အဲ့ခေါင်းကို ကောက်လိုက်
Vol. 5 Ch. 60
ကျန်းရီသည် အရင်စပြောတုန်းက ကော်ဘိုရဲ့ အတွေ့အကြုံထဲတွင် သူပထမဆုံးပြောင်းလဲမှုက အသုဘသဂြိုလ်ခန်းထဲသို့ ပထမဆုံး အလုပ်စဝင်တဲ့အခါ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိခဲ့ပါသည်။
သို့သော် အသုဘသဂြိုလ်ခန်းတွင် အချိန်အတော်ကြာအောင် သူစတင်လုပ်ကိုင်ပြီးတဲ့နောက်တွင် အပြောင်းအလဲအချို့ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာပဲ ဆက်လက်လုပ်ကိုင်ခဲ့သည်။
ထိုနေ့မတိုင်ခင်အထိ ကော်ဘိုက ခေါင်းတလားအသေးလေးကို အွန်လိုင်းမှ မှာယူ ဝယ်ယူခဲ့သည်။
ယခုအချိန်တွင် အစ်မ ချန်း ကိုင်ဆောင်ထားသည့် အရာလေးသည် အလွန်သေးငယ်သော ခေါင်းတလားပုံစံလေးဖြစ်နေသည်။
ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ခေါင်းတလားက ပိုသေးလေလေ၊ စိတ်ထဲတွင် ပိုပြီးမသက်မသာ ခံစားနေရသည်။
"မြောင်…....!"
ထိုအချိန်တွင် ကြောင်နက်ကြီးသည် ရုတ်တရက် ထအော်လိုက်သည်၊ သူ့ရဲ့ အော်ဟစ်သံက အလွန်ရှည်လျားလှသည်။
အခေါင်းလေးကိုကြည့်ရင်း အစ်မချန်း ရဲ့လက်တွေ တုန်ယင်နေသည်။ ယခုအချိန်တွင် သူမ၏ စိတ်နေစိတ်ထားကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။
ဘာကြောင့်လဲဆိုတော့ သူ့ခင်ပွန်းက ဒီရုပ် အခေါင်းလေးကို ဝယ်ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။
"အပြင်ကိုထွက်လိုက်တော့!"
ပြတင်းပေါက်ဖွင့်ကတည်းက နှုတ်ဆိတ်နေသော ကျန်းရီသည် ထိုအခိုက်အတန့်တွင် အစ်မ ချန်း ကို အလောတကြီး တိုက်တွန်းလိုက်သည်။
အစ်မချန်းက တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကို လှမ်းကြည့်ကာ "ဘာကိုလဲ" ဟု မေးလိုက်သည်။
"အပြင်ကို ထွက်လိုက်တော့!"
"ဘယ်ကိုလဲ?"
"ပြတင်းပေါက်အပြင်ကို မြန်မြန်။"
ကျန်းရီ က ပြောလိုက်သည်၊ အစ်မ ချန်း က ဘာဖြစ်သွားမှန်း မသိပေမယ့် နားထောင်ပြီး အပြင်ကို ပြေးလိုက်သည်။
သူမ သန့်စင်ခန်းထဲက ပြေးထွက်လာပြီးတော့ မကြာခင်မှာပဲ သန့်စင်ခန်းတံခါးနားမှာ ရပ်နေတဲ့ ဆရာဝူကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ဆရာဝူသည် အလွန်စိတ်မသက်မသာ ဖြစ်နေပုံရသည်။ ရေချိုးခန်းထဲက ဖွင့်ထားတဲ့ ပြတင်းပေါက်ကို ကြည့်လိုက်ရင်း သူ့စိတ်တွေ တုန်ရင်နေတယ်။ အပြင်မှာ ကြောက်စရာကောင်းတဲ့ တစ်ခုခု ရှိနေပုံရသည်။
အစ်မ ချန်း သည် တံခါးပေါက်အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။ သူမ ပြေးနေရင်း၊ "မစ္စတာကျန်း ဘာဖြစ်တာလဲ၊ မင်း ဘာလို့ ငါကို့ရုတ်တရက် ပြေးခိုင်းရတာတုန်း" ဟု ကျန်းရီ ကို မေးလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသည်လည်း အလွန်သိချင်နေကြသည်- "ဟုတ်တယ်၊ စတွင်မာ တစ်ခုခုဖြစ်သွားလို့လား။"
ကြည့်ရှု့သူ A-"အဲဒါ ကြောင် ကြောင့် မဖြစ်နိုင်ဘူးလား။ အခုက ညနက်နေပြီလေ၊ အသုဘသဂြိုလ်အိမ်လိုနေရာမျိုးမှာ အနက်ရောင်ကြောင်တစ်ကောင်ကို မြင်နေရတာက အမြဲတမ်း ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး!"
ကြည့်ရှု့သူ B-"အထူးသဖြင့် ခုနက အသံကြီးက ကြောက်စရာကြီး!"
ကျန်းရီ ရဲ့အမူအရာက ဘယ်လိုဖော်ပြရမှန်း မသိဘူးဖြစ်နေသည်။ "အဲ့ကြောင်က အသေကြီး" ဟု တိုးတိုးလေးပြောလိုက်သည်။
အစ်မ ချန်း ၏ပြေးနေသောခြေထောက်များသည် ချက်ချင်းရပ်တန့်သွားပြီး တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ စကားပြောနေတာတွေလည်း ရပ်တန့်သွားသည်။
"အဲ့ကြောင်ရဲ့ ခန္ဓာကိုယ်ကို သွားရှာလိုက်ပါ။ ထွေထွေထူးထူးဘာမှ မဟုတ်ရင် သစ်ပင်မှာ ရှိနေမယ်ထင်တယ်။"
ကျန်းရီက အရေးမပါသော အရာတစ်ခုအကြောင်း ပြောနေပုံရသော်လည်း အစ်မ ချန်း နှင့် သူ့သမီးတို့မှာ အလွန်ကြောက်လန့်သွားကြသည်။
"အစ်မ ချန်း၊ မင်းအဲဒါကို လိုက်ရှာဖို့ မဝံ့ရဲဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အဲဒီကြောင်ကို မင်းတွေ့ခဲ့ရင် မင်းခင်ပွန်း ဘာကြောင့်သေသွားပြီးတော့ တစ်စုံတစ်ယောက်က မင်းကို မရဏကမ္ဘာကို ပို့ချင်နေရတာလဲဆိုတာ မင်းသိလာရလိမ့်မယ်။"
ကျန်းရီ၏ စကားများက ထိုကိစ္စ၏အမှန်တရားကို သူနားလည်နေပြီဖြစ်ကြောင်း ပြောပြနေပုံရသည်။
အမှန်တရားကိုရှာဖွေရန်၊ အစ်မ ချန်း သည် သတ္တိကို စုစည်းပြီးတော့ သွားလိုက်သည်။
အသုဘသဂြိုလ်ခန်းရှေ့တွင် ခုတ်ထစ်ထားသော သစ်ပင်တိုလေးတစ်ပင်ရှိနေသည်။ ကျန်းရီ က ကြည့်လိုက်ပြီးတော့ “ဒုတိယတန်းက တတိယမြောက်သစ်ပင်တိုလေးရဲ့ အရွက်တွေကို ဆွဲခွာလိုက်” လို့ပြောလိုက်သည်။
အစ်မ ချန်း သည် သူမ၏ တံတွေးကို မျိုချလိုက်ပြီး ထိုသစ်ပင်လေးဆီသို့ လျှောက်သွားခဲ့သည်။
စိမ်းစိုနေသော သစ်ပင်လေးကို လက်နှစ်ဖက်ဖြင့် ဆွဲခွာလိုက်သည်။
ချန်းချန်း သည် သူမကို မီးထိုးပြနေခဲ့ပြီး မီးရောင်အောက်တွင် သစ်ပင်ကနေ တွဲလောင်းကျနေသော အနက်ရောင် ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း ဖမ်းယူနိုင်ခဲ့သည်။
အဲဒါက ကြောင်ပါပဲ!
သူ့ရဲ့ အစွယ်နှစ်ချောင်းသည် အလင်းရောင်ဖျော့ဖျော့အောက်တွင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေပါစေ သူ့တွင် အသက်မရှိတော့ပေ။ ကြောင်နက်၏ မျက်လုံးပေါ်သို့ အလင်းရောင်ကျသွားသောအခါ ထိုမျက်လုံးများက တောက်ပနေသည်။ မသေခင်မှာ သူ့နားက သစ်ပင်တစ်ပင်ကို စိုက်ကြည့်နေပုံရသည်။
ကြည့်ရှု့သူ A-“ဒီကြောင်မျက်လုံးတွေက ဘာလို့ထူးဆန်းနေတာလဲ၊ ဘေးကသစ်ပင်ကိုကြည့်နေတာလား။”
ကြည့်ရှု့သူ B-“သေပြီးတာတောင် မျက်လုံးက တောက်ပနေတဲ့ ကြောင်တစ်ကောင်ကို တစ်ခါမှ မတွေ့ဖူးဘူး။ စတွင်မာရေ တစ်ခုခုများ မှားနေတာလား”
ကျန်းရီ က ပရိသတ်တွေ၏ စူးစမ်းလိုစိတ်ကိုသိပြီး ခေါင်းညိတ်ပြလိုက်သည် - “အစ်မချန်း ၊ အဲဒီသစ်ပင်ကိုဖွင့်ပြီး ကြည့်လိုက်ပါ၊ ဒါပေမယ့် မင်းမဖွင့်ခင် စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ် ဖွင့်ဖွင့်ခြင်း မျက်လုံးကိုမှိတ်ထားလိုက်ရင် ပိုကောင်းမယ်”
“ဦးလေး သမီး မကြောက်ဘူး။”
“ချန်းချန်းက လိမ္မာပါတယ် မျက်လုံးမှိတ်ထားလိုက်။”
ကျန်းရီ က ချန်းချန်း ကို မျက်လုံးမှိတ်ခိုင်းလိုက်သည် ကလေးမလေးကလည်း နာခံစွာနဲ့ မှိတ်ထားလိုက်သည်။
အစ်မ ချန်းက လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်းက သူမ၏ အကြီးမားဆုံးသော သတ္တိတွေကို အသုံးပြုခဲ့ပြီးတော့ သူ့ဘေးရှိ သစ်ပင်ကို ဖွင့်ဟခဲ့သည်။
“အား……!”
အစ်မ ချန်း သည် သစ်ပင်အတွင်း၌ ရှိနေသည့် အရာကို မြင်လိုက်သောအခါ အော်ဟစ်ခဲ့သည်။
သေချာတာကတော့ သူမဟာ သတ္တိရှိတဲ့အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး အနည်းဆုံးတော့ ကြောင်ကိုတွေ့တဲ့အခါတုန်းက မအော်ခဲ့ပါဘူး။
ဒါပေမယ့် ယခုအချိန်တွင် သူမ၏ ခံနိုင်စွမ်းသည် ပြိုကျနေပြီဖြစ်သည်။
သစ်ပင်ရဲ့အလယ်တွင် လူဦးခေါင်းတစ်ခုရှိနေသည်ကို သူမမြင်လိုက်ရသောကြောင့်ဖြစ်သည်။
သွေးမထွက်နေပေမဲ့လည်း အလွန်ဖြူဖပ်ဖြူရော်ဖြစ်နေသော ဦးခေါင်းတစ်ခုရှိနေသည်။ ထိုဦးခေါင်း၏ မျက်နှာသွင်ပြင်မှာ သူမနှင့် မရင်းနှီးသော်လည်း ထိုဦးခေါင်းသည် သိသိသာသာနဲ့ သူမကို ပြုံးပြနေသည်။
ထို ဦးခေါင်းရဲ့မျက်လုံးများသည် ကျဥ်းမြောင်းနေခဲ့သည် ။
အသံတိတ်နေသည်၊ ဒါပေမယ့် ထိုအရာက အသံထွက်တာထက် ပိုကြောက်စရာကောင်းနေခဲ့သည်။
ထိုခေါင်းက အစ်မ ချန်း ရဲ့လက်ထဲက လက်ကိုင်ဖုန်းကို သတိပြုမိပုံရပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။
ကျန်းရီ ၏ မျက်လုံးများနှင့် ဆုံတွေ့လိုက်သည့်အခိုက်တွင် မူလက အပြည့်အဝကို ပြုံးနေသော အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။
“ကျိုးရောင်၊ အဲ့ဒါ ကျိုးရောင်ပဲ!”
“မင်းက ဘာလို့ဒီကိုရောက်နေတာလဲ မင်းခေါင်းကရော ဘာလို့ဒီကိုရောက်နေတာလဲ!”
အခုမှ ရောက်လာတဲ့ ဆရာဝူက သူ့သေဆုံးမှု အခြေအနေကို လုံးဝ လက်ခံနိုင်ခြင်း မရှိသေးတာ သိသာပါတယ်။ သရဲတစ္ဆေတစ်ယောက် အနေဖြင့် အခြားတစ္ဆေတစ်ကောင်ကြောင့် ကြောက်လန့်နေလေသည်။
ဘာကြောင့်လဲဆိုတော့ ဤအသုဘသဂြိုလ်အိမ်ရှိ တားမြစ်ချက်တစ်ခုဖြစ်တဲ့ ကျိုးရောင်၏ ခေါင်းဖြစ်နေသောကြောင့် ဖြစ်သည်။ သူကတော့ သေပြီးတဲ့ ကလေးတွေရဲ့ အသားကို ရွေးစားတဲ့ ကျိုးရောင်ပါပဲ။
ဒါပေမယ့် မကြာခင်မှာပဲ ကျိုးရောင် ရဲ့ ခေါင်းက နောက်ပြန်လှည့်သွားသည်။ သူလှည့်လိုက်သည်နှင့် တပြိုင်နက် ကျန်းရီ ၏ အေးစက်သော အသံသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှ ထွက်ပေါ်လာသည် ။
“ငါ မင်းကို ပြန်လှည့်ခွင့်ပြုလိုက်လို့လား”
ခေါင်းက လှည့်နေရင်းနဲ့ ရပ်သွားပြီး ကျန်းရီ က “ပြန်လှည့်” ဟု ထပ်အော်လိုက်သည်။
ကျိုးရောင် သည် ခေါင်းကို ပြန်လှည့်ရုံသာ တတ်နိုင်ခဲ့သည်။ ပြန်လှည့်ကြည့်လိုက်သည်နှင့် ရုတ်တရက် ပါးစပ်ကို ဖွင့်ဟလိုက်သည် ။
သူ့ပါးစပ်က သိသိသာသာ ကြီးနေတာမဟုတ်ပဲ ဖွင့်ဟလိုက်တာနဲ့ သူ့လျှာကနေ တစ်ခုခု တွားသွားနေတာကို တွေ့လိုက်ရသည်။
အဲ့တာကတော့ ကျိုးရောင်ရဲ့ လျှာအရင်းကို အပြင်းအထန် ဆုပ်ကိုင်ကာ တွားထွက်လာရန် ကြိုးစားနေသော လက်သေးသေးတစ်ရံဖြစ်သည်။
“အဲ့တာက ကျိုးရောင်စားခဲ့တဲ့ ကလေးတွေမလား။ သူတို့ အပြင်ကို တွားထွက်ချင်နေကြတာလား!”
“စတွင်မာရေ ဒီကလေးတွေကို ကယ်ပါအုံး၊ သူတို့ ဝိညာဥ်တွေပါ အစားခံလိုက်ရတာလား?”
“ခေါင်းက ထွက်လာတယ်၊ ခေါင်းသေးသေးတစ်ခုက ပါးစပ်ကနေ ထွက်လာတယ်။”
ဤအခိုက်အတန့်တွင် ပရိသတ်တွေရဲ့ စိတ်ခံစားမှုတွေသည် အနည်းငယ် မတည်မငြိမ်ဖြစ်လာပြီး အစ်မ ချန်းဆိုရင်ဖြင့် အကြောက်လွန်သွားပြီး စကားတောင်မပြောနိုင်ပေ။
ဒါပေမယ့် ထူးဆန်းတာက ကျန်းရီ က ဆက်ပြီးတော့ကြည့်နေတာပါပဲ။ အချိန်အတော်ကြာ ကြည့်နေပြီးနောက်၊ သူက အစ်မ ချန်း ကို “အဲဒီခေါင်းကို ကိုင်လိုက်” လို့ ပြောလိုက်တယ်။
"ဘာ?"
"အဲ့ခေါင်းကို ကောက်ကိုင်လိုက်"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ငါမလုပ်နိုင်ဘူး... ငါတကယ်ကို မလုပ်နိုင်ဘူး!"
အစ်မ ချန်း က ငိုပြီး ခေါင်းခါလိုက်သည်။ ဒါပေမယ့် ကျန်းရီ က "လူတွေက သရဲတစ္ဆေကို ၃၀% ကြောက်ကြပြီး သရဲတစ္ဆေတွေက လူတွေကို ၇၀% ကြောက်ကြတယ်။
သရဲတစ္ဆေတွေကို ဘာလို့ကြောက်ကြတာလဲ။ ၎င်းတို့က အမြဲတမ်း မမြင်ရတဲ့အရာတွေပဲ ပြီးတော့ မမြင်နိုင်တဲ့ အရာတွေလည်းဖြစ်တယ်။ ဒါကြောင့် သူတို့ကို အမှန်တကယ် မြင်လိုက်ရတဲ့အခါ အဲ့သရဲတစ္ဆေတွေကို ကြောက်လန့်ကြတာ ဖြစ်တယ်။ သူတို့ကလည်း ငါတို့ကို ပြန်ကြောက်ကြတာပဲ။
အစ်မချန်း ခေါင်းကို ကောက်ကိုင်ပြီး မြေကြီးပေါ်ကို အားနဲ့ ပစ်ချလိုက်။"
"ဒါကို လုပ်မှ ရမှာလား?"
"မှန်တယ်။"
"အား…!"
အစ်မ ချန်း သည် ထိုအခိုက်အတန့်တွင် ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး ကျိုးရောင် ၏ ခေါင်းကို ကိုင်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထိုအချိန်တွင် ခေါင်းသည် အရိပ်တစ်ခုလိုပင် နားမလည်နိုင်စွာ ပျောက်ကွယ်သွားသည်။
သူရဲကောင်းဝတ္ထုတွေထဲကလို ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေနဲ့ မတူနေဘဲ ကျိုးရောင် ၏ ဦးခေါင်းသည် ယခုအချိန်တွင် တစ်ခါမှ မပေါ်လာဖူးသည့် ပုံစံဖြစ်နေသည်။
ပရိတ်သတ်တွေအကုန်လုံး ကြောင်သွားကြသည်။ အဲ့အချိန် ကျန်းရီက သစ်ပင်တွေဘက်ကို ကြည့်ပြီး " ကော်ဘို၊ မင်း ဘယ်လောက်ကြာကြာ ဆက်ရူးနေအုံးမှာလဲ။"