အပိုင်း (၇၅၁-၇၆၀)
Vol. 8 Ch. 751-760
အပိုင်း (၇၅၁)
“တောက်ဟွမ်က လူရှုပ်။”
ခံစားချက်က ထူးဆန်းတယ်။ ဒီကျောက်တုံးတွေကို ကြည့်တဲ့ အချိန်မှ တစ်ခုခု ထူးခြား နေတာကို ခံစားမိတယ်။
“ကြည့်ရတာ ထောင်ချောက်ထဲကို တကယ် ရောက်လာတဲ့ ပုံပဲ။”
ဖန်ကျန်းရှီရဲ့ မူလ အစီအစဉ်က ဆေးပင်ထောင်ချီ ခန်းမထဲကို ခိုးဝင်ပြီးတော့ တောက်ဟွမ်ကို ဖမ်းဖို့။ အခုတော့ တောက်ဟွမ်ရဲ့ အစီအစဉ်ကို ခံစားမိနေတယ်။ သူရောက်လာပြီးမှတော့ ဘယ်လို ထွက်သွားလို့ ရတော့မှာလဲ။ သူဘာမှ မလုပ်နိုင်ဘူး။
ရွေးချယ်စရာ မရှိတာကြောင့် ဆက်လုပ်ရမယ်။ တောက်ဟွမ်က ခန်းမထဲမှာ စောင့်နေရတာကို သိရင်တောင် ဝင်ကို ဝင်ရမယ်။ ဒါက နောက်ဆုံး အခွင့်အရေးပဲ။
ဖန်ကျန်းရှီ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ ဆေးပင် ထောင်ချီ ခန်းမပေါက်ဝကို ရောက်လာပြီးတော့ ခန်းမ ရှေ့တံခါး အပေါ်က ကျောက်တုံးတွေကို မော့ကြည့်နေခဲ့တယ်။ ဒီခန်းမကြီးထဲကို ဝင်ဖို့ စဉ်းစားပေမယ့် မဝင်ဖြစ်ခဲ့ဘူး။ မျက်လုံးက ကျောက်တုံးတွေဆီကိုပဲ ရောက်နေတယ်။
တကယ်တော့ ဒါတွေက ကျောက်မျက် ရတနာတွေ။ တလက်လက် တောက်ပနေတဲ့ ကျောက်မျက် ရတနာတွေ မျက်စိရှေ့မှာ ရှိနေမှတော့ ဒီအတိုင်း မထားရစ်နိုင်ဘူး။ ဒီကျောက်မျက် ရတနာတွေက တန်ဖိုး ရှိမှာ သေချာတယ်။ မဟုတ်ရင် တောက်ဟွမ်ရဲ့ အိမ်တော်မှာ ထားမှာ မဟုတ်ဘူး။”
“ဂျွတ် ဂျွတ်။” ဖန်ကျန်းရှီ ကျောက်မျက်တွေကို ဖြုတ်ပြီးတော့ လရောင်အောက်မှာ ထောင်ကြည့်ရင်း အရည်အသွေးကို ခန့်မှန်း နေခဲ့တယ်။
“တောက်ပ ကြည်လင် နေတာပဲ။ အရည်အသွေးကောင်းတွေ ဖြစ်ရမယ်။” ဖန်ကျန်းရှီ ပြောပြီးတဲ့နောက် အဆုံးမဲ့ လောကထဲ ပြစ်ထဲ့လိုက်တယ်။
…
ဆေးပင် ထောင်ချီ ခန်းမထဲက အိပ်ခန်း အကျယ်ကြီးထဲမှာတော့ တင်ပျင်ခွေ ထိုင်နေတဲ့ လူကြီး တစ်ယောက် ရှိတယ်။ သူ့ပါးကို ဖြတ်ရိုက် ခံလိုက်ရတဲ့ အတိုင်း တုန်ယင်ပြီးတော့ မျက်လုံးပွင့်လာခဲ့တယ်။
“ခွေးကောင်လေး ငါ့ကျောက်မျက်တွေကို ခိုးဝံ့တယ်ပေါ့။” လူကြီးက ဖန်ကျန်းရှီကို ကျိန်ဆဲတော့တယ်။ သူက ဖန်ကျန်းရှီကို ထောင်ချောက်ထဲ ဖိတ်ခေါ်ခဲ့တယ်။ လုံး၀ အလွတ်မပေးနိုင်ဘူး။ အရှက်မရှိတဲ့ သူခိုးကောင်ကို ဖမ်းလိုက်ရင်၊ အောင်မြင်နိုင်ချေက ၈၀%ကို ရောက်သွားလိမ့်မယ်။ ဒီရာခိုင်နှုန်းက မြင့်ပေမယ့် သူခိုးကောင်ကို ဖမ်းဖို့ ၁၀၀% လိုတယ်။
ဖန်ကျန်းရှီ ခန်းမထဲ ဝင်လာအောင် စောင့်နိုင်ရင် ဒီရာခိုင်နှုန်းလည်း အောင်မြင်ပြီ။ ဒါကြောင့် ဖန်ကျန်းရှီ ဝင်လာမှာကို သူစောင့်နေတယ်။ ဖန်ကျန်းရှီ ခန်းမရှေ့ ရောက်နေမှတော့ နောက်ထပ် အချိန် နည်းနည်း ပိုမပေးနိုင်စရာ အကြောင်းမရှိဘူး။ လူကြီး တွေးတော နေတဲ့ အချိန်မှာပဲ အပြင်ကနေ မသင့်တော်တဲ့ အသံကို ကြားလိုက်ရတယ်။
“တောက်ဟွမ် လူရှုပ်ကြီး။ သတ္တိရှိရင် အပြင်ထွက်ပြီး ငါနဲ့ လာတိုက်ခိုက်။”
“..” လူကြီး နှုတ်ခမ်းတွေ တွန့်သွားမိတယ်။ ဘာပြောရမယ်မှန်း မသိတော့ဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စိတ်အေးအောင် ထားရင်း နှစ်သိမ့်တယ်။ “ဒီကလေးက ထက်မြက်တာပဲ။ ထောင်ချောက်ဆိုတာ သိတာနဲ့ လက်လျှော့လိုက်တယ်။ ငါ့အတွက် အချိန်ကုန် သက်သာတာပေါ့။”
တောက်ဟွမ် မစောင့်တော့ဘူး။ ဖန်ကျန်းရှီက ရောက်နေကြောင်း ပြောလိုက်ပြီ။ ခန်းမထဲကို ဝင်မှာ မဟုတ်ဘူး။ ဒါကြောင့် လူကြီး အိပ်ခန်းထဲကနေ ထွက်တယ်။ ခန်းမ အပြင်ကို လျှောက်လာတယ်။
ကျောက်တုံး တံခါးက အပြင်ကနေ ဖွင့်ထား ခံရပြီ။ ဖန်ကျန်းရှီ ရောက်နေတာကို သိတဲ့ အတွက် အံ့သြ မနေတော့ဘူး။”
“ဖန်ကျန်းရှီ မင်းဒီကို လက်စားချေဖို့ ရောက်လာမှတော့ အမ်။” လူကြီး အပြင်ကို ကြည့်ပေမယ့် ဖန်ကျန်းရှီကို အမြီးတောင် မမြင်ရဘူး။
သူသတိလွတ် နေတဲ့ အချိန်မှာပဲ ခြေထောက်က ထောင်ချောက် နင်းမိတဲ့ အသံကို ကြားလိုက်ရတယ်။
“ဝက်ဝံ ထောင်ချောက်လား။” သူ့ညာခြေထောက်နားက တလက်လက် တောက်နေတဲ့ ထောင်ချောက်ကို ကြည့်ရင်း ဆွံ့အ နေခဲ့တယ်။
ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်ကို ဝက်ဝံ ထောင်ချောက်နဲ့ ထောင်ဖမ်းတယ်။ တကယ့်ကို အပြစ်ပြုတာပဲ။ နောက်ပြီးတော့ ငတုံး အကြံအစည်။ ဆင်ကို သံစူးပြီးတော့ သေအောင် ကြံနေ သလိုပဲ။ အခုတော့ တောက်ဟွမ်ဆီမှာ ဒီအဖြစ် ဖြစ်နေပြီ။
ဒါပေမယ့် မြင့်မြတ် နယ်မြေက အင်အားကြီး အုပ်ချုပ်သူ တစ်ယောက် အနေနဲ့ သူမလှောင်ရယ် ဝံ့ဘူး။ မြင့်မြတ် နယ်မြေမှာ ရန်သူ့ကို လျှော့တွက်မိရင် သေနိုင်မှန်း သူသိတယ်။ ဒါက အယောင်ပြ ထောင်ချောက်ပဲ ဖြစ်ရမယ်။ တောက်ဟွမ် စဉ်းစား နေတဲ့ အချိန် သူ့ခေါင်းပေါ်မှာ ကောင်းကင်ပြာရောင် အလင်းတန်းကို မြင်လိုက်ရတယ်။
“ဝုန်း။” ကျယ်လောင်တဲ့ အသံကြီးက ယင်ယန် ခန်းမ တစ်လျှောက်ကို ပျံ့သွားခဲ့တယ်။ ကင်းလှည့်နေတဲ့ တပည့်သားတွေ အားလုံး အထိတ်တလန့် ဖြစ်ကုန်တယ်။
“ဆရာ ထောင်ချောက် မိနေတယ်။” ယင်ယန် ခန်းမ တပည့်သားတွေ ဒီအသံ ထွက်လာတဲ့ နေရာကို သိတယ်။ ဒါကြောင့် ကင်းလှည့်နေတဲ့ တပည့်သားတွေတင် မကဘူး၊ ယင်ယန် ခန်းမက တပည့်သားတွေ အားလုံး ဆေးပင်ထောင်ချီ ခန်းမဆီကို ပြေးလာ နေကြတယ်။
ညတာက ရှည်လျားပေမယ့်၊ တပည့်သားတွေ အားလုံး မအိပ်နိုင်ကြဘူး။ တစ်နေရာရာက အသံထွက်လာမှာကို စောင့်ဆိုင်းနေကြတယ်။ ဖန်ကျန်းရှီကို ဖမ်းဖို့ အတွက် စောင့်ဆိုင်း နေတယ်။
“မြန်မြန် အဲ့ဒီ့ကောင်ကို မလွတ်စေနဲ့။”
“သူ့ကို အချိန်မှီ ဖမ်းရမယ်။”
“နဝမ အကြီးအကဲနဲ့ ဆေးပင် ဆယ်ဧက အတွက် ပြန်ပေးဆပ် စေရမယ်။”
တပည့်သားတွေ အရမ်းကို တက်ကြွ နေခဲ့တယ်။ ညကောင်းကင်မှာ ကြွေကျလာတဲ့ ကြယ်တွေလိုမျိုး သူတို့တွေ လှုပ်ရှား နေကြတယ်။ ထောင်ချီတဲ့ တပည့်သားတွေ ဆေးပင်ခန်းမကို ရောက်လာဖို့ အချိန် သိပ်မကြာခဲ့ဘူး။
သူတို့တင် မကဘူး။ အကြီးအကဲ ရှစ်ယောက်နဲ့ ဧည့်သည် နှစ်ယောက်လည်း ရောက်နေခဲ့တယ်။ တောင်စဉ် ကိုးသွယ်က တတိယနဲ့ စတုတ္ထ အကြီးအကဲ နှစ်ယောက်။
အကြီးအကဲ နှစ်ယောက်က ဆေးပင်ထောင်ချီ ခန်းမရှေ့မှာ ရပ်နေတဲ့ လူကို ကြည့်နေခဲ့တယ်။ သူ့ဆံပင်တွေက သူ့ဝတ်ရုံလိုပဲ အဖြူအမည်း နှစ်ခြမ်းကွဲနေခဲ့တယ်။ ရွှေရောင် ဘီးတစ်ချောင်းကိုလည်း ဆံပင်မှာ စိုက်ထားတယ်။ ဒါက ယင်ယန် သင်္ကေတပဲ။
သူ့မှာ အထူးခြား ဆုံးကတော့ အဖြူအမဲ နှစ်ရောင်စပ်နဲ့ မျက်နှာဖုံး တစ်ခုပဲ။ ဒီမျက်နှာဖုံးက ကြောက်စရာ ကောင်းတယ်။ ဒီလူကတော့ ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်ပဲ။ သူ့ရဲ့ မျက်နှာကို ထုတ်မပြပေမယ့် မြင့်မြတ် နယ်မြေမှာ အတော်ဆုံး ဆေးပညာရှင်လို့ လူသိများတယ်။
“ခန်းမ ခေါင်းဆောင် တောက်ဟွမ်ကို နှုတ်ခွန်းဆက်ပါတယ်။” တောင်စဉ်ကိုးသွယ်က အကြီးအကဲ နှစ်ယောက် ဦးညွှတ်တယ်။ သူတို့ မြင်ရတဲ့ မြင်ကွင်းကြောင့် လူတိုင်း အံ့သြ နေခဲ့တယ်။ ဒီနေရာမှာ တောက်ဟွမ် တစ်ယောက်တည်းပဲ ရှိတယ်။ ဖန်ကျန်းရှီကို ဘယ်နေရာမှာမှ မတွေ့ရဘူး။
“သူဘယ်မှာလဲ။”
“ဖန်ကျန်းရှီ ဘယ်ရောက် နေတာလဲ။”
“အသံကြားလိုက်တာ သေချာပါတယ်။” အတွင်းတပည့်သားတွေရဲ့ စကားသံတွေ ထွက်ပေါ် နေပင်မယ့် ဘယ်သူမှ မေးခွန်း မထုတ်ဝံ့ဘူး။ လူတိုင်းက တအံ့တသြ ကြည့်နေကြတယ်။
“သူ့ကို ရှာကြ။” တောက်ဟွမ်ရဲ့ အသံ ထွက်ပေါ်လာတယ်။ အမိန့် တစ်ချက်တည်းက တပည့်သားတွေနဲ့ အကြီးအကဲတွေကို တုန်ယင် သွားစေခဲ့တယ်။ ဖန်ကျန်းရှီက တောက်ဟွမ်ကို အလစ်ဝင်တိုက် သွားတာ အသိသာကြီးပဲ။ ဒါပေမယ့် တောက်ဟွမ် လက်ထဲကနေ ဘယ်လိုများ လွတ်သွားတာလဲ။
သူတို့ မယုံနိုင်တဲ့ ကိစ္စက ဖြစ်ခဲ့တဲ့ အကြောင်း တောက်ဟွမ် စကားတွေက သူတို့ကို သက်သေ ပြနေခဲ့တယ်။
တပည့်သားတွေ ချက်ခြင်း ပြန်ဖြေကြတယ်။ “နားလည်ပါပြီ။” သူတို့တွေ နေရာတိုင်းကို ရှာကြတော့တယ်။ ယင်ယန် ခန်းမ တစ်ခုလုံးမှာ မီးရောင် တထိန်ထိန်နဲ့ နေ့အချိန်လို တောက်ပ နေခဲ့တယ်။
ဒါပေမယ့် လူတိုင်းအံ့သြနေတာ တစ်ခုရှိတယ်။ “ဖန်ကျန်းရှီ ဘယ်ကို ရောက်သွားတာလဲ။”
ဘယ်သူမှ မသိကြဘူး။ တောက်ဟွမ်ကလည်း တစ်ခွန်းမှ မပြောဘူး။
…
မီးတောက်တွေရဲ့ အလင်းရောင်က ကောင်းကင်ကြီးကို နီရဲ နေစေခဲ့တယ်။ အနီရောင်တွေထဲမှာ ခရမ်းရောင် အလင်းတန်းလေး တစ်ခု တောက်ပလာတယ်။ ဒါပေမယ့် အလင်းတန်းက မှိန်ဖျော့လွန်းလို့ ဘယ်သူမှ သတိ မထားမိဘူး။
ဒါပေမယ့် ခရမ်းရောင် အလင်းတန်းလေး ပေါ်လာတဲ့ အချိန် တောက်ဟွမ်ရဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ အဲ့ဒီ့နောက် ဆေးပင် ထောင်ချီ ခန်းမထဲကို ပြန်ဝင်တယ်။ ဒီခန်းမကြီး တစ်ခုလုံးကို ကျောက်တုံးကြီး တစ်ခုတည်းနဲ့ ဆောက်ထားတာ။
ဒီကျောက်တုံးကြီးရဲ့ မူလ ဇစ်မြစ်ကို ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ယင်ယန် ခန်းမ တည်ထောင်တဲ့ နေ့က စပြီးတော့၊ ဒီနေရာကို ခန်းမ ခေါင်းဆောင်တွေပဲ ဝင်ခွင့်ရှိတယ်။ တောက်ဟွမ်က လျှောက်လမ်းကို ဖြတ်လာပြီးတော့ ကျောက်တုံး အခန်းကို မကြာခင် ရောက်လာတယ်။
ဒီနေရာမှာ အရမ်း အသက်ဝင်တဲ့ တိရစ္ဆာန် ရုပ်တု နှစ်ခု ရှိတယ်။ တံခါးဘေး တစ်ဖက် တစ်ချက်မှာ ရှိနေတဲ့ ဒီရုပ်တု နှစ်ခုက စက်တွေပဲ။ နောက်ပြီးတော့ အမြဲတမ်း ပြောင်းလဲ နေတယ်။ ယင်ယန် ခန်းမမှာ ဒီအပြောင်းအလဲတွေကို သိတဲ့သူက သုံးယောက်ထက် ပိုမရှိဘူး။ ဒီအခန်းက တောက်ဟွမ်ရဲ့ ဆေးဖော်ခန်းပဲ။ ညာဘက် ရုပ်တုရဲ့ ဘယ်ဘက် မျက်လုံးကို သူဖိလိုက်တယ်။
“ဂျိန်း။” ခပ်တိုးတိုး အသံနဲ့ အတူ ကျောက်တုံး တံခါးကြီး ပွင့်သွားတယ်။ တောက်ဟွမ် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ကျောက်တုံး အခန်းထဲကို ဝင်လာတယ်။ ပုံမှန် အတိုင်းဆိုရင် ဆေးဖော်ခန်းတွေက အရမ်း မပူဘူး။ ဒါပေမယ့် တောက်ဟွမ်ရဲ့ ဆေးဖော်ခန်းကတော့ ကွာခြားတယ်။
အရမ်းမပူသလို အေးလည်း မအေးဘူး။ နွေရာသီ အတိုင်းပဲ။ ဒါပေမယ့် လေလည်း မတိုက်ခတ်ဘူး။ ခရမ်းရွှေရောင် ဒယ်အိုးကြီး တစ်လုံး ခန်းမ အလယ်မှာ ရှိေနေတယ်။ ဒီဒယ်အိုးကြီးရဲ့ ပတ်လည်မှာ တိရစ္ဆာန် ခေါင်းရှစ်ခေါင်း ရှိနေတယ်။
ထိပ်အဖုံးကတော့ ထူးထူးဆန်းဆန်း ဖန်ကျန်းရှီ ဖြုတ်ခဲ့တဲ့ ကျောက်မျက်ရတနာတွေရဲ့ ပုံစံပဲ တစ်ခုရှိတာ ဒီမှာက အမည်းရောင် ကျောက်မျက်နဲ့ အဖြူရောင် ကျောက်မျက် နှစ်ခုကို မြုပ်ထားတယ်။ တောက်ဟွမ် အခန်းထဲကို ဝင်တာနဲ့ ကျောက်တုံး တံခါးလည်း တစ်ခါတည်း ပိတ်သွားခဲ့တယ်။
ကျောက်တုံး တံခါးကပိတ်တာနဲ့ အခန်းထဲမှာ အလင်းတန်းတွေ တောက်ပလာတယ်။ ပတ်ပတ်လည် နံရံတွေထဲ မြုပ်ထားတဲ့ ပုတီးစေ့ တွေကနေ အရောင်ထွက်နေတာပဲ။ တောက်ဟွမ်ကတော့ အိုးနားမှာ မတ်တပ်ရရင်း တစ်ခုခုကို စောင့်ဆိုင်းနေခဲ့တယ်။
“တာအို။ မိုးမြေ အရာအားလုံးရဲ့ အရင်းအမြစ်၊ အရာ အားလုံးရဲ့ ပြောင်းလဲမှု အကြောင်းအရင်း။ စိတ်ဝိဉာဉ်ရဲ့ လျှို့ဝှက်ချက်။ သက်ရှိတွေကို ထိန်းကွပ်ပေးတဲ့ အရာ။ ထာဝရ အသက်အတွက် သော့ချက်။” သူခေါင်းမော့လိုက်တဲ့ အချိန်မှာ သူ့ရဲ့ အဖြူအမည်း မျက်နှာဖုံးက စတင် တောက်ပ လာတော့တယ်။
“ငြိမ်းသတ်” သူပြောလိုက်တဲ့ အချိန်မှာ ဒယ်အိုးကြီးကို တောက်လောင်နေတဲ့ မီးတွေ ပျောက်ကွယ် သွားတော့တယ်။ တောက်ဟွမ် ဒယ်အိုးနားကို လျှောက်လာပြီးတော့ တိရစ္ဆာန်ခေါင်း တစ်ခေါင်းကို လက်တင်ပြီးတော့ ဖြည်းဖြည်းချင်း မလိုက်တယ်။
ဆေးအိုး အဖုံးကို မလိုက်တဲ့ အချိန်၊ တိရစ္ဆာန် ခေါင်းရှစ်လုံးကို ကျောက်တုံး အခန်းရဲ့ ထိပ်ကနေ သံကြိုးကြီး တစ်ခုက မတင်သွားတယ်။ တစ်ချိန်တည်းမှာပဲ ဆေးနံ့ ပြင်းပြင်းနဲ့ အတူ ကျောက်စိမ်းရောင် ဆေးငါးလုံး ထွက်ပေါ်လာတယ်။
တောက်ဟွမ် ဆေးလုံးတွေကို ကြည့်နေတယ်။ ဆေးတွေကို ဖယ်လိုက်ပြီးတော့ ကျောက်စိမ်းဗူးထဲ ပြောင်းထည့်တယ်။ သူ့လက်ထဲမှာ မပြည့်စုံသေးတဲ့ ဆေး၇လုံး ပေါ်လာတယ်။ နှင်းလို ဖြူဖွေး နေပြီးတော့ ဆေးအနံ့ မရှိဘူး။
အပိုင်း (၇၅၁) ပြီး၏။
အပိုင်း (၇၅၂)
“ဒယ်စောက်။ အကောင်းဆုံး အလစ်ဝင်တိုက်ခြင်း။”
ဆေးဖော်တာက အချိန်တို အတွင်းမှာ တတ်ကျွမ်းနိုင်တဲ့ ကိစ္စ တစ်ခု မဟုတ်ဘူး။ ဆေးပင် ပမာဏတွေ၊ အပူချိန် ထိန်းချုပ်တာတွေ၊ အတွေ့အကြုံတွေ အများကြီး လိုအပ်တယ်။ နောက်ပြီးတော့ ဆေးကို ပိုပြီးတော့ အရည်အသွေး ကောင်းအောင် လုပ်ချင်လေ၊ အသေးစိတ်ကို ပိုပြီးတော့ ဂရုစိုက်ရလေပဲ။
အမှားအယွင်း သေးသေးလေး တစ်ခုက ကိစ္စ တစ်ခုလုံးကို ပျက်စီး သွားနိုင်တယ်။ ဆိုးဆိုးဝါးဝါး ပျက်စီးတာလည်း ဖြစ်နိုင်တယ်။ တောက်ဟွမ်ကတော့ ဒီလို အမှားမျိုးကို တစ်ခါမှ မလုပ်ဘူး။ မပြီးပြည့်စုံတဲ့ ဆေးလုံး ခုနှစ်လုံးက တောက်ဟွမ်ရဲ့ လက်ထဲမှာ နှင်းလို သန့်စင် နေခဲ့တယ်။ ဒီဆေးလုံးတွေကို ဒယ်စောက်ထဲ သိပ်မကြာခင် ပြစ်ထည့် ရတော့မယ် ဆိုတဲ့ သင်္ကေတပဲ။
အပူချိန်ကို ထိန်းချုပ်ဖို့ပဲ လိုတော့တယ်။ မြင့်မြတ် နယ်မြေရဲ့ နံပါတ်တစ် ဆေးပညာရှင် အနေနဲ့ တောက်ဟွမ်က ဆေးညွှန်းတွေနဲ့ အပူချိန် လိုအပ်ချက်တွေကို ကောင်းကောင်း နားလည်တယ်။ အရည်အသွေး အမြင့်ဆုံး ဆေးကို ရဖို့ ဘယ်လို လုပ်ရမလဲ သူသိတယ်။
ဒါကြောင့် ဆေးလုံး ၇လုံးကို ဆေးအိုးထဲ ဖြည်းဖြည်းချင်း ထည့်ပြီးတဲ့နောက် မျက်စိ မှိတ်လိုက်ပြီးတော့လက်တွေကို ရင်ဘတ်ရှေ့မှာ ထားပြီး လှုပ်ရှားတယ်။ ပုံမှန် ရိုးရှင်းတဲ့ အလုပ်ကို လုပ်နေသလိုပဲ။
နောက်ဆုံးတော့လည်း အကောင်းဆုံး ဆေးပညာရှင်တောင် ဆေးလုံးတိုင်းကို ထိပ်တန်း ဆေးလုံး ဖြစ်စေဖို့ အာမ မခံ နိုင်ဘူးလေ။ ဒါကြောင့် တောက်ဟွမ် အပါအဝင် ဆေးဖော်သူတိုင်းက ကံတရားကို အားကိုး ရတာပဲ။ ဒီလို ထိန်းညှိတာကို အချိန်တို အတွင်း ပြီးမြောက်သွားတယ်။ တောက်ဟွမ် မျက်လုံးတွေကို ဖြည်းဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်း တစ်ခု သူ့မျက်လုံးထဲမှာ လင်းလက်သွားတယ်။ တောက်ဟွမ် ဆေးအိုး အဖုံးကို နောက်တစ်ခေါက် ဖြည်းဖြည်းလေး မလိုက်ပြန်တယ်။
“ထလော့။” အရာအားလုံးက ချောချောမွေ့မွေ့ ဖြတ်သန်းနေတယ်။ ဆေးကျိုအိုးကတော့ အရှိန်ပြင်းပြင်း တောက်လောင် နေပြန်ပြီ။ တောက်ဟွမ် ဒါကို အရင်က အကြိမ် ရာထောင် လုပ်ဖူး ခဲ့ပြီးပြီ။ သူ့ရဲ့ လုပ်ငန်းစဉ်ကို ကျေနပ်တယ်။ ဒါကြောင့် အခန်းထဲက ထွက်ဖို့ ပြင်တယ်။
သူ့ကို ဝက်ဝံထောင်ချောက်နဲ့ ဖမ်းဝံ့တဲ့ ကောင်စုတ်လေး အခုချိန်မှာ အပြစ်ပေးခံရဖို့ စောင့်နေပြီလို့ သူယုံတယ်။ ဒါပေမယ့် သူနောက်လှည့်လိုက်တဲ့ အချိန်မှာ အန္တရာယ် အငွေ့အသက် တစ်ခုကို ရုတ်တရက် ခံစား လိုက်ရတယ်။ ဒါက ပညာရှင် တစ်ယောက်ရဲ့ ပင်ကိုယ် သိစိတ်ပဲ။
“အလစ်ဝင်တိုက်တာလား။”
တောက်ဟွမ် စိတ်ထဲမှာ ဒီအတွေး ပထမဆုံး ပေါ်လာတယ်။ အဲ့ဒီ့နောက် နားအူသွားစေတဲ့ အသံကြီးကို ကြားလိုက်ရတယ်။
“ဝုန်း။”
ဒီအသံကြီးနဲ့ အတူ မီးတေင် တစ်ခု ပေါက်ကွဲ သလို အပူရှိန်တွေကို ခံစား လိုက်ရတယ်။ အခန်း တစ်ခုလုံး မီးတောက်တွေ ပြည့်နေ သလိုပဲ။
“အလစ်ဝင်တိုက်တာ မဟုတ်ဘူး။ ဆေးဖော်တာ မအောင်မြင်တာပဲ။” မြင့်မြတ် နယ်မြေရဲ့ အတော်ဆုံး ဆေးပညာရှင်ဖြစ်တဲ့ တောက်ဟွမ် ဒီလို အဖြစ်မျိုး ကြုံလာမယ်လို့ မထင်မိဘူး။ ဒါပေမယ့် အပူရှိန် ပြင်းပြင်းတွေက သူ့ကို နှောက်ယှက်နေတယ်။
အခန်း အခြေအနေကြောင့်သာ ဒီအပူတွေက အပြင်ကို လျှံမထွက် သွားတာပဲ။ သူ့လို ထိပ်တန်း ဆေးပညာရှင်က အရည်အသွေးမြင့် မြူနှင်းစက် ဆေးလုံး နည်းနည်းကို လုပ်နေတဲ့ အချိန် ဘယ်လိုများ မအောင်မြင်ပဲ နေမှာလဲ။ တောက်ဟွမ် မီးအပူရှိန်ကနေ လွတ်အောင် နောက်ကို ဆုတ်တယ်။
ဒါပေမယ့် ခြေလှမ်း သုံးလှမ်းမြောက်ကို မလှမ်း ရသေးခင်မှာပဲ ညာခြေထောက်မှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစား လိုက်ရတယ်။ သူ့ခြေထောက်ကို ထိန်းချုပ်မှု လွတ်သွားတာပဲ။ အရောင်စုံ သံကြိုးကြီး ငါးခုက သူ့မျက်စိ ရှေ့မှာ ပေါ်လာတယ်။ ဒီသံကြိုးတွေက မြေအောက်ကနေ ထွက်လာပြီးတော့ တစ်ခုကတော့ သူ့ညာခြေကို ဖောက်ထွက် သွားတယ်။
“ငရဲက သေရှင် သံကြိုးတွေ။” တောက်ဟွမ် ဆွံ့အ သွားတယ်။ သေရှင်သံကြိုးတွေ ဒီလို ရောက်လာတာတာကို သူမယုံနိုင်ဘူး။ ဒီအခန်းထဲကို ဘယ်လို ဝင်ရမလဲ သိတဲ့သူက အရမ်းရှားတယ်လေ။
“ဒါက ဆေးဖော်တာ မအောင်မြင်တာ မဟုတ်ဘူး။ အလစ်ဝင်တိုက် ခံရတာပဲ။”
“နောက်ပြီးတော့ ဖန်ကျန်းရှီ အလစ်ဝင်တိုက်တာ။”
အတွေးတွေက တောက်ဟွမ်ရဲ့ စိတ်ထဲမှာ ဆက်တိုက် ပေါ်လာတယ်။ ဒါပေမယ့် တောက်ဟွမ် ဆက်တိုက် ငြင်းပယ်နေတယ်။ ဆေးဖော်တာ ကျရှုံးတယ်။ မီးတွေ အပူဟပ်တယ်။ ဖန်ကျန်းရှီ အလစ်ဝင်တိုက်တယ်လို့ တွေးမိတယ်။ ဒါတွေ အားလုံးက တစ်ခဏ အတွင်း ဖြစ်သွားတာပဲ။
ဒီလို ဆက်တိုက် ဖြစ်တဲ့ အတွက် ပထမဆုံး အကြိမ်မှာ သူ့ခန့်မှန်းချက် မှားသွား ရတာပဲ။ နောက်ပြီးတော့ ကောင်းကင်မှာ ပထမဆုံး ခရမ်းရောင် အလင်းတန်း ပေါ်လာတဲ့ အချိန် ဆေးဖော်တတ်တဲ့ သူ့အကျင့်ကို ဖန်ကျန်းရှီက ဘယ်လိုလုပ် သိတာလဲ။ နောက်ပြီးတော့ ဒီအကျင့်ကို သိနေရုံတင် မကဘူး။ ကျောက်တုံး အိမ်ထဲကိုလည်း သူ့ထက် အရင် ဝင်ပြီးတော့ အကွက်ချောင်း နေသေးတယ်။
တောက်ဟွမ် ဒီလို ဖြစ်လာမယ်လို့ မယုံနိုင်ခဲ့ဘူး။ မဖြစ်နိုင်တာတွေ များလွန်း နေတယ်လေ။ အခုချိန်မှာ ဖန်ကျန်းရှီ ဒီလို စီစဉ် သွားတာကို တောက်ဟွမ် နားမလည် နိုင်သေးဘူး။ ဘယ်လိုများ သူဆေးဖော်တာ မအောင်မြင်မှာကို ကြိုမြင် နိုင်မှာလဲ။ အခုချိန်က မေးခွန်းတွေ ထုတ်နေဖို့ အချိန် မဟုတ်ဘူး။ တောက်ဟွမ် စိတ်ထဲမှာ ပဟေဠိ ဖြစ်နေပင်မယ့်၊ သေရှင် သံကြိုးတွေကို မြင်တာနဲ့ သူ ချက်ခြင်း ခုခံတော့တယ်။ ခန္ဒာကိုယ်ကို တစ်ပတ်လှည့်ပြီးတော့ နောက်ကို ထိုးချလိုက်တယ်။ ဒါပေမယ့် သူ့ရန်သူကတော့ ဒါကိုလည်း ကြိုသိထားတဲ့ ပုံစံပဲ။ တောက်ဟွမ် ဘာကိုမှ မထိုးမိဘူး။
“ဟမ်။” တောက်ဟွမ် နောက်ထပ် မျက်လုံး ပြူးရပြန်တယ်။ ခန့်မှန်းချက်တွေ ဆက်တိုက် မှားယွင်း နေပြီးတဲ့နောက် ဖြစ်လာမှာကို ကြိုမြင် နေရပြီ။ သူမျှော်လင့် ထားတဲ့ အတိုင်းပဲ။ ဖန်ကျန်းရှီက ဘယ်တုန်းကမှ မတ်တပ် ရပ်မနေခဲ့ဘူး။ အစတည်းက ကြမ်းပြင်မှာ လှဲနေပြီးတော့ တောက်ဟွမ်ရဲ့ ခြေထောက်ကို တောက်တဲ့ကပ် ကပ်နေတယ်။
တောက်ဟွမ်ရဲ့ နောက်ခြေထောက် တစ်ဖက်မှာလည်း နာကျင်မှုကို ခံစား လိုက်ရတယ်။ နောက်ထပ် သေရှင်သံကြိုး သူ့လက်ကို ဖောက်သွားပြန်ပြီ။ နောက်ထပ် သံကြိုးတွေက သူ့လက်မောင်းနဲ့ လည်ပင်းကို ဦးတည် လာနေတယ်။ တောက်ဟွမ် ဒီအလစ်ဝင်တိုက်တာက အတော့်ကို အကွက်စေ့တဲ့ အစီအစဉ်လို့ စဉ်းစားမိတယ်။ အခုချိန်ထိ ဒီအခန်းထဲ ဖန်ကျန်းရှီ ဘယ်လို ဝင်လာမှန်းတော့ မသိသေးဘူး။
“တံခါးရှေ့မှာ ဝက်ဝံ ထောင်ချောက်ကို တမင် ထားတာလား။”
တောက်ဟွမ် သူ့ဘာသူ တွေးနေတယ်။ တကယ်တော့ သူမှန်တယ်။ ဖန်ကျန်းရှီ တမင် လုပ်တာပဲ။ ဝက်ဝံ ထောင်ချောက်က ယင်ယန် ခန်းမ ခေါင်းဆောင် တောက်ဟွမ်ကို ထောင်ချောက်ဆင်ဖို့ မဖြစ်နိုင်မှန်း ဖန်ကျန်းရှီ ကောင်းကောင်း သိတာပေါ့။ ဒါကြောင့် အပေါ် အောက် အလစ်ဝင်တိုက်ဖို့ သူပြင်ဆင်ခဲ့တယ်။ တောက်ဟွမ်က ဝက်ဝံ ထောင်ချောက်ကို နင်းမိတာတောင် သူ့ရဲ့ ကောင်းကင် သက်ဆင်းကို ခုခံ နိုင်ခဲ့တယ်။ ဒါကြောင့် အောက်ကနေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီအခန်းထဲကို ဖန်ကျန်းရှီ ရောက်လာတာ တိုက်ဆိုင်မှု မဟုတ်ဘူး။ ခန်းမဆောင်ထဲက အမျိုးသမီးက တောက်ဟွမ် ဆေးဖော်တဲ့ အချိန်၊ အခန်းထဲကို ဝင်ပုံ ဝင်နည်းနဲ့ ကျောက်တုံး တံခါးကို ဘယ်လို ဖွင့်ရမလဲ ဆိုတာ အားလုံးကို ပြောပြခဲ့တယ်။ ဒါတွေ အားလုံးကို သူဘယ်လိုသိနေလဲတော့ မသိဘူး။ ဒါပေမယ့် အခန်းထဲမှာ ဆေးအိုးကြီးကို မြင်လိုက်ရတော့ သူမ မလိမ်မှန်း သူသိတယ်။
ဒါကြောင့် အလစ်ဝင်တိုက်ဖို့ အစီအစဉ် ဆွဲတော့တယ်။ တောက်ဟွမ်ကို အလစ်ဝင်တိုက်ဖို့က တကယ့်ကို ခက်တယ်။ ဖန်ကျန်းရှီ အစကတော့ တောက်ဟွမ် ဆေးအိုး ဖွင့်တဲ့ အချိန်မှာ တိုက်ခိုက်မလို့။ ဒါပေမယ့် တောက်ဟွမ်က သူ့ကို အချိန်မရွေး သတ်သွားနိုင်တယ်။ ဆေးပညာရှင်တွေ ဆေးဖော်နေတဲ့ အချိန် မတိုက်ခိုက် နိုင်ဘူးလို့ ဘယ်သူမှ ပြောမထားဘူး။
တောက်ဟွမ် ဆေးဖော်နေတဲ့ အချိန် ဝင်တိုက်ရင် ကျရှုံးမှာကို ကောင်မလေး သိခဲ့တယ်။ ဒါကြောင့် သူမ ပြောတဲ့ အတိုင်း အခန်းထဲကို ဝင်ပြီးတာနဲ့ ဆေးအိုး အောက်မှာ ဝင်ပုန်းတယ်။ ကံကောင်းပေလို့၊ ဆေးအိုးအောက်မှာ ရောက်နေတာတောင် အခန်းက အတော့်ကို အေးမြတ်တယ်။ ဒါပေမယ့် တောက်ဟွမ် ဆေးလုံးတွေကို ဒယ်အိုးထဲ ပြစ်ထည့်တဲ့ အချိန်မှာတော့ သူလည်း မျက်စိမှိတ်ပြီးတော့ စုတောင်း ရတော့တယ်။
ဒီအချိန် သူ့သွေးကြောတွေ အားလုံး ပေါက်ထွက် တော့မလို့ပဲ။ ပုရွက်ဆိတ်တပ်ကြီး သူ့တကိုယ်လုံးကို တွားသွားပြီး တက်နေသလို ခံစားရတယ်။ ချက်ခြင်း အပြင်ကို ခုန်ထွက်ပြီးတော့ တောက်ဟွမ်ကို မျက်နှာ ဖြတ်ရိုက်တာ ဖြစ်ဖြစ်၊ တစ်ခါတည်း သတ်လိုက်တာ ဖြစ်ဖြစ် လုပ်လိုက်ချင်တယ်။ ဒါပေမယ့် တောက်ဟွမ်ကိုသာ သူသတ်လိုက်ရင် ရန်ရွှယ့်ကို ဘယ်သူ ကယ်မှာလဲ။
ဒါကြောင့် စိတ်ထိန်းရင်းနဲ့ တွေးတောနေတဲ့ အချိန် စိတ်ထဲကို အကြံ တစ်ခု ဝင်လာခဲ့တယ်။ ဆေးလုံးဖော်တာ မအောင်မြင်တာ။ မြင့်မြတ် နယ်မြေရဲ့ အတော်ဆုံး ပညာရှင်ကတော့ ဒီလို ကျရှုံး နိုင်ချေ နည်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ လုပ်နိုင်တယ်။ ဒီဆေးအိုးကို ပေါက်ကွဲအောင် လုပ်ဖို့ နည်းလမ်း ရာချီ စဉ်းစားနိုင်တယ်။ သူ့မှာ ဆေးပင် ဆယ်ဧကနဲ့ ခန်းမဆောင်ကနေ ခိုးလာတဲ့ ဆေးလုံးတွေ အများကြီး ရှိနေတော့ အေးအေးဆေးဆေး အောင်မြင်အောင် လုပ်နိုင်တယ်။
ဆေးအိုးကို ပေါက်ကွဲအောင် လုပ်ပြီးတဲ့နောက် သူအလစ်ဝင် တိုက်တော့တယ်။ ဒါပေမယ့် မြေပြင်ပေါ်မှာ တောက်တဲ့ကပ် ကပ်နေတာကတော့ နားလည်ရ လွယ်ပါတယ်။ ဆေးအိုးအောက်မှာ ဒီတစ်ချိန်လုံး ပုန်းနေခဲ့ရတဲ့ အတွက် မတ်တပ်ရပ်ဖို့ ခက်ခဲတယ်။
ကံကောင်းတာကတော့ အမှန်ပဲ။ ဖန်ကျန်းရှီ တောက်ဟွမ်ဆီကို တွားသွားရင်း ကပ်လာခဲ့တယ်။ အဲ့ဒီ့နောက် တစ်ချက်မှ မညှာပဲ တိုက်ခိုက်တယ်။
အခုတော့ တောက်ဟွမ်ရဲ့ ခြေထောက်တွေကို သေရှင် သံကြိုးတွေနဲ့ ချုပ်နှောင် ခံရပြီး နောက်မှာတော့ ဖန်ကျန်းရှီလည်း တောက်ဟွမ်ကို ပြန်ပေးဆွဲမယ့် သူ့အစီအစဉ်ကို အကောင်အထည် ဖော်တော့တယ်။ ဒါပေမယ့် ဒါတွေ အမှန်တကယ် ဖြစ်မလာခင် တောက်ဟွမ်ကို ဖြောင်းဖြရမယ်။ ကလေးကို ကျောင်းပို့သလိုပဲ။ မင်းကလေးက ကျောင်းမသွားချင်ရင် ဘာလုပ်မလဲ။
ပထမဆုံး ချိုချိုသာသာ ပြောရမယ်။ “ကျောင်းကို သွားရင် သူငယ်ချင်းတွေ အများကြီးရမယ်။”
ဒါပေမယ့် တောက်ဟွမ်ကိုတော့ ဒီလို လုပ်လို့ မရဘူး။ ဒါကြောင့် ဒုတိယ နည်းလမ်းကို ရွေးလိုက်တယ်။ ခပ်ကြမ်းကြမ်း လုပ်မယ်။ ရွေးစရာ များများ မရှိဘူး။ ဖန်ကျန်းရှီ သေချာ နေရာရွေးပြီးတော့ တိုက်ခိုက်တယ်။ အခုတော့ သေရှင် သံကြိုး သုံးခုကို ကိုင်တွယ်ရင်းနဲ့ လှုပ်ယမ်း နေခဲ့တယ်။ အဲ့ဒီ့နောက် အပေါ်ကို တတ်နိုင်သလောက် မြန်မြန် တိုက်ခိုက်ဖို့ ပြင်တယ်။
“ဝုန်း။” ဖန်ကျန်းရှီ သူ့လက်ချောင်းတွေ သတ္တုပြားကြီးနဲ့ တိုက်မိပြီးတော့ ကျိုးကြေတော့မလို ခံစား နေရတယ်။ ဘာဖြစ်တာလဲ။ အောက်ကနေ တိုက်ခိုက်ရင် ပိုပြီးတော့ အသုံးဝင်တာ မဟုတ်ဘူးလား။ တောက်ဟွမ် သူ့ရဲ့ သံကြိုး သုံးခုကို ခုခံနိုင်တာကြောင့် ဒေါသ ထွက်လာတယ်။ ဖန်ကျန်းရှီ မော့ကြည့်လိုက်တော့ တောက်ဟွမ်ရဲ့ ညာလက်မောင်း တစ်ဖက်ကိုပဲ သံကြိုးက ဖောက်ထွက် သွားတယ်။ နောက်ပြီးတော့ သူ့ရဲ့ ပေါင်ခြံကို ကာကွယ်ထားတယ်။ ဒီပုံစံက အကျည်းတန်ပေမယ့် တောက်ဟွမ်ကတော့ သူ့ကိုယ်သူ ကာကွယ် ထားနိုင်တုန်း။
“..” ဖန်ကျန်းရှီ တစ်ခဏတော့ ရပ်တန့်သွားတယ်။ မျက်နှာဖုံးကြောင့် တောက်ဟွမ်ရဲ့ အမူအယာကို သူမမြင်ရဘူး။ ဒါပေမယ့် တောက်ဟွမ်ရဲ့ ရူးတော့မလို ဖြစ်နေတဲ့ မျက်ဝန်းတွေကိုတော့ မြင်ရတယ်။
“ငါ့ကို နောက်ထပ် တားနိုင်မယ်လို့ မယုံဘူး။” တောက်ဟွမ်ရဲ့ ခရမ်းရောင် မျက်ဝန်းတွေကို ကြည့်ရင်း ဖန်ကျန်းရှီ အော်လိုက်တယ်။ သူ့လက်က တောက်ဟွမ်ရဲ့ လျှို့ဝှက်နေရာကို နောက်တစ်ကြိမ် ဦးတည်ပြန်တယ်။
တောက်ဟွမ်ကတော့ အတော့်ကို ဒေါသထွက်နေတယ်။ ဒါပေမယ့် သူ့လက်မောင်းနဲ့ ကာကွယ်ထားဆဲ။ ဒီအချိန် သူ့မျက်လုံးနားကို အဖြူရောင် အမှုန့် အထုပ်တစ်ထုပ် ရောက်လာတာ မြင်လိုက်ရတယ်။
အပိုင်း (၇၅၂) ပြီး၏။
အပိုင်း (၇၅၃)
“လမ်းမှာ ရှိသမျှ အားလုံးကို သတ်။ ဖန်ကျန်းရှီ ရူးနေပြီ။”
ဆိုရိုးစကား တစ်ခု ရှိတယ်။ (ထွက်ပေါက်မဲ့နေရင်တောင်၊ နောက်ဆုံး လမ်းတစ်ခုတော့ ရှိသေးတယ်။) ဒီအတွေးအခါ်ကို သိုင်းပညာမှာ အသုံးချတယ်။ ပြိုင်ဘက်ကို တစ်ဖက်က အယောင်ပြပြီးတော့ နောက်တစ်ဖက်ကနေ တိုက်ခိုက်တာပဲ။
ဖန်ကျန်းရှီ အခုလည်း ဒီလိုပဲ လုပ်နေယ်။ တောက်ဟွမ်က သူ့ပေါင်ခြံကို ကာကွယ် ထားမှတော့ သူလည်း တခြား နေရာကို ပြောင်းပြီးတော့ တိုက်ခိုက်တော့တယ်။ လူတစ်ယောက်က လုံ့လရှိရင် နည်းလမ်းသစ်ကို ရှာနိုင်တယ်။ ဖန်ကျန်းရှီက တောက်ဟွမ်ကို သံပရာ အမှုန့်ထုပ်နဲ့ ပြစ်ပေါက် လိုက်တာပဲ။ ဒါကိုတော့ တောက်ဟွမ် မရှောင်နိုင်။
“အရှက်မရှိလိုက်တာ။” တောက်ဟွမ် ဒေါသတကြီး အော်တယ်။ သူ့မျက်လုံးတွေကို မှိတ်လိုက်ပေမယ့် သံပရာမှုန့်တွေ မျက်လုံးထဲကို အတော်လေး ရောက်သွားသေးတယ်။ ဒါ့အပြင် မျက်နှာဖုံး စွပ်ထားတဲ့ အတွက် အဓိက မျက်လုံးပေါက်တွေကို သံပရာမှုန့်က ဝင်သွားပြီးတော့ ပြန်မထွက်လာဘူး။ တောက်ဟွမ် မျက်လုံး မဖွင့်နိုင်တော့။
ပေါင်ခြံကို ကာထားတဲ့ လက်ကို ဖယ်ပြီးတော့ မျက်နှာဖုံးက သံပရာမှုန့်တွေကို ဖယ်ရတော့တယ်။ အခုချိန်မှာ ဒီသံပုရာမှုန့်တွေက ပိုပြီး အရေးကြီးနေတယ်။ ဖန်ကျန်းရှီ အတွက်တော့ မိုးနတ်မင်း ပေးတဲ့ အခွင့်အရေးပဲ။ သူ့ရဲ့ ငွေရောင် သံကြိုးတွေကို ထုတ်ပြီးတော့ တောက်ဟွမ်ကို ရစ်ပတ်လိုက်တယ်။ အမျိုးသမီးကို ချုပ်နှောင်တုန်းက သုံးခဲ့တဲ့ သာမာန် သုခမိန်တွေတောင် မဖြတ်နိုင်တဲ့ သံကြိုး။
သံကြိုးက တောက်ဟွမ်ရဲ့ ခြေထောက်။ ဝမ်းဗိုက်နဲ့ လက်တွေကို ရစ်ပတ်သွားတယ်။ တောက်ဟွမ်ရဲ့ အပေါ်ပိုင်းကို ဆက်ပြီးတော့ ရစ်ပတ်မယ့် အချိန်မှာပဲ ကြောက်စရာ လှိုင်းတွေ ထွက်ပေါ်လာတယ်။ အခန်း တစ်ခုလုံးက လေတွေ မီးတောက် နေသလိုပဲ။ ပတ်ဝန်းကျင် တစ်ခုလုံးကို လောင်ကျွမ်းစေတဲ့ အပူတွေ ထွက်ပေါ် နေခဲ့တယ်။
“ဖန်ကျန်းရှီ ငါမင်းကို သတ်မယ်။” တောက်ဟွမ်ရဲ့ အသံက ကျောက်တုံး ခန်းမထဲမှာ ပဲ့တင့် ထပ်သွားတယ်။ သူ့အသံက ရူးသွပ် နေသလိုပဲ။ ကြောက်စရာ လှိုင်းတွေက ဖန်ကျန်းရှီကို လွင့်ထွက် သွားစေတယ်။ ဖန်ကျန်းရှီ ဆေးအိုးကြီးနဲ့ ဝင်တိုက်တယ်။
“ဝုန်း။”
အတော်တော့ နာတာပဲ။ အရမ်းလည်း ပူတယ်။ အခုချိန်မှာ ဖန်ကျန်းရှီ အာရုံ မစိုက်နိုင်သေးဘူး။ တောက်ဟွမ်ကို အရင်ဖမ်းရမယ်။ အရမ်း နီးနေပြီ။ ဖန်ကျန်းရှီ အံကြိတ်ရင်းနဲ့ တောက်ဟွမ်ဆီကို နောက်တစ်ခေါက် ပြေးဝင်တယ်။ ဒါပေမယ့် တောက်ဟွမ် ခန္ဒာကိုယ်က ထွက်နေတဲ့ လှိုင်းတွေက ပူပြင်းလွန်းတယ်။
“ငါလက်လျှော့လို့ မဖြစ်ဘူး။”
“အနီးကို ကပ်လို့ မရမှတော့ ဘာလုပ်ရမလဲ။”
“ဝုန်း။” တစ်ချိန်တည်းမှာပဲ တောက်ဟွမ်ရဲ့ လက်က သံကြိုး ပြုတ်ထွက်သွားတယ်။ ဖန်ကျန်းရှီ နားထဲမှာ ခြေသံတွေ အများကြီးကို ကြားနေရတယ်။
“ခန်းမ ခေါင်းဆောင် ဘာတွေ ဖြစ်နေတာလဲ။”
“ဆရာ။”
“ကျောက်တုံး တံခါးကို ငါဖွင့် မရဘူး။”
အပြင်မှာ ယင်ယန် ခန်းမ တပည့်သားတွေနဲ့ အကြီးအကဲတွေ ရောက်နေကြပြီ။ တောက်ဟွမ်ရဲ့ အော်သံကို ကြားတာနဲ့ သူတို့ ပြေးလာတာပဲ။
“ညာဘက်က သားရဲကောင်ရဲ့ ဘယ်ဘက် မျက်လုံး။” သူ့ဂုဏ်သိက္ခာကို ကာကွယ်မယ့် အစား တောက်ဟွမ် တံခါး ဖွင့်နည်းကို ပြောပြလိုက်တယ်။ ဖန်ကျန်းရှီ အံ့သြ နေခဲ့တယ်။ ပုံမှန် အတိုင်းဆိုရင် ဒီလို ဂိုဏ်းခေါင်းဆောင်တွေက ဂုဏ်သိက္ခာကို ပိုပြီး အလေးထားတာ မဟုတ်လား။
ဖန်ကျန်းရှှီ အံ့သြနေလည်း အသုံးမဝင်ဘူး။ တောက်ဟွမ် တွေးနေတာကို သူမှ မသိပဲ။ ဒါပေမယ့် အကူအညီတွေ ရောက်လာပြီ။ ဒီအခန်းမှာ အပေါက် တစ်ပေါက်ပဲ ရှိတယ်။ သူဘ
“ငါဘာလုပ် ရမလဲ။ ဘာလုပ်ရမလဲ။” ဖန်ကျန်းရှီ ချောင်ပိတ် ထားခံရတဲ့ တိရစ္ဆာန်လို ဖြစ်နေခဲ့ပြီ။ တောက်ဟွမ် အနားကိုလည်း ကပ်လို့ မရ။ ထွက်ပြေးလို့လည်း မရ။
“မဖြစ်နိုင်တာပဲ။”
တောက်ဟွမ်ကို ယင်ယန် ခန်းမ တပည့်သားတွေ အကြီးအကဲတွေ အားလုံး ရှေ့မှာ ပြန်ပေးဆွဲ ဖို့က မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီ အရှုံးကို လက်မခံ နိုင်ဘူး။
“ငါနီးစပ်နေပြီ။”
“အရှုံး ပေးလို့ မဖြစ်ဘူး။ လက်မလျှော့ရဘူး။”
“ဖြတ်ရမယ်။” ဖန်ကျန်းရှီ နောက်ဆုတ်ဖို့ လမ်းမရှိမှန်း သိတယ်။ သူ့လက်ထဲမှာ ပေါ်လာသမျှ လက်နက်ပုန်းတွေ အားလုံးကို တောက်ဟွမ်ဆီ ပြစ်လွှတ်တယ်။
“ဝုန်း ဝုန်း ဝုန်း။” ကြောက်စရာ လှိုင်းတွေနဲ့ ထိသွားပြီးတော့ လက်နက်ပုန်းတွေက မြည်သံ ထွက်တယ်။ ဒါပေမယ့် မျက်စိ ကန်းမတတ် အဖြူရောင် အလင်းတန်းက အခန်း တစ်ခုလုံးကို လင်းလက် သွားစေခဲ့တယ်။ အလင်းတန်း။ ဒီစွမ်းရည်ကိုတော့ အပူလှိုင်းတွေက မသက်ရောက်ဘူး။ အခန်း တစ်ခုလုံးကို မျက်စိကန်းလောက်အောင် တောက်ပနေတယ်။
“အား ငါ့မျက်လုံးတွေ။” တပည့်သားတွေ အားလုံးနဲ့ အကြီးအကဲတွေ ဒီအလင်းတန်းကြီးကြောင့် မျက်လုံး ကန်းမတတ် ဖြစ်နေကြပြီ။ အခန်းထဲကို အလောတကြီး ဝင်လာရတဲ့ အတွက် ဘယ်သူမှ အကာအကွယ်တွေ ကြိုမပြင် ထားခဲ့ကြဘူး။
“ပြေးတော့။” ဖန်ကျန်းရှီ စိတ်ထဲမှာ ဒီအတွေးပေါ်လာတယ်။ ဒါပေမယ့် လမ်းတဝက်မှာ သူ့စိတ်ထဲကို အတွေ်းဝင်လာပြန်တယ်။
“ငါပြေးလို့ မဖြစ်ဘူး။” အခုချိန် သူပြေးလိုက်ရင် တောက်ဟွမ်ကို ပြန်ပေးဆွဲလို့ မရတော့ဘူး။ ဒါကြောင့် တောက်ဟွမ်ကို ခေါ်သွားရမယ်။
“သူ့အနားကို ကပ်လို့ မရရင် သတိလစ်အောင် ရိုက်ရမယ်။”
ဖန်ကျန်းရှီ သူ့ဆီမှာ ရှိတဲ့ ရတနာ တစ်ခုကို သတိရလိုက်တယ်။ ကောင်းကင် ရတနာ ခန်းမကနေ ရလာတဲ့ အိပ်မွေ့ချ မျက်ဝန်း။ ဒီရတနာကို ရန်သူတွေ ၃စက္ကန့် ကြည့်အောင် လုပ်ဖို့က ခက်ခဲတယ်။ ဒါပေမယ့် တိုက်ပွဲတွေ အများကြီး ဒီရတနာကြောင့် အောင်မြင်ဖူးတယ်။
နောက်ပိုင်း တိုက်ပွဲ တွေမှာတော့ ဒါကို မသုံးရဘူး။ အင်အားကြီး ရန်သူတွေနဲ့ ရင်ဆိုင်တဲ့ အချိန်မှာ တိုက်ခိုက်တဲ့ ပုံစံက ကွာခြား သွားတယ်လေ။ တောက်ဟွမ်ရဲ့ မျက်လုံးတွေက သံပရာမှုန့်ကြောင့် ပိတ်ထားရတော့ အမြင် ပြန်ရတဲ့ အချိန် ဒါကို စိုက်ကြည့်မိမှာ အသေအချာပဲ။ ဖန်ကျန်းရှီ လုပ်ရမယ်။
“တောက်ဟွမ် အသုံးမကျတဲ့ လူကြီး။ ငါ့ကို သတ်ချင်ရင် လိုက်ဖမ်းလေ။” ဖန်ကျန်းရှီ အော်တယ်။
“အရှက်မရှိတဲ့ ခွေးသားလေး။” တောက်ဟွမ် မျက်လုံးတွေ ပိတ်ထားပေမယ့် ဖန်ကျန်းရှီ ထွက်ပြေးဖို့ လုပ်နေတာကို သူသိတယ်။
ဖန်ကျန်းရှီကို ဘယ်လိုလုပ် အလွတ်ပေးနိုင်မှာလဲ။ ဒါကြောင့် တောက်ဟွမ် အတင်း မျက်လုံး ဖွင့်တယ်။ သူ့မျက်လုံးထဲမှာ အပြာရောင် အလင်းတန်း တစ်ခုကို တံခါးနား တွေ့လိုက်ရတယ်။
“ကောင်းကင်တာအိုကို သုံးပြီးတော့ ထွက်ပြေး မလို့လား။”
တောက်ဟွမ် အမြင် အာရုံတွေ မှုန်ဝါးပြီးတော့ သေရှင် သံကြိုးတွေ ချုပ်ထားတာ ခံရပေမယ့် အပြာရောင် အလင်းတန်းနားကိုတော့ ကောင်းကောင်း သွားနိုင်တယ်။ အနီးကို ရောက်တဲ့ အချိန်၊ တစ်ခုခု လွဲနေတာကို နားလည်သွားတယ်။ အပြာရောင် အလင်းတန်းက ကျောက်မျက် ရတနာ တစ်ခုပဲ။ ဒီအပြာရောင် ကျောက်မျက်ကို လှည့်ပတ်နေတဲ့ အလင်းတန်းတွေ အများကြီး ရျိတ်။
“အဲ့တာ ဘာကြီးလဲ။” တောက်ဟွမ် မသိဘူး။ ဒါမျိုးက မြင့်မြတ် နယ်မြေမှာ ရှားပါးတယ်။ ဒါပေမယ့် သူသတိဝင်လာချိန်မှာ နောက်ကျသွားပြီ။
“တစ်ခုခု လွဲနေပြီ။” ခေါင်းတွေ မူးလာပြီးတော့ မြေပြင်ပေါ်ကို သူလဲကျသွားတော့တယ်။ တောက်ဟွမ် တစ်ယောက်တည်းတင် မဟုတ်ဘူး။ ခန်းမဆောင်ထဲကို ဝင်လာတဲ့ လူတိုင်း လဲကျ ကုန်တာပဲ။
“အလုပ်ဖြစ်တယ်ပေါ့။” ဖန်ကျန်းရှီ သူ့ကိုယ်သူ မယုံနိုင်ဘူး။ အမှန်တရားကတော့ သူ့ရှေ့မှာပဲ။
“ထွက်ပေါက်တော့ ရှိပြီ။” ဖန်ကျန်းရှီ တောက်ဟွမ်ကို သယ်ပြီးတော့ ပြေးတော့တယ်။
“အထဲမှာ ဘာတွေ ဖြစ်နေတာလဲ။ အကြီးအကဲ။”
“အဲ့တာ ဘယ်သူလဲ။ ဘယ်သူ ထွက်သွားတာလဲ။”
အခန်းထဲကို အခုမှ ဝင်လာတဲ့ အကြီးအကဲတွေ တစ်ခုခု လွဲနေတာကို သိတယ်။ အခန်းထဲမှာ လူတွေအများကြီး လဲနေတာက အရေးမကြီးဘူး။ အခန်းအပြင်ကို ထွက်သွားတဲ့ လူက သတိလစ်နေတဲ့ လူတစ်ယောက်ကို ပုခုံးပေါ်မှာ ထမ်းသွားတယ်။
“ဆရာ။”
“ခန်းမ ခေါင်းဆောင်။”
“အပြင်ကို ထွက်သွားတာ ဖန်ကျန်းရှီပဲ့။”
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ဆရာကို သူဘယ်လို ခေါ်သွားတာလဲ။”
ယင်ယန် ခန်းမ အကြီးအကဲတွေ မိုးကြိုး ပြစ်ခံရသလို ခံစား လိုက်ရတယ်။ မီးတောက် အနက်တွေနဲ့ ဝန်းရံထားတဲ့ ဖန်ကျန်းရှီကတော့ အပြင်ကို ထွက်သွားခဲ့ပြီ။
“လမ်းဖယ်စမ်း။” ဖန်ကျန်းရှီကတော့ လက်ထဲမှာ ခြေရာမဲ့ဓားကို ဝေ့ယမ်းရင်းနဲ့ လမ်းမှာ ရှိသမျှ လူတွေကို တိုက်ခိုက် နေခဲ့တယ်။
သတ်ဖြတ်ရတာကို သူကြိုက်နေတာလား။ ဒီလိုတော့ မဟုတ်ဘူး။ အခုလို အချိန်မျိုးမှာ ဘာကိုမှ တွေးလို့ မရဘူးလေ။ စိတ်ထဲမှာ အတွေး တစ်ခုပဲ ရှိတယ်။
“ငါ့လမ်းကို လာပိတ်တဲ့ လူတိုင်းကို သတ်မယ်။”
ဆေးပင် ထောင်ချီ ခန်းမ တစ်ခုလုံး တုန်ခါသွားတယ်။ မရေမတွက်နိုင်တဲ့ ခြေလက်တွေ လေထဲကို လွင့်ထွက် ကုန်ပြီးတော့ ခန်းမ တစ်ခုလုံး သွေးစွန်းကုန်တယ်။ ဓားချက် တစ်ချက်တည်းနဲ့ လူနှစ်ယောက်ကို သတ်ပြီးတော့ ဆယ်ယောက်ကျော်ကို ဒဏ်ရာ ရစေတယ်။ ဒါပေမယ့် ဆေးပင် ထောင်ချီ ခန်းမရဲ့ ကြမ်းပြင်မှာတော့ ခြစ်ရာလေးတောင် မထင်ဘူး။ အရေခွံ ကွာသလို အဖြူရောင် အစင်းလေး တစ်ခုပဲ ထင်တယ်။
“အား။”
တပည့်သားတွေရဲ့ နာနာကျင်ကျင် အော်သံတွေကို ကြားနေရတယ်။ ဖန်ကျန်းရှီကတော့ ကျောရိုးထဲ စိမ့်သွားမိတယ်။ တပည့်သားတွေကြောင့်တော့ မဟုတ်ဘူး။ ဆေးပင်ထောင်ချီ ခန်းမကြီး အရမ်းမာကျောတာကို နားလည် သွားလို့ပဲ။ အဲ့ဒီ့ အမျိုးသမီးက သူ့ကို အသေးစိတ် ပြောပြထားတာ အလကားတော့ မဟုတ်ဘူးပဲ။ သူ့ကို ဆေးပင် ထောင်ချီ ခန်းမထဲမှာ ထောင်ချောက် မိအောင် လုပ်တာပဲ။
ဒီတိုက်ခိုက်တာ မအောင်မြင်ရင်၊ ခန်းမကနေ ထွက်မသွားနိုင် တော့ဘူး။ မိန်းမတွေက တကယ်ပဲ ကောက်ကျစ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ တောက်ဟွမ်ကို အလစ်ဝင်တိုက်တာ အောင်မြင်ခဲ့တာကိုတော့ အမျိုးသမီး မသိရှာဘူး။ ဖန်ကျန်းရှီ အခုချိန်ထိတော့ မအောင်မြင်သေးဘူး။ ရန်ရွှယ့်ကို ခေါ်ပြီး ယင်ယန် ခန်းမက ပြေးဖို့ လိုသေးတယ်။
“ငါ့လမ်းကို ပိတ်တဲ့ လူတိုင်းကို သတ်မယ်။” ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ကြောက်စရာ စွမ်းအားလှိုင်းတွေ ဖြာထွက်လာတယ်။ တကိုယ်လုံးကို မီးတောက် အနက်တွေ ဖုံးလွှမ်း သွားလိုက်တာ သေမင်း တစ်ပါးလိုပဲ။
အပိုင်း (၇၅၃) ပြီး၏။
အပိုင်း (၇၅၄)
“ဓားတစ်လက်မှ ဓားတစ်သောင်း။”
တပည့်သားတွေ သူတို့ မျက်စိရှေ့က မြင်ကွင်းကြောင့် လန့်နေတယ်။ ဖန်ကျန်းရှီရဲ့ လူသတ်ငွေ့တွေက ပြင်းထန်လွန်းတာ ပင်လယ် လှိုင်းတွေလိုပဲ။ သွေးတွေနဲ့ ဖန်ကျန်းရှီရဲ့ လူသတ်ငွေ့တွေ ရောပြီးတော့ ခန်းမ တစ်ခုလုံး သက်ဝင် နေခဲ့တယ်။
“ဒီကောင်စုတ်လေးက သန်မာလိုက်တာ။ သူပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိသေးတာ ဟုတ်ရဲ့လား။”
“ဆရာ့ကို ဘယ်လိုများ မလာတာလဲ။”
“သူ့ကို တား။ ငါတို့ အလွတ်ပေးလို့ မဖြစ်ဘူး။”
ယင်ယန် ခန်းမ တပည့်သားတွေ အော်ဟစ်ပြီးတော့ ရှေ့တက်လာတယ်။ သူတို့ မြင်ရတာ ဘယ်လောက်ပဲ လန့်စရာ ကောင်းကောင်း တောက်ဟွမ်ကို ဒီလို ခေါ်သွားတာတော့ ကြည့်မနေနိုင်ဘူး။ ဖန်ကျန်းရှီ ထွက်သွားဖို့ မလွယ်တာကို သူသိတယ်။ ဒါပေမယ့် လက်မလျှော့ဘူး။ တောက်ဟွမ်ကိုတောင် ခေါ်လာ နိုင်ပြီးပြီ။ ဒီတော့ တိုက်ခိုက် ရမယ်။
“သူ့ကို သတ်။“
“သေလိုက်။”
ဖန်ကျန်းရှီ ယင်ယန် ခန်းမ တပည့်သားတွေကို တိုက်ခိုက်တယ်။ ထောင်ချီတဲ့ ဓားအလင်းတန်းတွေ ဖန်ကျန်းရှီဆီကို ဦးတည်လာတယ်။
“သူတို့ကို ဦးတည် တိုက်ခိုက် ရမှာလား။”
ဖန်ကျန်းရှီက မာန ကြီးပေမယ့် ငတုံးမဟုတ်ဘူး။ အခုချိန်မှာ တောက်ဟွမ်ကို ချီထား ရတာကြောင့် တိုက်ခိုက်ဖို့က ပိုခက်တယ်။ ဓားအလင်းတန်းတွေ သူ့ဆီ ရောက်လာတဲ့ အချိန်မှာပဲ ကောင်းကင်ပြာရောင် အလင်းတန်းက ဖန်ကျန်းရှီ ရှေ့ကို ရောက်လာခဲ့တယ်။ ဒါကတော့ ကောင်းကင် တာအို။
“ဝုန်း။”
ဓားအလင်းတန်းတွေက ကြမ်းပြင်နဲ့ ထိတွေ့တော့ အသံတွေ ထွက်လာတယ်။ ဖန်ကျန်းရှီက ခုန်ရှောင်လိုက်တော့၊ သူ့ကို နောက်ကနေ ဝန်းရံထားတဲ့ တပည့်သားတွေ ကံဆိုးကြတော့တယ်။ တိုက်ပွဲက ပြင်းထန်တယ်။ တိုက်ပွဲ အလယ်မှာတော့ တစ်ယောက်ပဲ ရှတယ်။
“ရွှမ်း။” ခရမ်းနီရောင် ဓားက တပည့်သားတွေ ရှေ့မှာ ပေါ်လာပြီးတော့ အနက်ရောင် မီးတောက်က သူတို့ကို တိုက်ခိုက်တယ်။ သွေးတွေက လေထဲကို လွင့်ထွက် လာပြီးတော့ တပည့်သားတွေ အများကြီး သွေးအိုင်ထဲကို လဲတော့တယ်။ ကြောက်လန့်တကြား အော်သံတွေ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ တိုက်ခိုက်တာ အရမ်းကို မြန်လွန်းတယ်။ သွေးတွေ လေထဲကို လွင့်လာပြီးတော့ သွေးအိုင်ထဲမှာ လူတွေ လဲကျကုန်တယ်။
ဖန်ကျန်းရှီကတော့ သူ့ဓား လှုပ်လိုက်တိုင်း သွေးအိုင်ဖြစ်အောင် တိုက်ခိုက် နေခဲ့တယ်။ တခြား တစ်ဖက်မှာတော့ ယင်ယန် ခန်းမ တပည့်သားတွေ ဒဏ်ရာရနေတဲ့ ညီနောင်တွေကို သတိထား ရှောင်ရှား နေရတယ်။ ဒီခန်းမထဲမှာ နေရာ အရမ်းကို ကျဉ်းနေပြီ။
ဖန်ကျန်းရှီရဲ့ ဓားချက် လာတာကို မြင်နေပင်မယ့် ခုန်ရှောင်ဖို့က ခက်ခဲတယ်။ သူတို့မှာ သွားစရာ မရှိဘူး။ အကြီးအကဲတွေ ဖန်ကျန်းရှီကို ဒေါသတကြီး ကြည့်နေကြပေမယ့် သူတို့လည်း ဘာမှ မလုပ်နိုင်။ အခန်းထဲမှာ လူတွေ အရမ်းများနေတယ်။ ဖန်ကျန်းရှီက တစ်ယောက်တည်း ကျန်တဲ့ လူတွေ အားလုံးက ယင်ယန် ခန်းမ တပည့်သားတွေ။ နောက်ပြီးတော့ ဖန်ကျန်းရှီက ကောင်းကင် တာအိုကို တတ်ကျွမ်းတော့ သူ့ကို တစ်ချက်တည်းနဲ့ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။
“တမင် လုပ်နေတာပဲ။”
“အရှက်မရှိလိုက်တာ။”
“ငါတို့တွေကို အသုံးချ နေတာပဲ။”
ဖန်ကျန်းရှီရဲ့ ဓားချက် သုံးချက်ကို ခံပြီး နောက်မှာတော့ တပည့်သားတွေ နားလည် လာခဲ့ပြီ။ ဒါပေမယ့် ခန်းမထဲကို လူတွေ ပိုဝင်လာ နေတယ်။ ဒါက အရေအတွက်ကြောင့် အရေးနိမ့် ရတာပဲ။
“ကောင်းကင် သက်ဆင်း။” ကောင်းကင် အလင်းတန်းကြီး ကိုးခုက မျက်နှာကျက်ပေါ်မှာ ပေါ်လာတယ်။
“ဝုန်း”
“ဝုန်း။”
ဆူညံသံတွေက အဆုံးမဲ့တယ်။ ဓားချီတွေနဲ့ လှိုင်းတွေက ခန်းမ တစ်ခုလုံးကို တုန်ယင် နေစေတယ်။ အော်သံတွေနဲ့ အတူ သွေးတွေ အများကြီး လေထဲမှာ ပျံ့လာတယ်။ ဖန်ကျန်းရှီကတော့ တစ်ယောက်တည်းနဲ့ အကုန်လုံးကို ခံသတ် နေခဲ့တယ်။
ယင်ယန် ခန်းမက လူတွေကတော့ မယုံနိုင်ပေမယ့်၊ အမှန်တရားကတော့ ဖန်ကျန်းရှီကို သူတို့ နည်းနည်းလေးတောင် မထိနိုင် သေးတာပဲ။ ဖန်ကျန်းရှီကတော့ သူတို့ကို လွယ်လွယ်လေး သတ်နေတယ်။ တစ်ချက်တောင် မကြည့်ပဲနဲ့ ဓားကို ထင်သလို ဝေ့ယမ်းနေတယ်။
“ထွက်သွား။ ခန်းမ အပြင်ကို ထွက်။” အကြီးအကဲ တစ်ယောက် အော်တယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပဲ။ ဖန်ကျန်းရှီကိုပါ အပြင်ရောက်သွား စေနိုင်တယ်။
“အပြင်ကို ပြန်ဆုတ်ကြ။”
“ပြန်ဆုတ်။”
“မြန်မြန်။”
“အထဲဝင်တာ ရပ်တော့။”
“ပြန်ဆုတ်ကြတယ်ပေါ့။” ခြေရာမဲ့ဓားက ဖန်ကျန်းရှီရဲ့ လက်ထဲမှာ အသံခပ်တိုးတိုး ထွက်နေတယ်။ ဒီအခန်း အပြင်ကို ထွက်ရင် တပည့်သား ထောင်ချီက သူ့ရှေ့ကို ရောက်နေမှာပဲ။ ဒီတော့ အရင်ဆုံး ထွက်ရမယ်။ ဒါမှပဲ အသက်ရှင်နိုင်မယ်။
ခရမ်းရောင် နဂါးကြီးက လေထဲမှာ လှည့်ပတ်တယ်။ တပည့်သားတွေဆီကို ရောက်တယ်။
“မြန်မြန် ထွက်ကြ။”
“မဖြစ်ဘူး။”
ဓားအလင်းတန်းကို တပည့်သားတွေ တော်တော် ကြောက်နေကြပြီ။ ဒါဘယ်လောက်တောင် အင်အားကြီးမှန်း သူတို့ သိတယ်လေ။
“စဉ်းတောင် မစဉ်းစားနဲ့။”
လူတစ်ယောက် ဓားအလင်းတန်း ရှေ့ကို ရောက်လာတယ်။ အဖြူ အမည်းဝတ်ရုံရှည်ကြီးကို ဝတ်ထားပြီးတော့ လက်ထဲမှာလည်း ဖြူမဲဓားကို ကိုင်ထားတယ်။ ခရမ်းရောင် ဓားအလင်းတန်းကို တိုက်ခိုက်တယ်။
“ဖြစ်စဉ် တစ်သောင်း။” ဓားအလင်းတန်းတွေ အများကြီး ပေါင်းစုံတယ်။ အလင်းတန်းတွေထဲမှာ သစ်ပင်၊ ပန်း၊ မြက်၊ သတ္တဝါမျိုးစုံ ပါဝင်တယ်။
“ဝုန်း။” ခရမ်းရောင် အလင်းတန်းက ဓားအလင်းစက်တွေ အများကြီးနဲ့ ထိတွေ့ပြီးနောက် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားတယ်။
“အား။”
“အား။”
သနားစရာ အော်သံတွေ ထွက်လာတယ်။ ဓားကွဲထွက်လာတဲ့ လှိုင်းထဲမှာ အလင်းတန်းတွေ အများကြီး ပါဝင်နေတယ်။ နတ်ဆိုး ကျောင်းတော်ရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ပညာရပ် ဖြစ်တဲ့ ဓားသိန်းသန်းချီ အနုပညာပေါ့။
“တာအိုက တစ်ခုကို ဖန်တီးတယ်။ တစ်ခုက နှစ်ခု၊ နှစ်ခုက သုံးခု ဆက်တိုက် ဆင့်ပွားတယ်။”
လွန်ခဲ့တဲ့ ၁၅ရက် အတွင်းမှာ ဖန်ကျန်းရှီက ယင်ယန် ခန်းမကို မလာခင် ကြိုပြင်ဆင်ခဲ့တယ်။ တာအိုတွေ အများကြီးက ပေါင်းစည်းသလို ဓားပညာတွေလည်း ပေါင်းစည်းနိုင်တာလား။ ဒီနည်းလမ်းကို စဉ်းစားမိပြီးတော့ အကောင်အထည် ဖော်ခဲ့တယ်။ အခုတော့ နဂါးသတ် ဓားချက်က လုံးဝကို ကွာခြားနေပြီ။ ဓားချက် တစ်ချက်က ဓားသိန်းသန်းချီကို ပြောင်းနိုင်တယ်။
“ဝုန်း။” ဖြူမည်းဓားကျိုးက လေထဲမှာ လွင့်သွားတယ်။ လူကြီးလည်း တပည့်သားတွေဆီကို လွင့်ထွက် သွားပြီးတော့ သွေးအန်တော့တယ်။
တပည့်သားတွေ မျက်လုံးပြူးကုန်တယ်။ အပြာရောင် ဝတ်ရုံ ဝတ်ထားတဲ့ လူကို ကြည့်ရင်း သူတို့ ကျောရိုးထဲမှာ စိမ့်ချမ်းလာတယ်။ ဖန်ကျန်းရှီက သုခမိန် ငါးယောက်ကို သတ်ခဲ့တာ လူတိုင်းသိတယ်။ ယင်ယန် ခန်းမက အကြီးအကဲ ရှီဖုန်းလည်း သူ့လက်ထဲမှာ သေခဲ့ရတယ်။ ဒါပေမယ့် ကြားဖူးတာနဲ့ ကိုယ်တိုင် မြင်ရတာက လုံးဝကို ကွာခြားတယ်။
“အဋ္ဌမ အကြီးအကဲ။”
“သူဘယ်လိုများ ဓားချက် တစ်ချက်တည်းနဲ့ အနိုင်ယူ လိုက်တာလဲ။”
“သူက မိစ္ဆာလား။”
တပည့်သားတွေ မယုံနိုင်ပေမယ့် အမှန်တရားကတော့ မျက်စိ ရှေ့မှာပဲ။ ဖန်ကျန်းရှီရဲ့ အင်အားက သူတို့ ထင်ထားတာထက် ကျော်လွန်နေတယ်။ ဒီအချိန်မှာပဲ ဆေးပင် ထောင်ချီ ခန်းမ ထဲကနေ လူတစ်ယောက် ထွက်လာတယ်။ သူက လျှပ်စီးလက်သလို မြန်ဆန်တနယ်။
အခုချိန်မှပဲ ကောင်းကင်တာအို တောင်ခြေက တိုက်ပွဲ အပြီးမှာ ဖန်ကျန်းရှီ နာမည်ကြီး လာတာကို သူတို့ နားလည် ရတော့တယ်။ အရှက်မရှိတဲ့ကောင်။ အမှန်ပဲ။ ဖန်ကျန်းရှီက တကယ် အရှက်မရှိဘူး။ ဒါ့အပြင် အရမ်း အင်အားကြီးလွန်းနေတယ်။ အထိန်းအကွပ်မဲ့ စိတ်ဓာတ်နဲ့ ကြောက်စရာ အင်အားတွေ ရှိတဲ့ လူတစ်ယောက်ကို ဘယ်လို ကြောက်ရမယ်မှန်း အခုမှ နားလည် ကြတော့တယ်။
“သူ့နောက်ကိုလိုက်။”
“မလွတ်စေနဲ့။”
“သူ့ကိုတားကြ။”
အကြီးအကဲတွေ ဖန်ကျန်းရှီ ခန်းမထဲက မထွက်နိုင်အောင် တားကြတယ်။
“ငါ့လမ်းကို ပိတ်တဲ့လူတိုင်းကို သတ်မယ်။” ဖန်ကျန်းရှီ ထွက်ပေါက်နဲ့ နီးနေပြီ။ နောက်ထပ် လမ်းပိတ်တာ မခံနိုင်တော့ဘူး။ ဖန်ကျန်းရှီ တံခါးနားက တပည့် တစ်ယောက်ရဲ့ ခေါင်းပေါ်ကို တက်နင်းပြီးတော့ အပြင်ကို ထွက်တယ်။
အပြင်မှာ နေထွက်နေပြီ။ အရမ်း မပူပေမယ့် နေရောင်က တလက်လက် တောက်ပနေတယ်။ နေမင်းကြီး အပြင် လူတအုပ်ကြီးကိုလည်း တွေ့ရတယ်။
“ဘာဖြစ်လို့ ဒီလောက်တောင် လူများ နေတာလဲ။” ဖန်ကျန်းရှီ မကြောက်ဘူး။ ဒါပေမယ့် ယင်ယန် ခန်းမ တစ်ခုလုံးကို တစ်ယောက်တည်း တိုက်ခိုက်လို့ မရမှန်းတော့ သူသိတယ်။
“အဲ့တာ ဆရာပဲ။”
“ဆရာ့ကို သူဖမ်းလာတယ်ပေါ့။ နောက်ပြီး ဆေးပင်ထောင်ချီ ခန်းမကနေ ထွက်လာနိုင်တယ်။”
အပြင်ဘက်က တပည့်သားတွေ အတွက်တော့ ဒါက အိပ်မက်ဆိုး တစ်ခုပဲ။
ငါ့လမ်းက ဖယ်။”
“ဖန်ကျန်းရှီ မင်းဘယ်ကိုမှ မပြေးရဘူး။” လူနှစ်ယောက် ဖန်ကျန်းရှီကို တိုက်ခိုက်တယ်။
“ဝုန်း။” မြေပြင်ပေါ်မှာ အက်ကွဲကြောင်း ပေါ်လာ ပြီးတဲ့နောက် မိုးပြာရောင် အလင်းတန်းက လူအုပ်ထဲကို ရောက်လာတယ်။
“အဲ့တာ ကောင်းကင် တာအိုလား။”
“သူ ပဉ္စမနဲ့ ဆဋ္ဌမ အကြီးအကဲ နှစ်ယောက်လုံးကို လှည့်စားလိုက်တယ်။”
“ဒီကောင်စုတ်လေး ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိသေးပေလို့။ သုခမိန် အဆင့်သာ ရောက်သွားရင်၊ သူ့ကို နိုင်နိုင်မယ့်သူ ရှိအုန်းမလား။”
ပြန်လည် မွေးဖွားမှု ဆင့် လူငယ်လေး တစ်ယောက်က ယင်ယန်ခန်းမထဲကို ခိုးဝင်ပြီးတော့ ဆေးပင်ထောင်ချီ ခန်းမထဲက တောက်ဟွမ်ကို ဖမ်းဆီးတယ်။ အဲ့ဒီ့နောက် တပည့်သား ထောင်ချီဝန်းရံ ထားတာကို အပြင်ရအောင် ထွက်လာနိုင်တယ်။
ဒီတိုက်ပွဲ တစ်ခုတည်းနဲ့တင် ဖန်ကျန်းရှီရဲ့ ဂုဏ်သတင်းကို ပြောင်းလဲ နိုင်နေပြီ။ သူသေရင်တောင် ဘယ်သူမှ သူ့ကို လျှော့မတွက်ဝံ့ဘူး။ သူသေရင်တောင်၊ သူ့ရဲ့ အောင်မြင်မှုကို မြင့်မြတ် နယ်မြေမှာ ကျော်ဖြတ်နိုင်သူ ရှိမှာ မဟုတ်ဘူး။ တကယ့်ကို တုန်လှုပ်နိုင်စေတဲ့ လူပဲ။
“ဖန်ကျန်းရှီ မင်းက ယင်ယန်ခန်းမမှာ ရောက်နေတာ မင်းဘယ်ကိုမှ ပြေးလို့ မရဘူး။ ဆေးပင်ထောင်ချီ ခန်းမက ထွက်လာ နိုင်ပေမယ့်၊ ယင်ယန် ခန်းမကနေတော့ ထွက်မသွားနိုင်ဘူး။ အခုချက်ခြင်း အညံ့ခံ။” ပဉ္စမ အကြီးအကဲ အမုန်းတရား အပြည့်နဲ့ ဒေါသတကြီး အော်ဟစ်နေတယ်။ ဒါပေမယ့် သူ့နှလုံးသားထဲမှာလည်း ကြောက်စိတ် အပြည့်။
အပိုင်း (၇၅၄) ပြီး၏။
အပိုင်း (၇၅၅)
“ဖန်ကျန်းရှီရဲ့ အားကုန် တိုက်ခိုက်မှု။”
လူတိုင်းက ပဉ္စမ အကြီးအကဲလိုပဲ ကြောက်နေကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီက သူတို့ ထင်ထားတာထက် ပိုပြီးတော့ သန်မာတယ်လေ။
ဖန်ကျန်းရှီက နေမင်းကြီးကို မော့ကြည့်တယ်။ အပြာရောင် ကောင်းကင်က မိုးသောက်ချိန် ရောင်နီကြောင့် နီရဲနေတယ်။ သွေးစွန်းနေတဲ့ ယင်ယန် ခန်းမကြီးလိုပဲ။
ခြေရာမဲ့ဓားကတော့ ခပ်တိုးတိုး အသံနဲ့ အော်မြည် နေခဲ့တယ်။ ခရမ်းရောင် အလင်းတန်းတွေကတော့ ဓားမှာ လှည့်ပတ် စီးဆင်းရင်းနဲ့ ကြောက်စရာ ပုံစံ ထွက်ပေါ်နေတယ်။
ဖန်ကျန်းရှီသာ ရန်ရွှယ့်ကို ကယ်ဖို့ မဟုတ်ရင် လက်လျှော့ မိမှာပဲ။ အခုတော့ ယင်ယန် ခန်းမကနေ တောက်ဟွမ်ကို ခေါ်သွားဖို့ လိုနေခဲ့တယ်။
အရမ်းကို ခက်ခဲလွန်းတယ်။ ဒါပေမယ့် သူကြိုးစား ကြည့်ချင်သေးတယ်။ တောက်ဟွမ်ရဲ့ ခန္ဒာကိုယ်ကို ထိန်းလိုက်ပြီးနောက် သူပြုံးလိုက်တယ်။ ဒီအချိန်မှာ မပြုံးသင့်မှန်း သိပေမယ့် သူကတော့ တောက်တောက်ပပကြီး ပြုံးနေခဲ့တယ်။
“လာကြစမ်းပါ။ ယင်ယန် ခန်းမ ငါ့ကို ဘယ်လို တားမလဲ သိချင်လို့။” စိတ်ဆုံးဖြတ် ထားတဲ့ ပုံစံနဲ့ ခြေရာမဲ့ဓားကို ဖန်ကျန်းရှီ ဝေ့ယမ်းလိုက်တယ်။ လူတိုင်းက သူ့စကားသံကို ကြားတော့ သက်ပြင်းချမိ ကြတယ်။
“ငါတို့တွေ သူ့ကို ဘယ်လို တားရမလဲ။”
“ဒီကောင်စုတ်က ကိုယ့်ကိုယ်ကို အထင်ကြီး နေတာပဲ။”
“ယင်ယန် ခန်းမကြီး တစ်ခုလုံးကို ဆန့်ကျင်ပြီးတော့ သူထွက်ပြေး နိုင်မယ် ထင်နေတာလား။” ယင်ယန် ခန်းမ တပည့်သားတွေ ဖန်ကျန်းရှီကို မယုံမကြည် ကြည့်နေခဲ့တယ်။
လက်ရှိ အခြေအနေမှာ ဖန်ကျန်းရှီ ဘယ်လောက်ပဲ သန်မာပါစေ ထွက်ပြေး နိုင်မှာ မဟုတ်ဘူး။
ဖန်ကျန်းရှီ နည်းနည်းလေးမှ မကြောက်တာကို သူတို့ ခံစားမိတယ်။ အတော့်ကို စိတ်အေး လက်အေး ဖြစ်နေတဲ့ ပုံစံပဲ။ လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေပင်မယ့် ဘယ်သူမှ မလှုပ်ရှားကြဘူး။ အဲ့ဒီ့နောက် အဖြူအမည်း ဝတ်ထားတဲ့ အကြီးအကဲ တစ်ယောက် လူအုပ်ထဲက ထွက်လာပြီးတော့ ပြောတယ်။
“မင်းက ကိုယ့်သေတွင်း ကိုယ်တူး ချင်မှတော့ ငါမင်းရဲ့ ပြိုင်ဘက် ဖြစ်ပေးမယ်။”
“အဲ့တာ စတုတ္ထ အကြီးအကဲပဲ။”
“စတုတ္ထ အကြီးအကဲ မတိုက်ခိုက်တာ အချိန် အတော်ကြာနေပြီ။”
“အမှန်ပဲ။ စတုတ္ထ အကြီးအကဲက သူ့ကို အနိုင်ယူနိုင်မယ်လို့ ငါထင်တယ်။”
အကြီးအကဲကို မြင်တော့ သူတို့ စိတ်ထဲမှာ မယုံမရဲ ဖြစ်နေကြပေမယ့် စိတ်ထဲမှာ ခပ်မြန်မြန်ပဲ ငြင်းပယ်လိုက်တယ်။ ဒါက ယင်ယန် ခန်းမရဲ့ အကြီးအကဲပဲလေ။
“နံပါတ်လေး ခဏစောင့်။” မျက်နှာမှာ အမာရွတ်နဲ့ ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာတယ်။ လေတိုက်ရင်တောင် လွင့်ထွက်သွားမယ့် ပုံစံ ဖြစ်နေပင်မယ့်၊ မျက်နှာ အမူအယာကတော့ တည်ကြည်လွန်းတယ်။
ဒီအကြီးအကဲကို မြင်တော့ တပည့်သားတွေ အားလုံး အသံ တစ်သံတောင် မထွက်ဝံ့ ကြတော့ဘူး။ ဒါက ယင်ယန် ခန်းမရဲ့ မဟာ အကြီးအကဲ မော့ယွီ။ သူ့ရဲ့ အင်အားနဲ့ အာဏာက တောက်ဟွမ်ပြီးရင် ဒုတိယပဲ။ အရေးကြီး ကိစ္စတွေမှာ တောက်ဟွမ်ထက် သူ့ဆုံးဖြတ်ချက်က ပိုအရေးပါတယ်။
“အကိုကြီး ဘာဖြစ်လို့လဲ။” စတုတ္ထ အကြီးအကဲ မေးတယ်။
“မင်းက အမြဲတမ်း သတိလက်လွတ်နဲ့။ နံပါတ်သုံး။ မင်းနံပါတ်လေးကို ကူညီ။”
“ကောင်းပါပြီ။” တတိယ အကြီးအကဲ ရှေ့ထွက်လာတယ်။
“အကိုတို့။ ဒီကလေးက နံပါတ်ရှစ်ကိုတောင် တစ်ချက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်တယ်။ သတိထားကြ။ တကယ်တော့ နံပါတ်ခြောက်နဲ့ ကျွန်တော်လည်း အတူတူ ဝင်သင့်တယ် ထင်တာ၊” ပဉ္စမ အကြီးအကဲရဲ့ အသံ ထွက်ပေါ်လာတယ်။
“ဒီ ပြန်လည်မွေးဖွားမှု အဆင့် ကလေးကို ဒီလောက်တောင် ကြောက်နေရလား။ နံပါတ်ငါး။ ဒီလောက်လေးများ ငါ့ကိုသာ အပ်ထားလိုက်။ ငါတစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်။” စတုတ္ထ အကြီးအကဲ ပဉ္စမ အကြီးအကဲကို နှောက်ယှက်တယ်။
“နံပါတ်လေး။ တစ်ယောက်တည်းတော့ မတိုက်ခိုက်နဲ့။ ဒီကလေးက အရမ်း ဉာဏ်များတယ်။ ခန်းမ ခေါင်းဆောင်တောင် သူ့လက်ထဲ ရောက်နေပြီ။ အကိုကြီး စကားကို နားထောင်။ သူ့ကို အတူတူ တိုက်ခိုက်မယ်။” တတိယ အကြီးအကဲ ပြောတယ်။
“ကောင်းပြီလေ။ အတူတူ တိုက်ခိုက်ကြစို့။” အပြာရောင် ဓားနှစ်လက် သူ့လက်ထဲမှာ ပေါ်လာတယ်။
“နေပါအုန်း။” ဖန်ကျန်းရှီ ဒီအချိန်မှာ ဝင်ပြောတယ်။
“အညံ့ခံဖို့ နောက်ကျသွားပြီ။ နောက်ဆုံး စကားကို ချန်ထားရစ်တော့။”
“အညံ့ခံရမယ် ဟုတ်စ။” ဖန်ကျန်းရှီ ပြုံးပြရင်း ဆက်ပြောတယ်။ “တကယ်က တစ်ခွန်း မေးမလို့။ နှစ်ယောက်တည်းနဲ့ ငါ့ကို တိုက်ခိုက်နိုင်မှာ သေချာရဲ့လား။”
“ကိုယ့်ကိုယ်ကို အထင်ကြီးနေလိုက်တာ။” စတုတ္ထ အကြီးအကဲ ဖန်ကျန်းရှီကို ဝင်တိုက်တယ်။ တတိယ အကြီးအကဲလည်း ဓားကောက် တစ်လက်ကို ထုတ်ရင်းနဲ့ တိုက်ခိုက်တယ်။
ယင်ယန်ခန်းမက ပြန်လည် မွေးဖွားမှု အဆင့် ရန်သူ တစ်ယောက်ကို တိုက်ခိုက်ဖို့ အတွက် အကြီးအကဲ နှစ်ယောက်ကို လွှတ်ရတယ်။ ဒါပေမယ့် ဘယ်တပည့်သားမှ အခုချိန်မှာ စကား တစ်ခွန်းတောင် မထွက်ဝံ့ဘူး။
အကြီးအကဲ တစ်ယောက်တည်းက ဖန်ကျန်းရှီကို မကိုင်တွယ်နိုင်တာ သူတို့ သိနေတယ်လေ။
အကြီးအကဲ နှစ်ယောက် မျက်တောင် တစ်ခတ် အတွင်းမှာပဲ ဖန်ကျန်းရှီ အနားကို ရောက်လာတယ်။ ဓားနှစ်လက်နဲ့ ဓားကောက် တစ်ချောင်းက ကောင်းကောင်း ပူးတွဲ တိုက်ခိုက် နေကြတယ်။ ဒါ့အပြင် သူတို့ လက်နက်တွေက ဖန်ကျန်းရှီကို သေစေနိုင်မယ့် နေရာတွေကိုပဲ ဦးတည်ထားတယ်။ အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။ ဖန်ကျန်းရှီက ထွက်ပြေး သွားပြီ။ တပည့်သားတွေ ကြားထဲကို ဝင်ပြေးတယ်။
“…”
“…”
အကြီးအကဲ နှစ်ယောက်နဲ့ တပည့်သားတွေ မျက်လုံးပြူး နေခဲ့တယ်။ ဖန်ကျန်းရှီ ခုနကပဲ မာန်မာန ထောင်လွှားနေတာ မဟုတ်လား။ ကြောက်နေတဲ့ ပုံစံ ပြရင်တောင် ဒါမျိုး ဖြစ်တာကို လက်ခံ နိုင်သေးတယ်။ ဒီကောင်ဘာတွေ လုပ်နေတာလဲ။
ဖန်ကျန်းရှီကတော့ တပည့်သားတွေ ကြားထဲကို ပြေးဝင်ပြီးတော့ သူ့ရဲ့ ခြေရာမဲ့ဓားကို ခုတ်ချလိုက်တယ်။ ခရမ်းရောင် ဓားအလင်းတန်းက အနီရောင် အလင်းတန်းနဲ့ အတူ ထွက်ပေါ်လာတယ်။ နဂါး ဟိန်းသံကြီးက ကောင်းကင်ကို ထိုးတက်တော့တယ်။
“ဝုန်း။” သူ့ဓား ကျလာတယ်။ လူအုပ်ကြီးကို ဓားနဲ့ ခွင်းပြီးတော့ သူ့လမ်းသူ ဖောက်သွားတယ်။ တပည့်နှစ်ယောက်ကတော့ လဲကျ သွားပင်မယ့် သေတော့ မသေကြဘူး။ ဒဏ်ရာသာ ပြင်းပြင်းထန်ထန် ရကြတယ်။
“မင်းပြေးလို့ မလွတ်ပါဘူး။” စတုတ္ထ အကြီးအကဲ နောက်ဆုံးတော့ တုံ့ပြန်ပြီ။ ဖန်ကျန်းရှီ ဖန်တီးထားတဲ့ လမ်းကို သူရောက်လာတယ်။
“နံပါတ်လေး သတိထား။” မော့ယွီ သတိပေးပင်မယ့် နောက်ကျလွန်း သွားခဲ့ပြီ။ စတုတ္ထ အကြီးအကဲက ဖန်ကျန်းရှီ ရှေ့ကို ရောက်နေခဲ့ပြီ။ ဖန်ကျန်းရှီကတော့ တစ်ချက် ပြုံးလိုက်တယ်။
“ဝုန်း။” စတုတ္ထ အကြီးအကဲ သူ့ရှေ့ကို ရောက်တာနဲ့၊ မြေပြင် တစ်ခုလုံးက အောက်ကို နိမ့်ဆင်းသွားတယ်။ ကြီးမားတဲ့ သဏ္ဍာန်ကြီး တစ်ခုက အကြီးအကဲကို ဖုံးအုပ် သွားတော့တယ်။ မီးတောက် အနက် ရှစ်ခုက လေထဲမှာ ပေါ်လာခဲ့တယ်။ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ ကြီးမားတဲ့ လေထဲက ပုံရိပ်ကြီး စတုတ္ထ အကြီးအကဲရဲ့ ခန္ဒာကိုယ် တစ်ခုလုံးကို ဖုံးအုပ်တယ်။
“ဟမ့်။ ငရဲ တာအို။” စတုတ္ထ အကြီးအကဲ ဒါကို မှတ်မိပေမယ့်၊ ဒါမျိုးကိုတော့ ကိုယ်တိုင် မကြုံဖူးခဲ့ဘူး။ အခုတော့ အရေး မကြီးတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ မမြင်ရတဲ့ အင်အားတွေက သူ့ကို အပေါ်အောက် နှစ်ခုလုံး ဆွဲငင် နေခဲ့တယ်။ မမြင်ရတဲ့ အင်အားတွေက သူ့ကို ဖိနှိပ် နေကြတာ တောင်တွေ ဖိထားတဲ့ အတိုင်းပဲ။
စတုတ္ထ အကြီးအကဲရဲ့ အမူအယာကတော့ ချက်ခြင်း ပြောင်းသွားတယ်။ နောက်အချိန် အတွင်းမှာပဲ သူ့မျက်နှာ မည်းမှောင် သွားတော့တယ်။ ဖန်ကျန်းရှီရဲ့ ဓားက သူ့မျက်နှာနားကို ရောက်လာနေပြီ။ သူအဖြစ် ဆိုးတော့မှာကို နားလည်နေတယ်။
အခုချိန်မှာ ဖန်ကျန်းရှီကို မီးတွေ တောက်လောင်နေတဲ့ သံချပ်ကာက ကာကွယ် ထားပြီးပြီ။ သွေးနီရောင် အလင်းတန်းကလည်း ခန္ဒာကိုယ်မှာ လှည့်ပတ်နေတယ်။
အရေးအကြီးဆုံးကတော့ သူ့မျက်လုံးတွေပဲ။ မျက်လုံးတွေက ထွင်ေးဖာက် မြင်ရအောင် ကြည်လင်နေတယ်။ ဒါ့အပြင် သူ့မျက်လုံးထဲမှာ စက်ဝိုင်း တစ်ခုကလည်း လှည့်ပတ် နေသေးတယ်။ အလင်းရောင် ၄ခုက ဒီစက်ဝန်းမှာ တောက်ပနေတယ်။ အနီးကပ် မြင်ရရင် တကယ့်ကို ကြောက်စရာ ကောင်းတယ်။ ဒါပေမယ့် စတုတ္ထ အကြီးအကဲကတော့ ဒီမျက်ဝန်းတွေရဲ့ အကြည့်ကြောင့်၊ ကျောရိုး တစ်ခုလုံး စိမ့်ချမ်း သွားခဲ့တယ်။
“မဖြစ်ဘူး။” စတုတ္ထ အကြီးအကဲ ဒေါသတကြီး အော်ရင်း သူ့ဓား နှစ်လက်နဲ့ ရင်ဘတ်ကို ကာကွယ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ဓားက သူထင်ထားတာ ထက်ကို ပိုပြီးတော့ မြန်ဆန်နေတယ်။
“ရွှမ်း။” သွေးတွေက လေထဲကို ပန်းထွက်တယ်။ လက်မောင်း တစ်ဖက်လုံး ပြုတ်ထွက် သွားတယ်။
“အား။” စတုတ္ထ အကြီးအကဲရဲ့ နာနာကျင်ကျင် အော်သံ ထွက်ပေါ်လာတယ်။ သူ့မျက်နှာကတော့ စာရွက်ဖြူလို ဖြူဖျော့ နေခဲ့ပြီ။
“နံပါတ်လေး။” တတိယ အကြီးအကဲက ဖန်ကျန်းရှီရဲ့ နောက်ကို ရောက်နေပြီ။ သွေးတွေကို မျက်မြင် တွေ့ရပေမယ့် ဖန်ကျန်းရှီရဲ့ တိုက်ကွက် တစ်ကွက်ကြောင့် စတုတ္ထ အကြီးအကဲ ဒဏ်ရာရ သွားတာကို မယုံနိုင်သေးဘူး။ သူလန့်နေတယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းထားခဲ့တယ်။ စတုတ္ထ အကြီးအကဲက ဒဏ်ရာရ ပေမယ့် သေစေနိုင်တဲ့ ဒဏ်ရာ မဟုတ်ဘူး။ သူတို့တွေ အရမ်း ကံကောင်းတယ်။ ဖန်ကျန်းရှီ နောက်ကို အခု ရောက်နေတဲ့ အချိန်မှာ ရအောင် တိုက်ခိုက်ရမယ်။
သူ့ဓားနဲ့ ဖန်ကျန်းရှီရဲ့ နှလုံးသားကို ထိုးစိုက်လိုက်တယ်။ အရမ်းကို မြန်ဆန်တယ်။ ဖန်ကျန်းရှီ နောက်ဘက်က တိုက်ခိုက်မှုကို မရှောင်နိုင်ဘူးဆိုတာ ယုံကြည်ချက် အပြည့်ရှိတယ်။ တကယ်ပဲ ဖန်ကျန်းရှီက အကြီးအကဲရဲ့ တိုက်ခိုက်မှုကို မခုခံ ခဲ့ဘူး။ တတိယ အကြီးအကဲကိုလည်း သတိ ထားမိတဲ့ ပုံစံ မရှိဘူး။
ဒါပေမယ့် တောက်ဟွမ်ကတော့ သူ့ပုခုံးပေါ်ကနေ ရုတ်တရက် လျောကျသွားတယ်။ ဖန်ကျန်းရှီက သူ့ကို ကောင်းကောင်း မသယ်ထားခဲ့တဲ့ အတိုင်းပဲ။ ကံမကောင်းစွာပဲ သတိလစ်နေတဲ့ တောက်ဟွမ်က တတိယ အကြီးအကဲရဲ့ ဓားနဲ့ ဖန်ကျန်းရှီရဲ့ နှလုံးသားကြားကို ရောက်လာခဲ့တယ်။
“ဘာ။” တတိယ အကြီးအကဲ သူ့ဓားကို ချက်ခြင်း ရပ်တန့် လိုက်တယ်။ ဒီလို ရုတ်တရက် လုပ်ရပ်က သူ့ရဲ့ အတွင်းပိုင်း ချီတွေနဲ့ သွေးတွေကို ဗြောင်းဆန် သွားစေတယ်။ တိုက်ခိုက်ရတာ လွယ်ပေမယ့် ရပ်တန့် ရတာတော့ ခက်ခဲတယ်။
အရေးကြီးတဲ့ အချိန်မှာမှ ဖန်ကျန်းရှီက နောက်လှည့်ကြည့်တယ်။ တတိယ အကြီးအကဲလည်း အရောင် လေးရောင် တောက်နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတယ်။ အခုချိန်မှပဲ ဖန်ကျန်းရှီ တောက်ဟွမ်ကို ဘာဖြစ်လို့ ပုခုံးပေါ် ချီလာမှန်း နားလည်တော့တယ်။ အရှက်မရှိတဲ့ ကောင်ကို သူအော်ဆူချင်တယ်။ ဒါပေမယ့် စကား တစ်ခွန်းမှ ထွက်မလာခဲ့ဘူး။
ဖန်ကျန်းရှီကို စကားနဲ့ ပြောတာ အသုံးမဝင်မှန်း သူသိတယ်။ စစ်ဘက်ရေးရာက မိသားစုဝင် တစ်ယောက် အနေနဲ့ ရန်သူကို တိုက်ခိုက်တဲ့ အချိန် သုံးရမယ့် တိုက်ပွဲ နည်းဗျူဟာတွေကို သူကောင်းကောင်း သိတယ်။ စစ်ပွဲ တစ်ခုမှာ အရေးကြီးတာက ရလဒ်ပဲ။
“အနိုင်ရတဲ့သူက အားလုံးကို ယူသွားလိမ့်မယ်။ ရှုံးနိမ့် သူကတော့ အားလုံးကို ဆုံးရှုံးမယ်။”
အခုချိန်မှာ တတိယ အကြီးအကဲက အရှုံးသမား ဖြစ်နေခဲ့ပြီ။
ဒါကြောင့် သူ့ရဲ့ ခြေထောက်တွေကို ပေးဆပ်လိုက်ရတယ်။ ခရမ်းနီရောင် တောက်နေတဲ့ ဓားကို သူမရပ်တန့် နိုင်ခဲ့ဘူး။ ဒီဓားက ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်တယ်။
သူ့သွေးတွေက လေထဲမှာ ပန်းတွေ ပွင့်သလို ဖြာထွက်လာတယ်။ တတိယ အကြီးအကဲလည်း အင်အားကြီး တစ်ခုကြောင့် လွင့်ထွက် သွားပြီးတော့ မြေပြင်နဲ့ ဆောင့်မိတယ်။ နောက်ထပ် ထမရပ် နိုင်တော့ဘူး။
ဘာကြောင့်လဲ ဆိုတော့ သူ့ခြေထောက် နှစ်ဖက်လုံး ဆုံးရှုံး သွားခဲ့ပြီလေ။ သူ့ခန္ဒာကိုယ် မြေပြင်ပေါ် ကျတဲ့ အချိန်မှာ သွေးမအန်ခင် အသံ တစ်သံကို ကြားလိုက်ရတယ်။
“နောက်ထပ် ထပ်လာကြစမ်း။ နှစ်ယောက်နဲ့ လူမလောက်ဘူးလို့ ငါပြောသားပဲ။”
အပိုင်း (၇၅၅) ပြီး၏။
အပိုင်း( ၇၅၆)
“မဟာ အကြီးအကဲရဲ့ အဆုံးမဲ့ ပင်လယ် နယ်မြေ။”
“နှစ်ယောက်က မလုံလောက်။ ဖူး။” တတိယ အကြီးအကဲ အန်ချလိုက်တဲ့ သွေးတွေက မြေပြင် တစ်ခုလုံးကို နီရဲ သွားစေခဲ့တယ်။ အပ်ကျသံ မကြားရတဲ့ အထိ တိတ်ဆိတ် သွားခဲ့တယ်။ လူတိုင်းက မျက်လုံးပြူးပြီး ကြက်သေသေနေကြတယ်။ ဘယ်သူကမှ ဒီလို အဖြစ်မျိုး ဖြစ်လာမယ်လို့ မထင်ထား မိဘူး။ တကယ်တော့ အများစုက ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူးလေ။ ရလဒ်ကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီ။
စတုတ္ထ အကြီးအကဲရဲ့ လက်မောင်း အပါအဝင် ပုခုံး တစ်ဖက်လုံးက ခုတ်ဖြတ် ခံလိုက်ရ ပြီးပြီ။ တတိယ အကြီးအကဲရဲ့ ခြေထောက်တွေလိုပဲ။ မြင်နေရတာတင် ကြောက်စရာ ကောင်းလွန်းတယ်။ မျက်တောင် နှစ်ခတ်စာ အချိန်လေး အတွင်းမှာတင် ဒီလို ဖြစ်သွားတာ။ မြန်လွန်းလို့ တပည့်သားတွေ မတုံ့ပြန် နိုင်ခဲ့ဘူး။
စိတ်ထဲမှာ ခံစား နေရတဲ့ မမြင်ရတဲ့ ဖိအားတွေ ပြင်းထန် လွန်းလို့ သူတို့တွေ အသက်ရှူဖို့တောင် မေ့လျော့ နေကြတယ်။ နှာခေါင်းဝကို တစ်ချက် တစ်ချက် ဝင်ရောက်လာတဲ့ သွေးနံ့ကလည်း အရိုးထိ စိမ့်ချမ်းအောင် လှုံ့ဆော် နေခဲ့တယ်။
“အဲ့တာ ဖန်ကျန်းရှီ လုပ်လိုက်တာလား။”
“ကောင်းကင် တာအို ခန်းမအောက်က တောင်မှာ သုခမိန် ငါးယောက်ကို သတ်ခဲ့တဲ့ ပြန်လည် မွေးဖွားမှု အဆင့်က ဖန်ကျန်းရှီ။”
“သူဘယ်လိုများ ဒီလောက်တောင် အင်အားကြီး ရတာလဲ။”
ယင်ယန် ခန်းမက တပည့်သားတွေ ပထမဆုံး အနေနဲ့ ပြန်လည် မွေးဖွားမှု အဆင့် လူတစ်ယောက်ကို အကြောက်ကြီး ကြောက်မိတာပဲ။
“နံပါတ်သုံးနဲ့ နံပါတ်လေး။” ဒေါသတကြီး အော်သံနဲ့ အတူ လူတစ်ယောက်က ဖန်ကျန်းရှီဆိကို ပြေးဝင်လာတယ်။ သူကတော့ ပဉ္စမ အကြီးအကဲနဲ့ ဆဋ္ဌမ အကြီးအကဲ။ ဓားကိုင်ထားတဲ့ သူတို့ နှစ်ယောက်လုံး ဖန်ကျန်းရှီဆီကို လျှပ်စီး လက်သလို ပြေးဝင် လာနေတယ်။ အကြီးအကဲ နှစ်ယောက်တင် မကသေးဘူး။ နောက်ထပ် လူတစ်ယောက်လည်း လူအုပ်ထဲကနေ ပြေးထွက် လာခဲ့တယ်။
“ဒုတိယ အကြီးအကဲလား။”
“အကြီးအကဲ သုံးယောက် ပေါင်းပြီးတော့ ဖန်ကျန်းရှီ တစ်ယောက်တည်းကို တိုက်ခိုက်မှာလား။”
အကြီးအကဲ သုံးယောက် ဒီလို ပူးပေါင်းပြီးတော့ တိုက်ခိုက်တာကို တပည့်သားတွေ တစ်ခါမှ မမြင်ဖူး သေးဘူး။ ရန်သူကတော့ ပြန်လည် မွေးဖွားမှု အဆင့် တစ်ယောက်လေ။
“ဝုန်း။” အင်အားကြီးတဲ့ လှိုင်းကြီး တစ်ခုကို သူတို့ ခံစား လိုက်ရတယ်။ ဒီအင်အားကြီးက သူသက်ရောက်တဲ့ နေရာတိုင်းကို တုန်ခါ သွားစေခဲ့တယ်။ လှိုင်းကြီး ပေါ်လာတာနဲ့ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်က ပုံရိပ်ကြီးလည်း တဖြည်းဖြည်း ပြိုကျတော့တယ်။
လေဟာနယ် တစ်ခုလုံး ပျက်စီး သွားသလိုပဲ။ အဓိက အချိန်မှာ အပြာရင့်ရောင် အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ ဆေးပင် ထောင်ချီ ခန်းမ ရှေ့ကွင်းပြင် တစ်ခုလုံးကို အလင်းတန်းတွေ ဖုံးလွှမ်း သွားတော့တယ်။ အချိန်တွေတောင် ရပ်တန့် သွားသလိုပဲ။ ဒါက သမုဒ္ဒရာကြီး။ ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာကြီး။
ကျယ်ပြန့်တဲ့ ပင်လယ်ပြာနဲ့ ရေလှိုင်း ဖြူဖြူတွေက တကယ့် အစစ်တွေ အတိုင်းပဲ။ တပည့်သားတွေ သူတို့ကိုယ် သူတို့ အဆုံးမဲ့ ပင်လယ်ပြင်ကြီးထဲ ရောက်နေသလို ခံစား နေကြတယ်။ လူအုပ်ထဲကနေ လေတိုက်ရင်တောင် လွင့်ထွက်တော့မယ့် ပုံစံနဲ့ ပိန်ပိန်ပါးပါး လူကြီး တစ်ယောက် ထွက်လာခဲ့တယ်။ ဒါပေမယ့် ဒီအဆုံးမဲ့ ပင်လယ်ပြင်ကြီးထဲကို ဝင်လာတဲ့ အချိန်မှာ ကျောက်ဆောင်ကြီး တစ်ခုလိုပဲ တည်ငြိမ်နေတယ်။ ယင်ယန် ခန်းမရဲ့ မဟာအကြီးအကဲ မော့ယွီ၊ တိုက်ပွဲထဲကို ဝင်လာခဲ့ပြီ။
ဒုတိယ၊ ပဉ္စမ၊ ဆဋ္ဌမ အကြီးအကဲတွေနဲ့ အတူတူ ဖန်ကျန်းရှီဆီကို လျှောက်လာတယ်။ တပည့်သားတွေကတော့ ပြင်းထန်တဲ့ လေထု ဖိအားကြောင့် ချွေးပျံ နေကြတယ်။ ပင်လယ် အောက်ခြေကို ဆွဲချ ခံနေရတဲ့ အတိုင်း မသက်မသာ ဖြစ်နေခဲ့တယ်။
“လေးယောက်လုံး တပြိုင်တည်း လာမှာလား။ လာစမ်းပါ။” ဖန်ကျန်းရှီ ခြေရာမဲ့ ဓားကို မြင့်မြင့် မြှောက်လိုက်တယ်။ သူက ပင်လယ်ကြီး အလယ်မှာ မျောပါနေတဲ့ သစ်ရွက်လေး တစ်ရွက်လိုပဲ။ ဒါပေမယ့် သူ့မျက်လုံး တွေကတော့ အရောင် လေးရောင်နဲ့ တောက်ပ နေခဲ့တယ်။ ဒီတိုက်ပွဲကြီး ဘယ်လောက်တောင် ကြမ်းတမ်းမလဲ ဆိုတာ သူသိနေတယ်။
ဒါပေမယ့် ဒါတွေကို ဂရု မစိုက်နိုင်ဘူး။ သူ့စိတ်သူ ပြင်ဆင် ထားပြီးပြီ။ ဒီတိုက်ပွဲကြီးကို နိုင်ရမယ်။ တောက်ဟွမ်ကို ခေါ်သွားရမယ်။ ယင်ယန် ခန်းမ တစ်ခုလုံးနဲ့ တိုက်ခိုက် ရရင်တောင် ဖြစ်အောင် လုပ်ရမယ်။ ဖန်ကျန်းရှီ ဟိန်းဟောက်လိုက်တယ်။ သူ့သံချပ်ကာပေါ်က အနက်ရောင် မီးတောက်တွေ ပိုပြီးတော့ အရှိန်ပြင်းပြင်း လောင်ကျွမ်းတယ်။
ပင်လယ်ပြင်ကြီး တစ်ခုလုံးက အဖြူရောင် ရေငွေ့တွေ ဖြစ်အောင် ပြောင်းလဲ နေခဲ့တယ်။ သူ့ရဲ့ အဆုံးမဲ့တဲ့ သတ်ဖြတ် လိုစိတ်တွေက ခြေထောက်အောက်မှာ ရေဝဲကြီး တစ်ခု ပုံစံ ပြောင်းလဲ ဖြစ်တည်တယ်။ ကြက်သွေးရောင် အလင်းတန်းက ရေဝဲကြီးကနေ ပေါ်ထွက် လာပြီးတော့ ခန္ဒာကိုယ် တစ်ခုလုံးကို လှည့်ပတ် နေခဲ့တယ်။
“အင် အင်အား ကြီးလိုက်တာ။”
“ဒီကောင် ရူးနေတာပဲ။ မဟာ အကြီးအကဲရဲ့ အဆုံးမဲ့ ပင်လယ် နယ်မြေကို ဇွတ်တိုးပြီး တိုက်ခိုက်နေတယ်။”
“သူ လူမှ ဟုတ်သေးရဲ့လား။ ဒါက မဟာ တာအို ခြောက်ခုရဲ့ စွမ်းအားလား။”
ယင်ယန် ခန်းမ တပည့်သားတွေ အဖြူရောင် ရေငွေ့တွေနဲ့ ဖန်ကျန်းရှီကို တအံ့တသြ စိုက်ကြည့် နေခဲ့တယ်။ အဆုံးမဲ့ ပင်လယ်ရဲ့ အစွန် အဖျားမှာ ရပ်နေတာတောင် ပြင်းထန်တဲ့ အင်အားတွေ ရိုက်ခတ်တာကို ခံစား နေရတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အလယ် တည့်တည့်မှာ ရပ်နေတာတောင် တစ်စက်လေးမှ မတုန်လှုပ်ဘူး။ သူ့အင်အားက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။
“သေဖို့ ပြင်ထားလိုက်။ အရှက်မရှိတဲ့ ခွေးသားလေး။”
“ဖန်ကျန်းရှီ မင်း ဒီနေ့ သေရမယ်။”
“သေစမ်း။”
အကြီးအကဲ သုံးယောက် လေထဲမှာ တပြိုင်နက်တည်း ခုန်လွှားကြတယ်။ တစ်ယောက်ချင်းစီတိုင်းကို ပင်လယ် ရေလှိုင်းတွေက ထောက်ပံ့ပေးနေတဲ့ အတွက် သူတို့ အရှိန်နှုန်းက ကြောက်စရာ ကောင်းလောက်အောင်ကို တက်လာခဲ့တယ်။ ဒါ့အပြင် ပင်လယ်ရေနဲ့ လှုပ်ထားတဲ့ အပြာရောင် သံချပ်ကာကလည်း သူတို့ကို ကာကွယ် ထားသေးတယ်။
“လဲသေလိုက်။” ဖန်ကျန်းရှီ ခြေရာမဲ့ဓားကို လှုပ်ရှားလိုက်တဲ့ အချိန်မှာပဲ ပင်လယ်လှိုင်းတွေက သူ့ကို တိုက်ခိုက်တယ်။ ခြေထောက်နဲ့ လက်တွေကို ပင်လယ်လှိုင်းက ချုပ်နှောင် လိုက်တာကြောင့် သူ့ရဲ့ လှုပ်ရှားမှုလည်း တစ်ခဏတာ ရပ်တန့် သွားခဲ့တယ်။
ဒီရပ်တန့် သွားတဲ့ တစ်ခဏက အကြီးအကဲတွေ သူ့အနားကို ကပ်လာစေဖို့ လုံလောက်တယ်။ ဓားနှစ်ချောင်းက သူ့နောက်ကျောကို ဦးတည် နေပြီးတော့ လက်ဝါး တစ်ချက်ကတော့ သူ့အရှေ့ကို တိုက်ခိုက်တယ်။ တိုက်ခိုက်မှုတွေက အရမ်းကို မြန်ဆန်တယ်။
“နဂါးရှစ်ဘုံ ကကြိုး။” အကြီးအကဲတွေရဲ့ ဓားက သူ့ခန္ဒာကိုယ်ကို ထိတော့မယ့် အချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က နေရာကနေ ရုတ်တရက် ပျောက်ကွယ် သွားတော့တယ်။
တစ်ချိန် တည်းမှာပဲ အကြီးအကဲ တစ်ယောက်ချင်းစီတိုင်းရဲ့ နောက်ဘက်မှာ ခရမ်းနီရောင် ဓားတွေကို ကိုင်ထားတဲ့ အရိပ်နှစ်ခုစီ ပေါ်လာတော့တယ်။
“ဝုန်း။”
“ဝုန်း။”
ဒါက ဆက်တိုက် တိုက်ခိုက်မှု တစ်ခုပဲ။ အဆုံးမဲ့ ပင်လယ်ရဲ့ လှိုင်းတွေ ကပြောင်းကပြန် ဖြစ်ကုန်တယ်။
“သူ ဘယ်လိုများ ရှောင်လိုက်တာလဲ။”
“အကြီးအကဲတွေကိုတောင် ပြန်တိုက်ခိုက် သေးတယ်။”
“ရူးချင်စရာ ကောင်းလိုက်တာ။”
တပည့်သားတွေ အရမ်းကို စိတ်ရှုပ်ထွေး နေကြတယ်။ မော့ယွီရဲ့ အထောက်အပံ့နဲ့ အတူ အကြီးအကဲ သုံးယောက်က ဖန်ကျန်းရှီကို တိုက်ခိုက် နေတာလေ။ ဒါတောင် သူက ခုန်ရှောင် နိုင်သေးတယ်။
“မဟုတ်ဘူး။ ဖန်ကျန်းရှီ ခုန်မရှောင်ဘူး။” လူတစ်ယောက် ပြောတယ်။
လူတိုင်းက အကြီးအကဲ သုံးယောက်ရဲ့ အလယ်ကို အာရုံ စိုက်ပြီးတော့ ကြည့်နေကြတယ်။ အဲ့ဒီ့ နေရာမှာ လူတစ်ယောက်ပဲ ရှိနေတယ်။ ဒါကတော့ ဖန်ကျန်းရှီ။
ရေလှိုင်းတွေက စပြီးတော့ အငွေ့ပျံနေတယ်။ ထိန်းချုပ် ထားတာကနေ လွတ်ထွက် သွားတော့မယ့် အတိုင်းပဲ။ ဒါပေမယ့် အကြီးအကဲ သုံးယောက်ကတော့ ဖန်ကျန်းရှီကို နောက်ထပ် အလွတ် မပေးနိုင်တော့ဘူး။ ပင်လယ်ရေ ထိန်းချုပ် ထားတဲ့ အချိန်မှာ ချက်ခြင်း တိုက်ခိုက်တော့တယ်။
“ချွမ်း။” ပဉ္စမ အကြီးအကဲရဲ့ ဓားက ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ထိုးစိုက်တယ်။ ဒါပေမယ့် မာဆတ်ဆတ် အသံ တစ်ခုကိုသာ ကြားလိုက်ရတယ်။ ပဉ္စမ အကြီးအကဲ အမူအယာ ပြောင်းသွားတယ်။ သူ့ဓားကို နောက်တစ်နေရာ ရွေ့ဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီ ပြန်တုံ့ပြန်တယ်။ သူ့ဓားကို လက်နဲ့ ဖမ်းဆွဲ လိုက်တယ်။ ဒီကြောက်စရာ မြင်ကွင်းက တပည့်သားတွေကို ခေါင်းနားပန်း ကြီးသွားစေခဲ့တယ်။
ဒီလို ပင်လယ်လှိုင်းတွေနဲ့ ချုပ်နှောင် ခံထားရတဲ့ အခြေအနေမှာတောင် ဖန်ကျန်းရှီက ပဉ္စမ အကြီးအကဲရဲ့ ဓားကို တားနိုင်သေးတယ်။ ဒါက တစ်ကြိမ်ပဲ။ ဆဋ္ဌမ အကြီးအကဲရဲ့ ဓားက သူ့ညာဘက် ရင်ဘတ်ကို ထိုးဖောက်တယ်။ ဒုတိယ အကြီးအကဲရဲ့ လက်ဝါးကလည်း သူ့ခန္ဒာကိုယ်ပေါ်ကို ကျရောက်လာတယ်။
“ဝုန်း။” လက်ဝါးက ဖန်ကျန်းရှီရဲ့ နဖူးကို ဥက္ကာပျံ တစ်ခုလို ဝင်တိုက်တယ်။ ဖန်ကျန်းရှီ ပင်လယ် ရေလှိုင်းထဲက လွင့်ထွက် သွားပြီးတော့ ကျောက်တုံး နံရံကြီးကို အရှိန်ပြင်းပြင်း ဝင်ဆောင့်တော့တယ်။ ဒါပေမယ့် ကျောက်တုံး နံရံ ကြီးကတော့ မအက်ကွဲဘူး။
“ဖူး။” ဖန်ကျန်းရှီ ပါးစပ် အပြည့် သွေးတွေကို အန်ထုတ်လိုက်တယ်။ သူ့ရဲ့ သံချပ်ကာတောင် နီရဲ သွားခဲ့တယ်။ သူ့ချီထားတဲ့ တောက်ဟွမ် တစ်ခဏတာ ပျောက်ကွယ် သွားတယ်။ သိပ်မကြာခင်ပဲ ဖန်ကျန်းရှီရဲ့ ပုခုံးပေါ်မှာ ပြန်ပေါ်လာခဲ့တယ်။
“ဒီကောင်စုတ်လေးမှာ ရတနာ ရှိနေတယ်။” ဆဋ္ဌမ အကြီးအကဲ အရင်ဆုံး သတိ ထားမိလိုက်တယ်။
“အဲ့တာ ရင်ဘတ်ကို ခံထားတဲ့ အပြားပဲ။” ပဉ္စမ အကြီးအကဲ ခေါင်းငြိမ့်တယ်။ ဒါကြောင့်သာ မဟုတ်ရင် ဖန်ကျန်းရှီ သေနေလောက်ပြီ။
“အဲ့တာကိုအရင်ဆုံး ဖယ်ရအောင်။” ဒုတိယ အကြီးအကဲ ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ကြည့်ရင်း ပြောတယ်။ ဖန်ကျန်းရှီရဲ့ အဝတ်ပြဲနေတဲ့ နေရာကနေ ငွေဖြူရောင် အလင်းတန်းကို မြင်နေရတယ်။
“ငါ ထင်သလောက် မသန်မာ သေးဘူးပဲ။” ဖန်ကျန်းရှီက ဆေးပင် ထောင်ချီ ခန်းမ နံရံကို မှီရင်း တွေးမိတယ်။ သူ့နှာခေါင်းကနေ သွေးတွေ စီးကျ ပြီးတော့ ပင်လယ်ပြင်ထဲကို စီးကျတယ်။ ဒီအချိန်မှာ အကြီးအကဲ သုံးယောက်နဲ့ အတူ မော့ယွီက သူ့ဆီကို လျှောက်လာနေတယ်။
ဖန်ကျန်းရှီ ဒီလို အခြေအနေမျိုး အခက်အခဲ ကြုံရတိုင်းမှာ ဖြေရှင်း နိုင်ခဲ့တာ ချည်းပဲ။ အခုချိန်မှာတော့ အကြောင်းရင်း တစ်ချို့ကြောင့် သူ့ကိုယ်သူ အသက်မရှင် နိုင်တော့ဘူးလို့ ထင်နေမိတယ်။ မဟာ အကြီးအကဲ မော့ယွီက သန်မာလွန်းတယ်။
အကြီးအကဲ သုံးယောက်ရဲ့ အရှိန်နှုန်းကလည်း အဆုံးမဲ့ ပင်လယ်ပြင်ကြောင့် တိုးလာခဲ့တယ်။ ဖန်ကျန်းရှီကတော့ အရှိန်နှုန်း သိသိသာသာကို လျော့ကျ နေတယ်။ အကြီးအကဲ သုံးယောက် မပြောနဲ့ တစ်ယောက်ကိုတောင် နိုင်အောင် မတိုက်နိုင်တဲ့ အခြေအနေပဲ။
“ဖန်ကျန်းရှီ ငါနားမလည်နိုင်တာ တစ်ခုရှိတယ်။ မင်းက ဒီလောက်တောင် အရှက်မရှိတဲ့သူ ဖြစ်ပေမယ့်၊ ဘာဖြစ်လို့ ခန်းမ ခေါင်းဆောင် အသက်နဲ့ ငါတို့ကို မခြိမ်းခြောက်တာလဲ။” မော့ယွီ ခပ်တိုးတိုး မေးတယ်။
သူ့အမေးနဲ့ အတူ နေရာ တစ်ခုလုံး တိတ်ဆိတ် သွားခဲ့တယ်။ လှိုင်းတွေ အသံကိုသာ ကြားနေရတယ်။ အကြီးအကဲ သုံးယောက်လည်း ရပ်တန့် နေကြတယ်။ ဖန်ကျန်းရှီကိုသာ သူတို့ အေးအေးဆေးဆေး စိုက်ကြည့် နေကြတယ်။ မဟာ အကြီးအကဲ ဖန်ကျန်းရှီ အကြောင်း သတိပေးတာကို တစ်ယောက်မှ ဂရု မစိုက်ကြတဲ့ ပုံစံပဲ။
ဖန်ကျန်းရှီကတော့ ဒီမေးခွန်းကို ကြားတဲ့ အချိန်မှာ တောက်တောက်ပပကြီး ပြုံးလိုက်တယ်။
“အဟွတ် ဟွတ်။” သွေးတွေ သူ့ပါးစပ်ကနေ စီးကျလာတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ သိသာနေပြီ။ ဒါပေမယ့် သူ့အမူအယာကတော့ စက်ဆုပ်ရွံ့ရှာနေတဲ့ ပုံစံပဲ။
အဲ့ဒီ့နောက် ဘာကိုမှ အမှုမထားတဲ့ အသံ တစ်သံကို ကြားလိုက်ရတယ်။
“ဓားစာခံ တစ်ယောက်နဲ့ ခြိမ်းခြောက်တာလား။ ဟဟား။ ကြည့်ရတာ အဲ့တာက ယင်ယန် ခန်းမရဲ့ အကျွမ်းကျင်ဆုံး အလုပ် ဖြစ်မယ့် ပုံစံပဲ။” ဖန်ကျန်းရှီရဲ့ အသံက တောင်တစ်ခွင်လုံးကို လွှမ်းခြုံ သွားခဲ့တယ်။
“မင်း ဘယ်လိုတောင် ပြောဝံ့တာလဲ။” ပဉ္စမ အကြီးအကဲရဲ့ အေးစက်စက် အသံ ထွက်ပေါ်လာတယ်။
“ငါပြောတာ မှားလို့လား။ အာ ဟုတ်သား။ ငါ့ကို သတ်ဖို့ တောင်စဉ် ကိုးသွယ်နဲ့ မင်းတို့ ယင်ယန် ခန်းမက လွှတ်လိုက်တဲ့ လူတွေ အားလုံး သေသွား ခဲ့ပြီပဲ။” ဖန်ကျန်းရှီ တစ်ခုခုကို အခုမှ သတိရတဲ့ အသံနဲ့ ပြောလိုက်တယ်။
အပိုင်း (၇၅၆) ပြီး၏။
အပိုင်း (၇၅၇)
“နဂါးရာချီ ဓားချက်။”
“ပါးစပ် ပိတ်ထားလိုက်။ ဒီလို ဖြစ်တာ မင်းအရှက်မရှိ တိုက်ခိုက်လို့ပဲ။ မဟုတ်ရင်၊ သုခမိန် ငါးယောက်ကို ဘယ်လို သတ်နိုင်မှာလဲ။” ပဉ္စမ အကြီးအကဲ ဒေါသတကြီးနဲ့ အော်ဟစ်တယ်။
“ငါက အရှက်မရှိ တိုက်ခိုက်လို့ ပြိုင်ဘက် ငါးယောက်ကို အနိုင်ရခဲ့တာပေါ့။ ဒီတော့ အရှက်မရှိတဲ့ ငါ့ကို မင်းတို့ လေးယောက်ကကော ငါ့ကို ပေါင်းပြီး တိုက်ခိုက်မှာပေါ့။” ဖန်ကျန်းရှီက လူအုပ်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်တယ်။
ဒါပေမယ့် အနိုင်ရတဲ့သူက အားလုံးကို ယူနိုင်တယ် ဆိုတဲ့ စည်းမျဉ်းကို သူသိတယ်။ အကယ်၍ သူသာ ဒီနေ့ တိုက်ပွဲကို ရှုံးနိမ့် သွား၇င် သူဘယ်လောက်ပဲ အရှက်မရှိပါစေ ကိစ္စ မရှိတော့ဘူး။ အနိုင်ရတဲ့သူက သမိုင်းကို ရေးတယ်။
တောက်ဟွမ်ရဲ့ ခန္ဒာကိုယ်က မလေးဘူး။ တကယ်တော့ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို မထိခိုက်နိုင်အောင် ပေါ့ပါးတယ်။ တကယ်တော့ သူ့ကို အဆ့ုးမဲ့ လောကထဲမှာ မထည့်ထားတာ ဒိုင်းလို သ့ုးချင်လို့ မဟုတ်ဘူး။ အဆုံးမဲ့ လောကက သူ့ရဲ့ စိတ်အာရုံနယ်မြေ နေရာမှာ အစားထိုးထားတဲ့ အရာ တစ်ခု ဖြစ်နေတယ်။
ဒါကြောင့် အရင်ကနဲ့ ကွာခြားတယ်။ အနည်းဆုံးတော့ သိမ်းစရာ နေရာ ရှိသေးပင်မယ့်၊ ပြင်ပ လောကလိုအရေးကြီးတဲ့ အရာတွေ မရှိတော့ဘူး။ လေလည်း မရှိတော့ဘူး။
အဆုံးမဲ့ လောကထဲမှာ လေမရှိတော့တာကြောင့် ဖန်ကျန်းရှီလည်း ခဏပဲ သိမ်းထားနိုင်တယ်။ အချိန် အကြာကြီး တောက်ဟွမ်ကို ထည့်ထားရင် အသက်အန္တရာယ် ရှိလိမ့်မယ်။တောက်ဟွမ်ရဲ့ အသက်နဲ့ ခြိမ်းခြောက် တာကတော့ ဖန်ကျန်းရှီ မလုပ်ချင်ဘူး။ ယွမ်ရုန်နဲ့ မဟူရာလမင်းကျွန်းက သုခမိန်တွေ ရန်ရွှယ်ကို ခြိမ်းခြောက် ခဲ့တဲ့ အခြေအနေကို ပြန်အမှတ်ရ မိတာကြောင့် ဒီလို မလုပ်ချင် တာပဲ။ နှလုံးသား တစ်ခုလုံး နာကျင်စေတဲ့ စိတ်ဒဏ်ရာက နက်နက်ရှိုင်းရှိုင်း ကျန်ရစ် နေသေးတယ်။
သူမလုပ်နိုင်တာကိုလည်း သူသိတယ်။ တကယ်တော့ မဟာ အကြီးအကဲရဲ့ အဆုံးမဲ့ ပင်လယ်ကို ကြုံလိုက် ရပြီးတည်းက ခြိမ်းခြောက်တာလည်း အသုံးမဝင် နိုင်တာကို သူနားလည်လိုက်တယ်။
ဒီလူသုံးယောက်နဲ့ ရင်ဆိုင် ရတဲ့ အချိန်မှာ သူ့အရှိန်နှုန်းကလည်း ဒီ့ထက် မမြန်နိုင်တော့ဘူး။ နောက်ပြီးတော့ မော့ယွီက အဆုံးမဲ့ ပင်လယ်ကို ထုတ်သုံးလိုက်ပေမယ့်၊ ဖန်ကျန်းရှိကို တိုက်ရိုက် မတိုက်ခိုက် ခဲ့သေးဘူး။ ထူးဆန်းနေတယ်။ ဖန်ကျန်းရှီနဲ့ မော့ယွီကြားမှာ စကားနဲ့ မဟုတ်ပဲ မမြင်ရတဲ့ စည်းမျဉ်းတွေ ရှိနေတဲ့ အတိုင်းပဲ။ ဖန်ကျန်းရှီသာ တောက်ဟွမ်ကို သုံးပြီးတော့ မခြိမ်းခြောက်ရင် မော့ယွီလည်း တိုက်ခိုက်မှာ မဟုတ်ဘူး။ ခုခံ ကာကွယ်တာပဲ လုပ်မယ်။
ဒီကိစ္စက မကောင်းဘူး။ ဖန်ကျန်းရှိက လောင်ချိုင့်ထဲ ပိတ်မိနေတဲ့ သားကောင် တစ်ကောင်လိုပဲ။ ဘယ်လောက်ပဲ အင်အား ကြီးပါစေ။ ဒီလောင်ချိုင့် ကြီးကိုတော့ မဖျက်စီးနိုင်ဘူး။ ဖန်ကျန်းရှီမှာ နောက်ထပ် ရွေးစရာလည်း မရှိ။ ဒီနေရာကနေ ထွက်နိုင်ဖို့ တိုက်ခိုက်ရုံသာ ရှိတော့တယ်။ ပဉ္စမ အကြီးအကဲ ဒီအချိန်မှာ တစ်ခုခု ပြောဖို့ ပြင်တယ်။
ဒါပေမယ့် မော့ယွီက ခေါင်းခါရင်းနဲ့ ဖန်ကျန်းရှိကို လှမ်းပြောတယ်။ “မင်းရဲ့ အစီအစဉ် မဖြစ်နိုင်တာ သိပေမယ့် ဒါတောင် ဆက်လုပ် သေးတယ်။ ယင်ယန် ခန်းမကို လက်စားချေဖို့ လာတယ်လို့ ငါမထင်ဘူး။”
“ဒါက အခုချိန်မှာ အရေးကြီးသေးလို့လား။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“အင်း။ ကိစ္စ မရှိတော့ဘူး။ မင်းက ရှှီဖုန်းကို သတ်တယ်။ ငါတို့ ခန်းမ ခေါင်းဆောင်ကို သတိလစ်အောင် လုပ်ပြီးတော့ သုခမိန် သုံးယောက်ကိုလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်သွားတယ်။ ဒီတော့ မင်းကို သတ်ရမယ်။” မော့ယွီ ခေါင်းငြိမ့်တယ်။
“ဒီလို ဖြစ်မှတော့ လှုပ်ရှားလိုက်။” ဖန်ကျန်းရှီ ခြေရာမဲ့ဓားကို ခပ်တင်းတင်း ကိုင်ရင်းနဲ့ ထရပ်တယ်။ သူ့ရဲ့ လူသတ်ငွေ့တွေ ဖြာထွက်လာတယ်။ အခုချိန်ထိ ပင်လယ်ထဲက လှေငယ်လေး တစ်စင်းလို ပုံစံ ဖြစ်နေတုန်းပဲ။ ဒါပေမယ့် စိတ်ဆုံးဖြတ်ချက်ကတော့ ပြတ်သားတယ်။ ပြန်လည် မွေးဖွားမှု စက်ကွင်းက သူ့မျက်လုံးထဲမှာ ဖြည်းဖြည်းချင်းလှည့်ပတ် နေခဲ့တယ်။
“သေစမ်း။” အကြီးအကဲ သုံးယောက် ဖန်ကျန်းရှီ ဆီကို ပြေးဝင်လာတယ်။ သူတို့တွေ နောက်ထပ် တွေေ၀ မနေတော့ဘူး။ အပြာရောင် ပင်လယ်ရေတွေက အသံ မြည်ဟီးလာတယ်။ ရေဝဲကြီး တစ်ခု ပုံစံကို ပြောင်းပြီးတော့ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို အင်အားကြီးတွေနဲ့ ရိုက်ခတ်တယ်။
ဖန်ကျန်းရှီကတော့ မျက်တောင်တစ်ချက်လေးတောင် မခတ်ဘူး။ အကြီးအကဲ သုံးယောက်ကိုသာ အာရုံစိုက်တယ်။ အဲ့ဒီ့နောက် သူလှုပ်ရှားတယ်။ ဓားကို မြင့်မြင့် မြှောက်ပြီးတော့ ဓားထိပ်ကို ကောင်းကင်ဆီ ချိန်ရွယ်ထားတယ်။ ခြေရာမဲ့ ဓားပေါ်ကို နေရောင် ဖြာကျရင်း သွေးရောင် လက်နေခဲ့တယ်။ အဲ့ဒီ့နောက် ခြေရာမဲ့ဓားကို မြေပြင်ဆီ စိုက်ချလိုက်တယ်။
သူ့ဓား မြေကြီးထဲကို ဝင်သွားတဲ့ အချိန်မှာပဲ မြေပြင် တစ်ခုလုံး တုန်ခါ သွားတော့တယ်။ အလင်းတန်းတွေ့ လှိုင်းအပြင်ကို ထွက်လာတယ်။ ဒီအလင်းတန်းတွေက ဓားတွေပဲ။ အရိုးထဲကို စိမ့်ချမ်း သွားစေနိုင်တဲ့ ဓားတွေ။ ဓားတစ်ချောင်း ချင်းစီတိုင်းက ခရမ်းနီရောင်တောက်ပြီးတော့ နဂါးလိုပဲ။ မရေမတွက်နိုင်တဲ့ ဓားနဂါးတွေက လှိုင်းထဲက ထွက်ပြီးတော့ အကြီးအကဲ သုံးယောက်ကို တိုက်ခိုက်တယ်။
“နဂါး ရာချီ ဓားချက်။” ဖန်ကျန်းရှီ ခပ်တိုးတိုး ပြောတယ်။ ဒါပေမယ့် ခြေရာမဲ့ဓားကတော့ အရမ်းကို စိတ်ပျော်ရွှင်နေတဲ့ ပုံစံပဲ။ ကောင်းကင်က အလင်းတန်းကို ဖုံးလွှမ်းနိုင်တဲ့ အထိကို တောက်ပ လင်းထိန် နေခဲ့တယ်။
“…” ပဉ္စမနဲ့ ဆဋ္ဌမ အကြီးအကဲကတော့ အမူအယာ ပြောင်းသွားတော့တယ်။ ဖန်ကျန်းရှီ တိုက်ခိုက် နိုင်အုန်းမယ်လို့ သူတို့ မထင်ထား မိခဲ့ဘူး။ အခုချိန်မှာ ဖန်ကျန်းရှီ စွမ်းအင် ကုန်သင့် နေပြီလေ။ ဒါပေမယ့် ဖန်ကျန်းရှီမှာ အဆုံးမဲ့ ပင်လယ်လိုမျိုး အဆုံးမဲ့တဲ့ စွမ်းအားတွေ ရှိနေတယ်။
အကြီးအကဲ သုံးယောက် သူ့တိုက်ခိုက်မှုကို ခုန်ရှောင်တယ်။ ဒါပေမယ့် ဓားအလင်းတန်းတွေက များလွန်းလို့ အကုန်လုံးကို ခုန်ရှောင်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ သူတို့တွေကို အလင်းတန်းအလွှာ တစ်ခုနဲ့ ကာကွယ်လိုက်တယ်။ ပင်လယ်ရေနဲ့ လုပ်ထားတဲ့ သံချပ်ကာလိုပဲ။ သူတို့ရဲ့ ခုခံစစ်က အတော့်ကို အင်အားကြီးတယ်။ ဒါပေမယ့် နဂါးဓား အလင်းတန်းတွေနဲ့ တိုက်ခိုက်မိတဲ့ အချိန်မှာတော့ ဒါတွေက အသုံးမဝင်တော့ဘူး။
“ဝုန်း။” ဆဋ္ဌမ အကြီးအကဲရဲ့ အလင်းဒိုင်း အရင်ဆုံး ပြိုကွဲတယ်။ ဓားတွေက ပင်လယ်ရေ သံချပ်ကာကို ထိုးဖောက်တယ်။
“ဂျွတ်။” ပင်လယ်ရေ သံချပ်ကာ အက်ကွဲကြောင်း တစ်ခု ပေါ်လာတယ်။ ဒါက အဆုံးသတ် မဟုတ်သေးဘူး။ ဓားအလင်းတန်းတွေက လျှပ်စီးလို မြန်ဆန်ပြီးတော့ သံချပ်ကာထဲကို ဖောက်ဝင်လာတယ်။
“နံပါတ်ခြောက်။” ပဉ္စမအကြီးအကဲ ဆဋ္ဌမ အကြီးအကဲကို ကယ်တင်ချင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူတောင် မကာကွယ် နိုင်ခဲ့ဘူး။ ဓားတွေက ကြောက်စရာ ကောင်းအောင်ကို ထက်ရှ လွန်းတယ်။ သူ့ရဲ့ သံချပ်ကာလည်း ကွဲထွက် သွားခဲ့ပြီ။ ဒီတော့ ဘယ်လိုများ ဆဋ္ဌမ အကြီးအကဲကို ကယ်တင် နိုင်မှာလဲ။
“သေစမ်း။” ဒုတိယ အကြီးအကဲ ဒေါသတကြီး အော်လိုက်တယ်။ သူ့ ရင်ဘတ်ကနေ အစိမ်းရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာတယ်။ အလင်းတန်းက မှိန်ဖျော့တယ်။ ဒါပေမယ့် ဓားတွေကို အရှိန် သိသိသာသာ လျော့ကျ သွားစေတယ်။ တကယ့်ကို ကြောက်စရာ မြင်ကွင်းပဲ။
ယင်ယန် ခန်းမ တပည့်သားတွေ ဆွံ့အ နေခဲ့ပြီ။ ဖန်ကျန်းရှီ ဆက်တိုက်ခိုက် နေမယ်လို့ မထင်ထား ခဲ့မိဘူး။ နောက်ပြီးတော့ ဒုတိယ အကြီးအကဲကိုလည်း ယင်ယန် ခန်းမရဲ့ ရတနာတွေထဲက တစ်ခု ဖြစ်တဲ့ - အေးမြ မွေးရနံ့ လွန်းကြိုး တစ်စကို သုံးစေအောင်လည်း လုပ်လိုက်သေးတယ်။
အေးမြ မွေးရနံ့က နှင်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံး အပိုင်းကနေ ထုတ်လုပ်ထားတယ်လို့ သတင်းတွေ ထွက်တယ်။ ဒါက နှစ်ထောင်ချီ တောင်ဝိဉာဉ် တမျိုးပဲ။ ဒါပေမယ့် အေးမြတဲ့ မွှေးရနံ့တွေ ထုတ်လွှတ်တယ်။ အရာအားလုံးကို တစ်ခဏတာ ရပ်တန့် သွားစေနိုင်တဲ့ အစွမ်း ရှိတယ်။ ဒါပေမယ့် တစ်ခေါက်ပဲ သုံးလို့ ရတယ်။ ဒါကြောင့်ပဲ အေးမြ မွှေးရနံ့ လွန်းကြိုး တစ်စလို့ ခေါ်ဝေါ်တာ။
ဓားတွေ ရပ်တန့် သွားတဲ့ အတွက် သူတို့ရဲ့ စွမ်းအားတွေလည်း ဆုံးရှုံး သွားတော့တယ်။ အကြီးအကဲ နှစ်ယောက်ကတော့ သက်သာရာ ရသွားခဲ့တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီက အကြီးအကဲ နှစ်ယောက်ဆီကို ပြေးဝင်တယ်။
“သူလှုပ်ရှားတယ်။”
“ဒီကောင်စုတ်က အခုချိန်ထိ တိုက်ခိုက် အုန်းမှာတဲ့လား။”
“သူ ရူးနေပြီ။”
ယင်ယန်ခန်းမ တပည့်သားတွေ ဖြစ်နေတာကို မယုံနိုင်ဘူး။ ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ ဓားကတော့ လှိုင်းတွေကို ဖြတ်လာနေတယ်။ သူလှုပ်ရှားတာ မမြန်ပေမယ့် လှိုင်းတွေကို ဖြတ်နိုင်တယ်။ သူလှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ လှိုင်းတွေ ထလာတယ်။ တပည့်သားတွေ ဒီမြင်ကွင်းကြောင့် တကယ့်ကို ထိတ်လန့် နေကြတယ်။
မဟာ အကြီးအကဲ မော့ယွီကတော့ ပထမဆုံး အကြိမ် အနေနဲ့ မျက်နှာ တစ်ခုလုံး သုန်မှုန် သွားခဲ့တယ်။ မြင့်မြတ် နယ်မြေရဲ့ အသန်မာဆုံး ပညာရှင်တွေနဲ့ တိုက်ခိုက် ခဲ့ရတုန်းကတောင် ဒီလို ပုံစံ မဖြစ်ဖူးဘူး။ ဖန်ကျန်းရှီကတော့ သူ့ကို အမူအယာ ပျက်ယွင်း စေခဲ့တယ်။
“ရန်ရွှယ့်ကို ကယ်ရမယ်။ ငါနီးစပ်နေပြီ။ ရန်ရွှယ့်ကို ကယ်ရမယ်။” ဖန်ကျန်းရှီ ရှေ့ဆက်တိုးရင်း ကိုယ့်ကိုယ်ကို ပြောနေခဲ့တယ်။ သူ့ဘေးပတ်လည်က သူတွေ မကြားနိုင်ပေမယ့်၊ သူကိုယ်တိုင်ကတော့ ရှင်းရှင်းလင်းလင်း ကြားတယ်။
“သေစမ်း။” ဖန်ကျန်းရှီရဲ့ အော်သံက ကောင်းကင်ကို ဟိန်းထွက် သွားခဲ့တယ်။ ခြေရာမဲ့ဓားကို ပင်လယ်လှိုင်းထဲက ဆွဲထုတ်ပြီးတော့ အကြီးအကဲ သုံးယောက် အလယ်ကို ပြေးဝင်တယ်။ ဒီအချိန်မှာပဲ ဓားတွေ အားလုံး လှုပ်ရှားတာ ရပ်တန့် သွားတော့တယ်။ ခြေရာမဲ့ဓားရဲ့ အလင်းတန်း သောင်းချီက အရင်ကထက် ဆယ်ဆ ပိုပြီးတော့ ကြီးမားလာတယ်။ သူ့ဓားလည်း ကျဆင်းလာတယ်။
“ခွေးကောင် မင်း ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။” ပဉ္စမ အကြီးအကဲ ခြေရာမဲ့ဓားကို ဦးတည် တိုက်ခိုက်ဖျို့ ပြင်တယ်။ ဒါပေမယ့် သူ့နားထဲမှာ အသံ တစ်သံ ကြားလိုက်ရတယ်။
“နံပါတ်ငါး မတိုက်ခိုက်နဲ့။ ခုန်ရှောင်။” ဒုတိယ အကြီးအကဲ ပြေးနေရင်း ပြောတယ်။
ဆဋ္ဌမ အကြီးအကဲကတော့ ဖန်ကျန်းရှီ တိုက်ခိုက်တာ မြင်တည်းက ခုန်ရှောင်ခဲ့ ပြီးပြီ။
“ခုန်ရမယ်။” ပဉ္စမ အကြီးအကဲ ဒီလို လုပ်ချင်တဲ့ ပုံစံ မရှိဘူး။ သူတို့ သုံးယောက်က ဖန်ကျန်းရှီ တစ်ယောက်တည်းကို တိုက်ခိုက်နေတာ။ နောက်ပြီးတော့ မဟာ အကြီးအကဲရဲ့ အဆုံးမဲ့ ပင်လယ်ကလည်း သူတို့ကို ထောက်ပံ့ ပေးနေသေးတယ်။
ဒီလောက်တောင် အသာစီး ရနေတာကို ဘာကြောင့် ခုန်ရှောင် ရမှာလဲ။ ပဉ္စမ အကြီးအကဲ ဒီလို မလုပ်နိုင်ဘူး။ သူ့အင်အားကြောင့် မဟုတ်ဘူး။ သုခမိန် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကြောင့်ပဲ။ ဒါကြောင့် အားကုန် ထုတ်ပြီးတော့ ခြေရာမဲ့ ဓားကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ဓားက ညအချိန်က ကြယ်တွေလို လင်းလက် လာတော့တယ်။
“ကြယ်ခြွေသူ။” ပဉ္စမ အကြီးအကဲ အလင်းတန်း တစ်ခုလို ပျံတက်သွားတယ်။ သူ့ဓားကတော့ အနက်ရောင် အလင်းတန်းတွေ ဖြာနေတယ်။ အချိန် မရွေး ခုတ်ချတော့မယ့် အတိုင်းပဲ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။
ဖန်ကျန်းရှီ ဓားကျရောက်လာတဲ့ အချိန်မှာ၊ တိုက်ကွက်က ရိုးရှင်းလွန်းပေမယ့် အင်အား ပြင်းထန်လွန်းတယ်။ ပဉ္စမ အကြီးအကဲရဲ့ ဓားပေါ်က တောက်ပမှုကြီးကို ကြောက်စရာ အင်အားတွေက ဖိနှိပ်လိုက်တယ်။ တောက်ပမှုတွေက ချက်ခြင်း မှိန်ဖျော့ သွားပြီးလည်း ဓားတစ်ခုလုံး တုန်ခါ လ ာခဲ့တယ်။
“ဂျွတ်။” ဓားကျိုး သွားခဲ့ပြီ။ ပဉ္စမ အကြီးအကဲ မျက်လုံး အပြူးသား ဖြစ်နေတယ်။ သူ မတိုက်ခိုက်ရ သေးခင်မှာပဲ ဓားကျိုးသွားခဲ့ပြီ။ ခါးသီးတဲ့ အမှန်တရားပဲ။ ဖန်ကျန်းရှီရဲ့ ဓားကတော့ လှုပ်ရှားနေဆဲ။
“မဖြစ်ဘူး။” နောင်တ အပြည့်နဲ့ ပဉ္ဒမ အကြီးအကဲ အော်တယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီ ဘယ်လောက်တောင် အင်အားကြီးမှန်း သူနားလည် သွားခဲ့ပြီ။ ဘာကြောင့် တခြား အကြီးအကဲ နှစ်ယောက် သုခမိန် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတောင် ဂရု မစိုက်ပဲ ခုန်ရှောင်ခဲ့မှန်း သိသွားခဲ့ပြီ။ အချိန်ကတော့ နှောင်းခဲ့လေပြီ။
နောက်ထပ် တောင့်မခံ တော့ဘူး။ ခြေရာမဲ့ဓားကတော့ သူ့လက်မောင်းကို ခုတ်ဖြတ် သွားခဲ့ပြီ။ သူကတော့ ကူကယ်ရာမဲ့ ကြည့်နေရင်းသာ။
ပင်လယ်ရေ သံချပ်ကာကလည်း ဖန်ကျန်းရှီရဲ့ ဓားကို မရပ်တန့် နိုင်ခဲ့ဘူး။ သူ့သွေးတွေ လေထဲကို ပန်းထွက်လာတယ်။ ဒါက အသုံးသတ် မဟုတ်သေးဘူး။ ဓားမှာ အဆုံးမဲ့တဲ့ စွမ်းအားတွေ ရှိနေတဲ့ အတိုင်းပဲ။
ပဉ္စမ အကြီးအကဲ မျက်ဝန်း တစ်စုံကို သူ့မျက်စိရှေ့မှာ မြင်လိုက်ရတယ်။ ကြည်လင်နေတဲ့ ရေစက်လို မျက်ဝန်းတွေ၊ ဒါပေမယ့် ဒီမျက်ဝန်းတွေထဲမှာ လှည့်ပတ်နေတဲ့ အရောင်လေးရောင် ရှိနေခဲ့တယ်။ ဒီမျက်ဝန်းတွေထဲကနေ သေခြင်း တရားကို ခံစား မိနေတယ်။
အပိုင်း (၇၅၇) ပြီး၏။
အပိုင်း (၇၅၈)
“ဖန်ကျန်းရှီရဲ့ အင်အား ကြီးထွားလာမှု တန်ဖိုး။”
“ဝုန်း။” ခြေရာမဲ့ဓားက နောက်ဆုံးတော့ အဆ့ုးမဲ့ ပင်လယ်ကြီး တစ်ခုလုံးကို နှစ်ခြမ်း ခွဲပြစ်လိုက်တယ်။ သွေးတွေက ပင်လယ်ရေ တစ်ခုလုံးကို အနက်ရောင် ပြောင်းသွားစေတယ်။ မျက်လုံး ပြူးလောက်တဲ့ ဒီမြင်ကွင်းက ယင်ယန် ခန်းမ တစ်ခုလုံးကို အပ်ကျသံ မကြားရအောင် တိတ်ဆိတ် သွားစေတယ်။
ပဉ္စမ အကြီးအကဲကတော့ စာရွက်ဖြူလို ဖြူဖျော့ နေခဲ့ပြီ။ နှစ်ခြမ်းကွဲသွားတဲ့ အဆ့ုးမဲ့ ပင်လယ်နဲ့ သူ့ဘေးမှာ ရပ်နေတဲ့ မဟာ အကြီးအကဲ မော့ယွီကို ကြည့်ရင်း နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင် နေခဲ့တယ်။ မော့ယွီသာ သူ့ကို လာမကယ်ရင် သူလည်း နှစ်ခြမ်းကွဲ သွားမှာပဲ။
“ဒီကောင်စုတ်လေးက တကယ့်ကို အင်အား ကြီးတာပဲ။” ပဉ္စမ အကြီးအကဲ ခပ်တိုးတိုး ပြောပေမယ့် လူတိုင်း ကြားတယ်။
“မင်းမှန်တယ်။” မော့ယွီ ခေါင်းငြိမ့်တယ်။
“မဟာ အကြီးအကဲ နော်ကထပ် တွေဝေမ မနေ ပါနဲ့တော့။”
“ဟုတ်တယ်။” မဟာ အကြီးအကဲ ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီကို ကြည့်ရင်း သူပြောတယ်။ “ဒီလို ဖြစ်လာမှတော့ သူ့ အသက်ကို ချမ်းသာပေးလို့ မဖြစ်တော့ဘူး။
“မဟာ အကြီးအကဲ သူ့ကို သတ်လိုက်ပါ။”
“သူ့ကို သတ်ပြီးတော့ ယင်ယန် ခန်းမရဲ့ ဂုဏ်သတင်းကို ပြန်အဖတ် ဆယ်ပေးပါ။” အကြီးအကဲ သုံးယောက် တညီတညွှတ်တည်း ပြောကြတယ်။
“သူ့ကို သတ်ပါ။”
“သတ်ပါ။”
ယင်ယန် ခန်းမ တပည့်သားတွေ သတိ ဝင်လာပြီးတော့ သူတို့ပါ ပြောကြတယ်။
“ဒီတော့ ဒါက ယင်ယန် ခန်းမရဲ့ ဂုဏ်သတင်းကို ပြန်အဖတ်ဆယ်တဲ့ ပုံစံပေါ့။” ကောင်းကင်ကနေ အသံ တစ်သံ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ ရှေ့ကို ရောက်လာပြီးတော့ ဆက်ပြောတယ်။ “မော့ယွီ။ ယင်ယန် ခန်းမရဲ့ မဟာ အကြီးအကဲ။ နှစ်တရာကျော် ဆရာသခင် တစ်ပါးလို့ ကျော်ကြားတယ်။ သုခမိန် အထွတ်အထိပ် အဆင့်မှာ ရှိနေတာတောင် အကြီးအကဲ သုံးယောက်နဲ့ ပေါင်းပြီးတော့ ပြန်လည် မွေးဖွားမှု အဆင့်က လူငယ်လေး တစ်ယောက်ကို တိုက်ခိုက်တယ်။ ဒီလို နည်းလမ်းနဲ့ ဂုဏ်သိက္ခာကို ပြန် အဖတ်ဆယ်တယ်လို့ တစ်ခါမှ မကြားဖူး ပါဘူး။”
“အတင့်ရဲလိုက်တာ။ ယင်ယန် ခန်းမကို မင်းထင်သလို ခိုးဝင် လာလို့ ရမယ် ထင်နေတာလား။” ဆဋ္ဌမ အကြီးအကဲ ရုတ်တရက် အော်ဟစ်တယ်။
“ခိုးဝင်တယ်။ မဟုတ်ပါဘူး။ ဒီလို မလုပ်ပါဘူး။ ရောက်လာတာကို ပြောသားပဲ။” အဲ့ဒီလူက ဖန်ကျန်းရှီ ဘက်ကို လှည့်ရင်း ပြောတယ်။ “မင်းက ဒီမှာ ငါ့မြေးအတွက် ရောက်နေမှတော့ ငါရန်ချန်လိ ဘယ်လိုများ မလာလို့ ရမလဲ။”
“ရန်ချန်လိ။”
“ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသားရန်လား။”
“ဟုတ်တယ်။ ငါကြားတာတော့ သုခမိန် အဆင့်ကို သူဝင်တာ မကြာသေးဘူး ဆိုပဲ။ နောက်ပြီးတော့ ကောင်းကင် တာအို ခန်းမ တိုက်ပွဲမှာလည်း ပါဝင် ခဲ့တယ်တဲ့။ အရိပ်မျိုးနွယ်စုက လူဆိုပဲ။
တပည့်သားတွေ အဲ့ဒီ့လူ အကြောင်းကို ကြားတော့ တစ်ယောက် တစ်ပေါက် ပြောကြတော့တယ်။
“ရန်ချန်လိ။ မင်းသားရန်ပေါ့။ ဒီမှာ မင်းရောက်နေတာ၊ ဖန်ကျန်းရှီကို ကယ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတာကြောင့်ပေါ့။” ဆဋ္ဌမအကြီးအကဲ ခနဲ့တယ်။
“မကြိုးစားကြည့်ပဲ မသိနိုင်ဘူးလေ။” ရန်ချန်လိ ပြန်ပြောတယ်။
“ကောင်းတာပေါ့။ မင်းရဲ့ အင်အားကို စမ်းသပ် ရတာပေါ့။” ဆဋ္ဌမ အကြီးအကဲ ဒဏ်ရာရနေတဲ့ အကြီးအကဲ နှစ်ယောက်ကို ကြည့်ရင်းနဲ့ ရှေ့ထွက် လာခဲ့တယ်။
“အဖိုးကြီးရန်ရဲ့ အင်အားကို စမ်းသပ်ချင်ရင်၊ ငါ့ကိုလည်း မမေ့နဲ့။” နောက်ထပ် လူတစ်ယောက် ကောင်းကင်ကနေ ဆင်းသက်လာတယ်။ ဆံပင်တွေက ဖွေးဖွေးဖြူ နေပြီးတော့ လက်ထဲမှာ ကျာပွတ်ပျံ တစ်ချောင်းကို ကိုင်ထားခဲ့တယ်။ သူကတော့ တခြားသူ မဟုတ်ဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးပဲ။
“ကောင်းကင် အိုအေစစ်ကြီးလား။” ဆဋ္ဌမ အကြီးအကဲ မျက်မှောင်ကြုတ်လိုက်တယ်။ အေးစက်စက် အလင်းတချက် မျက်လုံးမှာ လက်သွားခဲ့တယ်။ “ကြည့်ရတာ ကောင်းကင် တာအို ခန်းမ တိုက်ပွဲရဲ့ ကောလ ဟာလတွေ မှန်နေတဲ့ ပုံပဲ။”
“ကောင်းကင် တာအို ခန်းမ တိုက်ပွဲ။”
“ကောလဟာလတွေက။”
“အမှန်ပဲလား။”
တပည့်သားတွေ ဆဋ္ဌမ အကြီးအကဲရဲ့ စကားကြောင့် ကောင်းကင်ကို မော့ကြည့် မိကြတယ်။ သူတို့ မြင်ရတဲ့ အရာကြောင့် မျက်လုံး ပြူးသွားတယ်။
ဒီအချိန် သူတို့ ခေါင်းပေါ်ကို မည်းနက်တဲ့ တိမ်အုပ်စုကြီး တစ်ခုက ဝဲပျံလာနေတယ်။ ဒီတိမ်မည်းတွေက မရေမတွက်နိုက်တဲ့ သားရဲကောင်တွေပဲ။ သူတို့ ကျောပေါ်မှာလည်း လူတစ်ယောက်ဆီ ပါလာကြတယ်။
“ကောင်းကင် အိုအေစစ်။ ကောင်းကင် တာအို ခန်းမကို အမျက်ထွက်အောင် လုပ်ပြီးတာတောင် ယင်ယန် ခန်းမကို စိန်ခေါ် ချင်နေတာလား။ မင်းရဲ့ အရိပ်မျိုးနွယ် ဖျက်စီး ခံရမှာကို မကြောက်ဘူးလား။” ဆဋ္ဌမ အကြီးအကဲ ပြောနေပင်မယ့် သူ့အသံက သိသိသာသာကို တုန်ယင် နေခဲ့တယ်။ အရိပ်မျိုးနွယ်စုရဲ့ တပည့်သား သုံးထောင်နဲ့ ကောင်းကင်တာအို ခန်းမ တပည့်သားတွေ တိုက်ခိုက်တဲ့ သတင်းက မြင့်မြတ် နယ်မြေ တစ်ခွင်လုံးမှာ ပျံ့နေတယ်။ ဒါကြောင့် အရိပ်မျိုးနွယ်က သူတို့ မနိုင်နိုင်တဲ့ တိုက်ပွဲကို လာတိုင်မယ်လို့တော့ သူမထင်မိဘူး။
“ကြောက်တာပေါ့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ချက်ခြင်း ပြန်ဖြေတယ်။
“ကြောက်ရင် အခုချက်ခြင်း ထွက်သွားလိုက်။”
“နံပါတ်ခြောက်။” မော့ယွီရဲ့ အသံ ထွက်ပေါ်လာတယ်။ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို ကြည့်ရင်း မေးတယ်။ “ကောင်းကင် အိုအေစစ်နဲ့ မင်းသားရန်။ ယင်ယန် ခန်းမနဲ့ အရိပ်မျိုးနွယ် တိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်ဘူးလား။”
“ဟုတ်တယ်။” ရန်ချန်လိ ခေါင်းငြိမ့်တယ်။
“ကောင်းပြီ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး တစ်ခုခု ပြောချင်ပေမယ့် ရန်ချန်လိရဲ့ စကားကို ကြားတော့ သူခေါင်းခါလိုက်တယ်။ “ရှောင်လွှဲဖို့ မဖြစ်နိုင်တာ သိသာ နေတာပဲ။ ငါဒီကို ရောက်လာမှတော့ လက်ဗလာနဲ့ မပြန်နိုင်ဘူး။ ဖန်ကျန်းရှီကို လွှတ်လိုက်၊ ဒါမှမဟုတ်ရင် ငါတို့နဲ့ တိုက်ခိုက်။”
“ကောင်းပြီလေ။ တိုက်ပွဲ စပြီပေါ့။” မော့ယွီ ခေါင်းငြိမ့်တယ်။ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ဆီကို နောက်ထပ် စကား တစ်ခွန်းတောင် မပြောတော့ပဲ ပြေးဝင်လာတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ သူ့ရှေ့ကို နီးကပ်လာတဲ့ မော့ယွီကြောင့် လန့်သွားခဲ့တယ်။
“သေစမ်း။ ငါတို့ကို အခု တိုက်ခိုက် မလို့လား။ ငါ့လူတွေ မရောက်သေးဘူး။ ဒီလောက်တောင် မစောင့်နိုင်ဘူးလား။”
“သောက်ပိုတွေ မပြောနဲ့တော့။ တိုက်ခိုက်။” ရန်ချန်လိ လှမ်းအော်တယ်။ သူ့လက်ထဲမှာ အနီရောင် အလင်းလှံ တစ်ချောင်း ပေါ်လာတယ်။ လှံနဲ့ မော့ယွီကို ထိုးချတယ်။ ကောင်းကင် အိုအေစစ် သုခမိန်လည်း အံကြိတ်ရင်းနဲ့ မော့ယွီကို တိုက်ခိုက်တယ်။ ဒီအချိန်မှာပဲ မော့ယွီရဲ့ ခန္ဒာကိုယ်က ရုတ်တရက် ပျောက်ကွယ် သွားတယ်။
ဒီအချိန်မှာပဲ အဆုံးမဲ့ ပင်လယ် တစ်ခုလုံး ဗြောင်းဆန်လာတယ်။ ဖန်ကျန်းရှီ ခွဲထားတဲ့ ပင်လယ်ရေတွေ ပြန်ပေါင်းစည်းပြီးတော့ ဝဲဂယက်တွေ ထလာတယ်။ အပြာရောင် အလင်းတန်းတွေ အများကြီး ပင်လယ်ရေထဲကနေ ထွက်လာတယ်။ ပင်လယ်မြွေတွေ လိုပဲ။ သူတို့ရဲ့ အပြာရေင် အစွယ်တွေက နေရောင်ထဲမှာ လင်းလက် နေခဲ့တယ်။
“ပင်လယ် တစပြင် ဒေသ။” မော့ယွီ အမိန့်ပေးလိုက်တဲ့ အချိန်မှာပဲ ပင်လယ်မြွေတွေက ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို လျှပ်စီး လက်သလို ဦးတည် လာတော့တယ်။ သူတို့ နှစ်ယောက်လုံး အမူအယာ ပြောင်းသွားခဲ့တယ်။
မော့ယွီက မြင့်မြတ် နယ်မြေမျိုးနွယ် ငါးခုထဲက တစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်။ သူ့အင်အားက အတော့်ကို ကြီးမားတယ်။ ဒါပေမယ့် ကြားဖူးတာနဲ့ တကယ် ရင်ဆိုင် တိုက်ခိုက်ရတာ ကွာခြားလွန်းတယ်။ သူက အရမ်းကို အင်အားကြီးလွန်းနေတယ်။ သုခမိန်ချင်း တူတာတောင် အင်အားတွေက အဆင့် မတူဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး သူ့ရဲ့ ကျာပွတ်ကို ယမ်းရင်းနဲ့ ခုခံ နေခဲ့တယ်။ ဒါပေမယ့် ဒီပင်လယ်မြွေတွေ အားလုံးကို မောင်းမထုတ်နိုင်ဘူး။
“ဝုန်း။” ပင်လယ်မြွေ တစ်ကောင်က သူ့လက်မောင်းကို ကိုက်လိုက်တယ်။ သူ့မျက်နှာ ခရမ်းရောင် ပြောင်းသွားတယ်။ ခန္ဒာကိုယ်ကလည်း တုန်ယင်လာတယ်။ “အဆိပ်ရှိတယ်။ မဟုတ်ဘူး။ စိတ်ဝိဉာဉ်ကို တိုက်ခိုက်တာပဲ။”
“ငါသိတယ်။” ရန်ချန်လိ ပြန်ဖြေပြီးတော့ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ “မြန်မြန် ထွက်သွားတော့။ ငါတို့ အချိန် အကြာကြီး တောင့်မခံ နိုင်ဘူး။”
“ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို ဒီအတိုင်း ချန်ထား ခဲ့ပြီးတော့ တောက်ဟွမ်ကို ယူပြေး သွားရမလား။”
တောက်ဟွမ်သာ သူ့လက်ထဲမှာ ရှိနေရင် ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီး အသတ်ခံရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ဒီလို မလုပ်နိုင်ဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို ယင်ယန်ခန်းမမှာ ချန်ရစ်ခဲ့ရင်၊ တောက်ဟွမ်က ရန်ရွှယ်ကို မကယ်ပဲ ညစ်တီးညစ်ပတ် ဘယ်လို လှည့်ကွက်တွေ သုံးမယ်ဆိုတာကို သိနိုင်တဲ့သူ မရှိတော့ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ ထွက်မပြေးနိုင်ဘူး။
“သေစမ်း။” အရိပ်မျိုးနွယ် တပည့်သားတွေ ကောင်းကင်ကနေ ဆင်းလာကြပြီ။ သူတို့ရဲ့ ဓားတွေက နေရောင်အောက်မှာ တောက်ပ နေကြတယ်။
“သေစမ်း။” ယင်ယန် ခန်းမ တပည့်သားတွေလည်း တိုက်ပွဲထဲမှာ ပါဝင် လာကြတယ်။ သူတို့ ခန္ဒာကိုယ် အရောင်စုံ တောက်ပရင်း ရန်သူ့ ဓားချက်တွေကို ခုခံ ကြတယ်။ တကယ့်ကို တိုက်ပွဲကြီးပဲ။ ဒါပေမယ့် တစ်ဖက်သတ် ဖြစ်နေတဲ့ တိုက်ပွဲကတော့ ရှိနေတယ်။
ယင်ယန် ခန်းမရဲ့ ဆဋ္ဌမ အကြီးအကဲ ရှိနေတဲ့ နေရာမှာ၊ ပဉ္စမ အကြီးအကဲက ဒဏ်ရာ ရနေပြီးတော့ နောက် အကြီးအကဲ နှစ်ယောက်လည်း ဒဏ်ရာ ရနေခဲ့တယ်။ ယင်ယန် ခန်းမ တပည့်သား ဒါဇင်ချီလည်း အဲ့ဒီ့ နေရာမှာ ရှိနေခဲ့တယ်။ ဒီတပည့်သား ဒါဇင်ချီရဲ့ နဖူးမှာ အလင်းတန်းတွေ တောက်ပလာတယ်။ သူတို့တွေ အားလုံးက သုခမိန်တွေ။
မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စုကြီး ငါးခုထဲက တစ်ခု ဖြစ်တဲ့ ယင်ယန် ခန်းမက အင်အားတွေကို စုဆောင်းလာတာ နှစ်ထောင်ချီ နေပြီ။ အရိပ်မျိုးနွယ်လို ဖွံ့ဖြိုးစ အင်အားက သူ့ကို မယှဉ်နိုင်ဘူး။ သုခမိန် အဆင့် တပည့်သားတွေ တိုက်ပွဲထဲကို ဝင်လာချိန်မှာ တိုက်ပွဲ ရလဒ်က လုံးဝကို ပြောင်းလဲ သွားတော့တယ်။ ယင်ယန် ခန်းမက အရေအတွက် နည်းပေမယ့် အရည်အသွေးက စကားပြောတယ်။
“ဖန်ကျန်းရှီ ခွေးကောင်လေး။ ငါမင်းအတွက် ရှိသမျှ အားလုံးကို ပုံအောထားတာ။ မင်း အခုချိန် ထွက်မပြေးရင် ဘယ်တော့မှ ထွက်ပြေး နိုင်တော့မှာ မဟုတ်ဘူး။” တစ်လက်မတောင် မရွေ့တဲ့ ဖန်ကျန်းရှီကို ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။
“ဘာဖြစ်လို့ လာကြတာလဲ။” ဖန်ကျန်းရှီ ရုတ်တရက် မေးတယ်။
“ငါတို့သာ မလာရင်၊ မင်း အသက်ရှင်လျက် ထွက်သွား နိုင်မှာ မလို့လား။”
“အရိပ်မျိုးနွယ်စု တစ်ခုလုံး လာတာတောင်။ ကျွန်တော် အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။”
“မဟုတ် သေးဘူးလေ။ ကြိုးစားကြည့်ရမယ်။ ဒါက မင်းအမြဲ ပြောနေတာ မဟုတ်လား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး တစ်ကိုယ်လုံး တုန်ယင် နေခဲ့တယ်။ ဒါပေမယ့် သူနောက်မဆုတ်ဘူး။ နေရာမှာတင် အံကြိတ်ရင်း တောင့်ခံ နေခဲ့တယ်။
“ငါတို့ ကြိုးစား ကြည့်ရမယ်။ ငါအမြဲတမ်း ဒီလို ပြောခဲ့တာပဲ။” ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ သူ့လက်တွေတောင် ဖိအားကြောင့် ဖြူဖျော့ နေခဲ့ပြီ။ သူ့လက်သည်းက အသားကို ဖောက်သွားတာကြောင့် သွေးတွေ စီးကျလာတယ်။
ကောင်းကင် အိုအေစစ် သုခမိန်ကြီး မှန်တယ်။ ဒါကို သူအကြိမ် အများကြီး ပြောခဲ့ဖူးတယ်။ ကြီးမြတ်သောရှရဲ့ တာအို စာမေးပွဲ၊ ညီလာခံ ခန်းမထဲမှာ၊ တောင်ပိုင်း ဒေသ တိုက်ပွဲထဲမှာ၊ ရန်မြို့တော်မှာကော။ ဖန်ကျန်းရှီ ဒါကို သူ့ဘဝရဲ့ ဆောင်ပုဒ်လို ခံယူ ထားခဲ့တယ်။ မဖြစ်နိုင်တဲ့ ကိစ္စတွေကို သတ္တိ ရှိရှိ လုပ်ပြခဲ့တယ်။ ဒါပေမယ့် အခုတော့ ကိုယ့်ကိုယ်ကို သံသယ ဝင်နေပြီ။
“တကယ်ပဲ အရာအားလုံးကို ကြိုးစား ကြည့်ရမှာလား။”
တစ်ယောက်ပြီး တစ်ယောက် လဲကျနေတဲ့ အရိပ်မျိုးနွယ် တပည့်သားတွေကို သူကြည့်တယ်။ သူတို့ သွေးတွေက မြေပြင်မှာ ရဲရဲ နီနေတယ်။ ဒါပေမယ့် ဘယ်သူကမှ တစ်လှမ်းတောင် နောက်မဆုတ်ခဲ့ဘူး။ ဆက်တိုက် တိုက်ခိုက် နေပင်မယ့်၊ သုခမိန် အဆင့် တပည့်သားတွေနဲ့ ရင်ဆိုင် ရတဲ့ အချိန်မှာ အလောင်းတွေ အဖြစ်ကို ပြောင်းလဲ ကုန်တယ်။
“ငါမှားသွား ပြီလား။ ဒီကို လာမိတာ အမှား တစ်ခုလား။” ဖန်ကျန်းရှီ ပထမဆုံး အနေနဲ့ ဘဝမှာ သူ့ရွေးချယ်မှုကို သံသယ ဖြစ်လာတယ်။
ကြီးမြတ်သော ရှနိုင်ငံတော်မှာ သူလုပ်ချင်တဲ့ အရာအားလုံးကို လုပ်ခဲ့တယ်။ အချိန်တိုင်းမှာ အသက်ရှင် နိုင်ခဲ့တယ်။ ကိုယ့်နိုင်ငံကိုတောင် အန္တရာယ်ကြီးကနေ ကာကွယ် နိုင်ခဲ့သေးတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် လွန်ကဲခဲ့တယ်။
မြင့်မြတ် နယ်မြေကို ဝင်တဲ့ အချိန်မှာလည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ခဲ့မိတယ်။ လုပ်ချင်တာ လုပ်ပြီးတော့ လွတ်လွတ်လပ်လပ် သွားလာ နိုင်မယ်လို့။ အရေးကြီးတာက သူ့မှာ အသက်ရှင်ချိန် သိပ်မကျန် တော့တာပဲ။ ဒါကပဲ သူအသက်ရှင် နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို့ ထင်ခဲ့တယ်။
ဒါကြောင့် သူ့နည်းသူ့ဟန်နဲ့ ကြိုးစားခဲ့တယ်။ ကောင်းကင် တာအို ခန်းမ စာမေးပွဲမှာလည်း ရန်ရွှယ့်ကို ကူညီမယ် ဆိုတဲ့ အတွေးနဲ့ အယောင်ဆောင်ပြီးတော့ ဝင်ဖြေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ဖြစ်လာချိန်မှာတော့၊ တိုက်ပွဲတွင်းမှာ ရန်ရွှယ်က နတ်သက်ကြွေ အဇူရာ ဖြစ်သွားခဲ့တယ်။ ချီကူယန်သာ အချိန်မှီ ရောက်မလာရင် သူသေသွား လောက်ပြီ။
ဒါက သူ့ရဲ့ စိတ်ဆုံးဖြတ်ချက် ရလဒ်ပဲ။ သူ့ကြောင့်သာ မဟုတ်ရင် စွမ်းအားတွေ ပိတ်ဆို့ ခံထားရတဲ့ ရန်ရွှယ်ကို မဟူရာ လမင်းကျွန်းက သုခမိန်သုံးယောက် ဖမ်းဆီးပြီးတော့ ခြိမ်းခြောက်မှာ မဟုတ်ဘူး။ အခုတော့ ရန်ရွှယ့်ကို ကယ်တင်ဖို့ သုခမိန် ခန်းမကို တစ်ယောက်တည်း လာခဲ့တယ်။ တောက်ဟွမ်ကို ကိုယ်တိုင် ဖမ်းနိုင်မယ်လို့ ယုံခဲ့တယ်။ ဒါပေမယ့် အခုတော့ အရိပ်မျိုးနွယ်စုကို အရှုပ်ထဲ ဆွဲသွင်းမိပြီ။ မြင်မြင်သမျှ နေရာတိုင်းမှာ သွေးတွေ ချည်းပဲ။”
“နောက်၂လ အတွင်း ငါသေတော့မယ်။” ဖန်ကျန်းရှီ ကောင်းကင်ကို မော့ကြည့်တယ်။ နေသာနေတယ်။ ဒါပေမယ့် နေရောင်မှာ သွေးနံ့တွေ လွှမ်းနေခဲ့တယ်။ “ရန်ရွှယ် ငါ့ကို ပြော။ ငါတကယ်ပဲ မှားသွားပြီလား။ မြင့်မြတ် နယ်မြေက ကြီးမြတ်သောရှနဲ့ ဘာမှ မတူဘူး။ ငါ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခဲ့တယ်။ ငါစိတ်လိုလက်ရ လုပ်မိ တာတွေကြောင့် မင်းကို ဒီလို ဖြစ်စေခဲ့ပြီ။ ငါ့ကံတရားကို ပြောင်းချင်တာကြောင့် ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ မတူဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် မင်းရဲ့ ခံစားချက်ကို ထည့်မတွေးမိဘူး။ မင်းက တကယ်ပဲ ငါ့ကို တစ်ယောက်တည်း မခံစား စေတာပဲ။ ရန်ရွှယ်၊ ငါတောင်းပန်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ငါမင်းကို တကယ်ပဲ ကယ်ချင်တယ်။ တကယ့် တကယ့်ကို ကယ်ချင်တယ်။”
အပိုင်း (၇၅၈) ပြီး၏။
အပိုင်း (၇၅၉)
“အရာ အားလုံးရဲ့ အုပ်ချုပ်သူ။”
“ငတုံးကောင်။ မင်းဘာတွေ လုပ်နေတာလဲ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ အမူအယာက အတော့်ကို တည်ကြည် လေးနက် နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့အမူအယာ ပြောင်းသွားတာကို သူခံစားမိတယ်။
“အဖိုးကြီး၊ ယင်ယန်ခန်းမကို ငါ မလာခဲ့သင့်ဘူး။ မှားသွားတယ်။ ရန်ရွှယ်တင် မကဘူး။ အားလုံးကို ဒီအရှုပ်ထဲ ဆွဲသွင်းမိပြီ။ ဒါအားလုံးက ငါ့အမှားတွေပဲ။” ဖန်ကျန်းရှီ အရမ်းကို စိတ်ဖိစီးနေတယ်။
“မင်းဘာတွေ ပြောနေတာလဲ။ အခုချိန်က ဘယ်သူမှန်တယ် ဘယ်သူမှန်းတယ် ပြောနေစရာ မလိုဘူး။ ငတုံးကောင်လေး။ တိုက်ခိုက်မလား။ မတိုက်ခိုက်ရင် ထွက်သွား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒေါသ တကြီးနဲ့ အော်တယ်။
“တိုက်ခိုက်ရင် ထွက်သွား။” ဖန်ကျန်းရှီ သွေးအိုင်ထဲက အရိပ်မျိုးနွယ် တပည့်သားတွေကို ကြည့်တယ်။ သူ့နှလုံးသား နာကျင် နေခဲ့ပြီ။ အခုလို အခြေအနေမှာ သူဘယ်လိုများ တိုက်ခိုက် နိုင်မှာလဲ။ မဟာ အကြီးအကဲ မော့ယွီက သူတို့ သုံးယောက်လုံးထက် အများကြီး အင်အား ကြီးနေတယ်။ ဒါ့အပြင် ယင်ယန် ခန်းမမှာလည်း သုခမိန်ဒါဇင်ချီ ရှိနေသေးတယ်။ ဒါက တဖက်သတ် တိုက်ပွဲ တစ်ခုပဲ။ တဖတ်သတ် လူသတ်ပွဲကြီး။
“ကောင်စုတ်လေး။ မင်း ရန်ရွှယ်ကို ကယ်ချင်လား မကယ်ချင်ဘူးလား။ ဒါပဲဖြေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဖန်ကျန်းရှိကို လှမ်းအော်တယ်။
“ကယ်ချင်တယ်။ အရမ်း ကယ်ချင်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဒါဆိုရင် မင်းတိုက်ခိုက်။ ဒီလောကမှာ မှန်တာ မှားတာ ဘာမှ မရှိဘူး။ အရှုံးနဲ့ အနိုင်ပဲ ရှိတယ်။ မင်းသူများရဲ့ ခြေနင်းကျောက်တုံး တစ်ခု ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူတို့တွေရဲ့ အလောင်းကို နင်းပြီးတော့ အားလုံးရဲ့ အုပ်ချုပ်သူ ဖြစ်လာ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ အသံက အရမ်းကို လေးနက် နေခဲ့တယ်။
“အရာ အားလုံးရဲ့ အုပ်ချုပ်သူ။” ဖန်ကျန်းရှီ မျက်လုံးတွေ ဝိုင်းလာတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒီလို စကားမျိုး ပြောတာ ပထမဆုံး ကြားဖူးတာပဲ။ နောက်ပြီးတော့ ဒီလောက် လေးနက်တဲ့ ပုံစံမျိုးကို ပထမဆုံး မြင်ဖူးတာ။
“ဖန်ကျန်းရှီ ငါတို့ ဒီကို ရောက်နေမှတော့ ပြန်သွားဖို့ တွေးမထားဘူး။ နောက်ပြီးတော့ ငါတို့ ဒီကို ရောက်နေတာ မင်းလုပ်သမျှ အားလုံးကို ထောက်ခံတာပဲ။ မင်းဒီကို ရောက်မလာရင်တောင်၊ ငါတို့ကတော့ လာမှာ။”
“ငါ မလာရင်တောင်။ သူတို့တွေ လာမှာ။”
“ဟုတ်တယ်။”
“ရှိတယ်။ မင်းသူများရဲ့ ခြေနင်းကျောက်တုံး တစ်ခု ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူတို့တွေရဲ့ အလောင်းကို နင်းပြီးတော့ အားလုံးရဲ့ အုပ်ချုပ်သူ ဖြစ်လာ။” ဖန်ကျန်းရှီ ဒီစကားကို ခပ်တိုးတိုး ပြောတယ်။ တောက်ပတဲ့ အလင်းတန်း တစ်ခု သူ့ရဲ့ မှုန်ဝါးဝါး မျက်ဝန်းထဲမှာ ပေါ်လာတယ်။ ဒီအလင်းတန်းက အရမ်းကို တောက်ပ လာခဲ့တယ်။
“ငါမှားသွားပြီ။”
“ဟုတ်တယ်။ ငါတကယ့်ကို မှားသွားတယ်။”
“ဒီနေရာထိ ရောက်လာမှတော့ နောက်ပြန်လှည့်လို့ မရတော့ဘူး။ လုံး၀ လှည့်စရာ မရှိတော့ဘူး။”
“အရိပ်မျိုးနွယ်စုရဲ့ တပည့်သား အယောက် ၃ထောင်က သူတို့ အသက်တွေကို ငါ့ဆီမှာ ပုံအပ်ထားတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ရန်ချန်လိကလည်း သူတို့ အသက်ကို ငါ့ဆီ ပုံအပ် ထားတာပဲ။”
“ဒီလို ဖြစ်မှတော့ ငါဘယ်လို နောက်ပြန်လှည့်လို့ ရမှာလဲ။”
“ရလဒ်ကို နောက်ထားပြီးတော့၊ အရင်ဆုံး ကြိုးစားဖို့ လိုတယ်။ ယင်ယန် ခန်းမရဲ့ မဟာ အကြီးအကဲ မော့ယွီက ငါ့ရှေ့မှာ ရပ်နေရင်တောင်၊ ဒါက တစ်ဖက်သတ် စစ်ပွဲ ဖြစ်နေရင်တောင်၊ ငါကြိုးစားရမယ်။”
“အား။” ဖန်ကျန်းရှီ ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်တယ်။ သူ့ရဲ့ သတ်ဖြတ်လိုစိတ်တွေ ခန္ဒာကိုယ်ကနေ ထွက်လာပြီးတော့ သက်ဝင် အရိပ် တစ်ခု ပုံစံကို ပြောင်းသွားတယ်။ သူ့ရဲ့ သံချပ်ကာကလည်း ပုံစံ ပြောင်းနေပြီ။ အစွယ်လို ဆူးချွန်တွေ သူ့သံချပ်ကာမှာ တစ်ခုပြီး တစ်ခု ပေါ်လာတယ်။ ဒီဆူးတွေက သွေးနီရောင် တောက်ပြီးတော့ တလက်လက် တောက်ပ နေခဲ့တယ်။ လေထဲကို မီးတောက်နက်ကြီး တစ်ခု ဖြာထွက်လာတယ်။ ဖန်ကျန်းရှီကို ဗဟို ပြုပြီးတော့ မြေပြင်က တစ်လက်မ တိတိ အောက်ကို နိမ့်ဆင်း သွားခဲ့တယ်။ ကောင်းကင်မှာ ပုံရိပ်ကြီး တစ်ခု ပေါ်လာပြီးတော့ မီးတောက်နက်ကြီး ရှစ်ခုလည်း ပေါ်လာခဲ့တယ်။
ယင်ယန် ခန်းမ တပည့်သားတွေကတော့ အထိတ်တလန့် ကြည့်နေကြတယ်။
“သူဘယ်လိုများ ဒီလောက်ထိ အင်အား ကြီးရတာလဲ။”
“မဖြစ်နိုင်တာပဲ။”
“ဒီကောင်က တကယ့်ကို နတ်ဆိုးလား။”
ဖန်ကျန်းရှီ အင်အားတွေ အကုန်လုံးကို ထုတ်လိုက်တာကို သိပေမယ့် သူတို့ မယုံနိုင်ကြဘူး။ တကယ်ဆို နောက်ထပ် မတိုက်ခိုက် နိုင်တဲ့သူ ဖြစ်နေသင့်တာလေ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ နောက်တစ်ကြိမ် ထရပ် နေတယ်။ သူ့အရှိန်အဝါတွေက ပိုပြီးတော့ သန်မာ လာခဲ့တယ်။ အဆုံးမဲ့တဲ့ သတ်ဖြတ်လိုစိတ်တွေက သူ့ကို ဝန်းရံထားတဲ့ ရေတွေကိုတောင် အငွေ့ပျံစေပြီ။
“ကောင်စုတ်လေး ဘာတွေလုပ်တောလဲ။” ဖန်ကျန်းရှီရဲ့ အပြောင်းအလဲကြောင့် ကောင်းကင် အိုအေစစ် သုခမိန်ကြီး မျက်လုံး ပြူးနေရတယ်။
“အမှားတွေကို ပြန်ပြင်မလို့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
“ဘယ်လို လုပ်မှာလဲ။”
“အဆုံးထိ တိုက်ခိုက်မယ်။”
“ပြောတာ ကောင်းတယ်။ ကောင်စုတ်လေး။ ဒီအဖိုးကြီး ဒီနေ့ တိုက်ပွဲကို မင်းနဲ့ အတူတူ တိုက်မယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး သတ္တိ အပြည့်နဲ့ ပြောတယ်။
“အဖိုးကြီး မင်းနောက်ဆုံးတော့ မာမာကျောကျော ရှိလာပြီပဲ။” ရန်ချန်လိ ဝင်ပြောတယ်။ သူ့ တကိုယ်လုံးလည်း တိုက်ခိုက်လိုစိတ်တွေ လျှံထွက် နေခဲ့ပြီ။
“မင်းတို့ ငါ့ကို အတူတူ တိုက်ခိုက်လို့ ရတယ်။” မော့ယွီ ဒီအချိန်မှာ ဝင်ပြောတယ်။ “ဖန်ကျန်းရှီ၊ ငါတို့ လေးယောက်က မင်းကို အုပ်စု ဖွဲ့ပြီးတော့ တိုက်ခိုက်ခဲ့တယ်။ မင်းကိုလည်း ဒီလို လုပ်ဖို့ အခွင့်အရေး ပေးမယ်။”
“လေးယောက် တစ်ယောက်။”
“လေးယောက်တစ်ယောက်။”
ယင်ယန် ခန်းမ တပည့်သားတွေ မဟာ အကြီးအကဲ ပြောတာကို ကြားတော့ အော်ဟစ်ကြတယ်။ ဒါက ယင်ယခန်ခန်းမရဲ့ တကယ့် အင်အား အစစ်ပဲ။
“လေးယောက် တစ်ယောက် တိုက်ပွဲလား။ ဒါမျိုးကို ဘယ်အလွတ်ခံလို့ ဖြစ်မလဲ။” ဒီအချိန် ကောင်းကင်ကနေ ကြည်လင် ပြတ်သားတဲ့ အသံ တစ်သံကို ကြားလိုက်ရတယ်။ လူတစ်ချို့ ကောင်းကင်ကနေ ဆင်းသက်လာတယ်။ သူတို့ အရှိန်က အရမ်းကို မြန်ဆန်တယ်။
လူတစ်ယောက်ကတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီး အနားမှာ လာရပ်တယ်။ ဒီလူက မီးခိုးရောင် ဝတ်ရုံရှည်ကို ဝတ်ထားတဲ့ အသက်၄၀ကျော် လူတစ်ယောက်ပဲ။ မျက်လုံးဝိုင်းဝိုင်း။ မျက်ခုံး ကောင်းကောင်းနဲ့ ပုခုံးပေါ် ဝဲကျနေတဲ့ ဆံပင်ရှည်တွေ ရှိတယ်။
“အဖိုးကြီး ရန်ခွန်းလား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒီလူ ပေါ်လာတာကို အံ့သြ နေသလို ပျော်လည်း ပျော်နေခဲ့တယ်။ နောက်ထပ် လူနှစ်ယောက် ကောင်းကင်းကနေ ထပ်ဆင်းသက်လာတယ်။
တစ်ယောက်ကတော့ အစိမ်းနုရောင် အကျီကို ဝတ်ထားတဲ့ အသက်၃၀ ဝန်းကျင် အမျိုး သမီး တစ်ယောက်။ ဒါပေမယ့် သူမ ဆံကေသာမှာ ဆံပင်လေးတွေ ဖြူစ ပြုနေပြီ။ နောက်တစ်ယောက်ကတော့ အဖြူရောင် ကျောင်းတော်သား ဝတ်ရုံကို ဝတ်ထားတဲ့ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် လူတစ်ယေက်။ သူ့နော်ကကျောမှာ ရွှေရောင် ဓားနှစ်လက်ကို လွယ်ထားတယ်။
“ကြည်လင်စိမ့်စမ်း အဖွားကြီးနဲ့ ပိုင်ယာ့လည်း ရောက်လာတာလား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး အတော့်ကို ပျော်နေပြီ။
“ကောင်းကင် အိုအေစစ် နောက်ဆုံး တွေ့ခဲ့ရတဲ့ အချိန်အတိုင်း စိတ်ရှုပ်စရာ ကောင်းအောင် စကားများ နေတုန်းပဲ။” ကြည်လင်စိမ့်စမ်း အမျိုးသမီးကြီး မျက်စောင်းထိုးရင်း ပြောတယ်။
ပိုင်ယာ့လို့ ခေါ်တဲ့ လူကြီးကတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ စကားတွေကို ကျင့်သားရ နေတဲ့ ပုံစံပဲ။ သူ့ဓားနှစ်လက်ကို ဆွဲထုတ်ရင်း တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်တယ်။
“ယို့။ အဲ့တာ ဖန်ကျန်းရှီပေါ့။ ဟုတ်တယ်ဟုတ်။ သူ့အကြောင်းကို ကြားဖူးပေမယ့်၊ မြင်ရမှပဲ ယုံတော့တယ်။ သတ်ဖြတ်လိုစိတ်တွေက ပြင်းထန်လိုက်တာ။” ဖန်ကျန်းရှီရဲ့ စွမ်းပကားကို အဖိုးကြီး ရန်ခွန်း တအံ့တသြ ပြောတယ်။
“အဖိုးကြီး ရန်ခွန်း။ ငါတို့ရဲ့ လေးယောက်တစ်ယောက် တိုက်ပွဲကို မင်းဝင်ပါ ချင်လို့လား။” ရန်ချန်လိ မေးတယ်။
“ငါလား။ ဟဟား။ မပါနိုင်ဘူး။” ရန်ခွန်း သုခမိန်ကြီး ခေါင်းခါရင်း ကောင်းကင်ကို လက်ညှိုးထိုးပြီး ပြုံးပြတယ်။ ရန်ချန်လိကတော့ နားလည်သွားတဲ့ ပုံစံပဲ။
ဖန်ကျန်းရှှီကတော့ စကား တစ်ခွန်းတောင် မပြောဘူး။ အခု ရောက်လာတဲ့ လူ၃ယောက် အကြောင်းကို သူခန့်မှန်းနိုင်တယ်လေ။ ကြီးမြတ်သောရှ မင်းဆက်မှာ ခန်းမကြီး တစ်ခု။ သုခမိန် လေးယောက်။ ကျောင်းတော် ၁၃ခု ရှိတယ်။ ခန်းမက ကောင်းကင် တာအို ခန်းမ။
အခုရောက်လာတဲ့ လူသုံးယောက်ကတော့ ကောင်းကင် တာအို ခန်းမက လူတွေ မဟုတ်ဘူး။ ဒီတော့ လွတ်လွတ်လပ်လပ် လှည့်လည်နေတဲ့ သုခမိန် သုံးယောက်ပဲ ဖြစ်ရမယ်။ ကောင်းကင် အိုအေစစ်နဲ့ ပေါင်းလိုက်ရင် သုခမိန် လေးယောက်။
ရန်ခွန်း သုခမိန်၊ ပိုင်ယာ့ သုခမိန်၊ ကြည်လင် စိမ့်စမ်း သုခမိန်။ ကြည်လင်စိမ့်စမ်း သုခမိန်ကတော့ တောင်ပိုင်းဒေသမှာ ဖန်ကျန်းရှီ တိုက်ခိုက်ခဲ့တဲ့ ဝူဖုန်းရဲ့ ဆရာ။ ရန်ရွှယ် တစ်ခါတုန်းက ပြောဖူးတယ်။ ရန်ချန်လိနဲ့ ကြည်လင်စိမ့်စမ်း သုခမိန်က အတော့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ။ ဒါကြောင့် ဝူဖုန်းနဲ့ ရန်ရွှယ်လည်း ငယ်ငယ်တည်းက ခဏခဏ တွေ့ဖူးကြတယ်။
ဒါကြောင့် ဖန်ကျန်းရှီ တိတ်ဆိတ်နေတာတော့ မဟုတ်ခဲ့ဘူး။ ရန်ခွန်း သုခမိန်ကြီးနဲ့ ရန်ချန်လိ ကြည့်နေတဲ့ နေရာမှာ နောက်ထပ် လူနှစ်ယောက် ရှိနေတာကို သူတွေ့လိုက်ရတယ်။
တစ်ယောက်ကတော့ ရန်ချင်း။ နောက်တစ်ယောက်ကတော့ ချီကူယန်။ ချီကူယန်ကတော့ ပုံမှန် အတိုင်း ပန်းနုရောင် ဝတ်ရုံကို ဝတ်ထားတယ်။ နှင်းဖြူရောင် ခါးပတ်ကို ပတ်ထားပြီးတော့ စစ်မြေပြင်ကို ငုံ့ကြည့် နေခဲ့တယ်။ နေရောင်ကြောင့် သူမ ပါးပြင်က အနီရောင် သန်းနေနခဲ့တယ်။
ချီကူယန်ရဲ့ အနှိုင်းမဲ့ အလှတရားမှာ မာနတွေလည်း ထင်ဟပ် နေခဲ့တယ်။ ကြီးမားတဲ့ နှင်းလင်းယုန်ကြီး အပေါ်မှာ ရပ်နေတဲ့ သူမလို အလှတရားကို ဘယ်သူကမှ သတိမထားမိပဲ နေမှာ မဟုတ်ဘူး။
“ချီကူယန်ပဲ။”
“ရွေးချယ်ခံ ချီကူယန်လား။”
“ဘာဖြစ်လို့ သူဒီမှာ ရှိနေတာလဲ။ ကောင်းကင် တာအို ခန်းမလည်း ဒီမှာ ရောက်နေပြီလား။”
ယင်ယန် ခန်းမ တပည့်သားတွေ ချီကူယန်ကို အကုန်လုံး အာရုံ ရောက်သွားကြတယ်။ သူမ ရောက်လာတော့ သုခမိန် သုံးယောက်ရဲ့ တည်ရှိမှုတောင် မှေးမှိန် သွားခဲ့တယ်။ ချီကူယန်က ကောင်းကင် တာအိုခန်းမကို ကိုယ်စား ပြုရုံတင် မကဘူး။ မြင့်မြတ် နယ်မြေထဲက လူတိုင်းသိတဲ့ ဟောစာတမ်းကိုလည်း ကိုယ်စားပြုတယ်။
ချီကူယန်က ရွေးချယ်ခံပဲ။
ချီကူယန် သားရဲကောင်ရဲ့ ကျောပေါ်ကနေ ခုန်ချတယ်။ ဖြည်းဖြည်းချင်း ဆင်းလာရင်းနဲ့ ရိုးရှင်းတဲ့ ရှေးဟောင်း ဓားတစ်လက်ကို ထုတ်လိုက်တယ်။ ချီကူယန်ရဲ့ ဓားထိပ်က မဟာ အကြီးအကဲ မော့ယွီကို ချိန်ရွယ် ထားခဲ့တယ်။
“၄ယောက် မလိုဘူး။ ၂ယောက်နဲ့ လုံလောက်တယ်။” ချီကူယန်က စကားများတဲ့ လူတစ်ယောက် မဟုတ်ဘူး။ သူမ စကားကို ဓားရယ် ရိုးရိုးရှင်းရှင်း စကားလုံးတွေနဲ့ရယ်ပဲ ဖော်ပြတယ်။
မော့ယွီရဲ့ အမူအယာကတော့ နောက်ဆုံးမှာ ပြောင်းသွားခဲ့ပြီ။ ချီကူယန် သူ့ကို ချိန်ရွယ်ထားတဲ့ အချိန်မှာ သူ့အမာရွတ်တောင် မထိန်းနိုင်အောင် တုန်ယင် နေခဲ့တယ်။ သူတစ်ခုခုပြောချင် နေတာကို လူတိုင်း သိပေမယ့်၊ တိတ်တဆိတ်သာ နေခဲ့တယ်။ မျက်နှာကတော့ မှောင်မည်းနေတယ်။
ချီကူယန်ရဲ့ ဓားက ကျရောက်လာတယ်။
သောင်းချီတဲ့ ကြယ်အလင်းတန်းတွေ ကျလာသလိုပဲ။ ဒါက နတ်ဆိုး ကျောင်းတော်ရဲ့ ဓားသိန်းသန်းချီ အနုပညာ။ ဒီကြယ်အလင်းတန်းတွေထဲမှာ အရိပ်ကြီး တစ်ခုလည်း ရှိနေခဲ့တယ်။ ဆံပင်ရှည်ကြီးနဲ့ အရမ်းလှတဲ့ အမျိုးသမီး တစ်ယောက်။ သူမရဲ့ အောက်ပိုင်းကတော့ ငါးရောင်ခြယ် အကြေးခွံတွေ ပြည့်နေတဲ့ မြွေ အမြီးနဲ့။ တကယ့်ကို ကြောက်စရာ ကောင်းတယ်။
မဟာ အကြီးအကဲ နောက်ဆုံးတော့ လှုပ်ရှားပြီ။ ညာလက်ကို ပင်လယ်ရေနဲ့ ထိလိုက်ပြီးတော့ အပြာရင့်ရှောင် လှံတစ်ချောင်းကို ဖန်တီးလိုက်တယ်။ ရှည်လျားတဲ့ လှံရဲ့ထိပ်မှာ အပြာရင့်ရောင် ကျောက်မျက်တစ်လုံး ရှိနေခဲ့တယ်။
“သမုဒ္ဒရာ အမျက်။” မဟာအကြီးအကဲရဲ့ လှံက မြွေကြီး တစ်ကောင်လို ချီကူယန်ရဲ့ လည်ပင်းဆီကို ဦးတည်တယ်။
“ဝုန်း။” ကြယ်အလင်းတန်းတွေက မြွေနဲ့ ထိတဲ့ အချိန်မှာ လှိုင်းတွေ ဖြာထွက်လာတယ်။ မြွေလည်း ရပ်တန့် သွားတယ်။ ကြယ်အလင်းတန်းတွေကို ခဏစောင့်ပြီးတော့ ရှောင်ရှားရင်း တိုက်ခိုက်ဖို့ အခွင့်အရေးကို ချောင်းနေခဲ့တယ်။
အမြင်ကျယ်စေတဲ့ မြင်ကွင်းပဲ။ ရွေးချယ်ခံ ချီကူယန်က အင်အားကြီးမှန်း သိပေမယ့် မဟာ အကြီးအကဲရဲ့ တိုက်ခိုက်မှုကို ခုခံ နိုင်မယ်လို့ မထင်ထား ခဲ့မိဘူး။
“ဖျက်စီး။” ချီကူယန် ခပ်တိုးတိုး ပြောတယ်။ အဲ့ဒီ့နောက် ကြီးမားတဲ့ အရိပ်နက်ကြီး တစ်ခုက အကြီးအကဲရဲ့ ခေါင်းပေါ်မှာ ပေါ်လာတယ်။ သူ့ခေါင်းပေါ်ကို ခပ်မြန်မြန် ကျလာနေတယ်။
“ကောင်းချီးခံ ထိပ်တန်း သွေးမျိုးနွယ်က တကယ့်ကို နာမည်နဲ့ လိုက်ဖက်တာပဲ။” မော့ယွီ လက်ထဲကလှံ မရေမတွက်နိုင်တဲ့ လှံတွေ အဖြစ်ကို ပြောင်းလဲ သွားပြီးတော့ အရိပ်ကြီးကို တိုက်ခိုက်တယ်။
“ဝုန်း။” ကျောက်တုံးတွေ အက်ကွဲကုန်တယ်။ ဒီအချိန်မှာပဲ မော့ယွီရဲ့ ပင်လယ်ရေထဲကနေ ကျောက်မျက်ရတနာလို အကြေးခွံတွေ ဖုံးလွှမ်းနေတဲ့ မြွေကြီး ထွက်ပေါ်လာတယ်။ အရာအားလုံးက တစ်ခဏ အတွင်း ဖြစ်ပျက်သွားတာ။ သူတို့တွေ နှစ်ခေါက် တိုက်ခိုက်တာတောင် မျက်တောင်တစ်ခတ်စာ အချန်ပဲ ကြာတယ်။
“အင်အားကြီးလိုက်တာ။”
“ဒါက ရွေးချယ်ခံ တစ်ယောက်ရဲ့ စွမ်းအားလား။”
“ထိပ်တန်း သွေးမျိုးနွယ်ပဲ။”
ယင်ယန် ခန်းမ တပည့်သားတွေ အဆုံးမဲ့ ပင်လယ်နဲ့ နီးကပ် မနေပင်မယ့်၊ တိုက်ပွဲ အရှိန်ကို ခံစား မိနေတယ်။ ဒီအချိန်မှာပဲ အဆုံးမဲ့ ပင်လယ်ထဲက လူတစ်ယောက် ခုန်ထွက်လာတယ်။ သူ့အရှိန်က အရမ်းကို မြန်ဆန်တယ်။ ဒီလူ ထွက်လာတာနဲ့ နဂါး အော်သံ တစ်ချက်ကို ကြားလိုက်ရတယ်။ တပည့်သားတွေ အားလုံးရဲ့ စိတ်ထဲမှာ နာမည် တစ်ခုကို တွေးမိလိုက်တယ်။
“ဖန်ကျန်းရှီ။”
“ဝုန်း။”
ခရမ်းနီရောင် အလင်းတန်းတွေနဲ့ အတူ မြွေကြီး ရပ်တန့် သွားတယ်။ အဲ့ဒီ့နောက် မြွေခေါင်းကြီးက ပင်လယ်ထဲကို ပြုတ်ကျ လာတော့တယ်။
အပိုင်း (၇၅၉) ပြီး၏။
အပိုင်း (၇၆၀)
“ခန်းမထဲက အမျိုးသမီးရဲ့ ဇစ်မြစ် အစစ်။”
အပြာရင့်ရောင် ပင်လယ်ရေတွေက ဖြာထွက်ရင်းနဲ့ လေထဲမှာ လူတစ်ယောက် ဖြည်းဖြည်းချင်း ပေါ်လာတယ်။ သူ့ရဲ့ အပြာရောင် ဝတ်ရုံရှည်က လေထဲမှာ လွင့်နေခဲ့တယ်။ သူ့အောက်မှာတော့ မြွေကြီး တစ်ကောင်ရဲ့ ခန္ဒာကိုယ်က ပင်လယ်ရေထဲကို ပြုတ်ကျ သွားခဲ့တယ်။
ဒီအချိန်မှာပဲ ကြောက်စရာ ကောင်းအောင် တိတ်ဆိတ် သွားခဲ့တယ်။ ယင်ယန် ခန်းမ တပည့်သားတွေကတော့ ပြုတ်ကျသွားတဲ့ မြွေကြီးကို ကြည့်ရင်းနဲ့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။
“ဒီကောင်စုတ်က မဟာ အကြီးအကဲရဲ့ သမုဒ္ဒရာ အမျက်ကို ဓားချက် တစ်ချက်တည်းနဲ့ ဖျက်စီးနိုင်တယ်လား။”
“အံ့သြ စရာ ကောင်းလိုက်တာ။”
“အင်အားကြီးတယ်။ အရမ်းကို အင်အားကြီးတယ်။”
ဒီတိုက်ပွဲက သူတို့ ထင်ထားတာ ထက်တောင် ပိုပြီးတော့ အထင်ကြီးစရာ ကောင်းနေတယ်။ ဒါပေမယ့် အကြောက်အလန့်ကင်းတဲ့ အရိပ်မျိုးနွယ်က တပည့်သားတွေ သူတို့ကို ဝန်းရံ ထားတာတော့ ဆက်ပြီး တိုက်ခိုက် နေရတယ်။
“သေစမ်း။” ယင်ယန် ခန်းမ တပည့်သားတွေ အော်ဟစ်တယ်။
“သတ်ကြ။” အရိပ်မျိုးနွယ် တပည့်သားတွေလည်း အသံကုန် ဟစ်ပြီးတော့ အော်ဟစ် နေကြတယ်။
ရန်ချန်လိက သုခမိန် သုံးယောက်ကို ကြည့်ရင်း အလေးအနက် ပြောတယ်။ “ငါ ရန်ချန်လိ လေးလေးနက်နက် အကူအညီ တောင်းပါတယ်။”
“ဒါတွေ ပြောမနေနဲ့တော့ မင်းသားရန်။ ငါတို့ အားလုံးက ကြီးမြတ်သောရှရဲ့ လူတွေပဲ။ ဘိုးဘေးတွေကလည်း အတူတူပဲ။ ဒီတော့ ငါတို့ အတူတူ ရပ်တည်မယ်။” ကြည်လင်စိမ့်စမ်း သုခမိန်က ရှေးဟောင်း ဗျပ်စောင်း တစ်လက်ကို ထုတ်လိုက်တယ်။ ပိုင်ယာ့ သုခမိန်ကို ကြည့်ရင်း ပြောတယ်။ “အကိုပိုင်။ တိုက်ခိုက်ကြစို့။”
“ကောင်းပြီ။” ပိုင်ယာ့ သုခမိန် ခေါင်းငြိမ့်ရင်း တိုက်ခိုက်လို စိတ်တွေကို ဖြန့်ထုတ်လိုက်တယ်။ နောက်ထပ် ဘာမှ မပြောတော့ဘူး။ ယင်ယန် ခန်းမရဲ့ သုခမိန် တပည့်သားတွေကို သူကလက်ထဲက ဓားနှစ်လက်နဲ့ ဝင်တိုက်ခိုက် တော့တယ်။
“ဟဟား။ ဆရာ့ထက် တပည့်က လက်စောင်းထက်တာပဲ။ ကောင်းကင် အိုအေစစ်ကြီး။ မင်းက အားနည်းပေမယ့် မင်းတပည့်ကတော့ တကယ့်ကို တစ်ခုခုပဲ။ ဒီနေ့ မင်းနဲ့အတူ ငါတိုက်ခိုက်မယ်။” ရန်ခွန်း သုခမိန် ရယ်မောရင်း တိုက်ပွဲထဲကို ဝင်လာတယ်။
“ငါက အားမနည်းဘူး။ စွမ်းအားတွေကို ထုတ်မပြချင်လို့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး မျက်စောင်း တစ်ချက် ထိုးရင်းနဲ့ ပြောတယ်။ ဖန်ကျန်းရှီကို တစ်ချက် ကြည့်လိုက်ပြီးတော့ ဆေးလုံးတွေကို ထုတ်ဝါးတယ်။
ရန်ချန်လိကတော့ ပိုင်ယာ့ သုခမိန်နဲ့ အတူတူ ပြေးထွက်သွားတယ်။ ဘယ်သူ ပိုမြန်လဲ ပြိုင်ချင်နေတဲ့ ပုံစံပဲ။
“ဒင်” ရှေးဗျပ်စောင်းသံ ထွက်ပေါ်လာတယ်။ ဒီအသံက ထူးထူးခြားခြား ကြည်လင် နေပင်မယ့်၊ လက်နက် တစ်ခုလိုပဲ။ အရမ်းကို ထက်ရှပြီးတော့ ကြောက်စရာ ကောင်းတယ်။ ကြည်လင် စိမ့်စမ်း သုခမိန်က နောက်ဆုံး အချိန်မှ စစ်ပွဲထဲကို ဝင်ရောက်တယ်။ ဒါပေမယ့် သူမက တိုက်ပွဲ တစ်ခုလုံးကို ပြောင်းပြန်လန်အောင် လုပ်နိုင်တဲ့ သူပဲ။
သူမရဲ့ ဗျပ်စောင်းသံ တစ်ချက်က လူတွေ အများကြီးကို တခါတည်း သေသွား စေနိုင်တယ်။ သုခမိန်တွေ တိုက်ပွဲထဲကို ပိုရောက်လာတဲ့ အချိန်မှာ လူတွေ ပိုသေတော့တယ်။
အရိပ်မျိုးနွယ်စုက တပည့်သားတွေ လဲကျကုန်တဲ့ အချိန်မှာပဲ။ ယင်ယန် ခန်းမ တပည့်သားတွေလည်း သေဆုံးကျတယ်။ သွေးနံ့တွေက လေထဲမှာ ပျံ့နေတယ်။ တကယ့်ကို သတ်ဖြတ်မှုကြီး တစ်ခုပဲ။
…
မော့ယွီကတော့ ဘယ်တုန်းကမှ ဒေါသထွက်တဲ့ ပုံစံ မရှိခဲ့ဘူး။ ဒါပေမယ့် သူ့လက်ထဲက လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဆက်တိုက် တုန်ယင် နေခဲ့တယ်။
ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက်လုံးက ပင်လယ်ပေါ်မှာ မတ်တပ် ရပ်နေကြတယ်။ အခိုင်အမာ ဆုံးဖြတ်ထားတဲ့ ပုံစံပဲ။
နှစ်ယောက်လုံး တိတ်ဆိတ်ေ နခဲ့တယ်။ ဒီလို ရပ်တန့်နေတာ အချိန်သိပ် မကြာဘူး။ ဖန်ကျန်းရှီ အရင်ဆုံး လှုပ်ရှားတယ်။ ချီကူယန်က သူ့ဘေးကနေ လိုက်လာတယ်။ ဓားနှစ်လက်က မော့ယွီကို ဦးတည်နေခဲ့တယ်။
“နှစ်ယောက်။ နှစ်ယောက်တည်းလား။” မော့ယွီ ဒေါသတကြီး အော်လိုက်တဲ့ အချိန်မှာပဲ သူ့နောက်ကနေ လှိုင်း အကြီးကြီး တစ်ခု တက်လာတော့တယ်။ ဖန်ကျန်းရှီရော ချီကူယန်ရဲ့ ဓားကပါ ဒီလှိုင်းတွေကို ခွဲချလိုက်တယ်။
သောင်းချီတဲ့ ကြယ်အလင်းတန်းတွေက သူတို့ နှစ်ယောက်လုံးရဲ့ ဓားကနေ ထွက်ပေါ်လာတယ်။ ကြီးမားတဲ့ အရိပ်ကြီးက ပိုပြီးတော့ မြန်မြန် လှုပ်ရှားတယ်။
“အေးခဲ။” ချီကူယန် ခပ်တိုးတိုး အော်လိုက်တယ်။ လေထုတောင် ရပ်တန့် သွားသလိုပဲ။ မော့ယွီရဲ့ လက်ထဲမှာ လှံတစ်ချောင်း ပေါ်လာတယ်။ သူ့အမူအယာလည်း ပြောင်းလဲ သွားခဲ့တယ်။ ဒါက နွီဝါး မျိုးနွယ်ရဲ့ စွမ်းရည်ပဲ။ စိတ်ဝိဉာဉ်ကို တိုက်ခိုက်နိုင်စွမ်း မြင့်မားတယ်။
တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ထျန်းရှင်းကိုတောင် ရပ်တန့်နိုင်တယ်။ ဒါကြောင့် မော့ယွီလည်း မခုခံ နိုင်ခဲ့ဘူး။ မဟာ အကြီးအကဲကတော့ ရပ်တန့် သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အရိပ်မဲ့ ဓားကတော့ သူ့ခေါင်းပေါ်မှာ ရစ်ဝဲ နေခဲ့တယ်။
“ချိုးဖျက်။” မော့ယွီ ဒေါသတကြီး အော်ဟစ်တယ်။ သူ့ကိုယ်သူ ကာကွယ်လှိုင်းတွေနဲ့ ကာကွယ်လိုက်တယ်။ ဒါတောင် ဖန်ကျန်းရှီရဲ့ ဓားက သူ့ကို ထိသွားခဲ့တယ်။ သွေးတွေ ရေထဲကို စီးဝင်တယ်။ ခြေရာမဲ့ ဓားက မော့ယွီရဲ့ ရင်ဘတ်ကို ဒဏ်ရာရသွား စေခဲ့တယ်။
ဒါက ပထမဆုံး အကြိမ် အနေနဲ့ မော့ယွီကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပဲ။
“ဝုန်း။” ခြေရာမဲ့ဓားက ပင်လယ်ထဲကို ထိုးစိုက်တယ်။ အဲ့ဒီ့နောက် မရေမတွက်နိုင်တဲ့ ဒားအလင်းတန်းတွေ မဟာ အကြီးအကဲဆီကို ဦးတည် )င်ရောက်တော့တယ်။
ဒါက နဂါးရာချီ ဓားချက်ပဲ။ နောက်ပြန်လှည့်စရာ နည်းလမ်း မရှိတော့တာကို သိတဲ့ အတွက် ဖန်ကျန်းရှီလည်း တွေေ၀ မနေတော့ဘူး။ ဆက်တိုက် ရှေ့ဆက်တိုး ခဲ့တယ်။
ဖန်ကျန်းရှီနဲ့ ချီကူယန်က မော့ယွီကို နှစ်ယောက်ပေါင်းပြီးတော့ တိုက်ခိုက်ပေမယ့် တိုက်ခိုက်ဖို့ တစ်ခုခုကို စတေးတာမျိုး မလုပ်ခဲ့ဘူး။ မော့ယွီကတော့ နောက်ကို မဆုတ်ပဲ ဖန်ကျန်းရှီကို ပြန်တိုက်ခိုက်တယ်။ သူ့ရဲ့ အပြာရောင်လှံက ဓားအလင်းတန်းတွေကို ဖောက်ထွက်ပြီးတော့ ဖန်ကျန်းရှီရဲ့ လည်ပင်းကို ဦးတည်လာတယ်။
“ချွမ်။” ချီကူယန်က လှံကို သူမရဲ့ ဓားနဲ့ ကာလိုက်တယ်။ သူမ နောက်ကို ရွေ့သွားခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ လေထဲကို ရောက်နေခဲ့ပြီ။ မရေမတွက်နိုင်တဲ့ ဓားတွေက ခြေရာမဲ့ ဓားကို လာပေါင်းစုံတယ်။ သူ့ဓားက ချက်ခြင်း ဆယ်ဆ ကြီးသွားတယ်။
အဆုံးမဲ့ ပင်လယ်ကို နောက်တစ်ခေါက် ခဲချလိုက်တယ်။ တကယ့်ကို ကြောက်စရာ တိုက်ပွဲပဲ။ ဖန်ကျန်းရှီနဲ့ ချီကူယန်တို့ ပူးပေါင်း တိုက်ခိုက်တာ ရှားပါးတယ်။ သူတို့ နှစ်ယောက်ရဲ့ အစွမ်းက မော့ယွီကို ထိတ်လန့် စေဖို့ လုံလောက်တယ်။ တကယ့်ကို ပြင်းထန်တဲ့ တိုက်ပွဲပဲ။
ဖန်ကျန်းရှီနဲ့ ချီကူယန်က မော့ယွီကို တိုက်ခိုက်သလို။ ယင်ယန် ခန်းမ တပည့်သား တစ်ရာနီးပါး သေဆုံး သွားရပြီ။ အရိပ်မျိုးနွယ်စုလည်း တပည့်သား ၂၀၀ကျော် ဆုံးရှုံးတယ်။ သွေးနံ့တွေက ပြင်းထန်လွန်းလို့ အသက်ရှူတောင် ကြပ်လာစေတယ်။
လေထုက တဖြည်းဖြည်း ပိုပြီးတော့ မှောင်မိုက်လာတယ်။ နေမင်းကြီးက ထွန်းလင်း နေပင်မယ့်၊ တိုက်ပွဲရဲ့ အမှောင်ထုကိုတော့ မဖယ်ရှား နိုင်ခဲ့ဘူး။
အချိန်တွေ ကုန်ဆုံး သွားတာနဲ့ အမျှ အလောင်းတွေ မြေပြင်မှာ ပုံလာတယ်။ ယင်ယန် ခန်းမ တပည့်သားတွေကတော့ အသက်လုရှူ နေရတယ်။ အရိပ်မျိုးနွယ် တပည့်သားတွေလည်း ခြေထောက် ခိုင်အောင်အောင် မရပ်နိုင် ကြတော့ဘူး။
ရန်ခွန်း သုခမိန်ကြီး တစ်ကိုယ်လုံး သွေးတွေ ရွဲနစ်နေပြီ။ ကြည်လင် စိမ့်စမ်း သုခမိန်ကြီးကတော့ မျက်နှာမှာ ခြစ်ရာတွေ ပြည့်နေတယ်။ ပိုင်ယာ့ သုခမိန်ကြီးရဲ့ ဓားကလည်း သွေးတွေ စွန်းနေပြီ။
ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ ဆေးလုံး ဆယ်ပုလင်းကိုတောင် စားပြီးပြီ။ ရန်ချန်လိရဲ့ မျက်လုံးတွေကတော့ သွေးနီရောင် တောက်နေခဲ့တယ်။
စစ်မြေပြင်မှာတော့ ယင်ယန် ခန်းမ ဆဋ္ဌမ အကြီးအကဲလည်း သွေးသံ တရဲရဲ ဖြစ်နေတယ်။ တောင်စဉ် ကိုးသွယ်က အကြီးအကဲ နှစ်ယောက်ကိုတော့ ဒါဇင်ချီတဲ့ သုခမိန် တပည့်သားတွေ ဝန်းရံ ထားတယ်။
တိုက်ပွဲက ပြင်းထန်တယ်။ ဘယ်သူမှ မသေသေး ပင်မယ့် ဒဏ်ရာကတော့ မနည်းဘူး။ နေ့လယ်ကို ရောက်နေပြီ။
တောင်ပေါ်ဒေသ ဖြစ်တဲ့ အတွက် အရမ်း မပူဘူး။ ရွှေရောင် အလင်းတန်းက သွေးအိုင်ထဲကို ဖြာကျနေတယ်။ ဒီအချိန်မှာပဲ စစ်မြေပြင်နားကို လူတစ်ယောက် ဖြည်းဖြည်းချင်း ကပ်လာနေတယ်။ ကျောက်စိမ်းရောင် ဝတ်ရုံနဲ့ မိန်းမလှ တစ်ယောက်ပဲ။
မျက်ခုံး ဝိုင်းဝိုင်း မျက်လုံး နက်နက်နဲ့ ဆေးနံ့တွေ သူမရဲ့ ခန္ဒာကိုယ်က ထွက်ပေါ်နေတယ်။ မြေပြင်ကို ဆင်းသက်လာတဲ့ နတ်မိမယ် တပါးလိုပဲ။ အတော့်ကို အလျင်လိုနေတာ သိသာတယ်။ ဆေးပင်ထောင်ချီ ခန်းမမှာ ဖြစ်နေတဲ့ တိုက်ပွဲကို မြင်တော့ အတော့်ကို စိုးရိမ်သွားတဲ့ ပုံစံပဲ။
“ရပ်လိုက်။” သူမရဲ့ ကြည်လင်တဲ့ အသံက သွေးတွေကို ဆေးကြောသွားတဲ့ စမ်းချောင်း တစ်ခုလို သာယာတယ်။ ဖန်ကျန်းရှီရဲ့ ဓားရပ်တန့်သွားတယ်။ ဒီအမျိုးသမီးက ခန်းမဆောင်မှာ နေတဲ့ အမျိုး သမီးပဲ။ နာမည်က ရှင်းမု။
သူ့ကို သိလို့ ရပ်တန့် လိုက်တာ မဟုတ်ဘူး။ သူမ လက်ထဲမှာ သတိလစ်နေတဲ့ လူတစ်ယောက် ပါလာလို့ ရပ်တန့် ရတာပဲ။
ဖန်ကျန်းရှီ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီအမျိုးသမီး ဘာလို့ ရောက်လာမှန်း သူမသိဘူး။ ဒါပေမယ့် ရန်ရွှယ့်ကို ချီပြီး ရောက်လာတာတော့ သိတယ်။ သူမြင်ချင်တဲ့ နောက်ဆုံးသူ။
အချိန် ခဏတာ တိတ်ဆိတ် သွားခဲ့တယ်။ ဖန်ကျန်းရှီ၊ ချီကူယန်နဲ့၊ မဟာ အကြီးအကဲရဲ့ဓား အကုန်လုံး ရပ်တန့် သွားခဲ့တယ်။ ယင်ယန် ခန်းမ တပည့်သားတွေလည်း သူမကို မြင်ရတာ အံ့သြ နေခဲ့တယ်။ သူမ ဒီကို ရောက်လာမယ်လို့ ဘယ်သူမှ မထင်ထား မိဘူး။ အရိပ်မျိုးနွယ် တပည့်သားတွေကတော့ သူမကို ဘယ်သူမှန်း မသိကြဘူး။
ဒါပေမယ့် ယင်ယန်ခန်းမ အတွက် အရမ်း အရေးကြီးတဲ့ လူတစ်ယောက် ဆိုတာကိုတော့ သိကြတယ်။ ယင်ယန် ခန်းမ တပည့်သားတွေ အားလုံး သူမ အသံကို ကြားတဲ့ အချိန်မှာ ရပ်တန့် သွားတယ်လေ။
တစ်ခဏတာ ရပ်တန့်မှုက လေထုဖိအားကိုလည်း လျော့ကျ သွားစေခဲ့တယ်။ ဒီလို ရပ်တန့် သွားတာက အချိန်တော့ သိပ်မကြာခဲ့ဘူး။
“ဖန်ကျန်းရှီ နင်အောင်မြင်မယ်လို့ ငါတကယ်ပဲ မထင်ခဲ့မိဘူး။” အမျိုးသမီးက ချီကူယန်ကို မြင်လိုက် ရတဲ့ အတွက် အံ့သြ နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ပုခုံးပေါ်က တောက်ဟွမ်ကို ကြည့်ရင်း ပိုပြီးတော့ လေးနက် တည်ကြည်လာတယ်။
“ငါလည်း မင်းကို ထွက်လာနိုင်မယ်လို့ မထင်ထား မိဘူး။” ဖန်ကျန်းရှီ လိမ်နေတာ မဟုတ်ဘူး။ သူမကို ကောင်းကောင်း ချည်နှောင်ထားခဲ့တာ မှတ်မိသေးတယ်။
သူတို့ စကားတွေက အဓိပ္မာယ် မရှိပေမယ့် ယင်ယန် ခန်းမ တပည့်သားတွေကတော့ စိတ်ရှုပ်လာတယ်။ အမျိုးသမီးက စကားဆက်ပြော ချင်စိတ် ရှိတဲ့ပုံ မပေါ်ဘူး။ သွေးအိုင်ထဲမှာ တစ်ယောက်ယောက်ကို ရှာနေတဲ့ ပုံပဲ။
အဲ့ဒီ့နောက် မော့ယွီကို တစ်ချက်ကြည့်ရင်း မေးတယ်။ “နင်က ဆေးပင်ထောင်ချီ ခန်းမထဲကို ဝင်သွားပြီးတော့ တကယ်ပဲ အန္တရာယ် ကင်းကင်းနဲ့ ပြန်ထွက်လာ နိုင်တာလား။”
“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဒါပေမယ့် နင်ထွက်ပြေးဖို့ လုပ်တဲ့ အချိန်မှာ ဒီလို ဖြစ်တာဆိုတော့၊ ဆေးပင် ထောင်ချီ ခန်းမထဲမှာ နင့်ကို ရှာတွေ့ သွားတာပေါ့။” ဖန်ကျန်းရှီ ပြန်မဖြေဘူး။ သူမ ပြောတာ အမှန်ပဲလေ။
“နင်က မဟာ အကြီးအကဲကိုတောင် တိုက်ခိုက် စေနိုင်တယ် ဆိုတော့၊ တကယ့်ကို သန်မာတာပဲ။ နံပါတ်လေး၊ ငါး၊ ရှစ် အကြီးအကဲတွေကိုလည်း နင်ပဲ ဒဏ်ရာရစေတာ မဟုတ်လား။”
“မှန်တယ်။” ဖန်ကျန်းရှီ မငြင်းဘူး။
“ငါ့မှာ ရန်ရွှယ်ရှိတယ်။ နင့်မှာ ငါ့ဆရာ ရှိတယ်။ ငါတို့ လဲမယ်ဆိုရင်ကော၊ ဘယ်လိုလဲ။” အမျိုးသမီး စကားပြောရင်းနဲ့ ရန်ရွှယ့်ကို ဖြည်းဖြည်းချင်း မြေပြင်ပေါ် ချတယ်။
ဖန်ကျန်းရှီကတော့ ပြန်မဖြေဘူး။ ဒီတစ်ခေါက် သူတကယ့်ကို ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေတယ်။ ရန်ရွှယ်နဲ့ တောက်ဟွမ်ကို လဲရတာ ကျိုးကြောင်း သင့်တော်တဲ့ လုပ်ရပ်ပဲ။ ပုံမှန် အခြေအနေမှာ သူငြင်းမှာ မဟုတ်ဘူး။
ဒါပေမယ့် ရန်ရွှယ့် သေရေး ရှင်ရေးကြောင့် သူချက်ခြင်း မဆုံးဖြတ် နိုင်ခဲ့ဘူး။ ရန်ရွှယ် အသက်ရှင်ဖို့ တောက်ဟွမ်ကို လက်လွှတ်လို့ မဖြစ်ဘူး။ သူမရဲ့ တောင်းဆိုမှုကို ငြင်းပယ်လိုက်ရင်ရော၊ ရန်ရွှယ့်ကို ဘယ်လို ပြန်ခေါ် ရမှာလဲ။
“နင် ရန်ရွှယ်ကို မကယ်ချင် တော့ဘူးလား။” တစ်ခဏ ကြာပြီးတဲ့နောက် အမျိုးသမီး မေးခွန်း ဆက်မေးတယ်။ ဖန်ကျန်းရှီ သူမ မေးခွန်းကို ပြန်မဖြေတဲ့ အတွက် မအံ့သြဘူး။
“မင်းနာမည်ကိုပြော။” ဖန်ကျန်းရှီ နောက်ဆုံးတော့ ပြန်ဖြေတယ်။ ဒါပေမယ့် သူ့မေးခွန်းက အဖြေနဲ့ မကိုက်ဘူး။ ခန်းမဆောင်မှာ တစ်ခါ မေးခဲ့ ပြီးပေမယ့် အခုလည်း ထပ်မေးပြန်တယ်။
အပိုင်း (၇၆၀) ပြီး၏။