအယာ ချက်ခြင်း ရှုံ့မဲ့ပြီးတော့ ကျိန်ဆဲတော့တယ်။

ယွင်ချင်းဝူက ဘာမှ မပြောဘူး။

သူ့ကို ကျိန်ဆဲနေတဲ့ ဖန်ကျန်းရှီကို လှည့်ပြီးတော့ ပြုံးပြတယ်။ ရေခဲတောင် ကြာပွင့်ကြီး ပွင့်လန်းလာသလို အလှမျိုးနဲ့။

သူမရဲ့ အလှမှာ နစ်မျောဖို့ ဖန်ကျန်းရှီ မတွေးမိတော့ဘူး။ သူရွာပြန်တဲ့ အချိန် တစ်ချက်မှ နောက်မလှည့်ပဲနဲ့ ပြန်တာတောင် ဒီနေရာကို ပြန်ရောက်လာတယ်။ တစ်နေရာတည်းကိုပဲ။ ယွင်ချင်းဝူကို မခွဲနိုင် မခွာရက် ဖြစ်နေလို့ ပြန်ရောက်လာတာ မဟုတ်ဘူး။ ဝင်္ကပါ ထောင်ချောက်ထဲမှာ မိနေလို့ပဲ။

“ဒါ ဘာဗျူဟာလဲ။” နောက်ဆုံးတော့ မိန်းမ မာယာဆိုတဲ့ စကားကို ဖန်ကျန်းရှီ နားလည် သွားခဲ့ပြီ။

“ခန့်မှန်းကြည့်လေ။” ယွင်ချင်းဝူ ခပ်တိုးတိုး ပြန်ဖြေတယ်။

ဖန်ကျန်းရှီ လည့်ပတ်ကြည့်တယ်။ အရာအားလုံက မနေ့ညလိုပဲ။ တောတောင် ရေမြေ ဘာမှ မပြောင်းလဲဘူး။ သစ်ပင်အောက်က ကျောက်တုံးတွေတောင် နေရာ မရွေ့ကြဘူး။

“ရှစ်ထောင့် သဏ္ဍာန်လည်း မဟုတ်ဘူး။”

“ခုနှစ်စင် ကြယ်လည်း မဟုတ်ဘူး။”

ဖန်ကျန်းရှီ လှည့်ပတ် ကြည့်ရင်း နောက်ဆုံးတော့ လက်လျှော့လိုက်တယ်။ ဒီဝင်္ကပါကို ဘယ်လို ဆွဲထားမှန်းကို မသိဘူး။ နောက်ပြီးတော့ ယွင်ချင်းဝူကလည်း သူ့ ဗျူဟာကို ပြောပြမယ့် အရူး မဟုတ်ဘူးလေ။

ဒီတော့ ..။ ပြဿနာ တက်ပြီ။

ဒီနေရာကနေ ဘယ်လို ထွက်ရတော့မလဲ။ ဖြေရခက်တဲ့ မေးခွန်းပဲ။ ဒါပေမယ့် သူ့မျက်လုံးတွေ ရုတ်တရက် တောက်ပတယ်။ ဒါက မက်ထရစ် မျက်လုံးပဲ။

မက်ထရစ်ကို ဖြေရှင်းချင်ရင် နည်းလမ်း နှစ်ခုရှိတယ်။ တစ်ခုက ပုံမှန် ထည့်ထားတဲ့ သဏ္ဍာန်ကို ရှာ။ နောက်တစ်ခုက မက်ထရစ် မျက်လုံးကို ဖျက်ဆီး။ ဒါကတော့ တိုက်ရိုက် နည်းလမ်းပဲ။ ရန်သူကို တစ်ချီတည်းနဲ့ ပွဲသိမ်းနိုင်မယ့် အသင့်တော်ဆုံး နည်းလမ်းပဲ။

အခုချိန် သူ့ပတ်ဝန်းကျင်မှာ ပုံမှန် သဏ္ဍာန်ကို ရှာဖို့ ခက်တယ်။ ဒါကြောင့် မက်ထရစ် မျက်လုံးကို ကံကောင်း ထောက်မပြီး ရှာနိုင်မှာ ရမှာ။ နောက်တနည်းကတော့ ယွင်ချင်းဝူကို ဖမ်းဖို့။ ဒါက ပိုလွယ်တယ်။

မက်ထရစ် မျက်လုံးကို နားလည်ပြီးတော့ အကွက်ချထားတဲ့ အမျိုးသမီးမှာ သူ့ရှေ့မှာ အိပ်နေတယ်လေ။ ဒီနည်းက အလွယ်ဆုံးပဲ။ ဖန်ကျန်းရှီ ချက်ခြင်း ခုန်လိုက်တယ်။ ယွင်ချင်းဝူဆီကို ခုန်ဝင်တယ်။

ဒီတစ်ခေါက်မှာတော့ ယောကျာ်းသားတိုင်း နားလည်နိုင်မယ့် အပြုံးကို သူပြုံးနေခဲ့တယ်။ “ယွင်ချင်းဝူ။ နေထွက်လာပြီ ဆိုပေမယ့်။ ငါမင်းကို ဘာမှ မလု်ပနိုင်ဘူးလို့ ထင်နေတုန်းလား။”

အပိုင်း(၆၁၈) ပြီး၏။

အပိုင်း (၆၁၉)

“စိတ်ဓာတ်ကတော့ နတ်ဆိုး စိတ်ဓာတ်ပဲ။”

ယွင်ချင်းဝူ မျက်လုံးဖွင့်လိုက်ပြီ။ သူမရဲ့ မျက်ဝန်း လှလှတွေက သူမဆီကို ပြေးလာနေတဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ သူမ အပြုံးကတော့ တောက်ပနေဆဲ။ လုံး၀ မလှုပ်ရှားဘူး။ လှဲလျောင်း ရင်းနဲ့သာ ဖန်ကျန်းရှီ လာတာကို စောင့်နေခဲ့တယ်။

သူ့ကို ကြိုဆိုနေတဲ့ အတိုင်းပဲ။

နီးကပ်လာတယ်။ နီးသထက် နီးလာခဲ့တယ်။

ယွင်ချင်းဝူဆီက ထွက်ပေါ်နေတဲ့ အမွှေးနံ့ ခပ်ဖျော့ဖျော့ကိုတောင် ဖန်ကျန်းရှီ အနံ့ ရနေပြီ။ နောက်ထပ် ဘာဆက် ဖြစ်လာမလဲ ဖန်ကျန်းရှီ သိနေတယ်။ အခုချိန် ယွင်ချင်းဝူ ဘေးမှာ ဘယ်နတ်ဆိုးမှ မရှိဘူး။ ဒါကြောင့် သူ စိတ်ကြိုက် တိုက်ခိုက်လို့ရတယ်။

သံကို ပူနေတုန်းမှာ ပုံသွင်းရမယ်။

ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ နည်းနည်းတော့ အပြစ်ရှိသလို ခံစား နေရပေမယ့် အခုချိန်မှာ ဒီ့ထက် ပိုကောင်းတဲ့ နည်းလမ်းကို သူ မတွေးတတ်ဘူးလေ။ သေမှာ မကြောက်တဲ့ မိန်းကလေး တစ်ယောက်နဲ့ တိုက်ခိုက် ရတဲ့ အချိန်၊ တခြား နည်းလမ်း ရှိအုန်းမှာလား။

“ဘန်း။” နောက်ဆုံးတော့ ယွင်ချင်းဝူ ရှိတဲ့ နေရာကို သူရောက်လာပြီ။ ဒါပေမယ့် သူ ထိတွေ့လိုက်ရတဲ့ နူးညံ့မှုက မျှော်လင့် ထားသလိုတော့ မဟုတ်ခဲ့ဘူး။ မြက်ခင်းရဲ့ နူးညံ့မှု ဖြစ်နေတယ်။

သူမကို လွဲချောသွာ် သွားတာလား။ ဒါက ရူပဗေဒ သဘော တရားနဲ့ ဆန့်ကျင်နေတယ်။ ယွင်ချင်းဝူရဲ့ အင်အားကိုလည်း သူ ကောင်းကောင်းသိတယ်။ နောက်ပြီးတော့ သူမက မလှုပ်ရှားဘူးလေ။

ဒါဆိုရင် ဘာကြောင့်များ လုံး၀ ဖမ်းမမိရတာလဲ။

ဖန်ကျန်းရှီ ခေါင်းမော့ကြည့်လိုက်တယ်။ ယွင်ချင်းဝူက သူနဲ့ အဝေးက မြက်ခင်းပြင်မှာ လှဲလှောင်း နေတုန်းပဲ။ နောက်ပြီးတော့ ပြုံးပြ နေခဲ့တယ်။ ဖန်ကျန်းရှီက သူမကို ခုန်အုပ် လိုက်တာတောင် သူမက သူနဲ့ ခြေသုံးလှမ်း အကွာမှာ ရောက်သွားတယ်။

ချက်ခြင်း ရွေ့လျား သွားတာလား။

မဖြစ်နိုင်တာပဲ။

အတွေးတွေကို ဖန်ကျန်းရှီ ခပ်မြန်မြန် ဖယ်ရှားလိုကတယ်။ ယွင်ချင်းဝူ နေရာ မပြောင်းဘူးဆိုတာ သူသိတယ်။ ပြောင်းသွားတဲ့ တစ်ခုတည်းသော နေရာက သူကျ သွားတဲ့ နေရာပဲ။ မြေပြင်ပေါ်ကို သူပြုတ်ကျတဲ့ အချိန် ပတ်ဝန်းကျင်ကလည်း ချက်ခြင်း ပြောင်းသွားခဲ့ပြီ။

“ဒီ မက်ထရစ် ဝင်္ကပါကို နင် မဖြတ်နိုင်လောက်ဘူး။” ယွင်ချင်းဝူ ခပ်တိုးတိုး ပြောတယ်။ လှဲနေရင်း ဖန်ကျန်းရှီကို ကြည့်နေသလို ပုံးထဲက မုန့်တွေကိုလည်း စားနေခဲ့တယ်။

“မင်း ယုံကြည်ချက် ရှိနေတာတော့ လေးစားပါတယ်။ ဒါပေမယ့် ငါ ကြိုးစားကြည့်မယ်။” ဖန်ကျန်းရှီ ခေါငးြ်ငိမ့်လိုက်တယ်။ လက်ကို မြေပြင်မှာ ထောက်ရင်း ထတယ်။

“နောက်တစ်ခေါက် လှုပ်ရှားတော့ မလို့လား။” ယွင်ချင်းဝူ ပြန်မေးတယ်။

“မဟုတ်ဘူး။ ဒီတစ်ခေါက်တော့ ဖြည်းဖြည်းချင်း သွားမှာ။” ဖန်ကျန်းရှီ ခေါင်းခါပြီး ဖြည်းဖြည်းချင်း လျှောက်လာတယ်။

ယွင်ချင်းဝူ ကို သေချာ ကြည့်တယ်။ ပတ်ဝန်းကျင်ကိုလည်း လေ့လာတယ်။ အရင်တစ်ခေါက် လှုပ်ရှားတာ မြန်သွားတော့ ဘာဖြစ်လို့ ဖြစ်မှန်း မသိလိုက်ဘူ။ အခုတော့ သေချာ သတိထားကြည့်ရမယ်။

ယွင်ချင်းဝူ ခန္ဒာကိုယ်က အမွှေးနံ့ကို ရတဲ့အထိ နီးကပ်လာပြန်ပြီ။ ကိုယ်ငွေ့ နွေးနွေးကိုလည်း ခံစား နေရတယ်။ နှစ်ယောက်စလုံး တိတ်ဆိတ်နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီက လက်တွေကို ဖြည်းဖြည်းချင်း မြှောက်ပြီးတော့ ယွင်ချင်းဝူရဲ့ ရင်ဘတ်ဆီကို ရွေ့လျားတယ်။ ဆုပ်ကိုင်ဖို့ ပြင်တယ်။

သူနဲ့ မနီးမဝေးမှာ ရှိနေတဲ့ ယွင်ချင်းဝူ ထူးဆန်းတဲ့ အကြည့် မျက်နှာမှာ ပေါ်လာတယ်။ “ဒီလောက်တောင် အရှက်မရှိတဲ့ကောင် လောကမှာ ရှိသေးတာပဲ။”

“ချီးမွမ်းတဲ့ အတွက် ကျေးဇူးပါ။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ဆက်သွားနေတယ်။ ပတ်ဝန်းကျင်က သူ မြန်မြန် လှုပ်ရှားလေ အပြောင်းအလဲ မြန်လေပဲ။ ဒါကြောင့် အခုချိန်မှာ နှေးနှေးလေး လုပ်တာက အကောင်းဆုံး ဖြစ်မယ်။ အရမ်းကို နီးကပ်တယ်။ ယွင်ချင်းဝူရဲ့ အကျီစကိုတောင် ထိနေပြီ။ သူ ဖမ်းဆွဲလိုက်တယ်။ ဘာမှ ဖြစ်မလာ ပြန်ဘူး။

ယွင်ချင်းဝူက သူနဲ့ ခြေလှမ်း သုံးလှမ်း အကွာမှာပဲ ရှိနေပြန်တယ်။ ဒီတစ်ပုံစံတည်းပဲ။

“ဟမ့်။” ဖန်ကျန်းရှီ ဒေါသ ထွက်လာပြီ။ ပါးစပ်နား ရောက်နေတဲ့ အသားတုံးကို တခြားသူ လုသွားတာ ခံလိုက် ရသလိုပဲ။ ဒါက သူ့ကို အတော်လေး စိတ်ပျက်စေတယ်။ ဒါပေမယ့် လှုပ်ရှားမှုက မြန်လွန်းတော့ ပတ်ဝန်းကျင် အပြောင်းအလဲကို သူမတွေ့ဘူး။

သူ တကယ် အံ့သြမိတယ်။ ပတ်ဝန်းကျင် ရှုခင်းတွေလည်း မပြောင်းဘူး။ သူတို့ အကွာအဝေးလည်း မပြောင်းဘူး။ ဘာမှကို မပြောင်းလဲတာ ဘာတွေများ ဖြစ်နေတာလဲ။

ဖန်ကျန်းရှီ အခြေအနေကို နားမလည်နိုင်ပေမယ့် သူမကို နောက်တစ်ခေါက် ဖမ်းဖို့ ဆုံးဖြတ် လိုက်တယ်။ ခြေလှမ်း သုံးလှမ်း အကွာအဝေးက တကယ်တော့ နီးနီးလေးလေ။ ယွင်ချင်းဝူကို လုံး၀ ဖမ်းမိမယ်လို့ သူ ယုံကြည်ထားတယ်။

“ငါ ဖမ်းမယ်။”

အသုံးမဝင်ဘူး။

“ငါ နောက်တစ်ခေါက် ဖမ်းမယ်။”

ဒါလည်း အလုပ် မဖြစ်။

ဆယ်ကြိမ် တိုင်တိုင် သူမကို ဖမ်းဆွဲနေတာ သူ့မျက်လုံးတွေ ရဲရဲ နီလာတဲ့ အထိပဲ။ အခုထိ တစ်ချက်လေးတောင် ဖမ်း မမိသေးဘူး။ သူ ဘယလိုများ လုပ်နေတာလဲ။

“နင် ရပ်တော့မှာလား။ ဆက်မဖမ်းတော့ဘူးလား။” ယွင်ချင်းဝူ မေးတယ်။ သူမ အပြုံးက ပိုပြီးတော့ ထင်ရှား လာခဲ့တယ်။ အခုချိန်မှာ ဖန်ကျန်းရှီကို လှောင်ရယ် နေသလိုပဲ။ လှပ သန့်စင်တဲ့ အမျိုးသမီး တစ်ယောက်က နတ်မိစ္ဆာ တစ်ယောက်ကို ကလူ ကျီစယ် နေသလိုပဲ။

ခေါင်းမော့ ရင်ကောရင်း ထရပ်တယ်။ ဖန်ကျန်းရှီကို နောက်တစ်ခေါက် ကြိုးစားဖို့ အော်တယ်။

သည်းမခံ နိုင်စရာပဲ။

ဖန်ကျန်းရှီ နောက်ထပ် တောင့် မခံ နိုင်တော့ဘူး။ ဒါပေမယ့် အခုချိန်မှာ သူ ဘာလုပ်နိုင်မှာလဲ။ ဆက်ကြိုးစားနေလည်း ဘာမှ ဖြစ်မလာဘူးလေ။ ကျောချမ်းစရာ ကောင်းတယ်။ အခုချိန်မှာ တစ်ခဏလောက် သူ စိတ်ဓာတ် ကျသွားခဲ့တယ်။

ဘာနည်းလမ်းမှ မရှိတော့ သလိုပဲ။ ကြိုးစား နေတာကို ရပ်လိုက်ပြီးတော့ ယွင်ချင်းဝူ ဘေးမှာ လဲှလိုက်တယ်။

“ငါ ခဏ နားမယ်။” ဖန်ကျန်းရှီ ပြောရင်းနဲ့ မုန့်ပုံးကို လက်လှမ်းပြီး မုန့်စား နေတော့တယ်။

ယွင်ချင်းဝူက သူ့ကို မတားဘူး။ သူမ အရမ်းကို ယုံကြည်ချက် ရှိနေတယ်။ ဒီ ယုံကြည်ချက်က နှလုံးသား ထဲကနေ လာတာ။ ဖန်ကျန်းရှီ သူမ ဘေးမှာ ရှိနေတာတောင် အေးအေးဆေးဆေး ပြန်လှဲ အိပ်နေ နိုင်တယ်။ ဖန်ကျန်းရှီ သူမကို တိုက်ခိုက်မှာ မကြောက်ဘူး။

ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ခံစားချက်တွေ ရောပြွမ်းလာတယ်။ အေးအေးချမ်းချမ်း လှဲနေတဲ့ ယွင်ချင်းဝူကို ဖမ်းဆွဲပြီး ခုန်အုပ် ချင်စိတ်တွေ ပေးနေတယ်။ ဒါပေမယ့် နောက်ထပ် စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရှေးလူကြီးတွေ ပြောတဲ့ အတိုင်း သည်းခံခြင်းသည် အောင်မြင်ရာတဲ့။ ယွင်ချင်းဝူ မျက်လုံး မှိတ်ထားတာကို မြင်တော့ သူမ အေးအေးဆေးဆေး လုံလုံခြုံခြုံ နေနိုင်တာကို သိတယ်။ ဒါကြောင့် စောင့်ရမယ်။ ယွင်ချင်းဝူ လုံး၀ စိတ်အေး လက်အေး ဖြစ်သွားပြီးတော့ သတိလွတ်တော့မှ အနိုင် တိုက်ရမယ်။

“ထားလိုက်တော့။ ငါရှုံးတာ ဝန်ခံပြီ။” ဖန်ကျန်းရှီ ပြောတယ်။ “မင်းရဲ့ ဝင်္ကပါက အင်အားကြီးလွန်းတယ်။ ငါ မထိုးဖောက် နိုင်ဘူး။”

“ကောင်းပြီ။”ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီ ဒီလို ပြောမှာကို သိနေတဲ့ အတိုင်းပဲ။ ဖန်ကျန်းရှီ ပိုပြီးတော့ စိတ်ထဲ မခံနိုင် ဖြစ်လာတယ်။

ဒါပေမယ့် စိတ်ထိန်းရင်း ပြောတယ်။ “ဒါက ဟန်ဆောင်နေတာ မဟုတ်လား။ မင်းတစ်ယောက်တည်း သရုပ်ဆောင် ကောင်းတာမဟုတ်ဘူး။ ငါလည်း တော်တယ်။”

ဟန်ဆောင်တာကို စမ်းသပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ယွင်ချင်းဝူကို သူတကယ် ရှုံးသွားပြီဆိုတာ လက်ခံ စေပြီးတော့၊ အခွင့်အရေး ရလာအောင် လုပ်ရမယ်။

“မင်း မြောက်ရွာကို လာတာ ငါ့ကို ဒီနေရာမှာ ထောင်ဖမ်း ထားဖို့လား။ ဒါဆိုရင် မင်း အောင်မြင်တယ်။ ငါ ဒီမှာ ပိတ်မိတ်နေပြီ။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ ငါ နင့်ကို ဒီမှာ ဖမ်းတာ ဟုတ်တယ်။ ဒါပေမယ့် ငါ့ ရည်ရွယ်ချက်က ဖမ်းဖို့ မဟုတ်ဘူး။” ယွင်ချင်းဝူ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ရင်း ပြောတယ်။

“ဖမ်းဖို့ မဟုတ်ရင် ဘာလဲ။”

“သတ်ဖို့။”

“ဒါဆိုရင် အစတည်းက ဘာလို့ မသတ်တာနဲ့။”

“နင်မှ မလှုပ်ရှားပဲ။” ယွင်ချင်းဝူ အကြောင်းပြချက် ပေးတယ်။

“ဒီတော့ မင်းပြောတာ မနေ့က ငါမင်းကို မသတ်တော့။ အခုချိန်မှာ ငါ့ကို လွှတ်ပေးမယ် ဟုတ်တယ် မလား။”

“အင်း။ အဲ့လိုလည်း ပြောလို့ ရပါတယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ “ဒါပေမယ့် ခဏပဲ။”

“အချိန် တစ်ခုအထိ မသတ် သေးဘူးလား။”

“အမှန် အတိုင်း ပြောရရင်။ ငါ့ စိတ်ကူးက နင့်ကို ဖြားယောင် သွေးဆောင်ပြီး တစ်ခါတည်း သတ်ဖို့ပဲ။ ပြီးရင် နင့်ဆီက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာကို ယူမယ်။ ဒါပေမယ့် ငါစိတ်ကူး ပြောင်းသွားပြီ။” ယွင်ချင်းဝူ ရှင်းပြတယ်။

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ။” ဒါကိုကြားတော့ ဖန်ကျန်းရှီ ပုခုံးတွန့်ပြီး ပြုံးပြတယ်။

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာဆိုတာ ဘာကို ပြောတာလဲ။ မင်းပြောနေတာ ငါမသိဘူး။ အဲ့တာမျိုးလည်း ငါ့မှာ မရှိဘူး။”

“နင့် ဆင်ခြေကို ငါမကြားချင်ဘူး။”

“ဒါဆိုရင်။ အခု မင်း ဘာတွေးနေတာလဲ။”

“နင့် အသက်ကို ချမ်းသာပေးမယ်။”

“ပြီးတော့ကော။”

“ထပ် မရှိတော့ဘူး။”

“ ဘာမှ မလုပ်တော့ဘူလား။ ငါ့ကို နှိပ်စက်တာတို့။ တောင်ပိုင်း ဒေသ အတွက် လက်စားချေတာတို့ မလုပ်ဘူးလား။” ဖန်ကျန်းရှီ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရင်း မေးတယ်။

“အခုချိန်မှာ ဘာမှ မလုပ်ဘူး။” ယွင်ချင်းဝူ ခေါင်းခါလိုက်တယ်။

“ဒါဆိုရင် မင်းကို ကျေးဇူး တင်ပါတယ်။ ဒါပေမယ့် ဘယ်အချိန် ငါ့ကို လွှတ်ပေးမှာလဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ယွင်ချင်းဝူ အနားကို ကပ်လာရင်း မေးတယ်။

“ကြာနိုင်သလောက် ကြာကြာ ဖမ်းထားမယ်။” ယွင်ချင်းဝူ ချက်ခြင်း ပြန်ဖြေတယ်။

“မင်း။” ဖန်ကျန်းရှီ ဒေါသတကြီး အော်တယ်။ သူ မယုံမကြည် ကြည့်ရင်း ပြောတယ်။ “မင်းက ငါ့ကို သေတဲ့ အထိ ပိတ်လှောင်ထားဖို့ ကြံစည် နေတာလား။”

“ဟုတ်တယ်။” ယွင်ချင်းဝူ ပြုံးပြုံးကြီး ပြန်ဖြေတယ်။

ဖန်ကျန်းရှီ တောင့်တင်းသွားတယ်။ ယွင်ချင်းဝူက သူ့ကို ထူးခြားတဲ့ စိတ်ကူးနဲ့ ချဥ်းကပ်လာတာ သူသိတယ်။ ဒါပေမယ့် တွက်ချက်တာ မှားသွားတယ်။ သူ့ကို တကယ်ပဲ သေတဲ့အထိ ဖမ်းထားဖို့ စိတ်ကူး နေတာပဲ။

ကြာနိုင်သလောက် ကြာအောင် ဖမ်းထားမယ်။ ကြားရတာတော့ လွယ်ပေမယ့် ဘယ်လောက် နက်နဲမှန်း သူသိတယ်။ သူမ အသံကို ကြားရတာ နားထဲမှာ ခါးသက်လာတယ်။

အကယ်၍ သာမာန်လူ တစ်ယောက်သာဆိုရင် နတ်ဆိုး အရှင်သခင်ငယ် ယွင်ချင်းဝူ ဖမ်းတာကို ခံရတာ ကောင်းချီး တစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီလို ၆လပဲ အသက်ရှင်ချိန် ရှိတဲ့ သူအတွက်တော့ မတူဘူး။ သူလုပ်ချင်တာ အများကြီး ရှိသေးတယ်။

ချီကူယန်ကို ကတိပေးထားတဲ့ ကောင်းကင်တာအို လူရွေးပွဲလည်း သွားရအုန်းမယ်။ လင်းယွမ် မျှော်စင်မှာ သူ့ကို စောင့်နေတဲ့ ပင်းယန်လည်း ရှိသေးတယ်။ မြောက်ရွာက မိဘတွေလည်း ရှိသေးတယ်။

သူ ဒီအတိုင်း ပျောက်သွားလို့ မဖြစ်ဘူး။ တေးသွား တစ်ပုဒ် သွေးဆောင်တာ ခံလိုက်ရတာ တော့်တော့်ကို အတွေ့အကြုံ ရသွားပြီ။

“ဒီမှာ စောင့်နေလို့ မဖြစ်ဘူး။ ကိစ္စတွေ အများကြီး လုပ်စရာ ရှိသေးတယ်။” ဖန်ကျန်းရှီ ပထမဆုံး အကြိမ် အနေနဲ့ အလေးနက် ပြောတယ်။

“ဒါပေမယ့် နင် သွားလို့မရဘူး။”

“ငါ သွားမှ ဖြစ်မယ်ဆိုရင်ကော။”

“ပြောပြီးသားပဲ။ နင် ထွက်လို့ မရဘူး။“

“ငါ့ကို ဒီမှာ ဖမ်းထားတာ ဘာဖြစ်လို့လဲ။”

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာအတွက်။ ငါနင့်ကို မသတ်ဘူး။ ဒါပေမယ့် နင့်ဆီက ယူဖို့လည်း လိုသေးတယ်။ ဒီတော့ နင်သေရင် ကျောက်ဖျာက ငါ့အပိုင် ဖြစ်ပြီ။”

“ငါမင်းကို ပေးရင်ကော။” ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောတယ်။

ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ။ ရိုးရိုးသာသား ပြောရရင် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက အဆုံးမဲ့ လောကကို သူ့ရင်ဘတ်ထဲ ထည့်ပေးတဲ့ အချိန်မှာ၊ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ အပိုင်းအစ တစ်ခုလည်း သူ့ခန္ဒာကိုယ်ထဲ ရှိနေတာကို သိလိုက်တယ်။ အကြောင်းအရင်းကို မသိပေမယ့် ဇစ်မြစ်ကိုတော့ သိတယ်။

ကန်လင်းတောင်မှာ ရှင်းယွမ်ကောင်းနဲ့ ချီကူယန် နှစ်ယောက်လုံးကို ရောက်လာစေတဲ့ ကျောက်ဖျာပဲ။ အတိအကျ ပြောရရင် ဒီကောင်းကင် တာအို သုခမိန် ကျောက်ဖျာက နတ်ဆိုး မျိုးနွယ်တွေ ပိုင်ဆိုင်တာ။

“နင် ဒီ ဝင်္ကပါထဲကို ရောက်လာတည်းက ကျောက်ဖျာကလည်း ငါ့ အပိုင် ဖြစ်ပြီပဲ။ ငါ့အပိုင် ဖြစ်နေတဲ့ ပစ္စည်းနဲ့ အလဲအလှယ် လုပ်တာကို ငါက ဘာလို့ လက်ခံရမှာလဲ။” ယွင်ချင်းဝူ နောက်ဆုံးတော့ ပြန်ပြောတယ်။

ဖန်ကျန်းရှီ မဖြေတော့ဘူး။

အသက်ရှူသံကို ငြိမ်အောင် ထိန်းလိုက်တယ်။ အချိန် ခဏ ကြာပြီးတဲ့နောက် သူ့မျက်လုံးတွေကို မှိတ်လိုကတယ်။ “ထားလိုက်တော့ ဒီနေရာမှာ မင်းနဲ့ အတူတူ ခြောက်လ နေရတာလည်း ကောင်းတာပဲ။”

““လောကကြီးက ကိစ္စတွေကို သက်တောင့်သက်သာပဲ မှတ်ယူ။ မျက်ကန်း အချစ်ဆိုတာ အရူးလိုပဲ။ ရင်နာရတယ်။ ဒီဘ၀ အချိန်က ရှည်လျားလွန်း ပေမယ့် နှလုံးသားကတော့ ငြိမ်သက် အေးချမ်းလွန်းတယ်။ ကျန်ရစ်တဲ့ ဘ၀ သက်တမ်းကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တော့တယ်။” စကား မပြောတော့တဲ့ ဖန်ကျန်းရှီကို ယွင်ချင်းဝူ ကြည့်နေတယ်။ သီချင်းစာသား တစ်ချို့ကို ခပ်တိုးတိုး လေချွန်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ မျက်လုံးတွေ ပိတ်ထားဆဲ။ ယွင်ချင်းဝူရဲ့ အသံကို သူနားထောင်နေတယ်။ သူမရဲ့ ဂီတ စွမ်းရည်က ထိပ်တန်း ကျတယ်။ စာသားနဲ့ သံစဉ်ကို တစ်ခေါက် နားထောင်ရုံနဲ့ မှတ်မိသွားပြီ။

စိတ်ခံစားချက်တွေ ဝင်လာတဲ့ အတွက် ဖန်ကျန်းရှီ သီချင်း နားထောင် ရတာလည်း ပို အဓိပ္မာယ် ရှိလာခဲ့တယ်။ တဖြည်းဖြည်းချင်း။ ဖန်ကျန်းရှီရဲ့ အသက်ရှူသံက တည်ငြိမ်လာတယ်။ ဒီအသံကို မှတ်သားနေတဲ့ ပုံစံပဲ။ သူ့လက်တွေက ယွင်ချင်းဝူ ရှိတဲ့ နေရာဆီကို ဖြည်းဖြည်းချင်း ရွေ့လျားနေတယ်။

အဲ့ဒီ့နောက် ထူးခြားတဲ့ နူးညံ့မှုကို လက်ဖျားမှာ ထိတွေ့လိုက်ရတယ်။ ချောမွေ့ နူးညံ့ နွေးထွေးတဲ့ အသားအရေ။ ဒီအချိန်မှာ သူ့အသားတွေ တဆတ်ဆတ် တုန်ယင် လာတာကို ဖန်ကျန်းရှီ ခံစား နေရတယ်။ ဒါပေမယ့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားတုန်းပဲ။

ဖန်ကျန်းရှီ အသက်ရှူသံက တဖြည်းဖြည်း ညင်သာလာတယ်။ ဟောက်သံတောင် ခပ်တိုးတိုး ထွက်နေပြီ။ တကယ်ပဲ အိပ်ပျော် နေသလိုပဲ။ ဒါပေမယ့် သူ့လက်တွေ ကတော့ ဒီနူးညံ့တဲ့ အထိတွေ့ကို ဆက်တိုက် ထိတွေ့ နေခဲ့တယ်။

ခပ်မြန်မြန်ပဲ။ ဒီ နူးညံ့တဲ့ အထိအတွေ့က သူ့ဆီကို ရောက်လာခဲ့တယ်။ နည်းနည်း တုန်ယင်နေတယ်။ ရပ်တန့်သွားတယ်။ ဖန်ကျန်းရှှီ အချိန် အကြာကြီး စောင့်နေခဲ့ရတဲ့ အချိန်ကို ရောက်လာပြီ။

တုန်ယင်မှုက အဆုံးမှာ ရပ်တန့် သွားပေမယ့် နူးညံ့တဲ့ အထိအတွေ့ ကတော့ ပျောက်ကွယ် မသွားဘူး။ ဖန်ကျန်းရှီ ထိတွေ့ ထားတာကို ခွင့်ပြုနေတယ်။ အချိန် အတော်ကြာပြီးတဲ့နောက် လေပြင်း တစ်ခုက ဖန်ကျန်းရှီကို ဖြတ်တိုက်သွားတယ်။ သူ့နဖူး တည့်တည့်ကို လေတိုးတယ်။ တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီ ခုန်ထလိုက်တယ်။ သူ့ အရှိန်နှုန်းကို စကားတခွန်းနဲ့ပဲ ဖော်ပြလို့ ရမယ်။ အထင်ကြီးစရာ ကောင်းလောက်အောင် ချောမွတ် လျင်မြန်လွန်းတယ်။ မျက်တောင် တစ်ခတ် အတွင်း ဖြစ်သွားခဲ့တာ။

“မင်းပြေးနိုင်မလား ကြည့်ရအောင်” ဖန်ကျန်းရှီ ပြောရင်း လက်နှစ်ဖက်နဲ့ ယွင်ချင်းဝူကို ဖမ်းဆုပ်လိုက်တယ်။ သူဘာကို ကိုင်လိုက် မိမှန်းတော့ မသိဘူး။ အမြန် ခုန်ထ လိုက်ရတော့ မျက်လုံးတောင် မဖွင့်နိုင်ဘူးလေ။ ယွင်ချင်းဝူက ခုန်ရှောင်တဲ့ နေရာမှာ သူ့ထက် ပိုမြန်တယ်လေ။ ဒါကြောင့် သူ ဖမ်းဆွဲလိုက်တယ်။ လက်ထဲမှာ နူးညံ့ အိထွေးမှုကို ခံစားလိုက်ရတယ်။ ဒါက။

ဖန်ကျန်းရှီ မျက်လုံးဖွင့်လိုက်တော့ သူကကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတဲ့ မိန်းမလှ တစ်ယောက်ကို မြင်လိုက်တယ်။

“အူဝါး။” ယွင်ချင်းဝူ အော်ငိုတော့တယ်။

အပိုင်း(၆၁၉)ပြီး၏။

အပိုင်း (၆၂၀)

“ခမ်းနားတဲ့ လက်ထပ်ပွဲ။”

ယွင်ချင်းဝူရဲ့ ခံစားချက်တွေကို တွေးကြည့်စမ်းပါ။ အရင် တောင်ပိုင်းဒေသ အေးခဲ မျောက်မင်း နယ်မြေမှာ ဖန်ကျန်းရှီက သူမကို ပထမဆုံး အကြိမ် ထိတွေ့ခဲ့တယ်။ အခုကတော့ ဒုတိယ အကြိမ်မြောက်ပဲ။ ယွင်ချင်းဝူ စစချင်း ရုန်းကန်တယ်။ ထွက်ပြေးဖို့ ပြင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူမကို ခွင့်မပြုဘူး။

အခုလို ဖြစ်လာဖို့ အများကြီး အားထုတ် ကြိုးစား ထားရတာ။ အခွင့်အရေး ရတာနဲ့ ယွင်ချင်းဝူကို အလွတ်ပေးမှာ မဟုတ်ဘူး။

ပတ်ဝန်းကျင် မြင်ကွင်း ပြောင်းသွားပေမယ့် ငါ့လက်ထဲကနေ မင်း မလွတ်စေရဘူး။

သူ့လက်တွေက မသင့်တော်တဲ့ နေရာကို ရောက်နေလည်း ဖန်ကျန်းရှီ ဂရုမစိုက်ဘူး။ မြေပြင်ပေါ်ကို လဲချလိုက်တယ်။ ယွင်ချင်းဝူကို သူ့အောက်မှာ ဖိထားခဲ့တယ်။

ယောကျာ်းပျို တစ်ယောက်နဲ့ မိန်းမပျို တစ်ယောက် အစိမ်းရောင် မြက်ခင်းပြင်ပေါ်မှာ။ ယောကျာ်းပျိုက အပေါ်မှာ ရှိနေတယ်။ မိန်းမပျိုက သူ့အောက်မှာ။

ဒီမြင်ကွင်းကို မြင်တဲ့ ဘယ်သူမဆို ချက်ခြင်း အော်ဟစ်ကြမှာပဲ။ “ကောင်မလေးကို လွှတ်လိုက်။”

“ငါ့ကို ဒီကနေ လွှတ်ပေး။ မဟုတ်ရင် ငါမင်းကို လုပ်မယ့် ကိစ္စ မင်းမသိချင် လောက်ဘူး။”

“နင် ဘာလုပ်ချင်လို့လဲ။” ယွင်ချင်းဝူ ရုန်းကန်တယ်။ သူမရဲ့ ဆံကေသာ နက်နက်တွေက မြက်ခင်းပေါ်မှာ ဝဲကျနေတယ်။ မြင်ရတာ ထူးထူးဆန်းဆန်း လှပနေတယ်။

“မင်း ခန့်မှန်း ကြည့်လို့ရတယ်။” ဖန်ကျန်းရှီ သူမကို ခြိမ်းခြောက်တယ်။

ယွင်ချင်းဝူ တစ်ခဏတာ ရပ်တန့် သွားခဲ့တယ်။ ဒီစကားလုံးက သူမနဲ့ ရင်းနှီးနေတယ်။ ဖန်ကျန်းရှီကို ခုဏတုန်းကပဲ ဒီလို ခြိမ်းခြောက်ခဲ့တာ။ အခုတော့ ဒီစကားက သူမ ပြန် အသုံးခံ နေရပြီ။

“အရှက်မရှိတဲ့ကောင်။” ယွင်ချင်းဝူ အော်ဟစ်တယ်။

“ဒီ့ထက်ပိုပြီးတော့ အရှက်မရှိလို့ ရသေးတယ်။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။

“ဒီလိုလား။” ယွင်ချင်းဝူ တည်ငြိမ်သွားတယ်။ ဖန်ကျန်း၇ှီကို ရုန်းကန်တာ ရပ်လိုက်ပြီ။ တစ်ချိန်တည်းမှာပဲ သူမ ပြုံးပြတယ်။ “ကြိုးစား ကြည့်လေ။”

“အင်း။” ယွင်ချင်းဝူကို ဖန်ကျန်းရှီ စိုက်ကြည့်တယ်။ သူ့စိတ်ထဲက မှောင်မိုက်နေတဲ့ ခံစားချက်တွေကို သိနေတယ်။ အရင်က သူခန့်မှန်း ခဲ့တာ ရှိတယ်။ ယွင်ချင်းဝူက ရှုခင်းကို လုံး၀ ပြောင်းလဲ သွားစေနိုင်တဲ့ မက်ထရစ် ဝင်္ကပါ တစ်ခုကို ထပ်ဆောက်ထားတယ်။ အခုလို အခြေအနေမှာ ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ကို လုံး၀ ထိလို့ရမှာ မဟုတ်ဘူး။

အကယ်၍ သူ့ခန့်မှန်း ချက်သာ မှန်ခဲ့ရင်၊ အခုလို ယွင်ချင်းဝူကို ထိနေတဲ့ အချိန်မှာ ဝင်္ကပါက ဘာဖြစ်လို့ မပြောင်းလဲတာလဲ။ အခုတော့ လူတွေပဲ ပြောင်းလဲ သွားတယ်။ ဒါပေမယ့် ယွင်ချင်းဝူက ဘာဖြစ်လို့ ရယ်မော နေတာလဲ။

“ဝမ်။” သူ့ မေးခွန်းကို ပြန်မဖြေခင် အချိန်မှာပဲ သူ့နားထဲမှာ အသံ တစ်ခုကို ကြားလိုက်ရတယ်။ သူ့အောက်မှာ ရှိတဲ့ ယွင်ချင်းဝူ တစ်ခုခု ပြောင်းလဲ သွားတာကို သူ ခံစားလို့ရနေတယ်။ ပတ်ဝန်းကျင်က အရာ အားလုံးနဲ့ ရောထွေး သွားသလိုပဲ။

“ဒါက မြင်ကွင်း ပြောင်းသွားတာတင် မဟုတ်ဘူး။” ဖန်ကျန်းရှီ ရပ်တန့်ဖို့ ပြင်တယ်။ ဒါပေမယ့် ယွင်ချင်းဝူက သူမ နေရာက ပျောက်သွားခဲ့ပြီ။ ဝတ်ရုံဖြူ ပုံရိပ်က သူ့နောက်ကျောကို ရောက်သွားခဲ့တယ်။ ဒီတစ်ခေါက်တော့ သူမက ခြေငါးလှမ်း အကွာမှာ ရောက်နေခဲ့တယ်။

“နင် ငါ့ကို ဖမ်းဆုပ် ထားရုံနဲ့ ငါ့မှာ ထွက်ပြေးနိုင်စရာ လမ်း မရှိတော့ဘူး ထင်နေတာလား။” ယွင်ချင်းဝူ အေးစက်စက် ပြန်ကြည့်တယ်။ သူမ မျက်နှာက ပန်းနုရောင် သန်းနေခဲ့တယ်။

“ဟီးဟီး။” ဖန်ကျန်းရှီ ကောက်ကောက် ကျစ်ကျစ် ရယ်မောတယ်။ မြက်ခင်းပေါ်မှာ လဲချလိုက်တယ်။ မတိုက်ခိုက် တော့သလို နောက်ထပ်လည်း မလှုပ်ရှားတော့ဘူး။ သူ့ ခန့်မှန်းချက် မှားသွားတာကို သူသိလိုက်တယ်။ အခုတော့ အခွင့်အရေးက ဆုံးရှုံးသွားပြီ။ ဒီအချိန်မှာ နောက်ထပ် လှုပ်ရှားလို့ မဖြစ်တော့ဘူး။

ပတ်ဝန်းကျင် မြင်ကွင်း ပြောင်းလဲ တာသာ မဟုတ်ရင် သူမက လေဟာနယ်နဲ့ သဘာဝကို ထိန်းချုပ် နိုင်တာလား။ နေစမ်းပါအုန်း ဝင်္ကပါ မဟုတ်ရင်၊ ဒါက လောကသစ် တစ်ခုလား။ သီခြား လောကငယ် တစ်ခုကို ရောက်နေတာလား။ အတွေးတစ်ခု သူ့စိတ်ထဲကို ဝင်လာခဲ့တယ်။ အရင်တုန်းကလည်း ပိတ်မိဖူးတယ်။

ညီလာခံ စာမေးပွဲ တိုက်ခိုက်ရေး ပြိုင်ပွဲ မစခင်မှာ ဝူယွဲ့အာက သူ့ကို ပိတ်လှောင် ထားခဲ့တယ်။ စိတ်အာရုံ နယ်မြေ တစ်ခုမှာ သူ ပိတ်လှောင်ထားတာ ဘယ်လို ကြိုးစား ကြိုးစား မလွတ်နိုင်ဘူး။ နောက်ဆုံး ဝူယွဲ့အာ တောင်းဆိုတာကို သဘောတူလိုက်မှပဲ ထွက်လာလို့ ရတော့တယ်။ အဲ့တာ စိတ်အာရုံ နယ်မြေ အငယ်စား ကြောက်ပဲ။

မဖြစ်ဘူး။

တကယ်ပဲ စိတ်အာရုံ နယ်မြေငယ် ဖြစ်နေရင် ဝင်ပေါက်တော့ ရှိရမှာပဲ။ ဒီဝင်ပေါက်ကို အင်အားနဲ့ ပိတ်ထားတာ ဖြစ်နိုင်တယ်။ ကျောက်ဖျာကြီး တစ်ခုကို ဖြတ်ဝင် သွားပြီးတော့ သုခမိန် လောကထဲမှာ ပိတ်မိတာမျိုး။ ဝူယွဲ့အာရဲ့ စိတ်အာရုံ နယ်မြေငယ်ထဲ ပိတ်မိတာမျိုး။ ဝူယွဲ့အာက သူ သတိလစ်နေတဲ့ အချိန် ဖမ်းလာခဲ့တာ။

ဒါဆိုရင် ယွင်ချင်းဝူကကော ဘယ်လို လုပ်လိုက်တာနဲ့။ မဖြစ်နိုင်တာပဲ။ ယွင်ချင်းဝူက တေးသံစဉ်ကို သုံးပြီးတော့ သူ့ကို သွေးဆောင်လိုက်တယ်။ သူလာမယ့် အရပ်မျက်နှာမှာ စိတ်အာရုံ ဝင်ပေါက် တံခါးကို ထားထား နိုင်မှာ မဟုတ်ဘူး။

စိတ်အာရုံ နယ်မြေငယ်ရဲ့ ဝင်ပေါက်။ ဒါက သိပ်ကြီးမှာ မဟုတ်ဘူး။ ယွင်ချင်းဝူ ဒီလောက်တောင် ယုံကြည်ချက် ရှိနေတာ သူ့ကို ဝင်ပေါက် နေရာ လုံး၀ ပြောပြမှာ မဟုတ်ဘူး။ နောက်ပြီးတော့ မြောက်ရွာ အပြင်ဘက်ကို တစ်ယောက်တည်း ရောက်လာခဲ့တာ။ အရာအားလုံးကို သူမ ကောင်းကောင်း စီစဉ်ထားပြီးသား ဆိုတာ ပြောလို့ ရတယ်။ သူမ လှုပ်ရှားလိုက်တာနဲ့ ဘာကိုမှ လုပ်လို့ မရနိုင်အောင် အကွက် ချထားတာ။

အစက နေရာ တစ်ခုထဲမှာ လည်နေလို့ ဝင်္ကပါ ထောင်ချောက် ဆင်ထားတာလို့ သူတွေးမိတယ်။ ဒါပေမယ့် ဝင်္ကပါ ထောင်ချောက်သာ ဆိုရင် ယွင်ချင်းဝူ သူ့လက်က လွတ်နိုင်စရာ အကြောင်း မရှိဘူး။

အခုက တိုက်ပွဲထဲမှာ စစ်တပ်ကြီး နှစ်ခု ရင်ဆိုင် နေသလိုပဲ။ တစ်ဖွဲ့က တန်ဖိုးကြီး နည်းဗျူဟာတွေကို ထုတ်သုံးနေပြီ။ စစ်သည်တော်တွေရဲ့ တိုက်ခိုက် နိုင်စွမ်းကို မြင့်တင်ပေးနိုင်မှာ အမှန်ပဲ။ ရန်သူ့ စစ်တပ်ကိုတော့ အမြင်မှား စေလိမ့်မယ်။ သူတို့ စစ်သည်တော်တွေ သေဆုံးမှာကိုလည်း တားနိုင်စရာ အကြောင်း မရှိဘူး။

ဝင်္ကပါ တစ်ခုက လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို မပြောင်းလဲ နိုင်ဘူးလေ။ အကယ်၍ ဒီလို ပြောင်းလဲ နိုင်တဲ့ ဝင်္ကပါသာ ရှိနေရင် ယွင်ချင်းဝူက ဒီလောက် အချိန် အကြာကြီး စိတ်ရှည် လက်ရှည် စောင့်နေမှာ မဟုတ်ဘူး။ ဒါဆိုရင် ဘာထပ် ရှိနိုင်အုန်းမလဲ။ ဖန်ကျန်းရှီ သူဘယ်နေရာမှာ ရောက်နေမှန်းကို မသိတော့ဘူး။ အခု အခြေအနေကိုလည်း သူနားမလည်နိုင်။

“နင် ဒီနေရာကနေ ထွက်သွားလို့ မရဘူးလို့ ငါ ပြောသားပဲ။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြောတယ်။ အချိန် အတော်ကြာပြီးနောက် သူမ နောက်တစ်ခေါက် ထိုင်လိုက်ပြန်တယ်။ မျက်လုံး နှစ်လုံးကို ပိတ်ထားရင်း နေပူဆာ လှုံနေခဲ့တယ်။

ယွင်ချင်းဝူရဲ့ မျက်နှာမှာ ပန်းနုရောင် ခပ်ဖျော့ဖျော့ တောက်ပ လာခဲ့တယ်။

…

ကောင်းကင်မှာ နေအတော် မြင့်နေပြီ။

မြောက်ရွာကတော့ ထုံးစံ အတိုင်း သက်ဝင် လှုပ်ရှားနေတုန်း။ ရွာသားတွေလည်း နိုးလာကြပြီ။ မီးခိုးငွေ့တွေနဲ့ အတူ အသားကင် အနံ့ မွှေးမွှေးတွေ လေထဲမှာ ပျံ့လွင့် လာခဲ့တယ်။

ဖန်ကျန်းရှီရဲ့ နောက်ကျမှ အိပ်ပြီး နောက်ကျမှ ထတတ်တဲ့ အကျင့်က ဝူယွဲ့အာကို ကူးစက်နေတယ်။ စကားပုံ ရှိသလိုပဲ။ “တံငါ နားနီး တံငါ မုဆိုး နားနီး မုဆိုး။”

အကြောင်းရင်းကတော့ အရင်လပိုင်းတွေမှာ ဝူယွဲ့အာက ဖန်ကျန်းရှီကို အမြဲ မနက်စောစော လာနှိုးတယ်။ ဖန်ကျန်းရှီက ဒေါသတကြီးနဲ့ ပြန်အော်တယ်။

“ငါ အေးအေးဆေးဆေး နေလို့ မရဘူးလား။ ဒါကို အိပ်စက်မှု အလှတရားလို့ ခေါ်တယ်။ အိပ်စက်မှု အလှတရား ဆိုတာကို မင်းသိလား။ မသိဘူး မဟုတ်လား။ ဒါဆိုရင် အလှတရား ဆိုတာကိုကော နားလည်လား။ ကောင်းပြီ။ လှတယ်ဆိုတာ ဘာလဲ။ အိပ်စက်တာက မင်းကို လှအောင် လုပ်ပေးနိုင်တယ်။ အသားအရေကို ကောင်းလာစေတယ်။ ဖြူဖွေး နူးညံ့တဲ့ အသားအရေက အပြစ် အနာအဆာ ၇ခုကို ဖုံးကွယ် ပေးနိုင်တယ်။ မင်း များများ အိပ်လေ။ အသားပိုဖြူလေပဲ။ အသားအရေလည်း ပိုကောင်းလာ လိမ့်မယ်။ အသားအရေ လှတဲ့သူက ပိုကြည့်ကောင်းတာ မင်းသိမှာပါ။”

ဒါကြောင့် ဝူယွဲ့အာလည်း နေဖင်ထိုးတဲ့ အထိ အိပ်တော့တယ်။ ဖန်ကျန်းရှီ လုပ်သလိုပဲ နေ့လယ် နေ့ခင်းလည်း တရေး ပြန်မှေးတယ်။

“ယွဲ့အာ။ မနက်စာ စားချိန် ရောက်ပြီ။” ချီရှင်းလိန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူ့လက်ထဲမှာ မနက်စာ ပူပူနွေးနွေး ပန်းကန်ကို ကိုင်ထားခဲ့တယ်။

“ဟမ့်။ ဘယ်သူ ငါ့ကို နှိုးဝံ့တာလဲ။” အိပ်မှုံ စုန်မွှားနဲ့ ဝူူယွဲ့အာ ပြောတယ်။ ဒါပေမယ့် မျက်လုံး ဖွင့်ပြီး ပြန်ပြောလိုက်တယ်။ “လာမယ် ဒေါ်လေးရေ့။ စောင့်ပါအုန်း။ ယွဲ့အာ တံခါး လာဖွင့်ပေးမယ်။”

“လိမ္မာ ထူးချွန် နေလို့လည်း သမီးက ဒီလောက် လှနေတာ။” ချီရှင်းလိမ် အိမ်အပြင်ကနေ ပြန်ဖြေတယ်။

အိပ်ယာထ နောက်ကျတာလား။ ချီရှင်းလိန်ကလည်း သူ့သား ဖန်ကျန်းရှီကို မနက်တိုင်း စောစော မနှိုးဘူး။

သူ့စိတ်ထဲမှာတော့ စားနိုင် အိပ်နိုင်တာက ကံကောင်းခြင်း တစ်မျိုးပဲ။ သူမ အတွက်တော့ အသက်ရှင်သန်မှု ဆိုတာ ရိုးရှင်းတယ်။ ဒါကြောင့် မနက်တိုင်း ဝူယွဲ့အာ နောက်ကျမှာ ထတာကို စိတ်မဆိုးဘူး။ ဒါပေါ့ အဓိက အကြောင်းလည်း ရှိတယ်။ ဝူယွဲ့အာက လှလွန်းတယ်လေ။

ဆယ်မိုင် ပတ်ပတ်လည်မှာ ဝူယွဲ့အာလောက် လှတဲ့သူ မတွေ့ဖူးဘူး။ ပြီးပြည့်စုံတဲ့ ဘဝနဲ့ လှလှပပ မွေးဖွားလာတဲ့ အမျိုးသမီးလေး တစ်ယောက်က သူ့ရဲ့ အနာဂတ် ချွေးမ ဖြစ်သင့်တယ်လေ။ ဝူယွဲ့အာက သူ စိတ်ကူးထားတဲ့ ပုံစံနဲ့ ကွက်တိပဲ။ ဖန်ကျန်းရှီထက် တစ်နှစ် ၂ နှစ်လောက် အသက်ကြီးပေမယ့် ပြဿနာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့ ဇနီးက မင်းဘဝကို ပျော်ရွှင် စေနိုင်တယ်။

“ဝင် ဝင် ဒေါ်လေး။” ဝူယွဲ့အာ တံခါးကို မြန်မြန် ဖွင့်ရင်း ချီရှင်းလိန် လက်ထဲက မနက်စာကို ယူလိုက်တယ်။ အိမ်ထဲကို ဝင်ခိုင်းတယ်။ တကယ်တော့ ဝူယွဲ့အာက ဒါမျိုးတွေ လုပ်လေ့ လုပ်ထ မရှိဘူး။ အခုတော့ အထင်ကြီး ခံရအောင် သူလုပ်နေတယ်။

သူ့အိမ်ထဲကို တကယ်တော့ ဘယ်သူ့ကိုမှ မဝင် မခံဘူး။ နောက်ပြီးတော့ အိမ်ထဲကို ပြဖို့ဆိုတာ ဝေလာဝေး။ ဖန်မိသားစု အိမ်နဲ့ တမိုင် အကွာမှာ အိမ်တစ်လုံး ဆောက်ပြီးတော့ သူနေနေတာ။ အစီအစဉ် ကောင်းကောင်း ဆွဲထားတယ်လေ။

ဒါပေမယ့် ချီရှင်းလိန် စိတ်ထဲမှာ နောက်ထပ် ချွေးမလောင်း တစ်ယောက်ရှိနေတာကို ဝူယွဲ့အာ မသိဘူး။ အဲ့ဒီ့ ချွေးမလောင်းက နတ်ဆိုး ကျောင်းတော် မင်းသမီး ချီကူယန်ပဲ။ ဒါပေမယ့် ချီရှင်းလိန်က သူ့ မျှော်လင့်ချက်ကို ကောင်းကောင်း ထိန်းချုပ် တတ်တယ်။

အစောပိုင်း နှစ်တွေမှာ ချီကူယန်က သူ့အိမ်ကို လာခဲ့တယ်။ သူတို့တွေရဲ့ အဆင့်အတန်းက ကွာလွန်းတာကြောင့် ချီကူယန်ကို အမြဲ ယဉ်ယဉ်ကျေးကျေး ဆက်ခံခဲ့တယ်။ အခုချိန်မှာ ဖန်ကျန်းရှီက မင်းသားကန် ဖြစ်နေပင်မယ့်။ ချီကူယန်က ကောင်းကင် ဂုဏ်ရည်ရှင် ဖြစ်နေတယ်လေ။

နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကကို ထိတ်လန့်စေပြီး ကမ္ဘာမြေ အတွက် ငြိမ်းချမ်းမှုကို ဆောင်ယူ လာလိမ့်မည်။ ချီရှင်းလိန်လည်း သူ့မျှော်လင့်ချက်ကို ချီကူယန်ဆီ ပုံအပ် မထားဘူး။ အနီးကပ်ရှိနေတဲ့ ဝူယွဲ့အာကိုပဲ လက်မလွှတ်အောင် လုပ်ဖို့ တွေးနေခဲ့တယ်။

“ယွဲ့အာ ဒေါ်လေး အရင်က မပြောဖူးဘူး။ ဒါပေမယ့် ကျန်းအာ ဒီကလေးက အခုတော့ မင်းသားကန် ဖြစ်နေပြီ။ မိသားစု တစ်ခုကို ဦးဆောင် သင့်နေပြီ။ သူ့အသက်လည်း မငယ်တော့ဘူး။ အခုချိန်မှာ မိန်းမကောင်းလေး တစ်ယောက်နဲ့ လက်ထပ်ပြီးတော့ နေသင့်နေပြီ။” ဝူယွဲ့အာကို မျက်နှာရိပ် မျက်နှာကဲ ပြရင်း ချီရှင်းလိန် ပြောတယ်။

“တကယ်တော့ ယွဲ့အာလည်း ကျော်ကြားတဲ့ မိသားစုကပါ။” ဝူယွဲ့အာ စိတ်လှုပ်ရှား မှုကို ထိန်းချုပ်ရင်း ပြန်ဖြေတယ်။ ခေါင်းငုံ့ရင်း ရှက်ရွံ့တဲ့ ပုံစံ လုပ်ပြနေခဲ့တယ်။

“ဓလေ့ ထုံးစံတွေကို ဒေါ်လေး သိပါတယ်။ ဒီနှစ်တွေမှာ ကျန်းအာဆီက ရထားတဲ့ ပိုက်ဆံတွေ ဒေါ်လေး ဆီမှာ ရှိတယ်။ မင်္ဂလာပွဲကို ခမ်းခမ်း နားနား ဖြစ်အောင် လုပ်ပေါးပါမယ်။ ရွာသားတွေ အားလုံးကိုလည်း ဖိတ်မယ်။”

ဝူယွဲ့အာ ပြောချင်နေတာကို ချီရှင်းလိန် ချက်ခြင်း နားလည်တယ်။ ဒါကြောင့် သူမ စိတ်ကူးနဲ့ ရက်ရောမှုကို ဖော်ပြတယ်။

“ဒေါ်လေးပဲ ဆုံးဖြတ်ပါ။” ဝူယွဲ့အာ ရှက်သွေးဖြာရင်း ခေါင်းငြိမ့်တယ်။

“ကျေးဇူး တင်ပါတယ် ဒေါ်လေး။” ဝူယွဲ့အာ လိမ်လိမ်မာမာလေး ပြန်ဖြေတယ်။ အဲ့ဒီ့နောက် ချီရှင်းလိန် ယူလာတဲ့ မနက်စာကို သိမ်မွေ့ နူးညံ့တဲ့ ပုံစံနဲ့ စားနေခဲ့တယ်။ ချီရှင်းလိန်က သူမ ဘေးမှာ ထိုင်ရင်း တိတ်တဆိတ် ကြည့်နေခဲ့တယ်။ ဝူယွဲ့အာက ခေါင်းအစ ခြေအဆုံး အကုန်လှတာပဲ။

ဒီအချိန်မှာပဲ အလောတကြီး အသံတသံ အိမ်ပြင်က ထွက်လာခဲ့တယ်။

“မိန်းမရေ။ ငါတို့သား။ ကျန်းအာ ပျောက်နေတယ်။” အရပ်ရှည်ရှည်လူတစ်ယောက် အိမ်ထဲကို ဝင်လာရင်း အမောတကော ပြောတယ်။ သူကတော့ ဖန်ဟို့ဒဲ။

“ကျန်းအာ အိပ်နေတာ ဖြစ်မှာပေါ့။” ချီရှင်းလိန် ပြန်ဖြေတယ်။ ဒါပေမယ့် သူမ မျက်နှာက ဖြူဖျော့ သွားခဲ့ပြီ။

“မဟုတ်ဘူး။ အိပ်ခန်းထဲမှာ မတွေ့ဘူး။” ဖန်ဟို့ဒဲ ပြန်ဖြေတယ်။ “အခုပဲ ငါ မနက်စာ စားပြီးတော့ အပြင်သွားဖို့ ပြောမလို့၊ သားကိုရှာတာ။ သားက အိပ်ခန်းထဲမှာ ရှိမနေဘူး။ သူ့အိပ်ယာကလည်း အေးစက်နေတယ်။”

“ဘာ။ ဒါ ဒါက။” ချီရှင်းလိန် တကိုယ်လုံး တုန်ယင်လာတယ်။

“ဦးလေးနဲ့ ဒေါ်လေး စိတ်မပူပါနဲ့။ သူ ကန်လင်းတောင်မှာ လျှောက်လည်နေတာ ဖြစ်မှာပါ။” ဝူယွဲ့အာ ပြောတယ်။

“တောင်ပေါ်ကို သွားတာ ဖြစ်နိုင်ပါ့မလား။” ချီရှင်းလိန် ပြန်မေးတယ်။

“ဟုတ်မယ် မထင်ဘူး။ သားက အရမ်း လိမ္မာတာ။ တောင်ပေါ်ကို သွားမယ်ဆိုရင် ငါတို့ကို ပြောသွားမှာပဲ။ ” ဖန်ဟို့ဒဲ ခေါင်းခါတယ်။

“ဦးလေးနဲ့ ဒေါ်လေး စိတ်မပူပါနဲ့။ မင်းသားရှန်းကို အရင်ဆုံး သွားပြီး နှုတ်ဆက်လိုက်။ ယွဲ့အာ ရွာပြင် ထွက်ပြီးတော့ ရှာလိုက်မယ်။ ဖန်ကျန်းရှီရဲ့ အစွမ်းနဲ့ဆိုရင် ဘယ်သူမှ သူ့ကို ထိရဲမှာ မဟုတ်ဘူး။ သူ့ကို ထိရဲရင်တောင် ကောင်းကောင်း ရိုက်နှက်ပြီး ထွက်ပြေးလာနိုင်တယ်။” ဝူယွဲ့အာ နှစ်သိမ့်တယ်။

“ဒါ။” ချီရှင်းလိန် တွေဝေနေခဲ့တယ်။

“ယွဲ့အာ ပြောတာ မှန်တယ်။ မင်းသားရှန်းကို အရင်ဆုံး လိုက်ပို့ရအောင်။” ဖန်ဟို့ဒဲ ထောက်ခံတယ်။

“ဒါဆိုရင် သမီးကိုပဲ အနှောက်အယှက် ပေးရတော့မယ်။” ချီရှင်းလိန် ခေါင်းငြိမ့်ရင်း ပြောတယ်။

“ရပါတယ်။ ယွဲ့အာ အခု သွားလိုက်မယ်။” ဝူယွဲ့အာ ချက်ခြင်း ထရပ်ပြီး အိမ်အပြင်ကို ပြေးထွက် သွားတော့တယ်။

“ဝုန်း။”

“အိမ်ရဲ့ သစ်သား တံခါး နှစ်ချပ်က ဝူယွဲ့အာရဲ့ အစွမ်းကို မခံနိုင်ဘူး။ မြေပြင်ပေါ်ကို ပြုတ်ကျပြီး ကွဲကျေ သွားတော့တယ်။”

ဖန်ဟို့ဒဲနဲ့ ချီရှင်းလိန်ကို ဝူယွဲ့အာ နှစ်သိမ့် ချင်ပေမယ့်။ အမှန်အတိုင်း ပြောရရင် ဖန်ကျန်းရှီက အတော့်ကို လိမ္မာတဲ့သား။ သူ့မိဘတွေကို မပြောပဲ အပြင်ထွက်မှာ မဟုတ်ဘူး။ ဖန်ဟို့ဒဲ စိတ်ပူတာကို သူနားလည်တယ်။

ဒီတော့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ ပြဿနာ တက်ပြီ။

ဝူယွဲ့အာရဲ့ အလျင်နှုန်းကြောင့် အိမ်မှာ အပေါက်ကြီး ဖြစ်သွားခဲ့တယ်။ ချက်ခြင်း ခုန်ထွက်ပြီး ပျောက်ကွယ်သွားခဲ့တာ။

ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ နှစ်ယောက်ပဲ အိမ်ထဲမှာ ကျန်ရစ်ခဲ့တယ်။

“ငါတို့ ချွေးမက အစွမ်းထက်လိုက်တာ။ ဟုတ်တယ်မလား။” ချီရှင်းလိန် ပါးစပ် အဟောင်းသားနဲ့ ပြောမိတယ်။

“ဟုတ်တယ်။ မြန်လိုက်တဲ့ အရှိန်နှုန်း။ မီးမြေခွေးပြာထက်တောင် မြန်အုန်းမယ်။ နေစမ်းပါအုန်း။ ဝူယွဲ့အာက ဘယ်တုန်းက ငါတို့ ချွေးမ ဖြစ်သွားတာလဲ။” ဖန်ဟို့ဒဲ ပြန်မေးတယ်။

အပိုင်း(၆၂၀)ပြီး၏။

All Chapters