← Chapters

အပိုင်း (၇၄၁-၇၅၀)

Vol. 8 Ch. 741-750

အပိုင်း (၇၄၁-၇၅၀)

Vol. 8 Ch. 741-750

အပိုင်း (၇၄၁)

“ထူးဆန်းတဲ့ အပြောင်းအလဲ၊ တံခါးဖွင့်။”

ဘာသာပြန်သူ-Enri Thaw

“ဘာများ ကွာခြား နေတာလဲ။” ဆဋ္ဌမ အကြီးအကဲ မေးတယ်။

“ပိုပြီးတော့ ကြောက်စရာ ကောင်းတယ်လေ။ မင်းက ငါ့ရဲ့ ကောင်းကင် အိုအေစစ် သုခမိန် ဆေးလုံးကို မင်း မကြောက်ဘူးလား။ ဟဟားဟား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ရယ်မောရင်း ပြောတယ်။

“ကောင်းကင် အိုအေစစ် အဖိုးကြီး။ ဒီလောက် နှစ်တွေကြာလာပြီ။ မင်းက ပိုပိုပြီးတော့ ကောက်ကျစ်လာတာပဲ။ ဟန့်။ မင်းစကားကို ငါယုံမယ်များ မှတ်နေတာလား။” ဆဋ္ဌမ အကြီးအကဲ မယုံနိုင်ဘူး။ လူတွေက အသက်ပိုကြီးလာလေ ပိုကောက်ကျစ်လေပဲ။ သူ့ရှေ့မှာ ရောက်နေတဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက သာမာန်လူတွေနဲ့ အချိန်ကုန်တာ များတယ်။ ဒါကြောင့် ကောက်ကျစ်မှုကလည်း အထွဋ်အထိပ်ပဲ။

ဆဋ္ဌမ အကြီးအကဲကတော့ သူ့လှည့်ကွက်ထဲ လွယ်လွယ် မရောက်ဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဆေးတွေ ပိုသုံးလေလေ၊ သူ့အနားကို ကပ်တာ ပိုပြီးတော့ သတိ ထားရလေပဲ။ ကောင်းကင် အိုအေစ် သုခမိန်ကြီးကတော့ ဆဋ္ဌမ အကြီးအကဲ သတိထားနေတာကို မြင်တော့ စိတ်သက်သာရာ ရသွားခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အဖြစ်ကို ပြန်မစဉ်းစားပဲ မနေနိုင်တော့ဘူး။

အဲ့ဒီ့နေ့တုန်းက တောက်ပမီးလျှံ ဆေးလုံးနဲ့ ကျင့်ကြံဖို့ သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူ့ဆေးတွေထားတဲ့ အခန်းထဲမှာ ဖန်ကျန်းရှီက မွှေနှောက်နေတာနဲ့ သွားတိုးတယ်။ ခန့်မှန်း စရာတောင် မလိုဘူး။ ဖန်ကျန်းရှီ သူ့ဆေးတွေကို ခိုးနေပြန်ပြီ။ ဆိုရိုးစကားတွေ ရှိခဲ့သလိုပဲ၊ အပြင်က ဓားပြ မဝင်နိုင်အောင် စောင့်ကြပ်ဖို့က လွယ်ကူတယ်။ အတွင်း သူခိုးရန်ကိုတော့ ကာကွယ်ဖို့ မလွယ်ဘူး။

ဖန်ကျန်းရှီက အဲ့ဒီ့လို အတွင်းသူခိုးမျိုး။ နောက်ပြီးတော့ သူ့ကို ဖမ်းမိရင်တောင်၊ ဖန်ကျန်းရှီက အခန်းမှား ဝင်လာတာ ဆိုပြီး ပြောအုန်းမယ်။ ဒါကြောင့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဖန်ကျန်းရှီကို အော်လွှတ်ရုံပဲ တတ်နိုင်တယ်။ အဲ့ဒီ့လို အော်ခံ ရရင်လည်း အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ သနားစရာ ကောင်းအောင် လုပ်ပြအုန်းမယ်။

အခုတော့ ဖန်ကျန်းရှီက သူ့ရဲ့ ပုံမှန် အကြောင်းပြချက်ကို မသုံးဘူး။ ဒီဆေးလုံးတွေကို ဘယ်လို သုံး၇မယ်ဆိုတာ သင်ပေးဖို့ပဲ ပြောတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး မရှင်းပြချင်ပေမယ့် ဖန်ကျန်းရှီက သူ့ကို ဆက်တိုက် နားပူနေတယ်။ နောက်ဆုံး ဖန်ကျန်းရှီကို ဆေးလုံးတွေ အကြောင်း ပြောပြလိုက်တဲ့ အချိန်မှာပဲ၊ သူက မလေးမစားနဲ့ ပြန်အော်တယ်။

“ဖြုန်းတီးလိုက်တာ။ ဆေးထဲမှာ ပစ္စည်း နည်းနည်း ထပ်ထည့်ပြီးတော့ ဆေးစွမ်းမြင့်အောင် လုပ်လိုက်ရင် ပိုကြောက်ဖို့ ကောင်းသွားလိမ့်မယ်။ ဆေးလုံးတွေလည်း ပိုပြီးတော့ ကြီးလာမယ်။ ရောင်းရင်လည်း ပိုက်ဆံ များများ ပိုရလိမ့်မယ်။”

“ပိုကြောက်စရာ ကောင်းသွားမယ်။ ဒါက ဘာများ အသုံးဝင်လို့လဲ။ မင်းကောင်စုတ်လေးက လှည့်စားတာက လွဲပြီးရင် ဘာတတ်လို့လဲ။ ထွက်သွားစမ်း။ ငါ့ဆေးဖော်ခန်းကို မနှောက်ယှက်နဲ့။”

“လှည့်စားတာပဲ တတ်တယ် ဟုတ်လား။ ခင်ဗျားကမှ လျစ်လျူရှူ ထားတဲ့ ဘာမှ မတ်တဲ့ လူကြီး။ အကယ်၍ ခင်ဗျား တိုက်ခိုက်ရတဲ့ သူကသာ အများကြီး သန်မာတဲ့သူ ဖြစ်နေရင် ဒီတောက်ပမီးလျှံ ဆေးလုံး စားတာ ဘာအသုံး ဝင်မှာလဲ။ သူ့ကို ခြောက်လှန့်ရမှာပေါ့။ ဒီဆေးလုံးကို ဒီဆေးစွမ်းအတိုင်းပဲ ထားမလို့လား။ မေ့လိုက်တော့ ရှင်းပြရတာ ပျင်းတယ်။ တစ်လုံးပေး။ ဆေးစွမ်းကို တိုးတက်အောင် လုပ်ပေးမယ်။”

“..”

ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ ဖန်ကျန်းရှီကို ဆေးလုံး တစ်လုံးမှ မပေးဘူး။ ဒါပေမယ့် သူ့စကားတွေကိုတော့ နားထောင်တယ်။ နောက်တစ်ခေါက် ဆေးဖော်တဲ့ အချိန်မှာ တောက်ပမီးလျှံ ဆေးလုံးရဲ့ ဆေးစွမ်းကို တိုးတက်အောင် ပြောင်းလဲ ခဲ့တယ်။ အခုတော့ ဖန်ကျန်းရှီ လုပ်ခိုင်းခဲ့တဲ့ ဆေးလုံး အပြောင်းအလဲက ဆဋ္ဌမ အကြီးအကဲကို တိုက်ခိုက်တဲ့ အချိန်မှာ အသုံးဝင်နေပြီ။

…

ကောင်းကင်တာအို ခန်းမ၊ ဓားတောင်ထိပ်ရဲ့ ထိပ်ဆုံး၊ ကောင်းကင် ကျောင်းတော် ခန်းမထဲမှာ၊ ကြီးမားတဲ့ အစိမ်းရောင် တံခါးကြီး တစ်ခုရှိနေခဲ့တယ်။ ဘယ်ညာ နှစ်ဖက်မှာ သားရဲကောင် ခေါင်းပုံတွေကို ထွင်းထုထားတယ်။ ရှေးကျလွန်းတဲ့ အငွေ့အသက်တွေကို ခံစားလို့ ရနိုင်တယ်။

ကောင်းကင် သက်ဆင်း တံခါး။

လွန်ခဲ့တဲ့ တစ်လတုန်းက သွေးမှော်စက်ကွင်းကို သုံးပြီးတော့ ဒီတံခါးကို နန်ကုန်းမု ဆင့်ခေါ် ခဲ့တယ်။ ဒါပေမယ့် အခုတော့ ဒီတံခါးကို လုံး၀ ချိတ်ပိတ်ထားတယ်။ နောက်ပြီးတော့ ကောင်းကင် တာအို ခန်းမ တပည့်သားတွေလည်း စောင့်ကြပ် နေကြတယ်။ ဒီအချိန်မှာတော့ အဖြူရောင်ဝတ် ကောင်းကင် တာအို ခန်းမ တပည့်သား ရှစ်ယောက်က အရပ် ရှစ်မျက်နှာမှာ တံခါးကြီးကို စောင့်ကြပ် နေတယ်။ သူတို့တွေက ကောင်းကင် တာအို ကျောင်းတော် ခန်းမမှာ ရှိနေပင်မယ့် တောင်အောက်က အသံတွေနဲ့ ကောင်းကင် အပြောင်းအလဲတွေကို ကြားနေ မြင်နေရတယ်။

“တောင်အောက်မှာ ဘာတွေ ဖြစ်နေတာလဲ။”

“ဖန်ကျန်းရှီကို လိုက်ဖမ်းနေတာ မဟုတ်လား။ ဘာဖြစ်လို့ ဒီလောက်တောင် ဆူညံ နေတာလဲ။”

“ငါမသိဘူး။ တစ်ခုခု ကြီးကြီးမားမားတော့ ဖြစ်နေပြီ။ ဒါပေမယ့် ငါတို့ အလုပ်က ကောင်းကင် သက်ဆင်း တံခါးကို စောင့်ကြည့်ဖို့ပဲ။ သတိမပြတ် နေကြ။ တစ်ယောက်ယောက် ခိုးသွားနိုင်တယ်။”

“ကောင်းပါပြီ။”

တပည့်သား ၈ယောက် ပတ်ဝန်းကျင်ကို သတိထားပြီးတော့ စောင့်ကြပ် နေကြတယ်။ ဘယ်သူကမှ ကောင်းကင် တံခါးကို မကြည့်မိကြဘူး။ လွန်ခဲ့တဲ့ တစ်လ လုံးလုံးလည်း ဒီတံခါးက အပြောင်းအလဲ မရှိခဲ့ဘူးလေ။

ဒါပေမယ့် အခုချိန်မှာတော့ ကောင်းကင် သက်ဆင်း တံခါးရဲ့ သားရဲကောင် ခေါင်းတစ်ခုက လှုပ်ရှားသွားတယ်။ အသံတစ်သံမှ မထွက်ပဲ ပါးစပ် ဖွင့်လာခဲ့တယ်။ အဲ့ဒီ့နောက် ကြယ်အလင်းတန်းလေး တစ်ခု သားရဲကောင်ရဲ့ ပါးစပ်ကနေ ထွက်လာပြီးတော့ ကောင်းကင်ကို ပျံတက်သွားတယ်။

“ချွင်။” ဒီကြယ်အလင်းတန်း ပေါ်လာတဲ့ အချိန်မှာပဲ ကောင်းကင် တံခါးကို ချိတ်ပိတ်ထားတဲ့ စည်းတွေ လှုပ်ရှား လာတော့တယ်။ တုန်ခါမှုကတော့ မပြင်းထန်ဘူး။ ဒါပေမယ့် တပည့်သား ရှစ်ယောက် ချက်ခြင်း ဓားထုတ်လိုက်တယ်။

“ချွမ်။”

“ဆူညံသံရှိတယ်။”

“တစ်ယောက်ယောက် လာတာလား။”

“မဟုတ်ဘူး။ စည်းတွေ မပေါက်သေးဘူး။”

တပည့်သားတွေ အရမ်းကို လေးနက် တည်ကြည် နေကြတယ်။ သူတို့ နောက်ဘက်မှာ ရှိတဲ့ စည်းထဲက တံခါးကို ကြည့်တယ်။ စည်းက တစ်ခေါက် တည်ငြိမ် သွားပြန်တယ်။ ဘာမှ မဖြစ်ခဲ့သလိုပဲ။

“ငါတို့ နားကြား မှားတာလား။”

“မဖြစ်နိုင်တာပဲ။ ငါတို့ ရှစ်ယောက်လုံး ကြားတယ်။ တစ်ခုခုတော့ မှားနေပြီ။ ဆရာ ပြောထားတယ်။ အကယ်၍ ကောင်းကင် တံခါးမှာ အပြောင်းအလဲ တစ်ခုခု ဖြစ်လာရင် ချက်ခြင်း သတင်းပို့ရမယ်တဲ့။ ညီလေးဝမ်။ ဆရာ့ကို ချက်ခြင်း သတင်း သွားပို့။”

“ကျွန်တော့်အထင် ဆရာက တံခါးပိတ် ကျင့်ကြံ နေလောက်တယ်။”

“ဘာပဲ ဖြစ်ဖြစ် သွားပြောမှ ဖြစ်မယ်။ သူကိုယ်တိုင် ညွှန်ကြားထားတဲ့ ကိစ္စပဲ။”

“နားလည်ပါပြီ။ အခု သွားပြီ။” ကောင်းကင် တာအို တပည့်သား ချက်ခြင်း မုချင်းဖန်း ရှိရာကို ပြေးတော့တယ်။ သူပြောနေတဲ့ အချိန်မှာပဲ ကောင်းကင်က ကြယ်အလင်းတန်း သေးသေးလေး တစ်ခု ဆင်းသက်လာတယ်။ နေ့အလင်းရောင် ရှိနေတဲ့ အတွက် ဒီကြယ်အလင်းတန်းလေးက မသိသာဘူး။ ဒါပေမယ့် သေချာ ကြည့်ရင်တော့ ကြယ်အလင်းတန်းလေးက ချိတ်ပိတ်စည်းတွေကြောင့် ထိခိုက်နေတာကို မြင်သာတယ်။

ဖြည်းဖြည်းချင်း ရွေ့လျားရင်းနဲ့ ဓားတောင်အောက်ကို ဆင်းသက်နေတယ်။

…

ဓားတောင်စောင်းက သစ်တောထဲမှာတော့ ဖန်ကျန်းရှှီက အကြီးအကဲတွေနဲ့ တိုက်ခိုက်နေဆဲ။ အရင်ကထက်တော့ ဖန်ကျန်းရှီ ဘက်က အသာစီး ရနေခဲ့ပြီ။ ကောင်းကင် တာအို ခန်းမရဲ့ ဓားရှစ်ကွက် ဗျူဟာလည်း ပျက်စီး နေပြီ။ ကောင်းကင် တာအို တပည့်သားတွေ ပိုပြီးတော့ ဒဏ်ရာရ လာကြတယ်။

ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ဆဋ္ဌမ အကြီးအကဲရဲ့ တိုက်ပွဲကတော့ အများကြီး ပိုပြင်းထန် ပေမယ့် သရေ အနေအထားပဲ။ ဘယ်သူကမှ ဘယ်သူ့ကို အနိုင်မပိုင်းနိုင်ဘူး။ သူတို့ နှစ်ယောက်လုံး မနားတမ်း တိုက်ခိုက် နေကြတယ်။ ဒုတိယ အကြီးအကဲကတော့ အခက်တွေ့ နေခဲ့ပြီ။

ရန်ချင်းရဲ့ တိုက်ခိုက်နည်းတွေက သူ့ရဲ့ စည်းချက်ကို လုံး၀ ဖျက်စီးနေတယ်။ ရန်ချင်းက အသာစီး ရပြီးတော့ သူ့ကို လုံး၀ ဖြိုလဲနေတယ်။ ရန်ရွှယ်ကတော့ ရန်ချင်းနဲ့ တိုက်ခိုက်တာ မတူဘူး။ အခုချိန်မှာ ရန်ရွှယ်က မြင်မြင်သမျှ အားလုံးကို တိုက်ခိုက်နေတယ်။ ရန်သူ မိတ်ဆွေ မခွဲခြား နိုင်တော့ဘူး။ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက သတ်ချင်တာပဲ။ ဒါပေမယ့် ရန်ရွှယ့်ရဲ့ သတ်ဖြတ် လိုစိတ်တွေက အမြဲတမ်း ဖန်ကျန်းရှီကို ရှောင်ကွင်းသွားတယ်။ ဒုတိယ အကြီးအကဲနဲ့ ရန်ချင်းကိုပဲ ဦးတည်တယ်။

ဒါက တိုက်ဆိုင်မှုလား ဆိုတာတော့ အကြီးအကဲလည်း မသိဘူး။ ဒါပေမယ့် သူဘာမှ မလုပ်နိုင်ဘူးလေ။ ရန်ရွှယ့်ရဲ့ တိုက်ခိုက်မှုတွေ အားလုံးက ဖန်ကျန်းရှီကို သိသိသာသာ ကျော်ဖြတ်ပြီး ရှောင်ကွင်းနေတယ်။ ဒါကြောင့် ဖန်ကျန်းရှီက တိုက်ပွဲမှာ သိသိသာသာကို အသာစီး ရနေခဲ့တယ်။ အကယ်၍ ရန်ချင်းနဲ့ ရန်ရွှယ်ကိုသာ ဒီတိုက်ပွဲမှာ မတည်ငြိမ်ဆုံး ပစ္စည်းတွေလို့ သတ်မှတ်ရရင်၊ ဖန်ကျန်းရှီကတော့ အဝေးကနေ မြှားနဲ့ ချောင်းပစ်နေတဲ့ အရှက်မရှိတဲ့ ကောင်ပဲ။ နောက်ပြီးတော့ သူ့ရဲ့ တိုက်ကွက် တစ်ကွက်ချင်းစီ တိုင်းက ကြောက်စရာ ကောင်းတယ်။

ငရဲတာအိုရဲ့ ဆွဲငင်အားနဲ့ ကျပန်း ပေါ်လာနေတဲ့ ငရဲသံကြိုးတွေက ဒုတိယ အကြီးအကဲကို ခုခံရ ခက်ခဲစေတယ်။ ဖန်ကျန်းရှီက ယွမ်ရုန်နဲ့ ဒုတိယ သုခမိန်ကို တစ်ခဏ အတွင်း သတ်ဖြတ် ပြစ်လိုက်တဲ့ အချိန်တည်းက သူ့ကို အထင်မသေးဝံ့တော့ဘူး။ အထူး သဖြင့် သူ့ရဲ့ သေရှင် ငရဲသံကြိုးတွေကိုပဲ။ အကယ်၍ ဒီသံကြိုးတွေသာ သူ့ကို ဖောက်ထွက်သွားရင်၊ အနှေးနဲ့ အမြန် သေမှာပဲ။

“ငါရှုံးနိမ့် တော့မှာလား။” ဒုတိယ အကြီးအကဲ ဒါကို လက်မခံ နိုင်ဘူး။ တကယ်သာ ရှုံးသွားရင် ဘာတွေ ဖြစ်လာမလဲ သူမသိဘူး။ သူဘယ်လောက်ပဲ တောင့်ခံ နေပါစေ၊ ဒီတိုက်ပွဲကို အချိန်ာကာရှည် မတိုက်နိုင်ဘူး။ အထူးသဖြင့် ကောင်းကင် တာအို တပည့်သားတွေနဲ့ အရိပ်မျိုးနွယ်စုတွေရဲ့ တိုက်ပွဲက ပိုဆိုးတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ဘယ်လောက်တောင် အဆုံး အရှုံး များမယ်မှန်း သူသိတယ်။

သူဘာလုပ် နိုင်မှာလဲ။ ဒုတိယ အကြီးအကဲ တစ်ချက် သတိလွတ်သွားတဲ့ အချိန်မှာ သူ့လက်မောင်းကို တိုက်ခိုက် ခံလိုက်ရတယ်။ ကုတ်ဆွဲ ခံလိုက် ရတာပဲ။ သူ့ကို ဒီလို တိုက်ခိုက်တဲ့သူက တစ်ယောက်ပဲ ရှိတယ်။ ရန်ချင်း။ ထုံးစံ အတိုင်း ရန်ချင်းက သူ့ကို ကုတ်ဆွဲ လိုက်တဲ့ အချိန်၊ ရန်ချင်း လက်မောင်းမှာလည်း ဓားရာတစ်ချက် ပေါ်လာတယ်။ ဓားကိုးလက်က သူ့ကို ခုတ်ပိုင်းတယ်လေ။ ဒဏ်ရာက နက်လွန်းလို့ အရိုးထိတောင် မြင်နေရပြီ။ ဒါပေမယ့် ရန်ချင်းကတော့ ဂရုစိုက်ပုံ မပေးဘူး။

ရန်ချင်းရဲ့ အကျီလက်တွေမှာ သွေးတွေ ရွဲနစ် နေခဲ့ပြီ။ ဒါပေမယ့် သူ့အသားတွေက ခပ်မြန်မြန်ပဲ ပြန်စေ့နေတယ်။ သာမာန်လူ ကြည့်ရင်တောင် သိသိသာသာကြီး ပြန်ကောင်းနေတာကို မြင်နိုင်တယ်။ ရန်ချင်းက ဖျက်ဆီးလို့ မရတဲ့ ကောင်းချီးခံ သွေးမျိုးနွယ်ကမှန်း သူသိတယ်။ ဒါပေမယ့် သူ့ကို ရင်ဆိုင်ဖို့ အတွက် ဘယ်လောက် အသိပညာ များနေပါစေ အသုံးမဝင်ဘူး။ ဖန်ကျန်းရှီကလည်း သူ့ကို စဉ်းစားချိန် မပေးဘူး။

“ငါတကယ်ပဲ ရှုံးတော့မှာလား။” ဒုတိယ အကြီးအကဲ ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်တောင် မေးမိမှန်း မသိတော့ဘူး။ တိုက်ပွဲက အရေးကြီးနေလို့သာ မဟုတ်ရင် သူဆုတ်ခွာနေတာ ကြာလှပြီ။ အခုတော့ မလုပ်နိုင်ဘူး။ မဖြစ်ဘူး။

“ငါသေရင်တောင်၊ ကောင်းကင် တာအို ခန်းမ အတွက်ပဲ သေမယ်။ မရှုံး စေရဘူး။ ဖန်ကျန်းရှီ စေရမယ်။” ဒုတိယ အကြီးအကဲ တစ်ကိုယ်လုံးလည်း သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပြီ။ အသက်ပြင်းပြင်း ရှူသွင်းတယ်။ သူ့လက်ထဲမှာ ၂၅ စင်တီမီတာကျော် ရှည်လျားတဲ့ ရွှေရောင် ဓားကြီးတစ်လက် ထွက်လာတော့တယ်။ အဲ့ဒီ့နောက် ဒုတိယ အကြီးအကဲ လေထဲကို ခုန်လွှားပြီးတော့ ရန်ချင်းကို ဖြတ်ကျောတယ်။ ဖန်ကျန်းရှီကို ခုတ်ချဖို့ ပြင်တယ်။

“ငါဒီမှာ။” ဒုတိယ အကြီးအကဲ ခုန်တာကို မြင်တော့ ရန်ချင်း ဖားပြုတ်တစ်ကောင်လို အရှိန်ယူပြီး လိုက်ခုန်တယ်။ သူ့ခြေထောက် မြေပြင်ကနေ ခွာသွားတဲ့ အချိန်မှာ အက်ကွဲရာတွေ ရှိနေတာကို မြင်လိုက်ရတယ်။ ရန်ချင်းရဲ့ အင်အားကော အရှိန်ကော နှစ်ခု စလုံးက အရှိန်မလျော့သေးဘူး။ ဒုတိယ အကြီးအကဲ သူ့ဓားကို လွှဲခုတ်လိုက်တဲ့ အချိန်မှာပဲ ရန်ချင်းက ဒုတိယ အကြီးအကဲရဲ့ ညာခြေထောက်ကို လက်နှစ်ဖက်နဲ့ ဖမ်းဆွဲလိုက်တယ်။

ဒီအပြုအမူက တကယ့်ကို အင်အားကြီးတဲ့ ကျင့်ကြံသူ အတွက်တောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။ ရန်ချင်းကတော့ အေးအေးဆေးဆေးပဲ လှုပ်ရှားနေတယ်။ ဒုတိယ အကြီးအကဲရဲ့ ခန္ဒာကိုယ်က တခြမ်းစောင်း သွားတဲ့ အတွက် သူ့ပြစ်မှတ် ဖန်ကျန်းရှီနဲ့ တစ်လက်မ နေရာ လွဲ သွားခဲ့တယ်။

“ကောင်းလိုက်တဲ့ အခွင့်အရေး။” ဖန်ကျန်းရှီ ပြုံးတယ်။ အင်အားကြီး ကျင့်ကြံသူ နှစ်ယောက် တိုက်ခိုက်တဲ့ တိုက်ပွဲမှာ စိတ်ရှုပ်ထွေးတဲ့သူက အရင်ဆုံး အားနည်းချက် ပေါ်မှာပဲ။ သိသိသာသာကို ဒုတိယ အကြီးအကဲက ကြောက်နေခဲ့တယ်လေ။

ဖန်ကျန်းရှီ ခြေရာမဲ့ ဓားကို တင်းတင်းဆုပ်လိုက်တယ်။ ခရမ်းရောင် အလင်းတန်းက ကောင်းကင်ကြီးကို ထိုးတက်သွားတယ်။ ဒုတိယ အကြီးအကဲက လေထဲမှာ ရောက်တဲ့ အချိန် သူတိုက်ခိုက် ဖို့ အခွင့်အရေးကောင်း ရတာကို သိလိုက်တယ်။ ဒုတိယ အကြီးအကဲက အခုချိန်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာလေ။ သူနောက်ထပ် တွေေ၀ မနေတော့ဘူး။ ဘာများ ဂရုစိုက် နေရအုန်းမှာလဲ။

ဘာကိုမှ ဂရုစိုက်စရာ မလိုဘူး။ အခုချိန်မှာ ဒုတိယ အကြီးအကဲကို အလွတ်ပေးလိုက်ရင်၊ နောက်တစ်ခေါက် ပြန်တွေ့တဲ့ အချိန် ဒုတိယ အကြီးအကဲကတော့ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူ့မှာ ရန်သူတွေ များနေပြီ။ နောက်တစ်ယောက် တိုးလာလည်း ကိစ္စ မရှိဘူး။ နဂါးဟိန်းသံ တစ်ခုကို ကြားလိုက်ရတယ်။ ဖန်ကျန်းရှှီရဲ့ ခန္ဒာကိုယ် ပျောက်ကွယ်သွားတယ်။ အဲ့ဒီ့နောက် ခရမ်းရောင် ဓားတွေ ကိုင်ဆောင်ထားတဲ့ အရိပ်နက်ရှစ်ခု ပေါ်ထွက်လာတယ်။

“နဂါးရှစ်ဘုံ ကကွက်။” ဖန်ကျန်းရှီရဲ့ အင်အား အကြီးဆုံး တိုက်ကွက်ပဲ။ အခုလို အခြေအနေမှာ သူလုံး၀ အလွတ်မပေးနိုင်ဘူး။ အရိပ်ရှစ်ခုက ဒုတိယ အကြီးအကဲကို ဝန်းရံလိုက်ပြီ။ တစ်ချိန်တည်းမှာပဲ ဓားရှစ်လက်နဲ့ အတူ နဂါးရှစ်ကောင် ကောင်းကင်မှာ ပေါ်လာတယ်။

“ဝုန်း။” ခရမ်းရောင် ကြာပွင့်ကြီး တစ်ခုလို အလင်းတန်းက ကောင်းကင်မှာ တောက်ပလာတယ်။ အဲ့ဒီ့နောက် သွေးတွေက လေထဲမှာ လွင့်မျောတော့တယ်။ ဒီမြင်ကွင်းက ကြောက်စရာ ကောင်းတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင် တာအို တပည့်သားတွေ တောင့်တင်း သွားကြတယ်။

အပိုင်း (၇၄၁) ပြီး၏။

အပိုင်း (၇၄၂)

“ဓားကိုးလက်ပေါင်းစည်း။ ကြယ်အလင်းတန်း။”

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက တောက်ပနေတယ်။ သူ့ရဲ့ ရေလို ကြည်လင်တဲ့ မျက်ဝန်းတွေမှာ ခရမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်နေတယ်။ သူ့ဓားကို ခုတ်ချလိုက်တဲ့ အချိန်မှာ ဒုတိယ အကြီးအကဲ ဒဏ်ရာရ သွားတာကို ခံစားမိတယ်။ ဒါပေမယ့် သူ့ကို သတ်ဖို့ မလုံလောက်သေးဘူး။ နောက်ဆုံး အချိန်မှာ သူ့ကို တစ်ခုခုက ပိတ်ဆို့ထားတာ ခံစားမိနေတယ်။

သူတွေးမိတဲ့ အချိန်မှာပဲ ရွှေရောင် အလင်းတန်း တစ်ခုက ခရမ်းရောင် အလင်းတန်းကို ဖောက်ပြီး ထွက်လာတာကို မြင်လိုက်ရတယ်။ ကျယ်ပြန့်တဲ့ ရှေးဟောင်း အလင်းတန်း ထွက်ပေါ် လာပြီးတဲ့နောက် မြေအောက်ကနေ ရှေးေခေါင်းလောင်း မြည်သံကို ကြားလိုက်ရတယ်။

“ဒုန်။” ခေါင်းလောင်းသံကို လူတိုင်းကြားနိုင်တယ်။ ခရမ်းရောင် အလင်းတန်းကတော့ လုံး၀ ဖိနှိပ် ခံနေရပြီ။ ရွှေရောင် ခေါင်းလောင်းကတော့ တောက်ပနေတယ်။ ဒီတစ်ခေါက် ရွှေခေါင်းလောင်းက သေးငယ်တယ်။ ဒါပေမယ့် အရမ်းကို သိပ်သည်းတယ်။ ဒုတိယ အကြီးအကဲက လက်ထဲမှာ ရှေးဟောင်း ရွှေခေါင်းလောင်းလေး တစ်ခုကို ကိုင်ထားပြီးတော့ ဖြည်းဖြည်းချင်း လှုပ်ခါနေတယ်။

ဒီရှေးခေါင်းလောင်းပေါ်မှာ ရှေးဟောင်း သဏ္ဍာန်တွေကို တွေ့နေရတယ်။ သေးငယ်တဲ့ ဓားကိုးလက်က ရွှေရောင်ဓား ပေါ်မှာ ထွင်းထားတယ်။ ထိပ်မှာတော့ သားရဲကောင် ဦးခေါင်း တစ်လုံးကို မြင်နေရတယ်။ ကျင်းချန်ပုံလိုပဲ။ (ကျင်းချန်=လာဘ်ခေါ်ဖားပြုတ်။ ပါးစပ်ထဲမှာ ဒင်္ဂါးပြား တစ်ခုကို ကိုက်ထားတဲ့ ရွှေရောင် ဖားပြုတ်တစ်ကောင်ပုံ။)

“အဲ့တာ ဒုတိယ အကြီးအကဲရဲ့ တာအို အရင်းအမြစ်၊ (ရွှေဓား သားရဲခေါင်းလောင်း)ပဲ။”

“ဒုတိယ အကြီးအကဲရဲ့ လက်မောင်း ဒဏ်ရာရ ထားတာလား။”

“သူတကယ်ပဲ ဒုတိယ အကြီးအကဲကိုတောင် ဒါသုံးခိုင်း စေတယ်။ ဒီကောင် တကယ်ပဲ ပြန်လည် မွေးဖွားမှု အဆင့် ဟုတ်သေးလား။”

ကောင်းကင်တာအို တပည့်သားတွေ ဒုတိယ အကြီးအကဲရဲ့ လက်ထဲက ရွှေရောင် ခေါင်းလောင်းကို မြင်နေရတယ်။ သူ့ရဲ့ သွေးထွက်နေတဲ့ လက်မောင်းကိုပါ မြင်လိုက်ရတဲ့ အချိန်မှာတော့ သူတို့တွေ မအံ့သြတော့ဘူး။ စိတ်ပျက် အားလျော့ နေကြပြီ။

“သူတကယ်ပဲ ရှုံးသွားပြီလား။ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုထဲက ကောင်းကင်တာအို ခန်းမကြီးက ကိုယ့် နယ်မြေထဲမှာတောင် အရိပ်မျိုးနွယ်စုကို ရှုံးရတယ်လား။” ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဒီရလဒ်ကို လက်မခံ နိုင်ကြဘူး။ ဒါပေမယ့် အမှန်တရားကတော့ ငြင်းလို့ မရနိုင်။ ဒါပေါ့။ ဒုတိယ အကြီးအကဲလည်း လက်မလျှော့ဘူး။

သူ့ရဲ့ တာအို အရင်းအမြစ်ကို သုံးလိုက်တဲ့ အတွက် စွမ်းအင်ကလည်း နောက်တစ်ဆင့်ကို တိုးတက် သွားခဲ့ပြီ။

“ဖန်ကျန်းရှီ။ ငါသေရင်တောင်၊ ဒီနေ့ မင်းကို ငါနဲ့ အတူ ခေါ်သွားမယ်။” ဒုတိယ အကြီးအကဲ ဟိန်းဟောက်တယ်။

ရွှေခေါင်းလောင်းကနေ စွမ်းအင်တွေ ထွက်ပေါ် လာပြီးတော့ ဒုတိယ အကြီးအကဲရဲ့ ခန္ဒာကိုယ်ကို လွှမ်းခြုံသွားတယ်။ ရွှေရောင် သံချပ်ကာကြီး ဝတ်လိုက် သလိုပဲ။ တစ်ချိန်တည်းမှပဲ ခေါင်းလောင်းက ဓားကိုးလက်လည်း ပျံထွက် လာပြီးတော့ အကြီးအကဲကို ဝန်းရံလိုက်တယ်။

“ဒင်။” အသံခပ်တိုးတိုး တစ်ခု ပေါ်လာတယ်။ အကြီးအကဲ လက်ထဲက ရွှေရောင်ဓားနဲ့ အတူ ဓားငယ်လေး ကိုးလက်က စတင် ပြောင်းလဲ တော့တယ်။ အလင်းတန်းက ပိုပိုပြီးတော့ သိပ်သည်းလာတယ်။ အရိပ်တွေ ဓားကို ဖြတ်သွားတာ မြင်နေရတယ်။ ကြောက်စရာ ကောင်းလောက်အောင် ထက်ရှတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာတယ်။

“ဓားကိုးလက် တစ်လက်တည်း ပေါင်းစည်းတာလား။ စွမ်းအား အကုန်လုံး သုံးတော့မယ်ပေါ့။” ဖန်ကျန်းရှီလည်း မျက်လုံးပြူး နေခဲ့တယ်။ သူတိုက်ခိုက် နေရတာ ကောင်းကင် တာအို ခန်းမရဲ့ ဒုတိယ အကြီးအကဲ စွမ်းအား သက်သက်ပဲဆိုရင် သူ့ထက် အများကြီး အစွမ်းထက်တယ်။ ဒီလိုလူမျိုးက အင်အား အကုန်လုံးကို ထုတ်သုံးတာ ဟာသ မဟုတ်ဘူး။

ကျယ်ပြန်တဲ့ စွမ်းအားတွေကို ကြည့်ရင်း ဖန်ကျန်းရှီ ခုခံတယ်။ ဒါပေမယ့် ဒီအင်အားတွေက စတုတ္ထ အကြီးအကဲနဲ့တောင် မတူဘူး။ ဖန်ကျန်းရှီ စဉ်းစား ဆုံးဖြတ်ချိန်တောင် မရသေးခင်မှာပဲ၊ ဒုတိယ အကြီးအကဲက သူ့ရှေ့ကို ရောက်လာတယ်။ မျက်လုံး ကန်းလောက်အောင်ကို မြန်တာပဲ။ ဖန်ကျန်းရှီ အံ့သြ နေသလို၊ ရန်ချင်းလည်း မတုံ့ပြန် နိုင်ခဲ့ဘူး။

“ဆိုးလိုက်တာ။” အခုချိန်မှာ ဖန်ကျန်းရှီ အဆင့်ကွာခြားချက်တွေ ဖိနှိပ်တာကို ခံစား နေရပြီ။ တောင်စဉ်ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းနဲ့ တိုက်ခိုက် တုန်းက အတိုင်းပဲ။ သူ့မျက်စိရှေ့မှာ ရွှေရောင် အလင်းတန်းက ဖြတ်ပြေးနေတယ်။ အရမ်းကို တောက်ပ လွန်းပြီးတော့ လေထုကိုတောင် ဆွဲဖြဲ ပြစ်တော့မယ့် အတိုင်းပဲ။ အဲ့ဒီ့နောက် သတ္တုတွေ တစ်ခုနဲ့ တစ်ခု ထိတွေ့တဲ့ အသံကို ကြားနေရတယ်။ ဓားပေါင်းသောင်းချီ တစ်ခုနဲ့ တစ်ခု တိုက်ခိုက် နေသလိုပဲ။ သူ့ကို ပိုပြီးတော့ စိတ်ရှုပ်ထွေး လာစေတယ်။

ဖန်ကျန်းရှီ ခေါင်းကို ခပ်ကြမ်းကြမ်း ခါလိုက်တယ်။ အခုချိန်မှာ တည်ငြိမ်နေမှ ဖြစ်မယ်။ ဒါပေမယ့် သူစိတ်ထိန်း နေတဲ့ အချိန်မှာ လန့်စရာ မြင်ကွင်း ပေါ်လာပြန်တယ်။ သူ့ရှေ့က ရွှေရောင်အလင်းတန်းက ရွှေရောင်ဓား ကိုးလက် အသွင်းကို ပြောင်းသွားတယ်။

မဖြစ်ဘူး။ ဖန်ကျန်းရှီ ဒီမြင်ကွင်းကို မြင်မြင်ချင်း သူပြဿနာ တက်တာကို သိလိုက်ပြီ။ ဒုတိယ အကြီးအကဲရဲ့ အရှိန်နှုန်းက မြန်လွန်းတယ်။ နောက်ပြီးတော့ ရွှေရောင်ဓားတွေကလည်း သူ့ကို လုံး၀ လွတ်လမ်း မရှိအောင် အပေါ်အောက် ပိတ်ထားတယ်။

အနက်ရောင် သံချပ်ကာ တစ်ခု ဖန်ကျန်းရှီရဲ့ ကိုယ်ပေါ်မှာ ပေါ်လာတယ်။ အဲ့ဒီ့နောက် သူ့သံချပ်ကာမှာ အနက်ရောင် မီးတောက်တွေ တောက်လောင် လာတော့တယ်။ ဒါက ဖန်ကျန်းရှီရဲ့ အသန်မာဆုံး ခံစစ်ပဲ။ သူခုခံစစ်ကို ပြင်ဆင် ပြီးတဲ့ အချိန်၊ ခြေရာမဲ့ ဓားကလည်း လှုပ်ရှားတယ်။ သူ့လည်ပင်းကို ဦးတည်လာတဲ့ ရွှေရောင်ဓားကို ပထမဆုံး တိုက်ခိုက်ဖို့ ပြင်တယ်။

ဒါပေမယ့် ဒီအချိန်မှာပဲ ဖန်ကျန်းရှီ ရှေ့မှာ သရဲလို လူတစ်ယောက် ပေါ်လာတယ်။ အလင်းမဲ့ ပကတိ အမှောင် မျက်ဝန်းတွေနဲ့ ငရဲ အငွေ့အသက်တွေ ပြည့်နေတဲ့ သူ။ ရန်ရွှယ်။

အခုချိန်မှာ ရန်ရွှယ့်ကို ဖန်ကျန်းရှီနဲ့ ဒုတိယ အကြီးအကဲ နှစ်ယောက်လုံးက ဦးတည် တိုက်ခိုက်တာ မလုပ်ပေမယ့် သူ့ကို မေ့မထားခဲ့ဘူး။ ဒီအချိန် တစ်လျှောက်လုံးမှာလည်း ရန်ရွှယ်က ဆက်တိုက် တိုက်ခိုက် နေခဲ့တယ်။

“ရန်ရွှယ် ဘေးဖယ်။” ဖန်ကျန်းရှီက ရန်ရွှယ် ဒီလို ပေါ်လာမှာကို ထင်မထား မိဘူး။ ပုံမှန် အတိုင်းဆိုရင် ရန်ရွှယ်က အခုချိန်မှာ စိတ်လွတ်နေတာ။ ဒီတော့ တွေးတော နိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီ ဒီ့အတွက် ပြင်ဆင် မထားခဲ့ဘူး။ ဒါပေမယ့် ရန်ရွှယ် ပေါ်လာတဲ့ အချိန်မှာ ဓားကိုးလက်ကလည်း တစ်ပြိုင်တည်း ဆင်းလာကြတယ်။

“သတ်။” ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ အသံကို ကြားပုံ မပေါ်ဘူး။ အေးစက်စက် အသံနဲ့သာ အော်ဟစ်တယ်။ မြေပြင်က အနက်ရောင် လက်သည်းတွေ ရွှေရောင် ဓားတွေကို တိုက်ခိုက်တယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီ တစ်ခုခု လွဲနေတာကို ခံစားမိလိုက်တယ်။

ရန်ရွှယ် သူ့ကို ကြည့်တဲ့ အချိန် ရန်ရွှယ့်ရဲ့ အသက်မဲ့ မျက်ဝန်းတွေထဲက တစ်ခုခု တိုးထွက်နေတာကို မြင်ရတယ်။ ဒါပေမယ့် ဒီအရာက ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားတယ်။ ရွှေရောင်ဓားကိုးလက်က ရန်ရွှယ့် ရင်ဘတ်နဲ့ ခန္ဒာကိုယ်ကို ထွင်းဖောက်တယ်။ ဒါတင် မရပ်တန့်ဘူး။ ဖန်ကျန်းရှီရဲ့ ညာဘက် ရင်ဘတ်ကိုလည်း ထိုးစိုက်တယ်။

“အား။ ရန်ရွှယ်။” ဖန်ကျန်းရှီ နာနာကျင်ကျင် အော်ဟစ်ရင်းနဲ့ သူ့ရဲ့ ခြေရာမဲ့ ဓားကို သုံးပြီးတော့ နောက်ထပ် ရွှေရောင်ဓားကို တားဆိးတယ်။

“ဂျွတ်။” ဖန်ကျန်းရှီရဲ့ ခရမ်းရောင် အလင်းတန်းက ထွက်ပေါ်လာတဲ့ အသံကို ကြားလိုက်ရတယ်။ ဒုတိယ အကြီးအကဲရဲ့ ရင်ဘတ်မှာလည်း အရိုးထိအောင် မြင်ရတဲ့ ဒဏ်ရာကြီး တစ်ခု ပေါ်လာခဲ့တယ်။ ထိတွေ့တဲ့ အင်အားက ပြင်းထန်လွန်းလို့ ဒုတိယ အကြီးအကဲ လွင့်ထွက်သွားတယ်။ ဖန်ကျန်းရှီက ဒုတိယ အကြီးအကဲရဲ့ ဓားချက် တစ်ချက်ကို ခုခံ လိုက်ပေမယ့်၊ ရွှေရောင် ဓားတွေက ရန်ရွှယ့်ကို ဆက်တိုက် တိုက်ခိုက် နေဆဲ။

“…”

လတ်လတ်ဆတ်ဆတ် သွေးစက်တွေ ကောင်းကင်မှာ ပျံဝဲနေတယ်။ ဖန်ကျန်းရှီ၊ ရန်ရွှယ်နဲ့ ဒုတိယ အကြီးအကဲရဲ့ သွေးတွေ အားလုံး။ ဒုတိယ အကြီးအကဲ ဒီတိုက်ကွက်ကို သုံးတာ သူ့အင်အား အကုန်လုံးကို ရင်းလိုက်ရတယ်။ ဖန်ကျန်းရှီရဲ့ ဓားချက်ကို ခုခံဖို့ အင်အားတောင် မရှိတော့ဘူး။

အကယ်၍ ဒုတိယ အကြီးအကဲသာ သေမယ်ဆိုရင် ဖန်ကျန်းရှီကိုပါ အပါ ခေါ်သွားလိမ့်မယ်။ ဒုတိယ အကြီးအကဲ တိုက်ခိုက်တဲ့ အချိန်မှာ သူတို့ သုံးယောက်လုံး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြတယ်။

“ဒုတိယ အကြီးအကဲ။” မြေပြင်ပေါ်မှာ ပြိုလဲကျနေတဲ့ ဒုတိယ အကြီးအကဲကို ကောင်းကင် တာအို တပည့်သားတွေ မြင်ကြတယ်။

“ဝုန်း။” ရန်ချန်လိကို ပိတ်ထားတဲ့ ရွှေခေါင်းလောင်းကြီးလည်း ပျောက်ကွယ် သွားခဲ့ပြီ။ ဒုတိယ အကြီးအကဲမှာ အင်အား မကျန်တော့တာကို လူတိုင်း သိနိုင်တယ်။

“ရန်ရွှယ်။” ရန်ချန်လိ ချက်ခြင်း သူ့မြေးဆီ ပြေးတယ်။ သူ့မျက်လုံးတွေက ရဲရဲနီ နေခဲ့တယ်။ ရန်ချင်း မျက်လုံးထဲမှာ သွေးကြောနီလေးတွေ ထောင်နေတာကိုတောင် မြင်နေရပြီ။ ဖန်ကျန်းရှီရဲ့ ရှေ့မှာ ရပ်ရင်း ကာကွယ် ထားခဲ့ပေမယ့် ဒုတိယ အကြီးအကဲက သူ့ကို ကျော်ဖြတ်သွားတယ်။ ဒုတိယ အကြီးအကဲ ဒီလောက် မြန်မယ်လို့ သူမထင်ထား မိဘူး။

တကယ်ပဲ အကျောခံလိုက်ရတယ်။ သူ့အတွက်တော့ ဒါက ကြီးမားတဲ့ ထိခိုက်မှုပဲ။

“ဖန်ကျန်းရှီ။” ရန်ချင်းက သားရဲ တစ်ကောင်လို အော်ဟစ်တယ်။ အဲ့ဒီ့နောက် ဒုတိယ အကြီးအကဲဆီကို ပြေးတယ်။

“ရန်ချင်း ဒုတိယ အကြီးအကဲကို ထိခိုက်စေဖို့ မကြံနဲ့။” ကောင်းကင် တာအို တပည့်သားတွေ ရန်ချင်းကို မြင်တော့ ချက်ခြင်း ဓားကွက်ဖော်ပြီး တားဖို့ ပြင်တယ်။

“ငါ ငါတို့ကိုအရင်ကယ်။” ရန်ချင်း လက်စားချေချင် နေတာကို ဖန်ကျန်းရှီ နားလည်တယ်။ အခုချိန်မှာ သူနဲ့ ရန်ရွှယ်ကို အရင်ဆုံး ကယ်သင့်တယ်လို့ ခံစားရတယ်။ ဒါပေါ့။ သူနဲ့ ရန်ရွှယ်က ဓားနဲ့ အကြိမ်ကြိမ် အထိုးခံ ထားခဲ့ရတာ။ သေစေနိုင်တဲ့ ဓားချက်တွေကို ခုခံ နိုင်ပေမယ့် တကိုယ်လုံးမှာ ဓားဒဏ်ရာတွေအ အပြည့်ပဲ။

အခုချိန်မှာ ရန်ရွှယ်က ပိုအရေးကြီးတယ်။ သွေးတွေ အများကြီး ဆုံးရှုံး ထားတဲ့ အတွက် ခန္ဒာကိုယ်က အားနည်းနေပြီ။ နတ်သက်ကြွေ အဇူရာ ဖြစ်နေပင်မယ့်၊ ညာဘက် ရင်ဘတ်ကိုလည်း ဓားနဲ့ ထိုးစိုက် ခံလိုက်ရတဲ့ အတွက် သတိလစ် နေခဲ့တယ်။

“အဖိုးကြီးရန်၊ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီရယ်၊ မင်းရဲ့ မိတ်ဆွေလေးရယ်ကို ခေါ်ပြီး သွားတော့။ နောက်ထပ် အချိန်ဆွဲလို့ မဖြစ်ဘူး။” ရန်ချန်လိ ခေါင်းလောင်းထဲက ထွက်ထွက်လာချင်း ကောင်းကင် အိုအေစစ် သုခမိန်ကြီး လှမ်းအော်တယ်။

နောက်ဆုံးတော့လည်း ကောင်းကင် တာအို ခန်းမမှ မဟာအကြီးအကဲနဲ့ ခန်းမ ခေါင်းဆောင် မုချင်းဖန်း ရှိသေးတယ်လေ။ ဒီနှစ်ယောက်က ကောင်းကင် တာအို ခန်းမရဲ့ တကယ့် စွမ်းအားရှင်တွေ။

“လူငယ်လေး သွားကြစို့။” ရန်ချန်လိက လှမ်းအော်တယ်။ ဒါပေမယ့် သူပြောတဲ့ အချိန်မှာပဲ ကောင်းကင်ကြီး တစ်ခုလုံး မည်းမှောင် သွားခဲ့တယ်။ ကောင်းကင်ကြီး တစ်ခုလုံး ပိတ်ပိတ်ပိန်းအောင် မှောင်မည်းသွားတာ လူတိုင်း တအံ့တသြ မော့ကြည့်ရတဲ့ အထိပဲ။

…

ဖန်ကျန်းရှီရဲ့ ခံစားချက်တွေက ရှုပ်ထွေးနေတယ်။ သူဒဏ်ရာ ရနေသလို ခန္ဒာကိုယ်ကလည်း ရန်ရွှယ် ဖိထားတာ ခံရတယ်။ ဒါပေမယ့် ကောင်းကင်မှာ ဖြစ်နေတဲ့ မြင်ကွင်းက ထူးဆန်းလွန်းတော့ သူ့ခန္ဒာကိုယ်ကိုတောင် တစ်ခဏတာ မေ့သွားခဲ့တယ်။ မှောင်မည်းနေတဲ့ ကောင်းကင်မှာ ကြယ်အလင်းတန်း တစ်ခုကို မြင်လိုက်ရတယ်။ ဒီကြယ်အလင်းတန်းက ဖြည်းဖြည်းချင်း ဆင်းသက်လာနေတယ်။

နေ့ကောင်းကင်မှာ ကြယ်အလင်းတန်း ပေါ်လာတာက ထူးဆန်းတာတော့ မဟုတ်ဘူး။ ဖန်ကျန်းရှီကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ အတွက် ထင်ယောင်ထင်မှာ ဖြစ်နေတယ်လို့ပဲ သူ့ကိုယ်သူ ထင်မိတယ်။ ဒါပေမယ့် သူ့အတွေး ပြောင်းသွားခဲ့ရတယ်။

ကြယ်အလင်းတန်းက ကြောက်စရာ ကောင်းလောက်အောင် ကြီးမား လာပြီးတဲ့နောက် ရုတ်တရက် အနက်ရောင်ကို ပြောင်းသွားတယ်။ လုံးဝကို နက်မှောင်နေတဲ့ ကျောက်တုံးကြီး။ တောင်ကြီား တစ်လုံးလောက်ကို ကြီးမားပြီးတော့ ကောင်းကင်ကို ပိတ်ဆို့နိုင်တဲ့ ကျောက်တုံးကြီး ပုံစံကို ပြောင်းသွားတာပဲ။

စကားပြောဖို့ အခွင့်အရေး ရှိရင်၊ ဖန်ကျန်းရှီ ပြောလိုက်ချင်တယ်။ “ငလူး ဘာကြီးလဲ။”

သူတကယ်ပဲ ကံမကောင်းဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတဲ့ အချိန်မှာ တောင်ကြီး တစ်လုံး ကောင်းကင်ကနေ ပြုတ်ကျလာတယ်။ ဒါအနိုင်ကျင့် နေတာပဲ မဟုတ်လား။

လူတစ်ချို့ပဲ ဖန်ကျန်းရှီ အတွေးကို နားလည်နိုင်ကြတယ်။ ကြယ်အလင်းတန်းကို သတိထားမိတဲ့သူက သိပ်မရှိလိုက်ဘူး။ သူတို့တွေ ခေါင်းမော့လိုက်တဲ့ အချိန်မှာပဲ ကြီးမားတဲ့ တောင်ကြီး တစ်လုံး ဆင်းသက် လာနေတာကို မြင်ရတယ်။ ဒီတောင်ကြီးကြောင့် အားလုံး တကွဲတပြားဆီ ပြေးကြရတော့တယ်။

“ဒီတောင်ကြီး ဘယ်က ရောက်လာတာလဲ။”

“ဘာတွေ ဖြစ်နေတာလဲ။”

“ပြေးကြ။”

ကောင်းကင် တာအို သုခမိန် ခန်းမက တပည့်သားတွေ ပထမဆုံး ကြောက်လန့်တကြား ထွက်ပြေးကြတော့တယ်။ ဖန်ကျန်းရှီလည်း ပြေးချင်တယ်။ ဒါပေမယ့် ဓားနဲ့ အကြိမ်ကြိမ်ထိုးခံ ထားရတဲ့ အပြင် ရန်ရွှယ်ကလည်း သူ့အပေါ်မှာ ပိနေသေးတယ်။ ဘယ်လိုများ သူပြေးနိုင်မှာလဲ။

အပိုင်း (၇၄၂) ပြီး၏။

အပိုင်း (၇၄၃)

“ပြန်လည် မွေးဖွားမှု စက်ဝန်း။ စတုတ္ထမြောက် တာအိုကို ဖွင့်ခြင်း။”

ဘာသာပြန်သူ-Enri Thaw

သူတကယ်ပဲ သေရတော့မှာလား။

ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ လူနှစ်ယောက် သူ့ရှေ့ကို ရောက်လာခဲ့တယ်။ ရန်ရွှယ်နဲ့ သူ့ကို ချီမတယ်။ ကြမ်းတမ်းပင်မယ့် မြန်ဆန်တယ်။ သူတို့တွေကတော့ ရန်ချင်းနဲ့ ရန်ချန်လိ။ တောင်ကြီး ကျလာတဲ့ အချိန်မှာ ရန်ချင်းက ဖန်ကျန်းရှီကို သယ်ပြီးတော့ တောင်ကြီးနဲ့ လွတ်တဲ့ နေရာကို ပြေးတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီလည်း မြေပြင်ပေါ်ကို ထပ်ပြုတ်ကျတယ်။ အတော်တော့ နာကျင်ရတယ်။ ဒါပေမယ့် အခုချိန်မှာ ဒါတွေကို မစဉ်းစားနိုင်ဘူး။ တောင်ကြီးက မြေပြင်ပေါ်ကို ရောက်နေပြီ။

“ခဘွန်း။” အသံကျယ်ကြီးနဲ့ အတူ မြေပြင် တစ်ခုလုံး တုန်ဟီး သွားတော့တယ်။ တောင်ကြီးနဲ့ လွတ်ရာကို ရောက်သွားတဲ့ သူတွေအားလုံး ပြန်လှည့်ကြည့်နေကြတယ်။ ဖုန်တွေ ရှင်းသွားတဲ့ အချိန်မှာတော့ လုံးဝကို မည်းမှောင်နေတဲ့ တောင်ကြီး တစ်လုံး ဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ တောင်ကြီးရဲ့ အောက်ခြေမှာ ရှိတဲ့ မြေပြင်ကတော့ အက်ကွဲရာတွေ ပြည့်နေတယ်။ တောင်ကြီးက မီတာ ၃၀ နီးပါး မြင့်တယ်။ အရမ်းတော့ မကြီးဘူး။ တောင်ခြေမှာတော့ အနက်ရောင် ကျောက်တုံးတွေ အပြည့်။ တောင်ထိပ်မှာတော့ ထူးဆန်းတဲ့ မြင်ကွင်း တစ်ခု ရှိနေတယ်။

တောင်ထိပ်မှာ ကျိုးပဲ့နေတဲ့ မဏ္ဍိုင်တိုင်ကြီး လေးခု ရှိနေတယ်။ အလယ်မှာတော့ တဝက်ပွင့်နေတဲ့ ကျောက်တုံး တံခါးကြီး ရှိနေတယ်။ တံခါးမှာ ထွင်းထုထားတဲ့ သားရဲကောင်တွေကနေ မှန်းဆလို့ မရတဲ့ ရှေးကျတဲ့ အငွေ့အသက်တွေကို ခံစား နေရတယ်။

“အဲ့တာ တောင်မဟုတ်ဘူး။ နန်းတော် တစ်ခုပဲ။”

“နန်းတော် ပျက်ကြီးလား။ ဘယ်လိုလုပ်ပြီး နန်းတော် တစ်ခုက ဒီလို ပြုတ်ကျလာတာလဲ။ နောက်ပြီးတော့ မဟူရာ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ နန်းတော်ကြီး။”

လူတွေ အားလုံး လန့်နေကြတယ်။ ဒါက ကောင်းကင် တာအို ခန်းမရဲ့ နယ်မြေ။ နောက်ပြီးတော့ ကောင်းကင် တာအို ခန်းမ တစ်ခုလုံးက ကျောက်စိမ်းဖြူတွေနဲ့ပဲ တည်ဆောက်ထားတာ ကျောက်တုံး အနက် လုံး၀ မရှိဘူး။ ဒါပေမယ့် ဒီနန်းတော်ကြီးက ဓားတောင်ထိပ်ကနေ လာတာ မဟုတ်ရင် ဘယ်ကနေ ရောက်လာပြီး ပြုတ်ကျ လာတာလဲ။ ကောင်းကင်က တိုက်ရိုက် ကျလာတာတော့ မဟုတ်ဘူး မလား။

ဒီကိစ္စကို တွေးတော နေတဲ့ အချိန်မှာ မယုံနိုင်စရာတွေ များနေခဲ့တယ်။ ကောင်းကင် တာအို ခန်းမ တပည့်သားတွေလည်း မတွေးတတ်ဘူး။ အကယ်၍ သာမာန် တောင်တစ်လုံး ဖြစ်ရင်တော့ ပြုတ်ကျလာတာ နားလည် နိုင်စရာ ရှိသေးတယ်။

“နန်းတော် ပျက်ကြီး။ ဘယ်ကနေများ ရောက်လာတာလဲ။” ရန်ချန်လိလည်း မျက်မှောင်ကြုတ်ရင်း တွေးနေတယ်။ ရန်ရွှယ်ကို သူချီထားခဲ့တယ်။

“နန်းတော်ပျက်ကြီး။” ကြယ်အလင်းရောင်ကနေ အနက်ရောင် နန်းတော်ပျက်ကြီး ပုံစံကို ပြောင်းသွားတာ တွေ့လိုက်ရတဲ့ ဖန်ကျန်းရှီကတော့ ပိုပြီး အတွေးနက်နေ ရတယ်။ ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ လွန်ခဲ့တဲ့ တစ်လ လုံးလုံး ဒီလောကအကြောင်းတွေကို လေ့လာခဲ့တယ်။ ဒါပေမယ့် အခု ဖြစ်နေတာ အတွက်တော့ အဖြေ မရသေးဘူး။

မယုံနိုင်စရာ နန်းတော်ကြီးကတော့ လူတိုင်း ရှေ့မှာ ရှိနေဆဲ။ ရေကန်ကို ဖြတ်လာတဲ့ ဝူယွဲ့အာလည်း နန်းတော်ကြီးကို ကြည့်ရင်း တအံ့တသြ ဖြစ်နေခဲ့တယ်။ ဝူယွဲ့အာ အတွက်တော့ ဒီတိုက်ပွဲက မသင့်တော်ဘူး။ ဒါကြောင့် တိုက်ပွဲနားကိုတောင် မကပ်ပဲ၊ စကား တစ်ခွန်းတောင် မပြောပဲ ဘေးကနေ ရပ်ကြည့် နေခဲ့တယ်။

“အဖိုးကြီးရန်၊ နန်းတော်ပျက်ကို ကြည့်မနေနဲ့၊ သွားကြစို့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဆဋ္ဌမ အကြီးအကဲနဲ့ တိုက်ပွဲကနေ ရုန်းထွက် လာနိုင်ပြီ ထွက်ခွာဖို့ကို အလောတကြီး ဖြစ်နေခဲ့တယ်။

“ကောင်းကင် အိုအေစစ်။ မင်းက ငါ့တပည့်တွေကို ထိခိုက်အောင် လုပ်ပြီးတော့မှ အခု သွားတော့ မလို့လား။” ဒီအချိန်မှာ ကောင်းကင်ကနေ အသံ တစ်သံ ထွက်လာတယ်။ အဝေးကနေ လာနေတဲ့ အသံ ဖြစ်ပင်မယ့် အတော့်ကို မြန်မြန် ရောက်လာခဲ့တယ်။

ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒီအသံကို ကြားတော့ ခေါင်းမော့ကြည့်တယ်။ သူတစ်ယောက်တည်းတင် မဟုတ်ဘူး။ ကောင်းကင် တာအို တပည့်သားတွေလည်း အတူတူပဲ။ ဒါပေမယ့် သူတို့ကတော့ မျှော်လင့်ချက် အပြည့် မျက်ဝန်းတွေနဲ့ ကြည့်နေကြတာ။

“လူငယ်လေး သွားကြစို့။” ရန်ချန်လိ ဒီအသံကို ကြားတာနဲ့ ကောာင်းကင် အိုအေစစ် သုခမိန်ကြီးထက် မြန်မြန် လှုပ်ရှားတယ်။

“မင်းသား ရန်ချန်လိက မိုင်ထောင်ချီ ဖြတ်သန်းပြီးတော့ ငါ့ ကောင်းကင်တာအို ခန်းမကို ရောက်လာတာပဲ။ နှုတ်ဆက် စကားတောင် မဆိုပဲ သွားတော့ မလို့လား။” ဒီတစ်ခေါက် အသံ ထွက်လာတဲ့ အချိန်မှာပဲ အဖြူရောင် အလင်းတန်း တစ်ခု ပေါ်လာပြီးတော့ ရန်ချန်လိကို တားဆီးလိုက်တယ်။

အဖြူရောင် အလင်းတန်းကို မြင်တော့ ရန်ချန်လိ ခါးသက်သက် ပြုံးလိုက်တယ်။ စကား ပြောနေတဲ့ သူကို သူသိတယ်။ သူ့အတွက် ထွက်ပြေးဖို့ အခွင့်အရေး မရှိတော့ဘူး။ အရင်က အနောက်ပိုင်းလျန်ရဲ့ ခေါင်းဆောင် အနေနဲ့၊ သူတို့ရဲ့ သတ်မှတ်ချက် အရ သူ့ မုချင်းဖန်းထက် နိမ့်နေတယ်။

အဖြူရောင် လူရိပ်က ကောင်းကင်ကနေ ဆင်းသက်လာတယ်။ နှင်းဖြူရောင် လူကြီးက မြေပြင်ပေါ်ကို တိုက်ရိုက် မဆင်းသက်ဘူး။ နန်းတော်ဟောင်းက မဏ္ဍိုင် တစ်လုံးပေါ်မှာ ရပ်နေခဲ့တယ်။ အသံတိတ် ငြင်ငြင်သာသာလေး သူလှုပ်ရှားတယ်။ သူ့နောက်မှာတော့ အင်အားကြီး သားရဲကောင် တစ်ကောင် ပါလာခဲ့တယ်။ သားရဲကောင်ပေးမှာ ပန်းနုရောင်ဝတ် မိန်းမလှလေး တစ်ယောက် ရှိနေခဲ့တယ်။ ကြယ်တာရာလို လင်းလက်နေတဲ့ မျက်ဝန်းနဲ့ မိန်းမလှလေး။

“ဆရာ။”

“အစ်မကြီး ချီကူယန်။”

ကောင်းကင် တာအို တပည့်သားတွေ မုချင်းဖန်းနဲ့ ချီကူယန်ကို မြင်တော့ နောက်ထပ် စိတ်ဖိစီး မနေတော့ဘူး။ ဖန်ကျန်းရှီက သန်မာတယ်။ ဒါပေမယ့် ချီကူယန်ထက် ပိုပြီးတော့ သန်မာ နိုင်သေးလား။ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကလည်း အရေး မကြီးတော့ဘူး။ ရန်ချန်လိ ဆယ်ယောက်နဲ့ ကောင်းကင် အိုအေစစ် သုခမိန် ဆယ်ယောက် ရှိရင်တောင် မုချင်းဖန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး။

“ဘာတွေ ဖြစ်နေတာလဲ။” မုချင်းဖန်းက အောက်ဘက်က မြင်ကွင်းကို တစ်ချက်ကြည့်တယ်။ သူခြေချထားတဲ့ အနက်ရောင် ကျောက်သား နန်းတော်ကြီးကို ကြည့်တယ်။ မကြာခင်မှာပဲ အနီးနားက အလောင်းတွေကို သူမြင်လိုက်ရတယ်။

ဒီအလောင်းတွေထဲမှာ ရင်းနှီးနေတဲ့ မျက်နှာတွေကို တွေ့ရတယ်။ ယင်ယန် ခန်းမက ရှီဖုန်း။ နောက်ပြီးတော့ တခြား ခေါင်းတစ်ချို့။ မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက်။ ကောင်းကင် တာအို ခန်းမ အောက်ခြေမှာ ဒီလောက် သုခမိန်တွေ အများကြီးကို ဘယ်သူ သတ်သွားတာလဲ။ ကောင်းကင် တာအို ခန်းမ လက်ချက်လား။ မဖြစ်နိုင်ဘူး။

ကောင်းကင်တာအို ခန်းမနဲ့ ယင်ယန် ခန်းမရဲ့ ပြဿနာက အဲ့ဒီ့လောက် မကြီးမားဘူး။ ဒါဆိုရင် အရိပ် မျိုးနွယ် လက်နက်လား။ ကောင်းကင် အိုအေစစ် သုခမိန်နဲ့ ရန်ချန်လိက ဒီလောက် သုခမိန် အများကြီးကို သတ်နိုင်လို့လား။ ကောင်းပြီ။ ဒါက ဖြစ်နိုင်ရင်တောင် ရှီဖုန်းကို ဘယ်သူ သတ်တာလဲ။

ရှီဖုန်းရဲ့ စွမ်းအားနဲ့ ဆိုရင် သူတို့တွေ ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ဒါ့အပြင် စတုတ္ထ အကြီးအကဲကလည်း မြေပြင်ပေါ်မှာ လဲကျနေတယ်။ ဒုတိယ အကြီးအကဲကလည်း ဖြူဖျော့နေခဲ့တယ်။ သူ့ရင်ဘတ်မှာလည်း ဓားရာကြီး တစ်ချက် ရှိနေခဲ့တယ်။ သူတို့တွေ ဘာများ ဖြစ်ကုန်တာလဲ။

ဖြစ်သွားတာတွေကို မုချင်းဖန်း တွေးလို့ မရနိုင် ဖြစ်နေခဲ့တယ်။ သူတံခါးပိတ် ကျင့်ကြံတာကနေ ခန်းမ အောက်ကို ဆင်းလာတဲ့ အထိ အချိန် ခဏပဲ ရှိသေးတယ်။ အခု မြင်ကွင်းကတော့ သူထင်ထားတာထက်ကို အသေအပျောက် ပိုများနေတယ်။ သူတို့တွေက ဖန်ကျန်းရှီကို ဖမ်းလာရုံပဲ မဟုတ်လား။ ဒီလောက် ဖြစ်ဖို့ လိုလို့လား။

ဖန်ကျန်းရှီ မိုးနတ် ရေကန်ကို ဖျက်စီး သွားတဲ့ အတွက် အကြီးအကဲတွေ လိုက်ဖမ်းတာကို သူသိထားတယ်။ မျက်စိရှေ့က အဖြစ်တွေ ဖန်ကျန်းရှီ တစ်ယောက်တည်းကို လိုက်ဖမ်းရုံနဲ့ ဒီလောက်ထိ ဖြစ်သွား ကြတာလား။ မဟူရာ နန်းတော်ကြီး ကြောင့်များ ဒီလို ဖြစ်တာလား။ ဒါတွေ အားလုံးက မုချင်းဖန်းရဲ့ ခန့်မှန်း ချက်တွေပဲ။ ဆဋ္ဌမ အကြီးအကဲ ခပ်မြန်မြန် ပျံတက် လာပြီးတော့ ဖြစ်ခဲ့တာတွေ မုချင်းဖန်းကို ရှင်းပြတယ်။ ဒီအချိန်မှာတော့ မုချင်းဖန်းရဲ့ မျက်နှာ လုံး၀ ပြောင်းလဲ သွားခဲ့တယ်။

“ဖန်ကျန်းရှီက သုခမိန် ငါးယောက်ကို သတ်လိုက်တယ်ပေါ့။” အခုချိန်မှာတော့ မုချင်းဖန်းက တစ်စက်လေးတောင် မယုံနိုင် ဖြစ်နေခဲ့တယ်။ ဆဋ္ဌမ အကြီးအကဲ ကိုယ်တိုင် ပြောပြ နေတာတောင် မဖြစ်နိုင်တဲ့ ကိစ္စကြီး တစ်ခုကို ယုံဖို့ ခက်နေခဲ့တယ်။ သူတင် မကဘူး။ နောက်ဘက်က ချီကူယန်တောင် လန့်နေတယ်။ သူမ မေးတယ်။ “အရှက်မရှိတဲ့ သူခိုးကောင်။ နင်ငရဲ တာအိုကိုပါ တတ်တာလား။”

တစ်ခဏ ကြာပြီးနောက် ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ဓားတွေကို အသင့်ပြင်ရင်း လျှောက်လာကြတယ်။

“ဆရာ။” ချီကူယန်ရဲ့ မျက်နှာ လှလှလေးမှာ အမူအယာ ရှိမနေခဲ့ဘူး။ ဒါပေမယ့် သူမ အသံက တုန်ယင်နေခဲ့တယ်။

“အင်း။” မုချင်းဖန်း သက်ပြင်းချတယ်။ ဒုတိယ အကြီးအကဲကို တွဲထူနေတဲ့ တပည့်သားတွေကို ကြည့်တယ်။

“ခန်းမ ခေါင်းဆောင်၊ ဒီနေ့ အဖြစ် အတွက် ကျွန်တော့်မှာ တာဝန် ရှိပါတယ်။ အပြစ်ဒဏ်တွေ အားလုံးကို ကျွန်တော် ခံယူပါမယ်။” ဒုတိယ အကြီးအကဲ အသက်ပြင်းပြင်းရှူရင်း ပြောတယ်။ ဒါပေမယ့် မုချင်းဖန်းရဲ့ လက်ဟန်ကို မြင်လိုက်တော့ သူချက်ခြင်း စကား ဖြတ်လိုက်တယ်။

“ဖန်ကျန်းရှီ ငါမင်းကို မေးခွန်း နည်းနည်းမေးတယ်။” မုချင်းဖန်းက ဖန်ကျန်းရှီကို ဝိဉာဉ် ထွင်းဖောက် မတတ် စူးရှတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။

“ကောင်စုတ်လေး ကောင်းကောင်းဖြေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက လှမ်းပြောတယ်။ ဖန်ကျန်းရှီ တစ်ခုခု လုပ်လိုက်မှာကို သူကြောက်နေတယ်။

“မေးခွန်း မဖြေခင် တစ်ခုမေးမယ်။ ရန်ရွှယ်နဲ့ ကျွန်တော့်ကို ကုသ ပေးနိုင်လား။” ရန်ချန်လိ ချီထားတဲ့ ရန်ရွှယ့်ကို ကြည့်ရင်း မေးတယ်။

မုချင်းဖန်း တစ်ခဏတော့ မျက်လုံး ပြူးသွားတယ်။ ဒီလို တောင်းဆိုလာမယ်လို့ မထင်ထား မိဘူး။ ကောင်းကင် တာအို ခန်းမနဲ့ အကြီးအကျယ် တိုက်ခိုက်ထား ပြီးတော့မှ ဒီလို မေးဝံ့တာ၊ လောကမှာ သူ့လိုလူ ရှားလိမ့်မယ်။ ဒါပေမယ့် မုချင်းဖန်ကတော့ ဒေါသ မထွက်တော့ဘူး။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ကျင့်သား ရနေပြီလေ။

“မဖြစ်နိုင်လောက်ဘူး။”

“ဒါဆိုလည်း ဆက်မေး။” ဖန်ကျန်းရှီ ထပ်ပြောချင်ပေမယ့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ကြောက်စရာ ကောင်းလောက်အောင် မျက်နှာ ပျက်နေတော့ သူလည်း ခေါင်းငြိမ့်လိုက်တယ်။

“ငါ့ရဲ့ ကောင်းကင် တာအို ခန်းမ မိုးနတ် ရေကန်ကို ဖျက်စီးခဲ့လား။”

“ဖျက်စီးခဲ့တယ်။” ဒါကိုတော့ ငြင်းလို့ မဖြစ်ဘူး။ ချီကူယန်က အကုန် တာဝန်ယူမယ် ပြောထားပေမယ့် သူက အဓိက တရားခံ ဖြစ်နေခဲ့တယ်။

“ကောင်းပြီ။ ယင်ယန် ခန်းမက ရှီဖုန်း၊ မဟူရာ လမင်းကျွန်းက ယွမ်ရုန်နဲ့ တခြားသူတွေကို မင်းသတ်တာလား။”

“ဟုတ်ပါတယ်။”

“အကြီးအကဲ နှစ်ယောက်ကိုလည်း မင်း ဒဏ်ရာ ရစေတာလား။”

“မှန်ပါတယ်။”

“ကောင်းပြီ။ မင်း အားလုံးကို ဝန်ခံမှတော့၊ မင်းကို ကောင်းကင် တာအို ခန်းမ တပည့်သား အဖြစ်ကနေ ထုတ်ပယ်တယ်။ မြင့်မြတ် နယ်မြေမှာ မင်းကို ဖမ်းဖို့ ဆုကြေးငွေ ထုတ်မယ်။ ငြင်းစရာရှိလား။” မုချင်းဖန်း မေးတယ်။

“ဆုကြေး။” ဆဋ္ဌမ အကြီးအကဲ ဒါကိုကြားတော့ လန့်သွားတယ်။ ဖန်ကျန်းရှီက သူတို့ ရှေ့မှာ ရောက်နေပြီလေ။ ဒီလို လုပ်ဖို့ လိုလို့လား။

“ခန်းမခေါင်းဆောင် သူ့ သူ့ကို အလွတ် မပေးနဲ့။ ကောင်းကင် တာအို ခန်းမရဲ့ နောင်တစ်ချိန် ရန်သူကို အခု အလွတ်ပေးရင်၊” ဒုတိယ အကြီးအကဲ ထိတ်လန့် တကြား ဝင်ပြောတယ်။

“ဒုတိယ အကြီးအကဲကို အနားယူဖို့ ခေါ်သွားလိုက်။” မုချင်းဖန်း ပြောတယ်။

“အမိန့်အတိုင်းပါ။”

မုချင်းဖန်း ဖန်ကျန်းရှီကို ဆက်ပြောတယ်။ “ဖန်ကျန်းရှီ မင်းလုပ်ရပ်တွေကြောင့် ငါမင်းကို အခုချက်ခြင်း သတ်ပိုင်ခွင့် ရှိတာကို မင်းသိတယ်ဟုတ်။”

“ဘာဖြစ်လို့ မသတ်တာလဲ။”

“ချီကူယန်က မင်း အတွက် တောင်းပန် ထားလို့ပဲ။ ဒီနေ့ မင်းကို မသတ်တဲ့ အတွက်၊ တောင်းဆိုစရာ တစ်ခုရှိတယ်။” မုချင်းဖန်း သူ့နောက်က ချီကူယန်ကို လှမ်းကြည့်တယ်။ စိတ်ထဲမှာလည်း တွေးတော နေခဲ့တယ်။ “နှစ်ထပ်ကွမ်း နဂါးချန်ပီယံ။ ပါရမီရှင်။”

“ကူယန် မင်းက သူ့အတွက် အသနားခံ ပေးပင်မယ့်၊ ဒီကလေးရဲ့ အလားအလာက တကယ့်ကို အဆုံးမဲ့တာပဲ။”

“သုခမိန် ငါးယောက်ကို တစ်ယောက်တည်း သတ်လိုက်တယ်။”

“မင်းမှန်ဖို့ မျှော်လင့်ပါတယ်။” မုချင်းဖန်း ခေါင်းခါရင်း တွေးနေတာကို ရပ်လိုက်တယ်။ သူဆုံးဖြတ်ချက် ချပြီးပြီ။

“ဘာတောင်းဆိုမှာလဲ။”

“ကောင်းကင် တာအို ခန်းမကို ဒီနေ့ အဖြစ် အတွက် လက်စား မချေဘူးလို့ သစ္စာဆိုပါ။ နောက်ပြီးတော့ ငါ့ ခွင့်ပြုချက် မရှိပဲ၊ ငါ့နယ်မြေထဲကို ဝင်ခွင့် မရှိဘူး။”

“ကောင်းကင် တာအို ခန်းမ တပည့်သား တစ်ယောက်က ကျွန်တော့်ဆီ လာရင်ကော။”

“မင်း သူ့ကို သတ်နိုင်တယ်။”

“ဒီသစ္စာ ကျမ်းကျိန်ပြီးရင်၊ သွားခွင့် ပြုမှာလား။”

“ဒါပေါ့။”

“ဒါဆို သူတို့ကိုရော။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ရန်ချန်လိ၊ ရန်ရွှယ်တို့ကို လက်ဝေ့ယမ်း ပြရင်း မေးတယ်။

“မင်းကိုတောင် သွားခွင့် ပြုမှတော့ သူတို့ကိုလည်း ခေါ်မထား ပါဘူး။”

“ကောင်းပါပြီ။ ကတိပေးတယ်။ ဒါပေမယ့် တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်။” ဖန်ကျန်းရှီ အံကြိတ်ရင်းနဲ့ ပြန်ဖြေတယ်။

“ဘာတောင်းဆိုမှာလဲ။”

“ရန်ရွှယ့်ကို ကယ်ပေး။”

“ငါမကယ်နိုင်ဘူး။”

“မကယ်နိုင်ဘူးလား။”

“ဟုတ်တယ်။ ရန်ရွှယ်က နတ်သက်ကြွေ အဇူရာ လွှမ်းမိုးတာ ခံလိုက်ရပြီ။ သူကသေရမယ့် လူတစ်ယောက်ပဲ။”

“သေရမယ့် လူတစ်ယောက်။” ဖန်ကျန်းရှီရဲ့ အမူအယာ ပြောင်းသွားတယ်။ မုချင်းဖန်းရဲ့ စကားတွေကို သူမယုံနိုင်ဘူး။

“ဖန်ကျန်းရှီ ရန်ရွှယ့် ကိစ္စက ကောင်းကင် တာအို ခန်းမနဲ့ မဆိုင်ဘူး။ ဒုတိယ အကြီးအကဲ သူ့ကို မတိုက်ခိုက် ခဲ့ရင်တောင်၊ ရလဒ်က အတူတူပဲ။” မုချင်းဖန်း ထပ်ပြောတယ်။

“မဟုတ်ဘူး။ မတူနိုင်ဘူး။ အကယ်၍ ရန်ရွှယ်သာ တစ်ခုခု ဖြစ်ရင်၊ ဒုတိယ အကြီးအကဲ ပြန်ပေးဆပ် စေရမယ်။” ဖန်ကျန်းရှီ အံကြိတ်လိုက်တဲ့ အချိန်မှာပဲ ကျယ်ပြန့်လွန်းတဲ့ သတ်ဖြတ်လိုစိတ်တွေ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာတယ်။ သူ့ခန္ဒာကိုယ်ထဲကို စိုက်ဝင်နေတဲ့ ရွှေဓားတွေလည်း ဒီအရှိန်အဝါကြောင့် လွင့်ထွက် ကုန်တယ်။

“ခဘွန်း။” မြေပြင် တစ်ခုလုံး နစ်ဝင်သွားတယ်။ ကျယ်ပြန့်လွန်းတဲ့ သတ်ဖြတ်လိုစိတ် အရှိန်အဝါတွေက အရပ်ရှစ်မျက်နှာကို လှိုင်းတွေလို ရိုက်ခတ် နေခဲ့တယ်။

“အင်အား ကြီးလိုက်တာ။ ဒီကောင်က တကယ့် မကောင်းဆိုးဝါးပဲ။ ဘယ်လိုများ ဒီလောက်ထိ သန်မာ နိုင်တာလဲ။”

“ဒီကောင် ရူးသွားတာလား။ ဆရာက သူ့ကို လွှတ်ပေး နေတာတောင်၊ သူက ဒုတိယ အကြီးအကဲကို သတ်ချင် နေသေးတယ်။”

“သူ့တစ်ယောက်တည်းနဲ့ ဘယ်လို ဖြစ်နိုင်မှာလဲ။” မုချင်းဖန်းရှေ့မှာ ဒုတိယ အကြီးအကဲကို ဖန်ကျန်းရှီ သတ်နိုင်မယ်လို့ ဘယ်သူမှ မထင်ဘူး။

“ကောင်စုတ်လေး။ ခန်းမ ခေါင်းဆောင်က ဒီနေ့ မင်းကို လွှတ်ပေးနေပြီ။ ဒါတောင် မင်းက မသွားသေးရင်၊ ငါတို့ မညှာတာဘူးလို့ အပြစ်မတင်နဲ့။” ဆဋ္ဌမ အကြီးအကဲ လှမ်းအော်တယ်။

“ညှာတာတယ် ဟဟားဟား။” ဖန်ကျန်းရှီ ရယ်မောတော့တယ်။ သတိလစ်နေတဲ့ ရန်ရွှယ်ကို ကြည့်ရင်း တကိုယ်လုံး တုန်ယင် လာတော့တယ်။ “ငါမင်းကို မကာကွယ် နိုင်ခဲ့ဘူး။ ငါ့ကြောင့်သာ မဟုတ်ရင်၊ ရှီဖုန်းလည်း မင်းရဲ့ ချိတ်ပိတ်စည်းကို လွှတ်ပေးမှာ မဟုတ်ဘူး။ ရန်ရွှယ် ငါ့ကိုစောင့်။ ငါမင်း အတွက် လက်စားချေပေးမယ်။ ဒီတိုက်ပွဲမှာ ပါတဲ့ သူတိုင်းကို ငါသတ်မယ်။ ဒုတိယ အကြီးအကဲကို သတ်မယ်။ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ် အားလုံးကို သတ်ပြစ်မယ်။”

“အဇူရာ တာအို။”

“အဲ့တာ မဟာ အဇူရာ တာအိုပဲ။”

ဖန်ကျန်းရှီ ဆက်ပြီးတော့ တိုက်ခိုက်နိုင်တာကို ဘယ်သူမှ မယုံနိုင်။ သူ့ခန္ဒာကိုယ်ကနေ သွေးနီရောင် အလင်းတန်း ထွက်ပေါ် လာတဲ့ အချိန်မှာတော့ သူတို့ မှားနေတာကို နားလည် သွားတော့တယ်။

“ဒီကောင်က အဇူရာ တာအိုကို တတ်မြောက် နေတာလား။”

အပိုင်း (၇၄၃) ပြီး၏။

အပိုင်း (၇၄၄)

“တာအို လေးခုရဲ့ ပဲ့တင်သံ။ နောက်ဆုံး မျှော်လင့်ချက်။”

ဘာသာပြန်သူ - Enri Thaw

ဖန်ကျန်းရှီရဲ့ သွေးနီရောင် အလင်းတန်းကို မြင်တော့ လူတိုင်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ရပြန်တယ်။

“ကောင်စုတ်လေး။ ဒါကတော့ နတ်ဘုရား ဆန်လွန်းသွားပြီ။” အခုချိန်မှာ ကောင်းကင် အိုအေစစ် သုခမိန်ကြီးလည်း ဒါပဲ ပြောနိုင်တော့တယ်။ ရန်ချန်လိလည်း တောင့်တင်းနေတယ်။ ဖန်ကျန်းရှီ ပိုပြီးတော့ သန်မာ နိုင်တာကို သူသိထား ပေမယ့် သုူ့ရဲ့ အသန်မာဆုံး လက်နက်ကို တခြားသူက လွယ်လွယ် တတ်မြောက်နေတာကိုတော့ အခံရခက်နေတယ်။

ဆဋ္ဌမ အကြီးအကဲကတော့ အလန့်ဆုံး သူပဲ။ ပါးစပ် အဟောင်းသားနဲ့ မျက်လုံးကြီး ပြူးနေတဲ့ အပြင်ကို မျက်နှာကလည်း ဖြူဖျော့နေတယ်။ ရှီဖုန်းနဲ့ တိုက်ခိုက်တုန်းက ငရဲ တာအိုကို တတ်မြောက်သွားတာ သူသိတယ်။ အခုကတော့ တိုက်တောင် မတိုက်ခိုက် ရသေးဘူး။ တာအို တစ်ခုကို တကယ်ပဲ ဒီလို တတ်မြောက် နိုင်တာလား။ နောက်ပြီးတော့ တိုက်ခိုက်ရေးှ စွမ်းအား အမြင့်ဆုံး တာအိုကို ထုတ်သုံးတာ။ ဒီ့ထက် ပိုပြီးတော့ ကြောက်စရာ ကောင်းတာ ရှိအုန်းမလား။

“ငါ့နှလုံးသားထဲမှာ အမြဲတမ်း ကိန်းအောင်းနေတဲ့ တာအို တစ်ခု ရှိတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ငါထုတ်မသုံးခဲ့ဘူး။ အဲ့ဒီ့ တာအိုက မင်းအပိုင် ဖြစ်နေလို့လေ။” သူပြောလိုက်တဲ့ အချိန်မှာပဲ သူ့ရဲ့ မျက်ဝန်းတွေမှာ သွေးနီရောင် အလင်းတန်းတွေ တောက်ပ လာတော့တယ်။

“နှလုံးသားထဲမှာ ကိန်းအောင်းနေတယ်။”

“ဘယ်တုန်းကမှ ထုတ်မသုံးဘူး။”

“မင်း အပိုင် ဖြစ်နေလို့။”

ဖန်ကျန်းရှီ ပြောတာတွေကို တပည့်သားတွေ နားမလည်ပေမယ့် ဆဋ္ဌမ အကြီးအကဲကတော့ နားလည်တယ်။ ဖန်ကျန်းရှီ အဇူုရာတာအိုကို ဘာကြောင့် သုံးနိုင်လဲ သူသိသွားတယ်။ ပိုပြီးတော့ နားလည်လေ ပိုပြီးတော့ လန့်ရလေပဲ။ နှလုံးသားထဲမှာ အချိန်အကြာကြီး ကိန်းအောင်းနေတယ်။

“ဒီကောင်လေးက တကယ့် ပါရမီရင် အစစ်ပဲ။” ဆဋ္ဌမ အကြီးအကဲ မယုံနိုင်ပေမယ့် အမှန်တရားကတော့ မျက်စိရှေ့မှာပဲ။ ဖန်ကျန်းရှီကတော့ သတိလစ်နေတဲ့ ရန်ရွှယ်ကို ကြည့်ရင်းနဲ့သာ စကားတွေ ပြောနေခဲ့တယ်။

“ငါမင်းကို ပထမဆုံး တွေ့တဲ့ အချိန်၊ မင်းမှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ ငါ့ကို ထမင်းကျွေးမယ်လို့ ပြောခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက ငါက တောင်ပေါ်က တောသားလေး တစ်ယောက်။ မင်းကတော့ အနောက်ပိုင်းလျန်က ဆက်ခံသူ။”

“အဆင့်အတန်းတွေ ဒီလောက် ကွာခြားတဲ့ လူနှစ်ယောက်က ဘယ်လိုများ သူငယ်ချင်း ကောင်းတွေ ဖြစ်နိုင်မလဲ။ ဟဟား။ အမှန်တိုင်း ပြောရရင် အဲ့ဒီ့ အချိန်တုန်းက ငါမယုံဘူး။”

“ဒါပေမယ့် မင်းကတော့ ငါ့ကို သူငယ်ချင်း တစ်ယောက်လို ဆက်ဆံတယ်။ မင်းက ငါ့ကို တိုက်ကွက်တွေ အကြောင်း ပြောပြတယ်။ အဲ့ဒီ့ အချိန်မှပဲ တိုက်ပွဲက စိတ်ဝင်စားစရာ ကောင်းတာကို ငါသိ ရတာပဲ။”

“ငါတို့တွေ နှင်းမဟူရာ မြင်းပျံကို စီးပြီးတော့ မြောက်ပိုင်း မြေကနေ ရန်မြို့တော်ကို သွားကြတယ်။ ငါက မင်းကို ယုံတယ်။ မင်းက ငါ့ကို ယုံတယ်။ တကယ့်ကို အံ့သြ စရာပဲ။”

“တောင်ပိုင်းဒေသ တိုက်ပွဲမှာ ငါမင်းကို လိုက်မရှာဘူး။ ငါ့ကို မင်းလာရှာမှာ ငါသိနေတယ်။ ငါတို့တွေ အတူတူ တိုက်ခိုက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ မစွန့်ခွာကြဘူး။”

“မင်းက ငါ့ကို ညီလာခံ စာမေးပွဲမှာ ချန်ပီယံ ဘွဲ့နေရာရဖို့ ဧကရာဇ်နဲ့ အတိုက်အခံ လုပ်ခဲ့တယ်။ ကောင်းကင် တာအို သုခမိန် လူရွေးပွဲကို ငြင်းပယ်ပြီးတော့ အနောက်ပိုင်းလျန်ကိုပဲ ပြန်ခဲ့တယ်။”

“မြောက်ရွာမှာ ငါပြန်ပေါ်လာတော့ အမြန်ဆုံးနှုန်းနဲ့ အနောက်ပိုင်းလျန်ကနေ မင်းရောက်လာတယ်။ အဲ့ဒီ့နောက် ရန်မြို့တော်ကို အတူတူ သွားပြီးတော့ အိမ်ရှေ့စံ အိမ်တော်ကို အတူတူ မီးရှို့ခဲ့ကြသေးတယ်။”

“လွန်ခဲ့တဲ့ တစ်လမှာ မြင့်မြတ် နယ်မြေကို အတူတူ ဝင်ခဲ့ကြတယ်။ ဒါပေမယ့် မင်းက အခု သေတော့မှာတဲ့လား။ ဘယ်လိုများ ငါ့ရှေ့မှာ သေလို့ ရမှာလဲ။”

“ရန်ရွှယ် ငါမင်းကို မသေစေချင်ဘူး။”

“မြင့်မြတ် နယ်မြေကို မင်းနဲ့ အတူ လေ့လာ ချင်သေးတယ်။ မြင့်မြတ် နယ်မြေ တစ်ခွင်ကို ငါတို့ အတူတူ သွားဖို့ ကတိ ပေးထားတာလေ။ သုခမိန်တွေ ဖြစ်လာအောင် လုပ်ပြီး သန်မာလာ စေရမယ်လို့ လုပ်ထားတာ မဟုတ်လား။”

“ရန်ရွှယ်၊ ငါ့မှာ မင်းလို သူငယ်ချင်း တစ်ယောက် ရှိတာ၊ သေရင်တောင် နောင်တ မရဘူး။”

“အခုတော့။”

“ရန်ရွှယ် မင်းရဲ့ အဇူရာ တာအိုကို ငှားသုံးခွင့်ပြုပါ။ မင်းကို ထိခိုက်အောင် လုပ်တဲ့ သူတွေ အားလုံးကို မင်းရဲ့ အဇူရာ တာအို သုံးပြီးတော့ လက်စားချေမယ်။”

“ခဘွန်း။” ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်တော့တယ်။ ကောင်းကင်ကြီး တစ်ခုလုံး မှောင်မိုက် သွားတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ ပြန်လည် မွေးဖွားမှု စက်ဝန်း ပေါ်ထွက် လာတော့တယ်။ ပြန်လည် မွေးဖွားမှု စက်ကွင်းပေါ်မှာ သွေးနီရောင် အလင်းတန်းလေး စတင် တောက်ပ လာတော့တယ်။

သွေးလို နီရဲနေတဲ့ မိုးကြိုး တစ်ခု ကျရောက်လာတယ်။ ပြန်လည် မွေးဖွားမှု စက်ကွင်းနဲ့ ကောင်းကင်ကို ဆက်သွယ်လိုက်တဲ့ လှေကား တစ်စင်းလိုပဲ။ စကားနဲ့တောင် ဖော်ပြလို့ မရတဲ့ လူသတ်ငွေ့တွေ ပြည့်နှက်နေတဲ့ အလင်းတန်းကြီး ထွက်ပေါ်လာတယ်။

အဇူရာ တာအို နိုးထပြီ။

အဇူရာ တာအို နိုးထတဲ့ အချိန်မှာပဲ ကျောရိုးထဲကို စိမ့်ချမ်း သွားစေတဲ့ ငရဲ အအေးဓာတ်က ဖန်ကျန်းရှီရဲ့ ခြေထောက် အောက်ကနေ တက်လာတော့တယ်။ အနီရောင် စက်ကွင်း အလင်းတန်းက သူ့ခန္ဒာကိုယ်ကို လှည့်ပတ်နေတယ်။

“ဝုန်း။” မြေပြင် နောက်တစ်ကြိမ် တုန်ခါ သွားခဲ့တယ်။

အရိပ်ကြီး တစ်ခု ဖန်ကျန်းရှီရဲ့ ကျောပေးမှာ ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ အနက်ရောင် သံချပ်ကာကြီး သူ့ကိုယ်ပေါ်မှာ ပေါ်လာတော့တယ်။ ဒီတစ်ခေါက် သူ့သံချပ်ကာ ပေါ်မှာ အနီရောင် သဏ္ဍာန်တွေ ထွက်ပေါ် လာခဲ့ပြီ။ ငရဲမီးတောက် အနက်တွေလည်း အလျှံတညီးညီး ထွက်ပေါ် လာခဲ့တယ်။ ပုံမှန် ခရမ်းရောင် ဖြစ်နေတဲ့ ခြေရာမဲ့ ဓားက အခုချိန်မှာ အနီရောင် အလင်းတန်း ပေါင်းစပ်ရင်း ပိုပြီးတော့ ကြောက်စရာ ကောင်းနေခဲ့တယ်။

“သတ်။” ဒေါသတကြီး အော်သံ ထွက်လာတယ်။”

“ကောင်းချီးခံ သွေးမျိုးနွယ်လား။ မဟုတ်သေးဘူး။ တာအိုတွေကို ပေါင်းစည်းပြီးတော့ ကောင်းချီးခံ သွေးမျိုးနွယ် ပုံစံကို သူဖန်တီးလိုက်တာပဲ။” မုချင်းဖန်း ချက်ခြင်း မျက်နှာ အမူအယာ ပြောင်းသွားတယ်။ ဆဋ္ဌမ အကြီးအကဲ ရှင်းပြတုန်းက မယုံခဲ့ပေမယ့်၊ ကိုယ်တိုင် မြင်ရတော့ နားလည်သွားပြီ။

ဒါပေမယ့် အခု သူသိလိုက်ရတဲ့ ဗဟုသုတကြောင့် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်ဖို့ ခက်ခဲ နေခဲ့တယ်။ တာအို သုံးခု ပိုင်ထားတဲ့ ဖန်ကျန်းရှီက သုခမိန် ငါးယောက်ကို သတ်နိုင်တယ်။ တာအို လေးခုနဲ့ဆိုရင် သူဘာတွေ လုပ်နိုင်မလဲ။

မုချင်းဖန်းရဲ့ စိတ်ထဲမှာ ဒီမေးခွန်း နှစ်ခု ပေါ်လာတယ်။ ဒါပေမယ့် အဖြေကို မဖြေချင်ဘူး။ ဒီအဖြေအတွက် ပေးရမယ့် တန်ဖိုးက များပြား လွန်းတာကို သူသိတယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ ဖန်ကျန်းရှီက ဒုတိယ အကြီးအကဲဆီကို လာနေပြီ။

“ဖန်ကျန်းရှီ ဒါက ကောင်းကင် တာအို ခန်းမ။” ဆဋ္ဌမ အကြီးအကဲ ချက်ခြင်း ဝင်တားတယ်။ သူ့ရဲ့ အစိမ်း အဖြူ ဓားနှစ်လက်က အလင်းတန်းတွေ တောက်ပလာတယ်။ တစ်ချိန်တည်းမှာပဲ အလင်း နံရံကြီး ပေါ်လာပြီးတော့ ဖန်ကျန်းရှီကို ကာဆီးတယ်။ ဖန်ကျန်းရှီကတော့ တစ်ချက်လေးတောင် ဂရုမစိုက်ပဲ အလင်း နံရံကို ဖြတ်ထွက်သွားတယ်။

ဆဋ္ဌမ အကြီးအကဲရဲ့ အလင်းနံရံလည်း စက္ကူဖြူလေး တစ်ရွက်လို စုတ်ဖြဲ ခံလိုက်ရတယ်။ ပိုပြီး လန့်စရာ ကောင်းတာက ဖန်ကျန်းရှီ ဒီအလင်း နံရံကို ဖြတ်သန်း ပြီးတဲ့နောက်၊ ခရမ်း အနီ ဓားအလင်းတန်းက တောက်ပလာတယ်။ အရမ်းကို မြန်လွန်းတော့ ဆဋ္ဌမ အကြီးအကဲ မရှောင်နိုင် လိုက်ဘူး။ အံကြိတ်ရင်းနဲ့သာ ဓားချက်ကို ခုခံ လိုက်ရတယ်။

“ဝုန်း။” တစ်ချိန်တည်းမှာပဲ အက်ကွဲသံ တစ်ခုနဲ့ အတူ ဓားကျိုး တစ်ခု လေထဲကို လွင့်ထွက်လာတယ်။ အစိမ်းအဖြူ ဓားကတော့ မတောက်ပ နိုင်တော့ဘူး။ ဓား ကျိုးသွားခဲ့ပြီ။ ဆဋ္ဌမ အကြီးအကဲကတော့ မျက်လုံးပြူးကြီးနဲ့ ကြောင်အ နေခဲ့တယ်။ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ သူ့ဓားကို ချိုးပြီးတဲ့နောက် သူ့ရင်ဘတ်ကို ဒီဓားက ခုတ်ချတယ်။ ဆဋ္ဌမ အကြီးအကဲ မျက်နှာ ဖြူဖျော့ သွားခဲ့တယ်။

ဒီဓားက ဘယ်လိုဓားမှန်း သူသိနေတယ်။ ဖန်ကျန်းရှီရဲ့ ဓားက သူ့ဓားကို ချိုးပြစ်လိုက်နိုင်တာကို လက်ခံဖို့ ခက်ခဲ နေတဲ့ အချိန်မှာပဲ၊ တိုက်ခိုက်မှုက သူ့ဆီကို ဆက်ရောက် လာနေတယ်။ တာအို ခြောက်ခုထဲမှာ အဇူရာ တာအိုက အသန်မာဆုံး။ အခုတော့ ဘယ်လောက်ထိ သန်မာလဲ သူကိုယ်တိုင် တွေရပြီ။ လက်ဝါး တစ်ဖက်က အကြီးအကဲရဲ့ ရှေ့မှာ ပေါ်လာတယ်။ ဒါပေမယ့် ဒီလက်ဝါး ပေါ်လာတဲ့ အချိန်မှာ ဆဋ္ဌမ အကြီးအကဲ စော်ကားသလို ခံစား လိုက်ရတယ်။

“ဝုန်း။” လက်ဝါးက ဓားအလင်းတန်းနဲ့ ထိတွေ့တယ်။ ဆဋ္ဌမ အကြီးအကဲရဲ့ ဓားအလင်းတန်း တုန်ခါသွားတယ်။ အဲ့ဒီ့နောက် လက်ဝါးအရှိန်က သူ့အဝတ်အစားတွေကို ဖြတ်သွားတယ်။

ဒါတင် မကသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ မုချင်းဖန်းနဲ့ ဆဋ္ဌမ အကြီးအကဲရဲ့ ခေါင်းပေါ်မှာ မိုးပြာရောင် အလင်းတန်း ထွက်ပေါ် လာလို့ပဲ။ တစ်ချိန်တည်းမှာပဲ လူရိပ် နှစ်ခု မိုးပြာရောင် အလင်းတန်း ထဲကနေ ထွက်ပေးလာတယ်။

တစ်က္ကန့်ထဲမှာတင် ဖန်ကျန်းရှီက ဆဋ္ဌမ အကြီးအကဲရဲ့ အလင်းနံရံကို ဖောက်ထွက်တယ်။ ဓားကို ချိုးပြစ်တယ်။ အဲ့ဒီ့နောက် ကောင်းကင် သက်ဆင်းကို သုံးတယ်။ အရမ်းကို မြန်လွန်းတယ်။ မြန်လွန်းလို့ ကောင်းကင် တာအို တပည့်သားတွေတောင် မတုံ့ပြန်နိုင်ဘူး။

ဆဋ္ဌမ အကြီးအကဲ ဒူးထောက် ကျသွားတယ်။ ဖန်ကျန်းရှီ ကောင်းကင် သက်ဆင်းကို သုံးသွားတာ အခုထိ မယုံနိုင်သေးဘူး။ ဒါပေမယ့် သူနောက်ထပ် တောင့်မခံနိုင်တော့၊ ပါးစပ်ထဲမှာ ချိုမြမြ အရသာကို ခံစား လိုက်ရပြီးနောက် သွေးအန်တော့တယ်။

“ဖူး။” သွေးတွေ နေရာအနှံ့ကို ပန်းထွက်တယ်။

“တာအို လေးခုကို ပေါင်းစည်းတာက ဒီလောက်ထိ သန်မာတယ်လား။” သူ့ခေါင်းပေါ်က အရိပ်ကို ကြည့်ရင်း မုချင်းဖန်း လန့်နေခဲ့တယ်။ ဒါပေါ့။ အခုချိန်မှာ အရေးကြီးတဲ့ ပြဿနာက ဖန်ကျန်းရှီရဲ့ ပြစ်မှတ်ပဲ။ ကောင်းကင် သက်ဆင်းကို သုံးပြီးတာနဲ့ ဒုတိယ အကြီးအကဲဆီကို သူသွားတယ်။ ပုံမှန် အတိုင်းဆိုရင် သူ ရှိနေလျက်နဲ့ ဖန်ကျန်းရှီက ဒုတိယ အကြီးအကဲဆီကို ကပ်နိုင်မှာ မဟုတ်ဘူး။

အခုတော့ သူဝန်ခံ ရတော့မယ်။ သူက ဖန်ကျန်းရှီထက် အဆရာချီ အင်အားကြီးပြီးတော့ သုခမိန် အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာကြောင့်သာ မဟုတ်ရင်၊ ဖန်ကျန်းရှီက သူ့ရှေ့မှာတင် လူတစ်ယောက်ကို သတ်နိုင်တယ်။

“လက်လျှော့လိုက် ဖန်ကျန်းရှီ။” မုချင်းဖန်း ဒုတိယ အကြီးအကဲ ရှေ့မှာ ပေါ်လာတယ်။ သူ့ရဲ့ နှင်းဖြူရောင် ဝတ်ရုံက လေထဲမှာ လွင့်မျော နေခဲ့တယ်။

“ငါ့ကို တားတဲ့သူ မှန်သမျှ သေရမယ်။” ဖန်ကျန်းရှီ အကြည့်က အေးစက်နေတယ်။ မုချင်းဖန်း ဘယ်လောက်တောင် သန်မာမှန်း သူသိတယ်။ ဒါပေမယ့် အရှက်မဲ့ပြီး အသက်မရှင်နိုင်ဘူး။ ရန်ရွှယ့် နှလုံးသားကို အဇူရာ တာအို ဘယ်လို ထိန်းချုပ် နေမှန်း သူမသိဘူး။ ဒါပေမယ့် ဒီကိစ္စတွေ အာလုံးကို ဖန်တီးခဲ့တာ ဒုတိယ သုခမိန်ပဲ။ ဒါကြောင့် သူ့အသက်ကို ပေးဆပ်ရမယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ မလုပ်နဲ့။” ဒီအချိန် ကောင်းကင်ကနေ ပန်းနုရောင် အရိပ်လေး ခုန်ချလာတယ်။ ဖန်ကျန်းရှီ ရှေ့ကို ချီကူယန် ရောက်လာတယ်။ ဖန်ကျန်းရှီကတော့ တစ်ခဏ ရပ်တန့်သွားတယ်။ သူ့ဓားကနေ ဟိန်းဟောက်သံတွေ ထွက်ပေါ် နေတာကို ကြားနေရတယ်။

“မင်းက ငါ့ကို တားဆီး ချင်နေတာလား။” သွေးနီရောင် မျက်ဝန်းတွေနဲ့ ဖန်ကျန်းရှီ မေးတယ်။

“မဟုတ်ဘူး။ ရန်ရွှယ်သာ တကယ် သေသွားရင်တော့၊ ငါနင့်ကို မတားဘူး။ အခုတော့ သူအသက်ရှိနေသေးတယ်။” ချီကူယန်က ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ သူမ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့တယ်။

“မသေသေးဘူး။” ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ တုန်ယင်လာတယ်။ သူ့ဓားကို နောက်တစ်ခေါက် မြှောက်လိုက်တယ်။ “သူက သေရမယ့် လူတစ်ယောက်ပဲဆို ဘာများ ကွာခြားလို့လဲ။”

“ရန်ရွှယ် အသက်ရှင်နေ သရွေ့၊ မျှော်လင့်ချက် ရှိသေးတယ်။ လူတိုင်းက နင့်ကို သေတော့မယ်လို့ ထင်နေပင်မယ့် ရန်ရွှယ်ကတော့ မျှော်လင့်ချက် ရှိသေးတယ်။ ရန်ရွှယ်သာ မသေသေးရင်၊ နင်လည်း ဘာများ လက်လျှော့ဖို့ လိုမှာလဲ။”

“ဟူး။” မုချင်းဖန်း ဒါကိုကြားတော့ သူသက်ပြင်းချရင်း ပြောတယ်။ “ဖန်ကျန်းရှီ၊ မင်းရန်ရွှယ်ကို ကယ်ချင်ရင် မျှော်လင့်ချက်တော့ ရှိသေးတယ်။”

“ဘာမျှော်လင့်ချက်လဲ။” ဖန်ကျန်းရှီ မုချင်းဖန်းကို စိမ်းစိမ်းကြီး စိုက်ကြည့်တယ်။

“ခက်တယ်။ တကယ့်ကို ခက်တယ်။ မျှော်လင့်ချက် ရှိပေမယ့် မင်းအတွက်တော့ မဖြစ်နိုင်ဘူး။ မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ ရန်ရွှယ့်ကို ကယ်နိုင်တာ တစ်ယောက်ပဲ ရှိတယ်။ မြင့်မြတ်နယ်မြေရဲ့ ထိပ်တန်း ဆေးပညာရှင်၊ ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်ပဲ။ ဒါပေမယ့် မင်းက ယင်ယန် ခန်းမကို သွားဝံ့ရဲ့လား။” မုချင်းဖန်းက ဖန်ကျန်းရှီကို ကူကယ်ရာမဲ့ မျက်ဝန်းတွေနဲ့ ကြည့်ရင်း မေးတယ်။

အပိုင်း (၇၄၄) ပြီး၏။

အပိုင်း (၇၄၅)

“ရာချီတဲ့ သားရဲကောင်တွေ။”

မြင့်မြတ် နယ်မြေမှာ မျိုးနွယ်စု ငါးခု ရှိတယ်။ တစ်ခုချင်းစီတိုင်းက သူတို့ သက်ဆိုင်တဲ့ နေရာတွေမှာ လွှမ်းမိုးမှုတွေ အများကြီး ရှိတယ်။ တစ်ခုချင်းစီတိုင်းက သူတို့ရဲ့ မဟာ တာအိုတွေ မတူညီကြဘူး။

ကောင်းကင် တာအို ခန်းမက ဓားပညာကို ဦးစားပေးတယ်။ ယင်ယန် ခန်းမက ဆေးဖော်တာကို သင်ကြားတယ်။ တောင်စဉ် ကိုးသွယ်ကတော့ နည်းဗျူဟာတွေကို ရှာဖွေတယ်။ ယင်ယန် ခန်းမ ခေါင်းဆောင်ရဲ့ နာမည်က တောက်ဟွမ် မဟုတ်ဘူး။ ဒါက ဆေးပညာမှာ အထွတ်အထိပ်လို့ တင်စား ခေါ်ဝေါ်တာပဲ။

ဖန်ကျန်းရှီ အတွက်တော့ ယင်ယန် ခန်းမက သွားသင့်တဲ့ နေရာ မဟုတ်ပေမယ့် မုချင်းဖန်းကတော့ ဖန်ကျန်းရှီ ပြန်ဖြေမှာကို စောင့်မနေခဲ့ဘူး။ ဖန်ကျန်းရှီက အကုန်လုံးကို ဆန့်ကျင်ပြီးတော့ ယင်ယန်ခန်းမကို သွားမယ်။ ခရီးလမ်းမှာ မသေခဲ့ဘူး ဆိုရင်တောင်။ တောက်ဟွမ်က ရန်ရွှယ်ကို ဘာဖြစ်လို့ ကယ်မှာလဲ။

ယင်ယန် ခန်းမရဲ့ ဆက်ခံသူ တပည့်ကြီး ဝမ်လဲ့က ဖန်ကျန်းရှီနဲ့ ချီကူယန်ရဲ့ လက်ထဲမှာ သေသွားခဲ့ပြီ။ ယင်ယန် ခန်းမရဲ့ နဝမ အကြီးအကဲ ရှီဖုန်းကိုလည်း ဖန်ကျန်းရှီ သတ်လိုက်ပြီ။ ဒီလို အခြေအနေမှာ တောက်ဟွမ်က ရန်ရွှယ်ကို ဘယ်လိုလုပ် ကယ်မှာလဲ။ ကယ်လိုက်ရင်၊ ယင်ယန် ခန်းမကို ယင်ယန် ခန်းမလို့တောင် ခေါ်နေမှာ မဟုတ်ဘူး။

ချိန်းခြောက်ရင်ကော။ ပိုပြီးတော့ မဖြစ်နိုင်တာပဲ။ ဘာကြောင့်လဲ ဆိုတော့ တောက်ဟွမ်က ထျန်းရှင်းထက်တောင် ပိုပြီးတော့ အင်အားကြီးတယ်။ ဒီတော့ ဒီနည်းလမ်းက မဖြစ်နိုင်ဘူး။

ဖန်ကျန်းရှီကတော့ ဘာမှ မပြောဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းနဲ့ ခန္ဒာကိုယ် တုန်ယင်နေခဲ့တယ်။ ဒါပေမယ့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဒီမြင်ကွင်းကို မြင်တော့ ဝင်ပြောတယ်။ “တကယ်တော့ တောက်ဟွမ်ရဲ့ ဆေးပညာက ငါ့ထက် နည်းနည်းလေးပဲ ပိုသာတာ။ သူတောင် ကုနိုင်ရင် ငါလည်း ကုနိုင်တယ်။”

“နည်းနည်းလေးပဲ ပိုသာတယ်။”

“ငါလည်း ကုနိုင်တယ်တဲ့။”

“ကိုယ့်ကိုယ်ကို အမွှမ်းတင်လိုက်တာ။”

ကောင်းကင် တာအို ခန်းမ တပည့်သားတွေ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ စကားတွေကို ကြားတော့ ဆွံ့အ ကုန်တယ်။ မြင့်မြတ် နယ်မြေမှာ ခြေဦးတည့်ရာ သွားလာနေတဲ့ ဆေးပညာရှင် ကျင့်ကြံသူ တစ်ယောက်က မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်း ဆေးပညာရှင်နဲ့ အရည်အချင်း နည်းနည်းပဲ ကွာတယ်လို့ ပြောဝံ့တာ၊ အရှက်မ၇ှိတာ မဟုတ်ဘူးလား။

ကောင်းကင် တာအို တပည့်သားတွေတင် ဆွံ့အ နေတာ မဟုတ်ဘူး။ မုချင်းဖန်း ကိုယ်တိုင်တောင် မျက်စောင်း တစ်ချက် လှည့်ထိုးမိတယ်။

ကောင်းကင် အိုအေစစ် သုခမိန်ကြီး တွေးနေတာကို မုချင်းဖန်း သိတာပေါ့။ ဖန်ကျန်းရှီကို လှည့်စားပြီးတော့ ဒီနေရာကနေ မြန်မြန် ထွက်သွား စေချင်တာ။ ဒါက အရိပ်မျိုးနွယ်ရဲ့ အင်အားကိုလည်း ထိန်းသိမ်း ပေးနိုင်လိမ့်မယ်။ နှစ်ဖက်လုံး အတွက် အကျိုးရှိတယ်။

“ဟုတ်တယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ဆေးပညာက တကယ့်ကို ထက်မြက်တယ်။ မင်းကြိုးစား ကြည့်လိုကရတယ်။ ရန်ရွှယ်ရဲ့ ဒဏ်ရာတွေကို ဆုံးဖြတ် ပေးနိုင်တာက ငါတစ်ယောက်ပဲ ရှိတယ်။ ငါ အနိးကပ်တောင် မကြည့်ရသေးဘူး။ သူ့ကို ကယ်တင်ဖို့က လုံး၀ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။” မုချင်းဖန်း ဒါကို ပြောပြီးတဲ့နောက် ချီကူယန်ကို လှည့်ကြည့်တယ်။

ချီကူယန် နားလည်တယ်။ မုချင်းဖန်းရဲ့ အင်အားတွေကို သူမ နားလည်တယ်။ တစ်ယောက်ယောက် သေမလား ရှင်မလား ဆိုတာကို သူဆုံးဖြတ်နိုင်တယ်။ ဘာဖြစ်လို့ အနီးကပ် ကြည့်ဖို့ လိုမှာလဲ။ သူမက အခက်အခဲ ကြားမှာ ညပ်နေခဲ့ပြီ။

ချီကူယန်က ဖန်ကျန်းရှီကို မလိမ်ချင်ဘူး။ ဒါပေမယ့် အခု အခြေအနေကို နားလည်တယ်။ သူ့ကို ဆက်ပြီးတော့ သတ်ဖြတ် စေလို့ မဖြစ်ဘူး။ အကယ်၍ ဒုတိယ အကြီးအကဲသာ တကယ်ပဲ ဖန်ကျန်းရှီ လက်ထဲမှာ သေသွားရင်၊ မုချင်းဖန်းလည်း ဖန်ကျန်းရှီကို ဘယ်လောက်ပဲ အသက်ချမ်းသာ ပေးချင်အုန်း၊ မဖြစ်နိုင်တော့ဘူး။ ကောင်းကင် တာအို တပည့်သားတွေ အားလုံး ရှေ့မှာ ဒီလို ဖြစ်သွားရင် ရလဒ်က ကြောက်စရာ ကောင်းလိမ့်မယ်။

“ရက်သုံးဆယ်။ ရန်ရွှယ်မှာ အသက်ရှင်ချိန် ရက်သုံးဆယ် ရှိသေးတယ်။” တစ်ခဏတာ တိတ်ဆိတ် နေပြီးတဲ့နောက်၊ ချီကူယန် ဖန်ကျန်းရှီကို ပြောလိုက်တယ်။

“တော်တော့ ငါ့ကို ယုံ။ ငါပြောမယ်။ ရက်သုံးဆယ် အတွင်းမှာ ရန်ရွှယ့်ကို ကယ်နိုင်တဲ့ ဆေးဖော်ပေးမယ်။ မဖြစ်နိုင်ရင်တောင် တခြား နည်းလမ်း သုံးပြီးတော့ ရအောင် လုပ်ပေးမယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ချီကူယန်ရဲ့ စကားကို ကြားတော့ ဖန်ကျန်းရှီကို ခပ်မြန်မြန် လှမ်းပြောတယ်။

ဖန်ကျန်းရှီကတော့ ဘာမှ မပြောဘူး။ သူရပ်နေတဲ့ နေရာမှာ ပြင်းထန်တဲ့ လူသတ်ငွေ့တွေ ဖြာထွက်နေခဲ့တယ်။ သူ့အခြေအနေက အရမ်းကို မတည်မငြိမ် ဖြစ်နေခဲ့တယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒါကိုမြင်တော့ ပိုပြီးတော့ လန့်လာတယ်။ ဖန်ကျန်းရှီကို လှည့်စားရတာ အရမ်း ခက်မှန်း သူသိတယ်။ ဒါကြောင့် ရန်ချန်လိကို လှမ်းကြည့်တယ်။

“သေခြင်း ရှင်ခြင်းက ကောင်းကင်ရဲ့ ဆုံးဖြတ်ချက်ပဲ။ အကယ်၍ ကံတရားက ရန်ရွှယ်ကို မျက်နှာသာ ပေးရင် သူဖြတ်သန်း နိုင်လိမ့်မယ်။ မဟုတ်ရင်တော့ သူ့ရဲ့ ကျင့်ကြံဆင့် မတည်ငြိမ်လွန်းပြီး နတ်သက်ကြွေ အဇူရာ လွှမ်းမိုး ခံရတာကိုပဲ အပြစ်တင်ရမှာပေါ့။ တခြားသူတွေကို အပြစ်တင်လို့ မဖြစ်ဘူး။” ရန်ချန်လိ အံကြိတ်ရင်း ပြောတယ်။

“မင်း အပြန်လမ်းမှာ ပြဿနာ ဖြစ်မှာ စိုးရိမ်ရင်၊ ငါမင်းကို ကောင်းကင် တာအို ခန်းမမှာ အခန်း တစ်ခန်း ပေးလို့ ရတယ်။ ဖန်ကျန်းရှီ မင်း ကောင်းကင် တာအိုခန်းမမှာ တစ်လ နေလို့ရတယ်။ တစ်ခုတော့ ရှိတယ်။ ကောင်းကင် တာအို ခန်းမကို ပြဿနာ မရှာရဘူး။” မုချင်းဖန်း နောက်တစ်ခေါက် ပြောတယ်။

“ကောင်းကင် တာအို ခန်းမကို တက်ရမှာလား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး မျက်လုံးပြူး သွားတယ်။ မုချင်းဖန်း ဒီလောက်တောင် ရက်ရောမယ်လို့ သူမထင်ထား မိဘူး။ ဒါက အရမ်းကို ထူးဆန်းနေတယ်။

ချီကူယန်က မုချင်းဖန်းကို ဘာတွေများ ပြောထားတာလဲ။ နောက်ပြီးတော့ မုချင်းဖန်းကကော ဖန်ကျန်းရှီဆီက ဘာကို လိုချင် နေတာလဲ။

“မလိုဘူး။” ဖန်ကျန်းရှီ နောက်ဆုံးတော့ စကားပြောတယ်။ သူစကား ပြောပြီးတဲ့နောက်။ ဒုတိယ အကြီးအကဲကို တစ်ချက်တောင် မကြည့်ပဲ ရန်ချန်လိ ဆီကို ပြန်လျှောက်လာတယ်။ ရန်ချန်လိဆီက ရန်ရွှယ်ကို ယူပြီးတော့ ချီလိုက်တယ်။ အဲ့ဒီ့နောက် ရေကန်ကို ကွေ့ပတ်ပြီး အဝေးကို လျှောက်သွားတော့တယ်။

မုချင်းဖန်ကတော့ သူ့ကို မတားဘူး။ သူလုပ်နိုင်တာကို လုပ်ခဲ့ပြီးပြီ။ အခုချိန်မှာ ကောင်းကင်ရဲ့ ဆန္ဒကိုပဲ နားထောင် ရတော့မယ်။ နောက်ပြီးတော့ သူ့မှာ နောက်ထပ် ကိစ္စ တစ်ခု ရှိနေသေးတယ်။

“ကျောက်တုံး အနက်တွေနဲ့ လုပ်ထားတဲ့ နန်းတော်ပျက်ကြီး။” မုချင်းဖန်း မျက်မှောင်ကြုတ်လိုက်တယ်။

…

ခုနှစ်ရက် ကြာပြီးတဲ့နောက် မြင့်မြတ် နယ်မြေရဲ့ လျှို့ဝှက် တောင်ကြား တစ်ခုမှာ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ကျောက်ကွဲကြောင်း တစ်ခုကနေ ထွက်လာတယ်။ မှောင်မည်းနေတဲ့ ကောင်းကင်ကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ သူလုပ်နိုင်သမျှ အားလုံးကို လုပ်ခဲ့ပြီးပြီ။

အမှန်အတိုင်း ပြောရရင် မြင့်မြတ်နယ်မြေမှာ သူ့ရဲ့ ဆေးပညာ အဆင့်ကို မြင့်မားတယ်လို့ သတ်မှတ်ထားတယ်။ အခုကတော့ မုချင်းဖန်း ပြောသလိုပဲ။ ရန်ရွှယ့် သွေးထဲကို ငရဲ စွမ်းအားတွေက ဝင်ရောက် နေပြီးပြီ။ သူ့ကို ကယ်နိုင်မယ့် တစ်ဦးတည်းသော သူက တောက်ဟွမ်ပဲ။

“ဆရာ ထုတ်ပိုးတော့။” ဒီအချိန်မှာပဲ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ နားထဲကို အသံ တစ်သံ ဝင်လာခဲ့တယ်။ အနက်ရောင် ဝတ်ရုံကို ဝတ်ထားတဲ့ သူတစ်ယောက် သူ့ရှေ့ကို ပေါ်လာတယ်။

“ဘာဖြစ်လို့လဲ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ထူးဆန်း နေတာကို သိတယ်။ နောက်ဆုံးတော့လည်း ဝူယွဲ့အာက အလွယ်တကူ ကြောက်တတ်တဲ့သူ မဟုတ်ဘူးလေ။ ကိစ္စကြီးမှ သူက ကြောက်တာ။

“ဖန်ကျန်းရှီ ပျောက်သွားပြီ။” ဝူယွဲ့အာ အထိတ်တလန့် ပြောတယ်။

“ပျောက်သွားတယ်။ ဒါဆို ရန် ရွှယ်ကော။”

“သူုလည်း ပျောက်သွားပြီ။”

“မဖြစ်ဘူး။ ဖန်ကျန်းရှီက ယင်ယန် ခန်းမကို သွားပြီပဲ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဝူယွဲ့အာ ကြောက်ရတဲ့ အကြောင်း အရင်းကို နားလည် သွားခဲ့ပြီ။

“အမှန်ပဲ။ ယွဲ့အာတို့ တားမှ ဖြစ်မယ်။”

“နောက်ကျ လွန်းသွားပြီ။ ဒီကောင်စုတ်လေးက အရမ်း အင်အားကြီးလွန်းတယ်။ သူသာ စိတ်ဆုံးဖြတ် ပြီးရင်၊ ငါတို့ နှစ်ယောက်လုံး တားလို့ ရမှာ မဟုတ်ဘူး။”

“သူဒီအတိုင်း သေတာကို ကြည့်နေလို့မှ မဖြစ်ပဲ။”

“ဟုတ်တယ်။ ဒါပေမယ့် ငါတို့ အင်အားတွေ အကုန် သုံးပြီးတော့ ဝင်တိုက်ရင်တောင်၊ ယင်ယန် ခန်းမကို နိုင်မှာ မဟုတ်ဘူး။”

“ဆရာ။”

“ဒါက။”

“ဆရာ။”

“ကောင်းပြီ။ ယင်ယန် ခန်းမကို ညတွင်းချင်း သွားမယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး အံကြိတ်ရင်း ပြန်ဖြေတယ်။ အဲ့ဒီ့နောက် အဝေးက သစ်သားအိမ် တစ်လုံးဆီကို သွားပြီး အော်တယ်။ “အဖိုးကြီးရန်။ ဖန်ကျန်းရှီ မင်းမြေးကို ခေါ်သွားပြီ။”

“ဝုန်း။” ပေါက်ကွဲသံကြီးနဲ့ အတူ၊ အဝေးက သစ်သားအိမ် ကွဲထွက်သွားတယ်။ မျက်လုံးတွေ နီရဲနေတဲ့ လူတစ်ယောက် ထွက်ပေါ်လာတယ်။

“ငါအရင် သွားနှင့်ပြီ။ မင်းတို့ ထုတ်ပိုးပြီးရင် ငါ့နောက် လိုက်ခဲ့။” ရန်ချန်လိ ပြောပြီးတဲ့နောက် လေထဲကို ခုန်ပြီးတော့ အဝေးကို ပျံသန်း သွားတော့တယ်။

…

လဝက် ကြာပြီးတဲ့နောက် ညအချိန်။ ကောင်းကင်မှာ ကြယ်အလင်းတန်းတွေ တဖျပ်ဖျပ် လက်နေခဲ့တယ်။

ကျယ်ပြန့်တဲ့ မြင့်မြတ် နယ်မြေထဲမှာ၊ မရေမတွက်နိုင်တဲ့ တောင်တန်းတွေ နက်ရှိုင်းတဲ့ တောအုပ်တွေ ရှိနေတယ်။ သားရဲကောင် အမျိုးမျိုးလည်း ရှိတယ်။ တကယ့်ကို အန္တရာယ်များတဲ့ အဖိုးတန် နေရာ တစ်ခုပဲ။ ဒါပေမယ့် လူနည်းနည်းပဲ မြင့်မြတ် နယ်မြေ အလယ်ကို ချဉ်းကပ်ရဲတယ်။

ဒီနေရာမှာ ကြီးမားတဲ့ ရွံ့နွံအိုင်ကြီး ရှိနေတယ်။ နောက်ပြီးတော့ အင်အားကြီး သားရဲကောင်တွေ အများကြီးလည်း ရှိတယ်။ ထူထပ်တဲ့ မီးခိုးငွေ့တွေက ဒီနေရာကြိးကို ဖုံးအုပ်ထားတယ်။ အရိုးဖြူဖြူတွေ မြေပြင် နေရာအနှံ့မှာ ပျံ့ကျဲ နေတာကိုလည်း မြင်နိုင်တယ်။ မီးခိုးမြူတွေထဲမှာ အရိပ်တွေ ဖြတ်ပြေး နေတာကိုလည်း ရံဖန်ရံခါ မြင်နေရတယ်။

သားရဲကောင် အော်သံတွေ ရုတ်တရက် ထွက်ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ရွံ့နွံ့ကြီးရဲ့ ရှေ့ကို လူအုပ်စု တစ်ခု ရောက်လာတာကို မြင်လိုက်ရတယ်။ သူတို့ရဲ့ ဝတ်ရုံနက် အရှည်ကြီးတွေနဲ့ တကိုယ်လုံးကို လုံအောင် ခြုံထားခဲ့တယ်။

“ဝေါင်း။” ကြောက်စရာ သားရဲကောင် အော်သံ ထွက်ပေါ်လာတယ်။ ရွံ့နွံအိုင် တစ်ခုလုံးကို တုန်ခါ သွားစေခဲ့တယ်။ အဲ့ဒီ့နောက် တောင်ငယ်လေး တစ်ခုလောက် ကြီးမားတဲ့ အကောင်ကြီး တစ်ကောင် မြူထဲကနေ ထွက်လာတယ်။ ဒီသားရဲကောင်ကြီးက နွားရိုင်းဂျို တစ်စုံ ပါတယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးကို အနက်ရောင် သံချပ်ကာလို အကြေးခွံတွေ ဖုံးအုပ်ထားတယ်။ မျက်လုံးကတော့ မှင်စိမ်းရောင် အလင်းတန်းတွေနဲ့ တောက်ပ နေခဲ့တယ်။ ခြေထောက်အောက်မှာ မီးဘောလုံး လေးခုလည်း ရှိနေတယ်။

ပေါ်ပေါ်လာချင်း လူအုပ်ကို ဝင်တိုက်တယ်။ အရမ်းကို မြန်လွန်းတဲ့ အပြင် ခွာလေးဖက်ကလည်း မြေပြင်ကို တုန်ခါ သွားစေခဲ့တယ်။ ဒီအချိန်မှာပဲ လူအုပ်ထဲက လူတစ်ယောက် ထွက်လာတယ်။ သွေးနီနီတွေ စွန်းထင်းနေတဲ့ ဓားတစ်လက်ကိုလည်း လက်ထဲမှာ ကိုင်ထားခဲ့တယ်။ သားရဲကောင်ကို သူ့ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။ ဓားက ညအမှောင်မှာ တစ်ချက် လက်သွားတယ်။ အေးမြပြီး ရက်စက် တိကျတယ်။ ခုန်ရှောင်ဖို့ လမ်းမရှိဘူး။ ဒီဓားက သားရဲကောင်ရဲ့ ခေါင်းမာမာကို ဖြတ်ထွက်သွားတယ်။

“ခါ့။” သားရဲကောင်ရဲ့ ခေါင်းမှာ ဒဏ်ရာကြီး တစ်ချက် ပေါ်လာတယ်။ သူ့မျက်လုံးမှာ ထိတ်လန့်ဟန် တစ်ချက်လက်သွားတယ်။ အဲ့ဒီ့နောက် ရှေ့ခွာ နှစ်ချက်ကို ပေါက်လိုက်တယ်။ အဲ့ဒီ့နောက် အရိပ်တစ်ခုက သားရဲကောင်ရဲ့ ခေါင်းပေါ်မှာ ဖြည်းဖြည်းချင်း ဖြစ်တည်လာတယ်။

အရိပ်က မြူတွေ ကြားမှာ ဖြည်းဖြည်းချင်း အကောင်အထည် ပေါ်နေတယ်။ နောက်ဆုံးတော့ အပြည့်အ၀ ဖြစ်တည် လာခဲ့ပြီ။ ဒါက လူနဲ့ တူတဲ့ အရိပ်တစ်ခု။ ဒါပေမယ့် သူ့ခေါင်းပေါ်မှာ ဂျိုတစ်ချောင်း ရှိနေခဲ့တယ်။ နောက်ပြီးတော့ ဒီလူသားပုံစံ အရိပ်မှာ ထူးဆန်းတဲ့ ရေခဲပြာလို မျက်ဝန်းတွေ ရှိနေခဲ့တယ်။

လရောင်အောက်မှာ သူဝတ်ထားတဲ့ အနက်ရောင် ဝတ်ရုံကို မြင်နေရတယ်။ သူ့ရဲ့ ဝတ်ရုံအောက်မှာ ပြာလဲ့လဲ့ အကြေးခွံတွေ ပေါ်နေတာကိုလည်း မြင်ရတယ်။ မိစ္ဆာ တစ်ကောင်။ ဒီအရိပ်ကို မြင်တဲ့ သူတိုင်း ဒါက လူယောင်ဆောင်ထားတဲ့ မိစ္ဆာမှန်း သိနိုင်တယ်။

“မင်းမသေခင်။ မင်းရဲ့ နာမည်ကို ပြောလို့ ရတယ်။ ဒါမှမဟုတ် တိတ်တဆိတ် နေပိုင်ခွင့် ရှိတယ်။” နတ်ဆိုးမိစ္ဆာ ပြောတယ်။ သူ့အသံက အေးစက်တယ်။ ဓားကိုင်ထားတဲ့ အရိပ်နက်ကို ဦးတည်ပြီး ပြောတယ်။

“နတ်ဆိုး မျိုးနွယ်ဆယ်ခုထဲက တစ်ခုရဲ့ ခေါင်းဆောင်။ ယဉ်တောက်။” အရိပ်နက် ပြောပြီးတဲ့နောက် သူ့ဝတ်ရုံစကို လှစ်လိုက်တယ်။ သူ့ရဲ့ နဖူးမှာ သွေးနီရောင် တောက်နေတဲ့ နတ်ဆိုး မျက်လုံး ရှိတယ်။

“ဟဟား။ မျိုးနွယ် ခေါင်းဆောင် ဖြစ်တော့ကော ဘာဖြစ်လဲ။ မဟာနွံအိုင်ကို ဝင်လာ ဝံ့တဲ့သူ အကုန် သေရမယ်။ နောက်ပြီးတော့ မင်းက ငါ့ရဲ့ မြင်းကို သတ်လိုက်တယ်။” မိစ္ဆာက အေးစက်စက် ပြုံးရင်း ပြောတယ်။”

“မိစ္ဆာ မျိုးနွယ်က မဟာနွံအိုင်ထဲမှာ အမြဲတမ်း ပုန်းနေ မလို့လား။” ယဉ်တောက်က ပြန်မေးတယ်။

“သေချင် နေတာလား။”

“ငါသေ မသေ မင်းဆုံးဖြတ် စရာ မလိုဘူး။ (ပိုင်) ဧကရီကို တွေ့ချင်တယ်။ မင်းလမ်းပြ။” ယဉ်တောက် ပြောတယ်။

“မင်းကိုယ်မင်း ဘာကောင်များ ထင်နေတာလဲ။ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် မပြောနဲ့။ (ယွင်) ဧကရာဇ် လာရင်တောင် ဟသပဲ။” မိစ္ဆာက ပြောတယ်။ ယဉ်တောက်နောက်မှာ နောက်ထပ် လူဆယ်ယောက်ကျော် ရှိနေတာ ကြောင့်သာ မဟုတ်ရင် ယဉ်တောက် သေနေ လောက်ပြီ။

“ဘာမဟုတ်တဲ့ တံခါးစောင့် မိစ္ဆာကများ နတ်ဆိုး ဧကရာဇ်ကို အပြစ်ပြုဝံ့တယ်ပေါ့။” ယဉ်တောက် ပြန်ပြောတယ်။

“ဟဟား။ မင်းသာ နတ်ဆိုး မဟုတ်ရင်၊ ငါလည်း ဒီလောက် စကား ပြောနေမယ် ထင်လား။ မင်းကို နှစ်စက္ကန့် အချိန် ပေးမယ်။ သွားတော့။ မဟုတ်ရင် အားလုံး သေရမယ်။” မိစ္ဆာက ဒါကို ပြောလိုက်တဲ့ အချိန် မီးခိုးမြူထဲမှာ မျက်လုံးတွေ အများကြီး ထွက်ပေါ်လာတယ်။ အနီရောင်၊ အစိမ်းရောင် အဖြူရောင်၊ အရောင်စုံ အေးစက်စက် မျက်ဝန်းတွေ။

“အတင့်ရဲလိုက်တာ။ ငါ့ကို ထွက်သွားဖို့ ပြောဝံ့တယ်ပေါ့။ ငါမင်းကို သတ်လို့ရတယ်။”

“ငါးစက္ကန့် ကျန်တယ်။”

“အတင့်ရဲလိုက်တာ။”

“ယဉ်တောက် နောက်ဆုတ်။” ဒီအချိန် အမျိုးသမီး တစ်ယောက်ရဲ့ အသံ ထွက်လာတယ်။

“နှစ်စက္ကန့်။” မိစ္ဆာကတော့ အမျိုးသမီးကို တစ်ချက်တောင် မကြည့်ဘူး။

“ငါ့မျိုးရိုးက ယွင်။” အမျိုးသမီး ပြောတယ်။

“ဟဟား။ မင်းရဲ့ မျိုးရိုးက ယွင်ပေါ့။ ငါပြောမယ်။ ယွင် ဧကရာဇ် ကိုယ်တိုင် လာရင်တောာင် အသုံးမဝင်ဘူး။ အချိန် စေ့ပြီ။ ငါရက်စက်တယ်လို့ အပြစ်မတင်နဲ့။” မိစ္ဆာ တစ်ခဏ ရပ်တန့်ပြီးနောက် ရယ်မောတော့တယ်။ သူ့ပတ်ပတ်လည်မှာ ကြီးမားတဲ့ သတ္တဝါတွေ ပေါ်လာတယ်။ တောင်အရွယ် သားရဲကောင်တွေ အများကြီး ပေါ်လာပြီးတော့၊ သူတို့ ခေါင်းပေါ်မှာ လူပုံစံ အရိပ်တစ်ခုဆီ ရှိနေကြတယ်။

အရေအတွက်တော့ ရာချီတယ်။ တကယ့်ကို မြင်ရခဲတဲ့ မြင်ကွင်းပဲ။ မိစ္ဆာ ရာချီ ရှိနေတာ တကယ့်ကို လန့်စရာ ကောင်းတယ်။

“ငါ့အသက်က ၂၀ ရှိပြီ။” အမျိုးသမီးကတော့ ပေါ်လာတဲ့ သတ္တဝါတွေကို တစ်ချက်တောင် မကြည့်ဘူး။

“အသက် ၂၀ပဲ ရှိသေးတဲ့ နတ်ဆိုးလား။ တော်တော် ငယ်သေးတာပဲ။ ဒါပေမယ့် သေရမယ်။” မိစ္ဆာ ပြန်ပြော ပြီးတဲ့နောက် ချက်ခြင်း အမူအယာ ပြောင်းသွားတယ်။ “နေစမ်းပါအုန်း။ ဘာပြောတယ်။ မျိုးရိုးက ယွင်။ အသက်က ၂၀။ ဟုတ်လား။”

အပိုင်း (၇၄၅) ပြီး၏။

အပိုင်း (၇၄၆)

“ယွင်ချင်းဝူရဲ့ နောက်ကြောင်း အစစ်။”

“ဟုတ်တယ်။” အမျိုးသမီး ခေါင်းငြိမ့်တယ်။

“မင်း မင်းနာမည်က ဘာလဲ။” မိစ္ဆာရဲ့ အသံက ပိုပြီးတော့ တုန်ယင် လာခဲ့တယ်။ သူ့ရဲ့ မူလ အေးစက်စက် လေသံနဲ့ လုံးဝကို ကွာခြား နေခဲ့တယ်။

“ယွင်ချင်းဝူ။” အမျိုးသမီး ပြန်ဖြေတယ်။

“ယွင်ချင်းဝူ။” မိစ္ဆာက ခေါင်းစွပ်အောက်က သူမ မျက်နှာကို ကြည့်ဖို့ ကြိုးစားရင်း ပြောတယ်။ “ငါမင်းကို ဘယ်လို ယုံရမှာလဲ။”

အမျိုးသမီးက ပြန်မဖြေဘူး။ သူမရဲ့ ခေါင်းစွပ်ကို မလိုက်ပြီးတော့ မျက်နှာလှလှကို လှစ်ပြတယ်။ နှုတ်ခမ်းပါးပါး မျက်ခုံး ကောင်းကောင်း၊ ရေလို တည်ငြိမ်နေတဲ့ မျက်ဝန်း ပိုင်ရှင် တစ်ယောက်။ မိစ္ဆာ ရာချီကြားမှာ ရပ်နေ တာတောင် မတုန်လှုပ်ဘူး။

“နတ်ဆိုး မျက်လုံး မရှိဘူး။” မိစ္ဆာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ ယွင်ချင်းဝူရဲ့ နှင်းဖြူရောင် မျက်နှာကို ကြည့်ရင်း သူတုန်ယင် သွားခဲ့တယ်။ အဲ့ဒီ့နောက် တစ်ခုခုကို သတိရ သွားတဲ့ အတွက် သူပြောတယ်။ “အရှင်ရှဲ့လော့ကော။ သူဘာဖြစ်လို့ လိုက်မလာတာလဲ။”

“သူသေပြီ။” ယွင်ချင်းဝူ ပြန်ဖြေတယ်။

“မဖြစ်နိုင်တာပဲ။ အရှင်ရှဲ့လော့က နတ်ဆိုးဘုရင်။ သူ့အလုပ်က မင်းကို ကာကွယ်ဖို့။ မြင့်မြတ် နယ်မြေကို မဝင်သရွေ့။ ဒါမှမဟုတ် နိုင်ငံ့ တိုက်ပွဲတွေကို ဝင်မပါ သရွေ့။ သူဘယ်လိုများ သေမှာလဲ။”

“သီးခြား မြင့်မြတ် နိုင်ငံတော်နဲ့ ကြီးမြတ်သောရှ နိုင်ငံတော် တိုက်ပွဲမှာ သူသေသွားပြီ။”

“အရှင် ရှဲ့လော့က ဒီပြဿနာမှာ သူ့စိတ်နဲ့ သူတော့ ဝင်ပါမှာ မဟုတ်ဘူး။ စည်းမျဉ်းတွေကို သူသိတယ်။ မင်း အမိန့် မပေးသရွေ့ပေါ့။”

“ဟုတ်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။

“အရှင်ရှဲ့လော့က ငါ့အကိုဆိုတာ မင်းသိလား။” မိစ္ဆာရဲ့ အသံက တုန်ယင် နေခဲ့တယ်။

ယွင်ချင်းဝူ ပြန်မဖြေဘူး။ ဒါပေမယ့် သူမရဲ့ ဖီးနစ် မျက်ဝန်းတွေကတော့ တလက်လက် တောက်ပလာတယ်။ အဲ့ဒီ့နောက် သူမရဲ့ မျက်နှာက ပြန်ပြီး တည်ငြိမ် သွားပြန်တယ်။

“ငါ့ကို အကြောင်းရင်း ပြောနိုင်မလား။”

“ကြီးမြတ်သော ရှမင်းဆက်က ကောင်းကင် ကျောက်ဖျာ ၁၃ခု အတွက်။”

“ကောင်းကင်တာအို ကျောက်ဖျာ။ ငါ့အကို သေသွားတာ အချည်းနှီးတော့ မဟုတ်ခဲ့ဘူးပဲ။” မိစ္ဆာ ဒါကို ပြောပြီးတဲ့ နောက်မှာတော့ ခေါင်းငြိမ့်လိုက်တယ်။ ဒူးတစ်ဖက် ထောက်ရင်း ပြောတယ်။ “ရှဲ့ယိ။ မိစ္ဆာ မျိုးနွယ်ရဲ့ ကာကွယ်သူ စစ်သူကြီး။ ဧကရီငယ်ကို ရိုကျိုး ဂါရ၀ ပြုပါတယ်။ ဧကရီငယ်ကို အပြစ်ပြု မိတဲ့ အတွက် သေခြင်းနဲ့ အပြစ်ပေးပါ။”

ရှဲ့ယိ ပြောပြီးတဲ့နောက် ပြာလဲ့လဲ့ ပုလဲ တစ်လုံကို ပါးစပ်ကနေ အန်ထုတ်လိုက်တယ်။ ဒီပုလဲက ယွင်ချင်းဝူ လက်ထဲကို ပျံထွက် သွားပြီးတော့ အရောင် တလက်လက် တောက်ပ နေခဲ့တယ်။ ဒါက နတ်ဆိုး အမြုတေ။ ဘုရင်အဆင့် နတ်ဆိုး အမြုတေ။ တခြား မိစ္ဆာတွေကတော့ ရှဲ့ယိကို မတားမြစ်ကြဘူး။ ဒီကိစ္စက ပုံမှန် အတိုင်းလိုပဲ။ သူတို့တွေ အားလုံး ဒူးထောက် လိုက်ကြတယ်။

သားရဲကောင်တွေရဲ့ ကိုယ်ပေါ်က ရာချီတဲ့ မိစ္ဆာတွေ အားလုံး ဆင်းလာပြီးတော့ မြေပြင်ပေါ်မှာ ဒူးထောက် နေခဲ့ပြီ။ တစ်ယောက်လေးတောင် ခေါင်းမမော့ ဝံ့ဘူး။ နောက်ပြီးတော့ ရာချီတဲ့ မိစ္ဆာ အမြုတေ ပုလဲတွေလည်း လေထဲမှာ မျောလွင့် နေခဲ့တယ်။ တကယ့်ကို လန့်စရာ မြင်ကွင်းပဲ။

“မသိပဲနဲ့ လုပ်ခဲ့တဲ့ ကိစ္စ အတွက် အပြစ်တင် စရာမရှိဘူး။ မယ်တော့်ဆီ ငါ့ကို ခေါ်သွား။” ယွင်ချင်းဝူ ပြောတယ်။

“ဧကရီငယ် ခဏ စောင့်ပါ။” ရှဲ့ယိ ခန္ဒာကိုယ် နောက်ကို ရွေ့ပြီးတော့ မြူနှင်းထဲမှာ ပျောက်ကွယ် သွားတယ်။ ဒါပေမယ့် နတ်ဆိုး ပုလဲတွေကတော့ လေထဲမှာ မျောလွင့်နေဆဲ။ တစ်ခဏ ကြာပြီးနောက် လှေငယ်လေး နှစ်စင်း ယွင်ချင်းဝူ ရှေ့မှာ ပေါ်လာတယ်။ လှေတစ်စင်းက ဗလာကျင်း။ နောက်လှေ တစ်စင်းမှာတော့ ငွေဖြူရောင် အခင်းနဲ့ ထိုင်ခုံ တစ်ခု ပါတယ်။ အဲ့ဒီ့နောက် ရှဲ့ယိ မြေပြင်ပေါ်မှာ ဒူးပြန်ထောက်တယ်။

“ဘာဖြစ်လို့ နတ်ဆိုး ပုလဲကို ပြန်မယူ သေးတာလဲ။” ယွင်ချင်းဝူက လှေထဲကို တိုက်ရိုက် မဝင်ဘူး။ လက်ထဲက နတ်ဆိုး ပုလဲကို ကြည့်ရင်း မေးတယ်။

“ဧကရီငယ်ကို အပြစ်ပြုမိတာ ကြီးလေးလွန်းတဲ့ အပြစ်ဒဏ်ပါ။” ရှဲ့ယိ ပြန်ဖြေတယ်။

“နင့်ခေါင်းပေါ်ကို နင်းပြီးတော့ လှေပေါ်ကို တက်ရင်။ နင်အသက်ရှင်မှာလား။” ယွင်ချင်းဝူကတော့ သူ့အဖြေကို မအံ့သြဘူး။

“အသက်ရှင် နိုင်ချေ ၅၀% ရှိပါတယ်။” ရှဲ့ယိ ပြန်ဖြေတယ်။

“ငါနားလည်ပြီ။” ယွင်ချင်းဝူ ယဉ်တောက်ဆီ ရောက်တဲ့ အထိ နောက်ပြန် လျှောက်လာတယ်။ အဲ့ဒီ့နောက် လက်ဆန့်ထုတ်လိုက်တယ်။ ယဉ်တောက်က ချက်ခြင်း တရိုတသေနဲ့ သူ့ဓားကို ကမ်းပေးတယ်။ ယွင်ချင်းဝူ ရှဲ့ယိ ဆီကို ပြန်လျှောက်လာတယ်။ သူ့လက်ကို ဓားနဲ့ ထိုးချလိုက်တယ်။

ရှဲ့ယိရဲ့ လက်က မြေပြင်မှာ ဓားနဲ့အတူ စိုက်ဝင်နေခဲ့တယ်။ ရှဲ့ယိ မျက်မှောင် ကြုတ်သွားပေမယ့် ဘာမှ မပြောဘူး။ ဘာမှလည်း မလုပ်ဘူး။ ယွင်ချင်းဝူ သူ့ကို ဓားနဲ့ ထိုးပြီးတဲ့ နောက်မှာတော့ ရှဲ့ယိ ခေါင်းကို နင်းပြီးတော့ လှေပေါ်ကို ခုန်တက်တယ်။ ထိုင်ခုံပေါ်မှာ ထိုင်ပြီးနောက် ပြောတယ်။

“ငါ့ မယ်တော် ကိုယ်စား နင့်ကို အပြစ် ပေးပြီးပြီ။ လမ်းပြတော့။” ယွင်ချင်းဝူရဲ့ အသံက တိုးညင်းပေမယ့် မိစ္ဆာတွေ အားလုံးကြားတယ်။

“အပြစ်ပေးတာ အတွက် ကျေးဇူး တင်ပါတယ် ဧကရီငယ်။”

“သွားကြစို့။”

“အမိန့်တော် အတိုင်းပါ။” ရှဲ့ယိ ခေါင်းငြိမ့်တယ်။ နတ်ဆိုး ပုလဲကို မျိုချ လိုက်ပြီးနောက် အနက်ရောင် လူအုပ်ကို တစ်ချက် ကြည့်တယ်။ လှေငယ်လေးကို လက်ညှိုး ထိုးပြပြီးတော့ ပြောတယ်။ “တက်ပါ။”

“ကျေးဇူးပဲ။” ယဉ်တောက် ခေါင်းငြိမ့်ပြီးနောက် သူ့အဖွဲ့နဲ့ အတူ တခြား လှေပေါ်ကို တက်တယ်။

“နတ်ဆိုး မျိုးနွယ် ဆယ်ခုရဲ့ အကြီးအကဲတွေလား။” ရှဲ့ယိ ဒီမြင်ကွင်းကို မြင်တော့ အံ့သြ မနေတော့ဘူး။ အပြာရောင် နတ်ဆိုး ပုလဲကိုသာ ပြန်မျိုချလိုက်တယ်။

“ကိုးယောက်။” ရှေးဟောင်း အသံ တစ်သံက ပြန်ဖြေတယ်။

“ငါ နားလည်ပြီ။” ရှဲ့ယိ ပြောတယ်။ နောက်ထပ် မေးခွန်း မမေးတော့ဘူး။ ယွင်ချင်းဝူရဲ့ လှေပေါ်ကို သူတက်လိုက်တယ်။ သူ့ခြေထောက် လှေကို ထိတာနဲ့ လှေက ရွေ့တော့တယ်။ အကယ်၍ သေချာ ကြည့်မယ်ဆိုရင် ယွင်ချင်းဝူရဲ့ လှေနောက်မှာ သံကြိုး အနက် အသေးလေး တစ်ခု ရှိနေတာကို မြင်နိုင်တယ်။ လှေက မြန်မြန် မသွားဘူး။ ဒါပေမယ့် မြူနှင်းထဲမှာ ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားတယ်။ လှေနှစ်စင်းရဲ့ နောက်မှာတော့ ကြီးမားတဲ့ တောင်လို သတ္တဝါကြီး ဆယ်ကောင် ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီးတော့ လိုက်လာကြတယ်။

ခုဏတုန်းက ပေါ်လာခဲ့တဲ့ ရာချီတဲ့ မိစ္ဆာတွေကတော့ ပျောက်ကွယ်သွားတာ ကြာခဲ့ပြီ။ မြူနှင်းထဲမှာ သားရဲကောင် အော်သံပဲ ကြားရတယ်။

…

မဟာ နွံအိုင်ကြီးက မိစ္ဆာတွေ အတွက် အရေးကြီးတဲ့ နယ်မြေ တစ်ခုပဲ။ ဒီနွံအိုင်ကြီးရဲက အလယ်မှာ ကျွန်းငယ်လေး တစ်ခု ရှိနေတယ်။ ဒီကျွန်းငယ်မှာ မြူတွေ မရှိဘူး။ ဒီကျွန်းလေးက နွံအိုင်ထဲက အိုအေစစ် တစ်ခုလိုပဲ။ ဒါပေမယ့် သစ်ပင်တွေ အစား ကျောက်ဖျာတွေသာ ရှိနေခဲ့တယ်။ ကျောက်ဖျာ တစ်ခုချင်းစီ ပေါ်မှာ ထွင်းထု ထားတာတွေ ရှိနေတယ်။ ဒါပေမယ့် ဘာအဓိပ္မာယ်တွေ ပါမှန်းတော့ ဘယ်သူမှ မသိဘူး။

ကျောက်တုံးတွေ ကြားမှာ လမ်းတစ်ခု ရှိနေတယ်။ မဟူရာ နန်းတော်ဆီကို သွားတဲ့လမ်း။ ရှဲ့ယိ ရှေ့က ဦးဆောင်ပြီးတော့ ယွင်ချင်းဝူနဲ့ အနက်ရောင် လူအုပ်စုကို နန်းတော်ဆီ ခေါ်သွားခဲ့တယ်။ နန်းတော်က ရှေးကျတယ်။ မဟူရာရောင် နန်းတော် ခေါင်မိုးမှာ အဖြူရောင် ကျောက်စိမ်းပြားကြီး တစ်ခု ရှိနေတယ်။ ဒီကျောက်စိမ်းက သားရဲကောင်တစ်ကောင် ပုံစံ ထွင်းထုထားတယ်။ အမြီးကိုးချောင်း မြေခွေးဖြူ။

ရှဲ့ယိ ဒူးထောက်ရင်းနဲ့ အမြီးကိုးချောင်း မြေခွေးကို သုံးကြိမ်တိုင်တိုင် ဝပ်တွား ဦးညွှတ်တယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူကို ဦးညွှတ်ရင်း ပြောတယ်။ “ဆက်သွားပါ။ ဧကရီငယ်။”

“ကောင်းပြီ။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း အနက်ရောင် လူတွေ ခြံရံပြီးတော့ မဟူရာ နန်းတော်ထဲကို တိတ်တဆိတ် ဝင်သွားတော့တယ်။

မဟူရာ နန်းတော်ထဲကို သူမ ဝင်တာနဲ့ ယွင်ချင်းဝူရဲ့ နောက်ကျော ဘယ်ညာ နှစ်ဖက်မှာ ကျောက်ပန်းပုရုပ်တွေ ပေါ်လာတယ်။ စုစုပေါင်း ကိုးရုပ်တိတိ ရှိတယ်။ တစ်ရုပ်ချင်းစီတိုင်းက ကြောက်စရာ အငွေ့အသက်တွေ လျှံထွက် နေခဲ့တယ်။ ကျောက်ရုပ် ကိုးခုကို ဖြတ်လျှောက် လာပြီးတော့ မဟူရာ နန်းတော် ခန်းမကြီးရဲ့ အပြင်ဘက်ကို ရောက်လာတယ်။

“ဧကရီငယ်ကို ဂါရ၀ ပြုပါတယ်။” ခန်းမ တံခါးစောင့် မိစ္ဆာ နှစ်ကောင်က ယွင်ချင်းဝူကို ဦးညွှတ်တယ်။ တံခါးကို ခပ်မြန်မြန် ဖွင့်ပေးကြတယ်။

ယွင်ချင်းဝူ တစ်ချက် ခေါင်းငြိမ့်ပြီး ခန်းမထဲကို ဝင်တယ်။ ဒီခန်းမကြီးက အပြင်ဘက် မဟာ နွံ့အိုင်နဲ့ ယှဉ်လိုက်ရင် အရမ်းကို တောက်ပလွန်းတယ်။ ဒီခန်းမကြီးက သစ်လွင်တယ်။ ခန်းမကြီးရဲ့ ကျောက်နံရံတွေမှာ တန်ဖိုးကြီး သတ္တု ရတနာတွေ အများကြီး မြုပ်နှံထားတယ်။

ခန်းမကြီးရဲ့ ထိပ်မှာတော့ ကျောက်စိမ်းဖြူ ထိုင်ခုံ တစ်လုံး ရှိနေခဲ့တယ်။ ထိုင်ခုံပေါ်မှာ အမျိုးသမီး တစ်ယောက် ရှိတယ်။ အဖြူရောင် အမွှေးပွ အကျီကို ဝန်ထားပြီးတော့ ဆံနွယ်ရှည်တွေက ပုခုံးပေါ်မှာ ဝဲကျ နေခဲ့တယ်။

ရုပ်ရည် သွင်ပြင်ကို ပြောရရင်၊ ဒီအမျိုးသမီးက အသက် ၂၀ မပြည့်သေးတဲ့ ပုံစံပဲ။ မျက်ဝန်းနက်နက်၊ မျက်ခုံးပြေပြေ၊ နှင်းလို ဖြူဖွေး ချောမွတ်တဲ့ အသားအရေနဲ့ မျက်နှာ သွင်ပြင်က နတ်မိမယ် တစ်ပါးလိုပဲ။ လောကကြီးက အမျိုးသမီးတွေ အားလုံးထက်ကို ချောမောတယ်။ ကျက်သရေ ရှိတယ်။ တော်ဝင်ဆန်တယ်။ လူမျိုးခြား တိုင်းတစ်ပါးသူ တစ်ယောက်လို လှပလွန်းတယ်။ တခြား လောကက လာတဲ့သူ တစ်ယောက်လို အရှိန်အဝါတွေကို ထုတ်လွှတ်နေတယ်။

“မင်းရောက်ပြီပဲ။” အမျိုးသမီးရဲ့ အသံက မိစ္ဆာ ဆန်တယ်။ သူမရဲ့ စကား တစ်ခွန်းက လူတစ်ယောက်ရဲ့ နှလုံးသား ဝိဉာဉ်ကို တုန်လှုပ် သွားစေဖို့ လုံလောက်တယ်။

“ရောက်ပါပြီ။”

“သူကော နေကောင်းလား။”

“ခမည်းတော် နေကောင်းပါတယ်။”

“မျိုးနွယ်စု ဆယ်ခုထဲမှာ ကိုးခုရဲ့ အကြီးအကဲတွေ ဒီကို ရောက်နေပြီ။ မင်း ဒီကို ရောက်နေတာ ငါ့ကို လာတွေ့ဖို့တော့ မဟုတ် လောက်ဘူးမလား။” အမျိုးသမီး မေးတယ်။ သူမရဲ့ မျက်ဝန်းတွေက တလက်လက် တောက်ပနေခဲ့တယ်။

“မယ်တော် ပြောတာ မှန်ပါတယ်။ မဟာမိတ် ကတိကို မယ်တော် ဖြည့်စည်း ပေးမယ်လို့ မျှော်လင့်ပါတယ်။” ယွင်ချင်းဝူက ဒီအမျိုးသမီးရဲ့ ရှေ့မှာ အများကြီး နူးညံ့တယ်။ ဒါက သူမရဲ့ မိခင်းရင်းလေ။

“မဟာမိတ် ဟဟား။ ငါတို့ နှစ်ဦးနှစ်ဖက် အကျိုး ရှိစေဖို့ လုပ်ခဲ့တဲ့ ကိစ္စပဲ။ မင်းသိသင့်ပါတယ်။ အကောင်းဆုံးကတော့ မင်းက အသုံးမဝင်တဲ့ လက်ထပ်ပွဲ တစ်ခုရဲ့ အရည်အသွေး မမှီတဲ့ ထုတ်ကုန် တစ်ခုပဲ။” အမျိုးသမီး ပြုံးရင်း ပြောတယ်။

“ဒါပေမယ့် မိစ္ဆာသွေး တစ်ဝက်ကတော့ ချင်းဝူ ခန္ဒာကိုယ်ထဲမှာ စီးဆင်း နေတုန်းပဲလေ။”

“တဝက်ပဲ။” အမျိုးသမီး ပြောတယ်။

“တဝက်က ပိုကောင်းတဲ့ တဝက်ပေါ့။” ယွင်ချင်းဝူရဲ့ လေသံ ပြောင်းလဲ သွားတယ်။ အတော့်ကို စိတ်ဆုံးဖြတ်ချက် ပြတ်သားတဲ့ ပုံစံပဲ။

“ဟုတ်တယ်။ ပိုကောင်းတဲ့ တဝက်နဲ့ အသုံးမဝင်တဲ့ တဝက်။ မင်းမှာ နတ်ဆိုး မျက်လုံးလည်း မရှိဘူး။ နတ်ဆိုး မျိုးနွယ်ရဲ့ အရည်အချင်းလည်း မရှိဘူး။ ဒါ့အပြင် မိစ္ဆာ ခန္ဒာကိုယ်နဲ့ အားသာချက်လည်း မရှိဘူး။ မင်းက နတ်ဆိုး ဧကရာဇ်နဲ့ မိစ္ဆာ ဧကရီက မွေးလိုက်တဲ့ အသုံးမဝင်တဲ့ အမှိုက်ပဲ။ ဟာသပဲ။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် နတ်ဆိုး မျိုးနွယ်ကလည်း မင်းကို ငြင်းပယ်တယ် မဟုတ်လား။” အမျိုးသမီး ပြောတယ်။

“အရှင် ရှဲ့လော့က ချင်းဝူရဲ့ သတင်းစကားကို မပို့ ပေးဘူးလား။”

“မပို့ပေးဘူး။ မင်း သွေးအရိပ် မြို့တော်ကနေ နှင်ထုတ် ခံလိုက် ရပြီးတည်းက မင်းသတင်းကို ငါတို့ သိရဖို့ မလိုတော့ဘူး။ ဟဟား။ ကြည့်ရတာ သွေးအရိပ် မြို့တော်ကို မင်းပြန် ရောက်သွားတဲ့ ပုံစံပဲ။”

“ဟုတ်တယ်။“

“မင်း သွေးအရိပ် မြို့တော်ကို ပြန်ရောက်တော့ကော ဘာဖြစ်လဲ။ နတ်ဆိုး မျိုးနွယ်က သန်မာတဲ့ သူကို လေးစားတယ်။ မင်း သွေးအရိပ် မြို့တော်ကို ပြန်ရောက် နိုင်ရင်တောင်၊ မင်းက နတ်ဆိုးနဲ့ မိစ္ဆာ ကြားက မဟာမိတ်ကို ထိန်းသိမ်းထားတဲ့ ကိရိယာ တစ်ခု အပြင် မပိုဘူး။” အမျိုးသမီး အေးအေးဆေးဆေး ဆက်ပြောနေတယ်။

“ချင်းဝူက နတ်ဆိုး အရှင်သခင်ငယ် ဖြစ်နေပြီ။” ယွင်ချင်းဝူ ပြန်ပြောတယ်။

“အရှင် သခင်ငယ်။ ဟဟား။ စိတ်ဝင်သား စရာပဲ။ မင်းမလာခင် ဒီဘွဲ့ကို ရတာလား။”

“မဟုတ်ဘူး။ အသက် ငါးနှစ်တည်းက ဒီဘွဲ့ကို ရတာ။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“ငါးနှစ်တဲ့လား။” အမျိုးသမီးရဲ့ အမူအယာ နောက်ဆုံးတော့ ပြောင်းသွားခဲ့ပြီ။ ယွင်ချင်းဝူကို စိတ်ဝင်တစား ကြည့်တယ်။ ဒါပေမယ့် ယွင်ချင်းဝူကတော့ တည်ငြိမ်နေဆဲ။ “စိတ်ဝင်စား စရာပဲ။ နတ်ဆိုး မျိုးနွယ်က ငါးနှစ် ကလေးကို သူတို့ရဲ့ အရှင် သခင်ငယ်လို့ သတ်မှတ်တယ်ပေါ့။ ငါ့ကို ပြောပြပါအုန်း။”

“ချင်းဝူမှာ နတ်ဆိုး မျက်လုံး မရှိပေမယ့်။ နတ်ဆိုး မျိုးနွယ်ရဲ့ အေးဆေးတဲ့ အကျင့်စရိုက်ကို အမွေရ ထားတယ်။ မိစ္ဆာ ခန္ဒာကိုယ် မရှိပေမယ့် အမြီးကိုးချောင်း မြေခွေးရဲ့ ထက်မြက်မှုကို ရထားတယ်။ မလုံလောက်သေးဘူးလား။” ယွင်ချင်းဝူ ပြန်ပြောတယ်။

“ဒီလိုလား။ ဒီတော့ မင်း ဘာတွေ လုပ်ခဲ့လို့လဲ။” အမျိုးသမီး မေးတယ်။

“တစ်ခုပဲ လုပ်ခဲ့တာ။ သွေးအရိပ် မြို့တော် အပြင်မှာ ပျံ့ကျဲနေတဲ့ နတ်ဆိုး မျိုးနွယ် ခြောက်ခုက စစ်တပ်တွေကို စုစည်ပြီးတော့ သွေးအရိပ် မြို့တော်ကို ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်။”

“ဟဟား။ မင်းက သွေးအရိပ် မြို့တော်ကို ဝင်သိမ်းတယ်ပေါ့။ မင်းတစ်ယောက် တည်းနဲ့လား။ နတ်ဆိုး မျိုးနွယ်က မင်းကို အရှင်သခင်ငယ် အဖြစ် သတ်မှတ်လိုက်တာ ဒါကြောင့်လား။”

“ဟုတ်တယ်။ သွေးအရိပ် မြို့တော်ကို ချင်းဝူ ဝင်တိုက်ပြီးတဲ့နောက်၊ မျိုးနွယ်စု လေးခုရဲ့ စစ်တပ်တွေကို ဝန်းရံပြီး သိမ်းပိုက်တယ်။ နတ်ဆိုး မျိုးနွယ် နန်းတော် အထိကို တံခါးဖောက်ခဲ့တယ်။”

“ဒါတွေ အားလုံးကို ငါးနှစ်နဲ့ လုပ်ခဲ့တာလား။”

“ဟုတ်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။

“ငါးနှစ်။” အမျိုးသမီး ဒါကိုကြားတော့ တိတ်ဆိတ် နေခဲ့တယ်။ အဲ့ဒီ့နောက် သူမ မျက်ဝန်းတွေ လင်းလးက် လာရင်း ပြောတယ်။ “မင်း ဘာလိုချင်လဲ ငါ့ကိုပြော။”

“ပထမဆုံး ဧကရီငယ် အဖြစ် အသိအမှတ် ပြုရမယ်။”

“မင်းက ငါ့ရဲ့ တဦးတည်းသော သမီးပဲ။ ငါလက်မခံ ချင်ရင်တောင် လက်ခံ ရမှာပဲ။”

“ဘွဲ့နာမည်တင် လိုချင်တာ မဟုတ်ဘူး။ မိစ္ဆာ မျိုးနွယ်ကို အမိန့် ပေးဖို့ အာဏာလည်း လိုချင်တယ်။”

“ဘယ်လောက်ကို အမိန့် ပေးချင်တာလဲ။”

“မယ်တော် အပါအဝင် အားလုံး။”

“ဟဟား။ မင်းက အသက်၂၀ပဲ ရှိသေးတာတောင် တကယ့်ကို လောဘ ကြီးတာပဲ။ ကောင်းပြီလေ။ ဒီအခွင့်အရေး ပေးမယ်။ ဒါပေမယ့် အရင်ဆုံး တစ်ခု လုပ်ရမယ်။”

“ဘာလုပ် ရမှာလဲ။”

“မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက ငါတို့ မိစ္ဆာ မျိုးနွယ်ကို နှစ်တွေ အကြာကြီး ဝန်းရံ ထားတာ။ မျိုးနွယ်စု တစ်ခုကို ရွေးပြီးတော့ ဖျက်စီးလိုက်။ မင်းအတွက်တော့ လွယ်တယ် မဟုတ်လား။”

“ရတယ်လေ။ ဒါပေမယ့် မိစ္ဆာ ဘုရင် ငါးကောင်လိုတယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း ပြောတယ်။ အမျိုးသမီးကို တစ်ချက်တောင် မေးခွန်း ပြန်မထုတ်ဘူး။ ရေလိုသာ တည်ငြိမ် နေခဲ့တယ်။

“မျိုးနွယ်စု ငါးခုထဲက တစ်ခုကို ဖျက်စီးဖို့ မိစ္ဆာ ဘုရင် ငါးယောက်တည်း လိုချင်တယပေါ့။ ဒီမျိုးနွယ်စုတွေက ပေါင်းစည်းလိုက်ရင် ဘယ်လောက်တောင် အန္တရာယ်များလဲ မင်းသိလား။ ဆယ်ယောက် ယူသွားလိုက်။ နှစ်၂၀ အတွင်း မင်းဆီကို ငါလာမတွေ့တဲ့ အကြွေးပေါ့။”

“မလိုဘူး။ ငါးယောက်ဆို ရပြီ။”

“အမ်။ မင်းသာ တစ်နှစ်အတွင်း မိစ္ဆာ ဘုရင် ငါးယောက်နဲ့ မျိုးနွယ်စု တစ်ခုကို ဖျက်စီးနိုင်ရင်။ ငါ ပိုင်ကျစ် မင်းရဲ့ အမိန့်ကို နာခံမယ်။”

“တစ်နှစ် မလိုဘူး။ သုံးလဆိုရင် ရပြီ။” ယွင်ချင်းဝူ ပြောပြီးတဲ့နောက် လှည့်ထွက် သွားတော့တယ်။ မိစ္ဆာ ဧကရီ ပိုင်ကျစ်ကတော့ အဝေးကို ပျောက်ကွယ်သွားတဲ့ အဖြူရောင် လူရိပ်လေးကို ကြည့်နေခဲ့တယ်။ သူမရဲ့ နူးနူးညံ့ညံ့ မျက်နှာလေးမှာ နွေးထွေးမှုတွေ ယှက်သမ်း လာခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားပြီး ပုံမှန် အေးစက်စက် ပုံစံ ပေါ်လာတယ်။

“ဧကရီငယ်ကို အရှေက ခန်းမမှာ နားဖို့ စီစဉ်ပေးလိုက်။”

“အမိန့်တော် အတိုင်းပါ။” အတွင်းအပြင်ကနေ တစ်လေးတစား ပြန်ဖြေသံတွေ ထွက်လာတယ်။

…

ယွင်ချင်းဝူ မဟာနွံအိုင်ကို ဝင်တဲ့ အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ။ မြင့်မြတ် နယ်မြေ အနောက်ပိုင်း တောင်တွေပေါ်မှာ သားရဲကြီး တစ်ကောင် ဖြတ်သန်း ပျံသန်း နေခဲ့တယ်။ သားရဲကောင်ကြီး လှုပ်ရှားတာ အရမ်းကို မြန်ဆန်တယ်။ တောင်တွေကို ဖြတ်သန်းပြီးတော့ အချိန် အတော်ကြာတဲ့ နောက်မှာတော့ တိမ်တွေကြားမှာ နေရာ တစ်ခု ပေါ်လာတယ်။

ဒီနေရာက ဆေးပင်တွေ ထွက်တဲ့ နေရာပဲ။ အရမ်းကို အရောင်စုံတယ်။ တောင်ကို အဝေးက ကြည့်ရင်တောင် အနီ အစိမ်း ခရမ်း အပြာ အရောင်စုံတွေ တောက်ပ နေခဲ့တယ်။ သားရဲကောင်ပေါ်ကနေ လူတစ်ယောက် ခုန်ချလာတယ်။ တောက်ပတဲ့ လရောင်ကြောင့် ဒီလူ့ လက်ထဲမှာ လူတစ်ယောက်ကို ချီလာတာ ကောင်းကောင်း မြင်နေရတယ်။ ညလေအေးက သူ့ရဲ့ ဝတ်ရုံပြာကို တဖျပ်ဖျပ် လွင့်အောင် တိုက်ခတ် နေခဲ့တယ်။

အပိုင်း (၇၄၆) ပြီး၏။

အပိုင်း (၇၄၇)

“အနုကြမ်းစီးခြင်း။ ယင်ယန် ခန်းမထဲကို ထိုးဖောက် ဝင်ရောက်။”

မြူနှင်းဖြူတွေ လေနဲ့ မှုတ်ထုတ် ခံလိုက်ရတယ်။ ဒါပေမယ့် ဆေးပင်တွေရဲ့ ပတ်ပတ်လည်မှာ ဝန်းရံထားတဲ့ မြူနှင်းဖြူတွေကတော့ အရမ်းကို သိပ်သည်းတယ်။ ဆေးပင် တစ်ပင်ချင်းစီတိုင်းကို ဝန်းရံပြီးတော့ မြူနှင်းတွေ ဖုံးအုပ်နေပုံက ထူးဆန်းလွန်းတယ်။

တောင်တန်းတွေမှာ အသက်သွေးကြော ရှိတယ်။ ယင်ယန် ခန်းမက ဒီနေရာမှာ ဆေးပင်တွေကို တမင် ရွေးချယ်ပြီး စိုက်ထားတာ။ ဒီဆေးပင်တွေက တန်ဖိုး မဖြတ်နိုင်ဘူး။ ဒါပေမယ့် ဆေးခင်းထဲကို လူတစ်ယောက် ခုန်ဆင်း လာပြီးတော့ ဆေးပင်တွေကို ဖျက်စီး နေခဲ့တယ်။

“ယင်ယန် ခန်းမရဲ့ ဆေးပင် စိုက်ခင်းကို ဘယ်သူ ခိုးဝင် ရဲတာလဲ။” အသံ ထွက်လာတဲ့ အချိန်မှာပဲ ဒေါသတကြီးနဲ့ ဓားကိုင်ထားသူ တစ်ယောက် ပေါ်လာခဲ့တယ်။ ဒီနေရာက ယင်ယန် ခန်းမ အတွက် အရေးကြီးတယ်။ ဒီကောင်စုတ်က ဆေးခင်းအလယ်ကို ခိုးဝင်ပြီး ခုန်ဆင်း လာတာကို ကြည့်ရုံနဲ့တင် ယင်ယန် ခန်းမရဲ့ ဧည့်သည် မဟုတ်တာ သိသာနေပြီ။

သူ ခန့်မှန်းတာ မှန်တယ်။ ဒီလူက ဖန်ကျန်းရှီ။ ပုံမှန် အတိုင်း သူက ဒီကို ဖိတ်ခေါ် ခံရပြီးတော့ ရောက်နေတဲ့သူ မဟုတ်ဘူး။ နောက်ပြီးတော့ ဆေးခင်းထဲကို ခုန်ချပြီး ဖျက်စီးဖို့လည်း မရည်ရွယ်ဘူး။ ယင်ယန် ခန်းမက မြင့်မြတ် နယ်မြေ အနောက်ပိုင်းမှာ ရှိနေတာကို သိပေမယ့် နေရာ အတိအကျကို သူမသိခဲ့ဘူး။ ဒါကြောင့် တောင်တွေကြားမှာ လှည့်ပတ်ရင်း လမ်းပျောက် နေခဲ့တယ်။ ဒီနေရာမှာ ဆေးပင်တွေ စုနေတာကို မြင်တော့ သူတစ်ချက် ဆင်းပြီးတော့ လာကြည့်တာပဲ။

“ဒါက ယင်ယန် ခန်းမပဲ။ အဓိက ခန်းမကြီး ဘယ်နေရာမှာ ရှိလဲ မေးပါရစေ။” ဖန်ကျန်းရှီ ပြောရင်း ယင်ယန် ခန်းမ တပည့်ဆီကို ရောက်လာတယ်။ ဒါပေါ့။ သူ့လက်ထဲမှာ ရန်ရွှယ့်ကို ချီထားတဲ့ အတွက် သူ့ခြေထောက် အောက်မှာ ဘာတွေ ရှိနေမှန်း မသိခဲ့ဘူး။ ဒါကြောင့် ဆေးပင် နည်းနည်းကို ဖျက်စီး မိသွားတယ်။

“မင်း ရပ်စမ်း။” တပည့်သား ဆေးပင်တွေ ကျိုးကြေကုန်တာ မြင်တော့ ဒေါသတကြီး အော်တော့တယ်။ နောက်ပြီးတော့ ဒီရောက်လာ သူက ဧည့်သည် မဟုတ်ဘူး။ ကိုယ့်ရဲ့ လုံခြုံမှု အတွက် သူလည်း ရှေ့ကို တိုးမကြည့်ဘူး။

“အိုး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ သူရောက်နေတဲ့ နေရာမှာ ရပ်လိုက်တယ်။ အဲ့ဒီ့နောက် သူချီထားတဲ့ ရန်ရွှယ်ကို ကြည့်ရင်း ပြောတယ်။ “မစိုးရိမ်နဲ့ တောက်ဟွမ် မင်းကို ကယ်အောင် ငါလုပ်မယ်။”

ယင်ယန် ခန်းမ တပည့်သားကတော့ ဒါကို ကြည့်ရင်း တစ်ခဏတာ ကြောင်အ နေတယ်။ အဲ့ဒီ့နောက် အေးစက်စက် အပြုံးနဲ့ပြုံးလိုက်တယ်။ တလေးတစားနဲ့ လှုပ်ရှားနေတာ။ ဒါက အားနည်းတဲ့ သူတစ်ယောက်လို့ ဆိုလိုတာပဲ။

ဖန်ကျန်းရှီကို သေချာ ကြည့်လိုက်တဲ့ အချိန်မှာ ယင်ယန် ခန်းမ တပည့်သားလည်း ငယ်ရွယ်တဲ့ မျက်နှာကို သတိ ထားမိသွားတယ်။ သူက ၁၇ ၁၈ပဲ ရှိအုန်းမယ်။ နောက်ပြီးတော့ လက်ထဲမှာလည်း သူနဲ့ ရွယ်တူ လူငယ်ကို ချီထားသေးတယ်။

ဒါကြောင့် သူ့အမြင်ကို မူတည်ပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ယင်ယန် ခန်းမကိုတောင် ဘယ်နေရာမှန်း မသိတဲ့သူက မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုကတော့ မဖြစ်နိုင်ဘူး။ မြင့်မြတ် နယ်မြေမှာ လှည့်ပတ်နေတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်လိမ့်မယ်။ အန္တရာယ် ကြုံလာပြီးတော့ သူ့ရဲ့ သူငယ်ချင်းက ဒဏ်ရာရ လာလိမ့်မယ်။ ဒါကြောင့် ယင်ယန် ခန်းမရဲ့ ဆေးစိုက်ခင်းထဲကို ခုန်ဆင်း လာတာပဲ။

ယင်ယန် ခန်းမ တပည့်သားက မြင့်မြတ် နယ်မြေကို ဝင်လာတဲ့ လူသစ်လေးကို မကြင်နာ နိုင်ဘူး။ နောက်ပြီးတော့ ဆေးပင်တွေကိုလည်း သူဖျက်စီး ထားသေးတယ်လေ။ ပထမဆုံး ဖမ်းချုပ်ပြီးတော့မှ ဆုံးဖြတ်ချက် ချရမယ်။

အစီအစဉ် ချပြီးတဲ့နောက် ယင်ယန် ခန်းမ တပည့်သား တိုက်ခိုက်ဖို့ ပြင်တယ်။ ဒါပေမယ့် သူ့ရန်သူ ဘယ်လောက်တောင် အင်အားကြီးမှန်း မသိရရင် တဇွတ်ထိုး မလှုပ်ရှား ဝံ့ဘူး။ ဒါကြောင့် အချက်ပေးသံ ပြုလိုက်တယ်။ သူ့အသံကို ကြားတာနဲ့ နောက်ထပ် လူသုံးယောက် မြူနှင်းထဲမှာ ပေါ်လာတော့တယ်။ ဒါက အကူအညီတွေပဲ။

လူသုံးယောက် ပေါ်လာ ပြီးတဲ့နောက် သူတို့ ဘာမှ မမေးကြဘူး။ ဖန်ကျန်းရှီကို အရပ် လေးမျက်ှနာကနေ ဝန်းရံထားတယ်။ သူတို့ ဓားတွေနဲ့ ဖန်ကျန်းရှီကို ချိန်ရွယ်ထားတယ်။

“မြင့်မြတ် နယ်မြေက မျိုးနွယ်စု တစ်ခုခုရဲ့ တပည့်သားလား။” သေချာအောင် ယင်ယန် ခန်းမက ပထမ တပည့်သား မေးတယ်။

“မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။ ဒါကို ကြားတော့ ယင်ယန် ခန်းမ တပည့်သားတွေ တစ်နေရာတည်းမှာ စုလိုက်တယ်။

“မင်းက မြင့်မြတ် နယ်မြေ မျိုးနွယ်စုက မဟုတ်ဘူးဆိုတော့ ယင်ယန် ခန်းမကို ကျုးကျော်ပြီး ဆေးပင်တွေကို ဖျက်စီးတာ ဘာအပြစ်မှန်း မင်းသိလား။ လက်နက်ချ။ မင်းကို အကိုကြီး လီဆိကို ခေါ်သွားမယ်။ မသေချင်ရင် အေးဆေးနေ။”

“အကိုကြီးလီကို တွေ့ပြီးရင် ဘာဖြစ်မှာလဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း မေးတယ်။

“မင်း ပထမဆုံး ဆေးစိုက်ခင်းကို ဖျက်စီးတဲ့ အတွက် လျော်ကြေး ပေးရမယ်။ ပြီးရင် ယင်ယန် ခန်းမ အပြင်ကို ကန်ထုတ်မယ်။” တပည့်သား ရယ်မောရင်း ပြောတယ်။

“တောက်ဟွမ်ကို တွေ့လို့ရလား။” ဖန်ကျန်းရှီ မေးတယ်။

“မင်း အတင့်ရဲ လိုက်တာ။ ဆရာ့ကို ဘယ်လိုများ နာမည် တပ်ပြီး ခေါ်ဝံ့တာလဲ၊”

“ဒီတော့ သူ့ကို တွေ့လို့ မရဘူးပေါ့။ ထင်ပါတယ်။ ပုံမှန် အတိုင်း ပြဿနာ နည်းနည်း များတာ လုပ်ရ တော့မှာပေါ့။”

ဒီလူတွေက သူ့ကို မြင့်မြတ် နယ်မြေထဲ ဝင်လာတဲ့ လူသစ်လေးလို ဆက်ဆံ နေကြတာပဲ။ သူ့ကိုယ်သူ လူသစ်မှန်းတော့ သိပါတယ်။ ဒါကြောင့်ပဲ ဒီနေရာမှာ ၂ရက်လောက် မျက်စိ လည်ပြီးတော့ တောက်ဟွမ်ကို မတွေ့နိုင် သေးတာပေါ့။

“ဘာ ပုံမှန် အတိင်းလဲ။ မြန်မြန် ဒူးထောက်။ မင်းက ဆရာ့ကို တွေ့ချင်တယ်ပေါ့။ မင်းကိုယ်မင်း ဘယ်သူများ မှတ်နေတာလဲ။” ယင်ယန် ခန်းမ တပည့်သား တစ်ယောက် အော်တယ်။ ဆေးပင်တွေကို ဖြတ်ပြီးတော့ ဖန်ကျန်းရှီ အနားကို ရောက်လာတယ်။

မြင့်မြတ် နယ်မြေမှာ လမ်းပျောက်နေတဲ့ ဒီလို သိုးငယ်လေးနဲ့ တွေ့တာ ပထမဆုံး မဟုတ်ဘူးလေ။ ဒီလို သိုးငယ် လေးတွေက မာနကြီးပြီးတော့ အကြောက်တရား မရှိဘူး။ ကောင်းကောင်း ရိုက်နှက် ခံပြီးမှပဲ မြင့်မြတ် နယ်မြေရဲက အရသာကို သိကြတာ။

သူတို့ရှေ့မှာ ရောက်နေတဲ့ လူသစ်လေးကတော့ ယင်ယန် ခန်းမမှာ အင်အား ပြချင် နေတဲ့ ပုံစံပဲ။

“ငါက ဖန်ကျန်းရှီ။ ငါ့ကို တောက်ဟွမ်ဆီ ခေါ်သွား။” ဖန်ကျန်းရှီ သူချီထားတဲ့ ဖြူဖျော့ဖျော့ ရန်ရွှယ်ကို ကြည့်ရင်း လှမ်းအော်တယ်။ သူ့ကို သူတို့ မသိမှတော့ နာမည်ပြောရတာပေါ့။ ဖန်ကျန်းရှီ ပုံမှန် အတိုင်းဆိုရင် ဒီလို ကိစ္စမျိုး လုပ်ခဲတယ်။ လက်တွေ့ပဲ လုပ်ပြတယ်။ အခုလို အချိန်မှာတော့ မြန်မြန် လှုပ်ရှားဖို့ လိုနေပြီ။ ယင်ယန် ခန်းမရဲ့ အကြီးအကဲ တစ်ယောက်ယောက် ဆီကို တိုက်ရိုက် ရောက်မှ ဖြစ်မယ်။

“ဂျွတ်။” နောက်ထပ် ဆေးပင် တစ်ပင် ကျိုးသွားတယ်။ ဒိတစ်ခေါက်တော့ ဖန်ကျန်းရှီ လက်ချက် မဟုတ်ဘူး။ တပည့်သား တစ်ယောက် စိတ်လွတ်ပြီး နင်းမိ လိုက်တာပဲ။ သူတင် လန့်နေတာ မဟုတ်ဘူး။ တခြား တပည့်သား သုံးယောက်လည်း တုန်ယင် နေကြတယ်။

“ဖန်ကျန်းရှီ။”

“ဖန်ကျန်းရှှီတဲ့လား။”

ဒီနာမည်က သူတို့နဲ့ အရမ်းကို ရင်းနှီးတယ်။ လွန်ခဲ့တဲ့ လဝက် အတွင်း မြင့်မြတ်မြေရဲ့ တပည့်သားတိုင်း အတွက် သူက တကယ့်ကို လန့်စရာ တည်ရှိမှု တစ်ခု ဖြစ်ခဲ့တယ်။ နောက်ပြီးတော့ သူ့လက်ချက်နဲ့ သေသွားခဲ့ရတဲ့ သုခမိန် ငါးယောက်မှာ နှစ်ယောက်က ယင်ယန် ခန်းမက လူတွေ။ တစ်ယောက်က ယင်ယန် ခန်းမရဲ့ နဝမ အကြီးအကဲ ရှီဖုန်း။

“ဖန်ကျန်းရှီ။ မင်းက ဖန်ကျန်ရှီလား။” တပည့်သားတွေနောက်တစ်ခေါက် ထပ်မေးတယ်။ လူတစ်ယောက်ရဲ့ နာမည်မှာ အစွမ်း ရှိတယ်။ ဖန်ကျန်းရှီက သုခမိန် တစ်ယောက် မဟုတ် သေးပင်မယ့်၊ ပုံမှန် သုခမိန် တစ်ယောက်ထက်ကို ပိုပြီးတော့ လန့်စရာ ကောင်းတယ်။ နောက်ပြီးတော့ သတ်ဖြတ်ပြီးတဲ့ ကျော်ကြား လာခဲ့တဲ့သူ။ ဖန်ကျန်းရှီရဲ့ နာမည်က သွေးနဲ့တည်ဆောက်ထားတဲ့ နာမည်။

“တောက်ဟွမ်ကို အခု သွားတွေ့လို့ ရပြီလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့် လိုက်ပြီးနောက် ဆေးခင်းအပြင်ကို ထွက်တော့တယ်။ သူ သတိထားပြီးတော့ နင်းပေမယ့်လည်း ဆေးပင်တွေ ကျိုးကျေကုန်တယ်။ ဒါပေမယ့် ယင်ယန် ခန်းမ တပည့်သား တွေကတော့ ဖန်ကျန်းရှီ ဆေးပင်တွေကို နင်းပြစ်တဲ့ အကြောင်း ဂရု မစိုက်နိုင်တော့ဘူး။

“ဖန်ကျန်းရှီ လက်စား ချေဖို့ ရောက်လာပြီ။“

“သူတကယ်ပဲ ရောက်လာနေပြီ။”

“မိုးနတ်မင်းရေ ယင်ယန် ခန်းမကို တစ်ယောက်တည်း သူဝင်လာတယ်။ အကိုကြီးလီကို ပြော။ မဟုတ်ဘူး။ အကြီးအကဲ တစ်ယောက်ဆီကို ချက်ခြင်း သွားပြော။”

ယင်ယန် ခန်းမ တပည့်သားတွေ ချက်ခြင်း ပျောက်ကွယ် သွားတော့တယ်။ ဖန်ကျန်းရှီ တစ်ယောက်ပဲ ဆေးခင်းထဲမှာ ကျန်နေတော့တယ်။

သူတို့တွေက ယင်ယန် ခန်းမရဲ့ အဆင့် အနိမ့်ဆုံး တပည့်သားတွေ၊ သူတို့ အလုပ်က ဆေးခင်း စောင့်တာပဲ။ တခြား ကိစ္စတွေကတော့ သူတို့နဲ့ မဆိုင်ဘူး။ ယင်ယန် ခန်းမကို မဝင်ခင်ကတော့ သူတို့တွေက လူတော်တွေ။ ဒါပေမယ့် ယင်ယန် ခန်းမကို ဝင်ပြီး နောက်မှာတော့ သူတို့ရဲ့ အောင်မြင်မှုတွေကို ချန်ထား ခဲ့ရတယ်။ ဒါကြောင့် သူတို့တွေက စိတ်ဆန္ဒ ပြင်းပြတယ်။ အကယ်၍ မနိုင်နိုင်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင် ရရင်၊ အသေခံပြီး မတိုက်ခိုက်ဘူး။ အရင်ပြေးကြတယ်။

“အမ်။ ငါ့ကို ခန်းမနေရာလည်း ပြောမသွားကြဘူး။ မဟုတ်ရင်လည်း တောက်ဟွမ်ဆီကို တခါတည်း ခေါ်သွားလေ။” ဖန်ကျန်းရှီ လှမ်းအော်ပေမယ့် ဘယ်သူမှ ပြန်မဖြေဘူး။ ကူကယ်ရာမဲ့သလို ခံစား နေရတယ်။ ကောင်းကင် တာအို တပည့်သားတွေလို ရှုံးမှာတောင် အသေခံ ပြီးတော့ တိုက်ခိုက်မယ့် သူတွေလို့ သူထင်ထား ခဲ့မိတာ။ အခုတော့ အကုန်လုံး ဒီအတိုင်း ထွက်ပြေး ကြတယ်တဲ့လား။

ဖန်ကျန်းရှီ မြူနှင်းဖြူတွေကို ကြည့်ရင်း အရင်ဘဝက ကဗျာ တစ်ပုဒ်ကို သတိရ သွားတယ်။ “လုတောင်တန်းရဲ့ သဏ္ဍာန် အစစ်ကို ငါဘာဖြစ်လို့ မပြောနိုင်တာလဲ။ ငါကိုယ်တိုင်ကိုက တောင်တန်းထဲမှာ ပါဝင်နေလို့လား။”

ဒီတောင်က လုတောင်တန်းထက်ကို ပိုပြီးတော့ ကြီးမားတယ်။ တိမ်ဖြူတွေ ပိုပြီးတော့ များတယ်။ ဘယ်လိုများ သွားရှာ နိုင်မှာလဲ။ သူ့မှာ အစီအစဉ် မရှိဘူး။ ဒါကြောင့် နေရာ အနှံ့ လျှောက်ပြေးဖို့ပဲ လုပ်နိုင်တယ်။ အခု သူက ဆေးပင် စိုက်ခင်းကြီးထဲမှာ ရောက်နေတာလေ။ ဒါကြောင့် အချိန် မဖြုန်းတော့ဘူး။ ဆေးပင်တွေကို တပင်မကျန် ဆွဲနှုတ်ပြီးတော့ သူ့ရဲ့ အဆုံးမဲ့ လောကထဲ ပြစ်ထည့်တော့တယ်။

အထဲမှာ နေရာလွတ်တွေ အများကြီး ကျန်နေသေးတော့ မဆံ့မှာ စိုးရိမ် စရာ မလိုဘူး။ ဆေးပင် ဆယ်ဧကလောက် နှုတ်ပြီးတဲ့ အချိန်မှာတော့ မြူတွေ တော်တော် ပါးသွးတာကို မြင်လိုက်ရတယ်။ သူ့ရှေ့မှာ နန်းတော် တစ်ခု ပုံစံကို မြင်နေရတယ်။

“ငါတွေ့ပြီ။” ဖန်ကျန်းရှီ မျက်ဝန်းတွေ တလက်လက် တောက်ပလာတယ်။ အမှောင်ထဲမှာ အလင်းကို တွေ့ရ သလိုပဲ။ ဒါပေမယ့် တံခါးကိုတော့ မတွေ့သေးဘူး။ ရှာဖို့လည်း ပျင်းတယ်။ ပြစ်မှတ်ကို တွေ့ရင် အရာ အားလုံး လွယ်သွားပြီ။ ပြစ်မှတ်ကို သေချာ ရွေးရမယ်။

သူ့ရွေးချယ်မှုကတော့ ရှင်းပါတယ်။ နေရာကောင်းကို ရှာရမယ်။ အခန်းကြီးတွေက တွေ့ဆုံပွဲ အတွက်။ ဒီနေရာတွေက အသုံးမဝင်ဘူး။ ကောင်းကောင်း ဆင်ယင်ထားတဲ့ နေရာတွေ အခန်းတွေမှာ အရေးကြီးတဲ့ လူတွေ နေကြတယ်။ ဥပမာ ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်လို လူပေါ့။

ဆေးဖော်ဖို့ အတွက် အေးဆေးတဲ့ နေရာတော့ လိုမှာပဲ။ ဖန်ကျန်းရှီ အသေးစိတ် စဉ်းစားတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကလည်း ဒီအတိုင်းပဲ။ အလွယ်တကူ နှောက်ယှက်လို့ မရတဲ့ နေရာမှာ သူနေတယ်။ ဆေးပင်တွေကို ဆက်ပြီးတော့ နှုတ်မနေတော့ဘူး။

ဖန်ကျန်းရှီ ဒါတွေကို ခူးသွားတာ နောက်ထပ် ဓားပြ တိုက်ချင်လို့ပဲ။ တောက်ဟွမ်နဲ့ ညှိနှိုင်းလို့ ရအောင် တစ်ခုခုတော့ လုပ်ရမယ်။ ဒီလို လုပ်ရင် အသတ်ခံ ရမှာလား။ အခုချိန်မှာ ဒါတွေကို စဉ်းစား မနေနိုင်ဘူး။ ဆေးပင်ကို မခူးရင်တောင် တောက်ဟွမ်က သူ့ကို သတ်မှာပဲလေ။ ဘာများ စဉ်းစားစရာ လိုသေးလို့လဲ။

ဒီဆေးပင် ဆယ်ဧကကို ယူပြီးတော့ ရန်ရွှယ့် အသက်ကို ကယ်ရမယ်။ ဒီလို အနုကြမ်း စီးတာက နည်းနည်းတော့ အဆင် မပြေ ဖြစ်ပေမယ့် သူ့အခြေအနေကို သူသိတယ်။ သူပြေးတဲ့ အချိန် လမ်းမှာ ပြေးနေတဲ့ တပည့်သား လေးယောက်ကို တွေ့ခဲ့တယ်။

ဒါပေမယ့် သူကတော့ ယင်ယန် ခန်းမဆီကို ရောက်လာပြီ။ တပည့်သားတွေကတော့ အဝေးမှာ ကျန်နေခဲ့တယ်။ တကယ့်ကို မပြေးနိုင် ကြဘူးပဲ။ ဒီတပည့်သားတွေ အားနည်းတာကို သူသိတယ်။ ဒါကြောင့် အကြီးအကဲတွေဆီကို သတင်းပို့ဖို့ အချိန် နည်းနည်း ချန်ထားလိုက်တယ်။

“ငါရောက်ပြီပဲ။” ယင်ယန် ခန်းမရဲ့ တခြား နေရာတွေထက် နည်းနည်း ပိုပြီးတော့ ထူးခြားတဲ့ နေရာ တစ်ခုကို သူတွေ့တယ်။ ဒီနေရာမှာ (တောက်) ဆိုတဲ့ နာမည်ပြားကြီးကို ချိတ်ထားတယ်။ သူ့စိတ်ထဲမှာတော့ ငါဆုံးဖြတ်ချက် မှန်သွားပြီလို့ တွေးနေခဲ့တယ်။

တောက်ဟွမ်ရဲ့ နေရာကို တွေ့မှတော့ တခြား လုပ်စရာ မလိုတော့ဘူး။ သူ့ရှေ့မှာ ရှိတဲ့ ရှေးဟောင်း သစ်သား တံခါးကို ကန်ထုတ်လိုက်ရင်း အော်ဖို့ ဆုံးဖြတ်လိုက်တယ်။ “ငါရောက်ပြီ။ တောက်ဟွမ် မင်းယောကျာ်းစစ်ရင် ငါ့ရှေ့ ထွက်လာခဲ့။”

ဒါပေမယ့် သူစိတ်ထဲ တွေေ၀ သွားပြန်တယ်။ ယင်ယန် ခန်းမ ခေါင်းဆောင်ကို သူဘယ်လိုများ နိုင်နိုင်မှာလဲ။ ထျန်းရှင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ နေ့ကို မှတ်မိ နေသေးတယ်။ သူအများကြီး သန်မာ လာတာတောင် အဲ့ဒီ့နေ့ကို တွေးမိတိုင်း ကျောချမ်းနေတုန်း။ သူက ထျန်းရှင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ တစ်ခဏ တွေးတော ပြီးနောက် ပြံးလိုက်တယ်။ ရန်ရွှယ်ကို မြေပြင်ပေါ် ဖြည်းဖြည်းလေး ချလိုက်တယ်။ အဲ့ဒီ့နောက် အသံ ခပ်တိုးတိုးနဲ့ ပြောတယ်။ “ဆရာ။ ဖန်ကျန်းရှီက ဆေးစိုက်ခင်းထဲ ဝင်လာပါပြီ။ တတိယ အကြီးအကဲက ကျွန်တော့်ကို ဘယ်လို လုပ်ရမလဲ လာမေးခိုင်း ပါတယ်။”

ဖန်ကျန်းရှီရဲ့ အသံက မကျယ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ မျိုးနွယ်စု ငါးခုရဲ့ တပည့်သားတွေ သူတို့ ဆရာသခင်တွေကို ဘယ်လောက်တောင် လေးစားမှန်း သူသိတယ်။ သူပြောနေတဲ့ အချိန်မှာပဲ နီးကပ်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ ပြန်မဖြေပဲ ထွက်ပြေး မလို့လား။

ဖန်ကျန်းရှီ တံခါး ဘေးကို ကပ်ပြီး ပုန်းလိုက်တယ်။ သူသိထားတဲ့ သတင်းအချက်အလက်တွေက အသုံးဝင်တာပဲ။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ တောက်ဟွမ် ထွက်လာရင်၊ သူ့ခေါင်းကို တုတ်ကြီးကြီးနဲ့ ရိုက်ပြီးတော့ ကြိုးနဲ့ ချည်မယ်။ ပြဿနာတွေလည်း အေးတာပေါ့။

အပိုင်း (၇၄၇) ပြီး၏။

အပိုင်း (၇၄၈)

“အတင်းအကြပ် ဖမ်းဆီးခြင်း။”

တံခါးကို အတွင်းကနေ ဖွင့်လိုက်တယ်။ အဲ့ဒီ့နောက် အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ သူမရဲ့ နေရာက အလစ်ဝင်တိုက်ဖို့ အကောင်ဆုံး နေရာပဲ။ ဒါပေမယ့် ထွက်လာတဲ့ သူကို မြင်တော့ ဖန်ကျန်းရှီ စိတ်ကို မိုးကြိုး ပြစ်ခံ လိုက်ရ သလိုပဲ။

အမျိုးသမီး တစ်ယောက် ထွက်လာတာလေ။ အရမ်းကို ဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီး တစ်ယောက်။ မှင်စိမ်းရောင် ဝတ်ရုံမှာ ပန်းသုံးပွင့်ကို ချည်ထိုးထားတဲ့ ဝတ်ရုံကို ဝတ်ထားတယ်။ ဆံနွယ်ရှည်တွေက ခါးပေါ်ကို ဝဲကျနေတယ်။ မျက်ခုံးကွေးကွေး မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ အရမ်းကို ဆွဲဆောင်မှု ရှိတဲ့ သူတစ်ယောက်ပဲ။

သူမ ခန္ဒာကိုယ်ကနေ ထွက်နေတဲ့ ဆေးနံ့တွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဖန်ကျန်းရှီ စိတ်ထဲမှာ နတ်သက်ကြွေလာတဲ့ နတ်မိမယ် တစ်ပါးကို မြင်နေရ သလိုပဲ။ အရမ်းကို သန့်စင်လိုက်တာ။ တောက်ဟွမ်က အမျိုးသမီးလား။

ဖန်ကျန်းရှီ ခေါင်းထဲမှာ သတိပေးသံတွေ ထွက်ပေါ်လာတယ်။ မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံးတွေထဲက တစ်ယောက် ဖြစ်တဲ့ တောက်ဟွမ်က ဒီလောက် ငယ်ရွယ်တဲ့ မိန်းကလေးတဲ့လား။ ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်မှာပဲ အမျိုးသမီးက သူ့ကို လှည့်ကြည့်တယ်။ သူမရဲ့ အေးချမ်းတဲ့ မျက်နှာမှာ အထိတ်တလန့် အသွင် ပေါ်လာခဲ့တယ်။

“ဗိုင်း။” အမျိုးသမီး မြေပြင်ပေါ်ကို လဲကျသွားတယ်။

“ပြီးသွားပြီလား။” မြေပြင်ပေါ်ကို လဲကျသွားတဲ့ အမျိုးသမီးကို ကြည့်ရင်း ဖန်ကျန်းရှီ ထူးဆန်း နေခဲ့တယ်။ လွယ်လိုက်တာ။

အခုအဖြစ်က မြို့တက်ပြီး အိမ်ဝယ်ဖို့ နှစ်တွေ အကြာကြီး ပိုက်ဆံ စုလာတဲ့ လူတစ်ယောက်၊ တကယ်တမ်း အိမ်ဝယ်တဲ့ အချိန် လျှော့ဈေး အကြီးကြီး ရလိုက် သလိုပဲ။ ငွေသား တစ်ထောင်တန် အိမ်ကို တစ်ရာနဲ့ ဝယ်လိုက် ရသလိုပဲ။ အံ့သြ ပျော်ရွှင်ရတယ်။

အခုချိန်မှာ ဖုန်းရွှေက ဒီလောက်တောင် ကောင်းနေလားဆိုတာ မေးချင်စရာပဲ။ မဟုတ်ရင်၊ တစ်ယောက်ယောက်က သူ့ကို အိမ်ထဲမှာ စောင့်နေပြီးတော့ တိုက်ခိုက် မလို့လား။ ဖန်ကျန်းရှီ အသေအကျေ တိုက်ခိုက်ဖို့ ပြင်ထားပေမယ့် အခုတော့ သံတုတ်တစ်ချောင်းနဲ့ ကိစ္စ ပြတ်သွားပြီ။ ဖန်ကျန်းရှီ စိတ်ထဲမှာ သံသယ ဝင်နေခဲ့တယ်။

သူအမှား လုပ်မိတာလား။ ဒီနေရာက တောက်ဟွမ် နေတာ မဟုတ်လို့လား။ ဒါပေမယ့် တောက်ဆိုတဲ့ နာမည်ပြားကြီး ကပ်ထားတဲ့ နေရာကတော့ သာမာန် တပည့်သား တစ်ယောက် နေရာ မဖြစ်နိုင်ဘူးလေ။ နေပါအုန်း။ ဒီအမျိုးသမီးက အစေခံလား။

“မဟုတ်ရ ဘူးလေ။ အစေခံ တစ်ယောက် ထွက်မလာရဘူး။” ဖန်ကျန်းရှီ ဘာလုပ်ရမလဲ မသိ ဖြစ်နေခဲ့တယ်။ ယင်ယန် ခန်းမ ခေါင်းဆောင်မှာ အစေခံ ရှိတာတော့ ဖြစ်နိုင်တာပဲ။

ဒီကောင်မလေးက သာမာန် အစေခံတော့ မဖြစ်နိုင်လိုက်ဘူး။ ယင်ယန် ခန်းမ ခေါင်းဆောင်မှာ ဒီလောက် အမျိုးသမီး အစေခံ လှလှလေး ရှိနေတာလည်း ဖြစ်နိုင်တာပဲ။ ပထမဆုံး ဒီလောကကို ရောက်လာတဲ့ အချိန်တုန်းက ရာချီတဲ့ အမျိုးသမိး အစေခံ လှလှလေးတွေ ပြုစု ပေးတာကို ခံချင်ခဲ့တာ။ အခုတော့ တစ်ယောက်တောင်မှ မရှိဘူး။

ချီကူယန်နဲ့ လောင်းကြေးထပ်တာ နိုင်သွားပေမယ့်၊ ချီကူယန်က တစ်ခါလေးတောင် သူ့ကို မပြုစုပေးဘူး။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ အသေးစိတ်ကို တွက်ဖို့ နည်းနည်း မေ့သွားခဲ့တာပဲ။

“ငါ ထုတ်ဖော် ခံလိုက် ရပြီလား။” ဖန်ကျန်းရှီ သူဟန်ဆောင်တာ ပေါ်သွားပြီမှန်း သိလိုက်တယ်။ တောက်ဟွမ်သာ အခန်းထဲမှာ ရှိနေပြီးတော့ ထွက်လာရင် သူတော့ အမှုန့်ကြိတ် ခံရလိမ့်မယ်။ သူတွေးပြီးတော့ တိုက်ခိုက်ဖို့ ပြင်ထားပေမယ့် ဘာမှ ထွက်မလာခဲ့ဘူး။

“တောက်ဟွမ် အိမ်မှာ မရှိတာလား” ဖန်ကျန်းရှီ မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေတယ်။ အခုက အတော်လေး နောက်ကျနေပြီ။ ဒါတောင် အိမ်မှာ မနေဘူးလား။ သူအချိန် ဆွဲမနေတော့ဘူး။ အမျိုးသမီးကို အခန်းထဲ ဆွဲသွင်းလိုက်တယ်။ အခန်းထဲမှာ လူတစ်ယောက်တောင် ရှိမနေခဲ့ဘူး။ အမျိုးသမီး လှလှလေးက သူ့ရှေ့မှာ လှဲလျောင်း နေခဲ့ပြီ။ ယောကျာ်းတွေ လုပ်ချင်တဲ့ ကိစ္စကို လုပ်သင့်တာ မဟုတ်လား။ ဖန်ကျန်းရှီ မျက်နှာကြီး ပြုံးဖြီး သွားတယ်။ ဒါပေမယ့် သူ့အတွေးကို ခပ်မြန်မြန်ပဲ ဖိနှိပ်လိုက်တယ်။ အခုက အချိန်ကောင်း မဟုတ်သေးဘူး။ တောက်ဟွမ်သာ ရောက်လာရင် သူသေလိမ့်မယ်။

သစ်သား တံခါး အပြင်ကို ထွက်ပြီးတော့ ရန်ရွှယ်ကို အထဲသွင်းတယ်။ အဲ့ဒီ့နောက် တံခါးပိတ်လိုက် တော့မှ စိတ်သက်သာရာ ရတော့တယ်။ သူ့ကို ဘယ်သူမှ မတွေ့သေးဘူး။ တောက်ဟွမ်အိမ်ကို ရောက်နေပြီ။ ဓားစာခံ လှလှလေးလည်း တွေ့ထားတယ်။ ပထမ ခြေလှမ်း အောင်မြင်ပြီ။

နောက်တစ်ခုကတော့ သူမနဲ့ စကား ပြောဖို့ပဲ။ အရေးကြီးတဲ့ သတင်းတွေကို ရအောင် လုပ်ရမယ်။ တောက်ဟွမ်ရဲ့ တနေ့တာ အချိန်စာရင်းကို သိအောင် လုပ်မယ်။ မင်းကိုယ်မင်း နားလည်တာနဲ့ မင်းရဲ့ ရန်သူ အကြောင်းကို သိထားတာက တိုက်ပွဲ တစ်ရာကိုတောင် မကြောက်လန့် စေဘူး။

အမျိုးသမီးကို အရင်ဆုံး ထိန်းချုပ်ရမယ်။ ပုံမှန် ကြိုးနဲ့ ချည်လို့တော့ မဖြစ်ဘူး။ ဒီလို မလာခင် သူပြင်ဆင် ထားပြီးပြီ။ ငွေရောင်သံကြိုးကို ထုတ်လိုက်တယ်။ ဒီပစ္စည်းက သာမာန် သုခမိန်တွေတောင် မရုန်းနိုင်ဘူး။ အမျိုးသမီးကို ချည်နှောင်ပြီးတော့ အခန်းထဲကို ပတ်ကြည့်တယ်။ ခရမ်းရွှေရောင် အိုးကြီးကို အခန်း အလယ်မှာ တွေ့လိုက်ရတယ်။ မီးတွေက ဆေးအိုးရဲ့ အောက်မှာ တောက်ပနေတယ်။ တစ်ယောက်ယောက် ဆေးဖော် နေတာပဲ။

“ကောင်းလိုက်တဲ့ အိုးကြီး။” ခရမ်းရွှေရောင် အိုးကြီးကို ကြည့်ရင်း ဖန်ကျန်းရှီ သဘောကျနေတယ်။ သားရဲကောင် ခေါင်းရှစ်ခုကို အိုးပေါ်မှာ ထွင်းထားတယ်။ တစ်ချက် ကြည့်ရုံနဲ့ အရည်အသွေးမြင့် အိုးကြီးမှန်း သိနိုင်တယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဆေးဖော်တဲ့ အိုးထက်တောင် အများကြီး ပိုကောင်းသေးတယ်။

နောက်ပြီးတော့ ဆေးအိုးက ထွက်လာနေတဲ့ ဆေးအနံ့ကို ရှူကြည့် ရုံနဲ့တင် ဆေးရဲ့ အရည်အသွေးကို တွက်ချက်လို့ ရတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ ဆေးထက်ကို ပိုအရည်အသွေး ကောင်းတယ်။ တိတ်ဆိတ်တဲ့ အခန်း ကျယ်ကြီးနဲ့ နေစရာ နေရာကြီး။ ထိပ်တန်း အိုးနဲ့ ထိပ်တန်း ဆေးတွေ။ ဒီနေရာမှာသာ တောက်ဟွမ် မနေရင်၊ တခြား ဘယ်သူ နေမှာလဲ။

ဖန်ကျန်းရှီ သူခန့်မှန်းတာ မှန်မှန်း သိနေတယ်။ ဒါပေမယ့် ပထမ အထပ်ကို ဖြတ်သန်းပြီးတော့ ဒုတိယ အထပ်ကို တက်လိုက်တဲ့ အချိန်မှာ တစ်ခုခု လွဲနေတာကို နားလည် သွားတယ်။ ဒုတိယ အထပ်မှာ ခရမ်းရောင်နဲ့ ပန်းရောင်တွေ အပြည့်ပဲ။ တောက်ဟွမ်က ဒါမျိုး ကြိုက်တာလား။

ဖန်ကျန်းရှီ ဒါကို တွေးမိတော့ စိတ်ထဲမှာ အတော့်ကို မသက်မသာ ဖြစ်သွားခဲ့တယ်။ ဒါက ခန့်မှန်းမှု တစ်ခုပဲ။ မှန်နေလို့တော့ မဖြစ်ဘူး။ ဒီမှာ အခန်း တစ်ခန်း အိပ်ယာ တစ်ခုပဲ ရှိနေတယ်။ အမျိုးသမီး အစေခံက ဘယ်မှာ နေတာလဲ။ တအိပ်ယာတည်း အတူတူ အိပ်ကြတာလား။ ဖန်ကျန်းရှီ လျှို့ဝှက်ချက်ကြီး တစ်ခုကို တွေ့လိုက်သလို ခံစား နေရတယ်။ တောက်ဟွမ်ရဲ့ အားနည်းချက်ကို ချုပ်ကိုင်နိုင်လိုက်ပြီလား။

ဒါတွေ အားလုံးက ခန့်မှန်း တာပါပဲ။ အမှန်ကို သိရဖို့ အမျိုးသမီးကို နှိုးပြီးတော့ မေးမှ ရမယ်။

…

ဖန်ကျန်းရှီ လှည့်ပတ် ကြည့်နေတဲ့ အချိန်၊ သိပ်မဝေးတဲ့ နေရာက ဆေးစိုက်ခင်းမှာ မီးရောင်တွေ တောက်ပလာတယ်။ ဒေါသတကြီး အော်သံတွေ ဆူညံနေတယ်။

“ဆဋ္ဌမ အကြီးအကဲ။ သတ္တမ အကြီးအကဲ။ ချမ်းသာပေးပါ။ ကျွန်တော်တို့ ဆေးပင်တွေကို မထိဝံ့ပါဘူး။ ဖန်ကျန်းရှီ လာပြီးတော့ ဆေးပင်တွေကို ခိုးသွားတာပါ။” ယင်ယန် ခန်းမ တပည့်သား လေးယောက် ပြောင်တလင်း ခါနေတဲ့ မြေပြင်မှာ ဒူးထောက်ရင်း တောင်းပန် ေ်နကြတယ်။

“ဆေးစိုက်ခင်း ဆယ်ဧက။ သူတကယ်ပဲ လုပ်လိုက်တယ်။” ဆံပင်ဖြူဖြူတွေနဲ့ အကြီးအကဲ တစ်ယောက် အံကြိတ်ရင်း ပြောတယ်။

“ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကြိုးစား ခဲ့ရတာတွေကို တစ်ညတည်းနဲ့ သူဖျက်စီးလိုက်တယ်။” နောက်ထပ် အဖိုးကြီး တစ်ယောက် ဒေါသတကြီးနဲ့ ပြောတယ်။

“အတင့်ရဲ လိုက်တာ။”

“သူ့ကို ဖမ်းရမယ်။”

“အပိုင်းပိုင်း ဖြတ်ပြီးတော့ နဝမ အကြီးအကဲ အတွက် လက်စား ချေရမယ်။” သူတို့တွေ အံကြိတ်ရင်းနဲ့ ဖန်ကျန်းရှီကို သတ်ဖို့ အသင့် ဖြစ်နေခဲ့တယ်။

“လက်စားချေရမယ်။ ဒါပေမယ့် ယင်ယန် ခန်းမက တောင်တွေကြားမှာ ရှိနေတော့ သူ့ကို ဘယ်လို ရှာရမလဲ။” ယင်ယန် ခန်းမ တပည့်သား တစ်ယောက် မေးတယ်။

“အခု ဆေးစိုက်ခင်းကို သူသိသွားပြီ။ သူနောက်တစ်ခေါက် ဘယ်အချိန်လာမလဲ မသိနိုင်ဘူး။ နောက်ထပ် ကျန်နေတဲ့ ဆေးခင်းတွေကို ကာကွယ်ရမယ်။”

“တပည့်သား နှစ်ရာကို အလှည့်ကျ စောင့်ကြပ်စေမယ်။ ဖန်ကျန်းရှီ ငါတို့ ဆေးစိုက်ခင်းတွေကို ထပ်ပြီးတော့ ဖျက်စီးတာ လက်မခံ နိုင်ဘူး။” အကြီးအကဲ ပြောတယ်။

“ဆဋ္ဌမ အကြီးအကဲရဲ့ အမိန့် အတိုင်းပါ။ ကျွန်တော် စီစဉ် လိုက်ပါမယ်။” တပည့်သား တစ်ယောက် ပြန်ဖြေတယ်။

“မလိုတော့ဘူး။” ဒီအချိန် အဝေးက အသံ ထွက်လာတယ်။ လူတစ်ယောက် ဆဋ္ဌမ အကြီးအကဲ နားကို ရောက်လာတယ်။ သူ့အသံနဲ့အတူ လူရောက်လာတာ မျက်တောင် တစ်ခတ်ပဲ ကြာတယ်။

“ဆရာ့ကို ဂါရဝါ ပြုပါတယ်။” အကြီးအကဲ နှစ်ယောက် နောက်က တပည့်သားတွေ ချက်ခြင်း ဦးညွှတ်ကြတယ်။

“ခန်းမ ခေါင်းဆောင်။” အကြီးအကဲ နှစ်ယောက်လည်း ဦးညွှတ်တယ်။

“ဆေးပင် စိုက်ခင်းတွေက တန်ဖိုးကြီးလွန်းတယ်။ ဖန်ကျန်းရှီ ဆေးပင်တွေ နှုတ်ရုံနဲ့ ပြီးမှာ မဟုတ်လောက်ဘူး။ သူလာလာချင်း ဘာပြောလဲ။” ဒူးထောက်နေတဲ့ တပည့်သား လေးယောက်ကို သူမေးတယ်။

“ပထမဆုံး ခန်းမကြီးကို မေးပါတယ်။ နောက်ပြီးတော့ ဆရာ့ဆီ ခေါ်သွား ခိုင်းပါတယ်။ ကျွန်တော်တို့လည်း ဘယ်လိုလုပ် ခေါ်ဝံ့မှာလဲ။ ဒါကြောင့် ကျွန်တော်တို့ ပြေး၊ ပြီးတော့၊ အကြီးအကဲတွေဆီကို သတင်း ပို့တာပါ။” တပည့်သား တစ်ယောက် ပြန်ဖြေတယ်။

“ခန်းမကြီး။ ငါ့ကို တွေ့ဖို့။” တောက်ဟွမ် ဒါကိုကြားတော့ တွေးတောတယ်။ ခေါင်းငြိမ့်ရင်း ပြောတယ်။ “ဆေးခင်းတွေကို စောင့်စရာ မလိုတော့ဘူး။ ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်းသာ ဆက်နေ။”

“ခန်းမ ခေါင်းဆောင်။ ကျွန်တော်တို့ အစောင့် လျှော့ရမလား။” အကြီးအကဲ တစ်ယောက် ခပ်တိုးတိုး ပြောတယ်။

“ဟုတ်တယ်။ ဖန်ကျန်းရှီက ကောက်ကျစ်တယ်။ ဒီကို ပြင်ဆင်ပြီးမှ ရောက်လာတာပဲ ဖြစ်ရမယ်။ ငါခန့်မှန်းတာသာ မှန်မယ် ဆိုရင်၊ သူက ငါ့ကို လာရှာတာပဲ။”

“ခန်းမ ခေါင်းဆောင်ကို လာရှာတယ်။”

“ဟုတ်တယ်။ သူက ယင်ယန် ခန်းမကို တစ်ယောက်တည်း မဖျစ်စီးနိုင်ဘူး။ ဒါကြောင့် ချိန်းခြောက်လို့ ရအောင် အရင် လုပ်တာပဲ။”

“သူ့ကို ထောင်ချောက် ဆင်ရမလား။”

“မလိုဘူး။ ငါ့ကို လာရှာ ခိုင်းလိုက်။ အမိန့်ချ။ လူတိုင်း ငါနေတဲ့ နေရာအကြောင်း ပြော။ သူငါ့ကို လာရှာလိမ့်မယ်။”

“အမိန့်တော် အတိုင်းပါ ဆရာ။” ယင်ယန် ခန်းမ တပည့်သားတွေ ဒါကိုကြားတော့ ချက်ခြင်း နားလည်သွားတယ်။

သူခိုးကို ဖမ်းဖို့ ခေါင်းဆောင်ကို အရင် ဖမ်းရမယ်။ စည်းမျဉ်းကတော့ ရှင်းပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ကို မဖမ်း နိုင်ရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မှာပဲ။ ဖန်ကျန်းရှီက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။

..

ယင်ယန်ခန်းမ သီးခြား နေရာ တစ်ခု။

ဖန်ကျန်းရှီ ဒုတိယ ထပ်က အခန်းထဲမှာ ထိုင်စောင့်နေတယ်။ အောက်ထပ်က မြေမာမာမှာ ရန်ရွှယ့်ကို ဒီအတိုင်း ထားလို့ မဖြစ်ဘူးလေ။

“မင်းနိုးလာ ပြီလား။” အမျိုးသမီး မျက်လုံးပွင့် လာတာကို မြင်တော့ ဖန်ကျန်းရှီ မေးတယ်။ ဆေးလုံး တစ်လုံးကို ထုတ်ပြီးတော့ သူဝါးလိုက်တယ်။

“ဝူး ဝူး။” အမျိုးသမီး ပါးစပ်ကို အဝတ်ဆို့ထားတာ ခံရတဲ့ အတွက် မအော်နိုင်ဘူး။ ဒါကြောင့် ရုန်းကန် နေခဲ့တယ်။

“ရုန်းကန်နေတာ အသုံးမဝင်ဘူး။ ဒီကြိုးတွေကို မင်းမဖြတ်နိုင်ဘူး။ အသက်ဆက်ရှင် ချင်ရင်။ ငါ့မေးခွန်းကို ဖြေ။ မဟုတ်ရင် ငါမင်းကို သတ်မယ်။” ဖန်ကျန်းရှီ ဆေးတွေကို ဝါးနေရင်း ပြောတယ်။

ဒါပေမယ့် သူမရဲ့ မျက်ဝန်းတွေထဲမှာ အမူအယာ သိပ်မပြောင်းတာကို ကောင်းကောင်း မြင်နေရတယ်။ အရမ်းကို တည်ငြိမ်နေတယ်။ ကြည့်ရတာ တကယ့်ကို သစ္စာရှိ အစေခံ တစ်ယောက်လိုပဲ။

ဖန်ကျန်းရှီ ပြုံးလိုက်ရင်း ဆက်ပြောတယ်။ “မင်းက သေရမှာကို မကြောက်ဘူး ဆိုတော့လည်း နောက်တစ်နည်းနဲ့ စကားပြောလို့ ရပါသေးတယ်။ မင်း အဝတ်တွေကို အကုန်လုံး ချွတ်လိုက်ရင်ကော ဘယ်လိုလဲ။”

အပိုင်း (၇၄၈) ပြီး၏။

အပိုင်း (၇၄၉)

“ထူးခြား အင်အားကြီးလွန်းတဲ့ သတ်ဖြတ်လိုစိတ်။ ရန်ရွှယ့် အတွက် ကလဲ့စား။”

အမျိုးသမီးရဲ့ အမူအယာ ပြောင်းသွားတာကို ဖန်ကျန်းရှီ သိလိုက်ရတယ်။ နှလုံးသားထဲက ခံစားချက် ပြောင်းလဲ သွားတာတာပဲ။ ဖန်ကျန်းရှီ ဒါကို ချက်ခြင်း သိတယ်။ ဒီလောကကြီးမှာ အမျိုးသမီး အားလုံးက သူတို့ရဲ့ ဖြူစင်မှုကို တန်ဖိုး ထားကြတယ်။ ဥပမာ ယွင်ချင်းဝူက အကောင်းဆုံး ဥပမာပဲ။ ရဲကောင်းနဲ့ ရဲဆိုး နည်းလမ်းက သူမမှာ အသုံးမဝင်ဘူး။ သူမဆီက လိုချင်တာ ရဖို့ နည်းလမ်းကို ကောင်းကောင်း သုံးရမယ်။

သူ့ရှေ့က အမျိုးသမီးကလည်း အတူတူပဲ။ သူမ အသက်ထက် ဖြူစင်မှုကို ပိုပြီးတော့ တန်ဖိုးထားတယ်။ ဒါပေမယ့် ဒိလိုသာ ဆိုရင်၊ သူမက တောက်ဟွမ်ရဲ့ ညအိပ် အမျိုးသမီးတော့ မဖြစ်နိုင်ဘူးပေါ့။ ဖန်ကျန်းရှီ သိချင်လာတယ်။ အမျိုးသမီး အကြောင်းကို သိချင်ပေမယ့် စိတ်ထဲမှာတော့ ဂရု မစိုက်ပါဘူး။ အရေးကြီးတာ တောက်ဟွမ် အကြောင်းကို မေးဖို့ပဲ။

“ငါ့ မေးခွန်း နည်းနည်းကို ဖြေဖို့ပဲ လိုတယ်။ မင်းကို မထိခိုက် စေရဘူး။ ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ပါးစပ်ထဲကို ဆေးလုံးတွေ ပြစ်ထည့်ရင်း ဝါးနေတယ်။ ဒီဆေးလုံးတွေက ကျွတ်ကျွတ်လေးနဲ့ အရသာ ရှိတယ်။ စားကောင်းတယ်။ အောက်ဘက် အခန်းထဲမှာ စားကောင်းတဲ့ ဆေးလုံးတွေက လွဲပြီးတော့ ဘာမှ မရှိဘူး။

ဖန်ကျန်းရှီ ဒီရက်ပိုင်း လမ်းမှာ ဖြစ်သလိုပဲ စားနေရတာ၊ ဒါကြောင့် အရသာရှိတဲ့ တစ်ခုခုကို တကယ်ပဲ စားချင်တယ်။ ယင်ယန် ခန်းမမှာ ဆေးလုံး နည်းနည်းလောက် ပျောက်သွားလဲ ဘာမှ အရေးမကြီးလောက်ပါဘူး။ ဒါကြောင့် ဆေးလုံးတွေကို သကြားလုံး ဝါးသလို ဝါးစားဖို့ ဆုံးဖြတ်လိုက်တယ်။

“သဘောတူရင် ခေါင်းငြိမ့်။ ဒါပေမယ့် အော်ရဲ အော်ကြည့်။ ငါမင်းကို သတ်မယ်။ ပြီးရင် ကိုယ်လုံးတီး အလောင်းကို တံခါးမှာ ဆွဲထားမယ်။” ဖန်ကျန်းရှီ ကောင်မလေးကို ပြောတယ်။ ကောင်မလေးကတော့ တိတ်ဆိတ် နေခဲ့တယ်။ အိပ်ယာပေါ်မှာ လဲနေတဲ့ ရန်ရွှယ်ကို ကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ်။

“ကောင်းပြီ။ တောက်ဟွမ် ဘယ်အချိန် ပြန်လာမှာလဲ။” ဖန်ကျန်းရှီ အဝတ်စကို ထုတ်ပေးရင်း မေးတယ်။

“…” အမျိုးသမီးကတော့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင် နေခဲ့တယ်။ ဒါပေမယ့် ခေါင်းကို ငုံ့လိုက်တယ်။

“ဘာမှ မပြောဘူးလား။ ကောင်းပြီလေ။ မင်းကို သတ်တာပေါ့။” ဖန်ကျန်းရှီ လှုပ်ရှားတယ်။

“ဆရာမသွားခင် ပြောသွားတယ်။ တောင်စဉ် ကိုးသွယ်က တတိယနဲ့ စတုတ္ထ အကြီးအကဲနဲ့ အရေးကြီး ကိစ္စ ဆွေးနွေးမယ်တဲ့။ ဒီတော့ အချိန် ကြာလိမ့်မယ်။”

သူမ အသံက အရမ်းကို နားဝင် ပီယံ ဖြစ်လွန်းတယ်။ ဆည်းလည်သံလိုပဲ။ ရိုးရှင်းတဲ့ စကား တစ်ခွန်းက ဖန်ကျန်းရှီကို အံ့သြ သွားစေတယ်။ ဒါက အမှန်လား အတု အယောင်လား။ တောင်စဉ် ကိုးသွယ် အကြီးအကဲတွေနဲ့ အရေးကြီး ကိစ္စ ဆွေးနွေးမယ်။ သူမ စကား ပြောတဲ့ အချိန်မှာ တုန်ယင် မနေဘူး။ ဒီတော့ အမှန်ပဲ ဖြစ်ရမယ်။ ဒါဆိုလည်း ဘာဖြစ်လို့ စောစော မပြောတာလဲ။ ထူးဆန်းလိုက်တာ။

“မင်းငါ့ကို လိမ်နေတာလား။” ဖန်ကျန်းရှီ ခြေရာမဲ့ဓားကို အမျိုးသမီးရဲ့ လည်ပင်းမှာ ချိန်လိုက်တယ်။ မကောင်းဆိုးဝါး ခရမ်းရောင် အလင်းတန်းက တောက်ပ လာခဲ့တယ်။

“ငါ့ကို မသတ်ပါနဲ့။ ငါမလိမ်ဘူး။” အမျိုးသမီး ကြောက်လန့်တကြားနဲ့ ပြောတယ်။

“မင်းနာမည် ဘယ်လို ခေါ်လဲ။”

“ငါ့နာမည်က ရှင်း မု။” ကောင်မလေးရဲ့ အသံက တိုးညင်းတယ်။ တုန်ယင်နေတယ်။

“ရှင်းမု။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ ဒီကောင်မလေး ပုံစံ ပြောင်းတာ မြန်လွန်းတယ်။ ဒီလို သရုပ်ဆောင်တဲ့ ပုံစံက တကယ့်ကို လူသစ်လေး အတိုင်းပဲ။

ဒီလို ဟန်ဆောင် နေတာက သူ့ကို ပိုပြီးတော့ သိချင် လာစေတယ်။ “မင်းကိုယ်မင်း သာမာန် အစေခံ တစ်ယောက်လို့ ငါ့ကို လိမ်ချင်တယ်ပေါ့။ ငါခန့်မှန်းတာ မှန်ရင်၊ မင်းနာမည်က ရှင်းမု မဟုတ်ဘူး။ ဒီနေရာကလည်း တောက်ဟွမ်နေတဲ့ နေရာ မဟုတ်ဘူး။ ဟုတ်တယ်ဟုတ်။”

ဖန်ကျန်းရှီက ကောင်မလေးကို ပြောရင်းနဲ့ စိုက်ကြည့် နေခဲ့တယ်။ သူ့စကားကို ကြားချိန်မှာတော့ သူမရဲ့ အထိတ်တလန့် ပုံစံက ပျောက်ကွယ်သွားတယ်။ မုန်တိုင်းထန်နေတဲ့ ပင်လယ်က ရုတ်တရက် ငြိမ်သက် သွားသလိုပဲ။

အဲ့ဒီ့နောက် အမျိုးသမီးက ဖန်ကျန်းရှီကို ပြုံးပြရင်း ပြောတယ်။ “နင်မှန်တယ်။ ဆရာက ဒီမှာ မနေဘူး။ ငါ့နာမည်ကတော့ နင့်အတွက် အရေး မကြီးဘူး။ ဟုတ်တယ်ဟုတ် ဖန်ကျန်းရှီ။”

သူမ ပြောရင်းနဲ့ လည်ပင်းကို ဓားဆီ တိုးလိုက်တယ်။ ဖန်ကျန်းရှီကတော့ သူ့ဓားကို ပြန်သိမ်းတယ်။ ဒီကောင်မလေး တကယ် သေချင်နေတာလား။ ဒီလောက် မလွယ်ဘူးလေ။ ဖန်ကျန်းရှီကတော့ သူမကို မသတ်ချင်ပါဘူး။ နာမည် မပြောတော့လည်း မသိချင်ရုံပေါ့။

ဖန်ကျန်းရှီရဲ့ မေးခွန်းကို ဖြေတဲ့ အချိန် (ဆရာ)လို့ ပြောတယ်။ သူမက ယင်ယန် ခန်းမရဲ့ တပည့်ပဲ။ နောက်ပြီးတော့ သာမာန် တပည့်တော့ မဟုတ်ဘူး။ ဒီလို သီးသန့် နေရာ ရှိနေတာ၊ အဆင့်မြင့် တပည့်သား တစ်ယောက်။ မဟုတ်ရင် အကြီးအကဲ တစ်ယောက်ပဲ ဖြစ်ရမယ်။ ဒီလို အမျိုးသမီး သူ့လက်ထဲ ရောက်လာတာ အခြေအနေ သိပ်မကောင်းလှဘူး။ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး သူမ လုပ်နိုင်တယ်။

“အမျိုးသမီး တစ်ယောက် အရမ်း ထက်မြက်လွန်းနေတာ မကာင်းဘူး။” ဖန်ကျန်းရှီ သူမပြောရင်းနဲ့ ဆေးလုံးတွေကို ဆက်ဝါးနေခဲ့တယ်။

“နင်တကယ်ပဲ ဒီကိုလာမယ်လို့ မထင်ထား မိဘူး။ လူတိုင်းက လက်စားချေဖို့ နင်ရောက်လာမယ်လို့ ပြောနေပင်မယ့်၊ ကြည့်ရတာ အမှန် မဟုတ်ပါဘူး။” အမျိုးသမီးက ဖန်ကျန်းရှီ ဆေးလုံးတွေ ဝါးနေတာကို အာရုံ မရှိဘူး။ ကိုယ့်ကိုယ်ကို သတ်သေဖို့လည်း မကြိုးစားဘူး။

“ဒီတော့ ငါဘာဖြစ်လို့ ရောက်နေတယ် ထင်လဲ။”

“ရန်ရွှယ့်ကို ကယ်ဖို့လေ။” အမျိုးသမီးက ရန်ရွှယ့်ကို ကြည့်ရင်း ပြောတယ်။

“ဟဟား။ မင်းဆီကနေ ဘာတွေ ရနိုင်မလဲသာ တခါတည်း ပြောလိုက်တော့။” ဖန်ကျန်းရှီ ဆက်ပြီးတော့ ငြင်းမနေတော့ဘူး။ ဒီအမျိုးသမီးက အတော့်ကို ထက်တယ်။ ထက်မြက်တဲ့ လူတွေနဲ့ စကားပြောရင် ကွေ့ဝိုက် နေစရာ မလိုဘူး။ တိုက်ရိုက် ပြောရုံပဲ။

“နင်စိတ်ပျက် ရလိမ့်မယ်။ ငါ့ဆီမှာ နင်ရ နိုင်တာ ဘာမှ မရှိဘူး။ ဆရာကလည်း ရန်ရွှယ့်ကို ကယ်မှာ မဟုတ်ဘူး။” အမျိုးသမီး အေးစက်စက် ရယ်မောတယ်။

“ဒီတော့ မင်းက ငါ့အတွက် အသုံးမဝင်ဘူးပေါ့။ ဒီတော့ ရက်နည်းနည်းလောက် ကစားပြီးမှ မင်းကို သတ်ရင်ရော။ ဘယ်လို ဖြစ်မလဲ။” ဖန်ကျန်းရှီ ပြုံးရင်း ပြောတယ်။

“အရှက် မရှိလိုက်တာ။” အမျိုးသမီး ကျိန်ဆဲရင်းနဲ့ တိတ်ဆိတ် သွားတယ်။ အဲ့ဒီ့နောက် ခေါင်းမော့ရင်း ပြောတယ်။ “ဆရာနေတဲ့ နေရာ အတိအကျ။ သူ့အနားယူချိန်တွေကို ပြောနိုင်တယ်။ နင့်ဘာနင် နေရာရှာ။”

“မင်းကို ဘယ်လို ယုံရမလဲ။”

“နင့်မှာ ရွေးစရာ မရှိဘူး။ ယုံရမှာပဲ။ နောက်ပြီးတော့ ရန်ရွှယ့်မှာ အချိန် သိပ်မကျန်တော့ဘူး။ သူ့ကို ကယ်တဲ့ ဆေးဖော်ဖို့ အနည်းဆုံး အချိန်၇ရက် လိုလိမ့်မယ်။”

“ဒီတော့ ငါ့မှာ အချိန် သုံးရက်တောင် ကျန်သေးတာပေါ့။” အမျိုးသမီးက ရန်ရွှယ့် အသက်ရှင်ချိန်ကို ပြောနိုင်တာတင် ဖန်ကျန်းရှီ အံ့သြ နေပြီ။ သူက ယင်ယန် ခန်းမက ဒီကောင်မလေးရဲ့ အခန်းကို ရောက်နေတယ်။ ဒီတော့ တွက်ချက် ရမှာပဲ။

“ဟုတ်တယ်။”

“ဒါဆိုရင် မင်း သုံးရက် နှိပ်စက်တာကို ခံနိုင်လား။”

“နင်ဘာ ပြောတာလဲ။”

“ငါကြားဖူးတာတော့ လူတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားရင် အရမ်း အားနည်းပြီးတော့ ထိန်းချုပ်ရ လွယ်တယ်တဲ့။ မင်းကို သုံးရက် နှိပ်စက်လိုက်ရင် အခုလို ဆက်ပြီးတော့ ပြောနိုင်အုန်းမလား ငါသိချင်လို့ပါ။” ဖန်ကျန်းရှီ မကောင်းဆိုးဝါး တကောင်လို ပြုံးလိုက်တယ်။

“အတင့်ရဲလိုက်တာ။” အမျိုးသမီးရဲ့ အမူအယာ သိသိသာသာကို ပြောင်းသွြးပြီ။

“ဟဟား။ ငါမလုပ်ရဲဘူးလို့ မင်းထင်နေတာလား။” ဖန်ကျန်းရှီ ခန္ဒာကိုယ်ကို ရှေ့တိုး လာခဲ့တယ်။

“နင်။” အမျိုးသမီး အံကြိတ်ရင်းနဲ့ ပြောတယ်။ “နင် ငါ့ဆီက ဘာလိုချင်လဲ။ တိုက်ရိုက်ပြော။”

“တောက်ဟွမ် ရန်ရွှယ်ကို ကယ်ဖို့ ငါဘာလုပ် ရမလဲ။”

“မဖြစ်နိုင်တာပဲ။ အစတည်းက ရန်ရွှယ့်ကို ယင်ယန် ခန်းမဆီ ခေါ်တာလာ နင်မှားတာပဲ။ နင်ဘာပဲ လုပ်လုပ်။ ဆရာက ရန်ရွှယ်ကို ကယ်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ နင့်လက်ရှိ အခြေအနေနဲ့ ကျင့်ကြံဖို့ အချိန် နည်းနည်းပဲ ကျန်တော့တယ်။ နင်သာ သုခမိန် ဖြစ်လာခဲ့ရင်တော့ အဲ့ဒီ့ အချိန် ရောက်ရင်။”

“ငါသာ သုခမိန် ဖြစ်လာပြီးရင် ရန်ရွှယ် ဘယ်လို ဖြစ်သွားမှာလဲ။” ဖန်ကျန်းရှီ ဖြတ်ပြောတယ်။ အမျိုးသမီးက ဘာမှ ပြန်မဖြေဘူး။ ရန်ရွှယ့်ကိုသာ ကြည့်နေခဲ့တယ်။ တခုခုကို တွေးတော နေတဲ့ အတိုင်းပဲ။

“လောကမှာ အမြဲတမ်း ရန်သူ မရှိပါဘူး။ အကျိုးအမြတ်ပဲ ရှိတယ်။” ဟုတ်တယ်ဟုတ်။

“ဟုတ်တယ်။ ဒါပေမယ့် အဓိက လိုအပ်တာ ယုံကြည်မှုပဲ။ ယင်ယန် ခန်းမက နင့်ကို မယုံဘူး။ နင်ကလည်း ယင်ယန် ခန်းမကို ယုံလို့ မရဘူး။ ဒါကြောင့် နှစ်ဖက် အလုပ်တွဲလုပ်ဖို့ အကြောင်းလည်း မရှိဘူး။”

“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တောက်ဟွမ်သာ ရန်ရွှယ့်ကို ရွေးစရာ မရှိပဲ ကယ်ရမယ် ဆိုရင်ကော။” ဖန်ကျန်းရှီ ပြောတယ်။

“အိပ်မက် မက်နေလိုက်။ ဘယ်လို အကြောင်းရင်းမှ ရှိမလာ နိုင်ဘူး။”

“မင်းအသက်နဲ့ ရန်ရွှယ့် အသက်ကို လဲရင်ကော။”

“ငတုံး။ ဆရာက သဘောတူမှာ မဟုတ်ဘူး။ ငါ့အသက်က ယင်ယန် ခန်းမလောက် တန်ဖိုး မရှိဘူး။”

“ဒါဆိုရင် ဆေးပင် ဆယ်ဧက ဆိုရင်ကော။”

“နင် ဆေးပင်တွေကို ထိရဲလို့ကတော့ ငါနင့်ကို သတ်ပြစ်မယ်။”

“ဒီလိုလား။ ဆိုးလိုက်တာ။ ငါလုပ်ပြီး သွားပြီ။”

“အရှက် မရှိတဲ့ ကောင်စုတ်။ နင်က ငါ့အသက်ကို သူနဲ့ လဲချင်ရင်တောင် ငါဒီလို အဖြစ်ခံမှာ မဟုတ်ဘူး။ နောက်ပြီးတော့ နင်ဒီလို လုပ်ရင်တောင် ရန်ရွှယ် သေရမှာပဲ။”

“ဘာဖြစ်လို့လဲ။”

“ဆရာက အလဲအလှယ် လုပ်ပြီးရင် ကတိတည်မယ် ထင်နေတာလား။ နောက်ပြီးတော့ ရန်ရွှယ့်ကို ကယ်နိုင်ရင်တောင် ငါတို့ ယင်ယန် ခန်းမက လူတွေ သူ့ကို ဘာမှ မလုပ်ဘူးလို့ ထင်လား။”

“အကယ်၍ မင်းတို့ ဘက်ကသာ ကတိဖျက်ရင်။ ယင်ယန် ခန်းမက လူတွေ အားလုံးကို ငါသတ်ပြစ်မယ်။” ဖန်ကျန်းရှီရဲ့ အကြည့်က အေးစက်သွားသလို၊ ထူးခြား ပြင်းထန်တဲ့ လူသတ်ငွေ့တွေ ခန္ဒာကိုယ်က ဖြာထွက်လာတယ်။

“နင်ဒီလို လုပ်ဖို့ အရည်အချင်း ရှိလို့လား။” အမျိုးသမီးက လုံး၀ မကြောက်ဘူး။

ဖန်ကျန်းရှီ လက်သီး ဆုပ်လိုက်တယ်။ အမျိုးသမီး ပြောတာ အမှန်ပဲ။ တောက်ဟွမ်က ရန်ရွှယ့်ကို ကယ်ချင်ဟန် ဆောင်ပြီးတော့ သတ်နိုင်တယ်။ ဒီလိုသာ ဖြစ်သွားရင် ဘာမှ လုပ်မရတော့ဘူး။ တောက်ဟွမ် ရန်ရွှယ့်ကို ကယ်ဖို့ အတွက် လိုလိုလားလား လုပ်ပေးမှ ဖြစ်မှာ။ ဒါက မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုပဲ။

ခြိမ်းခြောက်။ အလဲအလှယ်လုပ် ဒါတွေ အားလုံး အသုံးမဝင်ဘူး။ ဖြည်းဖြည်းချင်း ကိစ္စ အားလုံးက အစကို ပြန်ရောက်လာတယ်။ သူရောက်လာတဲ့ ဆေးစိုက်ခင်းနားက အမျိုးသမီး တပည့်သားရဲ့ အဆင့်က မနိမ့်ဘူး။ သူလုပ်ခဲ့တဲ့ ကိစ္စတွေ အားလုံးက ဦးတည်ချက် မှန်တယ်။ ဒါပေမယ့် စဉ်းစား ကြည့်ရင်လည်း အားလုံးက အသုံးမဝင် ဖြစ်နေပြန်တယ်။

ဖန်ကျန်းရှီ သူ့ကိုယ်သူ အသုံးမဝင်တာကို မုန်းတီးတယ်။ ရန်ရွှယ့်ကို ကယ်တင်ဖို့က တောက်ဟွမ်ကိုယ်တိုင် လိုလိုလားလား လုပ်ပေးမှ ဖြစ်မယ်။ ဒါက မဖြစ်နိုင်တာပဲ။ ယင်ယန် ခန်းမကို လာတဲ့ အချိန် ဒီခရီးက အသုံးမဝင်တာကို သူသိတယ်။ ဒါပေမယ့် သူမလာလို့ မဖြစ်ဘူး။ ရန်ရွှယ် သေတာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး။

“အင်း။”

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ လုံးဝကို နီရဲ သွားတယ်။ တောက်ပတဲ့ အနီရောင် အလင်းတန်း သူ့ခြေထောက် အောက်ကနေ ဖြာထွက်လာတယ်။ ငရဲကနေ တက်လာတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာတယ်။

အဇူရာ တာအို။ မဟာတာအို ခြောက်ခုထဲက တိုက်ခိုက်ရေး စွမ်းအား အမြင့်ဆုံး တာအို။ ရန်ရွှယ့်ကို လက်ရှိ အခြေအနေ ရောက်စေခဲ့တဲ့ အရာ။ ဖန်ကျန်းရှီ လက်သီး ဆုပ်လိုက်တဲ့ အချိန် မြေပြင်ကနေ ငါးရောင်ခြယ် သံကြိုးတွေ ထွက်ပေါ် လာပြီးတော့ အနက်ရောင် မီးတောက်တွေလည်း ခန္ဒာကိုယ်ပေါ်မှာ တောက်လောင်လာတယ်။ ငရဲတာအိုနဲ့ သေရှင် တာအို။

နဖူးပေါ်မှာတော့ မိုးပြာရောင် အလင်းတန်း ထွက်ပေါ်လာတယ်။ ပုံမှန် ကောင်းကင်ပြာရောင် အလင်းတန်းက အခုချိန်မှာတော့ ဆောင်းရာသီလို အေးစက်နေခဲ့တယ်။ အခန်း တစ်ခုလုံးကို ဆောင်းတွင်းလို အေးစက်တဲ့ လူသတ်ငွေ့တွေ ဖုံးလွှမ်း သွားခဲ့တယ်။

ဒီမြင်ကွင်းကို မြင်တော့ အမျိုးသမီး မျက်လုံးတွေ မှေးစင်းသွားတယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က အလင်းတန်းတွေကို ကြည့်ရင်း ပြောတယ်။ “နင်က တကယ့်ကို မဟာ တာအို လေးခု တတ်မြောက် ထားတာပဲ။ ပြင်းလိုက်တဲ့ လူသတ်ငွေ့တွေ။”

“ဒီတော့ ရန်ရွှယ့်ကို မကယ်နိုင်ရင် နင်ဘာလုပ်မှာလဲ။” ရေခဲလို အေးစက်နေတဲ့ အခန်းထဲမှာ တည်ငြိမ်နေတဲ့ သူမ အသံတောင် တုန်ယင် နေခဲ့ပြီ။

“ရန်ရွှယ့်ကို ထိခိုက်စေတဲ့ လူတိုင်းကို သတ်မယ်။ ကောင်းကင် တာအို ခန်းမ အောက်မှာ အလစ်ဝင်တိုက်တဲ့ ကိစ္စမှာ ပါနေတဲ့ လူတိုင်း သေရမယ်။ ယင်ယန် ခန်းမ၊ တောင်စဉ်ကိုးသွယ်၊ ရန်ရွှယ့်ကို ဒီလို ဖြစ်အောင် လုပ်တဲ့ လူတွေ အားလုံး သေရမယ်။” ဖန်ကျန်းရှီ အမျိုးသမီးကို ကြည်လင်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။ သူ့မျက်လုံးထဲမှာ အလင်းစက်ကွင်းတစ်ခု လှည့်ပတ်နေတယ်။

အလင်းရောင်လေးခု တောက်ပနေတဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်း။ စက်ကွင်းက တစ်ခုတည်း မဟုတ်ဘူး။ စက်ကွင်းနှစ်ခုကို ထူးဆန်းတဲ့ အင်အားက ပေါင်းစည်း ထားခဲ့တယ်။

ယင်ယန် မှန်သားပြင်။

ဒီထူးဆန်းတဲ့ မြင်ကွင်းက အမျိုးသမီးရဲ့ မျက်လုံးရှေ့မှာ အနီးကပ်ကြီး ဖြစ်ပေါ်နေခဲ့တယ်။

အပိုင်း (၇၄၉) ပြီး၏။

အပိုင်း (၇၅၀)

“ယင်ယန် မျက်လုံး။ ထူးဆန်းတဲ့ မြင်ကွင်း။”

ပထမဆုံး အကြိမ် အနေနဲ့ အမျိုးသမီးရဲ့ နှလုံးသား တုန်ယင် လာခဲ့တယ်။ ဖန်ကျန်းရှီနဲ့ တွေ့တဲ့ အချိန် တည်းကနေ ပထမဆုံး အနေနဲ့ စိတ်ထဲမှာ တင်းကြပ် လာခဲ့တယ်။ သူမ ရှေ့မှာ ရှိနေတဲ့ သူက မြင့်မြတ် နယ်မြေရဲ့ အရမ်းကို မတည်ငြိမ်တဲ့ လူတစ်ယောက်ပဲ။ နောက်ပြီးတော့ ယင်ယန် ခန်းမက အခုချိန်မှာ သူ့ရန်သူ ဖြစ်နေတယ်။

ဝမ်လဲ့ သေတာ သူနဲ့ မဆိုင်ပေမယ့်၊ ရှီဖုန်းကတော့ သူ့လက်ထဲမှာ သေတာပဲ။ မဟာမိတ်ဖွဲ့ရမလား။ သတ်ရမလား။ တကယ့်ကို ရွေးချယ်ဖို့ ခက်ခဲတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိ ယင်ယန် ခန်းမရဲ့ အခြေအနေက ဖန်ကျန်းရှီကို လိုက်လျောဖို့ ဘယ်လိုများ မဖြစ်နိုင်ဘူး။

ဖန်ကျန်းရှီရဲ့ အတင့်ရဲတဲ့ အပြုအမူကို ယင်ယန် ခန်းမက ဘယ်လိုများ မဟာမိတ် လုပ်လို့ ရမှာလဲ။ နောက်ပြီးတော့ တခြား တပည့်သားတွေ လက်ခံလာအောင် ဘယ်လိုလုပ် ပြောရမှာလဲ။ အရမ်းကို ခက်ခဲတယ်။ ဒါပေမယ့် သူတို့သာ သတ်ဖို့ ရွေးလိုက်ရင်ရော။ ဖန်ကျန်းရှီရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင်၊ အကြီးအကဲတွေ ဝိုင်းပြီးတော့ တိုက်ခိုက်ရင်တောင် အောင်မြင်နိုင်ချေ ၅၀%ပဲ ရှိတယ်။

ဖန်ကျန်းရှီက သုခမိန် ငါးယောက်ကို တပြိုင်တည်း သတ်ခဲ့သူလေ။ ဒါကြောင့် ဖန်ကျန်းရှီကို သတ်ဖို့က မလွယ်ဘူး။ မြင့်မြတ် နယ်မြေမှာ သူ့ရဲ့ ဖြစ်တည်မှုက ထူးဆန်းတယ်။ ကိစ္စကြီးတွေ ဖြစ်လာမှာကို သူမ တကယ်ပဲ စိုးရိမ် နေမိတယ်။ ဒါကြောင့် အတော်ကြာ စဉ်းစား ပြီးတဲ့နောက် ပြောလိုက်တယ်။

“ဒီခန်းမကနေ အရှေ့ကို လျှောက်။ ဆေးပင်ထောင်ချီ ခန်းမကို တွေ့လိမ့်မယ်။ ၇ရက် တစ်ခါ ဆရာ ဆေးဖော်တယ်။ အခုက ဆေးဖော်ချိန်ကို ရောက်တော့မယ်။”

“၇ရက်မြောက်နေ့ ရောက်ပြီလား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်လိုက်တယ်။ အမျိုးသမီးရဲ့ အတွေးကို နားလည် ချင်ပေမယ့်၊ သူမက အရမ်း တည်ငြိမ် လွန်းနေတယ်။ တခြား ဘာကိုမှ မမြင်နိုင်ဘူး။ ဒါကြောင့် ရွေးစရာမရှိပဲ ယုံကြည် ရတော့တယ်။

“ဟုတ်တယ်။ ဒီည ပြီးရင် ဆရာဆေးဖော်ဖို့ အချိန် ရောက်လိမ့်မယ်။” အမျိုးသမီး အလေးအနက် ပြောတယ်။

“ငါ့ကို ဘာဖြစ်လို့ ဒါတွေ ပြောနေတာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“ဆရာ့ကို အနိုင်ယူဖို့ ဒါ နောက်ဆုံး အခွင့်အရေးပဲ။ ဆရာ့ကို ယင်ယန် ခန်းမကနေ ဖမ်းခေါ်သွား။ ပြီးရင် အရိပ်မျိုးနွယ်က ကောင်းကင် အိုအေစစ် သုခမိန်ကြီးလို ဆေးပညာ ကောင်းကောင်း နားလည်တဲ့ သူကို ကြီးကြပ်ပြီးတော့ ဆရာ့ကို ဆေးဖော်ဖို့ ဖိအားပေး။” အမျိုးသမီး အေးအေးဆေးဆေး ပြောတယ်။

“ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို ကြီးကြပ် ခိုင်းရမယ်။” ဖန်ကျန်းရှီ နောက်ဆုံးတော့ အမျိုးသမီး ပြောတာကို နားလည်ပြီ။ ရန်ရွှယ့်ကို ကယ်ဖို့ ဒီတစ်လမ်းပဲ ရှိတယ်။ ဒါပေမယ့် တောက်ဟွမ်ကို အနိုင်ယူဖို့က ယင်ယန် ခန်းမ တစ်ခုလုံးကို တိုက်ခိုက်တာနဲ့ အတူတူပဲ။ သူလုပ်နိုင်မှာလား။

“ဆရာက လွဲပြီးတော့ ငါ့ခန်းဆောင်ကို ဘယ်သူမှ မလာဘူး။ ရန်ရွှယ်ကို ဒီမှာ ထားခဲ့လို့ ရတယ်။”

ဖန်ကျန်းရှီ အမျိုးသမီးကို ပြန်မဖြေဘူး။ ခန်းဆောင် အပြင်က ကောင်းကင်ကြီးကိုသာ ကြည့်နေခဲ့တယ်။ ကြယ်တာရာ သန်းချီက ညကောင်းကင်မှာ တောက်ပနေတယ်။ တကယ့်ကို လှပတဲ့ မြင်ကွင်းပဲ။ တောင်ပေါ်ကနေ ကြည့်တော့ ပိုလှတယ်။ လမင်းကြီးကိုတောင် လက်နဲ့ ထိလို့ ရတော့မယ့် အတိုင်းပဲ။

“ကြည့်ရတာ နင်မသွားဝံ့တဲ့ ပုံပဲ။”

ဖန်ကျန်းရှီကတော့ ညကောင်းကင်ကို တစ်ချက်ကြည့်ပြီးနောက် အမျိုးသမီးကို ကြည့်ရင်း ပြုံးလိုက်တယ်။

“အရမ်းလှတယ်။” ဖန်ကျန်းရှီ ဒါကို ပြောတဲ့ အချိန် သူ့မျက်လုံးတွေက ပိုပြီးတော့ တည်ငြိမ် သွားခဲ့တယ်။ ခန်းမဆောင်ကြီး ထပ်ပြီးတော့ အေးစက် သွားပြန်တယ်။

“ဘာက လှတာလဲ။” အမျိုးသမီး တုန်ယင်သွားတယ်။ ညကောင်းကင်ကို ပြောတာလား၊ သူမကို ပြောတာလား မသိဘူး။ ဒါက အရေးမကြီးပါဘူး။ ဖန်ကျန်းရှီ လက်ထဲမှာ သတ္တု တုတ်ချောင်းကြီး ပေါ်လာကို သူမြင်လိုက် ရလို့ပဲ။

“နင် ဘာလုပ်မလို့လဲ။”

“ဒုန်း။”

အသံကြီးက သူမကို ပြန်ဖြေသွားပြီ။ အမျိုးသမီးရဲ့ လောက တစ်ခုလုံး ချာချာလည်သွားတယ်။ အရာအားလုံးက မှောင်အတိ ကျသွားပေမယ့်၊ သူမကို ပြုံးပြုံးကြီး ကြည့်နေတဲ့ သူကိုတော့ မျက်လုံးထဲမှာ မြင်နေခဲ့တယ်။ နောက်ဘာဆက် ဖြစ်မလဲ ဆိုတော့ သူမ မသိဘူး။ ဒါပေမယ့် သူမရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတဲ့ အဲ့ဒီ့လူ အတော့်ကို အရှက်မရှိတာတော့ သိတယ်။

နောက်ပြီးတော့ ဘာကိုမှ ဂရု မစိုက်ပဲ လုပ်ဝံ့တဲ့ အရှက် မရှိသူ။ အမျိုးသမီး လဲကျသွားတဲ့ အချိန် ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ် သွားပြန်တယ်။ ဖန်ကျန်းရှီ ကောင်းကင်က လမင်းကြီးကို ပြန်ကြည့်တယ်။

“ဒီညက အရမ်း လှတယ်။” ပြောပြီးတော့ အမျိုးသမီးကို ချီလာတယ်။ အိပ်ယာပေါ် တင်ပြီးတော့ ရန်ရွှယ့် ဘေးမှာ သေချာ နေရာချတယ်။

ရန်ရွှယ့် မျက်နှာကတော့ ဖြူဖျော့ နေတုန်းပဲ။ အားနည်းတဲ့ အေးစက်စက် အသွင်တော့ ရှိနေဆဲ။ ဆောင်းတွင်းမှာ မြူနှင်းဒဏ်ကို ကြံ့ကြံ့ခံနေတဲ့ မြက်ပင်လေး တစ်ပင်လိုပဲ။ ဖန်ကျန်းရှီရဲ့ မျက်နှာကတော့ တည်ကြည် လေးနက် နေခဲ့တယ်။ ရန်ရွှယ့်ကို သူဘာမှ ပြောစရာ မရှိဘူး။ သူဘာဆက်လုပ်မလဲ ရန်ရွှယ် သိတယ်။

ယင်ယန် ခန်းမကို တစ်ယောက်တည်း တိုက်ခိုက်မယ်။ ဒါက ငတုံးမှ လုပ်မှာပဲ။ သူ့အကြောင်းကို သူသိတယ်။ ဒါပေမယ့် ဒီတော့ကော ဘာဖြစ်လဲ။ အခုချိန်မှာ ပညာဉာဉ်ကို ဖန်ကျန်းရှီ မလိုအပ်ဘူး။ ဘာကိစ္စပဲ ရှိရှိ ဖြစ်အောင် လုပ်ရမယ်။ ဖန်ကျန်းရှီ စောင်တစ်ထည် ယူပြီးတော့ ရန်ရွှယ်နဲ့ အမျိုးသမီးကို ခြုံပေးလိုက်တယ်။

…

ကြီးမြတ်သောရှ နိုင်ငံတော်။ နှင်းဖုံးဒေသ။ နန်ကုန်းမျိုးနွယ်တို့ရဲ့ နယ်မြေ။

တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးလွှမ်းပြီးတော့ မြေပြင်ကိုတောင် မမြင်ရတဲ့ နေရာမှာ၊ နှင်းဖြူရောင် အလောင်းနှစ်ခု မြေပြင်ပေါ်မှာ လှဲလျောင်း နေခဲ့တယ်။ နှစ်ယောက်လုံး ဝတ်ရုံနက်တွေကို ဝတ်ထားပြီးတော့ ဆံပင်တွေ ဖြူနေတယ်။ ရုပ်ရည်သွင်ပြင်ကတော့ နုနယ်တယ်။ သုခမိန် နှစ်ယောက်ပဲ။ ဒါပေမယ့် သေနေတဲ့ သုခမိန် နှစ်ယောက်။

သုခမိန် နှစ်ယောက်ရဲ့ ဘေးမှာ ခပ်၀၀ လူကြီးတစ်ယောက် ရပ်နေခဲ့တယ်။ အကျီ ပါးပါးလေးကို ဝတ်ထားပြီးတော့ နှင်းတွေ ကြားမှာ တိတ်တဆိတ် ရှိနေခဲ့တယ်။ သူကတော့ လက်ရှိ နန်ကုန်း မိသားစု ခေါင်းဆောင်။ နန်ကုန်းထျန်း။

“တောင်စဉ်ကိုးသွယ်က လူတွေလား။” အလောင်းနှစ်ခုကို ကြည့်ရင်း နန်ကုန်းထျန်း ပြောတယ်။ ကျိုးပဲ့နေတဲ့ အုတ်ဂူတွေနဲ့ လေပူတွေကြောင့်သာ မဟုတ်ရင် ဘယ်သူမှ တိုက်ပွဲကြီး ဖြစ်ခဲ့တာကို သတိထား မိမှာ မဟုတ်ဘူး။ နန်ကုန်းထျန်း ဆက်ကြည့် နေခဲ့တယ်။ ကောင်းကင်မှာ ထူးဆန်းတဲ့ ကြယ်အလင်းတန်း တောက်ပလာတယ်။

အဲ့ဒီ့နောက် အသံကျယ်ကြီးနဲ့ အတူ ကောင်းကင်ကနေ ပြုတ်ကျ လာခဲ့တယ်။ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ အများကြီး ပေါ်လာတယ်။ နန်ကုန်းထျန်း နောက်ဆုံးတော့ အကြည့်လွှဲပြီ။ ကြယ်ကြွေလာတဲ့ နေရာမှာ အစေ့တစ်စေ့ အညှောင့်ထွက် လာတာကို တွေ့လိုက်ရတယ်။

အရမ်းကို သေးငယ်တဲ့ အစေ့လေး ဖြစ်ပေမယ့် နှင်းဖုံး မြေကို အပေါက်ကြီး ဖြစ်အောင် လုပ်လိုက်တယ်။ အစေ့ ကျလာတဲ့ နေရာမှာ နွေဦးလို စိမ်းစိုလာပြီးတော့ မြေပြင် တစ်ခုလုံး သက်ဝင် လာတော့တယ်။

“ဂျွတ်။” နှင်းထုအောက်က မြေပြင်ထဲကို အမြစ်တွေ ထိုးဖောက် ဝင်ရောက်တယ်။ နှင်းထဲကနေ ကြီးမားတဲ့ သစ်ပင်ကြီး ရုတ်တရက် ထိုးထွက်လာတယ်။ မျက်စိကြည့်ရုံနဲ့ သိသာတဲ့ အရှိန်နှုန်း အတိုင်း အတော်ကြီး မြန်မြန် ကြီးထွားနေတယ်။ အရမ်းကို ထူးဆန်းတယ်။

သုံးပေ၊ ငါးပေ၊ ဆယ်ပေ၊ သစ်ပင်ကြီးက မိုးထိုးမတတ် မြင့်မားလာတယ်။ အဲ့ဒီ့နောက် အဖြူရောင် ပန်းပွင့်တွေ ပွင့်လန်းလာတယ်။ ပန်းပွင့် တစ်ပွင့်ချင်းစီတိုင်းမှာ နှင်းတွေ ဖုံးလွှမ်း နေပြီးတော့ ငွေရောင် ဖျော့ဖျော့ အလင်းတန်း တောက်ပ နေခဲ့တယ်။ နန်ကုန်းထျန်းကတော့ နည်းနည်းလေးတောင် မလန့်ပဲ ပျော်နေခဲ့တယ်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ။” နှစ်ထောင်ချီ မျှော်နေတဲ့ အရာ တစ်ခု ရောက်သလို သူစိတ်လှုပ်ရှား နေခဲ့တယ်။

…

နန်ကုန်းမိသားစုမှာ အထူး အဆန်းတွေ ဖြစ်နေသလို မြင့်မြတ် နယ်မြေမှာလည်း အထူး အဆန်းတွေ အများကြီး ဖြစ်နေခဲ့တယ်။ ကောင်းကင် တာအို ခန်းမမှာတော့ မုချင်းဖန်းက နန်းတော်ပျက်ကြီးကို လေ့လာ နေခဲ့တယ်။ နန်းတော်ပျက်ကြီးရဲ့ တံခါးက ပွင့်နေပင်မယ့် အထဲကတော့ မှောင်မည်း နေခဲ့တယ်။

ဒါက အရေးမကြီးဘူး။ မုချင်ဖးန်းရဲ့ ရှေ့မှာ တောင်ငယ်လေး တစ်လုံးလောက်ရှိတဲ့ သားရဲကောင် တစ်ကောင် ရှိနေပြီးတော့ မနားတမ်း အော်ဟစ်နေတာက ပိုပြီးတော့ အရေးကြီးတယ်။ မြင့်မြတ် နယ်မြေမှာ ဒီလို သားရဲကောင်တွေ အများကြီး ရှိတယ်။

ဒီသားရဲကောင်က မြင့်မြတ် နယ်မြေရဲ့ သတ်မှတ်ချက်နဲ့ ဆိုရင် သန်မာတယ်လို့တောင် ဆိုလို့ မရဘူး။ ဒီသားရဲကောင်ကို ဓားတောင်ခြေမှာ မြင်နေကျ ဖြစ်နေလို့ပဲ။ ဒါက ဘယ်ဘက် လက်မောင်းမှာ အမာရွတ်ရှိတဲ့ သံမဏိ လက်သည်း ကျောက်တုံး လူဝံ။ သူ့လက်မှာ အမာရွတ် ရှိတာ ကြောင့်သာ မဟုတ်ရင် မုချင်းဖန်း မှတ်မိမှာ မဟုတ်ဘူး။ အုခတော့ သူ့အမာရွတ်က အရင်ကထက် ဆယ်ဆကျော် ပိုပြီးတော့ ကြီးမားနေတယ်။ ဒါ့အပြင် သူ့လက်မှာလည်း ရွှေရောင် အလင်းတန်းတွေ တောက်ပ နေခဲ့တယ်။

“ဆရာ ငါးကီလိုမီတာ အကွာမှာ အနက်ရောင် အစင်းကျား ငွေကျားသစ်နက်ကို ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် အခုတော့ ဒီလူဝံထက် ပိုကြီးတဲ့ ရွှေကျားသစ်ပုံစံကို ပြောင်းသွားပါတယ်။” ကောင်းကင် တာအို သုခမိန် တပည့်သား တစ်ယောက် နန်းတော်ပျက်ဆီကို ခုန်ချလာရင်း သတင်းပို့တယ်။

“နားလည်ပြီ။” မုချင်းဖန်း ဆက်မပြောဘူး။ သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်ပြီးတော့ လူဝံကို ချိန်လိုက်တယ်။

“အာဝူး။” လူဝံ နာနာကျင်ကျင် အော်ဟစ်ပြီးတော့ ရှေ့ကို လဲကျ သွားခဲ့တယ်။

“ဒီလူဝံကို ကောင်းကင် တာအို ခန်းမဆီ ပြန်ခေါ်သွား။ တတိယ အကြီးအကဲဆီ အပ်လိုက်။”

“နားလည်ပါပြီ။” တပည့်သား ပြန်ဖြေတယ်။

…

မြင့်မြတ် နယ်မြေ အနောက်ပိုင်း ယင်ယန် ခန်းမမှာတော့ လရောင်က မြေပြင်ပေါ်ကို ဖြာကျ နေခဲ့တယ်။ ဒီညကတော့ မြန်မြန် မကုန်ဆုံးဘူး။ ယင်ယန် ခန်းမ တပည့်သားတွေ တညလုံး အလုပလုပ်နေကြတယ်။ ကောင်းကင်မှာ နေထွက်လာတဲ့ အချိန်မှာတော့ သူတို့တွေ အိပ်ပျော ကုန်ကြပြီ။ အများစုကတော့ ကင်းလှည့် နေကြတယ်။ ယင်ယန် ခန်းမမှာ တည်ရှိနေတဲ့ စည်းမျဉ်း တစ်ခုရှိတယ်။ ဒီညမှာ စည်းမျဉ်းက အတူတူပဲ။ ဒါပေမယ့် ယင်ယန် ခန်းမ တပည့်သားတွေ ဆူညံ နေကြတယ်။

“ဆေးပင်ထောင်ချီ ခန်းမ ပွင့်ပြီ။”

“ဒီနေ့ ဆရာ ဘာဆေးဖော်မလဲ သိချင်လိုက်တာ။”

“ငါတို့မှာ လောလောဆယ် (မြူှနှင်းစက်) မရှိဘူး။ အဲ့တာ လုပ်မယ် ထင်တာပဲ။ တစ်ချက် သွားကြည့်ရအောင်။”

“ဘယ်သူ မသိချင်ပဲ နေမလဲ။ ဒါပေမယ့် ဆရာ ဆေးပင်ထောင်ချီ ခန်းမမှာ ဆေးဖော်နေတဲ့ အချိန် ငါတို့လို အဆင့်နိမ့် တပည့်သားလေးတွေ ကြည့်ခွင့် မရှိဘူး။”

“ငါတို့ ကြိုးကြိုးစားစား အလုပ်လုပ်ပြီးတော့ တစ်နေ့မှာတော့ ဆရာ့ဆီက သင်ကြား နိုင်မှာပါ။”

“ဆက်ပြီး ကင်းလှည့်ရအောင်။”

ယင်ယန် ခန်းမ တပည့်သားတွေ စကားပြောပြီးနောက် ကင်းဆက်လှည့်ကြတယ်။ တစ်ချို့ကတော့ သမ်းတောင် သမ်းနေကြပြီ။ သူတို့နဲ့ မနီးမဝေးမှာတော့ လူတစ်ယောက် ရပ်နေခဲ့တယ်။ သစ်ပင်တွေကြားမှာ ကိုယ်ယောင် ဖျောက်ထားတယ်။

“ဆေးပင် ထောင်ချီခန်းမ။” ရှေးဟောင်း တံဆိပ်ပြားကြီးကို သူလှမ်းကြည့်နေတယ်။ “ဆေးပင် ဆယ်ဧက ဖျက်စီး ခံထား ရတာတောင် ဒီလောက် အစောင့်အကြပ် နည်းနေတယ်။ ထောင်ချောက်က သိသာလိုက်တာ။”

အဲ့ဒီ့ လူ ပြုံးလိုက်ပြီးတော့ ကောင်းကင်ကို မော့ကြည့်တယ်။ ပတ်ဝန်းကျင်က အပင်တွေကို အကာကွယ် ယူပြီးတော့ ဆေးပင် ထောင်ချီ ခန်းမကို ချဉ်းကပ်လာတယ်။ ဒီခန်းမကြီးက သာမာန် ခန်းမ မဟုတ်ဘူး။ ရှေးကျောက်တုံးတွေနဲ့ ဆောက်ထားတာပဲ။

ခန်းမအပေါ်မှာ ယင်ယန် ပုံကြီး ရှိနေခဲ့တယ်။ သာမာန် ယင်ယန် ပန်းချီ မဟုတ်ဘူး။ ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ ယင်ယန် ပုံပဲ။ လူမျက်လုံး နှစ်ခုနဲ့တောင် တူသေးတယ်။

အပိုင်း (၇၅၀) ပြီး၏။

All Chapters