← Chapters

အနီရောင် အခေါင်းတစ်ခု

Vol. 5 Ch. 57

အနီရောင် အခေါင်းတစ်ခု

Vol. 5 Ch. 57

ကျန်းရီသည် ပရိသတ်တွေရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့သည်။

ရှောင်ယု၏ အဖြစ်အပျက်သည် အစ်မချန်း၏ အဖြစ်အပျက်ဆီသို့ ဦးတည်သွားခဲ့သည်။

ရှောင်ယုက ချင်ကျိုးမြို့ မှာရှိတဲ့ အသုဘသဂြိုလ်ခန်းကို သွားဖူးတယ်လို့ ပြောဖူးတယ်။ အသုဘသဂြိုလ်အိမ်တွင် လူများစွာကို သူမ တွေ့ခဲ့ရသော်လည်း အဲ့မိသားစုင်များက သူမကို မမြင်နိုင်ပေ။

အသုဘသဂြိုလ်အိမ်ရှိ အအေးဓာတ်က သူမကို ကြောက်လန့်သွားစေပြီး မီးဖိုထဲရှိ မီးကလည်း သူမကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

သူတို့ပြောခဲ့တဲ့ သဂြိုလ်ခန်းက တစ်နေရာတည်း ဖြစ်နိုင်သလား။

ကျန်းရီသည် ရှောင်ယု ဖြစ်ရပ်တွင်ပါဝင်ပတ်သက်နေသည့် ရဲအရာရှိ ချင်းဟို ကို ဖုန်းခေါ်ဆိုတော့မည့် အခိုက်တွင် ချင်းဟိုက အရင်ဦးစွာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ မက်ဆေ့ချ်ပို့ခဲ့သည် - “ချင်ကျိုးမြို့ ရဲ့ အသုဘသဂြိုလ်ခန်းက မပြောင်းလဲသေးပါဘူး။ သူတို့က တစ်နေရာတည်းပဲ ဖြစ်မယ်ထင်တယ် “

ချင်းဟိုရဲ့ တုံ့ပြန်မှုကို မြင်တော့ ကျန်းရီက “အစ်မချန်း၊ အသုဘသဂြိုလ်ခန်းကို မောင်းသွားလိုက်ပါ။ အသုဘသဂြိုလ်ခန်းမှာ မင်းခင်ပွန်းကို သင်ပြပေးခဲ့တဲ့ အဲ့ဒီက ဆရာကြီးကို ရှာလိုက်တာ အကောင်းဆုံးပဲ”

“ကောင်းပါပြီ”

အစ်မချန်းက မငြင်းဘဲ ချင်ကျိုးမြို့က အသုဘသဂြိုလ်ခန်းကို မောင်းသွားလိုက်တယ်။

လမ်းနှစ်ဘက်ခြမ်းတွင် စိမ်းစိုသော သစ်ပင်များစိုက်ထားတဲ့ လမ်းလေးသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။

တစ်လမ်းလုံးမှာ လူတစ်ယောက်မှ မရှိနေခဲ့ဘူး၊အစ်မ ချန်း ရဲ့ တက္ကစီကပဲ ဖြည်းညှင်းစွာ မောင်းနှင်နေခဲ့သည်။

ခရီးတစ်ဝက်လောက်တွင် အစ်မ ချန်း ၏ အရှိန်သည် နှေးကွေးလာခဲ့သည်။ သူမက ရှေ့ကို ညွှန်ပြပြီး “ရှေ့နားလောက်ဆို အသုဘသဂြိုလ်ခန်းကို ရောက်ပြီ” လို့ ပြောလိုက်တယ်။

ကျန်းရီက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးအစ်မချန်းက တံခါးနားကို ရောက်သောအခါ သူမ ကားကို ရပ်လိုက်သည်။

ကားပေါ်က ဆင်းချိန်မှာတော့ အထဲမှာ မီးလုံးတွေ အများကြီး မရှိပေမယ့် အသုဘ ခန်းရဲ့ လေထုကို တမင်ချဲ့ကားထားခြင်း မရှိပါဘူး။

ဒါပေမယ့် မီးရောင်တွေ ပိုတောက်ပလာတဲ့အခါ အတွင်းထဲက ထူးဆန်းတဲ့အနံ့နဲ့ တိတ်ဆိတ်မှုက အစ်မချန်းကို စိတ်မသက်မသာဖြစ်စေခဲ့သည်။

“စကားမစပ် အစ်မချန်း မင်းခင်ပွန်းရဲ့ဆရာကြီးနဲ့ တွေ့ဖူးလား။”

“သူ့ကို ကျွန်မ တစ်ခါမှ မတွေ့ဖူးပါဘူး။ ကော်ဘိုမတော်တဆမှု ဖြစ်တဲ့အခါတုန်းက အသုဘသဂြိုလ်ခန်းကို ကိစ္စရပ်အချို့ကြောင့် ဆက်သွယ်ပြီး အဲဒီက တာဝန်ခံနဲ့ပဲ တွေ့ဆုံခဲ့တယ်။”

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး အစ်မချန်းက အသုဘသဂြိုလ်အိမ်ဆီသို့ လျှောက်သွားလိုက်သည်။ ခန်းမထဲမှာ ဝန်ထမ်းတွေရှိနေခဲ့တယ်။ အစ်မချန်း က ကော်ဘိုရဲ့ ဆရာကြီး နာမည်ကို သိတဲ့အတွက် “မင်္ဂလာပါ ဆရာဝူရှန်း အလုပ်ဆင်းသွားပီလား မသိဘူး?”

“မီးသင်္ဂြိုဟ်​​ ခန်းထဲမှာပါ”

“အိုကေ၊ ကျေးဇူးတင်ပါတယ်!”

အစ်မချန်းက မီးသဂြိုလ်တဲ့အခန်းကို သွားခဲ့လိုက်တယ်။

သိပ်မကြာခင်မှာပဲ ပြတင်းပေါက်နားက စားပွဲခုံမှာ ထိပ်ပြောင်နေတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတယ်။ ထိုလူသည် မည်းမှောင်သော မျက်နှာနှင့် ပိန်လှီသောအသွင်ရှိသည်။

စားပွဲမှာထိုင်ရင်း တစ်ခုခုကို တွေးနေပုံရသည်။ အစ်မ ချန်း က တံခါးဆီကို လျှောက်လာပြီး တံခါးခေါက်လိုက်တယ်။ ထို့နောက်တွင် ဆရာဝူရှန်းရဲ့ ဝင်လာရန် ခေါ်သံကြားလိုက်ရသည်။

အစ်မချန်း ကိုတွေ့တော့ ဝူရှန်း က သူမကို မမှတ်မိဘဲ “မင်းက ဘယ်သူလဲ” လို့ မေးလိုက်တယ်။

“ဆရာဝူ၊ ငါ့နာမည်က ချန်းယ ဖြစ်ပြီး ကျွန်မက ကောဘို ရဲ့ ဇနီးပါ။ ကော်ဘိုကို မှတ်မိသေးလား”

ဒါကိုကြားတော့ ဝူရှန်း အကြည့်တွေက အေးခဲသွားတယ်၊ ဒါပေမယ့် သူထပြီး တံခါးဆီ လျှောက်သွားလိုက်ကာ “ဒါဆို မင်းက ကော်ဘို ရဲ့ ဇနီးပဲ”

“ဟယ်လို ဆရာဝူ။ ဒါ မင်းကိုတွေ့တာ ဒါပထမဆုံးဘဲ။ ကျွန်မ ဆရာ့ကို နှောက်ယှက်သလို ဖြစ်နေမလား။”

ဝူရှန်းသည် အစ်မချန်း ၏ လက်ထဲတွင် လက်ကိုင်ဖုန်းကို မြင်လိုက်ရပြီး လက်ကိုင်ဖုန်းမှ ရံဖန်ရံခါ ထွက်လာသည့် သိပ်မကျယ်လှသော အသံများကိုလည်း သတိပြုမိသည်။

“မင်းရဲ့ လက်ကိုင်ဖုန်း…”

“အစ်မချန်း ငါ့ကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ မင်္ဂလာပါ ဆရာဝူပါ၊ ငါ့နာမည်က ကျန်းရီပါ၊ ငါက သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သတ်တဲ့ စတွင်မာတစ်ယောက်ပါ။ ဒါပေမယ့် စိတ်မပူပါနဲ့၊ အစ်မချန်း နဲ့ ကျွန်တော် ဖုန်းပြောနေတာပါ၊ တိုက်ရိုက် ထုတ်လွှင့်တာတွေ မလုပ်ပါဘူး၊ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ ထုတ်ဖော်ခံရမှာကို စိတ်မပူပါနဲ့။”

အစ်မချန်းကို ဆရာဝူက ခေါင်းညိတ်ပြလိုက်ပြီး “ကော်ဘိုကိစ္စကြောင့် မင်းဒီကို ရောက်လာတာလား?”

ဒီမေးခွန်းကြောင့် ကျန်းရီ ရဲ့အမူအရာက ခေတ္တရပ်သွားခဲ့ပါတယ်- “ဟုတ်ကဲ့၊ ကျွန်တော်တို့က မစ္စတာကော် ကိစ္စအတွက်ပါ။”

“ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ မင်းရဲ့ ဖုန်းကို ပေးပြီးတော့ အဲဒီ စတွင်မာကျန်း နဲ့ ငါနဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား၊ မင်း အပြင်မှာ ခဏလောက် စောင့်ပေးလို့ရမလား”

ဆရာဝူရဲ့စကားတွေက ကော်ဘို ရဲ့ကိစ္စက တကယ်ကို မရိုးရှင်းခဲ့ဘူးဆိုတာကို လူတိုင်းကိုသိစေခဲ့သည်။

အစ်မချန်း က တုံ့ဆိုင်းသွားသော်လည်း သူမသည် သဘောတူဆဲဖြစ်သည်။

ဆရာဝူသည် အစ်မချန်း ကို အပြင်သို့ ခေါ်ဆောင်သွားပြီးနောက် သူသည် မီးသင်္ဂြိုဟ်ခန်းထဲသို့ ဝင်ကာ တံခါးကို ပိတ်လိုက်သည်။

“ဟေး စတွင်မာကျန်း ငါမင်းကိုပြောမယ် ရှောင်ကော် မသေခင် နတ်ဆိုးဝိညာဥ် ပူးခဲ့တာဖြစ်မယ်!”

ဆရာဝူက သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ဤကဲ့သို့ ပြောလိုက်သည်။ ကျန်းရီက “ဆရာဝူ၊ စိတ်မလောပါနဲ့ ဖြည်းဖြည်းပဲပြောပါ။ မစ္စတာကော်ကို အပူးခံရတယ်လို့ ဘာလို့ထင်ရတာလဲ”

“ရှောင်ကော် က အရမ်းသတ္တိရှိတယ်၊ ဒါပေမယ့် သူက အသုဘသဂြိုလ်ခန်းမှာ အလုပ်လုပ်ဖို့ ဒီကိုလာခဲ့တာမဟုတ်ဘူးဆိုတာ ငါမြင်တယ်။

ဒါပေမယ့်လည်းကွာ၊ အသုဘသဂြိုလ်ခန်းမှာက အမြဲတမ်း လူမရှိတဲ့ အတွက်ကြောင့် ထိုအချိန်က အလုပ်အတွက် လိုအပ်ချက်က သတ္တိရှိပြီး ကျန်းမာရန်သာ လိုအပ်ခဲ့တယ်။

ရှောင်ကော်က ထိုလိုအပ်ချက်များနှင့် ကိုက်ညီပြီးတော့ သူက ငယ်ရွယ်ပြီး သန်မာသောကြောင့် ဝန်ထမ်းများက သူ့ကို ငါ့ထံ အပ်ခဲ့တယ်။”

“ရှောင်ကော် က သူဒီကိုရောက်လာတာနဲ့တပြိုင်နက် ဒီက အသိပညာတွေကို လိုချင်တောင့်တမှုကို ပြသခဲ့တယ်။

ဒီကနေရာမျိုးစုံမှာ သရဲတစ္ဆေရှိမရှိ သိချင်တယ်ဆိုပြီး မေးခဲ့တယ်။

ဟားဟား၊ ငါ သူ့ကို ဘယ်လိုပြောရမလဲ။ ဒါကြောင့် ငါ ဒီအကြောင်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ ယောင်ဝါးဝါးပဲ ပြောခဲ့တယ်။

အဲ့လိုနဲ့ ပြီးသွားခဲ့တယ်။

ပြီးတော့ သူဒီကို ပထမဆုံးရောက်တဲ့နေ့မှာ၊ သူ့မှာ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတယ်။”

“ဟမ်? ဘာက မှားနေတာလဲ?”

“အဲ့ဒါ။”

“ဘာလဲ?”

“ဦးနှောက်ပဲ!”

“အိုး…ကောင်းပါပြီး။ အသုဘသဂြိုလ်ခန်းမှာ အလုပ်လုပ်တဲ့ ပထမဆုံးနေ့မှာ သစ်ပင်အောက်မှာ တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောခဲ့တယ်လို့ မစ္စတာကော်က မင်းကို ပြောပြဖူးလား။”

“သူက အဲ့လိုပြောခဲ့တယ်၊ ဒီအဖြစ်အပျက်ကြောင့်ပဲ သူ့ကို နတ်ဆိုးဝိညာဥ်တွေ ပူးကပ်နေတယ်လို့ ကျွန်တော် တဖြည်းဖြည်း တွေးလာခဲ့တယ်!”

ဆရာဝူက သေချာပေါက် ကျိန်းသေပြောလိုက်သည်။ အဲ့တာကြောင့်ပဲ ကျန်းရီက အနည်းငယ် စိတ်ရှုပ်သွားသည်- “မင်းက အမြဲတမ်း နတ်ဆိုးဝိညာဥ်က သူ့ကိုပူးကပ်နေတယ်လို့ မင်းထင်နေခဲ့တယ်၊ ဒါဆိုဘာလို့ သူ့ဦးနှောက်က တစ်ခုခုမှားနေတယ်လို့ မင်းဘာလို့ ပြောတာလဲ။”

“ပထမဆုံးနေ့မှာ သူ ဒီကို လာတုန်းကတော့ တစ်ခုခု မှားနေပြီလို့ ကျွန်တော် ထင်ခဲ့ပေမဲ့ ဒုတိယနေ့ကစပြီးတော့ သူ့ကို ပူးကပ်ခံနေရတယ်လို ခံစားလိုက်ရတာ။”

ဆရာဝူပြောနေတာကို မနှောက်ယှက်တာ ပိုကောင်းတယ်လို့ ကျန်းရီက ခံစားလိုက်ရတယ်။ နှစ်ယောက်သား စကားစမြည်ပြောသည့်ပုံစံက တပြိုင်တည်း လုပ်ဆောင်ရန် ခက်ခဲနေပုံပေါ်သည်။

“ပထမညမှာ သူက အသုဘသဂြိုလ်အိမ်မှာရှိတဲ့ အရာအားလုံးကို အရမ်းစိတ်ဝင်စားပေမယ့် အဲဒီညက မီးသဂြိုလ်ဖို့ ဘယ်သူမှ မလာခဲ့တဲ့အတွက် သူနဲ့ကျွန်တော် ရုံးခန်းထဲမှာ တစ်ချိန်လုံး စကားစမြည်ပြောဖြစ်ခဲ့တယ်။

အချိန်အကြာကြီး စကားစမြည်ပြောပြီး ဗိုက်နာလာတာနဲ့ အိမ်သာတက်ဖို့ သွားခဲ့တယ်။

ကျွန်တော်ထွက်သွားတော့ ရှောင်ကော်ကို ရုံးခန်းထဲမှာ တစ်ယောက်တည်း နေရမှာကို ကြောက်လားလို့ မေးလိုက်တယ်။

သူကြောက်နေရင် ငါနဲ့အဖော်လိုက်ခိုင်းမယ်ပေါ့။

မကြောက်ခဲ့ရင် ငါ တစ်ယောက်တည်း အိမ်သာသွားမယ်ပေါ့”

“ဒါပေမယ့် သန့်စင်ခန်းရောက်တော့ တံခါးပိတ်ပြီး အိမ်သာထဲမှာ ငါထိုင်ချလိုက်တော့ ရှောင်ကော် ရောက်လာတာကို တွေ့လိုက်ရတယ်။ ဘယ်လိုမြင်လဲလို့ မမေးနဲ့၊ သန့်စင်ခန်းတံခါးအောက်မှာ ကွက်လပ်တစ်ခု ရှိနေတယ်။ အဲဒီအကွာအဝေးမှာ ဖြတ်လျှောက်သွားရင် မြင်နေရတယ်။ ငါရှောင်ကော်ရဲ့ ဖိနပ်ကို မြင်လိုက်ရတယ် ”

“ကျွန်တော် သူ့ကို ခေါ်ခါနီးမှာ ရှောင်ကော်က ရုတ်တရက် ဆီးတွင်းနားမှာ ရပ်လိုက်ပြီး ညီကို အသုဘသဂြိုလ်ခန်းမှာ မင်းအလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲလို့ မေးလိုက်တယ်၊ ဒါပေမယ့် ငါကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

ငါက စပ်စုရုံပါပဲ…., ရှောင်ကော်က ပြောလိုက်တယ်.. သုံးနှစ်ရှိပြီ? မင်းက အရမ်းသတ္တိရှိတာပဲ၊ ငါဒီကိုရောက်တုန်းက အပြင်ကလူတွေက ဒီအသုဘသဂြိုလ်အိမ်က သရဲခြောက်တယ်လို့ ပြောကြတယ်။”

“ရှောင်ကော်က လေထဲကို စကားပြောနေပုံရပြီး စာကြောင်းတစ်ကြောင်းပြီးရင် နောက်တစ်ခုပြောနေပုံရတယ်။

အဲ့ဒီအချိန်မှာ တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်တဲ့အတွက် ရေအမြန်ဆေးပြီး အပြင်ထွက်ရန် ဘောင်းဘီကို ကောက်ကိုင်လိုက်တယ်။ ငါမထင်ထားခဲ့တာက မတ်တပ်ထရပ်ပြီး တံခါးဖွင်မယ်လုပ်တော့ အဲ့တခါးအောက်ရဲ့ အပေါက်နားကနေ

ရုတ်​တရက်​ လက်​တစ်​ဖက်​က စီးကရက်​တစ်​လိပ်​ကို ကိုင်ထားပြီး ငါ့ကို ယူလိုက်ဖို့ပြော​တယ်​…”

“ဒါက ရှောင်ကော်ရဲ့လက်ဖြစ်တယ်ဆိုတာ သေချာပါတယ်၊ ပြီးတော့ ပေါ်လွင်နေတဲ့ အင်္ကျီတစ်ခြမ်းက သူ့အဝတ်အစားတွေပါ၊ ဒါပေမယ့် ကျွန်တော် စီးကရက်ကို မယူခဲ့ဘူး၊ သူ့ကိုတောင် ဂရုမစိုက်ခဲ့ဘူး။”

All Chapters