အခန်း (၇၁၁-၇၂၀)
Vol. 8 Ch. 711-720
အပိုင်း (၇၁၁)
“ပျံသန်း ပြေးထွက်။ နောက်လှည့်မကြည့်နဲ့။”
ဖန်ကျန်းရှီ ဘယ်လောက်ပဲ စိတ်ထဲမှာ ခါးသက် နေပါစေ အမှန်တရားကို ရင်ဆိုင် ရမယ်မှန်း သူသိတယ်။ နဝမ ကောင်းကင်ကို ပထမဆုံး ဝင်တဲ့သူ ဖြစ်ဖို့ လိုတယ်။
ဒါ တကယ်ပဲ ဖြစ်နိုင်မှာလား။ ဖန်ကျန်းရှီ မှတ်မိတယ်။ ချီကူယန် တစ်ခါက ပြောခဲ့ဖူးတယ်။ နဝမ ကောင်းကင်ဘုံကို ဝင်တဲ့သူက တစ်ယောက်ပဲ ရှိတယ်လို့။ သူက ဝင်နိုင်တဲ့ ဒုတိယ တစ်ယောက် ဖြစ်နိုင်မှာလား။ ဒီလိုသာ ဖြစ်လာရင် အံ့သြ စရာပဲလို့ ခံစားမိနေတယ်။ ဒါပေမယ့် သူ့မှာ ဒုတိယ ရွေးချယ်စရာ မရှိဘူး။ သူ့အတွက် လမ်းတစ်ခုပဲ ရှိတယ်။ နိမ့်ကျတဲ့ အစေခံ အဖြစ်မခံ နိုင်ဘူး။ သခင် ဖြစ်ဖို့ လိုတယ်။
နောက်ထပ် စဉ်းစား မနေတော့ဘူး။ တည်ငြိမ်ရမယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ အကောင်းဆုံး ကြိုးစားပြီးတော့ တည်ငြိမ်အောင် လုပ်တယ်။ ခေါင်းပေါ်က ပန်းချီကားကို နောက်တစ်ခါ မော့ကြည့်ပြန်တယ်။ ဒါပေမယ့် ဒီလို ပုံစံနဲ့ အချိန် အကြာကြီး မနေနိုင်ဘူး။ သူ့ကိုယ်သူ တည်ငြိမ်အောင် ဘယ်လိုမှ မလုပ်နိုင်ဘူး။
“ဒါက ဘာအဓိပ္မာယ်လဲ။” ဖန်ကျန်းရှီ ပုံရိပ်လွှာကြီးကို ကြည့်ရင်း တအံ့တသြ ဖြစ်နေခဲ့တယ်။ တကယ်တော့ ဒီပန်းချီကားကို သူမှ မဟုတ်ဘူး၊ လူတိုင်း မှတ်မိနိုင်တယ်။ နဂါးကြီး။ မိုးကောင်းကင်မှာ လှည့်ပတ်နေတဲ့ နဂါးကြီး။ ရွှေရောင် အကြေးခွံတွေ၊ စူးရှတဲ့ မျက်ဝန်းတွေနဲ့ ချွန်ထက်တဲ့ လက်သည်းတွေ၊ ဒါ့အပြင် လည်ဆံမွှေး ရှည်ရှည်တွေနဲ့ အစွယ်ကြီးတွေ ရှိနေတယ်။ ဒီပန်းချီကား တစ်ခုလုံးက အသက်ဝင် နေတဲ့ အတိုင်းပဲ။
ပြောစရာကို မလိုဘူး။ ထူးခြားတဲ့ မြင်ကွင်းပဲ။ ဒါပေမယ့် ခုနှစ်ခုမြောက် ကောင်းကင်မှာ ဒီနဂါးပန်းချီ ဘာကြောင့် ရှိနေမှန်း သူမတွေးတတ်ဘူး။ ဒီနေရာမှာ နဂါးကြီး ရှိနေတာ ဘာသဘောလဲ။ ငါးတစ်ကောင် ရှိနေသင့်တာ မဟုတ်လား။ ဒါမှမဟုတ် ငါးကြင်း တစ်ကောင်ကောင် ရှိသင့်တယ်လား။
အရာ အားလုံး ဖြစ်တည်မှု ပုံရိပ် ဘယ်ကို ရောက်နေတာလဲ။ မတူညီတဲ့ တာအိုတွေကော ဘယ်မှာလဲ။ ဒီနေရာမှာ နဂါးကြီး လာထားထားတာ ဘာဖြစ်ချင် နေတာလဲ။
ဖန်ကျန်းရှီ စိတ်ထဲ စာကြောင်း တစ်ခုကို တွေးတော မိလိုက်တယ်။ “အကြီးကျယ်ဆုံး အမှန်တရားတွေက ရိုးရှင်းတယ်။”
ပိုပြီး ရိုးရှင်းတာက သူ့အတွက် နားလည်ဖို့ ပိုခက်ခဲတယ်။ ချီကူယန် ၇ခုမြောက် ကောင်းကင်မှာ ဘာဖြစ်လို့ အချိန် အကြာကြီး နေနေရမှန်း သူနားလည် သွားခဲ့ပြီ။ ဒီနဂါးက တွေ့ရတာ များလွန်းတယ်။ တော်ဝင် နန်းတော်တွေ အားလုံးမှာ ဒီလို နဂါးပုံတွေ ရှိတယ်။ ဒါကြောင့် ဒီအခြေအနေကို နားလည်ဖို့ ခက်ခဲ နေတာပဲ။
…..
ဖန်ကျန်းရှီ ဒီနဂါး ပန်းချီ အကြောင်း စဉ်းစား နေတဲ့ အချိန် မိုးနတ် ရေကန် အပြင်ဘက်မှာ လေထုက တဖန် ပြောင်းလဲ သွားပြန်တယ်။
“အဋ္ဌမ ကောင်းကင်။”
“အစ်မကြီး ချီကူယန်က အဋ္ဌမ ကောင်းကင်ဘုံကို ရောက်သွားပြီ။”
“ဖန်ကျန်းရှီထက် ခြေတလှမ်း သာနေပြီ။ အနည်းဆုံးတော့ သူမ နိုင်ပြီ။”
“ဟုတ်တယ်။ နောက်ဆုံးတော့ ခြေတစ်လှမ်း ဦးဆောင် နိုင်ခဲ့ပြီ။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေရဲ့ နှလုံးသားတွေ အားလုံး လှုပ်ရှား နေကြတယ်။ အဋ္ဌမ ကောင်းကင်ကို ဝင်နိုင်တာက သူတို့ စိတ်ထဲမှာတော့ ပြိုင်ပွဲမှာ နိုင်တာနဲ့ အတူတူပဲ။ နဝမ ကောင်းကင်ကတော့ တွေးရုံပဲ တွေးနိုင်တဲ့ နေရာတစ်ခု။ ကောင်းကင် တာအို ခန်းမ သမိုင်း တစ်လျှောက်လုံးမှာ တစ်ယောက်ပဲ လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် ဘယ်လိုများ နောက်ထပ် အံ့ဖွယ် ဖြစ်လာ နိုင်မှာလဲ။
ချီကူယန် ဖြစ်နေရင်တောင် နဝမ ကောင်းကင်ကို ဝင်နိုင်ချေက အရမ်းကို နည်းပါးတယ်။ ဒါကြောင့် ဖန်ကျန်းရှီက ဘယ်လို လုပ်နိုင်မှာလဲ။ ချီကူယန်နဲ့ ဖန်ကျန်းရှီ နှစ်ယောက်လုံး အဋ္ဌမ ကောင်းကင်ဘုံမှာ ပိတ်မိ နေကြရင်၊ အရင် ဝင်နိုင်တဲ့ သူက နိုင်မှာပဲ။
အောင်ပွဲခံ ချီးမွမ်းသံတွေ မိုးနတ် ရေကန် အပြင်ဘက်မှာ သေသော ညံနေခဲ့တယ်။ ဆဋ္ဌမ အကြီးအကဲလည်း အခုမှပဲ စိတ်သက်သာရာ ရတော့တယ်။ သူ့မျက်နှာပေါ်က အထိတ်တလန့် မောပန်း နွမ်းနယ်မှုတွေ ဒီသတင်းကြောင့် ပျောက်ကွယ် သွားခဲ့ပြီ။
“မလွယ်ကူဘူး။ အရမ်း နီးကပ်နေပြီ။” မိုးကောင်းကင်ကို ကြည့်ရင်းနဲ့ အကြီးအကဲ မနေနိုင် မထိုင်နိုင်နိုင် ဖြစ်နေခဲ့တယ်။ ဒီအချိန်မှာ သူ့ကိုယ်သူ ကံကောင်းတယ်လို့ ထင်နေမိတယ်။ အကယ်၍ သူသာ လှည့်ကွက် နည်းနည်း မလုပ်ခဲ့ရင်။ ရလဒ်က ကွာခြား နေလိမ့်မယ်။
အကြီးအကဲ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။ “ဒီကောင်လေး ဖန်ကျန်းရှီက တကယ့်ကို မိစ္ဆာပဲ။ သနားစရာ ကောင်းတာကတော့ အသက်ရှည်ရှည် မနေရတာပဲ။ မဟုတ်ရင်။ သူ့ရဲ့ အရည်အချင်းတွေနဲ့ လောကမှာ ကြောက်စရာ ဖြစ်တည်မှု တစ်ခု ဖြစ်လာမှာပဲ။
…..
ကောင်းကင် တာအို ခန်းမ။ ဓားတောင် အောက်ခြေမှာ ရန်ရွှယ်က မြစ်ဘေးမှာ ထိုင်ရင်း စာအုပ်ဟောင်းကြီး တစ်အုပ်ကို ကြိုးစားပမ်းစား ဖတ်နေခဲ့တယ်။ လေပြည်ညင်းက သူ့ဝတ်ရုံကို ဖြတ်သန်း တိုက်ခတ် နေခဲ့တယ်။ ဒီအချိန် လေထဲမှာ တစ်ခုခု ပေါ်လာခဲ့တယ်။ သိပ်ပြီးတော့ မကြီးမားတဲ့ ပုံမှန် အရာ တစ်ခုလိုပဲ။
ဒါပေမယ့် သစ်ပင် အရိပ်နောက်က အနက်ရောင် လူရိပ်ကို ဖြတ်သန်း ပျံထွက်ပြီးနောက် မြင်ကွင်းထဲက ပျောက်ကွယ် သွားခဲ့တယ်။ အနက်ရောင် လူရိပ်လည်း နေရာကနေ ပျောက်ကွယ် သွားပြီးတော့ သစ်ကိုင်း တစ်ကိုင်းပေါ်ကို ရောက်လာခဲ့တယ်။ ဒါပေမယ့် သစ်ကိုင်းပေါ်မှာ ငှက်တစ်ကောင်မှ မတွေ့ရဘူး။ ဝါးကျည်တောက် တစ်ခုသာ ဝတ်ရုံနက်ရဲ့ လက်ပေါ်မှာ ကျန်နေခဲ့တယ်။ ဖွင့်လိုက်တော့ အဝါရောင် စာရွက်လေး တစ်ရွက်ကို တွေ့လိုက်ရတယ်။ အထဲမှာ မှင်နက်နဲ့ ရေးထားတဲ့ စာတစ်ချို့ ရှိနေတယ်။ ချီကူယန် အဋ္ဌမ ကောင်းကင်ကို ဝင်သွားပြီ။ ပြိုင်ပွဲ ပြီးတော့မယ်။ အဆင်သင့် ပြင်ထား။
နောက်တော့ ဝတ်ရုံနက် လက်တစ်ချက် တောက်လိုက်လိုက်တဲ့ အချိန်မှာပဲ အဝါရောင် စာရွက်လေးက အမှုန့်ဖြစ် သွားခဲ့တယ်။ အဲ့ဒီ့နောက် လေထဲကို လွင့်မျော ပျောက်ကွယ် သွားတယ်။ ရန်ရွှယ် ရှိနေတဲ့ မြစ်ကမ်းဘေးကို လှမ်းကြည့်တယ်။ ရန်ရွှယ်က နေရာမှာ ရှိနေတုန်းပဲ။
…..
ကျယ်ပြန့်ပြီး အဆုံးမဲ့တဲ့ မြင့်မြတ် နယ်မြေထဲမှာ ထူးဆန်း အံ့ဖွယ် နယ်မြေတစ်ခု ရှိတယ်။ တစ်နှစ်ပတ်လုံး နွေဦး ရာသီ ဖြစ်နေပြီးတော့၊ ပန်းတွေလည်း အမြဲတမ်း ပွင့်လန်းနေတယ်။ အရောင်စုံ နယ်မြေကြီးထဲမှာ ကြည်လင်တဲ့ မြစ်တစ်စင်းက တောင်ထိပ်ကနေ စီးဆင်းနေတယ်။ နဂါးကြီး တစ်ကောင်လိုမျိုး ကွေ့ပတ်ပြီးတော့ စီးကျ လာခဲ့တယ်။
ရေတံခွန် အောက်ခြေမှာ ကန်တစ်ခု ရှိနေခဲ့တယ်။ အဆုံးမဲ့တဲ့ ကန်တစ်ခုလိုပဲ။ ရေကန် တစ်လျှောက်လုံးမှာ ရှည်လျားတဲ့ ရောင်စုံ ဝတ်ရုံတွေကို ဝတ်ထားတဲ့ မိန်းမပျိုလေးတွေ ရှိနေခဲ့တယ်။ တစ်ယောက်ချင်းစီတိုင်းက နူးညံ့ လှပကြတယ်။ တောနက်ကြီးထဲမှာ လူယောင် ဖန်ဆင်းထားကြတဲ့ နတ်မိမယ်လေးတွေ လိုပဲ။
သူတို့ထဲမှာ အနီရောင် တောက်တောက် ဝတ်ရုံကို ဝတ်ထားတဲ့ ထူးထူးဆန်းဆန်း အမျိုးသမီးလေး တစ်ယောက် ရှိနေတယ်။ သူမရဲ့ ဝတ်ရုံ အောက်ဖျားတွေက ရေထဲမှာ ပေါလောပေါ်နေခဲ့တယ်။
ဒီရေကန်ရဲ့ ရေက ပုံမှန် မဟုတ်ဘူး။ ဒါပေမယ့် မိန်းမပျိုလေးကတော့ ရေကန်ထဲမှာ ခြေဗလာနဲ့ နေနေခဲ့တယ်။ သူမရဲ့ အပြုအမူတွေက မသင့်တော်ဘူး ထင်ရပေမယ့် စကားတစ်ခွန်းတောင် မထွက်ခဲ့ဘူး။ ခေါင်းမော့ရင်းနဲ့ မိုးကောင်းကင် တိမ်တွေကို ကြည့်နေခဲ့တယ်။ သူမရဲ့ ဖန်သလင်း မျက်လုံးတွေမှာ မျှော်လင့်ချက်တွေ ပြည့်နှက် နေခဲ့တယ်။
“ပင်းယန်။ ဒီနေ့ အလုပ်တွေ ပြီးပြီလား။” သူမရဲ့ နောက်ဘက်က အမျိုးသမီး တစ်ယောက် မေးတယ်။ အမျိုးသမီးငယ် တုန်ယင် သွားပြီး မျက်နှာကလည်း ဖြူဖျော့ သွားခဲ့တယ်။ ဒါပေမယ့် သူမ ပြန်မဖြေဘူး။ ပန်းနုရောင် နှုတ်ခမ်းတွေကို ဖိကိုက်ထားရင်း ခေါင်းခါပြတယ်။
“ဒီကို ရောက်နေမှတော့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ သင်ယူရမယ်။ ဒီနေရာက ဘယ်လို နေရာမှန်း သိရဲ့သားနဲ့ ငါ့ကို သတိ မပေးဘူး မပြောနဲ့။ ငါ့စိတ်နဲ့သာ ဆိုရင်။” ပြောရင်းနဲ့ အမျိုးသမီး မျက်မှောင် ကြုတ်သွားတယ်။ တစ်ခုခုကို တွေးမိ သွားတဲ့ ပုံပဲ။ “မင်းမှာ အရည်အချင်းရှိလည်း ဘာဖြစ်လဲ။ ကိုယ့်တာဝန်ကိုယ် မလုပ်ပဲ ငါတို့ တာဝန်တွေကို နှောင့်နှေးအောင် လုပ်ရင်။ ဒီည ညစာ စားရဖို့ မမျှော်လင့်နဲ့။”
“အခု လုပ်နေပြီ။” ဒီစကားတွေကို ကြားတော့ ပင်းယန် ချက်ခြင်း အေးစိမ့်နေတဲ့ အဆုံးမဲ့ ရေကန်ထဲကို ခုန်ဆင်းလိုက်တယ်။ ရေအေးအေးတွေ အမျိုးသမီးကို စင်ကုန်တယ်။ သူမချက်ခြင်း ထအော်တယ်။
“အာ့ယိုး။ အေးလို့ သေတော့မှာပဲ။” ရေတွေကို ရှောင်ဖို့ ကြိုးစားရင်း အော်တယ်။ အဲ့ဒီ့နောက် လှိုင်းထနေတဲ့ ကန်ကို ကြည့်ရင်း ပြောတယ်။ “ဟမ့်။ နင်က ငါတို့ကို နှုတ်တောင် မဆက်ဘူး။ ငါတိုကတွေ အားလုံးက နင်နဲ့ အတူတူပဲလို့ ထင်နေတာလား။ အရည်အချင်း ရှိတော့ကော ဘာဖြစ်လဲ။ အေးခဲကန်ထဲက (ရေခဲ မြူနှင်း ကျောက်စိုင်)တွေကို ဘယ်လို ရိတ်သိမ်း ရမလဲပဲ နင်သိတာပါ။ မသိတဲ့ သူတွေကတော့ နင့်ကို မင်းသမီးလို့ပဲ ထင်မှာပေါ့။”
ဆူပူ ပြီးတဲ့နောက် အမျိုးသမီးက ရေကန်ဘေးမှာ နေရာရှာပြီး ထိုင်လိုက်တယ်။ သစ်သီးခြင်းထဲ ခူးထားတဲ့ သစ်သီးတွေကိုသာ စားနေတော့တယ်။ အချိန် တစ်ချို့ ကြာပြီးတဲ့နောက် အေးခဲ ရေကန်မှာ လှုပ်ရှားမှု တစ်ချို့ ရှိလာခဲ့တယ်။ တကိုယ်လုံး မြူတွေ ဖုံးလွှမ်းနေတဲ့ လူတစ်ယောက် အေးခဲ ကန်ထဲကနေ ခုန်တက်လာတယ်။ သူမရဲ့ မျက်နှာက ဖြူဖျော့ ခဲ့တယ်။
“ထွက်လာပြီလား။ ဘာဖြစ်လို့ (ရေခဲ မြူနှင်း ကျောက်စိုင်) တစ်ခုတည်းပဲ ယူလာတာလဲ။ ဒီနေ့ ငါးခု ယူရမှာ မဟုတ်လား။” ပင်းယန်ကို အမျိုးသမီး မကျေမနပ်နဲ့ လှမ်းအော်တယ်။
“ကောင်းပြီ။ နားလည်ပြီ။” ပင်းယန်ရဲ့ နှှုတ်ခမ်းတွေ တုန်ယင်နေတယ်။ သူမရဲ့ နှုတ်ခမ်းတွေက ပန်းနုရောင်က စိမ်းပြာရောင်ကို ပြောင်းနေခဲ့ပြီ။ သူမ အသံ မတုန်ယင်အောင် ထိန်းထားခဲ့တယ်။
“ကောင်းပြီ။ နေမဝင်ခင် ရေခဲ မြူနှင်း ကျောက်စိုင် ငါးခု ရအောင် လုပ်ရမယ်။ ဒါက ကန်ယွဲ့ ခေါင်းဆောင်ရဲ့ အမိန့်ပဲ။ ဘယ်သူမှ မဖီဆန်နိုင်ဘူး။”
“ငါးခုလုံး ရအောင် လုပ်နိုင်ရင်။ လင်းယွမ် မျှော်စင်ကို သွားပို့ခွင့် ရမလား။”
“ဟင့်အင်း။ လူတိုင်း သွားပို့လို့ ရတယ်။ ဒါပေမယ့် နင်တစ်ယောက်ကိုတော့ လင်းယွမ်မျှော်စင်ထဲ ခြေချခွင့် မပြုဘူး။ ဒါက ကန်ယွဲ့ ခေါင်းဆောင်ရဲ့ အမိန့်ပဲ။”
“ဒါပေမယ့်။”
“ဘာ ဒါပေမယ့်မှ မရှိဘူး။ စည်းမျဉ်းက စည်းမျဉ်းပဲ။ မင်းက ဒီကို ရောက်နေပြိ။ ဒီနေရာက ဘယ်နေရာလည်း သိတယ်ဟုတ်။ အမှား လုပ်ရင် အပြစ်ပေး ခံရမယ်။”
“ဒီနေရာကနေ အခုတော့ ထွက်သွားလို့ မဖြစ်ဘူး။ ၃လ သည်းခံရမယ်။ ၃လ ကျော်ရင်။ သူငါ့ကို လာရှာမှာပဲ။ သွားလို့ မဖြစ်ဘူး။” ပင်းယန် ခေါင်းခါရင်း ကောင်းကင်ကို မော့ကြည့်တယ်။ သူမရဲ့ တကိုယ်လုံး ရေတွေ ရွဲစိုနေသလို နှင်းခဲတွေလည်း ကပ်နေခဲ့တယ်။
“နောက်ထပ် စိတ်ကူးယဉ် နေပြန်ပြီလား။ ဒီနေ့ တစ်နေ့လုံး ဘာတွေ စဉ်းစား နေလဲကို မသိဘူး။ ဒီနေရာကနေ ထွက်သွား ချင်တယ်လား။ မဖြစ်နိုင်တာပဲ။ နင်နေ့တိုင်း ပြောနေတဲ့ လူတစ်ယောက်က နင့်ကို လာခေါ်မယ်ဆိုတာ။ ဒီနေရာက လင်းယွမ်မျှော်စင်ရဲ့ ရေခဲထောင် ဆိုတာ မသိဘူးလား။” ခြေဗလာ ဖြစ်နေတဲ့ ပင်းယန်ရဲ့ ခြေထောက်ကို ချည်နှောင်ထားတဲ့ ငွေကြိုးတွေကို ကြည့်ရင်း အမျိုးသမီး ပြောတယ်။
ဒီအချိန်မှာပဲ ခရမ်းရောင် လူရိပ်တစ်ခု မိုးကောင်းကင်ကနေ ဆင်းသက်လာတယ်။ အသံတစ်သံတောင် မထွက်ပဲ ရေကန်ဘေးကို ကျလာခဲ့တယ်။
“ခေါင်းဆောင်ကန်ယွဲ့။” ပတ်ဝန်းကျင်က အမျိုးသမီးတွေ အားလုံး ဒူးထောက်လိုက်တယ်။
“အကုန် ပြန်ကြတော့။” ကန်ယွဲ့ လက်ဝေ့ယမ်းရင်း ပြောတယ်။
“ကောင်းပါပြီ။” ပတ်ဝန်းကျင်က အမျိုးသမီးတွေ ထွက်သွား ကြာတော့တယ်။ ပင်းယန်ကတော့ ရေကန်ထဲမှာ ဆက်ရပ်နေတယ်။ မလှုပ်ရှားဘူး။ ကန်ယွဲ့ကို စောင့်နေတဲ့ အတိုင်း မတုန်မလှုပ် အံ့သြခြင်း မရှိပဲ ရှိနေခဲ့တယ်။ ကန်ယွဲ့ရဲ့ အမူအယာကလည်း သိပ်မပြောင်းလဲဘူး။ အမျိုးသမီးတွေ ပြန်သွားတော့ နေရာ တစ်နေရာ ရှာပြီးတော့ ထိုင်လိုက်တယ်။
“ဆက်စောင့် နေမှာလား။” အချိန် ခဏတာ ကြာပြီးတဲ့နောက် ကန်ယွဲ့ မေးတယ်။
“ဟုတ်တယ်။” ပင်းယန် ချက်ခြင်း ခေါင်းငြိမ့်တယ်။
“သူသေသွားရင်ကော။” ကန်ယွဲ့က ဆက်မေးတယ်။
“မဖြစ်နိုင်ဘူး။” ပင်းယန်ရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ ဒါပေမယ့် သူမရဲ့ မျက်ဝန်းတွေက အရင်အတိုင်း ဆုံးဖြတ်ချက် ခိုင်မာ နေတုန်းပဲ။
“ငါနင့်ကို လိမ်နေတယ် ထင်လို့လား။” ကန်ယွဲ့ ဆက်ပြောတယ်။ ပင်းယန် ပြန်မဖြေဘူး။ နေရာမှာ ရပ်ရင်း နှုတ်ခမ်းတွေကို ကိုက်ထားခဲ့တယ်။ အကျီစက ရေစက်တွေ ကန်ထဲကို တစ်စက်စက် စီးကျနေခဲ့တယ်။
“နောက်ထပ် ရွေးချယ်စရာ ပေးလို့ရတယ်။” ကန်ယွဲ့ ရုတ်တရက် ပြောလာတယ်။ “ပထမ တစ်ခုက ဒီရေခဲထောင်မှာ ဆက်စောင့်ဖို့။ ဒုတိယ တစ်ခုကတော့ ငါ့အမိန့်အတိုင်း လိုက်နာပြီးတော့ သေခြင်း ကျမ်းသစ္စာ ကျိန်ရမယ်။ ဒီနေ့က စပြီးတော့ မင်းရဲ့ အရင် ဖြစ်တည်မှုကို မေ့လျော့ရမယ်။ ငါတို့ရဲ့ လင်းယွမ် မျှော်စင်နဲ့ သက်ဆိုင်တာကိုလည်း မေ့လိုက်ရမယ်။ သေသွားရင်တောင် ပင်းယန်ဆိုတာ မရှိတော့ဘူး။ နာမည်ကို ပြောင်းပြီးတော့ လင်းယွမ် မျှော်စင်မှာ နေရမယ်။”
“ဆက်စောင့်နေမယ်။” ပင်းယန် ခေါင်းခါတယ်။
“ပင်းယန် ဖန်ကျန်းရှီ မသေရင်တောင်။ ဒီရေခဲထောင်ကနေ နင့်ကို ခေါ်ထုတ် သွားနိုင်မယ် ထင်နေတာလား။ အိမ်မက် မက်မနေနဲ့။ ငါတစ်ယောက်ပဲ နင့်ကို အပြင် ခေါ်ထုတ် နိုင်တယ်။” ကန်ယွဲ့ရဲ့ မျက်ဝန်းတွေ တလက်လက် တောက်ပလာတယ်။
“သူ မသေသေးဘူး။ မသေသေးဘူးလို့ ယုံတယ်။ ငါ့ကို ရေခဲထောင်က လွတ်အောင် ကယ်မှာကိုလည်း ယုန်တယ်။ လင်းယွမ်မျှော်စင်ကို ပင်းယန်ဆိုတဲ့ နာမည်နဲ့ပဲ ဝင်မယ်။ တခြား နာမည် မသုံးဘူး။” ပင်းယန်ရဲ့ မျက်ဝန်းတွေမှာ ခေါင်းမာမှုတွေ အထင်းသား ပေါ်နေခဲ့တယ်။
“ဟဟား။” ကန်ယွဲ့ ရယ်မောလိုက်တယ်။ ခေါင်းခါရင်း ဆက်ပြောတယ်။ “ဒီလို ပြောလို့တော့ စိတ်မဆိုးနဲ့။ သူအသက်ရှင် နေသေးပင်မယ့်၊ တောင်စဉ် ကိုးသွယ်နဲ့ ယင်ယန် ခန်းမကို အပြစ်ပြုမိ လိုက်ပြီ။ ဒီတော့ သေလူပဲ။ ဒါ့အပြင် ကောင်းကင် တာအို ခန်းမရဲ့ ကောင်းချီးကိုလည်း ဆုံးရှုံး သွားပြီ။ ဒီလို လူကို ဆက်စောင့်နေဖို့ တန်လို့လား။”
“တန်တယ်။”
“ဘာဖြစ်လို့ လင်းယွမ် မျှော်စင်ကို ဝင်ဖို့ ပင်းယန်ဆိုတာကို သုံးမှာလဲ။ အမှန်အတိုင်း ပြောရရင် အစကတော့ နင့်ကို ငါသေစေချင် ခဲ့တယ်။ ဒါပေမယ့် အခုတော့ နင်က လုံး၀ ကွာခြားနေပြီ။ နတ်ဆိုးပုလဲ တစ်လုံးတည်းနဲ့ ကံတရားက ပြောင်းလဲ သွားပြီ။ ငါထင်မှတ် မထားခဲ့မိဘူး။ နင့်ရဲ့ အရင် ဘဝကို ချန်ထား ခဲ့ပြီးတော့ နာမည် အသစ် သမိုင်းအသစ်နဲ့ နေတာ ဘာမကောင်းတာ ရှိလို့လဲ။” ကန်ယွဲ့ နားမလည်တဲ့ ပုံပဲ။
“ငါ့နာမည်နဲ့ သမိုင်းကို ပြောင်းလိုက်ရင်။ သူငါ့ကို မှတ်မိ အုန်းမှာလား။” ပင်းယန် မေးတယ်။
“ဘယ်မှတ်မိမလဲ။ သူနင့်ကို အတည်ပြု ချင်ရင်တောင်။ နင်က ဝန်ခံလို့ မရဘူး။ သေခြင်း သစ္စာကျိန်ထားတယ်လေ။ ဒီနေ့က စပြီးတော့ နင်က ပင်းယန်မှ မဟုတ်တော့ပဲ။”
“ဒါပေမယ့် ငါကတော့ ပင်းယန်ပဲ ဆက်ဖြစ်နေချင်တယ်။” ကောင်းကင်ကို ကြည့်ရင်း ပင်းယန် ပြောတယ်။
“ဒီလို ဖြစ်မှတော့ ငါတို့တွေ လောင်းကြေး ထပ်မလား။” ကန်ယွဲ့ လေသံ နည်းနည်း ပြောင်းသွားခဲ့တယ်။
“ဆက်ပြော။”
“ဒီလို လောင်းကြေးထပ်မယ်။ သုံးလ အတွင်း ဖန်ကျန်းရှီက နင့်ကို ရေခဲထောင်က မကယ်နိုင်ရင် နင်ရှုံးမယ်။ ငါ့အမိန့်အတိုင်း အကုန်လုံး ပြောင်းလဲပြီးတော့ လင်းယွမ် မျှော်စင်ကို ဝင်ရမယ်။ ပင်းယန်ဆိုတာ မတည်ရှိ တော့တဲ့ သူပဲ။” ကန်ယွဲ့ ပြန်ဖြေတယ်။
“နင်ရှုံးရင်ကော။”
“ဟမ့်။ ငါရှုံးမယ် ဆိုတာ မဖြစ်နိုင်တာပဲ။ ဒီကောင်လာဝံ့ရင် လင်းယွမ် မျှော်စင်ကို ခြေချတာနဲ့ ငါသတ်ပြစ်မယ်။” ကန်ယွဲ့ ဆက်ပြောတယ်။ “ငါ တကယ်ပဲ ရှုံးသွားရင်တော့ နင်သွားချင်ရာ သွားတော့။”
“ကောင်းပြီလေ။ ဆူးပင်တွေကို ကျောမှာ သယ်ပြီးတော့ ရန်မြို့တော် ရှေ့မှာ သုံးရက် သုံးည ဒူေးထာက်ရမယ်။ ခမည်းတော်နဲ့ ရန်မြို့တော်က ပြည်သူတွေကို ပြောခဲ့တဲ့ စကားတွေ အတွက် ကိုယ့်ကိုယ်ကို သုံးသပ် ဆင်ခြင်ရမယ်။” ပင်းယန် ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“နင်က စိတ်ကူးယဉ် နေတာပဲ။ ငါ့ကို နင် နိုင်ရင်။ ငါ ဆယ်ရက် ၁၀ည ဒူးထောက်နိုင်တယ်။” ကွန်ယွဲ့ ပြောပြီးတဲ့နောက် မိုးကောင်းကင်ပေါ်ကို ထိုးတက်ရင်း အလင်းတန်း တစ်ခုလို ပျောက်ကွယ် သွားခဲ့တယ်။ ပင်းယန်က ကန်ယွဲ့ ပျောက်သွားတာကို စိုက်ကြည့် နေခဲ့တယ်။ သူမရဲ့ ယုံကြည်ချက် အပြည့် ပုံစံကတော့ မပြောင်းလဲဘူး။ ကြည်လင်တဲ့ မျက်ဝန်းတွေက တဖျပ်ဖျပ် လက်နေခဲ့တယ်။
“ဝုန်း။” ရေကန်ထဲကို ပင်းယန် ခုန်ချ သွားပြန်ပြီ။ ငါးနီလေး တစ်ကောင်လို ရေစီးကြောင်း အတိုင်း ကူးခတ် နေခဲ့တယ်။
….
ဒီအချိန် ၇ခုမြောက် ကောင်းကင်ဘုံမှာ ဖန်ကျန်းရှီ ပန်းချီကားကို စဉ်းစားနေတယ်။ အခုထိ မတွေးတတ်သေးဘူး။ ဘာအဓိပ္မာယ်လဲ။ သူတွေးထားတာနဲ့ ဘာလို့ ကွာနေတာလဲ။ အရာအားလုံး ဖြစ်တည်မှု ပုံရိပ်က နဂါး ဖြစ်နေတာ။ တစ်ခုခုများ လွဲနေတာလား။
ဟာသပဲ။ သူ့ရဲ့ ကျိုးကြောင်း ဆင်ခြင်ဉာဏ်က မှားနေတာလား။ ချီကူယန်က သူသတိပေးတာကို ကြားပြီးတော့ ပန်းချီကို ဖြေရှင်း နိုင်ခဲ့တယ်။ ချီကူယန်တောင် ဖြေနိုင်မှာတော့ သူက ဘာဖြစ်လို့ မဖြေနိုင် ရတာလဲ။
ရွှေရောင် နဂါးကြီးကို ကြည့်ရင်း ဖန်ကျန်းရှီ စဉ်းစား နေခဲ့တယ်။ လှုပ်ရှားမှု တစ်ခုချင်းစီကို သူအသေးစိတ် လေ့လာ နေခဲ့တယ်။ သူစိတ်မပူဘူး ပြောရင် လိမ်ရာ ရောက်လိမ့်မယ်။ ချီကူယန်သာ နောက်ထပ် ကောင်းကင်ဘုံကို တစ်ဆင့် ထပ်တက်သွားရင် သူက တကယ်ပဲ နိမ့်ကျတဲ့ အစေခံ ဖြစ်သွားလိမ့်မယ်။
အပိုင်း (၇၁၁) ပြီး၏။
အပိုင်း (၇၁၂)
“ဟန်ဆောင်နေတာ ရပ်တော့။ ရိုးရိုးသားသားနေ။”
“ဘာတွေ ဖြစ်နေတာလဲ။ ဒီမှာ စည်းမျဉ်း မရှိဘူးလား။” ဖန်ကျန်းရှီ ရွှေရောင် နဂါးကြီးကို ကြည့်ရင်း စူးစမ်း လေ့လာ နေခဲ့တယ်။ ဒါပေမယ့် တစ်မိနစ်လောက် စဉ်းစား ပြီးတဲ့နောက် သူဒေါသ ထွက်လာပြန်တယ်။ ဒါကနေ ဘာနည်းလမ်းမှ မစဉ်းစား နိုင်ဘူးလား။ တိကျတဲ့ ပုံစံ တစ်ခုခုများ မရှိဘူးလား။ သူစိတ်ရှုပ်ထွေး လာခဲ့တယ်။ ဒါပေမယ့် တခြား ဘာကိုမှ တွေးတော မရဘူး။
ခုနှစ်ခုမြောက် ကောင်းကင်။ ဒီကောင်းကင်ကို မဖြတ်နိုင်ရင် ဘယ်လိုလုပ် ချီကူယန်ကို ကျော်ပြီးတော့ နဝမမြောက် ကောင်းကင်ဘုံကို ရောက်နိုင်မှာလဲ။ တကယ်ပဲ ချီကူယန်ရဲ့ နိမ့်ကျတဲ့ အစေခံ လုပ်ရမှာလား။ ချီကူယန် သူ့ကို ဘယ်လို နှိပ်စက်မလဲ ဘယ်သူ သိနိုင်မှာလဲ။ သူ့ရဲ့ တာဝန်တွေကသာ ရေနွေး ငှဲ့တာတို့ ဘာတို့ဆိုရင် သည်းခံနိုင်စရာ ရျိသေးတယ်။ ဒါပေမယ့် ကျာပွတ်နဲ့ ရိုက်တာတို့ ဖယောင်းတိုင်မီးနဲ့ တို့တာတို့ ဖြစ်လာရင်ကော ဘယ်လိုလဲ။
ဖြစ်နိုင်ချေ နည်းတာကို ဖန်ကျန်းရှီ သိတ်ယ။ ဒါပေမယ့် လောကကြီးမှာ ဘာကိုမှ အတိအကျ ပြောလို့ မရဘူးလေ။ ဒါမျိုး ဖြစ်မလာ နိုင်ဘူးလို့ အာမခံ နိုင်တာ ဘယ်သူ ရှိမလဲ။ ချီကူယန်မှာ ဒီလို ဝါသနာမျိုး မရှိရင်တောင် စမ်းသပ် ချင်လာရင် ဘယ်လို လုပ်မလဲ။ နိမ့်ကျတဲ့ အစေခံသာ ဖြစ်သွားရင် ဒါတွေကို သူခုခံ နိုင်မှာ မဟုတ်ဘူး။ မဖြစ်ဘူး။ ဒါမျိုး ကိစ္စတွေကို သူလုံး၀ ခွင့်မပြု နိုင်ဘူး။
ဒီလို ကိစ္စမျိုး ဖြစ်လာတာ လက်မခံ နိုင်ဘူး။ ဒါပေမယ့် အခုတော့ ဘယ်လို ဖြေရှင်းရမှာလဲ။ နဂါး တစ်ကောင်လေ။ ဘာစည်းမျဉ်း ဘာသဏ္ဍာန်မှလည်း မတွေ့ဘူး။ ဘယ်ရှုထောင့်က ကြည့်ကြည့် တာအိုနဲ့ ပတ်သက်တာကို မတွေ့ရဘူး။ စည်းမျဉ်း။ စည်းမျဉ်း မရှိတာ ဖြစ်နိုင်လား။ အကယ်၍ စည်းမျဉ်းသာ မရှိရင်၊ နဂါး ကိုယ်တိုင်နဲ့ သက်ဆိုင် နေတာလား။ မဟုတ် မဟုတ်သေးဘူး။
ချီကူယန်ကို အရာအားလုံး ဖြစ်တည်မှု ပုံရိပ်လွှာ အကြောင်း သူသတင်း ပေးခဲ့တယ်။ ဒါကြောင့်ပဲ ချီကူယန်က ဖြေရှင်း နိုင်သွားခဲ့တယ်။ ဒီကိစ္စက အရေးအကြီးဆုံး အချက်ပဲ။ ပုံရိပ်လွှာက ဘာဖြစ်မလဲ။ ဆင့်ကဲ ဖြစ်စဉ်။ ပန်းချီတွေ အမျိုးမျိုးရဲ့ ဆင့်ကဲ ဖြစ်စဉ်။ နဂါး။ ဆင့်ကဲ ဖြစ်စဉ်။
“အဲ့တာက” ရုတ်တရက် ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ အတော့်ကို ကြီးမားတဲ့ အတွေးတစ်ခု ပေါ်လာခဲ့တယ်။ ဒီအတွေးက သူ့စိတ်ထဲမှာ တဖြည်းဖြည်း ကြီးမားလာတယ်။ တကယ်တော့ နဂါးတွေကို သူနားလည်ထားတာ တစ်ခုရှိတယ်။ ဒဏ္ဍာရီထဲမှာ နဂါးဆိုတာ ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခုပဲ။ ဘယ်သူကမှ အမှန်တကယ် မမြင်ဖူးဘူး။ ဒါပေါ့။ အရင် စကြဝဠာမှာပဲ မရှိတာ။ အခု နေရာမှာတော့ မရှိဘူးလို့ သူအတိအကျ မပြောဝံ့ဘူး။ ဒါပေမယ့် စာအုပ် စာတမ်းတွေ အရဆိုရင်တော့၊ နဂါးတစ်ကောင်ရဲ့ ပုံစံက ဆင့်ကဲ ဖြစ်စဉ် တစ်ခုပဲ။
မှတ်တမ်း တင်ထားတဲ့ အတိုင်း ဆိုရင် “နဂါးတွေက သတ္တဝါတွေရဲ့ ဘုရင်။ ကျောမှာ အကြေးခွံ ၈၁ရှိတယ်။ အသံက မောင်းတွေ အများကြီးကို တီးနေသလို စူးရှတယ်။ ပါးစပ်နားမှာ မုတ်ဆိတ်မွှေး ရှိတယ်။ မေးစေ့မှာ ပုလဲ တစ်လုံးရှိတယ်။ ရေကိုထုတ်နိုင်သလို မီးလည်း မှုတ်နိုင်တယ်။”
သုံးပြည်ထောင် ချစ်ဇာတ်လမ်းမှာ ချောင်ချောင်က နဂါးအကြောင်းကို အထူးအလေးထားပြီး ဖော်ပြ ဖူးတယ်။ “နဂါးက ငယ်ငယ် ကြီးကြီး။ ကိုယ်ယောင်ဖျောက်နိုင်တယ်။ ပျံသန်းနိုင်တယ်။ ကြီးမားလာတဲ့ အချိန် မြူနှင်းတွေကိုလည်း ထုတ်လွှတ်နိုင်တယ်။ သူ့ကို မမြင်အောင်လည်း ဖုံးကွယ် ထားနိုင်တယ်။”
ဒါတွေက နဂါးရဲ့ အထူး စွမ်းရည်တွေပဲ။ ဒါ့အပြင် နဂါးရဲ့ ပုံပန်း သဏ္ဍာန်ကလည်း အမျိုးမျိုး ကွဲပြားတယ်။ အဓိက သူ့ရဲ့ လက္ခဏာ ကိုးမျိုး ရှိတယ်။ သမင်လိုဂျို၊ ဒရယ်ခေါင်း။ ပုစွန်မျက်လုံး။ မြည်းပါးစပ်၊ မြွေလိုအောက်ပိုင်း၊ ကဏန်းလို အကြေးခွံတွေ၊ လင်းယုန် လက်သည်း၊ လူလို မုတ်ဆိတ်၊ ဆင်နားရွက်တွေ ရှိတဲ့ သတ္တဝါ။ ဒါကြောင့် နဂါးကိုယ်တိုင်က သတ္တဝါ မျိုးစုံ ပေါင်းစည်းထားတဲ့ ဆင့်ကဲ ဖြစ်စဉ် တစ်ခုလို့ ပြောလို့ ရတယ်။
“နားလည်ပြီ။ နားလည်ပြီ။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပလာတယ်။ သူ့မျက်ဝန်းထဲမှာ များပြားတဲ့ ရွှေရောင် စာလုံးတွေ ထွက်ပေါ် လာတော့တယ်။ ချီကူယန် ၇ခုမြောက် ကောင်းကင်ကို ဖြေရှင်း သွားတဲ့ မြင်ကွင်းနဲ့ အတူတူပဲ။ ရွှေရောင် စာလုံးတွေ တောက်ပလာတဲ့ အချိန်မှာပဲ သူ့ရှေ့က နဂါးကြီး တဖြည်းဖြည်း ကြည်လင် လာတာကို ဖန်ကျန်းရှီ ခံစား နေရတယ်။ နဂါးကြီးက သူ့ကိုယ်ထဲမှာ ရှင်သန် နေသလိုပဲ။
“ဒါက ဒီလိုဆိုတော့ နဝမ ကောင်းကင်ဘုံမှာ ဘာတွေ တွေ့ရမလဲ။” ဒါကို စဉ်းစား မိလိုက်တော့ ကောင်းကင် ကိုးဘုံရဲ့ လျှို့ဝှက် အဓိပ္မာယ်ကို မြင်လိုက်ရသလို ဖန်ကျန်းရှီ ခံစား နေရတယ်။ အောက်ခြေ သုံးဘုံက တာအိုတွေ။ အလယ် သုံးဘုံက ဆင့်ကဲ ဖြစ်စဉ်နဲ့ တာအိုတွေ အားလုံး ပေါင်းစည်း ထားတာကို အဓိက ထားတယ်။
အထက်သုံးဘုံကတော့ အရေးကြီးတဲ့ ပေါင်းစည်းမှု တစ်ခုပဲ။ တာအိုတွေ အများကြီးရဲ့ ကွဲထွက်မှုနဲ့၊ ဆင့်ကဲ ဖြစ်စဉ်တွေ ဘယ်လို ကွဲပြား သွားလဲ ဆိုတာကို ပြောတာပဲ။ အရာအားလုံးက တစ်ခုတည်း ပေါင်းစည်းဖို့ ဖြစ်နိုင်တယ်။
“ရန်ချင်း သတ္တမ ကောင်းကင်ကို ဝင်ပြီ။”
“သတ္တမ ကောင်းကင်။”
“…”
ဒီအချိန် လေထဲမှ ခမ်းနားတဲ့ အသံကြီး တစ်ခု ထွက်ပေးလာတယ်။ နောက်တော့ ရန်ချင်းက ဖန်ကျန်းရှီရဲ့ ရှေ့မှာ ရောက်လာတော့တယ်။
“ဖန်ကျန်းရှီ မင်း အခု ၇ခုမြောက် ကောင်းကင်ကို ဖြေရှင်း။” ရန်ချင်း ရောက်ရောက်ချင်း ဖန်ကျန်းရှီကို စကားပြောတယ်။ ဒါပေမယ့် သူ့စကားကို ဆုံးအောင် မပြောနိုင်ခင် အချိန်မှာပဲ လေထဲက အသံကြီးက သူ့ကို နှောက်ယှက်လိုက်တယ်။
“ဖန်ကျန်းရှီ အဋ္ဌမ ကောင်းကင်ကို ဝင်ပြီ။”
“အဋ္ဌမ ကောင်းကင်။”
ဒီအသံထွက်လာတာနဲ့ ဖန်ကျန်းရှီလည်း သူ့နေရာကနေ ပျောက်ကွယ် သွားတော့တယ်။
“…” ရန်ချင်းကတော့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ခုနှစ်ခုမြောက် ကောင်းကင်က ရှင်းလင်း ပြီးတော့ ကျောက်တိုင်၇တိုင်ပဲ ရှိနေတာကို မြင်ရတော့ သူဘာမှ မပြောတော့ဘူး။ ဒီအချိန်မှာပဲ အသံ တစ်သံကို ကြားလိုက်ရတယ်။
“ထောင်ချီတဲ့ ဆင့်ကဲ ဖြစ်စဉ်တွေ၊ တစ်ခုတည်း ပေါင်းစည်း။”
“ထောင်ချီ ဆင့်ကဲ ဖြစ်စဉ်။ တစ်ခုတည်း ပေါင်းစည်း။” ဒီအသံက ဖန်ကျန်းရှီရဲ့ အသံမှန်း သူသိတယ်။ ဒါပေမယ့် ပြောတာကို နားမလည်ဘူး။ ခေါင်းပေါ်ကို မော့ကြည့်လိုက်တော့ ပန်းချီကို တွေ့လိုက်ရတယ်။
“နဂါးလား။” ရန်ချင်း ဒါကိုမြင်တော့ ဖန်ကျန်းရှီလိုပဲ စိတ်ရှုပ် သွားခဲ့တယ်။ သူက ဖန်ကျန်းရှီထက် အခြေအနေ ပိုဆိုးတယ်။ “ဘာဖြစ်လို့ ဒီမှာ နဂါး ရှိနေ ရတာလဲ။ ဒီနဂါးက ဘာလာ လုပ်တာလဲ။”
…..
ဖန်ကျန်းရှီ အဋ္ဌမ ကောင်းကင်ဘုံကို ဝင်သွားတဲ့ သတင်းက မိုးနတ် ရေကန် အပြင်ဘက်ကို ရောက်လာပြန်တယ်။ ထုံးစံအတိုင်း လူတန်း လန့်နေကြပြန်တယ်။ ခုနှစ်ယောက်တည်းပဲ ရောက်သေးတယ်။ အခုတော့ အရေအတွက် ပြောင်းသွားခဲ့ပြီ။ ၇ယောက်ကနေ ၉ယောက် ဖြစ်သွားခဲ့တယ်။ တစ်ရက်တည်းနဲ့ အရေအတွက် တိုးလာခဲ့ပြီ။ ဒါပေမယ့် မိုးနတ် ရေကန် ရွေးချယ်ပွဲက ပြီးသွားပြီ။ ၈ခုမြောက် ကောင်းကင်ဘုံက လူတိုင်းရဲ့ နောက်ဆုံး ကံတရားပဲ။
“ဒီကောင်စုတ် တကယ်ပဲ ရောက်သွားခဲ့ပြီ။ ဘယ်လိုများ ရောက်နိုင်တာလဲ။”
“ငါလည်း မသေချာဘူး။ ဒါပေမယ့် ဒီကောင်စုတ်တော့ တကယ့်ကို ရှားပါး ပညာရှင်ပဲ။ အရမ်း သန်မာတယ်။ တကယ် အရမ်း သန်မာလွန်းတယ်။”
“ဟုတ်တယ်။ အဋ္ဌမ ကောင်းကင်ကို ဝင်နိုင်တဲ့ သူကတော့ တကယ့်ကို တော်တဲ့ သူပဲ။”
ကောင်းကင် တာအို တပည့်သားတွေ လန့်လည်း လန့်နေသလို။ လေးလည်းလေးစား နေကြတယ်။
ဒီသတင်းကို ကြားတဲ့ ဆဋ္ဌမ အကြီးအကဲတောင် သက်ပြင်းချရင်း ခပ်တိုးတိုး ပြောမိတယ်။ “ဒီလို အရည်အချင်းရှိတဲ့ အောင်မြင်သူက နှမြော စရာကြီး။”
“ထားလိုက်ပါတော့။ ရန်ချင်းလည်း သတ္တမ ကောင်းကင်ဘုံကို ဝင်သွားပြီ။ အဋ္ဌမ ကောင်းကင်ကို သူရောက်နိုင်မလား သေချာ မသိသေးဘူး။ မိုးနတ် ရေကန်က တစ်နာရီတော့ အချိန် ကျန်ပါသေးတယ်။”
“အကယ်၍ ရန်ချင်းသာ အဋ္ဌမ ကောင်းကင်ကို ဝင်နိုင်ရင် ဒီနေ့ကတော့ အံ့ဖွယ်တွေ ဖြစ်တော့မှာပဲ။”
“ဟဟား။ ဟုတ်တယ်။ အမှန်ပဲ။ ၈ခုမြောက် ကောင်းကင်ကို တစ်ရက်တည်းနဲ့ လူသုံးယောက် ဝင်သွားတယ်။ ဒီမြင်ကွင်းက ခမ်းနားလိုက်တာ။”
တပည့်သားတွေက ကောင်းကင်ကို ကြည့်ရင်း တခြားတစ်ခုကို တွေးတော နေကြတယ်။ ရန်ချင်းသာ နောက်ထပ် ကောင်းကင် တစ်ခုကို တက်သွားနိုင်ရင် ဘယ်လို ဖြစ်မလဲ။ သူတို့ စိတ်ထဲမှာတော့ ချီကူယန်နဲ့ ဖန်ကျန်းရှီက ကန့်သတ်ချက်ကို ရောက်နေခဲ့ပြီ။ သူတို့အတွက် ဆက်တက်ဖို့ မဖြစ်နိုင်တော့ဘူး။
…..
မိုးနတ် ရေကန်က ၈ခုမြောက် ကောင်းကင်မှာ။ ခုနှစ်ခုမြောက် ကောင်းကင်နဲ့ တပုံစံတည်း တူညီတဲ့ အဖြူရောင် တိုင်လုံးတွေကို မြင်နေရတယ်။ ချီကူယန်က တိုင်လုံးတွေရှေ့မှာ ရပ်နေတယ်။ တကယ့်ကို လှပတဲ့ မြင်ကွင်းပဲ။ ဒါပေမယ့် ဖန်ကျန်းရှှီကတော့ ရှုခင်း ကြည့်မနေနိုင်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ချီကူယန်က အပေါ်မှာ ရှိတဲ့ ပုံရိပ်လွှာကို မော့ကြည့် နေတယ်လေ။ ဖန်ကျန်းရှီကိုတောင် နှုတ်မဆက်ဘူး။ ၇ခုမြောက် ကောင်းကင်မှာ ဖြစ်ခဲ့တာနဲ့ မတူဘူး။
“အိုး။ မင်းက ပန်းချီကားကို ကြည့်နေတာလား။ တစ်ခုခု သိတာရှိရင် ငါနဲ့ မျှဝေလို့ ရတယ်။ မင်းက ငါ့ရဲ့ ညွှန်ကြားချက်ကို လိုမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ၇ခုမြောက် ကောင်းကင်မှာ ဖြစ်တဲ့ အတိုင်းပဲ။ မင်း နားလည်မှာပါ။ ဒီ၈ခုမြောက် ကောင်းကင်ကို ဝင်နိုင်တာ ငါ့ကို အကြွေးတင်သွားပြီ မဟုတ်လား။”
သူလျှောက်လာ နေရင်းနဲ့ ခေါင်းပေါ်ကို တစ်ချက် မော့ကြည့်လိုက်တယ်။ ဖန်ကျန်းရှီ ချက်ခြင်း ခြေလှမ်း ရပ်တန့် သွားခဲ့တယ်။ သူ့ခေါင်းပေါ်မှာ ဘာပန်းချီမှ ရှိမနေခဲ့ဘူး။ စာရွက်အလွတ်ကြီးသာ ရှိနေခဲ့တယ်။ စာရွက် အလွတ်ကြီး။
ဖန်ကျန်းရှီ ရင်ဘတ်ထဲမှာ ရုတ်တရက် ခံစား မိလိုက်တယ်။ ဒီလောကမှာ အချစ်နဲ့ ယုံကြည်မှုဆိုတာ မတည်ရှိဘူး။ ခုနှစ်ခုမြောက် ကောင်းကင်မှာ နဂါးရှိနေတာတောင် သူ့ကို အတော်လေး ဒေါသ ထွက်သွားစေတယ်။ အခုတော့ ၈ခုမြောက် ကောင်းကင်က စာရွက် အလွတ်ကြီးတဲ့လား။ ဘယ်လိုတောင်လား။
စာမေးပွဲ ခန်းမမှာ စာစစ်သူ မေးခွန်း မေးမှာကို စောင့်နေခဲ့ ပေမယ့် စာစစ်သူက တစ်ခွန်းမှ မဟတဲ့ အဖြစ်လိုပဲ။ မေးခွန်း မရှိရင် ဘယ်လိုလုပ် အဖြေရှိ နိုင်မလဲ။ မေးခွန်းတွေက များပြားလွန်းလို့ စာစစ်သူ ဘာမေးချင်မှန်း သူ့ကံတရားပေါ် မူတည်ပြီး ခန့်မှန်း ရမှာပဲ။
အခုချိန်မှာ မေးခွန်း ထုတ်တာကို ဘယ်သူမှန်းတောင် သူမသိဘူး။ ဒီတော့ ဘယ်လိုများ စာစစ်သူရဲ့ အတွေးကို ခန့်မှန်း နိုင်မှာလဲ။ ချီကူယန်က ဖန်ကျန်းရှီရဲ့ စကားတွေကို ကြားတော့ သူ့ကို လှမ်းကြည့်တယ်။
“ငါ့အတွေးက ဒီလို။ အရာအားလုံးက ဘာမှ မရှိတဲ့ အစကနေ ဖြစ်တည်တယ်။ ပေါင်းစည်းပြီးတော့ တစ်ခုခု ဖြစ်တည်လာတယ်။ နောက်ဆုံး အားလုံး ပျောက်ကွယ်ပြီး အစကို ပြန်ရောက်သွားတယ်။ နင်ကော တစ်ခုခု စဉ်းစားမိလား။” ချီကူယန် ချက်ခြင်း ပြောတယ်။
“အရာ အားလုံးက ဘာမှ မရှိတဲ့ အစကနေ ဖြစ်တည်တယ်။ ဘာမှမရှိတဲ့ အစကို ပြန်ရောက်ပြီး ပျောက်ဆုံးတယ်။” ဖန်ကျန်းရှီ နည်းနည်းတော့ တုန်ယင် သွားမိတယ်။ ချီကူယန်ရဲ့ စကားတွေကို ပြန်ရွတ်မိတယ်။ သူမရဲ့ အသိပညာက ဒီလောက်တောင် ကြွယ်ဝမယ်လို့ မထင်ထား ခဲ့မိဘူး။ ခုနှစ်ခုမြောက် ကောင်းကင်က ပုံစံမျိုးနဲက ကွာခြား နေတယ်။
“အခုချိန်မှာ ဘာမှ မတွေးတတ်သေးရင်၊ အရင်ဆုံး တစ်ချက်ကြည့်လိုက်။” ချီကူယန် နေရာ တစ်ခု ရှာပြီး ထိုင်လိုက်တယ်။ ကောင်းကင်က ပုံရိပ်ကို မကြည့်တော့ဘူး။
“ဘာဖြစ်လို့ မင်းရဲ့ အတွေးတွေကို ပြောပြတာလဲ။” ဖန်ကျန်းရှီက ချီကူယန် ထိုင်လိုက်တာကို မြင်တော့ ပိုပြီး အံ့သြ နေတယ်။ အစကတော့ သူမကို စနောက်ပြီး မတွေးတော နိုင်အောင် လုပ်ဖို့ ကြံစည် ထားတာပဲ။ ချီကူယန် နောက်ဆုံး မြေပြင်ပေါ်ကို လဲကျ သွားတဲ့ အချိန်ထိ မညှာတာပဲ တိုက်ခိုက်မယ်။ ဒါပေမယ့် အခုတော့ ချီကူယန်က မြေပြင်ပေါ်မှာ ထိုင်နေပြီ။ သူ့ကို ဝါဂွမ်းပုံထဲမှာ အသက်ရှူကြပ်အောင် ဖိသတ်နေသလို ဖန်ကျန်းရှီ ခံစား နေရတယ်။ အားအင်တွေ ရုန်းကန် နိုင်စွမ်းတွေ မရှိတော့ဘူး။
“ခုနက နင်ဘာပြော လိုက်ပါလိမ့်။ သတိပေးတာကို ကျေးဇူး တင်ပါတယ်။ အခုတော့ ငါ၈ခုမြောက် ကောင်းကင်ကို ရောက်ပြီလေ။ ဒီတော့ ငါ့ရဲ့ အတွေးတွေကို ပြောပြ ရမှာပေါ့။” ချီကူယန် ပုံမှန်အတိုင်း ပြောနေခဲ့တယ်။
“ငါမင်းကို ယုံတော့ မလို့။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ကြည့်လိုက်တယ်။ ချီကူယန်ရဲ့ စကားတွေကို မယုံချင်ဘူး။ ချီကူယန်ကို သူကောင်းကောင်း နားလည်တယ်။ သူမရဲ့ ပုံစံ အရဆိုရင်၊ ရှုံးတာကို ဝန်ခံမှာ မဟုတ်ဘူး။ ဒါ့အပြင် ဒီလို ကျားကွက်အတွက် သူမ အများကြီး အားထုတ် ထားခဲ့တယ်။
အကယ်၍ ချီကူယန်သာ သူ့ကို နိုင်စေချင်ရင်၊ သူတို့ကြားက အလောင်းအစားကို ကြေညာခဲ့မှာ မဟုတ်ဘူး။ ဆဋ္ဌမ အကြီးအကဲကလည်း သူ့ကို အံ့ဖွယ် တောင်ကြားထဲ ပို့မှာ မဟုတ်ဘူး။
ထောင်ချောက်ပဲ။ ဒါက တကယ့် ထောင်ချောက်ပဲ။ ဒီထောင်ချောက်ထဲ ကျလို့ မဖြစ်ဘူး။ ဒါပေမယ့် ချီကူယန်ရဲ့ စကားတွေမှာ ဘာပြဿနာကိုမှ သူရှာမတွေ့ ခဲ့ဘူး။ သူမ စကားတွေက အမှန်ပဲလေ။ ဒါတွေကို သိနေရင် ဘာဖြစ်လို့ ဒီကောင်းကင်မှာ စောင့်နေတာလဲ။ ပြဿနာ တစ်ခုခုတော့ ရှိရမယ်။
ဖန်ကျန်းရှီ သေချာ လေ့လာ ကြည့်ပေမယ့်လည်း ဘာမှ ထူးဆန်းတာကို မတွေ့ရဘူး။ ဒါက လုံးဝကို စာရွက် အလွတ်ကြီးပဲ။ ဒီစာရွက် အလွတ်ကြီးကို တစ်နာရီလုံးလုံး ထိုင်ကြည့် နေရမှာလား။ ဖန်ကျန်းရှီ မျက်လုံး ပိတ်ပြီးတော့ စွမ်းအင်တွေ စုစည်းနေတဲ့ ချီကူယန်ကို ကြည့်မိတယ်။ သူမဘေးမှာ ချက်ခြင်း လာထိုင်တယ်။
လေပြည်ညင်းက ချီကူယန်ရဲ့ ဝတ်ရုံရှည်ကို တဖျပ်ဖျပ် လွင့်အောင် တိုက်ခတ် နေခဲ့တယ်။ သူမဆီက ကိုယ်သင်းနံ့ ခပ်ဖျော့ဖျော့ကို ဖန်ကျန်းရှီ ရနေတယ်။
“ငါ မင်းကို မေးခွန်း တစ်ခု မေးချင်တယ်။” ဖန်ကျန်းရှီ ထိုင်ရင်းနဲ့ ကောင်းကင်ကို မော့ကြည့်နေတယ်။
“မေး” ချီကူယန် ခေါင်းငြိမ့်တယ်။
“ငါမင်းကို ချက်ခြင်း တိုက်ခိုက်ပြီးတော့ မင်းသတိ လစ်သွားရင်၊ ဒီပြိုင်ပွဲကို ငါနိုင်နိုင်လား။” ဖန်ကျန်းရှီ သူ့ကိုယ်သူ သက်တောင့် သက်သာ ဖြစ်အောင် မြေပြင်ပေါ်ကို လှဲချလိုက်ရင်း ပြောတယ်။
“ဟင့်အင်း။ တရား မဝင်ဘူး။” ချီကူယန် ချက်ခြင်း အသံမာမာနဲ့ ပြန်ဖြေတယ်။
“သတိလစ်တဲ့ အထိ ရိုက်လိုက်ရင် တကယ်ပဲ ထည့်မတွက် ဘူးလား။”
“လုံး၀ ထည့်မတွက်ဘူး။ ငါတို့က ဘယ်သူ အချိန်တိုတို အတွင်း ကောင်းကင်ဘုံ အမြင့်ကို ရောက်မလဲ ပြိုင်နေတာ။ ၈ခုမြောက် ကောင်းကင်ကို ငါအရင်ရောက်တယ်။ ကိုးခုမြောက် ကောင်းကင်ကို ငါ့ထက် အရင်မရောက်ရင် နင်ရှုံးမှာပဲ။”
“အဲ့တာ ငါမင်းကို ကူညီလိုက်လို့လေ။” ဖန်ကျန်းရှီ မကျေမနပ်ပြောတယ်။
“ငါမြန်တာက မြန်တာပဲလေ။” ချီကူယန် ပြောရင်းနဲ့ မြေပြင်ပေါ်မှာ ပက်လက်လန် အိပ်လိုက်တယ်။
“…” ဖန်ကျန်းရှီ ဘာမှ ပြန်မပြောနိုင်ဘူး။ သူတို့တွေက ဘယ်သူ ကောင်းကင်ဘုံ အထက်အဆင့်ကို အရင် ရောက်မလဲ ပြိုင်နေခဲ့တာ ကန့်သတ်ချက် မရှိဘူး။ ဒါကိုတွေးနေတဲ့ အချိန်မှာပဲ သူ့လက်မောင်းကို တစ်ခုခုက လာဖိတယ်။
“အမ်” ဖန်ကျန်းရှီ လှည့်ကြည့်တော့၊ သူ့ပုခုံးကို ခေါင်းအုံးထားတဲ့ ချီကူယန်ကို တွေ့လိုက်ရတယ်။ မဖြစ်နိုင်ဘူးမလား။ ချီကူယန်က ငါ့ကို ခံစားချက် ရှိနေတာလား။ သူ့ရဲ့ စိတ်တွေ ပူနွေး လာခဲ့တယ်။ ဒီလို မြင်ကွင်းမျိုးမှာ တကယ်တော့ သူက အခွင့်အရေး ရအောင် လုပ်ရမှာ မဟုတ်လား။ ဒါပေမယ့် ချီကူယန်ရဲ့ သစ်သားအိမ်ထဲမှာ နေနေတဲ့ အချိန် သူတို့ နှစ်ယောက်လုံးက အမြဲတမ်း ခပ်ခွာခွာပဲ နေခဲ့တာလေ။ ထောင်ချောက်ပဲ။
ချီကူယန်ရဲ့ အပြုအမူတွေက ပုံမှန် မဟုတ်ဘူး။ ပထမဆုံး ရက်ရက်ရောရော သူမရဲ့ စိတ်ကူးတွေကို ပြောတယ်။ သူ့ကို အရူးလုပ်ဖို့ ကြိုးစားတယ်။ ဒီကောင်မလေး သူ့ကို အချိန်ဆွဲ နေတာလား။ ဒီအတွေးက သူ့ကို လှုပ်နှိုးလိုက်တယ်။ နဖူးကနေ ချွေးစက်တွေ စီးကျ လာခဲ့တယ်။ ချီကူယန် အချိန်ဆွဲဖို့ ကြံနေတာပဲ။
သူသတိလက်လွတ် စိတ်အေးလက်အေးနဲ့ မျက်စိမှိတ်လိုက်မယ့် အချိန်မှာ အထက်ကောင်းကင်ကို တက်မှာပဲ။
“ငါပုံရိပ်လွှာကို ကြည့်တော့မယ်။” ဖန်ကျန်းရှီ ပုခုံးကို ခါရင်း ထရပ်တယ်။ အဲ့ဒီ့နောက် စာရွက်ကို သေချာကြည့်နေခဲ့တယ်။
“တကယ်တော့ ငါ သိထားတာ တစ်ခုရှိတယ်။ နင်ကြားချင်လား။” ချီကူယန် ပြုံးပြရင်း ပြောတယ်။
“ဟန်ဆောင်နေတာ ရပ်တော့၊ ရိုးရိုးသားသားနေ။” ဖန်ကျန်းရှီ ချီကူယန်ကို လက်ခလယ် ထောင်ပြလိုက်တယ်။
“ဟီးဟီး။” ချီကူယန် ချက်ခြင်း အော်ရယ်တော့တယ်။ ဥယျာဉ် တစ်ခုလုံးက ပန်းတွေ သူမ ရယ်သံကြောင့် ပွင့်ဖူး လာသလိုပဲ။ ဒီလို အလှတရားမျိုးကြောင့် ကောင်းကင်က ကြယ်တွေတောင် မှိန်ဖျော့ သွားနိုင်တယ်။
အပိုင်း (၇၁၂) ပြီး၏။
အပိုင်း (၇၁၃)
“နဝမမြောက် ကောင်းကင် အတွက် သင့်တော်တဲ့ ဝင်ပေါက်။”
ဒါပေမယ့် ဖန်ကျန်းရှီက အခုချိန်မှာ ချီကူယန်ရဲ့ အလှတရားကို ခံစားနေဖို့ အချိန် မရှိခဲ့ဘူး။ သူ့မှာ ခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန် တစ်နာရီပဲ ရှိတော့တယ်။ ဒီစာရွက် အလွတ်က ဘာကို ဆိုလို ချင်တာလဲ။ ချီကူယန်ရဲ့ အတွေး အခေါ်နဲ့ ဆိုရင်တော့ ဒီနိယာမက နားလည်ဖို့ မခက်ခဲဘူး။ ဒါပေမယ့် သေချာရဲ့လား။ ဖန်ကျန်းရှီမှာ အတည်ပြုဖို့ နည်းလမ်း မရှိဘူး။ ဒါကသာ အမှန်တရား ဖြစ်ခဲ့ရင် သူလည်း နဝမ ကောင်းကင်ဘုံကို ရောက်နေ လောက်ပြီ။
ဒါဆိုရင် ပြဿနာက ဘာဖြစ်မလဲ။ ချီကူယန်ရဲ့ အတွေးအခေါ်က မပြည့်စုံသေးတာ။ ဒါမှမဟုတ် တခြား အဓိပ္မာယ် ရှိနေတာ ဖြစ်နိုင်တယ်။ ဒီဗလာ စာရွက်ကြီးက ဖြူဖွေး နေတာက လွဲပြီးရင်၊ တခြား ဘာမှ မထူးခြားဘူး။ အဋ္ဌမ ကောင်းကင်မှာသာ မဟုတ်ရင် ဒါကို နောက်တစ်ခေါက်တောင် ကြည့်မိမှာ မဟုတ်ဘူး။
“ဒီလောက်တောင် ခက်ခဲလား။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်မိတယ်။ တကယ်တော့ ဒီမြင်ကွင်းကို မြင်ပြီးတည်းက နဝမ ကောင်းကင်ကို လူတစ်ယောက်ပဲ ဝင်နိုင်တယ် ဆိုတာကို သူနားလည် သွားခဲ့ပြီ။ ဒါက ခက်ခဲ လွန်းတယ်လေ။ ဗလာကြီးက ခက်ခဲလွန်းလို့ ဘာကိုမှ စလို့ မရဘူး။ နေစမ်းပါအုန်း။ အစ။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ တစ်ခုခု စတင်ဖို့ အကြံ ရောက်လာခဲ့တယ်။ ဘယ်သူမှ မတွေးမိ ခဲ့တဲ့ အရာ တစ်ခုပေါ့။ တစ်ခုခုကို ဆွဲရမယ်။ ခက်ခဲတဲ့ အကြံဉာဏ်တော့ မဟုတ်ဘူး။ မိုးနတ် ရေကန်က ကောင်းကင် တာအို ခန်းမမှာတောင် ကြောက်စရာ နေရာ တစ်ခုပဲ။
ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ယောက် အနေနဲ့ ဘယ်သူကများ ဒီမှာ ပန်းချီ ဆွဲဝံ့မှာလဲ။ အကယ်၍ ဖန်ကျန်းရှီသာ ချီကူယန်လို ကောင်းကင် တာအို ခန်းမကို ဝင်ပြီးသား တပည့်သား တစ်ယောက် ဆိုရင်တော့ သူလည်း လုပ်ဝံ့မှာ မစုတ်ဘူး။ အကယ်၍ သူသာ ရှုံးနိမ့်သွားရင် ရလာမယ့် ရလဒ်က မတွေးဝံ့ စရာပဲလေ။
ဖန်ကျန်းရှီက မိုးနတ် ရေကန်ထဲကို ပထမဆုံး ရောက်လာတဲ့ အပြင်လူ တစ်ယောက်လေ။ ဒီလို အတွေးကို တွေးမိတော့ ဖန်ကျန်းရှီ စိတ်ထဲ အမှောင်ထဲက အလင်းကို တွေ့လိုက်ရတဲ့ အတိုင်းပဲ။
“ကြိုးစား ကြည့်တာပေါ့။ ဒီနေရာကိုတောင် ရောက်လာပြီ။ မကြိုးစား ပဲနဲ့တော့ အရှုံး မခံနိုင်ဘူး။ တစ်ခုခုသာ ပျက်စီးသွားရင် ပြေးရုံပဲ။” ဖန်ကျန်းရှီအတွက်တော့ စိတ်ဖိစီးမှု မရှိခဲ့ဘူး။ သူက ဒီနေရာကနေ ထွက်သွားမယ့်သူ။ ထွက်မသွားခင် ကြိုစား ကြည့်ရမယ်။ အရေးကြီးဆုံး အကြောင်းရင်းကတော့ ကောင်းကင် ကိုးဘုံမှာ ဒိကောင်းကင်ဘုံက အဆိုးဆုံး ပုံစံနဲ့ ရှိနေတာလို့ သူတွေးမိလို့ပဲ။ ဒီလောက် အချိန် အကြာကြီး ရှိနေခဲ့တာ သူတစ်ခုခု ဆွဲလိုက်ရုံနဲ့ ပျက်စီး သွားမှာလား။ မဖြစ်နိုင်တာပဲ။
ဖန်ကျန်းရှီက သူ့အမြဲတမ်း လောနေတဲ့သူ။ အချိန် အကြာကြီး တွေဝေပြီးတော့ စောင့်ဆိုင်း နေမှာ မဟုတ်ဘူး။ စုတ်တံကတော့ သူ့လို ကျောင်းတော်သား တစ်ယောက်က အမြဲတမ်း ကိုယ်နဲ့ မကွာ ဆောင်ထားသင့်တဲ့ တစ်ခုလေ။ စာသင်ခန်းရဲ့ ရတနာ လေးပါးက သူ့ရှေ့ကို ရောက်လာခဲ့တယ်။
“ရယ်နေတာ ရပ်တော့။ ငါ့အတွက် မှင်လာသွေးပေး။” ဖန်ကျန်းရှီက သူ့ကိုယ်သူ မကြာခင် နဝမမြောက် ကောင်းကင်ဘုံကို ဝင်မယ်လို့ ထင်နေခဲ့တယ်။ ဒါကြောင့် ချီကူယန်ကို အစေခံ တစ်ယောက်လို သဘောထားပြီး ပြောနေခဲ့တယ်။
“မှင်လား။” ချီကူယန် ရယ်နေတာ ရပ်လိုက်တယ်။ စာသင်ခန်းရဲ့ ရတနာ လေးပါးကို ကြည့်ရင်း သူ့မျက်လုံးတွေ တောက်ပလာတယ်။ သူမ တစ်ခုခုကို တွေးမိလိုက်တဲ့ ပုံပဲ။ “စာရွက်ပေါ်မှာ တစ်ခုခု ဆွဲမလို့လား။”
“ဆွဲလို့ မရဘူးလား။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ကြိုးစားကြည့်လို့ ရတယ်။” ချီကူယန် ခေါင်းငြိမ့်ရင်း တစ်ခဏတာ တိတ်ဆိတ် သွားခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ဘေးမှာ ထိုင်ရင်း မှင်သွေး နေတော့တယ်။ ဒီလို သူမရဲ့ အပြုအမူကြောင့် ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားခဲ့တယ်။ သူ့ လုပ်ရပ်ကို ချီကူယန် ချက်ခြင်း လက်ခံ လိမ့်မယ်လို့ မထင်ထား ခဲ့မိဘူး။ ဒီကောင်မလေးက ငြင်းဖို့ စိတ်ကူး မရှိတဲ့ ပုံပဲ။
ဒါေတွေက အရေးမကြီးတော့ပါဘူး။ ချီကူယန် သဘော တူလိုက်ပြီပဲ။ တစ်ခုခု ဆွဲဖို့ စဉ်းစားချိန် တန်ပြီ။ နဂါးဆွဲရမလား။ ဖီးနစ်ဆွဲရမလား။ ငါးကြင်းနီတွေ နဂါးတံခါးကို ခုန်နေတာ ဆွဲရမလား။ ဒါတွေက ခက်လွန်းတယ်။ ပထမ ကောင်းကင်မှာလို ကြိုးစား ကြည့်ရမလား။ တစ်ချက်တည်းနဲ့ ရှုပ်ထွေးတာတွေ အားလုံးကို အပြီးဆွဲတာမျိုး။
မှင်တွေကို ခါလိုက်ပြီးတော့ လေထဲကို ခုန်လိုက်တယ်။ တကယ့်ကို ကျက်သရေ ရှိပြီး ခမ်းနားတယ်။ တကိုယ်လုံးမှာ အရှိန်အဝါတွေ ပြည့်နေခဲ့တယ်။ သူ့ရဲ့ စုတ်ပြဲနေတဲ့ အပြာရောင် ဝတ်ရုံနဲ့တော့ မလိုက်ဖက်ဘူး။ ချီကူယန်ကတော့ ဒီအတိုင်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူမ မျက်နှာပေါ်မှာ အပြုံး တစ်ခုက မဖုံး မဖိနိုင် ရှိနေခဲ့တယ်။ ကောင်းကင်နဲ့ နီးလာပြီး နောက်မှာတော့ ဖန်ကျန်းရှီ စာရွက်ပေါ်ကို စုတ်တံနဲ့ ဆွဲချလိုက်တယ်။ ဖြူဖွေးနေတဲ့ စာရွက် အလွတ်မှာ သူ့ရဲ့ စုတ်ချက်က ထင်ထင်ရှားရှား ပေါ်နေခဲ့တယ်။
“မဆိုးဘူး။ ငါဆွဲတာ ကောင်းသားပဲ။” ဖန်ကျန်းရှီ စာရွက်ကို ကြည့်ရင်း ကျေနပ်နေခဲ့တယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာဘူး။ မှင်တွေ ရှိနေပင်မယ့် ကောင်းကင်မှာ ဘာအသံမှ ထွက်မလာခဲ့ဘူး။ သူက အဋ္ဌမ ကောင်းကင်မှာ ရှိနေတုန်းပဲ။
“..” ဖန်ကျန်းရှီ မျက်တောင် တစ်ဖျပ်ဖျပ် ခတ်နေမိတယ်။ “တစ်ချက်တည်း ဆွဲလို့ မလုံလောက် တာလား။ နောက်ထပ် ထပ်ဆွဲ ရမှာလား။ ဒါမှမဟုတ် ငါးကြင်းနီတွေလို နဂါး တံခါးကို ခုန်ရမှာလား။” ဒါတွေ တွေးနေတဲ့ အချိန် ပုံရိပ်လွှာ စာရွက် အလွတ်ကနေ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။
“အမ်။” ချီကူယန် ဒါကိုမြင်တော့ နည်းနည်းတော့ လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ ပြုံးပျော် နေခဲ့တယ်။
“နောက်ဆုံးတော့ လှုပ်ရှားမှု ရှိပြီ။ ငါက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။” ဖန်ကျန်းရှီ သူ့ကိုယ်သူ ၃၂ခါ ချီးမွမ်း နေခဲ့တယ်။ နောက်ဆုံးတော့လည်း ဒီလို ထူးခြားတဲ့ အကြံဉာဏ်က သာမာန်လူတွေ ထုတ်နိုင်တာ မဟုတ်ဘူးလေ။ “ကြည့်ရတာ နဝမ ကောင်းကင်ဘုံကို တက်ဖို့ ငါ့အတွက် အချိန်ရောက်ပြီ။”
ဖန်ကျန်းရှီ နားထဲမှာ အသံကြားရတဲ့ အထိ စောင့်ဆိုင်း နေခဲ့တယ်။ ဒါပေမယ့် ကောင်းကင်မှာတော့ အသံ ပေါ်မလာခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ စုတ်ချက်ကလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့တယ်။ အဖြူရောင် စာရွက်သာ ကျန်ရစ်တော့တယ်။
“ပျောက်သွားတာလား။ တစ်ခုခုကနေ ဗလာကို ရောက်တယ်။ ဒါပဲ။” ဖန်ကျန်းရှီ ပုံရိပ်လွှာကို ကြည့်ရင်း ယုံကြည်ချက်တွေ ပိုပြည့်ဝလာတယ်။ ဒီအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ ကောင်းကင်ကနေ မိုးခြိမ်းသံကြီး ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် မိုးကြိုး တစ်ခုက ဖန်ကျန်းရှီ ဆီကို တည့်တည့် ရောက်လာတော့တယ်။
“အမ်။ ဒါက နဝမ ကောင်းကင်ဘုံကို ဝင်ဖို့ နည်းလမ်းလား။” မိုးကြိုး ပြစ်ခံ လိုက်ရတဲ့ ဖန်ကျန်းရှီ တွေးနေခဲ့တယ်။
“ဝုန်း။” မြေပြင် တစ်ခုလုံး တုန်ခါသွားတယ်။ ဖန်ကျန်းရှီ တစ်ကိုယ်လုံးကို မိုးကြိုးတွေ ဖုံးအုပ်ပြီးတော့ ထုံထိုင်းသွားခဲ့တယ်။ ဒါ့အပြင် သူ့မျက်နှာ တစ်ခုလုံးလည်း မည်းမှောင် သွားခဲ့တယ်။ ဒါပေါ့။ မိုးကြိုး ပြစ်ခံ လိုက်ရရင် တကိုယ်လုံး မည်းမှောင် သွားမှာပဲ။ အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။ ကောင်းကင်ကြီး တစ်ခုလုံး ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်း ကြည်လင် သန့်စင် နေခဲ့တယ်။ တိုင်လုံးကြီး ရှစ်ခုကလည်း သူ့ရှေ့မှာ အရင်အတိုင်းပဲ။
“….” ဖန်ကျန်းရှီ မျက်နှာ မည်းမှောင်နေရင်း စိတ်ရှုပ်ထွေး နေခဲ့တယ်။ “ဒီတော့ ဒီလိုပေါ့။ တစ်ချက်တည်းနဲ့ မလုံလောက်ဘူး ထင်တာပဲ။ နဝမ ကောင်းကင်ဘုံကို ငါပျံတက်မှ ဖြစ်မယ်။”
“ဟဟားဟား။” ချီကူယန်က အော်ရယ်နေခဲ့တယ်။ တကိုယ်လုံး လှုပ်ခါ နေတဲ့အထိကို အားပါးတရ ရယ်မော နေခဲ့တယ်။
“…” ဖန်ကျန်းရှီ အတော့်ကို စိတ်ဓာတ်ကျသွားတယ်။ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ဒီလမ်း တစ်လျှောက်လုံးမှာ သူက တခြားသူတွေထက် ထူးထူးခြားခြား သာလွန် နေခဲ့တယ်။ အခု အဖြစ်ကိုပဲကြည့်။ ဘယ်သူမှ မလုပ်ဝံ့တာကို သူလုပ်နိုင်ခဲ့တယ်။ ဒီလို ကိစ္စမျိုးက တစ်ယောက်ယောက် တွေးမိရင်တောင် ဘယ်သူ လုပ်ဝံ့မှာလဲ။
ဘယ်သူမှ ဘယ်သူမှ လုပ်ဝံ့မှာ မဟုတ်ဘူး။ သူ့ရဲ့ နည်းလမ်းတွေက အရမ်းကို ပြိုင်ဘက်ကင်းတယ် ဆိုတာကို သိသာတာပဲ။ ဒါပေမယ့် အမှန်တရားက ခါးသက်တယ်။ နဝမ ကောင်းကင်ဘုံကို မဝင်ရတဲ့ အပြင် အခုက မိုးကြိုးနဲ့ပါ အပြစ်ခံရတယ်လား။ နေစမ်းပါအုန်း။ ဒီအတွေ့အကြုံကနေ တစ်ခုခုတော့ ရသင့်တယ် မဟုတ်လား။
“ဒီလောက် ရယ်စရာ ကောင်းနေတာလား။” ချီကူယန်ကို ဖန်ကျန်းရှီ လှမ်းမေးတယ်။
“မရယ်ရဘူးလား။” ချီကူယန် အရယ်လွန်ပြီး မျက်ရည်တွေတောင် ဝဲနေခဲ့ပြီ။ တကယ့်ကို အူလှိုက်သည်းလှိုက် ရယ်မော နေခဲ့တယ်။
“အနည်းဆုံးတော့ ဒီမှာ လှုပ်ရှား တုံ့ပြန်တာ ရှိသေးတယ်လေ။”
“နင်ပြောသလိုပဲ။ ကောင်ပြီ။ တစ်ခုတော့ နည်းလမ်း တစ်ခုရှိတယ်။” ချီကူယန် ရယ်နေတာ ရပ်လိုက်ရင်း တည်ကြည် သွားခဲ့တယ်။ တစ်ခုခုကို ပြောတော့မယ့် အတိုင်းပဲ။
ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ ပြောနေခဲ့တယ်။ “နည်းလမ်း တစ်ခုတဲ့လား။ မင်းဘာမင်း စမ်းကြည့်လေ။” ချီကူယန်က ဖန်ကျန်းရှီဆီကို လျှောက်လာရင်း စာရွက်ဖြူကို မော့ကြည့်တယ်။
“နင်ဆွဲတဲ့ နေရာမှာ ပြဿနာ ရှိနေတာ ဖြစ်နိုင်တယ်။” ချီကူယန်က ဖန်ကျန်းရှီကို ပြောနေတဲ့ ပုံနဲ့ မတူဘူး။ သူမကိုယ် သူမ ပြောနေ သလိုပဲ။
“ဘာပြဿနာလဲ။” ဖန်ကျန်းရှီ မေးတယ်။
“အခြေအနေတွေကို သေချာ ပြန်စဉ်းစားကြည့် ပထမ ကောင်းကင်ဘုံကနေ ၇ခုမြောက် ကောင်းကင်ဘုံထိ အကုန်လုံးက မရှုပ်ဘူး။ တစ်ခုတည်း ဖြစ်အောင် ပေါင်းလိုက်မှ ရှုပ်တာ။” ချီကူယန် သူ့ကို ပြောတယ်။
“အင်း။” ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ချီကူယန် ပြောတာကို တွေးနေမိတယ်။ အမှန်ပဲ။ ပထမ သုံးခုက မရှုပ်ထွေးဘူး။ စတုတ္ထ ကောင်းကင်မှာတော့ အပြောင်းအလဲတွေ ရှိလာပြီ။ ခုနှစ်ခုမြောက် ကောင်းကင်မှာတော့ တစ်ခုတည်း ပေါင်းစည်း သွားခဲ့တယ်။
တစ်ခုဆိုတာ အရေအတွက်ကို ပြောတာ မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့ ဆင့်ကဲ ဖြစ်စဉ်တွေ အားလုံး ခန္ဒာ တစ်ခုအဖြစ် ပေါင်းစည်း သွားတာကို ပြောတာပဲ။ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ လင်းလက်လာတယ်။ စက်ဝိုင်းတစ်ခုကို နားလည် သွားတဲ့ အတိုင်းပဲ။
“ငါတို့တွေ နောက်တစ်ခေါက် ကြိုးစားရမယ် ထင်တယ်။” ချီကူယန်ရဲ့ အသံက ပုံမှန် မဟုတ်တဲ့ ခေါင်းမာမှု တွေနဲ့ ပြည့်နေခဲ့တယ်။
“ဘယ်လို ကြိုးစားချင်လဲ။” ဖန်ကျန်းရှီ မေးတယ်။
“ငါအခုပဲ သေချာ တွေးမိတာ။ နင်တစ်ချက် ဆွဲပြီးတဲ့နောက် ချက်ခြင်း တုံ့ပြန်တာ မရှိဘူး။ တစ်ခဏ ကြာပြီးတော့မှ အလင်းတန်း ထွက်တယ်။” ချီကူယန် ပြောတယ်။
“ဒီတော့ မင်းပြောချင်တာက။”
“ဒုတိယ စာလုံး ရေးမှာကို စောင့်နေတာ ဖြစ်နိုင်တယ်။”
“နောက်တစ်ချက် ထပ်ဆွဲရမှာလား။ မဖြစ်နိုင်တာပဲ။ မိုးကြိုး နှစ်ခေါက် အပြစ်ခံရမှာပေါ့။”
“ဖြစ်နိုင်ပါတယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။
“..” ဒီလို မြင်ကွင်းမျိုး ဖြစ်လာနိုင်တာကို သူသိနေတယ်။ သူ့ခန္ဒာကိုယ်ကို သုံးပြီးတော့ပဲ ဒါကို ကာကွယ်လို့ ရမယ်။ “မင်းလုပ်ကြည့်လေ။”
“ကောင်းပြီ။” ချီကူယန် ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီ စိတ်ထဲ တွေးလိုက်မိတယ်။ (တကယ်လုပ်မှာလား။)
ချီကူယန်က တစ်ချက်တည်းနဲ့ မလုံလောက်သေးဘူး ထင်နေလို့ ၂ချက် ဆွဲမယ်တဲ့။ ရူးမိုက်လိုက်တာ။ ပုံမှန် ချီကူယန်နဲ့တောင် မတူသလိုပဲ။ နည်းနည်း သဘောထား ကြီးကြီးနဲ့ ကြိုးစား ခိုင်းလိုက်ပါမယ်။ မဖြစ်ဘူး။
ဒီကောင်မလေးသာ ဒီလို ဆွဲပြီးတော့ နဝမ ကောင်းကင်ကို တက်သွားရင် ဘယ်လို လုပ်မလဲ။ သူလိုက်တက်ရင်တောင် အသုံးမဝင်တော့ဘူး။ ချီကူယန်သာ သူ့ထက်အရင် ရောက်သွားရင် ပြိုင်ပွဲလည်း ပြီးပြီ။ ဒီတော့ ဆွဲခိုင်းလို့ မဖြစ်ဘူး။
ရပ်တန့်ခိုင်းဖို့ လုပ်ပေမယ့်၊ တစ်ခုခု လွဲနေတာကို သိလိုက်တော့ သူရပ်တန့် သွားခဲ့တယ်။ ချီကူယန်က သူရှုံးမှာ ကြောက်တဲ့ စိတ်ကို အသုံးချပြီးတော့ ပန်းချီ ဆွဲခိုင်း စေချင်တာ ဖြစ်လိမ့်မယ်။ ပြီးရင် မည်းတူးသွားတဲ့ သူ့ကို အူနာအောင် ထိုင်ရယ် နေလိမ့်မယ်။
ဖြစ်နိုင်ချေ တော်တော်လေး များတယ်။ ချီကူယန် အမြဲတမ်း တုံးအတတ်တဲ့ သူ မဟုတ်ဘူး။ ဒီတော့ လုပ်ခိုင်းသင့်တယ်။ ဖန်ကျန်းရှီ ဆုံးဖြတ်ချက် မချနိုင်ဘူး။ ချီကူယန်ကို ဆွဲခိုင်းလိုက်ရင် သူရှုံးနိုင်မယ်။ ဒါပေမယ့် ကိုယ်တိုင် လုပ်ရင်လည်း မိုးကြိုး နှစ်ချက် အပြစ်ခံရမှာကို ကြောက်တယ်။
“ငါအခု သွားဆွဲတော့မယ်။” ဖန်ကျန်းရှှီ တွေေ၀ နေတဲ့ အချိန်မှာ ချီကူယန်က သူမရဲ့ ကိုယ်ပိုင် စုတ်တံကို ထုတ်ပြီးတော့ မှင်ရည်ထဲ နှစ်လိုက်တယ်။
“ခနစောင့်။” ချီကူယန် ခုန်တော့မယ့် အချိန်မှာ ဖန်ကျန်းရှီ လှမ်းတားတယ်။ “ငါက ယောကျာ်းလေး။ ဒါမျိုးတွေ ငါပဲ လုပ်သင့်တယ်။”
“သေချာလို့လား။” ချီကူယန် ထူးထူးဆန်းဆန်း ပြန်ကြည့်တယ်။
“ဒါပေါ့ သေချာတာပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ လှည့်စားတယ် ဆိုတာကို သူသိပေမယ့် ဘယ်လိုများ ငြင်းနိုင်မှာလဲ။ ချီကူယန် အပေါ်တက်သွားတာကို ဒီအတိုင်း ထိုင်ကြည့် နေရမှာလား။
နိမ့်ကျတဲ့ အစေခံ တစ်လ လုပ်ရမှာက မိုးကြိုး နှစ်ချက် အပြစ်ခံရမှာထက် ပိုဆိုးတယ်။ ခြေလှမ်း တစ်ထောင် နောက်ပြန် လျှောက်မယ်။ ယောက်ျား စစ်စစ် တစ်ယောက်က ဘာကြောင့်များ မိုးကြိုး တစ်ခု နှစ်ခုကို ကြောက်နေ ရမှာလဲ။ သူလုပ်ကို လုပ်ရမယ်။ ချီကူယန် ပြန်ဖြေတာကို စောင့် မနေတော့ဘူး။ ချက်ခြင်း ခုန်ပြီး ဆွဲလိုက်တယ်။
ချီကူယန်ကတော့ ပြုံးနေတာ ပါးစပ်ကို နားရွက် တက်ချိန်တော့မယ်။ ဒီအချိန်မှာတော့ ဖန်ကျန်းရှီ သူ့ဆုံးဖြတ်ချက်ကို ပြန်မပြင် နိုင်တော့ဘူး။ အားထုတ်ပြီးတော့ နှစ်ချက် ရေးဆွဲလိုက်တယ်။
“ဒီတစ်ခေါက် မအောင်မြင်ဘူးဆိုတာ ငါမယုံဘူး။” ဒီတစ်ခေါက် နဂါးသတ် ဓားကွက်ရဲ့ ဓားချက်တွေကို သူထည့်ရေးထားတယ်။ မျှော်လင့် တကြီးနဲ့ သူစောင့်နေခဲ့တယ်။ ဒီစုတ်ချက် နှစ်၂ချက်က မကြာခင်ပဲ ပျောက်ကွယ် သွားခဲ့တယ်။ အရင် တစ်ခေါက်လိုပဲ။ တစ်ခုခု လွဲနေတာကို ခံစားမိပြီး ခေါင်းမော့ ကြည့်လိုက်တော့ မိုးကြိုး ၂ခုကို မြင်လိုက်ရတယ်။
“..” ဒါက နဝမ ကောင်းကင်ကို တက်ဖို့ မိုးကြိုးတွေလို့ ယုံကြည် မနေတော့ဘူး။ ချက်ခြင်း ဘေးကို ရှောင်တယ်။ ဒါပေမယ့် မိုးကြိုးတွေက အသိဉာဏ် ရှိနေတဲ့ အတိုင်း သူ့နောက်ကို လိုက်လာခဲ့တယ်။
“ဝုန်း။” အသံကျယ်ကြီးနဲ့ အတူ တကိုယ်လုံးက အမွှေးတွေ ထောင်သွားခဲ့တယ်။ ချက်ခြင်း တကိုယ်လုံး တုန်ယင် သွားတော့တယ်။ ဒါကို နောက်ထပ် သည်းမခံနိုင်တော့ဘူး။ “ငလူး။ တကယ်ပဲ မိုးကြိုး နှစ်ခုတောင် ရှိနေတာလား။”
အပိုင်း (၇၁၃) ပြီး၏။
အပိုင်း (၇၁၄)
“နဝမ ကောင်းကင်ဘုံရဲ့ အမှန်တရား။”
မိုးကြိုးနဲ့ တကြိမ်တောင် မဟုတ်ပဲ မိုးကြိုး နှစ်ကြိမ် အပြစ်ခံလိုက်ရတဲ့ ဖန်ကျန်းရှီကတော့၊ စုတ်ပြတ်နေတဲ့ ပုံစံကနေ သနားစရာ ပုံစံ ဖြစ်နေခဲ့ပြီ။ သူ့ရဲ့ စုတ်ပြဲနေတဲ့ အပြာရောင် ဝတ်ရုံက အခုချိန်မှာ မီးသွေးလို မည်းမှောင် နေခဲ့ပြီ။ ခေါင်းက ဆံပင်တွေ အားလုံးလည်း အပေါ်ကို ထောင်နေကြတယ်။ ပေါက်ကွဲမှု တစ်ခုကနေ အခုမှ ထွက်လာတဲ့ အတိုင်းပဲ။ ဒါပေါ့။ အခုလို မိုးကြိုးပစ်ခံ ရတဲ့ ခံစားချက်ကို လွယ်လွယ်ကူကူ မမေ့ဖျောက် နိုင်ဘူး။
“ဟ ဟားဟား။” ချီကူယန် အော်ရယ် နေပြန်တယ်။ ရှေ့နောက် ယိမ်းထိုးရင်း ရယ်နေခဲ့တယ်။ မျက်ရည်တွေတောင် ထွက်နေခဲ့ပြီ။
“ပျော်နေတာလား။” ဖန်ကျန်းရှီ မကျေမနပ်နဲ့ ပြောတယ်။
“၂ချက်က မလောက်သေးဘူး ထင်တယ်။ ၃ချက် ဆွဲရမယ့် ပုံပဲ။” ချီကူယန်ရဲ့ မျက်လုံးတွေ တလက်လက် တောက်ပ နေခဲ့တယ်။ စစ်ရေး အကြံပေး အရာရှိ တစ်ယောက်လိုပဲ။
ဖန်ကျန်းရှီ ချီကူယန်ကို မျက်စောင်းထိုး လိုက်တယ်။ သုံးချက်တဲ့လား။ ငါ့ကို အရူးမှတ်နေတာလား။ လူတစ်ယောက်က အမှားတစ်ခုကို တစ်ခေါက် ှနစ်ခေါက် လုပ်နိုင်တယ်။ ဒါပေမယ့် ၃ခေါက်တော့ မလုပ်နိုင်ဘူး။
သုံးချက်တဲ့လား။ သုံးချက် ဆွဲလိုက်ရင် မိုးကြိုး သုံးချက် အပြစ်ခံရမှာပေါ့။ ချီကူယန်ရဲ့ စကားတွေကို သူဘယ်လို နောက်တကြိမ် ယုံရမှာလဲ။
“သုံးချက်လား။ ဒါဆိုရင် မင်းသွားလေ။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်အော်တယ်။
“ကောင်းပြီလေ။ ငါအပေါ် တက်တော့မယ်။ ငါဒီကောင်းကင်ဘုံကို ဖြေရှင်း လိုက်တော့မှ နင်နောင်တ မရနဲ့။ နင့်မှာ အခွင့်အရေး မရှိတော့ဘူး။” ချီကူယန် ပုံမှန်အတိုင်း ခေါင်းငြိမ့်ရင်း ပြောတယ်။
“နေစမ်းပါအုန်း။” ချီကူယန်ကို ဖန်ကျန်းရှီ တားပြန်တယ်။ ဘာကြောင့်မှန်း မသိပေမယ့် ထူးဆန်း နေတာကို သူခံစားရတယ်။ ချီကူယန် သူ့ကို အသုံးချနေတာလည်း သေသေချာချာကြီး သိတယ်။ မျက်လုံးချင်း ဆုံတဲ့ အချိန်မှာ ပိုပြီးတော့တောင် သိသွားသေးတယ်။ ချီကူယန် တစ်ခုခု ကြံစည်နေတယ်။
သူ မိုးကြိုး အပြစ်ခံရတာကို မြင်ချင်လို့လား။ ဖြစ်နိုင်ချေတော့ နည်းတယ်။ ချီကူယန်ရဲ့ အကျင့်နဲ့ ဆိုရင် ပျော်ချင်ရုံနဲ့ ဒီလောက် လုပ်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့ နှစ်ယောက်လုံးက မိုးနတ် ရေကန်ထဲမှာ ရှိနေတာ ရည်ရွယ်ချက်ချင်းလည်း တူကြတယ်။
ဒီတော့ အခုလို လုပ်နေတာ ဘာကြောင့် ဖြစ်မလဲ။ ဖန်ကျန်းရှီ ချီကူယန်ကို သေချာ ကြည့်နေမယ့် ဘာမှ ရှာမတွေ့ဘူး။ ချီကူယန်က ဖန်ကျန်းရှီ စိုက်ကြည့် နေတာကို သတိထားမိတော့ သူမကို တားတော့မယ် ဆိုတာ ခန့်မှန်းမိတယ်။
“ဘယ်လိုလဲ နင်လုပ်ကြည့်ချင်လို့လား။”
“ဒါပေါ့။ ငါက ယောကျာ်းလေ။ အမျိုးသမီး တစ်ယောက်ကို ဒီအတိုင်း ဘယ်လွှတ်ထားလို့ ဖြစ်မလဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ကောင်းပြီလေ။ ဒီတော့ နင်လုပ်ကြည့်လေ။” ချီကူယန် ခေါင်းငြိမ့်လိုက်တယ်။ သူမရဲ့ အမူအယာက မပြောင်းလဲဘူး။ ဖန်ကျန်းရှီကတော့ ဒါကိုကြားတော့ ပိုပြီး ထူးဆန်း လာခဲ့တယ်။ တစ်ခုခု အကြီးအကျယ်ကို လွဲနေပြီ။ ချီကူယန် အရမ်းကို အေးဆေး တည်ငြိမ် နေတာက ထူုးဆန်းလွန်းတဲ့ အခြေအနေပဲ။ သူမ မရှုံးချင်တာကို ဖန်ကျန်းရှီ သိတယ်။ ဒါဆိုရင် သူ့ကို ဘာဖြစ်လို့ အခွင့်အရေး ပေးနေတာလဲ။
ဖန်ကျန်းရှီကို ပြဿနာ ဖြစ်အောင် လုပ်ခိုင်း နေတာလား။ ဖြစ်နိုင်တာ အကျိုးရှိတဲ့ ရလဒ်ကို သူမ မသိသေးတာပဲ။ ဒါကို တွေးရင်းနဲ့ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ လင်းလက် လာခဲ့တယ်။ အကယ်၍ ချီကူယန်က သူ့ကို အလကား သက်သက် လုပ်ခိုင်းနေတာ မဟုတ်ရင်၊ သူမ စိတ်ထဲမှာ အဖြေရှိနေတာ ဖြစ်နိုင်တယ်။
ဖန်ကျန်းရှီ ဖြစ်ခဲ့တာတွေကို ပြန်တွေးကြည့်တယ်။ အဲ့ဒီ့နောက် ချီကူယန်ရဲ့ အပြုအမူကို ကြည့်ရင်းနဲ့ ပိုပြီးတော့ သေချာ လာခဲ့တယ်။ ပထမဆုံး ကြင်နာဟန် ဆောင်တယ်။ သူ့ကို ၂ချက် ရေးဆွဲဖို့ ပြောတယ်။ သူမ ကြိုးစားချင်တဲ့ ပုံစံတောင် ဟန်ဆောင် ခဲ့တယ်။
နှစ်ချက်က မလုံလောက်ဘူးလို့ ပြောရင်၊ သုံးချက်လိုမယ် ပြောတယ်။ အတွေးမှားတွေနဲ့ သူ့ကို လှည့်စားနေတာ အသိသာကြီးပဲ။ အစတည်းက နဝမ ကောင်းကင်ကို ရောက်ချင်စိတ် ရှိတဲ့ ပုံစံလည်း မပြဘူး။ သက်သက်မဲ့ အချိန်ဆွဲ နေခဲ့တာပဲ။ ချီကူယန်က အမြဲတမ်း ယှဉ်ပြိုင်လိုစိတ် ကြီးမားပြီးတော့၊ မောက်မာတဲ့သူ။
သူ့ရဲ့ ဂုဏ်ရည်ကို ဘယ်တော့မှ စွန့်ပြစ်မှာ မဟုတ်ဘူး။ သူတို့တွေသာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ် ဆိုရင် ဒီလို အချိန်ဆွဲနေမှာ မဟုတ်ဘူး။ ဂုဏ်မောက်တဲ့ ချီကူယန်က အဋ္ဌမ ကောင်းကင်ရဲ့ အခက်အခဲကို ရင်ဆိုင် ရရင်လည်း လက်လျှော့မှာ မဟုတ်ဘူး။ ချီကူယန်လည်း နဝမ ကောင်းကင်ကို ဝင်ချင်တယ်။ ဒီစိတ်က ဖန်ကျန်းရှီထက် မလျော့ဘူး။ ဒါပေမယ့် သူမ စိတ်ဆန္ဒကို ထိန်းချုပ်ထားတယ်။ ဒါကြောင့် ဖန်ကျန်းရှီက ပိုပြီးတော့ လောကြီးလာတယ်။
ချီကူယန်ရဲ့ စွမ်းရည်နဲ့ အသိပညာကလည်း မြင့်မားတယ်။ မိစ္ဆာတွေထဲမှာ ဉာဏ်အထက်ဆုံး မိစ္ဆာမလိုပဲ။ ကံမကောင်း စွာနဲ့ပဲ ဒီမိစ္ဆာက သူ့ပြိုင်ဘက် ဖြစ်နေခဲ့တယ်။ ဒီပြိုင်ဘက်ကို ဘယ်လိုပဲ ဖြစ်ဖြစ် ကျော်တက်ရမယ်။ ဘယ်လို လုပ်ရမလဲ။ ဖန်ကျန်းရှီမှာ ရွေးချယ်စရာ နည်းနည်းပဲ ရှိတယ်။ ပထမ တစ်ခုက ဆက်ပြီးတော့ တိုက်ခိုက်ဖို့။ ဒါက အဖြေလည်း ဖြစ်နိုင်တယ်။
ဒါပေမယ့် အဖြေမှန်ကို မခန့်မှန်း နိုင်ရင် မိုးကြိုး ထပ်ပြစ်တာ ခံရပြီးတော့ မလှုပ်နိုင် ဖြစ်လိမ့်မယ်။ ချီကူယန် သူ့ကို နောက်ဘက်ကနေ တိုက်ခိုက် ပြီးတော့ သတိလစ်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေက အရမ်းကို မြင့်တယ်။ ချီကူယန်က သူကို ဆက်ကြိုးစားချင်တယ်။ တကယ်တော့ သူ့စွမ်းအားတွေကို ကုန်ဆုံး စေချင်လို့ပဲ။ ဒီလိုမှ သူမ အနိုင်ယူနိုင်မယ်။
ဒုတိယ တစ်ခုကတော့ ချီကူယန်ကို ကြိုးစား ခိုင်းရမယ်။ ဒါပေမယ့် သူသာ နဝမ ကောင်းကင်ကို ဝင်နိုင်ခဲ့ရင်၊ ချီကူယန်ရဲ့ နောက်မှာ ကျန်ရစ်ခဲ့ လိမ့်မယ်။ ဒါဆိုရင် သူလည်း လောင်းကြေးမှာ ရှုံးသွားလိမ့်မယ်။ တတိယ ရွေးချယ်မှုလည်း ရှိသေးတယ်။ သူ့ရှေ့မှာ ရုတ်တရက် အလင်းတစ်ခု ပွင့်လာပြီးတော့ နဝမ ကောင်းကင်ကို ဝင်နိုင်သွားရင် ဘယ်လောက် ကောင်းလိမ့်မလဲ။ ဒါပေမယ့် အခုချိန်ထိ ဘာမှ မရှိသေးဘူး။ သူ့စိတ်ကိုလည်း ချီကူယန်က ပိတ်လှောင်ထားတယ်။ အခုချိန်မှာ ဘယ်နှစ်ချက် ဆွဲရမလဲ ဆိုတာပဲ တွေးနေမိတယ်။
တစ်ချက်၊ နှစ်ချက်၊ သုံးချက်၊ ငါးချက်၊ ခြောက်ချက်၊ နေစမ်းပါအုန်း။ ဒီလောက် အများကြီး ဆွဲရမှာ ဖြစ်နိုင်ချေ ရှိလို့လား။ ဘယ်လောက်ပဲ ဆွဲဆွဲ၊ ကောင်းကင် ၇ခုရဲ့ စည်းမျဉ်းတွေ အတိုင်း ဆွဲရမယ်။ ဒါတွေ အားလုံးကို ဆွဲရမယ်။ ဖန်ကျန်းရှီ မျက်လုံးတွေ တောက်ပ လာပြန်တယ်။ ဒါပေမယ့် ဒီလို ဆွဲဖို့က ခက်ခဲလွန်းတယ်။
အရမ်းတော်တဲ့ ပန်းချီ ဆရာတွေတောင် ဒီကောင်းကင် ခုနှစ်ခုလုံးက ပန်းချီတွေကို ထပ်တူ ကူးဆွဲဖို့ မဖြစ်နိုင်ဘူး။ ခက်ခဲလွန်းတယ်လေ။ တကယ်တော့ ဆွဲရတာ ခက်ခဲတာ မဟုတ်ဘူး။ အထဲက အပြောင်းအလဲတွေကို ချိန်ဆက်ဖို့ ခက်တာပဲ။ စတုတ္တ၊ ပဉ္စမ၊ ဆဋ္ဌမ ကောင်းကင်ဘုံက အပြောင်းအလဲတွေ အားလုံးကို လိုက်တုပဖို့က မဖြစ်နိုင်တာပဲ။ ဖန်ကျန်းရှီ အရင်ကောင်းကင်တွေက ပုံရိပ်တွေကို ပြန်တွေးတော နေတယ်။
အတွေးအခေါ်တွေ၊ မတူညီတဲ့ စက်ဝိုင်းတွေ၊ နေစမ်းပါအုန်း။ ဖြစ်နိုင်ချေ ရှိတာလား။ နားလည်ပြီ။ နားလည်ပြီ။ တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီ စိတ်ထဲ အတွေးတစ်ခု ဝင်လာတော့တယ်။ သူချက်ခြင်း စုတ်တံကို ကောက်ကိုင်ပြီးတော့ ဆွဲတော့တယ်။
“ဘယ်လိုလဲ။ နောက်ထပ် မကြိုးစား ချင်တော့ဘူးလား။ အကယ်၍ သုံးချက် မလုံလောက်ရင် ထပ်ဆွဲလို့ ရသေးတယ်။” ဒီအချိန်မှာပဲ ချီကူယန်ရဲ့ အသံ ထွက်ပေါ် လာပြန်တယ်။
“အင်း ဟုတ်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ချီကူယန်ရဲ့ အကြံဉာဏ်ကို လိုက်ပြီးတော့ တစ်ခုခု လုပ်ဖို့ ပြင်လိုက်ပေမယ့် သူချက်ခြင်း ရပ်တန့် သွားခဲ့တယ်။ မှားနေပြီ။ အကယ်၍ ချီကူယန်သာ အဖြေမှန်ကို သိနေရင်၊ သူ့ကို ဒီကောင်းကင်ဘုံ ဖြေရှင်းဖို့ ခွင့်ပြု ပေးမှာလား။ ပြဿနာ ရှိနိုင်တယ်။
သူမ ပြောတဲ့ အတိုင်း လုပ်မှာကို ပျော်ပျော်ကြီး ထိုင်စောင့်နေတဲ့ ပုံစံပဲ။ သူ့ကို အရေးကြီးတဲ့ အချိန်မှ နောက်ကနေ ဝင်တိုက်မှာ မဟုတ်လား။ ဖြစ်နိုင်တယ်။ လုံးဝကို ဖြစ်နိုင်တယ်။ တစ်ချိန်တည်းမှာပဲ ချီကူယန်ရဲ့ စိတ်အကြံကို ဖန်ကျန်းရှီ နားလည် သွားတဲ့ ပုံစံပဲ။ အကြောင်းရင်းကတော့ သူမ ဖြေရှင်းနေတဲ့ အချိန်မှာ ဖန်ကျန်းရှီ နောက်ကနေ ဝင်တိုက်မှာကို စိုးရိမ်နေတာ ဖြစ်လောက်တယ်။ နားလည်ပြီ။ နောက်ဆုံးတော့ အားလုံးကို နားလည်ပြီ။
အခုချိန်မှာ ချီကူယန်က သူ့နောက်ကို ရောက်နေတော့ ဘယ်လိုမှ လှုပ်ရှားလို့ မရဘူး။ ချီကူယန်ကလည်း သူနိုင်မှာကို စောင့်ကြည့်နေမှာ မဟုတ်ဘူး။ ဒီအဖြစ်က နည်းနည်းတော့ ဆိုးတယ်။ သူတို့ နှစ်ယောက်လုံးမှာ ဘယ်သူကမှ အရင် မလှုပ်ရှားချင်ကြဘူး။ ပထမဆုံး လှုပ်ရှားတဲ့သူက အရင်ရှုံးတဲ့သူ ဖြစ်နိုင်တယ်။ ဘယ်လိုလဲ။
“အကယ်၍ နင်မလှုပ်ရှားရင် ငါသွားတော့မယ်။” ချီကူယန်က မလှုပ်မယှက် ဖြစ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း နောက်တကြိမ် လောပြန်တယ်။ ဒါကိုကြားတော့ ဖန်ကျန်းရှီ သေချာသွားတယ်။ ချီကူယန်က နဝမ ကောင်းကင်ကို ဝင်ချင်တယ်။ ဒါပေမယ့် အချိန် နာရီဝက်တောင် မကျန်တော့ဘူး။
“ကောင်းပြီ။ ငါသွားမယ်။” ဖန်ကျန်းရှီ နောက်ထပ် တွေေ၀ မနေတော့ဘူး။ ချက်ခြင်း ခုန်ပျံပြီးတော့ စဆွဲတော့တယ်။ ချီကူယန်ရဲ့ မျက်ဝန်းတွေ ချက်ခြင်း တောက်ပလာတယ်။ ဒါပေမယ့် အလင်းရောင်က မကြာခင် ပျောက်ကွယ် သွားတယ်။ ဖန်ကျန်းရှီ မြေပြင်ပေါ်ကို ပြန်ကျလာ ခဲ့ပြီ။ ပန်းချိကားပေါ်မှာ စုတ်ချက် သုံးချက် ရှိနေခဲ့တယ်။ အဆုံးသတ်မှာတော့ ဒီစုတ်ချက် သုံးချက် ပျောက်ကွယ်သွားတယ်။ စာရွက်ဖြူကြီး ပေါ်လာပြန်တယ်။
“ချီကူယန် ငါမင်းကို မုန်းတယ်။” ဖန်ကျန်းရှီ ချက်ခြင်း အော်ဟစ်ရင်း ချီကူယန်ရဲ့ နောက်ကို ပြေးပုန်းတယ်။ ဒါပေမယ့် အသုံး မဝင်ခဲ့ဘူး။ မိုးကြိုး သုံးချက်က မျက်စိ ရှိတဲ့ အတိုင်း ချီကူယန်ကို ရှောင်ပြီးတော့ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်ကို တည့်တည့်ကျလာတယ်။
“ဝုန်း။” အသံကျယ်ကြီး တစ်သံ ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် မီးခိုးတွေ ဖန်ကျန်းရှီရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတယ်။ သူ့မျက်လုံးတွေ ချက်ခြင်း ပြာေ၀ သွားခဲ့တယ်။ နောက်အချိန် အခိုက်အတန့်မှာပဲ မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။ ကြောက်စရာ ကောင်းလိုက်တဲ့ မြင်ကွင်း။ မိုးကြိုး သုံးခု ပြစ်ချလိုက်တဲ့ အချိန်မှာ ကောင်းကင် တစ်ခုလုံး တုန်ခါ သွားခဲ့တယ်။
“ငါ ငါ လက် လက်မလျှော့ဘူး။” ဖန်ကျန်းရှီ ဗလုံး ဗထွေး ပြောပြီးတဲ့နောက်၊ ခန္ဒာကိုယ် တစ်ခုလုံး အကြောဆွဲတော့တယ်။ မိုးကြိုး လျှပ်စီးတွေရဲ့ စွမ်းအားက ကြီးမားလွန်းတယ်။ ဖန်ကျန်းရှီ ဒါကို မခံစားနိုင်ဘူး။ တောင့်ခံ ထားပေမယ့် မကြာခင်မှာပဲ သတိလစ် သွားတော့တယ်။
“အရှက်မရှိတဲ့ သူခိုးကောင် နင်အဆင် ပြေရဲ့လား။” ချီကူယန် စိုးရိမ်တကြီးနဲ့ အော်တော့တယ်။ ဒီတစ်ခေါက်တော့ ဖန်ကျန်းရှီရဲ့ ပုံစံကို မရယ်နိုင် တော့ဘူး။ ချက်ခြင်း ဖန်ကျန်းရှီ ဘေးမှာ ထိုင်ချပြီးတော့ ရင်ဘတ်ကို နားနဲ့ကပ်ရင်း နှလုံးခုန်သံကို နားထောင် နေခဲ့တယ်။ အတော်လေး စိတ်ပူနေတဲ့ ပုံစံပဲ။
“အရှက်မရှိတဲ့ ကောင်စုတ် မြန်မြန်ထ။ မြန်မြန်။” ချီကူယန် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို လှုပ်ရမ်းရင်း အော်ဟစ်နေတယ်။ “ငါတို့တွေ နဝမ ကောင်းကင်ဘုံကို ဝင်ရအုန်းမယ်။ မြန်မြန်ထ။”
“အရှက်မရှိတဲ့ ကောင်စုတ်။ သတိလစ် မသွားနဲ့။”
“နည်းနည်းလောက် တောင့်ခံ နေအုန်း။”
“..”
သူမရဲ့ စိုးရိမ်တကြီး အသံက လေထဲမှာ ဟိန်းထွက်နေတယ်။ ဖန်ကျန်းရှီကို တစ်မိနစ်ကျော် လှုပ်ယမ်း နေပြီးတဲ့နောက် သူမ ရပ်တန့်လိုက်တယ်။ ဖန်ကျန်းရှီကတော့ မကြာခင် နိုးလာမယ့် ပုံစံ မရှိဘူး။ ချီကူယန်ရဲ့ မျက်နှာက ဖြူဖျော့နေတယ်။ ဝိဉာဉ်လွင့်နေတဲ့ လူတစ်ယောက်လိုပဲ။
“အရှက်မရှိတဲ့ သူခိုးကောင်။ ငါမှားသွားပြီ။ အစက ငါမတွေးမိလို့။ ငါတို့ နောက်တစ်ခေါက် ကြိုးစား ကြည့်ရအောင်။ မြန်မြန်ထ။ ငါတို့ ဒီတစ်ခေါက်တော့ အောင်မြင်မှာပါ။”
ချီကူယန် ဆက်တိုက် ပြောနေခဲ့တယ်။ “ငါ့အမှားပဲ။ နင့်ကို မလုပ်ခိုင်းသင့်ဘူး။ တကယ်တော့ ငါတို့တွေ အစအဆုံး စက်ဝိုင်းကို သုံးခိုင်းသင့်တာ။ ပထမ ကောင်းကင်ဘုံက အစ။ ဒီတော့ တစ်ချက်တည်း။ ခုနှစ်ခုမြောက် ကောင်းကင်ဘုံက အဆုံး။ ဆင့်ကဲ ဖြစ်စဉ်တွေ အားလုံး ပေါင်းပြီးတော့ တစ်ခုတည်း ဖြစ်သွားတယ်။ ဒီတော့ စုတ်ချက် တစ်ချက်တည်းကို သုံး။”
ပြောနေရင်းနဲ့ ချီကူယန် ရပ်တန့်သွားတယ်။ သူမ မျက်ဝန်းတွေထဲ မျက်ရည်တွေ ရစ်ဝဲ နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ဘေးကို ထိုင်ချလိုက်တယ်။ အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံး သွားခဲ့ပြီ။ ဒါပေမယ့် ချီကူယန်ကတော့ ဖန်ကျန်းရှီ ဘေးမှာ ထိုင်နေဆဲ။ ကောင်းကင်က ပုံရိပ်ကို ဖြေရှင်းဖို့ စိတ်ကူး ရှိပုံ မပေါ်ဘူး။ မိုးနတ်ရေကန် ပိတ်ဖို့ မိနစ် နှစ်ဆယ်ပဲ ကျန်တော့တယ်။ ချီကူယန် သက်ပြင်းချလိုက်တယ်။
“ဟူး။” အဲ့ဒီ့နောက် ထရပ်တယ်။ အဖြူရောင် စာရွက်ကို ကြည့်ရင်း သူမ မျက်ဝန်းထဲမှာ ကြယ်တာရာတွေ လင်းလက်လာတယ်။ လိပ်ပြားလေး တစ်ကောင်လို ချီကူယန် ပျံတက်သွားခဲ့တယ်။ လက်မှာတော့ စုတ်တံ ကိုင်ထားခဲ့တယ်။ သူမ စတင်ပြီးတော့ ရေးဆွဲတော့တယ်။ သက်ရှိ အရာ တစ်ခုခုကို ဆွဲသားနေ သလိုပဲ။
နောက်တော့ ချီကူယန် ဖန်တီးလိုက်တဲ့ အမှန်အသားတွေက တစ်ခုခု ပုံစံ ပေါ်လာခဲ့တယ်။ သူမက တကယ့်ကို ဖြည်းဖြည်းချင်း ဆွဲနေခဲ့တယ်။ ဒီအချိန်မှာပဲ အစက မျက်လုံးတွေ တင်းတင်းကြပ်ကြပ် ပိတ်ထားရင်း သတိလစ်နေခဲ့တဲ့ ဖန်ကျန်းရှီ လှုပ်ရှားလာတယ်။ သူ့မျက်ဝန်းတွေ ပွင့်လာခဲ့တယ်။ ကြည်လင်နေတဲ့ မျက်ဝန်းတွေ။ ရေစက်တွေလို ထွင်းဖောက် မြင်နေရတယ်။ ပတ်ဝန်းကျင်ကို သူကြည့်တော့တယ်။
“သရုပ်ဆောင် ကောင်းလိုက်တာ။ မင်းရဲ့ အစီအစဉ်ကိုသာ မသိရင်၊ မျက်ရည်တွေကြောင့် ငါသတိလက်လွတ် ဖြစ်တော့မလို့။ စိတ်မကောင်းစရာက မင်းထက်တော်တဲ့ သရုပ်ဆာင်နဲ့ တွေ့နေရတာပဲ။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ “ကမ်းပါးနီ တိုက်ပွဲကို သူရဲကောင်း ချောင်ချောင် ဘယ်လိုရှုံးသွားလဲ သိလား။ သူသတိ မကြီးလို့ မဟုတ်ဘူး။ ထောင်ချောက် တစ်ခုထဲ ကျသွားလို့ပဲ။”
ပြောရင်းနဲ့ ဖန်ကျန်းရှီ လှုပ်ရှားတယ်။ ချီကူယန်ကို နောက်ကနေ တစ်ချက် ထိုးချလိုက်တယ်။ အလစ်ဝင်တိုက်တာက သူ့ရဲ့ အကောင်းဆုံး စွမ်းရည် တစ်ခုပဲ။ ဒီလက်သီးချက်က ချီကူယန်ကို သတိလစ်သွား စေဖို့ လုံလောက်တယ်။ ဒီလိုသာ မလုပ်ရင် သူအရင်က ခံစား ထားရတာတွေ အားလုံး အလဟသတ် ဖြစ်သွားလိမ့်မယ်။ ဖန်ကျန်းရှီ ပျော်နေခဲ့တယ်။
သူခံစား ရသမျှ အားလုံးက မိစ္ဆာတကာ့ မိစ္ဆာတွေထဲက အဆိုးဆုံး ချီကူယန်ရဲ့ အစီအစဉ်ကို ဆန့်ကျင်ပြီး ချေဖျက် နိုင်ဖို့ပဲလေ။ ရလဒ်ကို တွေးလိုက်ရင် ချီကူယန်က နောက်ဆုံးတော့ သူ့အစေခံ ဖြစ်လာတော့မယ်။ ဖန်ကျန်းရှီ တောက်တောက်ပပကြီး ပြုံးနေခဲ့တယ်။
အပိုင်း (၇၁၄)ပြီး၏။
အပိုင်း (၇၁၅)
“နဂါးရိုက်ချက် တစ်ချက်၊ ကိုက်ပြစ်။”
နီးကပ်လာတယ်။ အရမ်းကို နီးကပ်လာတယ်။ ချီကူယန်နဲ့ နီးလာတဲ့ အချိန်မှာ သူစိတ်ရှုပ်ထွေး လာခဲ့တယ်။ ဒါက သူ့ကို မသက်ရောက်စေဘူး။ အောင်မြင်ဖို့ စိတ်ဆုံးဖြတ်ချက် ပြတ်သားရမယ်။ ဖန်ကျန်းရှီက သူ့ကိုယ်သူ အရမ်း ရက်ရောပြီး စိတ်ထားကောင်းနေတဲ့ ပုံစံလို့ တွေးမထားဘူး။ သူသေချာတာ တစ်ခုတော့ ရှိတယ်။ တခြားသူကို အလစ်ဝင်တိုက်တဲ့ အချိန်မှာ ဘယ်တော့မှ မညှာတာဘူး။
“အောက်ကိုကျပေရော့။” ဖန်ကျန်းရှီ စိတ်ထဲမှာ အော်ဟစ်နေတယ်။ ချီကူယန်ရဲ့ နောက်ကျောကို ထိုးချလိုက်တယ်။ ချီကူယန်ကတော့ ခေါင်းတောင် လှည့်မကြည့်ဘူး။ ဒါပေမယ့် သူ့လက်သီးကတော့ လေထဲမှာ ရပ်တန့် နေခဲ့တယ်။
“…” ဖန်ကျန်းရှီ နှုတ်ခမ်း တွန့်လိုက်တယ်။ သူစိတ်ပြောင်း သွားတာ မဟုတ်ခဲ့ဘူး။ ခန္ဒာကိုယ် လှုပ်ရှားနိုင်စွမ်း မရှိတော့တာပဲ။ ဒီခံစားချက်ကို ရှင်းပြလို့ မရဘူး။ တကယ်တော့ သုခမိန် တစ်ဝက် ချန့်ယန်းနဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့ရတဲ့ အချိန်တုန်းကလည်း ဒီလို အဖြစ်မျိုး တွေ့ဖူးတယ်။ ဒီတစ်ခေါက် အခြေအနေကတော့ လုံး၀ ကွာခြားနေတယ်။ တစ်ခုခုမှာ ပိတ်မိ နေသလိုပဲ။ ဘာတာအို စွမ်းအားမှ မပါပဲနဲ့၊ တကိုယ်လုံး ထုံထိုင်းနေရုံ သက်သက်ပဲ။
“အေးခဲ။”
မာကျောတဲ့ အသံတစ်သံကို ဖန်ကျန်းရှီ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် လှပတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ အဲ့တာ အရိပ် တစ်ခုပဲ။ တလက်လက် တောက်ပနေတဲ့ ဝတ်ရုံဖြူ၊ မည်းမှောင်တဲ့ ဆံကေသာတွေနဲ့။ ချီကူယန် ပြန်တိုက်ခိုက်တာပဲ။ ချီကူယန်ကတော့ ခေါင်းတောင် လှည့်မကြည့်ဘူး။ အဖြူရောင် စာရွက်ပေါ်မှာသာ ဆက်တိုက် ရေးဆွဲ နေခဲ့တယ်။ စာရွက်ပေါ်က မှင်တွေ အားလုံးက သက်ရှိ နဂါးကြီး တစ်ကောင်လိုမျိုး အသက်ဝင် လာတော့တယ်။
“တကယ့်ကိုပဲ နဂါးပုံ ဆွဲနေတာပဲ။” အဋ္ဌမ ကောင်းကင်ကို ဖြေရှင်းနိုင်ဖို့ ချီကူယန်မှာ နည်းလမ်း ရှိနေတာ အမှန်ပဲ။ နောက်ပြီးတော့ သူနဲ့ အကြံ တစ်ထပ်တည်း ကျနေတယ်။ ပထမ ကောင်းကင်က အစကို ကိုယ်စားပြုတယ်။ ဒီတော့ ဒါက ပထမပဲ။ ခုနှစ်မြောက် ကောင်းကင်က အားလုံးကို ပေါင်းစည်းထားတဲ့ နဂါး။ ဒီတော့ စုတ်ချက် တစ်ချက်တည်း သုံးပြီးတော့ နဂါးကို ဆွဲရမယ်။ ဒါက ကောင်းကင် ၇ခုကို ပေါင်းစည်းထားတဲ့ စက်ကွင်းပဲ။
ဒါပေါ့။ ဒီအတွေးအခေါ်က မမှန်ကောင်း မမှန်နိုင်ပေမယ့်၊ ဖန်ကျန်းရှီ တွေးထားသမျှတွေ အားလုံးထဲမှာ ဖြစ်နိုင်ချေ အမြင့်ဆုံး တစ်ခုပဲ။ ဒါပေမယ့် သူ့မျက်စိရှေ့က အခြေအနေကတော့ လွန်လွန်းတယ်။ အလစ်ဝင်တိုက်တာတောင် ချီကူယန် ဖမ်းတာကို ခံလိုက် ရသေးတယ်။ ချီကူယန်ကတော့ မရပ်တန့်ဘူး။ ပန်းချီကို ဆက်တိုက် ဆက်ဆွဲ နေပုံ အရဆိုရင်၊ ဒါကို ကြိုတင် ကြံစည် ထားခဲ့တာ အမှန်ပဲ။
“တကယ်ပဲ ချီကူယန်ရဲက အတွေးက ကြောက်စရာ ကောင်းလိုက်တာ။” ချီကူယန် ပတ်ဝန်းကျင်ကို သတိထားနိုင်တဲ့ အစွမ်းက သူထင်ထားတာထက် မြင့်မားတာပဲ။ ဘယ်လိုတောင်လဲ။ သူလုပ်နိုင်တာ တစ်ခုမှ မရှိဘူး။
ဒါပေမယ့် ထောင်ချောက်ကို ဆန့်ကျင် နေမယ်ဆိုရင် သူလည်း အချိန်ကုန် သွားလိမ့်မယ်။ ချီကူယန်က ပန်းချီဆွဲပြီးဖို့ သိပ်မကျန်တော့ဘူး။ ဒါကြောင့်ပဲ သူလည်း အရှုံးကို လက်မခံ နိုင် ဖြစ်နေခဲ့တယ်။ ချီကူယန်ရဲ့ အကွက်ဆင် နိုင်စွမ်းတွေကို ကျော်ဖြတ်နိုင်ဖို့ တကယ်ပဲ ခက်ခဲတယ်။ အရင်က ဒီ(အေးခဲ) စာလုံးကို သုံးလိုက်ရင်၊ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းကိုတောင် ရပ်တန့်နိုင်တာ ကောင်းကောင်းသိတယ်။ အခုတော့ ကိုယ်တိုင် ကြုံနေရပြီ။ ခန္ဒာကိုယ်က ကြွက်သားတွေ တောင့်တင်းနေတယ်။ မလှုပ်နိုင်တော့ဘူး။ ဒါဘယ်လို ဖြစ်လာတာလဲ။
လောကကြီးမှာ လုပ်ရပ်တိုင်းက နည်းလမ်း လိုအပ်တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးက လှုပ်ရှားမှုတွေ အားလုံးကို ရပ်ဆိုင်းသွားအောင် လုပ်နိုင်ဖို့ နောက်ကွယ်မှာ နည်းလမ်း ရှိလိမ့်မယ်။ ထိန်းချုပ်တာလား။ မဟုတ်ဘူး။ ထိန်းချုပ်တာဆိုရင် ခန္ဒာကိုယ် တစ်ခုလုံး တောင့်တင်း သွားမှာ မဟုတ်ဘူး။
တောင့်တင်းတယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံး တောင့်တင်း သွားရင်၊ သွေးတွေ ဘယ်လို လည်ပတ် နေမှာလဲ။ သိပ္မံနည်းအရ၊ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အခုတော့ တကိုယ်လုံး တောင့်တင်းနေတယ်။ ဒါက ထင်ယောင် ထင်မှား ဖြစ်တာလား။ ဟုတ်တယ်။ ထင်ယောင် ထင်မှားဖြစ်တာပဲ။ ဒါက သူ့စိတ်ကို တောင့်တင်း နေတယ် ထင်ရအောင် တစ်ခုခုက လာဖိနှိပ် ထားလို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တာပဲ။
“နားလည်ပြီ။” ချီကူယန် နောက်က အမျိုးသမီး အရိပ်ကို ကြည့်လိုက်တယ်။ ခြိမ်းခြောက်မှု ကြီးမားတဲ့ မောက်မာတဲ့ ဖိအားတွေကို ခံစားမိတယ်။ သူ့ရဲ့ စိတ်ကို ဖိနှိပ် ခံလိုက် ရတာပဲ။ ဒါကြောင့် စိတ်က အချက်အလက် အမှားတွေ ထုတ်လွှတ်ပြီးတော့ မလှုပ်ရှား နိုင်အောင် ဖြစ်စေတယ်။ ဖန်ကျန်းရှီ ဒါကို နားလည်သွားတယ်။ ဒါပေမယ့် နားလည်တာနဲ့ မန္တန် တစ်ခုကို ချိုးဖျက်တာက မတူညီတာပဲ။ ဖိအားတွေ ပြည့်နေတဲ့ စိတ်ကို လွတ်မြောက်အောင် လုပ်ဖို့ မလွယ်ကူဘူး။ နောက်ဆုံးမှာတော့ အမျိုးသမီး အရိပ်က အရမ်းကို ဖိအား ပြင်းပြင်းတွေ ထုတ်လွှတ်နေတယ်။
ဒီလောကကြီးက အရာ အားလုံးကို ဖိနှိပ် သွားတော့မယ့် အတိုင်းပဲ။ သူမရဲ့ ဖြစ်တည်မှုက ကြောက်စရာ ကောင်းလွန်းတယ်။ အကယ်၍ ဖန်ကျန်းရှီသာ ချီကူယန်ရဲ့ လှည့်စား နိုင်စွမ်းကို မသိခဲ့ရင်၊ ဒီထင်ယောင် ထင်မှား ဖြစ်တာကို လက်လျှော့ မိမှာပဲ။
“ချီကူယန် ဘယ်လောက်ပဲ အင်အား ကြီးနေပါစေ၊ သူ့ကို ရှုံးလို့ မဖြစ်ဘူး။” ဖန်ကျန်းရှီ အံကြိတ်လိုက်တယ်။ သူ့ကိုယ်သူ အရာ အားလုံးက ပုံရိပ်ယောင်လို့ ယုံကြည်အောင် တွန်းအား ပေးတယ်။ “ပုံရိပ်ယောင်။ အရာ အားလုံးက ပုံရိပ်ယောင်တွေပဲ။ ငါလှုပ်ရှား နိုင်တယ်။ ငါပိတ်မိ မနေဘူး။ ငါက လွတ်လပ်တယ်။ ငါရေကူး နေတယ်။ ရေကူးနေတယ်။”
ဖန်ကျန်းရှီ သူ့ကိုယ်သူ အကြိမ်ကြိမ် ရေရွတ်ရင်း သတိပေးတယ်။ ဒီအချိန်မှာ သူ့ခန္ဒာကိုယ်က ရေထဲမှာ ကူးခတ် နေသလို ခံစား နေရတယ်။ အဲ့ဒီ့နောက် ချီကူယန်ရဲ့ နောက်ကျောနားကို ရောက်လာ နိုင်တော့တယ်။ ဖန်ကျန်းရှီ ထင်ယောင် ထင်မှား ဖြစ်တာကို နားလည်ပြီးတော့ ချီကူယန်ရဲ့ အသားကို ထိနိုင် သွားတာက သိပ်မကြာခဲ့ဘူး။ တကယ်တော့ တစ်ချိန်တည်း နီးပါးမှာ ဖြစ်သွား ခဲ့တာပဲ။ သူမရဲ့ အသားအရေက ချောမွေ့နေတယ်။ ဒါပေမယ့် ချီကူယန်ကို သွားထိတဲ့ အချိန် သူမ ရပ်တန့် သွားတာကို ခံစား မိလိုက်ရတယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ ငါနင့်ကို ကြင်ကြင်နာနာနဲ့ အရင် ဖြေရှင်း ခိုင်းပြီးပြီပဲ။ ဒါတောင် ငါ့ကို နောက်ကနေ အလစ်ဝင်တိုက်ဖို့ လုပ်သေးတယ်။” ချီကူယန်ရဲ့ အသံ လေထဲမှာ ထ ွက်ပေါ်လာတယ်။
“ကြင်နာတယ်။ မင်း ဒီ(အစ အဆုံး) စုတ်ချက်ကို စမဆွဲရင်တော့ မင်းကြင်နာတာကို ငါတကယ် ယုံမှာပေါ့။” ချီကူယန် အခုချိန်မှာ ကြောက်နေတာကို ဖန်ကျန်းရှီ ခံစားမိတယ်။ တကယ်တော့ သူ့နေရာက ဆိုရင် အခြေအနေကို ထိန်းချုပ် နိုင်သူ ဖြစ်နေတယ်လေ။
“ဒီတော့ နင်လည်း (အစ အဆုံး) စုတ်ချက်ကို သိတယ်ပေါ့။” ချီကူယန် နည်းနည်းတော့ သံသယ ဖြစ်နေခဲ့တယ်။
“ဟဟား။ ဒါပေါ့။ ငါခန့်မှန်းတာ မမှားရင်။ ပထမဆုံး ငါဆွဲတည်းက မင်းသိတယ် မဟုတ်လား။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“မဟုတ်ဘူး။ ဒုတိယ တစ်ခေါက် ဆွဲတော့မှ သိတာပဲ။” ချီကူယန် ငြင်းတယ်။
“မင်းကို ငါယုံမယ် ထင်နေတာလား။”
“ဟုတ်တယ်။ ပထမ စဆွဲတည်းက သိတယ်။”
“နောက်ဆုံးတော့ မင်း ဝန်ခံ ပြီပဲ။”
“ဟုတ်တယ်။ ဝန်ခံတယ်။ နင်လည်း မသိချင်ယောင် ဆောင်နေခဲ့တာ မဟုတ်လား။ နောက်တော့မှ သတိလစ်တဲ့ ပုံစံ လုပ်ပြီးတော့ ငါ့ကို လှည့်စားတယ်။” ချီကူယန် ပြောတယ်။
“အတူတူက အတူတူပဲ။ မင်းလည်း ငါ့လိုပဲ တွေးတာ မဟုတ်လား။” ဖန်ကျန်းရှီ ပြုံးနေခဲ့တယ်။
“ဟုတ်တယ်။ ငါတွက်ချက် မှားပြီးတော့ နင့် ထောင်ချောက်ထဲ ရောက်သွားတယ်။ ဒါပေမယ့် ငါ့ကို နောက်ဘက်ကနေ သတိလစ်အောင် ရိုက်လိုက်ရင် နင်လည်း တရားမျှမျှ တတ နိုင်မှာ မဟုတ်ဘူး။” ချီကူယန် ဆက်ပြောတယ်။
“မင်းက သရေ ရချင်နေတာလား။” ချီကူယန် ဒီလို ပြောလာမယ်လို့ မထင်ထားဘူး။
“မဟုတ်ဘူး။ ငါတောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်။ ငါ့ကို သတိလစ်အောင် ရိုက်ချင်ရင်။ ငါ့ရှေ့မှာ နေ။” ချီကူယန် ပြန်ဖြေတယ်။
“မင်းရှေ့မှာ။” ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်တယ်။
ဒါပေါ့။ သူမရဲ့ စကားတွေကို သူနားလည်တယ်။ ဒါပေမယ့် ချီကူယန်က သူ့ကို တရားမျှမျှတတ ဆိုတဲ့ စကား သုံးလာတယ်ပေါ့။ ဖြစ်ကော ဖြစ်နိုင်လို့လား။ သူက အရူးမှ မဟုတ်ပဲ။ လောင်းထားတာကို ရှုံးတဲ့ အထိ ဘယ်သူကများ တရား မျှမျှတတ် လုပ်နိုင်မှာလဲ။
“ဟုတ်တယ်။ အရှေ့မှာ နေရမယ်။ နင်ငါ့ အရှေ့မှာ နေပြီးတော့ ငါ့ကို သတိလစ်အောင် ရိုက်နိုင်ရင်။ ငါရှုံးတာကို ဝန်ခံမယ်။”
“ကောင်းပြီလေ။ ငါမင်းကို ကတိ၊ မပေးဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ချက်ခြင်း ပြေးပြီးတော့ ရိုက်ချတော့တယ်။ အရူးမှ ရှေ့ကို သွားလိမ့်မယ်။ ခိုးထားတဲ့ ဖရဲသီးက မချိုနိုင် ဘူးတဲ့။ ဒါက ဖရဲသီး သူခိုးကို ထောင်ဖမ်းတဲ့ စကားမှန်း ဉာဏ်ရှိတဲ့ သူတိုင်း သိနိုင်တာပဲ။
ဒီလို ဉာဏ်များပြီး အန္တရာယ်ကြီးတဲ့ မိစ္ဆာမ ချီကူယန်ကို တိုက်ခိုက်တဲ့ အချိန်မှာ၊ သူမ တောင်းဆိုတဲ့ အတိုင်းသာ အကုန် လိုက်လုပ်ရင် သူ့ထောင်ချောက်ထဲ ကျသွားလိမ့်မယ်။ ဖန်ကျန်းရှီကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဖရဲသီးကို လက်ထဲ ရောက်အောင် လုပ်ရမှာပဲ။ ချီကူယန်က သူ့ရှေ့မှာ အော်ငို ပြနေရင်တောင် ဘာမှ အရေးမကြီးဘူး။
“အရှက်မရှိတဲ့ သူခိုးကောင်။” သူမ နောက်ကျောက လေထုကို ခံစား မိတာနဲ့ ချီကူယန် ချက်ခြင်း လှုပ်ရှားတယ်။ လက်က စုတ်တံကို မချပဲ ကိုယ်ကို တစ်ပတ် လည်လိုက်တယ်။ သူမရဲ့ နောက်လက် တစ်ဖက်ကနေ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို အညှာအတာမဲ့ တိုက်ခိုက်တော့တယ်။
…..
ချီကူယန်ရဲ့ ရုတ်တရက် တန်ပြန် တိုက်ခိုက်မှုကြောင့်ဖန်ကျန်းရှီရဲ့ လက်ဝါးချက်က သူမရဲ့ ပုခုံးကိုပဲ ထိသွားခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ သူ့ရင်ဘတ်ကို အင်အား ပြင်းထန်တဲ့ လှိုင်းလုံးတွေ ရိုက်ခတ် လာတာ ခံစား လိုက်ရတယ်။
“ရိုင်းစိုင်းလိုက်တာ။” သူ့ခန္ဒာကိုယ် နောက်ပြန် လွင့်ထွက် မတတ် ဖြစ်သွားတာကို ဖန်ကျန်းရှီ ခံစား မိလိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်က သူ့ကို နေရာမှာ မြဲနေအောင် ထိန်းထားခဲ့တယ်။ ဒါကြောင့် ချီကူယန်ရဲ့ ပုခုံးကို ချက်ခြင်း ဆွဲဖမ်းပြီးတော့ သူ့ကိုယ်သူ လွင့်ထွက်မှာကို တောင့်ခံ ထားလိုက်တယ်။
နောက်ဆုံးမှာတော့ ချီကူယန်ရဲ့ ခန္ဒာကိုယ်က သူ့ရင်ခွင်ထဲကို ရောက်လာပြီးတော့ ရုန်းကန် နေခဲ့တယ်။ ဖန်ကျန်းရှီ စိတ်ထဲမှာတော့ တန်ဖိုးကြီးတဲ့ ကျောက်စိမ်းတုံး နွေးနွေး တစ်ခုကို ဖက်ထားရတဲ့ အတိုင်းပဲ။ တန်ဖိုးကြီးတယ်။ ချောမွေ့တယ်။ နည်းနည်း နွေးနေတယ်။ အခု လက်ရှိ အချိန်မှာ အလဲထိုးဖို့ပဲ အာရုံ စိုက်ရမယ်။ လုံးဝကို ညှာတာလို့ မရဘူး။ ဒါက အရေး အကြီးဆုံးပဲ။
လက်ဝါးကို နောက်တစ်ခေါက် အသင့်ပြင်လိုက်တယ်။ ချီကူယန်ကို သတိလစ်အောင် ရိုက်ချဖို့ အကောင်းဆုံး အခွင့်အရေးကို လက်လွတ် မခံနိုင်ဘူး။ သူလက်မြှောက်လိုက်တဲ့ အချိန်မှာပဲ သူ့ခြေထောက်တွေကို တစ်ခုခုက တင်းတင်းကြပ်ကြပ် လာရစ်ပတ်တယ်။ မြွေအမြီး တစ်ခုကို သူတွေ့လိုက်ရတယ်။ တောက်ပတဲ့ အလင်းရောင် အောက်မှာ အကြေးခွံတွေက တဖျပ်ဖျပ် လက်နေကြတယ်။
“အမ်။” ဖန်ကျန်းရှီ ချက်ခြင်း နောက်လက် တစ်ဖက်ကို မြှောက်လိုက်မိတယ်။ ဒီအချိန်မှာပဲ တင်းကြပ်တဲ့ ခံစားချက်က လျော့ကျသွားတယ်။ အဲ့ဒီ့နောက် သူ့ပေါင်တွေကို ချုပ်ထားတဲ့ ခြေထောက် တဖက်ကို မြင်လိုက် ရတယ်။
“..” ချီကူယန်က ဒီလို ဆိုးဝါးတဲ့ နည်းဗျူဟာမျိုး သုံးလာမယ်လို့ မထင်ထား ခဲ့မိဘူး။ ဒါပေမယ့် သူ့နားထဲမှာ အရင်လောက ကျော်ကြားတဲ့ သီချင်း တစ်ပုဒ်ကို ကြားယောင် လာခဲ့တယ်။
(မိန်းမဆိုးလေးရေ။ မင်းက တကယ့်ကို အဆိုးလေး။ စကားကြမ်းတွေ ပိုပြီး ပြောလေ။ ပိုပြီး နားထောင်လေ။ ပိုပြီး စိတ်ရှုပ်ထွေး လေပဲ။ မိန်းမဆိုးလေးရေ။ မင်းကို ကျရှုံးတာ ငါဝန်မခံချင်။ ဂရုမစိုက်ချင်ယောင် ဆောင်နေဆဲ။)
…..
သူ့တကိုယ်လုံး တစ်ခုခုနဲ့ ဖျစ်ညှစ်ခံရပြီးတော့ ကွဲထွက် သွားတော့မတတ် ခံစား နေခဲ့ရတာ သိပ်မကြာခင်ကပဲ။ အခုတော့ သူ့ခြေထောက်ကို ရစ်ပတ် ထားခဲ့တဲ့ မြွေအမြီးကြီးက ခြေထောက်တစ်ဖက် ဖြစ်နေပြန်တယ်။ ဒါ့အပြင် ချီကူယန်ရဲ့ ခြေထောက်က သူ့ရဲ့ အရေးကြီး နေရာကို ဖိထားပြီးတော့ အသက်ရှူကြပ်အောင် လုပ်နေခဲ့တယ်။
“ဒါက ဒဏ္ဍာရီလာ (ရွှေရောင် မြွေပတ်လက်တွေလား)။” ဖန်ကျန်းရှီ ငိုရမလား ရယ်ရမလား သေချာ မသိတော့ဘူး။ ချီကူယန်ကတော့ စုတ်တံ ကိုင်ထားတဲ့ လက်ကို မြှောက်ထားဆဲ။ လက်ကို မြင့်မြင့် မြှောက်ရင်းနဲ့ နဂါးကြီးရဲ့ လက်သည်းတွေကို ပြည့်စုံအောင် ဆွဲနေခဲ့တယ်။
“နည်းနည်း တောင့်ခံထားအုန်း။ အစေခံလေးရေ။ မကြာခင် ပြီးတော့မယ်။” ချီကူယန်ပြုံးရင်း ပြောနေခဲ့တယ်။ သူမရဲ့ ပုံစံက နည်းနည်းလေးတောင် သနားဖို့ မကောင်းတော့ဘူး။ အခုပဲ အောင်မြင်တော့မယ့် ပုံစံနဲ့ တောက်ပ နေခဲ့တယ်။ အတော့်ကို ဝမ်းသာ ပီတိဖြာနေတာ အသိသာ ကြိးပဲ။
“စိတ်ပျက်စရာ ကောင်းလိုက်တာ။ ဒီလို ထူးခြားစွမ်းရည်က မင်းတစ်ယောက်တည်းမှာ ရှိတာ မဟုတ်ဘူး။ မင်းမှာ မျှမျှတတ တိုက်ခိုက်စရာ တခြား နည်းလမ်း မရှိတော့ဘူးလား။” ဖန်ကျန်းရှီရဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်တွေ မလှုပ်နိုင် ဖြစ်နေခဲ့တယ်။ သူ့ခန္ဒာကိုယ်က အခုချိန်မှာ အန္တရာယ် များနေတယ်။ ချီကူယန်ကို လောလောဆယ် မတိုက်ခိုက် နိုင်ဘူး။
“နင့်မှာလဲ ဒီလို စွမ်းရည် ရှိတာလား။” ချီကူယန် ဆက်ဆွဲ နေရင်းနဲ့ ပြောတယ်။
“ဒါပေါ့။ မင်း မယုံရင် ငါ့ကို လွှတ်လိုက်။ ငါမင်းကို ပြမယ်။” ဖန်ကျန်းရှီ ရိုးရိုးသားသား ပြောတယ်။
“ဟဟား။ အရှက်မရှိတဲ့ ကောင်စုတ်။ ငါနင့်ကို ယုံမယ် ထင်နေတာလား။ လက်လျှော့ပြီး ငါသခင်မကို ဘယ်လို ကောင်းကောင်း ပြုစုရမယ် ဆိုတာပဲ တွေးစမ်းပါ။” ချီကူယန် ပြောတယ်။
“မင်းကို ပြုစု စေချင်တာလား။ ဒီလို စိတ်ပျက်စရာ နည်းလမ်း သုံးပြီးတော့ ငါ့ကို အနိုင်ယူတာက မတရားဘူး။ မင်းကို စိတ်ပါလက်ပါ ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ ပြန်အော်တယ်။
“ရတယ်လေ။ စိတ်မဆိုးပါဘူး။” ချီကူယန် ပြုံးပြုံးကြီး ပြန်ပြောတယ်။
“ငါ့ကိုလွှတ်။”
“မလွှတ်ဘူး။”
“မြန်မြန်လွှတ်။”
“မလုပ်ချင်ဘူး။”
“တကယ်ပဲ မလွှတ်ဘူးလား။”
“လုံးဝပဲ။”
“ငါမင်းကို ကိုက်ပြစ်မယ်။” ဖန်ကျန်းရှီ သူ့ရဲ့ အသေသတ် နည်းဗျူဟာတွေကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ လက်တွေ ခြေတွေ သုံးလို့ မရသေးပင်မယ့်၊ သွားတွေ ကျန်သေးတယ်။
“နင်လုပ်ရဲလား။ အား။ အရှက်မရှိတဲ့ ကောင်စုတ်။ နင်လုပ်ဝံ့တယ်။” ချီကူယန် တစ်ခုခု လွဲနေတာကို သတိ ထားမိတဲ့ အချိန် နောက်ကျ သွားခဲ့ပြီ။ ဖန်ကျန်းရှီက လှုပ်ရှားပြီလေ။ ဖန်ကျန်းရှီကို တွယ်ကပ်ထားတဲ့ ခြေထောက်ကို လွတ်ပေး လိုက်ရတော့တယ်။ ဖန်ကျန်းရှီက သူမ ရှေ့ကို ရောက်လာခဲ့တယ်။ ချီကူယန်ရဲ့ နှုတ်ခမ်းတွေကို အတင်း ဖိကပ်ထားခဲ့တယ်။
“..” ချီကူယန် မပြုံးနိုင်တော့ဘူး။ သူမ ရုန်းကန်ဖို့ ကြိုးစား ပေမယ့် ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေကို မရှောင်ရှား နိုင်ဘူး။ သူမ ဘယ်လိုပဲ ရုန်းကန်ပေမယ့် ဖန်ကျန်းရှီက သူမကို ပါးစပ် ဖွင့်လာအောင် လုပ်နိုင်ခဲ့တယ်။
“အရှက်မရှိတဲ့ သူခိုးကောင်။ နင် နင် ဒီနည်းလမ်းကို သုံးပြီး ငါ့ကို တိုက်ခိုက်တာ အသုံးဝမင်ဘူး။” ချီကူယန် နောက်ထပ် ရုန်းကန် မနေတော့ဘူး။ ဖန်ကျန်းရှီကို ခွင့်ပြု ထားလိုက်တယ်။ လက်တစ်ဖက်ကတော့ ပန်းချီ ဆက်ဆွြ နေခဲ့တယ်။ နဂါးအမြီးကို ဆွဲပြီးတော့မယ်။ ဖန်ကျန်းရှီ မကျေမနပ် ဖြစ်လာတယ်။
“ဘာဖြစ်တာလဲ။ ဒီလို လှုပ်ရှားမှုတောင် အသုံးမဝင်ဘူးလား။” လူတစ်ယောက်က အားနည်းချက် မရှိသလောက် နည်းတာ။ အားနည်းချက် တစ်ခုပဲ ရှိတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် လုံး၀ အားနည်းချက် မရှိတာကျ ဘယ်လို ဖြစ်တာလဲ။ အားနည်းချက်။ ချီကူယန်မှာ အားနည်းချက် ရှိကို ရှိရမယ်။ အကျင့်စရိုက်၊ အင်အား။ ဒါမှမဟုတ်ရင်၊ ခန္ဒာကိုယ်။
ခန္ဒာကိုယ် ဟုတ်တယ်။ ခန္ဒာကိုယ်ပဲ။ ဖန်ကျန်းရှီ မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။ ချက်ခြင်း ချီကူယန်ရဲ့ တခြား ခန္ဒာကိုယ် အစိတ်အပိုင်းတွေကို ကိုက်တော့တယ်။ ပါးကို ကိုက်တယ်။ ဘာမှ မတုံ့ပြန်ဘူး။ လည်ပင်း။ ဘာမှ မတုံ့ပြန်ဘူး။ နားရွက်တွေကို ကိုက်ရအောင်။
“…” ချီကူယန်ရဲ့ ခန္ဒာကိုယ် တုန်ယင်သွားတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နေတာ အသိသာကြီးပဲ။ ဖန်ကျန်းရှီကတော့ သူ့အခွင့်အရေး ရောက်လာတာကို သိလိုက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ချီကူယန် နည်းနည်း တုန်ယင်သွားတဲ့ အချိန် သူမရဲ့ အမြီး ချုပ်ထားတာလည်း လျော့သွားခဲ့တယ်။ ဒီလို နည်းနည်းလေးက သူ့ တကိုယ်လုံးကို လွတ်မြောက် သွာစေတယ်။
လွတ်လွတ်ချင်း ဖန်ကျန်းရှီ သူမရဲ့ ညာလက်ကို ဆွဲလိုက်တယ်။ ဒီအချိန်မှာ သူမရဲ့ စုတ်တံလည်း ပြုတ်ကျ သွားတော့တယ်။ အချိန်တွေ ရပ်တန့် သွားသလိုပဲ။ ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက်လုံး စာရွက်ဖြူကို စိုက်ကြည့်နေတယ်။ သူတို့ မျက်ဝန်းတွေမှာ မျှော်လင့်တကြီး ကြောက်ရွံ့မှုတွေ ပြည့်နေခဲ့တယ်။
အဲ့ဒီ့နောက် ထူးဆန်းတဲ့ မြင်ကွင်း ပေါ်လာတော့တယ်။ မှင်ပန်းချီက ပျောက်ကွယ် မသွားဘူး။ တဖြည်းဖြည်း အသက်ဝင်လာတဲ့ ပုံစံပဲ။
အပိုင်း (၇၁၅) ပြီး၏။
အပိုင်း ( ၇၁၆)
“ကောင်းကင်ကိုးဘုံကို ဝင်ရောက်ခြင်း။ ”
မှင်တွေက ဘေးပတ်လည်ကို စီးကျလာတယ်။ မှင်ကြောင်းတွေက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ထင်ရှား လာခဲ့တယ်။ နဂါးခေါင်း၊ ခန္ဒာကိုယ်၊ လက်သည်းတွေ၊ အမြီးနဲ့ တခြား ခန္ဒာကိုယ်တွေ အားလုံးက စပြီး အသက်ဝင်လာတယ်။
“အဲ့တာ အသက်ဝင် လာတာလား။”
“နဂါးကို တစ်ချက်တည်းနဲ့ ဆွဲတယ်။”
ဖန်ကျန်းရှီ လုံး၀ မလန့်ဘူးဆိုတာ မဖြစ်နိုင်တာပဲ။ ဒါက ထူးဆန်းပြီး သဘာ၀ မကျ ဖြစ်လွန်းတယ်။ အရေး အကြီးဆုံးကတော့ အရင် စုတ်ချက်တွေလို ပျောက်ကွယ် မသွားတာပဲ။ ဖန်ကျန်းရှီ ကြည့်နေတဲ့ အချိန်မှာပဲ နဂါးဟိန်းသံကြီးကို ပီပီသသ ကြားလိုက်ရတယ်။
“ဝေါင်း။” မှင်နဂါးကြီးက ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီးတော့ ဖန်ကျန်းရှီနဲ့ ချီကူယန်ကို ကြည့်တယ်။ သူ့မျက်ဝန်းတွေက ရွှေရောင် အလင်းတန်းတွေ တောက်ပ နေခဲ့တယ်။ အဲ့ဒီ့နောက် ထူးထူးဆန်းဆန်း တစ်ခု ဖြစ်လာတော့တယ်။
မှင်နဂါးကြီးက စာရွက်ပေါ်မှာ ကူးခတ် နေတယ်။ အဲ့ဒီ့နောက် ရုတ်တရက် ကောင်းကင်ပေါ်ကို ထိုးတက် သွားတော့တယ်။ ဒီအချိန်မှာပဲ ကောင်းကင်မှာ မရေမတွက်နိုင်တဲ့ ပုံရိပ်တွေ ဆက်တိုက် ပေါ်လာတာကို ဖန်ကျန်းရှီ မြင်လိုက်ရတယ်။ တောင်တွေ၊ ရေတွေ၊ မြစ်ချောင်းတွေ၊ ပန်းတွေ၊ ရေကန်တွေ၊ မီးတောက်တွေ၊ မုန်တိုင်းတွေ ရှိနေတယ်။ မရေမတွက် နိုင်တဲ့ ပုံရိပ်တွေက ကောင်းကင်မှာ တံလျှပ်လို ပေါ်နေခဲ့တယ်။ ဒါပေမယ့် အချိန် ကြာကြာ မခံခဲ့ဘူး။ ကောင်းကင်ကြီးက ပြန်လည် ငြိမ်သက် သွားခဲ့တယ်။
“…”
“…”
ဖန်ကျန်းရှီနဲ့ ချီကူယန် တစ်ယောက်ကို တစ်ယောက် ပဟေဠိ ဖြစ်တဲ့ ပုံစံနဲ့ ကြည့်မိကြတယ်။
“ပြီးသွားပြီလား။”
ဖန်ကျန်းရှီ ဖြစ်သွားတဲ့ ကိစ္စကို တွေးတော နေတုန်းပဲ။ ဒီအချိန်မှာ မိုးက ရုတ်တရက် သည်းထန် လာခဲ့တယ်။ တစက်စက် ရွာနေရာကနေ ရေတွေ လောင်းချ လိုက်သလို စီးကျလာတယ်။ မုန်တိုင်းကြီး တစ်ခုလိုပဲ။ တစ်ခဏတာ အတွင်းမှာပဲ တကိုယ်လုံး မိုးရေတွေ စိုရွှဲ လာတော့တယ်။ မိုးစက်တွေက သူ့ခန္ဒာကိုယ်ထဲကို စီးဝင် လာသလိုပဲ။ သက်တောင့်သက်သာ ရှိလာခဲ့တယ်။ ဒါပေမယ့် ဒီသက်တောင့် သက်သာ ဖြစ်မှုက အချိန် အကြာကြီး မခံခဲ့ဘူး။ ရုတ်တရက် ကောင်းကင်ကနေ ကျလာတဲ့ မိုးကြိုးကြီး တစ်ခုကို မြင်လိုက်ရတယ်။
“ဝုန်း။” နားကွဲမတတ် အသံကြီးနဲ့ ကျလာခဲ့တယ်။
“နောက်တစ်ခေါက်လား။” ဖန်ကျန်းရှီ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ဒီတစ်ခေါက် မိုးကြိုးက လုံးဝကို မည်းနက်နေတယ်။ သူ့ကို တည့်တည့်ကြီး ကျဆင်း လာနေတာ ဘယ်နေရာမှာ ဖြစ်ဖြစ် လိုက်ပြစ်မယ့် ပုံပဲ။
“…” ဖန်ကျန်းရှီ တကယ်ပဲ ပြောလိုက်ချင်တယ်။ သူက နောက်ဆုံး တစ်ချက်ကိုပဲ ပြီးအောင် ဆွဲပေးတဲ့သူ။ ဒီလို လုပ်လိုက် ရတာလဲ ချီကူယန် အတင်းဆွဲတာကြောင့်လို့ ပြောချင်တယ်။
“ဒီအတိုင်း ဆက်သွားရတော့မှာလား။”
“နေစမ်းပါအုန်း။ မိုးကြိုးက ချီကူယန်ဆီကို လာနေတာ မလား။”
ဖန်ကျန်းရှီ ဘေးကို ရှောင်ဖို့ လုပ်ပေမယ့် ချီကူယန်က သူ့ကို သွားခွင့် မပြုဘူး။ တကိုယ်လုံးက ချီကူယန်က တင်းတင်းကြပ်ကြပ် ချုပ်ထားခဲ့တယ်။
“ဝုန်း။” ဖန်ကျန်းရှီ သူ့ဝိဉာဉ်တောင် တုန်ခါသွားသလို ခံစား လိုက်ရတယ်။ ချီကူယန်ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပ လာပေမယ့် သူ့ကို တင်းတင်းကြပ်ကြပ် ဆွဲထားတုန်းပဲ။
“ဒီတော့ အတူတူ မိုးကြိုး ပြစ်ခံ ရမှာလား။” ချီကူယန်နဲ့ အတူတူ မိုးကြိုး ခံရမှာကို တွေးရင်း ဖန်ကျန်းရှီ သက်ပြင်း ချလိုက်မိတယ်။
“ဖန်ကျန်းရှီ နဝမ ကောင်းကင်ဘုံကို ဝင်နိုင်ပြီ။”
“ဖန်ကျန်းရှီ နဝမ ကောင်းကင်ဘုံကို ဝင်နိုင်ပြီ။”
“…”
“အမ်။ ငါ နဝမ ကောင်းကင်ဘုံကို ရောက်ပြီလား။” ဖန်ကျန်းရှီ မျက်လုံးပြူး သွားပေမယ့် သိပ်မကြာခင်ပဲ တကိုယ်လုံးကို အပျော်တွေ ဖုံးလွှမ်း သွားတော့တယ်။
ဘဝက တကယ့်ကို လှည့်ကွက် အပြည့်ပဲ။ ပျော်ရွှင်မှုက သူ့ဆီကို သတိ မပေးပဲ ဝင်ရောက်လာတယ်။ ဒီအခြေအနေကို မသေချာပေမယ့် ကောင်းကင်က ထွက်လာတဲ့ အသံကတော့ သူ့ကို နဝမ ကောင်းကင်ဘုံဆီ ဝင်ခိုင်းနေပြီ။ ဒီတော့ လောင်းကြေးထပ်တာ သူနိုင်ပြီ။ ချီကူယန်က သူ့ရဲ့ အစေခံ ခေါင်းဆောင် ဖြစ်တော့မယ်။
ဘဝက အံ့သြစရာတွေ ပြည့်နေတာပဲ။ မျက်နှာ တစ်ခုလုံး မည်းတူး နေပင်မယ့် အပြုံးကတော့ တောက်ပ နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အပျော်ကို ကောင်းကင်မှာ နောက်ထပ် ထွက်လာတဲ့ အသံက နှောက်ယှက်လိုက်တယ်။
“ချီကူယန် နဝမ ကောင်းကင်ဘုံကို ဝင်နိုင်ပြီ။”
“ချီကူယန် နဝမ ကောင်းကင်ဘုံကို ဝင်နိုင်ပြီ။”
“…”
ဒီခမ်းနားတဲ့ အသံက သူ့နားထဲမှာ တစ်ခဏတာ ရစ်ဝဲနေတယ်။
“ငါတို့တွေ နဝမ ကောင်းကင်ဘုံကို အတူတူ ဝင်ရမှာလား။” သူ့ကို လှောင်ပြုံးပြုံးပြ နေတဲ့ ချီကူယန်ကို ကြည့်မိတယ်။ ဖန်ကျန်းရှီရဲ့ ရင်ထဲမှာ ဒေါသထွက်နေတဲ့ သားရဲကောင် တစ်သိန်းလောက် ခုန်ပေါက် နေသလိုပဲ။
“ငါတို့ နဝမ ကောင်းကင်ဘုံကို တစ်ချိန်တည်းမှာ ရောက်ရင်။ ငါ့အနိုင်ပဲ။ အခုချိန်က စပြီးတော့ နင်က ငါ့ရဲ့ နိမ့်ကျတဲ့ အစေခံ ဖြစ်ရတော့မယ်။” ချီကူယန်ရဲ့ အသံ သူ့နားထဲမှာ ထွက်ပေါ်လာတယ်။
…
ကောင်းကင်တာအို ခန်းမရဲ့ မြင့်မြတ် နေရာမှာတော့ လူတစ်ယောက်က အမောတကော ပြေးလာ နေခဲ့တယ်။
“အ အစ်မကြီး ချီကူယန်နဲ့ ဖန်ကျန်းရှီ နဝမ ကောင်းကင်ဘုံကို အတူတူ ဝင်သွားပါပြီ။” သတင်းပို့ပြီးတာနဲ့ မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။
“ဘာ ဘာဖြစ်တယ်။” အကြီးအကဲရဲ့ ရေနွေးခွက်လည်း မြေပြင်ပေါ်ကို ကျသွားပြန်တယ်။ ကောင်းကင် တာအို တပည့်သားတွေရဲ့ ဓားတွေ မြေပြင်ပေါ်ကို ကျတဲ့ အသံလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ် နေခဲ့တယ်။ သူတို့တွေ အားလုံး လဲကျနေတဲ့ တပည့်သားဝမ်ကို ကြည့်ရင်း အသက်အောင့်ထား မိတယ်။ ဒီသတင်းက လန့်စရာ ကောင်းတာထက်ကို ပိုနေခဲ့ပြီ။
“ကိုးခုမြောက် ကောင်းကင်ဘုံ။” ဒီလန့်စရာ သတင်းက လောင်းကြေးထပ်ကို ပိုပြီးတော့ ကျော်လွန်နေပြီ။ ဘယ်သူကမှ အနိုင်ရသူကို မစဉ်းစား နိုင်တော့ဘူး။ ဒါက အရေး မကြီးတော့ဘူးလေ။ အရေးကြီးတာ တစ်ခုပဲ ရှိတယ်။ ကောင်းကင် တာအို ခန်းမ မိုးနတ် ရေကန်ရဲ့ နဝမ ကောင်းကင်ဘုံက နောက်တစ်ကြိမ် ပြန်ပွင့်ခဲ့ပြီ။ နှစ်ထောင်ချီ ကြာပြီးနောက်မှာ လူနှစ်ယောက်တိတိ ဝင်နိုင်ခဲ့ပြီ။
…
အပြင်က လူတွေ ကြောက်လန့် နေကြပေမယ့်၊ နဝမ ကောင်းကင်မှာ ရောက်နေတဲ့ ဖန်ကျန်းရှီကတော့ စိတ်ပျက် နေခဲ့တယ်။ ချီကူယန် ပြောထားတဲ့ အတိုင်းဆိုရင် အခုတော့ သူရှုံး သွားပြီ။ ဒါပေမယ့် အတူတူ ဝင်တာကို သူလက်မခံ နိုင်ဘူး။ သူ့နာမည်ကို အရင်ကြေညာ တာလေ။ ဒီတော့ သူက အနိုင် ရတဲ့သူ ဖြစ်သင့်တယ်။ ဒါကြောင့် ဒီကိစ္စကို ချက်ခြင်း ဆွေးနွေးဖို့ လိုတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ချီကူယန်ကတော့ ထွက်လာတဲ့ ရလဒ်ကို ဆွေးနွေးချင်စိတ် ရှိပုံ မပေါ်ဘူး။
“ဒါက နဝမ ကောင်းကင်လား။” ချီကူယန် ပတ်ဝန်းကျင်ကို ကြည့်ရင်း အံ့သြ နေတယ်။
“ဟမ်။” ဖန်ကျန်းရှီလည်း သူမပြောတော့မှ သတိထားလိုက် မိတယ်။ “ဘာလဲ။ နဝမ ကောင်းကင်ဘုံမှာ ဘာဖြစ်လို့ မဏ္ဍိုင် ကိုးခု ရှိမနေတာလဲ။” ၈ခုမြောက် ကောင်းကင်ဘုံမှာ မဏ္ဍိုင် ၈ခုရှိတယ်။ ၇ခုမြောက် ကောင်းကင်ဘုံမှာလည်း ၇ခု ရှိတယ်။
အခု သူတို့ ရှေ့မှာ ရှိနေတဲ့ နဝမမြောက် ကောင်းကင်ဘုံကတော့ ဘာမဏ္ဍိုင်မှ ရှိမနေဘူး။ သင်းကွဲ သီးခြား နယ်မြေ တစ်ခုလိုပဲ။ ဘယ်ကောင်းကင်ဘုံနဲ့မှ မတူပဲ ကွဲပြားနေတယ်။ သူတို့မျက်စိ တဆုံးမှာ ဘာမှ မရှိဘူး။ အရမ်းကို ကျယ်ပြန့်တဲ့ နေရာကြီး တစ်ခုပဲ။ နေရာ အားလုံးမှာ သဲတွေ ပြည့်နေခဲ့တယ်။ သစ်ပင်တွေ ရေကန်တွေ မရှိဘူး။ အဖြူရောင် ကျောက်တုံးလေး တစ်ချို့ပဲ သဲထဲမှာ ရှိနေတယ်။ ဖန်ကျန်းရှီ ထင်ထားခဲ့တာနဲ့ တခြားစီပဲ။
“နဝမ ကောင်းကင်ဘုံက တကယ်ပဲ ဒီလို ပုံစံလား။” ဖန်ကျန်းရှီ ပဟေဠိ ဖြစ်နေခဲ့တယ်။ သူထင်ထားခဲ့တာ တိုင်လုံးတွေ မရှိရင်တောင် သဲလွန်စ တစ်ခုခု ရှိမယ်လို့။ သူနားလည်နိုင်တဲ့ တစ်ခုခု အနည်းဆုံး ရှိမယ် ထင်ထားခဲ့တယ်။ ဒါပေမယ့် သဲတွေက လွဲပြီးတော့ ဘာမှ မရှိဘူး။ သဲတွေနဲ့ ထိုင်ကစား ရမှာလား။
“ဒီနေရာက တစ်ခုခု ထူးဆန်း နေတာကို ခံစားမိလား။” ချီကူယန် တလက်လက် တောက်နေတဲ့ မျက်ဝန်းတွေနဲ့ မေးတယ်။
“ဘာထူးဆန်း တာလဲ။” ဖန်ကျန်းရှီ မေးခွန်း တစ်ခုနဲ့ ပြန်ဖြေတယ်။
“မိုးရွာတာ ရပ်သွားပြီ။” ချီကူယန် မြေပြင်ကို လက်ညှိုးထိုးရင်း ပြောတယ်။
“ဟမ်။ ဟုတ်တယ်။ ရပ်သွားပြီ။ မင်းပြောတော့ မိုးနှင်းစက်တွေက မိုးနတ်ရေကန် တစ်ခုလုံးမှာ ရှိတယ်ဆို။” ဖန်ကျန်းရှီ သူမ ပြောချင်တာကို နားလည်တယ်။
“ဟုတ်တယ်။ ပုံမှန် အခြေအနေမှာ ဆိုရင် နဝမ ကောင်းကင်ဘုံက မိုးနတ် ရေကန်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ဒီတော့ မိုးက မရပ်တန့်ဘူး။ ဒါပေမယ့်။” ချီကူယန် တစ်ခုခုကို စဉ်းစားရင်း ရပ်တန့် သွားခဲ့တယ်။
“ဒါပေမယ့် ဘာဖြစ်လဲ။”
“ဒီနေရာက မိုးနတ် ရေကန်ထဲမှာ မဟုတ်ရင်ကော။ နောက်တစ်နည်း ပြောရရင်။ မိုးနတ် ရေကန်ရဲ့ အပြင်မှာ ရောက်နေတယ်။ ဖြစ်တော့ မဖြစ်နိုင်ဘူး။ နဝမ ကောင်းကင်ဘုံက မိုးနတ် ရေကန် အပြင်ကိုတော့ မရောင်္ကနိုင်ဘူး။” ချီကူယန် ထိုင်ချရင်း သဲတွေကို လက်တစ်ဆုပ် ကောက်ယူလိုက်တယ်။
“မိုးနတ်ရေကန်ထဲမှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ နည်းနည်းတော့ နားလည်လာပြီ။ သူမ ပြောသလိုပဲ။ နဝမ ကောင်းကင်က မိုးနတ်ရေကန်ကနေ ထွက်သွားဖို့ မဖြစ်နိုင်ဘူးလေ။
“ဒီနေရာက ဘာကြီးလဲ။”
“ပုံမှန် အတိုင်းဆိုရင် လူတစ်ယောက်ရဲ့ တာအို နားလည်တာကို စမ်းသပ်သင့်တာ မဟုတ်လား။ ဘာဖြစ်လို့ ဘာကိုမှ မခံစား မိတာလဲ။”
ဖန်ကျန်းရှီ ဒီမေးခွန်းတွေကို တွေးနေတဲ့ အချိန်မှာပဲ သူ့ရင်ဘတ်က တောက်ပလာပြန်တယ်။ သူ့ရဲ့ စုတ်ပြဲနေတဲ့ အဝတ်တွေ အောက်ဘက်က ထွက်ပေါ်နေတဲ့ အလင်းတန်း ပိုပိုပြီးတော့ လင်းထိန် လာခဲ့တယ်။
အပိုင်း (၇၁၆) ပြီး၏။
အပိုင်း (၇၁၇)
“ကျောက်ဖျာတစ်ချပ်ကို လမ်းမှာ ရှာတွေ့။”
“အရှက်မရှိတဲ့ကောင်။ ဒါက နောက်ထပ် အမှီအခိုမဲ့ လောကတစ်ခု ဖြစ်နိုင်လား။” ချီကူယန်က ပတ်ဝန်းကျင်ကို အရမ်း အာရုံ စိုက်နေတဲ့ အတွက် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က အပြောင်းအလဲကို သတိ မထားမိဘူး။
“နောက်ထပ် လောကသစ်တစ်ခု။” သူမ ပြောချင်တာကို သူနားလည်တယ်။ မိုးနတ် ရေကန်ထဲမှာ ရှိနေတဲ့ နောက်ထပ် သီးခြား နေရာ တစ်ခုပဲ။ ဘာဖြစ်လို့ ဒီမှာ ရှိနေတာလဲ။ နဝမ ကောင်းကင်မှာ ဘာတွေ ရှိနေလဲ။ မေးခွန်းကတော့ ကြီးတယ်။ ပုံမှန် အခြေအနေမှာ ဆိုရင် ဒါက နဝမ ကောင်းကင်ရဲ့ လျှို့ဝှက်ချက် ဖြစ်သင့်တယ်။
“ဒီလောကကို ဖြိုခွင်းပြီးတော့ တစ်ခုခုကို သင်ယူ ရမှာလား။”
“ဒီမြင်ကွင်းက ဘာလို့ ရင်းနှီး နေတာလဲ။”
“နောက်ထပ် လောကတစ်ခု။ ဒါက မိုးနတ် ရေကန်ထဲမှာ ရှိတယ်။ ဒါပေမယ့် မိုးနတ် ရေကန်ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိဘူး။ သီးခြား နေရာ တစ်ခုပဲ။”
သူတွေးနေတဲ့ အချိန်မှာ မတော်တဆ သူ့ရင်ဘတ်က အဖြူရောင် အလင်းတန်းကို ဖန်ကျန်းရှီ သတိထားမိ သွားတယ်။ ဒီအလင်းတန်းက မိုးကောင်းကင် ကြယ်အလင်းတန်းလိုပဲ။ ဒါပေမယ့် အေးစက်တယ်။
“အမ်။” ဖန်ကျန်းရှီ သူ့ရင်ဘတ်က စုတ်ပြဲနေတဲ့ အကျီကို ဆွဲဖြဲလိုက်တယ်။ သူ့ရဲ့ ရင်ဘတ်ကာ ထွက်လာခဲ့တယ်။ ဒီနေရာကနေ အလင်းတန်းတွေ ထွက်နေတာ။
“ဒါက ဘာလဲ။” ဖန်ကျန်းရှီ အလင်းတန်းကြောင့် ပဟေဠိ ဖြစ်နေခဲ့တယ်။ ဒီထဲက ဘာပစ္စည်းကိုမှ စိတ်နဲ့ ထိန်းချုပ် မထားဘူး။ သူ့အသိစိတ်ကို ရင်ဘတ်ကာ မှန်ထဲက အဆုံးမဲ့ လောကထဲ နှစ်မြုပတ်လိုက်တယ်။ သူ့ရဲ့ စိတ်အာရုံ နယ်မြေအစား ရှိနေတဲ့ ဒီနေရာက အရမ်းကို ကျယ်ပြန့်လွန်းတယ်။ ဒါပေမယ့် အရင်လိုတော့ သုံးလို့ မရဘူး။ ဒါပေါ့ ဒီတန်ကြေးကို သူလိုလိုလားလား ပေးချင်ပါတယ်။ ရတနာ တစ်ခုထက် သူ့အသက်က ပိုတန်ဖိုး ရှိတယ်လေ။
“ဒါလား။” ဖန်ကျန်းရှီ အလင်းရောင် ထွက်နေတဲ့ နေရာကို မကြာခင်ပဲ ရှာတွေ့ သွားခဲ့တယ်။ အနက်ရောင် သံသေတ္တာလေး တစ်ခု ကနေ ထွက်နေတာ။ ဒီသေတ္တာ နာမည်ကို မသိပေမယ့် အထဲမှာ ရှိနေတာကို သူသိတယ်။ ယွင်ချင်းဝူ ပေးထားတဲ့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုနဲ့ သူ့မှာ ရှိပြီးသား ၁ခု။
“ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ထည့်ထားတဲ့ သေတ္တာက ဘာဖြစ်လို့ ရုတ်တရက် အလင်းရောင်တွေ ထွက်လာတာလဲ။ နောက်ပြီးတော့ နဝမ ကောင်းကင်ဘုံမှ။”
“ဘာတွေ ဖြစ်နေတာလဲ။”
“နေစမ်းပါအုန်း။”
“ယွင်ချင်းဝူ။”
ဟုတ်တယ်။ ဒီမြင်ကွင်းက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခု သုံးပြီးတော့ သူ့ကို သီးခြား လောကထဲ ထည့်ပိတ်ထားတဲ့ အဖြစ်နဲ့ တူနေတာပဲ။ ချီကူယန် ပြောသလိုသာ ဆိုရင် နဝမ ကောင်းကင်ဆိုတာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာနဲ့ ဖန်တီးထားတဲ့ သီးခြား နယ်မြေ တစ်ခုလား။
“မဟုတ်သေးပါဘူး။ ငါဒီလောက် ကံကောင်းနိုင်ပါ့ မလား။” ဖန်ကျန်းရှီ မသေချာ ဖြစ်နေခဲ့တယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေက ဘယ်လောက်တောင် တန်ဖိုးကြီးမှန်း အရူးတောင် သိတယ်။ သူက ဘယ်လိုလုပ် အလွယ်တကူ ရှာတွေ့မှာလဲ။ ဒါ့အပြင် အခု သဲလောကကြီးက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ဖြစ်နေတာ ဆိုတာ သူ့အတွေး သက်သက်ပဲ။
လူတိုင်းမှာ အိပ်မက်ရှိတယ်။ အိပ်မက် မရှိတဲ့ သူက လူသေနဲ့ မခြားဘူး။ ဒါပေမယ့် ဖြစ်နိုင်တာက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ဖော်ထုတ်ဖို့ အချိန် ကျလာတာမျိုးပေါ့။ ကြိုးစားကြည့်လည်း ဘာမှ အထိအခိုက် မရှိမှတော့ လုပ်သင့်ပါတယ်။ စိတ်ကျေနပ်စရာ အံ့ဖွယ်လည်း ရှိနေ နိုင်တယ်လေ။ ဒီသေတ္တာက သုံးရတာ လွယ်တယ်။
ဖန်ကျန်းရှီ ဒီသေတ္တာကို ရပြီးတဲ့နောက် ခနခန သုံးခဲ့သေးတယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို (ထိန်းသိမ်း)လို့ အော်လိုက် ရ့ုပဲ။ ကျောက်ဖျာတွေကို ပြန်ထုတ်ဖို့လည်း လွယ်တယ်။ (ထွက်ခဲ့)လို့ အော်လိုက်ရုံနဲ့ ကျောက်ဖျာတွေ ချက်ခြင်း ထွက်လာတယ်။
ဒီသေတ္တာက သုံးရတာ အတော့်ကို ဟန်ကျတယ်။ တွေးရင်းနဲ့ သေတ္တာကို အဆုံးမဲ့ လောကထဲကနေ ထုတ်လိုက်တယ်။ သူလုပ်နေတဲ့ အချိန်မှာ သေတ္တာက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ နောက်ဆုံးတော့ ချီကူယန်လည်း သတိ ထားမိသွားတယ်။
“ဟမ်။” ဖန်ကျန်းရှီ လက်ထဲက မဟူရာ သေတ္တာကို ကြည့်ရင်း သူမ မျက်လုံး ပြူးနေခဲ့တယ်။ ပါးစပ် အဟောင်းသားလည်း ဖြစ်နေခဲ့တယ်။ ထျန်းရှင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကတောင် ဒီလောက် မအံ့သြ ခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူမကို ရှင်းပြဖို့ စိတ်ကူးမရှိ။ သူအရင်ဆုံး လုပ်ကြည့်မယ်။
“ထိန်းသိမ်း။” ချက်ခြင်း သေတ္တာကို ဖွင့်ပြီးတော့ မျက်စိရှေ့က အဆုံးမဲ့ သဲလောကကြီးကို အော်ဟစ်လိုက်တယ်။ တစ်လောကလုံး ချက်ခြင်း တုန်ခါ လာပြီးတော့ အဆုံးမသတ်တဲ့ သဲတွေ သေတ္တာထဲကို ဝုန်းဒိုင်းကျဲ ဝင်လာတော့တယ်။
…
သွေးအရိပ်မြို့တော် နတ်ဆိုးမျိုးနွယ်။
ခမ်းနားတဲ့ မဟူရာ နန်းတော်ကြီးက မြို့လယ်မှာ တည်ရှိနေတယ်။ အနက်ရောင် သားရဲကြီး တစ်ကောင်လိုပဲ ထည်ဝါလွန်းတယ်။ နတ်ဆိုး နန်းတော် တံခါးမှာတော့ အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ထားတဲ့ ယွင်ချင်းဝူ မိုးကောင်းကင်ကို ကြည့်နေခဲ့တယ်။ သူမရဲ့ လှပတဲ့ မျက်နှာမှာ ဝမ်းနည်းမှုနဲ့ စိုးရိမ် ပူပန်မှုတွေ ထင်ဟပ် နေခဲ့တယ်။
သက်ပြင်းချရင်းနဲ့ နန်းတော်ထဲကို ဖြည်းဖြည်းချင်း ပြန်ဝင်လာခဲ့တယ်။ သူမ တွေေ၀ နေခဲ့တယ်။ ခရု တစ်ကောင်လို ရွေ့လျားရင်းနဲ့ နန်းတော် အလယ်က အခန်း တစ်ခုကို ရောက်လာခဲ့တယ်။
“အရှင်သခင်ငယ်။” နတ်ဆိုး စစ်သည်တော်တွေ ချက်ခြင်း တလေးတစား နှုတ်ဆက်ပြီးတော့ တံခါး ဖွင့်ပေးကြတယ်။
ယွင်ချင်းဝူ ခေါင်းငြိမ့်ပြရင်း အခန်းထဲ ဝင်လာတယ်။
“မင်းတို့တွေ သွားနိုင်ပြီ။” ယွင်ချင်ဝူ အခန်းထဲ ဝင်တဲ့ အချိန် အသံတစ်သံကို ကြားလိုက်ရတယ်။
“အမိန့်တော် အတိုင်းပါ။” အစေခံတွေ ဦးညွှတ်ပြီးနောက် ထွက်ခွာ သွားတော့တယ်။ ယွင်ချင်းဝူကတော့ အခန်း အလယ်က လူကြီးကို ကြည့်နေခဲ့တယ်။ မျက်ခုံးကောင်းကောင်း၊ မျက်လုံး တောက်တောက်နဲ့ အနက်ရောင် သရဖူကို ဆောင်းထားတယ်။ ရွှေခြည်ထိုး အနက်ရောင် ဝတ်ရုံကိုလည်း ဝတ်ဆင်ထားတယ်။
“ခမည်းတော်။” ယွင်ချင်းဝူ ဂါရ၀ ပြုတယ်။
“ထိုင်ပါ ချင်းဝူ။ ခမည်းတော်နဲ့ အကြီးအကဲတွေရဲ့ အကြံဉာဏ်ကို ဆန့်ကျင်ခဲ့တဲ့ အချိန်ကို မှတ်မိသေးလား။” ဧကရာဇ်က ယွင်ချင်းဝူကို ချစ်မြတ်နိုးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။
“ချင်းဝူ မှတ်မိပါတယ်။”
“တစ်လတောင် ရှိခဲ့ပြီ။ ဒီကောင်လေး လုပ်နိုင်မယ်လို့ သမီးတော် ထင်လား။” ဧကရာဇ်က ရေနွေးသောက်ရင်း မေးတယ်။
“ထင်ပါတယ်။” သူမ ခေါင်းငြိမ့်တယ်။
“ချင်းဝူ။ အခုချိန်မှာ အစီအစဉ် ပြောင်းဖို့ အချိန် ရှိပါသေးတယ်။ မဟုတ်ရင် တစ်ခါတည်း။”
“ခမည်းတော်။ သမီးတော်တို့ နတ်ဆိုး မျိုးနွယ်ရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင် မြင့်မြတ် နယ်မြေက မျိုးနွယ်စု ငါးခုကို ဘယ်လိုမှ အနိုင် မယူနိုင်ဘူး။ အခုချိန်မှာ လှုပ်ရှားရင်၊ သူတို့တွေ ပြန်တိုက်ခိုက် ကြမှာပဲ။ ဒီလိုသာ ဖြစ်လာခဲ့ရင် သမီးတော်တို့ စွမ်းအားကုန် သုံးရင်တောင်၊ နတ်ဆိုး မျိုးနွယ်က ပြန်ထူထောင်နိုင်ဖို့ အနည်းဆုံး နှစ်၁၀၀ကျော် ကြာမှာပဲ။” ယွင်ဧကရာဇ်ရဲ့ စကားမဆုံးခင် ယွင်ချင်းဝူ ဖြတ်ပြောလိုက်တယ်။
“ခမည်းတော် သမီးတော် ပြောချင်တာကို နားလည်ပါတယ်။ ဒါကြောင့်ပဲ သမီးတော်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူ ခဲ့တာ။ ဒါပေမယ့် အရမ်းကို လောင်းကြေး ကြီးလွန်းနေတယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်နဲ့ ခမည်းတော်တို့ နတ်ဆိုး မျိုးနွယ်က ထိပ်တန်း ရတနာ၊ အားလုံးကို ဒီကလေးဆီ ပေးလိုက်တယ်။ ကိစ္စတွေသာ မှားယွင်းသွားရင်၊ ခမည်းတော်တို့ အားလုံးကို ဆုံးရှုံး သွားမှာပဲ။” ဧကရာဇ်ယွင် အတော့်ကို စိတ်ပူ နေခဲ့တယ်။
“ခမည်းတော် ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုက အရေးကြီးပေမယ့် သူတို့ကို ပြန်ယူလို့ ရပါတယ်။ ဒါပေမယ့် နဝမ ကောင်းကင်ဘုံက ပစ္စည်းတွေကို ရဖို့ အခွင့်အရေး တစ်ခုပဲ ရှိတယ်။”
“သူက တကယ်ပဲ နဝမ ကောင်းကင်ဘုံကို ရောက်နိုင်မယ်လို့ ယုံကြည်လား။” ဧကရာဇ်ယွင် ဆက်မေးတယ်။
“သူမှ မရောက်နိုင်ရင်။ ဒီလောကမှာ ဘယ်သူမှ လုပ်နိုင်တော့မယ် မထင်ဘူး။ အကယ်၍ ဒီလိုသာ ဖြစ်ရင်တော့။ အခုက သမီးတော်တို့ အတွက် အချိန်ကောင်း မဟုတ်ဘူးလို့ ဆိုလိုတာပဲ။” ယွင်ချင်းဝူ ပြန်ဖြေတယ်။
“ဒီကောင်လေးကို ဒီလောက်တောင် ယုံကြည်တာလား။”
“ဟုတ်ပါတယ်။ သူ တစ်ယောက်တည်းသာ နဝမ ကောင်းကင်ဘုံကို ရောက်နိုင်တယ်။ နဝမ ကောင်းကင်ဘုံက ပစ္စည်းတွေကို ယူနိုင်တာလည်း သူတစ်ယောက်တည်းပဲ။ ချင်းဝူ လုပ်ခဲ့တာတွေ အားလုံးက နဝမ ကောင်းကင်ဘုံမှာ ရှိတဲ့ ကိုးဘုံမဟာ ဗျူဟာကို သူဖြိုခွင်း နိုင်ဖို့ အကူအညီ ပေးတာပဲ။” ယွင်ချင်းဝူ တစ်ခဏတာ တိတ်ဆိတ် သွားပြီးနောက် ပြန်ဖြေတယ်။
“သမီးတော် ပြောချင်တာကို နားလည်ပြီ။ သမီးတော်ရဲ့ အစီအစဉ်ကို တတ်နိုင်သလောက် ထောက်ပံ့ဖို့ ကြိုးစားပါမယ်။ ဒါပေမယ့် မြင့်မြတ် နယ်မြေက အန္တရာယ် များလွန်းတယ်။ သမီးတော် ကိုယ်တိုင် မသွားလို့ ရလား။” ဧကရာဇ်ယွင် ခေါင်းငြိမ့်ရင်း ပြောတယ်။
“ခမည်းတော်။ အဲ့ဒီ့ကို ချင်းဝူ ကိုယ်တိုင် သွားမှ ဖြစ်မှာပါ။”
“ချင်းဝူ။ မဖြစ်ဘူး။ သမီးတော်ကို မယုံလို့ မဟုတ်ဘူး။ ဒါပေမယ့် သမီးတော်ရဲ့ အင်အားက။”
“ယုံကြည်ပေးပါ ခမည်းတော်။”
“ဒါက ကောင်းပါြင်္ပီ။ ဒါပေမယ့် အထူး သတိထားပါ။ ဒီတစ်ခေါက် မအောင်မြင်ရင် နောက်ထပ် နှစ်တစ်ရာ စောင့်လို့ ရပါတယ်။ သမီးတော်က နတ်ဆိုး မျိုးနွယ်ရဲ့ တကယ့် မျှော်လင့်ချက်ပဲ။ ဒါကို နားလည်ရမယ်။”
“ခမည်းတော် စိတ်ချပါ။ ချင်းဝူ သတိထားပါမယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်းနဲ့ အခန်းထဲက ထွက်ခွာ သွားတယ်။
..
မိုးနတ်ရေကန်၊ နဝမ ကောင်းကင်ဘုံ။
ဖန်ကျန်းရှီ လက်ထဲက သေတ္တာနဲ့ သဲတွေကို ကြည့်ရင်း မျက်လုံး ပြူးနေခဲ့တယ်။
“ငါ တကယ်ပဲ သိမ်းနိုင်ခဲ့ပြီ။”
“ဒီသဲလောကကြီးက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာပဲ။ ဟုတ်တယ်။ ဘယ်အချိန်တုန်းက ငါဒီလောက် ကံကောင်း သွားတာလဲ။”
ဖန်ကျန်းရှီ ဖြစ်နေတာကို မယုံနိုင်ဘူး။ ဒီလောကက ကျောက်ဖျာ ဖြစ်မယ်လို့ ထင်ထားပေမယ့်၊ တကယ့် ဖြစ်လာတဲ့ အချိန်မှာတော့ စိတ်မထိန်းနိုင်ပဲ အော်မိတော့တယ်။
“လမ်းအတိုင်းလိုက်။ ကျောက်ဖျာတွေ့ပြီ။”
အပိုင်း (၇၁၇) ပြီး၏။
အပိုင်း (၇၁၈)
“ငါလည်း ကူကယ်ရာမဲ့ ဖြစ်နေပြီ။”
ဒါပေ့ါ။ ဖန်ကျန်းရှီက ကံကောင်းပြီးတော့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာကို ရှာတွေ့တာ မဟုတ်သေးဘူး။ နောက်ဆုံးတော့လည်း သူက မိုးနတ်ရေကန်ထဲက နဝမ ကောင်းကင်ဘုံမှာ ရှိနေတာလေ။
ကောင်းကင် တာအို ခန်းမ စတင် ဖြစ်တည်တည်းက လူတစ်ယောက်ပဲ နဝမ ကောင်းကင်ဘုံကို ရောက်သေးတယ်။ ဒီနေရာကို ရောက်ဖို့ တကယ်ခက်တယ်။
ဖန်ကျန်းရှီနဲ့ ချီကူယန်တောင် နှစ်ယောက် အတူတူ ပူးပေါင်းပြီးမှ ရောက်လာခဲ့တယ်။ ဖန်ကျန်းရှီသာ သတိမပေးရင် ချီကူယန်လည်း ၇ခုမြောက် ကောင်းကင်ကို ဖြတ်နိုင်မှာ မဟုတ်ဘူး။
ဒီလိုပဲ ချီကူယန် ကြောင့်သာ မဟုတ်ရင်၊ ဖန်ကျန်းရှီလည်း ၇ခုနဲ့ ၈ခုမြောက် ကောင်းကင်ကို ဖြတ်လာနိုင်မှာ မဟုတ်ဘူး။ ဒါက ကံတရား ဖြစ်နေပုံပဲ။
အခုလို သတ္တု သေတ္တာ ရှိနေတာပါ ထည့်ပေါင်းလိုက်ရင် အခု အဖြစ်က အရမ်းကို တိုက်ဆိုင်လွန်းနေတယ်။ ဒါတွေ အားလုံးက အစီအစဉ် တကျ ဖြစ်နေသလိုပဲ။ တိုက်ဆိုင်တာလား။ ကြိုတင် ကြံစည် ထားတာလား။
ယွင်ချင်းဝူ တောင်ဘက်ရွာမှာ သူ့ကို ဘာလို့ ပိတ်ထားလဲ အခုထိ တွေးမရသေးဘူး။ ဒါ့အပြင် ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုနဲ့ သေတ္တာကိုလည်း ပေးလိုက်သေးတယ်။ သူမ ခက်ခက်ခဲခဲ ရယူ ထားတာတွေ အားလုံးကို ပေးလိုက်တယ်။ မယုံနိုင် စရာပဲ။ အမုန်းကနေ အချစ်ကို ပြောင်းလဲ သွားတဲ့ သူငယ်ချင်းတွေလိုလား။
တကယ့် ဘဝမှာ ဒါမျိုး ဖြစ်နိုင်လို့လား။ ယွင်ချင်းဝူ ဒီလို ရက်ရောတဲ့ လူတစ်ယောက်လို့တော့ ဖန်ကျန်းရှီ မထင်ဘူး။ သူမက နတ်ဆိုး မျိုးနွယ်ရဲ့ အရှင်သခင်ငယ်လေ။ သူမရဲ့ ပုခုံးပေါ်မှာ ကံတရား ရှိတယ်။ သူမက သူ့ကို ချစ်မြတ်နိုးရုံနဲ့တော့ ဒီကျောက်ဖျာတွေကို ပေးလိုက်မှာ မဟုတ်ဘူး။
ယွင်ချင်းဝူက နဝမ ကောင်းကင်ဘုံကို သူရောက်နိုင်မယ်လို့ ခန့်မှန်း ထားပြီးသားလား။ ဒါကြောင့် ဒါတွေကို ပေးလိုက်တာ ဖြစ်နိုင်မလား။ အကယ်၍ တခြားသူသာ ဆိုရင်တော့ ဖန်ကျန်းရှီ ဒီလောက်အထိ တွေးဖြစ်မှာ မဟုတ်ဘူး။ သာမာန်လူ တစ်ယောက်က ဒီလောက် အထိ ရှေ့ရေးကို ကြိုမတွေး နိုင်ဘူးလေ။ ဒါပေမယ့် ယွင်ချင်းဝူ ဖြစ်နေရင်တော့ သံသယ ဝင်စရာတောင် မလိုဘူး။
နဝမ ကောင်းကင်ဘုံကို ဝင်နိုင်တာက တိုက်ဆိုင်မှု တစ်ခု ဖြစ်ခဲ့ရင်တောင်၊ ကောင်းကင် တာအို ခန်းမရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင် သူ့ကို သံသယ ဝင်မှာ မဟုတ်ဘူး။
ဒါပေမယ့် ဒါတွေ အားလုံးကသာ ယွင်ချင်းဝူ အကွက်ကျကျ စီစဉ် ထားတာ ဖြစ်ခဲ့ရင်ကော။ သူမ အတွက် ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ပိုပြီးတော့ ယူလာ စေချင်တာ ဖြစ်နိုင်မလား။
မဖြစ်နိုင် လောက်ပါဘူး။ ဖန်ကျန်းရှီက သူ့ဆီကို ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ပြန်လာ ပေးမယ်လို့ တုံးတုံးအအ ယုံနေရမယ့် သူမှ မဟုတ်ပဲ။ သူတွေးနေပြီးတော့ တအံ့တသြ ဖြစ်နေတဲ့ ချီကူယန်ကို လှည့်ကြည့်တယ်။
ဒီသဲတွေကို သေတ္တာက စုပ်ယူ သွားတာတောင် ချီကူယန် စကားတစ်ခွန်းမှ မဟခဲ့ဘူး။
“မင်းငါ့ကို တစ်ခုခု မေးချင်နေတယ် မဟုတ်လား။”
“မေးစရာ မရှိဘူး။” ချီကူယန် ခေါင်းခါတယ်။
“ဘာမှ မရှိတာလား။” ဖန်ကျန်းရှီ သိချင်နေတယ်။ ဒီသေတ္တာကို ချီကူယန် သိတယ်ဆိုတာ သူ့စိတ်ထဲမှာ နားလည် နေခဲ့တယ်။
ဒါပေမယ့် ချီကူယန် ဘာမှ မမေးတာက အံ့သြ စရာကြီး။ ဘာတွေ ဖြစ်နေတာလဲ။ ဒီသဲလောကကြီးက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာဆိုတာကို မသိတာလား။ မဖြစ်နိုင်တာပဲ။
သူတောင် သိနေတာကို သူမ မသိတာ မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီ အတွေးနဲ့ လုံးပမ်းနေတဲ့ အချိန် သဲလောကကြီးက လုံး၀ ပျောက်ကွယ် သွားခဲ့ပြီ။ သူ့ရှေ့မှာ ဧရာမ နွံတောကြီး ပေါ်လာခဲ့တယ်။ အစိမ်းရောင် ရွံ့တွေက သူ့မျက်စိ တဆုံးမှာ ပေါ်လာခဲ့တယ်။
“…” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ် ခတ်နေခဲ့တယ်။ မိုးမရွာတော့တဲ့ ကောင်းကင်ကြီးကို ကြည့်တယ်။ “ဒါ တကယ်လား။ နောက်ထပ် ကျောက်ဖျာ တစ်ခုလား။”
“အကယ်၍ ငါထင်တာသာ မမှားရင် မဟာကပ်ဆိုး ကိုးသွယ်ဗျုဟာနဲ့ ရင်ဆိုင် နေရတာပဲ။” ချီကူယန ် ခပ်တိုးတိုး ပြောတယ်။
“မဟာ ကပ်ဆိုးကိုးသွယ် ဗျုဟာက ဘာလဲ။” ဖန်ကျန်းရှီ မေးလိုက်တယ်။
“ရှင်သန်ဖို့ ခက်ခဲတဲ့ အခြေအနေ ကိုးခု၊ နေရာကိုးခုကို ပြောတာ။ သဲကန္တာရ၊ ရွံ့နွံ၊ အရမ်းအေးတဲ့ နေရာ၊ အရမ်းပူတဲ့ နေရာ၊ အဆိပ်ငွေ့တွေ ပြည့်နေတဲ့ နေရာ။ အစုံပဲ။
ဒါကြောင့် ပုံမှန် အခြေအနေမျိုးမှာ ဒါကို ဖောက်ထွက်ဖို့ အရမ်းခက်တယ်။” ချီကူယန် ပြန်ဖြေတယ်။
“ငါနားလည်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ တစ်ခုခု ထူးဆန်းနေတာကို ခံစားမိတယ်။ ဒီဗျူဟာတွေကြောင့် ထူးဆန်းနေတာ မဟုတ်ဘူး။ ချီကူယန်က ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ အကြောင်းကို မပြောပဲ မဟာ ဗျူဟာ ကိုးသွယ်ကို ပြောနေတာပဲ။
ဒါပေမယ့် သူမ မပြောတော့ ဖန်ကျန်းရှီလည်း မပြောတော့ဘူး။ ဒီသေတ္တာကို ဘယ်လို ရခဲ့တယ်ဆိုတာ ရှင်းပြဖို့ ခက်တယ်လေ။
နေစမ်းပါအုန်း။ မဟာကပ်ဆိုး ကိုးသွယ်။ ကိုးခု။ ဒါဆိုရင် လောက ကိုးခုရှိမယ်။ ဒီတော့ ကျောက်ဖျာ ကိုးခုပေါ့။ သူမက သူ့ကို ကျောက်ဖျာ ကိုးခုရှိတယ်လို့ အရိပ် အမြွက် ပေးတာလား။
ရှေးမဟာ ရှနိုင်ငံတော်မှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၃၆ချပ် ရှိတာကို သူမှတ်မိတယ်။ မဟာရှ နိုင်ငံတော်ကြီး ဖျက်ဆီး ခံလိုက်ရပြီးနောက် နှစ်ပေါင်း များစွာ အကြာမှာ ပြန်တည်ထောင်ခဲ့တယ်။
ပြန်တွေးကြည့်ရင် ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ တော်ဝင် (လင်း)မျိုးနွယ်တွေက ဒီကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၃၆နဲ့ စစ်အင်အားကို လဲလှယ်ပြီးတော့ နိုင်ငံတော် အသစ်ကို တည်ထောင် ခဲ့တာပဲ။ ဒါကြောင့် ကျောက်ဖျာတွေက နေရာအနှံ့ အင်အားစုတွေ အနှံ့ဆီကို ရောက်သွားတာပဲ။
ကောင်းကင် တာအို ခန်းမက ကျောက်ဖျာ ကိုးခုပိုင်တယ်။ ကောင်းကင် တာအို ခန်းမက ဒီနဝမ ကောင်းကင်မှာ ကျောက်ဖျာ ကိုးခုလုံးကို သိမ်းထားပြီးတော့ မဟာ ကပ်ဆိုး ကိုးသွယ် ဗျူဟာကို ချထားတာလား။ ဖြစ်နိုင်ချေကတော့ အတော့်ကို မြင့်မားတယ်။
မေးခွန်းကတော့ ဘာဖြစ်လို့ ဒီလို ဖန်တီး ထားတာလဲ။ ဘာကြောင့်လဲ။ ဖန်ကျန်းရှီ ကြည့်နေတဲ့ နဝမ ကောင်းကင်က တကယ်တော့ ကပ်ဆိုး ကိုးသွယ် ဖြစ်နေတယ်။
ဒါပေမယ့် ဒဏ္ဍာရီတွေ အရတော့ လူတစ်ယောက်ပဲ နဝမ ကောင်းကင်ဘုံကို ဝင်ရောက် ခဲ့ပြီးတော့ ကောင်းကင် တာအို ခန်းမကို တည်ထောင်ခဲ့တယ်။
နဝမ ကောင်းကင်ဘုံကို ဝင်ခဲ့တဲ့ ပထမဆုံးလူ (တုကူးကျန်း)က ဒါကို ဖန်တီးခဲ့တာလား။ ဒါတွေ အားလုံးက မဟာအစီအစဉ်ကြီးလို့ ဖန်ကျန်းရှီ ခံစား နေရတာ ပိုသေချာ လာခဲ့တယ်။ နန်ကုန်းဟောင်က တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်။ သွေးမှော် စက်ကွင်းကြီး ပေါ်လာတယ်။
သွေးမှော် စက်ကွင်းကြီး ပေါ်လာပြီးတော့ ကောင်းကင်တံခါး ပွင့်တယ်။ နောက်ကွယ်က အကြောင်းရင်းကို သူအခုထိ မသိရသေးဘူး။
နန်ကုန်းဟောင် တကယ်ပဲ သေသွားတာလား။ ကောင်းကင် တံခါးရဲ့ နောက်က ကြယ်ကောင်းကင်ကြီးက ဘာလဲ။ ပဟေဠိတွေ များလိုက်တာ။
အခုတော့ နဝမ ကောင်းကင်ကို သူယူလာခဲ့တဲ့ သတ္တု သေတ္တာက ကပ်ဆိုး ကိုးသွယ် ဗျူဟာကို ဖြိုခွင်း နိုင်နေတယ်။ ကိစ္စတွေက တစ်ခုပြီး တစ်ခု အစီအစဉ် တကျ ဖြစ်ပျက်နေတယ်။ အပေါ်ယံမှာတော့ ဘာမှ မဆိုင်ကြဘူး။
ကြည့်ရတာ အားလုံးကို ပေါင်းစည်းဖို့ တစ်ခုခု လိုနေတဲ့ ပုံစံပဲ။ တိုက်ဆိုင်တာလား။ ထူးခြားတဲ့ အစီအစဉ်ကြီး ဖြစ်နေတာလား။
ဖန်ကျန်းရှီမှာ သက်သေ အထောက်အထား ခိုင်ခိုင်မာမာ မရှိဘူး။ ဒီတော့ ဒါတွေ အားလုံးက သူ့အတွေး သက်သက်ပဲ။ မတွေးတတ်တော့ တာကြောင့် ဆက်မတွေးဖို့ ဆုံးဖြတ် လိုက်တယ်။
ဒါက ဖန်ကျန်းရှီ လုပ်နေကျ ပုံစံပဲ။ အကယ်၍ ဒါတွေ အားလုံးက အစီအစဉ်ကြီး တစ်ခုရဲ့ အစိတ် အပိုင်းတွေ ဖြစ်ခဲ့ရင် အစီအစဉ်က ဆက်တိုက် လည်ပတ် နေမှာပဲ။
သူလုပ်ဖို့ လိုတာက ဒီလို နည်းလမ်း မကျတဲ့ ကြောက်စရာ အစီအစဉ်မှာ ကိုယ်ပိုင်လမ်းကို ဖောက်ထွက်ဖို့ပဲ။ သူ့လမ်းစဉ်က တခြားအရာတွေထက် ရတနာတွေပဲ။ ရတနာတွေက လွဲပြီးတော့ တခြား ဘာမှ ဂရုမစိုက်ဘူး။
အကယ်၍ သူ့ကို အသက်ရှင်နိုင်အောင် လုပ်ပေးမယ့် ရတနာ တစ်ခုကို တွေ့ရင် ရအောင်ယူမယ်။ မတွေ့ရင်တော့ ရအောင်ရှာမယ်။ အရမ်းကို ရိုးရှင်းတယ်။
သူနောက်ထပ် အသက်ရှည်ရှည် မနေနိုင်တော့ကော၊ ဘာကို ဂရု စိုက်စရာ လိုမှာလဲ။ သူ့မှာ စိတ်ပူစရာ ဘာမှ မရှိရုံနဲ့ ဒီကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို ဒီအတိုင်း ချန်ထားခဲ့စရာ အကြောင်း မရှိဘူး။ အရူးမှပဲ အဲ့လို လုပ်လိမ့်မယ်။
ရှင်းရှင်း ပြောရရင်။ သူသာ ဒီကျောက်ဖျာတွေကို မတို့ မထိပဲ ချန်ထားခဲ့ရင် တခြား တစ်ယောက်ယောက်က တနေ့နေ့မှာ လာယူလိမ့်မယ်။ ဒီတော့ သူများ ယူသွား မှာထက် တယောက်ယောက် လက်ထဲကိုသာ အပ်ထားလိုက် တော့မယ်။ ဖန်ကျန်းရှီ တွေးနေတာကို ရပ်လိုက်တယ်။
“ထိန်းသိမ်း။” ဖန်ကျန်းရှီ သေတ္တာကို ကိုင်ပြီးတော့ အော်လိုက်တယ်။ ခုနက သဲလောကကြီးလိုပဲ ရွံ့လောကကြီးလည်း တုန်ခါလာတယ်။ အားလုံး ဆွဲဆောင် ခံလိုက် ရတဲ့ အတိုင်းပဲ။ ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ ချီကူယန်ကတော့ ဘာကိုမှ မသိတဲ့အတိုင်း တိတ်ဆိတ်နေခဲ့တယ်။
…
ကောင်းကင် တာအို သုခမိန် ခန်းမ။ ဓားတောင်ထိပ်ရဲ့ အောက်ခြေ သစ်တော။
ကြည်လင်နေတဲ့ ရေကန်ဘေးမှာ ရန်ရွှယ်ကတော့ ထိုင်ပြီး စာဖတ် နေတုန်းပဲ။ ဒီအချိန် အရိပ်ထဲမှာ ပုန်းနေတဲ့သူက ရန်ရွှယ့်ဆီကို လျှောက်လာတယ်။ မြန်မြန် လျှောက်မလာဘူး။ တစ်လှမ်းချင်းကို တိုးတိုးတိတ်တိတ် လျှောက်လာနေတယ်။
ခြေလှမ်း ငါးလှမ်း လျှောက်လာ အပြီးမှာတော့ ကောင်းကင်ကနေ ငှက်တစ်ကောင် ရုတ်တရက် ဆင်းသက်လာတယ်။ အဲ့ဒီ့လူရဲ့ ခေါင်းပေါ်ကို တစ်ခဏချင်း ဖြတ်သွားခဲ့တယ်။
သူခေါင်းမော့ လိုက်တဲ့ အချိန်။ ရီဝေေ၀ မျက်ဝန်းတွေမှာ အံ့သြဟန် တချက် လက်သွားခဲ့တယ်။ ဒါပေမယ့် သူချက်ခြင်း ခုန်လိုက်ပြီးတော့ ငှက်ကို ဖမ်းတယ်။ သစ်ပင်ကို ငှက်မရောက်ခင် အချိန်မှာပဲ သူ့လက်ထဲကို အဝါရောင် စာလေး တစ်စောင် ရောက်နေခဲ့ပြီ။
“ဖန်ကျန်းရှီနဲ့ ချီကူယန် နဝမ ကောင်းကင်ကို ဝင်သွားပြီ။”
“..” လူကြီး ဒီစာကို ကြည့်ရင်း ကြောင်အ နေခဲ့တယ်။ အသံနည်းနည်းတောင် ထွက်သွားခဲ့တယ်။ ပတ်ဝန်းကျင် အသံနဲ့ ယှဉ်ရင် သူ့အသံက မကျယ်ပေမယ့် ချက်ခြင်း အမူအယာ ပြောင်းသွားခဲ့တယ်။
ရန်ရွှယ် ငြိမ်ငြိမ်သက်သက် စာဖတ် နေတာ မြင်တော့မှ သူစိတ်သက်သာရာ ရသွားခဲ့တယ်။ သူ့လက်ထဲက စာရွက်လေးလည်း ဘယ်တုန်းကမှ မရှိခဲ့တဲ့ အတိုင်း ပျောက်ကွယ် သွားတော့တယ်။ ဒါပေမယ့် အဲ့ဒီ့လူကတော့ လှုပ်ရှားကို ရပ်လိုက်ပြီးတော့ အရိပ်ထဲကို ပြန်ဝင် သွားခဲ့တယ်။
…
လူတွေကို ပျော်စေနိုင်တဲ့ ကိစ္စ လောကမှာ ရှိခဲ့ရင်၊ အဲ့တာက ရတနာတွေ ဖြစ်မှာပဲ။ တစ်ခုခုကို ရှာဖွေပြီးတော့ ရှာတွေ့ တာကလည်း လူတွေကို အပျော်ရွှင် စေနိုင်ဆုံး တစ်ခုပဲ။
ဥပမာ။ မင်း လမ်းလျှောက်နေတဲ့ အချိန်၊ လမ်းပေါ်မှာ မင်းနာမည်နဲ့ ရွှေတုံးတွေကို တွေ့လိုက်ရရင်၊ လူတိုင်းက မင်းပိုင်တာမှန်း သိရလိမ့်မယ်။ မင်းဘယ်လို ခံစားရမလဲ။ မင်းလည်း ကူကယ်ရာ မဲ့သွားမှာပေါ့။
တွေးကြည့်ကြစို့။ မင်းက အခန်းတစ်ခန်းထဲကို ဝင်မယ်။ အဲ့ဒီ့ အခန်းထဲမှာ ပြိုင်ဘက်ကင်းလောက်အောင် နူးညံ့၊ လှပသိမ်မွေ့၊ ကျက်သရေရှိ၊ ဆွဲဆောင်မှု ရှိလွန်းတဲ့ အမျိုးသမီးကို တွေ့ရမယ်။
အဲ့ဒီ့ အမျိုးသမီးက မင်းကိုပဲ လက်ထပ်ချင်တယ်။ မင်းသူ့ကို လက်မထပ်ရင်၊ ကိုယ့်ကိုယ်ကို သတ်သေမယ်တဲ့။ လူတိုင်းက မင်းတို့တွေကို နတ်ဖက်တဲ့ စုံတွဲတွေလို့ ထင်ကြမယ်။ မင်းကတော့ ဘယ်လို ခံစားရမလဲ။ မင်းလည်း ကူကယ်ရာမဲ့ ဖြစ်မိမှာပဲ။
ဒါက ဖန်ကျန်းရှီ အခု ခံစား နေရတာပဲ။ သူ့စိတ်ထဲက အသံတစ်သံက သူ့ကို သတိပေးနေတယ်။ ဒီလို ရုတ်တရက် ကံကောင်းတာတွေကို လက်မခံနဲ့။ ရတနာဆိုတာ ခက်ခက်ခဲခဲ ရယူရတယ်။
ရတနာတွေက သူ့ဆီကို အခုချိန်မှာ အပြေးလာနေတယ်။ ကိုယ်တိုင် ခုခံချိန်တောင် မရဘူး။ ဒီတော့ ဘာလုပ် နိုင်မှာလဲ။ အမှားဆိုတာ သိပေမယ့်၊ ဒီအတိုင်း ကျောက်ဖျာတွေကို ထားခဲ့ပြီးတော့ မပြန်နိုင်ဘူး။
ဒါကြောင့် သူ့သေတ္တာထဲမှာ အကုန်လုံးကို ထည့်ဖို့ပဲ တတ်နိုင်တယ်။ အခွင့်အရေး ရတဲ့အချိန် ဒါတွေကို ထုတ်ပြပြီးတော့ ပြောမယ်။ “ကြည့်ကြအုန်း။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာကို ငါရှာတွေ့ထားတယ်။ မှားလို့။ ကျောက်ဖျာ ကိုးချပ်တောင် ရှာတွေ့ ထားတယ်။”
အပိုင်း (၇၁၈)ပြီး၏။
အပိုင်း (၇၁၉)
“စိတ်စွမ်းအင် ကျောက်စိမ်း။”
“ထိန်းသိမ်း။”
“နောက်ထပ်
“နောက်ထပ် ထိန်းသိမ်း။”
“ထိန်းသိမ်း။”
ဖန်ကျန်းရှီ ကူကယ်ရာမဲ့ အကြိမ်ကြိမ် အော်နေခဲ့တယ်။ ကပ်ဆိုးကိုးသွယ် မဟာဗျူဟာတွေ အားလုံး နောက်ဆုံးတော့ သေတ္တာထဲကို ရောက်သွား ခဲ့ကြပြီ။ အရာအားလုံး ဖြစ်ပျက်သွားတာ မြန်လွန်းတယ်လို့ ဖန်ကျန်းှရီ တွေးနေမိတယ်။
ဒီကပ်ဆိုးကိုးသွယ် ကျိုးပေါက်သွားပြီး နောက်ဆုံးမှာတော့ တကယ့် နဝမ ကောင်းကင်ဘုံ အစစ် ပေါ်လာတော့တယ်။ သူထင်ထားတဲ့ အတိုင်းပဲ။ မဏ္ဍိုင် တိုင်လုံးကြီး ကိုးသွယ်က သူ့ရှေ့မှာ ရှိနေတယ်။ မိုးနှင်းစက်တွေကလည်း ကောင်းကင်ပေါ်ကနေ စီးကျနေတယ်။ အရေး အကြီးဆုံးကတော့ ဒီတိုင်လုံးတွေရဲ့ အလယ်မှာ အမိုးအကာ တစ်ခု ရှိနေတာပဲ။ ဒီအမိုးအကာကနေ ထွက်လာတဲ့ လှေကား တစ်ခုက သူ့ခြေထောက် နားကို ရောက်လာခဲ့တယ်။
“ဒါက နဝမ ကောင်းကင်ဘုံ အစစ်လား။” လန်းဆန်းစေတဲ့ မိုးရေတွေကို ကြည့်ရင်း ဖန်ကျန်းရှီ ပြောမိတယ်။ အဆုံးမဲ့တဲ့ အမှောင်ထုထဲမှာ အလင်းတန်းကို တွေ့လိုက် ရတဲ့ အတိုင်းပဲ။ ချီကူယန်ကတော့ ဘာမှ မပြောဘူး။
“ဒီမှာ နောက်ထပ် ရတနာ ရှိတာလား။” ဖန်ကျန်းရှီရဲ့ စိတ်အာရုံက အမိုးအကာပေါ်မှာ ရှိတဲ့ တောက်ပမှုဆီကို ရောက်သွားခဲ့တယ်။ သူချက်ခြင်း လှေကားကို တက်သွားတယ်။ ချီကူယန်လည်း သူ့ကို မတားပဲ လိုက်တက်လာ ခဲ့တယ်။ ဖန်ကျန်းရှီ သိပ်မကြာခင်ပဲ အလင်းတန်း ထွက်လာတဲ့ နေရာကို တွေ့သွားတယ်။
ဝတ်ရုံရှည်ကြီး ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက် ပုံစံကို ထွင်းထုထားတဲ့ ကျောက်တုံး အဝိုင်းကနေ အလင်းတန်းတွေ ထွက်နေခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒီပန်းပုကို စိတ်မဝင်စားဘူး။ ကျောက်စားပွဲ အလယ်က ထူးဆန်းတဲ့ ရတနာကိုပဲ စိတ်ဝင်စားတယ်။
ဒီရတနာက ပုံမှန် ရတနာတွေနဲ့ မတူဘူး။ ရေစက်လေး တစက်လိုပဲ။ ဒါပေမယ့် ဒီရေစက်လေးက ရတနာ ဆိုတာတော့ သေချာတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေရောင် အလင်းတန်းတွေက မျက်နှာပြင်ပေါ်မှာ တောက်ပ နေတယ်လေ။ အထဲမှာ တစ်ခုခု စီးဆင်း နေတဲ့ ပုံစံပဲ။ ဒါပေမယ့် မှုန်ဝါးနေတော့ ကောင်းကောင်း မမြင်ရဘူး။
ဒီပြဿနာ အတွက် ရိုးရိုးရှင်းရှင်း အဖြေရှိတယ်။ “အိမ်ကို ယူသွားပြီး လေ့လာ။ ကံကောင်းရင် ထုတ်နိုင်မယ်။”
ဒါက ဖန်ကျန်းရှီရဲ့ အတွေးပဲ။ လက်ကတော့ ရောက်နှင့် နေပြီးပြီ။ ဒါပေမယ့် ဒီနေရာကို ယူတဲ့ အချိန် သတိထားရမှာကို ခံစားမိနေတယ်။
ဒီလို တန်ဖိုးကြီး ရတနာတွေမှာ ပုံမှန်ဆို အင်အားကြီး သားရဲကောင် အစောင့်အကြပ်တွေ ရှိတတ်တာကို ဖတ်ဖူးတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေ အရတော့ မဖြစ်နိုင်တာပဲ။
ထောင်ချောက်က အနီးအနားမှာ ရှိနေတာ ဖြစ်နိုင်တယ်။
ဒါကြောင့် ဘာမှ မလုပ်ချင် ချီကူယန်နဲ့ အရင်ဆုံး ဆွေးနွေး သင့်တယ်လို့ ထင်တယ်။ သူမက သူ့ထက် ဗဟုသုတ ပိုများတယ်လေ။ နောက်ပြီးတော့ ရှာဖွေ ထိန်းသိမ်းတဲ့သူ။
“မင်းလိုချင်လား။” ဖန်ကျန်းရှီ မေးလိုက်တယ်။
“နင်ကော လိုချင်လား။” ချီကူယန် ပြန်မေးတယ်။
“..” ချီကူယန်ရဲ့ မျက်နှာ လှလှကို ကြည့်ရင်း ဖန်ကျန်းရှီ နှုတ်ခမ်း တွန့်လိုက်တယ်။ သူ့စိတ်က တခြား တနေရာကို ရောက်နေခဲ့တယ်။
အိပ်ယာကြီး တစ်ခုရဲ့ အပေါ်မှာ ယောကျာ်းလေးက မေးလိုက်တယ်။ “မင်းလိုချင်လား။” ကောင်မလေးက ပြန်ဖြေတယ်။ “နင်ကော လိုချင်လား။”
ဖန်ကျန်းရှီ ချက်ခြင်း ခေါင်းခါရင်း မတွေးသင့်တဲ့ အတွေးကို ဖယ်ထုတ်လိုက်တယ်။ လေးလေးနက်နက် ပုံစံနဲ့ ပြောတယ်။ “ငါထင်တာတော့ ဒီရတနာက နဝမ ကောင်းကင်ကို ရောက်တဲ့သူ အတွက် ဆုလဒ်လို့ ထင်တာပဲ။ နင်ကော ဘယ်လို ထင်လဲ။”
“ဖြစ်နိုင်ပါတယ်။” ချီကူယန် ခေါင်းလည်း မညိတ်ဘူး။ ခေါင်းလည်း မခါဘူး။ လုံး၀ မလှုပ်ရှားချင်တာ သိသာတယ်။ ဖန်ကျန်းရှီရဲ့ ဘေးမှာပဲ တိတ်တဆိတ် ရပ်နေခဲ့တယ်။
“ငါအရင် ယူလိုက်ရမလား။ မိုးနတ် ရေကန် အပြင်ဘက် ရောက်ရင် တစ်ယောက် တစ်ဝက် ခွဲကြမယ်။” ဖန်ကျန်းရှီ ပြောတယ်။
“ရတယ်လေ။ ယူလိုက်။” ချီကူယန်ကတော့ ဒီရတနာ အတွက် သူနဲ့ တိုက်ခိုက်မယ့်ပုံ မပေါ်ဘူး။
“တစ်ယောက် တဝက်ပေါ့။” ဖန်ကျန်းရှီ စိတ်ထဲမှာ တွေးလိုက်တယ်။
သူ အရှက်မရှိကောင်း မရှိမယ်။ ဒါက ရန်သူတွေ အတွက် သီးသန့် လုပ်ရပ်ပဲ။ သူငယ်ချင်းတွေကိုတော့ ဒါမျိုး ဘယ်တော့မှ အခွင့်ကောင်း မယူဘူး။
“မိုးနတ် ရေကန် ပိတ်ဖို့ အချိန် သိပ်မကျန်တော့ဘူး။ နင့်ကို ဘာမှ မဖြစ်ခင် နည်းနည်း မေးချင်တယ်။” ချီကူယန်က ဖန်ကျန်းရှီနဲ့ ရတနာ အကြောင်း ဆက်မပြောတော့ဘူး။ ခေါင်းမော့ရင်း တွေးတော နေခဲ့တယ်။
“မေးလေ။” ဖန်ကျန်းရှီ ရက်ရက်ရောရာ သဘောတူတယ်။
“ငါနဲ့နင် ဘယ်သူနိုင်တယ် ထင်လဲ။” ချီကူယန် အလေးအနက် မေးတယ်။
“ငါ့နာမည်က အရင် ကြေညာတာလေ။ ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီက သူမ ဒါမျိုး မေးလာမယ်လို့ မထင်ထား ခဲ့မိဘူး။
ဒါပေမယ့် သူ့စည်းမျဉ်း အတိုင်း ဆက်သွားဖို့ လိုသေးတယ်။ သူ့နာမည်ကို အရင် ကြေညာမှတော့ သူက အနိုင်ရသူပဲ။ ဒါက သိပ္မံနည်းကျ သက်သေပြလို့ ရတယ်။
“ကောင်းကင် တာအို ခန်းမကနေ နင်တကယ် ထွက်သွားချင်တာလား။” ချီကူယန် ဒီအဖြေကို မျှော်လင့် ထားတဲ့ ပုံစံပဲ။ ဆက်ပြီးတော့ ငြင်းခုံ မနေတော့ဘူး။ နောက်တမျိုး ပြောင်းပြီးတော့ မေးခဲ့တယ်။
“ဒါပေါ့။” အခုချိန်ထိ ချီကူယန် ပြောချင်နေတာကို ဖန်ကျန်းရှီ မသိသေးဘူး။ ဒါပေမယ့် ဒီမေးခွန်းကို သေချာ တွေးထား ပြီးသား။ ဒီတော့ ချက်ခြင်း ဖြေလိုက်တယ်။
“ကောင်းကင် တာအို ခန်းမက ထွက်သွားရင်ဘယ်ကို သွားမှာလဲ။” ချီကူယန် မေးပြန်တယ်။
“မြင့်မြတ် ဒေသက အကျယ်ကြီး။ ဆုံးဖြတ်ချက် မချရင် လျှောက်သွား ကြည့်မယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ဟုတ်တယ်။ မြင့်မြတ် ဒေသက အရမ်း ကျယ်လွန်းတယ်။ ယင်ယန် ခန်းမရဲ့ ဝမ်လဲ့က ငါတို့ လက်ထဲမှာ သေသွားတယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်း ပျောက်သွားတာလဲ ငါတို့နဲ့ ပတ်သက် နေပြန်တယ်။ ဖူရှီး တောင်ကြားနဲ့ ဘာပြဿနာမှ မရှိပေမယ့် ကုယွိအန်းက နင့်အကြောင်းကို ဖူရှီးတောင်ကြား တစ်ခုလုံးဆီ ဖြန့်ပြီး နေလောက်ပြီ။ လင်းယွမ် မျှော်စင် ကျတော့လည်း။” ချီကူယန် ဒါကို ပြောရင်း ရပ်သွားခဲ့တယ်။
“ဒီကို ရောက်ရောက်ချင်း မျိုးနွယ်စု ငါးခုကို ဆန့်ကျင် မိမယ်လို့ မထင်ထား မိဘူး။ ငါသာ သိခဲ့ရင် အေးအေးဆေးဆေး နှိမ့်ချပြီးတော့ နေပါတယ်။ အခုတော့ တကယ့်ကို ဘယ်မှ သွားစရာ မရှိတော့ဘူး။ ဟဟား။” ချီကူယန် ပြောသလိုပဲ။ လက်ရှိ အချိန် မြင့်မြတ် နယ်မြေမှာ သွားစရာ နေရာ မရှိဘူး။
“အရှက်မရှိတဲ့ သူခိုးကောင်။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိလာတာ ဆယ်နှစ်တောင် ရှိပြီ။ ဟုတ်တယ်ဟုတ်။” ချီကူယန်ရဲ့ လေသံ ပြောင်းသွားခဲ့တယ်။
“ဟုတ်တယ်။ ဆယ်နှစ်ရှိပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ချီကူယန်ကို ပထမဆုံး တွေ့တဲ့ အချိန် မြစ်ထဲ ကန်ချ ခဲ့မိတာကနေ အခုဆို ဆယ်နှစ် ရှိသွားခဲ့ပြီ။
“အမှန်အတိုင်း ပြောရရင်။ နင့်မှာ နောက်ထပ် အချိန် များများ ရှိသေးရင်၊ နောက်တစ်နှစ်လောက် အသက်ရှင်ချိန် ရှိသေးရင်တောင်၊ ကောင်းကင် တာအို ခန်းမက ထွက်သွားမှာကို ငါတားမှာ မဟုတ်ဘူး။ နဝမ ကောင်းကင်မှာ နင့်ကို တိုက်ခိုက်မှာလည်း မဟုတ်ဘူး။” ချီကူယန် ဆက်ပြောတယ်။
“ငါသိပါတယ်။”
သူမ ပြောသလိုပဲ။ ဆယ်နှစ်တောင် ကြာသွားပြီ။ တစ်ယောက်နဲ့ တစ်ယောက် သိတာ ဆယ်နှစ်တောင် ရှိသွားပြီ။ သူမမှာ တခြား ရွေးချယ်စရာသာ ရှိရင်၊ ကိုယ့်ရဲ့ ဂုဏ်ရည်ကို အလွဲသုံးစား လုပ်မိမှာ မဟုတ်ဘူး။
သူမရဲ့ ဂုဏ်ရည်နဲ့ မလိုက်မဖက်၊ မိုးနတ် ရေကန်ကို မဝင်ခင် အကွက်ချခဲ့မှာလည်း မဟုတ်ဘူး။ မောက်မာတဲ့ ချီကူယန်က သူ့ကို အဋ္ဌမ ကောင်းကင်မှာ လှည့်စား သွားတဲ့ အပြင်၊ အလစ်ဝင်တိုက် တာတောင် လုပ်ခဲ့သေးတယ်။
ဒါတွေအားလုံးကို ချီကူယန် လုပ်ခဲ့တယ်။
တစ်ခုတည်းသော ဖြေရှင်း စရာကတော့ ဒီပြိုင်ပွဲကို အနိုင်ရဖို့ သူ့ဂုဏ်သိက္ခာကိုတောင် မနှမြောဘူးလို့ ဆိုလိုတာပဲ။
“နင့်မှာ အချိန် သုံးလတောင် မကျန်တော့ဘူး။ ကောင်းကင် တာအို ခန်းမကနေ နင်ထွက်သွားရင်တောင် ရောက်လာမယ့် သူတွေက လာမှာပဲ။ နင်တကယ်ပဲ စိတ်ဆုံးဖြတ် ပြီးပြီလား။” ချီကူယန် နောက်ဆုံးတကြိမ် မေးတယ်။
“ဟုတ်တယ်။ ငါစိတ်ဆုံးဖြတ် ပြီးပြီ။” ဖန်ကျန်းရှီ အခိုင်အမာ ပြောတယ်။
“နင်က ယောကျာ်းလေး ဖြစ်နေတာ့ ကိုယ့်ဂုဏ်သိက္ခာ အတွက် လုပ်တာ ဟုတ်ပါတယ်။ အခု နင်ပြိုင်ပွဲမှာ နိုင်သွားပြီ။ ငါနင့်ရဲ့ အစေခံ ဖြစ်ပြီ။ ဒီတော့ နင်လိုတာ အားလုံးကို ငါလုပ်ပေးမယ်။ နင်ဒီ ကောင်းကင် တာအို ခန်းမမှာပဲ အေးအေးဆေးဆေး လေ့ကျင့်ပါ။ ဒါဆို။”
“ငါ့ ဂုဏ်သိက္ခာ အတွက် လုပ်တာ မဟုတ်ဘူး။ ငါ့ဂုဏ်သိက္ခာနဲ့ အသက် ယှဉ်လိုက်ရင် အမြဲတမ်း ငါ့ဆုံးဖြတ်ချက် အတူတူပဲ။ မနိုင်ရင် ထွက်ပြေးမယ်။ ဒီတစ်ခေါက်ကတော့ ကွာခြားတယ်။”
“ဘာများ ကွာခြားတာလဲ။”
“လူတစ်ယောက်က သူ့အသက်ကို ငါ့အတွက် စွန့်စားခဲ့တယ်။ တခြားသူတွေကို အရှက်မရှိ လုပ်နိုင်ပေမယ့်၊ မင်းငါ့အတွက် အသက်စွန့်ပြီး ကာကွယ်နေတာကို ထိုင်ကြည့် ရလောက်အောင် အရှက်မမဲ့ဘူး။ ကောင်းကင် တာအို ခန်းမမှာ ငကြောက် တစ်ယောက်လို ပုန်းမနေနိုင်ဘူး။”
“..” ချီကူယန် တိတ်ဆိတ် သွားခဲ့တယ်။ တစ်ခါမှ မဖြစ်ဖူးတဲ့ အမူအယာနဲ့ ဖန်ကျန်းရှီကို စိုက်ကြည့် နေခဲ့တယ်။
“စိတ်အေးအေးထား။ ကောင်းကင်တာအို ခန်းမမှာ ငါအများကြီး အကျိုးရလိုက် ပါတယ်။ မြင့်မြတ် နယ်မြေက အကောင်းဆုံး ရတနာတွေရဲ့ နေရာတွေကို ငါမှတ်မိတယ်။ နောက်ပြီးတော့ ကောင်းကင်ကိုးဘုံမှာ ငါ့အင်အားတွေကို တက်လာစေမယ့် နည်းလမ်း အသစ်ကိုလည်း ရှာတွေ့ပြီ။ ဒီသုံးလ အချိန်ကို ထပ်တိုးဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ငါသိပြီ။ အရှက်မရှိတဲ့ ကောင်စုတ်။ နင်တကယ်ပဲ မဟာ ကပ်ဆိုးကိုးသွယ် ဗျူဟာကို ချိုးဖျက်ပြီးတော့ လောင်းကြေးမှာ အနိုင် ရသွားပြီ။ ဒီတော့ နဝမ ကောင်းကင်ဘုံကို နင်အောင်မြင် သွားတာပဲ။ တခြားသူတွေကို ငါနဲ့ ထားခဲ့လိုက်။ သွားတော့။” ချီကူယန် ခေါင်းငြိမ့်တယ်။
“တခြားသူတွေ။” ဖန်ကျန်းရှီ အံ့သြသွားတယ်။
“ဒီကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေနဲ့ စိတ်ဝိဉာဉ် ကျောက်စိမ်းကို လွယ်လွယ်လေး ယူသွားလို့ ရမယ် ထင်နေတာလား။ မိုးနတ် ရေကန်ကို ထွက်သွားပြီးရင် ငါ့ဆရာကို သတင်း ပို့လိုက်မယ်။ ငါ့ကို လောင်းကြေးနိုင်တာနဲ့ ခြိမ်းခြောက် ထားလို့ ငါနင့်ကို တိုက်ခိုက်လို့ မရဘူး။ ဒါကြောင့် ငါစောင့်ကြည့် နေတဲ့ အချိန်မှာပဲ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ယူသွားတယ်လို့။ ငါထင်တယ်။ နင်သာ ကောင်းကင် တာအို ခန်းမကို နောက်ထပ် ပြန်မလာရင် သူတို့တွေ နင့်ဆီကို လိုက်လာရင်တောင် အဆင်ပြေတယ် မဟုတ်လား။” နောက်ဆုံး စကားကို ပြောလိုက်တဲ့ အချိန် ချီကူယန် လုံး၀ စိတ်ပူ မနေတော့ဘူး။ ဖန်ကျန်းရှီကို ပြုံးပြုံးကြီး ကြည့်နေခဲ့တယ်။
အပိုင်း (၇၁၉) ပြီး၏။
အပိုင်း (၇၂၀)
“တခြားသူတွေ သေလို့ ရတယ်။ ဒါပေမယ့် ငါကတော့ မရဘူး။”
“ငါ့နောက်ကို ကောင်းကင် တာအို ခန်းမ လိုက်ဖမ်းရင်တောင် အဆင်ပြေတယ် တဲ့လား။” ဖန်ကျန်းရှီ နည်းနည်းတော့ ဒေါသ ထွက်သွားခဲ့တယ်။ ဒါပေမယ့် ချီကူယန်ရဲ့ အပြုံးကို မြင်လိုက်တော့ သူ့စိတ်တွေ အေးချမ်း သွားပြန်တယ်။
သိပ်မကြာခင်ပဲ အကြောင်းအရာ တစ်ခုကို သတိ ထားမိလိုက်တယ်။ နေစမ်းပါအုန်း။ အဲ့ဒီ့ ရတနာကို (စိတ်ဝိဉာဉ် ကျောက်စိမ်း)လို့ ခေါ်လိုက်တာလား။ ဖန်ကျန်းရှီ လန့်သွားမိတယ်။ သူ့နာမည်ကတော့ မရှုပ်ထွေးဘူး။ အတွေ့ရများတဲ့ နာမည် တစ်ခုပဲ။
ဒါပေမယ့် အရင်ဘဝမှာ ဒဏ္ဍာရီ ပုံပြင် တစ်ပုဒ် ရှိခဲ့ဖူးတယ်။ အဲ့ဒီ့ ပုံပြင်မှာ စိတ်ဝိဉာဉ် ကျောက်စိမ်းက အတော်လေး အရေးပါတယ်။ ဒဏ္ဍာရီထဲမှာ နွီဝါး မယ်တော်က ကောင်းကင်ဘုံက အပေါက်ကြီးကို ဖာထေးဖို့ အတွက် ကျောက်တုံးပေါင်း ၃၆၅၀၁လုံးကို သန်ကစင်ခဲ့တယ်။ ဒါပေမယ့် အဆုံးမှာ ကျောက်တုံးပေါင်း ၃၆၅၀၀ကိုပဲ သန့်စင် နိုင်ခဲ့တယ်။
နောက်ဆုံး ကျန်ခဲ့တဲ့ ကျောက်တုံးက စိတ်ဝိဉာဏ် ကျောက်တုံး။ ဒီကျောက်တုံး အကြောင်းကို အရင်ဘဝက ကျော်ကြားတဲ့ (ခမ်းဆောင်နီ အိမ်မက်) ဝတ္ထုမှာ ဖော်ပြထားတယ်။ ဒီကျောက်တုံးက ဝိဉာဉ် ဖြစ်တည် လာပြီးတော့ လူသား ဘဝကို ကြုံတွေ့ချင်တယ်။ ကျာ့ပေါင်ယွီရဲ့ ပါးစပ်ထဲမှာ ကျောက်တုံး ဝိဉာဉ်နဲ့ အတူ မွေးလာတဲ့ ပုံပြင် ဖြစ်လာခဲ့တယ်။
“အဲ့ဒီ့ စိတ်ဝိဉာဉ် ကျောက်စိမ်းလား။” ဖန်ကျန်းရှီ မသေချာဘူး။ ဒါပေမယ့် အရင်ကဘ၀ ဒဏ္ဍာရီတွေက ဒီလောကမှာ ပေါ်မလာ သင့်ဘူးလေ။ ဒါပေမယ့် သူ့မျက်စိရှေ့မှာ ရှိနေတာက နွီဝါး မယ်တော်ရဲ့ သွေးရင်း မျိုးဆက်ကြီး။ ဒီတော့ ဒါက ထူးခြားတဲ့ ရတနာ တစ်ခု ဖြစ်မှာ အမှန်ပဲ။
ချီကူယန်ကို စိတ်ဝိဉာဉ် ကျောက်စိမ်းအကြောင်း မေးတော့မယ့် အချိန်မှာပဲ ကောင်းကင်ကြီး တစ်ခုလုံး ရုတ်တရက် မည်းမှောင် လာတော့တယ်။
“မိုးနတ်ရေကန် မကြာခင် ပိတ်တော့မယ်။” ချီကူယန် ပြောတယ်။
“ပိတ်တော့မယ်။” ဖန်ကျန်းရှီ ချက်ခြင်း စိတ်ဝိဉာဉ် ကျောက်စိမ်းကို ဆွဲယူလိုက်တယ်။ နောက်ထပ် တစ်စက္ကန့်တောင် အချိန် မဖြုန်း ဝံ့တော့ဘူး။
ဒီရတနာက ချောမွေ့ပြီးတော့ ကိုင်ရတာ သက်တောင့်သက်သာ ရှိတယ်။ အထဲမှာ လေနွေးနွေးတွေ စီးဆင်းနေတဲ့ အတိုင်းပဲ။ နဝမ ကောင်းကင် တစ်ခုလုံး တုန်ခါလာတယ်။ ဒါပေမယ့် အရင်တစ်ခေါက် တုန်ခါတာနဲ့ မတူဘူး။ ကွဲထွက် တော့မယ့် အတိုင်းပဲ။
“ထောင်ချောက် ရှိနေတာပဲ။” လက်ထဲက စိတ်ဝိဉာဉ် ကျောက်စိမ်းနဲ့ ကွဲအက်နေတဲ့ မြေကြီးကို ကြည့်ရင်း ပြောမိတယ်။ ကောင်းကင် တာအို ခန်းမကနေ မခွာချင်ရင်တောင် သွားမှ ဖြစ်မယ်။
…
ကောင်းကင် တာအို ခန်းမ။ မိုးနတ် ရေကန် အပြင်မှာတော့၊ တည်ငြိမ်နေတဲ့ ရေကန်ကြီး တစ်ခုလုံး လှိုင်းထန် လာခဲ့တယ်။ ငါးရောင်ခြယ် ကန်ကြီးက ဆက်တိုက် ဝဲဂယက်တွေ ထလာခဲ့တယ်။
“အမ်။ ဘာတွေ ဖြစ်နေတာလဲ။”
“မိုးနတ် ရေကန်ကြီး ဘာတွေ ဖြစ်နေတာလဲ။”
“ရေကန် နံရံတွေ ပြိုကျတော့မယ်။”
“သေချာလို့လား။ ဒါဘယ်လို ဖြစ်နိုင်မှာလဲ။”
မိုးနတ် ရေကန်ကို စောင့်ကြည့်နေတဲ့ တပည့်သားတွေ ချက်ခြင်း ထိတ်လန့်တကြား နောက်ဆုတ်ကြတယ်။ တစ်ခါမှ မဖြစ်ဖူးတာတွေ ဖြစ်နေကြပြီ။
“အင်း။” ဆဋ္ဌမ အကြီးအကဲလည်း ကန်ကြီး ထူးဆန်း နေတာကို သတိ ထားမိတယ်။ တပည့်သားတွေနဲ့ ယှဉ်လိုက်ရင် သူက ပိုပြီးတော့ အံ့သြ နေခဲ့တယ်။
မိုးနတ်ရေကန်က သူ့ထိန်းချုပ်မှုအောက်မှာ ပုံမှန် အတိုင်း ငြိမ်သက် နေသင့်တာ။ အခုတော့ ဒီရေကန် ဒီလို ဖြစ်နေတာ သူ့ထိန်းချုပ်မှုကြောင့် မဟုတ်ဘူး။ နောက်ပြီးတော့ ရေတွေက မိုးနတ် ရေကန်ရဲ့ နံရံတွေကို လာရိုက်ခတ်နေတယ်။
သူလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ မိုးနတ် ရေကန်က ကောင်းကင် တာအို ခန်းမအတွက် ဘယ်လောက် အရေးကြီးမှန်း သူကောင်းကောင်း သိတယ်။ ကောင်းကင် တာအို ခန်းမရဲ့ နှလုံးသား ဝိဉာဉ်ပဲလေ။
ဒီမှာ ကောင်းကင် တာအို တပည့်သားတွေက စမ်းသပ်ချက်တွေကို ကျော်ဖြတ်ရတယ်။ တာအိုကို နားလည်ပြီးတော့ အဆင့်တက်ကြတယ်။ ဒါတွေ အားလုံးက မိုးနတ် ရေကန်ထဲမှာ လုပ်ရတာ။ ဒီတော့ အခုလို ဖြစ်နေတာကို သူဘယ်လိုလုပ် ခွင့်ပြု နိုင်မှာလဲ။
“ကြည့်လိုက်။ ရေကန်ထဲက တစ်ခုခု တိုးထွက်နေတယ်။” တပည့်သားတွေ အဝေးက ကြည့်ရင်း ပြောတယ်။
ဒီအချိန်မှာ ငါးရောင်ခြယ် ရေကန်ကြီးက ပိုပြီးတော့ အရှိန်ပြင်းပြင်း လှုပ်ခါ နေခဲ့တယ်။ တစ်ခုခု ထွက်လာတော့မယ့် အတိုင်းပဲ။ နောက်တော့ လူတစ်ယောက် တကယ်ပဲ ထွက်လာခဲ့တယ်။
စုတ်ပြတ်နေတဲ့ အပြာရောင် ဝတ်ရုံကို ဝတ်ထားတယ်။ မျက်နှာ တစ်ခုလုံးလည်း မည်းတူး နေပြီးတော့ ဆံပင်တွေလည်း မီးလောင် ခံထားရပုံပဲ။ ဒီလူကို တပည့်သားတွေ ချက်ခြင်း မှတ်မိကြတယ်။ ဒီမျက်နှာကို ပြာဖြစ် သွားရင်တောင် သူတို့ သေချာပေါက် မှတ်မိမှာပဲ။
“ဖန်ကျန်းရှီ။”
“ဒီကောင် ဘာလို့ အရင်ထွက်လာတာလဲ။ အစ်မကြီး ချီကူယန်ကော။”
“အထဲမှာ ဘာတွေ ဖြစ်တာလဲ။”
ဖန်ကျန်းရှီကတော့ သူတို့ကို ရှင်းပြဖို့ စိတ်ကူး ရှိပုံ မပေါ်ဘူး။ တကယ်တော့ ကောင်းကင် တာအို ခန်းမမှာ နောက်ထပ် နေမယ့် စိတ်ကူးကို မရှိတော့ တပဲ။
“အာ။ ငါတော့ ညပ်နေပြီ။” ဖန်ကျန်းရှီ စိတ်ထဲမှာ အော်ရင်းနဲ့ ဓားတောင်ထိပ်ကို ဦးတည်ပြီး ထွက်ပြေးတော့တယ်။
“အမ်။ အဲ့ဒီ့ကောင် ဘယ်သွားတာလဲ။”
“ဖန်ကျန်းရှီ။ မိုးနတ် ရေကန်မှာ ဘာဖြစ်တာလဲ။”
“ထွက်ထွက်လာချင်း ဘာဖြစ်လို့ ထွက်ပြေးတာလဲ။”
တပည့်သားတွေ ဖန်ကျန်းရှီ ထွက်ပြေးတာကို ကြည့်ရင်း အံ့သြ နေကြတယ်။ ပုံမှန် အခြေအနေမှာ ပြေးတာက ဖြစ်သင့်ပေမယ့်၊ အခုချိန်မှာ သူက ဟန်ရေး ပြနေရမှာလေ။ နဝမ ကောင်းကင်ဘုံကိုတောင် သူရောက်ခဲ့တာပဲ။
“ဘာမှ ဘာမှ မဖြစ်ဘူး။” ဖန်ကျန်းရှီ ပြေးရင်းနဲ့ လှမ်းအော်တယ်။
“ဘာမှ မဖြစ်ဘူး။”
“ဒါကို ဘာမှ မဖြစ်ဘူး လုပ်နေတာလား။”
လှိုင်းထန်နေတဲ့ ရေကန်ကို ကြည့်ရင်း တပည့်သားတွေ မျက်နှာ မည်းမှောင် လာကြတယ်။
“ငါတို့တွေကို အရူးများ မှတ်နေတာလား။”
တပည့်သားတွေ စိတ်ရှုပ်ထွေး နေတဲ့ အချိန် အကြီးအကဲ ပုခုံး တွန့်လိုက်တယ်။ ဖန်ကျန်းရှီ သူ့မြင်ကွင်းက ပျောက်ကွယ် တော့မယ့် အချိန်မှာ သူ့မျက်လုံးတွေ အရောင်လက်လာတယ်။
“ဖန်ကျန်းရှီကို ဖမ်း။ ကောင်းကင် တာအို ခန်းမကနေ ထွက်မသွားစေနဲ့။”
“မဖြစ်ဘူး။” တပည့်သားတွေ အကြီးအကဲရဲ့ အမိန့်ကို နားမလည်ပေမယ့် ချက်ခြင်း လိုက်ဖမ်း ကြတယ်။
“သူ့ကို တားကြ။”
“ဓားတောင်ထိပ်ကို သူသွားနေတယ်။ ကောင်းကင် တာအို ခန်းမကနေ ထွက်သွားမလို့ ဖြစ်နိုင်တယ်။”
“ဓားတောင်ထိပ်ကို စောင့်ကြပ်နေတဲ့ အကိုကြီးတွေကို သတင်းပို့။ ဖန်ကျန်းရှီကို သူတို့ ချက်ခြင်း တားမှ ဖြစ်မယ်။ သူ့ကို ဓားတောင်ထိပ် ဖြတ်စေလို့ မဖြစ်ဘူး။”
ဖြစ်နေတာကို မသိကြပေမယ့်၊ ဖန်ကျန်းရှီက မိုးနတ် ရေကန်ကို နှောက်ယှက်တဲ့ လူလို့ တပည့်သားတွေ အခိုင်အမာ ယုံကြည် နေကြတယ်။ လူတိုင်းက ဖန်ကျန်းရှီကို လျှပ်စီးလက်သလို အရှိန်နှုန်းနဲ့ လိုက်ဖမ်း နေကြတယ်။
ဖန်ကျန်းရှီကတော့ ဒါကို မြင်ရတာ ဒေါသ ထွက်နေခဲ့တယ်။ မိုးနတ် ရေကန်မှာ ဖြစ်တာတွေကို ဘယ်သူမှ မသိခင် ထွက်ပြေးဖို့ သူကြံထားခဲ့တာ၊ အခုတော့ အကုန်လုံး ဖော်ထုတ် ခံလိုက် ရတဲ့ ပုံစံပဲ။
“ငါဘာလုပ် ရမလဲ။”
ဖန်ကျန်းရှီ ခက်ခက်ခဲခဲ မြန်မြန်ဆန်ဆန် စဉ်းစား နေတယ်။ အဝေးက ဓားတောင်ထိပ်နဲ့၊ နောက်တစ်ဖက်က သစ်တောကြီးကို လှမ်းကြည့်တယ်။
လက်ရှိ အချိန်မှာ ဓားတောင်ထိပ်ကို ရောက်ရင်၊ စောင့်ကြပ်နေတဲ့ တပည့်သားတွေက သူ့ကို ချက်ခြင်း ဖမ်းမှာပဲ။ တပည့်သားတွေ အများကြီးနဲ့ တိုက်ခိုက် ရရင်၊ သူကတော့ အသားညှပ် ပေါင်မုန့် ဖြစ်သွားလိမ့်မယ်။ ချောင်ပိတ်ရိုက်ခံ ရတဲ့ ကြောင်ကလေး ဘဝကို ရောက်မှာပဲ။
“နောက်လမ်း တစ်ခုကို ပြောင်းရမလား။”
“သစ်တောထဲကို လမ်းပြောင်း ရမလား။”
ချက်ခြင်း ပေါ်လာတဲ့ အကြံ ဖြစ်ပေမယ့်၊ ဒီသစ်တောထဲမှာ တပည့်သားတွေကို ခေါင်းနောက်အောင် လုပ်ပြီး မျက်ခြေဖြတ်နိုင်မှာ သူယုံတယ်။ ဒါပေမယ့် ရန်ရွှယ့်ကျ ဘယ်လို လုပ်မလဲ။
ရန်ရွှယ်က သူ့ကို ဓားတောင်အောက်က သစ်တောထဲမှာ စောင့်နေတာကို သိတယ်။ နောက်တစ်လမ်း ရွေးရင်လည်း ထွက်ဖို့ အချိန်ကြာ သွားလိမ့်မယ်။ အရေးကြီးတဲ့ အချိန်မှာ၊ တစ်ယောက်ယောက်ကသာ မိုးနတ်ရေကန်ကို မွှေနှောက် သွားတဲ့ သူက သူဖြစ်နေတာကို ပြောလိုက်ရင်၊ ရန်ရွှယ်က ချက်ခြင်း ဝင်ပါမှာပဲ။ ဒါဆိုရင် ရန်ရွှယ့် အတွက် ဘယ်လို ပြန်လာ ရမှာလဲ။
ဒါ့အပြင် သစ်တောတွေကို ဖြတ်ကျော်ပြီးတော့ ထွက်ပြေးချင်ရင်၊ ကောင်းကင် တာအို ခန်းမကို ဖြတ်ရမယ်။ ဒီတော့ တပတ်လှည့်ရမှာပဲ။ သူလုပ်နိုင်မှာလား။ သူ့နောက်က လိုက်လာတဲ့ လူအုပ်ကြီးကို လှည့်ကြည့်မိတယ်။ ဒါက မဖြစ်နိုင်တဲ့ အကြံပဲ။ ကောင်းကင် တာအို ခန်းမကို ပြန်လှည့်တာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ မခြားဘူး။
နောက်လှည့်ဖို့ လမ်းမရှိဘူး။ ရှေ့ကို တိုးရမယ်။ ဓားတောင်ထိပ်ကို ဖြတ်ကို ဖြတ်ရမယ်။ ဒါမှပဲ ရန်ရွှယ်ကို တစ်ခါတည်း ခေါ်သွားလို့ရမယ်။ မဟုတ်ရင် သူတို့တွေ တကယ့်ကို အန္တရာယ်တွင်းထဲ ကျလိမ့်မယ်။
“သူ့ကိုတား။”
“အကိုလီ သူ့ကို ချက်ခြင်းတား။”
ဖန်ကျန်းရှီ ရှေ့ဆက်ပြေးနေတဲ့ အချိန် တပည့်သား တစ်ယောက် သူ့ကို လှမ်းအော်တယ်။
“ဟမ်။” ဓားရှည်ကိုင်ထားတဲ့ ဖြတ်သွားဖြတ်လာ တပည့်သား ဖန်ကျန်းရှီ နောက်က အော်သံကို ကြားတော့ အံ့သြ သွားတယ်။ သူ့ဆီကို ပြေးလာနေတဲ့ ဖန်ကျန်းရှီနဲ့ နောက်က လိုက်လာနေတဲ့ လူအုပ်ကြီးကို မြင်တော့ ချက်ခြင်း မျက်လုံး ပြူးသွားတယ်။
ဒီမြင်ကွင်းက တကယ့်ကို ထူးဆန်းလွန်းတယ်။ ဒါပေမယ့် ကောင်းကင် တာအို တပည့်သား တစ်ယောက်က ဘယ်လိုများ သတိလက်လွတ် ဖြစ်မှာလဲ။ သူတကယ့်ကို လန့်သွားပေမယ့်၊ ဖန်ကျန်းရှီရဲ့ လမ်းကို ချက်ခြင်း ပိတ်ဆို့လိုက်တယ်။
ဖန်ကျန်းရှီ ကြောက်တာတွေ တကယ် ဖြစ်လာပြီ။ တစ်ယော်ယောက်က သူ့လမ်းကို လာပိတ်မှာကို တကယ်ကြောက်တယ်။ ကံကောင်းတာ နောက်ကအော်တဲ့ တပည့်က တားရုံပဲ တားဖို့ ပြောလိုက်လို့။ သတ်ဖို့ မဟုတ်ဘူး။ နောက်ပြီးတော့ သူ့နာမည်ကိုလည်း မပြောဘူး။
“သူ့ကို အခုတား။ နန်ကုန်းမုကို မပြေးစေနဲ့။ မိုးနတ်ရေကန် စမ်းသပ်ချက် လုပ်နေတဲ့ အချိန် ကောင်းကင် တံခါးကို ဖျက်ဆီးဖို့ သူကြံနေတာ။ အကိုကြီး မြန်မြန်တား။ သူက မင်းရဲ့ ညာဘက်မှာ။” ဖန်ကျန်းရှီ အော်ဟစ်ရင်း ညာဘက်ကို လက်ညှိုးထိုး ပြတယ်။
ငါတို့ရဲ့ ပညာရှိ ဘိုးဘေးတွေ ပြောခဲ့တဲ့ အတိုင်း “တခြားသူတွေ သေလို့ ရတယ်။ ငါကတော့ မရဘူး။”
နောက်ပြီးတော့ နန်ကုန်းမုကလည်း ကောင်းကင် တာအို ခန်းမမှာမှ မရှိပဲ။ ဒီတော့ သူ့ကို ရောင်းစားဖို့ ဘာလို့ တွေေ၀ ရမှာလဲ။
အပိုင်း (၇၂၀) ပြီး၏။