အခန်း (၇၂၁-၇၃၀)
Vol. 8 Ch. 721-730
အပိုင်း (၇၂၁)
“အသက်ရှင်လျက် ထွက်ရန် လမ်းမရှိ။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေက တစ်ယောက်မှ ငတုံး မဟုတ်ဘူး။ သူတို့တွေ ဖန်ကျန်းရှီကို လိုက်ဖမ်း နေတယ် ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတယ်။ ဒီတော့ အကိုလီလို့ ခေါ်တဲ့ တပည့်သားက ဖန်ကျန်းရှီ လှည့်စားတာကို ဘယ်လို လုပ်ခံရမှာလဲ။
အစကတော့ အကိုလီလည်း ဖန်ကျန်းရှီကို မယုံကြည်ခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းမုနဲ့ ကောင်းကင် တံခါးကို ကြားတဲ့ အချိန်မှာတော့ သူလန့်သွားခဲ့တယ်။ ကောင်းကင် တံခါးက အရမ်း အရေးကြီးတယ်လေ။ နောက်ပြီးတော့ အဲ့ဒီ့နေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က သူ့စိတ်ထဲမှာ စွဲထင်နေဆဲ။ သူ့ကျောရိုး တစ်ခုလုံး ချမ်းစိမ့် သွားခဲ့တယ်။
ဒါကြောင့် ဖန်ကျန်းရှီကို မယုံကြည်ပေမယ့် သူ့ညာဘက်ကို တစ်ချက် လှည့်ကြည့် လိုက်တယ်။
“ဘာမှ မရှိဘူး။” အကိုလီ သူ့ဓားကို ချက်ခြင်း ဆွဲထုတ်ပြီးတော့ တိုက်ခိုက်ဖို့ ပြင်တယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ လက်သီး တစ်လုံးက သူ့မျက်နှာကို ဦးတည်နေတာ မြင်လိုက်ရတယ်။
“ဝုန်း။” အသံကြီးတသံ ထွက်ပေါ်လာတယ်။ အကိုလီ နှာခေါင်း တစ်ခုလုံး အတော့်ကို နာကျင် သွားခဲ့တယ်။ သူခြေလှမ်း တစ်လှမ်း နောက်ဆုတ် လိုက်ရတယ်။ ဒါပေမယ့် ကောင်းကင် တာအို တပည့်သား တစ်ယောက်လေ။ ဘယ်လိုလုပ် လွယ်လွယ်လေးနဲ့ ရှုံးနိမ့်မှာလဲ။
ဒါ့အပြင် လှည့်စား ခံလိုက်ရတဲ့ အတွက် ဒေါသတွေက ပွက်ပွက်ဆူနေခဲ့ပြီ။ ဒါကြောင့် ပြင်းထန်တဲ့ နာကျင်မှုကို ဘေးဖယ်ပြီးတော့ ခြေခိုင်အောင် ရပ်လိုက်တယ်။ ဒါပေမယ့် သူ ခြေထောက် ခိုင်သွားတဲ့ အချိန်မှာပဲ ပြင်းထန်လွန်းတဲ့ နာကျင်မှုက သူ့ပေါင်ကြားကနေ စိမ့်တက်လာခဲ့တယ်။ ဒီနာကျင်မှုက ပြင်းထန်လွန်းလို့ မြေပြင်ပေါ်ကို လဲကျလု မတတ်ပဲ။
“…” အကိုလီ မျက်လုံးပြုးကြီးနဲ့ သူ့ရဲ့ လျှို့ဝှက်နေရာဆီမှာ ရောက်နေခဲ့တဲ့ ခြေထောက်ကို ကြည့်ရင်း လဲကျ သွားခဲ့တော့တယ်။
…
ဖန်ကျန်းရှီ နောက်ကို လိုက်လာတဲ့ တပည့်သားတွေ အားလုံး အကိုလီ ကံဆိုးသွားတဲ့ အဖြစ်ကို ကြည့်ရင်း ကိုယ်ကိုယ်တိုင် ခံစားရသလို နာကျင် နေခဲ့တယ်။ သနားစရာပဲ။ ဖန်ကျန်းရှီရဲ့ အရှက်မရှိ အတင့်ရဲတဲ့ နည်းလမ်းတွေကြောင့် သူတို့ ဒေါသ ထွက်နေကြတယ်။
“မစိုးရိမ်နဲ့ အကိုလီ။ ကျွန်တော်တို့ လက်စား ချေပေးမယ်။”
“ဖန်ကျန်းရှီ မင်း ပြေးဖို့ စဉ်းစား မနေနဲ့တော့။”
“ကောင်းကင် တာအို ခန်းမကနေ မင်းလွတ်နိုင်မှာ မဟုတ်ဘူး။ လက်လျှော့လိုက်။”
တပည့်သားတွေ အကိုလီကို နှစ်သိမ့်ကျသလို ဖန်ကျန်းရှီကို သတိပေးဖို့လည်း မမေ့ကြဘူး။ ဒါပေါ့။ ဖန်ကျန်းရှီကတော့ သူတို့ စကားကို နားမထောင်ဘူး။ ရိုးရိုးသားသား ပြောရရင် သူ့မှာ တခြား ရွေးချယ် စရာမှ မရှိပဲလေ။
နန်ကုန်းမုနဲ့ ကောင်းကင် တံခါးကို အာရုံလွှဲစရာ အဖြစ် သုံးပြီးတော့ အလစ်ဝင်တိုက် နိုင်ခဲ့တယ်။ အခွင့်အရေး ရလာမှတော့ ဘယ်လိုများ လွယ်လွယ် လက်လွတ် ခံရမှာလဲ။ မဖြစ်နိုင်တာပဲ။ အကယ်၍ သူသာ ညှာတာလိုက်ရင်၊ အကိုလီက သူထွက်မပြေးနိုင်ဖို့ ဘယ်လို နည်းလမ်းတွေ သုံးပြီး တားမယ်ဆိုတာ မိုးနတ်မင်းပဲ သိနိုင်လိမ့်မယ်။
“ပြေး။”
“ဝေးဝေးကို ပြေးရမယ်။”
…
မိုးနတ်ရေကန်မှာတော့ ငါးရောင်ခြယ် ရေကန်ကြီး တစ်ခုလုံးက ဝဲဂယက်တွေ ထနေခဲ့တယ်။ ရေကန်ကို ထိန်းကွပ်ဖို့ ဆောက်ထားတဲ့ ကျောက်စိမ်းဖြူ နံရံတွေ လုံးဝကို ကျိုးပျက်သွားပြီ။ ဆဋ္ဌမ အကြီးအကဲ အခုချိန်ထိ ကြောင်အနေဆဲ၊ မိုးနတ် ရေကန်ကို စိုက်ကြည့်ရင်း ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာတောင် မသိတော့ဘူး။ တကယ်တော့ ဒီအခြေအနေကို လုံး၀ နားမလည်ဘူး။
“မိုးနတ်ရေကန်မှာ ဘာတွေ ဖြစ်နေတာလဲ။
ဘာတွေ ဖြစ်နေတယ်ဆိုတာ တစ်ယောက်ယောက်က သူ့ကို ပြောနိုင်ဖို့ မျှော်လင့်နေတယ်။ တစ်ယောက်ယောက် ရေကန်ထဲက ထွက်လာဖို့ မျှော်လင့် နေခဲ့တယ်။
ဒါကို သူတွေးနေတဲ့ အချိန်မှာပဲ ရေကန် တစ်ခုလုံး ပွက်ပွက်ဆူ လာပြန်တယ်။ တစ်ယောက်ပြီး တစ်ယောက် မိုးနတ် ရေကန်ထဲကနေ ထွက်လာကြတယ်။ လူတိုင်းက သူတို့ အသက်ရှင်လျက် ထွက်လာနိုင်လို့ စိတ်သက်သာရာ ရနေကြပြီ။ ဘာတွေ ဖြစ်နေမှန်း ဘယ်သူမှ မသိဘူး။ သူတို့ သိတာ မိုးနတ်ရေကန်ထဲက လောကကြီး လုံး၀ ပြိုကွဲသွားပြီ။ အကယ်၍ ထွက်ပေါက်သာ အချိန်မှီ ပွင့်မလာခဲ့ရင် သူတို့တွေ အထဲမှာ သေနေလောက်ပြီ။
“မိုးနတ် ရေကန် ရေကန်ကြီး ပျက်စီးသွားပြီ။”
“ဘယ်သူ လုပ်တာလဲ။”
“လောကကြီးတစ်ခုလုံး ဘာတွေ ဖြစ်ကုန်တာလဲ။”
တပည့်သားတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မိုးနတ် ရေကန်ထဲမှာ ဘာဖြစ်သွားတယ် ဆိုတာ အဖြေရှာဖို့ ကြိုးစား နေကြတယ်။
ဆဋ္ဌမ အကြီးအကဲ ဒါကိုမြင်တော့ မျက်မှောင် ကြုတ်နေတယ်။ သူ့ကိုယ်သူ မေးနေတဲ့ မေးခွန်းကို ရပ်တန့်လိုက်တယ်။ တပည့်သားတွေလည်း သူ့လိုပဲ မသိကြဘူးလေ။ ဒါပေမယ့် သူတို့ ပြောနေတာကို သူကောင်းကောင်း ကြားတယ်။
“မိုးနတ်ရေကန် ပျက်စီးသွားပြီ။”
“ဘယ်သူ။ ဘယ်သူ လုပ်တာလဲ။”
“ဖန်ကျန်းရှီ လုပ်တာ။” တည်ငြိမ်တဲ့ အသံ တစ်သံ ထွက်ပေါ်လာတယ်။ ပန်းနုရောင် ဝတ်ရုံနဲ့ အမျိုးသမီး ဆဋ္ဌမ အကြီးအကဲ ရှေ့ကို ရောက်လာရင်း ပြောတယ်။ “ချီကူယန် ဆဋ္ဌမ အကြီးအကဲကို ဂါရ၀ ပြုပါတယ်။
“ဘာတွေ ဖြစ်သွားတာလဲ။ မြန်မြန်ပြော။” ဆဋ္ဌမ အကြီးအကဲ ချီကူယန်ရဲ့ စကားကြောင့် မျက်လုံးတွေ လင်းလက် လာခဲ့တယ်။
“ဖန်ကျန်းရှီနဲ့ ကူယန်တို့ နဝမ ကောင်းကင်ကို အတူတူ ဝင်ခဲ့ကြပါတယ်။ သတင်းကောင်း ဖြစ်ပေမယ့် သူက နဝမ ကောင်းကင်မှာ ရှိတဲ့ ရတနာကို မျက်စိ ကျသွားတယ်။ ဒါကြောင့် ကူယန်ကို တိုက်ခိုက်ခဲ့တယ်။ သူ့ရဲ့ စိတ်အကြံကို ကူယန် အစက နားမလည်ခဲ့ဘူး။ ကူယန် နားလည်တဲ့ အချိန်မှာ အချိန်နှောင်း သွားခဲ့ပြီ။ နောက်တော့ သူ့အပြစ်တွေ ပေါ်မှာကို ကြောက်ပြီးတော့ မိုးနတ် ရေကန်ကို ဖျက်ဆီးလိုက်တယ်။ အကယ်၍ ဝင်ပေါက်သာ အချိန်မှီ ပွင့်မလာခဲ့ရင်၊ ကူယန်လည်း အထဲမှာ သေသွားလောက်ပြီ။” ချီကူယန်ရဲ့ အသံက ဒေါသထွက်နေသလို ဝမ်းနည်းမှုတွေလည်း ရောစွက် နေခဲ့တယ်။
“သေလိုက်ပါတော့။”
“ဒီကောင်စုတ်က အရှက်မရှိလိုက်တာ။”
“ဟုတ်တယ်။ အစ်မကြီး ချီကူယန်က သူ့အပေါ် ဒီလောက်ကောင်းတာ။ ဆရာ့ကိုတောင် သူမိုးနတ် ရေကန်ထဲ ဝင်နိုင်စေဖို့ တောင်းပန် ပေးခဲ့သေးတယ်။ ဘယ်လိုကြောင့်များ ဒီလောက်တောင် ကျေးဇူးကန်းရတာလဲ။” ချီကူယန် ပြောတာကို ကြားပြီးတဲ့နောက် တပည့်သားတွေ ဒေါသတကြီးနဲ့ ပြောဆို ကြတော့တယ်။
“ကူယန်က ဆရာ့ကို တောင်းပန်ပြီးတော့ သူ့ကို မိုးနတ် ရေကန်ဆီ ဝင်စေတဲ့ သူပါ။ အခုတော့ မိုးနတ် ရေကန် ပျက်စီးရပြီ။”
“ကူယန် မပြောနဲ့တော့။ ဒီကိစ္စက မင်းနဲ့ မပတ်သက်ဘူး။” ဆဋ္ဌမ အကြီးအကဲလည်း ဒေါသတကြီးနဲ့ ချီကူယန့် စကားကို ဖြတ်ပြောတယ်။ “ဖန်ကျန်းရှီက အခု ဓားတောင်ထိပ်ကို ပြေးနေပြီ။ ကူယန် ဒဏ်ရာ ရထားမှတော့ အနားယူလိုက်။ တခြားသူတွေ အားလုံး ငါ့နောက်လိုက်ခဲ့၊ ဖန်ကျန်းရှီကို သွားဖမ်းမယ်။” ဆဋ္ဌမ အကြီးအကဲ အေးစက်စက် ပြောတယ်။
“နားလည်ပါပြီ။” တပည့်သားတွေ တညီတညွတ်တည်း ပြန်ဖြေတယ်။
“အဲ့ဒီ့ ခွေးကောင်းကို ဖမ်းပြီးတော့ အစ်မကြီး ချီကူယန် အတွက် လက်စားချေပေးဖို့ ကျိန်ဆိုပါတယ်။”
“အဲ့ဒီ့ကောင်ကို ဖမ်းရမယ်။”
“တစဆီ ဆွဲဖြဲပြစ်မယ်။”
ဒေါသတကြီး အော်သံတွေက မိုးနတ်ရေကန် တစ်ခွင်ကို ဟိန်းထွက် နေခဲ့တယ်။
…
ဓားတောင်ထိပ်ကို သွားတဲ့ လမ်းမှာတော့ ဖန်ကျန်းရှီက မြန်နိုင်သလောက် မြန်အောင် ပြေးနေခဲ့တယ်။ တစ်ချက်လေးတောင် မနားဝံ့ဘူး။ သူ့ရဲ့ နောက်ကို ကပ်လိုက်နေတဲ့ တပည့်သားတွေက များလွန်းတယ်။
တကယ်တော့ ချီကူယန် သူ့ကို ရောင်းစားမယ် ဆိုတာ သိထားတဲ့ အတွက် ဖန်ကျန်းရှီ သူ့စိတ်သူ ပြင်ဆင် ထားပြီးသား။ ဒါပေမယ့် ဆဋ္ဌမ အကြီးအကဲရဲ့ ဟိန်းဟောက် သံကြီးကို ကြားလိုက်တော့ သူသိချင် လာခဲ့တယ်။ ချီကူယန် ဘယ်လိုများ ပြောလိုက်ပါလိမ့်။
“နန်ကုန်းမု ဒီကို ရောက်နေပြီ။ ကောင်းကင် တံခါးကို သူဖျက်ဆီး ချင်နေတယ်။ သူ့ကို အခု တားရမယ်။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် နန်ကုန်းမုကို ရောင်းစားပြန်တယ်။ သူနဲ့ ဓားတောင်ထိပ် ကြားမှာ တပည့်သား ၆ယောက် ပိတ်ရပ်နေတာကို သူတွေ့တယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အလုပ် မဖြစ်တော့ဘူး။ သူ့ နောက်က လိုက်လာတဲ့ တပည့်တွေ ချက်ခြင်း အော်ဟစ် သတိပေး လိုက်လို့ပဲ။
“ဘာ နန်ကုန်းမုမှ မရှိဘူး။ ဖန်ကျန်းရှီကို မြန်မြန် ဖမ်းကြ။”
“ညီနောင်တို့ သူ့ကို အခုတားကြ။”
“…” ဖန်ကျန်းရှီက ဒါကိုကြားတော့ ပါးစပ်ပိတ်သွားတယ်။ တကယ်တော့ ကျိန်ဆဲ လိုက်ချင်တယ်။ “ဒီလောက် လုပ်ဖို့ လိုလို့လား။ မင်းတို့ကောင်တွေ ငါ့ကို ဒီလောက်တောင် မုန်းနေကြတာလား။ ဘာဖြစ်လို့ ဒီလောက်ထိ အညှာအတာ ကင်းရတာလဲ။”
ဒါပေါ့။ သူပါးစပ်ကနေ ဘယ်မေးမလဲ။ အဲ့ဒီ့အစား ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေတဲ့ သူ့ဓားကို ထုတ်လိုက်တယ်။ ဖန်ကျန်းရှီမှာ ညှာတာ စရာ ဘာမှ မရှိဘူး။ ဓားတောင်ထိပ်ကို ရောက်ဖို့ ခြေလှမ်း နည်းနည်းပဲ လိုတော့တယ်။ ဒီတော့ အင်အားသုံးပြီး ဖောက်ထွက်ရမယ်။
“သူ ဘယ်လိုတောင် သူ့ဓားကို ထုတ်ဝံ့တာလဲ။”
“အကို၆ယောက်လုံးကို သူအနိုင်ယူ နိုင်မယ် ထင်နေတာလား။”
“ကိုယ့်ကိုယ်ကို အထင်ကြီး နေတာပဲ။”
ဓားတောင်ထိပ်က တပည့်သားတွေ ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားကို ထုတ်လိုက်တာ မြင်တော့ သူတို့ ဓားတွေကို အသင့်ပြင်လိုက် ကြတယ်။ ဒါပေမယ့် သူတို့တွေက သူ့ကို အထင်မကြီးကြဘူး။ နောက်ဆုံးတော့လည်း သူတို့တွေ အားလုံးက မိုးနတ် ရေကန်မှာ စမ်းသပ်ခံပြီးသား သူတွေ၊ ဒီတော့ အားနည်းတဲ့သူ တစ်ယောက်မှ မပါဘူး။
အားလုံးက ပြန်လည် မွေးဖွားမှု အဆင့်တွေ။ သူတို့ နားလည် ထားတာ တစ်ခုတော့ ရှိတယ်။ ဖန်ကျန်းရှီကို ဘယ်သူမှ တစ်ယောက်ချင်း အနိုင်မယူ နိုင်ဘူး။ ဒီတော့ သူ့ကို တားရမယ်။ နောက်ဘက်မှာ လိုက်လာတဲ့ တပည့်သားတွေလည်း ရာချီပြီးတော့ ရှိနေကြ သေးတယ်။
ခပ်ရှင်းရှင်း ပြောရရင် အရှိန်လျော့အောင် လုပ်ဖို့ပဲ လိုတယ်။ အကယ်၍ ဖန်ကျန်းရှီသာ အခုလို အခြေအနေမှာ သူတို့ လက်ကနေ လွတ်သွားခဲ့ရင် ကောင်းကင် တာအို ခန်းမရဲ့ ထိပ်တန်း တပည့်တွေ ဆိုတဲ့ ဂုဏ်ပုဒ်ကို သူတို့ စွန့်လွှတ် ရလိမ့်မယ်။
“တိုက်ကွက် အသင့်ပြင်။”
“နားလည်ပြီ။”
တပည့်သား ခြောက်ယောက် ရေပြင်ညီအတိုင်း ရပ်နေရင်း ချက်ခြင်း လျှပ်စီးလက်သလို နေရာပြောင်းလိုက် ကြတယ်။ သုံးယောက်က အရှေ့ သုံးယောက်က အနောက်။ ဓားတွေ အားလုံးကတော့ ဖန်ကျန်းရှီကို ဦးတည်နေတယ်။ အဝေးကနေကြည့်နေရင် ပိုက်ကွန်ကြီး တစ်ခုလိုပဲ။
“သူတို့ ခြောက်ယောက်လုံးက ပြန်လည် မွေးဖွားမှု အဆင့်တွေ ဖြစ်နေပြီကို ဒီလို အုပ်စုဖွဲ့ပြီး တိုက်ကြတယ်ပေါ့။” ဖန်ကျန်းရှီ မြေပြင်ပေါ်ကို လဲကျတော့ မတတ် ဖြစ်သွားခဲ့တယ်။
သူ့ကို ဘာကြောင့်များ ဒီလို အနိုင်ကျင့်ကျ တာလဲ။ နောက်ပြီးတော့ သူတို့တွေက ခံစစ် အနေအထားကို အသင့်ပြင်နေကြတာ။
ဖန်ကျန်းရှီ စိတ်ထဲမှာ ခါးသက်မိတယ်။ ဒါက ဘာဓားဗျူဟာမှန်းတော့ မသိဘူး။ ကွန်ယက်လို ဖြစ်နေပြီးတော့ တစ်ဖွဲ့ တစ်လှည့်စီ တိုက်ခိုက်၊ ခုခံတာ ဆက်တိုက် လုပ်မယ်မှန်းတော့ သူသိတယ်။ ရှင်းရှင်း ပြောရရင် သုံးယောက်က ဖန်ကျန်းရှီကို တိုက်ခိုက်မယ်။ သူတို့ မောလာရင် နောက်သုံးယောက်က ဝင်တိုက်မယ်။ ဒီတော့ ဖောက်ထွက်ဖို့ အတွက် အနည်းဆုံး ငါးမိနစ် ကြာမှာပဲ။
တကယ်ပဲ အသက်ရှင်လျက် ထွက်စရာလမ်းကို မရှိတော့ဘူးလား။
အပိုင်း (၇၂၁)ပြီး၏။
အပိုင်း (၇၂၂)
“သူ့မျက်နှာပေါ်ကို တက်နင်း။”
ဖန်ကျန်းရှီမှာ စဉ်းစားဖို့ အချိန် မရှိဘူး။ ဓားတောင်ထိပ်ကို ရောက်နေမှတော့ ဘယ်လိုများ အလွယ်တကူ လက်လျှော့ နိုင်မှာလဲ။ ဘာပဲ ဖြစ်ဖြစ် ထွက်ပေါက်ရှိရင် ရအောင် ကြိုးစားမယ်။ စိတ်မကောင်းစရာကတော့ သူ့ရဲ့ လက်နက်ပုန်းတွေ အားလုံးနဲ့ လက်ပစ်ဗုံးတွေ အားလုံးကို ထျန်းရှင်းနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ သုံးခဲ့တာပဲ။ သူတို့တွေကို လှည့်စားလို့ မရတော့၊ ထိပ်တိုက် တိုက်ခိုက်ရမယ်။
“နဂါး။” ခရမ်းရောင် နဂါးကြိးက ကောင်းကင်ကို ထိုးတက်သွားတယ်။ ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်တယ်။
“သတ် ဓားကွက်။”
သူ့ရဲ့ ဓားက ကောင်းကင်ကနေ ပြိုင်ဘက်ကင်း စွမ်းအား ဓားအလင်းတန်းနဲ့ ဆင်းသက်လာတယ်။ ရှေ့မှာ ရှိနေတဲ့ တပည့်သား သုံးယောက်ကို ခုတ်ချပြစ်တယ်။
“သတိထား။ ဒီဓားကွက်က အရမ်း အင်အားကြီးတယ်။” နောက်မှာ ရပ်နေတဲ့ တပည့်သား သုံးယောက် သတိပေးတယ်။
“မစိုးရိမ်ပါနဲ့။” ရှေ့က တပည့်သား သုံးယောက် အံကြိတ်ရင်းနဲ့ တိုက်ကွက်ကို ခုခံတယ်။
“ဝုန်း။” ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ဓားတောင်ထိပ်မှာ အမှတ်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ တပည့်သား သုံးယောက်ကတော့ လွင့်ထွက် သွားတော့တယ်။ တစ်ချက်တည်းနဲ့ သုံးယောက်လုံးကိုဒဏ်ရာ ရအောင် လုပ်နိုင်ခဲ့တယ်။
“ဒီကောင် ဘာဖြစ်လို့ ဒီလောက်တောင် အင်အား ကြီးရတာလဲ။”
“တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲတို့ သူ့ကို ရှုံးသွားတာ အံ့သြစရာ မရှိပါဘူး။ အကယ်၍ သူနဲ့ ထိပ်တိုက် တွေ့ရရင် သူဘယ်လောက်တောင် အင်အားကြီးမှန်း သိရလိမ့်မယ်။”
“ညီနောင်တို့ ငါတို့ အသက်ကို စတေးရရင်တောင် သူ့ကို ဒီတောင်ကြားကနေ ထွက်မသွားစေဖို့ တားရမယ်။ အနီးကပ် တိုက်ခိုက်ကြ။ သူ့ကို ဓားမသုံးနိုင်အောင် လုပ်ရမယ်။”
နောက်က တပည့်သား သုံးယောက် အင်အား ပေါင်းပြီးတော့ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ ပြေးဝင် လာတော့တယ်။
“အနီးကပ် တိုက်ခိုက်မှာလား။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ “အကိုတို့။ ကျွန်တော့် အနားကို ကပ်မလာပါနဲ့။ အနီးကပ် တိုက်ပွဲတွေမှာ ကျွန်တော် အခြေအနေ မကောင်းဘူး။”
“ငါမင်းရဲ့ အကိုမဟုတ်ဘူး။”
“အရှက်မရှိလိုက်တာ။”
“ဒီကောင်စုတ်ရဲ့ စကားတွေနဲ့ လှည့်စား မခံနဲ့၊ သူ့အနားကို ကပ်။ ငါတို့ ဆက်တိုက် တိုက်ခိုက်မှ ရမယ်။ သူ့ကို ဒဏ်ရာရအောင် လုပ်ရမှာ မဟုတ်ဘူး။ ထွက်မပြေးအောင် တားဖို့ပဲ။”
ဖန်ကျန်းရှီရဲ့ စွမ်းအား အစစ်အမှန်ကို နားလည် ပြီးတဲ့နောက်၊ ကျန်တဲ့ တပည့်သား သုံးယောက်က သူ့ကို ထိပ်တိုက် ရင်ဆိုင်ဖို့ လက်လျှော့လိုက်ပြီ။ သူ့ဆီကို အပြေးဝင်လာပေမယ့် အချိန်မရွေး ဆုတ်ခွာနိုင်တဲ့ အကွာအဝေးမှာပဲ ရပ်တန့် ထားကြတယ်။
“တကယ်လား။ သူတို့တွေ ငါ့အကွက်ထဲ ရောက်မလာ ဘူးပေါ့။” ဖန်ကျန်းရှီ နောက်ထပ် ပိုကောင်းတဲ့ နည်းလမ်းကို မစဉ်းစား တတ်တော့ဘူး။ ဒီတော့ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူ့အားနည်းချက်ကို ထုတ်ပြတာပဲ။ မဟုတ်ရင် သူ့ပြိုင်ဘက်က သတိလွတ်မှာ မဟုတ်ဘူး။
အဆိုးဆုံးကတော့ သူတို့တွေ သူ့ကို တိုက်ခိုက်ဖို့ လှည့်လာတာပဲ။ တစ်ယောက်က တိုက်ခိုက်နေတဲ့ အချိန်၊ နောက်နှစ်ယောက်က လက်ချောင်းလေး တစ်ချောင်းတောင် မလှုပ်ဘူး။ ပထမလူ တိုက်ခိုက် ပြီးတဲ့အထိ စောင့်တယ်။ တစ်ချီ တိုက်ခိုက် ပြီးတဲ့ နောက်မှာတော့ သူတို့တွေ ဘယ်လောက်တောင် စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းမှန်း နားလည် သွားခဲ့တယ်။ သူတို့တွေက တကယ့်ကို သတိကြီးတဲ့ လူတွေပဲ။
ညစ်ညစ်ပတ်ပတ်နဲ့ မြန်မြန် တိုက်ခိုက်မှ ဖြစ်မယ်။ အရင်ကတော့ သူ့ရဲ့ နည်းဗျူဟာတွေက အရှက်မရှိ၊ ညစ်ပတ်တယ်လို့ပဲ အမြဲ တွေးခဲ့တယ်။ သူ့ရဲ့ နံပါတ်တစ် စည်းမျဉ်းက ပြိုင်ဘက်ကို မနိုင်နိုင်ရင် ပြေးသာပြေး။
“ဒါက ကံကြမ္မာလား။”
သူတို့ကို ပြေးပြီးတော့ ရိုက်လိုကချင်တယ်။ ဒါပေမယ့် သူ ထိပ်တိုက် တိုက်ခိုက်ရင်တောင် သူတို့တွေက ပြန်တိုက်ခိုက်မှာ မဟုတ်ဘူး။ ထိပ်တိုက် ပြန်တိုက်မှာ မဟုတ်ဘူး။
လူကြီးတွေ ပြောလေ့ရှိတဲ့ အတိုင်းပဲ။ “ဖြစ်လာမယ့် အရာက ဖြစ်ကို ဖြစ်လာမှာပဲ။”
ဖန်ကျန်းရှီ တကယ့်ကို စဉ်းစားရ ကြပ်နေခဲ့ပြီ။ ဒီထဲက တစ်ယောက်ယောက်ကို ဖမ်းမှ ဖြစ်မယ်။ မဟုတ်ရင် လွတ်နိုင်မှာ မဟုတ်ဘူး။ ဘယ်ဘက်လက်ကို သူလှုပ်ရှား လိုက်တယ်။ ခြောက်ရောင်ခြယ် အလင်းတန်းတွေက မြေပြင်ကနေ ထွက်ပေါ်လာပြီးတော့ သံကြိုး ခြောက်ခု အသွင်ကို ပြောင်းသွားခဲ့တယ်။
သေရှင် ငရဲ သံကြိုးတွေ။ ပြိုင်ဘက်ကို ချုပ်နှောင်ဖို့ သူတွေးမိတဲ့ တစ်ခုတည်းသောအရာပဲ။ မ
“ဂျိန်း။”
တပည့်သား တစ်ယောက် သံကြိုးတွေ လာနေတာကို ခံစားမိတယ်။ သူနောက်ဆုတ်ပင်မယ့် အချိန်မှီ မလှုပ်ရှား နိုင်ခဲ့ဘူး။ သံကြိုး တစ်ဖက်က သူ့ခြေထောက်ကို ဖောက်ထွက်သွားတယ်။ အဲ့ဒီ့နောက် တပည့်သား မြေပြင်နဲ့ ကပ်သွားတော့တယ်။
“အခွင့်အရေး ကောင်းပဲ။” ဖန်ကျန်းရှီ တပည့်သားရဲ့ မျက်နှာကို နင်းချလိုက်တယ်။ ပြီးတော့ လေထဲကို ခုန်တယ်။
“အကိုတို့၊ ငါတို့ လာပြီ။” ဖန်ကျန်းရှီ သူလွတ်တော့မယ်လို့ ထင်လိုက်တဲ့ အချိန်မှာပဲ၊ ဒဏ်ရာရနေတဲ့ တပည့်သား သုံးယောက် သူ့ဆီကို ပြေးဝင် လာခဲ့တယ်။ သူတို့တွေ ဖြူဖျောေ့နတာ စာရွက်ဖြူ အတိုင်းပဲ။ ဒါပေမယ့် ဆုံးဖြတ်ချက်က အရမ်း ပြတ်သားကြတယ်။ ဖန်ကျန်းရှီ ပြောစရာ စကား မဲ့နေခဲ့တယ်။
“မင်းတို့ကော်ငတွေ ဒီလောက်ထိ လုပ်ဖို့ လိုလို့လား။”
“မင်းတို့ အားလုံးက ဉာဏ်ကြီးရှင်တွေဆိုတော့ ဉာဏ်ကြီးရှင် တစ်ယောက်လို ဘာဖြစ်လို့ မဖြေရှင်း ကြတာလဲ။”
“အသက်ရှင်ဖို့ လုပ်သင့်တယ်လေ။”
“ဒဏ်ရာရသလို ဟန်ဆောင်ပြီးတော့ အသက်ရှင်အောင် နေသင့်တာ မဟုတ်ဘူးလား။”
“မင်းတို့ ဒီလောက် လုပ်နေလို့ ကောင်းကင် တာအို ခန်းမက ဆုပေးမှာလား။”
“ဆဋ္ဌမ အကြီးအကဲ ပြောထားတယ်။ အကယ်၍ ငါတို့သာ ဖန်ကျန်းရှီ ထွက်ပြေးတာကို တားနိုင်ရင် လူတိုင်းကို မိုးနတ် ရေကန်ထဲ ဝင်ဖို့ အခွင့်အရေး ပြန်ပေးမယ်တဲ့။” တပည့်သား တစ်ယောက် ပြောတယ်။
“မိုးနတ် ရေကန်ထဲကို ဝင်ဖို့ အခွင့်အရေးတဲ့လား။ မဟုတ် တမ်းတရားတွေ၊ ငါက မိုးနတ်ရေကန်ကို ဖျက်ဆီး ခဲ့ပြီးပြီ။ ဒီတော့ ဘယ်လိုများ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ တစ်ခုခုကို နားလည် သွာခဲ့တယ်။
“မဖြစ်ဘူး။”
“ငါတော့ ထောင်ချောက်ဆင် ခံရပြီ။”
သူ့ကိုယ်သူ မိုးနတ် ရေကန်ကို ဖျက်စီးတဲ့သူလို့ ပြောလိုက်မိပြီ။ နောက်ထပ် အပြစ်ကင်းစင်တယ်လို့ ပြောလို့ မရတော့ဘူး။
“ဒါက သစ္စာဖောက်တာပဲ။ ငါ့ကို ဒီလိုရင်ဆိုင်ဖို့ ကြံနေ ကြတာလား။”
ကောင်းကင် တာအို တပည့်သားတွေက ငတုံးတွေ မဟုတ်ဘူးဆိုတာ ဖန်ကျန်းရှီ အခုမှ နားလည်တော့တယ်။ သူတို့က တကယ့်ကို ထက်မြက် ကြတာပဲ။ သူနဲ့ တိုက်ခိုက်နေတဲ့ တပည့်သားတွေကတော့ ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ အကြောင်းကို ကြားတော့ အထိတ်တလန့် ဖြစ်သွားကြတယ်။ သူတို့တွေတင် လန့်နေတာ မဟုတ်ဘူး။ ဖန်ကျန်းရှီ နောက်က လိုက်လာတဲ့ တပည့်သားတွေ အားလုံးလည်း မယုံနိုင် ဖြစ်နေကြတယ်။
“ဒီခွေးကောင်က တကယ်ပဲ မိုးနတ် ရေကန်ကို ဖျက်စီးခဲ့တယ်။”
“ခွင့်မလွှတ် နိုင်စရာပဲ။”
“အကိုတို့။ ဒီကောင် သူ့အပြစ်ကို ဝန်ခံလိုက်ပြီ။ အစ်မကြီး ချီကူယန်လည်း သူ့ကို နောက်ထပ် မကယ်နိုင်တော့ဘူး။ နောက်မဆုတ်ကြနဲ့၊ မဖမ်းနိုင်ရင် သတ်သာ သတ်ပြစ်။” တပည့်သား တစ်ချို့ ပြောတယ်။
“သေစမ်း။” အစက ဖန်ကျန်းရှီကို တားဖို့ လုပ်နေခဲ့တဲ့ တပည့်သားတွေ ရူးသွပ်သွားတဲ့ အတိုင်း ဖန်ကျန်းရှီဆီကို ပြေးဝင် လာကြတယ်။ ဓားတိုင်းက သူ့ရဲ့ သေကွင်းသေကွက်တွေကို ဦးတည်နေတယ်။ အရေးအကြီးဆုံးကတော့ ကောင်းကင်မှာ သတ္တဝါကြီးတွေ ပေါ်လာတာပဲ။ နှင်းလို ဆွတ်ဆွတ် ဖြူနေတဲ့ မုတ်ဆိတ်တွေနဲ့ လူကြီး တစ်ဦး သတ္တဝါပေါ်မှာ ပါလာတယ်။ သူ့ဓားကို အစိမ်းအဖြူ အလင်းတန်းတွေက ဝန်းရံထားတယ်။
“ဆဋ္ဌမ အကြီးအကဲ နောက်ဆုံးတော့ ရောက်လာပြီ။”
“ဖန်ကျန်းရှီ ပြေးမလွတ် နိုင်တော့ဘူး။”
တပည့်သားတွေ စိတ်သက်သာရာ ရသွားတယ်။ ဖန်ကျန်းရှိကို ပိတ်ဆို့နေတဲ့ တပည့်သား ခြောက်ယောက်လည်း အရမ်းကို ဂုဏ်ယူ နေတဲ့ ပုံပဲ။ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုကို အောင်မြင် ခဲ့သလိုမျိုး။
“ဖန်ကျန်းရှီ မင်းဘယ်ကိုမှ မသွားရဘူး။” ဆဋ္ဌမ အကြီးအကဲ ဒေါသထွက်နေတာ အတော့်ကို သိသာတယ်။
“အဖိုးကြီးခြောက် သူ့ကို မသတ်နဲ့။ ဆရာ့လက်ကို အပ်။” နောက်ထပ် လူနှစ်ယောက် ပေါ်လာခဲ့တယ်။
“ဒုတိယ အကြီးအကဲနဲ့ စတုတ္ထ အကြီးအကဲ။” တပည့်သားတွေ ပိုပြီးတော့ စိတ်သက်သာရ ရသွားခဲ့တယ်။
အကြီးအကဲ သုံးယောက် ဒီကို ရောက်နေမှတော့ ဖန်ကျန်းရှိ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ။ တပည့်သားတွေ အားလုံး ဒီလို တွေးနေကြတယ်။ ဖန်ကျန်းရှီ ရှေ့က တပည့်သား ခြောက်ယောက်လည်း စိတ်ထဲမှာ သက်သာရာ ရနေခဲ့တယ်။
ဖန်ကျန်းရှီကတော့ ရယ်မောနေတယ်။ အရင့် အရင်တုန်းကတော့ (ဝန်ထုပ်ဝန်ပိုး)တွေလို့ ခေါ်တဲ့ အဖွဲ့သားတွေ ရှိတယ်။ ဒီအကြီးအကဲ သုံးယောက်က အဲ့ဒီ့လို ဝန်ထုပ် ဝန်ပိုးတွေပဲ။ သူတို့တွေ မရောက်ခင်တည်းက အရှိန်အဝါတွေကို ထုတ်လွှတ်နေပြီ။ အရမ်းကို မိုက်တဲ့ ပုံစံနဲ့ ထွက်လာမလို့ လုပ်နေကြတယ်။
ဒီအတိုင်း ဖြစ်လာစေဖို့ ခွင့်ပြု ရမှာပေါ့။ သူတို့တွေက ဟန်ဆောင်နေတဲ့ ပုံစံပဲ။ ဘယ်လိုပဲ ဟန်ဆောင်ပါစေ၊ သူတို့တွေ ဒီမှာ ကိုယ်တိုင် ရှိမနေ ကြဘူးလေ။ နောက်ဆုံးတော့လည်း ဟန်ဆောင်ပြီး အသံလှိုင်းတွေ လွင့်နေတဲ့ သူတွေ အတွက်တော့ ဖန်ကျန်းရှီက အရှုံးပေးမှာ မဟုတ်ဘူး။
ဒါ့အပြင် သူတို့တွေ ပိုပြီးတော့ အရှိန်အဝါ ထုတ်လေလေ၊ တပည့်သားတွေ သူတို့ဆီ အာရုံ ရောက်လေလေ ဆိုတာကို မသိတာလား။
ဖန်ကျန်းရှီကတော့ သူ့ရှေ့မှာ ရပ်တန့်နေတဲ့ တပည့်သားတွေကို ကြည့်တယ်။ သူပြောလိုက်ချင်တယ်။ “အကယ်၍ ဒီလို အခွင့်အရေးကြီးကို အသုံးမချနိုင်ရင်၊ ဒီအကြီးအကဲတွေကို ရိုက်ချပြစ်မယ်။”
ချက်ခြင်း ဖန်ကျန်းရှီ ပြေးထွက်ပြီးတော့ တပည့်သား တစ်ယောက်ဆီကို ပြေးဝင်တယ်။
“မဖြစ်ဘူး။ ဖန်ကျန်းရှီ ထွက်ပြေးတော့မယ်။” အဲ့ဒီ့ တပည့်သားက ချက်ခြင်း အော်ဟစ်တယ်။ ဒါပေမယ့် နောက်ကျ သွားပြီ။ သူ့နားထဲမှာ အသံ တစ်သံ ကြားလိုက်ရတယ်။
“ကောင်းကင် သက်ဆင်း။”
ဖန်ကျန်းရှီရဲ့ အသံ ပေါ်လာပြီးတာနဲ့ ချက်ခြင်း ပျောက်ကွယ်သွားတယ်။ သူ့နေရာကို ကောင်းကင်ပြာရောင် အလင်းတန်း ခြောက်ခုက အစားထိုး သွားခဲ့တယ်။ ကောင်းကင် သက်ဆင်းရဲ့ မဏ္ဍိုင်ခြောက်ခုက တပည့်သား ခြောက်ယောက် ခုခံနိုင်ဖို့ အတွက် ကြီးမားလွန်းတယ်။ သူတို့တွေ အရင်လို ပူးပေါင်း တိုက်ခိုက် တာလည်း မဟုတ်ခဲ့ဘူးလေ။
ဖန်ကျန်းရှီရဲ့ သေရှင် ငရဲ သံကြိုးနဲ့ ပိတ်မိပြီးတော့ မျက်နှာကို တက်နင်း ခံလိုက်ရတဲ့ တပည့်သားကတော့ ကံအဆိုးဆုံးပဲ။ သူထရပ်ဖို့ ကြိုစား နေခဲ့တဲ့ အချိန်မှာပဲ။
“..” သူ့ခေါင်းပေါ်မှာ ပေါ်လာတဲ့ ကောင်းကင်ပြာ အလင်းတန်းကို ကြည့်ရင်း “မဖြစ်ဘူး”လို့ အော်လိုက်ချင်တယ်။ ဒါပေမယ့် အသံ မထွက်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ခြေထောက် တဖက်က သူ့မျက်နှာပေါ်ကို တည့်တည့်ကြီး နင်းချ လိုက်တဲ့ အတွက် စကားသံ တစ်သံတောင် မထွက်နိုင်ခဲ့ဘူး။
“သေပေရော့။” ဆဋ္ဌမ အကြီးအကဲ သူ့တပည့်သား မြေပြင်မှာ အနင်းခံလိုက်ရတာ မြင်တော့ ချက်ခြင်း ခုန်ချ လာတော့တယ်။ အစိမ်းအဖြူ အလင်းတန်းတွေ ဝန်းရံနေတဲ့ ဓားကို ထုတ်ပြီးတော့ တောင်စောင်းကို ခုတ်ချ လိုက်တယ်။
အပိုင်း (၇၂၂) ပြီး၏။
အပိုင်း (၇၂၃)
“ရန်ရွှယ့် သူငယ်ချင်း။”
အဖြူနဲ့ အစိမ်း အလင်းတန်း နှစ်ခု ပေါင်းပြီးတော့ ထွက်ပေါ်လာတဲ့ ဓားအလင်းတန်းက အရမ်းကို မြန်တယ်။ အလင်းတန်း ကျလာတာနဲ့ ဆဋ္ဌမ အကြီးအကဲရဲ့ ဓားကလည်း ချက်ခြင်း ရောက်လာတော့တယ်။
“ဝုန်း။”
ကျယ်လောင်တဲ့ အသံကြီး တစ်ခုနဲ့အတူ အလင်းလွှာကြီး တစ်ခု တောင်ကုန်းပေါ်ကို ရောက်လာတယ်။ အလင်းတန်း နှစ်ခု ပေါင်းပြီးတော့ ခိုင်ခံတဲ့ နံရံကြီး တစ်ခု ဖြစ်လာတယ်။
“ငါသူ့ကို တားလိုက်တယ် မဟုတ်လား။”
“ငါထင်တာပဲ။”
တပည့်သားတွေ နံရံကြီးကို ကြည့်ရင်းနဲ့ စိတ်ရှုပ်ထွေးနေခဲ့တယ်။ ဒါပေမယ့် သူတို့တွေ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရတယ်။
ဘာကြောင့်လဲ ဆိုတော့ နံရံကြီး ပေါ်လာတာနဲ့ အထင်သေးတဲ့ အသံတစ်သံကို ကြားလိုက် ရလို့ပဲ။ “ဘာဖြစ်လို့ ဒီလို ခပ်မိုက်မိုက် ပုံစံ ဟန်ဆောင် နေတာလဲ။”
“ဟန်ဆောင်တဲ့လူ။” အထင်သေးတဲ့ အသံတသံ လေထဲမှာ ပျံ့နေခဲ့တယ်။
ဆဋ္ဌမ အကြီးအကဲနဲ့ တပည့်သားတွေ အမူအယာ ပြောင်းသွားကြတယ်။ သူတို့တွေ ဒီလို အပြောခံလိုက် ရတာကြောင့် ဒေါသ ထွက်လာကြတယ်။
ဒီနေရာမှာ စောင့်ကြပ်နေတဲ့ တပည့်သား ခြောက်ယောက်၊ ရောက်လာတဲ့ အကြီးအကဲ သုံးယောက်၊ အပြင် ရာချီတဲ့ တပည့်သားတွေ ရှိနေကြတယ်။ ဒီလောက် စစ်တပ်ကြီးက ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတဲ့ ဖန်ကျန်းရှီကိုတောင် မရပ်တန့် နိုင်ဘူးတဲ့လား။
အကယ်၍ ဒီသတင်းသာ အပြင်ကို ပေါက်ကြား သွားရင် ကောင်းကင် တာအို ခန်းမရဲ့ ဂုဏ်သတင်းက မြင့်မြတ် နယ်မြေမှာ ပျက်စီး သွားလိမ့်မယ်။
“ကောင်လေး။ မင်းဘယ်ကိုမှ ပြေးဖို့ မကြံနဲ့။” ဆဋ္ဌမ အကြီးအကဲရဲ့ မျက်နှာက ရှက်ရွံ့မှုကြောင့် ရဲရဲ နီနေခဲ့ပြီ။ တောင်စောင်းပေါ်ကို ခုန်ချလာရင်း သူပြောတယ်။ သူ့ရဲ့ သားရဲကောင်ကြီးကလည်း အလင်းတန်းလို အရှိန်နှုန်းနဲ့ ထိုးဆင်းလာခဲ့တယ်။
“လိုက်ဖမ်းစမ်း။”
“ဘာကိစ္စပဲ ရှိရှိ သူ့ကို အလွတ်မပေးနဲ့။”
“တောင်စောင်းကိုဆင်းစမ်း။”
ကောင်းကင် တာအို တပည့်သားတွေ အားလုံး ဆဋ္ဌမ အကြီးအကဲ နောက်ကို လိုက်တယ်။ အားလုံး တစ်ချိန်တည်းမှာ တောင်စောင်းကနေ ခုန်ချရင်း လေချွန်လိုက် ကြတယ်။
“ဝေါင်း။”
“ဝေါင်း။” မရေမတွက်နိုင်တဲ့ သားရဲကောင် အော်သံတွေ တောထဲကနေ ထွက်ပေါ်လာတယ်။ တောင်စောင်းအောက်နဲ့ ကောင်းကင်တာအို ခန်းမထဲကလည်း အသံတွေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် သတ္တဝါကြီးတွေ အမျာကြီး ကောင်းကင်မှာ ထွက်ပေါ် လာတော့တယ်။
“ဒီခွေးကောင် တကယ့်ကို ကိုင်တွယ်ဖို့ ခက်ခဲတာပဲ။” ဒုတိယ အကြီးအကဲ သက်ပြင်းချရင်းနဲ့ စတုတ္ထ အကြီးအကဲကို လှမ်းပြောတယ်။
“အမှန်ပဲ။ မိုးနတ် ရေကန်ကို ဖျက်စီးသွားတဲ့ ကောင်စုတ်ကို ငါတို့ ခွင့်လွှတ်လို့ မရဘူး။” စတုတ္ထ အာကီးအကဲ ခေါင်းငြိမ့်ရင်း ပြောတယ်။
“သူ့နောက်ကို လိုက်။ ထွက်မပြေးစေနဲ့။”
“ကောင်းပါပြီ။”
…
ဖန်ကျန်းရှီ သူအရမ်း လောကြီး သွားသလို ခံစားလိုက် မိတယ်။ ကောင်းကင် တာအို ခန်းမကနေ ဒီလို ထွက်လာ ရမယ်လို့ မထင်မှတ် ထားခဲ့ဘူး။ ပုံမှန် အစီအစဉ်မှာ ရတနာတွေ အများကြီးကို သယ်လာဖို့ တွေးထားခဲ့တယ်။ နှင်းလင်းယုန်ကြီး တစ်ကောင်ကို စီးပြီးတော့ လူသောင်းချီ ကြည့်နေတဲ့ အချိန်မှာ ထွက်ခွာ သွားမယ်လို့။ သူ့ကို လိုက်မပို့တဲ့ လူတွေကို ကောင်းကောင်းကြီး လက်ဝေ့ယမ်း ပြရင်း ထွက်သွားမယ်။
အခုတော့ သူ့နောက်ကို လိုက်နေတဲ့ လူတွေက သတ်ဖြတ်လိုစိတ် အပြည့်နဲ့။ ဘဝက တကယ့်ကို လှည့်ကွက်တွေ ပြည့်နေတာပဲ။ နောက်ဆုံး မျှော်လင့် ထားတဲ့ အချိန်မှာမှ အမြဲတမ်း အကြပ်အတည်း စိုက်တယ်။
ပြေးရမယ်။ အခုချိန်မှာ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ တောင်ခြေကို အမြန်ဆုံးနှုန်းနဲ့ ဆက်တိုက် ပြေးတယ်။ နည်းနည်းလေးတောင် အရှိန် မလျှော့ရဲဘူး။ အဖမ်းခံရရင်၊ လုံး၀ အသတ်ခံရလိမ့်မယ်။ ဒါကြောင့် တွေေ၀ နေစရာ မရှိဘူး။
တောင်စောင်းကနေ ခုန်ချ ပြီးတဲ့နောက် တောင်ခြေကို အမြန်ဆုံးနှုန်းနဲ့ ပြေးတော့တယ်။ဒီလို လုပ်နေတာတောင်မှ သူ့နောက်ကို ဆဋ္ဌမ အကြီးအကဲက နီးကပ် လာနေပြီ။ ခြေလှမ်း နှစ်ဆယ်ပဲ ကွာတော့တယ်။ သူ့သားရဲကောင်ရဲ့ အရှိန်နှုန်းကို ကျေးဇူး တင်ရမယ်။
“ဆဋ္ဌမ အကြီးအကဲ၊ လူတစ်ယောက်ကို နောက်ကျောက ဓားနဲ့ထိုးတာ လူကြီး လူကောင်း တစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူး။” ဖန်ကျန်းရှီ ဒေါသတကြီးနဲ့ အော်ဟစ်ရင်း တောင်ခြေကို စွတ်ပြေးတော့တယ်။
“ဟမ့်။ မင်းရဲ့ လှည့်ကွက်ထဲ ရောက်မယ်လို့ ထင်နေတာလား။ မင်း ဘယ်လောက်ပဲ မြန်အောင် ပြေးပြေး ငါ့တိုက်ခိုက် မှာကိုတော့ တားလို့ မရဘူး။” ဆဋ္ဌမ အကြီးအကဲ ပြောတယ်။
“သေလိုက်ပါတော့။ ဒီလူတွေ အားလုံးက ကောက်ကျစ်တဲ့ မြေခွေးအိုကြီးတွေ ချည်းပဲ။” ဖန်ကျန်းရှီ သူ့ကံတရားကို စမ်းသပ်ဖို့ ကြံစည်ခဲ့တယ်။ ဒါပေမယ့် ဆဋ္ဌမ အကြီးအကဲက သူ့လှည့်ကွက်ထဲ ရောက်လာမယ်လို့ ယုံကြည် မထား ခဲ့ပါဘူး။ ဒါပေမယ့် သူ့မှာ နောက်ထပ် လှည့်ကွက် မကျန်တော့ဘူးလို့ ပြောရင် လိမ်ရာ ရောက်လိမ့်မယ်။
သူ့မှာ ဗုံးတွေ ထုတ်သုံးဖို့ မကျန် တော့ပေမယ့်၊ ထျန်းရှင်းနဲ့ တိုက်ခိုက်တဲ့ အချိန်တုန်းက လက်နက်ပုန်းတွေ အားလုံးကို ပြန်သိမ်း လာခဲ့တယ်လေ။ အခုချိန်က ထုတ်သုံးဖို့ အချိန်ကောင်းပဲ။ လက်ကို ဝေ့ယမ်းလိုက်တယ်။ မရေမတွက်နိုင်တဲ့ သံတွေနဲ့ လက်နက်ပုန်းတွေက ကောင်းကင်က ဆဋ္ဌမ အကြီးအကဲဆီကို မီးရှူးမီးပန်း တွေလို ပျံသန်း သွားတော့တယ်။
“အရှက်မရှိတဲ့ ခွေးကောင်။” ဆဋ္ဌမ အကြီးအကဲ လန့်သွားပေမယ့် သူလုပ်နိုင်တာ ဘာမှ မရှိဘူးလေ။ ဖန်ကျန်းရှီကို သူ့ဆီ သံတွေ မပြစ်ဖို့ ပြောလို့မှ မရပဲ။
ဆဋ္ဌမ အကြီးအကဲ ဒီသံတွေကို ရှောင်ရတော့တယ်။ ဒီသံတွေက သူ့ကို မထိခိုက် နိုင်ပေမယ့် ဒီသံတွေကို ဖယ်ရှားဖို့ သူ့ဓားကို သုံးလိုက်ရင် အရှိန်လျော့ရမှာကို သိတယ်လေ။ သံတွေကို ခုန်ရှောင်ရင်းနဲ့ လက်နက်ပုန်းတွေကို အလွယ်တကူ ဖယ်ရှားနေတယ်။ ဒါပေမယ့် သူ့နောက်မှာ ပါတဲ့ တပည့်သား တွေကတော့ သူ့လောက် အခြေအနေ မကောင်းလှဘူး။ အထူးသဖြင့် သူတို့ရဲ့ သားရဲကောင်တွေ။
“ဝေါင်း။”
“အိုက်ယား။ အဲ့တာ ဘာတွေလဲ။”
“သတိထား။ လက်နက်ပုန်းတွေ။”
“ဝေါင်း။”
တပည့်သားတွေနဲ့ သူတို့ရဲ့ သားရဲကောင်တွေ သံပြိုင် အော်နေ ခဲ့ကြတယ်။ အောက်ဘက်လမ်းက အနိမ့် အမြင့်တွေ ပြည့်နေတယ်။ သူတို့ရဲ့ အသက်တွေလိုပဲ။
“ကောင်းကောင်း အလုပ်ဖြစ်သား။” ရလဒ်ကြောင့် ဖန်ကျန်းရှီ ပျော်နေခဲ့တယ်။ ဒီတော့ နောက်ထပ် လက်နက်ပုန်းတွေ ထပ်ပြီး ပြစ်လွှတ်တော့တယ်။ ဒီလက်နက်ပုန်းတွေကို သူလုပ်တဲ့ အချိန်တုန်းက ဝူယွဲ့အာ အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ခဲ့တယ်။ သူမကို အမြင်မကျယ်တဲ့ လူတစ်ယောက်လို့သာ အပြစ်တင်နိုင်တယ်။
ဝူယွဲ့အာနဲ့ တခြားသူတွေက ပြောခဲ့တယ်။ ဒီသံတွေက အင်အားကြီးလွန်းတဲ့ ထျန်းရှင်းလို လူနဲ့ ရင်ဆိုင်တဲ့ အချိန်မှာ အသုံး မဝင်ဘူး။ အချိန်ဆွဲတဲ့ နေရာမှာပဲ ကောင်းတယ်တဲ့။ ဒါပေမယ့် အထူး အခြေအနေမျိုးမှာ။ သူထွက်ပြေးရမယ့် အချိန်မျိုးမှာ ဒီသံနဲ့ လက်နက်ပုန်းတွေက သူ့အသက်ကို ကယ်တင်နိုင်တယ်။
ဒီလို ပစ္စည်းမျိုးက (များများ သိမ်းထားလေ ပိုအသုံး ဝင်လေပဲ။)
…
ဖန်ကျန်းရှီရဲ့ သံတွေကို ကျေးဇူး တင်ရမယ်။ ဆဋ္ဌမ အကြီးအကဲ နောက်ထပ် ကပ်မလာ နိုင်တော့ဘူး။ နောက်ကနေပဲ လိုက်လာရတယ်။ သူ့နောက်က တပည့်သားတွေကတော့ အဖြစ် ပိုဆိုးကြတယ်။ အများစုက လက်နက်ပုန်းတွေ ထိမှန် ကြပြီးတော့ အားနည်းတဲ့ တပည့်သားတွေကတော့ ပြုတ်ကျ ကျတယ်။
သားရဲကောင်တွေ ကတော့ အထိ အခိုက် အများဆုံးပဲ။ သူတို့တွေက ကြီးမားတော့ မြန်မြန် မရှောင်တိမး နိုင်ကြဘူး။ သားရဲကောင်တွေ အတော်များများ သွေးထွက်သံယို ဖြစ်နေကြတယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။“
“ဖန်ကျန်းရှီ။ မင်းကို သတ်ဖြစ်အောင် သတ်မယ်လို့ ငါကျန်ဆိုတယ်။”
“အာ့ယိုး။”
တပည့်သားတွေ နာကျင်မှု အပြည့်၊ ဒေါသတကြီးနဲ့ အော်ကြတော့တယ်။ ဒါပေမယ့် သူတို့ အားလုံး အတော့်ကို စိတ်တို နေကြတယ်။ ဖန်ကျန်းရှီက သူတို့ကို ဂရု မစိုက်ဘူး။ အမှန်အတိုင်း ပြောရရင်၊ သူက အပြစ်ပေး ခံရရင် သေဒဏ်ကျမှာ။ ဒီတော့ များများ ပိုပြီးတော့ ထိခိုက်အောင် လုပ်ရလည်း ကိစ္စ မရှိဘူး။
တောင်စောင်း အောက်ကို ရောက်တဲ့ အထိ သံတွေနဲ့ လက်နက်ပုန်းတွေကို မရပ်တန့် ခဲ့ဘူး။ နောက်ဆုံးမှာတော့ သူ့မျက်စိ ရှေ့မှာ နှင်းလို ဆွတ်ဆွတ် ဖြူနေတဲ့ နေရာလေး တစ်ခု ပေါ်လာခဲ့တယ်။ တဲလေး ငါးလုံးလည်း ရှိနေတယ်။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပ လာတော့တယ်။
“ရန်ရွှယ် ပြေး။” ပုံမှန် အခြေအနေမျိုးမှာ ရန်ရွှယ်က ရေကန်ဘေးမှာ စာဖတ်နေမှာ။ ဒါပေမယ့် ဖန်ကျန်းရှီ သေချာ သိချင်တယ်။ တစ်ခုခု လွဲသွားရင် အခြေအနေကို ဖန်တီးလို့ ရအောင် လုပ်ရမယ်။ ရန်ရွှယ်သာ ပုံမှန်အတိုင်း မလုပ်ပဲ သစ်သား အိမ်ထဲမှာ အိပ်နေရင် ပြဿနာ ဖြစ်လိမ့်မယ်။
ဒီတော့ တတ်နိုင်သလောက် ကျယ်ကျယ်လောင်လောင် အော်လိုက်တယ်။ ဒါပေမယ့် တဲထဲက တုံ့ပြန်မှု မရှိဘူး။ ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်သက်သာ ရာရသွားတယ်။ အကယ်၍ ရန်ရွှယ်သာ သစ်သား အိမ်ထဲမှာ ရှိမနေရင်၊ ရေကန်ဘေးမှာ စာဖတ် နေမှာပဲ။ ဒါဆိုရင် လွတ်ဖို့ နည်းနည်းလေး ပိုလွယ်လိမ့်မယ်။
တကယ်တော့ ဖန်ကျန်းရှီလည်း ကောင်းကင် တာအို ခန်းမကနေ ဒီလို ပုံစံ မထွက်ချင်ဘူး။ ရန်ရွှယ် အခြေအနေက နည်းနည်း ထူးခြားတယ်။ လက်ရှိ အချိန်မှာ ရန်ရွှယ်က သာမာန်လူ တစ်ယောက်နဲ့ မခြားနားဘူး။
ဒါပေါ့။ သူ့ရဲ့ ခန္ဒာကိုယ်က သန်မာပေမယ့်၊ အတွင်း စွမ်းအားကိုတော့ ချိတ်ပိတ် ခံထားရတယ်။ ချီကူယန်ကြောင့် ရန်ရွှယ်က တည်ငြိမ်တဲ့ အခြေအနေကို ပြန်ရောက် သွားခဲ့တာပဲ။ အစကတော့ တကယ့်ကို နတ်သက်ကြွေ အဇူရာ ဖြစ်တော့မလို့။ ပုံမှန် အတိုင်းဆိုရင် သူ့ကို ကယ်နိုင်ဖို့ နည်းလမ်း မရှိဘူး။ သတ်ဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။ ချီကူယန်တောင် နတ်သက်ကြွေ အဇူရာ ဝါးမျိုးတာကို အပြီးတိုင် မဖယ်ထုတ် နိုင်ဘူး။
သူ့ကို ယာယီပဲ တားဆီးနိုင်တယ်။ နတ်သက်ကြွေ အဇူရာနဲ့ သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲက စွမ်းအား အရင်းအမြစ်ကို ချိတ်ပိတ် ထားတာကြောင့် ရန်ရွှယ်လည်း သူ့ခန္ဒာကိုယ်ထဲက အန္တရာယ်ကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်တယ်။ ဒါက ၃လကနေ နှစ်ဝက်အထိ ကြာနိုင်တယ်။
ဖန်ကျန်းရှီလည်း ဒီရလဒ်ကို လက်ခံတယ်။ သူလုံး၀ ပြန်ကောင်းလာဖို့ နှစ်ဝက်ပဲ ကြာမှာလေ။ ဒါပေမယ့် ရန်ရွှယ်ကတော့ စိတ်ပူနေတယ်။ ရေကန်ဘေးမှာ တစ်နေ့လုံး စာသွားဖတ်နေ တတ်တယ်။
တစ်ခါက ရန်ရွှယ် ပြောဖူးတယ်။ “သုံးလ အချိန်က တကယ်တော့ အရမ်း တိုတောင်းတယ်။”
ဒီသုံးလက ဖန်ကျန်းရှီရဲ့ ကျန်ရစ်တဲ့ ဘ၀ သက်တမ်း ဖြစ်နေသလို။ ရန်ရွှယ်ကလည်း သူ့ကိုယ်သူ သုံးလ အတွင်း ပြန်ကောင်းဖို့ ရည်မှန်းချက် ထားပြီး ကြိုးစား နေခဲ့တယ်။
…
အဖြူရောင် နေရာနဲ့ ခြေလှမ်း ၂၀ အကွာလောက်မှာ ဖန်ကျန်းရှီ လှုပ်ရှားတယ်။ တောင်စောင်းကို အားအကုန်လုံး သုံးပြီးတော့ အားပြုလိုက်တယ်။ သူ့ရဲ့ လှုပ်ရှားမှု ဦးတည်တာကို ပြောင်းလိုက်တယ်။ အောက်ကို ဆင်းနေ ရာကနေ အပေါ်ကို ပြန်တက်တယ်။ ဆဋ္ဌမ အကြီးအကဲ ဒါကို မြင်တော့ အံကြိတ်ရင်း ချက်ခြင်း ပြန်လှည့်တယ်။ ဒါပေမယ့် သူ့ ဦးတည်ရာကို မပြောင်းနိုင်ခင် အချိန်မှာ တောက်ပနေတဲ့ သံတွေက သူ့မျက်နှာကို ဦးတည် လာနေခဲ့ပြီ။
“သေစမ်း။” ဆဋ္ဌမ အကြီးအကဲ နေရာ ပြောင်းတာ လမ်းတဝက်ပဲ ရှိသေးတယ်။ ဒီတော့ သံတွေကို ကောင်းကောင်း မရှောင်နိုင်ခဲ့ဘူး။ ရွေးစရာ မရှိပဲ သံတွေကို ဓားနဲ့ ခုတ်ချ ရတော့တယ်။
“ဝုန်း ဝုန်းဝုန်း။”
ဒီအချိန်မှာ ဖန်ကျန်းရှီကတော့ သစ်တောထဲကို ဝင်သွားခဲ့ပြီ။ အဲ့ဒီ့နောက် တောထဲကို ဝင်တဲ့ လမ်းမှာ သစ်ပင်ကြီး တစ်ပင် ပေါ်လာခဲ့တယ်။
“သူ့အရှိန်နှုန်း။” ဆဋ္ဌမ အကြီးအကဲ အံ့သြ နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ရပ်တန့် လိုက်တဲ့ အချိန်မှာ အရှိန်လျော့ သွားမယ်လို့ သူထင်ခဲ့မိ လို့ပဲ။ ဒါပေမယ့် အခုတော့ သူက ပိုမြန်နေတယ်။ အခုမှပဲ အံ့ဖွယ် တောအုပ်ထဲကနေ ဖန်ကျန်းရှီ တစ်နာရီ အတွင်း ထွက်လာ နိုင်တာကို နားလည်တော့တယ်။
ဒေါသ တကြီးနဲ့ အံကြိတ် မိလိုက်တယ်။
ဒါပေမယ့် စိတ်ချမ်းသာစရာ တစ်ခုကိုတော့ ကြုံရပြန်တယ်။ တောထဲ ရောက်တဲ့ အချိန်မှာ ဖန်ကျန်းရှီက တိုးတိုး တိတ်တိတ် မနေဘူး။ အဆုတ်ကွဲမတတ် အော်နေခဲ့တယ်။ “ရန်ရွှယ်။ ရန်ရွှယ် ပြေးတော့။ ရန်ရွှယ်။” သူအော်တာကို ကျေးဇူး တင်ရမယ်။ ဆဋ္ဌမ အကြီးအကဲ သူ့နေရာကို ခက်ခက်ခဲခဲ ရှာစရာ မလိုတော့ဘူး။
“သေခါနီး ဖြစ်နေပြီးတော့ ရန်ရွှယ်နဲ့ အတူတူ ထွက်ပြေးနိုင်မယ် ထင်နေတာလား။ ဒီမှာပဲ သေချင် နေလို့လား။” ဆဋ္ဌမ အကြီးအကဲ ဓားကို ဝေ့ယမ်းလိုက်တယ်။
“ဝုန်း။”
အသံကျယ်ကြီးနဲ့ အတူ၊ သူ့လမ်းမှာ ရှိနေတဲ့ သစ်ပင်ကြီး နှစ်ပိုင်း ကွဲသွားတယ်။ ဖန်ကျန်းရှီကတော့ ဘာကိုမှ စိတ်ပူ မနေဘူး။ ရေကန်နားကို ပတ်ပြေးနေတဲ့ အချိန် မြေပြင် တစ်ခုလုံးမှာ သံတွေကို နေရာ အနှံ့ ချထားခဲ့တယ်။
ရေကန်နားက ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ အသံကို ကြားတော့ လှည့်ကြည့်တယ်။ ဒါပေမယ့် မြန်မြန် မတုံ့ပြန်ဘူး။ သူ့နောက်မှာ ဝတ်ရုံနက် တစ်ယောက် ရပ်နေတယ်လေ။ ပြီးတော့ အဲ့ဒီ့လူက သူ့မျက်နှာကိုလည်း ဖုံးထား သေးတယ်။
“နောက်ဆုံးတော့ ထွက်လာပြီပေါ့။” ရန်ရွှယ် ပြောတယ်။
“ဟဟား။ ရန်ရွှယ် မင်းက အခုဆို သာမာန်လူပဲ။ ငါ့ကို ဖမ်းမိသလို ဘာဖြစ်လို့ ဟန်ဆောင် နေမှာလဲ။” ဝတ်ရုံနက်က ရန်ရွှယ်ကို လှောင်ရယ်တယ်။
“ဘာလို ချင်လို့လဲ။” ရန်ရွှယ် နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်တယ်။ ဒါပေမယ့် သူ့အမူအယာကတော့ ကန်ရေပြင်လို တည်ငြိမ် နေခဲ့တယ်။
“ကောင်းပြီလေ။ ငါမင်းကို သတ်စရာ မလိုဘူး။ မင်းက ဖန်ကျန်းရှီရဲ့ သူငယ်ချင်းလို့ ကြားတယ်။”
“ငါ့ကို ဓားစာခံ လုပ်မလို့လား။”
“ဟုတ်တယ်။ ငါကြားတာတော့ မင်းတို့တွေက အရမ်း ရင်းနှီးတယ် ဆိုတာပဲ။ နောက်ပြီးတော့ အဲ့ဒီ စကား။ မှတ်မိပြီ။ (ငါတလောကလုံးက လူတွေကို ကျောခိုင်းနိုင်တယ်။ ဒါပေမယ့် သူ့ကိုတော့ ဘယ်တော့မှ လက်မလွှတ်ဘူး။ ဟုတ်တယ်ဟုတ်။) ဒီနေ့တော့ ငါကိုယ်တိုင် မြင်ရတော့မယ်။ သူက မင်းကို ရွေးမလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ကယ်မလား ဆိုတာ။” ဝတ်ရုံနက် ခေါင်းငြိမ့်ရင်း ပြောတယ်။
“ကြည့်ရတာ မင်းဘဝမှာ သူငယ်ချင်း မရှိတဲ့ ပုံပဲ။”
“မင်းဘာပြော ချင်တာလဲ။”
“မင်းမှာသာ သူငယ်ချင်း ရှိရင်။ ငါက သူ့ကို ဒီလို ရွေးချယ်တာမျိုး မလုပ်ခိုင်းမှန်း သိသင့်တယ်။” ရန်ရွှယ် ပြောရင်းနဲ့ ညာလက်ကို မြှောက်ပြီးတော့ သူ့ခေါင်းသူ ရိုက်ချလိုက်တယ်။
အပိုင်း (၇၂၃) ပြီး၏။
အပိုင်း (၇၂၄)
“အရှုပ်အထွေးတွေ စဖြစ်ပြီ။ သွေးနဲ့ စတေး။”
…
အဝေးက တလက်လက် တောက်နေတဲ့ ရေကန်ကို ကြည့်ရင်း ဖန်ကျန်းရှီ ပဟေဠိ ဖြစ်နေခဲ့တယ်။ ပုံမှန် အတိုင်းဆိုရင် ရန်ရွှယ်က သူ့အနားကို ရောက်နေလောက်ပြီ။ ဒါပေမယ့် အခုတော့ ရန်ရွှယ်က သူ့ကို ပြန်မဖြေဘူး။ ထွက်လည်း မလာဘူး။
“တစ်ခုခု လွဲနေပြီ။”
“ဒီမှာ တစ်ခုခု ဖြစ်သွားတယ်။”
“ရန်ရွှယ်က ငါ့ကို လျစ်လျူရှု ထားမှာ မဟုတ်ဘူး။ သူတခုခု ဖြစ်နေတာလား။”
ဖန်ကျန်းရှီ မြန်မြန် စဉ်းစားနေတယ်။ ဒါပေမယ့် လူကတော့ အရှိန်မလျော့ဘူး။ ကောင်းကင် တာအို ခန်းမကလူတွေ သူ့နောက်ကို လိုက်လာနေတာ သိတယ်လေ။ နောက်ပြီးတော့ ရန်ရွှယ့် ဆီမှာ မကောင်းတဲ့ ကိစ္စ ဖြစ်နေရင် သူ ကူညီမှ ဖြစ်မယ်။
“နီးလာပြီ။ ငါရောက်တော့မယ်။”
ရေကန်နားကို ရောက်ခါနီးလာတာနဲ့ ပိုပြီးတော့ စိုးရိမ် လာတော့တယ်။
“ရန်ရွှယ် မင်းဘယ်မှာလဲ။” ဖန်ကျန်းရှီ တွေ့တော့မယ်လို့ ထင်လိုက်တဲ့ အချိန်မှာပဲ လှုပ်ရှားမှု တစ်ခုကို ခံစား လိုက်ရတယ်။ အသံခပ်တိုးတိုး တစ်ခု။ အကယ်၍ သူသာ ငယ်ငယ်တည်းက တောထဲမှာ အမဲလိုက် ခဲ့တာ မဟုတ်ရင် ဒါကို သတိထား မိမှာ မဟုတ်ဘူး။ သစ်တော အသံတွေကို ခွဲခြားရတာ သူ့အတွက် အရမ်းကို လွယ်ကူတယ်။ အသံ ကြားတဲ့ အချိန်မှာပဲ၊ သူ့ရဲ့ ဘယ်ဘက် ခြုံပုတ်ကနေ အနက်ရောင် လူတစ်ယောက် ခုန်ထွက်လာတယ်။ သူ့အရှိန်က အရမ်းကို မြန်လွန်းတယ်။
“တကယ်ပဲ ခြုံခို တိုက်တာလား။” ဖန်ကျန်းရှီ ခန့်မှန်း ထားပေမယ့် ဝတ်ရုံနက်ကို မြင်တဲ့ အချိန် အခြေအနေက ပိုခက်ခဲမှာကို သူနားလည် သွားတယ်။ ချက်ခြင်း လက်တဆုပ် အပြည့် သံတွေကို အဲ့ဒီ့ လူဆီ ပြစ်လွှတ်လိုက်တယ်။
“ဟမ့်။” လူကြီးက ဖန်ကျန်းရှီရဲ့ တုံ့ပြန်မှုကြောင့် အံ့သြ သွားခဲ့တယ်။ သူ့ဆီကို လာနေတဲ့ ငွေရောင် အလင်းတန်းတွေကို ရှောင်လိုက်တယ်။ သူသေချာ ကြည့်လိုက်တဲ့ အချိန်မှာ ဒါတွေက သံတွေဆိုတာ သိလိုက်တယ်။ ဒီလို လက်နက်ပုန်းမျိုးက မြင့်မြတ် နယ်မြေမှာ အတော်လေး ရှားတယ်။
“ကောင်လေး မင်းဘယ်ကိုမှ မပြေးနဲ့တော့။” ဖန်ကျန်းရှီ နောက်ကို လိုက်ဖမ်းနေတဲ့ လူကြီးရဲ့ မျက်နှာက ရဲရဲနီ နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့ကို အာရုံစိုက်ဖို့ စိတ်ကူး မရှိဘူး။ ရန်ရွှယ့် လုံခြုံရေးကိုသာ စဉ်းစား နေခဲ့တယ်။ ဒီဝတ်ရုံနက်လူ သူ့ကို တိုက်ခိုက်လိုက်တော့ ပိုပြီးတော့ စိုးရိမ် လာခဲ့တယ်။
ရန်ရွှယ်က အခုချိန်မှာ သာမာန်လူလိုပဲလေ။ ဒါပေမယ့် အလစ်ဝင်တိုက်တာက မရိုးရှင်းဘူး။ ပထမလူရဲ့ တိုက်ခိုက်တာကို ပြန်တုံ့ပြန်ပြီး ထွက်ပြေးတဲ့ အချိန်မှာပဲ ဘယ်ညာ နှစ်ဖက်ကနေ လူကြီးနှစ်ယောက် ထွက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခေါင်းပေါ်ကနေ အေးစက်စက် အငွေ့အသက်တွေကို ခံစား လိုက်ရတယ်။ သစ်ပင်တွေပေါ်မှာ လူတစ်ယောက် ရှိနေတယ်ဆိုတာ ကြည့်စရာတောင် မလိုဘူး။
“လေးယောက်တောင် ရှိနေတာလား။” ဖန်ကျန်းှရီ လန့်သွားတယ်။ သူ့ကို တိုက်ခိုက်တဲ့ သူတွေက အားမနည်းတာကို သိတယ်။ ရန်ရွှယ် သူ့ကို ပြန်မဖြေတာကြောင့် သတိကြီးကြီး ထားတာကြောင့်သာ မဟုတ်ရင်၊ လက်ထဲမှာ သံတွေ အဆင်သင့် ရှိမနေခဲ့ရင် ချက်ခြင်း တိုက်ခိုက် ခံရ လောက်တယ်။
သုံးယောက်ပေါင်း တိုက်ခိုက်တာကို သူခုန်မရှောင်နိုင်ဘူး။ သူ့ စိတ်ကို မပြင်ဆင်ထားလို့ မဟုတ်ခဲ့ဘူး။ သူ့အင်အား ကြောင့်ပဲ။ ဒီသုံးယောက် တိုက်ခိုက်တာကို ခုခံဖို့ သူက အားနည်းလွန်းနေတယ်။ ဒီလူတွေက အရမ်း မြန်လွန်းတယ်။
“ဝုန်း။” အသံကျယ်ကြီး တစ်ခုနဲ့ အတူ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။ ခေါင်းပေါ်က ဓားကို ရှောင်နိုင်ပေမယ့် ရှေ့က လက်ဝါး တွေကိုတော့ မရှောင်နိုင် ခဲ့ဘူး။ ပြင်းထန်တဲ့ အင်အားကြီးက သူ့ရင်ဘတ်ကို လာတိုက်တယ်။ သူလွင့်ထွက် သွားတော့တယ်။ တစ်ချိန်တည်းမှာပဲ နောက်ကျောကနေ အင်အားကြီး တစ်ခု ဝင်လာတယ်။ ဒါက သူ့ကို ခြုံခို တိုက်ခိုက်တဲ့ ပထမလူ ဆိုတာ သေချာတယ်။
“ဖူး။” ရှေ့နောက် ညပ်တိုက် ခံလိုက် ရပြီးတဲ့နောက် ဖန်ကျန်းရှီ သွေးအန်တော့တယ်။ စိတ်ကိုသာ ထိန်းချုပ် မထားရင် လဲကျ သွားနိုင်တယ်။
“ဒီလို ပြန်လည် မွေးဖွားမှု အဆင့် ကလေး တစ်ယောက်ကို တိုက်ခိုက်ဖို့ ငါတို့ လေးယောက် အင်အား ပေါင်းရမယ်လို့ ထင်မထား မိဘူး။ အံ့သြ စရာ ကောင်းလိုက်တာ။” ဝတ်ရုံနက် တစ်ယောက် ပြောတယ်။
“တကယ်တော့ သူလဲကျ မသွားတာကမှ အံ့သြစရာ အကောင်းဆုံးပဲ။” နောက်ထပ် ဝတ်ရုံနက် တစ်ယောက် ပြောတယ်။
“ပြန်လည် မွေးဖွားမှု အဆင့်ကလေး။ ငါတို့ လေးယောက် ပေါင်းတိုက်ရတယ်။ သူတို့တွေက သုခမိန်တွေလား။” သူတို့ ပြောနေတဲ့ စကားတွေကြောင့် ဖန်ကျန်းရှီ နားလည်သွားတယ်။ သုခမိန်တွေပဲ ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်လို ဒီလို လေသံနဲ့ ပြောနိုင်တာ။
သုခမိန် လေးယောက်က ကောင်းကင် တာအို ခန်းမ အောက်ခြေမှာ တစ်ချိန်တည်း ပေါ်လာတယ်။ ဖန်ကျန်းရှီ စိတ်မထိန်းနိုင်အောင် လန့်သွားမိတယ်။ ကောင်းကင် တာအို ခန်းမမှာ တုန်းက မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုရဲ့ အင်အားတွေကို သူတွက်ချက် နိုင်ခဲ့တယ်။ ကောင်းကင် တာအို ခန်းမမှာ ခန်းမခေါင်းဆောင် တစ်ယောက်၊ အကြီးအကဲ ၇ယောက်နဲ့ သုခမိန် အဆင့် တပည့်သားတွေ ဒါဇင်ချီပြီး ရှိတယ်။ ပြောရရင် သုခမိန် အယောက် ၂၀ ဝန်းကျင်ရှိတယ်။ တခြား မျိုးနွယ်စု လေးခုမှာလည်း အတူတူ လောက်ပဲ။
ဒီတော့ မြင့်မြတ် နယ်မြေက မျိုးနွယ်စု ငါးခု ပေါင်းလိုက်ရင် သုခမိန် အယောက် ၁၀၀ ရှိနိုင်မယ်။ အရမ်းလည်း မနည်းဘူး။ အရမ်းလည်း မများဘူး။ လူတစ်ယောက်သာ သုခမိန် အဆင့်ကို ဝင်နိုင်ရင် သူ့ရဲ့ သက်တမ်းကလည်း နှစ်တစ်ရာ အထက်ကို ကျော်နိုင်လိမ့်မယ်။ မြင့်မြတ် နယ်မြေမှာ သုခမိန် ၁၀၀ ကျော်ရှိနေတာ အံ့သြ စရာ မဟုတ်ဘူး။
မေးခွန်း တစ်ခုကတော့ မဖြေရှင်း နိုင်ပဲ ကျန်နေသေးတယ်။ “ခန်းမကြီး တစ်ခု၊ သုခမိန် လေးယောက်၊ ကျောင်းတော် ၁၃ခု” အဆင့်အရဆိုရင် ကောင်းကင် တာအို ခန်းမက သုခမိန် လေးယောက်ထက် အဆင့်မြင့်တယ်။ ပိုပြီးတော့ အင်အားကြီးတယ်။
ဒါပေမယ့် ကောင်းကင်တာအို ခန်းမ ရှိနေမှတော့ ဘာဖြစ်လို့ သုခမိန် လေးယောက်ကို လိုအုန်းမှာလဲ။ ဒီသုခမိန် လေးယောက်က တောင်ပိုင်းဒေသ တိုက်ပွဲမှာလည်း ဝင်မပါဘူး။ နိုင်ငံတွေကြားက တိုက်ပွဲမှာ သုခမိန်တွေ ပါလို့ မရရင်၊ ရန်ချန်လိက ဘာဖြစ်လို့ ဝင်ပါ ရတာလဲ။ ဒါက ခေါင်းခြောက်စရာ ကိစ္စပဲ။
ဒါပေါ့။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ဝူယွဲ့အာကို ဖန်ကျန်းရှီ မေးခဲ့တယ်။ ဒါပေမယ့် သူ့မေးခွန်းကို တိုက်ရိုက် မဖြေဘူး။ မြင့်မြတ် နယ်မြေကို ဝင်ရင် သိရမယ်လို့ပဲ ပြောတယ်။ အခုတော့ ဖန်ကျန်းရှီ မြင့်မြတ် နယ်မြေကို ဝင်ခဲ့တာ တစ်လကျော် နေပြီ။ ကောင်းကင် တာအို ခန်းမ စာကြည့်တိုက်ထဲက စာအုပ်တွေ အားလုံး နီးပါးကိုလည်း ဖတ်ပြီးပြီ။ ဒါပေမယ့် အဖြေ မရှာနိုင်သေးဘူး။
အခုက ဒါတွေကို တွေးတောဖို့ အချိန် မဟုတ်ဘူး။ သူ့ဘေးမှာ ရှိတဲ့ သုခမိန် လေးယောက်က သူ့ကို သတ်မှာ အသေအချာပဲ။ ကောင်းကင် တာအို ခန်းမက ထောင်ချောက် ဆင်တာလား။ မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီ ချက်ခြင်း အကြံထုတ်တယ်။ သူကိုယ်တိုင်တောင် မိုးနတ်ရေကန်မှာ ဖြစ်လာမှာကို မသိခဲ့တာ၊ ကောင်းကင် တာအို ခန်းမက ဘယ်လိုလုပ် ကြိုတင် အကွက်ဆင် နိုင်မှာလဲ။
ဒီတော့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတော့တယ်။ ချီကူယန် ခန့်မှန်း ထားတဲ့ အတိုင်း၊ တောင်စဉ် ကိုးသွယ်နဲ့ ယင်ယန် ခန်းမက လူတွေ ရောက်လာတာပဲ။
“သူတို့တွေက တောင်စဉ် ကိုးသွယ်နဲ့ ယင်ယန် ခန်းမကလာတာလား။”
“မျိုးနွယ်စု နှစ်ခုလုံးက သူတို့ လူတွေကို ပို့တာလား။”
ဖန်ကျန်းရှှီ ခန့်မှန်း နေတာကို ရပ်လိုက်တယ်။ သူတို့တွေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပြီ။ သူ့နောက်မှာ ကောင်းကင် တာအို ခန်းမက လူတွေ လိုက်နေတယ်။ ရှေ့မှာလည်း ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ် ရှိတယ်။ ပုံမှန် အခြေအနေမျိုးမှာ အသက်ရှင်လျက် လွတ်လမ်း ရှိမှာ မဟုတ်ဘူး။
“ဒါက ကံတရားလား။” ဖန်ကျန်းရှီ ဒီလို ဆိုးဝါးတဲ့ ကံတရားကိုသာ ကြိုမြင်ခဲ့ရင် ကောင်းကင် တာအို ခန်းမမှာ ဒီလောက် အလောတကြီး လုပ်ခဲ့မိမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်ရက်တုန်းက ဒါတွေကို သေချာ မသိခဲ့ဘူး။ အခုတော့ အရာအားလုံးက ကံတရား သတ်မှတ် ထားတယ် ဆိုတာကို နားလည် သွားပြီ။
သူသာ ကောင်းကင် တာအို ခန်းမကို ဝင်ဖို့ အတွက် ရွေးချယ်ခဲ့ရင်၊ တောင်စဉ် ကိုးသွယ်နဲ့ ကောင်းကင် တာအို ခန်းမလည်း စစ်ဖြစ်လိမ့်မယ်။ သူက ဘာပြဿနာမှ မဖန်တီး ခဲ့ရင်တောင် နန်ကုန်းဟောင်ကတော့ သူ့နည်းလမ်းနဲ့သူ စစ်မီးကို မွှေးသွားခဲ့ပြီ။
သူတို့ နှစ်ယောက် လုပ်တာတွေက လုပ်ရပ်ပဲ ကွာတယ်။ ရလဒ်ကတော့ အတူတူပဲ။ သူ့ကံတရားကို မရှောင်နိုင်တော့လည်း တိုက်ခိုက် ရတာပေါ့။ ပြဿနာကတော့ ကံတရားက တိုက်ခိုက်ဖို့ ခက်ခဲလွန်း နေတယ်။
“ဆဋ္ဌမ အကြီးအကဲ။ ဒုတိယ အကြီးအကဲ၊ စတုတ္ထ အကြီးအကဲ။ ကောင်းကင်တာအို ခန်းမ တောင်ခြေမှာ ပုန်းနေတဲ့ ရန်သူတွေကို ကျွန်တော် တွေ့ထားတယ် မြန်မြန်လာ။” ဖန်ကျန်းရှီ အော်ဟစ်တယ်။
“အမ်။” ဝတ်ရုံနက် လေးယောက် မျက်လုံး ပြူးကုန်တယ်။ “ကောင်လေး။ မင်းက ငါတို့ကို လှည့်စား ချင်နေတာလား။ ဒီမှာ ဘယ်လိုလုပ် ကောင်းကင် တာအို အကြီးအကဲတွေရှိ။ ဘာ။”
သူ့စကားတောင် မဆုံးသေးဘူး။ ဝရုန်းသုန်းကား အုပ်စုကြီး ရောက်လာတော့တယ်။ ရာချီတဲ့ ကောင်းကင် တာအို တပည့်သားတွေနဲ့ အတူ ဆဋ္ဌမ အကြီးအကဲ သူတို့ မြင်ကွင်းထဲကို ရောက်လာကြတယ်။ သူတို့ အပြင် ကောင်းကင်မှာလည်း လူနှစ်ယောက် ရှိနေသေးတယ်။ သားရဲကောင်တွေပေါ်မှာ ရပ်တေနဲ့ အကြီးအကဲ နှစ်ယောက်။
တပ်မဟာကြီးက သူတို့တွေကို အထိတ်တလန့် ဖြစ်စေတယ်။ ဒီလိုမျိုး အားလုံး တပြိုင်နက် တကယ်ပဲ ရောက်လာတာလား။ ဝတ်ရုံနက် လေးယောက် အံ့သြ နေခဲ့တယ်။ ဖြတ်သွား ဖြတ်လာတွေတောင် ဒီလောက် မများနိုင်ဘူး။ အကြီးအကဲတွေလည်း ဝတ်ရုံနက် လေးယောက်ကို မြင်တော့ အံ့သြ နေတယ်။ ဖန်ကျန်းရှီ ပြောတာကြောင့် အံ့သြတာ မဟုတ်ဘူး။ ကောင်းကင် တာအို ခန်းမ တောင်ခြေမှာ တကယ်ပဲ ရန်သူတွေ ပုန်းနေတာကို မြင်လိုက် ရလို့ပဲ။
“မင်းတို့တွေက ဘယ်သူတွေလဲ။” ဆဋ္ဌမ အကြီးအကဲ မေးတယ်။ ဝတ်ရုံနက်တွေက မျက်နှာကို ဖုံးအုပ်ထား ကြတယ်လေ။ ဝတ်ရုံနက်လေးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်တယ်။ သူတို့ထဲက လူတစ်ယောက် ရှေ့ထွက်လာတယ်။
“ကောင်းကင် တာအို ခန်းမရဲ့ ဆဋ္ဌမ အကြီးအကဲကို ဂါရ၀ ပြုပါတယ်။ ကျွန်တော်တို့က ဘယ်သူမှ မဟုတ်ပါဘူး။ ဖန်ကျန်းရှီနဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စ ရှင်းစရာ ရှိသူတွေပါ။ ကျွန်တော်တို့ သိထားသလောက် ဖန်ကျန်းရှီက ကောင်ကင် တာအို ခန်းမရဲ့ တပည့်သား မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ကောင်းကင် တာအို ခန်းမရဲ့ ရန်သူတွေ မဟုတ်ပါဘူး။ ဒါက အထင်လွဲတာပါ။”
“အထင်လွဲတယ်။ မင်းတို့ကောင်တွေ ဘာကိစ္စပဲ ရှိရှိ ငါဂရု မစိုက်ဘူး။ ဖန်ကျန်းရှီကို ကောင်းကင် တာအို ခန်းမဆီ ပြန်ခေါ် သွားရမယ်။ မင်းတို့တွေလည်း ငါနဲ့ လိုက်ပြီးတော့ ဖြေရှင်းချက် ပေးရမယ်။” အကြီးအကဲကတော့ သူ့နယ်မြေ အတွင်းမှာ ဖြစ်တဲ့ အတွက် စကားပြောတာ ရင့်သီးတယ်။ သူတို့တွေက ကောင်းကင် တာအို ခန်းမရဲ့ တောင်ခြေကို ရောက်နေ ကြတာလေ။
ခပ်ရှင်းရှင်း ပြောရရင် ဘယ်လိုလုပ် ကောင်းကင် တာအို ခန်းမက သူတို့ နယ်မြေထဲမှာ ပြဿနာ အဖြစ် ခံရမှာလဲ။ ဘိုးဘေးတွေ ပြောသလို ဆိုရင် “ငါ့အိပ်ယာထဲကို ဘယ်လိုလုပ် လူစိမ်း ထည့်နိုင်မှာလဲ။”
ဝတ်ရုံနက် တစ်ယောက် ဆဋ္ဌမ အကြီးအကဲရဲ့ စကားကို ကြားတော့ သိသိသာသာ အမူအယာ ပြောင်းသွားခဲ့တယ်။
“ဖန်ကျန်းရှီကို ပြန်ခေါ်မယ်။”
“ဖြေရှင်းချက် ပေးဖို့ ငါတို့နဲ့ လိုက်ခဲ့တြ့လား။”
သူသဘော မတူဘူး။ သူတို့ရဲ့ မူလ အစီအစဉ်က ရှင်းတယ်။ အင်အား အကုန် ပေါင်းပြီးတော့ ဖန်ကျန်းရှီကို ဖမ်းမယ်။ သူတို့ အိပ်မက်တောင် မမက်ဖူးတာကတော့ ဖန်ကျန်းရှီကို ကယ်ဖို့ ဒီလောက် လူတွေ အများကြီး ရောက်လာတာပဲ။ ရာချီတဲ့ တပည့်တွေနဲ့ အကြီးအကဲ သုံးယောက်ကို တွေ့ရမယ်လို့ တစ်ခါမှ ထင်မထား မိဘူး။
သူတို့တွေ ဘာလုပ်ရမလဲ။ ကောင်းကင် တာအို ခန်းမကို တိုက်ခိုက် ရမှာလား။ မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီကို ကောင်းကင် တာအို ခန်းမ ခေါ်သွားတာလည်း မကြည့်နိုင်ဘူး။ သူတို့မှာ လုပ်ရင်လုပ်၊ မလုပ်ရင် သေဆိုတဲ့ လုပ်ငန်းကြီး ရှိနေတယ်။ သူတို့ တွေေ၀ နေပင်မယ့် ဖန်ကျန်းရှီကတော့ မတွေဝေဘူး။ သူတို့တွေ ဖြေရှင်းချက်ကို မစဉ်းစား နိုင်ခင် သူကတော့ ရွေးချယ်လိုက်ပြီ။
“သေစမ်း။” ဝတ်ရုံနက် တစ်ယောက်ကို ဖန်ကျန်းရှီ ခြေရာမဲ့ ဓားနဲ့ ဝင်တိုက်တော့တယ်။
“ဟမ်။” ဖန်ကျန်းရှီ လက်ဦးမှု ယူပြီးတော့ တိုက်ခိုက်မှာကို မျှော်လင့် မထားတဲ့ ဝတ်ရုံနက် ချက်ခြင်း နောက်ဆုတ်တယ်။ လက်က အနီရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး ပြစ်လွှတ်လိုက်တယ်။
ဒါက တိုက်ခိုက် ခုခံရေး နည်းလမ်းပဲ။ ဒါက အင်အား သိပ်မပါတဲ့ အလိုအလျောက် တုံ့ပြန် တိုက်ခိုက်တာပဲ။ ဖန်ကျန်းရှီကတော့ ဒီအချိန်မှာ ပြုံးလိုက်တယ်။ သူစောင့်တေနာ ဒါပဲ။ အနီရောင် အလင်းတန်း ထွက်လာတာနဲ့ သူ့လက်လည်း စတင်ပြီး တုန်ယင်လာတော့တယ်။ ချက်ခြင်း ရှောင်လုက်ပေမယ့် သူ့လက်ကို ပွတ်တိုက် သွားခဲ့တယ်။
အဲ့ဒီ့နောက် မတော်တဆ တစ်ခု ဖြစ်လာတော့တယ်။ ဖန်ကျန်းရှီက အနီရောင် အလင်းတန်းကို ရှောင်လိုက်တဲ့ အချိန်၊ ဒီအလင်းတန်းက ဆဋ္ဌမ အကြီးအကဲဆီကို တည့်တည့်ကြီး ရောက်သွားတယ်။ ဆဋ္ဌမ အကြီးအကဲရဲ့ အနားကို ရောက်မှ ပေါက်ကွဲတယ်။
“…”
“…”
ဝတ်ရုံနက်ကော အကြီးအကဲပါ အနီရောင် ကြောင်အအ ဖြစ်ကုန်တယ်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။” ဝတ်ရုံနက်က သူ့ရဲ့ အင်အားကို ထိန်းချုပ်နိုင်တယ်။ သူ့အလင်းတန်းက ဘယ်နည်းနဲ့မှ ဆဋ္ဌမ အကြီးအကဲဆီကို မရောက်နိုင်မှန်း သိတယ်။ ဝတ်ရုံနက်က သူ့ကို တိုက်ခိုက် လာမယ်လို့ အကြီးအကဲ မထင်ထား မိဘူး။ သူဒေါသ တကြီးနဲ့ တုံ့ပြန်တော့တယ်။
“မင်းဘယ်လိုတောင် လုပ်ဝံ့တာလဲ။” ကျောချမ်းစရာ အေးစက်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ အကြီးအကဲ အစိမ်းအဖြူ အလင်းတန်းတွေကို မြေပြင်ကနေ ဆင့်ခေါ်လိုက်တယ်။ ဒါပေမယ့် အနီရောင် အလင်းတန်း ပေါက်ကွဲ သွားတဲ့ အတွက် သူ့အဝတ်အစားတွေ စုတ်ပြဲ ပြီးတော့ မျက်နှာကလည်း မဲမှောင် နေခဲ့တယ်။
“ဆဋ္ဌမ အကြီးအကဲကို ဘယ်လိုတောင် တိုက်ခိုက် ဝံ့တာလဲ။”
“ဓားဗျူဟာ ပြင်ထားကြ။”
“နားလည်ပါပြီ။”
ရာချီတဲ့ တပည့်သားတွေ ဒါကိုမြင်တော့ ဒေါသတကြီးနဲ့ တုံ့ပြန်တယ်။ ဖန်ကျန်းရှီ သူတို့ကို သံနဲ့ ပြစ်တည်းက ဒေါသထွက်နေကြတာ။ အခုတော့ ဒေါသတွေက စုပုံ လာနေပြီ။ ကောင်းကင် တာအို ခန်းမမှာ ဒီလို စော်ကား ခံရတာကို ဘယ်သူက သည်းခံ နိုင်မှာလဲ။
ဖန်ကျန်းရှီကတော့ မျက်လုံးတွေ တလက်လက် တောက်နေခဲ့တယ်။ ဒီလူတွေ တိုက်ခိုက်ကြမှာကို သူစောင့်လို့ မဖြစ်ဘူး။ ဆဋ္ဌမ အကြီးအကဲနဲ့ ဝတ်ရုံနက်တွေက ငတုံးတွေ မဟုတ်ဘူး။ နောက်တနည်း ပြောရရင် ဖန်ကျန်းရှီ ဖန်တီးလိုက်တဲ့ မတော်တဆက ဓာတ်ကူ ပစ္စည်း သက်သက်ပဲ။ သူတို့တွေကို နေရာမှာ ပေါက်ကွဲ စေချင်ရင် ဒီတစ်ခုတည်းက မလုံလောက် နိုင်မှန်း သိတယ်။
သူတို့တွေအတွက် တွန်းအား တစ်ခု လိုအပ်တယ်။ အဲ့ဒီ့တွန်းအားက ဖန်ကျန်းရှီ။ အတွေးအခေါ်ကတော့ ရိုးရှင်းပါတယ်။ လူတိုင်းက သူ့ကို ပြစ်မှတ် ထားနေကြတယ်။ သူတို့တွေ တိုက်ခိုက်မယ် ဆိုရင်တောင် ဖန်ကျန်းရှီကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒီတော့ သာမာန် အရှုပ်အထွေးက မလုံလောက်ဘူး။ အကြီးကြီး ရှု့ပ်အောင် လုပ်ရမယ်။ ဒါမှပဲ လွတ်မြောက်နိုင်မယ်။
“ကောင်းကင် သက်ဆင်း။” ဖန်ကျန်းရှီ ချက်ခြင်း ထိုးဖောက်ပြီး ထွက်ပြေးဖို့ လုပ်တယ်။ သူက ကောင်းကင် သက်ဆင်း မဏ္ဍိုင်ကိုးခုကို တပြိုင်တည်း သုံးနိုင်တယ်။ အပြာရောင် အလင်းတန်းကြီး ကိုးခု ကောင်းကင်ကနေ ဆင်းသက်လာတယ်။
အရမ်းကို သန့်စင် ကြည်လင်နေတဲ့ ကောင်းကင်ပြာရောင် အလင်းတန်းတွေ။ အကြီးအကဲ သုံးယောက်နဲ့ ဝတ်ရုံနက် လေးယောက်ရဲ့ အမူအယာ ပြောင်းသွားတယ်။ ဖန်ကျန်းရှီက သူတို့ကြားကို အရှုပ်အထွေး ဖြစ်အောင် လုပ်နေတာ သိတယ်။ ဒါပေမယ့် သိတော့ကော ဘာလုပ် နိုင်မှာလဲ။ ဖန်ကျန်းရှိက ထွက်ပြေးတော့မယ်။ သူတို့ ဘယ်လောက်ပဲ တည်ငြိမ်ပါစေ၊ ဒီအတိုင်းတော့ အလွတ်မပေး နိုင်ဘူး။
“ထွက်မပြေးစေနဲ့။”
“သူဘယ်လိုများ ကောင်းကင် တာအိုကိုပညာရှင် အဆင့် တတ်နေတာလဲ။ ဒါပေမယ့် မင်း အလွယ်လေး လွတ်ဖို့ မစဉ်းစားနဲ့။” ဝတ်ရုံနက်တွေ အံ့သြ နေပင်မယ့် ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ မတွေေ၀ ကြဘူး။ အလင်းတန်း လေးခုက ကောင်းကင်ပြာရောင် အလင်းမဏ္ဍိုင် ကိုးခုကြားမှာ ပေါ်လာတယ်။
ဒီအချိန်မှာပဲ ဒုတိယနဲ့ စတုတ္ထ အကြီးအကဲလည်း တိုက်ုခိက်တယ်။ ကောင်းကင်က ဓားအလင်းတန်းတွေ ပေါင်းစည်းပြီးတော့ တောက်ပတဲ့ ရွှေရောင် ဓားတစ်လက် ဖြစ်ပေါ်လာတယ်။
“ဝုန်း။” ဓားကြီးက အလင်းမဏ္ဍိုင်တစ်ခုကို ထိုးစိုက်လိုက်တယ်။
အလင်းတန်းထဲကနေ သွေးတွေ ဖြာထွက်လာတယ်။ အဲ့ဒီ့နောက် ဓားက ဖန်တီးလိုက်တဲ့ အက်ကွဲကြောင်းကနေ လူတစ်ယောက် ထွက်ပေါ်လာတယ်။ မြေပြင်နဲ့ ထိပြီးတော့ ရေကန်နားကို ကျလာတော့တယ်။ သူကတော့ တခြားသူ မဟုတ်ဘူး ဖန်ကျန်းရှိ။
“သူ့နောက်ကိုလိုက်။” ဝတ်ရုံနက် လေးယောကက် ဖန်ကျန်းရှီ ဆီကို ပြေးတယ်။ အကြီးအကဲ သုံးယောက်လည်း ဖန်ကျန်းရှီ နောက်ကို လိုက်တယ်။
“ဖန်ကျန်းရှီ မင်းမလွတ်နိုင်ဘူး။ ငါတို့နဲ့ ကောင်းကင် တာအို ခန်းမကို လိုက်ခဲ့။ လိမ်လိမ်မာမာနဲ့ ဆရာ့ အမိန့်ကို နာခံ။ မင်းအသက် မသေဘူး။ အကယ်၍ ဒီအတိုင်းသာ ဆက်ပြီး ခုခံနေရင်၊ ဒီနေ့ မင်းသေရလိမ့်မယ်။” ဒုတိယ အကြီးအကဲက ဖန်ကျန်းရှီနောက်ကို လိုက်လာရင်း အော်တယ်။
“ပြန်လိုက်ရမယ် ဟုတ်လား။ ဒီတော့ သေမှာကို ထိုင်စောင့် နေရမှာလား။” ဖန်ကျန်းရှီက ငတုံးမှ မဟုတ်ပဲ။ ပုံမှန် အခြေအနေမှာ ဆိုရင် ဒုတိယ အကြီးအကဲရဲ့ စကားကို ယုံလိမ့်မယ်။ ပြန်လိုက်သွားရင် အသက်ရှင်နိုင်တယ်။ အခုတော့ သူက မိုးနတ်ရကန်ကို ဖျက်စီး ခဲ့မိပြီ။ အသက်ချမ်းသာ ပေးခံရရင်တောင် သေလူနဲ့ မခြား ဖြစ်တော့မယ်။
ဒီတော့ နောက်သုံးလမှပဲ အေးအေးဆေးဆေး အသေခံမယ်။ အခုတော့ သူ့အသက်အတွက် တိုက်ခိုက်မယ်။ အသက်ရှင်လျက် ထွက်သွားရမယ်။ ဖန်ကျန်းရှီ ဒဏ်ရာ ရပြီးနေပြီ။ စဉ်းစားဖို့ အချိန်မရှိတော့ဘူး။ ရေကန်ကို ဖြတ်ပြေးဖို့ သူလုပ်တယ်။ ရေနဲ့ ထိတဲ့ အချိန် ရုတ်တရက် သတိရသွားတယ်။
ရန်ရွှယ် ဘယ်မှာလဲ။
“ရန်ရွှယ်။” ဖန်ကျန်းရှီ တောင့်တင်းသွားတယ်။ ရေကန်ဘေးက ကျောက်တုံးကြီးနားမှာ ရန်ရွှယ်ကို တွေ့လိုက် ရလို့ပဲ။ ရန်ရွှယ့် တကိုယ်လုံး သွေးတွေ ရွဲနစ်နေတယ်။ သူ့ရဲ့ အဝတ်အစားတွေကလည်း သွေးရောင်ပြောင်း နေပြီ။
ဒါ့အပြင် သူက မြေပြင်မှာ ဒူးထောက်လျက်ကြီး ရှိနေတာ။ သွေးအိုင်ထဲမှာ ဒူးထောက်လျက်သား ရှိနေတယ်။ လက်မောင်းတွေက အသက်မဲ့နေတဲ့ လူတစ်ယောက်လို ဘေးကို ကျနေပြီးတော့၊ အေးစက်စက် မျက်နှာကလည်း ဖြူဖျော့ နေခဲ့တယ်။
အပိုင်း (၇၂၄) ပြီး၏။
အပိုင်း (၇၂၅)
“နောက်ဆုတ်။ ငါစပြီး သတ်တော့မယ်။”
“ငါတို့တွေ မင်းကို ဒီလို အလစ်ဝင်တိုက် ပြီးတာတောင်၊ မင်းက ဒီနေရာကို ရောက်လာသေးတယ်။ ငါမထင်ထား မိဘူး။ ကြည့်ရတာ ရန်ရွှယ့်ကို ဓားစာခံ အရင်လုပ်ထားတဲ့ ငါ့ဆုံးဖြတ်ချက် မှန်သွားတဲ့ ပုံပဲ။” ဒီအချိန်မှာ ကျောက်တုံးကြီးရဲ့ အနောက်ကနေ နောက်ထပ် ဝတ်ရုံနက် တစ်ယောက် ထွက်လာခဲ့တယ်။ သူ့မျက်နှာကလည်း ခေါင်းစွပ်နဲ့ ဖုံးထားခဲ့တယ်။
ဖန်ကျန်းရှီကတော့ ပြန်မဖြေဘူး။ သူတို့ စကားတွေကို မကြားတဲ့ အတိုင်းပဲ။ ဖြူဖျော့နေတဲ့ ရန်ရွှယ်ကိုပဲ သူအာရုံ စိုက်တယ်။ အရင်ဘဝမှာကော အခု ဘဝမှာပါ ဖန်ကျန်းရှီက အညှာအတာမဲ့ လူသတ်သမား တစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ အခုတော့ ပထမဆုံး အကြိမ် အနေနဲ့၊ လူတစ်ယောက်ကို သတ်ချင်စိတ်က အရမ်းကို ပြင်းပြင်းပျပျကြီး ထွက်ပေါ်နေတယ်။
“ဂျွတ်။” လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ရှေ့ကို ဆက်ပြေးမယ့် အစား နေရာမှာပဲ ငြိမ်ငြိမ်လေး ရပ်နေခဲ့တယ်။ သူ့ဆီကို လာနေတဲ့ လူရာချီကိုလည်း အာရုံ မစိုက်တော့ဘူး။
“မင်းကြည့်ရတာ အတော်လေး ဒေါသ ထွက်နေတဲ့ ပုံပဲ။” ဝတ်ရုံနက် ပြောတယ်။ ကောလဟာလတွေ အတိုင်း ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ။ ဝတ်ရုံနက် လူအတွက်တော့ ဒီလို သူငယ်ချင်း ဆက်ဆံရေး ဆိုတာ မြင့်မြတ် နယ်မြေလို အသက်ရှင်ဖို့ ခက်ခဲတဲ့ နေရာမှာ အလကားပဲ။
“ဟမ်။” ဝတ်ရုံနက် တစ်ခုခု ပြောတော့မယ့် အချိန်မှာပဲ၊ လူအုပ်ကြီးကို မြင်ပြီးတော့ သူ ရပ်တန့် သွားခဲ့တယ်။ ဒီလောက် များပြားတဲ့ လူအုပ်ကြီးကို သူဘယ်လိုလုပ် သတိ မထားမိပဲ နေမလဲ။ အရေးကြီး အချိန်ကို ရောက်ခါမှ ရာချီတဲ့ လူတွေက သူရှေ့ကို ရောက်လာတယ်။
ဒါ့အပြင် ရင်းနှီးနေတဲ့ မျက်နှာတွေကိုလည်း တွေ့လိုက်ရတယ်။ ကောင်းကင် တာအို ခန်းမက အကြီးအကဲ သုံးယောက်။ ဒါက သူ့ကို အံ့သြ စေဖို့ လုံလောက်တယ်။ ဝတ်ရုံနက် အံ့သြနေတဲ့ အချိန်မှာပဲ နောက်က လိုက်လာသူတွေလည်း အံ့သြ နေခဲ့တယ်။
ဖန်ကျန်းရှီက ထွက်ပြေးဖို့ အကောင်းဆုံး အချိန်မှာမှ ရပ်တန့် နေတာကြောင့်ပဲ။ ဒါပေမယ့် သူတို့ မေးခွန်း မကြာခင်ပဲ အဖြေ ရသွားခဲ့တယ်။ ကျောက်တုံးကြီးရဲ့ ဘေးမှာ ဒူးထောက်လျက်သား ရှိနေတဲ့ ရန်ရွှယ်ကို မြင်လိုက် ရလို့ပဲ။
“ရန်ရွှယ်။ မင်းတို့ ငါးယောက်။” ဒုတိယနဲ့ စတုတ္ထ အကြီးအကဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ နှစ်ယောက်လုံး အမူအယာ အတူတူပဲ။ ဆဋ္ဌမ အကြီးအကဲ လှုပ်ရှား နေတာကို ရပ်တန့် လိုက်တယ်။
ဖန်ကျန်းရှီ မိုးနတ် ရေကန်ကို ဖျက်ဆီး သွားတဲ့ ကိစ္စကို လိုက်ရမှာ ဟုတ်တယ်။ ဒါပေမယ့် သူတို့ ရှေ့မှာ ရပ်နေတဲ့ လူငါးယောက်ကိုလည်း ဒီအတိုင်း အလွတ်ပေးလို့ မဖြစ်ဘူး။
ကောင်းကင် တာအို ခန်းမ အောက်ခြေမှာ သုခမိန် ငါးယောက် တစ်ချိန်တည်း ရောက်နေတာက ကိစ္စကြီး တစ်ခုပဲ။
“မင်းတို့က ဘယ်က ကောင်တွေပဲ။ ရန်ရွှယ်ကို ဘာလို့ တိုက်ခိုက်တာလဲ။ သူက အခုချိန်မှာ သာမာန်လူနဲ့ မခြားဘူး။” ဆဋ္ဌမ အကြီးအကဲ ဒေါသတကြီးနဲ့ ပြောတယ်။
သုခမိန် လေးယောက်က ဖန်ကျန်းရှီကို ပူးပေါင်းပြီး တိုက်ခိုက်တည်းက သူအံ့သြ နေခဲ့တာ။ အခုတော့ သူတို့တွေက ရန်ရွှယ်ကိုတောင် ဓားစာခံ လုပ်ထားကြပြီ။ ပုံမှန် အတိုင်းဆိုရင် ပညာရှင် တစ်ယောက်က ဒီလို ကိစ္စမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ သူတို့မှာ လုပ်ရင်လုပ်၊ မလုပ်ရင်သေ ဆိုတဲ့ မဖြစ်မနေ အောင်မြင်ရတဲ့ ကိစ္စကြီး ရှိမနေရင်ပေါ့
“အကိုကြီး။” ဖန်ကျန်းရှီ နောက်က သုခမိန် နှစ်ယောက် ကျောက်တုံးကြီး ဘေးကလူကို ဦးညွှတ်ကြတယ်။
“ရပြီ။” ရန်ရွှယ့် နောက်က ဝတ်ရုံနက် လက်ဝေ့ယမ်း ပြတယ်။ အဲ့ဒီ့နောက် ရန်ရွှယ့်ကို လှောင်ပြုံး ပြုံးပြတယ်။ “ရန်ရွှယ် ငါမင်းကို မလိမ်ခဲ့ဘူး မဟုတ်လား။ မင်းသာ စောစော သေသွားခဲ့ရင်၊ မင်း သူငယ်ချင်းက မင်းကို လျစ်လျူ ရှုမလားဆိုတာ ဘယ်လိုလုပ် သိနိုင် တော့မှာလဲ။”
“အား။” ရန်ရွှယ် ဟိန်းဟောက်တယ်။ သူ့အမူအယာက ပိုပြီးတော့ ပြင်းထန် လာနေတယ်။ ချွေးတွေ နဖူးကနေ စီးကျ လာသလို။ ဖြည်းဖြည်းချင်း မတ်တပ် ထရပ်တယ်။ ဒါကို မြင်တော့ ဝတ်ရုံနက်က ရန်ရွှယ့်ကို ချက်ခြင်း လက်ဝါးနဲ့ ရက်ရက်စက်စက် ရိုက်ချလိုက်တယ်။
“ဂျွတ်။” အရိုးတွေ ကျိုးကြေကုန်တဲ့ အသံကို ကြားရတယ်။ ဒါပေမယ့် ရန်ရွှယ်က ဒူးထောက် မသွားခဲ့ဘူး။ သုခမိန် တစ်ယောက်က တိုက်ခိုက်တာတောင် အံကြိတ်ရင်းနဲ့ တောင့်ခံ နေခဲ့တယ်။ ဖန်ကျန်းရှီကိုလည်း အကူအညီ မတောင်းဘူး။ တစ်ခါလေးတောင် အကူအညီ မတောင်းဘူး။
“ရန်ရွှယ်။ မလှုပ်နဲ့။ ငါ့ကိုယုံ။ ငါ့ကို ယုံကြည်။” ရန်ရွှယ် လုပ်နေတာကို မြင်တော့ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ ရဲရဲနီ လာခဲ့တယ်။ အကယ်၍ သူသာ ရန်ရွှယ့် နေရာမှာ ဆိုရင်လည်း သူလည်း ဒီလို ကိုယ်သေတွင်း ကိုယ်တူးမှာပဲ။ ဟုတ်တယ်။ ရန်ရွှယ်က သေလမ်း ရှာနေတာပဲ။
ဘယ်လိုလုပ် ဒါမျိုးကို သူအဖြစ် ခံနိုင်မှာလဲ။ သူက အနာကျင် ရဆုံးသူ မဟုတ်ခဲ့ဘူး။ ဓားစာခံ နေရာ ရောက်နေတဲ့ ရန်ရွှယ်က ပိုပြီးတော့ နာကျင်နေတယ်။ ရန်ရွှယ့်လို လူတစ်ယောက် အတွက်တော့၊ ခြိမ်းခြောက် ခံရတာထက် သေရတာကို ပိုလိုလားတယ်။ စိတ်ပိုင်းဆိုင်ရာ နှိပ်စက် ခံရတာက ပြင်ပ ခန္ဒာကိုယ် ခံစား ရတာထက် ပိုပြီးတော့ ဆိုးဝါးလွန်းတယ်။
“ယုံကြည်။” ရန်ရွှယ့် ခန္ဒာကိုယ် ဒီအချိန်မှာ တုန်ယင်သွားတယ်။ ဖန်ကျန်းရှီကို ကြည့်နေတဲ့ သူ့မျက်နှာက ဖြူဖျော့ နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ သွေးမျက်ဝန်းတွေကို မြင်တော့ သူခေါင်း ဖြည်းဖြည်းချင်း ငြိမ့်လိုက်တယ်။
“မင်းတို့က ဘယ်ကကောင်တွေလဲ။ ရန်ရွှယ့်ကို ကောင်းကင်တာအို ခန်းမရဲ့ ဓားတောင်မှာတောင် ထောင်ချောက် ဆင်ရဲတယ်။ မင်းတို့ကောင်တွေ ကိုယ့် ဂုဏ်သိက္ခာကိုတောင် ဂရု မစိုက် ကြတော့ဘူးလား။” ဆဋ္ဌမ အကြီးအကဲ ဒေါသတကြီးနဲ့ အော်တယ်။ ရန်ရွှယ့်ကို ဓားစာခံ လုပ်ထားတာကြောင့် သူအတော့်ကို စိတ်တို နေခဲ့တယ်။
“ဂုဏ်သိက္ခာ ဟုတ်သား။ ငါက ဘယ်လိုလုပ် ကိုယ့်ဂုဏ်သိက္ခာကို ဖျက်စီး ဝံ့မှာလဲ။” ဝတ်ရုံနက် ခေါင်းမော့၇င်း ဆက်ပြောတယ်။ “ငါက ဂုဏ်သတင်း ကျော်ကြားတဲ့ လူတစ်ယောက် ဒါပေမယ့် နှမြောစရာ ကောင်းတာ၊ ကောင်းကင် တာအို ခန်းမက ငါ့ ဂုဏ်သိက္ခာကို ဖျက်ဆီး ခဲ့ပြီးပြီ။”
“ကောင်းကင် တာအို ခန်းမက ဖျက်စီးတယ်။”
“သူ ဘာပြော ချင်တာလဲ။”
“သူက ဘယ်သူလဲ။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ဒွိဟ ဖြစ်နေကြတယ်။
ဒီအချိန်မှာ ဝတ်ရုံနက်က စိတ်ထိခိုက်နေတဲ့ အသံနဲ့ ဆက်ပြောတယ်။ “ကြည့်ရတာ ငါတို့တွေ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားလို့ မဖြစ်တော့ဘူး။”
“အကိုကြီး။” သုခမိန် နှစ်ယောက်ရဲ့ အော်သံ ထွက်လာခဲ့တယ်။
“ဒုတိယ ညီလေးနဲ့ တတိယ ညီလေး။ ငါတို့ရဲ့ ဂုဏ်သတင်းက ပျက်ဆီး သွားခဲ့ပြီ။ နောက်ထပ် ဂရုစိုက်စရာ မလိုတော့ဘူး။ မဟုတ်ရင် ဒီခွေးကောင်လေးက ငါတို့တွေကို အကွက်ဆင်ပြီး အနိုင်ယူ သွားလိမ့်မယ်။” စကား ဆုံးတဲ့နောက် သူတို့ သုံးယောက်လို့ ခေါင်းငြိမ့်လိုက်တယ်။
သူပြောသလိုပဲ ဖန်ကျန်းရှီသာ အကွက်မဆင်ခဲ့ရင်၊ သူလည်း သူတို့ လက်က လွတ်မှာ မဟုတ်ဘူး။
“ယွမ်ရုန်၊ မဟူရာ လမင်းကျွန်းရဲ့ သုခမိန် ညီနောင် သုံးဖော်ကိုယ်စား ကောင်းကင် တာအို ခန်းမရဲ့ ဒုတိယ၊ စတုတ္ထနဲ့ ဆဋ္ဌမ အကြီးအကဲတို့ကို နှုတ်ခွန်း ဆက်ပါတယ်။” သူပြောလိုက်တဲ့ အချိန်မှာပဲ သူ့ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ နောက် သုခမိန် နှစ်ယောက်လည်း သူတို့တွေရဲ့ ခေါင်းစွပ်ကို ချွတ်လိုက်ရင်း မျက်နှာတွေကို ပြကြတယ်။
“မင်းတို့တွေပဲ။ မဟူရာ လမင်းကျွန်းက သုခမိန်သုံးယောက်။” ဆဋ္ဌမ အကြီးအကဲ နောက်ဆုံးတော့ ယွမ်ရုန် ပြောတာကို နားလည် သွားတယ်။
“ဒီတော့ သူတို့တွေက မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးဖော်ပေါ့။”
“အံ့သြ စရာ မရှိပါဘူး။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဖြစ်နေတာကို ခပ်မြန်မြန်ပဲ နားလည် သွားကြတယ်။ မဟူရာ လမင်းကျွန်းက သုခမိန် သုံးဖော် ခေါင်းဆောင် ဖြစ်တဲ့ ယွမ်ရုန် ပြောသလိုပဲ။ သူတို့ရဲ့ ဂုဏ်သတင်းကို ဖျက်စီးသွားတဲ့ တရားခံက ချီကူယန်။
ဒုတိယနဲ့ စတုတ္ထ အကြီးအကဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သုခမိန် သုံးယောက် ဒီလို ညစ်ပတ်တဲ့ နည်းလမ်းနဲ့ တိုက်ခိုက်ပြီး ရန်ရွှယ့်ကို ဓားစာခံ လုပ်ထားတဲ့ အကြောင်းကို သူတို့ နားလည်နိုင်တယ်။ ဖန်ကျန်းရှီကို သတ်ဖို့ သူတို့တွေ ဘာမဆို လုပ်ကြမှာပဲ။
ထင်ထားတဲ့ အတိုင်း၊ ဒါက တောင်စဉ် ကိုးသွယ် ပေးအပ်လိုက်တဲ့ လုပ်ရင်လုပ်၊ မလုပ်ရင်သေ ကိစ္စ ဖြစ်ရမယ်။ နောက်ကိစ္စ တစ်ခု ရှိသေးတယ်။ နောက်ထပ် လူနှစ်ယောက်က ဘယ်သူတွေလဲ။ အကြီးအကဲ နှစ်ယောက် မမေးခင်မှာပဲ သူတို့တွေ မျက်နှာဖုံး ချွတ်လိုက်ကြပြီးပြီ။ လူကြီး တစ်ယောက်နဲ့ သက်လတ်ပိုင်း လူူရွယ် တစ်ယောက်ပဲ။
“ရှီဖုန်းလား။” ဒုတိယ အကြီးအကဲ အမူအယာ ပြောင်းသွားတယ်။ လူကြီးကို မကြည့်ဘူး။ လူရွယ်ကိုသာ စိုက်ကြည့် နေခဲ့တယ်။
“သူ့မျက်နှာ ကြည့်ရတာ ရှီ ရှီဖုန်းပဲ။”
“ယင်ယန် ခန်းမကလား။”
“ဟုတ်တယ်။ သေချာတယ်။ ယင်ယန် ခန်းမရဲ့ နဝမ အကြီးအကဲ ရှီဖုန်းပဲ။”
တပည့်သားတွေ ဒုတိယ အကြီးအကဲ ပြောတာကို ကြားတော့ လူရွယ်ကို စိုက်ကြည့် ကြတော့တယ်။
မဟူရာ လမင်းကျွန်းရဲ့ သုခမိန်တွေ ပေါ်လာတာက သူတို့ တွေးထားတဲ့ အထဲမှာ ရှိတယ်။ ဒါပေမယ့် ရှီဖုန်း ပေါ်လာ တာကတော့ သူတို့ မမျှော်လင့် ထားမိတာပဲ။ သူက အင်အား အရမ်းကြီးတဲ့ လူ။
“ရှီဖုန်း။ ယင်ယန် ခန်းမရဲ့ အကြီးအကဲ ဖြစ်ပြီးတော့ ဘယ်လိုများ။“
“ငါပြောမယ်။ ငါက ယင်ယန် ခန်းမရဲ့ အကြီးအကဲတင် မကဘူး။ ဝမ်လဲ့ ယင်ယန် ခန်းမကို ဝင်တဲ့ အချိန် ပထမဆုံး တာဝန်ယူရတဲ့ ဆရာပဲ။” ဆဋ္ဌမ အကြီးအကဲရဲ့ စကားကို ရှီဖုန်း ဖြတ်ပြောတယ်။ “ဝမ်လဲ့က ကောင်းကင် တာအို ခန်းမမှာ သေသွားရတယ်။ မင်းတို့ကောင်တွေ ငါတို့ကို ကျိုးကြောင်း သင့်လျော်တဲ့ ဖြေရှင်းချက် ပေးသင့်တယ် မဟုတ်လား။”
“ဒါ။” ဆဋ္ဌမ အကြီးအကဲရဲ့ အမူအယာ ပြောင်းသွားခဲ့တယ်။ ဝမ်လဲ့နဲ့ ရှီဖုန်းက ဆရာတပည့်တွေမှန်း သူမသိခဲ့ဘူး။ ဒုတိယနဲ့ စတုတ္ထ အကြီးအကဲကတော့ မျက်မှောင် ကြုတ်နေကြတယ်။ မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက်ကိုတော့ စိတ်မပူဘူး။ ဒါပေမယ့် ရှီဖုန်းကိုတော့ သတိထားရမယ်။
ရှင်းရှင်း ပြောရရင်၊ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းက ကောင်းကင် တာအို ခန်းမမှာ သေသွားတယ်။ နောက်ဆုံးတော့လည်း ကောင်းကင် တာအို ခန်းမရဲ့ ယင်ယန် ခန်းမရဲ့ အထင်လွဲ စရာတွေ အားလုံးက ဖြေရှင်းဖို့ လွယ်တာပဲ။ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုက အမြဲတမ်း တိုက်ခိုက် နေကြတာ ကြာလှပြီ။ ကောင်းကင် တာအို ခန်းမက တစ်ချိန်တည်းမှာ ရန်သူတွေ အများကြီး ဖြစ်အောင် လုပ်လို့ မရဘူး။
“အခုတော့ ငါတို့ရဲ့ သရုပ်မှန်ကို ထုတ်ပြပြီ။ လိုရင်းတိုရှင်း လုပ်ကြရအောင်။ ငါက ဝမ်လဲ့အတွက် လက်စား ချေပေးဖို့ လာတာ။ ဒီတော့ ဖန်ကျန်းရှီ သေကို သေရမယ်။ ကောင်းကင် တာအို ခန်းမက ငြိမ်းချမ်းရေးကို လိုချင်လား။ စစ်ပွဲကို လိုချင်လား။ မင်းအပေါ် မူတည်တယ်။” ရှီဖုန်းက ဆဋ္ဌမ အကြီးအကဲကို ကြည့်ရင်း ပြောတယ်။
“ယင်ယန် ခန်းမက ဘာဖြစ်တာလဲ။ မင်းတို့ကောင်တွေက ဘာကို လိုချင် နေတာလဲ။” ဒုတိယ အကြီးအကဲရဲ့ မျက်ဝန်းထဲမှာ မီးတောက်တွေ ထွက်ပေါ် လာတယ်။
“ဟဟား။ ဒုတိယ အကြီးအကဲက ဘာတွေ ဖြစ်နေမှန်း မပြောနိုင်ဘူးလား။ ငါတို့တွေသာ စစ်ပွဲကို စတင်ချင်ရင်၊ ဘာဖြစ်လို့ ငါတို့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ရမှာလဲ။ ငါပြောမယ်။ ကောင်းကင် တာအို ခန်းမသာ ဒီကိစ္စကို ဝင်မပါရင်၊ ငါတို့လည်း မင်းတို့ကို မနှောက်ယှက်ဘူး။ ကောင်းကင် တာအို ခန်းမရဲ့ တပည့်သားတောင် မဟုတ်သေးတဲ့ ဖန်ကျန်းရှီနဲ့ ငါတို့ရဲ့ ယင်ယန် ခန်းမက ထိပ်တန်း တပည့်သား အသက်ကို ပြန်လဲလှယ်တာ၊ ငါတို့ လေးစားသမှုကို အစွမ်းကုန် ပြထားတာပဲ။” ရှီဖုန်း ပြုံးပြရင်း ပြောတယ်။
“ငါတို့ ဒါကို ဆွေးနွေးဖို့ လိုတယ်။” ဒုတိယ အကြီးအကဲ ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။
“ကောင်းပြီ။ ၁၅ မိနစ်က အချိန်လောက်လား။” ရှီဖုန်း ပြောတယ်။ သူတို့ရဲ့ သရုပ်မှန်ကို ဖော်လိုက်တည်းက ကောင်းကင် တာအို ခန်းမလည်း လွယ်ကူတာကို ရွေးမယ်မှန်း သူသိတယ်။
“အင်း။” ဒုတိယ အကြီးအကဲ ခေါင်းငြိမ့်တယ်။ မြေပြင်ပေါ်ကို စတုတ္ထ အကြီးအကဲနဲ့ အတူ ဆင်းသက် လာပြီးတော့ ဆဋ္ဌမ အကြီးအကဲ နားကို ရောက်လာခဲ့တယ်။
“အဖိုးကြီး ၆။ မင်းက မိုးနတ် ရေကန်ကို စောင့်ကြပ် ရတဲ့သူ။ အဲ့ဒီ့မှာ ဘာတွေ ဖြစ်ခဲ့လဲ ငါတို့ကို ပြော။”
“မိုးနတ် ရေကန် ဖျက်စီး ခံလိုက်ရပြီ။” ဆဋ္ဌမ အကြီးအကဲ အကျဉ်းချုပ်ပြီးတော့ ရှင်းပြတယ်။
“နားလည်ပြီ။” ဒီသတင်းကို ကြားပြီးတဲ့နောက် ဒုတိယ အကြီးအကဲ လေးလေးနက်နက် ခေါင်းငြိမ့်တယ်။
“ဒုတိယ အကြီးအကဲ၊ ဖန်ကျန်းရှီကို ကောင်းကင် တာအို ခန်းမဆီ ပြန်ခေါ် သွားရင်တောင် သူက ဘယ်လိုပဲ ဖြစ်ဖြစ် သေရမှာပဲ။ ဘာဖြစ်လို့ ဒီအတိုင်း လွတ်မပေး ရမှာလဲ။” စတုတ္ထ အကြီးအကဲ သူ့အမြင်ကို ဝင်ပြောတယ်။
“အဖိုးကြီး ၆။ မင်းဘယ်လိုထင်လဲ။”
“ကောင်းကင် တာအို ခန်းမရဲ့ ဂုဏ်သတင်းကို ငါတို့ ထိန်းသိမ်းရမယ်။ ဖန်ကျန်းရှီက ဘယ်လိုပဲ ဖြစ်ဖြစ် သေမှာ ဆိုရင်တောင်၊ သူ့ကို ငါတို့ တံခါးဝမှာ အသတ်ခံလို့တော့ မဖြစ်ဘူး။”
“နားလည်ပြီ။ ငါကိုင်တွယ်လိုက်မယ်။” ဒုတိယ အကြီးအကဲ ခေါင်းငြိမ့်ပြန်တယ်။
“အင်း။” အကြီးအကဲ နှစ်ယောက် သဘောတူလိုက်တယ်။
ဒုတိယ အကြီးအကဲ နောက်ပြန် လှည့်ပြီး ရန်ရွှယ်နဲ့ ယွမ်ရုန်ကို ကြည့်တယ်။ ရှီဖုန်းကို တစ်ချက်လှည့်ကြည့်တယ်။
“ငါတို့ ဆွေးနွေးပြီးပြီ။ မင်းတို့တွေ ဖန်ကျန်းရှီကို ကြိုက်ရာလုပ်။ ငါတို့က သူ့အလောင်းကို ကောင်းကင် တာအို ခန်းမဆီ ပြန်သယ်သွားရမယ်။ ဒါ့အပြင်။ မင်းတို့တွေ ရန်ရွှယ့်ကို မထိခိုက် စေရဘူး။ သူ့ဒဏ်ရာတွေကို ကုသ ပေးရမယ်။ မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးယောက်လည်း ငါတို့နဲ့ လိုက်လာပြီးတော့ ဆရာသခင်ကို ဒီအကြောင်း ရှင်းပြရမယ်။” ဒုတိယ အကြီးအကဲ ပြောတယ်။
ဒါကို ကြားပြီးတဲ့နောက် ရှီဖုန်းက ယွမ်ရုန်ကို ကြည့်တယ်။ ယွမ်ရုန် ခေါင်းငြိမ့်ပြတယ်။ သူပြုံးပြရင်း ပြန်ဖြေတယ်။
“ကောင်းပြီ။ ဒုတိယ အကြီးအကဲ ပြောတဲ့ အတိုင်း လုပ်မယ်။ ဒီလို ဆိုတော့ ကောင်းကင်တာအို ခန်းမက လူတွေ နောက်ဆုတ်။ ငါစပြီးတော့ သတ်တော့မယ်။ ”
အပိုင်း (၇၂၅) ပြီး၏။
အပိုင်း (၇၂၆)
“သွေးတွေကို ပေါင်းစပ်။ သုခမိန် တစ်ယောက်ကို လက်သီး တစ်ချက်တည်းနဲ့ ဖျက်စီး။”
“ငါသတ်တော့မယ်။”
ရှီဖုန်းရဲ့ အသံက အရမ်းကို အေးဆေးလွန်းတယ်။ ဒါပေမယ့် ရှိနေတဲ့ သူတိုင်း သူ့စကားကို ကောင်းကောင်းကြားတယ်။ အကြီးအကဲ သုံးယောက် လက်ဝေ့ယမ်းရင်း ကောင်းကင် တာအို တပည့်သားတွေကို ပြောတယ်။
“ကောင်းကင် တာအို တပည့်သားတို့ နားထောင်ကြ။ မင်းတို့တွေ ၃၆ယောက် တဖွဲ့ဖွဲ့။ ဓားဗျူဟာ ၈ကွက်ကို ပုံဖော်။ မတော်တဆ တစ်ခုခု ဖြစ်ာလရင် အဆင်သင့် ဖြစ်ရမယ်။” ဆဋ္ဌမ အကြီးအကဲ ချက်ခြင်း ညွှန်ကြားတယ်။
“ကောင်းပါပြီ။” တပည့်သားတွေ ချက်ခြင်း အမိန့်အတိုင်း လှုပ်ရှားကြတယ်။ ဓားဗျူဟာ ၈ကွက် ချက်ခြင်း ပုံပေါ် လာတော့တယ်။
နှစ်ဖက်စလုံးက ဝမ်လဲ့ သေတဲ့ ကိစ္စအတွက် တာဝန်ရှိနေတယ်။ အခုလို လုပ်လိုက်တော့ ဖန်ကျန်းရှီ ထွက်ပြေးမှာကိုလည်း တားလို့ ရတယ်။ ဒါ့အပြင် သူတို့တွေ စကား မတည်မှာကိုလည်း ကာကွယ် ထားနိုင်တယ်။
ဒါပေါ့ သူ့အတွက်တော့ ဒါတွေက အရေး မကြီးဘူး။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ဖန်ကျန်းရှီပဲ။ ဖန်ကျန်းရှီ သေသွားရင် ပြဿနာတွေ အားလုံး ပြီးသွားမယ်။
“ဖန်ကျန်းရှီ မင်းဘယ်နေရာက စမှားမှန်း သိလား။ မင်းအခုချိန်မှာ အမှား ဝန်ခံရင် မြန်မြန် သေလို့ ရအောင် လုပ်ပေးမယ်။” ရှီဖုန်းက တိတ်ဆိတ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ သေလူ တစ်ယောက်ကို ပြောနေတဲ့ အတိုင်းပဲ။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး။ ရှိနေကြသူတွေ အားလုံးလည်း ဒီအခြေအနေကို နားလည်ကြတယ်။ ဖန်ကျန်းရှီ ဘယ်လိုများ အသက်ရှင် နိုင်မှာလဲ။
“မှားတယ်။ ဟဟား။ ငါ ဘယ်နေရာ မှားခဲ့လို့လဲ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ ပြန်ဖြေပြီ။ သူ့မျက်ဝန်းတွေ့ အရမ်းကို တည်ငြိမ် နေတယ်။ ကြောက်လန့်ဟန် တစ်ချက်လေးတောင် မရှိဘူး။ ပြုံးနေခဲ့တယ်။ ရန်ရွှယ်ကို မြင်လိုက်တည်းက အခြေအနေကို ပြောင်းလို့ မရတော့မှန်း သူသိလိုက်ပြီ။ နောက်တစ်ခေါက် ထွက်ပြေးဖို့က မဖြစ်နိုင်တာပဲ။
“ထျန်းရှင်း။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်က မင်းကြောင့် သေခဲ့ရတယ်။ ငါ့တပည့် ဝမ်လဲ့လည်း မင်းကြောင့်ပဲ သေခဲ့ရတယ်။ အသက်တစ်ချောင်း အတွက် အသက်တစ်ချောင်း ပြန်ပေးဆပ် ရမယ်။ ဒါတောင် မင်းက ဘာမှ မမှားဘူးလို့ ပြောဝံ့တယ်လား။” ” ရှီဖုန်းက ဒီလို ဝေဖန် ပုတ်ခတ် ရတာကို အရမ်း ကျေနပ် နေပုံပဲ။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီက သေလူလေ။ သေလူ တစ်ယောက်ကို သတ်ဖို့ အရင်ဆုံး ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် လုပ်ရမယ်။ ဒီတစ်ခေါက် သူလာတဲ့ ခရီးက သိပ်ကောင်း လှတာ မဟုတ်ဘူးလေ။
ဒါတွေ အားလုံးက အရေး မကြီးဘူး။ အင်အားကသာ အရေးအကြီးဆုံး။ သူက အင်အားကြီးတဲ့ ကျင့်ကြံသူ။ အနိုင်ရမယ့်သူ။ ဒီတော့ သူ့ထက် အားနည်းတဲ့ သူတွေရဲ့ သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်နိုင်တယ်။
“ဒီတော့ သူတို့တွေ သေတာ ငါ့အမှားကြောင့်ပေါ့။ သောက်သုံးမကျတဲ့ သုခမိန် အတု တသိုက်ပါလား။ ငါက ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတယ်။ ဒါတောင် သုခမိန် လေးယောက်က ခြုံခို တိုက်ခိုက်တဲ့ အပြင်၊ ခြိမ်းခြောက်ဖို့ ဓားစာခံလည်း ခေါ်ထားသေးတယ်။ ကောင်းလိုက်တဲ့ လုပ်ရပ်။” ဖန်ကျန်းရှီ ရယ်မောတယ်။ ကျယ်ကျယ်လောင်လောင်ကြီးကို အော်ဟစ် ရယ်မောနေတယ်။ “နောက်ပြီးတော့ ကောင်းကင် တာအို ခန်းမက အကြီးအကဲ သုံးယောက်။ မင်းတို့တွေက ငါ့ကို ဖမ်းခေါ် သွားပြီးတော့ မုချင်းဖန်း ရှေ့မှာ တရား စီရင် ချင်တာ မဟုတ်လား။ ဘာဖြစ်လို့ အခု မဖမ်းကြတာလဲ။”
ဖန်ကျန်းရှီ ဆဋ္ဌမ အကြီးအကဲကို လှည့်ပြောတယ်။ “ဆဋ္ဌမ အကြီးအကဲ။ ငါမိုးနတ်ရေကန်ထဲ ဝင်တဲ့ အချိန် ကောင်းကင် ကိုးဘုံကို အရင်ဆုံး မရောက်ပဲ အံ့ဖွယ် တောအုပ်ထဲ ကျသွားတာ ဘယ်သူကြောင့်မှန်းဆိုတာ မင်းကောင်းကောင်း သိမှာပဲ။”
“ဒါက။” ဆဋ္ဌမ အကြီးအကဲ ချောင်းဆိုးတော့တယ်။ ဖန်ကျန်းရှီ ပြောနေတာကို သူသိတယ်လေ။ နောက် အကြီးအကဲ နှစ်ယောက်ကတော့ ဖန်ကျန်းရှီ စကားကို ကြားပြီးတော့ မှောင်မည်းနေတဲ့ မျက်နှာတွေနဲ့ လှည့်ကြည့်ကြတယ်။
“ဟုတ်တယ်။ ချီကူယန်က ရှုံးလို့ မဖြစ်ဘူး။ ဒါပေမယ့် ငါကတော့ ရှုံးရမယ်။ ဟုတ်တယ်ဟုတ်။”
“ဟုတ်တယ်။” ဆဋ္ဌမ အကြီးအကဲ ခေါင်းငြိမ့်ရင်း ဆက်ပြောတယ်။ “ချီကူယန်က ရွေးချယ်ခံ။ သူက ဘယ်လိုလုပ် မင်းလို သေခါနီးလူနဲ့ လက်ထပ် ရမှာလဲ။ အိပ်မက်မက် မနေနဲ့။”
“ဟုတ်တာပေါ့။ ဒီတော့ မင်းက ငါသေမလား ရှင်မလား ဆိုတာကို ဆုံးဖြတ်ခွင့် ရှိတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေ တယ်ပေါ့။ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ရန်ရွှယ်ကို ဒီအတိုင်း ကြည့်နေတယ်။ ကောင်းကင် တာအို ခန်းမမှာ ဒီလို လာကျုးကျော် နေတာကိုလည်း အကုန် လျစ်လျူ ရှုထားတယ်ပေါ့။ မင်းက တာအို စာအုပ်တွေ အများကြီး ဖတ်ထားပေမယ့်၊ သင်ယူ ထားသမျှကို လက်တွေ့ မကျင့်ကြံ နိုင်ဘူး။ ဘယ်လိုများ ကိုယ့်ကိုယ်ကို သုခမိန်လို့ ခေါ်ဝံ့ ရတာလဲ။”
“မင်း။” ဆဋ္ဌမ အကြီးအကဲ အသက်ပြင်းပြင်း ရှူရင်း မျက်နှာတွေ နီရဲ နေခဲ့ပြီ။
“ဖန်ကျန်းရှီ၊ ကောင်းကင် တာအို ခန်းမ မိုးနတ်ရေကန်ကို ဖျက်စီးတာနဲ့တင် မင်းက သေသင့်နေပြီ။ ငါတို့က မင်းကို သူတို့လက် အပ်ရုံပဲ။ ဘာတွေများ ကွာခြား နေလို့လဲ။” စတုတ္ထ အကြီးအကဲ ပြောတယ်။
“အကယ်၍ ငါသာ မင်းရဲ့ တမိသားစုလုံးကို သတ်လိုက်ရင်၊ ငါ့ကို သူတို့လက်ထဲ အပ်ပြီးတော့ သတ်ခိုင်း အုန်းမှာလား။” ဖန်ကျန်းရှီ ပြောတယ်။
“မင်း။ ပါးစပ်ပုတ်နဲ့ ခွေးသား။ ဒီလို မဟုတ်တမ်း တရားတွေ ဘယ်လို ပြောဝံ့တာလဲ။” စတုတ္ထ အကြီးအကဲ ဒေါသတကြီးနဲ့ ပြန်အော်တယ်။
“ဟဟား။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းက ငါ့ကို သတ်ဖို့ လုပ်တယ်။ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ဖို့ သူ့ကို ပြန်သတ်တာ ဘာဖြစ်လဲ။ ဝမ်လဲ့က ငါ့ကို နောက်ကျောက ဓားထိုးပြီး သူ့ရဲ့ ယင်ယန် တာအို အစွမ်းနဲ့ ငါ့ခန္ဒာကိုယ်က ဆေးအစွမ်းတွေကို စုပ်ယူဖို့ လုပ်တယ်။ ဒီတော့ ငါ့ကြောင့် သေလို့ မရဘူးလား။ အကယ်၍ အမှားရှိတဲ့ အကြောင်း ပြောရင်။ မင်းတို့က ငါ့ကို စတေးခံလို သဘောထားနေကြတာပဲ မဟုတ်လား။ ငါ့ကို ဝေဖန် ချင်တယ်ပေါ့။ မင်းတို့ကောင်တွေ တစ်ကောင်မှ မတန်ဘူး။”
တကယ်တော့ မွေးလာတည်းက ဒီလောကရဲ့ စည်းမျဉ်းတွေကို နားလည်ပြီးသား။ တောင်ရွာမှာတုန်းက လီဟူအာရဲ့ အဖေက အမဲလိုက် ခေါင်းဆောင် ဖြစ်နေတဲ့ အတွက် တာအို ခန်းမကို ဝင်ခွင့် ရခဲ့တယ်။
တာအို စာမေးပွဲတွေမှာ သူက နှစ်ထပ်ကွမ်း ချန်ပီယံ ဆက်တိုက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ရလဒ်က ဘယ်လို ဖြစ်လဲ။ သူက ဆင်းရဲတဲ့ မိသားစုက မွေးလာတဲ့သူ။ ဒီတော့ အင်အားလည်း မရှိ၊ နောက်ခံ မိသားစုလည်း မရှိဘူး။ သူ့လို လူမျိုးက လွယ်ကူတဲ့ ဘဝမှာ နေရမယ်။ အင်အားကြီးတဲ့ လူတစ်ယောက်ကီု မှီခို၊ ကိုယ့်ဘဝနဲ့ မိဘတွေကို မေ့ပြီးတော့ အေးအေးဆေးဆေး နေသွားတာက အကောင်းဆုံး နည်းလမ်းပဲ။
ဖန်ကျန်းရှီကတော့ ဒီလို မလုပ်နိုင်ဘူး။ ဒါကြောင့် သူ့ရဲ့လမ်းက တခြားသူတွေထက် ခက်ခဲတယ်။ တခြားသူတွေက တစ်ယောက်ကို တစ်ယောက် သတိထား တိုက်ခိုက်နေတယ်။ အာဏာတွေ လုပ်နေကြတယ်။ သူ့ကို မသိမ်းသွင်း နိုင်ဘူးဆိုရင် သူတို့ စဉ်းစားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းက သူ့ကို သတ်ပြစ်တာပဲ။
ဒီစည်းမျဉ်းက ရိုးရှင်းတယ်။ မြင့်မြတ် နယ်မြေမှာတော့ စည်းမျဉ်းတွေက ပိုပြီးတော့ ရက်စက်တယ်။ မျိုးနွယ်စုကြီး ငါးခုက ဒီနေရာကို အုပ်ချုပ်တယ်။ ဖန်ကျန်းရှီက သူတို့ထဲက တစ်ယောက်ယောက်နဲ့ ပြဿနာ ဖြစ်ခဲ့တာ မဟုတ်ဘူး။ အကုန်လုံး စုနေတဲ့ ပြဿနာကြီးထဲကို ရောက်သွားတာ။ ဒီတော့ သေရမယ့် ကံတရားက သူ့ကို စောင့်ကြို နေခဲ့ပြီ။
အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူက ဘယ်မျိုးနွယ်စုနဲ့မှ မချိတ်ဆက်ထားဘူး။ ဒါကြောင့် သူ့မှာ နောက်ခံ အင်အား မရှိဘူး။ ထျန်းရှင်း သေတာ သူနဲ့ ဘာမှမဆိုင်တာတောင်၊ ဝမ်လဲ့က သူ့ကို သတ်ဖို့လုပ်ရင်း သေသွားရတာတောင်၊ နောက်ဆုံး ရလဒ်က သူ့အမှားတဲ့လား။
အရင်က ဖြစ်ခဲ့တဲ့ အတိုင်းပဲ။ သူတို့တွေက လူတစ်ယောက်ရဲ့ သေခြင်း ရှင်ခြင်းကို ဆုံးဖြတ် နေကြပြန်ပြီ။ ရှီဖုန်းက သူ့နောက်မှာ ယင်ယန် ခန်းမ ရှိနေလို့ ပြောရေး ဆိုခွင့်ရှိတယ်။ မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးယောက်က တောင်စဉ် ကိုးသွယ်ရဲ့ အထောက်အပံ့ ရှိတယ်။ ဖန်ကျန်းရှီမှာကော ဘာရှိလည်း။
ဘာမှ မရှိဘူး။ ကောင်းကင် တာအို ခန်းမကိုလည်း မဝင်ရသေးဘူး။ စည်းမျဉ်းတွေကို လိုက်နာပြီးတော့လည်း ငြိမ်ငြိမ်ကုပ်ကုပ် မနေခဲ့ဘူး။ မြင့်မြတ် နယ်မြေမှာ သူ့ရဲ့ ကံတရားကို ပြောင်းပြစ်ချင်တယ်။
“တုံးအ လိုက်တာ။” ဖန်ကျန်းရှီ ကောင်းကင်က မျောလွင့်နေတဲ့ တိမ်တွေကို ကြည့်ရင်း ပြောတယ်။ အခုချိန်မှာ သူ့က မြင့်မြတ် နယ်မြေကို ဖြတ်သန်းပြီး ရွေ့လျားနေတဲ့ တိမ်တိုက်လိုပဲ။ သူ့အစီအစဉ်က မြင့်မြတ် နယ်မြေရဲ့ ရတနာတွေကို ရှာဖို့။ ဒါပေမယ့် သူ့ရဲ့ အတွေးက တကယ့်ကို တုံးအ လွန်းခဲ့တယ်။
မြင့်မြတ် နယ်မြေကို ဝင်သွားတာနဲ့၊ ပဋိပက္ခထဲကို ဆွဲသွင်း ခံရတာပဲ။ ဘယ်လိုလုပ် အချုပ်အနှောင် မရှိပဲ နေမှာလဲ။ သူ့ရဲ့ သက်တမ်းသာ အကန့်အသတ် မရှိရင်ကော ဘာဖြစ်မလဲ။ ဒါဆိုရင် ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ယောက်အဖြစ် ဟန်ဆောင်တဲ့ ရလဒ်က ဘယ်လို ဖြစ်မလဲ။
ကောင်းကင် တာအို ခန်းမက ထွက်ခွာဖို့ မရွေးချယ် ခဲ့ရင်ကော။ မိုးနတ် ရေကန်ကို ဖျက်စီး ပြီးတဲ့နောက် သူ့ကံတရားက ဘယ်လို ဖြစ်မလဲ။ ဟုတ်တယ်။ အကယ်၍ ဆိုတာ မရှိဘူး။ ဒါတွေကို ဂရုစိုက်စရာ အကြောင်းလည်း မရှိဘူး။ ကိုယ့်လမ်းကို ကိုယ်ရွေးပြီးပြီ။ ဒါကြောင့် သေရမယ့် အဆုံးသတ် ဖြစ်ရင်တောင် ဆက်လုပ် ရမှာပဲ။ သူ့အတွက် ရန်ရွှယ် အတွက်။ ယွမ်ရုန်ဆီကနေ ရန်ရွှယ်ကို ကယ်ရမယ်။ ယွမ်ရုန်ကို သတ်ပြစ်ရမယ်။ နောက်ဆုံး ရလဒ်က သေရမယ် ဆိုရင်တောင်ပေါ့။
“ဒီတော့ မင်းတို့ ကောင်တွေ တစ်ယောက်ချင်းစီ လာမလား။ အားလုံး အတူတူ လာမလား။” ရှီဖုန်းနဲ့ တခြားသူတွေ ပြန်ဖြေတာကို ဖန်ကျန်းရှီ စောင့်မနေတော့ဘူး။ လက်ထဲက ဓားကို မြှောက်လိုက်တယ်။ ရှီဖုန်းကတော့ ဆက်ပြီး နှိပ်ကွပ် ချင်သေးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ဓားမြှောက် လိုက်တာ မြင်တော့ သူ့စကား ပြောင်းသွားခဲ့တယ်။
“ဟဟား။ မဆိုးဘူးပဲ။ ငါ့ရဲ့ ဓားအလင်းကို မင်းတောင့်မခံ နိုင်မှာ ဆိုးတာပေါ့။ မင်းက စတေးခံ ဆိုတော့ကော ဘာဖြစ်လဲ။ ဟန်များလွန်းပေမယ့် နောက်ခံ အင်အား မရှိဘူး။ ကောင်းကင် တာအို ခန်းမတောင် မင်းအတွက် ရပ်တည် မပေးဘူး။ ဒီတော့ မင်းက စတေးခံ မဖြစ်ပဲ ဘယ်လို နေမလဲ။ တခြားသူ အစားဝင်စရာ ထပ်ရှိ အုန်းမှာလား။” ရှီဖုန်း ဒါကို ပြောရင်းနဲ့ ကောက်ကောက်ကျစ်ကျစ် ပြုံးနေခဲ့တယ်။
မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးယောက်ကတော့ အံကြိတ် ထားမိတယ်။ ဖန်ကျန်းရှီ ပြောတာ အမှန်တွေပဲ။ သူတို့က သူ့ကို စတေးဖို့ လုပ်နေတာ။ ချီကူယန်ကို သူတို့ တိုက်ရိုက် လက်စား မချေ နိုင်ကြဘူး။ ဒီတော့ ဖန်ကျန်းရှီကိုပဲ လုပ်ရမယ်။ တောင်စဉ် ကိုးသွယ်ရဲ့ လက်ရှိ အခြေအနေနဲ့ ကောင်းကင် တာအို ခန်းမကို ဘယ်လိုမှ မတိုက်ခိုက် နိုင်ဘူး။ ဒါကြောင့် သူတို့ ဂုဏ်သိက္ခာ အတွက် နည်းလမ်း ရှာခဲ့ကြတယ်။
“အကြီးအကဲရှီ၊ ဒီကောင်လေးနဲ့ ဘာမှ ထပ်ပြော နေဖို့ မလိုတော့ဘူး။ အခြေအနေတွေက ဒီလို ဖြစ်လာနေပြီ။ သူ့ကို တစ်ခါတည်း သတ်လိုက် ရအောင်။” ရှီဖုန်းနောက်မှာ ရပ်နေတဲ့ လူကြီး လပြောတယ်။
“ဟုတ်တယ်။ မင်းက အမှားကို ဝန်မခံ ချင်မှတော့၊ နောက်ဆုံး လမ်းကို ပို့ပေး ရတာပေါ့။” ရှီဖုန်း ပြောတယ်။
“အကြီးအကဲရှီ။ သူက ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတယ်။ သူ့ကို ကိုယ်တိုင် သတ်ရင်၊ နာမည်သတင်း ထိခိုက်လိမ့်မယ်။ ကျွန်တော် လုပ်ပါရစေ။” လူကြီး ထပ်ပြောတယ်။
“ကောင်းပြီ။ ဒါပေမယ့် သတိတော့ထား။ သူကခေတာ မဟုတ်ဘူး။” ရှီဖုန်း ခေါင်းငြိမ့်ရင်း ပြောတယ်။
“စိတ်မပူပါနဲ့ အကြီးအကဲ။ သူက ငါတို့ရဲ့ လက်ဝါး နှစ်ချက်ကို ခံထားရ ပြီးပြီ။ အခုချိန်က မသေခင် အစွမ်းပြ နေတာပဲ။ သုံးကွက်နဲ့ အဆုံးသတ် လိုက်မယ်။” လူကြီး အေးစက်စက် ပြုံးလိုက်တယ်။ ရှေ့ကို ငါးလှမ်း ထွက်လာပြီးတော့ ဖန်ကျန်းရှီကို ပြောတယ်။ “ကောင်လး။ ငါ့နာမည်က ရင့်ရှန်း။ လွန်ခဲ့တဲ့ သုံးနှစ်က သုခမိန် ဖြစ်တယ်။ မင်းတမလွန် ဘဝရောက်ရင်တောင် ငါ့နာမည်ကို မှတ်ထားလိုက်။ ဒါပေါ့။ မင်းအသက် အရွယ်နဲ့ ဆိုရင် ငါ့ကို အကြီးအကဲရှန်းလို့ ခေါ်ရမယ်။”
“ဝူး။” ရင့်ရှန်း ပြောနေတဲ့ အချိန်မှာပဲ လူတစ်ယောက်က သူ့ရှေ့ကို ရောက်နေပြီ။ ရင့်ရှန်း ထိတ်လန့် သွားခဲ့တယ်။ ထူးဆန်းတဲ့ မျက်ဝန်း တစ်စုံကို မြင်လိုက်ရတော့ သူတကယ့်ကို လန့်နေခဲ့တယ်။ ထွင်းဖောက် မြင်နေရတဲ့ မျက်ဝန်းတွေ။ ဒီမျက်ဝန်းတွေထဲမှာ ရွှေရောင် သင်္ကေတတွေ အများကြီး ပါဝင် နေခဲ့တယ်။
“မြန်လိုက်တာ။” အကြီးအကဲ သုံးယောက် ဒါကို မြင်တော့ ပြောလိုက်မိတယ်။ ဖန်ကျန်းရှီ ဘယ်လောက်တောင် မြန်ဆန်လဲ သူတို့ သိကြတယ်။ ဒါပေမယ့် ကောင်းကင် ကျောင်းတော် ခန်းမမှာ တိုက်ခိုက်တုန်းကထက် မယှဉ်နိုင်လောက်အောင်ကို အရှိန်နှုန်း မြန်ဆန် နေခဲ့တယ်။
သူဘယ်လိုများ ဒီလောက်ထိ မြန်ရတာလဲ။ မိုးနတ် ရေကန်ကြောင့်လား။ သူ့အရှိန်ကို အံ့သြ နေတဲ့ အချိန်မှာပဲ နောက်ထပ် အံ့သြစရာ တစ်ခု ဖြစ်လာပြန်တယ်။ ဖန်ကျန်းရှီရဲ့ နောက်မှာ အရိပ် တစ်ခု ရှိနေတယ်။ ပေါင်းစပ်ထားတဲ့ အရိပ်ကြီး တစ်ခု။ ဘာကြောင့်မှန်း မသိ။ ဒီအရိပ်ကြီးကို တစ်နေရာရာမှာ မြင်ဖူးသလို ရင်းနှီးနေတယေ်။ ဒါတွေက အရေး မကြီးဘူး။ ဖန်ကျန်းရှီရဲ့ နောက်ဘက်မှာ ဘာဖြစ်လို့ အရိပ် ရှိနေတာလဲ။
ဖန်ကျန်းရှီက ကောင်းချီခံ သွေးမျိုးနွယ်လား။ သူ့မှာ ဒါမျိုး ရှိနေရင် ကောင်းကင် တာအို ခန်းမ တိုက်ပွဲမှာ ဘာဖြစ်လို့ ထုတ်မသုံးတာလဲ။ သူတို့တွေ နားမလည် နိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှှီ နောက်က အရိပ်ကတော့ အစစ်အမှန်ပဲ။ ရွှေရောင် အလင်းတန်းတွေက စီးဆင်းနေသလို။ ဖန်ကျန်းရှီရဲ့ လက်ကလည်း အနက်ရောင် အလင်း ခပ်ဖျော့ဖျော့တွေ တောက်ပ လာခဲ့တယ်။ အတိအကျ ပြောရရင်၊ အနက်ရောင် သံချပ်ကာ တစ်ခု ဖြစ်ပေါ်လာတာ။
“ဝုန်း။”
ဒီအချိန်မှာ အသံကျယ်ကြီး တစ်ခုကို ကြားလိုက်ရတယ်။ လူတစ်ယောက် လေထဲကို လွင့်ထွက် သွားရင်း သွေးအန်တော့တယ်။
“ငလူးပဲ။ အဖိုးကြီးရှန်း။” ဒေါသတကြီး အော်သံကြီး ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် လေထဲကို လွင့်ထွက်သွားတဲ့သူ မြေပြင်ပေါ်ကို ပြန်ပြုတ်ကျ လာတော့တယ်။ သူ့မျက်နှာ ဖြူဖျော့ နေပြီးတော့ လုံး၀ မယုံနိုင်မှုတွေ ပြည့်နှက် နေခဲ့တယ်။
တိတ်ဆိတ်သွားတယ်။ အစက ဆူညံ နေတာတွေ အားလုံး ငြိမ်သက် သွားတော့တယ်။ ကောင်းကင် တာအို ခန်းမ တပည့်သား အားလုံး ဒူးထောက်လျက် ရှိနေသူကို ကြည့်နေတယ်။ အဲ့ဒီ့လူက သွေးတွေ ပါးစပ်မှာ စီးကျ နေသလို။ ပုခုံးမှာလည်း သွေးကွက်ကြီး တစ်ခု ရှိနေခဲ့တယ်။ ဘာပြောရမယ် မှန်းတောင် မသိတော့ဘူး။
လက်သီးတစ်ချက်။ လက်သီးတစ်ချက်တည်းက ရင့်ရှန်း သုခမိန်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်။
“အဟွတ် ဟွတ်။ ဒီကောင်စုတ်က တကယ်ပဲ ကောင်းချီးခံ သွေးမျိုးနွယ်လား။” ရင့်ရှန်း သွေးနှစ်ပွက် အန်ထုတ်ရင်း ပြောတယ်။ ဖန်ကျန်းရှီရဲ့ အင်အားကို သူကောင်းကောင်းကြီး သိသွားခဲ့ပြီ။ အရင်က တစ်ခါမှ မတိုက်ခိုက် ဖူးပေမယ့်၊ ဖန်ကျန်းရှီက ကောင်းကင် တာအိုနဲ့ သေရှင် တာအိုကို ကျွမ်းကျင်တာတော့ သိတယ်။ တကယ့်ကို ပညာရှင် တစ်ယောက်ပဲ။
ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိသေးပင်မယ့်၊ သူ့ကို လျော့တွက်လို့ မရဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက ကောင်းချီခံ သွေးမျိုးနွယ်လို့ ဘယ်သူမှ မပြောထား ခဲ့ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ နောက်မှာ လွင့်မျော နေတဲ့ အရိပ်ကို မြင်တဲ့ အချိန် အံ့သြ သွားမိတာပဲ။ တစ်ခဏ အံ့သြတာကြောင့် အသက် ပျောက်တော့မလို့။
လက်သီးတစ်ချက်က အရမ်းကို အညှာအတာ ကင်းပြီးတော့ မြန်ဆန်တယ်။ သူ့ရဲ့ နှလုံးကို ရွယ်ထားတယ်။ ရှောင်လိုက်တာ ကြောင့်သာ မဟုတ်ရင်၊ ဒီလက်သီးက သူ့နှလုံးသားကို တည့်တည့် ထိနေလောက်ပြီ။
အပိုင်း (၇၂၆) ပြီး၏။
အပိုင်း (၇၂၇)
“ငါ့ရဲ့ လွှမ်းမိုး နိုင်စွမ်းအကုန် ထုတ်သုံးမယ်။ ငါ့လမ်းကို လာပိတ်တဲ့ သူတိုင်း သေစေရမယ်။”
ဘာသာပြန်သူ- Enri Thaw
မြန်လိုက်တာ။ ဖန်ကျန်းရှီလို ပြန်လည် မွေးဖွားမှု အဆင့် တစ်ယောက်က ဘာကြောင့်များ ဒီလောက်တောင် မြန်ရတာလဲ။ ရင့်ရှန်း မယုံနိုင်ဘူး။ ဒါပေမယ့် အခုတော့ ဒီပြဿနာကို စဉ်းစားဖို့ အချိန် မရှိဘူး။ ဖန်ကျန်းရှီက သူ့ရှေ့မှာ ရောက်နေပြန်ပြီ။
“ကောင်လေး။ ငါ့လို သုခမိန် တစ်ယောက် မင်းကို မတိုက်ခိုက် နိုင်ဘူး ထင်နေတာလား။” ရင့်ရှန်း မျက်လုံးတွေကို မှေးစင်းလိုက်တယ်။ သူက သန်မာတဲ့ သုခမိန်။ သုခမိန် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိတယ်။ လွန်ခဲ့တဲ့ ၃နှစ်ကမှ သုခမိန် ဖြစ်ပေမယ့်၊ သုခမိန်ကတော့ သုခမိန်ပဲ။ စွမ်းအား အရဆိုရင် ပြန်လည် မွေးဖွားမှု အဆင့်ထက် အများကြီး သာတယ်။
“ဝုန်း။” ရင့်ရှန်းရဲ့ ခန္ဒာကိုယ်က ကြောက်စရာ အရှိန်အဝါတွေ ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ခေါင်းပေါ်မှာ အနီရောင် စာလုံး တစ်လုံး ပေါ်လာတော့တယ်။ မီးဘောလုံး တစ်ခုလိုပဲ။ စာလုံး ထွက်လာတာနဲ့ သူ့အရှိန် အဝါတွေလည်း မီးတောက်တွေလို ပြောင်းသွားတယ်။ ရွှေရောင် တောက်ပြီး မီးလို ပူပြင်းတဲ့ အရှိန်အဝါတွေ။ စွမ်းအားတွေ အားလုံးကို ဖွင့်ထုတ်လိုက်ပြီ။
ဒါက ရင့်ရှန်းရဲ့ ရွေးချယ်မှုပဲ။ ဒါက စွမ်းအား ကွာခြားတဲ့ ပြန်လည်မွေးဖွားမှု အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ဖို့ သုခမိန် တစ်ယောက် လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ မင်းက ငါ့အနားကို မကပ်နိုင်ရင်၊ ဘယ်လိုလုပ် တိုက်ခိုက် နိုင်မှာလဲ။ ရင့်ရှန်း အပူရှိန်တွေ ထုတ်လွှတ်နေတဲ့ အချိန်မှာ ခရမ်းရောင် သွေးတွေ စွန်းထင်းနေတဲ့ ဓားတစ်ချောင်းကို မြင်လိုက်ရတယ်။ ဒီသွေးတွေပေါ်မှာ အနက်ရောင် အလင်းလွှာ တစ်ခုလည်း ရှိနေတယ်။
ဓားက သူ့ဆီကို ရောက်လာတယ်။ မီးတောက်တွေကို ခွင်းသွားတယ်။
“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ရင့်ရှန်း မယုံနိုင်ဘူး။ ဒါက နိယာမတွေကို ကျော်လွန်နေတယ်။ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူ တစ်ယောက်က သုခမိန် အဆင့် ကျင့်ကြံသူကို ဘယ်လိုများ အနိုင်ယူ နိုင်တာလဲ။ ဒါပေမယ့် သူယုံယုံ၊ မယုံယုံ။ ဓားကတော့ သူ့ရှေ့ကို ရောက်နေခဲ့ပြီ။ လည်ချောင်းကို တည့်တည့် ဦးတည်နေတယ်။ ခုန်ရှောင်လို့ မရဘူး။
“ဖူး။” သူ့လည်ချောင်းက စာရွက်လို ကွဲထွက်သွားတယ်။ ခြေရာမဲ့ဓားက ရင့်ရှန်းရဲ့ လည်ပင်းကို အသာလေး ဖြတ်သွားပြီးနောက်၊ ဝမ်းသာအားရ အသံ ပြုတယ်။ သွေးတွေကို စုပ်ယူတယ်။ ထွက်လာတဲ့ သွေးစက်တွေ တစ်စက် မကျန်ကို ခြေရာမဲ့ ဓားက စုပ်ယူ ပြစ်နေတယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ သွေးစက်တွေ အကုန်လုံး ဓားထဲကို ဝင်ရောက် ပျောက်ကွယ် သွားတယ်။ ဓားရဲ့ သွေးတွေက ကောက်ကျစ်တဲ့ အသွင်ကို ပြောင်းလဲ သွားခဲ့တယ်။
“ဒီဓားက ထူးဆန်းတယ်။” ရှီဖုန်း အစကတော့ မစိုးရိမ်မိဘူး။ သုခမိန် တစ်ယောက်က လည်ပင်းကို အခွဲ ခံရရင်တောင် မသေနိုင်ဘူးလေ။ ဒါပေမယ့် ရင့်ရှန်းရဲ့ သွေးတွေ စုပ်ယူ ခံရတာကို မြင်တော့ သူ့စိတ်ထဲမှာ ထူးဆန်းလာတယ်။ သုခမိန် ဖြစ်နေရင်တောင် သွေးတွေ ကုန်သွားရင် အသက်မရှင် နိုင်တော့ဘူး။
“အူး။” ရင့်ရှန်း ပါးစပ်ဟပြီး တစ်ခုခု ပြောချင် နေပုံပဲ။ ဒါပေမယ့် သူ့ရဲ့ ခန္ဒာကိုယ်က သွေးတစ်စက် မကျန်ကို လည်ချောင်းကနေ စုပ်ယူ ခံလိုက်ရပြီ။ ဘယ်လိုများ စကားပြောနိုင် အုန်းမှာလဲ။
“တိုက်ခိုက်။” ရှီဖုန်းက ရင့်ရှန်း ဒီအတိုင်း သေသွားတာကို ကြည့်မနေနိုင်ဘူး။ ဒါကြောင့် သုခမိန် နှစ်ယောက်ကို တိုက်ခိုက်ဖို့ အမိန့် ပေးလိုက်တယ်။ ဒါပေမယ့် နောက်ကျ လွန်းသွားပြီ။ ခေါင်းတစ်လုံးက လေထဲကို လွင့်ထွက်လာတယ်။ ဖန်ကျန်းရှီရဲ့ ဓားကတော့ ရင့်ရှန်းရဲ့ နှလုံးသားကို တစ်ခေါက် ထွင်းဖောက် သွားပြန်တယ်။ မြန်ဆန်ပြီး ပြတ်သားတယ်။
အချိန်မဆွဲဘူး။ ဒီတစ်ခေါက်တော့ ဖန်ကျန်းရှီ သတ်ဖြတ်တာ အရမ်းကို မြန်ဆန်တယ်။ ဒီတစ်ခေါက်က လူတစ်ယောက်ကို သတ်ချင်နေတဲ့ စိတ် အရမ်းကြီးကို ပြင်းထန်လွန်း နေတယ်။ ရန်ရွှယ်ကို ထိခိုက်အောင် လုပ်တဲ့ လူတိုင်းကို သတ်ချင်တယ်။ ဒီကိစ္စရဲ့ ကြံရာပါတွေ အားလုံးကို သတ်ပြစ်မယ်။ အားလုံးကို သတ်မယ်။
ရင့်ရှန်းရဲ့ အလောင်းကို ကန်ထုတ်လိုက်တယ်။ ရင့်ရှန်းကို သူနောက်တစ်ခေါက် ပြန်ကြည့်တယ်။ ကြောက်စရာ ခရမ်းရောင် အလင်းတန်းက သူ့ကိုယ်လုံးမှာ တောက်ပ လာခဲ့တယ်။ ခြေထောက်ကနေ ခေါင်းအထိ ခရမ်းရောင် နဂါးကြိး တစ်ကောင်က ရစ်ပတ် ထားတယ်။ တစ်ချိန် တည်းမှာပဲ သူ့ခန္ဒာကိုယ်ပေါ်က အနက်ရောင် သံချပ်ကာ ပိုပိုပြီးတော့ လေးလံ လာခဲ့တယ်။ တံတောင်ဆစ်ကနေ လက်မောင်းအထိပဲ။
“သူ ရင့်ရှန်းကို သတ်လိုက်တာလား။”
“ဘယ်လိုတောင်လဲ။ သုခမိန် တစ်ယောက်ကိုလေ။”
“ပြန်လည် မွေးဖွားမှု အဆင့် တစ်ယောက်က သုခမိန် တစ်ယောက်ကို သတ်လိုက်တယ်။ လက်သီးတစ်လုံး၊ ဓားချက် ၂ချက်တည်းနဲ့။”
ကောင်းကင် တာအို တပည့်သားတွေ အားလုံး မျက်လုံး ပြူးနေကြတယ်။ ဖန်ကျန်းရှီက သူတို့ တွေးထင် ထားတာထက် အများကြီး သန်မာတာကို သိတယ်။ ဒီလောက် အထိ မမျှော်လင့် ထားတာ တစ်ခုပဲ။ သူတကယ်ပဲ ပြန်လည် မွေးဖွားမှု အဆင့်မှာတင် ရှိနေ သေးတာလား။
“ကောင်းကင်နတ်ဘုရားသွေး။ ဒီသံချပ်ကာက ကောင်းကင် နတ်ဘုရားပဲ။” သုခမိန် သုံးဖော်ထဲက တစ်ယောက် တအံ့တသြ ပြောတယ်။
“ကောင်းကင် နတ်ဘုရား သွေးဟုတ်လား။” ဒုတိယ သုခမိန်လည်း ဖန်ကျန်းရှီကို စိုက်ကြည့်နေရင်း ပြန်မေးမိတယ်။ သူ့ညီငယ်က မလိမ်တာကို သူသိတယ်။ ဘာကြောင့်လဲ ဆိုတော့ တတိယ သုခမိန်က သုခမိန် မဖြစ်ခင်တုန်းက ထျန်းရှင်းရဲ့ တပည့်။
“ကောင်းကင် နတ်ဘုရားသွေး။”
“မဖြစ်နိုင်လိုက်တာ။ အဲ့တာ ထျန်းရှင်းရဲ့ သွေးမဟုတ်လား။”
“ဖန်ကျန်းရှီက တကယ်ပဲ ရှိနေတာလား။”
ကောင်းကင် တာအို တပည့်သားတွေ သုခမိန် သုံးဖော် ပြောတာကို မယုံနိုင်ကြ။ ဒါပေမယ့် သုခမိန် သုံးဖောက်ကတော့ ဖန်ကျန်းရှီရဲ့ သံချပ်ကာကို သေချာ စိုက်ကြည့်ရင်း ကျောရိုးထဲက စိမ့်ချမ်း လာနေကြတယ်။ ဒါက တကယ့်ကို ကောင်းကင် နတ်ဘုရား သွေးပဲ။
“ဖန်ကျန်းရှီ သူက။” အကြီးအကဲ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ သူတို့တွေ နားလည် ကြတယ်လေ။ ဖန်ကျန်းရှီက ဒီလို ကောင်းကင် နတ်ဘုရား သွေးမျိုး ရှိနေတာ မဖြစ်နိုင်ဘူး။ အခုတော့ သူတို့ ပြောတာတွေကို သုခမိန် သုံးဖော်က ငြင်းနေပြီ။
“မဟုတ်ဘူး။ အဲ့တာ ကောင်းကင် နတ်ဘုရား မဟုတ်ဘူး။ ကွာခြားတယ်။” တတိယ သုခမိန် ရုတ်တရက် ခေါင်းခါ၇င်း ပြောတယ်။
“မဟုတ်ဘူးလား။ ညီလေး သေချာရဲ့လား။ ငါထင်တာကတော့ ပုံစံ တူလွန်းနေတယ်။” ဒုတိယ သုခမိန် အထိတ်တလန့်နဲ့ ပြန်မေးတယ်။
“နည်းနည်းလေး ကွာတယ်။ ဆရာရဲ့ ကောင်းကင် နတ်ဘုရားက တည်ငြိမ်မှု အပြည့်နဲ့ လွှမ်းမိုးမှု အင်အားကြီးတယ်။ အခု တစ်ခုကတော့ ကြောက်စရာ သတ်ဖြတ် လိုစိတ်တွေ အပြည့်နဲ့ ထက်ရှ နေလိုက်တာ သူ့ဓား အတိုင်းပဲ။”
“ထက်ရှနေတာ သူ့ဓား အတိုင်းပဲ။” ဒုတိယ သုခမိန် ဖန်ကျန်းရှီ တိုက်ခိုက်နေတဲ့ အချိန်ကို ပြန်စဉ်းစားတယ်။ တစ်ချက်တည်းနဲ့ ရင့်ရှန်းရဲ့ ခုခံစစ်ကို ထိုးဖောက်ပြီးတော့ သတ်ဖြတ်တယ်။ အရမ်းကို မြန်ဆန်တယ်။ ဟုတ်တယ်။ ဒီလို ထက်ရှတဲ့ ဓားပဲ။
“နောက်တစ်ယောက်။” ဖန်ကျန်းရှီရဲ့ အသံက သုခမိန် သုံးယောက်ရဲ့ စကားကို ဖြတ်တောက်လိုက်တယ်။ သူ့ဓားကို နောက်ထပ် မြှောက်လိုက်တဲ့ အချိန် သူ့နောက်က အရိပ်လည်း ပိုပြီးတော့ ထင်ရှား လာတယ်။ ကောင်းချီးခံ သွေးမျိုးနွယ်တဲ့လား။ သူတော့ မဟုတ်ဘူး။
ဒါပေမယ့် မပိုင်ဆိုင်ရုံနဲ့ သုံးလို့ မရတာမှ မဟုတ်ပဲ။ သူ့ခန္ဒာကိုယ်မှာ တာအို ထောင်ချီရှိတယ်။ မြင့်မြတ် စာလုံးတွေနဲ့ သန့်စင် ခံပြီး နောက်မှာ ရွှေရောင် သင်္ကေတတွေ အဖြစ်ကို ပြောင်းသွားကြတယ်။ မိုးနတ် ရေကန် ၇ခုမြောက် ကောင်းကင်မှာ နဂါးကို မြင်လိုက် ရတဲ့ အချိန်လိုပဲ။ နဂါးက ဖြစ်တည်မှုတွေ အများကြီးကို ပေါင်းစည်းပြီးတော့ နောက်ဆုံး ဖြစ်လာတဲ့ ရလဒ်။
ကောင်းချီခံ သွေးမျိုးနွယ်ကလည်း အတူတူပဲ။ ဖန်ကျန်းရှီ အများကြီး မမြင်ဖူးသလို အများကြီးနဲ့ မတိုက်ခိုက်ဖူးဘူး။ ရှန်းယွီ၊ ရင့်ရှန်းနဲ့ ချီကူယန် သုံးယောက်ကိုပဲ မြင်ဖူးတယ်။ ရွေးလိုက်တော့ ရှန်းယွီရဲ့ ပုံစံက သူ့အတွက် မှောင်မိုက်လွန်းတယ်။ မကြိုက်ဘူး။ ချီကူယန်ကတော့ အရမ်းကို မိန်းမဆန်လွန်းတယ်။ သူ့နောက်မှာ အမျိုးသမီး တစ်ယောက် ရပ်နေတာက အဆင်မပြေဘူး။
နောက်ပြီးတော့ သူ့ရဲ့ အရိပ်က အတု။ ရှင်းရှင်း ပြောရရင် သူဖန်တီး ထားရတာ။ သူဖန်တီးထားတဲ့ အရိပ်က ကြောက်ဖို့ ကောင်းပေမယ့် တကယ့် အစစ်ကိုတော့ မမှီဘူး။ ချီကူယန်ရဲ့ စိတ်အင်အားကို ဖိနှိပ်တာက သူမလုပ်နိုင်တဲ့ အရာ တစ်ခုပဲ။ ဒီတော့ ပြိုင်ဘက်ကင်းတာတွေကို ပေါင်းပြီးတော့ ဖန်တီးလိုက်တယ်။
သူက ထက်ရှတာကို လိုချင်တယ်။ သုခမိန် တစ်ယောက်ကို ဖျက်စီးနိုင်တဲ့ ထက်ရှမှုကို လိုချင်တယ်။
ဒါကြောင့် သူ့ရဲ့ တာအိုတွေထဲက အထက်ရှဆုံး တာအိုတွေ အားလုံးကို ပေါင်းစည်းပြီးတော့ အရိပ်ထဲကို ထည့်လိုက်တယ်။ ဒီတော့ ရင့်ရှန်းရဲ့ အကာကွယ်ကို တစ်ချက်တည်းနဲ့ ထွင်းဖောက် သွားနိုင်တော့တယ်။
နောက်အချက်တွေလည်း ရှိသေးတယ်။ ရင့်ရှန်းက ဖန်ကျန်းရှီ ဒီလောက် မြန်မယ်လို့ မထင်ထား ခဲ့မိဘူး။ ဒါကြောင့် အကာအကွယ်ကို ကြိုမလုပ် ထားမိတာကြောင့် ဖန်ကျန်းရှီအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သွားတယ်။ ဒါကြောင့်သာ မဟုတ်ရင် အနည်းဆုံး သုံးကွက်တော့ တိုက်ခိုက် ၇မှာပဲ။
“အကြီးအကဲရှီ။ ကျွန်တော်တို့ နှစ်ယောက် အရင်တိုက်ခိုက်သင့်တယ် ထင်တာပဲ။ ဒီကောင်စုတ်လေးရဲ့ သွေးက ဘယ်လောက်တောင် သန်မာလဲ သိချင်တယ်။” ဒုတိယ သုခမိန် ဖန်ကျန်းရှီ အနားကို ဖြည်းဖြည်းချင်း ကပ်လာတယ်။ သူ့မျက်ဝန်းတွေက အနက်ရောင် အလင်းတန်းနဲ့ တောက်ပ နေခဲ့တယ်။
“မလိုဘူး။ ငါသွားမယ်။” ရှီဖုန်း လက်ကို ဝေ့ယမ်းရင်း ပြောတယ်။ သူ့မျက်နှာက မည်းမှောင် နေပြီးတော့ လူသတ်ချင်စိတ်တွေ အပြည့် ဖြစ်နေခဲ့တယ်။ ယင်ယန် ခန်းမရဲ့ အကြီးအကဲ အနေနဲ့၊ သူ့မှာ တာဝန် ရှိတယ်။ အသေသတ်ရမယ့် တာဝန်။ နောက်ပြီးတော့ မခက်ခဲဘူး။
သုခမိန် ငါးယောက်က ပြန်လည် မွေးဖွားမှု အဆင့် လူသစ်လေးကို ထောင်ချောက်ဆင်ပြီးတော့ သတ်ရတယ်။ ဝမ်လဲ့ ကြောင့်သာ မဟုတ်ရင် ရှီဖုန်း လာမှာ မဟုတ်ဘူး။ ဒါပေမယ့် သူရောက်နေခဲ့ပြီ။ ယင်ယန် ခန်းမရဲ့ သုခမိန် တစ်ယောက်လည်း သူ့ရှေ့မှာတင် သေသွားခဲ့ပြီ။ ဒါကို တာဝန် မယူလို့ ဘယ်ဖြစ်မလဲ။
“ရှီဖုန်းက ကိုယ်တိုင် သတ်ချင် နေတာလား။”
“သူက ယင်ယန် ခန်းမရဲ့ နဝမ အကြီးအကဲ။ ငါကြားတာတော့ သူက အင်အား အကြီးဆုံးတဲ့။”
“ဟုတ်တယ်။ ငါကြားတာတော့ ရှီဖုန်းက လွန်ခဲ့တဲ့ ၁၀နှစ် သူ့အသက် ၃၀တည်းက သုခမိန် အဆင့်ကို ရောက်တာတဲ့။ နောက်ပြီးတော့ ယင်ယန် ခန်းမရဲ့ ထိပ်တန်း ဉာဏ်ကြိးရှင်လို့ လူသိများတယ်။”
ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဖန်ကျန်းရှီဆီကို လျှောက်လာတဲ့ ရှီဖုန်းကို ကြည့်ရင်း အသက်အောင့်ထား မိတယ်။ ရှီဖုန်းက ရင့်ရှန်းနဲ့ မတူဘူး။ သုခမိန်တွေ ဖြစ်ပေမယ့် အင်အားက အရမ်းကို ကွာခြားတယ်။
“ဖန်ကျန်းရှီ။” ရန်ရွှယ် နှုတ်ခမ်းတွေကို ကိုက်ထားရင်းနဲ့ ပြောတယ်။ သူ့အမူအယာက ဖြူဖျော့နေတယ်။ သွေးတွေလည်း တကိုယ်လုံးမှာ မရပ်တန်း စီးကျနေတယ်။ လက်နှစ်ဖက်က မလှုပ်ရှားနိုင်ဘူး။ ဒါပေမယ့် အံကြိတ်ထားရင်း အကုန်လုံးကို ဆွဲဖြဲ ပြစ်ချင် နေပုံပဲ။
အပိုင်း (၇၂၇) ပြီး၏။
အပိုင်း (၇၂၈)
“ကမ္ဘာမြေပေါ်က ငရဲ။ မဟာတာအိုကြီး ခြောက်ခုထဲက တစ်ခုနဲ့ သုခမိန် အဆင့်ကို ရောက်ရှိခြင်း။”
“ရန်ရွှယ်။” အခုချိန်မှာ ရန်ရွှယ် ဘယ်လောက် နာကျင်နေမယ်ဆိုတာ သူခံစားလို့ ရတယ်။ သူလုပ်သင့် တာကိုလည်း သိတယ်။ ရန်ရွှယ်ကို ဒီအတိုင်း ရပ်ကြည့် မနေနိုင်ဘူး။ ရန်ရွှယ်ကလည်း သူ့ရှေ့မှာ မသေချင်တာကို သူသိတယ်။ ထွက်ပြေး ရမှာလား။ လွတ်မြောက်ဖို့လမ်းက ထပ်မရှိတော့ဘူး။
ဒါကြောင့် သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက တိုက်ခိုက်တာပဲ။ ထပ်တွေး မနေတော့ဘူး။ တွေးဖို့လည်း မလိုတော့ဘူး။ မတွေးပဲ လုပ်နိုင်တာကလည်း သြတ်ဖတ်တာပဲ ရှိတယ်။ သူ့လမ်းကို ပိတ်ဝံ့တဲ့ ဘယ်သူ့ကို မလို သတ်မယ်။
ဖန်ကျန်းရှီရဲ့ မျက်နှာ အမူအယာကို ရှီဖုန်း သတိ ထားမိလိုက်တယ်။ သူထွက်လာ ပြီးတာတောင် ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်နေမယ်လို့ ထင်မထားမိဘူး။ လျစ်လျု ရှုခံလိုက်ရတာလား။ ပထမဆုံး ဒါမျိုး ကြုံရတာပဲ။ နောက်ထပ် မတွေးတော့ဘူး။ သူ့ကို လျစ်လျူရှု ဝံ့တဲ့သူ ကောင်းကောင်း ပေးဆပ် စေရမယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ဖန်ကျန်းရှီလို လူကိုပေါ့။
“ငါကြားတာတော့ မင်းက ကောင်းကင် တာအိုနဲ့ သေရှင်တာအိုကို ကျွမ်းကျင်တယ် ဆိုပဲ။ ဒါ့အပြင် သေရှင် ငရဲ သံကြိုးတွေကို သုံးနိုင်တယ်တဲ့။ ဒါတွေကို ကြားတုန်းက ငါအံ့သြ မိတယ်။ ဒီတော့ ငရဲက ဘယ်လို ပုံစံလဲ မင်းသိလား။” ဖန်ကျန်းရှီနဲ့ ငါးလှမ်း အကွာမှာ သူရပ်လိုက်တယ်။ ဓားတစ်လက်က သူ့လက်ထဲမှာ ပေါ်လာတယ်။ လုံးဝကို အရောင်မထွက်တဲ့ အနက်ရောင် ဓားတစ်လက်။ လက်နက်နဲ့တောင် မတူဘူး။ အရိပ် တစ်ခုနဲ့ တူတယ်။
“အဲ့တာ ရှီဖုန်းရဲ့ လက်နက်လား။”
“အစတည်းက ဓားကို သုံးတော့မယ်။ ဒါဆို သူ့အင်အား အကုန်လုံးကို ထုတ်သုံးတော့မှာ မဟုတ်လား။
“ဟုတ်တယ်။” ကောင်းကင်တာအို တပည့်သားတွေ ရှီဖုန်းရဲ့ လက်နက်ကို မြင်တော့ တွေးလိုက်မိတယ်။ ဒီမှာ တိုက်ပွဲကြီး ဖြစ်တော့မယ်။ ဖန်ကျန်းရှီကတော့ ရှီဖုန်းကို ပြန်မဖြေဘူး။ အရူးတစ်ယောက်ကို မြင်သလိုမျိုး ရှီဖုန်းကို ကြည့်နေခဲ့တယ်။
“ကြည့်ရတာ မင်းမှာ မရှိ”
ရှီဖုန်း စကားမဆုံးခင် ဖန်ကျန်းရှီ လှုပ်ရှားတယ်။ ရှီဖုန်းရဲ့ ရင်ဘတ်ကို သူ့ရဲ့ ခြေရာမဲ့ဓားနဲ့ ထိုးစိုက်လိုက်တယ်။ အစကနေ အဆုံးအထိ ဖန်ကျန်းရှီ စကား တစ်ခွန်းမှ မပြောဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကြောင့် ရှီဖုန်း နားလည်သွားတယ်။ အချိန်မဖြုန်းနဲ့ တိုက်ခိုက်တော့။
ဖန်ကျန်းရှီရဲ့ ဓား ထွက်လာတဲ့ အချိန်မှာပဲ ခရမ်းရောင် အလင်းတန်းက တောက်ပလာတယ်။ နဂါးကြီးက ဟိန်းဟောက်တယ်။ ဖန်ကျန်းရှီက ဘာတိုက်ကွက်မှ မသုံးဘူး။ အခုချိန် သူ့စိတ်ထဲမှာ သတ်ချင်တာပဲ သိတယ်။
“ရွှီ” ဓားက အသံထွက်လာတယ်။ ကြောက်စရာ ခရမ်းရောင် အလင်းတန်းက ရှီဖုန်းရဲ့ ရင်ဘတ်ကို မိုးကြိုး တစ်ခုလို ထွင်းဖောက်သွားတယ်။
“မြန်လိုက်တာ”
“အရမ်း မြန်တာပဲ။”
“ပြီးသွားတာတော့ မဟုတ်ဘူးမလား။”
ရှီဖုန်းရဲ့ ရင်ဘတ်ကို ဖန်ကျန်းရှီရဲ့ ဓားဖြတ်သွားတာကို ကြည့်ရင်း မယုံနိုင် ဖြစ်နေကြတယ်။ ရှီဖုန်းက ယင်ယန် ခန်းမရဲ့ ထိပ်တန်း ပညာရှင် ဆိုတာ သူတို့ သိတယ်။ ရင့်ရှန်းရဲ့ အင်အားက သူနဲ့ မယှဉ်နိုင်ဘူး။
“မင်းက မြန်မြန် သေချင် နေပုံပဲ။ ဒီတော့လည်း ဆန္ဒ ဖြည့်ပေး ရတာပေါ့။ သေပေရော့။” လူတိုင်း မယုံနိုင်တဲ့ အချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံ ထွက်ပေါ် လာခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ရှေ့မှာ ရှိနေတဲ့ ရှီဖုန်းလည်း နှင်းစလေးလို လွင့်စင် သွားခဲ့တယ်။
“အဲ့တာ အရိပ်ပဲ။” ကောင်းကင် တာအို တပည့်သားတွေ နာလည်သွားတယ်။ ဖန်ကျန်းရှီ မြန်တာထက် ရှီဖုန်းက ပိုမြန်တယ်။ ဖန်ကျန်းရှီရဲ့ နောက်မှာပဲ ဒီအတိုင်း ပေါ်လာခဲ့တယ်။
“ဝူး။” အသံကျယ်ကြီး တစ်ခုက လေထဲမှာ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် လခြမ်းကွေး တစ်ခုလို အနက်ရောင် အရိပ်ကြီးက ဖန်ကျန်းရှီရဲ့ နောက်မှာ ပေးလာခဲ့တယ်။ ရှီဖုန်းက ဖန်ကျန်းရှီလိုပဲ တိုက်ခိုက်ဖို့ တွေေ၀ မနေဘူး။ အပြာရောင် အလင်းတန်း နှစ်ခုက တစ်ချိန်တည်းမှာ တောက်ပ လာခဲ့တယ်။ တစ်ခုက ဖန်ကျန်းရှီ ရပ်နေတဲ့ နေရာမှာ ပေါ်လာတယ်။ နောက်တစ်ခုကတော့ သူ့ခေါင်းပေါ်မှာ ပေါ်လာတယ်။
ခြေရာမဲ့ ဓားရဲ့ ဓားထိပ်ကလည်း ရှီဖုန်း ခေါင်းပေါ်ကို ရောက်လာခဲ့တယ်။ အရမ်းကို မြန်ဆန်တဲ့ တိုက်ခိုက်နည်းပဲ။ မြန်လွန်းလို့ လူအများစုက ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး။ ဒါပေမယ့် ရှီဖုန်းကတော့ ပြုံးလိုက်တယ်။ သူ့ခေါင်းပေါ်မှာ ဓားပေါ် လာတာနဲ့ ရပ်နေတဲ့ နေရာကနေ ပျောက်ကွယ်သွားတယ်။ ထူးဆန်းတဲ့ မြင်ကွင်း တစ်ခု ပေါ်လာတော့တယ်။ မြေပြင်ကြီး တစ်ခုလုံး အင်အားကြီးနဲ့ ရိုက်ခတ် ခံလိုက်ရသလို နှစ်ခြမ်း ကွဲထွက် သွားခဲ့တယ်။
“ခဘွန်း။” အသံကျယ်ကြီး ထွက်ပေါ်လာတယ်။ ပုံမှန် မြေကြီးထက် တစ်လက်မ တိတိ ကျွံဝင် သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အက်ကွဲကြောင်းတွေက မြေပြင်ပေါ်မှာ ပေါ်လာတယ်။ ထူးခြားတဲ့ သဏ္ဍာန် တစ်ခုလိုပဲ။ ဖန်ကျန်းရှီလည်း အပြာရောင် အလင်းတန်းထဲကို ပြန်မဝင် နိုင်တော့ဘူး။ မြေပြင်က ပေါ်လာတဲ့ သဏ္ဍာန်ထဲကို အသံကျယ်ကြီးနဲ့အတူ ပြုတ်ကျ သွားခဲ့တယ်။ ထူးဆန်းတဲ့ အင်အားတွေ သူ့ကို ဆွဲချ သွားတဲ့ အတ၂ိုင်းပဲ။
“မြေပြင်ပေါ်က ငရဲဆိုတာကို မင်းသိလား။” ရှီဖုန်းက ဖန်ကျန်းရှီ ရှေ့မှာ ပေါ်လာခဲ့တယ်။ သူပေါ် လာတဲ့ အချိန်မှာပဲ မီးဘောလုံး ရှစ်ခုက သဏ္ဍာန်ကြီးရဲ့ အပေါ်မှာ စတင် တောက်လောင်တော့တယ်။ မီးဘောလုံး ရှစ်ခုက အနီရောင် မဟုတ်ဘူး။ မည်းမှောင် နေခဲ့တယ်။
“အဲ့တာ ဘာကြီးလဲ။”
“သန်မာလိုက်တာ။”
“ဖန်ကျန်းရှီကို တကယ်ပဲ ကောင်းကင်ကနေ ဆွဲချ လာနိုင်တယ်။” ကောင်းကင် တာအို တပည့်သားတွေ အထိတ်တလန့် ပြောမိကြတယ်။
“ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက ငရဲ တာအိုပဲ။” ဒုတိယ အကြီးအကဲ ရုတ်တရက် ပြောတယ်။ ဖန်ကျန်းရှီနဲ့ မြေပြင်ပေါ်က သဏ္ဍာန်ကို သေချာ ကြည့်နေခဲ့တယ်။
“ဒီတော့ ဒါက ငရဲ တာအိုပေါ့။”
ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုက အဓိက မဟာတာအို ခြောက်ခုပဲ။ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲက တစ်ခုကို တတ်မြောက်တာက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ ဒါပေမယ့် အဲ့ဒီ့ မဟာ တာအိုနဲ့ သုခမိန် အဆင့်ကို ရောက်တဲ့ သူက မြင့်မြတ် နယ်မြေမှာတောင် အရမ်း ရှားပါးတယ်။ ရှီဖုန်းက သူတို့ထဲက တစ်ယောက်ပဲ။
“ဖန်ကျန်းရှီ အမှန်အတိုင်း ပြောရရင်။ ငါ့ရဲ့ ဆောင်းဟေမာန် ငရဲရှစ်ဘုံမှာ မင်းသေရမှာ ဂုဏ်ယူ စရာပဲ။” ဖန်ကျန်းရှီကို ပြောနေတဲ့ အချိန် သူ့ရဲ့ လူသတ်ငွေ့တွေက ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။
“ဂုဏ်ယူ စရာပါပဲ။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ထရပ်တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးကို မြေကြီးထဲက ကြောက်စရာ အင်အားတွေ ဆွဲယူ နေတဲ့ အတွက် တုန်ယင် နေခဲ့တယ်။
“ကြည့်ရတာ မင်းနားလည်ပြီပဲ။” ရှီဖုန်း ပထမဆုံး ပြန်ဖြေတဲ့ စကားကို ကြားတော့ နည်းနည်း လန့်သွားခဲ့တယ်။ နောက်ပြီးတော့ သူ့လေသံက ဂုဏ်ယူ နေပုံလည်း မပေါက်ဘူး။
“ဟုတ်တယ်။ ငါနားလည်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ မီးဘောလုံးတွေကို ကြည့်ရင်း သူ့ရဲ့ ရေလို ကြည်လင်တဲ့ မျက်ဝန်းတွေက အလင်းတန်းတွေ တလက်လက် တောက်ပလာတယ်။
“ဟဟား။ နောက်ကျသွားတာ စိတ်မကောင်းဘူး။ ငါမင်းကို လွယ်လွယ် ပေးမသေတော့ဘူး။ ငရဲကို ကောင်းကောင်း ခံစားကြည့်လိုက်။” ရှီဖုန်း ပျော်ပျော်ကြီး ရယ်နေခဲ့တယ်။ ငရဲတာအို ပညာရှင် တစ်ယောက် အနေနဲ့ ဒီလို ခံစားချက်ကို သူအရမ်း နှစ်သက်တယ်။
လူသား လောကကို ဆုံးဖြတ် ပေးနေတဲ့ လူတစ်ယောက်လို ကိုယ့်ကိုယ်ကို ထင်မြင် နေခဲ့တယ်။ ကောင်းကင် တာအို တပည့်သားတွေကတော့ တိတ်ဆိတ် နေခဲ့တယ်။ အရာအားလုံး ပြီးဆုံးပြီဆိုတာ သူသိတယ်။ ဖန်ကျန်းရှီ ဘယ်လောက်ပဲ အင်အားကြီးကြီး။ တာအို ဘယ်နှစ်ခုပဲ ပိုင်ပိုင်။ ငရဲတာအို သုံးတဲ့ သုခမိန်ကိုတော့ မယှဉ်နိုင်ဘူး။
တပည့်သား အများစု မကြည့်ရက်တာကြောင့် မျက်စိ မှိတ်ထားကြတယ်။ သူတို့တွေ ဖန်ကျန်းရှီကို သဘော မကျတာတော့ အမှန်ပဲ။ ဒါပေမယ့် ဖန်ကျန်းရှီက မြေစာပင် ဖြစ်ရတဲ့သူ။ မြင့်မြတ် နယ်မြေမှာ အကြိမ်ကြိမ် ဖြစ်နေတဲ့ ကိစ္စမှာ စတေးခံ ဖြစ်သွားရတဲ့သူ။ ဒါကို သူတို့ မပြောင်းလဲ နိုင်ဘူး။
“အဆုံးအဖြတ် ခံယူတော့။” ရှီဖုန်းအသံက ကောင်းကင် တာအို တပည့်သားတွေရဲ့ အတွေးကို နှောက်ယှက်လိုက်တယ်။ သူ့အသံ ထွက်လာတာနဲ့ အနက်ရောင် မီးဘောလုံးကြီး ဆင်းသက် လာတော့တယ်။
“ဝူး။” ထင်ထားတဲ့ အတိုင်း အနက်ရောင် မီးဘောလုံးကြီးက ဖန်ကျန်းရှီရဲ့ ကိုယ်ပေါ်ကို ကျရောက် လာပြီးတော့ လောင်ကျွန်းတော့တယ်။
မီးလောင်လို့ တစစ်စစ် မြည်တဲ့ အသံတွေ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာကတော့ ဝမ်းနည်း ပူဆွေးရိပ်တွေ ပြည့်နှက် နေခဲ့တယ်။ သူတွန့်လိမ့် လာတော့တယ်။ နဖူးကနေ ချွေးသီး ချွေးပေါက်တွေ ကျဆင်းလာတယ်။
နောက်ထပ် မီးဘောလုံး တစ်လုံး သူ့ခန္ဒာကိုယ်ပေါ် ထပ်ရောက်လာတယ်။ ဒီတစ်ခေါက်တော့ သူ့ခန္ဒာကိုယ်က မီးခိုးငွေ့တွေ မပေါ်လာတော့ဘူး။ အနက်ရောင် မီးဘောလုံးက ခန္ဒာကိုယ်ထဲကို ဝင်သွားတယ်။ အတွင်းအပြင် နှစ်ခုလုံး မီးမြိုက် ခံနေရတယ်။ ဘယ်လိုပဲ ကြိုးစားပါစေ၊ မီးမငြိမ်းနိုင်ဘူး။
“ရုန်းကန်နေတာ အသုံးမဝင်ဘူး။ ဒါက ငရဲမီးတွေ။ ငရဲမီး ရှစ်မျိုးက မတူညီတဲ့ နာကျင်မှုတွေကို ပေးတယ်။ အရေပြား၊ ကြွက်သား၊ အရိုး။ ခြင်ဆီ၊ သွေး၊ ကလီစာတွေအထိ လောင်ကျွမ်းမယ်။ ဒါက အစပဲ ရှိသေးတယ်။” မီးငြိမ်းဖို့ လုပ်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ရှီဖုန်း ပြုံးနေခဲ့တယ်။
“ရှစ်မျိုးတဲ့လား။” သူ့ရဲ့ မျက်ဝန်းထဲမှာ အနက်ရောင် မီးတောက် တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာတယ်။ ဒါပေမယ့် အပြင်ဘက်က မီးဘောလုံးတွေနဲ့ ယှဉ်လိုက်ရင် သေးငယ်လွန်းတော့ ဘယ်သူမှ သတိ မထားမိဘူး။ ဒါကြောင့် မြေပြင်မှာ စတင် လူးလိမ့်တော့တယ်။ နာနာကျင်ကျင် အော်ဟစ် လူးလိမ့်တယ်။ မခံမရပ် နိုင်အောင် နာကျင် ခံစား နေရတဲ့ ပုံစံပဲ။
“ဒီလောက်လေးတောင် တောင့်မခံ နိုင်ဘူးလား။” ဖန်ကျန်းရှီ ခံစား နေရတာကို မြင်တော့ ရှီဖုန်း လန့်သွားတယ်။ သူက နည်းနည်း ကစား ချင်ရုံပဲ။ အခုတော့ ဖန်ကျန်းရှီက ကြာကြာ မခံနိုင်တာ သိသာနေပြီ။
အပိုင်း (၇၂၈) ပြီး၏။
အပိုင်း (၇၂၉)
“တစ်ခုခု ထူးဆန်းနေပြီ။ ခန္ဒာကိုယ်ကို မီးရှစ်ခုက လောင်ကျွမ်းနေတယ်။”
“ရက်စက်လိုက်တာ။” မဟူရာ လမင်းကျွန်းရဲ့ တတိယ သုခမိန် အေးစက်စက် ပြုံးရင်း ပြောတယ်။
“တကယ့်ကို ရက်စက်တယ်။ ဒါပေမယ့် ငါတို့ ခံစားရတဲ့ နာကျင်မှုနဲ့ ယှဉ်ရင်တော့ မပြောပလောက်ဘူး။” ဒုတိ သုခမိန်လည်း ပြုံးနေခဲ့တယ်။ သူတို့ နှစ်ယောက်နဲ့ ယှဉ်ရင် ယွမ်ရုန်က အရမ်းကို တည်ငြိမ်နေတယ်။ သူက လူးလှိမ့်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့တယ်။
တကယ်တော့ သူ့လို တောင်စဉ် ကိုးသွယ်က လူတစ်ယောက် အတွက်၊ လုပ်ငန်း အောင်မြင်ဖို့ ယင်ယန် ခန်းမရဲ့ အကူအညီ ယူရတာက နည်းနည်းတော့ သိက္ခာကျတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ သိက္ခာကို ထိခိုက်ပါစေ သည်းခံရမယ်။ တောင်စဉ် ကိုးသွယ်က မြင့်မြတ် နယ်မြေမှာ ဆက်ပြီးတော့ တည်ရှိ နေချင်ရင် ယင်ယန် ခန်းမနဲ့ မဟာမိတ် ပြုမှ ဖြစ်မယ်။
“ဖန်ကျန်းရှီ။” ရန်ရွှယ် တုန်ယင် လာတော့တယ်။ သွေးနီရောင် အလင်းတန်းက သူ့မျက်ဝန်းမှာ ပေါ်လာတယ်။ အရမ်းကို နာကျင် ခံစား နေရပုံပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ သူ့ကို မျက်စိမှိတ်ပြ လိုက်တာ မြင်တော့ တုန်ယင်နေတာ ရပ်တန့် သွားခဲ့တယ်။ သူနည်းနည်းတော့ လန့်သွားပုံပဲ။ အဲ့ဒီ့နောက် ရန်ရွှယ် တိတ်ဆိတ် သွားခဲ့တယ်။ တခြား တစ်ဖက်က ဖန်ကျန်းရှီကတော့ ဆက်တိုက် အော်ဟစ်နေတော့တယ်။ သူ့ရဲ့ အသံက သစ်တောထဲမှာ ဟိန်းထွက် နေခဲ့တယ်။ သေတော့မယ့် အတိုင်းပဲ။
“ဟမ့်။ အဆုံးသတ်ပြီလား။” ရှီဖုန်း မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်း ပေါ်လာတယ်။ ဖန်ကျန်းရှီ သုခမိန် တစ်ယောက်ကို သတ်လိုက်တာ ကျေးဇူးတင်ရမယ်။ ဒါဆို လွယ်လွယ် အလွတ်မပေးတာလည်း သူ့အပြစ် မဟုတ်တော့ဘူး။ သူ့လက်ထဲက ဓားလှုပ်ရှား သွားတယ်။ ဒုတိယ မီးဘောလုံး ဆင်းသက်လာတယ်။
“အား။” ဖန်ကျန်းရှီ နာနာကျင်ကျင် အော်ဟစ်ပြန်တယ်။ သူ့အဝတ်တွေကို ဆုတ်ဖြဲ ပြစ်ရင်းနဲ့ ချွေးသီးချွေးပေါက်တွေက တကိုယ်လုံးက အငွေ့ပျံနေတယ်။ ဒါက ဆက်တိုက် ဖြစ်နေခဲ့တယ်။ ရှီဖုန်းကတော့ သူ့ကို အလွတ်ပေးဖို့ စိတ်ကူး ရှိပုံ မပေါ်ဘူး။ လက်ထဲက ဓာကို ဝေ့ယမ်းရင်းနဲ့ နောက်ထပ် မီးဘောလုံး နှစ်ခုကို စေလွှတ်လိုက်တယ်။
ခပ်မြန်မြန်ပဲ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် တစ်ခုလုံး အနက်ရောင် မီးဘောလုံးတွေ ဝါးမျိုတာ ခံလိုက်ရတယ်။ သူ့အသားအရေက မည်းတူးနေပြီ။ သနား စရာကောင်းလောက်အောင် အော်ဟစ်နေခဲ့တယ်။ အပြုသဘော ပြောရရင်တော့ သူမသေသေးဘူး။ ဖန်ကျန်းရှီ ဆက်တိုက် ရုန်းကန် အော်ဟစ် နေခဲ့တယ်။ ဘယ်သူပဲ ကြည့်ကြည့် သူနောက်ထပ် တောင့်မခံ နိုင်တော့ပုံပဲ။
ဘာကြောင့်များ နောက်ဆုံး အသက်မျှင်းမျှင်းလေး ကျန်တဲ့အထိ ဒီလောက်တောင် တောင့်ခံ နေလဲ တွေးမရဘူး။ ဘယ်လောက်ပဲ အော်ဟစ် ရပါစေ၊ သေဖို့ကိုတော့ ငြင်းပယ် နေတယ်။ ရှီဖုန်းကတော့ ထူးဆန်းနေတယ်။ သူ့ခန့်မှန်းချက် အရဆိုရင် ဖန်ကျန်းရှီက ဒုတိယ မီးဘောလုံးကို တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ အခုတော့ တတိယနဲ့ စတုတ္ထ မီးဘောလုံး အထိ အသက်ရှင်နေသေးတယ်လား။
တစ်ခုခု လွဲနေတာကို ခံစားမိတယ်။ တခြားသူတွေလည်း တွေးမိကြတယ်။ ပုံမှန် အခြေအနေမျိုးမှာ ဒီလောက်တောင် အော်ဟစ် နေရရင် သေမှာလည်း မြန်ဆန်တယ်။
“ကြည့်ရတာ သူက မသေချင်တဲ့ ပုံပဲ။ ဒါပေမယ့် မသေချင်ရုံနဲ့ အသက်ရှင်မယ် ထင်လား။ ငရဲတာအိုကို နာမည်နဲ့ မလိုက်အောင် မလုပ်နဲ့။” ရှီဖုန်း သူ့ဘာသူ ပြောတယ်။ သူ့လက်ကို ထပ်လှုပ်ရှားလိုက်တော့ ငါးခုမြောက် မီးဘောလုံး ထွက်လာတယ်။ ဒါက အတွင်း ကလီစာတွေကို လောင်တဲ့ မီး။
လူတစ်ယောက် တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီလည်း တောင့်မခံ နိုင်ဘူး။ ဒီမီးလုံး သူ့ရင်ဘတ်ထဲကို ဖောက်ဝင်သွားတဲ့ အချိန်မှာပဲ တကိုယ်လုံးကို ဘောလုံး တစ်လုံးလို ကွေးချလိုက်တယ်။ နောက်ဆုံး အသက်ရှင်ချိန်လိုပဲ။ ဒါပေါ့ အခုထိ အသက်ရှိသေးတယ်။
“..” ရှီဖုန်းကတော့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ တစ်ခုခု ပြောချင်ပေမယ့် ဘာပြော ရမယ်မှန်း မသိဘူး။ သူ့မျက်နှာကတော့ အေးစက် နေခဲ့တယ်။
ကောင်းကင်တာအို တပည့်သားတွေကတော့ ဒီလောက် ရက်စက်တဲ့ အဖြစ်ကို မမြင်ဝံ့တာကြောင့် မျက်နှာလွှဲနေ ကြတယ်။ ဒါမျိုးကို လုံး၀ မကြည့်နိုင်ဘူး။ ဒါက လူတစ်ယောက်ကို နှိပ်စက် နေတာလေ။ ဒီလောက်ကြီး ရက်စက်ဖို့ မလိုဘူးလို့ သူတို့ တွေးမိတယ်။
“အကြီးအကဲရှီ လုံလောက်ပြီ။” ဆဋ္ဌမ အကြီးအကဲ ဝင်ပြောတယ်။ ဖန်ကျန်းရှီကို ဘယ်လောက်ပဲ မနှစ်သက်ပါစေ၊ ဒီလို နှိပ်စက် နေတာ မြင်တော့ မခံစား နိုင်တော့ဘူး။
“လုံလောက်ပြီ ဟုတ်လား။ သေသွားတဲ့ ငါ့တပည့်က မင်းတို့ ကောင်းကင်တာအို ခန်းမမှ မဟုတ်ပဲ။ မင်းအတွက်တော့ လုံလောက်မှာပေါ့။” ရှီဖုန်းရဲ့ အသံက အေးစက်ပြီး ပြတ်သားလွန်းတယ်။
“ရှီဖုန်း မင်း။” ဆဋ္ဌမ အကြီးအကဲရဲ့ မျက်နှာ နီရဲနေတယ်။ “မိုးနတ် ရေကန်ကို ဖျက်စီး သွားတာက မင်းရဲ့ တပည့် တစ်ယောက်ကို သတ်တာထက်တောင် ပိုအပြစ်ကြီးသေးတယ်။” ဒီလို ပြောလိုက်ချင်တယ်။ ဒါပေမယ့် မပြောဘူး။ ဖန်ကျန်းရှီက မိုးနတ် ရေကန်ကို ဖျက်စီးသွားတဲ့ အကြောင်း တလောကလုံးကို ထုတ်ပြောဖို့ သူမအဘူးလေ။
“ကောင်းပြီလေ။ မင်းက ဒါကို တောင့်ခံ နိုင်မှတော့ ဘယ်လောက်ထိ ခံစားနိုင်မလဲ ကြည့်ရအောင်။” ရှီဖုန်းက ဆဋ္ဌမ အကြီးအကဲကို လျစ်လျူရှုရင်း သူ့ဓားကို လှုပ်ရှားလိုက်ပြန်တယ်။ ခြောက်ခုမြောက် မီးဘောလုံး ကျလာတယ်။
“ဝူး။” ဒီတစ်ခေါက်တော့ မြေပြင် တစ်ခုလုံး တုန်ယင်သွားတယ်။ ပြင်းထန်တဲ့ အင်အားနဲ့ မီးဘောလုံးကို ကြည့်ရုံနဲ့တင် ကောင်းကင် တာအို တပည့်သားတွေ ချွေးပျံ နေကြပြီ။ ဖန်ကျန်းရှီရဲ့ အော်သံကလည်း ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။ လက်တွေကို မြေပြင်မှာ ကုတ်ခြစ်ရင်း နက်ရှိုင်းတဲ့ အမှတ်တွေကို ဖန်တီးနေတယ်။ ဒါက နောက်ဆုံး ရုန်းကန်မှုဆိုတာ သိသာနေပြီ။ ဒါပေမယ့် မသေသေးဘူး။
“ကောင်လေး။ ခုနှစ်ခုမြောက် ပြာချမီးတောက်ရဲ့ နာကျင်မှုကို မင်းခုခံနိုင်မယ်လို့ ငါတော့ မထင်ဘူး။” ရှီဖုန်း တကယ့်ကို ဒေါသထွက်နေပြီ။ ဓားတောင် မယမ်းနိုင်တော့ဘူး။ ခုနှစ်ခုမြောက် မီးဘောလုံး တည့်တည့်ကြီး ကျလာတယ်။
“အား။” ဖန်ကျန်းရှီ ဝမ်းခေါင်းသံနဲ့ အော်ဟစ်တယ်။ တကိုယ်လုံး အကြောဆွဲသလို တုန်ယင်နေတယ်။
“ဟဟား။ ဒီပြာချ မီးတောက်ကိုတော့ မင်းမခံ နိုင်ပါဘူး။” ရှီဖုန်း ပြုံးရင်း ပြောတယ်။ ကောင်းကင် တာအို တပည့်သားတွေကတော့ ခေါင်းခါမိတယ်။
“သူနောက်ဆုံးတော့ အဆုံးသတ် ပြီလား။”
“ဒီခုနစ်ခုမြောက် ပြာချ မီးတောက်ကို ခုခံ နိုင်ရင်တော့၊ တကယ့်ကို သန်မာတာပဲ။”
“ဟုတ်တယ်။ ဒီလို အရှက်မဲ့တဲ့ ကောင်က သန်မာတယ်။”
ကောင်းကင်တာအို တပည့်သားတွေ စိတ်ထဲမှာ ဝမ်းနည်း နေမိတယ်။
စောင့်ဆိုင်းနေတယ်။ ရှီဖုန်းက နောက်ထပ် အင်အားတွေ မဖြုန်းတီး နိုင်တဲ့ အတွက် ဘာမှ မလုပ်ဘူး။ တခြားသူတွေလည်း စောင့်ဆိုင်းနေတယ်။ ၁၅မိနစ် ကုန်လွန် သွားခဲ့ပြီ။ ဖန်ကျန်းရှီကတော့ တုန်ယင်နေဆဲ။
“…”
“သူအသက် ရှင်နေတုန်းလား။”
“ဘယ်လို ဖြစ်နိုင်တာလဲ။”
ကောင်းကင်တာအို တပည့်သားတွေ နောက်ဆုံးတော့ အသံ ထွက်လာကြပြီ။ ဒီမီးတောက်က ဘယ်လောက်တောင် ပြင်းပြင်းထန်ထန် နာကျင်ခံစားရမှန်း သူတို့ သိကြတယ်။ ဒါတောင် ဖန်ကျန်းရှီက ၁၅မိနစ် တောင့်ခံ ခဲ့တယ်။ မသေသေးဘူး။ မျက်တောင် တစ်ခတ်အတွင်း အချိန်မရွေး အသက်ထွက်သွားတော့မယ့် သူက အခုထိ တောင့်ခံ နေနိုင်သေးတယ်။
“ကောင်လေး။ မင်းတကယ်ပဲ သေသွားတာကို မြင်ချင်တယ်။” ရှီဖုန်း မျက်ဝန်းတွေက မီးတောက် နေခဲ့ပြီ။ ရှစ်ခုမြောက် မီးတောက်လည်း ထွက်ပေါ် လာပြီး ဖန်ကျန်းရှီကို လောင်ကျွမ်းတော့တယ်။
“ဝူး။” အနက်ရောင် မီးတောက်တွေက လေထဲကို ထိုးတက် လာပြီးတော့ အသံကျယ်ကြီး တစ်သံ လေထဲကို ပဲ့တင့် ထပ်သွားတယ်။ ကျောရိုးထဲကို အေးစိမ့် သွားစေတဲ့ ငရဲအော်သံကြီးလိုပဲ။ ဖန်ကျန်းရှီလည်း တုန်ယင်နေတာ ရပ်သွားတော့တယ်။ မလှုပ်ရှားတော့ဘူး။
“နောက်ဆုံးတော့ သေပြီ။”
“မီးတောက် ၈ခု အထိကို အသက်ရှင် နိုင်ခဲ့တယ်။”
“တကယ့်ကို အသက်ရှင်ချင်စိတ် ပြင်းပျ နေတာပဲ။
နောက်ထပ် မလှုပ်ရှားတော့တဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ကောင်းကင် တာာအို တပည့်သားတွေ စိတ်ထဲမှာ နည်းနည်းတော့ ကူကယ်ရာ မဲ့သွားခဲ့တယ်။ ဖန်ကျန်းရှီ မလှုပ်ရှား တော့တာကို မြင်တော့ ဒုတိယ အကြီးအကဲ ရှေ့ထွက်လာတယ်။
“ယွမ်ရုန်။ မင်းတို့ ကိစ္စက ပြီးသွားပြီ။ မင်းတို့ သုခမိန် သုံးယောက် ငါတို့နဲ့ လိုက်ခဲ့ပြီး ခန်းမခေါင်းဆောင်နဲ့ လိုက်တွေ့။” ဒုတိယ အကြီးအကဲ ပြောတယ်။
“ကောင်းပြီ။ ဒါပေမယ့် ရန်ရွှယ့်ကို ချက်ခြင်း မင်းတို့လက်ထဲ မအပ်နိုင်ဘူး။” ယွမ်ရုန် ခေါင်းငြိမ့်ရင်း ပြောတယ်။
“မင်းဘာပြောတာလဲ။ ကောင်းကင် တာအို ခန်းမက ကတိ မတည်ဘူးလို့ ထင်နေတာလား။” ဒုတိယ အကြီးအကဲ ဒေါသတကြီး ပြန်မေးတယ်။
“ဒီကိစ္စက ငါတို့ ညီနောင်ရဲ့ အသက်နဲ့ ဆိုင်တယ်။ နည်းနည်းလောက် ပိုပြီးတော့ သတိထားမှ ဖြစ်မယ်။ ကိစ္စတွေ အားလုံးကို ဖြေရှင်း ပြီးလို့ ကောင်းကင် တာအို ခန်းမရဲ့ နယ်နိမိတ်ထဲက ထွက်သွားနိုင်ရင် ရန်ရွှယ့်ကို ပြန်ပေးမယ်။” ယွမ်ရုန် သူ့အကြံကို ဖုံးကွယ်ဖို့ စိတ်ကူး ရှိပုံ မပေါ်ဘူး။
“မင်းက ငါတို့ကို ခြိမ်းခြောက် ချင်တာလား။”
“မလုပ်ဝံ့ပါဘူး။ ဒါပေမယ့် ငါတို့ အသက်ရှင်အောင် နေရမယ်။ ကောင်းကင် တာအို ခန်းမက ကြီးမြတ်သောရှနဲ့ ဆက်သွယ်ရေး ခိုင်မာတယ် မဟုတ်လား။ ဒီကောင်လေးက ကြီးမြတ်သောရှရဲ့ မင်သားရန်။ ဟုတ်သား။ သူက ချီကူယန်နဲ့လည်း ခင်မင်တယ်။ ဒီတော့ မင်းတို့တွေ သူသေမှာကို ရပ်ကြည့် နေမှာတော့ မဟုတ်ဘူး မလား။”
“ယွမ်ရုန်။ မင်း။”
“ဒုတိယ အကြီးအကဲ။ ငါတို့ သုံးယောက်က ကောင်းကင် တာအို ခန်းမကို သွားဖို့ သဘောတူလိုက်ပြီ။ ဒီကိစ္စကို မင်းနဲ့ ပြောထားတဲ့ အတိုင်း လုပ်မယ်။ ငါတို့က ရန်ရွှယ်ကို သတ်မယ်လို့ မင်းထင်နေ တာလား။” ယွမ်ရုန် ပြုံးပြရင်း ပြောတယ်။
“ဒုတိယ အကိုတော်။ ရန်ရွှယ့် ဒဏ်ရာတွေက ပြင်းထန်တယ်။ ကောင်းကင် တာအို ခန်းမကို အရင်ဆုံး ပြန်ရမယ်လို့ ငါထင်တယ်။” စတုတ္ထ အကြီးအကဲ ဝင်ပြောတယ်။ ဒါကိုကြားတော့ ဒုတိယ အကြီးအကဲ သွေးအိုင်ထဲမှာ ဒူးထောက်လျက်သား ရှိနေတဲ့ ရန်ရွှယ့်ကို ကြည့်တယ်။
အံကြိတ်ရင်း သူပြောတယ်။ “ကောင်းပြီ။ မင်းတို့တွေ ရန်ရွှယ့်ကို ချက်ခြင်း ပြန်အပ်စရာ မလိုဘူး။ ဒါပေမယ့် သူသာ တစ်ခုခု ဖြစ်ရင်၊ မင်းတို့ သုံးယောက်လုံး ကောင်းကင် တာအို ခန်းမကနေ အသက်ရှင်လျက် ထွက်သွားရမယ် မထင်နဲ့။”
“ဟဟား။ မစိုးရိမ်ပါနဲ့ ဒုတိယ အကြီးအကဲ။ ငါတို့တွေက အသက်ရှင်ချင်ရုံပဲ။ ကောင်းကင် တာအို ခန်းမနဲ့ ရန်သူ မဖြစ်ချင်ဘူး။” ယွမ်ရုန် ဒါကိုကြားတော့ ခေါင်းငြိမ့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဆေးပုလင်း တစ်ပုလုံး ထုတ်ပြီးတော့ ရန်ရွှယ့်ကို တိုက်လိုက်တယ်။
“ဓားဗျူဟာနဲ့ ကောင်းကင်တာအို ခန်းမကို ပြန်မယ်။” ဒုတိယ အကြီးအကဲ သူ့တပည့်သားတွေကို လက်ဝေ့ယမ်းပြရင်း ပြောတယ်။
“အမိန့် အတိုင်းပါ။” တပည့်သားတွေ ချက်ခြင်း ပြန်ဖြေတယ်။
“ဖန်ကျန်းရှီရဲ့ အလောင်းကိုလည်း ပြန်ယူခဲ့။” စတုတ္ထ အကြီးအကဲက အမိန့်ပေးတယ်။
“ကောင်းပါပြီ။” ကောင်းကင် တာအို တပည့်သားတွေ ဖန်ကျန်းရှီကို ပြေးသယ်ဖို့ လုပ်ကြတယ်။
“နေအုန်း။ တတိယ ညီလေး။ သူ့ကို မင်းဓားနဲ့ နှစ်ချက် ခုတ်ကြည့်။ ဒီကောင်စုတ် သေမသေ ငါသေချာ သိချင်တယ်။” ယွမ်ရုန်ရဲ့ အသံ ထွက်ပေါ်လာတယ်။
အပိုင်း (၇၂၉) ပြီး၏။
အပိုင်း (၇၃၀)
“ပြန်လည် မွေးဖွားမှု စက်ကွင်း။ ငရဲ တာအိုကို ဖွင့်လှစ်။”
“သူ့ကို နောက်ထပ် နှစ်ချက်ခုတ်ရမှာလား။” မဟူရာ လမင်းကျွန်းရဲ့ တတိယ သုခမိန် ဒါကိုကြားတော့ မျက်လုံး ပြူးသွားတယ်။ အဲ့ဒီ့နောက် မြေပြင်က မလှုပ်မယှက် ရှိနေတဲ့ ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
“မီးတောက် ရှစ်ခုနဲ့ ဝါးမျို ခံရတာ ဘယ်လိုလုပ် သူ မသေပဲ နေမှာလဲ။” တတိယ အကြီးအကဲ ဒီလို တွေးမိတယ်။ ဒါပေမယ့် ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။ “ကောင်းပါပြီ။” ဖန်ကျန်းရှီဆီကို သူလျှောက်လာတယ်။
“တတိယညီလေး သတိထား။” ယွမ်ရုန် သတိပေးတယ်။
“ကောင်းပါပြီ။” တတိယ အကြီးအကဲ နောက်တစ်ခေါက် ပြန်ဖြေတယ်။
ဒါကိုကြားတော့ ရှီဖုန်းရဲ့ မျက်နှာက လူသတ် လိုစိတ်တွေ ထပ်ပေါ်လာ ပြန်တယ်။
“နေစမ်းပါအုန်း။ ယွမ်ရုန်။ မင်းတို့ သုံးယောက်က တောင်စဉ် ကိုးသွယ်ရဲ့ တပည့်သားတွေ သက်သက်ပဲ။ ဒီတော့ ဘာဖြစ်လဲ။ မင်းတို့က ငါ ရှီဖုန်း ဒီကောင်စုတ်လေး တစ်ယောက်ကိုတောင် မသတ်နိုင်ဘူးလို့ ထင်နေတာလား။” မကျေမနပ်နဲ့ ရှီဖုန်း ပြောတယ်။ နောက်ဆုံးတော့လည်း သူက ယင်ယန် ခန်းမရဲ့ အကြီး အကဲ တစ်ယောက်လေ။ မေးခွန်း ထုတ်ခံ ရတာကို သူမုန်းတယ်။
“အကြီးအကဲရှီ စိတ်မဆိုးပါနဲ့။ ငါတို့ သုံးယောက်က အကြီးအကဲကို လေးစားပါတယ်။ သံသယ မဝင်ရဲပါဘူး။ ဒါပေမယ့် အခုက ငါတို့ရဲ့ စိတ်လုံခြုံဖို့ အတွက် လုပ်တာပါ။ ဒါမှ တွေးမထားတာတွေ မဖြစ်နိုင်မှာ။” ယွမ်ရှန် ရှင်းပြတယ်။
“ဘယ်လိုလုပ် တွေးမထားတာတွေ ဖြစ်လာ မှာလဲ။ မင်းတို့က ဖန်ကျန်းရှီ ဒီမီးတောက် ရှစ်ခုကို ခုခံနိုင်မယ် ထင်နေတာလား။ ငါက သူ့ကို အသက်ချမ်းသာ ပေးမယ် ထင်လို့လား။” ရှီဖုန်း အေးစက်စက် ပြောတယ်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အကြီးအကဲရှီ ဒီနေ့ ရောက်ရှိနေတာ ငါတို့အတွက် ဂုဏ်ယူ စရာပါပဲ။ ငါတို့ကို အထင်လွဲနေပါပြီ။ ငါလိုချင်တာက စိတ်အေးလက်အေး ဖြစ်ဖို့ပဲ။ ဒီကိစ္စက အရမ်း အရေးကြီးတယ်။ ခန်းမခေါင်းဆောင် တောက်ဟွမ်သာ ရှိနေရင်၊ သူလည်း ငါ့ဆုံးဖြတ်ချက်ကို ထောက်ခံမှာပါ။”
“မင်းက ငါ့ကို ခန်းမ ခေါင်းဆောင် နာမည်နဲ့ ခြိမ်းခြောက် နေတာလား။
“မလုပ်ဝံ့ပါဘူး။ ငါလိုချင်တာက။”
“ရပြီ။ ထပ်မပြောနဲ့တော့။ ငါကိုယ်တိုင် စစ်ဆေးမယ်။ ဘာမှ ပြောစရာ မရှိတော့ဘူး။” ရှီဖုန်း ဖြတ်ပြောတယ်။
“ဟဟား။ ဒါပေါ့။ အကြီးအကဲ ကိုယ်တိုင် စစ်ဆေးပေးရင် ငါတို့တွေ ဘာမှ ပြောစရာ မရှိတော့ဘူး။” ယွမ်ရုန် မျက်မှောင် ကြုတ်သွားပေမယ့် ချက်ခြင်း ပြန်ပြောတယ်။
“ဟမ့်။” ရှီဖုန်းက ယွမ်ရုန် နောက်ထပ် ပြောတာကို မစောင့်တော့ဘူး။ ရှေ့ကို ဆက်တိုးတယ်။ ဖန်ကျန်းရှီ နောက်ကို ရောက်လာပြီးတော့ သူ့ပတ်လည်မှာ တောက်လောင်နေတဲ့ မီးတောက်တွေကို ကြည့်တယ်။ ဒုတိယ အကြီးအကဲ။ စတုတ္ထ အကြီးအကဲနဲ့ ကောင်းကင် တာအို ခန်းမက တပည့်သားတွေ ဒါကို မြင်တော့ လုပ်နေတာတွေ အားလုံးကို ရပ်တန့် လိုက်တော့တယ်။
သူတို့ ရှုထောင့်က ကြည့်ရင် ယွမ်ရုန်က ဖန်ကျန်းရှီကို တကယ်ပဲ သေစေချင်နေတယ်။ နောက်တစ်ခုကတော့ ဒီကိစ္စက နောက်တက်မယ့် တောင်စဉ် ကိုးသွယ် ခေါင်းဆောင်ရဲ့ အလားအလာနဲ့ သက်ဆိုင်တယ်။ ဒါပေါ့။ သူတို့တွေ ခန့်မှန်း ထားရုံပဲ။
ထျန်းရှင်း သေသွားတာက အရမ်းကို မြန်လွန်းတယ်။ ဘယ်သူကမှ ဒီလို ဖြစ်သွားမယ် မထင်ထား ခဲ့မိဘူး။ ရှီဖုန်း ခြေထောက် မြှောက်ပြီးတော့ ဖန်ကျန်းရှီကို ကန်ထုတ်လိုက်တယ်။
ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ခြေသုံးလှမ်း အကွာကို လွင့်ထွက် သွားခဲ့တယ်။ သူကန်ထုတ် ပြီးတဲ့နောက် ဖန်ကျန်းရှီကို တစ်ချက်တောင် မကြည့်တော့ဘူး။ ယွမ်ရုန်ကို ပြန်ဖြေတယ်။ “သူသေပြီ။”
“ဒါ။” ယွမ်ရုန် စကား ပြောချင်ပေမယ့် ရှီဖုန်းရဲ့ မည်းမှောင်နေတဲ့ အကြည့်ကို မြင်တော့ မပြောဝံ့တော့ဘူး။ သူတို့ တောင်စဉ် ကိုးသွယ်က ထျန်းရှင်း မရှိတော့ အရင်ကနဲ့ မတူတော့ဘူး။ အရမ်းကို အင်အားကြီးတဲ့ ကျင့်ကြံသူ ခေါင်းဆောင် မရှိရင်၊ ဆုတ်ခွာရတာ ခက်ခဲလိမ့်မယ်။
တောင်စဉ် ကိုးသွယ်ကို ပြန်စုစည်းနိုင်ရင် သူတို့ အတွက် အင်အား ပြန်ကြီးလာဖို့ မျှော်လင့်ချက် ရှိသေးတယ်။ ဒီလို ဖြစ်ဖို့ ဖန်ကျန်းရှီ သေရမယ်။
နောက်ထပ် မပြောတော့ဘူး။ ရန်ရွှယ်ရဲ့ ပုခုံးကို ဖိလိုက်ပြီးတော့ ဒူးထောက်နေတဲ့ ရန်ရွှယ်ကို ချီမပို့ ပြင်တယ်။ ပြီးရင် ကောင်းကင် တာအို ခန်းမမှာ ဖြေရှင်းစရာ ရှိတာကို ဖြေရှင်းရမယ်။
ဒါပေမယ့် ရန်ရွှယ့် ပုခုံးကို ထိလိုက်တဲ့ အချိန်မှာပဲ မျက်လုံးထောင့်မှာ အရိပ် တစ်ခုကို မြင်လိုက်ရတယ်။
“ရှီဖုန်း သတိထား။” အထိတ်တလန့်နဲ့ ယွမ်ရုန် (အကြီးအကဲရှီ)လို့ ခေါ်ဖို့ သတိ မရတော့ဘူး။ နာမည်တပ်ပြီး အော်လိုက်တယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ အရိပ်က ရှီဖုန်း နောက်ကို ရောက်နေပြီ။ ဒါ့အပြင် သူ့မျက်ဝန်းတွေထဲမှာ မီးတောက်ရှစ်ခု တောက်လာင် နေခဲ့တယ်။
ယွမ်ရုန် ခံစားချက်တွေကို စကား တစ်ခွန်းနဲ့ ပြောရမယ် ဆိုရင်၊ (ဒီမီးတောက် မျက်ဝန်းတွေကို မြင်ရမှာထက် သရဲနဲ့သာ ပြေးတွေ့လိုက်ချင်တယ်။)
“ဘာ။” ရှီဖုန်းက သူလုပ်သမျှ မှန်ကန်တယ်လို့ သတ်မှတ်ထားတဲ့ အတွက် ဂုဏ်မောက်တဲ့သူ။ ဒါပေမယ့် မြင့်မြတ် နယ်မြေမှာ အချိန် အကြာကြီး အသက်ရှင်လာသူ တစ်ယောက်လေ။ ဘယ်လိုလုပ် သတိလက်လွတ် ဖြစ်နိုင်မှာလဲ။
ကောင်းကင်တာအို ခန်းမ တပည့်သားတွေနဲ့ အကြီးအကဲတွေကို သူအမြဲတမ်း သတိထားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကိုတော့ သေလူ ဖြစ်နေတဲ့ အတွက် စာရင်းထဲက ထုတ်ထားမိတယ်။
အခုလို အေးစက်စက် သတ်ဖြတ်လိုစိတ်တွေ ခံစားမိမှပဲ သူ့စာရင်းထဲကို လူတစ်ယောက် ထပ်ထည့်သင့်မှန်း နားလည် သွားတော့တယ်။
“ရွှပ်။” ရေခဲလို အေးစက်တဲ့ ဓားက သူ့နောက်ကျောကနေ ထိုးဖောက် လာပြီးတော့ သူ့ရင်ဘတ်ကို မိုးကြိုး တစ်ခုလို ဖြတ်ထွက်သွားတယ်။ ဒါက တခြားမဟုတ်ဘူး။ ခရမ်းရောင် အလင်းတန်းနဲ့ ဓားတစ်လက်ပဲ။
ဖြစ်သွားတာ အရမ်းကို မြန်တယ်။ ယွမ်ရုန်က လွဲပြီးတော့ ဘယ်သူမှ ဖြစ်သွားတာကို မမြင်လိုက် ကြဘူး။ ဒါပေမယ့် ရှီဖုန်း ရင်ဘတ်မှာတော့ ဓားက ဖောက်ထွက် နေပြီးပြီ။ သွေးတွေက နေရာ အနှံ့ကို စီးကျလာတယ်။ ကြောက်စရာ ခရမ်းရောင် အလင်းတန်းက လူတိုင်းရဲ့ နှလုံးသားကို တုန်ယင် လာစေခဲ့တယ်။
တိတ်ဆိတ်သွားတယ်။ လူတွေ အားလုံး တိတ်ဆိတ်နေတယ်။ ရှီဖုန်းနောက်က အရိပ်ကိုပဲ သူတို့ စိုက်ကြည့် နေကြတယ်။
ရေလို ကြည်လင်နေတဲ့ မျက်ဝန်းက အတော့်ကို ထူးဆန်းတယ်။ ပိုပြီး ထူးဆန်းတာက ဒီမျက်ဝန်းတွေထဲမှာ ထင်ရှားတဲ့ ပုံရိပ်တွေ ဖြည်းဖြည်းချင်း ပုံပေါ် နေတာပဲ။ အနက်ရောင် မီးတောက် ရှစ်ခု လောင်ကျွမ်းနေတဲ့ပုံ။ ဒါက ရှီဖုန်းရဲ့ ဆောင်းဟေမာန် ငရဲ ရှစ်ဘုံပဲ။
“အား။” ရှီဖုန်း ဒေါသ တကြီးနဲ့ အော်တယ်။ တစ်ချိန်တည်းမှာပဲ အနက်ရောင် မီးတောက်တွေ သူ့ခန္ဒာကိုယ်က ထွက်ပေါ်ပြီးတော့ ကောင်းကင်ကို ထိုးတက် သွားခဲ့တယ်။
ဒါက ရှီဖုန်း အရမ်း ဒေါသထွက်တဲ့ ပထမဆုံး အကြိမ်ပဲ။ သူ့ရင်ဘတ်ကို ဖောက်ထွက်နေတဲ့ ဓားက သူ့နှလုံးသားကို ထိတော့မလို့။ ခြေလှမ်း နည်းနည်းသာ မရှောင်လိုက်ရင်၊ ဒီဓားက သူ့နှလုံးကို ဖောက်သွား လောက်ပြီ။
အခုချိန်မှာ နာကျင်မှုထက် ဒေါသက ပိုများ နေခဲ့တယ်။ ရှီဖုန်း နောက်က အရိပ်ကတော့ ရပ်တန့်မယ့် စိတ်ကူး မရှိဘူး။ ရှီဖုန်းကို ဓားနဲ့ ထိုးပြီးနောက်။ လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။
“ဝေါ့။” ရှီဖုန်း သွေးအန်တော့တယ်။ သူ့ရင်ဘတ်က ပန်းထွက်နေတဲ့ သွေးတွေနဲ့ ပေါင်းပြီးတော့ ခပ်ဝေးဝေး အထိကို စီးဆင်း သွားခဲ့တယ်။
“မသေသေးဘူးပေါ့။”
“သူတကယ် မသေသေးဘူး။”
“ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်ရတာလဲ။”
ကောင်းကင်တာအို ခန်းမ တပည့်သားတွေ မီးတောက် မျက်ဝန်း ပိုင်ရှင် အရိပ်ကို ကြည့်ရင်း တုံ့ပြန် မိကြတယ်။ သူတို့တွေ ဖြစ်နေတာကို လက်မခံ နိုင်သေးဘူး။ ဖန်ကျန်းရှီ အသက်ရှင်နေ သေးတယ်။
ငရဲတာအို ရှစ်ခုရဲ့ လောင်ကျွမ်းတာကို တောင့်ခံပြီးတော့ မသေခဲ့ဘူး။ ဒါ့အပြင် ဘာမှ မဖြစ်သလို မတ်တပ် ရပ်ပြီးတော့ ရှီဖုန်းကို နောက်ကျောကနေ ဓားနဲ့ ထိုးလိုက်တယ်။ ဘယ်သူကများ ဒါကို လက်ခံ နိုင်မှာလဲ။
သူက သရဲလား။
တကယ်ပဲ သရဲ ဖြစ်နေရင်တောင် အခုကိစ္စက မဖြစ်နိုင်တာပဲ။
ကောင်းကင် တာအို တပည့်သားတွေ အတွက် နားမလည် နိုင်စရာ ကောင်းလွန်းတယ်။ မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက် အတွက်က ဒီအပြောင်းအလဲက ကြောက်စရာ ကောင်းနေမှာကို သူတို့ နားလည်ကြတယ်။
“ဖန်ကျန်းရှီ မသေသေးဘူး။”
“ဘယ်လိုလုပ် မသေရတာလဲ။”
“သေသွားတာ အသေအချာကြီးပါ။”
အမြဲတမ်း သတိကြီးလွန်းတဲ့ ယွမ်ရုန်က သူတို့ကို ဓားနဲ့ နှစ်ကြိမ် ခုတ်ပြီး စမ်းသပ်ခိုင်းခဲ့ ပေမယ့်၊ ဒီလို ထရပ် နေတာကြီးက မယုံနိုင်စရာ ကောင်းလွန်းတယ်။
“သူ့မျက်လုံးတွေ။” စတုတ္ထ အကြီးအကဲ ပြောတယ်။ ရှီဖုန်းကို သူမကြည့်ဘူး။ ဖန်ကျန်းရှီ မျက်လုံးထဲက မီးတောက်တွေကိုပဲ ကြည့်နေခဲ့တယ်။
“ဒီကောင်စုတ်လေး တတ်မြောက် သွားတာ ဖြစ်မလား။” ဒုတိယ အကြီးအကဲ စတုတ္ထ အကြီးအကဲရဲ့ အသံကို ကြားတော့ မဖြစ်နိုင်တဲ့ သတိပေးချက် တစ်ခု ခေါင်းထဲကို ဝင်ရောက် လာခဲ့တယ်။
သူ့စိတ်ထဲက သတိပေးချက် ဝင်လာတဲ့ အချိန်မှာပဲ ကြီးမားတဲ့ စက်ကွင်းကြီး တစ်ခုကို မြင်လိုက်ရတယ်။ အတိအကျ ပြောရရင် ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ ပေါ်လာတဲ့ စက်ကွင်းကြီး။
ကြီးမားတဲ့ အလင်း စက်ကွင်းကြီးက ဖြည်းဖြည်းချင်း လှည့်ပတ်နေတယ်။ မိုးပြာရောင်နဲ့ အစိမ်းရောင် အလင်းတန်း နှစ်ခု လင်းလက်လာတယ်။ ပြန်လည် မွေးဖွားမှု စက်ဝန်း။
ဒုတိယ အကြီးအကဲ ဒါကို သိတယ်။ ဒါကြောင့်ပဲ စိတ်ထဲမှာ မရေရာတဲ့ ခံစားချက်တွေ ထွက်ပေါ် လာတာပဲ။ ကြည့်ရတာ ဒီကိစ္စတွေ အမှန်တကယ် ဖြစ်လာပြီ။
ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ ပြန်လည် မွေးဖွားမှု စက်ကွင်း ပေါ်လာတဲ့ အချိန်ပဲ ကောင်းကင်တစ်ခုလုံး အမှောင်ကျသွားတယ်။ မိုးခြိမ်းသံတွေ ကောင်းကင် တခွင်မှာ ထွက်ပေး လာတော့တယ်။
“ခဘွန်း။” အနက်ရောင် အလင်းကြီးက မိုးကြိုး တစ်ခုလို ကျဆင်းလာတယ်။ အဲ့ဒီ့နောက် ကောင်းကင်နဲ့ မြေကြီးကို ဆက်ပေးတဲ့ အလင်းမဏ္ဍိုင်ကြီး အသွင်ကို ပြောင်းသွားတော့တယ်။
အနက်ရောင် အလင်းတန်းက ပြန်လည် မွေးဖွားမှု စက်ကွင်းပေါ်ကို တည့်တည့်ကြီး ကျလာတယ်။ အဲ့ဒီ့နောက် စက်ကွင်းရဲ့ ထောင့်တစ်ခုမှာ မှိန်ဖျော့ဖျော့ အလင်းတန်း တစ်ခု ထွက်ပေါ် လာတော့တယ်။ နောက်ဆုံးတော့ အနက်ရောင် မီးလုံးကြီး အဖြစ်ကို ပြောင်းလဲ သွားတယ်။
“ချွင်။” ကောင်းကင်ချီနဲ့ မြေကြီးချီ နှစ်ခုက ဆွဲငင် နေကြတယ်။ ဒီအချိန်မှာ ပြန်လည် မွေးဖွားမှု စက်ကွင်းက ဒေါသတကြီး လှည့်ပတ်တော့တယ်။ အစိမ်း၊ အပြာနဲ့ အနက်ရောင် အလင်းတန်းတွေ ပေါင်းစည်းသွားတော့တယ်။
တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီရဲ့ အနက်ရောင် သံချပ်ကာကြီး ပုံပေါ် လာပြန်တော့တယ်။ သူ့နောက်မှာ အရိပ်ကြီး တစ်ခု ပေါ်လာတယ်။ ဒီတစ်ခေါက်တော့ သံချပ်ကာ အနက်တင် မကဘူး။ အနက်ရောင် မီးတောက်တွေပါ အရိပ်ကြီးကို ဝန်းရံ ထားခဲ့တယ်။
အပိုင်း (၇၃၀) ပြီး၏။