အပိုင်း (၇၉၁-၈၀၀)
Vol. 8 Ch. 791-800
အပိုင်း (၇၉၁)
“ယွိအာရဲ့ နောက်ကြောင်း အစစ်။”
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ လင်းယွမ် မျှော်စင် ခေါင်းဆောင်ကို နည်းနည်းတော့ အသက်ကြီးကြီးလို့ ထင်မှတ် ထားခဲ့တာ။ ဒါပေမယ့် အခုတော့ သူ့မျက်စိရှေ့မှာ ရှိနေသူက အရမ်းကို ငယ်ရွယ် လွန်းနေခဲ့တယ်။
“ယွိအာ။ ယွိအာ။ တကယ်ပဲ မင်းလား။” လင်းမုပိုင် ရုတ်တရက် ပြောတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာကြောင့် မြေပြင်မှာ လှဲနေရပေမယ့် သူထရပ်ဖို့ ကြိုးစားတယ်။
“ငါတွေးတာ မှန်နေတာလား။” ဖန်ကျန်းရှီ နည်းနည်းတော့ မျက်လုံးပြူး နေခဲ့တယ်။ ဒါပေမယ့် ပင်းယန်ရဲ့ ခန္ဒာကိုယ်ကတော့ ဧကရာဇ် လင်းမုပိုင်ရဲ့ စကားကြောင့် တုန်ယင် သွားခဲ့တယ်။ ရဲရဲတောက် ချီလင်လှံကိုတောင် ဆက်ပြီးတော့ ကိုင်မထား နိုင်တော့ဘူး။
“မယ်တော်။ တကယ်ပဲ မယ်တော်လား။” ပင်းယန် အလန့်တကြား မေးတယ်။ နောက်ဆုံးတော့လည်း သူမရဲ့ မယ်တော်ကို အခုလို အချိန်မျိုးမှာ တွေ့ရမယ်လို့ ထင်မထား မိခဲ့ဘူးလေ။
သူ့ရဲ့ မယ်တော်က လင်းယွမ် မျှော်စင် ခေါင်းဆောင် ဖြစ်နေတာကြောင့် ပိုပြီး အံ့သြ နေခဲ့တယ်။
ဒါပေမယ့် အမျိုးသမီးကတော့ လင်းမုပိုင်နဲ့ ပင်းယန်ကို တစ်ချက်တောင် မကြည့်ဘူး။ ရွှေရောင် အလင်းတန်းတွေ ကြားကနေ ကန်ယွဲ့ဆီကို လျှောက်သွားတယ်။ နေရောင်အောက်မှာ ရှိနေတဲ့ သူမရဲ့ ပုံစံက အရမ်းကို မြင့်မြတ်ပြီးတော့ လောကကြီး တစ်ခုလုံးမှာ အနွေးထွေးဆုံး အလင်းတန်း တစ်ခုလိုပဲ။
“ခေါင်းဆောင်။ ကန်ယွဲ့၊ ခေါင်းဆောင်ကို စိတ်ပျက် စေမိပါပြီ။” ကန်ယွဲ့ ခေါင်းငိုက်စိုက်ချရင်း ပြောတယ်။
“အဆင်ပြေပါတယ်။ ကောင်းကောင်း လုပ်ခဲ့တာပဲ။” အမျိုးသမီး ခေါင်းခါ လိုက်ပြီးတော့ ကန်ယွဲ့ ရင်ဘတ်က ဒဏ်ရာကို လက်နဲ့ ထိလိုက်တယ်။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ ဒဏ်ရာက သိသိသာသာကြီးကို မြန်မြန် ဆန်ဆန် ပျောက်ကင်းနေတယ်။
“ဟမ်။” ဖန်ကျန်းရှီ စိတ်ထဲ ထူးဆန်းသွားတယ်။ ဒီအမျိုးသမီးက အသက်ငယ်ပေမယ့် သူ့အစွမ်းက အရှင်ရှဲ့လော့ထက်တောင် ပိုပြီး သာလွန် နေသေးတယ်။ ဒါပေမယ့် ကုသရေး စွမ်းရည် အကြောင်းကို သိပ်ပြီး တော့ စိတ်မဝင်စားဘူး။ ကန်ယွဲ့ ခေါ်တဲ့ အသုံးအနှုန်းကို ပိုပြီးတော့ အာရုံ စိုက်မိတယ်။
“ခေါင်းဆောင်တဲ့။ ဆရာလို့ ခေါ်ရမှာ မဟုတ်လား။” လင်းယွမ် မျှော်စင်ရဲ့ စည်းမျဉ်းတွေကို မသိဘူး။ ဒါပေမယ့် ပုံမှန်အတိုင်း ဆိုရင် ကန်ယွဲ့က အမျိုးသမီး အစေခံ။ ဒီတော့ ဒီအမျိုးသမိးကို တခြားသူတွေလို ဆရာလို့ ခေါ်ရမှာ မဟုတ်လား။
“ငါဘယ်နေရာမှာ မှားပြန်တာလဲ။ နောက်ပြီးတော့ ဒီအမျိုးသမီးက တခြားသူတွေ အားလုံးကို လျစ်လျူရှု ပြီးတော့ ကန်ယွဲ့ရဲ့ ဒဏ်ရာတွေကိုပဲ ကုပေး နေပါလား။”
“အရေး အကြီးဆုံးကတော့ ငါမှားရင်တောင် ဧကရာဇ် လင်းမုပိုင်ကတော့ မမှားနိုင်ပါဘူး။ ငါမသိတာ တစ်ခုခု ရှိနေသေးတယ်။”
ဖန်ကျန်းရှီ စိတ်ထဲမှာ ပဟေဠိ ဖြစ်နေခဲ့တယ်။
“ဒီအမျိုးသမီးက ကန်ယွဲ့နဲ့ လျှို့ဝှက် ဆက်ဆံရေးများ ရှိနေတာလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ စကားကို ကြားတော့ ဖန်ကျန်းရှီ တွေးမိတယ်။
“ယွိအာ။ ငါ။”
“လင်းမုပိုင် ပါးစပ် ပိတ်ထားစမ်း။ သေချာကြည့်။ ဒါက ငါတို့ ခေါင်းဆောင်။ ဆရာ မဟုတ်ဘူး။ နောက်ပြီးတော့ ဆရာက နင့်ကို တွေ့မှာ မဟုတ်ဘူး။ ဒီတော့ မျှော်လင့် နေတာတွေ ရပ်လိုက်တော့။” ကန်ယွဲ့က လင်းမုပိုင်ကို ဖြတ်ပြောတယ်။
“မင်းက ယွိအာ မဟုတ်ဘူးလား။” လင်းမုပိုင် တုန်ယင် သွားခဲ့တယ်။ အဲ့ဒီ့နောက် ပြောတယ်။ “မင်းက ယွိအာ မဟုတ်ရင် ဘယ်သူလဲ။”
“သူက ယွိအာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီလည်း အံ့သြ သွားတယ်။ ပင်းယန်လည်း အတူတူပဲ။
ဧကရာဇ် လင်းမုပိုင်ကို ပင်းယန် အပြည့်အ၀ ယုံကြည် ထားပေမယ့် အခုတော့ သူ့ခမည်းတော်က ဒဏ်ရာကြောင့် အမြင် မှားနေတာလည်း ဖြစ်နိုင်တယ်။
“ခမည်းတော်။ မယ်တော့်ကို မတွေ့ရတာ နှစ်တွေကြာလို့။”
“မဟုတ်ဘူး။ သူက ယွိအာ မဟုတ်ဘူး။ နှစ်တွေ အကြာကြီး။ ငါက ယွိအာနဲ့ နေ့တိုင်း အတူတူ ရှိခဲ့တယ်။ ဆယ်စုနှစ် သုံးခုလောက် ခွဲနေရရင်တောင်၊ ငါ့ယွိအာကိုတော့ မှတ်မိမှာပဲ။ သူက ယွိအာ မဟုတ်ဘူး။ ဒါပေမယ့် အရမ်း တူလွန်းတယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းခါရင်း သေချာ ပြောတယ်။
“နင်က ဖန်ကျန်းရှီလား။” အမျိုးသမီး လှည့်ကြည့်တယ်။ သူမက တည်ငြိမ်တယ်။ နတ်မိမယ် တစ်ပါးလိုပဲ။ ဒါပေမယ့် လင်းမုပိုင်နဲ့ ပင်းယန်ကို တစ်ချက်လေးတောင် မကြည့်ဘူး။
“တခြားသူရဲ့ နာမည်ကို မမေးခင် ကိုယ့်နာမည်ကို အရင် မိတ်ဆက်သင့်တယ်လို့ မထင်ဘူးလား။ လင်းယွမ် မျှော်စင် ခေါင်းဆောင်က သိပ်ပြီး ယဉ်ကျေးမှု ရှိတဲ့ပုံ မပေါ်ဘူး။” ဖန်ကျန်းရှီ ပြန်ပြောတယ်။
“စကားကို ကြည့်ပြောစမ်း။” ကန်ယွဲ့ ထအော်တယ်။ တခြား တပည့်သားတွေလည်း သိသိသာသာကြီးကို ဒေါသ ထွက်နေခဲ့တယ်။
“အတင့်ရဲလိုက်တာ။”
“ရပါတယ်။” အမျိုးသမီးက လက်ဝေ့ယမ်း ပြရင်း ပြောတယ်။ “နင်မမှားဘူး။ လူတစ်ယောက်ရဲ့ နာမည်ကို မမေးခင်၊ ကိုယ့်နာမည်ကို အရင် ပြောသင့်တယ်။”
အမျိုးသမီး ရပ်တန့်ရင်း ဆက်ပြောတယ်။ “ကျင့်ကြံတယ် ဆိုတာ လောကကြီးကို ဆန့်ကျင်တဲ့ ပညာရပ် တစ်ခုပဲ။ နင်က ကျင့်ကြံသူ တစ်ယောက်ဆိုတော့ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့သူ ဖြစ်နေပြီ။ နောက်ပြီးတော့ ငါတို့တွေက လင်းယွမ် မျှော်စင်မှာ ရှိနေကြတာ။ လင်းယွမ် မျှော်စင် ခေါင်းဆောင် အနေနဲ့၊ ငါက စည်းမျဉ်းထုတ်တဲ့ သူပဲ။”
ဖန်ကျန်းရှီ ဒါကို ကြားတော့ ပြုံးလိုက်တယ်။ လင်းယွမ် မျှော်စင်က လူတွေ အကုန်လုံး မောက်မာတာတော့ ထင်ထားတဲ့ အတိုင်းပဲ။ ဒါပေမယ့် သူလည်း ကျင့်သားရနေတာ့ အာရုံ မစိုက်မိတော့ဘူး။
“နင်က နှုတ်သီးကောင်း လျှာပါးဆိုတာ ငါကြားဖူးတာ ကြာပြီ။ ကြည့်ရတာ မှန်တဲ့ ပုံပဲ။” အမျိုးသမီးက ဖန်ကျန်းရှီကို စိတ်မဆိုးဘူး။
အဲ့ဒီ့နောက် ဆက်ပြောပြန်တယ်။ “ဒါတွေကို ထားလိုက်တော့။ နင်က ပင်းယန်ကို ပြန်ခေါ် သွားဖို့ ရောက်လာတာလား။”
“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ သူတကယ်ပဲ ပင်းယန်ကို ပြန်ခေါ် သွားဖို့ ရောက်လာတာ။ ပင်းယန် ရေခဲကန်မှာ နေနေရတာကိုသာ မမြင်ခဲ့ရင်၊ လင်းယွမ် မျှော်စင်ကို ပြဿနာရှာဖို့ ရောက်လာခဲ့မှာ မဟုတ်ဘူး။ ကန်ယွဲ့နဲ့ ဖြစ်တဲ့ ပြဿနာကိုလည်း ဖယ်လိုက်မိမှာ အသေချာပဲ။
“ဒီလို ဆိုတော့ ဘာဖြစ်လို့ ထွက်မသွား သေးတာလဲ။” အမျိုးသမီး ထပ်မေးတယ်။
“ငါ့ကို ထွက်သွာ ခိုင်းမှာလား။” ဖန်ကျန်းရှီရဲ့ အပြုံးက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။
“ငါ ဘာဖြစ်လို့များ သွားခွင့် မပြုရမှာလဲ။”
“ဒီတော့ ကြည့်ရတာ ငါအသက်ရှင်လျက် ထွက်သွားလို့ ရမယ့် ပုံစံပဲ။” ဖန်ကျန်းရှီ ရယ်မောလိုက်တယ်။ လင်းယွမ် မျှော်စ ခေါင်းဆောင် ဘာတွေ တွေးနေမှန်း သူမသိဘူး။
ဒါက သူမျှော်လင့်ထားတဲ့ ရလဒ် မဟုတ်ခဲ့ဘူး။ တကယ်တော့ ထင်ထားတာနဲ့ တခြားစီပဲ။ လင်းယွမ် မျှော်စင် ခေါင်းဆောင်ကို မိန်းမဆိုးကြီးလို့ ထင်ထားခဲ့တာ။
တခြား မျိုးနွယ်စု တွေမှာ ဆိုရင် သူတို့ တပည့်သားတွေကို ဒဏ်ရာ ရအောင် လုပ်တဲ့ ဘယ်သူ့ကို မဆို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် လင်းယွမ် မျှော်စင် ခေါင်းဆောင်ကတော့ အလွတ်ပေး နေခဲ့တယ်။
ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိတယ်။ အားနည်းချင်ယောင် ဆောင်နေတာနဲ့။ ဖန်ကျန်းရှီကို စတင်ပြီး တိုက်ခိုက်ဖို့ ယုံကြည်ချက် အပြည့်အ၀ မရှိတာပဲ။ နောက်တစ်ခုကတော့ ပိုပြီးတော့ မှန်နိုင်ချေ ရှိတယ်။ ဒါပေမယ့် လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံး ကြောက်စရာ ကောင်းလောက်အောင် အမိန့် နာခံ နေတဲ့ အတွက် တကယ့်ကို အံ့သြ နေခဲ့တယ်။ ဘယ်သူကမှ စောဒက မတက်ကြဘူး။ အမိန့် နာခံ နိုင်စွမ်းက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။
“ရှေးအချိန်တည်းက လင်းယွမ် မျှော်စင်ကို ကျူးကျော် ဝံ့တဲ့ ဘယ်သူမဆို ခေါင်းဖြတ် သတ်ခံရတယ်။ ဒီနေ့တော့ နင့်အတွက် စည်းမျဉ်းကို ချိုးဖောက်ပေးမယ်။ ရွေးချယ်စရာ နှစ်ခု ပေးမယ်။” အမျိုးသမီးက ဖန်ကျန်းရှီရဲ့ အမူအယာ ပြောင်းလဲမှုကို ဂရု မစိုက်ဘူး။
“အိုး။ ပြောပြပါအုန်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ဒီရွေးချယ် စရာတွေ အကြောင်းကို သူစိတ်ဝင်စားတယ်။
“ပထမ တစ်ခုကတော့ အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မယ်။ လင်းယွမ် မျှော်စင်ရဲ့ ကိစ္စ ၃ခုကို ပြီးမြောက်အောင် ဆောင်ရွက် ပေးမယ်လို့ ကျိန်ဆိုရင်ပေါ့။ ဒါကိုလုပ်ရင် ပင်းယန်နဲ့ လင်းမုပိုင်ကိုလည်း လွှတ်ပေးမယ်။”
“ဒီလောက် ရိုးရှင်းလား။”
“လက်ရှိ စွမ်းအားနဲ့ ဆိုရင် ဒီကိစ္စ သုံးခုက နင့်အတွက် မခက်ခဲ လောက်ပါဘူး။ လင်းယွမ် မျှော်စင် တပည့်သား နည်းနည်း အသက်နဲ့ ယှဉ်ရင် ဆိုးတော့ မဆိုးပါဘူး။”
“ကြည့်ရတာ နောက်တစ်နည်းကတော့ သေရမှာ ဖြစ်ပါလိမ့်မယ်။”
“ဟုတ်တယ်။” အမျိုးသမီး မငြင်းပယ်ဘူး။
“ဒီလို ဖြစ်မှတော့ မရွေးချယ်ခင် မေးခွန်း နည်းနည်း မေးချင်တယ်။” ဖန်ကျန်းရှီ ရွေးမယ့် အစား နောက်ထပ် ထပ်မေးတယ်။
“နင်မေးချင်တာကို ငါသိတယ်။ မေးခွန်း သုံးခု ဖြေပေးမယ်။ ဒါပေမယ့် နင်ယူသွားတဲ့ ငါးရောင်ခြယ် ပန်းတွေကို ပြန်ထားရမယ်။” အမျိုးသမီးက ဖန်ကျန်းရှီ တောင်းဆိုမှာကို ကြိုသိ နေခဲ့တယ်။
“ကောင်းပြီ။ ငါ့ရဲ့ ပထမဆုံး မေးခွန်းက မင်းက တကယ်ပဲ ယွိအာ မဟုတ်ဘူးလား။ ယွိအာဆိုတဲ့ နာမည်ကို မသုံးခဲ့ ဘူးလား။”
“မဟုတ်ဘူး။” သူမ ခေါင်းခါတယ်။
“ယွိအာက လင်းယွမ် မျှော်စင်မှာ ရှိလား။”
“ရှိတယ်။”
“ဒါဆိုရင် ဘာကြောင့်များ ယွိအာက ပင်းယန်နဲ့ ဧကရာဇ်ကို ထွက်မတွေ့တာလဲ။” ဖန်ကျန်းရှီ နောက်ဆုံး မေးခွန်းကို မေးတယ်။ သူတို့ နှစ်ယောက် အသက်အောင့်ထားခဲ့တယ်။ နောက်ဆုံး မေးခွန်း အဖြေကို စောင့်ဆိုင်း နေခဲ့ကြတယ်။
“ဒါက နောက်ဆုံး မေးခွန်း ဆိုတာ သေချာရဲ့လား။ ယွိအာ ဘယ်မလဲ ဆိုတာကို မမေးမှာ သေချာရဲ့လား။”
“သေချာတယ်။”
“ကောင်းပြီ။ ငါဒီမေးခွန်းကို တကယ်ပဲ မဖြေချင်ဘူး။ ကတိကိုတော့ တည်ရမယ်။ ယွိအာက ပင်းယန်နဲ့ လင်းမုပိုင်ကို မတွေ့ချင်တာ မဟုတ်ခဲ့ဘူး။” အမျိုးသမီး ဒါကို ပြောတဲ့ အချိန် သူ့ရဲ့ ရွှေရောင် အလင်းတန်းက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။
“ယွိအာက ငါ့ကို တွေ့ချင်တယ်ပေါ့။ ဟုတ်တယ်။ ယွိအာက ငါ့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ ဘာဖြစ်လို့ သူ့ကို လာမတွေ့ ခိုင်းတာလဲ။” လင်းမုပိုင်ရဲ့ မျက်လုံးတွေက ရီေ၀ နေပြီးတော့ တကိုယ်လုံးမှာ ရွှေရောင် နဂါး ပုံရိပ်တွေ ထွက်ပေါ် လာခဲ့တယ်။
“ခမည်းတော်။” ပင်းယန်ရဲ့ စိတ်ခံစား ချက်ကလည်း ရှုပ်ထွေး နေခဲ့တယ်။ သူမ ခမည်းတော်ရဲ့ ဒဏ်ရာတွေက မသက်သာ သေးဘူး။ ဒါပေမယ့် အရမ်းကို စိတ်ဆုံးဖြတ်ချက် ပြတ်သား နေခဲ့တယ်။
“ပင်းယန် မစိုးရိမ်နဲ့ ယွိအာက သမီးတော်ကို ဘယ်တော့မှ စွန်ကလွှတ်မှာ မဟုတ်ဘူး။ ယွိအာက ရက်စက်တဲ့သူ မဟုတ်ဘူး။ မျှော်စင်ထဲမှာပဲ ရှိနေလိမ့်မယ်။”
“ခမည်းတော်။ မယ်တော်က။”
“မင်းက ဘယ်သူလဲ။ ဘာဖြစ်လို့ ယွိအာနဲ့ ဒီလောက်တောင် တူူနေရတာလဲ။ ယွိအာကို ဘယ်မှာ မင်း ဖမ်းထားတာလဲ။ ခေါင်းဆောင်လန်ကော ဘယ်မှာလဲ။” လင်းမုပိုင် နောက်ထပ် တည်ငြိမ် မနေနိုင်တော့ဘူး။
“ဆရာက ဆုံးပါး သွားပါပြီ။” အမျိုးသမီး လင်းမုပိုင်ကို ပထမဆုံး အနေနဲ့ ပြန်ဖြေတယ်။ ဖန်ကျန်းရှီကတော့ မျက်မှောင်ကို ကြုတ်ထားတယ်။ အကယ်၍ ဒီအမျိုးသမီး လိမ်နေတာ မဟုတ်ရင်၊ ဘာဖြစ်လို့ ယွိအာက လက်ရှိ မျှော်စင် ခေါင်းဆောင် မဟုတ်ဘူးလို့ ပြောတာလဲ။ နောက်ပြီးတော့ ကန်ယွဲ့ကို ဘာဖြစ်လို့ ဒီလောက်တောင် ဂရု စိုက်နေတာလဲ။
ကန်ယွဲ့က လင်းယွမ် မျှော်စင်ရဲ့ အသန်မာဆုံး တပည့်သားလည်း မဟုတ်ဘူး။ တခြားသူတွေကို ထားပါတော့။ အရိပ်နီလေးက ကန်ယွဲ့ထက် ပိုပြီးတော့ သန်မာတယ်။ ဒါပေမယ့် အမျိုးသမီးက အရိပ်နီရဲ့ လက်ထဲက ဓားကိုပဲ ဖယ်ရှားပြီးတော့ ကုသ မပေးခဲ့ဘူး။ ဒါက ထူးဆန်းတယ်။ နောက်ပြီးတော့ ယွိအာကလည်း ပင်းယန်နဲ့ လင်းမုပိုင်ကို မတွေ့ချင်တာ မဟုတ်ခဲ့ဘူး။ ဒီတော့ သူက ဘယ်မှာလဲ။
လင်းယွမ် မျှော်စင်ရဲ့ ဘယ်နေရာမှာ ရှိနေတာလဲ။ ကန်ယွဲ့က ပင်းယန်ကို ခေါ်လာတာ နှစ်ဝက်တောင် ရှိနေပြီ။ ယွိအာ ဒါကို မသိတာလည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဘာဖြစ်လို့ ထွက်မတွေ့တာလဲ။ ဖန်ကျန်းရှီ ခေါင်းနောက်အောင် စဉ်းစား နေခဲ့တယ်။
“နင့်ရဲ့ မေးခွန်း သုံးခုနဲ့ လင်းမုပိုင်ရဲ့ မေးခွန်း တစ်ခုကိုတောင် ဖြေပြီးပြီ။ ငါးရောင်ခြယ် ပန်း့ပွင့်တွေကို အခု ပြန်ထားတော့။” အမျိုးသမီး အသံက ဖန်ကျန်းရှီရဲ့ အတွေးကို ပြတ်တောက် သွားစေခဲ့တယ်။
“ငါးရောင်ခြယ် ပန်းတွေ။” ဖန်ကျန်းရှီက ငတုံး မဟုတ်ဘူး။ ဒါပေမယ့် အမျိုးသမီးရဲ့ စိတ်ကူးကို ခပ်မြန်မြန်ပဲ တွက်ချက်နိုင်ခဲ့တယ်။ ဒါကြောင့် နောက်ထပ် မေးခွန်း တစ်ခု မေးဖို့ ဆုံးဖြတ်လိုက်တယ်။ “ငါ့မေးခွန်းတွေကို ဖြေပင်မယ့် အမှန်လား။ လိမ်နေတာလား ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ယွိအာက ပင်းယန်နဲ့ ဧကရာဇ်ကို မတွေ့ချင်တာ မဟုတ်ရင်၊ ဘာဖြစ်လို့ သူက ဒီမှာ ရှိမနေ ရတာလဲ။”
အပိုင်း (၇၉၁) ပြီး၏။
အပိုင်း (၇၉၂)
“လင်းယွမ် မျှော်စင်က ယောကျာ်း ပီသမှု ကြိုးလေး တစ်မျှင်။”
“ကြည့်ရတာ နင်က ငါးရောင်ခြယ် ပန်းတွေကို ပြန်ထား ချင်တဲ့ ပုံစံ မရှိလောက်ဘူး။” အမျိုးသမီး ခေါင်းငြိမ့်ရင်း ပြောတယ်။ ဘေးလူ တစ်ယောက်လိုမျိုး ခံစားချက် မဲ့တဲ့ မျက်နှာသေနဲ့ ကြည့်နေခဲ့တယ်။
ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ မြင့်မြတ်မြေမှာ အချိန် အများကြီး ကုန်ဆုံး ပြီးတဲ့နောက် ဒီက စည်းမျဉ်းတွေကို ဖန်ကျန်းရှီ ရင်းနှီးနေပြီ။ ရိုးသား ဖြောင့်မတ်တာက အရေးကြီးတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ငတုံး လုပ်ရပ်ပဲ။
ဒီအမျိုးသမီးက လင်းယွမ်မျှော်စင် ခေါင်းဆောင် ဖြစ်နေလို့ သူ့ကို သည်းခံ နေတာ မဟုတ်ဘူး။ အကြောင်းရင်း တစ်ခုခု ဖြစ်ရမယ်။ သူမရဲ့ စွမ်းအားလား။ ငါးရောင်ခြယ် ပန်းပွင့်လား တစ်ခုခုပဲ။ မသေချာခင် ဒီပန်းတွေကို ပြန်ပေးတာက တုံးအရာ ရောက်လွန်းလိမ့်မယ်။
“ဟဟား။ တကယ်တော့ ပြန်ပေးချင်တာပေါ့။ ဒါပေမယ့် ယွိအာကို အရင်ဆုံး ဖိတ်ခေါ်ပြီးတော့၊ အဖြေတွေ မှန်မမှန် မေးချင်တယ်။ လိမ်နေတာ မဟုတ်ရင်တော့ ပန်းတွေကို လိုလိုလားလား ပြန်ပေးပမယ်။”
“မရဘူး။” သူမရဲ့ အဖြေက ပြတ်သားတယ်။
“ကိုယ့်ကိုယ်ကို လူလုံး ထွက်ပြရင်လည်း ဘာမှ မဖြစ်ပါဘူး။ လင်းယွမ် မျှော်စင်မှာ မပြောရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေလို့လား။”
“ဒါက လင်းယွမ် မျှော်စင်ရဲ့ ကိစ္စပါ။”
“ဒါဆိုရင်လည်း တပည့် အဖြစ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်။”
“နင်က လင်းယွမ် မျှော်စင်ကို ဝင်ချင်လို့လား။”
“ဟုတ်တယ်။ အမှန် တရားကို သိတာနဲ့၊ မျိုးနွယ်က ပြန်ထွက်မယ်။ ဒီလို လုပ်လည်း စိတ်မဆိုး လောက်ဘူး ထင်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“စိတ်ဝင်စား စရာပဲ။ နင့်ရဲ့ အရှက်မရှိတဲ့ အကြောင်း ကောလ ဟာလတွေက မှန်နေတာပဲ။” အမျိုးသမီးက ဖန်ကျန်းရှီ ပြောတာကို ကြားတော့ လန့်သွား ခဲ့ပေမယ့် မကြာခင်ပဲ ကိုယ့်ကိုယ်ကို ပြန်ထိန်းနိုင် ခဲ့တယ်။
“ဒါက မထိုက်တန်တဲ့ ကျော်ကြားမှု တစ်ခုပါပဲ ချီးမွမ်းဖို့ မလိုပါဘူး။ ချီးမွမ်းစကားတွေ များလွန်းနေရင်၊ လူက ဘဝင်မြင့် သွားနိုင်တယ်။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းပြရင်း ပြောတယ်။
“တကယ် မလွယ်တဲ့ သူပဲ။”
“ငါ့ ဆုံးဖြတ်ချက်ကို စဉ်းစား ကြည့်လို့ ရပါတယ်။ င့ါစွမ်းအားနဲ့ ဆိုရင် စမ်းသပ်ချက်တွေ အားလုံးကို ကျော်ဖြတ်နိုင်မှာ အသေအချာပဲ။ နောက်ပြီးတော့ လင်းယွမ်မျှော်စင်မှာ ဒီလောက်တောင် မိန်းကလေး တပည့်သားတွေ များနေတာ ယင်ယန် မညီမျှတွေ ဖြစ်ကုန်မှာပေါ့။ လင်းယွမ် မျှော်စင်မှာ ယောကျာ်း ပီသမှု ကြိုးလေး တစ်မျှင် ရှိအောင် ကူညီ ပေးနိုင်ပါတယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။ တကယ်ပဲ လင်းယွမ် မျှော်စင်ကို င်တော့မယ့် အတိုင်း။
ဖန်ကျန်းရှီရဲ့ စကားတွေကို ကြားတော့ ပင်းယန် စိတ်မထိန်းနိုင်ပဲ ထရယ် မိတော့တယ်။ လင်းမုပိုင်တော့ ခေါင်းသာ ခါနေခဲ့တယ်။ ဖန်ကျန်းရှီ တစ်ယောက်ပဲ မြင့်မြတ် နယ်မြေမှာ ဒီလို ပြောဝံ့လိမ့်မယ်။ လူတစ်ယောက်က အရှက်မရှိ မျက်နှာပြောင် တိုက်နိုင်ပေမယ့် ဖန်ကျန်းရှီကတော့ တကယ့်ကို လွန်လွန်းတယ်။
လင်းမုပိုင်ကတော့ ကျင့်သား ရနေလို့ မအံ့သြတော့ဘူး။ နောက်ပြီးတော့ ဒီကောင်က အရှက်မရှိသာ ဖြစ်တာ အင်အားကတော့ ကြောက်စရာ ကောင်းလွန်းတယ်။
“အရှက် မရှိလိုက်တာ။”
“လင်းယွမ် မျှော်စင်က အမျိုးသမီး တပည့်သားတွေပဲ လက်ခံတယ်။ ဒါတောင် သူက ဝင်ချင်နေသေးတယ်။ ယင်ယန် မညီမျှဘူးလို့ ဘယ်လိုများ ပြောဝံ့တာလဲ။”
“ဒီလောက် အရှက်မရှိတဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး။”
ဖန်ကျန်းရှီရဲ့ စကားတွေကြောင့် တုံ့ပြန်မိတာ ပင်းယန်နဲ့ လင်းမုပိုင် နှစ်ယောက်တင် မကဘူး။ လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံးလည်း အတူတူပဲ။ ကန်ယွဲ့တောင် တော်တော် ဒေါသ ထွက်သွားတယ်။ ဒါပေမယ့် အမျိုးသမီးကတော့ စိတ်ဆိုးတဲ့ပုံ မပေါ်ဘူး။ သေချာ စဉ်းစား နေခဲ့တယ်။
“ကောင်းပြီလေ။ နင်ပြောတဲ့ အတိုင်းပေါ့။ နင့်အတွက် စမ်းသပ်ချက်တွေ လုပ်ပေးမယ်။ အောင်မြင်ရင်၊ လင်းယွမ် မျှော်စင်ကို ဝင်လို့ ရတယ်။”
“…”
“…”
လူတိုင်း မျက်လုံးပြူးကုန်ပြီ။ ဘယ်သူမှ ဒါကို မထင်ထား မိဘူး။
“လင်းယွမ် မျှော်စင်ကို ဝင်မယ်။”
“ဒါက ပထမဆုံး မဟုတ်လား။”
“ဒီ့ထက် ကြောင်တဲ့ ကိစ္စ ရှိအုန်းမလား။”
ဖန်ကျန်းရှီတောင် လန့်နေတယ်။ လောကကြီးမှာ ပထမဆုံး ဒီလို အခြေအနေကို ကြုံဖူးတာပဲ။ အမျိုးသမီး သဘော မတူနိုင်မယ့် ဟာသတွေကို ပြောပေမယ့် သူမကတော့ သဘောတူလိုက်တယ်။ အခုချိန် သူဘယ်လို လုပ်ရတော့မှာလဲ။ လင်းယွမ် မျှော်စင်ကို မဝင်ချင် တော့ဘူးလို့ ပြောရ တော့မှာလား။ ကိုယ့်ပါးကိုယ် ပြန်ရိုက် ပြီးတော့လေ။
တကယ်တော့ မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်စကားကိုယ် တည်ရမယ်။
“ငါအလှည့်စား ခံရပြီလား။” ဖန်ကျန်းရှီ တွေးမိတယ်။ လင်းယွမ် မျှော်စင် ခေါင်းဆောင်ကတော့ သူ့ကို ဒီအတိုင်း မျိုးနွယ်ထဲ ပေးဝင်မှာ မဟုတ်ဘူး။ တစ်ခုခုတော့ မကောင်းတာ ဖြစ်မယ့် အနံ့ ရနေပြီ။ ထောင်ချောက် ဆင်တာလား။
သူမရဲ့ စိတ်ကို ဖန်ကျန်းရှီ မခန့်မှန်း နိုင်ဘူး။ အထူး အခြေအနေကိုတော့ နားလည်တယ်။ တစ်လှမ်းမှားသွားရင် ပြန်လည် မရှိပဲ အဆုံးသတ် သွားလိမ့်မယ်။ ပုံမှန် အခြေအနေမျိုးမှာ သူနဲ့ လင်းယွမ် မျှော်စင် ခေါင်းဆောင် တိုက်ခိုက် သင့်တာ ကြာလှပြီ။ ဒီအမျိုးသမီးကတော့ သူ့ရဲ့ ရုပ်သွင် အတိုင်း အမြဲတမ်း အေးဆေးနေတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို လုပ်နေ သလိုပဲ။
သူ့ရဲ့ မေးခွန်း သုံးခုကိုလည်း စိတ်ရှည် လက်ရှည် ဖြေတယ်။ သူကတိ မတည်တာတောင် ဆက်ပြီးတော့ စကား ပြောနေသေးတယ်။ ဘာတွေ ဖြစ်လို့ ဖြစ်မှန်း မသိပေမယ့်၊ သေချာတာတော့ လင်းယွမ် မျှော်စင် ခေါင်းဆောင် တစ်ခုခုကြောင့် ဒီလောက်ထိ လုပ်နေတာလဲ။
အဲ့တာ ဘာဖြစ်မလဲ။ မတွေးတတ်ဘူး။ ဖန်ကျန်းရှီရဲ့ ဖြေရှင်းချက်က ရှင်းတယ်။ ဘာပဲ ဖြစ်ဖြစ် လုပ်ရမယ်။
“သဘော အတိုင်းပါ။” ဖန်ကျန်းရှီ ဘာမှ အရှုံး မရှိဘူးလေ။
“စမ်းသပ်ချက်က ရိုးရှင်းပါတယ်။ ငါ့တပည့်တွေနဲ့လည်း တိုက်ခိုက် ပြီးပြီဆိုတော့ လင်းယွမ် မျှော်စင်က တာအိုတွေကို နားလည်တဲ့ နေရာမှာ ပြိုင်ဘက်ကင်းတာကို နင်သိမှာပဲ။ သူတို့ လုပ်တဲ့ အတိုင်း နင်လုပ်နိုင်ရင် အောင်မြင်တယ်လို့ ဆုံးဖြတ် ပေးမယ်။ ဒီလိုသာ ဖြစ်လာရင် နင့်ကို ယွိအာ အကြောင်း ပြောပြမယ်။” လင်းယွမ်မျှော်စင် တပည့်သားတွေကို လက်ညှိုးထိုး ပြရင်း သူမ ဆက်ပြောတယ်။ ဖန်ကျန်းရှီ သဘောတူမှာကို သူသိတယ်။
“အဲ့တာကို မလုပ်နိုင် ခဲ့ရင်ကော။”
“ဒါဆိုရင်လည်း ရွေးစရာ နှစ်ခုထဲက တစ်ခုရွေးပေါ့။”
“ကတိ မတည်မှာကို မကြောက်ဘူးလား။”
“ဟဟား။ နင်လုပ်နိုင် မလုပ်နိုင် ဆိုတာပဲ မူတည်ပါတယ်။” အမျိုးသမီး ရယ်မောရင်းနဲ့ ကောင်းကင်ကို လက်ညှိုး ထိုးလိုက်တယ်။ သူမ လက်ညှိုးကနေ ရွှေရောင် အလင်းတန်း ပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ လင်းယွမ်မျှော်စင် အပေါ်ဆုံး သုံးလွှာကနေ တောက်ပတဲ့ အလင်းတန်း ပြန်ထွက်ပေါ်လာတယ်။
ဝူး။
ကျယ်ပြန့် ရှေးကျတဲ့ အရှိန်ဝါတွေ မျှော်စင်ကနေ ထွက်ပေါ် လာနေတယ်။ ရွှေရောင် အလင်းတန်းကြီး ကောင်းကင်ကနေ ဆင်းသက် လာပြီးတော့ မြေပြင်ပေါ်က လူအားလုံးကို လွှမ်းခြုံတယ်။
“လင်းယွမ် မျှော်စင်က တကယ်တော့ ထိပ်တန်း ရတနာ တစ်ခုဆိုတာ နင်မသိသေးဘူး။ ရေမလွှမ်းဘူး။ မီးမလောင်ဘူး။ ခုခံအား ကောင်းတယ်။ ဒါကြောင့် လင်းယွမ် နယ်မြေလို့လည်း ခေါ်တယ်။ မျှော်စင်ရဲ့ စွမ်းရည် အကြောင်း သိချင်ရင် သူ့ကို မေးကြည့်။” လင်းမုပိုင်ကို လက်ညှိုးထိုးပြရင်း ပြောတယ်။
“လင်းယွမ် နယ်မြေ။ အဲ့တာက လင်းယွမ် နယ်မြေလား။” ဧကရာဇ် လင်းမုပိုင် သူ့ခေါင်းပေါ်က ရွှေရောင် အလင်းတန်းကို ကြည့်ရင်း ပြောတယ်။
“လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ရန်မြို့တော် အပြင်ဘက် ဆယ်မိုင် ရေကန် တိုက်ပွဲမှာ ဒါကို မမြင်ခဲ့ဘူးလား။”
“ငါ မြင် ခဲ့ တယ်။” ဧကရာဇ် လင်းမုပိုင် တစ်ခုခုကို တွေးမိပြီးတော့ ကြောက်လန့်သွား ခဲ့တဲ့ ပုံစံပဲ။
“လင်းယွမ် မျှော်စင် မြင့်မြတ် မြေမှာ အသက်ရှင်သန်နိုင်တာ ကိုယ်ပိုင်ဝှက်ဖဲ ရှိလို့ပဲလေ။”
“ဝှက်ဖဲတဲ့လား။ ဒါက ဘယ်လိုလုပ် ဝှက်ဖဲလေး ဖြစ်နိုင်မှာလဲ။ ငါအမြဲ ထင်မိခဲ့တာ လင်းယွမ် နယ်မြေက ခေါင်းဆောင်လန် ပိုင်ဆိုင်တာလို့။” လင်းမုပိုင် ခါးသက်သက် ပြုံးရင်း ပြောတယ်။ “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တာပဲ။ လင်းယွမ် နယ်မြေနဲ့ဆိုရင် ငါတို့ကို အလွယ်လေး သတ်လို့ ရရဲ့သားနဲ့။ ဘာဖြစ်လို့ အချိန်တွေ ဖြုန်းနေတာလဲ။”
“ဒီ လင်းယွမ် နယ်မြေက ပြီးပြည့်စုံမှု မရှိတော့လို့ ဖြစ်မှာပေါ့။” ဖန်ကျန်းရှီ ဝင်ပြောတယ်။
“ဟဟား။ ဖန်ကျန်းရှီ နင် တကယ့်ကို ထက်မြက်တာပဲ။” အမျိုးသမီး ရုတ်တရက် ရယ်မောရင်း ပြောတယ်။ “ဟုတ်တယ်။ ငါ့ရဲ့ လင်းယွမ် နယ်မြေက ပြီးပြည့်စုံမှု မရှိတော့ဘူး။ ဒါပေမယ့် နင်တို့ကိုတော့ ရက်ပေါင်း ဒါဇင်ချီပြီးတော့ ဖမ်းထားလို့ ရပါတယ်။ ပင်းယန်နဲ့ လင်းမုပိုင်ကို သတ်ဖို့က အေးအေးဆေးဆေး လုံလောက်တယ်။”
“ခြိမ်းခြောက်နေတာလား။” ဖန်ကျန်းရှီရဲ့ အမူအယာက အေးစက်သွားတယ်။ သူ့ရဲ့ မိတ်ဆွေတွေနဲ့ သူ့ကို ခြိမ်းခြောက်တာ ဖန်ကျန်းရှီ ဘယ်တုန်းကမှ မနှစ်သက်တဲ့ ကိစ္စပဲ။
“ခြိမ်းခြောက်နေတာ မဟုတ်ရပါဘူး။ အနည်းဆုံးတော့ နင်က သေမလား ရှင်မလား ရွေးလို့ ရတယ်လေ။” အမျိုးသမီး ခေါင်းခါတယ်။ “ငါက နင့်ကို အမှန်တရာ းအတွက် အခွင့်အရေး ပေးနေတာ။ ဒါပေမယ့် ငါ့နည်းလမ်းနဲ့ ငါလုပ်မယ်။ နင်လမ်းတစ်ဝက်မှာ လက်လျှော့်ရင်လည်း တန်ကြေးကို ပြန်ပေးရမယ်။ ငါတို့က လင်းယွမ်မျှော်စင် နယ်မြေထဲမှာ ရှိနေတယ်။ ငါ ချင်းယီက လင်းယွမ်မျှော်စင် ခေါင်းဆောင်။ စည်းမျဉ်း ထုတ်တဲ့သူပဲ။”
သူမ ပြောတဲ့ အချိန်မှာ လင်းယွမ် မျှော်စင် တံခါးကြီး ပွင့်သွားတယ်။ စုံလင်လှတဲ့ အရောင်စုံ အကျီနဲ့ တပည့်သားတွေ လင်းယွမ် မျှော်စင်ကနေ ထွက်လာကြတယ်။ ပန်းပေါင်းထောင်ချီ ပွင့်ဖူး နေသလိုပဲ။
ကြည့်လို့သာ လှပေမယ့် လူသတ်ငွေ့တွေ့ အပြည့်။ ရွှေရောင် အလင်းတန်းက လင်းယွမ် မျှော်စင်ကို လိုက်ကာကြီး တစ်ခုလုံး ဖုံးအုပ်ထားတယ်။ အဆုံးမဲ့ ခမ်းနားမှုတွေ အပြည့်ပဲ။
အရပ်ရှစ်မျက်နှာမှာ တပည့်သားပေါင်း ၂၀၀ နီးပါး ရှိတယ်။ အသန်မာဆုံး တပည့်သားတွေက အနီနဲ့ ခရမ်းကို ဝတ်ဆင်ထားတယ်။ သူတို့က ရှေ့ဆုံးမှာ ရပ်တယ်။ အဖြူက သူတို့နောက်၊ အစိမ်းကတော့ နောက်ဆုံးမှာ။
ဒါ့အပြင် သူတို့ ပုံစံက သာမာန် ရှစ်ထောင့် ပုံစံနဲ့ မတူညီဘူး။ အလယ်တည့်တည့်မှာ တကယ်ဆိုရင် အလွတ် ဖြစ်သင့်တာ။ အခုတော့ မျှော်စင် ခေါင်းဆောင် ချင်းယီ ရပ်နေတဲ့ နေရာ တည့်တည့်မှာ အလယ်ကျနေတာပဲ။
“ရှစ်ထောင့်သဏ္ဍာန်လား။ မဟုတ်ဘူး။ ကြယ်ကိုးပွင့်လည်း မဟုတ်ပြန်ဘူး။” ဖန်ကျန်းရှီ သေချာ စဉ်စားနေတယ်။ ပင်းယန်ကတော့ ချီလင်လှံကို ကိုင်ထားရင်း တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့တယ်။ လင်းမုပိုင်ကတော့ ဧကရာဇ် အရှိန်အဝါတွေကို အပြည့် ထုတ်လွှတ်တယ်။
ဒါပေမယ့် သူက ချင်းယီ အနားကို ရောက်နေတဲ့ အတွက်၊ တကယ့် အုပ်ချုပ်သူ အစစ်အမှန် ဖြစ်နေတဲ့ ချင်းယီရဲ့ အရှိန်အဝါကိုတော့ မမှီခဲ့ဘူး။ သူမက အရမ်းကို အင်အားကြီးတဲ့ ပုံစံပဲ။
“ဖန်ကျန်းရှီ စမ်းသပ်ချက် စပြီ။ တာအိုတွေကို နင်က ပုံတူကူးနိုင်တယ်။ ကိုယ်တိုင်လည်း တန်ပြန် တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် နင်ကျရှုံးနိုင်တယ်။ ငါးရောင်ခြယ်ပန်းကို ပြန်ထားပြီးတော့ ကိစ္စ သုံးခု လုပ်ရင်လုပ်။ မဟုတ်ရင်လည်း သေတော့။ ပင်းယန်နဲ့ လင်းမုပိုင်လည်း သေရမယ်။” ချင်းယီ ပြောတယ်။
“မဖြစ်နိုင်တာပဲ။ လင်းယွမ် မျှော်စင် တပည့်သားတွေက အနည်းဆုံး ပြန်လည် မွေးဖွားမှု အဆင့်မှာ ရှိတယ်။ တစ်ယောက်စီကို တာအို ဆယ်ခုကျော် နားလည်တယ်။ သုခမိန် အဆင့်တွေက ပိုလိုကတောင် များသေးတယ်။ ဒီမှာ တပည့်သား နှစ်ရာကျော် ဆိုတော့ တာအိုက အခု ၂ထောင်။ တာအို တစ်ခုကို ပြန်သုံးမိရင် ငါတို့ကို ထုတ်ပယ်မှာ မဟုတ်လား။ ဘယ်သူက ဒါကို လုပ်နိုင်မှာလဲ။” ဖန်ကျန်းရှီ ဘာမှ မပြောနိုင်ခင် လင်းမုပိုင် ဝင်ပြောတယ်။
“ဒါကြောင့် ငါပြောတာပေါ့။ လင်းယွမ် မျှော်စင်ကို ဝင်ချင်ရင် ငါ့တပည့်တွေ တာအိုကို ပြိုင်ဘက်ကင်း နည်းလမ်းနဲ့ နားလည်သလို နားလည်ရမယ်။ ကံစီမံရာ အတိုင်းပေါ့။” ချင်းယီ ဖန်ကျန်းရှီကို ကြည့်ရင်း သူပြန်ဖြေတာကို စောင့်နေခဲ့တယ်။
အပိုင်း (၇၉၂) ပြီး၏။
အပိုင်း (၇၉၃)
“လုပ်ဖို့ အသင့် ဖြစ်နေပြီ။လား။”
“မင်း။” ဧကရာဇ် လင်းမုပိုင် တစ်ခုခု ပြောချင်ပေမယ့်၊ သူ့စကားကို အဆုံးမသတ် နိုင်ခဲ့ဘူး။ ဘာအသံကို မကြားရပဲ တိတ်ဆိတ် သွားခဲ့တယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေလည်း တိတ်ဆိတ် နေခဲ့တယ်။
ဒါပေမယ့် သူတို့ရဲ့ အတွေးတွေကတော့ မျက်နှာမှာ ပေါ်နေခဲ့တယ်။ ချင်းယီ ပြောသလိုပဲ၊ သူတို့တွေက လင်းယွမ် မျှော်စင်မှာ ရှိနေကြတာ။ ဖန်ကျန်းရှီ ဘယ်လောက်ပဲ သန်မာပါစေ၊ သူတို့ရဲ့ စည်းမျဉ်းကို လိုက်နာဖို့ လိုတယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ နင် နင် သွားသင့်ပြီ။ ငါတို့တွေ ကိုယ့်ဘာကိုယ် ရင်ဆိုင်ပါမယ်။” ပင်းယန် အခြေအနေကို နားလည် သွားခဲ့ပြီ။ မော့ကြည့်ရင်း ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချလိုက်တယ်။
ဒါပေမယ့် သူမ ဆက်ပြောတော့မယ့် အချိန်မှာပဲ ဖန်ကျန်းရှီနဲ့ မျက်လုံးချင်း ဆုံသွားခဲ့တယ်။ သူ့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မျက်လုံးကနေ တဆင့် မြင်တွေ့ လိုက်ရတယ်။
ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက်က ခိုင်မာလွန်းလို့ တုန်လှုပ်နေတဲ့ သူမရဲ့ နှလုံးသားကိုတောင် တည်ငြိမ် သွားစေခဲ့တယ်။ ဆိပ်ကမ်းကို ဆိုက်ကပ်သွားတဲ့ သင်္ဘော တစ်စင်းလိုပဲ။ ဖန်ကျန်းရှီ တစ်ပတ်လှည့်ပြီးတော့ ပင်းယန်ဆီကို လျှောက်လာခဲ့တယ်။
ဖြည်းဖြည်းချင်း လျှောက်လာပြီးတော့ ပင်းယန်ရှေ့ တည့်တည့်မှာ ရပ်တန့် လိုက်တယ်။
“နင် ဘာလုပ် ချင်တာလဲ။” ပင်းယန် အသက်ပြင်းပြင်း ရှူရင်း ပြောလိုက်တယ်။
“ဘာလုပ် ရမှာလဲ။” ဖန်ကျန်းရှီ သူမကို ထူးထူး ဆန်းဆန်း အကြည့်နဲ့ ကြည့်နေတယ်။ တကိုယ်လုံးကို သိမ်းကြုံး ကြည့်ပြီးတဲ့ နောက်မှာတော့ သူမရဲ့ ရင်ဘတ်မှာ ရပ်တန့် လိုက်တယ်။ “ဒါတွေ ကြီးလာ သင့်တယ်လေ။ ဒါပေမယ့် အခုထိ ကြီးမလာသေးဘူး။”
“ကြီးမလာ သေးဘူး။” ပင်းယန် အစကတော့ သူပြော နေတာကို နားမလည် နိုင်ခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အကြည့်ကို သေချာ သတိ ထားမိသွားတဲ့ အချိန်မှာတော့ ချက်ခြင်း ပြန်တုံ့ပြန် တော့တယ်။“အရှက်မရှိတဲ့ ကောင်စုတ်။ နင်ဘာတွေ ပြောနေတာလဲ။ ငါမင်းသမီးကို။”
“ဒါမှ ငါသိတဲ့ ပင်းယန် ပီသမှာပေါ့။ ကောင်းပြီ။ ဧကရာဇ်ကို မင်း ကာကွယ်လိုက်။ ကျန်တဲ့ ကိစ္စတွေ အကုန်လုံး ငါဖြေရှင်းမယ်။”
ဖန်ကျန်းရှီက ပြုံးပြလိုက်ပြီးနောက် ချင်းယီဘက်ကို ပြန်လှည့်တယ်။ ပင်းယန်နဲ့ ဧကရာဇ် လင်းမုပိုင်ကို သူ့ခန္ဒာကိုယ်နဲ့ ကာကွယ် ထားရင်း ပြောတယ်။ “ကောင်းပြီ။ ဒီစမ်းသပ်ချက်ကို ငါလက်ခံတယ်။”
“ဘာ။”
“သူဘာပြာတယ်။”
လင်းယွမ် မျှော်စင် တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ ဖန်ကျန်းရှီရဲ့ စကားကြောင့် မျက်လုံး ပြူးသွားခဲ့တယ်။ နောက်ဆုံးတော့လည်း ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့က မဖြစ်နိုင်တာပဲလေ။
ပင်းယန်ကတော့ သူမ မျက်စိရှေ့က လူကို ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ် နေခဲ့တယ်။ စိတ်ထဲမှာ နွေးထွေး သွားမိတယ်။
“ဟုတ်တယ်။ ဒီအရှက်မရှိတဲ့ ကောင်စုတ်က ချင်းယီ ပြောလိုက်တဲ့ စကားကြောင့် ငါ့ကို စိုးရိမ်လို့ လာကာကွယ် တာပဲ။ ဒါပေမယ့် သူ့အမူအယာက အရှက်မရှိလိုက်တာ။” ပင်းယန် ခေါင်းခါရင်းနဲ့ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ဖယ်ရှားတယ်။ ဒါပေမယ့် ဝမ်းနည်း စိတ်ပျက် နေတဲ့ ခံစားချက်တွေ ထပ်မရှိတော့ဘူး။
ဖန်ကျန်းရှီရဲ့ အပြာရောင် ဝတ်ရုံရှည်က လေထဲမှာ လွင့်မျောနေတယ်။ ရွှေရောင် အလင်းတန်းရဲ့ အောက်မှာ တောက်ပ နေခဲ့တယ်။
“ဟဟား စကြစို့။” ချင်းယီကတော့ ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။ ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက်ကို သူမျှော်လင့်ထားပြီးသား ဖြစ်တဲ့ ပုံစံပဲ။
“သေချာတာပေါ့။ မစခင် ကိစ္စ တစ်ခုကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်းနဲ့ ပြောတယ်။
“ဆက်ပြော။” ချင်းယဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ်။
“အကယ်၍ ငါသာ စမ်းသပ်ချက်ကို အောင်မြင် ခဲ့ရင် ကတိတည်ပါ။ မင်းသာ ကတိ မတည်ရင်။” ဖန်ကျန်းရှီ စကား တဝက်မှာ ရပ်တန့်လိုက်တယ်။
“ဒါဆိုရင် ဘာဖြစ်လာမလဲ။” ချင်းယီ မေးတယ်။
“လင်းယွမ်မျှော်စင် ခေါင်းဆောင်၊ ကြည့်ရတာ မင်းတစ်ခုခု မေ့နေတဲ့ ပုံစံပဲ။ ငါက မျိုးနွယ်စု ငါးခုထဲကို မဝင်ရသေးတဲ့ လွတ်လပ်တဲ့သူ။ အရိပ်မျိုးနွယ်စုကိုတောင် မဝင်ရသေးဘူး။ ဒီတော့ မျိုးနွယ်စု ငါးခုက လူတွေနဲ့ ငါက ကွာခြားတယ်။”
“လွတပ်လပ်တဲ့သူလား။”
“ဟုတ်တယ်။ ကန့်သတ်ချက်မရှိပဲ လွတ်လပ်တဲ့သူ။ ဒိတော့ ငါလုပ်ချင်တာကို လုပ်နိုင်တယ်။ ဘယ်သူကမှ ငါ့ကို မတားဆီးနိုင်ဘူး။”
“နောက်ပြီးတော့ကော။” ချင်းယဲံ မျက်မှောင်ကြုတ်လိုက်တယ်။
“လင်းယွမ် မျှော်စင်က တခြားသူတွေ အတွက်တော့ မထိဝံ့တဲ့ တားမြစ်နေရာ တစ်ခုပဲ။ ဒါပေမယ့် ငါ့အတွက်တော့ သာမာန် နေရာ တစ်ခုနဲ့ မကွာခြားဘူး။ ငါ့စိတ်တိုင်းကျ သွားလာနိုင်တယ်။ ဒါပေါ့။ လူတိုင်းကိုလည်း ငါသတ်ချင်ရင် သတ်နိုင်တယ်။ ဒီနေ့ ၂ယောက်သတ်ရင်၊ မနက်ဖြန်ကျ သုံးယောက် သတ်နိုင်တယ်။”
“နင်မလုပ်ရဲပါဘူး။” ဖန်ကျန်းရှီ ပြောချင်နေတာကို ချင်းယီ နားလည်သွားတဲ့ အတွက် နောက်ဆုံးမှာတော့ မတြည်ငိမ် နိုင်တော့ဘူး။
“ငါလုပ်ရဲတယ် ဆိုတာကို မင်းသိပါတယ်။ ငါပြောချင်ကတော့ ငါ့စကားတွေကို ငါစိတ်ကြိုက် ရုတ်သိမ်းလို့ရတယ်။ ဒါပေမယ့် မင်းကတော့ မလုပ်နိုင်ဘူး။ မင်းက လင်းယွမ် မျှော်စင် ခေါင်းဆောင် ဖြစ်နေတယ်။ နောက်ပြီးတော့ မင်းရဲ့ မျိုးနွယ်စု ဆက်ပြီး အေးချမ်း နေတာကို မြင်ချင်ရင်၊ ကတိတည်မှ ဖြစ်မယ်။”
သူပြောနေတဲ့ အချိန်မှာပဲ ခြေရာမဲ့ဓားက ခရမ်းရောင် မိစ္ဆာ အလင်းတန်းတွေ တောက်ပ လာပြီးတော့၊ လင်းယွမ် မျှော်စင် တပည့်သားတွေကို တိုက်ခိုက်တော့တယ်။
ဘယ်သူကမှ ဒီလို ဖြစ်လာမယ်လို့ မထင်ထား ခဲ့မိဘူး။ ဖန်ကျန်းရှီ ဒီလို တိုက်ခိုက်တာကို ချင်းယီကော လင်းယွမ် မျှော်စင် တပည့်သားတွေပါ အချိန်မှီ မတုံ့ပြန် နိုင်ခဲ့ဘူး။
ဝုန်း။
တပည့်သားတစ်ချို့ ဒဏ်ရာ ရပြီးတော့ လွင့်ထွက် ကုန်ကြတယ်။ ဒါပေမယ့် တစ်ချို့ကတော့ အခုချိန်ထိ မယုံနိုင် ဖြစ်နေကြတုန်းပဲ။ ဘယ်သူကမှ အခုချိန်မှာ ဖန်ကျန်းရှီ တိုက်ခိုက်မယ်လို့ မထင်ထား ခဲ့မိဘူး။ ဘယ်သူကမှ သူလုပ်ဝံ့မယ်လို့ မတွေးမိတာကြောင့်လည်း ပါတယ်။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ လုပ်ခဲ့ပြီးပြီ။ တစ်ချက်လေးတောင် မတွေဝေခဲ့ဘူး။ ထမင်းစား ရေသောက် ကိစ္စ တစ်ခုလိုပဲ။ အေးအေးဆေးဆေး ရှိနေဆဲ။
“ဖူး။” လွင့်ထွက်သွားတဲ့ တပည့်သားတွေ မြေပြင်ပေါ်ကို ပြန်ကျ လာချိန်မှာတော့ သွေးအန် ကျတော့တယ်။ ဖန်ကျန်းရှီကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကုန်ကြတယ်။
ကန်ယွဲ့၊ ပင်းယန်နဲ့ လင်းမုပိုင် အပါအဝင် လူတိုင်းကတော့ ကြေင်အ နေဆဲ။
“အတင့်ရဲလိုက်တာ။”
“ဖန်ကျန်းရှီ နင်ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။”
ဖန်ကျန်းရှီကို ဓားအလက် နှစ်ရာက အခုချိန်မှာ တစ်ပြိုင်တည်း ချိန်ရွယ် ထားခဲ့တယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေ မယုံနိုင် ကြပေမယ့်၊ သူတို့တွေ ချက်ခြင်း တုံ့ပြန် ခဲ့ကြတယ်။
“သေချင်နေတယ် ဟုတ်လား။ လင်းယွမ် မျှော်စင်ကို ငါစဝင်လာတဲ့ အချိန်တည်းက မင်းတို့တွေ ဒီစကားကိုပဲ ဆက်တိုက်ပြောနေကြတယ်။ ဒါပေမယ့် ငါကတော့ အခု အချိန်ထိ မင်းတို့ရှေ့မှာ အသက်ရှင်လျက် ရပ်နေတုန်းပဲ။ ဟုတ်တယ် မဟုတ်လား။” ဖန်ကျန်းရှီ ဒေါသထွက်နေတဲ့ တပည့်သားတွေကို ကြည့်ရင်း အေးအေးဆေးဆေး ပြောတယ်။
“…”
“မင်း။”
လင်းယွမ် မျှော်စင် တပည့်သားတွေ ဖန်ကျန်းရှီကို တိုက်ခိုက်ချင်ကြတယ်။ ဒါပေမယ့် သူပြောတာ အမှန်မှန်း သူတို့ သိတယ်။ တပည့်သားတွေနဲ့ ပြောမနေတော့ဘူး။ ဖန်ကျန်းရှီက ချင်းယီဘက်ကို ပြန်ကြည့်တယ်။ အမူအယာကတော့ အံ့သြစရာ ကောင်းလောက်အောင် တည်ငြိမ် နေခဲ့တယ်။
သူလောင်းကြေးထပ်ဖို့ လိုတယ်။ ချင်းယီ သူ့ကို သတိထား နေပြီဆိုတာ သူသိတယ်။ ဒါကပဲ အခြေအနေကို ပြန်ထိန်းချုပ် နိုင်စေမယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေခဲ့တယ်။ ချင်းယီရဲ့ အကွက်ထဲကို ဝင်သွားလို့ မဖြစ်ဘူး။
“ငါမလုပ်ရဲဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား။ ငါလုပ်ခဲ့တဲ့ ကိစ္စကိုရော မင်းဘယ်လို ပြောမလဲ။ လင်းယွမ် မျှော်စင်က ငါ့ကို တကယ်ပဲ ထောင်ချောက်ဆင် ဖမ်းနိုင်မှာ မင်းသေချာရဲ့လား။ အကယ်၍ မဖမ်းထား နိုင်ရင်တော့၊ ငါလက်စား ချေတာကို စောင့်နေလိုက်တော့။ အခု တစ်ခေါက်မှာ ဘယ်သူ့ကိုမှ ငါမသတ်ခဲ့ဘူး။ ဒါပေမယ့် ငါ့ရဲ့ နောက်တိုက်ခိုက်မှုကိုတော့ အာမ မခံနိုင်ဘူး။” ချင်းယီရဲ့ မျက်နှာကို စိုက်ကြည့်ရင်း သူအသေအချာ ပြောတယ်။
“နင် ငါ့ကို ခြိမ်းခြောက် နေတာလား။” ချင်းယီရဲ့ အမူအယာက အေးစက် သွားခဲ့တယ်။
“မဟုတ်ဘူး။ အနည်းဆုံးတော့ မင်း ကတိတည်မလား၊ ကတိ မတည်ဘူးလား ဆိုတာကို ရွေးလို့ ရတာပေါ့။” ဖန်ကျန်းရှှီ ပြုံးပြရင်း ပြောလိုက်တယ်။
ချင်းယီကတော့ မျက်မှောင်ကြုတ်ထားရင်း တိတ်ဆိတ် နေခဲ့တယ်။ အချိန် အကြာကြီး စကား မပြောခဲ့ဘူး။ သူမ ဘာတွေ တွေးနေမှန်း ဘယ်သူမှ မသိနိုင်ခဲ့ဘူး။ စွမ်းအား ကြီးမားတဲ့ လင်းယွမ်ေ မျှာ်စင် ခေါင်းဆောင် ဖြစ်နေတာတောင်မှ အခုချိန်မှာ တိတ်ဆိတ် နေခဲ့ရတယ်။
လေထုကတော့ တဖြည်းဖြည်း တင်းမာ နေခဲ့ပြီ။ လင်းယွမ် မျှော်စင် တပည့်သားတွေ ဓားတွေကို တင်းတင်းကြပ်ကြပ် ကိုင်ထား ခဲ့ကြတယ်။ မြင့်မြတ် နယ်မြေက မျိုးနွယ်စု တစ်ခု အနေနဲ့၊ သူတို့တွေက ဝံ့ကြွား မောက်မာကြတယ်။ ဒါပေမယ့် အခုတော့ လူတစ်ယောက် ခြိမ်းခြောက်တာကို ခံနေရတယ်။ ဒါကို သူတို့ ဝန်မခံ ချင်ကြဘူး။
သူတို့တွေ ခြိမ်းခြောက် ခံနေရတယ် ဆိုတဲ့ အချက်ကတော့ မပြောင်းလဲဘူး။ နောက်ပြီးတော့ လွန်ခဲ့တဲ့ လပိုင်းကမှ မြင့်မြတ် နယ်မြေထဲကို ဝင်လာတဲ့ ၁၈နှစ်သားလေး ခြိမ်းခြောက်တာကို ခံနေရတာ။
အချိန် အတော်ကြာပြီး နောက်မှာတော့ ချင်းယီ နောက်ဆုံးမှာ မျက်လုံး ပြန်ဖွင့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းထဲမှာ ရွှေရောင် အလင်းတန်းတွေ ပြည့်နှက် တောက်ပ နေခဲ့တယ်။
“ငါ့စည်းမျဉ်းတွေကို နင်သဘောတူမှတော့၊ ငါလည်း ကတိတည်ရတာပေါ့။ နင်သာ စမ်းသပ်ချက်ကို အောင်မြင်ရင် ယွိအာ အကြောင်းကို ပြောပြမယ်။ ဒါပေမယ့် စမ်းသပ်ချက်ကို မအောင်မြင်ရင်တော့ ငါးရောင်ခြယ် ပန်းကို ပြန်ထားရမယ်။ မဟုတ်ရင်၊ ငါတို့ နှစ်ယောက်တည်းက တစ်ယောက်ပဲ ဒီနေ့ကို ကျော်လွန်ပြီးတော့ အသက်ရှင်လိမ့်မယ်။”
သူမပြောပြီးတဲ့ နောက်မှာတော့၊ ရာချီတဲ့ ရွှေရောင် အလင်းတန်းတွေ ကောင်းကင်ကနေ ကျဆင်းလာတယ်။ လေဟာနယ်ကြီး တစ်ခုလုံးကို ထောပတ်တုံးလှီးသလို ဖြတ်သွားခဲ့တယ်။
ဂျွတ်။
အက်ကွဲကြောင်းတွေ အများကြီး လေထဲမှာ ပေါ်လာတော့တယ်။ ရွှေရောင် အလင်းတန်းက မြေပြင်ပေါ်ကို ကျလာတယ်။ ကြီးမားတဲ့ ပုံရိပ်ကြီး တစ်ခုလည်း ပေါ်လာတော့တယ်။ လင်းယွမ် မျှော်စင်နဲ့ တစ်ထပ်တည်း တူညီတဲ့ ပုံရိပ်ကြီး။ အထပ်ကိုးထပ် ပါပြီးတော့ အရောင်တွေကလည်း အတူတူပဲ။
ချင်းယီရဲ့ ရွှေရောင် ဝတ်ရုံက လေပြင်းပြင်းကြောင့် လွင့်မျောနေတယ်။ ကြောက်စရာ အရှိန်အဝါတွေကို ထုတ်လွှတ် နေခဲ့တယ်။ သူက မုချင်းဖန်းထက်ကော၊ ထျန်းရှင်းထက်ပါ အားနည်းတဲ့သူ မဟုတ်ဘူး။မ
“ခေါင်းဆောင်။ ဒီလောက်တောင် သေချင်နေပြီလား။” ဖန်ကျန်းရှီ သူ့ရဲ့ ဓားနဲ့ သူမကို ချိန်ရွယ်လိုက်တယ်။ တောက်ပတဲ့ အလင်းတန်းကြီး လေးခု သူ့ခန္ဒာကိုယ်ကနေ ပေါက်ကွဲ ထွက်လာတော့တယ်။ မိုးပြာရောင်၊ ကျောက်စိမ်းရောင်၊ သွေးနီရောင်နဲ့ ငရဲမီး အနက်ရောင်ပဲ။
အလင်းရောင် လေးခုက ခရမ်းရောင် ခြေရာမဲ့ဓားနဲ့ ပေါင်းစပ်တယ်။ မြင်ရတာကို ကြောက်စရာ ကောင်းလွန်းနေတယ်။ လင်းယွမ်ေ မျှာ်စင် တပည့်သားတွေ အားလုံးလည်း ထိတ်လန့် သွားခဲ့ရတယ်။
ချင်းယီနဲ့ ဖန်ကျန်းရှီရဲ့ အရှိန်အဝါတွေ့ အရမ်းကို ပြင်းထန်လွန်းတယ်။
ဖန်ကျန်းရှီရဲ့ လူသတ်ငွေ့ကတော့ ကြောက်စရာ ကောင်းလောက်အောင်ကို သိပ်သည်း နေခဲ့တယ်။ သူ့တကိုယ်လုံးကို မမြင်ရတဲ့ လက်သည်းတွေ ဝန်းရံထားတဲ့ အတိုင်းပဲ။
“စိတ်ဝင်စားစရာပဲ။ ပိုပြီးတော့ စိတ်ဝင်စား စရာ ကောင်းလာပြီ။ ဟဟား။ ဖန်ကျန်းရှီ။ စလိုက်ကြစို့။” ရွှေရောင် အလင်းတန်း ပျောက်ကွယ် သွားနဲ့ ချင်းယီလည်း လက်ချောင်းလေးကို လှုပ်လိုက်တယ်။ လေတွေ ချက်ခြင်း ငြိမ်ကျသွားတော့တယ်။
“ကောင်းပြီလေ။ စလိုက်ရအောင်။” ဖန်ကျန်းရှီ ခေါင်းငြိမ့် ပြီးတဲ့နောက် အလင်းတန်း လေးခုကို ပြန်သိမ်းလိုက်တယ်။ သူ့ရဲ့ လူသတ်ငွေ့တွေလည်း ပျောက်ကွယ်သွားတယ်။ အရာအားလုံး ပုံမှန် ပြန်ဖြစ် သွားတော့တယ်။ တပည့်သားတွေကတော့ စိတ်သက်သာရပြီး သက်ပြင်း ချလိုက် မိကြတယ်။ သူတို့ ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျ သွားသလိုပဲ။
ဒါပေမယ့် သူတို့တွေ ချွေးပျံနေတာကို သတိ မထားမိခဲ့ဘူး။
ချင်းယီ အခုထိ ဖန်ကျန်းရှီကို ဘာကြောင့် မတိုက်ခိုက် သေးလဲ ဆိုတာနဲ့ ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်ကို ကျူးကျော် ဝင်ရောက် ပြီးတာတောင် အခုချိန်ထိ အသက်ရှင် နေသေးတာကို သူတို့ နားလည် သွားခဲ့ရပြီ။
ငါးရောင်ခြယ် ပန်းကတော့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်နေပင်မယ့်၊ အဓိက အကြောင်းအရင်း ကြီးကတော့ သူ့ရဲ့ အင်အားပဲ။ ချင်းယီ သူ့ကို သတိထားရတဲ့ အထိကို အင်အားကြီးလွန်းတယ်။
ပြန်လည်မွေးဖွားမှု တာအို ခြောက်ခုထဲက လေးခုကို ကျွမ်းကျင် တတ်မြောက်တဲ့သူ။ မြင့်မြတ် နယ်မြေမှာ နှစ်ထောင်ချီ ကြာတဲ့အထိ ဒါကို အောင်မြင်သူ မရှိခဲ့ဘူး။
နောက်ပြီးတော့ ဖန်ကျန်းရှီကလည်း ခန့်မှန်းဖို့ ခက်ခဲလွန်းတယ်။ ဒီလိုကြောင့် လင်းယွမ် မျှော်စင် ခေါင်းဆောင်တောင် သူ့ကို သတိ ထားနေရတယ်။ လင်းယွမ် နယ်မြေကတောင် သူ့ကို ဖမ်းထားနိုင်မလား ဆိုတာ ဘယ်သူမှ သေချာ မသိဘူး။
နောက်ပြီးတော့ ဒီကို ရောက်မလာခင်တုန်းက တောင်စဉ် ကိုးသွယ်မှာ ဖန်ကျန်းရှီ ရှိနေခဲ့တယ်။ ခပ်ရှင်းရှင်း ပြောရရင်၊ ဖန်ကျန်းရှီ လင်းယွမ် မျှော်စင်ကို ရောက်မလာသင့်ဘူး။
သေသွားသင့်တာ ကြာလှပြီ။ ယင်ယန် ခန်းမကို တိုက်ခိုက် ပြီးတဲ့နောက် တောင်စဉ် ကိုးသွယ်ကို ခေါ်သွား ခံရတယ်။ ဒါတောင် အသက်ရှင်နေတုန်းပဲ။
သုခမိန် အဆင့်ကို ရောက်ရှိပြီးတော့ လင်းယွမ် မျှော်စင်မှာ ပေါ်လာတယ်။ အဲ့ဒီ့နောက် ကန်ယွဲ့ကို အနိုင်ယူပြီးတော့ ငါးရောင်ခြယ် ပန်းပွင့်တွေကိုလည်း ဘယ်သူမှ မထင်ထားတဲ့ နည်းလမ်းနဲ့ ယူသွားခဲ့တယ်။
တောင်စဉ် ကိုးသွယ်မှာ ဘာတွေ ဖြစ်ခဲ့တာလာ။ သုခမိန် အဆင့်ကို ဘယ်လို ရောက်ပြီးတော့များ ဒီလောက်တောင် သန်မာ လာရတာလဲ။ လင်းယွမ် မျှော်စင်ကို ဘာကြောင့် လာရတာလဲ။
အခုလက်ရှိ အချိန်မှာ သူဘယ်လောက်တောင် သန်မာနေလဲ။ ဘယ်လို ထူးခြားတဲ့ ဝှက်ဖဲတွေ ရှိနေသေးလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ဘယ်သူမှ မသိနိုင်ခဲ့ဘူး။
အပိုင်း (၇၉၃) ပြီး၏။
အပိုင်း (၇၉၄)
“မဟုတ်ဘူး။ တစ်ခုခုတော့ အကြီးကြီး လွဲနေပြီ။”
အရေးအကြီးဆုံးကတော့ တပည့်သားတွေ အားလုံး ထင်နေတာ တစ်ခုရှိတယ်။ လောကကြီး တစ်ခုလုံး အပြောင်းအလဲတွေ ဖြစ်လာတာက ဖန်ကျန်းရှီရဲ့ ကောင်းကင်မိုးထိုးတဲ့ အထိ တိုးတက်လာတဲ့ အင်အားတွေနဲ့ သက်ဆိုင် နေမယ်လို့ ထင်နေ ခဲ့တာပဲ။
နောက်ဆုံးတော့လည်း လွန်ခဲ့တဲ့ နှစ်လတည်းက ဖန်ကျန်းရှီ ကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးနေ ခဲ့ပြီးသား။ ဒါပေမယ့် ပုံမှန် သုခမိန် အဆင့်လောက်ပဲ ရှိတယ်။ မြင့်မြတ် နယ်မြေထဲက ဘယ်မျိုးနွယ်စု အတွက်မှ ချိန်းခြောက်မှု တစ်ခု အဆင့်ကို မရောက်ခဲ့ဘူး။
ဒါပေမယ့် အချိန် နှစ်လ ကုန်ဆုံးပြီး နောက်မှာတော့ ဖန်ကျန်းရှီက ကြောက်စရာ ကောင်းလောက်အောင် အင်အားကြီး လာခဲ့တယ်။ ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား။ တကယ့်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်။
လင်းယွမ် မျှော်စင် တပည့်သားတွေ နှစ်လ အတွင်း လူတစ်ယောက်က ဒီလောက် အင်အားကြီးလာ နိုင်တာကို မယုံနိုင်ခဲ့ဘူး။ ဒီတော့ လင်းယွမ် မျှော်စင် တပည့်သားတွေ လောကကြီးမှာ ဖြစ်ပေါ် လာနေတဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖန်ကျန်းရှီနဲ့ သက်ဆိုင်နေတယ်လို့ ထင်တာ မဆန်းဘူး။
နှစ်ခုလုံးက အင်အား အပြောင်းအလဲတွေနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် ဆက်သွယ်မှု မရှိတာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။
တပည့်သားတွေ အကုန်လုံး အမူအယာက တပုံစံတည်းပဲ။ သူတို့အားလုံး အတွေး အတူတူပဲ။ ဒါပေမယ့် အခုချိန်မှာ ဒါတွေကို မစဉ်းစားနိုင်ဘူး။ ချင်းယီက သူတို့ကို အမိန့် ပေးလိုက်ပြီ။ သူတို့ အင်အားနဲ့ပဲ အမှန်တရားကို ရှာဖွေလို့ ရနိုင်တော့မယ်။
“စကြစို့။” အရှေ့ဆုံးမှာ ရပ်နေတဲ့ အမျိုးသမီး ရှစ်ယောက် သူတို့ ဓားတွေကို အသင့်ပြင်လိုက်တယ်။ သိပ်သည်းတဲ့ အဝါရောင် အလင်းတန်း သူတို့ဆီကနေ ထွက်ပေါ်လာတယ်။ အဝါရောင် အလင်းတန်းက နေရာ အနှံ့ကို ပျံ့နှံ့သွားတယ်။ ဖုန်မှုန့် မုန်တိုင်းကြီး တစ်ခုလိုပဲ။ တကယ့်ကို မျက်လုံး ပြူးစေတဲ့ မြင်ကွင်း တစ်ခုပေါ့။ အနည်းဆုံးတော့ ပင်းယန်နဲ့ ဧကရာဇ် လင်းမုပိုင် စကား မပြောနိုင်ပဲ ရှိနေခဲ့တယ်။
ဖန်ကျန်းရှီလည်း မျက်မှောင်ကြုတ် ထားတယ်။ ပတ်ဝန်းကျင် အပြောင်းလဲတွေကို သူရှင်းရှင်းလင်းလင်း မြင်တယ်။ လူတိုင်း တစ်ချိန်တည်းမှာ အလင်းရောင် ထွက်လာမယ်လို့ သူထင်နေခဲ့တာ။ ဒါပေမယ့် မဟုတ်ခဲ့ဘူး။
ဖြစ်စဉ်က နှေးကွေးပေမယ့် အလင်းရောင်တွေက အစီအစဉ် တကျ ပေါ်လာနေမှန်း သူသိတယ်။ တစ်ယောက်ပြီး တစ်ယောက်ကို လက်ဆင့်ကမ်း နေသလိုပဲ။ ပထမဆုံး အမျိုးသမီး ရှစ်ယောက်ကနေ သူတို့ နောက်မှာ ရှိတဲ့ အမျိုးသမီးတွေဆီကို ပျံ့တယ်။ ဒီအချိန်မှာပဲ တပည့်သားတွေ အဝါရောင် အလင်းတန်းနဲ့ တောက်ပ နေကြပြီ။
ပြင်းထန်တဲ့ ဖိအားကြီး သူ့ကို လာဖိနေတာကို ဖန်ကျန်းရှီ ခံစား မိလိုက်တယ်။ သဲမုန်တိုင်းကြီးက သူ့တကိုယ်လုံးကို ဝန်းရံ ထားခဲ့တယ်။
ဝုန်း။
မြေပြင်ကြီးတစ်ခုလုံးက တပည့်သား အယောက် ၂၀၀ နီးပါးရဲ့ တာအို ပေါင်းစည်း အင်အားကြောင့် တုန်ခါ နေခဲ့တယ်။ တပည့်သား ငါးယောက်ထက် စာရင် အင်အားက ကြောက်စရာ ကောင်းလောက်အောင် ကြီးမားလွန်းတယ်။
“ဒီလောက် တပည့်သားတွေ အများကြီး တာအို တစ်ခုတည်းကို သုံးတာ ဖြစ်နိုင်လို့လား။” ဖန်ကျန်းရှီ တွေးမိလိုက်တယ်။ ဒါက လုံးဝကို ပုံမှန် မဟုတ်ဘူးလေ။ သူက တာအို တစ်ခုကို တစ်ချက် ကြည့်ရုံနဲ့ နားလည်နိုင်တယ်။ ဒါပေမယ့် ဒီတပည့်သားတွေ အားလုံးကကော ဒီလို တတ်နိုင်လို့လား။ ဒီလိုသာ ဖြစ်နေရင်တော့၊ လင်းယွမ် မျှော်စင်က ကြောက်စရာ နေရာပဲ။
လှည့်စားမှုတွေ ပါနေမှာတော့ သေချာတယ်။
လူတစ်ယောက်ရဲ့ အရည်အချင်းကို သူဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဘူး။ ဒါပေမယ့် သူ့လောက် ထူးချွန်နိုင်တဲ့ အလား အလာ ရှိတာကိုလည်း မယုံဘူး။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာက စုစုပေါင်း ၃၆ခုပဲ ရှိတယ်။ သူ့ဆီမှာက ၃ခု ရှိတယ်။ ဒီတော့ ဒီတပည့်သားတွေ တာအိုကို နားလည်တာ သူ့လောက် မများနိုင်ဘူး မဟုတ်လား။ ဖန်ကျန်းရှီ ဒီကိစ္စကို ဆက်ပြီးတော့ မစဉ်းစားတော့ဘူး။ ဒါက သူလုပ်နေကျ ပုံစံမျိုးလည်း မဟုတ်ဘူးလေ။ သဲမုန်တိုင်းကြီးက သူ့ဆီကို ကျလာနေပြီ။
“သဲမုန်တိုင်းလာ။ ဒီလောက် လွယ်တယ်လား။” ဖန်ကျန်းရှီ ချက်ခြင်းပဲ တပုံစံတည်း တူညီတဲ့ အဝါရောင် အလင်းတန်းကို ဆင့်ခေါ်ပြီးတော့ သဲမုန်တိုင်းနဲ့ ပေါင်းစပ်လိုက်တယ်။
“ဘာ။”
“သူတကယ်ပဲ လုပ်နိုင်တာလား။”
“မြန်လိုက်တာ။ လင်းယွမ် မျှော်စင်ရဲ့ (…)ကို သူတတ်မြောက် ထားတာလား။”
“မဖြစ်နိုင်တာပဲ။ ကံကောင်းသွားတာ ဖြစ်လိမ့်မယ်။”
ဒီရလဒ်ကို ကြိုသိ ထားပေမယ့် ဖန်ကျန်းရှီ သူတို့ တာအိုကို ပေါင်းစည်းနိုင် လိုက်တာကြောင့် အံ့သြနေဆဲ။ ချင်းယီကတော့ ဖန်ကျန်းရှီကို မျက်တောင် မခတ်တမ်းကြည့်ရင်း လျှို့ဝှက်ချက်ကို ရှာဖွေ နေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ စိတ်ပျက် ရတော့တယ်။
ဖန်ကျန်းရှီ ပေါင်းစပ်လိုက်တာ အရမ်းကို မြန်ဆန် လွန်းလို့ပဲ။ သဲမုန်တိုင်းက သူဖန်တီးထားတာလို့တောင် ထင်ရတယ်။
“လှုပ်ရှားကြ။” တပည့်သားတွေ အားလုံး လှုပ်ရှား ကြပြန်တယ်။ အဝါရောင် အလင်းတန်းထဲမှာ ခရမ်းရောင် အလင်းတစ်စ ပေါ်လာတယ်။ ခရမ်းရောင် အလင်းတန်းက တောမီးလောင်သလို ပျံ့နှံ့တယ်။ မိုးကြိုးတွေ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပေါ်လာတော့တယ်။ မိုးကြိုး တိမ်တိုက်ကြီးက လေထဲမှာ ပေါ်လာပြီးတော့ ခရမ်းရောင် မိုးကြိုးတွေက ဖန်ကျန်းရှီကို ပြစ်ချတော့တယ်။
“ဒါကြောင့်ပဲ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက် အပြောင်းအလဲကို ကြောက်စရာ ကောင်းတယ်လို့ ပြောကြတာကိုး။ တကယ့်ကို မြန်တာပဲ။ ဒါပေမယ့် ငါက ပိုမြန်တယ်။” မိုးကြိုးတွေ သူ့ကို ထိတော့မယ့် အချိန်အထိ ဖန်ကျန်းရှီ ပြုံးနေခဲ့တယ်။
ဝုန်း။ ခရမ်းရောင် မီးတောက်ကြီးက ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်မှာ တောက်ပလာတယ်။ မီးတောက် လျှပ်စီးတွေကြားမှာ သူအေးအေးဆေးဆေး ရပ်နေခဲ့တယ်။
“..”
“..”
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ ဆွံ့အ ကုန်တယ်။ မီးတောက်လျှပ်စီး တာအိုကို သူတို့ သုံးကြတာ ဒီတာအိုက မြန်ဆန်ပြီးတော့ အင်အား ကြီးတာကြောင့်ပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကလည်း အတူတူပဲ မြန်ဆန်ပြီးတော့ အင်အားကြီးနေတယ်။
“ဘယ်လိုကြောင့်များ ဒီလို ဖြစ်ရတာလဲ။”
“မဖြစ်နိုင်တာပဲ။”
“လုံးဝကို သက်ရောက်မှု မရှိဘူး။”
တပည့်သားတွေ ကြောင်အ နေခဲ့တယ်။ ဒါပေမယ့် စမ်းသပ်ချက်ကတော့ စတင် ခဲ့ပြီလေ။ သူတို့ မယုံနိုင်ရင်တောင် ဆက်လုပ်ရမယ်။
“လှုပ်ရှား၊” နောက်ထပ် အမိန့်သံ တစ်ခု ထွက်ပေါ် လာပြန်တယ်။ စိမ်းပြာရောင် အလင်းတန်းက ခရမ်းရောင် မိုးကြိုးတွေထဲမှာ ပေါ်လာပြီးတော့ ရေလှိုင်းကြီး အဖြစ်ကို ပြောင်းလဲ သွားပြန်တယ်။ ဒါပေမယ့် ဘယ်လောက် အင်အားကြီးကြီး အသုံးမဝင် ခဲ့ဘူး။ ဖန်ကျန်းရှီက သူ့ရဲ့ ကိုယ်ပိုင် အင်အားတွေကို သုံးရင် သူတို့ကို သက်သေ ပြနေခဲ့တယ်။ ယောကျာ်း တစ်ယောက်ရဲ့ စိတ်ခံစားချက်ကလည်း အမျိုးသမီးတွေလိုပဲ အပြောင်းအလဲ မြန်နိုင်တယ်။
အားလုံးကို တစ်ချက် ကြည့်ရုံနဲ့ ပေါင်းစည်းနိုင်တယ်။ သူတို့တွေ ဘယ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားပါစေ၊ ဖန်ကျန်းရှီကို မဖယ်ရှား နိုင်ခဲ့ဘူး။
“..”
ဒါဇင်ချီတဲ့ တာအို အမျိုးမျိုးကို ပြောင်းလဲ တိုက်ခိုက် ပြီးတဲ့ နောက်မှာတော့၊ တပည့်သားတွေ ပါးစပ် အဟောင်းသား ဖြစ်ရတော့တယ်။ သူတို့ မျက်စိရှေ့က ခပ်ပြုံးပြုံး လူကို စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့တယ်။ ပထမဆုံး အကြိမ် အနေနဲ့ ဒီလို ကူကယ်ရာမဲ့ ခံစား မိတာပဲ။
အရေအတွက် များလေ အင်အား ပိုကြီးလေ မဟုတ်လား။ ပုံမှန် အတိုင်းဆိုရင်တော့ ဒါက မှန်ကန်တယ်။ အခုကတော့ ပုံမှန် ကိစ္စ မဟုတ်ဘူး။ တပည့်သား ၂၀၀ နီးပါးက ဖန်ကျန်းရှီ တစ်ယောက်ကို အနိုင် မယူနိုင်ခဲ့ဘူး။
“လှုပ်ရှားကြ။” တပည့်သားတွေ အံကြိတ်ရင်း တာအိုကို ပြောင်းလဲ ကြပြန်တယ်။ ဒါပေမယ့် အားထုတ်မှုက အလကားပဲ။ သူတို့ရှေ့မှာ ရပ်နေတဲ့ ၁၈နှစ် အရွယ် ကောင်လေးက တာအိုပေါင်း နှစ်ထောင်ကျော်ကို နားလည် တတ်မြောက် ထားတယ် ဆိုတာကို တွေးနိုင် ကြမှာ မဟုတ်ဘူး။
“ငါ့ရဲ့ ပြိုင်ဘက် ဘယ်လောက်ပဲ သန်မာပါစေ၊ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။” ခြေရာမဲ့ ဓားကို လက်တစ်ဖက်မှာ ကိုင်ထားရင်း ခေါင်းကို မော့ကြည့်တယ်။ နောက်လက်တစ်ဖက်ကိုတော့ နောက်ပြစ်ထားခဲ့တယ်။ သူ့ရဲ့ အပြာရောင် ဝတ်ရုံကလေထဲမှာ လွင့်မျော်နေတယ်။
အကြောင်းရင်း တစ်ချို့ကြောင့် အရင်ဘဝက ကဗျာတစ်ပုဒ်ကိုတောင် သတိ ရသွားမိတယ်။ အခုချိန် သူခံစား နေရတာကို ဖော်ပြဖို့ အကောင်းဆုံး ကဗျာ တစ်ပုဒ်ပေါ့။
သူက မုန်တိုင်းကြားမှာ လူးလွန့်နေတဲ့ လှေငယ်လေး တစ်စင်းလိုပဲ။ လေဘယ်လောက် ထန်ထန်။ လှိုင်းဘယ်လောက် ကြီးကြီး၊ မြုပ်မသွားတဲ့ လှေကလေး။
“ဒီကောင်စုတ်က တကယ့်ကို ကြောက်စရာပဲ။” ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ လင်းမုပိုင်တောင် ဖန်ကျန်းရှီကို ကြည့်ရင်း သူ့ဒဏ်ရာတွေကို မေ့နေခဲ့တယ်။
ဖန်ကျန်းရှီရဲ့ လုပ်ဆောင်ချက်တွေကို သူတကယ်ပဲ လန့်မိတယ်။ စမ်းသပ်ချက်ကို ဖန်ကျန်းရှီ အောင်မြင်ဖို့ သူတကယ်ပဲ လေးလေးနက်နက် မျှော်လင့်ခဲ့တယ်။ အခုတော့ ဖန်ကျန်းရှီက အလွယ်လေး လှုပ်ရှားနေနိုင်တာကို မြင်လိုက်တော့ သူ့ခံစားချက်တွေ ပြော်ငးလဲ လာတော့တယ်။
မယုံနိုင်တာတွေ အံ့သြတာတွေ မဟုတ်ဘူး။ သိမ်ငယ် သွားမိတာပဲ။
သိန်းချီတဲ့ စစ်တပ်ကြီးကို အမိန့် ပေးနိုင်သူ။ နိုင်ငံ့ အုပ်ချုပ်သူ တစ်ယောက် ဖြစ်နေတဲ့ လင်းမုပိုင်က ရှေးဗျူဟာတွေကို ကျွမ်းကျင်တဲ့ ဧကရာဇ် တစ်ပါး။ သူ့ရဲ့ လက်အောက်ခံတွေကို ဘယ်လို ထိန်းချုပ်ရမလဲ ကောင်းကောင်း နားလည်တယ်။ ဒါ့အပြင် သူ့လူတွေ အကြောင်းလည်း ကောင်းကောင်း သိတယ်။
နောက်တနည်း ပြောရရင်၊ သစ္စာရှိသူနဲ့ အကောက်ကြံတတ်တဲ့ အယောင်ဆောင်ကို သူခွဲခြားနိုင်တယ်။ လူတိုင်းက အင်အား၊ အသိပညာ၊ စွမ်းရည်တွေ ကွာခြား တာကိုလည်း သူကောင်းကောင်း သိမြင်တယ်။ အခုချိန်မှာတော့ သူတစ်ခွန်းပဲ ပြောလိုက်ချင်တယ်။
“ဒီလောက်တောင် ကြောက်စရာ အရည်အချင်းတွေ ပိုင်ထားသူ တစ်ယောက် လောကမှာ ရှိနေမှတော့၊ အသက်ရှင် နေရတာ ဘာအဓိပ္မာယ် ရှိအုန်းမှာလဲ။”
ဧကရာဇ် လင်းမုပိုင်က တခြားသူကို ဆူပူတာမျိုး ရှားပါးတယ်။ အခုတော့ သူ့ကိုယ်သူ ပြန်ပြီးတော့ ဆူပူ ကျိန်ဆဲ နေမိပြီ။
“မင်း ဘာဖြစ်လို့ ဒီလောက်တောင် အသုံး မကျရတာလဲ။ မင်းသာ သူ့လောက် အရည်အချင်း ရှိရင်၊ ဒီလောက် အချိန် အကြာကြီး စောင့်နေ စရာလိုမှာ မဟုတ်ဘူး။”
“ခမည်းတော် အဆင်ပြေရဲ့လား။” ဧကရာဇ် လင်းမုပိုင် ပူဆွေးနေတဲ့ အချိန်မှာပဲ ပင်းယန်ရဲ့ အသံကို သူကြားလိုက်ရတယ်။ သူ့ရဲ့ ထူးထူးဆန်းဆန်း အမူအယာကို ပင်းယန် သတိ ထားမိတယ်လေ။
“အင်း။ ဘာမှ မဟုတ်ပါဘူး။ ခမည်းတော် နည်းနည်း နည်းနည်းတော့ မ မနာလို ဖြစ်မိတယ်။” ဧကရာဇ် တစ်ပါး အနေနဲ့ လင်းမုပိုင်က သူ့ရဲ့ စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ထုတ်မပြနိုင်ဘူး။ ဒါပေမယ့် ပင်းယန်ကိုတော့ အားလုံး ပြောပြတယ်။ ပင်းယန် အတွက် နွေးထွေး ပွင့်လင်းပြီးတော့ တာဝန်ကျေတဲ့ ဖခင်ကောင်းပဲ ဖြစ်ချင်တယ်လေ။
“မနာလို ဖြစ်မိတယ်။” ပင်းယန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။
“ဟုတ်တယ်။ ခမည်းတော် အဲ့ဒီ့ ကလေးကို မနာလိုဖြစ်မိတယ်။” ဧကရာဇ် လင်းမုပိုင် ဆက်ပြောတယ်။
“တကယ်တော့ ပင်းယန်လည်း သူ့ကို မနာလိုဘူး။ နိမ့်ကျတဲ့ မိသားစုမှာ မွေးဖွား လာပေမယ့်၊ ငယ်ငယ်တည်းက မိစုံဖစုံနဲ့ နေရတယ်။ သူ့အမေကလည်း သူ့အပေါ်ကို အရမ်း အရမ်း ကောင်းတယ်။”
“ပင်းယန် ခမည်းတော်ကို ယုံ။ သမီးလေးရဲ့ အမေကလည်း လောကမှာ အကောင်းဆုံး မိခင်ပဲ။” လင်းမုပိုင် သူ့သမီးတော်ရဲ့ ခေါင်းကို ပုတ်ရင်း ပြောတယ်။
“တကယ်လား။”
“ဒါပေါ့။”
“ပင်းယန် ခမည်းတော်ကို ယုံတယ်။” လင်းမုပိုင်ကို ကြည့်ရင်း ပင်းယန် မျက်ရည်တွေ ဝဲလာခဲ့တယ်။ ဖန်ကျန်းရှီကို အခုချိန်မှာ သူမ အပြည့်အ၀ ယုံကြည်ထားတယ်။
ဒါပေမယ့် လင်းယွမ် မျှော်စင် တပည့်သားတွေနဲ့ ကန်ယွဲ့ကတော့ လုံးဝကို မျှော်လင့်ချက် မဲ့နေခဲ့ပြီ။ သူတို့ရဲ့ တာအိုတွေကို အကြိမ် ရာချီပြီးတော့ ပြောင်းလဲ တာတောင် ဖန်ကျန်းရှီက မပြောင်းမလဲ ရှိနေတုန်းပဲ။
အဆိုးဆုံးကတော့ မှတ်ချက်တွေ ဆက်တိုက် ပေးနေတဲ့ ကိစ္စ။
“မုန်တိုင်းကို ခပ်ပြင်းပြင်းလေး ဖြစ်အောင်လုပ်။”
“မြန်မြန်လေး။ မြန်မြန်လေး။ မြန်နိုင်သလောက် မြန်ထားစမ်း။ ငါစောင့်ရတာ စိတ်ကုန်နေပြီ။”
“မင်းတို့တွေ ဒီလောက်တောင် အားနည်းနေတာလား။ နည်းနည်း ပိုခက်အောင် လုပ်လေ။ ပိုကောင်းတဲ့ အဆင့်မြင့်တာအိုကို ထုတ်သုံးပါ့လား။ မင်းတို့တွေ အဆင့်မြင် တာအို ဆိုတာရော နားလည် ရဲ့လား။ မသိရင်လည်း မသိဘူးပြောလေ။ ဘာမှ မပြောင်းပေမယ့်ပေါ့။”
“အားမလျှော့နဲ့ ကြိုးစားထား။ ငါ့ကို အခု မရိုက်နိုင်ရင်တောင်၊ နောင်တစ်ချိန်မှာ ရိုက်နိုင်လိမ့်မယ်။”
“လောကကြီးက ပြောင်းလဲ နေပြီလို့ ပြောပေမယ့်၊ ငါ့အထင်တော့ မင်းတို့တွေ င့ါကို မနိုင်နိုင်တာတော့ ပြောင်းလဲမှာ မဟုတ်ဘူး။”
“..”
လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ ဘာပြောရမယ်မှန်းကို မသိတော့ဘူး။ ပြောချင်ရင်တောင် ပြောလို့ မရဘူး။ သူတို့ အရမ်းကို အာရုံ စူးစိုက် ထားရတယ်။ တူညီတဲ့ တာအို တစ်ခုတည်းကို အားလုံး အတူတူ သုံးရတာက အရမ်း ခက်ခဲတယ်လေ။
ဖန်ကျန်းရှီကတော့ သူတို့လိုမျိုး အားစိုက် မနေဘူး။ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ။ သီချင်းတောင် ဆိုနေသေးတယ်။
“ငါဟာ သေး သေး သေးငယ်တဲ့ ငှက်ကလေး တစ်ကောင်။ ပျံ ပျံ ပျံသန်း လိုက်မယ်။ အဝေးကြီးကို မရောက်နိုင်ရင်တောင် အမြင့်ကြီးကို ပျံမယ်။ နွေးထွေးတဲ့ အိမ်ကလေးဆီ ရောက်အောင်ကွယ်။“
“လာကြ လာကြ။ လှုပ်ရှားကြတော့။”
“မင်းတို့တွေက (လှုပ်ရှား) ဆိုတဲ့ စကားကို ကြိုက်တယ် မဟုတ်လား။ ငါ့အရှိန်နှုန်း အတိုင်း အတူတူ လှုပ်ရှား ရအောင်။”
“ဖူး။” ဖန်ကျန်းရှီက သူ့စိတ်ထဲမှာ ရှိတဲ့ သီချင်းကို ဆက်တိုက် ဆိုနေချိန်မှာ၊ တပည့်သား တစ်ယောက် သွေးအန်ပြီးတော့ အော်ဟစ်လိုက်တယ်။ ဓားနဲ့ ထိုးခံ လိုက်ရတဲ့ အတိုင်းပဲ။
“ငါ့ကို လာနောက် နေတာလား။ သီချင်းဆိုရုံနဲ့ ငါက ဘယ်လိုလုပ် လူသတ် နိုင်မှာလဲ။” ဖန်ကျန်းရှီ ဒါကို မြင်တော့ ကြောင်တောင်တောင် ဖြစ်သွားတော့တယ်။ လဲကျသွားတဲ့ တပည့်သားကို သူမြင်တယ်လေ။
အပိုင်း (၇၉၄) ပြီး၏။
အပိုင်း (၇၉၅)
“လှေကို ရှေ့ရောက်အောင် တွန်းပေးတာက လှိုင်းတွေ၊ လှော်တက် မဟုတ်ဘူး။”
ဖန်ကျန်းရှီ ခပ်မြန်မြန်ပဲ သတိ ထားမိသွားတယ်။ အစိမ်းရောင်ဝတ် တပည့်သား တစ်ယောက်က မြေပြင်ပေါ်ကို လဲကျ နေခဲ့ပြီ။ သူမက တကိုယ်လုံး ချွေးတွေ ရွဲနစ် နေပြီးတော့ အကျီမှာလည်း သွေးတွေ စွန်းနေခဲ့တယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာ ဒါမှမဟုတ် သေလုမျောပါး အခြေအနေကို ရောက်နေခဲ့ပြီ။
“ငါ့သီချင်းဆိုသံက သူ့ကို သတ်လိုက်သလို ဖြစ်သွားတာလား။” ဖန်ကျန်းရှီ အံ့သြသွားတယ်။
လောကသစ် တစ်ခုကို တွေ့လိုက် ရသလိုပဲ။ ရှုပ်ထွေးပင်မယ့် စိတ်ကျေနပ် အံ့သြ နေခဲ့တယ်။ သူကျေနပ် အံ့သြ ရတာ သူ့ရဲ့ သီချင်းဆိုသံက လူသတ်နိုင်တာကို အခုပဲ သိသွားခဲ့လို့။ အကယ်၍ စောစောကသာ သိရင်၊ သီချင်း တစ်ပုဒ်လုံးကို ပြီးအောင် ဆိုပြီးတော့ လင်းယွမ် မျှော်စင် တစ်ခုလုံးကို ဖျက်စီးပြစ်တယ်။
ဒါပေမယ့် အခုချိန် အထိတော့ စိတ်ရှုပ်ထွေး နေတုန်းပဲ။ ဘယ်လိုများ သီချင်းကောင်း တစ်ပုဒ်က လူတစ်ယောက်ကို သတ်နိုင်တာလဲ။ ဘယ်လိုကြောင့် ဖြစ်လာမှန်း မသိပေမယ့်၊ သူ့ထင်မြင် ယူဆချက်ကို လုံး၀ ဥဿုံမှန်ကန်တယ်လို့ ယုံကြည်ရအောင်လည်း မတုံးအဘူး။
ဒါပေမယ့် လင်းယွမ်ေ မျှာ်စင် တပည့်သားတွေကတော့ ဘာတွေ ဖြစ်နေမှန်းကို သိကြတဲ့ ပုံပဲ။ တပည့်သားတွေ အများကြီး သေခါနီး လူတွေလို ဖြူဖျော့ နေကြတယ်။
“ဖူး။” နောက်ထပ် တပည့်သား တစ်ယောက် သွေးအိုင်ထဲကို လဲကျ သွားပြန်တယ်။
“နောက်တစ်ယောက်လား။” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ် ခတ်နေခဲ့တယ်။ သူမြင်နေရတဲ့ အရာကို မယုံနိုင်ဘူး။ ဒါက ထူးဆန်းလွန်းတယ်လေ။
“ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေတာလဲ။”
“ငါသီချင်းဆိုတာ ဒီလောက်တောင် နားဝင်ဆိုးလို့လား။”
“မဖြစ်နိုင်တာပဲ။”
ဖန်ကျန်းရှီ သူ့အသံကို ယုံကြည်ချက် အပြည့်ရှိတယ်။ ယွင်ချင်းဝူလိုမျိုး အနုပညာ ပါရမီနဲ့ ယှဉ်လို့ မရပေမယ့်၊ လမ်းဘေး ဖျော်ဖြေတာလောက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်။
သူ့ရဲ့ သီချင်းဆိုသံက လူတစ်ယောက်လို သေစေနိုင်တဲ့ အထိ နားဝင်ဆိုး စေမယ်လို့တော့ သူမယုံကြည်ဘူး။ ဒါပေမယ့် လူတွေကတော့ တကယ် သေနေတယ်လေ။ နောက်ပြီးတော့ ငါးယောက် တိတိ သေသွားခဲ့တာ။ ကိစ္စတွေက ထူးဆန်းလာတယ်။
“နေစမ်းပါအုန်း။”
“အဲ့တာ အသံလှိုင်းတွေ ကြောင့်လား။”
အသံလှိုင်းတွေက တပည့်သားတွေကို ဒဏ်ရာ ရစေပြီးတော့ အသေသတ် နိုင်တာကို ဖန်ကျန်းရှီ အံ့သြ နေခဲ့တယ်။ ဖြေရှင်းဖို့ ခက်ခဲပေမယ့် လုံး၀ မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူးလေ။ သူက ၂၁ ရာစုမှာ ပညာသင်လာတဲ့သူ။ ရူပဗေဒမှာ ပါတဲ့ အသံလှိုင်းတွေ အကြောင်းကို သိတဲ့သူ တစ်ယောက်။
အချက်အလက်တွေက စမ်းသပ်မှုတွေ ရလဒ်တွေကို အခြေခံ ထားတယ်။ သူ့ရဲ့ အတွေးအခေါ်ကို သက်သေ ပြဖို့က စမ်းသပ်ရမယ်။ ဖန်ကျန်းရှီ သူ့ဘာသူ တွေးတော နေတဲ့ အချိန်၊ အရှေ့ဆုံးမှာ ရှိနေတဲ့ တပည့်သားတွေက တခြားသူတွေကို တည်ငြိမ်အောင် လုပ်နေခဲ့တယ်။
“အာရုံ စိုက်ထားစမ်း။”
“စိတ်ကို တည်ငြိမ်အောင်ထား။ အသက်ရှူတာကို ထိန်းချုပ်။”
“သူ့ရဲ့ ပေါက်ကရတွေကို နားထောင်ပြီးတော့၊ ထောင်ချောက်ထဲကို မရောက်စေနဲ့။”
သူတို့တွေ သတိပေး လိုက်တဲ့ အတွက်၊ ဖြူဖျော့နေတဲ့ တပည့်သားတွေ စိတ်ကို ပြန်ထိန်းနိုင်သွားတယ်။ နောက်တော့ ငွေရောင် အလင်းတန်း ပေါ်လာပြီး လူတစ်ယောက်က အော်ဟစ်လိုက်တယ်။ “လှုပ်ရှား။”
ဝူး။
ငွေရောင် အလင်းတန်းက ချက်ခြင်း ပျံ့နှံ့ သွားခဲ့တယ်။
“ယို့။ မင်းတို့တွေ နောက်ထပ် လှုပ်ရှားကြ ပြန်ပြီလား။ ငါ့ရဲ့ အရှိန်အတိုင်း လိုက်ပြီးတော့ ဆက်ပြီး လှုပ်ရှား ကြရအောင်။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် မတွေးပဲနဲ့ ပြန်ပြောတော့မယ်။
အသံလှိုင်းတွေက တပည့်သားတွေကို သတ်နိုင်တာလား မသေချာပေမယ့်၊ သူ့စကားတွေနဲ့ သီချင်းဆိုသံ တွေကတော့ ဒီလို ဖြစ်သွားစေတဲ့ တစ်ပိုင်းတစ်စမှန်းတော့ သိတယ်။ ဒီတော့ ဆက်ပြီး သီချင်းဆိုရမယ်။
“လှုပ်လိုက်စို့။ တကိုယ်လုံးကို လှုပ်ခါပြီး ကလိုက်ကြစို့။ လ လာ လား။ အရှိန်မတက်ကြ ပါလား။ ငါ့လက်တွေကို လိုက်ကြည့်၊ လှုပ်လိုက် ခါလိုက်၊ ကလိုက်ကြ။” ဖန်ကျန်းရှီ တင်ပါးတွေကို လှုပ်ခါရင်းနဲ့ သီချင်းဆို နေတော့တယ်။
ဒါပေါ့။ ရန်သူတွေကို ပြန်ခုခံဖို့လည်း မမေ့ဘူး။ ငွေရောင် အလင်းတန်းက သူလှုပ်ခါနေတဲ့ အချိန် သူ့ခန္ဒာကိုယ်ပေါ်မှာ ပေါ်လာခဲ့တယ်။ သူလှုပ်ရှားသလိုပဲ ငွေရောင် အလင်းတန်းကလည်း ဆက်တိုက် တုန်ခါ နေခဲ့တယ်။ အဖြူရောင် မြွေတစ်ကောင် လှုပ်ရှား ကခုန် နေသလိုပဲ။
“ဖူး။” အစိမ်းရောင် ဝတ်တပည့်သား တစ်ယောက် မြေပြင်ပေါ်ကို လဲကျ သွားပြန်တယ်။ အခု တစ်ခေါက်မှာတော့ သူမက သွေးအိုင်ထဲကို လဲကျ မသွားဘူး။ ငွေရောင် မြူနှင်းတွေနဲ့ တကိုယ်လုံး ဖုံးအုပ် နေပြီးတော့ သူမရဲ့ မျက်နှာက ဖြူဖျော့ နေခဲ့တယ်။
“ငါထင်သားပဲ။” ဖန်ကျန်းရှီ သူမ ဘယ်လို သေသွားလဲ အာရုံ မစိုက်တော့ဘူး။ ကခုန် သီဆိုဖို့ အချိန်ကောင်း ရနေခဲ့တယ်။ သူဆက်ပြီး လှုပ်ရှားဖို့ ဆုံးဖြတ် လိုက်ပြီ။ ဘိုးဘေးတွေရဲ့ နာကျင် ခံစားရမှုတွေက သူတို့ကို သင်ကြားပေးခဲ့တယ်။ အချိန်နဲ့ တပြေးညီ ပြောင်းလဲဖို့ကို ငြင်းဆန်တဲ့ သူတွေက ခေတ်သစ်မှာ ပျက်စီးရတယ်။
အကြံသစ်တွေ ရှိနေတဲ့ လူငယ်တိုင်းက ဆက်တိုက် တွေးတော လှုပ်ရှားဖို့ လိုအပ်တယ်။ သူတို့ရဲ့ အတွေးအခေါ်တွေကို စမ်းသပ်ရမယ်။ ဖန်ကျန်းရှီကလည်း ဒီလို လူငယ်လေး တစ်ယောက်ပဲ။ ဒါကြောင့် သူ့ရဲ့ သီချင်းဆိုသံကို စည်းချက်ကျကျ ပိုပြီး အသံမြင့်မြင့် ဆိုဖို့ ဆုံးဖြတ်လိုက်တယ်။
အရင်ဘဝတုန်းက ဒဏ္ဍာရီလာ သီချင်း တပုဒ်ကို သူရွေးလိုက်တယ်။ သူ့ရဲ့ သီချင်းစာသားတွေနဲ့ သီချင်းဆိုတဲ့ အချိန် လုပ်ရတဲ့ မျက်နှာအမူအယာတွေကလည်း အရမ်းကို ကောင်းတယ်။ ဖန်ကျန်းရှီက ဒီနေရာမှာတော့ ပါရမီ ပါတယ်။ အတိအကျကြီး မဆို နိုင်ရင်တောင်၊ အတော် နီးစပ်အောင်တော့ ဆိုနိုင်သေးတယ်။
သီချင်းဆိုတာ စပြီ။
“အိုး ယာ့၊ အိုက် ယာ့။ ဝူး ဝူး ဝူ။ ဒူ ဒူ ဒပ်။ လူဘာ့ လူဘာ့ လပ်ပါ့။”
“..”
သီချင်းစဆိုတဲ့ အချိန်က စပြီးတော့ ဖန်ကျန်းရှီ သူ့ကိုယ်သူ လူအာရုံစိုက်မှု အရင်းအမြစ် နေရာမှာ ရောက်နေသလို ခံစားရတယ်။ မီးမောင်းထိုးခံ ထားရသလိုပဲ။
ဒါပေမယ့် လင်းယွမ် မျှော်စင် တပည့်သားတွေ မျက်နှာကတော့ သူ့သီချင်း တစ်ဝက်ကိုတောင် ပြီးအောင် မဆိုရသေးခင် အချိန်မှာပဲ အတော့်ကို မည်းမှောင်နေကြပြီ။ ဖန်ကျန်းရှီလည်း ဒီသီချင်းသံက လူသေ စေနိုင်မယ် ဆိုတာကို သိတယ်။ ဒါပေမယ့် ရလဒ်က ထင်မှတ်ထားတာ ထက်ကို အများကြီး ပိုကျော်လွန် နေသေးတယ်။
“သူ့သီချင်းကို နားမထောင်နဲ့။ စိတ်ကို ထိန်းထား။”
“ကိုယ့်ကိုယ်ကို စိတ်ထိန်းထား။”
“သူ့အသံကို စိတ်ထဲက ထုတ်ထားလိုက်။”
“ဖူး။”
အရှေ့မှာ ရပ်နေတဲ့ တပည့်သားတွေ သူတို့နောက်က လူတွေကို ကြည့်ရင်းနဲ့ အော်ဟစ် လိုက်ကြတယ်။ နောက်ဘက်က သွေးအန်နေတဲ့ လူတွေကြောင့် သူတို့ တွေ စိတ်အနှောက်အယှက် ဖြစ်ကြတယ်။
နောက်တော့ တပည့်သားတွေ ပိုပို ပြီးတော့ သွေးအန် ကျတော့တယ်။ ဖန်ကျန်းရှီ သီချင်း ဆက်တိုက် ဆိုနေတာကြောင့် မဟုတ်ခဲ့ဘူး။ သူ့အသံက လင်းယွမ် မျှော်စင် တပည့်သားတွေကို လွှမ်းမိုး ထားလို့ပဲ။
“ဖူး။”
“ဖူး။”
“…”
ဝတ်ရုံစိမ်း တပည့်သားတွေ တစ်ယောက်ပြီး တစ်ယောက် လဲကျတော့တယ်။ သူတို့အားလုံး စက္ကူဖြူလို ဖြူဖျော့ နေခဲ့တယ်။ အားလုံးကို ထူထပ်တဲ့ မြူအလွှာက ဖုံးအုပ်ထားတယ်။ တစ်ယောက်ချင်းစီတိုင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားကြတယ်။
“ဘာတွေ ဖြစ်နေတာလဲ။ ဒီကောင်စုတ် ဘာတွေ လုပ်နေတာလဲ။” လင်းမုပိုင်ကတော့ မျက်လုံးတွေ ပြူးထွက်မတတ် အ့သြ နေခဲ့တယ်။ ဒီလောက် တစ်ခါမှ မလန့်ဖူးဘူး။ လောကကြီး တစ်ခုလုံး ပြောင်းလဲ နေတာကို ကြည့်ရင်း သူ့ကိုယ်သူ မေးခွန်း ထုတ်နေမိတယ်။ ဘာဖြစ်လို့ သူက မထိခိုက်တာလဲ။
ဒါက အုပ်စုကြီး တစ်ခုလုံးကို ဒဏ်ရာရစေတဲ့ တိုက်ခိုက်မှုကြီး ဆိုတာကို လင်းမုပိုင် သိတယ်။ တေးသံနဲ့ တိုက်ခိုက်မှု။ ဒါပေမယ့် ဒီလို တိုက်ခိုက်တာမျိုးက ပြစ်မှတ်ကို မရှောင်ကွင်းနိုင်ဘူး။
ခပ်ရှင်းရှင်း ပြောရရင်၊ အကယ်၍ ဖန်ကျန်းရှီသာ တေးသံနဲ့ တိုက်ခိုက်တာ ဆိုရင်၊ လင်းမုပိုင်နဲ့ ပင်းယန်လည်း လွတ်မှာ မဟုတ်ဘူး။ အခုတော့ သူက ဒဏ်ရာ တစ်ချက်လေးတောင် မရပဲ ရှိနေခဲ့တယ်။ ဒါက တေးသံနဲက တိုက်ခိုက်မှု မဟုတ်ရင် ဘာလဲ။ အရေးအကြီးဆုံးက သူဆိုနေတာ ဘာသီချင်းလဲ။
ကြီးမြတ်သော ရှနိုင်ငံတော် ဧကရာဇ် အနေနဲ့၊ လောကကြီးက သီချင်း အကုန်လုံး နီးပါးကို သူကြားဖူးတယ်။ ဖန်ကျန်းရှီရဲ့ သီချင်းသံကို ကြားချိန်မှာတော့ သူ့ရဲ့ လောကအမြင် တစ်ခုလုံး ဖုံးကွယ် ထားခံရသလို ခံစားမိတယ်။ တကယ်တော့ သူ့ရဲ့ ဧကရာဇ် ဂုဏ်ရည်ကိုတောင် မေးခွန်း ထုတ်နေမိတယ်။
“ခမည်းတော်၊ ဒီကောင်စုတ်ထက် ပိုပြီးတော့ အရှက်မရှိတဲ့သူ ရှိနိုင်သေးလား။” စိတ်လွတ်လက်လွတ် ကောင်းကောင်းကြီး သီချင်းဆိုရင်း ကပြနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပင်းယန် မေးမိတယ်။ သူမရဲ့ မျက်နှာက နီရဲ နေခဲ့တယ်။
“မရှိနိုင်တော့ဘူး။”
“သေချာရဲ့လား။”
“ဟုတ်တယ်။ မင်းရဲ့ ခမည်းတော် တခြာ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မသိပေမယ့်၊ ဒါကိုတော့ ကောင်းကောင်းကြီး သိတယ်။” လင်းမုပိုင် ခေါင်းငြိမ့်ရင်း ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
…
ဖန်ကျန်းရှီရဲ့ သေစေနိုင်တဲ့ သီချင်းဆိုသံကြောင့် မတိုးသာ မဆုတ်သာ အခြေအနေ ဖြစ်နေတာက ပြီးဆုံး သွားခဲ့ပြီ။ နောက်ပြီးတော့ သူ့ရဲ့ သီချင်းဆိုသံက ဆက်တိုက် မနားတမ်း ထွက်ပေါ်နေတယ်။ ပင်လယ်လှိုင်းတွေ ရိုက်ခတ် နေသလိုပဲ။ ချင်းယီရဲ့ မျက်နှာကတော့ မည်းမှောင်နေခဲ့တယ်။
တကယ်တော့ လင်းယွမ် မျှော်စင် ခေါင်းဆောင် ဖြစ်လာပြီးတည်းက တခါမှ ဒီလောက် အမူအယာ ပျက်တာမျိုး မရှိခဲ့ဘူး။ အံ့သြ စရာ ကောင်းလောက်အောက်ပဲ။ စမ်းသပ်ချက်ကို သူမရပ်တန့်ဘူး။ လင်းယွမ် မျှော်စင်အတွက် အခြေအနေ ဆိုးနေနိုင်တာကို ကောင်းကောင်း သိပေမယ့် မရပ်တန့်ဘူး။ အံကြိတ်ရင်း ဆက်တိုက်ခိုက် ခိုင်းနေခဲ့တယ်။
ဖန်ကျန်းရှီကတော့ အချိန်ကောင်းကို ကောင်းကောင်း ဖြတ်သန်း နေခဲ့တယ်။ သီချင်း တပုဒ်တည်းနဲ့ တပည့်သား ၂၀ကျော်ကို သူသတ်လိုက်နိုင်ပြီ။ နောက်ထပ် သီချင်း တစ်ပုဒ် ဆက်ဆိုရင် ဘယ်လို ဖြစ်လာမလဲ သူသိချင်တယ်။ သိချင်တာကြောင့် သူဆက်လုပ်တော့တယ်။
“ငါက မျောက်မင်း။ ပြိုင်ဘက်ကင်း မျောက်မင်း။ ပန်းတွေပွင့်ပြီး သစ်သီးတွေ ပြည့်နေတဲ့ တောင်မှာ နေတယ်။ ရွှေ ရွှေရောင် သံတုတ်ကြီးကို ငါရှာတွေ့တယ်။ ငါကြိုက်တယ်။ ကြိုက်တယ် ကြိုက်တယ်။”
ဒီသီချင်းက ခန္ဒာကိုယ် လှုပ်ရှား ကခုန် ရတာတွေ အများကြီး ပါဝင်တယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီလည်း သရုပ်ဖော်ဖို့ ရှက်မနေခဲ့ဘူး။ ကိုယ့်ကိုယ်ကို လုံး၀ မေ့ဖျောက်ထားရင်း စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီးတော့ ဖျော်ဖြေ တင်ဆက် နေတော့တယ်။ ဒါပေမယ့် လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ တုံ့ပြန်မှု မကောင်းခဲ့ဘူး။ ဖန်ကျန်းရှီ အကောင်းဆုံး ကြိုးစား နေတာတောင် ဒီဖျော်ဖြေမှုရဲ့ အနှစ်သာရကို နားမလည်ကြ။
ဒါကြောင့် ထွက်လာတဲ့ ရလဒ်က ရှင်းလင်း သွားတော့တယ်။
အစိမ်းရောင်ဝတ် တပည့်သားတွေ အုပ်စုလိုက် မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။ သူတို့တွေ ဒီရလဒ်ကို လက်မခံ ချင်ကြဘူး။ အရှက်ရကြတယ်။
ဖန်ကျန်းရှီကတော့ သူတို့ရဲ့ ခံစားချက်ကို ဂရုမစိုက်ပါဘူး။ တကယ်တော့ လင်းယွမ် မျှော်စင်ကို စပြီး ရောက်လာတည်းက သူတို့တွေကို စိတ်ဓာတ် ခိုင်မာတဲ့ သူတွေလို့ ထင်ထားခဲ့တာ။ ဒါတောင် သူသီချင်း ဆိုတာကြောင့် လဲကျ ကုန်ကြတယ်လား။
တကယ်ပဲ အသံလှိုင်းတွေကြောင့်လား။ ဖြစ်နိုင်ချေ ရှိတယ်လို့ သူယုံမိတော့မလို့။ ဒါပေမယ့် အမှန်တရားနဲ့ နဲနဲလေး လွဲနေတာကို ခံစားမိတယ်။
လဲကျသွားတဲ့ တပည့်သားတွေ အုပ်စုတစ်ခုနဲ့ တစ်ခု ဒဏ်ရာတွေ မတူကြတာကို သူသတိ ထားမိသွားတယ်။ တစ်ချို့က ဓားနဲ့ ထိုးခံရတဲ့ အတိုင်းသွေးတွေ အပြည့်နဲ့၊ တစ်ချို့ကတော့ အေးခဲနေကြတယ်။ တစ်ချို့က မိုးကြိုး အပြစ်ခံရသလို ဖြစ်တယ်။ တစ်ချို့ကတော့ လောင်ကျွမ်း ကုန်ကြတယ်။ ဒဏ်ရာတွေက အမျိုးမျိုး ပြောင်းလဲ နေနခဲ့တယ်။
အသံလှိုင်းကြောင့် ဒဏ်ရာ ရတာဆိုရင် ဘယ်လိုများ ဒဏ်ရာတွေက မတူကြတာလား။ ဖန်ကျန်းရှီ စိတ်ထဲမှ ထူးဆန်း နေပင်မယ့် ဆက်တိုက် သီချင်းဆိုနေခဲ့တယ်။ အဲ့ဒီ့နောက် ကိစ္စ တစ်ခုကို သတိ ထားမိသွားတယ်။
“ဒါပဲ။” ဖန်ကျန်းရှီ နားလည်သွားတာနဲ့ တွေးမိလိုက်တယ်။ တပည့်သားတွေ ရတဲ့ ဒဏ်ရာတွေက သူတို့ သုံးတဲ့ တာအိုတွေနဲ့ အတူတူပဲ။ ရှင်းရှင်း ပြောရင်၊ ကိုယ့်တာအိုကြောင့်ကိုယ် ဒဏ်ရာ ရကြတာ။
“သူတို့တွေ ကိုယ့်ကိုယ်ကို သတ်နေ ကြတာလား။”
ဖန်ကျန်းရှီ ထင်တော့ မထင်ပါဘူး။ ဒါပေမယ့် သူတို့ ဒဏ်ရာတွေက သူတို့ သုံးတဲ့ တာအိုတွေကြောင့် ဆိုတာ သိသာနေတယ်။ မီးနဲ့ဆိုင်တဲ့ တာအိုကို သုံးရင် တပည့်သားတွေ လောင်ကျွမ်းကြတယ်။ ရေ၊ ရေခဲနဲ့ ဆိုင်တာ သုံးရင် အေးခဲ ကုန်ကြတယ်။ ဒါက ထူးတော့ ထူးဆန်းတယ်။
သူတို့တွေ တကယ်ပဲ ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် လုပ်နေ ကြတာလား။ ဖြစ်နိုင်ချေက နည်းတော့ နည်းတယ်။ တစ်ယောက်တည်း ဖြစ်ရင်တောင် အဓိပ္မာယ် ရှိအုန်းမယ်။ အခုက အကုန်လုံး ဖြစ်နေတာဆိုတော့။ ဖန်ကျန်းရှီလည်း ဘယ်လို မေးခွန်း ထုတ်ရမယ်မှန်းတောင် မသိတော့ဘူး ဖြစ်နေတယ်။
သူတို့တွေ လဲကျသွားရတာ ဘာကြောင့်လဲ။
“နေစမ်းပါအုန်း။”
“ငါ့ရဲ့ သီချင်းဆိုသံကြောင့် မဟုတ်ဘူး။”
ဖန်ကျန်းရှီ တွေးတောရင်းနဲ့ သဘောပေါက်သွားတယ်။ သူသီချင်းစ မဆိုခင်တည်းက တပည့်သားတွေ အမူအယာ ပြောင်းတာကို သူမှတ်မိတယ်။ ပေါက်တတ်ကရတွေ ပြောတဲ့ အချိန်မှာ စဖြစ်တာပဲ၊
သူ့ရဲ့ ပေါက်ကရ စကားတွေက သူ့ရဲ့ သီချင်းဆိုသံလောက်တော့ သက်ရောက်မှု မပြင်းထန်ခဲ့ဘူး။ ဒါကြောင့် သတိမထားမိတာပဲ။
အပိုင်း (၇၉၅) ပြီး၏။
အပိုင်း (၇၉၆)
“လင်းယွမ်မျှော်စင်ရဲ့ လျှို့ဝှက်ချက်နဲ့ တန်ပြန် တိုက်ခိုက်မှု။”
လင်းယွမ် မျှော်စင် တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် စိတ်ငြိမ်ငြိမ်ထားဖို့ ထပ်ခါထပ်ခါ အော်ပြော နေတဲ့ အချက်နဲ့ စိတ်မပျံ့လွင့်စေဖို့ သတိ ပေးနေတာကို ဖန်ကျန်းရှီ ချိတ်ဆက် မိသွားတယ်။ အခုချိန်မှာတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ သူနားလည် သွားခဲ့ပြီ။
ဒါက စိတ်ပျံ့လွင့်တာပဲ။ လင်းယွမ် မျှော်စင် တပည့်သားတွေက သူ့ရဲ့ သီချင်းဆိုသံနဲ့ အဓိပ္မာယ် မရှိတဲ့ စကားတွေကြောင့် စိတ်ပျံ့လွင့် ကုန်ကြတာ။ ဒီလို စိတ်ပျံ့လွင့်တာက သူတို့ကို ဒဏ်ရာ ရစေတယ်။
“မဟုတ်သေးဘူး။ သူတို့တွေက ကိုယ့်ကိုယ်ကို ဒဏ်ရာအောင် လုပ်ကြတာ မဟုတ်ဘူး။ သူတို့ရဲ့ အပေါင်းအပါ တပည့်သားတွေကြောင့် ဒဏ်ရာရ ကြတာပဲ။”
ဖန်ကျန်းရှီ ဒါကို နားလည်သွားချိန်မှာတော့ သူ့မျက်ဝန်းတွေ လင်းလက် သွားတော့တယ်။ မြေပြင်ပေါ်က တပည့်သားတွေကို သူကြည့်တယ်။ သူတို့တွေက တာအိုကို ထူးဆန်း ထူးခြားတဲ့ နည်းလမ်းတွေနဲ့ တပြိုင်နက်တည်း ဖြစ်ပေါ်အောင် လုပ်ဆောင် ကြတယ်။ ဒါက သူတို့ရဲ့ တိုက်ပွဲ စွမ်းအားကို အများကြီး တိုးတက် လာစေတယ်။
ဒါပေမယ့် ဒီလို လုပ်တာ အောင်မြင်ဖို့ သူတို့တွေ အရမ်းကို တည်ငြိမ်ရတယ်။ နောက်တစ်နည်း ပြောရရင်၊ တာအိုကို လိုက်လျော ညီထွေဖြစ်အောင် မပေါင်းစည်းနိုင်ရင်၊ သူတို့ကို (ပြင်ပ ခန္ဒာကိုယ်) အဖြစ် သတ်မှတ် ခံရပြီးတော့ ပြစ်မှတ် ထားခံရ လိမ့်မယ်။ ဒါကြောင့်ပဲ ဖန်ကျန်းရှီရဲ့ ပေါက်ကရ စကားတွေနဲ့ သီချင်းဆိုသံက တပည့်သားတွေကို ဒဏ်ရာ ရစေတာပဲ။
“ငါနားလည်ပြီ။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ ဒါက ဂန္တဝင် ရူပဗေဒ သဘောတရားပဲ။ အရမ်းကို ရိုးရှင်းတယ်။ ရာချီတဲ့ ချိန်သီး နာရီတွေကို တစ်နေရာတည်းမှာ တပ်ဆင်လိုက်။ သူတို့ရဲ့ လှုပ်ရှားမှုကို ယမ်းချင်ရာယမ်း ဖြစ်အောင်ထား။ ဒါပေမယ့် အချိန် တစ်ခု ကြာပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်။ ရောက်တက်ရာရာ သွားနေကြတဲ့ ချိန်သိးတွေ အားလုံးက သူတို့ဘာ သူတို့ လိုက်လျောညီထွေ သွားပြီးတော့ ညီညာတဲ့ စီးချက် တစ်ခုကို ဖန်တီး လိမ့်မယ်။
ဒိကိစ္စအတွက် ရှင်းပြချက်ကတော့ ချိန်သီး တစ်ခုချင်းစီတိုင်းက ထူးခြားတဲ့ အသံလှိုင်းတွေကို ထုတ်လွှတ်နေပြီးတော့ ပတ်ဝန်းကျင်က တခြားချိန်သီးတွေကို သက်ရောက် စေတာကြောင့်ပဲ။ ဒီလို နည်းလမ်း အတိုင်း ယူဆပြီးတော့ တပည့်သားတွေကို ချိန်သီး နာရီလို့ တွေးလိုက်။ တာအို နည်းလမ်း တစ်ခုကို တပည့်သား တစ်ယောက်က သုံးလိုက်တဲ့ အချိန်၊ ချိန်သီးက ထုတ်လွှတ်တဲ့ အသံလှိုင်းလို သက်ရောက်မှု ဖြစ်ပေါ်လာတယ်။
အဲ့ဒီ့နောက် တပည့်သား တစ်ယောက်ချင်းစီတိုင်းက အထူး နည်းလမ်းကို သုံးပြီးတော့ ပထမ တပည့်သားရဲ့ တာအိုနဲ့ ပေါင်းစည်းလိုက်တယ်။ နောက်တစ်နည်း ပြောရရင်တော့ အစိတ်အပိုင်း တစ်ခု ဖြစ်လာတယ်။ အဲ့ဒီ့နောက် တပည့်သားတွေ အားလုံး တူညီတဲ့ တာအို တစ်ခုကို သုံးပြီးသား ဖြစ်သွားတော့တယ်။ တကယ့်ကို အထင်ကြီး စရာပဲ။
ဒီလောကမှာ ဒီအတွေးအခေါ်ကို သုံးပြီးတော့ တာအိုမှ အသုံးချ နိုင်မယ်လို့ ဖန်ကျန်းရှီ တကယ်ပဲ မမျှော်လင့် ခဲ့မိဘူး။ ကြည့်ရတာ သိပ္မံပညာနဲ့ ဆိုင်တဲ့ ဗဟုသုတတွေက ဘယ်လောက ရောက်ရောက် အသုံးဝင်တဲ့ ပုံစံပဲ။ သိပ္မံ အကြောင်းကို သေချာ နားထောင်ပြီး လေ့လာ သင်ယူတာက တကယ့် ပညာရှင် အစစ် ဖြစ်လာ နိုင်မယ့် နည်းလမ်းပဲ။
ဖန်ကျန်းရှီ သက်ပြင်း ချလိုက်မိတယ်။ အရင်လောကက စာတစ်ကြောင်း ခေါင်းထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။
“ကြိုးကြိုးစားစား သင်ယူ။ ကြိုးကြိုးစားစား လုပ်။”
“နေစမ်းပါအုန်း။”
“ကြိုးကြိုးစားစား လုပ်ဆိုတာ ဘာကို ဆိုလိုတာလဲ။”
ဖန်ကျန်းရှီ အသေးစိတ်ကို ဂရု မစိုက်ခဲ့ဘူး။ ဒီအချိန်မှာ သူအလုပ်ချင်ဆုံး အရာကတော့ မှားယွင်း နေခဲ့တာပဲ။
“..”
ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ ဖြစ်နိုင်ချေ မရှိတောတွေ အားလုံးကို နုတ်ထားလိုက်တယ်။ နောက်ဆုံးတော့လည်း နောက်ကွယ်က အမှန်တရားကို သူနားလည် သွားတော့တယ်။
တကယ်တော့ နောက်တဆင့်က လွယ်ပါတယ်။ သူ့ကိုယ်သူနဲ့ သူ့ပြိုင်ဘက်ကို နားလည်ရင် အောင်မြင်မှာ အသေ အချာပဲ။
လင်းယွမ် မျှော်စင်က တပည့်သားတွေ တူညီတဲ့ တာအို နည်းလမ်းကို ဘယ်လို သုံးလဲဆိုတာ သူနားလည် သွားခဲ့ပြီ။ စမ်းသပ်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။ စိတ်ကူးကောင်းတဲ့ တပည့်သား တစ်ယောက် အနေနဲ့ ဖန်ကျန်းရှီမှာလည်း လက်ကိုင်ထားတဲ့ ဆောင်ပုဒ် တစ်ခု ရှိတယ်။ “ရန်သူ မလှုပ်ရှားရင်၊ ငါလည်း မလှုပ်ရှားဘူး။ အကယ်၍ ရန်သူသာ လှုပ်ရျားရင်တော့၊ ငါလည်း အလိုက်သင့် လှုပ်ရှားမယ်။”
ဒီအချိန်မှာ အလိုက်သင့် လှုပ်ရှားဖို့က အကောင်းဆုံး နည်းလမ်းပဲ။
“လှုပ်ရှား။”
“လှုပ်ရှား။”
လင်းယွမ် မျှော်စင် တပည့်သား တစ်ယောက် (လှုပ်ရှား) လို့ အော်ဟစ်ချိန်မှာပဲ ဖန်ကျန်းရှီလည်း သံယောင်လိုက်တယ်။ သူဒီလို အော်ဟစ်တဲ့ အချိန်မှာ ကျောက်စိမ်းရောင် အလင်းတန်းက ခန္ဒာကိုယ်မှာ တောက်ပ လာခဲ့တယ်။ တပည့်သားတွေရဲ့ ခန္ဒာကိုယ်ကလည်း အလင်းရောင် ထွက်လာတယ်။ ဒါပေမယ့် အပြာရင့်ရောင်။
အလင်းရောင် နှစ်ခုက တပြိုင်နက်တည်း တပေါ်လာပြီးနောက် ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်တော့တယ်။ အပြာရင့်ရောင် အလင်းတန်းက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့သွားတယ်။ ဒါက ထူးဆန်းတဲ့ ကိစ္စ မဟုတ်တော့ဘူး။ ဒါပေမယ့် ထူးဆန်းတဲ့ ကိစ္စကတော့ ဖန်ကျန်းရှီကို ဝန်းရံထားတဲ့ ကျောက်စိမ်းရောင် အလင်းတန်းပဲ။
ဧရိယာ အများကြီးကို ဝန်းရံ မထားပေမယ့် အပြာရင့်ရောင် အလင်းတန်းကို ကောင်းကောင်း တိုက်ခိုက် နေခဲ့တယ်။ အပြာရင့်ရောင် အလင်းတန်းကို ကျောက်စိမ်းရောင် အလင်းတန်းကို သိသိသာသာကြီး ဖိနှိပ် ထားခဲ့တယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ တပည့်သားတွေရဲ့ ခန္ဒာကိုယ်မှာလည်း ကျောက်စိမ်းရောင် အလင်းတန်းက တောက်ပ လာနေတယ်။
“အား။”
“ဘာတွေ ဖြစ်နေတာလဲ။”
“ဖူး။”
တပည့်သားတွေရဲ့ အထိတ်တလန့် အော်သံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ ရလဒ်ကတော့ အရမ်းကို ထင်ရှားနေပြီ။ တပည့်သား အယောက် နှစ်ဆယ်ကျော် တုန်ယင် လာရင်းနဲ့ ပါးစပ်ကနေ သွေးတွေ စီးကျ လာခဲ့တယ်။ ဖန်ကျန်းရှီကတော့ မသက်ရောက်ပဲ ရှိနေဆဲ။
ဘာကြောင့်လဲဆိုတော့ သူ့ခန္ဒာကိုယ်က ကျောက်စိမ်းရောင် အလင်းတန်းကို အပြာရင့်ရောင် ဖြစ်အောင် ပြောင်းလဲ လိုက်လို့ပဲ။ အရမ်းအရမ်းကို ရင့်တဲ့ အပြာရောင်။ အရာအားလုံးက အရမ်း မြန်မြန်ဆန်ဆန်နဲ့ ရုတ်တရက်ကြီး ဖြစ်သွားခဲ့တယ်။ ကန်ယွဲ့ အပါအဝင် လင်းယွမ် မျှော်စင် တပည့်သားတွေအားလုံး ကြောင်အ နေခဲ့ကြတယ်။
“ဒါ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။” မယုံနိုင်မှုကြောင့် ကန်ယွဲ့ တုန်ယင် နေခဲ့တယ်။ ဒီလောက်အထိ တစ်ခါမှ မတည်မငြိမ် မဖြစ်ဖူးဘူး။ ပင်းယန်နဲ့ ဧကရာဇ် လင်းမုပိုင်လည်း ထိတ်လန့် နေခဲ့တယ်။ ချင်းယီလည်း ဒါကို မြင်တော့ လုံးဝကို အမူအယာ ပြောင်းလဲ သွားခဲ့ပြီ။
လူတိုင်းက ဖန်ကျန်းရှီ သီချင်းတွေ ဆိုပြီးတော့ ထူးထူးဆန်းဆန်းတွေ ကနေတည်းက မျက်လုံးပြူး နေခဲ့ကြတာ။ အခုတော့ အလင်းရောင် နှစ်ခု တိုက်မိပြီး ရစ်ပတ် ပြောင်းလဲ သွားတာကို မြင်လိုက်ချိန်မှာတော့ ပိုပြီးတော့တောင် အံ့သြ နေခဲ့ကြတယ်။ နောက်ပြီးတော့ သူတို့ကိုယ်တိုင် မျက်မြင် တွေ့နေ ရတာလေ။
“သူဘယ်လိုများ လုပ်လိုက်တာလဲ။” ဒီမေးခွန်းက လူတိုင်းရဲ့ စိတ်ထဲမှာ ပေါ်လာတော့တယ်။ ဖန်ကျန်းရှီ သူတို့ကို အာရုံပျံ့လွင့်အောင် သီချင်းဆိုပြတာက ကံကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခုလို့ လူတိုင်း ထင်ထားခဲ့တာ။ ဒါပေမယ့် ဖန်ကျန်းရှီ လှုပ်ရှားပြီးတော့ တပည့်သား နှစ်ဆယ်ကျော်ကို တာအို ပြောင်းလဲ လိုက်ချိန်မှာတော့ ဘယ်သူကမှ ကံကောင်းတယ်နေတဲ့ ကောင်စုတ်လို့ မထင်မိတော့ဘူး။
“ပါရမီရှင်။”
“ဒီကောင်စုတ်က တကယ့် ပါရမီရှင် အစစ်ပဲ။”
“မဖြစ်နိုင်တာပဲ။ သူဘယ်လိုများ လုပ်လိုက်တာလဲ။”
တပည့်သားတွေရဲ့ အံ့သြမှုကနေ ကြောက်ရွံ့မှု အဖြစ်ကို ပြောင်းလဲ သွားခဲ့ကြပြီ။ ဖန်ကျန်းရှီကို နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ကြောက်လန့် နေကြတယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကောင်းကောင်း လွှမ်းမိုး ထားနိုင်ခဲ့ပြီ။
ပထမဆုံး အောင်မြင်မှုကြောင့် ဖန်ကျန်းရှီ နောက်တစ်ခေါက် ဆက်လုပ်ချင်လာတယ်။ သူက ယောကျား တစ်ယောက်ပဲလေ။ ဒီလောက် အမျိုးသမီး အများကြိးက သူ့ကို ဖိအား ပေးနေမှတော့ ဘယ်လိုများ တည်ငြိမ် နိုင်တော့မှာလဲ။
အခြေအနေကို တစ်ပတ်လှည့် ပစ်ဖို့ လိုအပ်နေတယ်။ ဒါကြောင့် သူနောက်တစ်ခေါက် လှုပ်ရှားပြန်တယ်။ ဒီတစ်ခေါက်ကတော့ လင်းယွမ် မျှော်စင် တပည့်သားတွေဆီကို ချက်ခြင်း ပြေးဝင်လာတယ်။
“ဒီကောင် ဘာလုပ်မလို့လဲ။”
“ငါတို့ ဆီကို လာနေတယ်။”
“ရပ်စမ်း။ သူ့ ကို ရပ်လိုက်စမ်း။”
“လှုပ်ရှား။”
“လှုပ်ရှား။”
တပည့်သားတွေ ကြောက်လန့်တကြား တုံ့ပြန်ချိန်မှာပဲ ထပ်တူကျတဲ့ အော်သံကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် တူညီတဲ့ အရာ တစ်ခု ဖြစ်ပေါ်လာပြန်တယ်။ အလင်တန်း နှစ်ခု ပေါ်လာပြီးတော့ တစ်ခုနဲ့ တစ်ခု ဆက်တိုက် တိုက်ခိုက် ကြတော့တယ်။
စတင် တိုက်ခိုက်သူ ဖြစ်တဲ့ ဖန်ကျန်းရှီကတော့ သူ့ရဲ့ တာအို နည်းလမ်းကို အချိန် မရွေး ပြောင်းလဲ နေခဲ့တယ်။ ဒါပေမယ့် လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ သူတို့ရဲ့ တာအိုကို မြန်မြန် မပြောင်းလဲ နိုင်တဲ့ အတွက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြတော့တယ်။
ဖန်ကျန်းရှီကတော့ တောက်တောက် ပပကြီး ပြုံးနေခဲ့တယ်။
သူက သူတို့ရဲ့ တိုက်ခိုက်မှုကို ခုခံရုံသာ တတ်နိုင်တယ်လို့ ဘယ်သူမှ မပြောထားဘူး။ ဒါကြောင့် အလင်းတန်း တစ်ခု တဖျပ်ဖျပ်လက်သလိုမျိုး သူလှုပ်ရှား နေခဲ့တယ်။
“လာစမ်းပါ။ လှုပ်ရှားကြစို့။”
“မင်းတို့တွေ မြန်မြန် တိုက်ခိုက်လဲ ငါစိတ်မဆိုး ပါဘူး။ လုပ်နေတာတွေကို မေ့ထားလိုက်တော့။ နောက်ထပ် လှည့်ကွက်လေးတွေ ထပ်သုံးပါအုန်း။”
“နှေးလိုက်ကြတာ။ ငါ့အရှိန်အတိုင်း အမှီ လိုက်ကြလေ။”
“စည်းလုံးချင်းသည် အင်အားတဲ့။ တူတစ်ချောင်းတည်းဆိုရင် ချိုးဖို့ လွယ်ပေမယ့် တူ၁၀ချောင်း ပေါင်းထားတာကိုတော့ ချိုးဖို့ မလွယ်ဘူး။ ဒါပေမယ့် ငါသာ ဓားနဲ့ ခုတ်ချ လိုက်မယ် ဆိုရင်တော့၊ တူ၁၀ချောင်း ပေါင်းထားလည်း အသုံးမဝင်ဘူးလေ။”
“မင်းတို့ မတိုက်ခိုက် နိုင်ရင်၊ အေးအေးဆေးဆေး နေကြတော့။ ရလဒ်က အတူတူပဲ။”
“..”
ဖန်ကျန်းရှီ လှုပ်ရှားရင်း အလုပ်များနေခဲ့တယ်။ စကား ပြောဖို့လည်း သူမမေ့ဘူး။ လင်းယွမ် မျှော်စင် တပည့်သားတွေကို ပတ်ချာလည် လှည့်ပြီးတော့ လှည့်ပတ် ကခုန်ရင်း ပျော်မြူး နေခဲ့တယ်။ ဒီအချိန်မှာ ပင်းယန်နဲ့ လင်းမုပိုင်ကတော့ မျက်လုံး အပြူးသားနဲ့သာ ကြည့်နေ ခဲ့ကြတယ်။
“သူ။” ဧကရာဇ် လင်းမုပိုင် တစ်ခုခု ပြောချင်ပေမယ့်၊ မသင့်တော်တဲ့ စကားတွေကို ထွက်လာမှာ သိနေတာကြောင့် ပါးစပ်ကို ပြန်ပိတ် ထားခဲ့တယ်။ ဖန်ကျန်းရှီက ဒီတပည့်သားတွေထက် အများကြီး ပိုပြီးတော့ သန်မာ နေရင်တောင် ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ စမ်းသပ်ချက် တစ်ခုလေ။ ဒါပေမယ့် အခုတော့ မယုံနိုင်စရာ ကောင်းလောက်အောင် ဒီလို အဆုံးသတ် ရပြီ။
ရုတ်တရက် ပြောင်းလဲမှုကြီး ဖြစ်လာပြန်တယ်။ ဖန်ကျန်းရှီ ကံကောင်းတာပဲလား။ ဒါမှမဟုတ် နေရာ အနှံ့ကို ကြုံသလို ခုန်နေတာကြောင့် ပဲလားတော့ မသိဘူး။ အံ့ဖွယ်မြင်ကွင်းကြီး တစ်ခု ဖြစ်လာတော့တယ်။ လင်းယွမ် မျှော်စင်ရဲ့ ဗျူဟာကြီး တစ်ခုလုံးရှုပ်ထွေး ကုန်ပြီ။ ဖန်ကျန်းရှီရဲ့ တာအိုက လင်းယွမ် မျှော်စင် တပည့်သား ၈၀%ကျော်ကို လွှမ်းမိုးလိုက်ပြီ။ ဖန်ကျန်းရှီလည်း ဒါကို မြင်တော့ အံ့သြ သွားတယ်။ ချင်းယီကို တစ်ချက် လှည့်ကြည့်တယ်။
“သူအခုထိ ဒါကို ပြပွဲလို ကြည့်နေတာလား။ ဒါက ဒီလောက်တောင် ကြည့်ကောင်း နေတာလား။” ချင်းယီ သူ့ရဲ့ တပည့်သားတွေ ရှုံးသွားတာကို ဝန်မခံပဲ ဒီအတိုင်း ကြည့်နေတာလား။ တပည့်သားတွေ သေမှာကို ဒီအတိုင်း ကြည့်နေ တော့မှာလား။ ဒီစမ်းသပ်ချက်ရဲ့ ရလဒ်က ထင်ရှား နေပြီ။ ဒါပေမယ့် ချင်းယီက စကား တစ်ခွန်းတောင် မပြောဘူး။
သူမ ဘာတွေ တွေးနေမှန်း ဖန်ကျန်းရှီတောင် မစဉ်းစား နိုင်တော့ဘူး။ ဒီပြပွဲကို ဒီလောက် ကြိုက်နေမှတော့ ဘာတပြား တစ်ချပ်မှ မပေးပဲ ကြည့်လို့ ရမယ် ထင်နေတာလား။ လက်မှတ် ဝယ်တာ ဖြစ်ဖြစ်၊ တခြား တစ်ခုခု ပြန်ပေးတာ ဖြစ်ဖြစ် လုပ်ရမယ်လေ။
“လာကြ။ အတူတူ လှုပ်ရှားကြစို့။” ဖန်ကျန်းရှီ ပြုံးရင်းနဲ့ ချင်းယီဆီကို ဦးတည်ပြီး လက်သီးနဲ့ ထိုးချလိုက်တယ်။
လင်းယွမ် မျှော်စင်က ထွက်လာတဲ့ အနီရောင် အလင်းတန်းကလည်း မျက်တောင် တစ်ခတ် အတွင်းမှာပဲ လှုပ်ရှားတယ်။ မတွေးနိုင်အောင် မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ အတူ ချင်းယီကို ဝင်တိုက်တော့တယ်။
“ဘာဖြစ်တယ်။ ခေါင်းဆောင်။ သတိထား။” ကန်ယွဲ့ ကြောက်လန့်တကြား အော်ဟစ်တယ်။
ချင်းယီလည်း သတိလက်လွတ် ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့လည်း ဒါမျိုး ဖြစ်လာမှာကို သူမ မမျှော်လင့် ထားဘူးလေ။ ဖန်ကျန်းရှီက လင်းယွမ် မျှော်စင် တပည့်သားတွေကို ထိန်းချုပ် ထားနိုင်တယ်။
“ဘာတွေ ဖြစ်နေတာလဲ။”
“လင်းယွမ် မျှော်စင် တပည့်သားတွေကို သူဘယ်လိုများ ထိန်းချုပ်နိုင်တာလဲ။”
ပင်းယန်နဲ့ လင်းမုပိုင် နှစ်ယောက်လုံး ဘယ်လိုမှကို မယုံနိုင်ကြဘူး။ ဒါက ထူးဆန်းလွန်းတယ်။ နောက်ပြီးတော့ နည်းလမ်းလည်း မကျဘူးလေ။ ဘာတွေ ဖြစ်နေမှန်း ဘယ်သူမှ မတွေးတတ် ကြဘူး။
ဖန်ကျန်းရှီကတော့ သူ့လှုပ်ရှားမှု ရလဒ်ကို မအံ့သြဘူး။ (တခြားသူတွေကို ဦးဆောင်တဲ့ ချိန်သီး နာရီ) အယူအဆက ဒီဗျူဟာရဲ့ အဓိက ဆိုတာကို သူသိသွားပြီလေ။ ခပ်ရှင်းရှင်း ပြောရရင်၊ အဓိက လှုပ်ရှားသူ လှုပ်ရှားတဲ့ အတိုင်း တခြားသူတွေလည်း လှုပ်ရှားကြလိမ့်မယ်။ သူတို့ရဲ့ တိုက်ခိုက်မှုကို ထိန်းချုပ် ထားနိုင်ပေမယ့်၊ အဓိက ချိန်သီးနာရီကြီးရဲ့ အမိန့်ကိုတော့ ဘယ်တော့မှ မဖီဆန် နိုင်ကြဘူး။ ဒါက ခေါင်းဆောင်နဲ့ နောက်လိုက်ကြားက ကွာခြားချက်ပဲ။
“ဖန်ကျန်းရှီ။” ချင်းယီ နောက်ဆုံးတော့ စကားပြောပြီ။ အရင်နဲ့ မတူညီပဲ အရမ်း စိတ်ဆိုးနေတာ အသိသာကြီးပဲ။
တကယ်တော့ ဒီလို အခြေအနေနဲ့ ကြုံရရင် ဘယ်သူကမှ တည်ငြိမ် နေနိုင်မှာ မဟုတ်ဘူးလေ။ လင်းယွမ် မျှော်စင် ခေါင်းဆောင် ဖြစ်တဲ့ သူ့ကို သူ့ရဲ့ တပည့်သားတွေက တိုက်ခိုက်တယ်။ နောက်ပြီးတော့ အပြင်လူရဲ့ အမိန့်ကို သူတို့ နာခံပြီးတော့ တိုက်ခိုက် နေကြတာ။
အပြင်ကိုသာ သတင်းထွက်သွားရင် အကြီးအကျယ် အရှက်ကွဲတော့မှပဲ။ ပိုပြီးတော့ အရှက်ရစရာ ကောင်းတဲ့ အဖြစ်လဲ ရှိသေးတယ်။ သူမ ကိုယ်တိုင်လည်း ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှု အတိုင်းကို လိုက်လုပ် နေရတာပဲ။
သူမရဲ့ မျက်ဝန်းထဲက ရွှေရောင် အလင်းတန်းကို ဖန်ကျန်းရှီနဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေ သုံးနေတဲ့ အနီရောင်အလင်းတန်းက အစားထိုး သွားတယ်။ ဖန်ကျန်းရှီ ပြောသလိုပဲ။ ချင်းယီ သူမကို သူမတောင် မယုံနိုင်ဘူး။ သူနဲ့ အတူ လိုက်ပြီးတော့ လှုပ်ရှား နေရတယ်။
“…”
“…”
လုံးဝကို တိတ်ဆိတ် သွားပြန်တယ်။ လောကကြီးက အရာအားလုံး သေဆုံး သွားသလိုကို တိတ်ဆိတ် သွားကြတယ်။
အပိုင်း (၇၉၆) ပြီး၏။
အပိုင်း (၇၉၇)
“တကယ့် မျက်နှာပြင် အစစ်။”
ချင်းယီရဲ့ ရာထူးကတော့ မေးခွန်း ထုတ်စရာ မရှိတဲ့ အရာ တစ်ခုပဲ။ လင်းယွမ် မျှော်စင်ရဲ့ ခေါင်းဆောင်။ မြင့်မြတ် နယ်မြေက အသန်မာဆုံး လူတစ်ယောက်။ သူက ဘယ်လိုများ ဖန်ကျန်းရှီ လှုပ်ရှားသလို လိုက်ပြီးတော့ လှုပ်ရှား နေရတာလဲ။ တခြား လင်းယွမ် မျှော်စင် တပည့်သားတွေလိုလေ။
ဘယ်သူကမှ သူတို့ မြင်နေကြတာကို မယုံနိုင်ကြဘူး။ ခြေထောက် သုံးချောင်း ပါတဲ့ ဖားပြုတ်က တခြား ခြေထောက် နှစ်ချောင်းပါတဲ့ ဖားပြုပ်တွေလို မြင့်မြင့် ခုန်နိုင်တာကို မြင်နေ ရသလိုပဲ။
ချင်းယီက ခြေထောက် သုံးချောင်း ရှိနေတဲ့ ဖားပြုတ် ဟုတ်ရဲ့လား ဆိုတာတော့ ဖန်ကျန်းရှီ မသိဘူး။ ဒါပေမယ့် သူမက ခုန်ဖို့ ရွေးချယ် လိုက်မှတော့၊ မဟုတ်ဘူး။ (လှုပ်ရှားဖို့) ဆုံးဖြတ် လိုက်မှတော့၊ သူက ခြေထောက် သုံးချောင်း ရှိတယ်ဆိုတာကိုလည်း သတိ ပေးဖို့ လိုလာပြီပေါ့။ တတကယ်တော့ လင်းယွမ် မျှော်စင် ခေါင်းဆောင် အနေနဲ့ သူမက ပိုပြီးတော့ ကိုယ့်ကိုယ်ကို ချုပ်တည်း ထားရမှာလေ။
ရလဒ်ကတော့ ထူးဆန်းပြီး ကြောက်စရာ ကောင်းတဲ့ တိတ်ဆိတ်မှုကြီးကို ဖန်ကျန်းရှီရဲ့ မထိန်းနိုင် မသိမ်းနိုင် ရယ်သံကြီးက ဖြိုခွင်း သွားခဲ့တာပဲ။
“ဟ ဟား ဟား ဟား” သူ့ရဲ့ ရယ်သံကြီးက လေထဲမှာ ပဲ့တင် ထပ်နေခဲ့တယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေရဲ့ နှလုံးသားကို ထွင်းဖောက် သွားတဲ့ အတိုင်းပဲ။ ကန်ယွဲ့ရဲ့ နားထဲကိုတောင် မအပ်တွေနဲ့ လာထိုးနေသလို ခံစားရတယ်။
ဖန်ကျန်းရှီကတော့ တစ်ချက်လေးတောင် ဂရု မစိုက်ခဲ့ဘူး။ အမှန်အတိုင်း ပြောရရင်၊ သူသာ အင်အား မကြီးလို့ကတော့ တခြားသူတွေ သတ်တာကို ခံရတာ ကြာလှပြီ။ ဒီတော့လည်း အခုအတိုင်း ဆက်ဖြစ် စေတာပေါ့။ ချင်းယီက တခြား လင်းယွမ်မျှော်စင် တပည့်သားတွေလို လှုပ်ရှား နေမှတော့ ဖန်ကျန်းရှီလည်း သူမကို ဒီအတိုင်း ဆက်ဆံ ရတော့တာပေါ့။
“ကြည့်ရတာ ခေါင်းဆောင်က ငါတို့နဲ့ အတူတူ လှုပ်ရှာ်းချင်နေတဲ့ ပုံစံပဲ။”
“ဘာဖြစ်လို့ အသံလေး နည်းနည်းလောက် မထွက်တာလဲ။”
“မင်းရဲ့ တပည့်သားတွေက ပြိုလဲတော့မယ်။ အကယ်၍ မင်းသာ မလှုပ်ရှားရင်၊ သူတို့ အားလုံး သေရမှာပဲ။ မင်းက တကယ်ပဲ သူတို့ကို သေစေချင်တာလား။”
“အိုး။ မင်းစဉ်းစားနေတာကို ငါခန့်မှန်း ပါရစေအုန်း။ သူတို့ရဲ့ အသက်ကို သုံးပြီးတော့ ငါတာအို ဘယ်လောက်များများ တတ်မြောက် ထားလဲ ဆိုတာကို စမ်းသပ် နေတာလား။”
“ဒီလို လုပ်စရာ မလိုပါဘူး။ မင်းသိချင်ရင် ပြောပြလို့ရတယ်။ အော်မေးလို့တောင် ရသေး။ ငါမင်းကို တနည်းနည်းနဲ့တော့ ပြောပြ ဖို့ စဉ်းစား ပါအုန်းမယ်။”
“ဒီကိစ္စကို လုပ်စရာ နောက်ထပ် နည်းလမ်းလည်း ရှိပါသေးတယ်။ တလေးတစားနဲ့ တောင်းပန်လို့လည်း ရတယ်။ ဒါပေမယ့် မင်းကို အဖြေ ပြောပြမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ့ကို စိတ်ကျေနပ်တဲ့ အထိ တောင်းပန်ရင်တော့ ရလဒ်က အရေးမကြီးပါဘူး။ ဟုတ်တယ်ဟုတ်။”
“..”
“လုံလောက်ပြီ။” အေးစက်စက် အသံက ဖန်ကျန်းရှီရဲ့ စကားသံကို ရပ်တန့် သွားစေတယ်။လင်းယွမ် မျှော်စင်ရှေ့က အနီရောင် အလင်းတန်းလည်း တစ်ချိန်တည်းမှာပဲ ပျောက်ကွယ် သွားတော့တယ်။
“ခေါင်းဆောင်။”
“တာဝန်ကို မကေပွန် ခဲ့ပါဘူး။”
“ကျေးဇူး ပြုပြီးတော့ အပြစ်ပေးပါ။”
တပည့်သားတွေ အားလုံး ဒူးထောက် လိုက်ကြတယ်။ သူတို့ မျက်နှာတွေက မြေပြင်နဲ့တောင် ထိမိတော့မယ်။ ဘယ်သူကမှ ခေါင်းမမော့ ဝံ့ကြဘူး။ တကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းပဲ။ ဒါပေမယ့် တပည့်သား တဝက်ကျော်ကတော့ လုံးဝကို လဲကျ နေခဲ့ကြပြီ။ ညီညာတဲ့ ဗျူဟာက လုံးဝကို ပျက်ပြား သွားခဲ့ပြီ။
ချင်းယီကတော့ ရှုပ်ထွေးတဲ့ ပုံစံနဲ့ ဒူးထောက် နေကြတဲ့ တပည့်သားတွေကို ကြည့်ရင်း မောဟိုက် လာခဲ့တယ်။ သူတို့တွေကို တိုက်ရိုက် ဆူပူတာထက် ဒီအတိုင်းသာ ကြည့်နေခဲ့တယ်။ သူ့ရဲ့ အမူအယာက ရေခဲလို အေးစက်နေတယ်။ ဒီတိုက်ပွဲက အချိန် မကြာမြင့်ခဲ့ဘူး။
ဒါပေမယ့် စမ်းသပ်ချက် စတင်းတည်းက ဆိုရင် နှစ်နာရီကျော် ကုန်ဆုံး သွားခဲ့ပြီ။ နေ့လယ်တောင် ရောက်တော့မယ်။ လေပူတွေက သူမရဲ့ ရွှေရောင် ဝတ်ရုံကို ဖြတ်သန်း တိုက်ခတ် နေခဲ့တယ်။ သူမက မြင့်မြတ်တဲ့ သူတော်စင် တစ်ယောက်လိုပဲ။
သနားစရာ ကောင်းတဲ့ အချက်ကတော့ သူမရဲ့ ပုံစံက ကျေနပ်မှု ရှိမနေ ခဲ့တာပဲ။ တကယ်တော့ သူမ မျက်နှာက အရမ်းကို မည်းမှောင် နေခဲ့တယ်။ သူမရဲ့ မျက်နှာက နှင်းလို ဖြူဖွေး နေပင်မယ့်။ အခုအချိန်မှာတော့ မှင်တုံးလို မည်းမှောင် နေခဲ့ပြီ။ လင်းယွမ် မျှော်စင် ခေါင်းဆောင် ဖြစ်တဲ့ သူမက ဒီလို အရှက်ရတာမျိုး တစ်ခါမှ မကြုံဖူးဘူး။
ချင်းယီက သည်းခံနိုင်စွမ်း အရမ်း မြင့်မားတဲ့သူ။ သူမကို သူမ တည်ငြိမ်အောင် ထိန်းချုပ် ထားတယ်။ ကိုယ့်ကိုယ်ကို တည်ငြိမ်ရမယ်လို့ ဆက်တိုက် ပြောနေပင်မယ့်။ စိတ်မထိန်းနိုင်အောင် ဖြစ်လု နီးပါးပဲ။
လက်သီးကို အသံတွေ မြည်တဲ့ အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ရွှေရောင် အလင်းတန်းက သူမရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။ ကြီးမားတဲ့ အလင်းစက် ဝဲဂယက်ကြီး ပုံစံ ဖြစ်တည် လာခဲ့တယ်။
ကြီးမားတဲ့ အလင်းဝဲဂယက်ကြီး ကိုးခုက သူမရဲ့ ခေါင်းပေါ်မှာ တောက်ပနေတာ ကြယ်တာရာတွေ အတိုင်းပဲ။ ကြယ်ကိုးပွင့်က တတန်းတည်း ရှိနေခဲ့တယ်။
“ခေါင်းဆောင်။ မင်းက ကတိဖျက်တော့မလို့လား။” လေထဲက ရွှေရောင် ကြယ်တွေကို ကြည့်ရင်းနဲ့ ဖန်ကျန်းရှီ မေးလိုက်တယ်။
“ဖျက်တော့ရော ဘာဖြစ်လဲ။” ချင်းယီ အေးစက်စက် ပြန်ဖြေတယ်။ သူ့ရဲ့ ကြယ်တာရာတွေက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။
“ကြည့်ရတာ လင်းယွမ်မျှော်စင် ခေါင်းဆောင်က သူ့တပည့်သားတွေ အသက်ကို လုံး၀ ဂရုမစိုက်တဲ့ ဂုဏ်သိက္ခာမဲ့ ခွေးမသားနဲ့ မကွာဘူးပဲ။” ဖန်ကျန်းရှီ ပြုံးပြုံးကြီး ကြည့်ရင်း ပြောတယ်။ ချင်းယီရဲ့ ဒေါသကို သူလုံး၀ ဂရုမစိုက်ဘူး။
“ဟန့်။ နင်က ငါ့ကို ရန်စ နေတာလား။” ချင်းယွီရဲ့ မျက်ဝန်းထဲကနေ ရွှေရောင် အလင်းတန်း တစ်ခု စီးဆင်းလာတော့မယ့် အတိုင်းပဲ။
“တကယ်တော့ ငါကမင်းကို ရန်စနေတာ မဟုတ်ဘူး။ ခန့်မှန်းနေရုံပါပဲ။ အမှန်တရားကို ပြောမယ့် အစား တပည့်သားတွေရဲ့ အသက်ကို အများကြီး စတေးနေတယ်ပေါ့။ ကြည့်ရတာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေတဲ့ ပုံစံပဲ။ ခန့်မှန်းကြည့်ရအောင်။ ယွိအာက မင်းလုပ်ခဲ့တဲ့ မပြောကောင်း မဆိုကောင်းတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုကို သိသွားလို့ မဟုတ်လား။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။
“ဒီမေးခွန်းတွေကို ငါမဖြေဘူး။” ချင်းယီက ဖန်ကျန်းှရီ ဘာလုပ် ချင်နေမှန်း သိတယ်။ ဒါကြောင့် မေးခွန်းတွေကို အလွယ်တကူ ရှောင်ရှား နေခဲ့တယ်။
“ကြည့်ရတာ ယွိအာ တကယ်ပဲ မင်းအကြောင်းကို သိနေတဲ့ ပုံစံပဲ။ ဘာများ နိုင်ကွက် ရှိနေတာလဲ သိချင်လိုက်တာ။ အာ ငါသိပြီ။ မင်းက သူများရဲ့ ယောကျာ်းနဲ့ ဇယားရှုပ်နေတာ မဟုတ်လား။” ဖန်ကျန်းရှီ နောက်တစ်ခေါက် မေးပြန်တယ်။
“ပါးစပ်ပိတ်စမ်း။”
“ဟဟား။ ဒီလောက်လည်း စိတ်ဆိုး မနေပါနဲ့အုန်း။ ငါက ခန့်မှန်း နေရုံပဲ။ မင်း ဘယ်လောက်တောင် နှလုံးသား မဲ့ပြီး ရက်စက်လဲ သိချင်လိုက်တာ။ မင်းကို ကြိုက်တဲ့သူ တစ်ယောက်မှ မရှိတာတော့ သေချာတယ်။ ဒီတော့ မင်းက မိန်းမချင်းကြိုက်တဲ့ အဖွားကြီး ဖြစ်သွား ရတာပေါ့။ ဟုတ်လား ။”
“သေစမ်း။” ချင်းယီ လှုပ်ရှားတော့တယ်။
“ခနလေး စောင့်ပါအုန်း။ ကောင်းပြီလေ။ ငါခန့်မှန်းတာ မှားသွားတယ်။ ဒါပေမယ့် အခုတော့ သေချာ ပြောမယ်။ ဧကရာဇ်က လွန်ခဲ့တဲ့ ၁၀နှစ်ကျော်မှာ လင်းယွမ် နယ်မြေကို ခေါင်းဆောင်လန် ကိုင်တွယ်တာ မြင်ခဲ့တယ်။ ဒီတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက မင်း ခေါင်းဆောင် မဖြစ်သေးဘူး ဟုတ်တယ်ဟုတ်။” ဖန်ကျန်းရှီ တောင်းပန်တဲ့ ပုံစံနဲ့ တလေးတစား ပြောတယ်။
“…”
ချင်းယီကတော့ စကား တစ်ခွန်းတောင် မပြောဘူး။ သူမရဲ့ ခေါင်းပေါ်မှာ ရှိတဲ့ ရွှေရောင် ကြယ်ကိုးခုက ပိုပြီးတော့ တောက်ပ လာခဲ့တယ်။
“ဆိတ်ဆိတ်နေတာက ဝန်ခံတာလို့ သတ်မှတ်လိုက်မယ်။ ဒီတော့ ဆက်ပြီး ခန့်မှန်း လိုက်မယ်။ ပင်းယန်က အခုချိန်မှာ အသက် ၁၆နှစ် ရှိနေပြီ။ ဒီတော့ ယွိအာ ကြီးမြတ်သော ရှိမင်းဆက်က ထွက်သွားတာလဲ ၁၆နှစ် ရှိပြီလို့ ဆိုလိုတာပဲ။ ကြည့်ရတာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က တိုက်ပွဲကြီး ဖြစ်တဲ့ အချိန်နဲ့ ကိုက်ညီနေတဲ့ ပုံစံပဲ။ ဒါက တိုက်ဆိုင်မှု တစ်ခု ဖြစ်နေရင်တော့ အံ့သြ စရာပဲ။”
“..” ချင်းယီကတော့ တိတ်ဆိတ် နေခဲ့တယ်။ သူမရဲ့ အမူအယာက ပိုပြီးတော့ အေးစက် လာတော့တယ်။ ဒါပေမယ့် အံ့သြရိပ်တွေလည်း ပါဝင် နေခဲ့တယ်။
“မင်း ဒါကို မငြင်းဘူးပေါ့။ ဒီတော့လည်း ဆက်ပြီး ခန့်မှန်းမယ်။ ငါသာ မှန်မယ်ဆိုရင် ဒီတိုက်ပွဲမှာ ယွိအာနဲ့ ခေါင်းဆောင်လန်လည်း ပါဝင်လိမ့်မယ်။ ဟုတ်တယ်။ မင်းလည်း ရှိနေလိမ့်မယ်။”
“နင်ဘာပြောဖို့ ဒီလောက်တောင် ကွေ့ဝိုက် နေတာလဲ။” ချင်းယီ လက်တစ်ဖက်ကို နောက်ပြစ်ထားရင်း ပုံမှန် အတိုင်း မေးတယ်။
ကန်ယွဲ့က လွဲပြိးတော့ ဘယ်သူကမှ ချင်းယီလက်ထဲမှာ အလင်းလုံးကြီး တစ်ခု ရှိနေတာကို သတိ မထားမိကြဘူး။ ဒီအလင်းလုံးကြီးက ပန်းချီကားချပ် အလိပ်ကြီး ပုံစံကို ဖြစ်ပေါ် လာနေတယ်။
“ငါသာ မှန်မယ်ဆိုရင်။ ယွိအာက အခုချိန်မှာ လင်းယွမ် မျှော်စင်ထဲမှာ ရှိမနေဘူး။ ငါတို့ ရှေ့တည့်တည့်မှာ ရှိနေတဲ့ လင်းယွမ် မျှော်စင်ထဲမှာကို ရှိမနေဘူး။” ဖန်ကျန်းရှီရဲ့ အသံက ရုတ်တရက် ပြောင်းလဲ သွားတယ်။ သူ့ရဲ့ ပြင်းထန်တဲ့ လူသတ်ငွေ့တွေကို ထုတ်လွှတ်ပြန်တယ်။
“ဘာဖြစ်တယ်။” ကန်ယွဲ့ ချက်ခြင်း တုံ့ပြန် မိပြီးတော့ ပါးစပ် ပြန်ပိတ်သွား ခဲ့တယ်။ အရမ်းကို ကြောက်လန့် နေသလိုပဲ။
ချင်းယီရဲ့ အမူအယာကတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ ပြောင်းလဲ သွားခဲ့တယ်။ စက္ကန့်ပိုင်း အတွင်းတော့ အတော့်ကို အံ့သြသွားတဲ့ ပုံစံပဲ။
“ဖန်ကျန်းရှီ။ မင်းဘာတွေ ပြောနေတာလဲ။ ယွိအာက လင်းယွမ် မျှော်စင်မှာ မရှိတာကို မင်းဘယ်လိုလုပ် သိတာလဲ။” လင်းမုပိုင် ရုတ်တရက် ပြောတယ်။ သူကြားရတာကို မယုံနိုင်ခဲ့ဘူး။
“သူက မျှော်စင်မှာ မရှိဘူးလား။” ပင်းယန်လည်း ဒီစကားကို ကြားတော့ မျက်လုံးပြူးသွားခဲ့တယ်။ သူတို့တင် မကဘူး။ မြေပြင်ပေါ်မှာ ဒူးထောက်နေကြတဲ့ တပည့်သားတွေ အားလုံးလည်း တုန်ယင် နေခဲ့ကြတယ်။ တစ်ခုခု မှားနေတာ အသိအသာကြီးပဲ။
ဖန်ကျန်းရှီ နှုတ်ခမ်းကို တွန့်ကွေးရင်းနဲ့ ပြုံးလိုက်တယ်။ ကန်ယွဲ့ကို စိုက်ကြည့်ရင်း ပြောတယ်။ “ကြည့်ရတာ ချက်ကောင်းကို ငါပြစ်မိ သွားတာပဲ။ ဟုတ်တယ်မလား။ ကန်ယွဲ့၊”
“မဟုတ်မမှန်တာတွေ၊ ဖန်ကျန်းရှီ။ ငါ့ဆရာ သခင် ကိစ္စက မင်းနဲ့ မပတ်သတ်ဘူး။ ဆရာနဲ့ ပင်းယန်ကြားမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို နင်ဂရု စိုက်စရာ မလိုဘူး။” ကန်ယွဲ့က ရှေ့တစ်လှမ်း တိုးလာရင်းနဲ့ ဖန်ကျန်းရှီကို အော်တယ်။
“ဟုတ်တယ်။ ငါနဲ့ ဆိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းနဲ့တော့ ဆိုင်တယ်။ ယွိအာရဲ့ အစေခံ တစ်ယောက် အနေနဲ့၊ သူ့ကို တသက်လုံး သစ္စာရှိရမယ်လို့ မင်းကျိန်ဆိုရတယ် မဟုတ်လား။ ချင်းယီ မျှော်စင် ခေါင်းဆောင် ဖြစ်လာတော့မှ မင်းက ဘာဖြစ်လို့ မင်းရဲ့ ဆရာသခင်ကို သစ္စာဖောက်ရတာလဲ။ ယွိအာကို ဖျက်စီးတဲ့ ကိစ္စကိုတောင် မင်းက အတူတူ ပူးပေါင်းပြီး လုပ်နေသေးတယ်ပေါ့။”
“ပါးစပ် ပိတ်ထားစမ်း။ ငါဘယ်တုန်းကမှ ငါ့ဆရာသခင်ကို သစ္စာမဖောက်ခဲ့ဘူး။ နင် နင်ငါ့ကို ထောင်ချောက်ဆင်ပြီး စွပ်စွဲနေတာလား။” ဖန်ကျန်းရှီ လုပ်တေနာကို နောက်ဆုံးမှာတော့ ကန်ယွဲ့ နားလည် သွားတော့တယ်။
“ဟုတ်တယ်။ မင်းဒီလို ပြောရုံနဲ့ ငါက ယုံမယ်လို့ ထင်နေတာလား။ မင်းက ယွိအာကို ပျက်စီး စေပြီးတော့ ချင်းယီကို ခေါင်းဆောင် ဖြစ်လာဖို့ မကူညီ ပေးခဲ့ရင်၊ ဘယ်လိုများ ချင်းယီက ဒီလို အရေးကြီးတဲ့ နေရာကို ရောက်လာ နိုင်မှာလဲ။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ငါ ငါ့ရဲ့ ဆရာသခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အသက်နဲ့ ရင်းပြီးတော့ ကျိန်ဆိုရဲတယ်။” ကန်ယွဲ့ ဆက်တိုက် ပြန်ပြော နေခဲ့တယ်။
“ဒီတော့ ချင်းယီက မင်းကို ဘာဖြစ်လို့ ယုံမှာလဲ။ ယွိအာက လင်းယွမ် မျှော်စင် ခေါင်းဆောင်နေရာ ရဖို့ သူ့ရဲ့ ပြိုင်ဘက်ပဲလေ။ ယွိအာကို ချင်းယီက ရှုံးတောင် ရှုံးနိမ့် သေးတယ် မဟုတ်လား။ သူ့ရန်သူရဲ့ အစေခံကို ယုံကြည်တဲ့ လူ လောကမှာ ရှိလို့လား။”
“ငါမသိဘူး။ ချင်းယီက မဟုတ်ဘူး။ ခေါင်းဆောင်က ငါ့ကို ယုံကြည်တယ်လို့ တခါမှ မခံစား ဖူးဘူး။”
“ပါးစပ် ပိတ်ထားစမ်း။” ချင်းယီ ထအော်တယ်။
ရွှေရောင် အလင်းတန်းတွေ ကျဆင်း လာပြီးတော့ ချင်းယီကို ဝန်းရံ ထားတော့တယ်။
“ခေါင်းဆောင် ငါ။” ကန်ယွဲ့ရဲ့ အမူအယာက ဆက်တိုက် ပြောင်းလဲ နေခဲ့တယ်။ ဖန်ကျန်းရှီ ဘက်ကို လှည့်ပြောတယ်။ “ဖန်ကျန်းရှီ နင် နင်ငါ့ကို လှည့်စား ဝံ့တယ်ပေါ့။”
“ငါမင်းကို မလှည့်စားဘူး။ ဒါပေမယ့် မင်းပြောတဲ့ စကာေးတ့ွကို ပြန်စဉ်းစားကြည့်။ ယွိအာနဲ့ ချင်းယီက လင်းယွမ် မျှော်စင် ခေါင်းဆောင် နေရာကို ရဖို့ ပြိုင်ဆိုင်ခဲ့တာ အသိသာကြီးပဲလေ။ ဖြစ်လာမယ့် ကိစ္စကို ခန့်မှန်းဖို့က လွယ်လွယ်လေး။ ယွိအာက ခေါင်းဆောင် နေရာကို မယူနိုင်ခဲ့ရင်၊ ဖြစ်နိုင်ချေက ရှင်းနေပြီ။ လင်းယွမ် မျှော်စင်က ထွက်သွားရင် ထွက်သား။ ဒါမှမဟုတ်ရင်၊ မျိုးနွယ်စု အကြီးအကဲလုပ်။ ဒါပေမယ့် လင်းယွမ် မျှော်စင်က တခြား နေရာတွေနဲ့ ကွာခြားတယ်။ ကြည့်ရတာ လင်းယွမ် မျှော်စင်မှာ အကြီးအကဲ မရှိတဲ့ ပုံစံပဲ။”
မိုးကောင်းကင်က ရွှေရောင် အလင်းတန်းကြီး ကိုးခုကို ကြည့်ရင်း ဖန်ကျန်းရှီ ရဲ့ မျက်ဝန်းထဲမှာ အလင်းရောင် လေးခု တောက်ပ လာခဲ့တယ်။
“ဖန်ကျန်းရှီ နင်သေချင်နေတာလား။” ချင်းယီ နောက်ဆုံးတော့ သူ့ဆီကို လှုပ်ရှားလာတယ်။
“ဆက်ပြီးတော့ ခန့်မှန်း ပါရစေအုန်း။ လင်းယွမ် မျှော်စင်မှာ ခေါင်းဆောင် မရှိမှတော့၊ ယွိအာကလည်း လင်းယွမ် မျှော်စင်က ထွက်သွားဖို့ နည်းလမ်း တစ်ခုပဲ ရှိတော့တယ်။ ဒါပေမယ့် သူသာ လင်းယွမ် မျှော်စင် ထွက်သွားရင် ကန်ယွဲ့လည်း ဒီမှာ ရှိမနေသင့်ဘူး။ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒီတော့ နောက်ဆုံး ကောက်ချက် တစ်ခုပဲ ရှိတော့တယ်။ မင်းက ယွိအာကို ဖမ်းဆီး ထားတာပဲ။” ဖန်ကျန်းရှီ ချင်းယီရဲ့ မျက်လုံးတွေကို တည့်တည့် စိုက်ကြည့်ရင်း ပြောလိုက်တယ်။
“မင်း။” ကန်ယွဲ့ အရမ်းကို လန့်သွားခဲ့တယ်။ သူမရဲ့ စိတ်ထဲက နာကျင်မှုကို မျက်နှာ အမူအယာက မဖုံးဖိ ထားနိုင်ခဲ့ဘူး။
“ဒါပေမယ့်လည်း ဒီလောက်တော့ မရိုးရှင်း နိုင်ပါဘူးလေ။ အကယ်၍ ယွိအာသာ ပုံမှန် နေရာမှာ ဖမ်းချုပ် ခံရထားရင်၊ သူ့ကို ထောက်ခံတဲ့ တပည့်သားတွေက သူ့ကို ကယ်တင်ဖို့ ကြိုးစားမှာပဲ။ အရေးအကြီး ဆုံးကတော့၊ ဒီလို ဖြစ်နေရင်၊ ကန်ယွဲ့ကလည်း မင်းရဲ့ ထိန်းချုပ်မှု အောက်မှာ နေမှာ မဟုတ်နိုင်ဘူး။ ဟုတ်တယ်မလား ခေါင်းဆောင်။”
ဖန်ကျန်းရှီ ပြောရင်းနဲ့ ခြေရာမဲ့ ဓားကို ကန်ယွဲ့ရဲ့ လည်ပင်းမှာ ထောက်လိုက်တယ်။
အပိုင်း (၇၉၇) ပြီး၏။
အပိုင်း (၇၉၈)
“လူသား၊ နတ်ဆိုးနဲ့ မိစ္ဆာတွေကြားက စစ်ပွဲ။”
“ဖန်ကျန်းရှီ၊ နင့်စကားတွေကို တခြားသူတွေ ယုံမယ်များ မှတ်နေတာလား။” ချင်းယီရဲ့ အကြည့်က ဓားသွားတွေလို အေးစက် နေခဲ့တယ်။
ဒီအချိန်မှာတော့ ကန်ယွဲ့ ကြည့်ရတာ စိတ်ရှုပ်ထွေးနေတဲ့ ပုံစံပဲ။ သူမကြည့်ရတာ ဆက်ပြီးတော့တောင် မစဉ်းစား နိုင်တော့တဲ့ ပုံစံပဲ။
တပည့်သားတွေကတော့ တိတ်ဆိတ်နေခဲ့ကြတယ်။ ဘယ်သူကမှ ဖန်ကျန်းရှီကို မကြည့်ကြသလို၊ စကားလည်း မပြောကြဘူး။
“ဘယ်သူမှ ငါ့ကို မယုံတာတော့ မဖြစ်နိုင်ဘူး။ မယုံဝံ့တာပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့်။” ဖန်ကျန်းရှီ တစ်ချက် ရပ်တန့် သွးတယ်။ သူ့ရဲ့ မေးခွန်းတွေကို အဖြေရ သွားသလိုပဲ။
တစ်ခုတည်းသော ကျစ်ရစ်တဲ့ မေးခွန်းကတော့ လင်းမုပိုင်နဲ့ ချင်းယီ ပြောခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က စစ်ပွဲ အကြောင်းပဲ။
အဲ့ဒီ့ စစ်ပွဲကနေ အခု ကိစ္စတွေ အားလုံး စခဲ့တာကို သူခန့်မှန်း မိတယ်။ ဒါပေမယ့် ထူးဆန်းတဲ့ ကိစ္စကတော့ ဒီစစ်ပွဲ အကြောင်းကို ကြီးမြတ်သောရှ မင်းဆက်ရဲ့ သမိုင်းထဲမှာ မှတ်တမ်း တင်မထားတာပဲ။ ဒါက ထူးဆန်းနေတယ်။
ချင်းယီ ပြောသလောက် ဆိုရင် လင်းမုပိုင်လည်း တိုက်ပွဲထဲမှာ ပါဝင်ခဲ့တယ်။ လင်းယွမ် မျှော်စင်လည်း ပါမှာ အသေအချာပဲ။ အတော့်ကို မွှေနှောက်ဖျက်စီးသွားတဲ့ စစ်ပွဲကြီး ဖြစ်လိမ့်မယ်။ ဒါတောင်မှ ဘာဖြစ်လို့ မှတ်တမ်း တင်မထားတာလဲ။
ဖန်ကျန်းရှီ ဒီတိုက်ပွဲကို မျက်မြင် မကြုံခဲ့ရတာကြောင့် ဘာမှ မသိဘူး။ ခံစားချက်ကတော့ ထူးခြားနေတယ်။ နေစမ်းပါအုန်း။ ရန်မြို့တော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဒါဇင်ချီက ဖြစ်ခဲ့တဲ့ တိုက်ပွဲကြိး။
ရန်မြို့တော်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ဒါဇင်ချီ။
ဆယ်မိုင်ရေကန်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီးလား။
ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပလာတယ်။ လွန်ခဲ့တဲ့ နှစ်ဒါဇင်ချီက ဆယ်မိုင် ရေကန်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီးက လတ်တလော သမိုင်းတစ်လျှောက်မှာ အကျော်ကြားဆုံးပဲ။ နတ်ဆိုးမျိုးနွယ်တွေ အားလုံး နီးပါးကို ကြီးမြတ်သော ရှမင်းဆက်က သုတ်သင် ဖယ်ရှား ပြစ်နိုင်ခဲ့တယ်။
ဒါပေမယ့် မှတ်တမ်းထဲမှာ ဆိုရင်၊ အနောက်ပိုင်း လျန်ရဲ့ ရန်တိမ် တပ်ဖွဲ့က ကြီးမြတ်သော ရှနိုင်ငံတော်ကို ကယ်တင်ခဲ့တယ်။ ရန်ချန်လိတို့ ညီအစ်ကိုတွေက ရန်တိမ်တပ်ဖွဲ့ စစ်သည်တော် တစ်သောင်းကို ဦးဆောင်ပြီးတော့ နတ်ဆိုး စစ်သည်တော် တစ်သိန်းကို သူတို့ စစ်ကူတွေ ရောက်မလာခင် အချိန်မှာပဲ တိုက်ထုတ်ခဲ့တယ်။ ကြီးမြတ်သော ရှမင်းဆက်ကို အောင်ပွဲ ဆင်နိုင် စေခဲ့တယ်။
ဒါက တိုက်ဆိုင်မှုလား။
ဖန်ကျန်းရှီတော့ ဒီလို မထင်ဘူး။ ဒီလို ကျော်ကြားလွန်းတဲ့ တိုက်ပွဲကြီး တစ်ခုလုံးကို ပြောင်းလဲ ထားလို့ မဖြစ်ဘူးလေ။ တကယ့် အရေးကြီး အစိတ်အပိုင်း တွေကို ဖုံးကွယ် ထားတာပဲ ဖြစ်လိမ့်မယ်။
“ဒါပေမယ့်” ချင်းယီ ပြောရင်းနဲ့ သူမ လက်တစ်ဖက်ကို နောက်မှာ လျှို့ဝှက် လှုပ်ရှား နေခဲ့တယ်။
“အရှင်မင်းမြတ်။ လွန်ခဲ့တဲ့ နှစ်ဒါဇင်ချီက စစ်ပွဲကို ဖြစ်စေခဲ့တဲ့ သူက ယွိအာလား။” ဖန်ကျန်းရှီ မေးတယ်။
“မင်း မင်းဘယ်လို သိတာလဲ။” လင်းမုပိုင် မယုံနိုင်ဘူး။
“ဆယ်မိုင်ရေကန် တိုက်ပွဲ ဆိုတာ အဲ့ဒီ့ တိုက်ပွဲပဲ မဟုတ်လား။” ဖန်ကျန်းရှီ နောက်ထပ် ဆက်မေးတယ်။
“ဟုတ်တယ်။” ဧကရာဇ် လင်းမုပိုင် တစ်ခဏတာ ရပ်တန့်သွားတယ်။ ဝမ်းနည်း ပူဆွေးတဲ့ အသွင်နဲ့ စကားဆက်တယ်။ “မင်း ပြောတာ မှန်တယ်။ ဆယ်မိုင်ရေကန် တိုက်ပွဲက မှတ်တမ်း တင်ထားတာထက် အများကြီး ပိုရှုပ်ထွေးတယ်။ ဒါပေမယ့် ဧကရာဇ် တစ်ပါး အနေနဲ့ မင်းဆက်ရဲ့ အရှုပ်အထွေးတွေ အကုန်လုံးကို ထုတ်ဖော်ပြလို့ မဖြစ်နိုင်ဘူး။”
“ကျွန်တော့်ကိုရော ပြောလို့ ရလား။” ဖန်ကျန်းရှီ မေးတယ်။
“ဒါက မြင့်မြတ် နယ်မြေနဲ့ နိုင်ငံတော်ကြီး လေးခုမှာ ပိတ်ပင်ထားတဲ့ လျှို့ှဝှက်ချက်ပဲ။ ဒါပေမယ့် မင်းက သိသင့်တဲ့ အရည်အချင်း ရှိပါတယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း ကောင်းကင်ကို စိုက်ကြည့်တယ်။ အတိတ်ထဲမှာ နစ်မြောနေတဲ့ ပုံစံပဲ။ သူပြောတယ်။ “ရိုးရိုးသားသား ဝန်ခံရရင်၊ ငါ့ရဲ့ တာဝန်မကျေမှုကြောင့် ဒီတိုက်ပွဲကြီး ဖြစ်လာ ရတာပဲ။”
“ခမည်းတော်။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာလဲ။” ဧကရာဇ် လင်းမုပိုင် ရုတ်ချည်း အိုမင်းသွားတာကို ပင်းယန် ခံစား မိလိုက်တယ်။
“အဟွတ် ဟွတ်။ ပင်းယန် ခမည်းတော် အရင်ဆုံး ဇာတ်လမ်း ဆုံးအောင် ပြောမယ်။ ခမည်းတော်ရဲ့ တာဝန် မကျေမှုကြောင့်ပဲ ကြီးမြတ်သော ရှမင်းဆက်က စစ်မြေပြင် ဖြစ်ခဲ့ရတာ။ ခမည်းတော်က တကိုယ်ကောင်း ဆန်လွန်းခဲ့တယ်။ ဘိုးဘေးတွေရဲ့ ညွှန်ကြားချက်ကို မေ့လျော့ ပြီးတော့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ထုတ်ယူခဲ့တယ်။ “
“ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ။” ပင်းယန်ကတော့ ကြောင်တောင်တောင် ဖြစ်နေပင်မယ့်၊ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေကတော့ လင်းလက် လာခဲ့တယ်။
“ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေလား။”
“ဒီတော့ စစ်ပွဲက ကျောက်ဖျာတွေနဲ့ သက်ဆိုင် နေတယ်ပေါ့။”
“ဟုတ်တယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်တယ်။ ချင်းယီကို တစ်ချက် စိုက်ကြည့်ရင်း ပြောတယ်။ “သူက တကယ်ပဲ သူနဲ့ အရမ်း တူတယ်။ ယွိအာကို ပထမဆုံး တွေ့တဲ့ အချိန်တုန်းကလည်း သူက ရွှေရောင် ဝတ်ရုံကိုပဲ ဝတ်ထားခဲ့တာ။ အရမ်းကို ကျက်သရေ ရှိပြီးတော့ သန့်စင်လွန်းတယ်။ မြင်မြင်ချင်းမှာပဲ သူ့ကို လက်ထပ်ဖို့ ခမည်းတော် ဆုံးဖြတ်ခဲ့တယ်။”
အတိတ်တွေကို ပြန်တွေးတောရင်း လင်းမုပိုင် တစ်ခဏ ရပ်တန့် သွားပြန်တယ်။ “ဒါပေမယ့် ခမည်းတော် ကြိုးစားပြီးတော့ သူ့အကြောင်းကို သိအောင် စုံစမ်း ကြည့်ခဲ့တယ်။ သူက ကျက်သရေရှိ ရုံတင်မကဘူး။ တကယ့်ကို မြင့်မားလွန်းတဲ့ ဂုဏ်ရှိန် ဂုဏ်ဝါနဲ့ သူပဲ။ သူက သုခမိန် တစ်ယောက်။ အရမ်းကို စွမ်းအားကြီးလွန်းတဲ့ သုခမိန်။ နောက်ပြီးတော့ လင်းယွမ် မျှော်စင်ရဲ့ တပည့်သား။ ခမည်းတော် သူ့ကို တလေးတစားနဲ့ ဆက်ဆံရတယ်။ ဘာကိုမှ တွန်းအား မပေးနိုင်ဘူး။”
“ဒါပေမယ့် ခမည်းတော်က သူ့ကို ရူးရူးသွပ်သွပ် ချစ်မြတ်နိုးမိခဲ့တယ်။ လင်းယွမ် မျှော်စင်က သုခမိန် တစ်ယောက် ဖြစ်နေတာတောင် လက်မလျှော့ ခဲ့ဘူး။”
“ခမည်းတော် ရွေးချယ်မှု မှန်ကန်ခဲ့တယ်။ ယွိအာက ခမည်းတော်ကို လက်ခံပြီးတော့ လက်ထပ်ထိမ်းမြားဖို့ သဘောတူ ခဲ့တယ်။ ဒါပေမယ့် အခြေအနေ တစ်ခုတော့ ရှိတယ်။ ကြီးမြတ်သော ရှမင်းဆက်မှာ သူမ ၂နှစ်ပဲ နေမယ်။”
“ပြီးရင်တော့ ထွက်သွားမယ်တဲ့။”
“ခမည်းတော်လည်း ရွေးချယ်စရာ မရှိပဲ ဒါကို လက်ခံ ခဲ့၇တယ်။”
“ဒီ၂နှစ်တာ ကာလက ခမည်းတော်ရဲ့ ဘဝမှာ အပျော်ဆုံး အချိန်တွေပဲ။ ယွိအာက ခမည်းတော်ရဲ့ ဘေးမှာ ရှိနေခဲ့ရုံတင် မကဘူး။ ကြီးမြတ်သော ရှမင်းဆက်ကလည်း ယွိအာရဲ့ ကျေးဇူးကြောင့် အရမ်းကို အင်အား တောင့်တင်း လာခဲ့တယ်။”
“ဒါပေမယ့် ၂နှစ်က အရမ်းကို မြန်ဆန် လွန်းတယ်။”
“၂နှစ်။ ခမည်းတော်က ကြီးမြတ်သော ရှမင်းဆက်ရဲ့ အုပ်ချုပ်သူ ဖြစ်နေပင်မယ့်၊ ယွိအာကို ၂နှစ်ပဲ တွေ့မြင်ခွင့်ရတယ်။ သူ့ကို ခမည်းတော် လက်မလွှတ်နိုင်ခဲ့ဘူး။ တစ်ဘဝတာလုံး ယွိအာနဲ့ အတူတူ ဖြတ်သန်း ချင်ခဲ့တယ်။”
“အရင် ဧကရာဇ်တွေရဲ့ မိန့်မှာ စကားတွေကို ချိုးဖောက်ပြီးတော့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ယွိအာ ရှေ့ထုတ်ပြခဲ့တယ်။”
“ဘယ်သူကမှ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ဆွဲဆောင်တာကို မခံနိုင်မှန်း ခမည်းတော် သိခဲ့လို့ပဲ။ အင်အားကြီးတဲ့ သုခမိန်တောင် ဒါကို လက်မလွှတ်နိုင်ဘူး။ ယွိအာ ခမည်းတော်ရဲ့ ဘေးမှာ နေတာလဲ၊ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကြောင့်ပဲ ဆိုတာကို သိပါတယ်။”
“ခမည်းတော် မှန်ကန်ခဲ့တယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို မြင်တဲ့ အချိန် ယွိအာ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေခဲ့လဲ ဆိုတာ ခမည်းတော် မှတ်မိသေးတယ်။ အဲ့ဒီ့အချိန်တုန်းက သူမ ဆက်နေမယ်လို့ ခမည်းတော် အသေအချာ မှတ်ယူထားခဲ့တယ်။”
“ဒါပေမယ့် မထင်ထား မိတာက။”
“ယွိအာ ဆက်နေ ခဲ့ပေမယ့်၊ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေရဲ့ သတင်းက အပြင်ကို ပျံ့သွားတယ်။ ကြီးမြတ်သော ရှမင်းဆက်လည်း ကပ်ဆိုက်တော့တယ်။”
“ပညာရှင်တွေ အများကြီး ရန်မြို့တော်ကို ရောက်လာပြီးတော့ ခမည်းတော်ကို ခြိမ်းခြောက်ကြတယ်။ တချို့ကလည်း ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို လဲလှယ်ဖို့ လာကြတယ်။”
“ဒါပေမယ့် ဘိုးဘေးတွေ လက်ဆင့် ကမ်းခဲ့တဲ့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ဘယ်လိုများ လက်လွတ် ခံနိုင်မှာလဲ။ သူတို့ အားလုံးကို အဆက်ဖြတ်ပြီးတော့ ကြီးမြတ်သောရှ နိုင်ငံတော်ကို တံခါးပိတ်ပြီး သီးခြား နေလိုက်တယ်။ မဟာမိတ်တွေ အားလုံးကို ဆုံးရှုံး လိုက်ရတယ်။”
“တခြား နိုင်ငံတော်ကြီး သုံးခုက အင်အား ပေါင်းပြီးတော့ ကြီးမြတ်သော ရှနိုင်ငံတော်ကို တိုက်ခိုက်ကြတယ်။ ခ ခမည်းတော်က သူတို့ အားလုံးကို တစ်ပြိုင်နက်တည်း မတိုက်ခိုက် နိုင်ခဲ့ဘူး။ ခမည်းတော်က အားနည်းပြီးတော့ အသုံး မဝင်တဲ့သူ။”
“…”
“ဒီတော့ ယွိအာကို အကူအညီ တောင်းတာလား။” ဖန်ကျန်းရှီ အခုချိန်မှာတော့ စစ်ပွဲအကြောင်းကို နားလည် လာပြီ။
“ဟုတ်တယ်။ ယွိအာကို အကူအညီ တောင်းရုံပဲ တတ်နိုင်တယ်။ သူက ငါ့ကို မပြစ်ပယ်ခဲ့ဘူး။ သူဝင်ပါခဲ့တယ်။ နိုင်ငံတော်ကြီး သုံးခုက စစ်သေနာပတိ သုံးယောက်လုံးနဲ့ စစ်သူကြီး ၁၂ယောက်ကို တစ်ညတည်းမှာ သတ်ပြစ်ခဲ့တယ်။ အဲ့ဒီ့ အချိန်မှပဲ ယွိအာက အရမ်း အင်အားကို ငါနားလည် ခဲ့တယ်။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ရင်း ဖန်ကျန်းရှီကို ဆက်ပြောတယ်။
“ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောဖူးတယ်။ မြင့်မြတ် နယ်မြေရဲ့ ပညာရှင်တွေက လေးနိုင်ငံ တိုက်ပွဲတွေမှာ လုံး၀ ပါဝင်ခွင့် မရှိဘူးတဲ့။ ဒါက တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စကြီးပဲ။”
“ဟုတ်တယ်။ ဒါက ကန့်သတ်ချက်ပဲ။ မြင့်မြတ် နယ်မြေ ငါးခုရဲ့ ဘယ်တပည့်သားကမှ စစ်ပွဲမှာ ဝင်ပါခွင့် မရှိဘူး။ ယွိအာက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ ငါထင်မိတာကတော့ အပြစ်ဒဏ် နည်းနည်းပဲ သင့်မယ်ပေါ့။ ကြီးမြတ်သောရှ နိုင်ငံတော် တစ်ခုလုံးကသာ ယွိအာ အတွက်ကို တောင်းပန် ပေးမယ်ဆိုရင်၊ ယွိအာ အပြစ်လွတ်နိုင်မယ်လို့ ထင်မိခဲ့တယ်။ ဒါပေမယ့် ဒီစည်းမျဉ်းကြီးက လူ၊ နတ်ဆိုး၊ မိစ္ဆာ မျိုးနွယ်စု သုံးခုလုံးနဲ့ သက်ဆိုင်နေတာကို ငါမသိခဲ့ဘူး။”
“မျိုးနွယ်စု သုံးခုနဲ့ သက်ဆိုင်တာလား။” ဖန်ကျန်းှရီ ဒါကိုကြားတော့ လန့်သွားခဲ့တယ်။
“မြင့်မြတ် နယ်မြေက လူသားတွေကို ကိုယ်စားပြုတယ်။ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေက သူတို့နဲ့ မဟာမိတ် ပြုထားခဲ့ကြတာ။ ယွိအာက စည်းမျဉ်းကို ချိုးဖောက်လိုက်တဲ့ အချိန် ပထမဆုံး တုံ့ပြန်မယ့်သူက လင်းယွမ် မျှော်စင်လို့ ငါထင်မိခဲ့တယ်။ ဒါပေမယ့် နတ်ဆိုးနဲ့ မိစ္ဆာတွေ အရင်ဆုံး ထွက်လာကြတယ်။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက ဝမ်းနည်း ကြေကွဲမှုတွေ အပြည့်နဲ့။
“သူတို့တွေကို အလဲထိုးနိုင်ခဲ့လား။” နောက်ပိုင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဖန်ကျန်းရှီ ခန့်မှန်း နိုင်နေပြီ။
“ဟင့်အင်း။ သူတို့ တောင်းဆိုတာကို ငါသဘောတူခဲ့တယ်။ ယွိအာ အတွက် ငါက ဘာမဆို လုပ်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်လေ။ ဒါပေမယ့် ယွိအာကတော့ သဘောမတူခဲ့ဘူး။” ဧကရာဇ် လင်းမုပိုင် ခေါင်းခါရင်း ဆက်ပြောတယ်။ “ဖြစ်လာတဲ့ ကိစ္စတွေကို ငါမထိန်းချုပ် နိုင်တော့ဘူး။ နတ်ဆိုးနဲ့ မိစ္ဆာ စစ်တပ်ကြီးတွေက ရန်မြို့တော်ကို ချီတက်လာခဲ့တယ်။”
“အဲ့ဒီ့အချိန်မှာ အနောက်ပိုင်းလျန်က ရန်တိမ် တပ်ဖွဲ့တွေ ရောက်လာတာလား။” ဖန်ကျန်းရှီ ခန့်မှန်းတယ်။
“ဟုတ်တယ်။ နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ်တွေမှာ သုခမိန်တွေ အများကြီး ပါဝင်နေတယ်။ ငါ့ရဲ့ တပ်တွေ့ မခုခံ နိုင်ခဲ့ဘူး။ ရန်သူ့ တပ်တွေက နိုင်ငံတော် တစ်ခုလုံးကို ဝန်းရံ ထားခဲ့တယ်။ အနောက်ပိုင်းလျန်က ရန်မိသားစု တစ်ခုပဲ ငါတို့ကို လာကယ်ခဲ့တယ်။ သူတို့ရဲ့ စစ်သည်တော် တစ်သောင်းတည်းနဲ့။” ဧကရာဇ် လင်းမုပိုင် ခေါင်းငြိမ့်ပြန်တယ်။
“..” ဖန်ကျန်းရှီကတော့ တိတ်ဆိတ် သွားခဲ့တယ်။ အခုချိန်မှပဲ ရန်ချန်လိကို ဧကရာဇ် လင်းမုပိုင် အရမ်း လေးစားပြီးတော့ ရန်မိသားစုကို ယုံကြည်တဲ့ အကြောင်းကို သူနားလည် သွားတော့တယ်။
ရန်တိမ် တပ်ဖွဲ့က သာမာန် စစ်တပ် တစ်ခုပဲ။ ဒါတောင် များပြားလွန်းတဲ့ နတ်ဆိုးနဲ့ မိစ္ဆာ စစ်တပ်ကြီးကို တိုက်ခိုက်ဝံ့ခဲ့တယ်။ ဘယ်စစ်တပ်ကမှ ဒါမျိုး မလုပ်နိုင်လောက်ဘူး။
လင်းမုပိုင် သက်ပြင်းချရင်း ဆက်ပြောတယ်။ “ရန်တိမ် တပ်ဖွဲ့ ရောက်လာပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင် ခဲ့ဘူး။ ရန်တိမ် တပ်ဖွဲ့ စစ်သည်တော် တစ်သောင်းက သူတို့ အသက်တွေကို စတေးပြီးတော့ ကြီးမြတ်သော ရှနိုင်ငံတော်ကို ကာကွယ် ပေးခဲ့တယ်။ ဆယ်မိုင်ရေကန်မှာ သူတို့ အားလုံး နီးပါး သေဆုံး ခဲ့ရတယ်။ အဲ့ဒီ့ နေ့မှာပဲ ရေကန်ကြီး တစ်ခုလုံး အနီရောင် ပြောင်းသွားခဲ့တယ်။ အရမ်း အရမ်းကို နီတဲ့ အနီရောင်။ တောင်လို ပုံနေတဲ့ အလောင်းတွေကို မွှေနှောက် ရှာဖွေ ပြီးတော့မှ မင်းသားရန်ကို ငါရှာတွေ့ ခဲ့ရတယ်။”
“ရန်မိသားစု အပေါ်မှာ တင်နေတဲ့ အကြွေးတွေက များပြားလွန်းပါတယ်။”
“ငါ့ရဲ့ တကိုယ်ကောင်းစိတ်နဲ့ တာဝန်မကျေခဲ့တာတွေကြောင့် ရန်တိမ် တပ်ဖွဲ့ရဲ့ စစ်သည်တော် တစ်သောင်း သေဆုံး ခဲ့ရတာ၊ ရန်မိသားစုရဲ့ မျိုးဆက်က ဆက်ခံသူတွေ အားလုံးလည်း၊”
သွေးချောင်းစီး စစ်ပွဲကြီးကို ပြန်မြင်ယောင်နေတဲ့ လင်းမုပိုင် မျက်ရည်တွေ အထိန်းအကွပ်မဲ့ ကျဆင်း လာခဲ့တယ်။
“ခမည်းတော်။” ပင်းယန်လည်း ငိုနေခဲ့တယ်။
“မစိုးရိမ်ပါနဲ့ ခမည်းတော် အဆင်ပြေပါတယ်။” လင်းမုပိုင် သူ့ရဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။ ချင်းယီကို တစ်ချက် လှမ်းကြည့်ရင်း ဆက်ပြောတယ်။ “ယွိအာက ကြီးမြတ်သော ရှနိုင်ငံတော်ကို နောက်တစ်ခေါက် ကယ်တင်ခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ နတ်ဆိုးနဲ့ မိစ္ဆာတွေကို ဖယ်ရှားပြီးတော့၊ လူသားနဲ့ တခြားမျိုးနွယ်စု နှစ်ခုကြားက စစ်ပွဲကြီးကို ဖြစ်စေခဲ့တယ်။”
“ရန်မြို့တော်ရဲ့ အပြင်ဘက်၊ ဆယ်မိုင် ရေကန်ဘေးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီး။ မျိုးနွယ်စု သုံးခုက ပညာရှင်တွေ ပျောက်ကွယ် သွားတာကို ခမည်းတော် မျက်မြင်တွေ့ခဲ့ရတယ်။ အဲ့ဒီ့အချိန်က စပြီး ရေကန်ကြီး တစ်ခုလုံးလည်း သွေးရောင် ပြောင်းသွားတာပဲ။”
“လူသားတွေ စစ်ပွဲမှာ နိုင်ခဲ့ပေမယ့်၊ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကတော့ စစ်မီးကို လောင်ကျွမ်း စေခဲ့တဲ့ အဓိက အကြောင်းအရင်း ဖြစ်ခဲ့တယ်။”
“အဲ့ဒီ့ တိုက်ပွဲ ပြီးတဲ့နောက် ယွိအာက မြင့်မြတ် နယ်မြေကို ပြန်သွားခဲ့တယ်။ ဘယ်တော့မှ ပြန်မလာ ခဲ့တော့ဘူး။ နောက်ပြီးတော့ မြင့်မြတ် နယ်မြေရဲ့ အပျက်အစီးကို လျော်ကြေးပေးဖို့၊ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို မြင့်မြတ်နယ်မြေဆီ ခွဲပေးလိုက် ရတယ်။ အဆုံးသတ်မှာတော့ ကြီးမြတ်သောရှမှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုပဲ ကျန်ခဲ့တယ်။ ဒါပေမယ့် ဒီကျောက်ဖျာတွေကိုလည်း နတ်ဆိုးတွေ ယူသွားခဲ့ပြီ။”
“ဘာဖြစ်တယ်။ ကြီးမြတ်သောရှ မင်းဆက်က ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၁၃ခုကို နတ်ဆိုးတွေ ယူသွားတယ်။” ချင်းယီ အချိန် အကြာကြီး တိတ်ဆိတ် နေပြီးနောက် ရုတ်တရက် ထပြောတယ်။
“ဟုတ်တယ်။”
“လင်းမုပိုင် နင်က တကယ့်ကို အသုံးမဝင်တဲ့ ကောင်ပဲ။ ငါတို့တွေ ကြီးမြတ်သောရှ နိုင်ငံတော်ကို ကယ်တင်နိုင်ဖို့ အများကြီး ပေးဆပ် ခဲ့ရတယ်။ ဒီလောက် လူတွေ အများကြီးရဲ့ အသက်ကို စတေးပြီးတော့ ကာကွယ် ခဲ့ရတဲ့ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို နင်ဘယ်လိုများ ဆုံးရှုံးအောင် လုပ်လိုက်တာလဲ။”
ချင်းယီ အတော့်ကို ဒေါသ ထွက်နေတယ်။ ဖန်ကျန်းရှီကတော့ နှာခေါင်းကို ပွတ်ရင်း ဘာကိုမှ မကြားတဲ့ အတိုင်း ဟန်ဆောင် နေခဲ့တယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ ၁၃ချပ်တဲ့။ ဟဟား။ ဘယ်မှာ ရှိမှန်း သိသားပဲ။
ဒါပေမယ့် ယွိအာ လင်းယွမ် မျှော်စင်ကို ပြန်ရောက်ပြီးတော့ ဘာတွေ ဖြစ်သွားမှန်းပဲ မသိတာ။ ခေါင်းဆောင်လန်ရော ဘယ်လိုများ သေဆုံး ရတာလဲ။ ယွိအာကရော ဘာဖြစ်လို့ ခေါင်းဆောင် ဖြစ်မလာတာလဲ။ ယွိအာ အခု ဘယ်မှာလဲ။
အပိုင်း (၇၉၈) ပြီး၏။
အပိုင်း (၇၉၉)
“ဆောင်းရာသီနဲ့ နွေရာသီကြားက သေခြင်း ရှင်ခြင်း အခိုက်အတန့်။”
မေးခွန်းတွေက အရမ်းကို များလွန်းနေတယ်။ ဒါတွေက ယွိအာ ပျောက်ဆုံးသွားတဲ့ အဖြစ်အပျက်ကြီးရဲ့ အဓိက သော့ချက်တွေနဲ့ တူတယ်။
စိတ်ထဲမှာ မေးခွန်းတွေ များလွန်းလို့ ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်မိတယ်။ တစ်ချို့ မေးခွန်းတွေရဲ့ အဖြေကို သူလုံး၀ စဉ်းစားလို့ မရသေးဘူး။
ဥပမာ၊ ရန်တိမ် တပ်ဖွဲ့ကြီးက ဆယ်မိုင်ရေကန်မှာ ဘယ်လို တိုက်ခိုက် ခဲ့ကြတာလဲ။ သူတို့တွေ ဘယ်လိုများ သေဆုံး ကြတာလဲ။ နတ်ဆိုးနဲ့ မိစ္ဆာမျိုးနွယ်တွေ ဘယ်လောက်အထိ ဆုံးရှုံး ခဲ့ကြတာလဲ။
တိုက်ပွဲကို မျက်မြင်တွေ့ခဲ့တဲ့ သူတွေတောင် ဒါကို အသေးစိတ် သိဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ မေးခွန်းတွေ အားလုံးကို ဆက်တိုက် လှည့်ပတ် စဉ်းစားပြီးတော့ အမှန်တရားကို တွက်ချက်ရတယ်။ ကိစ္စတွေကို ပိုပြီးတော့ လွယ်ကူအောင် လုပ်ရတယ်။
ခေါင်းဆောင်လန် အနားယူရတဲ့ အချိန် အခိုက်အတန့်ကို မေ့ထားလို့ ရတယ်။ နောက်ဆုံးတော့လည်း ဘယ်သူမဆို အသက်ကြီးတာကြောင့် ဖျားနာတာကြောင့် သေနိုင်တယ်လေ။
သုခမိန် တစ်ယောက် ဖြစ်နေရင်တောင် ဒီလို သေဆုံးနိုင်တာပဲ။ ယွိအာနဲ့ ချင်းယီ ပြိုင်ပွဲမှာ ဘယ်လို အဆုံးသတ် သွားခဲ့ရတယ် ဆိုတာကိုလည်း သိဖို့ မလိုဘူး။
ပြိုင်ပွဲရှိရင် အနိုင်အရှုံးလည်း ရှိမှာပဲလေ။ (အနိုင်ရတဲ့သူက အားလုံးကို ယူသွားတယ်) ဆိုတဲ့ အကြောင်းရင်းကို သူနားလည်တယ်။
အရေးအကြီးဆုံး မေးခွန်းကတော့ ယွိအာကို ဘယ်မှာ ဖမ်းထားတာလဲ။
ဒီမေးခွန်းက အရမ်းကို တိုက်ရိုက်ဆန်လွန်းလို့ ချင်းယီ ဖြေမှာ မဟုတ်ဘူး။ ထိုးနှက်ချက်ကလည်း ပြင်းတယ်လေ။ အရာအားလုံးက ပြန်ပြီးတော့ ညီမျှ သွားပြန်ပြီ။
ဦးနှောက်ခြောက်အောင် စဉ်းစား ပြီးတဲ့နောက် အချက်အလက်တွေ ပိုပြီးတော့ ထွက်လာတယ်။ တစ်ခု သေချာတာက ချင်းယီနဲ့ ယွိအာက ခေါင်းဆောင် နေရာ အတွက် ပြိုင်ဆိုင် ခဲ့ကြတယ်။ ယွိအာက ရှုံးနိမ့်ပြီးနောက် အကျဉ်းကျ ခံထားရတယ်။
နောက်ပြီးတော့ ယွိအာ ဘယ်မှာ အကျဉ်းချခံ ထားရမှန်း သိတဲ့သူ များများစားစား မရှိဘူး။ ချင်းယီနဲ့ ပြိုင်ဆိုင်နိုင်တဲ့သူ ဖြစ်တယ် ဆိုတည်းက ယွိအာရဲ့ ရာထူးကလည်း လင်းယွမ် မျှော်စင်မှာ မြင့်မားလိမ့်မယ်။
သူ့ကို သစ္စာရှိတဲ့ ထောက်ခံသူ အုပ်စုလည်း ရှိနေမှာပဲ။ ချင်းယီက လွဲပြီးတော့ ယွိအာ ရှိတဲ့ နေရာကို သိနိုင်တာ သူ့ရဲ့ သစ္စာ အရှိဆုံး နောက်လိုက်တွေပဲ ရှိလိမ့်မယ်။
ဒါပေမယ့် ဘယ်သူကမှ သူ့ကို ပြောမှ မဟုတ်ဘူး။ ချင်းယီက အရမ်းကို သတိကြီးတဲ့သူ။ ဟာကွက်တွေကို ချန်ရစ်ထားမှာ မဟုတ်ဘူး။
နေစမ်းပါအုန်း။
ဟာကွက် ဆိုတော့မှ။ ကန်ယွဲ့ကို ဘာဖြစ်လို့ သူ့ဘေးမှာ ထားထား ရတာလဲ။ ဘာဖြစ်လို့ အရမ်း ဂရု စိုက်ရတာလဲ။ ကန်ယွဲ့ရဲ့ ပုံစံအရဆိုရင် ယွိအာကို ချုပ်ထားတဲ့ နေရာ အကြောင်းကို သိနိုင်လောက်တယ်။
ချင်းယီက သူ့ရန်သူရဲ့ အစေခံကို သူ့ဘေးမှာ ထားထားတာ စပ်စုချင်စရာပဲ။ ဒါ့အပြင် ဒီအစေခံကိုလည်း သူ့ဆရာကို မကယ်တင်နိုင်အောင် လုပ်ထားသေးတယ်။ ဖန်ကျန်းရှီ စဉ်းစားပေမယ့် အဖြေထွက် မလာဘူး။
ချင်းယီက ကန်ယွဲ့ကို အရမ်း ကောင်းကောင်း မွန်မွန် ဆက်ဆံနေတာ သူ့စိတ်ထဲမှာ အပြစ်ရှိသလို ခံစား နေရလို့လား။ ဒါမှမဟုတ် ကန်ယွဲ့ရဲ့ အရည်အချင်းကို သဘောကျလို့လား။
တစ်ခုမှ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ချင်းယီရဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေ အပေါ် ဆက်ဆံတဲ့ ပုံကို စဉ်းစားကြည့်ရင် ပိုပြီးတော့ သိသာတယ်။ ဖန်ကျန်းရှီ အရမ်းကို စိတ်ရှုပ်ထွေး နေခဲ့တယ်။
သူ့ခေါင်းကို မူးနောက်တဲ့ အထိ သုံးပြီးတော့ စဉ်းစား နေပင်မယ့် နားမလည်နိုင်ဘူး။ ဒါကြောင့် တွေးနေတာ ရပ်လိုက်တယ်။
ဒါက သူ့ပုံစံပဲ။ ကန်ယွဲ့က ဒီပြဿနာကို ဖြေရှင်းဖို့ အဓိက သော့ချက်ပဲလေ။ ဒီတော့ ယွိအာ ဘယ်မှာလဲ ဆိုတာ ကန်ယွဲ့ကို မေးနိုင်ရင် ရပြီ။ ပြဿနာတွေ ရှင်းပြီးရင် ယွိအာကို ကယ်ထုတ်ရမယ်။
ဒီအချိန် လင်းမုပိုင်ကတော့ ချင်းယီရဲ့ တုံ့ပြန်ချက်ကြောင့် စိတ်တွေ ဂယောက်ဂယက် ဖြစ်နေခဲ့တယ်။ ဒေါသ ထွက်လွန်းပြီးတော့ နောင်တလည်း ရနေခဲ့တယ်။
တခြားတစ်ဖက်မှာတော့ ပင်းယန်က ငေးငေးငိုင်ငိုင် ဖြစ်နေခဲ့တယ်။ လင်းမုပိုင်နဲ့ ယွိအာကြားက သမိုင်းအပြင် ဆယ်မိုင် ရေကန် စစ်ပွဲကြီးရဲ့ အမှန်တရားထဲမှာ နစ်မြုပ် နေပုံပဲ။ ပတ်ဝန်းကျင်က ထူးဆန်းလာတယ်။ ဖန်ကျန်းရှီ ကန်ယွဲ့ကို စိုက်ကြည့်လိုက်တယ်။ ကန်ယွဲ့ကတော့ ချင်းယီရဲ့ နောက်ကျောကို အာရုံ စိုက်နေတဲ့ ပုံစံပဲ။
“ဟမ်။” ဖန်ကျန်းရှီ မျက်မှောင် ကြုတ်ပြန်တယ်။ ဒီအချိန် ချင်းယီက ဧကရာဇ် လင်းမုပိုင်ကို ဆူပူတော့တယ်။ ရည်ရွယ်ချက် ရှိရှိ ဖြည်းဖြည်းချင်း မသိမသာ အနားကပ် လာနေတယ်။
“လင်းမုပိုင် ယွိအာက နင် ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ ထိန်းသိမ်း ထားနိုင်ဖို့ ဘယ်လောက်တောင် ပေးဆပ် ခဲ့ရလဲ သိလား။ နတ်ဆိုး မျိုးနွယ် လက်ထဲကို ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ရောက်သွားတာတောင် နင်က မျက်နှာပြောင် တိုက်ပြီးတော့ ဒီနေရာမှာ ယွိအာကို လာရှာရဲ သေးတယ်ပေါ့။” ချင်းယီ ပြောရင်းနဲ့ ရှေ့တစ်လှမ်း တိုးလာတယ်။
“ငါ ငါ။” လင်းမုပိုင် ပြန်မပြောနိုင်ဘူး။ ချင်းယီကို ကြည့်ရင်းနဲ့သာ တုန်ယင် နေခဲ့တယ်။
“စစ်ပွဲထဲမှာ ဆရာက သူ့အသက်ကိုတောင် ရင်းပြီးတော့ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ အနိုင်မရအောင် ကာကွယ်ခဲ့တယ်။ ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေကြောင့် နောက်ဆုံးမှာ အသက်ဆုံးခဲ့ရတယ်။ ဒါတောင် နင်က လင်းယွမ် မျှော်စင်ကို လာဝံ့ သေးတယ်ပေါ့။” ချင်းယီ ဆက်ပြောတယ်။
“ငါ ခေါင်းဆောင်လန်ကို စိတ်ပျက် စေမိပါတယ်။ ဒါပေမယ့်၊”
“ဟန့်။ နင်က စိတ်ပျက် စေမိတယ်ပေါ့။ ဒါက နင့်ရဲ့ အပြစ်တွေကို ကျေစေဖို့ လုံလောက်မယ်များ ထင်နေတာလား။ နင်က လူသားမျိုးနွယ် တစ်ခုလုံးရဲ့ အပြစ်သားပဲ။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေက လူသားမျိုးနွယ် အတွက် ဘယ်လောက်တောင် အရေးကြီးလဲ နင်သိရဲ့လား။ လူသား မျိုးနွယ်တွေ မျိုးသုန်းသွားတာကို မြင်ချင်လို့လား။“
“လူသားမျိုးနွယ်တွေ မျိုးသုန်းတယ်။”
“ဟုတ်တယ်။ နတ်ဆိုး၊ မိစ္ဆာနဲ့၊ လူသားတွေရဲ့ စစ်ပွဲကို နင်မြင်ခဲ့ ပြီးပြီပဲ။ နတ်ဆိုးနဲ့ မိစ္ဆာတွေက အလွတ်ပေးမယ်များ မှတ်နေတာလား။ နင့်ကြောင့်သာ မဟုတ်ရင်၊ စစ်ပွဲလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ယွိအာလည်း အပြစ်ပေး ခံရမှာ မဟုတ်ဘူး။”
“အပြစ်ပေး ခံရတယ်။ အဲ့ဒီ့ စစ်ပွဲကြောင့် ယွိအာ အပြစ်ပေး ခံရတာလား။ ယွိအာ အခုလို ခံစား နေရတာတွေ အားလုံးက ငါ့ကြောင့်လား။” လင်းမုပိုင် တုန်ယင် သွားခဲ့တယ်။ ကြားရတာကို မယုံနိုင်ဘူး။
“မဟုတ်ရင် ဘာကြောင့် ဖြစ်တယ် ထင်နေတာလဲ။” ချင်းယီက ပြောရင်းနဲ့ လင်းမုပိုင် အနားကို ကပ်လာခဲ့တယ်။ “ယွိအာ လင်းယွမ် မျှော်စင်ကို ပြန်လာတဲ့ အချိန်မှာ သူ့ရဲ့ အပြစ်တွေကို ခွင့်လွှတ် ခံရပြီးပြီ။ ဆရာက သူ့ကို အကျဉ်းချထားဖို့ မရည်ရွယ်ခဲ့ဘူး။ သူ့ကို အသစ်တက်မယ့် ခေါင်းဆောင် ဖြစ်စေချင် ခဲ့တာ။”
“အဲ့တာကို ဘယ်များ ဖြစ်သွား ခဲ့တာလဲ။”
“အားလုံး နင့်ကြောင့်ပဲ။ ဒါတွေ အားလုံး ဖြစ်လာတာ နင့်ကြောင့်ပဲ။ ယွိအာမှာ နင်နဲ့ရတဲ့ ကိုယ်ဝန် ရှိနေတာကို ဆရာ သိသွားတယ်။ ဒါပေမယ့် လင်းယွမ် မျှော်စင်ရဲ့ စည်းမျဉ်းတွေကို နင်အစတည်းက သိသင့်တယ်။ ငါတို့ လင်းယွမ် မျှော်စင် တပည့်သားတွေ ခံစားချက်မဲ့ လမ်းစဉ်ကို လျှောက်လှမ်းရတယ်။ လူသားဆန်တဲ့ ခံစားချက်တွေ အားလုံးကို ပယ်ဖျက်ရတယ်။ လင်းယွမ် မျှော်စင်ရဲက ဆက်ခံသူ တစ်ယောက်က ကလေး ရှိနေတာ ဘယ်လိုများ ဖြစ်သင့်မှာလဲ။”
“ကလေး။ မင်း ပြောတာ ဟွားဖေးက ယွိအာကို ”
“ဟုတ်တယ်။ ဆရာက ယွိအာကို ကူညီပြီးတော့ အမှန်တရားကို ဖုံးထား ပေးခဲ့တယ်။ ပင်းယန်ကို မွေးခွင့် ပြုတဲ့ အပြင်၊ တပည့်သားတွေ အားလုံးကိုလည်း ပင်းယန်က အပြင်မှာ တွေ့လာတဲ့ ကလေးလို့ ပြောထားခဲ့တယ်။ ယွိအာကလည်း နောက်တက်မယ့် ခေါင်းဆောင် အဖြစ် လျာထား ခံခဲ့ရတယ်။ ဒါပေမယ့် နင့်ရဲ့ အသုံးမဝင်တဲ့ အကြံတွေကြောင့် ချန်ဖေးဟွားက လင်းယွမ် မျှော်စင်ကို ရောက်လာခဲ့တယ်။ လင်းယွမ် မျှော်စင်က မွေးကင်းစ ကလေး တစ်ယောက်ကို ခေါ်သွားနိုင်ဖို့ သူ့မှာအရည်အချင်း ရှိတယ်လို့များ နင်ထင်နေ တာလား။”
“ယွိအာက ဟွားဖေး လက်ထဲကို ပင်းယန်ရောက်အောင် ထည့်ပေး ခဲ့တာပေါ့။ ငါနဲ့ ပင်းယန် ပြန်ဆုံဆည်း နိုင်ဖို့ လုပ်ပေး ခဲ့တယ်ပေါ့။”
“ဟုတ်တယ်။ ဆရာ့ကို တောင်းပန်ပြီးတော့ ကြီးမြတ်သောရှ ဆီကို ပြန်ပို့ပေးချင်ခဲ့တယ်။ ဒါပေမယ့် နင့်ကြောင့် ယွိအာ ကလေး မွေးဖွားခဲ့တဲ့ သတင်းက အပြင်ကို ပျံ့သွားတယ်။ ဆရာတောင်မှ ယွိအာကို မကာကွယ် နိုင်တော့ဘူး။ ကောလဟာလတွေ ပျံ့နေတာကို ကာကွယ်ဖို့ အတွက် ဆရာက ဒီလို လုပ်ခဲ့ရတယ်။” ချင်းယီ တစ်ခုခု ပြောမိတော့မှာကို ထိန်းချုပ် လိုက်ပြီးတော့ ရုတ်တရက် ပါးစပ် ပိတ်လိုက်တယ်။
“ဘာ လုပ်ဖို့ လိုခဲ့တာလည်း။” လင်းမုပိုင် ရှေ့ထွက်လာတယ်။ သူနောက်ထပ် သည်းမခံ နိုင်တော့ဘူး။
ချင်းယီကတော့ ပြောဖို့ တွေေ၀ နေခဲ့တယ်။ အရမ်းကို နာကျင်ပြီးတော့ ခက်ခဲနေတဲ့ ပုံစံပဲ။
“မယ်တော်။” ပင်းယန်လည်း အမှန်တရားကို ကြားရဖို့ မစောင့်နိုင်တော့ဘူး။
ဒီအချိန်မှာတော့ လင်းယွမ် မျှော်စင် တစ်ခုလုံးက အရမ်းကို စိတ်ဆင်းရဲကောင်းတဲ့ နေရာတစ်ခုလိုပဲ။ လူတိုင်းက တိတ်တဆိတ် စောင့်ဆိုင်း နေကြတယ်။
ဖန်ကျန်းရှီလည်း အတူတူပဲ။
ချင်းယီ မေးခွန်းကို ဖြေမယ်လို့ မမျှော်လင့် ထားခဲ့ဘူး။
သူအမှန်ကို ပြောနေတယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် သေချာတာ တစ်ခုတော့ ရှိတယ်။ ခေါင်းဆောင်လန်က ချင်းယီထက် ယွိအာကို ခေါင်းဆောင် ဖြစ်စေဖို့ ပိုလိုလား တယ်။
အဓိက အကြောင်းအရင်းကြီးကို ချင်းယီက ရည်ရွယ်ချက် ရှိရှိနဲ့ ချန်ရစ် ထားခဲ့ရတဲ့ အကြောင်းရင်းကိုလည်း ဘယ်သူမှ မသိဘူးလေ။
လူတိုင်းကတော့ အဖြေကို စောင့်ဆိုင်း နေခဲ့တယ်။
ဒီအချိန်မှာပဲ ကောင်းကင် ကျဆင်းလာတဲ့ နေရောင်မှာ အပြောင်းအလဲ ဖြစ်တော့တယ်။ အရမ်းတော့ မတောက်ပဘူး။ ဒါပေမယ့် ရွှေရောင် ဓားရှည် တစ်ချောင်းနဲ့ တူတယ်။ နောက်ပြီးတော့ ဒါက ဖန်ကျန်းရှီရဲ့ ခေါင်းကို ဦးတည် နေခဲ့တယ်။
“အမ် ငါ့ကိုလား။ သေစမ်း။” ချင်းယီ ဖြေမှာကို စောင့်နေပင်မယ့် အန္တရာယ် အငွေ့အသက်ကို သူချက်ခြင်း သတိထားမိတယ်။ ဒါကြောင့် ကျိန်ဆဲ မိတော့တယ်။
ချင်းယီကတော့ လှုပ်ရှား ပြီးပြီ။ အလင်းတန်း ကျလာတဲ့ အချိန်မှာပဲ ပျောက်ကွယ် သွားပြီးတော့ ဖန်ကျန်းရှီရဲ့ ဘေးကို ရောက်လာတယ်။
“သေပေရော့။” အနားကပ်ပြီး ခပ်တိုးတိုး ပြောတယ်။
သူမရဲ့ လက်တွေက တစ်ချိန်တည်းမှာပဲ ရွှေရောင် အလင်းလုံးတွေနဲ့ တောက်ပ လာတော့တယ်။ ရွှေရောင် အလင်းလုံး နှစ်ခုက အရမ်းကို ထူးခြားတယ်။ တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ ပန်းချီကားတွေ ပါဝင် နေခဲ့တယ်။
တစ်ခုကတော့ တောင်ကြီး တစ်လုံးပေါ်မှာ ငှက်တွေ ပျံသန်း နေပြီးတော့ ဖြူဖွေးတဲ့ ရေတံခွန်က စီးဆင်းနေခဲ့တယ်။ နောက်ဆုံးမှာတော့ ကျောက်စိမ်းရေကန်ကြီးထဲကို ကျဆင်းသွားတယ်။ ဒါက သဘာ၀ ပန်းချီကား တစ်ချက်ပဲ။
နောက်တစ်ခုကတော့ နှင်းဖုံး ရေခဲ ဒေါသကြီး နောက်ထပ်တောင်နဲ့ ရေတံခွန် ပန်းချီကားလည်း ရှိနေတယ်။ ဒါပေမယ့် ရေတံခွန်က ခဲနေခဲ့တယ်။ ရေခဲ ကျောက်စိုင်တွေ ပုံစံနဲ့ လေထဲမှာ တန့်နေခဲ့တယ်။
ပန်းချီကား နှစ်ချပ်။
နှစ်ခုလုံးက တစ်နေရာတည်း ဒါပေမယ့် သဘောသဘာ၀ ကွာခြားတယ်။ တစ်ခုက နွေဦး၊ တစ်ခုက ဆောင်းရာသီ။
ချင်းယီက ဒီရွှေရောင် ဘောလုံး နှစ်ခုကို ဖန်ကျန်းရှီရဲ့ ခေါင်းနဲ့ နှလုံး တည့်တည့်ကို ပြစ်ထည့်လိုက်တယ်။ အရမ်းကို နီးကပ်ပြီးတော့ မြန်ဆန်တယ်။ ဒါက အလစ်ဝင်တိုက်တာပဲ။
လင်းယွမ် မျှော်စင် ခေါင်းဆောင်ရဲ့ အလစ်တိုက်ကွက်။ ဒါကို ပြင်ဆင်နေတာ အချိန် အတော်ကြာပြီမှန်း သိသာတယ်။
“သေစမ်း။ ဖန်ကျန်းရှီ မြန်မြန်ရှောင်။” လင်းမုပိုင်ကတော့ ဒီလှုပ်ရှားမှုကို အရင်ဆုံး သတိထားမိတယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ သူ့ခန္ဒာကိုယ်ကို သုံးပြီးတော့ နောက်တစ်ခေါက် ကာကွယ် ပေးလိုက် ပေမယ့် ချင်းယီက မြန်လွန်းနေတယ်။ ပင်းယန်လည်း အတူတူပဲ။
“ဖန်ကျန်းရှီ။” ပင်းယန် အော်လိုက်ရင်း သူမရဲ့ ရဲရဲတောက် ချီလင်လှံနဲ့ ချက်ခြင်း ထိုးချတယ်။ ကြက်သွေးရောင် မီးတောက်တွေနဲ့ လှံထိပ်က ရွှေရောင် အလင်းတန်း ဆင်းသက် လာခဲ့တယ်။ ဒါပေမယ့် တစ်စင်တီမီတာ အကွာမှာ ရပ်တန့် သွားတယ်။
ဒီတစ်စင်တီမတာက မိုးမြေကြားက ကွာခြားမှုလိုပဲ။ သူမရဲ့ လှံက ဖန်ကျန်းရှီရဲ့ ခေါင်းနဲ့ နှလုံးကို ဦးတည်တဲ့ ရွှေရောင် အလင်းလုံးတွေကို မတားနိုင်ခဲ့ဘူး။
အပိုင်း (၇၉၉) ပြီး၏။
အပိုင်း (၈၀၀)
“ချိတ်ပိတ်မှု နောက်က အမှန်တရား။”
“မဖြစ်ဘူး။” ပင်းယန် သူ့ရဲ့ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားခဲ့တယ်။ သူမ ဒီ့ထက် ပိုပြီးတော့ အရှိန်မြန်ဖို့ မျှော်လင့် နေခဲ့တယ်။ သူမကိုယ် သူမ စတေးရမယ်ဆိုရင်တောင် ဒါကို တားဆီး ချင်ခဲ့တယ်။ ဒါပေမယ့် သူမက သန်မာတဲ့ သုခမိန် တစ်ယောက် အဆင့်ပဲ ရှိတာလေ။ ဒီတော့ ဒါက သူမရဲ့ အမြန်ဆုံး အရှိန်နှုန်းပဲ။
တကိုယ်လုံးကို ဒေါသတွေ အမုန်းတရားတွေ စိတ်ပျက်မှုတွေ ဖုံးလွှမ်း နေခဲ့တယ်။
အခြေအနေတွေ ပိုကောင်း လာပြီလို့ တွေးထင် မိခဲ့ပေမယ့်၊ မျက်တောင် တစ်ခတ်အတွင်း လုံးဝကို ဆိုးဝါးတဲ့ အခြေအနေ ရောက်သွားမယ်လို့ မထင်မိ ခဲ့ဘူး။
သူတို့တွေ သတိလက်လွတ် ဖြစ်လွန်းခဲ့တယ်။
လင်းယွမ် မျှော်စင် ခေါင်းဆောင်က ဘယ်လိုကြောင့်များ အတိတ်အကြောင်းကို ဒီလောက် စကား အများကြီး ပြောနေမှာလဲ။ ဒါပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားစရာ ကောင်းလွန်းတော့ သူမ ဆက်ပြီး နားထောင် ချင်မိ ခဲ့တယ်လေ။
ဒီအခိုက်အတန့်မှာ အချိန်တွေ အားလုံး ရပ်တန့် သွားသလိုပဲ။ ပင်းယန် ဘာကိုမှ မကြားရတော့ဘူး။ သူ့စိတ်ထဲမှာ ချင်းယီရဲ့ အလစ်ဝင်တိုက်မှုကို မကာကွယ် နိုင်တဲ့ အတွက် အပြစ်တင်သံတွေသာ ရစ်ဝဲ နေခဲ့တယ်။ သူမရဲ့ စကားကြောမှာ မျောမိတဲ့ အဖြစ်ကို စိတ်ပျက်နေတယ်။
ရွှေရောင် အလင်းတန်း ကျဆင်းလာတာကို ကြည့်ရင်း နောင်တတရားတွေ ပြည့်နှက် နေခဲ့တယ်။ ဒါပေမယ့် သူမ မျက်လုံးတွေကို မပိတ်ခဲ့ဘူး။
ဖန်ကျန်းရှီကတော့ ကျဆင်းလာတဲ့ နေရောင်ကို ခုန်ရှောင်တယ်။ သူက တကယ့်ကို မြန်ဆန်တယ်။ နောက်ကို ခုန်ဆုပ်လိုက်တဲ့ အတွက် ပင်းယန်ရဲ့ ဘေးကို သူရောက်လာခဲ့တယ်။
ပင်းယန် သူ့ခါးကို လာဖက်တဲ့ လက်မောင်းတစ်ဖက်ကို ခံစား မိလိုက်တယ်။
“အရူးမ။” မသဲမကွဲ အသံတစ်သံကို သူမကြားရ ပြန်တယ်။ ရင်းနှီးနေတဲ့ စိတ်ကို အေးချမ်းစေတဲ့ အသံ။ ရေခဲကန်ဘေးမှာ တစ်ည အိပ်ခဲ့တဲ့ ညကလို စိတ်ကို လုံခြုံစေတဲ့ အသံ။
“ဒီ အရှက်မရှိတဲ့ ကောင်စုတ်က ငါ့ကို ကယ်လိုက်တာလား။” ပင်းယန် အတော့်ကို လန့်သွားခဲ့တယ်။ သူမက သူ့ကို ကယ်ဖို့ အကောင်းဆုံး ကြိုးစားနေချိန်မှာ၊ သူကလည်း သူမကို ကယ်ဖို့ ကြိုးစားနေခဲ့တယ်။
ဒီအခိုက်အတန့်က တစ်ခဏလေးပေမယ့်၊ ပင်းယန် စိတ်ထိခိုက် သွားခဲ့ရတယ်။
တစ်ခါတစ်လေမှာ သူတို့တွေ စရိုက်ချင်း မတူညီတာလည်း ကိစ္စမရှိဘူး။ သူတို့တွေက တစ်ယောက် အသက်အန္တရာယ်ကိုပဲ တစ်ယောက်က ပိုစိုးရိမ်ကြတယ်။
ချင်းယီကလည်း အရှိန် မလျော့ခဲ့ဘူး။ ပိုပြီးတော့ မြန်ဆန်လာတယ်။ ဖန်ကျန်းရှီနဲ့ ပင်းယန်ဆီကို တည့်တည့် ပြေးဝင်တယ်။ သူမလက်ထဲက ရွှေရောင် အလင်းလုံးကလည်း ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ တကယ့်ကို နီးကပ်နေခဲ့ပြီ။
“ခေါင်းဆောင်။ မင်းကိစ္စ တစ်ခုကို တွေးဖူးလား။ မင်းဒီလို အလစ်ဝင်တိုက်မှာကို ငါစောင့်နေခဲ့တာ ကြာလှပြီ။” ဖန်ကျန်းရှီ ချင်းယီကို ပြောရင်း ပြုံးလိုက်တယ်။
“ဟမ်။” ချင်းယီရဲ့ အမူအယာက တောင့်တင်း သွားခဲ့တယ်။ အရှိန်လည်း နည်းနည်း လျော့သွားခဲ့တယ်။ ဒီလို အချိန် ခဏတာလေးက ဖန်ကျန်းရှီကို လွတ်ထွက် သွားစေခဲ့တယ်။
“ထင်ထားတဲ့ အတိုင်းပဲ။ သတိကြီးတဲ့ လူတွေက ပိုပြီးတော့ သံသယလွန်တတ် ကြတယ်။ ငါ့အသက်ကို ချမ်းသာပေးတဲ့ အတွက် ကျေးဇူးပါ ခေါင်းဆောင်။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ပျောက်ကွယ် သွားခဲ့တယ်။ သူ့ကို ဘယ်မှာမှ မတွေ့ရ တော့ဘူး။
ပင်းယန်လည်း သူနဲ့ အတူ ပျောက်ကွယ်သွားတယ်။
တစ်ခဏတာ အချိန်အတွင်းမှာ၊ ပင်းယန်က မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ လွင့်မျော နေခဲ့တယ်။ မြေလျှိုးနေသလိုပဲ။
အရမ်း မြန်လွန်းတာကြောင့် အမြင် အာရုံတွေတောင် ေ၀ဝါး ကုန်ပြီ။
နောက်တစ်ခေါက် ပြန်မြင်ရချိန်မှာတော့ သူမက လင်းယွမ် မျှော်စင်ရဲ့ ရှေ့တည့်တည့်ကို ပြန်ရောက် နေပြီ။ သူမရှေ့မှာ ရပ်တန့် နေတဲ့ လူတစ်ယောက် ရှိခဲ့တယ်။ သူမကလည်း မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။
ဒါကတော့ ကန်ယွဲ့။
ချင်းယီ တိုက်ခိုက်တဲ့ အချိန်က စပြီးတော့ ကန်ယွဲ့ရှေ့ကို ရောက်လာချိန် အထိ အရမ်းကို မြန်ဆန်လွန်း ခဲ့တယ်။ ဘယ်သူကမှ အချိန်ကိုက် မလှုပ်ရှား နိုင်ခဲ့ဘူး။
“ဒါက သူ့ရဲ့ အင်အား အစစ်လား။” ပင်းယန် နောက်ဆုံးမှာတော့ သူတို့ ကြားက အင်အား ကွာခြားချက်ကို ဘယ်လိုမှ လိုက်မမှီနိုင်မှန်း နားလည် သွားရတော့တယ်။
…
ပင်းယန် တွေးနေတာကိုတော့ ဖန်ကျန်းရှီ မသိခဲ့ဘူး။ သူတကယ်ပဲ ချင်းယီ အလစ်ဝင်တိုက်မှာကို စောင့်နေခဲ့တာ ကြာလှပြီ။ အားလုံးက ကန်ယွဲ့ကိုပဲ ကျေးဇူးတင်ရမယ်။ ကန်ယွဲ့က စိတ်ရှုပ်နေတဲ့ ပုံစံနဲ့ ချင်းယီနဲ့ နောက်ကျောကို စိုက်ကြည့် နေတာကြောင့် အလစ်ဝင်တိုက်မှာကို သူပိုပြီး သေချာခဲ့တယ်။
အလစ်ဝင်တိုက်တာတဲ့။
ဒါက ဖန်ကျန်းရှီရဲ့ အထူး ကျွမ်းကျင် မှုကြီးလေ။
ဒါကြောင့် အလွယ်လေး ရှောင်ရှား မနေတော့ဘူး။ ချင်းယီက ပြဇာတ် ကချင်နေမှတော့၊ သူလည်း သူမရဲ့ အပျော်တွေကို မဖျက်စီးတော့ပါဘူး။ အစကတော့ ဒီအခွင့်အရေးကို သုံးပြီးတော့ ကန်ယွဲ့ကို ဖမ်းမလို့။ ကန်ယွဲ့က ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ အရင်းအမြစ် ဖြစ်နေခဲ့တယ်လေ။
ဒါပေမယ့် ပင်းယန်က သူ့ကို ကယ်ဖို့ တဇွတ်ထိုး ပြေးဝင် လာမယ်လို့ မမျှော်လင့် ထားမိခဲ့ဘူး။ ရင်းနှီးနေတဲ့ ကူကယ်ရာမဲ့ ဖြစ်တဲ့ အခိုက်အတန့်တွေ ပြန်ရောက် လာပြန်ပြီ။ ဒါတွေကြောင့်ပဲ ပင်းယန် ပီသနေတာ ဖြစ်နိုင်တယ်။
စိတ်ထားက ရိုးရှင်းလွန်းတဲ့ ပြဿနာအိုး ခပ်ဆိုးဆိုး မင်းသမီး။ ဒီမင်းသမီးကပဲ သူနဲ့ အခက်အခဲတွေ အများကြီးကို အတူတူ ဖြတ်ကျော် ခဲ့ဖူးတယ်။ သူ့ကိုယ်သူ လူသား ဒိုင်းကာအဖြစ် သုံးပြီးတော့လည်း အကြိမ်ကြိမ် ကာကွယ် ပေးဖူးတယ်။ ဒါတွေအားလုံးက အရေးမကြီးပါဘူး။ သူ့ရဲ့ ဇာတ်ကွက်မှာ အပြောင်းအလဲ နည်းနည်း ဖြစ်သွားပေမယ့် ရလဒ်ကတော့ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။
မိစ္ဆာဆန်ဆန် ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေတဲ့ ဓားက ကန်ယွဲ့ဆီကို ရိုက်ခတ်တယ်။ ဒါပေမယ့် သူမကတော့ မတိုက်ခိုက်ပဲ ဒီအတိုင်း အညံ့ခံမယ့်သူ မဟုတ်ခဲ့ဘူးလေ။ တလက်လက် တောက်ပနေတဲ့ ငွေရောင် အလင်းတန်းက သူမ ခန္ဒာကိုယ်ပေါ်မှာ တောက်ပ လာပြန်တယ်။
“သွားသေစမ်း။” ကန်ယွဲ့က တစ်ချက်လေးတောင် မတွေဝေပဲ တိုက်ခိုက်တယ်။
ဖန်ကျန်းရှီ တစ်ယောက်တည်းသာ ဆိုရင်တော့ သူမချက်ခြင်း ထွက်ပြေးမှာပဲ။ လက်နှစ်ဖက်လုံး အားနေတဲ့ ဖန်ကျန်းရှီကို သူမ မယှဉ်နိုင်တာ သိတယ်လေ။ အခုတော့ ဖန်ကျန်းရှီက ပင်းယန်ကို လက်တစ်ဖက်မှာ သယ်ထားတယ်။ ဒါကြောင့် ကန်ယွဲ့ တိုက်ခိုက်တယ်။ အခုလို အခွင့်အရေးမျိုးက ရှားပါးတယ်လေ။
“ကြည့်ရတာ ကောင်းချီး မင်္ဂလာတွေကလည်း အသွင်ပြောင်းပြီး လာတတ်တာပဲ။” သူ့ကို လာတိုက်ခိုက်တဲ့ ကန်ယွဲ့ကို မြင်တော့ ဖန်ကျန်းရှီ ပြုံးလိုက်တယ်။
အကယ်၍ ကန်ယွဲ့သာ ထွက်ပြေးမယ် ဆိုရင် သူလိုက်ဖမ်း နိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး။ ဒါပေမယ့် ကြည့်ရတာ ပင်းယန်ကို သူခေါ်လာမိတဲ့ အတွက် ဒီပြဿနာက ရှင်းသွားတဲ့ ပုံစံပဲ။
ကန်ယွဲ့ ထွက်မပြေးတော့ဘူး။
“ကောင်းပြီလေ ဒီတော့ တိုက်ခိုက် ရတာပေါ့။” ဖန်ကျန်းရှီ နောက်တစ်ခေါက် ပျောက်ကွယ် သွားပြန်တယ်။ ကန်ယွဲ့ကို အရိပ် ရှစ်ခုက ဝန်းရံလိုက်တယ်။
နဂါးကကြိုး ရှစ်နယ်မြေ။
ဖန်ကျန်းရှီက ကန်ယွဲ့ကို မသတ်ချင်ဘူး။ သူ့ဓားအောက်မှာ သတိလစ်အောင် ထုထောင်း ပြစ်ချင်ရုံပဲ။
“ကန်ယွဲ့။” ချင်းယီရဲ့ ထိတ်လန့်တကြား အော်သံနဲ့ အတူ ရွှေရောင် အလင်းတန်းက တောက်ပ လာပြီးတော့ အရိတ်တစ်ခုကို တိုက်ခိုက်တော့တယ်။
ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ကန်ယွဲ့က ပင်းယန်နဲ့ ဖန်ကျန်းရှီ ရှေ့မှာ ဒူးထောက် နေခဲ့ပြီ။ သူမရဲ့ လည်ပင်းပေါ်မှာ ဓားတစ်ချောင်းက ရှိနေခဲ့တယ်။
ချင်းယီ လှုပ်ရှားနေတာကို ရပ်လိုက်တယ်။ သူမလက်ထဲမှာ ရှိတဲ့ ရွှေရောင် အလင်းလုံး နှစ်ခုက တောက်ပ နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီနဲ့ ခြေ၂လှမ်း အကွာမှာ သူမ ရပ်တန့် နေခဲ့တယ်။
“ခေါင်းဆောင်၊ ယွိအာကို ဖမ်းထားတဲ့ နေရာကို ပြောပြလေ။ ကန်ယွဲ့ကို အသက်ချမ်းသာပေးမယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။ ချင်းယီရဲ့ အမူအယာကို ကြည့်ရုံနဲ့တင် ဒေါသမီးတွေ တောက်လောင်နေတာ သိသာလွန်းတယ်။ ဖန်ကျန်းရှီကတော့ ဂရုမစိုက်ပါဘူး။ သူက ဒီလို အခြေအနေကြောင့် ဒေါသ ထွက်ရမယ့် သူမှ မဟုတ်ပဲ။
“အိပ်မက် မက်နေလိုက်။” ချင်းယီ အေးစက်စက် ပြန်ဖြေတယ်။
“ကောင်းပြီလေ။ ပြန်မဖြေမှတော့။ ကန်ယွဲ့ကို မေးရမှာပေါ့။” ဖန်ကျန်းရှီ ဒီလို ဖြစ်လာမှာ ကြိုသိပြီးသား။
“ဟန့်။ ငါပြောပြမယ်လို့ နင်တကယ်ပဲ ထင်နေတာလား။” ချင်းယီကို တစ်ချက် ကြည့်ရင်း ဖန်ကျန်းရှီကို ပြန်အော်တယ်။
သူမက တစ်ရက်တည်းနဲ့ ဖန်ကျန်းရှီ အနိုင်ယူတာကို ၂ခေါက်တောင် ခံလိုက်ရတယ်။ ကိစ္စတွေကို ပိုပြီးတော့ ဆိုးသွား စေတာက ဖန်ကျန်းရှီ လက်တစ်ဖက် မအားတာတောင် သူမကို အနိုင်ယူနိုင် နေတာပဲ။ ကန်ယွဲ့ တစ်ကိုယ်လုံး မကျေနပ်ချက်တွေ ပြည့်နေခဲ့တယ်။
ဘာကြောင့်လဲ။
မကြာခင် သေတော့မယ့် လူတစ်ယောက်က လအနည်းငယ် အတွင်းမှာပဲ သုခမိန် အဆင့်တက်သွားတာကိုလည်း နားမလည် နိုင်ခဲ့ဘူး။ နောက်ပြီးတော့ သူက ကြောက်စရာ ကောင်းလောက်အောင်ကို သန်မာနေတယ်။
“ဟဟား။ ယွိအာ ဘယ်မှာလဲ ဆိုတာ ဘာကြောင့် မပြောတာလဲ။” ဖန်ကျန်းရှီကတော့ ကန်ယွဲ့ရဲ့ ဒေါသတွေကို သတိ မထားမိတဲ့ အတိုင်း ရယ်မောရင်း ပြောတယ်။
“ဟန့်။ ဖန်ကျန်းရှီ နင့် ခေါင်းက လူရိုက်ခံ ထိထားတာလား။ ငါက ဘာဖြစ်လို့ ငါ့ဆရာသခင် ရှိတဲ့ နေရာကို ပြောပြ ရမှာလဲ။” ကန်ယွဲ့ ပြန်ပြောတယ်။
“ငါက မင်းရဲ့ ဆရာကို ကယ်တင် နိုင်တယ်လေ။ မင်းက သူ့ကို မကယ်ချင်ရင်တော့ မတတ်နိုင်ဘူး။ ကြည့်ရတာ မင်းရဲ့ ဆရာကို လွန်ခဲ့တဲ့ နှစ်တွေ အကြာကြီးတည်းက သစ္စာဖောက်ခဲ့ပြီးသားလို့ ငါပြောတာ မှန်နေခဲ့တဲ့ ပုံစံပဲ။”
“ငါ့ဆရာကို ကယ်တင်မယ် ဟုတ်စ။ နင်က။ ဟာသပဲ။ အရယ်ရဆုံး ဟာသပဲ။” ကန်ယွဲ့ အော်ဟစ် ရယ်မော နေခဲ့တယ်။
“ဘာလဲ ငါကယ်လို့ မရဘူးလား။”
“ကယ်လို့ ရတာပေါ့။ တကယ်တော့ နင် ပင်းယန်ကို သတ်လိုက် ရုံပဲ။ သူ့ကို သတ်လိုက်ရင် ဆရာရှိတဲ့ နေရာကို ငါချက်ခြင်း ပြောပြမယ်။”
“ဒါ ဖြစ်နိုင်မယ်လို့ မင်းထင်နေတာလား။”
“မဖြစ်နိုင်ဘူးလေ။ ဟုတ်တယ် ဟုတ်။ ပင်းယန်ကို သတ်တာက ငါ့ဆရာကို ကယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ငါပြောရင်ရော။” ကန်ယွဲ့က ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြောတယ်။
“ပင်းယန်ကို သတ်တာက ယွိအာကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်း။” ဖန်ကျန်းရှီ မျက်မှောင် ကြုတ်လိုက်တယ်။
“ဟုတ်တယ်။ ပင်းယန်က ငါ့ဆရာကို ချိတ်ပိတ်ထားတဲ့ စည်းပဲ။ နင်က သူ့ကို သတ်မှာလား။ ဟဟဟား။ ဒါဆိုရင် ဘာဖြစ်လို့ သူ့ကို ကယ်ဖို့ လာမှာလဲ။ ပင်းယန်ကို သတ်လိုက်ရင် ငါ့ဆရာလည်း တခါလည်း လွတ်သွားလိမ့်မယ်။” ကန်ယွဲ့က အရူးတစ်ယောက်လို အမူအယာနဲ့ ဆက်ပြောတယ်။ “ငါ ဘာဖြစ်လို့ သူ့ကို ဒီလောက် သတ်ချင်နေလဲ ဆိုတာ နင်နားလည် ပြီလား။”
“ငါက ငါ့မယ်တော်ကို ချိတ်ပိတ်ထားတဲ့ စည်းတဲ့လား။ ငါက မယ်တော်ကို အကျဉ်းချထားတဲ့ သူပေါ့။” ပင်းယန် ဒါကိုကြားတော့ ဖြူဖျော့ သွားခဲ့တယ်။ ဒါက အမှန်တရား ဆိုတာကို မယုံနိုင်ခြ့ဘူး။
“ပင်းယန်။ စိတ်ထဲမထားနဲ့၊ ဒါက ကန်ယွဲ့ ဇာတ်လမ်း ဆင်နေတာ။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်ထားရင်း ပြောတယ်။ ပင်းယန်ရဲ့ ခံစားချက်တွေ မတည်ငြိမ်တာကို သူခံစား မိတယ်လေ။
သူက တကယ့်ကိုပဲ ကန်ယွဲ့ရဲ့ စကားတွေကို အတည်မယူဘူး။ ဒါပေမယ့် ကန်ယွဲ့ရဲ့ ရူးသွပ်နေသလို အမူအယာကြောင့် သူမလိမ်တာကိုတော့ သိတယ်။ ပင်းယန်ကိုတော့ ဘယ်ပြောမလဲ။
ကန်ယွဲ့က လိမ်နေတာ မဟုတ်ရင်တောင်၊ ယွိအာကို ကယ်ဖို့ အတွက် ပင်းယန်ကို သူမသတ်နိုင်ဘူးလေ။ ဒါမျိုး အဖြစ်မခံ နိုင်ဘူး။
“ငါ့ရဲ့ ဇာတ်လမ်းတဲ့လား။ ဟဟား။ ဖန်ကျန်းရှီ နင်ဘယ်လောက် ထက်မြက်လဲ ငါသိတယ်။ ငါလိမ်နေတာ ဟုတ်မဟုတ် နင်သိမှာပဲ။ မဟုတ်ရင် ငါကဘယ်လိုများ ငါ့ဆရာသခင် မဟုတ်တဲ့ တခြားသူဆီမှာ တာဝန် ထမ်းဆောင်မှာလဲ။ ပင်းယန်ကို သူမွေးလာတည်းက ငါသတ်ချင်ခဲ့တယ်။ သူက ငါ့ဆရာသခင်ရဲ့ ချိတ်ပိတ်စည်း ဖြစ်လာတည်းက သူ့ကို အရမ်းမုန်းတယ်။ သူသေသွားပါစေလို့ အချိန်တိုင်း ဆုတောင်းခဲ့တယ်။ ဒါပေမယ့် ငါမသတ်နိုင်ဘူး။ ဘယ်လောက်ပဲ သတ်ချင်နေပင်မယ့်၊ သူက ငါ့ဆရာသခင်ရဲ့ ကလေးဖြစ်နေတယ်။ ငါဒီလို လုပ်လို့ မဖြစ်ဘူး။ ငါ့ဆရာသခင်က သူ့ကို ဘယ်လောက်ချစ်လဲ ငါသိတယ်။ အကယ်၍ ငါသာသူ့ကို သတ်လိုက်ရင်၊ ဆရာသခင်က ငါ့ကို တစ်သက်လုံး ခွင့်လွှတ်မှာ မဟုတ်ဘူး။
ကန်ယွဲ့ ဒါတွေကို ပြောပြီးတဲ့နောက် နှုတ်ခမ်းတွေကို ဖိကိုက် ထားတော့တယ်။ နှုတ်ခမ်းကနေ သွေးတွေ ယိုစီးကျလာတယ်။
“ဒါပေမယ့် နင်ကတော့ သတ်လို့ ရတယ်လေ။” ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ အဲ့ဒီ့နောက် လင်းမုပိုင်ကို လှည့်ကြည့်ပြန်တယ်။ “လင်းမုပိုင် နင်လည်း လုပ်လို့ ရတာပဲ။ ငါ့ဆရာကို ချစ်တယ်လို့ နင်ပြောတယ် မဟုတ်လား။ ပင်းယန်ကို သတ်လိုက်လေ။ ပင်းယန်ကို သတ်လိုက်ရင် ငါ့ဆရာလည်း လွတ်မြောက် လိမ့်မယ်။”
“အခြေအမြစ် မရှိတာတွေ။ ငါမင်းကို လုံး၀ မယုံဘူး။” လင်းမုပိုင်ရဲ့ အသံက အေးစက် နေခဲ့တယ်။
“ဟဟား။ လင်းမုပိုင် ငါမဟုတ်တမ်း တရားတွေ ပြောနေတယ်လို့ နင်ထင်လို့ ရတယ်။ ဒါပေမယ့် ချန်ဖေးဟွာ ပြန်လာတဲ့ အချိန်တုန်းက နင့်ကို မပြောခဲ့ဘူးလား။”
“ပါးစပ် ပိတ်ထားစမ်း။” လင်းမုပိုင် အရမ်းကို တုန်ယင် နေခဲ့တယ်။
“ဟဟား။ ငါထင်တဲ့ အတိုင်းပဲ။ နင်ဒါကို သိတယ်ပေါ့။ ချန်ဖေးဟွားက နင့်ကို သေချာပေါက် ပြောပြထားမှာပဲ။ ပင်းယန်ရဲ့ အသက်က လောကကြီး တစ်ခုလုံးရဲ့ လုံခြုံမှုနဲ့ ချည်နှောင်ထားတယ်လို့။ သူသာ ဒါကို မပြောခဲ့ရင်၊ ပင်းယန်ကို ရန်မြို့တော်မှာပဲ တစ်ချိန်လုံး နေခိုင်းတာမျိုး နင်ဘယ်လုပ်မလဲ။” ကန်ယွဲ့ ရယ်မောပြန်တယ်။
“ကန်ယွဲ့။ ငါမင်းကို တစ်သက်လုံး မယုံဘူး။” လင်းမုပိုင် ပြန်အော် ပြီးတဲ့နောက် ပင်းယန်ကို လှည့်ပြောတယ်။ “ပင်းယန်။ မယ်တော့်ကို မရှာနဲ့တော့။ ခမည်းတော်တို့ ကိုယ့်နိုင်ငံကိုယ် ပြန်ကြမယ်။ အရင်လိုပဲ ပြန်နေကြမယ်။”
“ခမည်းတော်။ သူပြောနေတာ အမှန်တွေ မဟုတ်လား။” ပင်းယန်ရဲ့ မျက်နှာက တည်ကြည် နေခဲ့တယ်။
“သူပြောတဲ့ မဟုတ်တမ်း တရားတွေကို နားမယောင်နဲ့။” လင်းမုပိုင် ဒေါသထွက်လာတယ်။
“ဒါပေမယ့် ရန်မြို့တော်ကနေ မထွက်သွားဖို့ ပင်းယန်ကို ဆယ်စုနှစ်ကျော်ကြာအောင် ထိန်းသိမ်းထားခဲ့တယ်လေ။ နောက်ပြီးတော့ လူတိုင်းကလည်း ပင်းယန် တစ်ခုခု ဖြစ်မှာကို အရမ်းကြောက်လန့် ကြတယ်။ ပင်းယန်သာ သေသွားရင်၊ လောကကြီး တစ်ခုလုံး ရှုပ်ထွေး သွားမယ်လို့တောင် ကောလ ဟာလတွေ ထွက်လာသေးတယ်။ နတ်ဆိုးမျိုးနွယ်တောင်။ ဟုတ်တယ်။ တောင်ပိုင်းဒေသမှာတုန်းက နတ်ဆိုးမျိုးနွယ်ရဲ့ သုခမိန် တဝက် ချန့်ယန်းတောင် ပင်းယန်ကို မသတ်ဝံ့ဘူး။ ပင်းယန်က မယ်တော့်ကို ချိတ်ပိတ်ထားတဲ့ စည်းဖြစ်နေလို့။ တကယ်တော့ သူတို့က ပင်းယန် သေမှာကို ကြောက်တာ မဟုတ်ဘူး။ မယ်တော့်ရဲ့ ဒေါသနဲ့ လက်စားပြန်ချေတာကို ကြောက်ကျတာ ဟုတ်တယ်ဟုတ်။”
အပိုင်း (၈၀၀) ပြီး၏။