← Chapters

အပိုင်း (၆၈၁-၆၉၀)

Vol. 7 Ch. 681-690

အပိုင်း (၆၈၁-၆၉၀)

Vol. 7 Ch. 681-690

အပိုင်း (၆၈၁)

“ကြီးထွားမှု။ မျဉ်းတစ်ခုရဲ့ အဆုံးသတ်။”

“ဝုန်း။” ထျန်းရှင်း အသံ ထွက်ပေါ်လာတဲ့ အချိန်မှာပဲ။ မိုးကြိုးတန်းကြီး တစ်ခု ကောင်းကင်ကို ဖြတ်သန်းပြီးတော့ ထွက်ပေါ်လာတယ်။ ကောင်းကင်က အစပိုင်းမှာ လင်းထိန် နေပြီးတော့ ချက်ခြင်း မှိန်ဖျော့သွားတယ်။ နေမင်းကြီးလည်း ပျောက်ကွယ်သွားပြီ။ ကြယ်တာရာတွေ စတင် ထွန်းလင်းလာတယ်။ နေ့ကနေ ညကို ပြောင်းလဲ သွားသလိုပဲ။

တစ်ချိန်တည်းမှာပဲ ထျန်းရှင်း ခန္ဒာကိုယ်ကနေ အရိပ်ကြီး တစ်ခု ထွက်ပေါ်လာတယ်။ အနီရောင် အမွှေးထူထူတွေနဲ့ မဟူရာ သံချပ်ကာကို ဝတ်ထားတဲ့ လူကြီးတစ်ယောက်။ သူ့ရဲ့ မဟူရာ သံချပ်ကာမှာ ရွှေရောင် အလင်းစက်တွေ လင်းနေတာကို တွေ့လိုက်ရတယ်။ မျက်ခုံးထူထူနဲ့ ကြေးနီရောင် မျက်ဝန်းတွေရှိတယ်။ မျက်နှာ တစ်ခုလုံးကို မုတ်ဆိတ်မွှေး ထူထူတွေ ဖုံးအုပ်ထားတယ်။

အရမ်းကို အစစ်အမှန် ဆန်လွန်းတယ်။ အနီရောင်လူကြီး ပေါ်လာတဲ့ အချိန် ထျန်းရှင်းလည်း ပျောက်ကွယ် သွားတယ်။ ဒီလူကြီးထဲကို ဝင်လာ သလိုပဲ။ ကြောက်စရာ ဖိအားတွေ ထျန်းရှင်းဆီကနေ ထွက်ပေါ်နေတယ်။ ထျန်းရှင်း ဟိန်းဟောက်လိုက်တဲ့ အချိန်၊ ကောင်းကင် တစ်ခုလုံး တုန်ဟီးသွားတယ်။ ကောင်းကင်ကြီးပါ ဒေါသထွက်လာ သလိုပဲ။

မြင်ကွင်းက အတော့်ကို ကြောက်စရာ ကောင်းတယ်။ အောက်ဘက်မှာ ရှိနေတဲ့ တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင်တာအို တပည့်သားတွေလည်း ကြောက်လန့် တုန်ယင်နေတယ်။

“ကောင်းကင် အမျက်ဒေါသ။ အဲ့တာ ထျန်းရှင်းရဲ့ မျိုးနွယ်လား။”

“သူ့ရဲ့ ဘိုးဘေး မျိုးနွယ် စွမ်းအားကို တိုက်ရိုက် သုံးနေတာပဲ။ ဖန်ကျန်းရှီကို လုံး၀ အခွင့်အရေး ပေးမှာ မဟုတ်ဘူး။”

“နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ မြင့်မြတ် နယ်မြေက အင်အား အကြီးဆုံး သုခမိန်ပဲ။”

ကောင်းကင် တာအို တပည့်သားတွေရဲ့ နှလုံးသားထဲမှာ တွေးမိကြတယ်။ တိုက်ပွဲက သုံးကွက်ထက် ပိုပြီးတော့ မလိုအပ်ဘူးပဲ။ ဖန်ကျန်းရှီလည်း နည်းနည်းတော့ မျက်လုံးပြူးနေတယ်။ ထျန်းရှင်းက သန်မာမှန်း သိတယ်။ သူ့စိတ်သူ ပြင်ဆင် ထားပြီးပြီ။ ဒါပေမယ့် နည်းနည်းလေးတောင် သနားညှာတာပေးလို့ မရဘူးလား။ ဒီလောက်တောင် အင်အား သုံးနေတာ အဓိပ္မာယ် မရှိလိုက်တာ။

ဒါက လုံး၀ ပြောင်းလဲတာ မဟုတ်ဘူးလား။ သူ့မှာ နောက်ထပ် တွေးတောဖို့ အချိန် မရှိတော့ဘူး။ သူ့လက်သီးကနေ ကြောက်စရာ အင်အားတွေကို ခံစားမိနေတယ်။ တောင်လို လေးလံပြီးတော့ ပင်လယ်လို့ ကျယ်ပြန့်တဲ့ စွမ်းအားတွေ ရှိတဲ့ လက်သီးကြီး။ အင်အား လှိုင်းတွေကတောင် သူ့ခန္ဒာကိုယ်ကို ချေမွ ပြစ်ဖို့ လုံလောက်တယ်။ သူဖိနှိပ် ခံနေရပြီ။ ဒါကို တားဆီး နိုင်မှာ မဟုတ်ဘူး။

“ဝုန်း။”

ဖန်ကျန်းရှီရဲ့ ခန္ဒကိုယ် ကောင်းကင်ကနေ ချက်ခြင်း ပြုတ်ကျလာတယ်။ ညအချိန်မှာ ကြွေကျလာတဲ့ ကြယ်တစင်းလိုပဲ။ အရှိန်ပြင်းပြင်းနဲ့ ကျဆင်းနေတယ်။

“ခဘွန်း။” မြေပြင်ပေါ်မှာ နောက်ထပ် အပေါက်ကြီးတစ်ပေါက် ပေါ်လာတော့တယ်။ ဒီအပေါက်ကြီး ဘယ်လောက်တောင် နက်ရှိုင်းလဲ ဆိုရင် ဖန်ကျန်းရှီကိုတောင် မမြင်ရတဲ့ အထိပဲ။ တိတ်ဆိတ်သွားတယ်။ အပ်ကျသံ မကြားရအောင် တိတ်ဆိတ်သွားတယ်။

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အပေါက်ကြီးကို ကြည့်ရင်း စိတ်ထဲမှာ သက်ပြင်းချမိတယ်။ အင်အား ကွာခြားချက်က ကြီးမားလွန်းနေတယ်။ ဖန်ကျန်းရှီက ပါရမီရှင် ဖြစ်ပေမယ့်၊ သူ့ဓားကလည်း သုခမိန် အဆင့် ရှိနေပင်မယ့်၊ မြင့်မြတ် နယ်မြေက အင်အားအကြီးဆုံး သုခမိန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ထျန်းရှင်းကို ဘယ်လို ရင်ဆိုင် နိုင်မှာလဲ။ ဘယ်လို နိုင်နိုင်မှာလဲ။ ဖန်ကျန်းရှီက ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတယ်။ သာမာန် သုခမိန် အဆင့် ကျင့်ကြံသူ တစ်ယောက်တောင် ထျန်းရှင်းရဲ့ တိုက်ကွက် သုံးကွက်ကို မခံနိုင်ဘူး။

“တကယ့်ကို မညှာမတာပဲ။” အဝေးက ကြည့်နေတဲ့ မုချင်းဖန်း ခေါင်းခါရင်း ပြောမိတယ်။ ထျန်းရှင်းက အားကုန် ထုတ်သုံးမယ် ဆိုတာ သူသိပြီးသား။ ဖန်ကျန်းရှီ အောင်နိုင်ချေကလည်း နည်းပါးလွန်းတယ်။

“ဖန်ကျန်းရှီ၊” မင်းသားရှန်း (လင်းယွမ်)ရဲ့ အသံထွက်ပေါ်လာတယ်။ ဧကရာဇ် လင်းမုပိုင် စိုးရိမ် နေတာကိုလည်း သူတွေ့တယ်။ ဒါပေမယ့် အခု တိုက်ပွဲက ရပ်တန့်လို့ မရဘူး။ ချီကူယန်ကို သူလှမ်းကြည့်တယ်။

ချီကူယန်ရဲ့ မျက်နှာက ဖြူဖျော့နေတယ်။ ဒီတစ်ခေါက်တော့၊ ကောင်ကင် ဂုဏ်ရည်ရှင်က စိတ်ပူနေပုံပဲ။ သိပ်မကြာခင် သူမရဲ့ စိတ်ပူနေတဲ့ ပုံစံ မှိန်ဖျော့သွားတယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း၊ မျက်ဝန်းက ကြယ်အလင်းတန်းတွေ တောက်ပလာတယ်။ ဒါပေမယ့် စကားတစ်ခွန်းမှ မပြောဘူး။

“မိုးမေလင်း။ ငလူးပဲ။” ဒီအချိန်မှာ တွင်းနက်ကြီးထဲကနေ အသံထွက်လာတယ်။ အသံက တိုးပေမယ့် အတော်လေး ဒေါသ ထွက်နေပုံပဲ။

တပည့်သားတွေ တွင်းနက်ကြီးကို လှမ်းကြည့်နေတယ်။ လူအုပ်ထဲမှာ ရပ်နေတဲ့ နန်ကုန်းဟောင်တောင် အထိတ်တလန့်နဲ့ တွင်းနက်ကြီးကို လှမ်းကြည့်နေတယ်။

ဒီအချိန်မှာပဲ လူတစ်ယောက် တွင်းထဲကနေ ထွက်ပေါ်လာတယ်။ ဒီလူတုန်ယင် နေတာကို မြင်နိုင်တယ်။ သူအခြေအနေ မကောင်းဘူး။ ဒါပေမယ့် ဒီလူက စိတ်ဆုံးဖြတ် ထားတဲ့ ပုံစံ ထင်ရှားနေတယ်။ အခိုင်အမာ စိတ်ဆုံးဖြတ်ထားတဲ့ ပုံစံက အရမ်း အရမ်းကို သိသာ ပေါ်လွင်နေတယ်။

“သူ အသက်ရှင်နေတုန်းလား။”

“အံ့ဖွယ်ပဲ။ ထျန်းရှင်းက သူ့ကို မျိုးနွယ် မူလ အင်အားနဲ့ တိုက်ခိုက်လိုက်တာကိုတောင် အသက်ရှင်နေ သေးသဟ။”

“ဒါပေမယ့် သူ့မှာ အသက်ယဲ့ယဲ့ပဲ ကျန်တော့မှာပေါ့။ ဒီ အခြေအနေနဲ့ ဆိုရင်၊ ဒုတိယ တိုက်ကွက်ကို ခံနိုင်မှာ မဟုတ်ဘူး။ တတိယ တိုက်ကွက်ကို ဘယ်လို ဖြတ်ကျော် နိုင်မှာလဲ။”

သူတို့တွေ လန့်နေကြပေမယ့်၊ ဖန်ကျန်းရှီရဲ့ ပုံစံကို မြင်နေရတယ်လေ။ ဖန်ကျန်းရှီက အဆုံးသတ်မျဉ်းကို ရောက်နေပြီ။ နောက်တစ်ခေါက် တိုက်ခိုက် ခံရရင် အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။

ချီကူယန်ကတော့ နှုတ်ခမ်းကို ပိုတင်းတင်း ကိုက်ထားတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင်နေတယ်။ ဒါပေမယ့် သူမ မလှုပ်ရှားဘူး။ အဲ့ဒီ့အစား တွင်းနက်ထဲကသူ အပေါ်ရောက်လာတာကို ကြည့်နေခဲ့တယ်။

“အဟွတ်။” ဖန်ကျန်းရှီ ချောင်းတဟွတ်ဟွတ် ဆိုးရင်း တကိုယ်လုံး တုန်ယင်နေတယ်။ သူ့နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျနေပြီးတော့ အလဲလဲ အပြိုပြို ဖြစ်နေပုံပဲ။ ဒါပေမယ့် အဝေးက လူကြီးကို စိုက်ကြည့်နေတယ်။ အမွှေးထူထူနဲ့ သံချပ်ကာဝတ် လူကြီးကိုပေါ့။

ဒါက၊ ဖန်ကျန်းရှီ တွေးလိုက်မိတယ်။ ဒါက ဒဏ္ဍာရီလာ ရွှမ်ကောင်းကင် တာအို ခန္ဒာလား။ ဒါမှမဟုတ်ရင်၊ သူ့ရဲ့ မျိုးနွယ် မူလရင်းမြစ်လား။ ထျန်းရှင်းရဲ့ ဒီလူကြီးက ချီကူယန်ရဲ့ နောက်မှာ လွင့်မျောနေတဲ့ အရိပ်နဲ့ အတူူတူပဲ မဟုတ်လား။

ဖန်ကျန်းရှီ ခန့်မှန်းကြည့်တယ်။ ဒါပေမယ့် ထျန်းရှင်းရဲ့ အရိပ်ကြီးက ချီကူယန်ရဲ့ အရိပ်ထက် ပိုပြီးတော့ လူအသွင်ပေါက်တယ်။

“အဲ့တာကြောင့် ဒီလောက် သန်မာနေတာလား။”

ထျန်းရှင်းရဲ့ အင်အားကို လျော့တွက်မိမှန်း ဖန်ကျန်းရှီ နားလည် သွားတယ်။ မုချင်းဖန်းနဲ့ တိုက်ခိုက်တဲ့ အချိန်တုန်းက သူ့စွမ်းအား အကုန်လုံးကို မသုံးခဲ့ဘူး။ အခု လတ်တလော အတွင်းမှာပဲ သုခမိန်တွေ အများကြီးနဲ့ ဖန်ကျန်းရှီ တိုက်ခိုက်ပြီးပြီ။

ရန်မြို့တော်မှာ နတ်ဆိုးဘုရင် အရှင်ရှဲ့လော့နဲ့ တိုက်ခိုက်တယ်။ အစောပိုင်းတုန်းက တတိယ အကြီးအကဲ၊ ပဉ္စမ အကြီးအကဲနဲ့ တိုက်ခိုက်တယ်။ ခုနကပဲ ယင်ယန် ခန်းမက ဝမ်လဲ့နဲ့ တိုက်ခိုက်သေးတယ်။ ဒီတိုက်ပွဲ ၃ခုမှာ ဖန်ကျန်းရှီ အတွေ့အကြုံ ရပြီး ရင့်ကျလာခဲ့ပြီ။ ဒါပေါ့။ အခု ပြန်တွေး မိတဲ့ အချိန်မှာ၊ သူ့ကိုယ်သူ တုံးအတယ်လို့ ထင်နေတယ်။

ဒီတိုက်ပွဲတွေထဲမှာ အရှင်ရှဲ့လော့ကို အနိုင်ယူနိုင်တာ၊ ပင်းယန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် အရင်ဆုံး တိုက်ခိုက် ထားလို့ပဲ။ အကြီးအကဲ နှစ်ယောက်ကိုတော့ လှည့်စား တိုက်ခိုက်ပြီး အောင်မြင်ထားတယ်။ ဝမ်လဲ့ကိုလည်း သူ့ရဲ့ စွမ်းအား အရင်းအမြစ် ၇၀%ကို စုပ်ယူထားလို့ အောင်မြင်ခဲ့တာ။

“မင်း အဆင်သင့် ဖြစ်ပြီလား။” ထျန်းရှင်းရဲ့ အရိပ်ထဲကနေ ထျန်းရှင်း အစစ်ပေါ်လာတယ်။ သူ့ရဲ့ ဝတ်ရုံနက်က လေထဲမှာ လွင့်မျောနေတယ်။ ဖန်ကျန်းရှီကို ကြည့်နေတဲ့ သူ့အကြည့်တွေက သေလူ တစ်ယောက်ကို ကြည့်နေ သလိုပဲ။

“အဆင်သင့်ပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။ အပြာရောင် အလင်းတန်း ရုတ်တရက် လင်းလက်လာတယ်။ မျက်တောင် တစ်ခတ်အတွင်း ထျန်းရှင်း ရှေ့မှာ သူရောက်နေပြီ။ သူ့ရဲ့ ခြေရာမဲ့ဓားက မျက်စိစူးလောက်တဲ့ ခရမ်းရောင် အလင်းတန်းနဲ့ တောက်ပနေတယ်။ ဓားက နဂါး အော်သံကိုလည်း ကြားနေရတယ်။

“ဒီကောင်စုတ်လေး၊ တကယ်ပဲ တိုက်ခိုက်ဝံ့ သေးတယ်ပေါ့။”

“ကိုယ့်သေတွင်း ကိုယ်တူး နေတာလား။”

“တစ်ခုခုတော့ မှားနေပြီ။ ဒီလောက် အရှက်မရှိတဲ့ ကောင်က (ကျွန်တော် အနားယူတာ မလုံလောက်သေးဘူး) လို့ပြောရမှာ မဟုတ်လား။ ဘာဖြစ်လို့ နားချိန် နည်းနည်းလေးတောင် မတောင်းပဲ ဒီလို တိုက်ခိုက်တာလဲ။”

တပည့်သားတွေ စိတ်ထဲမှာ တွေးမိတယ်။ ထျန်းရှင်းလည်း စိတ်ရှုပ်နေတယ်။ ဖန်ကျန်းရှီ သေလုမျောပါး ဖြစ်သွားတာကို သူမြင်တာပဲ။ ဒီအချိန်မှာ ရှိသမျှ အင်အား အကုန်လုံးကို စုပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရမှာလေ၊ ဒါမှပဲ အသက်ရှင်နိုင်မယ် မဟုတ်လား။

တိုက်ခိုက်အုန်းမယ်တဲ့။ ဘာကို ဆိုလိုချင်တာလဲ။

ထျန်းရှင်း ဖြစ်နေတာတွေ နားမလည်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ရှေ့မှာ ရောက်နေပြီ။ ဆက်တိုက် တိုက်ခိုက်ဖို့ ပြင်လိုက်ပေမယ့်၊ သူ့စိတ်ထဲမှာ အတွေး တစ်ခု ဝင်လာတယ်။

“မဖြစ်ဘူး။ ဒီခွေးကောင်က ငါ့ကို လှည့်စားချင်နေတာပဲ။” ထျန်းရှင်း မျက်လုံးတွေ အလင်းတန်းနဲ့ တောက်ပလာတယ်။ အဲ့ဒီ့နောက် သူလည်း လှုပ်ရှားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို ဦးတည်ပြီးတော့ လှုပ်ရှားတာ မဟုတ်ဘူး။ မြေပြင်ပေါ်က တွင်းနက်ကြီးကို ဦးတည်လာတာ။

“ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီကို တခါတည်း မသတ်ဘူးလား။ ဘာဖြစ်လို့ အပေါက်ကြီးဆီ သွားနေတာလဲ။”

“နေစမ်းပါအုန်း။ အဲ့တာက။” တပည့်သားတွေ သိလိုစိတ် ပြင်းပြလာတယ်။ ခပ်မြန်မြန်ပဲ သူတို့ ကောက်ချက် ချနိုင်သွားတယ်။

“အဲ့တာ ကောင်းကင် သက်ဆင်းပဲ။”

“ဒီကောင်စုတ်က အရှက်မရှိလိုက်တာ။”

“သူ့ပြိုင်ဘက်က ထျန်းရှင်းလေ။ ကောင်းကင် တာအိုကို ပညာရှင် အဆင့်ရောက်နေတာ မသိတဲ့ သူကိုပဲ ဒီလို လှည့်စားလို့ ရနိုင်မယ်။”

တပည့်သားတွေ နားလည် သွားပြီးတဲ့နောက်၊ ဖန်ကျန်းရှီ သေနေစေ့ပြီလို့ သူတို့ မှတ်ယူ လိုက်ကြတယ်။

“ဝုန်း။” ထျန်းရှင်း တကိုယ်လုံး တွင်းနက်ကြီးထဲကို ပြစ်ဝင်သွားတယ်။ တစ်ချိန် တည်းမှာပဲ အလင်းလုံးကြီးတွေ တောက်ပ လာတော့တယ်။ ကျောက်တုံးတွေ မြေစိုင် မြေသားတွေ လွင့်စင်လာတယ်။ လွင့်စင်လာပြီး အချိန် ခဏတာ အတွင်းမှာပဲ အမှုန့် ဖြစ်ကုန်ကြတယ်။ ဒီတစ်ခေါက် တိုက်ကွက်က ကြောက်စရာ ကောင်းလွန်းတယ်။ တကယ့်ကို အမှုန့်ချေပြီးတော့ သတ်တာပဲ။

“သူသေပြီလား။” လူတိုင်း မြေပြင်ကို စိုက်ကြည့်တယ်။ အနက်ရောင် အလင်းတန်းတွေနဲ့ ပြည့်နေတဲ့ မြေပြင်က သူတို့ကို စိတ်ရှုပ်ထွေး လာစေတယ်။

အပိုင်း (၆၈၁) ပြီး၏။

အပိုင်း (၆၈၂)

“သေတဲ့အထိ အရိုက်ခံရမယ်။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဖန်ကျန်းရှီ သေတာကို မမြင်ချင်ဘူး။ ဒါပေမယ့် အသက်ရှင်နိုင်ဖို့ အခွင့်အရေး နည်းလွန်းတာကိုလည်း သူတို့ သိကြတယ်။ ထျန်းရှင်းရဲ့ အင်အားက ရူးလောက်အောင် ကြီးမားလွန်းတယ်။ သူ့ရဲ့ အင်အား အကုန်လုံးကို ထုတ်သုံးနေတာ နည်းနည်းလေားတောင် ညှာတာမှု မရှိဘူး။ သူ့ရဲ့ ဒုတိယ တိုက်ကွက်ကိုလည်း အလျှော့ပေးမှာ မဟုတ်။

“ဟမ့်။ ငါတို့ ဆရာကို လှည့်စား ချင်တယ်ပေါ့။”

“ ဒီခွေးကောင်က ငအပဲ။”

တောင်စဉ်ကိုးသွယ် တပည့်သားတွေ ဖန်ကျန်းရှီကို မုန်းတီးကြတယ်။ ဒါပေါ့။ ဖန်ကျန်းရှီကို မုန်းတီးတာ ချီကူယန်ကြောင့်လည်း ပါတယ်။ နောက်ဆုံးတော့လည်း ချီကူယန်ကို သူတို့ ဘာမှ မလုပ်နိုင်ဘူးလေ။ ဒီတို့ သူတို့ရဲ့ မကျေနပ်ချက်တွေ အကုန်လုံးက ဖန်ကျန်းရှီပေါ်ကို ပုံကျလာတယ်။ ဖန်ကျန်းရှီကို သေစေချင်တယ်။

နှစ်တစ်ထောင် မီးဆေးပင်လည်း ဖန်ကျန်းရှီ သေရင် ပြန်ရနိုင်မယ်။ နောက်ပြီးတော့ တောင်စဉ်ကိုးသွယ် ဆုံးရှုံးတာလည်း လျော့သွားတယ်။ အနည်းဆုံးတော့ ပြန်သယ်သွားစရာ တစ်ခု ရှိတာပေါ့။ ဘာမှ ပြန်မရရင်တောင်၊ ဖန်ကျန်းရှီ သေသွားရင် ဒေါသလျော့သွားလိမ့်မယ်။

“ခဘွန်း။” ထျန်းရှင်းရဲ့ ခန္ဒာကိုယ် တွင်းနက်ကြီးထဲက ထိုးထွက်လာတယ်။ အနက်ရောင် အလင်းတန်းတွေ ချက်ခြင်း ပျောက်ကွယ် သွားခဲ့ပြီ။ သူ့ရဲ့ ဝတ်ရုံနက်မှာ အညစ်အကြေးတွေ ကပ်တင်နေတယ်။

ထျန်း၇ှင်း မြေပြင်ပေါ်က ထွက်လာတဲ့ အချိန် စောင့်ကြည့်နေတဲ့ တပည့်သားတွေ စိတ်ပျက်ကုန်တယ်။ အလောင်းတစ်ခု သယ်လာမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ထျန်းရှင်းက လက်ဗလာနဲ့ ပြန်ထွက်လာတယ်။ ကောင်းကင် တာအို တပည့်သားတွေကတော့ စူးစမ်းချင်နေတယ်။

ဖန်ကျန်းရှီ အသက်ရှင်နေ သေးတာလား။ ဒါဖြစ်ကော ဖြစ်နိုင်လို့လား။ အကယ်၍ သူသာ သေသွားရင်၊ ထျန်းရှင်းက ဖန်ကျန်းရှီ အလောင်းကို သယ်ထုတ်လာမှာ မဟုတ်လား။ သူ့ခန္ဒာကိုယ်ထဲမှာ နှစ်တစ်ထောင် မီးဆေးပင် ရှိနေတယ်လေ။ မေးခွန်းတွေ သူတို့ ခေါင်းထဲကို ဝင်ရောက်လာတယ်။

ထျန်းရှင်းကတော့ အခု အခြေအနေကို သူ့တပည့်တွေဆီ ရှင်းမပြဘူး။ သူ့ကြည့်ရတာ အတော်လေး မျက်နှာ မကောင်းဘူး။

“ဖန်ကျန်းရှီ။ ခွေးကောင်လေး။ လုပ်တာ ကောင်းတယ်။” အဝေး တစ်နေရာကို ကြည့်ရင်း ထျန်းရှင်း လှမ်းအော်တယ်။ ထျန်းရှင်းရဲ့ အပြုအမူကြောင့် တပည့်သားတွေ လှည့်ကြည့်တယ်။ ခပ်မြန်မြန်ပဲ သူတို့တွေ ထိတ်လန့်လာတယ်။ သူတို့ ထင်မှတ် မထားမိဘူး။

“ဒီကောင်စုတ်က တကယ်ပဲ စိန်ခေါ်ဖို့ ထွက်လာတာလား။”

“မဖြစ်နိုင်တာပဲ။ သူ ဘယ်လိုလုပ် လုပ်နိုင်တာလဲ။”

“တိုက်ဆိုင်တာလား။”

ဘယ်သူမှ မယုံကြဘူး။

“နောက်ဆုံး အခြေအနေကို ရောက်နေပင်မယ့်၊ အသက်ရှင်ဖို့ နည်းလမ်းတွေ့ သွားတယ်လေ။” ဖန်ကျန်းရှီ ထျန်းရှင်းကို ပြန်အော်တယ်။ တပည့်သားတွေလည်း သူတို့ စိတ်ထဲက မေးခွန်းရဲ့ အဖြေကို ရသွားကြတယ်။ ဒါပေမယ့် သူပြောနေတဲ့ အချိန် ဖန်ကျန်းရှီက ပန်းနုရောင် ဝတ်ရုံရှင် ချီကူယန်ကို ငုံ့ကြည့်နေတယ်။

ကံတရားက သူတို့ နှစ်ယောက်ကို အကြိမ်ကြိမ် တွေ့ဆုံစေတယ်။ အသက်၆နှစ်တုန်းက၊ တောင်ဘက်ရွာ အပြင်ဘက်မှာ ချီကူယန်ကို မြစ်ထဲ ကန်ချမိတဲ့ ရန်ပွဲလေး။ အဲ့ဒီ့နောက် ၁၅နှစ် အရွယ်မှာ၊ ကျောင်းတော်သား ပုံစံနဲ့ သူ့ဆီကို ရောက်လာတဲ့ သူမ။ သူတို့တွေ ကောင်းကောင်း တွေ့ခဲ့တဲ့ အချိန်ကို ပြောရမယ် ဆိုရင်တော့၊ နတ်ဆိုး ကျောင်းတော်က စားသောက်ပွဲညပဲ။

မြောက်ပိုင်း ကျောင်းတော် ငါးခုရဲ့ အမတ်မင်းတွေရှေ့မှာ ချီကူယန်က ကြေညာခဲ့တယ်။ သူတို့ နှစ်ယောက်ရဲ့ စေ့စပ်ပွဲကလည်း ထူးဆန်းတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာခဲ့တယ်။ အဲ့ဒီ့အချိန် ဖြစ်တုန်းက ဖန်ကျန်းရှီ ပြောခဲ့ဖူးတယ်။ “ငါ့အတွက် နောက်ဆုံး အချိန် ရောက်နေရင်တောင်၊ အသက်ရှင်နိုင်ဖို့ လမ်းကို ရှာရမှာပဲ။”

တွင်းနက်ကြီးထဲက တိုးထွက်လာတဲ့ အချိန် သူပထမဆုံး မြင်တာက ချီကူယန်ပဲ။ ဒါကြောင့် အစီအစဉ်ချပြီး စိတ်ဆုံးဖြတ်လိုက်တယ်။ အန္တရာယ် များပေမယ့် စိတ်ကျေနပ်ရတယ်။ ဒါပေါ့။ ဖန်ကျန်းရှီ သူ့အစီအစဉ် ကျရှုံးသွားရင် ဘယ်လို လုပ်ရမလဲ တွေးပြီးသား။ အဖြေကတော့ မရှုပ်ပါဘူး။ သုံးကွက်အတွင်း အသက်မရှင် နိုင်မှတော့ အသေတိုက်ခိုက် ရုံပေါ့။

“မင်းက နောက်ဆုံး အခြေအနေ ရောက်နေပင်မယ့်၊ အသက်ရှင်ဖို့ လမ်းတွေ့သွားတယ်ပေါ့။” ထျန်းရှင်း ဖန်ကျန်းရှီရဲ့ စကားကို အထပ်ထပ် အခါခါ ပြန်တွေးတော နေတယ်။ အဲ့ဒီ့နောက် ရယ်မောတော့တယ်။ “ဟဟား။ မဆိုးဘူးပဲ။ ငါ့ကို လှည့်စားနိုင်တာ မင်းက ဂုဏ်ယူ နေတယ်ပေါ့။”

“သုံးကွက်။ တစ်ကွက် ကျန်သေးတယ်။” ဖန်ကျန်းရှီ ပြောတယ်။ အနိုင် အရှုံးက နောက်ဆုံး တိုက်ကွက်မှာ မူတည်နေပြီ။ သတိထားမှ ဖြစ်မယ်။

“ဟုတ်တယ်။ နောက်ဆုံး တကွက်ပဲ။ ငါ့အင်အား အးကုန်ထုတ်သုံးမှာ တွေးထားလိုက်။” ထျန်းရှင်း ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီကို ပြန်ဖြေတယ်။

တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိတယ်။ သူတို့ အမူအယာတွေက မတူညီဘူး။ တစ်ချို့က လန့်နေပင်မယ့်၊ တစ်ချို့ကတော့ မျှော်လင့်တကြီး စောင့်နေကြတယ်။ ဖန်ကျန်းရှီနဲ့ ထျန်းရှင်း ပြောသလို နောက်ဆုံး တကွက်ပဲ ကျန်တော့တာလေ။

ဘယ်လို ရလဒ် ဖြစ်လာမလဲ။

ဖန်ကျန်းရှီပဲ အသားလုံး ဖြစ်ပြီး သေမလား။ အခုချိန်မှာ ဖြစ်နိုင်ချေတွေကို သူတို့ တွက်ချက် နေကြပြီ။ တစ်ကွက်ပဲ ကျန်တော့၊ ထျန်းရှင်းက ဘာလုပ်မလဲ။ ဖန်ကျန်းရှီကရော ဘယ်လို တိုက်ခိုက်မှာလဲ။ ဘယ်သူမှ ရလဒ်ကို မခန့်မှန်း နိုင်ဘူး။

ဧကရာဇ် လင်းမုပိုင်နဲ့ မင်းသားကိုး လင်းယွမ် နှစ်ယောက်လုံး စိတ်ပူနေကြတယ်။ ဖန်ကျန်းရှီ အသက်ရှင်ဖို့ မျှော်လင့် နေတယ်။ နောက်ဆုံး မျှော်လင့်ချက်လေး ရှိလာ နိုင်သေးတယ်။ သူတို့ နောက်က ဧကရာဇ် နှစ်ပါးလည်း ခန့်မှန်း နေကြတယ်။

“သူနိုင်နိုင်လား။”

“ငါမသိဘူး။ ဖန်ကျန်းရှီက ဒဏ်ရာ ရထားတယ်။ နောက်ထပ် ထျန်းရှင်းရဲ့ တိုက်ကွက်ကို ခံနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် အံ့ဖွယ်ရာတွေ ဖြစ်လာနိုင်ပါတယ်။”

“ဘာကြောင့်မှန်းတော့ ငါလည်းမသိဘူး။ အံ့ဖွယ် ကိစ္စ ဖြစ်လာဖို့တော့ မျှော်လင့် မိနေတယ်။”

ဧကရာဇ်တွေ တိုးတိုး တိတ်တိတ် ဆွေးနွေးနေကြတယ်။ သိပ်မကြာခင် သူတို့ အသံတိတ်သွားတယ်။ ထျန်းရှင်း စပြီးတော့ လှုပ်ရှားပြီ။ ဖြည်းဖြည်းချင်း လှုပ်ရှားနေတယ်။ အကျီက ဖုန်တွေကို အရင်ဆုံး ခါထုတ်တယ်။

“ငါအမှန်တိုင်း ပြောမယ်။ တကယ်တော့ မင်းအကြောင်း ရုတ်တရက်ကြီး သိချင်လာလို့၊ မသေခင် မေးခွန်း နည်းနည်း မေးချင်တယ်။” ထျန်းရှင်း ပြောတယ်။

“မေးလို့ ရတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြန်မဖြေဘူး။” ဖန်ကျန်းရှီ နှုတ်ခမ်းတွန့်ရင်း ပြောတယ်။ ထျန်းရှင်း ဘာတွေကြံနေမှန်း သူမှမသိပဲ။ သူ့ကို စမ်းသပ်ချင်တာလည်း ဖြစ်နိုင်တယ်။ ဒါက အရေးမကြီးဘူး။ အခုချိန်မှာ အရေး အကြီးဆုံးက သူ့နှလုံးသွေးတွေ အထက်ဆန် တက်လာနေတာပဲ။ ဖြည်းဖြည်းချင်း ပါးစပ်ဆီ ဦးတည်နေတယ်။ မကြာခင် သွေးအန်တော့မယ်။

“မင်း ဖြေမလား မဖြေဘူးလားဆိုတာ ရွေးချယ်လို့ ရတယ်။ ငါမင်းကို မေးချင်တာ၊ ယင်ယန် တာအိုရဲ့ သေရှင်အခြေအနေကို ကောင်းကင် တာအို ခန်းမ မရောက်ခင်တည်းက ပညာရှင် အဆင့် ရောက်နေတာလား။ ဒါမှမဟုတ် ဝမ်လဲ့နဲ့ တိုက်ခိုက်တဲ့ အချိန်မှာ ပညာရှင် အဆင့် ရောက်သွားတာလား။” ထျန်းရှင်း မေးတယ်။ ဖန်ကျန်းရှီရဲ့ မလေးမစား ပုံစံကို သူဂရု မစိုက်ဘူး။

“မေးခွန်းတွေ ဖြေရင်၊ ဘာအကျိုးရမှာလဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“ဟဟား။ ဒါပေါ့။ မင်းလျော်ကြေး တောင်းလို့ ရတယ်။ ငါစိတ်ကျေနပ်စေတဲ့ အဖြေရရင်၊ ငါ့စွမ်းအား ၉၀%ပဲ သုံးပြီးတော့ တိုက်ခိုက်ပေးမယ်။” ထျန်းရှင်းပြောတယ်။ ဖန်ကျန်းရှီရဲ့ အဖြေကို သူမျှော်လင့်နေတယ်။

“မေးခွန်း ဘယ်နှစ်ခုလဲ။”

“နှစ်ခု။”

“ဒါဆို မေးခွန်း နှစ်ခုလုံးကို စိတ်ကျေနပ်အောင် ဖြေနိုင်ရင်၊ အင်အား ၈၀%ပဲ သုံးမှာလား။”

“ဟုတ်တယ်။ ငါပြောချင်တာ အဲ့တာပဲ။”

“မေးခွန်း မဖြေခင်၊ တစ်ခု အရင်မေးလို့ရလား။”

“အာ။ မင်းလည်း မေးချင်တာ ရှိလို့လား။ ရတာပေါ့။ မေးလေ။” ထျန်းရှင်း နည်းနည်းတော့ စိတ်ရှုပ်ထွေး သွားတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူခေါင်းငြိမ့်လိုက်တယ်။

“ပါးစပ်ပိတ်ပြီး တိုက်ခိုက်။ ဒီစည်းမျဉ်းကို သိရဲ့လား။” ထျန်းရှင်းကို တည့်တည့် စိုက်ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။

“..”

ဒီအခိုက်အတန့်မှာ အချိန်တွေ ရပ်တန့် သွားသလိုပဲ။ နေမင်းကြီးတောင် ကြယ်အလင်းတန်းတွေထဲမှာ တောက်ပလာတယ်။ ဒါပေမယ့် တောင်စဉ် ကိုးသွယ် တပည့်သား တွေကတော့ ယင်ကောင် မျိုချမိတဲ့ အတိုင်း ပါးစပ် အဟောင်းသား ဖြစ်နေကြတယ်။ ထျန်းရှင်းကြောင့်သာ မဟုတ်ရင်၊ ဖန်ကျန်းရှီကို သေတဲ့ အထိ ရိုက်သတ်မိပြီ။

“ဒီကောင် ဘာတွေ တွေးနေတာလဲ။”

“ရိုင်းစိုင်းလိုက်တာ။”

“ဗရမ်းဗတာပဲ။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ ဒေါသ ထွက်နေတယ်။

ကောင်းကင် တာအို တပည့်သားတွေကတော့ ဆွံ့အကုန်တယ်။ ထူးဆန်းတဲ့ အမူအယာတွေနဲ့ ဖန်ကျန်းရှီ တွေးနေတာကို နားမလည်နိုင်ဘူး။

“ဟဟား။ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ တကယ့်ကို စိတ်ဝင်စား စရာပဲ။” ထျန်းရှင်း ခဏတော့ မျက်လုံး ပြူးသွားတယ်။ ဒါပေမယ့် ရုတ်တရက် အေးစက်စက် ရယ်မောတော့တယ်။ နောက်ထပ် မေးခွန်း မမေးတော့ဘူး။ တခါတည်း တိုက်ခိုက်တော့တယ်။

ဒီတစ်ခေါက်တော့ လူတိုင်း မျှော်လင့်ထားသလို မဟုတ်ဘူး။ ထျန်းရှင်းက တန်းတန်းမတ်မတ် မတိုက်ခိုက်၊ အဲ့ဒီ့အစား နေရာမှာတင် ရပ်နေရင်း၊ အမည်းရောင် အငွေ့အသက်တွေကို ခန္ဒာကိုယ်ကနေ ထုတ်လွှတ်နေတယ်။ ဒီအငွေ့အသက်တွေက ခြေထောက်အောက်မှာ မှင်ရည်တွေလို စုဝေးလာတယ်။

ဒီအနက်ရောင် အလင်းတွေက ပျံ့ကျဲ မသွားဘူး။ တဖြည်းဖြည်း သိပ်သည်းလာရင်း ထျန်းရှင်း ခန္ဒာကိုယ်မှာ သံချပ်ကာ ပုံစံ ဖြစ်လာတော့တယ်။ ကြည့်လိုက်ရုံနဲ့ သိသာတယ်။ ဒီသံချပ်ကာက အရင် အမွှေးထူ လူနီကြီးနဲ့ ပုံစံတူပဲ။ တစ်ခုပဲ ကွာခြားတယ်။ ဒီသံချပ်ကာပေါ်မှာ သေးငယ်ရှုပ်ထွေးတဲ့ စာလုံး သဏ္ဍာန်တွေ အများကြီး တည်ရှိနေတယ်။

“ဒါတောင် ပေါ်လာပြီပဲ။ စောင့်နေတာသာ အသုံးမဝင်တော့ဘူးလို့ ပင်းယန်ကို ပြောလို့ရပြီ။” တစ်ချိန်လုံး စောင့်ကြည့် နေခဲ့တဲ့ လင်းယွမ် မျှော်စင်က ကန်ယွဲ့ အေးစက်စက် ပြောနေခဲ့တယ်။

မုချင်းဖန်းက ထျန်းရှင်းရဲ့ သံချပ်ကာကို မြင်တော့ အမူအယာ ပြောင်းသွားတယ်။ နှုတ်ခမ်းတွေ ဖွင့်ဟပြီး တစ်ခုခု ပြောချင်ပေမယ့်၊ သူပြန်တိတ်ဆိတ်သွားတယ်။

“အရှက်မရှိတဲ့ သူခိုးကောင်။ နင့်စွမ်းအား အားလုံးကိုသုံး။ ထျန်းရှင်းက သူ့သွေး အရင်းအမြစ်ကို ထုတ်လိုက်ပြီ။” ချီကူယန် ရုတ်တရက် အော်ပြောတယ်။ သူမရဲ့ ကြယ်တာရာ မျက်ဝန်းတွေမှာ အရောင်စုံတွေ လင်းလက် လာတာကို မြင်လိုက်ရတယ်။

“သွေးအရင်းအမြစ်လား။” ဖန်ကျန်းရှီ တောင့်တင်းသွားတယ်။ ဒီစကားလုံးကို သူနားမလည်ဘူး။ ချီကူယန်ကိုတောင် စကားပြောစေ နိုင်မှတော့၊ တော်တော်လေး စွမ်းအားကြီးတဲ့ တစ်ခု ဖြစ်ရမယ်။

ငါ့ကို စွမ်းအား အကုန်လုံး ထုတ်သုံးတဲ့လား။

အပိုင်း (၆၈၂)ပြီး၏။

အပိုင်း (၆၈၃)

“ကြောက်စရာ ပေါက်ကွဲမှု၊ သူ့ရဲ့ ဝှက်ဖဲ။”

ဖန်ကျန်းရှီ သူ့အောက်မှာ ရှိနေတဲ့ ချီကူယန်ကို ငုံ့ကြည့်မိတယ်။ ချီကူယန် သူ့ကို အရမ်း ယုံကြည်နေတာကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေခဲ့တယ်။ မမလပဲ။

“ဒီကောင်မစုတ်လေးရဲ့ အမြင်က စူးရှလိုက်တာ။ ဒါပေမယ့် ငါ့ စွမ်းအား အကုန်လုံး ထုတ်သုံး ထားတာကို သူမမြင်ဘူးလား။”

“အားကုန်သုံးဆိုတာ ဘာပြောတာလဲ။ ငါအခု စွမ်းအားကုန်နေပြီလေ။”

ဖန်ကျန်းရှီက ငတုံး မဟုတ်ဘူး။ ထျန်းရှင်းလို လူနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ၊ တောင့်ခံပြီးတော့ တိုက်ခိုက်ဖို့ အခွင့်အရေး စောင့်လို့ မရမှန်း သိတယ်။ ချီကူယန်ကို ပြန်ပြောချင်ပေမယ့် မပြောဖြစ်တော့ဘူး။ ချီကူယန်ကို တိတဆိတ် စိုက်ကြည့်နေရင်း၊ သူ့ကိုယ်သူ အားကုန်ထုတ်ပြီး မတိုက်ခိုက် ရသေးဘူးလို့ ခံစားမိလာတယ်။ ဒါပေါ့၊ သူ့ရဲ့ အရင်အတွေးနဲ့ ကွာခြားသွားပြီ။ သူ့ရဲ့ အားကုန်သုံးပြီး တိုက်ခိုက်တယ် ဆိုတာ ရတနာတွေကို ပြောတာလေ။

“လုပ်ကြစို့။” ဖန်ကျန်းရှီ အံကြိတ်လိုက်တယ်။ ဒါက နောက်ဆုံး တိုက်ကွက်လေ။ ဒီတိုက်ကွက်ကို ခုခံနိုင်ရင်၊ အသက်ရှင်မယ်။ မဟုတ်ရင် သေမယ်။ တခြား ဘာကိစ္စမှ မရှိဘူး။ ချက်ခြင်း၊ အားပြင်းတဲ့ တိုက်ခိုက်လို စိတ်တွေ ခန္ဒာကိုယ်ထဲ မြင့်တက်လာတယ်။ သူ့ရဲ့ အာရုံခံ အင်္ဂါတွေကို လှုံ့ဆော် ခံလိုက် ရသလိုပဲ။ နာကျင်မှုတွေ အားလုံး ခန္ဒာကိုယ်က ပျောက်ကွယ်သွားတယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ လှုပ်ရှားတော့တယ်။ လက်ကို ချက်ခြင်း ဆန့်ထုတ်လိုက်တယ်။ သူ့လက်တွေက အရူး တစ်ယောက်လို လှုပ်ရှားနေတယ်။ ရတနာတွေ ကောင်းကင်ကနေ မိုးရွာသလို ရွာကျ လာတော့တယ်။

“အဲ့တာ ဘာတွေလဲ။”

“တန်ဖိုးကြီး ရတနာတွေလား။”

“ဒီကောင်စုတ်မှာ ဒီလို အင်အားကြီးတဲ့ ရတနာတွေ ရှိမယ်လို့ မထင်မှတ် ထားဘူး။”

တပည့်သာေးတွ ကောင်းကင်က ကျလာတဲ့ မိုးတွေကို ကြည့်ရင်း အံ့သြ နေကြတယ်။ ဒါပေမယ့် အံ့သြတာ သိပ်ကြာကြာ မခံဘူး။ အလင်းတန်းတွေ မြေပြင်ပေါ် ရောက်လာတော့၊ ဘာတွေ ဆိုတာ သိလိုက်ရ ရလို့ပဲ။ သူတို့ လက်မခံ နိုင်ဘူး။

“အဲ့တာ သံတွေလား။”

“သံတွေ အပြင်၊ အပ်တွေလည်း အများကြီး ပါသေးတယ်။”

“အကိုကြီး။ ကျွန်တော် ဝက်ထောင်ချောက် တစ်ခုကို တွေ့လိုက် ရသလိုပဲ။ မဟုတ်ဘူး။ သားရဲကောင် ထောင်ချောက်တွေလည်း အများကြီးပဲ။”

“..”

ချက်ခြင်း လေထု တစ်ခုလုံး လေးလံလာတယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းလို အင်အားကြီးတဲ့ သုခမိန် တစ်ယောက်ကို အပ်တွေ၊ သံတွေ၊ ထောင်ချောက်တွေနဲ့ တိုက်ခိုက်တယ် ဆိုတာ သိက္ခာကျရတဲ့ ကိစ္စပဲ။ တကယ်တော့ ပစ္စည်းတွေက အဆုံးမသတ် နိုင်သလို ထင်ရတယ်။ သံတွေ၊ အပ်တွေ၊ ထောင်ချောက်တွေ၊ ဓားရှည်တွေ၊ ဓားမြှောင်တွေနဲ့ တခြား ပစ္စည်း မျိုးစုံကို ဖန်ကျန်းရှီ ပြစ်လွှတ်နေတယ်။

“ဒင် ဒင်ဒင်။” ကြည်လင် ပြတ်သားတဲ့ အသံတွေ ထျန်းရှင်း ကြားနေရတယ်။ သတ္တု အချင်းချင်း ထိခတ်တဲ့ အသံမျိုးပဲ။ ကြားရတာ နားထောင်ကောင်းတယ်။ ဒါပေမယ့် လေထုရဲ့ တင်းမာနေတဲ့ အခြေအနေကို မဖြိုဖျက်နိုင်ဘူး။

“ဒီခွေးသားလေး။” ထျန်းရှင်း ကျိန်ဆဲတော့တယ်။ သူ့ဆီကို ကျဆင်းနေတဲ့ အလင်းတန်းတွေကို ကြည့်ရင်း ဘာမှ မပြောနိုင် ဖြစ်နေတယ်။ သူတင် မကဘူး။ ကောင်းကင် တာအို တပည့်သားတွေလည်း ဖန်ကျန်းရှီရဲ့ သတ္တိကြောင့် မျက်နှာတွေ ရှုတ်မဲ့ ကုန်ကြပြီ။

ကောင်းကင် တာအို ခန်းမထဲက ဧကရာဇ် သုံးပါးနဲ့ မင်းသားတွေ အပြင်၊ အမြဲတမ်း တည်ငြိမ်နေတဲ့ မုချင်းဖန်းတောင် မျက်လုံး ပြူးနေတယ်။

“အဲ့တာ တကယ်ပဲ သံတွေလား။”

“ဒီကောင်လေးမှာ ဒါတွေ အားလုံး ဘယ်လို ရှိနေတာလဲ။”

“သူဘာလုပ် ချင်နေတာလဲ။” ဖန်ကျန်းရှီ အတွေးကို ဘယ်သူမှ မသိဘူး။ သူတို့ သိလိုက်တာက ဒီပစ္စည်းတွေ အားလုံးကို ရပ်မယ့်ပုံ မရှိပဲ ဆက်တိုက် လွှတ်ပြစ် နေတာပဲ။

လူတိုင်း တိတ်ဆိတ်နေတဲ့ အချိန်။ ထျန်းရှင်း ခန္ဒာကိုယ် ပတ်လည်မှာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတယ်။ ကမ္ဘာမြေကြီး နှစ်ခြမ်းကွဲမတတ် ကျယ်လောင်တဲ့ အသံပဲ။

“အပ်တွေက ချွန်မြလိုက်တာ။”

“အဲ့တာ သာမန် အပ်တွေ မဟုတ်ဘူး။”

“မဖြစ်နိုင်ဘူး။ ကောင်းကောင်း သွေးထားတဲ့ အပ်တွေ၊ ချွန်ထက်တာကော လုပ်ထားတဲ့ သတ္တုကကော အပ်ဆိုတာထက် အများကြီး သာလွန်တယ်။ ဒါတွေက အဆင့်မြင့် လက်နက်တွေပဲ။”

“ဒါပေမယ့် သံက သံပါပဲ။”

“ဟုတ်တယ်။”

ပေါက်ကွဲသံတွေ ထွက်လာ ပြီးတဲ့ နောက်မှာတော့ တပည့်သားတွေ နားလည်သွားတယ်။ ဒါတွေက သာမာန် ပစ္စည်းတွေ မဟုတ်ဘူး။ ဒါပေမယ့် အသုံးဝင်ရဲ့လား။ ထျန်းရှင်းနဲ့ တိုက်ခိုက်တာတော့ အသုံးမဝင်။

“ဒီလောက်တောင် အသုံး မကျဘူးလား။” သူ့ရတနာတွေကို ကြည့်ရင်း ဖန်ကျန်းရှီ စိတ်ပျက်နေတယ်။ ဒါတွေကို လွယ်လွယ် ရလာတာ မဟုတ်ဘူး။ ဒါတွေက တကယ့်ကို အရည်အသွေးမြင့် ပစ္စည်းတွေ၊ ခက်ခက်ခဲခဲ ရလာတာတွေ၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ရတနာ သေတ္တာထဲကနေ ခိုးလာရတာ။ အပ်တွေကို ရဖို့က ပိုလို့တောင် ခက်သေးတယ်။

ဒါ့အပြင် ဓားမြှောင်တွေကလည်း ကောင်းကင် ရောင်ပြန် အဆင့်၊ သဘာဝလွန် အဆင့် ကျင့်ကြံသူတွေကို အလွယ်လေး သတ်နိုင်တဲ့ ပစ္စည်းတွေ။ ထျန်းရှင်းကတော့ နာမည် တစ်လုံးနဲ့ နေတဲ့သူ။ ဒါတွေက သူ့အတွက် အသုံးမဝင်ဘူး။

“ငါသူ့ကို ထိခိုက်အောင်လုပ်လို့ မရပေမယ့်။ အားလျော့အောင်လုပ်လို့ ရတယ်။” ဖန်ကျန်းရှီ လက်မလျှော့ဘူး။ တစ်နှစ်လုံးလုံး စုဆောင်းလာတာ သူ့မှာ ရတနာတွေ အများကြီး ရှိနေပြီ။ ရတနာတွေကို ဆက်တိုက် လွှတ်ပြစ်နေတယ်။ မရေမတွက်နိုင်တဲ့ သံမိုးတွေ ထဲမှာ နည်းပညာမြင့် ဗုံးတွေလည်း ထည့်ထားတယ်။

“ဝုန်း။” ဒီဗုံးတွေ မြေပြင်ပေါ်မှာ ပေါက်ကွဲတဲ့ အချိန်၊ နှစ်ဖက် တပည့်သားတွေ သူတို့ အစွမ်းကို ကြုံရတော့တယ်။ မျက်စိကန်းလောက်တဲ့ အဖြူရောင် အလင်းတန်းနဲ့ အတူ၊ သူတို့ မျက်လုံးတွေ နာကျင်တော့တယ်။

“ဘာဖြစ်တာလဲ။”

“ငါ့ မျက်လုံးတွေ။”

“အဟွတ်ဟွတ်။ ဘာအနံ့ကြီးလဲ။” တပည်သားတွေ မျက်လုံးကို စူးရှတဲ့ အလင်းတန်းနဲ့ ထိုးဖောက် ခံလိုက်ရတယ်။ ပြင်းလွန်းတဲ့ အနံ့ဆိုးကြီးကလည်း သူတို့ နှာခေါင်းထဲကို ဆက်တိုက် ဝင်ရောက်နေတယ်။

“ကြည့်ရတာ နည်းပညာမြင့် ထုတ်ကုန်က အသုံးဝင်တာပဲ။” ဖန်ကျန်းရှီ စိတ်ကျေနပ်နေတယ်။ သူဆက်တိုက် လှုပ်ရှားနေဆဲ။ လူတိုင်း မျက်စိ မှိတ်နေတဲ့ အချိန်မှာတောင် သူ့ရတနာတွေကို ပြစ်လွှတ်နေတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်မှာ နောက်ထပ် ဘာတွေ ရှိအုန်းမှာလဲ။”

“မဖြစ်နိုင်ဘူး။ ဒီလောက် အများကြီး ပြစ်ထုတ် ပြီးတာတောင် ထပ်ရှိသေးတာလား။ အမှိုက်ပုံးထက်တောင် စုံသေးတယ်။“

“အား။ ဘာကြီးလဲ။”

အလင်းတန်းတွေ တပည်သားတွေ ဆီမှာ တောက်ပလာတယ်။ သူတို့ ကိုယ်ပေါ်က အငွေ့တွေလည်း တဖြည်းဖြည်း လျော့ပါးလာတယ်။ ကောင်းကင် တာအို တပည့်သား တစ်ယောက် ထိတ်လန့် တကြား ထအော်တယ်။ သူ့ကြောင့် တခြားသူတွေလည်း ခေါင်းမော့ ကြည့်မိကြတယ်။ အရိပ်ကြီး တစ်ခု ကောင်းကင်ကနေ ပြုတ်ကျ လာတာကို မြင်လိုက်ရတယ်။

“ဝုန်း။” အရိပ်နက်ကြီးက ထျန်းရှင်းရဲ့ ခေါင်းပေါ်ကို ကျလာတယ်။ အဲ့ဒီ့နောက် တခြား တစ်ဖက်ကို လိမ့်သွားတယ်။ ဒါပေမယ့် အရိပ်ကြီး လိမ့်သွားတဲ့ မြေပြင် တစ်လျှောက်လုံးမှာ လိပ်ခွံလို အကွက်တွေ ပေါ်လာတယ်။ ကြောက်စရာ မြင်ကွင်းကြီး ဖြစ်လာပြီ။

အမှိုက်တွေ လွှတ်ပြစ်နေတယ်လို့ ဖန်ကျန်းရှီကို လှောင်ရယ်နေတဲ့ တပည့်သားတွေ ဒီတစ်ခေါက်တော့ မရယ်နိုင်တော့ဘူး။ သူတို့နားကို ပြုတ်ကျလာတဲ့ အနက်ရောင် ပုံရိပ်ကြီးကို ကြည့်နေကြတယ်။ အဲ့တာ ဧရာမ ကြေးတံခါးကြီးပဲ။

“အဲ့တာ အဲ့တာ သေရှင် တံခါး မဟုတ်လား။”

“မဖြစ်နိုင်လိုက်တာ။ သေရှင် တံခါးကို သူပြစ်ထုတ်လိုက်တယ်။”

“သူ့မှာ ဘယ်လိုလုပ် သေရှင်တံခါး ရှိနေတာလဲ”

ရှေးဟောင်း အငွေ့အသက်တွေ ထုတ်လွှတ်နေတဲ့ သေရှင် တံခါးကို လူတိုင်း ကြည့်နေကြတယ်။

“အမ် သေရှင် တံခါးလား။” ဖန်ကျန်းရှီ လန့်သွားတယ်။ မတော်တဆ လွှတ်ပြစ်မိလိုက်တဲ့ တံခါးက ထျန်းရှင်း ခေါင်းကို သွားတိုက်ပြီးတော့ ဘေးကို လွင့်သွားပြီ။ သူ့နဖူးကနေ ချွေးသီးချွေးပေါက်တွေ စီးကျလာတယ်။

အာ ဟုတ်သား။ ရှက်စရာကြီး။ ရန်မြို့တော် တိုက်ပွဲ ပြီးတဲ့ အချိန်တုန်းက၊ ဧကရာဇ် လင်းမုပိုင်ကို သူကိုယ်တိုင် ပြောခဲ့သေးတယ်။ သေရှင် တံခါးကို ချန်းဝူက ပြန်ခိုးသွားတယ်လို့။ အခုလို ထုတ်ပြမိမယ် မထင်ထားမိဘူး။ တကယ်တော့ အဆုံးမဲ့ လောကထဲမှာ သေရှင် တံခါးကို ဖွက်ထားတာလေ။

“ဧကရာဇ်က ငါ့ကို အပြစ်တင်မှာလား။” ကောင်းကင် ကျောင်းတော် ခန်းမထဲက ကြောင်အအ ဖြစ်နေတဲ့ ဧကရာဇ် လင်းမုပိုင်ကို လှမ်းကြည့်တယ်။ ငါ့ကို ဆူမယ့် ပုံတော့ မပေါ်ပါဘူး။ ကြည့်ရတာ ဧကရာဇ်က တကယ့်ကို ရက်ရောတဲ့ ဧကရာဇ်ပဲ။

ဖန်ကျန်းရှီ နောက်ထပ် မတွေးတော့ဘူး။ ရှင်းပြဖို့ အချိန် မရှိဘူးလေ။ သေရှင် တံခါးကို ထုတ်မိ လိုက်ပြီဆိုတော့၊ အစီအစဉ် တစ်ခု သူ့အတွေးထဲ ရောက်လာတယ်။ မျက်လုံးတွေ တလက်လက် တောက်ပလာပြီ။

“ဟုတ်သား သေရှင် ဂိတ်တံခါးရှိ နေတာပဲ။ သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ထိပ်တန်း ရတနာကြီး။” ဖန်ကျန်းရှီ ပုံမှန် အတိုင်းဆိုရင် သေရှင် တံခါးကို သုံးမိမှာ မဟုတ်ဘူး။ အခုတော့ သူက သေရှင် တာအိုမှာ ကောင်းကောင်း တတ်ကျွမ်းနေပြီ။ ဒါကလည်း ထိပ်တန်း ရတနာ ဖြစ်နေတယ်။ တွေေ၀ မနေတော့ဘူး။

ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ခြောက်ရောင်ခြယ် အလင်းတန်းတွေ တောက်ပလာတယ်။ သူအော်ဟစ်တယ်။ “သေရှင် ဂိတ်တံခါး ပွင့်။” သူအော်လိုက်တဲ့ အချိန်၊ သေရှင် တံခါးကြီးက အစိမ်းရောင် အလင်းတန်းတွေ တောက်ပလာတယ်။ ပိတ်နေခဲ့တဲ့ သေရှင် တံခါးကြီး ပွင့်လာတော့တယ်။

“အာဝူး။”

အလင်းတန်းနဲ့ အတူ တံခါးထဲက သားရဲကောင်အော်သံတွေကို ကြားနေရတယ်။

“တကယ်ပဲ ပွင့်သွားတယ်ပေ့ါ။” ဖန်ကျန်းရှီ ပျော်သွားတယ်။ အကယ်၍ ဆက်ပြီးတော့သာ နတ်ဆိုး ဘုရင် ၈ယောက် ၁၀ယောက်လောက် ခေါ်ထုတ် နိုင်လိုက်ရင်၊ အရမ်း ကောင်းသွားမှာပဲ။

“မဖြစ်ဘူး။ သူက သေရှင် ဂိတ်တံခါးကို ဖွင့်လိုက်ပြီ။”

“ဒါက ကောင်းကင် တာအို ခန်းမကြီးလေဟ။”

“ဒီနေရာမှာ သေရှင် ဂိတ်တံခါး မဖွင့်ရမှန်း မသိဘူးလား။”

ကောင်းကင် တာအို တပည့်သားတွေ ချက်ခြင်း အမူအယာ ပြောင်းသွားတယ်။ ဒီအချိန်မှာ လူတစ်ယောက် ပြေးထွက်လာတယ်။ ဝတ်ရုံဖြူဖြူ၊ မုတ်ဆိတ် ဖြူဖြူတွေနဲ့ နတ်မင်းကြီး တစ်ပါးလိုပဲ။

ဒီလူက နတ်မင်းကြီး မဟုတ်မှန်း ဖန်ကျန်းရှီ သိပါတယ်။ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် မုချင်းဖန်းကြီး။ ဒါပေမယ့် သူ ဘာထွက်လုပ်မှန်းတော့ မသိဘူး။ မေးတော့မယ့် အချိန်မှာပဲ မုချင်းဖန်းက ပွင့်နေတဲ့ သေရှင် တံခါးကြီးကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။

“ဝုန်း။” ခပ်ထိုင်းထိုင်း အသံတစ်ခု ထွက်ပေါ်လာတယ်။

နာရီဟောင်းကြီးက အသံလို တဂျောက်ဂျောက် မြည်သံလည်း ထွက်ပေါ်လာတယ်။ ကောင်းကင်နဲ့ မြေကြီး နှစ်ခုလုံး တုန်ခါလာတယ်။ အင်အားကြီးလိုက်တဲ့ လက်ဝါးချက်။ ပိုပြီး လန့်စရာ ကောင်းတာက သေရှင် တံခါးကြီး ဖြည်းဖြည်းချင်း ပြန်ပိတ် သွားတာပဲ။ သားရဲကောင် အော်သံတွေနဲ့ အလင်းတန်းလည်း ပျောက်ကွယ် သွားပြီ။

“…” ဖန်ကျန်းရှီ ပါးစပ် အဟောင်းသား ဖြစ်နေတယ်။

သူ ကျိန်ဆဲချင်တယ်။ “အဖိုးကြီးမု။ ရန်သူကို ကူညီနေတာလားလို့၊” ဒါပေမယ့် ထုတ်မပြောနိုင်ဘူး။

သေရှင် တံခါးကို လက်ဝါးချက် တစ်ချက်တည်းနဲ့ ပိတ်လိုက်တာလေ။ အကြီးအကဲ မုက သူ့စွမ်းအားတွေကို ဖုံးကွယ် ထားတာပဲ။ သုခမိန်ချင်း အတူတူကို စွမ်းအားက ကွာခြားလိုက်တာ။ ဖန်ကျန်းရှီ လန့်နေ ပင်မယ့်၊ အချိန်မကြာလိုက်ဘူး။ မုချင်းဖန်းက ကောင်းကင် တာအို ခန်းမကို နောက်တစ်ခေါက် ကပ်မဆိုက် စေချင်တာ သူနားလည်တယ်။ ဒါကြောင့် ဒီလို လုပ်တာ ခွင့်မပြု နိုင်တာပဲ။

နောက်ပြီးတော့ သူ့လို ပြန်လည် မွေးဖွားမှု အဆင့် ရောက်ခါစ လူတစ်ယောက်ကို ကောင်းကင် တာအို ခန်းမ ခေါင်းဆောင်က အလွယ်လေး သတ်လို့ ရမှန်း သူသိတယ်။ တတိယ တစ်ခုကတော့ ပြဿနာကို စဉ်းစား နေဖို့ အချိန် မရှိဘူး။ ထျန်းရှင်းက ပြင်ဆင်တာ ပြီးသွားပြီ။

“မင်း ကောင်စုတ်လေး။ ငါမင်းကို သတ်မယ်။” ထျန်းရှင်းရဲ့ မိုးခြိမ်းသံလို ကျိန်းဝါးသံကြီး ထွက်ပေါ်လာတယ်။ အမှန်တိုင်း ပြောရရင် ဒါက သူ့အပြစ်တော့ မဟုတ်ဘူး။ လေးစားခံရတဲ့ ခေါင်းဆောင် တစ်ယောက်ကို သံတွေ၊ အပ်တွေနဲ့ တိုက်ခိုက်တာ စော်ကားတာပဲ။ ဒါ့အပြင် သူ့ခေါင်းကို သေရှင် ဂိတ်တံခါးနဲ့ ပြစ်ပေါက်သေးတယ်။ အရှက်ခွဲ ခံရသလို သူခံစားရတယ်။ ဒါက သည်းခံ နိုင်စွမ်းကို ကျော်လွန် သွားပြီ။

ထျန်းရှင်း မပြောပေမယ့်။ သူ့နှလုံးသားထဲမှာ ဒေါသမီးတွေ တောက်လောင်နေတာ မီးပင်လယ် ဖြစ်နေပြီ။ ခေါင်းကလည်း ပူလွန်းလို့ အငွေ့တောင် ထွက်တော့မယ်။ ဖန်ကျန်းရှီ လုပ်လိုက်တဲ့ ကိစ္စတွေက သူ့ကို ပိုပြီးတော့ ဒေါသ ထွက်လာစေတယ်။

“ဝုန်း။” ထျန်းရှင်းရဲ့ ခန္ဒာကိုယ်က ရုတ်တရက် နစ်ဝင်သွားတယ်။ သူခြေချထားတဲ့ နေရာမှာ ကျောက်တုံးတွေ အမှုန့် ဖြစ်ကုန်ပြီးတော့ သူနစ်မြုပ် သွားတာ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တိုက်ခိုက်ဖို့ ပြင်နေတယ်။

သူ့ရဲ့ မဟူရာ သံချပ်ကာ နောက်ဆုံးတော့ ပြည့်စုံသွားပြီ။ ရွှေရောင် နွယ်ပင်တွေက သံချပ်ကာပေါ်မှာ ရစ်ပတ်နေတယ်။ သတ္တုရောင် တလက်လက် တောက်ပနေတယ်။ ဒီအချိန်မှာ ထျန်းရှင်းရဲ့ မျက်လုံးတွေက လုံး၀ မည်းမှောင်နေပြီ။ ကြောက်စရာ အငွေ့အသက်တွေနဲ့ အတူ ကောင်းကင်ကို ထိုးတက်သွားတယ်။ အခုချိန် လောကမှာ သူတစ်ယောက်တည်း ရှိတော့ သလိုပဲ။

အပိုင်း (၆၈၃)ပြီး၏။

အပိုင်း (၆၈၄)

“ကောင်းကင် နိမိတ် စကားများနဲ့ သန့်စင်ခြင်း။ မမျှော်လင့်တဲ့ အပြောင်းအလဲ။”

“အဖြစ်တော့ ဆိုးပြီ။” ဖန်ကျန်းရှီ တံတွေးမျိုချ နေမိတယ်။ သူ့ခန္ဒာကိုယ် အစိတ်အပိုင်းတွေ အားလုံး လောင်ကျွန်း နေသလိုပဲ။ သူ့ရဲ့ စွမ်းအားကုန် သုံးပြီးတော့ တိုက်ခိုက်တာက ထျန်းရှင်းကို ပိုပြီးတော့ စိတ်ဆိုးစေခဲ့တယ်လေ။

“နေပါအုန်း။” ဖန်ကျန်းရှီ အော်ဟစ်တယ်။

“ခွေးကောင်လေး။ ဘာပြောချင်လို့လဲ။ မင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ။” ထျန်းရှင်း လမ်းတဝက်မှာ ရပ်တန့်နေတယ်။ သူ့အရှိန်အဝါတွေက မပြောင်းလဲဘူး။

“ခန်းမ ခေါင်းဆောင်မု။ ကျွန်တော့် သေရှင် တံခါးကို ပိတ်လိုက်တာ၊ ထျန်းရှင်းကို ကူညီတာပဲ။ ကျွန်တော်ကိုလည်း တစ်ခါတော့ ကူညီသင့်တယ် မဟုတ်လား။ ဒါမှ မျှတမယ်လေ။” ဖန်ကျန်းရှီ မုချင်းဖန်းကို လှည့်ပြောတယ်။

“သူ့ကို တစ်ခေါက် ကူညီရမယ်။ ဒီကောင်စုတ်က ကောင်းကင် တာအို ခန်းမမှာ အမှိုက်တွေ လျှောက်ပြစ်ပြီးတော့ ရှုပ်ထွေးအောင် လုပ်ထားပြီ။ သူ့ကို အပြစ်မပေး တာတောင် ငါတို့ ကြင်နာရာ ရောက်နေပြီ။ ဒါတောင် ဆရာ့ကို ကူညီ ခိုင်းနေ သေးတယ်လား။”

“ကောင်းကင် တာအို ခန်းမှာ သေရှင် တံခါး ဖွင့်လိုက်ရင်၊ ဘာတွေ ဖြစ်လာမယ်မလဲ ဆိုတာ မိုးနတ်မင်းပဲ သိလိမ့်မယ်။”

“အရှက်မရှိ လိုက်တာ။”

ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီကို ဆက်တိုက် ဝေဖန်နေတယ်။ မုချင်းဖန်းလည်း မျက်နှာ မည်းမှောင်နေတယ်။ သူစကား မပြောဘူး။ ဖန်ကျန်းရှီရဲ့ စကားတွေက အရှက်မရှိတာ မှန်ပေမယ့်၊ ကျိုးကြောင့် ဆီလျော်နေတယ်။ ဒါပေမယ့် အခုက ကောင်းကင် တာအို ခန်းမလေ။ သေရှင် တံခါးကို ဒီမှာ ဘယ်လိုလုပ် ပေးဖွင့် နိုင်မှာလဲ။

ဖန်ကျန်းရှီကို တိတ်တဆိတ် ကူညီဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။

“မင်းသာ အသက်ရှင်ရင်၊ မင်းလိုချင်တဲ့ ကိစ္စ တစ်ခု လုပ်ပေးမယ်။” မုချင်းဖန်း သူ့အကျီလက်ကို ခါထုတ်ရင်း ဖန်ကျန်းရှီကို ပြန်ဖြေတယ်။

“ဒီလို လုပ်ကြတာပေါ့။ ကောင်းပြီလေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ မုချင်းဖန်းက ကောင်းကင် တာအို ခန်းမမှာ သေရှင် တံခါး အဖွင့် မခံနိုင်တာကို သူအပြစ် မတင်ဘူး။ ဒါပေမယ့် ဆွေးနွေးဖို့ လိုသေးတယ်လေ။ အသက်ရှင် မရှင်ကတော့ ကံတရားအပေါ် မူတည်မှာပဲ။

“ခွေးကောင်လေ။ မင်းမှာ နောက်ထပ် ပြောစရာ မရှိတော့ဘူးလား။ ငါ့ နောက်ဆုံး တိုက်ကွက်နဲ့ မင်းကို မြန်မြန် အသေသတ် ပေးမယ်။” ထျန်းရှင်း စိတ်မရှည် နိုင်တော့ဘူး။

“ဖြစ်လာရမယ့် ကိစ္စက ဖြစ်လာမှာပဲ။” ဖန်ကျန်းရှီ သက်ပြင်းချတယ်။ သူ့ဘဝက တကယ့်ကို ခက်ခဲတာပဲ။ ပြေးလို့လည်း မရ၊ တိုက်ခိုက်လို့လည်း။ ဒီတော့ ဘာမှ မပြောတော့ဘူး။ လက်သီးဆုပ်ထားရင်းနဲ့ ခြေရာမဲ့ ဓားကို အသင့်ပြင်လိုက်တယ်။ ထျန်းရှင်းကို ချိန်ရွယ်ထားတယ်။

တိုက်ခိုက်မယ့် အချိန်မှာ၊ ထျန်းရှင်းရဲ့ အရှိန်အဝါကို ရှုံးလို့ မဖြစ်ဘူး။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ဖြစ်နေတော့ကော ဘာဖြစ်လဲ။ ခွေးကို ရိုက်ချင်ရင် သခင်ကို ကြည့်၊ နေစမ်းပါအုန်း။ သူက ခွေးမှ မဟုတ်ပဲ။ သခင် ဖြစ်နေတယ်။ သူပြောလို့ ရမှာ တစ်ခုတော့ ရှိတယ်။ ခြေဗလာနဲ့ လူက ဖိနပ်စီး ထားတဲ့ သူကို မကြောက်ဘူး။

“လာစမ်းပါ။ ခင်ဗျားကြီးရဲ့ ဖွတ်ကျား ခမောက်စုတ်ကြီးကို ကြောက်မနေဘူး။ ပြောပြလိုက်မယ်။ ကျွန်တော် အခုထိ စွမ်းအားကုန် ထုတ်မသုံး ရသေးဘူး။” ဖန်ကျန်းရှီ ခနဲ့တဲ့တဲ့ ပြောနေခဲ့တယ်။

“ခမောက်စုတ်ကြီး။”

“ထျန်းရှင်းရဲ့ သွေးအရင်းအမြစ်က လုပ်ထားတဲ့ သံချပ်ကာကို ဒီလို ခေါ်ဝံ့တယ်။”

“တကယ့်ကို မျက်နှာပြောင်တိုက် ချက်ပဲ။”

“နေစမ်းပါအုန်း။ သူက စွမ်းအားကုန် မသုံးရ သေးဘူးတဲ့လား။ အဲ့တာ အမှန်ပဲလား။”

“သူ့စကားကို ယုံလို့ရရဲ့လား။”

တောင်စဉ်ကိုးသွယ် တပည့်သားတွေ ဖန်ကျန်းရှီကို ကျိန်ဆဲ နေကြတယ်။ ထျန်းရှင်းကို အပြစ်ပြုတာက သူတို့ကို အပြစ်ပြုတာထက် ပိုပြီး ခံရခက်တယ်။

“ဆရာ ဒီမောက်မာနေတဲ့ ခွေးကောင်ကို သတ်သာသတ်။” တောင်စဉ် ကိုးသွယ် တပည့်သား တစ်ယောက် အော်ဟစ်တယ်။

“ငလူး။ ငါရှုံးရင်တောင်၊ ကြောက်တဲ့ပုံ မပြဘူး။” ဖန်ကျန်းရှီ ခေါင်းမော့ ရင်ကော့ရင်း တွေးနေတယ်။ အဲ့ဒီ့နောက် သူလှုပ်ရှားတယ်။

“မင်းနောက်ကျရင် မင်းရှုံးမယ်။” ဖန်ကျန်းရှီ တွေးနေမိတယ်။ ထျန်းရှင်း မတိုက်ခိုက်ခင် သူအရင်ဆုံး တိုက်ခိုက်ရမယ်။ ရုတ်တရက် ခရမ်းရောင် နဂါးက သူ့ခန္ဒာကိုယ်ကို လွှမ်းခြုံ သွားတယ်။ ခရမ်းရောင် နဂါးကြီးရဲ့ ပေါက်ကွဲမှုက သူ့ကို ကာရံထားတယ်။

“သူအရင်ဆုံး တိုက်ခိုက်တယ်။”

“လှည့်ကွက် သုံးနေတာလား။”

“ဖြစ်နိုင်တယ်။” တောင်စဉ်ကိုးသွယ် တပည့်သားတွေ ကောင်းကင် နဂါးကြီးကို စိုက်ကြည့်နေတယ်။ ထျန်းရှင်းလည်း မျက်လုံးပြူး နေတယ်။ ဖန်ကျန်းရှီ သူ့ကို အရင် တိုက်ခိုက်မယ်လို့ မထင်ထားဘူး။ အချိန်ဆွဲနေလို့ ထင်ထားခဲ့တာ။ အခုတော့ ဖန်ကျန်းရှီက သူ့ဆီကို လာနေပြီ။ မတွေဝေပဲ တန်းတန်း မတ်မတ်၊ ချက်ခြင်း၊ ထျန်းရှင်း သူရပ်နေတဲ့ နေရာက ပျောက်ကွယ်သွားတယ်။ မြန်လွန်းလို့ သာမာန် မျက်လုံးနဲ့ သူ့ကို မမြင်နိုင်ဘူး။

“သေစမ်း။” သူအော်ဟစ်တယ်။

“လာလိုက်စမ်းပါ။” ဖန်ကျန်းရှီ ဒေါသတကြီး ပြန်ဟိန်းဟောက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ဓား ထိပ်ဖျားမှာ မိုးပြာရောင် အလင်းတန်း ပေါ်လာတယ်။ ဒီအလင်းတန်း ပေါ်လာတဲ့ အချိန် သူ့ရှေ့က လေဟာနယ်ထဲကို တစ်ခုခု ဝင်လာတယ်။ စွမ်းအားကြီး တစ်ခုက လေဟာနယ်ကို ဆွဲဖြဲ လိုက်သလိုပဲ။ အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာဘူး။

ထျန်းရှင်းက သူ့ရှေ့မှာ ရောက်နေပြီ။ မိုးပြာရောင် အလင်းတန်းနဲ့ သူ့ကြားမှာ ရောက်နေတာ။ မဟူရာ သံချပ်ကာက ထွက်လာတဲ့ အင်အားတွေက တောင်လို လေးလံနေတယ်။ အသေးစိတ် ပြောရရင်၊ သူ့သံချပ်ကာရဲ့ ရွှေမျှင်တွေကနေ ဒီအရှိန်အဝါတွေ ထွက်ပေါ်နေတာ။

ရှုပ်ထွေးတယ်။ ရှေးကျတယ်။ ဒါပေမယ့် အရာ အားလုံးကို လွှမ်းမိုးနိုင်တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က နေရာမှာတင် ရှိနေတုန်းပဲ။ သူ့ရဲ့ ဓားမှာ ခရမ်းရောင် အလင်းတန်းက ဆက်ပြီး တောက်ပနေတယ်။ ဒါပေမယ့် ရှေ့ဆက်တိုးလို့ မရဘူး။

ရွှေရောင် ကြိုးတွေက သူထိပါးလို့ မရတဲ့ အရာတစ်ခုလို ခံစား နေရတယ်။ သာမာန်လူသား တစ်ယောက်က နတ်ဘုရားနဲ့ ကြုံတွေ့ နေရသလိုပဲ။ တိမ်သဏ္ဍာန်နဲ့ ရွှေမျှင်တွေ အတူတူပဲလား။ ကန်လင်း တောင်မှာ ကောင်းကင် သုခမိန် ကျောက်ဖျာကို မယူခင် တိမ်သဏ္ဍာန်ကို မြင်ခဲ့ဖူးတယ်။ နောက်ထပ် နေရာတွေမှာလည်း ဆက်တိုက် တွေ့တယ်။

ဝူဖုန်းရဲ့ ကျောက်စိမ်းပုလွေ၊ ဧကရာဇ် လင်းမုပိုင်ရဲ့ လှည်း။ ဒါ့အပြင် ရှန်းယွမ် ပုံစံ ပြောင်းတဲ့ အချိန်မှာလည်း တိမ်သဏ္ဍာန်ကို တွေ့ရတယ်။ ထျန်းရှင်းလို သံချပ်ကာပေါ်မှာ ဒါတွေ ပေါ်လာအောင် လုပ်နိုင်တာတော့ ပထမဆုံး မြင်ဖူးတာပဲ။ သူ့ရဲ့ စွမ်းအား အရင်းအမြစ်နဲ့ သွေးကို ပေါင်းစည်းပြီး ဖန်တီးတာမှန်း သိတယ်။

တကယ်တော့ မြင့်မြတ် နယ်မြေ အကြောင်းကို ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ များများ ပြောခဲ့သင့်တာ။ ဝမ်းနည်းစွာနဲ့ပဲ၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက နှုတ်လုံလွန်းတယ်။ ဖန်ကျန်းရှီ အရိပ်မျိုးနွယ်ကို ဝင်မှပဲ ဒီအကြောင်း ပြောပြမယ်လို့ ပြောတာ။ အဲ့ဒီ့ အချိန်တုန်းက သူကလည်း သဘာဝလွန် အဆင့်ပဲ ရှိသေးတယ်။

မြင့်မြတ် နယ်မြေနဲ့ သုခမိန်တွေ ဆ ိုတာ အဝေးကြီးမှာ ရှိတဲ့ အရာတွေလို့ ဖန်ကျန်းရှီ တွေးထင်ခဲ့တယ်။ ဒါကြောင့် သူလည်း စိတ်မဝင်စားဘူး။ အခုတော့ ထျန်းရှင်းကို ဓားနဲ့ မထိုးနိုင် ဖြစ်နေတယ်။ ငလူးပဲ။ သူ့ကို တွန်းအားပေးဖို့ လူတစ်ယောက် လိုအပ်နေတယ်။ ဒါပေမယ့် ပြဿနာက အချိန် မကြာပါဘူး။

သူ့မှာ တွေးနေဖို့ အချိန်တောင် မရလိုက်ဘူး။ ထျန်းရှင်းက သူ့ကို လက်သီးနဲ့ ထိုးလိုက်တယ်။ ရိုးရှင်းတဲ့ လှုပ်ရှားမှုပဲ။ နောက်ပြီးတော့ မြန်လည်း မမြန်ဘူး။ ဖန်ကျန်းရှီကတော့ ချွေးပြန်နေပြီ။ သူ့ဘဝမှ ပထမဆုံး ဒီလောက် စွမ်းအား ကွာခြားတဲ့သူကို ခံစားမိတာပဲ။ တောင်လို ကြီးမားတဲ့ သားရဲကောင်ကြီးနဲ့ ရင်ဆိုင် နေရတဲ့ တစ်နှစ်သား အရွယ် ကောင်လေး တစ်ယောက်လို့ ကိုယ့်ကိုယ်ကို တွေးနေမိတယ်။ အင်အား ကွာခြားချက်က ကြီးမားလွန်းလို့ တစ်ချက်တောင် မခံစားနိုင်ဘူး။

“သေရှင် သံကြိုးတွေ။” ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို အားပေးတယ်။ ဘာတွေပဲ ဖြစ်ဖြစ် ဆက်ကြိုးစားရမယ်။ တခြား အကြောင်းရင်း မရှိဘူး။ အသက်ရှင်ဖို့ လုပ်ရမယ်။

“ချာ့ ချာ့။” ဖန်ကျန်းရှီ အသံ ထွက်လာတဲ့ အချိန်မှာပဲ သံကြိုးတွေ လေထဲမှာ ပေါ်လာတယ်။ အနီ၊ အပြာ၊ အစိမ်း။ အရမ်း မြန်ဆန်တယ်။ ထျန်းရှင်း တစ်ကိုယ်လုံးကို ခပ်မြန်မြန်ပဲ ဖုံးအုပ်သွားတယ်။ ထျန်းရှင်းရဲ့ လက်သီးက တစ်ခဏတော့ ရပ်တန့်သွားတယ်။ ဒါပေမယ့် ထျန်းရှင်းရဲ့ သံချပ်ကာ ပေါ်က ရွှေရောင်ကြိုးတွေ ရွေ့လျားတော့တယ်။ သေရှင် သံကြိုးတွေ ကွဲအက်ကုန်တယ်။ ကြယ်မှုန်လေးတွေလို လွင့်စင်သွားတယ်။

“ဒါက သန်မာလွန်းနေတာ မဟုတ်လား။” ဖန်ကျန်းရှီမှာ နောက်ထပ် လုပ်စရာ မရျိတော့ဘူး။ သူ့ရဲ့ ကောင်းကင် တာအို၊ သေရှင်တာအို၊ ခြေရာမဲ့ဓား အကုန်လုံးက ထျန်းရှင်းကို မထိခိုက် စေနိုင်ဘူးလေ။

ဒါပေါ့။ ယင်ယန် တာအိုကို သုံးလို့ ရသေးတယ်။ ဒါပေမယ့် ထျန်းရှင်းက သူ့ကို အချိန်ပေးမှာ မဟုတ်ဘူး။ အနက်ရောင် အလင်းတန်းတွေ တောက်ပလာတယ်။ ထျန်းရှင်း လက်သီးက အရမ်း မြန်တယ်။ နှေးရာကနေ မြန်လာတာ။ ဖြစ်စဉ် တစ်ခုလုံးက သဘာဝကျလွန်းတယ်။ အရာအားလုံး ဖြစ်တည်မှုရဲ့ မွေးဖွား သေဆုံး ဖြစ်စဉ်ကို မြင်နေရသလိုပဲ။ ဘယ်နားလွဲနေ လဲဆိုတာကို မသိနိုင်ဘူး။

“ရွှမ်။” သူ့လက်သီးက ဓားတစ်ချောင်းလိုပဲ။ တောင်တစ်လုံးလို အားအင် မကြီးမားဘူး။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ဓားတစ်ချောင်းလို ထိုးဖောက်သွားတယ်။ လက်သီးတစ်ချက်၊ ရင်ဘတ်ကနေ ဝင်ပြီးတော့ ကျောကနေ ထွက်တယ်။ စွမ်းအားတွေ အလင်းဖြာထွက် နေတယ်။ သူစုပ်ယူသွားတဲ့ အားအင် တစက်ချင်းစီက သူ့လက်သီး ထိပ်ဖျားမှာ စုဆုံတယ်။ သွေးတွေ ရှေ့ဘက်မှာ စီးကျလာတယ်။ ကောင်းကင်ပေါ်ကနေ စီးဆင်းလာပြီးတော့ တပည့်သားတွေရဲ့ ခေါင်းပေါ်ကို ကျလာတယ်။

“ဖန်ကျန်းရှီ။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ ထွက်ပေါ်လာတယ်။

“မင်းသားကန်။” မင်းသားရှန်း လင်းယွမ် လှမ်းအော်တယ်။ သူ့မျက်နှာကတော့ စိုးရိမ်လွန်းလို့ ဖြူဖျော့နေပြိ။

“ကြည့်ရတာ အံ့ဖွယ်တွေ ဖြစ်မလာတဲ့ ပုံပဲ။” ကောင်းကင် တာအို တပည့်သားတွေ ပြောမိကြတယ်။

“ကောင်းလိုက်တာ နောက်ဆုံးတော့ သေသွားပြီ။” တောင်စဉ် ကိုးသွယ် တပည့်သားတွေ ပျော်ရွှင် နေကြတယ်။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထိုးချလိုက်တာ၊ သူ့အသက်အတွက် အဆုံးူသတ်ပဲ။

တစ်ခဏတာ တိတ်ဆိတ်သွားတယ်။ ဒီအချိန်မှာ ထျန်းရှင်းရဲ့ မျက်ဝန်းတွေ ပြန်တည်ငြိမ်သွားတယ်။ အနက်ရောင်ကနေ ရေလို တည်ငြိမ်သွားတယ်။

“ငါခန့်မှန်း တာမှန်တယ် ဆိုရင်၊ မင်းနှလုံးသားက ညာဘက်မှာ ရှိနေတာပဲ ဖြစ်ရမယ် ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီရဲ့ ရင်ဘတ်က လက်သီးကို ကြည့်ရင်း ထျန်းရှင်း ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“နောက်ဆုံးတော့ သိသွားပြီပဲ။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ပီသပေတယ်။ အဟွတ်။” ဖန်ကျန်းရှှီ ချောင်းဆိုးရင်း ပြောတယ်။ ဒါပေမယ့် သူနည်းနည်းတော့ စိတ်ရှုပ်ထွေး နေတယ်။ ဘာကြောင့် ထျန်းရှင်းရဲ့ လက်သီးက သူ့ရဲ့ ညာဘက်ရင်ဘတ်ကို တိုက်ခိုက်မှန်း စဉ်းစား မရဘူး။ ထျန်းရှင်းက သူ့ကို မသတ်ချင်တာလား။

အခုတော့ ထျန်းရှင်းရဲ့ စကားတွေကို ကြားတော့ အကြောင်းရင်းကို သူနားလည် သွားပြီ။ အံဖွယ်တွေက တစ်ခါတစ်လေ မမျှော်လင့်ထားတဲ့ ပုံစံနဲ့ လာတတ်တာပဲ။

“မင်းက ဉာဏ်ကြီးရှင် ဆိုတာတော့ ငါဝန်ခံရမယ်။ မင်းရဲ့ ခန္ဒာကိုယ်ကလည်း ပြိုင်ဘက်ကင်းပဲ။ နှလုံးက တကယ်ပဲ ညာဘက်မှာ ရှိနေတယ်။ မင်းရဲ့ လှည့်ကွက်ထဲ ငါရောက်တော့မလို့။ ဒါပေမယ့် ငါမလုပ်နိုင်တဲ့ ကိစ္စ မရှိဘူး။ နှစ်တစ်ထောင် မီးဆေးပင်က မင့်အပိုင် မဟုတ်ဘူး။ ဒီတော့ မင်းအသက်ကို ငါယူရတာပေါ့။” ဖန်ကျန်းရှီ ဝန်ခံလိုက်တာ ကြားတော့ ထျန်းရှင်း ပြုံးနေတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ သံချပ်ကာလည်း ပြိုကွဲပြီး ခန္ဒာကိုယ်ထဲ ပြန်ဝင်သွားတယ်။ သူ့ရဲ့ သွေးအရင်းအမြစ်ကို သုံးပြီးတော့ ဒါကို ပြင်ဆင်ဖို့ အချိန်ယူရတယ်။ ရွေးစရာ ရှိမယ်ဆိုရင် ဒါကို သုံးမှာ မဟုတ်ဘူး။ ဒါက နောက်ဆုံးသော ဝှက်ဖဲပဲ။ ဒါ့အပြင် သူ့ရဲ့ စွမ်းအား ၃၀%ကိုလည်း ဖန်ကျန်းရှီနဲ့ ချီကူယန်က စုပ်ယူ သွားသေးတယ်။ ဒါကြောင့် သူမောပန်းနေတယ်။

ကောင်းကင် တာအို ခန်းမမှာ ဖြစ်တဲ့ အတွက် မောပန်းတဲ့ ပုံစံ မပြဘူး။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ထဲက နှစ်တစ်ထောင် မီးဆေးပင်ကို ယူရမှာ အပြင်၊ သူ့တပည့် သုံးရာကိုလည်း ပြန်ခေါ် သွားရအုန်းမယ်။ သူ့ကိုယ်ကို စွမ်းအား လျော့စေလို့ မဖြစ်တော့ဘူး။ ဖန်ကျန်းရှီရဲ့ နှလုံးသားကိုလည်း အပေါက်ဖြစ်အောင် သူလုပ်လိုက်ပြီ။ သူ့ကို နောက်ထပ် ဘယ်လို တိုက်ခိုက် နိုင်တော့မှာလဲ။ တိုက်ခိုက် ခဲ့ရင်တောင် ထျန်းရှင်း သူ့ရဲ့ သွေးအရင်းအမြစ်ကို လိုတော့မှာ မဟုတ်ဘူး။

“ဝုန်း။” ဒီအချိန်မှာပဲ ကောင်းကင်ကနေ မိုးကြိုးတွေ ပြစ်ချတော့တယ်။ ပုံမှန် မိုးကြိုးနဲ့မတူတာက ဒီတစ်ခေါက် မိုးကြိုးက ရွှေရောင်တွေ။ အနက်ရောင် ညကောင်းကင်မှာ ရွှေရောင် မိုးကြိုးတွေ ဆင်းသက်လာနေတယ်။ လိုက်ကာ တစ်ခုကို လှပ်တင် နေသလိုပဲ။ ဒီမြင်ကွင်းက လူတိုင်းရဲ့ အာရုံကို ဖမ်းစာလးိုက်တယ်။

“ရွှေရောင် မိုးကြိုးတွေ၊”

“အဲ့တာတွေက”

“ကောင်းကင် နိမိတ် ဟောစာတမ်း ရောက်လာပြီ။ နိမိတ် ကျလာပြီ။”

“တကယ်ပဲ ကောင်းကင် နိမိတ်က ကောင်းကင် တာအို ခန်းမဆီကျလာတယ်။ ကြည့်ရတာ အစ်မကြီး ကူယန်ကို ဦးတည်နေတဲ့ ပုံပဲ။”

ကောင်းကင် တာအို တပည့်သားတွေ မိုးကြိုးတွေကို ကြည့်ရင်း မျှော်လင့်တကြီး စောင့်ဆိုင်းနေတယ်။ ဖန်ကျန်းရှီကိုတော့ ဘယ်သူမှ အာရုံ မစိုက်ဘူး။ သူက သေလူ တစ်ယောက်လေ။ လူသေကို ဘယ်သူက အာရုံ စိုက်မှာလဲ။

“ဂုဏ်ယူပါတယ် အစ်မကြီး။”

“နောက်ဆုံးတော့ ကောင်းကင်ဘုံ ကောင်းချီး မင်္ဂလာကို ရရှိပြီ။”

“ရွေးချယ်ခံ အစ်မကြီး ချီကူယန်က နောက်ဆုံးတော့ ကောင်းကင် နိမိတ် စကားနဲ့ သန့်စင်ခံရ တော့မယ်။”

လူတိုင်းက ချီကူယန်ကို ကြည့်နေကြတယ်။ သူတို့ မျက်လုံးထဲမှာတော့ နတ်မိမယ် တစ်ပါးကို မြင်နေ ရသလိုပဲ။

အပိုင်း (၆၈၄)ပြီး၏။

အပိုင်း (၆၈၅)

“ရူးချင်စရာ ပြန်လည် မွေးဖွားမှု စက်ကွင်း။”

အလင်းတန်းကြီး ကျဆင်းလာပြီး တဲ့နောက် မှောင်မည်းနေတဲ့ ညလည်း ပျောက်ကွယ် သွားတယ်။ ဒီမြင်ကွင်းကြောင့် ထျန်းရှင်းလည်း ချီကူယန်ကို လှမ်းကြည့်တယ်။

ချီကူယန်ရဲ့ ပန်းနုရောင် ဝတ်ရုံက အလင်းတန်းအောက်မှာ မျက်စိကျိန်းလောက်အောင် တောက်ပနေတယ်။ သူမရဲ့ အလှတရားက အထီးကျန် နတ်မိမယ် တစ်ပါးလိုပဲ။ ဒါပေမယ့် သူ့ အမူအယာက ပျော်ရွှင် နေပုံ မပေါ်ဘူး။ တကယ်တော့ အရမ်းကို အေးချမ်း တည်ငြိမ်နေ်တယ်။ အရေးအကြီးဆုံးက သူမ ကောင်းကင်ကို ကြည့်မနေဘူး။ အတိအကျ ပြောရရင်၊ အဝေးက သူမ ရှေ့က ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။

“အခုချိန်ထိ လက်မလျှော့ သေးတာလား။” ထျန်းရှင်း နည်းနည်းတော့ လန့်သွားတယ်။ ချီကူယန်နဲ့ ဖန်ကျန်းရှီ ဘယ်လို ပတ်သက်မှန်း သူမသိဘူး။ ဒါပေမယ့် နှစ်တစ်ထောင် မီးဆေးပင်ကို ခိုးယူပြီးတော့ အတင်း ပွေ့ဖက် တိုက်ကျွေး ခဲ့ပု အရဆိုရင်၊ သူတို့ရဲ့ ဆက်ဆံရေးက ထူးခြားလိမ့်မယ်။

အခုတော့ ကောင်းကင် နိမိတ် ဟောစာတမ်းက ဆင်းသက်လာပြီ။ ကောင်းကင် တာအို ခန်းမကို တန်းတန်း မတ်မတ်ကြီး ရောက်လာတယ်။ စဉ်းစားကြည့်ရင် ချီကူယန်က ရွေးချယ်ခံ ဆိုတာ သေချာ သွားတဲ့ ပုံစံပဲ။

မဖြစ်ဘူး။

“နောက်ထပ် အချိန် ဖြုန်းလို့ မဖြစ်ဘူး။”

ထျန်းရှင်း စိတ်ဆုံးဖြတ် လိုက်ပြီ။ ကောင်းကင် နိမိတ် ဆင်းသက် လာပြီးရင် ဘာတွေ ဖြစ်မလဲ သူမသိဘူး။ ဒါပေမယ့် ချီကူယန်သာ မြင့်မြတ် စကားလုံးတွေနဲ့ သန့်စင် ခံလိုက်ရရင်၊ သူမရဲ့ အင်အားက ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာ လိမ့်မယ်။ ဒီအတွက် ကြိုတင် ပြင်ဆင် ထားဖို့ လိုမယ်။ အခုတော့ သူ့ရဲ့ စွမ်းအား အများစုက ပျက်စီးသွားပြီ။

ဒီအချိန်မှာ ကောင်းကင် တာအို ခန်းမထဲ ကြာကြာ နေဖို့က ဆုံးဖြတ်ချက်ကောင်း မဟုတ်ဘူး။ ချီကူယန်သာ ဖန်ကျန်းရှီ အတွက် လက်စား ချေမယ် ဆိုရင်၊ ဘာတွေ ဖြစ်လာနိုင်မလဲ ဘယ်သူမှ သိမှာ မဟုတ်ဘူး။

ဆေးကို ယူရမယ်။ ဆေးကို ချက်ခြင်း ယူရမယ်။

ဒါကို တွေးမိတာနဲ့ ထျန်းရှင်း တွေေ၀ မနေတော့ဘူး။ တပတ်လှည့်ပြီး ဖန်ကျန်းရှီကို ကြည့်တယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်က လက်သည်းတွေ အပြည့်နဲ့ အသွင်ပြောင်းသွားတယ်။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ကုတ်ဆွဲရင်း ဆေးလုံးကို ယူဖို့ ပြင်တယ်။ ဒါပေမယ့် သူ့ရဲ့ ခေါင်းကို လှည့်လိုက်တဲ့ အချိန်၊ ခန္ဒာကိုယ်က စက်ဝိုင်းပုံ တပတ်လည် သွားခဲ့တယ်။

တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင် အနေနဲ့ သူက အခြေအနေတိုင်းမှာ တည်ငြိမ် အေးဆေးတယ်။ သူ့ရဲ့ စိတ်အေးဆေး တည်ငြိမ်မှုက သာမာန်လူတွေထက်ကို ကျော်လွန်တယ်။ အခုချိန်မှာတော့ နောက်ထပ် တည်ငြိမ် မနေနိုင်တော့ဘူး။

“အင်း။” သမုဒ္ဒရာလို ကျယ်ပြန့်တဲ့ စွမ်းအားတွေရဲ့ အသံ ထွက်ပေါ်လာတယ်။ ဒီအသံက ထျန်းရှင်းနဲ့ အရမ်း နီးကပ်တယ်။ သူ့ရှေ့မှာတင် ဖြစ်လာတဲ့ ပုံစံပဲ။ ဒါကို ထျန်းရှင်း မမျှော်လင့်ထားဘူး။

“ဒါဘယ်လို ဖြစ်မိမှာလဲ။” ထျန်းရှင်း မယုံနိုင်။ ယုံလည်း မယုံဝံ့ဘူး။ ဖန်ကျန်းရှီက သူ့ကို အကွက်ဆင်ပြီး တိုက်ခိုက် နိုင်စွမ်း ရှိအုန်းမယ်လို့ ဘယ်လိုလုပ် ထင်မှာလဲ။ ညာဘက် နှလုံးသားမှာ အပေါက် ဖြစ်သွားတာတောင် မိုးမြေ စွမ်းအားကို ထိန်းချုပ် နိုင်သေးတယ်လား။

အဲ့ဒီ့ကောင်က နတ်ဆိုးလား။ နတ်ဆိုး ဖြစ်ရင်တောင်၊ သဘာ၀ အစီအစဉ် အတိုင်း ဖြစ်သင့်တယ်လေ။ ထျန်းရှင်း အကြောင်းရင်းကို မသိတာကြောင့် အံ့သြ နေခဲ့တယ်။ တကယ်တော့ သူမြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ကို ပိုပြီးတော့ အံ့သြ စေတယ်။

အလင်းစက်ဝိုင်း တစ်ခုက မနားတမ်း လှည့်ပတ်နေတယ်။ ဒီအလင်းတန်းက အပိုင်း ခြောက်ပိုင်း ကွဲထွက်နေတယ်။ တစ်ပိုင်းချင်း စီတိုင်းမှာ စက်ဝိုင်း သဏ္ဍာန် တစ်ခုစီနဲ့ စုစုပေါင်း ခြောက်ခု ရှိနေတယ်။ အဲ့တာက ဖန်ကျန်းရှီရဲ့ ညာဘက် ဘက်ဝါး အလယ်ကို ဗဟို ပြုပြီးတော့ ရှိနေတာ။ ဆက်တိုက် လှည့်ပတ်ရင်းနဲ့ ကြီးမားတဲ့ အလင်းစက်ကွင်းကြီး တစ်ခု ပုံပေါ်လာနေတယ်။

ပိုပြီး အရေးကြီးတာ၊ အလင်းလုံးကြီး နှစ်ခုက သိသိသာသာကို ထိုးထွက်ပြီး တောက်ပ နေတာပဲ။ တစ်ခုက အပြာရောင်၊ နောက်တစ်ခုက အစိမ်းရောင်။ မိုးကောင်းကင်ကြီးလို ပြာနေတဲ့ အလင်းနဲ့ ကျောက်စိမ်းလို တောက်ပြီး ကြည်လင်နေတဲ့ အလင်းတန်း။ ဒီအချိန် ထျန်းရှင်းရဲ့ စိတ်ခံစားချက်တွေ ကပြောင်းကပြန် ဖြစ်သွားတယ်။ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ရှိတဲ့ အလင်း စက်ဝန်းက သာမာန် မဟုတ်ဘူး။ အဲ့တာ လောက တစ်ခုပဲ။ သန်းချီတဲ့ ဖြစ်တည်မှုတွေ တည်ရှိနေတဲ့ လောကတစ်ခု။

“ဒီလောက် အချိန်အကြာကြီး တိုက်ခိုက်နေမိတာ ငလူးပဲ။” ဖန်ကျန်းရှီရဲ့ အသံက ထျန်းရှင်း နားထဲကို ဝင်ရောက်လာတယ်။ ဒေါသတကြီးနဲ့ စိတ်ဆုံးဖြတ် လိုက်တဲ့ ပုံစံပဲ။ တကယ်တော့ ဖန်ကျန်းရှီ တော်တော်လေး ဒေါသ ထွက်နေတာ။

နှစ်တစ်ထောင် မီးဆေးပင်လေး တစ်ပင်ပဲ မဟုတ်ဘူးလား။ ငလူးမတားရဲ့။ သူလည်း မစားချင်ခဲ့ဘူး။ ချီကူယန်ရဲ့ သူ့ပါးစပ်ထဲ အတင်း ထိုးထည့်လို့ အသက်ရှူကြပ်ပြီး သေမလို ဖြစ်ခဲ့သေး။

ရတနာတဲ့လား။ ရတနာသော ဘာသော ဂရုမစိုက်ဘူး။ နာကျင်လိုက်ရတာ သေမတတ်ပဲ။ စားတောင် ပြီးသွားပြီ။ ထွေးထုတ်လို့ ရရင် ထွေးထုတ် ပြစ်ချင်တာပေါ့။ တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင်တဲ့လား။ အဲ့ဒီ့တော့ ဘာဖြစ်လဲ။ ခေါင်းဆောင် ဖြစ်နေလည်း ငါကတော့ သောက်ခွက်ရိုက်မှာပဲ။

“ဝုန်း။” နားကန်း မတတ် အသံကြီး ကောင်းကင် တာအို ခန်းမမှာ ထွက်ပေါ်လာတယ်။ ကောင်းကင် တစ်ခုလုံးလည်း တုန်ခါသွားတယ်။ ဒေါသတကြီးနဲ့ လက်သီးချက်ကြောင့် ဒီလို အဖြစ်တေါ ဖြစ်လာခဲ့တာ။ ဖန်ကျန်းရှီ တိုက်ခိုက်ပြီ။

ထျန်းရှင်း မျက်လုံးတွေ ထိတ်လန့် တကြား ပြူးကျယ် နေခဲ့တယ်။ နေရာမှာ ခြေစုံရပ်ရင်းနဲ့ ငေးကြည့်နေတယ်။ ပြန်လည် မွေးဖွားမှု စက်ကွင်းနဲ့ လွှမ်းခြုံထားတဲ့ လက်သီး တစ်လုံးက သူ့မျက်နှာပေါ်ကို တည့်တည့်ကျတယ်။

ဒီအချိန်မှာ ဖန်ကျန်းရှီကတော့ အလွန်အမင်း ပျော်ရွှင် ကျေနပ်နေခဲ့တယ်။ တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင်၊ မြင့်မြတ် ဒေသမှာ စွမ်းအား အကြီးဆုံး လူတွေထဲက တစ်ယောက် ဖြစ်နေတော့ကော ဘာဖြစ်လဲ။

လက်သီးတစ်ချက်။ ဒေါသတကြီးနဲ့ အားကင် အကုန်လုံးကို သုံးပြီးတော့ ထိုးချလိုက်တဲ့ လက်သီးတစ်ချက်။

သူ့လက်သီးချက်ကြောင့် ထျန်းရှင်း လဲကျ သွားမယ်လို့ ဖန်ကျန်းရှီ မထင်မှတ် ထားခဲ့ဘူး။ ဒါပေမယ့် အသက်ရှင်နေရင်တောင် အနည်းဆုံး သွေးထွက်အောင် ရိုက်ပြစ်မယ်။

“ဂျွတ်။” လက်သီးနဲ့ ခန္ဒာကိုယ် ထိတွေ့တဲ့ အသံ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီလည်း ပြင်းထန်တဲ့ နာကျင်မှုကို ခံစား လိုက်ရတယ်။ ထျန်းရှင်းရဲ့ လက်သီးချက်က သူ့ခန္ဒာကိုယ်ကို ထွင်းဖောက် သွားပေမယ့် သူ့ကို သတ်နိုင်ဖို့ မလုံလောက် ခဲ့ဘူး။ ဒီတစ်ခေါက် နာကျင်မှုက ပြင်းထန်လွန်းတယ်။

သွေးတွေက နေရာ အနှံ့ကို စီးကျနေတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အံကြိတ်ရင်း ပြုံးနေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီသွေးတွေက သူ့သွေးတွေတင် မဟုတ်ဘူးလေ။ ထျန်းရှင်း အန်ထုတ်လိုက်တဲ့ သွေးတွေနဲ့ပဲ ရောနှောနေတယ်။

“ခဘွန်း။”

ထျန်းရှင်းရဲ့ ခန္ဒာကိုယ်က မြေပြင်နဲ့ အရှိန်ပြင်းပြင်း ထိတွေ့ သွားတယ်။ သူ့ရဲ့ ဝတ်ရုံနက်က တစ်စဆီ ဆုတ်ပြဲ သွားပြီးတော့ ခေါင်းပေါ်က ရွှေဆံထိုး ကိုးချောင်းလည်း မြေပြင်ပေါ်ကို ပြုတ်ကျ သွားခဲ့တယ်။ ဒီမြင်ကွင်းက အရမ်းကို မြန်မြန်ဆန်ဆန် ဖြစ်ပျက် သွားခဲ့တယ်။ ကောင်းကင်က လျှပ်စီးတန်းကြီး ဆင်းသက်လာတဲ့ အချိန်ကနေ ထျန်းရှင်းကို ဖန်ကျန်းရှီ အလဲထိုးပြစ်တဲ့ အချိန်ထိ မျက်တောင် ၂ခတ်စာပဲ ကြာမြင့်တယ်။

အပ်ကျသံ မကြားအောင် တိတ်ဆိတ် သွားခဲ့တယ်။ ဘာတွေဖြစ်သွားမှန်း မသိကြပေမယ့် ထျန်းရှင်း ပြုတ်ကျသွားတဲ့ နေရာမှာ အပေါက်ကြီး တစ်ခု ဖြစ်နေတာကို လူတိုင်း မြင်ကြတယ်။ တောင်စဉ် ကိုးသွယ်ရဲ့ ခေါင်းဆောင်ကတော့ မြေတွင်း အလယ်မှာ လဲလျောင်းနေပြီ။

ဘယ်သူက ထျန်းရှင်းကို ထိခိုက်အောင် လုပ်နိုင်တာလဲ။ တောင်စဉ် ကိုးသွယ် တပည့်သားတွေ မယုံနိုင်ဘူး။ သူတို့တွေတင် မကဘူး။ ကောင်းကင် တာအို တပည့်သားတွေ၊ ဧကရာဇ် လင်းမုပိုင်၊ မင်းသားရှန်း လင်းယွမ်နဲ့ တခြား ဧကရာဇ်၂ပါးပါ မယုံနိုင်ကြဘူး။

“ထျန်းရှင်း လဲကျ သွားတာလား။”

ရွှေရောင် မိုးကြိုးတွေ ဆင်းသက်လာတဲ့ အချိန်မှာ သူတို့တွေ မျှော်လင့် တကြီး၊ တလေးတစားနဲ့ စောင့်ဆိုင်း နေခဲ့ကြတယ်။ ထျန်းရှင်း ရုတ်တရက် အလဲထိုး ခံလိုက်ရတာကို မြင်တော့ သူတို့တွေ မျက်လုံး ပြူကျယ်နေတယ်။

ကောင်းကင်ကို တဖန် ပြန်ကြည့်တဲ့ အချိန်၊ ညာဘက် ရင်ဘတ် တစ်ခုလုံး သွေးတွေ ရွဲနစ်နေပြီး ပါးစပ်မှာ သွေးတွေ စီးကျနေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။ လူတွေ ထိတ်လန့်ကုန်တယ်။

“အဲ့တာ ဘာကြီးလဲ။”

“အလင်း စက်ကွင်းကနေ နောက်ထပ် စက်ဝိုင်း ခြောက်ခု ထွက်နေတယ်။ မိုးပြာရောင်နဲ့ အစိမ်းရောင်။”

“အဲ့တာ ဘာတာအိုလဲ။”

ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ပွင့်နေတဲ့ ပါးစပ်တွေကနေ အသံတွေ ထွက်ပေါ်နေတယ်။ လူတိုင်းက အလင်းစက်ကွင်းတွေကို ထိတ်လန့် တကြား စူးစမ်း လိုစိတ်တွေနဲ့ ကြည့်နေကြတယ်။

“အဲ့တာ ဘာကြီးလဲ။ ဆရာ့ကိုတောင် အလဲထိုးနိုင်တယ်။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

“အဲ့ဒီ့ကောင်က သေပြီ မဟုတ်ဘူးလား။ ဘာကြောင့်များ ဒီလောက်တောင် အင်အား ကြီးရတာလဲ။”

တောင်စဉ် ကိုးသွယ်ရဲ့ တပည့်တွေ မယုံနိုင်ကြဘူး။ ဒါပေမယ့် အမှန်တရားပဲ။ ထျန်းရှင်းက မြေပြင်က အပေါက်ထဲမှာ လဲကျနေပြီ။ ဖန်ကျန်းရှီက လေထဲမှာ လွင့်မျောနေတယ်။

“ပြန် ပြန်လည် မွေးဖွားမှု စက်ကွင်း။ အဲ့တာ ပြန်လည် မွေးဖွားမှု စက်ကွင်းပဲ။” ထျန်းရှင်း သွေးအန်ရင်းနဲ့ ဗလုံး ဗထွေး ပြောနေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ လက်ထဲက အလင်းစက်ကွင်းက သူ့ကို မနားတမ်း တုန်လှုပ်စေတယ်။ သူ့နှလုံးသား တစ်ခုလုံး အေးစက်နေတယ်။ ကျောမှာလည်း ချွေးတွေ ရွဲနစ် နေခဲ့တယ်။

“ပြန်လည် မွေးဖွားမှု စက်ကွင်းက ဘာကြီးလဲ။”

“အဲ့တာ ဘာကြီးလဲ။“

“ငါ တစ်ခါမှ မကြားဖူးဘူး။”

“ငါဖတ်ဖူးတယ်။ မှတ်တမ်းထဲမှာ ထည့်ထားတာတော့ အဲ့တာက အသွင်ယူ ဟန်ဆောင်တာ ဒါမှမဟုတ်ရင် အယူအဆ တစ်ခုတဲ့။ တကယ့် အစစ်အမှန် ဖြစ်မလာနိုင်ဘူး။”

“အသွင်ယူ ဟန်ဆောင်တာ။ အဲ့တာကလား။”

ထျန်းရှင်း စကားကြောင့် တပည့်သားတွေ ထိတ်လန့် တကြား အော်ဟစ်တယ်။ အမည်မဖော် နိုင်တဲ့ စကားလုံး ထူးထူး ဆန်းဆန်းတွေ သူတို့ ပါးစပ်ကနေ ထွက်ပေါ်လာတယ်။ တကယ်တော့ သူတို့ရဲ့ ထိတ်လန့်မှုကို စကားနဲ့တောင် ဖော်ပြလို့ မရဘူး။

“ပြန်လည် မွေးဖွားမှု စက်ကွင်းလား။ ဒီခွေးသားလေး။ ငါခန့်မှန်း မိသင့်တာ။ ကောင်းကင် တာအိုနဲ့ သေရှင် တာအိုကို ပညာရှင် အဆင့် တတ်ထားမှတော့ ဒါကို ငါ အစောကြီးတည်းက သိသင့်တာ။” မုချင်းဖန်း အထိတ်တလန့်နဲ့ ရေရွတ်နေတယ်။ သူအတော့်ကို မထိန်းချုပ်နိုင် ဖြစ်နေတယ်။ ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် ဖြစ်ပေမယ့် သူ့တကိုယ်လုံး တုန်ယင် နေတာကို မထိန်းချုပ် နိုင်ဘူး။

“အရှက်မရှိတဲ့ သူခိုးကောင်။” ချီကူယန်ရဲ့ မျက်ဝန်းတွေက အရောင်စုံ တောက်ပ နေခဲ့တယ်။ ကြယ်အလင်းတန်းတွေ အတူတကွ ပေါင်းစည်း နေသလိုပဲ။ သူမ အသံက မကျယ်လောင်ဘူး။ ဒါပေမယ့် သူမ မျက်နှာ တစ်ခုလုံး နီရဲ နေပြီးတော့ အသက်ပြင်းပြင်း ရှူနေရတာက ကြည့်လိုက်တာနဲ့ သိသာနေတယ်။

…

ဖန်ကျန်းရှီလည်း သူ့ကို ကြည့်နေတဲ့ အထိတ်တလန့် လူတွေကို ပြန်ကြည့်တယ်။ ထျန်းရှင်းနဲ့ တပည့်သားတွေရဲ့ စကားကို ကြားတော့ သူတို့ အာရုံစိုက်နေတဲ့ နေရာကို နားလည်သွားတယ်။ သူတို့ အာရုံ စိုက်တာ မှားနေပြီ။

“ထျန်းရှင်းကို ငါအနိုင်ယူလိုက်တာ ဂရုမစိုက် ကြဘူးလား။ နောက်ပြီးတော့ ငါက သူ့ရဲ့ သုံးကွက်ကို ခုခံပြီး အသက်ရှင် နေတာလေ။”

ဒါပေါ့။ ကံတရားကြောင့်လည်း ပါတာပေါ့။ ဒါပေမယ့် သေချာ စဉ်းစား ကြည့်ရင်၊ ကံတရားထက် အင်အားက ပိုပြီးတော့ စွမ်းဆောင် သွားတာလေ။ ဒီလူတွေ အားလုံးက သူ့ရဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းကိုပဲ အာရုံ စိုက်နေ ကြတာလား။ ဒီပစ္စည်းက ဒီလောက်တောင် လန့်စရာ ကောင်းလို့လား။ ဘာမှလည်း အသုံးဝင်တာ မဟုတ်ပဲနဲ့။

ဖန်ကျန်းရှီလည်း သိပ်ပြီး ဟန်ဆောင် မနေတော့ဘူး။ သူကိုယ်တိုင် စမ်းသပ် ကြည့်ပြီးပြီလေ။ ပြန်လည် မွေးဖွားမှု စက်ကွင်း ပါတဲ့ လက်နဲ့ မပါတဲ့လက် တိုက်ခိုက်တာ အင်အား သိပ်မကွာဘူး။ ဒါကြောင့် ပြန်လည် မွေးဖွားမှု စက်ကွင်းကို အရင်က သူမသုံးတာပဲ။ စွမ်းအားကုန်တာ အရမ်း မြန်လွန်းတယ်။ ပြီးတော့ ဘာမှလည်း အသုံးမဝင်ဘူး။ အခုတော့ အခြေအနေတွေက ကွာခြားနေပြီ။

ဖန်ကျန်းရှီမှာ အခွင့်အရေး တစ်ခုပဲ ရှိတယ်။ ကောင်းကင် တာအိုနဲ့ သေရှင် တာအို နှစ်ခုလုံးကို သုံးခဲ့ပေမယ့်။ ထျန်းရှင်းရဲ့ မျက်ခွက်ကို ပိတ်ထိုး နိုင်တဲ့အထိ စိတ်ကျေနပ်မှု မရခဲ့ဘူး။ အခုတော့ ပြန်လည် မွေးဖွားမှု စက်ကွင်းက အကျိုးသက်ရောက်တယ်။ ဒီစက်ကွင်းက သူ့ကို သိသိသာသာ အင်အား ကြီးအောင် မလုပ် ပေးပင်မယ့်၊ နောက်တစ်ခါဆို ချက်ခြင်း ထုတ်သုံးမှ ဖြစ်မယ်။

သုံးကွက်ကို နောက်ဆုံးတော့ ကျော်လွန် သွားခဲ့ပြီ။ ဒါကတော့ ဖန်ကျန်းရှီ အတွေးပဲ။ ဒါပေမယ့် ပြဿနာ သေးသေးလေး တစ်ခု ရှိနေခဲ့တယ်။

“ခဘွန်း။” မြေပြင် တစ်ခုလုံး တုန်ခါ သွားတယ်။ မြေတွင်းထဲက အနက်ရောင် ပုံရိပ် အရှိန်ပြင်းပြင်း ထွက်လာပြီး ဖန်ကျန်းရှီ ဆီကို ဦးတည် ပြေးဝင်လာတယ်။ ထျန်းရှင်း နောက်တစ်ခေါက် လှုပ်ရှားမယ်လို့ ဘယ်သူမှ မထင်ထား မိဘူး။ သုံးကွက်ပဲ တိုက်ခိုက်မယ်လို့ သူကတိ ပေးထားခဲ့တယ်လေ။ အခုတော့ ဖန်ကျန်းရှီကို နောက်တစ်ခေါက် တိုက်ခိုက်နေပြီ။

ဒါ့အပြင် သူ့ခန္ဒာကိုယ် တစ်ခုလုံး အားပြင်းတဲ့ သတ်ဖြတ် လိုစိတ်တွေနဲ့ တောက်ပနေခဲ့တယ်။ သူ့မျက်ဝန်းတွေက အေးချမ်း နေပင်မယ့်၊ မည်းမှောင်ပြီးတော့ လူသတ်ငွေ့တွေ လျှံထွက် နေခဲ့တယ်။

ပြောင်းလဲ သွားပြီ။ ချက်ခြင်းကြီး ပြောင်းလဲ သွားပြီ။

“သေစမ်း။” ထျန်းရှင်း အေးစက်စက် ဟိန်းဟောက်တယ်။ သူ့ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက လေထဲမှာ လွင့်မျောနေတယ်။ စုတ်ပြဲနေတဲ့ ဝတ်ရုံမှာ အလင်းတန်းတွေ တောက်ပလာတယ်။

ဖန်ကျန်းရှီကော သူ့စွမ်းအား အရင်းအမြစ်ကို သုံးနိုင်ရင် ဘယ်လို ဖြစ်မလဲ သူမသိဘူး။ ဖန်ကျန်းရှီက ဘယ်လိုများ ပြန်လည် မွေးဖွားမှု စက်ကွင်းကို သုံးနိုင်တယ် ဆိုတာလည်း သူမသိ။ သံသယ ဖြစ်စရာ ကိစ္စတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် ဒီကိစ္စတွေက အရေး မကြီးတော့ဘူး။

ပြန်လည် မွေးဖွားမှု စက်ကွင်းကြောင့် ဒီတစ်ခုကို သူနားလည်လိုက်တယ်။ ဖန်ကျန်းရှီက ဒီနေ့ကို ကျော်လွန်ပြီးတော့ အသက်ရှင်နိုင်တယ်။ ဖန်ကျန်းရှီက အရှက်မရှိဘူး။ ဒါပေမယ့် ခန္ဒာကိုယ် တစ်ခုလုံးမှာ ပြင်းထန်လွန်းတဲ့ အင်အားကြီး အရှိန်အဝါတွေ ဖုံးလွှမ်းနေတယ်။ ဒါတွေ အားလုံးက သူ့ကို ညွှန်ပြနေတယ်။ ဒီကောင်လေးသာ ဆက်ပြီးတော့ အသက်ရှင်နေရင်၊ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်။ ဒါကြောင့် အခုချက်ခြင်း ဖယ်ရှား ပြစ်ရမယ်။

“ထျန်းရှင်း ရပ်လိုက်။ ဖန်ကျန်းရှီမှာ အသက်ရှင်ချန် လေးလပဲ ကျန်တော့တယ်။” မုချင်းဖန်းရဲ့ အသံ ဒီအချိန်မှာ ထွက်ပေါ်လာတယ်။ ထျန်းရှင်းကို ရပ်တန့် ချင်ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ထျန်းရှင်းနဲ့ ယှဉ်လိုက်ရင် သူက ဖန်ကျန်းရှီနဲ့ အများကြီး ဝေးကွာနေတယ်။

ဒါကြောင့် ထျန်းရှင်း ရပ်တန့်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမှန်တရားကို ပြောပြလိုက်တယ်။ တကယ်တော့ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်၊ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုရဲ့ ခေါင်းဆောင် တစ်ယောက်က တပည့်သားပေါင်း တစ်ထောင်ကျော် ရှေ့မှာ သူ့ကတိကို ဖောက်ဖျက်မယ်လို့ မထင်ထား ခဲ့မိဘူး။

ဒါပေမယ့် ထျန်းရှင်း အတွေးကို သူသိတယ်။ ဖန်ကျန်းရှီသာ လေးလပဲ အသက်ရှင်ချိန် ကျန်တာကို သူမသိခဲ့ရင်၊ သူလည်း ထျန်းရှင်းလို ဆုံးဖြတ်ချက် ချမိမှာပဲ။ နောက်ဆုံးတော့လည်း ပြန်လည် မွေးဖွားမှု စက်ကွင်းကို ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်က အဆုံးမဲ့တဲ့ အနာဂတ် အလားအလာ ရှိနေတယ်။ ဒီလူ အရွယ်ရောက်ပြီး ရင့်ကျက် လာခဲ့ရင်၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိမ့်မလဲ။

ဘယ်သူမှ မသိနိုင်ဘူး။

ထျန်းရှင်းနဲ့ ဖန်ကျန်းရှီက အခုချိန်မှာ ရန်စ ရှိသွားပြီ။ ဒါကြောင့် ထျန်းရှင်းလည်း အနာဂတ်မှာ သူ့အသက်ကို ခြိမ်းခြောက် လာနိုင်သူကို လွယ်လွယ် အလွတ်ပေးမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ ရဲ့ အသက်ရှင်ချိန်ကို သိရင်တော့ လက်လျှော့ကောင်း လျှော့နိုင်ပါရဲ့။

“ဂျိန်း၊” ကောင်းကင်မှာ ရွှေရောင် အလင်းတန်းတွေ ထွက်ပေါ် လာပြန်တယ်။ မှောင်မည်းနေတဲ့ ကောင်းကင် တစ်ခုလုံး လုံး၀ ကွဲထွက် သွားခဲ့ပြီ။ ရွှေရောင် အလင်းတန်း တစ်ခု တောက်ပ လာခဲ့တယ်။

အပိုင်း (၆၈၅)ပြီး၏။

အပိုင်း (၆၈၆)

“နတ်ဘုရားတို့ရဲ့ ရှေးဖြစ် ဟောစာတမ်း။ အပြည့်အ၀ နိုးထ အသက်ဝင်ခြင်း။”

ရွှေရောင် အလင်းတန်းတွေက အမှောင်ထုထဲမှာ တလက်လက် တောက်နေတယ်။ တောက်ပ ထည်ဝါတယ်။ နွေးထွေးမှု အပြည့်ရှိတယ်။ ညသန်းခေါင်ချိန်ကနေ မနက်ရောင်နီ လာချိန်ကို ရောက်သွား သလိုပဲ။ ဒါပေမယ့် ထျန်းရှင်းကတော့ ဒါတွေကို ဂရုမစိုက်အားဘူး။ ဒါပေါ့။ မုချင်းဖန်း ပြောတာကို သူကြားတယ်။ အမှန်တရား ဖြစ်နေတလည်း ဘာဂရု စိုက်စရာလဲ။ နောက်ပြီးတော့ ဖြစ်ခဲ့တဲ့ ကိစ္စက ဖြစ်ပြီးပြီ။ ဘယ်လို တားလို့ ရတော့မှာလဲ။

“မင်းမှာ အသက်ရှင်ချိန် ၄လပဲ ကျန်တော့တာလား။ ဒိတော့ ဘာဖြစ်လဲ။ မင်းမှာ အသက်ရှင်ချိန် တစ်ရက်ပဲ ကျန်ရင်တောင် အခု သေကို သေရမယ်။” ထျန်းရှင်းရဲ့ အကြည့်တွေက ပိုပြီးတော့ အေးစက် လာခဲ့တယ်။ စွမ်းအား အထွတ်အထိပ်ကို ရောက်လာ သလိုပဲ။

“မြင့်မြတ် နယ်မြေက တကယ့်ကို မိုက်တာပဲ။” ထျန်းရှင်းကို ကြည့်ရင်း ဖန်ကျန်းရှီ လှောင်ပြုံးပြုံးပြတယ်။ နှစ်တွေ ရာချီပြီးတော့ သွေးထွက်သံယို စစ်မက် ဖြစ်တာကနေ ဘာတွေ သင်ကြားမိခဲ့ သလဲ။

လောကကြီးမှာ ကောက်ကျစ် ဉာဏ်များတဲ့ သူတွေက ကြီးပွား တတ်တယ်။ ဒါပေမယ့် စစ်မီး လောင်ကျွမ်းတဲ့ အချိန်၊ ဒါတွေက အရေးမကြီးတော့ဘူး။ တကယ့် တကယ်တမ်း အရေးကြီးတာက သန်မာ သလား၊ အားနည်းသလား ဆိုတာပဲ။ အသင့်တော်ဆုံးူ သူပဲ အသက်ရှင်နိုင်မယ်။ မြင့်မြတ် နယ်မြေရဲ့ ဆူပူ အုံကြွမှုမှာတော့၊ မျိုးနွယ်စု ငါးခုက တစ်စိတ် တစ်ပိုင်းချင်းစီ ပါဝင်ကြတယ်။

မြင့်မြတ် နယ်မြေက ရက်စက်တဲ့ အခြေအနေကို သူနားလည်တယ်။ သူတို့တွေက အင်အားကြီးပြီး သန်မာတဲ့သူကို နုာခံကြတယ်။ ဒါပေမယ့် မြင့်မြတ် နယ်မြေကို လျှော့တွက် မိခဲ့တယ်လို့ အခုချိန်ထိ သူ့ကိုယ်သူ ထင်နေတုန်းပဲ။ ထျန်းရှင်းက သူ့စကားတွေကို ဖောက်ဖျက်ခဲ့တယ်။ တစ်ချက်လေးတောင် မတွေေ၀ ခဲ့ဘူး။ မျိုးနွယ်စု ငါးခုရဲ့ လေးစားခံ လူတစ်ယောက်လည်း ဖြစ်တဲ့ အပြင် သူ့စကားလုံးတွေကလည်း သက်ရောက်မှု ကြီးမားတယ်။

ဒါပေမယ့် သူ့ရဲ့ အသက်ရှင်မှုကို ခြိမ်းခြောက်လာတဲ့ အချိန်၊ ကပ်ဆိုက်တော့မှာကို တွေကတဲ့ အချိန်၊ သူ့ရဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုက အံ့မခန်းပဲ။ ဒါက ကြောက်စရာ သူရဲကောင်း တစ်ယောက်ရဲ့ သင်္ကေတလည်း ဖြစ်တယ်။ မြင့်မြတ် နယ်မြေမှာ ကိုယ့်ဘဝကို ချုပ်ကိုင်မယ်။ ဒါပေါ့ ထျန်းရှင်းရဲ့ လုပ်ရပ်တွေက မှားနေတယ်လို့ ဖန်ကျန်းရှီ မထင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြင့်မြတ် နယ်မြေလို လှိုင်းထန်နေတဲ့ လောကကြီးမှာ အသက်ရှင်နိုင်ဖို့ ဒီလို ကိစ္စမျိုးက လုပ်သင့်တယ်လေ။

အားပြင်းလွန်းတဲ့ လက်သီးချက်က သူ့ရင်ဘတ်ကို တန်းတန်း မတ်မတ်ထိတွေ့တယ်။ သာမာန် လူတစ်ယောက်က ဒီလက်သီးချက်ကို တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ တောင့်ခံ ထားနိုင်ရုံတင် မကဘူး။ ထျန်းရှင်းဆီကို တန်းတန်း မတ်မတ် ပြန်ဝင်လာတယ်။ သွေးတွေက သူ့ခန္ဒာကိုယ်ကနေ စီးကျလာတယ်။ သူ့လက်သီးမှာ လှည့်ပတ်နေတဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းက အစိမ်း အပြာ အလင်းတန်း နှစ်ခုနဲ့ တောက်ပနေတယ်။ ကြီးမားတဲ့ စက်ကွင်းကြီး တစ်ခု ပုံစံကို ပြောင်းလဲ သွားတယ်။

“တိုက်ခိုက်။” ဖန်ကျန်းရှီ အော်ဟစ်ရင်း ထျန်းရှင်းဆီ ပြေးဝင်တယ်။ ဟန်ဆောင် ပန်ဆောင် အယောင်ပြ တိုက်ခိုက် မနေတော့ဘူး။ အဲ့လို လုပ်ဖို့လည်း အင်အား မရှိတော့ဘူး။ သူ့လက်သီးချက်က ရိုးရှင်းတယ်။ အလှအပ တန်ဆာဆင် ထားတာလည်း မရှိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ကျန်ရှိသမျှ အားအင်တွေ အကုန်လုံးကို စုစည်းပြီးတော့ တိုက်ခိုက်တာ။

“ဝုန်း။” နားကန်း မတတ် အသံကြီး ထွက်လာပြန်တယ်။ အရိုးကျိုးတဲ့ မာဆတ်ဆတ် အသံကနေ ထွက်ပေါ်လာတာ။ ဖန်ကျန်းရှီ မျက်လုံးပြူး သွားတယ်။ ကောင်းကင် တာအို ခန်းမနဲ့ တောင်စဉ် ကိုးသွယ် တပည့်သားတွေ အားလုံးလည်း အတူတူပဲ။ လူတိုင်းက ဖန်ကျန်းရှီရဲ့ လက်သီးကို စိုက်ကြည့်နေတယ်။ အဲ့ဒီ့ လက်သီးက ထျန်းရှင်းရဲ့ မျက်နှာပေါ်မှာ နောက်တစ်ခေါက် ရောက်နေခဲ့တယ်။

ဒါ ဒါက တကယ်ကြီးပဲ။ ဖန်ကျန်းရှီ သူ့ရဲ့ လက်သီးကနေ ထျန်းရှင်းရဲ့ ပါးရိုးတွေ ကွဲအက်တာကို ခံစား နေရတယ်။ ဒါပေမယ့် သူနားမလည် သေးဘူး။ ထျန်းရှင်းကို ဘယ်လိုများ အောင်အောင်မြင်မြင် ထိုးနှက် နိုင်သွားတာလဲ။

ကံကောင်း သွားတာလား။ ဒါပေမယ့် အင်အားကြီး ပြိုင်ဘက် တစ်ယောက်နဲ့ တိုက်ခိုက်တဲ့ အချိန်မှာ ကံကောင်းတယ် ဆိုတာ မရှိနိုင်ဘူး။ သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားက ရုတ်တရက် တိုးတက် သွားတာများလား။ မဖြစ်နိုင်တာပဲ။ သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာလေ။ ဘယ်လိုလုပ် စွမ်းအား တိုးတက်မှာလဲ။

ဖန်ကျန်းရှီ ကြောင်အအ ဖြစ်နေသလို။ တပည့်သားတွေလည်း အတူတူပဲ။ ဒါပေမယ့် သူတို့ အားလုံး ခပ်မြန်မြန် နားလည် သွားကြတယ်။ ထျန်းရှင်းက လုံး၀ မလှုပ်ရှားဘူး။ သူ့ရဲ့ လက်တွေတောင် လုံး၀ မလှုပ်ဘူး။ လုံး၀ ချည်နှောင် ခံထားရတဲ့ အတိုင်းပဲ။ ထူးဆန်းလိုက်တဲ့ မြင်ကွင်း။

ပိုပြီး ထူးဆန်းတာလည်း ရှိသေးတယ်။ ထျန်းရှင်းက နာကျင်တဲ့ ပုံစံ အံ့သြနေတဲ့ ပုံစံ တစ်စက်လေးတောင် မရှိဘူး။ နောက်ကို ဖြည်းဖြည်းချင်း လှည့်ရင်းနဲ့ သူ့လက်တွေကို ကြည့်တယ်။

“မင်း နောက်ဆုံးတော့ အပြည့်အ၀ နိုးထပြီလား။” ထျန်းရှင်းရဲ့ သွေးတွေ စီးကျနေတဲ့ နှုတ်ခမ်းတွေနဲ့ စိုက်ကြည့်ရင်း ပြောတယ်။ သူ့ကြည့်ရတာ အံ့သြ နေတဲ့ ပုံစံ မရှိဘူး။ ဒါပေမယ့် အတော်ကြီးကို ဒေါသထွက်နေတယ်။ နောက်ပြီးတော့ ဒီစကားလုံးတွေက သူတို့ကို အာရုံ စိုက်နေကြတဲ့ တပည့်သားတွေကို ထိတ်လန့်စေတယ်။ ကောင်းပြီ။ သူတို့တွေက ဒီတိုင်း လန့်နေတာ မဟုတ်ဘူး။ အတော်ကြီးကို ထိတ်လန့် တုန်လှုပ် နေကြတာ။

ထျန်းရှင်းရဲ့ လက်မှာ လှည့်ပတ်နေတဲ့ အလင်းတန်း ခပ်ဖျော့ဖျော့ တစ်ခုကို သူတို့တွေ မြင်သွားခဲ့ပြီ။ ဒီအလင်းတန်းက သေးငယ်ပေမယ့် အရမ်းကို ရှည်လျားတယ်။ သူ့ရဲ့ လက်မောင်းကနေ လက်ဖဝါး အထိ ကျဆင်း နေခဲ့တယ်။ ဒီအလင်းတန်းက တဖြည်းဖြည်းချင်း ပိုပြီးတော့ ထူထပ်လာတယ်။ ဒီအလင်းတန်း မှိန်ဖျော့ဖျော့က သံချပ်ကာ အကြေးခွံတွေ ဖြစ်နေတယ်။ ပန်းနုရောင် သံချပ်ကာ အကြေးခွံတွေ အသစ်ကြပ်ချွတ်အတိုင်းပဲ။ သိပ်ပြီးတော့ မထင်ရှား ပေမယ့် ကောင်းကောင်း မြင်သာနိုင်တယ်။

“အပြည့်အ၀ နိုးထလာပြီ။ ဘာတွေ ပြောနေတာလဲ။” ဖန်ကျန်းရှီလည်း ချီကူယန်ဆီမှာ ဖြစ်တည်လာနေတဲ့ သံချပ်ကာ အကြေးခွံတွေကို မြင်တော့ ထိတ်လန့် သွားခဲ့တယ်။ ဒါ့အပြင် ချီကူယန်ရဲ့ နောက်ဘက်မှာ ရှိနေတဲ့ ဆံပင်ရှည်ကြီးနဲ့ အမျိုးသမီး ခန္ဒာကိုယ်မှာ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတယ်။ ဒီအမျိုးသမီးမှာ အမြီးကြီးနဲ့။

“အစ်မကြီး ချီကူယန် အပြည့်အ၀ နိုးထလာပြီ။”

“ဟုတ်တယ်။ ဒါက ကံကြမ္မာကြောင့်လား။ ဒါမှမဟုတ်၊ နိမိတ်ကြောင့် သန့်စင် ခံလိုက် ရတာလား။”

“မဟုတ်ဘူး။ ကောင်းကင် နိမိတ်က ရောက်မလာသေးဘူး။ နှစ်တစ်ထောင် မီးဆေးပင်ကြောင့် သူ့သွေးကြောတွေ လုံး၀ နိုးထလာတာ ဖြစ်နိုင်တယ်။”

“ဒါမှမဟုတ်၊ နတ်နိမိတ်ရဲ့ အရှိန်အဝါကြောင့်လား။”

ဖန်ကျန်းရှီနဲ့ မတူတာ ရှိတယ်။ ကောင်းကင် တာအို တပည့်သားတွေက ချီကူယန်ရဲ့ နောက်က အလင်းတန်းကို မြင်တော့ ပျော်ရွှင် တက်ကြွ နေကြတယ်။ ဒါပေမယ့် တောင်စဉ် ကိုးသွယ် တပည့်သားတွေကတော့ မတူညီဘူး။ သူတို့တွေ လုံး၀ စိတ်လှုပ်ရှား မနေဘူး။ အပြန်အလှန် ပြောရရင်၊ သူတို့တွေ အားလုံး ကြောက်လန့် နေကြတယ်။ သူတို့တွေရဲ့ အမူအယာက ထူးဆန်း နေကြတယ်။

“တကယ်ပဲ။ ဒါက တိုက်ဆိုင်တာ မဟုတ်ဘူးပဲ။” ကန်ယွဲ့ အစပိုင်းမှာတော့ အံ့သြနေတယ်။ တကယ်တော့ ဖန်ကျန်းရှီရဲ့ လက်မှာ ပြန်လည် မွေးဖွားမှု စက်ကွင်းကို မြင်တုန်းက ဘယ်သူမှ တည်တည်ငြိမ်ငြိမ် မနေနိုင် ခဲ့ဘူး။ ဒါပေမယ့် ကန်ယွဲ့ကတော့ အဲ့ဒီ့ အချိန် ချီကူယန်ကို အာရုံစိုက်နေခဲ့တယ်။ “ရွေးချယ်ခံရတဲ့သူ သူက တကယ့်ကို ရွေးချယ်ခံ ရတဲ့သူပဲ။ အသက်၁၇နှစ်နဲ့ သွေးကြောတွေ အပြည့်အ၀ နိုးထ သွားပြီ။ ပြန်လည် မွေးဖွားမှု စက်ကွင်း အသက်ဝင် လာတော့ရော ဘာဖြစ်လဲ။ အသက်ရှင်ချိန်က ၄လပဲ ကျန်တော့တာလေ။”

ကန်ယွဲ့ ဖန်ကျန်းရှီကို ပြန်လှည့်ကြည့်တယ်။ သူ့ရင်ဘတ်မှာ သွေးထွက်နေတာ မြင်တော့ လှောင်ပြုံးပြုံးလိုက်တယ်။ အဲ့ဒီ့နောက် ကြယ်အလင်းတန်းတွေ ကန်ယွဲ့ ခန္ဒာကိုယ်မှာ တောက်ပလာတယ်။ တလက်လက် တောက်ပနေတဲ့ အလင်းတန်းကြီး တစ်ခု ကန်ယွဲ့ ခန္ဒာကိုယ်ကနေ ကောင်းကင်ကို ထိုးတက် သွားခဲ့တယ်။

ရုတ်တရက် ဖြစ်သွားပေမယ့် အချိန် သိပ်မကြာဘူး။ သိပ်မကြာခင်ပဲ ပျောက်ကွယ် သွားတယ်။ ကန်ယွဲ့လည်း အလင်းတန်းနဲ့ အတူတူ ပျောက်ကွယ် သွားတယ်။

“ပြန်သွားပြီလား။” ဖူရှီး တောင်ကြား အကြီးအကဲ ကုယွိအန်း စိတ်ထဲမှာ ထူးဆန်း နေမိတယ်။ နောက်ဆုံးတော့လည်း ကန်ယွဲ့ရယ် သူရယ် ယင်ယန် ခန်းမက ဝမ်လဲ့ရယ်က အတူတူ ရောက်လာ ခဲ့တာလေ။ အခုတော့ ဝမ်လဲ့က သေသွားပြီ။ ကန်ယွဲ့ကလည်း ထွက်သွားခဲ့ပြီ။

ကုယွိအန်း စိတ်ပျက်လက်ပျက် ခေါင်းခါ နေခဲ့တယ်။ “လူငယ်တွေများ သွေးဆူ မြန်လိုက်တာ။”

…

ကန်ယွဲ့ရဲ့ ပျောက်ကွယ် သွားမှုက လူတွေရဲ့ အာရုံကို မဖမ်းစား ခဲ့ဘူး။ နောက်ဆုံးတော့လည်း လူတိုင်းက ချီကူယန်ကိုပဲ အကြည့်မလွှဲတမ်း ရှိနေကြတယ်။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံရှည်က ခပ်ဖျော့ဖျော့ အလင်းတန်းတွေ တောက်ပနေတယ်။ အဲ့ဒီ့နောက် ချီကူယန် ရုတ်တရက် လှုပ်ရှားတယ်။

စကားလေး တစ်ခွန်းတောင် မပြောဘူး။ ထျန်းရှင်းရဲက အပြုအမူကိုလည်း ဘာမှ မသုံးသပ်ဘူး။ မြေပြင်ကနေ ကောင်းကင်ကို တဟုန်ထိုး တက်လာခဲ့တယ်။ သူမရဲ့ တောက်ပတဲ့ မျက်ဝန်းတွေမှာ အရောင်ပေါင်းစုံ ပြောင်းလဲ တောက်ပ နေခဲ့တယ်။ သူမရဲ့ အရှိန်အဝါတွေက တန်ဖိုး မဖြတ်နိုင်တဲ့ တည်ရှိမှု တစ်ခုလိုပဲ။ သူမရဲ့ နောက်မှာ ရှိတဲ့ အရိပ်နက်ကြီးလည်း ပိုပြီးတော့ ကြီးမားလာတယ်။ ရှည်လျားတဲ့ ဆံနွယ်တွေက ရေတံခွန်လို စီးကျ နေပြီးတော့ အုပ်ချုပ်သူ တစ်ယောက်လို သြဇာတွေ လျှံထွက် နေခဲ့တယ်။

“ကူယန် သတိထား။” မုချင်းဖန်းရဲ့ အသံက စိုးရိမ် နေပုံပဲ။ သူကိုယ်တိုင်လည်း အလင်းတန်း အသွင်ကို ပြောင်းလဲပြီးတော့ ကောင်းကင်ကို ထိုးတက်သွားတယ်။ ချီကူယန်ကို တားမြစ်ဖို့ လုပ်တယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ချီကူယန်က သူ့လိုပဲ မြန်ဆန်နေတယ်။

“ချီကူယန်။ မင်းရဲ့ သွေးကြောတွေ အပြည့်အ၀ နိုးထ လာတော့ကော ဘာဖြစ်လဲ။ ငါ့ကို မင်းဘယ်တော့မှ တားနိုင်မှာ မဟုတ်ဘူး။” ထျန်းရှင်းရဲ့ အမူအယာက ချီကူယန် နီးကပ် လာတာနဲ့ အမျှ တဖြည်းဖြည်း ပိုပြီးတော့ တင်းမာ လာခဲ့တယ်။ သူ့ရဲ့ ချည်နှောင်ထားတဲ့ လက်တွေကို ဆန့်ထုတ်လိုက်တယ်။

“ဂျိန်း။” ထျန်းရှင်းရဲ့ လက်ကို ချုပ်နှောင်ထားတဲ့ အကြေးခွံတွေ အားပြင်းပြင်းနဲ့ ဖြိုခွင်း ခံလိုက်ရတယ်။ အဲ့ဒီ့နောက် အကြေးခွံတွေကို ချီကူယန် နောက်ဘက်က အရိပ်နက်က ပြန်သိမ်းသွားတယ်။ မြွေတစ်ကောင် မျိုတာကို ခံလိုက် ရသလိုပဲ။

နေစမ်းပါအုန်း။ အဲ့တာ မြွေလား။ ဖန်ကျန်းရှီ လန့်ဖြန့်သွားတယ်။ အဲ့ဒီ့ နောက်ဘက်က ရှည်မျောမျော အလင်းတန်းတွေ တောက်ပနေတဲ့ အရာကို သိသလိုလို ဖြစ်နေတာ။ နောက်ဆုံးတော့ ဘယ်လို ခေါ်မှန်း မှတ်မိ သွားခဲ့ပြီ။

“မြွေအမြီးလား။ မြွေအမြီးနဲ့ အမျိုးသမီးလား။” ဖန်ကျန်းရှီ မလန့်ဖို့ မဖြစ်နိုင်ဘူးလေ။ “ဘာကြီးလဲ။ အဲ့တာ ချီကူယန်ရဲ့ သွေးကြောလား။ မြွေနတ်ဆိုးလား။ မဟုတ်ပါဘူး။ မတ်ဒူဇာလား။ အင်း။ မဟုတ်သလိုပဲ။ မတ်ဒူဇာက ခေါင်းက ဆံပင်မှာ အဆိပ်ပြင်းတဲ့ မြွေတွေ ရှိတာလေ။ ဟုတ်တယ် မလား။ အဲ့တာ ဘာကြီးလဲ။”

ဖန်ကျန်းရှီ စိတ်ထဲမှာ ဆက်ပြီး တွေးလို့ မရသေးဘူး။ ထျန်းရှင်း နောက်တစ်ခေါက် ရောက်လာ ပြန်တယ်။ သူ့ဆီကို ပြေးဝင် လာနေတဲ့ ချီကူယန်ကို လှည့်မကြည့်ဘူး။ ဖန်ကျန်းရှီဆီကို ပြေးဝင်လာတယ်။ အစတည်းက သူ့ပြစ်မှတ်က ဖန်ကျန်းရှီပဲလေ။ ဒါပေမယ့် ချီကူယန်က သူ့ကို နောက်ကနေ တားဆီးထားတယ်။

“ငါ့ကို ဘာလို့ ဒီလောက်တောင် မုန်းနေရတာလဲ။” အကယ်၍ ဖန်ကျန်းရှီသာ ဒီနေ့ ကျော်လွန်ပြီး အသက်ရှင်နိုင်ရင် ထျန်းရှင်းကို ကောင်းကောင်း ကျွေးမွေး ပြုစုချင်တယ်။ ပေါက်စီ ပေါင်ငါးဆယ် (အလုံးငါးရာ)လောက် ရေမသောက်ပဲ စားခိုင်းမယ်။ လည်ချောင်းနင်ပြီး သေအောင် လုပ်ပြစ်မယ်။

ဒါပေမယ့် အခုတော့ ဆက်မတွေး နိုင်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ အခုချိန် သူ့မှာ လွတ်မြောက်ဖို့ လမ်းမရှိတော့ဘူး။ ထျန်းရှင်းက အရမ်း နီးကပ်နေပြီ။ လက်သီးချက်က ရောက်တော့မယ်။ သူကော ဘယ်လောက် ဝေးဝေး ပြေးနိုင်မှာလဲ။ ထျန်းရှင်းရဲ့ လက်သီးချက်ကို ခံယူလိုက်မှ အသက်ရှင်နိုင်မှာ သူသိတယ်။ ဒါပေမယ့်

နောက်ထပ် တိုက်ခိုက် မခံနိုင်တော့ဘူး။ ဒီတော့ ခုခံနိုင်ဖို့ သူ့မှာ ရှိသမျှ အင်အားတွေ အားလုံးကို စုစည်းလိုက်တယ်။

“ကောင်းကင် သက်ဆင်း။” ဒီအချိန် အပြာရောင် အလင်းတန်း ခြောက်သွယ်ထွက်ပေါ်လာတယ်။ ထျန်းရှင်းရှေ့မှာ ရပ်နေတဲ့ ဖန်ကျန်းရှီလည်း စတင်ပြီး ပျောက်ကွယ် တော့တယ်။

“မင်း မပြေးနိုင်ပါဘူး။” ထျန်းရှင်းရဲ့ မျက်ဝန်းတွေမှာ အေးစက်စက် အလင်းတန်းတွေ တောက်ပနေတယ်။ အဲ့ဒီ့နောက် သူ့နောက်က အရိပ်ကြီး ဖန်ကျန်းရှီကို တားဆီးတယ်။ ဆံပင်နီနီ၊ သံချပ်ကာ အနက်နဲ့ စစ်သည်တော်ကြီး။ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ ထျန်းရှင်း ပထမဆုံး သုံးခဲ့တဲ့ နည်းလမ်း။ ကောင်းကင် အမျက်ဒေါသ။

“ဝုန်း။”

“ဝုန်း။”

နားကန်း မတတ် အသံကြီး ကြီး နှစ်ခု ထွက်ပေါ်လာတယ်။ တတိယ အသံကတော့ ထွက်မလာခဲ့ဘူး။ ထျန်းရှင်းရဲ့ လက်သီးချက်က အပြာရောင် အလင်းတန်းတွေ အားလုံးကို ဖျက်ဆီး လိုက်ပြီ။ သူတို့တွေရဲ့ အင်အားက ကွာခြားလွန်းတယ်။ ဒါ့အပြင် ဖန်ကျန်းရှီက ဒဏ်ရာလည်း ရထားသေးတယ်။ ဖန်ကျန်းရှီလည်း သူ့ရှေ့က လက်သီးကြီးကို ကြည့်နေရုံသာ တတ်နိုင်တယ်။ အဲ့ဒီ့နောက် လက်သီးကြီးက သူ့ဘယ်ဘက် ရင်ဘတ်ကို ကျရောက်လာတယ်။

“ချွမ်။” သတ္တု တစ်ခု ကွဲကျေတဲ့ အသံ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်လည်း ကောင်းကင်ပေါ်ကို လွင့်ထွက် သွားပြီးတော့ ထျန်းရှင်းရဲ့ မျက်နှာပေါ်ကို သွေးတွေ အန်ချတော့တယ်။ သွေးမိုးတွေ ရွာကျ နေသလိုပဲ။ ဒါပေမယ့် ထျန်းရှင်း အမူအယာက နည်းနည်း ပြောင်းလဲ သွားတယ်။

“နှလုံးကာမှန်လား။” ထျန်းရှင်းကတော့ သွေးတွေကို အာရုံ စိုက်မနေဘူး။ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို အခု ရိုက်ချလိုက်တဲ့ အချိန် ခံစား လိုက်မိတဲ့ သတ္တုကို တွေးတောနေတယ်။

ဒါကြောင့် ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို နောက်တစ်ခေါက် ရိုက်ချပြန်တယ်။ ဒီတစ်ခေါက်မှာ ဖန်ကျန်းရှီကို အသေသတ်ဖို့ တွေးထားတာ မဟုတ်ဘူး။ ဖန်ကျန်းရှီကို လှုပ်ခတ်သွားအောင် လုပ်ချင်တာ။ ဒီတော့ အခု သူထိတွေ့လိုက်တာ အမှန်တကယ် ဟုတ်ရဲကလား။

ဒီတစ်ခေါက်က ကွာခြားတယ်။ သူ့ရဲ့ အင်အားပြင်းတဲ့ လက်သီးချက်က ဖန်ကျန်းရှီ့ ရင်ဘတ်ကို နောက်တစ်ခေါက် ထိပြန်တယ်။ ဒီတစ်ခေါက်လည်း ဖန်ကျန်းရှီရဲ့ ရင်ဘတ်က မာကျောလွန်း နေတာကို ခံစားမိတယ်။

နောက်တစ်ခေါက် ထပ်ပြီးတော့ ထိုးချင်လာတယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ချီကူယန် ရောက်လာပြီ။ ရေခဲလို အေးစက် တောက်ပနေတဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ရင်း သူ့ရင်ဘတ်ကို ဦးတည် လာနေတယ်။ ထျန်းရှင်း မျက်နှာ ပြောင်းလဲ သွားတယ်။

“ချီကူယန် ငါပြောထားပြီးသား။ မင်းရဲ့ သွေးကြောတွေ အခုချိန်မှာ လုံး၀ နိုးထလာရင်တောင် ငါ့ကို အနိုင်မယူနိုင်ဘူး။” ထျန်းရှင်းက လုံး၀ မညှာတာ။ ညှာတာလို့လည်း မရဘူး။ သူ့ဆီလာနေတဲ့ ဓားကို လက်သီးနဲက ပြန်ထိုးတယ်။

ဒီအချိန်မှာပဲ ဓားက ဦးတည်ရာ ပြောင်းသွားတယ်။ အရိပ်နက်ကြီး တစ်ခု ကောင်းကင်မှာ ပေါ်လာခဲ့တယ်။ အဆုံးမဲ့ ကြီးမားလွန်းတဲ့ အရိပ်ကြီး။ ဒီရုတ်တရက် အပြောင်းအလဲက မြန်လွန်းတယ်။ ကောင်းကင်က ရွှေရောင် လျှပ်စီးတွေလိုပဲ။ ဒါပေမယ့် အရမ်းကို သဘာ၀ ကျကျ ဖြစ်ပျက် နေခဲ့တယ်။

ထျန်းရှင်းကတော့ ထျန်းရှင်းပဲလေ။ သူလုံး၀ မတွေဝေခဲ့ဘူး။ အရိပ်နက်ကြီး ကောင်းကင်မှာ ပေါ်လာတဲ့ အချိန်၊ ထျန်းရှင်းရဲ့ နောက်လက်သီး တစ်ဖက်ကလည်း အရိပ်နက်ကို ဦးတည် တိုက်ခိုက်တယ်။

“လှည့်စား ခံလိုက်ရပြီ။” ချီကူယန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ အရိပ်နက်ကြီး ရှိနေခဲ့တဲ့ နေရာမှာ လူတစ်ယောက် ရောက်လာပြီး သူ့ခေါင်းပေါ်မှာ ရှိနေတာကို တွေ့လိုက်ရတယ်။ တွေ့ခဲ့ရတဲ့ အရိပ်နက်ကတော့ သူ့ခြေထောက် အောက်မှာ ရောက်နေပြီ။

“နေရာပြောင်းတာလား။” ထျန်းရှင်း တောင့်တင်းသွားတယ်။ ဒါပေမယ့် သူ့လက်သီးက လှုပ်ရှားပြီးနေပြီ။ ချီကူယန်ရဲ့ နောက်ကျောကို ထိုးချတယ်။

အခုချိန်မှာ ချီကူယန် ဘာကြောင့် မူလနေရာပြောင်းကို သုံးမှန်း သူနားမလည်ဘူး။ ချီကူယန်ပြောတဲ့ လှည့်စားခံ ရပြီ ဆိုတာကို ပိုလို့တောင် နားမလည်နိုင်ဘူး။ နောက်ဆုံး ချီကူယန် သွေးအန်ပြီးတော့ ကောင်းကင်ပေါ်ကို လွင့်ထွက် သွားတာ မမြင်ခင် အထိပေါ့။ အခုတော့ သူနားလည် သွားခဲ့ပြီ။

“ငါက မင်းကို ဒဏ်ရာ ရစေရင်တောင်၊ မင်းက ငါ့လက်သီးချက်ကို ခံယူပြီးတော့ ဖန်ကျန်းရှီဆီကို ရောက်အောင် သွားမယ်ပေါ့။” ပထမဆုံး အနေနဲ့ ဖန်ကျန်းရှီကို မနာလို ဖြစ်မိတာပဲ။

အရှက်မရှိတဲ့ကောင်၊ အသက်ရှင်ချိန်ကလည်း နည်းနည်းပဲ ကျန်တော့တယ်။ ဒါပေမယ့် ရွေးချယ်ခံ ချီကူယန်က သူမ အသက်ကိုတောင် ရင်းပြီးတော့ သူ့ကို ကယ်တင်တယ်။ ဒီကောင် သေရမယ် ဆိုရင်တောင် နောင်တ ရစရာ ရှိမှာ မဟုတ်ဘူး။ ဒါက ထျန်းရှင်း တွေးမိတာပဲ။

ခပ်မြန်မြန်ပဲ ထျန်းရှင်းရဲ့ မျက်လုံးက ပြူးကျယ်သွားတယ်။ ချီကူယန်က ဖန်ကျန်းရှီဆီကို သူ့ထက် ပိုမြန်မြန် ရောက်သွားတယ်။ ဒီအချိန်မှာပဲ ရွှေရောင် အလင်းတန်း တစ်ခုက ဖန်ကျန်းရှီရဲ့ ကိုယ်ပေါ်မှာ တောက်ပလာခဲ့တယ်။ ပထမ တစ်ခေါက် အမှောင်ထုကို လင်းထိန် စေတာနဲ့ ကွာခြားတယ်။ အခု တစ်ခေါက်က နတ်ဘုရားတွေရဲ့ သတင်းစကားပဲ။ ဒီအလင်းတန်းထဲမှာ မရေမတွက် နိုင်တဲ့ သင်္ကေတတွေ လွင်ေ့မျာ ပါဝင်နေတယ်။

အပိုင်း (၆၈၆) ပြီး၏။

အပိုင်း (၆၈၇)

“သန့်စင်ခြင်း။ အဆုံးမဲ့ ကြယ်တာရာ။”

ထျန်းရှင်း အံ့အား သင့်ပြီး ကြက်သေသေနေခဲ့တယ်။

ကောင်းကင်က ရွှေရောင် အလင်းတန်းတွေ ဖန်ကျန်းရှီရဲ့ ကိုယ်ပေါ်မှာတင် ရပ်တန့် မသွားဘူး။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ဖြတ်ကျော်ပြီးတော့ ချီကူယန်ကိုပါ ရစ်ပတ်တယ်။

“ဝုန်း။”

ကောင်းကင်နဲ့ မြေကြီး ဆက်နွယ်သွားတယ်။ ကောင်းကင်က ကျဆင်းလာတဲ့ ရွှေရောင် အလင်းတန်းတွေက ဖန်ကျန်းရှီနဲ့ ချီကူယန်ကို ဝန်းရံပြီးတော့ မြေကြီးထဲကို ဝင်သွားတော့တယ်။ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားတဲ့ တံတား တစ်စင်းလိုပဲ။

ကောင်းကင်ကြီး တစ်ခုလုံး ဖြည်းဖြည်းချင်း လင်းလက်လာတယ်။ နတ်တေးသံစဉ်တွေလည်း ထွက်ပေါ်လာတယ်။ ဒီအခိုက်အတန့်မှာ အချိန်တွေ အားလုံး ရပ်တန့် သွားသလိုပဲ။ လှုပ်ရှားမှုတွေ အားလုံး ရပ်တန့် သွားတယ်။ ရွှေရောင် စာလုံးတွေ ဝန်းရံထားတဲ့ ရွှေရောင် အလင်းတန်းရယ် သူ့ရဲ့ နတ်တေးသံစဉ်ရယ်ပဲ လှုပ်ရှားနေတယ်။ ဒါက ကောင်းကင် နိမိတ် စကား ရောက်ရှိတာနဲ့ ရွေးချယ်ခံ ပေါ်ပေါက်လာတာပဲ။

“ဒါ ဘယ်လို ဖြစ်လာတာလဲ။ မဖြစ်နိုင်လိုက်တာ မဖြစ်နိုင်လိုက်တာ။” ထျန်းရှင်း ရွှေရောင် အလင်းတန်းတွေကို ကြည့်နေခဲ့တယ်။ ဒါတွေ အားလုံးကို မြင်ပေမယ့် အစစ်အမှန်ဆို ယုံကြည်ဖို့ သူငြင်းဆန်နေတယ်။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး။ ဘယ်သူမှ မယုံနိုင်တာ။ ဘယ်မျိုးနွယ်စုက တပည့်သား၊ ဘယ်နိုင်ငံက ဧကရာဇ် မဆို၊ ပါးစပ်အဟောင်းသားနဲ့ ဒီမြင်ကွင်းကို ငေးကြည့်နေတယ်။

မုချင်းဖန်းလည်း ထျန်းရှင်းနဲ့ ခြေဆယ်လှမ်း အကွာက လေထဲမှာ ရပ်တန့်နေတယ်။ သူ့ရဲ့ ရှည်လျားတဲ့ ဝတ်ရုံဖြူကြီးတောင် မလှုပ်ရှားတော့ဘူး။ သူ့မျက်ဝန်းတွေမှာ အံ့သြထိတ်လန့်မှုတွေ၊ ထူးထူးဆန်းဆန်း စိတ်အား တက်ကြွမှုတွေ၊ ပျော်ရွှင် ဝမ်းသာမှုတွေ အပြင် တခြား မရေမတွက် နိုင်တဲ့ ခံစားချက်တွေ အားလုံး ရောနှောနေခဲ့တယ်။

သူအံ့သြ ထိတ်လန့် နေတာက ဒီလို ဖြစ်လာတဲ့ အဆုံးသတ်ကြောင့်။ စိတ်လှုပ်ရှား ပျော်ရွှင် နေတာကတော့ သူ့ရဲ့ ချစ်တပည့် ချီကူယန်က ကောင်းကင် နိမိတ် သန့်စင်တာကို ခံနေရလို့ပဲ။ ဒါပေမယ့် သိချင်နေတဲ့ ကိစ္စ တစ်ခုလည်း ရှိတယ်။ ဖန်ကျန်းရှီကကော ဘာကြောင့်များ ရွှေရောင် အလင်းတန်းထဲ ရောက်နေတာလဲ။ တိုက်ဆိုင်တာလား။ ဒါမှမဟုတ် ကံတရားလား။

မုချင်းဖန်းတောင် မသိတာ၊ ကောင်းကင် ကျောင်းတော် ခန်းမမှာ ရှိနေတဲ့ တခြားသူတွေ ဘယ်လို သိမှာလဲ။ အခုချိန်မှာ လူတိုင်းက ရွှေရောင် အလင်းတန်းကိုသာ စိုက်ကြည့် နေကြတယ်။ စကား တစ်ခွန်းတောင် မဟကြဘူး။ လူတိုင်းက နားလည် နိုင်တာထက် ပိုပြီးတော့ ထိတ်လန့် နေပင်မယ့်၊ ကောင်းကင် နိမိတ်ကိုလည်း ကြောက်ရွံ့ ရိုသေကြတယ်။

…

ဖန်ကျန်းရှီ တခြားလူတွေလိုပဲ စိတ်ရှုပ်နေတယ်။ အစကတော့ သူ့ခေါင်းပေါ်မှာ ရေအရောင် အလင်းတန်း ရှိနေတာကို သတိ မထားမိဘူး။ သူသိတာက လက်သီးနဲ့ အထိုးခံရပြီးတော့ လွင့်ထွက် လာတာပဲ။ ဒါပေမယ့် လေထဲကို လွင့်နေတဲ့ အချိန် ချီကူယန်လည်း သူ့ဆီကို ပျံသန်း လာနေတာ တွေ့လိုက်ရတယ်။

သူမရဲ့ ပန်းနုရောင် ဝတ်ရုံမှာ သွေးစတွေ စွန်းထင်းနေတယ်။ ကြည်လင် တောက်ပတဲ့ မျက်ဝန်းတွေနဲ့ သူမကို သူဖမ်းယူ ပွေ့ဖက်လိုက်တယ်။ နွေးထွေးမှုက ရင်တစ်ခုလုံး ပျံ့လာတယ်။ သူ့လက်မောင်းထဲမှာ ချီကူယန်က ထူးဆန်းတဲ့ ရွှေရောင် အလင်းတန်းတွေနဲ့ တောက်ပနေတယ်။ အဲ့ဒိ့ ရွှေရောင် အလင်းတန်းထဲမှာ စာလုံးတွေ အများကြီး ပါနေတယ်။

“ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ ဒီအခြေအနေကို နားလည်ဖို့ နည်းနည်းတော့ ခက်ခဲနေတယ်။ စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အဖြေရှာဖို့ အချိန် နည်းလွန်းနေတယ်။ တကယ်တော့ ချီကူယန်ရဲ့ ခန္ဒာကိုယ်မှာ ရွှေရောင် အလင်းတန်းတွေ တောက်ပလာတဲ့ အချိန် သူ့မှာ ထူးဆန်းတဲ့ ခံစားချက် တစ်ခုလည်း ရှိနေခဲ့တယ်။

လောကကြီးက လှုပ်ရှားမှုတွေ အားလုံး ရပ်တန့်သွားတယ်။ အဲ့ဒီ့နောက် အရာအားလုံး သူ့မျက်စိ ရှေ့ကနေ ပျောက်ကွယ်သွားတယ်။ ရွှေရောင် စာလုံးတွေလည်း မရှိတော့ဘူး။ ချီကူယန်တောင် ပျောက်ကွယ် သွားပြီ။ ဘာမှ မရှိတော့တဲ့ နယ်ပယ် တစ်ခုကို ရောက်နေ သလိုပဲ။

“ငါဘယ်မှာ ရောက်နေတာလဲ။” ဖန်ကျန်းရှီ ဒီလို ခံစားမှုမျိုး တစ်ခါ ခံစားဖူးတယ်။ အဆုံးမဲ့ လောကကို ဝင်ပြီးတော့ ဝတ်ရုံဖြူ အမျိုးသမီးကို မြင်တဲ့ အချိန်၊ ပြန်လည် မွေးဖွားမှု စက်ကွင်းကို ရတဲ့ အချိန်တွေမှာပေါ့။ ဒါပေမယ့် အခုကတော့ ထူးဆန်းတဲ့ အဖြူရောင် အမျိုးသမီး ရှိမနေ ခဲ့ဘူး။ သူ့မျက်စိရှေ့မှာ အဆုံးမဲ့တဲ့ စကြဝဠာ နဂါးငွေ့တန်းကြီး ရှိနေတယ်။

ကြယ်တွေ အပြင်၊ ဥက္ကာခဲတွေလည်း သူ့ဘေးနားမှာ လှည့်ပတ်နေတယ်။ ဒီဥက္ကာပျံတွေရဲ့ အက်ကွဲရာတွေကိုတောင် မြင်နေရတယ်။ အဲ့တာ တကယ်ပဲ နဂါးငွေ့တန်း ဖြစ်ခဲ့ရင်၊ အခု သူက ဘယ်မှာ ရောက်နေတာလဲ။

ဖန်းကျန်းရှီမှာ သိပ္မံ အတွေးအခေါ်တွေ ရျိတယ်။ နဂါးငွေ့တန်းက မြေကမ္ဘာကို ကျော်လွန်သွားတဲ့ နေရာမှန်း သူသိတယ်။ ဒါပေမယ့် နဂါးငွေ့တန်းထဲမှာ သံကြိုးတွေ ဘာလို့ ရှိနေတာလဲ။ နောက်ပြီးတော့ အများကြီး ရှိနေတာ။ ရောင်ပြန် ဟပ်နေတာ မရှိဘူး။ မှောင်မည်းနေတဲ့ အနက်ရောင် ကြိုးကြီးတွေက ကြယ်တွေကို ချိတ်ဆက်ထားတယ်။ ရှုပ်ထွေးတဲ့ ပုံစံနဲ့ တည်ရှိ နေကြတယ်။

အံ့သြ စရာ ကောင်းတာက ကြိုးကြီးတွေ အထက်မှာ အနက်ရောင် ကျောက်တုံးကြီး တစ်တုံး ရှိနေတာပဲ။ မဟုတ်ဘူး။ ကျောက်တုံး တတ်တုံး မဟုတ်ဘူး။ ကျောက်တုံး ဘယ်နှတုံး ရှိမှန်း ဖန်ကျန်းရှီ မသေချာဘူး။ သူမြင်သမျှ နေရာတိုင်းမှာ၊ သူ့ခေါင်းပေါ်က ကျောက်တုံးကြီးနဲ့ ပုံစံတူ ကျောက်တုံးတွေ ရှိနေတယ်။

ခပ်ဝေးဝေး နေရာမှာတော့ အပိုင်းကွဲနေတဲ့ သံကြိုးတွေကို ထပ်တွေ့ရတယ်။ ဒီ အနက်ရောင် ကျောက်တုံးကြီးတွေက ကြောက်စရာ ရှေးကျတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်ေ်နတယ်။

“ဂျွတ်။“ ဖန်ကျန်းရှီ နားထဲမှာ အသံ တစ်သံ ကြားလိုက်ရတယ်။ သူလည်း တုန်ယင် သွားတယ်။ လေဟာနယ်ထဲမှာ ဘာဖြစ်လို့ အသံကြားနေရမှန်း ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် သူခံစားနိုင်တယ်။ သူ့ခေါင်းပေါ်က ကျောက်တုံးကြီးမှာ အက်ကွဲရာတွေ ပေါ်နေတာပဲ။ အက်ကွဲကြောင်း စုစေုပေါင်း ၇ခု ရှိတယ်။ အချိန်မရွေး ကွဲထွက် သွားတော့ မလိုပဲ။

“ဝုန်း။” အရာအားလုံး တုန်ခါသွားတယ်။ အရာအားလုံး ပျောက်ကွယ် သွားပြန်ပြီ။ ဥက္ကာပျံတွေကော၊ ကျောက်တုံး အနက်တွေပါ ပျောက်ကွယ် သွားတယ်။ ဖန်ကျန်းရှီ ရွှေရောင် အလင်းတန်းကို မြင်ပေမယ့်။ ရွှေရောင် စာလုံးတွေက ပျောက်ကွယ် သွားပြီ။ သူ့လက်မောင်းထဲက ချီကူယန်လည်း ဖြည်းဖြည်းချင်း မျက်လုံး ပွင့်လာတယ်။

ရုတ်တရက် ဖန်ကျန်းရှီ ရောင်ပြန်ဟပ်တာ တစ်ခုကို တွေ့လိုက်ရတယ်။ ချီကူယန်ရဲ့ မျက်ဝန်းတွေထဲမှာ သူခုနက မြင်လိုက်ရတဲ့ နဂါးငွေ့တန်းကြီးကို ပြန်မြင်နေရတယ်။ ဒါပေမယ့် သူမ မျက်ဝန်းထဲက နဂါးငွေ့တန်းက အရောင်တွေ တောက်ပနေတယ်။

“မျက်စိမှောက်တာလား။” ဖန်ကျန်းရှီ မသေချာဘူး။ ဒါပေမယ့် သူသေချာတာ တစ်ခုတော့ ရှိတယ်။ ချီကူယန်ရဲ့ နောက်ဘက်က အမျိုးသမီး ပိုပြီးတော့ သန်မာလာပြီ။ သူမရဲ့ ရှည်လျားတဲ့ မြွေအမြီးကြီးက ပန်းရောင် အကြေးခွံတွေ အပြည့်နဲ့ တောက်ပလာတယ်။

နဂါးငွေ့တန်းထဲမှာ ခုနက ဘာဖြစ် သွားတာလဲ။ နောက်ပြီးတော့ ချီကူယန်ရဲ့ အကာကွယ်ကကော ဘာလဲ။ မြွေမိစ္ဆာကော မတ်ဒူဇာကော မဟုတ်ဘူး ဆိုတော့၊ ဒဏ္ဍာရီထဲက လူသားတို့ရဲ့ ဖန်ဆင်းရှင် သခင်မ နွီဝါး မယ်တော်တော့ မဟုတ်လောက်ဘူး မလား။

ဖန်ကျန်းရှီ တွေးမိတော့ တုန်ယင်သွားတယ်။ နွီဝါး မယ်တော်ကို သိပေမယ့်၊ တစ်ခါမှ ဖြစ်နိုင်ချေကို မတွေးဖူးဘူး။ အဲ့တာ သူ့အရင်ဘဝက ဒဏ္ဍာရီလေ။

အချိန်တွေရဲ့ အစ၊ ဘာမှ မရှိသေးတဲ့ အနတ္တ။ ထူးခြားတဲ့ နွီဝါး မယ်တော်က မြွေအမြီးနဲ့ အမျိုးသမီး တစ်ယောက်ပဲ။ လူသားတွေကို ဖန်တီးခဲ့တဲ့ သူမက အရမ်း အစွမ်းထက်တယ်။ ဒဏ္ဍာရီတွေ ပုံပြင်တွေက ပြောကြတယ်။ ငါးရောင်ခြယ် နတ်ကျောက်တုံးတွေနဲ့ နွီဝါး မယ်တော်ရဲ့ လူသားတွေကို ဖန်တီးခဲ့တဲ့ အကြောင်း။ ဒါပေမယ့် အဲ့တာက ပုံပြင် မဟုတ်ဘူးလား။ ဘယ်လိုလုပ် အခုတော့ အရှင်လတ်လတ်ကြီး ရှိနေတာလဲ။

အကယ်၍ ချီကူယန်သာ နွီဝါး မယ်တော် ဆိုရင်၊ သူကကော ဘာဖြစ်သွားမလဲ။ ဖန်ဂု (လူသားဘုရင်၊ နွီဝါးမယ်တော်ရဲ့ ကြင်ယာတော်)လား။ ဒါမှမဟုတ် နွီဝါး မယ်တော်ကို ရေနွေးငှဲ့ပေးရတဲ့ အစေခံ ဖြစ်မလား။ မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီက အယုံလွယ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။

ဒါပေါ့။ အခုချိန်မှာ သူများများ စားစား တွေးစရာ မလိုအပ်ဘူး။ နွီဝါး မယ်တော်ကော၊ ဖန်ဂုကောက လူတိုင်း လေးစားရတဲ့ ဒဏ္ဍာရီလာ ဖြစ်တည်မှုတွေပဲ။ ဒီတော့ သူဆက်မတွေးဝံ့ဘူး။ ဒီတော့ ချီကူယန်ကလည်း နွီဝါး မယ်တော် မဖြစ်နိုင်ဘူး။

ဒါဆိုရင် ဘာဖြစ်လို့ ဒီလို စွမ်းအားတွေ ရှိနေတာလဲ။ မြွေအမြီးနဲ့ အမျိုးသမီးက သူ့ကို ဘာလို့များ ကာကွယ် ပေးနေတာလဲ။ မျိုးနွယ်သွေး။ နားလည်ပြီ။ ချီကူယန်က နွီဝါး မယ်တော် မဟုတ်ပေမယ့်၊ နွီဝါးမယ်တော်နဲ့ မျိုးနွယ်အတူတူပဲ။

နွီးဝါး မယ်တော်ရဲ့ မျိုးဆက်။ နဂါးငွေ့တန်းကြီးနဲ့ ကြိုးတွေကတော့ ဘာတွေများ သူမသိဘူး။ တစ်ခုခုတော့ ဆက်စပ် နေလိမ့်မယ်။ အားလုံး ပေါင်းစည်းလိုက်ရင် အဖြေ ပေါ်လာမှာ ဖြစ်ပေမယ့်၊ အခုတော့ စဉ်းစားချိန် မရှိသေးဘူး။

လူတစ်ယောက်က သူ့ဆီကို အရှိန်ပြင်းပြင်း ပြေးဝင်လာနေတယ်။ လျှပ်စီး လက်နေသလို အရှိန်နဲ့ လာနေတာ။ အဖြူရောင်လား။ အခုချိန်မှာ ထျန်းရှင်းက သူ့ကို တိုက်ခိုက်နိုင်ချေ များတယ်။ နောက်ပြီးတော့ ထျန်းရှင်းက အနက်ရောင် ဝတ်ထားတာ မဟုတ်လား။ ဒါဆိုရင် မုချင်းဖန်း ဖြစ်နိုင်မလား။ မဟုတ်ဘူး။

အခု ဒီလူက ရှည်လျား နက်မှောင်နေတဲ့ ဆံကေသာတွေ ရှိတယ်။ လူငယ် တစ်ယောက်ပဲ။ နောက်ပြီးတော့ လက်ထဲမှာ ဓားတစ်ချောင်း ကိုင်ထားတယ်။ ရေခဲလို ကြည်လင်နေတဲ့ ဓားပဲ။

နန်ကုန်းဟောင်။

…

မဟာတံတိုင်းကို ကျော်လွန်ပြီးတော့ လေပြင်းတွေ တိုက်ခတ်တယ်။ ရေခဲတွေက ကျောက်ဟော် ထဲမှာ ဖြစ်ပေါ်နေပြီ။ မြောက်ပိုင်း ပင်လယ်က လှိုင်းထန်နေတယ်။ ယင်တောင်တန်း တစ်ခုလုံးလည်း နှင်းတွေ ဖုံးလွှမ်း နေခဲ့တယ်။

ဒီစာကြောင်းတွေကို ဖတ်ကြည့်ရင် အရိုးကွဲမတတ် အေးစိမ့်တဲ့ မြင်ကွင်း တစ်ခုကို မြင်ယောင် မိမှာပဲ။ ကြီးမြတ်သော ရှနိုင်ငံတော်မှာ ဒီလို နေရာ တကယ်ရှိတယ်။ ငါးမိုင် ကျယ်ဝန်းတဲ့ ဂူသချိုင်းကြီး တစ်ခုလုံးမှာ ကျောက်တုံး အုတ်ဂူတွေ ပြည့်နှက်နေတယ်။

အုတ်ဂူတွေရဲ့ အပေါ်မှာ နှင်းတွေ ဖုံးလွှမ်း နေပြီးတော့ အသေးစိတ်ကို ထွင်းထုထားတယ်။ ဒီနေရာက အရိုးကွဲ မတတ် ချမ်းအေးလွန်းတယ်။ ရေခဲနေတဲ့ မြစ်တစ်စင်းလည်း ဒီနေရာမှာ စီးဆင်းနေတယ်။

ဒါက နန်ကုန်းမိသားစု ဂူသချိုင်း။ နန်ကုန်း မိသားစုတွေ မြုပ်နှံရာ နေရာ။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ အကျော်ကြားဆုံး မိသားစုကြီးရဲ့ နယ်မြေ။ နန်ကုန်းမိသားစုတွေ ဘာကြောင့်များ တစ်နှစ်ပတ်လုံး ဆောင်းရာသီ ဖြစ်နေတဲ့ ဒီနေရာကို ရွေးပြီးတော့ နေထိုင်လဲ မတွေးတတ်ဘူး။ နန်ကုန်း မိသားစုတွေ တည်ရှိနေတာ ဘယ်လောက် ကြာပြီမှန်းလည်း ဘယ်သူမှ မသိ။

နန်ကုန်းမိသားစုတွေက အပြင် လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ပြီး နေထိုင်ကြတယ်။ ၂နှစ် တကြိမ် ကျင်းပတဲ့ တာအို နိယာမ စာမေးပွဲမှပဲ နန်ကုန်း မိသားစုရဲ့ တပည့်တွေက အပြင် ထွက်လာကြတယ်။

ပိုပြီးထူးခြားတာ နန်ကုန်းမိသားစုက စာမေးပွဲ ဖြေဆို အောင်မြင်သူတိုင်း ဘယ်တော့မှ အမတ်မင်း ရာထူးကို မယူကြဘူး။ ဒီလို မိသားစုမျိုးက တကယ်ဆိုရင် မထင်မရှား ဖြစ်နေသင့်တယ်။ ဒါပေမယ့် နန်ကုန်း မိသားစုကြီးက ကြီးမြတ်သော ရှနိုင်ငံတော်မှာ အကြီးမြတ်ဆုံး မိသားစု တွေထဲက တစ်ခုပဲ။ ကျောင်းတော် ၁၃ခု၊ အနောက်ပိုင်းလျန် ဒေသက ရန်မိသားစုနဲ့ အဆင့်တူကြတယ်။

သူတို့တွေက နိုင်ငံရေးမှာလည်း ဝင်မပါဘူး။ ဧကရာဇ်ရဲ့ အုပ်ချုပ်မှု အောက်မှာလည်း ရှိမနေဘူး။ ရေခဲ နယ်မြေမှာ အေးအေးချမ်းချမ်း နေပြီးတော့ ဒီငါးမိုင် ပတ်လည် ဂူသချိုင်းကိုပဲ စောင့်ကြပ်ကြတယ်။ ဆူညံတဲ့ အပြင် လောကကို လျစ်လျူ ရှုထားတယ်။

အခုတော့ ဒီငါးမိုင် သချိုင်းထဲမှာ လူကြီး တစ်ယောက်က နန်ကုန်းမိသားစုတွေကို ဦးဆောင်ပြီး ရပ်နေတယ်။ သူ့ရဲ့ အကျီပါးပါးလေးက လေအလွင့်မှာ တဖျပ်ဖျပ် ခတ်နေခဲ့တယ်။ ခပ်ဖိုင့်ဖိုင့် လူကြီး ဖြစ်ပေမယ့်၊ ဒီလောက် ချမ်းအေးနေတဲ့ ဆောင်းရာသီမှာတောင် အဝတ်ပါးပါးလေးပဲ ဝတ်ထားတယ်။

“ဆရာ။” လူတစ်ယောက်က သချိုင်းထဲကို ဝင်လာတယ်။ နှင်းပွင့်လေး လွင့်မျောလာသလို လှုပ်ရှားပြီးတော့ လူကြီးနောက်မှာ ဒူးထောက်ထားတယ်။

“အင်း။” လူကြီး နောက်လှည့်ကြည့်တယ်။ သူ့မျက်ဝန်းတွေက နီရဲပြီးတော့ ပင်ပန်း နေပုံပဲ။ ဒါပေမယ့် သူ့အမူအယာကို ကြည့်ပြီးတော့ ဘာမှ ပြောလို့ မရဘူး။ သူ့ပုံစံက အရမ်းကို တည်ငြိမ်လွန်းတယ်။

“ဆရာ။ နတ်ဘုရားတွေရဲ့ နိမိတ် ရောက်လာပါပြီ။ အချိန်ကျပြီ။” အဲ့ဒီ့လူ ပြောတယ်။

“အော်။ နောက်ဆုံးတော့ အချိန်ကျ လာပြီလား။” လူကြီး ပြန်ဖြေတယ်။ ခေါင်းမော့ရင်း ကောင်းကင်ကို ကြည့်တယ်။ ကောင်းကင်မှာ နှင်းပွင့်တွေက လွဲပြီးတော့ ကျန်တာ မရှိဘူး။ သူ့ရဲ့ နီရဲနေတဲ့ မျက်ဝန်းတွေမှာ ခပ်ဖျော့ဖျော့ အလင်းတန်းတွေ တောက်ပလာတယ်။ ပန်းချီကား တစ်ချပ်ကို ငေးကြည့်နေသလိုပဲ။

“အကြီးအကဲတွေက ဆရာ့ကို ကျင်းပပေးဖို့ တောင်းဆိုပါတယ်။ လက်ဆောင်တွေ ပြင်ဆင် ထားပြီးပါပြီ။”

“ကောင်းပြီ။ မင်းသွားလို့ ရပြီ။”

“ဟုတ်ကဲ့။” လူငယ်လည်း ခေါင်းငြိမ့်ပြီးတော့ ပျောက်ကွယ် သွားတော့တယ်။ လွတ်လွတ်လပ်လပ် ကျဆင်းနေတဲ့ နှင်းပွင့်လေး တစ်ခုလိုပဲ။

အဲ့ဒီ့နောက် လူကြီးက တခြား အရပ်မျက်နှာ တစ်ခုကို လှည့်ကြည့်ရင်း ပြောတယ်။ “နှစ်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ ရေတွက် ရမှာတောင် ခက်ခဲလွန်းတယ်။ အချိန်တွေ အတော့်ကို ကြာသွားပြီ။ ဒီဂူသချိုင်းလည်း တဖြည်းဖြည်း ပိုပြီးတော့ ကြီးလာတာပဲ။ ”

သူုနောက်ထက် မပြောတော့ဘူး။ ရှေ့တစ်လှမ်း ဆက်တိုးတယ်။ ရေခဲတွေ အက်ကွဲသံကို ကြားနေရတယ်။ အစိမ်းရောင် ခြေလှမ်း နှစ်ခု မြေပြင်ပေါ်မှာ ကျန်နေခဲ့တယ်။

ဒီလို နှင်းဖြူရောင် လောကကြီးထဲမှာ ခြေရာတွေက ထင်ရှားတယ်။ သိပ်မကြာခင်ပဲ နှင်းတွေက ခြေရာတွေကို ပြန်ဖုံး သွားခဲ့တယ်။ ဖြူဖွေး သန့်ရှင်းတဲ့ နှင်းတွေပဲ ကျန်ရစ်တော့တယ်။

အပိုင်း (၆၈၇)ပြီး၏။

အပိုင်း (၆၈၈)

“မိုးကြိုး ပြစ်ခံရရင် နင်သေလိမ့်မယ်။”

ဂူသချိုင်းကြီးက နှင်းတွေထဲမှာ ကောင်းကောင်း ဖုံးအုပ်နေတယ်။

နန်ကုန်းမိသားစုရဲ့ ဂူသချိုင်း တံခါးကြီး အတွင်းထဲကနေ ပွင့်သွားတယ်။ အထဲကနေ ခပ်ဖိုင့်ဖိုင့် လူကြီးတစ်ယောက် ထွက်လာခဲ့တယ်။ မီးအလင်းတန်းတွေ ထွန်းညှိ လိုက်တာနဲ့၊ ဂူနံရံပေါ်က ပန်းချီတွေ ပေါ်လာတော့တယ်။

ရှေးဟောင်း မှင်ပန်းချီတွေ အသက်ဝင်လာတယ်။ ဒါတွေက စစ်ပွဲ တစ်ခုရဲ့ ပန်းချီတွေ။ ဒီပန်းချီမှာ ရှေးဟောင်း မှင်စာတွေကို အရောင် သုံးခုနဲ့ အဓိက ရေးချယ်ထားတယ်။ အစိမ်း၊ အနီနဲ့ အပြာ။ ရုပ်တုတွေ မဟုတ်ကြပေမယ့် တူညီတဲ့ ပုံစံတွေ ရှိကြတယ်။

လူကြီးကတော့ ဒီပန်းချီတွေကို အာရုံ သိပ်မစိုက်ဘူး။ ဂူသချိုင်းရဲ့ လမ်းတွေကို ခပ်မြန်မြန် ဖြတ်ကျော် လာပြီးတော့ ကျောက်တုံး ခန်းမ တစ်ခုထဲကို ဝင်သွားတယ်။ နန်ကုန်းမိသားစု သချိုင်းက ငါးမိုင်သချိုင်းကြီးရဲ့ အတွင်းဘက်မှာ ရှိတယ်။

ဒါပေမယ့် ခန်းမကြီးကတော့ မျှော်စင်ကြီး တစ်ခုလို ကြီးမားနေတယ်။ မီတာ၃၀ကျော် မြင့်ပြီးတော့ သက်တောင့်သက်သာ မဖြစ်လောက်အောင်ကို နေရာကျယ်လွန်းနေတယ်။

“ဆရာ။” တည်ီတညွှတ်တည်း အသံတွေ ထွက်ပေါ်လာတယ်။

ခပ်ဖိုင့်ဖိုင့် လူကြီးက ခေါင်းငြိမ့်လိုက်တယ်။ ခန်းမကြီး အလယ်မှာ ရှိတဲ့ ကျောက်တုံးစိမ်းတွေနဲ့ လုပ်ထားတဲ့ လျှောက်လမ်းကြီးကို သူလှမ်းကြည့်နေတယ်။

ဒီကျောက်တုံးလမ်းမှာ တံခါး မရှိဘူး။ ဘုရားရှိခိုးကျောင်းရဲ့ အလယ်မှာ ရှိတဲ့ အမိုးခုံးလိုမျိုး ပုံစံကြီး ရှိနေတယ်။ နန်ကုန်း ဂူသချိုင်းထက် သိသိသာသာ ပိုပြီး ရှေးကျတဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတယ်။

ကျောက်တုံးတွေမှာ အက်ကွဲရာတွေ အများကြီးနဲ့ သမိုင်းကို ထင်ဟပ် နေစေတယ်။ ထိုင်နေတဲ့ လူရုပ်တုကြီး နှစ်ခုလည်း ရှိနေတယ်။

အလယ်မှာတော့ သွားချွန်ချွန်တွေနဲ့ သားရဲကောင် တစ်ကောင် ရှိတယ်။သူ့ရဲ့ မျက်ဝန်းတွေက ရတနာတွေလို တလက်လက် တောက်ပပြီး အစိမ်းရောင် အလင်းတန်းတွေ ဖြာထွက်နေတယ်။ ခပ်ဖိုင့်ဖိုင့် လူကြီးက လမ်းအတိုင်း လျှောက်လာတယ်။ သားရေ ဝတ်ရုံတွေကို လွှမ်းခြုံထားတဲ့ အကြီးအကဲ၈ယောက် ထိုင်ရာကနေ ထရပ်လိုက် ကြတယ်။

“စကြစို့။” လူကြီးက အကြီးအကဲ ၈ယောက်ကို ဦးညွှတ်ရင်း ပြောတယ်။ အဲ့ဒီ့နောက် တံခါးလမ်းရဲ့ ရှေ့ကို လျှောက်လာရင်း အလယ်မှာ မတ်တပ် ရပ်လိုက်တယ်။

“ကောင်းပါပြီ။” အကြီးအကဲတွေ တွေတွေဝေေ၀နဲ့ ပြန်ဖြေကြတယ်။ အဲ့ဒီ့နောက် သူတို့ရဲ့ သားရေဝတ်ရုံတွေကို ချွတ်ချလိုက်တယ်။ သူတို့ရဲ့ ခန္ဒာကိုယ်တွေပေါ်မှာ နံရံကလို ဆေးရေး ပန်းချီတွေ ရှိနေခဲ့တယ်။

ဒါပေမယ့် သူတို့ ခန္ဒာကိုယ်က ပန်းချီတွေ မှာတော့ များပြားလှတဲ့ ရွှေရောင် စာလုံးတွေ ပါရှိနေတယ်။ အကြီးအကဲ ရှစ်ယောက် မြေပြင်ပေါ်ကို ထိုင်ချလိုက်တယ်။ ဒီစာလုံးတွေလည်း သူတို့ ခန္ဒာကိုယ်မှာ တောက်ပလာပြီး လှည့်ပတ် စီးဆင်းတော့တယ်။

…

သွေးအရိပ် မြို့တော်က နတ်ဆိုးမျိုးနွယ်စု နယ်ပယ် ဆယ်ခုရဲ့ နှလုံးသား အလယ်မှာ တည်ရှိတယ်။

သွေးအရိပ်မြို့တော်က အခုချိန်မှာ အရင်ကနဲ့ အများကြီး ကွာခြားနေပြီ။ နတ်ဆိုးမျိုးနွယ် ခန်းမဆောင်ရဲ့ အလယ်မှာ ရွှေရောင် စကားလုံးတွေ ရေးထွင်းထားတဲ့ အနက်ရောင် ပိုးသားတွေ တွဲလွဲကျနေတယ်။

နတ်ဆိုး စစ်တပ်ကြီးက မရေမတွက်နိုင်တဲ့ မဟူရာ သံချပ်ကာဝတ် စစ်သည်တော်တွေ ခန်းမကြီးကို စောင့်ကြပ်နေကြတယ်။ သူတို့တွေ အားလုံး တစ်ခုခုကို စောင့်ကြပ် နေကြသလိုပဲ။

တစ်ခဏ ကြာပြီးတဲ့နောက်၊ ဝတ်ရုံဖြူ ဝတ်ထားတဲ့ လူတစ်ယောက် နတ်ဆိုးမျိုးနွယ် ခန်းမဆောင်ရှေ့ကို ရောက်လာတယ်။ အဖြူရောင် ဝတ်ရုံရှည်ကြိးကို ဝတ်ထားတဲ့ ဒီလူက နက်မှောင်တဲ့ ဆံကေသာတွေနဲ့ အတော့်ကို ချောမောလှပပြီး တော်ဝင်ဆန်တဲ့ ရုပ်သွင်ရှိတယ်။

“အရှင်သခင်ငယ်။” ဝတ်ရုံဖြူ အမျိုးသမီးကို မြင်တော့၊ နတ်ဆိုး စစ်တပ်ကြီး ချက်ခြင်း ဒူးထောက်ရင်း တလေးတစား နှုတ်ဆက်ကြတယ်။ နတ်ဆိုး အရှင်သခင်ငယ် ဖြစ်တဲ့ အတွက် ယွင်ချင်းဝူကို နတ်ဆိုးနယ်မြေ ဆယ်ခုမှာ အမြဲ တွေ့ရတယ်။

အခုချိန်မှာ ယွင်ချင်းဝူ နည်းနည်း စိတ်ပူနေပုံပဲ။ သူမရဲ့ မျက်ဝန်းတွေက ထိုင်းမှိုင်းနေတယ်။ ယွင်ချင်းဝူရဲ့ မျက်နှာမှာ ဒီလို အမူအယာမျိုးက တွေ့ရခဲတယ်။ ယွင်ချင်းဝူ နတ်ဆိုး စစ်တပ်ကို အမိန့်မပေးဘူး။ ဖြည်းဖြည်းချင်း တက်လာပြီးတော့ နတ်ဆိုးမျိုးနွယ် ခန်းမဆောင်ကို ဝင်တယ်။ နတ်ဆိုးမျိုးနွယ် ခန်းမဆောင်ရဲ့ ဝင်ပေါက်မှာ ဝတ်ရုံနက် ဆယ်ယောက်လည်း ရပ်နေခဲ့တယ်။

“နယ်မြေ ဆယ်ခု အကြီးအကဲတွေကို ယွင်ချင်းဝူ အရိုအသေ ပေးပါတယ်။” ယွင်ချင်းဝူက ဝတ်ရုံနက် ဆယ်ယောက်ကို ဦးညွှတ်လိုက်တယ်။

“ဓလေ့ထုံးစံတွေ အတိုင်း လုပ်စရာ မလိုပါဘူး။ အရှင်သခင်ငယ်။” အလယ်မှာ ရှိတဲ့ လူကြီးက လက်ဆန့်ထုတ်ရင်း ပြန်ဖြေတယ်။ အဲ့ဒီ့နောက် ကောင်းကင်ကို မော့ကြည့်တယ်။ “ကောင်းကင် နိမိတ် ဟောစာတမ်းနဲ့ အတူ ရွေးချယ်ခံလည်း ပေါ်ပေါက်လာပြီ။ နန်ကုန်းထျန်းကလည်း လှုပ်ရှားတော့မယ်။ ကျွန်တော်တို့ ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး။”

“နားလည်ပါပြီ။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။

“အရှင်သခင်ငယ်ရဲ့ ခမည်းတော်က ခန်းမမှာ စောင့်နေပါတယ်။ ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ။” လူတစ်ယောက် ရှေ့ကို ထွက်လာပြီးတော့ နတ်ဆိုးမျိုးနွယ် ခန်းမဆောင်ကို ဝင်သွားတော့တယ်။

“ကောင်းပါပြီ။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း နောက်က လိုက်လာတယ်။ နောက်ထပ် ဝတ်ရုံနက် ကိုးယောက်လည်း ယွင်ချင်းဝူ နောက်ကနေ လိုက်သွားတယ်။ ခပ်မြန်မြန်ပဲ ယွင်ချင်းဝူနဲ့ ဝတ်ရုံနက်တွေ လူရှစ်ယောက် စောင့်ကြပ်နေတဲ့ တံခါးကြီးဆီကို ရောက်လာခဲ့တယ်။

“မျိုးနွယ်စု အကြီးအကဲတွေနဲ့ အရှင်သခင်ငယ်ကို ဂါရဝပြုပါတယ်။” လူကြီး ရှစ်ယောက် တလေးတစားနဲ့ နှုတ်ခွန်းဆက်ကြတယ်။

“တံခါးဖွင့်။”

“အမိန့် အတိုင်းပါ။” လူကြီး ရှစ်ယောက် နောက်လှည့်ပြီး သော့ရှစ်ချောင်းကို ထုတ်လိုက်ကြတယ်။ တံခါးကြီးရဲ့ အပေါက်တွေထဲကို ထည့်ပြီးတော့ လှည့်ချလိုက်တယ်။

“ဂျိန်း။” တံခါးကြီး ဖြည်းဖြည်းချင်း ပွင့်လာပြီ။

တံခါးထဲကနေ အလင်းတန်းတွေ ထွက်ပေါ်နေတယ်။ ယွင်ချင်းဝူနဲ့ မျိုးနွယ် ခေါင်းဆောင် ဆယ်ယောက်လည်း ဖြည်းဖြည်းချင်း ဝင်လာကြတယ်။ ဒါက အခန်း တစ်ခန်းပဲ။ နတ်ဆိုး ခန်းမဆောင် အထဲက အခန်း တစ်ခန်း။ မီတာသုံးဆယ်ကျော် မြင့်ပြီးတော့ တွေးထား နိုင်တာထက်တောင် ကျယ်ဝန်းသေးတယ်။ အခန်းအလယ်မှာ ရွှေရောင် အနားကွပ် ဝတ်ရုံနက်ကြီး ဝတ်ထားတဲ့ လူကြီးတစ်ယောက် ရပ်နေခဲ့တယ်။ သူ့ခေါင်းပေါ်မှာ အနက်ရောင် သရဖူကို ဆောင်းထားခဲ့တယ်။

သူ့ရုပ်သွင်က ယွင်ချင်းဝူနဲ့ နည်းနည်းတော့ ဆင်တယ်။ မျက်ခုံးကောင်းကောင်းနဲ့ ထူးထူးဆန်းဆန်း လေးနက်နေတဲ့ မျက်ဝန်းတွေ ရှိတယ်။ သူ့မျက်ဝန်းတွေမှာ ကြယ်တာရာ နဂါးငွေ့တန်းကြီး တစ်ခုလုံးကို ထည့်သွင်း ထားသလို လင်းလက်နေတယ်။

ဒီလူကြီးရဲ့ နောက်မှာ ကြီးမားတဲ့ အနက်ရောင် ကျောက်တုံး တံခါးကြီး တစ်ချပ် ရှိနေတယ်။ နန်ကုန်း ဂူသချိုင်းက တံခါးကြီးလိုပဲ။ ကွာခြားချက် တစ်ခုကတော့ ဒီတံခါးက လုံး၀ မှင်နက်ရောင်။ ကျောက်တုံးနက်တွေ အပြည့်နဲ့ ဆောက်ထားတယ်။ တံခါးထိပ်မှာ သွေးနီရောင် တောက်ပနေတဲ့ သားရဲကောင် မျက်ဝန်းတစ်စုံ ရှိနေတယ်။

“ယွမ်သိ။” ခေါင်းဆောင် ဆယ်ယောက်က လူကြီးကို မြင်တော့ ဦးညွှတ်ရင်း ဝတ်ရုံတွေကို ချွတ်လိုက်တယ်။

“ခမည်းတော်။” ယွင်ချင်းဝူ ရှေ့နည်းနည်း လျှောက်လာရင်း နှုတ်ဆက်တယ်။ သူမရဲ့ မျက်နှာကတော့ အခုချိန်ထိ စိုးရိမ် ပူပန်နေပုံ မပျောက်သေးဘူး။

“ကောင်းပြီ။ အကုန်လုံး ရောက်ပြီဆိုတော့၊ စကြစို့။” ယွမ်သိလို့ နာမည်ရတဲ့ လူကြီး ခေါင်းငြိမ့်တယ်။ ယွင်ချင်းဝူကို ကြည့်တဲ့ အချိန် သူ့ရဲ့ အေးစက်စက် မျက်နှာမှာ ချစ်ခင်မြတ်နိုးတဲ့ အမူအယာတွေ ချက်ခြင်း ပေါ်လာခဲ့တယ်။

နတ်ဆိုးမျိုးနွယ် ဆယ်စုရဲ့ ခေါင်းဆောင် နတ်ဆိုး အရှင်သခင် အနေနဲ့ ယွမ်သိက လူမြင်ကွင်းကို ရှောင်ရှားတယ်။ နတ်ဆိုးမျိုးနွယ်ထဲမှာ ယွမ်သိဆိုတာ နာမည် တစ်ခုထက် မပိုဘူး။ ဘာကြောင့်လဲ ဆိုတော့ အခုချိန်မှာ နတ်ဆိုး အရှင်သခင်ငယ် ရှိနေပြီလေ။ မျိုးနွယ်စု တစ်ခုမှာ ဘယ်လိုများ အုပ်ချုပ်သူ နှစ်ယောက် ရှိနိုင်မှာလဲ။

“ခမည်းတော် တကယ်ပဲ ဒါကို လုပ်ရတော့မှာလား။” ယွင်ချင်းဝူရဲ့ အသံက မကျယ်ဘူး။ ဒါပေမယ့် နတ်ဆိုးအကြီးအကဲတွေရဲ့ ခြေလှမ်းကို ရပ်တန့်သွားစေတယ်။

“ဘာဖြစ်လို့ မလုပ်ရမှာလဲ။” ယွမ်သိရဲ့ အမူအယာက နည်းနည်းတော့ ပြောင်းလဲ သွားတယ်။ တကယ်တော့ ယွင်ချင်းဝူရဲ့ မေးခွန်းကို သူမအံ့သြဘူး။

“နတ်ဆိုး မျိုးနွယ်တွေက အခုချိန်မှာ စည်းလုံးညီညွှတ်နေပြီ။ ဒီအတိုင်း ဆက်သွားရင်၊ တစ်နေ့တော့ ပြန်ပြီး လွှမ်းမိုးနိုင်လိမ့်မယ်။ အခု ကိစ္စကို မလုပ်လည်း ရပါတယ်။” ယွင်ချင်းဝူ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ရင်း ပြောတယ်။

“ချင်းဝူ။ သမီးတော် ဘယ်လိုတွေးနေလဲ နားလည်ပါတယ်။ ဒါပေမယ့် ခမည်းတော်တို့ စောင့်ဆိုင်းလာတာ ကြာလှပြီလေ။ ဟုတ်တယ်မလား။” ယွမ်သိ သက်ပြင်းချရင်း ပြောတယ်။

“ခမည်းတော် တကယ်တော့၊ ချင်းဝူ စီစဉ် ထားပြီးပြီ။” ယွင်ချင်းဝူ တစ်ခဏတာ တွေဝေရင်း ပြောတယ်။

“ဘာကို စီစဉ်ထားတာလဲ။” ယွမ်သိ နည်းနည်းတော့ စိတ်ရှုပ်ထွေး သွားပုံပဲ။

“အစေ့ကို စိုက်ခဲ့လိုက်ပြီ။”

“အစေ့ကို ဘယ်နေရာမှာ စိုက်ခဲ့တာလဲ။”

“လူသား တစ်ယောက်။”

“ဘယ်သူလဲ။”

“ဖန်ကျန်းရှီ။”

“အဲ့တာ လူသားလား။”

“ဟုတ်ပါတယ်။”

“အစေ့ကို လူသား တစ်ယောက်မှာ စိုက်ပျိုး လိုက်တယ်ပေါ့။ ဘယ်လောက် ယုံကြည်ချက်ရှိလဲ။” ယွမ်သိ နည်းနည်း အံ့သြ သွားပေမယ့် သိပ်မကြာခင်ပဲ ပြန်တည်ငြိမ် သွားတယ်။

“၅၀%” ယွင်ချင်းဝူ ခပ်တိုးတိုး ပြောတယ်။

…

ကောင်းကင် တာအို ခန်းမ ဓားတောင်ထိပ်။

ကောင်းကင် ကျောင်းတော် ခန်းမဆောင်ရဲ့ အပေါ်ဘက် နေရာ။

ရွှေရောင် အလင်းတန်းတွေက ကောင်းကင်မှာ လှည့်ပတ်ရင်း တောက်ပနေတယ်။ ကောင်းကင် တာအို ခန်းမကို လွှမ်းခြုံပြီးတော့ တိမ်တွေကို ဖြတ်သန်း လှည့်လည်နေတယ်။ အထင်ကြီးစရာ မြင်ကွင်းပဲ။ ရွှေရောင် အလင်းတန်းတွေ အောက်မှာ ကြည်လင်နေတဲ့ ဓားတစ်လက်ကို ကို်င်ထားတဲ့ အဖြူရောင် လူတစ်ယောက် ရှိနေတယ်။

ဖန်ကျန်းရှီဆီကို တည့်တည့် ဝင်လာနေတယ်။ ဖန်ကျန်းရှီ တွေးတော့ တွေးဖူးတယ်။ သူဒဏ်ရာ ရနေတဲ့ အချိန်မှာ လူတစ်ယောက်က သူ့ကို ဓားနဲ့ လာထိုးနိုင်တယ်လို့။ ဒါပေမယ့် အဲ့ဒီ့လူက နန်ကုန်းဟောင် ဖြစ်မယ်လို့ မထင်ထား ခဲ့မိဘူး။ ဖန်ကျန်းရှီ တစ်ယောက်တည်း ဒီလို ဖြစ်မှာကို မထင်မှတ်ထားတာ မဟုတ်ဘူး။ ဘယ်တပည့်သားမှ မထင်မှတ် ထားခဲ့တာ။

လျှပ်စီးလက်သလို အရှိန်နှုန်းနဲ့ လှုပ်ရှားနေတဲ့ အဖြူရောင် လူရိပ်ကို သူတို့တွေ ကြည့်နေကြတယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန်တို့ ရွှေရောင် အလင်းတန်းတွေနဲ့ သန့်စင် ခံနေရတဲ့ မြင်ကွင်းကြောင့် သူတို့တွေ ကြောက်လန့် နေခဲ့ကြတယ်။ အခုတော့ သူတို့ရဲ့ ခံစားချက်က တစ်မျိုး တစ်ဖုံ ပြောင်းသွားပြီ။ တအံ့တသြနဲ့ ရေရွတ်နေကြတယ်။

“လောကကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ။”

“ညီလေးနန်ကုန်းက ဘာလုပ်မလို့လဲ။”

“ဘာဖြစ်လို့ သူတိုက်ခိုက်တာလဲ။”

ဘယ်တပည့်သားမှ မတွေးတတ်ဘူး။ နန်ကုန်းဟောင်ကတော့ သူတို့ မျက်စိရှေ့မှာ တကယ်ပဲ တိုက်ခိုက်နေပြီ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့ကို မကြောက်တာ အသိသာကြီး။ ဖန်ကျန်းရှီက နန်ကုန်းဟောင် ရုတ်တရက် တိုက်ခိုက်တာကြောင့် အံ့သြ ခဲ့ပေမယ့်၊ ကြောက်တော့ မကြောက်ဘူး။ နန်ကုန်းဟောင်က အင်အားမကြီးလို့ သူမကြောက်တာ မဟုတ်ဘူး။ သူ့အတွက်တော့ နန်ကုန်းဟောင်က အင်အားမပြည့်ဝတဲ့သူ ဖြစ်နေလို့ပဲ။

“သူဘာလုပ် နိုင်မှာလဲ။” ဖန်ကျန်းရှီ ကိုယ့်ဘာကိုယ် တွေးတောရင်း ပြောနေတယ်။ ချီကူယန် သူ့ဘေးမှာ မရှိ ရင်တောင် နန်ကုန်းဟောင်ကို သူမကြောက်ဘူး။ ဒါက အမှန်တရားပဲ။ ချီကူယန်က ချက်ခြင်း ဓားထုတ်ပြီး နန်ကုန်းဟောင်ကို ပြန်တိုက်ခိုက်ဖို့ ပြင်တယ်။ သူမရဲ့ မျက်ဝန်းတွေမှာ အေးစက်စက် အလင်းတန်းတွေ တောက်ပနေတယ်။

ချီကူယန် ဘာတွေတွေးနေလဲ ဘယ်သူမှ မသိ။ အရေး အကြီးဆုံးကတော့ အသာစီးရနေတဲ့ အခြေအနေကနေ ရုတ်တရက်ကြီး ပြောင်းလဲ သွားတာပဲ။ ဒီတစ်ခေါက် အပြောင်းအလဲက အသက်အန္တရာယ်ရှိနိုင်တဲ့ အပြောင်းအလဲ။

“ငါသူ့ကို တားထားမယ်။ ပထမ မိုးကြိုးကို နင်တားဆီးလိုက်။” ချီကူယန်ရဲ့ အသံက ဖန်ကျန်းရှီရဲ့ နားထဲကို ဝင်လာတယ်။ သူမရဲ့ ဓားလည်း လှုပ်ရှားတယ်။ လမင်းလို ဓားတစ်လက်ပဲ။ ထောင်ချီတဲ့ ကြယ်တာရာတွေ ဝန်းရံထားတဲ့ လခြမ်းကွေး ပုံစံ ရှိတယ်။ နန်ကုန်းဟောင်ကို သူမ ချက်ခြင်း တိုက်ခိုက်တယ်။ တစ်ချက်လေးတောင် မတွေဝေသလို နည်းနည်းလေးတောင် မညှာတာဘူး။ ဖန်ကျန်းရှီကတော့ စိတ်ရှုပ်ထွေး နေတုန်းပဲ။

“မိုးကြိုး။ ဘယ်က မိုးကြိုးလဲ။” ဖန်ကျန်းရှီ မေးတော့မယ့် အချိန်မှာပဲ မျက်လုံးပြူးသွားရတယ်။ သူနားလည်သွားပြီ။ အခုချိန်မှာ သူ့ခံစားချက်ကို စကား တစ်ခွန်းနဲ့ပဲ ဖော်ပြလို့ ရမယ်။ (-ျီးပဲ။ ငါဘယ်လိုတောင် လက်လွတ်စပယ် နေမိတာလဲ။)

သူ့ခေါင်းပေါ်မှာ ရွှေရောင် နဂါးကြီး တစ်ကောင်လို မိုးကြိုးတွေ ရှိနေတယ်။ ကောင်းကင်ကြီး တစ်ခုလုံး ရွှေရောင် အလင်းတန်းတွေနဲ့ ပြည့်နေတဲ့ အပြင်၊ အတော့်ကို ကြီးမားလွန်းတဲ့ မိုးကြိုး လျှပ်စီးထုကြီးရှိနေတာ။

“…” ချီကူယန်ကို နေရာပြောင်းဖို့ ဖန်ကျန်းရှီ တကယ်ပဲ ပြောချင်တယ်။ ဒါပေမယ့် သူမပြောနိုင်လိုက်ဘူး။ မိုးကြိုး ပြစ်ချပြီ။ ဒါ့အပြင် ချီကူယန်ကလည်း အချိန်ကိုက် ရှောင်ထွက်သွားတယ်။ ကောင်းလိုက်တဲ့ အချိန်လေး။

“ဝုန်း” ရွှေရောင် မိုးကြိုးတွေက ဖန်ကျန်းရှီရဲ့ ခေါင်းကို တည့်တည့် ပြစ်ချတယ်။ ခေါင်းကနေ ခြေဖျားအထိ လျှပ်စီးကြောင်းတွေ ဖြတ်သန်းတယ်။ ဒီအချိန် ဖန်ကျန်းရှီရဲ့ ခံစားချက်က နတ်ဖြစ်ဖို့ ဝဋ်ကြွေးမိုးကြိုး စမ်းသပ်ချက်ကို ခံစား နေရသလို၊ တာအိုကို ကိုယ်တိုင် ကြုံတွေ့ နေရသလိုပဲ။

ရွှေရောင် မြွေသန်းချီက သူ့တကိုယ်လုံးကို နေရာမလပ် ကိုက်ခဲနေသလို ခံစားရတယ်။ ဆံပင် မွေးညင်းပေါက်တွေကနေ ကိုယ်တွင်း ကလီစာတွေ အထိ။ ရွှေရောင် မြွေတွေက သူ့ကို သန့်စင် ပေးနေသလိုပဲ။ အံ့သြစရာ ကောင်းလိုက်တာ။ ဘာကြောင့်မှန်း မသိပေမယ့် ဖန်ကျန်းရှီ တွေးလိုက်မိတယ်။

ကိုယ်တိုင်သာ မိုးကြိုး ဖြစ်သွားပြီးတော့ လူတွေကို လိုက်ပြစ်ချ နေရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ မိုးကြိုးပြစ်တာကို ဘယ်သူမှ ရှောင်လို့ မရဘူးလေ။

“ဝေါ့။” ချီကူယန်ရဲ့ အကျီပေါ်ကို ဖန်ကျန်းရှီ သွေးအန် ချမိတယ်။ သူမရဲ့ ပန်းနုရောင် ဝတ်ရုံက အခုချိန်မှာ သွေးတွေ စွန်းထင်းပြီးတော့ ထူးခြားတဲ့ ပုံစံ ဖြစ်နေတယ်။ အခုချိန်မှာ နန်ကုန်းဟောင် သူ့ကို ဘာကြောင့် တိုက်ခိုက်မှန်း သိလာ သလိုပဲ။

ဒါပေ့ါ နန်ကုန်းဟောင်ရဲ့ နည်းဗျူဟာတွေက သူနဲ့ ဘာမှ ယှဉ်စရာ မရှိဘူးမှန်း သူသိတယ်။ သူတို့ နှစ်ယောက်ရဲ့ အစီအစဉ်တွေက တခြားစီပဲ။ အခု ဖြစ်နေတာတွေ အားလုံးက အစီအစဉ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်နိုင်တယ်။

ဒါပေမယ့် နန်ကုန်းဟောင်က ဘာဖြစ်လို့များ အခုချိန်မှ တိုက်ခိုက်တာလဲ။ နန်ကုန်းဟောင်က တခြားသူ အခက်အခဲ ဖြစ်နေတာကို ရွေးပြီးတော့ တိုက်ခိုက်မှာ မဟုတ်မှန်း သူသိတယ်။ ဖန်ကျန်းရှီ ပဟေဠိ ဖြစ်နေတယ်။ ဒါပေမယ့် နောက်ထပ် မတွေးတော့ဘူး။

နန်ကုန်းဟောင်က တိုက်ခိုက်မှတော့ ဘယ်လိုတွေးတွေး ပြန်ပြင်လို့ မရတော့ဘူးလေ။

“နန်ကုန်းဟောင်၊ မင်းရူးသွားပြီလား။ သတ္တိရှိရင် စိန်ခေါ်လေ။” ဖန်ကျန်းရှီ ပြောရင်း အလင်းတန်းထဲက ထွက်ဖို့ လုပ်တယ်။

“အလင်းတန်းထဲက မထွက်နဲ့။” ချီကူယန်က ဖန်ကျန်းရှီကို သတိပေးတယ်။

“ငါထွက်လို့ မရဘူးလား။” ခြေတလှမ်း အပြင်ရောက်နေတဲ့ ဖန်ကျန်းရှီ အထဲကို ပြန်ဝင်တယ်။

“ဟုတ်တယ်။ ရွှေရောင် အလင်းတန်းရဲ့ အပြင်ကို နင်ထွက်လိုက်ရင်၊ မိုးကြိုး ပြစ်တဲ့ အချိန် နင်သေလိမ့်မယ်။” ချီကူယန် ခေါင်းငြိမ့်ရင်း ပြန်ပြောတယ်။

“အဲ့လောက်တောင် အားပြင်းတာလား။ ငါနားလည်ပြီ။” ဖန်ကျန်းရှီ အသေးစိတ် နားမလည်ပေမယ့် ခေါင်းတော့ ငြိမ့်လိုက်တယ်။

“သူတိုက်ခိုက်တာကို ငါနောက်တစ်ခေါက် ခုခံထားမယ်။ ဒုတိယ မိုးကြိုးကို နင်တားထားလိုက်။”

အပိုင်း (၆၈၈)ပြီး၏။

အပိုင်း (၆၈၉)

“ပြန်လည် မွေးဖွားခြင်း။”

ယောကျာ်း တစ်ယောက် အနေနဲ့၊ ဖန်ကျန်းရှီလည်း တာဝန် နည်းနည်းတော့ ယူသင့်တယ်လို့ ခံစားရတယ်။ ဒါပေမယ့် အမြဲတမ်းတော့ တာဝန် မယူနိုင်ဘူး။ အထူးသဖြင့် အခုလို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ အချိန်မှာပေါ့။ ပထမ မိုးကြိုးကို တာဝန် ယူပြီးပြီလေ။ အခုတော့ ဒုတိယ မိုးကြိုးတဲ့လား။ မင်း ငါ့ကို လာနောက် နေတာလား။

ဖန်ကျန်းရှီ လှမ်းအော်ချင်တယ်။ အနည်းဆုံးတော့ သူ့ကို ရွေးချယ်စရာ ပေးသင့်တယ်လေ။ ဒါပေမယ့် စကားကို ပြောမထွက်ဘူး။ သူက ချီကူယန်ရဲ့ နောက်မှာ ရပ်နေ ရတာလေ။ နောက်တနည်း ပြောရရင်၊ ချီကူယန်က ထွက်ပြီး တိုက်ခိုက်နေရင် သူကတော့ မိုးကြိုး ပြစ်ခံ ရမှာပဲ။

“နည်းနည်းတော့ များလွန်းတယ် မဟုတ်လား။” ဖန်ကျန်းရှီ ခေါင်းမော့ကြည့်ရင်း မျက်လုံး ပြူးသွားတယ်။ ဒါက သူတွေး ထားတာထက် ပိုခက်တယ်လေ။ ဒုတိယ မိုးကြိုးလည်း ကောင်းကင်က ဆင်းသက်လာတယ်။

ဖန်ကျန်းရှီရဲ့ စိတ်ထဲက အော်သံတွေကို ပြန်ဖြေ နေသလိုပဲ။ မိုးကြိုးက ဒီ့ထက် ပိုကြီးတာ ရှိအုန်းမလား။ ရှိနိုင်တယ်။ ဒုတိယ မိုးကြိုးက ပထမ မိုးကြိုးထက် ၂ဆ ပိုကြီးတယ်။

“ဝုန်း။” ချီကူယန်က ဒီမိုးကြိုးကို ခုန်ရှောင်သွားတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ တိမ်တွေကြားထဲ လွင့်မျောနေသလို ခံစား လိုက်ရတယ်။ လေဟာနယ်ထဲ ပျံသန်း နေရသလိုပဲ။ တခြား ဘာမှ မခံစားနိုင်ဘူး။ အရာအားလုံးက ထုံထိုင်း နေတယ်။ သူ့ခန္ဒာကိုယ် လေထဲမှာ လွင့်မျောနေတာ၊ သမုဒ္ဒရာကြီးထဲက လှေတစ်စင်းလိုပဲ။ လေနဲ့ မုန်တိုင်းတွေ ကြားမှာ လူးလွန့်နေတယ်။

တခြား တစ်ဖက်မှာတော့ ချီကူယန်နဲ့ နန်ကုန်းဟောင်က ဒေါသတကြီး ဆက်ပြီး တိုက်ခိုက်နေတယ်။ ချီကူယန်က အရင်ဆုံး တိုက်ခိုက်တယ်။ နန်ကုန်းဟောင်လည်း သူ့ရဲ့ တည်ငြိမ်ဓားနဲ့ ချက်ခြင်း ပြန်ခုခံတယ်။ ဒါပေမယ့် ဒုတိယ တစ်ကြိမ် သူမ တိုက်ခိုက်တဲ့ အချိန်၊ နန်ကုန်းဟောင် မခုခံနိုင်ဘူး။ ဓားချက်မိပြီး တစ်ဖက်ကို ရွေ့သွားတယ်။

ဒါပေမယ့် နန်ကုန်းဟောင်ရဲ့ ဆုံးဖြတ်ချက်ကို မသက်ရောက်ဘူး။ နန်ကုန်းဟောင်က ဘာကိုမှ မကြား ဘာကိုမှ မမြင်တဲ့ အတိုင်း လှုပ်ရှားနေတယ်။ သူ့ရဲ့ တစ်ခုတည်းသော ပြစ်မှတ်က ဖန်ကျန်းရှီပဲ။ မုချင်းဖန်းနဲ့ ထျန်းရှင်းကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှာ တွေးတော နေကြတယ်။

သူတို့တွေ အမြင်မတူကြဘူး။ မုချင်းဖန်းကတော့ ဒီလို အခြေအနေမျိုးမှာ နန်ကုန်းဟောင် တိုက်ခိုက်တာကို အံ့သြ နေတယ်။

နန်ကုန်းဟောင် ကောင်းကင် တာအို ခန်းမမှာ ရှိနေခဲ့တာ အချိန် အတော်ကြာပြီလေ။ လွန်ခဲ့တဲ့ ၂နှစ်လုံးလုံး သူ့ရဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကို သက်သေပြခဲ့တယ်။ ဒီလို ပါရမီရှင် ဉာဏ်ကြီးရှင် တစ်ယောက်က ဒီလို လုပ်ဆောင်တာ အကြောင်းရင်းတော့ ရှိရမယ်။

မုချင်းဖန်းလိုပဲ ထျန်းရှင်းလည်း အံ့သြ နေခဲ့တယ်။ ဒါပေမယ့် ချီကူယန်ရဲ့ တိုက်ခိုက်မှုကို ခုခံ နိုင်တာကို အံ့သြနေတယ်။ သူ့အမြင်ကနေကြည့်ရင် ချီကူယန်ရဲ့ နွီဝါးသွေးတွေက အခုချိန်မှာ လုံး၀ နိုးထလာပြီ။ အချိန်တစ်ခု ကြာသွားပြီး သူမရဲ့ အင်အားတွေကို တကယ် နားလည်သွားရင်၊ ဘယ်သူမှ၊ သူကိုယ်တိုင်တောင်မှ ချီကူယန်ကို အနိုင်တိုက်ဖို့ ယုံကြည်ချက် မရှိဘူး။ ဒါပေမယ့် အခုတော့ နန်ကုန်းဟောင်က တိုက်ခိုက်နိုင်တယ်။ သူ့သွေးကြောထဲက အစွမ်းတွေကို မထုတ်ဖော် ပဲနဲ့တောင် ဒီလို တိုက်ခိုက်နိုင်တယ်။

“ဝိုး။ မဆိုးဘူးပဲ။” ထျန်းရှင်း ပြုံးလိုက်တယ်။ ဖန်ကျန်းရှီ ဒုတိယ မိုးကြိုး ပြစ်ခံ ရတာ မြင်လိုက်တော့ သူလှောင်ပြုံး ပြုံးနေခဲ့တယ်။ နောက်ထပ် မတွေဝေတော့ဘူး။ ထျန်းရှင်း ချက်ခြင်း ပြေးထွက်လာတယ်။ ကောင်းကင် နိမိတ်က လူနှစ်ယောက်ပေါ် ကျရောက်လာတာ သူဂရုမစိုက်ဘူး။ ဖန်ကျန်းရှီ ပိုပြီးတော့ အင်အားကြီးလာလေလေ၊ သူငြိမ်းငြိမ်း ချမ်းချမ်း အိပ်စက်နိုင်မယ့်နေ့ နည်းလေပဲ ဆိုတာ သူသိတယ်။

ဖန်ကျန်းရှီကို သတ်မှ ဖြစ်မယ်။

ထျန်းရှင်း ဖန်ကျန်းရှီဆီကို ပြေးလာ နေသလို၊ နောက်တစ်ယောက်လည်း သူ့လိုပဲ ပြေးလာနေတယ်။ မုချင်းဖန်း။

“ထျန်းရှင်း မင်းက ကောင်းကင်ဘုံကို တကယ်ပဲ ဆန့်ကျင် မလို့လား။” ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် အနေနဲ့၊ နန်ကုန်းဟောင် တိုက်ခိုက်နေတာကို သူနားမလည်ဘူး။ ဒါပေမယ့် တစ်ခုခု ထူးဆန်း နေမှတော့ ဒါကို ရပ်တန့် ပြစ်ရမယ်။ ဆုံးဖြတ်ချက် မချခင် သူသေချာ စဉ်းစားလိုက်တယ်။ ဒီအချိန်မှာ နားလည် သွားတယ်။ တားရမှာ နန်ကုန်းဟောင် မဟုတ်ဘူး။ ထျန်းရှင်းပဲ။ ထျန်းရှင်းက နန်ကုန်းဟောင်ထက် ပိုပြီးတော့ အင်အားကြီးတယ်။

“ကောင်းကင်ဘုံကို ဆန့်ကျင်တယ်တဲ့လား။ ဟဟား အဖိုးကြီး မင်း တကယ်ပဲ ဒီကောင်စုတ်က ရွေးချယ်ခံလို့ ထင်နေတာလား။ သူက ချီကူယန် နေရာကို လုယူသွားတဲ့ သူပဲ။ အခုက တိုက်ဆိုင်တာ သက်သက်ပဲ။” ထျန်းရှင်း ပြန်ဖြေတယ်။ လုံး၀ မရပ်တန့်ဘူး။ ဖန်ကျန်းရှီဆီကို ဆက်သွားတယ်။

“တိုက်ဆိုင်တာ။”

“ဒါက ဘယ်လိုလုပ် တိုက်ဆိုင်တာ ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာပဲ။”

“တိုက်ဆိုင်မှု ဆိုရင်တော့၊ ရွေးချယ်ခံက နှစ်ယောက် ရှိနေတာပဲ။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ ထျန်းရှင်း ပြောတာကို ကြားတော့ တစ်ယောက်ကို တစ်ယောက် ကြည့်မိတယ်။ သူတို့ အားလုံး စိတ်ဝင်စား နေတာ အတူတူပဲ။ ချီကူယန်က ရွေးချယ်ခံ ဆိုတာကို သူတို့ လက်ခံ နိုင်တယ်။

ကောင်းကင် နိမိတ် ဟောစာတမ်းက သူမဆီ ကျရောက်မယ်ဆိုတာ ခန့်မှန်း ပြီးသားလေ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ သူပါ ကောင်းကင် နိမိတ် ဟောစာတမ်းထဲ ရောက်နေတယ်။ ဖန်ကျန်းရှီကလည်း ရွေးချယ်ခံလား။

ရွေးချယ်ခံက နှစ်ယောက် ရှိနိုင်တာလား။ တိုက်ဆိုင်တာလား။ ဒါမှမဟုတ် ကံတရားလား။ မရေမတွက်နိုင်တဲ့ အတွေးတွေ သူတို့ စိတ်ထဲမှာ လှည့်ပတ်နေတယ်။ ဒါပေမယ့် ဘယ်သူကမှ ရိုးရှင်းတဲ့ နည်းလမ်းနဲ့ အတည် မပြုနိုင်ဘူး။ ဒါပေါ့။ ထျန်းရှင်းက တိုက်ဆိုင်မှုလို့ ပြောနေပင်မယ့်၊ ဘယ်သူကမှ အမှန်တရားလို့ သေချာ မပြောနိုင်ဘူး။ နောက်ဆုံးတော့လည်း ဒါတွေ အားလုံးက ထူးဆန်း နေလွန်းတယ်။

“ဝုန်း။” နားကွဲမတတ် ပေါက်ကွဲမှုကြီး ဖြစ်လာပြီးတော့ တောင်စဉ် ကိုးသွယ် တပည့်သားတွေရဲ့ အတွေးကို နှောက်ယှက်လိုက်တယ်။ သူတို့ရဲ့ စိတ်အာရုံက ကောင်းကင်မှာ ရှိတဲ့ ဝတ်ရုံဖြူ လူဆီကို ပြန်ရောက်သွားတယ်။ နန်ကုန်းဟောင်။

“အကိုကြီး။ ဖန်ကျန်းရှီကို မသတ်ပါနဲ့။” ဒီအချိန်မှာပဲ အရေးတကြီး အော်သံ တစ်ခု အဝေးကနေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် လူတစ်ယောက် ခုန်ထွက်လာတယ်။ သူ့နောက်မှာ နောက်ထပ် လူတစ်ယောက် ထပ်လိုက်လာ ခဲ့တယ်။

နန်ကုန်းမုနဲ့ ရန်ချင်း။ သူတို့ နှစ်ယောက်လုံးက တိုက်ခိုက် နေကြတာ အချိန် အတော်ကြာပြီ။ အခုတော့ အတော်လေး ပင်ပန်း နေတဲ့ ပုံစံပဲ။ တကိုယ်လုံးမှာ သွေးအလူးလူးနဲ့ ဒဏ်ရာတွေ ပြည့်နှ့်နေတယ်။ ဒါပေမယ့် အခုတော့ နန်ကုန်းမုက သူ့ရဲ့ တိုက်ပွဲကို လျစ်လျု ရှုပြီးတော့ ထွက်လာတယ်။

နန်ကုန်းဟောင်ဆီကို ပြေးဝင်လာတယ်။ နန်ကုန်းဟောင် နောက်မှာတော့၊ ရန်ချင်းက ကပ်လိုက် လာခဲ့တယ်။ သူ့အရှိန်နှုန်းက အမြောက်ဆံ တစ်ခုလိုပဲ။

“အဲ့တာ နန်ကုန်းဟောင်ရဲ့ ညီငယ်လေးလား။”

“အဲ့တာ သူ ဟုတ်ရဲ့လား။”

“သူပြောတာ နန်ကုန်းဟောင်က ဖန်ကျန်းရှီကို သတ်မလို့တဲ့လား။ သူတို့ကြားမှာ ရန်ငြိုးရှိနေတာလား။”

“ဖြစ်နိုင်တယ်။

ကောင်းကင် တာအို တပည့်သားတွေ ခုန်ထွက်လာတဲ့ လူနှစ်ယောက်ကို ကြည့်နေတယ်။ ဒီမြင်ကွင်းက ထူးဆန်းနေတယ်။ နန်ကုန်းမု ပေါ်လာတာ သူတို့ရဲ့ တိုက်ပွဲကို မေ့ပျောက် နေသလိုပဲ။

“ဘာလဲ။ နောက်နှစ်ယောက် တိုက်ပွဲထဲ ဝင်လာတာလား။” ထျန်းရှင်းက ဒီလူနှစ်ယောက် တိုက်ပွဲထဲ ဝင်လာတာကို ခံစားမိတယ်။ ဒါပေမယ့် သူတို့ကို ဂရု မစိုက်ဘူး။ မုချင်းဖန်းက သူ့နောက်မှာ ကပ်လိုက်လာတယ်လေ။ မုချင်းဖန်း မရောက်ခင် ဖန်ကျန်းရှီကို တစ်ချက်တည်းနဲ့ သတ်ပြစ်ရမယ်။

နန်ကုန်းမုက ဖန်ကျန်းရှီကို အသေသတ်ဖို့ တိုက်ခိုက်နေတယ်။ ချီကူယန်က အသက်နဲ့ ရင်းပြီးတော့ ကာကွယ်နေတယ်။ ဖန်ကျန်းရှီကတော့ ဘာမှ မလုပ်ဘူး။ ရွှေရောင် မိုးကြိုးတွေကို ခုခံ နေခဲ့တယ်။ ထျန်းရှင်းက ဖန်ကျန်းရှီဆီကို ပြေးဝင်တယ်။ မုချင်းဖန်းက သူ့ကို တားဖို့ ပြေးလာတယ်။ နောက်ပြီးတော့ နန်ကုန်းမုနဲ့ ရန်ချင်း ထပ်ရောက်လာတယ်။

“..”

ကောင်းကင် တာအိုနဲ့ တောင်စဉ်ကိုးသွယ် တပည့်သားတွေ ဒီလူတွေကို ကြည့်ရင်းနဲ့ ဘာတွေ ဖြစ်နေလဲ မတွေးတတ် တော့ဘူး။ ပြောစရာ စကားမရှိနိုင်အောင်ကို ဖြစ်နေကြတာ။

ဖန်ကျန်းရှီလည်း အတူတူပဲ။ သူ့ဘ၀ တစ်သက်လုံးမှာ မိုးကြိုး ပြစ်ခံ ရမယ်လို့ မမျှော်လင့် ထားဘူး။ နှစ်ခေါက်တောင် အပြစ်ခံရတာ။ ဒါပေမယ့် အခုတော့ ဘယ်လို ခံစားရလည်း သိနေပြီ။ တကယ့်ကို နတ်ဘုရား တစ်ပါးရဲ့ ခံစားချက်လိုပဲ။ မုန်တိုင်းထဲ လွင့်မျောနေတဲ့ စွန်လို ခံစား နေရတယ်။

ဖန်ကျန်းရှီက ကူကယ်ရာမဲ့ပြီးတော့ ပြောစရာ စကားမရှိ ဖြစ်နေတယ်။ အခုတော့ သူ့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ပထမ တစ်ခုက ချီကူယန်ကို တတိယ မိုးကြိုး ရှိသေးသလား မေးဖို့နဲ့။ ရှိခဲ့ရင်၊ အဲ့ဒီ့ မိုးကြိုးကို ခံယူဖို့။ ဒုတိယ တစ်ခုကတော့ ချီကူယန်နဲ့ နေရာချင်း လဲပြီး တိုက်ခိုက်ဖို့။ ဖန်ကျန်းရှီ တကယ်ပဲ ဒုတိယ တစ်ခုကို ရွေးချင်တယ်။

ဒါပေမယ့် အခုတော့ ထျန်းရှင်း သူ့ဆီ ပြေးဝင်လာတာ မြင်တော့ ပိုပြီးတော့ ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရတယ်။ နောက်တစ်ခေါက် မိုးကြိုး အပြစ်ခံရမယ် ဆိုရင်တောင် လက်ခံ ရမှာပဲ။ မိုးကြိုး ပြစ်တာ နှစ်ခါ တိတိ ခံယူပြီးပြီ။ နောက်တစ်ခေါက် ဘယ်လောက်များ ထပ်ဆိုး နိုင်အုန်းမှာလဲ။ ဒါပေမယ့် လောကကြီးမှာ ကိစ္စတွေက ကိုယ်ထင်ထားသလို မဖြစ်ဘူး။ တစ်ခါတလေမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေလည်း ရှိတယ်။ အခုလိုမျိုးပေါ့။ တတိယ မိုးကြိုးက ဒုတိယ မိုးကြိုးထက် သုံးဆလောက် ကြီးနေတယ်။မ

“ရွေးချယ်စရာတွေ အားလုံးက အခြေအနေ ဆိုးနေတာပဲ။” ပထမဆုံး အနေနဲ့ ဖန်ကျန်းရှီ ဘာကိုမှ မရွေးနိုင်တာပဲ။ သူသေချာတာ တစ်ခုတော့ ရှိတယ်။ ဒီမိုးကြိုးကိုသာ လက်ခံလိုက်ရင်၊ သူလည်း သေသွားနိုင်တယ်။

သေချာတာပေါ့။ ချီကူယန်နဲ့ နေရာလဲပြီးတော့ ထျန်းရှင်းနဲ့ နန်ကုန်းဟောင်ကို တိုက်ခိုက်ရင်လည်း သူသေနိုင်တယ်။ ကြောက်စရာ ကောင်းလိုက်တဲ့ အခြေအနေ။ ထွက်ပေါက်ကို မရှိဘူး။ နှစ်ဖက်လုံးက သေရမယ့် အခြေအနေပဲ။

“ချီကူယန် ငါသေသွားရင် ငါ့မိဘတွေကို ဂရုစိုက်လိုက်ပါ။” ဖန်ကျန်းရှီက ချီကူယန်ကို လှမ်းပြောတယ်။ နည်းလမ်း တစ်ခုက သေမယ် ဆိုရင်တောင်၊ နောက်တစ်လမ်းကတော့ အသက်ရှင်ရမှာပေါ့။

“နင်မသေပါဘူး။” ချီကူယန် ပြန်လှည့်မကြည့်ဘူး။ သူမ ခန္ဒာကိုယ်က ရုပ်တု တစ်ခုလို တည်ငြိမ်နေတယ်။ သူမရဲ့ ပန်းရောင် ဝတ်ရုံမှာ သွေးတွေ စွန်းထင်းနေသလို၊ ခန္ဒာကိုယ် တစ်ခုလုံးရဲ့ အရှိန်အဝါတွေကလည်း ပြင်းထန်လွန်းနေတယ်။

“ဝုန်း။” မိုးကြိုးတွေက ချီကူယန့်ပေါ်ကို ကျလာတယ်။ ဒီတစ်ခေါက်တော့ သူမ ခုန်မရှောင်ဘူး။ ဒါပေါ့။ ဖန်ကျန်းရှီလည်း မိုးကြိုးပြစ်ခံရပြန်ပြီ။ သူ့လက်တစ်ဖက်က ချီကူယန့်ပေါ်မှာ ရှိနေတယ်လေ။

“…” ဖန်ကျန်းရှီလည်း အခုခံစားချက်ကို ဘယ်လို ဖော်ပြ ရမယ်မှန်း မသိဘူး။ တစ်ချိန်တည်းမှာပဲ ချီကူယန်ရဲ့ ခန္ဒာကိုယ်က လျှပ်စီးမြွေတွေ သူ့ခန္ဒာကိုယ်ထဲ ရောက်လာတာကို ခံစားလိုက် ရတယ်။ အကယ်၍ ပထမနဲ့ ဒုတိယ မိုးကြိုးတွေက လေထဲမှာ လွင့်မျော နေစေတယ် ဆိုရင်၊ ဒီတတိယ မိုးကြိုးကတော့ ထူးဆန်း နေတာပဲ။ မီးတွေထဲမှာ ပြန်လည် မွေးဖွားသလို ခံစား နေရတယ်။ ဟုတ်တယ်။ တကယ်ပဲ မီးတောက်ထဲ ရောက်နေတာ။

သူ့ရဲ့ အသွေးအသားတွေ မိုးကြိုးကြောင့် လောင်ကျွမ်းနေတာကို အနံ့ရနေတယ်လေ။ ဖန်ကျန်းရှီ လက်မခံနိုင်ဘူး။ မိုးကြိုးပြစ်ခံရပြီးတော့ မသေချင်ဘူးလေ။ ဒါပေမယ့် နန်ကုန်းဟောင်နဲ့ ထျန်းရှင်း သူ့အနား နီးလာတာကို မြင်နေရတယ်။ ဒါပေမယ့် ချီကူယန်ကတော့ မလှုပ်ရှားဘူး။

“ငါတကယ်ပဲ ချီကူယန်နဲ့ သေရမှာလား။ မဖြစ်ဘူး။ ငါသေလို့ မရသေးဘူး။ အခုချိန်ထိ အသက်ရှင်ပြီး နေပြီ။ ဘယ်လိုများ သေနိုင်မှာလဲ။” ဖန်ကျန်းရှီ လုံး၀ မသေချင်ဘူး။ သေရမှာ အရမ်းကြောက်တယ်။ ဒါကပဲ သူ့ကို ဖြေရှင်းချက် ရစေတယ်။ “ဟုတ်တယ်။ ယင်ယန် တာအို စက်ကွင်း။ အခု ချီကူယန်နဲ့ ငါက ဒီစက်ကွင်းထဲ ရောက်နေပြန်ပြီ။”

တွေးလိုက်မိတာနဲ့ နောက်ထပ် မစဉ်းစားပဲ လှုပ်ရှားတော့တယ်။ အချိန်မရွေး သေသွားနိုင်တာကို သိနေမှတော့ နောက်ဆုံး အချိန်ထိ ဘာကြောင့်များ မတိုက်ခိုက် ရမှာလဲ။ အခြေအနေက တွေးနိုင်တာထက် အများကြီး ကွာခြားနေတယ်။ အဆုံးမဲ့ လောကထဲမှာ ရှိတဲ့ စွမ်းအား အရင်းအမြစ်ကို လှုပ်ရှားလိုက်တယ်။ ယင်ယန် တာအိုကို သုံးပြီးတော့ ချီကူယန်နဲ့ စက်ကွင်းကို ဖန်တီးလိုက်တယ်။ ဒါပေါ့။ နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားတွေကြောင့် သူ့ရဲ့ စက်ကွင်းက လောင်ကျွမ်းတာ မဟုတ်ဘူး။ ချီကူယန်ရဲ့ ခန္ဒာကိုယ်ထဲက လျှပ်စီး မြွေတွေနဲ့ သူ့ခန္ဒာကိုယ်က လျှပ်စီးမြွေတွေကြောင့် ဒီလို အဖြစ်မျိုး ဖြစ်ရတာ။

“ဝုန်း။” ယင်ယန် တာအို စက်ကွင်း နိုးထလာတယ်။ ဖန်ကျန်းရှီလည်း သူ့ခန္ဒာကိုယ် တစ်ခုလုံး လျှပ်စီးမြွေတွေ အရှင်လတ်လတ် အကိုက်ခံရသလို ခံစားနေရတယ်။ တစစ် မြည်တဲ့ အသံတွေက ခန္ဒာကိုယ် အရေပြား ပေါ်ကနေ ဆက်တိုက် ထါက်ပေါ်နေတယ်။

ဒီတော့ ဒီယင်ယန် စက်ကွင်းက ချီကူယန့် ခန္ဒာကိုယ်ထဲက လျှပ်စီး မြွေတွေကို သူ့ဆီ ပို့ပေးတာလား။ ဖန်ကျန်းရှီ စိတ်ထဲမှာတော့ အေးစက်စက် ရယ်မောနေတယ်။ တစ်ခါ တလေမှာ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် သူက ပေးဆပ် စွန့်စားတယ်။ အထူးသဖြင့် ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေကို ကူညီရတာ နှစ်သက်တယ်။

“ဒါပေမယ့် ဒီအိပ်ယာ နွေးစေတဲ့ ကောင်မလေးက တစ်ခါမှ ငါ့အိပ်ယာကို နွေးအောင် မလုပ်ပေးသေးဘူး။” ဖန်ကျန်းရှီ လက်တစ်ဖက် မြှောက်ပြီးတော့ ကောင်းကင်ကို လက်ခလယ် ထောင်ပြလိုက်တယ်။ နေစမ်းပါအုန်း။ ဘယ်လိုလုပ် သူ့လက်သူ မြှောက်နိုင် သွားတာလဲ။

ဖန်ကျန်းရှီ စိတ်ထဲမှာ သံသယ ဝင်လာတယ်။ သူ့လက်ကို ကြည့်လိုက်တော့ မီးသွေးလို လောင်ကျွမ်းနေတဲ့ အသားအရေတွေ အားလုံး ကွာကျသွားပြီ။ အခုချိန်မှာ လုံးဝကို တောက်ပနေတဲ့ အရေပြား အသစ် ထွက်နေတယ်။ အရေးအကြီး ဆုံးကတော့ ဒီအရေပြား အသစ်ပေါ်မှာ ရွှေရောင် စာလုံးတွေ မှိန်ဖျော့ဖျော့ တောက်ပ နေတာပဲ။

အပိုင်း (၆၈၉) ပြီး၏။

အပိုင်း (၆၉၀)

“တံခါးပွင့်ပြီ။ ထူးဆန်းတဲ့ စက်ဝိုင်း သဏ္ဍာန်။”

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ပြူးကျယ်နေတယ်။ ဒီစာလုံးတွေကို ရင်းနှီး နေသလိုပဲ။ တနေရာရာမှာ မြင်ဖူးပေမယ့် ဘာတွေကို ကိုယ်စား ပြုမှန်းတော့ မသိဘူး။ ဒါပေမယ့် သူ့ ခန္ဒာကိုယ်မှာ စာလုံးတွေ တလက်လက် တောက်ပနေတာတင် မကဘူး။ တကိုယ်လုံးကို လှည့်ပတ် စီးဆင်းနေတယ်။ သွေးကြာတွေ ထဲမှာတောင် စီးဆင်းနေသလိုပဲ။

အရေးအကြီး ဆုံးကတော့ ဒီစာလုံးတွေက ရွှေရောင် တစ်ခုတည်း မဟုတ်ဘူး။ ငွေရောင်၊ အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ မိုးပြာရောင်၊ ခရမ်းရောင် အစုံပဲ။ နွေးထွေးတဲ့ ပူပေါင်းထဲမှာ ပိတ်ဆို့ ခံထားရတယ်။ ဖန်ကျန်းရှီ တစ်ကိုယ်လုံး အရင်ကထက် ပေါ့ပါး နေသလို ခံစားရတယ်။ ဒီခံစားချက်က မှော်ဆန်လွန်းတယ်။ သူက လုံး၀ မတူညီတဲ့ လူတစ်ယောက် ဖြစ်သွား သလိုပဲ။

ဒီအချိန်မှာ တပည့်သားတွေကတော့ သူ့ကို စိုက်ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေတယ်။ ဒါပေါ့ ဖန်ကျန်းရှီ တစ်ယောက်တည်းတင် အရောင်စုံ စာလုံးတွေ ပြည့်နေတာ မဟုတ်ဘူး။ ချီကူယန်ရဲ့ ခန္ဒာကိုယ်မှာလည်း ပြည့်နှက်နေတယ်။ ဒါပေမယ့် ဖန်ကျန်းရှှီနဲ့ ယှဉ်လိုက်ရင် သူမရဲ့ စာလုံးတွေက မှိန်ဖျော့တယ်။ ဒါ့အပြင် ရင်ဘတ် အပေါ်ပိုင်း မှာပဲ စာလုံးတွေ အားလုံးက စုဝေး နေကြတယ်။

“အဲ့တာ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံရတာလား။”

“ဒါပေမယ့် ဖန်ကျန်းရှီကကော ဘယ်လိုများ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင်ခံလိုက် ရတာလဲ။ ကံကောင်းတာ ဆိုရင်တောင် သူ့ကံတရားကတော့ လွန်လွန်းပါတယ်။”

“နောက်ပြီးတော့ သူ့ခန္ဒာကိုယ်မှာ ဘာလို့ စာလုံးတွေ ဒီလောက် များနေတာလား။”

“သမိုင်းထဲမှာ မှတ်တမ်း တင်ထားတာတော့ ဖတ်ဖူးတယ်။ လူတစ်ယောက်က မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံရရင်၊ သူတတ်မြောက် ကျွမ်းကျင်ထားတဲ့ တာအိုတွေက ခန္ဒာကိုယ် ပြင်ပကို ရောက်လာပြီးတော့ ကောင်းကင်ကို တုံ့ပြန်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ တာအိုတွေက သူ့ခန္ဒာကိုယ်ကို ဖြတ်ပြီးတော့ ဘာလို့ စီးဆင်း နေတာလဲ။”

“အဲ့တာတွေက ရာချီ နေတာပဲ။ ဖန်ကျန်းရှီက တာအို ရာချီကို ကျွမ်းကျင် တတ်မြောက်တာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“သူက နတ်ဆိုးလား။”

တပည့်သားတွေ ဒီစာလုံးတွေ အကြောင်းကို နားလည်တယ်။ ဒါတွေက လူတစ်ယောက်ရဲ့ တာအိုတွေပဲ။ စိတ်အာရုံ နယ်မြေထဲမှာ ရှိတဲ့ တာအို သစ်သီးတွေလိုပဲ။ တာအို အသီး တစ်ခုချင်းစီ တိုင်းက သက်ဆိုင်ရာ ပြိုင်ဘက်ကင်း ရင်းမြစ်တွေ ရှိကြတယ်။ တာအို သစ်သီးတွေ ရင့်မှည့်လာရင် ဒီလို စာလုံးတွေ ပုံစံကို ပြောင်းလဲ သွားကြတယ်။

ဒါပေါ့။ ဒါက ပုံမှန် အခြေအနေ မျိုးမှာ ဖြစ်ကြတာ။ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံရရင်တော့ အဖြစ်က ကွာခြား သွားလိမ့်မယ်။ လူတစ်ယောက်က ဒီအဖြစ်ကို ကျော်ဖြတ်ပြီးရင်၊ ဘယ်လို အခြေအနေမျိုးက တာအို သစ်သီးမဆို စာလုံးတွေ ပုံစံကို ပြောင်းလဲ လိမ့်မယ်။

ဖန်ကျန်းရှီရဲ့ အဖြစ်ကတော့ ထူးခြားတယ်။ ပထမဆုံး၊ သူ့ခန္ဒာကိုယ်ထဲမှာ ချီကူယန်လို စိတ်အာရုံ နယ်မြေ မရှိတော့ဘူး။ သူ့ရဲ့ တာအိုတွေက ခန္ဒာကိုယ် တစ်ခုလုံးမှာ လှည့်ပတ်နေတယ်။ အထူးသဖြင့် သွေးကြောတွေကို အဓိက ထားပြီးတော့ လောင်ကျွမ်းနေတယ်။ ဒုတိယ တစ်ခုကတော့ အရေအတွက်က အရမ်းကြီး များလွန်းနေတယ်။ ခန္ဒာကိုယ်ပေါ်မှာ စာလုံးရေ များလေလေ၊ စွမ်းအားက ပိုပြီးတော့ ကြောက်စရာ ကောင်းလေပဲ။ တစ်ထောင်အထက် ရှိတဲ့သူ ဆိုရင်တော့ မထိဝံ့စရာ လူဖြစ်သွားပြီ။

“သူ တကယ်ပဲ ထောင်ချီတဲ့ တာအိုတွေကို တတ်မြောက် ထားတာလား။“

“ဒီလိုလူ လောကမှာ ရှိသေးတာလား။”

“ဖြစ်ကော ဖြစ်နိုင်လို့လား။”

ကောင်းကင် တာအို ခန်းမနဲ့ တောင်စဉ် ကိုးသွယ် တပည့်သားတွေ မယုံကြည်ချင် ကြဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ပေါ်မှာ ထောင်ချီတဲ့ စာလုံးတွေ စီးဆင်း နေတာတော့ အမှန်ပဲလေ။

“အဲ့တာတွေက တာအိုတွေလား။” ဖန်ကျန်းရှီ နောက်ဆုံေးတာ့ နားလည်သွားပြီ။ ဒါတွေက တာအို အဆင့်တွေပဲ။ တွေးရင်းနဲ့ ဖန်ကျန်းရှီ နားလည်လာတယ်။

တာအို နောက်ဆုံး အဆင့်ကို လက်နက် တစ်ခုလို သုံးနိုင်တာမျိုး။ ရှန်းယွီလို ထူးခြားတဲ့ သွေးရှိတာမျိုး။ ဒါတွေ အားလုံးက အတူတူပဲ။ ဒီလိုမျိုးနွယ်သွေးတွေ အားလုံးက ထူးခြားတဲ့ တာအိုတွေကို ပိုင်ဆိုင်ကြတယ်။ ဒါကြောင့်ပဲ သူ့စွမ်းအားတွေက တိုးနေရတာ။

ထျန်းရှင်းကတော့ သူ့မျိုးနွယ်သွေးကို ထုတ်သုံးလိုက်တဲ့ အချိန်၊ ရွှေရောင် စာလုံးတွေက သူ့သံချပ်ကာပေါ်မှာ ပေါ်လာတယ်။ ပိုပြီး ရှုပ်ထွေးတဲ့ ရွှေရောင် စာလုံး ဖြစ်လေလေ၊ သူ့ရဲ့ သွေးက ပိုသန့်စင်ပြီး အင်အားကြီးလေပဲ။ ဒီတော့ ဒီလိုပေါ့။

ဖန်ကျန်းရှီ ခပ်မြန်မြန်ပဲ နားလည်သွားတယ်။ ဒီစာလုံးတွေရဲ့ သဘောသဘာဝကို သိသွားတာနဲ့ သူ့စိတ်ကလည်း အများကြီး အမြင်ပွင့် သွားခဲ့တယ်။ ဒါပေမယ့် သူ့ခန္ဒာကိုယ်က ကောင်းကင်နိမိတ်ကို ဘာဖြစ်လို့ တုံ့ပြန်တာလဲ။ လွန်ခဲ့တဲ့ ၂နှစ်က ကြိုစားခဲ့တာကို အသိအမှတ် ပြုတာလား။ ၂နှစ်လုံးလုံး ကြိုးစား နေပြီး အဆင့်မတက်တဲ့ သူကို ဒီလို လုပ်ပေးတာလား။

ဖန်ကျန်းရှီက လူတိုင်းရဲ့ စိတ်ထဲက မေးခွန်းတွေကို ဖြေလိုက်တယ်။ ဒါက တာအို နားလည်မှုပဲ။ သူက တာအိုကို အလင်းပွင့်တဲ့ အဆင့်ထိ အောင်မြင်ခဲ့တယ်။ အရိပ်မျိုးနွယ်စုမှာ နေတုန်းက ရှေးဟောင်း စာတွေကို ဆက်တိုက် ဖတ်ပြီးတော့ တတ်နိုင်သလောက် တာအိုမျိုးစုံကို နားလည်အောင် လုပ်ခဲ့တယ်။ တာအို အမျိုးအစား အစုံကို စုဆောင်းခဲ့တယ်။

ဒါတွေက ၂နှစ်လုံးလုံး ဖန်ကျန်းရှီ ကြိုးစားခဲ့တဲ့ အရာတွေပဲ။ ဒီစာတွေကို ဖတ်ပြီးတော့ တာအို အလင်းတွေ ရတာ ပီကေ ဝါးရသလို လွယ်ပြီးတော့ ပျော်စရာ ကောင်းတယ်။ နေ့ကောင်း ရက်သာတွေမှာ တစ်ရက်တည်းကို တာအို ၃ ၄ခု နားလည်တယ်။

အတော်လေး ဆိုးတဲ့ နေ့တွေမှာ ဆိုရင် ၂ရက်လောက်မှ တစ်ခုကို နားလည်တယ်။ ဒီလိုနဲ့ တာအိုတွေက သူ့စိတ်ထဲမှာ စုဝေးလာတယ်။ လွန်ခဲ့တဲ့ ၂နှစ် အတွင်း အနည်းဆုံး တာအို ၈ရာကျော်ကို သူနားလည် ခဲ့တယ်။ အရေအတွက် အတိအကျကိုတော့ သူလည်း မသိဘူး။

ရေတွက်ဖို့က ခက်လွန်းတယ်လေ။ သူ့မှာ လွယ်လွယ်ကူကူ မြင်ရတဲ့ တာအို သစ်သီးတွေလည်း မရှိတော့ဘူး။ အခုချိန်ထိ သူနားလည် ထားတဲ့ တာအို အရေအတွက်ကို သေချာ မသိခဲ့ဘူး။ တခြားသူတွေ မရောက်နိုင်တဲ့ အရေအတွက်နဲ့ နည်းလမ်းတွေကို ကျွမ်းကျင် တတ်မြောက် နေပြီ ဆိုတာတော့ သိတယ်။ သူ့စွမ်းအားတွေ တိုးလာတာ ကောင်းတဲ့ ကိစ္စပဲလေ။ ဒီတော့ သူလည်း များများ တွေးမနေတော့ဘူး။

မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံလိုက်ရ ပြီးနောက်၊ သူ့ဗိုက်ထဲမှာ အပူလှိုင်းတွေကို ခံစား နေရတယ်။ ဒီအပူတွေက နှစ်တစ်ထောင် မီးဆေးပင် ဖြစ်မလား။ ဖန်ကျန်းရှီမသိဘူး။ ဒါပေမယ့် နှစ်တစ်ထောင် မီးဆေးပင်က အရင်ကထက် အများကြီး တည်ငြိမ် နေတာကို ခံစားရတယ်။ စွမ်းအားတွေက သူ့ရဲ့ ညာဘက် ရင်ဘတ်ကို တက်လာနေတယ်။ အပူတွေ စုလာတာနဲ့ အမျှ ထျန်းရှင်းရဲ့ ရိုက်ချက် ပြင်းပြင်းကို ခံစား ထားရတဲ့ ဒဏ်ရာတွေ လျင်လျင်မြန်မြန်ပဲ ပျောက်ကင်းလာတယ်။

“နှစ်တစ်ထောင် မီးဆေးပင်လည်း သန့်စင် ခံလိုက်ရတာလား။” ဖန်ကျန်းရှိ တွေးမိတယ်။

နောက်ဆုံးတော့လည်း သူ့ကို မိုးကြိုး သုံးခါတောင် ပြစ်ပြီးတော့ လျှပ်စစ်တွေ စီးနေတာလေ။ ဒီလို ဖြစ်နိုင်ပါတယ်။ အခုချိန်မှာ ထပ်စဉ်းစားလို့ မဖြစ်တော့ဘူး။ နန်ကုန်းဟောင်နဲ့ ထျန်းရှင်းက ရောက်လာနေပြီ။ ထုံးစံ အတိုင်း နန်ကုန်းဟောင်က အရင်ဆုံး ရောက်တယ်။

သူ့အရှိန်က မယုံနိုင်စရာပဲ။ ဖန်ကျန်းရှီ အပြည့်အ၀ ပြန်မကောင်း သေးပင်မယ့်၊ နန်ကုန်းဟောင်ကို မြင်တော့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ချီကူယန်ရဲ့ ရှေ့ကို သူခုန်ထွက်လာတယ်။ တပည့်သားတွေ အံ့အားသင့်သွားတယ်။ ဖန်ကျန်းရှီက ချီကူယန်ရဲ့ နောက်မှာ ပုန်းအောင်းပြီးတော့ သူ့ဒဏ်ရာသူ ကုသ နေခဲ့သင့်တာလေ။

နန်ကုန်းဟောင်တောင် နည်းနည်းတော့ လန့်သွားခဲ့တယ်။ အထူးသဖြင့် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ရွှေရောင် စာလုံးတွေကို မြင်တဲ့ အချိန်မှာပေါ့။ သူ့မျက်လုံးတွေ လင်းလက်သွားတယ်။ ထုံးစံ တိုင်း ဒီစာလုံးတွေကို သူသိတယ်လေ။ တောင်ပိုင်းဒေသ တိုက်ပွဲထဲမှာ အတွေ့အကြုံလည်း ရှိခဲ့တယ်။

ဒါပေမယ့် သူမမျှော်လင့် ထားတာက ဒီလို တိုတောင်းတဲ့ ၂နှစ် အချိန် အတွင်းမှာ တောင်ပိုင်းဒေသမှာ တွေ့ခဲ့တာထက် ၃ဆ ပိုများတဲ့ တာအိုတွေ ထွက်လာတာပဲ။ ထောင်ချီတဲ့ တာအိုတွေကို မြင့်မြတ် စာလုံးတွေက သန့်စင်လိုက်ပြီ။

နန်ကုန်းဟောင် သူ့ဓားကို ဝေ့ယမ်းလိုက်တယ်။ သူ့ရဲ့ တည်ငြိမ်ဓားက ရေခဲလို အေးစက်စက် အလင်းတန်းတွေနဲ့ တောက်ပနေတယ်။

“ဘာမှ မရှိတဲ့ ဗလာနတ္ထိကနေ လာတယ်။ ဘာမှမရှိတဲ့ ဗလာနတ္ထိကနေ လာတယ်။” နန်ကုန်းဟောင် အော်ဟစ်ရင်း ရှေ့ဆက်တိုးလာတယ်။ လေကို ခွင်းပြီးတော့ ခဏအတွင်း ရောက်လာ သလိုပဲ။

ထူးဆန်းလိုက်တဲ့ လှုပ်ရှားမှု။ လူတစ်ယောက်ရဲ့ ဓားက ခြေဆယ်လှမ်း အကွာကနေ ချက်ခြင်း ရှေ့ရောက်လာတယ်။ မျက်တောင် တစ်ခတ်အတွင်း ခေါင်းပေါ်ကို ကျော်သွားတယ်။ အဲ့တာ စိတ်စွမ်းအားနဲ့ လှုပ်ရှား နေသလိုပဲ။ မြန်တယ်လိုကတောင် ပြောလို့ မရဘူး။

“ဓားတစ်ချောင်းနဲ့ အဲ့လို လုပ်နိုင်တယ်ပေါ့။” နန်ကုန်းဟောင်က ပါရမီရှိတဲ့သူမှန်း ဖန်ကျန်းရှီ သိတယ်။ ဒီတော့ သူ့စိတ်သူ ပြင်ဆင်ထားတယ်။ ဒါပေမယ့် အခုတော့ သူ့ကို လျှော့တွက် မိလိုက်တာပဲ။ အခုလို အခြေအနေမျိုးမှာ ကောင်းကင် တာအိုနဲ့ ခုန်ရှောင်လို့ ရတယ်။ ဒါပေမယ့် အဲ့လို ရှောင်လိုက်ရင် ချီကူယန်ကို ဓားထိလိမ့်မယ်။

နန်ကုန်းဟောင်က အစွမ်းကုန် တိုက်ခိုက်နေတာလား။ ဖန်ကျန်းရှီလည်း တကယ်တော့ နန်ကုန်းဟောင်ကို မတိုက်ခိုက်ချင်ဘူး။ သူ့ရဲ့ စွမ်းအားတွေကို ထျန်းရှင်းနဲ့ တိုက်ခိုက်ဖို့ ချန်ထားချင်တယ်။ အခုတော့ ဓားက သူ့ရှေ့ ရောက်နေပြီ။ ရွေးချယ်စရာ မရှိတော့ဘူး။

“လာလိုက်စမ်းပါ။” နန်ကုန်းဟောင်ရဲ့ ဓားကွက်က ဘယ်လောက်တောင် အညှာအတာ မဲ့ပြီး အင်အားကြီးမှန်း သူခံစား နေရတယ်။ ဒီတော့ သူလည်း ဘာကြောင့်များ ညှာတာ ပေးရမှာလဲ။ ခြေရာမဲ့ ဓားကနေ ခရမ်းရောင် အလင်းတန်းတွေ တလက်လက် တောက်ပလာတယ်။ နဂါးအော်သံကြီးလည်း ထွက်ပေါ်လာတယ်။ နဂါးနဲ့ တူတဲ့ဓား။ ဒီဓားနဲ့ နန်ကုန်းဟောင်ရဲ့ ဓားကို ခုခံလိုက်တယ်။

“ဝုန်း။” ဓားနှစ်လက် ထိတွေ့သွားတယ်။ ခရမ်းရောင်နဲ့ အဖြူရောင် အလင်းတန်း တစ်ခဏတာ ထိတွေ့ပြီးနောက် ပေါက်ကွဲတော့တယ်။ ဖန်ကျန်းရှီ နောက်ကို တစ်လှမ်း လွင့်လာတယ်။ ချီကူယန်နဲ့ သွားတိုက်တယ်။ ချီကူယန်က ဖန်ကျန်းရှီရဲ့ ခါးကို ဖက်ပြီးတော့ နူးညံ့တဲ့ အင်အားတွေနဲ့ ထွေးပွေ့ထားတယ်။

နန်ကုန်းဟောင်ကတော့ လုံး၀ အဝေးကြီးကို လွင့်ထွက်သွားတယ်။ သွေးတပွက် အန်ပြီးတော့ ချက်ခြင်း ဖြူဖျော့သွားတယ်။ အံ့သြ စရာကောင်းတာက ဒဏ်ရာ ရသွားတဲ့ ပုံပဲ။

“ညီလေး နန်ကုန်းဟောင်ကို တစ်ချက်တည်းနဲ့ ဒဏ်ရာရအောင် တကယ်ပဲ လုပ်နိုင်တယ်လား။”

“သူဒဏ်ရာ ရထားတယ် မဟုတ်လား။”

“မြင့်မြတ် စာလုံးတွေနဲ့ သန့်စင်ခံရတာ ဒီလောက် စွမ်းအား တက်လာမယ်လို့ မထင်ထားမိဘူး။ အဲ့တာတွေက တကယ်ပဲ သူ့ရဲ့ တာအိုတွေလား။”

“အံ့သြ စရာ မကောင်းဘူးလား။”

နန်ကုန်းဟောင်ရဲ့ စွမ်းအားကို ကောင်းကောင်းသိတဲ့ တပည့်သားတွေ ပိုပြီးတော့ လန့်နေကြတယ်။ နန်ကုန်းဟောင်က ကောင်းကင် တာအို ခန်းမရဲ့ အကိုကြီး ၇ယောက်ကိုတောင် စိန်ခေါ် နိုင်ခဲ့သူလေ။ ဒါတောင် ဖန်ကျန်းရှီရဲ့ တိုက်ကွက် တစ်ကွက်တည်းနဲ့ ဒဏ်ရာ ရသွားတယ်။ သူတို့တွေ ဘယ်လို ယုံနိုင်မှာလဲ။

ဖန်ကျန်းရှီကတော့ နန်ကုန်းဟောင်ကို အာရုံမစိုက်နိုင်ဘူး။ သူ့မှာ ပိုသန်မာတဲ့ ရန်သူ ရှိနေတယ်။ ထျန်းရှင်း နောက်ဆုံးတော့ ရောက်လာပြီ။ နန်ကုန်းဟောင်ရဲ့ ဓားချက်က အစီအစဉ် ကျကျ လုပ်နေတာလားတော့ သူမသိဘူး။ ဒါပေမယ့် ရလဒ်ကတော့ ကွာခြားတယ်။ စကားတစ်ခွန်းတောင် မပြောဖူးတဲ့ လူနှစ်ယောက်က နန်ကုန်းဟောင်ရဲ့ ဂရုစိုက် အစီအစဉ်အောက်မှာ လှုပ်ရှား နေရတယ်။

ရွေးစရာ မရှိဘူး။ ဆက်ပြီးတော့ တိုက်ခိုက် ရမှာပဲ။ အခုချိန်မှာ မုချင်းဖန်း ရောက်မလာခင် အထိ ထျန်းရှင်းနဲ့ တိုက်ခိုက်ရမယ်။ ထျန်းရှင်းက ရောက်လာတာ မြန်တယ်။ သူ့ရဲ့ ဆံပင်နီ သံချပ်ကာ အနက်နဲ့ အရိပ်ကြီးက ဖန်ကျန်းရှီကို လက်သီး တစ်လုံးနဲ့ ဦးတည်နေတယ်။ ဒီလက်သီးမှာ ရွှေရောင် စာလုံးတွေ အများကြီးလည်း လှည့်ပတ်နေတယ်။

တစ်ချိန်တည်းမှာပဲ အနောက်ဘက်က ချီကူယန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူမခန္ဒာကိုယ်ကနေ ကြောက်စရာ အင်အားလှိုင်းတွေ ထွက်ပေါ်လာတယ်။ နောက်ဘက်က နွီဝါး အစောင့်အရှောက်လည်း လှုပ်ရှားပြီ။

“ချီကူယန် မင်းငါ့ကို မတားနိုင်ပါဘူး။” ထျန်းရှင်း အော်ဟစ်တယ်။

“ဂျိန်း။” အက်ကွဲရာတွေ အများကြီး ဖြစ်လာတာကို ဖန်ကျန်းရှီ မြင်လိုက်ရတယ်။ ထျန်းရှင်းက ဒီအက်ကွဲရာတွေကို ဖြတ်ကျော်ပြီးတော့ လက်သီးနဲ့ ထိုးလိုက်တယ်။ ချက်ခြင်းဆိုသလို ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ရောက်လာတော့တယ်။

“ငလူးပဲ။” ဖန်ကျန်းရှီ နောက်ဆုတ်လို့ မဖြစ်တော့ဘူး။ ထျန်းရှင်းက သူ့ထက် အများကြီး အင်အား ကြီးတာကို သူနားလည်တယ်။ ဒါကြောင့် အံကြိတ်ရင်း တိုက်ခိုက်ဖို့ လုပ်တယ်။ ထျန်းရှင်းကို လက်သီးနဲ့ ပြန်ထိုးတယ်။ ရှိသမျှ အင်အားတွေ အားလုံး ထုတ်ယူတယ်။ သေတဲ့ အထိ တိုက်ခိုက်မယ်။

သူတိုက်ခိုက်တဲ့ အချိန်၊ သူ့ခန္ဒာကိုယ်မှာ ရှိတဲ့ ရွှေရောင် စာလုံးတွေ အားလုံး သူ့လက်သီးမှာ လာစုတယ်။ ကြီးမားတဲ့ အစိုင်အခဲကြီး တစ်ခုလို ဖြစ်တည်လာတယ်။ သူ့လက်သီးနားမှာ ရှိတဲ့ စာလုံးတွေ ပေါင်းစည်းကုန်တယ်။

“ဟမ်။” ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ ဒါပေမယ့် သူ့လက်သီးက ထျန်းရှင်းလက်သီးနဲ့ သွားတိုက်တယ်။ ဒီအချိန်မှာ နောက်ထပ် မိုးကြိုးတစ်စင်း ကောင်းကင်က ကျဆင်းလာတယ်။

“ဘန်း။” တောက်ပတဲ့ အနီရောင် မိုးကြိုး ပေါ်လာပြီးတော့ ကြီးမားတဲ့ စက်ဝိုင်းကြီး တစ်ခု သူတို့ ခေါင်းပေါ်မှာ ပေါ်လာတော့တယ်။ ရွှေရောင်၊ ငွေရောင်၊ အဖြူရောင်၊ အပြာရောင်၊ အနီရောင်၊ အစိမ်းရောင်၊ အရောင်၈ခုပါတဲ့ အလင်းတန်းကြီးနဲ့ အတူ စက်ဝိုင်းကြီး လှည့်ပတ်နေတယ်။ စက်ဝိုင်း အလယ်က ပိတ်ထားတဲ့ တံခါး တစ်ချပ်လည်း ဖြည်းဖြည်းချင်း ပွင့်လာနေတယ်။

အပိုင်း (၆၉၀)ပြီး၏။

All Chapters