← Chapters

အပိုင်း (၇၃၁-၇၄၀)

Vol. 8 Ch. 731-740

အပိုင်း (၇၃၁-၇၄၀)

Vol. 8 Ch. 731-740

အပိုင်း (၇၃၁)

“သတ်။ တကယ့် ပါရမီရှင် အစစ်။”

“သတ်။” နားစည်ကွဲမတတ် အသံကြီးနဲ့ ဖန်ကျန်းရှီ အော်ဟစ်တယ်။ သမုဒ္ဒရာကြီး တစ်ခုလို ကျယ်ပြန့်တဲ့ သတ်ဖြတ်မှု အရှိန်အဝါတွေ သူ့ခန္ဒာကိုယ်ကနေ ထွက်ပေါ် လာတော့တယ်။

“သတ်။”

“သတ်။”

ဒီအရှိန်အဝါတွေက လေထဲမှာ လှိုင်းတစ်ခုလို ပျံ့သွားခဲ့တယ်။ အရပ်လေးမျက်နှာကို လှိုင်းတွေလို ပြန့်သွားပြီးတော့ မြေပြင် တစ်ခုလုံးကို တုန်ခါ လာစေတယ်။ ကြောက်စရာ မြင်ကွင်းက ကောင်းကင် တာအို ခန်းမက လူတွေကို မျက်လုံး ပြူးသွားစေတယ်။

မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးယောက်တောင် ဒီမြင်ကွင်းကြောင့် လန့်ကုန်ကြတယ်။ ကောင်းကင် တာအို ခန်းမရဲ့ အားနည်းတဲ့ တပည့်သား တစ်ချို့ကတော့ နောက်ကို ခြေလှမ်း နည်းနည်း လွင့်ထွက် ကုန်တယ်။

သူတို့ ဖန်တီးထားတဲ့ ဓားဗျူဟာလည်း လှုပ်ရှားမှု အပြောင်းအလဲတွေကြောင့် အနားည်း သွားတယ်။ နောက်တော့ ဖန်ကျန်းရှီကို ဗဟို ပြုပြီး မြေပြင် တစ်ခုလုံး နစ်ဝင်သွားတယ်။ ကြီးမားတဲ့ သဏ္ဍာန်ကြီး တစ်ခု နစ်ဝင်သွားတဲ့ မြေပြင်မှာ ပေါ်လာတယ်။

“ငရဲ တာအို။”

“တကယ့် ငရဲ တာအို အစစ်ပဲ။”

“ဖန်ကျန်းရှီ၊ ငရဲ တာအိုကို တတ်ကျွမ်း သွားပြီ။”

“မိုးနတ်မင်းရေ၊ ရှီဖုန်းနဲ့ တိုက်ခိုက်ရုံနဲ့ ငရဲ တာအိုကို တတ်မြောက် သွားတယ်။ သူ သူက လူကော ဟုတ်သေးလို့လား။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဖြူဖျော့ကုန်တယ်။ ဒီတစ်ခေါက်တော့ သူတို့တွေ တကယ့်ကို ကြောက်နေကြတယ်။ ဒီကြောက်လန့်မှုက ကောင်းကင် ကျောင်းတော် ခန်းမမှာ ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁လက အဖြစ်အပျက်ကို ပြန်သတိ ရလာစေတယ်။

အဲ့ဒီ့ တိုက်ပွဲမှာ ဖန်ကျန်းရှီက ယင်ယန် တာအိုကို တတ်ကျွမ်းခဲ့တယ်။ ဒါကြောင့်ပဲ ယင်ယန် ခန်းမက ဆက်ခံသူ တပည့်ကြီး ဝမ်လဲ့ကို အနိုင်ယူ နိုင်ခဲ့တဲ့ အဓိက အကြောင်းအရင်းပဲ။

အဲ့ဒီ့ အချိန်တုန်းကတော့ သူတို့ ထင်ထားခဲ့တာ ဖန်ကျန်းရှီက ယင်ယန် တာအိုကို အရင်တည်းက နားလည် ထားတာလို့။ ဒါကြောင့် သူတို့ မကြောက်လန့် ခဲ့ဘူး။

ဒီတစ်ခေါက်တော့ တူညီတဲ့ ကိစ္စ ထပ်ဖြစ်ပြန်ပြီ။ ဒီကိစ္စကြောင့် ကောင်းကင် တာအို တပည့်သားတွေ ဖြစ်နိုင်ချေကို နားလည်လာတယ်။ ဒါသာ အမှန် ဖြစ်ခဲ့ရင် သူတို့ ရှေ့မှာ ရပ်နေတဲ့ ဖန်ကျန်းရှီက တကယ့်ကို ပါရမီရှင် စစ်စစ်ပဲ။

“တာအို တစ်ခုကို တိုက်ခိုက်ရုံနဲ့ သူတတ်ကျွမ်းနိုင်တယ်။ ဒါအမှန်ပဲ။” ဒုတိယ အကြီးအကဲ အစက မယုံပေမယ့် နောက်တော့ ဖြစ်နိုင်တာကို သိလိုက်တယ်။ ဒီအမှန် တရားကြောင့် သူနားလည် သွားတာ တစ်ခု ရှိတယ်။ သူ့မျက်စိရှေ့က ဖြစ်နေတာတွေကို ဝင်စွက်ဖက်လို့ မဖြစ်ဘူး။

“တိုက်ပွဲမှာ တာအို တစ်ခုကို တတ်ကျွမ်းသွားတယ်။” ဆဋ္ဌမ အကြီးအကဲက စတုတ္ထ အကြီးအကဲကို ကြည့်တယ်။ သူလည်း အထိတ်တလန့် ဖြစ်တာကို မထိန်းချုပ် နိုင်ဘူး။ ဒီအချိန်မှာ ဖန်ကျန်းရှီ လုပ်ခဲ့တဲ့ ကောင်းကင် ကိုးဘုံက ဖြစ်ရပ်တွေကို ပြန်တွေးမိတယ်။

ကောင်းကင် ကိုးဘုံ။ သူက ကံကောင်းတာ မဟုတ်ဘူး။ အရည်အချင်း ရှိနေတာပဲ။ ဆဋ္ဌမ အကြီးအကဲရဲ့ မျက်နှာ နီရဲ သွားတယ်။ ဒီလိုလူမျိုး လောကမှာ တည်ရှိ နေတာကို သူနားလည် သွားခဲ့တယ်။ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိဘူး။ အထိတ်တလန့်နဲ့ ပြန်တိတ်ဆိတ် သွားခဲ့တယ်။

အချိန်တွေတောင် ရပ်တန့် သွားသလိုပဲ။ ဒီအချိန်မှာ ဖန်ကျန်းရှီက လှုပ်ရှားတယ်။ မိုးကြိုးတန်းကြီးနဲ့ အတူ ရှီဖုန်းဆီကို ပြေးဝင်တယ်။ မိုးကောင်းကင်လောက် ကြီးမားတဲ့ လူသတ်ချင်စိတ်တွေနဲ့ မီးတောက် အနက်တွေ အပြင်၊ ခြေရာမဲ့ဓားရဲ့ ခရမ်းရောင် အလင်းတန်းကလည်း ပိုပြီးတော့ သိပ်သည်း လာခဲ့တယ်။

“သေစမ်း။” ငရဲကနေ ထွက်လာသလို အေးစက်တဲ့ အသံကြီး ထွက်ပေါ် လာတယ်။ လေထု တစ်ခုလုံးတောင် ကြောက်စရာ ကောင်းလာ သလိုပဲ။

“မြန်လိုက်တာ။”

“အရင် တစ်ခေါက်ထက်တောင် ပိုပြီးတော့ မြန်လာသေးတယ်။”

ကောင်းကင် တာအို တပည့်သားတွေ ရပ်ကြည့် နေရုံသာ တတ်နိုင်တယ်။ ရှီဖုန်းလည်း မျက်လုံးပြူး နေခဲ့တယ်။ သူ့ဒဏ်ရာတွေက သေလောက်အောင် မပြင်းထန်ဘူး။ ဒါပေမယ့် အခုချိန်မှာ သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို ချဖို့ သူ့အတွက် ခက်ခဲ နေခဲ့တယ်။

“ငရဲ တာအို။ သူတကယ်ပဲ ငရဲတာအိုကု ပညာရှင် အဆင့် တတ်မြောက် သွားတာလား။” ရှီဖုန်းက အမှန်တရားကို မယုံနိုင်ဘူး။ ငရဲတာအိုကို တတ်မြောက်ဖို့ ဘယ်လောက် ခက်ခဲမှန်း သူသိတယ်။ သူပြန်တောင် မတွေးချင် လောက်တဲ့အထိကို ခက်ခဲတယ်။ အခုတော့ ဖန်ကျန်းရှီက သူ့ကို စိန်ခေါ် လိုက်ရုံနဲ့ ငရဲ တာအိုကို တတ်မြောက် သွားခဲ့ပြီ။ ဆောင်းဟေမာန် ငရဲ ရှစ်ဘုံကိုတောင် သုံးနိုင် သေးတယ်။ “ငါမယုံဘူး။ လုံး၀ မယုံဘူး။”

ရှီဖုန်း အမှန်တရားကို လက်မခံနိုင်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က မီးတောက် အနက်တွေကတော့ အစစ်တွေ။ မြေပြင်က သင်္ကေတ ကြီးကလည်း အစစ်ပဲ။ ပြင်းထန်တဲ့ အင်အားတွေက သူ့ကို စုပ်ယူနေတယ်။

“အား။” ဖန်ကျန်းရှီကို ရှီဖုန်း မုန်းတီးတယ်။ ဒီလို အမုန်းတရားမျိုး ဘဝမှာ တစ်ခါမှ မခံစား ဖူးဘူး။ ဖန်ကျန်းရှီ အသက်ရှင် နေတာကြောင့် ဒေါသ ထွက်တာ မဟုတ်ဘူး။ သူ့ရဲ့ ဂုဏ်ရည် ငရဲတာအိုကို ဖန်ကျန်းရှီ အလွယ်တကူ တတ်မြောက် သွားတာကို မုန်းတီးတာပဲ။ တကယ့်ကို ရှက်စရာ ကောင်းတယ်။

ခြေရာမဲ့ ဓားက သူ့ အနားကို နီးကပ် လာပြန်တယ်။ မတရားဘူးလို့ ခံစား နေရတဲ့ စိတ်ကြောင့် သူ့ရင်ဘတ်ထဲ ပူလောင်လာတယ်။ ပါးစပ် တစ်ခုလုံး ပူနွေးတဲ့ သွေးတွေ ပြည့်နှက်လာပြီး နောက်ထပ် သွေးအန် ပြန်တယ်။

“အကြီးအကဲရှီ။” သူ့လည်ပင်းနဲ့ ခြေရာမဲ့ဓား တစ်လက်မလောက် ကွာတော့တဲ့ အချိန်မှာပဲ အရိပ်တစ်ခုက ရှီဖုန်းကို ကာဆီးလိုက်တယ်။ အလင်းတန်းကြီးက အနက်ရောင် အရိပ်နဲ့ ရှီဖုန်းကို ဖုံးအုပ်ပြီးတော့ မှောင်မည်းနေတဲ့ ကောင်းကင် အောက်မှာ တောက်ပ နေခဲ့တယ်။

“တတိယ ညီလေး။”

“တတိယ ညီလေး။”

ယွမ်ရုန်နဲ့ ဒုတိယ သုခမိန် အော်ဟစ်တယ်။ ဒါပေမယ့် နောက်ကျ လွန်းသွားပြီ။ ဖန်ကျန်းရှီရဲ့ ဓားက ရောက်သွားခဲ့ပြီ။

“ငါ့ကို တားတဲ့သူတိုင်း သေရမယ်။” နောက်ထပ် အသံ တစ်ခုနဲ့ အတူ၊ ခရမ်းရောင် အလင်းတန်းက အလင်းဒိုင်းကို ခုတ်ချလိုက်တယ်။

“ချွမ်း။” အလင်းဒိုင်းကြီး တစ်ခုလုံး ကွဲကျေ သွားခဲ့တယ်။ ဒီဓားချက်ကို ခုတောင် မခုခံ နိုင်ဘူး။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါက သုခမိန်လေ။” တတိယ သုခမိန် သူ့မျက်လုံးသူ မယုံနိုင်။ သူ့စိတ်ထဲမှာ သိနေတာက ဖန်ကျန်းရှီ ငရဲတာအိုကို တတ်မြောက်ပေမယ့် ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိသေးတယ်။

ဒီလို ပြန်လည် မွေးဖွားမှု အဆင့်က သူ့ရဲ့ ခုခံစစ်ကို ဘယ်လိုများ ဖောက်ထွက် နိုင်တာလဲ။ သူမယုံဘူး။ ဒါပေမယ့် ခရမ်းရောင် အလင်းတန်းက သူ့အလင်းဒိုင်းကို ဖြတ်သန်းရုံနဲ့ မရပ်တန့်ဘူး။

သူ့ရှေကို ဖြည်းဖြည်းချင်း ကျလာတယ်။ သိပ်သည်းတဲ့ သတ်ဖြတ်လို စိတ်တွေက သူ့ကို တုန်ယင်လာ စေတယ်။

“ဖူး။” သွေးတွေ နေရာ အနှံ့ကို ဖြာထွက်လာတယ်။ တတိယ သုခမိန် ပုခုံးက နာကျင်မှုကြီးကို ခံစား လိုက်ရတယ်။ တစ်ချိန်တည်းမှာ သူ့လက်မောင်းက အရင်းကနေ ပြတ်ထွက်သွားတယ်။ သွေးတွေကတော့ မှင်ခွက် မှောက်ကျ သလို စီးဆင်း နေခဲ့ပြီ။

“အား။” တတိယ သုခမိန်ရဲ့ နာနာကျင်ကျင် အော်ဟစ်သံကို ကြားနေရတယ်။ သူက သုခမိန် ဖြစ်ပေမယ့်၊ လက်မောင်း တစ်ဖက်ကို ခုတ်ဖြတ် ခံလိုက် ရတာက သူ့ခံနိုင်ရည်ထက်ကို ကျော်လွန် နေတယ်။ ဒါက အဆုံးသတ် မဟုတ်ခဲ့ဘူး။

သူ့လက်မောင်း ပြတ်ထွက် သွားတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီက သူ့ရှေ့ကို ရောက်လာတယ်။ အဲ့ဒီ့နောက် လက်သီးနဲ့ ထိုးချလိုက်တယ်။ မီးတွေတောက်နေတဲ့ အနက်ရောင် သံချပ်ကာနဲ့ လက်သီးတစ်လုံး။ ဓားလို ထက်ရှတဲ့ အငွေ့အသက်တွေ အပြည့်ပါတယ်။

“ဖန်ကျန်းရှီ။” တတိယ သုခမိန်ကြီး ဒေါသ တကြီးနဲ့ အော်ဟစ်တယ်။ သူ့မသိစိတ်က နောက်ဆုတ်ဖို့ သတိပေးနေတယ်။ ဒါပေမယ့် သူနောက်မဆုတ် နိုင်တော့ဘူး။ ဒီလက်သီးက ရောက်လာတာ အရမ်း မြန်လွန်းတယ်။

အခုချိန်မှာ ဒီလက်သီးကို ရှောင်လိုက်ရင်၊ သူ့နှလုံးသားကို လက်သီးက ထိုးဖောက် သွားလိမ့်မယ်။ ဒါကြောင့် အံကြိတ်ရင်းနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးတော့ ပြန်ခုခံတယ်။

“ဝုန်း။” ပေါက်ကွဲသံကြီးက လူတိုင်းရဲ့ နှလုံးသားကို တုန်ခါ သွားစေတယ်။

တတိယ သုခမိန်ကြီး သူ့ကို တောင်လောက် ကြီးမားတဲ့ အင်အားတွေက ဖိနှိပ်နေသလို ခံစားရတယ်။ ပင်လယ်လို ကျယ်ပြန့်တဲ့ အင်အားတွေက သူ့ကို ရိုက်ခတ်တယ်။ ဒါ့အပြင် ထက်ရှတဲ့ စွမ်းအားက အရမ်းကို အင်အား ကြီးလွန်းတယ်။ သူ့လက်သီး တစ်ခုလုံးကို ထိုးဖောက် ခံလိုက် ရသလိုပဲ။

“မဟုတ်ဘူး။” တတိယ သုခမိန်ကြီး သူ့လို သုခမိန် တစ်ယောက်က ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ကိ ဘာကြောင့် ရှုံးရမှန်း နားမလည် နိုင်သေးဘူး။

မိစ္ဆာ။ ဒီကောင်စုတ်က တကယ့်ကို မကောင်းဆိုဝါး မိစ္ဆာပဲ။

တတိယ သုခမိန်ကြီး သူ့တကိုယ်လုံးကို ကမ္ဘာမြေကြီးက တက်ဖိ နေသလို ခံစား လိုက်ရတယ်။ ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ကို ရှုံးနိမ့်တာ ဒါက ဒုတိယ အကြိမ်ပဲလေ။

ပထမ တစ်ခေါက်က မဟူရာ လမင်းကျွန်းမှာ ချီကူယန်နဲ့ တိုက်ခိုက်တဲ့ အချိန် ရှုံးခဲ့တယ်။ ဒါကို သူကျေကျေနပ်နပ် လက်ခံနိုင်တယ်။ ချီကူယန်က မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်းမျိုးနွယ်သွေး ပိုင်ရှင် ဖြစ်နေလို့ပဲ။ နွီဝါးသွေးကို ပိုင်ဆိုင်တယ်။ ဒီတော့ ပြန်လည် မွေးဖွားမှု အဆင့် ဖြစ်ပေမယ့် ရှုံ့းရတာ လက်ခံနိုင်တယ်။ ဒါပေမယ့် အခုတော့ နောက်တစ်ကြိမ် ရှုံးပြန်ပြီ။ အင်အား ကွာခြားချက်ကြောင့်ကို ရှုံးနိမ့်တာပဲ။

သူ့ကို အနိုင်ယူသွားတဲ့ စွမ်းအားတွေက ထက်ရှလွန်းတယ်။ ရလဒ်က မပြောင်းလဲဘူး။ သူရှုံးတာက ရှုံးတာပဲ။ ဒါမျိုးက ဖြစ်မလာ သင့်ဘူး။ နောက်ဆုံးတော့လည်း ကျင့်ကြံဆင့်က တစ်ဆင့်တောင် ကွာခြား နေတယ်။

ရွေးချယ်ခံလို့ ကျော်ကြားတဲ့ ချီကူယန်တောင် သုခမိန် တစ်ယောက်ကို အင်အား သက်သက်နဲ့ အနိုင် မယူနိုင်ဘူး။ ဖန်ကျန်းရှီကတော့ လုပ်နိုင်တယ်။ လုပ်လည်း လုပ်ခဲ့ပြီ။ ဒီတစ်ခေါက် တိုက်ခိုက်ပြီးတာလည်း သူမရပ်တန့်ဘူး။ သူ့တိုက်ခိုက်မှုတွေက အဆုံးမရှိ ဆက်တိုက် လာနေတယ်။ သူကလက်ကို ဓားလို လွှဲယမ်းလိုက်ပြီးတော့ နောက်ထပ် တိုက်ခိုက်တယ်။

“ဝုန်း။” ဒီတစ်ခေါက်တော့ အသံက သူ့ပုခုံးကနေ လာတယ်။ ဒီလက်သီးချက်က သူ့ပုခုံး တစ်ခုလုံးကို ကျိုးကျေ သွားမတတ်ပဲ။ ပြင်းထန်တဲ့ နာကျင်မှုက သူ့ကို ဖုံးလွှမ်းသွားတယ်။ ဒါတင် မကသေးဘူး။ တတိယ လက်သီးချက်က သူ့ရဲ့ ရင်ဘတ်ကို ဦးတည် ကျရောက်လာတယ်။

တတိယ သုခမိန်ကြီးရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတယ်။ သူ့ရဲ့ မျက်စိရှေ့က လောကကြီး တစ်ခုလုံးကို အနီရောင်တွေ ဖုံးလွှမ်း သွားတော့တယ်။ လက်သီး တစ်လုံးက သူ့ရင်ဘတ်ကို ထိုးဖောက် သွားတာ မြင်လိုက်ရတယ်။ မီးတောက် အနက်တွေက သူ့နှလုံးသားကို ခပ်မြန်မြန် လောင်ကျွမ်း တိုက်စားတယ်။ သူ့ရဲ့ စိတ်အာရုံ နယ်မြေကို ပြာချ ပြစ်နေတယ်။

“ငါ တကယ်ပဲ သူ့လက်ထဲမှာ သေရတော့မယ်။” တတိယ သုခမိန်ကြီး သေရမှာကို သိပေမယ့် ဒီလို အဖြစ်ဆိုးမယ်လို့ တစ်ခါမှ မတွေးမိဘူး။ သူ့နှလုံးကို ငရဲမီးတောက်တွေက ဝါးမျိုသွားတယ်။ မသေချင် သေးပင်မယ့်၊ ထိုးကျနေတဲ့ စွမ်းအားတွေက သူ့ကို သတိပေးနေတယ်။ နောက်ထပ် ပြန်တိုက်ခိုက်လို့ မရတော့ဘူး။

မိစ္ဆာ တစ်ကောင်လား။ မဟုတ်ဘူး။ ဒီလို လူမျိုးက လောကမှာကို မရှိသင့်တာ။

သွေးတွေကို ဆက်တိုက် အန်ချ နေမိတယ်။ ဖန်ကျန်းရှီရဲ့ ဓားက နောက်တစ်ကြိမ် ခရမ်းရောင် အလင်းတန်း တောက်ပလာတယ်။ တတိယ အကြီးအကဲကို အပေါက်ဖြစ်အောင် ဖောက်ပြီးတဲ့နောက် ရှီဖုန်းဆီကို ဦးတည် တိုက်ခိုက်တယ်။ သူ့မျက်ဝန်းတွေက ကြည်လင်နေသလို၊ မီးတောက် ၈ခုလည်း တောက်ပ နေခဲ့တယ်။

“နောက်ထပ် သုခမိန် တစ်ယောက် သေသွားပြန်ပြီ။”

“မဟူရာ လမင်းကျွန်းရဲ့ သုခမိန် တစ်ယောက်ကို သူသတ်လိုက်ပြီ။ သူက။”

ကောင်းကင် တာအို တပည့်သားတွေ မျက်ဝါး ထင်ထင် မြင်နေရတာကိုတောင် မယုံနိုင် ဖြစ်နေတယ်။ သူတို့ မျက်ဝန်းတွေမှာ ဒွိဟနဲ့ အကြောက်တရားတွေ ထွက်ပေါ်နေတယ်။

သုခမိန် ငါးယောက် ဝန်းရံ တိုက်ခိုက် တာကို ခံရသူ။ လူတိုင်းက သူ့ကို သေမယ်လို့ ထင်ထားကြတယ်။ အခုတော့ ဘာကြောင့်များ ရလဒ်က ဒီလို ဖြစ်လာတာလဲ။ ဖန်ကျန်းရှီ ရင့်ရှန်းကို သတ်နိုင်တာက သူသတိနည်းလို့။ ဒီတစ်ခေါက်တော့ သူသတ်ဖြတ်တာ သူ့ရဲ့ အင်အား သီးသန့်နဲ့ သတ်ဖြတ်တာ။ ဒီအင်အားက အရမ်း ကြောက်စရာ ကောင်းတယ်။ မြန်ဆန်လွန်းတယ်။

တတိယ သုခမိန်ကြီးကို ဆက်တိုက် တိုက်ခိုက် သတ်ဖြတ် သွားတာက အချိန် ခဏလေး အတွင်းမှာပဲ ဖြစ်သွားခဲ့တာ။

“ပါရမီရှင်။ ဒီကောင်လေးက တကယ့် ပါရမီရှင် အစစ်ပဲ။” တချိန်လုံး တိတ်ဆိတ် နေခဲ့တဲ့ စတုတ္ထ အကြီးအကဲ နောက်ဆုံးတော့ ဝင်ပြောတယ်။ သူ့ရဲ့ အထိတ်တလန့် အသံမှာ အကြောက် တရားတွေ ပါဝင်နေတယ်။

အမှန်ပဲ။ သူက ဒီကိစ္စတွေကို ဒုတိယ အကြီးအကဲနဲ့ အတူ စီစဉ် ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် သူ့မျက်စိရှေ့က ရလဒ်ကိုတော့ ထင်မှတ် မထားဘူး။ ဆုံးဖြတ်ချက်တွေကို ခပ်မြန်မြန်ပဲ သဘောတူခဲ့တယ်။ အခုတော့ သူ့စိတ်ခံစားချက်က လုံး၀ ကွာခြားနေပြီ။ စိုးရိမ်ပူပန်တယ်။ သူ့ဆုံးဖြတ်ချက်ကို ပထမဆုံး အကြိမ် အနေနဲ့ စိုးရိမ် မိတာပဲ။ သူ့မျက်စိရှေ့မှာ ရှိနေတဲ့ ဖန်ကျန်းရှီက သူမခန့်မှန်း နိုင်တဲ့ အဆင့် အထိကို ရောက်သွားနိုင်တယ်။

သုံးလ။ အကယ်၍ ဖန်ကျန်းရှီသာ သုံးလ အချိန် အတွင်းမှာ မသေပဲ သုခမိန် ဖြစ်သွားခဲ့ရင်၊ ကောင်းကင် တာအို ခန်းမရဲ့ ဒီနေ့ ဆုံးဖြတ်ချက်က ဘယ်လို သက်ရောက်မလဲ။ စတုတ္ထ အကြီးအကဲ အရင်တုန်းက တစ်ခါမှ မတွေးမိ ပေမယ့် အခုတော့ တွေးနေရပြီ။ ဒီအတွေးက သူ့ရဲ့ ခေါင်းထဲမှာ နေရာမလပ် ဝင်ရောက်နေတယ်။

“စတုတ္ထ ညီလေး။ ငါတို့တွေ သူ့ကို အသက်ရှင်အောင် ထားဖို့ တတ်နိုင်မယ် မထင်ဘူး။” ဒုတိယ အကြီးအကဲရဲ့ အသံက သူ့နားထဲကို ဝင်ရောက်လာတယ်။

“ကျွန်တော် စိုးရိမ်မိတာ။ ကျွန်တော်တို့။” စတုတ္ထ အကြီးအကဲ စကားဆက်ပြော ချင်ပေမယ့် သူ့အသံက ထွက်မလာခဲ့ဘူး။

“ဒီပြဿနာတွေ ငါတို့ကို အနာဂတ်မှာ မနှောက်ယှက်နိုင်ဖို့၊ မတွေးထားတာတွေလည်း လုပ်ရမယ်။ ဒါက ငါတို့နဲ့ မဆိုင်တော့ဘူး။ အကယ်၍ ငါတို့သာ အမှားတစ်ခု လုပ်မိခဲ့ရင်၊ ဒီအမှားတွေကို ပြင်ဆင်ဖို့ နောက်ထပ် မရေမတွက်နိုင်အောင် ဆက်လုပ် ရအုန်းမှာပဲ။” ဒုတိယ အကြီးအကဲက ဆက်တိုက် ပြောနေခဲ့တယ်။

အပိုင်း (၇၃၁) ပြီး၏။

အပိုင်း (၇၃၂)

“တကယ့်ကို စက်ဆုပ်ဖွယ်လူ။”

မြင့်မြတ် နယ်မြေရဲ့ အရင်းအမြစ်တွေက တခြား နေရာတွေထက် သာလွန်တယ်။ ဒါပေမယ့် သူတို့ရဲ့ ပြိုင်ဆိုင်မှုကတော့ ရက်စက်ပြီး ပြင်းထန်တယ်။ အမှား တစ်ခုတည်းကြောင့်နဲ့ သေသွားနိုင်တယ်။ ကောင်းကင် တာအို ခန်းမက ဖန်ကျန်းရှီကို မတိုက်ခိုက် သေးပင်မယ့်၊ အကြီးအကဲတွေလည်း ဒီနေ့ အဖြစ်အပျက်က ဒီလို ဖြစ်သွားမယ်လို့ မထင်မှတ် ထားမိဘူး။

အတိတ်က နားလည်မှု လွဲတာတွေကို ဖြေရှင်းရမမှာလား။

ချက်ခြင်း ရပ်တန့်ပြီးတော့ ရန်ရွှယ်ကို ကယ်တင်ဖို့ နည်းလမ်း ရှာရမယ်။ ပြီးရင် ဖန်ကျန်းရှီကို နည်းလမ်းကျကျ ပထုတ်ရမယ်။ ချီကူယန်နဲ့ သူ့ရဲ့ ဆက်ဆံရေးကြောင့် ဒီလို လုပ်ဖို့က ဖြစ်နိုင်တယ်။ ဒါပေမယ့် မိုးနတ် ရေကန်ကို ဖန်ကျန်းရှီ ဖျက်ဆီး သွားတာကကော ဘယ်လို ဖြစ်သွားလိမ့်မလဲ။ ကောင်းကင် တာအို တပည့်သားတွေကို ဘယ်လို ပြန်ဖြေရမလဲ။ သူတို့ မျက်နှာကို ဘယ်နား ထားရမလဲ။

ခြေလှမ်း တစ်ထောင် နောက်ပြန် ဆုတ်ရင်တောင် သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်လို့ မရတော့ဘူး။ ဘယ်လို အထင်လွဲတာမျိုးက ခွင့်လွှတ်လို့ ရမှာလဲ။ ဘယ်သူမှ သေချာ မသိဘူး။

ဖန်ကျန်းရှီ ဒီအတိုင်းသာ ဆက်သွားနေရင် ဘယ်လို ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင် တာကြောင့်ပဲ။ ဖန်ကျန်းရှီက အရာ အားလုံးထက် ခန့်မှန်း နိုင်တာတွေထက်ကို ကျော်လွန်နေတယ်။ လူတိုင်းရဲ့ အသက်က သူ့လက်ထဲမှာပဲ။ ဒီလောက် အခြေအနေထိ ရောက်လာမှတော့ အတိတ်က အမှားတွေကို အလွယ်တကူ ခွင့်လွှတ် မေ့ဖျောက် ပြစ်နိုင်မယ်လို့ ဒုတိယ အကြီးအကဲ မယုံဘူး။ သူက အမှား လုပ်ခဲ့ပြီးပြီ။ ဒီတော့ နောက်ထပ် အမှား များများ လုပ်ပြီးတော့ ဒါကို ဖုံးကွယ်ရမယ်။

“ရှီဖုန်း သေပေရော့။” ဒုတိယ အကြီးအကဲ စိတ်ဆုံးဖြတ် လိုက်ချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံ ထွက်ပေးလာတယ်။ ခြေရာမဲ့ဓားလည်း လှုပ်ရှားတယ်။ နဂါး တစ်ကောင်လို လှည့်ပတ်ပြီးတော့ ရှီဖုန်းရဲ့ နှလုံးသားကို တည့်တည့် ချိန်နေတယ်။

“မင်းဘယ်လို လုပ်ဝံ့တာလဲ။” ရှီဖုန်း တုံ့ပြန်တယ်။ တတိယ သုခမိန် သေသွားတာကို ကြည့်ရင်း သူ့မျက်ဝန်းတွေက ပိုပြီးတော့ အေးစက် လာခဲ့တယ်။ ယင်ယန် ခန်းမရဲ့ အကြီးအကဲ တစ်ယောက် အနေနဲ့ ရှီဖုန်းက တခြားသူတွေထက် တည်ငြိမ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ရပ်တွေက သူ့စိတ်ကို ရိုက်ခတ်မှု ကြီးမားနေတယ်။

သူသတိ ပြန်ဝင်လာတဲ့ အချိန်မှာပဲ တကိုယ်လုံးကို မီးတောက်တွေ ဖုံးလွှမ်း သွားခဲ့ပြီ။ တစ်ချိန်တည်းမှာပဲ တတိယ သုခမိန်ရဲ့ အလောင်းကို ဆွဲယူပြီးတော့ ဖန်ကျန်းရှီရဲ့ ဓားကို ခုခံလိုက်တယ်။

“ရပ်လိုက်။” ယွမ်ရုန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ ရှီဖုန်း လက်ထဲက အလောင်းကို မြင်ရတာ သူ့နှလုံးသားတွေ သွေးစက်စက် စီးကျ နေသလိုပဲ။

မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးယောက်က ညီနောင် အရင်းတွေ မဟုတ်ကြဘူး။ ဒါပေမယ့် နှစ်ပေါင်း များစွာ အတူတူ ဖြတ်သန်း လာတာကြောင့် သူတို့တွေက ညီအစ်ကို အရင်းတွေလိုပဲ ရင်းနှီးကြတယ်။ အခုတော့ သူ့ရဲ့ တတိယ ညီငယ်က သေသွားခဲ့ပြီ။ ရှီဖုန်းကို ကယ်ရင်းနဲ့ သေသွားရတာ။ ဒါကို ရှီဖုန်းက သူ့အလောင်းကို ဒိုင်းလို အသုံးချနေတယ်။ ဘယ်လိုများ သူဆက်ကြည့် ရက်မှာလဲ။

ဖန်ကျန်းရှီရဲ့ ဓား ရပ်တန့်သွားတယ်။ ယွမ်ရုန်ရဲ့ လက်က ရန်ရွှယ့် လည်ပင်းကို ထောက်နေတာ မြင်လိုက် ရလို့ပဲ။

“သွားသေလိုက်။” ဖန်ကျန်းရှီက ရပ်တန့်ပေမယ့် ရှီဖုန်းကတော့ မရပ်တန့်ဘူး။ သူချက်ခြင်း ခြေထောက်နဲ့ ကန်ထုတ်တယ်။

“ဝုန်း။” ငရဲ မီးတောက်တွေနဲ့ ဝန်းရံထားတဲ့ ခြေထောက် ကန်တာကို ခံလိုက်ရတော့ ဖန်ကျန်းရှီ လွင့်ထွက် သွားခဲ့တယ်။ တိုက်ခိုက်တော့မလို့ ပြင်နေတဲ့ ဒုတိယ အကြီးအကဲလည်း ရပ်တန့် သွားတယ်။ ဖြစ်လာမှာတွေကို သူကြိုမြင်နေပြီ။

“ဖန်ကျန်းရှီ၊ ရန်ရွှယ် သေတာကို မင်း ကြည့်နေနိုင်လား။” ယွမ်ရုန့် အသံ ထွက်ပေါ်လာတယ်။ လက်တစ်ဖက်က ရန်ရွှယ့် ပုခုံးကို ဖိထားခဲ့တယ်။

“ဂျွတ်။” ရန်ရွှယ့် အမူအယာ ပြောင်းသွားတာကို လူတိုင်း မြင်နေရတယ်။ ပြင်းထန်တဲ့ နာကျင်မှုကို ခံစား နေရတဲ့ ပုံစံပဲ။ အံကြိတ် ထားပေမယ့် ဘာမှ မပြောဘူး။

စတုတ္ထ အကြီးအကဲ ခေါင်းခါလိုက်တယ်။ သက်ပြင်းချရင်းပြောတယ်။ “ရန်ရွှယ်။ သူက တကယ့်ကို အနောက်ပိုင်လျန်က ရန်မိသားစုရဲ့ မျိုးဆက် ပီသတယ်။ ဒီလောက် ခံနိုင်ရည်အားက တကယ့် စစ်သည်တော် တစ်ယောက်ပဲ။”

“ဟုတ်တယ်။” ဒုတိယ အကြီးအကဲ ပြောတယ်။ စတုတ္ထ အကြီးအကဲ တွေးနေတာကို သိပေမယ့် အခြေအနေကြောင့် သူတိတ်ဆိတ် နေတယ်။ ဒီနည်းလမ်းက မကောင်းမှန်း သိပေမယ့် သူလုပ်နိုင်တဲ့ အကောင်းဆုံး အရာပဲ။

ကောင်းကင် တာအို တပည့်သားတွေကတော့ မျက်မှောင် ကြုတ်နေကြတယ်။ ဖန်ကျန်းရှီကို သူတို့ သဘောမကျ ပေမယ့် ဒီမြင်ကွင်းနဲ့၊ နည်းလမ်းကတော့ ဆိုးဝါးလွန်းတယ်။ သုခမိန် ငါးယောက်က ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ကို ပေါင်းပြီး တိုက်ခိုက်တာတင် ဆိုဝါး နေပြီ။ အခုတော့ ဓားစာခံကို နှိပ်စက် ခြိမ်းခြောက်နေတယ်။

“ရွံစရာ ကောင်းလိုက်တာ။”

“အရှက်မရှိလိုက်တဲ့လူ။”

“စက်ဆုပ်စရာကြီး။”

“ဒါများ သုခမိန်တဲ့လား။ စက်ဆုပ်စရာ ကောင်းလိုက်တာ။”

ကောင်းကင် တာအို တပည့်သားတွေ အားလုံး ပါးစပ်က ပြောမိ ကြပေမယ့်၊ ကိုယ်တိုင်တော့ ဝင်မပါရဲဘူး။ အကြီးအကဲတွေက လုံးဝကို တိတ်ဆိတ် နေတယ်လေ။ ဒါ့အပြင် သူတို့ အားလုံးက မြင့်မြတ် နယ်မြေမှာ ရောက်နေ ကြတာ။

“ပါးစပ် ပိတ်ထားကြစမ်း။ ဖန်ကျန်းရှီ။ ဒီနေ့ မင်းတို့ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်။ ရွေးစမ်း။” ယွမ်ရုန့် အသံက အရမ်းကို အေးစက်တယ်။ သုခမိန် တစ်ယောက် အနေနဲ့ သူ့လုပ်ရပ်က ဘယ်လောက်တောင် ဆိုးဝါးမှန်း သူမသိပဲ နေမလား။

ဒါပေမယ့် အခြေအနေကတော့ ဆိုးနေပြီ။ သုခမိန် ငါးယောက်မှာ နှစ်ယောက်က သေသွားခဲ့ပြီ။ ရှီဖုန်းလည်း ဒဏ်ရာ ရနေတယ်။ ဒါ့အပြင် သူတို့ကို ဆွဲဖြဲဖို့ အသင့်ဖြစ်နေတဲ့ ကောင်းကင် တာအို တပည့်သားတွေ ဝိုင်းရံထားတာလည်း ရှိနေတယ်။

ဒါတွေကို ဘာဂရု စိုက်ရမှာလဲ။ တတိယ ညီလေး အတွက် ကိုယ်တိုင် လက်စား ချေရမယ်။ ဒါက သူလုပ်ချင်တဲ့ တစ်ခုတည်းသော အရာပဲ။ ရှီဖုန်းက ယုံလို့ ရတဲ့သူ မဟုတ်ဘူး။ အကယ်၍ ဒုတိယ ညီလေးကိုသာ ဖန်ကျန်းရှီကို သတ်ဖို့ ခိုင်းလိုက်ရင်၊ တကယ်တမ်း အန္တရာယ် ကြုံလာတဲ့ အချိန်မှာ ရှီဖုန်း ဘာလုပ်မလဲ မိုးနတ်မင်းပဲ သိနိုင်လိမ့်မယ်။

ဒါပေမယ့် သူ့ရဲ့ ဒုတိယ ညီလေးနဲ့ ရှီဖုန်း ပေါင်းပြီး တိုက်ခိုက်တဲ့အပြင်၊ ရန်ရွှယ့်ကိုလည်း သူထိန်းချုပ်ထားနိုင်ရင်၊ ရလဒ်က ပြောင်းနိုင်တယ်။ ဒါကြောင့် အခု အခြေအနေမှာ ဒီလို လုပ်မှကို ဖြစ်မယ်။

“စတုတ္ထ ညီလေး ငါတို့” ဒုတိယ အကြီးအကဲ ရပ်တန့်လိုက်တယ်။ သူပြောချင်တာကို ဆက်မပြောဘူး။

“ဒုတိယ အကို။ ငါနားလည်တယ်။ စော်ကားတာကို သည်းမခံနိုင်ရင်၊ ငါတို့ အချိန်ကြာရှည် အထိအခိုက်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ ယွမ်ရုန်သာ ဖန်ကျန်းရှီကို သတ်နိုင်ရင် ငါတို့ အတွက် ကိစ္စကောင်းပဲ။” စတုတ္ထ အကြီးအကဲ ပြောတယ်။

“အဖိုးကြီးခြောက်ကော။”

“ငါ နားလည်ပါတယ်။ စိတ်မပူပါနဲ့။ ဘာလုပ်ရမလဲ သိတယ်။” ဆဋ္ဌမ အကြီးအကဲ သက်ပြင်းချရင်း ပြန်ဖြေတယ်။

“ကောင်းပြီ။”

သူတို့ ပြောနေတဲ့ အချိန် ရှီဖုန်းက နောက်တစ်ကြိမ် ထလာတယ်။ ဖန်ကျန်းရှီဆီကို လျှောက်လာပြီးနောက် နောက်တစ်ခေါက် ကန်ထုတ်လိုက်တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် သစ်ပင်ကြီး တစ်ပင်နဲ့ တိုက်မိတယ်။ သူ့တကိုယ်လုံးကို အနက်ရောင် မီးတောက်တွေ ဖုံးလွှမ်း သွားပြန်တယ်။

“အဟွတ် ဟွတ်။” ဖန်ကျန်းရှီ ချောင်းနှစ်ချက် ဆိုးလိုက်ရင်း နှုတ်ခမ်းထောင့်က သွေးတွေ စီးကျလာတယ်။ ရန်ရွှယ့်လိုပဲ၊ သူလည်း စကား တစ်ခွန်းတောင် မပြောဘူး။

“ဒီကောင် ဘယ်လောက် အနာခံနိုင်မလဲ ငါမြင်ချင်လိုက်တာ။” ရှီဖုန်းရဲ့ မျက်ဝန်းတွေက အမုန်းတရားတွေနဲ့ ပြည့်နှက် နေခဲ့တယ်။ ဒီအကြောင်းရင်းတွေကြောင့်ပဲ သူက ပိုရက်စက် လာခဲ့တယ်။ ဖန်ကျန်းရှီက ငရဲတာအိုကို တတ်ကျွမ်း နေရင်တောင် သေကို သေရမယ်။ သေမှ ဖြစ်မယ်။ ဒါမှ သူလည်း အရှက်မရမှာ။

“ရှီဖုန်း သူ့ကို အခုသတ်လိုက်။ မီးနဲ့ ကစား မနေနဲ့။” ယွမ်ရုန်က အော်ဟစ်တယ်။ သူ့စိတ်ထဲက အမုန်းတရားက ရှီဖုန်းနဲ့ ကွာခြားတယ်။ ရှီဖုန်း မောက်မာတာကို မုန်းတီးတယ်။ အခုလို အခက်အခဲ အခြေအနေမှာတောင် ဒေါသကို မထိန်းပဲ ဖန်ကျန်းရှီကို နှိပ်စက် နေသေးတယ်။

“ငါကို နာမည်တပ် ခေါ်ရအောင်။ မင်းနဲ့ အဆင့်တူတယ် မှတ်နေတာလား။” ရှီဖုန်း ရပ်တန့်သွားရင်း ပြန်ပြောတယ်။

“မင်း။” ယွမ်ရုန်ရဲ့ မျက်နှာရဲရဲ နီသွားတယ်။ သူသည်းခံရင်း ပြန်ဖြေတယ်။ “လောကြီးသွားလို့ပါ။ အကြီးအကဲရှီ။”

“ရှင်းပြဖို့ မလိုဘူး။ ကိုယ့် အလုပ်ကိုယ်လုပ်။” ရှီဖုန်းက ပြောရင်း ဖန်ကျန်းရှီကို ကန်လိုက်ပြန်တယ်။

ဒီတစ်ခေါက်တော့ ဖန်ကျန်းရှီက လွင့်ထွက် မသွားဘူး။ ရှီဖုန်း ခြေထောက်ကို ဖမ်းဆွဲထားရင်း ကိုယ်ကိုယ် ကွေးညွှတ်လိုက်တယ်။

“အမ်။” ဖန်ကျန်းရှီ ခုခံ လာမယ်လို့ သူမထင်ထား မိဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက ခုခံ နေတာထက် ကိုယ့်ကိုယ်ကို ကာကွယ်တာနဲ့ ပိုတူတယ်။ မကျေမနပ် ဖြစ်လာတယ်။

ယင်ယန် ခန်းမရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူက ယွမ်ရုန် ထင်သလို ကလေးမဆန်ဘူး။ ဖန်ကျန်းရှီကို နှိပ်စက်ပြီး ပျော်ရွှင် နေတာလည်း မဟုတ်ခဲ့ဘူး။ ယင်ယန်ခန်းမနဲ့ တောင်စဉ် ကိုးသွယ်ရဲ့ မဟာမိတ်ကို ခိုင်မာအောင် လုပ်ဖို့ပဲ သူ့ကိစ္စ ရှိတယ်။

ဒါက နှစ်ဖက်စလုံး အကျိုးရှိတဲ့ အခြေအနေ။ အတိအကျ ပြောရရင်၊ ဒါက အခြေအနေ တစ်ခုအတွက်ပဲ အသုံးဝင်တဲ့ အတွက် ယင်ယန် ခန်းမ လိုချင်တဲ့ အရာ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် တောင်စဉ် ကိုးသွယ်ကလည်း သူ့အာဏာကို ထိပါးတာ လက်ခံမှာ မဟုတ်ဘူး။

တောင်စဉ် ကိုးသွယ်က အခုတော့ အခက်ကြုံနေတယ်။ ထျန်းရှင်း သေသွားတာ သူတို့ အတွက် ရိုက်ခတ်မှု ကြီးမားတာ အမှန်ပဲ။ ဒါပေမယ့် တောင်စဉ် ကိုးသွယ်မှာ တပည့်သားတွေ အားလုံးနဲ့ အကြီးအကဲ ကိုးယောက်က သက်ရှိ ထင်ရှား ရှိနေသေးတယ်။

အကယ်၍ တောင်စဉ် ကိုးသွယ်သာ ဒါတွေကို ဖြေရှင်းချိန် ရပြီးတော့ နောက်ထပ် ခေါင်းဆောင် အသစ်တင်မြှောက်လိုက်ရင်၊ သူတို့တွေ ပြန်ကျော်ကြား လာမှာပဲ။ ဒီလို ဖြစ်သွားရင် သူတို့တွေရဲ့ မဟာမိတ်ကလည်း အသုံးမဝင်တော့ဘူး။ အကယ်၍ တောင်စဉ် ကိုးသွယ်သာ ဒီအဖြစ်ကို မချေဖျက် နိုင်ရင်တော့ ကိစ္စက ပြောင်းသွားလိမ့်မယ်။

တောင်စဉ် ကိုးသွယ်က အင်အား နည်းလာလေလေ။ ယင်ယန် ခန်းမ ပိုပြီးတော့ ထိန်းချုပ် နိုင်လေပဲ။ တဖြည်းဖြည်းနဲ့ ယင်ယန် ခန်းမ လက်အောက်ကို ရောက်လာလိမ့်မယ်။ ရှီဖုန်း ဒါကို နားလည်တယ်။ ဒါကြောင့် ဖန်ကျန်းရှီကို နှိပ်စက်ပြီးတော့ ဒုက္ခိတ ဖြစ်အောင် လုပ်မယ်။ ရန်ရွှယ့်ကို ဖန်ကျန်းရှီ ရှေ့မှာ သြတ်ပမယ်။ ရန်ရွှယ့်ကို သတ်ပြီးရင် ယွမ်ရုန်နဲ့ တခြားသူတွေက သူတို့ဘာ သူတို့ ပြဿနာ ရှင်းပါစေ။

ရှီဖုန်းက ကောင်းကင် တာအို ခန်းမကို ကူညီပြီးတော့ ယွမ်ရုန်နဲ့ ဒုတိယ သုခမိန်ကို သတ်ပေးလို့လည်း ရတယ်။ ဒါဆိုရင် ကောင်းကင် တာအို ခန်းမနဲ့ တောင်စဉ် ကိုးသွယ်ရဲ့ ရန်ငြိုးက ပိုကြီး လာလိမ့်မယ်။

ရှီဖုန်း ဒေါသ ထွက်ချင်ယောင် ဆောင်ပြီးတော့ ဖန်ကျန်းရှီကို ဆက်တိုက် နှိပ်စပ်ဖို့ လုပ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ခြေထောက်ကို ဖက်ပြီး ကပ်နေတဲ့ အတွက် သူဘာမှ မလုပ်နိုင်ဘူး။ သူဘာပဲ လုပ်လုပ် ဖန်ကျန်းရှီက သူ့ခြေထောက်ကို လုံး၀ လွှတ်မပေးဘူး။

ဒါ့အပြင် ဖန်ကျန်းရှီ သူ့ခြေထောက်ကို ဆွဲထားတဲ့ အချိန်၊ သူ့နောက်က မီးလျှံတွေ တောက်လောင်နေတဲ့ သံချပ်ကာဝတ် အရိပ်ကြီး တဖြည်းဖြည်း သိပ်သည်း လာခဲ့တယ်။ ရှီဖုန်းလည်း သူ့စွမ်းအင် အရင်းအမြစ်တွေကို သုံးပြီးတော့ ဖန်ကျန်းရှီရဲ့ ငရဲမီးတွေကို ခုခံ ရတော့တယ်။

“အကြီးအကဲရှီ။ သူ့ကို မြန်မြန် သတ်။” ယွမ်ရုန် ကြောက်လန့် တကြား ပြောတယ်။ ဒါပေမယ့် သူ့အဆင့်အတန်းကြောင့် ရှီဖုန်းကို အမိန့်ပေးလို့ မရဘူး။

“ပါးစပ်ပိတ်ထား ကိုယ့်ကိစ္စ ကိုယ်လုပ်။” ယွမ်ရုန်ကို တစ်ချက်တောင် လှည့်မကြည့်ပဲ ဖန်ကျန်းရှီရဲ့ ကျောကို လက်သီးနဲ့ ထိုးချလိုက်တယ်။

ယွမ်ရုန် ဒါကို မြင်တော့ အံကြိတ်ထားမိတယ်။ ဒုတိယ သုခမိန်ကို လှမ်းကြည့်တယ်။ ဒုတိယ သုခမိန် ချက်ခြင်း ခေါင်းငြိမ့်တယ်။ ရှီဖုန်းနဲ့ ဖန်ကျန်းရှီ နောက်ကို ဖြည်းဖြည်းချင်း ကပ်သွားတယ်။ သူ့လှုပ်ရှားမှုက ငြိမ်သက်တယ်။ ဒါပေမယ့် ခြေငါးလှမ်း ဝန်းကျင် အလိုမှာ ရှီဖုန်းက လှည့်ကြည့်ရင်း အော်တယ်။ “ထွက်သွား။”

“အကြီးအကဲရှီ။ သူ့ကို ကျွန်တော် ကူဖယ် ပေးပါမ့ယ်။” ဒုတိယ သုခမိန် ပြောတယ်။

“ငါပြောနေတယ်။ ထွက်သွားစမ်း။” ရှီဖုန်းေ အာ်ဟစ်တယ်။

“ရှီဖုန်း မင်းလွန် မလာနဲ့။ မင်းက ယင်ယန် ခန်းမက အကြီးအကဲ ဖြစ်နေပင်မယ့်၊ ငါတို့ သုံးယောက်သာ မရှိရင် ဒီကိစ္စကို မအောင်မြင် နိုင်ဘူး။ ယင်ယန်ခန်းမက တစ်ယောက် သေသလို၊ ငါ့ရဲ့ တတိယ ညီလေးလည်း သေသွားပြီ။” ယွမ်ရုန် သည်းမခံ နိုင်တော့ဘူး။ ရှီဖုန်းကို ပြန်အော်တယ်။

ဒါပေမယ့် သူ့စကား မဆုံးခင် အချိန်မှာပဲ နောက်ကျောက အေးစိမ့်မှုကို ခံစား လိုက်ရတယ်။ ဒီခံစားချက်က အရမ်း နီးကပ်တယ်။ အလစ်ဝင်တိုက်တာလား။ ငါ့ကို ဘယ်သူ အလစ်ဝင်တိုက် ရဲတာလဲ။

သူ့အနားကို ဒီလောက် နီးနီးကပ်ကပ် လာနိုင်တာ သေချာပေါက် သန်မာတဲ့သူပဲ ဖြစ်ရမယ်။ ဒါပေမယ့် ရန်ရွှယ့် အပြင် ဖန်ကျန်းရှီမှာ နောက်ထပ် သူငယ်ချင်း တစ်ယောက်ပဲ ရှိတယ်။ ကောင်းကင် တာအို ခန်းမမှာ နေနေတဲ့ ချီကူယန်။ ဒီတော့ ဘယ်သူ လာတာ ဖြစ်နိုင်မလဲ။

အပိုင်း (၇၃၂) ပြီး၏။

အပိုင်း (၇၃၃)

“နောက်ဆုံး အချိန်ရဲ့ အပြောင်းအလဲ။”

ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ သုံးယောက် တိုက်ခိုက်တာလား။ မဖြစ်နိုင်တာပဲ။ ကောင်းကင် တာအို ခန်းမက ရန်ရွှယ့်ကို ဓားစာခံ လုပ်ထားတာတောင် ဘာမှ မစွက်ဖက်တာပဲ။

ဒီတော့ သူ့ကို အလစ်ဝင်တိုက်မှာ မဟုတ်ဘူး။ ကောင်းကင် တာအို ခန်းမ မဟုတ်ရင်ကော ဘယ်သူ ဖြစ်နိုင်မှာလဲ။

ယွမ်ရုန် မစဉ်းစား တတ်တော့ဘူး။ တစ်ယောက်ယောက်က သူ့ကို အလစ်ဝင်တိုက်မယ်လို့ ဘယ်တုန်းကမှ မထင်ထား ခဲ့မိဘူး။

စိတ်ကို ပြင်ဆင် မထားခဲ့ပေမယ့်၊ ကျောထဲမှာ စိမ့်ချမ်း လာတာနဲ့ တပြိုင်နက် သင့်တော်သလို လှုပ်ရှားခဲ့တယ်။ တစ်ခါတည်း သူ့နောက်မှာ အနက်ရောင် အလင်းလွှာကြီး ပေါ်လာတော့တယ်။

နောက်ဆုံးတော့လည်း လက်ရှိ အခြေအနေမှာ ရန်ရွှယ့်ကို လက်လွတ်စေလို့ မဖြစ်ဘူးလေ။ ဒီတော့ အလစ်ဝင်တိုက်တာကို ကာကွယ်ဖို့ပဲ လုပ်နိုင်တယ်။ အနက်ရောင် အလင်းလွှာကြီးက အတားအဆီး တစ်ခုလို မြင့်တက် လာခဲ့တယ်။

ဒီအချိန်မှာပဲ အသံကျယ်ကြီး တစ်သံ ဟိန်းထွက် သွားတော့တယ်။ ပြင်းထန်တဲ့ အင်အားကြီး တစ်ခုက အလင်းလွှာကြီးကို လာရိုက်ခတ် နေတာ ခံစား မိနေတယ်။

တကယ်ပဲ အလစ်ဝင်တိုက်တာ ရှိနေတာပဲ။ ယွမ်ရုန် ပြင်းထန်တဲ့ အင်အားကြီးကို ခံစားမိတော့ ချက်ခြင်း နောက်လှည့် ကြည့်မိတယ်။

အရမ်းကို စူးရှ ထက်မြက်တဲ့ မျက်ဝန်းတွေကို မြင်လိုက်ရတယ်။ ဒါက လူငယ် တစ်ယောက်ပဲ။ သူ့ရဲ့ မှင်စိမ်းရောင် ဝတ်ရုံရှည်က နည်းနည်း စုတ်ပြဲ နေတယ်။ အသားအရေက မည်းမှောင်ပြီးတော့ ကြွက်သား အပြိုင်းပြိုင်းနဲ့။ တောထဲက ထွက်လာတဲ့ သားရဲကောင် တစ်ကောင်လိုပဲ။

“ဒီကောင်လေး ဘယ်က ထွက်လာတာလဲ။” ယွမ်ရုန် လန့်သွားခဲ့တယ်။

သူ့နောက်မှာ ပေါ်လာတဲ့ သူက သူတွေးထင်ထားတာနဲ့ နည်းနည်းလေးမှ မတူဘူး။ သာမာန် ကောင်းကင် တာအို တပည့်သား တစ်ယောက် ပုံစံမျိုး ရှိမနေဘူး။ အရိုင်းဆန်တဲ့ အရှိန်အဝါတွေ ပြည့်နှက်နေတယ်။

အဲ့တာ ဘယ်သူလဲ။ အဲ့တာ ဘယ်က ကောင်လဲ။ ယွမ်ရုန် ဒေါသ ထွက်လာတယ်။ ယွမ်ရုန်ရဲ့ ပုံစံကြောင့် ကောင်းကင် တာအို တပည့်သားနဲ့ အကြီးအကဲတွေ အားလုံး အဲ့ဒီ့ လူငယ်ကို သတိ ထားမိလိုက်တယ်။

“အဲ့တာ ရန်ချင်းပဲ။”

“သူ ယွမ်ရုန်ကို တိုက်ခိုက်တယ်ပေါ့။”

“ဘာတွေ ဖြစ်နေတာလဲ။”

ကောင်းကင် တာအို တပည့်သားတွေ နားမလည်ကြဘူး။ ရန်ချင်းက သူတို့လို ကောင်းကင် တာအို တပည့်သား တစ်ယောက်ပဲလေ။ ဒါကြောင့် သူ့ကို သူတို့ အာရုံ မစိုက်မိကြဘူး။ အခုတော့ ရန်ချင်းရဲ့ အပြုအမူက ထူးဆန်းနေတယ်။ အကြီးအကဲတွေရဲ့ အမိန့်ကို ဖီဆန်နေတာပဲ။

“ရန်ချင်း။ မင်း။” ဆဋ္ဌမ အကြီးအကဲ တစ်ခုခု ပြောတော့မယ့် အချိန်မှာပဲ သူ့မျက်လုံးတွေ ပြူးကျယ် သွားခဲ့ရတယ်။ ရန်ချင်းရဲ့ လက်သီးက အနက်ရောင် အလင်းပြားပေါ် ကျလာတဲ့ အချိန်မှာ သူရပ်တန့် မသွားခဲ့ဘူး။

တည်ငြိမ်နေတဲ့ ရေကန်ထဲကနေ လူတစ်ယောက် ဝုန်းခနဲ ထွက်လာခဲ့တယ်။ သူ့လက်ထဲမှာ သွေးနီရောင် တောက်နေတဲ့ အလင်းလှံ တစ်ချောင်းကို ကိုင်ထားခဲ့တယ်။

သုခမိန်တစ်ယောက်။

ဆဋ္ဌမ အကြီးအကဲ ပထမဆုံး ဒီလို တုံ့ပြန်မိတယ်။ သူ့ရဲ့ ဒုတိယ တုံ့ပြန်မှုကတော့ ဘာကြောင့် သုခမိန် တစ်ယောက်က ဒီမှာ ပေါ်လာတာလဲ။ နောက်ပြီးတော့ ရန်ချင်းနဲ့ ပေါင်းပြီးတော့ ယွမ်ရုန်ကို တိုက်ခိုက်နေတယ်။ အရေး အကြီးဆုံးကတော့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ အနီရောင်လှံက အဇူရာ တာအိုပဲ။

“အဲ့တာ ရန်ချန်လိ။” စတုတ္ထ အကြီးအကဲ လွှတ်ခနဲ ပြောလိုက်တယ်။ သူ့မျက်နှာကို မမြင်ရ သေးပင်မယ့် သူသိလိုက်တယ်။

အဇူရာ တာအိုကို သုံးနိုင်ပြီးတော့ ယွမ်ရုန်ကို ချက်ခြင်း တိုက်ခိုက်နိုင်တဲ့ သူက ရန်ချန်လိက လွဲပြီးတော့ တခြားသူ မရှိဘူး။

“အကိုကြီး သတိထား။” ဒုတိယ သုခမိန် ကြောက်လန့် တကြား ပြောမိတယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ အနီရောင် အလင်းလှံက အနက်ရောင် အလင်းလွှာကို ထွင်းဖောက် သွားခဲ့တယ်။ အဲ့ဒီ့နောက် ပြင်းထန်တဲ့ အင်အားတွေနဲ့ စုပ်ယူပြီးတော့ အပေါက် တစ်ပေါက်ကို ဖန်တီးလိုက်တယ်။

“ရွှပ်။” သွေးနီရောင်လှံက ယွမ်ရုန်ရဲ့ ပုခုံးကို ဖောက်သွားခဲ့တယ်။ သွေးတွေက ကောင်းကင်ဆီကို ပန်းထွက်လာခဲ့တယ်။

“မင်းက ငါ့မြေးကို ထိခိုက်အောင် လုပ်ဝံ့တယ်ပေါ့။ ငလူးကောင်။ မင်းကို အသေသတ်မယ်။” သုခမိန် တစ်ယောက်က သုခမိန် မဆန်စွာပဲ ကျိန်ဆဲ နေခဲ့တယ်။ အဲ့ဒီ့နောက် မရေမတွက်နိုက်တဲ့ အနီရောင် အလင်းတန်းတွေက မိုးစက် မိုးပေါက်တွေလို ကျဆင်း လာတော့တယ်။

ယွမ်ရုန်ကို လူငယ်လေးကလည်း ချက်ခြင်း ဝင်တိုက်ခဲ့တယ်။ ချောမွေ့ မြန်ဆန်လွန်းတဲ့ လှုပ်ရှားမှုတွေ့ တိကျ ပြတ်သားတယ်။ ယွမ်ရုန်ရဲ့ မျက်နှာ ဖြူဖျော့ သွားခဲ့တယ်။ သူ့ရဲ့ ပုခုံး ဒဏ်ရာ ရသွားလို့ မဟုတ်ဘူး။ ရန်ရွှယ်က ရန်ချန်လိ လက်ထဲကို ရောက်သွားလို့ပဲ၊

“အား။” ယွမ်ရုန် လက်မခံ နိုင်ဘူး။ သူ့ရဲ့ ပြီးဆုံးတော့မယ့် လုပ်ငန်းကို တစ်ယောက်ပြီး တစ်ယောက် လာနှောက်ယှက်နေတာကို လက်မခံ နိုင်ဘူး။ ဒါပေမယ့် တကယ့်ကိုပဲ အလစ်ဝင်တိုက်တဲ့ နှစ်ယောက်ကို မမျှော်လင့် ထားမိဘူး။

တစ်ယောက်က နောက်ကနေ တိုက်ခိုက်တယ်။ နောက်တစ်ယောက်က ရှေ့ကနေ တိုက်ခိုက်တယ်။ လွတ်မြောက်ဖို့လမ်း မရှိတော့ဘူး။ ဒေါသတကြီးနဲ့ ဟိန်းဟောက်တယ်။ သူ့တကိုယ်လုံးကို သိပ်သည်းတဲ့ အနက်ရောင် အလင်းတန်းတွေက ဝန်းရံ ထားလိုက်ပြီ။ သွေးနီရောင် အလင်းတန်းတွေကို ခုခံထားတယ်။

“ဝုန်း ဝုန်း ဝုန်း။” ပေါက်ကွဲမှုတွေက မရပ်တန်း ဖြစ်ပေါ် နေခဲ့တယ်။

“

ယွမ်ရုန်။ ရန်ရွှယ်ကို မြန်မြန် ပြန်ခေါ်။ မင်းနဲ့ မင်း သူ့ကို သွားကူညီ။ ငါက။” ရှီဖုန်း ဒီမြင်ကွင်းကို မြင်တော့ သူကြောက်လန့် လာတော့တယ်။

အကယ်၍ သူသာ ရန်ရွှယ့်လို ဓားစာခံကို ဆုံးရှုံးသွားရင်၊ သူ့ရဲ့ လုပ်ငန်း အစီအစဉ်တွေ အားလုံး ပျက်စီး သွားလိမ့်မယ်။ ရှီဖုန်း တကယ့်ကို ကြောက်နေခဲ့တယ်။ ဒါပေမယ့် သူ့စကားကိုတောင် ဆုံးအောင် မပြောနိုင်လိုက်ဘူး။ ရုတ်တရက် သူနားလည်သွားတယ်။

အခုချိန်မှာ အရေးအကြီးဆုံးက ရန်ရွှယ့်ကို ပြန်ရအောင် လုပ်ဖို့ မဟုတ်ဘူး။ သူ့ဆီ လာနေတဲ့ အန္တရာယ်ကြီးကို ကာကွယ်ဖို့ပဲ။ ဒီအခြေအနေက လွတ်အောင် ပြေးမှ ဖြစ်မယ်။

ဓားစာခံ ရန်ရွှယ် မရှိတော့ရင်၊ အခုချိန်မှာ အန္တရာယ် အများဆုံးက ဖန်ကျန်းရှီပဲ။ ရှီဖုန်း တွေးမိတဲ့ အချိန်က အရမ်း နောက်ကျ သွားခဲ့ပြီ။ သူ့ရဲ့ တုံ့ပြန်မှုက နှေးသွားခဲ့တယ်။

မြေပြင်ပေါ်မှာ လဲနေခဲ့တဲ့ ဖန်ကျန်းရှီက ခေါင်းထောင် ထလာခဲ့ပြီ။ သူ့ရဲ့ ထွင်းဖောက် မြင်ရတဲ့ မျက်ဝန်းတွေက ရှီဖုန်းကို စိုက်ကြည့် နေခဲ့တယ်။ ဒီမျက်ဝန်းတွေက အေးစက်တယ်။ ရေခဲနှင်းထုကြီး ထက်တောင် အေးစက်သေးတယ်။

ရှီဖုန်း ကျောရိုး တစ်လျှောက်လုံး စိမ့်ချမ်း လာတော့တယ်။

ဖန်ကျန်းရှီ ဘာမှ မပြောဘူး။ ပြောစရာလည်း မလိုတော့ဘူး။ ဖန်ကျန်းရှီ ခေါင်းမော့လိုက်တဲ့ အချိန်မှာပဲ ရှီဖုန်း နာကျင်မှုကြီးကို ခံစား လိုက်ရတယ်။ ဖန်ကျန်းရှီက သူ့ခြေထောက် ဖမ်းဆွဲထား တော့မှာ မဟုတ်တာကို နားလည် လိုက်တယ်။ တောက်ပ နီစွေးတဲ့ သွေးတွေ လေထဲကို ဖြာထွက် လာတယ်။ တစ်ချိန်တည်းမှာပဲ ခြေထောက် တဖက် ပြတ်ထွက် သွာခးဲ့တယ်။

အခုချိန်မှာပဲ ဒီခြေထောက်ကို ဘာဖြစ်လို့ ဖန်ကျန်းရှီ သည်းသည်းမည်းမည်း ဖက်ထားခဲ့မှန်း နားလညတော့တယ်။ သူဘယ်လောက်ပဲ ကန်ကန် ကျောက်ကျောက် လွှတ်မပေးခဲ့ဘူး။ သူနားမလည် ခဲ့တာကတော့ ဖန်ကျန်းရှီ ဘယ်လိုများ အလစ်ဝင်တိုက်တာကို ကြိုတင် ခန့်မှန်း မိတာလဲ။

တစ်ယောက်ယောက် ရန်ရွှယ့်ကို လာကယ်မှာ ဘယ်သူမှ မသိခဲ့ဘူး မဟုတ်လား။ ရှီဖုန်း နားမလည် နိုင်ပေမယ့် ပြင်းထန်တဲ့ နာကျင်မှုက သူ့ကို ရူးသွပ် သွားစေတယ်။

“အား။ ဖန်ကျန်းရှီ ငါမင်းကို သတ်မယ်။” ရှီဖုန်းရဲ့ ခန္ဒာကိုယ်က တစ်ဖက်ကို စောင်းသွား ခဲ့ပေမယ့်၊ ပြင်းထန်တဲ့ ဒေါသကြောင့် ဓားကိုတော့ သုံးနိုင်သေးတယ်။ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးတော့ ဖန်ကျန်းရှီရဲ့ ရင်ဘတ်လို လျှပ်စီးလက်သလို အရှိန်နဲ့ ထိုးချလိုက်တယ်။

“ဒင်း။” မာကျောတဲ့ အရာကို ထိတွေ့တဲ့ အသံထွက်ပေါ် လာတယ်။ နားဝင်ပီယံ ဖြစ်တဲ့ အသံပဲ။ ဒါပေမယ့် ရှီဖုန်းကတော့ မည်းမှောင် သွားခဲ့တယ်။ နဖူးမှာ ချွေးတွေက ရေစီးသလို စီးကျလာတယ်။

“သတ်။” လူသတ်ချင်စိတ် အပြည့်နဲ့ အသံက သူ့နားထဲကို ဝင်ရောက်လာတယ်။ သမုဒ္ဒရာကြီး တစ်ခုလို ကျယ်ပြန့်တဲ့ အင်အားတွေက သူ့ဆီကို တိုးဝင် လာခဲ့တယ်။ အဲ့ဒီ့နောက် ဓားလို စွမ်းအားတွေ သူ့ရင်ဘတ်ကို ဦးတည်နေတာ ခံစား လိုက်ရတယ်။ ထက်ရှတဲ့ အင်အားတွေက သူ့ရင်ဘတ်ကို နာကျင်အောင် ဆုတ်ဖြဲ နေခဲ့တယ်။

ဒီအချိန်မှာ ရှီဖုန်း နားလည် သွားခဲ့ပြီ။ ပြန်လည် မွေးဖွားမှု တာအိုထဲက ကောင်းကင်တာအို၊ သေရှင်တာအိုနဲ့ ငရဲတာအိုတွေကို ပိုင်ထားတဲ့ အပြင် ထျန်းရှင်းလို ကောင်းကင် နတ်ဘုရား သွေးမျိုးနွယ်လည်း ရှိနေတဲ့ လူတစ်ယောက် တကယ့်ကို နတ်ဆိုး စစ်စစ်ပဲ။

“ဝုန်း။” ပြင်းထန်တဲ့ နာကျင်မှုနဲ့ အင်အားတွေရဲ့ တွန်းကန်မှုကြောင့် ရှီဖုန်း လွင့်ထွက် သွားခဲ့တယ်။ မြေပြင်ပေါ်ကို အရှိန် ပြင်းပြင်းနဲ့ ပြန်ကျလာတယ်။ တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှီက သူ့ရဲ့ အရှိန်နှုန်းကို မြင့်တင်လိုက်တယ်။ ရှီဖုန်းဆီကို သူ့ရဲ့ ခြေရာမဲ့ ဓားက အလင်းတန်းတွေ ဝန်းရံရင်း ရောက်ရှိ လာတော့တယ်။ ရှီဖုန်းရဲ့ ရင်ဘတ်ကို ဓားနဲ့ ထိုးချလိုက်တယ်။

ဒီအချိန် တစ်လျှောက်လုံးမှာ ဖန်ကျန်းရှီက ဗျူဟာ တစ်ခုကိုပဲ ကျင့်သုံးတယ်။ “အကယ်၍ ရန်သူ မလှုပ်ရှားရင် ငါလည်း မလှုပ်ရှားဘူး။ ရန်သူ လှုပ်ရှားရင်၊ ငါလည်း ထိန်းလို့ မရအောင် ပြန်တိုက်ခိုက်မယ်။”

ဒီနည်းဗျူဟာက တစ်ကြောင်းတည်း အနှစ်ချုပ်လိုက်ရင်၊ ရန်သူ့ကို လုံး၀ လှုပ်ရှားဖို့ အခွင့်အရေး မပေးဘူး။ ဖန်ကျန်းရှီ ရှီဖုန်းကို ဘာအခွင့်အရေးမှ မပေးနိုင်ဘူး။ သူနဲ့ ကစားဖို့လည်း စိတ်မဝင်စားဘူး။ တစ်ခါတလေမှာ အခွင့်အရေးတွေက လက်ထဲကနေ လွတ်ထွက် သွားတတ်တယ်။ ဒါကြောင့် အလွတ် မပေးနိုင်ဘူး။

သူ့ရဲ့ ဓားက ရှီဖုန်း ရင်ဘတ်နဲ့ နှစ်လက်မလောက် လိုတော့တဲ့ အချိန်မှာပဲ တောက်ပတဲ့ ရွှေရောင် အလင်းတန်း တစ်ခု ကောင်းကင်ကနေ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် ရွှေရောင် အလင်းတန်းက ကြီးမားတဲ့ ဓားသဏ္ဍာန် ပြောင်းသွားပြီးတော့ ဖန်ကျန်းရှီရဲ့ ဓားထိပ်ကို ကာဆီးလိုက်တယ်။

“ဝုန်း။” အသံကျယ်ကြီး ထွက်ပေါ်လာပြီး ဖန်ကျန်းရှီ နောက်ကို ခြေလှမ်း နည်းနည်း လွင့်ထွက် သွားခဲ့တယ်။ သူ့နောက်မှာ ရပ်နေတဲ့ လူှနစ်ယောက်ကို လှည့်ကြည့်တယ်။ ကောင်းကင် တာအို ခန်းမက ဒုတိယနဲ့ စတုတ္ထ အကြီးအကဲ။

ဒီဓားချက်က သူတို့ လက်ချက်မှန်း သူသိတယ်။ အစကတော့ သူထွက်ပြေးဖို့ အခွင့်အရေးပဲ ရခဲ့တယ်။ အခုတော့ ရှီဖုန်းကို သတ်ဖို့ အခွင့်အရေး ရတဲ့ အချိန် ဒီဓားက သူ့လမ်းကို လာကာဆီးထားတယ်။

“မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက် ဖန်ကျန်းရှီ။” ဒုတိယ အကြီးအကဲက ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ သူ့မျက်လုံးတွေမှာ အလင်းတန်းက မှိန်ဖျော့ဖျော့ တောက်ပ နေခဲ့တယ်။

“သူတို့တွေကို သတ်ပြီးရင်၊ မုချင်းဖန်းကို ပြန်ဖြေဖို့ ကောင်းကင် တာအို ခန်းမကို လိုက်ခဲ့မယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“မဟုတ်ဘူး။ မင်းမှားနေပြီ။ မင်းရဲ့ ကံတရားကို လက်ခံခိုင်းတာ၊ အဖြေ ပြန်ဖြေဖို့ပဲ မဟုတ်ဘူး။ မင်း မိုးနတ် ရေကန်ကို ဖျက်စီး သွားတဲ့ အတွက် ဒီအချိန် ဒီနေရာမှာ မင်းကို သေစေချင်တာပဲ။” ဒုတိယ အကြီးအကဲ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ့်ကို ချီထားတဲ့ ရန်ချန်လိနဲ့ ရန်ချင်းကို လှမ်းကြည့်ရင်း ပြောတယ်။

“ရန်ချန်လိ။ ကောင်းကင် တာအို ခန်းမက မင့်မြေး ရန်ရွှယ်ကို ကယ်ဖို့ ကူညီ ပေးခဲ့တယ်။ အကယ်၍ တခြား ကိစ္စ မရှိတော့ရင် သွားလိုက်တော့။ ရန်ချင်း။ ရန်ရွှယ့်ကို ရန်ချန်လိဆီ ပေးလိုက်။”

“ခင်ဗျား မှားနေပြီ။ ငါ ရန်ရွှယ်ကို ကယ်တာ ကောင်းကင် တာအို ခန်းမ အတွက် မဟုတ်ဘူး။ ဖန်ကျန်းရှီ ကြောင့်ပဲ။ ဖန်ကျန်းရှီပဲ ငါ့ကို ဒီလိုစကားမျိုး ပြောလို့ ရမယ်။ ခင်ဗျားက ငါ့ကို အမိန့် ပေးချင်တယ်ပေါ့။ ခင်ဗျားနဲ့ မတန်ဘူး။” ရန်ချင်းက ဒုတိယ အကြီးအကဲကို ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။

အပိုင်း (၇၃၃) ပြီး၏။

အပိုင်း (၇၃၄)

“ဟန်ပြ။”

အရမ်းကြီး ကျယ်လောင်တဲ့ အသံနဲ့ ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ရန်ချင်းရဲ့ အသံက အရမ်းကို ရှင်းလင်း ပြတ်သားနေတယ်။ လန့်စရာလည်း ကောင်းတယ်။

“မတန်ဘူး။”

“မတန်ဘူးတဲ့။”

ကောင်းကင် တာအို တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ အထိတ်တလန့် မျက်နှာတွေက ထင်ရှား နေခဲ့တယ်။ ရန်ချင်းရဲ့ စကားလုံးတွေက မလေးမစား လုပ်နေတယ်ဆိုတာ အသိသာကြိးပဲ။

“ရန်ချင်း မင်းဦးနှောက် ပျက်သွားပြီလား။ ဒုတိယ အကြီးအကဲကို ချက်ခြင်း တောင်းပန်လိုက်။” စတုတ္ထ အကြီးအကဲက အကြီးအကျယ် ထိတ်လန့် တုန်လှုပ်ပြီး အမူအယာ ပြောင်းလဲ နေတဲ့ ဒုတိယ အကြီးအကဲရဲ့ မျက်နှာကို မြင်တယ်လေ။ ဒါကြောင့် သူသတိပေးတယ်။

“တောင်းပန်ရမယ် ဟုတ်စ။ ဟဟား။ ငါပြောဖို့ မေ့သွားလို့။ မင်းလည်း မတန်တဲ့လူပဲ။” စတုတ္ထ အကြီးအကဲကို ခေါင်းခါပြရင်း ရန်ချင်း ပြောတယ်။ အဲ့ဒီ့နောက် ဆဋ္ဌမ အကြီးအကဲကို လက်ညှိုးထိုးရင်း ဆက်ပြောတယ်။ “ဟုတ်သား။ ဆဋ္ဌမ အကြီးအကဲလည်း ရှိသေးတယ်။ မင်းလည်းပဲ တရားမျှတဲ့ သူတော်ကောင်း အယောင်ဆောင် နေတဲ့ သုခမိန် အတုပဲ။ မင်းမှာ လုပ်ရတဲ့ အကြောင်းအရင်း အဓိက အချက်တောင် ရှိရဲ့လား။”

“ဘာဖြစ်တယ်။” ဆဋ္ဌမ အကြီးအကဲ လန့်သွားခဲ့တယ်။ ရန်ချင်းက ဒီလိုမျိုး ပြောလာမယ်လို့ မထင်ထား ခဲ့မိဘူး။ ဒါ့အပြင် ရန်ချင်းကို မိုးနတ် ရေကန်ထဲ မဝင်ခင်နဲ့ ဝင်ပြီးတဲ့ အချိန်တွေ မှာတောင် သူ့တပည့်အဖြစ် ရအောင် လုပ်ဖို့ တွေးခဲ့သေးတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ။ သူ့မျက်နှာ မည်းမှောင် သွားပြီးတော့ ရန်ချင်းကို ပြန်ပြောတယ်။ “ရန်ချင်း။ မင်းပြောနေတာကို မင်းသိရဲ့လား။”

“ဒါပေါ့ သိတာပေါ့။ သိတော့ကော ဘာဖြစ်လဲ။ ဒါကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရင် ထပ်ပြောမယ်။ မင်းတို့ သုံးယောက်လုံးက သုခမိန် ဖြစ်ဖို့ မတန်ဘူး။” ရန်ချင်း ခေါင်းငြိမ့်ရင်း ချက်ခြင်း ပြန်ဖြေတယ်။

“မင်း ဘယ်လိုတောင် ပြောဝံ့တာလဲ။” ဒုတိယ အကြီးအကဲ ဒါကိုကြားတော့ တကယ့်ကို ဒေါသ ထွက်နေခဲ့ပြီ။ သူ့ခန္ဒာကိုယ်ကနေ ပြင်းထန်တဲ့ စွမ်းအားတွေ ထွက်ပေါ်လာတယ်။ ဓားတစ်ချောင်းလည်း သူ့လက်ထဲမှာ ပေါ်လာခဲ့တယ်။

ဒုတိယ အကြီးအကဲ လက်နက်ထုတ်တာ ဒါ ပထမဆုံး အကြိမ်ပဲ။ ရွှေရောင်ဓား ပေါ်လာတဲ့ အချိန်မှာပဲ ဒုတိယ အကြီးအကဲ လေထဲကို ခုန်လိုက်တယ်။ အဲ့ဒီ့နောက် လျှပ်စီးလက်သလို ဓားအလင်းတန်းက ကောင်းကင်ကနေ တန်းတန်းမတ်မတ် ကျဆင်း လာတော့တယ်။ အရမ်းကို ထက်ရှတဲ့ ဓားအရှိန်အဝါက ရန်ချင်းကို ခုတ်ချလိုက်တယ်။

“ဟဟား ဟား။ ခွေးတွေက ကြောက်လာရင် မဲမဲမြင်ရာ ကိုက်တာပဲ။ ကောင်းလိုက်တဲ့ ရလဒ်။ ကောင်လေး မင်းကိုတော့ ငါသဘောကျ သွားပြီ။” ရန်ချန်လိရဲ့ အသံ ထွက်ပေါ်လာတယ်။ တစ်ချိန်နည်းမှာပဲ သူ့ရဲ့ သွေးနီရောင်လှံက ရှေ့ကို ပြေးထွက် သွားပြီးတော့ လေထဲက ရွှေရောင် အလင်းတန်းနဲ့ ထိတွေ့တော့တယ်။

“ဝုန်း။” ပေါက်ကွဲသံကြီး တစ်ခု ပေါ်လာတော့တယ်။ မတူညီတဲ့ အရှိန်အဝါတွေက လေထဲမှာ ပျံ့လာခဲ့တယ်။ ရွှေရောင် အလင်းတန်းနဲ့ အနီရောင် အလင်းတန်းက မနားတမ်း တိုက်ခိုက် နေကြပြီး နောက်ဆုံးမှာတော့ အရောင်မှိန် သွားခဲ့ကြတယ်။

“သူတို့တွေက စွမ်းအား ညီနေတာလား။”

“ဒုတိယ အကြီးအကဲက စွမ်းအား အကုန်လုံး မသုံးဘူး။ ငါကြားတာတော့ ရန်ချန်လိက သုခမိန် ဖြစ်တာ မကြာသေးဘူး ဆိုပဲ။ ဟုတ်တယ်ဟုတ်။”

“ငါကြားတာတော့ သူက အဇူရာ တာအိုကို ကျင့်ကြံထားတယ်တဲ့။ အဇူရာ တာအိုက တာအို ခြောက်ခုထဲမှာ တိုက်ခိုက်ရေး အင်အား အပြင်းထန်ဆုံးပဲ။ တကယ့်ကို အင်အားကြီးတယ်။”

ကောင်းကင် တာအို တပည့်သားတွေ အလင်းတန်း နှစ်ခု မှိန်ကျသွားတာကို ကြည့်ရင်း လေးစားမှု အပြည့်နဲ့ ပင့်သက် ရှိုက်မိကြတယ်။ နောက်ဆုံးတော့လည်း ဒုတိယ အကြီးအကဲက မြင့်မြတ် နယ်မြေထဲမှာ အင်အား အကြီးဆုံး တွေထဲက တစ်ယောက်လေ။

သူ့ရဲ့ ဓားချက် တားဆီး ခံလိုက် ရတာကို မြင်တော့ မည်းမှောင်နေတဲ့ မျက်နှာနဲ့ ဒုတိယ အကြီးအကဲ ကျိန်ဆဲ တော့တယ်။ “ရန်ချန်လိ မင်းက မြင့်မြတ် နယ်မြေရဲ့ ဘယ်မျိုးနွယ်စုကိုမှ မဝင်ရသေးဘူး။ မင်းက ကောင်းကင် တာအို ခန်းမနဲ့ ရန်သူ ဖြစ်ချင် နေတာလား။”

“ဟဟား။ ဒုတိယ အကြီးအကဲ အထင်လွဲ နေပါပြီ။ ငါက ကောင်းကင် တာအို ခန်းမနဲ့ ဘယ်လိုလုပ် ရန်သူ အဖြစ်ခံမှာလဲ။ မင်းရဲ့ ဓားကို ခုခံ လိုက်တာက ငါ့မြေးကို ကယ်ဖို့ပဲ။” ရန်ချန်လိက ပြောရင်းနဲ့ ရန်ရွှယ်ကို ချီထားတဲ့ ရန်ချင်းကို လက်ညှိုးထိုး ပြလိုက်တယ်။

ဒုတိယ အကြီးအကဲကတော့ မျက်မှောင် ကြုတ်ရင်းနဲ့ ရန်ချန်လိကို ကြည့်နေခဲ့တယ်။ ရန်ချန်လိရဲ့ စကားတွေက လက်ခံဖို့ ခက်ခဲ ပေမယ့် မှားတာ တစ်ခုမှ မပါဘူး။ ရန်ရွှယ်က ရန်ချင်းရဲ့ လက်ထဲမှာ ရှိနေတယ်။ ဒါကြောင့် ရန်ချင်းကို တိုက်ခိုက် လာတာကို သူကာကွယ်လိုက်တာ ဖြစ်သင့်တာပဲ။

“ကောင်းပြီ။ ရန်ချန်လိ၊ ကောင်းကင် တာအို ခန်းမနဲ့ ကြီးမြတ်သော ရှမင်းဆက်က အမြဲတမ်း ဆက်ဆံရေး ကောင်းခဲ့တယ်။ မင့်မျက်နှာကို ထောက်ပြီးတော့ ဒီကိစ္စကို နောက်ထပ် မပြောတော့ဘူး။ ရန်ရွှယ်လည်း လုံခြုံ သွားပြီ။ နောက်ထပ် ကိစ္စ မရှိတော့ရင် သွားတော့။” ဒုတိယ အကြီးအကဲက ခေါင်းငြိမ့်ရင်း ပြောတယ်။

“ဒုတိယ အကြီးအကဲကို ကျေးဇူး တင်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းတော့ ပြန်လို့ မဖြစ်ဘူးဟုတ်။ ဒီခရီးက ကြမ်းတမ်းတယ်။ လူနည်းနည်းလောက် ငါနဲ့ ပြန်ခေါ် သွားမှ ဖြစ်မယ်။” ရန်ချန်လိ ချက်ခြင်း ပြန်ဖြေတယ်။

“လူနည်းနည်းလောက် ပြန်ခေါ်သွားမယ်။” ရန်ချန်လိ နောက်မှာ ရပ်နေတဲ့ ရန်ချင်းကို ကြည့်ရင်း သူနားလည်လိုက်တယ်။ “မဖြစ်နိုင်ဘူး။ ရန်ချင်းက ကောင်းကင် တာအို ခန်းမရဲ့ တပည့်ပဲ။ သူက ငါတို့ မျိုးနွယ်ကို ဝင်ပြီးပြီ။ စည်းမျဥ်းအတိုင်း အပြစ်ပေးတာကို နာခံရမယ်။“

“ဒါက ကိစ္စ သေးသေးလေးပါ။ ဒုတိယ အကြီးအကဲက သနားညှာတာပြီး မေတ္တာ ကရုဏာ ကြီးကြီးနဲ့ ဒီလူငယ်လေးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။” ရန်ချန်လိ ပြုံးရင်း ဆက်ပြောတယ်။

“ရန်ချန်လိ။ ဒါက ကောင်းကင် တာအို ခန်းမရဲ့ အတွင်းရေး ကိစ္စပဲ။” ဒုတိယ အကြီးအကဲရဲ့ အသံက လေးနက် နေခဲ့တယ်။

“နားလည်ပါတယ်။ နားလည်ပါတယ်။” ရန်ချန်လိ ခေါင်းငြိမ့်တယ်။

“ဒါဆို မင်းဘာဖြစ်လို့ ဒီမှာ ရှိနေ သေးတာလဲ။”

“ခက်ခဲတဲ့ ခရီးလို့ ပြောပြီးပါကောလား။ နားလည်ရဲ့လား။ ဒုတိယ အကြီးအကဲ။”

“ရန်ချန်လိ သေချင် နေပြီလား။”

“ဒုတိယ အကို။ ရန်ချန်လိက ကြီးမြတ်သောရှရဲ့ မင်းသားရန် ဖြစ်ခဲ့ ဖူးပါတယ်။ နောက်ပြီးတော့ သူက အဇူရာ တာအို ပညာရှင်။” ဒုတိယ အကြီးအကဲ တိုက်ခိုက်တော့မယ့် အချိန်မှာ စတုတ္ထ အကြီးအကဲရဲ့ အသံ ထွက်ပေါ်လာတယ်။

“သူ အဇူရာ တာအိုမှာ ပညာရှင် ဖြစ်တော့ကော ဘာဖြစ်လဲ။ ငါကြောက်မယ် ထင်နေ။” ဒုတိယ အကြီးအကဲ စကား တဝက်မှာ ရပ်လိုက်တယ်။ စတုတ္ထ အကြီးအကဲ တစ်နေရာကို စိုက်ကြည့်နေတာ သိလိုက် ရလို့ပဲ။ နောက်ပြီးတော့ အတော့်ကို ထူးဆန်းတဲ့ ပုံစံနဲ့ ကြည့်နေခဲ့တယ်။

ဒုတိယ အကြီးအကဲ စိတ်ထဲမှာ သံသယတွေ ဝင်ရောက် လာတော့တယ်။ စတုတ္ထ အကြီးအကဲက တော်ရုံ ကိစ္စနဲ့ သူ့ကို တားမှာ မဟုတ်မှန်း သူသိတယ်။ ဒါကြောင့် သူလည်း လိုက်ကြည့်မိတယ်။ အဲ့ဒီ့နောက် သူ့မျက်နှာ ပြောင်းလဲ သွားတော့တယ်။ အပြာရောင် ဝတ်ရုံနဲ့ ခြေရာမဲ့ ဓားကို ကိုင်ထားတဲ့သူ။

ဖန်ကျန်းရှီ။

အဇူရာ တာအို။

ရုတ်တရက် ဒုတိယ အကြီးအကဲ နားလည်သွားတယ်။ ချက်ခြင်း အမူအယာ ပြောင်းလဲ သွားတယ်။ သူလက်မခံ ချင်ပေမယ့် စတုတ္ထ အကြီးအကဲ ပြောတာ မှန်တယ်။ ရန်ချန်လိ ဒီမှာ ရှိနေတာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။

“ရန်ချန်လိ ကောင်းကင် တာအို ခန်းမက ကျိုးကြောင်း မဆီလျော်တာတွေ မလုပ်ဘူး။ ရန်ချင်းက အကြီးအကဲတွေကို မလေးမစား ပြုတယ်။ သူ့ကို ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် ကိုယ်စား အပြစ်ပေးရမယ်။ ဒါကြောင့် ကောင်းကင် တာအို ခန်းမကနေ ထုတ်ပယ်လိုက်ပြီ။ သူ့ကို မင်းနဲ့ ခေါ်သွား။” ဒုတိယ အကြီးအကဲ ဘာမှ မပြောတာ မြင်တော့ စတုတ္ထ အကြီးအကဲ ဝင်ပြောတယ်။

“ကျေးဇူး တင်ပါတယ်။” ရန်ချန်လိ ထပ်ပြီးတော့ ကျေးဇူး တင်လိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ကြည့်ရင်း ဆက်ပြောတယ်။ “ဒါပေမယ့် နောက်တစ်ယောက်ကိုလည်း ထပ်ခေါ် သွားချင်သေးတယ်။ ဒါဆိုရင်ကော ဘယ်လိုလဲ။”

“နောက်တစ်ယောက်တဲ့လား။” ဒုတိယ အကြီးအကဲက ရန်ချန်လိကို ကြည့်ရင်း ဖိနှိပ်ထားတဲ့ ဒေါသတွေ ပေါက်ကွဲလာတော့တယ်။ “မင်းက ဖန်ကျန်းရှီကို ခေါ်သွား ချင်တားလား။”

“ဟုတ်တာပေါ့။ သူက ငါ့မြေး သူငယ်ချင်းလေ။ ဒီတော့။”

“ပါးစပ်ပိတ်ထားစမ်း ရန်ချန်လိ။ မင်းလွန် မလာနဲ့။ ငါတို့ကို ကြီးမြတ်သော ရှနိုင်ငံထဲ ရောက်နေတယ် ထင်နေတာလား။ ပြောလိုက်တယ်။ ဒါက ကောင်းကင် တာအို ခန်းမ။ ဒါက မြင့်မြတ် နယ်မြေ။” ဒုတိယ အကြီးအကဲ ရန်ချန်လိ စကားဆုံးအောင် ပြောမှာကို မစောင့်တော့ဘူး။ ချက်ခြင်း လှမ်းအော်တော့တယ်။

“ဒီတော့လည်း နောက်ထပ် ဆွေးနွေးစရာ မရှိတော့ဘူးပေါ့။ ဟုတ်ရဲ့လား။” ရန်ချန်လိ ဒီရလဒ်ကို မျှော်လင့် ထားတဲ့ ပုံစံပဲ နည်းနည်းလေးမှ မအံ့သြဘူး။

“ဟဟား။ ရန်ချန်လိ။ မင်းလို အခုမှ သုခမိန် ဖြစ်ကာစ လူတစ်ယောက်က ငါနဲ့ ညှိနှိုင်းလို့ရမယ် ထင်နေတာလား။” ဒုတိယ အကြီးအကဲ ဒါကို ကြားတော့ ရယ်မောတော့တယ်။

“ငါလည်း ရှိသေးတယ်လေ။” ဒီအချိန်မှာ ရေကန်နောက်ဘက် သစ်တောထဲကနေ လူတစ်ယောက် ထပ်ထွက်လာခဲ့တယ်။ ဖြူဖွေးတဲ့ ဝတ်ရုံရှည်ကို ဝတ်ထားပြီးတော့ မုတ်ဆိတ်မွှေး ဖြူဖြူတွေက မျက်နှာ တစ်ခုလုံးကို ဖုံးအုပ် ထားခဲ့တယ်။ ခြေဗလာနဲ့ ဒီလူကြီးက ဆေးနံ့တွေ လှိုင်လှိုင် ထွက်နေခဲ့တယ်။

“ငါလည်း ရှိသေးတယ်။” ခပ်ပါးပါး အနက်ရောင် ဝတ်ရုံ ဝတ်ထားပြီးတော့ နဖူးပေါ်မှာ အနီစက်ကလေး တို့ထားတဲ့ မိန်းမလှ တစ်ဦးလည်း ထွက်လာခဲ့တယ်။

“ကောင်းကင် အိုအေစစ် အဖိုးကြီးလား။” ဆဋ္ဌမ အကြီးအကဲရဲ့ အမူအယာ သိသိသာသာ ပြောင်းသွားခဲ့တယ်။ သူတင်မကဘူး စတုတ္ထ အကြီးအကဲလည်း အတူတူပဲ။ ဒီလူကြီးက မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုထဲက လူ မဟုတ်ဘူး။ သူတို့ရဲ့ အိမ်နီးနားချင်းလို့ ပြောလို့ ရတယ်။ ဒါကြောင့် သူနဲ့ ရင်းနှီးကြတယ်။

ကောင်းကင် အိုအေစစ် သုခမိန်ဘူး။ ဒါပေမယ့် သူတို့ရဲ့ အမူအယာတွေ ပြောင်းလဲ သွားတာက အမျိုးသမီး ကြောင့်ပဲ။ လက်ရှိ အရိပ်မျိုးနွယ် ခေါင်းဆောင် ဝူယွဲ့အာ။

“ဖန်ကျန်းရှီ ကောင်စုတ်လေး။ မင်းတစ်ခုခု ဖြစ်နေပြီ ကြားလို့ ငါ့မှာ ပြေးလာ လိုက်ရတာ။ ထမင်းတောင် မစားခဲ့ ရဘူး။ မင်း တကယ့်ကို ပြဿနာကြီး တက်နေတာပဲ။ ကောင်းကင် တာအို ခန်းမ။ တောင်စဉ် ကိုးသွယ်၊ ယင်ယန် ခန်းမ။ အကုန်လုံး ရောက်နေကြပြီ။ အိုက်ယား။ ငါဘယ်လို အသက်ရှင်ရပါ့။”

ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ ပေါ်ပေါ်လာချင်း ပြဿနာ တက်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ငြီးတွား နေတော့တယ်။

“ဒီတော့ ဘာလာလုပ်တာလဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး အကြောင်းကို သူကောင်းကောင်းသိတယ်။ စကားပြောရမှာတောင် ပျင်းတဲ့သူ။

“အမ်။ ပွဲလာကြည့်တာလေ။ နောက်ပြီးတော့၊ ငါမင်းကို ကူညီရင်၊ မင်းငါ့ကို တစ်ခုခု ပြန်ပေးမှာ ဟုတ်တယ်ဟုတ်။ ငါ့ အရိပ်မျိုးနွယ်ရဲ့ အနာဂတ်နဲ့ လောင်းကြေး ထပ်ပြီးတော့ လာတာ။ မင်းကြည့်လေ။ ငါဒီနေ့ မင်းကို ကူညီလိုက်ရင်၊ ကောင်းကင် တာအို ခန်းမ၊ ယင်ယန် ခန်းမ၊ တောင်စဉ်ကိုးသွယ် ဒီသုံးခုနဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ ဟုတ်တယ်ဟုတ်။ ငါတို့ အရိပ်မျိုးနွယ်က သေးသေးလေး။ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။ ဒီသုံးခုနဲ့ကိုတောင် တော်တော် တိုက်ရမှာ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက သနားစရာ မျက်နှာငယ်လေးနဲ့ ပြောနေခဲ့တယ်။

“ဆရာ။ ကျန်းရှီက ယွဲ့အာနဲ့ လက်ထပ်ဖို့ တောင်ရွာမှာတုန်းက ကတိပေးထားတယ်။ သူ့ကို မြန်မြန် ကယ်ပေါး။” ဝူယွဲ့အာက ချက်ခြင်း ဝင်ပြောတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှမ်းကြည့်ရင်း မျက်စ ပြစ်နေတယ်။ သူမ ပြောချင်နေတာ အသိသာကြီးပဲ။ “ငါ့ကို ကူညီအုန်း။ ငါနင့်ကို ကယ်ဖို့ လုပ်နေတာ။”

ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒါကို ကြားတော့ မယုံခဲ့ဘူး။ ဖန်ကျန်းရှီကို ကြည့်ရင်း လှမ်းမေးတယ်။

“အဲ့တာ အမှန်ပဲလား။ ငါဘာလို့ မသိလိုက် ရတာလဲ။”

“မဟုတ်တမ်း တရားတွေ။ ဘယ်အချိန်တုန်းက သူနဲ့ လက်ထပ်ဖို့ ကတိ ပေးမိလို့လဲ။ ကောင်းကင် အိုအေစစ် အဖိုးကြီး အပိုတွေ ပြောမနေ တော့နဲ့။ ကျွန်တော့်ကို တကယ် ကယ်ချင်ရင် ဘာမှ ပြောစရာ မလိုဘူး။ ကိုယ့်ဘာကိုယ် လွတ်အောင် လုပ်နိုင်တယ်။ ဒါပေမယ့် တစ်ခုရှိတယ်။ ဒီအလကား သုခမိန် အတုတွေကို အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ဆွဲ နိုင်ရင်၊ အရိပ်မျိုးနွယ်စုကို ဝင်မယ်။ ရွေးလိုက်။” ဖန်ကျန်းရှီက ငတုံး မဟုတ်ဘူး။ သူတို့တွေ ဘယ်လောက်ပဲ သရုပ်ဆောင် ကောင်းပါစေ သူတို့ရဲ့ လှည့်ကွက်ထဲကို ကျမှာ မဟုတ်ဘူး။

“အမွှေးတိုင် တစ်တိုင် ထွန်းစာ အချိန်လား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး မျက်မှောင် ကြုတ်သွားတယ်။ အကြီးအကဲ သုံးယောက်နဲ့ ကောင်းကင် တာအို ခန်းမက တပည့်သား ရာချီကို လှမ်းကြည့်တယ်။ မရေမရာ အသံနဲ့ ပြန်ဖြေတယ်။ “ကောင်စုတ်လေး။ ငါဒီကို လောလော လောလောနဲ့ ပြေးလာရတာ။ လူအများကြီးတော့ ပါမလာဘူး။ အမွှေးတိုင် တဝက်ထွန်းစာ အချိန် ဆိုရင်ကော ဘယ်လိုလဲ။”

“ရတယ်။ အချိန်လောက်တယ်။” ဖန်ကျန်းရှီက ပုခုံးမှာ သွေးထွက်နေတဲ့ ယွမ်ရုန်နဲ့၊ မြေပြင်ပေါ်မှာ အံကြိတ်ပြီး လဲကျနေတဲ့ ရှီဖုန်းကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။

“ကောင်းပြီလေ။ အရိပ်မျိုးနွယ်စုရဲ့ သိက္ခာနဲ့ ယှဉ်ပြီးတော့ အမွှေးတိုင် တဝက်ထွန်းစာ အချိန် ရအောင် လုပ်ပေးမယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး စိတ်သက်သာရာ ရသွားတဲ့ ပုံစံပဲ။ သူ့မျက်ဝန်းထဲမှာ အလင်းရောင်တွေ တဖျပ်ဖျပ် လက်လာတယ်။ ငွေရောင် သတ္တုနဲ့ လုပ်ထားတဲ့ ကျာပွတ်ပျံ တစ်ချောင်း သူ့လက်ထဲကို ရောက်လာတော့တယ်။

အဲ့ဒီ့နောက် ဒုတိယ အကြီးအကဲနဲ့ စတုတ္ထ အကြီးအကဲကို ကျာပွတ်နဲ့ ရိုက်ချလိုက်ရင်း၊ ပါးစပ်ကလည်း ကြည်လင် ပြတ်သားတဲ့ အသံနဲ့ အော်ဟစ်လိုက်တယ်။

“တိုက်ခိုက်။”

“ဝုန်း ဝုန်း ဝုန်း။” သူ့အသံနဲ့ အတူ၊ သစ်တော တစ်ခုလုံး တုန်ခါလာတယ်။ မယုံနိုင်အောင် ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာ ခဲ့တယ်။ ပြင်းထန်တဲ့ တုန်ခါမှုနဲ့ အတူ ကန်ရေပြင်တောင် လှိုင်းဂယက်တွေ ထလာတော့တယ်။

တစ်ချိန်တည်းမှာပဲ သစ်တောထဲကနေ အရိပ်တွေ ခုန်ထွက် လာတော့တယ်။ အရိပ် တစ်ခုချင်းစီရဲ့ မျက်နှာတွေက အနက်ရောင် အဝတ် မျက်နှာဖုံးတွေနဲ့ ဖုံးအုပ်ထားတယ်။ တပြိုင်နက်တည်း ကောင်းကင်ကြီးလည်း မည်းမှောင် သွားတော့တယ်။

အရိပ်နက်တွေက ကောင်းကင်ကြီး တစ်ခုလုံးကို တိမ်မည်းတွေလို ဖုံးအုပ် သွားတော့တယ်။ ဒီတိမ်မည်းတွေက အနည်းဆုံး လူသုံးထောင်ကျော် ရှိတဲ့ ဝတ်ရုံနက် လူအုပ်ကြီးပဲ။

အပိုင်း (၇၃၄) ပြီး၏။

အပိုင်း (၇၃၅)

“ယင်ယန် မှန်သားပြင်။ မိုးမြေ ဆင့်ကဲ ဖြစ်စဉ်။”

မျက်စိရှေ့ မြင်ကွင်းကတော့ လန့်စရာပဲ။ ကောင်းကင် တာအို ခန်းမလို မြင့်မြတ် နယ်မြေက မျိုးနွယ်စုကြီး တစ်ခုတောင် တပည့်သား တစ်ထောင် ဝန်းကျင်ပဲ ရှိတယ်။ သူတို့ မျက်စိရှေ့မှာတော့ အနည်းဆုံး လူသုံးထောင်လောက် ရှိနေတယ်။

“အဖိုးကြီး။ နောက်တစ်ခေါက် လိမ်ပြန်ပြီ။ ဒါကိုများ အလောတကြီး ထွက်လာရတယ်တဲ့။ အမွှေးတိုင် တစ်တိုင် ထွန်းစာ အချိန် မဟုတ်ဘူး။ နှစ်တိုင်စာ အချိန် လိုတယ်။” ဖန်ကျန်းရှီလည်း ဒီလို လူအုပ်ကြီး ထွက်လာတာကို မြင်တော့ တစ်ခဏတာ လန့်သွားခဲ့တယ်။ အဲ့ဒီ့နောက် စတင်ပြီးတော့ ကျိန်ဆဲတော့တယ်။

“လူတစ်ယောက်က ကိုယ့်စကားကို တန်ဖိုးရမယ်။ မင်းက အမွှေးတိုင် တဝက်စာ အချိန်လို့ ပြောထား ပြီးပြီပဲ။ ဘယ်လိုလုပ် ပြန်ပြောင်းလို့ ရမှာလဲ။ အမွှေးတိုင် တစ်တိုင်စာ အချိန်ဆိုရင် ငါလည်း အထိနာလိမ့်မယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ မျက်နှာက မည်းမှောင် သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲကို သူမရောက်ဘူး။ ညှိနှိုင်းထားပြီးတဲ့ အခြေအနေကို ပြောင်းတာကမှ တကယ့်ကို ငတုံး လုပ်ရပ်ပဲ။

“ဒီလို ဆိုရင်ကော ဘယ်လိုလဲ။ လူတစ်ယောက်က သက်လုံ ကောင်းသင့်ပါတယ်။ အမွှေးတိုင် တစ်တိုင်စာ အချိန်ဆို ရပြီ။”

“မင်းဘာမင်း သက်လုံကောင်း။ ငါမယုံဘူး။”

“…”

ဖန်ကျန်းရှီနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီး စကားများနေတဲ့ အချိန်မှာ လူအုပ်ကြီးကတော့ တိုက်ခိုက်ဖို့ ဗျူဟာ ပြင်နေကြပြီ။ အေးစက်တဲ့ ဓားအလင်းတန်းတွေက တောက်ပ နေခဲ့တယ်။

“သတ်ကြ။”

“သတ်။”

“သတ်။”

သူတို့ရဲ့ အသံတွေက ညီညာနေတယ်။ ကောင်းကင်ကြီးကိုတောင် တုန်ခါ သွားစေခဲ့တယ်။

အခုမှ ထရပ်နိုင်တဲ့ ရှီဖုန်း၊ ဒဏ်ရာရနေတဲ့ ယွမ်ရုန်နဲ့ မဟူရာ လမင်းကျွန်းက ဒုတိယ သုခမိန်တို့ ဒါကို မြင်တော့ သူတို့ရဲ့ အမူအယာ သိသိသာသာကို ပြောင်းလဲ သွားခဲ့တယ်။ သူတို့တွေတင် မဟုတ်ဘူး။ ကောင်းကင် တာအို ခန်းမက အကြီးအကဲ သုံးယောက်လည်း မျက်နှာ မည်းမှောင် နေခဲ့တယ်။

“အရိပ်မျိုးနွယ် မင်းတို့ ဘယ်တုန်းက ဒီလောက် လူများ သွားတာလဲ။” စတုတ္ထ အကြီးအကဲ တိမ်မည်းလို လူတွေကို ကြည့်ရင်း အထိတ်တလန့် မေးတယ်။

“မဖြစ်နိုင်ဘူး။ မင်းတို့ အရိပ်မျိုးနွယ်မှာ ဒီလောက် လူအများကြီး မရှိနိုင်ဘူး။” ဆဋ္ဌမ အကြီးအကဲ မယုံနိုင်။ ဒါကြောင့် သူယုံကြည်ရာ အတွက် အဖြေရှာ နေခဲ့တယ်။

“သူတို့ လူများတော့ကော ဘာဖြစ်လဲ။ အသုံးမကျတဲ့ လူတစ်သိုက်က ကောင်းကင် တာအို ခန်းမကို တိုက်ခိုက် ဝံ့တယ်ပေါ့။ ကြိုးစားတာ အလကားပဲ။” ဒုတိယ အကြီးအကဲ နောက်ဆုံးတော့ ပြောပြီ။

“ဒုတိယ အကိုကြီး ပြောတာ မှန်တယ်။” စတုတ္ထ အကြီးအကဲ ခေါင်းငြိမ့်လိုက်တယ်။

“ဟုတ်တယ်။” ဆဋ္ဌမ အကြီးအကဲလည်း ထောက်ခံတယ်။

“ကောင်းကင်တာအို ခန်းမ တပည့်သားတွေ နားထောင်။ နေရာယူ။ ဓားကွက် အသင့်ပြင်။ အရင်ဆုံး အသာစီး ရအောင် တိုက်ခိုက်။ ဒီနေ့ ဖန်ကျန်းရှီ၊ ရန်ချန်လိနဲ့ အမှိုက် တစ်သိုက်ကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွား စေရဘူး။” ဒုတိယ အကြီးအကဲရဲ့ မျက်နှာက အေးစက် နေခဲ့တယ်။

ကောင်းကင် တာအို ခန်းမက ဒုတိယ အကြီးအကဲ အနေနဲ့ သူ့မှာ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတယ်။ နောက်ပြီးတော့ ဒါက သူတို့ရဲ့ နယ်မြေ။ အရေးကြီးတာက အင်အား အရမ်း ကွာခြား နေတာပဲ။ ကောင်းကင် တာအို ခန်းမက နှစ်ပေါင်း များစွာ အတွေ့အကြုံ ရှိတယ်။

အားအနည်းဆုံး တပည့်က ပြန်လည် မွေးဖွားမှု အဆင့်ပဲ။ စစ်သည်တော် နှစ်သောင်း သုံးသောင်းကိုတောင် မကြောက်တာ၊ ဒီလောက် လူသုံးထောင်ကို ကြောက်စရာလား။ ကောင်းကင် အိုအေစစ် သုခမိန်နဲ့ ရန်ချန်လိ နှစ်ယောက်ပဲ သုခမိန်တွေ သူတို့ ဘာကို ကြောက်ရမှာလဲ။

“သတ်။”

“သတ်။”

အော်သံ နှစ်ခုက ကောင်းကင်မှာ ဟိန်းထွက် လာခဲ့တယ်။ ကောင်းကင် တာအို တပည့်သားတွေလည်း လှုပ်ရှား ကြပြီ။ တစ်ချိန်တည်းမှာပဲ တိုက်ခိုက် ကြာတော့တယ်။ ဒီမြင်ကွင်းက လန့်စရာလည်း ကောင်းတယ်။ သွေးစွန်းတဲ့ မြင်ကွင်း တစ်ခုလည်း ဟုတ်တယ်။

ကောင်းကင် တာအို ခန်းမ တပည့်သားတွေရဲ့ ခန္ဒာကိုယ်မှာ အလင်းတန်းတွေ တောက်ပလာကြတယ်။ သူတို့ထဲက အနည်းဆုံး အယောက် ၁၀၀ကတော့ ပြန်လည် မွေးဖွားမှု အဆင့်တွေပဲ။ သိုးအုပ်ထဲကို ဝံပုလွေ တစ်ကောင် ဝင်သွားရင် ဘယ်လို ဖြစ်လိမ့်မလဲ။ မြင်မြင်သမျှ သိုးတွေ အကုန်လုံးကို ကိုက်သတ်မှာ အမှန်ပဲ။

ကောင်းကင် တာအို တပည့်သားတွေ ဒီလို တွေးခဲ့ကြတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သူတို့ရဲ့ စိတ်တွေ ပြောင်းလဲ သွားခဲ့ရတယ်။ သူတို့ ရင်ဆိုင်နေတရတဲ့ ရန်သူ သုံးထောင်ထဲမှာလည်း အလင်းတန်းတွေ ထွက်လာ ကြလို့ပဲ။ အရေအတွက်က သုံးရာနီးပါး အလင်းတန်းတွေ ထွက်နေကြတယ်။

“သတ်။” မျက်နှာဖုံးစွပ် တိမ်မည်းတွေထဲက အယောက် သုံးရာကျော်၊ ကောင်းကင် တာအို တပည့်သား အုပ်စုတွေကို ဝင်တိုက်ခိုက် ကြတယ်။ သူတို့ရဲ့ ဓားတွေက နဂါးတွေလို လင်းလက်နေကြတယ်။ ဓားသံတွေက လေထဲမှာ ပဲ့တင့်ထပ်နေခဲ့တယ်။

ဒီမြင်ကွင်းက ကောင်းကင် တာအို တပည့်သားတွေကို ထိတ်လန့် စေတယ်။ သူတို့တွေက အရင်လက်ဦးမှု ရယူပြီးတော့ သိုးတွေကို သတ်ချင်ခဲ့တာ။ အခုတော့ ဘယ်သူက သိုး၊ ဘယ်သူက ဝံပုလွေမှန်း မသိတော့ဘူး။ အယောက် သုံးရာ နီးပါးရှိတဲ့ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေလား။ သူတို့တွေက ဒုတိယ အကြီးအကဲ ပြောတဲ့ (အမှိုက်တွေ)လား။

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ဘာဖြစ်လို့ သူတို့ ဒီလောက်တောင် သန်မာ နေကြတာလဲ။”

“ဒီလူ သုံးထောင်လောက် အုပ်စုထဲမှာ လူသုံးရာ နီးပါးက ပြန်လည် မွေးဖွားမှု အဆင့်တွေတဲ့လား။”

“သူတို့တွေတင် မကဘူး။ တခြားသူတွေက သဘာဝလွန် အဆင့်တွေပဲ။ ငါတို့နဲ့ ယှဉ်လိုက်ရင် သူတို့တွေက အားမနည်းဘူး။”

ကောင်းကင် တာအို တပည့်သားတွေ နောက်ဆုံးတော့ အမှိုက်တွေ ဘယ်လောက်တောင် သန်မာလဲ နားလည် သွားရပြီ။

“မဖြစ်နိုင်ဘူး။” အတုံးအရုန်း လဲကျကုန်တဲ့ တပည့်သားတွေကို ကြည့်ရင်း ဒုတိယ အကြီးအကဲရဲ့ မျက်နှာမှာ အကြောက်တရားတွေ အထင်းသား ပေါ်နေခဲ့တယ်။ အယောက် သုံးရာနီးပါးရှိတဲ့ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူတွေ။ သူတို့ အင်အားက ကောင်းကင် တာအို ခန်းမရဲ့ အင်အား အပြည့်နဲ့ ယှဉ်လို့ ရနေပြီ။

သူတို့တွေ ဘယ်လို နိုင်နိုင်မှာလဲ။ ဒုတိယ အကြီးအကဲ မယုံနိုင်သလို၊ နောက်အကြီးအကဲ နှစ်ယောက်လည်း မယုံနိုင် ခဲ့ဘူး။ ရှီဖုန်းနဲ့ ယွမ်ရုန်တို့တောင် ဒီကိစ္စကို တွေးတောင် မတွေးမိခဲ့။ ဒါပေမယ့် သူတို့ ရှေ့က မြင်ကွင်းကတော့ မယုံလို့ မရနိုင်အောင် ဖြစ်နေခဲ့ပြီ။ အရိပ်မျိုးနွယ်ရဲ့ တပည့်သားတွေက တကယ့်ကို လျော့တွက်လို့ မရဘူး။

“အဖိုးကြီးရန်။ ဘာဖြစ်လို့ ကိုယ့်မြေးကိုယ် ပြန်မခေါ် သေးတာလဲ။ သေချင်နေတာလား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး တိုက်ပွဲကို ကြည့်နေတယ်။ အရိပ်မျိုးနွယ်စုက တပည့်သားတွေ အင်အား အသာစီး ရနေတာကို ကြည့်ရင်း ပြုံးပြီးတော့ ရန်ချန်လိကို လက်ဝေ့ယမ်း ပြတယ်။

“အသုံးမကျတဲ့ အဖိုးကြီး။ မင်းတစ်ယောက်ပဲ သေမှာကို ဖင်တုန်အောင် ကြောက်နေလိုက်။ ငါ့ကို မင်းလို ဆွဲချ မနေနဲ့။ ငါ၊ ရန်ချန်လိက သေရမှာကို ကြောက်တဲ့သူ မဟုတ်ဘူး။ ဒီနေ့ ငါဒီကို ရောက်နေမှတော့ ဘာဖြစ်လို့ ပွဲကောင်းကောင်း မကြည့်ရမှာလဲ။” ရန်ချန်လိကတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ကြင်နာစိတ်ကို လက်မခံဘူး။

“အာ့ယိုး။ မင်းက ငါ့ကို ငကြောက်လို့ ပြောတာလား။ ငါက အင်အားတွေကို ဖုံးကွယ် ထားတာ မင်းနားလည်လား။ ငါသာ ဒီနှစ်တွေမှာ ကြိုးစား မပေးရင်၊ ဒီနေ့လို အောင်မြင်မှုမျိုး ဘယ်လိုလုပ် ရနိုင်မှာလဲ။ သူတို့သတ်လို့ ငါတို့ သေနေတာ ကြာလှပြီ။”

“ဝေးဝေး သွားစမ်း။ ငါဒီမှာ ညွှန်ကြားမယ်။ ဘေးကနေ ကြည့်နေစမ်း။” ရန်ချန်လိကတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ မငြင်းခုန်ဘူး။ ချက်ခြင်း ရွှေရောင် အလံလေး တစ်ခုကို ထုတ်ပြီးတော့ ထောင်လိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို လှည့်ပြောတယ်။ “အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ရမယ်။ ဒီကောင်တွေ အားလုံးကို သတ်ပြီးတော့ ငါ့မြေး အတွက် လက်စားချေ။ မင်းမလုပ်နိုင်ရင်၊ ငါ့ အရိပ်မျိုးနွယ်ကို ဝင်ဖို့ မေ့လိုက်တော့။”

“ငါ့ အရိပ်မျိုးနွယ်ဆိုတာ ဘာပြော ချင်တာလဲ။ အရိပ်မျိုးနွယ်စု ခေါင်းဆောင်က ငါ့တပည့် ဖြစ်ရမယ်လို့ ငါတို့ သဘောတူ ထားတာ မဟုတ်ဘူးလား။ ငါတို့ ဘယ်သူမှ ဦးမဆောင်ဘူးလို့ သဘောတူ ထားတယ်လေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ကြောက်လန့် တကြားနဲ့ ပြောတယ်။

“ဆရာ။ ဖိုးဖိုးရန်နဲ့ ငြင်းနေတာ ရပ်လိုက်လို့ မရဘူးလား။ ဆယ်စုနှစ်တွေ ချီပြီးတော့ ရန်ဖြစ်လာတာ၊ ဆရာတို့ နှစ်ယောက်တော့ မငြီးငွေ့ သေးပင်မယ့်၊ ယွဲ့အာတော့ ငြီးငွေ့ နေပြီ။” ဝူယွဲ့အာ ခေါင်းခါရင်း ဝင်ပြောတယ်။

“…”

“ရန်ချန်လိ။ အဲ့တာ ရန်ချန်လိ လက်ချက်ပဲ။” ဒုတိယ အကြီးအကဲရဲ့ မျက်နှာက အကျည်းတန် နေခဲ့ပြီ။

“ဒုတိယ အကို ပြောချင်တာ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်က အရင်တည်းက ကြံစည်။” စတုတ္ထ အကြီးအကဲ ပြောရင်းနဲ့ အမူအယာ ပြောင်းသွားတယ်။

“ဟုတ်တယ်။ ငါတို့တွေ သူတို့ကို မေ့ထားမိတယ်။ တကယ့်ကို မတွေးမိတာပဲ။ အရင်တည်းက တွေးမိသင့်တာ။ ကြီးမြတ်သော ရှမင်းဆက် တည်ထောင်တဲ့ အချိန်တည်းက အနောက်ပိုင်းလျန်ဆိုတာ ထူးဆန်းတဲ့ နယ်မြေ တစ်ခုပဲ။ အနောက်ပိုင်းလျန်ကို ကြီးမြတ်သောရှက ပိုင်ပေမယ့် ဘယ်တော့မှ ထိန်းချုပ်လို့ မရဘူး။ သူ့အရေး ကိစ္စတွေကိုလည်း ဘယ်တုန်းကမှ ဝင်မစွက်ဖက် ရဘူး။ ကြီးမြတ်သော ရှမင်းဆက် အင်အား အထွတ်အထိပ် ရောက်နေတာတောင် ကျောင်းတော် ဆယ့်သုံးခုရဲ့ အင်အား သုံးပြီးတော့ မဖိနှိပ် နိုင်တည်းက ငါသံသယတော့ ရှိခဲ့တယ်။ ဒါပေမယ့် ကြီးမြတ်သောရှလို သူ့ထက် အင်အားနည်းတဲ့ နိုင်ငံတစ်ခုကို အနောက်ပိုင်းလျန်က ဘာဖြစ်လို့ အညံ့ခံ ရတာလဲ” ဒုတိယ အကြီးအကဲ ပြောတယ်။

“သူတို့တွေ သည်းခံ စောင့်ဆိုင်း နေကြတာ။” ဆဋ္ဌမ အကြီးအကဲ နောက်ဆုံးတော့ နားလည် သွားခဲ့ပြီ။

“ဘာ သည်းခံ စောင့်ဆိုင်းတာလဲ။ ငါတို့ သဘောတူထားတာ ရှိတယ်။ ငါတို့ ရန်မိသားစုက ဘယ်တော့မှ ကိုယ်ပိုင် နိုင်ငံတော် မထူထောင်ဘူး။ နိုင်ငံတော် ထူထောင် လိုက်ရင်၊ မင်းတို့ မြင့်မြတ် နယ်မြေက မျိုးနွယ်စု ငါးခု ထိန်းချုပ်တာကို ခံရလိမ့်မယ်။ ငါတို့ ရန်မျိုးနွယ် မိသားစုတွေက မြင့်မြတ်တယ်။ ဂုဏ်သိက္ခာ ကြီးမြတ်တယ်။ မြင့်မြတ် နယ်မြေကိုလည်း ငါတို့ မဝင်ဘူး။ ငါတို့ ဝင်မယ် ဆိုရင်လည်း ပြင်ဆင် ပြီးမှ ဝင်မယ်။” ရန်ချန်လိ စကား ဖြတ်ပြောတယ်။

“ဘယ်လို အတွေးလဲ။ ဒါပေမယ့် ရန်မိသားစု တစ်ခုတည်းက အနောက်ပိုင်းလျန်မှာ ဒီလောက် စစ်သည်တော် အများကြီး ပျိုးထောင်ဖို့ မဖြစ်နိုင်ဘူး မလား။” ဒုတိယ အကြီးအကဲရဲ့ အသံက အေးစက် နေခဲ့တယ်။

“ဒါကြောင့် ငါ့အင်အား တဝက် ပါတယ်လို့ ပြောတာလေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဝင်ပြောတယ်။

“ငါ့ရဲ့ ဆေးပညာ အကူအညီ၊ ရတနာတွေသာ မပါရင်၊ အဖိုးကြီးရန်က ဒီအင်အားကို ဘယ်လိုလုပ် ရမှာလဲ။”

“ဒီလိုပေါ့။” ဒုတိယ အကြီးအကဲ ခပ်မြန်မြန်ပဲ နားလည် သွားတယ်။

အနောက်ပိုင်းလျန်က ကျတ်တီးမြေ၊ ရာသီဥတု ပြင်းထန်တယ်။ စစ်တပ်တွေကို လေ့ကျင့်ဖို့ အကောင်းဆုံး နေရာ။ ဆေးလုံးတွေရဲ့ အကူအညီနဲ့ ဆိုရင်၊ အနောက်ပိုင်းလျန်မှာ ထိပ်တန်း စစ်သည်တော်တွေကို ပျိုးထောင်ပေးတာက မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။

သူ့ခန့်မှန်းချက် အရဆိုရင်၊ ကြီးမြတ်သောရှ နောက်တစ်ခေါက် ပြန်ဖြစ်တည် တည်ထောင် ပြီးတည်းက အနောက်ပိုင်းလျန်ထဲမှာ အင်အားကြီး ရှိနေတာကို သိခဲ့ကြ လိမ့်မယ်။ ဒါကြောင့် ကျောင်းတော် ဆယ့်သုံးခု အပါအဝင် ဘယ်စစ်အင်အားမှ အနောက်ပိုင်းလျန်ရဲ့ နယ်မြေကို မထိပါး ဝံ့တာပဲ။

ရန်မိသားစုကတော့ ဒီလျှို့ဝှက်ချက်ကို မြင့်မြတ် နယ်မြေ သိမသွားစေဖို့၊ သူတို့ အင်အားကို ဖုံးကွယ်ရတယ်။ ဒါ့ကြောင့် ကြီးမြတ်သောရှမှာ ခိုလှုံလိုက်တာလဲ။ ဒီလိုနဲ့ သဘောတူညီချက် ဖြစ်လာခဲ့တယ်။ နှစ်ဖက် ညှိနှိုင်းပြီးတော့ အနောက်ပိုင်းလျန်ရဲ့ ပြဿနာကို ဖြေရှင်းလိုက်တယ်။ အနောက်ပိုင်းလျန်ကို ရန်မိသားစု မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်က အုပ်ချုပ်ကြတယ်။ ရန်တိမ် တပ်ဖွဲ့ကတော့ တိုက်ခိုက်တဲ့ အချိန်တိုင်း မျက်နှာဖုံးတွေ အမြဲစွပ်ထားတာက ထုံးစံပဲ။ ဒါကြောင့် ရန်မိသားစုရဲ့ အင်အားကို ဖုံးကွယ်ဖို့ လွယ်သွားတယ်။

“ထောင့်စေ့လိုက်တဲ့ ပြင်ဆင်မှုကြီးပဲ။” စတုတ္ထ အကြီးအကဲ ပြောတယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ အရိပ်မျိုးနွယ်စုကလည်း ကိုယ့်ကိုယ်ကို ဖော်ထုတ် လိုက်ပြီလေ။

ဖန်ကျန်းရှီကတော့ နှစ်ဖက်ညပ် နေခဲ့တယ်။ အရိပ်မျိုးနွယ် အကြောင်းကို အများကြီး သိပေမယ့် အကုန်လုံးတော့ မသိဘူး။ ဥပမာ သူသိတာက ငွေတွေကို နေရာပေါင်းစုံကနေ ရအောင် အသားကုန် ရှာပြီးတော့ ရတနာတွေနဲ့ ဆေးပင်တွေကို ဝယ်တာပဲ။ ဒါပေမယ့် ဒီဆေးပင်တွေကနေ ဘယ်လို ဆေးလုံးတွေ ဖြစ်လာမှန်း မသိဘူး။

အရိပ်မျိုးနွယ်စုရဲ့ စီးပွားရေးက ကျယ်ပြန့်တယ်။ အပေါင်ဆိုင်၊ တည်းခိုခန်း၊ လက်ဖက်ရည်ဆိုင်၊ ပြည့်တန်ဆာအိမ်နဲ့ ဘဏ်တွေတောင် ပါသေးတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ပိုက်ဆံ ရှာနေမှန်း သူမသိဘူး။ ဒါပေမယ့် ဆေးလုံးတွေ လုပ်သလောက် ဆေးဆိုင် တစ်ဆိုင်မှ ဖွင့်မထားဘူး။ နောက်တနည်း ပြောရရင် ဆေးလုံးတွေ အကုန်လုံး ပျောက်နေတယ်။ ဖန်ကျန်းရှီလည်း ဒီကိစ္စကို အာရုံ သိပ်မစိုက်မိဘူး။

ကြီးမြတ်သောရှမှာ ဆေးဆိုင်က အရမ်းနည်းတယ်။ ဒါကြောင့် ဆေးလုံးဆိုတာ အတော့်ကို တန်ဖိုးကြီးတယ်။ ဒါတောင် အရိပ်မျိုးနွယ်က ဆေးမရောင်းဘူး။ အခုတော့ ဖန်ကျန်းရှီ ပြန်တွေးလေလေ၊ လွဲနေတာကို နားလည် လေပဲ။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ဆေးဖော်တဲ့ စွမ်းရည်က ထိပ်တန်း အဆင့်မှာ ရှိတယ်။ ဆေးဆိုင်သာ ဖွင့်ရင်၊ ပိုက်ဆံတွေ အများကြီး ရမှာပဲ။

ဒါတွေက အရေးမကြီးတော့ဘူး။ အရိပ်မျိုးနွယ်စုက ကောင်းကင် တာအို ခန်းမကို နှောင့်နှေးအောင် လုပ်နိုင်တယ်။ သူ့အတွက် ထပ်တွေးနေစရာ မရှိတော့ဘူး။

“အမွေးတိုင် တိုင်ဝက် ထွန်းစာ အချိန်က လောက်တယ်။ သူတို့ကို မသတ်နိုင်ရင် အရိပ်မျိုးနွယ်ထဲ မဝင်ဘူး။” ဖန်ကျန်းရှီ နှိမ့်ချ မနေတော့။ အလင်းတန်း တစ်ခုလိုမျိုး ယွမ်ရုန့်ဆီကို ပြေးဝင်လာတယ်။ ယွမ်ရုန့်ကို ရှီဖုန်းထက် ပိုသတ်ချင် နေလို့ပဲ။

“အမွှေးတိုင် တိုင်ဝက်စာ အချိန်၊ အရိပ်မျိုးနွယ်ကို မဝင်ဘူးတဲ့။ ဟိုကောင်စုတ်လေး။ ငါတို့ကို မလှည့်စားနဲ့။ အမွှေးတိုင် နှစ်တိုင် ထွန်းစာ အချိန်တောင် ရအောင် လုပ်နိုင်တယ်။ မလောနဲ့။ လုပ်နိုင်တာသာလုပ်။ သူတို့ကို အချိန်ဆွဲထားနိုင်တယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး အထိတ်တလန့်နဲ့ လှမ်းအော်တယ်။ ဖန်ကျန်းရှီ အရိပ်မျိုးနွယ်ကို မဝင်ချင်တာကြောင့် ဉာဏ်ဆင်နေမှာကို သူကြောက်တယ်။

“သွားသေလိုက်။” ဖန်ကျန်းရှီကတော့ ထုံးစံ အတိုင်း သူ့ကို လျစ်လျူ ရှုထားတယ်။ ယွမ်ရုန်ကို ဓားနဲ့ ခုန်ချတယ်။

“ဖန်ကျန်းရှီ မရမ်းကားနဲ့။” မဟူရာ လမင်းကျွန်းက ဒုတိယ သုခမိန် ဒီမြင်ကွင်းကို မြင်တော့ ချက်ခြင်း ခုန်ထွက် လာပြီး တားဆီးတယ်။

“ဒုတိယ ညီလေး သတိထား။” ယွမ်ရုန်လည်း လှုပ်ရှားတယ်။ သူ့တကိုယ်လုံး အနက်ရောင် အလင်းတန်းတွေ ဝန်းရံ ထားပြီးတော့ ဒုတိယ သုခမိန်ကိုလည်း ကာကွယ်ထားခဲ့တယ်။

“ကောင်စုတ်လေး။ အဲ့တာ အရိပ်ရှောင်တိမ်း တာအိုပဲ။ မင်းကိုင်တွယ် နိုင်ရဲ့လား။ မနိုင်ရင် ငါ့ကိုပြော။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဖန်ကျန်းရှီကို လှမ်းပြောတယ်။

“သတ်။” ဖန်ကျန်းရှှီကတော့ ပြန်မဖြေဘူး။ အေးစက်စက် အော်ဟစ်တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးကလည်း အင်အား ပြင်းထန်တဲ့ အငွေ့အသက်တွေ ထွက်ပေါ် လာတော့တယ်။ အဲ့ဒီ့နောက် သူ့ခြေထောက်အောက်က မြေပြင် တစ်ခုလုံး တုန်ခါ လာတော့တယ်။ တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့ သဏ္ဍာန်ကြီး တစ်ခု ပေါ်လာပြီးတော့ မီးတောက် ရှစ်ခု လေထဲမှာ မြင့်တက်လာတယ်။

“ခဘွန်း။” အသံကျယ်ကြီး ထွက်ပေါ် လာပြီးတော့ အနက်ရောင် အလင်းတန်းကို မြေကြီးထဲ စုပ်ယူ သွားတော့တယ်။

“အာ။ ငရဲတာအိုလား။ မင်း နောက်ထပ် ၂နှစ်သာ လေ့ကျင့်လိုက်။ မင်းရဲ့ အင်အားက ကောင်းကင်ကိုတောင် ဖောက်နိုင်လိမ့်မယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောရင်းနဲ့ မျက်လုံးတွေ တလက်လက် တောက်နေခဲ့တယ်။

ဒါတင် မပြီးသေးဘူး။ အနက်ရောင် အလင်းတန်းကို မြေပြင်က စုပ်ယူ သွားပြီးနောက် လေထဲမှာ ကြီးမားတဲ့ အင်းကွက်ကြီး တစ်ခု ပေါ်လာပြန်တယ်။ မြေပြင်ပေါ်က တစ်ခုနဲ့ တစ်ပုံစံတည်း တူတယ်။ ဒီအချိန်မှာ နောက်ထပ် မီးဘောလုံး ရှစ်ခု မြေပြင်ပေါ် ပေါ်လာခဲ့တယ်။ ဒီမီးဘောလုံးတွေက ကောင်းကင်က မီးဘောလုံးတွေနဲ့ တစ်ထပ်တည်း တူညီတယ်။

“ငလူး။ ယင်ယန် မှန်သားပြင်။ မင်းက ယင်ယန် မှန်သားပြင်ကို ဖွင့်ပြီးတော့ ငရဲတာအိုထဲက မိုးမြေ ဆင့်ကဲ ဖြစ်စဉ်ကို ပွားလိုက်တယ်ပေါ့။ နေစမ်းပါအုန်း။ ဘယ်တုန်းက ယင်ယန် တာအိုကို ပညာရှင် အဆင့် ရောက်သွားတာလဲ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး မပျော်နိုင်တော့ဘူး။ သူလန့်နေခဲ့ပြီ။

အပိုင်း (၇၃၅) ပြီး၏။

အပိုင်း (၇၃၆)

“တာအို သုံးခု ပေါင်းစည်းခြင်း။”

ဖန်ကျန်းရှီ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ မေးခွန်းကို ပြန်ဖြေဖို့ အာရုံ မရှိဘူး။ ယွမ်ရုန်ရဲ့ အနက်ရောင် အလင်းတန်းကို စုပ်ယူ ခံလိုက်ရတာ ကြည့်ရင်း၊ ခြေရာမဲ့ ဓားနဲ့ ခုတ်ချလိုက်တယ်။

“ဝေါင်း။”

ခရမ်းရောင် နဂါးကြီးရဲ့ အသံ ထွက်ပေါ် လာတော့တယ်။ ခရမ်းရောင် အလင်းတန်းက လောင်ကျွမ်းနေတဲ့ မီးဘောလုံး အနက်တွေလည်း ရှိနေတယ်။ မီးတောက်တွေထဲ ကခုန်နေတဲ့ ခရမ်းရောင် နဂါးကြီး တစ်ကောင်လိုပဲ။

“ဝုန်း။” ကျယ်လောင်တဲ့ အသံကြီး တစ်ခု ထွက်ပေါ်လာတယ်။ အနက်ရောင် အလင်းတန်းက ဓားနဲ့ ခွဲချ ခံလိုက်ရသလို နှစ်ခြမ်းကွဲ သွားခဲ့တယ်။ အဲ့ဒီ့နောက် မီးတောက် နှစ်ခု ပုံစံကို ပြောင်းသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အနက်ရောင် အလင်းတန်းထဲက လူနှစ်ယောက် ထွက်လာပြီးတော့ မြေပြင်ပေါ်ကို ဒုန်းခနဲ ပြုတ်ကျ သွားတော့တယ်။

“ဝေါ့။” ယွမ်ရုန်က သွေးအန်ရင်းနဲ့ မြေပြင်ပေါ်က အင်းကွက် သဏ္ဍာန်ထဲကို ကျလာတယ်။ သူ့မျက်နှာ တစ်ခုလုံး ဖြူဖျော့ နေခဲ့ပြီ။ “ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ ဒိကောင်စုတ်လေးက ပြန်လည် မွေးဖွားမှု အဆင့်ပဲ ရှိသေးတယ်။ ဒါကို ဘယ်လိုလုပ် ငါ့ရဲ့ အရိပ်တာအိုကို ဓားချက်တစ်ချက်တည်းနဲ့ ဖျက်စီး နိုင်ရတာလဲ။”

“အကိုကြီး အဆင်ပြေရဲ့လား။” မဟူရာ လမင်းကျွန်းရဲ့ ဒုတိယ သုခမိန်လည်း ဖြူဖျော့ နေခဲ့တယ်။ ဒါပေမယ့် ယွမ်ရုန်ထက်တော့ အခြေအနေ ကောင်းသေးတယ်။ နောက်ဆုံးတော့လည်း ယွမ်ရုန်က သူ့ကို ကာကွယ် ပေးခဲ့တာလေ။ ဒါကြောင့် သူ့ဒဏ်ရာက မပြင်းထန် ခဲ့ဘူး။

“အရိပ်ကို ဓားချက် တစ်ချက်တည်းနဲ့ ဖြိုခွင်း လိုက်တာလား။ ဒီကောင်စုတ်လေး တိုးတက်တာ မြန်လွန်းတယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး အထိတ်တလန့် ပြောမိတယ်။ နောက်ဆုံးတော့လည်း ဖန်ကျန်းရှီရဲ့ ပြိုင်ဘက်တွေက သုခမိန် နှစ်ယောက်လေ။

အရိပ်မျိုးနွယ်စု အတွက်တော့ သတင်းအချက် အလက် စုဆောင်းထာက အရေးအကြီးဆုံးပဲ။ ဒါပေမယ့် သူတို့ရဲ့ သတင်းရယူတဲ့ ကွန်ယက်က မြင့်မြတ် နယ်မြေရဲ့ ကောင်းကင် တာအို ခန်းမကို မထိုးဖောက်နိုင်ဘူး။ ဒါကြောင့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးလည်း လွန်ခဲ့တဲ့ တစ်လက ဖြစ်သွားတဲ့ တိုက်ပွဲ အကြောင်းကို ကောင်းကောင်း မသိဘူး။ သတင်း နည်းနည်းပဲ သိခဲ့ရတယ်။ အသေးစိတ်ကတော့ သူ့အတွက် ထူးဆန်း နေဆဲ။

နောက်ဆုံးတော့လည်း ဒီကိစ္စက မြင့်မြတ် နယ်မြေမှာ ဘယ်သူမှ ထုတ်မပြောရဲတဲ့ လျှို့ဝှက်ချက် တစ်ခု ဖြစ်နေ ခဲ့တယ်လေ။ ဒါပေါ့။ ဒါတွေ အားလုံး အရေး မကြိးတော့ဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ စိတ်ထဲမှာ အရေးကြီးနေတာက ဖန်ကျန်းရှီ တာအို နှစ်ခုကို ပေါင်းစပ်ပြီး သုံးနေတဲ့ ကိစ္စပြ။

ကောင်းကင် တာအို တပည့်သားတွေလည်း မယုံနိုင်စရာ ကောင်းလွန်းတဲ့ ဒီမြင်ကွင်းကို ကြည့်နေခဲ့တယ်။ သူတို့ အားလုံး အထိတ်တလန့်နဲ့။ နောက်ဆုံးတော့လည်း ယင်ယန် တာအိုနဲ့ ငရဲ တာအိုကို ဒီလို သုံးတဲ့သူ မြင်ဖူးတာက သူတို့ အတွက် ဒါက ပထမဆုံး အကြိမ်ပဲလေ။

“သုခမိန် နှစ်ယောက်ကို သူတစ်ယောက်တည်း တိုက်ခိုက်ပြီးတော့ ဒဏ်ရာရအောင် လုပ်နိုင်တယ်လား။”

“ဖန်ကျန်းရှီ။ သူဒီလောက်တောင် သန်မာတာလား။”

“ယွမ်ရုန်က ဒဏ်ရာ ရနေပင်မယ့်၊ ဒီကိစ္စကြီးကတော့ မယုံနိုင် စရာပဲလေ ဟုတ်တယ်ဟုတ်။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အားလုံး လန့်နေကြတယ်။ ဒါပေမယ့် သူတို့လည်း ယွမ်ရုန်တို့ကို အချိန် အကြာကြီး အာရုံ မစိုက်နိုင်ခဲ့ဘူး။ အရိပ်မျိုးနွယ်စုတွေနဲ့ တိုက်ခိုက် ရအုန်းမယ်လေ။ သူတို့ဆီကို စွမ်းအားကြီးတဲ့ လူတွေက လှိုင်းရိုက်သလို ဝင်တိုက် နေကြပြီ။

“ယင်ယန် တာအိုကို သုံးပြီးတော့ မိုးမြေ ဆင့်ကဲ ဖြစ်စဉ်ကို ပြောင်းလဲ လိုက်တယ်။ ငရဲ တာအိုရဲ့ အစွမ်းကို ၂ဆ မြှင့်လိုက်တယ်။ ပါရမီရှင်၊ ဒီကောင်စုတ်က တကယ့် ပါရမီရှင် အစစ်ပဲ။” ဒုတိယ အကြီးအကဲ ဒီမြင်ကွင်းကို မြင်တော့ ထိတ်လန့် ကြောက်ရွံ့မှုတွေ အားလုံးက သူ့မျက်နှာပေါ်မှာ အထင်အရှား ပေါ်လာတော့တယ်။ “သူ့ကို ထွက်သွားစေလို့ မဖြစ်ဘူး။ လုံး၀ အသက်ရှင်လျက် အလွတ်ပေးလို့ မဖြစ်ဘူး။ ညီနောင်တို့ တိုက်ခိုက်။”

ဒုတိယ အကြီးအကဲ ပြောလိုက်ပြီးတော့ သူ့ရဲ့ ရွှေရောင် ဓားကို လေထဲမှာ မြှောက်လိုက်တယ်။ ဖန်ကျန်းရှီဆီကို ပြေးဝင်လာတယ်။ တခြားအကြီးအကဲ နှစ်ယောက်လဲ အတွေး အတူတူပဲ။ တာအို နှစ်ခုကို ပေါင်းစည်းတာက ပါရမီရှင် တစ်ယောက်ပဲ လုပ်နိုင်တယ်။ သူ့ကို အသက်ရှင်လျက် ထားလို့ မဖြစ်ဘူး။ သူတို့တွေလည်း ချက်ခြင်း ဒုတိယ အကြီးအကဲနဲ့ အတူ လှုပ်ရှား ကြတယ်။

“ရန်ရွှယ့်ကို ကာကွယ်။” ရန်ချန်လိကတော့ ပြင်ဆင် ထားပုံပဲ။ အကြီးအကဲတွေ လှုပ်ရှားတာကို မြင်တော့ သူလည်း ချက်ခြင်း ခုန်ထွက်တယ်။ သူ့ခန္ဒာကိုယ် လှုပ်ရှား နေတာက လျှပ်စီးတွေလို မြန်ဆန်တယ်။ တစ်ချိန်တည်းမှာပဲ သွေးနီရောင် လျံှနှစ်ချောင်းက ဘယ်ညာ လက်တစ်စုံမှာ ပေါ်လာတော့တယ်။ ဒုတိယ အကြီးအကဲနဲ့ စတုတ္ထ အကြီးအကဲကို သူတားဆီးတယ်။

“ငါတို့ နှစ်ယောက်ကို မင်းတစ်ယောက်တည်းနဲ့ တိုက်ခိုက် မလို့လား။ ရန်ချန်လိ၊ ကိုယ့်အင်အားကိုယ် မသိဘူးပဲ။ ညီနောင်တို့ သူ့ကို ဂရုမစိုက်နဲ့။ ငါတိုက်ခိုက်မယ်။” ဒုတိယ အကြီးအကဲ သူ့လမ်းကို ပိတ်နေတဲ့ ရန်ချန်လိကို ကြည့်ရင်း အေးစက်စက် ပြုံးပြလိုက်တယ်။ သူ့လက်ထဲက ရွှေရောင်ဓားလည်း ချက်ခြင်း အရွယ်အစား နှစ်ဆ ဖြစ်သွားခဲ့တယ်။ တလက်လက် တောက်ပနေတဲ့ ရွှေရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ ဓားကြီး တစ်လက် ဖြစ်သွားတော့တယ်။ ဒီဓားနဲ့ ခုတ်ချလိုက်တယ်။ လေဟာနယ်တွေ ကွဲထွက်ကုန်တယ်။ ထက်ရှတဲ့ ဓားအလင်းတန်းက အသံကျယ်ကြီးနဲ့ အတူ၊ ရန်ချန်လိရဲ့ သွေးနီရောင်လျံကို တားဆီးလိုက်တယ်။

“ကောင်းပါပြိ။” အကြီးအကဲ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ တစ်ယောက် တွေးနေတာကို တစ်ယေက် သိလိုက်ကြတယ်။ ရန်ချန်လိနဲ့ တိုက်ခိုက် နေတာကို သူတို့တွေ ဂရုမစိုက်တော့ဘူး။ ဖန်ကျန်းရှီ ဆီကိုပဲ တန်းတန်းမတ်မတ် ပြေးလာ ကြတော့တယ်။

“သူတို့ကို တားထားလိုက်။” ရန်ချန်လိ ချက်ခြင်း အော်လိုက်တယ်။ ဒီအချိန်မှာပဲ အရိပ်မျိုးနွယ်စုက တပည့်သား ငါးဆယ်ကျော် ထွက်လာ ကြတော့တယ်။ ဆဋ္ဌမ အကြီးအကဲနဲ့ စတုတ္ထ အကြီးအကဲရဲ့ ရှေ့မှာ ပိတ်ဆို့ ထားကြတယ်။

“သတ်။” သူတို့တွေ အော်ဟစ်လိုက်တယ်။ ဒီတပည့်သား ငါးဆယ်က လောကကြီး တစ်ခုလုံးကို ဂရု မစိုက်ပဲ တိုက်ခိုက်ကြတယ်။ သူတို့တွေက လုံး၀ အကြောက်အလန့် မရှိဘူး။

“သေချင်နေတာလား။” အကြီးအကဲ နှစ်ယောက်ရဲ့ အကြည့်တွေက အေးစက်နေခဲ့တယ်။ သူတို့ လက်ထဲမှာ ဓားတွေ ပေါ်လာခဲ့တယ်။ သွေးတွေက နေရာအနှံ့ စီးကျ နေပြီးတော့ ဝမ်းနည်းစရာ အော်သံတွေကို ကြားနေရတယ်။

“ကောင်းကင် အိုအေစစ် အဖိုးကြီး။” ကံဆိုးတဲ့ ဒီမြင်ကွင်းကို မြင်တော့ ရန်ချန်လိ ရင်ထဲမှာ နာကျင် လာမိတယ်။ နောက်ဆုံးတော့လည်း ဒီတပည့်သားတွေကို အင်တိုက် အားတိုက် ပြုစု ပျိုးထောင် လာခဲ့ ရတာလေ။

“အာ ငါထင်ထားတာ ဒီကို ပွဲကြည့်ဖို့ လာတာလို့။ အဆုံးသတ် ကျတော့လည်း ငါ့ခေါင်းပေါ် ရောက်လာတာပဲ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး သက်ပြင်းချလိုက်တယ်။ နောက်ထပ် တွေေ၀ မနေတော့ဘူး။ သူ့ရဲ့ ကျာပွတ်ပျံကို ဝေ့ယမ်းလိုက်တယ်။ ကောင်းကင် တစ်ခုလုံးမှာ ငွေရောင် ချည်ကြိုးတွေ ပြည့်ှနှက်သွားတယ်။ ဒီချည်ကြိုးတွေက အကြီးအကဲ နှစ်ယောက်ဆီကို ပြေးထွက် သွားခဲ့တယ်။ ချည်ကြိုး တစ်ခုချင်းစီတိုင်းက အေးစက်စက် သတ္တု အလင်းတန်းနဲ့ တောက်ပ နေခဲ့တယ်။

ခပ်ရှင်းရှင်းပဲ။ တိုက်ပွဲကြီး ဖြစ်နေခဲ့ပြီ။

ဒီတိုက်ပွဲကြီးထဲမှာ ဖန်ကျန်းရှီက မဟူရာ လမင်းကျွန်းရဲ့ သုခမိန် နှစ်ယောက်နဲ့ တိုက်ခိုက်တယ်။ တခြား သုခမိန်တွေက ဒီအခြေအနေကို ပြောင်းလဲဖို့ လုပ်နေကြတယ်။ ဖန်ကျန်းရှီ အခြေအနေကို ကောင်းကောင်း သိတယ်။ ဒီအချိန် တစ်လျှောက်လုံးမှာ အရိပ်မျိုးနွယ်တွေက အရေအတွက် များလို့ အသာစီး ရတယ်။ ဒါပေမယ့် အင်အားကြီး ကျင့်ကြံသူတွေ တိုက်ပွဲထဲ ဝင်လာရင် သူ့ဘက်က အရေးနိမ့် နေတုန်းပဲ။

ကောင်းကင် တာအိုက သုခမိန် သုံးယောက်ကို အလဲထိုးဖို့ ဘယ်လို လွယ်ကူ နိုင်မှာလဲ။ နောက်ထပ် တွေေ၀ မနေတော့ဘူး။ ယွမ်ရုန့်ဆီကို သူပြေးဝင်တယ်။ ပြေးလာရင်းနဲ့ သေရှင် ငရဲ သံကြိုး ငါးခုကိုလည်း ဆင့်ခေါ်တယ်။ သေရှင် ငရဲ သံကြိုးတွေကတော့ ပေါ်လာတာနဲ့ တပြိုင်နက် ယွမ်ရုန်နဲ့ ဒုတိယ သုခမိန်ကို ချက်ခြင်း ရစ်ပတ်တယ်။

ထရပ်ဖို့ ကြိုးစားနေခဲ့တဲ့ ယွမ်ရုန်ရဲ့ ခြေထောက်ကို သေရှင် ငရဲသံကြိုးက ဖောက်ထွက်သွားတယ်။ မြေပြင်ပေါ်ကို နောက်တစ်ခေါက် လဲကျ သွားပြန်တယ်။ ဒီတစ်ခေါက်တော့ သူတကယ် ကြောက်နေခဲ့ပြီ။ အခုချိန်မှာ သူနားလည် သွားခဲ့ပြီ။ ငရဲတာအို၊ သေရှင် တာအိုနဲ့ ယင်ယန် တာအိုတွေကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဘယ်လောက်တောင် အင်အား ကြီးနိုင်တယ် ဆိုတာကိုပေါ့။

“မဟုတ်သေးဘူး။ ဒီကောင်စုတ်လေးက ကောင်းကင် တာအိုကိုလည်း တတ်မြောက်သေးတယ်။” ယွမ်ရုန့် ကျောရိုး တစ်ခုလုံး စိမ့်ချမ်း သွားခဲ့တယ်။ ရုတ်တရက် သူ့အနားကို ကပ်လာတဲ့ ကြောက်စရာ အန္တရာယ်ကို ခံစား မိလိုက်တယ်။ ခုန်ရှောင် ချင်ပေမယ့် သူ့ညာဘက် ခြေထောက်ကို သေရှင်ငရဲ သံကြိုးတွေက ချည်နှောင် ထားခဲ့ပြီ။ လုံး၀ လှုပ်မရ ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက နောက်ဘက်က လာတဲ့ လှုပ်ရှားမှုတွေကို တားဆီးတာပဲ။ ဒါပေမယ့် တကယ်ပဲ တားဆီး နိုင်မှာလား။

“နဂါးရှစ်ဘုံ ကကြိုး။”

လူသတ်ချင်စိတ် အပြည့်နဲ့ အသံကြီး ထွက်လာတဲ့ အချိန်မှာ သူ့နောက်ကျောက အရိပ်နက်ကြီး ပေါ်လာတာကို ယွမ်ရုန် မြင်လိုက်ရတယ်။ အနက်ရောင် အရိပ်က ဓားတစ်လက်ကို ကိုင်ထားတယ်။ မကောင်းဆိုးဝါး ခရမ်းရောင် အလင်းတန်း တောက်ပနေတဲ့ ဓားတစ်လက်။

“သတ်ဖြတ်။”

“သတ်ဖြတ်။”

အရပ်ရှစ်မျက်နှာကနေ ခရမ်းရောင်ဓားကိုင် အရိပ်ရှစ်ခုဆီက အသံတွေ ထွက်လာခဲ့တယ်။ အရိပ်တွေက ယွမ်ရုန်နဲ့ ဒုတိယ သုခမိန်ကို ဓားနဲ့ ထိုးစိုက်တယ်။ တကယ့်ကို လန့်စရာ မြင်ကွင်းပဲ။ အရိပ်ရှစ်ခုရဲ့ ဓားတွေ လှုပ်ရှားတဲ့ အချိန်မှာပဲ ခရမ်းရောင် နဂါး ရှစ်ကောင် ထွက်ပေါ် လာခဲ့တယ်။

“ဒုတိယ ညီလေး သွားတော့။”

“မသွားဘူး။ အကိုကြီးကို မထားခဲ့နိုင်ဘူး။”

“အား။” ဝမ်းနည်းစရာ အော်သံနဲ့ အတူ အနက်ရောင် အရိပ်တစ်ခု လေထု အပြင်ဘက်ကို ရောက်သွားတယ်။ ဒါပေမယ့် သူအပြင်ရောက်တဲ့ အချိန်မှာပဲ ကြောက်စရာ ဖိအားတွေက သူ့ကို ဆွဲချ နေပြန်တယ်။ လေထဲက အနက်ရောင် အရိပ် မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်း ပြုတ်ကျ လာခဲ့တယ်။ သူ့နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျ နေခဲ့တယ်။

“ဒုတိယ ညီလေး။ မင်း။” ယွမ်ရုန် သူ့နောက် ပြုတ်ကျလာတဲ့ ဒုတိယ သုခမိန်ကို ကြည့်ရင်း ပြောမိတယ်။ ဒီအချက်ကို သူလက်ခံ နိုင်ပုံ မပေါ်ဘူး။

“အကိုကြီး။ ငါတို့တွေ မလွတ်နိုင်ဘူး။ အစတည်းက ငါတို့ကို လွတ်ပေးဖို့ ဒီကောင့်မှာ အစီအစဉ် မရှိခဲ့ဘူး။” ဒုတိယ သုခမိန် မောဟိုက်နေတဲ့ အသံနဲ့ ပြောနေခဲ့တယ်။

သူပြောတာ အမှန်ပဲ။ ဖန်ကျန်းရှီ ယင်ယန် မှန်သားပြင်ကို သုံးလိုက်တည်းက သူတို့ကို အလွတ်ပေးဖို့ အတွေး တစ်ခုတောင် မရှိခဲ့ဘူး။ ဖန်ကျန်းရှီက သတ်ဖြတ် ရတာကို ပျော်နေတဲ့ လူတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ယွမ်ရုန်နဲ့ ဒုတိယ သုခမိန်ကို လွတ်ပေးဖို့ စိတ်ကူး မရှိ။

ဒီလူတွေ ဘယ်လောက်တောင် ရက်စက်ပြီး လူမဆန်မှန်း သူသိထားတယ်။ ဒီနေ့ ရန်ရွှယ်ကို သူတို့ ဓားစာခံ လုပ်ခဲ့တယ်။ နက်ဖန်ဆိုရင် ဘာလုပ်မလဲ။ ဒီသုခမိန်တွေက မြောက်ရွာက ရွာသားတွေကို မခြိမ်းခြောက်ဘူးလို့ ဘယ်သူ အတပ် ပြောနိုင်မလဲ။ သူ့မိဘတွေကို ဖမ်းချုပ် မထားဘူးလို့ကော ဘယ်သူ အာမခံ နိုင်မလဲ။ ဒါမျိုး ကိစ္စတွေက ဖန်ကျန်းရှီ လက်ခံနိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူး။

ဒါကြောင့်ပဲ ဖန်ကျန်းရှီ သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဖန်ကျန်းရှီ ဓားကို လှုပ်လိုက်တဲ့ အချိန် ခရမ်းရောင် အလင်းတန်း တောက်ပလာတယ်။ ဓားက ဒုတိယ သုခမိန် ရှေ့ကို ရောက်လာခဲ့ပြီ။ ဒုတိယ သုခမိန် ခုန်မရှောင်တော့ဘူး။ သူမလုပ်နိုင်တာကို သူသိထားတယ်။ ဓားအရှိန်ကြောင့် မလှုပ်နိုင်တာ မဟုတ်ဘူး။ သူ့ခြေလက်တွေကို သေရှင် ငရဲ သံကြိုးတွေက တားဆီး ချုပ်နှောင် ထားခဲ့ပြီ။ ဓားက ယွမ်ရုန့်ရဲ့ နှလုံးသားကို ဒုတိယ သုခမိန်ရဲ့ မျက်စိရှေ့မှာပဲ ထိုးစိုက် သွားခဲ့တယ်။

“ငါ။” ယွမ်ရုန် ခေါင်းမော့ကြည့်လိုက်တော့ သူ့ရှေ့မှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို တွေ့တယ်။ ဖန်ကျန်းရှီရဲ့ ဖန်သားလို ကြည်လင်တဲ့ မျက်ဝန်းတွေက အရမ်းကို ကြည်လင်နေတယ်။ ယွမ်ရုန်ကတော့ တစ်ခုခု ပြောချင် နေပုံပဲ။ ဒါပေမယ့် သူမပြောနိုင်တော့ဘူး။ ဖန်ကျန်းရှီက ယွမ်ရုန့် နှလုံးသားကို ထိုးစိုက်ထားတဲ့ ဓားကို နှုတ်လိုက်ပြီ။ အဲ့ဒီ့နောက် လည်ပင်းကို ထိုးချလိုက်တယ်။

“ရွှစ်။” လူတစ်ယောက်ရဲ့ ခေါင်းက လေထဲကို လွင့်ထွက် ပြီးတော့ ဒုတိယ သုခမိန် ရှေ့ကို ရောက်လာခဲ့တယ်။

တိတ်ဆိတ်သွားတယ်။ စစ်မြေပြင် တစ်ခုလုံး တိတ်ဆိတ် သွားပြန်ပြီ။ တကယ့်ကို ထူးဆန်းလွန်းတယ်။ အခုချိန်မှာ ကောင်းကင် တာအို ခန်းမက အကြီးအကဲတွေနဲ့ တပည့်သားတွေ အားလုံး စိတ်ထဲမှာ တစ်ခုခုကို တွေးတော နေကြသလိုပဲ ရပ်တန့် နေခဲ့တယ်။

“တတိယမြောက် တစ်ယောက်ပဲ။”

“တရက်တည်းနဲ့ သေသွားတာ သုခမိန် သုံးယောက် ရှိပြီ။ သူတို့ အားလုံး လူတစ်ယောက်တည်းရဲ့ လက်ထဲမှာတင် သေသွားတာပဲ။ ပြန်လည် မွေးဖွားမှု အဆင့်က လူတစ်ယောက်။”

ဒါမျိုးက မြင့်မြတ် နယ်မြေမှာ နှစ်ရာချီ အတွင်း တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ မြင့်မြတ် နယ်မြေမှာ သုခမိန် တစ်ရာ ဝန်းကျင်ပဲ ရှိတာလေ။ သုံးယောက်က တစ်ရက်တည်း သေသွားခဲ့ပြီ။ ဒါမျိုးက မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခု တိုက်ခိုက်တဲ့ အချိန်မျိုးမှာပဲ ဖြစ်လေ့ ရှိတယ်။ ဒီနေ့တော့ သူတို့တွေ တိုက်ခိုက်နေတာ မဟုတ်ဘူး။ ဖန်ကျန်းရှီ တစ်ယောက်တည်းပဲ လူထောင်ချီ ဝန်းရံ နေတဲ့ နေရာမှာ သတ်ဖြတ် ခဲ့တာ။

သူတို့တွေ မလန့်ပဲ ဘယ်နေပါ့မလဲ။ ဝမ်းပန်းတနည်း ငိုညည်းသံ တစ်ခု ထွက်ပေါ်လာတယ်။

“အကိုကြီး။” ဒုတိယ သုခမိန် ငိုကြွေးရင်းနဲ့ ဟိန်းဟောက်တယ်။ သူ့နဖူးပေါ်မှာ အနက်ရောင် သင်္ကေတ တစ်ခု တောက်ပ လာတော့တယ်။ အဲ့ဒီ့နောက် အနက်ရောင် သင်္ကေတက သူ့လည်ပင်း၊ သူ့ရင်ဘတ်နဲ့ လက်မောင်းတွေ အထိကို ပျံ့သွားပြီး တောက်ပ လာခဲ့တယ်။

“ဖန်ကျန်းရှီ သတိထား။ ဒီတစ်ယောက်က သူ့အင်အားတွေကို ဖုံးကွယ်ထားတယ်။ သူက ကောင်းချီးခံ သွေးမျိုးနွယ်ပဲ။ သွေးတွေကို ပြောင်းပြန် စီးစေနိုင်တယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒီလို ပုံစံ ပြောင်းတာကို မြင်တော့ စိုးရိမ် တကြီး လှမ်းပြောတယ်။ သူ့လက်ထဲက ကျာပွတ်တောင် တုန်ယင် သွားခဲ့တယ်။ သူပြောလိုကတဲ့ အချိန်မှာပဲ လေထဲက ကြီးမားတဲ့ အင်းကွက်ကြီး စတင် လှုပ်ရှားတယ်။ ဖြည်းဖြည်းချင်း ဒုတိယ အကြီးအကဲရဲ့ ခေါင်းကို ဖိချတယ်။

“အင့်။” ဒုတိယ အကြီးအကဲရဲ့ မျက်နှာ သိသိသာသာကို ပြောင်းလဲနေတယ်။ ကြောက်စရာ ဖိအားတွေနဲ့ မြေပြင်ပေါ်ကို ဒူးထောက်ဖို့ အတင်းအကြပ် ဖိအားပေး ခံနေရတဲ့ အတိုင်းပဲ။

တစ်ချိန်တည်းမှာပဲ အရိပ်တစ်ခု သူ့မျက်စိ ရှေ့ကို ရောက်လာတယ်။ ခရမ်းရောင် အလင်းတန်းက သူ့နှလုံးသားကို ထွင်းဖောက်သွားတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်း လှုပ်ရှား လိုက်ချိန်မှာပဲ နောက်ထပ် လူခေါင်းတစ်ခု ပြတ်ထွက် သွားပြန်တယ်။ အရိပ်ကတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို လှည့်ကြည့်တယ်။

“ကောင်းကင် အိုအေစစ် အဖိုးကြီး ဘာတွေ လာပြော နေတာလဲ။”

“..” ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ ယင်ကောင် တစ်ကောင်ကို မျိုချ မိတဲ့ အတိုင်း မျက်လုံးပြူး မျက်ဆံပြူးနဲ့ စကားမပြောနိုင်တော့ဘူး။

အပိုင်း (၇၃၆) ပြီး၏။

အပိုင်း (၇၃၇)

“မင်းရဲ့ ရန်သူကို အနိုင်ယူဖို့။ မင်းရဲ့ ရန်သူထက် ပိုပြီး ရက်စက်ရမယ်။”

ဘယ်လိုတောင်လား။

မင်းက လူတစ်ယောက်ကို ဂရုစိုက်ဖို့ သတိပေး နေခဲ့တယ်။ ဒါပေမယ့် သူကတော့ ကိစ္စကို အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်း ဘာပြဿနာမှ မဖြစ်စေပဲ ကိုင်တွယ် သွားခဲ့တယ်။ ကောင်းကင် အိုအေစစ် သုခမိန် တကယ့်ကို နေမထိ ထိုင်မသာ ဖြစ်နေခဲ့ပြီ။ နောက်ပြီးတော့ သူ့စိတ်ထဲမှာ ခံစားနေရတယ်။ ငါအိုမင်း လာပြီ။ လူငယ်တွေနဲ့ ယှသ်လို့ မရတော့ဘူး။

ဒါပေါ့။ သူတစ်ယောက်တည်းတော့ ဘယ်ဟုတ်မလဲ။ ဒုတိယ သုခမိန်ရဲ့ခေါင်း မြေပြင်ပေါ်ကို ကျလာတဲ့ အချိန်မှာ လူတိုင်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေခဲ့တယ် ဒါပေမယ့် သူတို့တွေ ဘာမှ မပြောနိုင်ဘူး။ တစ်ခုခု လည်ချောင်းထဲမှာ တစ်နေသလိုပဲ။ သူတို့တွေ ဆက်ပြီးတော့ တိုက်ခိုက် ရအုန်းမယ်လေ။ ဒီကိစ္စကြီးက ပျင်းစရာ ကောင်းလွန်းလို့ သူတို့ မျက်နှာတွေတောင် နီရဲ နေကြပြီ။

မြန်လိုက်တာ။ တိုက်ပွဲ ပြီးသွားတာ အရမ်းကို မြန်လွန်းတယ်။ ယွမ်ရုန်က ဒဏ်ရာ ရထားပေမယ့် နှစ်ယောက် တစ်ယောက် တိုက်ပွဲလေ။ နောက်ပြီးတော့ သုခမိန် နှစ်ယောက်နဲ့ ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ရဲ့ တိုက်ပွဲ။ ပုံမှန် အခြေအနေမျိုးမှာ သုခမိန် နှစ်ယောက်က ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူကို သတ်ပြစ် နိုင်ရမှာ မဟုတ်လား။

အခြေအနေက ချွင်းချက် ဖြစ်နေရင်တောင် လက်ရည်တူ နေရမှာ မဟုတ်လား။ တိုက်ပွဲက အမွှေးတိုင် တိုင်ဝက်စာ အချိန်မှာ အဆုံးသတ်ရမယ်လို့ ပြောတုန်းက ဘယ်သူမှ နားမလည်ခဲ့ဘူး။ အဲ့တာ ဘာကို ပြောချင်တာလဲ။

လေးယောက်။ တစ်ရက်တည်းမှာ သုခမိန် လေးယောက် ပျောက်ကွယ် သွားခဲ့ပြီ။ နောက်ပြီးတော့ သူတို့ အားလုံး လူတစ်ယောက်တည်းရဲ့ လက်ထဲမှာ သေသွားခဲ့ကြတယ်။ သူတို့တွေ အများကြီးတောင် မတိုက်ခိုက် ခဲ့ရဘူး။ သူက တကယ်ပဲ ဒီလောက်တောင် သန်မာတာလား။ ဘယ်လောက်တောင် သန်မာ နိုင်အုန်းမှာလဲ။

“ပြန်လည် မွေးဖွားမှု စက်ကွင်း။ ပြန်လည် မွေးဖွားမှု စက်ကွင်းကြောင့်လား။” ဒုတိယ အကြီးအကဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပြောတယ်။ ဒီစကားတွေကို ပြောရင်းနဲ့ သူတကယ့်ကို ကြောက်လန့် နေမိတယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီက တာအို သုံးခုကိုပဲ သုံးသေးတာ။ ခြောက်ခုလုံးကိုသာ သုံးနိုင်သွားရင် ဘယ်လို ဖြစ်လာလိမ့်မလဲ။ ဒုတိယ အကြီးအကဲ မတွေးဝံ့ဘူး။ ဒီကိစ္စ ဖြစ်လာတာနဲ့ မြင့်မြတ် နယ်မြေ တစ်ခုလုံး ပြောင်းလဲ သွားမှာကို သူသိတယ်။ မဖြစ်ဘူး။ ဒီလို ကိစ္စ ဖြစ်လာလို့ မရဘူး။

အရိပ်မျိုးနွယ်က သူတို့ အင်အားကို ထုတ်ပြလိုက်တဲ့ အတွက် ဒုတိယ အကြီးအကဲရဲ့ အဓိက အတွေးကတော့ ဒီခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ပဲ။ အုခတော့ သူ့စိတ်ထဲမှာ ကောင်းကင် တာအို ခန်းမ အတွက် ပိုပြီးတော့ စိတ်ပူ နေမိပြီ။

အကယ်၍ ဖန်ကျန်းရှီသာ သုံးလ အတွင်း သုမခမိန် တစ်ယောက် ဖြစ်သွားပြီးတော့ သူ့ရဲ့ သက်တမ်းကိုသာ တိုးမြှင့်နိုင်ရင်၊ ဒါက မြင့်မြတ် နယ်မြေမှာ အင်အားသစ် တစ်ခု တည်ထောင်တာနဲ့ အတူတူပဲ။ နောက်ပြီးတော့ ဒီအင်အားသစ်က မြင့်မြတ် နယ်မြေ တစ်ခုလုံးကို လုံး၀ တညီတညွတ်တည်း ဖြစ်အောင် လုပ်နိုင်တယ်။

အဲ့ဒီ့ အချိန် ရောက်လာရင် ဖန်ကျန်းရှီကို စွပ်စွဲခဲ့တဲ့ အမှားတွေ အားလုံးက သူတို့ဆီကို တပတ် ပြန်လည် လာလိမ့်မယ်။ သူတို့ ပြန်ခံစား ရတဲ့ အချိန်မှာ အစ ဆယ်ချီ ရာချီထက်တောင် ပိုပြီးတော့ နာကျင် ရလိမ့်မယ်။

“မဖြစ်ဘူး။ ငါခွင့်မပြုနိုင်ဘူး။” ဒုတိယ အကြီးအကဲ ဒေါသ တကြီးနဲ့ ဟိန်းဟောက်တယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်က အရိပ် တစ်ခု ပုံစံကို ပြောင်းသွားပြီးတော့ ဖန်ကျန်းရှီဆီကို ပြေးဝင်တယ်။

“ဖန်ကျန်းရှီကို သတ်ချင်တယ်ပေါ့။ ငါ့ကို အရင်ဆုံး ဖြတ်ရမယ်။” ရန်ချန်လိ က ဒုတိယ အကြီးအကဲကို တားဖို့ ပြင်တယ်။ ဒါပေမယ့် ဒီအရိပ်ကို တားဖို့ လုပ်တဲ့ အချိန်မှာပဲ တစ်ခုခု လွဲနေတာကို သတိ ထားမိသွားတယ်။ ဒီအရိပ်က သူ့ကို ဖြတ်ကျော်ပြီးတော့ ပျောက်ကွယ် သွားခဲ့တယ်။

“မဖြစ်ဘူး။ ပုံရိပ်ယောင်ကြီး။” ရန်ချန်လိ ချက်ခြင်း တုံ့ပြန်ပေမယ့် နောက်ကျ သွားခဲ့ပြီ။ ထက်ရှတဲ့ အင်အားက သူ့နောက်ကျောဘက်ကို ရောက်သွားခဲ့ပြီ။ ရန်ချန်လိ အံကြိတ်ရင်းနဲ့ သူ့နောက် အင်အားကို တိုက်ခိုက်ဖို့ လုပ်တယ်။ ဒါပေမယ့် ဒီအင်အားက အရမ်းကို သန်မာလွန်းနေတယ်။ တကယ်တော့ အဲ့တာက ဓားတလက်ပဲ။

“ဝုန်း။” ပေါက်ကွဲ သံကြီး ထွက်လာပြီးတော့ ရန်ချန်လိရဲ့ နောက်ကျောကို ကာကွယ်ထားတဲ့ အလင်းတန်းကြီးက ပျောက်ကွယ် သွားတော့တယ်။ အဲ့ဒီ့နောက် အင်အားကြီးက သူ့နောက်ကျောကို ဝင်တိုက်ပြီးတော့ ခန္ဒာကိုယ်ကို အရှေ့ တွန်းပို့လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့မျက်နှာ ဖြူဖျော့ သွားပြီးတော့ သွေးအန်တော့တယ်။

“ဝေါ့။” သွေးတွေက လေထဲကို လွင့်ထွက်တယ်။

“အဖိုး။” ရန်ရွှယ့် အသံ ဒီအချိန်မှာ ထွက်ပေါ်လာတယ်။ ချက်ခြင်း ရန်ချန်လိဆီကို သူခုန်ဝင် လာခဲ့တယ်။ ဒါပေမယ့် သူ့နောက်မှာ ရပ်နေတဲ့ ရန်ချင်းက ရန်ရွှယ့်ကို လှမ်းတားတယ်။

“ရန်ရွှယ် မသွားနဲ့။” ရန်ချင်းကတော့ ဒီအဖြစ်ကို သိပ်ပြီးတော့ နားမလည်နိုင်ဘူး။ ဒါပေမယ့် ရန်ရွှယ်က ရန်ချန်လိကို တော်တော် သံယောဇဉ် ကြီးတာတော့ သူသိတယ်။ ဒါက မိသားစု အချစ်လား။ ရန်ချင်းရဲ့ ဦးနှောက် တစ်ခဏတာတော့ နှေးကွေးသွားခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ မွေးတည်းက လူအများစု ခံစားရတဲ့ စိတ်ခံစားချက်တွေကို သူနားမလည် ခဲ့ဘူးလေ။

ဒီအချိန်မှာပဲ အရိပ်နက်က သူ့မျက်လုံးထောင့်မှာ ပေါ်လာတယ်။ ဒီအရိပ်က အရမ်းကို မြန်လွန်းတယ်။ လူတိုင်းရဲ့ နှလုံးသားကို တုန်ယင် သွားစေနိုင်တယ်။

“အမ်။” ရန်ချင်း အသက်ရှူဖို့ မေ့သွားခဲ့ပြီ။ ဒီအရိပ်နက်ကို သူလက်သီးနဲ့ ပြစ်ထိုးလိုက်တယ်။ ဒါပေမယ့် သူ့လက်သိး ရှေ့ထွက် သွားတဲ့ အချိန်မှာပဲ ရန်ရွှယ့်ကို ဆွဲထားတဲ့ လက်တစ်ဖက်ကို ကြီးမားတဲ့ အင်အားကြီး တစ်ခုက ဝင်တိုက်တာ ခံစား လိုက်ရတယ်။ သူ့လက်မောင်းကို အနက်ရောင် မီးဘောလုံး တစ်လုံးက လောင်ကျွမ်း နေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရင်ဘတ်မှာ ကြီးမားတဲ့ အင်အားကြီး တစ်ခုကိုပါ ခံစား လိုက်ရတယ်။

ထုံထိုင်းထိုင်း အသံတစ်ခု ထွက်ပေါ် လာတယ်။ အခုတော့ ရန်ချင်း သေချာ မြင်ရပြီ။ သူ့အနားက ဖြတ်သွားတဲ့ သူက မြေပြင်ပေါ်မှာ လဲကျ နေခဲ့တဲ့ ရှီဖုန်းပဲ။ အခုတော့ ရှီဖုန်းက ဒဏ်ရာတွေ သက်သာစ ပြုနေပြီ။ သူ့ရဲ့ အဖြတ်ခံထားရတဲ့ ခြေထောက်ကလည်း မီးတောက်နက်တွေနဲ့ ပြည့်နေခဲ့ပြီ။

“ထွက်သွား။” ရှီဖုန်းက ရန်ချင်းကို တိုက်ခိုက်ဖို့ စိတ်ကူး မရှိဘူး။ သူ့ပြစ်မှတ်က ရန်ရွှယ်ပဲ။

“အား။” ရန်ရွှယ့်ရဲ့ အော်သံက ဝမ်းနည်းစရာ ကောင်းလွန်းနေတယ်။ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာက အစိမ်းပုတ်ရောင် ပြောင်းနေပြီ။ ပြင်းထန်တဲ့ နာကျင်မှုကြောင့် တကိုယ်လုံး တုန်ယင် နေခဲ့တယ်။

ရှီဖုန်းက သူ့ဒဏ်ရာတွေကို ထိမိလို့ ဒီလို ဖြစ်နေတာ မဟုတ်ဘူး။ တကယ်တော့ ရှီဖုန်းက သူ့ကို ဆွဲတောင် မဆွဲ ရသေးဘူး။ အခုချိန်မှာ သူ့ကိုယ်သူ အရမ်း အသုံးမကျတဲ့ လူတစ်ယောက်လို့ ခံစား နေရတာ ကြောင့်ပဲ။ ဖန်ကျန်းရှီနဲ့ သူ့အဖိုးကို မကူညီ နိုင်ရုံတင် မကဘူး။ သူ့ကြောင့် အကြိမ်ကြိမ် အသက်စွန့်နေ ရတယ်။ အခုတော့ ရှီဖုန်းရဲ့ လက်က သူ့အနားကို တဖြည်းဖြည်း နီးကပ်လာနေပြီ။ ခုန်ရှောင်ဖို့ မဖြစ်နိုင်တာကို သူချက်ခြင်း နားလည်လိုက်တယ်။

ရန်ရွှယ့်ကို ကြည့်ရင်း ရှီဖုန်းကတော့ ပြုံးနေခဲ့တယ်။ ရန်ရွှယ်သာ သူ့လက်ထဲ ရောက်လာရင် စစ်မြေပြင် အခြေအနေ တစ်ခုလုံး ပြောင်းသွားမှာကို သူသိနေတယ်။

“ဖန်ကျန်းရှီ ရန်ရွှယ်သာ ငါ့လက်ထဲ ရောက်လာရင် မင်းဘာလုပ် နိုင်အုန်းမှာလဲ။” ရှီဖုန်းက ရယ်မော်တယ်။ ရန်ရွှယ်ကို သုံးပြီးတော့ တိုက်ပွဲ အခြေအနေကို ထိန်းချုပ်ချင်တယ်။

ဒါပေမယ့် ဒီအချိန်မှာပဲ အရိပ်လို အလင်းတန်း တစ်ခုက ရှီဖုန်း ရှေ့ကို ရောက်လာတော့တယ်။ တကိုယ်လုံး အနက်ရောင် သံချပ်ကာ ဝတ်ထားပြီးတော့ မဟူရာ မီးတောက်တွေ တောက်လောင်နေတဲ့ အရာ တစ်ခုပဲ။ ဒါကတော့ ဖန်ကျန်းရှီ။

ရှီဖုန်း ရန်ရွှယ့် အနားကို ကပ်လာတဲ့ အချိန်တည်းက ဖန်ကျန်းရှီလည်း လှုပ်ရှားခဲ့တယ်။ မဟူရာ လမင်းကျွန်းရဲ့ ဒုတိယ သုခမိန်ကို သတ်ပြီးတဲ့ နောက်မှာတော့ သူ့အာရုံက ရှီဖုန်းဆီကို ရောက်သွားခဲ့တယ်။

ဒါပေမယ့် ရှီဖုန်းက ရန်ရွှယ့် အနားကို ကပ်နေတာကြောင့် သူ့အရှိန်ကို နည်းနည်း လျော့သွား စေခဲ့တယ်။ တကယ်တော့ ခြေတစ်လှမ်းပဲ နောက်ကျတာ။ သူက သူ့ဓားကို ယုံကြည်တယ်။

သူ့ရဲ့ ခြေရာမဲ့ဓားက ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေရင်း ရှီဖုန်းရဲ့ လည်ပင်းကို ဦးတည်လာတယ်။ အခုချိန်က တကယ့်ကို အရေးကြီးလွန်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ရှီဖုန်းသာ သူလက်လှမ်းမှီတဲ့ နေရာကို ရောက်နေရင် သူ့လက်က မလွတ်ဘူးလို့ ယုံကြည်ချက် အပြည့်အ၀ ရှိတယ်။

“သူူ ဘာဖြစ်လို့ ဒီလောက်တောင် မြန်ရတာလဲ။” ရှီဖုန်းက ထုံးစံ အတိုင်း ဓားကို မြင်တာပေါ့။ သူ့ရဲ့ အစက အေးစက်စက် အပြုံး တောင့်တင်း သွားတော့တယ်။ ဖန်ကျန်းရှီက ဒီလောက် မြန်မြန် ရောက်လာမယ်လို့ မထင်ထား မိဘူး။ ဆုတ်ခွာရမယ်။ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဆုတ်ခွာတာပဲ။

ဒါပေမယ့် သူမဆုတ်ခွာချင်ဘူး။ အခုချိန်မှာ နောက်ဆုတ်လိုက်ရင် ဖန်ကျန်းရှီရဲ့ နောက်တိုက်ခိုက်မှုက ပိုပြီးတော့ မြန်ဆန် လာမယ် ဆိုတာကို သူသိတယ်။ တိုက်ခိုက်ရမယ်။

သူ အခု တိုက်ခိုက်မှ ဖြစ်မယ်။ အံကြိတ်ရင်းနဲ့ ဒီဓားချက်ကို လက်တစ်ဖက် သုံးပြီးတော့ ခုခံ လိုက်တယ်။ အခုလို အခွင့်အရေးကို လက်တစ်ဖက်နဲ့ လဲရတာ တန်ပါတယ်။ ဒါက ရှီဖုန်းရဲ့ ဆုံးဖြတ်ချက်ပဲ။

သူ့ကိုယ်သူ တစ်ချက် အခုတ်ခံပြီးတော့ မျှော်လင့် တကြီးနဲ့ တိုက်ခိုက်ဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ သူ့အနားကို လူတစ်ယောက် ရောက်လာတော့တယ်။ သူ့ရဲ့ ဝတ်ရုံဖြူက လေထဲမှာ လွင့်မျောနေတယ်။ လက်ထဲမှာတော့ ရွှေရောင်ဓား တစ်လက်ကို ကိုင်ထားခဲ့တယ်။

ဓားအရှိန်အဝါတွေက ကြောက်စရာ ကောင်းလောက်အောင် ထက်ရှတယ်။ ဒီဓား အလင်းတန်းက ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ ပေါ်လာတယ်။

“ကောင်းကင်က ငါ့ကို ကူညီ နေတာပဲ။” ရှီဖုန်း ဒုတိယ အကြီးအကဲ ပေါ်လာတာကို မြင်တော့ ဝမ်းသာ သွားခဲ့တယ်။ ဒုတိယ အကြီးအကဲရဲ့ ဓားချက်ကိုသာ ထိသွားရင် ရန်ရွှယ့်ကို နတ်ဘုရားတောင် ကယ်နိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ဒုတိယ အကြီးအကဲရဲ့ ဓားကို ခုန်ရှောင်မယ်လို့ သူတွေးထား ခဲ့တယ်။ ဒါပေမယ့် သူ့အတွေး မှားသွားတာကို အမှန်တရားက သက်သေ ပြနေခဲ့တယ်။ ဖန်ကျန်းရှီက လုံး၀ ခုန်မရှောင်ခဲ့ဘူး။

ခေါင်းကိုသာ တစ်ဖက် စောင်းပြီးတော့ ရှောင်လိုက်တယ်။ ခန္ဒာကိုယ်ကတော့ မလှုပ်ရှားဘူး။ သူ့ဓားကလည်း နည်းနည်းတောင် အရှိန် လျော့မသွားတဲ့ အပြင် ပိုပြီးတော့တောင် မြန်ဆန် လာသေးတယ်။

ကြည်စင် ပြတ်သားတဲ့ အသံ တစ်သံ ထွက်ပေါ်လာတယ်။ ဒီအခိုက်အတန့်မှာ သွေးတွေက လေထဲကို ဖြာထွက် လာခဲ့တယ်။ ဒုတယိ အကြီးအကဲရဲ့ ဓားက ဖန်ကျန်းရှီရဲ့ ပုခုံးပေါ်ကို ကျသွားတယ်။ သူ့ရဲ့ မဟူရာ သံချပ်ကာ ကွဲထွက်သွားတယ်။ ဓားက အသားထဲကို တစ်လက်မ နစ်ဝင်သွားတယ်။ အရိုးတွေတောင် ကျိုးကုန်ပြီ။

“ခဘွန်း။” ပေါက်ကွဲသံကြီး တစ်ခု ထွက်လာတယ်။ ဖန်ကျန်းရှီရဲ့ ခြေထောက်ကတော့ မြေကြီးထဲကို တစ်လက်မ တိတိ နစ်ဝင် သွားခဲ့တယ်။ ဒုတိယ အကြီးအကဲရဲ့ တိုက်ခိုက်မှုကို ခုခံဖို့က တကယ်ပ ဲ မလွယ်ကူဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ဓားကလည်း ရပ်တန့် မနေခဲ့။

ရှီဖုန်းရဲ့ လည်ပင်းနဲ့ လက်တွေကို လုံး၀ ဦးတည် မထားဘူး။ နှလုံးရှိတဲ့ ရင်ဘတ်ကိုပဲ ဦးတည်ထားတယ်။ ရှီဖုန်းကတော့ အထိတ်တလန့် မျက်လုံး ပြူးကျယ် နေခဲ့တယ်။ သူ့ရဲ့ လည်ပင်းကို ချိန်ထားတဲ့ ဓားချက်က နှလုံးကို ဦးတည်သွားတာ မယုံနိုင် ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုတွေက နည်းနည်းလေးတောင် မပြောင်းလဲ ခဲ့ဘူးလေ။

“ဒုတိယ အကြီးအကဲရဲ့ ဓားလား။ ဖန်ကျန်းရှီ ဖန်ကျန်းရှီ မင်း မင်းက တကယ့်ကို ရက်စက်တာပဲ။” ရှီဖုန်း ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေကို ကြည့်ရင်း ပြောမိတယ်။ ခြေရာမဲ့ ဓားက သူ့ရင်ဘတ်ထဲကို နစ်ဝင်သွားတဲ့ အချိန်မှာ သူနောက်ဆုံးတော့ နားလည် သွားခဲ့ပြီ။

ဖန်ကျန်းရှီ ဘယ်တုန်းကမှ ဒုတိယ အကြီးအကဲရဲ့ ဓားကို ရှောင်ဖို့ မတွေးထားခဲ့ဘူး။ ဒုတိယ အကြီးအကဲ ဒီလို တိုက်ခိုက်မယ် ဆိုတာကို သူခန့်မှန်း ထားပြီးပြီ။ အရာအားလုံးက သူ့ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်။

သူပြေးထွက် လာတဲ့ အချိန်က စပြီးတော့ အရာ အားလုံးကို တွက်ချက်ထား ပြီးပြီ။ ဒုတိယ အကြီးအကဲရဲ့ ဓားက သူ့ခန္ဒာကိုယ်ကို နစ်ဝင် သွားစေမှာလည်း သူသိတယ်။

ရှီဖုန်း ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုတွေကို သတိ မထားမိခဲ့တာ ဒုတိယ အကြီးအကဲရဲ့ ဓားကြောင့်ပဲ။ လန့်စရာ ကောင်းလွန်းတယ်။ လန့်စရာ ကောင်းအောင်ကို တိကျလွန်းတဲ့ စွမ်းရည်ပဲ။ နောက်ပြီးတော့ ရက်စက်လွန်းတယ်။ ရန်သူ့ အပေါ်တင် မကဘူး၊ ကိုယ့်ကိုယ်ကိုလည်း ရက်စက်ရာ ရောက်တယ်။

လူတစ်ယောက်ကို သတ်ဖို့ အတွက် ကိုယ့်ကိုယ်ကို ဓားနဲ့ အခုတ်ခံဖို့ တွေေ၀ မနေခဲ့ဘူး။ ဒီအချက်ကို ရှီဖုန်း လက်မခံ နိုင်ပေမယ့် သူဘာမှ မလုပ်နိုင်ခဲ့ဘူး။

ခြေရာမဲ့ ဓားကြောင့် သေရမယ့် ငါးယောက်မြောက် သုခမိန်က သူဖြစ်မယ်မှန်း သိနေခဲ့ပြီ။ ယင်ယန်ခန်းမရဲ့ အကြီးအကဲ ရှီဖုန်း။

ဒီတိုက်ပွဲ သတင်းသာ ပျံ့သွားရင်၊ ဖန်ကျန်းရှီဆိုတဲ့ နာမည်က မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ ပဲ့တင့်ထပ်အောင် ကျော်ကြား နေမှာကို သူကြိုမြင်နိုင်တယ်။ ဒါတွေ အားလုံကလည်း သူတို့ ငါးယောက်ရဲ့ သူ့ကို သတ်ဖြတ်ဖို့ ကြိုးစား ခဲ့မှုတွေကြောင့်ပဲ။

ဒီ သုခမိန် ငါးယောက်က ယင်ယန်ခန်းမနဲ့ တောင်စဉ် ကိုးသွယ်ကနေ မိုင်ထောင်ချီ ခရီးနှင်လာပြီးတော့ ကောင်းကင် တာအို ခန်းမ တောင်ခြေကို ရောက်လာခဲ့တယ်။ ဖန်ကျန်းရှီကို အလစ်ဝင်တိုက် သတ်ဖြတ်ဖို့ အကွက်ချ ခဲ့တယ်။ အဲ့ဒီ့နောက် ကိုယ့်သေတွင်းကိုယ် တူးမိလိုက်တယ်။

သူတို့ရဲ့ အသက်တွေနဲ့ ဖန်ကျန်းရှီရဲ့ အံ့ဖွယ် ဘ၀ မှတ်တိုင်ကို စိုက်ထူ ပေးနိုင် လိုက်ပြီ။ ဖန်ကျန်းရှီက သုခမိန် ငါးယောက်ကို တပြိုင်နက်တည်း သတ်ဖြတ်ပြီးတော့ မြင့်မြတ် နယ်မြေ တစ်ခွင်မှာ ကျော်ကြားတော့မယ်။

ရှီဖုန်းက ရန်ရွှယ့် ပုခုံးကို ဖမ်းဆွဲပေမယ့် အသုံးမဝင်တော့ဘူး။ ရန်ရွှယ့်ကို သူဖမ်းဆွဲတဲ့ အချိန်မှာပဲ သူ့ကို ကြည့်နေတဲ့ ဒုတိယ အကြီးအကဲကို မြင်လိုက်ရတယ်။ သူ့အကြည့်က အေးစက်နေတယ်။

အမှန်ပဲ။

ဒုတိယ အကြီးအကဲက ဒီနေရာရဲ့ တကယ့် အောင်နိုင်သူ အစစ်။ သူ့ဓားက ရှီဖုန်းနဲ့ ဖန်ကျန်းရှီ နှစ်ယောက်ရဲ့ အသက်ကို အဆုံးသတ် ပြစ်လိမ့်မယ်။

ရန်ရွှယ့်ကိုလည်း ဓားစာခံ လုပ်စရာ မလိုတော့ဘူး။

ဒုတိယ အကြီးအကဲက ဖန်ကျန်းရှီ သူ့ကို သတ်နေတာ ကြည့်ပြီးတော့မှ ဖန်ကျန်းရှီကို သတ်လိုက်ရုံပဲ။ ဒီလိုနဲ့ ကိစ္စတွေက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။

ဒုတိယ အကြီးအကဲ တွေးနေတာကို ရှီဖုန်း သိတယ်။ သူက ဒုတိယ အကြီးအကဲ အတွက်တော့ လက်ဆောင် တစ်ခုပဲ။ သူ့ရဲ့ အောင်မြင်မှုကို ကောင်းကင် တာအို ခန်းမဆီ ပြန်သတင်း ပို့စေ နိုင်ပြီးတော့ နာမည် သတင်းကို ပိုကြီးလာစေဖို့ နင်းပြား တစ်ခုပေါ့။

ဖန်ကျန်းရှီက သူတို့ ငါးယောက်ကို သတ်တယ်။ ဒုတိယ အကြီးအကဲက ဖန်ကျန်းရှီကို သတ်လိမ့်မယ်။ အဖြေကတော့ ရှင်းနေပြီ။

ရှီဖုန်း မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပိတ်လိုက်ရင်း ခန္ဒာကိုယ်က စွမ်းအားတွေ ကုန်ဆုံးတာကို ခံစား နေခဲ့တယ်။ သေမှာကို သူစောင့်နေတယ်။ ဒါပေမယ့် မြန်မြန် လာရမယ့်၊ သေခြင်းတရားက သူ့အတွက်တော့ အချိန်တွေကို ရပ်တန့်ရင်း စောင့်ဆိုင်း နေသလိုပဲ။

သူ့စိတ်ထဲမှာ ဘဝတစ်လျှောက် ဖြတ်သန်း လာရတဲ့ ပုံရိပ်တွေ အများကြီး ဝင်ရောက် လာခဲ့တယ်။ သူက ဉာဏ်ကြီးရှင်။ ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်။ မြင့်မြတ် နယ်မြေကို မဝင်ခင်တည်းက သူ့နာမည်က ပြောတဲ့သူတိုင်း ကြောက်ရတဲ့ နာမည် တစ်ခု။ မြင့်မြတ် နယ်မြေထဲကို ဝင်ပြီးတဲ့ အချိန်မှာလည်း သူ့ဂုဏ်သတင်းက ပိုကြီးမား လာခဲ့တယ်။

“မဟုတ်ဘူး။ ငါမသေချင်ဘူး။” ရှီဖုန်း စိတ်ထဲမှာ အော်ဟစ်လိုက်တယ်။ စွမ်းအားတွေ ကုန်ဆုံးနေတာကို မရပ်တန့်နိုင်ဘူး။ သူရွေးစရာ မရှိပဲ သေရတော့မယ်။ ဒီအချိန်မှာပဲ သူ့လက်ဖဝါးမှာ ပြင်းထန်တဲ့ စွမ်းအား တစ်ခုကို ခံစား လိုက်ရတယ်။ ဆိုးယုတ်တယ်။ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေတယ်။ အရမ်း အရမ်းကို သန်မာလွန်းတယ်။

အရမ်းကို ပြေးထွက်လာ ချင်နေတဲ့ ပုံစံပဲ။ အကြောင်းရင်း တစ်ခုကြောင့် ဒီစွမ်းအားတွေကို တစ်ခုခုက တားဆီးထားသလို ဖြစ်နေခဲ့တယ်။

“ချိတ်ပိတ် ထားတာလား။” ရှီဖုန်း မျက်လုံး ပြန်ဖွင့်တယ်။ သူဆွဲထားတဲ့ ပုခုံးပိုင်ရှင် ရန်ရွှယ့်ရဲ့ ဝမ်းနည်း စိတ်ပျက်နေတဲ့ ပုံစံကို ကြည့်တယ်။ အခုမှပဲ ရန်ရွှယ် မခုခံ နိုင်တာကို နားလည် သွားခဲ့တယ်။ ရန်ရွှယ် သာမာန်လူ တစ်ယောက်လို ဖြစ်နေရတဲ့ အကြောင်းအရင်းကို ရုတ်တရက် နားလည် သွားခဲ့တယ်။ “ဒီလိုကိုး။”

အပိုင်း (၇၃၇) ပြီး၏။

အပိုင်း (၇၃၈)

“ပေါက်ကွဲမှု။ မျက်နှာကို ထိုးတဲ့ လက်သီးတစ်ချက်။”

လူတစ်ချို့ သေကြတဲ့ အချိန်မှာ၊ သူတို့က တခြားသူတွေကိုပါ သူတို့နဲ့ အတူ ဆွဲချချင်တယ်။ ရှီဖုန်းကတော့ ဖန်ကျန်းရှီကို သူနဲ့ အတူတူ ဆွဲမချ နိုင်ခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ နောက်ဆုံး လက်ကျန် စွမ်းအားနဲ့ ရန်ရွှယ်ကို ချိတ်ပိတ်ထားတာ လွှတ်ပေးနိုင်တယ်။ ရန်ရွှယ့် ခန္ဒာကိုယ်က ဆိုးယုတ်တဲ့ စွမ်းအားတွေကို ဒီလောကကြီးက မပိုင်ဆိုင်တာကို သူခံစား မိနေလို့ပဲ။ အတူတူ သေလို့ မရရင်တောင်၊ နှစ်ယောက်လုံးကို ဒဏ်ရာရအောင် လုပ်နိုင်တယ်။

“ဖွင့်။” ရှီဖုန်း နောက်ဆုံး အကြိမ် အော်ဟစ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ အရမ်းကို ရှုပ်ထွေးတဲ့ သဏ္ဍာန် တစ်ခု သူ့လက်ဖဝါးပေါ်မှာ ပေါ်လာတယ်။ အဲ့တာက ငရဲ သဏ္ဍာန်ပဲ။ ဒီအချိန်မှာပဲ ရှီဖုန်းရဲ့ မျက်လုံးတွေကနေ သွေးတွေ စီးကျလာတယ်။ သူ့ရဲ့ စွမ်းအားတွေ အကုန်လုံးကို သုံးပြီးတော့ ဒါကို ဖွင့်လိုက်တာ။

ဒီသဏ္ဍာန် ပေါ်လာတာနဲ့ ကြီးမား ပြင်းထန်တဲ့ ဆွဲငင်အားတွေ့ သူ့လက်က ထွက်လာပြီးတော့ ရန်ရွှယ့်ရဲ့ အတွင်း စွမ်းအင်ကို ဆွဲထုတ်တော့တယ်။

“ဘာဖြစ်တာလဲ။” ဒုတိယ အကြီးအကဲ တစ်ခုခု လွဲနေတာကေို ခံစားမိတယ်။ ဒါပေမယ့် အချိန်နှောင်း သွားခဲ့ပြီ။ ပြင်းထန်လွန်းတဲ့ စွမ်းအားတွေ အပြင်ကို ထွက်လာခဲ့ပြီလေ။

“ဝုန်း။” ပေါက်ကွဲမှု ကြီးနဲ့ အတူ ကျယ်ပြန့်ပြီး မကောင်းဆိုးဝါး ဆန်တဲ့ စွမ်းအားတွေ ရန်ရွှယ့် ခန္ဒာကိုယ်ကနေ ဆူနာမီ လှိုင်းတွေလို ထွက်ပေါ် လာတော့တယ်။ အဲ့ဒီ့နောက် တစ်ခုခု ကွဲအက်တဲ့ အသံကို ကြားလိုက်ရတယ်။ ဒီအင်အားကြီးက ရှီဖုန်းရဲ့ လက်မောင်းကို ထိသွားတဲ့ အချိန် သူ့ရဲ့ လက်ဖဝါး တစ်ခုလုံး ချက်ခြင်း ကျိုးကြေသွား တော့တယ်။

သူ့ခန္ဒာကိုယ်ကိုလည်း အဝေးကို လွင့်စင် သွားစေတယ်။ ရှီဖုန်း တစ်ယောက်တည်းတင် ခံစား ရတာ မဟုတ်ဘူး။ ဒုတိယ အကြီးအကဲနဲ့ ဖန်ကျန်းရှီပါ ဒီအင်အားကို ခုန်ရှောင်ဖို့ အချိန် မရလိုက်ဘူး။ သူတို့လည်း လွင့်ထွက် ကုန်တယ်။

“ဘုန်း။” ရှီဖုန်းရဲ့ ခန္ဒာကိုယ် ခပ်ဝေးဝေး နေရာကို ပြုတ်ကျလာတယ်။ သွေးအန်ရင်းနဲ့ မြေပြင်ပေါ်မှာ ကွေးနေခဲ့တယ်။ ဒါပေမယ့် စိတ်ကတော့ အတော်လေးကို ပျော်ရွှင်နေတယ်။ ပျော်လွန်းလို့ အော်ရယ်တယ်။ ရန်ရွှယ့် ခန္ဒာကိုယ်က ထွက်လာတဲ့ စွမ်းအားတွေကို သူသိလိုက်ပြီ။ “နတ်သက်ကြွေ အဇူရာ။ ဟဟား။ နတ်သက်ကြွေ အဇူရာပဲ။”

ရန်ရွှယ့် ဘေးပတ်လည်မှာ ရှိတဲ့ မြေကြီးတွေ အက်ကွဲ လာတော့တယ်။ ဓားတစ်ချောင်းလို စွန်ရဲ လက်သည်းတွေလို ထက်ရှတဲ့ စွမ်းအားတွေက မြေပြင်ကနေ အရှိန်ပြင်းပြင်း ထွက်ပေါ် လာတော့တယ်။ အဲ့တာက ငရဲ အရှိန်အဝါပဲ။ အင်အား ပြင်းတယ်။ မကောင်းဆိုးဝါး ဆန်တယ်။

တစ်ချိန်တည်းမှာပဲ ရန်ရွှယ်က ဖြည်းဖြည်းချင်း ထရပ်တယ်။ သူ့မျက်ဝန်းတွေက လုံး၀ မည်းမှောင် သွားခဲ့ပြီ။ မျက်သား အဖြူရောင်တောင် မရှိတော့ဘူး။ ငရဲက စစ်သည်တော် တစ်ယောက်လိုပဲ။

“အား။” ရန်ရွှယ် ဟိန်းဟောက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဒာကိုယ်က အရိုးတွေ မနားတမ်း အက်ကွဲတော့တယ်။

“ဂျွတ် ဂျွတ် ဂျွတ်။”

ဒီမြင်ကွင်းက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ သူ့ခန္ဒာကိုယ်က ထွက်ပေါ်နေတဲ့ အနက်ရောင် စွမ်းအားတွေက ဖိနှိပ်နိုင်စွမ်း ပြင်းထန်တယ်။

“ရန်ရွှယ်။” ရန်ရွှယ်က သူ့ရဲ့ ချိတ်ပိတ် ထားတာကို အခုချိန်မှာ ဖွင့်ထုတ် နိုင်မယ်လို့ မထင်ထား မိဘူး။ တိုက်ပွဲက ပြီးတော့မှာလေ။ မဟုတ်ဘူး။ မှားနေပြီ။ ရန်ရွှယ် လုပ်တာ မဟုတ်ဘူး။ ရှီဖုန်း လက်ချက်ပဲ။

ဖန်ကျန်းရှီ မြေပြင်ပေါ်မှာ ဘောလုံး တစ်လုံးလို ကွေးနေတဲ့ ရှီဖုန်းကို လှမ်းကြည့်မိတယ်။ ရှီဖုန်းကတော့ ရက်စက်တဲ့ အပြုံးနဲ့ ပြုံးပြ နေခဲ့တယ်။

“ဟဟား။ ဖန်ကျန်းရှီ မင်း အခုတော့ ဘာတတ်နိုင် သေးလဲ။” ရှီဖုန်းရဲ့ အသံက မသေခင်တောင် အတော်လေး ပျော်နေတဲ့ ပုံပဲ။ ရန်ရွှယ်က နတ်သက်ကြွေ အဇူရာ ဖြစ်နေတဲ့ အတွက်၊ သူက တားဆီးလို့ မရတဲ့ လူသတ်စက်ကြီး ဖြစ်သွားပြီဆိုတာ ရှီဖုန်း သိတယ်လေ။

“သေလိုက်စမ်း။ ရှီဖုန်း။” ဖန်ကျန်းရှီ နောက်တစ်ခေါက် လှုပ်ရှားတယ်။ ပြင်းထန်တဲ့ လူသတ်ငွေ့တွေလည်း သူ့ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။ သူ့ရဲ့ ပုခုံးက ဒဏ်ရာရ ထားပေမယ့်၊ သူ့ဒေါသကြောင့် တိုက်ခိုက် နိုင်စွမ်းက လျှပ်စီး လက်သလို မြန်ဆန် နေဆဲ။ ရှီဖုန်းကို ခြေရာမဲ့ ဓားနဲ့ ခုတ်ချလိုက်တယ်။ ခရမ်းရောင် အလင်းတန်းက ဓားကနေ တောက်ပ လာတော့တယ်။

“ဝုန်း။” ပေါက်ကွဲသံကြီးနဲ့ အတူ ရှှီဖုန်းရဲ့ ခန္ဒာကိုယ်က ချက်ခြင်း နှစ်ခြမ်း ကွဲထွက် သွားတော့တယ်။ ဒါပေမယ့် ရှီဖုန်းကတော့ ပြုံးနေဆဲ။ ရှီဖုန်း သေသွားတဲ့ အချိန်မှာပဲ ရန်ရွှယ်က သူ့ရဲ့ လက်မောင်း နှစ်ဖက်ကို ဖြည်းဖြည်းချင်း မရင်းနဲ့ လှုပ်ရှား နေခဲ့ပြီ။ လက်ချောင်းတွေကို ဆုပ်ရင်း လက်သီး ပြင်နေတယ်။ လုံး၀ ပြန်ကောင်းသွားပြီ။

“သတ်။” သူဟိန်းဟောက်တယ်။ မရေမတွက်နိုင်တဲ့ အနက်ရောင် အငွေ့အသက်တွေက ရန်ရွှယ့် ခန္ဒာကိုယ်ကို ဝန်းရံသွားတယ်။ အနက်ရောင် လက်သည်းကြီးတွေလိုပဲ။

“ရန်ရွှယ်။” ဒီမြင်ကွင်းကို ရန်ချန်လိ မြင်တော့ သူ့အမူအယာ ချက်ခြင်း ပြောင်းလဲသွားတယ်။ သူလည်း နတ်သက်ကြွေ အဇူရာကို ကောင်းကောင်းသိတယ်။ ကောင်းကောင်း သိလွန်းလို့ပဲ သူကြောက်လန့် ရတာ။ ဒါပေမယ့် ရန်ရွှယ့် လက်ရှိ ပုံစံကတော့ ပြန်ပြင်ဖို့ ခက်ခဲနေတယ်။ သူ့ရဲ့ ကူကယ်ရာမဲ့ အဖြစ်ကို ဒေါသတကြီး ကျိန်ဆဲ နေခဲ့တဲ့ စွမ်းအားတွေကို ပြန်လိုချင်နေခဲ့တဲ့ ရန်ရွှယ်။ ဒီစိတ်ဆန္ဒကြောင့် သူ့ရဲ့ ခန္ဒာကိုယ်ထဲက နတ်သက်ကြွေ အဇူရာကို ထိန်းချုပ်နိုင်စွမ်း ပျောက်ကွယ် သွားစေတယ်။

“ဝုန်း။” အနက်ရောင် တိမ်တွေ ရန်ရွှယ့် ခြေထောက် အောက်ကနေ ထွက်ပေါ်လာတယ်။ ကောင်းကင် တစ်ခွင်လုံး အနက်ရောင် တိမ်တွေ ဖုံးအုပ် သွားပြီးတော့ မည်းမှောင် လာတော့တယ်။ အဲ့ဒီ့နောက် သူလှုပ်ရှားတယ်။ တစ်ချက်လေးတောင် မတွေဝေဘူး။ ဒုတိယ အကြီးအကဲဆီကို ပြေးဝင်တယ်။ ငွေရောင် သွေးယပ်တောင်က သူ့လက်ထဲမှာ ပေါ်လာတယ်။ သူ့ခန္ဒာကိုယ်က လိုပဲ လူသတ်ချင်စိတ် အပြည့်နဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေ ယပ်တောင်မှာ ပြည့်နေခဲ့တယ်။

ဒုတိယ အကြီးအကဲ မျက်နှာ အမူအယာ ပြောင်းလဲသွားတယ်။ ဒါကို သူလုံး၀ မမျှော်လင့် ထားခဲ့ဘူး။ အခုချိန်မှာ ရန်ရွှယ်က စစ်မှန်တဲ့ နတ်သက်ကြွေ အဇူရာ ဖြစ်နေပြီ။ အရင်တစ်လက ကောင်းကင် ကျောင်းတော် ခန်းမမှာ ပြောင်းလဲ ခဲ့တာထက်ကို ပိုပြီးတော့ ပြီးပြည့်စုံနေပြီ။ အခု အခြေအနေမျိုးမှာ ချီကူယန် ရှိနေရင်တောင် ရန်ရွှယ့်ကို ပြန်ထိန်းချုပ်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ သတ်မှ ဖြစ်မယ်။

“သူက နတ်သက်ကြွေ အဇူရာ ဖြစ်သွားမှတော့ ငါတို့ သူ့ကို ထိန်းသိမ်းထားလို့ မရတော့ဘူး။” ဒုတိယ အကြီးအကဲ သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ သူ့ခန္ဒာကိုယ်ကနေ ရွှေရောင် အလင်းတန်းကြီး တောက်ပလာတယ်။ တစ်ချိန်တည်းမှာပဲ ရွှေရောင် ခေါင်းလောင်းကြီး တစ်လုံး အသွင် အရိပ်ကြီး ဖြစ်ပေါ် လာတော့တယ်။ ရွှေရောင် ခေါင်းလောင်းကြီးပေါ်မှာ ဓားကိုးလက်လည်း ရှိနေခဲ့တယ်။

“ဓားတွေ ထလော့။” ဒုတိယ အကြီးအကဲ ပြောတယ်။ ဓားကိုးသက် အသက်ဝင်လာတော့တယ်။ ခေါင်းလောင်းကြီးကို ပတ်ချာလည်လှည့်ပြီး ပျံဝဲ နေကြတယ်။ ကောင်းကင် တာအို ခန်းမရဲ့ ဒုတိယ အကြီးအကဲ။ သူ့စွမ်းအားက မြင့်မြတ် နယ်မြေရဲ့ ထိပ်သီးတွေထဲ ပါတယ်။ သူ့စွမ်းအားက ရှီဖုန်းထက်တောင် ကျော်လွန်သေးတယ်။

ဓာကိုးလက် ပျံထွက် လာတဲ့ အချိန်မှာ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါ လာတော့တယ်။

“ငါ့မြေးကို ထိခိုက်ဖို့ တွေးတောင် မတွေးနဲ့။” ရန်ချန်လိ မျက်နှာက မည်းမှောင်နေပြီ။ တကယ်တော့ သူ့ဒဏ်ရာက မသက်သာသေးဘူး။ ဒါပေမယ့် ဒုတိယ အကြီးအကဲဆီကို မြန်နိုင်သလောက် မြန်အောင် ပြေးလာနေတယ်။ သူ့တကိုယ်လုံးကို အနီရောင် အလင်းတန်းက ဖုံးအုပ် ထားခဲ့တယ်။

“ရန်ချန်လိ ခေါင်းမမာနဲ့။ ရန်ရွှယ်က နတ်သက်ကြွေ အဇူရာ ဖြစ်နေပြီ။ ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး။” ဒုတိယ အကြီးအကဲကတော့ ရန်ချန်လိကြောင့် တွေေ၀ မနေခဲ့ဘူး။ သူ့လက်ထဲက ရွှေရောင် ဓားနဲ့ ရန်ရွှယ့်ကို ချိန်ရွယ်လိုက်တယ်။ အဲ့ဒီ့နောက် တခြား ရွှေရောင် ဓားကိုးလက်လည်း ရန်ရွှယ့် ဆီကို ပျံထွက်သွားတယ်။ “သတ်။”

“ဝုန်း ဝုန်း ဝုန်း။” ပေါက်ကွဲသံက ဆက်တိုက် ထွက်ပေးနေတယ်။ ရွှေရောင် ဓားကိုးလက်က ဆက်တိုက် ထိုးခုတ် နေခဲ့တယ်။ မြေကြီးက အက်ကွဲရာတွေလည်း လုံး၀ ပွင့်ထွက်ပြီးတော့ အနက်ရောင် အငွေ့အသက်တွေ ထွက်ပေါ် လာတော့တယ်။ ဒီအနက်ရောင် အငွေ့အသက်ထဲမှာ ရွှေရောင်ဓား ကိုးလက်က ဆက်ပြီးတော့ လှုပ်ရှား နေကြတယ်။

ဒီရွှေရောင်ဓားတွေ အသာစီး ရနေတာကို လူတိုင်း မြင်နိုင်တယ်။ ဒါပေမယ့် အနက်ရောင် အငွေ့အသက်တွေကို အပြည့်အ၀ မဖိနှိပ်နိုင်ဘူး။ အငွေ့အသက်တွေက မြေပြင်က ထွက်လာတဲ့ အချိန်တိုင်း ပိုပြီးတော့ သိပ်သည်း လာတယ်။

ဒုတိယ အကြီးအကဲ ချွေးပျံ နေခဲ့ပြီ။ နတ်သက်ကြွေ အဇူရာက မကောင်းဆိုးဝါး အဇူရာရဲ့ စစ်သည်တော် တစ်ယောက်လိုပဲ။ သူ့ရဲ့ စွမ်းအားနဲ့ အဆင့်အတန်းက တိုက်ရိုက် သက်ရောက်တယ်။ ရွှေရောင် အလင်းတန်းတွေ အနက်ရောင် အရှိန်အဝါကို တွန်းတိုက်နေတယ်။

ဒီအချိန်မှာပဲ ရန်ချန်လိက ဒုတိယ အကြီးအကဲရဲ့ ရှေ့မှာ ပေါ်လာတယ်။ ရန်ရွှယ် နတ်သက်ကြွေ အဇူရာ ဖြစ်သွားရင်တောင် သူ့ကို ဒီလို သတ်မှာ ကြည့်မနေနိုင်ဘူး။ ဒါက သူ့မြေး။ ချက်ခြင်း ရန်ချန်လိ လက်သီးဆုပ် လိုက်တယ်။ သွေးနီရောင် အလင်းတန်းက သူ့လက်ကို ဖုံးအုပ် သွားပြီးတော့ လှံတစ်ချောင်း ပုံစံကို ပြောင်းလဲ သွားတယ်။

“မင်းဘယ်လောက်ပဲ သန်မာ သန်မာ။ ထင်သလောက် မမြန်ရင် အသုံးမဝင်ဘူး။” ဒုတိယ အကြီးအကဲကတော့ ရန်ချန်လိ ရောက်လာတာကို အံ့သြ မနေတော့ဘူး။ လက်ကို ဆန့်ထုတ်ရင်း ရန်ချန်လိရဲ့ ပုခုံးကို ဖမ်းဆွဲတယ်။ ပြီးတော့ ပြောလိုက်တယ်။ “ခေါင်းလောင်း ဆင်းသက်။”

သူ့ရဲ့ အော်သံနဲ့ အတူ၊ သူ့ခန္ဒာကိုယ် ပတ်လည်က ရွှေရောင် ခေါင်းလောင်းကြီး စတင် လှုပ်ရှားတော့တယ်။ ဒီခေါင်းလောင်းကြီးက ရန်ချန်လိ ခန္ဒာကိုယ်ကို ဖုံးအုပ် သွားတယ်။

“ခဘွန်း။” ကျယ်လောင်တဲ့ အသံကြီးနဲ့ ရန်ချန်လိရဲ့ ခန္ဒာကိုယ် မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်း ကျသွားတယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးကို ကြီးမားတဲ့ ရွှေခေါင်းလောင်းကြီးက ဖုံးအုပ်ထားတယ်။ လွတ်လမ်း မရှိဘူး။ ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဒီမြင်ကွင်းကို မြင်တော့ တအံ့တသြ ပြောမိကြတယ်။

“ဒုတိယ အကြီးအကဲက တကယ့်ကို အင်အား ကြီးတာပဲ။”

“အမှန်ပဲ။ ဒုတိယ အကြီးအကဲရဲ့ ရှေးခေါင်းလောင်းက ဒဏ္ဍာရီလာ ရတနာပဲ။ တိုက်ခိုက်တာကော ခုခံတာကော လုပ်နိုင်တယ်။ ရန်ချန်လိ အယောက် ငါးဆယ် ရှိရင်တောင် ဒုတိယ အကြီးအကဲကို မနိုင်နိုင်ဘူး။”

“သတ်ကြ။ ဒုတိယ အကြီးအကဲ အတွက်။ ကောင်းကင် တာအို ခန်းမရဲ့ ဂုဏ်သိက္ခာ အတွက်။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေက အရိပ်မျိုးနွယ်စုတွေနဲ့ တိုက်ခိုက်နေရင်း စိတ်ဓာတ် အင်အားအပြည့်နဲ့ အော်ဟစ်ကြတယ်။ အနိုင်ဆိုတာ စစ်မှန်တဲ့ အင်အားကြီးသူ အတွက်ပဲ ဖြစ်ရမယ်။ ဒုတိယ အကြီးအကဲသာ ရန်ချန်လိနဲ့ ဖန်ကျန်းရှီကို ထိန်းချုပ် ထားနိုင်ရင် သူတို့လည်း အချိန် အကြာကြီး အရေးနိမ့် နေမှာ မဟုတ်ဘူး။ ကောင်းကင် တာအို ခန်းမက စစ်ကူတွေလည်း ရောက်လာလိမ့်မယ်။

ဓားတစ်ချောင်း ခန္ဒာကိုယ် ထဲကို ဝင်သွားတဲ့ အသံတွေကို ကြားနေရတယ်။ အရိပ်မျိုးနွယ် တပည့်သား တစ်ယောက် မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်။ သူ့ခြေထောက် အောက်မှာ သွေးတွေက နေရာ အနှံ့ကို ပျံ့ကျဲ နေခဲ့တယ်။ စတုတ္ထ အကြီးအကဲနဲ့ ဆဋ္ဌမ အကြီးအကဲကို အရိပ်မျိုးနွယ် တပည့်သားတွေ ဘယ်လို ယှဉ်နိုင်မှာလဲ။ အချိန် ကုန်လာတာနဲ့ အမျှ အရိပ်မျိုးနွယ် တပည့်သားတွေ ပိုပြီးတော့ ကျဆုံး လာတော့တယ်။

“မဖြစ်ဘူး။ ငါတို့တွေ ကိုင်တွယ် နိုင်မှ မဟုတ်ဘူး။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ကြောက်လန့် တကြား ပြောတယ်။ သူ့ရဲ့ မူလ အစီအစဉ်က အမွှေးတိုင် တိုင်ဝက်စာ အချိန်ဆွဲ ထားဖို့ပဲ။ အခုတော့ ဘာတွေ ဖြစ်ကုန်ပြီလဲ။ အချိန်က ကုန်လွန်သွားတာ ကြာပြီ။ ယွမ်ရုန်နဲ့ တခြားသူတွေလည်း ဖန်ကျန်းရှီ လက်ထဲမှာ သေကုန်ပြီ။ ဒါပေမယ့် ရန်ရွှယ် ရုတ်တရက် ပုံစံ ပြောင်းသွားတာကြောင့် သူလည်း ထွက်မသွားနိုင် ဖြစ်နေရတယ်။

သူထွက်ပြေးလို့ ရအုန်းမှာလား။ အကယ်၍ သူသာ ထွက်သွားရင်၊ တိုက်ပွဲကတော့ ရက်ရက်စက်စက် အခြေအနေ ဆိုးသွားလိမ့်မယ်။ အရိပ်မျိုးနွယ်က ပိုပြီးတော့ အင်အား ကြီးလာတာကို သုခမိန်ကြီး သိတယ်။ အကယ်၍ ကောင်းကင် တာအို ခန်းမမှာသာ ဆက်တိုက်ခိုက် နေရင်တော့ အထိနာမှာကို ပိုပြီးတော့တောင် သိသေး။

အခုက ကောင်းကင် တာအို ခန်းမရဲ့ နယ်မြေ ဖြစ်နေတယ်။ အခု ဖြစ်နေတဲ့ တိုက်ပွဲကြောင့် အပေါ်က အကြီးအကဲတွေ ဆင်းလာရင် တိုက်ပွဲက နောက်ဆုတ်လို့ ရတော့မှာ မဟုတ်ဘူး။

“ရန်ရွှယ့်ကို ခေါ်သွားလိုက်။” တိုက်ပွဲ အချိန် အကြာကြီး ဆက်ဖြစ်နေလို့ မရတာကို ကောင်းကင် အိုအေစစ် သုခမိန်ကြီး သိတယ်။ တိုက်ပွဲ ဆက်ဖြစ် လေလေ၊ အရိပ်မျိုးနွယ် ပိုပြီးတော့ အထိနာလေပဲ။ ဒါကြောင့် မြန်မြန် ထွက်ပြေးဖို့ပဲ သူလုပ်နိုင်တယ်။

ဒါပေမယ့် ထွက်ပြေးဖို့တောင် ခက်ခဲတယ်။ ရန်ရွှယ့်ရဲ့ လက်ရှိ အခြေအနေက လွယ်လွယ် ခေါ်သွားလို့ ရမှာ မဟုတ်ဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး တွေးနေတာကို ရန်ချန်လိ သိတယ်။ တကယ်တော့ သူလည်း ရန်ရွှယ့်ကို ပြန်ခေါ်သွားချင်တယ်။ ဒါပေမယ့် ဘယ်လို လုပ်ရမှာလဲ။ သူက ထောင်ချောက်ထဲမှာ ရောက်နေခဲ့ပြီ။ သူထောင်ချောက်ထဲ မရောက်ရင်တောင် ရန်ရွှယ့်ကို အနိုင်ယူပြီးတော့ ပြန်ခေါ်ဖို့က ခက်ခဲတယ်။

“အဖိုးကြီးခြောက်။ ဒီကိစ္စ မင်းကို လွှဲထားလိုက်မယ်။ ဒုတိယ အကိုကို ငါသွားကူညီလိုက်မယ်။” စတုတ္ထ အကြီးအကဲ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ထွက်ပြေးဖို့ ကြံနေတာကို သတိ ထားမိလိုက်တယ်။ တိုက်ပွဲကနေ ထွက်လာပြီးတော့ ဒုတိယ အကြီးအကဲဆီကို ပျံထွက်တယ်။

“ထွက်သွားဖို့ မစဉ်းစားနဲ့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ကြောက်လန့် တကြားနဲ့ တားဆီးဖို့ ပြင်တယ်။ ဒါပေမယ့် ဆဋ္ဌမ အကြီးအကဲက သူ့ရှေ့မှာ ရပ်နေခဲ့ပြီ။ သူ့ဓားက အေးစက်စက် အလင်းတန်းတွေ တောက်ပနေတယ်။ မျက်နှာကလည်း အေးစက် နေခြ့တယ်။

“မင်းရဲ့ ပြိုင်ဘက်က ငါပဲ။” ဆဋ္ဌမ အကြီးအကဲရဲ့ အသံက အေးဆေးတယ်။ ဒီနေ့ တိုက်ပွဲက ပြန်ပြင်လို့ မရတော့ဘူး။ ဒီတော့ ဆက်တိုက်ခိုက် မှပဲ ရမယ်။

“စတုတ္ထ အကို။ ရန်ရွှယ်နဲ့ ရန်ချန်လိကို ငါထိန်းထားမယ်။ မင်းက ဖန်ကျန်းရှီကို ထိန်း။” ဒုတိယ အကြီးအကဲ လှမ်းအော်တယ်။ တိုက်ပွဲ ရလဒ်က သေချာနေတာကို သူသိတယ်။ စတုတ္ထ အကြီးအကဲသာ တိုက်ခိုက်ရင် ဖန်ကျန်းရှီကော ရန်ချန်လိပါ မလွတ်မြောက် နိုင်တော့ဘူး။ အကြောင်းရင်းကတော့ ရှင်းပြတယ်။ ရန်ရွှယ့်ကို သူတို့ ခေါ်သွားလို့ မရနိုင်လို့လေ။ ရန်ရွှယ်သူ ဒီမှာ ဆက်ရှိနေရင် ဘယ်သူမှ မလွတ်မြောက် နိုင်ဘူး။

“ကောင်းပြီ။” စတုတ္ထ အကြီးအကဲ သဘောတူလိုက်တယ်။ ဖန်ကျန်းရှီဘက်ကို သူပြန်လည့်တယ်။ အဲ့ဒီ့ အချိန်မှာပဲ ထက်ရှတဲ့ အနက်ရောင် လက်သည်းတွေက စတုတ္ထ အကြီးအကဲရဲ့ ခြေထောက်ကို လိုက်ဆွဲတယ်။ စတုတ္ထ အကြီးအကဲ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ နောက်ထက် လက်သည်းနက် သူ့လည်ပင်းကို လာကုတ်ဆွဲတယ်။

“ဆိုးလိုက်တဲ့ နတ်သက်ကြွေ အဇူရာ။” ဒုတိယ အကြီးအကဲ သူ့ညီနောင် ပိတ်မိသွားတာ မြင်တော့ မအံ့သြပဲ မနေနိုင်ဘူး။ ရန်ရွှယ့်ကို သူလုံး၀ ဖိနှိပ် ထားတာလေ။ ဒါတောင် ရန်ရွှယ်က သူ့ညီနောင်ကို တိုက်ခိုက် နိုင်သေးတယ်။ ရှင်းပြလို့ မရတဲ့ အကြောင်းအရာတွေ ရှိနေတယ်။ ပြင်းထန်တဲ့ စိတ်ဆန္ဒကြောင့် ဖြစ်လိမ့်မယ်။

“သူငယ်ချင်း သူငယ်ချင်းဆိုတာ ဘာလဲ။” ဒီအချိန်မှာ အသံ တစ်သံ ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် မှင်စိမ်းရောင် အရိပ်က စတုတ္ထ အကြီးအကဲ ရှေ့ကို ရောက်လာတယ်။ သူ့ရဲ့ အကြည့်က မြေပြင်ပေါ်က လက်သည်းနက်တွေလိုပဲ ထက်ရှတယ်။ အမူအယာကတော့ လုံး၀ စိတ်ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။

“ရန်ချင်း မင်းဘာလုပ်တာလဲ။ ထွက်သွားစမ်း။” စတုတ္ထ အကြီးအကဲ လှမ်းအော်တယ်။ သူ့စကားတောင် မဆုံးသေဘူး။ ရန်ချင်းရဲ့ လက်သီးက သူ့မျက်နှာပေါ်ကို ကျလာပြီ။ တစ်ချက်လေးတောင် မတွေဝေပဲ မျက်ခွက်ကို ပိတ်ထိုး လိုက်တာပဲ။

သူ့ရဲ့ လက်သီး စတုတ္ထ အကြီးအကဲရဲ့ မျက်နှာပေါ် ကျသွားတဲ့ အချိန်မှာပဲ အသံ တစ်သံ ထွက်ပေါ် လာတော့တယ်။ “ငါလည်း သူငယ်ချင်း လိုချင်တယ်။”

အပိုင်း (၇၃၈) ပြီး၏။

အပိုင်း (၇၃၉)

“လူတစ်ယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ လုံး၀ ထိုးချခြင်း။”

…

စတုတ္ထ အကြီးအကဲရဲ့ မျက်နှာက နာကျင်မှုကြောင့် ယောင်ယမ်း လာတော့တယ်။ ရန်ချင်းရဲ့ လက်သီးချက်ကြောင့် မဟုတ်ဘူး။ ရန်ချင်းရဲ့ လက်သီးချက်က သူ့ကို အများကြီး မနာကျင်စေ နိုင်ဘူး။ ဒါပေမယ့် မျက်နှာကို လက်သီးနဲ့ ကိုယ်တိုင် ထိုးခံ ရမှာပဲ စိတ်နာကျင်တာကို နားလည် နိုင်လိမ့်မယ်။ နောက်ပြီးတော့ ကောင်းကင် တာအို တပည့်သား တစ်ယောက်က သူ့ကို ဒီလို စော်ကားတာ။

တိတ်ဆိတ်နေတယ်။ ကောင်းကင် တာအို တပည့်သားတွေ အထိတ်တလန့်နဲ့ ကြည့်နေခဲ့တယ်။ ရန်ချင်း ဒီလို လုပ်မယ်လို့ မထင်ထား မိဘူး။ နောက်ပြီးတော့ အရမ်းကို စိတ်ဆုံးဖြတ်ချက် ပြတ်သား နေတဲ့ ပုံစံပဲ။.

“ရန်ချင်းက ရူးသွားတာလား။”

“ဘာ သူငယ်ချင်းလဲ။ ဒီကောင် ဘာတွေ တွေးနေတာလဲ။”

“သေမှာ မကြောက်ဘူးလား။”

ကောင်းကင် တာအို တပည့်သားတွေ နားမလည်နိုင်။ အခု အခြေအနေမှာ ဘယ်သူ အသာစီး ရနေမှန်း သိသာ နေတာပဲလေ။

“စတုတ္ထ ညီလေး။” ဒုတိယ အကြီးအကဲလည်း ဆက်မပြောနိုင်တော့၊ သူ့ညီနောင် အကြောင်းကို သူကောင်းကောင်း သိတယ်။ သူ့ညီနောင်က စိတ်ဓာတ် မကြမ်းတမ်းဘူး။ ဒါပေမယ့် အတော့်ကို မာနကြီးတယ်။ သူ့မျက်နှာကို လက်သီးနဲ့ ထိုးတယ်။ ကောင်းကင် တာအို တပည့်သားတွေ အများကြီးရဲ့ ရှေ့မှာ ဒီလို လက်သီးနဲ့ အထိုး ခံရတာကို ဘယ်သူကများ သည်းခံ နိုင်မှာလဲ။

“ဝုန်း။” ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် အနက်ရောင် လက်သည်းတွေက စုဝေးလာပြီးတော့ စတုတ္ထ အကြီးအကဲကို လုံး၀ လွင့်ထွက် သွားတော့တယ်။ ဒုတိယ အကြီးအကဲ တွေးသလိုပဲ။ စတုတ္ထ အကြီးအကဲက အရမ်းကို ဒေါသ ထွက်နေတယ်။

အလင်းတန်း တစ်ခု ကောင်းကင်ကနေ ဆင်းသက် လာပြီးတော့ စတုတ္ထ အကြီးအကဲရဲ့ ခန္ဒာကိုယ်ကို ပင်လယ် လှိုင်းတွေလို ရှိုက်ခတ်တယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်ထဲကို စီးဝင် သွားတော့တယ်။ တစ်ချိန်တည်းမှာပဲ စတုတ္ထ အကြီးအကဲရဲ့ မျက်နှာက အလင်းတန်းတွေ တောက်ပ လာတော့တယ်။ တောက်ပတဲ့ အလင်းတန်းက သူ့ အသားအရေမှာ ဖြာထွက်နေတယ်။ အဲ့ဒီ့နောက် သူလှုပ်ရှား တော့တယ်။

သူ့ဓားက နှစ်လက် ကွဲထွက်သွားတယ်။ အပြာရောင် တစ်လက် အနီရောင် တစ်လက်။ အနီရောင်ဓားက မီးတွေလို တောက်လောင်တယ်။ အပြာရောင် ဓားကတော့ ရေလိုပဲ။ တစ်ခုက အပူဓာတ်တွေကို ထုတ်လွှတ်တယ်။ နောက်တစ်ခုကတော့ ရေခဲလို အေးစက်တယ်။ ဓားနှစ်လက်လုံးရဲ့ အရှိန်အဝါက လုံးဝကို ကွာခြား နေတယ်။

“အဲ့တာ စတုတ္ထ အကြီးအကဲရဲ့ ရေခဲမီး ဓားတွေ မဟုတ်လား။”

“ဒီဓား နှစ်လက်ကို မမြင်ရတာ အချိန် ကြာလှပြီ။”

“အမှန်ပဲ။ စတုတ္ထ အကြီးအကဲ တကယ်ပဲ ဒေါသ ထွက်နေမှာကို စိုးရိမ် မိတယ်။”

ကောင်းကင် တာအို တပည့်သားတွေ ဒီဓားနှစ်လက် အကြောင်းကို ကောင်းကောင်း သိကြတယ်။ တစ်ခုက ရေခဲ၊ တစ်ခုက ဓား။ ဓားနှစ်လက်က မီးတောက်လို ပူပြင်းတဲ့ နေရာနဲ့ ရေခဲလို အေးခဲနေတဲ့ နေရာ နှစ်ခုကနေ လာတယ်။ စတုတ္ထ အကြီးအကဲရဲ့ ဓားက သူ့ဘဝကိုလည်း ကိုယ်စားပြုတယ်။

ရေ မီး တာအို နှစ်ခုကို ပညာရှင် အဆင့် မရောက်ခင် အချိန်မှာ ရေခဲ ဒေသနဲ့ မီးလို ပူပြင်းတဲ့ ဒေါသ နှစ်ခုမှာ လေ့ကျင့် ခဲ့တယ်။ အဲ့ဒီ့နောက် တာအို နှစ်ခုကို ပေါင်းစည်းပြီးတော့ တစ်ခုတည်း ဖြစ်အောင် လုပ်လိုက်တယ်။ ကောင်းကင် တာအို တပည့်သားတွေ အားလုံး အကြီးအကဲရဲ့ မီးရေ သုခမိန် ပုံစံ ပြောင်းလဲ သွားတာကို ကြည့်ရင်း ကြောက်လန့် နေခဲ့တယ်။ ဒီအချိန်မှာပဲ ရန်ချင်း နောက်ကနေ လူတစ်ယောက် ပျံထွက်သွားတယ်။

ဒီလူက ရန်ချင်းရဲ့ ကြီးမားတဲ့ ခန္ဒာကိုယ်ကို သုံးပြီးတော့ သူ့ခန္ဒာကိုယ်ကို ပုံရိပ်ယောင် တစ်ခုလို အမြင်မှားအောင် လုပ်လိုက်တာပဲ။ ဒါပေါ့။ ဘယ်သူကမှ ဒါကို အရေးကြီးတယ်လို့ မထင်မိဘူး။ အရေး အကြီးဆုံးကတော့ ရန်ချင်း နောက်က အရိပ်ပဲ။ သူပြေးထွက် လာလာချင်း မှာပဲ ဒေါသထွက်နေတဲ့ စတုတ္ထ အကြီးအကဲရဲ့ မျက်နှာကို ကန်ချလိုက်တယ်။

မြန်တယ်။ အရမ်းကို မြန်ဆန်တယ်။ ဒီကန်ချက် ထွက်ပေါ်လာတဲ့ အချိန်မှာပဲ အချိန်တွေ မျက်တောင် တစ်ခတ် အတွင်း ကုန်ဆုံး သွားသလိုပဲ။ အဲ့ဒီ့နောက် ခပ်ထုံထိုင်းထိုင်း အသံကို ကြားလိုက်ရတယ်။ စတုတ္ထ အကြီးအကဲ နောက်ကို ခြေငါးလှမ်းစာ လွင့်ထွက် သွားခဲ့တယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်ကို ခေါင်းနဲ့ ကျလာခဲ့တယ်။

“..”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အခုချိန်မှာ တကယ့်ကို အထိတ်တလန့် ဖြစ်နေကြတယ်။ ဖန်ကျန်းရှီ နောက်တစ်ခေါက် ထရပ်လာမယ်လို့ ဘယ်သူမှ မထင်ထား ခဲ့မိဘူး။ စတုတ္ထ အကြီးအကဲ ဒေါသမီးတွေ တောက်လောင်နေတဲ့ အချိန်မှာပဲ သူက နောက်တစ်ကြိမ် ကန်ထုတ် လိုက်တယ်တဲ့လား။ နောက်ပြီးတော့ မျက်နှာ တည့်တည့်ကို။

စတုတ္ထ အကြီးအကဲ သူ့ရှေ့က ရပ်နေတဲ့ သူကို စိုက်ကြည့်တယ်။ ဒီလူ့ရဲ့ တကိုယ်လုံးက သွေးတွေ ရွဲနစ် နေပြီးတော့ အပြာရောင် ဝတ်ရုံကလည်း စုတ်ပြဲ နေခဲ့တယ်။ ကောင်းကင် တာအို တပည့်သား တွေကတော့ လုံးဝကို တိတ်ဆိတ် နေခဲ့တယ်။

“ဟန်ရေးပြ နေတာလား။ ငါမင်းကို မကြောက်ဘူး။” ဖန်ကျန်းရှီရဲ့ အသံ ထွက်ပေါ်လာတယ်။ သူ့အသံက မကျယ်ပေမယ့် ကောင်းကင် တာအို ခန်းမ တပည့်သားတွေ အားလုံး သူ့အသံကို ကောင်းကောင်း ကြားကြတယ်။ လေကကြီး တစ်ခုလုံး ရပ်တန့် သွားတဲ့ အတိုင်းပဲ။ လူတိုင်းက သူတို့ ရပ်နေတဲ့ နေရာမှာပဲ တောင့်တင်း နေကြတယ်။ အဲ့ဒီ့နောက် ဒေါသတကြီး အော်သံကြီးကို ကြားလိုက်ရတယ်။

“အား။ ဖန်ကျန်းရှီ ငါမင်းကို သတ်မယ်။” စတုတ္ထ အကြီးအကဲ အခုချိန်မှာ ဘယ်လောက်တောင် စိတ်ဆိုးနေမှန်း လူတိုင်း သိနိုင်တယ်။ မြေပြင်တစ်ခုလုံး ခပ်ကြမ်းကြမ်း တုန်ခါ လာခဲ့တယ်။ စတုတ္ထ အကြီးအကဲရဲ့ ဆံပင်တွေ လေထဲမှာ လွင့်ပျံ ကုန်ပြီ။ သပ်သပ်ရပ်ရပ် ချည်နှောင်ထားတဲ့ ပုံစံ မရှိတော့ဘူး။ လုံး၀ ရူုးသွပ်သွားဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။

“ညီနောင် စိတ်လျှော့။” ဒုတိယ အကြီးအကဲ ဒီမြင်ကွင်းကို မြင်တော့ စိတ်ထဲမှာ အန္တရာယ်ကို ကြောက်လန့် လာခဲ့တယ်။ ဖန်ကျန်းရှီက တမင်တကာ ရည်ရွယ်ချက် ရှိရှိ ဒီလို ကန်မှန်း သိတယ်။ ဒါပေမယ့် စတုတ္ထ အကြီးအကဲကတော့ ဒုတိယ အကြီးအကဲရဲ့ စကားလုံးတွေကို ကြားဟန် မတူဘူး။ သူ့မျက်နှာကို အကန် ခံလိုက် ရတာက သူ့ကိုယ်သူ ထိန်းချုပ် နိုင်စွမ်းတွေ ပျက်ပြား သွားစေနိုင်တယ်။

“အမ်။ ဒီအဖိုးကြီးက ရူးနေပြီ။ ရန်ချင်း မင်းကြောက်လား။” ဖန်ကျန်းရှီက ရူးသွပ်သလို ဖြစ်နေတဲ့ စတုတ္ထ အကြီးအကဲကို ကြည့်ရင်း ရန်ချင်းကို လှမ်းပြုံးပြတယ်။

“မကြောက်ဘူး။ လုံး၀ မကြောက်ဘူး။” ရန်ချင်းက ခေါင်းခါရင်းနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ တစ်ချိန်တည်းမှာပဲ သူ့မျက်ဝန်းကနေ သားရဲကောင် အလင်းတန်း တစ်ခု တောက်ပလာတယ်။

“သူ့ကို ငါတို့ အတူတူ တိုက်ခိုက် ကြမလား။” ဖန်ကျန်းရှီ နောက်တစ်ခေါက် ထပ်မေးတယ်။

“တိုက်မယ်။” ရန်ချင်း ခေါင်းငြိမ့်တယ်။

“အိုက်ယား။ ထူးထူးခြားခြား တခြားသူကို အရေအတွက် အများကြီးနဲ့ အနိုင်မကျင့် ရတာတောင် အချိန် အတော် ကြာခဲ့ပြီပဲ။” ဖန်ကျန်းရှီ ခေါင်းမော့ရင်းနဲ့ ပြန်စဉ်းစား နေခဲ့တယ်။ သူ့ဘက်မှာ လူတွေ အများကြီးနဲ့ တိုက်ခိုက်ခဲ့တာ အချိန်တောင် အတော် ကြာခဲ့ပြီ။

အဲ့ဒီ့ အချိန်တုန်းက ကြီးမြတ်သော ရှနိုင်ငံတော်မှာ တော်ဝင် ညီလာခံ စာမေးပွဲ ဖြေနေတဲ့ အချိန်ပေါ့။ အဲ့ဒီ့ တိုက်ပွဲမှာ၊ သူ၊ ရန်ရွှယ်နဲ့ တခြားလူတွေ အများကြီး ပါဝင် တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ့ တိုက်ပွဲကလို အတွေ့ အကြုံမျိုး နောက်ထပ် မရတော့ဘူး။

အခုတော့ ဒီလို ပျော်ရွှင်ရတဲ့ ခံစားချက်မျိုး နောက်တစ်ခေါက် ခံစားရပြီ။ အခုချိန်မှာ သူ့ပြိုင်ဘက်က စတုတ္ထ အကြီးအကဲ ဖြစ်နေခဲ့တယ်။ အလင်းတန်း တစ်ခု ထွက်ပေါ်လာတယ်။ ရန်ချင်းနဲ့ ဖန်ကျန်းရှီတို့ စကားပြောနေတဲ့ အချိန်မှာပဲ စတုတ္ထ အကြီးအကဲက တိုက်ခိုက်တယ်။ သူ့ဓား နှစ်လက်နဲ့ နှစ်ယောက်လုံးကို ထိုးချလိုက်တယ်။

ကြောက်စရာ အရှိန်နှုန်းနဲ့ အတူ ဓားနှစ်လက်က ဖန်ကျန်းရှီ ရှေ့ကို ရောက်လာတယ်။ မြန်လွန်းလို့ လေဟာနယ်ကို ခွင်းပြီးတော့ အသံကျယ်ကြီးတောင် ထွက်လာခဲ့တယ်။ အလင်းတန်း နှစ်ခု ရောက်လာတဲ့ အချိန်မှာ ရန်ချင်းက အရင်ဆုံး လှုပ်ရှားတယ်။

အကြီးအကဲရဲ့ ဓားကို လက်ဗလာနဲ့ ဖမ်းဆုပ်တယ်။ ဒါပေါ့၊ ဓားတစ်လက်ကိုပဲ သူဖမ်းဆွဲ နိုင်တာပေါ့။ မီးတောက်တွေ တောက်လောင်နေတဲ့ အနီရောင်ဓား။ ဒီဓားကို သူဖမ်းဆွဲ လိုက်တဲ့ အချိန်မှာ မီးဘောလုံး တစ်လုံးက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ ရန်ချင်းရဲ့ လက်မောင်းကို မီးတွေ လောင်ကျွမ်းတော့တယ်။

ဒါပေမယ့် ရန်ချင်းရဲ့ မျက်နှာကတော့ မပြောင်းလဲဘူး။ မီးတောက်တွေ လောင်ကျွမ်း နေတာကိုတောင် မခံစား ရသလိုပဲ။ မီးတောက်ကို ဖမ်းလိုက်ပြီးတာနဲ့ တပြိုင်နက် စတုတ္ထ အကြီးအကဲကို ခြေထောက်နဲ့ လှမ်းကန်တယ်။ ပေါင်ခြံ တည့်တည့်ကြီးကို လှမ်းကန်လိုက်တယ်။

“..” ရန်ချင်းရဲ့ တိုက်ခိုက်နည်းကို ဖန်ကျန်းရှီ ရင်းနှီး နေပင်မယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကို အနာခံပြီး ရက်စက် နိုင်စွမ်းကို အခုထိ လန့်နေ ရတုန်းပဲ။ ဒီပုံစံက အရမ်းကို ရန်ချင်း ပီသလွန်းတယ်။ ရူးချင်စရာ ကောင်းလောက်အောင်ကို အရိုင်းဆန်တယ်။ ဒါပေမယ့် စတုတ္ထ အကြီးအကဲကို အတူတူ တိုက်ခိုက်မယ် ပြောပြီးတည်းက ဒါတွေကို ဂရု မစိုက်နိုင်တော့ဘူး။

စတုတ္ထ အကြီးအကဲရဲ့ မီးတောက်ဓားကို ရန်ချင်း ဆွဲလိုက်တဲ့ အချိန်မှာပဲ ဖန်ကျန်းရှီလည်း လှုပ်ရှားတယ်။ မဟုတ်ရင် ရန်ချင်းလည်း ကန်နိုင်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။

စတုတ္ထ အကြီးအကဲရဲ့ နောက်ဓား တစ်လက်ကို ဖန်ကျန်းရှီက တားဆီးဖို့ မကြိုးစားဘူး။ သတ္တိ ရှိတဲ့သူပဲ အနိုင်ရလိမ့်မယ်။ ဖန်ကျန်းရှီက သေမှာ မကြောက်တာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် နှစ်ယောက် တစ်ယောက် တိုက်ပွဲမှာ သူ့အတွက်တော့ လာမယ့် အန္တရာယ်ကို ခုန်ရှောင်ဖို့ မခက်ခဲဘူး။ ဒါပေမယ့် စတုတ္ထ အကြီးအကဲကတော့ ခုန်ရှောင်ဖို့ ခက်ခဲတယ်။

ဒါကြောင့် သူခုန်မရှောင်ခဲ့ဘူး။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ သူသာ ခုန်ရှောင်လိုက်ရင် စတုတ္ထ အကြီးအကဲက ရန်ချင်းကို ဆွဲမှာလေ။ သူတို့ နှစ်ယောက်က အတူ တိုက်ခိုက် နေကြတာ၊ ရန်ချင်း ခုန်မရှောင်ရင်၊ သူလည်း ခုန်မရှောင်ဘူး။ ရန်ချင်းကော ဖန်ကျန်းရှီပါ ကိုယ့်ကိုယ်ကို ရက်စက်ဖို့ အသင့် ဖြစ်နေကြပြီ။

ဒေါသကြီးနေတဲ့ စတုတ္ထ အကြီးအကဲနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ သူတို့တွေ လုံး၀ နောက်မဆုတ်ဘူး။ ရှေ့ပဲ ဆက်တိုက် တိုးကြတယ်။ ရလဒ်ကတော့ ထင်ရှားပါတယ်။ စတုတ္ထ အကြီးအကဲ ဘယ်လောက်ပဲ ဒေါသ ထွက်နေပါစေ၊ သူက နောက်ဆုတ်မှာ မဟုတ်ဘူး။ ရန်ချင်းနဲ့ ဖန်ကျန်းရှီ နှစ်ယောက်ကို တိုက်ခိုက် နေရတာတောင်၊ အနိုင်ရဖို့ ယုံကြည်ချက် အပြည့်အ၀ ရှိနေဆဲ။

ဒါပေမယ့် ရန်ချင်းနဲ့ ဖန်ကျန်းရှီကတော့ သူ့ကို တလစပ် တိုက်ခိုက်နေဆဲ။ နောက်ပြီးတော့ နှစ်ယောက်လုံးက သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ လန့်စရာ ကောင်းလွန်းတယ်။ ရန်ချင်းရဲ့ ခြေထောက်နဲ့ ဖန်ကျန်းရှီရဲ့ ဓားကို သူ့ရဲ့ အရှိန်နှုန်းနဲ့ ခုန်ရှောင်လို့ ရတယ်။ သူ့ကိုယ်သူ ဒီနှစ်ယောက်ရဲ့ ကြားထဲ ရောက်အောင် ရွေ့လိုက်တယ်။ အဲ့ဒီ့နောက် တကယ့်ကို လန့်စရာ ကောင်းတဲ့ မြင်ကွင်း ဖြစ်လာတော့တယ်။

ရန်ချင်းရဲ့ အနီ်းကပ် တိုက်ပွဲမှာ တိုက်ခိုက်တဲ့ ပုံစံက တကယ့်ကို ကြောက်စရာ ကောင်းတယ်။ သူ့မှာ တိကျတဲ့ တိုက်ခိုက်နည်း မရှိဘူး။ စတုတ္ထ အကြီးအကဲ သူ့နားကို ရောက်လာတာ မြင်တာနဲ့ တစ်စက်လေးမှ မတွေဝေပဲ တိုက်ခိုက်တယ်။ စတုတ္ထ အကြီးအကဲရဲ့ ခေါင်းကို သူ့ခေါင်းနဲ့ ဝင်ဆောင့်လိုက်တယ်။

“ဝုန်း။” ခေါင်းနှစ်လုံး ထိသွားတဲ့ နေရာမှာ မီးပွားတွေ လွင့်စင်လာတယ်။ တကယ့် မီးပွား အစစ်တွေတော့ မဟုတ်ဘူး။ သွေးတွေး ဖြာထွက်လာတာပဲ။ သူတို့ နှစ်ယောက်လုံးရဲ့ ခေါင်းကနေ သွေးတွေ စီးကျ လာတော့တယ်။ ဖန်ကျန်းရှီလည်း နည်းနည်းတော့ မျက်လုံးပြူး နေနခဲ့တယ်။ ရန်ချင်းက အရိုင်းဆန်ပြီး ကြမ်းတမ်းတာကို သူသိတယ်။ ဒါပေမယ့် သူ့ရဲ့ ကြမ်းတမ်း နိုင်စွမ်းကို သူလျော့တွက် မိခဲ့တာပဲ။

စတုတ္တအကြီးအကဲရဲ့ ခန္ဒာကိုယ် သူ့ဆီ လွင့်လာတာကို ကြည့်ရင်း ဖန်ကျန်းရှီ အံကြိတ်လိုက်တယ်။ သူ့ခေါင်းနဲ့ စတုတ္ထ အကြီးအကဲရဲ့ နောက်စေ့ကို တိုက်ချလိုက်တယ်။

“တပ်။” သူ့ခေါင်းကတော့ ထင်သလောက် မမာတဲ့ အတွက် ရန်ချင်း ခေါင်းတိုက် တုန်းကလို အသံကျယ်ကျယ်တော့ ထွက်မလာခဲ့ဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ နောက်စေ့ကို မင်းရဲ့ ခေါင်းနဲ့ တိုက်ချလိုက်ရင်၊ အသာစီး ရသူကတော့ သိသာမှာပဲ။

ဖန်ကျန်းရှီ ခေါင်းတိုက် လိုက်ပြီးတဲ့နောက် နည်းနည်း မူးေ၀ လာခဲ့တယ်။ ဒါပေမယ့် ခေါင်းကို နှစ်ကြိမ် အတိုက်ခိုက် ခံလိုက်ရတဲ့ စတုတ္ထ အကြီးအကဲကတော့ တွေးတော နိုင်စွမ်းတွေ ပျောက်ဆုံး သွားပြီ။

လူဒေါသ ထွက်နေတာကို လူတိုင်း ခံစား သိမြင်နိုင်တယ်။ သူက အင်အားကြီးတယ်။ ဒီနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုလည်း ကောင်းကောင်း ခုန်ရှောင်နိုင်တယ်။ ဒါပေမယ့် အမှန်တရားကတော့ အခု တိုက်ခိုက်မှုမှာ သူအထိနာခဲ့ရတာပဲ။

ထူးဆန်းတာကတော့ ရန်ချင်းရဲ့ တိုက်ခိုက်မှုမှာ အကြီးမားဆုံး အားနည်းချက်က သူ့ရဲ့ တိုက်ခိုက်နည်းလို့ ထင်ခဲ့ မိတာပဲ။ ဒါကြောင့် အနီးကပ် တိုက်ခိုက်ဖို့ သူရွေးချယ်ခဲ့တယ်။ ပူနွေးတဲ့ သွေးတွေက စတုတ္ထ အကြီးအကဲရဲ့ ခေါင်းကနေ စီးကျ လာပြီးတော့ သူ့အမြင် အာရုံကို မှုန်ဝါး လာစေတယ်။

မျက်နှာကလည်း နီရဲနေသလို၊ မျက်လုံးတွေကလည်း ရီဝေနေတယ်။ ရန်ချင်းကတော့ နည်းနည်းလေးတောင် အမြင်မှုန်ဝါး မနေဘူး။ သတိကောင်းကောင်း ရှိနေပြီးတော့ ဆက်တိုက် တိုက်ခိုက်နိုင်နေခဲ့တယ်။

“ဝုန်း။” နောက်ထပ် အသံကျယ်ကြီး ထွက်လာတယ်။ ရန်ချင်းက စတုတ္ထ အကြီးအကဲရဲ့ ခေါင်းကို နောက်ထပ် ထပ်တိုက်တယ်။ ဒီတစ်ခေါက်က ပိုပြီးတော့ အရှိန်ပြင်းတယ်။ သွေးတွေ ဖြာထွက် လာပြန်တယ်။ လေထဲမှာ တောက်ပတဲ့ သွေးပန်းပွင့် နှစ်ပွင့် ပေါ်လာခဲ့တယ်။

ဖန်ကျန်းရှီကတော့ အထိတ်တလန့် မျက်လုံးပြူး နေခဲ့တယ်။ နှလုံးသားထဲကနေ ပြောနေမိတယ်။ သူ နောက်ထပ် ခေါင်းမတိုက်ချင်တော့ဘူး။ ဒါပေမယ့် စတုတ္ထ အကြီးအကဲရဲ့ ခန္ဒာကိုယ် သူ့အနား ထပ်ရောက်လာတာ မြင်တော့ နောက်ထပ် ရွေးချယ်စရာ မရှိတော့ ပြန်ဘူး။ ဒီအတိုင်းသာ ဆက်ထိန်း ထားနိုင်ရင် အနိုင်ယူပြီးတော့ ဆုတ်ခွာလို့ ရနိုင်တယ်။

“ရန်ချင်း ငလူးကောင်။” ဖန်ကျန်းရှိ စိတ်ထဲမှာ ကျိန်ဆဲမိတယ်။ အံကြိတ်ရင်းနဲ့ စတုတ္ထ အကြီးအကဲရဲ့ နောက်စေ့ကို နောက်တစ်ခေါက် ထပ်တိုက်လိုက်တယ်။

“တပ်။” နောက်ထပ် ထုံထိုင်းထိုင်း အသံ တစ်ခု ထွက်လာပြန်တယ်။ အခုချိန်မှာ စတုတ္ထ အကြီးအကဲ ဘယ်လို ခံစား နေရမလဲတော့ သူမသိဘူး။ သူ့ရဲ့ ခေါင်းကတော့ ချာချာလည်နေခဲ့ပြီ။ မျက်လုံးတွေထဲမှာ ကြယ်တွေပဲ မြင်တော့တယ်။

“…”

“စတုတ္ထ အကြီးအကဲ။”

“ဘာတွေ ဖြစ်နေတာလဲ။”

ကောင်းကင် တာအို တပည့်သားတွေ ပါးစပ် အဟောင်းသား ဖြစ်နေကြတယ်။ သုခမိန် တစ်ယောက်နဲ့ ပြန်လည် မွေးဖွားမှု အဆင့် ကျင့်ကြံသူ နှစ်ယောက်ကြားက တိုက်ပွဲ ဒီလို ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။

ဖြစ်သွားတဲ့ ကိစ္စတွေက မြန်လွန်းတယ်။ မျက်စိ တမှိတ် အတွင်းမှာ ဖြစ်သွား သလိုပဲ။ စတုတ္ထ အကြီးအကဲ ဒေါသထွက်တဲ့ အချိန်ကနေ ရန်ချင်းနဲ့ ဖန်ကျန်းရှီ ခေါင်းတိုက်တာကို နှစ်ကြိမ် ခံလိုက် ရတာအထိ မျက်တောင် နှစ်ခါခတ်စာ အချိန်ပဲ ရှိခဲ့တယ်။ ဒါက လူတိုင်းကို ဆွံ့အ သွားစေခဲ့တယ်။

စတုတ္ထ အကြီးအကဲရဲ့ အသန်မာဆုံး တာအိုတွေကိုတောင် ထုတ်မသုံး လိုက်ရဘူး။

ဖန်ကျန်းရှီကတော့ သူ့မျက်စိရှေ့မှာ လည်နေတဲ့ ကြယ်တွေကို ကြည့်ရင်း စိတ်ထဲမှာ တွေးလိုက်မိတယ်။ “တစ်ချို့ လူတွေက ခေါင်းအတော် မာတာပဲ။ သစ်ပင်ကိုတောင် ခေါင်းနဲ့ တိုက်နိုင်တယ်။”

အဲ့ဒီ့လို လူက သူ့ခေါင်းကို လက်နက် အဖြစ် သုံးရင် ပြဿနာ မရှိနိုင်ဘူး။

အပိုင်း (၇၃၉) ပြီး၏။

အပိုင်း (၇၄၀)

“တောက်ပမီးလျှံ”

ဒါပေမယ့် လူတိုင်းရဲ့ ခေါင်းက သစ်ပင်နဲ့ ဝင်ဆောင့်တာကို ခံနိုင်ရည်ရှိတာ မဟုတ် ခဲ့ဘူးလေ။ ခေါင်းမာတဲ့ ကိစ္စကို ပြောရင်တော့ ဖန်ကျန်းရှီနဲ့ စတုတ္ထ အကြီးအကဲက အဲ့လောက်ကြီး ခေါင်းမာတဲ့ သူတွေ မဟုတ်ဘူး။ အတော်လေးကို ဗရမ်းဗတာ ဖြစ်နေကြပြီ။

နောက်ထပ် ပိုဆိုးတာက ရန်ချင်းကို အပြစ်တင်လို့လည်း မရဘူး။ သူ့ရဲ့ တိုက်ခိုက်နည်းကိုလည်း ပြောင်းခိုင်းလို့ မရဘူး။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ရန်ချင်း သဘောတူမှာ မဟုတ်လို့ပဲ။ ရန်ချင်းက ကြောက်စရာ သွေးမျိုးဆက် တစ်ခု ပိုင်ရှင်။ အရာ အားလုံး ဖြစ်တည်မှု တာအိုကို မကျွမ်းကျင်တာတောင် သူ့ခန္ဒာကိုယ် အရည်အချင်းနဲ့တင် ကြောက်စရာ ကောင်းနေပြီ။

ဘယ်အချိန်မှာ မဆို ဒီကောင့်ရဲ့ ကြောက်စရာ ကောင်းတဲ့ ပုံစံက အသုံးဝင်နေတယ်။ ဥပမာ စတုတ္ထ အကြီးအကဲကို တိုက်ခိုက်တဲ့ ပုံစံ။ အပေါ်ယံက ကြည့်ရင်တော့ တိုက်ဆိုင်မှု တစ်ခုလိုပဲ။ စတုတ္ထ အကြီးအကဲကတော့ နည်းှဗျူဟာ အမှား လုပ်မိပြီး ရန်ချင်းနဲ့ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ အခွင့်အရေး ရစေခဲ့တယ်။

ကောင်းကင် တာအို ခန်းမရဲ့ စတုတ္ထ အကြီးအကဲက တိုက်ပွဲအတွေ့အကြုံတွေ အများကြီးရှိတယ်။ သူအမှား လုပ်မိတာ ဖြစ်နိုင်ရဲ့လား။ ဒေါသကြောင့် ကျိုးကြောင်းဆင်ခြင် နိုင်စွမ်းတွေ ပျောက်ဆုံး သွားရင်တောင် ဆင်ခြင်တုံတရားနဲ့ ပြန်ထိန်းသိမ်းနိုင်တဲ့သူ။

နောက်တစ်နည်း ပြောရရင်၊ စတုတ္ထ အကြီးအကဲ သတိမလွတ်ပဲ အေးအေးဆေးဆေး တိုက်ခိုက်ရင်တောင် ရလဒ်က ပြောင်းမှာ မဟုတ်ဘူး။ စတုတ္ထ အကြီးအကဲက ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ဆက်တိုးဖို့ စီစဉ်ထား ပြီးသား။ ရန်ချင်းနဲ့ ဖန်ကျန်းရှီကို သူဝင်တိုက်ခိုက်တဲ့ အချိန်မှာ ရန်ချင်းက သူ့လက်တစ်ဖက်ကို မီးလောင်ခံခဲ့တယ်။ နောက်ပြီးတော့ ဒီအခွင့်အရေးကို အမိအရ ယူပြီး စတုတ္ထ အကြီးအကဲကို တိုက်ခိုက်တယ်။ နှစ်ယောက် တစ်ယောက် တိုက်ပွဲမှာ ဖန်ကျန်းရှီကလည်း ခုန်ရှောင်လို့ ရပေမယ့်၊ မလုပ်ခဲ့ဘူး။

ရန်ချင်းနဲ့ ဖန်ကျန်းရှီ ပူးတွဲ တိုက်ခိုက်တာက စတုတ္ထ အကြီးအကဲကို နည်းဗျူဟာ ပြောင်းသွားစေတယ်။ ဖန်ကျန်းရှီနဲ့ ရန်ချင်းကို နှစ်ဖက်ခွဲထုတ်နိုင်ဖို့ ကြားဝင် တိုက်ခိုက်ဖို့ လုပ်ခဲ့တယ်။ ဒါပေမယ့် သူ့ဓားကိုတောင် မသုံးရသေးခင် အချိန်မှာပဲ ရန်ချင်း ခေါင်းတိုက်တာကို ခံလိုက်ရတယ်။ တကယ့်ကို မတော်တဆမှုကြီးပဲ။

ရန်ချင်းရဲ့ တိုက်ပွဲ ဗျူဟာတွေက သူ့ရဲ့ ခန္ဒာကိုယ် အပေါ်မှာ မူတည်တယ်။ ဒီလို လုပ်ဖို့ အတွက် သိပ်တောင် မစဉ်းစားခဲ့တဲ့ ပုံစံပဲ။ ဒါပေမယ့် မြင့်မြတ် နယ်မြေမှာ ဘယ်ငလူးကောင်က ရန်သူ့ကို ခေါင်းတိုက်ပြီး တိုက်ခိုက်တာ ရှိလို့လဲ။ စတုတ္ထ အကြီးအကဲ ဘယ်လောက်ပဲ တည်ငြိမ် နေပါစေ၊ ရလဒ်ကတော့ မပြောင်းလဲဘူး။ ရန်ချင်းရဲ့ ထူးဆန်းတဲ့ အားသာချက်က သူ့ခန္ဒာကိုယ်နဲ့ ရက်စက် နိုင်စွမ်း မဟုတ်ဘူး။ ပုံစံမျိုးစုံနဲ့ လိုသလို တိုက်ခိုက် နိုင်တာကမှ အားသာချက်ပဲ။

“ဝုန်း။” နောက်ထပ် ပေါက်ကွဲသံကြီး ထွက်လာပြန်တယ်။ စတုတ္ထ အကြီးအကဲ နောက်ထပ် သည်းမခံ နိုင်တော့ဘူး။ အခုချိန်မှာ ခေါင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီးတော့ လူလည်း မူးေ၀ နေခဲ့ပြီ။ သူ့ခန္ဒာကိုယ် ဘယ်ညာ ယိမ်းထိုးရင်းနဲ့ မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။

ဒီတိုက်ပွဲက စက္ကန့်ပိုင်းပဲ ကြာလိုက်တယ်။ နောက်ဆုံး ရလဒ်ကြောင့် သူတို့တွေ တစ်ခုကို နားလည် သွားကြတယ်။ သုခမိန်ရဲ့ ခန္ဒာကိုယ်က ရန်ချင်းလို ကောင်မျိုးနဲ့ တိုက်ခိုက်ရင် ဘယ်လိုမှ အားသာချက် မရှိနိုင်ဘူး။ မင်းဘယ်လောက်ပဲ သန်မာတဲ့ သုခမိန် ဖြစ်နေပါစေ၊ ခေါင်းကို အကြိမ်ကြိမ် တိုက်ခံရရင်တော့ ဒဏ်ရာ ရမှာ အသေအချာပဲ။

စတုတ္ထ အကြီးအကဲ လဲကျသွားတဲ့ အချိန်မှာ တိုက်ပွဲ တစ်ခုလုံးက နောက်တကြိမ် ပြောင်းလဲ သွားပြန်တယ်။ ကောင်းကင် တာအို သုခမိန် ခန်းမဘက်မှာလည်း သုခမိန် နှစ်ယောက်ပဲ ကျန်တော့တယ်။ ဖန်ကျန်းရှီ ဘက်ကတော့ ကွာခြားတယ်။

ရန်ချန်လိ ခဏတာ ပိတ်မိ နေပင်မယ့်၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဆဋ္ဌမ အကြီးအကဲကို တိုက်ခိုက် နေတယ်။ ဖန်ကျန်းရှီနဲ့ ရန်ချင်းကလည်း ကောင်းကောင်း တိုက်ခိုက်နိုင်ဆဲ။ ဒါ့အပြင် နတ်သက်ကြွေ အဇူရာ ဖြစ်ပြီးတော့ ထိန်းမရတဲ့ ရန်ရွှယ်လည်း ရှိသေးတယ်။ ဒီကိစ္စတွေ အားလုံးက ဒုတိယနဲ့ ဆဋ္ဌမ အကြီးအကဲကို ခေါင်းကိုက်စေတယ်။

တကယ်တော့ ဒုတိယ အကြီးအကဲ ခေါင်းအတော် ကိုက်နေခဲ့ပြီ။ စတုတ္ထ အကြီးအကဲ ဒီလောက် မြန်မြန် ရှုံးသွားမယ်လို့ သူမထင်ထား ခဲ့မိဘူး။ ဒီလို ထူးခြားတဲ့ တိုက်ခိုက်နည်းကြောင့် အရှက်တကွဲ ဖြစ်ရတယ်။ ဒါ့အပြင် ကောင်းကင် တာအို ခန်းမရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်ပြီးတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတဲ့ ဖန်ကျန်းရှီနဲ့ ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိနေသေးတဲ့ ရန်ချင်း လက်ထဲမှာ ရှုံးနိမ့်ခဲ့ရတယ်။

“ကောင်စုတ်လေး။ ငါ့ကို လာကူညီအုန်း။ အကြာကြီး ဆက်မထိန်းထား နိုင်တော့ဘူး။” ဒုတိယ အကြီးအကဲ စဉ်းစား နေတဲ့ အချိန်မှာ၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက လှမ်းအော်တယ်။

“သူလည်း သုခမိန်ပဲကို။ ခင်ဗျားမှာလည်း တပည့်သားတွေ အများကြီး ရှိနေရဲ့ သားနဲ့၊ ငါ့ကို တကယ်လိုလို့လား။” ဖန်ကျန်းရှီလည်း ခေါင်းတွေ မူးေ၀ နေခဲ့တယ်။ အခုချိန်မှာ အရေးအကြီးဆုံးက ချာချာလည်နေတဲ့ ခံစားချက်ပဲ။ ဒါကြောင့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ စကားတွေကို မလေးမစားနဲ့ ပြန်အော်တယ်။

“ငါက ဆေးဖော်တာပဲ တော်တာဟ။ တိုက်ခိုက်ရေး မရဘူး။”

“ဒီတော့။”

“မင်းငါ့ကို ကူညီသင့်တယ်။”

“မဖြစ်ဘူး။ ငါဒဏ်ရာ ရထားတယ်။”

“..”ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဆွံ့အ သွားခဲ့တယ်။ တစ်ခဏ အကြာမှာ မှားတာကို သူနားလည် သွားတယ်။ သူအခုလို အခြေအနေ ရောက်နေတာ ဖန်ကျန်းရှီကို ကူညီဖို့ ကြိုးစား နေလို့ပဲ။

သူစိတ်ဆိုး ရတဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိတယ်။ သူ့ကို ဒဏ်ရာရထားလို့ မကူညီနိုင်ဘူး ပြောပြီးတော့မှ ဒုတိယ အကြီးအကဲဆီကို ပြေးသွားလို့ပဲ။ အရှိန်နှုန်းကတော့ လျှပ်စီး လက်သလို မြန်ဆန်တဲ့ အပြင်၊ ရန်ချင်းကိုပါ သူနဲ့ အတူ ခေါ်သွားသေးတယ်။

“ေ-ာက် ကောင်စုတ်လေး။ မင်းကို ၂နှစ် လေ့ကျင့် ပေးထား ပေမယ့် သုံးစားလို့ကို မရဘူး။” ဖန်ကျန်းရှီ ပြေးနေတဲ့ ပုံစံကို ကြည့်ရင်း သုခမိန်ကြီး အော်ဟစ် ဟိန်းဟောက်တော့တယ်။

“သုခမိန်တောင် ဖြစ်နေပြီပဲ။ တိုက်ခိုက်တာ မတော်ရင်တောင်၊ ဂုဏ်သိက္ခာ အတွက်နဲ့ ဆက်သာ တိုက်ခိုက်။ ဒါမှ ကိုယ့်သိက္ခာနဲ့ ကိုယ်နေနိုင်လိမ့်မယ်။ နောက်ပြီးတော့ ကောင်းကောင်း မတိုက်ခိုက် နိုင်ရင်တောင် ဆေးတွေ ရှိနေတာပဲ။ ဒီလောက်တောင် အထောက်အပံ့တွေ ရထားတာပဲ။ အချိန်မရွေး သုံးလို့ ရတာတွေကို သုံးပေါ့။ ဆေးသောက်ပြီးရင် ပိုပြီးတော့တောင် သန်မာလာအုန်းမယ်။” ဖန်ကျန်းရှီ ပြန်အော်တယ်။

“မင်းလည်း သန်မာလာအောင် ငါ့ဆေးတွေကို ခိုးခိုးသောက်နေတယ် မဟုတ်လား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြန်ပြောတယ်။ ဒါပေမယ့် အရိပ်မျိုးနွယ် တပည့်သားတွေကို သတ်ဖြတ်နေတဲ့ ဆဋ္ဌမ အကြီးအကဲကို ကြည့်ရင်း အံကြိတ်ပြီးတော့ သက်ပြင်းချလိုက်တယ်။ အဲ့ဒီ့နောက် ကျောက်စိမ်း ဆေးပုလင်းလေး တစ်လုံးကို ထုတ်လိုက်ပြီး အထဲမှာ ရှိသမျှ ဆေးတွေ အားလုံးကို သောက်လိုက်တယ်။

“ခဘွန်း။” ဒီဆေးတွေကို စားပြီးတာနဲ့၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ခန္ဒာကိုယ် တုန်ယင်လာတယ်။ သူ့ခြေထောက်အောက်မှာ နက်ရှိုင်းလွန်းတဲ့ ခြေရာတွေ ပေါ်လာတော့တယ်။ တစ်ချိန်တည်းမှာပဲ၊ သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းတွေကနေ အင်အား ပြင်းထန်တဲ့ အငွေ့တွေ ထွက်လတော့တယ်။ ဒီအငွေ့တွေက အစိမ်းရောင်တွေ။

“တောက်ပမီးလျှံလား။” ဆဋ္ဌမ အကြီးအကဲ မျက်နှာ အမူအယာ ပြောင်းသွားရင်း ခပ်တိုးတိုး ပြောမိတယ်။

“မဟုတ်ဘူး။ အဲ့တာ ကောင်းကင် အိုအေစစ် သုခမိန်မီးလျှံဆေး။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။

“ဘာကွာလို့လဲ။”

“နာမည် မတူဘူးလေ။”

“..” ဆဋ္ဌမ အကြီးအကဲကတော့ နှုတ်ခမ်းတွန့်လိုက်တယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ညစ်ကျယ်ကျယ် မျက်နှာကို ဖြတ်ရိုက်ပြစ်ချင်နေတယ်။ သူ့ဓားကို ထုတ်လိုက်ပြီ။ ဒီနေ့တော့ လူတစ်ယောက်ကို ရိုးရိုးသားသား နေဖို့ သင်ခန်းစာ ပေးရတော့မယ်။

“ဝုန်း။”

ဆဋ္ဌမ အကြီးအကဲက သူ့ကို ဓားနဲ့ လိုက်ခုန်တော့မယ့် အချိန်မှာပဲ ပေါက်ကွဲမှုကြီး တစ်ခု ဒုတိယ အကြီးအကဲရဲ့ ဘေးနားမှာ ဖြစ်ပေါ်လာတယ်။ ရွှေခေါင်းဆောင်ကြီး ထုရိုက်ခံနေ ရတာပဲ။ ဖန်ကျန်းရှီက ဒုတိယ အကြီးအကဲနဲ့ ဓားချင်းယှဉ်နေတဲ့ အချိန်၊ ရန်ချင်းကတော့ ရန်ချန်လိ ပိတ်မိနေတဲ့ ရွှေခေါင်းလောင်းကြီးဆီကို သွားတယ်။ မျက်ကန်း မြင်းရိုင်းတစ်ကောင်လို ဘာမှ မမြင်ပဲ တိုက်ခိုက်တယ်။

ခေါင်းလောင်းသံ အကျယ်ကြီးနဲ့ အတူ လေထဲမှာ ရွှေရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ အလင်းတန်းထဲမှာ မရေမတွက်နိုင်တဲ့ ထူးဆန်း သဏ္ဍာန်တွေ ပေါ်နေတာကို လူတိုင်း မြင်နိုင်တယ်။ ခေါင်းလောင်းကြီးကတော့ ဘယ်လောက်ပဲ တွန်းတိုက် ခံရပါစေ မအက်ကွဲဘူး။ တောင်ကြီး တစ်လုံးလို တည်ငြိမ် နေခဲ့တယ်။ ဒါပေါ့ ရန်ချင်းက လွယ်လွယ်ကူကူ ဘယ်အလျှော့ပေးမလဲ။

ရွှေခေါင်းလောင်းကြီး ဘာမှ မဖြစ်တာ မြင်တော့ နောက်ကို ခြေသုံးလှမ်းဆုတ်တယ်။ ဒုတိယ တစ်ကြိမ်မှာ ကိုယ်နဲ့ ဝင်တိုက်ဖို့ ကြံနေတယ်။ နောက်ပြီးတော့ အရမ်းကို ခိုင်ခိုင်မာမာ ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။ အကယ်၍ တစ်ခေါက်နဲ့ မအောင်မြင်ရင် နှစ်ခေါက်။ နှစ်ခေါက်နဲ့ မအောင်မြင်ရင်၊ နောက်ထပ် သုံးလေး ငါးခေါက် ဆက်တိုက် လုပ်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူး။ ဒီနေ့ မခွဲနိုင်ရင်၊ နောက်နေ့ ဆက်မယ်။ နှစ်ဝက်လောက် ခေါင်းလောင်းခွဲရမယ် ဆိုရင်တောင် အဆင်ပြေတယ်။ ဒါက သူ့ရဲ့ စိတ်ဆုံးဖြတ်ချက်ပဲ။

ဒါပေမယ့် ရန်ချန်လိကတော့ တွေးလိုက်ရုံနဲ့တင် တုန်ယင်သွားတယ်။ သာမာန်လူ တစ်ယောက်ဆိုရင် ခေါင်းလောင်းကြီးထဲမှာ ပိတ်မိနေတဲ့သူ ခေါင်းလောင်းတီးတဲ့ အချိန်မှာ ဘယ်လို ခံစားရမယ် ဆိုတာကို သိမှာပဲ။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဘယ်သူမှ ခံနိုင်ရည် ရှိမှာ မဟုတ်လို့ပဲ။

ပထမ တစ်ခေါက် တိုက်ခိုက် ခံရတဲ့ အချိန်မှာတင် ရန်ချန်လိရဲ့ မျက်လုံးတွေက နီရဲ နေခဲ့ပြီ။ နောက်ပြီးတော့ အပြင်က ဘာအသံကိုမှ မကြားရတော့ဘူး။ နားတွေအူပြီး လူလည်း ထုံထိုင်နေတယ်။ ပုံမှန် အတိုင်းဆိုရင် ရန်ချင်းရဲ့ အတွေးအခေါ်က လူ့အကျင့်နဲ့ ထပ်တူကြတယ်။ ဒီလို နည်းလမ်းနဲ့ ခေါင်းလောင်းကို ခွဲနိုင်ရင်တောင်၊ ခေါင်းလောင်းထဲမှာ ရှိတဲ့ လူကတော့ အသက်ပျောက်မှာပဲ။

ရန်ချင်း နောက်တစ်ခေါက် ဝင်တိုက်ဖို့ ကြံနေတဲ့ အချိန်မှာပဲ။ ရန်ချန်လိရဲ့ အတွေးတွေက ဂယောက်ဂယက် ဖြစ်နေခဲ့ပြီ။ “ကောင်လေး။ မင်းလုပ်ရဲရင် ငါတို့ နေရာချင်းလဲမယ်။”လို့ ပြေလိုက်ချင်တယ်။ ဒါပေမယ့် အနောက်ပိုင်းလျန်ရဲ့ အုပ်ချုပ်သူ၊ တစ်ချိန်က မင်းသားရန် အတွက်တော့ အခုလို ပြောဖို့က မာန ထိခိုက်တယ်။

ရန်ချင်း နောက်သုံးလှမ်း ဆုတ်သွားတာကို မြင်တော့ သူအတော့်ကို တုန်ယင် သွားခဲ့တယ်။ ကြမ်းရှရှ အသံနဲ့ ပြောတယ်။ “မိတ်ဆွေလေး ရန်ချင်း။ ငါ့အသက်က ဘာမှ မဟုတ်ဘူး။ ရှေ့ရေးကို တွေး၊ ဖန်ကျန်းရှီကို ကူညီ။”

“ကောင်းပါပြီ အကြီးအကဲ။” ရန်ချင်း တစ်ခဏ မျက်လုံး ပြူးသွားတယ်။ အဲ့ဒီ့နောက် သူ့ရဲ့ မျက်ဝန်းထဲမှာ လေးစားချစ်ခင်စိတ် တချို့ ပေါ်လာတယ်။ ခေါင်းငြိမ့်ရင်းနဲ့ ဒုတိယ အကြီးအကဲကို တိုက်ခိုက်ဖို့ ပြင်တယ်။

…

ကောင်းကင် တာအို ခန်းမရဲ့ ဒုတိယ အကြီးအကဲက အားမနည်းဘူး။ သုခမိန် ငါးယောက်နဲ့ တပြိုင်တည်း တိုက်ခိုက် ရရင်တောင် ရှုံးမှာ မဟုတ်ဘူး။

ရန်ချန်လိကတော့ သုခမိန် ဖြစ်ကာစလူ။ အဇူရာ တာအိုကြောင့် တခြား ပုံမှန် သုခမိန်တွေထက်တော့ သန်မာတယ်။ အခုတော့ ရွှေရောင် ခေါင်းလောင်းထဲမှာ ပိတ်မိနေတဲ့ အတွက် ဘာမှ မလုပ်နိုင်တာလေး တစ်ခုပဲ။ ရန်ရွှယ်ကတော့ ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိသေးတယ်။ အဇူရာ တာအိုရဲ့ စွမ်းအားကြောင့် နတ်သက်ကြွေ အဇူရာ ဖြစ်နေခဲ့တယ်။ ဒါကြောင့် သူ့အင်အားကလည်း သုခမိန်ကို ယှဉ်နိုင်တယ်။

ပုံမှန် အတိုင်းဆိုရင် ဒုတိယ အကြီးအကဲလည်း နှစ်ယောက် တစ်ယောက် တိုက်ပွဲကို တိုက်ခိုက်ရတာ မခက်ဘူး။ တစ်ယောက်ကို ဖမ်းချုပ် ထားပြီးတော့ နောက်တစ်ယောက်ကိုလည်း ဖိနှိပ်ထားနိုင်တယ်။ အခုတော့ ရန်ချင်းကိုပါ တိုက်ခိုက် ရမယ်ဆိုရင် ပိုပြီးတော့ ခက်ခဲလိမ့်မယ်။ သူနောက်ဆုတ်လို့ မရဘူး။ နောက်ဆုတ်လိုက်ရင် ဒီနေ့ တိုက်ပွဲရဲ့ အဖြေက ရှင်းသွားလိမ့်မယ်။

ကောင်းကင် တာအို သုခမိန် ခန်းမက ဒီလို ရှုံးနိမ့်တာမျိုး မဖြစ်ရဘူး။ သူလည်း ရှုံးလို့ မရဘူး။ အကယ်၍ သူသာ နောက်ဆုတ် လိုက်ရင် ကောင်းကင်တာအို ခန်းမရဲ့ ဂုဏ်ရည်လည်း ပျက်စီးရလိမ့်မယ်။ ဒါကြောင့် ဆက်တိုက် ဖိအားပေး တိုက်ခိုက်တယ်။ ဒါပေမယ့် ဘယ်လောက်ပဲ တိုက်ခိက်ပါစေ၊ အရှုံးက သေချာနေပြီ။

ဖန်ကျန်းရှီရဲ့ လက်မောင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရ ထားပေမယ့် သေလောက်တဲ့ အထိတော့ မဟုတ်ဘူး။ ဖန်ကျန်းရှီက ပြန်လည် မွေးဖွားမှု အဆင့်ရောက်နေပြီ။ ဒါကြောင့် သူ့ရဲ့ ကျယ်ပြန့်တဲ့ စွမ်းအား အရင်းအမြစ်ကို သုံးပြီးတော့ ကိုယ့်ကိုယ်ကို ကုသနိုင်တယ်။

တခြားတစ်ဖက်မှာတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက လုံး၀ လူသစ် တစ်ယောက်လိုပဲ။ သူ့ရဲ့ ကျာပွတ်ပျံကို ဝေ့ယမ်းလိုက်ပြီးတော့ မရပ်တန်း တိုက်ခိုက် နေခဲ့တယ်။ သူ့ရဲ့ စွမ်းအား အရင်းအမြစ်တွေကိုလည်း စိတ်ကြိုက် သုံးနေခဲ့တယ်။ ဖန်ကျန်းရှီ ပြောသလိုပဲ။ မနိုင်တော့ကော ဘာဖြစ်လဲ။ ဆေးလေး နည်းနည်း စားလိုက်ရုံနဲ့ အများကြီး သန်မာ လာနိုင်တယ်လေ။

ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပိုပြီးတော့ သန်မာလာပြီ။ အင်အားကြီးတဲ့ တိုက်ကွက်တွေကို ဆက်တိုက် သုံးနေတယ်။ ဒါ့အပြင် သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းတွေကလည်း အစိမ်းရောင် အငွေ့တွေ ဆက်တိုက် ထွက်နေတယ်။ သူ့ပတ်ပတ်လည်မှာတောင် အစိမ်းရောင်လေထုကြီး ဖြစ်နေခဲ့ပြီ။

“မဖြစ်နိုင်ဘူး။ ဒါက တောက်ပမီးလျှံဆေး မဟုတ်ဘူး။” ကောင်းကင် တာအို ခန်းမက အကြီးအကဲ တစ်ယောက် အနေနဲ့ ဆဋ္ဌမ အကြီးအကဲက တိုက်ခိုက်ရေးမှာ ကောင်းကင် အိုအေစစ် သုခမိန်ထက် ပိုတော်တယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက အင်အားကြီးတဲ့ တိုက်ကွက်တွေကို ဆက်တိုက် သုံးနေတာ ကြောင့်သာ မဟုတ်ရင်၊ တိုက်ပွဲက ပြီးတာ ကြာလှပြီ။

ဒါပေမယ့် အခုလို အနိုင် အရှုံး မပြတ်သားတဲ့ အချိန်မှာတော့ တစ်ခုခု လွဲနေတာကို သူနားလည်လိုက်တယ်။ တောက်ပ မီးလျှံ ဆေးလုံးက လူတစ်ယောက်ရဲ့ အင်အားကို တိုးတက်စေတယ်။ ဒါပေမယ့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ဆေးလုံးတွေကတော့ စွမ်းအားကို သုံးပြီးတာနဲ့ ကုန်ဆုံး မသွားစေဘူး။ ပိုပိုပြီးတော့ တိုးတက် လာစေတယ်။

“ဒါပေါ့။ ငါ့ဆေးလုံးတွေက ကောင်းကင် အိုအေစစ် သုခမိန် မီးလျှံ ဆေးလုံးလေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။

“မင်းပြောတော့ နာမည်ပဲ ကွာတာဆို။” ဆဋ္ဌမ အကြီးအကဲ ထပ်ပြောတယ်။ နောက်ဆုံးတော့လည်း သူရင်ဆိုင် နေရတာ ထိပ်တန်း အဂ္ဂိရိတ် သုခမိန်လေ။

“တကယ်တော့ နည်းနည်းလေး ထပ်ကွာသေးတယ်။ ငါပြောဖို့ မေ့သွားလို့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက သူ့ရဲ့ ကြာပွတ်ကို ဝေ့ယမ်းရင်း တစ်ခုခုကို သတိရသွားတဲ့ ပုံစံနဲက ပြောတယ်။

အပိုင်း (၇၄၀) ပြီး၏။

All Chapters