ငါ့ညီမလေးက အရုပ်ကို သယ်ထားတယ်
Vol. 5 Ch. 62
“မဟုတ်ဘူး”
“ကျွန်တော် ရေးခဲ့တဲ့ ဇာတ်လမ်းတွေ အားလုံးကို ကျွန်တော် ရူးသွပ်နေတဲ့ အချိန်က ရေးခဲ့တာပါ။”
“အသုဘသဂြိုလ်အိမ်မှာ သရဲတစ္ဆေမရှိဘူး၊ သရဲတစ္ဆေရှိခဲ့ရင် တစ်ကောင်ပဲရှိတယ်၊ အဲဒါက ကျိုးရောင်ပဲ၊ သူကက အသုဘသဂြိုလ်အိမ်ကို လာလည်တဲ့သူပဲ”
ကျန်းရီကြောင့် လုံးဝ နိုးကြားလာခဲ့သည့် ကော်ဘို သည် အသုဘသဂြိုလ်အိမ်တွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံကို ပြောသောအခါတွင် သူ့မျက်နှာပေါ်တွင် မိမိကိုယ်ကို အပြစ်တင်နေသော အပြုံးတစ်ခု ရှိနေခဲ့သည်။
သူသည် အလုပ်နှင့် ဘဝအတွက် သူ့ကိုယ်သူ ရူးသွပ်သော သူတစ်ယောက်ဖြစ်စေခဲ့သည်။ အရူးတစ်ယောက်ရဲ့ကမ္ဘာက သာမာန်လူတွေရဲ့ကမ္ဘာထက် ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် သူသည် သာမန်လူများ စိတ်ကူးမယဉ်နိုင်သော အရာများကို စိတ်ကူးကြည့်နိုင်ပြီး မည်သည့်နေရာ၌ပင် ရပ်နေနေ သူ့ပတ်ဝန်းကျင်တွင် အချိန်မရွေး လူများ ရှိနေကြောင်း ပြသနိုင်သည်။
ဒီလို သဘာဝကျတဲ့ သရုပ်ဆောင်မှုမျိုးက တီဗီနဲ့ ရုပ်ရှင်တွေထဲက မင်းသားတွေထက်တောင် ပိုကောင်းနေပါတယ်။
ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့ သရုပ်ဆောင်နေတယ်ဆိုတာကို လုံးဝ မသိလို့ပါပဲ။
သို့သော် တားမြစ်ချက်တစ်ခုလို ဖြစ်နေသည့် ကျိုးရောင်ကို အသုဘသဂြိုလ်အိမ်တွင် အမှန်တကယ် ကြုံတွေ့ခဲ့လိုက်ရသည်၊ တစ်ချိန်က လူသေကလေးများ၏ အသားကို ခိုးစားခဲ့သော ကျိုးရောင်သည် အသုဘသဂြိုလ်အိမ်သို့ သူရောက်လာခဲ့သည်။
“ကျိုးရောင် ကိုတွေ့တော့ ငါကြောက်သွားခဲ့တယ်။
သူက ငါ့ဆီကို တဖြည်းဖြည်း ချဉ်းကပ်လာတယ်။
သူ့လက်တွေကို ဆန့်တန်းလိုက်ပြီး ကျွန်တော့်ပခုံးကို လှမ်းဆွဲလိုက်တယ်။
မှတ်မိတာ မှန်ခဲ့ရင် အဲဒီတုန်းက အရမ်းကြောက်နေခဲ့တယ်။
သူက ကြောင်က ကြွက်ကို ကစားနေသလိုမျိုး ဒါမှမဟုတ် ခွေးကလေးကို နောက်ပြောင်နေသည့် ခွေးအိုကြီးနှင့်တူနေတယ်။
သူက ပစ်မှတ်ကို သူ့လက်သည်းတွေကို အမြဲသုံးပြီး အမြဲကစားရတာကို ကြိုက်တယ်”
“ဒါပေမယ့် သူက ငါ့ကို စိတ်ရှုပ်စေပြီး ငါ့ကို စားမယ်ပဲ လုပ်နေခဲ့တယ်။
အဲ့ဒါနဲ့ ငါလည်း သူ့လည်ပင်းကို ကိုက်လိုက်ပြီး နဲနဲချင်းစီ မြိုချလိုက်တယ် ။
မူလကတော့ သူက အလွန်အစွမ်းထက်မှာပဲဟု ငါထင်ခဲ့တာ ဒါမေယ့်လည်း သူက ဤမျှလောက် ထိခိုက်လွယ်မည်ဟု မမျှော်လင့်ခဲ့ဘူး။
ကျွန်တော် သူ့ကို ကိုက်လိုက်ရုံနဲ့ သူက ကျွန်တော့်ကို လွှတ်ခိုင်းတယ်။
ငါသာ အဲ့အချိန် အကောင်းတိုင်းလေး ရှိနေရင် ငါ သူ့ကို တကယ် လွှတ်လိုက်တယ် ။
ကျွန်တော် မသေခင်မှာ သူ့အချက်အလက်တွေကို သိခဲ့ပြီးတော့ သူကစိတ်မနှံ့သူဖြစ်ကြောင်း သိခဲ့ရင်တောင်မှ သူ့ကို လွှတ်ပေးလိုက်မှာပါ။ ဘာလို့ဆို သရဲတစ္ဆေကို တကယ်မစားရဲတဲ့အတွက်ပါ”
“စိတ်မကောင်းစရာကတော့၊ ငါရဲ့ အရူးအမူးဆုံးအချိန်မှာ သူနဲ့တွေ့လိုက်ရတာပဲ၊ တကယ်ကို သနားစရာကောင်းလိုက်တာ။”
ကျိုးရောင် အကြောင်းပြောသောအခါ ကော်ဘို ၏မျက်နှာတွင် အထင်အမြင်သေးမှုအပြည့်ရှိနေသည်။ ကျန်းရီက မထိန်းနိုင်ဘဲ ရယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
ထိုကဲ့သို့ သရဲတစ္ဆေအတွက် သူ့နှလုံးသားထဲတွင် အနည်းငယ်မျှ သနားကြင်နာမှု မရှိပေ။
ကော်ဘိုလည်း အတူတူပါပဲ။ ကျိုးရောင်အပေါ်ကို စာနာစိတ်မရှိပေ။
တစ်နည်းဆိုရသော် သူစားလိုက်တော့ရော ဘာဖြစ်လဲ။
သူ့ရှေ့မှာ ရပ်ပြီး ငိုနေတဲ့ သူ့မိန်းမနဲ့ သမီးကို ကြည့်ပြီး ကော်ဘို ရဲ့ မျက်လုံးတွေက ကိုယ့်ကိုယ်ကို အပြစ်တင်မှုတွေနဲ့ တောင့်တမှုတွေ ပြည့်နေခဲ့တယ်။
ဇနီးနဲ့သမီးတို့ရဲ့ မျက်ရည်တွေကို သုတ်ပေးဖို့အတွက် သူက ကူညီဖို့လုပ်ခဲ့တယ်။ သူတို့ကို ထိလို့မရဘူးဆိုတာ သိပေမယ့် သူတို့ရဲ့ မျက်နှာပေါ်မှာ လက်ကို တင်ထားဆဲပါ။
“တောင်းပန်ပါတယ် ဒီဘဝရဲ့နောက်ဆုံးအချိန်တွေထိ မင်းတို့နဲ့ အတူမရှိပေးနိုင်ခဲ့ဘူး။ အခွင့်အရေးရှိခဲ့ရင် နောက်ဘဝမှာ ငါ့ရဲ့ မယားနဲ့သမီးဖြစ်နေပေးပါလား မင်းတို့ကို ပြန်ပေးဆပ်ချင်လို့ပါ၊ အထူးသဖြင့် ချန်းရ မင်း အလုပ်ကြိုးစားခဲ့တာ တစ်နှစ်ခွဲတောင်ကျော်ပြီ။”
ကော်ဘို သည် သူ၏ အဆုံးမရှိသော နူးညံ့သိမ်မွေ့မှုကို ပြသခဲ့ပြီး အစ်မချန်း က ခေါင်းခါကာ “မဟုတ်ဘူး၊ ငါ မင်းကို ဘယ်တော့မှ အပြစ်မတင်ခဲ့ဘူး။ ငါအရင်က ရခဲ့သမျှ အရာအားလုံးကို ယောကျာ်းကပဲ ပေးခဲ့တာ။ အခု ယောကျာ်းမရှိတော့ရင် မင်းအတွက် ငါ သူတို့ကို ပြုစုစောင့်ရှောက်ပေးမယ်။ ဒါက ငါလုပ်သင့်တယ့်အရာပဲ !”
ကျန်းရီက တခြားဘာမှ မပြောတော့ဘဲ ထိုမိသားစု သုံးယောက်သား ကို စကားပြောချိန် ပေးလိုက်သည်။
ဤအခိုက်အတန့်တွင်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်များကလည်း ကျန်းရီကဲ့သို့ပင် ၎င်းတို့ သုံးဦးကို ပြုံးပြကာ နွေးထွေးသော စကားအချို့ကို ပြောနေခဲ့သည်။
"စတွင်မာ ငါ လက်ထပ်ချင်တယ်"
ပရိသတ်တစ်ဦးမှ ရုတ်တရက် ပို့လိုက်ရာ ကျန်းရီ က ပြုံးပြီး ခေါင်းညိတ်ကာ "ဒါဆို လက်ထပ်လိုက်"
"ဒါပေမယ့် ငါ့မှာ ရည်းစားမရှိဘူး"
"ငါ့မှာ ရည်းစားရှိနေတာကို မင်းမြင်လား" ကျန်းရီ က ဆွံ့အစွာပဲ ပြန်မေးလိုက်သည်။
ခဏကြာတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ရယ်မောစရာတွေနဲ့ ပြည့်နှက်နေပြီး “ငါးလိုရေသောက်” က "ငါ့မှာ အဖော်မရှိဘူး၊ စတွင်မာ ငါတို့ အတူတူနေကြရအောင်"
ကြည့်ရှု့သူ A-"တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက လူပေါင်း ၁၁၆,၈၂၃ ယောက်က ဒီမင်္ဂလာပွဲအတွက် သူတို့ရဲ့ ထောက်ခံကြောင်းကို ဖော်ပြခဲ့ပါတယ်။"
ကြည့်ရှု့သူ B-"ငရဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက လူပေါင်း ၁၁၆,၈၂၃ ယောက်ကိုယ်စား၊ စတွင်မာ နဲ့ ငါလိုရေသောက် ကို အခုချက်ချင်း လက်ထပ်ဖို့ ထောက်ခံပါတယ်။"
ကြည့်ရှု့သူ C-"မင်းတို့ကို အတူတူ ပေါင်းဖက်စေပြီး မိသားစု ဖြစ်အောင် လုပ်ခွင့်ပေးတာ ကံကြမ္မာအရပဲ ဖြစ်ရမယ်...!"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လေထုသည် ယခင်ကကဲ့သို့ ကြောက်စရာမဟုတ်တော့ဘဲ အလွန်နွေးထွေးလာသည်။
ထိုအချိန်တွင် ကျန်းရီ သည် ပရိသတ်တစ်ယောက် ပေးပို့ခဲ့သော သီချင်းတစ်ပုဒ်ကို ဖွင့်ခဲ့သည်။
သီချင်းဆိုသံကိုကြားတော့ ကော်ဘို နဲ့ သူ့မိန်းမနဲ့သမီးက လှည့်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲကို စိုက်ကြည့်လိုက်တယ်။
ကျန်းရီ က သူတို့ကို ပြုံးပြလိုက်ပြီး "ကော်ဘို၊ ငါ မင်းကို မိုးလင်းတဲ့အထိ အချိန်ပေးမယ်။ မိုးမလင်းခင် မင်းမိန်းမနဲ့ သမီးနဲ့ နေလို့ရတယ်၊ ဒါမှမဟုတ် မင်းမိဘတွေနဲ့ တွေ့နိုင်တယ်။ ကျန်တဲ့အချိန်က မင်းအတွက်ပဲ၊ ဒါပေမယ့် အရုဏ်တက်ခါနီး မင်းသွားသင့်တဲ့လမ်းကို သွားရမယ်"
“ကျေးဇူးတင်ပါတယ်၊ နောက်ဆုံးအခိုက်အတန့်မှာ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီလိုတန်ဖိုးရှိတဲ့ အချိန်တွေကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျန်းရီ က ပြုံးပြီး “မင်းနောင်ဘဝမှာ ဒါကို မှတ်မိနိုင်မှာ မဟုတ်မှန်း ငါသိပါတယ် ဒါပေမယ့် မင်းကို ဒါမှမဟုတ် အခုဘဝရဲ့ ဖိနှိပ်ခံနေရသူတွေကို သတိပေးချင်သေးတယ်။
ဘဝရဲ့ ဖိအားက တကယ်ကို ကြီးမားတာကို သိပါတယ်၊ ဒါပေမယ့် ပိုးအိမ်ထဲက ဖောက်ထွက်ပြီး လိပ်ပြာဖြစ်လာဖို့ အမြဲမစဉ်းစားပါနဲ့။
တကယ့်အောင်မြင်မှုက လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ဖို့ပါပဲ။
ဒါဟာ သဘာဝကျရမယ်၊ အတင်းအကြပ်မလုပ်ရဘူး။
ဒီလိုပြောရတာ စိတ်မကောင်းပေမဲ့ မင်းလိုနောက်တစ်ယောက် ပေါ်မလာစေချင်ဘူး”
ကော်ဘို ဟာ သူ့ကိုယ်သူ ဖိအားတွေ မလျော့ပါးနိုင်ခဲ့လို့ ရူးသွပ်သွားခဲ့တယ်။ ပြီးတော့ သူအခုလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ သူ့ဇနီးနဲ့သမီးကို သူ့ကို ဆက်ပြီးတော့ အားပေးချင်သလားလို့ မတောင်းဆိုခဲ့ဖူးပါဘူး။
အခု လက်ရှိအဆုံးသတ်သည် ကော်ဘို ကြောင့်ဖြစ်နိုင်သည်။
သူကွယ်လွန်ပြီးနောက် သူ့ဇနီးနှင့်သမီး၏ဘဝသည် ပို၍ ဆိုးရွားလာခဲ့သည်။ ဒုက္ခဆိုတာကို တခါမှမကြုံဖူးသော သူ့ဇနီးသည် သူကွယ်လွန်ပြီးနောက် သူ့ကိုယ်စား မိသားစုကို ထောက်ပံ့နေသေးသည်မဟုတ်လော။
ကော်ဘိုက ကံကောင်းပါတယ်။ သူရဲကောင်းဟိုတယ်က တစ္ဆေလို ဆိုးဆိုးရွားရွားမခံစားလိုက်ရဘူး။ မဟုတ်ပါက အစ်မချန်း သည် သူသေဆုံးပြီးနောက် အခြားသူ၏ ရင်ခွင်ထဲသို့ ရောက်သွားပေလိမ့်မည် ။
သူ့ကိုယ်သူ ရူးသွပ်စေတော့ရော ဘာထူးလာလဲ။ အဓိပ္ပါယ်လည်း မရှိဘူး ။ သနားစရာ မကောင်းရုံသာမက ရယ်စရာတောင်ကောင်းနေတယ်။
တက္ကစီဖြင့် ထွက်ခွာသွားသော မိသားစု သုံးယောက်ကိုကြည့်ပြီး ကျန်းရီက ဆရာဝူကို ကြည့်ကာ “မင်းလည်း မင်း မိသားစုနဲ့ သွားတွေ့ပြီး မိုးလင်းမှ ကော်ပို နဲ့ အတူ လိုက်သွားလိုက်” လို့ ပြောလိုက်တယ်။
“ကောင်းပါပြီ။”
ဆရာဝူလည်း ခေါင်းညိတ်ကာ ပျောက်ကွယ်သွားသည်။
“အခု ည ၁၂း၀၆ နာရီလောက်ရှိပြီ။ ဒီကိစ္စကို ချောချောမောမော ဖြေရှင်းပြီးပြီမို့ နောက်ဖြစ်ရပ်ကို ဖြေရှင်းဖို့ အချိန်ကျန်ပါသေးတယ်။”
ကျန်းရီ က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်တယ် အဲ့ဒီအချိန်မှာ ငါးလိုရေသောက် က ထပ်မေးလိုက်တယ် “ ဟေး စတွင်မာ မင်း ငါ့မေးခွန်းကို ဘာလို့ မဖြေသေးတာလဲ “
“မင်းက G လား Mလား?”
ကျန်းရီက ပြန်မေးလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များက “အတည်ပြုလိုက်ပြီ စတွင်မာက နှစ်တစ်ထောင်Faပဲ ဖြစ်ရမယ်!”
ကြည့်ရှု့သူ A-“ ဟာသပဲ စတွင်မာရေ သူ က ဒီလိုပြောမှတော့၊ ဘယ်လိုလုပ် ယောကျာ်းဖြစ်ရမှာလဲ!”
ငါးလိုရေသောက်- “f**k ငါ့နဲ့အပြင်မှာ မတွေ့ပါစေနဲ့၊ မဟုတ်လို့ကတော့ ငါက ယောက်ျားလေးလား မိန်းကလေးလား ရှင်းရှင်းလင်းလင်းမြင်ရအောင်ပြလိုက်မယ် ဟမ့်!”
ကျန်းရီ က အမြဲတမ်း တည်ငြိမ်စွာပဲ ပြုံးနေခဲ့တယ်။ ငါးလိုရေသောက်က မိန်းကလေးဖြစ်သည်ကို သူသိသော်လည်း သူမမေးတာသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိသောကြောင့် သူအလျင်စလိုပဲ မ၀င်နိုင်ပေ။
ကျန်းရီ ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ရုတ်တရက် ဖုန်းထပ်မြည်လာသောအခါတွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ရယ်မောခြင်းနှင့် စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နှက်နေသည်။
ဖုန်းဝင်လာတာကိုကြားတော့ ကျန်းရီ က ဖုန်းကို သဘာဝအတိုင်းပဲ ဖြေလိုက်တယ်။
“ဟယ်လို၊ ဟယ်လို၊ ငါက ကျန်းရီပါ ၊ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးတဲ့ စတွင်မာပါ ငါ့ကို မေးစရာရှိလို့လား”
သူစကားပြောပြီးသည်နှင့် ဖုန်း၏အခြားတစ်ဖက်တွင် နူးညံ့သောတေးသံတစ်ခု ထွက်ပေါ်လာသည်။
“ညီမလေးက ကျောပေါ်မှာ အရုပ်တစ်ရုပ်ကို ဆောင်ထားတယ်၊
ပန်းတွေကြည့်ဖို့ ဥယျာဉ်ကို သွားခဲ့တယ်။
ကလေးက ငိုပြီး သူ့အမေကို ခေါ်တယ်၊
သစ်ပင်ပေါ်က ငှက်ကလေးတွေက ရယ်နေတယ်...