အမှောင်ထဲမှာ
Vol. 5 Ch. 61
“ကော်ဘိုမင်း ဘယ်အချိန်ထိ ဆက်ရူးနေအုံးမှာလဲ။"
ကျန်းရီ၏ စကားကြောင့် မူလက အကြောက်တရားဖြင့် ပြည့်နက်နေသောနေသော အစ်မ ချန်းသည် ချက်ချင်း အေးခဲသွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေကလည်း သူမလိုပဲ မေးခွန်းတွေနဲ့ ပြည့်နက်နေခဲ့တယ်။
ကော်ဘို?
သူက အစ်မချန်း ရဲ့ခင်ပွန်းမဟုတ်ဘူးလား။ သူက ဒီအဖြစ်အပျက်ရဲ့ အဓိကဇာတ်ဆောင်မဟုတ်ဘူးလား။
စတွင်မာရေ သူရူးသွားပြီဆိုတာ ဘာကိုဆိုလိုတာပါလဲ?
"မင်းရဲ့ ဇနီးနဲ့ သမီးကို လူချင်းတွေ့ဖို့ ထွက်မလာသေး ဘူးလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို အပြင်ကို ဖိတ်စေချင်တာလား"
ကျန်းရီ သည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို တိုက်ရိုက်ကြည့်နေသော်လည်း၊ ဆရာဝူနှင့် အစ်မချန်းကို မကြည့်နေပေ။
လေက ရုတ်တရက် ထတိုက်လာသည်။
လေတိုက်သည်နှင့် စိမ်းလန်းသောသစ်ပင်များ လှုပ်ခါသွားသည် ။
အစ်မ ချန်း နှင့် ချန်းချန်း တို့၏နောက်တွင် ငြိမ်သက်စွာ ရပ်နေသော ပုံရိပ်တစ်ခုရှိနေသည်ကို သူတို့ သတိမထားမိကြသေးပေ။
"အစ်မချန်း နောက်ပြန်လှည့်ကြည့်လိုက်ပါဦး။ ချန်းချန်းရေ သမီးမျက်လုံးတွေကိုဖွင့်ပြီး ကြည့်လိုက်ပါဦး။ သမီးအဖေ...သူ သမီးကိုတွေ့ဖို့ ဒီကိုရောက်လာနေပြီ"
ကျန်းရီကပြောလို့ပြီးရော အမေရော သမီးရော တစ်ချိန်တည်း လှည့်ကြည့်လိုက်သည်။
သူတို့နောက်မှာရပ်နေတဲ့ပုံရိပ်က ခေါင်းငုံ့ထားပေမယ့်၊ အစ်မ ချန်း နဲ့ သူ့သမီး နှစ်ယောက်စလုံးက သူတို့ရှေ့ကလူက သူ့ခင်ပွန်းနဲ့ သူ့အဖေဖြစ်တယ်ဆိုတာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။
"ယောကျာ်း?"
"ဖေဖေ!"
နှစ်ယောက်သား တစ်ချိန်တည်း အော်ခေါ်လိုက်ကြသော်လည်း ထိုလူက ခေါင်းမထောင်သေးပေ။
ကျန်းရီ က သူ့ကိုကြည့်ကာ အေးစက်စွာပြောလိုက်သည် " မင်းဒီလောက်ပြင်းထန်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ သေခြင်းတရားက မင်းကို နိုးထမလာစေခဲ့ဘူးထင်တယ်။ ဒီလိုဆိုရင် မင်း အခုနိုးသင့်ပီမဟုတ်လား"
အသံဆုံးသွားပြီးတဲ့နောက် ကော်ဘို သည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာက ငိုင်ငိုင်ကြီးဖြစ်နေပြီး မကြာခင်မှာ ရုတ်တရက် ဉာဏ်အလင်းရသွားသလိုပါပဲ။
"ချန်းရ? ချန်းချန်း?"
ကော်ဘို က အော်ခေါ်လိုက်တော့ အစ်မ ချန်း နဲ့ ချန်းချန်း က ချက်ချင်း သူ့ဆီ ပြေးထွက်လာတယ်။
ဒါပေမယ့်လည်း သူတို့က ကော်ဘို ရဲ့ ခန္ဓာကိုယ်ကို မထိဘဲ တိုက်ရိုက်ဖြတ်သွားခဲ့လေသည်။
ဒီမြင်ကွင်းက အမေနဲ့သမီးကို အံ့သြစေခဲ့သည်။ သူတို့ထပ်ကြိုးစားချင်သေးတာကိုတွေ့တော့ ကျန်းရီ က "မျက်နှာချင်းဆိုင်ပြီးပဲ ကြည့်လိုက်ပါ။ သူက မင်းတို့ကို မပွေ့ဖက်နိုင်သလို မင်းတို့လည်း သူ့ကို မပွေ့ဖက်နိုင်ဘူး" လို့ပြောလိုက်သည်။
ကော်ဘိုက သူ့မိန်းမနဲ့ သမီးကို လေးလေးနက်နက် ကြည့်လိုက်သည်။ ဒါပေမယ့် ကျန်းရီကိုတော့ ကြောက်ရွံ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
"အားလုံးကို မှတ်မိပီလား?" ကျန်းရီ က မေးလိုက်တယ်။
ကော်ဘိုက လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး သူ့ဇနီး၊ သမီးနဲ့ ဆရာကြီးဝူ ကို "တောင်းပန်ပါတယ်"
အစ်မ ချန်း၊ သူ့သမီး နဲ့ ဆရာဝူ တို့ အားလုံးက ဒီတောင်းပန်ပါတယ်ရဲ့ အဓိပ္ပါယ်ကို နားမလည်ကြသလို တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေတောင် နားမလည်ခဲ့ကြပါဘူး။
နားလည်တဲ့သူကတော့ ကျန်းရီ ဖြစ်သည်။ ကော်ဘို ကို မေးလိုက်သည် "ငါ့အတွက်လား မင်းအတွက်လား?"
ကော်ဘို သည် စကားပြန်မပြောဘဲ စကားမပြောရန် အနည်းငယ်ရှက်နေပုံရသည်။
"မင်းသေတာကြာခဲ့ပြီ၊ ဘာရှက်စရာရှိသေးလဲ" ကျန်းရီ က အေးစက်စွာပြောလိုက်သည်။
ကော်ဘိုက သူ့ခေါင်းကိုမော့လိုက်ပြီး ကျန်းရီ ကိုကြည့်ကာ "ငါဘာလို့ဒီလိုဖြစ်လာခဲ့တာလဲ ငါမသိဘူး၊ ဒါပေမယ့် ငါ့တစ်သက်မှာခံစားခဲ့ရတဲ့ဖိအားတွေကို လူဘယ်နှစ်ယောက်ကများ နားလည်နိုင်မှာလဲ"
“ငါက အဖေတစ်ယောက်၊ ခင်ပွန်းသည်တစ်ယောက်၊ သားမက်တစ်ယောက်၊ ပြီးတော့ သားတစ်ယောက်လည်းဖြစ်တယ်။ ကျွန်တော် ကြီးပြင်းလာတဲ့အခါ ကိုယ့်ကိုယ်ကို ပြောခဲ့တာက ဉာဏ်ရည်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ သားတစ်ယောက်ဖြစ်စေမယ်၊ မိဘတွေကို ကြည်ညိုလေးစားပြီး ဘဝကို ကောင်းကောင်း ဖြတ်သန်းရမယ်လို့ ကိုယ့်ကိုကိုယ် ကတိပြုခဲ့တယ်။ အိမ်ထောင်ကျပြီးချိန်မှာလည်း ခင်ပွန်းသည်အဖြစ်နဲ့ ဇနီးကို သူများတွေ မနာလိုဖွယ်ဘဝကို ပေးမယ်လို့ လျှို့ဝှက်ဆုံးဖြတ်ခဲ့တယ်။”
“ငါ့သမီးလေးမွေးတုန်းက သူ့ကိုကြည့်လိုက်တဲ့အခါ သူ့အတွက် နောက်ထပ်ပန်းတိုင်တစ်ခု ဖန်တီးခဲ့တယ်။
သူ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်စရာတွေပေးပြီး စိုးရိမ်စရာကင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းစေချင်ခဲ့တယ်။
ဒီ့အတွက် ကျွန်တော် ကြိုးစားခဲ့တယ်။
နေ့တိုင်းပဲ ကိုယ့်ကိုကိုယ် တွေးခဲ့တာက ငါ့ရဲ့အလုပ်က အရမ်းလွယ်တယ်လို့ ထင်ခဲ့တာ။
အိမ်မှာထိုင်ပြီး ကီးဘုတ်ပေါ်မှာ စာရိုက်နေရုံပဲ လေဒဏ်၊ မိုးရွာဒဏ်တွေလည်း မရှိဘူး။”
“ဒါပေမယ့် ပိုက်ဆံက ကောင်းကင်ကနေ ကျလာတာမဟုတ်ဘူး။
ငါလုပ်နိုင်တာတစ်ခုပဲ၊ အဲဒါက သရဲဇာတ်လမ်းတွေရေးဖို့ပဲ။
ဒါပေမယ့် တစ်နေ့မှာ ငါ့မှာ စာရေးစရာမရှိတာကို ရုတ်တရက်တွေ့လိုက်တဲ့အခါ၊ ဝင်ငွေပိုနည်းလာတဲ့အခါ၊ ကတ်ထဲက လက်ကျန်ငွေက တဖြည်းဖြည်းနည်းလာတဲ့အတွက် ဇနီးသည်ရဲ့မျက်နှာက စိုးရိမ်မှု ဒါမှမဟုတ်ပဲ ရန်ဖြစ်တာတွေပါ ဖြစ်လာတဲ့အခါ၊ မိဘတွေ အသက်ကြီးလာတဲ့အခါ၊ ဆေးဝါးအတွက် လစဉ်ပုံမှန်ထောက်ပန့်ဖို့ လိုနေတဲ့အခါမှာ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် အရမ်းကြောက်နေမိတယ်လို့ ခံစားလာရတယ်။”
“ကျွန်တော်က အရူးတစ်ယောက်လို ပိုက်ဆံရှာချင်ပြီး ချမ်းသာဖို့အတွက် တစ်ခုတည်းသော အရည်အချင်းကို အသုံးချခဲ့တယ်။
ဒါပေမယ့် ကျွန်တော်ရေးခဲ့တာတွေက အကြိမ်ကြိမ် ငြင်းပယ်ခံရတဲ့အခါ ပြီးတော့ အရှက်ပါရလာတဲ့အခါမှာ အဲဒီရလဒ်ကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။
ဒါပေမယ့် ကျွန်တော် လက်မခံနိုင်လည်း အဖြစ်မှန်ကို ရင်ဆိုင်ရမှာမို့ ကိုယ့်ကိုယ်ကို ဆက်ပြီး တွန်းအားပေးခဲ့တယ်။
ငါ့မိန်းမ အိပ်ပျော်သွားတဲ့အခါ ငါက ညသန်းခေါင်ကြီးမှာ အမြဲထခဲ့ပြီး စာကြည့်ခန်းထဲမှာပဲ ထိုင်နေခဲ့တယ်”
“မီးမဖွင့်ဘဲ အမှောင်ထဲမှာ တိတ်တိတ်လေး ထိုင်ပြီးတော့ ကိုယ့်ကိုကိုယ်အမှောင်ဝိုင်းနေတဲ့ ခံစားချက်ကို ခံစားလိုက်တယ်။
ဒါမှမဟုတ် ညနက်သန်းခေါင်မှာ ရံဖန်ရံခါ တိတ်ဆိတ်မှုကနေ ထွက်လာတဲ့ သိမ်မွေ့တဲ့ အသံတိုင်းကို နားထောင်လိုက်တယ်။
ဒီလိုနည်းနဲ့ ကျွန်တော့်ရဲ့ ဖန်တီးမှုကို တွန်းအားပေးချင်ခဲ့တယ်။
ဒီလို စိတ်အားထက်သန်မှုက ကျွန်တော့်ကို ချမ်းသာစေတဲ့ ဆောင်းပါးတွေရေးနိုင်စေခဲ့တယ်။
တဖြည်းဖြည်းနဲ့ ငါက အဲဒါကို စွဲလမ်းလာတယ်၊ မင်းလက်ချောင်းတွေကို မမြင်နိုင်လောက်အောင် မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်ကို ပိုချစ်လာပြီး စိတ်ဝိညာဉ်ရဲ့ တီးတိုးသံကို မင်းကြားနိုင်လောက်အောင် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ခုံမင်လာခဲ့တယ်”
“အဲဒီတုန်းက ငါ့ကိုယ်ငါ တကယ်ရူးနေပြီဆိုတာ ငါတောင်မသိလိုက်ဘူး။ အဲဒါကိုတောင် မကျေမနပ်ဖြစ်ပြီး ပိုစိတ်လှုပ်ရှားစရာတွေ ရှာဖို့အထိပါ ရူးသွပ်ခဲ့တယ် ။ အသုဘသဂြိုလ်ခန်းကို သွားအလုပ်လုပ်ခဲ့တယ်။ ပြီးတော့ ညသန်းခေါင်ကြီး သုသာန်ကိုသွားပြီး အုတ်ဂူတစ်ခုစီတိုင်းက ဓာတ်ပုံတွေကို လိုက်ကြည့်ခဲ့တယ်”
“အဲဒီတုန်းကသာ ငါ့ရဲ့ပြဿနာကို ငါရှာတွေ့ခဲ့မယ်ဆိုရင် ငါ ဒီလောက်စောပြီး သေမှာမဟုတ်ဘူး။ ဒါပေမယ့် ဘဝမှာ ဘယ်တော့မှ နောင်တအတွက် ဆေးဆိုတာ မရှိခဲ့ဘူး။ ရှိခဲ့ရင် ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဘယ်သူမှ ကိုယ့်ကိုကိုယ် သေလောက်အောင်အထိ ရူးမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား”
ကော်ဘို က ကျန်းရီ ကို မေးနေပြီး သူ့ကိုယ်သူလည်း မေးနေပုံရသည်။
အစ်မ ချန်း က ဒါတွေကိုကြားတော့ မျက်ရည်မဆယ်နိုင်တော့ပါဘူး။ ခင်ပွန်းသည်က မသေခင်မှာ ကြုံတွေ့ခဲ့ရတာတွေ အများကြီးရှိနေခဲ့မှန်း သူမ မသိခဲ့ပါဘူး။
အမှောင်ထဲမှာ ရှိနေတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာက ဘယ်လိုပုံစံလဲဆိုတာ သူမ တွေးကြည့်လို့တောင် မရပါဘူး။
အုတ်ဂူတစ်ခုစီရှိ ဓါတ်ပုံများကိုကြည့်ရန် ခင်ပွန်းသည်သည် ညသန်းခေါင်တွင် သုသာန်သို့သွားသည်ကို သူမ စိတ်ကူးတောင်မယဉ်နိုင်ခဲ့ပေ။
သူ ရူးသွပ်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ရတဲ့ အကြောင်းရင်းက သူသည် လမ်းလွဲနေခဲ့ပြီး အရင် ကော်ဘိုနဲ့ မတူတော့တာကြောင့်ပါပဲ။
ဒါပေမယ့် သူမ ဘာမှ မသိခဲ့ပါဘူး။ ခေါင်းအုံးတစ်လုံးကို အတူအုံးတဲ့သူတစ်ယောက် အနေနဲ့ သူမကို မင်းသမီးလေးလို အမြဲကာကွယ်ပေးခဲ့တယ်။ ခင်ပွန်းသည် ယူဆောင်လာပေးခဲ့တဲ့ ရက်ရောတဲ့ဘဝကို သူမ နှစ်သက်ပေမယ့် သူ့ရဲ့ စိတ်အခြေအနေနဲ့ အပြုအမူတွေကို ဘယ်တုန်းကမှ အလေးအနက် မစဉ်းစားခဲ့ပါဘူး။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်လို့ ပြောသင့်တဲ့သူက ကျွန်မပါ!” အစ်မချန်း က ကော်ဘိုကို ပြောလိုက်တယ်။
ကော်ဘိုက ခေါင်းယမ်းပြီး “မှန်တယ် မှားတယ်တော့ မရှိပါဘူး၊ ဒါပေမယ့် ငါက မှားနေတုန်းပဲ၊ ကိုယ်ချစ်တဲ့သူကို နာကျင်စေခဲ့တယ်။
ငါ့ကိုယ်ငါ အမြဲတမ်း ထိန်းပြီး အခြေအနေ ပိုဆိုးမလာအောင် တားဆီးနိုင်ခဲ့ရင် ငါသေခဲ့ရမှာ မဟုတ်ဘူး။
အခုတော့ တစ်သက်လုံး ဒုက္ခရောက်ရပြီ။
ငါတို့မိဘတွေ၊ ပြီးတော့ မင်းနဲ့ ချန်းချန်း ဟူး.....”
ကော်ဘိုက သက်ပြင်းရှည်ကြီးချလိုက်သည်၊ ပြီးတော့ ကျန်းရီ ကိုကြည့်လိုက်ကာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့အခန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး “ဒီအချိန်မှာ ငါ့ကို နိုးထအောင်လုပ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ငါထပ်ပြီး ရှုပ်သွပ်တဲ့ လုပ်ရပ်တွေ ထပ်လုပ်ပြီး ဆိုးရွားကြမ်းတမ်းတဲ့ သရဲတစ္ဆေဖြစ်ပြီး ဘယ်တော့မှ လူပြန်မဝင်စားနိုင်တော့မှာ မဟုတ်ဘူး။”
နောက်ဆုံးတော့ ကျန်းရီ က ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ် - “ဟုတ်တယ် မင်းထင်တာ လုံးဝမမှားဘူး။
မင်းက ရူးသွပ်တဲ့ အနေအထားနဲ့ သေဆုံးသွားပြီး သေပြီးတာတောင် သတိဝင်မလာခဲ့ဘူး။
မင်းက တစ္ဆေရူးပဲ။
မင်းက ကျိုးရောင် ကိုစားလိုက်တယ်၊ မင်းရဲ့ ရူးသွပ်တဲ့အခြေအနေမှာတောင် မင်းဟာ အရာရာတိုင်းကို ကိုယ့်အတွက်သာယူချင်နေတဲ့ အလွန်အတ္တဆန်တဲ့လူတစ်ယောက်လိုပဲ၊ ဒါကြောင့် မင်းရဲ့ဇနီးနဲ့သမီးကို ငရဲမှာပြန်ပေါင်းစည်းဖို့မျှော်လင့်ပြီးတော့ မင်းရဲ့ဇနီးနဲ့သမီးကို မရဏသွားတဲ့ လမ်းကို ခေါ်သွားခဲ့တယ်။”
“ဟုတ်ပါတယ် ခုချိန်ထိတွေးကြည့်မိရင်တောင် ကြောက်နေတုန်းပါပဲ။ တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် တစ်နေ့ ရူးနေတဲ့ တစ္ဆေ အဖြစ်ကနေ ရုတ်တရက် နိုးထလာရင် ကျွန်ေတာ်လုပ်ခဲ့တာတွေကို တစ်သက်လုံး ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။”
“ဒါဆို အသုဘသဂြိုလ်အိမ်ထဲရောက်ပြီးတော့ ဘာဆက်ဖြစ်သွားခဲ့တာလဲ” ကျန်းရီက မေးလိုက်သည်။