အပိုင်း (၆၂၁-၆၃၀)
Vol. 7 Ch. 621-630
အပိုင်း (၆၂၁)
“မနိုင်နိုင်တဲ့ အသေတိုက်ပွဲ။”
“ဒါပေါ့။ သူက ငါတို့ရဲ့ ချွေးမလေ။ ငါတို့ အိမ်ရှေ့မှာ ဘယ်အမျိုးသမီးကများ အိမ်လာဆောက်မှာလဲ။ အကယ်၍ သူသာ ငါတို့ ချွေးမ မဖြစ်ချင်ရင် ဒီလို လုပ်မှာလား။” ချီရှင်းလိန် မေးတယ်။
“ရှင်မ ပြောသလိုပဲ။ ကြည့်ရတာ ဟုတ်တယ်။ ငါကလေ နေ၀ တိမ်တောင်နဲ့။” ချီရှင်းလိန် ရှင်းပြလိုက်တော့ ဖန်ဟို့ဒဲ နားလည် သွားခဲ့တယ်။
“ယောကျာ်းက မအပါဘူး။ နည်းနည်း သတိလက်လွှတ် ဖြစ်သွားရုံပဲ။”
“ဟုတ်တယ်။ ဟုတ်တယ်။ ရှင်မ မှန်တယ်”
“အိုက်ယား။ ယွဲ့အာတောင် သွားပြီ။ ဒီမှာ နေနေတုန်းလား။ မင်းသားရှန်းကို သွား မနှုတ်ဆက်ဘူးလား။”
“အာ ဟုတ်သားပဲ။” ဖန်ဟို့ဒဲ ချက်ခြင်း ချီရှင်းလိန်ဘက်ကို ဆွဲပြီးတော့ အိမ်အပြင်ကို ထွက်လိုက်တယ်။
ဝူယွဲ့အာ ထွက်ပြေး ပျောက်ကွယ် သွားတဲ့ ဘက်ကိုကြည့်ရင်း ချီရှင်းလိန် မျက်ဝန်းထဲ မျက်ရည်တွေ ရစ်ဝဲ လာခဲ့တယ်။ “ကျန်းအာ ဘေးကင်းပါစေ။”
…….
အခုလို အခြေအနေမျိုးမှာ သူစိတ်အေးအေး နေသင့်မှန်း ဖန်ကျန်းရှီ သိတယ်။ ယွင်ချင်းဝူ မြောက်ရွာကို ရောက်နေပြီး ပြင်ဆင်တာ ကြာလောက်ပြီ။ သူ့လို ဘာမှ မပြင်ဆင် ထားတဲ့သူနဲ့ ယှဉ်ရင် အများကြီး သာတယ်။ ဒါပေမယ့် ကောင်းကင်တာအို ခန်းမ ပြိုင်ပွဲက လဝက်အတွင်း ရောက်တော့မှာ။
နောက်ပြီးတော့ မြောက်ရွာနဲ့ ကောင်းကင်တာအို ခန်းမကို သွားဖို့ အချိန်က ၁လ လိုတယ်။ ဒါကြောင့် သူ့မှာ လဝက် အချိန်ပဲ ကျန်တော့တယ်လို့ ပြောလို့ရတယ်။ လဝက် အချိန်က မများဘူး။ အချိန်လည်း မလောက်ဘူး။
အကယ်၍ ဝင်္ကပါ တစ်ခုထဲ ပိတ်မိ နေတယ်ဆိုရင် ဒါကို ဖြေရှင်းဖို့ ဖန်ကျန်းရှီအတွက် အချိန် သိပ်မလိုဘူး။ ဒါပေမယ့် ဝင်္ကပါလား စိတ်အာရုံ နယ်မြေလား မသိတာ ပြဿနာ တက်နေတယ်။ ဘယ်လိုများ ဖြေရှင်းနိုင်မှာလဲ။
စိတ်အေးအးထား။ အရင်ဆုံး စိတ်အေးအေးထားဖို့ လိုတယ်။ အချိန် ရှိသေးတယ်။ လဝက် အချိန် ရှိသေးတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ စိတ်ထဲမှာ သတိပေးနေခဲ့တယ်။ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲလည်း သူပျောက်နေတာကို စိတ်ပူနေလောက်ပြီ။ ဒါပေမယ့် သူ့မှာ ရွေးစရာ မရှိဘူး။
နေစမ်းပါအုန်း။ အထဲက ဖောက်လို့ မရရင် အပြင်က ဆိုရင်ကော ဘယ်လိုလဲ။ အရင်တစ်ခေါက်က သစ်ပင်ကို ဖြတ်လျှောက်လို့ရတယ်။ ဒါဆိုရင် သစ်ပင်က ဒီဧရိယာထဲမှာ ရှိမှာပဲ။ ဒီသစ်ပင်ကို မူတည်ပြီးတော့ ဝင်္ကပါကို ဖောက်လို့ ရနိုင်မလား။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ ဒါပေမယ့် အခုချိန်မှာ စိတ်ရှည်ရှည် ထားဖို့ လိုတာကို သူသိတယ်။ ဒီအချိန်မှာ သူ့ကို လာရှာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒီလူကို သူကြည့်နေတဲ့ အချိန်မှာပဲ၊ အဝေးကနေ ပြေးလာတာကို မြင်လိုက်တယ်။ အနက်ရောင် ဝတ်ရုံရှည်က လေထဲမှာ တဖျပ်ဖျပ် လွင့်မျောနေတယ်။ သူမရဲ့ မျက်ဝန်း နက်နက်တွေ တောက်ပလွန်းတယ်။
“ဝူယွဲ့အာ။” ဝူယွဲ့အာကို မြင်ရင် ဖန်ကျန်းရှီ ပျော်တာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ သူမက အချိန်ကိုက် ရောက်လာနေပြီ။ သူချက်ခြင်း အော်ဟစ်တယ်။ လက်တွေကို ဝေ့ယမ်းရင်း အော်ဟစ်နေတယ်။ ဒါပေမယ့် ဝူယွဲ့အာက ဘာကိုမှ မမြင်သလိုပဲ။
သူဆက်ပြီးတော့ ပြေးလာရင်း ခုန်ပျံသွားတယ်။ ဖန်ကျန်းရှီတို့ ရှိနေတဲ့ နေရာကို ရှောင်ကွင်း သွားခဲ့တယ်။
“ဒီကောင်မလေး မျက်လုံး ကန်းနေတာလား။” ဖန်ကျန်းရှီ ပြောစရာ စကားမရှီ ဖြစ်သွားတယ်။ သူဒီလောက် အကျယ်ကြီး အော်နေတာတောင် မကြားဘူးပေါ့။ “ဝူယွဲ့အာ ငါ ဒီမှာ။”
ဖန်ကျန်းရှီ နောက်ထပ် ဆက်အော်တယ်။ ဒါပေမယ့် ဝူယွဲ့အာက ဘာမှ မကြားသလို ဆက်ပြီးတော့ ခုန်ပျံသွားတယ်။
ဘာတွေ ဖြစ်နေတာလဲ။ သူ တစ်ခွန်းတောင် မကြားဘူးပေါ့။
ဒီဝင်္ကပါရဲ့ အစီအရင်ကြောင့် ဒီလို ဖြစ်တာလား။ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြတယ်။ ယွင်ချင်းဝူ မျက်ဝန်းထဲက ငြိမ်းချမ်းမှုတွေကို မြင်နေရတယ်။ ရေလိုပဲ တည်ငြိမ် အေးချမ်းနေတယ်။ ဘာကိုမှ မကြားတဲ့ အတိုင်းပဲ။
“အဲ့တာ တကယ်ပဲ အသံကာ ထားတာလား။” ဖန်ကျန်းရှီ ဖြစ်နေတာကို နားလည်သွားတယ်။ အသံတွေကို တစ်နေရာတည်းမှာ ခွဲထားဖို့ဆိုတာ လွယ်ကူတယ်လေ။ ဒါပေမယ့် သူ့ကို ပိုပြီးတော့ အံ့သြစေတဲ့ အရာလည်း ရှိသေးတယ်။
သိပ်ဝေးဝေး မရောက်ခင် ဝူယွဲ့အာက ပြန်လှည့်လာခဲ့တယ်။ ဒါက ဖန်ကျန်းရှီကို စိတ်လှုပ်ရှား စေတယ်။ ဒါပေမယ့် ဝူယွဲ့အာက သစ်ပင်ကြီးနားမှာ ပတ်လျှောက်နေတယ်။ ဒီအချိန်မှာ အထူးဆန်းဆုံး ကိစ္စကြီး ဖြစ်ပေါ် လာတော့တယ်။
အစတုန်းက ဖန်ကျန်းရှီ ထင်ခဲ့တာ ယွင်ချင်းဝူရဲ့ ဝင်္ကပါက အသံတွေကို ရှင်းလင်းပြီးတော့ မြင်ကွင်းတွေကိုပဲ သက်ရောက်တယ်လို့ ထင်နေတာ။ ထွက်ပေါက်တော့ ရှိမယ်ပေါ့။
ဒါပေမယ့် ယွင်ချင်းဝူက သစ်ပင်တွေကို ပတ်လျှောက်နေတယ်။ သူ့ကို စက်ဝိုင်းပုံ ဝိုင်းပြီးတော့ ပတ်လျှောက် နေခဲ့တယ်။ အခြေအနေကို ဖန်ကျန်းရှီ ရုတ်တရက် နားလည်သွားတယ်။ အခု သူ့ကို ဖမ်းချုပ်ထားတဲံ့ မန္တန်က အရင် အခေါက်တွေနဲ့ ကွာခြားတယ်။ ဝူယွဲ့အာက နောက်ဆုံးတော့ ပြန်ထွက် သွားခဲ့တယ်။ စိတ်ဖိစီးပြီး စိတ်ရှုပ်ထွေးနေတဲ့ ပုံစံနဲ့ ကန်လင်းတောင်ကို ပြန်ထွက်သွားခဲ့တယ်။ သူထွက်သွားတဲ့ အချိန် ဖန်ကျန်းရှီရဲ့ ပုခုံးကို သီသီလေး ပွတ်သွားခဲ့တယ်။
“ဒါက အပြိုင် စကြဝဠာလား။” ဝူယွဲ့အာ သူ့မျက်စိရှေ့က ထွက်သွားတာကို မြင်တော့ ဖန်ကျန်းရှီ သက်ပြင်းချရင်း မေးတယ်။
“အပြိုင် စကြဝဠာ” ယွင်ချင်းဝူ စဉ်းစားနေခဲ့တယ်။ ဖန်ကျန်းရှီ ပြောတာကို သူမ မသိဘူး။
“ဒီ စကြဝဠာထဲမှာ နောက်ထပ် စကြဝဠာ တစ်ခုကို မင်း ဆောက်ထားတာလားလို့ မေးနေတာ။ ဒီစကြဝဠာ အသစ်က အဟောင်းနဲ့ တူပေမယ့် လုပ်ဆောင်ပုံချင်း မတူဘူး။” ဖန်ကျန်းရှီ ရှင်းပြတယ်။
“မဟုတ်ဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။
“ငါပြောလိုက်တာကို မင်းနားလည်ရဲ့လား။” ယွင်ချင်းဝူက သူရှင်းပြတာကို ယုံမယ်လို့ ဖန်ကျန်းရှီ မသေချာဘူး။
“အင်း။ နင်ပြောတဲ့ အပြိုင် စကြဝဠာကို ငါနားလည်တယ်။ လေဟာနယ် တစ်ခုထဲမှာ နောက်တစ်ခု ဖန်တီးတာမျိုးလေ။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။
သေစမ်း။
ဖန်ကျန်းရှီ ပထမဆုံး အနေနဲ့ လူတစ်ယောက်ကို ဉာဏ်ကြီးရှင်လို့ တွေးဖူးတာပဲ။ လူတစ်ယောက်ရဲ့ မြင့်မားတဲ့ ပညာဉာဏ်ကိုကောပေါ့။ ချီကူယန်နဲ့ တွေ့တုန်းကတောင် ဒါကို မတွေးဖူးဘူး။ ချီကူယန်က ထက်မြက်တယ်။ ဒါ့အပြင် သူ့အင်အားကလည်း ကြောက်စရာ ကောင်းလွန်းတယ်။
ယွင်ချင်းဝူကတော့ မတူဘူး။ သူက ထက်မြက်တယ်။ အရမ်း အရမ်းကို ထက်မြက်လွန်းတာ။ နတ်ဆိုး အရှင်သင်ငယ်။ တိုက်ခိုက်တဲ့ နေရာမှာ တစ်စက်မှ မတော်ပေမယ့် နတ်ဆိုးမျိုးနွယ်မှာ လေးစားခံရတယ်။ ယွင်ချင်းဝူက တကယ်ပဲ လောကမှာ ထိပ်တန်း နတ်ဆိုးဆိုတာ ဖန်ကျန်းရှီ လက်ခံလိုက်ပြီ။ ဒီအမျိုးသမီးရဲ့ ဉာဏ်ရည်က ဘယ်လောက် ရှိမလဲ။ ၂၀၀လား။ သုံးရာလား။ ဒါမှမဟုတ် ၄၀၀လား။
“အပြိုင် စကြဝဠာ မဟုတ်ရင် ဘာဖြစ်နိုင်မလဲ။” ဖန်ကျန်းရှီ ပထမဆုံး တွေးစရာ ကုန်သွားပြီလို့ ခံစားမိတာပဲ။
“ခန့်မှန်း ကြည့်လေ။” ယွင်ချင်းဝူ စိန်ခေါ်လိုက်တယ်။
“ဒါက မတရားဘူး။” ယွင်ချင်းဝူ ပြောချင်နေတာကို ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် သူ့ကို ထိန်းချုပ် ထားတာမျိုး အဖြစ် မခံနိုင်ဘူး။ အနည်းဆုံးတော့ အာရုံလွှဲထားမှ ဖြစ်မှာလေ။
“ဘာဖြစ်လို့ မတရားတာလဲ။” ယွင်ချင်းဝူ ပြန်မေးတယ်။
“ဒီလို ထောင်ချောက်ဆင်ဖို့ အများကြီး မင်းကြိုးစား ထားတာ။ ငါက ဒါဘာမှန်းတောင် မသိဘူး။ ဒီလို အခြေအနေမှာ မင်းငါ့ကို ဖမ်းနိုင်ရင်တောင် ဒီတိုက်ပွဲမှာ မင်း မနိုင်ပါဘူး။”
“နိုင်တာတွေ ဘာတွေ ငါဂရု မစိုက်ဘူး။ ငါ့ရည်ရွယ်ချက်က နင့်ကို ဖမ်းထားပြီးတော့ နင်သေမှာကို စောင့်ကြည့်ရုံပဲ။ ဒီလောက်ဆို ရပြီ။” ယွင်ချင်းဝူ ရှင်းပြတယ်။
“ဒါက အဓိပ္မာယ်တောင် ရှိရဲ့လား။ မင်းပြောတော့ ငါ့ဆီက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို လိုချင်တယ်ဆို။ ငါပေးလိုက်ရင် ရပြီ မဟုတ်လား။ ဘာဖြစ်လို့ ဖမ်းထားမှာလဲ။” ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ အကြံအစည်ကို နားလည်နိုင်ဖို့ ကြိုးစားနေတယ်။
“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာက ငါ့အပိုင် ဖြစ်နေပြီပဲ။” ယွင်ချင်းဝူ ဆက်ပြောတယ်။
“..” ဖန်ကျန်းရှီ ဆွံ့အသွားတယ်။ ဒီစကားတွေက ဒီနားမှာတင် လည်နေတာပဲ။ ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ စက်ဝိုင်းလို ဖြစ်နေတယ်။ “ဒီတော့ ငါသိခွင့်ရှိမလား။ ဘာဖြစ်လို့ မင်း မြောက်ရွာကို လာတာလဲ။”
“နင့်ကို သတ်ဖို့။” ယွင်ချင်းဝူ ပြန်ဖြေတယ်။
“ဒါ့အပြင်ကော။”
“ညှိနှိုင်းတာလေး ဆွေးနွေးတာလေး မရှိဘူးလား။ ဒါမှမဟုတ် ငါ့ကို တစ်ခုခု လုပ်ခိုင်း စေချင်တာ မရှိဘူးလား။”
“မရှိဘူး။”
“..” ဖန်ကျန်းရှီ တိတ်ဆိတ် သွားပြန်တယ်။
ဒါအကုန်ပဲလား။ နတ်ဆိုးမျိုးနွယ် သွေးအရိပ် မြို့တော်ကနေ မြောက်ရွာကို လာတာ သူ့ကို သတ်ဖို့တဲ့လား။ အခု အချိန်ကျလာတော့ မသတ်ဘူးတဲ့။ ဖမ်းထားပြီးတော့ သေတဲ့အထိ ထားမယ်တဲ့။ ကြားရတာ ကြောက်စရာကြီး။ ဖြစ်နေတာတွေကို ဖန်ကျန်းရှီ နားမလည်သေးဘူး။
ယွင်ချင်းဝူက နတ်ဆိုး မျိုးနွယ် အရှင်သခင်ငယ် ဖြစ်တဲ့အတွက် သူ့မှာ ကြီးလေးတဲ့ တာဝန်တွေ ရှိနေတယ်။ ဒီနတ်ဆိုးက သူ့ကို မြောက်ရွာမှာ ၆လ လုံးလုံး ဖမ်းထားဖို့ စီစဉ် နေတာလား။ ဒါတွေ အားလုံးက အဆုံးသတ်မယ့် ပုံလည်း မပေါ်ဘူး။ ယွင်ချင်းဝူ တကယ်ပဲ ဘာတွေ လုပ်ခဲ့တာလဲ။ နောက်ပြီးတော့ အခု ကိစ္စမှာ အရမ်းကို ခိုင်ခိုင်မာမာ ဆုံးဖြတ် ထားတဲ့ ပုံစံ ဖြစ်နေတယ်။ ဘာကြောင့်များလဲ။ ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးနေတယ်။
“သီချင်း နားထောင်ချင်လား။” ဖန်ကျန်းရှီ တိတ်ဆိတ် သွားတာ မြင်တော့ ယွင်ချင်းဝူ မေးတယ်။ သူမ တူရိယာကို ကောက်ကိုင်ပြီးတော့ ပေါင်ပေါ် တင်လိုက်တယ်။
“ကောင်းပြီလေ။ (ဓားပျံ အိမ်တော်) သီချင်းကို တီးတတ်လား။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြန်ဖြေတယ်။ တကယ်တော့ ဖန်ကျန်းရှီ ထောင်ချောက်ထဲမှာ ပိတ်မိနေတာ ရှောင်လီလိုပဲ။ ခန္ဒာကိုယ် တစ်ခုလုံး အင်အားတွေ ရှိနေပင်မယ့် အားလုံးက အသုံးမဝင် ဖြစ်နေတယ်။
“ရတယ်လေ။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ ဒီအချိန်မှာ သူမ တစ်ခဏ ပြုံးသွားခဲ့တယ်။
တူရိယာ တီးခတ်သံက ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဂုဏ်သရေ တင့်တယ်တယ်။ လူတစ်ယောက်ကို တေးသွားထဲ ချက်ခြင်း နစ်မြော သွားစေနိုင်တယ်။ ဖန်ကျန်းရှီ မျက်မှောင်ကြုတ်ရင်း ထိုင်နေပင်မယ့် တေးသွားက နားထဲကို ငြိမ့်ငြိမ့် ညောင်းညောင်း စီးဝင်လာတယ်။
စိတ်ကတော့ အခုအခြေအနေကို တွေးမိ နေတုန်းပဲ။ ဒါက စိတ်အာရုံ နယ်မြေငယ်လည်း မဟုတ်ဘူး။ မန္တန်လည်း မဟုတ်ဘူး။ ယွင်ချင်း ပြောခဲ့တဲ့ အတိုင်း သူမရဲ့ မန္တန်ကို ဖန်ကျန်းရှီ ဖြေရှင်းလို့ မဖြစ်နိုင်ဘူး။ သေတဲ့ အထိ ဖမ်းချုပ်ထားမယ်။
ယွင်ချင်းဝူလို နတ်ဆိုး အရှင်သခင်ငယ်က ဘာကြောင့် သူ့ကို ဖန်းထားတာလဲ။ သူမကလည်း ဟန်ရှင်းလည်း မဟုတ်ဘူး။ သူကလည်း ရှောင်လီ မဟုတ်ဘူးလေ။ နေစမ်းပါအုန်း။ သူ့ကို ဒီလို ဖမ်းထားပြီးတော့ တခြား နေရာမှာ အစီအစဉ် ဆွဲထား မလို့လား။
ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ၊ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ။
ဖန်ကျန်းရှီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတယ်။ ကန်လင်းတောင်က အဝေးမှာ စိမ်းစို တောက်ပနေတယ်။ အစစ် အတိုင်းပဲ။ တကယ့် အစစ် အတိုင်းပဲ။
ပြီးပြည့်စုံလိုက်တာ။ ဒီမြင်ကွင်းက လူတစ်ယောက်ရဲ့ နှလုံးသားကို အလွယ်တကူ ပြောင်းလဲ စေနိုင်တယ်။ ဒါက မျက်စိ မှောက်နေတာလား။ ဒါတော့ မဖြစ်နိုင်ဘူး။ ပုံရိပ်ယောင်လို မျက်စိမှောက်နေတာဆိုရင် သဲလွန်စ ရှိရမယ်။ အခုတော့ ဘာမှ မတွေ့ဘူး။
ယွင်ချင်းဝူက သူ့ကို ခြောက်လ လုံးလုံး ဒီလို မြောက်ရွာ အပြင်မှာ ဖမ်းထားမှာလား။ သူမလို နတ်ဆိုး မျိုးနွယ် အကြီးအကဲ တစ်ယောက်က ဒီလို လုပ်တာ အကြောင်းရင်းတော့ ရှိလိမ့်မယ်။ နတ်ဆိုး မျိုးနွယ် ကောင်းစားရေး အတွက်။
ငါ နားလည်ပြီ။ ဖန်ကျန်းရှီ ကွင်းဆက်တွေကို ချိတ်ဆက် မိသွားတယ်။ နောက်ဆုံးတော့ သူနားလည်ပြီ။
“မင်းက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို သုံးပြီးတော့ ဒီလို ထောင်ချောက် ဆင်ထားတာပဲ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ ယွင်ချင်းဝူကို ကြည့်ရင်း စကားပြောပြီ။ တူရိယာသံက တစ်ခဏတာ ရပ်တန့်သွားတယ်။
“နင် ဒါကို နားလည်မှာ ငါသိသားပဲ။ ဒီလောက် မြန်မယ်လို့ မထင်ထားဘူး။ သုံးရက်လောက် စဉ်းစားရမယ် မှတ်နေတာ။” ယွင်ချင်းဝူ ပြောတယ်။
“နတ်ဆိုး အရှင်သခင် ယွင်ချင်းဝူက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို သုံးပြီးတော့ တကယ်ပဲ ငါ့ကို ထောင်ချောက် ဆင်တယ်ပေါ့။ ဒီထောင်ချောက်ကို လုပ်ဖို့ ကျောက်ဖျာ ဘယ်နှစ်ခုတောင် သုံးလိုက်တာလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ဆယ့်သုံးခု။”
“ဆယ့်သုံးခုတောင်။”
“ဟုတ်တယ်။ အရှင်လီချင်းရဲ့ အိမ်တော်က ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ အားလုံးကို ယူလာတာ။”
“ငါနားလည်ပြီ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။
ယွင်ချင်းဝူက ရန်မြို့တော်မှာ နေခဲ့တာကို သူသိတယ်။ သူလိုချင်တဲ့ ပစ္စည်းကို ယူသွားမှန်းလည်း သိတယ်။ အဲ့တာက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာမှန်း အုခမှ သိတာ တစ်ခုပဲ။ တကယ်တော့ အရှင်ရှဲ့လော့ကို သတ်ပြီးတော့ မြောက်ပိုင်း ဒေသအထိ စုချင်းကို လိုက်လာတဲ့ အချိန်မှာ။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ အကြောင်းကို မသိခဲ့ရဘူးလေ။
ဧကရာဇ် လင်းမုပိုင်ကလည်း ဒီအကြောင်းကို လူအများ သိအောင် မပြောဘူး။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်။ ဖန်ကျန်းရှီ ချက်ခြင်း နားလည်သွားတယ်။ ဒီခြောက်လ အချိန်မှာ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို နားလည်အောင် လုပ်မယ်လို့ နတ်ဆိုး မျိုးနွယ်ကို ပြောခဲ့မှာ သေချာတယ်။
ဒီ အကြောင်းပြချက်ကို နတ်ဆိုး မျိုးနွယ်တွေက မယုံနိုင် လောက်ပေမယ့် သူမကို မငြင်းဆန် ရဲကြမှာကို သူသိတယ်။ အခြေအနေကို နားလည် သွားတာနဲ့ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ရုတ်တရက် အားအင်တွေ ချိနဲ့သွားတယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်။ ဒါကို ဘယ်လို ဖြိုခွင်းရမလဲ။
“ ဒီ မန္တန်ကို ငါလုပ်တာ လွယ်လွယ်လေးပဲ။ ကြယ်၁၃ခု သဏ္ဍာန်လို့ ခေးတယ်။ ရှစ်ထောင့် သဏ္ဍာန်နဲ့ ကြယ်အလင်း ၇ခုကို ပေါင်းစည်းပြီးတော့ ထျန်းကျီ ၁၃လို့ တီထွင်လိုက်တာ။” ယွင်ချင်းဝူ ရှင်းပြတယ်။ အဲ့ဒီ့နောက် သူ့လက်ထဲက တူရိယာကို ချလိုက်ပြီး ထရပ်တယ်။
“ဒါပေမယ့် နင်တွေး သလိုပဲ။ ဒီသဏ္ဍာန်ရဲ့ အင်အားတွေက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေက လာတာ။ နင်ချိုးဖျက် နိုင်ရင်တော့ ဒီကနေ ထွက်လို့ရမယ်။”
အပိုင်း(၆၂၁)ပြီး၏။
အပိုင်း (၆၂၂)
“သုခမိန် သုံးယောက်နဲ့ မယုံနိုင်စရာ တိုက်ပွဲ၊”
“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်ကို ခွဲနိုင်ရင် ဒီကနေ ငါလွတ်မှာလား။” ဖန်ကျန်းရှီ ယွင်ချင်းဝူကို ကြည့်ရင်း ခါးသက်သက် ရယ်မောတယ်။ ဒါက လွယ်ကူတဲ့ တိုက်ရိုက် နည်းလမ်းပဲ။ မန္တန်ကို ဖြိုခွဲဖို့ အတွက် ကျောက်ဖျာတွေကို ဖျက်ဆီးဖို့ လိုအပ်တယ်။
ဒါက လက်ရေးလှ ကျောက်ဖျာလည်း မဟုတ်ဘူး။ မှတ်တမ်းတင် ကျောက်ဖျာလည်း မဟုတ်ဘူး။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ။ နောက်ပြီးတော့ ၁၃ချပ်တောင်။ လုံးဝကို ရူးချင်စရာ ကောင်းလွန်းတယ်။
ကောင်းကင် တာအို လူရွေးပွဲကလည်း နောက် တစ်လခွဲမှာ စတော့မှာ၊ ဒီအချိန် အတွင်း ဒါတွေ အားလုံးကို ဖြိုခွင်းဖို့ ဘယ်လို လုပ်ရမလဲ။ မဖြစ်နိုင် ရုံတင် မကဘူး။ မျှော်လင့်ချက်ကလည်း နည်းနည်းလေးပဲ ရှိတယ်။
ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ လေးခုကို ဖြိုခွင်းတာက သုခမိန် အဆင့်ကို ရောက်ရမှာလိုပဲ ခက်ခဲတယ်။ ဒီ ကျောက်ဖျာ တစ်ချပ်ကို ဖြိုခွဲတာက သုခမိန် အဆင့်ကို ခြေတလှမ်း နီးလာတာနဲ့ အတူတူပဲ။
၁၃ချပ်တဲ့။
ဒီကောင်မလေး ဘာတွေ တွေးနေတာလဲ။
အကယ်၍ ဒါကို တစ်ခါမှ မကြိုးစား ဖူးဘူးဆိုရင် ယုံကြည်ချက် မျှော်လင့်ချက် နည်းနည်း ရှိသေးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အများကြီး အကြာတုန်းက သူ ကြိုးစားဖူးတယ်။ ဒါကြောင့် ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေက ဘယ်လောက်ခက်မှန်း နားလည် နေတာပဲ။
သူ့အသက် ၆နှစ်။ အရာအားလုံး ဖြစ်တည်မှု ပုံရိပ်ကို ဖြေရှင်းခဲ့တယ်။ ဒါက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာရဲ့ မူလ ရင်းမြစ်တွေ ထဲက တစ်ခုပဲ။
ကောင်းကင် တာအို သုခမိန် ကျောက်ဖျာက ကျောက်ဖျာ သပ်သပ်တင် မကဘူး။ သဘာဝကနေ လုပ်ထားတဲ့ ဖန်တီးမှု တစ်ခုလည်း ဟုတ်တယ်။ အတိအကျ ပြောရရင်။ တောင်တန်း၊ မြစ်ချောင်း၊ မြေကမ္ဘာ၊ ပန်းပင်တွေနဲ့ အရာ အများကြီးကို ဖန်တီးထားခဲ့တာ။ သူတို့ အားလုံးကို သဘာဝက ပိုင်ဆိုင်တယ်။
ဒါဆိုရင် ဘယ်လို ဖြိုခွင်း ရမလဲ။ လက်နဲ့ ချိုးဖျက် ပြစ်လို့တော့ မရဘူး။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ တစ်ခုက ပဟေဠိ တစ်ခုလိုပဲ။ ဒါပေမယ့် မြင်ကွင်း တစ်ခုကို တွေ့ရရုံနဲ့ သဘာ၀ ဖြစ်စဉ် တစ်ခုလုံးကို နားလည်ဖို့ဆိုတာ ယုတ္တိ မတန်တာပဲ။ နောက်ပြီးတော့ ၁၃ ခုကြီးတောင်။
“ဒီ မန္တန် အချုပ်အနှောင်က မင်းလုပ်ထားတာဆိုတော့ ငါ့မှာ နောက်နည်းလမ်း တစ်ခုတော့ ရှိသေးတယ်။ မင်းကို သတ်လိုက်မယ်လေ။” ဖန်ကျန်းရှီ လူသတ်ချင်စိတ် အပြည့်ကို ထုတ်လွှတ်ရင်း ပြောတယ်။ ဒါကြောင့် ယွင်ချင်းဝူကို ကြည့်တဲ့ သူ့အကြည့်တွေက အေးစက် နေခဲ့တယ်။
“ငါ့ကို သတ်မလို့လား။ ကြိုးစားကြည့်လေ။ မလုပ်ကြည့်ရင် သိမှာ မဟုတ်ဘူး။” ယွင်ချင်းဝူက ဖန်ကျန်းရှှီကို အေးအေးဆေးဆေး ပြန်ဖြေတယ်။ သူမရဲ့ အသံက အရင်လိုပဲ အေးချမ်း နေခဲ့တယ်။ သေခြင်း ရှင်ခြင်းကို သူမ မကြောက်ဘူး။
ဖန်ကျန်းရှီ တိတ်ဆိတ် သွားခဲ့တယ်။ တကယ်တော့ တောင်ပိုင်း ဒေသ တိုက်ပွဲမှာ တည်းက ဖန်ကျန်းရှီ နားလည်တယ်။ ယွင်ချင်းဝူနဲ့ ညှိနှိုင်းဖို့က မလွယ်ဘူး။ သေတာ ရှင်တာကို သူမ ဘယ်တုန်းကမှ မကြောက်ဘူးလေ။
ဒါပေမယ့် ယွင်ချင်းဝူ ဘာမှ မကြောက်ဘူး ဆိုတာလည်း မဟုတ်။ တရားမျှတမှုကို တန်ဖိုးထားတယ်။ သူမကို ခြိမ်းခြောက်နိုင်ရင် လွတ်မြောက်နိုင်ဖို့ အခွင့် အရေးလည်း ရှိနိုင်တယ်။ ပြဿနာက အဲ့ဒီ့ နည်းလမ်းကို သုံးလိုက်ပြီးပြီ။ ယွင်ချင်းဝူကလည်း သူ့လက်ထဲက လွတ်သွားခဲ့ပြီ။ လုပ်ရကိုင်ရ ခက်လိုက်တာ။ သူမကို သူ မဖမ်းနိုင်တော့ဘူး။ သူ့ရဲ့ ခြိမ်းခြောက်မှုကလည်း အလုပ်မဖြစ်။ ညှိနှိုင်းတာကလည်း အဆင်မပြေ။ ဒီမှာပဲ ကျောက်ဖျာတွေကို ဖြေရှင်းပြီး သေရတော့မှာလား။
“မင်း ဘာမှ မတောင်းဆို ချင်ဘူးဆိုတာ သေချာရဲ့လား။ ခန့်ခန့် ချောချော ကောင်လေးဆိုရင်ကော ဘယ်လိုလဲ။ ငါ့ခန္ဒာကိုယ်ကို ၇ရက် ၇ည အသုံးချလို့ ရတယ်။ စိတ်ကြိုက်သာသုံး။ ဆယ်ရက်လည်း ဖြစ်တယ်။ လဝက်လည်း ရတယ်။ ငါ့ကို မင်းစိတ်ကြိုက် အသုံးပြုလိုက်။” ယွင်ချင်းဝူကို မျှော်လင့် တကြီးနဲ့ ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။
“အရှက် မရှိလိုက်တာ။” ယွင်ချင်းဝူ ချက်ခြင်း ပြန်အော်တယ်။ အဲ့ဒီ့နောက် မြေပြင်ကနေ ခုန်ထပြီးတော့ ပျောက်ကွယ် သွားတော့တယ်။
“ဘာ။ သူက ထွက်ပြေးတယ်လား။ ငါနဲ့ အတူူတူ ဒီမှာ နေမယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ သူ့ အနာဂတ် တစ်ခုလုံး မှောင်မိုက် သွားသလို ခံစားရတယ်။ သူက ယွင်ချင်းဝူ မခံမရပ်နိုင် ဖြစ်လာတဲ့ အထိ ပြောဆိုပြီးမှ နောက်ဆုံး သူ့ကို လွတ်ပေးအောင် လုပ်ချင်တာ။ ဒါပေမယ့် ယွင်ချင်းဝူက ထွက်ပြေးသွားတယ်တဲ့။ သူ ဘယ်လို ဆက်လုပ် ရတော့မှာလဲ။
…
လဝက် အချိန်က တစ်ခဏ အတွင်း ကုန်ဆုံး သွားပြီ။
ဖန်ကျန်းရှီ ပျောက်ဆုံးနေတဲ့ သတင်းက မြောက်ရွာကနေ ဟွေ့အန်းခရိုင်၊ နောက်ဆုံး ရန်မြို့တော် အထိကို ရောက်သွားခဲ့ပြီ။ လူတိုင်းက မင်းသားကန် ပျောက်နေတာကို သိကုန်ကြပြီ။
ဟွေ့အန်း ခရိုင်၊ ယုံကြည်မှု မြစ်မြို့တော်က ရွေးချယ်ထားတဲ့ ထိပ်တန်းလူတွေ အားလုံး ကန်လင်းတောင်နဲ့ မြောက်ရွာကို တောနင်းပြီးတော့ ရှာနေကြတယ်။ လူတိုင်းက နေရာ အနှံ့ကို ရှာပေမယ့် ခြေရာတောင် မတွေ့ရဘူး။
ဖန်မိသားစု အိမ်မှာတော့၊ ချီရှင်းလိန်အတွက် နေ့ရက်တိုင်းက နှစ်တွေချီပြီး ကြာနေသလိုပဲ။ ဖန်ကျန်းရှီကို တောင်ပိုင်း ဒေသ တိုက်ပွဲ အချိန်တည်းက မတွေ့ရတာ နှစ်နဲ့ ချီသွားပြီ။ အခုတော့ ဖန်ကျန်းရှီ မြောက်ရွာကို ပြန်ရောက်ပြီး မင်းသားကန် ဘွဲ့ထူး ရတာ ဘယ်လောက်မှ မကြာသေးဘူး။
ရုတ်တရက် ဖန်ကျန်းရှီက ပျောက်ဆုံး သွားပြန်တယ်။ ဒါကို ချီရှင်းလိန် ဘယ်လို ခံစားနိုင်မှာလဲ။ အိပ်ယာထဲမှာ ဗုန်းဗုန်းလဲ သွားခဲ့တယ်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်နေခဲ့ပြီ။ တရက်ထက် တရက် ပိုပြီးတော့ ပိန်ပါး လာခဲ့တယ်။
“အရှင် အခုချိန်ထိ အရိပ်အယောင်ကို မတွေ့ရသေးဘူး။”
“ရှာကြ။ နင်တို့ ရှာရမယ်။ သူက ဒီအတိုင်း ထွက်သွားမှာ မဟုတ်ဘူး။ သူက အနီးအနားမှာပဲ ရှိနေမှာ။” ဝူယွဲ့အာ သူ့ရဲ့ လက်အောက်ခံတွေကို အော်ခဲတယ်။ ဒါပေမယ့် အခုတော့ သူမရဲ့ စိတ်ခံစား ချက်တွေကို နောက်ထပ် မထိန်းချုပ် နိုင်တော့ဘူး။”
လဝက် အချိန်က ကုန်သွားခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ အရိပ် အယောင်တောင် မတွေ့ရဘူး။ လေထဲမှာ ပျောက်သွား သလိုပဲ။ ဘယ်မှာမှ ရှာမတွေ့ဘူး။ မြောက်ရွာတင် မကဘူး။ မြောက်ပိုင်း ဒေသ တစ်ခုလုံးနဲ့ ယုံကြည်မှု မြစ်မြို့တော် ကိုပါ ရှာကြတာ။
ဒါပေမယ့် သတင်း မကြားရဘူး။ သူဘယ်မှာ ရောက်နေတာလဲ။
ဖန်ကျန်းရှီက သူမကို တစ်ခုခု ဖုံးကွယ် ထားတာမျိုး ဖြစ်နိုင်တာကို ဝူယွဲ့အာ သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲကိုတော့ ဖုံးကွယ် ထားမှာ မဟုတ်ဘူး။ တစ်ခုခု လွဲနေပြီ။
ဒါပေမယ့် ဘယ်သူကများ ဖန်ကျန်းရှီကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။ ဖန်ကျန်းရှီကို ဖမ်းချုပ်ထားဖို့ ဘယ်သူကများ ဒီလို အင်အား ရှိမှာလဲ။
ဝူယွဲ့အာလည်း ဖြစ်နိုင်ချေတွေကို စဉ်းစား ကြည့်တယ်။ သုခမိန် လေးယောက်က ဒီလို စွမ်းအားတွေ ရှိတယ်လေ။ ဒါပေမယ့် သုခမိန် လေးယောက်က ဖန်ကျန်းရှီကို တိုက်ခိုက်မှာ မဟုတ်ဘူး။ သူတို့ထဲက တစ်ယောက်က သူမရဲ့ ဆရာ။ နောက်ပြီးတော့ တခြား သုံးယောက်ကလည်း ဖြစ်နိုင်စရာ အကြောင်း မရှိဘူး။ ဒါဆိုရင် ဘယ်သူ ဖြစ်နိုင်မလဲ။
မြောက်ပိုင်း လူရိုင်းတွေလား။ သူတို့ အားလုံးက ဆုတ်ခွာ သွားပြီ။ နတ်ဆိုးဘုရင်ကိုလည်း ဖန်ကျန်းရှီက အနိုင်ယူလိုက်ပြီ။ မြောက်ပိုင်း လူရိုင်းတွေက အခုချိန်မှာ တိုက်ခိုက်ဖို့ မဖြစ်နိုင်သေးဘူး။ နတ်ဆိုး မျိုးနွယ်တွေ။
နတ်ဆိုး မျိုးနွယ်ကတော့ ဒါတွေကို လုပ်နိုင်ဖို့ ဖြစ်နိုင်တယ်။ ဒါပေမယ့် နတ်ဆိုး မျိုးနွယ်မှာ ပိုပြီးတော့ သန်မာတဲ့သူ တစ်ယောက်လည်း ရှိနေသေးတယ်။ အဲ့ဒီလူကတော့ ဖန်ကျန်းရှီကို ဖမ်းဖို့ ဆင်းလာမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဝူယွဲ့အာကလည်း ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုကို ရသွားပြီလေ။ ဒီကျောက်ဖျာတွေကို ယူပြီးတော့ ကြီးမြတ်သောာ ရှနိုင်ငံတော်ကို တိုက်ခိုက်မှာက အကြံကောင်း မဟုတ်ဘူး။
ဝူယွဲ့အာ အရမ်းကို စိတ်ရှုပ်ထွေးနေတယ်။ ညရောက်လာပြ လရောင်က ထိန်ထိန် သာနေခဲ့တယ်။ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတာ မြန်လှတယ်။ လူရှာပြီး ပြန်လာတဲ့ သူတွေကတော့ ခေါင်းခါ နေကြဆဲ။
“ကျန်းအာ။ မေ့သား ကျန်းအာရေ။ ဘယ်များ ရောက်နေပြီလဲ။” ချီရှင်းလိန်က တရက်ထက် တရက် ဖြူဖျော့လာတယ်။ နေ့တိုင်း မျက်ရည်နဲ့ မျက်နှာ သစ်နေရတယ်။
…
ကြီးမြတ်သော ရှမင်းဆက်က ဖန်ကျန်းရှီကို ရှာနေတဲ့ အချိန်။ တောက်ပတဲ့ ပင်လယ်ပြာပေါ်မှာ လရောင်က ထွန်းလင်း တောက်ပ နေခဲ့တယ်။ နတ်တစ်ပါးလို ဖြူဖွေးနေတဲ့ ပုံရိပ် တစ်ခုက ကောင်းကင်မှာ ပျံဝဲရင်း ဆင်းသက် လာခဲ့တယ်။ တောင်ပံတွေကို ဖြန့်ကျက်ရင်းနဲ့ ဝေ့၀ဲနေတယ်။
ကျယ်ပြန့်တဲ့ သမုဒ္ဒရာထဲမှာ ကျွန်းငယ်လေးတွေ အစုလိုက် ရှိနေကြတယ်။ တစ်ခုချင်းစီတိုင်းက သဲနက်နဲ့ လုပ်ထားတဲ့ ကျွန်းတွေ။ လရောင်က သဲတွေပေါ်မှာ ဖြာကျနေတယ်။ ကြည့်ရတာ မှော်ဝင်ကျွန်းလိုပဲ။
မဟူရာ လမင်း ကျွန်း။
ဒီနာမည်က ကျွန်းအလယ်မှာရှိတဲ့ မီးတောင်ကြီးရဲ့ ထိပ်မှာ ရှိနေတဲ့ ကျောက်တုံးကနေ ရလာတာ။ လခြမ်း သဏ္ဍာန်ရှိတဲ့ ကျောက်တုံးကြီးက မီးတောင် ထိပ်ဝမှာ ထင်းထင်းကြီး ရှိနေခဲ့တယ်။ လခြမ်း ကွေး လွတ်နေတဲ့ နေရာမှာတော့ မီးတောင် ပြာတွေက မီးတောင် ထိပ်ဝကနေ ထွက်ပေါ်နေတယ်။
မြင်ရတာ ထူးဆန်းပေမယ့် ဒီတောင်မှာ နှစ်ထောင်ချီတဲ့ သမိုင်းတွေ ရှိတယ်။ ဒီအချိန်မှာပဲ ပန်းရောင် ဝတ်ရုံနဲ့ ပုံရိပ်လေးက တောင်ပံနဲ့ နတ်အသွင် ပုံရိပ်ပေါ်က ခုန်ဆင်း လာခဲ့တယ်။ လေထုကို ဓားတစ်စင်းလို ခွင်းရင်းနဲ့ တောင်ထိပ် တစ်ခု အစွန်းပေါ်ကို ဆင်းသက် ရောက်ရှိလာတယ်။
ပေါ့ပါးတယ်။ အသံ မထွက်ဘူး။
ပန်းနုရောင် ဝတ်ရုံက လရောင်အောက်မှာ တောက်ပနေတယ်။ မြင်ရတဲ့ မြင်ကွင်းက မျက်စိ ပသာဒ ရှိလွန်းတယ်။ ကျောက်တုံးနက်တွေရဲ့ အလင်းပြန်မှုကြောင့် သူမရဲ့ ဝတ်ရုံက နှင်းဆီရောင် တောကပနေတယ်။ မြင်ရတဲ့ သူတိုင်း
ရင်သပ်ရှုမော ဖြစ်သွားမှာ အမှန်ပဲ။ ပိတုန်းရောင် ကေသာတွေက ခါးမှာ ဖြာကျနေတယ်။ အဖြူရောင် ခါးစည်းကြောင့် ကိုယ်ခန္ဒာ ကောက်ကြောင်း အလှက ပေါ်လွင် နေခဲ့တယ်။
ဘယ်သူမှ သူမကို မေးခွန်း မထုတ်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူမ ဆင်းသက်လာတဲ့ အချိန်မှာပဲ မဟူရာရောင် ကျွန်းကြီးက မီးလောင်သလို လင်းထိန် လာခဲ့တယ်။ လမ်းက ကျောက်တုံးတွေ ကွဲကျေသွားပြီ။
လမ်းတစ်လျှောက်လုံးမှာ ကျောက်ဖျာတွေ ရှိနေခဲ့တယ်။ ကျောက်ဖျာ တစ်ခုပေါ်မှာ (မဟူရာ လမင်း ကျွန်း)လို့ ရေးထားခဲ့တယ်။ ပုံတစ်ပုံလည်း ဆွဲထားတယ်။ ကြီးမားတဲ့ သုံးချောင်းထောက် ဒယ်အိုးကြီး ကိုးခုကို အတူတူ စီထားတဲ့ ပုံတစ်ခု။
ဒီပုံကို အမျိုးသမီးက တစ်ချက် ဦးညွှတ်လိုက်တယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်းချင်း လျှောက်လာတယ်။ တောင်စောင်း တစ်ခုမှာ သူမ ပျောက်ကွယ် သွားတယ်။
တစ်ခဏ ကြာပြီးတဲ့နောက်။ မီးတောင် ကျောက်တုံးနက်တွေနဲ့ လုပ်ထားတဲ့ ကျောက်တုံးအိမ် တစ်ခုကို သူမ ရောက်လာခဲ့တယ်။ ငါးပေ မြင့်ပြီးတော့ ပန်းပွင့်ပုံ တစ်ချို့နဲ့ အလှဆင်ထားတဲ့ အိမ်ပဲ။ အိမ်ရှေ့ကို အလင်းမီးလုံး ၉ခုက အလှဆင်ထားတယ်။ ကျောက်တုံး တံခါး သုံးချပ်လည်း ရှိနေခဲ့တယ်။
“ကချာ့။”
ညာဘက် အစွန်ဆုံးက မဟူရာ ကျောက်တုံးတံခါး ပွင့်လာတယ်။ လူငယ် တစ်ယောက် ထွက်လာခဲ့တယ်။ ဝတ်ရုံနက်ကို ဝတ်ထားပြီးတော့ လှံရှည် နှစ်ချောင်းကို ကျောပေါ်မှာ လွယ်ထားခဲ့တယ်။
“ဆရာ ပြောတာ အထူး ဧည့်သည်တော် တစ်ယောက် လာမယ်တဲ့။ အထူး ဧည့်သည်တော် ဘယ်ကနေ လာတာလဲ သိခွင့် ရှိနိုင်မလား။” လူငယ် ဦးညွှတ်ရင်း မေးတယ်။
“ကြီးမြတ်သောရှ။” အမျိုးသမီး ပြန်ဖြေတယ်။
“ကြီးမြတ်သောရှ။” လူငယ် မျက်မှောင် ကြုတ်သွားခဲ့တယ်။ တလေးတစားနဲ့ နောက်တစ်ခေါက် မေးပြန်တယ်။ “ဆရာ ပြောတာ အထူး ဧည့်သည်တော်ဆိုတော့၊ ကြီးမြတ်သောရှ နိုင်ငံတော်လောက် ရိုးရှင်းမယ် မထင်ဘူး။ ဧည့်သည်တော် ဘာများ အလိုရှိပါသလဲ။”
“ဆေး။”
“ဘယ်လို ဆေးမျိုးကို ရှာတာလဲ။”
“နှစ်တစ်ထောင် မီးဆေးပင်။”
“အထူး ဧည်သည့်တော်က နှစ်တစ်ထောင် မီးဆေးပင်ကို ရှာနေတာလား။” လူငယ်လေးရဲ့ အမူအယာ ပြောင်းသွားတယ်။ အမျိုးသမီးကို ခေါင်းအစ ခြေအဆ့ုး ကြည့်ရင်းနဲ့ ပြောတယ်။ “ဒါက ကျွန်တော်တို့ မဟူရာ လမင်း ကျွန်းရဲ့ ရတနာဆိုတာ မင်းသိရဲ့လား။”
“သိတယ်။” အမျိုးသမီး ခေါင်းငြိမ့်ပြတယ်။
“ဒါဆိုရင် ဘာနဲ့ လဲလှယ်မှာလဲ။” တစ်ခဏ တိတ်ဆိတ် သွားပြီနောက် လူငယ်က ပုံမှန် အတိုင်း မေးတယ်။
“နှင်းတောင် ဆေးလုံး တပုလင်း။” အမျိုးသမီးက ဆေးပုလင်း တစ်ပုလင်းကို ထုတ်ပြတယ်။ အပြာရောင် အလင်းတန်းက ဆေးပုလင်းကနေ ထွက်ပေါ်နေတယ်။
“နှင်းတောင် စိတ်ဝိဉာဉ်တွေလား။” အမျိုးသမီးရဲ့ လက်ထဲက ပုလင်းကို ကြည့်ရင်းနဲ့ မျက်မျောင် ကြုတ်လိုက်တယ်။ “အထူး ဧည့်သည်တော် တောင်းဆိုလာမှတော့ ဒီတစ်ခေါက် ခရီးကို အလဟသတ် မဖြစ်စေ ရပါဘူး။ နှင်းတောင် ဝိဉာဉ်တွေက တန်ဖိုးရှိတယ်။ နှစ်တထောင် မီးဆေးပင် တစ်အောင်စ ပေးနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုလဲ။”
“အခိုင်လိုက် လိုချင်တယ်။”
“တစ်ခိုင်လုံးလား။ ဒီ မဟူရာ လခြမ်းကျွန်းမှာ နှစ်တထောင် မီးဆေးပင် တခိုင်ပဲ ကျန်တော့တာကို မင်းသိရဲ့လား။ နှင်းတောင် ဝိဉာဉ် ဆယ်ပုလင်းနဲ့ လာလဲရင်တောင် လဲလို့မရဘူး။” လူငယ် ချက်ခြင်း အမူအယာ ပြောင်းလဲ သွားခဲ့တယ်။
“ဒါဆိုလည်း အခွင့်အရေး တစ်ခုပေးမယ်။” အမျိုးသမီးက ပြောပြန်တယ်။
“ဘာကို ဆိုလိုချင်တာလဲ။” လူငယ် မျက်မှောင် ကြုတ်သွားခဲ့တယ်။
အမျိုးသမီးရဲ့ ဇစ်မြစ်ကို သူမသိဘူး။
ဒါပေမယ့် သူ့ဆရာ ပြောတာတော့ အထူး ဧည့်သည်တော်က ရှားပါးတယ်တဲ့။ ဒါကြောင့် တလေးတစား ဆက်ဆံဖို့ သူ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် သူမကို သူမကြောက်ဘူး။
နှင်းတောင် ဆေးပုလင်း တပုလင်းနဲ့ အခွင့်အရေး တစ်ခုကို မဟူရာ လမင်းကျွန်းရဲ့ အဖိုးတန် နှစ်တထောင် ဆေးပင်ကို လဲသွားတယ်။ ဒီသတင်းသာ ပျံ့သွားရင် မဟူရာ လမင်း ကျွန်းရဲ့ ဂုဏ်သိက္ခာကို ဘယ်နေရာ သွားထား ရမှာလဲ။
“နင့်ရဲ့ တောင်းဆိုချက် တစ်ခုကို ငါ ဖြည့်ဆည်း ပေးနိုင်တယ်။” အမျိုးသမီး ဆက်ပြောတယ်။
“မင်းရဲ့ အသက်က ၁၈ နှစ်တောင် မပြည့် သေးဘူးလား။” လူငယ် မေးတယ်။
“၁၇နှစ်” အမျိုးသမီး ခေါင်းငြိမ့်ရင်း ပြောတယ်။
“ဟီးဟီး။ မဟူရာကျွန်းက ညှိုနှိုင်းတာတွေ အားလုံးကို လက်ခံတယ်။ ဒါပေမယ့် အထူး ဧည့်သည်တော် ပြောတာက အဓိပ္မာယ် မရှိဘူး။ မင်းက ၁၇ နှစ်ပဲ ရှိသေးတာ။ ငါတို့အတွက် တခုခု လုပ်ပေးနိုင်မယ်လို့ မင်း တကယ်ပဲ တွေးနေတာလား။” လူငယ်ရဲ့ အသံက ပြောင်းလဲသွားတယ်။
“ဒီလို ဖြစ်မှတော့။ လှုပ်ရှားပါ။” အမျိုးသမီး လက်ထဲက ဆေးပုလင်းကို ပြန်သိမ်းရင်း တခွန်းပဲ ပြောတယ်။
“ လှုပ်ရှားရမယ်။ ဧည့်သည်တော် တိုက်ခိုက်မှာ သေချာပြီလား။” လူငယ် တစ်ခဏတော့ တောင့်တင်းသွားတယ်။ အမျိုးသမီးငယ်ရဲ့ စကားတွေကြောင့် ဒေါသ ထွက်သွားတာ အသိသာပဲ။ ဒါပေမယ့် သူမ တိုက်ခိုက်မယ်လို့ ပြောလာတာကိုတော့ နားမလည်နိုင်ဘူး။
၁၇ နှစ်အရွယ် အမျိုးသတီး တစ်ယောက်က မဟူရာ လမင်းကျွန်းကို လာပြီးတော့ သူ့ကို တိုက်ခိုက်ဖို့ စိန်ခေါ်နေတယ်။ မယုံနိုင် စရာပဲ။ ကျွန်းမှာ သန်မာတဲ့ သုခမိန် သုံးယောက် ရှိနေတာကို သိရဲ့လား။ ဒီသုခမိန် သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက် မလို့လား။
မဟုတ်ဘူး။ ခြောက်ယောက်နဲ့ တိုက်ခိုက်ရမှာ။ သုခမိန် တစ်ယောက်စီတိုင်းမှာ တပြည့် တယောက်ရှိတယ်လေ။ ဒီ အမျိုးသမီးငယ်လေးက တစ်ယောက်တည်း လာပြီးတော့ ဒီလို စကား ပြောဝံ့တယ်ပေါ့။ မဖြစ်နိုင်တာပဲ။
“ဟုတ်တယ်။ ငါ့မှာ အချိန် မရှိဘူး။ အားလုံး တစ်ခါတည်း တိုက်ခိုက်လို့ရတယ်။” အမျိုးသမီးငယ် ခေါင်းငြိမ့်လိုက်တယ်။ သူမ ရဲ့ အမူအယာက တည်ငြိမ် နေတုန်းပဲ။
လရောင်က ကောင်းကင်မှာ ထွန်းလင်းနေတယ်။
အမျိုးသမီးရဲ့ တောက်ပမှုကနေ ရွှေရောင်တွေ တလက်လက် ထွက်ပေါ်လာတယ်။ သူမ ခန္ဒာကိုယ် တစ်ခုလုံးက ကောင်းကင်က ကြယ်တာရာတွေနဲ့ ပေါင်းစပ်သွားတော့တယ်။
အပိုင်း(၆၂၂)ပြီး၏။
အပိုင်း (၆၂၃)
“မောက်မာတဲ့လူ။ ချီကူယန်ရဲ့ ဓား။”
ဘာသာပြန်သူ - Enri Thaw
“အကုန်လုံး တစ်ခါတည်း တိုက်ခိုက်တဲ့လား။” လူငယ်လေးရဲ့ အမူအယာက ကြောက်စရာ ကောင်းနေပြီ။ တကယ်တော့ သူ့ဆရာက ပြောထားပြီးသား အထူး ဧည့်သည်တော် ရောက်လာရင် နှုတ်ဆက် ကြိုဆိုရမယ်လို့။ သူလည်း မှာထားတဲ့ အတိုင်း တလေးတစားနဲ့ ဆက်ဆံတာပဲ။ နှင်းတောင် ဝိဉာဉ် ဆေးပုလင်းနဲ့ နှစ်တစ်ထောင် မီးဆေးပင်ကို လဲမယ် ပြောတာတောင် မငြင်းခဲ့ဘူး။
ဧည့်ဝတ်ကျေတဲ့သူ ဖြစ်ဖို့ အကောင်းဆုံး ကြိုးစား ခဲ့တာပဲ။
ဒါပေမယ့် နှင်းတောင် ဝိဉာဉ် ဆေးတပုလင်းနဲ့ မဟူရာ လမင်းကျွန်းရဲ့ အထွတ်အထိပ် ရတနာ နှစ်တစ်ထောင် မီးဆေးပင် တစ်ပင်ကို လဲချင်တာတော့ အံ့သြစရာ ကောင်းလွန်းတယ်။ နောက်ပြီးတော့ သူမက အခုဆို မညှိနှိုင်းတော့ပဲ တိုက်ခိုက်ဖို့ လုပ်နေပြီ။ ပိုပြီးတော့တောင် မယုံနိုင်စရာ ကောင်းသေးတယ်။
“ကောင်းပါပြီ။ အထူး ဧည့်သည်တော်။ တကယ် တိုက်ခိုက်မှာ သေချာ သွားပြီလား။” လူငယ်လေးက ဒေါသကို ထိန်းရင်းနဲ့ ယဉ်ယဉ်ကျေးကျေး မေးတယ်။
“ဟုတ်တယ်။” အမျိုးသမီးငယ်ရဲ့ အမူအယာကတော့ မပြောင်းလဲဘူး။
“ဒီလို ဖြစ်မှတော့ ကျွန်တော် အားပု ရိုင်းပျမိတာကို ခွင့်လွှတ်ပါ။ ဒီ နှစ်ဖက်ဓားသွားနဲ့ ဧည့်သည်တော်ကို ငါးကွက် ခုခံ တိုက်ခိုက်ပါမယ်။ ငါးကွက် အတွင်း ကျွန်တော့်ကို နိုင်အောင် မတိုက်နိုင်ရင်၊ ကိုယ့်ဘာကိုယ် ထွက်သွားနိုင်မလား။” အားပု ပြောရင်းနဲ့ နှစ်ဖက်ချွန် ဓားရှည် တစ်ချောင်းကို ထုတ်လိုက်တယ်။ ဓားသွား တဖက်က အနက်ရောင် နောက်တစ်ဖက်ကတော့ အဖြူရောင်။
ငါးကွက်။ ဒါက အမျိုးသမီးငယ်ကို သူ့ရဲ့ ဧည့်ဝတ် ကျေပွန်မှု ပြသတာပဲ။ သူ့ရှေ့က အမျိုးသမီးက သူ့ကို ငါးကွက်အတွင်း အနိုင်ယူနိုင်ရင် ဒါက သူ့ဆရာနဲ့ တန်းတူ အဆင့်ရှိတာပဲ။ ဒါဆိုရင် သူချက်ခြင်း နောက်ဆုတ်မယ်။
တခြား တစ်ဖက်မှာတော့ ဒီအမျိုးသမီးက သူ့ကိုယ်သူ အထင်ကြီးပြီး ဘဝင်လေဟပ်နေတာမျိုး မဖြစ်စေဖို့၊ ငါးကွက်အတွင်း အနိုင်မယူနိုင်ရင် ပြန်ဖို့ တောင်းဆိုတာပဲ။ ဒီအမျိုးသမီး ချက်ခြင်း ထွက်သွားတာ မထွက်သွားတာကို သူ စိတ်မဝင်စားဘူး။ သူ့ကိစ္စလည်း မဟုတ်ဘူးလေ။
“ကောင်းပြီ။” အမျိုးသမီးရဲ့ တောက်ပတဲ့ မျက်ဝန်းတွေက လူငယ်လေးကို အကဲခတ်ရင်း ခေါင်းငြိမ့်လိုကတယ်။
“ကောင်းပါပြီ။ အထူး ဧည့်သည်တော်။ လှုပ်ရှားပါ။” လူငယ်လေးက ဓားကို ရှေ့ထုတ်ရင်း ပြောလိုက်တယ်။ ဓားသွားရဲ့ ဖြူမည်း အလင်းတန်း နှစ်ခုက လရောင်အောက်မှာ တောက်ပ နေခဲ့တယ်။
သူ့ရှေ့က အမျိုးသမီးငယ်က ၁၇ နှစ်ပဲ ရှိသေးပင်မယ့် သူ အထင်မသေးဝံ့ဘူး။ သတိထားပြီးတော့ ဆက်ဆံနေတယ်။ နောက်ဆုံးတော့လည်း မဟူရာ လမင်းကျွန်းကို လာတဲ့ ဧည့်သည်တော်တွေက သာမာန် မဟုတ်ကြဘူး။
အားပုရဲ့ မျက်နှာက ဂုဏ်သိက္ခာ အပြည့်နဲ့ တောက်ပနေတယ်။ ကောင်းကင်ကို ကြည့်နေတဲ့ သူ့မျက်ဝန်းတွေ လင်းလက်သွားတယ်။ တကယ်တော့ ကောင်းကင်ကြီး တစ်ခုလုံး လင်းလက်သွားခဲ့တာ။ သူ့မျက်ဝန်းရှေ့က မြင်ကွင်း တစ်ခုလုံး အလင်းတွေ ဖြာထွက်လာတယ်။
တလက်လက် တောက်ပနေတဲ့ ကြယ်စင် အလင်းတန်းတွေ ဝန်းရံထားတဲ့ အမျိုးသမီးငယ်က သူ့ဆီကို ပြေးဝင်လာတယ်။ ဘာတစ်ခွန်းမှ မပြောပဲ တိုက်ရိုက် တိုက်ခိုက်တာ။ အားပု ထူးထူးဆန်းဆန်း ထိတ်လန့် နေမိတယ်။ ဒီတိုက်ခိုက်မှုက အင်အားကြီးပေမယ့် နောက်ကွယ် အရှိန်အဝါက အရမ်းကို ပြင်းထန် လွန်းတယ်။ စကားလုံးနဲ့တောင် ပြောလို့ မရဘူး။
အစကတော့ ထိပ်တိုက် ပြန်တိုက်ခိုက်ဖို့ စဉ်းစားထားပေမယ့် အခုတော့ သူခုန်ရှောင်ဖို့ တွေးလိုက်ပြီ။ အမျိုးသမီးငယ်ရဲ့ တိုက်ခိုက်မှုကို မြင်တော့ စိတ်ကူးပြောင်းလိုက်ပေမယ့် သူလှုပ်လို့ မရတော့ဘူး။ တိုက်ခိုက်ခံလိုက်ရပြီ။ သူ့ခန္ဒာကိုယ် တစ်ခုလုံး မလှုပ်နိုင်အောင် ချိတ်ပိတ် ခံလိုက်ရတာလား။ ဒါမှမဟုတ် တိုက်ခိုက်မှုက မြန်လွန်းလို့ ခုန်ရှောင်ချိန် မရလိုက် တော့တာလဲ ဖြစ်နိုင်တယ်။
အခုတော့ တိုက်ခိုက်မှုက သူ့ရင်ဘတ် ရှေ့မှာ ထားထားတဲ့ ဓားကို အရင်ဆုံး လှည့်ပတ်တယ်။ အမျိုးသမီးငယ်ရဲ့ ဖြူဖျော့ဖျော့ လက်ဝါးကနေ ထွက်ပေါ်နေတဲ့ ကြောက်စရာ အင်အားတွေကို အားပု ခံစား နေရတယ်။ ဒီအင်အားတွေက သူ့ရင်ဘတ်ထဲကို ဝင်လာခဲ့တယ်။ သူ့ရဲ့ အတွင်း သွေးလွှတ်ကြောတွေကို တည့်တည့်ထိတယ်။
“ဘန်း။” အသံ တစ်သံ အားပု နားထဲကို ဝင်လာတယ်။ သူ့ ခန္ဒာကိုယ် တစ်ခုလုံး ထိန်းချုပ်မှု လွတ်သွားခဲ့တယ်။ ခြေထောက်က မြေကြီးကနေ မြောက်တက် သွားပြီးတော့ လေထဲကို လွင့်ထွက်သွားတယ်။ အမြင့်က သိပ်တော့ မများဘူး။ ဆယ်ပေကျော်လောက်ပဲ။
“ဝုန်း။”
အားပုရဲ့ ခြေထောက်တွေ ပျော့ခွေ သွားပြီးတော့ မြေပြင်ပေါ်ကို ဒူးထောက်လျက်သား ကျလာခဲ့တယ်။ ချွေးသီး ချွေးပေါက်တွေ နဖူးကနေ စီးကျနေခဲ့ပြီ။ မျက်လုံးကတော့ မယုံကြည် နိုင်မှုကြောင့် ပြူးကျယ် နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးရဲ့ အပြင်ပိုင်း ပုံစံက သူ့ဆရာလောက် အင်အားကြီးမယ် လို့တောင် မထင်ရဘူး။
ဒါပေမယ့် သူမရဲ့ တိုက်ကွက် တစ်ခုကိုတောင် သူမခုခံ နိုင်ဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီလို ထူးဆန်းနေတဲ့ အခြေအနေကို အားပု နားမလည်နိုင်ဘူး။ သူ့ရဲ့ အကာအကွယ် စည်းတွေ အားလုံးကို ဒီ တစ်ခဏ အတွင်းမှာ ဘာကြောင့်များ သတိလွတ် သွားတာလဲ။
ရုတ်တရက် အလစ် ဝင်တိုက် ခံရသလို ခံစားရတယ်။ သူ့ကိုယ်သူ ဘယ်လောက်ထိ ပြင်ဆင်ထားမှန်း သူသိတယ်။ တစ်ချက်လေးတောင် သတိ မလွတ်ခဲ့ဘူး။ ဒါပေမယ့် အမျိုးသမီးကတော့ သူ့ရင်ဘတ်ကို တည့်တည့် တိုက်ခိုက် သွားတယ်။
“ဒင် ဒန်။” နှစ်ဖက်ချွန် ဓားသွားက ကြမ်းပြင်ပေါ်ကို ကျသွားတယ်။ သိပ်မမြင့်မားခင် အချိန်မှာပဲ ပြန်ကျလာ တာကြောင့် သူမ အင်အားကို အကုန် မသုံးမှန်း သိသာတယ်။ အမျိုးသမီးငယ် ညှာတာထားတာ သိသာတယ်။
ညှာတာလိုက်တာတောင်။ တစ်ချက်တည်းနဲ့ အနိုင်ရသွားတယ်။ မဖြစ်နိုင်ဘူး။ သူ့ဆရာတောင် ဒီလို မလုပ်နိုင်ဘူးလေ။ အခုက ဘယ်လို ဖြစ်သွားတာလြ။
အားပုရဲ့ မျက်လုံးက သွေးကြောတွေ ရဲရဲနီလာတယ်။ သူ့မျက်ဝန်းက အမျိုးသမီးကို စိုက်ကြည့်နေတယ်။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံက အတော့်ကို တန်ဖိုးကြီးတဲ့ ပုံပဲ။
“မင်း မင်းက ကောင်းကင်တာအို ခန်းမက လူပဲ။” နာမည်တစ်ခု စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ ဒီလူက ပြင်ပနဲ့ လူတွေ အမြင်ကို ထွက်ခဲတယ်။ ဒါပေမယ့် ကျော်ကြားမှု အရဆိုရင် မြင့်မြတ် နယ်မြေ လောကသစ်မှာ လူတိုင်းထက် ပိုသာတယ်။ လွန်ခဲ့တဲ့ ၄နှစ်တည်းက သူမ ကျော်ကြား လာခဲ့တာ။ အဲ့ဒီ့ အချိန်တုန်းက သူမ အသက်၁၃ နှစ်ပဲ ရှိသေးတယ်။
ကောင်းကင် တာအို ခန်းမ ခေါင်းဆောင်က သူမ တစ်ယောက်တည်းကို ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တယ်။ ဒါက ကောင်းကင် တာအို ခန်းမ ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်ပေမယ့် ဘယ်သူမှ မဆန်ကျင်ဝံ့ကြဘူး။ နောက်ပြီးတော့ ကောင်းကင် တာအိုရဲ့ ထိပ်တန်း တိုက်ခိုက်ရေး သမားတွေ အားလုံး ပေါင်းပြီးတော့ သုံးရက် တိုင်တိုင် ကြိုဆိုပွဲ ကျင်းပခဲ့တယ်။ အဲ့ဒီ့ အချိန်က စပြီးတော့ မြင့်မြတ် နယ်မြေမှာ သူမ နာမည်က ကျော်ကြား လာတာပဲ။
“ငါ့ နာမည်က ချီကူယန်။” အမျိုးသမီး လက်ဝါးတွေကို ပြန်ရုပ်ရင်းနဲ့ ပြောတယ်။ သူမ အသံက တည်ငြိမ် အေးချမ်း နေခဲ့တယ်။ အားပု ပါးစပ်ဖွင့်ရင်းနဲ့ တစ်ခုခု ပြောဖို့ ပြင်တယ်။ ဒါပေမယ့် ဘာစကားမှ ထွက်မလာခဲ့ဘူး။ သူ့မျက်ခွံတွေက တဖြည်းဖြည်း လေးလံလာတယ်။ သူနောက်ထပ် တောင့်မခံ နိုင်တော့ဘူး။ အမှောင်ထုက မျက်ဝန်းထဲမှာ ကြီးစိုး သွားပြီးတော့ သတိ လစ်သွားတော့တယ်။
“ဒုန်။” အားပု မြေပြင်ပေါ်ကို မှောက်ရက် လဲကျသွားတယ်။ အစကတော့ သူ့ရဲ့ စိတ်က အရှုံးမပေးနိုင် ဖြစ်နေခဲ့တာ။ ဒါပေမယ့် အခုတော့ သူ့ အမူအယာက လုံးဝကို ပြောင်းလဲ သွားပြီ။ အမျိုးသမီးရဲ့ နာမည်ကို သိလိုက်ရပြီလေ။
ချီကူယန်။
မြင့်မြတ် နယ်မြေမှာ တစ်ခါမှ မျက်နှာ ထွက်မပြပေမယ့် (ကောင်းကင်ဂုဏ်ရည်ရှင်)လို့ ထိပ်တန်း စစ်သည်တော်တွေ ကြားမှာ နာမည်ကြီးတယ်။ သူမက ထူးဆန်းပြီး အံ့သြဖွယ် ကောင်းတဲ့ အပြင် မောက်လည်း မောက်မာတယ်။ နောက်ပြီးတော့ ရွှမ်ယွမ် ကောင်းကင် တာအို ခန္ဒာကိုယ်ရဲ့ ပထမ သွေးသားပဲ။
“ကချာ့။” ခပ်တိုးတိုး အသံတစ်သံ ထွက်လာခဲ့တယ်။ သဲတွေကို ဖြတ်သန်းသွားတဲ့ ခြေသံတွေလိုပဲ။ ညာဘက်က ကျောက်တုံးတံခါး နောက်မှာ လူတစ်ယောက် ပေါ်လာတယ်။ သူ့မျက်လုံးတွေက နည်းနည်းကျယ်တယ်။ မျက်နှာ သွင်ပြင်ကတော့ ပုံမှန်ပဲ။ ဆံပင် ဖြူဖြူ ရှည်ရှည်တွေက ပုခုံးပေါ်ကို ဖြာကျနေတယ်။
ဝတ်ရုံနက်ကြီး ခြုံထားပြီးတော့ လူက ပိန်ပါး အားနည်းတဲ့ အသွင်နဲ့။ ဒါပေမယ့် နဖူးကနေ အလင်းရောင်တွေ တလက်လက် တောက်ပနေတယ်။ သုခမိန် တစ်ယောက်ဆိုတာ အသိသာကြီးပဲ။
“၄နှစ် အချိန်က ခဏလေးပဲ ဒီလောက်တောင် မြန်မြန် ကုန်သွားခဲ့ပြီ။”လူကြီးက မြေပြင်ပေါ်မှာ လဲနေတဲ့ လူငယ်နဲ့ ရပ်နေတဲ့ ချီကူယန်ကို သူကြည့်နေတယ်။ သူ့ရဲ့ ပိတ်နေတဲ့ မျက်ဝန်းတွေက ဖြည်းဖြည်းချင်း ဖွင့်လာတယ်။ ဒီလူရဲ့ မျက်လုံး တဖက်က လုံး၀ အနက်ရောင်၊ နောက်မျက်လုံး တစ်ဖက်ကတော့ အဖြူရောင်။ မြင်ရတာ ထူးဆန်းပေမယ့် ပစ္စည်း နှစ်ခု ပေါင်းစပ် ထားသလိုပဲ။
“ချီကူယန်။ ဆရာကြီးကို နှုတ်ခွန်းဆက်ပါတယ်။” ချီကူယန် တလေးတစားနဲ့ ဦးညွှတ်တယ်။
“နှင်းဖြူတောင်က ရေခဲ တပုလင်းနဲ့ နှစ်တစ်ထောင် မီးဆေးပင် ငါးပေါင်ကို လဲပေးမယ်။” သုခမိန်ကြီး ပြောတယ်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျွန်မက ဆေးပင် တစ်ပင်လုံး လိုချင်တာ။” ချီကူယန် ပြောတယ်။
“ကောင်းပြီ။ မင်းက ချီကူယန် ဖြစ်နေရင်တောင်၊ ငါတို့ မဟူရာ လမင်းကျွန်းမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်။ ဆေးပင် ငါးပေါင်က သတ်မှတ်ချက် အကုန်ပဲ။ ဒါက မင်းရဲ့ ဆရာမျက်နှာနဲ့ လုပ်ပေးတာ။” လူကြီးက မျက်မှောင်ကြုတ်ရင်း လေသံ ပြောင်းသွားခဲ့တယ်။
“ဆရာကြီကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမယ့် ကျွန်မ တောင်းဆိုတဲ့ ပမာဏကို ပေးဖို့ တောင်းပြန်ပါတယ်။ ဒီ အတွက် ကျေးဇူး ပြန်ဆပ်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ။” ချီကူယန် စိတ်ဆုံးဖြတ်ထားတဲ့ အသံနဲ့ ပြောတယ်။
“အကြောင်း အရင်းတစ်ခု ပေးနိုင်မလား။” သုခမိန်ကြီး အေးစက်စက် မေးတယ်။
“လူတစ်ယောက်ကို ကယ်တင်ဖို့။” ချီကူယန် အေးဆေး တည်ငြိမ်နေတယ်။
“လူတစ်ယောက်ကို ကယ်တင်ဖို့ဆိုရင် ဆေးပင် တစ်ပေါင်နဲ့တောင် လုံလောက်နေပြီ။ ငါကမင်းကို ရက်ရက်ရောရော ၅ပေါင်တောင် ပေးနေတာ။” သုခမိန်ကြီး ပြောရင်း ထူးဆန်းတဲ့ အကြည့်နဲ့ ပြောတယ်။
“မဟုတ်ဘူး။ ဒီလူက တစ်ပင်လုံး လိုတာ။” ချီကူယန် ခေါင်းခါရင်း ပြောတယ်။
“သေနေတဲ့ လူလား။” သုခမိန်ကြီး ဆက်မေးတယ်။
“မဟုတ်ဘူး။” ချီကူယန် ငြင်းတယ်။
“မင်းရဲ့ ဆရာလား။”
“မဟုတ်ဘူး။”
“မင်းအတွက် အရေးကြီးတဲ့ သူလား။”
“ဟုတ်ပါတယ်။”
“နှစ်တစ်ထောင် မီးဆေးပင် တစ်ခိုင်လုံးကို သုံးပြီးတော့ သူ့ကို ကယ်နိုင်မှာ သေချာလို့လား။”
“မသေချာဘူး။”
“မင်း။ မင်းက မသေချာတဲ့ ကိစ္စ အတွက်နဲ့ ငါ့ဆီကို ဆေးပင်ယူဖို့ လာတာလား။” လူကြီးက အမူအယာ ပြောင်းသွားတယ်။ သူဒေါသ ထွက်နေတာ သိသာနေပြီ။
“ဟုတ်ပါတယ်။ ကြိုးစား ကြည့်ချင်လို့ပါ။” ချီကူယန် ခေါင်းငြိမ့်တယ်။
“ကြိုးစားကြည့်တာ။ ဟဟား။ ကောင်းလိုက်တဲ့ ကြိုးစားမှု။” သုခမိန်ကြီးက အော်ဟစ်ရယ်မော်တယ်။ အဲ့ဒီ့နောက် သက်ပြင်း ချလိုက်တယ်။ “ကြည့်ရတာ ဒီနေ့တော့ မဖြစ်မနေ တိုက်ခိုက်ရမယ့် ပုံစံပဲ။”
“ညွှန်ကြား ပြသပေးပါ သုခမိန်ကြီး။”
“မင်းကို ညွှန်ကြားရမှာ ငါ့အတွက် စိတ်ချမ်းသာ စရာပါပဲ။” သုခမိန်ကြီး ပြန်ဖြေတယ်။
ဒီအချိန်မှာပဲ နောက်ထပ် ကျောက်တုံး တံခါး ၂ခု ပွင့်လာခဲ့တယ်။ လူနှစ်ယောက် ထွက်လာခဲ့တယ်။ သူတို့ နှစ်ယောက်လုံး ဆံပင် ရှည်တွေနဲ့ တူညီတဲ့ ဝတ်ရုံတွေ ဝတ်ထားခဲ့တယ်။ ဒါပေ့ါ သူတို့ သုံးယောက်က ရုပ်ဘယ်တူ မလဲ။ မဟူရာ လမင်း ကျွန်းရဲ့ သုခမိန် သုံးယောက်လုံး ထွက်လာပြီ။
“ချီကူယန် မင်းက ငါတို့ သုံးယောက်နဲ့ တစ်ခါတည်း တိုက်ခိုက်မှာ ဖြစ်နိုင်မှာလား။” အလယ်က လူကြီး ပြောတယ်။
“အင်း။” ချီကူယန် ခေါင်းငြိမ့်တယ်။ နောက်ထပ် တွေေ၀ မနေတော့ဘူး။
“အကို။ ကျွန်တော်တို့က အငယ်ကိုဒီလို တိုက်ခိုက်တာ ဖြစ်သင့်လို့လား။” ဘေးဘက်ကက သုခမိန်ကြီး တစ်ယောက် ပြောတယ်။
“အင်း။” အလယ်က လူကြီး ခေါင်းငြိမ့်တယ်။
“နားလည်ပါပြီ။” ဘယ်ဘက်မှာ ရပ်နေတဲ့ သူ ချက်ခြင်း ပြန်ဖြေတယ်။
အသက်အကြီးဆုံး အကိုကြီးက သူ့ ဆုံးဖြတ်ချက် အတွက် အကြောင်းရင်း မပေးပင်မယ့် ဘယ်တော့မှ သူမမှားတာကို သူသိတယ်။
လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကောင်းကင် တာအို သုခမိန် ခန်းမမှာ ပွဲတော်ကြီး ကျင်းပခဲ့တယ်။ အဲ့ဒီ့ အချိန်တုန်းက အကိုကြီးနောက်ကို သူလိုက်မသွား ခဲ့ဘူး။ ဒါကြောင့် ချီကူယန်ကို အခုမှ မြင်ဖူးတာ။ ဒါပေမယ့် ချီကူယန်က ၄နှစ်လုံးလုံး ကောင်းကင်တာအို သုခမိန် ခန်းမမှာ နေတာကို သူသိတယ်။ လေးနှစ်ဆိုတဲ့ အချိန်က အချိန်တိုလေးပဲ။
လွန်ခဲ့တဲ့ လေးနှစ်တုန်းက သူမက ကောင်းကင်ရောင်ပြန် အဆင့်ပဲ ရှိသေးတာ။ ချီကူယန်ရဲ့ နဖူးကို ကြည့်လိုက်တော့ အလင်းတန်း မတွေ့ဘူး။ ဒါက သူ့ကို စိတ်သက်သာ ရစေတယ်။ ဒါပေမယ့် သူ ခပ်မြန်မြန်ပဲ သူ့စိတ်ထဲ တင်းကြပ် သွားပြန်တယ်။ ချီကူယန်ရဲ့ အလင်းတန်းတွေက ကြယ်တွေလို တဖျပ်ဖျပ် တောက်ပနေတယ်။
“ဒီတော့ ဒါက။” ညာဘက်မှာ ရပ်နေတဲ့ လူကြီး ဖြစ်နေတာကို နားလည်သွားတယ်။
ချီကူယန်ကတော့ အလင်းတန်းတွေ ကြားမှာ ရပ်နေတယ်။ လက်ကို ခါလိုက်တဲ့ အချိန်မှာပဲ ဓားတစ်ချောင်း သူ့လက်ထဲမှာ ပေါ်လာခဲ့တယ်။ ပုံမှန် ဓားတစ်လက်ပဲ။ အပြင်ပန်းကနေ ကြည့်ရင်း ဘာမှ အံ့သြစရာ မရှိတဲ့ ဓားရှည်ကြီး။ အနီရောင် သစ်သားနဲ့ လုပ်ထားပြီးတော့ ခြစ်ရာ တစ်ခုလေးတောင် မရှိပဲ ချောမွေ့နေတယ်။
ဓားက ရိုးရှင်းပေမယ့် ဓားသွားက ချွန်ထက်နေတယ်။ ဒီဓားက သာမာန် လမ်းပေါ်မှာ ရောင်းနေတဲ့ လက်နက်တွေနဲ့ ဘာမှ မကွာခြားဘူး။ ဒါပေမယ့် သူမရဲ့ လက်ထဲမှာ ဓားပေါ်လာတဲ့ အချိန် သုခမိန်ကြီး သုံးယောက်ရဲ့ အမူအယာလည်း ပြောင်းလဲ သွားတယ်။
ဒီဓားမှာ ထူခြားတဲ့ နောက်ကြောင်း ရာဇဝင် ရှိနေလို့ မဟုတ်ဘူး။ သာမာန် လက်နက် တစ်ခုနဲ့ သုခမိန် သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်မယ် ဆိုတာက ဖြစ်နိုင်လို့လား။ ဒါက တကယ်တော့ စော်ကားမှု တစ်ခုလိုပဲ။ ဒါပေမယ့် သုခမိန် သုံးယောက်ကတော့ သူမကို အထင် မသေးရဲဘူး။
ဘယ်သူကမှ သူ့အသက်ကို ရင်းပြီးတော့ အရှက်တကွဲ ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး။ သုခမိန် သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်မိတယ်။ သူတို့များ အကြောက်လွန် နေလားလို့။ ဒါပေမယ့် သူတို့တွေ အရမ်းကို သတိထားနေကြတယ်။
“သုခမိန်ကြီးတို့ ပြင်ဆင် ပြီးပြီလား။ ကျွန်မ တိုက်ခိုက်တော့မယ်။” ချီကူယန်က သုခမိန်ကြီး သုံးယောက်ကို ကြည့်ရင်း လက်က ဓားကို ခါထုတ်လိုက်တယ်။
အပိုင်း(၆၂၃)ပြီး၏။
အပိုင်း (၆၂၄)
“ချီကူယန်ရဲ့ ရူးသွပ်မှု။”
“အင်း ယူလာခဲ့။” ချီကူယန်ရဲ့ လက်ထဲက ဓားကို ကြည့်ရင်း အလယ်က သုခမိန်ကြီး ခေါင်းငြိမ့်လိုက်တယ်။ ပညာရှင်တွေ ကြားမှာ တိုက်ခိုက်တာက တစ်ယောက်ကို တစ်ယောက် အရှိန်အဝါ ပြရင်းနဲ့ ယှဉ်ပြိုင်ကြတယ်။ ဒါပေမယ့် ချီကူယန်ကတော့ ဒီအလေ့အကျင့်ကို ကျင့်သား မရသေးဘူး။ သူမရဲ့ လက်က ဓားကို လွှဲယမ်းလိုက်တယ်။
ဓားက ရှေ့ထွက်လာ ခဲ့တယ်။ မှုန်မှိုင်းနေတဲ့ ဓားက ရွှေရောင် အလင်းတန်းတွေနဲ့ ဖုံးလွှမ်း သွားခဲ့တယ်။ ကြယ် အလင်းတန်းတွေ ဓားတစ်ခုလုံးကို ဖုံးကွယ် သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ မျက်စိကျိန်း လောက်စရာ အလင်းတန်းတွေ အေးစက်စက် ထွက်ပေါ်လာတယ်။
ချီကူယန်ရဲ့ ဓားက လှုပ်ရှားသွားတယ်။ သူမရဲ့ ဓားက နန်ကုန်းဟောင်ရဲ့ ဓားနဲ့ မတူဘူး။ သုခမိန်ာကီးတွေ ဓားထုတ်တဲ့ အချိန်မှာပဲ သူမက တိုက်ခိုက်နေပြီ။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။
ဒီတစ်ခေါက် တိုက်ခိုက်မှုက အားပုကို တိုက်ခိုက် တုန်းကလိုပဲ။ ရိုးရှင်းပြီး တိုက်ရိုက် ဖြစ်တဲ့ တိုက်ကွက်ပဲ။ ဒါကြောင့်ပဲ သုခမိန်ကြီး အမူအယာ ပြောင်းလဲ သွားတယ်။ သူ့ဓားကို လှုပ်ရှားဖို့ ပြင်နေတဲ့ အချိန်မှာပဲ တဖက်သူက တိုက်ခိုက်နေပြီ။ သူ့ တကိုယ်လုံး ချွေးတွေ စိုရွဲလာခဲ့တယ်။ အနိုင်ရပြီးသား တိုက်ပွဲ တစ်ခုကို သိသိရက်နဲ့ တိုက်ခိုက် နေရသလိုပဲ။
“ဝမ်။” ကျယ်လောင်တဲ့ အသံကြီးက ကမ္ဘာ မြေကြီးကို တုန်ခါ သွားစေတယ်။ မှောင်မိုက်တဲ့ အလင်းတန်းကြီးက အလယ်မှာ ရှိတဲ့ သုခမိန်ကြီး ဆီကနေ ထွက်ပေါ်လာတယ်။ တကယ်တော့ မှောင်မိုက်တဲ့ အလင်းတန်းကြီးလို့ ပြောလို့ မရဘူး။ လုံး၀ အမှောင်ထုကြီးလို့ ပြောရမှာ။
ပတ်ဝန်းကျင်က အရာအားလုံးကို ဝါးမျို သွားတဲ့ အမှောင်ထုကြီး။
ချီကူယန်လည်း သူမလက်ထဲက ဓားကို ရပ်လိုက်တယ်။ ထက်ရှတဲ့ ဓားသွားက အမှောင်ထုထဲမှာ လှုပ်ရှားနေတယ်။ ဓားရဲ့ တဖျပ်ဖျပ် လက်နေတဲ့ အလင်းတန်းတွေက ဆက်တိုက် လှုပ်ရှား နေခဲ့တယ်။ ဒီအချိန်မှာပဲ သုခမိန်ကြီး နှစ်ယောက်လည်း လှုပ်ရှားတော့တယ်။
“ချီကူယန် မင်းက အင်အားကြီးကောင်း ကြီးမယ်။ ဒါပေမယ့် ငါတို့ သုံးယောက်ကိုတော့ မင်း မကျော်ဖြတ် နိုင်ဘူး။” ညာဘက်က သုခမိန်ကြီးက ချီကူယန်ကို တိုက်ခိုက်ရင်းနဲ့ ပြောတယ်။ သူ့ရဲ့ တိုက်ခိုက်မှုက မမြန်ဆန်ဘူး။ ဒါပေမယ့် အရမ်းကို လေးလံပြီးတော့ အားပါတယ်။ လက်ဝါးချက်ထက် တောင်ကြီး တစ်တောင်လို လေးလံ နေသလိုပဲ။
ညာဘက်က လူကြီး ကောင်းကောင်းသိတယ်။ သူတို့ ပေါင်းပြီးတော့ တိုက်ခိုက်ရင် သူမကို အနိုင်ရ နိုင်တယ်။ သူတို့တွေ အတူတူ တိုက်ခိုက်လာတာ နှစ်တွေ အများကြီး ကြာနေပြီ။ တစ်ယောက်ချင်းစီ တိုင်းမှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။
အလယ်မှာ ရှိနေတဲ့ သူကြီးက ပထမဆုံး နောက်ဆုတ် သွားခဲ့ရတယ်။ ဒီအချိန်မှာပဲ ဘေးဘက် နှစ်ယောက်က တပြိုင်နက်တည်း တိုက်ခိုက်ကြတယ်။ အလယ်က သုခမိန်ကြီး နောက်ကနေ ပြန်ခုန် တက်လာတယ်။ အဲ့ဒီ့နောက် ချီကူယန်လည်း သုံးယောက်လုံးနဲ့ ဆက်တိုက် တိုက်ခိုက် ရတော့တယ်။ တိုက်ခိုက်မှု တစ်ချက်ချင်းစီတိုင်းက တိကျ ပြတ်သားတယ်။
“ဟုန်း။” လက်သီးချက်က သန်မာပြီး ခိုင်ခံ့တယ်။ ချီကူယန်က ဒီလက်သီးကို ခုန်မရှောင်ခဲ့ဘူး။ သူမရဲ့ ပုခုံးကို တည့်တည့် ထိသွားခဲ့တယ်။ သူမကို တိုက်ခိုက်တဲ့ သုခမိန်ကြီး ထိတ်လန့်သွားတယ်။
“ဒီ ကောင်မလေးကို ငါတို့ အထင်ကြီးမိတာလား။” သူ့ရဲ့ လက်သီးကို အရှိန်လျှော့ မထားဘူး။ ပုံမှန် အင်အားနဲ့ သုံးပြီးတော့ တိုက်ခိုက်တာ။
ပုံမှန် အတိုင်းဆိုရင် ချီကူယန်ရဲ့ လက်မောင်းက ဒီတိုက်ခိုက်မှုကို ခုခံ နိုင်မှာ မဟုတ်ဘူး။ ဓားက လက်ကနေ လွတ်ကျ သွားလိမ့်မယ်။ ဒါပေမယ့် အခုတော့ ချီကူယန်ရဲ့ လက်က တစ်စက်လေးတောင် မလှုပ်ရှားဘူး။ ရှေ့ကို တစ်လက်မလောက်ပဲ တိုးလာခဲ့တယ်။ သူ့ရင်ဘတ် နားရောက်ဖို့ လက်မဝက်ပဲ လိုတဲ့ဓားက ရှေ့ကို ကပ်လာခဲ့တယ်။ ဒါက ဘယ်လို ဖြစ်နေတာလဲ။
“ဝုန်း။” ဓားရဲ့ ချွန်ထက်တဲ့ ဓားသွား အလယ်က သုခမိန်ကြီးရဲ့ ရင်ဘတ်ကို ထွင်းဖောက်သွားတယ်။ ဒါတွေ အားလုံးက အချိန် တစ်ခဏ အတွင်း ဖြစ်သွားတာ။ မြန်လွန်းတယ်။ မြားတစ်စင်း ပြစ်ခွင်း သွားသလိုပဲ။ သုခမိန်ကြီး တစ်ခဏတာ တောင့်တင်းသွားတယ်။ ဘေးနှစ်ဖက်က သုခမိန် နှစ်ယောက်ပါ မယုံနိုင်မှု အပြည့် မျက်နှာတွေနဲ့ ကြည့်နေကြတယ်။
“မင်း။” ညာဘက်က သုခမိန်ကြီး မျက်လုံးပြူးနေတယ်။
ချီကူယန်က ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ထား ခဲ့ဘူး။ သူ့ရဲ့ လက်သီးချက် ကိုလည်း ခုခံနိုင်တယ်။ အလယ်က အမှောင်ထုကြီးကိုလည်း ဖြတ်သန်းသွားတယ်။ ဒါက ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ။ ဘယ်ဘက်က သုခမိန်ကြီး တအံ့တသြနဲ့ ပြောမိတယ်။
“အထင်ကြီးစရာ ကောင်းလိုက်တဲ့ ကောင်မလေး။” သူစကား ဆိုပေမယ့် သူ့ တိုက်ခိုက်မှုကတော့ မရပ်တန့်ဘူး။
“ဟုန်း။”
ဒီတစ်ခေါက် လက်သီးချက်ကလည်း အရင် တစ်ခေါက်လိုပဲ ပြင်းထန်တယ်။ ချီကူယန်လည်း ခုန်မရှောင်ခဲ့ဘူး။ ဒီတစ်ခေါက်တော့ သူမကိုယ် သူမ ထိန်းမထားနိုင်တော့ ညာဘက်က သုခမိန်ကြီးဆီ လွင့်ထွက်လာတယ်။
“ဝုန်း။”
ချီကူယန် လွင့်ထွက်သွားတဲ့ အချိန်မှာပဲ တလက်လက် တောက်ပနေတဲ့ အလင်းတန်းက သူမ ခန္ဒာကိုယ်ကို ဝန်းရံ သွားတယ်။ အထူးဆန်းဆုံး မြင်ကွင်းကြီး တစ်ခုပဲ။
ညာဘက်မှာ ရှိနေတဲ့ သုခမိန်ကြီး အလင်းတန်းတွေ တောက်ပလာတဲ့ အချိန်မှာ တောင့်တင်းသွားတယ်။ ဖြစ်ပျက်တဲ့ ကိစ္စတွေက ရုတ်တရက် ဖြစ်လွန်းတော့ ဘယ်သူမှ မတုံ့ပြန် နိုင်ကြဘူး။
ဒါပေမယ့် ဓားက သူ့ရင်ဘတ်မှာ စိုက်ဝင်နေပြီ။ ပုံမှန် အဖြစ် အပျက် တစ်ခုလိုပဲ။ သွေးတွေ ပန်းထွက်လာတယ်။ နီရဲတဲ့ သွေးတွေက ညကောင်းကင်ကိုတောင် အရောင်စွန်း သွားစေသလိုပဲ။
“ချီကူယန်။” ညာဘက်က ဓားနဲ့ အထိုးခံလိုက်ရတဲ့ သုခမိန်ကြီး ချီကူယန်ကို အော်ဟစ်တယ်။
အံ့သြစရာ ကောင်းလိုက်တာ။
ဘယ်တုန်းကမှ ဒါမျိုး မဖြစ်ဖူးဘူး။
ဒါက အရေးမကြီးဘူးလေ။ အခုချိန်မှာ အရေးအကြီးဆုံးက သူတို့ထဲက နှစ်ယောက် ဒဏ်ရာရနေတာပဲ။ ဒါက မျက်တောင် တစ်ခတ် အတွင်းမှာ ဖြစ်သွားတာ။ သူတို့ထက် ရာထူးနိမ့်တဲ့ အမျိုးသမီးငယ်လေး တိုက်ခိုက်တာကို ခံလိုက် ရတာလား။
မယုံနိုင် စရာပဲ။
ဒီအချိန်မှာ ချီကူယန်က သူတို့ သုံးယောက်ကို တပြိုင်နက်တည်း တိုက်ခိုက် ခိုင်းတဲ့ အကြောင်းရင်းကို နားလည် သွားတယ်။ သူမက အင်အားငှားရမ်းဖို့ ကြံစည် နေတာပဲ။ နောက်ပြီးတော့ သူတို့ရဲ့ အင်အားတွေကို ငှားသုံးနေတာ။ ဘယ်လို လူကများ ဒီလောက် ရူးသွပ်တဲ့ နည်းလမ်းကို သုံးပြီးတော့ တိုက်ခိုက်မှာလဲ။ ဒါက လုံးဝကို ဗျူဟာ မြောက်တာပဲ။ ဓားငှားပြီးတော့ လူသတ်နေသလိုပဲ။
“ချီကူယန်၊ မင်း သေချင် နေတာလား။” ဘယ်ဘက်က ဒဏ်ရာ မရသေးတဲ့ သုခမိန်ကြီး အော်ဟစ်တယ်။ သူ့ညီနောင် နှစ်ယောက် ဒဏ်ရာ ရတာကို မြင်တော့ သူ တုန်ယင် နေခဲ့ပြီ။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ချီကူယန်ကို အနိုင်ယူဖို့ပဲ။
နောက်ပြီးတော့ သူမကို ဆုတ်ခွာအောင် လုပ်မယ်။ ချီကူယန်ကို သတ်ဖို့ သူ့မှာ စိတ်ကူး မရှိဘူး။ ချီကူယန်ကို ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် ဘယ်လောက်တောင် အလေးထားမှန်း သူသိတယ်။ ဒါပေမယ့် အခုတော့ ချီကူယန်က သူတို့ကို အသက်နဲက ရင်းပြီးတော့ တိုက်ခိုက်နေတာ။
အကယ်၍ သုခမိန်ကြီးတွေသာ လူငယ်ကို ငဲ့ညှာနေ ရတာကြောင့် မဟုတ်ရင်၊ သူတို့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်နေပြီ။ ဒါပေမယ့် သူတို့နဲ့ တိုက်ခိုက် နေသူက အသေခံပြီးတော့ တိုက်ခိုက်နေရင် ဘယ်လိုများ ငဲ့ညှလြို့ ရမှာလဲ။
“ဖူး။” ချီကူယန်ရဲ့ ပါးစပ်ကနေ သွေးတွေ အန်ထွက်လာတယ်။ ပန်းနုရောင် သန်းနေတဲ့ ချီကူယန်ရဲ့ မျက်နှာက ချက်ခြင်း ဖြူဖျော့ သွားခဲ့တယ်။ သူမရဲ့ မျက်ဝန်းတွေကတော့ အရင်လို တောက်ပ နေဆဲပဲ။
“နှစ်တစ်ထောင် မီးဆေးပင် တခိုင် ပေးဖို့ တောင်းပန်ပါတယ် ဆရာကြီး။” ချီကူယန် ခြေတလှမ်း နောက်ဆုတ်တယ်။ ဒါပေမယ့် သူမ မျက်နှာကတော့ ကန်ရေပြင်ပေါ်က နှင်းတွေလို ဖြူဖျော့ နေခဲ့တယ်။
“အိမ်မက် မက်နေတာ ရပ်လိုက်။ ချီကူယန်။ ငါတို့က မင်းကို ဘာမှ မလုပ်နိုင်ဘူး ထင်နေတာလား။”
“မင်းက ကောင်းကင် တာအို သုခမိန် ခန်းမရဲ့ အစိတ်အပိုင်း ဖြစ်နေလည်း မင်းရဲ့ ဒီနေ့ အပြုအမူကြောင့် မင်းကို သတ်ပိုင်ခွင့်ရှိတယ်။”
“ချီကူယန် မင်း အခုချိန်မှာ နောက်ဆုတ်ရင် မင်းကို ခွင့်လွှတ်ပေးမယ်။ ငါ့တို့ကို ဆက်ပြီးတော့ အထင်သေးနေရင်တော့ ကောင်းကင်တာအို သုခမိန် ခန်းမကို ငါတို့ ရိုင်းပြတာ အပြစ်မတင်လေနဲ့။”
သုခမိန် သုံးယောက်လုံးက ချီကူယန်ကို စိုက်ကြည့် နေကြတယ်။ သုခမိန် အဆင့်က အသန်မာဆုံး သူတွေ အနေနဲ့၊ အငယ် တစ်ယောက်ကို ဒီလောက်ထိ စိတ်မဆိုးသင့်မှန်း သူတို့ နားလည်တယ်။
နှစ်တစ်ထောင် မီးဆေးပင်က မဟူရာ လမင်းကျွန်းကနေ ပေးလိုက်လို့ မဖြစ်ဘူး။
“ဒီလို ဖြစ်မှတော့။ ကျွန်မကိုလည်း အပြစ် မတင်ပါနဲ့။” ချီကူယန်ရဲ့ အမူအယာက အတူတူပဲ။ လှံရှည်ကြီး တစ်ချောင်းကို မြှောက်လိုက်ပြီးတော့ အလယ်က သုခမိန်ကြီးကို တည့်တည့် ချိန်ထားတယ်။
“ချီကူယန် မင်း သေချင် နေတာလား။” သုခမိန်ကြီး သုံးယောက်လုံး တပြိုင်နက်တည်း အော်လိုက်တယ်။
“သေတာလား။” ချီကူယန် ခေါင်းမော့ရင်း ကောင်းကင်က ကြယ်တွေကို ကြည့်နေတယ်။
သူမက လူတိုင်း ဂရုစိုက်တာ ခံရပြီး ငယ်ငယ်တည်းက ချီးမြှောက်ခံထားရတဲ့ အဖိုးတန် သမီးလေး။ နောက်ပြီးတော့ ကောင်းကင် ဂုဏ်ရည်ရှင် ဖြစ်လာတဲ့ အချိန်မှာ ပိုပြီးတော့တောင် မြင့်မား လာသေးတယ်။ ဘယ်တုန်းကမှ အခက်အခဲကို မကြုံခဲ့ရဘူး။ သူမရဲ့ ဘဝက အမြဲတမ်း ချောမွေ့ပြီး အောင်မြင်မှု အပြည့်နဲ့ပဲ။ တစ်ခုခုကို တောင်းဆိုတဲ့ အချိန်တိုင်း လိုတာ အကုန်ရတယ်။ တစ်ခုခုကို လိုချင်ရင် ဒီဆန္ဒကို လူတိုင်းက ဖြည့်ဆည်း ပေးကြတာပဲ။
တကယ်တော့ မရေမတွက် နိုင်တဲ့ လူတွေက သူမ ရှေ့ကို ရောက်လာပြီးတော့ သူမနဲ့ တိုက်ခိုက်ကြတယ်။ နောက်ဆုံး သူမ ဘဝမှာ အရှက်မရှိပြီးတော့ သေရမှာ မကြောက်တဲ့ သူနဲ့ မတွေ့ခင် အထိပေါ့။ ဒီလူက သူမ ဘယ်တော့မှ လုပ်မှာ မဟုတ်တဲ့ ကိစ္စကို လုပ်ခဲ့တယ်။ သူတစ်ယောက်တည်းနဲ့ သုခမိန် တစ်ဝက် ချန့်ယန်းကို အနိုင် တိုက်ခဲ့တယ်။ မြောက်ပိုင်း တိုင်းပြည်က ရန်မြို့တော်ကို တိုက်ခိုက်တာကိုလည်း တားဆါ်ီ ပေးခဲ့တယ်။
“နင်က နတ်ဆိုး ဘုရင်ကိုတောင် သတ်နိုင်ရင်၊ ငါလည်း နှစ်တစ်ထောင် မီးဆေးပင်ကို ရအောင် ယူနိုင်တယ်။” ချီကူယန်ရဲ့ မျက်ဝန်းထဲမှာ ဒေါသရိပ်တွေ တဖျပ်ဖျပ် တောက်ပလာခဲ့တယ်။
ကောင်းကင်မှာလည်း ကြယ်တစ်လုံးက ရုတ်တရက် တောက်ပလာတယ်။ အရမ်းကို တောက်ပပြီး ကြီးမား လာသလိုပဲ။ တကယ်တော့ ကောင်းကင်ကနေ ကြယ်ကျွေလာတယ်လို့ ခေါ်ရမှာ။ ချီကူယန်က ကြွေကျလာတဲ့ ကြယ်ကို တစ်ခါတည်း ခုန်လွှားတော့တယ်။
“ဒါက။ ညီနောင်တို့ သတိထား။”
“ဝုန်း။”
ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ မဟူရာ လမင်းကျွန်း တစ်ခုလုံး တုန်ခါသွားတယ်။ ပင်လယ်က လှိုင်းတွေ ထန်လာပြီးတော့ လေတွေလည်း တဝူးဝူး တိုက်ခတ်လာတယ်။ ကြောက်စရာ ကောင်းလိုက်တဲ့ မြင်ကွင်း တစ်ခုပဲ။ ဘယ်သူကမှ ဒီအခြေအနေကို နားမလည်နိုင်ဘူး။ အခုချိန် ရပ်နေတဲ့ သုခမိန် သုံးယောက်နဲ့ ချီကူယန်ရဲ့ ခြေထောက်အောက်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်။
ကြီးမားတဲ့ အနက်ောင် အက်ကွဲကြောင်းကြီးတွေကို မြင်နေရတယ်။ အနက်ရောင် ကျောက်တုံးအိမ်တွေ အက်ကွဲ ကုန်ပြီ။ နောက်ပြီးတော့ မီးတောင်ကလည်း ထူးထူးခြားခြား လှုပ်ရှားနေတယ်။ မီးတောင် ထိပ်ဝကနေ ပူနွေးတဲ့ လေထုတွေ ထွက်ပေါ် လာနေပြီ။
“ချီကူယန်။” ဖုန်တွေကြားမှာ အော်သံ ထွက်လာတယ်။
ဒီတစ်ခေါက် သူတို့ရဲ့ အသံက စိတ်မထိန်း နိုင်လောက်အောင် မာကျော ကြမ်းတမ်း နေခဲ့ပြီ။ တောက်ပတဲ့ မျက်ဝန်း၊ လှပတဲ့ မျက်နှာတွေနဲ့ ပန်းနုရောင် အရိပ်လေးက ဖုန်ထဲကနေ ပျံတက်လာတယ်။ သူမရဲ့ နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျနေပြီ။ သူမကတော့ နှုတ်ခမ်းတွေကို တင်းတင်း စေ့ထားခဲ့တယ်။
“ဖူး။”
လူတစ်ယေက် အရှိန်နှုန်း မြင့်မြင့်နဲ့ လှုပ်ရှားနေတယ်။ မီးတောင်ဆီကို သူ ပြေးနေတယ်။
“ချီကူယန်၊ မင်း ဒီလို လုပ်လို့ မရဘူး။”
“နှစ်တစ်ထောင် မီးဆေးပင်က မဟူရာ လမင်းကျွန်းရဲ့ ရတနာ ဖြစ်တာတင် မကဘူး။ တောင်ထိပ် ကိုးခုရဲ့ ရတနာ ငါးခုထဲက တစ်ုခလည်း ဟုတ်တယ်။ မင်းသာ ဒါကို ယူသွားရင် တောင်ထိပ် ငါးခုလုံးက မင်းကို တားဆီး လိမ့်မယ်။”
“ရပ်လိုက်စမ်း။”
အသံသုံးခုက သူမ နောက်မှာ ပဲ့တင် ထပ်နေတယ်။ အရင်ကနဲ့ ယှဉ်ရင် သူတို့ သုံးယောက်လုံး ကြောက်လန့်တကြား ဖြစ်နေကြတယ်။ တောက်ပသန့်ရှင်းတဲ့ ဝတ်ရုံနက်တွေလည်း အခုချိန်မှာ ပျက်ဆီးကုန်ပြီ။ သူတို့ ခန္ဒာကိုယ် တစ်ခုလုံးမှာ ဒဏ်ရာတွေ အပြည့် ဖြစ်နေတယ်။
“ဝုန်း ဝုန်း ဝုန်း။” မီးတောင်ကြီးက သားရဲကောင်ကြီး တစ်ကောင်လို လှုပ်ခါနေတယ်။ ဒါပေမယ့် ချီကူယန်ကတော့ မရပ်တန့်ဘူး။ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အချိန် မရွေး ပေါက်ကွဲနိုင်တဲ့ မီးတောင်ကိုပဲ စိုက်ကြည့်နေတယ်။ သူမက တည်ငြိမ်ပြီးတော့ စိတ်ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။
နီးကပ် လာတယ်။ နီးသထက် နီးကပ်လာတယ်။
ချီကူယန်ရဲ့ မျက်ဝန်းတွေက မီးတောင်ကို ကြည့်ရင်း တလက်လက် တောက်ပလာတယ်။ သူမ နောက်မှာ လိုက်လာတဲ့ သုခမိန် သုံးယောက်က စိတ်ဖိစီးပြီးတော့ စိတ်ရှုပ်ထွေး နေကြပြီ။ ဒါက နှစ်တထောင် မီးဆေးပင် သိမ်းထားတဲ့ နေရာလေ။ ချီကူယန် ဒီတောင်ထဲ ဝင်တာနဲ့ နှစ်တစ်ထောင် မီးဆေးပင်ကို ကာကွယ်ၤနိုင်တော့မှာ မဟုတ်ဘူး။
“အကိုကြီး။”
“ညီငယ်တို့ ငါ့ကို ကူကြ။”
“ကောင်းပါပြီ။” သုခမိန် သုံးယောက် အင်အား စုလိုက်တဲ့ အချိန်မှာ ကောင်းကင် တစ်ခုလုံး မည်းမှောင် သွားခဲ့တယ်။
“ဝုန်း။” ဘေးနှစ်ဖက်က လူတွေ လက်သီးနဲ့ အလယ်လူကို ထိုးလိုက်တယ်။ အလင်းတန်းတွေ ချက်ခြင်း ပေါင်းစပ်သွားပြီးတော့ ကောင်းကင်ကို တိုးတက်သွားခဲ့တယ်။ ဘာအသံမှ မကြားရဘူး။ အလယ်ကလူ ပျောက်ကွယ် သွားခဲ့ပြီ။
“ဝမ်း။” ကျယ်လောင်တဲ့ အသံကြီး ပဲ့တင် ထပ်လာတယ်။
ငှက်တွေနဲ့ တိရစ္ဆာန်တွေရဲ့ အသံတွေလည်း လေထဲမှာ ထွက်ပေါ်လာတယ်။ ပန်းရောင် လူရိပ်က မိုးပေါ်မှာ ပျံဝဲရင်းနဲ့ မီးတောင် ထိပ်ဝကို ကျသွားတယ်။ ပေါက်ကွဲတော့မလို ဖြစ်နေတဲ့ မီးတောင်ထဲကို ကျသွားတာ။
အပိုင်း(၆၂၄)ပြီး၏။
အပိုင်း (၆၂၅)
“ကနဦး သွေးဆက်ကို လျှော့တွက် မိခြင်း။”
“သူမ သေသွားပြီလား။”
“ညီနောင်ကို ငါ့ကို ကူညီကြ။ အကိုကြီးက အင်အားကို စုနိုင်နိုင်တယ်။ ချီကူယန်က မသေရင်တောင် သူထရပ် နိုင်တော့မှာ မဟုတ်ဘူး။”
“ဒုတိယ အကို ပြောတာ မှန်တယ်။ ဒါပေမယ့် နှစ်တထောင် မီးဆေးပင်က တောင်ထဲမှာပဲ ရှိသေးတာ။ ကျွန်တော်တို့ သွားပြီးတော့ စစ်ဆေးသင့်တယ်။ ဒါဆိုရင် ချီကူယန်ရဲ့ ကိုယ်ခန္ဒာကိုယ်လည်း ပြန်သယ်လာလို့ ရတယ်။”
“မင်းပြောတာ အဓိပ္မာယ်ရှိတယ် တတိယ ညီလေး။”
လူကြီး နှစ်ယောက်က သူတို့ရဲ့ ရိုက်ချက်ကို ခံလိုက် ရပြီးတော့ ချီကူယန် မီးတောင်ထဲ ပြုတ်ကျ သွားတာကို မြင်လိုက်တယ်။ ဒီအခြေ အနေက သူတို့ အတွက် ကောင်းတာလား ဆိုးတာလား မသိတော့ဘူး။ ဒါပေမယ့် မဟူရာ လမင်းကျွန်းက တောင်ထိပ် ကိုးခု မြင့်မြတ် နယ်မှာ ရှိနေတာ။
ချီကူယန်က ကောင်းကင် တာအို ခန်းမကလူ။ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် အရမ်း လေးစားတဲ့သူ။ သူတို့ ကျွန်းကို ထိုးဖောက် ဝင်လာပြီးတော့ မဟူရာ လမင်းကျွန်းရဲ့ ရတနာကို ခိုးယူဖို့ ကြိုးစားတဲ့ သူကို သတ်ခွင့် ရှိတယ်။
“အကိုကြီး။”
“ညီငယ်တို့ ငါ့နောက် လိုက်ခဲ့ကြ။” မီးပွားတွေ ထွက်နေတဲ့ မီးတောင်ထိပ်ဝမှာ ရပ်ပြီးတော့ သူ အလေးအနက် ပြောတယ်။
“ကောင်းပြီ။” ညီအကို နှစ်ယောက် ခေါင်းငြိမ့်ရင်းနဲ့ အမိန့်ကို လိုက်နာ ခဲ့တယ်။
သူတို့ သုံးယောက်က လေထဲမှာ တွေေ၀ မနေတော့ဘူး။ မီးတောင်ထဲကို ဇောက်ထိုး ဆင်းလာတယ်။ တောင်က အခုချိန်မှာ အရမ်းကို တည်ငြိမ်နေတယ်။ လောင်ကျွမ်းနေတဲ့ မီးတောင် ချော်ရည်တွေကို သူတို့ မြင်နေရတယ်။ ကြောက်စရာ အပူတွေက မီးတောင် နံရံ အက်ကွဲကြောင်း တွေကနေ ထွက်ပေါ်နေတယ်။ အနီရောင် ကျောက်တုံးတွေက ဒီအက်ကွဲကြောင်းတွေမှာ နစ်မြုပ်ရင်းနဲ့ မှိန်ဖျော့ဖျော့ တောက်ပနေတယ်။
မီးတောင် ကျောက်တုံးမီးတွေ။ လက်နက်တွေကို သွန်းလုပ်တဲ့ နေရာမှာ အကောင်းဆုံး ပစ္စည်းတွေ။ ဒါတွေက မဟူရာ လမင်းကျွန်းရဲ့ ရတနာတွေလို့ ပြောလို့ ရတယ်။ ဒါပေမယ့် နှစ်တစ်ထောင် မီးဆေးပင်နဲ့ ယှဉ်လိုက်ရင်တော့ သူတို့က ဘာမှ မပြောပဘူး။
သူတို့ သုံးယောက်လုံး တောင်ထဲကို ဝင်သွားတဲ့ အချိန်မှာ အက်ကွဲကြောင်း တစ်ခုကို ချက်ခြင်း သတိ ထားမိတယ်။ လူတစ်ယောက်ပဲ ဝင်လို့ ရနိုင်တဲ့ အက်ကွဲကြောင်း တစ်ခု။ အပြင်ဘက်ကနေ ကြည့်ရင် ဘာမှ မထူးခြားဘူး။ ဒါပေမယ့် ဒီအက်ကွဲကြောင်းကို ထီးတစ်ခုလို ကာထားတဲ့ ကျောက်တုံးကြီး တစ်ခု ရှိနေခဲ့တယ်။ ဒီ ထီးပုံစံ ကျောက်တုံးရဲ့ အောက်မှာ အနီရောင် အလင်းတန်းက တောက်ပနေတယ်။
ဒီ အနီရောင် အလင်းတန်းက မီးတောက်တွေက ထွက်နေတာနဲ့ တူတယ်။ ဒါပေမယ့် မီးတောက် မဟုတ်ဘူး။ အနီရောင် အလင်းတန်း အလယ်က ပစ္စည်းကြောင့် တောက်ပနေတာ။ လက်ဝါး အရွယ်ပဲ ရှိတဲ့ ခပ်ဝိုင်းဝိုင်း ပစ္စည်း တစ်ခု။
ဒီအပင်ရဲ့ အမြစ်ကနေ အရွက်ဝိုင်းဝိုင်းတွေ ထိပ်အထိ အကုန်လုံးက အစိုင်အခဲလို ကြည်လင် နေခဲ့တယ်။ အပြင်ဘက်က ကြည့်ရင်၊ အနီရောင် လေထုတွေ ဖြတ်သန်း စီးဆင်းနေတဲ့ အရွက်တွေနဲ့ သွေးကြောတွေကို တစ်ခုချင်းစီ မြင်နေရတယ်။
“ဒီမှာ ရှိနေတုန်းပဲ။” လူကြီး သုံးယောက်က နှစ်တစ်ထောင် မီးဆေးပင်ကို မြင်တော့ သက်ပြင်း ချမိကြတယ်။ နှစ်တစ်ထောင် မီးဆေးပင်က တကယ့်ကို တန်ဖိုးကြီးတဲ့ ရတနာ။ အချိန်တွေ ကံတရား အစွမ်းတွေ အားလုံး ပေါင်းစပ် ပါဝင်နေတယ်။
မီးတောက်တွေက ဒီနေရာ တစ်ခုလုံးမှာ ပြည့်နှက်နေတဲ့ အတွက် အပင်တွေ ပေါက်ဖို့ ခဲယဉ်းတယ်။ ဒီအက်ကွဲကြောင်းထဲ မှာတော့ ရာသီဥတုက လုံးဝကို ကွာခြားတယ်။
အားနည်းတဲ့ ဆေးပင်တွေက ဒီမှာ ဘယ်လိုလုပ် ပေါက်မှာလဲ။ တိုက်တိုက် ဆိုင်ဆိုင်ပဲ အက်ကွဲကြောင်းထဲမှာ နှစ်တစ်ထောင် မီးဆေးပင်က ပေါက်နေတယ်။ မီးတောင်ချော်ရည်တွေ မထိဘူး။ ပိုပြီးတော့ အရေးကြီးတာ တစ်ခုလည်း ရှိသေးတယ်။ ထီးပုံစံ ကျောက်တုံးက အပူချိန် အများကြီးကို ထိန်းထားနိုင်တယ်။ မီးဆေးပင်တွေ ပေါက်နိုင်အောင် ကူညီတယ်။ ဒါကြောင့်ပဲ ဆေးပင်က မြန်မြန် ကြီးထွားလာတာ။ အချိန် အကြာကြီးလည်း သက်တမ်းရှည်အောင် ကူညီပေးတယ်။ ဒါကြောင့် ဘယ်လောက်တောင် တန်ဖိုးကြီးမှန်း သိနိုင်တယ်။
ဒါပေမယ့် သူတို့ သုံးယောက်လုံး စိတ်လျှော့လိုက်တဲ့ အချိန်မှာပဲ ပန်းရောင် လူရိပ် တစ်ခုက ပြေးဝင်သွားတယ်။ အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်း နဲ့ ဖြစ်ပျက်သွားတာ။ နောက် အချိန်တို အတွင်းမှာပဲ ပန်းရောင် လူရိပ်က ထီးပုံစံ အမိုးကို ခုန်ကျော်သွားတယ်။
အနီရောင် အလင်းတန်းတွေ တောက်ပနေတဲ့ အက်ကွဲကြောင်းထဲမှာ သူမရဲ့ ပန်းနုရောင် ဝတ်ရုံက ဝဲလွင့်နေတယ်။ ဒါက ထူးဆန်းတဲ့ မြင်ကွင်းပဲ။ သုခမိန်ကြီးတွေ ကတော့ သရဲတစ်ကောင်ကို မြင်လိုက်တဲ့ အတိုင်း တုံ့ပြန် နေကြတယ်။
တကယ်တော့ သုခမိန်ကြီး သုံးယောက်လုံး လန့်နေကြတာ။ မျက်လုံးတွေ ပြူးကျယ်နေတယ်။ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ အပေါ်မှာ ရပ်နေတဲ့ ချီကူယန်ကို ကြည့်ရင်း နားမလည် နိုင်ကြဘူး။ သူမကို လက်သီးနဲ့ ၂ချက် ထိုးမိ ထားတာတောင် အသက်ရှင် နေသေးတယ်လား။ အမှန်တရားကို ဘယ်လိုမှ မယုံနိုင် ကြဘူး။
“ချီကူယန် စိတ်လျှော့။ မလုပ်နဲ့။ ဒီနှစ်တစ်ထောင် မီးဆေးပင်က ငါတို့ အတွက် အရမ်း အရေးကြီးတယ်။ မင်းရဲ့ နှင်းတောင် ဆေးပုလင်းကို ဆေးပင် ဆယ်အောင်စနဲ့ လဲလို့ရတယ်။”
“ ငါတို့ နှင်းတောင် ရေခဲ ဆေးပုလင်း မလိုဘူး။”
“၁၅ အောင်စ။ ငါတို့ မင်းကို ဆေးပင် ၁၅ အောင်စ အလကား ပေးမယ်။ နှစ်တစ်ထောင် မီးဆေးပင်က ဘယ်လောက်တောင် စွမ်းအားမြင့်လည်း မင်းသိမှာပါ။ ဒီပမာဏ ဖြစ်လာဖို့ နှစ်ပေါင်း ရာနဲ့ ချီပြီးတော့ စောင့်ရတာ။”
ဘေးနှစ်ဖက်က သုခမိန်ကြီးတွေ အခုချိန်မှာ တကယ့်ကို ကြောက်လန့် နေကြပြီ။ ဒီလောက် အကွာအဝေးနဲ့ ချီကူယန်ကို တားဖို့ မဖြစ်နိုင်ဘူး။ သူမ လက်တစ်ချက် ဝေ့ယမ်းလိုက်ရင် နှစ်တစ်ထောင် မီးဆေးပင်က အဆုံးသတ် သွားလိမ့်မယ်။
“ချီကူယန် မင်း ဒဏ်ရာ ရထားတာ အရမ်းကို ပြင်းထန်တယ်။ ဒီလောက် ရူးရူးသွပ်သွပ် လုပ်ပြီးတော့မှ နှစ်တစ်ထောင် မီးဆေးပင်ကို ယူပြီး ထွက်သွားနိုင်မယ် မင်းထင်နေလား။” အလယ်က လူကြီး ပြောတယ်။
“ဟုန်း ဟုန်း။”
မီးတောင်ကြီးက တုန်ခါ လာပြန်တယ်။ မီးတောင် ကျောက်တုံးတွေက အပူရှိန် မြင့်တက်လာတယ်။ ပြင်းထန်တဲ့ အပူလှိုင်းတွေက သုခမိန်ကြီး သုံးယောက်ရဲ့ ဝတ်ရုံကို လာထိတွေ့ နေတယ်။
ဒါပေမယ့် သုခမိန်ကြီး သုံးယောက်ကတော့ တစ်လှမ်းတောင် မရွေ့ဘူး။ ချီကူယန်ကလည်း မလှုပ်ရှားဘူးလေ။ ချီကူယန်က ရုပ်တုကြီး တစ်ခုလိုပဲ။ ထီးပုံစံ ကျောက်တုံးကြီးရဲ့ အပေါ်မှာ ရပ်နေတယ်။
သူမရဲ့ ကြည်လင်နေတဲ့ မျက်ဝန်းတွေက သုခမိန်ကြီး သုံးယောက်ကို ကြည့်နေတယ်။ ညှိနှိုင်းချင်တဲ့ ပုံစံပဲ။ ဒါက သုခမိန်ကြီး သုံးယောက် တွေးနေခဲ့တာ။ ဒါပေမယ့် သူတို့ အတွေးကို တစ်ခဏ အတွင်း ဖျက်စီး ခံလိုက်ရတယ်။
ဘာကြောင့်လဲ ဆိုတော့ ချီကူယန်က သူတို့ သုံးယောက်ကို ပြန်မဖြေလို့ပဲ။ ခေါင်းကို မြှောက်ပြီးတော့ ကြည့်နေတယ်။ မီးတောင်ပေါ်မှာ တောက်ပနေ ကြယ်တွေက ပိုပြီးတော့ လင်းလက်လာတယ်။
“ဝုန်း။”
သဘာဝရဲ့ စွမ်းအားတွေ ချက်ခြင်း နှိုးထလာပြီ။ အလင်းလှိုင်းတွေ ချီကူယန်ရဲ့ ကိုယ်ပေါ်မှာ ဖြာထွက် လာခဲ့တယ်။ သူမရဲ့ တကိုယ်လုံးမှာ အလင်းတန်းတွေက စုဝေး လာခဲ့တယ်။ အရမ်းကို လျင်လျင် မြန်မြန်နဲ့ ခပ်ဖျော့ဖျော့ အရိပ် တစ်ခု မြင်ကွင်းထဲကို ဝင်လာခဲ့တယ်။
ဒါက အက်ကွဲကြောင်းထဲမှာ ပုန်းနေတဲ့ အရိပ် တစ်ခုပဲ။ အစကတော့ မှုန်ဝါးနေတယ်။ အခုတော့ လူတစ်ယောက် အဖြစ် ထင်ထင်ရှားရှား ပုံပေါ်လာတယ်။ အမျိုးသမီး တစ်ယောက်ပဲ။ နက်မှောင်တဲ့ ဆံပင်ရှည်တွေက ခြေဖျား အထိကို ကျနေခဲ့တယ်။ သူမ ရင်ဘတ်မှာ အလင်းတန်း တစ်ခု တောက်ပနေတယ်။ မျက်ဝန်းထဲမှာတော့ ခံစားချက် မရှိဘူး။ လူကြီး သုံးယောက်ကို အေးစက်စက် စိုက်ကြည့်နေတယ်။
ဒီလူရိပ်က တကယ့်ကို ခမ်းနား ထည်ဝါတယ်။ သူမကိုယ်မှာ အထင်ရှားဆုံး အမှတ် အသားကတော့ နဖူးက တောက်ပတဲ့ အမှတ်အသားပဲ။ တောက်ပတဲ့ အရောင် ငါးရောင်က ဒီအမှတ်အသား ကနေ ဖြာထွက်နေတယ်။
“သေမလား ရှင်မလား။” ချီကူယန် လက်ကို မြှောက်ရင်း မေးတယ်။ သူမ မျက်နှာက ဖြူဖျော့ နေပင်မယ့် လက်ထဲမှာ ရှိတဲ့ ဓားကတော့ တောက်ပနေတယ်။ အနီရောင် အလင်းတန်းတွေက သူမ ဝတ်ရုံပေါ်မှာ ဖြာကျ နေခဲ့တယ်။
နောက်ပြီးတော့ သူမ ခန္ဒာကိုယ် တစ်ခုလုံးလည်း တုန်ယင်နေတယ်။ ခြေထောက်က ကျောက်တုံးပေါ်မှာ ဖိထားပြီးတော့ ညာလက်ကတော့ လှံရှည်ကြီး တစ်ခုကို ကိုင်ထားခဲ့တယ်။ ချီကူယန်က အခြေအနေ ကောင်းတဲ့ ပုံမပေါ်ဘူး။ သူမရဲ့ လက်ရှိ အခြေအနေနဲ့ သူတို့ကို သေမလား ရှင်မလား မေးနေသေးတယ်။
ပိုပြီးတော့ အရေးကြီးတာက ချီကူယန်ရဲ့ စကားတွေကို ကြားပြီးတဲ့နောက် သုခမိန်ကြီး သုံးယောက်လုံး မပြံုံးနိုင် တော့ဘူး။ တုန်ယင်နေတဲ့ ချီကူယန်ရဲ့ စကားလုံးတွေက သုခမိန်ကြီး သုံးယောက်ကို ကြောက်လန့် စေတယ်။
သူမက ခြိမ်းခြောက် နေတာပဲ။ မယုံနိုင်စရာ ကောင်းလိုက်တာ။ သူတို့ ခြိမ်းခြောက် ခံနေရပြီ။
“ဒါက လူတိုင်း ချီးမွမ်းနေတဲ့ ရွှမ်ယွမ် ကောင်းကင် တာအို ခန္ဒာကိုယ် ကနဦး သွေးဆက်လား။”
“အကိုကြီး။ ငါတို့ ဘာလုပ်ကြမလဲ။”
“ချီကူယန်။ ကြည့်ရတာ သူက နှစ်တစ်ထောင် မီးဆေးပင်ကို တခါတည်း ယူချင်တဲ့ ပုံစံ မရှိဘူး။ ငါတို့နဲ့ တိုက်ခိုက်ဖို့ စဉ်းစား နေတာလား။”
သုခမိန်ကြီး နှစ်ယောက် တွေေ၀ သွားခဲ့တယ်။ အလယ်က သုခမိန်ကြီးကို သူတို့ ကြည့်နေတယ်။ သူတို့ရဲ့ အမူအယာတွေက ရှုပ်ထွေး နေကြတယ်။
“နှစ်တစ်ထောင် မီးဆေးပင်ကို ငါတို့ အဆုံးရှုံး ခံလို့ မရဘူး။” အလယ်မှာ ရှိတဲ့ လူကြီးက ချီကူယန်ကို ကြည့်ရင်း ပြောတယ်။ သူလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။
“နားလည်ပြီ”
“အကိုကြီး ပြောတာကို ကျွန်တော်တို့ အားလုံး နားထောင် ပါမယ်။”
လူကြီး နှစ်ယောက်က ခေါင်းငြိမ့်လိုက်တယ်။
“ချီကူယန် မင်းတော့ သေပြီပဲ။”
“သတ်ကြ။”
ဒီအသံ နှစ်ခုနဲ့ အတူ သုခမိန်ကြီး နှစ်ယောက်လုံး ချီကူယန်ဆီကို ပြေးဝင်သွားတယ်။ တစ်ချိန်တည်းမှာပဲ အဖြူ အမည်း အလင်းတန်း နှစ်ခုက သူတို့ဆီကနေ တောက်ပလာတယ်။ မီးတောင် တစ်ခုလုံးကို ဒီအလင်းတန်းတွေ လွှမ်းခြုံ သွားသလိုပဲ။
“နောက်ဆုတ်။” ချီကူယန် အော်ဟစ်တယ်။ အသံ တိတ်သွားတာနဲ့ ချီကူယန်ရဲ့ နောက်က လူရိပ် လှုပ်ရှားတော့တယ်။ သူမရဲ့ မှင်နက်ရောင် ကေသာတွေက လေထဲမှာ ဝေ့၀ဲနေတယ်။ ရောင်စုံ အလင်းတန်းတွေက သူမ နဖူးကနေ ဆက်တိုက် ထွက်ပေါ်နေတယ်။ ဒီအချိန်မှာ လက်သီး နှစ်ခုက အက်ကွဲကြောင်းထဲမှာ ထိတွေ့သွားတယ်။
“ဘန်း။” ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။
ဖြူမည်း အလင်းတန်း နှစ်ခုက မှန်ကွဲစတွေ ကွဲထွက်သလို အပိုင်းအစတွေ အများကြီး ကွဲထွက်သွားတယ်။ လက်သီး နှစ်ခုကလည်း လူနှစ်ယောက်ရဲ့ ခန္ဒာကိုယ်ကို ရိုက်ခတ် သွားခဲ့တယ်။
“ဝုန်း။”
လူနှစ်ယောက် ချက်ခြင်း မီးတောင် အတွင်းနံရံတွေကို တိုက်မိသွားတယ်။ ကျောက်တုံးတွေ ပြိုကျသွားတယ်။
“ဒိ ဒ ဒိ ဒ”
ကျောက်တုံးတွေက မီးတောက်ထဲကို ပြုတ်ကျကုန်တယ်။ မီးတောင် ချော်ရည်လှိုင်းတွေ ဖြစ်ပေါ်လာတယ်။
“ဖူး။”
“ဖူး။”
သုခမိန်ကြီး နှစ်ယောက် သွေးတွေ အန်ရင်းနဲ့ အက်ကွဲကြောင်း ကြားက ပုံရိပ်ကို ကြည့်နေခဲ့တယ်။ သူတို့ နှစ်ယောက်လုံး စိတ်ဒဏ်ရာ ရနေခဲ့ပြီ။ သူတို့ရဲ့ အမူအယာတွေကို ဖော်ပြဖို့ နည်းလမ်း မရှိဘူး။ အက်ကွဲကြောင်းက လိပ်ခွံလို ကွဲအက်လာတယ်။
ဒီနှစ်တွေမှာ မီးတောင် ကျောက်တုံးတွေက နှစ်တွေ အများကြီး မီးတောက်တွေကို ခုခံခဲ့တယ်။ သာမာန် ကျောက်တုံးတွေနဲ့ သူတို့က ကွာခြားတယ်။ ဒီမီးတောင် ကျောက်တုံးတွေက မာကျောပြီးတော့ ခိုင်ခံ့တယ်။ ဓားတွေနဲ့တောင် မခွဲနိုင်ဘူး။
အခုတော့ ဒီကျောက်တုံးတွေ အက်ကွဲနေပြီ။ သူတို့တွေ မကြောက်ပဲ ဘယ်လိုလုပ် နေနိုင်မလဲ။
“အင်အား ကြီးလိုက်တာ။”
“ဘာဖြစ်လို့ ဒီလောက်တောင် အင်အားကြီးရတာလဲ။”
“သုခမိန် အဆင့်ကို ငါရောက်ပြီးတာတောင် ၁၇နှစ် ကောင်မလေးကို မနိုင်နိုင်ဘူးလား။ ဒီ ရွှမ်ယွမ် ကောင်းကင် တာအို ခန္ဒာကိုယ် ကနဦး မျိုးရိုးက တကယ့်ကို အထင်ကြီး စရာ ကောင်းတာပဲ။”
“အကိုကြီး။ ငါတို့။”
“နောက်ထပ် ဘာမှ ပြောစရာ မလိုတော့ဘူး။” လူကြီးက လေထဲမှာ ရပ်နေခဲ့တယ်။ သူ့နောက်က နှစ်ယောက်ကို သူ အာရုံ မစိုက်တော့ဘူး။
တကယ်တော့ အစောပိုင်း တည်းက ချီကူယန်ကို အကြည့် မခွာခဲ့ဘူးလေ။ သူ့မျက်ဝန်း နှစ်ဖက်က လုံးဝကို နက်မှောင် နေခဲ့ပြီ။ တွင်းနက်ကြီး နှစ်ခုလိုပဲ။
“ဝုန်း။”
ဒီအချိန်မှာ ဆူပွက်နေတဲ့ ချော်ရည်တွေ ပေါက်ကွဲတော့တယ်။ ဒီလူကြီး နှစ်ယောက် နံရံနဲ့ တိုက်ခိုက်တာကြောင့် ဒီလို ဖြစ်တာလားတော့ မသိနိုင်ဘူး။ ပူနွေးတဲ့ ကျောက်ရည်ပူတွေ အပေါ်ကို ထိုးတက်လာခဲ့တယ်။ အနီရောင် လေထုတွေက နဂါးကြီး အသက်ရှူသလို ပူပြင်းနေတယ်။
“ညီငယ်လေးတို့ အရင်သွားကြ။” လူကြီး လှုပ်ရှားတော့တယ်။ အနက်ရောင် အမှောင်ထုတွေ မီးတောင် တစ်ခုလုံးကို ပေါက်ကွဲ ထွက်လာတယ်။ သူ့ခန္ဒာကိုယ်က တစ်ခါတည်း ပျောက်ကွယ် သွားတယ်။ တကယ်တော့ အမှောင်ထုနဲ့ ရောနှောသွားတာ။
ချီကူယန်လည်း တစ်ပြိုင်နက်တည်း လှုပ်ရှားတော့တယ်။
“ဆရာကြီး လုပ်နိုင်တာကို ကျွန်မလည်း လုပ်နိုင်တယ်။” လက်ထဲမှာ ဓားတစ်ချောင်း ကိုင်ထားတဲ့ ချီကူယန်က နှစ်တစ်ထောင် မီးဆေးပင်ဆီကို ပျံသန်းသွားတယ်။ လျှပ်စီးလက်သလို အရမ်းကို လျင်မြန်တယ်။ ဓားထိပ်က မီးဆေးပင်ကို ရောက်တော့မယ့် အချိန်မှာ ရပ်တန့်သွားခဲ့တယ်။
ဓားထိပ်မှာ အနက်ရောင် အလုံး တစ်ခု ရှိနေခဲ့တယ်။ လက်သီးဆုပ် အရွယ် အလုံးလေး တစ်ခု။
“ချီကူယန် အိပ်မက် မက်နေလိုက်။” အသံက အမှောင်ထု ထဲကနေ ထွက်ပေါ်လာတယ်။ မီးတောင် တစ်ခုလုံးက လေထုထဲကို ပျံ့သွားခဲ့တယ်။
…
“အကိုကြီး။” သုခမိန်ကြီး နှစ်ယောက် အနက်ရောင် အလင်းလုံးကို ကြည့်ရင်း အော်ဟစ် မိကြတယ်။ သူတို့တွေ စကားပြောချင်ပေမယ့် ကျောက်ရည်ပူတွေက ခြေထောက်ကို လာပြီး ထိနေပြီ။ အံကြိတ်ရင်းနဲ့ အက်ကွဲကြောင်းကနေ ထွက်လာတယ်။
“ဟုန်း ဟုန်း ဝုန်း။”
ကျောက်ရည်ပူတွေက ကောင်းကင်ကို ထိုးတက်သွားတယ်။ မီးတောင် ပေါက်ကွဲပြီ။ မီးတောင် ထိပ်ဝကနေ ကျောက်ရည်ပူတွေ ချော်ရည်ပူတွေ စီးကျလာတယ်။
လှိုင်းတွေ ထန်လာတယ်။ ကြယ်အလင်းရောင် အောက်မှာ မီးတောက်တွေက အနီရောင် တောက်နေတယ်။ မဟူရာ လမင်းကျွန်း တစ်ခုလုံး လင်းထိန်နေတယ်။ အက်ကွဲကြောင်း အပေါ်မှာ ရှိနေတဲ့ မဟူရာ ကျောက်တုံးကြီးတောင် အနီရောင် ပြောင်းနေခဲ့ပြီ။
အပိုင်း (၆၂၅)ပြီး၏။
အပိုင်း(၆၂၆)
“ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ တုန်ခါလာခြင်း။”
ဒီမြင်ကွင်းက မြင်ရတာ လှပတယ်။ တစ်ချိန်တည်းမှာပဲ ကြောက်စရာလည်း ကောင်းတယ်။ မီးခိုးငွေ့တွေ အက်ကွဲကြောင်းက ပေါ်ထွက်လာပြီးတော့ ကောင်းကင်ကို မြင့်တက်သွားတယ်။ ကြယ် အလင်းတန်းတွေ အားလုံးကိုတောင် ပျောက်ကွယ် သွားစေတယ်။ မဟူရာ လမင်းကျွန်းမှာ ဘာအလင်းရောင်မှ မရှိတော့ဘူး။
တစ်ချိန်တည်းမှာပဲ အလင်းတန်းတစ်ခု အက်ကွဲကြောင်းကနေ ထွက်လာပြီး ကောင်းကင်ကို ထိုးတက် သွားပြန်တယ်။ အရမ်းကို မြန်ဆန်လွန်းတဲ့ အလင်းတန်းပဲ။
“ဝုန်း။” မီးတောင်က ကျောက်တုံးတွေ ချော်ရည်ပူတွေ ကျလာပြီးတော့ မီးတောက်ကြီးတွေ ဖြစ်ပေါ် လာတော့တယ်။
“အကိုကြီး” သုခမိန်ကြီး နှစ်ယောက် အလင်းတန်းထဲကနေ ထွက်လာခဲ့တယ်။ သူတို့တွေ စိတ်ရှုပ်ထွေးပြီးတော့ စိုးရိမ် ပူပန် နေကြတယ်။
…
ငါးရက် ကြာပြီးတဲ့နောက် မနက်ခင်း စောစောမှာ။
နွေးထေးွတဲ့ နေရောင်ခြည်က ကောင်းကင်ကနေ ဖြာကျနေတယ်။ အနီရောင် ငှက်မွှေး တစ်ချောင်းက မိုးကောင်းကင်းကင်ကနေ ဖြာကျ နေသလိုပဲ။ ကန်လင်းတောင်ခြေမှာ ရှိတဲ့ မြောက်ရွာ တစ်ခုလုံးက အေးချမ်း နေခဲ့တယ်။ ပုံမှန် အေးချမ်း သာယာတဲ့ မြင်ကွင်း တစ်ခုလိုပဲ မျက်စိ အေးလွန်းတယ်။ ဒီအချိန်မှာပဲ အေးချမ်းနေတဲ့ မြေပြင် တစ်ခုလုံး ယိမ်းထိုး တုန်ယင် လာတော့တယ်။ သစ်ကိုင်းတွေ ကျိုးကျကုန်တယ်။
ငှက်တွေ ကြောက်လန့် တကြား တောင်ပံ ခတ်ရင်းနဲ့ ကောင်းကင်ကို ပျံ တက်သွားခဲ့တယ်။ တိတ်ဆိတ်မှုလည်း ပျက်ယွင်း သွားခဲ့ပြီ။ ဒါပေမယ့် မြေကြီး တုန်ခါမှု ပြီးသွားတဲ့နောက်။ အရာအားလုံးက ပုံမှန် အခြေအနေကို ပြန်ရောက် သွားပြန်တယ်။ ဘာမှ မဖြစ်ခဲ့ သလိုပဲ။
ဒါပေမယ့် ဒီမြင်ကွင်း တစ်ခုလုံး ငြိမ်သက်သွားတဲ့ အချိန် နောက်ထပ် လောကသစ် တစ်ခု ဖြစ်ပေါ် လာခဲ့တယ်။
တူရိယာသံက လေထဲမှာ ပေါ်လာတယ်။ မြစ်တစ်စင်း စီးဆင်း နေသလို သာယာကြည်လင်တဲ့ အသံလေး။ ပတ်ဝန်းကျင် တစ်ခုလုံးကို အေးချမ်း သွားစေတဲ့ မန္တန် တစ်ခုလိုပဲ။ တူရိယာသံက ဓမ္မ တေးသွား တစ်ခုနဲ့ တူတယ်။
စည်းချက်တွေက ခရမ်းရောင် တူရိယာ ပေါ်မှာ လှုပ်ရှားနေတဲ့ ကျောက်စိမ်းလို လက်ချောင်း လေးတွေနဲ့ လိုက်ဖက်ညီညီ ထွက်ပေါ်နေယ်။ နှင်းဖြူရောင် ဝတ်ရုံက လေထဲမှာ လွင့်မျောနေတယ်။ လှပတဲ့ ဆံကေသာတွေက ကျောက်စိမ်းရောင် မြက်မြေပေါ်မှာ ဖြာကျနေတယ်။
ဒီအသံက နတ်ဘုံ နတ်နန်းကို ရောက်နေသလိုပဲ။ လှပတဲ့ အမျိုးသမီးနဲ့ ပေါင်းလိုက်ရင် ဒီမြင်ကွင်း တစ်ခုလုံးက တကယ့်ကို တောက်ပနေတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်နေတဲ့ လူငယ်ကတော့ အမျိုးသမီးကို လုံး၀ မြင်တဲ့ပုံ မပေါ်ဘူး။ သူ့မျက်လုံးတွေကို ပိတ်ထာခဲ့တယ်။
မျက်စိ နှစ်လုံးကို လုံး၀ ပိတ်ထားရင်းနဲ့ အိပ်နေသလိုပဲ။ ဒါပေမယ့် သူက လှဲလျောင်းနေတာ မဟုတ်ဘူး။ ထိုင်နေခဲ့တာ။ လက်တွေကို ဒူးပေါ်မှာ တင်ထားတယ်။ အိပ်နေတဲ့ ပုံစံနဲ့ မတူဘူး။ သူ့ဘာသာသူ ကိုယ်ပိုင် လောက တစ်ခုမှာ ရောက်နေ သလိုပဲ။
ဒီအခြေအနေကို ဗုဒ္ဒဘာသာမှာ (တရားထိုင်တယ်) လို့ခေါ်တယ်။
ဖန်ကျန်းရှီက တရားထိုင်တာမှာ နစ်မျောနေတာကို သူ့ကိုယ်သူ သတိ မထားမိဘူး။ အရမ်း ပင်ပန်းနေတာပဲ သိတယ်။ အရမ်းကို ပင်ပန်းနေတယ်။ ယွင်ချင်းဝူရဲ့ ထောင်ချောက်ထဲမှာ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေနဲ့ အပိတ်ခံ ထားရတာ ကြာပြီ။ အောင်မြင်ဖို့ သူအကြိမ်ကြိမ် ကြိုးစား ထိုးဖောက်ခဲ့တယ်။
ဖန်ကျန်းရှီရဲ့ ဘဝမှာ အခုချိန် လောက်ထိ ဘယ်တုန်းကမှ အလေးအနက် မရှိခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ တစ်လ လုံးလုံး တစ်ရက်ကို တစ်နာရီပဲ အိပ်တယ်။ မျက်စိရှင်ရှင် ထားရင်းနဲ့ နေ့တိုင်း လေ့လာတယ်။ မြေကြီးပေါ်က သဲမှုန့်တွေက စပြီး မြက်ပင် တစ်ပင်ချင်းစီ၊ သစ်ပင်ပေါ်က သစ်ရွက်တွေ အားလုံးကို ကြည့်တယ်။ နောက်ဆုံး အဝေးက တောင်တွေ၊ မြစ်ချောင်းတွေနဲ့ ကောင်းကင်တွေ အထိ တစ်ခုမှ မချန်ဘူး။ သေချာ ကြည့်တယ်။ ရှာဖွေတယ်။ ပြန်လည် သုံးသပ် ဆင်ခြင်တယ်။
ဒီ လဝက်လုံးမှာ သူ့ရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်း အားလုံးကို ရှင်းလင်းနေတယ်။ လဝက်လုံးလုံး သူခံစား နေရတာ များပြီ။ ဖန်ကျန်းရှီ အခု အခြေအနေကို သည်းမခံ နိုင်တော့ဘူး။ ဒီလို ဒုက္ခခံ နေရတာကို တောင့်မခံ နိုင်တာ မဟုတ်ဘူး။ သူ့မှာ အချိန် မလောက်တော့လို့ပဲ။
ကောင်းကင် တာအို ခန်းမ လူရွေးပွဲက ၁လပဲ လိုတော့တာ။ အကယ်၍ သူသာ ပိတ်မိ မနေရင်၊ လွန်ခဲ့တဲ့ ၅ရက်တည်းက မြောက်ရွာကနေ ထွက်ခွာနေပြီ။ ရန်ရွှယ်နဲ့ ရန်မြို့တော်မှာ တွေ့ပြီးရင် ကောင်းကင် တာအို ခန်းမကို သွားမယ်။
ဒါပေမယ့် အခုချိန်မှာ အခြေအနေက ရှုပ်ထွေးနေတယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ မပျက်ဆီး သေးသရွေ့ ဒီနေရာကနေ နည်းနည်းလေးတောင် လှုပ်လို့ မရဘူး။ ဒါကြောင့် မြောက်ရွာ အပြင်ဘက်မှာပဲ ပိတ်မိနေတယ်။ နည်းလမ်းတွေ အားလုံးကို သုံးပြီးတော့ သူကြိုးစားတယ်။ ဒါပေမယ့် ယွင်ချင်းဝူက မလှုပ်ရှားဘူး။
အခုချိန်ထိ လုံး၀ ဂရုမစိုက်တဲ့ ပုံစံနဲ့ ညှိနှိုင်းတာတွေကို လုံး၀ နားမထောင်ဘူး။ ဖန်ကျန်းရှီ ဒေါသထွက် လာတယ်။
“အရူးမ ငါ့ကို လွှတ်ပေး။ မင်းက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ငါ့ကို ဖြေရှင်း စေချင်ရင် ဒီနေရာမှာ ငါ့ကို ပိတ်ထားလို့ မရဘူး။ လူ့ အခွင့်အရေး။ လူ့အခွင့်အရေး ဆိုတာ မင်း နားလည်လား။”
ဖန်ကျန်းရှီ အော်ဟစ်တယ်။ သတ်သေမယ်လို့ ခြိမ်းခြောက်တယ်။ သူခန့်မှန်း ထားတာရှိတယ်။ ယွင်ချင်းဝူက သူ့ကို မသေစေချင်ဘူး။ သူမရဲ့ ရည်ရွယ်ချက်က ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်း စေဖို့။ ဒါမှမဟုတ်ရင် နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ အခြေအနေကို ဖန်တီးဖို့။
ယွင်ချင်းဝူက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေရဲ့ လျှို့ဝှက်ချက်ကို သိကောင်း သိမယ်။ နောက်ပြီးတော့ သူလည်း သုခမိန် အဆင့်ကို ချက်ခြင်း ရောက်သွားတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် အခု အခြေအနေက အရမ်းကို ခက်ခဲ လွန်းတယ်။ လုံး၀ ညှိနှိုင်းလို့ မရဘူး။ ကိုယ့်ကိုယ်ကို တွန်းအား ပေးပြီးတော့ ကြိုးစား နေရတယ်။ ဒါက အကောင်းဆုံး နည်းလမ်းလား။
ဖန်ကျန်းရှီရဲ့ အပြုအမူတွေကြောင့် ယွင်ချင်းဝူ သူ့ကို အာရုံ စိုက်လာတယ်။
ဒါပေမယ့် သူမရဲ့ အဖြေကတော့ “အကယ်၍ လူတစ်ယောက်သာ တကယ် သေချင်နေရင် ဘယ်သူမှ သူ့ကို ကယ်လို့ ရမှာ မဟုတ်ဘူး။”
အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။ ဖန်ကျန်းရှီက ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ကူး လုံး၀ မရှိပါဘူး။ ဒါက နောက်ဆုံး အခြေအနေမှာ လက်လျှော့တာ။ ယွင်ချင်းဝူ သူ့ကို လွှတ်ဖို့ သူလုပ်နေကျ မဟုတ်တဲ့ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်တဲ့ နည်းလမ်းကိုတောင် သုံးခဲ့သေးတယ်။
သူ့နှလုံးသား တစ်ခုလုံး အရမ်းကို အခုန် မြန်နေတယ်။ အချိန် မရွေး ပေါက်ကွဲ သွားတော့မလိုပဲ။ လဝက်လုံးလုံး ဒီနေရာမှာ ပိတ်မိ နေခဲ့တော့ ပျော်ရွှင် လွတ်လပ်တဲ့ ငှက်ကလေးကနေ စိုးရိမ် ပူပန်ပြီး ယောက်ယက် ခတ်နေတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်လို ဖြစ်နေပြီ။
သူ ရုတ်တရက် ပျောက်သွားတာက သူ့ဘေးက လူတွေကို စိတ်ပူ စေမှာမှန်း သူသိတယ်။ ဝူယွဲ့အာကို ဘေးဖယ် ထားရင်တောင်၊ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ အကြောင်း တွေးမိနေတယ်။ နောက်ပြီးတော့ သူ့အမေ ချီရှင်းလိန်က ချူချာတယ်။
ဒ့ါအပြင် ချီကူယန်ကို ပေးထားတဲ့ ကတိလည်း ရှိသေးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တည်းက ကောင်းကင် တာအို ခန်းမကို သူရောက်နေ ရမှာ။ ဒါပေမယ့် အခုတော့ ၂နှစ်တောင် နောက်ကျသွားပြီ။ နောက်ထပ် နှောင့်နှေးစေလို့ ဖြစ်အုန်းမလား။ သူ့မှာ နောက်ထပ် အသက်ရှင်ချိန် ၂နှစ် ကျန်ပါအုန်းမလား။ လင်းယွမ် မျှော်စင်မှာ စောင့်နေတဲ့ ပင်းယန်လည်း ရှိသေးတယ်။
ဖန်ကျန်းရှီမှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေတယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ရှာဖွေပြီးတော့ ကံကောင်းပြီး သုခမိန် ဖြစ်လာအောင် လုပ်ဖို့ တစ်ခါမှ မတွေးဖူးဘူး။ ဖန်ကျန်းရှှီ အရမ်းကို စိတ်ဖိစီးနေပြီ။
ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီရဲ့ ဘယ်နည်းလမ်း၊ ဘယ်ဗျူဟာ ကိုမှ အသိအမှတ် မပြုဘူး။ အကုန်လုံးကို လျစ်လျူရှုထားတယ်။ တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီကို ချောင်ပိတ်ရိုက်ပြီးတော့ ဒေါသ ထွက်လာအောင် လုပ်နေတယ်။
အမျိုးမျိုး လုပ်ရင်း ဖန်ကျန်းရှီရဲ့ စိတ်ကို ဆွပေးနေတယ်။ အရသာရှိတဲ့ အစားအသောက်တွေကို ချက်ပြုတ်တယ်။ ဝိုင်ကောင်းကောင်း တွေလည်း ယူလာပြီးတော့ ဘေးမှာ ချထားတယ်။ အနားမှာ ကပ်ပြီးတော့ အော်တယ်။ “နင့်မှာ အခွင့်အရေး မရှိဘူးလို့ မပြောနဲ့။ နင်လုပ်နိုင်ရင် လာယူလှည့်။ လာပြီး လက်စားချေလည်း ရတယ်။”
ယွင်ချင်းဝူ ပေးထားတဲ့ ဝိုင်ပုလင်းကို သူသောက်လိုက်တယ်။ ယွင်ချင်းဝူရဲ့ စကားတွေထဲမှာ တစ်ခုခု ကွယ်ဝှက် ထားတယ်လို့ သူထင်မိတယ်။ ဒါပေမယ့် သူဆက်ပြီးတော့ သောက်နေတုန်းပဲ။ သူသောက်ချင် လို့လေ။
ဒီတစ်ခေါက် သူတို့ စားသောက်တာ နည်းနည်းကြာတယ်။ အချိန်အကြာကြီး ကြာတဲ့အထိ သူတို့ သောက်နေကြတယ်။ ဒီနေ့ တစ်နေ့လုံး ဝိုင်ဘယ်လောက် များများ သောက်ပြီးပြီလဲ မသိနိုင်ဘူး။ ဒါပေမယ့် အခုထိ မမူးသေး။
ဖန်ကျန်းရှီ အခုချိန်မှာ သတိလက်လွတ် သောက်စား နေတယ်လို့ပဲ ပြောလို့ရမယ်။ သူ့ရဲ့ ထိုင်နေတဲ့ ပုံစံက တရားထိုင် နေသလို တည်ငြိမ်နေတယ်။ အခုချိန်မှာ အိပ်ပျော်တော့မလို သတိလစ် သလိုဖြစ်နေတဲ့ ဖန်ကျန်းရှီရဲ့ အခြေအနေကို ယွင်ချင်းဝူပဲ နားလည်နိုင်တယ်။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ အကြောင်းရာ တစ်ခုကိုပဲ အာရုံ စိုက်နေတယ်။ စိတ်ထဲမှာတော့ အတွေး ပေါင်းစုံ ပျံ့လွင့်နေတယ်။ လွန်ခဲ့တဲ့ အချိန် ခဏတာ တုန်းက သူ့ကိုယ်သူ တောင်တွေကြားမှာ ပျံသန်း နေတယ်လို့ ခံစား နေရတယ်။ နောက်တော့ မြစ်ထဲမှာ ကူးခတ် နေတယ်လို့ ခံစားရတယ်။
ဒီအတွေးတွေ စိတ်ကူးတွေ အားလုံးက သူ့ခေါင်းထဲမှာ လွင့်မျောနေတာ။ အဓိက အကြောင်းရင်း ကတော့ သူ့စိတ်ထဲမှာ အမျိုးသမီး တစ်ယောက်ကို လိုက်ဖမ်း နေတာကြောင့်ပဲ။ ဝတ်ရုံဖြူ အမျိုးသမီးလေး။ ဒီအမျိုးသမီးကို သူတွေ့တာ တစ်ခါ မကတော့ဘူး။
ပထမဆုံး တစ်ခေါက်တုန်းက နတ်ဆိုး ကျောင်းတော်ရဲ့ ကောင်းကင် ရတနာ ခန်းမမှာ ရန်ရွှယ်နဲ့ တွေ့ခဲ့တာ။ အပြိုင် စိတ်အာရုံ နယ်မြေကို ဖြတ်သန်းလာတာ မြင်ခဲ့ရတယ်။ အဲ့ဒီ့ အချိန်တုန်းက ရေကန် ပေါ်မှာ လှလှပပ ကနေတဲ့ အမျိုးသမီးကို တွေ့ခဲ့ရတာ။ တကယ့်ကို လှပတယ်။
အဲ့ဒီ့ အချိန်တုန်းက အမျိုးသမီးရဲ့ မျက်နှာကို မမြင်ခဲ့ရဘူး။ နောက်တစ်ခေါက်က တောင်ပိုင်း ဒေသမှာ တွေ့ခဲ့ရတာ။ အဲ့ဒီ့ တစ်ခေါက်ကိုတော့ ထည့်တွက် ရမလား သူမသိဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ့ အချိန်မှာ သူ့လောကကြီး တစ်ခုလုံးက မျက်စိကျိန်းလောက်တဲ့ အစိမ်းရောင်တွေနဲ့ တောက်ပနေခဲ့တာလေ။ ဝတ်ရုံဖြူ အမျိုးသမီးကို ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ မြစ်နားမှာ ကနေတဲ့ နတ်မိမယ် တစ်ပါးလို တွေ့ခဲ့ရတာ။
ဒီ၂နှစ်လုံးမှာ လျှို့ဝှက်ချက်တွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ အဆုံးမဲ့ လောကလို့ ခေါ်တဲ့ ကျောက်တုံးမည်း တစ်ခုကို မတော်တဆ ရခဲ့သလိုပေါ့။ နောက်ပြီးတော့ အဆုံးမဲ့ လောကထဲမှာ (သန့်စင်မြေ) လို့ခေါ်တဲ့ အပိုင်းအစ တစ်ခုလည်း ရှိနေတယ်။
ရေကန်က တည်ငြိမ်တယ်။ ရှုခင်း စိမ်းစိမ်းတွေနဲ့ အရမ်းကို အေးချမ်းတယ်။ သန့်ရှင်းလွန်းလို့ အညစ်အကြေးလေး တစ်ခုတောင် စွန်းထင်းလို့ မရသလိုပဲ။ အဲ့ဒီ့ သန့်စင် မြေကို ကောင်းကင် တာအို သုခမိန် ကျောက်ဖျာလို့ ခေါ်တယ်။ ဒါပေမယ့် ဝတ်ရုံဖြူ အမျိုးသမီးနဲ့ နောက်တစ်ခေါက် ထပ်မတွေ့တော့ဘူး။
အဆုံးမဲ့ လောကကြီး တစ်ခုလုံးမှာ ပတ်ပြီးတော့ ရှာခဲ့တယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ ဆက်စပ်တဲ့ ဘာကိုမှ ရှာမတွေ့ဘူး။ အစကတော့ ကောင်းကင် တာအို ခန်းမထဲက ရေကန်မှာ လုပ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် မဟုတ်ခဲ့ဘူး။ အဆုံးမဲ့ လောကထဲမှာ ဘယ်အရာကမှ အဆုံးမရှိဘူးလေ။
ဒါမှမဟုတ် သုခမိန်တဝက် ချန့်ယန်း တိုက်ခိုက်တာ ခံလိုက်ရလို့ သူ့ရဲ့ အရေးကြီး ပစ္စည်းတွေ ဆုံးရှုံးသွာတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုလို ဘာမှ မရှိတဲ့ နေရာမှာ ဝတ်ရုံဖြူ အမျိုးသမီးက ဘာဖြစ်ဖို့ ပေါ်လာတာလဲ။ အရေးကြီးတဲ့ အချက်ကတော့ သုခမိန် လောကကို သူထိန်းချုပ် ထားပြီးတည်းက သူ့မြင်ကွင်းကနေ လွတ်သွားတာ မရှိခဲ့ဘူး။
“အဲ့တာ ဘာလည်း ” ဖန်ကျန်းရှီ မေးခွန်းကို ဆက်တိုက် မေးနေမိတယ်။ ဒါပေမယ့် အမျိုးသမီး ပေါ်မလာ ခဲ့တဲ့ အတွက် ဒါကို သူဖြေဖို့ အဖြေမရှိဘူး။ အခုတော့ အမျိုးသမီးက နောက်တစ်ခေါက် ပေါ်လာပြန်ပြီ။ ေ
သူ့မျက်စိ ရှေ့မှာတင် ရပ်နေတာ။ ဒါကြောင့် အမျိုးသမီးရဲ့ တကယ့် မျက်နှာ အစစ်အမှန်နဲ့ ဇစ်မြစ်ကို နားလည်ဖို့ သူလိုက်ဖမ်းတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးက မကတော့ဘူး။ မြက်မြေတွေ ရေကန်တွေကို ဖြတ်သန်းရင်းနဲ့ တောင်စဉ် တောင်တန်းတွေဆီ ဖြတ်သန်းလာတယ်။
နေထွက်တဲ့ အချိန်မှာ စထွက်ပြီးတော့ နေဝင်တဲ့ အချိန်မှာ ရပ်တန့်တယ်။ အမျိုးသမီးက တောင်တန်းတွေ မြစ်ချောင်းတွေ ပတ်ဝန်းကျင်က မြင်ကွင်းတွေကို ရှုစား နေသလိုပဲ။ ဖန်ကျန်းရှီလည်း ဒီမြင်ကွင်းတွေကို မြင်တယ်။ ဒါပေမယ့် အမျိုးသမီး နောက်ကနေ ထပ်ကြပ်မခွာ လိုက်နေတုန်းပဲ။ ခရီးသွား တစ်ယောက်ကို ဧည့်လမ်းညွှန်က ခေါ်ပြနေသလို ခံစားရတယ်။
ဒီအမျိုးသမီးကို သူဖမ်းဖို့ ကြိုးစားတယ်။ အော်ဟစ်ပြီး ခေါ်ဖို့ လုပ်တယ်။ ဒါပေမယ့် အမျိုးသမီးက သူ့ကို ဂရု မစိုက်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပေနှစ်ဆယ် အကွာမှာ ရှိနေကြတယ်။ ဖန်ကျန်းရှီ ကြိုးစားပြီးတော့ လိုက်ဖမ်း ပေမယ့် အကွာအဝေးက ပြောင်းလဲ မသွားဘူး။ သူတို့ နှစ်ယောက်လုံး အချိန် အကြာကြီး အတူတူ လမ်းလျှောက် နေကြသလိုပဲ။
နောက်ဆုံးတော့ အမျိုးသမီးက ခြောက်သွေ့နေတဲ့ မြေပြင် တစ်ခုမှာ ရပ်လိုက်တယ်။ သစ်ပင်တွေက ခြောက်သွေ့နေတယ်။ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေက နေရာ အနှံ့။ ကန္တရ တစ်ခုနဲ့ တူပေမယ့် မဟုတ်ဘူး။ ကျတ်တီးမြေ ပုံစံနဲ့ ပိုဆင်တယ်။ လေထုထဲမှာတောင် သေဆုံးတော့မယ့် အငွေ့အသက်တွေ ခံစား နေရတယ်။
ဒီမြင်ကွင်းကို မြင်ရတာ ဖန်ကျန်းရှီ စိတ်ထဲ မွန်းကြပ်တာမျိုး မဖြစ်ခဲ့ဘူး။ အမျိုးသမီးက ဒီ့ထက်ဆိုးတဲ့ နေရာတွေ သူ့ကို ခေါ်သွားဖူးတယ်။ မှောင်မည်းနေတဲ့ နေရာတွေ၊ အေးစက်လွန်းတဲ့ ရေခဲဒေသတွေ၊ အရမ်းကို ပူလောင်တဲ့ နယ်မြေတွေကို ခေါ်သွားတယ်။ ဆူပွက်နေတဲ့ မီးတောင်က ကျောက်ရည်ပူတွေကိုတောင် အနီးကပ် ကြည့်ခဲ့ရသေးတယ်။
အခု ဒီနေရာက အရင်နေရာတွေထက် နည်းနည်းပဲ ပိုကြောက်ဖို့ ကောင်းတယ်။ အချိန် အတော်ကြာ လိုက်လာ ပြီးတဲ့နောက် အမျိုးသမီးကို အနီးကပ် လိုက်ဖို့ လက်လျှော့လိုက်ပြီ။ သူ့လမ်းမှာ ရပ်တန့်ရင်း စိတ်ရှည် လက်ရှည် စောင့်ဆိုင်းနေတယ်။ ဒီလို စောင့်ဆိုင်းတာ တစ်နာရီကျော် ကြာသွားခဲ့ပြီ။
ဒါပေမယ့် ဘာမှ အပြောင်းအလဲ ဖြစ်မလာဘူး။ ဝတ်ရုံဖြူ အမျိုးသမီးက ကျောက်ရုပ်ကြီး တစ်ခုလိုပဲ ရပ်တန့် နေခဲ့တယ်။ ဖန်ကျန်းရှီလည်း နောက်ထပ် မစောင့်နိုင် တော့တာကြောင့် ရှေ့ကို တစ်လှမ်း လှမ်းလိုက်တယ်။ သူထင်ထားခဲ့တာ သူလှုပ်ရှားရင် အမျိုးသမီးလည်း လှုပ်ရှားမယ်လို့။ ဒါပေမယ့် အမျိုးသမီးက ရပ်တန့်နေတယ်။
ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး သွားတယ်။ နည်းနည်းလည်း ပျော်ရွှင် သွားခဲ့တယ်။ အမျိုးသမီးက မလှုပ်ရှားတော့ သူ့နေရာမှာ ဒီလို ဆက်ရပ်နေရင် သူမကို ဖမ်းမိနိုင်ဖို့ အခွင့်အရေးလည်း ရှိတယ်။ သူမ ဘယ်လို ပုံစံ ဖြစ်မယ် ဆိုတာလည်း သိနိုင်တယ်။
ဒီလို မျှော်လင့်ချက်နဲ့ ဖန်ကျန်းရှီ နောက်ထပ် လျှောက်လာတယ်။ တစ်လှမ်းချင်း နီးကပ်လာတယ်။ အမျိုးသမီးက သူ့နေရာမှာ ရပ်နေဆဲ။ ဝတ်ရုံဖြူဖြူက လေအလွင့်မှာ ဝေ့၀ဲနေတယ်။ ဆံကေသာတွေလည်း လေထဲမှာ လွင့်မျောနေတယ်။ ဖန်ကျန်းရှီ သူ့အနား ကပ်လာတာကို သတိ ထားမိတဲ့ပုံ မပေါ်ဘူး။
ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း လျှောက်လာရင်းနဲ့ အမျိုးသမီး နောက်ကျောနားကို နီးနီးကပ်ကပ် ရောက်လာခဲ့တယ်။
အပိုင်း(၆၂၆)ပြီး၏။
အပိုင်း (၆၂၇)
“ဖြတ်ကျော် တိုးတက်မှု။ အရာအားလုံး ပြန်လည် မွေးဖွားခြင်း။”
ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက အေးခဲနေတယ်။ အမျိုးသမီးရဲ့ နောက်မှာ သူရပ်ကြည့်နေတယ်။ ပုံမှန် အတိုင်းဆိုရင် ဒီဝတ်ရုံဖြူ အမျိုးသမီးကို နောက်ထပ် ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်ရုံနဲ့ အမျိုးသမီးကို ဖမ်းမိတော့မယ်။ ဒါပေမယ့် အခုတော့ ဒီလို မလုပ်ဖို့ သူ ဆုံးဖြတ်ထားတယ်။
အမျိုးသမီးရဲ့ နောက်မှာ ရပ်နေရင်းနဲ့ သူ့မျက်စိ ရှေ့က မြင်ကွင်းလည်း ပြောင်းလဲ သွားတယ်။ ထူးဆန်းတဲ့ အစိမ်းရောင် မြင်ကွင်းက သူ့မျက်ဝန်း တစ်ခုလုံးကို လွှမ်းခြုံထားတယ်။ ဒီလောက် အသက်မဲ့နေတဲ့ နေရာမှာ ဘာဖြစ်လို့ စိမ်းလန်း နေရတာလဲ။ တကယ်တော့ သူ့ မြင်ကွင်း ရှေ့မှာ အစိမ်းရောင် အပင်ပေါက်လေး တစ်ပင် ရှိနေတယ်။
ကျောက်စိမ်းရောင် အရွက်တွေ၊ အကိုင်း အခက်တွေ အားလုံးရဲ့ အပေါ်မှာ ကြည်လင်နေတဲ့ အစက်လေး တစ်ခု ရှိနေတယ်။
“ဒီ ဒ” ရေစက်လေးတွေက သစ်ရွက်ပေါ်ကနေ စီးကျလာတယ်။ ခြောက်သွေ့ သွားတဲ့ မြေကြီးထဲကို စီးဝင် ပျောက်ကွယ် သွားတယ်။ မြေကြီးက ဘယ်လောက်တောင် ခြောက်သွေ့ပြီး ထူးဆန်းနေလဲ မြင်နိုင်တယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ အသက်ဓာတ် ရှိနေတာကို ဘယ်လိုများ နားလည် ရမှာလဲ။
နေစမ်းပါအုန်း။
အသက်ဓာတ်။
ဖန်ကျန်းရှီ တစ်ကိုယ်လုံး တုန်ယင် သွားခဲ့တယ်။
သူ့ခန္ဒာကိုယ်ထဲမှာ ရင်းနှီးနေတဲ့ ထူးထူးဆန်းဆန်း ခံစားချက် တစ်ခုက ကြီးစိုးနေတယ်။ နှလုံးသားထဲမှာ အပင်ပေါက်နေတဲ့ အတိုင်းပဲ။
သူ့နှလုံးသား။
ဒီနေရာလား။
ဖန်ကျန်းရှီ သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေတယ်။ ခြောက်သွေ့နေတဲ့ ကျတ်တီးမြေ၊ ပြင်းထန်တဲ့ လေထုနဲ့ ညှိုးနွမ်းနေတဲ့ သစ်ပင်ကြီး။
မဖြစ်နိုင်ဘူး။ ဒီနေရာကြီးက။ ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ ဒီအပင်ပေါက်လေးကို မြင်တုန်းက ပုံရိပ်ယောင် တစ်ခုကို မြင်နေရတယ် မှတ်တာ။ သူ့ရဲ့ ပျက်စီးသွားတဲ့ စိတ်အာရုံ နယ်မြေငယ်ကို တွေ့နေရသလိုပဲ။
ဒါပေမယ့် သူ့ စိတ်အာရုံ နယ်မြေထဲမှာ ဒီလောက် သစ်ပင်တွေ မများဘူး။ အရင်နဲ့ မတူဘူး။ ဒီနေရာကို အရမ်း ရင်းနှီးနေတယ်။ ရင်းနှီးနေတဲ့ အပင်ပေါက်လေး၊ ရင်းနှီးနေတဲ့ ရေစက်လေး တစ်စက်နဲ့ နေရာ လွတ်ကြီး။ အရာအားလုံး ဖြစ်တည်မှုရဲ့ အစလိုပဲ။ ဒီ အပင်ပေါက်လေးက အရာအားလုံးရဲ့ အရင်းအမြစ်။ အခုချိန်က ဖြစ်စဉ်တွေ တပတ်လည် နေတာလား။
“တပတ်လည်နေတယ်။” ဒီအတွေးက ဖန်ကျန်းရှီရဲ့ စိတ်ထဲကို ဝင်လာခဲ့တယ်။ အခု ဖြစ်နေတာကို ဒီလို ပြောလို့တော့ မရလောက်ဘူး။
ကျတ်တီးမြေ တစ်ခုလုံးက အရမ်းကို တိတ်ဆိတ် နေသလို မြေကလည်း ခြောက်သွေ့ အက်ကွဲနေတယ်။ တပင်တည်းသော စိမ်းလန်းနေတဲ့ အပင်ပေါက်လေး ထွက်နေတာ မဖြစ်နိုင်ဘူး။ ဒါက အရာအားလုံး ဖြစ်တည်မှုရဲ့ အစကို ပုံမှန် နည်းလမ်းနဲ့ သွားနေတာ မဟုတ်ဘူး။ ဒါက ရိုးရှင်းတဲ့ ပြန်လည် ရှင်သန်မှု ပုံစံ မဟုတ်ဘူး။
ဒါက ပျက်ဆီးတာ တစ်ခုပဲ။
ပြန်လည် ရှင်သန် ထမြောက်တာ မဖြစ်ခင် ပျက်ဆီးမှု ဖြစ်တာပဲ။ ဒါက သဘာ၀ နိယာမပဲ။ သူ့ရှေ့မှာ ဖြစ်နေတဲ့ နိယာမ နှစ်ခုက လုံးဝကို ကွာခြားတယ်။ ကျတ်တီးမြေ တစ်ခုမှာ ရှင်သန်မှုကို မြင်နေရတယ်။ ဒါက သဘာ၀ နိယာမနဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ ဒါပေမယ့် အကြောင်းရင်းလည်း ရှိနေတဲ့ ပုံစံပဲ။
“အကြောင်း အရင်းက ဘာလဲ။” ဖန်ကျန်းရှီလည်း အခြေအနေကို နားမလည်နိုင်ဘူး။ နောက်ပြီးတော့ အမျိုးသမီး မြေပြင်ပေါ် ထိုင်ချ လိုက်တဲ့ အချိန် သူမရဲ့ ဝတ်ရုံဖြူမှာ မြေမှုန့်တွေ ပေရေကုန်တယ်။
ဖန်ကျန်းရှီ တစ်ခုခုကို ပြောဖို့ ပြင်ဆင်တယ်။ မင်းရဲ့ အဝတ်အစားက အရမ်း သန့်နေတယ်။ ညစ်ပေသွားရင် မကောင်းဘူး။ သစ်ရွက်လေး ဘာလေးနဲ့ ခင်းထိုင်။ ဒါမှမဟုတ်ရင် ငါ့ပေါင်ပေါ် လာထိုင်။ ဒီစကားတွေကို စိတ်ထဲမှာ တွေးမိ နေပင်မယ့် အပြင်ကို ထုတ်မပြောဝံ့ဘူး။
ဒီအခြေအနေက တစ်ခုခု လွဲနေတာကို သူခံစား မိနေတယ်။ အမျိုးသမီးရဲ့ ဝတ်ရုံဖြူကနေ ဝတ်ရုံအနက်ကို ပြောင်းလဲ သွားတယ်။ ဒါက အလှတရားနဲ့ နိယာမလိုပဲ။ အကယ်၍ သူ့ရဲ့ အမြင်ကိုသာ ပြောင်းလိုက်ရင် အမျိုးသမီးက အစတည်းက အနက်ရောင် ဝတ်ထားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ထိုင်တဲ့ အချိန် ဝတ်ရုံဖြူက မသင့်တော် ဘူးလို့ ထင်ထားတာကြောင့် ပြောင်းလိုက်တာလည်း ဖြစ်နိုင်တယ်။
သူ့ခေါင်းထဲမှာ ဘာတွေ ဖြစ်နေမှန်းကို ဖန်ကျန်းရှီ မသိတော့ဘူး။ သူ့စိတ်ထဲမှာ အတွေး တစ်ခု ဖြစ်တည်နေတာကို ခံစားနေရတယ်။ ဒါပေမယ့် ဒီအတွေးကို နားမလည်နိုင်ဘူး။ ဒီခံစားချက်က သူ့ရဲ့ အင်္ကျ ီကို ချွတ်ချင်တဲ့ အချိန် ကြယ်သီး ကျပ်နေလို့ ချွတ်မရ သလိုပဲ။ စိတ်ရှုပ်စရာ ကောင်းတယ်။ အလျင်လိုမှ အနေးဖြစ်နေ သလိုပဲ။ ဖန်ကျန်းရှီ သူ့စိတ် အတွေးတွေကို ဖွင့်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် နားထဲကို အသံ တစ်သံ ဝင်လာခဲ့တယ်။
“ထိုင်။”
ရိုးရှင်းတဲ့ အသံ တစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ရုတ်တရက် လန့်သွားခဲ့တယ်။ ဒါက သူ့ကို နိုးထလာအောင် လုပ်လိုက်တဲ့ အသံ တစ်ခုလိုပဲ။ အရမ်းကို ရှင်းလင်း ပြတ်သားနေတယ်။ ဒီ ဝတ်ရုံဖြူ အမျိုးသမီး တကယ်ပဲ စကားပြောလိုက် တာလား။
ဖန်ကျန်းရှီ မယုံနိုင် ဖြစ်မိတယ်။ အချိန် အကြာကြီး စဉ်းစားပြီးတော့မှ သူ ထိုင်ချ လိုက်တယ်။ အမျိုးသမီးရဲ့ ဘေးကို ဝင်ထိုင်တယ်။ အဲ့ဒီ့နောက် သူ့ မျက်စိရှေ့က အပင်ပေါက်လေးကို သူအာရုံ စိုက်နေခဲ့တယ်။
“အန်။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့တယ်။ အရင်က ရှိခဲ့တဲ့ အပင်ပေါက်လေး ပျောက်ကွယ်သွားပြီ။ လူတစ်ရပ် အမြင့်ရှိတဲ့ သစ်ပင်ငယ် အဖြစ်ကို ပြောင်းလဲ နေပြီ။ သစ်ပင်ငယ်လေးမှာ အရွက်တွေ ဝေေ၀ဆာဆာ ရှိနေတယ်။ အရွက်တွေရဲ့ အပေါ်မှာလည်း ရေစက်လေးတွေ ဖြစ်ပေါ်နေတယ်။ ရေစက်လေးတွေ အရွက်ပေါ်ကနေ ဖြည်းဖြည်းချင်း ကျဆင်းတယ်။
“တောက် တောက် တောက်။”
ရေစက်တွေက မြေပြင်ထဲကို စီးဝင်သွားတယ်။ အက်ကွဲနေတဲ့ မြေကြီးက တဖြည်းဖြည်းချင်း စိုပြေလာပြီ။ ရေရတာကြောင့် မြေပြင်က စိုစွတ်လာတယ်။
“ဒါက စိတ်အာရုံ နယ်မြေပဲ။ တကယ့်ကို စိတ်အာရုံ နုယ်မြေ စစ်စစ်ပဲ။” ရေစက်လေးတွေကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ ပျော်ရွှင် လာခဲ့တယ်။
ဒီနေရာ၊ သူရှိနေတဲ့ နေရာက စိတ်အာရုံ နယ်မြေပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ရုတ်တရက် ပေါ်လာတာလဲ။ နောက်ပြီးတော့ ဝတ်ရုံဖြူ အမျိုးသမီးလည်း ဘာကြောင့်များ ပေါ်လာတာလဲ။ မေးခွန်းတွေ အများကြီး ဖန်ကျန်းရှီကို နှောက်ယှက်နေတယ်။
ဒါပေမယ့် ဝတ်ရုံဖြူ အမျိုးသမီးက ပြန်မဖြေ ပြန်ဘူး။ သူမ ငြိမ်ငြိမ် သက်သက်လေးသာ ထိုင်နေခဲ့တယ်။ ဖန်ကျန်းရှီလည်း ဘာဖြစ်မလဲ မေးချင်ပေမယ့် အဆုံးသတ်မှာတော့ တိတ်တဆိတ် နေဖို့ ရွေးချယ်လိုက်တယ်။ အကြောင်းရင်းတွေ ရှင်းပြ စရာတွေ အများကြီး မလိုပါဘူး။ ကိစ္စတွေကို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ဖို့သာ သူဆုံးဖြတ် လိုက်တယ်။ ဒီလိုပဲ။ “အလား အလာရှိတဲ့ ချစ်သူတွေ ရွေးချယ်ဖို့ အများကြီး ရှိတယ်။ ဒါပေမယ့် ဒီလူတွေ ထဲက တစ်ယောက်ကိုပဲ မင်း ရွေးချယ်လို့ ရမယ်။”
“သွားကြစို့။” ဒီအချိန်မှာပဲ ဝတ်ရုံဖြူ အမျိုးသမီး နောက်တစ်ခေါက် ပြောပြန်တယ်။ လမ်းလျှောက်ရင်း ရှေ့ကို ထွက်သွားတယ်။ ဝတ်ရုံက မြေမှုန့်တွေကိုတောင် မခါထုတ်ဘူး။ ပုံမှန် အတိုင်းသာ လျှောက်သွားခဲ့တယ်။
သူရှေ့ဆက် လျှောက်လာတဲ့ အချိန် မြေကြီးထဲက အပင်ပေါက်လေးတွေ ဆက်တိုက် ထိုးထွက်လာတယ်။ မြက်ပင် စိမ်းစိမ်းတွေ၊ ပန်းပင် လှလှတွေ။ သစ်ပင်ကြီးတွေ မျိုးစုံ ရှိတယ်။ ဝတ်ရုံဖြူ အမျိုးသမီးက လျှောက်ရင်းနဲ့ ခြောက်သွေ့နေတဲ့ ကျတ်တီး မြေကို ရောက်လာခဲ့တယ်။ မည်းမှောင် ပျက်ဆီးနေတဲ့ မြေပြင်က ရုတ်တရက် စိမ်းလန်းသွားတယ်။ လေထုကလည်း တဖြည်းဖြည်း အရှိန်လျော့ လာတယ်။ လေပြည်ညှင်းတွေ တိုက်ခတ် နေတာကို ခံစား နေရတယ်။
ဖန်ကျန်းရှီလည်း ထရပ်လိုက်တယ်။ ဒီဝတ်ရုံဖြူ အမျိုးသမီးကို လိုက်ဖို့ ပြင်တယ်။ ဒါပေမယ့် အကွာအဝေးက အရမ်းကို များပြားလာတယ်။ ဆယ်ပေ၊ ဆယ့်ငါးပေ၊ ပေနှစ်ဆယ်အထိ။ ဖန်ကျန်းရှီ သူမ အနားကို ရောက်တဲ့ အချိန်မှာ စိမ်းလန်းနေတဲ့ မြေကြီးက မူလ အခြေအနေကို ပြန်ရောက်သွားတယ်။
အမျိုးသမီးက ရှေ့က လျှောက်နေတယ်။ ဖန်ကျန်းရှီလည်း နောက်ကနေ အနီးကပ် လိုက်နေတယ်။ လွဲနေတာကိုတော့ ဖန်ကျန်းရှီ သိနေတုန်းပဲ။
“မှားတယ်။” ဖန်ကျန်းရှီ ချက်ခြင်း လမ်းလျှောက်နေတာကို ရပ်လိုက်တယ်။ နေရာမှာတင် တန့်နေတယ်။ သူ ရပ်လိုက်တာနဲ့ ဝတ်ရုံဖြူ အမျိုးသမီးလည်း ရပ်တန့်သွားတယ်။ မြက်ပြင်တွေ ချက်ခြင်း ကြီးထွားတယ်။ တောက်ပတဲ့ ပန်းပွင့်တွေ ပွင့်လန်းလာတယ်။ လောကကြီး တစ်ခုလုံး အေးခဲ နေရာကနေ အရည်ပျော် ကျလာသလိုပဲ။
“ငါ နားလည်ပြီ။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ ချက်ခြင်း လင်းလက်လာတယ်။ သူ့မျက်ဝန်းထဲက အလင်းစက်လေး တစ်စက်က ကြယ်အလင်းတန်းတွေလို တောက်ပ လာခဲ့တယ်။
ဒီအချိန်မှာ ဝတ်ရုံဖြူ အမျိုးသမီး ရပ်တန့်သွားတဲ့ အကြောင်းရင်းနဲ့ အပင်ပေါက်တွေ ထွက်လာတာကို သူနားလည် သွားတယ်။ အစကတော့ သူထင်ခဲ့တာ ပြန်လည် ရှင်သန်မှု အဆင့်ရဲ့ အစပိုင်း တစ်ခု ဖြစ်မယ်။ ပျက်ဆီးခြင်း တစ်မျိုးလို့။
အပင်ပေါက်လေးက စပြီးတော့ အပင်ကြီး ဖြစ်လာတာ။ မိုးစက်လေး တစ်စက်က ခြောက်သွေ့တဲ့ မြေကြီးကို စိုစွတ် သွားစေတာ အချိန်တွေ ကုန်ဆုံး လာလေလေ။ ကမ္ဘာသစ်ကြီး တစ်ခု ဖြစ်လာ သလိုပဲ။
အရာ အားလုံးက အခြေခံ စည်းမျဉ်း အတိုင်း ဖြစ်ပျက်နေတာ။ ဒါက အရာ အားလုံး ဖြစ်တည်မှုရဲ့ အစပဲ။ ခပ်မြန်မြန်ပဲ သူနားလည် သွားခဲ့တာ ရှိတယ်။ ဒီအပင်ပေါက်လေးက ကံကြမ္မာ တပတ်လည်တာ မဟုတ်ဘူး။ ဖန်တီး ဖြစ်တည်မှု တစ်ခုပဲ။
ဝတ်ရုံဖြူ အမျိုးသမီး ဝင်လာတဲ့ အချိန် ဒီအဖြစ်အပျက် စတာလား။ ဒါမှမဟုတ် ခြောက်သွေ့တဲ့ မြေကြီးမှာ အစေ့ တစ်စေ့ကို သူ စိုက်လိုက်လို့ ဒီလို ဖြစ်လာတာလား။ အမျိုးသမီး အခု ရပ်တန့်လိုက်တဲ့ အချိန်မှာ ရှင်းလင်း ပြီးသား ဖြစ်သွားတယ်။
အစေ့ တစ်စေ့နဲ့ မိုးရေစက် တစ်စက်က ကမ္ဘာမြေကို ပြောင်းလဲ စေနိုင်တယ်။ ဒီနောက်ကွယ် အဓိပ္မာယ်က တကယ့်ကို နက်နဲတယ်။
“အစေ့။ ဟုတ်တယ်။ အစေ့ပဲ။” ခက်ခဲတဲ့ ပဟေဠိတစ်ခု သူ့ခေါင်းထဲမှာ ပွင့်သွားခဲ့တယ်။ ယွင်ချင်းဝူက သူ့ကို ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ ချပ်ကို သုံးပြီးတော့ ဖမ်းချုပ်ထားတဲ့ အချိန်တည်းက ဦးနှောက်ခြောက် မတတ် တွေးတော နေခဲ့တယ်။ ဒါပေမယ့် ဘာမှကို တိုးတက် မလာဘူး။
သူ ဆက်တိုက် တွေးတော နေတာ သူ့အတွက် အကျိုးမရှိတာ မဟုတ်ခဲ့ဘူး။ အတွေး နည်းနည်းလေးတွေက အားလုံး စုပေါင်းပြီးတော့ အခြေအနေ တစ်ခုလုံးကို နားလည် စေတာပဲ။ အရင် လေ့လာ ထားတာ တွေကြောင့်သာ မဟုတ်ရင် ဒီပဟေဠိကို ဒိလောက် မြန်မြန် နားလည်နိုင်မှာ မဟုတ်ဘူး။
အရာ အားလုံး ဖြစ်တည်မှုရဲ့ အစက အစေ့ တစ်စေ့ပဲ။
ကောင်းကင်တာအို သုခမိန် ကျောက်ဖျာက သဘာ၀ အရာဝတ္ထုတွေ အားလုံး ပါဝင်နေတယ်။ တောတောင်၊ မြစ်ချောင်း၊ သစ်ပင်၊ ပန်းပွင့်၊ မြက်ပင်တွေ၊ ဒါတွေ အားလုံးက အစေ့ တစ်စေ့နဲ့ စတင်တာပဲ။ ဒါကြောင့် ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေရဲ့ အစက အစေ့လို့ ဆိုလို့ ရတယ်။ ဒီအစေ့မှာ ရေစက်လေး ရှိချင်ရှိမယ်။ ဒါမှမဟုတ်၊ သစ်ပင် ပန်းပင် နဲ့ မြေကြီးတေါ။
အားလုံးတွေကို (ပြန်လည် မွေးဖွားမှု) လို့ တံဆိပ်ခတ်လို့ ရနိုင်တယ်။ ဒါက သစ်ပင်၊ ပန်းပင်၊ ရေကန်၊ မြစ်ချောင်း၊ တောင်တန်းတွေရဲ့ ပြန်လည် မွေးဖွားမှု ဖြစ်စဉ်ပဲ။
“ဒါတွေ အားလုံးက ပြန်လည် မွေးဖွားမှုပဲ။” ဖန်ကျန်းရှီ လက်သီးကို ဆုပ်ရင်း အော်မိတယ်။ ပြန်လည် မွေးဖွားမှု အဆင့်ကို ဘယ်လို ဝင်ရမလဲ သူမတွေး မိခဲ့ဖူးဘူး။ သဘာဝလွန် အဆင့်က သေခြင်း တရားနဲ့ ထိတွေ့ပြီးတော့ ခန္ဒာကိုယ်ကို ပြောင်းလဲ စေတယ်။ လူတစ်ယောက် ခန္ဒာကိုယ်ရဲ့ ကန့်သတ်ချက်ကို အဆုံးထိ ရောက်နိုင်စေတယ်။
ဒါပေမယ့် ပြန်လည် မွေးဖွားမှု အဆင့်ကတော့ ခန္ဒာကိုယ်ကို အရမ်း ခက်ခဲနေတဲ့ အခြေအနေမှာ ပြန်လည် တည်ဆောက်စေတာ။ ပြန်လည် မွေးဖွားမှု အဆင့်ကို ဘယ်လို ရောက်သွားမှန်း ဖန်ကျန်းရှီ မသိလိုက်ဘူး။ အခု အဆင့်ကို သူ နားမလည်ပေမယ့် အင်အားကတော့ အတော့်ကို ကြီးမားလာတယ်။
လုံလောက်ပြီ။
ဝတ်ရုံဖြူ အမျိုးသမီးကို ကြည့်ရင်း ဖန်ကျန်းရှီ ပြုံးလိုက်မိတယ်။
“ပေ ၂၀ အကွာအဝေးလား။ ငါ ကျော်နိုင်ပါတယ်။” ဖန်ကျန်းရှီ ချက်ခြင်း ခုန်လိုက်တယ်။ သူ့ခြေထောက် မြေပြင်ပေါ်ကို ကျတဲ့ အချိန်မှာ တုန်ခါမှုတွေ ဖြစ်ပေါ်လာတယ်။
“ဝုန်း။”
သူ့ခြေထောက် အောက်ကနေ သစ်ပင်ကြီး တစ်ပင် ရုတ်တရက် ကြီးထွား ထွက်ပေါ်လာတယ်။ သာမာန် သစ်ပင်ကြီး မဟုတ်ဘူး။ အရမ်းကို ကြီးမားတဲ့ သစ်ပင်ကြီး။ အမျိုးသမီး တစ်ကိုယ်လုံး တုန်ယင်လာတယ်။ ဒီ တုန်ခါမှုက သူမကို ဖမ်းစား လိုက်သလိုပဲ။
အဲ့င်္ဒီ့နောက် အမျိုးသမီး ဖြည်းဖြည်းချင်း လြှ့်လာတယ်။ သူမရဲ့ ဆံပင်ရှည်တွေက လေထဲမှာ ဝဲလွင့်သွားတယ်။
ဖန်ကျန်းရှီ မျလက်လုံး ပြူးနေတယ်။ ဝတ်ရုံဖြူ အမျိုးသမီးကို လှမ်းမှီတော့မယ့် အချိန်မှာ အမျိုးသမီး လှည့်လာမယ်လို့ မထင်ထား ခဲ့မိဘူး။ အမျိုးသမီးရဲ့ မျက်နှာကို စိုက်ကြည့် မိနေတယ်။ သူမရဲ့ အသားအရေက အရမ်းကို ချောမွေ့တယ်။ လူငယ်လေး တစ်ယောက်ရဲ့ အသားအရေလိုပဲ။
ညကောင်းကင်က ကြယ်တွေလို လင်းလက်နေတဲ့ မျက်လုံးတွေ သူမမှာ ရှိတယ်။ လှပတဲ့ သွင်ပြင်နဲ့ ပိုးသားလို အသားအရေ အားလုံးက နတ်မိမယ် တစ်ပါးလိုပဲ။
“ဘန်း။” ဖန်ကျန်းရှီ ခေါင်းထဲမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်သွားသလိုပဲ။
သူ့မှာ အရင် ဖြစ်နေတာတွေကို နားမလည်နိုင်ဘူး။ အခုတော့ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုကို တွေ့နေရတယ်။
“ချီ ချီကူယန်လား။” ဖန်ကျန်းရှီ တအံ့တသြနဲ့ ပြောမိတယ်။
အမှန်တရားက မျက်စိ ရှေ့မှာပဲ။ သူ့ရှေ့မှာ ရောက်နေတဲ့ သူက ချီကူယန် စစ်စစ်ကြီး။ ကြယ်တာရာလို တောက်ပတဲ့ မျက်ဝန်းတွေ၊ တစ်ခုချင်းစီတိုင်း လှပလွန်းနေတဲ့ အစိတ်အပိုင်းတွေ။ ခမ်းနား ထည်ဝါတဲ့ အလှတရားနဲ့ ချီကူယန်ပဲ။
ဖန်ကျန်းရှီကို လက်ရှိ အခြေအနေ အထိ ဖြစ်လာစေ ခဲ့တာ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။
အရှင် ရှဲ့လော့ရဲ့ တိုက်ခိုက်မှုကြောင့်လည်း မဟုတ်ဘူး။ သုခမိန် တဝက် ချန့်ယန်းနဲ့ တွေ့ခဲ့ရလို့လည်း မဟုတ်ဘူး။ ချီကူယန်ကြောင့်ပဲ။
အခု လှည့်လာတဲ့ အမျိုးသမီးက ဘာကြောင့် ချီကူယန် ဖြစ်နေရတာလဲ။ ရုတ်တရက် သူ့ မျက်စိ ရှေ့က ချီကူယန် ပျောက်ကွယ်သွားတယ်။
အပိုင်း(၆၂၇)ပြီး၏။
အပိုင်း(၆၂၈)
“ထူးဆန်းမှု။ ပြန်လည် မွေးဖွားမှု စက်ကွင်း ကို နှိုးထခြင်း။”
“မဟုတ်ဘူး။ ချီကူယန်က ကောင်းကင် တာအို ခန်းမမှာ ရှိနေရမှာ မဟုတ်လား။” ဖန်ကျန်းရှိရဲ့ ဦးနှောက်ထဲ နာကျင်မှု တစ်ခု ဝင်ရောက်လာတယ်။ နားထဲမှာလည်း တူရိယာ ဂီတသံကို ကြားနေရတယ်။
ရေစီးသံလို သာယာတဲ့ ဂီတသံ။
ဖြည်းဖြည်းချင်းနဲ့ သူ့ မျက်စိရှေ့မှာ ရောက်နေတဲ့ ဝတ်ရုံဖြူ အမျိုးသမီးက မှုန်ဝါး ပျောက်ကွယ် သွားခဲ့တယ်။ မြေကမ္ဘာ တစ်ခုလုံး စတင်ပြီး တုန်ခါနေတယ်။
…
ယွင်ချင်းဝူရဲ့ လက်ချောင်း သွယ်သွယ်တွေက ကုချင်းပေါ်မှာ ပြေးလွှားနေတယ်။ အရှိန်နှုန်း မြန်မြန်နဲ့ တီးခတ်နေတာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း တစ်ချက်ချင်း တီးခတ်နေတာ။ မြင်ရတာ ကျက်သရေ ရှိပေမယ့် ပင်ပန်းလွန်းတယ်။
ဒါပေမယ့် ယွင်ချင်းဝူ ဒီသီချင်းကို တီးခတ်နေတာ အချိန် အတော်ကြာပြီ။ ဖန်ကျန်းရှီ အိပ်ပျော် သွားတဲ့အထိ သူမ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းနေခဲ့တယ်။ ငါးရက် ငါးညတိုင်တိုင် သူမ မအိပ်ရသေးဘူး။ သူမ အတော့်ကို အားအင် ကုန်ခမ်းနေပြီ။ လက်ချောင်းတွေကတော့ ဆက်တိုက် တီးခတ်နေဆဲ။ သူမ မျက်ဝန်းတွေ ဖြည်းဖြည်းချင်း ပိတ်လာတယ်။
ဒီအချိန်မှာပဲ ထူးဆန်းတဲ့ အတက်အကျပြင်း ခံစားချက် တစ်ခုကြောင့် သူ့မျက်လုံးတွေ ပွင့်သွားခဲ့တယ်။ မြေကြီးထဲကနေ တစ်ခုခု ထွက်လာသလိုပဲ။ မြေပြင် တစ်ခုလုံး တုန်ခါလာတယ်။ သေးငယ်ပေမယ့် စိတ်အာရုံ နယ်မြေလေးရဲ့ အေးချမ်း ငြိမ်သက်မှုကတော့ ပျောက်ဆုံး သွားခဲ့ပြီ ။
“အမ်။” ဖန်ကျန်းရှီ ရှိနေတဲ့ နေရာကို ယွင်ချင်းဝူ လှည့်ကြည့် မိတယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုက ဖန်တီးထားတဲ့ စိတ်အာရုံ နယ်မြေက ဘယ်လောက်တောင် ခိုင်ခံ့မှန်း သူမ ကောင်းကောင်း သိတယ်လေ။ အပြင် လောကလိုမျိုး အလွယ်တကူ မပျက်စီး နိုင်ဘူး။ အထဲကနေ မဖျက်စီး သရွေ့ပေ့ါ။
“ဝုန်း။” တုန်ခါမှုကြီး ဖြစ်ပေါ် လာပြန်ပြီ။
အဲ့ဒီ့နောက် သစ်ပင်ကြီး တပင်ရဲ့ အကိုင်းအခက် တစ်ခုက မြေပြင်ကနေ ထွက်ပေါ်လာတယ်။ ရှင်းလင်း ကြည်လင်နေတဲ့ အရွက်တွေက နေရောင်အောက်မှာ တောက်ပနေတယ်။ ခမ်းနားတဲ့ စိမ်းလမ်းမှုကို မြင်တွေ့နေရတယ်။ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ ပထမ အကိုင်း ထွက်လာပြီးတဲ့နောက် ဒုတိယ အကိုင်းနဲ့ တတိယ အကိုင်းတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။
အရမ်းကို လျင်လျင်မြန်မြန်နဲ့ပဲ ပေငါးဆယ် မြင့်မားတဲ့ သစ်ပင်ကြီး တပင် ယွင်ချင်းဝူ ရှ့မှာ ပေါ်လာခဲ့တယ်။ ဒီသစ်ပင်ကြီးက ဖန်ကျန်းရှီရဲ့ နောက်တည့်တည့်မှာ ပေါ်လာတာ။ ယွင်ချင်းဝူလည်း တီးခတ်နေတာကို ချက်ခြင်း ရပ်လိုက်တယ်။
တေးဂီတသံ ရပ်သွားတာနဲ့ ဖန်ကျန်းရှီလည်း မျက်လုံးဖွင့်လိုက်တယ်။ ဖန်သလင်းလို မျက်ဝန်းတွေက ထိုင်းမှိုင်းပြီး အသက်မဲ့နေတယ်။ ဒါပေမယ့် ကြီးမားတဲ့ သစ်ပင်ကြီးကို သူ့မျက်ဝန်းတွေထဲ မြင်နေရတယ်။ ဒီသစ်ပင်ကြီးက သူ့နောက်မှာ ထွက်နေတဲ့ သစ်ပင်ကြီးနဲ့ တထပ်တည်း တူညီတယ်။
“ယွင်ချင်းဝူ။” ဖန်ကျန်းရှီရဲ့ အသံက တုန်ယင်နေတယ်။ တကယ်တော့ အခုချိန်မှာ သူ မူးဝေပြီး ဒယီးဒယိုင် ဖြစ်နေတုန်းပဲ။ ဒါပေမယ့် ခပ်မြန်မြန် ထိန်းနိုင်လိုက်တယ်။
ပြန်လာတာလား။ ဒါမှမဟုတ်။ သူနိုးလာတာလား။ အိမ်မက် တစ်ခုလား။
ဖန်ကျန်းရှီ မသေချာဘူး။ နောက်ဆုံးတော့လည်း ဒီအဖြစ်ကသာ အိမ်မက်ဆိုရင် အရမ်းကို လက်တွေ့ ဆန်လွန်းတဲ့ အိမ်မက်လို့ ပြောလို့ရတယ်။ အိမ်မက်လို့ ပြောဖို့ စစ်မှန် လွန်းနေတယ်။
“နင် နိုးလာပြီလား။” ယွင်ချင်းဝူ ထရပ်ဖို့ ပြင်တယ်။ ဒါပေမယ့် သူမ ခြေထောက်တွေ ထုံထိုင်း နေခဲ့တယ်။ ခန္ဒာကိုယ်ကို တစ်ဖက်စောင်းရင်း မြေကြီးမှာ လက်ထောက်ပြီး ထဖို့ ပြင်တယ်။ သူမ လက်ကို မြေကြီးပေါ်မှာ ထောက်လိုက်တဲ့ အချိန်မှာပဲ နွေးထွေးတဲ့ ခံစားချက် တစ်ခု လက်ပေါ်မှာ ရောက်လာခဲ့တယ်။ လက်ပေါ်ကို နေရောင်ခြည် ဖြာကျ လာသလိုပဲ။
“မြန်လိုက်တာ။” ယွင်ချင်းဝူ လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီ သူမကို ဖမ်းဆွဲလိုက်တာ သိတယ်။ ဒါပေမယ့် အရမ်း မြန်လွန်းတယ်။ ယွင်ချင်းဝူ ခုန်ရှောင်ဖို့ လုပ်ပေမယ့် ဖန်ကျန်းရှီက သူမ လက်ကို လာဆွဲတာ မဟုတ်မှန်း နားလည်သွားတယ်။ သူမကို ဖြည်းဖြည်းချင်း ထူပေးနေတာ။ အဲ့ဒီ့နောက် သူ့လက်ကို အားပြုခိုင်းရင်း ယွင်ချင်းဝူကို မတ်တပ် ရပ်စေတယ်။
“မင်း ထိုင်နေတာ အတော်ကြာပြီလား။” ယွင်ချင်းဝူကို သူမေးတယ်။ ရှားရှားပါးပါး ယွင်ချင်းဝူ ပင်ပန်းနေတာကို မြင်ရတယ်။
“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် သူမ သတိ ဝင်လာတယ်။ တစ်ချိန်တည်းမှာပဲ သူမ နောက်ကို ခုန်ဆုတ်ရင်း ဖန်ကျန်းရှီရဲ့ လက်ထဲကနေ လွတ်အောင် လုပ်တယ်။
“ဟီးဟီး။” ဖန်ကျန်းှရိကတော့ ရယ်နေခဲ့တယ်။ ယွင်ချင်းဝူရဲ့ လုပ်ရပ်ကြောင့် မလန့်ဘူး။ အဲ့ဒီ့အစား သူ့လက်ကိုသာ ပြန်ငုံ့ကြည့်နေခဲ့တယ်။ သူ တကယ်ပဲ ဆွဲလိုက်မိတယ်။ နောက်ထပ် အခွင့်အရေး ရသွားတာလား။ သူဘယ်လောက် အချိန်ကြာကြာ အိပ်ပျော်သွားမှန်း ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် မအိပ်ခင် အချိန်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ယွင်ချင်းဝူရဲ့ အကျီ အစလေးကိုတောင် မထိမိဘူး။
“နင် ဖြေရှင်း နိုင်လိုက်ပြီလား။” ယွင်ချင်းဝူ ခြေလှမ်း ငါးလှမ်း အကွာကနေ လှမ်းမေးတယ်။ သူမကို တိုက်ခိုက်ချင်စိတ် မရှိတဲ့ ဖန်ကျန်းရှိကို ကြည့်ရင်း အံ့သြ နေခဲ့တယ်။ သူမရဲ့ အားနည်းချက်ကို မတော်တဆ ပြောလိုက် မိမှန်း သူသိတယ်။
ငါးရက်လုံးလုံး ဆက်တိုက် ထိုင်နေခဲ့ရလို့ နောက်ထပ် တောင့်မခံ နိုင်တော့ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ဖန်ကျန်းရှီက နိုးလာပြီးတော့ သူမကို ဖမ်းဆွဲခဲ့တယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက သူမကို အခွင့်အရေး မယူတာပဲ။ သူမကို အေးအေးချမ်းချမ်း လက်လွှတ် ပေးလိုက်တယ်။ ဒါက သူမကို လန့်စေတယ်။
“ငါလည်း မသိဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ အမှန်တော့ သဘာဝလွန် အဆင့်ကနေ ဘယ်လိုများ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်သွားမှန်း မသိဘူး။ အားလုံးက သူ့အိမ်မက် ထဲမှာ ဖြစ်သွားတာ။
“နားလည်ပြီ။” ယွင်ချင်းဝူ မမေးတော့ဘူး။ အကျီမှာ ကပ်နေတဲ့ မြက်ပင်တွေကို ခါထုတ်နေတယ်။ သဘာ၀ ကျကျ ပုံမှန် အပြုအမူ မျိုးပဲ။ ဖန်ကျန်းရှီကတော့ ဒီအပြုအမူ ကြောင့် မျက်မှောင် ကြုတ်သွားတယ်။ သူ့စိတ်ထဲမှာ အဖြူရောင် လူတစ်ယောက် ပေါ်လာခဲ့တယ်။
“အစေ့။ အစေ့ တစ်စေ့။” ဖန်ကျန်းရှီ ပြောရင်းနဲ့ သူ့မျက်ဝန်းတွေ တလက်လက် တောက်ပလာတယ်။ “အစေ့က အရာအားလုံးရဲ့ အစပဲ။ အရာ အားလုံးရဲ့ အစ နောက်ပြီးတော့ ပြန်လည် ဖြစ်တည်တာက အစေ့ တစ်စေ့ပဲ။”
“အစေ့ ဟုတ်လား။” ဖန်ကျန်းရှီရဲ့ စကားတွေကို ကြားတော့ ယွင်ချင်းဝူ သိလိုစိတ် အပြည့်နဲ့ မေးမိတယ်။ ဒါပေမယ့် သူမရဲ့ သိလိုစိတ်က အံ့သြမှု အဖြစ်ကို ပြောင်းလဲသွားတယ်။ ဖန်ကျန်းရှီရဲ့ လက်တွေက အလင်းတန်းတွေ တောက်ပနေလို့ပဲ။
ဒီအလင်းတန်း သေးသေးလေးက ယွင်ချင်းဝူကို မအံ့သြ စေဘူး။ ဒါပေမယ့် အလင်းတန်းက တဖြည်းဖြည်း ကြီးမားလာတယ်။ အစေ့လေး တစ်စေ့ ကြီးထွား နေသလိုပဲ။ မြန်ဆန်တယ်။ အရမ်း အရမ်းကို မြန်ဆန်တယ်။
ပိုပြီးတော့ ထူးဆန်းတာလည်း ရှိသေးတယ်။ သစ်ပင်ကြီးကနေ အလင်းတန်းတွေက ရေတံခွန်လို ဖြာကျလာတယ်။ ဒီအလင်းတန်း ရေတံခွန်ကြီးနဲ့ အတူ သစ်ရွက်တွေပါ ကြွေကျ လာသလိုပဲ။ သစ်ပင် အသစ်တစ်ပင် သူ့လက်ဝါးပေါ်မှာ ပေါ်လာတယ်။ တကယ်တော့ သစ်ပင်တင် ပေါ်လာတာ မဟုတ်ဘူး။ ကျောက်တုံးတွေ ပန်းတွေ၊ မြက်ပင်တွေ၊ ကြယ်တွေ အာလုံးကို အလင်းတန်းကနေ ဖန်တီး ပေးနေတယ်။
“ဝုန်း။” ရုတ်တရက် သစ်ပင်ကြီးတွေ၊ ကျောက်တုံးတွေ၊ ပန်းတွေ လမင်းတွေ အားလုံး ပျောက်ကွယ် သွားတယ်။ လည်ပတ်နေတဲ့ အလင်းတန်း တစ်ခုပဲ လက်ဝါးပေါ်မှာ ကျန်နေတော့တယ်။ အလင်းစက်ကွင်းက ခြောက်ခုကွဲ ထွက်သွားတယ်။ တစ်ခုချင်းစီမှာ အလင်းလုံး ခြောက်ခု ရှိတယ်။ ဖန်ကျန်းရှီရဲ့ လက်ဝါး အလယ်မှာ လှည့်ပတ်နေတယ်။
ယွင်ချင်းဝူကတော့ စိတ်ထဲမှာ ထူးဆန်း နေမိတယ်။ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ အလင်းလုံးတွေကို ကိုင်ထားတယ်လို့ မတွေးမိဘူး။ ထောင်ချီတဲ့ ကိစ္စတွေ ပါဝင်နေတဲ့ လောကကြီး တစ်ခုကို ကိုင်ထား သလိုပဲ။ အစပိုင်းပျိုးနေတဲ့ လောကသစ် တစ်ခုပေါ့။ ခပ်ဝိုင်းဝိုင်း ပုံစံတစ်ခု။
“အဲ့တာ ဘာလဲ။” ယွင်ချင်းဝူ ငယ်ငယ်တည်းက စာအုပ်တွေ အများကြီးကို ဖတ်ဖူးတယ်။ ဒါပေမယ့် အခုလို မြင်ကွင်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။ ထူးဆန်းတဲ့ ကိစ္စကြီး တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာတယ်။ အလင်းဘီးတွေ လည်နေတာ ရုတ်တရက် ရပ်သွားတယ်။ ဒီအချိန်မှာပဲ လောကကြီး တစ်ခုလုံး တုန်ယင် လာတော့တယ်။
“ဝုန်း။”
ယွင်ချင်းဝူ ကြည့်လိုက်တော့ အလင်းတန်း တစ်ခုကို တွေ့လိုက်ရတယ်။ အပြာရောင် အလင်းတန်းက ကောင်းကင်ကနေ ကျလာသလိုပဲ။ အညစ်အကြေး တစ်ခုတောင် မရှိပဲ ကြည်လင် သန့်စင်တဲ့ ကောင်းကင် ပြာပြာလို အလင်းတန်း။
“ဘုန်း။” အပြာရောင် အလင်းတန်းက ဖန်ကျန်းရှီရဲ့ လက်ထဲကို ကျလာခဲ့တယ်။ အဲ့ဒီ့နောက် ချက်ခြင်း ပျောက်ကွယ်သွားတယ်။
ဒါပေမယ့် အပြာရောင် အလင်းတန်း ပျောက်ကွယ် သွားပြီးတဲ့နောက်၊ အလင်းလုံး ခြောက်ခုထဲက တစ်ခု ချက်ခြင်း လင်းထိန်လာတယ်။ အပြာရောင် အလင်းတန်းက ဒီအလင်း စက်ကွင်းကို နှိုးလိုက်တဲ့ အတိုင်းပဲ။ အဖြူရောင် အလင်းစက်ကွင်းကနေ အပြာရောင်ကို ပြောင်းသွားခဲ့တယ်။ နောက်ပြီးတော့ အရမ်းကို ထူးဆန်းတဲ့ ရွှေရောင် အလင်းတန်းနဲ့ စာလုံးတွေ ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ မျက်စိ ကျိန်းလောက်တဲ့ အလင်းတန်းတွေ အလင်းစက်ကွင်း အလယ်ကနေ ထွက်ပေါ်နေတယ်။
“ဒါက” ရွှေရောင် အလင်းတန်းတွေကို မြင်တော့ ယွင်ချင်း မျက်လုံး ပြူးကျယ်သွားတယ်။ သူမ စိတ်ထဲမှာ စကားလုံး တစ်ခု ပေါ်လာခဲ့တယ်။ တစ်ခါပဲ မြင်ဖူးတဲ့ စကားလုံး တစ်ခု။ ဒါကို တွေးမိတော့ ယွင်ချင်းဝူ မျက်နှာ ချက်ခြင်း ဖြူဖျော့ သွားခဲ့တယ်။
ကြောက်ရွံ့ ထိတ်လန့်တယ်။ ယွင်ချင်းဝူ ပထမဆုံး ဒီလောက်ထိ လန့်မိတာပဲ။ အပြာရောင် အလင်းတန်း တောက်ပ လာတာနဲ့ မြေကြီး တစ်ခုလုံးလည်း တုန်ခါလာတယ်။ မြေပြင် တစ်ခုလုံး အက်ကွဲတော့ မလိုပဲ။ အက်ကွဲကြောင်းတွေ မြေပြင် တစ်ခုလုံး ပေါ်လာခဲ့တယ်။
“ဒါက ဘယ်လိုများ ဖြစ်နိုင်တာလဲ။” ယွင်ချင်းဝူ ပတ်ဝန်းကျင်က အလင်းတန်းတွေကို ကြည့်ရင်း အတံ့ အသြ ဖြစ်နေတယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်နဲ့ လုပ်ထားတဲ့ အတားအဆီးက ဘယ်လိုများ ဖျက်ဆီး ခံရတာလဲ။ သူမ ဒါကို မမျှော်လင့် ထားမိဘူး။
အခုဖြစ်နေတာ တက်ယပဲ အမှန်တ ရားလား။ ယွင်ချင်းဝူ ပါးစပ်ဖွင့်ရင်း တစ်ခုခု ပြောဖို့ ကြိုါ်စားနေတယ်။ ဒါပေမယ့် သူမ ပါးစပ်ဟလိုက်တဲ့ အချိန်မှာပဲ နောက်ထပ် အလင်းတန်း တစ်ခု ကောင်းကင်ကနေ ဆင်းသက် လာခဲ့တယ်။
“ဝုန်း။”
ဒီတစ်ခေါက်တော့ အလင်းတန်းက အစိမ်း။ ကျောက်စိမ်းရောင် အလင်းတန်းက ကြည်လင်နေတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးကို အေးချမ်းသွားစေတယ်။ အစိမ်းရောင် အလင်းတန်းက ဖန်ကျန်းရှီရဲ့ လက်ထဲကို ကျဆင်းလာပြီး အလင်းစက်ကွင်းထဲ ရောက်သွားပြန်တယ်။ နောက်ထပ် အလင်းစက်ကွင်း တစ်ခု အသက်ဝင်လာပြီး အစိမ်းရောင် ပြောင်းသွားခဲ့တယ်။ ဒီလိုပဲ နောက်ထပ် ရွှေရောင် အလင်းတန်း တစ်ခု အစိမ်းရောင် အလင်းထဲမှာ မြင့်တက်လာတယ်။
“ဂျိန်း။”
မြေပြင် တစ်ခုလုံးမှာ အက်ကွဲကြောင်းကြီးတွေ ပေါ်ထွက်လာတယ်။ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေ မြေပြင်ပေါ်ကို ကျဆင်းလာတယ်။
“ဒါက ပြန်လည် မွေးဖွားမှု စက်ကွင်းလား။” တုန်ခါနေတဲ့ ပတ်ဝန်းကျင်ကို နားလည်သွားတာနဲ့ ယွင်ချင်းဝူရဲ့ မျက်နှာ အမူအယာလည်း ချက်ခြင်း ပြောင်းလဲသွားတယ်။ အလင်း စက်ကွင်း ခြောက်ခု ပေါ်လာတုန်းက သူမ နားမလည်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ နားလည်သွားပြီ။
ပြန်လည် မွေးဖွားမှု စက်ကွင်း။ ဒါက စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်း။ နတ်ဆိုး မျိုးနွယ် မှတ်တမ်းတွေမှာ ဒီ အကြောင်းကို အများကြီး ဖတ်ဖူးတယ်။ ရှေးဟောင်း စာတွေ အများကြီးနဲ့ ဒီအကြောင်းကို မှတ်တမ်း တင်ထားတယ်။ အကျဉ်းချုပ် ပြောရရင်တော့၊ ဒါကို ပြန်လည်မွေးဖွားမှု မြေပုံလမ်းညွှတ် ခြောက်ခု၊ ဒါမှမဟုတ်ရင် သေရှင် သံသရာ စက်ကွင်းလို့ လူသိများတယ်။
ဒါက ပြန်လည် မွေးဖွားမှု အဆင့်နဲ့တော့ သဘောတရား မတူဘူး။ ပြန်လည် မွေးဖွားမှု စက်ကွင်းက အဆင့် တစ်ခု မဟုတ်ဘူး။ သူ့ရဲ့ စက်ကွင်း တစ်ခုချင်းစီထဲမှာ တာအို သဘောတရားတွေ ပါဝင်နေတယ်။ ကောင်းကင် တာအို၊ အဇူရာ တာအို၊ လူသား တာအို၊ သေရှင်တာအို၊ ငရဲတာအို၊ နဲ့ သရဲတာအို ခြောက်ခုလုံး ပြန်လည် မွေးဖွားမှု စက်ကွင်းထဲမှာ ပါနေတယ်။
အလင်းစက်ဝိုင်း ခြောက်ခုက သူ့ခန္ဒာကိုယ်ထဲမှာ ရှိနေတဲ့ တာအို အင်အား ခြောက်ခုကို ကိုယ်စားပြုတယ်။ အလင်းစက်ကွင်း တစ်ခုချင်းစီတိုင်းမှာ ထူးခြားတဲ့ သင်္ကေတတွေ ပါဝင်နေတယ်။ နောက်ပြီးတော့ ဒါက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုကို ဆရာကျအောင် တတ်မြောက် နားလည်တဲ့ သူပဲ ဖန်တီးနိုင်တယ်။ ဒီလို ပြန်လည် မွေးဖွားမှု အဆင့် ကျွမ်းကျင် ပညာရှင် ဖြစ်လာဖို့ နားလည် သဘောပေါက်မှု အများကြီး လိုအပ်တယ်။
ဒါမှပဲ အလင်းဘီး တစ်ခုထက်မက ရှိနိုင်မယ်။ အလင်းစက်ကွင်း ခြောက်ခုလည်း ရှီနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တာအို တစ်ခုချင်းစီက အလင်းစက်ကွင်း တစ်ခုဆီကို ကိုယ်စား ပြုတာကြောင့်ပဲ။ ဒါတွေ အားလုံးက အတွေးသပ်သပ်ပဲ။ ဘယ်သူမှ ဒီအဖြစ်ကို မျက်မြင် မတွေ့ဖူးဘူး။ မှတ်တမ်းတွေထဲမှာ ရှိပေမယ့် စိတ်ကူးယဉ် သပ်သပ်ပဲ။
ပြန်လည် မွေးဖွားမှု စက်ကွင်း တကယ် နိုးထနေပြီ။ အလင်းတန်း နှစ်ခု အသက်ဝင်သွားပြီ။ ဒါသာ အမှန်ဆိုရင်၊ ယွင်ချင်းဝူ ဆက်မစဉ်းစားနိုင်တော့ဘူး။ အက်ကွဲကြောင်းတွေက သူမ ခြေထောက်အောက်ကို ရောက်နေပြီ။ ဒါကြောင့် နောက်ကို ခုန်ဆုတ်တယ်။ သူမ ခြေချတော့မယ့် အချိန်မှာပဲ သူမ ရှေ့ကို လူတစ်ယောက် ရောက်နေခဲ့တယ်။ သူ့ရဲ့ အကျီပြာပြာနဲ့ မျက်ဝန်း တောက်တောက်တွေက သူမကို စိုက်ကြည့်နေတယ်။
“ဖန်ကျန်းရှီ ငါနင့်ကို ဒီကနေ ထွက်ခွင့် မပေးဘူး။ ငါသေမှပဲ ရမယ်။” ဖန်ကျန်းရှီရဲ့ စိတ်ကူးကို သိတော့ ယွင်ချင်းဝူ အော်ဟစ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူမရဲ့ ခါးကို ပွေ့ဖက် ထားခဲ့တယ်။
“တကယ်လား။ မင်းရဲ့ အပျိုစင် ဘဝကို ဒီနေရာမှာ ဆုံးရှုံး ချင်လို့လား။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင်၊ ဒီပတ်ဝန်းကျင်လည်း မဆိုးပါဘူး။ ကောင်းကင်ကလည်း ကြည်လင်လို့။ မြက်ခင်း စိမ်းစိမ်းတွေနဲ့။ မေပယ်ပင်က အရွက် နီနီတွေလည်း ကြွေကျ နေသေးတယ်။ အရွက်တွေ ကြွေနေတဲ့ မေပယ် သစ်ပင် အောက်မှာ၊ ဟင်းဟင်း။” ယွင်ချင်းဝူရဲ့ လက်မောင်းကို ချုပ်ထားရင်း ဖန်ကျန်းရှီ ပြောနေတယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။” ယွင်ချင်းဝူ ချက်ခြင်း ကျိန်ဆဲတော့တယ်။ ဖန်ကျန်းရှီရဲ့ လက်ထဲကနေ လွတ်ထွက်ပြီးတော့ ငါးပေ အကွာမှာ ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စကားတွေက သူ့ကို နည်းနည်း သက်ရောက် သွားတဲ့ပုံပဲ။ မျက်နှာ တစ်ခုလုံး နီရဲရင်း ရှက်သွေးဖြာနေခဲ့တယ်။ ဒီအချိန်မှာပဲ သူ့ရှေ့မှာ ဖန်ကျန်းရှီ ပေါ်လာပြန်တယ်။ အကွာအဝေးက နီးကပ်လွန်းလို့ အသက်ရှူသံကိုတောင် ကြားနေရတယ်။
“ငါမင်းကို ဒီလောက် လွယ်လွယ်လေး အလွတ်ပေးမယ် ထင်နေတာလား။” ဖန်ကျန်းရှီက ဖိအား မပေးချင်ပေမယ့် ရွေးစရာ မရှိဘူးလေ။
ဒီနေရာကနေ ထွက်ရမယ်။
လဝက်တောင် ပိတ်ခံ ထားရတာ အခု အခွင့်အရေးက နောက်ဆုံး ဖြစ်နိုင်တယ်။
အပိုင်း(၆၂၈)ပြီး၏။
အပိုင်(၆၂၉)
“ ငါ့ရဲ့ ဖြူစင်မှုကို စော်ကားနေတယ်။”
ပိုပြီးတော့ အရေးကြီးတာ ယွင်ချင်းဝူရဲ့ စရိုက်ကို ဖန်ကျန်းရှီ ကောင်းကောင်း သိတယ်လေ။ ညှိနှိုင်းတာက မဖြစ်နိုင်ဘူး။ ယွင်ချင်းဝူက ညှိလို့ ရတဲ့သူ မဟုတ်ဘူး။
ဘယ်လို အခြေအနေမျိုးကိုမှ ညှိလို့ မရဘူး။ တစ်ခါ ဆုံးဖြတ်လိုက်တာနဲ့ ပြီးသွားပြီ။ ဘာကမှ သူ့ကို နှောက်ယှက် လို့ မရတော့ဘူး။ သူမရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုက ကြောက်စရာ ကောင်းလွန်းတယ်။
အင်အားသုံးပြီးတော့ အကြပ်ကိုင်မှ ဖြစ်မယ်။ ဒါပေမယ့် ယွင်ချင်းဝူက သေမှာ မကြောက်ဘူး။ ဒါကြောင့် သူ့ရဲ့ ပုံမှန် နည်းလမ်းတွေ ယွင်ချင်းဝူမှာ အသုံးမဝင်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ ကူကယ်ရာ မဲ့နေတယ်။
“နင်၊ နင် ငါ့ကို လွှတ်” ယွင်ချင်းဝူ ထွက်ပြေးဖို့ ပြင်တယ်။ ဒါပေမယ့် သူမရဲ့ လက်တွေကို ဖန်ကျန်းရှီက ချုပ်ထားတာ လွှတ်မပေးဘူး။ ဖန်ကျန်းရှီက သူ့ကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ဆွဲထားလေ သူပိုပြီးတော့ ကြောက်ရွံ့ လာလေပဲ။ သူမ တကိုယ်လုံး ထောင်ချောက် မိနေသလို မလှုပ်နိုင် ဖြစ်နေခဲ့တယ်။
ကောင်းကင်တာအို။
ရင်းနှီးပြီးတော့ ကြောက်စရာ ကောင်းတဲ့ အခေါ်အဝေါ် တစ်ခုက သူမ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ ကောင်းကင် တာအိုနဲ့ ငယ်ငယ်တည်းက တရင်းတနှီး ရှိခဲ့တာ။ သူမ ဆရာ ချန်ယန့်က ကောင်းကင် တာအိုကို ထိန်းချုပ်နိုင်တဲ့ ပညာရှင်။ ကောင်းကင် တာအို တည်ရှိမှုကို သုံးပြီးတော့ သုခမိန် တစ်ဝက် အဖြစ် တည်ရှိနေခဲ့တာ နှစ်တွေ အကြာကြီးပဲ။
“မလွှတ်ပေး နိုင်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။
သူဘယ်လိုလုပ် လွှတ်ပေးဖို့ ဖြစ်နိုင်မှာလဲ။ အကယ်၍ ယွင်ချင်းဝူကို လွှတ်ပေးလိုက်ရင် ဒီနေရာမှာ ဘယ်လောက် အချိန် ကြာကြာ ပိတ်မိနေမလဲ ဘယ်သူ သိနိုင်မှာလဲ။ အခုချိန်မှာ သူ့ရဲ့ အရှိန်နှုန်းနဲ့ အသာစီး ရထားပေမယ့်၊ ယွင်ချင်းဝူ လွတ်သွားရင် ဘယ်လို လုပ်မလဲ။
ဒီထောင်ချောက်ကနေ လွတ်မယ်ဆိုရင် ပျော်စရာ ကောင်းမှာပဲ။ ယွင်ချင်းဝူက ဒီထောင်ချောက်ကနေ လွတ်နိုင်မှန်း သိတယ်။ ဒါကြောင့် သူလုံးဝကို လက်မလွှတ် နိုင်ဘူး။
ကောင်းကင် တာအိုကတော့။ အမှန်ဆိုရင် ပြန်လည် မွေးဖွားမှု စက်ကွင်း နိုးထ လာတာနဲ့ ကောင်းကင် တာအိုကို ထိန်းချုုပ်နိုင်မှန်း သူသိခဲ့ပြီးပြီ။ သေရှင် တာအိုကိုလည်း သူထိန်းချုုပ်နိုင်ပြီ။ နောက်ပြီးတော့ (အစေ့) ဆိုတဲ့ ကိစ္စကို ရှင်းပြရင်၊ အစေ့လေး တစ်ခုက ကြီးထွားနေပြီ။
ကောင်းကင် တာအိုကို ပထမဆုံး နားလည်ဖို့ လုပ်ခဲ့တဲ့ အချိန်တုန်းက ဒါကို နားလည်ခဲ့တယ်။ အခုတော့ အစေ့လေး ကြီးထွားလာတဲ့ နောက်ကွယ် အကြောင်းရင်းနဲ့ ရှင်းလင်းချက်ကိုပါ သူနားလည် နေပြီ။ အတွေ့အကြုံက အရင်ကနဲ့ ကွာခြားတယ်။ သေရှင် တာအိုကို သုံးတဲ့ အချိန်လည်း အတူတူပဲ။
“ဖန်ကျန်းရှီ။ ဒီနေ့ နင်ငါ့ကို ဘာပဲ လုပ်လုပ် ငါနင့်ကို လွှတ်မပေးဘူး။ အိမ်မက် မက်နေတာ ရပ်လိုက်။ ငါ ယွင်ချင်းဝူက ကတိ ပေးထားတဲ့အတိုင်း လုပ်တယ်။” ဖန်းကျန်းရှီကို စိုက်ကြည့်ရင်း ယွင်ချင်းဝူ ပြောနေခဲ့တယ်။ သူမ မျက်နှာက ဖြူဖျော့ နေခဲ့ပြီ။ စိတ်ဆုံးဖြတ်ချက် ကတော့ အရမ်းကို ပြတ်သား လွန်းနေတယ်။
“ဒါဆိုလည်း ငါ့ကို အပြစ် မတင်နဲ့။” ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ကို ဖန်ကျန်းရှီ ဆွဲဖက်လိုက်တယ်။ နွေးထွေး နူးညံ့တဲ့ အထိအတွေ့က သူ့ရင်ဘတ်ကို လာထိတယ်။ အသက်ရှူသံ လေးလေး ပင်ပင်ကို နားထဲမှာ ကြားနေရတယ်။ ယွင်ချင်းဝူ အရမ်းကို စိတ်ရှုပ်ထွေးနေတာ သိသာတယ်။ သူမရဲ့ အမူအယာက တည်ငြိမ် နေပင်မယ့် ခန္ဒာကိုယ် တုံ့ပြန်ချက်ကိုတော့ မထိန်းနိုင်ဘူး။
“နင် လုပ်ရဲရင်။ နင် ငါ့ကို ညစ်နွမ်းအောင် လုပ်ဝံ့ရင် ငါ ငါ့ကိုယ်ငါ သတ်သေမယ်။” ဖန်ကျန်းရှီဲနဲ့ နီးကပ် နေတာကြောင့် ယွင်ချင်းဝူရဲ့ အသက်ရှူသံက ပိုပြီးတော့ လေးလံလာတယ်။
“မင်းကိုယ်မင်း သတ်သေမှာလား။” ဖန်ကျန်းရှီ လှုပ်ရှား နေတာကို ရပ်လိုက်တယ်။ ယွင်ချင်းဝူရဲ့ မျက်နှာကို စိုက်ကြည့်တယ်။ သူမရဲ့ မျက်ဝန်းတွေကနေ ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်ကို သူခံစားလို့ ရနေတယ်။ တစ်ချိန် တည်းမှာပဲ သူရုတ်တရက် လန့်သွားတယ်။
ယွင်ချင်းဝူကို ဖိအားပေးလို့ရတယ်။ ဒါပေမယ့် အဆုံးသတ်မှာ သူမ လက်လျှော့ပြီးတော့ သူ့ကို လွှတ်ပေးနိုင်ချေ ၅၀%ပဲ ရှိတယ်။ ယွင်ချင်းဝူက သာမာန် လူမဟုတ်ဘူး။ နတ်ဆိုး မျိုးနွယ်ကြီး တစ်ခုလုံးက သူမ ဦးဆောင်မင အောက်မှာ ရှိနေတယ်။ သူတို့ အတွက် သူမ အများကြီး စဉ်းစားပေးတယ်။ ဒါက သူမရဲ့ အားနည်းချက်ပဲ။
ဒါကို တဝက်ပဲ သေချာတယ်။ နောက်ဆုံးတော့လည်း ယွင်ချင်းဝူရဲ့ အကျင့်စရိုက်က အရမ်းကို ခေါင်းမာပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ ပုံစံ ဖြစ်နေတယ်လေ။
တဝက်ပဲ အခွင့်အရေးရှိတဲ့ ကိစ္စကို ဖြစ်မြောက်အောင် လုပ်ဖို့ ယွင်ချင်းဝူရဲ့ ဖြူစင်မှုကို သုံးမှ ဖြစ်မယ်။ အရှက်မရှိမှ ဖြစ်မယ်။ ဒါပေမယ့် သူနားလည်ပါတယ်။ သူမရဲ့ ခံစားချက်ကို ဘယ်လိမှ လျစ်လျူ မရှုနိုင်ဘူး။ သူဖမ်းချုပ်ထားတာ ခံရတဲ့ ယွင်ချင်းဝူရဲ့ စိတ်ကူးကို နားလည်တယ်။ ဒါကြောင့် ယွင်ချင်းဝူကို လက်လွှတ်ပေးလိုက်တယ်။ တစ်ချိန်တည်းမှာ နောက်ပြန်ဆုတ်တယ်။
“နှစ်လ။ ငါ့ကို နှစ်လပဲ အချိန်ပေး။ ၂လ အတွင်း ငါပြန်လာမယ်။” အဆုံးသတ် ရောက်အောင်လို့ ဖန်ကျန်းရှီ ဘယ်လိုမှ တွန်းမပို့နိုင်ဘူး။ သူ့ရဲ့ အပြုအမူ လုပ်ရပ်က ဒီမှာ တစ်သက်တာလုံး ဖမ်းမိအောင် လုပ်နိုင်စေတာကို သူသိတယ်။
သူ့လက်က လွတ်တာနဲ့ ယွင်ချင်းဝူ ချက်ခြင်း ပျောက်ကွယ်သွားတယ်။ ဖန်ကျန်းရှိရဲ့ မေးခွန်းကို မဖြေဘူး။ ချက်ခြင်း ဒီထောင်ချောက်ထဲကနေ ထွက်ပြေးတော့တယ်။
“ငလူး။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ကောင်းတာလုပ်ရင် ကောင်တာ ရမယ်ဆိုတဲ့ စကားက ဘာဖြစ် သွားပြီလဲ။ လက်လွှတ်ပေးရုံတင် မကဘူး။ ညှိနှိုင်းဖို့တောင် လုပ်သေးတယ်လေ။ ဒါပေမယ့် အဆုံးသတ်မှာတော့ လျစ်လျုရှု ခံလိုက် ရတယ်လား။
ထွက်ပြေးသွားတယ်တဲ့။
တကယ်တော့ လူဆိုတာ လူကောင်းကို မဖြစ်သင့်တာပဲ။ ဖန်ကျန်းရှီ နောင်တရနေတယ်။ နောက်ဆုံး မျှော်လင့်ချက်ကို လက်လွှတ် ပေးမိပြီလေ။ ဒီမှာ နေရမှာထက် အပြင်မှာ ငြိမ်းငြိမ်းချမ်းချမ်း သေရမှာက ပိုကောင်းလိမ့်မယ်။
“တစ်ရက်။ ဒီနေရာကနေ နင်ထွက်သွားဖို့ အချိန် တစ်ရက်ပဲ ပေးနိုင်မယ်။” ယွင်ချင်းဝူရဲ့ အသံက အဝေးကနေ ထွက်ပေါ်လာတယ်။ နောက်တော့ သူနဲ့ ငါးပေ အကွာမှာ ပေါ်လာခဲ့တယ်။ အစောက ဖြစ်ရပ်နဲ့ ယှဉ်ရင်တော့ သူမက အများကြီး တည်ငြိမ်နေခဲ့တယ်။
“ဒီကောင်မလေးက အရိုးထဲကနေ အေးစက်စက် ဖြစ်နေတာလား။” ဖန်ကျန်းရှီ သူမကို ကြည့်မိတယ်။ ဒါပေမယ့် တစ်ရက်တည်းနဲ့ ဘယ်လို လုပ်နိုင်မှာလဲ။
ကောင်းကင် တာအို ခန်းမကနေ မြောက်ရွာကို ပြန်ဖို့လည်း ရှိသေးတယ်။ နောက်ပြီးတော့ ချီကူယန်နဲ့လည်း တိုက်ခိုက် ရအုန်းမယ်။
နေစမ်းပါအုန်း။ ကြားရတာ ထူးဆန်းတယ်။ တစ်ရက်။
ဖန်ကျန်းရှီက မန္တန်ကို သူ့ဘာသူ ချိုးဖျက်ပြီးပြီ။ ဘာဖြစ်လို့ အရူးထပြီး နောက်တစ်ခေါက် ပြန်လာ အုန်းမှာလဲ။ ယွင်ချင်းဝူမှာ ရူးသွားလို့လား။
“မင်းငါ့ကို တကယ်ပဲ တစ်ရက် လွှတ်ပေးမှာလား။” ဖန်ကျန်းရှီ မယုံနိုင်ဘူး။
“ဟုတ်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ သူပြန်မလာဘူး ဆိုတဲ့ ဖြစ်နိုင်ချေကို မေ့ထားတဲ့ ပုံစံပဲ။
“ကောင်းတယ်။ ”ဖန်ကျန်းရှီ ချက်ခြင်း တုံ့ပြန်တယ်။ တစ်ခဏတာ အတွင်း မြေပြင် တစ်ခုလုံး တုန်ခါတာ ရပ်သွားတယ်။ အရာအားလုံးက ပုံမှန် အနေအထားကို ပြန်ရောက်သွား သလိုပဲ။
“နင် သွားလို့ရပြီ။”ယွင်ချင်း ခန္ဒာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်တယ်။ ဖန်ကျန်းရှီကို တစ်ချက်တောင် မကြည့်ပဲ လေထဲမှာ ပျောက်ကွယ်သွားတယ်။ ယွင်ချင်းဝူ ဒီနေရာကို ပြန်လာတာ ဖန်ကျန်းရှီ မြင်ပေမယ့် ဘာကြောင့် ပြန်လာမှန်း မသိဘူး။
သူ့ရဲ့ ညှိနှိုင်းမှုက အလုပ် ဖြစ်သွားတာလား။
မဖြစ်နိုင်ဘူး။ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည် ကောင်းတာကို ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် ယွင်ချင်းဝူက သူ့ထက် ပိုတော်တယ်။ ယွင်ချင်းဝူကို လှည့်စားဖို့ ဆိုတာ အခက်ခဲဆုံး အရာ တစ်ခုပဲ။ သူမ စိတ်မပါရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။
“ဒီ ကောင်မလေးက တကယ်ပဲ ငါ လှည့်စားတာ ခံချင် နေတာလား။” ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး နေမိတယ်။ ဒါပေမယ့် သူ အများကြီး မတွေးမိဘူး။ ဖြည်းဖြည်းချင်း ရှေ့တိုးလာတယ်။
မြောက်ရွာ။ ရင်းနှီးနေတဲ့ သူ့ဇာတိ မြောက်ရွာ။
…
…
တောက်ပတဲ့ နေရောင်ခြည်က ကေင်းကင်ကနေ ဖြာကျနေတယ်။ ရွှေရောင် ဖြာနေတဲ့ ရွာတစ်ခုလုံး ပျားပန်းခတ် အလုပ် များနေတယ်။
“အရှင် သခင်ဖန်။ မဟုတ်ဘူး။ မင်းသားကန်။”
“ဘာ။ မင်းသားကန် ပြန်လာပြီ။”
ဖန်ကျန်းရှီ မြောက်ရွာမှာ ပြန်ပေါ်လာတယ်။ စိတ်ရှုပ်ထွေးနေတဲ့ လူတွေကြောင့် မြောက်ရွာ တစ်ခုလုံး သက်ဝင် လှုပ်ရှားနေတယ်။ အမွှေးတိုင်တွေတောင် ထွန်းနေကြပြီ။
“ကျန်းရှီ ပြန်လာပြီ။”
“သူ့ကို ဘာဖြစ်လို့ ကျန်းရှီလို့ ခေါ်တာလဲ။ မင်းသားကန်လို့ ခေါ်။”
“ဟုတ်တယ်။ဟုတ်တယ်။ ငါတို့ရဲ့ မင်းသားကန်။”
ရွာသားတွေ စုဝေးပြီး လာကြတာ လမ်း တစ်ခုလုံးတောင် ပိတ်နေပြီ။ သူ့ရှေ့မှာ ရှိနေတဲ့ လူတိုင်းက သူ့ကို ထိတွေ့ ချင်နေတယ်။ လူတွေ စိတ်လှုပ်ရှား နေတာကို နားလည်နိုင်တယ်။ ဒါပေမယ့် သူ့မျက်လုံးတွေက လူတစ်ယောက်ကို လိုက်ရှာ နေခဲ့တယ်။ သူ့ကို အတွေ့ ချင်ဆုံး ဖြစ်မယ့်သူက ဒီလူအုပ် ထဲမှာ မရှိဘူး။
“အဖေနဲ့ အမေ ဘယ်မှာလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ဒါ ဒါက။” ရွာသားတွေရဲ့ မျက်နှာ အမူအယာ ချက်ခြင်း မှုန်မှိုင်း သွားခဲ့တယ်။
“ဒါ ငါတို့ရဲ့ အမှားပါ။ အစ်မ ရှင်းလိန်ကို ငါတို့ ကောင်းကောင်း ဂရု မစိုက်မိဘူး။သူ သူ။”
“ဘာဖြစ်တယ်။” ဖန်ကျန်းရှီ ချက်ခြင်း ချွေးစေးတွေ ပျံလာခဲ့တယ်။ ချက်ခြင်း လူအုပ်ကို ခုန်ကျော်သွားတယ်။ ဖန်မိသားစု အိမ်ကို သူပြေးတော့တယ်။
“မြန်လိုက်တာ။”
“သူ့ အရှိန်က မြန်လိုက်တာ။”
“ ဒီအရှိန်နှုန်းက ဘယ်လိုမျိုးလဲ။”
“မိုးနတ်မင်းရေ။ ကျန်းရှီက တကယ့်ကို အံ့သြ စရာပဲ။”
ရွာသားတွေက ခုန်ပျံပြီးတော့ ချက်ခြင်း ပျောက်ကွယ်သွားတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အံ့အား သင့်နေတယ်။ ဖန်ကျန်းရှီက သူ့အစွမ်းတွေကို ရွာသားတွေ ရှေ့မှာ ထုတ်ပြခဲတယ်လေ။ ရွာကို ပြန်ရောက်ရင် ပုံမှန် လူလိုပဲ နေတယ်။ တခြားသူတွေထက် မည်းနည်းပဲ ပိုသန်မာတယ်။ ဒါပေမယ့် အခုတော့ ဖန်ကျန်းရှီ ဘယ်လောက်တောင် အင်အားကြီးမှန်း ရွာသားတွေ နားလည်သွားပြီ။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အငယ်ဆုံး နယ်စားမင်း ဘယ်လို ဖြစ်လာမှန်း သူတို့ သဘောပေါက် သွားခဲ့တယ်။
…
“ဝုန်း။” ဖန်မိသားစု အိမ်ရဲ့ တံခါး ပွင့်သွားခဲ့တယ်။ တံခါးပွင့်တာနဲ့ ဝတ်ရုံနက် တစ်ယောက် ထွက်လာခဲ့တယ်။ သူမရဲ့ မျက်နှာက ပျော်ရွှင် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက် နေခဲ့တယ်။ ဝူယွဲ့အာက ဖန်ကျန်းရှီကို ပထမဆုံး ထွက်တွေ့တဲ့ သူပဲ။
“ဖန်ကျန်း။”
“ဝူယွဲ့အာ၊ င့ါအမေ နေမကောင်းဘူးလား။ ငါပျောက်သွားတော့ မင်း ငါ့အမေကို ဂရု မစိုက်တာလား။” ဖန်ကျန်းရှီ ချက်ခြင်း အော်ဟစ် မေးမြန်းနေတယ်။
“ငါ။” ဝူယွဲ့အာရဲ့ စိတ်လှုပ်ရှားမှုတွေ ပျောက်ကွယ် သွားတယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာကို မြင်တော့ သူ့ စကားလုံးတွေ ပျောက်ကွယ် သွားခဲ့တယ်။
အရိပ်မျိုးနွယ်စု ခေါင်းဆောင် အနေနဲ့ ဘယ်သူကမှ သူမကို မလေးမစား မလုပ်ဝံ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ မေးခွန်း မေးလာတဲ့ အချိန် နှလုံးခုန် ရပ်တန့် သွားတော့မလိုပဲ။ အဖမ်းခံ လိုက်ရတဲ့ အပြစ်သား တစ်ယောက်လို ခံစား နေရတယ်။
သူမ နှလုံးသားထဲမှာ ထူးဆန်း နေမိတယ်။ မဟုတ်သေးဘူး။ ဒီကောင်စုတ်က ပျောက်နေတာ ကြာလှပြီ။ စိတ်ဆိုးရမယ့် သူက သူဖြစ်သင့်တာလေ။ ဘာဖြစ်လို့ အခုတော့ သူမက အမှားလုပ်ထားတဲ့ သူလို နေနေရတာလဲ။ ဝူယွဲ့အာ စကားပြောတော့မယ့် အချိန်မှာ ရုတ်တရက် နားလည် သွားခဲ့တယ်။
သူမ မျက်စိရှေ့မှာ ရပ်နေတဲ့ ဖန်ကျန်းရှီက မတူဘူး။ အရင်ကနဲ့ အရှိန်အဝါ လုံး၀ မတူပဲ ထူးခြား နေခဲ့တယ်။
“ဒီကောင်စုတ်က။” ဖြစ်နိုင်ချေ တစ်ခုကို တွေးမိတာကြောင့် ဝူယွဲ့အာရဲ့ မျက်ဝန်းတွေ တောက်ပသွားတယ်။
ဒီအချိန်မှာပဲ အိမ်အတွင်းထဲက ချောင်းဟန့်တဲ့ အသံ ထွက်ပေါ်လာတယ်။ “ကျန်းအာ။ ကျန်းအာ ပြန်လာတာလား။” အားနည်းတဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။ ဒီအသံက စိုးရိမ် ပူပန်နေတဲ့ အသံ တစ်ခုပဲ။
“အမေ။” ဖန်ကျန်းရှီရဲ့ အသံ တုန်ယင်နေတယ်။ ချက်ခြင်း ပျော်ရွှင်တဲ့ အမူအယာကို ပြောင်းလဲသွားတယ်။ “အမေ အသက်ရှင် နေသေးတယ်နော်။ ဒါဆိုရင် အဖေ ဆုံးသွားတာလား။”
“မင်းကမှ သေမှာ။” ဒီတစ်ခေါက်တော့ အားနည်းဖျော့တော့ပြီး ဒေါသ ထွက်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ဝတ်ရုံရှည် ဝတ်ထားတဲ့ လူတစ်ယောက် ထွက်ပေါ်လာတယ်။ သူ့မျက်နှာက ဝါဖျော့နေတယ်။ ဒါပေမယ့် လူကတော့ တောင့်တင်း သန်မာတယ်။
“…” ဖန်ကျန်းရှီ အခြေအနေကို အထင်လွဲ နေတာ သိသွားတယ်။ ရွာသားတွေ ပြောတာ သူမိဘ နှစ်ယောက်လုံး နေထိုင်မကောင်း ဖြစ်နေကြတယ်လို့။ ဒါကြောင့် သူတို့ အမှားပါလို့ ပြောတာ။ ဖန်ကျန်းရှီ နားလည်သွားတယ်။ သူပျောက်သွားတာက သူ့မိဘတွေကို အတော်လေး ကျန်းမာရေး ထိခိုက် စေတာပဲ။
“အဖေ။”
“အင်း။ ငါ့သား ပြန်လာတာ ဝမ်းသာတယ်။” ဖန်ဟို့ဒဲ ဝဲတက်လာတဲ့ မျက်ရည်တွေကို သုတ်ရင်းနဲ့ အကြည့်လွှဲ ထားတယ်။ “နောက်တစ်ခါ အပြင်သွားမယ် ဆိုရင် ငါတို့ကို ပြောသွား။”
“ဟုတ်ကဲ့ပါ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ယွင်ချင်းဝူ ဖမ်းထားတာကို သူမပြောတော့ဘူး။ အိမ်ထဲကိုသာ မြန်မြန် ဝင်သွားတယ်။
ခပ်မြန်မြန်ပဲ လူတစ်ယောက်က သူ့ကို ပွေ့ဖက်တယ်။ နွေးထွေးမှုက ခန္ဒာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့တယ်။ သူ့ အမေက အားနည်း နေတာတောင် အိပ်ယာထဲက ကြိုးစား ထလာတာ သိသာတယ်။ သူမရဲ့ လက်သွယ်သွယ်တွေက ဖန်ကျန်းရှီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတယ်။
“ကျန်းအာ။ သား နောက်ဆုံးတော့ ပြန်လာပြီ။ သား ဒုက္ခတွေ့နေမှာကို အမေ ကြောက်တာ။” ချီရှင်းလိန် တကိုယ်လုံး တုန်ယင်ပြီးတော့ ငိုကြွေးနေမိတယ်။
“အမေ မစိုးရိမ်ပါနဲ့။ သား နေကောင်းပါတယ်။”
“အင်းပါ။ အမေ မစိုးရိမ်တော့ဘူး။ ယွဲ့အာကို သွားပြီး ကျေးဇူးတင်လိုက်အုန်း။ သားမရှိတဲ့ အချိန် အတွင်း ယွဲ့အာက မနက်တိုင်း သားကို ရှာဖို့ သွားတယ်။ ညဆိုရင် အမေ့ကို အဖော်လုပ်ပေးတယ်။ သူ့ကြောင့်သာ မဟုတ်ရင် သားကို အမေ ဒီဘ၀ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။” ချီရှင်းလိန် မျက်ရည်တွေကို သုတ်ရင်းနဲ့ ပြောနေတယ်။
“သူက ဒီလောက်တောင် ကောင်းလို့လား။” ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားတယ်။
ဝူယွဲ့အာက ဒီလော်ကတောင် နူးညံ့မယ်လို့ မထင်ထားဘူး။ သူ့အမေကို အဖော်လုပ်ပြီး ညတောင် စောင့်အိပ် ပေးတယ်လား။ တကယ်ပဲ လောကမှာ သရုပ်ဆောင် အကောင်းဆုံးဘွဲ့ ပေးရမယ်။
“ဟုတ်တယ်။ ယွဲ့အာက အရမ်း စိတ်ထားကောင်းတယ်။” ချီရှင်းလိန် သူ့သားကို အိပ်ယာဘေး ဆွဲခေါ်လာတယ်။ “သားပြန်လာတာ ကောင်းတယ်။ ဒါပေမယ့် အမေ ပြောချင်တာ တစ်ခုရှိတယ်။”
“ဘာပြောမလို့လဲ အမေ။”
“အမေ မြေးချီချင်ပြီ။” တံခါးနားမှာ ရပ်နေတဲ့ ဝူယွဲ့အာကို ကြည့်ရင်း ချီရှင်းလိန် ပြောလိုကတယ်။ အဲ့ဒီ့နောက် တစ်ယောက်ကို တစ်ယောက် ခေါင်းငြိမ့်ပြတယ်။ အချင်းချင်း စိတ်ထဲမှာ စကား ပြောနေကြတယ်။
အပိုင်း(၆၂၉)ပြီး၏။
အပိုင်း (၆၃၀)
“ဖိအားပေး ခံရတဲ့ လက်ထပ်ပွဲနဲ့ အထမြောက် အောင်မြင်ခြင်း။”
“ဟမ်။” အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲ သွားတယ်လို့ ဖန်ကျန်းရှီ ခံစား နေရတယ်။
အခုက အချိန် အကြာကြီး စောင့်ဆိုင်း နေရတဲ့ သားကို ပြန်လည် တွေ့ဆုံ ရတာကြောင့် ပျော်ရွှင်နေရတဲ့ မျက်ရည် ကျစရာ မြင်ကွင်း မဟုတ်ဘူးလား။ ဘာဖြစ်လို့များ ရုတ်တရက် မြေးအကြောင်း ရောက်သွားတာလဲ။ အခုက လက်ထပ်ပြီးတော့ ကလေးမွေးဖို့ အချိန်လား။
မဟုတ်လောက်ပါဘူး။
သူက အသက်၁၈ နှစ်ပဲ ရှိသေးတာလေ။ အသက် ၁၈နှစ်မှာ လက်ထပ်တာ မရှားပေမယ့်၊ အခု လက်မထပ်လိုက်ရင် မျိုးဆက် ပြတ်သွားလိမ့်မယ်။
“သားက အခုချိန်မှာ မင်းသားကန် ဖြစ်နေပြီ။ အမေသိပါတယ်။ အခုချိန်မှာ သားက နယ်စားမင်း ဖြစ်နေပြီ ဆိုတော့ လုပ်စရာ ကိစ္စတွေ များလာပြီလေ။ ဘယ်အချိန်မှာ သား နောက်တစ်ခေါက် ထွက်သွားမလဲ မသိနိုင်ဘူး။ အမေကြားက မင်းသားရှန်းက သားကို ၁၃ယောက်မြောက် မင်းသမီးနဲ့ လက်ထပ် စေချင်တာကို သားက ငြင်းလိုက်တယ်ဆို။” ချီရှင်းလိန်က ဖန်ကျန်းရှီကို ရှင်းပြတယ်။
“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ မင်းသားရှန်း လင်းယွမ်က ချီရှင်းလိန်ကို ဖြစ်သွားတဲ့ ကိစ္စတွေ အကြောင်း ရှင်းပြထားတာကို မအံ့သြပါဘူး။ လင်းယွမ်က သူ့မိသားစုတွေကို သုံးပြီးတော့ မင်းသမီး ၁၃ကို လက်ထပ်စေဖို့ ကြိုးစားခဲ့မှာပဲ။
“အင်း။ ငြင်းလိုက်တာ ကောင်းတယ်။ မင်းသမီး ၁၃က ထက်မြက်တာကို ကြားဖူးတယ်။ ဒါပေမယ့် သူ့လို မင်းသမီး တစ်ပါးက ငါတို့လို ဆင်းရဲတဲ့ မိသားစုနဲ့ လက်ထပ်ဖို့ မသင့်တော်ဘူး။ အမေ ထင်တာတော့ ယွဲ့အာက ပိုကောင်းတယ်။ မြန်မြန် လက်ထပ် လိုက်တာ မကောင်းဘူးလား။” ချီရှင်းလိန် ခေါင်းခါရင်းနဲ့ ဝူယွဲအာကို မျက်စပြစ် ပြတယ်။
“အမ်။” ဒါတွေ ဘယ်လို ဖြစ်လာမှန်း နောက်ဆုံးတော့ ဖန်ကျန်းရှီ နားလည်သွားပြီ။ သူ့အမေက နောက်ကွယ်က စီစဉ်နေတာ မဟုတ်ဘူး။ နောက်ကွယ်မှာ ကြိုးကိုင် နေတာက ဝူယွဲ့အာပဲ။
“အမေ ဆုံးဖြတ်လိုက်ပြီ။ ဒီလိုပဲ စီစဉ် လိုက်တာပေါ့။” ချီရှင်းလိန် ပြတ်ပြတ်သားသားပြောတယ်။ ဖန်ကျန်းရှိရဲ့ စိတ်ထဲမှာ ရှိနေတာကို ဂရုမစိုက်ဘူး။ သူမ ဖိအား ပေးနေပြီ။
“အမေ။ ဒီလို မလုပ် ပါနဲ့လား။ သားကို တကယ်ပဲ ဝူယွဲ့အာနဲ့ လက်ထပ် စေချင်တာလား။ ဝူယွဲ့ အာ အကြောင်းကို အမေ အများကြီး မသိဘူးနော်။ သူ သူကလေ ပိုက်ဆံကိုပဲ ကြည့်တဲ့သူ။ ဝူယွဲ့အာကို သား လုံး၀ လက်မထပ်နိုင်ဘူး။” ဖန်ကျန်းရှီ တောင်းပန် နေတယ်။
“ဖန်ကျန်းရှီ သေချင် နေတာလား။” ဒေါသထွက်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။ လူတစ်ယောက်လည်း ဖန်ကျန်းရှီဆီကို ရောက်လာတယ်။
“အမေ တွေ့လား။ ဒီလို လူမျိုးကို သားလုံး၀ လက်မထပ်နိုင်ဘူး။” ပြန်ပြီးတော့ ချေပချင်တဲ့ ပုံစံ မရှိပဲ ဖန်ကျန်းရှီ တည်တည်ငြိမ်ငြိမ် ပြောနေခဲ့တယ်။
“နင်။” ဝူယွဲ့အာ လှုပ်ရှားတာကို ရပ်တန့်လိုက်တယ်။ သူမရဲ့ အမူအယာ ချက်ခြင်း ပြောင်းလဲသွားတယ်။ လန့်နေတဲ့ ချီရှင်းလိန်ကို ဝူယွဲ့အာ သွားဖြီးပြီး ပြုံးပြတယ်။ “ဒေါ်လေး။ ယွဲ့အာက ဖန်ကျန်းရှီကို စနေတာပါ။”
“စနေတာ။ အာ သိပြီ။ အချစ်လေး ယွဲ့အာ။ ငါတို့ကို သီချင်း တပုဒ်လောက် တီးခတ် ပြပါလား။” သွားဖြီးပြနေတဲ့ ဝူယွဲ့အာကို ကြည့်ရင်း ဖန်ကျန်းရှီ မျက်လုံးမှာ ကောက်ကျစ်တဲ့ အငွေ့အသက်တွေ ပေါ်လာတယ်။
“ဖန်ကျန်းရှီ နင်။ ဟီးဟီး ။ ကောင်းပါပြီ။ သီချင်း တီးပြ စေချင်တာ မဟုတ်လား။ ငါသွားပြီးတော့ ပြင်ဆင်လိုက်မယ်။ နင့်ကို ကျေနပ်အောင် လုပ်ပေးမယ်။” ဝူယွဲ့အာ သက်ပြင်းချလိုက်တယ်။ အဲ့ဒီ့နောက် ထွက်ခွာသွားတော့တယ်။
“ပန်းနီ ကြီးကြီးလေး တပွင့်ကို ပန်လာဖို့ မမေ့ နဲ့အုန်းနော်။” ဖန်ကျန်းရှီ ပြုံးပြရင်းနဲ့ ပြောလိုက်တယ်။
သူ့အမေကို သုံးပြီးတော့ လက်ထပ်ဖို့ ဖိအား ပေးချင်တာ မဟုတ်လား။
ကောင်းပြီလေ။ ကစားကြစို့။
“ကျန်းအာ။” ချီရှင်းလိန်ရဲ့ အသံ ထွက်ပေါ်လာတယ်။
“အမေ စောစော အနားယူနော်။ သား။” သူ့အမေ အကြောင်းကို သိတာကြောင့် စကားဆုံေးအာင် မပြောခင် ထွက်သွားဖို့ ပြင်တယ်။
“ကျန်းအာ။ အမေ နေကောင်းတယ်။ ယွဲ့အာကိုသာ အမေ့ အတွက် ခေါ်လာခဲ့။ မဟုတ်ရင် ငါ့ကို အမေလို့ မခေါ်နဲ့တော့။” ချီရှင်းလိန် ပြောတယ်။ ဖန်ကျန်းရှီကို ထွက်သွားခွင့် မပြုနိင်ဘူး။
“…” ဖန်ကျန်းရှီ ရပ်တန့်သွားတယ်။ သူထွက်ခွာ မသွားတော့ဘူး။ ဖန်မိသားစု အိမ်က သူပတ်ပြေးဖို့ သေးလွန်းတယ်လေ။
ဒါပေမယ့် အခု ကိစ္စကြောင့် သူ အတော်လေးကို ခေါင်းကိုက်နေပြီ။ မြောက်ရွာမှာ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်က လက်ထပ်ပြီးရင် အိုမင်းတဲ့ အထိ အသက်ထက်ဆုံး ပေါင်းသင်းရတယ်။ လက်ထပ် ပြီးတဲ့အချိန် လုပ်ရတဲ့ ဓလေ့ ထုံးစံတွေလည်း အများကြီး ရှိတယ်။ ဒါပေမယ့် အခုတော့ ဒီစည်းမျဉ်းထဲမှာ စတေးခံရမှာလား။
ဖိအားပေးပြီးတော့ လက်ထပ်ခံရ တော့မှာလား။
ချီရှင်းလိန်ရဲ့ ပုံစံကို ကြည့်ရုံနဲ့တင် သူ့စိတ်ကူးကို ပြောင်းလို့ ရမှာ မဟုတ်မှန်း သိတယ်။ ရွေးချယ်စရာ မရှိတော့ဘူး။ ဝူယွဲ့အာကို လက်ထပ်ရ တော့မှာလား။
ဖန်ကျန်းရှီက ဒီကိစ္စကို အရင်က စဉ်းစားဖူးတယ်။ နည်းနည်းလေးပဲ တွေးဖူးတာ။ ဒါပေမယ့် ဝူယွဲ့အာက ဒီလို လဝက်လောက် အချိန်လေးနဲ့ သူ့အမေကို သိမ်းသွင်း နိုင်လိုက်တယ်။ ဒီကောင်မလေး ဘာတွေများ လုပ်လိုက်တာလဲ။
“သဘက်ခါဆို မင်္ဂလာပွဲ ကျင်းပမယ်။ မင်းသားရှန်းက အခုချိန်မှာ အကူတွေ အများကြီးကို ခေါ်လာတော့ လူတွေ အများကြီး ရွာထဲမှာ ရောက်နေတယ်။ ရွာကွင်းပြင်မှာပဲ မင်္ဂလာပွဲ လုပ်လိုက်ရအောင်။” ဒီအချိန်မှာပဲ ဖန်ဟို့ဒဲ ရောက်လာခဲ့တယ်။
“အဖေကြီး ဘာတွေ စောင့်နေတာလဲ။ မင်္ဂလာ လက်ဖွဲ့တွေ ပြင်ထားလိုက်တော့။”
“အိုး။ မင်္ဂလာလက်ဖွဲ့ ဟုတ်တယ်။ ဟုတ်တယ်။ အဖေကြီး သွားပြင်ထား လိုက်မယ်။” ဖန်ဟို့ဒဲ ချက်ခြင်း အိမ်ကနေ ထွက်သွားတယ်။ သိပ်မကြာခင်ပဲ သေတ္တာကြီး တစ်လုံးနဲ့ ပြန်ရောက်လာ ခဲ့တယ်။
“အမေ။ အမေ အတည် ပြောနေတာလား။” သေတ္တာကြီးကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ ခါးသက်သက် ပြုံးနေမိတယ်။ ဒီသေတ္တာထဲမှာ ဘာတွေ ပါမှန်း သူသိတယ်လေ။ ရတနာ ငါးမျိုး အပြင် စာချုပ် တစ်ခုလည်း ရှိသေးတယ်။ တောင်ပိုင်း ဒေသထဲက ရွှေတွင်း ဆယ်တွင်းနဲ့ ပတ်သက်ပြီး သဘော တူညီထားတဲ့ စာချုပ်။ ဒီသေတ္တာကြီးက သူ့ရဲ့ ပိုင်ဆိုင်သမျှ စုစည်းမှုပဲ။
အရိပ်မျိုးနွယ်မှာ တစ်နှစ်ကျော် နေလိုက်တာ သူ့ရဲ့ ဗဟုသုတတွေက အတော့်ကို မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီ။ ဒါကြောင့် သူ့တန်ဖိုးက တခြားသူတွေနဲ့ မတူညီပဲ ကွာခြားနေပြီ။
အရိပ်မျိုးနွယ်စုမှာ တစ်နှစ်ကျော်အောင် တန်ဖိုးရှိတဲ့ အရာတွေကို စုဆောင်း နေခဲ့တယ်။ နောက်ဆုံးတော့ တန်ဖိုးကြီး ရတနာ ငါးခုကို သူရလာခဲ့တယ်။ မြောက်ရွာကို ပြန်လာတဲ့ အချိန်မှာ ဒီရတနာတွေ အားလုံးကို သစ်သား သေတ္တာထဲကို ထည့်ထားခဲ့တယ်။ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ နှစ်ယောက်ပဲ ဒီကိစ္စကို သိတယ်။ တခြား ဘယ်သူမှ မသိဘူး။
အစကတော့ ဒီရတနာတွေရဲ့ တန်ဖိုး အကြောင်း သူ့မိဘတွေကို မပြောပြ ထားဘူး။ ရှေးဟောင်း ပစ္စည်း တွေလို့ပဲ။ ဒါတွေ အကြောင်းကို အများကြီး မပြောထားဘူး။ ဒါတွေကို အိမ်မှာပဲ ထားထားရတဲ့ အကြောင်းရင်းက ရှင်းပါတယ်။ ရန်မြိုကတော်မှာ အသက်ရှင်မယ်လို့ သူမမျှော်လင့် ထားလို့ပဲ။
“ဒါပေါ့။ အမေပြောမယ်။ ဒီ ရတနာတွေနဲ့ ဆိုရင် ယွဲ့အာကို မင်္ဂလာ လက်ဖွဲ့ ပေးလို့ရပြီ။ ဒါတွေက ရှေးဟောင်း ပစ္စည်း အဟောင်းတွေပဲလေ။” ချီရှင်းလိန် ခေါင်းငြိမ့်ရင်း ပြောနေတယ်။
“ရှေးဟောင်း ပစ္စည်း အဟောင်းတွေ။ အမေ။ ဒါတွေက ဘာမှန်း သိလို့လား။” ဖန်ကျန်းရှှီ စိတ်ထဲမှာ စော်ကား ခံသလို ခံစား နေရတယ်။
“အဲ့တာ ဘာတွေလဲ။”
“ရှေးဟောင်း ပစ္စည်းတွေ အကြောင်းကို ထားလိုက်အုန်း။ ဒီစာချုပ်ကို တစ်ချက်ကြည့်။ အာ အမေက တောင်ပိုင်း ဒေသ စာတွေမှ မသိပဲ။ ဒါက ရွှေတွင်းတွေ။ ရွှေတွင်း ဆယ်ခု။” ဖန်ကျန်းရှီ အသံ ခပ်တိုးတိုးနဲ့ ပြောတယ်။ ဝူယွဲ့အာရဲ့ လိုချင် လောဘကို သွားမစ ချင်ဘူး။
“ရွှေတွင်းတွေ ဟုတ်လား။” ချီရှင်းလိန် ရယ်မောရင်း ပြောတယ်။ “ကျန်းအာ၊ အမေက စာအများကြီး မတတ်ဘူး။ ဒါပေမယ့် ရွှေတွင်းတွေကို တောင်ပိုင်း တော်ဝင် မျိုးနွယ်တွေက ထိန်းသိမ်း ထားတာကို အမေသိတယ်။ ဒါတွေကို သူတို့က ဘာဖြစ်လို့ သားဆီ ပေးထားမှာလဲ။”
“ပုံမှန် ဆိုရင်တော့ ဒီလိုပါပဲ။ ဒါပေမယ့် အခု ဒီစာချုပ်က တကယ် ရွှေတွင်းတွေ။ အရင် တောင်ပိုင်း စစ်ပွဲတုန်းက အခုလက်ရှိ တောင်ပိုင်း ဧကရီ ရှန်းယွီနဲ့ သဘောတူ စာချုပ် ချုပ်ခဲ့တာ။ သူတို့တွေက သားကို တောင်ပိုင်း ဒေသရဲ့ အကြီးဆုံး ရွှေတွင်း ဆယ်တွင်း ပေးခဲ့တယ်။” ဖန်ကျန်းရှီ ရှင်းပြတယ်။
“ဒါဆို သားပြောတာ အမေတို့မှာ ရွှေတွင်း ဆယ်တွင်းတောင် ရှိတယ်ပေါ့။”
“ဟုတ်တယ်။ ဒီရတနာတွေက ပိုပြီးတော့တောင် တန်ဖိုးကြီးသေးတယ်။ ရတနာ တစ်ခုချင်းစီက မြို့ တစ်မြို့ စာလောက်ကို တန်ဖိုးရှိတယ်။”
“ဒါဆိုရင် မြို့ငါးမြို့စာပေါ့။”
“ဒါတင် မကဘူး။ သားမှာ ကိုယ့်ဘာကိုယ် စုထားတဲ့ ငွေတွေလည်း ရှိသေးတယ်။ ၂သန်းလောက် ပိုက်ဆံ ရှိတယ်။ သား ဆုရထားတာတွေ အားလုံး ပေါင်းလိုက်ရင် နောက်ထပ် သေတ္တာ နှစ်လုံး ၃လုံးလောက် ထပ်ရှိသေးတယ်။”
“ကျန်းအာ။ ဒီတစ်ခေါက် ခရီးသွားတာ သား ခေါင်းထိ သွားတာလား။” ချီရှင်းလိန်က ဖန်ကျန်းရှီကို ကြည့်ရင်း စိုးရိမ် တကြီးနဲ့ ပြောနေတယ်။
“…” ဖန်ကျန်းရှီ ပြောစရာ စကားမရှိ ဖြစ်သွားတယ်။
……
ချီရှင်းလိန် သူ့ကို မယုံတဲ့ အကြောင်း ဖန်ကျန်းရှီသိတယ်။ ဒါပေမယ့် သူမက သူ့ကို ယုံရင်တောင် အသိပညာက ကန့်သတ် ချက်ကြောင့် နားမလည် နိုင်တာတွေ အများကြီး ရှိသေးတယ်လေ။ အရင်လောက အသိဉာဏ်နဲ့တောင် တွေးလို့ရတယ်။ ၁၈ နှစ်သား တစ်ယောက်က အိမ်ကနေ ၂လလောက် ပျောက်သွားပြီးတော့ အိမ်ပြန် ရောက်လာတဲ့ အချိန် သူ့မှာ ငွေ ၂သန်းကျော် ပါလာတယ်လို့ ပြောတာ ဘယ်သူ ယုံမှာလဲ။
ဖန်ကျန်းရှီလည်း နောက်ထပ် ရှင်းမပြတော့ဘူး ငွေသား နှစ်သန်း ပါတဲ့ ငွေလက်မှတ်တွေကို ချီရှင်းလိန် ရှေ့မှာ ချပေးလိုက်တယ်။ ငွေလက်မှတ်တွေရဲ့ ခပ်ဖျော့ဖျော့ အရောင်က နေရောင်အောက်မှာ တောက်ပနေတယ်။ ချီရှင်းလိန် လန့်သွားခဲ့တယ်။ သေတ္တာကြီးကို သယ်ထားတဲ့ ဖန်ဟို့ဒဲလည်း လန့်သွားခဲ့တယ်။ ဒီငွေသားတွေကို အသေးစိတ် မရေတွက် နိုင်ဘူး။
“ကျန်းအာ။ အရင်က အမေ မမေးဖူးဘူး။ မေးလည်း မမေးဝံ့ဘူး။ ဒါပေမယ့် အခုတော့ အမေ မေးရတော့မယ်။ ရန်မြို့တော်ကို သွားတဲ့ အချိန် ဘာတွေ ဖြစ်ခဲ့တာလဲ။”
“ဘာမှ အများကြီး မဖြစ်ခဲ့ပါဘူး။ မြောက်ပိုင်း လူရိုင်းတွေ ကျုးကျော်တာကို တားပေး ခဲ့ရုံပါပဲ။”
“မြောက်ပိုင်း လူရိုင်းတွေ။”
“နောက်ပြီးတော့ နတ်ဆိုး ဘုရင်ကိုလည်း သတ်ခဲ့သေးတယ်။”
“နတ် နတ်ဆိုး ဘုရင်။ အဲ့တာ ဘာလဲ။” ချီရှင်းလိန် ပါးစပ် အဟောင်းသားနဲ့ တအံ့တသြ မေးနေခဲ့တယ်။
“သားရဲကောင်ကြီး တစ်ကောင်လို့ ပြောလို့ရတယ်။” ချီရှင်းလိန် စိုးရိမ် သွားမှာဆိုးလို့ ဖန်ကျန်းရှီက ပုံမှန် အတိုင်း ပြောတယ်။
“အင်း။ သားရှင်းပြရင်တောင် အမေ နားမလည်ပါဘူး။” ချီရှင်းလိန် ခေါင်းငြိမ့်ရင်းနဲ့ တိတ်ဆိတ်သွားတယ်။ ဖန်ဟို့ဒဲကို လက်ဝေ့ယမ်းပြတယ်။ “ကျန်းအာမှာ ငွေရှိပေမယ့် ယွဲ့အာကို အထင်သေးတာမျိုး မဖြစ်သင့်ဘူးလေ။ ရွှေတွင်းတွေကို ထားခဲ့ပြီးတော့ ရတနာတွေထဲက ၂ခုနဲ့ ယွဲ့အာကို တင်တောင်းလိုက်မယ်လေ။”
“ဟုတ်တယ်။ ယွဲ့အာကို နိမ့်ကျ စေလို့ မဖြစ်ဘူး။ ငါတို့မှာ ငွေတွေ များများ ပိုရှိတော့ တင်တောင်းငွေ များများ ပေးလို့ ရတာပေါ့။” ဖန်ဟို့ဒဲ သဘောတူတယ်။
“ဒါဆိုရင် ငွေသား ရှစ်သောင်းနဲ့ တင်တောင်းရအောင်။” ချီရှင်းလိန် ဆက်ပြောတယ်။
“အဖေနဲ့ အမေ။ သားပြောတာကို နားမလည်ဘူးလား။” ဖန်ကျန်းရှီ မျက်လုံး ပြူးကြီးနဲ့ ကြည့်နေခဲ့တယ်။ သူ့ဘဝရဲ့ အောင်မြင်မှုတွေကို ဒီတိုင်း လွင့်ပြစ် ရတော့မှာလား။ အခုချိန်မှာ စကားပြော ချင်ပေမယ့် ဘာပြောရမယ် မှန်းတောင် မသိတော့ဘူး။
“အမေတို့ နှစ်ယောက်လုံး နားလည်ပါတယ်။ သားက တာဝန်ကျေတဲ့ သားမှန်းလည်း သိတယ်။ ဒါပေမယ့် အမေတို့မှ တခြား သုံးစရာမှ မရှိပဲ။ ကျန်တဲ့ ဘဝမှာ ကောင်းကောင်းနေရရင် ရပါပြီ။
“…” ဖန်ကျန်းရှီ ခါးသက်သက် ပြောမိတယ်။ “အမေ သားက လက်ထပ်ဖို့ ငယ်သေးတယ်လေ။”
“ဒါပေမယ့် အမေတို့ မြေးချီချင်ပြီ။”
“သား အဆင်သင့် မဖြစ်သေးဘူး။”
“စိတ် မပူပါနဲ့။ အဖေတို့ အမေတို့ ကူညီ ပေးမယ်။ သားတို့ မင်္ဂလာ အိပ်ခန်းထဲ ဝင်တဲ့ အထိ အကုန်လုံး အစ အဆုံး လုပ်ပေးမယ်။”
“ညှိနှိုင်းလို့ ရလား။”
“မရဘူး။”
“အမေ တကယ်တော့ ဝူယွဲ့အာကို သား လက်မထပ်ချင်ဘူး။ အပြင်ကနေ ချွေးမ တစ်ယောက် ရှာလာ ပေးရင်ကော အဆင်ပြေလားဟင်။”
“ရတယ်။ ဒါပေမယ့် ယွဲ့အာကို အရင်ဆုံး လက်ထပ်။”
“ဘာဖြစ်လို့လဲ။”
“သား တွေးနေတာကို အမေ မသိဘူးများ မှတ်နေလား။ သားက နယ်စားမင်း ဖြစ်နေပြီ မိန်းမ ၂ယောက် ၃ယောက် ယူလည်း ကိစ္စ မရှိဘူး။ ဒါပေမယ့် အမေကတော့ ယွဲ့အာကိုပဲ သဘောကျတယ်။ သား သဘောမကျရင်တောင် ယွဲ့အာကို အရင်ဆုံး လက်ထပ်။ နောက်မှ နောက်တစ်ယောက် ထပ်ယူ။”
“..” ဖန်ကျန်းရှီ ပြန်ပြောချင်ပေမယ့် သူ့ကို မွေးထားတဲ့ အမေ အရင်း ခေါက်ခေါက်ကြီး ဖြစ်နေတော့ ပါးစပ် ပြန်ပိတ်လိုက်တယ်။
ဘယ်လိုတောင်လဲ။
ဝူယွဲ့အာကို တကယ်ပဲ လက်ထပ် ရတော့မှာလား။
ဖန်ကျန်းရှီ ခေါင်းတောင် ကိုက်နေပြီ။ ဝူယွဲ့အာကို လက်မထပ် ချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမကို သွားဖို့ အချိန် နောက်ကျ လိမ့်မယ်။ အကယ်၍ ရွာမှာ လက်ထပ်ပွဲ လုပ်ရင် ကောင်းကင် တာအို ခန်းမ ပြိုင်ပွဲ ပြီးမှ သူရောက်သွား လိမ့်မယ်။ ဒါက ပထမ အကြောင်းရင်းပဲ။
ဒုတိယ တစ်ခုကတော့ သူတကိုယ်ကောင်း မဆန်ချင်ဘူး။ တခြား အချိန်တွေမှာ သူ့ကိုယ်သူ အတွက်ပဲ အမြဲ တွေးနေတာတော့ ဟုတ်တယ်။ အခု တစ်ခေါက်ကတော့ ကွာခြားတယ်။ သူ့မှာ အသက်ရှင်ချိန်က လပိုင်းပဲ ကျန်တော့တယ်။
ဝူယွဲ့အာကို အခု လက်ထပ်ပြီးတော့ လင်မယား အရာ မြောက်သွားခဲ့ရင်၊ မိဘတွေကို မြေးချီ ရအောင်လည်း လုပ်နိုင်မယ်။ ဒါပေမယ့် ဝူယွဲ့အာ အတွက်ကျတော့ နောက်၄လကျော် အချိန်တွင်းမှာ မုဆိုးမ ဖြစ်သွားမှာလေ။
တခြား အမျိုးသမီး ဆိုရင်တော့ ဖန်ကျန်းရှီ သိပ်ဂရု မစိုက်ဘူး။ ဒါပေမယ့် ဝူယွဲ့အာကိုတော့ ဒီလို မလုပ်နိုင်။ ဆက်ပြီးတော့ အသက်ရှင် နိုင်မှာ မသေချာပဲနဲ့ လက်မထပ် နိုင်ဘူး။
ချီရှင်းလိန်ကတော့ ဒါတွေကို မသိဘူးလေ။ ဖန်ကျန်းရှီလည်း သူ့အမေကို ဒီအကြောင်း မသိစေချင်ဘူး။ အသက်ရှင်ချိန် ၄လပဲ ကျန်တော့တဲ့ အကြောင်းကို သူ့အမေကို မပြောပြ နိုင်ဘူး။
ညမှာ ထွက်ပြေးရမလား။
နောက်ဆုံး အခြေအနေ အတွက် တွေးမိပြန်တယ်။ ဒါလည်း မလုပ်ချင်။ သူ့မိဘတွေ နောက်တစ်ခေါက် စိတ်ပူ နေရမှာလေ။ သူ့အမေကလည်း ကျန်းမာရေး တော်တော် မကောင်း ဖြစ်နေတာ။ သူ့အမေကို ပျော်ပျော် ရွှင်ရွှင် ထားချင်တယ်။ လဝက်လုံးလုံး ပူဆွေးသောက ရောက်နေ ရတာတွေကို သက်သာ စေချင်ပြီ။ သူသာ နောက်တစ်ခေါက် ပျောက်သွားရင် သူ့အမေလည်း အိပ်ယာထဲ လဲသွားနိုင်တယ်။
ချီရှင်းလိန်ရဲ့ (အတင်းအကြပ် လက်ထပ်ပွဲ)ကို သူ မငြင်းနိုင်ဘူး။
ဝူယွဲ့အာကိုလည်း လက်မထပ် နိုင်ဘူး။ မြောက်ရွာကနေလည်း ချက်ခြင်း ထွက်သွားဖို့ လိုသေးတယ်။ သူရွာက ထွက်သွားတဲ့ အချိန် သူ့မိဘတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မစိုးရိမ်ပဲ ရှိနေဖို့လည်း လိုတယ်။
တကယ့်ကို ခက်ခဲတဲ့ မေးခွန်းပဲ။
အခုချိန် သူ ဘာလုပ် သင့်သလဲ။
အပိုင်း(၆၃၀)ပြီး၏။