သချိုင်းဂူပေါ် တံတွေးထွေးခဲ့ခြင်း
Vol. 5 Ch. 67
ကျန်းရီ သည် ထိုအမျိုးသမီးအား နှစ်သိမ့်ပေးဖို့ရန် မကြိုးစားဘဲ ခဏတာ ငိုခွင့်ပေးလိုက်သည်။
ခဏအကြာလောက် ငိုပြီးနောက်၊ တစ်ယောက်တည်း ငိုရတာ ပျင်းလာလို့လားမသိ၊ ဒါမှမဟုတ် ဒီကောင်လေး ကျန်းရီဟာ တကယ်ကို ငြီးငွေ့စရာကောင်းတယ်လို့ သူမ ခံစားမိလို့လားမသိ။
သူမ ဝမ်းနည်းစွာ ငိုနေမှန်း သိသာနေတယ် မဟုတ်ဘူးလား။
မင်းက ငါ့ထက် ငယ်ပေမဲ့ ဘာလို့ငိုနေတာလဲလို့ မေးသင့်တယ်လို့တော့ မထင်ဘူးလား ။
"လူငယ်လေး မင်းကြည့်ရတာ လူကောင်းတစ်ယောက်နဲ့ တူတယ်။ မင်း အနီးနားက ရွာကလား။"
အမျိုးသမီးသည် သူမ၏မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ စိတ်ဓာတ်များလည်း ပိုမို တည်ငြိမ်လာခဲ့သည်။
ကျန်းရီက ဒါကို ကြားလိုက်ရတော့ စိတ်သက်သာရာ ရသွားတယ်။ ကျန်းရီ က သူ့ရှေ့က အမျိုးသမီးကို တမင် မနှစ်သိမ့်ပေးခဲ့တာ မဟုတ်ပါဘူး ဒါပေမယ့် သူသည် ကြောက်ရွံ့နေတဲ့ ဒါမှမဟုတ် ရန်ဖြစ်နေတဲ့ အမျိုးသမီး တော်တော်များများကို သူမြင်တွေ့ခဲ့ရဖူးသည်။
သူတို့ကို စိတ်လျှော့ဖို့ ဒါမှမဟုတ် နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်ရင် တစ်ညလုံး ငိုနေပေလိမ့်မယ်။
ဒီလိုမျိုး အချိန်တွေကို ဖြုန်းတီးမယ့်အစား သူ့ဘာသာသူ ပစ်ထားလိုက်တာက ပိုကောင်းပါတယ်။
"ကျွန်တော်က မြို့ကဖြစ်ပြီး လောင်ကွမ်း ရဲ့ မိသားစုအရေးကို စုံစမ်းဖို့ ဒီကိုရောက်နေတာပါ။ မင်းက အန်တီရင် ဖြစ်ရမယ် ဟုတ်တယ်မလား။ ဒီရွာ မှာ မင်းအကြောင်း တစ်ယောက်ယောက် ပြောနေတာ ကြားလိုက်ရတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က မင်းတို့ရွာက အငယ်မလေး မြစ်ကမ်းနားမှာ မင်းကိုခြောက်လိုက်လို့ဆို ။"
အန်တီရင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီးတော့ ပြောလိုက်တယ် "ဟုတ်တယ် လူငယ်လေး၊ မင်းမသိဘူး၊ အဲဒီနေ့မနက်က သေလောက်အောင်ကို ငါတကယ်ကြောက်ခဲ့တာ။ သူတို့အမေနဲ့ ငါ့နဲ့ က ရင်းနှီးခဲ့တယ်၊
ပြီးတော့ ကလေးမလေး နှစ်ယောက်ကလည်း ကျွန်မကို ချစ်တယ်၊ ဒါပေမယ့် သူတို့မိသားစု တစ်ခုလုံး သေခဲ့တာ ဆယ့်ငါးနှစ်ရှိပြီလေ၊ သူတို့ အခုမှ ရုတ်တရက် ဘာလို့ ငါ့ဆီရောက်လာကြတာလဲ!"
"အန်တီရင်၊ သိပ်လည်း မကြောက်ပါနဲ့။ အဲဒီမနက် မိုးမလင်းခင်မှာ မြစ်ကမ်းဘေးမှာ မြင်လိုက်ရတဲ့လူက လောင်ကွမ်းရဲ့ သမီးအငယ်လေးဆိုတာ သေချာရဲ့လား"
ကျန်းရီက မေးလိုက်တော့ အန်တီရင်က "ဒါက လုံးဝအမှန်ပဲ။ ငါ့ဘယ်လိုလုပ် မှားနိုင်မှာလဲ? သူတို့တစ်မိသားစုလုံး ပြာဖြစ်သွားတာတောင် ငါမှတ်မိတယ် ဖတ်..ဖတ်... သူတို့ကို ဆူပူကြိမ်းမောင်းဖို့ မရည်ရွယ်ပါဘူး၊ ငါက တကယ်ကို သူတို့မိသားစုနဲ့ ရင်းနှီးခဲ့တာပါ"
"ဒါဆို သူက မင်းကို ဘာပြောခဲ့လဲ"
“အဲဒီတုန်းက တစ်စုံတစ်ယောက်ရဲ့ ကလေးက မြစ်ကမ်းနားက ရေထဲမှာ ဆော့ဖို့ ခိုးပြီးလာခဲ့တယ်လို့ပဲ ထင်ခဲ့တာ။
ကျွန်မတို့ရဲ့ ကလေးတွေက မနက်စောစော စာဖတ်ခြင်းအတန်းအတွက် ကျောင်းသို့ စောစောသွားရန် လိုခဲ့တယ်။
လမ်းအဝေးကြီးကို လျှောက်ရမှာဆိုတော့ လူကြီးတွေထက် စောပြီးထရပြီး ကျောင်းသွားရတယ်။
ဒါကြောင့် အဝတ်လျှော်ဖို့ အိပ်ရာစောစော ထတဲ့အခါ ကျောင်းသွားတဲ့ ကလေးတွေကို မကြာခဏ တွေ့ဖူးတယ်။
အဲဒီနေ့ မြစ်ကမ်းနားကို လမ်းလျှောက်လာရင်း ရေထဲမှာ ခြေထောက်လေးတွေချပြီး ကျောက်တုံးကြီးပေါ်မှာ ထိုင်ကစားနေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
“လူကြီးတစ်ယောက်အနေနဲ့ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ သူ့ကို တားရမှာလေ ဟုတ်တယ်မဟုတ်လား၊ အဲ့ကလေးကို ကြိမ်ဖန်များစွာ အော်ခေါ်ခဲ့ပေမယ့် သူမက ကျွန်မကို လျစ်လျူရှုခဲ့ပါတယ်။
ကျွန်မ ဒေါသထွက်လွန်းလို့ သူ့ရှေ့ကို တိုက်ရိုက်ပြေးသွားပြီး ကောက်ကိုင်လိုက်တယ် ဒါပေမယ့် သူ့လက်မောင်းကို ထိလိုက်တာနဲ့ အရမ်းအေးနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူ့လက်ကို သိပ်မကိုင်လိုက်ရပါဘူး သူမက ကျွန်မဘက်ကို ခေါင်းလှည့်ခဲ့တယ်”
“သူ့ရဲ့ မျက်နှာက အရေခွံနဲ့ အရိုးတွေကို အနက်ရောင်အလွှာတွေနဲ့ ဖုံးအုပ်ထားသလို မည်းနက်နေပြီး သွားတွေက အရမ်းကိုဝါနေခဲ့တယ်။
သူမက ပြုံးပြီးတော့ “အန်တီရင်၊ ငါမင်းကိုလွမ်းတယ်”
အိုး အမေရေ ..........
အဲဒီတုန်းက ကျွန်မ ဘယ်လိုခံစားရလဲ သိလား။ ငါ့တူမလေးကို အအေးထဲမှာ အချိန်အတော်ကြာ မြှုပ်ထားတုန်းက အချိန်နဲ့ အတူတူပဲ၊ သူမက မမ်မီတစ်ယောက်လိုပဲ။
ဒါပေမယ့် သူမက အဲ့လိုပုံစံကြီးနဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို လွမ်းတယ်လို့ ပြောခဲ့တာပဲ။
ငါ……………!”
အန်တီရင် က ပြောနေရင်းနဲ့ ကြောက်လွန်းလို့ ခြေလက်တွေ ဘယ်နားထားရမှန်းမသိ ဖြစ်နေခဲ့သည်။
ကျန်းရီက နားထောင်ရင်းနဲ့ သူ့ဖုန်းရှိ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ကြည့်လိုက်သည်။ ပရိတ်သတ်တွေက လောင်ကွမ်း၏ မိသားစုမှ ကလေးမလေးသည် လွန်ခဲ့သော တစ်လခန့်က အဒေါ်ရီ ဖြစ်သူကို အဘယ်ကြောင့် ရုတ်တရက် လာတွေ့ခဲ့သည်ကို စဥ်းစားမရ ဖြစ်နေသည်။
တကယ်တမ်း ပြောရရင် သူတို့သေတာ ဆယ့်ငါးနှစ်ရှိခဲ့ပြီ။ တောင်ပေါ်၌ ညီအစ်မနှစ်ယောက်ရဲ့ သီချင်းဆိုသံမှလွဲ၍ ဤဧရိယာတစ်ဝိုက်သည် အေးချမ်းသာယာခဲ့သည်။
ပြီးတော့ တစ်ယောက်ယောက်က အမှန်တကယ် သီချင်းဆိုနေသလား ဆိုတာကတော့ မရှင်းလင်းသေးပါဘူး။
၎င်းသည် လူတစ်ဦးမှ ပြောသည်ကို အခြားတစ်ဦးမှ ကြားရပြီး တစ်ခါတစ်ရံတွင် လူတစ်ဦး၏ ထင်ယောင်ချောက်ချားမှုများသည် ၎င်းတို့ သိမြင်ကြားဖူးသည့် ကြောက်စရာအကောင်းဆုံးအရာနှင့် သဘာဝအတိုင်း ဆက်စပ်နေမည်ဖြစ်သည်။
"အန်တီရင်၊ မင်းရဲ့ မတော်တဆမှု မဖြစ်ခင်မှာပဲ ဒီတောင်ကို လွန်ခဲ့တဲ့ တစ်လလောက်က လာခဲ့ဖူးလား? "
ကျန်းရီ က မေးလိုက်သည်နှင့် အန်တီရင် ၏ ထိတ်လန့်နေသော မျက်လုံးများတွင် အမှတ်ရစရာတွေ ပေါ်လာခဲ့သည်။
"လာဖူးတယ်၊ ငါအရင်က ဒီကိုရောက်ဖူးတယ်။ ပြီးခဲ့တဲ့လက ဘေဘယ်ရီသီးတွေ မှည့်တဲ့အခါမှာ ဘေဘီသီးတွေကို ခူးဖို့ ဒီတောင်ကို လာခဲ့တယ်"
"ဒါဆို ဘေဘယ်ရီသီးတွေ ခူးနေတုန်း လောင်ကွမ်း မိသားစုရဲ့ သမီးနှစ်ယောက်နဲ့ ပတ်သက်တာ တစ်ခုခု လုပ်ခဲ့သေးလား"
ကျန်းရီက ထပ်မေးလိုက်တဲ့အခါတွင် အဒေါ်ရင် သည် သူမအား နတ်ဆိုးစွဲကပ်သွားသလို မတ်တပ်ထရပ်လိုက်သည်။ သူမသည် ကျန်းရီ ၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး "ငါသိပြီ၊ သူဘာလို့ ငါ့ဆီရောက်လာတာလဲဆိုတာကို သိပြီ!"
"ဘာလို့လဲ?"
“တောင်ပေါ်ရှိ ဘေဘယ်ရီပင်တွေက သူတို့အမေနဲ့ သမီးတွေရဲ့ သင်္ချိုင်းဂူနောက်မှာ ရှိတာ။
အဲဒီကိုသွားရင်တော့ သူတို့ရဲ့သင်္ချိုင်းကို ပတ်ရမယ်။
တောင်ပေါ်ရှိ ဘေဘယ်ရီသီးများ ရင့်မှည့်နေကြောင်းကို ကျွန်မက ပထမဆုံး သိလိုက်ရတဲ့သူ ဖြစ်တယ်။
တခြား လူတွေက လာလုခူးမှာကို ကြောက်လို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း အပြေး သွားခူးခဲ့တယ်။ .
ငါအဲဒီကို နှစ်တိုင်းသွားခူးလေ့ရှိတယ် ။
သူတို့သင်္ချိုင်းဂူကို ဖြတ်သွားတဲ့အခါတိုင်းလည်း အမွှေးတိုင်တွေ၊ စက္ကူငွေ ဒါမှမဟုတ် ကိတ်မုန့်လေးတွေ အလှူလုပ်ဖို့ ယူလာလေ့ရှိတယ်။"
“ဒါပေမယ့် အဲဒီနေ့က ယူလာဖို့မေ့သွားတယ်၊ ဘာလို့လဲဆိုတော့ ရွာက တစ်ယောက်က ဘေဘယ်ရီသီး အကြောင်းပြောနေတာကြားလိုက်ရလို့ပဲ ။ သူတို့ လုခူးမှာကို ကြောက်လို့ တောင်ပေါ်ကို အမြန်တက်ခဲ့တယ်။ အဲဒီက ဘေဘယ်ရီသီးတွေကို ခူးရောင်းရင် ရတဲ့ပိုက်ဆံက များတယ်လေ။ ဒီအတွက် လက်ဆောင်ယူဖို့ မေ့သွားခဲ့တာ”
“ဒါပေမယ့် အခုစဉ်းစားကြည့်တော့ အဲဒီတုန်းက အရမ်းထူးဆန်းနေတယ်။ တောထဲက ကျီးကန်းတွေဟာ အဲဒီနေ့မှာပဲ အော်ဟစ်နေခဲ့တော့ ကျွန်မလည်း ကြောက်သွားတာပေါ့။ အပြန် သူတို့ရဲ့ အုတ်ဂူကို ဖြတ်သွားတဲ့အခါ အဲ့တာကို တစ်ချက်ကြည့်လိုက်ပြီး ပြေးနိုင်သလောက် အမြန် ပြေးခဲ့လိုက်တယ်။ တံတွေးတောင် ထွေးခဲ့သေးတယ်။
ကျန်းရီက ကြားတော့ ခဏလောက် ဆွံအသွားပြီး “ဘာလို့ တံတွေးထွေးခဲ့တာလဲ?”
“အဘိုးကြီးတစ်ယောက် ပြောဖူးတယ် ကံမကောင်းတာတစ်ခုခုကြုံခဲ့ရင် မြန်မြန် ပြေးရင်းနဲ့ တံတွေးထွေးလိုက်တဲ့! ကျီးကန်းတွေအော်တာက ကံမကောင်းတာ ဖြစ်မယ်၊ ဒါကြောင့် အဲဒီတုန်းက ငါထွေးခဲ့တာ။
အန်တီရင်က ပြောလိုက်သည်။ ကျန်းရီ က ဒီအချိန်မှာပဲ “မင်းသူတို့ရဲ့သင်္ချိုင်းဂူပေါ်ကို တံတွေးထွေးခဲ့သေးလား” လို့မေးလိုက်တယ်။
“အမ်..?”
“မမှတ်မိဘူးလား၊ မမှတ်မိရင်လည်း သေချာစဉ်းစာအုံး။ သူတို့ သင်္ချိုင်းဂူပေါ်ကို တံတွေး ထွေးခဲ့သေးလားဆိုတာကို”
ကျန်းရီ ၏အမူအရာသည် အနည်းငယ်လေးနက်လာပြီး အန်တီရင် ၏အမူအရာသည် တဖြည်းဖြည်း သဘာဝမကျ ဖြစ်လာခဲ့သည်။
သူမ၏ စိတ်ထဲတွင် ပုံရိပ်တစ်ချို့ ပေါ်လာပုံရသည်၊ ဆိုလိုသည်မှာ သူမသည် ထိတ်လန့်စွာ ပြေးတဲ့အချိန်တုန်းက သူမ၏ တံတွေးများသည် သင်္ချိုင်းဂူပေါ်သို့ အမှန်တကယ် ကျသွားပုံရသည်။
ထိုသင်္ချိုင်းဂူသည် လောင်ကွမ်း မိသားစု၏ သမီးငယ်လေးရဲ့ဟာ ဖြစ်ပုံရသည်။
အန်တီရင် ရဲ့ ပြူးကျယ်လာတဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ ကျန်းရီက အကြောင်းပြချက်ကို သဘောပေါက်သွားပြီး “သူတို့က ဆိုးဆိုးရွားရွား သေခဲ့တာ
မင်းက သူတို့ကို နှစ်တိုင်းပဲ ထောက်ပံ့ပေးခဲ့တယ် ။ ဒီနှစ်က လွဲရင်ပေါ့။
ဒီနှစ် မင်းမထောက်ပံတဲ့အပြင် သူတို့ ရဲ့ ဂူပေါ် တံတွေးပါ ထွေးခဲ့သေးတယ်"
သူတို့က မင်းကို အန္တရာယ်တော့ မပြုနိုင်ပေမယ့် မင်းဆီကိုတော့ ဘာလို့ထွေးရတာလဲဆိုတာတော့ လာမေးလောက်တယ်“
"နောက်ပြီး မင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့အပေါ် အရမ်းကောင်းခဲ့တာပဲ။ ဒီနှစ်မှာ မင်းက သူ့တို့ကို လျစ်လျူရှုပြီး သူတို့သင်္ချိုင်းဂူကို တံတွေးထွေးခဲ့တာပဲလေ။ အန်တီရင်၊ မင်း အခြောက်ခံရတာ မဆန်းပါဘူး!"
ကျန်းရီ က အကြောင်းပြချက်ကို ပြောပြလိုက်တော့ အန်တီရင် ရဲ့ မျက်နှာမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်- "ငါမရည်ရွယ်ပါဘူး... တကယ်ပါ။ အဲ့တုန်းကထိတ်လန့်ပြီးတော့ လူတွေက ငါ့ဆီကနေ ဘေဘယ်ရီသီးတွေကို လုခူးမှာကို ကြောက်နေလို့သာ ငါ.....”
"အန်တီ၊ မင်း ငါနဲ့အတူ သူတို့သင်္ချိုင်းကို သွားရှင်းပြလိုက်ရင် မင်းကို နှောင့်ယှက်တာ ရပ်လိမ့်မယ်"
ထိုစကားကိုပြောပြီးနောက် ကျန်းရီသည် မတ်တပ်ထရပ်လိုက်သည်။ အန်တီအေးကတော့ အရမ်းကြောက်ပြီး တွန့်ဆုတ်နေခဲ့တယ်။ .