← Chapters

အရှင်လတ်လတ် မြုပ်နှံထားခြင်း

Vol. 5 Ch. 66

အရှင်လတ်လတ် မြုပ်နှံထားခြင်း

Vol. 5 Ch. 66

"အသား!"

"အသားစားချင်တယ်!"

အိမ်ထဲ ရုတ်တရက် ဝင်လာသော သူသည် စားပွဲပေါ်ရှိ အသားများကို မြင်လိုက်ရသောအခါ ရုတ်တရက် ရယ်မောသွားခဲ့သည်။

ဒါကို အကို ကိုး ကမြင်တော့ "အစ်ကိုကြီး မင်းဘာလို့ တောင်ပေါ်က ဆင်းလာတာလဲ။"

"ငါဗိုက်ဆာလို့။ ငါဘာမှ မစားရတာ ရက်တော်တော်ကြာပြီ။ ငါဗိုက်ဆာနေပြီ!"

အကို ကိုး ၏အကြီးဆုံးအစ်ကိုသည် အလွန်ညစ်ပတ်နေပြီး သူဘယ်ကလာမှန်း မသိပေ။

သူက အနည်းငယ် စကားထစ်ကာ ပြောနေသော်လည်း ရှင်းရှင်းလင်းလင်း ပြောနိုင်သေးသည်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူ့အစ်ကိုကြီး ထမင်းစားပွဲဆီ လှမ်းလာပြီး စားဖို့ အသားတစ်ချို့ကို လှမ်းယူလိုက်ချိန်မှာတော့ အကို ကိုး ရဲ့ မျက်လုံးတွေက တဖြည်းဖြည်း ပြူးကျယ်လာခဲ့တယ်။

"ဒါ…ဒါ…!"

"လောင်ကွမ်း........သမီးငယ်လေးရဲ့ကျောင်းလွယ်အိတ်!"

"ဒါ အဲ့ဒီကျောင်းလွယ်အိတ်ပဲ!!"

အကို ကိုး သည် သူ့အစ်ကိုကြီး၏ ကျောကို အားတက်သရော ညွှန်ပြပြီး စကားများ ဗလုံးဗထွေး ပြောနေခဲ့သည်။

အဲ့ဒီအချိန်မှာ ကျန်းရီ က သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကို ကျောင်းလွယ်အိတ်ကို မြင်ခွင့်ပေးလိုက်သည်။

ပုံပန်းသဏ္ဍာန်ကို ကြည့်ရမယ်ဆိုရင်၊ ဒီ ကျောင်းလွယ်အိတ်သည် မြေကြီးထဲတွင် နှစ်အတော်ကြာအောင် မြုပ်​နေပုံရသည်။ ကျောင်းလွယ်အိတ်သည် ဆွေးမြေ့နေသည်မှာ သိသာထင်ရှားသော်လည်း ထိုအမျိုးသား၏ နောက်ကျောတွင် ရှိနေသည်မှာ ခိုင်ခံ့နေသေးပုံရသည်။

"အစ်ကိုကြီး၊ ဒီကျောင်းလွယ်အိတ်ကို ဘယ်ကရလာတာလဲ"

အစားစားနေတာကိုပဲ ဂရုစိုက်တဲ့ အစ်ကိုကြီးက အကို ကိုး မေးတာကို လျစ်လျူရှုနေခဲ့သည်။

ကျန်းရီသည် အိတ်ထံ လမ်းလျှောက်လာရင်း သူ့လက်ကို ကျောင်းလွယ်အိတ်ပေါ်တင်လိုက်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် ပန်းကန်အားလုံးကို အစ်ကို ကိုးရဲ့ အကိုကြီး ရှေ့က စားပွဲပေါ်တင်လိုက်ပြီး “အစ်ကိုကြီး ဒီကျောင်းလွယ်အိတ်ကို ဘယ်ကရလာတာလဲ” လို့ မေးလို​က်တယ်။

အကို ကိုးရဲ့ အကြီးဆုံးအစ်ကိုဖြစ်သူက ကျန်းရီ ကို ပြုံးပြုံးကြီးကြည့်ကာ “တောင်ပေါ်မှာ ပန်းတွေအများကြီးရှိတယ်။

သီချင်းဆိုတဲ့သူတွေလည်း ရှိသလို လှလည်း လှတယ်။

အင်း...ညီမလေးက သူ့နောက်ကျောမှာ အရုပ်လေးထမ်းထားတယ်...

အဖေက အမေ့ခေါင်းကို ဖြတ်ပစ်လိုက်တယ်... အမေရဲ့ ခေါင်းက သူ့ခြေဖဝါးနားကို လှိမ့်လာတယ်... ဟားဟားဟား.. အမေ့ ခေါင်းက ခြေဖဝါးနားကို လှိမ့်လာတယ်။”

သူစကားပြောနေစဉ်မှာပဲ အကို ကိုး ၏အစ်ကိုအကြီးဆုံးသည် ကြမ်းပြင်ပေါ်သို့ လှိမ့်ကျသွားသည်။ သူကျလိုက်သောအခါ သူ၏ခေါင်းသည် အကို ကိုး ၏ခြေရင်းနားတွင် ရှိနေပြီး အကို ကိုး ကို တည့်တည့်ကြည့်နေသည်။

ထိုအမူအရာသည် အကိုကိုးအား အပြင်းအထန် ထိတ်လန့်သွားစေခဲ့သည်။ အကို ကိုး သည် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ နတ်ဆိုးစွဲကပ်နေပုံရသော သူ့အစ်ကိုကြီးအား ကြည့်ကာ သူ့ကိုယ်သူ ညည်းညူရင်း “တစ်ခုခုတော့ ဖြစ်နေပြီ။ ပြီးတော့ ဒါက ကြီးကြီးမားမား တစ်ခုဖြစ်လိမ့်မယ်! “

ကျန်းရီက အကို ကိုးရဲ့ အစ်ကိုကြီး ဖြစ်သူ ကို မြေပြင်ပေါ်ကနေ ဆွဲတင်လိုက်ပြီး “မင်းအစ်ကိုကို ကြည့်ထား၊ ငါပြန်မလာခင် သူ့ကို ဘယ်မှ မသွားစေနဲ့” လို့ ပြောလိုက်တယ်။

ထိုစကားကိုပြောပြီးနောက် အပြင်ထွက်လာခဲ့သည်။

သူသည် လောင်ဂျင်း ၏ မိန်းမထံသို့ မသွားဘဲ ကျောင်းလွယ်အိတ်ကိုယူကာ တောင်ပေါ်သို့ တိုက်ရိုက်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်​တွေက ဘာကိုမှ မတွေ့လိုက်ရပေမယ့် ကျန်းရီ နဲ့ အကို ကိုး တို့ရဲ့ စကားဝိုင်းတစ်ခုလုံးကို နားထောင်ခဲ့ရတယ်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က လောင်ကွမ်း၏ မိသားစုတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ၎င်းတို့အနက် မည်သူမှ သူတို့ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့ကြသော်လည်း၊

အကို ကိုး ၏ပုံပြင်ကို နားထောင်ပြီးနောက် သူတို့အားလုံး သွေးစွန်းနေသော မြင်ကွင်းနှင့် ခုတ်ထစ်ထားသော ခြေလက်များ နေရာအနှံ့ ပြန့်ကျဲနေသည်ကို စိတ်ကူးဖြင့် တွေ့မြင်လို​က်ရသည်။

ယခုတော့ အကို ကိုး အကိုကြီး ၏ ရုတ်တရက် အသွင်အပြင်က မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဖုန်းဆက်ခြင်းသည် အရိပ်အမြွက် ပေး​နေတာ ဖြစ်နိုင်သည်ဟု တွေးထင်မိလို​က်ကြသည်။

ကြည့်ရှု့သူ A-“စတွင်မာ ဒီလောက် မှောင်နေတာကို အခုတောင်ပေါ်ကို တကယ်တက်ချင်နေတာလား။”

ကြည့်ရှု့သူ B-“စတွင်မာ ရွာကလူတွေကို အတူတူတက်ဖို့ခေါ်ရင်ကော ဘယ်လိုလဲ။”

ကြည့်ရှု့သူ C-“ဟုတ်တယ်၊ တောင်ပေါ်လမ်းက ညဘက် လမ်းလျှောက်ဖို့နေနေသာသာ သွားလာရခက်တယ်။ မင်း လမ်းမှာ ဘာတွေကြုံတွေ့ရမယ်ဆိုတာ ဘယ်သူသိမလဲ။ စတွင်မာ ဘေးကင်းဖို့အတွက် တခြားလူတွေကို ခေါ်သွားသင့်တယ်။”

ကျန်းရီ က တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ပြုံးကား ခေါင်းခါပြပြီး “ဘေးကင်းဖို့က စိတ်ပူစရာ မလိုပါဘူး၊ ဒါပေမယ့် တောင်ပေါ်မှာ တစ်ခုခုတော့ ဖြစ်နေလိမ့်မယ်။ နောက်ကျပြီး ရောက်ခဲ့ရင် တစ်ယောက်ယောက် သေသွားနိုင်တယ်။”

“လူသေမှာလား။ ဘယ်လိုဖြစ်ရတာလဲ”

“နေလရေကန် သရဲသိုက် မှာ ဖြစ်ပျက်ခဲ့တာကို လူတိုင်းမှတ်မိကြသေးလား၊ ပြောချင်တာက မစ္စတာဟွမ် ရဲ့ အသက်က ဘာကြောင့်ဆက်ရှင်နေရတာလဲဆိုတာ မှတ်မိကြသေးလား”

ကျန်းရီ က တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကို ရုတ်တရက်မေးလိုက်ပြီး မကြာခင်မှာပဲ တစ်ယောက်ယောက်က “ ရှောင်ဖေးက မစ္စတာဟွမ်ရဲ့အသက်ကို ပိတ်ခဲ့တာလေ၊ မဟုတ်ရင် မစ္စတာဟွမ် က အဲဒီအချိန်မှာ သေဆုံးရမယ့်သူ ဖြစ်မှာ။”

“ခုနက အစ်ကို ကိုး အကိုကြီး ရဲ့ မျက်လုံးကနေ သေခြင်းတရားတွေကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရတယ်၊ ဒါပေမယ့် သူ့ရဲ့ အသက်စွမ်းအင်တွေက အရမ်းများနေတယ်။ သူသေလုနီးပါး ဖြစ်နေပေမဲ့ သူ အသက်ရှင်လျက်နဲ့ လူတွေရှေ့မှာ ပေါ်လာခဲ့တယ်- “ဒါက တောင်ပေါ်မှာ လူရှိလို့ပဲ!”

ကျန်းရီ ၏စကားများသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်တွေကို အနည်းငယ် ထိတ်လန့်စေခဲ့သည်။ ကျန်းရီ ရှေ့မှာ ထူထပ်နေတဲ့ တောအုပ်ကို တွေ့လိုက်ရတော့ အားလုံးက အရမ်းစိုးရိမ်သွားကြသည်။

ဤသည်မှာ ကျန်းရီ ၏ ပထမဆုံး ပြင်ပ တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သည်။ ပထမဆုံး ပြင်ပ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တစ်ခုခုမှားယွင်းမှု ဖြစ်ခဲ့ပါက ၎င်းသည် သေးငယ်သောကိစ္စမဟုတ်ပေ။

အရေးကြီးဆုံးက ကျန်းရီသာ တစ်ခုခုဖြစ်သွားခဲ့ရင် ပရိတ်သတ်ထဲက တစ်စုံတစ်ယောက်ဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရင် ဘာဖြစ်သွားမလဲ​။

ပရိသတ်​တွေက အရမ်းစိုးရိမ်နေခဲ့သည်။ ကျန်းရီ က တောင်ပေါ်ကို မြန်မြန်ဆန်ဆန် လျှောက်သွားခဲ့တယ်...။

တောင်ပေါ်ရှိ သစ်ပင်များသည် ရောင်းရန် အကောင်းဆုံးအချိန် မရောက်သေးပါ။ သစ်ကောင်းမျိုးဖြစ်ရန် နှစ်အနည်းငယ်ကြာတက်သည်။

ကျန်းရီ သည် ထူထပ်သော တောအုပ်အတွင်း လမ်းလျှောက်​နေရင်း တစ်ခုခုကို အာရုံခံနေပုံရပြီး မနီးမဝေး တောထဲရှိ အိမ်တစ်အိမ်သို့ ရောက်လာခဲ့သည်။

အိမ်က သစ်သားနဲ့လုပ်ထားတယ်။ မင်းမှာသာ အလင်းရောင်ရှိခဲ့ရင် သစ်သားအိမ် တံခါးပွင့်နေတာကို မင်းမြင်နိုင်တယ်။

ထိုနေရာသည် တောင်ပေါ်တွင် စောင့်ကြပ်နေစဉ် အကို ကိုးရဲ့ အကိုကြီး နေထိုင်ရာ နေရာဖြစ်ပြီး လောင်ကွမ်းတို့ မိသားစု မူလနေထိုင်သည့် နေရာမဟုတ်ပေ။

ထိုနှစ်တွင် ထိုကဲ့သို့ ဆိုးရွားသော လူသတ်မှု ဖြစ်ပွားပြီးနောက် ရွာမှ မူလအိမ်အား ဖြိုချခဲ့သည်။

အစ်ကို ကိုး၏ အကိုကြီး ကို တောင်စောင့်အဖြစ် စီစဉ်ပြီးနောက် ဤအိမ်ကို ပြန်လည်တည်ဆောက်ခဲ့သည်။

အကို ကိုး ၏အကြီးဆုံးအစ်ကိုမှာ စိတ်ရောဂါရှိနေသော်လည်း ပြင်းထန်သော စိတ်ဝေဒနာရှင်မဟုတ်ပေ။

ပန်းတွေအများကြီးရှိတဲ့နေရာကနေ ကျောင်းလွယ်အိတ်ကို သူရှာတွေ့ခဲ့တယ်။ အဲဒီ့မှာ တစ်ယောက်ယောက်က သီချင်းဆိုနေပြီး အဖေက အမေ့ခေါင်းကို လှီးဖြတ်ပြီး အမေ့ခေါင်းက ခြေထောက်နားကို လိမ့်လာတယ်လို့ သီချင်းဆိုနေခဲ့တယ်။

အတိအကျဆိုရသော် ထို့သို့ ပြောင်းလဲထားသော စာသား​တွေကြောင့် ဤကလေးသီချင်းသည် တားမြစ်ထားသော သီချင်းဖြစ်လာခဲ့သည်။

သစ်သားအိမ်လေးထဲကို ဝင်သွားလိုက်တော့ အိမ်အတွင်းမှ အမှိုက်နံ့တွေ တဟုန်ထိုး ထွက်နေခဲ့သည်။

ကျန်းရီ က မျက်မှောင်ကြုတ်ပြီး သူ ဆက်လျှောက်သွားလို​က်တော့ သူ့နားထဲမှာ “ဝူး..ဝူး..” ဆိုတဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတယ်။

ငိုနေတဲ့ အသံတော့ မဟုတ်ဘူး၊ တစ်စုံတစ်ယောက်ရဲ့ ပါးစပ်ကို ပိတ်ဖုံးထားတဲ့အခါမှာ ထွက်လာတဲ့ အသံ။

ကျန်းရီ သည် အသံနောက်သို့ ပြေးသွားလိုက်ရာ မကြာမီ မြေပြင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် ဦးခေါင်းကို တွေ့လိုက်ရသည်။

“ဝူး..ဝူး….”

မြေကြီးထဲမှာ နစ်မြုပ်နေတဲ့ အမျိုးသမီးက ချက်ချင်းပဲ စကားပြောလိုက်တယ်။ ကျန်းရီက လမ်းလျှောက်လာရင်းနဲ့ သူမက လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

အမျိုးသမီး၏ ပါးစပ်တွင် ရှိနေသော အဝတ်စုတ်ကို ဖယ်ထုတ်ပြီးနောက်၊ သူမက အမြန်ပြောခဲ့သည်- “လူငယ်လေး ငါ့ကို ကူညီပါ”

ကျန်းရီ က မြေကြီးကို တူးပြီး သူမကို တွင်းထဲက ဆွဲထုတ်လိုက်ပြီး “ဒီက အမ၊ မင်းဘာ​တွေဖြစ်နေတာလဲ?”

“ငါလည်း မသိဘူး ဝူး.ဝူး…

ငါမြို့ကိုသွားခဲ့တာ။

ဒါပေမယ့် ရွာကနေ အပြင်ကို ထွက်လိုက်တာနဲ့ မေ့လဲသွားတာပဲ၊ သတိရလာတော့ ငါ့ကို ဒီမှာ မြုပ်ထားတယ် ။

ငါအရမ်းကြောက်တယ်၊ ငါ့ရွာက မိန်းကလေးနှစ်ယောက်က ငါ့ကို ခြောက်လှန့်နေတုန်းပဲ ဖြစ်ရမယ်။

လွန်ခဲ့တဲ့တစ်လလောက်က အငယ်မလေးက ကျွန်မကို လာရှာခဲ့တယ် အခုလည်း သူပဲဖြစ်ရမယ်...

သူငါ့ကိုသတ်ချင်နေတာ ဟုတ်တယ် အဲ့လိုပဲထင်တယ်...

သူတို့က ငါ့ကိုသတ်ချင်နေတာ!”

All Chapters