အပိုင်း (၇၈၁-၇၉၀)
Vol. 8 Ch. 781-790
အပိုင်း (၇၈၁)
“သောက်ကျိုးနဲ စည်းမျဉ်းတွေ။”
“စည်းမျဉ်းတွေက ချိုးဖောက်ဖို့တဲ့လား။” ကျောက်စိမ်းလေး မျက်မှောင် ကြုတ်သွားတယ်။ ဒီစကားတွေကို သူနားလည်ပေမယ့် ဖန်ကျန်းရှီ ဘာဖြစ်လို့ အခုချိန်မှ ပြောလည်း သူမသိဘူး။
နောက်ထပ် မေးခွန်းထုတ်ဖို့လည်း စိတ်ကူး မရှိဘူး။ လင်းယွမ်မျှော်စင်က သူမကို အမိန့်ချ လိုက်ပြီ။ ခေါင်းဆောင်တွေက အမိန့်ပေးတယ်။ သူမက လိုက်နာရမယ်။
“ဝန်းရံလိုက်ကြ။”
ကျောက်စိမ်းလေး ဖန်ကျန်းရှီ စကားပြောတာကို မစောင့်တော့ဘူး။ အမိန့် ရထားတဲ့ အတိုင်း လုပ်ဆောင်တယ်။ လက်ကို ဝေ့ယမ်း ပြီးတော့ ဝတ်ရုံဖြူ နှစ်ယောက်ကို လှုပ်ရှားဖို့ အချက်ပြတယ်။ သူတို့ နှစ်ယောက်က ဒါဇင်ချီတဲ့ ဝတ်ရုံစိမ်း အမျိုးသမီးတွေကို ဦးဆောင်ပြီးတော့ ဖန်ကျန်းရှီ၊ ပင်းယန်နဲ့ လင်းမုပိုင် သုံးယောက်ကို ဦးတည် ဝန်းရံ လိုက်တယ်။
“သခင်လေးဖန်၊ ကြီးမြတ်သော ရှရဲ့ အရှင်မင်းမြတ်။ ပင်းယန် မင်းသမီး။ အားလုံးပဲ။” မည်းမှောင်တဲ့ အကြည့်နဲ့ အတူ ခန္ဒာကိုယ်ကို တပတ်လှည့်ပြီးတော့ လင်းယွမ် မျှော်စင်က တံခါးကြီးတွေဆီ သွားတဲ့ လမ်းကို ပြလိုက်တယ်။
ကျောက်စိမ်းလေးက ရှင်းရှင်းလင်းလင်း ပြောပြီးသား။ ဖန်ကျန်းရှီနဲ့ သူ့ရဲ့ အပေါင်း အပါတွေ အတွက် သူမ ညွှန်ပြတဲ့ လမ်းက လွဲပြီးတော့ တခြား လမ်းကို သွားလို့ မရဘူး။ ပြောထားတဲ့ အတိုင်း တချို့ ကိစ္စတွေက ညှိနှိုင်းလို့ မရနိုင်။ ဒီအချိန်မှာ ဖန်ကျန်းရှီ အတွက်လည်း လွတ်လွတ်လပ်လပ် ရွေးချယ် စရာ မရှိဘူး။
“မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခုက တစ်ချိုးတည်းပဲ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ တစ်ချက် ပြုံးလိုက်တယ်။ ကောင်းကင် တာအို ခန်းမကို ပထမဆုံး ခြေချတဲ့ အချိန်၊ ယင်ယန် ခန်းမ၊ တောင်စဉ် ကိုးသွယ် ဒီနေရာတွေ အားလုံးကို စသွားသွားချင်းမှာတုန်းက နေရာ အရှိန်အဝါတွေကို အမြဲတမ်း ခံစား ရတယ်။ အခုလည်း အတူတူပဲ။ နားလည် လွယ်အောင် ပြောရရင်၊ ဒီနေရာကြီးက ပြင်ပ စစ်မှန် လောကနဲ့ကို ကွာခြားနေတယ်။
ဖန်ကျန်းရှီ သူ့ရဲ့ ကြောက်စရာ သုခမိန် အဆင့် စွမ်းအားတွေကို ထုတ်ပြရင်၊ မျိုးနွယ်စု ငါးခုကလည်း သူ့ကို ရပ်တည်ခွင့် ပေးလိမ့်မယ်။ လင်းယွမ် မျှော်စင်က စည်းမျဉ်းတွေကို ချတဲ့သူ။ ဖန်ကျန်းရှီ လိုက်နာဖို့ လိုတယ်။ လေးလေးစားစား လာသည် ဖြစ်စေ၊ ဒေါသတကြီး လာသည် ဖြစ်စေ၊ လင်းယွမ် မျှော်စင်ကတော့ သူ့ကို အေးအေးစက်စက် မောက်မောက်မာမာ အကဲဖြတ်မှာပဲ။ ဒါက မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု ငါးခု ဖွဲ့စည်း တည်ရှိနေတဲ့ ပုံစံ။
“သခင်လေးဖန်၊ ကြီးမြတ်သောရှရဲ့ အရှင်မင်းမြတ်။ ပင်းယန် မင်းသမီး။ ဘာတွေကို စောင့်နေတာလဲ။ ကျေးဇူးပြုပြီးတော့ အရှေ့ကို ကြွပါ။” ကျောက်စိမ်းလေးက တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် မကျေမနပ် ပြောတယ်။
“ဟမ့်။ ငါတို့တွေ မသွားရင်ကော၊ နင်က ငါတို့ကို ဘာလုပ် နိုင်မှာ မလို့လဲ။” ပင်းယန် ပြန်ပြောတယ်။ သူမရဲ့ ပတ်ပတ်လည်ကို ကြည့်ရင်း ရဲရဲတောက် ချီလင်လှံကို ပိုပြီးတော့ တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။
“ပင်းယန် မင်းသမီး မှားနေတာ ဒီနေရာပဲ။ လင်းယွမ် မျှော်စင်ရဲ့ စည်းမျဉ်းတွေကို မလိုက်နာရင်၊ လင်းယွမ် မျှော်စင်ရဲ့ ဧည့်သည် မဟုတ်တော့ဘူး။ ဧည့်သည် အခွင့်အရေးကို ပယ်ဖျက် ခံရမယ်။” ကျောက်စိမ်းလေးက စကားကို တိုးတို တုတ်တုတ် ပြောတယ်။ ဒါပေမယ့် ခြိမ်းခြောက်မှုက ပါးပါးလေး ပါနေတယ်။
ပင်းယန်က နောက်ထပ် ပြောချင်ပေမယ့်၊ ဧကရာဇ် လင်းမုပိုင်က သူ့ကို တားထားတယ်။ ကြီးမြတ်သောရှရဲ့ ဧကရာဇ် ဖြစ်ပေမယ့်၊ လင်းယွမ် မျှော်စင်ကို သူ့အာဏာက မသက်ရောက် နိုင်ဘူး။ လင်းယွမ် မျှော်စင်က ကိုယ်ပိုင် စည်းမျဉ်း ရှိတဲ့ အင်အားကြီး ဖြစ်တည်မှု တစ်ခု။
ဝတ်ရုံဖြူ အမျိုးသမီး နှစ်ယောက်နဲ့ ဝတ်ရုံစိမ်း အမျိုးသမီး ဆယ်ယောက်ကျော် ပေါင်းစည်းထားတဲ့ တိုက်ကွက် ကျောက်စိမ်းဝါး နယ်မြေထက် ပိုပြီးတော့ အင်အား ကြီးမှာကို သူသေချာသိတယ်။
လင်းယွမ် မျှော်စင်က (တာအို)ကို နားလည်တဲ့ နေရာမှာ တခြား နေရာတွေထက် သာလွန်တယ်။ ဒီလို ဉာဏ်အလင်း ပွင့်တဲ့ ဂုဏ်ရည်ကြောင့်ပဲ သူတို့တွေကို အမြဲတမ်း အထင်ကြီး လေးစား ခံရတယ်။ တခြားသူတွေရဲ့ စွမ်းရည်ကို သူတို့ အသိအမှတ် ပြုပေမယ့်၊ သူတို့ကိုယ် သူတို့ ပိုပြီးတော့ အထင်ကြီးကြတယ်။ လင်းမုပိုင်ကတော့ ပင်းယန်နဲ့ ကျောက်စိမ်းလေးရဲ့ ရန်ပွဲကို အဆုံး သတ်ပေးပြီးတော့ ဖန်ကျန်းရှီ ဘက်ကို လှည့်ကြည့်တယ်။
“ပင်းယန်၊ မင်းဘာမင်း ဘယ်အဆင့်ထိ တက်နိုင်မယ် ထင်လဲ။” ဧကရာဇ် လင်းမုပိုင်ရဲ့ စိတ်ကို နားလည်တဲ့ ဖန်ကျန်းရှီက ဒေါသ ထွက်နေတဲ့ ပင်းယန်ကို မေးတယ်။
“ငါ့ရဲ့ စွမ်းအားနဲ့ ဆိုရင်၊ အနည်းဆုံးတော့ လေးလွှာကို ရောက်နိုင်မယ် ထင်တာပဲ။” ဖန်ကျန်းရှီ ဘာလို့ မေးလဲ သူသေချာ မသိဘူး။ ဒါပေမယ့် ပြန်ဖြေလိုက်တယ်။
“အားနည်းလိုက်တာ။” ဖန်ကျန်းရှီ ပြောတယ်။
“ငါက အားနည်းတယ် ဟုတ်လား။ မြင့်မြတ် နယ်မြေထဲမှာ ငါက စွမ်းအား အကြီးဆုံးတွေထဲက တစ်ယောက်ပဲ။ နတ်ဆိုး ပုလဲကို အပြည့်အ၀ မစုပ်ယူ ရသေးတာ တစ်ခုပဲ ရှိတယ်။” ဖန်ကျန်းရှီရဲ့ လောင်ရယ်တဲ့ စကားသံကြောင့် ပင်းယန် ဒေါသ ထွက်လာတယ်။
“ဟဟား ဟား။ မျှော်စင်ကြီး တစ်ခုလုံးကို လက်သီး တစ်ချက်တည်းနဲ့ ဖျက်စီး လိုက်တာမျိုး မင်းမြင်ဖူးလား။” ဖန်ကျန်းရှီက စိတ်မထိန်းနိုင်ပဲ ရယ်မောရင်း မေးတယ်။
“ဟမ်။”
“အံ့သြစရာ မလိုပါဘူး။ အရင်က မမြင်ဖူးရင်၊ အခုကော မြင်ဖူးချင်လား။” ဖန်ကျန်းရှီမေးတယ်။
“မြင်ချင်တာပေါ့၊” ပင်းယန် မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း မျှော်လင့်တကြီး ပြောတယ်။ ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်ကို ကြည့်နေတဲ့ အကြည့်တွေကို သူမ နောက်ဆုံးမှာတော့ နားလည် သွားခဲ့ပြီ။
ဖန်ကျန်းရှီနဲ့ ပင်းယန်ရဲ့ စကားတွေက ကျောက်စိမ်းလေးရဲ့ စိတ်ကို ထိခိုက်စေတယ်။ လင်းယွမ် မျှော်စင်ကို ဘယ်သူမှ ဒီလို မပြောခဲ့ ဖူးဘူးလေ။
မျှော်စင်ကိုလက်သီး တစ်ချက်တည်းနဲ့ ဖျက်စိး ပြစ်မယ်တဲ့လား။ လင်းယွမ် မျှော်စင်က ပဲပြားနဲ့ လုပ်ထားတယ်များ ထင်နေတာလား။ ကျောက်စိမ်းလေးရဲ့ အမြင်မှာတော့၊ လူ နှစ်မျိုးပဲ ဒီလို ပြောကြတယ်။ ရူးနေတဲ့ သူတွေ၊ ဒါမှမဟုတ်ရင် လုံး၀ အသိစိတ်ပျောက်နေတဲ့သူတွေ။
“ဖန်ကျန်းရှီ။ နင်က နင့်နာမည်ကို ကိုယ်တိုင် ထွင်းခဲ့ ပြီးပြီပဲ။ ဘာဖြစ်လို့များ ကိုယ့်သေတွင်း ကိုယ်တူး ချင်နေတာလဲ။” ကျောက်စိမ်းလေးက ဖန်းကျန်းရှီကို သနားတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေတယ်။
ဖန်းကျန်းရှီကတော့ တစ်ချက် ပြုံးလိုက်တယ်။ လူတစ်ယောက်က ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိတာ မမှားဘူး။ ဒါပေမယ့် ယုံကြည်ချက် လွန်ကဲ သွားရင်၊ မာန်မာန ထောင်လွှားတာ ဖြစ်သွားလိမ့်မယ်။ဒါပေါ့။ လင်းယွမ် မျှော်စင်ရဲ့ ရှုထောင့်က ကြည့်ရင် သူတို့ရဲ့ လုပ်ရပ်က ဘာမှ မမှားဘူး။ မြင့်မြတ် နယ်မြေမှာ နှစ်ထောင်ချီ တည်တံ့လာတဲ့ မျိုးနွယ်စု တစ်ခု အနေနဲ့၊ သူတို့ရဲ့ ဂုဏ်သတင်းက ခိုင်ခံ့တယ်။
ဘယ်လိုများ စော်ကားတာမျိုးကို လက်ခံ နိုင်မှာလဲ။ တကယ်တော့ ဖန်ကျန်းရှီက ပင်းယန်ကို ခေါ်ပြီး ထွက်သွားဖို့ တစ်ခုက လွဲလို့ ဘာကိုမှ အစီအစဉ် ဆွဲမထားခဲ့ဘူး။ အခုတော့ ပင်းယန်ကို မြင်တော့မှ သူ့ကိုယ်ပိုင် အကြံ တစ်ခု ထွက်လာတယ်။ မျှော်စင်ပေါ်ကို ပင်းယန် တက်နိုင်ဖို့ အကြောင်းပြချက် ပေးရမယ်။
အကြောင်းပြချက် တစ်ခုပဲ။ လင်းယွမ် မျှော်စင်က သူတို့ကို ဘယ်လို ဆက်ဆံမယ် ဆိုတာကို ကြည့်ရမယ့် စစ်ဆေးချက် တစ်ခုလည်း ဟုတ်တယ်။
သူ့ရဲ့ စွမ်းအားကို ထုတ်ပြ ပြီးတာတောင်၊ လင်းယွမ် မျှော်စင်က အချိုး တစ်စက်လေးမှ မပြောင်းဘူး။ သူတို့ကိုယ် သူတို့ လောကကြီးကို အုပ်ချုပ်တဲ့ နတ်ဘုရားလို့ အထင် မှားနေကြတယ်။ ကိုယ်ပိုင် စည်းမျဉ်းတွေကို တည်ဆောက်တဲ့သူတွေ။ ဒီလို ဖြစ်တော့ကော ဘာဖြစ်လဲ။ သောက်ကျိုးနဲ စည်းမျဉ်းတွေ။
ဖန်ကျန်းရှီက မျှော်စင်ရဲ့ အလွှာတွေ အတားအဆီးတွေကို ဖြတ်ကျော်ပြီး တက်ဖို့ စိတ်မဝင်စားဘူး။ မင်းက ငါတို့ကို လက်မခံ ချင်ဘူး ပေါ့။ လွယ်ပါတယ်။ မင်း ငါတို့ကို ထွက်တွေ့တဲ့ အထိ မွှေနှောက်ပြစ်မယ်။ ဒါတောင် ထွက်မလာသေးရင်၊ လင်းယွမ် မျှော်စင်ကို ဆုတ်ဖြဲပြစ်မယ်။ မီးရှို့မယ်။ လုယက်မယ်။ ဓားပြတိုက်မယ်။
ကောက်ကျစ်တဲ့ လင်းယွမ် မျှော်စင်ကြီး ဘယ်လောက် သည်းခံ နိုင်မလဲ ဆိုတာကို သိချင်တယ်။ ဖန်ကျန်းရှီ ရှေ့ကို လျှောက်လာတဲ့ အချိန် သူ့ခန္ဒာကိုယ်ကနေ အနက်ရောင် မီးတောက်တွေ တောက်လောင်လာတယ်။ ကြောက်စရာ အငွေ့အသက်တွေနဲ့ သတ္တဝါကြီး တစ်ကောင်လို အသွင်ကို ဆောင်လိုက်တယ်။
“ဖန်ကျန်းရှီ ကံကို ယုံပြီးတော့ ဆူးပုံ မနင်းနဲ့။ နောက်ထပ် မလုပ်ရှားခင် နင် ပြန်စဉ်းစား။” ကျောက်စိမ်းလေးက ဖန်ကျန်းရှီရဲ့ အင်အားတွေကို တကယ်ပဲ သဘောကျမိတယ်။ အစပိုင်း အမူအကျင့်တွေကြောင့် ဖန်ကျန်းရှီရဲ့ စွမ်းအား အစစ်အမှန်ကို မယုံခဲ့ပေမယ့်ပေါ့။
“ဒီပန်းငါးပွင့်က ကြည့်လို့ လှသားပဲ။” ဖန်ကျန်းရှီကတော့ ကျောက်စိမ်းလေးကို လျစ်လျူ ရှုထားတယ်။ မျှော်စင်ပေါ်က ပန်းပွင့်ကြီး ငါးပွင့်ကိုသာ အာရုံ စိုက်နေခဲ့တယ်။
အနီ၊ အပြာ၊ အနက်၊ ရွှေရောင်၊ အစိမ်းရောင် ပွင့်ဖတ်တွေ ရှိတဲ့ ပန်းပွင့်တွေက ကြည်လင်နေတဲ့ ဝတ်ဆံတွေလည်း ရှိတယ်။ နေရောင်အောက်မှာ တလက်လက် တောက်ပ နေကြတယ်။ သာမာန် ပန်းပွင့်တွေနဲ့ မတူဘူး။ ဒါတွေ ဘယ်နေရာမှာ သုံးမှန်း မသိပေမယ့်၊ ဒါတွေကို ဘယ်လိုသုံးရမှန်း မသိသေး ပင်မယ့်၊ တစ်နေ့မှာတော့ ဘယ်လို သုံးရမှန်း သိတဲ့ သူနဲ့ တွေ့မယ် ဆိုတာတော့ သေချာတယ်။
အလုပ်မဖြစ်ရင်၊ မီးဖိုထဲ ပြစ်ထည့်ပြီးတော့ ဆေးလုံး လုပ်လိုက်မယ်။ ပြီးရင် စားပြစ်မယ်။ ဒီတော့ အလကား မဖြစ်တော့ဘူး။
“ပန်းပွင့်တွေတဲ့လား။ အတင့်ရဲလိုက်တာ။” ကျောက်စိမ်းလေးက ဖန်ကျန်းရှီရဲ့ စကားတွေနဲ့ အပြုအမူတွေကြောင့် ချက်ခြင်း သူမရဲ့ ဓားကို ဆွဲထုတ်လိုက်တယ်။ “ပင်းယန် မင်းသမီးနဲ့ ရှဧကရာဇ်ကို အရင်ဆုံး တိုက်ခိုက်။”
“အမိန့် အတိုင်းပါ။” ဝတ်ရုံဖြူ အမျိုး သမီး နှစ်ယောက် ချက်ခြင်း လှုပ်ရှားတယ်။
“မဟာ လင်းယွမ် မျှော်စင်ကြီးက ဘယ်လိုများ ဒီလောက်တောင် တုံးအ ရတာလဲ။”
“ခဘွန်း။”
ဖန်ကျန်းရှီ ပြောပြီးတဲ့ အချိန်မှာပဲ နားကန်းမတတ် ပေါက်ကွဲသံကြီးက လင်းယွမ် မျှော်စင်ရှေ့မှာ ပေါ်လာတယ်။ ကြီးမားလွန်းတဲ့ အနက်ရောင် ရုပ်တုကြီးက လေထဲမှာ ဖြစ်တည်လာတယ်။ ဒီပုံရိပ်ကြီးက အရိပ်တွေ စုစည်းပြီးတော့ ဖြစ်လာတဲ့ ရုပ်တုကြီးလိုပဲ။ မီတာ သုံးဆယ်ကျော် မြင့်မားပြီးတော့ သွေးနီရောင် မျဉ်းတွေက သူ့ရဲ့ အနက်ရောင် သံချပ်ကာပေါ်မှာ ပြေားလွှားနေတယ်။ ဖန်ကျန်းရှီရဲ့ ပုံစံ ပြောင်းတာက ပြီးပြည့်စုံ သွားပြီ။ မီးတောက်နက်တွေ့ ကောင်းကင် အထိကို တိုးတက်သွားတယ်။
ကြောက်စရာ အကောင်းဆုံးကတော့ ဒီအနက်ရောင် အရိပ်ကြီးမှာ အရောင် ငါးရောင်နဲ့ သံကြိုးတွေ တကိုယ်လုံး ပြည့်နေတာပဲ။ ဒါက သေရှင် ငရဲ သံကြိုးတွေ၊ ကြောက်စရာ သွေးမှုန်တွေက အနက်ရောင် ပုံရိပ်ကြီးကနေ ဖြာထွက်နေတယ်။
“အဲ့တာ ဘာကြီးလဲ။”
ဝတ်ရုံဖြူကော ဝတ်ရုံစိမ်းတွေပါ ဒီအနက်ရောင် ပုံရိပ်ကြီးကို ကြည့်ရင်းနဲ့ ပြောမိကြတယ်။ သူတို့ အားလုံး သူတို့ မျက်လုံးကို မယုံနိုင်ကြဘူး။
“အဲ့တာ ကောင်းချီးခံ သွေးမျိုးနွယ်လား။”
“ကြည့်ရတာ ကောင်းကင် နတ်ဘုရား သွေးမျိုးနွယ်နဲ့ တူတယ်။”
“မဟုတ်သေးဘူး။ ဖန်ကျန်းရှီမှာ ကောင်းချီးခံ သွေးမျိုးနွယ်မှ မရှိပဲ။”
ဝတ်ရုံဖြူ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ကောက်ချက် ချလိုက်ာကတယ်။ လင်းမုပိုင်နဲ့ ပင်းယန်လည်း မျက်လုံး ပြူးနေကြတယ်။ သူတို့တွေက ဖန်ကျန်းရှီနဲ့ အရင်းနှီးဆုံး လူတွေလေ။ ဖန်ကျန်းရှီက ကြီးမြတ်သော ရှနိုင်ငံတော်မှာ မွေးတဲ့သူ။
“ရွှမ်ကောင်းကင် တာအို ခန္ဒာကိုယ်လား။ ကောင်းချီးခံ သွေးမျိုးနွယ်။ ဒါမျိုးတွေ သူ့မှာ ရှိတယ်လား။” ဧကရာဇ် လင်းမုပိုင်ကတော့ မယုံနိုင်လွန်းလို့ လန့်နေပြီ။
ဖန်ကျန်းရှီက မြင်ရုံနဲ့ တခြား နည်းလမ်းတွေကို တတ်မြောက်နိုင်တာကို အံ့သြ မနေတော့ဘူး။ သူ့ရဲ့ ဉာဏ်ရည်က အရမ်း မြင့်တယ်လေ။ ဒါပေမယ့် ကောင်းချီးခံ သွေးမျိုးနွယ် ရှိနေတာကတော့ မယုံနိုင်စ ရာပဲ။ ဖန်ကျန်းရှီရဲက အစွမ်းတွေကို သူအကြိမ်ကြိမ် မြင်ဖူးခဲ့တယ်။ ဒါပေမယ့် ဒီလို သွေးမျိုးနွယ် ရှိနေတာ တစ်ခါမှ မတွေ့ခဲ့ပါဘူး။ ဖန်ကျန်းရှီက ဖန်တီး လိုက်တာလား။
ဒါ ဘယ်လိုလုပ် ဖန်တီးလို့ ရတာလဲ။
လင်းမုပိုင် သူ့ရဲ့ လောက အမြင်တွေ အသစ်ပြောင်းသွား သလို ခံစားရတယ်။ ပင်းယန်လည်း အတူတူပဲ။ သူမက ဖန်ကျန်းရှီနဲ့ အချိန် အတော်များများ ဖြတ်သန်း ခဲ့ပေမယ့် သူ့မှာ ကောင်းချီးခံ သွေးမျိုးနွယ် ရှိနေတာကို တစ်ခါမှ မသိခဲ့ပါဘူး။
“ဒီအရှက်မရှိတဲ့ ကောင်စုတ်က ငါ့ကို သတင်းအမှောင် ချထားတာပဲ။” ပင်းယန် ဒေါသ ထွက်နေတယ်။ လှည့်စား ခံရသူ တစ်ယောက်လို ခံစား နေရတယ်။ အရာအားလုံးကိုပဲ။
ဖန်ကျန်းရှီကတော့ မပြောင်းလဲဘူး။ အခုချိန်မှာ လင်းမုပိုင်နဲ့ ပင်းယန်ကို ရှင်းပြဖို့ တွေးလည်း မတွေးမိဘူး။ ဒါပေါ့။ သူတို့ရဲ့ ခံစားချက်ကိုလည်း သူမှ နားမလည်ပဲ။ အခုချိန် သူ့စိတ်ထဲမှာ လင်းယွမ် မျှော်စင်ကို လက်သီး တစ်ချက်တည်းနဲ့ ဖြုပြစ်ဖို့ပဲ တွေးနေခဲ့တယ်။ ပြီးတော့ ပန်းနည်းနည်းလောက်လဲ ယူသွားမယ်။
“ဂျိန်း။” ဖန်ကျန်းရှီ ဒူးကွေးညွှတ်ရင်း အရှိန်ယူပြီးတော့ မျှော်စင်ပေါ်က ပန်းတွေ ရှိတဲ့ နေရာဆီကို ခုန်လိုက်တယ်။
“မဖြစ်ဘူး ရပ်လိုက်။” ကျောက်စိမ်းလေး အော်တယ်။ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ကျောက်စိမ်းလေးက ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ ပြင်တယ်။ ဝတ်ရုံဖြူနဲ့ ဝတ်ရုံစိမ်း တွေကလည်း ပင်းယန်နဲ့ လင်းမုပိုင်ကို ဆက်တိုက် ထိုးနှက်တယ်။
“ဝူး။” အပြာရောင် အလင်းတန်းက ဖန်ကျန်းရှီကို ဝန်းရံ ပြီးတော့ ကန်ရေပြင်လို လှိုင်းဂယက်လေးတွေ ထလာတယ်။ အဲ့ဒိ့နောက် ကျောက်စိမ်းလေးနဲ့ ဝတ်ရုံဖြူ ဝတ်ရုံစိမ်းတွေ အကုန်လုံး ထိန်းချုပ် ခံလိုက် ရတယ်။ သူတို့တွေ တစ်ခုခုနဲ့ တားဆီး ခံလိုက်ပြီးတော့ ပိတ်ဆို့ သွားသလိုပဲ။
“အဲ့တာ ကောင်းကင် တာအိုပဲ။”
ကျောက်စိမ်းလေးနဲ့ တခြား ဝတ်ရုံဖြူ နှစ်ယောက်လည်း မခံချိ မခံသာ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီ ကောင်းကင် တာအိုကို သုံးနိုင်တာ သူတို့ သိပေမယ့်၊ ဖန်ကျန်းရှီက ကောင်းကင် တာအိုကို ဒီလို နည်းလမ်းနဲ့ သုံးသွားမယ်လို့ မထင်ထား ခဲ့မိဘူး။
သူတို့ လုံး၀ မထင်မှတ် ထားခဲ့တာကတော့ ဖန်ကျန်းရှီက သူတို့ကို ချုပ်နှောင်ပြီးတဲ့ နောက်မှာ တစ်ချက်လေးတောင် အာရုံ မစိုက်တော့ဘူး။ ကျောက်စိမ်းလေးကို ကွေ့ပတ် သွားပြီးတော့၊ ပန်းငါးပွင့်ကို ခူးလိုက်တယ်။ ကျောက်စိမ်းလေးနဲ့ တခြားသူတွေက သူ့ကို မမြင်ကြတဲ့ အတိုင်း ရဲရဲ တင်းတင်းကြီးကို လုပ်ဆောင်နေတယ်။
သူတို့ တကယ့်ကို စိတ်ထဲမှာ ထိခိုက် နာကျင်ရတယ်။
“ပန်းပွင့်တွေ။”
“ငါးရောင်ခြယ် ပန်းပွင့်တွေ အခိုးခံရပြီ။”
အပိုင်း (၇၈၁) ပြီး၏။
အပိုင်း(၇၈၂)
“လင်းယွမ် မျှော်စင်ကို လက်သီး တစ်ချက်တည်းနဲ့ ဖျက်စီးခြင်း။”
ကျောက်စိမ်းလေးနဲ့ အပေါင်းအပါတွေကတော့ ဖြူဖျော့ သွားခဲ့တယ်။
ဖန်ကျန်းရှီက သူတို့ကို မလှုပ်နိုင်တဲ့ အခြေအနေ ဖြစ်အောင် လုပ်ထားတဲ့ အပြင် တစ်စက်မှလည်း ဂရုမစိုက်ပဲ လုပ်ချင်သလို လုပ်ပြီးတော့ အပြစ် ပြု နေခဲ့တယ်။
ဒီအတိုင်းသာ ဆက်သွားရင် သူတို့တွေ ဒေါသ အထွက် လွန်ပြီးတော့ သေသွားနိုင်တယ်။ ငါးရောင်ခြယ် ပန်းကလည်း ဖန်ကျန်းရှီရဲ့ လက်ထဲကို ရောက်သွားပြီ။ ဒီကိစ္စကလည်း သူတို့ မျက်စိရှေ့တည့်တည့်မှာ ဖြစ်သွားတာပဲ။
သိက္ခာကို ထိခိုက်တာထက် စိတ်ထဲမှာ ကြောက်လန့် နေတာက ပိုပြီးတော့ ဆိုးတယ်။ ဒီပန်းပွင့်တွေက လင်းယွမ် မျှော်စင်အတွက် ဘယ်လောက်တောင် အရေးပါမှန်း သူတို့တွေ အားလုံး သိတယ်။
ဖန်ကျန်းရှီက ဒါတင် အသုံး မသတ်သေးဘူး။ လင်းယွမ် မျှော်စင် တပည့်သားတွေရဲ့ စိတ်နှလုံးသားထဲမှာ ကြောက်လန့်စိတ်တွေ ပြည့်နှက်လာတယ်။ ဖန်ကျန်းရှီက လင်းယွမ် မျှော်စင်ရဲ့ ပထမ အလွှာကို ခြေချလိုက်ပြီးတော့ လေထဲမှာ ခုန်လိုက်တယ်။
“ဝူး။” နေမင်းကြီးကိုတောင် သူ့ရဲ့ ခန္ဒာကိုယ်ကြီးက ဖုံအုပ်သွားတယ်။
“သူက ဘာလုပ်ချင် နေတာလဲ။ မဖြစ်ဘူး။”
“ရပ်လိုက်။”
ကျောက်စိမ်းလေးနဲ့ အပေါင်းအပါတွေက ဖန်ကျန်းရှီကို ရပ်တန့် ချင်ပေမယ့် အသုံးမဝင်ဘူး။ သူတို့မှ မလှုပ်ရှားနိုင်ပဲ။ ဒါကြောင့် အသံကုန် အော်ဟစ် နေရုံသာ တတ်နိုင်တယ်။ အဆုတ်ကွဲမတတ် အော်ဟစ်ရင်းနဲ့ အံ့ဖွယ်ရာ တစ်ခုခု ဖြစ်လာမှာကို စောင့်ဆိုင်းနေခဲ့တယ်။ ဒါက တကယ် ဖြစ်နေမှန်းတောင် မယုံနိုင်ဘူး။
အနက်ရောင် ပုံရိပ်ကြီးက လက်သီးတစ်ချက် ထိုးချလိုက်တယ်။ ဒီလက်သီး တစ်ချက်က သွေးနီရောင် တောက်နေပြီးတော့ အနက်ရောင် မီးတောက်တွေနဲ့ လွှမ်းခြုံထားတယ်။
ဒီလက်သီးချက်က လင်းယွမ် မျှော်စင်ရဲ့ ၇လွှာနဲ့ ရှစ်လွှာကြားက နေရာအလွတ်ကို ကျရောက်တယ်။ ဥက္ကာပျံ တစ်လုံးက တောင်ကြီးကို ဝင်တိုက် သလိုပဲ။
“ဝုန်း။” နားကွဲမတတ် အသံကြီးက လေထု တစ်ခုလုံးကို ကွဲထွက်မတတ် ဖြစ်စေတယ်။
မီးတောက်တွေက လမ်းမှာ ရှိတဲ့ အပင်တွေ အားလုံးကို ပြာချ ပြစ်လိုက်တယ်။ တကယ့်ကို လန့်စရာ မြင်ကွင်းပဲ။ ကျောက်စိမ်းလေးနဲ့ အမျိုးသမီးတွေ အားလုံး ထိတ်လန့် နေကြတယ်။
“သူတကယ်ပဲ လုပ်ဝံ့တယ်။ လင်းယွမ် မျှော်စင်ရဲ့ ရှေ့မှာ သူ့ရဲ့ အင်အားကို တကယ်ပဲ ဒီလို ထုတ်ဖော် ဝံ့တယ်။ သေရမှာကိုတောင် မကြောက်ဘူးလား။” ကျောက်စိမ်လေး ဒီလို လူမျိုး လောကမှာ ရှိနေတာကို မယုံနိုင်ဘူး။
ဒါမှမဟုတ် ဒီလူက ရူးသွပ်နေတာ ဖြစ်လိမ့်မယ်။ သေချင် နေတာလည်း ဖြစ်နိုင်တယ်။
“ဒီကောင်စုတ် တကယ်ပဲ လုပ်ဝံ့တာပဲ။” လင်းမုပိုင် မျက်လုံးတွေ ပြူးကျယ် နေခဲ့တယ်။ ကြီးမြတ်သောရှရဲ့ အုပ်ချုပ်သူ အနေနဲ့၊ သူက ပုံမှန် အခြေအနေ အတိုင်းမှာ တည်ငြိမ်တယ်။
ဒါပေမယ့် အခုလို အဖြစ်မျိုးကို ကြုံရတဲ့ အချိန်မှာတော့ သူ့ရဲ့ သွေးကြောတွေ ထောင်ထွက်လာတဲ့ အထိကို အံ့သြ နေခဲ့တယ်။
လင်းမုပိုင် ဒီလို မယုံနိုင်စရာ ကိစ္စတွေကို တနေ့ထဲမှာ အကြိမ်ကြိမ် ကြုံရတဲ့ အတွက် အံ့သြရ လွန်းလို့တောင် ထုံထိုင်း နေခဲ့ပြီ။ သူ့ဘဝမှာ ဒါမျိုးကို ဘယ်တော့မှ မလုပ်နိုင်ဘူး။ စွမ်းရည်ကြောင့်ကော၊ ဂုဏ်ပုဒ်ကြောင့်ပါ သူ့ရဲ့ ဘဝကို အမြဲတမ်း လွန်ဆွဲပြီးတော့ နေလာ ခဲ့ရတယ်။
“မျှော်စင်ကို လက်သီး တစ်ချက်တည်းနဲ့ အလဲထိုး ပြစ်မယ် ဟုတ်လား။ ဒီအရှက်မရှိတဲ့ ကောင်စုတ်က အမြဲတမ်း အတင့်ရဲ နေတာပဲ။ ဒါပေမယ့် ဘာဖြစ်လို့ မျှော်စင်ကြီးက အခုထိ မပြို သေးတာလဲ။” ပင်းယန် အသက်ပြင်းပြင်း ရှူရင်း တအံ့တသြ ပြောနေတယ်။
ဒါပေါ့၊ ဒီလို ထူးဆန်းတဲ့ ခံစားချက်ကို ဖန်ကျန်းရှီလည်း ခံစား နေရတယ်။ အဲ့တာ ဘာကြီးလဲ။ ကိစ္စတွေ အစီအစဉ် အတိုင်း ဖြစ်မလာ ပြန်ဘူး။
ဖန်ကျန်းရှီ ဒီလောက်တောင် အင်အား အများကြီး စိုက်ထုတ်ထားတာ၊ လင်းယွမ် မျှော်စင်ကို အမှုန့် ဖြစ်အောင်တောင် လုပ်နိုင်တယ်။ ဒါပေမယ့် အခုတော့ မျှော်စင်က တစ်လက်မလေးတောင် ပဲ့မသွားဘူး။ ဒါ့အပြင် အုတ်တချပ်တောင် အက်ရာ မထင်။
ပထမဆုံး အနေနဲ့၊ ဖန်ကျန်းရှီ သူအတွက်အချက် လွဲသွားတာကို အံ့သြ နေမိတယ်။ ဒါတွေ ဘယ်လိုများ ဖြစ်လာ ရတာလဲ။ တောင်စဉ် ကိုးသွယ်လိုမျိုး ကျောက်ရည်ပူတွေကနေ လုပ်ထားတဲ့ ကျောက်တုံးကြီးတွေ၊ သံမဏိထက် မာကျော တာတွေတောင်၊ သူ့လက်သီးနဲ့ ထိုးလိုက်ရင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွား သေးတာပဲ။
လင်းယွမ် မျှော်စင်က ရွှေနဲ့ ကျောက်စိမ်းပဲ သုံးပြီး ဆောက်ထားတာ အသိသာကြီးလေ။ ဘယ်လိုများ သူ့ စွမ်းအားကို ခံနိုင်ရည် ရှိနေတာလဲ။
ဖန်ကျန်းရှီ မျက်တောင် ခတ်ရင်း နံရံမှာ အက်ကွဲကြောင်းကို ရှာဖို့ ကြိုးစားတယ်။ သူ့ကိုယ်သူ စိတ်ချ ရစေမယ့် တစ်ခုခုကို ရှာတယ်။ ဒါပေမယ့် အမှန်တရားကတော့ နာကျင်စရာ ကောင်းတယ်။
တကယ်ဆို လင်းယွမ် မျှော်စင်က အမှုန့်တွေ ဖြစ်သွားပြီးတော့ မျှော်စင်ကြီး တစ်ခုလုံးလည်း လွင့်ထွက် သွားရမှာလေ။
“ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ ပါးတွေတောင် နီရဲလာတယ်။ မျှော်စင်ကို လက်သီး တစ်ချက်တည်းနဲ့ ဖျက်စီးဖို့ လုပ်ခဲ့ ပေမယ့်၊ အဆုံးသတ်မှာတော့ မျှော်စင်က ဒီအတိုင်း ရှိနေဆဲ။ အကယ်၍ ဒီလို ဖြစ်မယ်မှန်းသာ အစကနေ သိခဲ့ရင်၊ အားလုံးကို အရင်ဆုံး အနိုင်ယူ လိုက်ပါတယ်။ မဟုတ်ရင် အခုလို သူတို့ရှေ့မှာ ဟာသ မဖြစ်တော့ဘူး။
မဖြစ်ဘူး။ နောက်တစ်ခေါက် ကြိုးစားရမယ်။ ဖန်ကျန်းရှီ သူ့ရဲ့ အရှုံးကို လက်မခံ နိုင်ဘူး။ ဒါကြောင့် မျှော်စင်ကို နောက်တစ်ခေါက် လက်သီးနဲ့ ထိုးပြန်တယ်။ ၆လွှာကို လက်သီးနဲ့ ထိုးချလိုက်တယ်။
လင်းယွမ် မျှော်စင်က သူ့ရဲ့ ရူးရူးသွပ်သွပ် လက်သီးချက်တွေကို လက်ခံ နိုင်မယ်လို့ မထင်ထား မိဘူး။
“ဝုန်း။” လောကကြီး တစ်ခုလုံးက တုန်ခါ နေတယ်။ ဖန်ကျန်းရှီရဲ့ လက်သီးချက်က တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ ဒါပေမယ့် မျှော်စင်က ဘာကြောင့်များ အခုထိ ဆက်ပြီးတော့ တည်ရှိ နေတာလဲ။
အုတ်ချပ်လေး တစ်ချပ်တောင် မကျလာဘူး။ ဖန်ကျန်းရှီရဲ့ မျက်နှာကတော့ ဒေါသကြောင့် နီရဲ နေခဲ့ပြီ။ ကျောက်စိမ်းလေးနဲ့ အပေါင်းအပါတွေကတော့ ပါးစပ် အဟောင်းသားနဲသာ ကြည့်နေကြတယ်။ လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ ရူးသွပ် နိုင်ရတာလဲ။ သူတို့တွေ ကြည့်ရင်းနဲ့ ဒေါသ ထွက်လာတယ်။
ပင်းယန်ကတော့ သတိ ဝင်လာပြီးတော့ ရုတ်တရက် အားပေးတော့တယ်။
“ဆက်လုပ် ဆက်လုပ် ထိုးချပြစ်။ ငါ၊ မင်းသမီး နောက်ကနေ ထောက်ပံ့နေတယ်။ လက်သီး တစ်ချက်တည်းနဲ့ မလဲရင် ဆယ်ချက် အချက်တစ်ရာ ထိုးပြစ်။” ပင်းယန် အော်ဟစ် အားပေးနေတယ်။
“ဆယ်ချက် အချက်တစ်ရာ ဟုတ်လား။ ဒီလို လက်သီး ထိုးရတာ လွယ်တယ်များ မှတ်နေတာလား။” ဖန်ကျန်းရှီ ခါးသက်သက် ပြုံးလိုက်တယ်။ အစတည်းကနေ ပြင်ဆင်ထားတာတောင် အခုလို ရှုံးနိမ့် ရသေးတယ်။ လောကကြီးမှာ တစ်ခါတလေ ကံကောင်းဖို့လည်း လိုသေးတယ်။
လင်းယွမ် မျှော်စင်က လျှို့ဝှက်ချက် ရှိနေတာ များလား။ ဖန်ကျန်းရှီ အတွေး မလွန် ချင်ဘူး။ နောက်ထပ် ကောက်ချက်ချ စရာ သတင်း အချက်အလက် မရှိတော့တာကြောင့် ရပ်တန့်လိုက်တယ်။ အခုချိန်မှာ ကစားပွဲကို ပြောင်းပြန် လှန်ပြစ်ဖို့ လုပ်ရမယ်။ တခြား နည်းလမ်း တစ်ခုကို သုံးရမယ်။
ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်တယ်။ ရူပဗေဒမှာ သူသင်ဖူးတယ်။ ထိတွေ့တဲ့ မျက်နှာပြင် ပိုပြီးတော့ ပိုများရင်၊ အင်အားက နေရာ တစ်ခုလုံးကို ပျံ့သွားလိမ့်မယ်။ ဒါကြောင့် ပျက်စီးမှု အများဆုံးကို ဖြစ်နိုင်ဖို့ တစ်နေရာတည်းကို အားစိုက်ထုတ်ရမယ်။
ဖန်ကျန်းရှီ သူ့ခန္ဒာကိုယ်ကို ပုံမှန် အရွယ်စား ပြော်ငးလိုက်တယ်။ သူ့ခန္ဒာကိုယ်ရဲ့ သံချပ်ကာနဲ့ ရွှေရောင် အနီရောင် အမှတ် အသားတွေက ပိုပြီးတော့ ထင်ရှား သိပ်သည်း ကျစ်လစ်လာတယ်။
မီတာ သုံးဆယ် မြင့်မားတဲ့ ပုံစံကြီးက အထင်ကြီးစရာ ကောင်းတယ်။ ပုံမှန် အရပ် အမြင့်ကတော့ သူ့ရဲ့ အင်အားတွေကို အပြည့်အ၀ သုံးလို့ ရစေတယ်။ ဖန်ကျန်းရှီ ဒါကို သိပေမယ့်၊ ဘီလူးကြီးလို ပုံစံက ကြောက်စရာ ကောင်းတာကြောင့် ပို သဘောကျတယ်။
မိစ္ဆာလို မီးတောက် အနက်ကြီးတွေက လေထဲကို ဖြာတက်လာတယ်။ ကောင်းကင် တဝက်ကိုတောင် လောင်ကျွမ်ေးတာ့မယ့် အတိုင်းပဲ။ သွေးနီရောင် အလင်းတန်းတွေက အနက်ရောင် သံချပ်ကာ ပတ်လည်မှာ လှည့်ပတ်နေရင်း ထူးဆန်းတဲ့ အငွေ့အသက်တွေကို ထုတ်လွှတ် နေခဲ့တယ်။
“သတ်။” ဖန်းကျန်းရှီ အော်ဟစ်တယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းက သူ့လက်ထဲမှာ ပေါ်လာတယ်။ ဒါက ခရမ်းရောင် အလင်းတန်းတွေ ထွက်နေတဲ့ ခြေရာမဲ့ ဓားပဲ။
ဓားကို သူနဲ့ သယ်လာ နိုင်လို့ တော်သေးတယ်။ ဖန်ကျန်းရှီမှာ တခြား ရွေးစရာ မရှိတော့ဘူး။ လင်းယွမ် မျှော်စင်ကို ဖြတ်ကျော် နိုင်ဖို့ အားနည်းချက်ကို ရှာဖို့ လိုရုံတင် မကဘူး၊ အထက်ရှဆုံး လက်နက်လည်း လိုအပ်တယ်။
အလယ် ပေါင်းအိုးကြီးထဲကနေ ထွက်လာပြီးတဲ့ အချိန်မှာ ပထမဆုံး ခြေရာမဲ့ဓားကို ကိုင်တာပဲ။ ဖန်ကျန်းရှီလည်း ခြေရာမဲ့ဓားက ထွက်ပေါ် လာနေတဲ့ စိတ်လှုပ်ရှား မှုတွေကို ခံစားလို့ ရနေတယ်။
ဗိုက်ဆာနေတဲ့ ကလေး တစ်ယောက်ကို ချီထားပြီးတော့ စားသောက်ပွဲကြီး ရှေ့ကို ခေါ်လာ ရသလိုပဲ။
ဓားတစ်လက်ရဲ့ ဝိဉာဉ်တဲ့လား။ ဖန်ကျန်းရှီ နှလုံးခုန်သံတောင် ရပ်တန့်တော့ မလိုပဲ။ ခြေရာမဲ့ဓားရဲ့ စိတ်ကို အမြဲတမ်း ခန့်မှန်း တွက်ချက် ခဲ့တယ်။ အခုတော့ ဒီလို လုပ်စရာ မလိုတော့ဘူး။
ခြေရာမဲ့ ဓားရဲ့ ခံစားချက်နဲ့ အတွေးတွေကို သူဖတ်နိုင် နေပြီ။ ဒါက အသစ်ဝင်လာတဲ့ အသိဉာဏ် တစ်ခုပဲ။ ဒီခံစားချက်က သွေးနဲ့ စစ်ပွဲတွေကို အရမ်း လိုလား တောင့်တ နေတယ်။
ခြေရာမဲ့ဓားကို သူကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ ဒါကို အများကြီး မတွေးချင်တော့ဘူး။ ဓားရဲ့ သတ်ဖြတ်လိုစိတ်တွေကို ခံံစား မိနေတာက လွဲပြီးရင် သူနဲ့ အရမ်းကို သင့်တော်နေတယ်။
နတ်ဆိုးလို အလင်းတန်းက ကောင်းကင်ကြီးပေါ်ကို ထိုးတက်လာတယ်။ အနီရောင် အမှတ်အသားက ခြေရာမဲ့ဓားရဲ့ ဓားသွားကို ဖြတ်သန်းတယ်။
“ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်က နင့်ရဲ့ အသုဘမြေ ဖြစ်သွားလိမ့်မယ်။”
“လင်းယွမ် မျှော်စင်ကို ဖျက်စီးဝံ့တဲ့ အပြစ် အတွက် နင်သေရင် ချစရာ မြေတောင် မရှိစေရဘူး။”
“ရပ်စမ်း၊ အခု ချက်ခြင်း ရပ်စမ်း။”
ကျောက်စိမ်းလေးနဲ့ အပေါင်းအပါတွေက ဖန်ကျန်းရှီကို နောက်တစ်ခေါက် အော်ဟစ်ကြတယ်။ သူ့လက်ထဲမှာ ရှိတဲ့ ခြေရာမဲ့ ဓားက သူ့တို့ကို မသက်မသာ ဖြစ်စေတယ်။ ခြေရာမဲ့ဓားက ရူးသွပ်တဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေတယ်။ ဆိုးယုတ်ပြီး အရိုင်းဆန်တဲ့ အငွေ့အသက်ပဲ။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ခရမ်းရောင် တောက်နေခဲ့တယ်။ ဒီအရောင်က ခြေရာမဲ့ဓား အရောင်နဲ့ အတူတူပဲ။ ဖန်ကျန်းရှီ အတွက်တော့ သတိ ဝင်နေလျက်နဲ့ ဒီလို အဆင့်မျိုး ရောက်တာ ပထမဆုံးပဲ။
သူ့ကိုယ်သူ ဘယ်လို အခြေအနေ ရောက်နေမှန်းတောင် မသိဘူး။ ဒီအချိန်မှာပဲ လင်းယွမ် မျှော်စင်ကနေ ငွေရောင်လို တောက်ပနေတဲ့ ကြယ်အလင်းတန်း ဆင်းသက်လာတယ်။
“အတင့်ရဲလိုက်တာ။” အေးစက်စက် အသံနဲ့ အတူ ခရမ်းရောင် လူရိပ်လည်း လင်းယွမ် မျှော်စင် အပြင်ကို ရောက်လာတယ်။ ဒါကတော့ ခါးအထိ ဝဲကျနေတဲ့ ဆံပင်တွေနဲ့ မိန်းမလှ တစ်ယောက်။ သူ့ရဲ့ အမူအယာက အေးစက်တယ်။ မောက်မာတယ်။ ဒေါသရိပ်တွေ မျက်လုံးထဲမှာ လွှမ်းနေတယ်။ ကန်ယွဲ့။
လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ရန်မြို့တော် အပြင်မှာ ပေါ်လာခဲ့သူ။ ပင်းယန်ကို လင်းယွမ် မျှော်စင်ဆီ ခေါ်လာတဲ့သူ။ ကျောက်စိမ်းလေးနဲ့ အပေါင်းအပါတွေကို လက်ညှိုး ညွှန်ပြီးတော့ အလင်းတန်းလေး တစ်ချက်ကို ပြစ်လွှတ်လိုက်တယ်။
“ကန်ယွဲ့။” ဧကရာဇ် လင်းမုပိုင်ကတော့ ကန်ယွဲ့ ရုတ်တရက် ပေါ်လာတာကြောင့် လန့်သွားခဲ့တယ်။ တကယ်တော့ ဖန်ကျန်းရှီ ဒီလောက် သောင်းကျန်းထားတာ လာထိန်းတဲ့သူ ပေါ်လာမှာ အမှန်ပဲလေ။ ဟုတ်တယ်။ ဖန်ကျန်းရှီက ကန်ယွဲ့ကို ဒေါသမီး တောက်လောင်စေတယ်။
မောက်မာတဲ့ လင်းယွမ် မျှော်စင်ကို စိတ်ဆိုးအောင် လုပ်လိုက်တယ်။ ဒါက ဖန်ကျန်းရှီရဲ့ အစီအစဉ်တွေ ထဲက တစ်ခုပဲ။ လင်းယွမ် မျှော်စင်က သူတို့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေကို လျော့ချပြီးတော့ ချက်ခြင်း တိုက်ခိုက် လာအောင် လုပ်တာပဲ။
“ဝူး။” ကြယ်တွေက ကန်ယွဲ့ ခန္ဒာကိုယ်ကနေ ထွက်လာပြီးတော့ နဂါး ငွေ့တန်းကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ ကျောက်စိမ်းလေးနဲ့ တခြား မလှုပ်နိုင်ကြတဲ့ သူတွေလည်း သူတို့ ခန္ဒာကိုယ်ကနေ တောက်ပတဲ့ အလင်းတန်းတွေ ထွက်ပေါ် လာကြတယ်။ ကြယ်တွေ သူတို့ မျက်လုံးတွေထဲမှာ လှည့်ပတ်နေတယ်။
“ဂျွတ်ဂျွတ် ဂျွတ်။” အသံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ ငွေရောင် အလင်းတန်းက ပိုမို တောက်ပလာတယ်။
“ကန်ယွဲ့ သခင်မ။” ကျောက်စိမ်းလေးနဲ့ တခြားသူတွေ နောက်ဆုံး အတားအဆီးကနေ လွတ်သွားပြီ။ ကြောက်လန့်တကြား ချက်ခြင်း ဒူးထောက်ကြတယ်။
“အမှိုက်ထုပ်တွေ။” ကန်ယွဲ့ အော်လိုက်တယ်။ အဲ့ဒီ့နောက် ခြေရာမဲ့ဓားကို ကိုင်ထားတဲ့ ခရမ်းရောင် လူကို ကြည့်တယ်။ သူ့ကို ပြောတယ်။
“ဖန်ကျန်းရှီ၊ နင်အခုချိန်ထိ အသက်ရှင်နေမယ်လို့ မထင်ထား မိဘူး။ ကြည့်ရတာ တောင်စဉ် ကိုးသွယ်က ထျန်းရှင်း သေသွားတော့ အစွယ်ကျိုး သွားပြီ ထင်ပါတယ်။”
“ကန်ယွဲ့။ ယွိအာ ဘယ်မှာလဲ။ ယွိအာ လင်းယွမ် မျှော်စင်မှာ ရှိနေသေးလား။ သူငါ့ကို မတွေ့ချင်ရင်တောင်၊ သူ့သမီးကိုတော့ တွေ့မှာပါ။” ဧကရာဇ် လင်းမုပိုင် သူ့ရဲ့ စိတ်ကို အကုန် ဖွင့်ထုတ်ရင်း ပြောတော့တယ်။
အပိုင်း (၇၈၂) ပြီး၏။
အပိုင်း (၇၈၃)
“အောင်မြင်ပြီးတဲ့နောက် ဘယ်တော့မှ လက်မလွှတ်တော့ဘူး။”
“ပါးစပ် ပိတ်ထားစမ်း။ ငါ့ဆရာသခင်ကို နာမည် တပ်ခေါ်ခွင့် နင့်မှာ မရှိဘူး။” ကန်ယွဲ့က ဧကရာဇ် လင်းမုပိုင်ကို အေးစက်စက် ပြောတယ်။
“ဖန်ကျန်းရှီ နင်က ငါ့ကို ထွက်လာ ခိုင်းတာ မဟုတ်လား။ ငါဒီကိုရောက်နေပြီလေ၊ နင်ဘာလိုချင်လဲ။”
“ဟီး ဟီး။ ခန့်မှန်း ကြည့်လေ။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက ခရမ်းရောင် အလင်းတန်းကြောင့် ပိုပြီးတော့ သက်ဝင်နေတယ်။ ခရမ်းရောင် အလင်းတန်းကလည်း သူ့ရဲ့ သံချပ်ကာ တစ်ခုလုံးကို ဖြတ်သန်း စီးဆင်းနေတယ်။
“သူစကား ပြောပြီးတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီ လှုပ်ရှားတယ်။ ခရမ်းရောင် အလင်းတန်းက မျက်စိကန်းမတတ် ရှိန်နှုန်းနဲ့ ပျံထွက် လာပြီးတော့ ကန်ယွဲ့ဆီကို ရောက်လာတယ်။
“သခင်မ ကန်ယွဲ့ သတိထား။” ကျောက်စိမ်းလေးနဲ့ တခြားသူတွေ ဖန်ကျန်းရှီ ဒီလို တိုက်ခိုက် လာမယ်လို့ ထင်မထား ခဲ့မိဘူး။
ဖန်ကျန်းရှီ လုံး၀ အခိုင်အမာ ဆုံးဖြတ် ထားတဲ့ ပုံစံပဲ။ ကျောက်စိမ်းလေးနဲ့ တခြားသူတွေ ကန်ယွဲ့ ဘေးကို ချက်ခြင်း ပြေးလာကြတယ်။
သူတို့ရဲ့ ခန္ဒာကိုယ်တွေက ကန်ယွဲ့ အနားကို နီးကပ် လာချိန်မှာ ငွေဖြူရောင် အလင်းတန်းတွေ တောက်ပ လာပြီးတော့ ကန်ယွဲ့ကို စက်ဝိုင်းသဏ္ဍာန်နဲ့ ကာကွယ် ထားတယ်။ တောက်ပနေတဲ့ ကြယ်တွေလို မြင်ကွင်းက တကယ့်ကို ကြည့်လို့ လှတယ်။
ကန်ယွဲ့ကတော့ မလှုပ်ရှားဘူး။ ဖန်ကျန်းရှီရဲ့ ဓားကို ငွေရောင် အလင်းတန်း တစ်ချက်နဲ့ တုန့်ပြန်တယ်။ လက်နှစ်ဖက်လုံးက လက်မနဲ့ လက်ညှိုးကို လှု့ပ်ရှားလိုက်တယ်။
ကန်ယွဲ့ရဲ့ လှုပ်ရှားမှုနဲ့ အတူ ကျောက်စိမ်းလေးတို့ အဖွဲ့ရဲ့ ခန္ဒာကိုယ်က ငွေရောင် အလင်းတန်းတွေ ကျာပွတ်ကြီး တစ်ခုလို လှုပ်ရှားလာတယ်။
“ဂျိန်း။” ဖန်ကျန်းရှီရဲ့ ဓားက ဒီငွေရောင် အလင်းတန်းနဲ့ ထိတွေ့ တဲ့ အချိန် ရွံ့မြေ တစ်ခုထဲ နစ်ဝင်သလို နစ်မြုပ် သွားတယ်။ ခြေရာမဲ့ဓား လှုပ်ရှားဖို့တောင် ခက်နေခဲ့ပြီ။
ဖန်ကျန်းရှီကတော့ မျက်လုံးတွေကို မှေးလိုက်တယ်။ သူ့ရဲ့ စွမ်းအားတွေက ကန်ယွဲ့ထက် အားနည်းတယ် ဆိုတာကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။ တကယ်တော့ ကျောက်စိမ်းဝါး နယ်မြေကို တွေ့ထဲက ထူးဆန်းတဲ့ အဖြစ် တစ်ခုကို သူသတိထား မိတယ်။
အခုတော့ ငွေရောင် အလင်းတန်းာကိးကို မြင်လိုက်တော့ သူအဖြေရ သွားတယ်။ လင်းယွမ် မျှော်စင်က ကြယ်အလင်းတန်း တာအိုကို အကုန်လုံး သင်ယူ နိုင်ပြီးတော့ ဒီလိုမျိုး လက်လှုပ်ရုံနဲ့ ထိန်းချုပ်တာမျိုး မဖြစ်နိုင်ဘူး။
ဖန်ကျန်းရှီ နားမလည်သေးတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အားလုံးက အလိမ်အညာ တစ်ခုလည်း ဖြစ်နိုင်တယ်။
ကျောက်စိမ်းဝါး နယ်မြေ၊ ကြယ်အလင်းတန်းတွေ၊ ဒီမှတ်ဉာဏ်တွေက ဖန်ကျန်းရှီရဲ့ စိတ်ထဲကို ဝင်ရောက်လာတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက်ကတော့ အဆင့်တက်ပြီးတော့ ပြောင်းလဲ သွားတာပဲ။ နောက်တစ်ခု သတိထား မိတာက တံခါးစောင့်တဲ့ ပြန်လည် မွေးဖွားမှု အဆင့် တပည့်သား ငါးယောက်နဲ့ ထပ်ပြီးတော့ ထွက်လာတဲ့ တပည့်သား ၈ယောက် တပြိုင်တည်း ပူးတွဲ တိုက်ခိုက်ပြီးတော့ တာအို တစ်ခုတည်းကို သုံးတာ။ အခုလည်း ကန်ယွဲ့ ပေါ်လာပြီးတော့ ကြယ်အလင်းတန်း တာအိုကို သုံးနေပြန်ပြီ။
အမှန်ပဲ။
ကျောက်စိမ်းလေးနဲ့ တခြားသူတွေရဲ့ တာအိုက ပြောင်းလဲ နိုင်တယ်။
ဖန်ကျန်းရှီ သေချာ ကြည့်တယ်။ ကျောက်စိမ်းလေးနဲ့ တခြားသူတွေရဲ့ ခန္ဒာကိုယ်ပေါ်မှာ အလင်းတန်းတွေ တောက်ပ မနေဘူး။ တကယ်တော့ ကွန်ယက် ပုံစံ ဗျူဟာကို ဖန်တီး ထားရုံပဲ။ ဒါ့အပြင် သူ့အတား အဆီးကိုလည်း ကန်ယွဲ့ရဲ့ ကြယ်အလင်းတန်းက ဖောက်ပြစ်လိုက်တယ်။
ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ စိတ်ထဲမှာ သံသယတွေ များနေတယ်။ သူ့ဓားကို ဆက်တိုက် တွန်းပို့ နေတယ်။ နောက်ဆုံးမှာ အောင်မြင်မှာကို သူသေချာတယ်။ သူသာ ကောင်းကောင်း သန်မာရင်ပေါ့။
ဖန်ကျန်းရှီက ဖိအားတွေ အောက်ကို ရောက်နေတယ်။ လင်းယွမ် မျှော်စင်ကို ဖျက်စီးဖို့ လုပ်တာ ကျရှုံး ခဲ့ပြီးပြီ။ အခုတော့ ကန်ယွဲ့ကို တိုက်ခိုက်တာပါ မအောင်မြင်ရင် အရှက်ရလိမ့်မယ်။
ကန်ယွဲ့ သူ့ကို ဘယ်လို ခုခံ နေတယ် ဆိုတာ တွက်ချက်တယ်။ ဒါတောင်မှ ကန်ယွဲ့ကို အနိုင်ယူဖို့ မလွယ်သေးဘူး။ အကယ်၍ လူတစ်ယောက်သာ ကောင်းကောင်း အင်အားကြီးရင်၊ ပြိုင်ဘက် ဆယ်ယောက်ကို တစ်ခါတည်း အနိုင်ယူနိုင်တယ်။
“ငါမင်းကို ချိုးဖောက်ပြစ်မယ်။” ဖန်ကျန်းရှီ ဟိန်းဟောက်တယ်။ ဓားသွားက ခုတ်ချတဲ့ ပုံစံကနေ တရှိန်ထိုး ထိုးဖောက်တဲ့ ပုံစံကို ရောက်သွားတယ်။ ဓားထိပ်က ကန်ယွဲ့ မျက်နှာနားကို ကပ်လာတယ်။
“ဆုတ်ခွာ။” ကန်ယွဲ့ ဖြူဖျော့ သွားတယ်။ မျက်လုံးတွေမှာလည်း အကြောက်တရားတွေ ဖြတ်ပြေး သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို ခုန်ရှောင် ရုံသာ တတ်နိုင်ခဲ့တယ်။ သူမရဲ့ နောက်လိုက်တွေကို အမိန့်ပေးတယ်။
လူတိုင်းက တစ်ခဏ တွေေ၀ နေခဲ့ပင်မယ့် ခပ်မြန်မြန်ပဲ လငပ်ရှား ကြတယ်။ ကန်ယွဲ့၊ ကျောက်စိမ်းလေးနဲ့ တခြားတွေ သီသီလေး လွတ်မြောက် သွားခဲ့တယ်။ အခုတော့ တိုက်ပွဲက အဆုံးသတ် သွားပြီ။
ဟုတ်ကော ဟုတ်ရဲ့လား။ ဖန်ကျန်းရှီ သူ့ဓားကို ဆက်ပြီးတော့ လှုပ်ရှားနေတယ်။
“ထိုးဖောက်။” ခြေရာမဲ့ ဓားရဲ့ ဓားသွားက မြေပြင်ကို ထိုးခွဲ သွားတယ်။ ခြေရာမဲ့ဓားက ဒီကြယ်အလင်းတန်းတွေကို ချိုးဖောက် နိုင်ရုံတင် မကဘူး ဘယ်သူ့ကိုမှ မလွတ်အောင် လုပ်နိုင်တာကို သူသေချာသိတယ်။ ဒါက တကယ့်ကို ခြိမ်းခြောက်မှုအစစ်ပဲ။
“ဝုန်း။” ဓားက မြေပြင်ထဲကို ဝင်သွားတာနဲ့ ခရမ်းရောင် အလင်းတန်းတွေ မြေကြီးထဲကနေ ထွက်လာတယ်။ ထောင်ချီတြ့ အလင်းတန်းတွေက နဂါးတွေ ပုံစံနဲ့ ပြန်ထွက်လာတယ်။ ဒါက နဂါးရာချီ ဓားချက်ပဲ။
“အား။” ကျောက်စိမ်းရောင် ဝတ်ရုံနဲ့ အမျိုးသမိးက မြေပြင်ပေါ်ကို လဲကျ သွားတယ်။ သွေးတွေ သူမ ပေါင်နဲ့ ရင်ဘတ်မှာ စီးကျ နေပြီးတော့ တစ်ကိုယ်လုံး နီရဲ သွားတော့တယ်။
“အား။” အော်သံတွေက လေထဲမှာ ပျံ့နေပြီးတော့ အစိမ်းရောင် အမျိုးသမီးတွေ တစ်ယောက်ပြီး တစ်ယောက် လဲကျ ကုန်တော့တယ်။ ဒီမြင်ကွင်းက ပင်းယန်နဲ့ လင်းမုပိုင်ကို ကြောင်အ သွားစေတယ်။
ကန်ယွဲ့ ပေါ်လာပြီးနောက် ဖန်ကျန်းရှီရဲ့ဓား တိုက်ခိုက်တာ အထိ ဖြစ်သွားတာက မြန်ဆန်လွန်းတယ်။ အရမ်းကို လငပ်ရှား သက်ဝင်တယ်။ ဓားတစ်ချောင်းက တစ်ချက် လှုပ်ရှားရုံနဲ့ လူဒါဇင်ချီကို ဒဏ်ရာ ရစေတဲ့ အပြင် ကန်ယွဲ့ကိုပါ ဆုတ်ခွာ သွားစေတယ်။
“မျှော်လင့်ချက် ရှိပြီ။” ဧကရာဇ် လင်းမုပိုင် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရတယ်။ နောက်ဆုံးတော့လည်း ဒီအခိုက်အတန့်ကို သူမျှော်လင့် နေခဲ့တာလေ။
တစ်ခါ တုန်းကတော့ သူ့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို အရှင်လီချင်းဆီ ပုံအပ် ထားခဲ့ဖူးတယ်။ ဒါပေမယ့် အရှင်လီချင်းက နှစ်တွေ ကြာသွား ပေမယ့် သုခမိန် ဖြစ်မလာခဲ့ဘူး။
နောက်ဆုံးမှာတော့ အရှင်လီချင်းက သူ့ရဲ့ အစွမ်းအစတွေ အကုန်သုံးပြီးတော့ နိုင်ငံတော်ကို ကာကွယ်ခဲ့တယ်။ ပြီးတော့ အရှင်ရှဲ့လော့ လက်ထဲမှာ သေဆုံး သွားခဲ့ရတယ်။
အဲ့ဒီ့ အချိန်တုန်းက လင်းမုပိုင် တကယ့်ကို ဆောက်တည်ရာ မရ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လက်မလျှော့ခဲ့ဘူး။ မျှော်လင့်ချက်တွေအားလုံး ကုန်ဆုံး သွားပေမယ့် နောက်ထပ် ပြစ်မှတ် အသစ် တစ်ခုကို ရှာတွေ့ခဲ့တယ်။
ရန်ချန်လိ။ အရင်က အနောက်ပိုင်းလျန် ဒေသရဲ့ မင်းသားရန်။ ဒီတစ်ယောက်အပြင် သူအပြည့်အ၀ မယုံရဲသေးတာ နောက်တစ်ယောက်လည်း ရှိသေးတယ်။ အဲ့တာကတော့ ဖန်ကျန်းရှီပဲ။
မှန်တယ်။ လင်းမုပိုင်က သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို ရန်ချန်လိနဲ့ ဖန်ကျန်းရှီဆီ ပုံအပ် ထားခဲ့တယ်။ ဒါပေမယ့် နှစ်ဝက် စောင့်ဆိုင်း နေပြီးတဲ့ နောက်မှာတော့ ဖန်ကျန်းရှီ သေသွားပြီ ဆိုတဲ့ သတင်းကို ကြားလိုက် ရတယ်။
နောက်ဆုံးမှာတော့ ဧကရာဇ် လင်းမုပိုင်လည်း ထပ်မစောင့် နိုင်တော့ဘူး။
သူကြေကွဲခဲ့တယ်။ လင်းယွမ်မျှော်စင်ကို လာပြီးတော့ ပင်းယန်ကို ပြန်ခေါ်သွားဖို့ စိတ်ကူးခဲ့တယ်။ ဆယ်နှစ်ကျော် စောင့်ဆိုင်းခဲ့တဲ့ အမျိုးသမီးကို ယုံကြည်ပြီးတော့ နောက်ဆုံး မျှော်လင့်ချက် အပိုင်း အစလေးအတွက် တိုက်ခိုက်ရမယ်။ ၇ရက်။
၇ရက်လုံးလုံး လင်းယွမ် မျှော်စင် ရှေ့မှာ မလှုပ်မယှက် စောင့်ဆိုင်း ခဲ့တယ်။ အဲ့ဒီ့ အမျိုးသမီးကို တွေ့ဖို့နဲ့ ပင်းယန်ကို ပြန်ခေး သွားဖို့က လွဲပြီးတော့ တခြား ဘာကိုမှ မမျှော်လင့် ထားခဲ့ဘူး။ သူဆက်ပြီးတော့သာ စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်း နေခဲ့တယ်။
ဒါပေမယ့် သူဆက်ပြီးတော့ စောင့်စရာ မလိုတော့ဘူး။ ကန်ယွဲ့လည်း ပေါ်လာပြီ။ လင်းယွမ် မျှော်စင်လည်း အကြပ်အတည်း ဖြစ်နေခဲ့ပြီ။ လင်းမုပိုင်ကတော့ ဖန်ကျန်းရှီ ကန်ယွဲ့ကို ဖမ်းလာမှာ မျှော်လင့် နေခဲ့တယ်။
အစိမ်းရောင် အမျိုးသမီးတွေ ဒဏ်ရာ ရသွား ပြီးတဲ့နောက်၊ ခရမ်းရောင် အလင်းတန်းတွေက နောက်တစ်ခေါက် ပြန်စုဝေး လာတာကို တွေ့လိုက်ရတယ်။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ ခြေရာမဲ့ဓားရဲ့ ထိပ်ဖျားမှာ ပြန်ပေါင်းစုံ ကြတယ်။
“ထွက်ပြေးဖို့ ကြံနေတာလား။ ဒီလို လုပ်လို့ မရဘူးလေ။” အခုချိန်မှာ လင်းမုပိုင် ဘယ်လို တွေးနေမလဲ ဖန်ကျန်းရှီလည်း မစဉ်းစား တတ်ဘူး။ သူ့ရဲ့ နဂါး ရာချီ ဓားချက် မပြီး သေးတာပဲ သူသိတယ်။ ခြေရာမဲ့ ဓားက မူလထက် ဆယ်ဆ ပိုပြီးတော့ ကြီးမားလာတယ်။ ကန်ယွဲ့၊ ကျောက်စိမ်းလေးနဲ့ တခြားသူတွေ ဆီကို ရောက်လာတော့တယ်။
“ဝုန်း။” ကျောက်စိမ်းလေးနဲ့ တခြား ဝတ်ရုံဖြူ အမျိုးသမီးတွေ လွင့်ထွက် လာပြီးတော့ သွေးအန်တာ့တယ်။ သူတို့တွေတင် မကဘူး။ ကန်ယွဲ့ မျက်နှာ တစ်ခုလုံးလည်း ဖြူဖျော့ နေခဲ့ပြိ။ သူမရဲ့ အေးစက်စက် မျက်နှာမှာ မြူနှင်းတွေ ထပ်ဖုံး သွားသလိုပဲ။
“ခဘွန်း။” ကြီးမားတဲ့ အက်ကွဲရာကြီးက မြေပြင်မှာ ပေါ်လာတယ်။ ခြေရာကြီး တစ်ခုလည်း တပြိုင်နက်တည်း ပေါ်လာတယ်။ ကန်ယွဲ့ကတော့ ခေါင်းမော့ရင်း ဖန်ကျန်းရှီကို မယုံနိုင်တဲ့ အကြည့်နဲ ကြည့်နေခဲ့တယ်။
နှစ်ဝက်။ နှစ်ဝက် အချိန်လေးမှာ သူဘယ်လိုများ အောင်မြင် ခဲ့တာလဲ။ သုခမိန် အဆင့်ကို ရောက်သွားရုံတင် မကဘူး။ ကြောက်စရာ ကောင်းလောက်အောင်လည်း အင်အား ကြီးသေးတယ်။ ဒီလို အဖြစ်က ဘယ်လိုများ ဖြစ်နိုင် ရတာလဲ။
ကန်ယွဲ့ လက်မခံ ချင်ဘူး။ လင်းယွမ်မျှော်စင်က ထွက်မလာချိန် အချိန်မှာ အနိုင်ရဖို့ သူလုံးဝကို မျှော်လင့် ထားခဲ့တာ။
အနည်းဆုံးတော့ ဖန်ကျန်းရှီနဲ့ လက်ရည် တူပြီးတော့ သူ့ကို ဒဏ်ရာ ရအောင် လုပ်နိုင်မယ်လို့ တွေးခဲ့တယ်။ သိပ်မကြာခင်မှာ အလဲထိုး နိုင်မယ်လို့တောင် တွေးထား သေးတယ်။
သူလုံး၀ မတွေးခဲ့ မိတာကတော့ ခပ်မြန်မြန် အနိုင်ယူခံ ရမှာကိုပဲ။ သူမ ရှုံးနိမ့် သွားပြီလား။ ဖန်ကျန်းရှီ အနိုင်ယူတာကို တကယ်ပဲ လက်ခံ လိုက်ရပြီလား။
ကန်ယွဲ့ သူမဘာ သူမ အဆုံး မသတ်နိုင်အောင် မေးခွန်း ထုတ်မိနေတဲ့ အချိန်မှာ၊ လင်းမုပိုင်လည်း တူညီတဲ့ မေးခွန်းကို စိတ်ထဲမှာ မေးနေမိတယ်။ အနိုင်ယူလိုက်ပြီတဲ့လား။
ဖန်ကျန်းရှီက ကန်ယွဲ့ကို တကယ်ပဲ အနိုင်ယူ လိုက်တာလား။ ဒါကို သူစောင့်ဆိုင်း နေရတာ ကြာလှပြီ။ တကယ်တမ်း မြင်လိုက်ရ ချိန်မှာ စိတ်မထိန်းနိုင်ပဲ ဝမ်းနည်းမှုကြောင့် မျက်ရည်တွေ အထိန်းအကွပ် မရှိ စီးကျ လာတော့တယ်။
ပင်းယန်ကတော့ အရမ်းကို ပျော်ရွှင် နေခဲ့တယ်။ ပါးတွေ နီရဲ လာတဲ့ အထိကို စိတ်လှုပ်ရှား နေခဲ့တယ်။ ဓားကိုင်ထားတဲ့ ဖန်ကျန်းရှီ ကန်ယွဲ့ဆီကို လျှောက်လာတာ ကြည့်ရင်း ခံစားချက်တွေ လှိုင်းထန် နေခဲ့တယ်။
ပင်းယန်ကတော့ မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း ခြေရာမဲ့ ဓားရဲ့ ခရမ်းရောင် အလင်းတန်းနဲ့ ဖန်ကျန်းရှီရဲ့ ခရမ်းရောင် မျက်ဝန်းတွေကို ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဒါတွေကို သတိထားမိတဲ့ ပုံစံ မပေါ်ဘူး။ သူ့စိတ်ထဲမှာ တစ်ခုပဲ ရှိတယ်။ အခု အခြေအမှော လင်းယွမ် မျှော်စင် တစ်ခုလုံးကို ဒူးထောက် လာအောင် လုပ်ရမယ်။
သူအောင်မြင် သွားပြီ။ ဒါမျိုးကို ဘယ်တော့မှ အလွတ် မပေးတော့ဘူး။
“ဝူး။” အပြာရောင် အလင်းတန်းက တစ်ချက် လက်သွားတယ်။ ဖန်ကျန်းရှီကတော့ ကန်ယွဲ့ ရှေ့မှာ ပေါ်လာတယ်။ ခြေရာမဲ့ဓားကို သူ့ရဲ့ လည်ပင်းမှာ ချိန်ထားတယ်။
“အခုကော ဘယ်လိုလဲ။” ကန်ယွဲကကို သေချာ စိုက်ကြည့်ရင်း မေးတယ်။ အခု တစ်ခေါက်တော့ သူမပြုံး တော့ဘူး။
“ဟဟား။ ငါဒါကို မမျှော်လင့် ထားမိဘူး။ တကယ်ပဲ နင်လုပ်နိုင် ခဲ့တာပဲ။ နင်က နှစ်ဝက်နဲ့ သုခမိန် ဖြစ်လာတယ်။ ငါနင့်ကို အထင် သေးခဲ့မိပြီ။”ကန်ယွဲက မျက်လုံးတွေက တောက်ပနေတယ်။ ငွေရောင် အလင်းတန်းက သူမ ခန္ဒာကိုယ် ပတ်လည်မှာ ဝေ့၀ဲ ကခုန် နေခဲ့တယ်။
“နောက်ဆုံးတော့၊ ငါစောင့်နေရတာ ဖြစ်လာပြီ။”
ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ ထွက်လာတယ်။ သူ့မျက်လုံးထောင့်က ကျလာတဲ့ မျက်ရည်တွေကို သူသုတ်ပြစ်တယ်။
“ကန်ယွဲ့။ မင်းရှုံး သွားပြီ။ ရန်မြို့တော်မှာ လွန်ခဲ့တဲ့ နှစ်ဝက်က မင်းပြောခဲ့တာကို မှတ်မိလား။ ယွိအာ ဘယ်မှာလဲ အခုပြော။”
“ငါနင့်ကို ပြောခဲ့ပြီးပြီ လင်းမုပိုင်။ နင်က ဆရာသခင်ရဲ့ နာမည်ကို ခေါ်ဖို့တောင် မထိုက်တန်ဘူး။ ငါနိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ။ လင်းမုပိုင်၊ နင် ငါ့ဆရာ သခင်ကို နာမည် တပ်ခေါ်ဖို့ အခွင့်အရေး မရှိဘူး။” ကန်ယွဲ့က နှုတ်ခမ်းတွေကို ကိုင်ထားရင်းနဲ့ ပြောတယ်။ ဖန်ကျန်းှရီကို သူလှည့်ကြည့်တယ်။
“ငါနင့်ကို အထင်သေးခဲ့မိတယ်။ ဒါပမေယ့် နင်လည်း လင်းယွမ် မျှော်စင်ကို အထင် သေးခဲ့မိတာပဲ။”
အပိုင်း (၇၈၃) ပြီး၏။
အပိုင်း (၇၈၄)
“ယွိအာရဲ့ တကယ့် နောက်ကြောင်း အစစ်။”
“ငါက လင်းယွမ် မျှော်စင်ကို အထင်သေးတယ်။” ဖန်ကျန်းရှီ မျက်လုံးတွေ မှေးကျဉ်း သွားတယ်။ ကန်ယွဲ့ရဲ့ စကားတွေက ဆားပက် နေသလိုပဲ။
ဒါပေမယ့် လှည့်ဖြားနေတဲ့ ပုံစံလည်း မတူဘူး။ နောက်တစ်နည်း ပြောရရင်၊ ကန်ယွဲ့က အရမ်းကို တည်ငြိမ်နေတယ်။
ဖန်ကျန်းရှီရဲ့ ဓားက သူမရဲ့ လည်ပင်းမှာ ချိန်ရွယ် ထားတာတောင် တစ်စက်လေးမှ ကြောက်လန့်တဲ့ ပုံစံ မရှိဘူး။
အရာ အားလုံးကို ထိန်းချုပ်ထားတဲ့ လူတစ်ယောက်သာ ရှိနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မျိုး အပြည့် ဖြစ်နေခဲ့တယ်။ မဟုတ်သေးဘူး။ ကန်ယွဲ့ကို ချဉ်းကပ်ရတာ အရမ်းကို လွယ်လွန်းနေတယ်။
ဖန်ကျန်းရှီ သူ့ရဲ့ အရှိန်နှုန်းကို ယုံကြည်ချက် အပြည့်ရှိတယ်။ ဒါပေမယ့် ကန်ယွဲ့ကို သူ့အရှိန်နှုန်းနဲ့ သတ်နိုင်မယ်လို့ ထင်ရလောက်အောင် မတုံးအဘူး။
ကန်ယွဲ့ရဲ့ စွမ်းရည်တွေက မိစ္ဆာ ဘုရင် အရှင် ရှဲ့လော့ထက်တောင် ပိုပြီးတော့ မြင့်မားတယ်လေ။
“ဖန်ကျန်းရှီ သတိထား။” ဒီအချိန်မှာ ဧကရာဇ် လင်းမုပိုင်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာတယ်။ အတော့်ကို အလောတကြီး ဖြစ်နေတဲ့ ပုံစံပဲ။
“အင်း။” ဖန်ကျန်းရှီ ကိစ္စကြီးကို ကောက်ချက်ချ နေတဲ့ အချိန်မှာပဲ၊ ကန်ယွဲ့ကို ချိန်ရွယ်ထားတဲ့ သူ့ရဲ့ ခြေရာမဲ့ဓားထိပ်မှာ ထူးခြားတာ ဖြစ်လာတော့တယ်။ သူအရှိန်နှုန်းကို ပြန်ထိန်းလိုက်ပေမယ့် နောက်ကျ သွားခဲ့ပြီ။
ကန်ယွဲ့ သူထိုင်နေတဲ့ နေရာကနေ ပျောက်ကွယ် သွားတော့တယ်။ သူရှိနေခဲ့တဲ့ နေရာမှာ တဖျပ်ဖျပ် လက်နေတဲ့ ကြယ်အလင်းတန်းတွေသာ ကျန်ရစ်တော့တယ်။
တစ်ချိန်တည်းမှာပဲ ဖန်ကျန်းရှှီရဲ့ ကျောရိုး တစ်လျှောက်လုံးလည်း စိမ့်ချမ်း သွားခဲ့တယ်။ သူတောင် နေရာမှာတင် ရပ်တန့် သွားခဲ့ရတယ်။ ဒါက တကယ့်ကို ထောင်ချောက်ပဲ။
ဖန်ကျန်းရှီ ဒီအတိုင်း အဖြစ် မခံနိုင်ဘူး။ ခပ်မြန်မြန် စဉ်းစားတယ်။ ကန်ယွဲ့က သူအနားကပ်လာအောင် တမင် စောင့်ပြီးမှ နောက်ဘက်ကနေ ဝင်တိုက်မှာလား။
ဒီလောက် လွယ်နေမှာ မဟုတ်ဘူး။
“သေပေရော့။” တိတ်ဆိတ်မှုကို ချိုးဖျက်သွားတဲ့ အရိုးကွဲ မတတ် အေးစိမ့်စိမ့် အသံကြီး ထွက်ပေါ် လာတော့တယ်။ ကန်ယွဲ့ရဲ့ အသံက ဖန်ကျန်းရှီရဲ့ နောက်တည့်တည့်မှာ နောက်ပြီးတော့ အရမ်းကို နီးကပ်တယ်။ အလစ် ဝင်မတိုက်ခင် အသံပေးတယ်။
ဖန်ကျန်းရှီက ငတုံးမှ မဟုတ်ပဲ။ သူခန့်မှန်းတာသာ မှန်မယ်ဆိုရင် ကန်ယွဲ့က နောက်ရောက် သွားပြီလို့ ထင်စေချင်တာကြောင့် ဒီလို လုပ်တာပဲ။ ဘယ်၊ ညာ၊ အပေါ်၊ အောက် ဘယ်ကို သွားမှာလဲ။ ဒီအထဲက တစ်ခုခုသာ ဖြစ်ခဲ့ရင် အထူးတိုက်ကွက် မဟုတ်တော့ဘူး။
ဖန်ကျန်းရှီ စဉ်းစားတယ်။ သူသာ ဗျူဟာ ဆွဲတဲ့သူ ဖြစ်ရင်တော့ ရှေ့တည့်တည့်ကနေ ပြန်တိုက်ခိုက် မှာပဲ။ ကန်ယွဲ့က သူ့ရှေ့ကနေ ပျောက်ကွယ် သွားခဲ့တယ်။ အဲ့ဒီ့နောက် သူ့ဓားက လေကိုပဲ ထိုးမိတယ်။
သတိမမူ မိတဲ့ လူကတော့ သူ့ရှေ့ကို နောက်တစ်ခေါက် လှည့်ကြည့်မှာတောင် မဟုတ်ဘူး။ သူ့ရဲ့ ကောက်ချက်တွေ မှန်မမှန်ကို ဖန်ကျန်းရှီလည်း မသိဘူး။ ထင်ယောင်ထင်မှား ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။
ငြိမ်ငြိမ် နေရမယ်။ အန္တရာယ် ကင်းဖို့က ပိုအရေးကြီးတယ်။ ဘယ်သူကမှ ခြုံခို တိုက်ခိုက်တာကို ရင်ဆိုင်ဖို့ အသင့်ဖြစ် မနေဘူးလေ။ ဒါကြောင့် သူ့ရဲ့ ပင်ကိုယ် သိစိတ် အတိုင်း လှုပ်ရှားဖို့ ရွေးချယ်လိုက်တယ်။
“အရှေ့ကို နောက်တစ်ခေါက် ထပ်ပြီးတော့ တိုက်ခိုက်ရမယ်။” ဖန်ကျန်းရှီ သူ့ရဲ့ နောက်ကျောက အေးစိမ့်စိမ့် အငွေ့အသက်ကို လျစ်လျူ ရှုပြီးတော့ အရှေ့ကိုပဲ နောက်တစ်ခေါက် ဆက်ထိုးချတယ်။ ရေစီးဆင်းသလို လှုပ်ရှားတယ်။
“ရွှင်။”
ခရမ်းရောင် အလင်းတန်းရဲ့ အသံနဲ့အတူ ပေါက်ကွဲမှု တစ်ခု ပေါ်လာတယ်။ ဒီလို တိုတောင်းတဲ့ အကွာအဝေးမှာ ဖန်ကျန်းရှီက အမြန်ဆုံး ဓားချက်ကိုပဲ သုံးတယ်။ ဒါက နဂါးသတ် ဓားကွက်။
သူ့ဓားက လေထဲကို ဖြတ်ပျံ သွားတယ်။ နောက်ကျောဘက် မှာလဲ အသံ တစ်သံကို ထပ်ကြားရပြန်တယ်။ တစ်ခုခုကို အားနဲ့ ရိုက်ထုတ် ခံရတဲ့ ပုံစံပဲ။
အဆုံးသတ်မှာတော့။
သူခန့်မှန်းတာ မှားသွား ခဲ့ပြီလား။ ဖန်ကျန်းရှီ နှလုံးခုန်သံ တစ်ချက် တန့်သွားတယ်။ ရှေးတုန်းက နာမည်ကျော် စစ်ဘုရင် ကောက်ကျစ်ပြီး ထက်မြက်လွန်းလှတဲ့ (ချောင်ချောင်) ကိုတောင် ပြန်သတိရမိ သွားတယ်။ သူက ကိုယ့်ကိုယ်ကို ယုံမှား သံသယ လွန်ကဲပြီးတော့ စိတ်ဖောက်ပြန် ခဲ့ရတယ်။ သူလည်း အခုတော့ ချောင်ချောင့်လိုများ ဖြစ်နေတာလား။
တွေးနေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီ သူ့ရဲ့ နောက်ကျောကို အားတစ်ခုက လာရိုက်ခတ်တာ ခံစား လိုက်ရတယ်။ ထူးဆန်းတဲ့ ဖိအားကိုလည်း ခံစားမိတယ်။ ဒါက လက်တစ်ဖက်လည်း မဟုတ်ဘူး။ ဓားတစ်လက်လည်း မဟုတ်ဘူး။ လူတစ်ယောက်ပဲ။
ဖန်ကျန်းရှီ နားထဲမှာ ဓားအော်သံတွေကို ကြားယောင်လာတယ်။ သူနောက်ပြန် လှည့်ကြည့်ချင်တယ်။ တစ်ချိန်တည်းမှာပဲ အရမ်း စိတ်လှုပ်ရှား နေတဲ့ ခြေရာမဲ့ဓားရဲ့ ခံစားချက်တွေကလည်း သူ့ကို ရိုက်ခတ်နေတယ်။
အမ်။ သူတစ်ခုခုကို ထိုးမိ သွားပြီလား။ ဖန်ကျန်းရှီ ဆွံ့အ နေတယ်။ အစကတော့ သူ့ရဲ့ မျှော်လင့်ချက်ကို ပျောက်ဆုံးတော့မလို ဖြစ်ခဲ့တယ်။ အခုတော့ စိတ်ခံစားချက်တွေက အသစ် ဖြစ်ပေါ် နေပြီ။ အရမ်း စိတ်လှုပ်ရှား ပျော်ရွှင်နေတယ်။
ဖန်ကျန်းရှီရဲ့ ဓားက ကန်ယွဲ့ကို ထိသွား ခဲ့ပြီလေ။
သူ့ရှေ့က ကြယ်အလင်းတန်းတွေ ပိုပြီးတော့ တောက်ပလာတယ်။ သွေးတွေလည်း ဖြာထွက်လာတယ်။ ကန်ယွဲ့ ခန္ဒာကိုယ်က နောက်ကို လွင့်ထွက် သွားပြီးတော့ လင်းယွမ် မျှော်စင် တံခါးကြီးကို သွားရိုက်တယ်။
သူမရဲ့ ခရမ်းရောင် ဝတ်ရုံက စုတ်ပြဲ သွားပြီးတော့ ပုခုံးပေါ်မှာလည်း သွေးသံရဲရဲ ဓားဒဏ်ရာ တစ်ချက် ပေါ်နေတယ်။ ဖန်ကျန်းရှီရဲ့ ကျောမှာလည်း သွေးတွေ ရွဲလာတယ်။
“ဖူး။” ပူနွေးတဲ့ သွေးတွေက ဖန်ကျန်းရှီရဲ့ နောက်ကျောကို လာစင်တာပဲ။ ရွှေရောင် အလင်းတန်းကြီးလဲ ပြိုကွဲ သွားတယ်။
“အရှင်မင်းမြတ်။ လင်းမုပိုင်။” ဖန်ကျန်းရှီ ခေါင်းလှည့်လိုက်တော့၊ သူ့နောက်ကျောဘက်မှာ ဧကရာဇ် လင်းမုပိုင် ရှိနေတာကို သတိ ထားမိသွားတယ်။
နေစမ်းပါအုန်း။
ကန်ယွဲ့ကို သူဓားနဲ့ ခုတ်မိလိုက်ပြီ။ လင်းမုပိုင်ကလည်း သူ့နောက်မှာပဲ တစ်ချိန်လုံး ရှိနေတယ်။ ဒီတော့ သူ့ကို သတိထားဖို့ အော်တာ ဘယ်သူများ ဖြစ်မလဲ။ ဖန်ကျန်းရှီ တစ်ကိုယ်လုံး ပြန်လှည့်ကြည့်လိုက်တယ်။ အဲ့တာ ကန်ယွဲ့ မဟုတ်ဘူး။ ကျောက်စိမ်းလေးပဲ။
“ခမည်းတော်။” ပင်းယန်ရဲ့ အသံ ထွက်ပေါ်လာတယ်။ မီးလို နီရဲတဲ့ အလင်းရောင်က ကျောက်စိမ်းလေးရဲ့ နောက်ကျောကို ရောက်လာတယ်။
“အူး။” အော်သံ တစ်ချက်နဲ့ အတူ ရွှေရောင် အလင်းတန်းက ကျောက်စိမ်းလေးရဲ့ ရင်ဘတ်ကို ဖောက်ထွက်တယ်။ ဒါက ရဲရဲတောက် ချီလင်လှံရဲ့ ထိပ်ဖျားက အလင်းတန်း။
လှံက ကျောက်စိမ်းလေးရဲ့ နောက်ကျောကနေ ဖောက်ပြီးတော့ သူမရဲ့ နှလုံးကို ဖြတ်တယ်။ နောက်ဆုံး ရင်ဘတ်ကနေ ထွက်သွားတယ်။
ကျောက်စိမ်းလေးကတော့ မျက်လုံး အပြူးသားနဲ့ ဖြူဖျော့နေတယ်။ ရင်ဘတ်ကို ဖောက်ထွက်သွားတဲ့ လှံထိပ်ကို ကြည့်နေခဲ့တယ်။ တစ်ချိန်မှာပဲ အနီရောင် လူရိပ်က ကျောက်စိမ်းလေးကို ဖြတ်ပြေးပြီးတော့ ဧကရာဇ် လင်းမုပိုင်ဆီကို ရောက်လာတယ်။ သူမရဲ့ မျက်လုံးတွေက ဝမ်းနည်းမှု အငွေ့အသက်တွေ ပြည့်နှက် နေခဲ့တယ်။
“ခမည်းတော်။ ခမည်းတော်။” ပင်းယန် ဧကရာဇ်လင်းမုပိုင်ကို ပွေ့ဖက်ထားရင်း လှုပ်နှိုးနေတယ်။
ဖန်ကျန်းရှီကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း သတိ ဝင်လာတော့တယ်။ တစ်ယောက်က ရှေ့မှာ တစ်ယောက်က် နောက်မှာ၊ ဖန်ကျန်းရှီ ခန့်မှန်းတာ မှန်ခဲ့တယ်။ ကန်ယွဲ့က တကယ်ပဲ အရှေ့ကနေ တိုက်ခိုက်တယ်။ ဒါပေမယ့် ကန်ယွဲ့က သူ့အသက်ကို အသက်တစ်ချောင်းနဲ့ လဲဖို့ ပြင်ဆင် ခဲ့တာပဲ။
ကန်ယွဲ့က အနိုင်လိုချင်တယ်။ ဖန်ကျန်းရှီကို နောက်ကနေ ခေါ်ပြီးတော့ စိတ်ရှုပ်ထွေးအောင် လုပ်တယ်။ ကျောက်စိမ်းလေးကို အသုံးချတယ်။
“အဟွတ် ဟွတ်။ နင်။ ဘယ်လိုများ ငါ့ဗျူဟာကို ထွင်းဖောက် မြင်နိုင်တာလဲ။ ဒီအကွက်ကို ငါသုံးခဲ့တဲ့ လူတိုင်းက ငါ့လက်ထဲမှာ သေသွားရပြီ။” ကန်ယွဲ့က မြေပြင်မှာ ဒူးထောက်ရင်း ဖန်ကျန်းရှီကို ခါးသီးတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။
သေသွားတဲ့ ကျောက်စိမ်းလေးနဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့ လင်းမုပိုင်ကို တစ်ချက်လေးတောင် အာရုံ မစိုက်ဘူး။
ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ ကန်ယွဲ့ပြောခဲ့တဲ့ စကားကို နားလည် သွားပြီ။
ဟုတ်တယ်။ သူလင်းယွမ် မျှော်စင်ကို အထင် သေးမိတယ်။
လင်းယွမ် မျှော်စင်က မြင့်မြတ် နယ်မြေ တခြား မျိုးနွယ်စု လေးခုနဲ့ မတူဘူး။ ပိုပြီးတော့ ရက်စက်တယ်။ သူ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်ပြီးတော့ ပိုကြီးမားတဲ့ ကိစ္စအတွက် တပည့်သားတွေကို စတေးနိုင်တယ်။
ကျောက်စိမ်းလေးလို သုခမိန်အဆင့် တပည့်သားတောင် ချွင်းချက် မရှိဘူး။
နှလုံးသားမဲ့တဲ့ နေရာမှာ အတော့်ကို ထူးချွန်တယ်။ ဖန်ကျန်းရှီရဲ့ အမြင်မှာတော့ ကျောက်စိမ်းလေးက အံ့သြ သွားခဲ့ပေမယ့်၊ သေရတာကို တစ်ချက်လေးတောင် နောင်တ မရဘူး။ ပင်းယန် တိုက်ခိုက်တာကို သူအံ့သြတယ်။
ဧကရာဇ် လင်းမုပိုင်က သူ့ခန္ဒာကိုယ်ကို ဒိုင်းတစ်ခုလို သုံးပြီးတော့ ဖန်ကျန်းရှီကို ကာကွယ်တဲ့ အတွက် အံ့သြတယ်။ ဖန်ကျန်းရှီ အရှေ့ကိုပဲ ဦးတည် တိုက်ခိုက် တာကိုလည်း အံ့သြတယ်။
အံ့သြစရာတွေ အများကြီး ပေါင်းလိုက်တော့ ဖြစ်တည်လာတဲ့ မယုံနိုင် မှုတွေက ကျောက်စိမ်းလေးရဲ့ မျက်လုံးထဲမှာ ပြည့်နှက်နေခဲ့တယ်။
ကန်ယွဲ့ကတော့ ကျောက်စိမ်းလေးကို တစ်ချက်တောင် အာရုံ မရှိတော့ဘူး။ ဖန်ကျန်းရှီ သူမရဲ့ ဗျူဟာကို ဘယ်လို ဖြတ်ကျော်နိုင်လဲ ဆိုတာကို မေးဖို့သာ အာရုံ စိုက်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။
ဒီတော့ ဒါက လင်းယွမ် မျှော်စင် အစစ်ပဲ။
မြင့်မြတ် နယ်မြေမှာ သုခဘုံလို့ တင်စား ရတဲ့ အထိကို လှပတယ်။ ဆယ့်နှစ်ရာသီ ပန်းတွေ ပွင့်ဖူး နေပြီးတော့ ငှက်တွေ ပျော်မြူး ကြတယ်။ ဒါပေမယ့် တပည့်သားတွေရဲ့ အသက်ကိုတော့ ပေါပေါပဲပဲ သဘောထားတဲ့ နေရာကြီး။
“ရှား။”
လင်းယွမ် မျှော်စင်ကနေ လူငါးယောက် ရုတ်တရက် ထွက်လာတယ်။ သူတို့ရဲ့ ဝတ်ရုံတွေက အတော့်ကို အရည်အသွေး မြင့်မားတယ်။ အားလုံးက အမျိုး သမီးတွေ။
သူတို့ထဲက သုံးယောက်က ဆံပင်တစ်ချို့ ဖြူနေပြီ။ နှစ်ယောက်ကတော့ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်နေခဲ့ပြီ။ သူတို့ရဲ့ တည်ရှိမှုက လေထု တစ်ခုလုံးကို စွမ်းအားတွေနဲ့ လွှမ်းခြုံ သွားစေတယ်။
ဖန်ကျန်းရှီကတော့ အားလုံးကို မမြင်တဲ့ အတိုင်းပဲ။ ကန်ယွဲ့ မေးခွန်းကိုလည်း လျစ်လျူရှုလိုက်တယ်။ လင်းမုပိုင် ဘေးမှာ ဒူးထောက် ထိုင်တယ်။
“အရှင် မင်းမြတ်။” ဖန်ကျန်းရှီက လင်းမုပိုင်ကို တိတ်တဆိတ် စိုက်ကြည့် နေခဲ့တယ်။ သူ့အတွက် ဒီလို ကာကွယ် ပေးမယ်လို့ မထင်ထား ခဲ့မိဘူး။
လူတွေ အများကြီးက သူတို့ရဲ့ ဧကရာဇ် အတွက် စတေး ကြတာကို သူတွေ့ဖူးတယ်။ အဲ့ဒီ့နောက် အောင်မြင်မှုတွေ စည်းစိမ်တွေ အာဏာတွေကို ကျန်ရစ်တဲ့ မျိုးဆက်တွေ ရရှိကြတယ်။ အသက်ရှင် ကျန်ရစ်တဲ့ လူတွေကတော့ တစ်ဘဝတာလုံး အေးအေးဆေးဆေး သက်တောင့် သက်သာ နေသွားရတယ်။
အခုအဖြစ်ကတော့ ကြီးမြတ်သော ရှနိုင်ငံတော် ဧကရာဇ်က ဖန်ကျန်းရှီ အတွက် အသက်စွန့်ပြီး ကာကွယ် ပေးတာပဲ။
“ဖန်ကျန်းရှီ။ ငါက အား အားနည်းတဲ့သူ။ မင်းကို နောက်ကနေ မ ကာ ကွယ် ပေး နိုင် ခဲ့ ဘူး။” လင်းမုပိုင် ပြောရင်းနဲ့ ထရပ်ဖို့ ပြင်တယ်။ ဒါပေမယ့် မရပ်နိုင်ခဲ့ဘူး။
“အရှင်မင်းမြတ်၊ ကျွန်တော့်မှာ ဆေးတစ်ချို့ ပါလာပါတယ်။”
“အသုံး မဝင်တော့ဘူး။ ငါ့အခြေအနေကို ငါသိတယ်။ နောက်ကျ သွားပြီ။ အဟွတ် ဟွတ်။ ငါ မသေခင် ယွိအာကို တွေ့ချင်ရုံ လေးပါ။” လင်းမုပိုင် လက်တွေကို ခပ်ဖြည်းဖြည်း ယမ်းရင်း ပြောတယ်။
“ခမည်းတော် သေလို့ မဖြစ်ဘူး။ ပင်းယန်ကို ချန်မထား ခဲ့ပါနဲ့။ ခမည်းတော်။” ပင်းယန် မျက်ဝန်းတွေက မျက်ရည်တွေနဲ့ ပြည့်နှက်နေတယ်။
“ဖန်ကျန်းရှီ၊” လင်းမုပိုင် ဖန်ကျန်းရှီရဲ့ အကျီ လက်တွေကို တင်းတင်း ကြပ်ကြပ် ဆွဲလိုက်တယ်။ သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေတယ်။
“ငါ့ရဲ့ နောက်ဆုံး ဆန္ဒက ယွိအာကို တွေ့ဖို့ပဲ။”
“အိပ်မက် မက်နေလိုက်။” ကန်ယွဲ့ အသံ ထွက်ပေါ်လာတယ်။
“လင်းမုပိုင်။ ငါ့ဆရာသခင်က နင့်ကို အသက်ချမ်းသာ ပေးဖို့ ငါ့ကို အမိန့် ပေးထားတယ်။ ဒါပေမယ့် နင်က သေချင်နေတော့လည်း ဟဟား ဟား။”
“မင်းရဲ့ ဆရာသခင်။” ဖန်ကျန်းရှီ ကန်ယွဲ့ကို တစ်ချက် လှမ်းကြည့်တယ်။ ကန်ယွဲ့ စိတ်လှုပ်ရှား နေတာကို မြင်နိုင်တယ်။
လင်းမုပိုင်နဲ့ ယွိအာ ကြားမှာ ဘာဖြစ်ခဲ့မှန်း သူမသိဘူး။ ဒါပေမယ့် ရန်မြို့တော်မှာတုန်းက ပြောပြဖူးတယ်။ လင်းမုပိုင်က ကန်ယွဲ့ရဲ့ သခင် တဝက်ပဲ။
ရန်ငြိုး။
ဘယ်လို ရန်ငြိုးကြောင့်များ ဒီလောက်တောင် နှလုံးသား မရှိ ဖြစ်နိုင် ရတာလဲ။
သေခါနီး လင်းမုပိုင်ကိုတောင် လျစ်လျူ ရှုထားတယ်။ လင်းယွမ် မျှော်စင် အပြင်မှာ ခြောက်လ လုံးလုံး ရေခဲကန်ထဲ နေရတဲ့ ပင်းယန်ကို လျစ်လျူ ရှုထားတယ်။
ဖန်ကျန်းရှီ အစကတော့ နားမလည် နိုင်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ သဘာဝကို ဘယ်အရာကမှ ဒီလောက်ထိ တိုက်စား သွားနိုင်မယ်လို့ မထင်ခဲ့ မိလို့ပဲ။ ကန်ယွဲ့က ကျောက်စိမ်းလေးရဲ့ အသက်ကို စတေး ပြီးတာတောင် မျက်တောင် တစ်ချက် မခတ်တာ တွေ့လိုက် ရတော့မှ ဖန်ကျန်းရှီ နားလည် သွားတော့တယ်။
နှလုံးသားမဲ့ တာအို။
လူတစ်ယောက်ကို လောကကြီးကနေ သွေဖယ် သွားစေတယ်။
ကြားရတာတော့ နားထောင် ကောင်းပေမယ့်၊ လင်းယွမ် မျှော်စင်က ကိစ္စတွေကို ဒီလို ကိုင်တွယ် နေတာပဲ။ ဖြစ်နိုင်ချေ ရှိတာထက် လုံး၀ အမှန်တရားကြီး ဖြစ်နေပြီ။
ဖန်ကျန်းရှီလည်း အဆုံးသတ်ကို မြန်မြန် မရောက်ချင်ဘူး။ ဒါပေမယ့်၊ ဒါတွေသာ အမှန် ဖြစ်ခဲ့ရင်၊ ဒီယွဲ့အာက ဧကရာဇ် လင်းမုပိုင် ဒီလို သေသွားတာကို ထိုင်ကြည့် နေမှာ မဟုတ်လား။
ဖန်ကျန်းရှီ နောက်ထပ် အတွေးအခေါ် တစ်ခုခုကို ပြတ်ပြတ်ထင်ထင် တွေးတော မိနေတယ်။ ကျောက်စိမ်းလေးနဲ့ တခြားသူတွေ သေတာကိုလည်း ဘယ်သူမှ ဂရု မစိုက်ဘူး။ ကန်ယွဲ့ကို ဒဏ်ရာ ရအောင် လုပ်လိုက်ပြီးတာတောင် နောက်ထပ် အမျိုးသမီး ငါးယောက် တိုက်ခိုက်ဖို့ ထပ်ထွက်လာတယ်။
ဒီဖြစ်ရပ်ကြီးက လင်းယွမ် မျှော်စင် အတွက်တော့ ပုံမှန်ပဲ။ သာမာန် လူတွေ အတွက်တော့ ရက်စက်ရာ ရောက်လွန်းတယ်။
အပိုင်း (၇၈၄) ပြီး၏။
အပိုင်း (၇၈၅)
“စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာပြီ။”
လင်းယွမ် မျှော်စင်က နှလုံးသားမဲ့ တာအိုကို လေ့ကျင့် ထားတာတောင် ကန်ယွဲ့ သေတာ ရှင်တာကို ဂရု စိုက်နေ သေးတယ်လား။ ဖြေရှင်းကတော့ တစ်ခုပဲ ရှိတယ်။ ကန်ယွဲ့က လင်းယွမ် မျှော်စင် အတွက် အရမ်း အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်နေလို့ပဲ။
ဘာကြောင့် ဖြစ်နိုင်လဲ။
သူမရဲ့ အင်အားကြောင့်လား။
စွမ်းအား အရဆိုရင် ကန်ယွဲ့က အရမ်း သန်မာတယ်။ သုခမိန် အဆင့်မှာတောင် အတော့်ကို မြင့်မား နေတယ်။ သူမရဲ့ ကြမ်းကြမ်း တမ်းတမ်း တိုက်ခိုက်တဲ့ ပုံစံနဲ့ ပေါင်းလိုက်ရင် မြင့်မြတ် နယ်မြေ တခြား နယ်မြေ လေးခုက အကြီးအကဲ တွေနဲ့တောင် အဆင့် အတူတူ ရှိနိုင်တယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ ကန်ယွဲ့ရဲ့ တန်ဖိုးက ဒီအသစ် ပေါ်လာတဲ့ တိုက်ခိုက်သူ ငါးယောက်ကို ခေါ်နိုင်လောက်အောင် မြင့်မယ်လို့ မခံစား မိဘူး။
သူမရဲ့ ရာထူးကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကန်ယွဲ့က လင်းယွမ် မျှော်စင်မှာ အကြီးအကဲ တစ်ယောက်တောင် မဟုတ်ဘူး။ လွန်ခဲ့တဲ့ လပိုင်းတုန်းက ကောင်းကင် တာအို ခန်းမကို သူတို့ လာခဲ့ကြတယ်။ အဲ့ဒီ့ အချိန်တုန်းက ဖူရှီး တောင်ကြား အကြီးအကဲ ကုယွိအန်း၊ ယင်ယန် ခန်းမ တပည့်သား ခေါင်းဆောင် ဝမ်လဲ့၊ ကန်ယွဲ့ကတော့ လင်းယွမ် မျှော်စင်ရဲ့ အထူး တပည့်သားလို့ ပြောခဲ့ဖူးတယ်။
ဒါကြောင့် ကန်ယွဲ့က မြင့်မားတဲ့ ဂုဏ်ပုဒ်နဲ့ လူတစ်ယောက်လည်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူ့မှာ ထူးခြားတဲ့ နောက်ကြောင်း တစ်ခု ရှိနေရင်တော့ တစ်မျိုးပေါ့။ ဥပမာ ကန်ယွဲ့က ယွိအာ ဖြစ်နေတာမျိုး။ ဒါမှမဟုတ်ရင် လင်းယွမ် မျှော်စင် ခေါင်းဆောင်က ကန်ယွဲ့ကို သဘောကျပြီးတော့ သူ့ရဲ့ ဆက်ခံသူ အဖြစ် လိုချင်နေတာမျိုးပေါ့။
ဒါက ဖြစ်နိုင်တယ်။ ကန်ယွဲ့က သူချစ်မိခဲ့တဲ့ လင်းမုပိုင်ကို အဆက်ဖြတ်ပြီးတော့ နှလုံးသားမဲ့ တာအိုကို လေ့ကျင်တာလည်း ဖြစ်နိုင်တယ်။ အခုတော့ ဖြစ်နိုင်ချေတွေက ပိုပြီးတော့ များလာခဲ့ပြီ။ ပင်းယန်က မိစ္ဆာ ဘုရင် အရှင်ရှဲ့လော့နဲ့ တိုက်ခိုက်တဲ့ အချိန်မှာ သူမရဲ့ လည်ဆွဲကို ဖြတ်ပြစ် ခဲ့မိတယ်။ ကန်ယွဲ့က အဲ့ဒီ့ အချိန်မှာ ပေါ်လာပြီးတော့ ပင်းယန်ကိုလင်းယွမ် မျှော်စင်ဆီ ဆွဲခေါ် သွားတယ်။ သူမရဲ့ နောက်ကြောင်းကို မပြပေမယ့်၊ အစတည်းက ပင်းယန်ကို ကာကွယ် ပေးခဲ့တာတော့ ငြင်းလို့ မရဘူး။
ကန်ယွဲ့က ပင်းယန်ရဲ့ အမေလို တစ်စက်လေးမှ မပြုမူဘူး။ ပြီးတော့ ပင်းယန်ကို သေစေချင်တယ် လို့တောင် ပြောသေးတယ်။ ဒါတွေ အားလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လင်းမုပိုင်နဲ့ ကန်ယွဲ့ ပြောနေတဲ့ စကားတွေကြောင့် ဖန်ကျန်းရှီ သူ့ကိုယ်ပိုင် ခန့်မှန်းချက်ကို မယုံရဲဘူး။
လင်းမုပိုင်က ကန်ယွဲ့နဲ့ သိခဲ့တာ ကြာလှပြီ။ ရန်မြို့တော် အဖြစ်တည်းက ဒီကိစ္စက သိသာ နေတာပဲ။ နောက်ပြီးတော့ ကန်ယွဲ့ရဲ့ သခင်တစ်ဝက်လို့တောင် ပြောခဲ့သေးတယ်။ နောက်တစ်ဖက်က ကြည့်ရင်၊ ဒီစကားကြောင့် ကန်ယွဲ့နဲ့ ယွိအာက တစ်ယောက်တည်း ဆိုတာ မဖြစ်နိုင်ဘူး။
ကန်ယွဲ့က ယွိအာနဲ့ အတူတူ တစ်နေရာတည်းမှာ ပေါ်လာခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကန်ယွဲ့က ယွိအာ အတွက်တော့ အစေခံ တစ်ယောက်ပဲ။ ဒါဆိုရင် သူက အစတည်းက လင်းမုပိုင်ကို မေတ္တာ သက်ဝင် နေခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါတွေ အားလုံးက ခန့်မှန်း ချက်တွေပါပဲ။
ဒါပေမယ့် ခန့်မှန်းချက်တွေကနေ ဖန်ကျန်းရှီ တိကျတဲ့ ကောက်ချက်တွေကို သိလိုက်ရတယ်။ ပထမဆုံး တစ်ခု၊ ကန်ယွဲ့က လင်းယွမ် မျှော်စင်မှာ အသန်မာဆုံးသူ၊ အဆင့် အမြင့်ဆုံးသူ မဟုတ်ပေမယ့်။ သူမရဲ့ အဆင့်က ထူးခြားတယ်။ နောက်ခံ ကောင်းတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့ ကန်ယွဲ့က ထူးခြား အရေးပါတဲ့သူ မဟုတ်ဘူး။ ယွိအာကမှ ထူးခြား အရေးပါသူပဲ။
“လင်းယွမ် မျှော်စင် ခေါင်းဆောင်က ယွိအာလား။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။ ဒါကတော့ လုံးဝကို ဖြစ်နိုင်ချေ ရှိတယ်။ သူမရဲ့ နှလုံးသားမဲ့တဲ့ ကိစ္စ အတွက်လည်း အဖြေရ သွားတယ်။ လင်းမုပိုင် သေမလို ဖြစ်ပြီးတော့ ပင်းယန် နှစ်ဝက်လောက် ရေခဲကန်ထဲ နေနေရတာတောင် ထွက်မတွေ့ဘူး။ တကယ့်ကို နှလုံးသား မဲ့လွန်းတဲ့ လင်းယွမ် မျှော်စင် ပီသတယ်။ သူမက ဘယ်လိုများ ကိုယ်ပိုင် စည်းမျဉ်းတွေကို ချိုးဖောက်မှာလဲ။ ဒီလိုပဲ ကန်ယွဲ့ကလည်း ယွိအာဘေးမှာ နေရတဲ့ သူဖြစ်နေတာကြောင့် သူမကို အဆင့်မြင့် ကျင့်ကြံသူတွေ ကာကွယ် ပေးတာ ဖြစ်နိုင်တယ်။
ဖန်ကျန်းရှီရဲ့ ခန့်မှန်းချက်တွေ မှန်ကန်ရင်တောင်၊ ဒီတစ်ခေါက် လင်းယွမ် မျှော်စင်ကို လာရတာ အရမ်းကို စိန်ခေါ်မှု ပြင်းထန်လွန်းတယ်။ လင်းယွမ် မျှော်စင် ခေါင်းဆောင် ယွိအာ။ ယွိအာနဲ့ လင်းမုပိုင်ရဲ့ အချစ်ဇာတ်လမ်းကော၊ ပင်းယန်နဲ့ အမေနဲ့ သမီး ဆက်ဆံရေး ကပါ သိဖို့ ခက်ခဲလွန်းတယ်။
…
မြင့်မြတ် နယ်မြေ တောင်စဉ် ကိုးသွယ် ဒေါသ။
သုံးချောင်းထောက် အိုးကြီးတွေ ရှိခဲ့ဖူးတဲ့ နေရာမှာ ကျောက်ချိုင့်ကြီးတွေပဲ ကျန်ရစ်တော့တယ်။ သွေးအနှံ့ကတော့ လေထဲမှာ ရှိနေဆဲ။ တိုက်ပွဲကြီးက ပြီးသွားခဲ့တာ ကြာပြီ။ တောင်စဉ် ကိုးသွယ် တစ်ခုလုံးလည်း ငြိမ်သက်နေတယ်။
အဖြူရောင် ဝတ်ရုံကို ဝတ်ထားတဲ့ လူတစ်ယောက်ကတော့ ကျောက်တုံးကြီး အပေါ်မှာ ရပ်နေခဲ့တယ်။ သူမရဲ့ ရှည်လျားတဲ့ ဆံပင်တွေက လေထဲမှာ လွင့်မျောနေတယ်။ မိန်းမလှလေး ယွင်ချင်းဝူ။
အဝေးကနေ အနက်ရောင် လူရိပ် တစ်ခု ပျံဝဲ လာပြီးတော့ ယွင်ချင်းဝူ ရှေ့ကို ရောက်လာတယ်။
“ဧကရီငယ်ကို ဂါရ၀ ပြုပါတယ်။ တောင်စဉ်ကိုးသွယ်ကို နှိမ်နင်းလိုက်တဲ့ သတင်းကို အရှင် ဧကရီ ကြားတာကြောင့် မိစ္ဆာဘုရင် ဆယ်ယောက်ကို စေလွှတ်ပြီး တော်ဝင် မိစ္ဆာ အမိန့်တော် ပါးလိုက်ပါတယ်။ သူတို့ကို ခေါ်လာရပါမလား ဧကရီငယ်။” ဝတ်ရုံနက်က ဒူးထောက်ရင်း တလေးတစားနဲ့ ပြောတယ်။
“အင်း။ ဖန်ကျန်းရှီရဲ့ သတင်းကို ကြားလား။” ယွင်ချင်းဝူ ကျောက်တုံးအိမ် တစ်ခုကို စိုက်ကြည့်ရင်း မေးတယ်။
“လင်းယွမ် မျှော်စင်က တခြားမျိုးနွယ်စု လေးခုရဲ့ အဝေးမှာ ရှိနေပါတယ်။ နောက်ပြီးတော့ မျှော်စင် တပည့်သားတွေ အားလုံးကလည်း အပြင်ကို ထွက်ခဲတယ်။ ဒါကြောင့် သူတို့ဆီကနေတော့ သတင်း မရပါဘူး။ ဒါပေမယ့် လင်းယွမ် မျှော်စင် အပြင်ဘက်မှာ စောင့်နေတဲ့ ကျွန်တော်တို့ လူတွေ ဆီက အတည်ပြုချက် သတင်းကို ရခဲ့ပါတယ်။ ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်ထဲကို ဝင်သွားပြီ။ ဧကရီငယ် ဖန်ကျန်းရှီ အကြောင်းကို မေးတာ။ လင်းယွမ် မျှော်စင်ကို တိုက်ခိုက် မလို့လား။”
“ငါက ဘာဖြစ်လို့ လင်းယွမ် မျှော်စင်ကို သွားရမှာလဲ။”
“အရှင်ဧကရီက ဧကရီငယ် အတွက် မိစ္ဆာဘုရင် ဆယ်ယောက်ကို ပို့ပေးပြီးတော့ တော်ဝင်မိစ္ဆာ အထူး အမိန့်တော် ပေးအပ်တာ၊ ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်ကို တိုက်ခိုက်တဲ့ အတွက် ချီးမွမ်းပြီးတော့။” ဝတ်ရုံနက်ရဲ့ မျက်ဝန်းတွေက ပြောရင်းနဲ့ တောက်ပလာတယ်။
“လင်းယွမ် မျှော်စင်ကို သိမ်းပိုက်ပြီးတော့ မြင့်မြတ် နယ်မြေရဲ့ တခြား မျိုးနွယ်စု သုံးခုကို စိန်ခေါ်ရမှာ၊ ဟုတ်တယ်ဟုတ်။” ယွင်ချင်းဝူ မေးတယ်။
“ကျွန်တော်တို့သာ လင်းယွမ် မျှော်စင်ကို သိမ်းပိုက်ပြီးရင်၊ နတ်ဆိုး စစ်တပ်ကြီး ဆီကလည်း ကျွန်တော်တို့ မျိုးနွယ် အတွက် အထောက်အပံ့ကို ရမယ်။ တခြား မျိုးနွယ်စု သုံးခုကလည်း အမှန်တရားကို သိသွားရင်တောင် ဘယ်သူမှ လာပြီး ထိပါး ရဲမှာ မဟုတ်ဘူး။” ဝတ်ရုံနက် ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“နင်ပြောတဲ့ စကားတွေ အားလုံးက ငါ့မယ်တော်ရဲ့ ဆန္ဒလား။” ယွင်ချင်းဝူ ရုတ်တရက် မေးတယ်။
“ဟုတ်ပါတယ်။ အရှင် ဧကရီရဲ့ ဆန္ဒပါ။” ဝတ်ရုံနက် လန့်သွားခဲ့တယ်။ ဒါပေမယ့် မကြာခင်ပဲ အံကြိတ်ရင်း ခေါင်းငြိမ့်လိုက်တယ်။
“နင့်ရဲ့ နတ်ဆိုး ပုလဲကို ဖျက်စီး သင့်ပြီ။” ယွင်ချင်းဝူ ပြောတယ်။
“ဟမ်။” ဝတ်ရုံနက် တစ်ကိုယ်လုံး အေးစက်သွားတယ်။
“ကြီးလေးလွန်းတဲ့ ပြစ်မှုကို ကျူးလွန်မိတဲ့ မင်းက အသက်နဲ့ ပြန်ပြီး ပေးဆပ်ရမယ်။” ယွင်ချင်းဝူ ဆက်ပြောတယ်။
“ဘာ။ ဧကရီငယ်။ ကျွန်တော်က မိစ္ဆာ ဘုရင်၊ မိစ္ဆာ မျိုးနွယ်ရဲ့ အဆင့်အမြင့်ဆုံးတွေထဲက တစ်ယောက်။ အမှား လုပ်မိတယ်လို့ ကိုယ့်ကိုယ်ကို မထင်ဘူးလား။” ဝတ်ရုံနက် မော့ကြည့်ရင်း ပြောတယ်။
“ကြီးလေးလွန်းတဲ့ ပြစ်မှုကို ကျူးလွန်ထားတဲ့ မိစ္ဆာ ဘုရင် တစ်ယောက်က အသက်ရှင် နိုင်မယ် ထင်လား။”
“ကျွန်တော်တို့။ မထင်ဘူး။ ဒါပေမယ့် ငါနားမလည်နိုင်ဘူး။ ကျွန်တော်မှတ်မိတာကတော့။ ဧကရီငယ် ပထမဆုံး မဟာ နွံအိုင်ထဲ ဝင်လာချိန်မှာ ရှဲ့ယိက ဧကရီငယ်ကို အပြစ်ပြုခဲ့ မိတာတောင် သူ့အသက်ကို ချမ်းသာ ပေးခဲ့တယ်။ ဒါပေမယ့် ဘာဖြစ်လို့ သတင်းလာပေးတဲ့ ကျွန်တော့်ကိုမှ သေစေချင်ရတာလဲ။” ဝတ်ရုံနက် အထိတ်တလန့် ပြောတယ်။
“နင်က စစ်သတင်း အမှားကို ပေးလို့ပဲ။” ယွင်ချင်းဝူ ခပ်ပြတ် ပြတ်ပြောတယ်။
“စစ်သတင်း အမှား။ ဘာကို ဆိုလို ချင်တာလဲ။ ဧကရီငယ်မှာ သက်သေရှိလား။” ဝတ်ရုံနက် အမူအယာ ပြောင်းသွားပြီးတော့ မေးတယ်။
“သက်သေ ဟုတ်စ။ နင့်ကို နောက်တစ်ခေါက် ထပ်မေးမယ်။ ငါ့မယ်တော်က လင်းယွမ် မျှော်စင်ကို တိုက်ခိုက်ဖို့ အမိန့် ပေးလိုက်လား။”
“ဒါ အရှင် ဧကရီက မပြောခဲ့ပါဘူး။ ဒါပေမယ့် တောင်စဉ် ကိုးသွယ်မှာ ဧကရီငယ်ရဲ့ စွမ်းဆောင်မှုကိုအရမ်း အထင်ကြီး လေးစားခဲ့ပါတယ်။ ဖန်ကျန်းရှီနဲ့ လင်းယွမ် မျှော်စင် အကြောင်းလည်း အရှင် ဧကရီ မေးတယ်။ ဒီတော့ ကျွန်တော် ခန့်မှန်းလိုက်တာက။”
“နင် ခန့်မှန်းတယ်။”
“ဟုတ်ပါတယ်။ ခန့်မှန်းချက် တစ်ခုပါပဲ။ ဘာပဲ ဖြစ်ဖြစ်။ကျွန်တော်က ခန့်မှန်း မိတဲ့ အမှားလေး တစ်ခုပဲ လုပ်တာ။ သေမိန့်ချဖို့ မလိုအပ် ပါဘူး။ နောက်ပြီးတော့ မိစ္ဆာ မျိုးနွယ်ကလည်း ကျွန်တော့်ကို လိုအပ်တယ်။ အမှားကို အကျိုးဆောင်ပြီးတော့ ပြင်ဆင်ခွင့် ပေးပါ။ အနည်းဆုံးတော့ စစ်မြေပြင်မှာ သေခွင့် ပေးပါ။” ဝတ်ရုံနက် နောက်ဆုံးမှာတော့ မငြင်းပဲ ဒူးနှစ်ဖက် ထောက်ရင်း တောင်းဆိုတယ်။
“နင့်ရဲ့ ခန့်မှန်းချက် တစ်ခုကြောင့် နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ်စု နှစ်ခုလုံးကို ဘယ်လောက်တောင် သက်ရောက် သွားစေလဲ သိလား။” ယွင်ချင်းဝူ စိုက်ကြည့်ရင်း ပြောတယ်။
“ကျွန်တော်ကျွန်တော်မသိပါဘူး။”
“လင်းယွမ် မျှော်စင် အကြောင်းကို နင်ဘယ်လောက် ကြားဖူးလဲ။”
“လင်းယွမ် မျှော်စင် အကြောင်းကို နည်းနည်းတော့ သိတယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေက အဆင့်အတန်း သုံးခု ခွဲထားတယ်။ အစိမ်း၊ အဖြူ၊ ရွှေရောင် ဝတ်ရုံတွေနဲ့ အဆင့်ခွဲတယ်။ အစိမ်းရောင်က သုခမိန် အဆင့်အောက်။ အဖြူရောင်က သုခမိန်။ ရွှေရောင်ကတော့ လင်းယွမ် မျှော်စင်ရဲ့ အထူး စစ်သည်တော်တယ်။ နောက်ပြီးတော့။”
“ပင်းယန် အမေက ဘယ်သူမှန်း နင်သိလား။” ယွင်ချင်းဝူ စကား ဖြတ်ပြောတယ်။
“ပင်းယန်။”
“ဟုတ်တယ်။”
“ဖန်ကျန်းရှီကို ကင်းထောက်ဖို့ သူလျှိုလွှတ်ထားတယ် မဟုတ်လား။ လင်းယွမ် မျှော်စင်ကို သူဘာကြောင့် သွားလဲ မလေ့လာ ခဲ့ဘူးလား။”
“ကျွန်တော်ကြားတာတော့ အမျိုးသမီး တစ်ယောက် အတွက်တဲ့။ ဧကရီငယ် ပြောချင်တာ အဲ့ဒီ့ လူက ပင်းယန်လား။” ဝတ်ရုံနက် ရုတ်တရက် သဘော ပေါက်သွားတယ်။
“ဟုတ်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီးကိုကော မှတ်မိလား။”
“မှတ်မိတာပေါ့။ တစ်ဘဝလုံး မမေ့ဘူး။ ကျွန်တော်တို့ လူတွေခံစား ခဲ့ရတဲ့ အရှက်ရမှုကို တစ်သက် မမေ့ဘူး။”
“စစ်ပွဲကို ဘယ်သူ စခဲ့လဲ သိလား။”
“သိပါတယ်။”
“အဲ့ဒီ့လူက ပင်းယန်ရဲ့ အမေလို့ ပြောရင်ကော ဘယ်လိုလဲ။”
“သူလား။”
“နောက်ဆုံးတော့ ငါနင့်အသက်ကို ဘာဖြစ်လို့ နုတ်ယူခိုင်းလဲ နားလည်ပြီလား။” ယွင်ချင်းဝူရဲ့ မျက်လုံးတွေ တလက်လက် တောက်နေခဲ့တယ်။
“ကျွန်တော် နားမလည် သေးပါဘူး။” ဝတ်ရုံနက် နှလုံးသား ထဲမှာ မရေမရာ ဖြစ်နေတယ်။
“အခုတော့ အဲ့ဒီ့ အမျိုးသမီးက ဘယ်သူမှန်းလည်း သိပြီ။ ဖန်ကျန်းရှီက ပင်းယန်ကြောင့် လင်းယွမ် မျှော်စင်ကို သွားမှန်းလည်း သိပြီ။ ထင်ထားတဲ့ ရလဒ်က ဒီလောက်တောင် ရှင်းလင်း နေတာပဲ။ လင်းယွမ် မျှော်စင်ကို တိုက်ခိုက်ဖို့ နင် အကြံပေး အုန်းမှာလား။”
“ကျွန်တော်သေသင့်ပါတယ်။ အမှားကို နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော် မတွေးတတ် တာက။”
“ငါ မှတ်မိတာ မှန်မယ်ဆိုရင်၊ နင့်ရဲ့ တဦးတည်းသော သားက လွန်ခဲ့တဲ့ ဆယ်စုနှစ် တိုက်ပွဲမှာ လင်းယွမ် မျှော်စင်ကြောင့် သေခဲ့ရတာ မဟုတ်လား။”
“ဧကရီငယ် မင်း။” ဝတ်ရုံနက် နည်းနည်းတော့ လန့်သွားခဲ့တယ်။
“ငါ့ မယ်တော်က လင်းယွမ် မျှော်စင်ကို တိုက်ခိုက်ဖို့ အမိန့် ပေးမှာ မဟုတ်ဘူး။ သူက မိစ္ဆာ မျိုးနွယ်ရဲ့ အရှင် ဧကရီလေ။ တခြား မိစ္ဆာတွေ အားလုံးထက် ထက်မြက်တယ်။ ငါတို့ရဲ့ ခြေလှမ်းတိုင်းက ဘယ်လောက် အရေးကြီးမှန်း သူသိတယ်။ နင်က မယ်တော့် နာမည်ကို သုံးပြီးတော့ စစ်သတင်း အမှားကို ပေးတဲ့ သူပဲ။ လင်းယွမ် မျှော်စင်ကို နင့်အတွက် ဖျက်စီးပေးပြီးတော့ နင့်သား အတွက် လက်စားချေဖို့ မိုးနတ်မင်း ပေးတဲ့ အခွင့်အရေးလို့ ထင်နေတာ မဟုတ်လား။” ယွင်ချင်းဝူရဲ့ မျက်လုံးတွေက အေးစက် နေခဲ့တယ်။
“ကျွန်တော် ကျွန်တော်” ဝတ်ရုံနက်က တုန်ယင် နေခဲ့တယ်။ သူအတော့်ကို နာကျင် နေတဲ့ ပုံစံပဲ။ နောက်ဆုံးမှာတော့ သူမတ်တပ် ရပ်ပြီးတော့ ယွင်ချင်းဝူကို စိုက်ကြည့်တယ်။
“ဧကရီငယ်ရဲ့ ပညာဉာဏ်ကို ကျွန်တော် တကယ်ပဲ အထင်ကြီး လေးစား မိပါတယ်။ ဒါပေမယ့် အရှင် ဧကရီငယ် စဉ်းစားဖို့ လိုတဲ့ တစ်ခုခုတော့ ရှိသေးတယ်။”
“ငါနဲ့ နင့်ရဲ့ စွမ်းအား ကွာခြားချက်ကို ပြောနေတာလား။” ဝတ်ရုံနက်ရဲ့ ခန္ဒာကိုယ်က ထုတ်လွှတ်နေတဲ့ အရှိန်အဝါတွေကို ကြည့်ရင်း ယွင်ချင်းဝူ ပြောတယ်။
မှန်ပါတယ်။ အရှင် ဧကရီငယ် ဒါကို စဉ်းစား ရပါမယ်။ အနည်းဆုံးတော့ မိစ္ဆာဘုရင် ဆယ်ကောင်ကို လက်ခံ ပြီးတော့ တော်ဝင် အမိန့်တော်ကို ရယူပြီးတော့မှ ကျွန်တော့်ကို စိန်ခေါ် သင့်တယ်။”
“ဒီတော့ နင်က ငါ့ကို အခု သတ်မလို့လား။”
“မဟုတ်ဘူး။ မသတ်ချင်ပါဘူး။ ကျွန်တော် ဆန္ဒက သားလေး အတွက် လက်စားချေ ပေးဖို့ပဲ။ ဒီတစ်ခေါက် ကျွန်တော့်ကို အလွတ်ပေးရင်၊ တစ်သက်လုံး သစ္စာ ရှိပါမယ်။ ဘယ်တော့မှ သတင်းအမှား မပေးတောပါဘူး။”
“နင်ပြောတာကို လက်မခံပဲ သေခိုင်းမယ် ဆိုရင်ကော၊” ယွင်ချင်းဝူ မျက်လုံးတွေကို မှေးစင်းရင်း ပြောတယ်။ တောင်ပေါ် လေကြောင့် သူမရဲ့ ဆံကေသာတွေက လေထဲကို ဝဲလွင့် နေခဲ့တယ်။
အပိုင်း (၇၈၅) ပြီး၏။
အပိုင်း (၇၈၆)
“စစ်မှန်တဲ့ စစ်သည်တော်ရဲ့ စိတ်လှုပ်ရှားမှု။”
“ဧကရီငယ်။ ကျွန်တော့်ကို ဖိအား မပေးပါနဲ့။ ဧကရီငယ်က တန်ဖိုးထား လေးမြတ်ရတဲ့ နေရာကသူ ဖြစ်နေပင်မယ့်၊ မိစ္ဆာ မျိုးနွယ်လို အင်အား မကြီးတာကို ကျွန်တော်သိတယ်။ ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်းပဲ ကွာတာ။ အရှင် ဧကရီ အခုချိန်မှာ ရှိနေရင်တောင်၊ ဧကရီငယ်ရဲ့ အသက်ကို ကျွန်တော်နုတ်ယူချင်ရင် တားမြစ်လို့ ရမှာ မဟုတ်ဘူး။” ဝတ်ရုံနက် အံကြိတ်ရင်း ပြောတယ်။ သူ့ရဲ့ ပုံစံက မတည်ငြိမ်ဘူး။ အချိန်မရွေး လှုပ်ရှားတော့မယ့် အတိုင်းပဲ။
“ဒီလို ဖြစ်မှတော့၊ ဘာဖြစ်လို့များ မတိုက်ခိုက် သေးတာလဲ။” ယွင်ချင်းဝူရဲ့ အမူအယာကတော့ ကန်ရေပြင်လို ငြိမ်သက်နေတယ်။ “ဧကရီငယ်။ အသက် မရှင်ချင်တော့ဘူးလား။”
“ငါသေမှာ မကြောက်ဘူး။ ဒါပေမယ့် သေလည်း မသေချင်ဘူး။ နင်သွားလို့ ရပြီ။ နင့်ရဲ့ ပြစ်မှုတွေကို ငါတို့ မိစ္ဆာ မျိုးနွယ် စစ်သည်တော်တွေ ရှေ့မှာ နင့်ပြစ်မှုတွေကို ကြေညာလိုက်၊ ပြီးရင် ကိုယ့်ကိုယ်ကို သတ်သေ။” ယွင်ချင်းဝူ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြီးတဲ့နောက် ခေါင်းမော့ရင်း ပြောတယ်။ အဲ့ဒီ့နောက် ရွေ့လျားနေတဲ့ တိမ်တွေကို ပြန်ကြည့်ပြန်တယ်။
ဝတ်ရုံနက်ကတော့ တုန်ယင် နေခဲ့တယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ယွင်ချင်းဝူကို ကြည့်ရင်း ဖြစ်နေတာကို မယုံနိုင် သေးဘူး။ သူ့ရဲ့ စိတ်ထဲက ဝန်ထုပ် ဝန်ပိုးကြောင့် သူလှုပ်ရှား မိခဲ့တယ်။ ယွင်ချင်းဝူကိုတောင် ခြိမ်းခြောက် ခဲ့သေးတယ်။ ဒါပေမယ့် သူ့ တဘဝလုံးကို ယွင်ချင်းဝူ ထိန်းချုပ် ထားတယ်လို့ ခံစား နေရတယ်။
ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။ ဝတ်ရုံနက် နားမလည်နိုင်ခဲ့ဘူး။ သူ့ရဲ့ စွမ်းအားက မိစ္ဆာ ဘုရင် အဆင့်ရှိတယ်။ လက်ချောင်းလေး တစ်ချက် လှုပ်လိုက်ရုံနဲ့ ယွင်ချင်းဝူကို သတ်လို့ရတယ်။ သူ့ရဲ့ အပြစ် အတွက်လည်း အကြောင်းပြချက် ထုတ်ပြီးတော့ ဖြေရှင်းလို့လည်း ရတယ်။
ဥပမာ တောင်စဉ် ကိုးသွယ် တပည့်သားတွေ အဝေးက ရုတ်တရက် ပြန်ရောက်လာတယ်။ ဒါကြောင့် ယွင်ချင်းဝူကို မကာကွယ် နိုင်ခဲ့ဘူး။ ဒီလိုမျိုး ဇာတ်လမ်းတွေ အများကြီး ထွင်ပြီးတော့ ပြောလို့ ရတယ်။ ဒါပေမယ့် သူ့အတွေးအတိုင်း လှုပ်ရှားဖို့ မစွမ်းသာ ခဲ့ဘူး။
အရမ်း ထူးဆန်းလွန်းနေတယ်။ ယွင်ချင်းဝူကို မသတ်နိုင်တာ မိစ္ဆာတွေရဲ့ ဧကရီငယ် ဖြစ်နေတာကြောင့်လည်း မဟုတ်ခဲ့ဘူး။ တကယ်တော့ သွေးနှောထားတဲ့ ဧကရီငယ်ဆိုတာ ဟာသ တစ်ခုပဲ။ နှစ်ပေါင်း နှစဆယ်လုံးလုံး မိစ္ဆာ မျိုးနွယ်စု တစ်ခုလုံးက သူမရဲ့ ဖြစ်တည်မှုကို လျစ်လျူရှု ထားခဲ့တယ်။ မိစ္ဆာ ဧကရီ ပိုင်ကျီနဲ့ နတ်ဆိုး ဧကရာဇ် ယွင်တို့ရဲ့ ပေါင်းစည်းမှုက ထွက်ပေါ်လာတဲ့ သမီးကို သူတို့ မေ့တောင် မေ့နေခဲ့တယ်။
တစ်ရက် မတိုင်ခင် အထိပေါ့။ ယွင်ချင်းဝူက နတ်ဆိုး ကိုယ်ရံတော်တွေ ခြံရံ ပြီးတော့ မဟာ နွံအိုင်ကြီးထဲကို ဝင်လာတယ်။ အဲ့ဒီ့ အချိန်မှပဲ မိစ္ဆာတွေလည်း ယွင်ချင်းဝူ ရှိနေတာကို ပြန်မှတ်မိ ကြတော့တယ်။
နည်းနည်းတော့ ရယ်စရာ ကောင်းတယ်။ ယွင်ချင်းဝူက မိစ္ဆာ မျိုးနွယ်ရဲ အရွယ်အစားနဲ့ အင်အားကိုလည်း အမွေမရဘူး။ ဒါတင် မကသေးဘူး။ နတ်ဆိုး မျိုးနွယ်တွေရဲ့ အမှတ်အသား နတ်ဆိုး မျက်လုံးလည်း မရှိဘူး။ ဒါတောင် သူမက နတ်ဆိုး မျိုးနွယ်ရဲ့ အရှင် သခင်ငယ် ဖြစ်လာသေးတယ်။ ဘယ်လို ဟာသလဲ။
ယွင်ချင်းဝူ မိစ္ဆာ မျိုးနွယ်ရှေ့မှာ ပထမဆုံး ပေါ်လာချိန်မှာ သူတို့ အားလုံး ဒူးထောက် ခဲ့ကြတယ်။ အမှန် တရားကတော့ သူတို့ အားလုံး စိတ်ထဲမှာ လှောင်ရယ် နေခဲ့တာပဲ။
ဒါပေမယ့် ဒီဧကရီငယ်က အေးစက်တဲ့ မိစ္ဆာ ဧကရီ ပိုင်ကျစ်ကို အောင်အောင်မြင်မြင် သွေးဆောင် နိုင်ခဲ့တယ်။
ဒါ့အပြင် မိစ္ဆာ ဘုရင် ငါးယောက်ကို စုစည်းပြီးတော့ မြင့်မြတ် နယ်မြေက မျိုးနွယ်စု တစ်ခု ဖြစ်တဲ့ တောင်စဉ် ကိုးသွယ်ကို တိုက်ခိုက်ခဲ့တယ်။ ဒါက လွန်ခဲ့တဲ့ ဆယ်နှစ် တိုက်ပွဲ ပြီးတဲ့နောက် ဧကရီငယ် ပေါ်လာတဲ့ အချိန်အထိ ပထမဆုံးသော စုစည်းမှု တစ်ခုပဲ။
အပြင်ပန်းမှာတော့ ကံတရားကြောင့်လို့ပဲ ထင်ရတယ်။ တကယ်တော့ မိစ္ဆာ မျိုးနွယ်စု တစ်ခုလုံး သိထားတာ ရှိတယ်။
ယွင်ချင်းဝူက အရာ အားလုံးကို လွန်ခဲ့တဲ့ သုံးလက တည်းက ခန့်မှန်း ထားပြီးသား။ သုံးလ။ ယွင်ချင်းဝူ တစ်ချက်တည်းနဲ့ အောင်မြင်အောင် တိုက်ခိုက်ခဲ့တယ်။
သူတို့ရဲ့ တိုက်ခိုက်မှု အချိန်ကလည်း အရမ်းကို တိကျ လွန်းတာကြောင့် အံ့ဖွယ်ရာ တစ်ခု ဖြစ်ခဲ့ရတယ်။ စောသည် ဖြစ်စေ၊ နောက်ကျသည် ဖြစ်စေ၊ တိုက်ခိုက်တာက ကျရှုံး မှာပဲ။
ဝတ်ရုံနက်က နောက်တစ်ခေါက် ဒူးထောက် ကျသွားခဲ့တယ်။ ဒီတစ်ခေါက်ကတော့ ဒူးထောက်ရုံ မဟုတ်တော့ဘူး။ ဝပ်တွား ဦးညွှတ်တာ ဖြစ်သွားခဲ့ပြီ။
“ဧကရီငယ်။ တကယ်ပဲ ကျွန်တော့်ကို သတ်ဖို့ လိုအပ်တာလား။”
“အင်း။” ယွင်ချင်းဝူ ခပ်ပြတ်ပြတ် ခေါင်းငြိမ့်တယ်။
“ဘာဖြစ်လို့လဲ။ ဒီလို အချိန်မှာတောင် မညှာတာ ရတာလဲ။ ငါက မိစ္ဆာ ဘုရင်ပါ။” ဝတ်ရုံနက် စိတ်ထဲမှာ ထိခိုက် နာကျင် နေခဲ့တယ်။
“ဒီတိုက်ပွဲကြီးက စတော့မယ်။ မိစ္ဆာ ဘုရင် တစ်ယောက်ကို သတ်လိုက်တာက လက်ချောင်း တစ်ချောင်းကို လှီးဖြတ် လိုက်တာနဲ့ အတူတူပဲ။ ဒါပေမယ့် မိစ္ဆာ စစ်တပ်ကြီးကို သတိပေးရာ ရောက်သွားလိမ့်မယ်။ လူတိုင်းလည်း ကိုယ့်နေရာကိုယ် သိကြလိမ့်မယ်။ တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းကပဲ စစ်ပွဲကို အနိုင်ရအောင် လုပ်နိုင်တယ်။”
“စည်းမျဉ်း။ စည်းမျဉ်း။ ကျွန်တော် နားလည်ပါပြီ။ မိစ္ဆာ မျိုးနွယ်က မဟာ နွံအိုင်ထဲမှာ နေတာ အရမ်းကို ကြာလွန်းနေပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံး သက်တောင့်သက်သာပဲ နေခဲ့ကြတယ်။ အမုန့်တရားတွေ ကျန်နေ သေးပင်မယ့်၊ စိတ်အား ထက်သက်မှုကတော့ မရှိတော့ဘူး။ ဧကရီငယ် ပြောတာ မှန်ပါတယ်။ ကျွန်တော်ရဲ့ သေဆုံးမှုက သူတို့ကို ကိုယ့်နေရာကိုယ် သိသွား စေလိမ့်မယ်။” ဝတ်ရုံနက် နောက်ဆုံးမှာတော့ ဧကရီငယ်ရဲ့ ဆန္ဒကို နားလည် သွားခဲ့ပြီ။
“စစ်ပွဲကြီး ပြီးသွားတဲ့ အချိန်မှာ နင့်နာမည်ကို ကျဆုံး သွားတဲ့ သူရဲကောင်းတွေရဲ့ မှတ်တမ်းထဲမှာ ထွင်းထု ပေးထားပါမယ်။” ယွင်ချင်းဝူရဲ့ အကြည့်တွေက တဖျပ်ဖျပ် လက်နေခဲ့တယ်။
“ဧကရီ ငယ်ကို ကျေးဇူး တင်ပါတယ်။ ကျွန်တော့်မှာ နောက်ထပ် ဆန္ဒ တစ်ခုလည်း ရှိပါသေးတယ်။”
“နင့်သား အတွက်လည်း လက်စား ချေပေးပါမယ်။ လင်းယွမ် မျှော်စင်က လူသတ်သမားကို ဆွဲထုတ် လာပြီးတော့ နင့်သားရဲ့ အုတ်ဂူ ရှေ့မှာ သတ်ပေးမယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။
“ဒါဆိုရင် ကျွန်တော့်သား ကိုယ်စား ဧကရီငယ်ကို ကျေးဇူး တင်ပါတယ်။ အခုတော့ နှုတ်ဆက် ပါရစေ။” ဝတ်ရုံနက် တဖြည်းဖြည်း ပြန်ပြီးတော့ ထလိုက်တယ်။
“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။
ဝတ်ရုံနက် နောက်ထပ် မပြောတော့ဘူး။ ဖြည်ဖြည်းချင်းသာ လှည့်လိုက်ပြီးတော့ ထွက်သွားတော့တယ်။ သူ့မျက်ဝန်းထဲမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်က အထင်းသား မြင်နေရတယ်။ ဒါပေမယ့် လမ်းတဝက်မှာတော့ စိတ်မထိန်းနိုင်ပဲ ယွင်ချင်းဝူကို ပြန်လှည့်ကြည့် မိခဲ့တယ်။
“ဧကရီငယ်။ မိစ္ဆာ မျိုးနွယ်ရဲ့ ခမ်းနားမှုကို နောက်တစ်ခေါက် ပြန်ယူ ပေးနိုင်မှာ သေချာရဲ့လား။”
“မေးခွန်းတိုင်းရဲ့ အဖြေကိုတော့ ငါမသိဘူး။ ဒါပေမယ့် မိစ္ဆာ မျိုးနွယ် မဟာ နွံအိုင်ထဲမှာ နေပြီးတော့ အမှောင်ထဲမှာ တစ်သက်လုံး ပုန်းအောင်း နေစေချင်လား။” ယွင်ချင်းဝူ မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေတယ်။
“မိစ္ဆာတွေက မိုးမြေ အမတေ စွမ်းအားတွေကို စုပ်ယူတယ်။ နေနဲ့ လလိုပဲ။ ကျွန်တော် အခု နားလည်ပါပြီ။ မိစ္ဆာ မျိုးနွယ်ရဲ့ အနာဂတ် အတွက် စတေးရမှာ ဂုဏ်ယူ စရာပါပဲ။” ဝတ်ရုံနက်လည်း တောင်စဉ် ကိုးသွယ် အပြင် ဂိတ်တံခါးမှာ ရှိတဲ့ ဝတ်ရုံနက် အုပ်စုကြီးဆီကို လျှောက်သွားတယ်။
“နေရောင်ကို မမြင်ရတဲ့ မိစ္ဆာကို မိစ္ဆာလို့တောင် ခေါ်နိုင်ရဲ့လား။” ယွင်ချင်းဝူက ဝတ်ရုံနက်တွေကို ကြည့်ရင်း တီးတိုး ပြောတယ်။ မနက်ခင်း နေရောင်ခြည်ကို ကြည့်ရင်းနဲ့ ပြောတယ်။
“အကျိုးအမြတ်တွေ အားလုံးက အနိုင်ရသူ အတွက်ပဲ။ မှားမှား မှန်မှန်။”
“အနိုင်ရသူတွေက သမိုင်းကို ရေးတယ်။”
ယွင်ချင်းဝူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူမရဲ့ ဝတ်ရုံဖြူက လေထဲမှာ လွင့်မျော နေခဲ့တယ်။
…
မြင့်မြတ် နယ်မြေ လင်းယွမ် မျှော်စင်။
နေရောင်က ကောင်းကင်မှာ တောက်ပရင်းနဲ့ ရှုခင်းစိမ်းတွေဆီကို ဖြာကျနေတယ်။ နှင်းစက်လေးတွေက နေရောင်အောက်မှာ တောက်ပနေတယ်။ ဝတ်ရုံစိမ်း အမျိုးသမီးတွေ အများကြီး လင်းယွမ် မျှော်စင် ရှေ့မှာ လဲလျောင်း နေခဲ့ကြတယ်။ သူတို့တွေ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးတော့ တကိုယ်လုံးမှာ သွေးတွေ ချင်းချင်းနီနေခဲ့တယ်။
ကျောက်စိမ်းလေးကတော့ နောက်ဆုံး ထွက်သက်ကုန်သွား ခဲ့ပြီ။ ဝတ်ရုံဖြူ အမျိုးသမီး နှစ်ယောက်ကတော့ အမုန်းတရား အပြည့် မျက်ဝန်းတွေနဲ့ ကြည့်နေကြတယ်။
ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ်ရင်း ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ကန်ယွဲ့ နောက်မှာ ပေါ်လာတဲ့ အမျိုးသမီး ငါးယောက်ကို သူမကြောက်ဘူး။ သူတို့ကို ဂရုတောင် မစိုက်ဘူး။ လင်းမုပိုင်ကိုသာ စိုက်ကြည့်နေခဲ့တယ်။
ကြီးမြတ်သောရှရဲ့ ဧကရာဇ်က မြေပြင်ပေါ်မှာ လှဲလျောင်းနေတယ်။ မျက်နှာကတော့ စာရွက်လို ဖြူဖျော့ နေပြီ။ သေမင်း နှုတ်ခမ်းဝကို ရောက်နေ သလိုပဲ။ ဒါပေမယ့် အခုချိန်ထိ ယွိအာလို့ ခေါ်တဲ့ အမျိုးသမီးက ပေါ်မလာ သေးဘူး။
ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ ဒေါသ မီးတွေ တောက်လောင်နေတယ်။ ယုံကြည်မှုရဲ့ အင်အားကို ဖန်ကျန်းရှီ သိပေမယ့်၊ လင်းယွမ် မျှော်စင်ကတော့ နှလုံးသားမဲ့တာကို အရမ်း ယုံကြည် သက်ဝင် နေပုံပဲ။
မဟုတ်ရင် ကျောက်စိမ်းလေးက သူ့အသက်ကို ဒီလောက် လွယ်လွယ် စွန့်သွားမှာ မဟုတ်ခဲ့ဘူး။ အမျိုးသမီးက စိတ်ထိခိုက် ခံစားလွယ်တဲ့ သူတွေ၊ သူတို့ရဲ့ ခံစားချက်တွေ ပြင်းထန်တယ်။ သမိုင်းထဲမှာ ဆိုရင် အမျိုးသမီးတွေက သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်အတွက် တဘဝလုံးကိုတောင် ပေးဆပ်ကြတယ်။
မုန့်ကျန်းနွီရဲ့ ပုံပြင်တွေထဲက တစ်ခု ဖြစ်တဲ့ ကန်းကျန့်နဲ့ မော့ရှယ်တို့ ချစ်သူ နှစ်ယောက်လိုပေါ့။ ဒါပေါ့။ အချစ်က အမုန်းတရားတွေကိုလည်း ဖြစ်စေနိုင်တယ်။ စိတ်ခံစား လွယ်တဲ့ အမျိုးသမီးတွေက ဆက်ဆံရေး တစ်ခုမှာ ပိုပြီးတော့ နာကျင် ကြရတယ်။
နှလုံးသားမဲ့ တာအိုကို ကျင့်ကြံ တာကတော့ အမုန်းတွေ ဒေါသတွေနဲ့ ပြည့်နေသူ တစ်ယောက်၊ မခံမရပ်နိုင်အောင် ပြင်းထန်တဲ့ ဝမ်းနည်းမှု အခြေအနေမှာပဲ လုပ်နိုင်တယ်။ အချစ်နဲ့ အမုန်း အစွန်းနှစ်ဖက်က လူကို ပြောင်းလဲ သွားစေနိုင်တယ်။
ဖန်ကျန်းရှီလည်း ဒါကို ကိုယ်တိုင် မြင်နေရတဲ့ အတွက် စိတ်ထမြှာ မသက်မသာ ဖြစ်လာခဲ့တယ်။ တခြားသူတွေ ဘယ်လို ခံစားရမှန်း သူမသေချာဘူး။ ဒါပေမယ့် ဆက်ဆံရေးကြားက အဖြစ်တွေကိုတော့ နားလည်တယ်။ သူငယ်ချင်း၊ အချစ်နဲ့ ကြင်နာမှုတွေ ဒါတွေ အားလုံးက လောကကြီးမှာ တန်ဖိုး အရှိဆုံး အရာတွေပဲ။
လင်းယွမ် မျှော်စင်ကတော့ ဒီဆက်ဆံရေးတွေ အားလုံးကို အသုံးချတယ်။ ဖန်ကျန်းရှီရဲ့ အမြင်မှာတော့ ဒါက ဆိုးယုတ်တာပဲ။ ဒါပေါ့။ လူတိုင်းက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲ။ ဖန်ကျန်းရှီ ဝင်ပါခွင့် မရှိဘူး။ ဒါပေမယ့် ပင်းယန် နာကျင်တာကိုတော့ မမြင်ချင်ဘူး။
သူတို့ အချစ်ကြောင့် သူမ ဖြစ်တည် လာတာလေ။ အဲ့ဒီ့နောက် သူတို့ နှစ်ယောက် ခွာပြဲ သွားတာနဲ့ စွန့်ပစ်လိုက် ကြတယ်။ အခုတော့ ပါဝင် သူတွေရဲ့ နှလုံးသားမဲ့မှုကြောင့် ပင်းယန် နာကျင် နေရပြီ။ ဒီအချိန် တစ်ယောက်လုံးမှာ သူတို့ရဲ့ ကျင့်ကြံမှု အတွက် အမှိုက် တစ်ခုလိုမျိုး ဆက်ဆံ ခံခဲ့ရတယ်။
ဖန်ကျန်းရှီ တကယ့်ကို စိတ်ဆိုး ဒေါသထွက်မိတယ်။ လင်းယွမ် မျှော်စင်က သူတို့ရဲ့ တပည့်သားတွေကို သံမဏိ စည်းမျဉ်းတွေနဲ့ တင်းကြပ် ထားတာကြောင့် မဟုတ်ဘူး။ လင်းယွမ် မျှော်စင် ခေါင်းဆောင်က မျိုးနွယ်စု ငါးခုထဲမှာ စိတ်နှလုံး မာကြောပြီး အရက်စက်ဆုံး ဖြစ်နေတာ ကြောင့်ပဲ။ အကြောင်း အရင်းကတော့ ရယ်စရာ ကောင်းတယ်။ ဖန်ကျန်းရှီ ဒီကိစ္စမှာ ဝင်ပါဖို့ စိတ်ဆုံးဖြတ် လိုက်ပြီ။
“ဖန်ကျန်းရှီ။ ငါသာ ယွိအာကို ထပ်ပြီးတော့ မတွေ့နိုင် တော့ရင်၊ ငါ့ခန္ဒာကိုယ်ကို လင်းယွမ် မျှော်စင် တံခါးခြေရင်းမှာ မြုပ်နှံ ပေးပါ။ ဒီလိုမှ ငါသေ သွားတဲ့ အချိန်မှာ။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက နောက်တစ်ခေါက် ထွက်လာပြန်တယ်။
“ခမည်းတော် မသေရဘူး။ ခမည်းတော်ကို ပင်းယန် မသေစေချင်ဘူး။ မယ်တော်က ပင်းယန်ကို ကယ်ခဲ့ သလိုမျိုး လာကယ်မှာပါ။ ခမည်းတော်ကို သေချာပေါက် အသက်ရှင်အောင် ထားမှာပါ။” ပင်းယန် မျက်ရည် အပြည့် မျက်ဝန်းတွေနဲ့ ပြောတယ်။ ဧကရာဇ် လင်းမုပိုင်က ပင်းယန်ကို ကလေးလေး ဘဝတည်းက အရမ်း အလိုလိုက်ပြီး ချစ်မြတ်နိုးခဲ့တယ်။ တောင်ကြီး တစ်တောင်လို ကြံ့ကြံ့ခံရင်း ကာကွယ် ပေးတယ်။ အခုတော့ ဒီမြင့်မိုရ်တောင်ကြီးက ပြိုကျတော့မယ်။ သူမ ဘယ်လိုလုပ် မငိုပဲ နေနိုင်မှာလဲ။
“ဟဟ ဟား။ အိပ်မက် မက်နေလိုက်။ လင်းမုပိုင် လက်လျှော့လိုက်တော့။ ငါတို့ ဆရာသခင်က နင့်ကို မချစ်ဘူး။ ဘယ်တော့ ဘယ်တော့မှ နင့်ကို မချစ်ဘူး။” ကန်ယွဲ့ ရယ်မောတယ်။ သူမရဲ့ အကြည့်တွေက လင်းယွမ် မျှော်စင် တစ်ခုလုံးကိုတောင် ရူးသွပ် သွားစေတော့မယ့် အတိုင်းပဲ။
“မဟုတ်ဘူး။ ယွိအာက ငါ့ကို တကယ် ချစ်မြတ်နိုးတယ်။” ဧကရာဇ် လင်းမုပိုင် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတွေ ပြန်နီလာတယ်။
ဖန်ကျန်းရှီက ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ လင်းမုပိုင်နဲ့ ယွိအာ ကြားမှာ ဘာတွေ လွဲမှား ခဲ့မှန်း သူမသိဘူး။ ဧကရာဇ် လင်းမုပိုင် အကြောင်းကိုလည်း သူမသိဘူး။ ဒါပေမယ့် တစ်ခုကိုတော့ သိတယ်။
ပင်းယန် အတွက်ပဲ ဖြစ်ဖြစ်၊ ဧကရာဇ် လင်းမုပိုင်ရဲ့ နောက်ဆုံး ဆန္ဒကို ပြည့်မြောက် စေဖို့ပဲ ဖြစ်ဖြစ် ယွိအာက အဓိက သော့ချက်ပဲ။ ဒါကြောင့် သူတို့ အတွက် လုပ်ကို လုပ်ရမယ်။ ကန်ယွဲ့နဲ့ နောက်ထပ် အမျိုးသမီး ငါးယောက် ထွက်လာပြီးတည်းက ရှေ့ဆက်တိုးစရာ လမ်းပဲ ရှိတော့တာကို သူသိတယ်။ ရှေ့ဆက်တိုးရမှာလား။
ဖန်ကျန်းရှီ ခေါင်းမော့ရင်းနဲ့ လင်းယွမ် မျှော်စင်ကို မော့ကြည့်တယ်။ တကယ်တော့ ဒီကို မရောက်ခင်မှာ သူစဉ်းစား မိခဲ့တယ်။ ယွိအာက လင်းယွမ် မျှော်စင် ခေါင်းဆောင် ဖြစ်နိုင်တယ်လို့။ လင်းယွမ်မျှော်စင်က တကယ့်ကို ထူးဆန်းတဲ့ နေရာကြီးပဲ။
ဒီနေရာက လူတိုင်းက တခြား နေရာက သူတွေထက်ကို ပိုပြီးတော့ သန်မာကြတယ်။ တာအိုကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည် ထားကြတယ်။ ဖန်ကျန်းရှီက မျှော်စင်ထဲကိုတောင် မဝင်ရသေးဘူး။ ပြဿနာ တက်နေခဲ့ပြီ။ လင်းယွမ် မျှော်စင်ကို သူလျှော့တွက် ခဲ့မိတာတော့ အမှန်ပဲ။
ဖန်ကျန်းရှီရဲ့ မူလ အစီအစဉ်ကတော့ လင်းယွမ် မျှော်စင် ခေါင်းဆောင် ပေါ်လာအောင် ပြစ်မှတ် ထားမလို့ပဲ။ ဒါပေမယ့် အခုတော့ လင်းယွမ် မျှော်စင်က တကယ့်ကို အခက်အခဲ အပြည့်နဲကပဲ။ ပိုပြီး အရေးကြီးတာ ယွိအာရဲ့ နောက်ကြောင်း အစစ်ကို ခန့်မှန်း မိပြီးတဲ့နောက်၊ ဒီကိစ္စက ပိုမလွယ်တာကို သဘောပေါက် သွားတာပဲ။ ဒါက ပုဂ္ဂိုလ်ရေး ကိစ္စ ဖြစ်လာခဲ့တယ်။
ဥပမာ တစ်ယောက်ယောက်က အာဏာကြီးတဲ့ သူကို ပြက်ရယ် ပြုချင်တယ် ဆိုရင်၊ ဒီလို စကားတွေ ပြောတာက ဘယ်လောက်တောင် ခြောက်ခြားစရာ ကောင်းမှန်း ကိုယ်တိုင် နားလည် ထားသင့်တယ်။
“ယွိအာ။ မင်းက ပန်းကန်ပြားလောက် ရှိတဲ့ မျက်နှာကြီးနဲ့ မိန်းမဆိုးကြီး။ ရုပ်ဆိုးတဲ့ မိစ္ဆာကြီး လင်းယွမ် မျှော်စင်ထဲမှာပဲ ငကြောက် တစ်ယောက်လို ပုန်းနေ တော့မှာလား။” နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့တာကို နားလည် သွားချိန်မှာ ဖန်ကျန်းရှီ အော်ဖို့ ဆုံးဖြတ် လိုက်တော့တယ်။
အပိုင်း (၇၈၆) ပြီး၏။
အပိုင်း (၇၈၇)
“လိမ့်တော့။ နောက်ထပ် ပြဿနာ တစ်ခု။”
ဆိုရိုးစကား တစ်ခု ရှိတယ်။ လူတွေက သေခါနီး အချိန်မှာ စကားကို ကောင်းကောင်း မွန်မွန် ပြောကြတယ်တဲ့။ လင်းမုပိုင်ကတော့ သူ့ကိုယ်သူ သေတော့မယ်လို့ ထင်နေတယ်။
ဒါကြောင့် လင်းယွမ် မျှော်စင်ကို အပြစ် မတင်ပဲ ပိုပြီးတော့ ကြင်ကြင်နာနာ ပြောနေ ခဲ့တာပဲ။ သူ့ရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်း ချင်တာပဲ ရှိတယ်။
ဖန်ကျန်းရှီကတော့ မသေချင်ဘူး။ ဒါကြောင့် သူ့စကားတွေကို ထိန်းချုပ် ဖို့လည်း စဉ်းစား မနေတော့ဘူး။ လင်းယွမ် မျှော်စင်နဲ့ ရင်ဆိုင်တဲ့ နေရာမှာ ဆိုးယုတ်တာကို ဆိုးယုတ်တာနဲ့ပဲ ဖြတ်ကျော် နိုင်တယ်။
ဖန်ကျန်းရှီကတော့ တတ်နိုင်သလောက် အထိအခိုက် များစေမယ့် စကားလုံးတွေကို ရွေးသုံးနေတယ်။ (ပန်ကန်းပြားလောက် ရှိတဲ့ မျက်နှာနဲ့ မိန်းမကြီး။) နောက်ပြီးတော့ (ရုပ်ဆိုးဆိုး မိစ္ဆာမကြီး)။
ဖန်ကျန်းရှီ အညှာအတာ မရှိ အော်ဟစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက စကားကုန်ပဲ။ နောက်ထပ် အင်အား ထပ်ဖြုန်းစရာ မလိုတော့ဘူး။ ဒါပေါ့။ ဒီလို အော်ဟစ် ဆူပူတဲ့ အကျိုးက သက်ရောက်မှု ရှိတယ်။
ဖန်ကျန်းရှီ သူ့ပတ်ပတ်လည်ကို လှည့်ကြည့်ရင်းနဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေကို ကြည့်တယ်။ သူတို့ အားလုံး ကြောင်အ နေကြတဲ့ ပုံစံပဲ။ ကြည့်ရတာ အတော်လေးကို အကျိုး သက်ရောက်တယ်။ အဲ့ဒီ့နောက် တုံ့ပြန်မှုက ရှင်းရှင်းလင်းလင်း ဖြစ်လာတော့တယ်။
သတ်မှတ်ထားတဲ့ ပြစ်မှတ်ကနေ လာတာ မဟုတ်ဘူး။ ပထမဆုံး ဒေါသတကြီး တုံ့ပြန်တဲ့ သူကတော့ တခြားသူ မဟုတ်ပဲ ဧကရာဇ် လင်းမုပိုင် ဖြစ်နေခဲ့တယ်။ သူ့ကို တစ်ယောက်ယောက်က ဖြတ်ရိုက် လိုက်တဲ့ အတိုင်း နီရဲ လာခဲ့တယ်။
“ဖန်ကျန်းရှီ၊ မင်းက ငါ့ယွိအာကို မကောင်း ပြောဝံ့တယ်။” ဧကရာဇ် လင်းမုပိုင် ဒေါသ ထွက်လွန်းလို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့တောင် ခက်ခဲ နေခဲ့တယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့မယ်တော်က ဘယ်လိုများ ရုပ်ဆိုးတဲ့ မိစ္ဆာမကြီး ဖြစ်နိုင်မှာလဲ။ နောက်ပြီးတော့ မိစ္ဆာတွေက ရုပ်မဆိုးဘူး။ ပင်းယန်ရဲ့ အမြင် အရတော့ သူမရဲ့ မယ်တော်က ရုပ်မဆိုးဘူး။ နောက်ဆုံးတော့လည်း ဘယ်သူကမှ ကိုယ့် အမေကို ရုပ်ဆိုးတယ်လို့ ထင်မှာ မဟုတ်ဘူးလေ။
ဖန်ကျန်းရှီ ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီက သူ့ရဲ့ လုပ်ရပ် အောင်မြင်တာကို ယုံကြည်ချက် အပြည့် ရှိပေမယ့်၊ တုံ့ြပ်တဲ့ သူတွေကတော့ သူ့ဘက်က လူတွေသာ ဖြစ်နေခဲ့တယ်။ သူပြစ်မှတ်ထားတဲ့ လူတွေကတော့ တိတ်ဆိတ်နေခဲ့တယ်။ ဘာများ မှားနေလို့လဲ။
ဘယ်သူကမှ သူတို့ သခင်ရဲ့ ဂုဏ်သတင်းကို ထိခိုက်မှာ မလိုလားဘူး။ ကိစ္စတွေက ပိုပြီးတော့ ကပြောင်းကပြန် ဖြစ်လာတယ်။ ဖန်ကျန်းရှီ ဆက်ပြောသင့်လား စောင့်ဆိုင်း နေချိန်မှာပဲ တုံ့ပြန်သံ ထွက်လာတော့တယ်။
“ဖန်ကျန်းရှီ။ ဘယ်လိုများ ငါတို့ ဆရာသခင်ရဲ့ ဂုဏ်သတင်းကို စော်ကား ဝံ့တာလဲ။” ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ ကန်ယွဲ့ ထအော်တာပဲ။ တခြား သူတွေကတော့ ပါးစပ်ပိတ် ထားကြတယ်။ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ လင်းလက်လာတယ်။
သူ့ရဲ့ စကားလုံးတွေက မသက်ရောက်တာ မဟုတ်ဘူး။ လင်းယွမ် မျှော်စင် တပည့်သားတွေက တုံ့ပြန်မှု နွေးကွေး နေရုံပဲ။ မုန်တိုင်း တစ်ခုကို သူအခု မျှော်လင့်လို့ ရရဲ့လား။ ဖန်ကျန်းရှီ ချက်ခြင်း ပြန်ပြီးတော့ မီးမမွှေးဘူး။ အကြောင်းရင်းကတော့ လင်းယွမ် မျှော်စင် တပည့်သားတွေက ဖန်ကျန်းရှီကို တိတ်တဆိတ် စိုက်ကြည့်နေဆဲ။ အရမ်းကို ထူးဆန်းတယ်။
“…” ဖန်ကျန်းရှီရဲ့ ပါးတွေကတော့ နီရဲလာတယ်။ သူ့ရဲ့ အရေထူတဲ့ အကျင့်ကို ကိုယ့်ကိုယ်ကို အမြဲ ချီးမွမ်း ခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ့ထက် ပိုဆိုးတဲ့ သူတွေနဲ့ တွေ့နေပြီ။ ဒါက ဘယ်လို အဓိပ္မာယ်လဲ။
လင်းယွမ်မျှော်စင် တပည့်သားတွေက သူတို့ကိုယ် သူတို့ အနိုင်ရဖို့ စတေးပြီးတော့ သူတို့ ခေါင်းဆောင်ကို ဒီအတိုင်း စကားနဲ့ စော်ကား ခံမယ်ပေါ့။ လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံးက ထူးဆန်းလိုက်တာ။ ဖန်ကျန်းရှီ မယုံနိုင်ဘူး။ နောက်ထပ် ထပ်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
“ယွိအာ။ တင်မရှိ ရင်မရှိ စုန်းမကြီး။ စကောလောက် မျက်နှာကြီး ရှိနေရုံတင် မကဘူး။ မျက်လုံးတွေကလည်း တစ်ဖက်ကြီး တစ်ဖက်သေးနဲ့။ နှာခေါင်းကလည်း ပိုးဟပ် နှာခေါင်းလို ပြားချပ်ချပ်ကြီး။ သွားခေါခေါနဲ့ ခြေထောက်က ခွင်နေသေး။”
ဖန်ကျန်းရှီ ဖြစ်နိုင်သလောက် ရုပ်ဆိုးတဲ့ မိန်းမကြီး တစ်ယောက် ပုံစံကို စဉ်းစားပြီး ပြောနေတယ်။ လင်းမုပိုင်ကတော့ ပေါက်ကွဲ နေပြီ။
“ ညစ်ပတ်တဲ့ ကောင်စုတ်။ မင်း ပါးစပ်ကို ပိတ်ထားလိုက်။ ယွိအာက ပင်းယန်လို မျက်လုံး လှလှလေးတွေ ရှိတယ်။ မင်းပြော သလို တစ်ခုမှ မဟုတ်ဘူးကွ။”
“အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့မယ်တော်ကို မဟုတ်က ဟုတ်ကတွေ လျှောက်မပြောနဲ့။” ပင်းယန်ကတော့ ဖန်ကျန်းရှီ လုပ်နေတာကို နားမလည်နိုင်ဘူး။ ဒီအချိန်မှာ နောက်ထပ် အသံ တစ်သံ ထွက်ပေါ်လာတယ်။
“ဆရာ ငါးဦး ဖန်ကျန်းရှီကို သတ်ပေးဖို့ ကန်ယွဲ့ အမိန့်အာဏာ အရ တောင်းဆိုပါတယ်။”
ကန်ယွဲ့ရဲ့ စကားက အမိန့်ထက် တောင်းပန်တာနဲ့ ပိုတူနေတယ်။ ကန်ယွဲ့က အမျိုးသမီး ငါးဦးလောက် အဆင့်မမြင့်တာ အသေချာပဲလေ။ အမျိုးသမီး ငါးဦး ကန်ယွဲ့ကို ခေါင်းငြိမ့်ရင်း တုံ့ပြန်တယ်။ ဝတ်ရုံဖြူ အမျိုးသမီး နှစ်ယောက်လည်း ခပ်မြန်မြန်ပဲ ကန်ယွဲ့ဆီကို ပြေးလာတယ်။ အမျိုးသမီး ငါးယောက်ကတော့ လှုပ်ရှားတော့တယ်။
ဖန်ကျန်းရှီ၊ ပင်းယန်နဲ့ လင်းမုပိုင်ကို ဝန်းရံလိုက်တယ်။ ဖန်ကျန်းရှီကတော့ ဆက်ပြီး အော်ဟစ် ဆူပူချင်တယ်။ ဒါပေမယ့် လင်းမုပိုင်နဲ့ ပင်းယန် အတော်လေး စိတ်ဆိုးနေတာ မြင်တော့ သူရပ်တန့် လိုက်တယ်။ အခြေအနေတွေ ဒီလို ဖြစ်လာတာကိုတော့ အံ့သြ မိတယ်။
သူကြိမ်းမောင်းနေတဲ့ ယွိအာ ဆိုတာကို ဘယ်သူမှန်း မသိကြတာလား။ ဒါမှမဟုတ်။ ယွိအာ ဆိုတာ လင်းယွမ် မျှော်စင် ခေါင်းဆောင်က သူခရီးသွားတဲ့ အချိန်မှာပဲ သုံးတဲ့ နာမည်လား။ တစ်ခုခုတော့ လွဲနေပြီ။ အကယ်၍ ယွိအာကို လင်းယွမ် မျှော်စင် ခေါင်းဆောင်မှန်း မသိရင်တောင်၊ ကန်ယွဲ့က ဆရာသခင်လို့ ခေါ်နေတာကို သိသင့်တယ် မဟုတ်လား။
ယွိအာက လင်းယွမ် မျှော်စင် ခေါင်းဆောင် မဟုတ်လို့လား။ ဒါပေမယ့် ဒီလိုသာ ဖြစ်ရင်တော့ ကန်ယွဲ့က အရင် ထင်ထား သလိုမျိုး ထူးခြားတဲ့ အဆင့်မြင့်လည်း မဟုတ်ဘူးဆိုရင်၊ လင်းယွမ်မျှော်စင်က အထူး ကာကွယ် စောင့်ရှောက်သူ ငါးယောက်ကို ဘာဖြစ်လို့ လွှတ်လိုက်မှာလဲ။ စိတ်ရှုပ်စရာ ကောင်းလိုက်တာ။
ဖန်ကျန်းရှီ ပြဿနာ ရှိတာကို သိပေမယ့် ဘယ်မှာ ရှိနေမှန်း မသိဘူး။ ဒါတွေကို စဉ်းစားဖို့လည်း အချိန် များများစားစား မရှိဘူး။ အမျိုးသမီး ငါးယောက်ရဲ့ ပုံစံက ဒြပ်စင် ငါးခုကို ကိုယ်စားပြုတယ်။
“သုံးယောက်က ငါးယောက်ကို တိုက်ခိုက်တယ်။ ဒါက ငါ့အကြိုက် ပုံစံ မဟုတ်ဘူး။ ပင်းယန်နဲ့ အရှင် မင်းမြတ်ကို ထွက်သွား ခိုင်းပြီးတော့မှ ငါ့ကို ငါးယောက် တိုက်ခိုက် ကြရင်ကော။” ဖန်ကျန်းရှီက ပင်းယန်နဲ့ ဧကရာဇ် လင်းမုပိုင် ရှေ့မှာ ရပ်ရင်း လှောင်ပြုံး ပြုံးပြီး ပြောတယ်။
“သခင်လေးဖန်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လေးစား မိပါတယ်။ အရမ်းကောင်းတယ်။ ပင်းယန်သာ ဝင်မစွက်ဖက်ရင်၊ သူ့ကို ငါတို့ ခေါင်းဆောင်ဆီ ကိုယ်တိုင် သွားခွင့် ပေးပါမယ်။” အနီရောင် ဝတ်ရုံနဲ့ အမျိုးသမီးက ဖန်ကျန်းရှီကို ပြုံးပြရင်း ပြောတယ်။
“ယွိအာ။ တင်မရှိ၊ ရင်မရှိ၊ စုန်းမကြီး။” ဖန်ကျန်းရှီ ခေါင်းငြိမ့် ပြီးနောက် အော်လိုက်တယ်။
“…” အမျိုးသမီး ငါးယောက်ကတော့ သူ့စကားကို ကြားချိန်မှာ တစ်ယောက်ကို တစ်ယောက် ထူးထူးဆန်းဆန်း ကြည့်လိုက ကြတယ်။ ဖန်ကျန်းရှီကို ပြန်ပြောဖို့လည်း စိတ်ကူး ရှိပုံ မပေါ်ဘူး။ ဒါက ဖန်ကျန်းရှီရဲ့ အတွေးပဲ။ (ပညာရှင်တွေ လှုပ်ရှားတဲ့ အချိန်မှာ၊ သူတို့ရဲ့ အရည်အချင်းက သိသာ ထင်ရှားတယ်။)လို့ ဆိုရိုးစကား ရှိတယ်။
“ဝူး။”
အစိမ်းရောင် အရာ တစ်ခုက ဖန်ကျန်းရှီ ရဲ့ ဘေးပတ်ပတ်လည်မှာ ထိုးထွက်လာတယ်။ ဒီအရာတွေက အစိမ်းရောင် တောက်နေတယ်။ ကျောက်စိမ်း အပိုင်းအစ သေးသေးလေးတွေလိုပဲ လှပတယ်။ ဒါပေါ့။ အရာ အားလုံးမှာ အစွန်း နှစ်ဖက် ရှိတယ်။ လှပတဲ့ အရာတွေက အန္တရာယ်များတယ်။
အစိမ်းရောင် အရာတွေက မထိခိုက် နိုင်ပေမယ့်၊ သူတို့ရဲ့ တောက်ပတဲ့ ရောင်ခြည်ကတော့ ကြောက်စရာ ဓားသွား တွေလိုပဲ ထက်ရှလွန်းတယ်။ အချိန်တို အတွင်းမှာပဲ ဖန်ကျန်းရှီရဲ့ အနက်ရောင် သံချပ်ကာပေါ်မှာ အက်ကွဲရာတွေ ပေါ်လာတယ်။
“အိုး။ မဆိုးဘူးပဲ။” ဖန်ကျန်းရှီ သူ့ရဲ့ သံချပ်ကာ အက်ကွဲ သွားတာကို ကြည့်နေတယ်။ အမျိုးသမီး ငါးယောက်ရဲ့ ခန္ဒာကိုယ်မှာလည်း အစိမ်းရောင် အလင်းတန်း တောက်ပ နေတာကို မြင်လိုက်ရတယ်။
ဒါပေမယ့် ရလဒ်ကတော့ လုံးဝကို ကွာခြားတယ်။ တောင်စဉ် ကိုးသွယ်က မဟာ အကြီးအကဲ ယင်းယွီနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ တုန်းကတောင် သူ့ သံချပ်ကာကို များများ စားစား မပျက်စီး စေခဲ့ဘူး။
“သခင်လေးဖန်။ နင်လည်း မဆိုးပါဘူး။” အလယ်က အမျိုးသမီး ပြုံးပြုံးကြီး ပြန်ဖြေတယ်။ ဒါက အပြုံး ပြိုင်ပွဲပဲ။ ဒါပေမယ့် သူတို့ အားလုံး သတ်ဖြတ်ဖို့ စိတ်ကူးတွေနဲ့သာ ပြည့်နှက်နေတယ်။ အက်ကွဲသံတွေက လေထဲမှာ ဆက်တိုက် ထွက်ပေါ်နေတယ်။
ဖန်ကျန်းရှီရဲ့ သံချပ်ကာပေါ်မှာ တောက်လောင်နေတဲ့ အနက်ရောင် မီးတောက်တွေကလည်း အစိမ်းရောင် အလင်းတန်းနဲ့ ထိတွေ့တယ်။ အလင်းတန်း နှစ်ခု တိုက်ခိုက် နေကြ သလိုပဲ။
အစိမ်းရောင် အလင်းတန်းက အသာစီး ရနေတယ်။ ဖန်ကျန်းရှီက ငါးယောက် တစ်ယောက် တိုက်ခိုက် နေတာလလေ။ ပင်းယန်ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ သူမက လင်းမုပိုင် ဘေးမှာ နေနေပင်မယ့်၊ ပတ်ဝန်းကျင် ဖိအားတွေကို ခံစား နေရတယ်။ အသက်ရှူ ရတာက ပိုပြီးတော့ ခက်ခဲ လာနေပြီ။
“တစ်ယောက်က ငါးယောက်ကို တိုက်ခိုက်တာလား။ ဒီအရှက်မရှိတဲ့ ကောင်စုတ် အနိုင် ရနိုင်လား။” ပင်းယန်ကတော့ စိုးရိမ်နေတယ်။ ဖန်ကျန်းရှီရဲ့ အကြည့်တွေကတော့ သူမကို စိတ်မပူဖို့ ပြောနေခဲ့တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီ ပင်းယန်ကို အကြည့်လွှဲ သွားတဲ့ အချိန်မှာပဲ အနက်ရောင် မီးတောက်တွေက ရုတ်တရက် ပြောင်းလဲ သွားတယ်။ မျက်တောင် တစ်ခတ် အတွင်းမှာ အစိမ်းရောင် အလင်းတန်းတွေက ဖန်ကျန်းရှီကို အရှိန်ပြင်းပြင်း ရိုက်ခတ်ပြီးတော့ ဝါးမျို လိုက်တယ်။ ဖြစ်သွားတာ မြန်လွန်းလို့ ကန်ယွဲ့တောင် လန့်သွားတယ်။ အမျိုးသမီး ငါးယောက်လည်း အတူတူပဲ။
“ဒီကောင် ဘာဖြစ်လို့ ရုတ်တရက် အားနည်း သွားတာလဲ။” ကန်ယွဲ့ နားမလည်နိုင်ဘူး။ ဖန်ကျန်းရှီကို မချီးမွမ်း ချင်ပေမယ့် သူ့ရဲ့ စွမ်းအားတွေကို သူမ ကောင်းကောင်း သိတယ်။ သူက အားနည်းတဲ့သူ မဟုတ်ဘူး။ ကြောက်စရာ ကောင်းလောက်အောင်ကို အင်အားကြီးတယ်။
“ဘာတွေ ဖြစ်နေတာလဲ။”
“စွမ်းအား အရင်းအမြစ် ကုန်သွားတာလား။”
“မဟုတ်သေးဘူး။ ငါတို့ ခံစား ရသလောက် ဆိုရင်၊ အချိန်တို အတွင်းမှာ စွမ်းအား ကုန်နိုင်မှာ မဟုတ်ဘူး။”
အမျိုးသမီး ငါးယောက် လန့်နေခဲ့တယ်။ နောက်ဆုံးတော့လည်း သူတို့တွေက ဖန်ကျန်းရှီနဲ့ တိုက်ရိုက် ရင်ဆိုင် နေရ သူတွေလေ၊ ငတုံးတွေ မဟုတ်ကြဘူး။
“ဝူး။”
ကန်ယွဲ့၊ ပင်းယန်နဲ့ အမျိုးသမီး ငါးယောက် ထိတ်လန့် နေချိန်မှာ၊ ဖန်ကျန်းရှီကို ဝါးမျိုလိုက်တဲ့ အစိမ်းရောင် အလင်းတန်းကတော့ လုံး၀ ပျောက်ကွယ် သွားခဲ့ပြီ။ သံချပ်ကာ ပေါ်မှာ တစ်စွန်း တစ်စလေးတောင် မရှိတော့ဘူး။ ဖန်ကျန်းရှီ သံချပ်ကာပေါ်က အက်ကွဲကြောင်းတွေ အားလုံး ရေခဲတွေနဲ့ ပြည့်ပြီး ပျောက်ကွယ် ကုန်တော့တယ်။
“ဒြပ်စင် ငါးခု တစ်ခုနဲ့ တစ်ခု ဓာတ်ပြု ကျသလိုပဲ။ လောကကြီးမှာ ရှိတဲ့ အရာအားလုံး ဒါကို ကြုံတွေ့ရတယ်။ တစ်ခါတလေ၊ မင်းက အင်အား မကြီးတာ မဟုတ်ဘူး။ မင်းရဲ့ တာအိုက ငါ့ရဲ့ တာအိုကို ထိန်းချုပ် မထားနိုင်တာ တစ်ခုပဲ။ မင်းတို့လို ထက်မြက်တဲ့ လူတွေက ငါပြောချင်တာကို နားလည်မှာပါ။ ရုန်းကန်နေတာ ရပ်လိုက်ကြတော့၊ မင်းတို့ ငါ့ကို တိုက်ခိုက် နေလည်း ငါ့ကို ထိခိုက်အောင် မလုပ် နိုင်ဘူး။”
ဖန်ကျန်းရှီ ဗျူဟာ အလယ်က အမျိုးသမီးကို တိုက်ရိုက်ပဲ ပြောလိုက်တယ်။ သူ့မျက်နှာပေါ်က အပြုံးကတော့ ထင်ထင် ရှားရှား တောက်တောက် ပပကြီးကို ရှိနေခဲ့တယ်။
အပိုင်း (၇၈၇) ပြီး၏။
အပိုင်း (၇၈၈)
“ထူးဆန်းတဲ့ တာအို တစ်ခု၊ အမျက်ဒေါသထွက်ခြင်း။”
ဖန်ကျန်းရှီကတော့ ကြည့်ရတာ အရမ်းကို ယုံကြည်ချက် အပြည့်နဲ့။ သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက စိတ်ရှုပ်စရာ ကောင်းတယ်။
ဒါပေမယ့် သူကတော့ ဂရု မစိုက်ဘူး။
အကြောက်အလန့် ကင်းကင်းနဲ့ ဆက်ပြီးတော့ ရယ်မော နေခဲ့တယ်။
သူ့ကိုယ်သူ စိတ်အေးတဲ့ ပုံစံ ဟန်ဆောင်နေတာ မဟုတ်ခဲ့ဘူး။ တကယ်တော့ ကြောက်စရာ အတွေး တစ်ခုက သူ့စိတ်ထဲကို ဝင်ရောက် လာခဲ့တယ်။
လင်းယွမ်မျှော်စင် ခေါင်းဆောင်က လင်းမုပိုင်နဲ့ ပင်းယန်ကို မတွေ့ချင်ဘူး။ ဒါက ဖြစ်နိုင်ချေ တစ်ခုသာသာပဲ။ နောက်တစ်ခုကတော့ ဖန်ကျန်းရှီကို အားအင် ကုန်ခမ်းအောင် အချိန် ဆွဲနေတာလည်း ဖြစ်နိုင်တယ်။
(မင်းကိုယ်မင်းနဲ့ မင်းရဲ့ ရန်သူ အကြောင်းကို ကောင်းကောင်း သိရင်၊ တိုက်ပွဲကို ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ဘူး။) ဒီဆိုရိုး စကားအတိုင်း လုပ်နေတာလည်း ဖြစ်နိုင်တယ်။ ဖန်ကျန်းရှီကို သူမရဲ့ တပည့်တွေနဲ့ စမ်းသပ်တာလည်း ဖြစ်နိုင်တယ်။ တစ်ယောက်ပြီး တစ်ယောက်နဲ့ တိုက်ခိုက်ပြီးတော့ သူ့အင်အားကို တွက်ချက်လို့ ရနိုင်တယ်။
ဖန်ကျန်းရှီ ဒီလို မျိုးနွယ်စုမျိုးကို မြင့်မြတ် နယ်မြေမှာ တစ်ခါမှ မမြင်ဖူးဘူး။ မြင့်မြတ် နယ်မြေ တခြား မျိုးနွယ်စုတွေက အင်အားကို သုံးပြီးတော့ ရန်သူ့ကို ဖိနှိပ်တယ်။ လင်းယွမ် မျှော်စင်ကတော့ မတူဘူး။
တစ်ခါမှ မတွေ့ဖူး ပေမယ့်၊ ဖန်ကျန်းရှီ သိနေတာ တစ်ခုတော့ ရှိတယ်။ လင်းယွမ် မျှော်စင် ခေါင်းဆောင်က ကိုယ့်ကိုယ်ကို မျိုသိပ် နိုင်တဲ့ နေရာမှာ ဆရာ တစ်ဆူပဲ။
ဖန်ကျန်းရှီ ဒီလောက် ပြောဆို နေတာတောင် တည်ငြိမ်နေ နိုင်သေးတယ်။ သူမနဲ့ ဘာမှ မဆိုင်တဲ့ အတိုင်းပဲ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်က မိုင်ထောင်ချီ အောင်ပွဲကို ဆောင်ကျဉ်း ပေးနိုင်တယ်။
ဖန်ကျန်းရှီ လေ့လာ နေရုံပဲ ဆိုပေမယ့် လင်းယွမ် မျှော်စင် ခေါင်းဆောင်ကတော့ သူထင်ထားတာထက်ကို ပိုပြီးတော့ ကြောက်စရာ ကောင်းနေတယ်။
ဒါပေါ့ သူ့ရဲ့ ခန့်မှန်းချက်တွေ မှန်သည် ဖြစ်စေ မမှန်သည် ဖြစ်စေ။ ဖန်ကျန်းရှီကတော့ ဝှက်ဖဲတွေ အကုန်လုံးကို ထုတ်သုံးမှာ မဟုတ်ဘူး။ ဒါကြောင့် ဗျူဟာတွေကို သေချာ စဉ်းစားရမယ်။
အောင်မြင်တဲ့ စစ်သည်တော်တွေက အမြဲတမ်း ကောက်ကျစ်တယ်။
အနိုင်ပိုင်းနိုင်ဖို့ ဖုံးကွယ်ထားဖို့ လိုအပ်တယ်။
နောက်ဆုံးတော့လည်း လင်းယွမ် မျှော်စင် ခေါင်းဆောင်က ထွက်မလာသေးဘူး။ ဖန်ကျန်းရှီလည်း အကြံကုန်တော့မယ်။ ဒါကြောင့် သူ့ရဲ့ ဝှက်ဖဲတွေကို ဖုံးကွယ်ပြီးတော့ သေချာ လှုပ်ရှားရ လိမ့်မယ်။
ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို မခန့်မှန်း နိုင်လောက်အောင် တော်တဲ့ ပုံစံမျိုး ဟန်ဆောင်ဖို့ လိုတယ်။ ဒီလို နည်းနဲ့၊ လင်းယွမ် မျှော်စင် ခေါင်းဆောင်ကို မျှားခေါ်ရမယ်။
ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ယုံကြည်ချက်နဲ့ ပုံစံတွေက သိပ်ပြီးတော့ အလုပ်ဖြစ်တဲ့ ပုံစံ မပေါ်ဘူး။ ကန်ယွဲ့နဲ့ အမျိုးသမီး ငါးယောက်က ဒီဖြစ်ရပ်ကို သိပ်ပြီးတော့ အံ့သြပုံ မပေါ်ခဲ့ဘူး။
“တန်ပြန် တိုက်ခိုက်တာလား။” ကန်ယွဲ့ ထူးဆန်းတဲ့ အင်အားတွေ ခံစား မိပေမယ့် ဖန်ကျန်းရှီ ပြောနေတာကို မယုံခဲ့ဘူး။ ဒါကြောင့် တွေေ၀ နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ မထိမခိုက်ပဲ ရှိနေဆဲ။
သူပြောသလိုပဲ။ သူတို့ရဲ့ လုပ်ရပ်တွေ အားလုံးက သူ့ကို မထိခိုက် စေနိုင်ဘူးတဲ့လား။
ဘာတွေ ဖြစ်နေတာလဲ။ ကန်ယွဲ့နဲ့ အမျိုးသမီး ငါးယောက် စိတ်ထဲမှာ မေးခွန်း တစ်ခုတည်းကို မေးမိနေတယ်။ ဘာကြောင့်များ သူတို့ရဲ့ တိုက်ခိုက်မှုက အလုပ် မဖြစ်တာလဲ။
ဒါက အောင်မြင် ရမှာ မဟုတ်လား။ အံ့သြစရာ ကောင်းလိုက်တာ။ ကန်ယွဲ့နဲ့ အမျိုးသမီး ငါးယောက်တို့ရဲ့ အပြုံးက တောင့်တင်း နေခဲ့တယ်။ ဖြစ်နေတဲ့ အရာ အားလုံးက အရမ်းကို ထူးဆန်းနေတယ်။
ပင်းယန်ကတော့ ကိစ္စတွေကို အတော် စဉ်းစားပြီးတဲ့နောက် နားလည်စ ပြုလာခဲ့တယ်။ အမှန်တရားကတော့ တကယ်ပဲ စိတ်ကို ပွင့်ထွက် သွားစေတယ်။
“ဒီ အရှက်မရှိတဲ့ ကောင်စုတ်က ဒီလောက်တောင် အင်အား ကြီးနေပြီလား။ ဘယ်လိုများ အောင်မြင် နိုင်တာလဲ။”
“ကြည့်ရတာ အားလုံးက ငါ့ကို မယုံကြတဲ့ ပုံစံပဲ။ စိတ်မဆိုးပါဘူးလေ။ အားလုံး နောက်တစ်ခေါက် ကြိုးစား ကြည့်လို့ ရတယ်။” ဖန်ကျန်းရှီ နောက်ထပ် ပြန်ဖြေတာကို စောင့်မနေတော့ဘူး။
ဖန်ကျန်းရှီလည်း အလျင် မလိုဘူး။ မမျှော်လင့်ထားတဲ့ အရာတွေ အတွက် စိတ်ကို ပြင်ဆင် ထားပြီးသား။ ဒါကြောင့် သူဆက်ပြီးတော့ သူတို့ကို ဒေါသ ထွက်အောင် လုပ်ရမယ်။
သူ့ရှေ့ တည့်တည့်မှာ ရပ်နေခဲ့တဲ့ အနီရောင်ဝတ် အမျိုးသမီးကတော့ ဒေါသ ထွက်နေတာ သိသာတယ်။
“သခင်လေးဖန်။ မင်းရဲ့ နည်းလမ်းတွေက တကယ့်ကို ထူးဆန်းတာပဲ။ ငါတို့က လင်းယွမ် မျှော်စင်ကို သစ္စာပြု ထားတယ်။ မင်းကို အနိုင်မယူနိုင်ရင်တောင်။ ငါတို့ မျိုးနွယ်ကို ငါတို့ အသက်နဲ့ ရင်းပြီးတော့ ကာကွယ်မယ်။” ဝတ်ရုံနီ အမျိုးသမီးက ပြောတယ်။ တခြား အမျိုးသမီး လေးယောက်လည်း အတူတူပဲ။
ခေါင်းငြိမ့်ရင်းနဲ့ မျက်လုံး ပိတ်ထားတယ်။ မျက်လုံးတွေကို ပြန်ဖွင့် ချိန်မှာတော့ အစိမ်းရောင် အလင်းတန်းကနေ ပင်လယ်ပြာပြာကြီးရဲ့ အရောင်ကို ပြောင်းလဲ သွားတယ်။
“ဝူး။”
သူတို့ ခန္ဒာကိုယ် အလင်းတန်းတွေကလည်း ပြောင်းလဲ သွားတယ်။ ရေစက်လေးတွေ ကောင်းကင်ကနေ စီးကျ နေသလိုပဲ။ အဖြူရောင် မြူနှင်းတွေ လေထဲမှာ ပေါ်လာတယ်။
တစ်ချိန်တည်းမှာပဲ အမျိုးသမီး ငါးယောက် လှုပ်ရှားတယ်။ သူတို့ရဲ့ လက်ထဲမှာ နီလာတစ်လုံးစီ မြုပ်ထားတဲ့ အပြာရင့်ရောင် ဓားတွေ ပေါ်လာခဲ့တယ်။
“ကခုန်။” ဝတ်ရုံနီ အမျိုးသမီး အော်ဟစ်တယ်။ ဝတ်ရုံနီက ဖန်ကျန်းရှီရဲ့ ရှေ့ကနေ ဘယ်ဘက်ကို ရောက်သွားတယ်။ လေထဲမှာ အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာတယ်။
ဒါက လေတွေ ခဲ သွားတဲ့ အသံပဲ။ သေမင်းလို အေးစက်တဲ့ လေညှင်းက ဖန်ကျန်းရှီကို လာထိတွေ့နေတယ်။
အမျိုးသမီး ငါးယောက်က ဖန်ကျန်းရှီကို သူတို့ရဲ့ ဓားပြာပြာတွေနဲ့ ချိန်ရွယ်ထားတယ်။ သူတို့ ဓားထိပ်တွေကတော့ နှင်းတွေလို ဖြူဖွေး နေခဲ့တယ်။
“တကယ့်ကိုပဲ သူတို့က တာအို တစ်ခုတည်းကို သုံးနိုင်တာပဲ။” သူတို့ သုံးနေတဲ့ တာအိုက ရေနဲက အစိုင်အခဲကို အခြေခံ ထားတယ်။ ဖန်ကျန်းရှီကတော့ သိပ်ပြီးတော့ အံ့သြ မနေတော့ဘူး။
အစိမ်းပဲ ဖြစ်ဖြစ်၊ အခုလို အပြာရင့်ရောင်ပဲ ဖြြစ်ဖစ်၊ အမျိုးသမီး ငါးယောက်လုံးက တညီတညွတ်တည်း လှုပ်ရှားတယ်။ သူတို့တွေက ကိုယ်ပွားတွေ လိုပဲ။ ဖန်ကျန်းရှီ စိတ်ထဲမှာ ထူးဆန်းတဲ့ ဒီနည်းလမ်းကြီးကို ကြောက်လန့် မိတယ်။
တူညီတဲ့ နည်းလမ်းကို သုံးနေတဲ့ အမျိုးသမီး ငါးယောက်ရဲ့ တိုက်ခိုက်မှုက အရမ်းကို အစွမ်း ထက်တယ်လေ။ ဒါ့အပြင်၊ ဖန်ကျန်းရှီ သေချာ သိတာ တစ်ခု ရှိတယ်။ သူတို့ အားလုံးက အတူတူ တိုက်ခိုက်ရင် ပိုပြီးတော့ အင်အားကြီးတယ်။
တစ်ခေါက်မှာ လူနည်းနည်းပဲ လွှတ်နေတဲ့ လင်းယွမ် မျှော်စင်ရဲ့ အချိုးချပုံကိုလည်း သူနားမလည် သေးဘူး။ လင်းယွမ် မျှော်စင်မှာ ဒီလောက်ပဲ လူရှိတာလား။ ဒါမှမဟုတ် ထူးခြားတဲ့ အကြောင်းအရင်း ရှိနေတာလား။
ဖန်ကျန်းရှီ မတွေးနိုင်သေးဘူး။
အမျိုးသမီး ငါးယောက်ကတော့ ဖန်ကျန်းရှီကို ရှုထောင့် ပေါင်းစုံကနေ တိုက်ခိုက်နေတယ်။
ကျောချမ်းစရာ အေးစိမ့်မှုကြီးက ဖန်ကျန်းရှီကို အရပ် မျက်နှာ ပေါင်းစုံကနေ ဝင်ရောက် ထိုးဖောက်တယ်။ ဖန်ကျန်းရှီကတော့ ခုန်ပြီး မပြေးဘူး။ ခုန်လည်း မခုန် နိုင်ဘူးလေ။ အမျိုးသမီး ငါးယောက်က မြေပြင်ကို ခဲပြစ်လိုက်ပြီ။
သူ့ခေါင်းပေါ်ကနေ ကြောက်စရာ ဖိအားလည်း ဖိနှိပ် နေသေးတယ်။ အမျိုးသမီး ငါးယောက်ကတော့ ဖန်ကျန်းရှီ သူတို့ တိုက်ခိုက်မှုကနေ လွတ်မယ်လို့ မထင်ဘူး။ ဖန်ကျန်းရှီလည်း ထွက်ပြေးဖို့ စိတ်ကူး မရှိဘူး။
သူ့ခန္ဒာကိုယ်ကနေ အနက်ရောင် မီးတောက်တွေ ထွက်လာပြီးတော့ အေးခဲ အပြာရောင် ဓားတွေကို ခုခံတယ်။ ဒါပေမယ့် ဓားတွေရဲ့ အင်အားက ပြင်းထန်လွန်းတော့ ကိုင်တွယ်ဖို့ ခက်ခဲ လွန်းနေတယ်။
“ဝုန်း။”
ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ဓားနဲ့ ထိုးမိတယ်။ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးက သူ့ရဲ့ သံချပ်ကာမှာ ပေါ်လာတယ်။ အက်ကွဲကြောင်းတင် မကဘူး။ ဓားနဲ့ ထိလိုက်တဲ့ နေရာမှာ အပေါက်ကြီး ဖြစ်သွားတယ်။
ဒီအပေါက်ကြီးကနေ အေးခဲမှုက နေရာ အနှံ့ကို ပျံ့တယ်။ အပြာရင့်ရောင် အလင်းတန်းက ကောင်းကင်မှာ လှည့်ပတ်နေတယ်။ ဆောင်းရာသီ လေအေးလိုပဲ မီးတောက်နက်တွေကို ငြိမ်းသတ်လိုက်တယ်။
“အထင်ကြီး စရာပဲ။” ဖန်ကျန်းရှီ ခေါင်းကို နည်းနည်းလေး မော့လိုက်တယ်။ သူ့ဆံကေသာတွေက မြူနှင်းတွေနဲ့ ဖုံးအုပ်နေပြီ။ ဒါပေမယ့် မျက်လုံးထဲမှာတော့ အနက်ရောင် မီးတောက်က လောင်ကျွမ်း နေခဲ့တယ်။
“ငါတို့ရဲ့ ငါးယောက်ရဲ့ ပေါင်းစည်း တိုက်ကွက်ကနေ အသက်ရှင်နိုင်ရင်၊ မင့်အတွက် အောင်မြင်မှု တစ်ခု ဖြစ်လိမ့်မယ်။ လင်းယွမ် မျှော်စင်ကသာ ထွက်သွားနိုင်ရင်၊ မင်းရဲ့ နာမည်က မြင့်မြတ် နယ်မြေ တစ်ခုလုံးကို ကျော်ကြားလိမ့်မယ်။” ဝတ်ရုံနီ အမျိုးသမီးက ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ သူမရဲ့ ဝတ်ရုံနီက လေထဲမှာ တဖျပ်ဖျပ် လွင့်နေရင်း၊ ပိြုပီးတော့တောင် အင်အား ကြီးလာပုံပဲ။
“ဒီတော့ ငါ့မှာ အသက်ရှင်နိုင်တဲ့ အခွင့်အရေး ရှိတာပေါ့။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောလိုက်တယ်။ သူ့လက်ထဲက မိစ္ဆာ ဆန်ဆန် ခရမ်းရောင် အလင်းတန်းလည်း ဓားကို ဖြတ်ပြီးတော့ တောက်ပ လာတယ်။
“ဟာသ ပြောနေတာပါ။ သခင်လေးဖန်က အတည်ယူတာလား။” ဝတ်ရုံနီ ပြန်ဖြေရင်း ပြုံးပြတယ်။
“အသက်ရှင်ဖို့ အခွင့်အရေးတောင် မရှိတော့ဘူးလား။”
“အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးသားထက် ပိုပြီးတော့ မာကျော နိုင်တာ ဘာမှ မရှိဘူး။ သခင်လေးဖန်။ ဒါကို ကြားဖူးတယ် မဟုတ်လား။”
“ကြားဖူးတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အရင့် အရင်တုန်းက ယောကျားတွေ ပြောခဲ့တာလေ။ အမျိုးသမီးရဲ့ နှလုံးသားက အမုန်းတရားနဲ့ ပြည့်နှက် လာတဲ့ အချိန်မှာ ပိုပြီးတော့ မာကျောတယ်။ အမုန်းတရား ကြီးမားတာက အချစ်ကြီးလေ ပိုဆိုးလေပဲ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ဝတ်ရုံနီ အမျိုး သမီးကို ကြည့်ရင်း ပြောတယ်။
“မင်းအသက်က ၁၈နှစ်ပဲ ရှိအုန်းမယ့် ပုံစံပဲ။” ဝတ်ရုံနီ အမျိုးသမီး နည်းနည်းတော့ အံ့သြ နေခဲ့တယ်။
“ဟုတ်ပါတယ်။” ဖန်ကျန်းရှီ တလေးတစားနဲ့ ပြန်ဖြေတယ်။
“သခင်လေးဖန်က ဒီလောက် အသက်ငယ်ငယ်နဲ့ အချစ် အကြောင်းကို အများကြီး သိတာပဲ။ အကယ်၍။” ဝတ်ရုံနီ အမျိုးသမီးကတော့ အခုချိန်မှာ တစ်ခဏတာ နစ်မြော သွားတဲ့ ပုံစံပဲ။
ဒါပေမယ့် သူမရဲ့ စိတ်ကို ပြန်ထိန်းရင်း ဆက်ပြောတယ်။ “ဟဟား။ သခင်လေးဖန်က စကားပြောတော့ ကောင်းသားပဲ။ ဒါပေမယ့် ဒါက မင်းအသက်ကို ကယ်တင် နိုင်မှာ မဟုတ်ဘူး။”
“အသက်ကို ကယ်မယ်။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ တစ်ခုခုကို နားလည် သွားတဲ့ ပုံစံနဲ့ ပြန်ပြောတယ်။ “အမှား လုပ်မိတာ တစ်ခုပါပဲ။ တကယ်တော့၊ ငါ့ရဲ့တာအိုက မင်းရဲ့ တာအိုကို တန်ပြန် တိုက်ခိုက် နိုင်တယ်လို့ ပြောသားပဲ။ ဒီတော့ မင်းတို့တွေ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ ငါက ငါ့အသက်ကို ကယ်တင် ရမှာလဲ။” သူပြောရင်းနဲ့ သူ့ ခန္ဒာကိုယ်မှာ အနက်ရောင် မီးတောက်တွေ ထွက်ပေါ်လာတယ်။ မျက်လုံးတွေကတော့ အမျိုးသမီး ငါးယောက်လိုပဲ အပြာရင့်ရောင် အလင်းတန်းနဲ့ တောက်ပလာခဲ့တယ်။
သူ့ရဲ့ သံချပ်ကာကို ထွင်းဖောက်နေတဲ့ မြူနှင်းဖုံး ဓားသွား ငါးခုကလည်း အလင်းတန်းတွေ အဖြစ်ကို ပြောင်းလဲရင်း လေထဲမှာ လွင့်မျောနေတယ်။ ဒါ့အပြင် အရမ်းကို ရင်းရင်းနှီးနှီး ပုံစံနဲ့ ဖန်ကျန်းရှီ ဘေးပတ်လည်မှာ လှည့်ပတ်နေတယ်။ သူ့ကို မတိုက်ခိုက်ဘူး။
“ဒါဘယ်လို ဖြစ်နိုင်မှာလဲ။” ဝတ်ရုံနီ အမျိုးသမီး ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ အရင်တုန်းက သူမ အံ့သြခဲ့တယ်လို့ ပြောမယ် ဆိုရင်၊ ဒီတစ်ခေါက်မှာတော့ ထိတ်လန့်တယ်လို့ ဆိုရမှာပဲ။
သူမ တစ်ယောက်တည်းတင် မဟုတ်ဘူး။ တခြား အမျိုးသမီး လေးယောက်လည်း အတူတူပဲ။ ကန်ယွဲ့တောင် ငေးကြည့် နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ဘေးမှာ ဝန်းရံ လှည့်ပတ်နေတဲ့ အပြာရင့်ရောင် အလင်းတန်းကို စိုက်ကြည့်တယ်။
တည်ငြိမ်နေတဲ့ အမူအယာ လူနဲ့ အထိအခိုက် မရှိတဲ့ မူလ ပုံစံ ပြန်ဖြစ်သွားတဲ့ သံချပ်ကာ။ ဒါတွေ အားလုံးကို ကြည့်ရတာ နတ်ဆိုး တစ်ကောင်ကို မြင်နေ ရသလိုပဲ။
“ဘာတွေ ဖြစ်နေတာလဲ။”
“သူတကယ်ပဲ ငါ့တို့ကို တန်ပြန် တိုက်ခိုက် နိုင်တာလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ နောက်ပြီးတော့ တာအိုတွေက အချင်းချင်းပဲ တုံ့ပြန် နိုင်တာ မဟုတ်လား။ ဘယ်လိုများ လူသားတွေကိုပါ တုံ့ပြန် ရတာလဲ။”
“ဒါက မြင့်မြတ် နယ်မြေကို တုန်လှုပ်စေနိုင်တဲ့ ဖန်ကျန်းရှီ မဟုတ်လား။”
အမျိုးသမီး လေးယောက်က တစ်ယောက်ကို တစ်ယောက် တူညီတဲ့ အမူအယာနဲ့ ကြည့်နေခဲ့တယ်။ ဒါက သူတို့ရဲ့ အရိုးတွေ အထိကို တုန်ယင်လာစေတယ်။
ပင်းယန်ကတော့ ပါးစပ် အဟောင်းသား မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။ “ဒီ အရှက်မရှိတဲ့ ကောင်စုတ်က ဘယ်လိုများ လုပ်နိုင်တာလဲ။ သူက ဉာဏ်ကြီးရှင်လား။ ကောင်စုတ်လား။ ဒါမှမဟုတ် သူ့ရဲ့ နားလည်မှုတွေက ထူးခြားလွန်း နေတာကြောင့်လား။ ဒါပေမယ့် သူတက်ယပဲ ဒီလောက်အထိ အင်အားကြီး နိုင်လို့လား။ နားလည် ရုံနဲ့လေ။”
ပင်းယန်လည်း တကယ့်ကို နားလည်ဖို့ ခက်ခဲနေခဲ့တယ်။ ဖန်ကျန်းရှီက တာအိုတွေကို နားလည်တဲ့ နေရာမှာ ထူးကဲတာကို သူသိတယ်။ ဒါပေမယ့် အခု အဖြစ်ကတော့ အံ့သြစရာ ကောင်းတာထက်ကို လွန်လွန်းနေတယ်။
ကြောက်စရာ ကောင်းလွန်းတယ်။
အပိုင်း (၇၈၈) ပြီး၏။
အပိုင်း (၇၈၉)
“နောက်ကွယ်မှာ အရာ အားလုံးက တင်းတင်းကြပ်ကြပ် ပူးတွဲ နေကြတယ်။”
ဖန်ကျန်းရှီရဲ့ အရည်အချင်းက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ။ ပင်းယန် တွေးတောင် မတွေးဝံ့ဘူး။
ဖန်ကျန်းရှီကတော့ ပင်းယန် ဘယ်လို ခံစား နေရမှန်း မသိဘူး။ ဒါမှမဟုတ်။ သူမ ခေါင်းကို ကောင်းကောင်း ခေါက်ပြီးတော့ ပြောလိမ့်မယ်။
“ဒါပေါ့။ လူတစ်ယောက်ရဲ့ အရည်အချင်းက ကြောက်စရာ မကောင်းဘူး။ တာအိုတွေကြားက ကွာခြားချက်ကို ကောင်းကောင်း ဖမ်းဆုပ်နိုင်ရင်၊ ကိစ္စတွေက ကွာခြား သွားလိမ့်မယ်။
လောကမှာ ရှိတဲ့ စာအုပ်တွေ အားလုံးကို ဖတ်ထားတဲ့ လူတစ်ယောက်နဲ့ ညီမျှတယ်။ စာအုပ်ရဲ့ မာတိကာတွေကို မြန်မြန် ဖတ်လိုက်ရင်၊ အချက်အလက်ကို အရင်ဆုံး သိလိမ့်မယ်။
ပိုပြီးတော့ ကြောက်စရာ ကောင်းလာဖို့ တစ်ဘဝစာ ကြိုးစား အလုပ်လုပ်ဖို့ လိုအပ်တယ်။
ဖန်ကျန်းရှီက အခုချိန်မှာ ကြောက်စရာ ကောင်းနေပြီသား။ သူက နာမည် ကြားရုံနဲ့တင် ကြောက်စရာ ကောင်းနေပြီသား။
တောင်စဉ် ကိုးသွယ်ရဲ့ အလယ် ပေါင်းအိုးကြီးထဲမှာ သန့်စင် ခံနေရတုန်း ဆိုရင်၊ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်ကို နေ့တိုင်း ဖတ်နေ ခဲ့ရတယ်။ တာအိုကို နားလည်တဲ့ အခြေခံ ခိုင်မာတာက သူ့ရဲ့ အရည်အချင်းတွေကို မြန်မြန် တက်လာစေတယ်။
တာအို ကျင့်ကြံတဲ့ နေရာမှာ အတားအဆီး နှစ်ထောင်ကျော်ကို ဖြတ်ကျော် နိုင်ခဲ့ ပြီးပြီ။ တာအို အမျိုးအစား နှစ်ထောင်ကျော်တဲ့။ ဒါက ဘယ်လိုတောင် ထူးခြား လိုက်ပါလိမ့်မယ်။
ဖန်ကျန်းရှီလည်း အစကတော့ ဘယ်လို လုပ်ရမယ်မှန်း မသိခဲ့ဘူး။ တောင်စဉ် ကိုးသွယ်မှာ မဟာ အကြီးအကဲ ယင်းယွီရဲ့ ရေခဲ တာအိုကို အချိန်တို အတွင်းမှာ နားလည် နိုင်ခဲ့တယ်။ တစ်ခါတစ်လေ သူ့ကိုယ်သူတောင် လန့်တယ်။
အခုချိန်မှာ ကျောက်စိမ်း ဓားစိမ်း တာအိုကိုရော၊ အပြာရင့်ရောင် မြူခိုး တာအိုကိုပါ အချိန်တို အတွင်း တတ်မြောက် ခဲ့တယ်။
ဖန်ကျန်းရှီကတော့ ဒါတွေကို နောက်ထပ် မစဉ်းစားတော့ဘူး။ လက်တစ်ဖက်ကို နောက်ပြစ်ထားတယ်။ နောက်လက် တစ်ဖက်ကတော့ ခြေရာမဲ့ဓားကို ကိုင်ထားခဲ့တယ်။ ကောင်းကင်ကို ကြည့်ရင်း သူ သက်ပြင်းချတယ်။
“ဟူး။ ပြိုင်ဘက်ကင်းတွေက အမြဲတမ်း အထီးကျန်ရတယ်။” ဖန်ကျန်းရှီက အမျိုးသမီး ငါးယောက်နဲ့ ကန်ယွဲ့ရဲ့ ထိတ်လန့် အံ့သြနေတဲ့ အမူအယာတွေကို လျစ်လျူရှု ထားခဲ့တယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီက မောက်မာတဲ့ ဆူးချွန် တစ်ခုလို ပြုမူ နေခဲ့တယ်။
ဒါပေမယ့် တိတ်ဆိတ်နေတဲ့ အမျိုးသမီး ငါးယောက်နဲ့ ကန်ယွဲ့ကတော့ တည်ငြိမ် နေတုန်းပဲ။
သူတို့ရဲ့ အရည်အချင်းတွေ တန်ပြန် တိုက်ခိုက် ခံနေရာကို မယုံနိုင် ခဲ့ဘူး။ သူတို့ မြင်ရတာတွေ အားလုံးက အတုအယောင်လိုပဲ။ ဒါမျိုးက မြင့်မြတ် နယ်မြေမှာ တစ်ခါမှ မဖြစ်ခဲ့ ဖူးဘူး။
လူတစ်ယောက်က သူ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေကို တိုက်ခိုက်ရင်းနဲ့ အချိန်တို အတွင်း တတ်မြောက် နိုင်တာကို ဘယ်သူကမှ မစဉ်းစား မိခဲ့ဘူး။
“ဘာဖြစ်လို့များ ကိစ္စတွေ ဒီလို ဖြစ်လာ ရတာလဲ။”
“မဖြစ်နိုင်တာပဲ။”
“ဘယ်သူမှ ဒါမျိုး မလုပ်နိုင်ဘူး။ အမှန် ဖြစ်ဖို့ တိုက်ဆိုင် လွန်းနေတယ်။”
ပိုပြီး သိတဲ့ လူတွေက အလွယ်တကူ စိတ်ရှုပ်ထွေး နိုင်တယ်။ အမျိုးသမီး ငါးယောက်က သူတို့ရဲ့ တာအိုကို ထဲထဲဝင်ဝင် နားလည် ထားတဲ့ အတွက်၊ သူတို့ကိုယ် သူတို့ ဂုဏ်ယူ ဝံ့ကြွားကြတယ်။
ဒါကြောင့် သူတို့ မျက်စိရှေ့မှာ ဖြစ်နေတဲ့ အဖြစ် အပျက်ကို မယုံနိုင်ဘူး။
ကန်ယွဲ့လည်း သူ့မျက်လုံးသူ မယုံနိုင်ဘူး။ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားတဲ့ အတွက်၊ ဘာမှ မလုပ်နိုင်ပဲ ဒီအတိုင်းသာ ရပ်တန့် နေခဲ့ရတယ်။ ပင်းယန်ကတော့ ဖန်ကျန်းရှီ ပြောတာကို ကြားတော့ သတိ ပြန်ဝင်လာတယ်။
“ပြိုင်ဘက်ကင်းတွေက အထီးကျန်တယ် ဟုတ်လား။ ဘယ်လိုတောင် အရှက်မရှိလိုက်တာလဲ။” ပင်းယန်က ဖန်ကျန်းရှီနဲ့ မငြင်းခုံ ချင်တော့တယ်။ ဧကရာဇ် လင်းမုပိုင်ရဲ့ အခြေအနေကြောင့် ဖန်ကျန်းရှီနဲ့ စကား မပြောချင်တာလည်း ဖြစ်နိုင်တယ်။
“ငါ သူ့ကို အထင်သေး မိပြီပဲ။” လင်းမုပိုင်ကတော့ ဖန်ကျန်းရှီကို မျက်တောင် မခတ်တမ်း ကြည့်နေရင်းနဲ့ ပြောတယ်။
ဖန်ကျန်းရှီက နောက်ဆုံး မျှော်လင့်ချက်။ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။
ဒီအချိန်မှာပဲ လင်းယွမ် မျှော်စင်ကနေ ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာတယ်။ ဒီအလင်းတန်းက အမျိုးသမီး ငါးယောက်ကို တုန်ယင် သွားစေခဲ့တယ်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။
“ကခုန်။” ဝတ်ရုံနီ အမျိုးသမီး အံကြိတ်ရင်း အော်လိုက်တယ်။ အမျိုးသမီး ငါးယောက်ကတော့ နေရာကို ပြောင်းလိုက် ပြန်တယ်။
ဒီတစ်ခေါက်တော့ သူတို့ရဲ့ အပြာရင့်ရောင် အလင်းတန်းက ပျောက်ကွယ် သွားတယ်။
သူတို့ မျက်လုံးတွေမှာ အနက်ရောင် အလင်းတန်း တောက်ပ လာတယ်။ နက်မှောင်လွန်းလို့ သူတို့ မျက်လုံးတွေတောင် ပျောက်ကွယ် သွားတဲ့ အတိုင်းပဲ။
“တကယ့်ကိုပဲ။ သမူ စောင့်ကြည့်နေတယ်။” ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်ကို တစ်ချက် ကြည့်လိုက်တယ်။ လင်းယွမ် မျှော်စင် ခေါင်းဆောင်က သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ သိသာသွားပြီ။
လင်းယွမ် မျှော်စင် အလင်းတန်းကို မြင်လိုက်တော့၊ စိတ်မထိန်းနိုင်ပဲ ပြုံးလိုက်မိတယ်။
သူ့ကို အံ့သြ စေတာက လင်းယွမ် မျှော်စင် ခေါင်းဆောင် ကိုယ့်ကိုယ်ကို အတော် ထိန်းချုပ် လာနိုင်တာပဲ။
လုံးဝကို လူလုံး ထွက်မပြဘူး။ အမျိုးသမီး ငါးယောက်ကိုသာ စေခိုင်း နေခဲ့တယ်။
အမျိုးသမီး ငါးယောက်က အင်အားကြီးတယ်။ ဒါပေမယ့် သူတို့ ငါးယောက်ပေါင်း အင်အားက တကယ့်ကို ကြောက်စရာ ကောင်းတယ်။
တကယ်ပဲ အဆုံးထိ သွားကြ တော့မှာလား။ ဖန်ကျန်းရှီ အတွက်တော့ လုံလောက်နေပြီ။
သူသာ ဒီအမျိုးသမီး ငါးယောက်ကို အနိုင်ယူ ပြီးရင်၊ နောက်ထပ် တိုက်ခိုက်ရေး သမား အသစ်တွေကို ထပ်လွှတ် မှာလား။ ဘယ်သူမှ မသိနိုင်ဘူး။
ဖန်ကျန်းရှီ ဒါကို စဉ်းစား နေချိန်မှာပဲ သူ့ ပတ်ပတ်လည်ရဲ့ လောကကြီးက မှောင်မဲ သွားတယ်။ အမျိုးသမီး ငါးယောက်က သူ့ကို နောက်တစ်ခေါက် တိုက်ခိုက် ကြပြန်ပြီ။
“အမှောင်ထုလား။” ဖန်ကျန်းရှီ မျက်လုံးတွေကို မှေးစင်းလိုက်တယ်။ အရင် တိုက်ခိုက်နည်းတွေ ဗျူဟာတွေ အားလုံးက ဆင်တူ ယိုးမှား ရှိကြတယ်။
ဖန်ကျန်းရှီ ထင်ခဲ့တာ သူတို့တွေက ဒြပ်စင် ငါးခု တာအိုနဲ့ ပေါင်းစည်းနေ ကြတာလို့။ ဒါပေမယ့် အခုတော့ ဒီလို မဟုတ်တဲ့ ပုစံပဲ။ ဒြပ်စင် ငါးခု ပုံစံက သူတို့ တိုက်ခိုက်တာ ပိုအဆင်ပြေအောင် ကူညီ ပေးရုံ သက်သက်ပဲ။
“ဝူး။”
ဖန်ကျန်းရှီရဲ့ အမြင် အာရုံကို အမှောင်ထုက ဖုံးအုပ် ထားခဲ့တယ်။ အရိပ်တွေ လှည့်ပတ် နေတာကို သူခံစားမိတယ်။
မီးတောက်နက်တွေ ဖန်ကျန်းရှီ ခန္ဒာကိုယ်ကနေ နောက်တစ်ခေါက် ထွက်ပေါ် လာပြန်ပြီ။ ဒါက တခြား တာအိုတွေကို အလိုလို ခုခံမှု တစ်မျိုးပဲ။
မီးတောက်နက်တွေက အမှာင်ထဲမှာ လောင်ကျွမ်းရင်း အသံတွေ စတင် ထွက်ပေါ်လာတယ်။ ဖန်ကျန်းရှီလည်း အသိစိတ်က ပင်လယ်ထဲကို ဝင်သွားရ သလိုပဲ။
စုပ်ယူမှု အင်အားက အရမ်းကို ပြင်းထန်တယ်။ အသူတရာ ချောက်နက် တာအိုလိုပဲ။
ဆွဲငင်အား အပြင်၊ တခြား ထူးခြား ပြင်းထန်တဲ့ တိုက်စားမှုကြီးလည်း ရှိသေးတယ်။ ဖန်ကျန်းရှီလည်း တစ်ခုခု လောင်ကျွမ်းနေတာကို ခံစားရတယ်။ ဒီ အမှောင်ထုရဲ့ သဘာဝက ငရဲ တာအိုနဲ့ အလားတူတယ်။
ဒါပေမယ့် ကြမ်းတမ်းပြီး အင်အား ကြီးတာမျိုး မရှိဘူး။ နူးညံ့ပြီးတော့ ခံရခက်တယ်။
ဒီမီးတောက် နာမည်ကို ယင်မီးတောက် တာအိုလို့ ခေါ်ရမလား။ ဖန်ကျန်းရှီ ဒီတာအိုကို နားလည်ဖို့ ကြိုးစားပေမယ့် နာမည်ကို စဉ်းစားလို့ မရဘူး။ ဒါကြောင့် ကိုယ့်ဘာကိုယ် နာမည် မှည့်လိုက်တယ်။
“ဂျွတ်။”
အေးစက် ထက်ရှတဲ့ အရှိန်အဝါက ဖန်ကျန်းရှီရဲ့ နောက်ကနေ ပေါ်လာတယ်။ ကြည့်ရတာ ဓားတစ်ချောင်းလိုပဲ။
မဟုတ်ဘူး။
ဓားငါးချောင်း။
ဖန်ကျန်းရှီ အမှောင်ထဲမှာ အမြင်အာရုံ ဆုံးရှုံး နေတဲ့ အတွက် ရောက်လာတဲ့ တိုက်ခိုက်မှုကို မမြင်နိုင်ခဲ့ဘူး။
ဒါပေမယ့် အငွေ့အသက်ကိုတော့ ခံစားမိတယ်။ ဖန်ကျန်းရှီ တစ်ခဏတာ မျက်လုံး မှိတ်ထားလိုက်တယ်။
သူ့မျက်ဝန်းထဲမှာ တောက်လောင်နေတဲ့ အနက်ရောင် မီးတောက် အစား၊ နက်ရှိုင်းတဲ့ အမှောင်ထုကြီး ကြီးစိုး လာခဲ့တယ်။
သူ့မျက်လုံးတွေ အနက်ရောင် ပြောင်းသွားတဲ့ အချိန်မှာပဲ သူ့ဆီကို ချဉ်းကပ် လာနေတဲ့ အမျိုးသမီး ငါးယောက်နဲ့ သူတို့ရဲ့ ဓားတွေကို မြင်လိုက်ရတယ်။
ဓားငါးလက်က အတူတူ ပေါင်းစည်းပြီးတော့ မျဉ်းတဖြောင့်တည်း အတိုင်း လာနေခဲ့တယ်။ သူတို့ရဲ့ ဒြပ်စင် ငါးခု ဗျူဟာကို လက်လျှော့ လိုက်ကြပြီ။
“ငါ နားလည်ပြီ။” ဖန်ကျန်းရှီ သူတို့ရဲ့ တိုက်ခိုက်မှု ဗျူဟာကို နားလည်သွားတယ်။ သူတို့တွေ ဖန်ကျန်းရှီကို သတိ ကြီးကြီးနဲ့ ချဉ်းကပ် လာနေတာတော့ အမှန်ပဲ။ သူ့ကို အမှောင်ထု တာအိုနဲ့ ဖိနှိပ် ထားပြီးတော့၊ အနီးကပ် လုပ်ကြံဖို့ ကြံနေတာပဲ။
ယင်မီးတောက်က ဘာမှ မပြင်းထန်ပေမယ့်၊ ဖန်ကျန်းရှီရဲ့ အမြင်အာရုံကိုတော့ သက်ရောက်တယ်။ ဒီလိုနည်းနဲ့ အမျိုးသမီးတွေက ဖန်ကျန်းရှီကို မသိမသာ ချဉ်းကပ် လာနိုင်တာပဲ။
အခုလို အခြေအနေမျိုးမှာ သူတို့တွေက နေရာ ငါးခုကနေ တိုက်ခိုက်မယ်လို့ လူတိုင်း ထင်မိ ကြမှာပဲ။ အမှန်တော့ လူတစ်ယောက်ကို သတ်ဖို့ အတွက် သေစေနိုင်တဲ့ နေရာ ငါးခုကို ဦးတည် ပြစ်မှတ် ထားဖို့ မလိုအပ်ဘူး။
တစ်ယောက်လို လုံလောက်တယ်။ အမျိုးသမီး ငါးယောက်က တိုက်ပွဲ အတွေ့အကြုံ ပြည့်ဝတယ်။ ဖန်ကျန်းရှီရဲ့ သေကွင်း သေကွက် တစ်နေရာတည်းကို ငါးယောက် ပေါင်းပြီး တိုက်ခိုက်တယ်။
သူတို့ အစီအစဉ်က အတိုင်း ချောချော မွေ့မွေ့ ဖြစ်နေရင်၊ ဖန်ကျန်းရှီကို သိပ်နောက်မကျချင် သတ်နိုင် ကြမှာပဲ။
စင်းလုံးချော အစီအစဉ်၊ များပြားတဲ့ အတွေ့အကြုံ နောက်ပြီးတော့ စွမ်းအားရှင် ငါးယောက်ရဲ့ ပေါင်းစည်းမှုတွေက အောင်မြင်မှုကို မြင့်မား စေတယ်။
ကံမကောင်း တာကတော့ ဖန်ကျန်းရှီကို တိုက်ခိုက်ရာမှာ အလုပ် မဖြစ်တာပဲ။ သူတို့တွေကို သူမြင်တယ်လေ။
မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ တာအိုကို ကြည့်ရုံနဲ့ နားလည် နိုင်သူက ဘယ်သူ ရှိလို့လဲ။
ဘယ်သူမှ မရှိဘူး။
ဖန်ကျန်းရှီ တစ်ယောက်ကတော့ ချွင်းချက်။ အမျိုးသမီး ငါးယောက်ရဲ့ အစီအစဉ်ကို ထွင်းဖောက် မြင်နိုင် တာကတော့ သူ့ရဲ့ ခိုင်မာလွန်းတဲ့ အခြေခံ ကြောင့်ပဲ။
ဖန်ကျန်းရှီ ရယ်မောတယ်။
ဒါက စိတ်ပျက် အားလျော့တဲ့ ရယ်မောမှု တစ်ခုပဲ။
အမြင့်မှာ ဘယ်လောက်တောင် အထီးကျန်တဲ့ အကြောင်း မိုးကောင်းကင်ကို အော်ဟစ်ချင်တယ်။ သူက ဒုတိယမြောက် တုကူးချိုးပိုင် (တုကူးချိုပိုက်) ဖြစ်လာရတော့မှာလား။
ပြိုင်ဘက်မရှိတော့လို့ အထီးကျန် ပြီးတော့ သေရတဲ့ ပြိုင်ဘက်ကင်း ဓားသမားကြီးလေ။ ဒါပေမယ့် သူမလုပ်နိုင်ပါဘူး။ အချိန်လည်း မရှိဘူး။
အမျိုးသမီး ငါးယောက်ရဲ့ ဓားတွေက သူ့ဆီကို ရောက်လာနေပြီ။ သူ ခပ်မြန်မြန်ပဲ တပတ်လည်လိုက်တယ်။
သူ့ခန္ဒာကိုယ်က နေရာမှာတင် ပျောက်ကွယ် သွားတယ်။ ယင်မီးတောက် တာအိုကို နားလည် သွားတဲ့ အတွက် ဒါက သူ့ကို မထိခိုက် စေနိုင်တော့ဘူး။
အမျိုသမီး ငါးယောက် သေကွင်း သေကွက်ကို ရောက်တဲ့ အချိန်မှာပဲ၊ ဖန်ကျန်းရှီက အမျိုးသမီး ငါးယောက်ရဲ့ နောက်မှာ ပေါ်လာတယ်။
ဒါက အားနည်းချက် တစ်ခုကို တိုက်ခိုက်တာပဲ။
အားနည်းချက် ဖြစ်တဲ့ နောက်ကျော။
ဒါကို ဦးတည်ရတဲ့ အကြောင်းရင်းကတော့ အမျိုးသမီးတွေ တိုက်ခိုက်နှုန်း မြင့်မားအောင် အရမ်းကို နီးနီးကပ်ကပ် ရှိနေကြလို့ပဲ။
သူတို့တွေ ရပ်နေတဲ့ ပုံစံကြောင့် ဖန်ကျန်းရှီရဲ့ လက်ရှိ နေရာကို သူတို့ မြင်နိုင်ကြမှာ မဟုတ်ဘူး။ သူတို့နောက်မှာ ရှိနေတဲ့ ဖန်ကျန်းရှီက သူတို့နဲ့ ခြေတစ်လှမ်း အကွာမှာပဲ ရှိနေတယ်။
နောက်ပြီးတော့ သူ့ရဲ့ မျက်ဝန်းတွေကလည်း အမျိုးသမီးတွေနဲ့ တူညီစွာပဲ မည်းမှောင် နေခဲ့တယ်။
ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက မည်းမှောင် နေပင်မယ့် သူ့လက်ထဲမှာ ရှိတဲ့ ခြေရာမဲ့ ဓားကတော့ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းနဲ့ တောက်ပ နေခဲ့တယ်။
တကယ်တော့ အမျိုးသမီးတွေရဲ့ နောက်မှာ ရပ်လိုက်မိတဲ့ အချိန် သူ့စိတ်ထဲကို ဆက်တိုက် သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒက ဝင်ရောက် လာခဲ့တယ်။
ဒါပေမယ့် အမျိုးသမီးတွေရဲ့ အသက်အရွယ်ကို ထောင့်ချင့်ပြီးတော့ ဒီစိတ်ကူးကို လက်လျှော့လိုက်တယ်။
နောက်ကျောကနေ ဓားနဲ့ ထိုးကလည်း ဆိုးတော့ မဆိုးပါဘူး။
အပိုင်း (၇၈၉) ပြီး၏။
အပိုင်း (၇၉၀)
“လင်းယွမ် မျှော်စင် ခေါင်းဆောင်။”
ဓားက ရှေ့ကို ပြေးထွက် သွားခဲ့တယ်။ ထူးဆန်းတဲ့ ခရမ်းရောင် အလင်းတန်းက စီးဆင်းနေတဲ့ ခရမ်းရောင် မျဉ်းကြောင်း ပုံစံ ပြောင်းသွားပြီးတော့ နောက်ဆုံးက အမျိုးသမီးဆီကို ရောက်တယ်။ ဒီအချိန်မှာပဲ အရှေ့က အမျိုးသမီး ထိတ်လန့် တကြား အော်တော့တယ်။
“ဘာ။” ဖန်ကျန်းရှီ ပျောက်သွားတာကို သိသွြးတဲ့ အချိန်မှာတော့ ဝတ်ရုံနီ အမျိုးသမီး အော်ဟစ်လိုက်တယ်။
“ပျောက်သွားပြီ။”
ဝတ်ရုံနိ အမျိုးသမီး မြင်နိုင်ပေမယ့် သူ့နောက်က အမျိုးသမီးတွေ မမြင်နိုင်ခဲ့ဘူး။ နောက်ဆုံးက အမျိုးသမီးရဲ့ အော်သံ ထွက်လာချိန်မှာ အချိန်နှောင်း သွားခဲ့ပြီ။ သူတို့ရဲ့ စိတ်တွေကို ပြင်းထန်တဲ့ နာကျင်မှုက ရိုက်ခတ်တယ်။
“ရွှင်။” ခြေရာမဲ့ဓားက သူတို့ ခန္ဒာကိုယ်ကို သရဲလို ဖြတ်သန်း သွားတယ်။ ခရမ်းရောင် အလင်းတန်းနဲ့ သွေးတွေက နေရာ အနှံ့ကို ပျံ့ထွက်လာတယ်။ ခြေရာမဲ့ ဓားကတော့ သူ့ဓားသွားပေါ် ကျသမျှ သွေးတွေ အားလုံကို စုပ်ယူတယ်။ အမှောင်ထုလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပြီ။ ခရမ်းရောင် အလင်းတန်းကတော့ ပိုပြီးတော့ တောက်ပလာတယ်။
ညကောင်းကင်မှာ တောက်ပနေတဲ့ အလင်းတန်း အတိုင်းပဲ။ လောကကြီး တစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ် သွားခဲ့တယ်။ အရာအားလုံး ဖြစ်သွားတာ မြန်ဆန်လွန်းတယ်။
မြန်မြန် လာပြီးတော့ မြန်မြန် ပြီးဆုံးသွားတယ်။ ပြဿနာကတော့ ဖြစ်သွားတဲ့ ကိစ္စတွေ အားလုံးက မမျှော်လင့် ထားတာတွေ ချည်းပဲ။ နောက်ဆုံး ရလဒ်က လက်မခံ နိုင်စရာ ကောင်းလွန်းတယ်။
ဓားတစ်ချောင်း။
လူငါးယောက်။
ကန်ယွဲ့ မြင်နေတာကို မယုံနိုင်ဘူး။ ဒီအမျိုးသမီး ငါးယောက် ဘယ်လောက် စွမ်းဆောင်နိုင်မှန်း သူသိတယ်။ ဒါကြောင့် ပိုပြီးတော့ အံ့သြ နေခဲ့တယ်။
အလွန် အမင်းကို ကြောက်ရွံ့ ထိတ်လန့် မိတယ်။
ကန်ယွဲ့ အခုချိန်မှာ ဒီလို ခံစား နေရခဲ့တယ်။ အသက်မဲ့ သွားသလိုပဲ။ အခုချိန်မှာ စဉ်းစားနိုင်စွမ်းလည်း မရှိတော့ဘူး။ အသက်တောင် မရှူပဲ ရှိနေခဲ့တယ်။ ဝတ်ရုံဖြူ အမျိုးသမီး နှစ်ယောက်လည်း အတူတူပဲ။
အမျိုးသမီး ငါးယောက်ရဲ့ အနောက်မှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို စိုက်ကြည့် နေခဲတယ်။
“မဖြစ်နိုင်လိုက်တာ။
“ဒါ ဘယ်လိုများ ဖြစ်နိုင်တာလဲ။”
သူတို့ရဲ့ ဆရာငါးဦး ဒီလို ပုံစံနဲ့ ရှုံးသွား ရတာကို သူတို့ လက်မခံ နိုင်ကြဘူး။
နေရောင်ခြည်က ကမ္ဘာမြေပေါ်မှာ လင်းလက်နေခဲ့တယ်။ ခရမ်းရောင် အလင်းတန်းကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ ထားတယ်။ လင်းယွမ် မျှော်စင်ရဲ့ နေရောင်ကိုတောင် ဖုံးပြစ်တော့မယ့် အတိုင်းပဲ။
လင်းမုပိုင်ကတော့ နေရာမှာတင် အေးခဲ နေခဲ့တယ်။ ပင်းယန်ရဲ့ မျက်လုံးတွေလည်း ပြူးကျယ် နေခဲ့တယ်။ အံ့သြ ထိတ်လန့်မှုက လှိုင်းလုံး ကြီးတွေကို သူမကို ရိုက်ခတ် နေခဲ့တယ်။
အင်အား ကြီးလိုက်တာ။
သူမ နောက်ဆုံးတော့ နားလည် သွားခဲ့ပြီ။ နှစ်ဝက် အတွင်းမှာ သူမ အင်အား ကြီးလာတဲ့ အတိုင်း ဖန်ကျန်းရှီလည်း အင်အားကြီး လာခဲ့တယ်။ သူကတော့ ပုံမှန် မဟုတ်အောင်ကို ထူးခြားလွန်းတယ်။
“ဖူး။”
အမျိုးသမီး ငါးယောက်လုံး သွေးအန် တော့တယ်။ သူတို့ တစ်ယောက်ကို တစ်ယောက် တိုက်မိတယ်။ ခရမ်းရောင် ဓားကို လှည့်ကြည့်ကြတယ်။ ဒီဓားအရှည်က သူတို့ ငါးယောက်လုံးကို ထိုးနိုင်ဖို့ လုံလောက်ခဲ့တာလား။
ဘယ်သူကမှ ဂရုမစိုက် ခဲ့ပေမယ့် ဖန်ကျန်းရှီမှာတော့ အဖြေ ရှိနေတယ်။ အကွာအဝေးက အရမ်းကို နီးကပ်လွန်း နေလို့ပဲ။ ခြေရာမဲ့ဓားက နောက်ဘက် အမျိုးသမီး လေးယောက်ကို ထိုးဖောက် နိုင်ခဲ့ပေမယ့်၊ ဝတ်ရုံနီကိုတော့ တဝက်သာ ထိုးဖောက် နိုင်ခဲ့တယ်။
“ငါ့ဓားက ထင်သလောက် မရှည်ဘူးပဲ။ ဟူး။ တွက်တာ မှားသွားပြီ၊” ဖန်ကျန်းရှီ သက်ပြင်းလေး ချရင်း ပြောတယ်။
ဝတ်ရုံနီကတော့ ဒူးထောက်လျက်သား လဲကျ သွားခဲ့တယ်။ သူမ မျက်နှာက ဖြူဖျော့ နေပြီးတော့ တကိုယ်လုံးလည်း တုန်ယင် နေခဲ့တယ်။ သူမ နောက်ကျောကနေ သွေးတွေ စီးကျ နေတယ်။ ခြေရာမဲ့ ဓားက သူမကို အပြည့်အ၀ ထွင်းဖောက် မသွားခဲ့ ပေမယ့်၊ သူမ အရမ်းကို နာကျင်နေတယ်။
နှလုံးသားထဲက နာကျင်မှု ပြင်းထန် လွန်းတယ်။
မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက ကိုယ်ပိုင် နယ်မြေတွေ ခွဲခြား နေထိုင်ပြီးတော့ လူလေးစား ခံခဲ့ရတာ နှစ်ပေါင်း ထောင်ချီ ကြာမြင့် ခဲ့ပြီ။ လင်းယွမ် မျှော်စင်က လူတစ်ယောက် အနေနဲ့ အဆင့်အတန်း မြင့်မြင့် နေပြီးတော့ ခမ်းနားတဲ့ ဂုဏ်ကျက်သရေတွေ ရှိခဲ့တယ်။ သူများတွေ လက်လှမ်း မမှီနိုင်အောင် တောက်ပတဲ့ နေရာမှာ သူမ နေထိုင် ခဲ့ရတယ်။
ဒါပေမယ့် အခုတော့ တောက်ပမှုက ပျောက်ကွယ် သွားခဲ့ပြီ။ သူမ မသေပင်မယ့်၊ ရှုံးနိမ့် သွားခဲ့ရတယ်။ သူမ အသက်ရှင် ခဲ့တဲ့ အကြောင်း အရင်းကတော့ ဓားက ထင်သလောက် မရှည်လို့လဲ။ ဟာသကြီးပဲ။
ဘယ်လိုတောင် အရှက်ရလိုက်သလဲ။
“ဘာ ဘာကြောင့်များ ကိစ္စတွေ ဒီလို ဖြစ်လာတာလဲ။”
ဝတ်ရုံနီ နားမလည်နိုင်ဘူး။ သူမရဲ့ အကဲဖြတ်မှုနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို အမြဲ ယုံကြည်တယ်။ ဒါပေမယ့် အခုတော့ သူမ ရှုံးနိမ့် သွားခဲ့တာ အမှန်ပဲ။ ဘယ်လိုများ ဒီလို အဆုံးသတ် သွားရတာလည်း လုံးဝကို စဉ်းစားလို့ မရဘူး။ ကိုယ်ကိုယ်တိုင် အတွက်လည်း ဝမ်းမနည်းဘူး။ ရှုံးနိမ့်တာ အတွက်လည်း ဝမ်းမနည်းဘူး။
ဖန်ကျန်းရှီ ပျောက်ကွယ် သွားတာ မြင်ချိန်မှာ သူမ ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါပေမယ့် နောက်ဘက်က လာတဲ့ တိုက်ခိုက်မှုကိုတောင် မရှောင်နိုင်ခဲ့ဘူး။ မြင်ပေမယ့် မရှောင်နိုင်ခဲ့ဘူး။ သူမက ထင်သလောက် မမြန်ခဲ့ဘူး။
“အား။”
ဝတ်ရုံနီ နာနာကျင်ကျင် အော်ဟစ်တယ်။ သူမရဲ့ တိုက်ပွဲဝင် ရောင်းရင်းတွေ မြေပြင်ပေါ်မှာ လဲကျနေတာကို စိုက်ကြည့်မိတယ်။ သူတို့တွေ မအော်လည်း မအော်ကြဘူး။ မြေပြင်ပေါ်မှာသာ တိတ်တဆိတ် လဲကျနေကြတယ်။ သူမလိုပဲ မယုံနိုင်တဲ့ မျက်နှာတွေနဲ့။ ဝတ်ရုံနီ အမျိုးသမီး လှည့်ကြည့်တယ်။
ဖန်ကျန်းရှီရဲ့ မျက်ဝန်း နက်နက်တွေကို မြင်လိုက်တယ်။ အခုချိန်မှာမှ သူမ နားလည် သွားခဲ့ပြီ။ ဒါက တန်ပြန် တိုက်ခိုက်တာ အမှန်ပဲ။ တာအိုတွေကြားမှာ တန်ပြန် တိုက်ခိုက်တာ မဟုတ်ဘူး။ လူတွေကြားက တန်ပြန် တိုက်ခိုက်မှုပဲ။ ဖန်ကျန်းရှီက သူမကို ကျော်တက် သွားခဲ့ပြီ။
သိပ်မကြာခင် တုန်းကပဲ သူ့နာမည်ကို ပထမဆုံး အကြိမ် အနေနဲ့ ကြားခဲ့ရတယ်။ အဲ့ဒီ့ အချိန်တုန်းကတော့ အာရုံ မစိုက်ခဲံ မိဘူး။ သူ့နာမည်ကို ဘယ်သူပြောခဲ့မှန်းတောင် မမှတ်မိတော့ဘူး။ ဒါက မေ့သွားခဲ့တဲ့ နာမည် တစ်ခုပဲ။
ဒုတိယ တစ်ခေါက် ဒီနာမည်ကို ကြားချိန်မှာတော့၊ နည်းနည်း စိတ်ဝင်စား လာခဲ့တယ်။ ဒီလူက မြင့်မြတ် နယ်မြေ၊ ကောင်းကင်တာအို ခန်းမ တောင်ခြေမှာ သုခမိန် ငါးယောက်ကို သတ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ သူ့နာမည်ကို မှတ်မိ ခဲ့ပြီ။
ဒီနေ့တော့ အဲ့ဒီ့ နာမည်နဲ့ လူက လင်းယွမ်မျှော်စင်မှာ ရောက်နေပြီ။ သူမရှေ့ တည့်တည့်မှာ ရပ်နေတယ်။ အခုချိန်မှာတော့ သူမ အသက်ရှင် နေသရွေ့ ဒီနာမည်ကို မေ့နိုင်တော့မှာ မဟုတ်ဘူး။
ဖန်ကျန်းရှီ၊ အသက် ၁၈နှစ်၊ သုခမိန် အဆင့်။
အစတုန်းကတော့ ဖန်ကျန်းရှီကို သူမ သိသလောက်က ဒါပဲ။ အခုတော့ ပိုပြီးတော့ ကောင်းကောင်း သိလာပြီ။ နှစ်တွေ အများကြီး ကြာပြီးတဲ့နောက်၊ နောက်ထပ် ထိပ်တန်း သိုင်းပညာရှင် တစ်ယောက် မြင့်မြတ် နယ်မြေကို ပြန်လည် ရောက်ရှိ လာခဲ့ပြီ။
“ငါရှုံး သွားပြီ။” ဝတ်ရုံနီ လင်းယွမ် မျှော်စင်ရဲ့ ရွှေရောင် ခေါင်မိုးကို မော့ကြည့်တယ်။
“ဟုတ်တယ်။ မင်းရှုံး သွားပြီ။” ဖန်းကျန်းရှီ ခေါင်းငြိမ့်ရင်း တည်တည်ငြိမ်ငြိမ် ပြောတယ်။
“ဘာဖြစ်လို့ မလှုပ်ရှား သေးတာလဲ။” ဝတ်ရုံနီ မေးတယ်။
“မင်းကို သတ်ဖို့လား။”
“ငါ့ကို သတ်ဖို့။ ဟဟား။ နင်က ဉာဏ်ကောင်းလွန်းတယ်။ ငါ့ကို ဒီလို မေးခွန်း မေးရလောက်အောင်လည်း အရှက်မရှိ နိုင်တာပဲ။ ငါ့ကို သတ်တာထက် ဓားစာခံ လုပ်ပြီးတော့ အသက် တစ်ချောင်းကို အသက်၂ချောင်းနဲ့ လဲတာ ပိုကောင်းလိမ့်မယ်။” ဝတ်ရုံနီ ပြောတယ်။
ဖန်ကျန်းရှီ ဒီတစ်ခေါက်တော့ မရယ်မောတော့ဘူး။ သူ့အကြည့်တွေက တခြား တနေရာကို စိတ်ပျံ့လွင့် သွားသလိုပဲ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ သတိ ဝင်လာခဲ့တယ်။
“ဓားစာခံ ငါမလိုဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ သူ့အသံက ပြတ်သားတယ်။
“နင် မလိုဘူးလား။” ဝတ်ရုံနီ ဗလာ မျက်ဝန်းတွေနဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။
သူမ တကယ်တော့ အံ့သြ နေခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ ဆုံးဖြတ်ချက် ချပြီးသား ပုံစံကို ပြောင်းလဲ သွားတယ်။ ဓားတစ်ချောင်းကို အကျီ လက်ထဲကနေ ဆွဲထုတ်လိုက်တယ်။
“ကြည့်ရတာ ငါဒီတစ်ခေါက်တော့ ကံကောင်းမှ လွတ်တော့မယ့် ပုံစံပဲ။” ဓားကို ကြည့်ရင်း ဖန်ကျန်းရှီ ပြောတယ်။
“ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး။ ငါ နင့်အနားကို ကပ်နိုင်ရင်တောင်၊ နင့်ကို ထိခိုက်အောင် လုပ်ဖို့ ယုံကြည်ချက် မရှိဘူး။” ဝတ်ရုံနီ တိုက်ရိုက်ပဲ ပြောတယ်။
“ဘယ်လိုပဲ ဖြစ်ဖြစ်။ ငါ နင့်ကို နောက်ဘက်ကနေ အလစ် ဝင်တိုက် ခဲ့တာတောင်၊ ငါ့ကို ဓားစာခံ အဖြစ် မဖမ်းဘူး ဆိုတော့၊ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ပြီ။”
သူမ ပြောပြီးတဲ့နောက် ဓားကို ပြောင်းပြန် ကိုင်ရင် ရင်ဘတ်ကို ထိုးစိုက်ဖို့ ပြင်တယ်။
“ကိုယ့်ကိုယ်ကို သတ်သေတာလား။” ဖန်ကျန်းရှီ ဒါမျိုးကို မြင့်မြတ် နယ်မြေမှာ တစ်ခါမှ မမြင်ဖူးဘူး။ သုခမိန် အဆင့် ရောက်နေပြီးတော့ ဒီလောက် မြင့်မားတဲ့ အရည်အချင်းနဲ့ လူက ဒီလို လုပ်တာကို ပိုလို့တောင် မမြင်ဖူးသေး။
လူတစ်ယောက်ရဲ့ စွမ်းအားက သုခမိန် အဆင့်ကို ရောက်ပြီဆိုရင်၊ သူ့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ် နိုင်စွမ်းကလည်း မြင့်မား လာတယ်။ ဘယ်လို နည်းနဲ့မှ အားမနည်းဘူး။ ဒါပေမယ့် ဝတ်ရုံနီကတော့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့ ပုံစံပဲ။ အဓိက အကြောင်းရင်းကတော့ သူမ အားနည်းလို့ မဟုတ်ဘူး။ သူမရဲ့ ဂုဏ်သိက္ခာကို အသက်ထက် ပိုပြီးတော့ တန်ဖိုး ထားလို့ပဲ။
ကန်ယွဲ့ စောင့်ကြည့်နေတယ်။
သူ့ဘေးက ဝတ်ရုံဖြူ နှစ်ယောက်နဲ့ ဒဏ်ရာရနေတဲ့ တပည့်သားတွေ အားလုံးလည်း စောင့်ကြည့် နေခဲ့တယ်။ ဘယ်သူကမှ မတားမြစ် ကြတာ အံ့သြစရာ ကောင်းတယ်။ ဖန်ကျန်းရှီကတော့ သူ့ဓားကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။
“အရိပ်နီလေး။ နင် သေဖို့ မလိုအပ်ပါဘူး။” လင်းယွမ် မျှော်စင်ကနေ အသံ တစ်သံ ထွက်လာတယ်။ တလေးတစား ပြောတဲ့ အသံ ဖြစ်ပေမယ့် အာဏာ လွှမ်းမိုးနိုင်စွမ်းတွေ ပါဝင် နေခဲ့တယ်။ အဲ့ဒီ့နောက် နေရောင်ခြည်လို အလင်းတန်း လင်းယွမ် မျှော်စင်ကနေ ဆင်းသက် လာပြီးတော့ ဝတ်ရုံနီ အမျိုးသမီး ရှေ့ကို ရောက်လာခဲ့တယ်။
ဝတ်ရုံနီ အမျိုးသမီး သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ကျောက်စိမ်းဖြူလို လက်တစ်စုံက နေရောင်ထဲကနေ ထွက်လာပြီးတော့ ဝတ်ရုံနီရဲ့ ဓားကို ဆွဲလိုက်တယ်။
“ဆရာ။” ဝတ်ရုံနီ အမျိုးသမီး ဒီလူ့ကို မြင်တော့ တုန်ယင် နေခဲ့တယ်။ သူချက်ခြင်း ဝပ်တွား ဦးညွှတ်လိုက်တယ်။ ဒဏ်ရာကြောင့် လဲကျ နေခဲ့တဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံးလည်း ချက်ခြင်း ဝပ်တွား ဦးညွှတ်ကြတယ်။
“ကျွန်တော်မျိုးမတို့တွေ တာဝန်ကို မပြီးမြောက် နိုင်ခဲ့တဲ့ အတွက် သေသင့်ပါတယ်။”
“အပြစ်ပေးခံရ သင့်ပါတယ်။” ကန်ယွဲ့ ဘေးက ဝတ်ရုံဖြူ နှစ်ယောက်ကတော့ ဒူးထောက်ကြတယ်။
“အားလုံး ထကြတော့။ ဒီနေ့ ရှုံးနိမ့်တာ နင်တို့ အပြစ် မဟုတ်ဘူး။” နေရောင်ခြည်ထဲကနေ လူတစ်ယောက် ထွက်လာတယ်။
ရွှေခြည်ထိုး အနီရောင် ပိုးသား ဝတ်ရုံကို ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်ပဲ။ ခရမ်းေရွှေရောင် ခါးပတ်ကို ခါးမှာ ပတ်ထားတယ်။ သူမရဲ့ ဆံပင်ရှည်ရှည်တွေက ခါးပေါ် ဝဲကျ နေပြီးတော့ ရွှေသစ်ရွက်တွေနဲ့ အလှဆင် ထားခဲ့တယ်။
ဒီအမျိုးသမီးက ငယ်ရွယ်လွန်းတယ်။ လွန်ရော ကျွံရော အသက်၂၄နှစ် လောက်ပဲ။ သူမရဲ့ မျက်လုံး တောက်တောက်တွေကနေ ရွှေရောင် အလင်းတန်းတွေ ဖြာထွက်နေတယ်။ နဖူးမှာလည်း ရွှေရောင် အမှတ်အသားလေး ရှိတယ်။ ဒီအမျိုသမီးက လင်းယွမ် မျှော်စင် ခေါင်းဆောင်လို့တောင် ယုံကြည်ဖို့ ခက်ခဲတယ်။
“ဒါက အရှင်မင်းမြတ် တစ်သက်လုံး စွဲလမ်းနေခဲ့တဲ့ ယွိအာလား။” ဖန်ကျန်းရှီ လေ့လာ နေခဲ့တယ်။
ဒီလောက် ငယ်ရွယ် နုနယ်နေတဲ့ မျက်နှာကြောင့် ပိုပြီး အံ့သြနေတယ်။ သူခန့်မှန်းတာသာ မှန်မယ် ဆိုရင်၊ ဒါက ယွိအာလို့ ခေါ်တဲ့ ပင်းယန်ရဲ့ အမေပဲ ဖြစ်ရမယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ငယ်ရွယ် နေတာလဲ။
အပိုင်း (၇၉၀) ပြီး၏။