အရုပ်ပုံ ကျောင်းလွယ်အိတ်
Vol. 5 Ch. 65
လောင်ကွမ်း က သိပ်ပြီး အရည်အချင်းရှိတဲ့သူမဟုတ်ဘူး။ သစ်တောကလည်း သူနှင့် မသက်ဆိုင်ပေမယ့် ငါတို့ရွာက လူတွေက သူ့အဖေက ငါတို့တောစောင့်ဖြစ်တဲ့အတွက် သူ့အဖေမရှိတော့ သူ့ကို ငှားရမ်းခဲ့တယ်။
လောင်ကွမ်းက အသက် သိပ်မကြီးသေးဘူး။ အဲ့အချိန်က သူက အသက်သုံးဆယ်ကျော်အရွယ်သာ ရှိသေးတယ်။
ဒါပေမယ့်ကွာ ဒီလောက်ကောင်းတဲ့ ဇနီးနှင့် လိမ္မာရေးခြားရှိတဲ့ သမီးတွေလည်း ရှိတယ်ကွာ၊ ဒီလို မိသားစုလေးကို သူ ကိုယ်တိုင်က ဖျက်ဆီးပစ်လိုက်တယ်။
သူ့မိန်းမနဲ့သမီးတွေကို ပုဆိန်တစ်ချောင်းနဲ့ အပိုင်းပိုင်း ခုတ်ထစ်ပြစ်ခဲ့တယ်။
ကျန်းရီက ဒီစကားကိုကြားတော့ သူက မျက်မှောင်ကြုတ်ပြီး "မင်းအဲဒီတုန်းက ရဲကိုကြောင်းကြားခဲ့တာလား၊ လောင်ကွမ်း က သူ့မိန်းမနဲ့သမီးတွေကို သူ့လက်နဲ့သတ်ခဲ့တာ သေချာရဲ့လား"
“ကျွန်တော်တို့ ရဲစခန်းကို ဖုန်းဆက်ခဲ့တယ်၊ သေသေချာချာလေး စုံစမ်းစစ်ဆေးပြီးနောက်မှာ လောင်ကွမ်း ပြစ်မှုကျူးလွန်ခဲ့ကြောင်း သေချာခဲ့တယ်။
ရဲတွေက သေချာမစုံးစမ်းခင် ငါတို့ လောင်ကွမ်း ဆွဲကြိုးချသေနေတာကို တွေ့တာတေယင် မယုံနိုင်သေးဘူး။
လောင်ကွမ်း နဲ့ သူ့မိန်းမက အရမ်းချစ်ကြတဲ့ လင်မယားတွေပါ။ ပြီးတော့ လောင်ကွမ်းက တစ်ဦးသောသား နည်းနည်းတော့ဆိုးတယ်။
“ဒါပေမယ့် သူက ဒီလောက်ဆိုးရင်တောင်မှ သူ့မိန်းမကို ဘယ်လိုလုပ် ဒီလောက်ရက်စက်နိုင်ရတာလဲ၊ သူက အရက်သောက်ပြီး တကယ်သောက်ပြီး လူစိတ်မရှိရင်တောင်မှ မယားမှန်း သားမှန်း သိသင့်တယ်လေ.."
အကို ကိုး သည် စကားပြောရင်းနဲ့ အလွန်ဒေါသထွက်လာခဲ့သည်။ ကျန်းရီ က သူ့ကိုကြည့်ကာ “အကို ကိုး သိပ်လည်း ဒေါသ ထွက်မနေပါနဲ့၊ ဒါတွေဖြစ်ခဲ့တာ ဆယ့်ငါးနှစ်ရှိပြီမဟုတ်လား”
“ဟုတ်တယ်၊ ဆယ့်ငါးနှစ်ရှိပြီ၊ ဒါပေမယ့် အဲဒီမိန်းကလေးနှစ်ယောက်က တကယ်ကို ချစ်ဖို့ကောင်းပြီး သူတို့အမေကလည်း အရမ်းသနားဖို့ကောင်းတယ်။ အခုလည်း ရွာကလူတွေက အဲဒီနှစ်မှာ ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြောကြတဲ့အခါ တော်တော်များများက အရမ်းဝမ်းနည်းနေကြတယ်။”
ကျန်းရီ က ခေါင်းညိတ်လိုက်ပြီး “ဘာတွေဆက်ဖြစ်သေးလဲ၊ ဒီသီချင်းကြားတော့ အကိုက ဘာလို့ အရမ်းကြောက်နေတာလဲ”
“ကြောက်တယ်? ဘာလို့မကြောက်ရမှာလဲ လောင်ကွမ်း နဲ့ သူ့သမီးနှစ်ယောက်က အဲဒီသီချင်းကို အရမ်းကြိုက်တာ။ အဲဒီတုန်းက ကျောင်းက ဇွန် ၁ ရက်နေ့မှာ ကျောင်းပွဲလုပ်ခဲ့တယ်။ ငါတို့ရွာက လူတွေက အဲ့ဒီကို သွားကြည့်ခဲ့ကြတယ်။ သူတို့ ညီမတွေ အဲဒီတုန်းက အဲ့သီချင်းဆိုခဲ့ကြတာ ငါတို့ ဆုတွေတောင် တက်ပေးခဲ့သေးတယ်။”
“အဲဒီလိုဆို၊ သူတို့က အသေဆိုးနဲ့ သေခဲ့လို့ အကိုက ဒီသီချင်းကို ေကြာက်နေတာလား”
အကို ကိုး က ခေါင်းခါလိုက်ပြီး “ဒီလိုဆိုရင်တောင် ကြောက်နေစရာ မလိုပါဘူး။
ဒါပေမယ့် တောင်ပေါ်မှာ အဲ့ဒီလို ဖြစ်ပျက်ပြီးတဲ့ နောက်မှာ ရွာကလူတချို့က တောင်ပေါ်မှာ သီချင်းဆိုသံတွေ ကြားလိုက်ရတယ်။
ကလေးမလေးရဲ့ သီချင်းဆိုသံက လောင်ကွမ်းတို့ မိသားစုက အသံနဲ့တူတယ် သမီးအကြီးဆုံးက အဲဒီမှာ သီချင်းဆိုနေပြီး ညီမလေးက သူ့နောက်မှာ အရုပ်တစ်ရုပ်ကို သယ်ထားတယ်...!”
"မင်းသိလား လောင်ကွမ်း မိသားစုရဲ့ အငယ်ဆုံးသမီးက အရုပ်ပုံစံ ကျောင်းလွယ်အိတ်လေးကို အရမ်းသဘောကျတာ။ အဲ့ဒီ ကျောင်းလွယ်အိတ်ပေါ်မှာ ဘာဘီအရုပ်လေး ရှိတယ်။ သူတို့သေဆုံးပြီးတဲ့ နောက်မှာ ရွာကတစ်ယောက်က သူတို့ပစ္စည်းတွေ စုဆောင်းခဲ့ပေမယ့် သူ့အကြိုက်ဆုံး အရုပ်လေးနဲ့ ကျောင်းလွယ်အိတ်ကတော့ ပျောက်နေတယ်။ ”
"တကယ်ပါ ငါမင်းကိုလိမ်နေတာ မဟုတ်ပါဘူး...မင်းကိုငါစကားတစ်ခွန်းမှမလိမ်ခဲ့ပါဘူး! တောင်ပေါ်ကနေ သီချင်းဆိုသံတွေ မကြာခဏ ကြားရလေ့ရှိတယ်။ ပြီးတော့ အချိန်အတော်ကြာအောင် ပျောက်ကွယ်နေတဲ့ အဲ့ဒီကျောင်းလွယ်အိတ်ကို ငါတို့လိုက်ရှာနေခဲ့တာ။
ကောင်မလေးက အဲ့တာကို သိပ်သဘောကျတာကြောင့် သူ့အတွက် မီးရှို့ပေးဖို့ စိတ်ကူးပြီးတော့ သူ့တို့အိမ်ရဲ့ အိမ်တွင်း၊ အပြင်ကို အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ဘူး။
အိုး၊ နောက်ဆုံးတစ်ခုကတော့ လောင်ကွမ်း ရဲ့ ဇနီးက ပန်းတွေနဲ့ အပင်တွေကို ကြိုက်တယ်။
သူတို့အိမ်ဘေးမှာ ပန်းပင်တွေ အများကြီးစိုက်ထားတယ်။
ပန်းခြံလိုပါပဲ။”
"ပြောရမှာတော့ ထူးဆန်းတယ်၊ သူတို့မိသားစုသေပြီးတော့ ဥယျာဉ်ထဲက ပန်းတွေအားလုံး ညှိုးနွမ်းပြီး ရက်ပိုင်းအတွင်း သေဆုံးသွားခဲ့တယ်၊ အိုး... ငါ မပြောရဲတော့ဘူး။ ဆက်ပြောရင် ငါ ကြက်သီးတွေထလိမ့်မယ်။ ကြောက်တောင်လာပြီ။”
အကို ကိုး သည် သူ့လက်များကို ပြင်းပြင်းထန်ထန် ပွတ်သပ်ရင်း သူတကယ်ကို ကြောက်လန့်နေပုံရသည်။
ကျန်းရီ က ပြုံးပြီး သူ့ရှေ့က ဝိုင်ကို ကောက်ကိုင်လိုက်ပြီး အကို ကိုး နဲ့ တို့ထိလိုက်ပြီး "အရမ်းလည်း မကြောက်ပါနဲ့၊ ဝိုင်တစ်ငုံလောက် သောက်လိုက်ရင် အဆင်ပြေသွားမှာပါ" လို့ ပြောလိုက်တယ်။
အကို ကိုး သည် အားတင်းပြီး ပြုံးပြလိုက်သော်လည်း မသိမသာဖြင့် အခန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် စကားရပ်လိုက်သည်။
"အစ်ကို ကိုး၊ မင်းတစ်ခုခုပြောချင်ရင် ပြောလိုက်ပါ။ စိတ်မပူပါနဲ့ ငါဒီမှာရှိနေရင် မင်းဘာမှမဖြစ်ပါဘူး!"
“ဒီမှာ ညီလေး၊ ငါ မင်းနဲ့ စကားမများချင်ဘူး။ မင်းပြောခဲ့တဲ့ ကျောက်စိမ်းဧကရာဇ်၊ ငရဲဘုရင်တွေ ဒုတိယမြောက်တွေ၊ တတိယမြောက်တွေက ကလေးတွေကို လိမ်ညာဖို့ပဲမလား။ ငါတို့ကပါ ယုံမယ်လို့ ထင်နေတာလား။”
အကို ကိုးရဲ့ စကားပြီးသောအခါ ကျန်းရီ က “ဒါက မင်းရဲ့ သားအတွက်ပဲ မူလက ရည်ရွယ်ပြီးပြောခဲ့တာ”
“မေ့လိုက်ပါတော့၊ ငါစပြောပြီးခဲ့ပြီပဲ အဆုံးထိပြောရမှာကို မကြောက်နေတော့ပါဘူး။ ရွာအဝင်ဝက မြစ်ကို မင်းမြင်ခဲ့လား”
ကျန်းရီ က ခေါင်းညှိတ်လိုက်တယ်။ အကို ကိုး က “ပြီးခဲ့တဲ့လကပဲ လောင်ဂျင်း ရဲ့ ဇနီးက မနက်စောစောထပြီး အဝတ်လျှော်နေတဲ့ အချိန်မှာ လောင်ကွမ်း ရဲ့ သမီးအငယ်မလေးကို ဆိမ်ကမ်းနားမှာ တွေ့ခဲ့တယ်!”
“အိုး? ဒီလိုမျိုးရှိခဲ့တာလား”
“ဟုတ်တာပေါ့၊ ငါလိမ်နေတယ်လို့ ထင်နေတာလား? အဲဒီနေ့ လောင်ဂျင်း ရဲ့ မိန်းမက သူ့မိဘအိမ်ပြန်ခဏ ပြန်မလို့ စဥ်းစားထားတာကြောင့် မိုးမလင်းခင် အိပ်ရာထပြီး အိမ်မှုကိစ္စလုပ်နေခဲ့တာ။
အဲ့ဒီအချိန်က မနက်အစောကြီး မြစ်နားကို အဝတ်လျှော်ဖို့သွားတဲ့ လူက သူမ တစ်ယောက်တည်းသာ ရှိတယ်။
ဒါပေမယ့် မြစ်နားမရောက်ခင် ကမ်းစပ်မှာထိုင်နေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
ဘယ်သူ့ကလေးက ကျောင်းမသွားဘဲ ဒီမှာ လာထိုင်နေရတာလဲ ဆိုပြီး အော်လိုက်တယ်။
“မြစ်ကမ်းက ကောင်မလေးက သူ့ကို ဂရုမစိုက်ခဲ့ဘူး။
လောင်ဂျင်း ရဲ့ မိန်းမ က ကလေးရေထဲ ကျသွား ကြောက်လို့ ပြေးပြီး တားဖို့ ပြင်လိုက်ပါတယ်။
သူမ ကပျာကယာ ပြေးသွားလိုက်တယ်၊ ကောင်မလေးက ဖိနပ်မစီးထားလို့ လောင်ဂျင်းရဲ့ မိန်းမ ကတောင် သူ့ကို ကြိမ်းမောင်းခဲ့သေးတယ်။
ကျောင်းသွားမယ်လို့ မင်းမိဘတွေကို လိမ်ပြီး၊ ဒီမှာ ရေကစားနေတာလားလို့ မေးလိုက်တယ်။”
“မမျှော်လင့်ဘဲ ကောင်မလေးက နောက်လှည့်ပြီး အန်တီရင် အန်တီ့ကို လွမ်းတယ် လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်တယ်၊ လောင်ဂျင်းရဲ့ ဇနီးက အဲဒီနေရာမှာပဲ ကြောက်ပြီး မေ့လဲသွားတယ်။
မိုးလင်းမှသာ သူ့ကို လူတွေ သတိထားမိလိုကိပြီး ဆရာဝန်ဆီ ခေါ်သွားခဲ့တယ်။
ဆေးရုံတက်နေတာ တစ်လခွဲကျော်လောက် ကြာတယ်၊ အခုတော့ ပြန်ရောက်ပါပြီ”
အကို ကိုးက ပြောပြခဲ့သည်။ ကျန်းရီက ချက်ချင်းမတုံ့ပြန်ဘဲ အစာစားနေရင်းနဲ့ ဖြည်းညှင်းစွာ တွေးတောနေသည်။
ခဏကြာတော့ ကျန်းရီ က “လောင်ဂျင်းရဲ့ ဇနီးက အခု ရွာမှာရှိလား။”
“ဟုတ်ပါတယ်၊ ရွာမှာမရှိရင် သူက ဘယ်ကိုသွားလို့ရမှာလဲ။ ဒါပေမယ့် အခုတော့ အဝတ်လျှော်ဖို့ အစောကြီးမထရဲတော့ဘူး။ ”
ကျန်းရီ က ပြုံးလိုက်ပြီး “စကားမစပ်၊ အစ်ကို ကိုး ရဲ့ အစ်ကိုအကြီးဆုံးက အခု တောင်ပေါ်မှာ သစ်တောစောင့်ဖြစ်နေပြီဆိုတာ ကလေးတွေဆီက ကြားလိုက်တယ်ဗျ၊ အကို့ရွာရဲ့ အရင်က အခြေအနေတွေက ဒီလောက်ဆိုးခဲ့တာကို၊ ဒီတောင်ပေါ်ကလည်း အမြဲတမ်းအခြောက်ခံနေရတာကို မင်းအကိုက အဲ့မှာ သစ်တောစောင့် သွားလုပ်ရဲသေးတယ်လား?”
“ဒီတောင်ကြီးကို စောင့်ရှောက်ရမယ်လေ၊ တောင်ပေါ်က သစ်ပင်တွေက ငါတို့ ရွာ ရဲ့ အသက်ပဲ။
ဒါပေမယ့် သာမာန်လူက ဒါကို ဘယ်လိုလုပ် စောင့်ရှောက်ရဲ့မှာလဲ။ ငါ့ အစ်ကိုအကြီးဆုံးက သူ့စိတ်က နည်းနည်းတော့ သာမန်မဟုတ်ဘူး။
သူ့အသက် လေးဆယ်ကျော်နေပြီ ဆိုတာကို သွားမကြည့်နဲ့။
ဒါပေမယ့် သူ့ရဲ့စိတ်က အရမ်းကို ရိုးရှင်းတယ်။”
ကျန်းရီ က မေးခွန်းတွေ မမေးတော့ဘဲ သူ့ထမင်းစားတူကို ချလိုက်ပြီး “မင်းငါ့ကို အစ်ကို ဂျင်း ရဲ့အိမ်ဆီ ခေါ်သွားပေးရင် ဘယ်လိုလဲ” လို့ ပြောလိုက်တယ်။
“ဘာလဲ၊ မင်း အဲ့ကိစ္စနဲ့ ပတ်သက်ပြီး လောင်ဂျင်းရဲ့ မိန်းမ ကို မေးချင်သေးတာလား၊ ငါ လက်လျှော့ဖို့ အကြံပေးချင်တယ်၊ သူက လုံးဝ ပြောမှာမဟုတ်ဘူး။ မိန်းမတွေက သဘာဝအတိုင်း ကြောက်တတ်တယ်၊ မင်းသွားမေးလိုက်ရင် ကြောက်လို့ သတိလစ်ပြိး ဆေးရုံထပ်ပို့ နေရအုံးမယ်!”
အကို ကိုး ပြောတဲ့စကားက အဓိပ္ပာယ်ရှိပုံပေါက်တာမို့ ကျန်းရီ က “ဒါဆို ဆရာဝန်ဆီသွားပြတာက ယာယီဖြေရှင်းချက်တစ်ခုပဲလေ။ ပြဿနာရဲ့ ရင်းမြစ်ကို ကုချင်ရင် ဒီပြဿနာကို ဖြေရှင်းရမှာပေါ့၊ အစ်ကို ကိုး လက်ခံတယ်မလား?” ငါသွားလိုက်မယ် မင်းလိုက်မပို့ရင်လည်း ငါတစ်ယောက်တည်းသွားမယ်။”
ကျန်းရီ သည် သူ့ကိုယ်သူ စကားပြောနေရင်း
ရုတ်တရက် တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
တံခါးအပြင်ဘက်မှာ သတိမထားမိဘဲ ပြေးလာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
ထိုအမျိုးသားက အရပ်မရှည်ပါဘူး၊ ပြီးတော့ နည်းနည်း ပိန်နေတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်အမျိုးအစားနှင့် လုံးဝကိုက်ညီမှုမရှိသော လွယ်အိတ်လေးကို ကျောပေါ်မှာ သယ်ဆောင်ထားတယ်။
ကျောင်းလွယ်အိတ်လေးသည် အလွန်စုတ်ပြဲနေပြီး ဖုန်များနှင့် ပြည့်နေသော ရွှေရောင် ဘာဘီ အရုပ်လေးလည်း ရှိနေသည်။