← Chapters

လူသတ်တဲ့ သီချင်း

Vol. 5 Ch. 63

လူသတ်တဲ့ သီချင်း

Vol. 5 Ch. 63

ကလေးတစ်ယောက်၏ သီချင်းဆိုသံအပြင် ဖုန်းထဲတွင် ဓါတ်စက်ကလာငေါ အသံများလည်း ထွက်ပေါ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် တိတ်ဆိတ်သွားပြီး သီချင်းကတော့ ဖွင့်နေဆဲဖြစ်သည်။

ကျန်းရီ၏ မျက်ခုံးများက မျက်မှောင်ကြုတ်လိုက်ကာ “ဟေး ဟယ်လို ငါ့အသံကို ကြားရလား” ဟု ထပ်မေးသည်။

"ညီမလေးက အရုပ်လေးကို ကျောပေါ်တင်ပြီး ပန်းတွေကြည့်ဖို့ ဥယျာဉ်ထဲကို လျှောက်သွားတယ်...

သီချင်းက ပြန်စနေပြီး၊ ဘာတွေဖြစ်နေတာလဲလို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက လူတော်တော်များများက မေးနေတာကို တွေ့လိုက်တဲ့အခါ ကျန်းရီ က အားလုံးကို စကားရပ်ဖို့ သူ့လက်ကို ဆန့်တန်းပြီး အချက်ပြလိုက်ပါတယ်။

သူ့လေသံက နည်းနည်းလျော့သွားပြီး "မင်းဘယ်သူလဲ၊ ငါ့ဖုန်းနံပါတ်ကို ဘယ်လိုခေါ်လိုက်တာလဲ၊ ဟယ်လို"

"ဒူ..ဒူ.."

ဖုန်းက ကျသွားသည်။ ကျန်းရီ သည် ကွန်ပြူတာမှ ခေါ်ဆိုသော လူကို စိုက်ကြည့်နေသည်။

ဤခေါ်ဆိုမှုသည် ယခင်ခေါ်ဆိုမှုများနှင့် ကွဲပြားပါသည်။ သူမသည် အင်တာနက် ဖုန်းခေါ်ဆိုမှုဖြင့် ခေါ်ခဲ့ခြင်းဖြစ်သည်။ ယခုလို ခေါ်ဆိုမှုကို ပြုလုပ်နိုင်သူသည် မစ္စတာဝူ၊ ရှောင်ယွီ နှင့် အခြားသူများကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဦးစွာဝင်ရောက်ပြီး ဖုန်းခေါ်ဆိုမှုမပြုမီ ကျန်းရီကို အင်တာနက်ပေါ်တွင် သူငယ်ချင်းစာရင်းထဲ ထည့်သွင်းရမည်ဖြစ်သည်။

ထို့ကြောင့် ဤနံပါတ်က ဘယ်ကနေခေါ်လည်းဆိုတာကို မသိနိုင်ပါ။ ကျန်းရီ သည် ခေါ်ဆိုသူ မိန်းကလေးရဲ့ ရုပ်ပုံအား စိုက်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဒီနေ့က ဒီလောက်မြန်မြန်ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး။"

ကျန်းရီက ရုတ်တရက် သက်ပြင်းချလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက “စတွင်မာ ဘာဖြစ်နေတာလဲ၊ ဘာလို့ အဲ့ဖုန်းကနေ သီချင်းသံပဲလာနေတာလဲ၊ သီချင်းစာသားက ကြက်သီးထစရာကြီး!"

ကြည့်ရှု့သူ A-"ဟုတ်တယ်၊ ဒီသီချင်းကို မင်းတို့ ကြားဖူးသလား။ မူလက သာမန်ကလေးတွေဆိုတဲ့ သီချင်းပါပဲ၊ ဒါပေမယ့် နောက်ပိုင်းမှာ အဲ့သီချင်းစာသားတွေက ပြောင်းသွားခဲ့တယ်။

သီချင်းစာသားအတိုင်းပဲ အဖေက အမေ့ခေါင်းကို ဖြတ်ပြီး အမေ့ခေါင်းက ငါ့ခြေထောက်နား လိမ့်လာခဲ့တယ် မျက်လုံးတွေက ပွင့်နေတုန်းပဲ၊ f**k... ဘယ်မြေနိုးက စာသားတွေပြောင်းခဲ့တာလဲ ?"

ကြည့်ရှု့သူ B-"​​​အေးဆို သူဖုန်းဆက်ပေမယ့် စကားမပြောဘဲ ဒီသီချင်းကိုပဲ ထပ်ခါထပ်ခါဖွင့်နေတယ်၊ သူက ဘာလုပ်ချင်တာလဲ။ သူ့ရည်ရွယ်ချက်က ဘာလဲ"

ဖုန်းခေါ်ဆိုပြီးနောက်တွင် “ချန်ဂျီ” ဟုခေါ်သော တားမြစ်ထားသော သီချင်းတစ်ပုဒ်ကို တစ်ချိန်လုံးဖွင့်နေခဲ့သည်။ ပရိတ်သတ်တစ်ယောက်က “စတွင်မာ ပြန်ခေါ်လိုက်ရင်ရော ဘယ်လိုလဲ၊ ဒါမှမဟုတ် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲက ပရိသတ်ရဲအရာရှိအချို့ကို ကူညီတောင်းရင်ရော ဘယ်လိုလဲ”

ကျန်းရီက ခေါင်းခါလိုက်ပြီး “စစ်ဆေးစရာမလိုဘူး၊ ဘယ်ကလဲဆိုတာ ငါသိတယ်။ ဒီအဖြစ်အပျက်က ငါ ကိုယ်တိုင်သွားမှပဲ ရမှာ~”

“ဟိုးလီး****စတွင်မာရေ မင်းရဲ့ ပထမဆုံး ပြင်ပ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်တော့မှာလား။”

ထိုအချိန်တွင် ကျန်းရီ သည် ဖုန်းခေါ်ဆိုမှုကို အသံသွင်းထားတာကို ထပ်မံဖွင့်ပြခဲ့သည်။

သီချင်းသံတွေနဲ့အတူ ကျန်းရီက “ဖုန်းဆက်တာက ဒီရုပ်ပုံနဲ့ လူတစ်ယောက်ပဲ။

ဖုန်းဆက်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူမဖုန်းမခေါ်ခင်မှာ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို အရင်ဝင်မှရမှာ၊ ဒါပေမယ့် လူအသံမကြားရပဲ သီချင်းသံပဲကြားရတယ်၊ ပြီးတော့ လူ့ရဲ့ အသက်ရှူသံတောင်မကြားရဘူး။”

“ဒါက တစ္ဆေက ဖုန်းခေါ်ဆိုတာပဲ။ ဒီဖုန်းကို ကိုင်တဲ့သူ မရှိဘူး။ အဲဒီကို မသွားရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း မရှိမှာကို စိုးတာ။

ကျန်းရီက ပြောလိုက်သည်၊ ကြည့်ရှုသူအချို့က “စတွင်မာ အဲဒါက လူက အကူအညီတောင်းတာမှ မဟုတ်တာ၊ ဘာလို့ဂရုစိုက်နေမှာလဲ။”

“မင်း ဂရုမစိုက်ပဲ ထားလိုက်ရင် အခုကစပြီး ညတိုင်း ဖုန်းထပ်ဆက်နေမှာ။”

ကျန်းရီ စကားပြောလို့ အပြီးတွင်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များသည် သူမကြာခဏပြောလေ့ရှိသည့် အကြောင်းအရာတစ်ခုကို တွေးတောမိလိုက်သည်။

“စတွင်မာ၊ မင်း ငါးစာမိသွားပြီ!”

ကျန်းရီ က ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ် “မှန်ပါတယ်... ဒီညရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာပဲ ပြီးဆုံးသွားပါပြီ။ အဲဒီနေရာက ငါနဲ့ အရမ်းဝေးတယ်၊ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်။ ဒါပေမယ့် မနက်ဖြန် ည ရှစ်နာရီမှာ ငါက အားလုံးကို ပုံမှန်အတိုင်း တိုက်ရိုက်ထုတ်လွှင့်ပေးပါ့မယ်။”

“ဒါဆို အဲဒီနေရာကို စတွင်မာက ငါတို့ကို ပြောပြလို့ရနိုင်မလား။ မင်းနဲ့ အပြင်မှာတွေ့ချင်လို့ အဲဒီနေရာကို ကြိုသွားမလို့”

“ငါသွားမဲ့နေရာက သိပ်မသန့်ရှင်းဘူးဆိုတာ မင်းဖုန်းကနေတဆင့် ပြောလို့ရတယ်။ နောင်အခွင့်အရေးရမှ ဆုံကြရအောင်။ ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာပဲအဆုံးသတ်ပြီ မနက်ဖြန်ညမှာ တွေ့ကြမယ်။”

ကျန်းရီသည် ပရိသတ်တွေ၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပိတ်ပြီးနောက် ချက်ချင်းပင် အနားယူခြင်းမရှိပဲ ဖုန်းအသံသွင်းထားမှုကို ထပ်မံဖွင့်လှစ်ခဲ့သည်။

အထဲက အသံတိုင်းကို နားထောင်ရင်း ကျန်းရီ ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာပြီး “ဒါက နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပြင်ပ တိုက်ရိုက် ထုတ်လွှင့်ဖို့က အချိန်တော်တော်ကြာ စောင့်ရမယ်လို့ ထင်ခဲ့ပေမယ့် တစ်ယောက်ယောက် ပေါ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မဖိတ်ဘဲ ရောက်လာတာဘဲ။”

ခဏရေရွတ်ပြီးနောက် ကျန်းရီ သည် အခန်းတွင်းရှိ မီးများကိုပိတ်ကာ အနားယူလိုက်သည်။

နောက်နေ့မနက်စောစောတွင် ကျန်းရီ သည် သူ့အိမ်မှထွက်လာပြီး လမ်းပေါ်၌ ရပ်ကာ နေရောင်ခြည်ကို ခံစားလိုက်သည်။ အပြင်မထွက်တာ ရက်အတော်ကြာခဲ့ ပြီပဲ။

လမ်းကြောင်းတချို့ နှင့် ဘူတာ များစွာကို ပြောင်းလဲဖြတ်သန်းပြီးနောက် ကျန်းရီ သည် နေဝင်ချိန်၌ တောင်ခြေရင်းသို့ ရောက်ရှိခဲ့သည်။

တောင်ခြေရင်းမှာ အိမ်ခြေ နှစ်ဆယ်သုံးဆယ်​လောက်ရှိတယ်။ ဤအချိန်တွင် နေရောင်သည် တောင်ပေါ် သစ်တောတစ်ခုလုံးကို သွေးစွန်းနေသကဲ့သို့ ဖုံးလွှမ်းနေသည်။

ကျန်းရီသည် အိမ်ခြေနှစ်ဆယ် သို့မဟုတ် သုံးဆယ်သာရှိသော ရွာငယ်လေးဆီသို့ လမ်းလျှောက်သွားရင်း မကြာမီတွင် အနီရောင်ဒင်္ဂါးအချို့ သူ့မြင်ကွင်းတွင် ပေါ်လာခဲ့သည်။

အနီရောင် ၀တ်စုံနဲ့ ကလေးတွေက ရွှင်မြူးတဲ့ သီချင်းတွေ သီဆိုကာ ကျန်းရီနားရောက်လာခဲ့သည်။

ကျန်းရီ ကိုတွေ့လိုက်ကြပြီး မရင်းနှီးတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရတော့ ကလေးမလေးတစ်ယောက်က ရပ်ပြီး "ဟေ့ အစ်ကိုကြီး မင်းဘယ်ကနေလာတာလဲ၊ ဘယ်သွားမှာလဲ" လို့မေးလိုက်တယ်။

"အကိုက ဆင်းရဲတဲ့ တာအိုဘုန်းကြီးတစ်ပါးပါ... အစ်ကိုက ရှိုးလင် ရွာကို သွားမလို့။ ရှိုးလင် ရွာက သူ့ရှေ့မှာ မဟုတ်လား။"

ကျန်းရီသည် ကလေးမလေး၏ စကားကြောင့် စိတ်ရှုပ်ထွေးသွားပြီး ပြုံးပြီးတော့ ပြန်ပြန်လိုက်သည်။

ကလေးမလေးက ခေါင်းညိတ်ပြပြီး လူကြီးတစ်​​ယောက်လို မေးလိုက်တယ် "ဟုတ်တယ် အစ်ကိုကြီး၊ ငါတို့ရွာမှာ ဘယ်သူ့ကို ရှာနေတာလဲ"

"မင်းတို့ရွာရဲ့ ရွာသူကြီးကို ရှာနေတာပါ"

"ခစ်ခစ်... ငါတို့ရွာမှာ ရွာသူကြီး မရှိဘူး၊ မင်းထင်းဝယ်ဖို့ ငါတို့ရွာကို လာတာ မဟုတ်လား။ အစ်ကိုကြီး ငါပြောမယ် တောင်ပေါ်မှာ သစ်ပင်တွေက မပေါက်သေးဘူး။ သမီး အဖေကပြောတယ် သစ်ပင်တွေရောင်းဖို့ နောက်နှစ်စောင့်ရဦးမယ်တဲ့၊ ဆောင်းဦးပေါက်ပြီးမှသာ သစ်သားဝယ်လို့ ရမှာ။”

ကလေးမလေးက စကားပြောကောင်းတဲ့ မိန်းကလေးပါ။ ကျန်းရီ က အိတ်ထဲက ဝမ့်ဝမ့် လက်ဆောင်အိတ်ကို ထုတ်လိုက်ပြီး "သမီးအဖေနဲ့တွေ့ဖို့ ခေါ်သွားလို့ရမလား?"

လက်ဆောက်မုန့်တွေကို မြင်လိုက်တာနဲ့ ကလေးမလေးရဲ့ မျက်လုံးတွေ တောက်ပလာခဲ့တယ်။

တခြားကလေးတွေက ဒါကိုမြင်တော့ အလုအယက် "အစ်ကိုကြီး၊ ငါ့တို့အိမ်ကိုလိုက်ခဲ့ သစ်ရောင်းတဲ့အကြောင်း ပြောပြမယ်"

"သားတို့အိမ်ကိုလိုက်ခဲ့၊ သားဦးလေးက သစ်တောစောင့်ပဲ၊ အစ်ကိုကြီး ဝမ့်ဝမ့် နှင်းကိတ်ကို စားချင်လို့ ပေးပါလား"

ကျန်းရီက သူ့ကျောပိုးအိတ်ကိုဖွင့်ပြီး တစ်ယောက်ကို တစ်ခုစီ ပေးလိုက်တယ်။ သူက ပြုံးပြီးတော့ “ငါ့မှာ မုန့်အလုံအလောက် ရှိပါတယ်၊ ဒါပေမယ့် ငါ သူ့အိမ်ကို အရင်သွားမယ်။ မင်းဦးလေးက တကယ်ပဲ တောင်ပေါ်က သစ်တောစောင့်လား"

"ဟုတ်ပါတယ် ငါလိမ်ခဲ့ရင် နှာခေါင်းရှည်လာပါစေ!"

ကျန်းရီ က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ကလေးနဲ့ သူ့အိမ်သို့ လိုက်သွားခဲ့သည်။

တောင်ခြေက ရွာကိုရောက်တဲ့အခါမှာတော့ ကလေးလေးရဲ့မိဘတွေက ကျန်းရီ ကိုတွေ့တော့ အံ့သြသွားခဲ့သည်။

ရွာကို သစ်သားလာဝယ်တဲ့ သူဌေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့ တစ်ခါမှ ဒီလို ငယ်ရွယ်တဲ့ သူဌေးကို မတွေ့ဖူးပါဘူး။

ဒီရွာမှာ မိသားစု တစ်ဒါဇင်လောက်သာ ကျန်တော့တယ် ဒါပေမယ့် တောင်ပေါ်က ထင်းတွေ အားလုံးက သူတို့ပိုင်ပါတယ်။

ထိုအိမ်ထဲသို့ ဝင်လိုက်သည်နှင့် အိမ်ရှင်နှင့် အိမ်ရှင်မတို့သည် စိတ်အားထက်သန်စွာနှင့် ကျန်းရီ အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ကြသည်။

အိမ်ရှင်အမျိုးသား၏ မျိုးရိုးအမည်မှာ ကိုး ဖြစ်ပြီး ကျန်းရီ က သူ့ကို အကိုကိုး ဟုခေါ်သည်။

နှစ်ယောက်သား သစ်သားအကြောင်း ခဏလောက် စကားစမြည်ပြောခဲ့ကြသည်၊ ဒါပေမယ့် မကြာခင်မှာပဲ ကျန်းရီ က လာရတဲ့ အကြောင်းအရာကို ပြောလိုက်တယ်။

"အစ်ကို ကိုး တကယ်က သစ်ဝယ်ဖို့ ဒီကိုလာခဲ့တာ မဟုတ်ဘူး၊ နောက်နှစ်ဆောင်းဦးရာသီအထိ တောင်ပေါ်က သစ်သား​တွေ မရောင်းရဘူးလို့ ကလေးတွေဆီက ကြားလိုက်လို့ တစ်ခုခုမေးဖို့ ဒီကိုလာခဲ့တာ။"

"အိုး…ဘာများလဲ ပြောပါဦး။"

ကျန်းရီက သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး အသံဖမ်းထားတဲ့ သီချင်းကို ဖွင့်ပြီး "အစ်ကို ကိုး ဒီသီချင်းကို ကြားဖူးလား" ဟု မေးလိုက်သည်။

သီချင်း အသံထွက်လာခဲ့သည်၊ ဒါပေမယ့် အသံကိုကြားရလိုက်သောအခါ အကို ကိုး ၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ သူ့မိန်းမတောင် ရုတ်တရက် ပြေးထွက်လာပြီး "မင်းက ဘယ်သူလဲ၊ ဒီသီချင်းကို ဖွင့်ပြီး ဘာလုပ်မလို့လဲ၊ အဲ့သီချင်းက လူသတ်တဲ့ သီချင်း "

All Chapters