← Chapters

အပိုင်း (၇၀၁-၇၁၀)

Vol. 8 Ch. 701-710

အပိုင်း (၇၀၁-၇၁၀)

Vol. 8 Ch. 701-710

အပိုင်း (၇၀၁)

“ပျံသန်းလိုက်။ မင်း ငါ့အရှိန်နှုန်းကို ကြောက်သွား စေရမယ်။”

ရုတ်တရက် ကြီး ပြေးသွားတာ၊ ဖန်ကျန်းရှီကိုတောင် နှုတ်မဆက်သွားဘူး။ တကယ့်ကို တောထဲမှာ ကြီးလာတဲ့ သူပဲ တိုက်ပွဲ တစ်ခုမှာ တရားမျှတတာကိုတောင် နားမလည်ဘူး။ ဖန်ကျန်းရှီ မြူနှင်းထဲကို ပြေးဝင်သွားတဲ့ ရန်ချင်းကို ကြည့်ရင်းနဲ့ပြုံးလိုက်တယ်။

“ငါ့ကောင်ကြီး အရမ်းမမြန်နဲ့လေ။” ဖန်ကျန်းရှီ အဝေးကနေ လှမ်းအော်တယ်။ သူ့ရှေ့မှာ မိုးပြာရောင် အလင်းတန်း တစ်ခု တောက်ပ လာခဲ့တယ်။

“ဝုန်း။” အံ့ဖွယ် တောင်ကြား တစ်ခုလုံးကို ဟိန်းထွက်သွားတဲ့ အသံကျယ်ကြီး ထွက်ပေးလာတယ်။ ရှေ့ကို ပြေးနေတဲ့ လူတစ်ယောက် သစ်ပင်နဲ့ ခေါင်းနဲ့ တိုက်သွားတဲ့ အသံကြီးပဲ။ ဒီလို ဝင်တိုက်တာ သူ့မြင်ကွင်းကို မြူနှင်းတွေ ပိတ်နေလို့ လည်းမဟုတ်ဘူး။ အရှိန်နှုန်း အရမ်း မြန်နေလို့လည်း မဟုတ်ဘူး။ လေထဲကနေ သစ်ပင် တစ်ပင် ထွက်လာလို့ပဲ။

“ကချာ့။” သစ်ပင်ကြီး ကျိုးကျေသွားတယ်။ ရန်ချင်းရဲ့ ခေါင်းမှာ သွေးတွေ ဖြာကျ လာပြီးတော့ နောက်ထပ် အမာရွတ် တစ်ခု ဖြစ်လာပြန်တယ်။ ဒါပေမယ့် သူကတော့ ထိတ်လန့်ပြီး ဒေါသထွက်နေတဲ့ ပုံစံ မရှိခဲ့ဘူး။ တောထဲမှာ ကြီးပြင်းလာတဲ့ အတွက် သဘာ၀ နိယာမတွေကို နားလည်တယ်။ အလစ်ဝင်တိုက်တာ၊ စုပေါင်းပြီး တိုက်တာ၊ အချောင်ခိုပြီး တိုက်တာ။ အားလုံးက စည်းမျဉ်း တစ်ခုတည်းပဲ ရှိတယ်။ သေမလား ရှင်မလား။

ဒါကြောင့် ဖန်ကျန်းရှီရဲ့ သူ့ကို အလစ်ဝင်တိုက်ဖို့ ဆုံးဖြတ်ချက်က ပုံမှန် ပြိုင်ပွဲ တစ်ခုမှာ မဆန်းဘူး။ လောင်းကြေး ထပ်ထားတဲ့ ပြိုင်ပွဲမှာ ဘယ်ဘက်ကမှ ကိုယ့်လက်ကို ပြန်ရုပ်မှာ မဟုတ်ဘူး။ ရန်ချင်း မရပ်တန့်ခဲ့ဘူး။ ခေါင်းကို သစ်ပင်ကြီးနဲ့ တိုက်မိ ပြီးတဲ့နောက်။ လက်ဗလာနဲ့ သစ်ကိုင်းတစ်ကိုင်းကို ဆွဲလိုက်ရင်း လေထဲကို ခုန်လွှားလိုက်တယ်။

“ဝူး။” နောက်ပြန်ကန်ပြီးတော့ မျောက်တစ်ကောင်လို ရှေ့ကို ပြေးထွက် သွားတော့တယ်။

“ငါ မပြိုင်သင့်တဲ့သူနဲ့ ပြိုင်မိ နေတာလား။” ပါးစပ် အဟောင်းသားနဲ့ ဖန်ကျန်းရှီ အဝေးက မရပ်မနား ပြေးနေတဲ့ အရိပ်ကို ကြည့်ရင်း တွေးနေမိတယ်။ တကယ်ပဲ မှားသွားပြီ။

ရန်ချင်းက သားရဲကောင်တွေ ကြားမှာ ကြီးလာတဲ့သူ။ အဲ့တာကို ဘာဖြစ်လို့များ တောထဲမှာ အရှိန်လွန်နေတဲ့ ရန်ချင်းနဲ့ ပြိုင်ဖို့ ရွေးမိတာလဲ။ သူက သူ့ကိုယ်ကို မြားတစ်စင်းလို ပြစ်နေတာ မဟုတ်လား။ နောက်ထပ် မတွေးတော့ဘူး။ ပြိုင်ပွဲက စပြီးနေပြီ။ ရှေ့ဆက် သွားရမယ်။ မင်းနိုင်ရင်နိုင်၊ မနိုင်ရင် ရှုံးလိမ့်မယ်။

အပြာရောင် အလင်းတန်း တဖျပ်ဖျပ် တောက်ပရင်းနဲ့ တောထဲမှာ လွယ်လွယ်ကူကူ ရွေ့လျားနေတယ်။ သူ့ရဲ့ ကောင်းကင်တာအို ပညာနဲ့ ငယ်ငယ်တည်းက တောင်ထဲမှာ အမဲလိုက်ခဲ့တဲ့ အတွေ့အကြုံကို ပေါင်းစပ်လိုက်ရင် အရှိန်နှုန်းက ရန်ချင်းထက် မနိမ့်ဘူး။ အရိပ်နှစ်ခုက တစ်နေရာတည်းကို ဦးတည်နေကြတယ်။

သူတို့ရဲ့ လှုပ်ရှားမှုက ရှုပ်ထွေးလွန်းလို့ ပတ်ဝန်းကျင်က သားရဲကောင်တွေ သတိ မထားမိပဲ မနေဘူး။ ဒါပေမယ့် သူတို့တွေရဲ့ အရှိန်နှုန်းက ကြောက်စရာ ကောင်းအောင် မြန်လွန်းနေတယ်။ သူတို့ လမ်းမှာ ရှိနေတဲ့ သားရဲကောင်တွေတောင် လမ်းဖယ်ချိန် မရလိုက်ဘူး။

“ဝုန်း။” သားရဲကောင် တစ်ကောင် မြေပြင်ပေါ်ကို လဲကျသွားတယ်။ သူ့ရဲ့ အစိမ်းရောင် မျက်ဝန်းတွေက အထိတ်တလန့် ဖြစ်နေပုံပဲ။ တကယ်တော့ အရိပ် တစ်ခုကိုပဲ တွေ့လိုက်တယ်။ သူ့ကို ဝင်တိုက်သွားတာ ဘာမှန်းကို မသိလိုက်ဘူး။ ဘယ်လို ပုံစံ အရိပ်မှန်းလည်း မသိဘူး။ သူတို့ လေ့ကျင့်ပေးဖို့ ကတိပေးထားတဲ့ တပည့်သားတွေက ဘယ်မှာပဲ။

သားရဲကောင် တွေးနေတဲ့ အချိန်မှာပဲ အပြာရောင် အလင်းတန်းက သူ့ရှေ့ကို ရောက်လာတယ်။ မိုးကောင်းကင်လို ကြည်ပြာ သန့်စင်တဲ့ အလင်းတန်း။

“..” သားရဲကောင် ပါးစပ် အဟောင်သားနဲ့ ကြည့်နေခဲ့တယ်။ ဘာခံစားချက်မှန်း မသေချာတဲ့ အသံနဲ့ အော်လိုက်တယ်။ အဲ့ဒီ့ အချိန်မှာ ခြေထောက် တစ်ဖက်က သူ့ခေါင်းကို နင်းချ သွားတယ်။ ပါးစပ် အဟောင်းသားနဲ့ ကြည့်နေခဲ့တဲ့ သားရဲကောင်လည်း မြေကြီးနဲ့ အရှိန်ပြင်းပြင်း တိုက်မိတော့တယ်။ တစ်ချောင်းတည်းသော ရှိတဲ့ သွားကလည်း ကျောက်တုံး တစ်တုံးထဲကို စိုက်ဝင်သွားတယ်။

“ကချာ့။” သွားကျိုး သွားခဲ့ပြီ။

….

မိုးနတ် နေရကန် အပြင်ဘက်မှာတော့ ဆဋ္ဌမ အကြီးအကဲ သူ့ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးကြီး ပိနေသလို ခံစားနေရတယ်။ နောက်ဆုံးတော့လည်း ချီကူယန်က စတုတ္ထ ကောင်းကင်ကို ရောက်သွားပြီ။ ဘာများ မှားနိုင်အုန်းမှာလဲ။ ပတ်ဝန်းကျင်က ကောင်းကင် တာအို တပည့်သားတွေလည်း ပျော်ရွှင် နေခဲ့တယ်။ တကယ်တော့ ချီကူယန်ရဲ့ လောင်းကြေးက လွန်ခဲ့တဲ့ လဝက်တည်းက ကောင်းကင် တာအို ခန်းမမှာ ပျံ့နေ ခဲ့တာလေ။ ဒီတော့ ကောင်းကင် တာအို တပည့်သားတွေ သူမ ရှုံးမှာကို မမြင်ချင်ကြဘူး။

ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမမှာ နောက်ထပ် တစ်လ နေဖို့ ကြံစည် နေတယ်လို့ သူတို့ အားလုံး ယုံကြည် ထားကြတယ်။ နောက်ဆုံးတော့လည်း ရှုံးတဲ့သူက နိုင်တဲ့သူ့ရဲက အစေခံ ဖြစ်ရမှာလေ။ ချီကူယန်က ဖန်ကျန်းရှီကို လက်ဖက်ရည်တိုက်၊ အဝတ်လျှော်၊ ထမင်းချက်ပေးရပြီးတော့ နေ့တိုင်း ဖျော်ဖြေရတဲ့ အစေခံ ဖြစ်မှာကို သူတို့ ဘယ်လို ကြည့်ရမှာလဲ။

“အစ်မကြီး ချီကူယန် နိုင်မှ ဖြစ်မယ်။”

“ဒါပေါ့။ ”

“ငါထင်ထားတော့ ဒီကောင်စုတ် အံ့ဖွယ် တောအုပ်ထဲမှာ လှည့်ပတ် နေတုန်း ဖြစ်မယ်။ အခုချိန်မှာ သားရဲကောင်တွေ ဘယ်လောက်များ ဝိုင်းနေမလဲ သိချင်လိုက်တာ။”

“ဟဟား။ ဒီကောင် ပျာယာခတ်နေမယ့် အခြေအနေကို မြင်ချင်လိုက်တာ။ စိတ်မကောင်း စရာက မိုးနတ် ရေကန်ရဲ့ လုပ်ငန်းစဉ်တွေကို ငါမကြည့်ရသေးဘူး။”

ပတ်ဝန်းကျင်က ကောင်းကင် တာအို တပည့်သားတွေ ပြောရင်း ဆိုရင်း ရယ်မော နေကြတယ်။

ဒီအချိန်မှာပဲ လူတစ်ယောက် ထိတ်လန့် တကြားနဲ့ ရောက်လာတယ်။ ဒါက ဝမ်မျိုးနွယ် ကောင်းကင် တာအို တပည့်သား။ မိုးနတ် ရေကန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရတဲ့ တာဝန်ခံ။

“အကိုကြီးဝမ်။ မိုးနတ် ရေကန်မှာ အခြေအနေ ဘယ်လိုလဲ။”

“ဟုတ်တယ် အကိုကြီးဝမ်။ အံ့ဖွယ် တောင်ကြားထဲ ရောက်နေတဲ့ ကောင်စုတ်ရဲ့ အခြေအနေကို ပြောပြပါအုန်း။ ကျွန်တော်တို့လည်း စိတ်သက်သာရာ ရတာပေါ့။”

စောင့်ကြည့်နေတဲ့ တပည့်သားတွေ နီးကပ်လာတဲ့ ဝမ်မျိုးနွယ် တပည့်သားကို ကြည့်ရင်း မေးတယ်။

“စိတ်သက်သာရအောင်။” ဝမ်မျိုးနွယ် တပည့်သား စိတ်မကြည်နိုင် ဖြစ်နေတယ်။ မေးခွန်းတွေကို မဖြေဘူး။ ဆဋ္ဌမ အကြီးအကဲဆီ သွားတယ်။

“အမ်။ ဘာဖြစ်လို့ ဒီလောက်တောင် အလျင်လိုနေတာလဲ။ ဘာဖြစ်လို့လဲ။” တပည့်သားရဲ့ အမူအယာကို မြင်တော့ ဆဋ္ဌမ အကြီးအကဲ မေးတယ်။

“အကြီးအကဲ ဖန် ဖန်ကျန်းရှီက။”

“သေသွားပြီလား။ မဖြစ်နိုင်တာပဲ။ ဒီကောင်စုတ်က ဒီလောက် အားမနည်းပါဘူး။ သားရဲကောင်တွေ ပတ်လည် ဝိုင်းနေရင်တောင် ဒဏ်ရာ နည်းနည်း ရရုံက လွဲပြီးတော့ သေမှာ မဟုတ်ပါဘူး။ ဟုတ်တယ်ဟုတ်။” အကြီးအကဲ မျက်မှောင်ကြုတ်နေတယ်။ တပည့်သားရဲ့ အမူအယာကို ကြည့်ပြီးတော့ သူမခန့်မှန်းနိုင်ဘူး။

ဖန်ကျန်းရှီနဲ့ ပတ်သက်ပြီးတော့ ကျေနပ်တာ တစ်ခုမှ မရှိပေမယ့် အံ့ဖွယ် တောထဲမှာ သေသွားတာကိုလည်း မမြင်ချင်ဘူး။ နောက်ပြီးတော့ မိုးနတ် ရေကန်မှာ တာဝန်ကျတာ သူလေ။ ဖန်ကျန်းရှီသာ သေသွားရင် တာဝန်ယူရမယ့်သူက သူဖြစ်လာမှာ။

“မဟုတ် မဟုတ်။ ဖန်ကျန်းရှီ မသေဘူး။” တပည့်သား ခေါင်းခါရင်း အမောတကော ပြောတယ်။ “အသက်ရှှု်ရုံတင် မကဘူး။ အံ့ဖွယ် တော တောအုပ် အထွက်ကို ရောက်နေပြီ။ ကောင်းကင် ကိုးဘုံကို ဝင်တော့မယ်။”

“ဘာ။” ဆဋ္ဌမ အကြီးအကဲ သူကြားရတာကို မယုံနိုင်ဘူး။ “ဘယ်လောက် ကြာသေးလို့လဲ။ တစ်နာရီတောင် မကုန်သေးဘူး။ သူ ထွက်ပေါက် ရောက်နေတာ သေချာရဲ့လား။”

“ထွက်ပေါက် ရောက်တာ မဟုတ်ဘူး။ ထွက်နေပြီ။ ကျွန်တော် ရောက်တဲ့ အချိန်၊ သူနဲ့ ရန်ချင်း ထွက်နေပြီ။ အခုတော့ ကျွန်တော် ထင်တာ သူတို့တွေ ကောင်းကင် ကိုးဘုံကို ဝင်သွားလောက်ပြီ။” တပည့်သား ရှင်းပြတယ်။

“ဘယ်လို ဖြစ်နိုင်မှာလဲ။” ဆဋ္ဌမ အကြီးအကဲရဲ့ အမူအယာ ချက်ခြင်း ပြောင်းသွားခဲ့တယ်။

ဖန်ကျန်းရှီက အံ့ဖွယ် တောအုပ်ကို တစ်နာရီ မပြည့်ခင်မှာ ဖြတ်သန်းနိုင်တယ်။ ဒါက အဲ့ဒီ့ တောအုပ်ကို ရင်းနှီးနေတဲ့သူ မြေပုံကြည့်ပြီး သွားမှ ရမယ့် အရှိန်နှုန်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီက အခုမှ ပထမဆုံး ဝင်တာ မဟုတ်လား။ တစ်နာရီတောင် မပြည့်သေးပဲ အံ့ဖွယ် တောအုပ်ကို အရပ်မျက်နှာ ရှာနိုင်တယ်။ ဘယ်လိုများ ပုံမှန် ဖြစ်နိုင်မှာလဲ။”

“ဖန်ကျန်းရှီက အံ့ဖွယ် တောအုပ်ကနေ ထွက်သွားပြီ။ ဘယ်လို ဖြစ်နိုင်မှာလဲ။”

“တစ်နာရီတောင် မရှိသေးဘူးလေ။ မနှစ်က ငါဝင်တဲ့ အချိန်တုန်းက ပြန်ထွက်နိုင်ဖို့ ငါးရက် ငါးည ကြာတယ်။”

“အံ့သြစရာ ကောင်းလိုက်တာ။ ဒီကောင်စုတ်က တကယ်ပဲ နတ်ဆိုးလား။”

ကောင်းကင် တာအို တပည့်သားတွေ မယုံနိုင် ဖြစ်နေကြတယ်။ ဒါပေမယ့် အကိုကြီးဝမ်က အခုချိန်မှာ မလိမ်မှန်း သူတို့ သိတယ်။ လူတိုင်း အထိတ်တလန့် ဖြစ်နေတဲ့ အချိန်မှာ နောက်တစ်ယောက် အဝေးကနေ ပြေးလာပြန်တယ်။ အကိုကြီးဝမ်ထက် အရှိန်နှုန်း ပိုမြန်တယ်။

ဒီတစ်ခေါက် မိုးနတ်ရေကန်ထဲ ဝင်တာက ချီကူယန်နဲ့ ဖန်ကျန်းရှီရဲ့ ပြိုင်ပွဲ ကိစ္စလည်း ရှိနေတယ်။ ဒါကြောင့် ကောင်းကင် တာအို ခန်းမက မိုးနတ် ရေကန် အခြေအနေကို အထူး အလေးထားပြီး စောင့်ကြည့်နေတယ်။ ပြိုင်ပွဲဝင်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ တပည့်သားတွေ အများကြီးကို အစောင့် ချထားခဲ့တယ်။ ဒီတစ်ခေါက် ရောက်လာတဲ့သူက လုမျိုးနွယ် တပည့်သား။

“အကိုကြီးလုလည်း ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ။”

ကောင်းကင် တာအို တပည့်သားတွေ အထိတ်တလန့် ကြည့်နေကြတယ်။ လုမျိုးနွယ် တပည့်သားကတော့ ဆဋ္ဌမ အကြီးအကဲဆီကို ကြောက်နေတဲ့ ယုန်ကလေးတစ်ကောင်လို ပုံစံနဲ့ စကား ပြောလာတယ်။

“ဆ ဆဋ္ဌမ အကြီးအကဲ ဖန် ဖန်ကျန်းရှီက ပထမ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာကို ဖြေရှင်းပြီး ဒု ဒုတိယ ကောင်းကင် ကိုးဘုံကို ဝင်သွားပြီ။” တပည့်သား အထိတ်တလန့်နဲ့ ချွေးစေးတွေ ပျံနေခဲ့တယ်။ သူ့ဝိဉာဉ် လွင့်သွားတဲ့ အတိုင်းပဲ။

“ဘာ။ မင်းဘာပြောတယ်။” ဒီတစ်ခေါက်တော့ ဆဋ္ဌမ အကြီးအကဲရဲ့ အထိတ်တလန့် အမူအယာက ထိန်းချုပ်လို့ မရတော့ဘူး။ ပတ်ဝန်းကျင်က တပည့်သားတွေလည်း သူတို့ကို မိုးကြိုး ပြစ်ခံ လိုက်ရသလို လန့်နေကြတယ်။

“ကျွန်တော် ပြော ပြောတာ၊ ဖန်ကျန်းရှီက ဒု ဒုတိယက ကောင်းကင်ဘုံကို ဝင်သွားပြီလို့။” အကြီးအကဲရဲ့ မယုံတဲ့ အမူအယာကို မြင်တော့ တပည့်သား သူ့ မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ရင်း ထပ်ပြောတယ်။

မိုးနတ်ရေကန်ကို စောင့်ကြည့်ရတဲ့ တပည့်သား တစ်ယောက် အနေနဲ့ သူက တည်တည်ငြိမ်ငြိမ် ဖြစ်သင့်တယ်။ ဒါပေမယ့် အခုလို မယုံနိုင်စရာ မြင်ကွင်းကို မြင်လိုက် ပြီးတဲ့နောက် ဆက်ပြီးတော့ အေးအေးဆေးဆေး မနေနိုင်တော့ဘူး။

ကောင်းကင် ကိုးဘုံမှာ ဖန်ကျန်းရှီ ပေါ်လာပြီးတော့ ခြေထောက် နှစ်ဖက် စုံရပ် လိုက်တာတင် လန့်စရာ ကောင်းနေပြီ။ ပိုပြီးတော့ လန့်စရာ ကောင်းတာက ကောင်းကင်ကိုးဘုံကို ဝင်ဝင် ချင်းမှာပဲ ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်တယ်။ ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာက ပထမ ပုံရိပ်ကို တစ်ချက်ပဲ ကြည့်တယ်။

တကယ့်ကို တစ်ချက်တည်း ကြည့်လိုက်တဲ့ အချိန်မှာပဲ။

မိုးနတ် ရေကန် အပေါ်ကနေ အသံ ထွက်ပေါ်လာတယ်။ “ဖန်ကျန်းရှီ ဒုတိယ ကောင်းကင်ဘုံကို ရောက်ရှိ။”

အပိုင်း (၇၀၁)ပြီး၏။

အပိုင်း (၇၀၂)

“ငါတို့ တကယ်ပဲ နောက်တစ်ခေါက် ဆားပက်ခံဖို့ လိုလို့လား။”

လုမျိုးနွယ် ကောင်းကင် တာအို တပည့်သားက စိတ်ခံစားချက် များလွန်းပြီးတော့ လဲကျ မတတ် ဖြစ်နေခဲ့ပြီ။ ဖန်ကျန်းရှီက အံ့ဖွယ် တောင်ကြားကို တစ်နာရီ မပြည့်ခင်မှာ ဖြတ်နိုင်ခဲ့တယ်။

ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာကိုလည်း ဖြေရှင်းလိုက်ပြီ။ ဒါကို ဘယ်သူ ယုံနိုင်မှာလဲ။ ဒါပေမယ့် မျက်စိရှေ့မှာ မြင်လိုက် ရတာကိုကော ဘယ်သူက ငြင်းနိုင်မှာလဲ။ တစ်ချိန်တည်းမှာပဲ တပည့်သားတွေ နေ့ခင်းကြောင်တောင် သရဲ တွေ့သလို တောင့်တင်း နေကြတယ်။ အခု အချိန်မှာ သူတို့တွေ အထိတ်တလန့် ဖြစ်ရာကနေ ပြန်ဖြေမဆည် နိုင်သေးဘူး။ ဆဋ္ဌမ အကြီးအကဲနဲ့ သူ့ဘေးပတ်လည်က တပည့်သားတွေ အားလုံး လန့်နေကြတယ်။

ဘယ်လောက်ပဲ ကြာသေးလို့လဲ။

ဘာဖြစ်လို့ ဒီလောက်တောင် မြန်နေတာလဲ။ ဒီလောက်တောင် မြန်တာ ဖြစ်နိုင်လို့လား။

…

မိုးနတ် ရေကန်ထဲက ကောင်းကင် ကိုးဘုံမှာ ဖန်ကျန်းရှီရဲ့ မြင်ကွင်းထဲကို စာလိပ်ကြီး တစ်လိပ် ပေါ်လာခဲ့တယ်။ တစ်ခဏတော့ ဖန်ကျန်းရှီ ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့တယ်။ ဘာတွေ ဖြစ်နေတာလဲ။ အဲ့တာကို ဖြေရှင်း ရမှာလား။

ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ သူ့ရှေ့က မြင်ကွင်း ပြောင်းလဲ သွားတယ်။ သူ့ရှေ့မှာ တပည့်သား အယောက် သုံးဆယ် နီးပါး ရောက်နေတယ်။ မြက်ခင်းစိမ်းစိမ်းတွေနဲ့ နယ်မြေကြီး တစ်ခုဆီကို သူရောက်လာတယ်။ လူတိုင်းက အံ့သြ တကြီးနဲ့ ကြည့်နေကြတယ်။

တကယ်တော့ ဒါမျိုး ဖြစ်လာရင် ဘယ်သူကများ မလန့်ပဲ နေနိုင်မှာလဲ။ ကောင်းကင်က ကြေညာသံကြီးနဲ့ အတူ သူတို့ ရှေ့ကို ရောက်လာတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း မျက်လုံး ပြူးနေကြတယ်။ သူတို့တွေ တကယ့်ကို လန့်နေကြတယ်။

“ဖန်ကျန်းရှီက ကောင်းကင် ကိုးဘုံကို ဘယ်လိုလုပ် ရောက်လာတာလဲ။”

“မဟုတ်သေးဘူး။ ဒုတိယ ကောင်းကင်ကို ဘယ်လို ဝင်လာတာလဲ။”

“အံ့ဖွယ် တောင်ကြားက ဘယ်အချိန် ထွက်လာတာလဲ။”

“သူက လူတောင် ဟုတ်သေးရဲ့လား။”

တပည့်သားတွေရဲ့ စိတ်ထဲမှာ အတွေးတွေက လျှပ်စီးလက်သလို ထွက်ပေါ် နေခဲ့တယ်။ ဒါပေါ့။ ဒုတိယ ကောင်းကင်မှာ ရပ်နေတဲ့ တပည့်သား သုံးဆယ် နီးပါးထက် ပိုပြီးတော့ အံ့သြ နေသူတွေ ရှိသေးတယ်။ ပထမ ကောင်းကင်မှာ ကျန်ခဲ့တဲ့ တပည့်သား လေးယောက် ရှိနေသေးတယ်လေ။ ကောင်းကင် တာအို တပည့်သားတွေဆိုတာ ဂုဏ်ရှိကြတယ်။ သူတို့တွေက နိုင်ငံ့ ထိပ်တန်း ဉာဏ်ကြီးရှင်တွေ၊ သက်ဆိုင်တဲ့ နယ်မြေ အသီးသီးမှာ မရေမတွက်နိုင်တဲ့ လူတွေက သူတို့ကို လေးစားကြတယ်။

အခုတော့ သူတို့တွေက နောကကျ ကျန်ရစ်ခဲ့ပြီ။ ကောင်းကင် ကိုးဘုံကို ဝင်လာတဲ့ အယောက် သုံးဆယ်ကျော်မှာ သူတို့ပဲ ပထမ ကောင်းကင်မှာ ကျန်ရစ် နေခဲ့တယ်။ ဒါကတင် သူတို့ရဲ့ ဂုဏ်သိက္ခာကို အတော်လေး ထိခိုက်နေပြီ။ အခု ဖန်ကျန်းရှီရဲ့ အောင်မြင်မှုက သူတို့ရဲ့ အနာတွေကို ဆားနဲ့ ပက်နေသလို မခံ မရပ်နိုင် ဖြစ်စေတယ်။

တပည့်သား လေးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ ဖန်ကျန်းရှီ ပုံရိပ်လွှာကို တစ်ချက်တည်း ကြည့်ပြီးတော့ ဖြေရှင်းသွားတဲ့ မြင်ကွင်းက သူတို့ ခေါင်းထဲမှာ လှည့်ပတ်နေတယ်။ သူတို့ရဲ့ အကြည့်တွေ အေးစက်လာတယ်။ ဘဝမှာ အသက်ရှင်ဖို့ မျှော်လင့်ချက် မကျန်တော့တဲ့ သူတွေလိုပဲ။

“…”

“ဘာဖြစ်တာလဲ။”

“သူ သူက ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်လွှာကို ဖြေရှင်းလိုက်တာလား။”

တပည့်သား လေးယောက် သူတို့ ခေါင်းပေါ်က စာလိပ်ကို မော့ကြည့်နေတယ်။ ဒီလို အရှက်ရတာမျိုးကို နောက်ထပ် တောင့်မခံ နိုင်တော့ဘူး။ သူတို့ ခြေထောက်တွေ တုန်ယင်ပြီးတော့ မြေပြင်ပေါ်မှာ ထိုင်ချ မိကြတယ်။

ရန်ချင်းရဲ့ အမူအယာကလည်း ထူးဆန်းနေတယ်။ သူရှုံးလည်း မရှုံးဘူး။ နိုင်လည်း မနိုင်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူနဲ့ ဖန်ကျန်းရှီ နှစ်ယောက်လုံးက ကောင်းကင် ကိုးဘုံကို တစ်ချိန်တည်း နီးပါးမှာ ရောက်လာတာ ကြောင့်ပဲ။ ဒါပေါ့။ ဒါက ပြဿနာ မဟုတ်ဘူး။

သူနဲ့ တစ်ချိန်တည်းမှာ ကောင်းကင် ကိုးဘုံကို ရောက်လာတဲ့ ဖန်ကျန်းရှီက ဒုတိယ ကောင်းကင်ဘုံကို တက်သွားခဲ့ပြီ။ သူကတော့ ပထမ ကောင်းကင်ဘုံမှာ ကျန်ရစ် နေတုန်းပဲ။

“အဲ့ဒီ့ ပုံရိပ်လွှာက ဒီလောက် ရိုးရှင်းလို့လား။” ရန်ချင်း ခေါင်းမော့ရင်း စာလိပ်ကို ကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာ သူ့မျက်စိရှေ့ကို လုံး၀ ကွဲပြားတဲ့ လောကကြီး တစ်ခု ဝင်ရောက်လာတယ်။ ဒီလောကကြီးမှာ တောင်မရှိ၊ မြစ်မရှိ၊ ပန်းပင် မရှိ၊ မြက်ပင်မရှိဘူး။ ဗလာ လုံးဝကို ဗလာကြီးပဲ ဖြစ်နေတယ်။

မမြင်ရတဲ့ အင်အားကြီးတွေက ရန်ချင်းကို ဖိနှိပ် တိုက်ခိုက်တယ်။ သူလက်သီးနဲ့ ပြန်ထိုးတယ်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက်။ လက်သီးတွေကို ဆက်တိုက် မရပ်တမ်း ထိုးနေခဲ့တယ်။ ဒါပေမယ့် ဗလာ လောကာကီးက ဘာမှ မပြောင်းလဲဘူး။

မဟုတ်ဘူး။ ငါက ကောင်းကင် ကိုးဘုံမှာ ရှိနေတာ။ ဒါကြောင့် ကောင်းကင် ကိုးဘုံ သုခမိန် ပုံရိပ်ကို ရှာရမယ်။ ဟုတ်တယ်။ အဲ့ဒီ့ စုတ်ချက်ပဲ။ စာလိပ်ပေါ်မှာ ရေးနေတဲ့ စုတ်ချက်ကို ကြည့်ရမယ်။ ရန်ချင်း လက်သီးထိုးတာကို ရပ်လိုက်ပြီးတော့ စုတ်ချက်ကို အပေါ်အောက် ကြည့်နေခဲ့တယ်။ သူ့လက်သီးတွေကို စုတ်ချက် လှုပ်ရှားတဲ့ အတိုင်း တစ်သမတ်တည်း လိုက်ထိုးခဲ့တယ်။

“ဝုန်း။” အသံကျယ်ကြီး ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ အဖြူရောင် ဗလာလောကကြီးက သူ့လက်သီးချက်ကြောင့် ပွင့်ထွက် သွားတော့တယ်။ အဖြူရောင်တွေ ပျောက်ကွယ် သွားပြီး နောက်မှာတော့၊ သစ်ပင်နဲ့ မြက်ပင် အစိမ်းတွေ ပေါ်လာတယ်။ စာလိပ် ပျောက်ကွယ် သွားပြီးနောက် သူ့နားထဲကို အသံ တစ်သံ ဝင်ရောက် လာတော့တယ်။

“ရန်ချင်း ဒုတိယ ကောင်းကင်ဘုံကို ရောက်ရှိ။”

“..” ကျန်ရစ်ခဲ့တဲ့ တပည့်သား လေးယောက် သူတို့ မျက်စိရှေ့မှာ ရန်ချင်း ပျောက်ကွယ် သွားတာကို ကြည့်နေခဲ့တယ်။ နှုတ်ခမ်းတွေ တွန့်ကွေးသွားရင်း နှင်းရည်မိုးတွေ အောက်မှာ မျက်ရည်တွေ စီးကျ လာခဲ့တယ်။

သူတို့တွေ တကယ်ပဲ နောက်တစ်ခေါက် ဆားပက်ခံဖို့ လိုလို့လား။

……

ငါတို့တွေ တကယ်ပဲ နောက်တစ်ခေါက် ဆားပက်ခံဖို့ လိုလို့လား။

ဒုတိယ ကောင်းကင်ဘုံမှာ ရှိတဲ့ တပည့်သားတွေလည်း ပထမ ကောင်းကင်ဘုံက တပည့်သား လေးယောက်လို ခံစားနေရတယ်။ ကောင်းကင်မှာ နောက်ထပ် ကြေညာသံ တစ်ခု ထွက်ပေါ် လာပြန်တယ်။

“ဖန်ကျန်းရှီ တတိယ ကောင်းကင်ဘုံကို ဝင်သွားပြီ။”

“.. တတိယ ကောင်းကင်ဘုံ။”

“..”

မင်းတို့ထက် အများကြီး နောက်ကျ ကျန်ခဲ့ပြီးတော့ ၁နာရီလောက် တခြား နေရာမှာ ရောက်နေတဲ့ သူက မင်းတို့ကို ကျော်တက်သွားရင် ဘယ်လို လုပ်မလဲ။ ဒုတိယ ကောင်းကင်ဘုံမှာ တကယ်ပဲ ကျော်တက် ခံလိုက်ရပြီ။

“..” တပည့်သားတွေ ပြောစရာ စကား မရှိ ဖြစ်နေကြတယ်။ ဒုတိယ ကောင်းကင်ဘုံက ပုံရိပ်လွှာကို စက္ကန့်ပိုင်း အတွင်း ဖြေရှင်းနိုင်တဲ့သူက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

တကယ့်ကို လန့်စရာ ကောင်းတယ်။ ဒီအချိန်မှာ နောက်ထပ် အသံ တစ်ခု သူတို့ နားထဲ ဝင်လာပြန်တယ်။

“ရန်ချင်း ဒုတိယ ကောင်းကင်ဘုံကို ရောက်ရှိ။”

“…” အယောက် သုံးဆယ် နီးပါး ရှိတဲ့ ကောင်းကင် တာအို တပည့်သားတွေ သူတို့ ရှေ့မှာ ပေါ်လာတဲ့ ရန်ချင်းကို ကြည့်နေကြတယ်။ သူတို့ မျက်နှာတွေ ရဲရဲ နီနေခဲ့တယ်။

ကောင်းကင် တာအို ခန်းမမှာ အတွေ့အကြုံများတဲ့ အကိုကြီးတွေ အနေနဲ့ သူတို့တွေထက် ဝင်တာ နောက်ကျတဲ့ အငယ်က မကောင်းဆိုးဝါးလို ပြိုင်ဘက်ကို အမှီလိုက်တာကို ကြည့်ရတော့မှာလား။ သူတို့ရဲ့ နှလုံးသားတွေ ဒါကို ဘယ်လိုများ တောင့်ခံ ရမှာလဲ။

ရှက်စရာ ကောင်းတယ်။ တကယ့်ကို ရှက်စရာ ကောင်းလွန်းတယ်။

ရန်ချင်းကတော့ ကောင်းကင် တာအို တပည့်သားတွေရဲ့ မျက်နှာ အမူအယာကို သတိ မထားမိဘူး။ တကယ်တော့ သူတို့တွေကို တစ်ချက်တောင် မကြည့်တာ။ ဖန်ကျန်းရှီက တတိယ ကောင်းကင်ကို ရောက်သွားတဲ့ အကြောင်း သူကြား ပြီးပြီလေ။

သူနဲ့ ဖန်ကျန်းရှီ ကြားက လောင်းကြေး ပြီးသွားခဲ့ပြီ။ ဒါပေမယ့် အနိုင်ရသူ မရှိတဲ့ ပြိုင်ပွဲက ရန်ချင်း စိတ်ထဲမှာ ဘယ်လိုများ ပြိုင်ပွဲလို့ သတ်မှတ် နိုင်မှာလဲ။ ဖန်ကျန်းရှီနဲ့ ပြိုင်ချင် နေတုန်းပဲ။ ဒီအချိန်မှာ ဘယ်သူက အမြင့်ဆုံး ကောင်းကင်ကို ရောက်မလဲလို့ သူ့စိတ်ထဲမှာ ပြိုင်နေခဲ့တယ်။

“မင်းက မြန်တယ်။ တကယ့်ကို မြန်တယ်။ ဒါပေမယ့် ငါမင့်ကို ကျော်နိုင်စေရမယ်။” ရန်ချင်းရဲ့ စိတ်ဆုံးဖြတ်ချက် အရမ်းကို ခိုင်မာတယ်။ ကောင်းကင်က ပုံရိပ်ကို သူမော့ကြည့်တယ်။

ပထမ ပုံရိပ်ထက် ဒုတိယ ပုံရိပ်က စုတ်ချက် ပိုများတယ်။ ပိုပြီးတော့လည်း ရှုပ်ထွေးတယ်။ ထုံးစံ အတိုင်း စာလိပ်ပေါ်မှာ ရွေ့လျားနေတယ်။ လက်ရေးလှ ကျင့်နေ သလိုပဲ။ ဒီလို လွတ်လပ်ပြီး အနှောင်အဖွဲ့ ကင်းကင်းနဲ့ စာရေးနေတာ အရမ်းကို သဘာ၀ ကျတယ်။ စာလိပ်မှာ အသိအမှတ် ပြုပြီး မှတ်မိစရာ ဘာမှ မရှိဘူး။ ဒါပေမယ့် တစ်ခုခုနဲ့ ဆက်စပ် နေသလိုပဲ။ မြူနှင်းတွေလား။ ဒါမှမဟုတ် စာလိပ်ပေါ်မှာ လွင့်မျောနေတဲ့ လေလား။

“ဒါ ဘာအဓိပ္မာယ်လဲ။” ပထမ ပုံရိပ်လွှာတုန်းက ရန်ချင်းကို တစ်ခါတည်း တခြား ကမ္ဘာဆီ ပို့ခဲ့တယ်။ အခုကတော့ မတူဘူး။ ဒီပဟေဠိကြောင့် သူစိတ်ရှုပ်လာတယ်။

…

“ပထမ ပုံရိပ်ရဲ့ စုတ်ချက် တစ်ချက်တည်းက လောကမှာ ရှိတဲ့ ဖြစ်တည်မှု အားလုံးကို ရှင်းလင်း ထားတာပဲ။ ဒုတိယ တစ်ခုက သဘာဝကို ကိုယ်စားပြုတယ်။ ဒီ ကောင်းကင်ကိုးဘုံ သုခမိန် ပုံရိပ်လွှာတွေက အရမ်း ရိုးရှင်းလွန်း နေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီ သူ့မျက်စိရှေ့က တတိယ ပုံရိပ်လွှာကို ကြည့်ရင်း နှုတ်ခမ်းတွေ တွန့်ကွေးပြီး ပြောနေခဲ့တယ်။

ရုတ်တရက် သူ့နှလုံးသားထဲမှာ ထူးဆန်းတဲ့ လစ်ဟာမှုတွေ ပြည့်နှက်သွားတယ်။ မျက်စိရှေ့မှာ ဘာပြိုင်ဘက်မှ မရှိပဲ တောင်ထိပ် တစ်ခုပေါ် ရောက်နေရသလိုပဲ။ အရာအားလုံးက မယှဉ်သာဘူး။ ဒီအချိန်မှာပဲ သူ့နားထဲကို နောက်ထပ် အသံ တစ်သံ ရောက်လာခဲ့တယ်။

“ချီကူယန် ပဉ္စမ ကောင်းကင်ဘုံကို ဝင်ပြီ။”

“ပဉ္စမ ကောင်းကင်ဘုံ။”

“..”

“ငလူးပဲ။” ဖန်ကျန်းရှီ သတိလက်လွှတ် ကောင်းကင်ကို လက်ခလယ် ထောင်ပြလိုက်တယ်။ နောက်ကောင်းကင်ဘုံကို မြန်မြန် တက်ပြီးတော့ ချီကူယန်ကို အံ့သြအောင် လုပ်ဖို့ တွေးထားခဲ့တာ။ အခုတော့ ထပ်ပြီး ကြိုးစား ရအုန်းမယ်။

ချီကူယန်က တကယ့်ကို မြန်တယ်။ ဖန်ကျန်းရှီ တတိယ ကောင်းကင်ဘုံပဲ ရောက်သေးတဲ့ အချိန်၊ ချီကူယန်က ပဉ္ဒမ ကောင်းကင်ဘုံကို ရောက်သွားပြီ။ ကောင်းကင်ဘုံ နှစ်ခု ကွာတာက နည်းတဲ့ ကွာခြားချက် မဟုတ်ဘူး။ အတော့်ကို ကွာဝေးတယ်။

ဒီစာလိပ်တွေက အပေါ်ကို ရောက်လေ ပိုခက်လေမှန်း သူသိတယ်။ ဒုတိယ ပုံရိပ်လွှာက သဘာဝကို ပြောချင်တာ တစ်ချက်ကြည့်ရုံနဲ့ သူသိတယ်။ ဒါပေမယ့် ပဟေဠိကို တွေးတာနဲ့ ဖြေရှင်းတာ လုံး၀ မတူညီတဲ့ ကိစ္စ နှစ်ခုပဲ။ သူမြန်မြန် သွားရမယ်။

ဖန်ကျန်းရှီ သူ့ခေါင်းပေါ်က စာလိပ်ကို မြန်မြန် မော့ကြည့်တယ်။ ဒါက မှင်ပန်းချီပဲ။ လေးလံကြီးတော့ ကြီးမားတဲ့ စုတ်တံက ဘယ်ဘက် အပေါ်နားကနေ စပြီးတော့ ညာဘက် အောက်ဆုံးထိ ဆွဲချရင်း အဆုံးသတ် သွားတယ်။ လက်အား အဖိအဖော့နဲ့ အစက်အပျောက်တွေက သိသိသာသာ ကွာခြားတယ်။ သေချာတဲ့ သဏ္ဍာန် တစ်ခုနဲ့ လုပ်ထား သလိုပဲ။

ဖန်ကျန်းရှီ မျက်ခုံးပင့်လိုက်တယ်။ ဒီတစ်ခေါက် စာလိပ်က အရင်နှစ်ခုထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်။ အရင် စာလိပ်တွေလို ကြည့်ရုံနဲ့ မသိဘူး။

ရေစက်မှင် ပန်းချီလား။

ဒါက ဘာကို ပြောချင်တာလဲ။

အပိုင်း (၇၀၂) ပြီး၏။

အပိုင်း (၇၀၃)

“တကယ့်ကို မကောင်းဆိုးဝါး အနှောက်အယှက်ပဲ။”

….

ဖန်ကျန်းရှီက တတိယ ကောင်းကင်ဘုံမှာ မှင်ပန်းချီကို ဘာသာပြန်နေခဲ့တယ်။ မိုးနတ် ရေကန် ဘေးမှာတော့ ဆဋ္ဌမ အကြီးအကဲနဲ့ တပည့်သားတွေ ရူးတော့မယ်။ ဖန်ကျန်းရှီ တတိယ ကောင်းကင်ဘုံကို ဝင်သွားတဲ့ သတင်းက တောမီးလို ပျံ့နေခဲ့ပြီ။

“တတိယ ကောင်းကင်ဘုံတဲ့။”

“ဒီကောင်စုတ်က ဒီလောက်တောင် မြန်တာလား။”

“သူက နတ်ဆိုးလား။”

ကောင်းကင် တာအို တပည့်သားတွေ တကယ့်ကို ပြောစရာ စကား မရှိ ဖြစ်နေခဲ့တယ်။ အစကတော့ လူတိုင်းက ဖန်ကျန်းရှီကို ချီကူယန် အနိုင်ရမယ်လို့ အပိုင်တွက်ထား ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ ဘယ်လိုလဲ။

ဖန်ကျန်းရှီက ကြောက်စရာ ကောင်းတဲ့ အရည်အချင်းတွေကို ထပ်ခါ ထပ်ခါ ထုတ်ပြနေပြီ။ အံ့ဖွယ် တောင်ကြားကို တစ်နာရီနဲ့ ဖြတ်။ ပထမ ကောင်းကင်ဘုံကို တစ်ချက်ကြည့်ရုံနဲ့ အောင်မြင်။ ဒုတိယ ကောင်းကင်ဘုံကို စက္ကန့်ပိုင်း အတွင်း အောင်မြင်။ အခုတော့ တတိယ ကောင်းကင်ဘုံကို တက်နေပြီ။

ကိုယ်တိုင်သာ မမြင်ရရင် သူ့အရှိန်နှုန်းကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။

“ဆဋ္ဌမ အကြီးအကဲ။” ဒီအချိန်မှာ ထိပ်တန်း အရှိန်နှုန်းနဲ့ လူတစ်ယောက် ပြေးလာပြန်တယ်။

“ပြော။” အကြီးအကဲ အတော့်ကို နှလုံးခုန် မြန်နေခဲ့ပြီ။

“အစ်မကြီး ချီကူယန်က ပဉ္စမ ကောင်းကင်ဘုံကို ရောက်သွားပါပြီ။” တပည့်သား ချက်ခြင်း ပြောတယ်။

“ကောင်းတယ် အရမ်း ကောင်းတယ်။” ဒါကိုကြားမှပဲ အကြီးအကဲ ပြုံးနိုင်တော့တယ်။ ဘေးပတ်လည်က ကောင်းကင် တာအို တပည့်သားတွေလည်း အခုမှ စိတ်သက်သာရာ ၇တော့တယ်။ ဖန်ကျန်းရှီ ကြောက်စရာ ကောင်းတာကို သိပေမယ့် သူ့ပြိုင်ဘက်က သူ့လိုပဲ ကြောက်စရာ စွမ်းရည်တွေနဲ့ ချီကူယန် ဖြစ်နေတယ်လေ။

နောက်ပြီးတော့ ချီကူယန်က သူ့ထက် အစမှာ အများကြီး သာထားတယ်။ ဖန်ကျန်းရှီက သူတို့ ထင်ထားတာထက် အများကြီး သန်မာ နေပင်မယ့်၊ ဘယ်သူကမှ အနိုင်အရှုံးကို မခန့်မှန်း နိုင်ဘူး။ ဘယ်သူက နဝမ ကောင်းကင်ကို အရင်ဆုံး ရောက်မလဲ မသိနိုင်ဘူး။ ဒီလို အခြေအနေမှာ ချီကူယန် လုံး၀ ရှုံးလို့ မဖြစ်ဘူး။

“နောက်တစ်ခု ရှိပါသေးတယ်။ ရန်ချင်းလည်း ဒုတိယ ကောင်းကင်ကို ဝင်သွားပါပြီ။” အကြီးအကဲရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရင်း တပည့်သား ပြောတယ်။

“အမ်။ ရန်ချင်းလည်း ဒုတိယ ကောင်းကင်ဘုံကို ဝင်သွားပြီလား။” ဒါကိုကြားတော့ အကြီးအကဲရဲ့ မျက်ဝန်းထဲမှာ အလင်းတန်းတွေ တောက်ပလာတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ ပျောက်ကွယ် သွားတော့တယ်။ “အင်း အရမ်းကောင်းတယ်။ ကြည့်ရတာ ရန်ချင်းရဲ့ အလားအလာက ငါထင်ထားတာထက် ပိုပြီးတော့ ကြီးမားတာပဲ။”

ဆဋ္ဌမ အကြီးအကဲရဲ့ စိတ်ထဲမှာ ရန်ချင်းကို တပည့်အဖြစ် သိမ်းသွင်းရမယ့် အစီအစဉ်ကို ဆွဲနေခဲ့တယ်။ ရန်ချင်းက ကောင်းကင် တာအို ခန်းမကို ဝင်ပြီး ခဲ့ပေမယ့် သူ့ဆရာကို တရားဝင် မသတ်မှတ် ရသေးဘူး။ ဒီတစ်ခေါက် မိုးနတ် ရေကန်ကို ဝင်ပြီးသွားရင်၊ ရန်ချင်းရဲ့ ဂုဏ်သတင်းကလည်း ပိုပြီးတော့ ကြီးမား လာလိမ့်မယ်။

ပတ်ဝန်းကျင်က တပည့်သားတွေလည်း ရန်ချင်းရဲ့ သတင်းကြောင့် နည်းနည်းတော့ အံ့သြ နေကြတယ်။ သူတို့အတွက်တော့ အခုမှ ခန်းမကို ဝင်လာတဲ့ တပည့်အသစ် ကျော်တက်တာကို ခံလိုက်ရတာ ဘာမှ ဂုဏ်ယူစရာ မရှိဘူးလေ။

…

ဖန်ကျန်းရှီရဲ့ ဝတ်ရုံက လူရိုင်းဝတ်စုံ နီးပါး ဖြစ်နေခဲ့ပြီ။ တကယ်တော့ တောထဲကို အဝေးကြီး ဖြတ်ပြေးလာရတဲ့ လူတစ်ယောက်ရဲ့ အဝတ်အစားတွေက ဘယ်လိုများ သပ်ရပ် သန့်ရှင်း မနေနိုင်ဘူးလေ။ သူ့ကို (လူရိုင်း)လို့ ခေါ်ရင် ရိုင်းရာကျတယ်။ စုတ်ပြတ်နေတဲ့ အဝတ်အစားနဲ့ ကောင်လေးလို့ ပြောရင်လည်း သနားလွန်းရာ ရောက်မယ်။

သူ့ရဲ့ ဝတ်ရုံပြာမှာ အပေါက်အပြဲတွေ အပြည့် ဖြစ်နေခဲ့ပြီ။ အကျီ ရင်ဘတ်ကလည်း သစ်ကိုင်း တစ်ခုနဲ့ ညိပြီးတော့ အကြီးကြီး ပြဲနေခဲ့တယ်။ နှလုံးကာ မှန်ကိုတောင် မြင်နေရပြီ။ ဒီအချိန်မှာပဲ သူ့ရဲ့ နှလုံးကာ မှန်ပေါ်မှာ ပုံရိပ် တစ်ခု ပေါ်လာခဲ့တယ်။

တကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ နည်းနည်းလေးတောင် သတိ မထားမိဘူး။ သူ့ခေါင်းပေါ်က စာလိပ်ကိုပဲ အာရုံစိုက်နေခဲ့တယ်။ မှင်ပန်းချီကို ကြည့်ရင်း ပဟေဠိ ဖြေဖို့ ကြိုးစားနေတယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး လာပြီ။ သူစိတ်လော မကြီးဘူး။ အခုလို အချိန်မှာ စိတ်ငြိမ်ငြိမ်ထား သင့်တာကို သူသိတယ်။ တကယ်တော့ လွန်ခဲ့တဲ့ လဝက်လုံးလုံး ကောင်းကင် တာအို ခန်းမ စာကြည့်တိုက်က စာအုပ်တွေကို မွှေနှောက် ဖတ်ထားတာကြောင့် သူ့ရဲ့ အသိပညာက အတော့်ကို မြင့်မား နေပြီ။ ဒါကြောင့်ပဲ ပထမ ကောင်းကင်က ပုံရိပ်ကို တစ်ချက်တည်းနဲ့ ဖြေရှင်း နိုင်ခဲ့တာ။

ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကိုယ်သူ သတိ မထားမိဘူး။ ဒါကြောင့် ဒုတိယ ကောင်းကင်ဘုံကို ရောက်ပြီလို့ ကြေညာသံ ကြားတဲ့ အချိန် နည်းနည်းတော့ လန့်သွားခဲ့တယ်။ ဒါပေါ့။ အခုချိန်မှာ ဘာတွေ ဖြစ်နေလည်း သူနားလည်စ ပြုလာပြီ။ အတွေးအခေါ်ပိုင်း အရဆိုရင် သူက ပြိုင်ပွဲဝင်တွေထက် အားမနည်းဘူး။

အရင်ဘဝက အတွေ့အကြုံတွေ၊ ဒီဘဝမှာ ကြိုးစားခဲ့တာတွေနဲ့၊ လဝက်လုံးလုံး စာဖတ်ခဲ့တာ အပြင် နှစ်ဘဝစာ အသိပညာတွေကို ပေါင်းစည်းလိုက်ရင် သူ့ရဲ့ အသိပညာ ကြွယ်ဝမှုက ကြောက်မက်ဖွယ်ပဲ။ မှင် အဲ့တာဆိုရင် ရေဖြစ်နိုင်မလား။ ရေစက်လေးတွေကနေ သမုဒ္ဒရာ ဖြစ်နိုင်တယ်။ အစေ့လေးကနေ အညှောင့် ထွက်ပြီးတော့ သစ်ပင်ကြီး ဖြစ်လာနိုင်တယ်။ မှင်စက်လေးတွေက ရေကို ကိုယ်စားပြုတယ်။ တတိယ ပုံရိပ်လွှာက သက်ရှိ အားလုံးရဲ့ အရင်းအမြစ်ကို ကိုယ်စား ပြုတာပဲ။

“အရင်းအမြစ်။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ လင်းလက်လာတယ်။ သက်ရှိတွေရဲ့ အရင်းအမြစ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ သူ့စိတ်ထဲကို အရှိန် ပြင်းပြင်း ဝင်ရောက်လာတယ်။ အပိုင်းအစလေးတွေ အများကြီး စုပေါင်းပြီးတော့ သူ့စိတ်ထဲမှာ သတင်းအချက်အလက်တွေ အပြည့်ဖြစ်လာတော့တယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကနေ အသံ တစ်သံ ထွက်ပေါ် လာပြန်တယ်။

“ရန်ချင်း တတိယ ကောင်းကင်ဘုံကို ဝင်ပြီ။”

“တတိယ ကောင်းကင်ဘုံ။”

“..”

“အိုး။” ဖန်ကျန်းရှီ သူ့နောက်ကို လှည့်ကြည့်မိတယ်။ သူနဲ့ ခြေငါးလှမ်း အကွာမှာ လူတစ်ယောက် ရှိနေခဲ့တယ်။ သူ့ရဲ့ အစိမ်းရင့်ရောင် ဝတ်ရုံလည်း စုတ်ပြဲ နေခဲ့တယ်။ သူကတော့ ရန်ချင်း။

“နောက်ဆုံးတော့ တတိယ ကောင်းကင်မှာ အမှီ လိုက်နိုင်ပြီ။” ရန်ချင်း သူ့ရှေ့က ဖန်ကျန်းရှီကို မြင်တော့ ပြောတယ်။ ရန်ချင်းကြည့်ရတာ အတော့်ကို စိတ်ဓာတ် တက်ကြွနေတဲ့ ပုံစံပဲ။ သူ့မျက်ဝန်းတွေ အလင်းရောင်တွေ တလက်လက် တောက်ပနေတယ်။ ညိုမောင်းနေတဲ့ မျက်နှာကလည်း နည်းနည်း နီရဲနေတယ်။ နောက်ထပ် အသံတစ်သံ ပေါ်လာပြီးတော့ လူတစ်ယောက် ရန်ချင်း နောက်ကို ရောက်လာတယ်။

သိသိသာသာပဲ ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီ ရူးလောက်တဲ့ အရှိန်နှုန်းနဲ့ ပုံရိပ်လွှာတွေကို ဖြေရှင်းနေတာ သည်းမခံ နိုင်တော့ဘူး။ ဒါကြောင့် သူတို့ နည်းလမ်းနဲ့ သူတို့ အမြန်ဆုံး အဆင့်တက်နိုင်အောင် လုပ်နေကြတယ်။

“ဖန်ကျန်းရှီ မင်းတကယ့်ကို မဆိုးဘူး။ တတိယ ကောင်းကင်ဘုံကို ငါ့ထက် စောစော ရောက်တာပဲ။ မင်း ဂုဏ်ယူသင့်တယ်။” တတိယ ကောင်းကင်ဘုံကို ရောက်လာတဲ့ တပည့်သား ဖန်ကျန်းရှီကို လှမ်းပြောတယ်။ သူပြုံးပြရင်း ဆက်ပြောတယ်။ “ဒါပေမယ့် မင်းငါ့ကို တတိယ ကောင်းကင်မှာ ရှုံးသွားနိုင်တယ်လေ။ မင်းထက် စောပြီးတော့ စတုတ္ထ ကောင်းကင်ကို ငါအရင် ရောက်နိုင်တယ်။”

“စိန်ခေါ်တာလား။” ဒါကိုကြားတော့ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။

ကောင်းကင် တာအို တပည့်သားတွေက ပြိုင်ဆိုင် ရတာကို ကြိုက်တယ်။ ဖန်ကျန်းရှီ ဒါကို ကောင်းကောင်းသိတယ်။ ဒါက ပုံမှန် ကိစ္စပဲ။ လူတိုင်းထက် သာတဲ့ စစ်မှန်တဲ့ ဉာဏ်ကြီးရှင်တွေက သူများထက် သာဖို့ ကြိုးစားကြတယ်။ ဖန်ကျန်းရှီ ရှေ့က တပည့်သားလည်း အတူတူပဲ။ သူ့ရဲ့ စွမ်းအားနဲ့ အသိပညာတွေက တခြားသူတွေထက် သာလွန်တယ်လို့ ခံယူထားတယ်။ ဖန်ကျန်းရှီကို အနိုင်ယူချင်တာက သူ့အတွက် နောက်ခြေလှမ်း ဖြစ်လိမ့်မယ်။

“ဒါပေါ့။” တပည့်သား ခေါင်းငြိမ့်တယ်။

“စိန်ခေါ်မှတော့ လောင်းကြေး ရှိသင့်တယ် မဟုတ်လား။ ဘာကို လောင်းကြေး ထပ်ကြမလဲ။” ဖန်ကျန်းရှီ မေးတယ်။

“အင်း။ မင်းပြောတာ မှန်တယ်။ ဘာလောင်းကြေး လိုချင်လဲ။” ဒါကိုကြားတော့ ဖန်ကျန်းရှှီ ပြောချင်တာကို တပည့်သား နားလညတယ်။

“ဘာပဲ ဖြစ်ဖြစ်ရတယ်။ ငါ အလျင်လိုနေတယ်။”

“ကောင်းပြီလေ။ ကြယ်တာရာ ရေစင်ကို လောင်းကြေးထပ်မယ်။ ဒါက ဆေးဖော်တဲ့ အချိန်မှာ သုံးတယ်။ ဆေးရဲ့ နောက်ဆုံး သန့်စင်မှုကို အရည်အသွေးမြင့်စေတယ်။” တပည့်သားက ချက်ခြင်း ငွေရောင် အလင်းတန်းတွေ ပြည့်နေတဲ့ ပုလင်းကို ထုတ်ပေးတယ်။

“ကောင်းပြီ။ တရားမျှတဖို့ ရန်ချင်းကို မင်းရဲ့ ကြယ်တာရာ ရေစင် ကိုင်ခိုင်းထားလိုက်။” ဖန်ကျန်းရှီ သူ့နောက်က ရန်ချင်းကို လက်ညှိုးထိုးပြတယ်။

“ကောင်းပြီ။” တပည့်သားက ရန်ချင်း လက်ထဲကို ရေစင်ထည့်ပေးတယ်။ ဖန်ကျန်းရှီကို ပြန်လှည့်ရင်း မေးတယ်။ “မင်းကော။ မင်းရဲ့ လောင်းကြေး ဘယ်မှာလဲ။”

“မလိုပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“မင်း ဘာပြောချင်တာလဲ။” တပည့်သား မျက်မှောင်ကြုတ်လိုက်တယ်။

“မင်း ရှုံးသွားပြီလေ။” ဖန်ကျန်းရှီက နောက်ထပ် ရှင်းမပြတော့ဘူး။ တတိယ ပုံရိပ်လွှာရဲ့ အဖြေကို တပည့်သားနဲ့ ညှိနှိုင်းနေတဲ့ အချိန်မှာ သူသိသွား ပြီလေ။ အရင်းအမြစ်။ ဒါက သက်ရှိတွေရဲ့ မူလ အရင်းအမြစ် မဟုတ်ဘူး။ သက်ရှိတွေ အားလုံးရဲ့ အဆုံးနဲ့ အစကို ကိုယ်စားပြုတယ်။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း သံသရာ စက်ကွင်း တစ်ပတ်ပြည့်စေဖို့ အဆုံးနဲ့ အစနှစ်ခုလုံး လိုအပ်တယ်။ မွေး၊ အို၊ နာ၊ သေ၊ အားလုံးက အရင်းအမြစ် တစ်ခုတည်းပဲ။ သေခြင်းက သက်ရှိ အားလုံးရဲ့ အဆုံးလည်း ဟုတ်တယ်။ အစလည်း ဟုတ်တယ်။ ဒါက အရင်းအမြစ်ပဲ။

“ဖန်ကျန်းရှီ စတုတ္ထ ကောင်းကင်ကို ဝင်ပြီ။”

“စတုတ္ထ ကောင်းကင်။”

“..”

ကောင်းကင် တာအို တပည့်သား မျက်လုံးပြူးနေတယ်။ သူ့နားထဲမှာ ကြေညာသံက ရိုက်ခတ်နေတယ်။ ဖန်ကျန်းရှီကတော့ အရိပ်တောင် မတွေ့ရပဲ ပျောက်သွားခဲ့ပြီ။ တပည့်သားရဲ့ ခေါင်းကနေ ခြေဖျားအထိ အေးစိမ့် လာခဲ့တယ်။

မကောင်းဆိုးဝါးပဲ။ ဒီခွေးကောင်က တကယ့် မကောင်းဆိုးဝါးပဲ။ ဖန်ကျန်းရှီကို ပထမဆုံး မြင်လိုက်တဲ့ အချိန်တုန်းက တိုက်ခိုက်လိုစိတ်တွေ တကိုယ်လုံး ပြည့်နှက် နေခဲ့တယ်။ အခုတော့ ဖန်ကျန်းရှီကို ဘယ်လောက်ပဲ ကျော်ဖြတ်နိုင်ချင် နေပင်မယ့်၊ သူ့တကိုယ်လုံး ဆက်ပြီး အဖြေရှာချင်တဲ့ စိတ်ဆန္ဒတွေ ကုန်ခမ်းနေပြီ။

တခြား တစ်ဖက်က ရန်ချင်းလည်း ဆွံ့အ နေခဲ့တယ်။ သူက သူ့နိုင်ငံတော်ရဲ့ ထိပ်တန်း စစ်သည်တော်။ တောထဲက ထွက်လာ ပြီးတည်းက ပြိုင်ဘက်ကောင်းနဲ့ မတွေ့ရသေးဘူး။ ကောင်းကင် တာအို တပည့်သားတွေနဲ့ ရန်ချင်းရဲ့ ရည်ရွယ်ချက်က မတူညီဘူး။

ရန်ချင်း ဒီကို လာတာ လေ့ကျင့်ဖို့လည်း မဟုတ်ဘူး။ မြင့်မြတ် နယ်မြေမှာ အထောက်အပံ့ ရှာဖို့လည်း မဟုတ်ဘူး။ သူ့ဘဝရဲ့ ရည်မှန်းချက်ကို ရှာဖို့ပဲ။ သူ့လမ်းကြောင်းမှာ ဆူးညှောင့်ခလုတ်တွေ အခက်အခဲတွေ လိုအပ်တယ်။ ဒီအခက်အခဲတွေကပဲ သူ့ကို အသက်ရှင်ဖို့ အကြောင်းရင်း ပေးနိုင်တယ်။

ဒါပေမယ့် အခုတော့ ပထမဆုံး အနေနဲ့ သူအချိန် အကြာကြီး စောင့်မျှော် နေခဲ့ရတဲ့ (အတားအဆီး အခက်အခဲနဲ့) တွေ့ရတာပဲ။ ဒီအခက်အခဲက သူ့ထင်ထားတာထက် အများကြီး ကျော်လွန်နေတယ်။ တိုင်းတာလို့ မရတဲ့ တောင်ကြီး တစ်လုံးလိုပဲ။ ဘာလုပ်ရမယ်မှန်း မသိအောင် ဖြစ်စေတယ်။

“ဖန်ကျန်းရှီ။” ရန်ချင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးက အရိုးအဆစ်တွေတောင် အသံတွေ မြည်လာတဲ့ အထိပဲ။

အပိုင်း (၇၀၃) ပြီး၏။

အပိုင်း (၇၀၄)

“တောက်ဟွမ်။”

…

မိုးနတ် ရေကန် အပြင်ဘက်မှာ ဆဋ္ဌမ အကြီးအကဲ ဆက်ပြီးတော့ မပြုံးနိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ စတုတ္ထ ကောင်းကင်ဘုံကို ဝင်သွားတဲ့ သတင်းက ပျံ့သွားခဲ့ပြီလေ။

“စတုတ္ထ ကောင်းကင်ဘုံတဲ့။ ဒီကောင်စုတ် ဘယ်လိုတောင် လုပ်လိုက်တာလဲ။” အကြီးအကဲ တကယ်တော့ ထပ်ပြောချင်တယ်။ ဖန်ကျန်းရှီ စတုတ္ထ ကောင်းကင်ဘုံကို ရောက်ရင်တောင် ချီကူယန်ကို လိုက်မှီနိုင်မှာ မဟုတ်ဘူးလို့။ ဒါပေမယ့် သူ့ပါးစပ်က ထွက်မလာခဲ့ဘူး။

သူ့နှလုံးသားထဲမှာ ရှင်းပြလို့ မရတဲ့ အကြောက်တရားတွေ ကြီးစိုးနေခဲ့တယ်။ ကိုယ့်ကိုယ်ကို ထပ်ခါ ထပ်ခါ အားပေး နေရတယ်။ ဒီကောင်စုတ်က ချီကူယန်ကို မနိုင်နိုင်ဘူး။ ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး။

ဒါပေါ့ ကောင်းကင် တာအို တပည့်သားတွေလည်း အကြီးအကဲလိုပဲ စဉ်းစား နေကြတယ်။ ဖန်ကျန်းရှီ စတုတ္ထ ကောင်းကင်ဘုံကို ဝင်သွားတဲ့ သတင်းက သူတို့ကို တကယ်ပဲ ထိတ်လန့်စေတယ်။

“ဖန်ကျန်းရှီက အစ်မကြီး ချီကူယန်နဲ့ ကောင်းကင်ဘုံ တစ်ခုပဲ ကွာတော့တယ်။”

“အစ်မကြီး ချီကူယန်က အခုချိန် ပဉ္စမ ကောင်းကင်ဘုံမှာ ရောက်နေပြီ။”

တပည့်သားတွေ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်နေတယ်။ သူတို့ မျက်နှာပေါ်က မယုံနိုင်မှုတွေကို မြင်နေကြတယ်။ သူတို့တွေ လန့်လည်း လန့်နေသလို စိတ်လည်း ရှုပ်ထွေး နေကြတယ်။ အချိန်တွေ ကုန်ဆုံး လာတာနဲ့ အမျှ မိုးနတ် ရေကန်ထဲမှာ တတိယ ကောင်းကင်ဘုံကို ရောက်သွားတဲ့ တပည့်သားတွေ တဖြည်းဖြည်း ပိုတိုး လာခဲ့တယ်။

ကြေညာသံတွေကို ကြားတော့ မိုးနတ် ရေကန် အပြင်ဘက်က တပည့်သားတွေ သူတို့ရဲ့ အကိုကြီးတွေ အတွက် ဂုဏ်ယူ မိကြတယ်။ ဒါပေမယ့် ဂုဏ်ယူ တာတွေ အပြင် လူတိုင်းက တိတ်တဆိတ် စောင့်ဆိုင်း နေကြတယ်။

…..

မရေမတွက်နိုင်တဲ့ ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီနဲ့ ချီကူယန်တို့ရဲ့ မိုးနတ် ရေကန် သတင်းကို စောင့်ဆိုင်းရင်း စိတ်ပူ နေကြတယ်။ မြင့်မြတ် နယ်မြေကတော့ အရင်က ရှိခဲ့တဲ့ အေးချမ်းမှုတွေ တည်ငြိမ်မှုတွေ ပျောက်ကွယ် နေခဲ့တာ ကြာပြီ။

တကယ်တော့ မြင့်မြတ် နယ်မြေက အမြဲတမ်း အရမ်းကြီး အေးချမ်း နေခဲ့တာတော့ မဟုတ်ခဲ့ဘူး။ မျိုးနွယ်စု ငါးခုက အမြဲတမ်း သွားထိလို့ မရတဲ့ အခြေအနေတွေနဲ့ ရပ်တည် နေခဲ့တယ်။ သူတို့က တူညီတဲ့ အခြေခံစည်းတွေနဲ့ ရပ်တည်ကြတယ်။ အခုတော့ ဒီအခြေခံစည်းက ကျိုးပျက် သွားခဲ့ပြီ။ တောင်စဉ်ကိုးသွယ် ခေါင်းဆောင်ထျန်းရှင်းက သွေးမှော် စက်ကွင်းထဲကို ခေါ်သွား ခဲ့ရပြီးတော့၊ ကောင်းကင် လက်ခံတံခါးထဲကို ရောက်သွားခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ သူအသက်ရှင် နေလား ဆိုတာကို မသိကြဘူး။

သူတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်က ပြဿနာထဲကို ကျရောက် နေတာတောင်၊ ကောင်းကင် တာအို ခန်းမ ဖြစ်နေတဲ့ အတွက် သူတို့တွေ အသံတစ်သံတောင် မထွက်ဝံ့ကြဘူး။

တောင်စဉ်ကိုးသွယ်က မြင့်မြတ် နယ်မြေရဲ့ အနောက်တောင် အရပ်မှာ ရှိတဲ့ တန်ဖိုးကြီး တောင်ထိပ်ထဲက တစ်ခုပဲ။ ကြီးမားတဲ့ မီးတောင်ရှင်ကြီးလည်း ရှိတယ်။ တောင်အောက်နဲ့ တောင်ပေါ် အပူချိန် ကွာခြားချက်က ကြီးမားလွန်းလို့ တစ်နှစ်ပတ်လုံး၊ တောင်ပေါ်မှာ မြူတွေ ဖုံးအုပ်နေတယ်။မ

မီးတောင်ရှင်က သဘာ၀ အတားအဆီးပဲ။ ကြီးမားတဲ့ သဘာ၀ နယ်နိမိတ်တွေက တောင်ကြီး ကိုးခု ပုံစံ ရျိနေတယ်။ အလယ်မှာတော့ သုံးချောင်းထောက် အိုးကြီးလိုမျိုး ကြီးမားတဲ့ မဟူရာ သံဒယ်အိုးကြီး ရှိတယ်။ ဒါတွေက ဘယ်လောက်တောင် ကြာနေပြီလဲ ဘယ်သူမှ မသိဘူး။ ဒါပေမယ့် တောင်စဉ် ကိုးသွယ်မှာ နေတဲ့ လူတွေကတော့ ဒီနေရာတွေက ကမ္ဘာဦး အစတည်းက ဖြစ်တည် လာတာလို့ ပြောကြတယ်။ ဒီနေရာတွေရဲ့ အောက်မှာတော့ သဘာဝအတိုင်း ဖြစ်နေတဲ့ ကုန်းပြင်မြင့် တစ်ခု ရှိတယ်။ ဒီကုန်းပြင်မြင့် ပေါ်မှာ မီးတောက် ကျောက်တုံးနက်တွေနဲ့ ဆောက်ထားတဲ့ ကျောက်တုံးအိမ် ငယ်လေးတွေ ရာချီပြီးတော့ ရှိနေတယ်။ ဒါက တောင်စဉ် ကိုးသွယ် ဒေသပဲ။

နောက်ပြီးတော့ အခုချိန်၊ ကုန်းပြင်မြင့်ရဲ့ အလယ်တည့်တည့်မှာ ရှိတဲ့ ငါးမီတာကျော် မြင့်တဲ့ ကျောက်တုံးအိမ်ကြီးမှာ ထောင်ချီတဲ့ ဝတ်ရုံနက်ဝတ် တောင်စဉ် ကိုးသွယ် တပည့်သားတွေ ရောက်နေကြတယ်။

ကျောက်တုံးအိမ်ကြီးထဲမှာ ထပ်တူညီတဲ့ ဝတ်ရုံနက်တွေကို ဝတ်ထားတဲ့ အကြီးအကဲ ကိုးယောက်ရှိနေတယ်။ ကျောက်တုံး စားပွဲကြီးရဲ့ ပတ်လည်မှာ ထိုင်နေကြတယ်။ တစ်ယောက်ချင်းစီတိုင်းရဲ့ အမူအယာက တည်ကြည် လေးနက် နေခဲ့တယ်။

“ငါတို့ရဲ့ ခေါင်းဆောင်က သေသလား ရှင်သလားတောင် မသိဘူး။ ဒါပေမယ့် ကောင်းကင် တံခါးကို တောင်စဉ် ကိုးသွယ်ဆီ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ယူ လာရမယ်။” အသံ တစ်သံက ပြောတယ်။

“ဘယ်လိုလဲ။ ဒီအတိုင်း ခိုးလာ ရမှာလား။” နောက်တစ်ယောက်က ပြန်ဖြေတယ်။

“ဒီတော့ ငါတို့တွေ ဘာလုပ်ရမှာလဲ။ ကောင်းကင် တာအို ခန်းမကို ကြောက်နေ ရမှာလား။”

“စိတ်လျှော့ပါ အကြီးအကဲတို့။” ကျောက်တုံး စားပွဲရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ ဆံဖြူ လူကြီးက ရုတ်တရက် ပြောလိုက်တယ်။ “လုယူတာက အကောင်းဆုံမဟုတ်ဘူး။”

တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းက နယ်မြေမှာ အလေးစားခံဆုံး လူတစ်ယောက်ပဲ။ သူ့အောက်မှာတော့ အခုထိုင်နေတဲ့ အကြီးအကဲ ရှိတယ်။

“ငါတို့ ခေါင်းဆောင်ထျန်းရှင်းရဲ့ လုံခြုံမှုက ပဟေဠိ ဖြစ်နေတုန်းပဲ။ ကောင်းကင် တာအို ခန်းမမှာ ဒီနှစ် ဖြစ်တဲ့ တိုက်ပွဲက နှစ်ရာချီ အတွင်းမှာ ငါတို့အတွက် အဆုံးအရှုံး အများဆုံးပဲ။“ အကြီးအကဲက ပြောတယ်။

“မဟာ အကြီးကအဲ ပြောတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအတိုင်း ထိုင်ပြီးတော့ ဘာမှ မလုပ်ပဲ မနေနိုင်ဘူး။”

“တကယ်တော့ ကျွန်တော်တို့တွေ မလှုပ်ရှားရင် တခြားမျိုးနွယ်စုတွေက တောင်စဉ်ကိုးသွယ်ကို ကူကယ်ရာ မဲ့နေပြီလို့ ထင်သွားကြလိမ့်မယ်။ နောင်တစ်ချိန်မှာ ဒီ့ထက် ပိုပြီးတော့တောင် အခက်ကြုံနိုင်တယ်။”

“တတိယ အကြီးအကဲ ပြောတာ အဓိပ္မာယ်ရှိတယ်။ ငါတို့တွေ အခုချိန်မှာ အခြေအနေ ဆိုးနေတယ်။ ဒီလိုမျိုး စော်ကား ခံရတာကို သည်းခံ နေတာက အကောင်းဆုံး နည်းလမ်း မဟုတ်ဘူး။ နောက်ပြီးတော့ တံခါး အပြင်ဘက်မှာ ရပ်နေတဲ့ တပည့်သားတွေကို ဘယ်လို ပြောရမှာလဲ။ ကောင်းကင် တာအို ခန်းမရဲ့ လက်ထဲမှာ သေခဲ့ရတဲ့ ငါတို့ ညီနောင်တွေကို ဘယ်လို ပြန်ဖြေရမလဲ။” အကြီးအကဲတွေ တစ်ယောက်ပြီး တစ်ယောက် ပြောကြတော့တယ်။

တစ်လ ကြာပြီးတဲ့နောက် ကောင်းကင် တာအို ခန်းမကနေ ပြန်လာတဲ့ တပည့်တွေ ဆီကနေ ထျန်းရှင်း ပျောက်သွားတဲ့ သတင်းက တောင်တစ်ခုလုံးကို ပျံ့နေခဲ့ပြီ။

မဟာ အကြီးအကဲ မျက်မှောင်ကြုတ်နေခဲ့တယ်။ တခြား အကြီးအကဲတွေ ပြောနေတာကို သူသိတယ်။ ထျန်းရှင်း ဘယ်ကို ရောက်နေမှန်း ဘယ်သူမှ မသိဘူး။ သူတို့ရဲ့ နှစ်တစ်ထောင် မီးဆေးပင်ကိုလည်း ပြန်ယူ ရအုန်းမယ်။ ဆယ်ချီတဲ့ တပည့်သားတွေလည်း အသေဆိုးနဲ့ သေခဲ့ကြရတယ်။ တောင်စဉ် ကိုးသွယ် တပည့်သားတွေကို ရှင်းပြဖို့ လိုနေခဲ့ပြီ။ ဒါပေမယ့် ဘယ်လို ရှင်းပြ ရမှာလဲ။

ကောင်းကင် တာအို ခန်းမက တောင်စဉ် ကိုးသွယ်ထက် နည်းနည်းလေးတောင် အားမနည်းဘူး။ နောက်ပြီးတော့ ထျန်းရှင်းကလည်း ပျောက်နေတယ်။ တကယ်တမ်း ပြောရရင် အခုချိန်မှာ မျိုးနွယ်စု တစ်ခုလုံးရဲ့ အင်အားကို ထုတ်သုံးရင်တောင် သူတို့တွေ အနိုင်ရဖို့ မသေချာဘူး။ ဒါ့အပြင် တခြား မျိုးနွယ်စု သုံးခုကလည်း သူတို့ကို စောင့်ကြည့်နေကြတယ်။ အကယ်၍ တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင် တာအို ခန်းမသာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပြီးတော့ အဆုံးအရှုံး များရင်၊ မြင့်မြတ် နယ်မြေမှာ မျိုးနွယ်စု ငါးခုရဲ့ တည်ရှိမှုကလည်း အဆုံးသတ် သွားလိမ့်မယ်။

“ဟုတ်တယ်။ ငါတို့တွေ ပြန်ဖြေဖို့ လိုတယ်။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမကို သွားပြီး တိုက်ခိုက်ဖို့ မလိုဘူး။” မဟာ အကြီးအကဲ အချိန် အကြာကြီး စဉ်းစား နေပြီး နောက်ဆုံးမှာ စကားပြောတော့တယ်။

“ကောင်းကင် တာအို ခန်းမကို မတိုက်ခိုက် ရဘူးလား။”

“ဒါဆိုရင် မဟာ အကြီးအကဲက ချီကူယန်ကို ရှာမှာလား။ ဖန်ကျန်းရှီကို ရှာမှာလား။”

ဒါကိုကြားတော့ တခြား အကြီးအကဲတွေ သူ့အမြင်ကို နားလည်ကြတယ်။ ကောင်းကင် တာအို ခန်းမကို လက်ရှိ အခြေအနေနဲ့ စိန်ခေါ်လို့ မရမှန်း သူတို့လည်း နားလည်ကြတယ်။

“ငါတို့ရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင် ဘယ်သူ့ကို ရှာသင့်တယ်လို့ ထင်ကြလဲ။” မဟာ အကြီးအကဲက တိုက်ရိုက် ပြန်မဖြေဘူး။ အဲ့ဒီ့ အစား ပြန်မေးတယ်။

“ငါတို့တွေ။” တခြား အကြီးအကဲတွေ သူတို့ စကားတွေကို ပြန်မျိုချရင်း မျက်မှောင်ကြုတ် နေကြတယ်။ သူတို့ စိတ်ထဲမှာတော့ ချီကူယန်ကို ပိုပြီးတော့ ရှာချင်နေတကြတယ်။ နောက်ဆုံးတော့လည်း ဒါတွေ အားလုံးက ချီကူယန် သူတို့ဆီက နှစ်တစ်ထောင် မီးဆေးပင်ကို လုယူ သွားလို့ ဖြစ်လာတွေလေ။

ဒါပေမယ့် ချီကူယန်ကို တိုက်ခိုက်တာက ကောင်းကင် တာအို ခန်းမကို တိုက်ခိုက်တာနဲ့ အတူတူပဲ။ အခုချိန်မှာ ချီကူယန်က ကောင်းကင် တာအို ခန်းမမှာ နေနေတယ်။ ဒါကြောင့် သူမကို တိုက်ခိုက်ရတာ ပိုခက်ခဲ လိမ့်မယ်။

“ငါတို့ ခေါင်းဆောင် နန်ကုန်းဟောင်ရဲ့ ထောင်ချောက်ထဲ ရောက်မသွားခင်တုန်းက ငါတို့ တောင်စဉ် ကိုးသွယ် ပျက်စီးမှာကို ကြိုပြီး တွေးတောခဲ့တယ်။ ဒါတွေ အားလုံးရဲ့ ပြဿနာ အရင်းအမြစ်က ဖန်ကျန်းရှီလို့ ယုံတယ်။ ဖန်ကျန်းရှီ အပြင်၊ နန်ကုန်းမျိုးနွယ်တွေနဲ့ နန်ကုန်းဟောင်ရဲ့ ညီငယ်လေး နန်ကုန်းမုလည်း ရှိသေးတယ်။” မဟာ အကြီးအကဲက တခြား အကြီးအကဲတွေ စကား မပြောတာကို တွေ့တော့ သူဆက်ပြောတယ်။

“မှန်ပါတယ်။ မဟာ အကြီးအကဲ။ ဖန်ကျန်းရှီကို သတ်တာက ခေါင်းဆောင်ရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်း ပေးရာ ရောက်ပါတယ်။ နန်ကုန်းမုနဲ့ နန်ကုန်း မျိုးနွယ်တွေကတော့ သူတို့ကိုလည်း အလွတ်ပေးလို့ မဖြစ်ဘူး။”

အကြီးအကဲတွေ သဘောတူပြီး ခေါင်းငြိမ့်ကြတယ်။ တောင်စဉ် ကိုးသွယ်ရဲ့ အကြီးအကဲတွေ ဖြစ်နေပြီးတော့ သူတို့ရဲ့ လက်ရှိ အခြေအနေကို ဘယ်လိုများ သတိ မထားမိပဲ နေမလဲ။ အခုချိန်က စပြီးတော့ အင်အား စုစည်းတာနဲ့ သူတို့ ခေါင်းဆောင်ကို ပြန်ရှာဖို့က အရေးအကြီးဆုံး ကိစ္စပဲ။ အခုတော့ ဒီကိစ္စကို မဖြေရှင်းပဲနဲ့ ထွက်သွားလို့ မရဘူး။ ဒါကြောင့် ဖန်ကျန်းရှီနဲ့ နန်ကုန်းမုကို ခြေရာ ခံပြီးတော့ လိုက်ရမယ်။ ဒီလူနှစ်ယောက် သုခမိန် အဆင့်ကို မရောက်ခင် တိုက်ခိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ။

“မဟာအကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို သဘောတူပါတယ်။ ဒါပေမယ့် ကျွန်တော် စိုးရိမ်နေတာ တစ်ခုတော့ ရှိတယ်။”လူတစ်ယောက် တွေဝေနေတဲ့ အသံနဲ့ ပြောတယ်။

“ပဉ္စမ အကြီးအကဲက ကောင်းကင် နိမိတ် အကြောင်း စိုးရိမ် နေတာလား။” မဟာ အကြီးအကဲ မေးတယ်။

“ဟုတ်ပါတယ်။ ကောင်းကင် နိမိတ်က ဖန်ကျန်းရှီနဲ့ ချီကူယန် အပေါ်မှာ တစ်ချိန်တည်း ကျရောက်ခဲ့တယ်။ အကယ်၍ အဲ့တာကသာ တိုက်ဆိုင်မှု တစ်ခုပဲ ဆိုရင်တော့ ကိစ္စ မရှိပါဘူး။ ဒါပေမယ့် တိုက်ဆိုင်မှု မဟုတ်ခဲ့ရင်ကော။” အကြီးအကဲ ပြောတယ်။

“ပဉ္စမ အကြီးအကဲ ပြောတာ အဓိပ္မာယ်ရှိတယ်။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံသည် လောကကို ထိတ်လန့် စေမည် ဆိုတာ သူတို့ နှစ်ယောက်ကို ရည်ညွှန်းတာ မဟုတ်လား။” နောက်ထပ် အကြီးအကဲ တစ်ယောက် သူ့သံသယကို ထုတ်ဖော်တယ်။

မဟာအကြီးအကဲ မျက်မှောင်ကြုတ်သွားပြန်တယ်။ သူချက်ခြင်း ပြန်မဖြေခဲ့ဘူး။ တခြား အကြီးအကဲတွေလည်း တိတ်ဆိတ် နေခဲ့တယ်။ နောက်ဆုံးတော့လည်း ကောင်းကင် ဟောစာတမ်းနဲ့ ရွေးချယ်ခံ ပါဝင်နေတဲ့ ကိစ္စက အရေးအကြီးဆုံးပဲလေ။

“ချီကူယန်က နတ်မျိုးနွယ် သွေးကို ပိုင်ဆိုင်ထားတယ်။ ဒါကို လူတိုင်း သိပါတယ်။ ဖန်ကျန်းရှီရဲ့ အင်အားကတော့ ကြောက်စရာပဲ။ ဒါပေမယ့် အံ့ဖွယ် မျိုးနွယ်သွေး မရှိဘူး။ ငါကြားတာတော့ သူ့ရဲ့ အသက်ရှင်ချိန်က သုံးလပဲ ကျန်တော့တယ် ဆိုပဲ။ ဒါကြောင့် ၇၀%က တိုက်ဆိုင်မှု ဖြစ်မယ်လို့ ငါယုံကြည်တယ်။”

“ဒါပေမယ့် တိုက်ဆိုင်မှု ဖြစ်နေရင်တောင်၊ ချီကူယန်နဲ့ ဖန်ကျန်းရှီက အတော့်ကို ရင်းနှီးကြတယ်။ အကယ်၍ ဖန်ကျန်းရှီကို ငါတို့ သတ်လိုက်တာသာ သိသွားရင်၊ ငါတို့တွေကို အနာဂတ်မှာ ပြဿနာ ဖြစ်စေမှာပဲ။ ဒါက ငါတို့ တောင်စဉ် ကိုးသွယ်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် သေချာ စဉ်းစားဖို့ လိုပါတယ်။” ပဉ္စမ အကြီးအကဲ ဆက်ပြောတယ်။

“အင်း။ မင်းပြောချင်တာ ငါနားလည်တယ်။” မဟာ အကြီးအကဲ ဆက်ပြောတယ်။ “ငါလည်း ဒါကို စဉ်းစားပြီးပြီ။ ဒီတော့ ငါတို့တွေ တစ်ယောက်တည်း လုပ်လို့ မဖြစ်ဘူး။”

“မဟာ အကြီးအကဲ ဘာကို ဆိုလိုတာလဲ။”

“တကယ်တော့ ကောင်းကင် တာအို ခန်းမကနေ သတင်းစကား နည်းနည်း ရပြီးတည်းက ယင်ယန် ခန်းမကို အမှာစကား ပါးလိုက်ပြီ။ ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပြီ။”

“တောက်ဟွမ်က ဘာပြန်ပြောလဲ။”

“ဝမ်လဲ့က တောက်ဟွမ်ရဲ့ တန်ဖိုး အထားရဆုံး တပည့်သား။ ကောင်းကင် တာအို ခန်းမ အခြေအနေကို ကြည့်ဖို့ ကိုယ်စား လွှတ်လိုက်ပေမယ့်၊ ချီကူယန်နဲ့ ဖန်ကျန်းရှီ လက်ထဲမှာ သေခဲ့ရတယ်။ တောက်ဟွမ် ဘယ်လိုလုပ် လက်စား မချေပဲ နေမှာလဲ။”

“မဟာ အကြီးအကဲ ပြောတာ၊ ယင်ယန် ခန်းမက ကျွန်တော်တို့နဲ့ အင်အား ပေါင်းမှာလား။”

“မဟုတ်ဘူး။ သူတို့က သူတို့ နည်းလမ်းနဲ့ လှုပ်ရှားလိမ့်မယ်။ တောက်ဟွမ်က သုခမိန် အဆင့် တပည့်သား နှစ်ယောက်ကို လွတ်လိုက်ပြီ။ ငါ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူတို့ရဲ့ သံတမန်ကော၊ ငါတို့ရဲ့ သံတမန်တွေပါ ဓားတောင်ခြေကို ရောက်နေလောက်ပြီ။” မဟာ အကြီးအကဲ ခေါင်းငြိမ့်တယ်။

“ငါတို့ လူတွေလည်း သွားပြီလား။” ဒါကိုကြားတော့ တခြား အကြီးအကဲတွေ လန့်ကုန်တယ်။

“ဟုတ်တယ်။ မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက်ကို လွှတ်လိုက်ပြီ။ သူတို့တွေ ဒီတစ်ခေါက်တော့ အနိုင်ရမှာပါ။ သူတို့ သုံးယောက်ရဲ့ ပေါင်းစည်း အင်အားရယ်၊ ယင်ယန် ခန်းမက သုခမိန် နှစ်ယောက်ရယ်။ အင်အားကြီး ငါးခု ပေါင်းစည်းလိုက်ရင်၊ ဖန်ကျန်းရှီလို သုခမိန် အဆင့် မရောက်သေးတဲ့ လူတစ်ယောက်ကို အေးအေးဆေးဆေး နိုင်ပါတယ်။” မဟာ အကြီးအကဲ ခေါင်းငြိမ့်တယ်။

“မဟာ အကြီးအကဲက အရာအားလုံးကို ကောင်းကောင်း စီစဉ် ထားတာပဲ။ မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက်ကို လွှတ်လိုက်တာ တကယ့်ကို အသင့်တော် ဆုံးပါပဲ။ အကယ်၍ တစ်ခုခုသာ ဖြစ်လာခဲ့ရင်၊ ချီကူယန်လည်း ကျွန်တော်တို့ဆီ လာပြီးတော့ ပြဿနာရှာလို့ ရမှာ မဟုတ်ဘူး။” တခြား အကြီးအကဲတွေ မဟာအကြီးအကဲရဲ့ စိတ်ကူးကို နားလည်ကြတယ်။

…

ကောင်းကင် တာအို ခန်းမ ဓားတောင်ခြေမှာတော့ သစ်သားအိမ် ငါးခုက ညီညီညာညာ ရှိနေခဲ့တယ်။ နှင်းတွေ ဖုံးအုပ်ထားပြီးတော့ တခြား လောကသစ် တစ်ခုလို မြင့်မားနေတဲ့ နေရာ တစ်ခု တောင်ထဲမှာ ရှိနေတယ်။ ရန်ရွှယ်က မှင်ရည်ဆိုးထားတဲ့ ဝတ်ရုံကို ဝတ်ထားပြီးတော့ သစ်သားအိမ် တစ်ခုကနေ လျှောက်လာခဲ့တယ်။ ခေါင်းမော့ကြည့်ရင်း တိမ်ဖုံးနေတဲ့ တောင်ထိပ်ကို လှမ်းကြည့်နေတယ်။ သူ့မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေတယ်။

“ဒီနေ့က ဖန်ကျန်းရှီ မိုးနတ် ရေကန်ကို ဝင်မယ့် နေ့ပဲ။ သူနဲ့ ချီကူယန် ဘယ်ကောင်းကင်ကို ရောက်ပြီလဲ သိချင်လိုက်တာ။” ရန်ရွှယ် သူ့ဘာသူ ပြောရင်းနဲ့ သစ်တောထဲကို အေးအေးဆေးဆေး ဝင်သွားခဲ့တယ်။

အပိုင်း (၇၀၄) ပြီး၏။

အပိုင်း (၇၀၅)

“မမျှော်လင့်ထားတဲ့ ထွက်ပေါ်လာမှု။”

ကောင်းကင် တာအို ခန်းမက ဓားတောင်ထိပ်မှာ ရှိတယ်။ ပတ်ပတ်လည်မှာ တောနက်ကြီးတွေက ဝန်းရံထားတယ်။ သဘာ၀ အတားအဆီးတွေ အခိုင်အမာ ရှိနေတယ်။ တစ်ချိန်တည်းမှာပဲ ခမ်းနားတဲ့ မြင်ကွင်းနဲ့ ပန်းချီဆန်တဲ့ ရှုမျှော်ခင်းတွေ ပြည့်ှနက်နေတယ်။

သစ်သားအိမ်ကနေ ထွက်လာ ပြီးတဲ့နောက်မှာ ရန်ရွှယ်က တောထဲကို ဖြည်းဖြည်းချင်း ဝင်သွားတယ်။ တစ်ခဏ ကြာပြီးနောက် ရေကန်လေး တစ်ကန်နားကို ရောက်လာခဲ့တယ်။ ကန်ထဲက ရေတွေက ကြည်စိမ်း နေခဲ့တယ်။ ကြည်လင်း လွန်းလို့ ရေကန် အောက်ခြေကိုတောင် မြင်နေရတယ်။ လေပြည်ညှင်းက သစ်ပင်တွေကို ဖြတ်သန်း တိုက်ခတ်နေတယ်။ ရေကန် မျက်နှာပြင် တစ်ခုလုံး လှိုင်းကြက်ခွပ်လေးတွေ ပြည့်နေခဲ့တယ်။

ရန်ရွှယ်က စကား တစ်ခွန်းတောင် မပြောဘူး။ ရေကန်နားက ကျောက်တုံး တစ်တုံးပေါ်မှာ ထိုင်ရင်းနဲ့ စာအုပ် ဖတ်နေခဲ့တယ်။ စာအုပ် အဖုံးပေါ်မှာ ကြီးမားတဲ့ ရှေးဟောင်း စာလုံး သုံးလုံး ရေးထားတယ်။ စာအုပ်က သာမာန် ပုံစံပဲ။ ဒါပေမယ့် ရန်ရွှယ်ကတော့ စာလုံး တစ်လုံးချင်းစီကို အသံထွက် ဖတ်ရင်း သေသေချာချာ အာရုံစိုက်ပြီး ကျက်မှတ် နေခဲ့တယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး သွားခဲ့ပြီ။ ရန်ရွှယ်က စာအုပ်ထဲမှာ အပြည့်အ၀ အာရုံ စိုက်ထားတုန်းပဲ။ သူ့ အမူအယာက ရေလို အေးချမ်းနေ ခဲ့တယ်။ ခန္ဒာကိုယ်က နည်းနည်းလေးတောင် မလှုပ်ရှားဘူး။ ကျောက်တုံးပေါ်က ရုပ်တုကြီး တစ်ခုလိုပဲ။

တောင်တန်းတွေရဲ့ အရိပ်က ကန်ရေပြင်ပေါ်မှာ ထင်ဟပ်နေတယ်။ မြင်ကွင်း တစ်ခုလုံးကို ချုံကြည့်လိုက်ရင် အရမ်းကို အေးချမ်း လွန်းတယ်။ ဒါပေါ့။ နွေဦးပေါက် အချိန်ကို ရောက်နေတဲ့ အတွက် ရေကန်ကြီးက ဘယ်လောက်ပဲ တည်ငြိမ်ပါစေ အနှောက်အယှက် နည်းနည်းတော့ ရှိနေခဲ့တယ်။ ဒီလို လှပတဲ့ ပန်းချီကားကြီးရဲ့ အဝေးမှာ ရပ်နေတဲ့ အရိပ်လို လူတစ်ယောက်လည်း ရှိနေခဲ့တယ်။ သစ်ပင်ရိပ်ခိုရင်း ရပ်နေခဲ့တဲ့ အဲ့ဒီ့ လူကလည်း နည်းနည်းလေးတောင် မလှုပ်ရှားဘူး။

…

မိုးနတ်ရေကန် စတုတ္ထ ကောင်းကင်ဘုံမှာ ဖန်ကျန်းရှီ သူနဲ့ ချီကူယန်ကြားက ကွာခြားချက်ကို ဘာဖြစ်လို့ မြန်မြန် လိုက်မမှီလဲ ဆိုတာ နားလည် သွားပြီ။ စတုတ္ထ ကောင်းကင်ဘုံက တတိယ ကောင်းကင်ဘုံနဲ့ လုံး၀ ကွာခြားတယ်။ နောက်တနည်း ပြောရရင်၊ ကမ္ဘာ နှစ်ခုလိုပဲ။ တတိယ ကောင်းကင်ဘုံက အလင်းတန်းတွေနဲ့ ကဗျာဆန်တဲ့ ပန်းချီကား တစ်ချပ်လိုပဲ။ ဒါပေမယ့် စတုတ္ထ ကောင်းကင်ဘုံကတော့ စစ်မြေပြင်ကြီး။

သူ့ရဲ့ ခေါင်ေးပါ်က အဆက်မပြတ် လှုပ်ရှားနေတဲ့ စာလိပ်ကတော့ မပြောင်းလဲဘူး။ ခြေထောက် အောက်မှာတော့ စိမ်းစိုတဲ့ မြင်ကွင်း မရှိတော့ဘူး။ နီရဲနေတဲ့ မြေပြင်သာ ရှိနေတယ်။ ရေစက်တွေက မြေနီပေါ်ကို ဆက်တိုက် စီးကျနေတယ်။ ကြက်သွေးရောင် စမ်းချောင်း တစ်ခုတောင် ရေစီးောကာင့် ဖြစ်ပေါ် လာနေပြီ။ စစ်ပွဲ တစ်ခုရဲ့ သွေးတွေကို ဆေးကြော နေခဲ့တယ်။

ခေါင်းပေါ်က စာလိပ်ကတော့ စာလုံးတွေ ရေးဆွဲနေတာ မဟုတ်တော့ဘူး။ စစ်မြေပြင် တစ်ခုကို ပြနေခဲ့တယ်။ စစ်မြင်းတွေရဲ့ ဟီသံတွေနဲ့ ပြင်းထန်တဲ့ လူသတ်ငွေ့တွေ ပြည့်နှက်နေတယ်။ တစ်ချက်ကြည့်ရုံနဲ့ ချီကူယန် ဘာဖြစ်လို့ စတုတ္ထ ကောင်းကင်မှာ အရှိန်လျော့သွားမှန်း သူနားလည် သွားတယ်။

စတုတ္ထ ကောင်းကင်။ ချီကူယန် ရှင်းပြတာကို ဖန်ကျန်းရှီ မှတ်မိတယ်။ ကောင်းကင်ဘုံ ကိုးခုက ထိပ်တန်း အထက် ၃ဘုံ။ အလယ် ၃ဘုံနဲ့ အောက်၃ဘုံ ဆိုပြီး ခွဲထားတယ်။ သူမြင်နေရတဲ့ စတုတ္ထ ကောင်းကင်ဘုံက အလယ် ၃ဘုံရဲ့ အစပဲ။

အောက်၃ဘုံက တာအိုတွေကို ကိုယ်စားပြုတယ်။ ဒီတော့ အလယ်၃ဘုံက ဘာကို ကိုယ်စား ပြုမှာလဲ။ တိုက်ပွဲ အတွေ့အကြုံလား။ ဖန်ကျန်းရှီ စာလိပ်ပေါ်က တိုက်ပွဲကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်နေတယ်။

စစ်မြေပြင် တစ်ခုက တာအို တစ်ခုကို ကိုယ်စားပြုတယ်လား။ ဒါမှမဟုတ်။ တာအို သဏ္ဍာန်ကို ကိုယ်စား ပြုတာလား။ ဖန်ကျန်းရှီက မသေမချာ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ပြောင်းလဲနေတဲ့ စာလိပ်ကို ကြည့်ရင်း တွေးမိတယ်။ ဆုလဒ်တွေကို ဘယ်အချိန်မှာ တကယ်ပဲ ရိတ်သိမ်း နိုင်မှာလဲ။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး သွားပြီ။ ဖန်ကျန်းရှီရဲ့ စိတ်က သူ့ခေါင်းပေါ်က စာလိပ်ထဲမှာပဲ နစ်မြုပ်နေခဲ့တယ်။ သူ့ရင်ဘတ်က နှလုံးကာ မှန်ကလည်း ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ တောက်ပသထက် တောက်ပလာတယ်။ ဒါပေမယ့် အဲ့ဒီ့နောက် သူ့နားထဲကို ကောင်းကင်က အသံ တစ်သံ ဝင်ရောက်လာတယ်။

“ချီကူယန် ဆဋ္ဌမ ကောင်းကင်ကို ဝင်ပြီ။”

“ဆဋ္ဌမ ကောင်းကင်။”

“..”

“ဒီလောက်တောင် မြန်တယ်လား။” ဖန်ကျန်းရှီ ကြေညာသံကို ကြားတော့ စိတ်ထဲမှာ မွန်းကြပ်သွားတယ်။ ကစားပွဲတွေမှာ ချီကူယန်ထက် သာတယ်လို့ သူ့ကိုယ်သူ အမြဲတမ်း တွေးထားခဲ့တာ။ ချီကူယန်နဲ့ ထိပ်တိုက် တွေ့ရင် နောက်ဆုံး သူပဲ နိုင်မယ်လို့ တွေးထား ခဲ့မိတယ်။

ဒါပေမယ့် အခုတော့ အမှန်တကြားက သူတို့ ကြားမှာ ကောင်းကင်ဘုံ နှစ်ခုထိ ကွာခြား သွားခဲ့ပြီ။ အားတင်းပြီး ပြုံးလိုက်တယ်။ ဒီကောင်မလေး ချီကူယန်က သူတွေး ထားတာထက် ရင်ဆိုင်ဖို့ ခက်နေတာပဲ။

…

ဖန်ကျန်းရှီ စာလိပ်ကို ကြည့်နေတဲ့ အချိန် ရေကန်ကို စောင့်ကြည့်ရတဲ့ ဝမ်မျိုးနွယ် တပည့်သား အကြီးအကဲဆီကို ပြေးလာပြန်တယ်။ သူ့မျက်နှာက နီရဲနေပြီးတော့ မျက်လုံးကလည်း တလက်လက် တောက်ပရင်း ပျော်ရွှင် နေပုံရတယ်။

“အကြီးအကဲ။” ဒီတစ်ခေါက်တော့ သူ့အသံက အေးဆေး နေပုံပဲ။

“အင်း။” တပည့်သား ရောက်လာတာကို မြင်တော့ အကြီးအကဲ စိတ်ထဲ တင်းကြပ်သွားတယ်။ တပည့်သား ဒီလိုလာတာ အကြောင်းအရင်း တစ်ခုပဲ ရှိတယ်။ ချီကူယန် ဒါမှမဟုတ် ဖန်ကျန်းရှီက နောက်ကောင်းကင်ဘုံကို တက်သွားလို့ပဲ။

“အစ်မကြီး ချီကူယန် ဆဋ္ဌမ ကောင်းကင်ဘုံကို ဝင်သွားပါပြီ။” တပည့်သား ပြောတယ်။

“မင်း သေချာရဲ့လား။”

“ဟုတ်ကဲ့။”

“ကောင်းတယ်။ အရမ်း ကောင်းတယ်။” ဒါကိုကြားတော့ အကြီးအကဲရဲ့ မျက်နှာ တစ်ခုလုံး ကြည်လင်လာတယ်။ ပတ်ဝန်းကျင်က တပည့်သားတွေလည်း စိတ်ကြည်လာတဲ့ ပုံစံပဲ။

“ဆဋ္ဌမ ကောင်းကင်ဘုံ။”

“ဖန်ကျန်းရှီကော အဆင့် မတက် သေးဘူး မဟုတ်လား။”

“ဟုတ်ပါတယ်။ အံ့ဖွယ် တောထဲမှာ နောက်ကျ မကျန်ခဲ့ပဲ ကောင်းကိုးဘုံကို ဝင်လာ ခဲ့ပေမယ့် သူမနိုင် နိုင်သေးပါဘူး။”

“ဟုတ်တယ်။ သူ့ရဲ့ ပြိုင်ဘက်က အစ်မကြီး ချီကူယန် ဖြစ်နေတယ်လေ။”

ကောင်းကင် တာအို တပည့်သားတွေ နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့တယ်။ နောက်ဆ့ုးတော့လည်း သူတို့ နှစ်ယောက်ကြားမှာ ကောင်းကင်ဘုံ နှစ်ခုတောင် ကွာနေတယ်လေ။ သူတို့တွေ ကောင်းကင်ဘုံ မြင့်မြင့်ကို ရောက်လေလေ၊ အဆင့်တက်ဖို့ ပိုခက်လေပဲ။ အဆုံးသတ်မှာတော့ သူတို့တွေရဲ့ အသိပညာတွေနဲ့ ဗဟုသုတတွေက အများကြီး ကွာခြား သွားလိမ့်မယ်။

ဖန်ကျန်းရှီက ပထမ ကောင်းကင်၃ဘုံမှာ ထူးခြားတဲ့ အရည်အချင်းတွေကို ထုတ်သုံးခဲ့တယ်။ ဒါပေမယ့် အလယ်၃ဘုံနဲ့ အထက် ၃ဘုံမှာတော့ ချောချောမွေ့မွေ့ ဖြတ်ကျော် နိုင်မယ်ဆိုတာ မသေချာဘူးလေ။ အောက်ဘုံ ၃ဘုံနဲ့ အလယ်ဘုံ ၃ဘုံလုံးမှာ ချီကူယန်က သူ့အရှိန်နှုန်းကို ဆက်တိုက် ထိန်းထားနိုင်ခဲ့တယ်။ သူမ လမ်းက အနှောက်အယှက်တွေကြောင့် ရပ်တန့် မသွားခဲ့ဘူး။

“နောက်ထပ် ကောင်းကင်၁ဘုံကို ဖြတ်နိုင်ရင် သတ္တမ ကောင်းကင်ဘုံကို ရောက်ပြီ။ ထိပ်တန်း အထက်၃ဘုံထဲ ရောက်သွားလိမ့်မယ်။”

“စုတ်တယ်။ ကောင်းကင် တာအို ခန်းမရဲ့ သမိုင်းထဲမှာ ထိပ်တန်း အထက် ၃ဘုံကို ရောက်ခဲ့သူက လူတစ်ရာ မပြည့်ဘူး ဟုတ်တယ် မလား။”

“အစ်မကြီး ချီကူယန်ရဲ့ အရည်အချင်းနဲ့ ဆိုရင်၊ ထိပ်တန်း ၃ဘုံကို အေးအေးဆေးဆေး ရောက်နိုင်မှာာပဲ။ ငါထင်တာတော့ အဋ္ဌမ ကောင်းကင်ဘုံအထိ ရောက်လိမ့်မယ်။”

“အမှန်ပဲ။”

ကောင်းကင် တာအို တပည့်သားတွေ ဒီသတင်းကြောင့် သိသိသာသာကို စိတ်လှုပ်ရှား နေကြတယ်။

..

မိုးနတ် ရေကန်ရဲ့ တတိယ ကောင်းကင်ဘုံမှာ ရန်ချင်း အပြင် တခြား တပည့်သားတွေ ပိုပိုပြီးတော့ ရောက်လာကြတယ်။ အခုချိန်မှာ တတိယ ကောင်းကင်ဘုံကို နောက်ထပ် တပည့်သား ၅ယောက် ရောက်နေကြပြီ။

“အစ်မကြီး ချီကူယန်က တကယ့်ကို အံ့သြ စရာပဲ။”

“ဟုတ်တယ်။ ငါတို့ကို ဘယ်တုန်းကမှ စိတ်မပျက်စေဘူး။”

“နောက်ဆုံးရယ်နိုင်တဲ့သူက အနိုင်ရမှာပဲ။”

“ဟိုကောင်စုတ်က ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ သက်သက်လို့ ငါထင်သားပဲ။ အမှန်တိုင်း ပြောရရင်၊ သူက လန့်အောင် လုပ်နိုင်ပေမယ့် ဒါက အောက်ဘက် ကောင်းကင် ၃ဘုံပဲလေ။ ငါတို့တွေ သူ့ကို ကျော်နိုင်ချေ ရှိသေးတယ်။”

“ပြောတာကောင်းတယ်။ အကိုကြီးလီ။”

ကောင်းကင် တာအို တပည့်သား ငါးယောက် နှလုံးသားထဲမှာ စိတ်လှုပ်ရှားနေကြတယ်။ သူတို့ ပြောတာကို ကြားတော့ ရန်ချင်းကတော့ မျက်မှောင်ကြုတ်နေခဲ့တယ်။ ဒါပေမယ့် သူဘာမှ မပြောဘူး။ ခေါင်းပေါ်က စာလိပ်ကို ကြည့်ရင်း သူ့အကြည့်က တည်ငြိမ် အေးဆေး နေခဲ့တယ်။

“မှင်။ တည်ငြိမ်။ ရေ အဲ့တာတွေလား။ အာ သိပြီ။” ရန်ချင်းရဲ့ မျက်လုံးတွေ ရုတ်တရက် လင်းထိန်သွားတယ်။ ရေကန်ရဲ့ တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်မှာ အလင်းတန်း တစ်ခု တောက်ပ လာတော့တယ်။ အဲ့ဒီ့နောက် အသံတစ်သံ လေထဲမှာ ထွက်ပေါ်လာတယ်။

“ရန်ချင်း စတုတ္ထ ကောင်းကင်ဘုံကို ဝင်သွားပြီ။”

“စတုတ္ထ ကောင်းကင်ဘုံ။”

“..”

“အမ် ရန်ချင်းလည်း စတုတ္ထ ကောင်းကင်ဘုံကို ရောက်ပြီလား။” တပည့်သား ငါးယောက် လန့်သွားတယ်။ တကယ်တော့ သူတို့နဲ့ ရန်ချင်းက တတိယ ကောင်းကင်ဘုံကို တစ်ချိန်တည်း နီးပါး ရောက်လာတာလေ။

“ရန်ချင်းလို တောထဲမှာ ကြီးလာတဲ့ စစ်မက် လိုလား နိုင်ငံသား တစ်ယောက်က တာအိုကို ဒီလောက်တောင် ကောင်းကောင်း နားလည် ထားတာလား။”

“သူ့ရဲ့ ထူးခြား သွေးကြောင့် ဖြစ်လိမ့်မယ်။”

“အင်း။ ထူးခြား မျိုးနွယ်သွေး ရှိတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။”

အံ့သြ ချီးမွမ်း နေတဲ့ အချိန်မှာပဲ။ ကောင်းကင် တာအို တပည့်သား ငါးယောက် ကိုယ့်ကိုယ်ကို စိတ်ထိန်း လိုက်ပြီးတော့ စာလိပ်ကို ပြန်ကြည့်နေတယ်။

“ငါ နားလည်ပြီ။ ငါထင်တယ် ငါနားလည် သွားပြီ။” တပည့်သား တစ်ယောက် ရုတ်တရက် ပြောတယ်။ သူ့မျက်နှာက ရုတ်တရက် နီရဲ သွားတယ်။ သူကတော့ တခြားသူ မဟုတ်ဘူး။ ဖန်ကျန်းရှီနဲ့ လောင်းကြေး ထပ်ပြီးတော့ ရှုံးနိမ့် သွားတဲ့ သူပဲ။

“ဟော်ချုံးမင် စတုတ္ထ ကောင်းကင်ဘုံကို ဝင်ပြီ။”

“..”

“အကိုကြီးဟော်က စတုတ္ထ ကောင်းကင်ဘုံကို ရောက်သွားပြီ။ ဟဟား။ အထင်ကြီး စရာပဲ။ ငါတို့လည်း အကိုကြီး ဟော်ရဲ့ ခြေလှမ်းအတိုင်း လိုက်ရမယ်။ အကိုကြီး အမှီလိုက်ထား။ မဟုတ်ဘူး။ ဟိုခွေးကောင်ကို ကျော်ပြစ်လိုက်။” ကောင်းကင်က ကြေညာသံ ထွက်လာပြီးတဲ့နောက် ဟော်ချုံးမင် သူတို့ မျက်စိရှေ့ကနေ ပျောက်ကွယ် သွားတယ်။

ဒီအချိန် စတုတ္ထ ကောင်းကင်ဘုံမှာတော့ ဟော်ချုံးမင်က လူတစ်ယောက် ရှေ့မှာ ပေါ်လာခဲ့တယ်။ မိုးရေထဲက အဲ့ဒီ့လူရဲ့ ဝတ်ရုံပြာက စုတ်ပြဲ နေခဲ့တယ်။

“အမ်။ ဒါက ပြိုင်ဘက်ကင်း ဆရာဖန်၊ သခင်လေး ဖန်ကျန်းရှီ မဟုတ်ပါလား။ ပထမ ကောင်းကင်ဘုံကနေ စတုတ္ထ ကောင်းကင်ဘုံကို တစ်ခဏအတွင်း ကျော်ဖြတ် လာပြီးတော့မှ၊ အခုတော့ ဘာဖြစ်တာပါလိမ့်။ ငါ့ကို စောင့်နေတာလား။ ဒါမှမဟုတ် ကြယ်တာရာ ရေစင် တစ်ပုလင်းက မလုံလောက်လို့ နောက်ထပ် လိုချင်လို့လား။” ဟော်ချုံးမင် ခနဲ့တယ်။

အပိုင်း (၇၀၅) ပြီး၏။

အပိုင်း (၇၀၆)

“ဘ၀ ကံတရား။”

ဒါပေါ့။ ဖန်ကျန်းရှီကို ခနဲ့ပြီး စနောက်ရတာ သူ့အတွက်တော့ အတော့်ကို ပျော်စရာကောင်းတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက သူ့ရှေ့မှာ ရောက်နေတယ်လေ။ ဒါ့အပြင် ဖန်ကျန်းရှီက နောက်ထပ် ကြယ်တာရာ ရေစင် ရဖို့ စောင့်နေတာ မဟုတ်လောက်ဘူး။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန်ကြားက ပြိုင်ပွဲက ပိုပြီးတော့ အရေးကြီးတယ်လေ။ ဒီတော့ သူ့ကိုယ်သူ စတုတ္ထ ကောင်းကင်ဘုံမှာ အချိန်ဆွဲနေမှာ မဟုတ်ဘူး။ ဒါကြောင့် အဆုံးသတ်က ထင်ရှားတယ်။ ဖန်ကျန်းရှီက စတုတ္ထ ကောင်းကင်ဘုံကို မဖြေရှင်း နိုင်သေးတာပဲ ဖြစ်လိမ့်မယ်။

ဒါကြောင့် ဟော်ချုံးမင်းက နောက်ထပ် မျှော်လင့်ချက်တွေ ပြည့်ဝလာတယ်။ ဒါပေမယ့် ဒီကောင်းကင်ဘုံမှာ ဖန်ကျန်းရှီကို အနိုင်ယူပြီးတော့ ဖြတ်ကျော် နိုင်မယ်လို့ ယုံကြည်ချက်တော့ မရှိဘူး။

ဟော်ချုံးမင် ဖန်ကျန်းရှီ ပြန်ဖြေတာကို စောင့်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့စကားကို မကြားတဲ့ အတိုင်းပဲ။ ခေါင်းပေါ်က တိုက်ပွဲ စာလိပ်ကိုသာ ကြည့်နေခဲ့တယ်။ ဟော်ချုံးမင်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူး။ ဟော်ချုံးမင်ရဲ့ အမူအယာ ပြောင်းသွားတယ်။

“မင်း။” တိတ်ဆိတ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း သူ့သွေးတွေ ဆူပွက် လာတော့တယ်။ အထင်သေး ခံရတဲ့ ခံစားချက်က တကယ့်ကို သည်းခံဖို့ ခက်ခဲတယ်။ နောက်ထပ် စာကြောင်း နည်းနည်း ထပ်ပြောချင်တယ်။ မင်း နောက်တစ်ခေါက် ပြိုင်ဝံ့ရင် ကြယ်တာရာ ရေစင်ထက် ပိုပြီးတော့ တန်ဖိုးကြီးတဲ့ ရတနာ ရမယ်လို့။ ဒါပေမယ့် သူခြေလှမ်းလှမ်းလိုက်တဲ့ အချိန်မှာပဲ နားထဲကို အသံ တစ်သံ ဝင်လာခဲ့တယ်။

“ပါးစပ် ပိတ်ထားစမ်း။” ဒီအသံက အရမ်းကို တိုက်ရိုက်ကျတယ်။ ရူးသွပ်နေတဲ့ လူတစ်ယောက်ရဲ့ အသံလိုပဲ။ နည်းနည်းလေးတောင် ယဉ်ကျေးမှု မရှိဘူး။ ဒီစကားကို ပြောလိုက်တဲ့သူက ဖန်ကျန်းရှီ မဟုတ်ခဲ့ဘူး။ ရန်ချင်း ဖြစ်နေတယ်။

“ရန်ချင်း မင်း ဘာပြောလိုက်တယ်။ ငါက မင်းထက် အကြီး။” ဟော်ချုံးမင် စကားတောင် မဆုံးလိုက်ဘူး။ ရန်ချင်းက သူ့ရှေ့ကို ရောက်လာခဲ့ပြီ။ ဟော်ချုံးမင် တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ဘူး။ သားရဲကောင် မျက်ဝန်းတွေနဲ့ အင်အား ပြင်းထန်တဲ့ ပုံစံက ဟော်ချုံးမင်ရဲ့ ကျောရိုးထဲကို အေးခဲ သွားစေတယ်။ သူခြေတစ်လှမ်း နောက်ဆုတ် သွားမိတယ်။ ခြေတလှမ်းတည်း ဖြစ်ပေမယ့် သူ့မျက်နှာ တစ်ခုလုံး ရဲရဲနီ နေခဲ့တယ်။

ကောင်းကင် တာအို တပည့်သားတွေက ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်။ လွန်ခဲ့တဲ့ တစ်လကမှ ကောင်းကင် တာအို ခန်းမကို ဝင်လာတဲ့ အငယ် တစ်ယောက်ကို သူက ဘာလို့ ကြောက်ရမှာလဲ။ သူ့နှလုံးသားက ဒါကို ဘယ်လိုလုပ် လက်ခံ နိုင်မှာလဲ။ သူပါးစပ် ဖွင့်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ လက်သီး တစ်လုံးက သူ့ရှေ့ကို ရောက်လာခဲ့တယ်။ ဒီအခြေအနေက အရမ်းကို ရုတ်တရက် ဖြစ်လွန်းလို့ သူနည်းနည်း လန့်နေမိတယ်။

“ငါ့ကို တိုက်ခိုက်တာလား။ ရန်ချင်း။ ဒီကောင်စုတ်က ငါ့ကို တိုက်ခိုက်ဝံ့တယ်။” ဟော်ချုံးမင် သူ့ကို တိုက်ခိုက်လာတဲ့ ရန်ချင်းကို နားမလည် နိုင်သေးဘူး။ နောက်ပြီးတော့ ရန်ချင်းရဲ့ လက်သီးချက်က အရမ်းကို ပြတ်သားတယ်။ ကြမ်းတမ်း အားပြင်းပြီးတော့ လန့်စရာပဲ။

ဟော်ချံုံးမင်ကလည်း အားနည်းတဲ့သူ မဟုတ်ဘူး။ လက်သီးချက်ကို မြင်မြင်ချင်း သူချက်ခြင်း နောက်သုံးလှမ်း ဆုတ်သွားခဲ့တယ်။ သူ့ခြေထောက်အောက်မှာ ရေခဲဖြူတွေ ပေါ်လာခဲ့တယ်။ အေးခဲခြေလှမ်း ပညာ။ ဒါက တိုက်ခိုက်မှုတွေကို သူရှောင်ရှားတဲ့ နည်းလမ်းပဲ။ ဒီလို ရှောင်ရှား လိုက်တာတောင်မှ သူ့အကျီက ရန်ချင်းရဲ့ လက်သီး အရှိန်ကြောင့် ပြဲသွားခဲ့တယ်။ ဟော်ချုံးမင် အတော်လေး လန့်သွားခဲ့တယ်။

“အင်အား ငှားရမ်းတာတွေ မရှိဘူး။ ဒါက စစ်မှန်တဲ့ အင်အားပဲ။” ဟော်ချုံးမင် သူ့ရင်ဘတ်က ပြဲနေတဲ့ အကျီကို ကြည့်ရင်း မယုံနိုင် ဖြစ်နေခဲ့တယ်။ သူက ပြန်လည် မွေးဖွားမှု အဆင့်မှာ ရှိပေမယ့်၊ ကနဦး အဆင့်ပဲ ရှိသေးတယ်။ ရန်ချင်းလို စစ်မက် လိုလား နိုင်ငံတော်က ထိပ်တန်း စစ်သည်တော်၊ ပြန်လည် မွေးဖွားမှု အထွတ်အထိပ် အဆင့်နဲ့ ယှဉ်လိုက်ရင် သူက အတော့်ကို အားနည်းတာ အမှန်ပဲ။

ကောင်းကင် တာအို ခန်းမကို သူဝင်ခဲ့တာ ၄နှစ် ရှိသွားပြီ။

ရန်ချင်းက စကား တစ်ခွန်းတောင် မပြောဘူး။ နောက်ထပ်လည်း မတိုက်ခိုက်တော့ဘူး။ ဟော်ချုံးမင်ကို နောက်တစ်ခေါက်တောင် လှည့်မကြည့်ဘူး။ လက်သီးတစ်ချက် ထိုးပြီးတဲ့နောက် မူလ နေရာကို ပြန်သွားတယ်။ စစ်ပန်းချီကို သူပြန်ကြည့်တယ်။ ဘယ်တုန်းကမှ မလှုပ်ရှား ခဲ့တဲ့ အတိုင်းပဲ။

ဟော်ချုံးမင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ နဖူးကလည်း ချွေးတွေ စီးကျ နေခဲ့တယ်။ သူ့ရဲ့ အတ္တစိတ်က သူ့ကို ပြောနေတယ်။ တပည့်ကြီး တစ်ယောက်ကို လေးလေးစားစားနဲ့ ဆက်ဆံ သင့်တယ်လို့။ ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတာက ကြမ်းတမ်းပြီး မယဉ်ကျေးတဲ့ သားရဲကောင်လေ။ ဒါကြောင့် ကိုယ့်ရဲ့ မာနတွေကို တစ်ခဏတာ ချိုးနှိမ် ထားလိုက်တယ်။

“ဟမ့်။ ငါက အကိုကြီး ဖြစ်နေလို့ မင်းကို အပြစ်မယူတော့ဘူး။” ဟော်ချုံးမင် ပြောလိုက်တယ်။ တစ်ခဏတာ ဆူညံပြီး နောက်မှာတော့ စတုတ္ထ ကောင်းကင် တစ်ခုလုံး ပြန်တည်ငြိမ် လာတော့တယ်။ ဒါပေမယ့် ဒီ တည်ငြိမ်မှုက ကြာကြာ မခံဘူး။ ကောင်းကင်ကနေ ခမ်းနားတဲ့ အသံ တစ်သံ ထွက်လာပြန်တယ်။

“ချီကူယန် အဋ္ဌမ ကောင်းကင်ဘုံကို ဝင်ပြီ။”

“အဋ္ဌမ ကောင်းကင်ဘုံ။”

“..”

“ခုနှစ်ခုမြောက် ကောင်းကင်ဘုံကို ရောက်သွားပြီ။” ဟော်ချုံးမင် စိတ်မထိန်းနိုင်ပဲ ထအော်မိတယ်။

“အင်း။” ရန်ချင်းရဲ့ အကြည့်က ဟော်ချုံးမင် ဆီကို ရောက်လာခဲ့တယ်။

“…” ဖန်ကျန်းရှီကို လှောင်ရယ်မလို့ ဟော်ချုံးမင် ပါးစပ် ပြင်နေခဲ့တယ်။ အခုလို အခွင့်အရေးမျိုးက ရှားပါးတယ်လေ။ ဒါပေမယ့် ရန်ချင်းရဲ့ အေးစက်စက် နှလုံးသားမဲ့ မျက်ဝန်းတွေ အောက်မှာ ပါးစပ် ပိတ်လိုက်ရတယ်။

နောက်ထပ် အသံတစ်သံ ကောင်းကင်မှာ ထွက်ပေါ် လာပြန်တယ်။

“လီရွှယ်ကျင်း စတုတ္ထ ကောင်းကင်ဘုံကို ဝင်ရောက်။”

“..”

နောက်ထပ် လူတစ်ယောက် ဟော်ချုံးမင် ဘေးမှာ ပေါ်လာခဲ့တယ်။

“အမ်။ အကိုဟော်။ ဘာဖြစ်လို့ အကျီ ပြဲနေတာလဲ။” လီရွှယ်ကျင်း ရောက်ရောက်ချင်း မေးတယ်။

“…” ဟော်ချုံးမင်ကတော့ မျက်နှာတွေ နီရဲနေခဲ့တယ်။ သူဘယ်လို ပြောနိုင်မှာလဲ။ ရန်ချင်းရဲ့ လက်သီး တစ်ချက်ကြောင့် ဒီလို ဖြစ်သွား ရတယ်လို့။ သူမပြောနိုင်ဘူး။ သူက တပည့်ကြီးလေ။ ဒါကြောင့် တိတ်တဆိတ်ပဲ နေရမယ်။ သူ့မျက်နှာက ဝက်အသည်းလို ခရမ်းရောင် ပြောင်းနေခဲ့ပြီ။

…..

စတုတ္ထ ကောင်းကင်ဘုံရဲ့ အခြေအနေနဲ့ ဆန့်ကျင်စွာပဲ မိုးနတ် ရေကန်ကတော့ ပျော်ရွှင် တက်ကြွ နေခဲ့တယ်။ ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးနေတဲ့ အသံတွေ မိုးနတ် ရေကန် တစ်ခွင်လုံးကို ပျံ့နေခဲ့တယ်။

ဆဋ္ဌမ အကြီးအကဲရဲ့ မျက်နှာက ပန်းနုရောင် ပြောင်းနေခဲ့တယ်။ နေရာ တစ်နေရာ ရှာပြီးတော့ ထိုင်နေခဲ့တယ်။ တပည့်သား တစ်ယောက်ကို ရေနွေး ယူလာခိုင်းတယ်။ အရမ်းကို အေးဆေး နေသလိုပဲ။ သူ့နောက်က ကောင်းကင် တာအို တပည့်သားတွေကတော့ စိတ်လှုပ်ရှား နေကြတယ်။

“အစ်မကြီး ချီကူယန်က တကယ့်ကို အင်အားကြီးလွန်းတယ်။”

“ခုနှစ်ခုမြောက် ကောင်းကင်ကိုတောင် ရောက်သွားပြီ။ ဒီလို အရှိန်နှုန်းမျိုးကို ကောင်းကင် တာအို ခန်းမ သမိုင်းထဲမှာ မမြင်ဖူးဘူး။”

“ဟုတ်တယ်။ ဒီလို နှုန်းနဲ့ဆိုရင် ၈ခုမြောက် ကောင်းကင်ကို ရောက်ဖို့ အချိန်ပဲ လိုလိမ့်မယ်။”

ကောင်းကင် တာအို တပည့်သားတွေ အားလုံး ချီးမွမ်း နေကြတယ်။ ဆဋ္ဌမ အကြီးအကဲနဲ့ တပည့်သားတွေ စစချင်း စိတ်ပူ နေကြပေမယ့်၊ နောက်ပိုင်း သတင်းတွေကို ကြားပြီး နောက်မှာတော့ သူတို့တွေ စိတ်မပူ တော့ဘူး။ စတုတ္ထ ကောင်းကင်ဘုံကိုတောင် မဖြတ်နိုင်သေးတဲ့ လူတစ်ယောက်က ခုနှစ်မြောက် ကောင်းကင်ဘုံကို ရောက်နေသူကို ဘယ်လိုများ ခြိမ်းခြောက် နိုင်မှာလဲ။

အံ့ဖွယ် တစ်ခု ဖြစ်မလာ သေးသရွေ့ပေါ့။ မဟုတ်ဘူး။ အံ့ဖွယ်ဆိုတာ ဖြစ်လာမှာ မဟတု်ဘူး။

“မင်းတို့ကောင်တွေ။ အစ်မကြီး ချီကူယန်က နဝမ ကောင်းကင်ဘုံကို ဝင်နိုင်မယ်လို့ထင်လား။” “

“အဲ့တာက သမိုင်းထဲမှာ တစ်ယောက်ပဲ ရှိဖူးတာလေ။ ဒီတော့ ဖြစ်နိုင်ချေက နည်းတယ်။”

“ဟုတ်တယ် ကိုးခုမြောက် ကောင်းကင်ဘုံကို ရောက်ဖို့က ခက်လွန်းတယ်။”

ပြိုင်ပွဲဝင်တွေရဲ့ အနိုင်အရှုံးက ကွဲပြားနေပြီ။ ဒီတော့ အံ့ဖွယ်ရာတွေ ဖြစ်လာဖို့ သူတို့ မျှော်လင့် နေကြတယ်။ ဒါပေမယ့် သူတို့ ပြောသလိုပဲ ကိုးခုမြောက် ကောင်းကင်ဘုံက ခက်ခဲလွန်းတယ်။

ဒါပေါ့ ချီကူယန် တကယ်ပဲ ကိုးခုမြောက် ကောင်းကင်ဘုံကို ဖြတ်နိုင်မလား ဆိုတာ သူတို့တွေ ဆွေးနွေးနေတဲ့ ကိစ္စ သပ်သပ်ပဲလေ။ အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံး လာပြန်တယ်။ သိပ်မကြာခင်ပဲ မိုးနတ် ရေကန်က သတင်း ရောက်လာပြန်တယ်။ ရန်ချင်း ပဉ္စမ ကောင်းကင်ဘုံကို ရောက်သွားပြီ။

“ရန်ချင်း တကယ်ပဲ ဖြတ်သွား နိုင်ပြီလား။”

“ဒီရန်ချင်းက အင်အား ကြီးလိုက်တာ။”

“ဟုတ်တယ်။ စစ်မက် လိုလား နိုင်ငံတော်ရဲ့ ထိပ်တန်း ပါရမီရှင် ပီသတယ်။”

ရန်ချင်းရဲ့ သတင်းက အကြီးအကဲနဲ့ တပည့်သားတွေကို နည်းနည်းတော့ လန့်သွားစေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီတောင် အဲ့ဒီ့ ကောင်းကင်ကို မဖြတ်နိုင် သေးဘူးလေ။ ရန်ချင်းက သူ့ထက် အရင် ပဉ္စမ ကောင်းကင်ဘုံကို ရောက်သွားခဲ့ပြီ။ ဖန်ကျန်းရှီထက် ခြေတလှမ်း သာသွားခဲ့ပြီ၊

“ဒီရန်ချင်းက မဆိုးဘူးပဲ။” ဆဋ္ဌမ အကြီးအကဲ ရန်ချင်းကို ချီးမွမ်းတယ်။ ရန်ချင်းကို တပည့်အဖြစ် လက်ခံဖို့ စပြီး တွေးတော နေခဲ့တယ်။

ကောင်းကင် တာအို တပည့်သားတွေကတော့ အချင်းချင်း စကား ပြောနေကြပြန်တယ်။ သိပ်မကြာခင်ပဲ လီရွှယ်ကျင်း ပဉ္စမ ကောင်းကင်ဘုံကို ဝင်သွားတဲ့ သတင်း ရောက်လာတယ်။ ဟော်ချုံးမင်ထက် ခြေတလှမ်း သာသွားပြန်ပြီ။

“ဒါလည်း မထင်ထား တာပဲ။”

“လီရွှယ်ကျင်းက ဟော်ချံုံးမင်ထက် သာနေမယ်လို့ ဘယ်သူ ထင်မိမှာလဲ။”

“ဟုတ်တယ်။ မိုးနတ် ရေကန်က နဝမ ကောင်းကင်ဘုံကို မရောက်ခင် အထိ၊ ဘယ်သူမှ အနိုင်အရှုံး ခန့်မှန်းလို့ မရလောက်ဘူး။ အချိန် နည်းနည်း ကြာပြီးတဲ့နောက် ဟော်ချုံးမင်လည်း ပဉ္စမ ကောင်းကင်ဘုံကို ရောက်သွားခဲ့တယ်။ စောင့်ကြည့် နေသူတွေကတော့ ချီကူယန်ကို ဖန်ကျန်းရှီ နိုင်ဖို့ အလားအလာ မရှိတော့ဘူးလို့ ထင်နေကြတယ်။

“ဖန်ကျန်းရှီ လေးခုမြောက် ကောင်းကင်မှာ ရောက်နေတာ တစ်နာရီ နီးပါး ရှိသွားပြီမလား။”

“ဟုတ်တယ်။ ကြည့်ရတာ စတုတ္ထ ကောင်းကင်က သူ့ရဲ့ ဘဝကံတရား ဖြစ်လိမ့်မယ်။ မဖြတ်နိုင်မှာကို စိုးရိမ်မိတယ်။”

“ဟဟား။ ပထမ ကောင်းကင် သုံးခုမှာ အတော့်ကို မြန်မြန် ဖြတ်သွားတော့ ငါတောင် လန့်သွားသေးတယ်။ နိုင်တော့ မလားလို့။”

“ဘယ်သူ မလန့်ပဲ နေမလဲ။ ငါတောင် ချွေးပျံ သွားသေးတယ်။”

စတုတ္ထနဲ့ ပဉ္စမ ကောင်းကင်ဘုံကို တပည့်သားတွေ အများကြီး ဝင်သွားတဲ့ သတင်းကို ကြားပြီးတဲ့နောက် လေးခုမြောက် ကောင်းကင်ဘုံမှာ ပိတ်မိနေတဲ့ ဖန်ကျန်းရှီကို သူတို့ လှောင်ရယ် နေတော့တယ်။

အပိုင်း (၇၀၆) ပြီး၏။

အပိုင်း (၇၀၇)

“ဖြေရှင်းခြင်း။ နောက်ထပ် နယ်မြေ တစ်ခု။”

…..

မိုးနတ်ရေကန် လေးခုမြောက် ကောင်းကင်မှာ တပည့်သား ရှစ်ယောက် ရောက်နေခဲ့ပြီ။ သူတို့လည်း ခေါင်းပေါ်က တိုက်ပွဲ ပန်းချီကိုပဲ အာရုံ စိုက်နေကြတယ်။ ဖန်ကျန်းရှီကို သတိ ထားမိတဲ့ ပုံစံ မရှိဘူး။ ဖန်ကျန်းရှီက ဒီကောင်းကင်မှာ ရောက်နေတာ ကြာလှပြီလေ။ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေ စိန်ခေါ်လိုစိတ် တွေလည်း ပျောက်ဆုံး သွားပြီ။

ဖန်ကျန်းရှီကလည်း သူတို့ကို အာရုံ မစိုက်တာ သိသာတယ်။ တိုက်ပွဲ ပုံရိပ် ပြောင်းလဲ နေတာကို ကြည့်ရင်း တခြား နယ်မြေ တစ်ခုမှာ နစ်မြုပ် နေပုံပဲ။ တကယ်တော့ ဖန်ကျန်းရှီ စိတ်ထဲမှာ နယ်မြေ တစ်ခုပဲ ရှိတယ်။ သွေးစွန်းနေတဲ့ တိုက်ပွဲကြီး။

အရင်တုန်းက သွေးချောင်းစီးတာကို တိုက်ပွဲမှာ မြင်ဖူးတယ်။ ကန်လင်းတောင် တိုက်ပွဲ။ ရန်မြို့တော်က တိုက်ပွဲနဲ့ တောင်ပိုင်းဒေသက တိုက်ပွဲကြီးတွေမှာ။ နတ်ဆိုးတပ်တွေ၊ တောင်ပိုင်းတပ်တွေနဲ့ ကြီးမြတ်သော ရှနိုင်ငံတော် တပ်တွေ တဖက်နဲ့ တဖက် တိုက်ခိုက် ခဲ့ကြတယ်။ ဒီတိုက်ပွဲမှာ သွေးချောင်းစီးပြီးတော့ ရာချီ ထောင်ချီတဲ့ အသက်တွေ ဆုံးရှုံး ခဲ့ရတယ်။ တကယ့်ကို ဆိုးဝါးတဲ့ မြင်ကွင်းပဲ။

ဒါပေမယ့် ဘယ်တိုက်ပွဲကမှ သူ့မျက်စိရှေ့က အခု မြင်နေရတဲ့ တိုက်ပွဲလိုမျိုး ရက်စက်ကြမ်းကြုတ် မနေခဲ့ဘူး။ တကယ်တော့ သူ့မျက်စိရှေ့က တိုက်ပွဲကြီးက ရက်စက် ကြမ်းကြုတ်တယ် ဆိုတာထက် ပိုလွန်းနေတယ်။ အလောင်းတွေက တစ်လွှာပြီး တစ်လွှာ ထပ်ရင်း တောင်လို ပုံနေတယ်။ မီးတောက်တွေက အလောင်းတွေမှာ တောက်လောင် နေပြီးတော့ ညှော်နံ့တွေ လေထဲမှာ ထွက်ပေါ်နေတယ်။

စစ်မြေပြင် အလယ်မှာ အဆုံး မသတ်နိုင်အောင် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေ သူတွေ ရှိနေတယ်။ အရိပ် တစ်ခုစီတိုင်းက သွေးနီရောင် မျက်ဝန်းတွေ ရှိနေတယ်။ ရူးသွပ် နေတဲ့ အတိုင်းပဲ။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ရင်း ရူးသွပ်နေတာတွေ။

“အား။” ထိတ်လန့် ခြောက်ခြားဖွယ် အော်သံကြီးတွေ လေထဲမှာ ပျံ့နှံ့နေတယ်။ သွေးနီရောင် မျက်ဝန်းတွေက ဖန်ကျန်းရှီကို အာရုံ စိုက်လာကြတယ်။ သူတို့တွေ သားကောင် အသစ်ကို ရှာတွေ့ သွားတဲ့ အတိုင်းပဲ။

“အမ်။” ဖန်ကျန်းရှီ အော်ဟစ်ချင်တယ်။ ဒါပေမယ့် သူ့ပါးစပ်က ဖွင့်လို့ မရဘူး။ လည်ချောင်းကနေလည်း အသံ ထွက်မလာဘူး။ ဒီအချိန်မှာ သွေးနီရောင် မျက်လုံးနဲ့ အရူးတွေက သူ့ဆီကို ပြေးလာနေပြီ။ နီးကပ် လာတာနဲ့ အမျှ သူတို့ လက်နက်တွေမှာ စွန်းထင်းနေတဲ့ လတ်လတ် ဆတ်ဆတ် သွေးတွေကို ဖန်ကျန်းရှီ မြင်နေရတယ်။

“သတ်။” အော်သံကြီးတွေက ကောင်းကင်ကိုတောင် ဟိန်းထွက် သွားစေတယ်။ ဖန်ကျန်းရှီ လက်ဆန့်ထုတ်ရင်း ဒီအရာတွေကို လွင့်ထွက်အောင် ရိုက်ထုတ် ပြစ်ချင်တယ်။ ဒါပေမယ့် သူ့လက်တွေကို မြှောက်လို့ မရဘူး။ လှုပ်ရှားဖို့ အချိန်တောင် မကျန်တော့တဲ့ အတိုင်းပဲ။

ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ အမူအယာ ပြောင်းသွားတယ်။ ထွက်ပြေးဖို့ ပြင်တယ်။ ဒါပေမယ့် နောက်ဆုံး မျှော်လင့်ချက်လေးက ကုန်ဆုံး သွားပြီ။ သူ့ခြေထောက်တွေက သံမှိုရိုက်ထားသလို မြေကြီးနဲ့ ကပ်နေခဲ့တယ်။ ခုန်လည်း မခုန်နိုင်ဘူး။ ပြေးပဲ ပြေးနိုင်တယ်။

“ရွှီး။” ဖန်ကျန်းရှီ အနားကို အရင်ဆုံး ရောက်လာတဲ့ သူက လှံကို မြှောက်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ သွေးစက်တွေ လှံမှာ စွန်းထင်းကုန်တယ်။ နာကျင်တယ်။ အရမ်းကို နာကျင်လွန်းတယ်။

“ငါ။” ဖန်ကျန်းရှီ မေးခွန်း မေးလိုက်ချင်တယ်။ မင်းဒီလို ဆိုးဆိုးဝါးဝါး တိုက်ခိုက်နေတာ မင့်အစ်မကော သိရဲ့လား။ ဒါပေမယ့် သူ့မျက်နှာကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ မေးခွန်းတွေကို ပြန်မျိုချ လိုက်တယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီလူ့ရဲ့ မျက်နှာက အနက်ရောင် ဆံပင်ထူထူတွေနဲ့ အကြေးခွံ အပြည့် အသားအရေ ရှိနေခဲ့တယ်။ နဖူးမှာလည်း အချွန်ကြီး တစ်ခု ရှိနေခဲ့တယ်။ ဒါက ဖန်ကျန်းရှီ သိတဲ့ မျိုးစိတ် မဟုတ်ဘူး။ ဒီတော့ သူ့အစ်မ အကြောင်း ဘယ်လို မေးလို့ ဖြစ်မှာလဲ။ ဖန်ကျန်းရှီလည်း မကောင်းဆိုးဝါးတွေကို မကြိုက်ဘူးလေ။

“နာကျင်လိုက်တာ။ မဟုတ်ဘူး။ ငါက မိုးနတ် ရေကန်က လေးခုမြောက် ကောင်းကင်မှာ။ ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ။ ဒါက ဘယ်နေရာလဲ။ ပန်းချီကားထဲက နေရာလား။” ဖန်ကျန်းရှီ ခေါင်းကို ခါယမ်း နေတယ်။ ဒါက ပုံရိပ်ယောင်ပါလို့ သူ့ကိုယ်သူ ပြောချင်တယ်။ ဒါပေမယ့် နာကျင်မှုက အရမ်းကို ပြင်းထန် လွန်းတယ်။ သူ့ခန္ဒာကိုယ်ကို တကယ်ပဲ လှံတစ်ချောင်း စိုက်သွား သလိုပဲ။ လေးခုမြောက် ကောင်းကင်။ လူတိုင်းက ငါ့လိုပဲ ဒီလို ပုံရိပ်တွေကို မြင်နေရတာလား။

“ရွှီး။” ဖန်ကျန်းရှီ စိတ်ထဲမှာ တွေးနေတဲ့ အချိန်၊ ဒုတိယ လှံတစ်ချောင်းက သူ့ကိုယ်ကို ဖောက်ဝင်လာတယ်။ ပြင်းထန်တဲ့ နာကျင်မှုကို ခံစား ရပြန်တယ်။

ဒီအချိန်မှာပဲ သူ့နှလုံးသားထဲမှာ လူသတ်ချင်စိတ်တွေ စတင် ဆူပွက်လာတယ်။ သစ်ကိုင်းခြောက်ကို မီးရှို့ ခံလိုက် ရသလိုပဲ။ နောက်ပြီးတော့ ပိုပြီး ထူးဆန်း နေတာ ဒီလူသတ်ငွေ့တွေက သူ့ခန္ဒာကိုယ်ထဲ နဂိုတည်းက ရှိနေသလိုပဲ။ တစ်နေရာရာ ပုန်းအောင် နေပြီးတော့ အခုမှ ထွက်လာတာမျိုး။

“သတ်ပြစ်။ ဒါတွေ အားလုံးကို သတ်ပြစ်။”

“မဖြစ်ဘူး။ ဒါက ပုံရိပ်ယောင်တွေ။ ငါသတ်လို့ မဖြစ်ဘူး။ ငါသတ်လိုက်ရင် ထောင်ချောက်ထဲကို ရောက်သွားလိမ့်မယ်။”

အသံ နှစ်သံက သူ့စိတ်ထဲမှာ လွင့်မျောနေတယ်။ ဒီစိတ်ဆန္ဒ ၂ခုက သူ့စိတ်ထဲမှာ တိုက်ခိုက် နေခဲ့တယ်။ ဒီအချိန်မှာပဲ တတိယ လှံက သူ့ကို ဖောက်ဝင် သွားတော့တယ်။

“ရွှီး။” ပြင်းထန်တဲ့ နာကျင်မှုက ပင်လယ်လှိုင်းလို ရိုက်ခတ်တယ်။ သူ့ရဲ့ လူသတ်ချင်စိတ်တွေ ပိုပြီးတော့ ပြင်းထန် လာပြန်တယ်။ တစ်ကိုယ်လုံးကို ဝါးမျို ဖျက်စီး ခံနေရသလိုပဲ။

လေးခုမြောက် ကောင်းကင်။ မင်းက တကယ်ပဲ ဘာကြီးလဲ။

…..

ထပ်ခါ ထပ်ခါ လှံနဲ့ ပြစ်ခံ ရပြီး နောက်မှာ သူ့ခန္ဒာကိုယ် တစ်ခုလုံး မထိန်းနိုင်အောင် တုန်ယင်လာတယ်။ မျက်နှာ အမူအယာကလည်း ရှုတ်မဲ့ လာခဲ့တယ်။ ပိုပြီး အရေးကြီးတာက ဘယ်ကမှန်း မသိတဲ့ လူသတ်ငွေ့တွေ တကိုယ်လုံးကို ပြည့်နှက် လာတာပဲ။ ဒါကို သူ့ဘေးမှာ ရှိနေတဲ့ ကောင်းကင် တာအို တပည့်သားတွေလည်း ခံစားမိတယ်။ သူတို့ အတွက် နည်းနည်း ထူးဆန်း နေတာကြောင့် ဖန်ကျန်းရှီကို လှမ်းကြည့် မိကြတယ်။

“အမ်။ အဲ့ဒီ ကောင်ဘာတွေ ဖြစ်နေတာလဲ။”

“သူလက်လျှော့ လိုက်တာလား။ စတုတ္ထ ကောင်းကင်ကို မဖြတ်နိုင်လို့လေ။”

“ဖြစ်နိုင်ပါတယ်။ ငါကြားဖူးတာတော့ လေးခုမြောက် ကောင်းကင်က တိုက်ပွဲ ပုံရိပ်ကို ပြတာ အပြင်၊ လူတစ်ယောက်ရဲ့ အတွင်း စိတ်ဆန္ဒနဲ့ ခိုင်မာ ပြတ်သားတဲ့ စရိုက်ကို စမ်းသပ်တာ ဆိုပဲ။ ဒီကောင်စုတ်လေးက ကောင်းချီး ပေးခံထားရသလို ကံကောင်းတယ်။ ဒါပေမယ့် သူက ငယ်သေးတော့ အတွေ့အကြုံ မရှိဘူး။ ဒါ့အပြင် ငယ်ငယ်တည်းက ရွာမှာ ကြီးပျင်း လာရတာ သူ့မှာ မဆုတ် မနစ်တဲ့ လုံ့လတော့ မရှိနိုင်ဘူး။”

“အဓိပ္မာယ် ရှိရှိ ပြောကြစမ်းပါ။ သူ့စိတ်နှလုံးက မတည်မငြိမ် ဖြစ်နေတယ်။ ဒီလို ပုံစံမျိုးက ချက်ခြင်း အတွေ့အကြုံ အများကြီး လက်ခံ လိုက်ရတဲ့ အချိန် အတွေ့များတဲ့ ပုံစံပဲ။”

ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီရဲ့ အခြေအနေကို ကြည့်ရင်း ခပ်တိုးတိုး ပြောနေကြတယ်။ ဒါပေမယ့် သူ့ကို အချိန် အကြာကြီး အာရုံ မစိုက်ကြဘူး။ ဒီအလယ် သုံးဘုံက လူတစ်ယောက်ရဲ့ စရိုက်ကို စမ်းသပ်တာမှန်း သူတို့ အားလုံး သိတယ်လေ။ မိုးကောင်းကင်က နှင်းရည်တွေနဲ့ အကူအညီနဲ့ဆိုရင် အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ဘူးလေ။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တုန်ယင်နေတာ ရပ်သွားခဲ့တယ်။ သူ့ရဲ့ ကြမ်းတမ်းနေတဲ့ အမူအယာလည်း ပြန်တည်ငြိမ် သွားခဲ့တယ်။ မိုးထိလိုက်တဲ့ မျှစ်စို့ကြီးလိုပဲ။ ဖန်ကျန်းရှီ ခေါင်းကို ဖြည်းဖြည်းချင်း မော့ရင်း ပါးစပ် ဟထားလိုက်တယ်။ နှင်းစက်တွေ ပါးစပ်ထဲကို ဝင်လာစေတယ်။

“ဂလု။” နှင်းရည်တွေကို တကျိုက်တည်း မျိုချလိုက်တယ်။ အဲ့ဒီ့နောက် သူပြုံးလိုက်တယ်။ အချိန် အကြာကြီး ခြောက်သွေ့ နေပြီးနောက် မိုးရေရလို့ စိုစွတ်လာတဲ့ အပင်ပေါက်လေး တစ်ပင်လို ခံစားနေရတယ်။ အရမ်းကို စိတ်ကျေနပ် စရာကောင်းလွန်းတယ်။ တစ်ချိန်တည်းမှာပဲ ရွှေရောင် စာလုံးတွေ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တစ်ခုလုံးမှာ တောက်ပ လာတော့တယ်။ စာလုံးတွေ အများကြီး ထပ်ပြီးတော့ ပေါ်လာပြန်တယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။”

“အဲ့တာ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင်တာ မဟုတ်လား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ့ကို မြင့်မြတ် စာလုံးတွေနဲ့ တစ်ခါ သန့်စင် ပြီးပြီလေ။”

ကောင်းကင် တာအို တပည့်သားတွေ ဒီအခြေအနေကို မြင်တော့ သူတို့ အကြည့်ကို တိုက်ပွဲ ပန်းချီကနေ ခွာလိုက်ကြတယ်။ ဖန်ကျန်းရှီကို အထိတ်တလန့်နဲ့ ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ သူ့ဘေးက တပည့်သားတွေရဲ့ စကားကို မကြားတဲ့ အတိုင်းပဲ။ ခေါင်းမော့ရင်းနဲ့ ပြုံးနေခဲ့တယ်။ ဒီအချိန်မှာ သူ့မျက်ဝန်းတွေက ထူးဆန်းနေတယ်။ လုံးဝကို ထွင်းဖောက် မြင်ရတဲ့ ပုံစံ ဖြစ်နေခဲ့တယ်။ ထူးထူးဆန်းဆန်းကြီး ထွင်းဖောက် မြင်နေရတယ်။ ပိုပြီး ထူးဆန်းတာက သူ့မျက်ဝန်းတွေထဲမှာ သူ့ခေါင်းပေါ်က တိုက်ပွဲ ပန်းချီနဲ့ တပုံစံတည်း တူညီတဲ့ ပန်းချီတစ်ချပ် ရှိနေတာပဲ။ ပြောင်လဲ တာတွေကတောင် တူညီနေတယ်။

“ကြည့်ရတာ ငါနားလည် သွားပြီ။ နောက်ဆုံးတော့ ငါနားလည်ပြီ။“ သူ့မျက်ဝန်းထဲက အပြောင်းအလဲကို ကြည့်ရင်း ဖန်ကျန်းရှီ ဝမ်းသာ အားရ အော်ဟစ်မိတယ်။ ဒီအသံကြောင့် သူ့ကို ကြည့်နေတဲ့ တပည့်သားတွေ ပိုပြီးတော့ ထူးဆန်း အံ့သြ မိတယ်။

“ဒီကောင်လေး တကယ်ပဲ နားလည် သွားတာလား။”

“မဖြစ်နိုင်တာပဲ။ ဒီလောက် အချိန် အကြာကြီး စိုက်ကြည့် နေပြီးတော့မှ နားမလည်တာ။ အခုလို ခဏလေး ကြည့်ရုံနဲ့ ဘယ်လို နားလည် မှာလဲ။ ငါတော့ မယုံဘူး။”

“မင်း ယုံဖို့ မလိုဘူး။ သူသာ တကယ်ပဲ နားလည်ရင်တောင် စိတ်လှုပ်ရှားဖို့ မလိုဘူး။ အစ်မကြီး ချီကူယန်က ခုနှစ်ခုမြောက် ကောင်းကင်ကို ရောက်နေပြီ။ သူ့ကို အမှီလိုက်ဖို့ လိုသေးတယ်။”

“အကိုရှ ပြောတာ မှန်တယ်။ ဒါ့အပြင် နားလည်ပြီးရင် ဖြေရှင်းဖို့လည်း လိုသေးတယ်။” ဖန်ကျန်းရှီကို စိတ်ပျက် လက်ပျက် ကြည့်ပြီးနောက် သူတို့တွေ တိုက်ပွဲ ပန်းချီကို ပြန်ကြည့်ဖို့ ပြင်ကြတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကနေ ခမ်းနားတဲ့ အသံ ထွက်ပေါ် လာပြန်တယ်။

“ဖန်ကျန်းရှီ ပဉ္စမ ကောင်းကင်ဘုံကို ဝင်ရောက်။”

“ဖန်ကျန်းရှီ။”

“..”

အံ့သြ ထိတ်လန့်ပြီး တိတ်ဆိတ် သွားခဲ့တယ်။ ကိုယ့်ဘာကိုယ် ပုံရိပ်လွှာ ပြန်ကြည့်နေတဲ့ တပည့်သားတွေ မိုးကြိုး ပြစ်ခံ လိုက်ရသလိုပဲ။ သူတို့ရဲ့ အမူအယာက လုံးဝကို ပြောင်းလဲ နေခဲ့တယ်။

“မဖြစ်နိုင်ပါဘူး။ ဒီလောက်တောင် မြန်တာလား။ သူပြောတာ ခုနကမှ နားလည်ပြီဆို။” တပည့်သားတွေ ဒီသတင်းကို အမှီ မလိုက်နိုင်ကြဘူး။ နာလည်တာနဲ့ ဖြေရှင်းတာက လုံး၀ ကွာခြားတဲ့ ကိစ္စမှန်း လူတိုင်း သိတယ်လေ။ ဘယ်သူက ဒီလောက် မြန်နိုင်မှာလဲ။ ဒီကောင်စုတ် ဘယ်လိုများ လုပ်လိုက်တာလဲ၊

တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ သူ့ကို ဘယ်လိုကြောင့်များ ဒီလောက် မြန်လဲ မေးနိုင်ဖို့ အမှီလိုက်မှ ဖြစ်မယ်လို့ တွေးမိကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူတို့ ရှေ့ကနေ ပျောက်ကွယ် သွားခဲ့ပြီ။ ဘယ်လိုများ သူတို့ မေးခွန်းကို ဖြေနိုင်မှာလဲ။

အပိုင်း (၇၀၇) ပြီး၏။

အပိုင်း (၇၀၈)

“ပျံသန်းခြင်း။ ရပ်တန့်ခြင်းငှာ မစွမ်းသာတော့။”

…..

ပဉ္စမ ကောင်းကင်ဘုံကို ဖန်ကျန်းရှီ ဝင်လာတဲ့ သတင်းက အကြီးအကဲနဲ့ တပည့်သားတွေဆီကို ရောက်လာခဲ့တယ်။

“အမ်။ ဒီကောင်စုတ်လေး ကောင်းကောင်းတော့ လှုပ်ရှားတာပဲ။”

“နှမြောစရာက နောက်ကျ လွန်းသွားပြီ။”

“လေးခုမြောက် ကောင်းကင်မှာတောင် တစ်နာရီ နီးပါး ကြာတာ ပဉ္စမ ကောင်းကင်က ပိုပြီးတော့ ခက်ခဲတယ်။ ဒီတော့ အနည်းဆုံး ၂နာရီ ကြာမှာပဲ။”

ဒီသတင်းကို ကြားပြီးတဲ့နောက် ကောင်းကင် တာအို တပည့်သားတွေ ပြုံးနေကြတယ်။ ဆဋ္ဌမ အကြီးအကဲလည်း ခေါင်းငြိမ့် နေခဲ့တယ်။ ဒီသတင်းကို မကြားခင်တုန်းက ရေနွေးကို ဆက်တိုက် သောက်နေခဲ့တယ်။ သူ့အမူအယာက အနှောင်အဖွဲ့ကင်းတဲ့ လူတစ်ယောက်လိုပဲ။ ဒီကောင်ကင်ဘုံတွေက အပြောင်းလဲ များလွန်းတယ်။

နောက်ဆုံးတော့လည်း အတွေးအခေါ် အရဆိုရင် ဖန်ကျန်းရှီ ပဉ္စမ ကောင်းကင်ကို ဖြတ်ဖို့က အချိန် ပိုကြာမှာပဲ။ ဒါကို ဘာမှ အံ့သြ နေစရာ မလိုဘူး။

..

မိုးနတ် ရေကန်က ပဉ္စမ ကောင်းကင်ဘုံမှာတော့ ဟော်ချုံးမင်နဲ့ တခြား တပည့်သားတွေ သူတို့ ခေါင်းပေါ်က ပန်းချီကို ကြည့်နေကြတယ်။ ဒီအချိန်မှာပဲ ကောင်းကင်က အသံကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက သူတို့ မြင်ကွင်းထဲကို ဝင်လာတော့တယ်။ တပည့်သား သုံးယောက် ဖန်ကျန်းရှီကို စိုက်ကြည့် နေကြတယ်။

“အမ်။ ဒါက သခင်လေးဖန် မဟုတ်လား။ နောက်ဆုံးတော့ ရောက်လာပြီပေါ့။” ဟော်ချုံးမင် ဆက်ပြောတယ်။ “ဒါပေမယ့် သခင်လေးဖန် နည်းနည်း နောက်ကျနေတယ် မဟုတ်လား။ ရန်ချင်းက ဆဋ္ဌမ ကောင်းကင်ကို ရောက်နေပြီ။ ရန်ချင်းကို အမှီလိုက်ချင်ရင် သခင်လေးဖန် ကြိုးစားဖို့ လိုတယ်။”

“မင်းဘာတွေ ပြောနေတာလဲ။ သခင်လေးဖန်က ရန်ချင်းကို အမှီလိုက်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပဲ။ အစ်မကြီး ချီကူယန်ကို အမှီလိုက်မယ့်သူလေ။” ဟော်ချုံးမင် ဘေးမှာ ရပ်နေတဲ့ လီရွှယ်ကျင်း ရယ်မောရင်း ပြောတယ်။

“အမ်။ အကိုလီသာ သတိမပေးရင် မေ့တော့ မလို့။ ဒါပေမယ့် အစ်မကြီး ချီကူယန်က ခုနှစ်ခုမြောက် ကောင်းကင်မှာ ရောက်နေပြီ။ သခင်လေးဖန် ဘယ်လိုများ အမှီလိုက်ဖို့ စီစဉ်ထားလဲ မသိ။” ဟော်ချုံးမင် ရယ်မောရင်း ပြောပြန်တယ်။

“ဟဟား။ ဘယ်သူ သိမှာလဲ။” လီရွှယ်ကျင်း အော်ရယ်လိုက်တယ်။ သိပ်မကြာခင်ပဲ လီရွှယ်ကျင်းရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ မသင့်တော်တဲ့ အခြေအနေ တစ်ခုကို မြင်လိုက် ရသလိုပဲ။

“ကိစ္စ မရှိပါဘူး။ ဖြည်းဖြည်းပေါ့။ ကြိုးစားရင် မျှော်လင့်ချက် ရှိပါတယ်။ ဆိုရိုးစကားတောင် ရှိသေးတယ် မဟုတ်လား။ ဆန္ဒရှိရင် နည်းလမ်းလည်း ရှိတယ်တဲ့။ ငါ့အထင်တော့ သခင်လေးဖန်က။ အမ်။ အကိုလီ ဘာဖြစ်တာလဲ။” ဟောချုံးမင် ပြောနေတဲ့ အချိန် သူ့အကျီကို လီရွှယ်ကျင်းက လှမ်းဆွဲတာ ခံလိုက်ရတယ်။

“တစ်ခုခု ထူးဆန်းနေတယ်။” လီရွှယ်ကျင်းရဲ့ အသံက မကျယ်ဘူး။ ဟော်ချုံးမင် တစ်ယောက် ကောင်းကောင်း ကြားနိုင် လောက်ရုံပဲ။

“ထူးဆန်းတယ်။ ဘာထူးဆန်း။” ဟော်ချုံးမင် မေးတော့မယ့် အချိန်မှာ သူ့ခန္ဒာကိုယ် တစ်ခဏတာ တုန်ယင်သွားတယ်။ ဖန်ကျန်းရှီ ထူးဆန်း နေတာကို လီရွှယ်ကျင်း သတိပေးလိုက်မှ သတိ ထားမိသွားတယ်။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တစ်ခုလုံးမှာ ရွှေရောင် စာလုံးတွေ အပြည့် တလက်လက် တောက်ပနေတယ်။ ပိုပြီး ထူးဆန်းတာက ဖန်ကျန်းရှီရဲ့ မျက်လုံးတွေပဲ။ လုံးဝကို ထွင်းဖောက် မြင်ရတဲ့ မျက်ဝန်းတွေ။ ရေလို ကြည်လင် နေတယ်။ ဒါ့အပြင် ဒီမျက်ဝန်းတွေထဲမှာ ပြောင်းလဲနေတဲ့ ပုံရိပ်တွေကို မြင်နေရတယ်။ ပန်းချီ တစ်ချပ်။ သူတို့ ခေါင်းပေါ်က ပန်းချီကားလိုပဲ။

“ဘာ ဘာတွေ ဖြစ်နေတာလဲ။“ ဟော်ချုံးမင် လန့်သွားတယ်။ သူ့မျက်စိရှေ့ မြင်ကွင်းက အရမ်းကို ထူးဆန်း လွန်းနေတယ်လေ။ ရွှေရောင် သင်္ကေတ တွေကိုတော့ ဟော်ချုံးမင် နားလည်တယ်။ ဒါပေမယ့် ကောင်းကင်က ပန်းချီကားကို ဖန်ကျန်းရှီရဲ့ မျက်ဝန်းမှာ မြင်နေရတာ နားမလည် နိုင်ဘူး။

“ဖန်ကျန်းရှီ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံလိုက် ရပြီလို့ ထင်နေတယ်။ ဒါပေမယ့် ဒီလို ကိစ္စက ဘယ်လို ဖြစ်နိုင်တာလဲ။” လီရွှယ်ကျင်း မျက်မှောင်ကြုတ်ရင်း ပြောတယ်။

“မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံရတယ်လို့ ပြောနေတာလား။ မဖြစ်နိုင်တာပဲ။”

“ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဒါပေမယ့်။”

“အကိုလီ။ ဒီကောင်စုတ်က ငါတို့တွေကို လှည့်စားဖို့ ကြံနေတာကော မဖြစ်နိုင်။” ဟော်ချုံးမင် စကားတောင် ဆုံးအောင် မပြောလိုက်ရဘူး။

“ဖန်ကျန်းရှီ ဆဋ္ဌမ ကောင်းကင်ကို ဝင်ပြီ။”

“ဖန်ကျန်းရှီ။”

“…..”

ဟော်ချုံးမင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ သူ့စကားတောင် ဆုံးအောင် မပြောနိုင်လိုက်ဘူး။ အသက်ရှူဖို့တောင် ခက်ခဲလာတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ ဟော်ချုံးမင် အပြင်၊ လီရွှယ်ကျင်းနဲ့ တခြား တပည့်သားတွေလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။

“ဆဋ္ဌမ ကောင်းကင်။”

“သူ ဒီရောက်တာ ဘယ်လောက် ကြာသေးလို့။”

“သရဲ။ အဲ့တာ သရဲပဲ။”

မိနစ်ဝက်လောက် ကြောင်အ နေပြီး နောက်ဆုံးမှာတော့ သူတို့ အသံထွက်လာခဲ့တယ်။

တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးတော့ မသဲမကွဲ စကားတွေ ပြောနေကြတယ်။ နောက်ဆုံး စကားတစ်ခွန်းကို အတူတူ ပြောမိကြတယ်။

“ထူးဆန်းလိုက်တာ။”

…..

ဟော်ချုံးမင်၊ လီရွှယ်ကျင်းနဲ့ တခြားသူတွေ အတွက်တော့ ဖန်ကျန်းရှီက တကယ့်ကို မကောင်းဆိုးဝါး တစ်ကောင်ပဲ။ သူတို့တွေ တခြား ဖြစ်နိုင်ချေကို မတွေးတတ်တော့ဘူး။ လေးခုမြောက် ကောင်းကင်မှာ တစ်နာရီ လုံးလုံး ကြာခဲ့ပေမယ့်။ ငါးခုမြောက် ကောင်းကင်ကို စက္ကန့်ပိုင်းနဲ့ ဖြေရှင်းသွားတယ်။ ပုံရိပ်လွှာကို တစ်ချက်ပဲ ကြည့်ပြီးတော့ ဖြေရှင်း သွားခဲ့တယ်။

ဒါ့ထက် ပိုပြီးတော့ နားမလည် နိုင်စရာ အခြေအနေ ထပ်ရှိ အုန်းမှာလား။ ပိုပြီး အရေးကြီးတာ ဒီဖြစ်ရပ်က သူတို့ မျက်စိရှေ့မှာ ဖြစ်သွားတာပဲ။ သူတို့နဲ့ ခြေလှမ်း နည်းနည်းလေး အကွာမှာ ဖြစ်သွားခဲ့တာ။

“သရဲတဲ့လား။” ဖန်ကျန်းရှီ ပဉ္စမ ကောင်းကင်ဘုံက မထွက်ခွာခင် အချိန်မှာ သူတို့ကို စိတ်ပျက် လက်ပျက် ကြည့်သွားခဲ့တယ်။ တကယ်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်သွားခဲ့တယ်။ ဟော်ချုံးမင် တောင်းဆိုတဲ့ ပြိုင်ပွဲ ဆိုတာကို ပြန်ဖြေဖို့တောင် ပျင်းနေတဲ့ ပုံစံပဲ။ တကယ်တော့ ရွံ့ဦးနှောက်နဲ့ ငှက်တွေလို လူတွေနဲ့ အချိန်ဖြုန်းဖို့က မတန်ဘူးလေ။

“ခုနှစ်ခုမြောက် ကောင်းကင်။ ချီကူယန် ငါ့ကို စောင့်နေလိုက်။ ငါအခု လာနေပြီ။ ငါ့ကို အလယ် ကောင်းကင်ဘုံ သုံးခုရဲ့ အမှန်တရားကို မပြောဘူး။ အလကား သက်သက် စတုတ္ထ ကောင်းကင်မှာ ပိတ်မိပြီး အချိန်ကုန်အောင် ထောင်ချောက် ဆင်သွားတယ်။ လူလိမ်မ။” ဖန်ကျန်းရှီ စိတ်ဓာတ်ကျ နေခဲ့တယ်။

ချီကူယန်က လျှို့ဝှက်ချက်တွေ အကြောင်းကို သိမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါတောင် သူ့ကို နည်းနည်းတောင် အရိပ်အမြွက် မပေးခဲ့ဘူး။ အချိန်အကြာကြီး အလကား ပိတ်မိ နေစေတယ်။ နာကျင်စရာ ကောင်းလိုက်လာ။

ဖန်ကျန်းရှီ ဆုံးဖြတ် ခဲ့ပြီးပြီ။ စတုတ္ထ ကောင်းကင်မှာ ခံစားခဲ့ရတဲ့ နာကျင်မှုကို ချီကူယန်လည်း ခံစား စေရမယ်။ ဖက်ကိုက်ရမယ် ဆိုရင်တောင် လုပ်ကို လုပ်ပြစ်မယ်။

…..

ဆဋ္ဌမ ကောင်းကင်မှာတော့ ရန်ချင်းက အားကုန် စိုက်ထုတ် နေခဲ့တယ်။ သူ့ခေါင်းပေါ်က ပြောင်းလဲ နေတဲ့ အခြေအနေကို သေချာ စိတ်နှစ်ရင်း စောင့်ကြည့် နေခဲ့တယ်။ ကျောက်တုံး ရုပ်တုနက်ကြီး တစ်ခုလိုပဲ။

ဒါပေမယ့် ဖန်ကျန်းရှီ ရောက်လာတဲ့ သတင်းက ကောင်းကင်မှာ ထွက်ပေါ်လာတယ်။ ကျောက်တုံး ရုပ်တုနက်ကြီး နည်းနည်းတော့ လှုပ်ရှား သွားခဲ့တယ်။ ရန်ချင်း တစ်ချက် လှည့်ကြည့်တယ်။

“မင်း။” ရန်ချင်း အံ့သြ နေတဲ့ ပုံစံပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ထွက်ပေါ် လာတာကို မြင်တော့ သူ့မျက်ဝန်းတွေ ပြူးကျယ် ဝိုင်းစက်တဲ့အထိ အံ့သြ နေခဲ့တယ်။

“ဒီလောက် အံ့သြ နေစရာ မလိုပါဘူး။ ငါက ဖြတ်သွားရုံပဲ။” ဖန်ကျန်းရှီ ပါးစပ် နားရွက် တက်ချိတ် မတတ် ပြုံးပြရင်း ပြောတယ်။

ဘာကြောင့်မှန်းတော့ သူမသိဘူး။ သူ့ရှေ့ ရန်ချင်းကို အရင်ကလောက်တော့ ရွံ့ရှာတာ မရှိတော့ဘူး။ အနည်းဆုံးတော့ သူ့မှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတယ်လေ။ အံ့ဖွယ် တောအုပ်ထဲမှာ ရန်ချင်း လုပ်ခဲ့တဲ့ အပြုအမူတွေက သက်သေပဲ။ သူ့ခန္ဒာကိုယ်က မာကြောလွန်းတဲ့ အပြင် သေရမှာကိုလည်း နည်းနည်းတောင် မကြောက်ဘူး။ ဒါက ဖန်ကျန်းရှီကို တကယ် လန့်စေတယ်။

ခေါင်းကို သစ်ပင်ကြီး တစ်ပင်နဲ့ ထုခံလိုက်ရတာ ဘယ်လို ခံစားချက် ရှိမလဲ။ ဖန်ကျန်းရှီ ဘယ်တုန်းကမှ မလုပ်ခဲ့ ဖူးဘူး။ ဒါပေမယ့် ရန်ချင်းကတော့ လုပ်ခဲ့တယ်။ ဖန်ကျန်းရှီ ဘယ်လောက်ပဲ ကြိုးစားပြီးတော့ တားဆီးပါစေ၊ ရန်ချင်းက တစ်ချက်ပဲ လှုပ်ရှားတယ်။ သူ့ခေါင်းကို သုံးပြီးတော့ တိုက်ခိုက်ခဲ့တယ်။ နည်းနည်းလေးတောင် မတွေေ၀ ခဲ့ဘူး။

ဒါကြောင့် ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ ဒီလောကမှာ အရိုးတွေ ကျိုးကျေပြီးတော့ သွေးထွက်မှာ မကြောက်တဲ့သူ တကယ် ရှိတာပဲ။ ကောင်းကင် ကိုးဘုံမှာလည်း ရန်ချင်းက သူ့အရည်အချင်းတွေကို ထုတ်ပြခဲ့တယ်။

သူ့ရဲ့ ခေါင်းမာမာက ဖျက်ဆီးတဲ့ နေရာတင် တော်တာ မဟုတ်ဘူး။ ပြဿနာတွေကို စဉ်းစား ဖြေရှင်းတဲ့ နေရာမှာလည်း အသုံးဝင်တယ်။

“ဖြတ်သွားတဲ့သူ၊” ဖန်ကျန်းရှီရဲ့ အတွေးတွေကို ရန်ချင်း နားမလည်ဘူး။ ဖန်ကျန်းရှီ ပြောတဲ့ စကားကိုလည်း သူနားမလည်ဘူး။ ဒါပေါ့။ စကားရဲ့ တိုက်ရိုက် အဓိပ္မာယ်ကို နားလည်ပေမယ့် နောက်ကွယ် အဓိပ္မာယ်ကို နားမလည်တာ။

သူ့ရဲ့ တွေဝေမှုက သိပ်ကြာကြာ မခံခဲ့ဘူး။ သူ့အာရုံကို ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်မှာ ရှိတဲ့ ရွှေရောင် သင်္ကေတတွေက ဖမ်းစားသွားတယ်။ သိပ်မကြာခင်ပဲ ထူးဆန်းတဲ့ မျက်ဝန်း တစ်စုံကို မြင်လိုက်ရတယ်။ ရေလို ကြည်လင်နေတဲ့ မျက်ဝန်းတွေ။ ဒီမျက်ဝန်းတွေထဲမှာ သူကြည့်နေခဲ့ ပုံရိပ်လွှာကို မြင်နေရတယ်။

“အမ် မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံရတာလား။” နန်ကုန်းမုနဲ့ တိုက်ခိုက်နေတဲ့ အချိန်တုန်းက မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံရတာကို သူမြင်ခဲ့ရတယ်လေ။ ဒါကြောင့် ဒီအတွေးက သူ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်။

သိပ်မကြာခင်ပဲ သူ့အတွေးက ပျောက်ကွယ် သွားတယ်။ သူတို့က မိုးနတ် ရေကန်မှာ ရှိနေတာ၊ မြင့်မြတ် စာလုံးတွေ တည်ရှိတဲ့ နေရာ မဟုတ်ဘူး။ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင်တာ မဟုတ်ရင် ဒါက ဘာလဲ။ ပုံမှန် အတိုင်းဆိုရင် ပြိုင်ပွဲ တစ်ခု ပြိုင်နေတဲ့ အချိန် ရန်ချင်းက သူ့ပြိုင်ဘက် အခြေအနေကို ထည့်မတွေး တတ်ဘူး။ ဒါပေမယ့် အခုလို အထူး အခြေအနေမှာတော့ သူ့ကိုယ်သူ မရပ်တန့်နိုင်ဘူး။

ဒီအချိန်မှာပဲ နားထဲကို အသံ တစ်သံ ဝင်လာခဲ့တယ်။

“ငါအရင် သွားတော့မယ်။ ဖြည်းဖြည်း အချိန်ယူပြီး ကြည့်လိုက်အုန်း။” ဖန်ကျန်းရှီ စကား ပြောနေတဲ့ အချိန်မှာပဲ ကောင်းကင်က နောက်ထပ် အသံ ထွက်ပေါ်လာတယ်။

“ဖန်ကျန်းရှီ သတ္တမ ကောင်းကင်ကို ဝင်ပြီ။”

“ဖန်ကျန်းရှီ သတ္တမ ကောင်းကင်ကို ဝင်ပြီ။”

“…”

အပိုင်း (၇၀၈) ပြီး၏။

အပိုင်း (၇၀၉)

“အစေခံ တစ်ယောက်ရဲ့ နားလည်မှု”

“သတ္တမ ကောင်းကင်ဘုံ။” ရန်ချင်း နားထဲကို ခမ်းနားတဲ့ အသံ တစ်သံ ဝင်ရောက်လာ ခဲ့တယ်။ သူ့မျက်ဝန်းတွေ မယုံကြည် နိုင်မှုကြောင့် ပြူးကျယ် နေခဲ့တယ်။ သူနောက်ထပ် တည်ငြိမ် မနေတော့ဘူး။

ဖြတ်သွားတယ်တဲ့။ ခုနှစ်ခုမြောက် ကောင်းကင်ကို ရောက်သွားပြီ။

ဒီအချိန်မှာသာ ရန်ချင်းက ဖန်ကျန်းရှီ ပြောတာကို နားမလည်ဘူး ဆိုရင်၊ နံရံနဲ့ ခေါင်းနဲ့ ဆောင့်ပြီးတော့ သေသင့်ပြီ။ ဒါပေမယ့် နားလည်တာက အစိတ်အပိုင်း တစ်ခုပဲ။ နားလည်ဖို့ ခက်ခဲတဲ့ အခြေအနေမှာ ဒါကို လက်ခံဖို့ တွေေ၀ နေခဲ့တယ်။

ဒါပေမယ့် အချိန် တစ်ခဏတာ အတွင်းမှာ ပုံမှန် အခြေအနေကို ပြန်ရောက် သွားခဲ့တယ်။ သူ့ရဲ့ အကြည့်က ပန်းချီကားပေါ်ကို ပြန်ရောက်တယ်။ ပါးစပ်က စကား တစ်ခွန်းကို မထိန်းချုပ်နိုင် ခပ်တိုးတိုး ပြောနေခဲ့တယ်။

“သူ ဘယ်လိုတောင် လုပ်လိုက်တာလဲ။”

…..

မိုးနတ် ရေကန် အပြင်ဘက်မှာတော့ ပျော်ရွှင်နေတဲ့ သူတွေ ပြည့်ှနှက်နေတယ်။ ဒါပေမယ့် ပျော်ရွှင်နေတဲ့ အချိန် ကာလနဲ့ မကိုက်ညီစွာပဲ ချွေးသံ တရွဲရွဲနဲ့ လူတစ်ယောက် အဝေးကနေ ပြေးလာနေတယ်။

“ဆဋ္ဌမ အကြီးအကဲ။ အကြီးအကဲ။ မကောင်းတော့ဘူး။” ဒါက မိုးနတ် ရေကန် အခြေအနေကို စောင့်ကြည့်နေတဲ့ တပည့်သားဝမ်။ စစချင်းမှာတော့ ပျော်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်စိရှေ့က မြင်ကွင်းကို မြင်ပြီးတဲ့ နောက်မှာတော့ မပျော်နိုင်တော့ဘူး။ အထိတ်တလန့်နဲ့ ပြေးလာတာတော့ သတင်းလာပို့တယ်လို့ ပြောဖို့တောင် မေ့နေခဲ့ပြီ။

“ဘာဖြစ်တာလဲ။” ဆဋ္ဌမ အကြီးအကဲ လက်တွေကို ဝေ့ယမ်းပြရင်း တပည့်သား ဝမ်ကို စိတ်အေးအေး ထားခိုင်းတယ်။ အဲ့ဒီ့နောက် အေးအေးဆေးဆေး ရေနွေး သောက်နေတယ်။

“ဖန် ဖန်ကျန်းရှီ ဆဋ္ဌမ ကောင်းကင်ဘုံကို ဝင်သွားပြီ။” တပည့်သားဝမ် စိတ်ထိန်း ပေမယ့်လည်း မလုပ်နိုင်ခဲ့ဘူး။

“ဖူး။” ဆဋ္ဌမ အကြီးအကဲ ရေနွေးတွေကို ထွေးထုတ်မိတယ်။ တပည့်သားဝမ်ရဲ့ မျက်နှာကို တည့်တည့် စင်သွားတယ်။ အဲ့ဒီ့နောက် အဆက်မပြတ် ချောင်းဆိုးရင်းနဲ့ အထိတ်လန့် မေးတယ်။ “အဟွတ် ဟွတ်။ မင်း ဘာပြော လိုက်တယ်။”

“ဖန်ကျန်းရှီက ဆဋ္ဌမ ကောင်းကင်ဘုံကို ရောက်သွားတာ အမှန်ပါပဲ။ စက္ကန့်ပိုင်းပဲ ပဉ္စမ ကောင်းကင်ဘုံမှာ နေပြီးတော့ ဖြတ်သွား ခဲ့ပါတယ်။” တပည့်သားဝမ် သူ့မျက်နှာပေါ်က ရေနွေးတွေကို မသုတ်ပဲနဲ့ ပြန်ဖြေတယ်။

“ဆဋ္ဌမ ကောင်းကင်ဘုံ။ စက္ကန့်ပိုင်းပဲ ကြာတယ်။ ဘယ်လို ဖြစ်နိုင်မှာလဲ။” အကြီးအကဲ ဒီသတင်းကြောင့် တုန်ယင် နေခဲ့တယ်။ ပတ်ဝန်းကျင်က ကောင်းကင် တာအို တပည့်သားတွေလည်း အတူတူပဲ။ ဒါပေမယ့် တပည့်သားဝမ် ပြောတာကို သူတို့ ကောင်းကောင်း နာလည်တယ်။ ဒီလို ဟာသမျိုးနဲ့ လာစနောက်မှာ မဟုတ်မှန်း ပိုလို့တောင် သိသေးတယ်။

“ဆဋ္ဌမမြောက် ကောင်းကင်ဘံဆို အစ်မကြီး ချီကူယန်နဲ့ ကောင်းကင်ဘုံ တစ်ခုပဲ ကွာတော့တယ်။”

“ဘယ်လို ဖြစ်နိုင်မှာပဲ။ လေးခုမြောက် ကောင်းကင်မှာတော့ တစ်နာရီကျော် ကြာတာကို ပဉ္စမ ကောင်းဘကင်ကျမှ ဘာဖြစ်လို့ ခဏလေး ကြာတာလဲ။”

“ငါမယုံနိုင်ဘူး။ ဘယ်လိုကြောင့်များ ဒီလို ကိစ္စ ရှိနိုင် ရတာလဲ။”

တပည့်သားတွေ ဒီအဖြစ်ကို လက်မခံ နိုင်ကြသေးဘူး။ ဒီလို ထူးဆန်းတဲ့ အခြေအနေက ဘယ်လိုများ ဖြစ်တာလဲ။

သူတို့တွေ မယုံနိုင် ဖြစ်နေတဲ့ အချိန်မှာပဲ အဝေးကနေ လူတစ်ယောက် ပြေးလာပြန်တယ်။ သူကလည်း မိုးနတ် ရေကန်ကို စောင့်ကြည့်နေတဲ့ နောက်ထပ် တပည့်သား တစ်ယောက်ပဲ။

“ဆဋ္ဌမ အကြီးအကဲ။ ဆဋ္ဌမ အကြီးအကဲ။” တပည့်သားလျှို့လည်း တပည့်သား ဝမ်လိုပဲ စိုးရိမ် နေခဲ့တယ်။ ဒါပေမယ့် သူက အခြေအနေ ပိုဆိုးတယ်။ ဆဋ္ဌမ အကြီးအကဲဆီကို မရောက်ချင် မြေပြင်ပေါ်ကို လဲကျ သွားခဲ့တယ်။ “ဝုန်း။” ဒါပေမယ့် သူ့ရဲ့ စိတ်ကိုတော့ ဒီလဲကျ သွားတာက မတားဆီး နိုင်ခဲ့ဘူး။ လဲကျ ပြီးတဲ့နောက် မြေကြီးပေါ်မှာ တွားသွားရင်း မတ်တပ် ပြန်ရပ်တယ်။ ဆဋ္ဌမ အကြီးအကဲဆီ မရောက်ရောက်အောင် လာတယ်။

“အခု ဘာဖြစ် ပြန်တာလဲ။” တပည့်သားလျှို့ရဲ့ ကြောက်လန့် တကြား အခြေအနေကို သူချက်ခြင်း သတိထားမိတယ်။

“ဆဋ္ဌမ အ အကြီးအကဲ။ ဖန် ဖန် ဖန်ကျန်းရှီက သတ္တမ ကောင်းကင်ဘုံကို ဝင်သွားပါပြီ။” တပည့်သားလျှို့ရဲ့ နောက်ဆုံး စကားကို ကြားကြားချင်း လူတိုင်း တိတ်ဆိတ်သွားခဲ့တယ်။ မိုးနတ် ရေကန် တစ်ခုလုံး ထူးထူးဆန်းဆန်းကြီးကို တိတ်ဆိတ် သွားခဲ့တယ်။ အချိန်တွေတောင် ရပ်တန့် သွားသလိုပဲ။ လူတိုင်းရဲ့ အမူအယာတွေလည်း မပြောင်းမလဲ ငြိမ်သက် နေခဲ့တယ်။

ဆဋ္ဌမ ကောင်းကင်ဘုံကို ဖန်ကျန်းရှီ ဝင်သွားတဲ့ သတင်းက ဘယ်လောက်တောင် ကြာသေးလို့လဲ။ စကားတစ်ခွန်း နှစ်ခွန်း ပြောချိန်လောက်ပဲ ရှိသေးတာလေ။ ဒီလို အဖြစ်မျိုး တကယ်ပဲ ဖြစ်နိုင်တာလား။

“ခွမ်း။” အကြီးအကဲရဲ့ ရေနွေးခွက် ကြမ်းပြင်ပေါ်ကို ပြုတ်ကျပြီး ကွဲသွားခဲ့တယ်။ အသံက မကျယ်လောင်ပေမယ့် အရမ်း တိတ်ဆိတ်နေတဲ့ အချိန်မှာတော့၊ ဒီအသံက နားအူ သွားစေတယ်။

“မင်းဘာပြောတာလဲ ပြန်ပြောစမ်း။” ဆဋ္ဌမ အကြီးအကဲ ချက်ခြင်း သူ့ရှေ့က တပည့်သားလျှို့ကို ဆွဲထူတယ်။

“ဖန် ဖန်ကျန်းရှီက သတ္တမ ကောင်းကင်ဘုံကို ဝင်သွားပါပြီ။ အဲ့တာ အမှန်ပါပဲ။” တပည့်သားလျှို့က နီရဲနေတဲ့ မျက်နှာနဲ့ ပြောတယ်။

“ဒါ ဒါ။” ဆဋ္ဌမ အကြီးအကဲ ပါးစပ်တွေ လှုပ်သွားခဲ့တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး တုန်ယင် နေခဲ့တယ်။ အချိန်မရွေး လဲပြို သွားတော့မယ့် ပုံစံလိုပဲ။ ပတ်ဝန်းကျင်က ကောင်းကင် တာအို တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြတယ်။ အကုန်လုံး အမူအယာ အတူတူပဲ။ ထိတ်လန့် နေကြတယ်။

…..

မိုးနတ် ရေကန် အထဲမှာလည်း အခြေအနေ အတူတူပဲ။ ဒီသတင်းကို ဘယ်သူမှ မယုံချင်ကြဘူး။ ဒါပေမယ့် ကောင်းကင်ကနေ ထွက်ပေါ်နေတဲ့ အသံကြောင့် အမှန်တရားက သိသာနေတယ်။ ဖန်ကျန်းရှီက တကယ်ပဲ ချီကူယန်နဲ့ ကောင်းကင်ဘုံ အတူတူမှာ ရောက်သွားခဲ့ပြီ။

“သတ္တမ ကောင်းကင်၊ သတ္တမ ကောင်းကင်ဘုံ။” ဟော်ချုံးမင်က လီရွှယ်ကျင်းကို လှည့်ကြည့်ရင်း မြေပြင်ပေါ်ကို လဲကျ သွားခဲ့တယ်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။” လီရွှယ်ကျင်း ပြောမိတယ်။ သူ့မျက်နှာက ဖြူဖျော့ နေခဲ့တယ်။ တပည့်သားတွေရဲ့ အကျီပေါ်ကို နှင်းစက်လေးတွေက ဆက်တိုက် ကျဆင်းနေတယ်။ သူတို့ ဝတ်ရုံ အောက်ဘက်တွေကို ဖြတ်သန်းပြီးတော့ လေပြည်ညင်းက တိုက်ခတ် နေခဲ့တယ်။ နှင်းမိုးစက်တွေက မသည်းထန်ဘူး။ ဒါပေမယ့် အရမ်းကို အေးစိမ့်တယ်။

နှလုံးသား တစ်ခုလုံး ခိုက်ခိုက်တုန်လောက်အောင် အေးတယ်။

သတ္တမ ကောင်းကင်ဘုံမှာလည်း နှင်းမိုးတွေ ဆက်တိုက် ရွာကျနေတယ်။ ကျောက်စိမ်းဖြူ ကျောက်တုံးတွေပေါ်ကို ကျရောက်တယ်။ ဒီနေရာက အလယ် ကောင်းကင်သုံးဘုံနဲ့ ကွာခြားတယ်။ ဒီမှာ တိုက်ပွဲတွေ စစ်မြေပြင်တွေ သွေးတွေ မရှိဘူး။ ပထမ ကောင်းကင် သုံးဘုံလိုလည်း မြက်ပင်တွေ သစ်ပင်တွေ မရှိဘူး။

သူတို့ မျက်စိရှေ့မှာ ကျောက်စိမ်းဖြူ ကျောက်တုံးတွေပဲ ရှိတယ်။ အလယ်မှာ ကျောက်စိမ်းတိုင်လုံးကြီး ခုနှစ်ခု။ တစ်ခုချင်းစီတိုင်းက တိရစ္ဆာနဲ့ ငှက်တွေပုံစံ ထွင်းထု ထားတာတွေ ရှိတယ်။ ကျောက်စိမ်း မဏ္ဍိုင်ကြီးတွေရဲ့ အရှေ့မှာတော့ လူတစ်ယောက် ရပ်နေခဲ့တယ်။ သူမကြောင့် အဖြူရောင် တိုင်လုံးတွေက ပန်းနုရောင် စွန်းထင်း နေခဲ့တယ်။

တခြား တပည့်သားတွေလို ထိတ်လန့်နေတဲ့ ပုံစံတော့ မရှိခဲ့ဘူး။ ခေါင်းတစ်ချက် စောင်းကြည့်တယ်။ အနားနီးကပ်လာတဲ့ လူကို တစ်ချက်ကြည့်တယ်။ ဆုတ်ပြဲနေတဲ့ အပြာရောင် ဝတ်ရုံနဲ့လူ။ သူ့ပုံစံက ထူးဆန်းနေတယ်။ ပုံမှန်အတိုင်းဆိုရင် သူ့ပုံစံက အတော်လေး ကြည့်ကောင်းတယ်လို့ ပြောရမှာပဲ။

တကိုယ်လုံးကို ရွှေရောင် သင်္ကေတတွေက ဖုံးလွှမ်းထားတယ်။ ကြည့်ကောင်းရုံတင် မကဘူး။ တောက်လည်း တောက်ပ နေခဲ့တယ်။ ဒါပေမယ့် ဒီတောက်မှုက သိပ်မကြာဘူး။ ရွှေရောင် သင်္ကေတတွေ တဖြည်းဖြည်း ပျောက်ကွယ် လာတယ်။ မိုးကောင်းကင် ကြွေကျလာတဲ့ ကြယ်တစ်စင်းလိုပဲ။ တစ်ခဏချင်း ပျောက်ကွယ် သွားခဲ့တယ်။

“အိပ်ယာနွေးအောင် လုပ်ရမယ့် အစေခံ ခေါင်းဆောင် ဖြစ်နေပြီးတော့ နည်းနည်းတော့ နားလည် ထားရမယ် မဟုတ်လား။” ဖန်ကျန်းရှီရဲ့ အသံ လေထဲမှာ ထွက်ပေါ်လာတယ်။

“အိပ်ယာနွေးအောင် လုပ်ရမယ့် အစေခံ ခေါင်းဆောင်တဲ့လား။” ချီကူယန်ရဲ့ အမူအယာက နောက်ဆုံးမှာတော့ ပြောင်းလဲ လာတယ်။ ဒါပေမယ့် နည်းနည်းပဲ။ နှုတ်ခမ်းထောင့်တွေ ကွေးသွားတဲ့ အထိ သူမ ပြုံးပြခဲ့တယ်။ “ဒါဆိုရင် ဒီနိမ့်ကျတဲ့ အစေခံကို အစေခံ ခေါင်းဆောင်ကြီးက မေးပါရစေ။ ဘာကို ဘယ်လိုများ နားလည် သင့်တာပါလဲ။”

“ကြည့်ရတာ မင်းက လက်လျှော့ချင်တဲ့ ပုံစံပဲ။” ဖန်ကျန်းရှီ ဒါကိုကြားတော့ နည်းနည်းတော့ တုန်လှုပ် သွားခဲ့တယ်။ ဒါပေမယ့် စကား ပြောပြီ ဆိုမှတော့ နည်းနည်းလောက် ပိုပြီး ဖိနှိပ်ဖို့ ကြိုးဟား ရမှာပေါ့။

“ဘာဖြစ်လို့ ငါက လက်လျှော့ ရမှာလဲ။” ချီကူယန် ပြန်မေးတယ်။

“ငယ်ငယ်တည်းက အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာကို ဖြေရှင်းတာ မင်းထက် ငါက ပိုတော်တယ်လေ။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။ ဒီအချိန်မှာတော့ ဖန်ကျန်းရှီက အလယ် ကောင်းကင် သုံးဘုံရဲ့ လျှို့ဝှက်ချက်ကို နားလည် သွားပြီလေ။

တိုက်ပွဲ ပုံရိပ်တဲ့၊ အဲ့တာတွေက အယောင်ပြပဲ။ တကယ်တော့ လေးခုမြောက် ကောင်းကင်ကနေ ခြောက်ခုမြောက် ကောင်းကင်အထိ ပုံရိပ်တွေ့ အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာတွေပဲ။ ဒါက သူကလေးဘဝတုန်းက တောင်ဘက်ရွာမှာ တွေ့ခဲ့တဲ့ ပုံရိပ်နဲ့တော့ ယှသ်လို့ မရဘူး။

ဒီအချက်ကို စောစောတည်းက စဉ်းစား ခဲ့မိသင့်တာ။ ဒါပေမယ့် သူ့ကိုယ်သူ လူသတ်ချင်စိတ်က ကင်းလွတ်ဖို့ပဲ တွေးနေခဲ့တယ်။ ပန်းချီကားထဲက ပုန်းကွယ်နေတဲ့ အဓိပ္မာယ်ကို ရှာဖွေတယ်။ အချိန် ကြာလာတော့ သူမှားနေတာကို နားလည်သွားတယ်။

ပန်းချီကားက ဒီအတိုင်းဆိုရင် အသုံးမဝင်ဘူး။ ပန်းချီကားကို ကြည့်နေတဲ့ လူအပေါ်မှာပဲ မူတည်တယ်။ ကြည့်နေသူရဲ့ နှလုံးသားကို ရောင်ပြန်ဟပ်စေတယ်။ ဒီလို အတွေးအခေါ်က ရှုပ်ထွေးတယ် ထင်ရပေမယ့် နားလည်သွားတဲ့ အချိန်မှာတော့ ရှင်းပါတယ်။ ဖန်ကျန်းရှီ ကလေးဘဝတည်းက နှလုံးသား တာအိုကို စိုက်ပျိုးခဲ့ရတယ်။

ဒါကို နားလည် သွားပြီးတဲ့နောက် လေးခုမြောက် ကောင်းကင်က တိုက်ပွဲ ပုံရိပ်ကို နောက်တစ်ခေါက် ပြန်ကြည့်တယ်။ ထူးဆန်းတဲ့ ခံစားချက်က အရမ်းကို ပြင်းထန်လွန်းတယ်။ ပုံရိပ်လွှာက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာကနေလာတယ်။ ဒါက ဖန်ကျန်းရှီ ငယ်ငယ်တည်းက သိတဲ့ ကိစ္စပဲ။ ဒါပေမယ့် ကြီးမြတ်သော ရှမင်းဆက်မှာ သူဖြေရှင်း ခဲ့တာက မူလ ကျောက်ဖျာကို ပွားယူ ထားတာ။ အခုတစ်ခုကလည်း ကျောက်ဖျာပေါ်မှာ ထွင်းထုထားတဲ့ ပန်းချီကား တစ်ချပ်ပဲ။

အပိုင်း (၇၀၉) ပြီး၏။

အပိုင်း (၇၁၀)

“အံ့ဖွယ် တန်ပြန် တိုက်ခိုက်မှု။”

အစကတော့ ဒီဖြစ်စဉ်ကို ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာက ကျောက်တုံးလည်း မဟုတ်ဘူး။ ထိတွေ့လို့ ရတဲ့ ပစ္စည်း တစ်ခုခုလည်း မဟုတ်ရင်၊ အဲ့တာက ဆက်တိုက် လှည့်ပတ်နေတဲ့ ကိစ္စ တစ်ခုလား။

ဘယ်လိုများ ဒါကို အရာ အားလုံး ပုံရိပ်လွှာထဲ ထည့်ထား နိုင်တာလဲ။ ဒီမေးခွန်းက သူ့စိတ်ထဲမှာ နှစ်ပေါင်း များစွာ ဝင်ရောက် ကြိးစိုး နေခဲ့တယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာကို ရတဲ့အထိ ဒီမေးခွန်းကို မဖြေနိုင်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ သူ နားလည်သွားပြီ။

ကောင်းကင် တာအို ကျောက်ဖျာကော အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာကော နှစ်ခုလုံးက ဆက်တိုက် ပြောင်းလဲ လှည့်ပတ်မှုတွေ ပါဝင်နေတယ်။ ကြည့်ရှုသူရဲ့ စိတ်တွင်း အတွေးအမြင်မှာ မူတည်တယ်။ ထုံးစံအတိုင်း ကျောက်ဖျာပေါ်မှာ ဒါတွေ အားလုံးကို မှတ်တမ်းတင်ထားဖို့ မဖြစ်နိုင်ဘူး။

ဒီတော့ အသိပညာမြင့် မျိုးစိတ်တွေ ဖြစ်တဲ့ လူသားတွေက အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာကို ဖော်ပြဖို့ နည်းလမ်း တစ်ခုကို စဉ်းစားခဲ့တယ်။ ရိုးရှင်းတဲ့ နည်းလမ်းကတော့ မတူညီတဲ့ မျိုးစိတ်တွေနဲ့ တိရစ္ဆာန်တွေကို တစ်နေရာတည်းမှာ သိုလှောင်လိုက်တယ်။ ဒီလိုနဲ့ စက်ဝိုင်းတွေ၊ တြိဂံတွေ၊ စတုဂံတွေကို ပုံစံမျိုးစုံ ထည့်ပြီးတော့ လှည့်ပတ်စေတယ်။ သူတို့တွေကို တိကျတဲ့ ဖြစ်တည်မှု တစ်ခုမှာ နေသားတကျ ဖြစ်နေစေဖို့ မျဉ်းကြောင်း တစ်ကြောင်း သုံးတယ်။

နောက်တော့ တိကျတဲ့ အမှတ်တွေနဲ့ ပန်းချီတွေကို ကျောက်တုံးနက်ပေါ်မှာ အစဉ်အတိုင်း ထွင်းထုလိုက်တယ်။ ဒီလိုနဲ့ ကြည့်နေသူရဲ့ မျက်ဝန်းထဲမှာ အသက်ဝင်လာတာပဲ။ ဒါပေါ့။ လေးခုမြောက်နဲ့ ခြောက်ခုမြောက် ကောင်းကင်မှာ ရှိတဲ့ ပုံရိပ်တွေကတော့ ပွားထားတဲ့ အတုတွေ မဟုတ်ဘူး။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာက ပုံရိပ် အစစ်တွေပဲ။

ဒါကို ကြားပြီးတဲ့နောက် ဖန်ကျန်းရှီလည်း တခြား ပြဿနာတွေကို ခပ်မြန်မြန် သိသွားတယ်။ အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာကို ဖြေရှင်းတဲ့ နေရာမှာ သူက ပညာရှင်ပဲ။ ပုံမှန် တွေးနေကျတဲ့ ခွဲထွက်ပြီးတော့ တွေးရမယ်။ စိတ်ထဲကို ဝင်လာတဲ့ ပုံရိပ်တွေ အားလုံးကို ပြန်စီစဉ်ရမယ်။ ပုံရိပ်တွေက ဒါဆိုရင် မရှုပ်ထွေးတော့ဘူး။

ဒါက ဖန်ကျန်းရှီရဲ့ အစီအစဉ်ပဲ။ ဒါပေမယ့် အံ့သြစရာ တစ်ခုကို တွေ့သွားတယ်။ ဆက်တိုက်ပြောင်းလဲ နေတဲ့ အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာတွေက တာအိုပဲ။ ဒီလို ဆင့်ကဲ ဖြစ်စဉ်က တာအို တစ်ခုကို ရည်ညွှန်းတယ်။ အရာ အားလုံး ဖြစ်တည်မှုမှာ တာအိုတွေ အများကြီး ပါဝင်နေကြတယ်။

“..” တစ်ချိန်တည်းမှာပဲ။ ဖန်ကျန်းရှီ သူ့မျက်နှာသူ ရိုက်မိတော့မလို့။ ကျိကျိတက် ချမ်းသာတဲ့ မြေပိုင်ရှင်ကြီး တစ်ယောက်က သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုတွေကို ဘယ်လို ခန့်ခွဲရမလဲ မသိတဲ့ သူတစ်ယောက်လို ခံစားနေရတယ်။ သူ့မှာ အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာ မရှိပေမယ့်၊ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ရှိတယ်။ သူ့မှာ ၁၄ခုတောင် ရှိနေတယ်။

ကန်လင်းတောင်မှာ တစ်ခု တွေ့ခဲ့တယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူက သူ့ကို ၁၃ခု ပေးတယ်။ တလောကလုံးမှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၃၆ခု ရှိတယ်။ သူပိုင်ထားတာက ၁၄ခု။ ပတ်ဝန်းကျင်ကို မောက်မောက်မာမာနဲ့ မော်ကြွားလို့တောင် ရတယ်။ ဘယ်သူက သူ့ထက် ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ များများ ပိုင်မှာလဲ။

အစကတော့ ဒါတွေကို အဆုံးမဲ့ လောကထဲ ပြစ်ထည့်လိုက်မလို့၊ ဒါပေမယ့် ရတနာတွေ ဖြစ်နေတော့ ဒီလို မပစ်ခဲ့သင့်ဘူးလို့ တွေးမိတယ်။ ဒါပေမယ့် အခုတော့ စဉ်းစားမိတယ်။ အကယ်၍ ဒီကျောက်ဖျာတွေကို သုံးပြီးတော့ အရာအားလုံး ပုံရိပ်လွှာကို ဆွဲနိုင်ခဲ့ရင်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ ပျံတက်တော့မလို ခံစား နေရတယ်။

ဒါပေါ့ သူတကယ်ပဲ ပျံတက်လာခဲ့တယ်။ ကောင်းကင်တွေကို ခုန်ကျော်ပြီးတော့ တစ်ခဏ အတွင်း ချီကူယန် ရှေ့ကို ရောက်လာခဲ့တယ်။ ဒါကြောင့် ချီကူယန်ကို ဘာကြောင့် သတင်း အမှန်တိုင်း မပြောလဲလို့ မေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ချီကူယန် အကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိနေတယ်။ ဝူမက ဝန်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် သူမရဲ့ စိတ်ထဲက သည်းခံ နိုင်စွမ်းကို ချိုးဖျက်ပြစ်ဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။

ဥပမာ အားဖြင့်။ “ငယ်ငယ်တည်းက ငါက မင်းထက် ဖြေရှင်းတာ ပိုတော်တယ်လို့ ပြောတာမျိုး။ အိပ်ယာနွေးစေတဲ့ အစေခံ ခေါင်းဆောင်လို့ ပြောတာမျိုးတွေ။ ချီကူယန်ကို သူမ ရှုံးနိမ့် သွားပြီ ဆိုတဲ့ ကံတရားကို လက်ခံလာအောင် လုပ်နေခဲ့တယ်။ ကြည့်ရတာ ဖန်ကျန်းရှီရဲ့ နည်းလမ်းက ထိရောက်သွားတဲ့ ပုံစံပဲ။ ချီကူယန် ဒါတွေကို ကြားတော့ သူမ မျက်နှာ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ အထိတ်တလန့် ဖြစ်နေပုံပဲ။

ချီကူယန်ရဲ့ မျက်နှာကို မြင်တော့ ဖန်ကျန်းရှီ နည်းနည်း အံ့သြ နေမိတယ်။ သူတို့ရဲ့ ရန်ပွဲ့ ဒီ့ထက် နည်းနည်း ပိုပြီးတော့ စိတ်လှုပ်ရှား ပြင်းထန် နေသင့်တာလေ။ ဒါပေမယ့် ချီကူယန်ကတော့ ဘာမှ မလုပ်ဘူး။ ဖန်ကျန်းရှီရဲ့ စကားတွေကို အရှုံးသမား တစ်ယောက်လို လက်ခံ နေခဲ့တယ်။

“ဒီကောင်မလေး ငါစကား နည်းနည်း ပြောလိုက်ရုံနဲ့ ဒီလို ပြီးသွားတာလား။” ဖန်ကျန်းရှီက ချီကူယန်ရဲ့ တိတ်တဆိတ် အမူအယာကို ကြည့်နေခဲ့တယ်။ သူမယုံနိုင်တာက ချီကူယန် စကားတစ်ခွန်းတောင် ပြန်မပြောတပဲ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ မြင်လိုက်ရတယ်။ ကောင်းကင်က ပုံရိပ်ကို ကြည့်နေတဲ့ ချိကူယန်ရဲ့ မျက်ဝန်းတွေက တဖြည်းဖြည်း တောက်ပလာတယ်။ ရွှေရောင် စာလုံးတွေ အများကြီး ပေါင်းစည်းပြီးတော့ လင်းလက် လာခဲ့တယ်။

“အမ်။ ရွှေရောင် သင်္ကေတတွေလား။ ဒီကောင်မလေး ဘာတွေ လုပ်နေတာလဲ။” ဖန်ကျန်းရှီ သိလိုစိတ် ပြင်းပျ နေပင်မယ့်၊ ကောင်းကင်ကနေ အသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာတယ်။

“ချီကူယန် အဋ္ဌမ ကောင်းကင်ကို ဝင်ပြီ။”

“ချီကူယန် အဋ္ဌမ ကောင်းကင်။”

“..”

ချီကူယန် သူ့ကံတရားကို လက်ခံပြီးတော့ ရှုံးသွားတာ ဝန်ခံမယ့် အချိန်ကို စိတ်ရှည် လက်ရှည် စောင့်နေတဲ့ ဖန်ကျန်းရှီ တကိုယ်လုံး တုန်ယင်ပြီးတော့ မပြုံးနိုင်တော့ဘူး။ အဋ္ဌမ ကောင်းကင်ကို ဝင်သွားပြီ။ ဘယ်လို ဖြစ်တာလဲ။ ဒါက ဘာ အကွက်ဆင်တာလဲ။

ပုံမှန် အတိုင်းဆိုရင် ချီကူယန် စိတ်ပျက် လက်ပျက် ဖြစ်ပြီးတော့ မြေပြင်မှာ ဒူးထောက်ရင်း အော်ဟစ် ငိုယို နေခဲ့ရမှာလေ။ ဒါမှမဟုတ် သူ့ကို ပြန်အော်သင့်တယ်။ - နင်လျှို့ဝှက်ချက်ကို နားလည် သွားပြီလားလို့။ အဋ္ဌမ ကောင်းကင်ဘုံကို ပျံတက် သွားတာက ဘာကို ဆိုလို ချင်တာလဲ။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ သတ္တမ ကောင်းကင်ဘုံက လေတွေ အေးစိမ့် လာတယ်လို့ ခံစား လိုက်ရတယ်။ သူ့ နောက်ကျောကို ဖြတ်တိုက်နေတဲ့ လေတွေက နှလုံးသား တစ်ခုလုံးကို အေးစိမ့် စေတယ်။

“သေလိုက်ပါတော့။ ငါက ချီကူယန်ကို ကူညီလိုက် မိတာလား။” ချောင်းဆိုးရင်းနဲ့ ဖန်ကျန်းရှီ နားလည်သွားတယ်။ ချီကူယန် သူ့စကားလုံးတွေကို ပြန်မတုံ့ပြန်ပဲနဲ့ တိတ်တဆိတ် နေတယ်ဆိုတာ၊ ကောင်းကင်ကိုးဘုံက ပုံရိပ်လွှာ သက်သက်ဆိုတာ နားလည် သွားလို့လား။

“…” သူ့ရဲ့ တလောကလုံးကို နားလည်မှုက ပြောင်းလဲသွားတာ ဖန်ကျန်းရှီ သိတယ်။ ချီကူယန်ရဲ့ အသိပညာက သမုဒ္ဒရာကြီးလို နက်ရှိုင်းမှန်းလည်း သိတယ်။ ဒါကြောင့် သူတောင် နားလည်နိုင်ရင်၊ ချီကူယန်လည်း နားလည်မှာ အမှန်ပဲ။ ချီကူယန်နဲ့ ဒီအကြောင်းအရာကို ဆွေးနွေးဖို့ သူစိတ်ကူး မရှိခဲ့ဘူး။

ဒါပေမယ့် သူပြောပြဖို့ စိတ်ကူးမရှိခဲ့တဲ့ အရာကို ချီကူယန်က သူ့ဘာသူ နားလည် သွားတယ်တဲ့လား။ နိယာမတွေ ဘယ်ရောက် ကုန်ပြီလဲ။ အခုတော့ သူမက ၈ခုမြောက် ကောင်းကင်ဘုံကို ပျံတက် သွားပြီ။ သူ့ကို ၇ခုမြောက် ကောင်းကင်ဘုံမှာ ချန်ရစ်ခဲ့တယ်။

ချီကူယန်ကို မေးလိုက်ချင်တယ်။ လူတွေ ကြားက ယုံကြည်မှုက ဒီပုံရိပ်လွှာတွေထက် ပိုအရေးကြီးနေတာလားလို့။ အနာဂတ်မှာ ဒီအတိုင်း ဆက်သွားရင် တစ်ယောက်ကို တစ်ယောက် စနောက် နိုင်တော့မှာ မဟုတ်ဘူး။ အခုတော့ ချီကူယန်ကို အဆင့်တက်အောင် လုပ်ပေးမိတဲ့သူက သူကိုယ်တိုင် ဖြစ်နေခဲ့တယ်။ ဒီခံစားချက်က မကောင်းဘူး။

“မကောင်းဘူး။ မကောင်းဘူး။ ချီကူယန်က အဋ္ဌမ ကောင်းကင်မှာ ရောက်နေပြီ။” ဖန်ကျန်းရှီ ပိုအရေးကြီးတဲ့ ကိစ္စကို တွေးမိနေတယ်။ အခုချိန်မှာ ပြဿနာက ပုံရိပ်လွှာတွေ အကြောင်းကို နားလည်ပြီး ဘယ်လို ဖြေရှင်းရမယ် ဆိုတာပဲ။ ဒီအတွေးကြောင့် အချိန်က အခုချိန်မှာ အရေးအကြီးဆုံး ကိစ္စဆိုတာ သူနားလည်လိုက်တယ်။

ဒီကိစ္စ အကြောင်းကို ဆက်မတွေးချင်တော့ဘူး။ တည်ငြိမ်ရမယ်။ အခုလို အချိန်မှာ တည်ငြိမ်မှ ဖြစ်မယ်။ ပန်းချီကို သေချာကြည့်ရမယ်။ ဒါမှ အဋ္ဌမ ကောင်းကင်မှာ အမှီ လိုက်နိုင်လိမ့်မယ်။ မျက်လုံးတွေကို အုပ်ပြီးတော့ တစ်ချက်လောက် နာနာ ရိုက်ပြစ်ရမယ်။

အရေးကြီးတဲ့ အချိန်မှာ ဗျူဟာတွေ သုံးသင့်ရင်လည်း သုံးရမယ်။ ကြမ်းကြမ်း တမ်းတမ်း လုပ်ရလည်း ကိစ္စ မရှိဘူး။ ချီကူယန်က သူ့ကို နိမ့်ကျတဲ့ အစေခံလို့ ပြောသွားသေးတယ်။ ဒီလို စော်ကားတာကို ဘယ်လိုများ သည်းခံ ရမှာလဲ။ ခေါင်းမော့ပြီးတော့ ကောင်းကင်ပေါ်က ပုံရိပ်လွှာကို သူကြည့်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ တစ်ကိုယ်လုံး တောင့်တင်း သွားတော့တယ်။

“အမ်။ ဘာဖြစ်လို့ ဒီပန်းချီက အလယ် သုံးဘုံနဲ့ မတူတာလဲ။” ဖန်ကျန်းရှီ ၇ခုမြောက် ကောင်းကင်ဘုံက ပုံရိပ်လွှာကို ကြည့်ရင်း ပြောမိတယ်။

တကယ့် သူက အနိုင်ရဖို့ ယုံကြည်ချက် အပြည့်ရှိ နေခဲ့တာ။ တောင်ထိပ်ပေါ်မှာ ရပ်ပြီးတော့ အောက်ဘက်က အဆုံးမဲ့ တောင်ကြားလေးတွေကို ကြည့်နေတဲ့ လူတစ်ယောက်လို၊ ဘယ်တော့မှ မရှုံးနိုင်တဲ့ လုပ်ကြံရေး သမား တစ်ယောက်လို ကိုယ့်ကိုယ်ကို တွေးထားခဲ့တယ်။

အထီးကျန်တယ်။ နည်းနည်း မောက်မာပြီး ဘဝင်မြင့်တယ်။ သူ့မျက်စိရှေ့က လျှိုမြောင်လေးတွေ တောင်ပူစာလေးတွေအားလုံးက လက်ဝေ့ယမ်း လိုက်ရုံနဲ့ ပြားအောင်လုပ်နိုင်တဲ့ သူလို ခံစား နေခဲ့တယ်။ အရေးအကြီးဆုံးကတော့ သူ့ကြောင့် ချီကူယန်က ၇ခုမြောက် ကောင်းကင်ဘုံကို ဖြေရှင်းနိုင်ခဲ့တာ မဟုတ်လား။ ဒီတော့ သူ့အတွက် ဘာပြဿနာ ရှိမှာလဲ။

အခုတော့ ကောင်းကင်ဘုံရဲ့ ပုံရိပ်က ဘာဖြစ်လို့ ကွာခြား နေတာလဲ။ ဖန်ကျန်းရှီရဲ့ အမူအယာ လုံးဝကို တောင့်တင်း နေခဲ့တယ်။ သူမပြုံးနိုင်ခဲ့ဘူး။ ဗဟာ ဟင်းလင်း ဖြစ်နေ သလိုပဲ။ အရူးတစ်ယောက်လို ခံစား နေရတယ်။

“အခုတော့ တခြားသူတွေ အတွက် သောက်စရာ ယူလာ ပြီးတော့မှ ငါပြန်ရလိုက်တာ ရေမဟုတ်ပဲ အဆိပ်တွေ ဖြစ်နေတဲ့ ပုံစံပဲ။”

ဖန်ကျန်းရှီ ပုံရိပ်လွှာကို ကြည့်ရင်း ခါးသက်သက် ခံစား နေခဲ့ရတယ်။

အပိုင်း (၇၁၀) ပြီး၏။

All Chapters