← Chapters

အပိုင်း (၇၆၁-၇၇၀)

Vol. 8 Ch. 761-770

အပိုင်း (၇၆၁-၇၇၀)

Vol. 8 Ch. 761-770

အပိုင်း (၇၆၁)

“အသက်ရှိနေရင်၊ သေခြင်း တရားလည်း ရှိမယ်။”

“ငါ့မျိုးရိုးနာမည်က တောက်။ နာမည်ကတော့ ရှင်း။” အမျိုးသမီး ရှေ့တစ်လှမ်း တိုးလာရင်း ပြောတယ်။

“တောက်ရှင်း။ မင်းမျိုးရိုးက တကယ်ပဲ တောက်လား။” ဖန်ကျန်းရှီ နှုတ်ခမ်း နည်းနည်း တွန့်သွားတယ်။ ခေါင်းမော့ရင်း မိုးကောင်းကင်ကို တစ်ချက်ကြည့်တယ်။ ဒါပေါ့။ ဒီနာမည်ရဲ့ အဓိပ္မာယ်ကို သူသိတယ်လေ။ အမျိုးသမီး တိုက်ရိုက် မပြောတာတောင် သူမ ဘယ်သူဆိုတာ ခန့်မှန်း နိုင်တယ်။ “ငါတကယ့်ကို သနားကြင်နာ မိခဲ့တယ်။”

“သနား ကြင်နာ မိခဲ့တယ်။”

“ဒီကောင်စုတ်က သူ့ကိုယ်သူ သနား ကြင်နာတတ်တယ်တဲ့၊ သူတကယ်ပဲ ဒီလို ပြောထွက်ဝံ့တယ်။”

“အရှက်မရှိလိုက်တာ။”

ယင်ယန် ခန်းမ တပည့်သားတွေ စိတ်ပျက် လက်ပျက် ပြောကြတော့တယ်။

“နင် တကယ်ပဲ သနားကြင်နာ ခဲ့တယ်။ ဒါပေမယ့် သိပ်ပြီးတော့ ဆိုးတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။” တောက်ရှင်း ခေါင်းငြိမ့်ရင်း ထောက်ခံတယ်။

“…..”

“…..”

ယင်ယန် ခန်းမ တပည့်သားတွေကတော့ သူတို့ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရသလို ပုံစံမျိုးနဲ့ တောက်ရှင်းကို ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ အများကြီး မပြောတော့ဘူး။ တောက်ရှင်း ပေါ်လာရတဲ့ အကြောင်းအရင်းကို သူမသိဘူးလေ။ တောက်ရှင်း တစ်ခုခု ပြောမှာကို သူစောင့်နေတယ်။

တောက်ရှင်းကတော့ ဖန်ကျန်းရှီကို နားလည်တဲ့ ပုံစံပဲ။ “နင် ယင်ယန် ခန်းမကို ရောက်တဲ့ အချိန်မှာ၊ နှစ်ခေါက်နဲ့ တဝက် သနားကြင်နာခဲ့တယ်။”

“နှစ်ခေါက်နဲ့ တဝက်။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ ဒီစကားကို သူသိပ်ပြီးတော့ နားမလည်ဘူး။ တကယ်တော့ သူတို့တွေတင် မကဘူး။ ဘေးနားက ကောင်းကင် တာအို သုခမိန်ကြီးပါ လုံး၀ နားမလည်ဘူး။

“ဟုတ်တယ် နှစ်ခေါက်နဲ့ တဝက် တိတိပဲ။ ပထမ တစ်ခေါက်တုန်းက ငါ့ကို တိုက်ခိုက်တဲ့ အချိန်မှာ ငါက အရေးပါတဲ့ လူတစ်ယောက် ဆိုတာ သိရဲ့သားနဲ့ ငါ့အသက်ကို မခြိမ်းခြောက်ခဲ့ဘူး။ ဒါက ပထမ တစ်ခေါက်။” တောက်ရှင်း ပြောတယ်။ ဖန်ကျန်းရှီကတော့ ပြန်မဖြေဘူး။

ဒီစကားတွေကို ကြားချိန်မှာတော့ ယင်ယန် ခန်းမ တပည့်သားတွေ ဒေါသထွက်လာ ကြပြန်တယ်။

“ဒီကောင်စုတ်က သခင်မ တောက်ရှင်းကို တိုက်ခိုက် ဝံ့တယ်။”

“စိတ်ပျက်စရာ ကောင်းလိုက်တာ။”

“တကယ့်ကို ခွင့်လွှတ်လို့ မရတဲ့သူပဲ။

ယင်ယန် ခန်းမ တပည့်သားတွေ စိတ်ပျက်လက်ပျက် ဖြစ်နေသလို၊ သူတို့ ဒေါသတွေလည်း ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။ တောက်ရှင်းကတော့ အေးဆေး တည်ငြိမ်နေဆဲ။

“ဒုတိယ တစ်ယောက်ကတော့ ဆေးပင် ထောင်ချီ ခန်းမက နင်ထွက်လာတဲ့ အချိန်ပဲ။ ငါထင်တာသာ မမှားရင်၊ နင်က ငါ့အသက်ကို ချမ်းသာ ပေးရုံတင် မကဘူး။ နံပါတ်လေး၊ နံပါတ်ငါးနဲ့ နံပါတ်ရှစ် အကြီးအကဲတွေကိုလည်း အသက်ချမ်းသာ ပေးခဲ့တယ်။ ဟုတ်တယ်ဟုတ်။”

ဖန်ကျန်းရှီကတော့ တိတ်ဆိတ်နေဆဲ။ ဒါကို သူဝန်မခံ ချင်ဘူး။ ဒါပေမယ့် အမှန်တကယ်ကို သူသက်ညှာ ပေးခဲ့တယ်။ ရှီဖုန်းကို သတ်ခဲ့တာကတော့ ယွမ်ရုန်နဲ့ ရှီဖုန်းက ရန်ရွှယ်ကို ဓားစာခံ လုပ်ခဲ့လို့ပဲ။ ဒါပေမယ့် တခြား အကြီးအကဲတွေကတော့ ဒါမျိုး မလုပ်ခဲ့ဘူး။ သူက တောက်ဟွမ်ကို ပြန်ပေးဆွဲတဲ့ အတွက် မတားမဖြစ်လို့ တားကြ ရရုံပဲ။

“ဒီကောင် တကယ်ပဲ သက်ညှာ ခဲ့တာလား။”

“ငါမသိဘူး။”

“ဖြစ်နိုင်ချေ ရှိသလိုပဲ။”

တောက်ရှင်း ပြောတာကို ကြားပြီးတဲ့နောက် ယင်ယန် ခန်းမ တပည့်သားတွေ အမူအယာ ပြောင်းကုန်ကြတယ်။ ဖန်ကျန်းရှီ အသက်ချမ်းသာ ပေးခဲ့တာ အမှန်ပဲ။

“နောက်ဆုံး တဝက်ကတော့ အခုချိန်မှာ လုပ်နေတာပဲ။” တောက်ရှင်း ဖန်ကျန်းရှီရဲ့ ပုခုံးပေါ်က တောက်ဟွမ်ကို ကြည့်ရင်း ပြောတယ်။ တောက်ရှင်း ပြောတာကို သူနားလည်တယ်။ တဝက်တဲ့။ ဘယ်လိုတောင် မဆီလျော် လိုက်သဲ။

“လွန်ခဲ့တဲ့ တစ်လတုန်းက ကောင်းကင်တာအို ခန်းမ တောင်ခြေမှာ သုခမိန် ငါးယောက်ကို တပြိုင်တည်း နင်သတ်ခဲ့တယ်။ လူတိုင်းက နင့်ကို စိတ်လွတ်လက်လွတ် လူသတ်တဲ့သူလို့ ထင်ပေမယ့် ငါကတော့ မထင်ဘူး။ တကယ်တော့ နင်သာ သနား ညှာတာ မနေရင်၊ ဒီနေရာမှာ ငါရပ်ပြီးတော့ စကားပြောနေမှာ မဟုတ်ဘူး။” တောက်ရှင်းက ဖန်ကျန်းရှီ ပြန်ဖြေမှာကို စောင့်မနေခဲ့ဘူး။

“မင်းဘယ်လို ဆွေးနွေးချင်လဲ။” ဖန်ကျန်းရှီ မေးတယ်။

“ပထမဆုံး ငါဝန်ခံမယ်။ နင်က ငါထင်ထားတာထက် အများကြီး လုပ်နိုင်စွမ်း ရှိတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမှာ နင်ရှုံး သွားပြီ။” တောက်ရှင်းရဲ့ အသံက အရမ်းကို ယုံကြည်ချက် ပြည့်၀ နေခဲ့တယ်။

“မင်း ဘယ်လို ပြောနိုင်တာလဲ။”

“နင်ယင်ယန် ခန်းမကို လာတာ လူကယ်ဖို့၊ လူသတ်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် ယင်ယန် ခန်းမကို သွေးအိုင် ဖြစ်အောင် နင်လုပ်လိုက်ပြီ။ ဒီတော့ ယင်ယန် ခန်းမကနေ အသက်ရှင်လျက် ထွက်သွား နိုင်မှာ မဟုတ်ဘူး။ ဒီတော့ နင့် ရည်ရွယ်ချက်ကို ဘယ်လိုများ ပြည့်အောင် လုပ်နိုင်မှာလဲ။”

“ယင်ယန် ခန်းမကနေ ငါထွက်မသွား နိုင်ဘူးလို့ ထင်တယ်ပေါ့။”

“ရန်ရွှယ်က ငါ့လက်ထဲမှာ ရှိနေတယ်။ နင်ဒီကနေ ဘယ်လို ထွက်သွားမှာလဲ။”

“ငါတကယ်ပဲ မသက်ညှာခဲ့သင့်ဘူး။” ဖန်ကျန်းရှီ ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

“ကောင်းပြီလေ။ နင်ငါ့ကို အစောကြီးတည်းက သတ်လိုက်ရင်၊ နင်တကယ်ပဲ ယင်ယန် ခန်းမကနေ ထွက်သွား နိုင်လောက်တယ်။ ဒါပေမယ့် ဒီလို အဖြစ်က နင်ရှာနေတဲ့ ရလဒ် ဟုတ်ရဲ့လား။”

“မင်း ပြောတာများနေပြီ။ တကယ်ပဲ ဘာပြောချင်နေတာလဲ။ တောက်ဟွမ်ကို လက်လွှတ်စေချင်ရင်၊ အချိန်ဖြုန်း နေတာ ရပ်တော့လို့ ပြောချင်တယ်။”

“သဘောတူညီချက် တစ်ခု လုပ်ရအောင်။” တောက်ရှင်း ပြောတယ်။

“ဘာသဘော တူညီချက်လဲ။”

“နင်က ယင်ယန် တာအိုကို ပိုင်ဆိုင်တယ်လို့ ငါကြားတယ်။”

“ဟုတ်တယ်။”

“ဒီတော့ ယင်ယန် မျှခြေကို နင်နားလည် မှာပေါ့။ အသက်ရှိရင် သေခြင်း တရားလည်း ရှိလိမ့်မယ်။” တောက်ရှင်း ခပ်ရှင်းရှင်း ပြောတယ်။

“မင်းပြောတာ ငါ့အသက်နဲ့ ရန်ရွှယ့် အသက်ကို လဲခိုင်းတာလား။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြန်မေးတယ်။

“နင်မှန်တယ်။”

“ကြည့်ရတာ ငါ့မှာ တခြား ရွေးချယ်စရာ မရှိတဲ့ ပုံပဲ။ မင်းနဲ့ တောက်ဟွမ်ကို ယင်ယန်ခန်းမက ခေါ်သွားနိုင်ဖို့၊ မင်းအသက်ကို သုံးပြီးတော့ ရန်ရွှယ့်ကို လွှတ်ဖို့ ခြိမ်းခြောက်လို့ ရတာပဲ။”

“တကယ့်ကို ကောင်းတဲ့ အကြံပဲ။ ဒါပေမယ့် ရန်ရွှယ်ကို မသတ်ခင် ငါ့ကို မိအောင် ဖမ်းနိုင်မယ် ထင်လား။” တောက်ရှင်း လက်ထဲမှာ ဓားတစ်ချောင်း ပေါ်လာပြီးတော့ ရန်ရွှယ့် နှလုံးကို ထောက်ထားခဲ့တယ်။ ဖန်ကျန်းရှီကတော့ တိတ်ဆိတ် နေပင်မယ့်၊ သူ့လက်ထဲက ခြေရာမဲ့ ဓားကတော့ ရန်ရွှယ့် နှလုံးကို ချိန်ထားတဲ့ တောက်ရှင်းရဲ့ ဓားကို ရပ်တန့်သွားစေတယ်။

“အတင့်ရဲလိုက်တာ။” ဆဋ္ဌမ အကြီးအကဲ အော်ဟစ်တယ်။

“ဖန်ကျန်းရှီ ငါတို့ ခန်းမ ခေါင်းဆောင်ကို ဒဏ်ရာရအောင် လုပ်ဝံ့ရင်၊ မင်းတို့ ဘယ်သူမှ ယင်ယန် ခန်းမကနေ ထွက်သွားဖို့ မစဉ်းစားနဲ့။” မဟာ အကြီးအကဲရဲ့ လက်ထဲက လှံပိုပြီးတော့တောင် အရှိန်ပြင်းပြင်းနဲ့ တုန်ခါ လာခဲ့တယ်။

တောက်ရှင်းကတော့ အကြီးအကဲ နှစ်ယောက်ကို လက်တစ်ချက် ယမ်းပြီးတော့ တားလိုက်တယ်။ “ဒါက သရေ အခြေအနေပေါ့။”

“မဟုတ်ဘူးလား။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

တောက်ရှင်းကတော့ နည်းနည်းလေး ပြုံးလိုက်ပြီးတော့ သူမလက်ထဲက ဓားကို ရန်ရွှယ့် ရင်ဘတ်ထဲ နည်းနည်း စိုက်ချလိုက်တယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာ အမူအယာကတော့ ချက်ခြင်း ပြောင်းလဲ သွားတယ်။ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးလည်း အမူအယာ ပြောင်းသွားခဲ့တယ်။ အခုချိန်မှာ အရာအားလုံး ငြိမ်သက် နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ ဓားကလည်း လှုပ်ရှားပြီးတော့ တောက်ဟွမ်ရဲ့ ရင်ဘတ်ဆိကို ဖြည်းဖြည်းချင်း တက်လာတယ်။

“မလုပ်နဲ့။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ လက်ကို လူတစ်ယောက်က ဆွဲလိုက်တယ်။ သူကတော့ တခြားသူ မဟုတ်ဘူး။ ချီကူယန်ပဲ။

“ဘာဖြစ်လို့လဲ။”

“နိုးလာလိမ့်မယ်။” ချီကူယန် အသံက အရမ်းကို တိုးညင်းတယ်။

ဖန်ကျန်းရှီကတော့ ကောင်းကောင်း ကြားရတယ်။ သူ့အမူအယာ ချက်ခြင်း တည်ငြိမ် သွားခဲ့တယ်။ နိုးလာလိမ့်မယ်။ သူ့ကို ပြုံးပြနေတဲ့ တောက်ရှင်းကို ကြည့်ရင်း သူ့နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေခဲ့တယ်။ ဆိုးဝါးလိုက်တာ။ ဖန်ကျန်းရှီ သည်းမခံနိုင်ဆုံး နည်းလမ်းနဲ့ သူ့ကို လာဆွ နေတာပဲ။ ချီကူယန်သာ သတိမပေးရင်၊ သူသတိလက်လွတ် လုပ်မိပြီ။ အရာ အားလုံးကို စကားလေး တစ်ခွန်းနဲ့ လှည့်စား ပြောင်းလဲ ပြစ်နိုင်တယ်။ ဒါက မြင့်မြတ် နယ်မြေပဲ။

“ရွေးချယ်ခံ ချီကူယန်က တကယ့်ကို ထက်မြက်တာပဲ။ နာမည်နဲ့ လိုက်ဖက်တယ်။” တောက်ရှင်း သက်ပြင်း ချပြီးတော့ သူ့ဓားကို ဖြည်းဖြည်းချင်း ပြန်သိမ်းတယ်။ “ဒီတော့ ဖန်ကျန်းရှီ၊ ငါတို့တွေ မတိုးသာ မဆုတ်သာ အခြေအနေမှာ ရှိနေတယ်လို့ ထင်နေတုန်းလား။”

ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေကို ကိုက်ထားတယ်။ သူ့နှုတ်ခမ်းကနေ သွေးတွေတောင် စီးကျနေပြီ။ ခဏကိုယ်ကတော့ အရမ်းကို မတည်မငြိမ် ဖြစ်နေခဲ့တယ်။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ရမလဲ မတွေးတတ်ဘူး။ ဒါပေမယ့် ရန်ရွှယ့် အသက်ကို ထည့်စဉ်းစားရမယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးလည်း အမူအယာ အတူတူပဲ။ ဒီတိုက်ပွဲက ရှုံးပြီးသား ဖြစ်နေပြီ။

“ဖန်ကျန်းရှီ မင်းအကောင်းဆုံး ကြိုးစား ခဲ့တာပဲ။ ရွှယ်အာလည်း မင်းကို နားလည်မှာပါ။” ရန်ချန်လိရဲ့ အသံ ထွက်ပေါ် လာချိန်မှာပဲ အနီရောင် အလင်းတန်း တောက်ပ လာပြီးတော့ တောက်ရှင်း အနားကို ရန်ချန်လိ ကပ်လာတယ်။ ဒီအချိန်မှာပဲ ဆဋ္ဌမ အကြီးအကဲက တားဆီးလိုက်တယ်။

“ရန်ချန်လိ၊ မင်း အရင်ဆုံး ငါ့ကို ဖြတ်ရမယ်။” ဆဋ္ဌမ အကြီးအကဲက တိုက်ခိုက်နေပြီ။ တစ်ချက်လေးတောင် မတွေဝေဘူး။

“အဖိုးကြီးရန်၊ ငါမင်းကို ကူညီမယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးလည်း လှုပ်ရှားတယ်။ ရန်ချင်း အပါအဝင် တခြား သုခမိန်တွေ အကုန်လုံးလည်း တောက်ရှင်းဆီကို ခုန်ဝင်တယ်။ ယင်ယန် ခန်းမက လူတွေ ဒီလို အဖြစ်မျိုး ဘယ်လိုများ အဖြစ်ခံ နိုင်မှာလဲ။ နောက်ထပ် တိုက်ပွဲ ဖြစ်တော့မယ်။ နောက်ပြီးတော့ ဒီတစ်ခေါက် နှစ်ဖစ်လုံးရဲ့ ဒေါသတွေက အရင်ကထက် အများကြီး ပြင်းထန် နေခဲ့တယ်။

“ရပ်လိုက်။” ဖန်ကျန်းရှီ နောက်ထပ် သွေးပင်လယ် ဖြစ်မှာကို လွှတ်မထား နိုင်တော့ဘူး။ အရိပ်မျိုးနွယ် တပည့်သားတွေ သေဆုံး ရမှာကို မမြင်ရတော့ဘူး။ လုံလောက်ပြီ။ ရန်ချန်လိ ပြောသလိုပဲ။ သူတို့ ဒီတိုက်ပွဲအတွက် အင်အားကုန် သုံးခဲ့ ပြီးပြီ။

“ငါတို့ ရှုံးသွားပြီ။” ချီကူယန်ကို ကြည့်ရင်း သူပြောတယ်။ သူတို့ နှစ်ယောက်လုံးရဲ့ အတွေးက အတူတူပဲ။ ဟုတ်တယ် ရှုံးသွားပြီ။

“ငါပြောထားတဲ့ အတိုင်းပဲ။ အသက်ရှိရင်၊ သေခြင်းလည်း ရှိမယ်။ အသက်ဆက်ရှင်ရမယ့်သူက နင်လား ရန်ရွှယ်လား။” တောက်ရှင်း ခေါင်းငြိမ့်ရင်း ပြောတယ်။

“ဖန်ကျန်းရှီ ရွှယ်အာက ဒီအခြေအနေကို ရောက်နေပြီ။ ဒါက သူ့ဘဝပဲ။ ဘယ်သူ့ကိုမှ သူအကြွေးမတင်ဘူး။” ရန်ချန်လိ ချက်ခြင်း ပြန်ဖြေတယ်။

“ဟုတ်တယ်။ ကောင်စုတ်လေး။ သစ်ပင်သစ်တောတွေ ရှိနေသရွေ့၊ မီးလောင်မယ့် သစ်သားလည်း ရှိမှာပဲ။ အသက်ရှိ နေသရွေ့၊ မျှော်လင့်ချက်လည်း ရှိတယ်။ ငါတို့တွေ ရန်ရွှယ်ကို အရင်ဆုံး ကယ်ရမယ်။ ပြီးမှ တခြား နည်းလမ်း စဉ်းစား။”ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။

“အရူးလို ဆုံးဖြတ်ချက်တွေ မလုပ်နဲ့။ မင်းရဲ့ အစွမ်းအစနဲ့ ဆိုရင်၊ အနာဂတ် အလားအလာက အဆုံးမဲ့ပဲ။” ရန်ခွန်း သုခမိန်ကြီး ဓားကို လွှဲခုတ်ရင်း ပြောတယ်။

“အနာဂတ်တဲ့လား။” ဖန်းကျန်းရှီ ပူပြင်း တောက်ပနေတဲ့ နေမင်းကြီးကို ကြည့်လိုက်တယ်။ အရမ်းကို တောက်ပနေလိုက်တာ။ သူမသေချင်ဘူး။ ဒီလောကမှာ စိုးရိမ်စရာတွေ အများကြီး ရှိနေသေးတယ်။ မြောက်ရွာက သူ့မိဘတွေနဲ့ ရွာသားတွေ။ နောက်ပြီးတော့ လင်းယွမ်မျှော်စင်က ပင်းယန်။ သူ့ကို စောင့်နေတယ်။

“ငါ့ကို ကူညီပြီးတော့ ကိစ္စ နှစ်ခုကို လုပ်ပေး နိုင်မလား။” ချီကူယန်ကို ကြည့်ရင်း ဖန်ကျန်းရှီမေးတယ်။ သူမ ဘယ်လောက်ပဲ မာနကြီးနေပင်မယ့်လည်း သူ့ဘဝရဲ့ အရေးအကြီးဆုံး အချိန်မှာ သူနဲ့ အတူ ရှိနေ ပေးသေးတယ်။

“မကူညီနိုင်ဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်။” ချီကူယန် မျက်နှာလွှဲပြီးတော့ ခေါင်းခါတယ်။

“ပထမဆုံး ငါ့မိဘတွေကို ဂရု စိုက်ပေးပါ။ ငါသေသွားပြီဆိုတာကို မပြောနဲ့၊ မင်းရဲ့ အရည်အချင်းနဲ့ လုပ်နိုင်မှာကို ငါသိတယ်။ နောက်ပြီးတော့ နောက်၂လ ကြာရင် လင်းယွမ် မျှော်စင်ကို သွားပြီးတော့ ပင်းယန်ကို ပြောပေး။ ငါ့ ကတိကို မတည်နိုင် တော့ဘူးလို့။” ချီကူယန် သူ့စိတ်ကို နားလည်မယ် ဆိုတာ ဖန်ကျန်းရှီ သိတယ်။

“ကြည့်ရတာ နင် စိတ်ဆုံးဖြတ် ပြီးသွားတဲ့ ပုံစံပဲ။” တောက်ရှင်း အသံ နောက်တစ်ခေါက် ထွက်ပေါ်လာတယ်။

“ဒါပေမယ့် အခြေအနေ တစ်ခုတော့ ရှိတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးတော့ ရှေ့ကို နှစ်လှမ်း ထွက်လာခဲ့တယ်။

“ကောင်းပြီ။ ပြော။” တောက်ရှင်း ပြုံးလိုက်တယ်။ အဲ့ဒီ့နောက် သူမ ဓားကို ပြန်သိမ်းတယ်။ မွှေးပျံ့တဲ့ ရနံ့တွေက သူမ ခန္ဒာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားတယ်။ ဒီရနံ့ရဲ့ သန့်စင်မှု အစွမ်းကြောင့် ရန်ရွှယ့် ရင်ဘတ်ကို သူမ ဓားနဲ့ ထိုးခဲ့တာကိုတောင် မေ့သွား ခဲ့ရတယ်။

အပိုင်း (၇၆၁) ပြီး၏။

အပိုင်း (၇၆၂)

“တိတ်တဆိတ်ကြည့်။”

“လူတိုင်း ရှေ့မှာ မင်းကျိန်ဆိုရမယ်။ ရန်ရွှယ့်ကို ကယ်ပြီး သွားရင်၊ ရန်ရွှယ့်ကို ငါ့အတွက် လက်စားချေဖို့ ခွင့်မပြုရဘူး။ နောက်ပြီးတော့ မြင့်မြတ် နယ်မြေမှာ အေးဆေးတဲ့ ဘဝနဲ့ နေနိုင်စေဖို့ လုပ်ပေးရမယ်။” တောက်ရှင်းကို ကြည့်ရင်း အလေးအနက် ပြောတယ်။

“ကောင်းပြီ။ ငါနင့်ကို ကတိပေးတယ်။” တောက်ရှင်း ခေါင်းငြိမ့်တယ်။ သူမလည်း တည်ကြည် လေးနက် နေခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်၊ နင်တကယ်ပဲ။” ချီကူယန် ဘာမှ ဆက်မပြောနိုင် ဖြစ်နေခဲ့တယ်။

“ဟုတ်တယ် ငါ ဆုံးဖြတ်လိုက်ပြီ။”ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ကောင်စုတ်လေး။ မင်း မိုက်မိုက်မဲမဲ မလုပ်နဲ့။ အသုံးမဝင်ဘူး”

“ဟုတ်တယ်။ ဖန်ကျန်းရှီ မင်းက အကောင်းဆုံး လုပ်ထားတာပဲ။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေက ကြိုးစားရင်တောင် ဖြစ်မလာနိုင်ဘူး။”

“ဖန်ကျန်းရှီ၊ မင်းအသက်နဲ့ ရွှယ်အာရဲ့ အသက်ကို လဲဖို့ မလိုဘူး။ ငါ့အသက်နဲ့ လဲမယ်။” အဲ့ဒီ့နောက် ရန်ချန်လိ ပြောတယ်။ “တောက်ရှင်း။ ငါက ရန်ချန်လိ၊ ငါ့အသက်ကို သူ့အသက်နဲ့ လဲမယ်။”

“အနောက်ပိုင်းလျန်ရဲ့ အကြီးအကဲ။ လေးစားစရာ လူတစ်ယောက် ဖြစ်ပေမယ့်၊ နင့်အသက်ကို စိတ်မဝင်စားဘူး။” တောက်ရှင်း ပြုံးလိုက်တယ်။

“မင်း။”

“ကောင်းကင် အိုအေစစ် အဖိုးကြီးနဲ့၊ ဘဘရန်၊ နှစ်ယောက်လုံး သွားသင့်ပြီ။ ဒီကိစ္စက ကျွန်တော့်ကြောင့် ဖြစ်တာ။ ကျွန်တော်ပဲ ဖြေရှင်းမယ်။” ဖန်ကျန်းရှီ သူ့လက်ထဲက ခြေရာမဲ့ဓားကို မြှောက်လိုက်တယ်။ “အပြင်လောကဆီ ငါမင်းကို ခေါ်လာမိတယ်။ ဒါပေမယ့် မင်းနဲ့ အတူတူ ခရီးတွေ မထွက်နိုင်တော့ဘူး။”

“ယင်း။” ခြေရာမဲ့ဓားကနေ ပြင်းထန်တဲ့ စွမ်းအားတွေ ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီ နောက်ထပ် ဆက်မပြောတော့ဘူး။ ပတ်ဝန်းကျင်က တပည့်သားတွေနဲ့ ချီကူယန်ကို ကြည့်ပြီးတဲ့နောက် မျက်လုံးတွေကို မှိတ်လိုက်တယ်။ ခြေရာမဲ့ဓားက သူ့လည်ပင်းကို နီးကပ် နေခဲ့ပြီ။

ဒီအချိန်မှာပဲ သူ့ စိတ်ထဲမှာ အတွေးတွေ အများကြီး ဝင်လာခဲ့တယ်။ မွေးဖွားလာပြီးတဲ့နောက် ချီကူယန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တယ်။ မှတ်ဉာဏ်တွေ တစ်ခုပြီး တစ်ခု ပေါ်လာတယ်။ ရန်ရွှယ့်နဲ့ တွေ့ဆုံပြီးတော့ သူတို့တွေ သူငယ်ချင်း ဖြစ်ခဲ့ကြတယ်။

တာအို နိယာမ စာမေးပွဲ။ တောင်ပိုင်းဒေသက ထူးဆန်းတဲ့ အတွေ့အကြုံ၊ ရန်မြို့တော် တိုက်ပွဲ။ ဒီမှတ်ဉာဏ်တွေ အားလုံးက သူ့စိတ်ထဲမှာ ပြေးလွှား နေခဲ့တယ်။ ထူးဆန်းတဲ့ အိပ်မက် တစ်ခုလိုပဲ။ အခုချိန်မှာ အိပ်မက်တွေက အဆုံးသတ်တော့မယ်။ ဒါမှမဟုတ် သူနိုးထ ရတော့မယ်။

နောက်ဘဝက ဘယ်လို ဖြစ်မလဲ။ ခြေရာမဲ့ဓားရဲ့ အေးစက်စက် အငွေ့အသက်တွေကို သူခံစားမိတယ်။ တစ်ချက် ပြုံးလိုက်တယ်။ ဒီဘဝက အရင်ဘဝထက် တကယ်ပဲ ပိုပြီးတော့ စိတ်ဝင်စား စရာကောင်းတယ်။ ဒီလို အခြေအနေ ရောက်လာခဲ့တာ တကယ်ပဲ သူကောင်းကောင်း လုပ်ခဲ့တာပဲ။ နှမြောစရာ ကောင်းတာက ဒီလောကကနေ ထွက်သွား ရတော့မယ်။

ကြင်နာမိခဲ့တယ်။ သူ့ကိုယ်သူတော့ ဒီလိုလုပ်မိတယ် မထင်ပါဘူး။ အတော့်ကို မကြင်မနာ ကိစ္စတွေကို လုပ်ခဲ့တယ်။ ကြက်တွေခိုးတယ်။ ထောင်ချောက်တွေ ဆင်တယ်။ တခြားသူတွေကို နောက်ကနေ တိုက်ခိုက်တယ်။ ဒါပေမယ့် နောက်ဆုံး အခုချိန်ကို ရောက်တော့မှ ဒီလောကကို မြင်တဲ့ သူ့အမြင်က ပြောင်းလဲ သွားခဲ့တယ်။ အရင်ကနဲ့ လုံး၀ မတူတော့ဘူး။

တောက်ရှင်း ပြောသလိုပဲ။ ယင်ယန် ခန်းမထဲကို ဝင်ခဲ့ ပြီးတဲ့နောက်၊ သူတကယ်ပဲ စိတ်ပျော့ညံ့ခဲ့တယ်။ တောက်ရှင်းကိုလည်း အလွတ်ပေး ခဲ့တယ်။ ပဉ္စမ အကြီးအကဲကိုလည်း မသတ်ခဲ့ဘူး။ အကယ်၍ ဒီလိုသာ မလုပ်ခဲ့ရင်၊ ယင်ယန် ခန်းမကို ဝင်တဲ့ အချိန်မှာ တောက်ရှင်းကို သတ်ခဲ့လိုက်ရင်၊ ဒီလို အခြေအနေကို သူရောက်မှာ မဟုတ်ဘူး။

ဒီလောကကြီးက ပိုရက်စက်တယ်လို့ သူခံစားနေရတယ်။ ဒီလောကမှာ လူ့အသက်တွေက မြက်ပင်တွေလိုပဲ။ ဘဝကြီး တစ်ခုလုံး ကျရှုံးသွားသလို ခံစား နေရတယ်။ ဒါတွေကို ပြောလည်း အသုံးမဝင်တော့ဘူး။ အခုချိန်မှာ လမ်းဆုံးကို ရောက်နေခဲ့ပြီ။ သူ့ရဲ့ ကြင်နာခဲ့မှုကြောင့်၊ တူညီတဲ့ ရ လဒ်ကို ပြန်ရတာပဲ။

ဘယ်လို အကြောင်းအရင်းကြောင့်ပဲ ဖြစ်ဖြစ်။ ဒီအခြေအနေကို ရောက်ခဲ့ပြီ။ သူ့အသက်နဲ့ ရန်ရွှယ့် အသက်ကို လဲရတာက ကြင်နာမှု တစ်ခုတဲ့လား။ ဖန်ကျန်းရှီ သူ့လက်ထဲက ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ အဲ့ဒီ့နောက် ခန္ဒာကိုယ်ကို တပတ်လှည့်ရင်း လည်ပင်းကို ဖြတ်ဖို့ ပြင်တယ်။ ဒါက အကောင်းဆုံး ကိုယ်ဟန် တစ်ခုပဲ။

လူတစ်ယောက်က သေလို့ ရတယ်။ ဒါပေမယ့် ဂုဏ် ရှိရှိ သေရမယ်။ ဘာကြောင့်မှန်း မသိပေမယ့်၊ ကိုယ့်တန်ဖိုးကိုတော့ သိရမယ်လေ။ ဖန်ကျန်းရှီ သူ့ဓားကို လှည့်လိုက်တဲ့ အချိန်မှာ ဘာနာကျင်မှုကိုမှ မခံစားရဘူး။ ခြေရာမဲ့ဓားက သူ့အမိန့်ကို မနာခံဘူး။ လေထဲမှာ တန့်နေရင်းနဲ့ တစ်လက်မတောင် မရွေ့ဘူး။

“ဒါ၊ ငါဓားတစ်ချောင်းလောက် ငှားလို့ ရမလား။” ဖန်ကျန်းရှီက မျက်လုံးဖွင့်ရင်း သူသတ်သေမှာကို စောင့်နေတဲ့ တောက်ရှင်းကို ကြည့်လိုက်တယ်။ နည်းနည်းတော့ ထူးဆန်းနေတယ်။

“…” တောက်ရှင်း နှုတ်ခမ်းတွေ တွန့်သွားတယ်။ ခြေရာမဲ့ဓားကို ကြည့်ပြီး ဘာမှ မပြောတော့ဘူး။ ယင်ယန် ခန်းမ တပည့်သားတွေလည်း အတူတူပဲ။ သူတို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဘာပြောရမယ်မှန်း မသိ ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် ဓားတစ်လက်က ဖန်ကျန်းရှီရဲ့ ရှေ့ကို ရောက်လာတယ်။

အဝေးကနေ ပြစ်လွှတ်လိုက်တဲ့ ဒီဓားက တလက်လက် တောက်ပနေတယ်။ ဓားကောင်း တစ်လက်ပဲ။ ဓားကို ပြစ်လိုက်တာကတော့ တခြားသူ မဟုတ်ဘူး။ ရန်ချင်း။

“ငါ့မှာ ဓားရှိ နေလို့လေ။” ရန်ချင်းက အေးအေးဆေးဆေး ပြန်ဖြေတယ်။

“…” ဖန်ကျန်းရှီ သူ့ ရှေ့က ဓားကို ကြည့်ရင်း စိတ်ထဲမှာ ရှုပ်ထွေး နေခဲ့တယ်။ ရန်ချင်းကို မေးလိုက်ချင်တယ်။ ဘာဖြစ်လို့များ ဒီလောက်တောင် ရိုးသားပြီး ကြောက်စရာ ကောင်းနေ ရတာလဲ။ ငါလိုချင်တာကို မင်းပေးတယ်။ ဒါပေမယ့် အနည်းဆုံးတော့ စကား မပြောပဲ နေရမယ် မဟုတ်လား။ သူ့ရှေ့က ဓားကို ကြည့်ရင်း ကောက်ရမလား မကောက်ရဘူးလား ဒွိဟ ဖြစ်နေခဲ့တယ်။

“နေစမ်းပါအုန်း။ ဒါက အရမ်းကို လွယ်လွန်းနေတယ်။” လူတစ်ယောက် ပြောရင်းနဲ့ ရှေ့ကို ထွက်လာခဲ့တယ်။

တူညီတဲ့ ဝတ်စုံ ဝတ်ထားတဲ့ အကြီးအကဲ နှစ်ယောက် ရှေ့ထွက် လာကြတယ်။ ဒါကတော့ တောင်စဉ် ကိုးသွယ်ရဲ့ တတိယနဲ့ စတုတ္ထ အကြီးအကဲပဲ။ မဟူရာရောင် ဝတ်ရုံတွေနဲ့ သူတို့တွေက ထူးခြား နေတယ်။

“ဖန်ကျန်းရှီကို ကိုယ့်ကိုယ်ကို သတ်သေ တာကနေ ရပ်တန့် ရအောင် အကြီးအကဲ နှစ်ယောက်မှာ ဘာ အကြံများ ရှိလို့လဲ။” မဟာ အကြီးအကဲ မော့ယွီက အကြီးအကဲ နှစ်ယောက်ကို မေးတယ်။ ဒီနှစ်ယောက်က သူနဲ့ တောက်ဟွမ်ကို တွေ့ဖို့ လာတဲ့ လူတွေလေ။

“မဟာ အကြီးအကဲမော့။ အထင်လွဲနေပါပြီ။ ငါတို့က ဖန်ကျန်းရှီဆီ ရောက်နေတဲ့ ငါတို့ ပိုင်ဆိုင်တဲ့ အရာကို ပြန်လိုချင် ရုံပါပဲ။” တတိယ အကြီးအကဲ ခေါင်းခါလိုက်တယ်။

“တောင်စဉ် ကိုးသွယ်က ပိုင်ဆိုင်တဲ့ အရာ တစ်ခု။” မဟာ အကြီးအကဲ မော့ယွီ နားလည်တယ်။

“မှန်ပါတယ်၊ အကြီးအကဲ မော့ယွီ တွေးသလိုပဲ။ ဒီပစ္စည်းက တောင်စဉ် ကိုးသွယ် ခေါင်းဆောင်ကို ကံဆိုး စေခဲ့တဲ့ ကိစ္စပဲ။ အခုတော့ ဖန်ကျန်းရှီက ငါတို့ရှေ့မှာ ရောက်နေပြီ။ အကြီးအကဲမော့၊ ငါတို့ကို ခွင့်ပြု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” တတိယ အကြီးအကဲ ဆက်ပြောတယ်။

“သူ့ကို ဘယ်လို ကိုင်တွယ်ဖို့ မင်းတို့ ဆုံးဖြတ်ထားလဲ။” မဟာ အကြီးအကဲ မော့ယွီက တောက်ရှင်းကို ကြည့်ရင်း ပြောလိုက်တယ်။

“ဖန်ကျန်းရှီက တောင်စဉ် ကိုးသွယ်ရဲ့ ရတနာ၊ နှစ်တစ်ထောင် မီးဆေးပင်ကို တစ်ခါတုန်းက မျိုချခဲ့တယ်။ သူ့လက်ရှိ စွမ်းအားနဲ့ ဆိုရင် တစ်ခုခု လုပ်နိုင်မယ်လို့ ငါတို့ ထင်တယ်။ ဒါကြောင့် ဆေးပင်ရဲ့ အစွမ်းကို သူ အပြည့်အ၀ မစုပ်ယူခင်၊ သူ့ကို ဆေးပင်အဖြစ် သန့်စင်ဖို့ စိတ်ကူး ထားပါတယ်။” တတိယ အကြီးအကဲ ရှင်းပြတယ်။

“ဆေးပင် အဖြစ် သန့်စင်မယ်။”

“မင်းက အသက်ရှင်နေတဲ့ လူကို ဆေးပင်အဖြစ် သန့်စင် ချင်တာလား။”

“ငါတို့ ယင်ယန် ခန်းမရဲ့ စည်းမျဉ်းနဲ့ ဆိုရင်၊ ဒီနည်းလမ်းကို ငါတို့ မသုံးဘူး။”

ယင်ယန် ခန်မ တပည့်သားတွေ ကြောက်လန့် နေကြတယ်။ နောက်ဆုံးတော့လည်း သက်ရှိလူသား တစ်ယောက်ကို ဆေးပင် အဖြစ် သန့်စင်တာက အတော့်ကို ကြောက်စရာ ကောင်းတဲ့ လုပ်ရပ်ပဲလေ။

“ဖန်ကျန်းရှီရဲ့ အခြေအနေက ထူးခြားတယ်။ နှစ်တစ်ထောင် မီးဆေးပင်က သူ့ခန္ဒာကိုယ်ထဲမှာ ရှိနေတုန်းပဲ။ ဒါကြောင့် သူက ခန္ဒာကိုယ်ကို ဆေးကျိုဖို့ မီးဖိုလို့ သုံးပြီးတော့ ခန္ဒာကိုယ်ထဲက ဆေးပင်ကို သန့်စင်ပြီး ထုတ်ယူမယ်။” တတိယ အကြီးအကဲက ပတ်ဝန်းကျင်မှာ ဆွေးနွေး နေတာတွေကို သူကြားတယ်။

ယင်ယန် ခန်းမ ခန်းမ တပည့်သားတွေက ဘာမှ မပြောတော့ဘူး။ ဒီလုပ်ရပ်မျိုးကို မြင့်မြတ် နယ်မြေမှာ ကြားတောင် မကြားဖူးဘူးလေ။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ထဲမှာ နှစ်တစ်ထောင် မီးဆေးပင် ရှိနေတော့လည်း၊ သန့်စင်ပြီးတော့ ထုတ်ယူတာက မဆန်းဘူး။ နှစ်တစ်ထောင် မီးဆေးပင်က မြင့်မြတ် နယ်မြေမှာ တစ်ခုတည်း ရှိတဲ့ ရတနာလေ။

“မဟာ အကြီးအကဲ မော့။ ဒိတောင်းဆိုမှုက နည်းနည်းတော့ မသင့်လျော်ရာ ရောက်လိမ့်မယ်။ ဒါပေမယ့် ဖန်ကျန်းရှီက တောင်စဉ် ကိုးသွယ်အတွက် ဘယ်လောက်တောင် အရေးပါမှန်း သိမှာပါ။ ကျွန်တော်တို့ကို ဒီကိစ္စ ခွင့်ပြု ပေးရင်၊ တောင်စဉ် ကိုးသွယ်က ကောင်းကောင်း ကျေးဇူး သိတတ်မှာပါ။” တတိယ အကြီးအကဲက စတုတ္ထ အကြီးအကဲကို လှမ်းကြည့်တယ်။

စတုတ္ထ အကြီးအကဲလည်း သဘောတူလိုက်တယ်။ “နောက်ပြီးတော့ ဒီဆေးပင်ကို နှစ်ပိုင်းခွဲပြီးတော့ တဝက်ကို ယင်ယန် ခန်းမဆီ ပေးပါမယ်။ အကယ်၍ မဟာ အကြီးအကဲမော့ စိုးရိမ်ရင်၊ တောင်စဉ် ကိုးသွယ်ဆီ အကြီးအကဲ တစ်ယောက်ကို လွှတ်ပြီးတော့ စောင့်ခိုင်းလို့ ရပါတယ်။ ဆေးပင်တွေကို သန့်စင်တာက မျိုးနွယ်စု ငါးခုထဲမှာ တောင်စဉ် ကိုးသွယ်ရဲ့ ထိပ်တန်း အရည်အချင်းလို့ ယုံကြည် ထားပါတယ်။” တတိယ အကြီးအကဲ ခေါင်းငြိမ့်ရင်း သဘောတူတယ်။

“ဒုတိယ ခန်းမခေါင်းဆောင် ဘယ်လို ထင်လဲ။” မဟာ အကြီးအကဲက တောက်ရှင်းကို လှမ်းမေးတယ်။

“ဒုတိယ ခန်းမ ခေါင်းဆောင်။” ဖန်ကျန်းရှီ စိတ်ထဲမှာ နည်းနည်းတော့ ထူးဆန်း သွားတယ်။ သူ့စိတ်ထဲမှာ တောက်ရှင်းကို တောက်ဟွမ်ရဲ့ သမီးလို့ ထင်ထားတာ။ ဒါကြောင့် မဟာ အကြီးအကဲက သူ့ကို သခင်မလေးလို့ ခေါ်မယ် ထင်ထားခဲ့တာ။

ဒုတိယ ခန်းမ ခေါင်းဆောင်တဲ့လား။ ဘာကို ဆိုလို ချင်တာလဲ။ သူက တောက်ဟွမ်ရဲ့ သမီး မဟုတ်ဘူးလား။ နေစမ်းပါအုန်း။ တစ်ခုခုတော့ ရှုပ်ထွေးနေတဲ့ ပုံစံပဲ။ တောက်ရှင်းက တောက်ဟွမ်ရဲ့ သမီး မဟုတ်ရင် ဘာလဲ။ ညီမလား။ ဖြစ်တော့ မဖြစ်နိုင်ဘူး။ တောက်ရှင်းက ငယ်လွန်းနေတယ်။

နောက်ပြီးတော့ သူ့ စွမ်းအားကလည်း မသန်မာဘူး။ သုခမိန် အဆင့်ကိုတောင် မရောက်သေးဘူး။ မဟုတ်ရင် သူမကို တုတ်နဲ့ ရိုက်ပြီးတော့ သတိလစ်အောင် လုပ်လို့ ရမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် အခုတော့ စိတ်ထဲမှာ မေးခွန်းတွေ များနေပြီ။ အရေးကြီးဆုံး ပြဿနာကတော့ ဆေးပင် အဖြစ် သန့်စင် ခံရမယ့် ကံကြမ္မာကနေ လွတ်မြောက်ဖို့ပဲ။

“အရှင် လတ်လတ် အကင်ခံ ရမှာလား။” ဖန်ကျန်းရှီ ဒီလို သေရမယ့် လမ်းကိုတော့ မကြိုက်ဘူး။ ခမ်းခမ်းနားနား သေရမယ့် ပုံစံ မဟတု်ဘူးလေ။ အကင်ခံလိုက်ရရင်၊ သူ့ကို ဘယ်သူမှ မှတ်မိတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိဘူးလေ။ တောက်ရှင်း၊ မဟာ အကြီးအကဲနဲ့ တခြား အကြီးအကဲတွေ ပြောနေတာကိုတော့ သူဝင်ပြီးတော့ ကန့်ကွက်လို့ မရဘူးလေ။

“ကောင်းပြီ။ တောင်စဉ် ကိုးသွယ်ရဲ့ အကြီးအကဲ နှစ်ယောက်။ ဖန်ကျန်းရှီကို မင်းတို့ လက်ထဲ အပ်လိုက်မယ်။ ဆဋ္ဌမ အကြီးအကဲ ကူညီဖို့ လိုက်သွားပါ။” တောက်ရှင်း ပြောတယ်။

“ဒါ၊ ငါ သေရမှာ တခြား နည်းလမ်း ပြောင်းလို့ ရလား။” ဖန်ကျန်းရှီ လှမ်းအော်တယ်။

“မရဘူး။ ရန်ရွှယ့်ကို ကယ်ချင်ရင် ဒီအတိုင်း လုပ်ရမယ်။ လမ်းတစ်လျှောက်မှာ ချွတ်ချော်တာ မဖြစ်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ရန်ရွှယ် အသက်ရှင်မှာ မဟုတ်ဘူး။” တောက်ရှင်း ခေါင်းခါလိုက်တယ်။

“တကယ်တော့ ငါ့မှာ နောက်ထပ် နည်းတစ်ခုတော့ ရှိသေးတယ်။” ချီကူယန်က ဖန်ကျန်းရှီရဲ့ အမူအယာကို မြင်တော့ ခပ်တိုးတိုး ပြောတယ်။

“ဟုတ်တယ်။ နောက်ထပ် ရွေးစရာ ရှိသေးတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ရန်ရွှယ်ကို ကြည့်တယ်။ အဲ့ဒီနောက် အံကြိတ်ရင်း ပြောတယ်။ “ဒါပေမယ့် ဒီလမ်းကို ငါရွေးချယ်တယ်။”

“နင် ဆုံးဖြတ် လိုက်ပြီလား။” ချီကူယန် နောက်တစ်ခေါက် မေးတယ်။

“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ကောင်းပြီလေ။ နင်မသေခင်၊ ငါ့ကို နောက်ဆုံး တစ်ခေါက်လောက် ဖက်နိုင်မလား။” ချီကူယန် ရှေ့ကို ဖြည်းဖြည်းချင်း ထွက်လာတယ်။ သူမရဲ့ နှင်းဖြူရောင် အသားအရေက နေရောင်အောက်မှာ တောက်ပ နေလိုက်တာ၊ ကျောက်စိမ်းတုံး အတိုင်းပဲ။

မြင့်မားတဲ့ ဂုဏ်ရည်နဲ့ မာနကြီးတဲ့ အမျိုးသမီး တစ်ယောက်က သူ့ကို ဖက်ဖို့ မေးနေတယ်။ ဒါက ဘယ်လို စမ်းသပ် မှုမျိုးလဲ။ ဖန်ကျန်းရှီ မယုံနိုင် ဖြစ်နေခဲ့တယ်။

“အာ့။” ဖန်ကျန်းရှီ အသံ ထွက်လာတယ်။ မျက်လုံးပြူးနေတဲ့ တပည့်သားတွေ ရှေ့မှာ သူက ကြောင်တောင်တောင် ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ မတုံ့ပြန် နိုင်ခင်မှာပဲ၊ ချီကူယန်ရဲ့ ခန္ဒာကိုယ်က သူ့အနားကို ကပ်လာတယ်။ နူးညံ့တဲ့ လက်တစ်စုံက သူ့ခါးကို ဖက်ထားတယ်။

ဖိအားကို သူခံစား လိုက်ရတယ်။ နေစမ်းပါအုန်း။ သူ့ကို ပြင်ဆင်ချိန် နည်းနည်းတော့ ပေးသင့်တယ် မဟုတ်လား။ အခုလို အဖြစ်က သက်တောင့် သက်သာ မရှိဘူး။ အဲ့ဒီ့ အချိန်မှာပဲ သူ့နားထဲမှာ ခပ်တိုးတိုး အသံကို ကြားလိုက်ရတယ်။

“တိတ်တိတ်လေး ကြည့်နေ။”

အပိုင်း (၇၆၂) ပြီး၏။

အပိုင်း (၇၆၃)

“ကန့်လန့်ကာ နောက်က တကယ့် အကြောင်းအရင်း။”

ထုံးစံ အတိုင်း ဒီအသံက ချီကူယန်ရဲ့ အသံ။ ဖန်ကျန်းရှီကို ဖက်ထားတာကနေ လွှတ်လိုက်တယ်။ အဲ့ဒီ့နောက် လေထဲကို ခုန်လိုက်ပြီးတော့ လေချွန်တယ်။ ဒီအချိန်မှာပဲ ကြီးမားတဲ့ အဖြူရောင် သားရဲကြီး တစ်ကောင် အဝေးကနေ ပျံသန်း လာတော့တယ်။

“ယို့။” သားရဲကောင် အော်သံကြီး တစ်ခု လေထဲမှာ ထွက်ပေါ်လာတယ်။ ချီကူယန် သားရဲကောင်ရဲ့ ကျောပေါ်ကို ခုန်တက်တယ်။ အဲ့ဒီ့နောက် မိုးကောင်းကင်ကြီးဆီကို ပျံတက် သွားတော့တယ်။ ဒီမြင်ကွင်းက ဖြစ်သွားတာ အရမ်းကို မြန်တယ်။ ချီကူယန် သူ့ကို ဖက်တဲ့ အချိန်ကနေ ကောင်းကင်ကို ရောက်ပြီးတော့ ပျောက်ကွယ် သွားတဲ့ အချိန်အထိ မြန်လွန်းလို့။

ဖန်ကျန်းရှီ လှုပ်ရှားဖို့တောင် မေ့နေခဲ့တယ်။ အဲ့ဒီ့နောက် မျက်တောင်တချက် ခတ်မိတယ်။ ဖန်ကျန်းရှီကတော့ ဒေါသ ထွက်နေခဲ့ပြီ။ “ဒီကောင်မလေး ဘာတွေ ပြောနေတာလဲ။”

ချီကူယန်ကို နောက်တစ်ခေါက် ပြန်ပြောခိုင်းချင်ပေမယ့် သူမက ထွက်သွားခဲ့ပြီ။ ပတ်ဝန်းကျင်ကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ နားလည်သွားတာ၊ တခြားသူတွေလည်း သူ့လိုပဲ အံ့သြနေတယ်။

“မင်းတို့တွေ ဘာကြည့်တာလဲ။ ငှက်ငတုံးတွေ။”

“…”

ယင်ယန်ခန်းမ တပည့်သားတွေ အားလုံး ပါးစပ် အဟောင်းသား ဖြစ်နေပင်မယ့် တိတ်ဆိတ် နေခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီကို သေလူ တစ်ယောက်လို့ သူတို့ သတ်မှတ် လိုက်လို့ပဲ။ ဒါကြောင့် သေလူတစ်ယောက်ရဲ့ စကားလုံးတွေက အသုံးမဝင်ဘူး။

“ခန်းမ ခေါင်းဆောင်ကို ခေါ်လာခဲ့။”

မဟာ အကြီးအကဲ မော့ယွီ လက်ဝေ့ယမ်း ပြလိုက်တယ်။

“ကတိ တည်မယ်လို့ ထင်ပါတယ်။ မဟုတ်ရင် အနာဂတ်မှာ သေချာပေါက် နောင်တ ရလိမ့်မယ်။” ဖန်ကျန်းရှီ တောက်ရှင်းကို ကြည့်ရင်း တောက်ဟွမ်ကို ပေးလိုက်တယ်။

ဒီလို ဆုံးဖြတ်ချက် ချရတာ တကယ့်ကို ခက်ခဲလွန်းတယ်။ ဒါပေမယ့် နောင်တ မရဘူး။ ဒီလို အခြေအနေမှာ နောက်ထပ် ရွေးချယ်စရာ မရှိဘူးလေ။ ဒါပေါ့။ သူဆက်ပြီးတော့ သတ်လို့လည်း ရတယ်။ ခြိမ်းခြောက်လို့လည်း ရတယ်။ ထွက်ပြေးလို့လည်း ရတယ်။ ဒါပေမယ့် ရန်ရွှယ်ကတော့ သူ့ကို စောင့်ဖို့ အချိန် မရှိတော့ဘူး။

ယင်ယန် ခန်းမက သူ့ကို တိုက်ခိုက်ဖို့ ဒုတိယ အခွင့်အရေး ပေးမှာ မဟုတ်ဘူး။ သူခြိမ်းခြောက်ရင်တောင် ရန်ရွှယ့်ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ယင်ယန် ခန်းမက မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စုကြီး ငါးခုထဲက တစ်ခုပဲလေ။ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ ဒီနေ့ ရာသီဥတုက အတော့်ကို ကောင်းတယ်။ နေက ကျစ်ကျစ်တောက် ပူနေတယ်။ ကောင်းကင် ပြာကြီးနဲ့ တိမ်ဖြူဖြူတွေ။ အစိမ်းရောင် သစ်တောတွေ အားလုံးက လှပနေတယ်။ ဒါပေမယ့် ဒီနေ့တော့ သူ့ဘဝမှာ အကြီးအကျယ် ဆုံးရှုံး ရတော့မယ်။ သေခြင်းတရားကို ကြုံရတော့မယ်။

…..

ကြီးမားတဲ့ အနက်ရောင် စကျင်ကျောက်သား နန်းတော်ကြီးက ကျွန်းပေါ်မှာ ထီးထီးကြီး ထွက်ပေါ်နေတယ်။ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ သားရဲကောင်ကြီး တစ်ကောင် အတိုင်းပဲ။ ခန်းမကြီးရဲ့ တောက်ပတဲ့ နေရာမှာတော့ သားမွှေးအကျီ အဖြူနဲ့ အမျိုးသမီး တစ်ယောက် ထိုင်နေခဲ့တယ်။ သူမရဲ့ အနက်ရောင် မျက်ဝန်းတွေက ငြိမ်သက်တယ်။

အရမ်းကို ထူးထူးခြားခြား လှပလွန်းတဲ့ အမျိုးသမီး တစ်ယောက်။ မိစ္ဆာ တစ်ကောင်။ မိစ္ဆာတို့ရဲ့ အရှင်သခင် ဧကရီ ပိုင်ကျစ်။ သူ့အပြင် နောက်ထပ် အမျိုးသမီး တစ်ယောက်လည်း ရှိနေသေးတယ်။ အဖြူရောင် ဝတ်ရုံရှည်ပေါ်မှာ ဆံကေသာ နက်နက်တွေက ဝဲကျ နေခဲ့တယ်။ ယွင်ချင်းဝူ။

“မင်း စိတ်ဝင်စားမယ့် သတင်း တစ်ခု ရှိတယ်။” ဧကရီ ပိုင်ကျစ် ပြောတယ်။ ယွင်ချင်းဝူကတော့ ထူးမခြားနား အမူအယာပဲ။ ရုပ်တုကြီး တစ်ခုလို တည်ငြိမ်လွန်းတယ်။ မိစ္ဆာ အရှင်သခင်ရှေ့မှာ ရပ်နေတဲ့ အချိန် အမူအယာ တစ်ချက်လေးတောင် မပြဘူး။

“မယ်တော် ပြောချင်တာ ယင်ယန် ခန်းမက အဖြစ်ကိုလား။” ယွင်ချင်းဝူ တည်တည်ငြိမ်ငြိမ် ပြန်ဖြေတယ်။ သူမ မျက်လ့ုးတွေက ကန်ရေပြင်လို ငြိမ်သက်နေတယ်။

“ကြည့်ရတာ ဒီသတင်းကို ကြားပြီးတဲ့ ပုံပဲ။”

“မြင့်မြတ် နယ်မြေကို ရောက်နေမှတော့ ပြင်ဆင် ထားသင့်တာတွေကို ပြင်ဆင် ထားရတာပေါ့။” ယွင်ချင်းဝူ ပြောတယ်။

“ဟဟား။ ဟုတ်ပြီလေ။ ဒီအခြေအနေကို ဘယ်လိုထင်လဲ။” ဧကရီ ပိုင်ကျစ် ခပ်တိုးတိုး ရယ်လိုက်တယ်။

“ထင်ထားတဲ့ အတိုင်း ဖြစ်လာတာပါပဲ။” ယွင်ချင်းဝူ အေးအေးဆေးဆေး ပြောတယ်။

“ရှင်းရှင်းလင်းလင်း ပြောပြစမ်း။” ဒါကိုကြားတော့ ဧကရီ ပိုင်ကျစ် လှုပ်ရှားလာတယ်။

“ဖန်ကျန်းရှီက အရမ်းကို ထက်မြက်တယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူသေချာပေါက် ရှုံးမှာပဲ။” ယွင်ချင်းဝူ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“အင်း။ ဆက်ပြော။”

“သူ့မှာ နောက်ခံ အင်အား မရှိဘူး။ ဒါကြောင့် တခြားသူတွေထက် လျှောက်ရတဲ့ လမ်းက ကြမ်းတမ်းတယ်။ နောက်ပြီးတော့ သူက အမှားတွေကို ဝန်ခံဖို့ လွယ်ကူတယ်။ ကြီးမြတ်သောရှက တာအို နိယာမ စာမေးပွဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေက သက်သေပဲ။ သူဘယ်လောက်ပဲ ထက်မြက်ပါစေ၊ အတားအဆီးတွေ အများကြီး ကြုံရလိမ့်မယ်။”

“ဆက်ပြော။” ဧကရီ ပိုင်ကျစ် ပြောတယ်။

“ဒါပေမယ့် အခုချိန်မှာ သူက အရမ်း သန်မာနေပြီ။” ယွင်ချင်းဝူ တစ်ခဏတာ ရပ်တန့်နေတယ်။ တစ်ခုခုကို မှတ်မိသွားတဲ့ ပုံစံပဲ။

“ဘယ်အချိန်လဲ။” ဧကရီ ပိုင်ကျစ် နည်းနည်း စိတ်ဝင်စားလာတယ်။

“တောင်ပိုင်းဒေသ တိုက်ပွဲ ပြီးတဲ့ အချိန်တွင်းမှာ၊ သူ့ကို အရိပ်မျိုးနွယ်က ထောက်ပံ့ထားတယ်။ ချင်းဝူတောင် သူ့ကို မထိရဲဘူး။ နောက်ပြီးတော့ သူ့မှာ သတင်း မျက်လုံးတွေ အများကြီး ရှိတယ်။ သွေးအရိပ် မြို့တော်မှာ သူက မျိုးနွယ်ခေါင်းဆောင် တစ်ယောက်ကို ပြန်ပေးဆွဲ သွားခဲ့တယ်။ ချင်းဝူ တစ်ခွန်းတောင် မပြောခဲ့ဘူး။” ယွင်ချင်းဝူ အေးအေးဆေးဆေး ဆက်ပြောတယ်။

“သူက ဒီလောက်တောင် သန်မာတာလား။” ဧကရီ ပိုင်ကျစ် နည်းနည်းတော့ အံ့သြေ နခဲ့တယ်။

“ဟုတ်တယ်။ သူ့စိတ်ကူးတွေက အရမ်းကို ရဲတင်းလွန်းတယ်။ ဘယ်သူမှ သူ့ကို နားမလည်နိုင်ဘူး။ ဒါကြောင့် မြို့တော်ကို မဝင်ခင်မှာ ကောင်းကောင်း အစီအစဉ် ချနိုင်ခဲ့တာပဲ။ အချိန်တစ်နှစ်ပဲ ကြာခဲ့တယ်။ ဒါတင် မကသေးဘူး။ ရန်မြို့တော်ကို နေ့ခင်းကြောင်တောင်မှာ ဝင်လာပြီးတော့ ကြီးမြတ်သောရှရဲ့ အိမ်ရှေ့စံကို ကန်ထုတ်ခဲ့တယ်။” ယွင်ချင်းဝူ ပြန်ဖြေတယ်။

“တစ်နှစ်တဲ့လား။ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။” ဧကရီ ပိုင်ကျစ် နောက်ဆုံးတော့ ခေါင်းငြိမ့်တယ်။

“အခုချိန်မှာ သူ့အတွက် လိုအပ်နေတာ ဒီလောကကြီးကို နားလည်နိုင်တဲ့ မျက်ဝန်းတွေပဲ။ အစတုန်းကတော့ ဒီမျက်ဝန်းတွေကို ပိုင်ဆိုင် ခဲ့ပေမယ့်၊ မြင့်မြတ် နယ်မြေထဲကို ဝင်တဲ့ အချိန်မှာ ဒီမျက်လုံးတွေကို ဆုံးရှုံး ခဲ့ရတယ်။ ဒါက အရိပ်မျိုးနွယ်ရဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီး သတိ ကြီးလွန်းတာကြောင့် ဒီလိုမျိုး မျက်လုံးတွေ ဆုံးရှုံးရတဲ့ အဖြစ်ကို ရောက်တာပေါ့။”

“အမ်။ မင်းဘာကို ပြောချင်တာလဲ။”

“ချင်းဝူ ထင်တာသာ မမှားရင်၊ မြင့်မြတ် နယ်မြေကို ဝင်ပြီးတဲ့ နောက်မှာ၊ မြင့်မြတ် နယ်မြေက သတင်းတွေကို ဖန်ကျန်းရှီ ဘာမှ မသိဘူး။” ယွင်ချင်းဝူ ပြန်ဖြေတယ်။

“မင်းပြောချင်တာ။ ကောင်းကင် အိုအေစစ်က ဖန်ကျန်းရှီရဲ့ စွမ်းရည်ကို သံသယ ရှိတယ်လို့လား။”

“မဟုတ်ဘူး။ အကြောင်းရင်းက နှစ်ချက်ရှိတယ်။ ပထမ တစ်ခုက အရိပ်မျိုးနွယ်ထဲကို ဖန်ကျန်းရှီ မဝင်ရဘူး။ နောက်ပြီးတော့ အရိပ်မျိုးနွယ်ရဲ့ သတင်းအချက်အလက်တွေ ရယူတဲ့ ပုံစံက အရမ်းကို လျှို့ဝှက်ပြီးတော့ တိကျတယ်။ ဒါကြောင့် ဘယ်သူမှ သူ့ကို ဒီလို လုပ်ဖို့ သဘောတူမှာ မဟုတ်ဘူး။”

“ဆက်ပြော။”

“နံပါတ်နှစ်။ ကောင်းကင် အိုအေစစ်ကြီး ထင်တာ ဖန်ကျန်းရှီက မြင့်မြတ် နယ်မြေထဲမှာ ဦးဆောင်နိုင်စွမ်း ကင်းမဲ့နေတယ်။ မြင့်မြတ် နယ်မြေက အရမ်းကို ရှု့ပ်ထွေးတယ်။ ဒါကြောင့် ဖန်ကျန်းရှီ မြင့်မြတ် နယ်မြေထဲကို မဝင်ခဲ့ရင်ရော ဘယ်လို ဖြစ်မလဲ။ ဒီတော့ အရိပ်မျိုးနွယ်ရဲ့ အနာဂတ်ကို ဖန်ကျန်းရှီ လက်ထဲ ပုံအပ်ဖို့ တွေေ၀ နေတာပဲ။ ဖန်ကျန်းရှီ အခက်အခဲတွေ ကြုံလာပြီးတော့ မြင့်မြတ် နယ်မြေ ကြမ်းတမ်းတာကို နားလည် လာတော့မှ ဒီတာဝန်ကြီးကို သူ့လက်ထဲ အပ်လိမ့်မယ်။”

“မင်းပြော အဓိပ္မာယ်ရှိတယ်။ ဒါပေမယ့် ဒီကိစ္စတွေက မင်းပြောတဲ့ ထင်ထားတဲ့ အတိုင်း ဆိုတာနဲ့ ဘာဆိုင်လို့လဲ။ ငါသိသလောက် ဆိုရင်၊ ဖန်ကျန်းရှီက ကောင်းကင် တာအို ခန်းမ အောက်ခြေမှာ သုခမိန် ငါးယောက်ကို သတ်ပြီးတော့ အရိပ်မျိုးနွယ်ထဲ ဝင်ဖို့ သဘောတူလိုက်ပြီ။ ဒါကို ကောင်းကင် အိုအေစစ်ကြီးက တွေေ၀ နေအုန်းမှာလား။” ပိုင်ကျစ် တစ်ခဏတာ တွေေ၀ နေပြီးနောက် မေးလိုက်တယ်။

“ဒါက ကောင်းကင် အိုအေစစ်ရဲ့ အကြီးမားဆုံး အမှားပဲ။ ဖန်ကျန်းရှီ ယင်ယန် ခန်းမကို သွားမှာ စိုးရိမ်ပြီးတော့ သတင်းအချက်အလက်တွေကို ဖုံးကွယ် ထားခဲ့တယ်။ ရန်ရွှယ်သေပြီးတဲ့နောက် ဖန်ကျန်းရှီ သုခမိန် အဆင့်ရောက်မှကြို စောင့်နေတယ်။ ဒါပေမယ့် ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ဘယ်လောက် ခင်မင်တယ် ဆိုတာကို သူမေ့နေ ခဲ့တယ်။”

“ဒီတော့ မင်းပြောချင်တာ၊ ကောင်းကင် အိုအေစစ်ကြီးရဲ့ သတိကြီးကြီး လှုပ်ရှားမှုတွေကြောင့် ဖန်ကျန်းရှီက ယင်ယန် ခန်းမမှာ ရှုံးနိမ့် ရတာလား။”

“အပြည့် အဝတော့ မဟုတ်ဘူး။ ဒါပေမယ့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးသာ ဖန်ကျန်းရှီကို သတင်း အချက်အလက်တွေ ပေးခဲ့ရင်၊ ယင်ယန် ခန်းမမှာ ကြောက်စရာ အကောင်းဆုံးလူက တောက်ဟွမ် မဟုတ်ပဲ တောက်ရှင်း ဖြစ်နေတာကို သိလိမ့်မယ်။ ဒါကြောင့် အခုလို သေစေနိုင်တဲ့ အမှားကို လုပ်မိမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီမှာ အနည်းဆုံးတော့ အောင်မြင်နိုင်ချေ ၃၀% ရှိလိမ့်မယ်။ ဒါပေမယ့်လည်း ကောင်းကင် အိုအေစစ်ကြီးကိုချည်း အပြစ်တင်လို့ မရဘူး။ နောက်ထပ် လူတစ်ယောက် ရှိနေရင်လည်း၊ အရိပ်မျိုးနွယ်ရဲ့ အနာဂတ်ကို ဖန်ကျန်းရှီရဲ့ လက်ထဲ ပုံအပ်ပြီးတော့ စွန့်စားမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီက ရန်ရွှယ့်ကို ကယ်ဖို့ပဲ ဆန္ဒ ရှိတာကို သူသိတယ်လေ။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“အဲ့ဒီ့လူက မင်းဖြစ်နေရင်ကော။” ပိုင်ကျစ် ဒီအကြောင်းအရာကို အတော်လေး စိတ်ဝင်စား နေတယ်။

“သတင်းကို ပေးမှာပဲ။” ယွင်ချင်းဝူ ချက်ခြင်း ပြန်ဖြေတယ်။

“အမ်။ ဘာလို့လဲ။”

“အရာ အားလုံးက စွန့်စားရတယ်။ ဒါပေမယ့် ပိုပြီးတော့ စွန့်စားလေလေ၊ အသီးအပွင့်က ပိုပြီးတော့ ကြီးမားလေပဲ။ ဒီအချိန်မှာ တန်လား မတန်လား ဆိုတာကိုပဲ စဉ်းစားတယ်။”

“ဟဟား။ ဒါဆို ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်လုံးကို ဖန်ကျန်းရှီဆီ ပေးလိုက်တယ်ပေါ့။” ပိုင်ကျစ် ရယ်မောတယ်။

“ဟုတ်တယ်။” ယွင်ချင်းဝူ မငြင်းဘူး။

“ဒီတော့ မင်းက ဖန်ကျန်းရှီကို ပုံအပ်ပြီးတော့ အကြီးကြီး စွန့်စား လိုက်တာပဲ။ ဒါဆိုရင် သူဒီလို အဆုံးမသတ် ဘူးဆိုတာ မင်း သေချာတယ်ပေါ့။” ပိုင်ကျစ် ရယ်မောပြန်တယ်။

“မယ်တော် ဒီကိစ္စကို သိချင်လို့ ခေါ်တာလား။”

“ဟုတ်တယ် ဆိုရင်၊ မင်းအဖြေက ဘယ်လိုဲ။”

“မယ်တော် စိတ်မပူပါနဲ့။ တောင်စဉ် ကိုးသွယ်ကို ချင်းဝူ မသွားဘူး။”

“အကြောင်းရင်းက ဘာလဲ။”

“အခွင့်အရေး မရှိသေးဘူး။”

“ဒီတော့ မင်းပြောချင်တာ။ ဖန်ကျန်းရှီ ဒီအတိုင်း သေမှာကိုပဲ ကြည့်နေမယ်ပေါ့ ဟုတ်တယ်ဟုတ်။” ပိုင်ကျစ် မျက်ဝန်းတွေက စူးရှတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာတယ်။ လူတစ်ယောက်ရဲ့ စိတ်နှလုံးသားကို ထွင်းဖောက် မြင်နိုင်တဲ့ အကြည့်တွေနဲ့ စူးစမ်းတယ်။

ယွင်ချင်းဝူကတော့ ပြန်မဖြေဘူး။ မျက်နှာသေနဲ့သာ ထိုင်နေခဲ့တယ်။ တစ်ခုခုကို စောင့်နေတဲ့ အတိုင်းပဲ။ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး လာပြီ။ တစ်ခဏ ကြာပြီးတဲ့နောက် ပိုင်ကျစ်လည်း အကြည့်လွှဲလိုက်တယ်။ အဲ့ဒီ့နောက် ခေါင်းခါရင်းနဲ့ ယွင်ချင်းဝူကို ပြောတယ်။ “ကောင်းပြီ။ သွားလို့ ရပြီ။”

“ချင်းဝူ သွားပါတော့မယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်ပြီးနောက် ချက်ခြင်း လှည့်ထွက်သွားတယ်။

…..

လင်းယွမ် မျှော်စင်။ ဒီနေရာက သုခဘုံ တစ်ခုလိုပဲ။ အမြဲတမ်း နွေဦးရာသီ ရှိတယ်။ ပန်းတွေက အမြဲတမ်း ပွင့်ဖူး နေပြီးတော့ ရေတွေက ကြည်လင်နေတယ်။ ရေတံခွန် အောက်မှာတော့ အဆုံးမဲ့ ရေကန်ကြီး တစ်ခု ရှိနေတယ်။ ခြေဗလာနဲ့ အမျိုး သမီး တစ်ယောက်က ရေကန်ရှေ့မှာ ရပ်နေတယ်။ သူမရဲ့ အနီရောင် တောက်တောက် အကျီက နည်းနည်းတော့ စိုရွဲနေတယ်။ စုတ်ပြဲနေတဲ့ အကျီ အောက်ဖျားတွေကလည်း ရေကန်ပေါ်မှာ မျောနေခဲ့တယ်။ ဒီအချိန်ပဲ မိုးကောင်းကင်ကနေ ခရမ်းရောင် လူရိပ်တစ်ခု ဆင်းသက်လာတယ်။

“ကန်ယွဲ့ သခင်မကို ဂါရ၀ ပြုပါတယ်။” ရပ်နေကြသူတွေ အားလုံး သူမကို ဒူးထောက်ကြတယ်။

“အားလုံး ထွက်သွားကြ။” ကန်ယွဲ့ လက်ဝေ့ယမ်းလိုက်တယ်။ သူမကတော့ အမူအယာမဲ့။ နောက်တော့ ရေကန်ဘေးက စုတ်ပြဲနေတဲ့ အကျီနဲ့ မိန်းမငယ်လေးကို ကြည့်တယ်။ “မင်းအကျီတွေ ပြဲကုန်ပြီ။ အကျီ အသစ် ယူဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်။”

“မလိုဘူး။ အကျီ အသစ် လဲလိုက်ရင်၊ သူငါ့ကို မမှတ်မိမှာ ကြောက်တယ်။” မိန်းမငယ်လေး ခေါင်းခါရင်း ပြောတယ်။

“တကယ်တော့ ငါဒီကို လာတာ သူသေသွားတဲ့ အကြောင်း ပြောမလို့။” ကန်ယွဲ့က သူပြောချင်တာကို ဆက်ပြောတယ်။ မိန်းမငယ်လေးကတော့ ဘာမှ မပြောဘူး။ နေရာမှာ ရပ်နေရင်း မိုးကောင်းကင်ကို မော့ကြည့်တယ်။ တိမ်တွေကို ငေးကြည့်တယ်။

“ကြည့်ရတာ ငါ့ကို မယုံတဲ့ ပုံစံပဲ။” ကန်ယွဲ့ ပြောရင်းနဲ့ ကျောက်တုံးကြီး တစ်တုံးပေါ်မှာ တက်ထိုင်တယ်။ “ဒီတစ်ခေါက်တော့ အမှန် ပြောတာ။ ဖန်ကျန်းရှီက ယင်ယန် ခန်းမကို သွားခဲ့တယ်။ ရန်ရွှယ့်ကို ကယ်ဖို့ တောက်ဟွမ်ကို ဖမ်းခဲ့တယ်။ အောင်မြင်လုနီးပါး ဖြစ်ခဲ့တယ်လို့ ငါကြားတယ်။”

မိန်းမငယ်လေးကတော့ နှုတ်ခမ်းတွေ တုန်ယင် နေခဲ့တယ်။

“သနား စရာ ကောင်းတာက သူမအောင်မြင် ခဲ့တာပဲ။ အရိပ်မျိုးနွယ်က သူ့ကို တိုက်ပွဲမှာ ကူညီ ခဲ့တာတောင် ကံတရားက ကံတရားပဲ။ ဒီလို အရှက်မရှိတဲ့ သူက ရန်ရွှယ့် အသက်နဲ့ သူ့အသက်ကို လဲလှယ်ခဲ့တယ်။ အတော့်ကို ရူးမိုက်တယ်လို့ မထင်ဘူးလား။” ကန်ယွဲ့က ကိုယ့်ကိုယ်ကို ပြောနေတဲ့ အတိုင်း ခပ်တိုးတိုး ဆက်တိုက် ပြောနေခဲ့တယ်။

အပိုင်း (၇၆၃) ပြီး၏။

အပိုင်း (၇၆၄)

“နန်ကုန်းတို့ရဲ့ ကံကြမ္မာ။ ဒယ်အိုးကြီး ကိုးခု။”

“ရန်ရွှယ့် အသက်နဲ့ လဲတယ်။” အမျိုးသမီးက နောက်ဆုံးမှာတော့ စကားပြောတယ်။ သူမ အသံက အရမ်းကို တိုးပေမယ့်၊ သူမရဲ့ မျက်ဝန်းတွေကတော့ နည်းနည်း ကြောက်ရွံ့တဲ့ အငွေ့အသက်တွေ ပြည့်နေခဲ့တယ်။

“ဟုတ်တယ်။ အသက်တစ်ချောင်း အတွက် တစ်ချောင်း။ ဒါက ယင်ယန် ခန်းမရဲ့ စည်းမျဉ်းပဲ။” ကန်ယွဲ့က ခေါင်းငြိမ့်ရင်း ပြုံးလိုက်တယ်။

မိန်းမငယ်လေးကတော့ ဘာမှ မပြောဘူး။ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။

“မင်းက ထက်မြက်ပါတယ်။ ဒီနေ့ ငါလာရတဲ့ အကြောင်းအရင်းကို မင်းသိသင့်တယ်။ အနီရောင် ဝတ်ရုံကို ချွတ်လိုက်ပြီးတော့ လင်းယွမ် မျှော်စင်ကို လိုက်ခဲ့တော့။ ဒီမှာ စောင့်နေတာ ဘာမှ အသုံးမဝင်ဘူး။” ကန်ယွဲ့ အသံက အဆုံးမှာတော့ နည်းနည်း အေးစက် နေခဲ့တယ်။

“မိတ်ဆွေဆိုတာ ဘာလဲ သိလား။” မိန်းမငယ်လေး ပြောတယ်။ သူမ တုန်ယင်နေတာလည်း ရပ်တန့် သွားခဲ့တယ်။

“မင်း ဘာပြောချင်တာလဲ။” ကန်ယွဲ့ မျက်မှောင်ကြုတ် သွားတယ်။

“နားလည်မှာ မဟုတ်ပါဘူး။ သူငယ်ချင်း မရှိတဲ့ သူက စစ်မှန်တဲ့ ခင်မင် ရင်းနှီးမှုကို ဘယ်လို နားလည် နိုင်မှာလဲ။”

“ဟဟား။ ကြည့်ရတာ မင်းက လက်မလျှော့ သေးတဲ့ ပုံစံပဲ။ ဒါပေမယ့် ကိစ္စ မရှိဘူး။ တစ်နေ့တော့ မင်းနားလည် လာလိမ့်မယ်။ တချို့ ကိစ္စတွေက ဘဝမှာ အရေးမပါဘူး။”

“သနား စရာ ကောင်းလိုက်တာ။”

“ဘာ။”

“ဘဝမှာ သူငယ်ချင်း တစ်ယောက်တောင် မရှိတော့၊ အချစ်ကိုလည်း ဘယ်လို နားလည်မှာလဲ။ လင်းယွမ် မျှော်စင်မှာ မွေးတည်းက နေလာရတာကို ပျော်ရွှင်တဲ့ ဘ၀ ရတယ်လို့ ထင်နေမှာပဲ။ ဒါပေမယ့် ဒီလောကကြီး အကြောင်းကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။

“ပါးစပ်ပိတ်ထား။ လင်းယွမ် မျှော်စင်မှာ ငါမွေးတည်းက နေလာတာကို မင်း ဘယ်လိုသိလဲ။ ငါပြောလိုက်မယ်။ ငါ။ ထားလိုက်တော့၊ ငါပြောရင်တောင် နားလည်မှာ မဟုတ်ဘူး။” ကန်ယွဲ့ ကောင်းကင်ကို မော့ကြည့်ရင်းနဲ့ ရပ်တန့် နေခဲ့တယ်။

“မသွား သေးဘူးလား။” မိန်းမငယ်မေးတယ်။

“တကယ်ပဲ ဒီရေခဲထောင်မှာ အမြဲ စောင့်နေမှာလား။ လူသေ တစ်ယောက်ကိုလေ။” ကန်ယွဲ့ မေးတယ်။

“စောင့်နေမယ်။”

“ခြောက်လ ကုန်သွားရင်ကော။”

“ဆက်စောင့် နေမှာပဲ။”

“သူမလာ သရွေ့၊ ဆက်စောင့် နေမှာလား။”

“ဟုတ်တယ်။”

“ရူးမိုက်လိုက်တာ။ ဒါက မင်းပြောတဲ့ သူငယ်ချင်းနဲ့ အချစ်လား။ ဒါတွေက အောင်မြင်မှု လမ်းကြောင်းမှာ အနှောက်အယှက်တွေပဲ။” ကန်ယွဲ့ရဲ့ အသံက အရမ်းကို အေးစက် နေခဲ့တယ်။

မိန်းမငယ်လေးကတော့ ဆက်ပြီး မပြောတော့ဘူး။ ရေခဲကန်ထဲကိုသာ ခုန်ချ သွားခဲ့တယ်။ ကန်ရေပြင်မှာ လှိုင်းထန်လာတယ်။ ပျောက်ကွယ်သွားတဲ့ မိန်းမငယ်ကို ကြည့်ရင်း ကန်ယွဲ့ စိတ်ထဲမှာ မချိတင်ကဲ ဖြစ်နေခဲ့တယ်။ စိတ်ထဲမှာ နာကျင်နေတဲ့ ပုံစံပဲ။

ကန်ယွဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေလဲ ဘယ်သူမှ မသိဘူး။ သူမ စိတ်ထဲမှာ ပုံရိပ် တစ်ခုက ဆက်တိုက် ရစ်ဝဲနေတယ်။ ကန်ယွဲ့ အချိန် အတော်ကြာ ရပ်နေပြီးတဲ့ နောက်မှာတော့ ကောင်းကင်ကို ခုန်တက်ပြီး ပျံဝဲ သွားတော့တယ်။ မသွားခင်မှာ တစ်ခွန်းတော့ ပြောခဲ့တယ်။

“ခင်မင်ရင်းနှီးမှု ဒီလို ဆက်ဆံရေးမျိုး လောကမှာ မရှိသင့်ဘူး။”

…..

နန်ကုန်း ဂူသချိုင်းမှာတော့ နှင်းမုန်တိုင်း တစ်ခု တိုက်ခတ်နေတယ်။ လူငယ်လေး တစ်ယောက်က မုန်တိုင်းကို ဖြတ်လျှောက်လာတယ်။ သူ့မျက်နှာကတော့ အမူအယာ ကင်းမဲ့တယ်။ မျက်နှာပေါ်မှာတော့ အမာရွတ်တွေ အပြည့်။

နန်ကုန်းမု။

မြင့်မြတ် နယ်မြေမှာ ပျောက်ကွယ်သွားတဲ့ သူက အခုတော့ နန်ကုန်း သချိုင်းမှာ ပေါ်လာပြီ။

“မင်းပြန်လာပြီ။” နှင်းထဲမှာ ရပ်နေတဲ့ လူတစ်ယောက်က ပြောတယ်။ သူစိမ်း တစ်ယောက်ကို ပြောနေတဲ့ အသံလိုပဲ။ သူကတော့ နန်ကုန်း မိသားစု ခေါင်းဆောင်၊ နန်ကုန်းထျန်း။ နန်ကုန်းမုကတော့ ဘာမှ မပြောဘူး။ ဒါပေမယ့် ခေါင်းတစ်ချက် ငြိမ့်တယ်။ အဲ့ဒီ့နောက် ကျောက်တုံးတွေနားက သစ်ပင်ကြီးကို အကြည့် ရောက်သွားတယ်။ ပန်းပွင့် ဖြူဖြူတွေ ပွင့်နေတဲ့ သစ်ပင်ကြီးပဲ။

ပြိုင်ဘက်ကင်း ရှေးဟောင်း သစ်ပင်ကြီး။ နန်ကုန်းမုကတော့ အံ့သြပုံ မရဘူး။ ဒါကြောင့် တစ်ချက်သာ ကြည့်လိုက်ပြီးတော့ အကြည့်လွှဲတယ်။

“မင်းပြန်လာပြီ ဆိုတော့ ဘာဆက်လုပ်ရမလဲ သိသင့်တယ်။” နန်ကုန်းထျန်း ပြောတယ်။

“အကိုကြီး သေမှာလား။” နန်ကုန်းမု မေးတယ်။

“လောကမှာ အတိအကျ ပြောနိုင်တာ ဘာမှ မရှိဘူး။ မင်းရဲ့ မေးခွန်းကို ငါအခုတော့ မဖြေပေး နိုင်သေးဘူး။ ဒါပေမယ့် သူက နန်ကုန်း မိသားစုရဲ့ တာဝန်တွေကို ပြီးဆုံး ခဲ့ပြီ။ ဒီတော့ သူ့တာဝန်ကို မင်းဆက်ပြီးတော့ ထမ်းဆောင်ရမယ်။”

“ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေက မကောင်းတာ ဘာရှိလို့လဲ။”

“ကောင်းတယ်။ ဘယ်လောက် ကောင်းနေလို့လဲ။”

“ငြိမ်းချမ်းတယ်။ အနည်းဆုံးတော့ အခုချိန်မှာ ငြိမ်းချမ်း နေတယ်။ ကောင်းကောင်း လေးစား ခံရပြီးတော့ နှစ်တိုင်းလည်း။”

“ပါးစပ်ပိတ်စမ်း။” နန်ကုန်းထျန်းရဲ့ အသံက မပြောင်းလဲဘူး။ “ငါတို့တွေက အခုချိန်မှာ ငြိမ်းချမ်းနေတယ် ဟုတ်လား။ ဒါဆိုရင် သူတို့ ကကော။” နန်ကုန်းထျန်း သချိုင်းတွေကို ဝေ့ယမ်းပြတယ်။ နှင်းမုန်တိုင်းကြီးက ပိုပြီးတော့ အေးစက် လာသလိုပဲ။ နန်ကုန်းမုရဲ့ ခန္ဒာကိုယ် နည်းနည်းတော့ တုန်ယင် သွားခဲ့တယ်။ သူနှုတ်ခမ်းတွေကို ကိုက်လိုက်တယ်။

“ငါမင်းကို နောက်ဆုံး တစ်ခေါက် မေးတယ်။ မင်းရဲ့ တာဝန်ကို မင်းသိလား။ မင်းမသိရင်၊ ဒီမှာ သိတဲ့အထိ ဒူးထောက်နေ။” နန်ကုန်းထျန်း တိတ်ဆိတ်နေတဲ့ နန်ကုန်းမုကို တလက်လက် တောက်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့် နေခဲ့တယ်။

“အဖေ။ ကျွန်တော့် တာဝန်ကို လက်ခံရင်၊ အကိုကြီး ပြန်လာမှာလား။” နန်ကုန်းမုရဲ့ အမူအယာက အကြွင်းမဲ့ နာကျင်မှုတွေ ပြည့်နှက် နေခဲ့တယ်။

“ဒါက သူ့ဘဝပဲ။ မင်းနဲ့ ဘာမှ မဆိုင်ဘူး။ မင်းကိစ္စ မင်းလုပ်ရင် လုံလောက်ပြီ။” နန်ကုန်းထျန်း ထပ်ပြောတယ်။

“အဖေက ကျွန်တော့်ကို တစ်ခေါက်တောင် မလိမ်ဘူးပဲ။”

“နန်ကုန်း မိသားစုက အသုံးမဝင်တဲ့ ကောင်တွေ မလုံလောက်ဘူး။ မင်းစိတ်ဒီလောက် ပျော့နေရင်၊ မြင့်မြတ် နယ်မြေမှာပဲ နေလိုက်တော့၊ ဘာဖြစ်လို့ ပြန်လာ နေတာလဲ။” နန်ကုန်းထျန်း ပြောတယ်။

“ကျွန်တော်။”

“ကိုယ့်ဘာကိုယ် ဆုံးဖြတ်ချက်ချ။ ငါမင်းကို ဘာမှ မပြောလိုဘူး။” နန်ကုန်းထျန်း ပြောပြီးတဲ့နောက် ထွက်သွားတော့တယ်။ နန်ကုန်းမုကတော့ ရပ်တန့် နေဆဲ။ သစ်ပင်ကြီးကိုသာ စိုက်ကြည့်နေတယ်။

…..

တောင်စဉ်ကိုးသွယ်။

ဒါက မီးတောင်ကြီး တစ်ခုပဲ။ တစ်နှစ်ပတ်လုံး မီးခိုးတွေ အမြဲဝေနေတယ်။ မီးတောင် ချော်ကျောက်တုံးကြီး တစ်တုံးနဲ့ ခြေသုံးချောင်းထောက် ဒယ်အိုးကြီး ကိုးလုံး ဒီနေရာမှာ ရှိနေတယ်။ ဒယ်အိုးကြီးတွေက ထူးခြားတဲ့ သင်္ကေတတွေ ထွင်းထားကြတယ်။

ဒီအိုးကြီး ကိုးလုံးရဲ့ အောက်မှာတော့ မြေပြန့် ကွင်းပြင်ကြီး ရှိနေတယ်။ ကျောက်တုံး အိမ်လေးတွေလည်း ရှိနေတယ်။ တောင်စဉ် ကိုးသွယ်ကတော့ ဒီနေ့ ထူးခြားနေတယ်။ တပည့်သား တစ်ထောင်ကျော် မြေပြန့် ကွင်းပြင်မှာ ရပ်စောင့်နေတယ်။ အနက်ရောင် အကွင်းတွေကို နဖူးမှာ ဝတ်ထားတဲ့ အကြီးအကဲ နှစ်ယောက် အပါအဝင် အကြီးအကဲ ကိုးယောက်လည်း တပည့်သားတွေ ရှေ့မှာ ရပ်နေကြတယ်။ ဒီအကွင်းတွေက တောင်စဉ် ကိုးသွယ်ရဲ့ ရတနာ အိုးကြီး ကိုးလုံးကနေ လုပ်ထားတဲ့ ပစ္စည်းတွေ။ ရတနာ ကျောက်တုံးတွေကို အကွင်းပုံစံ လုပ်ထားတာပဲ။

“ပထမဆုံး ဦးညွှတ်။” အကြီးအကဲ ကိုးယောက်ထဲက တစ်ယောက် ပြောတယ်။ သူ့အမူအယာ အရမ်းကို တည်ငြိမ်နေခဲ့တယ်။ သူကတော့ တောင်စဉ် ကိုးသွယ်ရဲ့ မဟာ အကြီးအကဲ ယင်းယွီ။ သူ့အမိန့် စကား ထွက်လာတာနဲ့ တပည့်သားတွေ အားလုံး ဒူးထောက်ပြီးတော့ မြေပြင်ပေါ်မှာ ဦးညွှတ်ကြတယ်။

“ဒီလောက်တောင် သတိကြီးနေစရာ မလိုပါဘူး။” ဒီအချိန် အသံ တစ်သံ ထွက်လာပြီးတော့ နှောက်ယှက်တယ်။ တပည့်သားတွေကတော့ ဒေါသ ထွက်သွေားပေမယ့်၊ ဘာမှ မပြောကြဘူး။ ဒီလို စတေးခံကို ဘာမှ ပြောနေစရာ မလိုဘူးလေ။ ဒါကတော့ ဖန်ကျန်းရှီရဲ့ အသံပဲ။

အခုချိန်မှာ ဖန်ကျန်းရှီကို တစ်ကိုယ်လုံး သံကြိုးတွေနဲ့ ချည်နှောင်ထားတယ်။ သူ့ရဲ့ အပြာရောင် အကျီတွေက စုတ်ပြဲ နေတာကြောင့် မှတ်မိ နိုင်စရာတောင် မရှိဘူး။ ဖန်ကျန်းရှီက နည်းနည်တော့ သနားစရာ ကောင်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အမူအယာ သိပ်မပြောင်းလဲဘူး။ ဩဇာရှိတဲ့ လူတစ်ယောက်ရဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေတယ်။

“ဒုတိယအကြိမ် ဦးညွှတ်။” တောင်စဉ် ကိုးသွယ် မဟာအကြီးအကဲ နောက်တစ်ခေါက် ဦးညွှတ်ပြန်တယ်။ တခြား အကြီးအကဲတွေလည်း ဦးညွှတ်နေခဲ့တယ်။ ဒါကတော့ ထျန်းရှင်းကို ဂါရဝပြုတာ။ တောင်စဉ် ကိုးသွယ် တပည့်သားတွေလည်း ဦးညွှတ်ကြတယ်။ တစ်ယောက်တည်း အော်ဟစ်နေတဲ့ ဖန်ကျန်းရှီကတော့ အခုချိန်မှာ ထင်ရှားနေတယ်။ သူ့ကို အားလုံးက ဦးညွှတ်နေကြ သလိုပဲ။

“တတိယ အကြိမ် ဦးညွှတ်မယ်။” တတိယ အကြိမ် ပြီးရင်တော့ ဆေးချက်တဲ့ ဖြစ်စဉ် လာပြီ။ ဆေးလုံးကတော့ ဖန်ကျန်းရှီပေါ့။

“ဆဋ္ဌမ အကြီးအကဲ။” မဟာ အကြီးအကဲ ယင်းယွီ ထရပ်တယ်။ ဒီလူကတော့ ယင်ယန် ခန်းမရဲ့ ဆဋ္ဌမ အကြီးအကဲ။ အခမ်းအနားကို ကြီးကြပ်ဖို့ လာသူ။ မဟာ အကြီးအကဲကို သူဦးညွှတ်တယ်။

“ဘယ်ဆေးကျိုအိုးကို သုံးဖို့ စီစဉ် ထားပါသလဲ။” ဆဋ္ဌမ အကြီးအကဲ မေးတယ်။

“အလယ်က ပေါင်းအိုးကြီးကို သုံးမယ်။ အနည်းဆုံးတော့ ဒီကောင်စုတ်ကို ဂုဏ်ရှိရှိ သေစေတာပေါ့။ သူက ရှားပါးတဲ့ ဆေးလူသား ဖြစ်နေတယ်လေ။” မဟာ အကြီးအကဲ ပြန်ဖြေတယ်။

“ဒီကောင်စုတ်က တကယ့်ကို ကံကောင်းတာပဲ။ ဒီနေ့က အလယ်ဆေးအိုးကို သုံးတာ ပထမဆုံး အကြိမ်ပဲ။ ငါမှတ်မိတာတော့ ဒီဆေးအိုးကနေ သုခမိန်အဆင့် တိုက်ပွဲသုံး ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တာ မဟုတ်လား။”

“မှန်ပါတယ်။ အလယ် ပေါင်းအိုးကြီးက တစ်ခေတ်တစ်ခါမှာ သုခမိန် အဆင့် တိုက်ပွဲသုံး ရတနာ ၇မျိုးကို ထုတ်လုပ်ခဲ့တယ်။”

“အခုတော့ ဖန်ကျန်းရှီ သေရတော့မှာပဲ။ ခန်းမ ခေါင်းဆောင် ရောက်မလာခင် မေးခွန်း တစ်ခုလောက် မေးပါရစေ။”

“ဆဋ္ဌမ အကြီးအကဲ မေးပါ။”

“အသစ်တက်မယ့် တောင်စဉ် ကိုးသွယ် ခေါင်းဆောင်က ဘယ်သူဖြစ်မလဲ။”

“ခန်းမခေါင်းဆောင် စိတ်ပူစရာ မလိုပါဘူး။ ဖန်ကျန်းရှီကို ဖမ်းနိုင်တဲ့ ဘယ်သူ့ကို မဆို ခန်းမ ခေါင်းဆောင်နေရာ ပေးဖို့ စီစဉ်ထားတာ။ အခုတော့ ဖန်ကျန်းရှီက ယင်ယန် ခန်းမမှာ ဖမ်းမိတာ ဆိုတော့ ထင်ထားတာနဲ့ နည်းနည်း မတူဘူး ဖြစ်သွားတယ်။”

“မဟာ အကြီးအကဲ ပြောချင်တာကို နားလည်ပါတယ်။ တောင်စဉ် ကိုးသွယ်က ခေါင်းဆောင် မရှိပဲ ရပ်တည်လို့ မဖြစ်ဘူးလေ။ ငါတို့ ခန်မး ခေါင်းဆောင်ရဲ့ သဘောကတော့ မဟာ အကြီးအကဲကို ခေါင်းဆောင် ဖြစ်လာ စေချင်တာပဲ။

“ဟီးဟီး။ ဒါကို နောက်မှ ဆွေးနွေး ကြတာပေါ့။” မဟာ အကြီးအကဲ ရယ်မောရင်း ခေါင်းငြိမ့်တယ်။ ပတ်ဝန်းကျင် အကြီးအကဲတွေကတော့ အမူအယာတွေ ပြောင်းလဲ ကုန်တယ်။ တချို့က ပြုံးနေကြတယ်။ တချို့ကတော့ ဒေါသထွက်နေတယ်။

“တကယ်တော့ ငါ့မှာ အကြံ တစ်ခုရှိတယ်။” ဖန်ကျန်းရှီ လှမ်းအော်တယ်။

“အမ်။” ဆဋ္ဌမ အကြီးအကဲ တုန်ယင် သွားတယ်။ သူတင် မကဘူး။ တောင်စဉ် ကိုးသွယ် တစ်ခုလုံးလည်း တုန်ယင် သွားကြတယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင်ကို ဒီကောင်စုတ်ရဲ့ အကြံနဲ့ ရွေးချယ်ရမယ်တဲ့ မသင့်တော် လိုက်တာ။

“မင်းတို့တွေက ငါ့ကို ဖမ်းနိုင်တဲ့သူကို ခန်းမ ခေါင်းဆောင် တာဝန် ပေးမယ်ဆိုတော့၊ ယင်ယန် ခန်းမက တစ်ယောက်ယောက်ကို တာဝန် ပေးလိုက်ပေါ့။” ဖန်ကျန်းရှီ ခပ်ရှင်းရှင်းပဲ ပြောတယ်။

“အတင့်ရဲလိုက်တာ။” မဟာ အကြီးအကဲ လှမ်းအော်တယ်။ တခြား အကြီးအကဲတွေလည်း ဖန်ကျန်းရှီ တမင် ပြောနေမှန်း သိကြတယ်။ ဒါပေမယ့် ခန်းမ နှစ်ခုရဲ့ ဆက်ဆံရေးကို မပျက်စီး စေချင်ဘူး။ ဖန်ကျန်းရှီ ပြောတဲ့ အတိုင်းပဲ။ ယင်ယန် ခန်းမရဲ့ အဆုံးအဖြတ်ကို နာခံလိုက်ရင်၊ ဒါက အတော့်ကို ရှုပ်ထွေး သွားလိမ့်မယ်။

ဖန်ကျန်းရှီရဲ့ စကားတွေက တိုက်ရိုက်ကြတယ်။ အပေါ်ယံမှာ အဓိပ္မာယ် မရှိသလို ဖြစ်နေပင်မယ့်၊ တကယ်တော့ တောင်စဉ် ကိုးသွယ် တပည့်သားတွေ အတွက် ဒါက အနာကျင်ရဆုံး ဖြစ်ရပ်တစ်ခုလည်း ဟုတ်တယ်။ ယင်ယန် ခန်းမ တပည့်သားတွေ မျက်နှာ မည်းမှာင်နေကြတယ်။ ဆဋ္ဌမ အကြီးအကဲကို စိုက်ကြည့်ရင်း အာရုံ ရောက်နေခဲ့တယ်။

အပိုင်း (၇၆၄) ပြီး၏။

အပိုင်း (၇၆၅)

“မတော်တဆမှု တစ်ခု၊ မှားယွင်းတဲ့ စစ်ဆေး ကြားနာမှုကြီး။”

“မဟာ အကြီးအကဲ ပြောတာ မှန်တယ်။ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် ရွေးချယ်တာ နောက်မှပဲ ဆွေးနွေး သင့်တယ်။ ဒီကောင်စုတ်ကို သန့်စင်ရအောင်။”

ဆဋ္ဌမ အကြီးအကဲက ဉာဏ်များတယ်။ ပတ်ဝန်းကျင်က ဒေါသတွေကို ခံစား မိတာကြောင့် ချက်ခြင်း စကားလမ်းလွှဲတယ်။

“နောက်ထပ် ဆွေးနွေးဖို့ လိုသေးလို့လား။ နိုင်ငံ တစ်ခုက ခေါင်းဆောင် မရှိပဲ မရပ်တည် နိုင်ဘူး။ မျိုးနွယ်စုလည်း အတူတူပဲ။ အကယ်၍ တောင်စဉ် ကိုးသွယ်က ယင်ယန် ခန်းမရဲ့ ဆဋ္ဌမ အကြီးအကဲကို ဆုံးဖြတ်ခိုင်းမယ်ဆိုရင်၊ ဒီလို လုပ်နေမယ့် အစား၊ သူ့ကိုပဲ တခါတည်း ခေါင်းဆောင် မြှောက်လိုက်ပါလား။” ဖန်ကျန်းရှီကတော့ ပတ်ဝန်းကျင်က ဒေါသတွေကို သတိ မထားမိတဲ့ အတိုင်း ဆက်ပြောတယ်။

“ဒီကောင်စုတ် မဟုတ်တရုတ်တွေ ပြောနေပြန်ပြီ။”

“တောင်စဉ် ကိုးသွယ်လို ဘယ်လို ထင်နေတာလဲ။”

“စိတ်ပျက်စရာ ကောင်းလိုက်တာ။” တပည့်သားတွေ စိတ်မထိန်းနိုင်ပဲ အော်ဟစ် တော့တယ်။

“ဖန်ကျန်းရှီ မင်းက တကယ်ပဲ တောင်စဉ် ကိုးသွယ်နဲ့ ယင်ယန် ခန်းမ ကြားက ဆက်ဆံရေးကို ဖျက်စီး ချင်နေတာလား။ အိပ်မက် မက်မနေနဲ့။” ဆဋ္ဌမ အကြီးအကဲ မျက်နှာတွေ နီရဲ နေခဲ့ပြီ။

“ဘာတွေ ပြောနေတာလဲ။ ငါပြောတာ အင်အားကြီး နှစ်ခု မဟာမိတ် ဖွဲ့ရင် ပိုကောင်းမယ်လို့ ပြောချင်တာ။ တောက်ရှင်းလည်း ခေါင်းဆောင် အသစ် ဖြစ်လာရင် ပိုပြီးတော့ မကောင်းဘူးလား။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ပိတ်ထားစမ်း။”

“တောက်ရှင်း အကြောင်း ပြောတော့မှ နားမလည်တာ တစ်ခု ရှိသေးတယ်။ သူနဲ့ တောက်ဟွမ်က ဘာတွေလဲ။ အဖေနဲ့ သမီးလား။ ဒါပေမယ့် သူ့ကို ဒုတိယ ခန်းမ ခေါင်းဆောင်လို့ ခေါ်တော့ မဖြစ်နိုင်ဘူးပဲ။ မောင်နှမတွေလား။ ဒါလည်း မဟုတ် သလိုပဲ။ သူက သူ့ရဲ့ အမျိုးသမီးလား။ တောက်ဟွမ်က ဒီလို လူမျိုး မဟုတ် သလိုပဲ။”

“ကောင်စုတ်လေး သေချင် နေတာလား။” ဆဋ္ဌမ အကြီးအကဲ ဒေါသ မထိန်းနိုင်တော့ဘူး။ ဖန်ကျန်းရှီရဲ့ လည်ပင်းကို သွားညှစ်တော့တယ်။

“ဆဋ္ဌမ အကြီးအကဲ စိတ်လျှော့ပါ။ သူ့ကို အခု သတ်လိုက်ရင်၊ သူ့သွေးကြောထဲက ဆေးစွမ်းတေါကို ရမှာ မဟုတ်တော့ဘူး။ လူတစ်ယောက်ရဲ့ ခန္ဒာကိုယ်က ဆေးကို သန့်စင်ရတာ အရမ်းခက်တယ်။” မဟာအကြီးအကဲ ထိတ်လန့် တကြား ပြောတယ်။ သူလည်း ဒေါသ ထွက်ပေမယ့် သတ်လို့ မဖြစ်တာကိုတော့ နားလည်တယ်။

“မဟာ အကြီးအကဲ စိတ်မပူပါနဲ့၊ ငါနားလည် ပါတယ်။ တစ်ခဏ စိတ်ဆိုး သွားရုံပဲ။” ဆဋ္ဌမ အကြီးအကဲရဲ့ ခန္ဒာကိုယ် နည်းနည်းတော့ တုန်ယင် နေခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ လည်ပင်းကို လက်လွှတ်လိုကတယ်။

“တောက်ရှင်းနဲ့ တောက်ဟွမ်က တကယ်ပဲ ဘာမှ မရှိတာ သေချာလား။” ဖန်ကျန်းရှီ ချက်ခြင်း မေးတယ်။

“ကောင်စုတ်လေး။ သေပေရော့။” ဆဋ္ဌမ အကြီးအကဲ ပြောပြီးတာနဲ့ ဖန်ကျန်းရှီကို အလယ်ဆေးအိုးကြီးထဲ ကန်ချလိုက်တယ်။ ဒါက သမိုင်းတစ်လျှောက် မျိုးဆက် တဆက်ပြီး တဆက် လက်ဆင့် ကမ်းခဲ့တဲ့ ရတနာ ကျောက်နက်အိုးကြီး။

“ဒုန်။” ဖန်ကျန်းရှီ အိုးထဲကို ချက်ခြင်း ပြုတ်ကျသွားတာက တပည့်သားတွေကို အံ့သြ စေတယ်။

“နောက်ဆုံးတော့ ဝင်သွားပြီ။”

“ဘယ်လိုတွေ ဖြစ်လာမလဲ ကြည့်ရအောင်။”

“ဒေါသ ထွက်စရာ ကောင်းလိုက်တာ။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ ဆွေးနွေးနေတယ်။ မဟာ အကြီးအကဲကတော့ မျက်နှာ မကောင်းလှဘူး။ သူအစက အခမ်းအနား လုပ်ပြီးတော့မှ ဖန်ကျန်းရှီကို ဒယ်အိုးထဲ ထည့်မလို့။ အခုတော့ ဆဋ္ဌမ အကြီးအကဲက ပြစ်လွှတ်လိုက်ပြီ။ နောက်ထပ် ပြောစရာ မရှိတော့ဘူး။

ဒီလို လုပ်လိုက်တဲ့ အပြုအမူကြောင့် မဟာ အကြီးအကဲရဲ့ စိတ်ထဲမှာ အတွေးဝင်သွားတယ်။ ကိစ္စက သေးငယ်ပေမယ့်၊ ဒီဆဋ္ဌမ အကြီးအကဲက ကိုယ့်ကိုယ်ကို ခေါင်းဆောင် တစ်ယောက်လို ပြုမူ နေခဲ့တာပဲ။ မဟာအကြီးအကဲ မေးခွန်း မထုတ်ဘူး။ ဒီလူက သူ့ကို တောင်စဉ် ကိုးသွယ် အကြီးအကဲ ဖြစ်ဖို့ ပံ့ပိုး ပေးနိုင်တယ်။

“ကောင်းပြီ။ ဆေးချက်တဲ့ အခမ်းအနား စတင်ပြီ။” မဟာ အကြီးအကဲ လက်ဝေ့ယမ်းလိုက်တဲ့ အချိန်မှာ တပည့်သား ကိုးယောက်က မီးတောက် ကျောက်တုံးကြီး တစ်တုံးကို အဖုံး အဖြစ် တွန်းတင်လိုက်တယ်။ အဲ့ဒီ့နောက် အလယ် ဆေးအိုးမှာ မီးတောက်တွေ တောက်လာတော့တယ်။

…..

ဖန်ကျန်းရှှီရဲ့ ခေါင်းက အိုးကြီးရဲ့ အောက်ခြေနဲ့ အရင်ဆုံး တိုက်မိတယ်။ ဒါက အရေးကြီးဆုံး မဟုတ်ဘူး။ သူ့ကို အဖုံး ပိတ်လိုက်တာပဲ။ လောကကြီး တစ်ခုလုံး အမှောင်ကျသွားတယ်။

“သေစမ်း။ ငါတော့ အကင်ခံရပြီး သေတော့မယ်။” ဖန်ကျန်းရှီ အားတင်းပြီး ပြုံးလိုက်တယ်။ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်ကို ရန်တိုက် ပေးပြီးတော့ ပြဿနာ ဖြစ်အောင် ဖန်ခဲ့တယ်။ ဆဋ္ဌမ အကြီးအကဲကို ဒေါသ ထွက်အောင် လုပ်ဖို့ လိုအပ်တယ်။ ဒါမှ သူ့ကို ချက်ခြင်း သေစေချင်စိတ် ပေါ်လာပြီးတော့ ကန်ချမှာ။ ဒီလိုမှပဲ အဆုံးမဲ့ လောကကိုလည်း သူနဲ့ အတူ ယူလာနိုင်မယ်။ သူ့အကြံက အလုပ်ဖြစ်တယ်။

ဒါပေမယ့် တွက်ချက်တာ နည်းနည်းတော့ လိုသွားတယ်။ သူ့ခန္ဒာကိုယ်မှာ သံကြိုးတွေ အပြည့် ပါလာတာပဲ။ ဆေးကြိုတာက သံကြိုးတွေ ထည့်စရာ မလိုဘူး မဟုတ်လား။

ဖန်ကျန်းရှီ အခုချိန်မှာ ပြဿနာ အသစ် တက်နေခဲ့ပြီ။ သူ့တကိုယ်လုံး ချည်တုပ် ခံထားရတော့ မပြေးနိုင်ဘူး။ ဒီပြဿနာကို တွေးနေတဲ့ အချိန်မှာပဲ အပူရှိက တဖြည်းဖြည်း မြင့်လာတယ်။ ဒါတင် မကသေးဘူး။ အဖုံးကြီး ထိပ်ကနေလည်း ဆေးပင်တွေကို ပြစ်ချပြီးတော့ ရေတွေ ထည့်နေတယ်။

“ဒီလူတွေ ဟင်းရွက်ပြုတ်နေတာလား။” ဖန်ကျန်းရှီ နောက်ဆုံးတော့ နားလည် သွားခဲ့ပြီ။ ဒါက လူတစ်ယောက်ကို အရှင်လတ်လတ် ပေါင်းနေတာပဲ။ ဒါပေမယ့် အခု မီးအရှိန်လောက်နဲ့တော့ သူ့ကို သတ်ဖို့ မဖြစ်နိုင်ဘူး။ သူ့စွမ်းရည်တွေက မြင့်မားတယ်လေ။

“ဒီကောင်စုတ်က ပြန်လည် မွေးဖွားမှု အဆင့်မှာပဲ ရှိသေးပင်မယ့်၊ သာမန် သုခမိန်တွေထက် သန်မာတယ်။ ဒါကြောင့် မီးကို အရှိန်မြှင့်ရမယ်။” မဟာ အကြီးအကဲရဲ့ အသံကို ကြားလိုက်ရတယ်။

“ငါကြားဖူးတာတော့ မဟာ အကြီးအကဲက ဖျက်စီး မီးတောက်တွေကို ပိုင်ဆိုင်တယ် ဆိုပဲ။ မဟာ အကြီးအကဲရဲ့ အစွမ်းကို ငှားသုံးလို့ ရနိုင်မလား။” ဆဋ္ဌမ အကြီးအကဲ ပြောတယ်။

“ကောင်းပါပြီ။” မဟာ အကြီးအကဲ ခေါင်းငြိမ့်တယ်။ သူပြဿနာ မဖြစ်ချင်ဘူး။ ဖန်ကျန်းရှီလည်း မီးအပြောင်းအလဲကို ခံစားမိတယ်။ ပထမ မီးတောက်တွေက အနီရောင်၊ အခု မီးတောက်ကတော့ ငွေရောင်ေ တာက်နေတယ်။ အတွင်း အရိုးတွေကို ပြာချနိုင်အောင် ပူလောင်လွန်းတယ်။

“မဟာ အကြီးအကဲရဲ့ မီးတောက်တွေက တကယ့်ကို အကျိုး ရှိတာပဲ။ ဒီကောင်စုတ် တောင့်မခံ နိုင်တော့ဘူး။ သူ့ကို ခရမ်းရောင် မိုးကြိုးတောက် ထပ်ဖြည့်ပေးလိုက်မယ်။” ဆဋ္ဌမ အကြီးအကဲရဲ့ အသံ ထွက်လာပြန်တယ်။ မိုးကြိုးတွေ လက်နေတဲ့ ခရမ်းရောင် အလင်းတန်းနဲ့ မီးတောက်တွေ ဝင်လာပြန်တယ်။

…..

ဖန်ကျန်းရှီကတော့ ဒီလူနှစ်ယောက်ကို မအေနဲ့ ကိုင်တုပ်ချင်နေတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မပြောဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကိုယ်ကို ချုပ်ထားတဲ့ သံကြိုးတွေကတော့ မီးတောက် နှစ်ခု နဲ့ အတိုက်ခံရတာတောင် အရည်မပျော်ဘူး။

သံသတ္တုတွေ အကြောင်းကို နားမလည်ပေမယ့်၊ ဒီကနေ လွတ်အောင် မပြေးနိုင်မှန်းတော့ သူသိတယ်။ ဘယ်လို လုပ်ရမလဲ။ သေမှာကို စောင့်နေ ရမှာလား။

မဖြစ်ဘူး။ သေမှာကို စောင့်မနေနိုင်ဘူး။ ဒါပေမယ့် ယင်ယန် ခန်းမက သူသေပြီလို့ ထင်အောင် လုပ်ရမယ်။ ဒါမှပဲ တောက်ဟွမ်က ရန်ရွှယ့်ကို ကယ်တင်မှာ။

“ရေစက်လေးတွေက သမုဒ္ဒရာ ဖြစ်လာတယ်။ အစေ့လေး တစ်စေ့ကနေ သစ်ပင်ကြီး ဖြစ်လာနိုင်တယ်။” ဖန်ကျန်းရှီ မျက်လုံးတွေ တလက်လက် တောက်လာတယ်။ အဲ့ဒီ့နောက် မီးတောက်တွေကို တုံ့ပြန်တော့တယ်။

“အား။ နာလိုက်တာ။” သူ့ အရိုးတွေကို မီးတောက်တွေက လောင်ကျွမ်း နေသလိုပဲ။ နောက်ပြီးတော့ အရင်ကထက် ပိုပြင်းထန်တယ်။

“ငါသေလို့ မဖြစ်ဘူး။ မဖြစ်ဘူး။” ဖန်ကျန်းရှီ အံကြိတ်လိုက်တယ်။ မီးတောက် နှစ်ခုမှာ ငွေရောင်က အရိုးကို တိုက်စားတယ်။ ခရမ်းရောင်က သွေးတွေကို လောင်ကျွန်းတယ်။ သူ့ကြွက်သားတွေတောင် မည်းနက်ကုန်ပြီ။

“နားလည်ရမယ်။”

“ဒါတွေကို နားလည်ရမယ်။”

ဖန်ကျန်းရှီ ဒီမီးတောက်တွေကို နားလည်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဒီမီးတောက်တွေကို လျော့တွက် မိသွားတယ်။ ပူပြင်းလွန်းတာကြောင့် သူစိတ်ငြိမ်ငြိမ် မထားနိုင်တော့ဘူး။

မဟုတ်သေးဘူး။

ဘာဖြစ်လို့ ဒီလို ဖြစ်ရမှာလဲ။ တစ်ခုခု လွဲနေတယ်။

အရင်ကလည်း လုပ်နိုင်တယ်။ အခုက ဘာဖြစ်လို့ မလုပ်နိုင်တာလဲ။ အရင်တစ်ခေါက် ရှီဖုန်းရဲ့ ငရဲမီးနဲ့ အတိုက်ခံရတုန်းက ဟန်ဆောင် ခဲ့ပေမယ့်၊ စိတ်ကို ငြိမ်ငြိမ် ထားနိုင်ခဲ့တယ်။ အခုတော့ ဒီမီးတောက်တွေက ငရဲ မီးထက် ဆယ်ဆ အဆ တစ်ရာ ပြင်းထန်နေတယ်။ ပတ်ဝန်းကျင် တစ်ခုလုံး ရွှေရောင် မီးခိုးတွေ ပြည့်နှက်နေတယ်။ လေထုထဲမှာ ထူးထူးဆန်းဆန်း ပုံရိပ်တွေ ဖြစ်ပေါ်လာတယ်။

“အဲ့တာ ဒီအိုးကြောင့်ပဲ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ သူ့ကို ဒီလောက် နာကျင်အောင် ခံစား စေရတဲ့ အကြောင်းအရင်းကို နားလည် သွားခဲ့ပြီ။

ငရဲတာအိုနဲ့ ကြုံရတာ အပြင်လောကမှာ။ ဒါပေမယ့် အခုတော့ အိုးထဲ ရောက်နေတယ်။ အိုးရဲ့ ရွှေရောင် လေထုက မီးတောက်တွေကို ဆယ်ဆ ပြင်းအောင် လုပ်နေတယ်။ ဒါကို သူနားလည်သွားပြီ။

ဒါကြောင့်ပဲ ဆေးကျိုတဲ့ အချိန် အိုးကောင်းကောင်းက အရေးကြီးတာပဲ။ အိုးတွေက မီးတောက်ရဲ့ အပူရှိန်ကို မြှင့်ပေးတယ်။ အခုတော့ သူ့ခန္ဒာကိုယ်က ထိပ်တန်း အိုးထဲမှာ ရောက်နေတာ။ ရလဒ်က မတွေးဝံ့ စရာပဲ။

“အား။ ငါ့ကို လွှတ်ပေး။ ငါမင်းတို့ကို သတ်မယ်။” ဖန်ကျန်းရှီ ပါးစပ် အော်တယ်။ ဒီလို အော်တဲ့ အချိန် လည်ချောင်းထဲကို မီးခိုးတွေ ဝင်လာတယ်။

“ဟဟား။ ငါတို့ကို သတ်မယ်။ ငတုံးပဲ။ ငါတို့ကို သတ်ဖို့ အရင်ဆုံး ထွက်လာပါအုန်း။” ဆဋ္ဌမ အကြီးအကဲရဲ့ အသံ ထွက်ပေါ်လာတယ်။

“အား။” ဖန်ကျန်းရှီ နာနာ ကျင်ကျင် အော်ဟစ်တယ်။

“အော်စမ်း။ အော်စမ်း။ ဟဟား။ ဖန်ကျန်းရှီ၊ မင်းမှာ နောက်ဘဝရှိရင်၊ အကြံပေးလိုက်မယ်။ ကိုယ့်ဘဝကို သိ။ မင်းက ပါရမီရှင် ဖြစ်ပေမယ့်၊ စည်းမျဉ်းတွေ အများကြီးကို ချိုးဖောက်လို့ ဒီရလဒ် ရတာပဲ။ မင်းမှာ ညီနောင်တွေ သူငယ်ချင်းတွေ ရှိရင် မေ့ထားလိုက်။ သူတို့က မင်းဘဝအတွက် အနှောက်ယှက်တွေပဲ။” ဆဋ္ဌမ အကြီးအကဲ ရယ်မောတယ်။

အခုချိန်မှာတော့ အော်သံတွေ မရှိတော့ဘူး။ မီးတောက်တွေရဲ့ အသံကိုပဲ ကြားနေရတယ်။ အိုးကြီးတစ်ခုလုံး ရွှေရောင် မီးခိုးတွေ ဖြာထွက် နေခဲ့တယ်။

အပိုင်း (၇၆၅) ပြီး၏။

အပိုင်း (၇၆၆)

“မူလ အစကို ပြန်ရောက်ခြင်း။”

“၄၉ ရက် ကြာပြီးရင်၊ ဆေးလုံး ဖြစ်သွားလိမ့်မယ်။” ဆဋ္ဌမ အကြီးအကဲ ပြုံးပြုံးကြီး ပြောတယ်။ ထောင်ချီတဲ့ တပည့်သားတွေလည်း ပြုံးနေခဲ့တယ်။

“ဆဋ္ဌမ အကြီးအကဲ ကြိုးကြိုးစားစား လုပ်ခဲ့တာပဲ။” တောင်စဉ် ကိုးသွယ် အကြီးအကဲ တစ်ချို့ ချီးမွမ်းကြတယ်။

“မျိုးနွယ်စု ငါးခုက အခြေတူတယ်။ ငါတို့ အားလုံးက တမိသားစုတည်းပဲ။ ဒီလောက်ကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။” ဆဋ္ဌမ အကြီးအကဲ လက်ဝေ့ယမ်းပြီး ပြောရင်းနဲ့ ထိုင်ချလိုက်တယ်။

၄၉ရက်။ ဒီအချိန်က မနည်းဘူး။ ဒါပေမယ့် ကြာလည်း မကြာဘူး။ သုခမိန် တစ်ယောက် အတွက်တော့ ခဏတာလေးပဲ။ ဆဋ္ဌမ အကြီးအကဲက ဒီအချိန် အတွင်း ဆေးအိုးဘေးက မခွာပဲ ကာကွယ်ရမယ်။

နေပူပူ၊ မိုးရွာရွာ။ ဘာပဲ ဖြစ်ဖြစ်။ ဆေးအိုးကြီးထဲမှာတော့ ဖန်ကျန်းရှီက ဘောလုံးလို ကွေးနေခဲ့တယ်။ အတွင်း အပူက တဖြည်းဖြည်း တိုးလာတယ်။

နာကျင်တယ်။ အရမ်းကို နာကျင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အသံမထွက် ခဲ့ဘူး။ သူသတိလစ်နေခဲ့ပြီ။ စိတ်ထဲမှာ လောကကြီး တစ်ခုလုံး မီးတွေ လောင်ကျွမ်းနေတယ်။ အနီရောင် ချော်ရည်တွေ စီးဆင်းနေတဲ့ လောကကြီးက သူ့ကို ဝန်းရံထားတယ်။

ကျောက်ရည်ပူတွေ။ ဒီမြင်ကွင်းက နည်းနည်းတော့ ထူးဆန်းနေတယ်။ ဒီမီးတောင်ရဲ့ ကျောက်တုံး အက်ကွဲရာ တစ်ခုချင်းစီကိုတောင် အသေးစိတ် မြင်နေရတယ်။ ပင့်ကူအိမ်တွေ ချိတ်ဆက် နေသလိုပဲ။

ဒီအချိန်မှာပဲ သူ့မြင်ကွင်းထဲကို အဖြူရောင် လူရိပ် တစ်ခု ဝင်လာပြန်တယ်။ နှင်းဖြူရောင် ဝတ်ရုံ၊ ခါးအထိ ဝဲကျနေတဲ့ ဆံကေသာတွေနဲ့ မိန်းမလှလေး။

သူမရဲ့ ပတ်ဝန်းကျင်မှာလည်း အရောင်နှစ်ရောင် မီးတောက်တွေ တောက်ပနေတယ်။ အိုးကြီးထဲက မီးတောက်တွေ အတိုင်းပဲ။

“မင်းက တကယ်ပဲ ဘယ်သူလဲ။” ဖန်ကျန်းရှီ ဒီမြင်ကွင်းကို မြောက်ရွာတုန်းက ယွင်ချင်းဝူရဲ့ ထောင်ချောက်ထဲ ပိတ်မိနေတဲ့ အချိန်မှာလည်း မြင်ခဲ့ရတယ်။

ဝတ်ရုံဖြူ အမျိုးသမီးက ဘာမှ မပြောခဲ့ဘူး။ တစ်နေရာတည်း တည်းမှာပဲ ရပ်တန့်နေတယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်းချင်း လှည့်လာတယ်။ သူမရဲ့ ရုပ်သွင်ကို မြင်လိုက်ရတယ်။

တောက်ပတဲ့ မျက်ဝန်းနဲ့ မျက်နှာ လှလှလေး။ ရင်းနှီးတဲ့ မျက်နှာ။ ဒါပေမယ့် သူစိမ်းဆန်တယ်။ ရုပ်ရည်သွင်ပြင်က ချီကူယန်နဲ့ တပုံစံတည်း၊ လူကတော့ အေးစက်လွန်းတယ်။ ပထမဆုံး ဒီအမျိုးသမီးရဲ့ ရုပ်သွင်ကို မြင်တဲ့ အချိန်တုန်းက သူတကယ့်ကို တအံ့တသြ ဖြစ်ခဲ့ရတယ်။

နတ်ဆိုး ကျောင်းတော်မှာ တွေ့ခဲ့ ရတုန်းကတော့ စိတ်ထဲမှာ ဆက်တိုက် တွေးတော မိခဲ့တယ်။ သူဘယ်သူလဲ။ ဘာဖြစ်လို့ ချီကူယန်နဲ့ တပုံစံတည်း တူနေပြီးတော့ အရှိန်အဝါက ကွာခြား နေတာလဲ။ ဖန်ကျန်းရှီ တကယ်ပဲ သိချင်တယ်။ ဒါပေမယ့် ဝတ်ရုံဖြူကတော့ ဖန်ကျန်းရှီကို ပြန်မဖြေဘူး။

ဖန်ကျန်းရှီဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူမရဲ့ လက်ထဲမှာ ရွှေရောင် အလင်းတန်း တောက်ပနေတဲ့ ရတနာ တစ်ခုကို ကိုင်ထားတယ်။ ဒီရတနာထဲမှာ ပုံရိပ်တွေ အများကြီး လှည့်ပတ်နေတယ်။

“စိတ်ဝိဉာဉ် ကျောက်စိမ်း။” ကောင်းကင် တာအို ခန်းမ နဝမ ကောင်းကင်ကနေ ယူခဲ့တဲ့ ဒီရတနာကို သူမှတ်မိတယ်။ ဒါပေမယ့် ဒီရတနာက ဝတ်ရုံဖြူ လက်ထဲကို ဘယ်လိုလုပ် ရောက်နေ ရတာလဲ။ ဒါကို အဆုံးမဲ့ လောကထဲ ထည့်ထားတာ မဟုတ်လား။

စိတ်ဝိဉာဉ် ကျောက်စိမ်းက အဆုံးမဲ့ လောကထဲမှာ ရှိနေတာ ဆိုရင်။ ဒီဝတ်ရုံဖြူက သူ့ရဲ့ စိတ်ကူး သက်သက် မဟုတ်ဘူးပေါ့။ အဆုံးမဲ့ လောကထဲမှာ တကယ်ပဲ ရှိနေတဲ့ သူပေါ့။ အဆုံးမဲ့ လောကထဲမှာ နေနေတဲ့သူ ဆိုတော့ ငါ့နှလုံးသားထဲမှာ နေတာပေါ့။

ဒီအတွေးအခေါ်က အတည်ပြုလို့ ရတာတော့ မဟုတ်ဘူး။ ကောင်းကင် ရတနာ ခန်းမကို ဘယ်လို ရောက်လာတာလဲ။ အဆုံးမဲ့ လောကထဲကိုကော ဘယ်လို ဝင်လာတာလဲ။ ပုလဲ။ ဟုတ်တယ်။ ကောင်းကင် ရတနာ ခန်းမမှာတုန်းက အဲ့ဒီ့ ပုလဲကို သူယူလာခဲ့တယ်။ ပြီးတော့ လုံး၀ မေ့သွားတယ်။ ပုလဲက ဒီဝတ်ရုံဖြူလား။

“တိတ်တဆိတ်ကြည့်” ဒီအချိန်မှာပဲ နူးညံ့ ကြည်လင်တဲ့အသံ သူ့နားထဲကို ဝင်လာတယ်။

“ဘာ။” ဝတ်ရုံဖြူရဲ့ အသံမှန်း သူသိတယ်။ ဒါပေမယ့် ပထမဆုံး စကားပြောတာ ဖြစ်နေတော့ သူတကယ့်ကို အံ့ာသ မိတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ပဲနဲ့၊ စကားပြောတယ်လား။

“တစ်ခုတည်း ထိန်းသိမ်း။” အမျိုးသမီး ဆက်ပြောတယ်။

“တစ်ခုတည်း ထိန်းသိမ်း။” ဖန်ကျန်းရှီ တုန်ယင်သွားတယ်။ သူမရဲ့ စကားတွေကို ဖန်ကျန်းရှီ နားမလည်ဘူး။ ဒါပေါ့။ သူနောက်ထပ် မေးခွန်း မမေးနိုင်ဘူး။

ဒီစကားတွေကို ပြောပြီးတဲ့နောက် အမျိုးသမီးက မှုန်ဝါး သွားပြီးတော့ လုံး၀ ပျောက်ကွယ် သွားတယ်။

ဘာလဲဟ။

ဖန်ကျန်းရှီ ရှေ့ကို လျှောက်ချင်ပေမယ့်၊ လှုပ်မရခဲ့ဘူး။ သူ့ကိုယ်သူ ချည်နှောင် ခံထားရတာကို သတိရသွားတယ်။ သူ့ကို ချုပ်နှောင်ထားတာ သံကြိုးတွေပဲ။ ပုံရိပ်ယောင် ပျောက်ကွယ် သွားပြီးနောက်၊ အိုးထဲကို ပြန်ရောက်လာတယ်။

မီးတောက် နှစ်ခုက သူ့ကို လောင်ကျွမ်းအောင် လုပ်နေဆဲ။ ဘာကြောင့်မှန်း မသိပေမယ့်၊ အခုထိ မသေနိုင်သေးဘူး။

“ငါ ဘာဖြစ်လို့ မသေသေးတာလဲ။” ဖန်ကျန်းရှီ ပထမဆုံး မေးမိတယ်။ နာကျင်တာထက် သေရတာကို ပိုကြိုက်တယ်။ နောက်တစ်ခေါက် သတိ လစ်သွားချင်တယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ သေလို့လည်း မရဘူး။ အသက်ရှင်လို့လည်း မရဘူး။

ဘာဖြစ်လို့ သေရမှာလဲ။ သူ့စွမ်းရည်တွေနဲ့ ဒါကို ကျော်လွှား နိုင်တယ်လို့တော့ မထင်ဘူး။ မီးတောက်တွေရဲ့ အရှိန်နဲ့ ဆိုရင် သူသေချိန် တန်နေပြီ။ ဒါပေမယ့် အခုထိတော့ အသက်ရှင် နေတုန်းပဲ။

နေပါအုန်း။

“ဒါက ဘာလဲ။” သူ့ခန္ဒာကိုယ်က ရွှေရောင် အလင်းတန်းတွေ ထွက်နေတာကို သတိ ထားမိတယ်။

ရွှေရောင် အလင်းတန်းတွေက သူ့ရင်ဘတ်ကနေ ဖြာထွက်တေယ်။

“စိတ်ဝိဉာဉ် ကျောက်စိမ်း။” ဖန်ကျန်းရှီ နောက်ဆုံးတော့ အလင်းရောင် ထွက်နေတဲ့ ရတနာကို မြင်လိုက်တော့တယ်။

ဒီစိတ်ဝိဉာဉ် ကျောက်စိမ်းက သူ့ကို ကယ်တာလား။

စိတ်ဝိဉာဉ် ကျောက်စိမ်း။

စိတ်ဝိဉာဉ် ကျောက်စိမ်း။

ဟုတ်တယ်။

ဖန်ကျန်းရှီ မျက်လုံးတွေ တောက်ပလာတယ်။ အစကတော့ ဒီကျောက်စိမ်းက ဒဏ္ဍာရီတွေနဲ့ မတူဘူးလို့ သံသယ ဝင်နေခဲ့တာ။

ဒဏ္ဍာရီ ထဲမှာ နွီဝါး မယ်တော်က ကျောက်တုံးပေါင်း ၃၆၅၀၁ကို ဖန်ဆင်းခဲ့တယ်။ နောက်ဆုံး ချန်ရစ်ထားခဲ့တာက စိတ်ဝိဉာဉ် ကျောက်စိမ်းပဲ။

ဒီပုံပြင်ကို မယုံချင်ပေမယ့် အခုတော့ ဒီကျောက်စိမ်းက သူ့ကို ကယ်လိုက်ပြီ။

ကျောက်စိမ်းက မီးကွင်းတာလား။

ဟုတ်တယ်။ ဒဏ္ဍာရီထဲမှာ ပြောထားတဲ့ ထူးဆန်း ကျောက်စိမ်းနဲ့ အတူတူပဲ။ နွီဝါးမယ်တော် သန့်စင်ခဲ့တဲ့ ကျောက်စိမ်း မှန်နေတာပဲ။

ဒါကြောင့် ဘယ်လောက်ပဲ မီးတွေ ပြင်းပါစေ မသေနိုင်ဘူး။ ကျောက်စိမ်းက ကာကွယ်ထားတယ်။

ဒီရှင်းပြချက် ဘယ်လောက်ထိ မှန်မလဲ မသိပေမယ့် သူတွေးနိုင်တာကတော့ ဒါအကုန်ပဲ။

ဒီလောကမှာ နွီဝါး မယ်တော်ရဲ့ သွေးသား ရှိနေတယ်။ နောက်ပြီးတော့ တောက်တယ်ကျင်းနဲ့ တခြား နွီဝါး သမိုင်း စာအုပ်တွေလည်း အများကြီး ရှိနေတယ်။

စိတ်ဝိဉာဉ် ကျောက်စိမ်း ရှိနေတာပါ ထည့်တွက်ရင် ပိုပြီးတော့ သေချာပြီ။

ဒါက ဘာလောကကြီးလဲ။ အရင်လောကနဲ့ ဘယ်လို သက်ဆိုင်လဲ။ ဖန်ကျန်းရှီ သိပ်ပြီးတော့ နားမလည်ဘူး။

ဒါပေမယ့် အခုချိန်မှာ ဒါတွေ အရေးမကြီးဘူး။ စိတ်ဝိဉာဉ် ကျောက်စိမ်းက မီးကွင်းပေမယ့်၊ နာကျင်မှုကို သက်သာအောင်တော့် မလုပ်နိုင်ဘူး။ ရှင်းရှင်း ပြောရရင်၊ မီးမလောင်ပေမယ့်၊ မီးလောင်သလို နာကျင်နေရတယ်။

“ဒီလို တသက်လုံး မီးရှို့ ခံရမှာလား။” ဒီအခြေအနေအတိုင်း ဆက်သွားနေရင်၊ နာကျင်မှုကို ခံစားရမယ့် အစား ကိုယ့်လျှာကိုယ် ကိုက်ပြီးတော့ သတ်သေ မိလိမ့်မယ်။

နေစမ်းပါအုန်း။

ဒီလို လျှာကိုက်ရင်တောင် သေမှာ မဟုတ်ဘူး။

အခုချိန်မှာ သူက ပြန်လည် မွေးဖွားမှု အဆင့်မှာ ရှိနေတယ်။ ဒါကြောင့် ဒဏ်ရာ ကျက်နှုန်းက ကြောက်စရာ ကောင်းအောင် မြန်ဆန်တယ်။ ဓားတစ်ချောင်းနဲ့ သတ်သေရင်ကော။

လက်တွေကို အချည်ခံထားရတယ်။ မလုပ်နိုင်ဘူး။

ချွေးစေးတွေ ပျံလာတယ်။ အခုချိန်မှာ မီးတောက် လေတွေက လည်ချောင်းထဲကို ဝင်လာနေတယ်။

တကယ့်ကို မခံစားနိုင်ဘူး။ ဖန်ကျန်းရှီ အခုချိန်မှာ ဝမ်းနည်းလာမိတယ်။ သေချင်တာတောင် သေခွင့် မရပါလား။ ပထမဆုံး ဒီလို တွေးမိတာပဲ။

ဘယ်လို သေလို့ ရမှာလဲ။

“မဟုတ်ဘူး။ ငါတစ်ခုခုကို မေ့နေတာပဲ။” အခြေအနေက လွဲနေတာကို သိရတော့ သူရုတ်တရက် သတိ ဝင်လာတယ်။

ဝတ်ရံုံဖြူက သူ့ကို ကြည့်ဖို့ ပြောခဲ့တယ်။

ဟုတ်တယ်။

ချီကူယန်လည်း ပြောတာပဲ။ သူတို့ နှစ်ယောက် စကားက အတူတူပဲ။ ဒါက တိုက်ဆိုင်တာလား။ မဟုတ်လောက်ဘူး။

တိုက်ဆိုင်မှု ဖြစ်မယ် ဆိုရင်၊ နေမင်းက အနောက် အရပ်ကနေ ထွက်လာမှာပဲ။ အဲ့ဒီ့နောက် နောက်ထပ် မေးခွန်းတွေ ထွက်လာတော့တယ်။

(ကြည့်)တဲ့ ဘာကို ကြည့်ရမှာလဲ။

ဖန်ကျန်းရှီ စိတ်ထဲမှာ အဖြေရှာနေတယ်။ ကြည့်တာနဲ့ ပတ်သက်ပြီးတော့ ရှေးဟောင်း စကားတွေ အများကြီး ပေါ်လာတယ်။

ဒါပေမယ့် မကိုက်ညီဘူး။

ဝတ်ရုံဖြူ အမျိုးသမီး ပြောတာက တစ်ခုတဲ့။ ဟုတ်တယ်။ တစ်ခု။

“တစ်ခု။ ဘာတစ်ခုကို ကြည့်ရမှာလဲ။” ဖန်ကျန်းရှီ နောက်ဆုံးတော့ ခေါင်းနာအောင် စဉ်းစားပြီးမှ သဘောပေါက်တော့တယ်။

“ဒီလိုလား။” နောက်ဆုံးတော့ သူနားလည်သွားပြီ။ အဲ့ဒီ့နောက် ကိုယ့်ကိုယ်ကို အော်မိတယ်။ “လူတစ်ယောက် စကား ပြောတာကို သေချာ နားထောင်စမ်း။ မဟုတ်ရင်၊ အချိန် ကျလာတဲ့ အခါ တကယ် သေလိမ့်မယ်။”

အပိုင်း (၇၆၆) ပြီး၏။

အပိုင်း (၇၆၇)

“အပြောင်းအလဲ။ ကောင်းကင်က အနီရောင် အလင်းတန်း။”

ဒါပေါ့၊ နားလည်တာနဲ့ ဖြေရှင်း ရတာက တခြားဆီပဲ။ ချီကူယန်နဲ့ ဝတ်ရုံဖြူ ပြောတာကို ဖန်ကျန်းရှီ သိသွားပေမယ့် ကိုယ်တိုင် အသုံးမချနိုင် ဖြစ်နေတယ်။

တိတ်တဆိတ် ကြည့်ရမယ်။ ဒါက စိတ်နဲ့ စိတ်ဝိဉာဉ် ရှင်းလင်းရတဲ့ အခြေအနေပဲ။ ဒါကို နားလည်နိုင်ဖို့ စိတ်ကို ရှင်းလင်းအောင် ထားရမယ်။ စိတ်အခြေအနေက တောတောင်ရေမြေတွေလို တည်ငြိမ်နေရမယ်။ နားလည်တာက လွယ်ပေမယ့် တကယ်တမ်း လုပ်ဖို့က ခက်ခဲတယ်။

ဗလာ။ သူက ဘယ်လိုလုပ် ဗလာ ဖြစ်မှာလဲ။

သူ့ကိုယ်သူ ချက်ခြင်း စိတ်အေးအောင် မလုပ်နိုင်မှန်း ဖန်ကျန်းရှီ သိတယ်။ နာကျင်မှုက သူ့ကို ထုံထိုင်းအောင် လုပ်နေတယ်။ စိတ်တည်ငြိမ်အောင် လုပ်ဖို့က ပိုလို့တောင် ခက်သေးတယ်။

နေအုန်း။ ကြည်လင်တဲ့ ရေပြင်နဲ့ စိမ်းလန်းတဲ့ တောင်တန်းတွေ။ မြင်ယောင်လို့ မရပေမယ့်၊ ဖန်တီးလို့တော့ ရတယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေထဲမှာ အရာအားလုံး ရှိတယ်။ သူ့မှာလည်း ကျောက်ဖျာတွေ တပုံကြီး။ ကန်လင်းတောင်က တစ်ခု၊ ယွင်ချင်းဝူဆီက ၁၃ခု၊ ကောင်းကင်တာအို ခန်းမက ၉ခု။ စုစုပေါင်း ၂၃ခု။

ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေထဲမှာ အများကြီး ရှိနေတာ မိုးနတ် ရေကန်က သက်သေပဲ။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမက အလောတကြီးနဲ့ ထွက်လာရတော့ ပြဿနာတွေ အများကြီး ရှာခဲ့မိတယ်။

ထုတ်ကြည့်ဖို့တောင် မအားခဲ့ဘူး။ အခုတော့ အမြင်ကျယ်ဖို့ အချိန် ရောက်ပြီ။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ကြည့်မှပဲ အေးချမ်းတဲ့ မြင်ကွင်းကို မြင်ရနိုင်မယ်။ တိတ်တဆိတ်ကြည့် တာအို အမြင်ကို ရယူ။ ဒါက သူလုပ်ရမယ့် ကိစ္စတွေပဲ။

ဖန်ကျန်းရှီ တွေေ၀ မနေတော့ဘူး။ အခုချိန် သူက သေအောင် နှိပ်စက် ခံနေရတာ။ လွတ်လမ်းရှိရင် ဘာမဆို လုပ်ရမှာပဲ။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ထည့်ထားတဲ့ သေတ္တာကို သူထုတ်လိုက်တယ်။ နှလုံးထဲကနေ လက်ထဲကို ရောက်လာတယ်။

ခြေလက်တွေ ချည်ထား ခံရပေမယ့်။ ဖွင့်ဖို့ အခက်အခဲ မရှိဘူး။ နည်းနည်း လှုပ်လိုက်တာနဲ့ သေတ္တာ ပွင့်သွားတယ်။ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲ သွားတယ်။ ဆေးအိုးထဲကနေ ထွက်လာ ရသလိုပဲ။ ပတ်ဝန်းကျင် တစ်ခုလုံးက စိမ်းလန်း နေခဲ့တယ်။

ဖန်ကျန်းရှီ အကောင်းဆုံး ကြိုးစားပြီးတော့ ဒီမြင်ကွင်းကို ကြည့်ဖို့ လုပ်တယ်။ နှလုံးသား အေးချမ်းမှု။ ဒီစကားလုံးတွေကို အကြိမ်ကြိမ် ရွတ်နေခဲ့တယ်။ တစ်မိနစ် ကြာပြီးတဲ့ နောက်မှာတော့ ဒီလို စိတ်အေးဖို့ မဖြစ်နိုင်တာကို နားလည် သွားခဲ့တယ်။

မီးတောက်တွေက ပြင်းထန်လွန်းတယ်။ သူ့စွမ်းအားတွေကို ကုန်ဆုံးအောင်လုပ်နေ သလိုပဲ။ မဖြစ်ဘူး။ ဒီလို နာကျင်မှုကို တောင့်မခံ နိုင်ဘူး။ တခြား နည်းလမ်းကို စဉ်းစားပေမယ့် ခဏပဲ အာရုံ စိုက်လို့ရတယ်။

ဒီမီးတောက်တွေက ဆေးလုံးကို သန့်စင်နေတာ။ ဒီတော့ ခဏ လမ်းလွှဲဖို့ နည်းလမ်း ရှိမှာပဲ။ ဆေးဖော်တာတွေ အကြောင်း သူသိပ်မသိဘူး။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ နေခဲ့ပေမယ့်၊ ဆေးအကြောင်း နည်းနည်းပဲ သိတယ်။ ဒါပေမယ့် ဆေးပင်တွေတော့ သူ့မှာ အပြည့်ပဲ။ ယင်ယန်ခန်းမက နှုတ်လာတာ ၁၀ဧက ရှိတယ်။ မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ ကြောက်စရာ ကောင်းလောက်အောင်များတဲ့ ပမာဏပဲ။

“မီးရှို့ရအောင်။” ဆေးပင် လက်တစ်ဆုပ်ကို ထုတ်ပြီးတော့ မီးတောက်တွေဆီ ပြစ်လွှတ်လိုက်တယ်။

“ဟူး။” မီးတောက်တွေက ပြစ်မှတ် အသစ် တွေ့သွားတာနဲ့ လောင်ကျွမ်းတော့တယ်။ ဒီနည်းလမ်းက ယာယီပဲ။ စက္ကူကို မီးရှို့သလို ဖြစ်နေတယ်။

ဖန်ကျန်းရှီ ဒါတွေကို မစဉ်းစားနိုင်ဘူး။ တွေးတောဖို့ အချိန် နည်းနည်း အေးအေးဆေးဆေး ရှိမှ ဖြစ်မယ်။ မီးတောက်တွေ နေရာ ပြောင်းသွားတာနဲ့၊ နာကျင်မှုလည်း လျော့သွားတယ်။ နည်းနည်းလေးတော့ စိတ်အေး သွားရတယ်။

အခုချိန် ရှုခင်ကိုး ပြန်ကြည့်တော့ လုံးဝကို ကွာခြားနေပြီ။ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၂၃ခုကို ကြည့်ရင်း လေထဲမှာ ရွှေရောင် သင်္ကေတတွေ မြင်လာတယ်။ ဒါတွေက တာအိုတွေပဲ။

မျက်ဝန်းထဲမှာ ပေါ်လာတဲ့ သင်္ကေတတွေက သူ့ခန္ဒာကိုယ်ထဲကို ဖြည်းဖြည်းချင်း စီးဝင်လာပြီးတော့ လှည့်ပတ်ကြတယ်။ အရမ်းကို သက်တောင့် သက်သာ ရှိတယ်။ ရေနွေးစိမ်နေ ရသလိုပဲ။

မီးတောက်တွေ သူ့ဆိကို ဦးတည် လာပြန်တယ်။ အခုတော့ နာကျင်တာကို မခံစား ရတော့ဘူး။ သူ့ခန္ဒာကိုယ်ရဲ့ ရွှေရောင် သင်္ကေတတွေက အပူကို ခုခံ ထားခဲ့တယ်။ တကယ်တော့ မီးတွေကို စုပ်ယူ ပြစ်နေတာ။ ရွှေရာင် သင်္ကေတ တွေနဲ့ ထိလိုက်တဲ့ အချိန်တိုင်းမှာ၊ မီးဘောလုံး တစ်ခုက တောက်ပလာတယ်။

အရမ်း သက်တောင့်သက်သာ ရှိလွန်းလို့ မီးတောက်တွေကို နားလည်အောင် လုပ်ဖို့တောင် မေ့နေခဲ့တယ်။ အချိန်က တဖြည်းဖြည်းချင်း ကုန်သွားတယ်။ မီးတောက်တွေ အားနည်းလာတာကို ဖန်ကျန်းရှီ ခံစားမိတယ်။ မီးငြိမ်းတော့မှာလား။

ဖန်ကျန်းရှီ တွေးနေတဲ့ အချိန်၊ အပြင်မှာ ရှိတဲ့ ဆဋ္ဌမ အကြီးအကဲကတော့ သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့တယ်။ မိးတောက်တွေက မည်းသွားတယ်။ ညအချိန် ရောက်နေပြီ။ သူတို့တွေ ဆေးလုံး သန့်စင်တာကို မနက်တည်းက စတာ။ အခုတော့ မီးငြိမ်ပြီ။

အတွေ့အကြုံ အရဆိုရင် မီးအား ထပ်ဖြည့်ဖို့က ၇ရက်မှ တစ်ခါပဲ လိုမှာ။ အခုတော့ တစ်ရက်တောင် မကုန်သေးဘူး။ မီးငြိမ်းတော့မယ်။

“ဘာတွေ ဖြစ်နေတာလဲ။ ဆေးအိုးကြီးကြောင့်လား။ ဒါမှမဟုတ် ဖန်ကျန်းရှီရဲ့ ဆေးစွမ်းက အရမ်းထက်နေလို့လား။” ဆဋ္ဌမ အကြီးအကဲ တွေးတောနေတယ်။ မီးငြိမ်းတာက ပြဿနာ မဟုတ်ဘူး။ တကယ်တော့ လူကို သုံးပြီးတော့ သန့်စင်တာ ဒါက ပထမဆုံး အကြိမ်ပဲ။

ပြဿနာ ရှင်းရမှာက လွယ်ပါတယ်။ မီးငြိမ်းတော့ မီးပြန်ထည့်ရုံပေါ့။

“မဟာအကြီးအကဲ ယင်းကို မြန်မြန်ခေါ်ခဲ့။”

“ကောင်းပါပြီ။” ဆဋ္ဌမ အကြီးအကဲနဲ့ အတူတူ စောင့်နေတဲ့ တပည့်သား ချက်ခြင်းပြေးတော့တယ်။

တစ်ခဏ ကြာပြီးနောက် မဟာ အကြီးအကဲ အထိတ်တလန့်နဲ့ ရောက်လာတယ်။

“ဘာကိစ္စများ ဖြစ်တာပါလိမ့်။” မဟာ အကြီးအကဲ မေးတယ်။

“မီးငြိမ်းတော့ မလို့။ ငါ့အထင်တော့ ဖန်ကျန်းရှီ ခန္ဒာကိုယ်ထဲက နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအား ပြင်းထန် လွန်းလို့ ဖြစ်လိမ့်မယ်။ ဒါကြောင့် မဟာ အကြီးအကဲကို မီးအကူအညီ တောင်းဖို့ ခေါ်လိုက် ရတာပါ။” ဆဋ္ဌမ အကြီးအကဲ ပြောတယ်။

“နားလည်ပြီ။” မဟာ အကြီးအကဲ ခေါင်းငြိမ့်တယ်။ သူသိပ်ပြီးတော့ အမူအယာ မပြောင်းဘူး။

နောက်ပြီးတော့ ဆဋ္ဌမ အကြီးအကဲ ပြောသလိုပဲ။ ဒါက အားပြင်းတဲ့ ဆေးတွေကို သန့်စင်တဲ့ အချိန်မှာ ကြုံလေ့ ရှိတဲ့ ကိစ္စလေ။

အခြေအနေကို အသေးစိတ် ကြည့်မနေတော့ဘူး။ မီးပဲ ထည့်ပေးလိုက်တယ်။

လက်ဝေ့ယမ်း လိုက်တဲ့ အချိန် ငွေရောင် မီးတောက်တွေ တောက်လာတယ်။ နောက်တော့ အိုးထဲကို ဝင်သွားတယ်။ ဆဋ္ဌမ အကြီးအကဲရဲ့ ခရမ်းရောင် မီးတောက်တွေလည်း လိုက်ဝင်လာတယ်။ မီးတောက်တွေ ကြောက်စရာ ကောင်းလောက်အောင် ထွက်ပေါ် လာပြန်တယ်။

“မဟာ အကြီးအကဲ ပင်ပန်း သွားပါပြီ။”

“ဆဋ္ဌမ အကြီးအကဲ ပင်ပန်း သွားပါပြီ။”

ဆေးအိုးစောင့် တပည့်သားတွေ သူတို့ကို အရိုအသေ ပြုကြတယ်။ အဲ့ဒီ့နောက် မဟာ အကြီးအကဲ ပြန်သွားတယ်။ အရာ အားလုံးက ပုံမှန် အတိုင်းပဲ။ ဒီကိစ္စက သိပ်မကြာဘူး။ နောက်နေ့ နေ့လယ်မှာ မီးထပ်ငြိမ်း သွားပြန်တယ်။ မဟာ အကြီးအကဲလည်း မီးထပ်ထည့် ပေးရပြန်တယ်။

…..

၇ရက်က ခပ်မြန်မြန်ပဲ ကုန်သွားတယ်။ မဟာ အကြီးအကဲလည်း ခဏခဏ လာပြီးတော့ မီးပြန်ထည့်ပေး နေရတယ်။ လာတဲ့ အချိန်တိုင်းမှာ သိချင်စိတ် တိုးလာတယ်။

“ဆဋ္ဌမ အကြီးအကဲ။ ဒါက ပုံမှန်ပဲလား။” အကြီးအကဲရဲ့ ဆေးပညာကို ယင်းယွီ သံသယ မရှိဘူး။ ယင်ယန် ခန်းမရဲ့ ဆေးပညာက မြင့်မြတ် နယ်မြေမှာ ထိပ်တန်းပဲ။ ဒါပေမယ့် သိချင်စိတ် ဖြစ်တာတော့ အမှန်ပဲ။

“တကယ့်ကို ပုံမှန် မဟတု်ဘူး။” ဆဋ္ဌမ အကြီးအကဲ ခေါင်းခါတယ်။ “ဒါပေမယ့် အခုချိန်မှာ ဆေးအိုးကို ဖွင့်လိုက်ရင်၊ ငါတို့ ကြိုးစား ခဲ့တာတွေ အလကား ဖြစ်သွားမှာ ကြောက်ရတယ်။”

“အကြီးအကဲ ပြောတာ မှန်ပါတယ်။” မဟာ အကြီးအကဲ ခေါင်းငြိမ့်တယ်။ “ဒီရက်တွေထဲမှာ ဆေးအိုးက လှုပ်ရှားတာ ရှိလား။”

“မရှိဘူး။ အားလုံး ပုံမှန်ပဲ။ အသံတောင် မထွက်ဘူး။”

“အားလုံးက ပုံမှန်ပဲ ဆိုတော့ ဆေးအိုးကို ဖွင့်ဖို့ မလိုပါဘူး။ မီးထပ်ထည့်ရုံပဲ ရှိတာပေါ့။ အကြီးအကဲ ပြောတဲ့ အတိုင်း ဆေးစွမ်းကြောင့် ဒီလို ဖြစ်တာ ဖြစ်မှာပါ။ ပုံမှန်ပါပဲ။”

“ဟုတ်တယ်။ နှစ်တစ်ထောင် မီးဆေးပင်က မီးတောင်ထဲမှာ ပေါက်တဲ့ အပင်ဆိုတော့၊ မီးကို စုပ်ယူနိုင်တယ်။ မဟာအကြီးအကဲ သုံးသပ်တာ နည်းလမ်းကျတယ်။” ဆဋ္ဌမ အကြီးအကဲ ထောက်ခံတယ်။

“ဆဋ္ဌမ အကြီးအကဲ စောင့်ကြည့် ပေးတာကို ကျေးဇူး တင်ရမှာပဲ။”

“မဟာ အကြီးအကဲကိုလည်း ကျေးဇူး တင်ပါတယ်။”

“ဒါဆိုရင် ငါသွားတော့မယ်။”

သူတို့ စကားပြော မီးထည့်ဖို့ အပြင် တခြား ကိစ္စ မရှိတော့ဘူး။

နောက်ထပ် အရေးကြီး ကိစ္စ တစ်ခု ဖြစ်နေပြီ။ လွန်ခဲ့တဲ့ တစ်ညတုန်းက ကောင်းကင် တာအို ခန်းမနဲ့ ယင်ယန် ခန်းမ နယ်စပ်မှာ ရှိတဲ့ တောင်ကြီး တစ်တောင်၊ ညတွင်းချင်း သုံးဆ မြင့်သွားတယ်။ အရမ်းကို ထူးဆန်းတဲ့ ဖြစ်စဉ်ပဲ။ ပိုပြီး ထူးဆန်းတာ၊ တောင်ထိပ် တစ်ခုလုံးက နေရောင်ကို စုပ်ယူပြီးတော့ အနီရောင် အလင်းတန်းတွေ ဖြာထွက်နေတယ်။

ကောင်းကင် တဝက်လုံးက နီရဲနေတယ်။ တောင်ကြီးကလည်း အနီရောင် အလင်းတန်းထဲ နှစ်မြုပ် နေသလိုပဲ။ ကောင်းကင်ကြီး တစ်ခုလုံး နီရဲနေတဲ့ ကိစ္စက မြင့်မြတ် နယ်မြေမှာ နာမည်ကြီးနေတယ်။ အင်အားကြီး ရတနာ တစ်ခု ပေါ်ထွက်လာမယ်လို့ လူတိုင်း ခန့်မှန်း နေကြတယ်။

“ကိစ္စတွေ ဘယ်လိုလဲ။” ဆေးအိုးနားက ထွက်လာပြီးတဲ့နောက် အနီးနားက တပည့်သား တစ်ယောက်ကို မဟာ အကြီးအကဲ မေးတယ်။

“ယင်ယန် ခန်းမ တုံ့ပြန်ပါပြီ။ တောင်စဉ် ကိုးသွယ်ကို သူတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။” တပည့်သား ပြန်ဖြေတယ်။

“ကောင်းပြီ။ ငါအခုတော့ မသွားနိုင်တော့ဘူး။ တတိယနဲ့ စတုတ္ထ အကြီးအကဲကို တပည့်တစ်ရာ ခေါ်ပြီး သွားဖို့ သတင်းပို့လိုက်။ ချက်ခြင်းသွား။” မဟာ အကြီးအကဲ ပြောတယ်။

“အမိန့်အတိုင်းပါ။။”

ကောင်းကင်ကြီးကို ကြည့်ရင်း မဟာ အကြီးအကဲ သက်ပြင်းချလိုက်တယ်။ “ကောင်းကင်က အနီရောင် အလင်းတန်း။ ဒါက ကံတရားလား။”

သူ့ကိုယ်သူ မေးခွန်း ထုတ်ပေမယ့်၊ အနားမှ ဘယ်သူမှ မရှိတော့ ဘယ်သူမှ ပြန်မဖြေကြဘူး။ သူလည်း အဖြေမလိုအပ်ပါဘူး။

တောင်စဉ် ကိုးသွယ်ရဲ့ နောက်တက်မယ့် ခေါင်းဆောင် အနေနဲ့၊ သူ့ရဲ့ အထူး အရည်အချင်းက ဒါပဲ ဖြစ်လိမ့်မယ်။

အပိုင်း (၇၆၇) ပြီး၏။

အပိုင်း (၇၆၈)

“ထူးဆန်းတဲ့ အဖြစ်အပျက်။ ဆေးလုံးကို ထုတ်ယူမယ်။”

…..

ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ်က တပည့်သားတွေ အနီရောင် တောက်နေတဲ့ တောင်ကြီးဆီကို အသော့နှင်လာကြတယ်။ ကောင်းကင် တာအို ခန်းမလည်း ရောက်လာတယ်။

မုချင်းဖန်းကတော့ တောင်ကိစ္စထက် တောင်စဉ် ကိုးသွယ်နဲ့ ယင်ယန် ခန်းမ အကြောင်းကို စဉ်းစားနေတယ်။ အခုချိန် ကောင်းကင် တာအို ခန်းမမှာ ပြဿနာတွေ အများကြီး ဖြစ်နေတယ်။ ကြီးမားတဲ့ သားရဲကောင်ကြီးတွေ ပေါ်လာပြီးတော့ အေးချမ်းနေတဲ့ ကောင်းကင်တာအို ခန်းမက မူလ သားရဲကောင်တွေကို နှောက်ယှက်တယ်။ နောက်ပြီးတော့ သားရဲကောင်တွေရဲ့ နယ်မြေက အပြင်ကို ချဲ့ထွင်နေတယ်။

“တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။” မုချင်းဖန်း ဓားတောင်ထိပ်မှာ ရပ်ရင်း အဝေးကို ကြည့်နေတယ်။ သူ့နောက်မှာ အကြီးအကဲတွေနဲ့ တပည့်သားတွေ ရပ်နေတယ်။ သူတို့လည်း သူ့လို့ပဲ၊ လက်ရှိ အခြေအနေက နားမလည် နိုင်စရာ ကောင်းလွန်းတယ်။

သားရဲကောင်တွေ သွေးနှောကုန်တယ်။ အရေအတွက်တွေ တိုးလာတယ်။ အင်အားတွေ ကြီးလားတယ်။ ကောင်းကင် တာအို ခန်းမ အောက်ခြေက ကြည်လင်နေတဲ့ ရေကန်မှာလည်း အကြောင်းမရှိပဲ အနံ့တွေ ထွက်နေတယ်။ အစကတော့ ရတနာ တွေ့ပြီ ထင်ပြီးတော့ ပျော်နေခဲ့ကြတယ်။

ဒါပေမယ့် အပျော်က ကြာကြာ မခံဘူး။ ရေကန်ကို စောင့်နေတဲ့ တပည့်သားတွေ ပြဿနာ ကြုံရတော့တယ်။ သွေးနှော သားရဲကောင်တွေ ရုတ်တရက် များလာတယ်။ နောက်ပြီးတော့ တစ်ချို့ သစ်ပင်တွေက ကြောက်စရာနှုန်းနဲ့ ကြီးလာနေတယ်။

ထူးခြားတဲ့ ရတနာထက် တခြား ကိစ္စ ဖြစ်နိုင်ချေက ပိုပြီးတော့ များတယ်။

“ဆဋ္ဌမ အကြီးအကဲ။” မုချင်းဖန်း နောက်ဆုံးတော့ စကား စလာတယ်။

“ခန်းမခေါင်းဆောင် ညွှန်ကြားပါ။”

“လူ၁၂ယောက် ခေါ်သွားပြီးတော့ တစ်ချက်ကြည့်။ ယင်ယန်ခန်းမက ရောက်နေလောက်ပြီ။ တောင်စဉ် ကိုးသွယ်က လူတွေလည်း ပါလာလိမ့်မယ်။ မှတ်ထား။ ဘာပြဿနာမှ မဖြစ်စေနဲ့။” မုချင်းဖန်း ပြောတယ်။

“ဒါပေမယ့် ၁၂ယောက်က နည်းလွန်းတယ် မဟုတ်လား။ ရတနာ ပေါ်လာရင်။”

“မယူနဲ့။” မုချင်းဖန်း ချက်ခြင်း ဖြတ်ပြောတယ်။

“ဒါ။ နားလည်ပါပြီ။ ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါမယ်။” ဆဋ္ဌမ အကြီးအကဲ နည်းနည်း လန့်သွားပေမယ့် ဆက်မပြောတော့ဘူး။ တခြား ကောင်းကင် တာအို တပည့်သားတွေလည်း နည်းနည်းတော့ မကျမနပ် ဖြစ်ကြတယ်။ ပုံမှန် အတိုင်းဆိုရင်၊ ရတနာ ပေါ်လာရင် ကောင်းကင် တာအို ခန်းမက ထိန်းသိမ်း ရမှာပဲ။

တပည့်သားတွေ စိတ်ထဲ သိပ်မကောင်းပေမယ့် တိတ်ဆိတ် နေကြတယ်။ ဒီကိစ္စ မူမမှန်တာကို သူတို့ ခံစားမိတယ်။ ဒီအချိန်မှာပဲ ပန်းနုရောင် ကောင်မလေး တစ်ယောက် သူတို့ အနားကို ရောက်လာတယ်။

“ဆရာ။” မုချင်းဖန်းကို သူမ ဦးညွှတ်တယ်။

“ကူယန် ရောက်ပြီဆိုတော့၊ ဆရာ့ကို နည်းနည်းလောက် ကူညီ။” မုချင်းဖန်း ပြောတယ်။

“ဆရာ ညွှန်ကြားပါ။” ချီကူယန် ခေါင်းငြိမ့်တယ်။

“တကယ်တော့ ကိစ္စကြီး မဟုတ်ဘူး။ တောင်အောက်မှာ မဟူရာ နန်းတော်ပျက်ကြီး ရှိနေတယ်။ အဲ့ဒီ့ိကို သွားကြည့်ပေမယ့်၊ အစရှာ မရသေးဘူး။ ဆရာနဲ့ အတူ လိုက်ကြည့်။” မုချင်းဖန်း အေးအေးဆေးဆေး ပြောတယ်။

“ကောင်းပါပြီ။” ချီကူယန် ခေါင်းငြိမ့် လိုက်ပေမယ့်၊ သူ့မျက်ဝန်းထဲမှာ သံသယ အရိပ်တွေ ထင်ဟပ်နေတယ်။ မုချင်းဖန်းက ပုံမှန် အတိုင်း ပြောနေပင်မယ့် သာမာန် ကိစ္စ မဟုတ်မှန်း သူသိတယ်။ ဓားတောင်ခြေကို ချီကူယန် လှမ်းကြည့်တယ်။

နန်းတော် ပျက်ကြီးက ဖန်ကျန်းရှီ သုခမိန် ငါးယောက်နဲ့ တိုက်ခိုက်တဲ့ အချိန်တည်းက ပေါ်လာတာ။ တစ်လ ရှိသွားပြီ။ ဒီအချိန် အတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်သွားတယ်။ သားရဲကောင်တွေ အများကြီး ပေါ်လာတယ်။ ရေကန်ထဲကနေ မွှေးရနံ့တွေ ထွက်လာတယ်။ ယင်ယန် ခန်းမကို သွားတုန်းကလည်း အတူတူပဲ။

မုချင်းဖန်းကတော့ ဒါတွေကို အာရုံ ရပုံ မပေါ်ဘူး။ နန်းတော်ပျက်ကို အရမ်း အာရုံ စိုက်ထားတယ်။ ချီကူယန် ယင်ယန် ခန်းမကို သွားပြီးတော့ ပြန်လာတဲ့ အကြောင်းတောင် သိပ်မမေးခဲ့ဘူး။

အခုတော့ နန်းတော်ပျက်ကို လိုက်ကြည့် စေချင်နေတယ်။ ဒါကြောင့် နန်းတော်ပျက်ကို လေ့လာနေတာ နောက်ကွယ်မှာ နက်နဲတဲ့ အကြောင်းအရင်း ရှိမှန်း ချီကူယန် နားလည်တယ်။

…..

၇ ရက် ကြာပြီးနောက်။

ကောင်းကင် တာအို ခန်းမ နယ်မြေထဲမှာ ပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်နေတယ်။ အနီရောင် အလင်းတန်းကတော့ မထူးခြားဘူး။ တောင်စဉ် ကိုးသွယ်နဲ့ ယင်ယန် ခန်းမ တောင်ထိပ်မှာ အခြေစိုက်ထားတယ်။ ကောင်းကင် တာအို ခန်းမကတော့ တောင်အလယ်မှာသာ နေရာ တစ်နေရာ ရှာနေတယ်။

နှစ်ဖက်လုံး မထိတွေ့ကြဘူး။ နေ့တွေသာ ကုန်ဆုံးသွားတယ်။ ရတနာက ပေါ်မလာ။ သူတို့ ထင်ထားတာနဲ့ မတူဘူး။ အရာအားလုံးက အေးချမ်း နေခဲ့တယ်။ ဒါပေမယ့် အေးချမ်းတာက ဒီတောင် တစ်ခုပဲ ရှိတယ်။ မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ အထူး အဆန်းတွေ ဖြစ်နေခဲ့တယ်။

ဖူရှီး တောင်ကြားက ကောင်းကင် တာအို ခန်းမနဲ့ နီးတယ်။ အင်အားကြီး သားရဲကောင်တွေ အများကြီး ပေါ်လာပြီးတော့ တောင်တန်းတွေ၊ တောင်ကြားတွေ အားလုံးက အရင်နဲ့ မတူပဲ ကွာခြားတယ်။ ရေတံခွန်က ရွှေရောင် ပြောင်းသွားတယ်။

ဒီအပြောင်းအလဲက ဖူရှီး တောင်ကြားကိုလည်း လန့်စေတယ်။ မြင့်မြတ် နယ်မြေထဲကို လှည့်လည်နေတဲ့ တပည့်သားတွေ အများကြီး ရှိတာကြောင့် သတင်း အစုံက ပြန့်လာတယ်။

ဥပမာ သစ်ပင်အိုကြီးက အသီးစိမ်းတွေ သီးလာတယ်။ ထူးခြားတဲ့ ရနံ့တွေ ထုတ်လွှတ်ပြီးတော့ သားရဲကောင်တွေကို ဆွဲဆောင်တယ်။ ဒီအသီးကို ရဖို့ တိုက်ခိုက်ကြတဲ့ သားရဲကောင်တွေ သစ်ပင်အောက်မှာ အလောင်းတွေ ပုံနေခဲ့တယ်။

နောက်ဥပမာကတော့ သာမာန် တောင်ကြား တစ်ခုမှာ ရုတ်တရက် မြူတွေ ဆိုင်းပြီးတော့၊ ထူးဆန်းတဲ့ ရယ်သံတွေ ထွက်လာတယ်။ သွားကြည့်တော့ ဘာမှ မရှိဘူး။ အချိန်တွေ ကုန်လာလေလေ၊ ပိုပြီးတော့ အပြောင်းအလဲ များလေပဲ။

နိုင်ငံတော် လေးခုမှာ ပိုပြီးတော့တောင် အပြောင်းအလဲ များနေသေးတယ်။ မြင့်မြတ်မြေမှာ အပြောင်းအလဲတွေကို သိပ်ပြီးတော့ မအံ့သြပေမယ့်၊ နိုင်ငံတော် ၄ခုမှာတော့ နိုင်ငံသားတွေက အလုအယက် ကိုးကွယ် နေကြတယ်။ နိုင်ငံ့ စစ်တပ်တွေ ပိုင်းခြား ကာကွယ် ထားတာကြောင့်သာ မဟုတ်ရင်၊ သတင်းတွေက နေရာ အနှံ့ကို ပျံ့နေ လောက်ပြီ။

လောကကြီး တစ်ခုလုံး အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်နေတယ်။ ပုံမှန် မြင့်မားတဲ့ တောင်တန်းကြီးက ရုတ်တရက် မြေကြီးထဲ ဖိသွင်း ခံရပြီးတော့ မြေပြန့် လွင်ပြင်ကြီး ဖြစ်သွားတယ်။ ရေတွေက ပိုပြီးတော့ ကြည်ရှင်းလာတယ်။ ထူးခြားတဲ့ အသီးတွေလည်း သစ်ပင်တွေမှာ သီးလာတယ်။

…..

တောင်စဉ် ကိုးသွယ်။ အလယ် ဆေးအိုးကြီးထဲမှာ။

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ လုံး၀ ရွှေရောင်ကို ပြောင်းနေပြီ။ သေချာ ကြည့်ရင်၊ မျက်လုံးထဲမှာ ရွှေရောင် စာလုံးတွေ အပြည့် တွေ့ရလိမ့်မယ်။ သူ့တကိုယ်လုံးမှာလည်း ရွှေရောင် သင်္ကေတလေးတွေ ပြည့်နေတယ်။ သွေးထဲမှာတောင် ရွှေရောင် အလင်းတန်းတွေ စီးဝင် နေခဲ့တယ်။

ငွေရောင်နဲ့ ခရမ်းရောင် မီးတောက်တွေက သူ့ပတ်လည်ကို လောင်ကျွမ်းနေတယ်။ ရွှေရောင် သင်္ကေတတွေနဲ့ ထိတွေ့တယ်။

မီးတောက် ၂ခု ကြားမှာ ပန်းချီကား ၂၃ချပ်က လှည့်ပတ်နေတယ်။ တောင်တန်းတွေ၊ သမုဒ္ဒရာတွေ ပုံစံ အမျိုးမျိုးကို ပြောင်းလဲနေတယ်။

အရမ်းကို ငြိမ်းချမ်းလွန်းလို့၊ မီးတောက်တွေသာ မရှိရင်၊ သုခဘုံကို ရောက်နေသလိုပဲ။ ဆေးအိုးထဲ ရောက်နေတယ်လို့တောင် မထင်ရဘူး။ အပြင်လောက ဘယ်လို လည်ပတ်နေမှန်း ဖန်ကျန်းရှီ မသိ၊ အချိန် ဘယ်လောက် ကုန်သွားမှန်းလည်း မသိဘူး။ အခုချိန်မှာ သေချာ ကြည့်ပြီးတော့ တာအိုတွေကို စုပ်ယူနေဖို့ပဲ သိတယ်။

အပြင်ဘက်မှာတော့ နေဝင်၊ နေထွက်၊ ကြယ်တာရာ၊ လမင်း၊ အားလုံးက ဆက်တိုက် လှည့်လည် နေခဲ့တယ်။ ဆဋ္ဌမ အကြီးအကဲကတော့ ဒီအချိန် တစ်လျှောက်လုံး ဆက်တိုက် စောင့်ကြည့် နေခဲ့တယ်။ သူပင်ပန်းနေတာ သိသာတယ်။ တခြားသူသာ ဒီလို စောင့်ရရင်လည်း ပင်ပန်း မိမှာပဲ။

မီးတောက်တွေ ငြိမ်းသွားပြန်ပြီ။ အခုတော့ တရက်ကို သုံးခေါက် မီးထည့် နေရတယ်။ မမနက်၊ နေ့လယ်နဲ့ ညသန်းခေါင်။ တကယ်တော့ အရမ်း ပင်ပန်းတာ မဟုတ်ပေမယ့်၊ ဘယ်သူကများ အိပ်ယာထဲက ထွက်ပြီးတော့ ညသန်းခေါင်မှာ မီးလာထည့် ချင်မှာပဲ။

အခုတော့ ပျော်ရမယ့် ရက်ကို ရောက်လာပြီ။ ၄၉ရက် တင်းတင်း ပြည့်ခဲ့ပြီ။

“မဟာ အကြီးအကဲကို မြန်မြန် ဖိတ်ခေါ်။”

တပည့်သား သွားပြီးတော့ သိပ်မကြာခင်မှာပဲ မဟာ အကြီးအကဲ ရောက်လာတယ်။ မီးထည့်ဖို့ ပြင်တယ်။

“မဟာအကြီးအကဲယင်း ခဏ စောင့်ပါအုန်း။” သူ့စိတ်ကူးကို အထင်လွဲနေမှန်း ဆဋ္ဌမ အကြီးအကဲ သိတယ်။

“ဆဋ္ဌမ အကြီးအကဲ တစ်ခုလ လိုအပ်တာ ရှိလို့လား။” မဟာ အကြီးအကဲ အတော့်ကို ပင်ပန်း နေပင်မယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ်၇င်း ပြောတယ်။

တောင်စဉ် ကိုးသွယ်ရဲ့ ပတ်လည်မှာ ထူးဆန်းတဲ့ အဖြစ်တွေ ဆက်တိုက် ဖြစ်နေတာကလည်း သူ့ကို ပူပန်စေတယ်။ မျိုးနွယ် ကိစ္စတွေကို ကိုင်တွယ်ရတယ်။ နိုင်ငံတော် လေးခုက လာတဲ့ သံတမန်တွေကိုလည်း လက်ခံရတယ်။ တရက်တရက် နားချိန်က အရမ်း နည်းလွန်းတယ်။

မျက်စိပိတ်ပြီးတော့ စိတ်အေးလက်အေး တရားရှုမှတ်ချိမ်တောင် မရဘူး။ စိတ်ပင်ပန်း လူပင်ပန်းလွန်းတော့ ဆေးလုံး သိမ်းရမယ့် ရက်ကိုတောင် မေ့နေပြီ။

“မဟာအကြီးအကဲယင်း။ ဒီနေ့ မီးထည့်ဖို့ မလိုတော့ဘူး။”

“ပြီးသွားတာလား။” မဟာ အကြီးအကဲ နည်းနည်းတော့ အံ့သြတယ်။ ဒါပေမယ့် သူနားလညတယ်။ “တပည့်သားတွေနဲ့ အကြီးအကဲ အားလုံးကို လာခိုင်းလိုက်။”

“ကောင်းပါပြီ။” တပည့်သား ချက်ခြင်း ပြေးတော့တယ်။

မဟာ အကြီးအကဲ ယင်းယွီလည်း ဆဋ္ဌမ အကြီးအကဲကို ဦးညွှတ်လိုက်တယ်။ “ပင်ပန်းခဲ့ရ ပါပြီ။”

“မဟာ အကြီးအကဲယင်း၊ ဒီလောက်လည်း မနှိမ့်ချ ပါနဲ့။” ဆဋ္ဌမ အကြီးအကဲ ပြုံးလိုက်တယ်။ အဲ့ဒီ့နောက် ယင်းယွီ အနားကို ကပ်ရင်း ခပ်တိုးတိုး ပြောတယ်။ “ငါတို့ ခေါင်းဆောင် ဆိုလိုချင်တာ။ ငါတို့ ယင်ယန် ခန်းမက တပည့်သားနဲ့ အကူအညီတွေကို လိုအပ်တဲ့ ဘယ်သူ့ကို မဆို အပြည့်အ၀ ထောက်ပံ့ပေးမယ်လို့ပဲ။”

မဟာ အကြီးအကဲ အမူအယာ နည်းနည်း ပြောင်းသွားတယ်။ ဒါပေမယ့် ချက်ခြင်း ပြန်မဖြေဘူး။ တစ်ခုခုကို စဉ်းစား နေပုံပဲ။ ဆဋ္ဌမ အကြီးအကဲကတော့ ယင်းယွီရဲ့ အတွေးကို နားလည်တဲ့ ပုံစံနဲ့ စောင့်ဆိုင်း နေခဲ့တယ်။

အပိုင်း (၇၆၈) ပြီး၏။

အပိုင်း (၇၆၉)

“အိုးကြီးကို ဖွင့်မယ်။”

စကားလုံးနဲ့ ဖော်ပြလို့ မရပေမယ့်၊ မျက်နှာ အမူအယာ၊ ကိုယ်နှုတ် အမူအယာတွေနဲ့တော့၊ ကိုယ်ပိုင် အတွေး အမြင်တွေကို ဖော်ပြလို့ ရတယ်။ မဟာ အကြီးအကဲ ယင်းယွီက တိတ်တဆိတ် နေဖို့ ဆုံးဖြတ်ခဲ့တယ်။ သူအစတည်းက စီစဉ် ထားပြီးပြီ။ အခုချိန်မှာ မီးထပ်ထည့်ဖို့ပဲ လိုတော့တယ်။

ဆဋ္ဌမ အကြီးအကဲ နောက်ထပ် ဆက်မပြောတော့ဘူး။ ဘေးမှာသာ ဆက်စောင့်နေခဲ့တယ်။ တောင်စဉ် ကိုးသွယ် တပည့်သားရာချီလည်း အိုးကြီး နားကို ရောက်လာကြပြီ။ လူတိုင်းက တည်ကြည် နေခဲ့တယ်။

ဝတ်ရုံနက်တွေကို ဝတ်ထားတဲ့ အကြီးအကဲ လေးယောက်က တပည့်သားတွေ ရှေ့မှာ ရပ်ရင်း တိတ်တဆိတ် စောင့်ဆိုင်း နေခဲ့တယ်။ မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ ဖြစ်နေတဲ့ ထူးထူးဆန်းဆန်း အဖြစ်တွေကြောင့် တပည့်သားနဲ့ အကြီးအကဲ အများစုက အပြင်ကို ရောက်နေကြတယ်။ ဒီနေရာကို စောင့်ကြပ်ဖို့ လူနည်းနည်းပဲ ကျန်ရစ်တယ်။

“အကြီးအကဲ လေးယောက်ပဲလား။ ဒုတိယ ခန်းမ ခေါင်းဆောင်က တကယ့် ဉာဏ်ကြီးရှင်ပဲ။” ဆဋ္ဌမ အကြီးအကဲ စိတ်ထဲမှာ သက်ပြင်းချရင်း တွေးမိတယ်။ မဟာ အကြီးအကဲက ခေါင်းဆောင် နေရာကို ရဖို့ အတော်လေး အားစိုက်ထုတ်ထားတဲ့ ပုံစံပဲ။

ဒါပေမယ့် အကြီးအကဲ လေးယောက်ကပဲ သူ့ကို ထောက်ခံတယ်။ ကြည့်ရတာ တောင်စဉ် ကိုးသွယ်မှာ အပြိုင်အဆိုင်တွေ အတော်လေး ပြင်းထန်တဲ့ ပုံပဲ။ အကြီးအကဲ လေးယောကကပဲ သူ့ကို ထောက်ခံတော့၊ ပြဿနာတွေ ဖြစ်လာ အုန်းမယ် ဆိုတာ သေချာတယ်။ ဒါက ယင်ယန် ခန်းမ အတွက်တော့ အကျိုး ရှိတယ်။ တောင်စဉ် ကိုးသွယ် မတည်မငြိမ် ဖြစ်နေတဲ့ အချိန်မှာ ဝင်ထိန်းချုပ်ဖို့က အေကာင်းဆုံးပဲ။

“အချိန်ကို တွက်ကြည့်ရင် ၄၉ရက် ရှိသွားပြီ။ ဆေးပင် အဆင်သင့် ဖြစ်လောက်ပြီ။”

“ဟုတ်တယ်။ ငါကြားတာတော့ ဒီအလယ် ဆေးအိုးကြီး ချက်နေတဲ့ အချိန်မှာ ထူးခြားတာတွေ အများကြီး ဖြစ်တယ်တဲ့။ မိုးကြိုးတွေလည်း ပြစ်တယ်။ ကောင်းကင်မှာလည်း အလင်းတန်းတွေ ပေါ်လာတယ်။ အခုချိန်မှာတော့ ဘာတွေ ဖြစ်မလဲ သေချာ မသိဘူး။”

“နှစ်တစ်ထောင် မီးဆေးပင်က တောင်စဉ် ကိုးသွယ်ရဲ့ ထိပ်တန်း ရတနာ နှစ်ခုထဲက တစ်ခုပဲ။ မြင့်မြတ် နယ်မြေမှာတောင် ပြိုင်ဘက်ကင်းတဲ့ ရတနာ၊ ဒါကြောင့် ဆေးကျိုတဲ့ အချိန် ဖြစ်တာတွေက မဆန်းပါဘူး။”

“မစောင့်နိုင်တော့ဘူး။”

တပည့်သားတွေ အခုနေ့က ခေါင်းဆောင်သစ် ရွေးချယ်ပွဲ ဆိုတာ မသိကြဘူး။ မဟာ အကြီးအကဲ ယင်းယွီနဲ့ ယင်ယန် ခန်းမက ဆဋ္ဌမ အကြီးအကဲကိုသာ ကြည့်နေကြတယ်။ ဒီအချိန်မှာပဲ မဟာ အကြီးအကဲက ရှေ့ကို ထွက်လာတယ်။

“ တောင်စဉ် ကိုးသွယ်ကို စတင် တည်ထောင်ခဲ့တာ နှစ်တစ်ထောင် ရှိခဲ့ပြီ။ ငါတို့ ခေါင်းဆောင် ထျန်းရှင်းက တကယ့်ကို တန်ဖိုးကြီးတဲ့ လူတော် တစ်ယောက်။ ငါတို့တွေကို ကောင်းကောင်း ဦးဆောင် ခဲ့တယ်။ လူတိုင်းရဲ့ နှလုံးသားထဲမှာ လေးစားရတဲ့ သူတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမမှာ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်ကြောင့်၊ အခု အချိန်ထိ သူဘယ်ကို ရောက်သွားမှန်း မသိရသေးဘူး။” မဟာ အကြီးအကဲ ယင်းယွီ ဒီနေရာမှာ စကားပြောတာကို ရပ်တန့် လိုက်တယ်။ တပည့်သားတွေနဲ့ အကြီးအကဲ လေးယောက်ရဲ့ မျက်နှာ အမူအယာကတော့ ရုတ်တရက် အေးစက် သွားခဲ့တယ်။

“ခေါင်းဆောင် အတွက် လက်စားချေမယ်။”

ရာချီတဲ့ တပည့်သားတွေရဲ့ အော်သံက တစ်ချိန်တည်းမှာ ထွက်ပေါ်လာတယ်။ သူတို့ရဲ့ အသံတွေက မိုးကောင်းကင်ကို ဟိန်းနေခဲ့တယ်။ မဟာ အကြီးအကဲ ယင်းယွီက ဒီအခြေအနေကို မြင်တော့ ခေါင်းငြိမ့်တယ်။

“အခုတော့ ငါတို့ ခေါင်းဆောင်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ လူကို ဖမ်းမိထားပြီ။ အိုးထဲမှာ ထည့်ပြီးတော့ ၄၉ရက် တိတိ အပိတ်ခံ ထားရတယ်။ နှစ်တစ်ထောင် မီးဆေးပင်ကိုလည်း ပြန်ရရင်၊ ငါတို့တွေ ခေါင်းဆောင် ထျန်းရှင်းရဲ့ ဝိဉာဉ်ကို ငြိမ်းငြိမ်းချမ်းချမ်း အနားယူစေ နိုင်လိမ့်မယ်။” မဟာ အကြီးအကဲ ယင်းယွီ ဆက်ပြောတယ်။

“မဟာ အကြီးအကဲရဲ့ ခေါင်းဆောင်မှုနဲ့၊ ခေါင်းဆောင် ထျန်းရှင်း အတွက် လက်စား ချေနိုင်ပြီ။”

“မဟာ အကြီးအကဲ တကယ့်ကို ကြိုးစား ခဲ့ရတယ်။”

“ကျွန်တော်တို့ကို ဦးဆောင်ပေးဖို့ တောင်းဆိုပါတယ်။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ မဟာ အကြီးအကဲရဲ့ စကားကို ကြားတဲ့ နောက်မှာ အော်ဟစ် ကြာတော့တယ်။ တခြား တပည့်သားတွေလည်း သူ့ကို ထောက်ခံကြတယ်။

“မဟာ အကြီးအကဲ။”

“မဟာ အကြီးအကဲကို ထောက်ခံပါတယ်။”

“နိုင်ငံ တစ်နိုင်ငံက ဘုရင်မရှိလို့ မရဘူး။ မျိုးနွယ်စုကလည်း ေါခါင်းဆောင် မရှိလို့ မဖြစ်ဘူး။ ငါတို့ တောင်စဉ် ကိုးသွယ်က ခေါင်းဆောင် မရှိတာ လနဲ့ ချီနေပြီ။ ဒီအချိန် အတွင်းမှာ မဟာ အကြီးအကဲ ဘယ်လောက်တောင် ကြိုးစား အားထုတ်ခဲ့လဲ ဆိုတာ လူတိုင်း အသိပဲ။ မဟာ အကြီးအကဲကို တောင်စဉ် ကိုးသွယ်ရဲ့ အကြီးအကဲသစ် နေရာကို တာဝန်ယူပေးဖို့ တောင်းဆိုပါတယ်။” အကြီးအကဲ တစ်ယောက် ရှေ့ထွက်လာရင်း ပြောတယ်။

“မဟာ အကြီးအကဲ ကျေးဖူး ပြုပြီးတော့ ခေါင်းဆောင်သစ် နေရာကို တာဝန် ယူပေးပါ။”

“မဟာ အကြီးအကဲကို ထောက်ခံပါတယ်။”

“မဟာ အကြီးအကဲ ကျေးဇူး ပြုပြီးတော့ မငြင်းပယ် ပါနဲ့။”

အကြီးအကဲရဲ့ စကားကို ကြားတဲ့နောက်၊ နောက်ထပ် အကြီးအကဲ နှစ်ယောက်နဲ့ တပည့်သားတွေ အများကြီးထွက်လာကြတယ်။

“ငါဆန့်ကျင်တယ်။” ဒီအချိန်မှာပဲ လေထဲမှာ အသံ တစ်သံ ပေါ်လာတယ်။ အဲ့ဒီ့နောက် ဝတ်ရုံနက် တပည့်သား တစ်ယောက် ထွက်လာတော့တယ်။ “မဟာ အကြီးအကဲက တကယ့်ကို ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို ဖမ်းခဲ့တာက မဟာ အကြီးအကဲ မဟုတ်ဘူး။ ယင်ယန်ခန်းမ။”

“ဒီတော့ ဘာဖြစ်လဲ။ မဟာ အကြီးအကဲထက် ပိုပြီး စွမ်းအား ကြီးကြီးနဲ့ စွမ်းဆောင် နိုင်တဲ့သူ နောက်ထပ် ရှိသေးလို့လား။” တပည့်သား တစ်ယောက် ဝင်ထောက်တယ်။

“တောင်စဉ် ကိုးသွယ် ခေါင်းဆောင် နေရာကို အသက်ငယ်တဲ့ လူတစ်ယောက် ယူသင့်တယ် ထင်တာပဲ။ မဟာ အကြီးအကဲက စွမ်းဆောင် နိုင်ပေမယ့်၊ သူ့အသက်က အတော့်ကို ကြီးနေပြီ။ ဒါကြောင့် အလားအလာ ရှိတဲ့ လူမှပဲ မြင့်မြတ် နယ်မြေမှာ နာမည် တစ်ခု ရအောင် ပြန်စွမ်းဆောင် နိုင်လိမ့်မယ်။”

“အလားအလာရှိတဲ့ လူတစ်ယောက် ဟုတ်လား။ ဒီလို လူတွေ ဒီလောက်တောင် များနေတာ၊ ဘယ်လိုများ ရွေးချယ် ရမှာလဲ။”

“ပြိုင်ပွဲ တစ်ခု စီစဉ် ပြီးတော့ အကြီးအကဲ ကိုးယောက် ဆုံတဲ့ အချိန်မှာ သဘောတူညီချက် ယူတာ ပိုကောင်းလိမ့်မယ်။ အခုချိန်မှာ အကြီးအကဲ ၈ယောက်က အဝေးကို ရောက်နေတယ်။ အခုလို ခေါင်းဆောင် အသစ် တင်မြှောက်ဖို့ ဆုံးဖြတ်တာ မသင့်တော်ဘူး။”

“အခုချိန် လောကကြီး တစ်ခုလုံး ဆူပူပြီးတော့ မြင့်မြတ် နယ်မြေကလည်း ရှုပ်ထွေးနေတယ်။ ခေါင်းဆောင်သာ မရှိရင်၊ ဒီအခြေအနေမှာ တခြား မျိုးနွယ်စု လေးခုကို ဘယ်လိုများ တိုက်ခိုက်မှာလဲ။”

“ငါတို့ အခုချိန်မှာ ရွေးချယ်ပွဲ လုပ်တာကို သဘောမတူဘူး။”

“ရွှမ်း။” တပည့်သားတွေ သူတို့ဘာ သူတို့ စကားများနေတဲ့ အချိန်မှာပဲ တိတ်ဆိတ်နေတဲ့ ဆဋ္ဌမ အကြီးအကဲ သူ့ဓားကို ထုတ်ပြီးတော့ ခုတ်ချလိုက်တယ်။ အံ့သြနေတဲ့ တပည့်သားကတော့ ဆဋ္ဌမ အကြီးအကဲ တိုက်ခိုက်မှာကို ထင်မထား မိခဲ့ဘူး။

“ဟုန်။” အသံကျယ်ကြီးနဲ့ အတူ တပည့်သားလဲ သွေးအိုင်ထဲကို လဲကျသွားတယ်။ တခြား တပည့်သားတွေ အားလုံးလည်း တိတ်ဆိတ် သွားတယ်။ ကြောက်လန့်တကြား ဒေါသ အပြည့် အထိတ်တလန့် မျက်နှာတွေနဲ့ပေါ့။

“ဆဋ္ဌမ အကြီးအကဲ။ မင်းဘာတွေ လုပ်လိုက်တာလဲ။” တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ အကြီးအကဲ နောက်ဆုံးတော့ စကားပြောတယ်။ သူ့အမူအယာက အရမ်းကို တည်ကြည် နေခဲ့တယ်။

“ငါတို့ ယင်ယန် ခန်းမက တောင်စဉ် ကိုးသွယ်နဲ့ မဟာမိတ် ဖြစ်နေပြီ။ ငါတို့တွေက ပေါင်းစည်းဖို့၊ ခွဲထုတ်ဖို့ မဟုတ်ဘူး။ အခုလို အရေးကြီးတဲ့ အချိန်မှာ တောင်စဉ် ကိုးသွယ်က ဘယ်လိုများ အတွင်းထဲမှာ အရေးအခင်း ဖြစ်နေ ရတာလဲ။” ဆဋ္ဌမ အကြီးအကဲ ဒီမေးခွန်းကို စိုးရိမ်နေပုံ မပေါ်ဘူး။

“ဒီလို ဖြစ်ရင်တောင်၊ ငါတို့ တောင်စဉ် ကိုးသွယ် တပည့်သားကို မင်းတိုက်ခိုက်စရာ မလိုဘူး။”

“ဆိုရိုး စကားတွေ ရှိတယ်။ အရေးကြီးတဲ့ အခရာ အချိန်မှာ အပြစ်ပေးတာကလည်း လိုအပ်တယ်။ ယင်ယန် ခန်းမနဲ့ တောင်စဉ် ကိုးသွယ် နှစ်ခုလုံး ပျက်စီးလို့ မဖြစ်ဘူး။ တောင်စဉ် ကိုးသွယ်မှာ အတွင်းပိုင်း ပဋိပက္ခတွေ ဖြစ်နေတာကို ငါတကယ်ပဲ မမြင်ချင်ဘူး။ ငါ့နည်းလမ်းက နည်းနည်းတော့ မသင့်တော်သလို ဖြစ်တယ်။ ဒါပေမယ့် အဆင့်မြင့် ဝိဉာဉ် ဆေးလုံး ၁၀လုံးနဲ့ တပည့်သားရဲ့ ဒဏ်ရာ အတွက် လျော်ကြေး ပေးပါမယ်။ တာဝန်ကိုလည်း အပြည့်အ၀ တာဝန် ခံပါမယ်။” ဆဋ္ဌမ အကြီးအကဲ အေးအေးဆေးဆေး ပြောတယ်။

“ဆဋ္ဌမ အကြီးအကဲ ပြောတာ မှန်ပါတယ်။” ယင်ယန် ခန်းမရဲ့ စိတ်ကူးကို အခုချိန်မှာ အကြီးအကဲ နားလည်သွားတယ်။ တိတ်ဆိတ်သွားတယ်။ ယာယီ တိတ်ဆိတ်သွားတယ်။ ရာချီတဲ့ တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ အခုချိန်မှာတော့ ဒီအခမ်းအနားက ဒယ်အိုး ဖွင့်ဖို့ တစ်ခုတည်း မဟုတ်မှန်း နားလည် သွားကြပြီ။

“မဟာ အကြီးအကဲကို ထောက်ခံ ပါတယ်။”

“အတူတူ။”

“ငါတို့ အားလုံးက တစ်သားတည်းပဲ။”

တိတ်ဆိတ် နေပြီးတဲ့နောက်၊ ရာချီတဲ့ တပည့်သားတွေ အော်ကြတော့တယ်။ ဘယ်သူမှ အခုချိန်မှာ မဆန့်ကျင် ရဲတော့ဘူး။ မဟာ အကြီးအကဲ ယင်းယွီကတော့ ဒီစကားတွေကို ကြားတဲ့ အချိန်မှာ ပြုံးလိုက်တယ်။ အဲ့ဒီ့နောက် ချောင်းနှစ်ချက် ဟန့်ရင်း တပည့်သားတွေကို ကြည့်တယ်။

“ဒီနေရာကို ယူဖို့ ငါ့မှာ စိတ်ကူး မရှိပါဘူး။ ဒါပေမယ့် အခုချိန်မှာ တောင်စဉ် ကိုးသွယ်က အကြပ်အတည်း ဆိုက်နေတယ်။ ဒီနေရာကို ယာယီ တာဝန် ယူထားပါမယ်။ လီကျင်း ခုနက ပြောလိုက် သလိုပဲ နောင်လာ နောက်သား မျိုးဆက်တွေ အတွက်တော့ ငါက တကယ့်ကို အိုမင်း နေပါပြီ။ ဒါကြောင့် နှစ်ထောင်ချီ မီးဆေးပင်ကိုလည်း ထိန်းချုပ် မထားတော့ပါဘူး။ တစ်ဝက်ကို ကတိအတိုင်း ယင်ယန် ခန်းမဆီ အပ်ပြီးတော့၊ နောက်တစ်ဝက်ကိုတော့ နောင်လာ နောက်သားတွေ အတွက် ချန်ထားပါမယ်။ နောင်တေက်မယ့် ခေါင်းဆောင်က တောင်စဉ် ကိုးသွယ်ရဲ့ အနာဂတ် တည်တံ့ ခိုင်မြဲအောင် လုပ်ပေးနိင်တဲ့သူ ဖြစ်ရမယ်။” မဟာ အကြီးအကဲ ကြေညာတယ်။

“မဟာ အကြီးအကဲ ကျေးဇူး ပြုပြီးတော့ ခေါင်းဆောင် နေရာကို ယူပေးပါ။”

“မဟာ အကြီးအကဲ ကျေးဇူး ပြုပြီးတော့ ခေါင်းဆောင် နေရာကို ယူပေးပါ။”

“…..”

“ဂုဏ်ပြုပါတယ် မဟာ အကြီးအကဲ ယင်း။ မဟုတ်ဘူး။ အခုချိန်မှာ ခေါင်းဆောင်းယင်းလို့ ခေါ်ရမှာပေါ့။” ဆဋ္ဌမ အကြီးအကဲ ပြုံးပြရင်း ပြောတယ်။

“ယင်ယန် ခန်းမ အကူအညီ ပေးတာကိုပဲ ကျေးဇူး တင်ရမှာပေါ့။ အခုချိန်မှာ တရားမျှတမှုကိုလည်း ရသွားပြီ။ ဆဓမ အကြီးအကဲ အိုးကို ဖွင့်ပြီးတော့ ဆေးလုံးကို ထုတ်ပါ။” ယင်းယွီ ပြောတယ်။

“ကောင်းပြီ” ဆဋ္ဌမ အကြီးအကဲ ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် ကောင်းကင်ကို မော့ကြည့်ပြီးတော့ လက်နှစ်ဖက်ကို စုတယ်။ “ဆေးအိုးဖွင့်မယ်။”

တပည့်သား လေးယောက် ချက်ခြင်း ရောက်လာပြီးတော့ အိုးကြီးရဲ့ ပတ်လည်မှာ ရပ်လိုက်တယ်။ အဖုံးကို ဖြည်းဖြည်းချင်းမတယ်။

“အိုး။”

“ဖွင့်။”

သူတို့တွေ အဖုံးဖွင့်လိုက်တဲ့ အချိန်မှာ ခရမ်းရောင်နဲ့ ငွေရောင် မီးတောက်တွေ ကောင်းကင်ကို ထိုးတက်သွားတယ်။ မီးနဂါး နှစ်ကောင် အတိုင်းပဲ။ ဒီမြင်ကွင်းက အတော့်ကို မျက်စိ ပသာဒ ရှိလွန်းတယ်။ တပည့်သားတွေရဲ့ နှလုံးသားထဲ မျှော်လင့်ချက်တွေ ပြည့်နှက်သွားတယ်။ ပထမဆုံး အနေနဲ့ ဒီဒယ်အိုးကြီးကို ဆေးဖော်ဖို့ သုံးတာပဲ။ အဲ့ဒီ့ ဆေးကလည်း နှစ်တစ်ထောင် မီးဆေးပင်။

ဘာတွေ ဖြစ်လာမလဲ ဘယ်သူမှ မခန့်မှန်း နိုင်ဘူး။ လူတိုင်းက တစ်ခုခု ဖြစ်လာမှာကို စောင့်ဆိုင်း နေကြတယ်။ ဒါပေမယ့် နဂါး နှစ်ကောင် ပျောက်ကွယ် သွားပြီး နောက်မှာတော့ အရာအားလုံး ပြန်အေးချမ်း သွားတော့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ထူးခြားတဲ့ အဖြစ်အပျက်တွေ ဘယ်မှာလဲ။ ဆေးဖော်တာ ကျရှုံး သွားတာလား။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အကြီးအကဲနဲ့ ခေါင်းဆောင်ယင်း ကိုယ်တိုင် သန့်စင်တာလေ။ ဘယ်လိုများ ကျရှုံး နိုင်မှာလဲ။”

တစ်ခဏ ကြာပြီးတဲ့နောက် တပည့်သားတွေ အခြေအနေကို မစောင့်နိုင်တော့ဘူး။ အဖုံးဖွင့်တဲ့ တပည့်သား လေးယောက်ကတော့ ပိုပြီးတော့ အံ့သြ နေခဲ့တယ်။ အိုးကြီးက ပွင့်သွားပြီ။ ဒါပေမယ့် လှုပ်ရှားမှု မရှိဘူး။

သတ္တိရှိတဲ့ တပည့်သား တစ်ယောက်ကတော့ အကြီးအကဲ နှစ်ယောက်ကို တစ်ချက်ကြည့်တယ်။ သူတို့ ခေါင်းငြိမ့် ပြတာနဲ့ ခုန်ဆင်းလိုက်တယ်။ အိုးကြီးရဲ့ အထဲကို ရောက်ချိန်မှာတော့ သူစိတ်မထိန်းနိုင်ပဲ အော်ဟစ် မိတော့တယ်။

“အား။” တအံ့တသြ အော်သံကြီး ထွက်လာတယ်။ သူ့နေရာက ဘယ်သူမဆို ဒီလို အော်မိမှာပဲ။ ဒီအိုးကြီးထဲမှာ ဘာဆေးမှ မရှိဘူး။ မီးလောင်ကျွမ်းနေတဲ့ ခန္ဒာကိုယ်လည်း မရှိဘူး။ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ ကြည်လင်တဲ့ မြစ်ချောင်းတွေနဲ့ ကောင်းကင်ပြာပြာကြီးပဲ ရှိတယ်။ နောက်ပြီးတော့ ရှုခင်းတွေကလည်း တလစပ် လှည့်ပတ်နေခဲ့တယ်။ နောက်ထပ် လောကကြီး တစ်ခု အိုးထဲမှာ ရှိနေတဲ့ ပုံစံပဲ။

“မင်းဘာတွေ အော်နေတာလဲ။ ဆေးပင် ဘာဖြစ်လို့လဲ။ အောင်မြင်တာလား။ ကျရှုံးတာလား။” မဟာ အကြီးအကဲ ယင်းယွီ အခြေအနေကို လန့်နေခဲ့တယ်။

“ဒါ ဒါက။” တပည့်သား ဘယ်လို ပြန်ဖြေရမလဲ မသိဘူး။

ဒါက ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်။ လုံးဝကို ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်။

“အမ်။ အချိန်တောင် ရောက်လာပြီလား။”

ခပ်တိုးတိုး အသံ တစ်ခု ပေါ်လာပေမယ့်၊ အပေါ်က လူတိုင်း ကြားလိုက်တယ်။ တပည့်သားကတော့ ကြောင်အ နေခဲ့တယ်။ နေက ကျစ်ကျစ်တောက် ပူနေပင်မယ့်၊ သူတို့ရဲ့ ကျောထဲမှာတော့ စိမ့်ချမ်း သွားတဲ့ အထိကို လန့် သွားရတယ်။

အပိုင်း (၇၆၉) ပြီး၏။

အပိုင်း (၇၇၀)

“ထောင်ချီတဲ့ တာအိုတွေကို စုစည်း၊ သုခမိန် အဆင့်ကို ဝင်ရောက်။”

“ဒါက ဘာအသံလဲ။”

“ဘယ်သူ စကား ပြောနေတာလဲ။”

“ဒါက ပုံရိပ်ယောင် မဟုတ်ဘူးလား။ အိုးထဲကနေ ဘာဖြစ်လို့ အသံကြားနေ ရတာလဲ။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ လန့်သွားကြတဲ့ ပုံစံ ပေါ်တယ်။ သူတို့ရဲ့ မျက်နှာ အမူအယာကတော့ ချက်ခြင်း ဖြူဖျော့ သွားတယ်။ ၄၉ရက်ကြာ မီးမြိုက်ထားခံရတဲ့ ဒယ်အိုးကြီးထဲကနေ အသံ တစ်သံ ထွက်လာတာထက် ပိုပြီးတော့ ကြောက်ဖို့ ကောင်းတာ ဘာရှိအုန်းမလဲ။

“ဘယ်သူလဲ။” ဆဋ္ဌမ အကြီးအကဲ အော်တယ်။ ဆေးအိုးကို စောင့်ကြည့်ရတဲ့ လူတစ်ယောက် အနေနဲ့၊ ဒီလို အသက်ရှင်တဲ့သူ ရှိနေတာကို သူဘယ်လိုမှ မယုံနိုင်ဘူး။

အရေး အကြီးဆုံးကတော့ အရာအားလုံးက သူ့အစီအစဉ် အတိုင်း ဖြစ်နေတာပဲ။ ကျန်တဲ့ အကြီးအကဲတွေ တောင်စဉ် ကိုးသွယ်ကို ပြန်လာပြီးတော့ နှစ်ဖက် တိုက်ခိုက်တာ ဖြစ်သွားရင်၊ ယင်ယန် ခန်းမရဲ့ လက်ကနေ လွတ်နိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် ပြဿနာ တစ်ခုခု ဖြစ်လာမှာကို ခွင့်မပြုနိုင်ဘူး။

ဆဋ္ဌမ အကြီးအကဲနဲ့ မဟာအကြီးအကဲ ယင်းယွီ အပါအဝင် တခြား တပည့်သားတွေ အားလုံး သူတို့ ကြားရတဲ့ အသံကို ဘယ်လိုမှ မယုံနိုင်ကြဘူး။ ဒါပေမယ့် တောက်ပတဲ့ ရွှေရောင် အလင်းတန်းကြီး တစ်ခုက အိုးထဲကနေ ထွက်လာတယ်။ ရွှေရောင် မဏ္ဍိုင်ကြီး တစ်ခု ပုံစံနဲ့ အတူ ကောင်းကင်ကို ထိုးတက်သွား ပြီးတော့ တိမ်ထဲကို ထွင်းဖောက်တယ်။

လှပတဲ့ မိုးကောင်းကင်ကြီး တစ်ခုလုံး ရွှေရောင်လွှမ်း သွားတယ်။ နေမင်းကြီးက ထွက်နေတဲ့ နေရောင်ကိုတောင် လွှမ်းခြုံ သွားတဲ့ ပုံစံပဲ။ မိုးကောင်းကင်ကြီး တစ်ခုလုံး လောင်ကျွမ်း နေခဲ့တယ်။ ဆေးအိုးကနေ ထွက်လာတဲ့ အရှိန်အဝါတွေက ပိုပြီးတော့ သန်မာလာတယ်။ ဆဋ္ဌမ အကြီးအကဲ စိတ်မထိန်းနိုင်ပဲ နောက်ကို တစ်လှမ်း ဆုတ်သွားတယ်။

“ဘာတွေ ဖြစ်နေတာလဲ။” သူတကယ့်ကို ကြောင်အနေတယ်။ တပည့်သားတွေလည်း မယုံနိုင်တဲ့ မျက်လုံး ပြူးကြီးတွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်နေခဲ့တယ်။ အခြေအနေတွေ ပြောင်းလဲတာကို သူတို့ ခံစား နိုင်တယ်။

“မကောင်းတော့ဘူး။ မြန်မြန် ချိတ်ပိတ်လိုက်။ မြန်မြန်။” မဟာ အကြီးအကဲ ယင်းယွီ ချက်ခြင်း တုံ့ပြန်တယ်။ ဘာတွေ ဖြစ်နေမှန်း သူမသိဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို ခပ်မြန်မြန် ချလိုက်တယ်။ စိတ်မကောင်းစရာ ကတော့ နောက်ကျလွန်း သွားခဲ့ပြီ။ မဟာ အကြီးအကဲ ပြောပြီးတဲ့ အချိန်မှာပဲ၊ အိုးကြီးက အရှိန်ပြင်းပြင်း တုန်ခါ လာတော့တယ်။

“ဟုန် လုန်။” အသံကျယ်ကြီးက လေထဲမှာ ဟိန်းထွက်နေတယ်။ ဒယ်အိုးကြီး ကိုးလုံးရဲ့ အလယ် ဒယ်အိုးကြီး ရုတ်တရက် ကွဲထွက်သွားတယ်။ ဒီအချိန်မှာပဲ အိုးထဲကနေ အလင်းတန်းကြီး ထွက်ပေါ်လာတယ်။ ဒီအလင်းတန်းကို ငွေရောင်နဲ့ ခရမ်းရောင် မီးတောက် နှစ်ခုက ဝန်းရံ ထားတယ်။

အရမ်းကို ချောမွေ့ မြန်ဆန်တယ်။ မျက်တောင် တစ်ခတ် အတွင်းမှာ၊ လေထဲကို ရောက်လာတယ်။ မဟာ အကြီးအကဲနဲ့ ဆဋ္ဌမ အကြီးအကဲရဲ့ အမူအယာက ချက်ခြင်းကို ပြောင်းလဲ သွားတယ်။ ဒီမီးတောက်တွေက ဆေးပင်ကို သန့်စင်ဖို့ သုံးတဲ့ မီးတောက်တွေမှန်း သူတို့ သိတယ်လေ။

“နောက်ဆုံးတော့ ငါထွက်လာရပြီ။” အသံ တစ်သံကို လေထဲမှာ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် မီးတောက်တွေ ပျောက်ကွယ် သွားတယ်။ ဒါပေမယ့် အပေါ်ပိုင်း ဗလာနဲ့ လူတစ်ယောက် လေထဲမှာ ပေါ်လာခဲ့တယ်။ သူ့ရဲ့ အပေါ်ပိုင်း အဝတ်အစားတွေက လုံး၀ ဖျက်စီး ခံလိုက်ရပြီ။ ကျစ်ကျစ်လစ်လစ် ကြွက်သား အပြည့်နဲ့ ခန္ဒာကိုယ်က မြင်သာ ထင်သာ ရှိနေခဲ့တယ်။

မရေမတွက်နိုင်တဲ့ ရွှေရောင် သင်္ကေတလေးတွေက သူ့ခန္ဒာကိုယ်မှာ လှည့်ပတ်ပြီးတော့ သွေးကြောထဲကို စီးဝင် နေခဲ့တယ်။ သူ့မျက်လုံးတွေမှာလည်း ရွှေရောင် အလင်းတန်းတွေ လှည့်ပတ်နေတယ်။ ဒါပေမယ့် ခန္ဒာကိုယ်မှာတော့ သံကြိုးတွေ ရှိနေတုန်းပဲ။ ဒီလူက ဖန်ကျန်းရှီဆိုတာ သိသာတယ်။

“မသေ သေးဘူးလား။”

“သူတကယ်ပဲ မသေသေးဘူး။”

“ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ သူဘယ်လိုများ အခုထိ မသေသေးပဲ ရှိနေတာလဲ။”

တပည့်သားတွေ အစောပိုင်းတုန်းကတော့ အံ့သြ နေပင်မယ့်၊ အခုချိန်မှာတော့ သူတို့ရဲ့ ခံစားချက်တွေကို မထိန်းချုပ် နိုင်တော့ဘူး။ သူတို့ရဲ့ ခံစားချက်တွေကို ဘယ်လို စကားလုံးနဲ့မှ မဖော်ပြနိုင် ဖြစ်နေပြီ။ သရဲတစ်ကောင် နေ့ခင်း ကြောင်တောင်မှာ ထွက်လာတာလား။ မဟုတ်ဘူး။ သရဲ ဆိုရင်တောင်၊ သူတို့ ဒီလောက်ထိ အံ့သြနေမှာ မဟုတ်ဘူး။

“ဟုန် လုန်။” ဒီအချိန်မှာပဲ အသံကျယ်ကြီး ထွက်လာပြီးတော့ ရွှေရောင် ကောင်းကင်ကြီးမှာ အပေါက်ကြီး တစ်ပေါက် ပေါ်လာတော့တယ်။

လျှပ်စီး မရှိပေမယ့် ကောင်းကင်ကနေ တောက်ပတဲ့ ရောင်စုံ အလင်းတန်းတွေ ဆင်းသက်လာတယ်။ အနီ၊ အပြာ၊ ရွှေရောင်၊ ငွေရောင်၊ အစိမ်းရောင်၊ အရောင်စုံ အလင်းတန်းတွေ အားလုံးက မိုးရွာသလို ရွာချလာပြီးတော့ ရွှေရောင် အလင်းတန်းထဲကို စီးဝင်လာတယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ဒါက ပြိုင်ဘက်ကင်း အခြေအနေလား။”

“ဆေးလုံးက မဖြစ်မြောက်သေးဘူး။ ဖန်ကျန်းရှီလည်း မသေသေးဘူး။ ဘာကြောင့်များ ဒီလို အဖြစ်မျိုး ရှိနေတာလဲ။”

တပည့်သားတွေ လောကကြီး တစ်ခုလုံးကို မေ့လျော့ပြီးတော့ အလင်းတန်းထဲမှာ နစ်မြော နေခဲ့တယ်။ ဒီလို မြင်ကွင်းမျိုးက ဘာကို ညွှန်ပြနေမှန်း တွေးတောလို့တောင် မရဘူး။ မဟာ အကြီးအကဲ ယင်းယွီလည်း အတူတူပဲ။ မျက်စိရှေ့က ဒီလို အဖြစ်မျိုးကို တစ်ဘဝလုံးမှာ တစ်ခါလေးတောင် မကြုံ ဖူးဘူး။

“ထောင်ချီတဲ့ အလင်းတန်းတွေ။ သူက ဟိုအဆင့်ရောက်တာ မဖြစ်နိုင်။” မဟာ အကြီးအကဲ ယင်းယွီ သူ့စကားကို ဆက်မပြောနိုင်ဘူး။

“သူဘယ်လိုများ အသက်ရှင် နေနိုင်တာလဲ။ ၄၉ရက်တောင်လေ၊ ဘယ်လိုများ အသက်ရှင် နေနိုင်တာလဲ။” ဆဋ္ဌမ အကြီးအကဲ မျက်လုံးပြူး မျက်ဆံပြုး ဖြစ်နေခဲ့တယ်။ သူ့မျက်နှာက ဖြူဖျော့ သွားတယ်။ ဒီမြင်ကွင်းကို သူလက်မခံ နိုင်သေးဘူး။ ဒါ့ထက် ဖန်ကျန်းရှီ မသေသေးဘူး ဆိုတာကို ပိုပြီးတော့ မယုံနိုင် ဖြစ်နေခဲ့တယ်။

တကယ်ပဲ သူက အသက်ရှင်နေတုန်း။ အတော့်ကို ကောင်းကောင်း မွန်မွန် ရှိနေတယ်။ အဝတ်အစားတွေ စုတ်ပြဲ နေတာနဲ့ သံကြိုးတွေ အချည်နှောင် ခံထား ရတာက လွဲပြီးတော့ တကိုယ်လုံးမှာ ဘာဒဏ်ရာ ဒဏ်ချက်မှ မရျိဘူး။ နောက်ပြီးတော့ ရွှေရောင် အလင်းတန်းကလည်း သူ့ခန္ဒာကိုယ်ကို ဦးတည်နေတယ်။ တစ်ချိန်တည်းမှာပဲ၊ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် ပတ်လည်မှာ အပေါက်ကြီး တစ်ပေါက် ဖြစ်လာပြီးတော့ အလင်းတန်းတွေ အားလုံးကို စုပ်ယူတော့တယ်။

“အား။” ဖန်ကျန်းရှီ အော်လိုက်တယ်။ နာနာကျင်ကျင် အော်ဟစ်နေသလို၊ စိတ်လည်း လှုပ်ရှား နေခဲ့တယ်။ မတူညီတဲ့ အလင်းတန်းတွေက သူ့မျက်ဝန်းထဲမှာ လှည့်ပတ်နေတယ်။ အနီ၊ အဝါ၊ အပြာ၊ အစိမ်း၊ နောက်ပြီးတော့ သူ့ခန္ဒာကိုယ်ပေါ်မှာ လှည့်ပတ်နေတဲ့ ရွှေရောင် အလင်းတန်း တွေကလည်း မရေ မတွက်နိုင်တဲ့ ကြယ်တွေ အဖြစ်ကို ပြောင်းလဲ သွားပြီးတော့ သူ့ရင်ဘတ်မှာ စုဝေးတော့တယ်။

ကောင်းကင်မှာ နေမင်း နှစ်စင်း ထွန်းလင်း နေသလိုပဲ။ တစ်ခုကတော့ ကောင်းကင်က နေမင်းကြီး။ နောက်တစ်ခုကတော့ ဖန်ကျန်းရှီရဲ့ ရင်ဘတ်က နေမင်းကြီး။

“မကောင်းတော့ဘူး။ သူ့ကို မြန်မြန် သတ်လိုက်။ မြန်မြန်။ သူ့ခန္ဒာကိုယ်က အဆင့်တက်နေပြီ။”

“ခန္ဒာကိုယ် အဆင့်တက်နေပြီ။”

“ဖန်ကျန်းရှီက သုခမိန်ဖြစ်တော့မှာလား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်လိုက်တာ။”

တောင်စဉ် ကိုးသွယ် တပည့်သားတွေ အခြေအနေကို မယုံနိုင်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် အဆင့်တက်နေတာတော့ အမှန်ပဲ။

“သေစမ်း။” မဟာ အကြီးအကဲ ယင်းယွီက ဖန်ကျန်းရှီရဲ့ ရင်ဘတ်မှာ ရှိတဲ့ အလင်းတန်းတွေကို ကြည့်ရင်း၊ အေးစက်စက် အလင်းတန်းတွေ သူ့မျက်လုံးထဲမှာ တောက်နေခဲ့တယ်။

အခုချိန်မှာ ဖန်ကျန်းရှီကို သတ်ဖို့ အခွင့်အရေးကို အသုံးမချရင်၊ နောက်ထပ် ဒုတိယ အခွင့်အရေး မရှိတော့မှာကို သူသိတယ်။ ငွေရောင် လှံရှည်တစ်ချောင်း သူ့လက်ထဲမှာ ပေါ်လာတယ်။ ငွေရောင် မီးတောက်တစ်ခုက လှံထိပ်မှာ တောက်လောင် နေခဲ့တယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်ကို လေးကိုင်း တစ်ခုလို ကွေးညွှတ်လိုက်တယ်။

“ရှူး။” အသံကျယ်ကြီး လေထဲမှာ ဟိန်းထွက်လာတယ်။ ငွေရောင် လှံရှည်ကြီးက လျှပ်စီး မြွေတစ်ကောင်လို ဖန်ကျန်းရှီရဲ့ ရင်ဘတ်ဆီကို ပြေးဝင်တယ်။

“သူ့ကို သံကြိုးတွေနဲ့ ချည်ထားတာတုန်းပဲ။ သတ်ကြ။”တောင်စဉ် ကိုးသွယ် အကြီးအကဲ လေးယောက်လည်း ချက်ခြင်း လှုပ်ရှားကြတယ်။ အကြီးအကဲ လေးယောက်ဆီက ပြင်းထန်တဲ့ အင်အားတွေ ထွက်ပေါ်လာတယ်။

ဖန်ကျန်းရှီရဲ့ ရင်ဘတ်နဲ့ ငွေရောင်လျှံကြီး တစ်လက်မပဲ ကွာတော့တဲ့ အချိန်မှာ ထူးဆန်းတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်လာပြန်တယ်။ လျှံကြီး ရပ်နေတယ်။ အချိန်တွေ ရပ်တန့် နေသလိုပဲ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ သူ့လက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်တယ်။

“ကချာ့။” အသံ ခပ်တိုးတိုး ထွက်လာပြီးနောက် သူ့ခန္ဒာကိုယ်က သံကြိုးတွေ အက်လာတယ်။ ဖန်ကျန်းရှီ ညာလက်ကို ဆန့်ထုတ်ရင်းနဲ့ လှံကြီးကို ဖမ်းဆုပ်လိုက်တယ်။ ဖြစ်ရပ်တွေက ဖြည်ဖြည်းချင်း ဖြစ်နေပင်မယ့်၊ လန့်စရာ ကောင်းလွန်းတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ သူ့ခန္ဒာကိုယ်က သံကြိုးတွေ အားလုံးကို ချိုးဖြတ်လိုက်တယ်။

“ဟုန် လုန်။”

“ဟုန် လုန်။”

“…”

သံကြိုးတွေ တစ်စဆီ ပြတ်ထွက်ပြီးတော့ မြေပြင်ပေါ်ကို ပြုတ်ကျ လာတော့တယ်။

“ဒီတော့ ချည်ထားခံရတာတွေ ပြီးသွားပြီပေါ့။” တည်ငြိမ်တဲ့ အသံ တစ်သံ ထွက်ပေါ် လာရင်း၊ ဖန်ကျန်းရှီ ရင်ဘတ်က အလင်းတန်းလည်း ပျောက်ကွယ် သွားတယ်။ ကောင်းကင်က အလင်းတန်းတွေလည်း ပျောက်ကွယ် သွားခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ အသံက တောင်ကြားထဲမှာ ပဲ့တင် ထပ်နေတယ်။ ဒါပေမယ့် လူတိုင်းကတော့ ထိတ်လန့်တကြား နောက်ဆုတ် မိကြတယ်။

“သူ သံကြိုးတွေကနေ လွတ်အောင် လုပ်နိုင်တယ်လား။”

“နောက်ပြီးတော့ မဟာ အကြီးအကဲရဲ့ လှံကို လက်တစ်ဖက်တည်းနဲ့ ဖမ်းလိုက်တယ်။”

“သူ သူတကယ်ပဲ သုခမိန် ဖြစ်သွားပြီ။”

ရာချီတဲ့ တောင်စဉ် ကိုးသွယ် တပည့်သားတွေနဲ့ လက်နက်ထုတ်ထားတဲ့ အကြီးအကဲ လေးယောက် ဒီဖြစ်စဉ်ကြောင့် ကြက်သေသေနေကြတယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ပေါ်က သံကြိုးတွေကို သာမာန် သုခမိန်တောင် မချိုးဖျက်နိုင်ဘူး။ ဖန်ကျန်းရှီက သံကြိုးတွေကို ဖျက်စီးလိုက်တဲ့ အပြင်ကို မဟာ အကြီးအကဲ တိုက်ခိုက်တာကိုပါ ခုခံ လိုက်တယ်။

“ဒီနေ့ ရာသီဥတု မဆိုးဘူး။ နေသာနေတယ်။ ငှက်တွေလည်း တေးသီနေတယ်။ ပန်းတွေကလည်း မွှေးလိုက်တာ။ မင်းတို့ ဘယ်လို ထင်လဲ။” ကောင်းကင်ကြီးကို မော့ကြည့်ပြီး ငွေရောင်လှံကို လက်ထဲမှာ ဝေ့ယမ်းရင်း ဖန်ကျန်းရှီ မေးတယ်။

“ဖန်ကျန်းရှီ မင်းလွန်မလာနဲ့။ မင်း အသက်ရှင်နေရင်တောင်၊ ဒီကနေ ထွက်သွားလို့ မရဘူး။ သုခမိန် တဝက် အဆင့်လောက်နဲ့ တောင်စဉ် ကိုးသွယ် တစ်ခုလုံးကို စိန်ခေါ် နိုင်မယ် ထင်လား။ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုထဲက တစ်ခုကို မင်းအထင် သေးတာလား။” ဆဋ္ဌမ အကြီးအကဲရဲ့ အသံ ထွက်လာတယ်။

“မျိုးနွယ်စု ငါးခုရဲ့ အင်အားကို အထင် သေးတယ်တဲ့လား။ မဟုတ်ဘူး မဟုတ်ဘူး။ မှားနေပြီ။ ဘယ်တုန်းကမှ အထင်မသေးဖူးဘူး။” ဖန်ကျန်းရှီ ခေါင်းခါရင်း ရိုးရိုးသားသား အပြစ်ကင်းစင်တဲ့ ပုံစံလေးနဲ့ ပြောနေတယ်။

“မင်း ကောင်စုတ်လေး။ သေချင် နေတာလား။” ဆဋ္ဌမ အကြီးအကဲ လန့်သွားတယ်။ ဒါပေမယ့် သူမြန်မြန် တုံ့ပြန်တယ်။ မျက်နှာ တစ်ခုလုံး နီရဲ နေပင်မယ့်၊ ချက်ခြင်း မတိုက်ခိုက်ဘူး။ မဟာ အကြီးအကဲ ယင်းယွီကို လှည့်ကြည့်တယ်။ “ခေါင်းဆောင်ယင်း။ တောင်စဉ် ကိုးသွယ်ကနေ သူ့ကို ဒီအတိုင်း ထွက်သွားစေလို့ မဖြစ်ဘူး။ မဟုတ်ရင်။”

“ဆဋ္ဌမ အကြီးအကဲ မစိုးရိမ်ပါနဲ့၊ သူထွက်မသွား စေရဘူး။” မဟာ အကြီးအကဲ ယင်းယွီ ဖြတ်ပြောတယ်။ တောင်စဉ် ကိုးသွယ်ရဲ့ အမုန်းတရားက ကြီးမား လွန်းတယ်။ ဖန်ကျန်းရှီကို ကြောက်လို့ လွှတ်ပေး ရတာမျိုး အဖြစ်မခံ နိုင်ဘူး။

“ဖန်ကျန်းရှီကို မလွတ်စေနဲ့။” ယင်းယွီ အမိန့်ပေးတယ်။

“အမိန့် အတိုင်းပဲ။” တပည့်သားတွေ ချက်ခြင်း ပြန်ဖြေတယ်။ တိုက်ပွဲ စတော့မှာကို သူတို့ သိနေပြီ။ နောက်ပြီးတော့ ဒါက တောင်စဉ် ကိုးသွယ်လေ။ အကြီးအကဲ တစ်ချို့ အဝေးကို ရောက်နေပင်မယ့်၊ တောင်စဉ် ကိုးသွယ် ခေါင်းဆောင် အသစ်လည်း ရှိနေပြီ။ နောက်ပြီးတော့ အကြီးအကဲ လေးယောက် အပြင်၊ ယင်ယန် ခန်းမက ဆဋ္ဌမ အကြီးအကဲလည်း ရှိနေသေးတယ်။

သုခမိန် အဆင့် တပည့်သားတွေလည်း ရှိနေသေးတယ်။ သူတို့ အားလုံးရဲ့ ပေါင်းစည်း အင်အားက သုခမိန် အဆင့်ကို အခုမှ ရောက်ခါစ ဖန်ကျန်းရှီကို မမှီနိုင်ရင် ဟာသ ဖြစ်သွားလိမ့်မယ်။

“ကြည့်ရတာ ငါအခုချိန်မှာ လူသတ်ဖို့ လိုနေပြီပဲ။” ဖန်ကျန်းရှိ ပြောရင်းနဲ့ လှုပ်ရှားတယ်။

“ဝုန်း။” သူ့ခန္ဒာကိုယ် မြေပြင်ပေါ် ကျလာတဲ့ အချိန်၊ အသံကျယ်ကြီး ထွက်လာပြီးတော့ မြေကြီးတွေ ကွဲထွက်ကုန်တယ်။

“မြန်လိုက်တာ။”

“တောင်စဉ် ကိုးသွယ်ရဲ့ ဧရာမ ကျောက်တုံးတွေလေ။ ကျောက်တောင် ချော်ရည်ပူတွေ နှစ်ထောင်ချီ စုဝေးပြီးတော့ မာကျောနေတာ၊ အက်ကွဲရာ မဖြစ်နိုင်ဘူး မဟုတ်လား။”

ဒီမြင်ကွင်းကြောင့် သူတို့တွေ မလှုပ်နိုင်ပဲ ရပ်တန့် နေကြတယ်။ တခြားသူတွေ အားလုံးထက် ပိုပြီးတော့ မလှုပ်နိုင်တာ ၂ယောက် ရှိတယ်။ မဟာ အကြီးအကဲနဲ့ ဆဋ္ဌမ အကြီးအကဲပဲ။ ဒီအဆုံးသတ်ကြောင့် အမြဲတမ်း အရမ်း တည်ငြိမ်တဲ့ မဟာ အကြီးအကဲတောင်မှ စိုးရိမ် ပူပန် နေခဲ့တယ်။

အပိုင်း (၇၇၀) ပြီး၏။

All Chapters