← Chapters

ငါ့ကို အရုပ်လုပ်လိုက်တယ်

Vol. 5 Ch. 68

ငါ့ကို အရုပ်လုပ်လိုက်တယ်

Vol. 5 Ch. 68

အန်တီရင် သည် ကျန်းရီ စကားကို နာခံလိုက်ကာ သားမိသုံးယောက်၏ ဂူသင်္ချိုင်းဆီသို့ လိုက်သွားခဲ့သည်။

အုတ်ဂူသည် တောအုပ်ထဲတွင်ရှိပြီး သားမိသုံးယောက်ကိုသာ သင်္ဂြိုဟ်ထားသည်။ ရွာမှ လူများက သင်္ဂြိုဟ်ဖို့အတွက် အကုန်ကျခံခဲ့သည်။

လောင်ကွမ်း ကတော့ သူ့အလောင်းကို ဒီမှာ မမြှုပ်ထားပါဘူး။ အဲဒီအစား ရွာက လူအနည်းငယ်ကို ရွာရဲ့ ခပ်ဝေးဝေးမှာ တွင်းတူးပြီး မြှုပ်ခိုင်းခဲ့တယ်။

သားအမိသုံးယောက် ၏ သင်္ချိုင်းဂူနှင့် တော်တော်လေး ဝေးကွာသည်ဟု ပြောကြသည်။

သူတို့ကြောက်တာက လောင်ကွမ်းဟာ သားအမိ သုံးယောက်ကို သေတာတောင် လက်မလွှတ်ဘဲ သူတို့ကို လိုက်ညှဉ်းပန်းနှိပ်စက်နေမှာကို စိုးရိမ်သောကြောင့်ဖြစ်သည် ။

သင်္ချိုင်းဂူရှေ့သို့ ရောက်သောအခါတွင် အထိမ်းအမှတ် မှတ်တိုင် မရှိနေပေ။

လောင်ကွမ်း မိသားစု၏ လူဦးရေသည် မများခဲ့ပေ။ ပြောရမယ်ဆိုရင် ဆွေမျိုးများနှင့် သူငယ်ချင်းများအားလုံးက ၎င်းတို့အား အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့ကြသည်။

အကယ်၍ လောင်ကွမ်း မိန်းမသာ အသက်ရှိစဥ်က ​ကူညီတက်ပြီး နာမည်ကောင်းရှိခဲ့လို့သာ မဟုတ်ရင် သင်္ချိုင်းဂူ မပြောနဲ့ မြုပ်ထားတာကို သားရဲတွေ တူးဖော်ထားရင်တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။

သို့သော်၊ ကျန်းရီ သည် သင်္ချိုင်းဂူသို့ရောက်သောအခါ မျက်မှောင်ကြုတ်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက သူ့ရဲ့ မျက်မှောင်ကြုတ်မှုကို ချက်ချင်း သတိထားမိလိုက်ကြသည်။

ကြည့်ရှု့သူ A-"စတွင်မာ ဘာဖြစ်လို့လဲ၊ မတော်တဆမှု တစ်ခုခုရှိလို့လား"

ကြည့်ရှု့သူ B-"စတွင်မာက မိုင်ထောင်ချီဝေးတဲ့ အရပ်က မကောင်းဆိုးဝါး သရဲတစ္ဆေတွေကိုတောင် ဖြေရှင်းနိုင်တယ်၊ ဒါပေမယ့် အခု ဒီသင်္ချိုင်းဂူရှေ့မှာရှိတာတောင် ဘာ သရဲတစ္ဆေမှ မတွေ့ရဘူး။ သူတို့ ဒီမှာ မရှိတာများ ဖြစ်နေမလား"

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များ ခန့်မှန်းထားတာက ထိုသားအမိသုံးယောက်သည် လူပြန်မဝင်စားသေးပါက၊ ၎င်းတို့ သုံးဦးရဲ့ဂူနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့် ၎င်းတို့၏ ဇာတိရုပ်ကို ထုတ်ဖော်ပြသရပေလိမ့်မည်ဟု အမှန်တကယ် မှန်းဆခဲ့ကြသည်။

ဒါပေမယ့် သူတို့ အခု ပေါ်မလာခဲ့ဘူး။

အန်တီရင်က ထိတ်လန့်တကြားနဲ့ သင်္ချိုင်းဂူသုံးခုကို ကြည့်ပြီး သင်္ချိုင်းဂူရှေ့က အမွှေးတိုင်တွေရဲ့ အကြွင်းအကျန်တွေကို လက်ညှိုးထိုးပြပြီး “တွေ့လား ငါ မင်းကို မလိမ်ဘူး။

ဟိုးအရင်တုန်းက ဒီဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေကို ငါထွန်းထားတာ။

အဲ့တာတွေက ကျန်ခဲ့တဲ့ အနက်ရောင် အမှတ်အသား​တွေကို ကြည့်တာနဲ့ သိနိုင်တယ်...”

စာရွက်တွေကို သူတို့ သင်္ချိုင်းဂူရှေ့မှာ မီးရှို့ခဲ့တာ။”

ဟုတ်ပါတယ်၊ သူတို့ သင်္ချိုင်းဂူ​ပေါ်ကို မတော်တဆ တံတွေးထွေးမိတာကို ဝန်ခံပါတယ်၊ ဒါပေမယ့် ငါ သူတို့အပေါ်ကို နှစ်တော်တော်ကြာ ကောင်းပေးခဲ့တာပဲလေ”

သူမပြောတာက မှန်နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နှစ်တိုင်း လာပြီး အမွှေးတိုင်တွေထွန်း စားစရာတွေယူလာခဲ့ပေမယ့် ဒီနှစ်လေးမလာခဲ့မိတာပါ၊ ပြီးတော့ မတော်တဆလေး တံတွေးနဲ့ ထွေးမိ လိုက်တယ်။ ယုတ္တိအရပြောရရင် ဒီလောက် မထူးဆန်းသင့်ပါဘူး။

“ဘာပဲဖြစ်​ဖြစ်ပါ​ သူတို့ကို စကားအနည်းငယ်​​ပြောပြီး မင်းကို မနှောင့်​ယှက်​ဖို့ ​တောင်းဆိုလိုက်​ပါ​။”

ကျန်းရီ ပြောသည့်အတိုင်း အဒေါ်ရင်သည် လောင်ကွမ်း မိန်းမရဲ့ အမည်ကို ရွတ်ပြီး ငြီးတွားရုံသာ ရှိတော့သည်။

ဒါပေမယ့် အန်တီရင် ရဲ့ စကားတွေတောင် အဆုံးမသတ်သေးဘဲ တောင်အောက်ခြေကနေ လူတွေ တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့သည်။

ကျန်းရီ ရဲ့ လက်ထဲက အလင်းရောင်ကို ခြေရာခံပြီး လိုက်လာခဲ့ကြခြင်း ဖြစ်သည်။ လူလတ်ပိုင်းအရွယ်တစ်ယောက်က အဒေါ်ရင် ကို မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားပုံရပြီး “အားရင် အဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။

အကို ကိုး သည် လူအုပ်ကြားထဲတွင် ရှိနေပြီး ကျန်းရီ ၏ နံဘေးသို့ ပြေးလာခဲ့ပြီး "ညီလေး၊ အဆင်ပြေလား" ဟု မေးလို​က်သည်။

" အစ်ကို ကိုး၊ အန်တီရင် ကိုရှာဖို့ တောင်ပေါ်တက်လာခဲ့တာလား၊ သူဒီမှာရှိနေတာကို ဘယ်လိုသိတာလဲ"

"အဲဒါ ငါ့အစ်ကိုအကြီးဆုံးပဲ။ မင်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ လောင်ဂျင် က ငါ့ဆီလာပြီး သူ့မိန်းမကို ကူရှာပေးခိုင်းခဲ့တယ်။ ပြီးတော့ အစ်ကိုအကြီးဆုံးက အားရင်က တောင်ပေါ်မှာ သူ့ကိုယ်သူ မုန်လာဥနီလို စိုက်ထားတယ် လို့ပြောတယ်။

လူတွေများလာခဲ့ရင် ဆူညံသံတွေလည်း မလွဲမသွေရှိနေမည်ဖြစ်သည်။

အကို ကိုး၏ အကြီးဆုံးအစ်ကိုဖြစ်သူသည် လူအုပ်ကြီးနောက်တွင် နောက်ဆုံးဖြစ်နေကာ လက်ထဲတွင် ကြက်ပေါင်တံကြီးတစ်ချောင်းကိုကိုင်ကာ ထိုနေရာတွင် ကိုက်စားနေသည်။

အန်တီရင်ကိုတွေ့တော့ သူက ပြုံးပြီး "မုန်လာဥစိုက်တဲ့ အရူးအားရင်" လို့ ပြောလိုက်တယ်။

"မင်းက ဘယ်သူ့ကို အရူးလို့ ပြောနေတာလဲ​။ နင်ကမှ အရူးပဲ၊ စုတ်ပြဲနေတဲ့ ကျောင်းလွယ်အိတ်ကို သယ်လာပြီး အဲ့တာကို ဘယ်ကယူလာမှန်းလည်း မသိဘူး၊ "

အန်တီရင် သည် အလွန်စိတ်ဆိုးသွားပြီး စကားပြန်မပြောရဲလောက်အောင် ဆဲဆိုကြိမ်းမောင်းခဲ့သည်။

ဒါပေမယ့် ကျန်းရီ က ဒီအချိန်မှာ ကျောင်းလွယ်အိတ်ကို တွေးမိပြီး “အကိုကြီး ကိုး၊ ဒီကိုလာ” လို့ ပြောလိုက်တယ်။

ဥာဏ်ရည်မသန်စွမ်းသော အကိုကြီး ကိုး သည် ကျောင်းလွယ်အိတ်ကို ကိုင်လျက် ကျန်းရီ ဆီသို့ လျှောက်သွားလိုက်သည်။

ဒီကျောင်းလွယ်အိတ်က စုတ်ပြဲနေပေမယ့် အဲဒါကို အရမ်းအရေးကြီးတယ်လို့ သူယူဆနေပုံရတယ်။

ကျန်းရီက ခဏစဥ်းစားလိုက်ပြီး သူ့ကျောပိုးအိတ်ထဲက သရေစာအချို့ကို ထုတ်လိုက်တယ်။ အဲ့တာတွေကို အကိုကြီး ကိုးရဲ့ လက်ထဲကို ထည့်လိုက်ပြီး

“ဒီကျောင်းလွယ်အိတ်ကို ဘယ်ကလာယူတာလဲ ဆိုတာ ပြောပြပေးပါလား”

အကိုကြီး ကိုး သည် ထူထပ်သော တောနက်ထဲသို့ ညွှန်ပြလိုက်ပြီး သူ ဘာကိုမြင်လိုက်သည်ကို မသိ။ ရုတ်​တရက်​ သူ့မျက်​နှာက ​ပြောင်းလဲသွားပြီး “​ကြောက်​တယ်​ ငါ​ကြောက်​တယ်​…

သူအဲ့လိုပြောပြီး ပြေးတော့သည်။ ကျန်းရီက ကျောင်းလွယ်အိတ်ကို ကိုင်ထားတော့ သူပြေးလိုက်တာနဲ့ ကျောင်းလွယ်အိတ်က ချက်ချင်းပဲ ​ပြဲထွက်သွားတယ်။

အကို ကိုး သည် သူ့​နောက်ပြေးလိုက်ခဲ့ပြီး ကျယ်လောင်စွာ အော်ခေါ်လိုက်သော်လည်း အကိုကြီး ကိုး သည် လုံးဝနားမထောင်ဘဲ အကြောင်းပြချက်မရှိ အော်ဟစ်ကာ ထွက်ပြေးသွားခဲ့သည်။

တစ်ယောက်ယောက်က အကို ကိုး နဲ့ လိုက်သွားခဲ့တယ်။ အန်တီရင်က ခင်ပွန်းဖြစ်သူကို သူ့နား ဆွဲခေါ်သွားပြီး “ကိုးချန်းက ငါ့လို နတ်ဆိုးလက်ချက် မိသွားတာ ဖြစ်မယ်။ ဟုတ်တယ်... သူလည်း နတ်ဆိုးလက်ထဲ ​ရောက်သွားတာ။ သူက အရင်က ဘာကိုမှ ကြောက်ခဲ့တာမဟုတ်ဘူး .....!”

ကျန်းရီ သည် သူတို့ကို လျစ်လျူရှုခဲ့လိုက်သည်။ သို့သော် ပရမ်းပတာဖြစ်နေမှုကို အခွင့်ကောင်းယူကာ ကျောင်းလွယ်အိတ်ကို ယူပြီး ထူထပ်​နေသော တောနက်ထဲသို့ လျှောက်သွားခဲ့လိုက်သည်။

ဒီညလေက အရမ်းကိုအေးတယ်၊ တောထဲမှာဆို ပိုတောင် အေးသေးတယ်။

ကျန်းရီက တစ်ယောက်တည်း ကျောင်းလွယ်အိတ်ကို လွယ်ပြီး ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက သူ့ကို "စတွင်မာ၊ ဖုန်းခေါ်တဲ့ သရဲကို သွားရှာမလို့လား။"

"သူတို့ ရှာတွေ့မှသာ ဒီကိစ္စကို သေချာ နားလည်နိုင်မှာ။ တစ္ဆေရဲ့ ဖုန်းခေါ်မှုက ငါ့ကိုဒီကို ရောက်လာစေခဲ့တယ်၊ ဒီမှာ လောင်ကွမ်း မိသားစုအကြောင်းကို ငါသိလိုက်ရတယ်။ တစ္ဆေက မှားသလား၊ တခြားအကြောင်းတွေရှိလားဆိုတာက တောထဲကို သွားရှာမှ သိရမှာ။ “

ကြည့်ရှု့သူ A-"အမှန်ပဲ အဲ့တာက လူက အကူအညီတောင်းတာ မဟုတ်ပေမယ့်လည်း စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ဖုန်းခေါ်ဆိုနိုင်ခဲ့တာဆို​တော့ ဒီတစ္ဆေက တော်ရုံတန်ရုံ တစ္ဆေေတာ့ မဟုတ်ဘူး။"

"အရေးကြီးဆုံး ငါနားမလည်တာ တစ်ခုက လောင်ကွမ်းရဲ့ မိသားစုမှာ မတော်တဆမှုဖြစ်ပြီးနောက်မှာ ပန်းဥယျာဉ်ထဲမှာ သူ့မိန်းမစိုက်ထားတဲ့ ပန်းတွေအားလုံး ဘာကြောင့် နှစ်ရက်အတွင်း သေသွားခဲ့ရတာလဲဆိုတာဘဲ"

ကျန်းရီက ပြောလိုက်ရာ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေ အံ့အားသင့်သွားခဲ့သည်။

လူတိုင်း၏စိတ်ထဲတွင် သရဲတစ္ဆေများသည် စွမ်းအား​ကြီးမားပုံရသည်။ ဒါပေမယ့် တကယ်တော့ ကျန်းရီ က သရဲတစ္ဆေတွေရဲ့ စွမ်းရည်အများစုဟာ လူတွေကို အန္တရာယ်ပြုဖို့ ပုံရိပ်တွေကို ဖန်တီးထားတာပဲဖြစ်ကြောင်း ကောင်းကောင်း သိနေသည်။

ပန်းများနှင့် အပင်များသည် အမှန်တကယ် ညှိုးနွမ်းခဲ့ပြီး ပန်းခင်းတစ်ခုလုံးရှိ ပန်းများနှင့် အပင်များ ​နောက်ဆုံး သေသွားကြခဲ့သည်။

လောင်ကွမ်း မိသားစုသည် ထိုအချိန်က ဤသို့ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါ။ အခုအချိန် သရဲ ဘဝမှာတောင် သူတို့မှာ အဲဒီလို အစွမ်းအစတွေ မရှိသေးပါဘူး။

ထိုစကားများကိုပြောပြီးနောက် ကျန်းရီ သည် အခြားဘာမျှ မပြောတော့ပေ။

သူ လမ်းလျှောက်ရင်း " ညီမလေးက အရုပ်ကို သယ်ထားတယ်" ကို ညည်းဆိုနေခဲ့သည်။ သူ့အသံက တိတ်ဆိတ်နေပေမယ့် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းက ပရိသတ်တွေကို သည်းမခံနိုင်အောင် ဖြစ်စေခဲ့သည်။

“……….”

ပရိသတ်တွေက တစ်ခုခုပြောဖို့ ပြင်လိုက်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲမှာ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

"တစ်နေ့ အဖေ အရက်မူးပြီး ပုဆိန်ကို ကောက်ကိုင်ပြီး အမေ့ဆီ လျှောက်လာခဲ့တယ်။ အဖေက အကြိမ်ပေါင်းများစွာ ခုတ်ထစ်ပြီး နံရံမှာ သွေးနီတွေ စွန်းထင်းစေခဲ့တယ်။ အမေ့မျက်လုံးတွေက ကျွန်တော့်ကို ကြည့်နေတုန်း!

"နောက်တော့ ဖေဖေက သူ့ပုဆိန်ကို မြှောက်ပြီး သမီးရဲ့ အရေခွံကို ခွာပြီး ငါ့ကို အရုပ် လုပ်လိုက်တယ်...!"

ဒီစာကြောင်းနှစ်ကြောင်းဟာ ကျန်းရီ ဆိုလိုက်တာ မဟုတ်ပါဘူး။ အဆုံးမရှိဟုလို့ ထင်ရတဲ့ သစ်တောထဲမှာ မိန်းကလေးတစ်ယောက်က သစ်ပင်ထိပ် ဒါမှမဟုတ် ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ ထိုင်ပြီး ဖြည်းညှင်းစွာ သီဆိုနေခဲ့တယ်။

".........."

လေသည် တောအုပ်ကြီးထဲသို့ တိုက်ခတ်သွားပြီး ကျန်းရီ ၏ ခြေလှမ်းများလည်း ရပ်တန့်သွားသည်။

သူ့ရှေ့ မနီးမဝေးမှာ တွဲလောင်းကျနေတဲ့ ပုံသဏ္ဍာန် များစွာရှိနေတယ်...။ သူတို့ရဲ့မျက်လုံးတွေက ကျန်းရီ ကို ကြည့်နေတယ်။

All Chapters