← Chapters

အပိုင်း (၆၃၁-၆၄၀)

Vol. 7 Ch. 631-640

အပိုင်း (၆၃၁-၆၄၀)

Vol. 7 Ch. 631-640

အပိုင်း (၆၃၁)

“လူတစ်ယောက်ရဲ့ တံတားကို မီးရှို့ မပြစ်နဲ့။”

အရမ်းကို ဇွဲကောင်းနေတဲ့ သူ့အမေကို ဖန်ကျန်းရှီ ကြည့်နေမိတယ်။ သူမ မျက်နှာ တစ်ခုလုံးက ပင်ပန်းမှုကြောင့် ဖြူလျော် နေပြီ။ မျှော်လင့်တကြီးနဲ့ သူ့သားကို ကြည့်နေခဲ့တယ်။

နောက်ဆုံးတော့ ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။

“ကျန်းရှီ။ သား သဘောတူ တာလား။” ချီရှင်းလိန် ဖြူဖျော့ဖျော့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ တောက်ပလာတယ်။

“သား သဘောတူတာက အရေးမကြီးဘူး။ ဝူယွဲ့အာ သဘော မတူသေးဘူး မဟုတ်လား။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောမိတယ်။

“ဒီကိစ္စကို မစိုးရိမ်ပါနဲ့။ အမေနဲ့ ယွဲ့အာ ဆွေးနွေးပြီးပြီ။ ယွဲ့အာ သဘောတူ လိုက်ပြီ။” ဖန်ကျန်းရှီ မေးချင်တာကို ခန့်မှန်းပြီးတဲ့ အတိုင်း ချီရှင်းလိန် ပြန်ဖြေခဲ့တယ်။

သူပျောက်နေတဲ့ ရက်၂၀ အတွင်း ဘာတွေ ဖြစ်ခဲ့လည်း နောက်ဆုံးတော့ ဖန်ကျန်းရှီ နားလည် သွားခဲ့ပြီ။ ဝူယွဲ့အာ။ ဒီဟာမလေး တကယ်ပဲ သဘောတူ လိုက်တယ်ပေါ့။ ဒီကောင်မလေးက မင်္ဂလာ ခန်းဝင် ပစ္စည်းတွေ အကြောင်းတောင် မစဉ်းစားပဲ သဘောတူ လိုက်တယ်လား။ ဝူယွဲ့အာရဲ့ ပုံစံနဲ့ လုံး၀ မတူဘူး။

မဟုတ်နိုင်ဘူး။ နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခုတော့ ရှိလိမ့်မယ်။ ဝူယွဲ့အာက သူ့အတွက် အကျိုးမရှိတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ဘူး။ ပြန်စဉ်းစားကြည့်ရင် ဒါတွေက အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ဘူး။ အရေး အကြီးဆုံးက ဝူယွဲ့အာကို သူလက်မထပ် နိုင်တာပဲ။

“အမေ မြေးချီချင်နေတာ သားသိပါတယ်။ ဒါပေမယ့် တချို့ ကိစ္စတွေက အလောတကြီး လုပ်လို့ မရဘူးလေ။” ဖန်ကျန်းရှီက တံခါးကို ကြည့်လိုက်တော့ ဝူယွဲ့အာ ပြန်မလာ သေးတာကို တွေ့လိုက်တယ်။ စိတ်ထဲမှာ ထူးဆန်း နေမိတယ်။

“ဘာဖြစ်လို့ အလောမကြီး ရမှာလဲ။ ယွဲ့အာကလည်း သဘောတူလိုက်ပြီ။ ငါတို့လည်း တင်တောင်းဖို့ မင်္ဂလာ ခန်းဝင် ပစ္စည်းတွေကို ပြင်ဆင် ထားပြီးပြီ။ အရင်ဆုံး အခြေတကျ ဖြစ်အောင် လုပ်ရမယ်။ နောက်နောင် ဘယ်ကောင်မလေးကိုပဲ လက်ထပ် လက်ထပ် အမေ ဂရု မစိုက်ဘူး။” ချီရှင်းလိန်ရဲ့ အသံက အရမ်းကို သိသာနေတယ်။

“အမေ မေ့နေတာလား။ သားက အခု မင်းသားကန် ဖြစ်နေပြီလေ။”

“သား ဘာပြောချင်တာလဲ။ သားက နယ်စားမင်း ဖြစ်သွားတော့ အမေ့ စကားကို နားမထောင် တော့တာလား။” ချီရှင်းလိန် စကားပြောရင်းနဲ့ အသက်ရှူသံတွေ မြန်ဆန်လာတယ်။

“အဲ့လို မဟုတ်ပါဘူး အမေရယ်။ သား ပြောချင်တာက ရန်မြို့တော်မှာ ဧကရာဇ်ကို အရင်ဆုံး သတင်းပို့ ရအုန်းမယ်။” ချီရှင်းလိန်ကို လိမ်ဖို့ စိတ်ကူး မရှိခဲ့ပေမယ့် အခုချိန်မှာ လိမ်မှ ဖြစ်တော့မယ်။

“သတင်းပို့ရမှာလား။” ချီရှင်းလိန် မေးခဲ့တယ်။

“ဟုတ်တယ်။ အမေ သေချာတွေးကြည့်။ သားက ဧကရာဇ်မင်း စီစဉ်ပေးထားတဲ့ လက်ထပ်ပွဲကို ငြင်းပယ်ထားတာ သိပ်မကြာသေးဘူး။ အခု ဝူယွဲ့အာကို ချက်ခြင်း လက်ထပ် လိုက်တာက ရိုင်းစိုင်းရာ ရောက်တယ်လေ။”

“ဒါ။” ချီရှင်းလိန် တိတ်ဆိတ် သွားခဲ့တယ်။

“ဒါပေါ့။ သား နားလည်ပါတယ်။ အမေတို့ မြေးချီချင် နေပြီမှန်း။ ဒီလို လုပ်ရင်ကော ဘယ်လိုလဲ။ မနက်ဖြန မနက်စောစော ရန်မြို့တော်ကို သားသွားလိုက်မယ်။ ဒါတွေ အားလုံး ဧကရာဇ်ကို ရှင်းပြလိုက်မယ်လေ။” ဖန်ကျန်းရှီ ကြိုးစားပြီး တောင်းဆို နေတယ်။

“ကျန်းအာ ပြောတာ မှန်တယ်။ သားက အခုချိန်မှာ နယ်စားမင်း ဖြစ်နေပြီ။ ဧကရာဇ်မင်းဆီ ဝင်တွေ့ပြီးတော့ လက်ထပ်ဖို့ ခွင့်ပြုချက် တောင်းရမှာပဲ။” ဖန်ဟို့ဒဲ ချက်ခြင်း ထောက်ခံတယ်။

“အဖေကြီး။ ကျွန်မကို ဓလေ့ ထုံစံတွေ ဘာမှ မသိတဲ့ သူလို့ ပြောနေတာလား။ ကျန်းအာက အခု နယ်စားမင်း ဖြစ်နေတာကို သိတယ်။ ဒါပေမယ့်။” ချီရှင်းလိန် တွေေ၀ နေတယ်။

“အမေ စိတ်မပူပါနဲ့။ မြောက်ရွာကနေ ရန်မြို့တော်ကို သွားတာ လနည်းနည်းပဲ ကြာမှာပါ။” သူ့ အဖေရဲ့ အကူအညီနဲ့ နောက်ဆုံးတော့ မျှော်လင့်ချက် ရှိခဲ့ပြီ။

“ကောင်းပြီ။ သား ရန်မြို့တော်ကို သွားဖို့ အမေ သဘောတူတယ်။ ဒါပေမယ့် အမေ့ကို တစ်ခု ကတိပေးရမယ်။ ပြန်လာတာနဲ့ ယွဲ့အာကို ချက်ခြင်း လက်ထပ်။” ချီရှင်းလိန် အကြာကြီး တွေးပြီးတဲ့နောက် ပြောလိုက်တယ်။

“…” ဖန်ကျန်းရှီ စိတ်ထဲမှာ ခါးသက် နေမိတယ်။ ဒါပေမယ့် အခုချိန်မှာ သူသဘောတူမှ ဖြစ်မယ်။ ဒါမှပဲ သူထွက်သွားတဲ့ အချိန် သူ့အမေ စိတ်မပူမှာ။ “ကောင်းပါပြီ။ သားသဘောတူပါတယ်။”

…

“နင် သဘောတူလိုက်ပြီ ဆိုတော့ မသွားခင် မင်္ဂလာ ရက်လေး သတ်မှတ်ခဲ့တာ ပိုမကောင်းဘူးလား။” ဖန်ကျန်းရှီရဲ့ စကား ဆုံးတာနဲ့၊ အနီရောင် ပိုးထည်တွေကို ကိုင်ထားတဲ့ လူတစ်ယောက် အခန်းထဲကို ဝင်လာခဲ့တယ်။

“ဝူယွဲ့အာ။” ဖန်ကျန်းရှီရဲ့ အမူအယာ ချက်ခြင်း ပြောင်းလဲ သွားတယ်။ ဝူယွဲ့အာ အပြင်မှာ ရှိနေမယ်လို့ သူမထင်ထား မိဘူး။ အလစ်ဝင်တိုက် ခံလိုက် ရသလိုပဲ။ မင်္ဂလာရက် သတ်မှတ်မယ် ဆိုတာ ဘာကို ပြောချင်တာလဲ။ သူ့အမေကို စိတ်အေးအောင်လို့ သူကြိုးစား နေတာကို သူ မမြင်ဘူးလား။

“ယွဲ့အာ မှန်တယ်။” ဖန်ဟို့ဒဲ ချက်ခြင်း သဘောတူတယ်။

“ယွဲ့အာ မြန်မြန် လာထိုင်။ ဒီသေတ္တာထဲက ကြိုက်တာ ရွေးလိုက်။ မင်္ဂလာ လက်ဆောင် ဒေါ်လေး ပေးမယ်။” ချီရှင်းလိန်က ဝူယွဲ့အာ ရုတ်တရက် ပေါ်လာတာကို လန့်သွားတဲ့ ပုံပဲ။ ဒါပေမယ့် သူမ ချက်ခြင်း ပြုံးပြရင်း ပြောတယ်။ သူမရဲ့ နှလုံးသားထဲမှာတော့ ဝူယွဲ့အာ ပြောခဲ့တဲ့ (သစ္စာရှိရှိ) ဆိုတဲ့ စကားက ပဲ့တင် ထပ်နေတယ်။ ဖန်ကျန်းရှီရဲ့ ဇနီး အဖြစ် အမြဲ သစ္စာရှိရှိ နေမယ်ဆိုတဲ့ သဘောပဲ။ ဒါကြောင့် ချီရှင်းလိန် ပျော်ရွှင် နေခဲ့တယ်။

“ကျေးဇူးပါ ဒေါ်လေး။” ဝူယွဲ့အာ ချက်ခြင်း ကုတင်ပေါ်ကို ရောက်သွားတယ်။ သေတ္တာထဲကို အရောင် တလက်လက် တောက်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ အတော့်ကို အမူအယာ ပျက်နေပြီ။ ဒီရတနာ ငါးခုကို ဝူယွဲ့အာဆီက ရဖို့ မနည်းကြိုးစား ထားရတာ

ဒီရတနာ တစ်ခုကို ပေးလိုက်ရတဲ့ အချိန်တိုင်း ဝူယွဲ့အာ လဝက်ကျော် မစားနိုင် မအိပ်နိုင် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အခုတော့ ရတနာတွေ အားလုံးက ဝူယွဲ့အာ ရှေ့မှာ ပြန်ရောက်နေပြီ။ ဝူယွဲ့အာ ဒါကို ကြံစည်နေတာ ကြာလောက်ပြီ။ အခုတော့ ဒီရတနာ ငါးခုထဲက တန်ဖိုး အကြီးဆုံး တစ်ခုကို ယူမှာပဲ။

ဖန်ကျန်းရှီ ဝူယွဲ့အာကို အထင်သေးမိ သွားတယ်။

“ဒေါ်လေး။ ယွဲ့အာ ဒီရှေးဟောင်း ပစ္စည်း ငါးခုလုံးကို သဘောကျတယ်။ ကျေးဇူး အများကြီး တင်ပါတယ် ဒေါ်လေး။” ဝူယွဲ့အာက လိမ်လိမ်မာမာလေး ကျေးဇူးတင်စကား ပြောနေတယ်။

ဖန်ကျန်းရှီ တောင့်တင်းသွားခဲ့တယ်။

ချီရှင်းလိန်လည်း တောင့်တင်း သွားပေမယ့် တစ်ခဏ အတွင်း သူမ ပြုံးပြတယ်။ “ယွဲ့အာ အားလုံးကို ကြိုက်တယ်ဆိုတော့ အားလုံးသာ ယူလိုက်။ လက်ဆောင်ပေးမယ်။ ဒေါ်လေးနဲ့ ဟို့ဒဲကလည်း ဒါတွေကို မသုံးဘူးလေ။ ဒါတွေ အားလုံးကို ယူလိုက်ရင်တောင် ပိုက်ဆံတွေ အထပ်လိုက် ရှိပါသေးတယ်။”

“အမေ။ သား တစ်ယောက်တည်း နေချင်တယ်။” ဖန်ကျန်းရှီရဲ့ နှလုံးသားထဲမှာ သွေးစိမ် ရှင်ရှင်ထွက်နေခဲ့တယ်။ ဝူယွဲ့အာက အရမ်း ကောက်ကျစ် ဉာဏ်များမှန်း သူသိတယ်။ ဒါပေမယ့် အခု ကိစ္စကတော့ လွန်သွားပြီ။

အရိပ်မျိုးနွယ်ကနေ ဒီရတနာတွေကို ပြန်ရဖို့ ၁နှစ်ကျော် အချိန် ယူခဲ့ရတာ။ အခုတော့ ဝူယွဲ့အာက ဘာမှ အားမထုတ် ရပဲနဲ့ အကုန်လုံး ပြန်ယူသွားပြီ။ မိုးနတ်မင်းရေ။ ဒီမိန်းမက တကိုယ်လုံး အကြံအစည်တွေ အပြည့်ပါလား။”

“သွားလေ။” ဝူယွဲ့အာရဲ့ လက်ကို ကိုင်ထားရင်းနဲ့ ချီရှင်းလိန်က ဖန်ကျန်းရှီကို လက်ဝေ့ယမ်းပြတယ်။ “ယွဲ့အာ ဒီနေ့က စပြီး ဒေါ်လေးလို့ မခေါ်နဲ့တော့။“

“ဟုတ်ကဲ့ပါ။ မေမေ” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“ဝူယွဲ့အာ တံတားမီးရှို့ လုပ်မနေနဲ့။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ နီရဲနေပြီ။

“မေမေ။ သူလေ သမီးကို အနိုင်ကျင့် နေတယ်။” ချီရှင်းလိန်ကို ဝူယွဲ့အာ ချက်ခြင်း တိုင်တန်းတယ်။

“ကျန်းအာ။ သားက ယွဲ့အာကို အရမ်း နိုင်စားတာပဲ။ အခု နယ်စားမင်း ဖြစ်ပြီ ဆိုတော့ မောက်မာ နေတာလား။ ယွဲ့အာက အမေရွေးထားတဲ့ ချွေးမလေးနော်။ ယွဲ့အာကို နိုင်စားရင်၊ အမေ့ လက်က လွတ်မယ် မထင်နဲ့။” ဝူယွဲ့အာကို ပွေ့ဖက်ရင်း ချီရှင်းလိန် ပြောတယ်။

“..” ဖန်ကျန်းရှီကတော့ စကားပြန်ပြော ချင်ပေမယ့် တိတ်ဆိတ် နေခဲ့တယ်။

ယောက္ခမနဲ့ ဇနီး မတည့်ဘူး ဆိုတာတွေ ဘယ်ကို ရောက်သွားပြီလဲ။ တဦးတည်းသော သားလေးက အိမ်ပြင် ရောက်သွားတဲ့ အမှိုက်ထုပ်လို ခံစား နေရပါလား။

နေစမ်းပါအုန်း။

တစ်ခုခု လွဲနေပြီ။ ဝူယွဲ့အာက သူ့မိန်းမ မဟုတ်ဘူး။ ဒါပေမယ့် ရတနာ ငါးခုလုံးနဲ့ ငွေသား ရှစ်သောင်း သူ့လက်ထဲကို ရောက်သွားပြီ။ မဖြစ်ဘူး။ ပြန်ယူရမယ်။

…

ညက အေးစက်နေတယ်။ လမင်းက ခေါင်းပေါ်ကို ရောက်နေပြီ။ နွေဦးညရဲ့ လေက မအေးပင်မယ့် ဖန်ကျန်းရှီရဲ့ နှလုံးသားကတော့ အေးစက်နေတယ်။ နှင်းတွေ ခဲနေသလိုပဲ။

“မင်းယူသွားတာတွေ အတွက် အတိုးရော အရင်းပါ ပြန်ပေးရမယ်။” ပိုးချည် ဝတ်ရုံကို ဝတ်ထားတဲ့ ဝူယွဲ့အာကို စိုက်ကြည့်ရင်း ဖန်ကျန်းရှီ ပြောနေခဲ့တယ်။

ဝူယွဲ့အာက အရမ်းကို လှပလွန်းတယ်။ နဖူးက အနီစက်လေးရယ်၊ ခါးသွယ်သွယ်လေးရယ်၊ ဆွဲဆောင်မှု ရှိတဲ့ မျက်ဝန်းတွေရယ် အားလုံး ပေါင်းလိုက်ရင် တကယ့်ကို လှတယ်။ ဒါပေမယ့် ဝူယွဲ့အာက မလွယ်တဲ့ သူမှန်း ဖန်ကျန်းရှီ သိခဲ့တာ ကြာပြီ။ အပြင်ပန်းမှာ အပြစ်ကင်းစင်တဲ့ ပုံစံလေး ရှိနေပင်မယ့် နောက်ကျောက ဓားနဲ့ ထိုးတဲ့ နေရာမှာ အတော်တော်တယ်။

ဥပမာ အခုပဲ ရှိတယ်။ ဘာဖြစ်လို့များ သူမဆီမှာ အများကြီး ဆုံးရှုံး လိုက်ရမှန်း ဖန်ကျန်းရှီ တွေးမရဘူး။ နောက်တစ်ခေါက် သူ့ကိုယ်သူ ဘယ်လို ကာကွယ် ရမှာလဲ။

မဖြစ်နိုင်ဘူးလေ။

အချိန် ခဏလေး အတွင်းမှာ သူစုထားသမျှ အကုန်နီးပါး ပါသွားပြီ။ သူ့အမေ ချီရှင်းလိန် မြေးချီ ချင်နေတာကို သုံးပြီးတော့ ဒီလို လုပ်သွားတာ အကွက်လှလွန်းတယ်။

“နင်က ဘယ်လို အတိုးမျိုး လိုချင်တာလဲ။” မေးစေ့ကို လက်လေးထောက်ပြီးတော့ ခေါင်းစောင်းရင်းနဲ့ ဝူယွဲ့အာ မေးမိတယ်။ သူမရဲ့ မျက်ဝန်း တောက်တောက် တွေက ဖန်ကျန်းရှီကို ကြည့်ရင်း ပုတ်ခတ် ပုတ်ခတ် လုပ်နေခဲ့တယ်။

“မနက်ဖြန် ငါသွားတဲ့ အချိန် ကောင်းကောင်း သရုပ်ဆောင်။” သူမရဲ့ ကလူသလို မြူသလို လုပ်နေတာတွေကို တွေ့တော့ ထောင်ချောက်ထဲ မရောက်ဖို့ သူ့ကိုယ်သူ သတိ ပေးနေတယ်။

“ကောင်းပြီ။” ဝူယွဲ့အာ ချက်ခြင်း သဘောတူတယ်။

“ဒါဆိုရင် ကောင်းပြီ။ နောက်ထပ် မရှိတော့ဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ပြန်လှည့်သွားတယ်။ ရှေ့တစ်လှမ်း မလျှောက်ခင် ဖန်ကျန်းရှီ နောက်ကို လှည့်လာရင်း အလေး အနက် ပုံစံနဲ့ ကြည့်နေခဲ့တယ်။

“စိတ်ချ။ ငါကောင်းကောင်း သရုပ်ဆောင် တတ်ပါတယ်။ ဦးလေးတို့တွေ သံသယ မဝင်”

ဖန်ကျန်းရှီရဲ့ အလေးအနက် အမူအယာကို မြင်တော့ ဝူယွဲ့အာ စိတ်ရှည်လက်ရှည် ရှင်းပြဖို့ ပြင်တယ်။ ဒါပေမယ့် သူမ စကားမဆုံးခင် ရပ်တန့် သွားခဲ့တယ်။

သူမ ရင်ဘတ်မှာ တစ်ခုခု ထူးဆန်းတာကို ခံစားလိုက် ရလို့ပဲ။ ငုံ့ကြည့်လိုက်တော့ ရင်ဘတ်ကို လာဖိထားတဲ့ လက်တဖက်ကို တွေ့လိုက်ရတယ်။ နောက်ပြီးတော့ ဒီလက်က သူမကို အားရပါးရ ဖျစ်ညစ်နေတာ။ ဝူယွဲ့အာ မျက်လုံးပြူးပြီး ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။

မိုးကြိုး ပြစ်ခံ ရသလို ခံစား နေရတယ်။ နွေးထွေးတဲ့ ခံစားချက်က ဒီလက်ကနေ ထွက်ပေါ်နေတယ်။ သူမ စိတ်ထဲမှာတော့ ဒေါသ မီးတောက်တွေ တောက်လောင် နေခဲ့တယ်။ ဒေါသကြောင့် တကိုယ်လုံး တုန်ယင်လာတယ်။

“ဒါ အတိုးပဲ။”

တည်ကြည် လေးနက်နေတဲ့ မျက်နှာမှာ အပြုံး တစ်ခု ပေါ်လာခဲ့တယ်။ ဒီအသံ ထွက်လာတာနဲ့ မျက်စိရှေ့က လူလည်း ပျောက်ကွယ် သွားတယ်။ သူမ ရင်ဘတ်မှာသာ ပူရှိန်းရှိန်း အထိအတွေ့ ကျန်ရစ် နေခဲ့တယ်။

….

ဒုတိယနေ့။ မြောက်ရွာရဲ့ မနက်မှာတော့။ ဝူယွဲ့အာရဲ့ သရုပ်ဆောင် ကောင်းမှုကြောင့် မြောက်ရွာက ရွာသားတွေ အားလုံး နီးပါး မျက်ရည်ဝဲ နေပြီ။ မြို့တော်ကို ဝင်ပြီးတော့ ဧကရာဇ်ကို တွေ့ရမှာ ပျော်ရွှင် ခမ်းနားတဲ့ ဖြစ်ရပ် တစ်ခုပဲ။ နောက်ပြီးတော့ ဧကရာဇ်မင်း ကိုယ်တိုင် ကောင်းချီး ပေးလိုက်ရင် လက်ထပ်ပွဲက ပိုလို့တောင် ပျော်စရာ ကောင်းအုန်းမယ်။

ဒါကြောင့် ဝမ်းနည်း နေတာမျိုး မဖြစ်ဘူး။ ဒါပေမယ့် ဝူယွဲ့အာရဲ့ သနားစရာ အမူအယာ။ မျက်ရည် ပြည့်နေတဲ့ မျက်ဝန်းတွေ အားလုံးက ရွာသားတွေရဲ့ နှလုံးသားကို လှုပ်ခတ်စေတယ်။ သူမရဲ့ ကဗျာတွေကြောင့် ပိုလို့တောင် နှလုံးသားထဲ နွေးထွေး လာသေးတယ်။

“..”

“ရှေးကတည်းက ချစ်ခင်။ အေးစက်တဲ့ ဆောင်းရာသီမှာ ခွဲခွာရ။“

“ဒီည ငါတို့ ဘယ်မှာ သောက်ရပါ့။ မိုးမခပင် မြစ်ကမ်းနား၊ လရောင်အောက်၊ လေညင်းက ရက်စက် နေပါတကား။”

“ခွဲခွာရတဲ့ နှစ်တွေမှာ လှုပ်ရှားမှုတွေ အမှတ်တရတွေ အားလုံးက စိတ်ထဲမှာ စွဲထင်နေဆဲ။”

“ခံစားချက် တစ်ထောင် ရောပြွမ်း နေပင်မယ့် နားထောင်ပေမယ့် သူကို ရှာမတွေ့။”

ကဗျာတွေကို ရွာသားတွေ နားမလည်ပေမယ့် ဝူယွဲ့အာက ငိုကြွေးရင်း ကဗျာ ရွတ်တဲ့ အချိန် သူတို့လည်း ငိုကြွေးကျတယ်။ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ ကတော့ အဆိုးဆုံးပဲ။ ဝူယွဲ့အာကို သူတို့ မခွဲနိုင် ဖြစ်နေကြပြီ။

ဖန်ကျန်းရှီကတော့ ရွာသားတွေ ရှေ့မှာ ဆက်မနေ နိုင်တော့ဘူး။ အဲ့ဒီ့အစား ဝူယွဲ့အာကို လက်ခလယ် ထောင်ပြ လိုက်တယ်။ “ဝမ်းနည်းစရာ ခွဲခွာတယ် ဟုတ်လား။ ငါတောင် ယုံမိ တော့မလို့။”

…

မြောက်ရွာ အပြင်ကို ရောက်တော့ ဖန်ကျန်းရှီ တစ်ဏ ရပ်တန့်လိုက်တယ်။ ကောင်းကင်ကြီးကို မော့ကြည့် နေတယ်။ ရွှေရောင် အလင်းတန်းက ဖြောင့်ဖြူး သာယာတဲ့ လမ်းမကြီးမှာ ဖြာကျ နေခဲ့တယ်။

တစ်နာရီ ကြာပြီးတဲ့နောက်။ သစ်ပင်ကြီး တစ်ပင်အောက်မှာ လူတစ်ယောက် ပေါ်လာခဲ့တယ်။ ဒီနေရာက မြောက်ရွာနဲ့ ဆန့်ကျင်ဘက်မှာ ရှိတဲ့ သစ်ပင်ကြီးပဲ။

“ငါရောက်ပြီ။” သစ်ပင်ကြီးရဲ့ နောက်ကနေ ထွက်လာရင်းနဲ့ ယွင်ချင်းဝူ ပြောတယ်။ သူမရဲ့ ဆံကေသာ နက်နက်တွေက ခါးပေါ်မှာ ဝဲကျ နေခဲ့တယ်။

“ငါလည်း ရောက်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောတယ်။

“ဘာဖြစ်လို့ လာတာလဲ။” ယွင်ချင်းဝူ မေးတယ်။

“မင်းပြောတဲ့ တစ်ရက် အချိန် ပြည့်သွားပြီ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ငါ နားလည်ပြီ။” ယွင်ချင်းဝူ ထရပ်ရင်းနဲ့ ခေါင်းခါတယ်။ “နင် ပြန်လာမယ်လို့ မထင်ထားဘူး။”

“ငါလည်း ငါပြန်လာ လိမ့်မယ်လို့ မထင်ထားဘူး။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။

“ဒီမှာ နေရတာ နောင်တ မရမှာ သေချာလို့လား။”

“ဖြစ်နိုင်ပါတယ်။”

“ကောင်းကင် တာအို ခန်းမ ရွေးချယ်ပွဲ စတော့မယ်။ အဲ့ဒီ့ကို သွားဖို့ အချိန် တစ်လပဲ ကျန်တော့တယ်။ နင် အချိန်မှီ ရောက်မှာလား။” ယွင်ချင်းဝူ မေးတယ်။

“ရန်မြို့တော်ကို မသွားရင်တော့ ၃ ၄ရက် အချိန် ရပါသေးတယ်။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြောတယ်။

“၃ ၄ရက်။ ၅ရက် အမြန် သွားရင်တောင် နင် နောက်ကျ မှာပဲ။ ကောင်းကင် တာအို ခန်းမမှာ ဘယ်သူမှ နောက်ကျလို့ မရဘူး။ ငါ မှတ်မိတာ မမှားရင် နင့်မှာ ဝင်ခွင့် တံဆိပ်ပြားလည်း မရှိဘူး။“

“ကောင်းကင် တာအို ခန်းမ လူရွေးပွဲကို ငါသွားမယ်လို့ မပြောမိဘူး။” ဖန်ကျန်းရှီ ရယ်မောရင်း ပြောတယ်။

“ဒါဆို နင်မသွားလား။” ယွင်ချင်းဝူ မေးတာ ရပ်လိုက်ပြီးတော့ ကောင်းကင်ကို မော့ကြည့် နေခဲ့တယ်။ အချိန် အကြာကြီး တိတ်ဆိတ် သွားခဲ့တယ်။ နောက်ဆုံးတော့ ယွင်ချင်းဝူလည်း ကောင်းကင်ကို ကြည့်တာ ရပ်လိုက်ပြီ။

“ဒီ သေတ္တာ နင့်လက်ထဲ ခဏ အပ်ထားမယ်။”

“ဘာသေတ္တာလဲ။” ယွင်ချင်းဝူ လက်ထဲက ရွှေကွပ်ထားတဲ့ အနက်ရောင် သေတ္တာလေးကို ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။

“ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခု။” ယွင်ချင်းဝူ ပြောပြီးပြီးချင်း သေတ္တာကို မြေကြီးပေါ် ချလိုက်တယ်။ အဲ့ဒီ့နောက် နောက်လှည့်ပြီး ထွက်ခွာ သွားတော့တယ်။

“ဘာဖြစ်လို့ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ ငါ့ကို ပေးတာလဲ။”

“ပေးတာ မဟုတ်ဘူး။ ခဏ သိမ်းခိုင်းထားတာ။ ၄လ ကြာရင် ပြန်လာယူမယ်။”

“၄လ။ ငါမသေခင်လား။ ကြားရတာ မဆိုးပါဘူး။ လေးလကြာပြီးရင် ငါ မင်းကို ပြန်ပေးမယ် ထင်လား။” ဖန်ကျန်းရှီ မေးတယ်။

“အရင်တော့ မထင်ဘူး။ အခုတော့ ထင်တယ်။”

“ငါ ဒီကို ပြန်ရောက် လာလို့လား။”

“ဖြစ်နိုင်ပါတယ်။”

“တကယ်တော့ ငါဒီကို လာတာ မင်းကို ပြောမလို့။ ငါသွားတော့မယ် နောက်ထပ် စောင့်မနေနဲ့တော့။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို အော်ပြောနေတယ်။

“ဒုန်း။” ယွင်ချင်းဝူရဲ့ ခြေထောက်တွေက တစ်ခုခုကို တိုက်မိ သွားတာကြောင့် တုန်ယင် သွားခဲ့တယ်။ ဒါပေမယ့် သူမ မရပ်တန့်ဘူး။ သစ်တောထဲမှာ ပျောက်ကွယ် သွားခဲ့တယ်။

….

ကောင်းကင် တာအို ခန်းမက တောင်တန်းတွေ ပေါ်မှာ ဆောက်ထားတာ။ ဓားတောင်ရဲ့ တောင်ထိပ်မှာ ရှိနေတယ်။ ဓားတောင်လို့ ခေါ်တာ တောင်ထိပ်မှာ ဓားရှိ နေလို့ မဟုတ်ဘူး။ တောင်တစ်ခုလုံးက အရမ်းကို ချောမွေ့ ထက်ရှ နေလို့ပဲ။ ဒါ့အပြင် သားရဲကောင်တွေကလည်း တောင်ရဲ့ သုံးဖက် သုံးတန်က သစ်တောတွေမှာ ရှိနေသေးတယ်။

အန္တရာယ်များတဲ့ နေရာတစ်ခုလည်း ဟုတ်တယ်။ ဒ့ါအပြင် လမ်းမရှိဘူး။ သစ်တောတွေနဲ့ ဓားလို တောင်စောင်းကြီးပဲ ရှိတယ်။ လမ်းမပြောနဲ့ လမ်းပြတိုင်တွေတောင် မရှိဘူး။

ဒါပေမယ့် ဒီနေ့က ကောင်းကင် တာအို ခန်းမအတွက် အရေးကြီးတဲ့ နေ့တစ်ခုပဲ။ ၂နှစ် တစ်ခါ ကျင်းပတဲ့ ပွဲတော် ရောက်တော့မယ်။ တောင်ခြေမှာ လူအများကြီး စုဝေး နေကြတယ်။ လူတိုင်းက အရမ်းကို ယုံကြည်ချက် ရှိနေကြတဲ့ ပုံစံပဲ။

ဒါပေါ့။ အရမ်းကို ယုံကြည်ချက် ပြည့်၀ လွန်းတဲ့ ပုံစံနဲ့ လူငယ်လေး တစ်ယောက်လည်း ရှိနေခဲ့တယ်။ ပျံသန်းနေတဲ့ သားရဲကောင် တစ်ကောင်ရဲ့ ကျောပေါ်မှာ သူရပ်နေတယ်။ သူ့ရဲ့ ဝတ်ရုံဖြူက လေထဲမှာ လွင့်မျောနေတယ်။ တောက်ပတဲ့ နေရောင်ခြည် အောက်မှာ ကောင်းကင် တာအို ဆိုတဲ့ စာလုံးက ထင်ရှားနေတယ်။ သူ့အကျီ ရင်ဘတ်မှာ ဒီစာလုံးကို ထိုးထားတာ။

အပိုင်း (၆၃၁) ပြီး၏။

အပိုင်း (၆၃၂)

“တွန်းအားပေးခြင်း။”

ကောင်းကင် တာအို ခန်းမရဲ့ တပည့်သား တစ်ယောက်။ ဒါက ကောင်းကင် တာအို ခန်းမမှာ မြင့်မားတဲ့ ဂုဏ်ပုဒ် တစ်ခုတော့ မဟုတ်ဘူး။ ဒါပေမယ့် ကြီးမြတ်သော ရှမင်းဆက်မှာပဲ ဖြစ်ဖြစ်။ တခြား ဘယ်သူ့ ရှေ့မှာပဲ ဖြစ်ဖြစ်။ လေးစားခံရတဲ့ ဂုဏ်ပုဒ် တစ်ခုပဲ။

ပျံသန်းနေတဲ့ သားရဲကောင် ကျောပေါ်က လူငယ်လေး မြေပြင်ပေါ်ကို လေဟုန်စီးရင်း ခုန်ချလာတယ်။ လက်ထဲမှာ စာအုပ်တွေ အထပ်လိုက် ကိုင်ထားသေးတယ်။ တစ်ချက်ကြည့်ရုံနဲ့ အရမ်းကို ယုံကြည်မှု ပြည့်ဝနေတဲ့ ပုံစံပဲ။

“ဒီနေရာမှာ လူတွေ အများကြီး ရောက်နေပြီပဲ။” လူငယ်လေးက ဘေးပတ်ပတ်လည်ကို ကြည့်ရင်း မော်ကြွားတဲ့ လေသံနဲ့ ပြောနေခဲ့တယ်။ အဲ့ဒီ့နောက် ကျောင်းတောာ်သား ဝတ်ရုံကို ဝတ်ထားတဲ့ နောက်ထပ် လူငယ်သုံးယောက် ကောင်းကင်ပေါ်ကနေ ခုန်ဆင်း လာကြတယ်။ သူတို့တွေ အားလုံး လေးနက် တည်ကြည်ကြတယ်။

“အကို ခုန်ချင်း။” လူငယ်လေး သုံးယောက်ထဲက တစ်ယောက် ယဉ်ယဉ်ကျေးကျေး လှမ်းခေါ်တယ်။

“အင်း။ ဆရာက ငါတို့ကို ကောင်းကင် တာအို လူရွေးပွဲ အတွက် တာဝန် ပေးထားတာ။ မင်းတို့ အားလုံး ကြိုးစားပေးတာ ကျေးဇူးတင်တယ်ကွာ။” ခုန်ချင်းက ပြောရင်းနဲ့ အကြည့်လွှဲလိုက်တယ်။

“အမိန့်ကို နာခံပါမယ် အကိုကြီး။” သူတို့သုံးယောက် ဦးညွှတ်ကြတယ်။

ခုန်ချင်း နောက်ထပ် ဆက်မပြောတော့ဘူး။ လူတွေ စုဝေးနေတဲ့ နေရာကို လျှောက်လာခဲ့တယ်။ သူ့မျက်ဝန်းတွေက တလက်လက် တောက်ပနေတယ်။

၂နှစ် တကြိမ် ကျင်းပတဲ့ ကောင်းကင် တာအို လူရွေးပွဲက အခမ်းအနားကြီးလို့ ခေါ်နိုင်တယ်။ ကောင်းကင် တာအို ခန်းမနဲ့ အပြင်လောက ထိတွေ့တဲ့ ရှားရှားပါးပါး ပွဲတော်ကြီး။ ဒါကို တာဝန်ယူထားရတဲ့ သူတစ်ယောက် ဖြစ်နေတော့ ခုန်ချင်းရဲ့ အစွမ်းအစကို မြင်နိုင်တယ်။

ဒါပေါ့။ သူ့ရဲ့ အစွမ်းအစ အပြင် အရည်အချင်းလည်း ရှိသေးတယ်။

ခုန်ချင်းက အသက်ငယ်ကောင်း ငယ်မယ်။ ဒါပေမယ့် ကောင်းကင်တာအို ခန်းမကို ရောက်တာ ၆နှစ် ရှိသွားပြီ။ အခုချိန်မှာ ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်ကိုလည်း ရောက်နေပြီ။ ကောင်းကင် တာအိုမှာ သူ့ကို မထူးချွန်တဲ့ သူတစ်ယောက်လို့ ထင်ရတယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းကို ကြောက်စရာ ကောင်းအောင် သက်သေ ပြနိုင်ခဲ့တယ်။

ပွဲတော်ကို ကြီးကြပ် ကိုင်တွယ်ရတာ မလွယ်ကူဘူး။ ပြိုင်ပွဲဝင်တွေကို စည်းမျဥ်းတွေ ရှင်းပြရတယ်။ ပြီးတော့ တစ်ယောက်ချင်းစီ တိုင်းရဲ့ အလားအလာနဲ့ ဖြစ်ထွန်းနိုင်ချေကို လေ့လာ ရသေးတယ်။ တကယ်တော့ ပြိုင်ပွဲဝင်တွေကို ကောင်းကင် တာအို ခန်းမ ရွေးချယ်ပွဲက ဘယ်လောက် ခက်ခဲမှန်း သိစေချင်တာပဲ။ ဒီလို အခက်အခဲတွေ ကြုံပြီးတော့မှ လူတစ်ယောက်ရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းနဲ့ စိတ်ဓာတ် အမှန်လည်း ထွက်ပေါ်လာတယ်။ ဒါက လူတစ်ယောက်ရဲ့ အလားအလာကို ညွှန်ပြနိုင်တဲ့ ကိစ္စပဲ။

အားပေး လှုံ့ဆော်တာတွေ မလိုအပ်ဘူး။ (ကောင်းကင် တာအို ခန်းမ) ဒီစကားလုံး သုံးလုံးကတင် လူတွေကို အင်အား ပေးနိုင်နေပြီ။ မိသားစုတိုင်းက လူငယ်လူရွယ်လေးတွေ ဒီခန်းမကို ဝင်နိုင်ဖို့ ခေါင်းကွဲမတတ် ကြိုးစား ကြတယ်။ နိုင်ငံ ပေါင်းစုံက မင်းသားတွေတောင် ဒီပြိုင်ပွဲကို ဝင်နိုင် ချင်ကြတယ်။ နောက်ထပ် ဘာများ အားပေးဖို့ လိုအုန်းမှာလဲ။

“အဟမ်း။” လူအုပ်ကြီးနဲ့ ခြေလှမ်း ငါးလှမ်း အကွာရောက်တော့ ခုန်ချင်း ချောင်းဟန့်လိုက်တယ်။ သူ့ရဲ့ မျက်ဝန်းတွေက မီးပြတိုက်ရဲ့ မီးမောင်းလို လင်းထိန်နေတယ်။ ဖိနှိပ်ချုပ်ချယ် ချင်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာတယ်။

ဒီနှစ် တစ်လျှောက်လုံး ကောင်းကင် တာအို လူရွေးပွဲကို လာတဲ့ လူတိုင်းက နိုင်ငံပေါင်းစုံရဲ့ ထိပ်တန်း ပါရမီရှင်တွေပဲ။ ဒါကြောင့် သူတို့က မောက်မာတယ်။ ယုံကြည်ချက် ပြည့်ဝကြတယ်။ ခုန်ချင်းရဲ့ အခု အလုပ်က သူတို့ရဲ့ မာနတွေကိုကော ယုံကြည်ချက်တွေကိုပါ ရိုက်ချိုးပြစ်ဖို့။ ဗလာ ဟင်းလင်း စိတ်အရင်းခံနဲ့ သုညဘ၀ ရောက်သွားအောင် လုပ်ဖို့ပဲ။

…

ကောင်းကင် တောင်တန်းရဲ့ တောင်ခြေမှာ ဘာမှ ပစ္စည်း ကိရိယာ စုံစုံ လင်လင် မရှိဘူး။ မြို့တော်ကြီးတွေလို စုံစုံလင်လင် ရှိဖို့ မပြောနဲ့ ရွာငယ်တွေလောက်တောင် သားသားနားနား မရှိဘူး။ တောင်ခြေမှာ သစ်သားအိမ်လေး ငါးခုပဲ ရှိတယ်။ သစ်သားအိမ်တွေကလည်း ကျဉ်းကျဉ်းလေးတွေ။

ဒီအိမ် ငါးခုက အပြင်ပိုင်းမှာ မထူးခြားပေမယ့် သစ်ဖြူသားတွေနဲ့ ဆောက်ထားတာ အရမ်းကို ခိုင်ခံ့တယ်။ ဒီအိမ် ငါးလုံးရဲ့ ရှေ့မှာ ရှိနေတဲ့ ကျောက်ဖြူခင်း မြေကွက်လပ်ကလည်း သေးငယ်တယ်။ ဒါကြောင့် ရာချီတဲ့ လူတွေက ကြပ်ကြပ် ညပ်ညပ် ထိုင်နေခဲ့ရတယ်။

ခုန်ချင်းနဲ့အတူ ပေါ်လာတဲ့ လူသုံးယောက်ကြောင့် သူတို့ အာရုံ ပြောင်းသွားခဲ့တယ်။ ဆူညံနေတဲ့ လူအုပ်ကြီးလည်း တိတ်ဆိတ်သွားတယ်။

ခဏတာ တိတ်ဆိတ်ရုံပဲ။ နောက်တော့ သူတို့တွေ ပြန်ဆူလာကြတယ်။ သူတို့ အားလုံးက ထိပ်တန်း စစ်သည်တော်တွေ။ ပိုပြီးတော့ ဂုဏ်ရှိန် မြင့်မားတဲ့ သူတွေက သူတို့ရဲ့ သားမွှေး ဝတ်ရုံမှာ သင်္ကေတတွေရေးထိုးထားတယ်။

“ဘာဖြစ်လို့ ဒီလောက်တောင် လူများ နေတာလဲ။ ကောင်းကင် တာအို ခန်းမက တံဆိပ်ပြား ၃၂ခုပဲ ပေးထားတာ မဟုတ်ဘူးလား။” ခုန်ချင်း မေးတယ်။

“..” ဒါပေမယ့် ဘယ်သူမှ ပြန်မဖြေဘူး။ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း တိတ်ဆိတ်နေတယ်။

“ထွက်သွား။” ခုန်ချင်း အေးစက်စက် ပြောတယ်။

လူရာချီ နောက်ဆုတ် သွားခဲ့တယ်။ တော်ဝင် သားမွှေးဝတ်ရုံ ဝတ်ထားတဲ့ လူငယ် ၃၂ယောက်ပဲ ကျန်ရစ်ခဲ့တယ်။

“ကောင်းတယ်။ မလိုတဲ့ သူတွေသွားပြီ။” ခုန်ချင်း ခေါင်းငြိမ့်ရင်းနဲ့ ပတ်ပတ်လည်ကို ဝေ့၀ဲကြည့်တယ်။ မြေပြင်ပေါ်မှာ အသီးတွေ မုန့်အစတွေ အများကြီး ကျန်ရစ်နေတယ်။ “ဘာဖြစ်လို့ ဒီလောက်တောင် အမှိုက်တွေ ကျန်နေသေးတာလဲ။”

“..” တိတ်ဆိတ် သွားပြန်တယ်။

လူငယ် ၃၂ယောက် တစ်ခွန်းမှ မဖြေဘူး။ ဒါပေမယ့် နောက်ကို ဆုတ်သွားတဲ့ လူတွေထဲက လူဒါဇင်ချီ ပြေးထွက် လာခဲ့တယ်။ မြေပြင်ပေါ်က အမှိုက်တွေကို ကောက်တယ်။

“ငါ ကောက်ခိုင်းလို့လား။” ခုန်ချင်း လက်ဝေ့ယမ်းလိုက်တယ်။ အဖြူရောင် လေပွေလုံးတွေ ချက်ခြင်း ပျံဝဲ ထွက်သွားခဲ့တယ်။

“ဖောင်း”

“ဖောင်း ဖောင်း။”

“အား။”

ထိတွေ့မိတဲ့ အသံနဲ့ အတူ အော်သံတွေ ထွက်ပေါ်လာတယ်။ အမှိုက် လာကောက်ပေးတဲ့ လူတွေ နောက်ကို လွှင့်ထွက်သွားတယ်။

“သံတမန်ကြီးက အာဏာပြချင်နေတာကို နားလည်ပါတယ်။ ဒါပေမယ့် ကြမ်းတမ်းလွန်း နေတယ်။” လူငယ်၃၂ ယောက်ထဲက တစ်ယောက်ရဲ့ အသံ ထွက်လာတယ်။ အပြာဖျော့ရောင် သားမွှေးအကျီကို ဝတ်ထားတဲ့ သူ့ရင်ဘတ်မှာ ရွှေချည်ထိုး သားရဲတစ်ကောင် ပုံစံရှိနေတယ်။

“မင်းသား ၆။ မြန်မြန် နောက်ဆုတ်ပါ။” ခပ်ဖျော့ဖျော့ အသံထွက်ပေါ်လာတယ်။

မိုးပြာရောင် ဝတ်ရုံရှည်ကို ဝတ်ထားပြီး သန့်ရှင်းဖြူစင်တဲ့ အသွင်နဲ့ အမျိုးသမီး တစ်ယောက်ပြောတယ်။ သူမ မျက်နှာက ဖြူဖျော့နေတယ်။ ပါးစပ်ကလည်း သွေးတွေ စီးကျနေတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ အသိသာပဲ။

ဝတ်ရုံပြာ လူငယ်လည်း အမျိုးသမီးရဲ့ အသံကို ကြားတော့ တုန်ယင်လာတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူပြန်ထိုင်လိုက်တယ်။

“ဘာလဲ။ ယောကျာ်းဖြစ်ပြီးတော့ အမျိုးသမီး တစ်ယောက်ကိုတောင် မတော်လှန် နိုင်ဘူးလား။” အေးစက်စက် ပြုံးပြရင်း ခုန်ချင်း မေးတယ်။

လူငယ်လေး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ဘာမှ မပြောဘူး။

“မင်းကို အခွင့်အရေး ပေးလိုက်မယ်။ ငါ့ကို အနိုင်တိုက်။ ဒါဆိုရင် သူ့ကို ငါတောင်းပန်မယ်။” ခုန်ချင်းက လူငယ်လေးကို အလွတ်ပေးဖို့ စိတ်ကူးရှိတဲ့ပုံ မပေါ်ဘူး။ လူငယ်လေးကတော့ တိတ်ဆိတ်နေဆဲ။

“မင်း သွားလို့ရပြီ။” လူငယ်လေးကို လက်ဝေ့ယမ်း ပြရင်း ခုန်ချင်းပြောတယ်။

“ဘာဖြစ်လို့လဲ။” လူငယ်လေး မယုံကြည်နိုင်တဲ့ အမူအယာနဲ့ မေးတယ်။“မင်းက သူတို့ကို တိုက်ခိုက်တာ ကြမ်းတမ်းတယ်လို့ ငါပြောမိ လိုက်လို့လား။ ဒါဆိုရင် ငါတောင်းပန်နိုင်တယ်။”

“ကောင်းပြီ။ ဒူးထောက်ပြီး ငါ့ကို တောင်းပန်။” ခုန်ချင်း ခေါင်းငြိမ့်တယ်။

“မင်း။” လူငယ်လေး အမူအယာ ပြောင်းသွားတယ်။ သူတောင်းပန်ဖို့ စိတ်ကူးရှိတယ်။ ဒါပေမယ့် ဒူးထောက် တောင်းပန် တာကတော့ မတူဘူး။

“ပုထုံ။” အသံကျယ်ကြီး တစ်သံ ထွက်လာတယ်။ လူငယ်လေးက ဒူးမထောက်ဘူး။ ဝတ်ရုံပြာ အမျိုးသမီးပဲ ချက်ခြင်း ဒူးထောက်ရင်း ခုန်ချင်းကို ဦးညွှတ်တယ်။

“သံတမန်ကြီးကို တောင်းပန်ပါတယ်။ မင်းသား၆က တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပါ။ အခုချိန်မှာ ပြန်လည် မွေးဖွားမှု အဆင့်ကိုတောင် သူရောက်နေပြီ။ ရူးရူးမိုက်မိုက် ပြုမူမိတာကြောင့် အမှားဖြစ် သွားရတာပါ။ သူ့ကို ဒီတစ်ခေါက်တော့ အလွတ်ပေးလိုက်ပါ။ လရောင်ဖြာ နိုင်ငံတော်ရဲ့ မင်းသား၆ ကိုငဲ့ညှာ ပေးပါ။” ဝတ်ရုံပြာ အမျိုးသမီး ဒူးထောက်ရင်း ပြောတယ်။

“ပြန်လည် မွေးဖွားမှု အဆင့်လား။” ဒါကိုကြားတော့ ခုန်ချင်း အံကြိတ်မိတယ်။ “ဒီကောင်က တကယ် ကံကောင်းတာပဲ။ ကောင်းကင် တာအို ခန်းမကို ငါဝင်တဲ့ အချိန်တုန်းက သဘာဝလွန် အဆင့်မှာပဲ ရှိသေးတယ်။”

“ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။” ဝတ်ရုံပြာ အမျိုးသမီး မျှော်လင့်တကြီးနဲ့ ပြောတယ်။

“ကောင်းပြီ။ နောက်တစ်ခေါက် အခွင့်အရေး ပေးလိုက်မယ်။ သုံးကွက်။ သူသာ ငါ့တိုက်ကွက် ၃ကွက်ကို ခံနိုင်ရင် လွှတ်ပေးမယ်။ မင်းကိုလည်း တောင်းပန်မယ်။ ဘယ်လိုလဲ။” ခုန်ချင်းက ပြောရင်းနဲ့ ပြုံးနေခဲ့တယ်။

“မင်းပြောတဲ့ အတိုင်းပဲ။” ဝတ်ရုံပြာ လူငယ်လေး အေးစက်စက် စိုက်ကြည့်နေတယ်။

ခုန်ချင်းနောက်က လူငယ်လေး သုံးယောက်ကတော့ ကူကယ်ရာမဲ့ အကြည့်နဲ့ နောက်ကို ဖြည်းဖြည်းချင်းဆုတ်သွားကြတယ်။

ဝတ်ရုံပြာ လူငယ်လေး နောက်ထပ် မပြောတော့ဘူး။ သူချက်ခြင်း တိုက်ခိုက်တော့တယ်။ ခုန်ချင်းနဲ့ သူ့ကြားမှာ ရေကန့်လန့်ကာကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ ကောင်းကင်ကနေ အရှိန်ပြင်းပြင်း စီးဆင်းနေတဲ့ ရေလှိုင်းကြီးက ပိုးထည်လို ပါးလွှားလတယ်။ လူငယ်လေးရဲ့ လှုပ်ရှားမှုကလည်း လျှပ်စီးလက်သလို မြန်ဆန်တယ်။ ရေကန့်လန့်ကာကို ဖြတ်ပြီးတော့ အလင်းတန်း တစ်ခုလို ရွေ့လျားနေတယ်။ တစ်ကိုယ်လုံးကို တောက်ပတဲ့ အလင်းတန်းတွေ ဝန်းရံထားတယ်။ ရေစက်တွေက တစ်ကိုယ်လုံးကို ကာကွယ် ထားခဲ့တယ်။

“ရေစက်တွေက ကျောက်တုံးကိုတောင် ဖောက်နိုင်တယ်။ လရောင်ဖြာ နိုင်ငံရဲ့ ရေစက်ရေပေါက်ဓားက ကြည့်လို့ လှတာပဲ။” ခုန်ချင်း ပြုံးနေခဲ့တယ်။ တစ်လက်မ လေးတောင် မရွေ့လျားဘူး။ ဝတ်ရုံပြာ လူငယ်လေးကို စောင့်နေခဲ့တယ်။ ရေစက်ရေပေါက်ဓား။ ဓားတစ်ချောင်းနဲ့ မတူပေမယ့် ရေစက်တွေထဲမှာ ပုန်းကွယ်နေတဲ့ ဓားက တကယ့်ကို ထက်ရှတယ်။ ဒီလို အသွင်ယူ အယောင်ဆောင်တဲ့ တိုက်ခိုက်နည်းက ထူးခြားပြီး အင်အားပြင်းတယ်။

“ဒင်။”

ဓားထွက်လာတယ်။ ကြည်ပြာရောင် ဓားက ခုန်ချင်းနဲ့ တစ်လက်မပဲ ကွာတော့တယ်။ ရေတွေကို ဖောက်ထွက်ရင်း ခုန်ချင်းရဲ့ လည်ပင်းကို တည့်တည့် ချိန်ထားတယ်။

ရေကို ဖောက်ထွက် လာပေမယ့် ထူးဆန်းတဲ့ ကိစ္စ တစ်ခုလည်း ဖြစ်ပေါ် လာခဲ့တယ်။ ခုန်ချင်းက မလှုပ်ရှားဘူး။ ဓားကလည်း ခုန်ချင်း လည်ပင်းမှာ ရပ်တန့်နေတယ်။ လေထု တစ်ခုလုံး ထိန်းချုပ် ခံထား ရသလိုပဲ။ ဝတ်ရုံပြာ လူငယ်လေး အမူအယာ ချက်ခြင်း ပြောင်းသွားတယ်။ သူ့ရဲ့ တိုက်ခိုက်မှုကို တစ်ခုခုက ခုခံနေတယ်။ အင်အားက တောင်လို လေးလံနေတယ်။ လူငယ်လေး ကြိုးစားရင်း အသက်ပြင်းပြင်း ရှူနေခဲ့တယ်။

အခု ဘာဖြစ်သွားတာလဲ။ ဒါက ကောင်းကင် တာအိုလား။ မဖြစ်နိုင်ဘူး။ ကောင်းကင် တာအို မဟုတ်နိုင်ဘူး။ ဒါက လေထုကို ထိန်းချုပ်ထားတာပဲ။

“အထင်ကြီးစရာ လှုပ်ရှားမှုပဲ။ ဒါပေမယ့် အားမပါဘူး။” ခုန်ချင်း ခြေထောက် မြှောက်ရင်းနဲ့ လူငယ်လေးရဲ့ ရင်ဘတ်ကို ကန်လိုက်တယ်။ လူငယ်လေး ချက်ခြင်း လွင့်ထွက်သွားတယ်။ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ ကန်လိုက်ပြီးတဲ့နောက် ခုန်ချင်းလည်း နေရာကနေ ပျောက်ကွယ်သွားတယ်။ မြေပြင်ပေါ် လဲကျသွားတဲ့ ဝတ်ရုံပြာ လူငယ်လေးရဲ့ ကိုယ်ပေါ်မှာ ရောက်နေခဲ့ပြီ။

“ဖောင်း။” အသံကြီးနဲ့ အတူ မြေပြင် တစ်ခုလုံး တုန်ခါသွားတယ်။ ဝတ်ရုံပြာ လူငယ်လေးက မြေပြင်ပေါ်မှာ လဲကျနေပြီးတော့ သွေးတွေ အိုင်နေခဲ့တယ်။

“မင်းက ဆက်တိုက် မတိုက်ခိုက်ပဲ ခုခံနေတယ်။ မင်းမှာ အခွင့်အရေး ရခဲ့ပေမယ့် မင်းရဲ့ ဒေါသက ဖျက်ဆီးလိုက်တာပဲ။” ခုန်ချင်းက ဖြူဖျော့နေတဲ့ လူငယ်လေးကို ကြည့်ရင်း ခေါင်းခါနေတယ်။

“လရောင်ဖြာ နိုင်ငံတော်ရဲ့ မင်းသား၆ စိတ်မရှည်ပဲ ကမူရှူးထိုး နိုင်လွန်းတယ်။ ကျ”

…

ကောင်းကင် တာအို လူရွေးပွဲမှာ ဘာတွေ ဖြစ်နေမှန်း သူတို့ နားမလည် ခဲ့ကြဘူး။ ဒါပေမယ့် မင်းသား၆ ကျရှုံး သွားတဲ့ နောက်မှာတော့ နားလည်သွားတယ်။ ခုန်ချင်းလည်း သစ်သား အိမ်တွေထဲက တစ်ခုကို ဝင်သွားခဲ့တယ်။ ကျန်ရစ်တဲ့ လူငယ်လေး သုံးယောက်ကတော့ ဘာမှ မပြောဘူး။ နေ့လည်ခင်း နေရောင်ခြည်က မြေပြင်ပေါ်မှာ ဖြာကျန်နေတယ်။ မြေပြင်ပေါ်မှာ အနီရောင် တောက်တောက် အလံတစ်ခု ရှိနေခဲ့တယ်။

“သခင်လေး။ ကောင်းကင် တာအို လူရွေးပွဲက စနေပြီ။ ဖန်ကျန်းရှီ ဒီမှာ မရှိသေးတဲ့ ပုံပဲ။” ကျန်ရစ်တဲ့ လူတွေထဲက ခပ်တိုးတိုး အသံထွက်လာတယ်။

“မဟုတ်ဘူး။ သူရောက်နေ လောက်ပြီ။” ဝတ်ရုံနက် ဝတ်ထားတဲ့ ချန်းဝူ ပြောတယ်။ ခပ်ဝေးဝေးက လူတစ်ယောက်ကို သူလှည့်ကြည့် နေခဲ့တယ်။

“သခင်လေး ဘာဖြစ်လို့ ဒီလောက်တောင် သေချာနေတာလဲ။”

“ရန်ရွှယ်လည်း ရောက်နေပြီလေ။” ချန်းဝူက ခပ်ဝေးဝေးက လူငယ်ကို ကြည့်ရင်းနဲ့ ပြောတယ်။

ရန်ရွှယ်က ဒီမှာ ရောက်နေပြီ။ ဒါဆိုရင် ဖန်ကျန်းရှီက ဘယ်မှာလဲ။ ဖန်ကျန်းရှီရဲ့ နာမည်က စာရင်းထဲမှာ မပါပေမယ့် သူဒီကို လာတယ်။ ဝေးလံလွန်းတဲ့ သီးခြား မြင့်မြတ် နိုင်ငံတော်ကနေ ချန်းဝူ လာရတဲ့ အကြောင်းရင်းက ဆုံးရှုံးသွားခဲ့တဲ့ သူ့ကျော်ကြားမှုကို ပြန်ယူဖို့ပဲ။

သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ဆက်ခံသူ ဖြစ်ပေမယ့် သူက ထီးနန်း မလိုချင်ဘူး။ ဒါပေမယ့် လူတွေ သူ့ကို စော်ကားတာလည်း လုံး၀ သည်းမခံနိုင်။ အသန်မာဆုံးသူက ဘယ်တော့မှ အရှုံးကို လက်မခံ ဘူး။ တစ်ခါလေးပဲ ဖြစ်ရင်တောင် လက်မခံ နိုင်ဘူး။ ရှင်သန်ဖို့ ဆိုရင် ကျရှုံးနေတဲ့ နေရာက ထရပ်ရမယ်။ ချန်းဝူလည်း အတူတူပဲ။ ဒါပေမယ့် သစ်သားအိမ်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကိုတော့ ချန်းဝူ ထွင်းဖောက် မမြင်နိုင် ခဲ့ဘူး။

တက်ကြွနေတဲ့ ခုန်ချင်းက မြေပြင်ပေါ်မှာ အဆက်မပြတ် တုန်ယင်နေတယ်။ ကောင်းကင် တာအို သုခမိန် တောင်ခြေ၊ သူနဲ့ သူ့ညီငယ် သုံးယောက် မျက်စိရှေ့မှာ၊ လူတစ်ယောက်က သူ့ကို အလစ်ဝင်တိုက်တယ်။ (သစ်ကိုင်းကြိုးဆွဲ) နည်းလမ်းကို သုံးတယ်တဲ့။

“ဘန်း။”ခုန်ချင်း တကိုယ်လုံး အားအင်တွေ ကုန်ဆုံးပြီး မြေပြင်မှာ လဲကျနေတယ်။ ဒီအိမ်ထဲကို ဝင်လာတဲ့ အချိန်မှာ သူအဆိပ်ခတ် ခံလိုက်ရပြီ။

ဝတ်ရုံပြာကို ဝတ်ထားတဲ့ လူတစ်ယောက် အမှောင်ထဲကနေ ထွက်ပေါ်လာတယ်။ ခုန်ချင်းကို စိုက်ကြည့်ရင်းနဲ့ ပြောနေခဲ့တယ်။

“ကောင်းကင် တာအို ခန်းမရဲ့ တပည့်ဟုတ်လား။ မင်းရဲ့ အင်အားက သာမာန်ပဲ။”

အပိုင်း(၆၃၂)ပြီး၏။

အပိုင်း (၆၃၃)

“ထိတ်လန့်ပြီး စိတ်ဖိစီး။”

“သာမာန် အင်အား ဟုတ်လား။ မင်း။” ခုန်ချင်း သူ့မျက်စိရှေ့က လူကို စိုက်ကြည့်နေတယ်။ သူ့ကို အလစ်ဝင်တိုက်ပြီး အဆိပ်ခတ်တာ ဘယ်သူမှန်း သူမသိဘူး။ နောက်ပြီးတော့ ဒါတွေကို လုပ်နေတာတောင် ဒီလူက အရမ်း တည်ငြိမ်နေတယ်။ အလွယ်တကူ အနိုင်ယူ ခံလိုက်ရသလိုပဲ။

လူတစ်ယောက်က ဘာဖြစ်လို့များ ဒီလောက်တောင် အရှက်မရှိ နိုင်ရတာလဲ။

ခုန်ချင်း ဒေါသ ထွက်လာတယ်။ ဒီလူရဲ့ စကားတွေက သူ့ကို စော်ကားနေတာပဲ။ နောက်ပြီးတော့ ကောင်းကင် တာအို ခန်းမကိုလည်း အရှက်ရစေတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ သူက ဘယ်သူမှန်း စဉ်းစား ကြည့်နေတယ်။ ဒီလူငယ်က အသက်၁၇-၁၈ပဲ ရှိသေးတယ်။ ဒါပေမယ့် ကောင်းကင်တာအို လူရွေးပွဲထဲက တစ်ယောက် မဟုတ်ဘူး။

ရွေးချယ်ခံသူ မဟုတ်တာတောင် ဒီမှာ ပေါ်လာတယ်လား။ အဲ့တာ ဘယ်သူလဲ။ တခြားအင်အားစုကြီး တစ်ခုခုက များလား။ မဖြစ်နိုင်တာပဲ။ ကောင်းကင် တာအို ခန်းမက တည်ရှိခဲ့တာ နှစ်တွေ အများကြီး ကြာနေပြီ။ ဒါကြောင့် တခြား အင်အားစုတွေက ဒီလို နေ့ထူး နေ့မြတ်မှာ ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ဘူး။

“မင်းက ဘာလဲ။” အကယ်၍ အော်ဟစ်ပြီး အကူအညီ တောင်းလိုက်ရင် တစ်ခါတည်း အသတ်ခံရမှာကို ခုန်ချင်း နားလည်တယ်။ ဒါကြောင့် အသံတိုးတိုးနဲ့ မေးရင်း ဒီလူ့ ရည်ရွယ်ချက်ကို သိအောင် ကြိုးစားဖို့ လုပ်တယ်။ လူငယ်လေးက သူ့စကားကို ပြီးအောင် ပေးမပြောဘူး။ သူ့ခေါင်းကို တုတ်တစ်ချောင်းနဲ့ ရိုက်လိုက်တော့ အသံတောင် မထွက်နိုင်လိုက်ဘူး။

“ဒုန်း။”

ခုန်ချင်း သတိလစ် သွားတော့တယ်။ လရောင်ဖြာ နိုင်ငံတော်က မင်းသား၆ကို သူမောင်းထုတ် ခဲ့သလိုပဲ။ ဘယ်လိုပဲ သဘော မတူပါစေ။ အဆိပ်မိနေတဲ့ ခန္ဒာကိုယ်နဲ့ ဘာမှ မလုပ်နိုင်ဘူး။ ဝဋ်က အချိန်မဆိုင်းပဲ လည်တယ်။

“မင်းက နည်းနည်းလောက် ပိုတောင့်ခံနိုင်မယ် ထင်ထားတာ။ ကြည့်ရတာ အထင်ကြီးမိ သွားတာပဲ။” ဖန်ကျန်းရှီ ခေါခါရင်းနဲ့ ပြောလိုက်တယ်။ သတ္တုတုတ်ကို ပြန်သိမ်းထား လိုက်တယ်။ အဲ့ဒီ့နောက် ကြည်လင်တဲ့ အစိုင်အခဲ အလွှာ ခပ်ပျော့ပျော့ တစ်ခုကို ခုန်ချင်း မျက်နှာပေါ် လောင်းချလိုက်တယ်။ ပုတ်ပြီးတော့ သေချာ သုတ်တယ်။

ရုပ်ဖျက်ခြင်း အတတ်ပညာ။ ဒါက ဆရာကျတဲ့ ပညာ တစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်တွေမှာ အရိပ်မျိုးနွယ်ကနေ အသုံးဝင်တဲ့ နည်းပညာ တစ်ချို့ကို သူယူခဲ့တယ်။ အဆိပ်ခတ်တာ၊ ရုပ်ဖျက်တာနဲ့ အယောင်ဆောင်တဲ့ ပညာတွေ။

ဒါပေါ့။ အဆိပ်ခတ်တဲ့ နေရာမှာ ခုန်ချင်းလို ကျင့်ကြံဆင့် မြင့်တဲ့သူ တစ်ယောက်က သာမာန် အနံ့လောက်နဲ့ မရဘူး။ ဒါပေမယ့် ကိစ္စ မရှိပါဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဆေးပညာ ပါရဂူ တစ်ယောက်ပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီက ကောင်းကင် အိုအေစစ် သုခမိန်ကြီး အနားမှာ တစ်ချိန်လုံး နီးပါး နေနေရတာ။ ဒါကြောင့် အနာဂတ်မှာ အသုံးဝင်လာ နိုင်တဲ့ ပစ္စည်း တစ်ချို့ကို အိတ်ထဲ အပြည့်ထည့် ထားတယ်။

ဆိုရိုးစကား တစ်ခုလည်း ရှိတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ သန်မာပါစေ။ မီးဖိုချောင်က ဓားကိုတော့ ကြောက်ရမယ်။ အမြဲတမ်း ပြင်ဆင် ထားတာ ဘယ်တော့မှ မမှားဘူး။ နောက်ပြီးတော့ ဖန်ကျန်းရှီမှာ ပစ္စည်းတွေ ထည့်သိမ်းစရာ အဆုံးမဲ့ လောကကြီး တစ်ခုလုံး ရှိနေတယ်လေ။ နေရာ မလောက်မှာ မစိုးရိမ်ရဘူး။

တစ်ခဏ ကြာပြီးတဲ့နောက် ဖန်ကျန်းရှီလည်း လူအရေပြား မျက်နှာဖုံး လုပ်တာ ပြီးသွားခဲ့တယ်။ ခုန်ချင်း အဝတ်အစားတွေကို သူလဲဝတ်လိုက်တယ်။ အဲ့ဒီ့နောက် ခုန်ချင်းကို အဝတ်စနဲ့ ပတ်ပြီးတော့ အမှိုက်ပုံးကြီးထဲ ပြစ်ထည့်ခဲ့တယ်။

အားလုံး အောင်အောင် မြင်မြင် ပြီးဆုံးသွားတဲ့ နောက်မှာတော့ ကောင်းကင် တာအို ခန်းမက တပည့်သားတွေ ဝတ်တဲ့ ဝတ်ရုံရှည်ကြီးကို ဝတ်လိုက်တယ်။ ဒီဝတ်ရုံဖြူ အရှည်ကြီးက အရမ်းကို သက်တောင့် သက်သာရှိတယ်။ ရင်ဘတ်မှာလည်း (ကောင်းကင် တာအို)ဆိုတဲ့ စာလုံးကို ရွှေထည်ထိုးထားတာ မဟာဆန်တယ်။

“ဟီးဟီး။ ကောင်းကင် တာအို ခန်းမရေ။ ငါလာပြီ။” ဖန်ကျန်းရှီ ကောက်ကောက် ကျစ်ကျစ် ပြုံးနေခဲ့တယ်။ ဒီရက်တွေမှာ ကောင်းကင် တာအို ခန်းမကို အလောတကြီးနဲ့ လာရလို့ အခက်အခဲတွေ အများကြီး တွေ့ခဲ့တယ်။ ဘဝမှာ ဒီရက်တွေက ဖြတ်သန်းရတာ အဆိုးဆုံးပဲ။ နောက်ဆုံးတော့လည်း သူနောက်ကျတာပဲ။

(စာရင်းသွင်း နာမည်ပေးတဲ့) အချိန်က ပြီးသွားပြီ။ ကောင်းကင် တောင်ခြေကို ရောက်တဲ့ အချိန် ရွေးချယ်ပွဲက စနေပြီ။ လူတိုင်းကို အလန့်တကြား မဖြစ်စေဖို့ သူ အစီအစဉ် အတိုင်း ဆက်လုပ် ခဲ့တယ်။

တမှေး အိပ်ဖို့ပေါ့။ သူမအိပ်ရတာ ရက်နည်းနည်း ကြာနေပြီ။ ဒါပေမယ့် ဒီအိမ်ထဲကို ဝင်လိုက်ပြီး သိပ်မကြာခင်ပဲ ခုန်ချင်းက အိမ်ထဲကို ဝင်လာခဲ့တယ်။ နောက်ပြီးတော့ သူက ရေချိုးဖို့ ပြင်နေတာ။ ဒီလို သန်သန်မာမာ ယောကျားကြီးက သူ့ရှေ့မှာ ရေချိုးဖို့ လုပ်နေတာကို ဖန်ကျန်းရှီ ဘယ်လို ကြည့်နိုင်မှာလဲ။

ဒါကြောင့် သူလှုပ်ရှားတယ်။ အဲ့ဒီ့နောက် ခုန်ချင်းလည်း မြေပြင်ပေါ်မှာ လဲသွားတော့တယ်။ ဒါက ဖန်ကျန်းရှီရဲ့ အမှား မဟုတ်ဘူး။ ခုန်ချင်းကို တိုက်ခိုက်ဖို့ သူ စိတ်ကူးမရှိခဲ့ဘူးလေ။ ပြိုင်ပွဲဝင် တစ်ယောက်ယောက်ကို သတိလစ်အောင် ရိုက်ပြီးတော့ သူ့နေရာမှာ အစားဝင်ဖို့ ဆုံးဖြတ် ထားတာ။

ဒါပေမယ့် အခြေအနေက ပြောင်းသွားခဲ့တယ်။ နောက်ဆုံး ရတဲ့ ဒီရလဒ်ကို ဖန်ကျန်းရှီ ကျေနပ်ပါတယ်။ ဒါက ရွေးချယ်ပွဲလေ။ စာစစ်တဲ့သူ ဖြစ်ရတာ ပြိုင်ပွဲဝင် ဖြစ်ရတာထက် ပိုကောင်းပါတယ်။ သူ့ဆုံးဖြတ်ချက်ကို ဖန်ကျန်းရှီ နောင်တ မရဘူး။ ကောင်းကင် တာအို ခန်းမကသာ ဒီကိစ္စကို သိသွားခဲ့ရင် ဘယ်လို ဖြစ်လာမလဲ တွေးရအုန်းမယ်။

ကောင်းကင် တာအို ခန်းမရဲ့ တပည့်သား ဖြစ်လာမယ်လို့ သူတစ်ခါမှ မတွေးဖူးဘူး။ သူ့ အခြေအနေ အရဆိုရင် ရွေးချယ်ပွဲမှာ ဘယ်လိုမှ ဦးစားပေး ခံရမှာ မဟုတ်ဘူး။

ကောင်းကင် တာအို ခန်းမက သူ့ကို မရွေးမှာ သိနေရင်။ ဘာဖြစ်လို့ ခေါင်းခြောက်ခံပြီး ကောင်းကင် တာအို ခန်းမကို ဝင်ဖို့ ကြိုးစား နေရတာလဲ။ ဒါ့အပြင် သူ့မှာ အသက်ရှင်ချိန် လေးလပဲ ကျန်တော့တယ်။ အခုချိန်က စွန့်စားဖို့ အကောင်းဆုံး အချိန်ပဲ။ ဆိုရိုးစကား ရှိတဲ့ အတိုင်း။ ငါမှ ငရဲမသွားရင် ဘယ်သူ သွားမှာလဲ။

သူ့လုပ်ရပ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စဉ်းစားကြည့်ဖို့ ပျင်းနေတယ်။ သူ့အသက်သူ မသေအောင် လုပ်ဖို့တောင် ခက်ခဲနေတာ။ စဉ်းစားတာတော့ တခြားသူတွေ လုပ်ပါစေ။ အကယ်၍ အခွင့်အရေး ရလာခဲ့ရင် ကောင်းကင် တာအို ခန်းမက တန်ဖိုးကြီး ပစ္စည်းတွေကို ဓားပြ တိုက်လို့ ရနိုင်တယ်။ အကယ်၍ မအောင်မြင်ရင်လည်း နေရာမှာတင် အသတ်ခံရ ရုံပေ့ါ။

ပြင်ဆင် ပြီးတဲ့နောက် ဖန်ကျန်းရှီလည်း ကောင်းကင် တာအို ခန်းမ ရွေးချယ်ပွဲကို ပြန်ဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် သူခြေထောက် မြှောက်လိုက်တဲ့ အချိန် မြေပြင်ပေါ်မှာ စာလိပ် တစ်ခုကို တွေ့လိုက်ရတယ်။

“ဒါက ဘာလဲ။” ဖန်ကျန်းရှီ စာလိပ်ကို ဖွင့်ဖတ်တယ်။ ခပ်မြန်မြန်ပဲ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ ခုန်ချင်းက ဒီရွေးချယ်ပွဲ အတွက် အတော်လေး အားထုတ် ပြင်ဆင် ထားပုံပဲ။ အရင် ကောင်းကင်တာအို လူရွေးပွဲက မေးခွန်းဟောင်းတွေတောင် စုဆောင်းလာတယ်။

အဖြေမပါတဲ့ မေးခွန်းတွေပဲ စုထားတာ။ ဒီ မေးခွန်းတွေကို စာအုပ်ထဲမှာ ရှာမတွေ့နိုင်ဘူး။

…

စာလိပ်ကို ဖတ်နေတဲ့ အချိန် သစ်သားအိမ် ပေါ်မှာ သားရဲကောင် အူသံကြီးကို ကြားလိုက်ရတယ်။ ကြီးမားတဲ့ သားရဲကောင်ကြီး တစ်ကောင် သစ်သားအိမ် ပေါ်က ပျံသန်း ဖြတ်ကျော်သွားတယ်။

“လရောင်ဖြာ နိုင်ငံတော် အိမ်ရှေ့စံ သုခမိန် ရောက်ရှိ။” ခပ်တိုးတိုး အသံက ကောင်းကင် တာအို ခန်းမ တံခါး အပြင်မှာ ထွက်ပေါ်လာတယ်။ ကောင်းကင် တာအို ခန်းမ ဝတ်ရုံကို ဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်က တံခါးဆီကို လျှောက်လာခဲ့တယ်။

ဒီကောင်းကင် ခန်းမ တံခါးက သာမာန် တံခါး မဟုတ်ဘူး။ ကျောက်စိမ်းတွေနဲ့ ထွင်းထုထားတဲ့ လူရုပ်တုကြီး နှစ်ခုပဲ။ ဘယ်ဘက် ရုပ်တုကြီးက ဆံပင်ဖြူဖြူတွေ ဖြာကျ နေပြီးတော့ ကျောမှာတော့ အစိမ်းရောင် ဓားတစ်ချောင်းကို လွယ်ထားတယ်။

ညာဘက် ရုပ်တုကြီးက ငယ်ရွယ်တဲ့ လူငယ် အသွင်ရှိတယ်။ သူ့ရဲ့ စူးရှ တောက်ပတဲ့ မျက်ဝန်းတွေက ထူးမခြားနား အမူအယာနဲ့။ ခါးမှာလည်း ဓားတစ်ချောင်း ချိတ်ထားတယ်။ အဖြူရောင် ကျောင်းတော်သာား ဝတ်ရုံနဲ့ အရမ်းကို ခံ့ညားတယ်။

ကောင်းကင် တာအို ခန်းမ တပည့်တွေ ရုပ်တုကြီး နှစ်ခုရှေ့ ခြေ၃လှမ်း အကွာမှာ ရပ်နေကြတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကနေ လူနှစ်ယောက် ခုန်ဆင်းလာတယ်။ တစ်ယောက်က ရွှေရောင် ဝတ်ရုံနဲ့ ဆံပင်တွေ ဖွေးဖွေး ဖြူနေတဲ့သူ။ နောက်တစ်ယောက်က သတ်လတ်ပိုင်း လူတစ်ယောက်။

“အရှင် မင်းမြတ်နဲ့ အိမ်ရှေ့စံ။ ခန်းမ ခေါင်းဆောင်က စောင့်ဆိုင်း နေတာ ကြာပါပြီ။”

“ကောင်းပြီ။ လမ်းပြပါ။” သတ်လတ်ပိုင်း လူရွယ် ခေါင်းငြိမ့်တယ်။ ရုတ်တရက် တစ်ခုခုကို သူ သတိရသွားတယ်။

“အာ ဟုတ်သား။ ငါ့ရဲ့ ခြောက်ယောက်မြောက် ညီငယ်လေးလည်း ကောင်းကင် တာအို ခန်းမမှာ ရောက်နေတာပဲ။ သူက ငါ့ထက် နည်းနည်းလေး ပိုတော်တယ်။ ဒါပေမယ့် နူးညံ့တယ်။”

“အိမ်ရှေ့စံက မင်းသား ၆အကြောင်း မေးချင်တာလား။”

“ဟုတ်တယ်။”

“စိတ်မကောင်းပါဘူး။ မင်းသား၆က စောစောစီးစီး ထုတ်ပယ် ခံလိုက် ရပါပြီ။ ရွေးချယ်ခံဖို့ အတွက် အရည်အချင်း မပြည့်မှီဘူး။”

“အမ်။ မဖြစ်နိုင်တာပဲ။ ငါ့ညီငယ်လေးက ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်နေပြီ။ သူ့ရဲ့ အင်အားက ကောင်းကင် တာအို ခန်းမနဲ့ ကိုက်ညီတာပဲ။ နောက်ပြီးတော့ ကောင်းကင် တာအို လူရွေးပွဲက စတောင် မစသေးဘူး မဟုတ်လား။”

“အင်အားက ကောင်းကင်တာအို ခန်းမမှာ ရွေးချယ်တဲ့ အချိန် ဦးစားပေး အရာ တစ်ခုပါပဲ။ ဒါပေမယ့် စိတ်ဓာတ်နဲ့ အလားအလာက ဒီတစ်ခေါက် စစ်ဆေးမှုမှာ ဦးစားပေးပါတယ်။ နောက်ပြီးတော့ ကောင်းကင် တောင်ခြေမှာ လူရွေးပွဲ စနေပါပြီ။ အိမ်ရှေ့စံ မေးစရာ မရှိတော့ရင် ကောင်းကင် ကျောင်းတော် ပလ္လင်ကို ပို့ဆောင် ပေးပါမယ်။” တပည့်သားက ပြောရင်းနဲ့ ထွက်ခွာ သွားတော့တယ်။

“ဟူး။” လရောင်ဖြာ နိုင်ငံက အိမ်ရှေ့စံနဲ့ ဧကရာဇ် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သက်ပြင်း ချမိတယ်။ ဒါပေမယ့် သူတို့ စကားဆက် မပြောတော့ဘူး။ ရှေ့က လျှောက်သွားတဲ့ သူကို မှီအောင် အမြန် လိုက်ရတော့တယ်။

ဒီအချိန်မှာပဲ ရုပ်တုကြီး ရှေ့ကို နောက်ထပ် တပည့်သား တစ်ယောက် ရောက်လာပြန်တယ်။ ကောင်းကင်ပေါ်က ပျံသန်းနေတဲ့ အရာကြီး ၂ခုကို ကြည့်နေခဲ့တယ်။

“ကြီးမြတ်သော ရှနိုင်ငံတော်က ဧကရာဇ်နဲ့ မင်းသားရှန်း ရောက်ရှိ။”

“တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်။”

“အရှင် မင်းမြတ်နဲ့ မင်းသားရှန်း။ ကောင်းကင် ကျောင်းတော် ပလ္လင်မှာ ခန်းမခေါင်းဆောင် စောင့်နေပါတယ်။ ကျွန်တော့် နောက်ကို လိုက်ခဲ့ ပေးပါ။”

“ကောင်းပါပြီ တမန်တော်ကြီး။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်းနဲ့ သူ့ဘေးက လင်းယွမ်ကို ကြည့်တယ်။ အဲ့ဒီ့နောက် ကောင်းကင် တာအို ခန်းမထဲကို ဝင်သွားတော့တယ်။

တောင်ပေါ်လေက အေးစက်တယ်။ လေပြင်းတွေက တစ်ချိန်လုံး တိုက်ခတ်နေတယ်။ လင်းယွမ် မျက်မှောင် ကြုတ်သွားပေမယ့် ဧကရာဇ် လင်းမုပိုင် နောက်က ကပ်လိုက်ရင်း ခန်းမထဲကို လိုက်ဝင်တယ်။

…….

ကောင်းကင် တာအို ခန်းမ။ ကောင်းကင် ကျောင်းတော် ပလ္လင် ။

ကြီးမားတဲ့ အဖြူရောင် တိုင်လုံးကြီး ရှေ့မှာ အနက်ရောင် ကျောက်တိုင် တစ်ချို့ ရှိနေတယ်။ များပြားလွန်းတဲ့ ရွှေရောင် စာလုံးတွေ အနက်ရောင် ကျောက်တိုင်တွေမှာ ရေးထွင်းထားတယ်။

ပတ်ပတ်လည်က အဖြူရောင် ကျောက်တိုင်တွေ အပေါ်မှာတော့ ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားတွေ မတ်တပ် ရပ်နေကြတယ်။ ဓားရှည်တွေ ချိတ်ထားပြီးတော့ စာလိပ်တွေ ကိုင်ထားကြတယ်။ သူတို့ အားလုံးက တည်ကြည်တဲ့ အမူအယာနဲ့ အေးစက်စက် ပုံစံတွေ ချည်းပဲ။

ကျောက်တုံး ခုံအောက်မှာ ကျောက်စိမ်းတုံးတွေကို ထောက်ထိုင် လုပ်ထားတဲ့ လေးထောင့် စားပွဲတွေ ရှိနေတယ်။ ဧကရာဇ် လင်းမုပိုင်နဲ့ လင်းယွမ်က စားပွဲ ဘေးမှာ ထိုင်နေတယ်။ ဒီစားပွဲဘေးမှာ ထိုင်နေတဲ့ နောက်ထပ် လူတွေလည်း ရှိသေးတယ်။

“ခန်းမ ခေါင်းဆောင်။ အရှင် ဧကရာဇ်နဲ့ မင်းသားတွေ အားလုံး ရောက်နေပြီ။ ရွေးချယ်ပွဲလည်း စနေပြီ။ ဒါပေမယ့်။” ထိုင်ခုံနားကို လျှောက်လာရင်းနဲ့ တပည့် တစ်ယောက် ခပ်တိုးတိုး ပြောတယ်။

“ကူယန် ပြန်မလာ သေးဘူးလား။”

“ဟုတ်ပါတယ်။”

“ကိစ္စ မရှိဘူး။ မနက်ဖြန်က ကောင်းကင် ဟောစာတမ်း ရောက်မယ့် နေ့ပဲ။ ကူယန် အချိန်မှီ ရောက်လာမယ်လို့ ငါယုံတယ်။” လူကြီးက ခေါင်းခါရင်းနဲ့ တပည့်တွေကို နောက်ဆုတ်ဖို့ အမူအယာ ပြတယ်။

“ကောင်းပါပြီ အရှင်။” လက်ဟန်ကို မြင်တော့ တပည့်သားတွေ နောက်ဆုတ် သွားတယ်။

ခန်းမခေါင်းဆောင်ကြီးလည်း ထရပ်တယ်။ သူက ဝတ်ရုံဖြူကို ဝတ်ထားပြီးတော့ ခြေဗလာနဲ့။ ပတ်ပတ်လည်ကို ဝေ့၀ဲကြည့်ရင်း သူပြုံးလိုက်တယ်။

“မုချင်းဖုန်း။ ဧည့်ဝတ် မကျေမိတာကို တောင်းပန်ပါတယ်။”

“ပြောစရာ မလိုပါဘူး။ ခန်းမခေါင်းဆောင်။”

“ အရင် တစ်ခေါက် ကောင်းကင် တာအို ခန်းမ လူရွေးပွဲမှာ အပြောင်းအလဲ ဖြစ်သွားခဲ့တယ်။ အခု တစ်ခေါက် ကောင်ကင် တာအို လူရွေးပွဲ ပြီးတဲ့ အထိ ကျေးဇူးပြုပြီး နေကြပါ။”

“ခန်းမ ခေါင်းဆောင် ပြောတာက ကောင်းကင် တာအို ဟောစာတမ်း အကြောင်းလား။”

“ဟုတ်ပါတယ်။”

“ရွေးချယ် ခံထားရသူက ကြီးမြတ်သော ရှမင်းဆက်က ချီကူယန်။ ဒါပေမယ့် ကောင်းကင် တာအို ဟောစာတမ်းက ကိစ္စကြီး တစ်ခုပဲ။ ငါတို့ နိုင်ငံ အားလုံးရဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ ဆက်စပ်နေတာပဲ။ ဘယ်လိုလုပ် လက်လွှတ် ခံလို့ ရမှာလဲ။”

“အမှန်ပဲ။ ငါတို့ နိုင်ငံတွေ အားလုံးရဲ့ ကိစ္စ ပါဝင်နေတာ။” မုချင်းဖုန်း ခေါင်းမော့ရင်းနဲ့ ကောင်းကင်ကို ကြည့်နေတယ်။

အပိုင်း (၆၃၃) ပြီး၏။

အပိုင်း (၆၃၄)

“ထုတ်ပယ် ခံရတာက မတော်တဆ ဖြစ်စေတယ်။”

ဖန်ကျန်းရှီက ဒီစာလိပ်ကို ဖတ်ပြီးဖို့ မိနစ် ၃၀ကျော် ကြာခဲ့တယ်။ အဲ့ဒီ့နောက် သစ်သား အိမ်ထဲကနေ သူထွက်လာတယ်။ အခုက နေ့လယ်ရောက်နေပြီ။ နေမင်းက အပူရှိန် ပြင်းထန်လွန်းတယ်။ မင်းသား၆ ထုတ်ပယ် ခံရပြီး နောက်မှာတော့ လူတိုင်းက လိမ်လိမ်မာမာ ပုံစံလေး ဖြစ်နေခဲ့ပြီ။

သစ်သားအိမ်ထဲမှာ ဖန်ကျန်းရှီ အချိန် အကြာကြီး နေနေတာကို ဘယ်သူမှ မမေးခဲ့ဘူး။ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်း နေကြတယ်။

“အကို ခုန်ချင်း။” ကောင်းကင် တာအို ခန်းမ တပည့် သုံးယောက် တလေးတစား နှုတ်ဆက်တယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြတယ်။ အကိုကြီး တစ်ယောက် အနေနဲ့ အကြီးတစ်ယောက်လို ပြုမူရမယ်လေ။

နောက်ထပ် ဆက်မပြောတော့ဘူး။ ပတ်ဝန်းကျင်က ထိပ်သီး ၃၁ ယောက်ကို သူကြည့်နေတယ်။ တူညီ ဝတ်စုံကို ဝတ်ထားတဲ့ သူတွေထဲက ရန်ရွှယ်ကို သူတွေ့လိုက်တယ်။ ရန်ရွှယ့်ဆီကို လျှောက်သွားဖို့ ပြင်ပေမယ့် သူ့ကိုယ်သူ ထိန်းလိုက်တယ်။ သုူငယ်ချင်းတွေ ကြားမှာ အရေးအကြီးဆုံးက ဘာလဲ။ ယုံကြည်မှုလေ။

ရန်ရွှယ်ကို ယုံကြည် နိုင်မှန်း ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် ကောင်းကင် တာအို လူရွေးပွဲကို အောင်ဖို့ အတွက် ရန်ရွှယ်က သူကူညီစရာ မလိုပါဘူး။ နောက်ပြီးတော့ သူကူညီလိုက်ရင် ယုံကြည်ချက်လည်း မဲ့သွားလိမ့်မယ်။ ဒါဆိုရင် အခုချိန်မှာ သူ ဘာလုပ်ရမှာလဲ။

အခုချိန် ပြိုင်ပွဲမှာ မင်းသား တစ်ယောက် အဖြစ် ဟန်ဆောင်ပြီး နေရရင် ကိုယ့်ကိုယ်ကို နှိမ့်ချ နေရအုန်းမယ်။ ဒါပေမယ့် အခုတော့ သူက စာစစ်သူ ဖြစ်နေပြီလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကို နှိမ့်ချလို့ မရတော့ဘူး။ တခြားသူကို လန့်စရာ စိတ်ဖိစီးစရာ ဖြစ်အောင် လုပ်ရမယ်။

ဒါဆိုရင် အားလုံး နီးပါးကို ထုတ်ပယ်ပြီးတော့ ရန်ရွှယ်ကို ချန်ထားရ မလား။ ဒီလို နည်းလမ်း သုံးရင် ရန်ရွှယ်ကို ကူညီ နေတယ်လို့လည်း ပြောလို့ မရဘူး။

ဖန်ကျန်းရှီ ထင်ခဲ့တာ ရန်ရွှယ့် အတွက် အခက်အခဲတွေကို ဖယ်ရှားပေးပြီးတော့ ပြိုင်ဆိုင်ရတာ နည်းအောင် လုပ်လိုက်ရင် ကောင်းမယ်လို့။ အနည်းဆုံးတော့ ကောင်းကင် တာအို ခန်းမကို ရန်ရွှယ် အေးဆေး ဝင်နိုင်မယ်လေ။ ကောင်းပြီလေ။ ဒီကောင်တွေကို တစ်ခဏ အတွင်း ထုတ်ပယ် လိုက်လို့လည်း ရတယ်။

သူတို့တွေက ဘယ်သူပဲ ဖြစ်ဖြစ်။ မင်းသားတွေပဲ ဖြစ်ဖြစ် နယ်စားမင်းတွေပဲ ဖြစ်ဖြစ် ထုတ်ပယ်လို့ရတယ်။ ခုန်ချင်းက လရောင်ဖြာ နိုင်ငံတော်ရဲ့ မင်းသား ၆ကို ထုတ်ပယ်ခဲ့ ပြီးပြီလေ။ အခုတော့ ဘာများ ကြောက်နေ ရအုန်းမှာလဲ။

ပြဿနာ တစ်ခုခု ဖြစ်လာရင်တောင် ကောင်းကင် တာအို ခန်းမက သူ့ကို ကာကွယ် ပေးထားတယ်။ နေစမ်းပါအုန်း။ နောက်ထပ် လူတစ်ယောက်ကို ဖန်ကျန်းရှီ တွေးမိလိုက်တယ်။ သစ်ပင်အောက်မှာ သူရပ်နေတဲ့ အချိန်တုန်းက ဒီလူကို ဖန်ကျန်းရှီ သတိ မထားမိဘူး။ အခုတော့ လူအုပ်ထဲမှာ အဲ့ဒီ့လူ ရပ်နေတယ်။

နန်ကုန်းမု။

သာမာန် ပုံစံနဲ့ သာမာန် ရုပ်သွင်နဲ့ မထူးခြားတဲ့ လူတစ်ယောက်။ သူက ဖန်ကျန်းရှီရဲ့ အခင်ဆုံး သူငယ်ချင်း တွေထဲက တစ်ယောက်ပဲ။ ဒီလူတွေထဲမှာ သူရပ်နေတယ်။

နန်ကုန်းမု အကြောင်းကို တွေးမိတိုင်း နန်ကုန်းဟောင်က သူ့စိတ်ထဲကို ရောက်လာတယ်။ နန်ကုန်းဟောင်က ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ နံပါတ်တစ် ထိပ်တန်း ပါရမီရှင်။ သူနဲ့ အတူ အတွေးအခေါ် စာမေးပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ကောင်းကင် တာအို ခန်းမကိုလည်း ဝင်ခွင့် ရခဲ့တယ်။ အခုတော့ သူက ကောင်းကင် တာအို ခန်းမမှာ ရှိနေပြီ မဟုတ်လား။ ဖန်ကျန်းရှီလည်း နံရံတွေကို မော့ကြည့်နေတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက ကံကြမ္မာ ဖန်တဲ့ ညတစ်ညကို သူအမှတ် ရနေတယ်။

“အကို ခုန်ချင်း။” သူ့နောက်က တပည့်သား တစ်ယောက် ခပ်တိုးတိုး ပြောတယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ သူ့ကိုယ်သူ သတိ ပေးနေခဲ့တယ်။ တကယ်တော့ သစ်သားအိမ်ထဲမှာ အချိန် အကြာကြီး သူဖြုန်းခဲ့ပြီးပြီ။

ထုတ်ပယ်တာ စလိုက်ရအောင်။ ဖန်ကျန်းရှီ သူ့ရှေ့က ရပ်နေတဲ့ လူငယ်လေး ၃၁ယောက်ကို သေချာကြည့်တယ်။ သူတို့ အားလုံးက ဝတ်ရုံရှည်တွေကို ဝတ်ထားတယ်။ မောက်မာတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတယ်။ သူတို့ အားလုံးက မိသားစုတွေရဲ့ ဆက်ခံသူတွေပဲ။ ဒါကြောင့် မောက်မာတာက ပုံမှန် ပုံစံမျိုး ဖြစ်နေခဲ့တယ်။

နောက်ပြီးတော့ နိုင်ငံတော် တစ်ခုလုံးကနေ ရွေးချယ်ထားတဲ့ ထိပ်တန်း စစ်သည်တော်တွေက သာမာန်လူတွေ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ ကောင်းကင် တာအို ခန်းမ လူရွေးပွဲကို သူတို့ ရောက်လာကြတာ။

“မင်း ရှေ့ထွက်။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း လျှောက်လာတယ်။ အဲ့ဒီ့နောက် ဝတ်ရုံရှည်ဝတ် လူငယ်လေး တစ်ယောက်ကို လက်ညှိုးထိုးရင်း ရှေ့ထွက် ခိုင်းတယ်။

“ငါက စစ်မက်လိုလား နိုင်ငံတော်က ရှီဝေ့ယိ။ တမန်တော်ကြီး မေးခွန်း မေးနိုင်ပါတယ်။” လူငယ်လေးက ယုံကြည်ချက် အပြည့်နဲ့ ရှေ့ထွက်လာတယ်။ အခုချိန်မှာ စာမေးပွဲ မေးခွန်းကို ဖြေဖို့ အချိန်မှန်း သူသိတယ်။

“မင်းကို မေးခွန်း မေးမယ်လို့ မပြောမိ ဖူးဘူး။ မင်းက ငါ့ကို မေးဖို့ ပြောတာလား။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း နေတယ်။ ထွက်တော့။” ဖန်ကျန်းရှီ လက်ဝေ့ယမ်း ပြတယ်။

“ထွက်ရမယ်။” လူငယ်လေး ချက်ခြင်း မတုံ့ပြန် နိုင်ခဲ့ဘူး။ ကျန်ရစ်နေတဲ့ လူ၃၀ထဲက တစ်ဝက်ကျော်လောက် မျက်လုံးပြူး နေခဲ့တယ်။ ဒီလို အထုတ်ခံ လိုက်ရတယ်လား။ ကြမ်းတမ်း လွန်းတယ်။

“ဒါတော့ ကျွန်တော် သဘောမကျဘူး။ ကောင်းကင် တာအို လူရွေးပွဲ ပထမ ရွေးချယ်ပွဲ့ အမြဲတမ်း မေးခွန်း မေးတာပဲလေ။ ဒီလောက်လေးနဲ့တော့ မထုတ်ပယ် သင့်ပါဘူး။” လူငယ်လေး ပြန်ပြောတယ်။

“ဒါဆိုရင် မင်းပြောချင်တာက အမှားသေးသေးလေး တစ်ခုပဲလို့လား။” ဖန်ကျန်းရှီက ပြုံးပြခဲ့တယ်။

“ဟုတ်တယ်။” လူငယ်လေး ခေါင်းငြိမ့်လိုက်တယ်။ အရမ်းကို စိတ်ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။ ကျန်တဲ့ ပြိုင်ပွဲဝင်တွေလည်း ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ လရောင်ဖြာ နိုင်ငံတော်ရဲ့ မင်းသား ၆ကို ထုတ်ပယ်တဲ့ အချိန် သူ့စွမ်းအားကို ပြသခဲ့တယ်။

အခုတော့ အင်အားကြီးတဲ့ လူတစ်ယောက်ကို ဘယ်လို ဖယ်ထုတ်မှာလဲ။ ကောင်းကင် တာအိုက လူဖြစ်တာတောင်၊ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာရမယ်။ အကြောင်းရင်း မရှိပဲနဲ့ ထွက်ခိုင်းလို့ မဖြစ်ဘူး။ ဒါက အတင်းအကြပ် လုပ်တာနဲ့ စည်းမျဉ်း အတိုင်း လုပ်တာ ကွာခြားတာပဲ။

“မင်းတို့တွေကော သူ့အတိုင်း တွေးတာလား။” ဖန်ကျန်းရှီ မေးတယ်။

ဘယ်သူမှ စကား မပြောကြဘူး။ လူတိုင်းက ခေါင်းမော့ ရင်ကော့ရင်း ရပ်နေပင်မယ့် ဘယ်သူမှ အသံ ထွက်မလာ ကြဘူး။

“စကားပုံ တစ်ခုရှိတယ်။ မင်းတို့တွေ မှတ်မိကြမလား မသိဘူး။ လူတွေက သူတို့ဆီကို အန္တရာယ်တွေ လာမှာကို ကြို မမြင်ရင် ဘာကိုမှ မကြောက်ကြဘူး။ ပုံမှန် ဘဝမှာ ဘာကိုမှ အမှုမထားဘဲ ပြုမူကြတယ်။ ဒီလို အသေးအဖွဲ့ လေးတွေကို ဂရု မစိုက်ရင် လူတစ်ယောက်ရဲ့ ဘဝက မမြင့်မား နိုင်ဘူး။ ဒါကြောင့် သုခမိန်တွေက ကိုယ့်ကိုယ်ကို အမြဲ စဉ်းစား ဆင်ခြင်တယ်။ သူ့ရဲ့ အသိပညာတွေကို ထုတ်ဖော် ပြပေမယ့် ကိုယ့်ကိုယ်ကို ဂုဏ်မဖော်ဘူး။ နောင်ရေး အတွက် သေချာ စဉ်းစားပြီး ကိုယ့်ကိုယ်ကို ဆင်ခြင် လုပ်ဆောင်တယ်။” ဖန်ကျန်းရှီ ပြောပြီးတဲ့နောက် လူတွေကို ပြန်ကြည့်တယ်။

အခုတော့ သူတို့တွေရဲ့ ပုံစံက ထူးခြားနေပြီ။ ဒီစကားတွေကို ကြားပြီးတဲ့နောက် သူတို့လည်း အမူအယာ ပြောင်းလဲ သွားကြတယ်။ သူတို့တွေက နိုင်ငံကြီးတွေရဲ့ ထိပ်သီးတွေပဲ။ ဒါကြောင့် ဆိုရိုးစကားကို နားလည်တယ်။ သာမာန်လူတွေက အုပ်ချုပ်သူ အစိုးရကိုလည်း မကြောက်ဘူး။ ဖြစ်လာမယ့် ကပ်ဆိုးတွေလည်း မကြောက်ဘူး။ လူတွေကို အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ ဖိအားပေးတာက မှားယွင်းတယ်။ အုပ်ချုပ်သူကို ဆန့်ကျင်စရာ ကိစ္စ မရှိမှပဲ ပြည်သူတွေက သူတို့ရဲ့ အုပ်ချုပ်သူကို မမုန်းနိုင်မှာ။

ဒါကြောင့် သုခမိန် တစ်ယောက်က ကိုယ်ပိုင် နားလည်မှု ရှိရုံတင် မကဘူး။ ကိုယ့်ကိုယ်ကို ချစ်မြတ် နိုးအောင်လည်း သင်ကြား ပေးရမယ်။ မောက်မာလို့ မရဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်နဲ့ မော်ကြွား နေတာကို စွန့်လွှတ်ရမယ်။ ပတ်ဝန်းကျင်ကို သတိထားပြီးတော့ ဗဟုသုတတွေ ဖြန့်ဝေရမယ်။

“တခြား ဘယ်သူ မေးစရာ ရှိသေးလဲ။” ဖန်ကျန်းရှီ ပြုံးပြတယ်။

“မရှိ။” တိတ်ဆိတ်နေခဲ့တဲ့ လူအားလုံး ပြန်ဖြေတယ်။ ဖန်ကျန်းရှီကို သူတို့ ကြည့်တဲ့ ပုံစံလည်း ပြေင်းလဲ သွားခဲ့တယ်။ ဒီခံစားချက်က “မဟာ အလင်း” ရတဲ့ သူတစ်ယောက်ကို မြင်ရသလိုပဲ။ ဒီလို သေးငယ်တဲ့ အဖြစ်လေးကနေ စည်းမျဉ်းတွေ အကြောင်းကို ရှင်းပြနိုင်တယ်။ ဒါကို မဟာ အလင်းလို့ မပြောရရင် ဘာလို့ ပြောရမလဲ။

ကောင်းကင် တာအို ခန်းမကတော့ တကယ့် ကောင်းကင် တာအို ခန်းမပဲ။ ဘယ်သူမှ ဖန်ကျန်းရှီကို ပြန်မပြော ဝံ့ကြဘူး။ ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ လူငယ် သုံးယောက်လည်း ဒါကို နားလည် သွားတဲ့ ပုံစံပဲ။ ကောင်းကင် တာအို ခန်းမက လုပ်ဆောင်တဲ့ ကိစ္စ အားလုံးက အကျိုးအကြောင်း ဆီလျော်တယ်။

လူငယ်လေး နောက်ထပ် မပြောတော့ဘူး။ ဖန်ကျန်းရှီရဲ့ စကားကို နားထောင် ပြီးတဲ့နောက် သူ့မျက်နှာ တစ်ခုလုံး အရှက်ရမှုကြောင့် နီရဲ လာခဲ့တယ်။

တစ်ခဏ ကြာပြီးတဲ့နောက် ဖန်ကျန်းရှီကို သူဦးညွှတ် လိုက်တယ်။

“ကျွန်တော် သင်ခန်းစာ ရပါပြီ။” လူငယ်လေး ပြောရင်းနဲ့ နောက်ဆုတ်ပြီး ထွက်ခွာ သွားတော့တယ်။ သိပ်မကြာခင်ပဲ လူအုပ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားတယ်။

“ကောင်းပြီ။ နောက်တစ်ယောက်။” ဖန်ကျန်းရှီ ဒုတိယ လူငယ်ကို လက်ညှိုး ထိုးပြတယ်။

“စစ်မက် လိုလား နိုင်ငံတော်က ထျန်းဖုန်းယွင်ပါ။” နောက်ထပ် လူငယ်လေးက အခုတော့ ပါးနပ်သွားပြီ။ သူဂရုစိုက်ပြီးတော့ လျှောက်လာတယ်။ သုံးလှမ်းတိတိ။

“ဒီလူငယ်လေးက သင်ကြားလို့ မရနိုင်ဘူး။” လူငယ်လေး သုံးလှမ်း လျှောက်ပြီးတဲ့ အထိ စောင့်ရင်း ဖန်ကျန်းရှီ ပြောလိုက်တယ်။ စိတ်မရှည် လက်မရှည် လက်ဝေ့ယမ်း ပြတယ်။

“နောက်တစ်ယောက် ထွက်သွားရ ပြန်ပြီလား။”

ကျန်ရစ်တဲ့ သူတွေထဲက တစ်ဝက်လောက် တုန်ယင် သွားပြန်တယ်။ ဒါပေမယ့် လူငယ်လေးကို သူတို့ စိုက်ကြည့် နေကြတယ်။ သူတို့ အကြည့်တွေက (ညီနောင်။ အေးအေးချမ်းချမ်း သွားနှင့်ပါ။) ဆိုတဲ့ ပုံစံ ဖြစ်နေတယ်။ လူငယ်လေးက တစ်မိနစ် တိတိ ကြောင်အနေတယ်။ သူ့ရဲ့ အပြုအမူကို ပြန်စဉ်းစားနေတယ်။

ပြဿနာ မရှိ ခဲ့ဘူး။ ခြေလှမ်းလည်းမှန်တယ်။ သူ့နာမည်လည်း သူပြောတယ်။ ဒါဆိုရင် ဘာကြောင့် ထုတ်ပယ် ခံရတာလဲ။ လူငယ်လေး ဘာမှား သွားမှန်း မသိခဲ့ဘူး။ ဖန်ကျန်းရှီ ပြောတဲ့ ထုတ်ပယ်ခံ ဆိုတာကိုတော့ သူနားလည်တယ်။

“တမန်တော်ကြီး ကျွန်တော့်ကို ရှင်းပြပေးပါ။” လူငယ်လေးက မေးခွန်း မေးဖို့ ဆုံးဖြတ် လိုက်တယ်။ နောက်ဆုံးတော့လည်း ကောင်းကင် တာအို ခန်းမ လူရွေးပွဲက မလွယ်ကူမှန်း သူသိတယ်လေ။ ဆယ်နှစ်လုံးလုံး အဆက်မပြတ် ကြိုးစားခဲ့တယ်။ အခက်အခဲတွေ အများကြီး တွေ့ခဲ့တယ်။ နောက်ဆုံးတော့ ဒီလူရွေးပွဲကို ရောက်လာခဲ့ပြီ။ အခုတော့ စကားလေး တစ်ခွန်းပဲ ပြောရသေးတယ်။ ထုတ်ပယ် ခံလိုက်ရပြီ။ ဘယ်လို အမှားမျိုး လုပ်မိမှန်း သူ နားမလည်ခဲ့ဘူး။

“ရှီဝေ့ယိ ထုတ်ပယ်ခံရတဲ့ အချိန် ပြောတာကို မင်းမှတ်မိလား။” ဖန်ကျန်းရှီလည်း နည်းလမ်း တကျ နေရတဲ့ လူ့အဖွဲ့ အစည်းကို နားလည်တယ်။ ဒါကြောင့် ထုတ်ပယ်ဖို့ အတွက် အကြောင်းရင်း ပေးရမယ်။

“ဘယ် အပိုင်းကို ပြောတာလဲ။” လူငယ်လေး ခပ်တိုးတိုး မေးတယ်။

“တကယ်တော့ မင်းက ဘာမှကို မှတ်မထားတာပဲ။ ဦးနှောက်ရှိတဲ့ လူတိုင်း ငါပြောချင်တာကို နားလည်နိုင်တယ်။ ကောင်းကင် တာအို ခန်းမရဲ့ ပထမ ရွေးချယ်ပွဲက မေးခွန်းနဲ့ အဖြေကို မေးတာပဲ။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြန်ဖြေတယ်။

ပြိုင်ပွဲဝင်တွေ ရှင်းပြတာကို နားလည် သွားခဲ့တယ်။ ဒါပေမယ့် အပြည့်အဝတော့ နားမလည် သေးဘူး။

“ဒါပေမယ့် ကျွန်တော်။”

“စိတ်ရှုပ်ထွေး နေတယ်လား။ မင်း စိတ်ရှုပ်ထွေး နေတာကို ငါသိတယ်။ အခုချိန်က စစ်ပွဲလိုပဲ။ တဖက်သားကို မင်းစိတ်ရှုပ်ထွေး နေတာ သိစေလို့ မဖြစ်ဘူး။ သူတို့က မင်းကို အလွယ်လေး လွတ်ပေးမယ် ထင်နေတာလား။ နောက်ပြီးတော့ သူပြောလိုက်တာပဲ။ ပထမ စစ်ဆေးမှုက မေးခွန်း အမေး အဖြေ အပိုင်းပဲ။ ဒါကို မင်းသိရင်တောင်။ ငါ့ကို ဘာဖြစ်လို့ မေးခွန်း မေးဖို့ မပြောတာလဲ။”

“…” လူငယ်လေး တိတ်ဆိတ် သွားခဲ့တယ်။

“သင်ယူတယ် ဆိုတာ ပင်လယ်ထဲမှာ ရွက်လွှင့် နေရသလိုပဲ။ ရှေ့ကို ဆက်သွားဖို့ လိုတယ်။ နောက်မှာပဲ ရပ်နေလို့ မဖြစ်ဘူး။ ဒါက လေ့ကျင့်တာနဲ့ အတူတူပဲ။ သွားတော့။” လူငယ်လေး ပြောတာကို ဖန်ကျန်းရှီ နားမထောင်တော့ဘူး။

“မှန်ပါတယ်။ ဆရာ။ အဖေက ကျွန်တော် လေ့ကျင့်တဲ့ နေရာမှာ အရမ်း သတိကြီးလွန်းတာကို အမြဲတမ်း ထိန်းကွပ်ပေးတယ်။ ဒါပေမယ့် ဆရာ့ စကားလောက်တော့ တစ်ခါမှ မရှင်းလင်း ခဲ့ဘူး။ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကို သက်တောင့် သက်သာ ဖြစ်လိုတဲ့ နေရာကနေ ကျော်လွှားပြီးတော့ ကြိုးစားပါမယ်။ လေ့ကျင့်တာကိုပဲ အာရုံစိုက်ပါမယ်။”

“ကောင်းလိုက်တာ။”

“တစ်ချက်တည်း ကြည့်ရုံနဲ့ ပြဿနာကို ထွင်းဖောက် မြင်နိုင်တယ်။ ဒီအရည် အချင်းက အထင်ကြီး စရာပဲ။”

“ကောင်းကင် တာအို ခန်းမကို ငါဝင်နိုင် ခဲ့ရင် အကိုကြီး ခုန်ချင်း ဆီကနေ ကောင်းကောင်း သင်ယူရမယ်။”

လူငယ်လေးရဲ့ တုံ့ပြန် စကားကို ကြားပြီးတဲ့နောက် ကျန်ရစ်တဲ့ လူတွေ အားလုံး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကုန်ကြတယ်။ ဒါက ဖန်ကျန်းရှီ ဘဝမှာ ပထမဆုံး သူ့ရဲ့ အတွေးအခေါ်တွေနဲ့ လူအထင်ကြီးအောင် လုပ်နိုင်တာပဲ။ ဒီ တစ်ခေါက်မှာတော့ ဖန်ကျန်းရှီရဲ့ အမျှော်အမြင်ကို လူတိုင်း အထင်ကြီးနေခဲ့ပြီ။ လူတစ်ယောက်ရဲ့ အားနည်းချက်တွေကို စကားလုံး တစ်လုံး အကြည့်တစ်ချက်နဲ့ မြင်နိုင်တယ်။

တကယ့်ကို ကြောက်စရာပဲ။

ကောင်းကင် တာအို ခန်းမက လေ့ကျင့်ပေးတဲ့ တကယ့် ထိပ်တန်း မြင့်မြတ် နေရာကြီး။ ထိပ်တန်း စစ်သည်တော်တွေက ပိုပြီးတော့ မြင့်မားတဲ့ နေရာကို ရောက်ဖို့ သူတို့ကို သူတို့ စိန်ခေါ်ကြတယ်။ အခုတော့ ၂ယောက် ထွက်သွားခဲ့ပြီ။ သူတို့တွေက အခက်အခဲနဲ့ ကြုံရရင် နောက်မဆုတ်ဘူး။ ရင်ဆိုင် ဖြေရှင်းကြတယ်။

ဒါကြောင့်ပဲ သန်မာတဲ့ စစ်သည်တော်တွေ ဖြစ်လာတာ။ ဖန်ကျန်းရှီလည်း ဒီလူငယ်တွေရဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ ပုံစံကို မြင်နေရတော့ လန့်သွားခဲ့တယ်။ ဖြစ်ကော ဖြစ်နိုင်လို့လား။ ရှေကက လူနှစ်ယောက်ကို ထုတ်ပယ် လိုက်တာတောင်၊ သူတို့ကို ကူညီနေတယ်လို့ ထင်နေသေးတယ်။ တကယ်ကြီးလား။

“နောက်တစ်ယောက်။”

“လရောင်ဖြာ နိုင်ငံတော်က ရွှမ်ဖေး။ ကျေးဇူးပြုပြီး မေးခွန်း မေးပါ။” မိုးပြာရောင် ဝတ်ရုံနဲ့ လူငယ်လေး ယုံကြည်ချက် အပြည့်နဲ့ ရှေ့ထွက်လာတယ်။

“(ရှင်းလင်းမှု) ဆိုတာ ဘာအဓိပ္မာယ်လဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း မေးတယ်။ လူငယ်လေးကော တခြားသူတွေပါ စိတ်သက်သာရာ ရမိတယ်။ ပထမ စစ်ဆေးမှုကို သူအောင်မြင် သွားပြီ။

“မတရားမှုတွေကို ဖယ်ရှားရှင်းလင်းတာ။ ကျက်သရေရှိ၊ မှန်ကန် မြင့်မြတ် ရိုးသားပြီး လောဘ တိုက်စားတာ မခံရဖို့။ ဆိုးဝါးတဲ့ ကိစ္စတွေနဲ့ ဝေးဝေးနေ။” ရွှမ်ဖေးက ဖန်ကျန်းရှီရဲ့ မေးခွန်းကို ဖြေနေတယ်။

“ထုတ်ပယ်။” ရွှမ်ဖေးရဲ့ အဖြေကို ဖန်ကျန်းရှီက နှောက်ယှက် လိုက်တယ်။

“အမ်။” ရွှမ်ဖေး တုန်ယင်သွားတယ်။ ပါးစပ် အဟောင်းသားနဲ့ ထိတ်လန့် နေပုံပဲ။ သူပြောတာ မှန်နေတယ် မဟုတ်ဘူးလား။

ရွှမ်ဖေးက သူ့အဖြေမှာ အမှားအယွင်း ရှိနေတယ်လို့ မထင်ဘူး။ (ရှင်းလင်းမှု) ဆိုတာကို သူနားလည် သလောက် မှန်ကန်အောင် ပြောနေတာလေ။ အခုလို ရှင်းပြတာက ဘယ်လို အခြေအနေ မျိုးမှာ မဆို အသင့်တော်ဆုံး နည်းလမ်းပဲ။ ဒါပေမယ့် ဘာကြောင့်များ ကောင်းကင်တာအို ခန်းမ ရွေးချယ်ပွဲကနေ ထုတ်ပယ် ခံရတာလဲ။

ရွှမ်ဖုန်း နားမလည်နိုင် ဖြစ်နေတယ်။ ကျန်တဲ့သူတွေလည်း ရွှမ်ဖုန်းရဲ့ အဖြေမှာ အမှား မတွေ့ဘူး။

“မင်း စိတ်မကြည်တော့ဘူးလား။” ရွှမ်ဖေးကို ကြည့်ရင်း ဖန်ကျန်းရှီ ရယ်မောတယ်။

“မဟုတ်ပါဘူး။ ကျွန်တော် ဘာမှားသွားလဲ မသိလို့ အလင်းပြပေးပါ။” ရွှမ်ဖေး ခေါင်းခါရင်းနဲ့ ဖန်ကျန်းရှီကို ဦးညွှတ်တယ်။

“ပထမဆုံး။ ငါ့မေးခွန်းက ဒီလောက် လွယ်မယ်လို့ မင်းထင်နေ တာလား။”

“ဒါက။”

“ငါ့မေးခွန်းက ရှင်းလင်း၊ ညစ်ညမ်း၊ အတိမ် အနက်ဆိုတာ ဘာလဲ။ ဒါပေမယ့် မင်းက မေးခွန်းကို ပြီးအောင် မစောင့်ပဲ ဖြေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲတာက မင်းကို ကျရှုံး စေတာပဲ။”

“..” ရွှမ်ဖေး တိတ်ဆိတ်သွားတယ်။

“နောက်ပြီးတော့ မင်းဖြေတဲ့ အချိန်မှာ ညစ်ညမ်းမှုထဲ ကိုယ့်ကိုယ်ကို မပါအောင် ရှောင်နေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံ လုပ်နေပင်မယ့် မင်းက အမှားတွေကို ကြောက်နေတာပဲ။ အမှားတွေကို ကြောက်တယ်။ ကျရှုံးမှာကို ကြောက်တယ်။ ပြီးပြည့်စုံတာကို ရှာဖွေ နေတယ်။ ဒါပေမယ့် ဒီလောကကြီးမှာ ဘယ်လိုများ ပြီးပြည့်စုံနိုင် မှာလဲ။” ဖန်ကျန်းရှီ ဆက်ပြီး ရှင်းပြတယ်။

“ဒီလောကကြီးမှာ ဘယ်လိုများ ပြီးပြည့်စုံ နိုင်မှာလဲ။” ရွှမ်ဖေး ခပ်တိုးတိုး ရေရွတ်တယ်။ သူ့မျက်လုံးတွေ တဖြည်းဖြည်း လင်းလက်တယ်။ တစ်ခဏ ကြာပြီးတဲ့နောက် တံခါးကြီး တစ်ချပ် ပွင့်သွား သလိုပဲ။ ရွှမ်ဖေးက အရူးတစ်ယောက်လို ခုန်ပေါက်ရင်း အော်ဟစ်နေတယ်။

“ဟဟား။ ငါတော့ ဒီအဆင့်ကို အောင်မြင် သွားပြီ။ ပြီးပြည့်စုံမှု ဆိုတာ မရှိဘူး။ ငါနားလည်ပြီ။ သိပြီ။ သိပြီ။” သူရယ်မောရင်းနဲ့ တကိုယ်လုံး အလင်းတန်းတွေ ဖြာထွက်လာတယ်။ အစိမ်းရင့်ရောင် အလင်းတန်းတွေ ဖြာထွက်လာတယ်။

“ဝုန်း၊” ရွှမ်ဖေးရဲ့ ဆံပင်တွေ လေထဲမှာ လွင့်နေတယ်။ သူ့ခန္ဒာကိုယ်က အရှိန်အဝါတွေ ပြောင်းလဲ ကုန်ပြီ။

“မဖြစ်နိုင်ဘူး။”

“သူ အဆင့်တက်သွားတာလား။”

“ငါကြားတာတော့ ရွှမ်ဖေးက သဘာဝလွန် အဆင့်မှာ ရပ်နေတာ ၅နှစ်တောင် ရှိပြီတဲ့။ အခုတော့ ဒီရောက်မှ အဆင့်တက်သွားပြီ။ မယုံနိုင် စရာပဲ။”

သူတို့ထဲက အများစု လန့်နေကြပြီ။ ရွှမ်ဖေးရဲ့ခန္ဒာကိုယ်က တောက်ပတဲ့ အလင်းတန်းကို သူတို့ ကြည့်နေကြတယ်။ သူတို့တွေ မျက်စိနဲ့ မမြင်ရရင် ယုံနိုင်မှာတောင် မဟုတ်ဘူး။ စကားလေး တစ်ခွန်းက အဆင့်တက်အောင် လုပ်နိုင်တယ်လား။

အပိုင်း (၆၃၄)ပြီး၏။

အပိုင်း (၆၃၅)

“မိုးပြိုနေပြီ။”

ပထမဆုံး အဖြစ်အပျက်မှာ ဖန်ကျန်းရှီက (ကိုယ်ပိုင် ဗဟုသုတ) နဲ့ လူသားဆန်မှု အကြောင်းကို ရှင်းပြခဲ့တယ်။ သုခမိန် တစ်ယောက်က လောကကို ရှုမြင်တဲ့ ပုံစံပဲ ကွာခြားတယ်။

ဒုတိယ အဖြစ်အပျက်မှာ ဖန်ကျန်းရှီက ပြိုင်ပွဲဝင်ရဲ့ အမှားကို တစ်ချက် ကြည့်ရုံနဲ့ ထောက်ပြ နိုင်လိုက်တယ်။ နောက်ပြီးတော့ အသိပညာ အသစ်ကိုလည်း ပေးခဲ့သေးတယ်။ (ပင်လယ်ပြင်မှာ ရွက်လွင့်တဲ့ အချိန် ရှေ့ကိုပဲ ဦးတည် ရွေ့လျားရမယ်။) ဒါတွေ အားလုံးပေါင်းရင်တောင် အံ့သြစရာ ဖြစ်နေပြီ။

အခု တစ်ခေါက်ကတော့ ၅နှစ်ကျော် ကြာအောင် ဒီအဆင့်မှာ ပိတ်မိနေတာ။ အခုတော့ ဖန်ကျန်းရှီရဲ့ အကြံ တစ်ချက်နဲ့တင် အဆင့် တက်သွားခဲ့ပြီ။ ဘယ်လောက်တောင် လန့်စရာ ကောင်းလိုက်သလဲ။ ပထမနဲ့ ဒုတိယ အခေါက်တွေက တိုက်ဆိုင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် တတိယ တစ်ခုကတော့ တိုက်ဆိုင်တာ မဟုတ်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ လူတိုင်းက မျက်စိရှေ့မှာ အမှန် တရားကို မြင်လိုက်တယ်လေ။

“သင်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာက ကျွန်တော့်ရဲ့ ဆရာပါပဲ။ ကောင်းကင် တာအို ခန်းမကို ကျွန်တော် မဝင်ရတာ အလကား ဖြစ်သွားပေမယ့်။ ဆရာ့ ညွှန်ကြားမှုကို သေတဲ့အထိ နာခံပါမယ်။” ရွှမ်ဖုန်း နောက်ဆုံးတော့ သတိဝင်လာတယ်။ ဖန်ကျန်းရှီ ရှေ့မှာ ဒူးထောက်တယ်။ ပြိုင်ပွဲဝင်တွေ အားလုံးက ဖန်ကျန်းရှီကို ငေးကြည့်နေတယ်။ အကိုကြီး ခုန်ချင်းက တကယ့်ကို အထင်ကြီး စရာ ကောင်းတာပဲ။

“…” ဖန်ကျန်းရှီ ပြုံးပြလိုက်တယ်။

လူတစ်ယောက်က ဒီလိုပဲ အဆင့်တက် နိုင်တာလား။ ဖန်ကျန်းရှီ ပြောစရာ စကားမရှိ ဖြစ်နေတယ်။ ပြန်လည် မွေးဖွားမှု အဆင့်ကနေ သဘာဝလွန် အဆင့်ကို ရောက်ဖို့ ဒီလောက်တောင် လွယ်တာလား။ သူ့တုန်းကတော့ ခက်ခဲလိုက်တာ။

ရွှမ်ဖေးရဲ့ တလေးတစား အမူအယာကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ ခေါင်းစောင်းလိုက်မိတယ်။ သက်ပြင်းချနေမိတယ်။ (တကယ့်ကိုပဲ ကောင်းကောင်း လေ့ကျင့် သင်ကြား ခံထားရတဲ့ သူတွေက ကွာခြားတယ်။ ထုတ်ပယ် ခံရတာတောင် ဒီလောက်တောင် ပျော်နေနိုင်တယ်။)

ဖန်ကျန်းရှီ တိတ်ဆိတ် နေတာကြောင့် ရွှမ်ဖေး သူ့အပြုအမူ မသင့်တော် ဖြစ်နေတာကို ခံစားမိတယ်။ ချက်ခြင်း မတ်တပ်ရပ်ရင်း ဖန်ကျန်းရှီကို ဦးညွှတ်တယ်။

“ကြီးမြတ်တဲ့ ဆရာသခင်။ ကျွန်တော် ဘယ်လောက် ကျေးဇူးတင်နေမှန်း စကားနဲ့တောင် ပြောပြလို့ မရပါဘူး။ ကျွန်တော့်ကို သွားခွင့်ပြုပါ။” ရွှမ်ဖေး ပြောရင်းနဲ့ ထွက်ခွာ သွားခဲ့တယ်။

“ဘယ်လောက်တောင် ကျေးဇူး တင်နေမှန်း စကားနဲ့တောင် ပြောပြလို့ မရဘူးတဲ့လား။” ထွက်သွားတဲ့ ရွှမ်ဖေးကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ ပြောနေမိတယ်။ “ကျေးဇူးတင်တာများ။ ငွေသား တစ်သိန်းလောက် ပေးသွားလဲ ရတာပဲ။”

ငါးသောင်းလောက် ပေးရင်လည်း ရပါတယ်။ ဟိုင်း။ သုံးထောင်ဆိုလည်း ရတယ်။ တစ်သောင်းလည်း ပေးလည်း ရတယ်နော်။ အမှန်တရားက ခါးသက်တယ်။ ရွှမ်ဖေးက ထွက်ခွာသွားပြီ။ ငွေသားလေး ရွှေသားလေးတောင် ပေးမသွားဘူး။ အနည်းဆုံးတော့ ကျေးဇူးဆပ်ပါမယ်လို့ ပြောသွား သင့်တယ်လေ။

ရူးမိုက်လိုက်တာ။ ဖန်ကျန်းရှီ အကျီလက်ကို ကွယ်ပြီးတော့ လက်ခလယ် ထောင်ပြလိုက်တယ်။ ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ တပည့်သား သုံးယောက်ကတော့ သူတို့ကို အချက်ပြတာလို့ ထင်လိုက်တယ်။ ဒါကြောင့် ချက်ခြင်း အနားကပ်လာခဲ့တယ်။

“အကိုကြီး ခုန်ချင်း။” တပည့်သုံးယောက် ချက်ခြင်း ဦးညွှတ်ရင်း ညွှန်ကြားချက်ကို စောင့်နေခဲ့တယ်။ သူတို့တွေက ကောင်းကင် တာအို ခန်းမကို ဝင်ခွင့် ရပေမယ့် မထင်မရှား သူတွေပဲ။ သူတို့ အတွက်တော့ ခုန်ချင်းက အဆင့်မြင့်သူ တစ်ယောက်။ ကောင်းကင် တာအို ခန်းမမှာ အချိန် အကြာကြီး နေခဲ့တာကြောင့် ဒီလို တွေးတာပဲ။

ဒါပေမယ့် အရှေ့ သုံးယောက်ရဲ့ အဖြစ်ကို မြင်ပြီးတဲ့ နောက်မှာတော့ သူတို့ရဲ့ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ လေးစား လာခဲ့တယ်။ ကောင်းကင် တာအို ခန်းမကို ပြန်ရောက်တဲ့ အချိန် အကိုကြီး ခုန်ချင်းနဲ့ နီးကပ်အောင် ဘယ်လို လုပ်ရမလဲပါ တွေးနေကြပြီ။

ဒါပေါ့ ဒါက သူတို့ သုံးယောက်ရဲ့ အတွေး သက်သက်ပဲ။ ဖန်ကျန်းရှီကတော့ သူတို့ တွေးနေတာကို နားမလည်ဘူး။ ဒီလူ သုံးယောက် အနားကပ်လာတော့ သူလန့်သွားခဲ့တယ်။ သူဟန်ဆောင်နေတာ သိသွားပြီလား။ မဖြစ်နိုင်တာပဲ။ ဒီလောက်တောင် ဟန်ဆောင် ကောင်းတာ၊ တခြားသူတွေ သိနိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ပြိုင်ပွဲဝင်တွေကို ထုတ်ပယ်တဲ့ အချိန်မှာလည်း အကြောင်းပြချက် ကောင်းကောင်း ပေးတယ်လေ။ တစ်ခဏတာ လန့်သွားပေမယ့် ခပ်မြန်မြန်ပဲ သတိဝင်သွားခဲ့တယ်။ သူက အခုချိန်မျာ အကိုကြီး တစ်ယောက် ဖြစ်နေပြီလေ။ ဘာကြောင့်များ အငယ်တွေကို ကြောက်နေ ရမှာလဲ။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ သူ့နောက်မှာ ရှိနေတဲ့ လူငယ် သုံးယောက်ကို သတိ မထားမိဘူး။ အခုတော့ သူ့လက်ဟန်ကို မြင်သွားလို့ ရောက်လာကြပြီ။ ဒါကို သူတို့ နားလည်လားဆိုတာ မသိဘူး။

တပည့်သား သုံးယောက်လည်း ဒါကို တွေးတောရင်း စိတ်ရှုပ်လာတယ်။ သူတို့ မမေးဝံ့ဘူးလေ။ ဖန်ကျန်းရှီက သူတို့ကို သိပ်ဂရုမစိုက်ဘူး။ သူ့ရဲ့ ထုတ်ပယ်တဲ့ အစီအစဉ်ကို ဆက်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ လေးယောက်ကို တစ်ပြိုင်နက်တည်း ထုတ်ပယ်လိုက်တယ်။

“ကြမ်းတမ်းလွန်း ပေမယ့် အဆင်ပြေပါတယ်။”

“ကောင်းကင် တာအို ခန်းမ ရွေးချယ်ပွဲက ခက်ခဲမှန်း သိတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူ့ရဲ့ နောက်ကွယ် အဓိပ္မာယ်ကို နားလည် သွားပြီ။ မေးခွန်းမေး အဖြေဖြေတာက ပထမ အချီပဲ ဟုတ်တယ်မလား။”

“ဟုတ်တယ်။ ဒါပေမယ့် ပထမ အချီက ဒီလောက်တောင် ခက်ခဲနေတာ။ နောက်အချီတွေမှာ ဘယ်လိုများ အသက်ရှင် နိုင်မှာလဲ။”

“အခုချိန်ထိ ဘယ်သူမှ ဒီအချီကို မဖြတ်နိုင် သေးဘူး။ နှစ်တွေ အကြာကြီး ဒီအချိန်ကို ငါစောင့်ဆိုင်း လာခဲ့တာ။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမနဲ့ အလှမ်း ဝေးနေတုန်းပဲ ထင်ပါတယ်။

ပြိုင်ပွဲဝင်တွေ ပြောမိကြတယ်။ ဖန်ကျန်းရှီက သူတို့ကို တမင် အပြစ်ရှာနေတယ်လို့ မထင်မိဘူး။ ဒါကြောင့် စိန်ခေါ်မှု တစ်ခုလို့သာ ထင်နေခဲ့တယ်။ ဖန်ကျန်းရှီ လူတွေကို ပိုထုတ်လေလေ သူ့ကို ပိုပြီးတော့ အထင်ကြီး လာလေပဲ။

“နောက်ဆုံး။” ဖန်ကျန်းရှီက လူတစ်ယောက်ရှေ့ ရောက်တဲ့ အချိန်မှာ ရပ်တန့်လိုက်တယ်။ ဝတ်ရုံနက် ဝတ်ထားတဲ့ ဒီလူက မျက်ခုံးကောင်းကောင်းတွေ ရှိတယ်။

“အဲ့တာ ချန်းဝူ မဟုတ်လား။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ လင်းလက် သွားခဲ့တယ်။ ချန်းဝူက ကောင်းကင် တာအို ခန်းမ စာမေးပွဲကို ဝင်ဖြေမယ် ဆိုတာ သူသတင်းကြားထားတယ်။

ချန်းဝူကို အရှက်ရအောင် လုပ်ပြီးမှ ထုတ်ပယ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီအချိန်မှာပဲ သူ့နောက်ကျောကို တစ်ခုခုက လာထိတယ်။ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ကျောင်းတော်သားကို တွေ့လိုက် ရတယ်။

“အင်း။”

“အကိုကြီး ခုန်ချင်း။ ဒါက ၈ယောက်မြောက်ပါ။” ငိုတော့မယ့် မျက်နှာမျိုးနဲ့ တပည့်သားက ပြောနေခဲ့တယ်။

ခုန်ချင်းရဲ့ နောက်လိုက် တစ်ယောက် အနေနဲ့ သူ့ကို အထောက်အပံ့ ပေးရုံပဲ။ မေးခွန်း ထုတ်တာက သူတို့နဲ့ မဆိုင်ဘူး။ အရင် ကောင်းကင် တာအို ရွေးချယ်ပွဲတွေ အရတော့ ပထမ အချီမှာ နှစ်ယောက်ကို ထုတ်ပယ်တာက ပြိုင်ပွဲဝင်တွေကို ခြိမ်းခြောက်ဖို့ လုံလောက်ပြီ။

နောက်ဆုံးတော့လည်း မေးခွန်းတွေက မခက်ဘူးလေ။ ဒီလောက်ထိ လုပ်ဖို့ မလိုဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက ၈ယောက်လုံးကို တပြိုင်နက်တည်း နီးပါး ထုတ်ပယ်လိုက်ပြီ။

ပြိုင်ပွဲဝင်က ၃၂ယောက်ပဲ ရှိတာ။ ဒါကြောင့် လေးပုံ တစ်ပုံကို ပြိုင်ပွဲ မစခင်မှာ ဆုံးရှုံးလိုက်ပြီ။ ဒါတောင် သူက ဆက်ပြီးတော့ ထုတ်ပယ် ချင်နေတုန်းပဲ။ သူတို့တွေ နောက်ထပ် တိတ်ဆိတ် မနေ နိုင်တော့ဘူး။ တာဝန်ရှိတဲ့ သူက သူတို့ မဟုတ်ပေမယ့် အပြစ်တင်ခံရမှာ သူတို့ပဲလေ။

ခုန်ချင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ အများကြီးရှိနိုင်တယ်။ နောက်ပြီးတော့ သူက အဆင့်မြင့် ကျောင်းတော်သား တစ်ယောက် ဖြစ်နေတယ်။ အကယ်၍ ကျောင်းတော်သားတွေ အားလုံးကို ထုတ်ပယ်လိုက်ရင် ဒုတိယနဲ့ တတိယ အချီမှာ စောင့်နေတဲ့ အကိုကြီးတွေ ဘယ်လို လုပ်ကြမလဲ။ သူတို့ အားလုံးက ဒီနေ့ အတွက် ၂နှစ်တောင် ပြင်ဆင် ထားခဲ့တာလေ။

ဖန်ကျန်းရှီလည်း နောက်က သုံးယောက်ကို ကြည့်ရင်းနဲ့ နားလည်သွားတယ်။ ဒါကြောင့် သူခပ်တိုးတိုး ပြောတယ်။ “မင်းတို့ အကိုကြီးက ကန့်သတ်ချက်ကို သိပါတယ်။ နောက်တစ်ယောက်ပဲ။”

“ဆက်ပြီးတော့ ထုတ်ပယ် အုန်းမှာလား။” သူတို့ သုံးယောက် အမူအယာ ပြောင်းသွားခဲ့တယ်။

“စိတ်အေးအေးထား။ ဖြစ်လာတဲ့ ကိစ္စတွေ အတွက် ငါတာဝန် ယူမယ်။” ဖန်ကျန်းရှီ သူ့ရင်ဘတ်သူ ပုတ်ရင်းနဲ့ ပြောလိုက်တယ်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မိုးနတ်မင်းပဲ သိနိုင်မယ်။

“ဒါဆိုရင် အကိုကြီးကိုပဲ အပ်ထားလိုက်ပြီ။” တပည့်သုံးယောက် နောက်ဆုံးမှာ သဘောတူလိုက်တယ်။ အခု အခြေအနေမှာ တစ်ယောက်ကို ထပ်ထုတ်တာ မထူးဆန်း တော့ပါဘူး။ ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း နောက်ပြန်လှည့်တယ်။ လူအုပ်ကြီး ရှေ့မှာ လျှောက်ရင်းနဲ့ ချန်းဝူ ရှေ့မှာ ရပ်လိုက်တယ်။

“မင်း။ နာမည် ဘယ်လိုခေါ်လဲ။” ဖန်ကျန်းရှီက ချန်းဝူကို မေးတယ်။

“သခင်လေး။” ချန်းဝူ နောက်မှာ ရပ်နေတဲ့ လူငယ်လေး အမူအယာ ပြောင်းလဲ သွားတယ်။ ချန်းဝူက သူ့ရဲ့ ဝတ်ရုံကို ခါလိုက်ရင်း ဖန်ကျန်းရှီကို ယဉ်ယဉ် ကျေးကျေး ဦးညွှတ်တယ်။

“ကျွန်တော်မျိုး ချန်းဝူက သီးခြား မြင့်မြတ်နိုင်ငံတော်ကပါ။ ကျွန်တော့်ကို မေးခွန်း မေးပါ။” ချန်းဝူက အရမ်းကို တည်ငြိမ်နေခဲ့တယ်။

“သူက ချန်းဝူလား။”

“ပြောကျတာတော့ ဒီတစ်ခေါက် ရှားရှားပါးပါး ပါတဲ့ ပြန်လည် မွေးဖွားမှု အဆင့် ၂ယောက်ထဲမှာ သူက ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်တဲ့။”

“ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ကျင့်ကြံဆင့်က မြင့်လိုက်တာ။”

လူတိုင်းက ချန်းဝူရဲ့ ပြန်လည် မွေးဖွားမှု အထွတ် အထိပ် အဆင့်ကို ချီးမွမ်း နေကြတယ်။ တကယ်တော့ လူတိုင်းက ထိပ်တန်း စစ်သည်တော်တွေပဲ။ ဖန်ကျန်းရှီ နောက်က တပည့်သားတွေတောင် ခေါင်းငြိမ့် နေကြတယ်။ ချန်းဝူ အကြောင်းကို သူတို့ ကြားဖူးတယ်။ သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ထိပ်တန်း စစ်သည်တော်။ ဒါ့အပြင် ထီးနန်း ဆက်ခံသူ။

ဒါတွေက အရေးမကြီးပါဘူး။ ချန်းဝူက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက သေရှင် တာအိုကို ထိန်းချု့် နိုင်တယ်လေ။ သူ့ အရည်အချင်းတွေကြောင့် ကောင်းကင် တာအို ခန်းမ။ တောင်စဉ်ကိုးသွယ်နဲ့ ယင်ယန် ခန်းမတွေမှာ ကျင်းပတဲ့ ပွဲတော်တွေမှာ အမြဲတမ်း ဖိတ်ခေါ် ခံရတယ်လေ။

“ထုတ်ပယ်။”

လူတိုင်းက ချန်းဝူကြောင့် အံ့သြ နေတဲ့ အချိန်မှာ အသံတစ်သံ ထွက်လာခဲ့တယ်။

“ထုတ်ပယ်တယ် ဟုတ်လား။”

ပြိုင်ပွဲဝင် ၇ယောက် ထုတ်ပယ် ခံရတဲ့ အချိန်မှာတောင် လူတွေ တော်တော် လန့်နေကြပြီ။ အခုတော့ ချန်းဝူကို ပထမ အချီတည်းက ထုတ်ပယ်လိုက်တာ မဖြစ်သင့်တာပဲ။

“အကိုကြီး ခုန်ချင်း။ ဒီ ချန်းဝူကို ထုတ်ပယ်လို့ မရဘူး။”

“ချန်းဝူ အကြောင်းကို ဆရာ ပြောထားတာ မေ့သွားပြီလား။”

“နောက်တစ်ခေါက် ပြန်စဉ်းစားဖို့ တောင်းပန်ပါတယ်။ အကိုကြီး”

ဒီတစ်ခေါက်တော့ တပည့်သားတွေ တောင့်မခံ နိုင်တော့ဘူး။ ဖန်ကျန်းရှီရဲ့ နောက်ဆုံး ထုတ်ပယ်မယ့် သူက ချန်းဝူ ဖြစ်နေမယ်လို့ မထင်ထား မိခဲ့ဘူး။

ချန်းဝူလည်း လန့်သွားခဲ့တယ်။ အရှေ့လူတွေနဲ့ ယှဉ်ရင် သူက အများကြီး တည်ငြိမ်နေတယ်။ ဒေါသလည်း မထွက်ဘူး။ ဦးညွှတ်ရင်းနဲ့ ဖန်ကျန်းရှီကို မေးတယ်။

“ကျွန်တော် ထုတ်ပယ် ခံရတဲ့ အကြောင်းကို သိခွင့်ပြုပါ။”

တပည့်သား သုံးယောက်ရဲ့ သတိပေး စကားကို ဖန်ကျန်းရှီ ကြားတယ်။ ဆရာ့ဆီက ညွှန်ကြားချက် ရှိတော့ကော ဘာဖြစ်လဲ။ အခုချိန်မှာ အာဏာ ရှိတာ သူပဲလေ။ ဒါကြောင့် ချန်းဝူကို ပြန်ဖြေတယ်။ “နှိမ့်ချလွန်းတယ်။”

“နှိမ့်ချလွန်းတယ်။” ချန်းဝူ မျက်မှောင် ကြုတ်သွားခဲ့တယ်။

“ငါမေးမယ်။ မင်းက သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ မင်းသား မဟုတ်လား။” ဖန်ကျန်းရှီ မေးတယ်။

“မှန်ပါတယ်။” ချန်းဝူ ခေါင်းငြိမ့်တယ်။

“လေးစားမှုက အရင်။ နှိမ့်ချတာက နောက်မှ။ လူတစ်ယောက်ကို လေးစား သမှုပြချင်ရင် လူယဉ်ကျေး တစ်ယောက်လို ပြုမူရမယ်။ မင်းကိုယ်မင်း မိတ်ဆက်တဲ့ အချိန်မှာ ကျွန်တော်မျိုးလို့ သုံးနှုန်းခဲ့တယ်။ မင်းမျိုးမင်းနွယ် မျိုးရိုးကို ဖုံးကွယ်တာ။ သစ္စာဖောက်တာပဲ။ မင်းကို ထုတ်ပယ်သင့်တယ်။” ဖန်ကျန်းရှီ ထုံးစံ အတိုင်း ပြောနေခဲ့တယ်။

“လူယဉ်ကျေး တစ်ယောက်ရဲ့ အပြုအမူတဲ့။”

“ကြားရတာ တကယ့် အမှန် တရားကြီးပဲ။”

“ဒါပေမယ့် သူက ချန်းဝူလေ။”

ပြိုင်ပွဲဝင်တွေ ဖန်ကျန်းရှီရဲ့ ရှင်းပြချက်ကို ကြားတော့ ခေါင်းငြိမ့်ကြတယ်။ လေးစားသမှု ရှိတာက လူသားတွေရဲ့ ကနဦး ဖြစ်တည်မှုထဲ ပါဝင်တယ်။ ဖန်ကျန်းရှီ ထုတ်ပယ်လိုက်တဲ့ ပုံစံက လက်ခံနိုင်စရာ ရှိပေမယ့် သူက ချန်းဝူ ဖြစ်နေတယ်။ သေရှင် တာအိုကို ထိန်းချုပ် နိုင်တဲ့သူ။ နောက်ပြီးတော့ ပြန်လည်မွေးဖွားမှု အဆင့် အထွတ်အထိပ်ကို ရောက်နေတာ်လေ။ သူတောင် ကောင်းကင် တာအို ခန်းမ ရွေးချယ်ပွဲမှာ မအောင်မြင် ခဲ့ရင်။ ဘယ်သူကများ အောင်နိုင် အုန်းမှာလဲ။

ဒါက ပထမ အဆင့်ပဲ ရှိသေးတာလေ။

“သခင်။” ဝတ်ရုံနက် လူငယ်လေး တစ်ယောက် ချန်းဝူ ရှေ့ကို ရောက်လာခဲ့တယ်။ ဖြည်းဖြည်းချင်း လျှောက်လာတာ။

“ဘာကိစ္စလည်း။” ချန်းဝူ မျက်မှောင် ကြုတ်သွားတယ်။ လူငယ်လေးက ချန်းဝူကို ချက်ခြင်း ပြန်မဖြေဘူး။ ဒါပေမယ့် နားနားကို ကပ်ပြီးတော့ ခပ်တိုးတိုး ပြောတယ်။

“မင်း ဘယ်လောက် သေချာလဲ။” ချန်းဝူ တစ်ချက် ကြည့်ရင်းနဲ့ ပြောတယ်။

“၉၀%” လူငယ်လေး ချက်ခြင်း ပြန်ဖြေတယ်။

“ကောင်းပြီ။ ဒါဆိုရင် ကြိုးစားကြည့်၊” ချန်းဝူ ခေါင်းငြိမ့်ရင်းနဲ့ နောက်ကို တစ်လှမ်း ဆုတ်လိုက်တယ်။

လူတိုင်းက အထူးတဆန်း ကြည့်နေမိတယ်။ ချန်းဝူက သူ့ရဲ့ ထုတ်ပယ် ခံရမှုကို မကျေမနပ် ဖြစ်နေတာတောင် ဒီလို နောက်ဆုတ် သွားတယ်ပေါ့။ လူငယ်လေး ပြောလိုက်တာ ဘာအကြောင်းရင်း များလဲ။ ပြိုင်ပွဲဝင်တွေ စဉ်းစား နေကြတယ်။

ဒီအခြေအနေကို နားမလည်နိုင်တာ ပြိုင်ပွဲဝင် တွေတင် မကဘူး။ နောက်က တပည့်သား သုံးယောက်လည်း အထူးတဆန်း ပုံစံနဲ့ ကြည့်နေခဲ့တယ်။

အပိုင်း (၆၃၅)ပြီး၏။

အပိုင်း (၆၃၆)

“လောကသစ်ရဲ့ ကျော်ကြားတဲ့ စုံထောက်။”

“မင်းက အတုပဲ။” လူတိုင်း ပဟေဠိ ဖြစ်နေတဲ့ အချိန်မှာ ဝတ်ရုံနက် လူငယ်လေးရဲ့ အသံ ထွက်ပေါ်လာတယ်။ သူတို့ အားလုံး အံ့သြနေကြတယ်။

“အတုတဲ့လား။”

“သူဘာပြော ချင်နေတာလဲ။”

“ဘာ အတုလဲ။”

ပြိုင်ပွဲဝင်တွေ စိတ်ရှုပ်ထွေးနေကြတယ်။ ဖန်ကျန်းရှီနဲ့ ကျောင်းတော်သား သုံးယောက်လည်း ဘာပြောမှန်း မသိ ဖြစ်နေခဲ့တယ်။ အတုတဲ့။ သူက ခုန်ချင်းကို အတုလို့ ပြောချင် နေတာလား။ မဖြစ်နို်င်တာပဲ။ ကောင်းကင် တာအို ခန်းမမှာ ခုန်ချင်းက ပထမ အဆင့် စစ်ဆေးရေးကို ဝင်ဖို့ တာဝန် ချထား ခံရတဲ့သူ။ သူက ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ။

“ဟုတ်တယ်။ မင်းက အတုပဲ။ ခုန်ချင်း အစစ် မဟုတ်ဘူး။” ဝတ်ရုံနက် လူငယ်လေးက အသေအချာ ပြောနေတယ်။

“တိတ်စမ်း။ ငါတို့က အကိုကြီး ခုန်ချင်းနဲ့ အတူ ဆင်းလာတာ။ မင်းက ဘာရည်ရွယ်ချက်နဲ့ ဒီလို ပြောနေတာလဲ။” ဖန်ကျန်းရှီ နောက်က လူငယ် ပြောတယ်။

ခုန်ချင်းကို အတုလို့ ပြောတာက ကောင်းကင် တာအို ခန်းမ လူရွေးပွဲကို နှောက်ယှက်နဲ့ အတူတူပဲ။ ဒါက သည်းမခံနိုင်စရာ ကိစ္စလည်း ဟုတ်တယ်။

“ကောင်းကင် တာအို ခန်းမကို မလေးစားပဲ။ အကြီးတွေကို ရိုင်းစိုင်းတဲ့ သူတွေကို ငါတို့ မကြိုဆိုဘူး။ ထွက်သွားလိုက်။” တခြား လူငယ် နှစ်ယောက်လည်း ဝင်ပြောတယ်။

“ဟီးဟီး။ အကိုကြီးတွေကို မလေးစားတာ ဆိုရင် ဒီနေရာကနေ ထွက်သွားလို့ ရပါတယ်။ ဒါပေမယ့် ဒီလူက အတု ဆိုရင်ကော။” လူငယ်လေးက ယုံကြည်ချက် အပြည့်နဲ့ ပြောနေတယ်။

“မင်းမှာ သက်သေရှိလား။” နောက်ဆုံး တစ်ယောက် ပြောတော့တယ်။

တခြား ပြိုင်ပွဲဝင်တွေက လူငယ်လေးကို စိုက်ကြည့်နေတယ်။ အကိုကြီး ခုန်ချင်းကို သံသယ ဝင်ရဲတာ တကယ့်ကို ရဲတင်းလွန်းတယ်။ တကယ်တော့ ခုန်ချင်းကလည်း အရမ်းကို တင်းကြပ်တဲ့သူ။ သူ့ရဲ့ အင်အားကိုလည်း ပြသ ခဲ့သေးတယ်။ သဘာဝလွန် အဆင့်က လူတစ်ယောက်ကိုတောင် စကား တစ်ခွန်းတည်းနဲ့ ပြန်လည် မွေးဖွားမှု အဆင့်ရောက်အောင် လုပ်နိုင်သေးတယ်။ သူ့ကို အယောင်ဆောင်လို့ ပြောတာက ရူးမိုက်ရာ ကျလွန်းတယ်။

“ကျွန်တော့်မှာ သက်သေရှိတယ်။” လူငယ်လေးက ဘေးပတ်လည်က လူတွေကို ကြည့်ရင် ပြောတယ်။

“ဘာ သက်သေလဲ။ မင်းမှာ သက်သေ ရှိတယ်ပေါ့။” ကောင်းကင် တာအို ခန်းမက တပည့်သား သုံးယောက် ဒါကို မမျှော်လင့် ထားဘူး။

“ဟုတ်ပါတယ်။” လူငယ်လေး ခေါင်းငြိမ့်တယ်။

“အကိုကြီး ခုန်ချင်း။ ဒီလူကို မောင်းထုတ် လိုက်ရတော့မလား။” လူငယ်လေးကို သူတို့ ဂရုမစိုက်ဘူး။ ဖန်ကျန်းရှီကို မေးတယ်။

“မလောပါနဲ့။ သူပြောတာကို နားထောင် ကြတာပေါ့။” ဖန်ကျန်းရှီက အရမ်းကို တည်ငြိမ်နေတယ်။ ဒါပေါ့ စိတ်ထဲမှာတော့ ထွက်ပြေးဖို့ ကြံစည် နေခဲ့တယ်။ အလုံခြုံဆုံး လမ်းကိုလည်း ရွေးရ အုန်းမယ်လေ။ ဒါကြောင့် အချိန်ဆွဲတာက အကောင်းဆုံး နည်းလမ်းပဲ။

“ကောင်းပြီ။ မင်း သက်သေကို ပြ။” တပည့်သား သုံးယောက် ခေါင်းငြိမ့်ရင်း ပြောတယ်။ ဖန်ကျန်းရှီကို သူတို့ ပိုပြီးတော့ အထင်ကြီးနေပြီ။ အရမ်းကို တည်ငြိမ် လေးနက်နေတဲ့ အကိုကြီးက တကယ့်ကို အကြီးအကဲ ပီသတယ်။ အကိုကြီးကို သံသယ ဝင်ရဲတာ။ ကောင်းကောင်း နှက်ပေးရမယ်။

လူငယ်လေးကတော့ ဖန်ကျန်းရှီ ရဲ့ အမူအယာကြောင့် တွေေ၀ သွားခဲ့တယ်။ အခုချိန် သူ့မှာ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး။ ချောင်းတစ်ချက် ဟန့်ရင်းနဲ့ ဦးညွှတ်လိုက်တယ်။

“ကျွန်တော်က သီးခြား မြင့်မြတ် နိုင်ငံတော်က စီမာဖန်းပါ။ ကျွန်တော့် နာမည်ကို မကြားဖူး ပေမယ့် စီမာခဲ့ ဆိုတဲ့ နာမည်ကို ကြားဖူးမယ်လို့ ထင်ပါတယ်။” လူငယ်လေးက သူ့နာမည်ကို ထုတ်ပြောတယ်။

“စီမာခဲ့။”

“သူက သီးခြား မြင့်မြတ် နိုင်ငံတော်က နံပါတ်တစ် လုပ်ကြံရေး သမား အကြောင်းကို ပြောနေတာလား။”

“တမိသားစုလုံးက လောက နံပါတ်တစ် လုပ်ကြံရေး သမားတွေ မဟုတ်လား။”

စီမာဖန်းရဲ့ စကားကို ကြားတော့ လူတိုင်း မျက်လုံးပြူးကုန်တယ်။ သူပြောသလိုပဲ။ စီမာခဲ့ ဆိုတဲ့ နာမည်က လောကမှာ ကျော်ကြား ခဲ့တယ်လေ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ပေါ်လာခဲ့တဲ့ ပထမဆုံး လုပ်ကြံရေး သမားပဲ။ ဒီလူငယ်လေးက အသက်၂၀ ကျော်ပဲ ရှိသေးတာ။ သူက စီမာခဲ့ ဘယ်လို ဖြစ်နိုင်မှာလဲ။ နေစမ်းပါအုန်း။ သူ့နာမည်က စီမာဖန်းတဲ့။

“မှန်ပါတယ်။ စီမာခဲ့က ကျွန်တော့် အဖေပါ။ ကွယ်လွန် သွားတာ ကြာပါပြီ။ ကျွန်တော်က စီမာ မိသားစုရဲ့ ဆက်ခံသူပါ။” စီမာဖန်းက ပတ်ဝန်းကျင်ကို ကြည့်ရင်း ပိုပြီးတော့ ယုံကြည်ချက် ရှိလာခဲ့တယ်။ သူဆက်ပြောတယ်။

“ရုပ်ပြောင်း ရုပ်လွှဲအတတ် ပညာတွေကို ကျွန်တော့် ဖခင်ဆီကနေ ငယ်ငယ်တည်းက သင်ကြား ခဲ့ရပါတယ်။ ကျွန်တော်တို့ သီးခြား မြင့်မြတ်နိုင်ငံမှာ ဒီပညာရပ်ကို ပညာရှင် အဆင့် တတ်ကျွမ်းတဲ့ သူက အရမ်းကိ ရှားပါးတယ်။”

တိတ်ဆိတ်သွားတယ်။

လူတိုင်း တိတ်ဆိတ် နေခဲ့တယ်။ စီမာဖန်းက စီမာ အိမ်တော်က ဖြစ်တာကြောင့် သူ့ရဲ့ ပြောဆိုမှုတွေက လက်ခံနိုင်စရာ ရှိတယ်။ တပည့် သုံးယောက်ကတော့ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ ဒါပေမယ့် စီမာဖန်း ပြောနေတာကို မရပ်တန့် ခဲ့ဘူး။

စီမာဖန်းက ဆက်ပြောတယ်။ “ရုပ်ပြောင်း ရုပ်လွှဲ အတတ်ပညာက ပညာရှင် အဆင့် တန်းဝင်ပေမယ့် အမှားကင်းတဲ့သူတော့ မရှိနိုင်ဘူး။ ဒါကို နားလည်မယ် ထင်ပါတယ်။”

“ထုတ်ဖော် ခံရမှာကို စိုးရိမ်တဲ့ အတွက် ပညာရှင်တွေက အယောင်ဆောင် ရုပ်မဖျက်ခင် ပြစ်မှတ်ကို အရင်လေ့လာတယ်။ ပြစ်မှတ်ရဲ့ အမူအကျင့်တွေကို တုပပြီးတော့ အချိန်ကြာရှည် ပြင်ဆင်ကြတယ်။ ဒီလိုနဲ့ အကောင်းဆုံး ဟန်ဆောင်နိုင်တယ်။”

“ဒါပေမယ့် အခု ကျွန်တော်တို့ မြင်နေရတဲ့ အကိုကြီး ခုန်ချင်းက ဒီအရည်အချင်းတွေ မရှိတဲ့ ပုံပဲ။”

“အကိုကြီး ခုန်ချင်းက အခုမှ ပထမဆုံး တွေ့တာ ဖြစ်ပေမယ့်၊ ကျွန်တော့် အကျင့်ကြောင့် လေ့လာမိတယ်။ လရောင်ဖြာ နိုင်ငံက မင်းသား၆ကို ထုတ်ပယ်တဲ့ အထိ အကိုကြီး ခုန်ချင်းက အစစ်ပါ။”

“ဒါပေမယ့် သစ်သားအိမ်ကနေ ထွက်လာ ပြီးတဲ့နောက် ထူးထူးဆန်းဆန်း ပြောင်းလဲ သွားတယ်။ သူ့ရဲ့ ဆုံးဖြတ်တဲ့ ပုံစံတွေ အမူအယာတွေ အားလုံးက ပုံမှန် အကိုကြီး ခုန်ချင်း ပုံစံနဲ့ ကွာခြားနေတယ်။ အဓိက မတူညီတာ မျက်လုံးတွေပဲ။ မျက်လုံးတွေက အယောင်ဆောင်တဲ့ အချိန် ဖုံးကွယ်ဖို့ အခက်ဆုံးပဲ။”

“ဒါကြောင့် သူက အတုပါ။ ကျွန်တော် ထင်တာ မမှားရင်။ အကိုကြီး ခုန်ချင်း အစစ်က သစ်သားအိမ်ထဲမှာ ရှိနေ ပါလိမ့်မယ်။”

ဝတ်ရုံနက် လူငယ် ပြောရင်းနဲ့ သစ်သားအိမ်ကို လက်ညှိုးညွှန်ပြတယ်။ ဖန်ကျန်းရှီကို သူစိုက်ကြည့်နေတယ်။

“ဝိုး။”

ရှင်းပြချက်ကို ကြားပြီးတဲ့နောက် လူတိုင်းရဲ့ အမူအယာက ကြောက်စရာ ကောင်းအောင် ပြောင်းလဲ သွားတယ်။ ဒါတွေ အားလုံးသာ မှန်နေခဲ့ရင် ကြောက်စရာပဲ။ အခု သူတို့ ရောက်နေတာ ကောင်းကင် တာအို ခန်းမရဲ့ တောင်ခြေမှာ။ ကောင်းကင် တာအို ခန်းမက တပည့်သား တစ်ယောက် ပုံစံ အယောင်ဆောင်တာက အကောင်းဆုံး လုပ်ရပ် မဟုတ်ဘူး။ ခုန်ချင်း ပုံစံ အယောင်ဆောင်တာ ဘာကြောင့်များလဲ။

“ဟဟား။ ငါက မင်းမှာ သက်သေ အခိုင်အမာ ရှိနေတယ် ထင်တာ။ လက်စသတ်တော့ ကိုယ့်အထင် အမြင်နဲ့ ပြောနေတာကိုး။” တပည့်သား တစ်ယောက် ရှေ့ထွက်လာတယ်။ “အကိုကြီး ခုန်ချင်းက ပြန်လည် မွေးဖွားမှု အထွတ် အထိပ် အဆင့်ကို ရောက်နေပြီ။ သူ့ကို ဘယ်သူက တိုက်ခိုက်ပြီး အယောင်ဆောင်ဝံ့ မှာလဲ။”

“ဟုတ်တယ်။ မဖြစ်နိုင်တာပဲ။”

“ငါတို့ အကိုကြီး ခုန်ချင်းကို ယုံကြည်တယ်။”

တကယ်တော့ တပည့်သား သုံးယောက်က ခုန်ချင်း ဘက်က ရပ်တည်ပေးနေတာ အကြောင်းရှိတယ်။ အရှေ့က လူတွေကို ထုတ်ပယ်တဲ့ အချိန် ခုန်ချင်းက သူ့ အစွမ်းအစတွေကို ထုတ်ပြခဲ့တယ်။ ဒါကြောင့် သူတို့တွေ ချက်ခြင်း ဘက်မပြောင်းကြဘူး။

“မင်းက စီမာ မိသားစုဝင် တစ်ယောက်။ ဒါပေမယ့် မင်းစကား တစ်ခုတည်းကို ငါတို့ မယုံနိုင်ဘူး။” ပြိုင်ပွဲဝင် တစ်ယောက် ရှေ့ထွက်လာတယ်။ သူက ခုန်ချင်း အထင်ကြီးအောင် လုပ်ဖို့ ကြိုးစား နေတာ။

“အမှန်ပဲ။”

“ငါတို့ မယုံဘူး။”

ကျန်တဲ့ ပြိုင်ပွဲဝင်တွေ ထောက်ခံကြတယ်။

“မယုံကြ သေးဘူးလား။ စီမာဖန်း ဒေါသ မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ သူ့နောက်မှာ ရပ်နေတဲ့ ချန်းဝူကို လှည့်ကြည့်တယ်။ စိတ်ဆုံးဖြတ် ပြီးပြီ။ သူဆက်ပြောတယ်။ “ဒီလူရဲ့ တကယ့် ပုံစံ အစစ်အမှန်ကို ဖော်ထုတ် ပြရင်ကော။”

“ပုံစံ အစစ်မှန်။”

“သူက အယောင်ဆောင်ထားတာကို သိနေရုံတင် မကဘူး။ ဒီလူက ဘယ်သူမှန်း တစ်ချက်ကြည့်ရုံနဲ့ သိတယ်ပေါ့။ အံ့သြ စရာပဲ။”

စီမာဖန်း သံသယ စကားတွေကို သည်းမခံနိုင်ဘူး။

“မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ ဟုတ်တယ်မလား။ ဖန်ကျန်းရှီ။” စီမာဖန်း အံကြိတ်ရင်း ပြောတယ်။

“ဖန်ကျန်းရှီ။”

“ကြီးမြတ်သော ရှနိုင်ငံတော်က ဖန်ကျန်းရှီလား။”

“ငါကြားတာတော့ ဖန်ကျန်းရှီက ကံအရမ်း ကောင်းတဲ့ အရှက်မရှိတဲ့ လူတစ်ယောက်တဲ့။ ကြီးမြတ်သော ရှနိုင်ငံတော် အတွက် အကျိုးထူး ဆောင်ပေးနိုင်လို့ မင်းသားကန်ဘွဲ့ ရပြီးတော့ နယ်စားမင်း ဖြစ်လာတယ်တဲ့။”

ပြိုင်ပွဲဝင်တွေက ဖန်ကျန်းရှီရဲ့ နာမည်ကို ကြားတော့ ကြီးမြတ်သော ရှနိုင်ငံတော်က ကောလဟာလတွေကို ပြောမိကြတယ်။ စီမာဖန်းရဲ့ စကားကို ကြားတော့ အေးစက် တိတ်ဆိတ်နေတဲ့ ရန်ရွှယ်လည်း အမူအယာ ပြောင်းလဲ သွားတယ်။

“ဖန်ကျန်းရှီလား။” ရန်ရွှယ် ခပ်တိုးတိုး ပြောရင်းနဲ့ လက်သီး ဆုပ်လိုက်တယ်။ သူ့လက်ကနေ အနီရောင် အလင်းတန်း ခပ်ဖျော့ဖျော့ ထွက်ပေါ်နေတယ်။ နန်ကုန်းမုလည်း အမူအယာ ပြောင်းလဲ သွားတယ်။ သူ့ အမူအယာက အံ့သြနေတာလား လန့်နေတာလား မသေချာဘူး။

“ဟဟား။ မင်းပြောတာ ဖန်ကျန်းရှှီက အကိုကြီး ခုန်ချင်း ပုံစံ ဟန်ဆောင် နေတယ်ပေါ့။ တခြားသူဆိုရင် ငါယုံအုန်းမယ်။ ဒါပေမယ့် ဖန်းကျန်းရှီ အကြောင်းကတော့ ငါလည်း ကြားဖူးတယ်။” တပည့်သား တစ်ယောက် ရယ်မောရင်း ပြောတယ်။

“ဟုတ်တယ်။ အကိုကြီး နန်ကုန်းဟောင်လည်း ဖန်ကျန်းရှှီ အကြောင်း ပြောဖူးတယ်။ သူက ထက်မြက်ပြီး အတော်လေး ဉာဏ်ကောင်းပေမယ့် သဘာဝလွန် အဆင့်ပဲ ရှိသေးတာ။”

“ရယ်စရာပဲ စီမာဖန်း။ ဖန်ကျန်းရှီလို သဘာဝလွန် အဆင့် တစ်ယောက်ကို အကိုကြီး ခုန်ချင်းက ရှုံးစရာလား။ နောက်ပြီးတော့ လူတိုင်းရဲ့ မျက်စိရှေ့မှာ တိုးတိုး တိတ်တိတ် ရှုံးသွားတယ်ပေါ့။”

“ထွက်သွားစမ်း။ ကောင်းကင် တာအို ခန်းမက မင်းတို့ကို မကြိုဆိုဘူး။”

နောက်က တပည်သားတွေ ခုန်ချင်းရဲ့ စွမ်းအာကို ကောင်းကောင်း သိတယ်လေ။ သုခမိန် တွေတောင် ခုန်ချင်းကို အနိုင်ယူဖို့ မလွယ်ဘူး။ ဖန်ကျန်းရှီ တစ်ယောက်တည်းက ဘယ်လိုများ နိုင်နိုင်မှာလဲ။

“စိတ်မဆိုးပါနဲ့။ အကိုကြီး ခုန်ချင်းက ဖန်ကျန်းရှီ လက်ထဲမှာ ရှုံးနိမ့်သွားတာ သူ့အစွမ်းကြောင့် မဟုတ်ပါဘူး။” စီမာဖန်း အံကြိတ်ရင်း ဆက်ပြောတယ်။ “ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ အကြောင်းတွေကို လူတိုင်း ကြားဖူးမယ် ထင်ပါတယ်။ သူ့မှာ လက်နက် ပုန်းတွေလည်း အများကြီး ရှိတယ်။ ဒါမှမဟုတ် အဆိပ် သုံးတာလည်း ဖြစ်နိုင်တယ်။”

“အဆိပ်လား။”

“ဟုတ်ပါတယ်။ အဆိပ်သုံးတာ ဖြစ်နိုင်တယ်။ ဖန်ကျန်းရှီက သူများတွေ မလုပ်ဝံ့တာကို လုပ်ရဲတဲ့ သူပါ။ ဒါကြောင့် အခု မျက်စိရှေ့က အကိုကြီး ခုန်ချင်းက အယောင်ဆောင်ထားတဲ့ ဖန်ကျန်းရှီ ဆိုတာ ၉၀% သေချာပါတယ်။” စီမာဖန်း အခိုင်အမာ ပြောနေတယ်။

“မင်းပြောတာ မှန်တယ်ပဲထား။ ဘာဖြစ်လို့ သူက အကိုကြီး ခုန်ချင်းလို အယောင်ဆောင် မှာလဲ။”

“ရန်ရွှယ့် ကြောင့်ပါ။ ရန်ရွှယ်ကို ကောင်းကင် တာအို ခန်းမ လူရွေးပွဲ အောင်မြင် စေချင်လို့။ ဒါမှ အကိုကြီး ခုန်ချင်းလို အယောင်ဆောင်ပြီးတော့ ကျွန်တော်တို့ အားလုံးကို ပထမ အချီမှာပဲ ထုတ်ပယ် နိုင်မှာပါ။” စီမာဖန်းက ဖန်ကျန်းရှီရဲ့ မျက်နှာကို တည့်တည့် စိုက်ကြည့်ရင်း ပြောတယ်။

“ရန်ရွှယ်လား။” တပည်သား သုံးယောက်နဲ့ ပြိုင်ပွဲဝင်တွေ ရန်ရွှယ်ကို လှည့်ကြည့်မိတယ်။ ဒါပေမယ့် သူတို့ မယုံရဲဘူး။ အကယ်၍ ဒါသာ အဖြစ်မှန် ဖြစ်ခဲ့ရင် အရာ အားလုံးက အစကို ပြန်ရောက် သွားလိမ့်မယ်။ ဒါပေမယ့် စီမာဖန်း ပြောတဲ့ အတိုင်း ခုန်ချင်းရဲ့ အပြုအမူတွေက မူမမှန်ဘူး။ ဘယ်သူကများ ပြိုင်ပွဲဝင်တွေ အားလုံးကို ပထမ အချီမှာပဲ ထုတ်ပြစ်မှာလဲ။

ခုန်ချင်း ပြောခဲ့တဲ့ အကြောင်းအရာတွေ အားလုံးက အရမ်းကို အထင်ကြီးစရာ ကောင်းပေမယ့်။ ထူးဆန်းနေတယ်။ တပည့်သား သုံးယောက်လည်း မျက်မှောင် ကြုတ်ပြီးတော့ စဉ်းစား နေကြတယ်။ တွေဝေနေတယ်။ တိတ်ဆိတ်နေတယ်။ ဘယ်သူမှ စကား မပြောကြဘူး။ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ခန့်မှန်း နေကြတယ်။

“ဖန်ကျန်းရှီ မင်း ဘာဆက် ပြောချင်သေးလဲ။ အကိုကြီး ခုန်ချင်း အစစ်ကို ငါတို့လက်ထဲ အပ်လိုက်။ အခုက မင်းဘယ်ကို ရောက်နေမှန်း သိရဲ့လား။ ကောင်းကင် တာအို ခန်းမ မှာရောက်နေတာ။ မင်းတို့ရဲ့ ကြီးမြတ်သော ရှနိုင်ငံတော် မဟုတ်ဘူး။ မင်းထင်ရာစိုင်းလို့ ရမယ့် နေရာမဟုတ်ဘူး။” စီမာဖန်းက လူတွေကို ကြည့်ရင်း ပိုပြီးတော့ ဆုံးဖြတ်ချက် ခိုင်မာလာတယ်။

အတိအကျ ပြောရရင်။ သူ့ခန့်မှန်းချက်က ပိုခိုင်မာနေတာ အကြောင်းရင်း ရှိတယ်။ ချန်းဝူကလည်း အတည်ပြု ထားတယ်။ ရန်ရွှယ်က ဒီမှာ ရောက်နေပြီ။ ဒါကြောင့် ဖန်ကျန်းရှီလည်း ဒီမှာ ရှိမှာပဲ။ ဖန်ကျန်းရှီက လူအုပ်ထဲမှာ မရှိဘူး။ ဒါကြောင့် သူက ခုန်ချင်းလို အယောင်ဆောင် နေတာပဲ ဖြစ်ရမယ်။

ခန့်မှန်းရတာ ခက်ခဲတယ်။ ဒါပေမယ့် စီမာဖန်းက အခွင့်အရေးကို အရယူနိုင်ခဲ့တယ်။ တန်ပါတယ်။ အကယ်၍ သူသာ မစွန့်စားလိုက်ရင် ချန်းဝူက ခုန်ချင်း ထုတ်ပယ်တာကို ခံရတော့မှာလေ။ ဒါကြောင့် အခု အခြေအနေမျိုးမှာ သူလည်း ရွေးစရာ မရှိပဲ စွန့်စား လိုက်ရတယ်။

အပိုင်း(၆၃၆)ပြီး၏။

အပိုင်း (၆၃၇)

“ တိုက်ခိုက်ကြစို့။ ဘာများ ကြောက်စရာ ရှိလို့လဲ”

“မင်းပြောလို့ ပြီးပြီလား။” တိတ်ဆိတ်နေတဲ့ လူအုပ်ကို ကြည့်ရင်း တည်ငြိမ်နေတဲ့ အသံနဲ့ ဖန်ကျန်းရှီ ပြောတယ်။ စီမာဖန်းကို သူအထင်ကြီး သွားတာမိတာတော့ မုန်းမုန်းနဲ့ ဝန်ခံရမှာပဲ။ ဒီထက် ပိုပြီးတော့ သားသားနားနား ရှိလို့ မရဘူးလား။

တကယ်တော့ ဒီလောကမှာ ပါရမီရှင်တွေ ပေါတယ်။ အထူးသဖြင့် ကောင်းကင် တာအို ခန်းမ ပြိုင်ပွဲမှာပေါ့။ လူတိုင်း နီးပါးက သူတို့ နိုင်ငံရဲ့ ထိပ်တန်း စစ်သည်တော်တွေ။ ဒါကြောင့် သူ့ကို ဖော်ထုတ် ခံရမယ် ဆိုတာ ထင်ထားပြီးသား။ ဒီလောက် မြန်မြန် ဖော်ထုတ် ခံရမယ်လို့ မထင်ထား မိတာ တစ်ခုပဲ။ သတိလွတ် သွားတယ်။ သူ့မှာ ရုပ်ပြောင်း ရုပ်လွှဲ အတတ်ကို ဆရာကျအောင် တတ်ကျွမ်းပေမယ့် အမြင့်ဆုံး အဆင့်တော့ မရောက်သေးဘူး။

ချန်းဝူ ဘေးမှာ ဒီလို ပညာရှင်မျိုး ရှိနေမှာကို သူ မတွေးမိ ခဲ့ဘူးလေ။ နောက်ပြီးတော့ သူက စီမာ မိသားစုရဲ့ ခေါင်းဆောင်တောင် ဖြစ်နေသေးတယ်။ နေရာတကျ မရှိလိုက်တာ။

အခုချိန်မှာ ထွက်ပြေးမယ် ဆိုရင် အသက်ရှင်ခွင့် ရအုန်းမယ်။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမကို ဝင်ခွင့် ရမှာ မဟုတ်ဘူး။ ဘယ်လိုများ လုပ်ရပါလိမ့်။

ဖန်ကျန်းရှီ လက်ရှိ အခြေအနေကို စဉ်းစားရင်း ထွက်ပြေးဖို့ နည်းလမ်းတွေကို တွေးနေတခဲ့တယ်။ ဒါပေမယ့် တကယ့် ခုန်ချင်း အစစ်က သစ်သား အိမ်ထဲမှာ ရှိနေတုန်းလေ။ တစ်ယောက်ယောက်သာ သစ်သားအိမ်ထဲကို ဝင်သွားခဲ့ရင် ရှင်းပြဖို့ ခက်လိမ့်မယ်။

“ကြည့်ရတာ မင်းက သစ်သားအိမ်ထဲကို ဝင်ပြီးတော့ စစ်ဆေးဖို့ ပြင်နေတဲ့ ပုံစံပဲ။” ဖန်ကျန်းရှီ ပြုံါ်ပြတယ်။

“ဟုတ်တယ်။” စီမာဖန်း ပြန်ဖြေတယ်။

“အတင့်ရဲ လိုက်တာ။ ဒါက ကောင်းကင် တာအို ခန်းမ။ ဘယ်လို ပြဿနာပဲ ရှိရှိ။ မင်းတို့က ဆုံးဖြတ် ရမယ့် သူမဟုတ်ဘူး။ သစ်သားအိမ်က ငါတို့ ကောင်းကင် တာအို ခန်းမ တပည့်တွေ အနားယူပြီး ဧည့်သည်တွေကို ဧည့်ခံဖို့ပဲ။ မင်းတို့က သစ်သားအိမ်ထဲကို ဝင်ကြည့်ရအောင် ဘယ်သူမလို့လဲ။” တပည့်သားတွေက ခုန်ချင်း အစစ် ဟုတ်မဟုတ် သံသယ ဝင်နေပင်မယ့် စီမာဖန်းကိုလည်း ဒီအတိုင်း အိမ်ထဲ မဝင်စေချင်ဘူး။

ဒါပေမယ့် ဝင်ခွင့်ပြုလိုက်ရင် ခုန်ချင်းကို သံသယ ဝင်ရာလည်း ရောက်လိမ့်မယ်။ သူတို့တွေ အခြေအနေကို မထိန်းနိုင်ဘူး။ ဒါကြောင့် တပည့်သား သုံးယောက် တားမြစ်ကြတယ်။ ခုန်ချင်းက အယောင်ဆောင် ဖြစ်နေရင်တောင်၊ ကောင်းကင် တာအို ခန်းမရဲ့ ကိစ္စတွေက အကြီးအကဲတွေပဲ ဆုံးဖြတ်ခွင့်ရှိတယ်။ သူတို့ ဆုံးဖြတ်လို့ မရဘူး။ စီမာဖန်း မျက်မှောင်ကြုတ် သွားတယ်။ သစ်သားအိမ်ကို မကျေမနပ် စိုက်ကြည့်နေခဲ့တယ်။ ဒီအိမ်ထဲ ပြေးဝင်ချင်စိတ်ကို ဖိနှိပ် ထားခဲ့ရတယ်။ သူ့ရဲ့ အလုပ်က ဟန်ဆောင်တာကို ဖော်ထုတ်တာပဲ။ အတင်းအကြပ် ထိုးဖောက် တိုက်ခိုက်ဖို့ မဟုတ်ဘူး။

ဘယ်လို လုပ်ရမလဲ။

စီမာဖန်း ဒီပြဿနာကို စဉ်းစား နေမိတယ်။ သူက ၉၀% သေချာပေမယ့် ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ သက်သေရှာ မရ ဖြစ်နေတယ်။ နေစမ်းပါအုန်း။ အကယ်၍ ဒီလူကသာ ဖန်ကျန်းရှီ အစစ် ဟုတ်ခဲ့မယ် ဆိုရင်။

“ဒါပဲ။” စီမာဖန်းရဲ့ မျက်ဝန်းတွေ ချက်ခြင်း တောက်ပလာတယ်။ ချက်ခြင်း ရှေ့ကို ခုန်ထွက်လာတယ်။ “ဖန်ကျန်းရှှီ၊ မင်း ဝန်မခံလို့ရတယ်။ ဒါပေမယ့် မင်းရဲ့ စွမ်းအားတွေက သိသာ စေမှာပဲ။ ငါ့အစွမ်းကို သုံးပြီးတော့ မင်းရဲ့ ပုံစံ အစစ်အမှန်ကို ဖော်ထုတ်မယ်။”

“မင်းရဲ့ စွမ်းအားကို သုံးမယ်။”

“သူ ဘာပြောနေတာလဲ။ အကိုကြီး ခုန်ချင်းကို သူ တိုက်ခိုက်မလို့လား။”

“ဒီ စီမာဖန်းကတော့ လရောင်ဖြာ နိုင်ငံတော်က မင်းသား၆ ထုတ်ပယ် ခံရတာကို မမှတ်မိဘူးလား။”

စီမာဖန်းရဲ့ စကားတွေကို ကြားတော့ ပြိုင်ပွဲဝင်တွေ ခေါင်းခါမိကြတယ်။ သူက သူ့ကိုယ်သူ အထင်ကြီး နေတာပဲ။ တပည့်သား သုံးယောက်ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ စီမာဖန်းရဲ့ စကားတွေက ရှင်းလင်း နေပင်မယ့် ဒီစကား နောက်ကွယ်က အဓိပ္မာယ်တွေကို နားမလည် နိုင်ဘူး။

“မင်းပြော မှန်တယ်။ ငါမင်းကို စိန်ခေါ်မယ်။” စီမာဖန်းက ဖန်ကျန်းရှီကို လက်ညှိုးထိုးရင်း ပြောတယ်။ “ငါက အဆင့် အမြင့်ဆုံးတော့ မဟုတ်ဘူး။ ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် သဘာဝလွန် အဆင့်က ဖန်ကျန်းရှီကိုတော့ အနိုင်ယူ နိုင်တယ်။ ဒါကြောင့် မင်းသာ ခုန်ချင်း အစစ်ဆိုရင်၊ ငါ့စိန်ခေါ်မှုကို မင်းလက်ခံ မှာပဲ။”

“မင်း စိန်ခေါ်တာကို လက်ခံ ရမှာလား။” ဖန်ကျန်းရှှီ ဒီအခြေအနေကြောင့် လန့်သွားခဲ့တယ်။ စီမာဖန်းကို သူတကယ်ပဲ အံ့သြမိတယ်။

“ဟုတ်တယ်။” စီမာဖန်း စိတ်ဆုံးဖြတ် လိုက်ပြီ။

ပတ်ဝန်းကျင်က လူတွေလည်း သူပြောတာကို နားလည်ဖို့ ကြိုးစား နေကြတယ်။ စီမာဖန်းက ခုန်ချင်းကို သူနဲ့ တိုက်ခိုက်ဖို့ ဖိအား ပေးနေတာပဲ။ ဒီနည်းလမ်းက သိပ်ပြီး ကောင်းတာ မဟုတ်ဘူး။ ဒါပေမယ့် ခုန်ချင်းသာ အယောင်ဆောင် တစ်ယောက် ဖြစ်ခဲ့ရင်ဖော်ထုတ်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။

နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက သဘာဝလွန် အဆင့်ပဲ ရှိသေးတာလေ။ အခုချိန်မှာ သူက ဘယ်လောက်ပဲ ပါရမီရှိပြီးတော့ ဆိုးယုတ်ပါစေ သဘာဝလွန် အဆင့်က လူတစ်ယောက်ကိုတော့ အသေသတ် နိုင်မှာ မဟုတ်ဘူး။ စီမာဖန်းလည်း သူ့ အခြေအနေကို ကောင်းကောင်းသိတယ်။

သူက ပြန်လည် မွေးဖွားမှု အဆင့် ရောက်နေပင်မယ့် ဖန်ကျန်းရှီရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ဖို့ နည်းလမ်းတွေကိုပဲ အဓိက သုံးရမယ်။ တိတိကျကျ ပြောရရင် စီမာဖန်းရဲ့ စိတ်ကူးက ရှင်းပါတယ်။ သူ့ရဲ့ ပြန်လည် မွေးဖွားမှု အဆင့် စွမ်းအားကို သုံးပြီးတော့ သဘာဝလွန် အဆင့်က ဖန်ကျန်းရှီကို စိန်ခေါ်မယ်။ ဒါဆိုရင် ဖန်ကျန်းရှီလည်း သူ့ရဲ့ အထူး တိုက်ကွက်တွေကို ဖော်ထုတ် လိမ့်မယ်။ တိုက်ခိုက်တဲ့ အချိန်လည်း ဟာကွက်တွေ ပေါ်လာလိမ့်မယ်။ ဒါက အကောင်းဆုံး နည်းလမ်းပဲ။

“ဘယ်လိုလဲ။ ဖန်ကျန်းရှှီ မင်း စိန်ခေါ်တာကို လက်ခံလား။” ချက်ခြင်း တိုက်ခိုက်ဖို့ စိတ်ကူး ရှိပုံ မပေါ်တဲ့ ခုန်ချင်းကို ကြည့်ရင်း စီမာဖန်း မေးနေခဲ့တယ်။

“မင်း နောင်တ မရမှာ သေချာလား။”

“ဒါပေါ့။”

“ကောင်းပြီ။ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။” ဖန်ကျန်းရှှီ ပျော်ပျော်ရွှင်ရွှင် ရယ်မော နေခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လ တုန်းက ဆိုရင် စီမာဖန်း စကားတွေကြောင့် ရယ်နိုင်မှာ မဟုတ်ဘူး။ စီမာဖန်း ပြောခဲ့ သလိုပဲ သူ့ရဲ့ သဘာဝလွန် အဆင့် စွမ်းအားနဲ့ ဆိုရင် အထူး နည်းလမ်းတွေကို မသုံးပဲနဲ့ ပြန်လည် မွေးဖွားမှု အဆင့်က စီမာဖန်းကို အနိုင်တိုက် နိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ စီမာဖန်းကလည်း မတိုက်ခိုက်ပဲ ဆက်တိုက် ခုခံ မယ်ဆိုရင် သူဒုက္ခ များရလိမ့်မယ်။

“အကိုကြီး ခုန်ချင်းက သူ့ကို သဘောတူလိုက်တယ်။”

“အကိုကြီး ခုန်ချင်းက အစစ်ဆိုတာ ငါသိတယ်။”

“စောင့်ကြည့် ရအောင်။”

ပြိုင်ပွဲဝင် တစ်ချို့က ခုန်ချင်း သဘောတူတာကို ကြားတော့ မအံ့သြ ကြဘူး။ နောက်ဆုံးတော့ သူက အတုလား အစစ်လား ဆိုတာ ဒီလို တိုက်ခိုက်မှပဲ သိနိုင်မှာလေ။ လူအုပ်ထဲမှာ ရပ်နေတဲ့ ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ သဘောတူတာကို ကြားကြားချင်း အမူအယာ ပြောင်းသွားခဲ့တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။

အနီရောင် အလင်းတန်းတွေ သူ့လက်သီးကနေ ထွက်ပေါ်နေပြီ။ ဒါပေမယ့် ဒီအချိန်မှာပဲ သူ့ပုခုံးကို လက်တစ်ဖက်က လာဖိတယ်။ ရန်ရွှယ်ကြည့်လိုက်တော့ နန်ကုန်းမုကို တွေ့တယ်။ သူ့လက်က အလင်းတန်းလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့တယ်။ နန်ကုန်းမု လက်ကို မြန်မြန် ပြန်ရုပ်တယ်။

ရန်ရွှယ်ရဲ့ စိတ်ကူးကို သူသိပေမယ့် စကားမပြောဘူး။ ခပ်မြန်မြန်ပဲ လှုပ်ရှားတယ်။ သူတို့ နှစ်ယောက် လှုပ်ရှား နေတာကို ဘယ်သူမှ သတိ မထားမိ ခဲ့ဘူး။ လူတိုင်းက ဖန်ကျန်းရှီနဲ့ စီမာဖန်းကိုပဲ အာရုံ စိုက်နေကြတယ်။ ဒါပေမယ့် ရန်ရွှယ်နဲ့ နန်ကုန်းမုကို စိုက်ကြည့်နေတဲ့ မျက်လုံး တစ်စုံတော့ ရှိနေခဲ့တယ်။

ကျောက်စိမ်းရောင် ဝတ်ရုံကို ဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်။ အသက် ၂၀ ဝန်းကျင် အညိုစင်လေး။ ဒါပေမယ့် တခြား သူတွေကတော့ အဝေးက တိုက်ခိုက်တော့မယ့် လူနှစ်ယောက်ကို အာရုံစိုက်နေ ကြတယ်။

လူငယ်လေးကတော့ ဒီအရေးကြီး ကိစ္စနဲ့ မသက်ဆိုင်တဲ့ ပုံစံပဲ။ ရန်ရွှယ်နဲ့ နန်ကုန်းမုကိုသာ စိုက်ကြည့်နေတယ်။ အကွက်ချောင်းနေတဲ့ သားရဲကောင်ကြီး တစ်ကောင်လိုမျိုး ရန်ရွှယ်နဲ့ နန်ကုန်းမုကို စိုက်ကြည့် နေခဲ့တယ်။

…

ကောင်းကင် တာအို ခန်းမရဲ့ တောင်လို ချွန်ထက်နေတဲ့ တောင်စောင်း နှစ်ဖက်ပေါ်မှား သားရဲကောင်ကြီး နှစ်ကောင်က စောင့်ကြပ် နေခဲ့တယ်။ သားရဲကောင်ကြီး နှစ်ကောင်ဘေးမှာ ဝတ်ရုံဖြူဝတ် လူနှစ်ယောက် ရပ်နေခဲ့တယ်။

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။” ကောင်းကင် တာအို ခန်းမရဲ့ တပည့်သား တစ်ဦး လူကြီး နှစ်ယောက်ဆီကို လျှောက်လာတယ်။ တလေးတစားနဲ့ ဦးညွှတ်ရင်း ဂါရဝပြုတယ်။

“ပထမ စစ်ဆေးပွဲ ပြီးပြီလား။”

“မပြီးသေးပါဘူး။ ဒါပေမယ့် တောင်ခြေကနေ သတင်း ရောက်လာပါတယ်။ ပြိုင်ပွဲဝင် ၈ယောက် ထုတ်ပယ် ခံလိုက်ရပါပြီ။”

“ရှစ်ယောက်လား။ အင်း။ ကောင်းပြီ။ သိပြီ။”

“ကျွန်တော် သွားပါတော့မယ့် ဆရာသခင်။” တပည့်သား ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားတယ်။

ဝတ်ရုံဖြူ လူကြီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အခြေအနေကို အံ့သြ နေခဲ့တယ်။

“ခုန်ချင်းက ကောင်းကင် တာအို ခန်းမမှာ ရောက်နေတာ ၆နှစ် ရှိပြီ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ထူးချွန်ခဲ့တာပဲ။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပြီး တည်ငြိမ်တဲ့ ကလေး။”

“အင်း ဒီနှစ် ပြိုင်ပွဲဝင်တွေက အရည်အချင်း နိမ့်ကြလို့ဖြစ်မယ်။”

“ဟုတ်တယ်။ တကယ်တော့ အရင် တစ်ခေါက်ကထက် တော်တဲ့ သူတွေလည်း ပါကြပါတယ်။”

“လွန်ခဲ့တဲ့ ၂နှစ်တုန်းက ကြီးမြတ်သော ရှနှိုင်ငံတော်ရဲ့ ထိပ်သီး နန်ကုန်းဟောင် လာခဲ့တယ်။ အခုတော့ မြောက်ပိုင်း သီးခြား မြင့်မြတ် နိုင်ငံကကော၊ စစ်မက်လိုလား နိုင်ငံက ထိပ်သီးတွေလည်း ရောက်လာတယ်။ ကြီးမြတ်သောရှ အနောက်ပိုင်းလျန် နယ်မြေရဲ့ ရန်ဘုရင် အသစ် ရန်ရွှယ်လည်း ဒီကို ရောက်နေတယ်။ အာ ဟုတ်သား။ နန်ကုန်းဟောင်ရဲ့ ညီငယ်လေးရဲ့ ရောက်နေတယ် မဟုတ်လား။ သူ့နာမည်က ဘာပါလိမ့်။”

“စဉ်းစား လိုက်အုန်းမယ်။ အင်း။ သူ့နာမည်က နန်ကုန်းမု။” ဝတ်ရုံဖြူဝတ် လူကြီး လက်ထဲက စာလိပ်ကို ဖွင့်ရင်းနဲ့ ပြန်ဖြေတယ်။

“နန်ကုန်းမု။ ဟဟား။ ကြည့်ရတာ ငါတစ်ယောက်တည်း သူ့နာမည်ကို မေ့နေတာ မဟုတ်ဘူးပဲ။” ဝတ်ရုံဖြူ လူကြီးက ခပ်တိုးတိုး ရယ်မော်တယ်။

“ငါမေ့တာ ထားပါတော့။ မင်းမေ့တာတော့ မဟုတ်သေးဘူး။ နန်ကုန်းဟောင်က မင်းရဲ့ တပည့်လေ။ သူ့ညီလေး နာမည်တောင် မင်းက မမှတ်မိဘူးတဲ့။ မရှက်ဘူးလား။”

“ဟုတ်တယ်။ ရှက်မိပါတယ်။ အောက်ဆင်းပြီး ကြည့်ရအောင်။”

“ဟုတ်တယ်။ ငါတို့ ကြည့်သင့်ပြီ။”

ဝတ်ရုံဖြူဝတ် လူကြီး နှစ်ယောက် စကားပြောပြီးတာနဲ့ လှုပ်ရှားကြတယ်။ သားရဲကောင်တွေပေါ်ကို ခုန်တက်တယ်။ သားရဲကောင်ကြီး နှစ်ကောင် ချက်ခြင်း ကောင်းကင်ကို ပျံတက်သွားတယ်။ တိမ်တွေကြားမှာ ပျောက်ကွယ် သွားခဲ့ပြီ။

…

ကောင်းကင် တာအို ခန်းမ တောင်ခြေ၊ သစ်သားအိမ် ငါးလုံး ရှေ့မှာ။

တပည့်သား သုံးယောက်က ဖန်ကျန်းရှီရဲ့ နောက်မှာ ရှိနေတယ်။ ကျန်တဲ့ ပြိုင်ပွဲဝင်တွေကတော့ နောက်ငါးလှမ်း အကွာမှာ ရှိနေကြတယ်။ ဖန်ကျန်းရှီနဲ့ စီမာဖန်းကြားမှာ နေရာလွတ် အများကြီး ရှိနေခဲ့ပြီ။ ဒါက စီမာဖန်းရဲ့ တောင်းဆိုမှုပဲ။ အရင်ဆုံး တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့သလို။ သူတို့ နှစ်ယောက်ကြားက အကွာအဝေးကိုလည်း ခြားထားဖို့ တောင်းဆိုခဲ့တယ်။ စီမာဖန်းက အရမ်းကို သတိကြီးတဲ့သူ။

ဒါက သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ရဲ့ အလေ့အကျင့်ကြောင့်လည်း ဟုတ်တယ်။ လုပ်ကြံသူတွေကြားက ထိပ်သီးတစ်ယောက်။ အခြေအနေ အများစုမှာ တစ်ယောက်တည်း ဖြစ်ခဲ့တယ်။ သူ့ဘေးမှာ မိတ်ဆွေ အများကြီးလည်း မရှိဘူး။ နောက်ပြီးတော့ အရေးပေါ် အခြေအနေတွေကို ရင်ဆိုင်ဖို့ အတွက် ကောင်းကောင်း သင်ယူထားတယ်။ သည်းခံနိုင်ဖို့၊ သတိကြီးဖို့။ ဒါတွေက လုပ်ကြံသူ တစ်ယောက်ရဲ့ အသက်ရှင်နိုင်စွမ်းကို ကူညီတဲ့ အရည်အချင်းတွေပဲ။

စီမာဖန်းက အရမ်းကို သေချာတယ်။ သူ့ရဲ့ ပြိုင်ဘက်က သူ့ထက် အဆင့် တစ်ဆင့် နိမ့်နေပင်မယ့် သူအရမ်းကို ဂရုစိုက်တယ်။ ပုံမှန် လုပ်နေကြ အလုပ်တွေထက်တောင် သတိထားသေးတယ်။ ဖန်ကျန်းရှီက သဘာဝလွန် အဆင့်မှာပဲ ရှိသေးပင်မယ့် တောင်ပိုင်းဒေသ တိုက်ပွဲမှာ နတ်ဆိုး မျိုးနွယ်က သုခမိန်တဝက် ချန်ယန့်ကို အနိုင်ယူခဲ့တယ်။ ဒါ့အပြင် နတ်ဆိုး ဘုရင်ကိုလည်း သတ်နိုင် ခဲ့သေးတယ်။

နတ်ဆိုးဘုရင်က ချုပ်နှောင် ခံထားရတာတောင် အရှင်လီချင်းကို သတ်နိုင် ခဲ့သေးတယ်။ ရန်ချန်လိနဲ့ ပင်းယန် တိုက်ခိုက်တာ ခံရပြီးတော့မှ နောက်ဆုံး ဖန်ကျန်းရှီ သတ်တာကို ခံလိုက်ရတယ်။ ဘာပဲ ဖြစ်ဖြစ် သူက နတ်ဆိုး ဘုရင်ပဲလေ။ အနက်ရောင် အလင်းတန်းတွေက စီမာဖန်းကို ဝန်းရံ ထားခဲ့တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး မှုန်ဝါးလာတယ်။ ဒါက လုပ်ကြံရေး သမားတွေရဲ့ အမဲလိုက် နည်းတွေထဲက တစ်ခုပဲ။

စီမာဖန်းရဲ့ ညာလက်ထဲမှာ မှုန်မှိုင်းနေတဲ့ ဓားမြှောင် တစ်ချောင်း ရှိနေခဲ့တယ်။ ဓားထိပ်မှာ သွေးစီးကြောင်းတွေ လက်နေတယ်။ အရမ်းကို ထက်ရှပြီးတော့ အန္တရာယ် များတဲ့ ပုံစံပဲ။ လုပ်ကြံရေး သမားရဲ့ ဓားမြှောင်။ ဒါက ကျော်ကြားတဲ့ ဓားပဲ။ ဒါပေမယ့် မြင်ရခဲတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ကြံရေး သမား တစ်ယောက်က အသေသတ် တိုက်ကွက်ကို သုံးတော့မယ့် အချိန်မှပဲ သူ့ရဲ့ ဝတ်ရုံထဲက ဝှက်ထားတဲ့ ဓားကို ထုတ်တယ်။

ထိပ်တန်း လုပ်ကြံရေး သမားဖြစ်တဲ့ စီမာဖန်းကတော့ စစချင်းမှာ ဓားထုတ်နေပြီ။ ပြိုင်ပွဲဝင်တွေ ဒါကိုမြင်တော့ စီမာဖန်းရဲ့ စိတ်ဆုံးဖြတ်ချက်ကို သူတို့ နားလည်သွားတယ်။ စီမာဖန်းက အဆုံးထိ ခုခံဖို့ ဆုံးဖြတ်ထားတာ ထင်ရှား နေပြီ။

စီမာဖန်းမှာသာ တိုက်ခိုက်ဖို့ စိတ်ကူး ရှိခဲ့ရင် ဓားမြှောင်ကို ထုတ်ပြမှာ မဟုတ်ဘူး။

“လရောင်ဖြာ နိုင်ငံတော်ရဲ့ မင်းသား၆ကလည်း ပြန်လည် မွေးဖွားမှု အဆင့်မှာ ရှိနေပြီ။ နောက်ပြီးတော့ ခုခံစစ်မှာ အရမ်းတော်တယ်။ ဒါပေမယ့် ခုန်ချင်းရဲ့ တိုက်ကွက် သုံးကွက် အတွင်းမှာ ရှုံးနိမ့်သွားတယ်။ စီမာဖန်းက ဘယ်လောက်များ ခုခံနိုင်မှာလဲ။”

“စီမာဖန်းက လရောင်ဖြာ နိုင်ငံတော်ရဲ့ မင်းသားခြောက်ထက် ကျင့်ကြံဆင့် တစ်ဆင့် ပိုမြင့်တယ်။ ဒါပေမယ့် သူက လုပ်ကြံရေး သမားလေ။ အခုလို အခြေအနေမျိုးမှာ။ ငါးချက်တောင် ခံနိုင်မှာ မဟုတ်ဘူး။”

“ဒါပေမယ့် အခု သူပြောသလို ဒါက ဖန်ကျန်းရှှီ ဖြစ်နေမယ် ဆိုရင်ကော။”

“ဖန်ကျန်းရှီ ဆိုရင်။ သူက သူ့ရဲ့ ထူးခြား စွမ်းအားနဲ့ နတ်ဆိုး ဘုရင်ကို သတ်ဖူးတယ်။ ကောလဟာလတွေ ပြောတာတော့ ရန်မြို့တော် အပြင်ဘက်မှာ ဓားရာကြီး ကျန်ခဲ့တယ်တဲ့။ (နတ်ဆိုးသတ် ဓားကွက်)လို့ ခေါ်တဲ့ ဓားချက်ကြောင့် ဖြစ်လာတာလဲ။ ငါကြားတာတော့ ဒီဓားကွက်ကို သုံးဖို့ အသက်စွမ်းအားတွေကို သုံးရတယ်တဲ့။ ဒါကြောင့် သူ့မှာ အသက်ရှင်ချိန် နည်းနည်းပဲ ရှိတော့တယ်။”

“ငါလည်း ဒီအကြောင်း ကြားဖူးတယ်။ ဒါပေမယ့် အခုချိန်မှာ နတ်ဆိုးသတ် ဓားကွက်ကို သူသုံးဝံ့မှာ မဟုတ်ဘူး။ ဟုတ်တယ်ဟုတ်။”

“အမှန်ပဲ။ ဒါကြောင့် ဖန်ကျန်းရှီ ဘယ်လောက် သန်မာပါစေ ပြန်လည် မွေးဖွားမှု အဆင့်ကို စီမာဖန်းကို အသာစီး ရနိုင်မှာ မဟုတ်ဘူး။ အကယ်၍ သူသာ မတိုက်ခိုက်ပဲ ခုခံနေရင်။ အချက်၂၀ လောက်တော့ ခံနိုင်မှာပဲ။”

“မင်းတို့ကောင်တွေက ဖန်ကျန်းရှီကို အရမ်း အထင်သေးတာပဲ။ ဖန်ကျန်းရှီက သဘာဝလွန် အဆင့်ပဲ ရှိသေးပင်မယ့်၊ ကြီးမြတ်သော ရှနိုင်ငံတော် သမိုင်းမှာ အငယ်ဆုံး နယ်စားမင်းပဲ။ ဖန်ကျန်းရှီသာ သူ့စွမ်းအား အကုန်လုံးကို သုံးရင် စီမာဖန်းကို ၁၅ချက် အတွင်း အနိုင်တိုက်နိုင်တယ်။”

“၁၅ချက်။ သူက တကယ်ပဲ ဒီလောက်တောင် သန်မာတာလား။”

ပြိုင်ပွဲဝင်တွေ ဖန်ကျန်းရှီနဲ့ စီမာဖန်းကြားက တိုက်ပွဲကို ခန့်မှန်း နေကြတယ်။

ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ တပည့်သား သုံးယောက်ကတော့ ပြိုင်ပွဲဝင်တွေနဲ့ အတူ စုဝေး နေခဲ့တယ်။

အပိုင်း(၆၃၇)ပြီး၏။

အပိုင်း (၆၃၈)

“စစ်မှန်တဲ့ စွမ်းအား။”

လေညှင်းလေး တိုက်ခတ်နေတယ်။ ပူပြင်းတဲ့ နေရောင်ခြည်လည်း တောက်ပနေတယ်။ ဖန်ကျန်းရှီက သူနဲ့ ပေ၂၀ အကွာမှာ ရပ်နေတဲ့ စီမာဖန်းကို ကြည့်ရင်း ပြုံးပြလိုက်တယ်။ စီမာဖန်းရဲ့ လုပ်ရဲကိုင်ရဲတဲ့ ပုံစံနဲ့ ခန့်မှန်းဝံ့တဲ့ ပုံစံတွေကို သူ အထင်ကြီး နေမိတယ်။ ဒါပေမယ့် စီမာဖန်း တစ်ခုကို တွက်ချက်တာ မှားသွားခဲ့တယ်။

ရန်မြို့တော် တိုက်ပွဲ ပြီးခဲ့တာ ၂လ ကြာခဲ့ပြီ။ ဒီအချိန် အတောတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်သွားနိုင်တယ်။ သူလည်း ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်သွားပြီလေ။

“ပြန်လည် မွေးဖွားမှု အလယ် အဆင့်လား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“ဖန်ကျန်းရှီ။ မင်းမှာ ရှိတဲ့ အစွမ်းတွေ အားလုံးကို ထုတ်လိုက်။” စီမာဖန်းက ဓားမြှောင်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင် ထားရင်းနဲ့ ပြောလိုက်တယ်။

“မင်း အဆင်သင့် ဖြစ်ပြီလား။” ဖန်ကျန်းရှီ ပြုံါ်လိုက်တယ်။

“ဒါပေါ့။” စီမာဖန်း ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ကောင်းပြီ။ တိုက်ကွက်ကြည့်။” ဖန်ကျန်းရှှီ ခေါင်းငြိမ့်တယ်။ လက်ကို နောက်ပြစ်ရင်း စီမာဖန်း ဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ တောက်ပတဲ့ အလင်းတန်းတွေ မရှိဘူး။ မြေကမ္ဘာ တုန်ဟီးစေတဲ့ လှုပ်ရှားမှုလည်း မရှိဘူး။ ဒီအတိုင်း ပုံမှန် အတိုင်း ဖြည်းဖြည်းချင်း လျှောက်နေတာပဲ။

“အမ်။”

“ဘာတွေ ဖြစ်နေတာလဲ။”

“သူက မတိုက်ခိုက်ဘူးလား။”

စောင့်ဆိုင်းနေတဲ့ ပြိုင်ပွဲဝင်တွေ ဒီ အခြေအနေကို နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီ့ ပုံစံက တိုက်ပွဲကြီး တစ်ခုကို တိုက်ခိုက်တော့မယ့် ပုံစံနဲ့ မတူဘူး။ ရှုခင်းကြည့်ဖို့ ထွက်လာတဲ့ ပုံစံပဲ။ အမှန်ပဲ။ သူက ဘေးပတ်ဝန်းကျင် မြင်ကွင်းတွေကို ခံစားနေတာ။

စီမာဖန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူ့ကို လျစ်လျူရှု ထားတာ အသိသာကြီးပဲ။ ဒါ့အပြင် အခု အခြေအနေက သူ့ရဲ့ အင်အားတွေ အားလုံးကို သုံးပြီးတော့ ကြိုးစား အားစိုက် ထုတ်ထားတာ။ ဒါတောင် အထင်သေး ခံနေရတယ်။

သူအတော်လေး ဒေါသ ထွက်နေပြီ။ သူ့လို လုပ်ကြံသူ တစ်ယောက်ကို အထင်သေး ဝံ့တယ်ပေါ့။ ဒါက သူ့ဂုဏ်သိက္ခာကို စော်ကား နေတာပဲ။ လုပ်ကြံသူ တစ်ယောက် အနေနဲ့ သူ့ရဲ့ စွမ်းအားတွေက အချိန်တို အတွင်းမှာ အရမ်းကို မြင့်မား နိုင်တယ်။ ဒါကြောင့်ပဲ စီမာဖန်းက သူ့စွမ်းအားတွေကို အရမ်း ယုံကြည်ချက် ရှိနေခဲ့တာပဲ။ ဒေါသစိတ်တွေ နှလုံးသားထဲမှာ လှိမ့်တက်လာ ခဲ့တယ်။

ဖန်ကျန်းရှီကတော့ လက်နှစ်ဖက်ကို နောက်ပြစ်ထားရင်း ဒီအတိုင်း လျှောက်လာ နေတယ်တဲ့။ ခြေလှမ်း ဆယ်လှမ်း အကွာဆိုရင် အသေသတ် နိုင်မလား။ ဒါမှမဟုတ်။ ငါးလှမ်း အကွာဆိုရင် ရပြီလား။ စီမာဖန်းရဲ့ ခေါင်းထဲမှာ အရမ်းကို ပြင်းထန်တဲ့ အတွေးတွေ လွှမ်းမိုး နေခဲ့တယ်။ သူ့ရဲ့ လက်ထဲက ဓားမြှောင်ကို နည်းနည်းလေး ပိုပြီးတော့ မြှင့်လိုက်တယ်။ သူ့လက်တစ်ခုလုံး ဖြူဖျော့ နေခဲ့ပြီ။

ဖန်ကျန်းရှီကတော့ သူ့ဒေါသတွေကို အာရုံ စိုက်တဲ့ ပုံမပေါ်ဘူး။ စီမာဖန်း အနားကို တဖြည်းဖြည်း ကပ်လာခဲ့တယ်။ စီမာဖန်းက သူ့ကို အေးစက်စက် စိုက်ကြည့်နေတယ်။ အနက်ရောင် အလင်းတန်းတွေက လေထု တစ်ခုလုံးမှာ ပျံ့နေပြီ။ သူတို့ နှစ်ယောက်ကြားက အကွာအဝေးလည်း ငါးလှမ်းလောက်ပဲ ရှိတော့တယ်။ နေရာ ဒေသကို လိုက်ပြီးတော့ အပြောင်းအလဲတွေကို ကောင်းကောင်း ချိန်ဆနိုင်တယ်။ ဒီလို ပုံစံ၊ ကိုယ်ဟန်နဲ့ သတ်ဖြတ်လိုစိတ်တွေက အမဲလိုက်ခြင်း အနုပညာပဲ။

“ စီမာဖန်း။” အသံ တစ်သံ ထွက်ပေါ်လာတယ်။ သိပ်ပြီးတော့ မကျယ်လောင်ဘူး။ ဒါပေမယ့် စီမာဖန်းရဲ့ နားထဲကနေ စိမ့်ဝင်ပြီးတော့ နှလုံးသားထဲကို ရောက်သွားခဲ့တယ်။ နှလုံးသား တစ်ခုလုံး တုန်ယင်လာတယ်။ အတွေးတွေ တစ်ခဏတာ လှုပ်ရှားသွားတယ်။ ဒီအသံက ချန်းဝူရဲ့ အသံ။ သူ့ကို အလောတကြီး မလှုပ်ရှားဖို့ ပြောနေတဲ့ အသံ။ ချွေးသီး ချွေးပေါက်တွေ နဖူးကနေ ကျဆင်းလာတယ်။

“သူက သူ့အမှားတွေကို ရည်ရွယ်ချက် ရှိရှိ ဖော်ပြနေတာလား။” သူ့အနားကို လျှောက်လာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း စီမာဖန်း တွေးမိတယ်။ သူ့ တကိုယ်လုံး အေးစက် သွားပေမယ့်၊ ဒါပေမယ့် ခပ်မြန်မြန်ပဲ သတိပြန်ဝင်လာတယ်။

ခေါင်းထဲက အတွေးတွေကို ထိန်းချုပ်နေတယ်။ ဖန်ကျန်းရှီက သူ့ အနားကို နီးကပ်လာတာ ခြေလှမ်း ငါးလှမ်း အကွာကို ရောက်နေပြီ။ နောက်ဆုံးတော့ ဖန်ကျန်းရှီ ရပ်တန့် သွားခဲ့ပြီ။ လက်နှစ်ဖက်ကို နောက်ပြစ်ထားဆဲ။ အနက်ရောင် အလင်းတန်းတွေကို သူစိုက်ကြည့်နေတယ်။ အပ်ကျသံ မကြားရအောင် တိတ်ဆိတ် သွားခဲ့တယ်။ လူတိုင်းက ဖန်ကျန်းရှီနဲ့ စီမာဖန်းကို စိုက်ကြည့်နေတယ်။ တစ်ယောက်မှ ပါးစပ် မဖွင့်ကြဘူး။ အသက်ရှူသံကိုတောင် တိုးအောင် ကြိုးစား နေကြတယ်။

“ငါ ခန့်မှန်းတာ မမှားရင်၊ ခြေလှမ်း ငါးလှမ်း အကွာက မင်းတိုက်ခိုက်ဖို့ အကောင်းဆုံး မဟုတ်လား။” ဖန်ကျန်းရှီ စီမာဖန်းကို စိုက်ကြည့်ရင်း ပြောတယ်။ လှောင်ရယ်နေ သလိုပဲ။ စီမာဖန်း ပြန်မဖြေဘူး။ သူအရမ်းကို အာရုံ စိုက်နေတယ်။

“ကြည့်ရတာ မင်းက အဆုံးထိ ခုခံမယ့် ပုံစံပဲ။” ဖန်ကျန်းရှီက စီမာဖန်းကို ကြည့်ရင်း တောက်တောက်ပပ ပြုံးပြနေခဲ့တယ်။

“ပြောနေတာ ရပ်လိုက်။” သူ့စကား မဆုံးခင် အချိန်မှာတင် စီမာဖန်းရဲ့ မျက်လုံးတွေ ပြူးကျယ် သွားရတယ်။ ဖန်ကျန်းရှီက လှုပ်ရှားနေပြီ။ အရမ်း မြန်လွန်းတယ်။

တစ်ခဏ အတွင်းမှာပဲ ဖန်ကျန်းရှီက စီမာဖန်းရဲ့ မြင်ကွင်းကနေ ပျောက်သွားတယ်။ သူ့စွမ်းအားတွေ အားလုံး သုံးလိုက်တာလား။ ဘာဖြစ်လို့ ဒီလောက်တောင် မြန်နေ ရတာလဲ။ ဒါက ဘယ်လိုများ ဖြစ်နိုင်ရတာလဲ။ သူက သဘာဝလွန် အဆင့်မှာပဲ ရှိတာ မဟုတ်ဘူးလား။

စီမာဖန်း မေးဖို့ ပြင်တယ်။ ဒါပေမယ့် နောက်ကျသွားပြီ။ ဖန်ကျန်းရှီက သူ့ရှေ့မှာ ပေါ်လာခဲ့ပြီ။ ခြေလှမ်း ငါးလှမ်းစာ အကွာအဝေးကနေ စိတ်စွမ်းအားနဲ့ ကူးပြောင်း လာသလိုပဲ။ ချက်ခြင်းကို ရောက်လာတာ။ စီမာဖန်း လှုပ်ရှားတယ်။ ဖန်ကျန်းရှီရဲ့ နှလုံး အလယ်တည့်တည့်ကို ဓားနဲ့ ထိုးတယ်။ တစ်ချိန်တည်း အလင်းတန်း တစ်ခုက မှောင်မည်းနေတဲ့ လေထုထဲမှာ ပေါ်လာပြီးတော့ သူ့ တကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့တယ်။

ဒီအခြေအနေမျိုးမှာ ဖန်ကျန်းရှီကို တခြား နည်းလမ်းနဲ့ တိုက်ခိုက်လို့ မရတော့ဘူး။ သူ့ရဲ့ တစ်ခုတည်းသော နည်းလမ်းက နှလုံးကို တိုက်ခိုက်ဖို့ပဲ။ ဒါမှ သူ့ကိုယ်သူ ခုခံရာ ရောက်မယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ လက်သီးက သူ့ရင်ဘတ် ပေါ်ကို ရောက်လာခဲ့ပြီ။

“ကချာ့။”

အလင်းတန်းထဲမှာ ပထမဆုံး အက်ကွဲတဲ့ အသံ ပေါ်လာခဲ့တယ်။ သူ့နှလုံးသားကို ပြင်းထန်တဲ့ အင်အားတွေ ဝင်ဆောင့်နေတာ စီမာဖန်း ခံစား မိတယ်။

“ဝုန်း” ကျယ်လောင်တဲ့ အသံကြီးကို နားထဲမှာ ကြားလိုက်ရတယ်။ မျက်လုံး ပြူးကြီးနဲ့ သူ့ရင်ဘတ်ကို ငုံ့ကြည့်မိတယ်။ သူမယုံနိုင်ဘူး။ ဒီအခြေအနေကို ယုံနိုင်ဖို့ ခက်ခဲနေတယ်။ ဒီလက်သီးကနေ ထွက်လာတဲ့ စွမ်းအားတွေက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းသေးတယ်။ သူ့စွမ်းအားတွေ အရှိန်ပြင်းပြင်းနဲ့ ကျဆင်းနေတယ်။ ကြည့်ရတာ ထာဝရ ပျောက်ကွယ် သွားတော့မယ့် အတိုင်းပဲ။

ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာဖြစ်လို့ သူက ဒီလောက်တောင် မြန်နေတာလဲ။ ဒီနောက်ကွယ်က အကြောင်းရင်းတွေကို စီမာဖန်း ကောက်ချက် မချနိုင်တော့ဘူး။ သူ့ရဲ့ လှုပ်ရှားမှုတွေလည်း လေးလံ နေခဲ့ပြီ။ ဒါက ခုန်ချင်းပဲ ဖြစ်ဖြစ် အထူး စွမ်းအားတွေကို သုံးနေတဲ့ ဖန်ကျန်းရှီပဲ ဖြစ်ဖြစ်၊ သူ့ကို တိုက်ခိုက်ပြီးတော့ အနိုင်ယူလိုက်တာ လက်ခံ နိုင်စရာပဲ။ ဒါပေမယ့် အခု အခြေအနေကတော့ ဘာမှ ထူးခြားတဲ့ လှုပ်ရှားမှုကို မသုံးဘူး။ သူ့ကို ငါးပေ အကွာကနေ တစ်ချက်တည်း ခုန်ပျံ လာပြီး အလဲထိုး လိုက်တာ။

အရှိန်အဝါက ကြီးမားလိုက်တာ။ သူတော့ ကျရှုံး သွားပြီ။ တစ်ချက်တည်းနဲ့ ကျရှုံး ခဲ့ရပြီ။ ဒီကောင်က တကယ်ပဲ ဖန်ကျန်းရှီလား။ ဒါမှမဟုတ်။ အစတည်းက ဖန်ကျန်းရှီ မဟုတ်ခဲ့တာလား။ သူမှားသွားတာလား။ ကောင်းကင်တာအို ခန်းမက ခုန်ချင်းပဲလား။

“ဒုန်း။” စီမာဖန်း ဒူးထောက်လျက် ကျသွားခဲ့တယ်။ သူ့မျက်လုံးတွေက မယုံနိုင်မှုတွေ ပြည့်နှက်နေတယ်။ သူ့ယူဆချက် မှန်တာကို သူသိတယ်။ ဒါပေမယ့် ဘာကြောင့်များ ဒီလို အဆုံးသတ် ရတာလဲ။

“တောင်းပန်ပါတယ်။ မင်းကို နည်းနည်း ကြမ်းတမ်း မိတယ်။ မင်းက ဒီလောက် အားနည်း နေမယ်လို့ မထင်ထား မိဘူး။” ဖန်ကျန်းရှီ သူ့ လက်သီးကို ပြန်ရုပ်ရင်း ပြောလိုက်တယ်။ တိတ်ဆိတ် သွားပြန်တယ်။

ရန်ရွှယ်၊ နန်ကုန်းမု၊ သူတို့ကို စိုက်ကြည့်နေခဲ့တဲ့ လူငယ်နဲ့ ချန်းဝူ အပြင် တခြား ပြိုင်ပွဲဝင်တွေ အားလုံးက ဖန်ကျန်းရှီကို အာရုံ စိုက်နေခဲ့တယ်။ ဖြစ်ပျက်သွားတာ အရမ်းကို မြန်လွန်းတယ်။ မျက်တောင် တစ်ခတ် အတွင်းပဲ။

သူတို့က တိုက်ကွက် နည်းနည်းကို ကြည့်ရမယ်လို့ ထင်ထားခဲ့တာ။ ဒါက ပြန်လည် မွေးဖွားမှု အဆင့် နှစ်ယောက်ကြားက တိုက်ပွဲလေ။ ဒါပေမယ့် အခု တိုက်ပွဲက အရမ်း တည်ငြိမ်လွန်းနေတယ်။ တည်ငြိမ်လွန်းလို့ တိုက်ပွဲ ဖြစ်သွားတယ်လို့တောင် မထင်ရဘူး။ ကြောက်စရာ ကောင်းလိုက်တာ။ အရမ်းကို ကြောက်စရာ ကောင်းတာပဲ။

အရှိန်နှုန်းကော အင်အားကော အရမ်းကို ကွာခြားလွန်းတယ်။ ဖြစ်စဉ် တစ်လျှောက်လုံးမှာ စီမာဖုန်း ခုလည်း မခုခံ ရဘူး။ တိုက်လည်း မတိုက်ခိုက်ရဘူး။

“သန်မာလိုက်တာ။”

“ဒါက ကောင်းကင် တာအို ခန်းမက တပည့် တစ်ယောက်ရဲ့ စွမ်းအား အစစ် အမှန်လား။”

“သူတို့တွေက အဆင့်တူနေပင်မယ့်။ တစ်ယောက်က ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်။ တစ်ယောက်က အလယ်အဆင့်။ ဒါပေမယ့် အင်အား ကွာခြားတာက အရမ်းကို ကြီးလွန်းတယ်။”

ပြိုင်ပွဲဝင်တွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်းနဲ့ လန့်နေကြတယ်။ သူတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကို လက်မခံ နိုင်သေးဘူး။ ဒီအတိုင်း လက်သီးလေး တစ်ချက်တဲ့လား။ တစ်ချက်တည်း။

အရင်တစ်ခေါက် မင်းသား၆ကို ထုတ်ပယ်လိုက်တဲ့ ခုန်ချင်းရဲ့ လှုပ်ရှားမှုက သူတို့ကို အထင်ကြီးစေခဲ့တယ်။ အခု လက်ရှိ ခုန်ချင်း ထုတ်ပြနေတဲ့ စွမ်းအားတွေကတော့ သူတို့ စိတ်နှလုံးထဲက သံသယတွေကို ပျောက်ကွယ် စေတယ်။

ဖန်ကျန်းရှှီတဲ့။ ဒီလောက် သန်မာတဲ့ သူက ဘယ်လိုများ ဖန်ကျန်းရှီ ဖြစ်နိုင်မှာလဲ။ သူ့လို သဘာဝလွန် အဆင့် တစ်ယောက်က လူတစ်ယောက်ကို တစ်ချက်တည်း အင်အားနဲ့ ဖိနှိပ်ပြီး တိုက်ခိုက်တာ ဖြစ်နိုင်လို့လား။

ခုန်ချင်းကို ဘယ်သူမှ မေးခွန်း မထုတ်ဝံ့တော့ဘူး။ ချန်းဝူတောင် မယုံမကြည်နဲ့ မျက်လုံး ပြူးနေခဲ့တယ်။ စီမာဖန်းကို သူစိုက်ကြည့် နေမိတယ်။ သူ့ မျက်နှာ တစ်ခုလုံး မှုန်မှိုင်းပြီးတော့ စိုးရိမ်မှုတွေ ပြည့်နေခဲ့တယ်။

“စီမာဖန်း ဘာမှား သွားတာလဲ။ သူပြောတော့ ၉၀% ယုံကြည်ချက် ရှိတယ်တဲ့။” ချန်းဝူရဲ့ အမူအယာက သိပ်မကောင်းလှဘူး။ စီမာဖုန်း ကြောင့်သာ မဟုတ်ရင် ထုတ်ပယ် ခံရတော့မယ့် သူ့ပြဿနာကို ပိုကောင်းတဲ့ နည်းလမ်း သုံးပြီးတော့ ဖြေရှင်း နိုင်မှာပဲ။

ဒါပေမယ့် စီမာဖန်းရဲ့ ယူဆချက်ကို ယုံကြည်မိလို့။ အခုချိန်မှာ အခက်တွေ့ရပြီ။ အနာဂတ်မှာ ကောင်းကင် တာအို ခန်းမကို ဝင်တဲ့ အချိန် ရန်သူကို ဖန်တီး မိသလို ဖြစ်သွားနိုင်တယ်။ ဒါက အခုချိန် သူမြင်နေရတဲ့ မြင်ကွင်းပဲ။

“အကိုကြီး ခုန်ချင်း။” တပည့်သား သုံးယောက် ဖန်ကျန်းရှီကို တလေးတစားနဲ့ ဦးညွှတ်ကြတယ်။

“အင်း။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်း စီမာဖန်းကို ကြည့်တယ်။ “ အခုလို အချိန်မှာ မင်းကို အနိုင်ယူလိုက်တာ အတွက် ငါ့ကို အပြစ်မတင်ဘူးမလား။”

“မင်း။” စီမာဖန်းရဲ့ မျက်နှာ ဖြူဖျော့သွားတယ်။ တစ်ကိုယ်လုံး တုန်ယင်ရင်း သွေးအန်တော့တယ်။

“ဝုန်း။” စီမာဖန်းရဲ့ မြင်ကွင်း တစ်ခုလုံး အမှောင်ကျ သွားခဲ့တယ်။

“နည်းတောင် နည်းသေးတယ်။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။”

“အကိုကြီး ခုန်ချင်း စိတ်မပူပါနဲ့။ ကျွန်တော်တို့ ကိစ္စတွေ အားလုံးကိ မျက်မြင် တွေ့တာပဲ။ အကိုကြီးက အားနည်းတဲ့ သူကို အနိုင်ကျင့်တာ မဟုတ်ဘူး။ စီမာဖန်းက အားနည်း လွန်းနေတာ။”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ အားလုံး အကိုကြီး ခုန်ချင်း အတွက် သက်သေလိုက်ပေးလို့ ရပါတယ်။”

ပြိုင်ပွဲဝင်တွေက အခြေအနေကို စောင့်ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ ဘေးကို ရောက်လာကြတယ်။ သူတို့တွေက ဖန်ကျန်းရှီ အတွက် သက်သေလိုက် ပေးဖို့ အသင့်ဖြစ်နေကြတယ်။ တစ်ချို့ကတော့ မြေပြင်ပေါ်မှာ သတိလစ်နေတဲ့ စီမာဖန်းကို တံတွေးနဲ့ ထွေးဖို့ လုပ်နေတယ်။

“ငါ နားလည်ပါတယ်။ တကယ်တော့ ငါ့ စိတ်ထဲ အပြစ် မကင်းမိဘူး။ သူက ပြန်လည် မွေးဖွားမှု အဆင့် ရောက်နေပင်မယ့် ဒီလိုဖြစ်သွားတော့ ဒုက္ခိတ ဘဝကို ရောက်တော့မှာပဲ။ ဟူး။” ဖန်ကျန်းရှှီ သက်ပြင်းချရင်း ပြောတယ်။

“ဒါတွေ မပြောပါနဲ့ အကိုကြီး ခုန်ချင်း။ လူတိုင်းက တိုက်ပွဲမှာ အကောင်းဆုံး ကြိုးစား ရတာပဲ။ စီမာဖန်းက သူ့ကိုယ်သူ အထင်ကြီးပြီးတော့ အကိုကြီး ခုန်ချင်းကို စိန်ခေါ်တာ ဒီရလဒ် ရသင့်ပါတယ်။”

“ဟုတ်တယ်။ သူက အကိုကြီးကို စွပ်စွဲဖို့ ကြိုါ်စားတာ။ ဒီလောက်တော့ ခံသင့်ပါတယ်။”

“ဒီလို လူမျိုးအတွက်၊ အကိုကြီး ခုန်ချင်း စိတ်မကောင်း ဖြစ်မနေပါနဲ့။ ကျွန်တော်သာ ဆိုရင် သူ့ကို အသက် ချမ်းသာ ပေးမှာ မဟုတ်ဘူး။”

“အကိုကြီး ခုန်ချင်းက သူ့အသက်ကို ချမ်းသာပေးလိုက်တယ်။ တကယ့်ကို ကြင်နာတတ်လွန်း ပါတယ်။ အကိုကြီးဆီကနေ ကောင်းကောင်း သင်ယူရမယ်။”

ဖန်ကျန်းရှီရဲ့ သနားပြီး သံဝေဂ ရနေတဲ့ ပုံစံကို မြင်တော့ ပြိုင်ပွဲဝင် တစ်ချို့ သူ့ကို ပိုပြီးတော့ အထင်ကြီး လာခဲ့တယ်။ ဒီအချိန်မှာ သားရဲကောင် အူသံကြီး နှစ်ခု ကောင်းကင်မှာ ပဲ့တင့် ထပ်လာတယ်။ အဲ့ဒီ့နောက်။ အမဲရောင် အစက်လေး နှစ်စက် ကောင်းကင်မှာ ပေါ်လာခဲ့တယ်။ တဖြည်းဖြည်း ကြီးမားလာတယ်။

သားရဲကောင်ကြီး နှစ်ကောင် ကောင်းကင်ကနေ ဆင်းသက်လာတယ်။ တောင်ပံကြီးတွေကို ဖြန့်လိုက်တော့ နေရောင်တောင် ဖုံးအုပ်သွားတယ်။ ပြိုင်ပွဲဝင်တွေ ခေါင်းမော့ ကြည့်နေကြတယ်။ တပည့်သား သုံးယောက်လည်း သားရဲကောင်ကြီး နှစ်ကောင်ပေါ်က ဝတ်ရုံဖြူ လူနှစ်ယောက်ကို မြင်တယ်။

“အဲ့တာ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲပဲ။”

“ပထမ အချီ နှောင့်နှေးနေတာကြောင့် ရောက်လာတာ ဖြစ်နိုင်မလား”

“ဒါ။” တပည့်သား သုံးယောက် စိုးရိမ်ပူပန်ရင်း ထိတ်လန့် လာခဲ့တယ်။ ဖန်ကျန်းရှီလည်း လူကြီး နှစ်ယောက်ကို ကြည့်နေခဲ့တယ်။ သူတို့ နှစ်ယောက်လုံးက ပုံစံတူ ဝတ်ထားတယ်။ သက်တူ ရွယ်တူ ပုံစံပဲ။ ကောင်းပြီလေ။ ဘာမှ ထူးခြားတဲ့ ပုံစံလည်း မရှိဘူး။

ကြည့်ရတာ ဒီမှာ အကြီးအကဲ ဖြစ်နေတာ ရာထူး ကျတော့မှာပဲ။ တတိယ နဲ့ ပဉ္စမ အကြီးအကဲ။ နှစ်ယောက်လုံးကို အားလုံးက လေးစားနေပါလား။ ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ လူကြီး နှစ်ယောက်က ခုန်ဆင်း လာခဲ့တယ်။ ဝတ်ရုံဖြူတွေ လေထဲမှာ လှလှပပလေး လွင့်မျောနေတယ်။ သူတို့တွေ မြေပြင်ပေါ်ကို ဖြည်းဖြည်းလေး ကျလာခဲ့တယ်။

သုခမိန်တွေ။

တစ်ချက် ကြည့်ရုံနဲ့ ဒီအကြီးအကဲ နှစ်ယောက်ရဲ့ စွမ်းအားကို ဖန်ကျန်းရှီ သိသွားတယ်။ သူတို့ ပတ်ဝန်းကျင်က လေထုက မလှုပ်ရှားဘူး။ မြေပြင်ပေါ်ကို ကျလာတာတောင် အရမ်းကို နှေးတယ်။ အရာအားလုံးနဲ့ တသားတည်း ပေါင်းစပ် ထားသလိုပဲ။

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကို ဂါရ၀ ပြုပါတယ်။” တပည့်သုံးယောက် တလေးတစား နှုတ်ဆက်ကြတယ်။

“အင်း။” အကြီးအကဲ နှစ်ယောက် ခေါင်းငြိမ့်လိုက်တယ်။ မြေပြင်ပေါ်မှာ လဲကျနေတဲ့ စီမာဖန်းနဲ့ ဖန်ကျန်းရှီကို သူတို့ အကြည့်ရောက်လာခဲ့တယ်။

အပိုင်း (၆၃၈)ပြီး၏။

အပိုင်း(၆၃၉)

“တစ်ခေါက် ကြိုးစားရုံပဲ။”

ဘာသာပြန်သူ-Enir Thaw

“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကို ခုန်ချင်း ဂါရဝပြုပါတယ်” ဖန်ကျန်းရှီ ချက်ခြင်း ဦးညွှတ်ရင်း နှုတ်ဆက်တယ်။ ဒီအကြီးအကဲ နှစ်ယောက်ကို အရင်တည်းက သိလာခဲ့တဲ့ အတိုင်း ဟန်ဆောင်နေခဲ့တယ်။

“အင်း။ ခုန်ချင်း၊ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။” အကြီးအကဲ နှစ်ယောက်ထဲက နည်းနည်းပိန်ပါးတဲ့ အကြီးအကဲက မြေပြင်ပေါ်မှာ လဲကျနေတဲ့ ခုန်ချင်းကို ကြည့်ရင်းနဲ့ မေးတယ်။ မ

“ဒါ။” ဖန်ကျန်းရှီ တွေေ၀ သွားခဲ့တယ်။ အကြောင်းရင်းကတော့ အခုရှေ့ထွက်လာတဲ့ အကြီးအကဲက ဘယ်သူမှန်း သူမသိဘူးလေ။ ဒါက တတိယ အကြီးအကဲလား။ ပဉ္စမ အကြီးအကဲလား။ သူလည်း မတွေးတတ် တော့ဘူး။ အခုချိန်က သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်ကို စမ်းသပ်ဖို့ အချိန်ပဲ။ တပည့် သုံးယောက်က ဖန်ကျန်းရှီ တွေေ၀ နေတာကို မြင်တော့ ရှေ့ထွက် လာခဲ့တယ်။

“တတိယ အကြီးအကဲကို ပြန်ဖြေပါတယ်။ ဒီလူက ကောင်းကင် တာအို ခန်းမကို မလေး မစားပြုတဲ့ အပြင်။ ကျွန်တော်တို့ရဲ့ အကိုကြီး ခုန်ချင်းကိုလည်း ရိုင်းပြ ပါသေးတယ်။ အကိုကြီး ခုန်ချင်းကိုလည်း အစစ် အမှန် မဟုတ်ဘူးလို့ စွပ်စွဲ ခဲ့သေးတယ်။ အရင်ဆုံး စိန်ခေါ် လာခဲ့တာကြောင့် အကိုကြီး ခုန်ချင်းလည်း ရွေးစရာ မရှိပဲ ပြန် တိုက်ခိုက် ခဲ့ရပါတယ်။” တပည့်သား တစ်ယောက် အရင်ဆုံးဖြေတယ်။

“အမှန်ပါပဲ။ ကျွန်တော်တို့ သုံးယောက်လုံး အကိုကြီး ခုန်ချင်း အတွက် အတည်ပြု ပေးနိုင်ပါတယ်။” နောက်ထပ် တပည့် နှစ်ယောက်လည်း ရှေ့ထွက်လာရင်း ပြောတယ်။

“အကိုကြီးခုန်ချင်းက တိုက်ခိုက်ဖို့ ဖိအား ပေးခံရတာပါ။”

“အကိုကြီး ခုန်ချင်းက တကယ့်ကို သန်မာပြီး အင်အားကြီးတယ်။ အကိုကြီး ခုန်ချင်းရဲ့ စွမ်းအားတွေက အထင်ကြီးစရာ ကောင်းလွန်းတယ်။ စီမာဖန်းကတော့ အားနည်းလွန်းလို့ အကိုကြီး ခုန်ချင်းရဲ့ တိုက်ကွက် တစ်ခုကိုတောင် မခံနိုင်ဘူး။ ဒါကြောင့် အခုလို အခြေအနေ ဖြစ်သွား ရတာပါ။”

တစ်ချို့ ပြိုင်ပွဲဝင်တွေလည်း ဒါကိုမြင်တော့ ရှေ့ထွက်ပြီး ဖန်ကျန်းရှီ အတွက် အတည်ပြု ပေးကြတယ်။

“အင်အားကြီးတယ်။ တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား။” ပိန်ပိန်ပါးပါး အကြီးအကဲ ဒါကိုကြားတော့ သိလိုစိတ် အပြည့် ပုံစံနဲ့ မေးတယ်။ “စီမာဖန်း ဆိုတာ ငါမှတ်မိတာ မမှားရင်။ သီးခြား မြင့်မြတ် နိုင်ငံ စီမာ မိသားစုက မဟုတ်လား။”

“ဟုတ်ပါတယ်။ တတိယ အကြီးအကဲ။ စီမာဖန်းက ပြန်လည် မွေးဖွားမှု အလယ်ဆင့်မှာ ရှိပေမယ့် ခုခံတဲ့ အချိန် အမှားတွေ အများကြီး လုပ်ခဲ့တယ်။ ဒါကြောင့် အကိုကြီး ခုန်ချင်းက သူ့ကို တစ်ချက်တည်းနဲ့ အနိုင်တိုက် နိုင်တာပါ။” တပည့်သား သုံးယောက် ချက်ခြင်း ဆိုသလို ပြန်ဖြေတယ်။

“ငါ နားလည်ပြီ။ သူသေပြီလား။”အကြီးအကဲ ခေါင်းငြိမ့်ရင်း မေးတယ်။

“အကိုကြီး ခုန်ချင်းက သူ့ကို သနား ညှာတာပြီးတော့ အသက်ချမ်းသာ ပေးလိုက်ပါတယ်။” တပည့်သား သုံးယောက် ပြန်ဖြေပြန်တယ်။

“ကောင်းပြီ။ သူ့ကို ပြစ်ထုတ်လိုက်တော့။” တတိယ အကြီးအကဲ လက်ဝေ့ယမ်းပြတယ်။

“ကောင်းပါပြီ။” တပည့်သား သုံးယောက် အမိန့် ကြားကြားချင်း လှုပ်ရှားတော့တယ်။ စီမာဖန်းကို မပြီးတော့ ခပ်ဝေးဝေး နေရာကို ပြစ်ထုတ်လိုက်တယ်။ ကျန်တဲ့ ပြိုင်ပွဲဝင်တွေကတော့ တိတ်ဆိတ် နေခဲ့တယ်။

အစကတော့ တတိယ အကြီးအကဲက ပြိုင်ပွဲ အခြေအနေကို မေးတော့၊ ပြိုင်ပွဲဝင်တွေ အပေါ် ခုန်ချင်းရဲ့ ကြမ်းတမ်းတဲ့ လုပ်ရပ်ကြောင့် အပြစ်တင် ခံရမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ကြည့်ရတာ ဘာမှ ဖြစ်မလာတဲ့ ပုံစံပဲ။

တကယ့်ကို ကောင်းကင် တာအို ခန်းမရှေ့မှာ၊ လောက အကောင်းဆုံး လုပ်ကြံသူ မိသားစုက ဖြစ်နေလည်း အသုံး မဝင်ဘူး။ ချန်းဝူ ဖြူဖျော့ သွားခဲ့တယ်။ ဒါပေမယ့် ကောင်းကင် တောင်အို ခန်းမရဲ့ စီမာဖန်းကို လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် လန့်သွားတာ မဟုတ်ဘူး။ စီမာဖန်းရဲ့ လုပ်ရပ်ကြောင့် ကောင်းကင် တာအို ခန်းမက သူ့ကို စိတ်ဆိုးမှာ စိုးရိမ် နေတာ။ ဒါပေမယ့် တတိယ အကြီးအကဲကတော့ သူ့ကို အာရုံတောင် မစိုက်ဘူး။ ဖန်ကျန်းရှီကို လှည့်ကြည့်နေတယ်။ အတော့်ကို အထင်ကြီး နေတဲ့ ပုံစံပဲ။

“ခုန်ချင်း။ ငါတို့ တစ်ယောက်ချင်း လေ့ကျင့် ခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်က မဟုတ်လား။ ကြည့်ရတာ တစ်နှစ်အတွင်း မင်း အတော်လေး တိုးတက်လာတာပဲ။” တတိယ အကြီးအကဲ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ပြောနေတယ်။

ဖန်ကျန်းရှီကတော့ ချက်ခြင်း ဦးညွှတ်ပြီး တတိယ အကြီးအကဲကို ကျေးဇူးတင်ဖို့ စဉ်းစားမိတယ်။ ဒါပေမယ့် တတိယ အကြီးအကဲရဲ့ အပြုံး ပုံစံက ထူးဆန်းနေတာကို သူခံစား မိတယ်။ အကြီးအကဲတွေ ကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ အချိန်မှာ စိတ်ရှု့ပ်ထွေးပြီး ကြောက်ရွံ့ ထိတ်လန့် နေခဲ့တဲ့ တပည့်သား သုံးယောက်ရဲ့ မျက်နှာကို သူ သတိထားမိတယ်။

ဒါကြောင့် ကောင်းကင် တာအို ခန်းမမှာ ဒီနှစ်ယောက်က ဘယ်လောက်တောင် စည်းကမ်းတင်းကြပ်တဲ့ သူတွေ ဖြစ်မှန်း သိသာနေတာပဲ။ အခုတော့ တတိယ အကြီးအကဲက သူ့ကို အရမ်း လှိုက်လှိုက်လှဲလှဲကြီး ပြုံးပြပြီး ဖော်ရွေနေတယ်။ နောက်ဆုံးတော့လည်း သူက တတိယ အကြီးအကဲရဲ့ သား မဟုတ်ဘူးလေ။ ဘာဖြစ်လို့ ဒီလောက်တောင် ကောင်းနေ ရမှာလဲ။

နောက်ပြီးတော့ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲက ကောင်းကင် တာအို ခန်းမကနေ ဆင်းလာတာ၊ ဒီအတိုင်း ဖြတ်သွား ရုံလောက်တော့ မဟုတ်ဘူး။ ဒါကြောင့် သူတို့မှာ ရည်ရွယ်ချက် ရှိရမယ်။ ဒါက စစ်ဆေးတာလား။ လွန်ခဲ့တဲ့ တစ်နှစ်တဲ့။ ဟန်ဆောင်တဲ့ သူတွေကို ဖော်ထုတ်ဖို့က ဒါမျိုး နည်းလမ်းက အလွယ်ဆုံးပဲလေ။

တတိယ အကြီးအကဲက အမှန်ကို ပြောနေတာလား ဆိုတာတော့ သူမသိဘူး။ အကယ်၍ မှန်ခဲ့ရင် ရှင်းပြနေတဲ့ အချိန်မှာ သူ့ကိုယ်သူ ဖော်ထုတ် မိသွားနိုင်တယ်။ တခြား တစ်ဖက်မှာလည်း ဒီမေးခွန်းက အတုအယောင် ဖြစ်နေရင် သူဟန်ဆောင် ထားတာ ပေါ်သွားလိမ့်မယ်။

ဘယ်လိုလုပ်ရမလဲ။ အခုချိန်မှာ ရွေးချယ်စရာ မရှိတော့ဘူး။

“ကျွန်တော်က သာမာန် အရည်အချင်းနဲ့ ကျောင်းတော်သား တစ်ယောက်ပါပဲ။ တတိယ အကြီးအကဲရဲ့ ညွှတ်ကြားမှု ကြောင့်သာ မဟုတ်ရင် ဒီ အခြေအနေကို ရောက်မလာပါဘူး။ ဒါပေမယ့် တစ်ခုလောက် မေးပါရစေ။ ကျွန်တော်တို့ နောက်ဆုံး တွေ့ခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ် မဟုတ်ဘူးထင်တယ်။ အကြီးအကဲ အမှတ်မှားနေတာလား မသိ။” အကြီးအကဲက သူ့ကို စမ်းသပ်နေတာ ဖြစ်နိုင်ဖို့ သူ့လောင်းကြေးကို အကုန်လုံး ပုံအော လိုက်တယ်။

နောက်ဆုံးတော့လည်း တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ ကောင်းကင်ကနေ ဆင်းသက်လာတာ အကြောင်း အရင်း ရှိရမယ်။ ဒါ့အပြင် တပည့်သား သုံးယောက်ကလည်း စီမာဖန်းက ခုန်ချင်း အစစ် ဟုတ်မဟုတ် သံသယ ရှိနေတာကို ပြောလိုက် သေးတယ်။ ဒါပေမယ့် တတိယ အကြီးအကဲက ဒီကိစ္စကို ဂရု မစိုက်ဘူး။ ဒါကြောင့် သူ့ကို စူးစမ်း လေ့လာ နေတယ်ဆိုတာ ၇၀% သေချာတယ်။ ဒါပေမယ့် တတိယ အကြီးအကဲက ခုန်ချင်းကို ဘယ် အချိန်မှာ နောက်ဆုံး သင်ပေး ခဲ့တာကိုလည်း သူမသိ ဘူးလေ။ ဒါကြောင့် တတိယ အကြီးအကဲကို မေးခွန်း ပြန်မေးဖို့ ဆုံးဖြတ် လိုက်တယ်။

“မှတ်မိတာ မှားနေတာလား။ အာ ဟုတ်သား။ ခုန်ချင်း ပြောတာ မှန်တယ်။ ငါတကယ်ပဲ မှတ်မိတာ မှားနေတာပဲ။ လွန်ခဲ့တဲ့ သုံးလ တုန်းက ငါ့ စာကြည့်ခန်းထဲမှာ သင်ကြား ခဲ့တာပဲ။” တတိယ အကြီးအကဲက ပြန်မဖြေခင် တစ်ခဏ ရပ်တန့် လိုက်တယ်။

ဖန်ကျန်းရှီ စိတ်ထဲမှာ အကြီးအကဲကို လက်ခဘယ် ထောင်ပြလိုက်တယ်။ ကောင်းကင် တာအို ခန်းမမှာ တကယ့်ကို ဉာဏ်များတဲ့ မြေခွေးကြီးတွေ ရှိနေတာပဲ။ ထောင်ချောက်ထဲကို ရောက်ဖို့ အရမ်းလွယ်တယ်။ နေစမ်းပါအုန်း။ ကြည့်ရတာ သူ့ရဲ့ အဖြေမှာ ထောင်ချောက် ရှိနေတုန်းပဲ။ စာကြည့်ခန်းထဲမှာ ဟုတ်လား။ အချိန် အမှန်ကို ပြောပေမယ့် နေရာကို ရည်ရွယ်ချက် ရှိရှိ ပြောထားတယ်။ သံသယ ဝင်စရာပဲ။

“တတိယ အကြီးအကဲ။ လွန်ခဲ့တဲ့ ၃လတုန်းက ကျွန်တော့်ကို သင်ကြားပေးခဲ့တာ ဟုတ်ပေမယ့်။ နေရာက စာကြည့်ခန်းထဲမှာ မဟုတ်ဘူးလေ။” ဖန်ကျန်းရှီ ခပ်တိုးတိုး သတိပေးတယ်။

“အင်း။ ကြည့်ရတာ ငါတကယ့်ကို အိုနေပြီပဲ။ မှတ်ဉာဏ်တွေ မကောင်းတော့ဘူး။” တတိယ အကြီးအကဲ ခေါင်းခါရင်း ဆက်ပြောတယ်။ “ကောင်းပြီလေ။ ပထမ အချီ စစ်ဆေးတာ ပြီးပြီလား။”

“မပြီးသေးပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“အင်း။ မင်းဆက်လုပ်ပါ။ ငါနဲ့ ပဉ္စမ အကြီးအကဲ အထဲ သွားထိုင် နေမယ်။” တတိယ အကြီးအကဲ ပြောပြီးတဲ့နောက် သစ်သားအိမ်ထဲကို ဝင်ဖို့ ပြင်တယ်။ ပဉ္စမ အကြီးအကဲလည်း ဖန်ကျန်းရှီကို တစ်ချက် ပြုံးပြတယ်။ တတိယ အကြီးအကဲ နောက်ကို သူလိုက်သွားတော့တယ်။

သစ်သားအိမ်ထဲမှာ စောင့်မှာလား။ မဖြစ်ဘူး။

ဖန်ကျန်းရှီ နှလုံးခုန်သံတွေ ရပ်တန့် သွားသလိုပဲ။ စိတ်ထဲမှာ ဆုတောင်း နေမိတယ်။ ခုန်ချင်း ရှိနေတဲ့ သစ်သားအိမ်ထဲကို မဝင်ဖို့။ သစ်သားအိမ် ငါးခုထဲမှာ တခြားအိမ် လေးခုကို ဝင်ဖို့ သူမျှော်လင့် နေခဲ့တယ်။ ကံကြမ္မာ နတ်သမီး သူ့ကို ကူညီဆောင်မဖို့ မျှော်လင့် နေတယ်။ ဒါပေမယ့် အမှန် တရားကတော့ မလွယ်ကူ ခဲ့ဘူး။ အကြီးအကဲ နှစ်ယောက်က ခုန်ချင်း ရှိနေတဲ့ သစ်သားအိမ် နားမှာ နီးကပ် နေပြီ။

“ကျွန်တော် ခုန်ချင်းမှာ အရည်အချင်းကော ဆုံးဖြတ်ချက်ကောက အကန့်အသတ် ရှိပါတယ်။ အခုလို ကိစ္စကြီးကို တာဝန်ယူရတာ ပထမဆုံး အကြိမ်ပါပဲ။ အကြီးအကဲ နှစ်ယောက် ကျွန်တော့်ကို ညွှန်ကြား ပြသပေးဖို့ တောင်းဆို ချင်ပါတယ်။” ဖန်ကျန်းရှီ လှမ်းအော်တယ်။ ပြောပြောပြီးချင်းမှာပဲ လေးစားသမှုကို ပြဖို့ ဦးညွှတ် ထားခဲ့တယ်။

“အိုး။”တတိယ အကြီးအကဲ ရပ်တန့်ရင်း ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ နည်းနည်းဝတဲ့ ပဉ္စမ အကြီးအကဲကို သူ မေးတယ်။ “ညီလေး ဘယ်လိုထင်လဲ။”

“ငါတို့ တပည့်က အကူအညီ တောင်းမှတော့ မငြင်းပါဘူး။” ပဉ္စမ အကြီးအကဲက ဦးညွှတ် နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြုံးပြလိုက်တယ်။

“ကောင်းပြီလေ။” တတိယ အကြီးအကဲ ခေါင်းငြိမ့်လိုက်တယ်။ ကျန်နေသေးတဲ့ ပြိုင်ပွဲဝင် ၂၀ကျော်ကို သူတို့ ကြည့်နေတယ်။ “မင်း ဆက်ပြီးတော့ စစ်ဆေးလိုက်။ ငါတို့ ဘေးမှာ ရပ်ပြီး နားထောင် နေမယ်။ မှားတဲ့ နေရာရှိရင် အကြံပေးမယ်။”

“ကျေးဇူးတင်ပါတယ်။ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ။” သူတို့ သဘောတူတာကို အဆုံးထိ နားထောင် ပြီးတဲ့နောက် ဖန်ကျန်းရှှီ ဦးညွှတ်လိုက်တယ်။ အပြင်ပန်းမှာ တည်ငြိမ် နေပင်မယ့်၊ စိတ်ထဲမှာတော့ အရမ်းကို စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့ နေခဲ့တယ်။ ဒါပေမယ့် ဒီလို စွန့်စား ရတာက ပျော်စရာ ကောင်းနေတယ်။

အကယ်၍ ဖြစ်နိုင်ရင်၊ ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်ကို သတိလစ်အောင် ရိုက်နှက်ပြီးတော့ သူ့နေရာမှာ ဝင်အယောင်ဆောင်လိုက် ချင်တယ်။ ဒါဆိုရင် ကောင်းကင် တာအို ခန်းမကိုလည်း အလွယ်တကူ ဝင်နိုင်လိမ့်မယ်။ အခု အချိန်မှာ အသည်းမာ နိုင်တဲ့ ကိုယ့်ကိုယ်ကို ကျေးဇူး တင်နေမိတယ်။ ဘယ်သာမာန်လူ မဆို ဒီ မြေခွေးအိုကြီး နှစ်ယောက် လှည့်စားတာကို ခံရ နိုင်တယ်လေ။

အခုချိန်မှာ ဘာလုပ်ရမလဲ။ သူ့ရဲ့ နည်းလမ်း တကျ မေးခွန်းတွေပဲ မေးရမလား။ ဒါမှမဟုတ်ရင် သူ့ရဲ့ ထုတ်ပယ်မယ့် အစီအစဉ်ကို ဆက်လုပ် ရမလား။ ဖန်ကျန်းရှီ အနည်းဆုံးတော့ စည်းမျဉ်းတွေကို

လိုက်နာသင့်တယ်။ ဒါပေမယ့် အမြဲတမ်း စိတ်ထဲမှာ သတိကပ်ထား ခဲ့တယ်။ အခုချိန်မှာ သူက ကောင်းကင် ခန်းမ တောင်ခြေမှာပဲ ရှိသေးတာလေ။ အပေါ်ကို တက်ဖို့ လိုသေးတယ်။

အပေါ်မှာ ခုန်ချင်းကို သိတဲ့ တပည့်တွေ ဘယ်လောက်တောင် များနေမလဲ။ နောက်ပြီးတော့ ကိုယ်ပိုင် နေရမယ့် နေရာကိုလည်း မသိသေးဘူး။ အကယ်၍ သူသာ ရှုံးသွားခဲ့ရင်ကော။ အမျိုးသမီး တပည့်သား တစ်ယောက်ရဲ့ အခန်းထဲကို ဝင်သွားခဲ့မိရင် ဘယ်လို ဖြစ်မလဲ။ ဒါ့အပြင် သူမ ရေချိုး နေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံသွားခဲ့ ရင်ကော။ တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှား စရာပဲ။ အမျိုးသမီး တပည့်သား တစ်ယောက်ရဲ့ အခန်းထဲကို ဝင်မိတာက ပြဿနာ မရှိဘူး။ ဒါပေမယ့် အမျိုးသမီး အကြီးအကဲ တစ်ယောက်ရဲ့ အခန်းထဲကို မတော်တဆ ဝင်မိတာက ပြဿနာ ဖြစ်လာနိုင်တယ်။

“အား။” ဖန်ကျန်းရှီ တွေးမိရုံနဲ့ တုန်ယင်သွားတယ်။ တကယ့်ကိုပဲ၊ ကိစ္စကို စိတ်လိုက် မာန်ပါ လုပ်မိခဲ့တယ်။ လူတွေ အားလုံးထဲမှာမှ ကောင်းကင် တာအို ခန်းမက တပည့် တစ်ယောက်လို ဟန်ဆောင်ခဲ့တယ်။ အခုတော့ တတိယနဲ့ ပဉ္စမ အကြီးအကဲက သူ့ကို သတိ ထားမိသွားပြီ။

“ငါ မလုပ်နိုင်တော့ဘူး။ ဒီနေရာမှ ထိုင်ပြီးတော့ ဘာမှ မလုပ်ပဲ မနေနိုင်ဘူး။ ကိုယ့် အတွက် နည်းလမ်းကို ရှာရမယ်။” ဖန်ကျန်းရှီ စိတ်ထဲမှာ အတွေးတွေ အများကြီး လွင့်ပျံ့ နေခဲ့တယ်။ အဲ့ဒီ့နောက် အံ့သြစရာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်။ ထုတ်ပယ်မယ့် အစီအစဉ်ကို ဆက်ပြီးတော့ လုပ်ရမယ်။

အကယ်၍ သူသာ မတုံးအ ခဲ့ရင်၊ ဒီအခြေအနေကို ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်တော့ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာရင်၊ ခပ်မြန်မြန်ပဲ ဖော်ထုတ် ခံရလိမ့်မယ်။

ကောင်းကင် တာအို ခန်းမကို ဝင်တာနဲ့ ပြဿနာ တက်မှာပဲ။ ဒါကြောင့် လမ်းကြောင်း ရွေးချယ်ရမယ်။ ပြိုင်ပွဲဝင် ထက်ဝက်ကျော်ကို ထုတ်ပယ်လိုက်ရင် အကြီးအကဲတွေ စိတ်ခုလိမ့်မယ်။ သူတို့သာ ဒေါသ ထွက်လာရင် ကိစ္စတွေ ပိုပြီးတော့ လွယ်ကူ လာလိမ့်မယ်။ ကောင်းကင် တာအို ခန်းမရဲ့ တပည့်တွေ အနေနဲ့ ဒီလို အမှားတွေ အများကြီး လုပ်ရင် အပြစ်ပေး ခံရမှာပဲ။

ပထမဆုံး နေရာကို ထောင်ချောက် ဆင်ပြီးတော့ ကိုယ့်ကိုယ်ကို ရောင်ပြန်ဟပ်အောင် လုပ်ရမယ်။ ဖန်ကျန်းရှီလည်း ထောင်ချောက် ဆင်ခံရမှာကို မကြောက်ဘူး။ ထောင်ချောက်ဆိုတာ သူ့အတွက် အသက်ရှင်နိုင်ဖို့ နေရာပဲ။ ဒုတိယ တစ်ခုကတော့ ခန္ဒာကိုယ်ကို အပြစ်ပေးတာမျိုး။ အရိုက်နှက် ခံရတာမျိုး။ ဒါမျိုး ဖြစ်မလာ စေချင်ပေမယ့် ဖြစ်လာရင်တောင် ရင်ဆိုင်ဖို့ နည်းလမ်း ရှိပါတယ်။

စိတ်ထဲမှာ အော်ဟစ် နေမိတယ်။ “ကောင်းကင် တာအို ခန်းမကို မဝင်ချင် တော့ဘူး။”

ဒီလို ထုတ်ပြောရင်တော့ တတိယပုံစံ အပြစ်ပေး ခံရတာမျိုး ဖြစ်လာလိမ့်မယ်။ ကောင်းကင် တာအို ခန်းမကနေ ကန်ထုတ် ခံရပြီးတော့ လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်း ခံရမှာ။ ဒါက နောက်ဆုံး နည်းလမ်းပဲ။ ကောင်းကင် တာအို ခန်းမရဲ့ တပည့်သား ဘယ်လောက်ပဲ မဖြစ်ချင်ပါစေ။ ကိစ္စ မရှိပါဘူး။

အဲ့ဒီ့အချိန်မှာ ရန်ရွှယ်နဲ့ နန်ကုန်းမုက ကောင်းကင်တာအို ခန်းမကို ဝင်ခွင့် ရသွားမယ် ဆိုရင်။ သူလည်း တောင်ခြေကနေ အော်နေဖို့ပဲ ရှိတော့မယ်။ “ချီကူယန် ထွက်လာခဲ့လို့။”

ချီကူယန် ခုန်ဆင်းလာ ပြီးတော့ သူ့ရဲ့ ရာထူးနဲ့ သူမကို တိုက်ခိုက်ဖို့ ဖိအားပေးမယ်။ ဒါပေါ့။ နောက်ဆုံးလမ်းကို သူ မလုပ်ချင် ဆုံးပဲ။ ဒါမျိုးတွေ ဖြစ်လာရင်သူလည်း ကောင်းကင် တာအို ခန်းမကို လေ့လာလို့ ရမှာ မဟုတ်တော့ဘူး။ ကောင်းကင် ကျောင်းတော် နန်းဆောင်၊ ရတနာ ခန်းမ၊ မိုးနတ်ရေကန်၊ ကောင်းကင် တာအို ကျောက်ဖျာတွေကို တွေ့ရမှာ မဟုတ်တော့ဘူး။ သူ့ရဲ့ ကောင်းကင် တာအို ခန်းမကို လာရတဲ့ ကိစ္စလည်း တဝက်ပဲ ပြီးမြောက်လိမ့်မယ်။

ဒါပေမယ့် သူ့ရဲ့ ဇစ်မြစ် အစစ်အမှန် ပေါ်လာပြီးတော့ သေအောင် အရိုက်ခံရမှာ ထက်တော့ ကောင်းပါသေးတယ်။ အသက်ရှင်နေ သရွေ့။ ကောင်းကင် တာအို ခန်းမမှာ မနေလည်း ရတယ်။ တောင်စဉ် ကိုးသွယ်တို့။ ဖူရှီးတောင်ကြားတို့၊ ယင်ယန် ခန်းမတို့ကို သွားလို့ ရတယ်။ ဘယ်လို နည်းကိုပဲ ကြိုးစား ကြိုးစား။ နောက်ပြန် ဆုတ်လို့ မရမှာတော့ အသေချပဲ။

“ကောင်းပြီလေ။ တခြား ကျန်တဲ့ သူတွေကို ထုတ်ပယ်ရအောင်။ အာ မှားလို့။ စစ်ဆေးရအောင်။” ဖန်ကျန်းရှီ လွှတ်ခနဲ စကား မှားပြောမိတယ်။ ပြိုင်ပွဲဝင်တွေကို ပြုံးပြနေတယ်။ အသတ်ခံရတော့မယ့် သားကောင်လေးတွေ လည်စင်း ခံနေတဲ့ အတိုင်းပဲ။ ဒါပေမယ့် သူ့ကို စောင့်ကြည့်နေတဲ့ နောက်က အကြီးအကဲ နှစ်ယောက်ကလည်း သိုးငယ်ကို ခုန်အုပ်ဖို့ ချောင်းနေတဲ့ ဝံပုလွေကြီးတွေ ဆိုတာ သူနည်းနည်းပဲ ခန့်မှန်း မိခဲ့တယ်။

အပိုင်း (၆၃၉)ပြီး၏။

အပိုင်း (၆၄၀)

“နတ်ဘုရား တစ်ပါး လူဝင်စားခြင်း။ အကျဉ်းအကြပ်ထဲက အဆင့်တက်ခြင်း။”

ဆိုရိုးစကား ရှိတဲ့ အတိုင်း။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အင်အား ပမာဏက လူတစ်ယောက်ရဲ့ သတ္တိနဲ့ ဆိုင်တယ်။ ဖန်ကျန်းရှှီမှာ နောက်ထပ် လွတ်မြောက်ဖို့ ရွေးစရာလမ်း မရှိတော့ဘူး။

ရန်မြို့တော် တိုက်ပွဲပြီးတည်းက နှစ်လ ကုန်သွားခဲ့ပြီ။ သူ့မှာ အသက်ရှင်ချိန် ၄လပဲ ကျန်တော့တယ်။

နောက်တစ်နည်း ပြောရရင်။ ဒီလေးလ အတွင်း သုခမိန် အဆင့်ကို မတက်နိုင်ရင် သေလိမ့်မယ်။ ဒါဆိုရင် တခြား ဘာများ တွေးစရာ ရှိအုန်းမှာလဲ။

ဖန်ကျန်းရှီ ချောင်းဟန့်လိုက်တယ်။ ပတ်ဝန်းကျင်က ပြိုင်ပွဲ ဝင်တွေရဲ့ မျက်နှာကို လှည့်ပတ် ကြည့်နေတယ်။ နောက်ဆုံးတော့ ချန်းဝူကို ကြည့်ရင်း ရပ်တန့်လိုက်တယ်။

“ချန်းဝူကို အရင်ဆုံး ထုပ်ပယ်ရမလား။” ဖန်ကျန်းရှီ စိတ်ထဲမှာ တွေးမိလိုက်တယ်။ ဒါပေမယ့် ဒီအတွေးကို သူခပ်မြန်မြန်ပဲ ရုပ်သိမ်းလိုက်တယ်။ ကောင်းကင် တာအို ခန်းမ တပည့်သား သုံးယောက်ရဲ့ စကားတွေကို သူမှတ်မိတယ်။ ဒီတပည့်သား သုံးယောက်ကို ဂရုမစိုက်လို့ ရပေမယ့်၊ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲက သူ့နောက်မှာ ရပ်နေတယ်လေ။ ချန်းဝူကို ဒီအတိုင်း ထုတ်ပယ် ပြစ်ဖို့က အရမ်းကို ကြမ်းတမ်း လွန်းနေတယ်။ မေ့ထားလိုက်တော့။

ကံဆိုးသူ မောင်ရှင် တစ်ချို့ကို ရွေးပြီးတော့ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကို စမ်းသပ်မယ်။ သူ့ရဲ့ ဝှက်ဖဲတွေကို ကောင်ကောင်း မသုံးနိုင်ရင်၊ အစီအစဉ်လည်း ကျရှုံးလိမ့်မယ်။

“ချန်းဝူ။”

“ချန်းဝူ။ သီးခြား မြင့်မြတ်နိုင်ငံတော်က မင်းသား။ ကျွန်တော့်ကို ကျေးဇူးပြုပြီး မေးခွန်း မေးပါ။” ဖန်ကျန်းရှီရဲ့ ပထမ တစ်ခေါက် သင်ခန်းစာကို မှတ်မိတဲ့ အတွက် ချန်းဝူ သူ့လေသံကို ပြောင်းလိုက်ပြီ။

“တာအိုရဲ့ မူလကို ရှင်းပြပါ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“ကောင်းပါပြီ။” ချန်းဝူ စိတ်သက်သာရာ ရသွားခဲ့တယ်။ အဲ့ဒီ့နောက် သူပြန်ဖြေတယ်။ “တာအိုက အရာအားလုံး ဖြစ်တည်မှုရဲ့ အစပဲ။ ဒီတာအိုတွေက..”

တာအို အကြောင်းကို ရှင်းပြတာ အချိန် သိပ်မကြာလိုက်ဘူး။ အတော်လေး စိတ်ရှုပ်ထွေး နေပင်မယ့် တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲက ဖန်ကျန်းရှီ နောက်မှာ ရပ်နေခဲ့တယ်လေ။

“အင်း။ အရမ်း တိကျတယ်။ ဒီအချီကို မင်းအောင်မြင်ပြီ။” ချန်းဝူ သူ့ကိုယ်သူ ကျရှုံးပြီလို့ ထင်နေခဲ့တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီက သူ့ကို ယုံကြည်ချက် အပြည့်နဲ့ အောင်မြင်တဲ့ အကြောင်း ကြေညာတယ်။

“အောင်မြင် သွားပြီလား။”

“မဖြစ်နိုင်ဘူး။ တကယ်ပဲ အောင်မြင်ပြီပေါ့။”

ဖန်ကျန်းရှီရဲ့ အဖြေကို ပြိုင်ပွဲဝင်တွေ မယုံနိုင် ဖြစ်နေတယ်။ ချန်းဝူက သူ့ကို ရိုင်းပြ ခဲ့တာလေ။ ပြောရရင်။ ဖန်ကျန်းရှီသာ စိတ်ထား မကောင်းရင် ချန်းဝူကို ရည်ရွယ်ချက် ရှိရှိနဲ့ အခက်တွေ့အောင် လုပ်မှာပဲ။ ဒါဆိုရင် ပထမ အဆင့်ကို ချန်းဝူအောင် နိုင်ချေလည်း နည်းသွားလိမ့်မယ်။

“အမှန်ပဲ။ ငါ့လို လူကတော့ အကိုကြီး ခုန်ချင်းကို ဘယ်လိုများ နားလည် နိုင်မှာလဲ၊”

“သူက တကယ့်ကို ကောင်းကင် တာအို ခန်းမက တပည့် ပီသပါတယ်။”

“ငါလည်း ဘယ်လိုများ ဝင်နိုင်မှာလဲ။ အကိုကြီး ခုန်ချင်းဆီကေ သင်ယူလို့ ရရင် ကောင်းမယ်။”

လူတိုင်းက ဖန်ကျန်းရှီကို အထင်ကြီးနေပြီ။ သူ့ကို အတော် တရားမျှတတဲ့ သူလို့ ထင်နေကြတယ်။ အလုပ်နဲ့ ကိုယ်ရေး ကိုယ်တာကို ခွဲနိုင်တဲ့သူ။ ဒီလိုလူမျိုးက တကယ်ပဲ ကိုယ့်စိတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။

“ကောင်းပြီ။ နောက် တစ်ယောက်။” ဖန်ကျန်းရှီ လက်ကို ဝေ့ယမ်းလိုက်တယ်။ အခုချိန်မှာ ထိတ်လန့်နေတဲ့ ချန်းဝူနဲ့ မတူညီပဲ အရမ်းကို တည်ငြိမ်နေတယ်။

နောက်ထပ် လူတစ်ယောက် ဖန်ကျန်းရှီ ရှေ့ကို ရောက်လာတယ်။ တော်ဝင် ဝတ်ရုံ ဝတ်ထားတဲ့ လူငယ် တစ်ယောက်ပဲ။ ဖန်ကျန်းရှီ ဒီတစ်ခေါက်တော့ စိတ်မရှည်ဘူး။ လူငယ်လေး သူ့ကိုယ်သူ မိတ်ဆက်တာကို စောင့်တယ်။ နောက်တော့ မေးခွန်း ဖြေတာကို နားထောင်နေရင်း စကားလုံး တစ်ချို့ကို ခပ်တိုးတိုး ပြောလိုက်တယ်။

“ထုတ်ပယ်။”

“..” လူငယ်လေး တောင့်တင်း သွားခဲ့တယ်။ သူ့ကိုယ်သူ မေးခွန်း ဖြေပြီးပြီလို့ ထင်နေခဲ့တာ။ တူညီတဲ့ အဆုံးသတ်နဲ့ တွေ့မယ်လို့ မထင်ထား မိခဲ့ဘူး။ တပည့်သား သုံးယောက်လည်း ကြက်သေ သေနေခဲ့တယ်။

“နောက်တစ်ခေါက် ထုတ်ပယ် ပြန်ပြီလား။”

“အကိုကြီး ခုန်ချင်းပြောတာ တစ်ယောက်ပဲ ထပ်ပြီးတော့ ထုတ်ပယ်တဲ့။”

“ဟုတ်တယ်။ စီမာဖန်းလည်း ထုတ်ပယ် ခံလိုက် ရပြီလေ။ နောက်တစ်ယောက်ကို သူထုတ်ပယ်တာ ဘာကြောင့်များလဲ။”

တပည့်သား သုံးယောက်က ပဟေဠိ ဖြစ်နေပင်မယ့် ဖန်ကျန်းရှီကို မေးခွန်း မထုတ်ရဲဘူး။ တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲကို လှမ်းကြည့်မိတယ်။ ဖန်ကျန်းရှီရဲ့ စကားကို ကြားတော့ အကြီးအကဲ နှစ်ယောက်က ပြုံးပြရင်း စောင့်ကြည့် နေခဲ့တယ်။ ဒီအခြေအနေကို အံ့သြတဲ့ ပုံစံ မပေါ်ဘူး။

“အကြီးအကဲတွေက အကိုကြီး ခုန်ချင်း သူ့ကို ထုတ်ပယ်တာ သဘောတူ နေတာလား။ မဟုတ်သေးဘူး။ သူ့ အဖြေကလည်း ဟုတ်နေတာပဲ။ အခုဆိုရင် ထုတ်ပယ်တာ ဆယ်ယောက်မြောက် ဖြစ်နေပြီ။” တပည့်သား သုံးယောက် စိတ်ထဲမှာ အော်ဟစ် နေမိတယ်။ ဖန်ကျန်းရှီကတော့ ကြောင်အနေတဲ့ လူငယ်လေးကို ထူးမခြားနား အကြည့်နဲ့ ကြည့်နေခဲ့တယ်။

“မင်းက ကိုယ့်အမှားကိုယ် မသိသေးဘူးလား။”

“မှန်ပါတယ်။ ကျွန်တော့်ကို အလင်းပြပေးပါ ဆရာ။” လူငယ်လေး ခေါင်းငြိမ့်လိုက်တယ်။ ထုတ်ပယ် ခံရရင်၊ အလင်းပြခိုင်းတာက ကောင်းကင် တာအို ရွေးချယ်ပွဲရဲ့ အစဉ်အလာ ဖြစ်နေတဲ့ ပုံပဲ။

“ငါက မင်းကို (မဏ္ဍိုင်လေးရပ်) အကြောင်း မေးတာ မဟုတ်လား။” ဖန်ကျန်းရှီ တည်ငြိမ်မှု အပြည့်နဲ့ ပြောတယ်။

“ဟုတ်ပါတယ်။” လူငယ်လေး ခေါင်းငြိမ့်တယ်။

“မင်းဖြေခဲ့တာ။ ယဉ်ကျေးမှု၊ အမှန်တရား၊ ရိုးသားဖြောင့်မတ်မှုနဲ့ လူသားဆန်မှု တန်ဖိုးတွေ။ ဒါတွေ မရှိပဲနဲ့ နိုင်ငံ တစ်နိုင်ငံ မဖြစ်တည် နိုင်ဘူး။ မဏ္ဍိုင်လေးရပ်ကို ကောင်းကောင်း နားလည်တယ်ဆိုတာ သေချာတယ်။ တစ်ခုပဲ။” ဖန်ကျန်းရှီ ရပ်တန့် လိုက်တယ်။

“ကျွန်တော့်ကို အလင်းပြပေးပါ။”

“နိုင်ငံ တည်ဆောက်တဲ့ မဏ္ဍိုင်လေးရပ်ကို မင်းဖြေတာ မမှားဘူး။ ဒါပေမယ့် အရမ်း အသေးစိတ် လွန်းတယ်။ မင်းရဲ့ စကားသံကြောင့် ကိုယ့်နိုင်ငံအပေါ် ထားတဲ့ ခံစားချက်ကို ဖိနှိပ်နေတာ မြင်သာနေတယ်။ ငါထင်တာ မမှားရင်။ မင်းရဲ့ ကျင့်ကြံဆင့်က အဆင့် မတက်နိုင်ပဲ အကျဉ်းအကြပ်မှာတင် ရပ်တန့် နေတာ ဖြစ်ရမယ်။ မင်းဘယ်လောက်ပဲ ကြိုးစား ပါစေ အဆင့် မတက်နိုင်ဘူး။ ငါပြောတာ မှားနေရင် ပြန်ပြောလို့ ရတယ်။” ဖန်ကျန်းရှီ ပြောတယ်။

“ဆရာ။ ဘယ်လိုများ သိတာလဲ။” လူငယ်လေး လန့်သွားခဲ့တယ်။

“မင်းရဲ့ ကျင့်ကြံဆင့်က အကျဉ်းအကြပ်ထဲ ရောက်နေရုံတင် မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံဆင့်မှာ တာအို သုံးခု ပါတာလည်း ငါသေချာသိတယ်။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောလိုက်တယ်။

“ကျွန်တော့်ကို သင်ကြားပေးပါ ဆရာ။” လူငယ်လေးက ဒူးထောက်ချရင်း မျက်ရည် အပြည့်နဲ့ ပြောတယ်။ “အမှန် အတိုင်း ပြောရရင် ကျွန်တော်က တာအို နှစ်ခုပဲ ကောင်းကောင်း တတ်မြောက် သေးတယ်။ ကျွန်တော် ငယ်ငယ်တည်းက ဒါတွေကို သုံးခဲ့တာပါ။ လူတိုင်းကြားမှာ ကျွန်တော်က ထိပ်တန်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် မကြာသေးခင်ကပဲ တွေးမိတာ။ ကျွန်တော်က ဘာကြောင့်များ။”

“ကိုယ့်ဘေးမှာ တခြား ထိပ်တန်း ပညာရှင်တွေ အများကြီး ရှိနေသလိုပဲ မဟုတ်လား။”

“ဟုတ်ပါတယ်။ တကယ့်ကို မှန်ပါတယ်။ ကျွန်တော့် ခံစားချက်တွေက အရမ်းကို ရှုပ်ထွေးနေတယ်။ ကျွန်တော်ပဲ အရည်အချင်း မရှိတာလား။ ဒါမှမဟုတ် တာအို နှစ်ခုကို နားမလည်နိုင်တာလား။”

“မဟုတ်ဘူး။ မင်းက အရမ်းကို ထူးချွန်တယ်။ ဒါပေမယ့် မဏ္ဍိုင်လေးရပ်က တိုင်းပြည်ရဲ့ အဓိက ကျောက်ဆူးတွေ ဆိုတာ မှန်တယ်။ ဒါပေမယ့် တိုင်းပြည်ထဲမှာ လူဘယ်လောက် များများကများ တကယ်ပဲ နှိမ့်ချပြီး နေနိုင်မှာလဲ။ လူတွေက ကိစ္စတစ်ခုကို ကြည့်ဖို့ ရှုထောင့်တွေ အများကြီး ရှိတယ်။ အကယ်၍ ရှုထောင့် တစ်ခုတည်းကပဲ ကြည့်ရင် တခြား ရှုထောင့်တွေကို ပျက်ဆီး စေမှာ မဟုတ်ဘူး။”

“ရှုထောင့် တဖက်ပဲ ကြည့်မယ်။ ကျွန်တော် သိပ်ပြီးတော့ နားမလည် သေးပါဘူး။” လူငယ်လေးက ဖန်ကျန်းရှီ ပြောတာကို နားမလည်။

“ကိုယ့်ကိုယ်ကို လေ့ကျင့်တာနဲ့ နိုင်ငံ တနိုင်ငံကို အုပ်ချုုပ်တာက အတူတူပဲ။ ဒါပေမယ့် မင်းရဲ့ အားစိုက်ထုတ်မှုတွေ အားလုံးကို တာအိုကြီး တစ်ခုမှာပဲ အားထည့်ထား သင့်တယ်။ တခြား ကိစ္စတွေကို လျစ်လျု ရှုလိုက်။ ဒါမှမဟုတ်ရင် နှစ်ခုကိုပဲ အာရုံစိုက်။ ဒါဆိုရင် တခြား တာအိုတွေကို မင်းနားလည် တော့မှာ မဟုတ်ဘူး။ တာအိုတွေ အာလုံးက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတယ်။ တာအိုကြီးတွေနဲ့ တာအို အငယ်တွေ အားလုံးမှာ ကိုယ်ပိုင် ထူးခြားတဲ့ အားသာချက်တွေ ရှိတယ်။ တာအိုကြီး တစ်ခုကို အောင်မြင်နိုင်ဖို့၊ တာအိုငယ်တွေရဲ့ အထောက်အပံ့ကို လိုတယ်။ ဆိုရိုးစကား ရှိတဲ့ အတိုင်း။ လှေကို လှုပ်ရှားစေနိုင်တဲ့ ရေက လှေကိုလည်း ဝါးမျိုနိုင်တယ်။ မင်းအခုချိန်မှာ လိုအပ်နေတာက ရေပဲ။”

“ရေ။ ရေလိုအပ်နေတာ။ ကျွန် ကျွန်တော် နောက်ဆုံးတော့ နားလည်ပါပြီ။ ဘယ်လို အဆင့်တက်အောင် လုပ်ရမလဲ ကျွန်တော် သိပါပြီ။ ကျေးဇူး အများကြီး တင်ပါတယ် ဆရာ။ ကျွန်တော့် စိတ်ထဲမှာ တာအို အဓိပ္မာယ်ကို ထည့်ထားပါမယ်။” လူငယ်လေး မျက်ရည်တွေ အပြည့်နဲ့ ဝမ်းသာ နေခဲ့တယ်။

“ကောင်းပြီ။ သွားတော့။” ဖန်ကျန်းရှီ ထွက်သွားဖို့ အချက်ပြလိုက်တယ်။

“ကောင်းပါပြီ။ ကျွန်တော် အခုပဲ သွားပါတော့မယ်။” လူငယ်လေးက ဖန်ကျန်းရှီကို ဦးညွှတ်ပြီးတော့ ထွက်ခွာ သွားတော့တယ်။

“..”

ပြိုင်ပွဲဝင်တွေလည်း ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားတဲ့ လူငယ်လေးကို ကြည့်ရင်း တအံ့တသြ ဖြစ်နေခဲ့တယ်။ ဒါက အရမ်းကို အံ့သြ စရာ ကောင်းလွန်းတယ်လေ။ မဏ္ဍိုင်လေးရပ်ကို ဖြေပေးရုံနဲ့တင် လူငယ်လေးရဲ့ ကျင့်ကြံဆင့် အကြောင်းကို သိနိုင်တယ်။ ဒါ့အပြင် လူငယ်လေးက တာအိုကြီး တစ်ခုကို နားလည်ချင်တဲ့ ဆန္ဒ ရှိနေတာကိုလည်း ထွင်းဖောက် မြင်နိုင်တယ်။”

အရေး အကြီးဆုံး အပိုင်းကတော့ ဒီစကားပဲ။ “လှေကို လှုပ်ရှားစေနိုင်တဲ့ ရေက လှေကိုလည်း ဝါးမျိုနိုင်တယ်။ မင်းအခုချိန်မှာ လိုအပ်နေတာက ရေပဲ။”။ ဒီစကားလုံးက နိုင်ငံတော် တည်ဆောက်တဲ့ အချိန်မှာ သုံးတာ။ ဒါပေမယ့် အခုတော့ ကျင့်ကြံဆင့်ကို ရှင်းပြတဲ့ အချိန်မှာ သူသုံးလိုက်တယ်။

“ကောင်းကင် တာအို ခန်းမကို ဝင်ခွင့်ရရင်။ အကိုကြီး ခုန်ချင်းလိုမျိုး ဖြစ်ချင်လိုက်တာ။”

“မင်းက အလိုက်တာ။ ခုန်ချင်းနဲ့ တခြား ကောင်းကင် တာအို တပည့်သားတွေလို တော်လာနိုင်မယ်လို့ မင်းကိုယ်မင်း ထင်နေတာလား။ ငါ့မှာ ဆန္ဒ တစ်ခုပဲ ရှိတယ်။ အကိုကြီး ခုန်ချင်း ညွှန်ကြားတာ ခံရဖို့ပဲ။”

“ဟုတ်တယ်။ ကောင်းကင် တာအို ခန်းမထဲကို ဝင်ရင် ငါလည်း ပိုပြီးတော့ တိုးတက် လာမှာပဲ။ ငါလည်း အဆင့်တက် နိုင်လိမ့်မယ်။”

ကျန်တဲ့ ပြိုင်ပွဲဝင်တွေက ရွှမ်ဖေး အဆင့်တက် သွားတာကို မနာလို ဖြစ်နေကြတယ်။ နောက်ပြီးတော့ တာအို တစ်ခုတည်းကို သုံးဖို့ နားလည် သွားခဲ့တဲ့ လူငယ်လေးကိုကော။ သူတို့တွေ အားလုံး အရမ်းကို စိတ်လှုပ်ရှားနေကြတယ်။

ဒီအချိန်မှာ ထုတ်ပယ်ခံရတာက သူတို့ အတွက် အရေးမကြီးတော့ဘူး။ ဖန်ကျန်းရှီ သင်ကြား ပေးတာကို ခံရပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် အကျဉ်းအကြပ် အဆင့်တက်မှုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့် နေကြတယ်။ လူငယ်လေးက ထွက်ခွာ သွားပြီ။

တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲက အစတည်းကနေ ဘာမှ မပြောကြဘူး။ တစ်ခွန်းလေးတောင် ထောက်မပြကြဘူး။ တစ်ယောက်ကို တစ်ယောက်ကြည့် နေခဲ့ကြတယ်။ ပိုပြီးတော့ အထင်ကြီးလာတဲ့ ပုံစံပဲ။ သူတို့တွေ တိတ်ဆိတ် နေကြတော့။ ဖန်ကျန်းရှီလည်း ဆက်ပြီး စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ထပ် ၄ယောက်ကို ထပ်ပြီၤးတော့ ထုတ်ပယ်လိုက်တယ်။

ပိုပြီးတော့ အရေးကြီးတဲ့ ဖြစ်စဉ်ကတော့၊ ထုတ်ပယ်ခံ လိုက်ရတဲ့ ပြိုင်ပွဲဝင်တွေ အားလုံးက မြေကြီးထဲကနေ ရတနာတွေ တွေ့သွားသလိုပဲ။ အခုချိန်ထိ ချန်းဝူက ပထမ အချီမှာ အောြင်မင်တဲ့ ပထမဆုံးသူပဲ။

ထုတ်ပယ်ခံရသူက ၁၄ယောက်ထိ ရှိနေပြီ။ တဝက် နီးပါးပဲ။ တတိယ အကြီးအကဲနဲ့ ပဉ္စ အကြီးအကဲကတော့ ဒီအခြေအနေကို သည်းမခံ နိုင်တော့ဘူး။

အပိုင်း(၆၄၀)ပြီး၏။

All Chapters